” လူစားသည့်ချောင်း ”(စ/ဆုံး)

Unicode Version

” လူစားသည့်ချောင်း ”(စ/ဆုံး)
——————————————

ရွာနာမည်သည်ကားဇရပ်အိုရွာဟု
အမည်တွင်လေသည်။
အိမ်ခြေတစ်ရာကျော်ရှိသည့်
ရွာတစ်ရွာလည်းဖြစ်သည်။
လယ်ယာမြေစိုက်ပျိုးရေးနှင့်မွေးမြူရေးကို
အဓိကထားပြီးလုပ်ကိုင်သည့်
ရွာလည်းဖြစ်သည်။

ဇရပ်အိုရွာအားအုပ်ချုပ်သည့်
သူကြီးနာမည်မှာဦးညီပုဖြစ်သည်။
သဘောလည်းကောင်း အပြောလည်းကောင်းသလောက်
စေတနာသိပ်ကောင်းသည့်သူကြီးတစ်ဦး
ဖြစ်သည်။
ရွာသူရွာသားများအပေါ်တန်းတူညီမျှ
ထားကာဆက်ဆံတတ်လေသည်။
ထို့ကြောင့်သူကြီးဦးညီပုအား
ဇရပ်အိုရွာမှရွာသူရွာသားများက
ချစ်ကြောက်ရိုသေကြလေသည်။

ဇရပ်အိုရွာ၏မြောက်ဘက်တွင်တော့
တသွင်သွင်စီးဆင်းနေသည့်ချောင်း
တစ်ခုလည်းရှိလေသည်။
ဇရပ်အိုချောင်းဟုအများကခေါ်ဆိုကြ
လေသည်။
နှစ်စဉ်ဝါဆိုလရောက်တိုင်းဇရပ်အိုချောင်းထဲမှာလူတစ်ယောက်အမြဲရေနစ်သေဆုံးတတ်လေသည်။

မိဘများလည်းဝါဆိုလရောက်တိုင်း
သားသမီးများအားဇရပ်အိုချောင်းသို့
မသွားရန်လူငယ်များအားအမြဲသတိပေး
ကြလေသည်။
လူကြီးများသတိပေးနေသည့် ကြားကပင်
ဝါဆိုလရောက်တိုင်း
ဇရပ်အိုချောင်းထဲ၌လူတစ်ယောက်
အမြဲရေနစ်သေဆုံးကြပြန်သည်။

ဝါဆိုလရောက်တိုင်းလူစားတတ်သည့်
ဇရပ်အိုချောင်းကြီးထဲ၌ သေဆုံးသွား
သည့်ဝိညာဉ်များမည်မျှအထိ
ရှိလိမ့်မည်မသိနိုင်ချေ။

ဒေါ်စိန်ပုနှင့်ဦးခင်အေးတို့လင်မယား
သားဖြစ်သူကျော်ကျော်အား ရှင်ပြုပေး
ရန်အတွက်အလုပ်ရှုပ်နေကြလေသည်။

ချက်ရေးပြုတ်ရေးအတွက်စီမံရ
အိမ်ကိုလာသည့်ဆွေမျိုးများကိုလည်း
ဧည့်ခံရ၊လိုအပ်သည့်ပစ္စည်းများအား
ထွက်ဝယ်ရဖြင့် မအားလပ်နိုင်ကြပေ။

“သားကျော်ကျော်…”

“ဗျာအမေ”

“လာပါဦး အမေတို့သားကိုမှာစရာရှိတယ်”

“ဟုတ် ဘာမှာမှာလဲအမေ”

“ဒီလိုသားရဲ့ ရှင်ပြုတော့မည့်
လူတစ်ယောက်ဟာ အစစအရာရာ
သတိထားရတယ်သားရဲ့၊
အမြင့်တွေလည်းတက်မဆော့ရဘူး၊
မြစ်တွေချောင်းတွေဆီကိုလည်းသွားပြီး
ရေမဆော့ရဘူးနော် သားကြားလား”

“ဟုတ်အမေ သားသိပါတယ်ဗျ”

“အေးသားသိရင်ပြီးတာပဲ
လျှောက်မသွားနဲ့နော် သား”

“မသွားပါဘူးအမေရ’

“စိန်ပု ညည်းသားကအချောပဲအေ့
ညည်းသားကြီးလာရင် ရွာထဲက
မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတော့
မှာပဲ……”

“ဖအေတူသားဆိုတော့
ဒီလောက်တော့ရှိမှာပေါ့ မတင်အောင်ရေ”

“ဟား ဟား ဟားဟား”

“နင့်တူရင်မီးသွေးခဲမိုးကြိုးပစ်သလို
ဖြစ်နေမှာပေါ့ ခင်အေးရယ်။

“ဟာ ခင်ဗျားဘာသိလို့လဲ
ညိုမှချောတာဗျ၊ညိုချောတွေချောရင်
ဘယ်သူမှလိုက်မမှီဘူးနော် ခင်ဗျား”

အလှူအိမ်၌ တဝါးဝါးတဟားဟားဖြင့်
ပွဲဆူနေတော့သည်။

==============

“မနက်ဖြန်အလှူကြီးနေ့နော်သား
အမေမှာထားတာမမေ့နဲ့”

“မမေ့ပါဘူးအမေရ စိတ်ချပါ”

“မိန်းမရယ် သားကသိတတ်လိမ္မာပြီးသားပါကွာ။
အထူးတလည်ပြောနေဖို့ မလိုပါဘူး”

“ကျုပ်ကမိခင်လေတော်
ဝမ်းနဲ့လွယ်ပြီးမွေးထားရတာဆိုတော့
စိုးရိမ်ပူပန်တတ်တာပေါ့ရှင်။
ပြီးတော့အခုဟာကဝါဆိုလကြီး
ချောင်းကလည်းအခုထိလူစားသံမကြားရသေးတော့ သားအတွက်စိတ်ပူမိတယ်လေ”

“မင်းပြောမှငါလည်းသတိရတယ်
ချောင်းကလူမစားသေးဘူးကွ။
အခုဟာကဝါဆိုလဆိုတော့ သတိတော့
ထားရမယ်”

“အဲ့ဒါကြောင့်ပြောတာပေါ့ရှင်”

ကျော်ကျော်တစ်ယောက် အလှူလာသည့်
ဆွေမျိုးများထဲမှ ကလေးတစ်ယောက်နှင့်
အတူဆော့ကစားနေလေသည်။

“ကျော်ကျော်”

“ဘာလဲစည်သူ”

“ငါလေမင်းတို့ရွာကချောင်းမမြင်ဖူးလို့
ငါ့ကိုလိုက်ပြပါလားကွာ”

“ဟာမပြပါဘူး
အမေကသေချာမှာထားတယ်
အဲ့ဒီချောင်းကိုမသွားရဘူးတဲ့။
လူစားလဲခံရလိမ့်မယ်တဲ့………”

“ကျော်ကျော်ကလည်းကွာ
ငါကအလှူပြီးရင် ပြန်ရတော့မှာကွ။
ငါမပြန်ခင်မင်းတို့ရွာချောင်းကို
ကြည့်ချင်လို့ပါကွာ နော် နော်”

“အေးဒါဆိုပြီးရော
ကြည့်ရုံပဲကြည့်နော် ရေထဲမဆင်းရဘူး”

“ကတိပေးတယ် ရေထဲမဆင်းဘူးကွာ”

“ပြီးရော ငါအမေ့ကိုဘုထော်အိမ်
သွားမယ်ဆိုပြီး လိမ်ပြောလိုက်မယ်
အမှန်အတိုင်းပြောလိုက်ရင်
လွှတ်မှာမဟုတ်ဘူးကွ။

“အေးဟုတ်တယ် ဟုတ်တယ်
မြန်မြန်သွားပြောချေကွာ…”

ကျော်ကျော်လည်း အိမ်ထဲဝင်လာခဲ့သည်။
မိခင်ဖြစ်သူဒေါ်စိန်ပု တစ်ယောက်အိမ်ထဲ၌ အလုပ်ရှုပ်နေသည်။

“အေမ…”

“ဟေး ဘာလဲသား”

“သားဘုထော်အိမ် ခဏသွားချင်လို့
အမေ့ကိုလာပြောတာ”

“ဘာလုပ်ဖို့သွားမှာလဲ သားရဲ့”

“သားသူ့ကိုမနက်ဖြန်အလှူ
လာဖြစ်အောင်လာဖို့ သွားပြောမလို့။
စည်သူရောလိုက်မှာဗျ”

“အေးအေး ပြီးရောမြန်မြန်သွား
မြန်မြန်ပြန်လာခဲ့ ကြားလားသား”

“ဟုတ်အမေ”

ကျော်ကျော်လည်းမိခင်အား
လိမ်လည်ခွင့်တောင်းပြီး စည်သူနှင့်အတူ
ရွာအပြင်သို့ထွက်လာခဲ့သည်။

“ဟာ…ချောင်းပြင်ကြီးကအကျယ်ကြီးပဲကွာ။
လှလိုက်တာ ကြည့်စမ်း တို့ဆီမှာဒီလို
မရှိဘူးကျော်ကျော်ရ။

“ဟုတ်လား ငါတို့ရွာရဲ့ချောင်းလေ
လှသလောက်ကြောက်ဖို့ကောင်းတယ်ကွ။

“ကြောက်စရာမရှိပါဘူး ကျော်ကျော်ရာ”

“ဟာဟိုမှာငါးလေးတွေ ကျော်ကျော်မင်းမြင်လား ……”

“ဘယ်မှာလဲ စည်သူရငါတော့မမြင်ပါဘူး”

“ဟိုချောင်းအစပ်မှာလေကွာ
လာလာငါပြမယ်”

“ဟာဟေ့ကောင် စည်သူ မသွားနဲ့လေ”

“ဟာဒီကောင်တော့ ဇွတ်ရောအတင်းရောသွားနေတာပဲ။

ကျော်ကျော်လည်းစည်သူနောက်မှ
ပြေးလိုက်လာခဲ့သည်။
စည်သူကရေထဲမှ ငါးများအားလက်ခုပ်နှစ်ဖက်ဖြင့်လိုက်လံ
ဖမ်းဆီးနေလေသည်။

“စည်သူ အပေါ်ပြန်တက်ခဲ့တော့
ရေစီးကသန်နေတယ်ကွ။

“ငါငါးလေးတစ်ကောင်လောက်
ဖမ်းချင်လို့ပါကွာ ခဏလေးပါ”

“မင်းငါ့ကိုကတိပေးထားတယ်
ရေထဲမဆင်းပါဘူးလို့ လာပါအပေါ်
ပြန်တက်ခဲ့ စည်သူ စည်သူ”

ကျော်ကျော်စကားအား
စည်သူကအဖက်မလုပ်ပဲ ငါးကိုသာ
ရအောင်ဖမ်းနေတော့သည်။

“ဝုန်း”

“အား……”

“စည်သူ……”

စည်သူတစ်ယောက် ခြေချော်ပြီး
ရေထဲလဲကျသွားတော့သည်။
ကျော်ကျော်လည်း ချောင်းထဲပြေးဆင်းကာ စည်သူအားဆွဲထားလေသည်။

ချော်ကျသွားသည့်အရှိန်နှင့်
ချောင်းရေအစီးသန်မှုကြောင့်
စည်သူတစ်ယောက်ချက်ချင်း
ပြန်မထနိုင်ပဲရှိနေသည်။

ကျော်ကျော်ကစည်သူလက်အား
ဆွဲထားလေသည်။

“စည်သူသတိထား”

“ငါ့လက်ကိုဆွဲထား စည်သူ”

“ငါ့ကိုကယ်ပါဦး ကယ်ပါဦး ကျော်ကျော်”

“ဟာဟေ့ကောင် စည်သူ ငါ့ကိုအတင်းဆွဲမထားနဲ့လေ
ငါပါရေနစ်လိမ့်မယ်”

“ဟာ…ဝုန်း”

ကြောက်အားလန့်အားဖြင့်
အတင်းဆွဲကုတ်ထားသဖြင့်
ကျော်ကျော်တစ်ယောက်ရေထဲပစ်ကျ
သွားတော့သည်။

စည်သူကရေအတိမ်ဘက်ရောက်သွားပြီး
ကျော်ကျော်မှာ ချောင်းရေစီးနှင့်အတူ
မျောပါသွားလေသည်။

“ကျော်ကျော် …ကျော်ကျော်”

“ကယ်ပါဦး ကယ်ပါ”

ကျော်ကျော်တစ်ယောက်ရေထဲတွင်
နစ်လိုက်ပေါ်လိုက်ဖြင့် မျောပါနေ
လေသည်။
စည်သူလည်းငယ်သံပါအောင်
အော်ဟစ်ပြီးအကူအညီတောင်းလိုက်
သည်။

“ကယ်ကြပါဦး ကျွန်တော့်သူငယ်ချင်း
ရေနစ်နေလို့ ကယ်ကြပါဦး”

“ဟာ…ရေနစ်လို့ဆိုပဲ”

“အေးကွ ငါလည်းကြားတယ်
လာသွားကယ်ရအောင်”

ဇရပ်အိုချောင်းနံဘေးမှ
ဖြတ်သွားသောရွာသားနှစ်ယောက်က
ကြားသိသဖြင့်အတင်းပြေးလွှားကာ
ရောက်လာကြသည်။

“ဦးလေး သားသူငယ်ချင်း
ရေနစ်လို့ ကယ်ပါဦး”

“အေးငါတို့ဆယ်ထားလိုက်မယ်
မင်းကအိမ်ပြန်ပြီး သူ့မိဘတွေကို
သွားအကြောင်းကြားချေ။

“ဟုတ်ကဲ့ ”

စည်သူလည်းရွာထဲပြေးပြီး
ပြန်လာခဲ့တော့သည်။

“အန်တီ စိန်ပု ဦးလေးခင်အေး
ကျော်ကျော်ချောင်းရေထဲမျောပါသွားလို့”

“ဘာ……”

“ဟင်”

“ဘာပြောတယ် ငါ့သားချောင်းရေထဲ
မျောပါသွားလို့ ဟုတ်လား”

“ဟုတ် ဟုတ်တယ်
သားကိုကယ်ရင်း ကျော်ကျော်ရေထဲ
ပါသွားတာဗျ။

“အောင်မယ်လေး ဖြစ်မှဖြစ်ရလေ
ငါ့သားလေး လုပ် လုပ် လုပ်ပါဦး
ကိုအေးခင် သား သားလေးရေနစ်
လို့တဲ့”

“လာ လာ ငါတို့လိုက်သွားကြအောင်”

“သားလေးရေ သားလေး”

ဦးခင်အေးတို့လင်မယားနှင့်အတူ
အလှူအိမ်တွင်ရှိနေကြသော
ဆွေမျိုးများလည်း ဇရပ်အိုချောင်းရှိရာသို့
ပြေးလာကြသည်။

သတင်းကြားသည့်ရွာသူရွာသား
တွေလည်းရွာလုံးကျွတ်ချောင်းစပ်သို့
လိုက်လာကြလေသည်။

“ရေငုပ်ကျွမ်းတဲ့သူတွေ ရေထဲဆင်းပြီး
လိုက်ရှာကြဟေ့’

“ဟုတ်ကဲ့ရွာလူကြီး”

ဇရပ်အိုရွာသားများလည်း
ချောင်းထဲဆင်းပြီးရေငုပ်ရှာကြလေသည်။
ချောင်းရေမြင့်တက်နေသည့်
အချိန်ကာလဖြစ်သဖြင့် ရေစီးလည်းသန်ပေသည်။

ထို့ကြောင့်ရင်တမမဖြင့်
လိုက်လံရှာဖွေနေကြသည်။
အချိန်တော်တော်ကြာသည်အထိ
ကျော်ကျော်အားရှာမတွေ့ကြပေ။

မိဘများနှင့်ဆွေမျိုးများလည်း
မျက်ရည်ဆက်လက်ဖြစ်ကာ
မျှော်လင့်တကြီးဖြစ်နေရလေသည်။

“ဟာ…တွေ့ပြီဗျို့ တွေ့ ပြီ”

“ဟာတွေ့ပြီတဲ့”

ရွာသားတစ်ယောက်ကချောင်းအစွန်
အဖျားကနေကျော်ကျော်အလောင်းအား
တွေ့သဖြင့်ပွေ့ချီလာသည်။

“သား သားလေး”

“ဖြစ်မှဖြစ်ရလေ သားရဲ့
အီးဟီးဟီး မနက်ဖြန်အလှူပွဲကို
သားမရှိပဲဘယ်လိုလုပ်ရတော့မလဲ
သားရဲ့ ”

“ကျော်ကျော် သားအတန်တန်မှာထားတဲ့ကြားကနေ
ဖြစ်ရတယ်လို့ကွာ။

“သားကြောင့်ကျော်ကျော်သေရတာ
သားကြောင့်သေရတာ”

“မဟုတ်တာ စည်သူရာ
ဦးလေးတို့သားကံက အခုလို
ဖြစ်ဖို့ပါလာတာကိုးကွာ”

“သားရယ် ရှင်လောင်းဝတ်ကြီးဝတ်ပြီး
မြင်းကြီးစီးချင်တာပါဆို အခုတော့
ဘယ်လိုဖြစ်ကုန်ပြီလဲ သားရဲ့”

“ဟင်…မစိန်ပု မစိန်ပု

“သတိမေ့သွားတာပဲ လုပ်ကြပါဦးဟ”

“လူတွေဝိုင်းအုံမနေကြနဲ့လေ
သတိလည်အောင်လုပ်ကြပါဟ”

သားဇောဖြင့်သတိလစ်မေ့လဲသွားသည့်
ဒေါ်စိန်ပုအားသတိရအောင်ပြုစု
ပေးနေကြသည်။

ရွာသူရွာသားများလည်း
ဦးခင်အေးတို့မိသားစုအဖြစ်ကို
ကြည့်ပြီးမျက်ရည်ကျနေကြသည်။

သားမရှိသည့်အလှူ ရှင်လောင်းမရှိသည့်
အလှူပွဲကြီးကတော့ ရက်စက်စွာပျက်စီး
သွားခဲ့လေပြီ။

အစာဝသွားသည့် ဇရပ်အိုချောင်းကြီးကတော့သူမဟုတ်
သည့်အတိုင်းလှပစီးဆင်းနေစမြဲပင်။

ပြီးပါပြီ……
လူအများဖတ်လို့ရအောင် Shareသွားပေးပါနော်

{အောင်ဓူဝံ}

Zawgyi Version

” လူစားသည့္ေခ်ာင္း ”(စ/ဆုံး)
——————————————

႐ြာနာမည္သည္ကားဇရပ္အို႐ြာဟု
အမည္တြင္ေလသည္။
အိမ္ေျခတစ္ရာေက်ာ္ရွိသည့္
႐ြာတစ္႐ြာလည္းျဖစ္သည္။
လယ္ယာေျမစိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို
အဓိကထားၿပီးလုပ္ကိုင္သည့္
႐ြာလည္းျဖစ္သည္။

ဇရပ္အို႐ြာအားအုပ္ခ်ဳပ္သည့္
သူႀကီးနာမည္မွာဦးညီပုျဖစ္သည္။
သေဘာလည္းေကာင္း အေျပာလည္းေကာင္းသေလာက္
ေစတနာသိပ္ေကာင္းသည့္သူႀကီးတစ္ဦး
ျဖစ္သည္။
႐ြာသူ႐ြာသားမ်ားအေပၚတန္းတူညီမွ်
ထားကာဆက္ဆံတတ္ေလသည္။
ထို႔ေၾကာင့္သူႀကီးဦးညီပုအား
ဇရပ္အို႐ြာမွ႐ြာသူ႐ြာသားမ်ားက
ခ်စ္ေၾကာက္႐ိုေသၾကေလသည္။

ဇရပ္အို႐ြာ၏ေျမာက္ဘက္တြင္ေတာ့
တသြင္သြင္စီးဆင္းေနသည့္ေခ်ာင္း
တစ္ခုလည္းရွိေလသည္။
ဇရပ္အိုေခ်ာင္းဟုအမ်ားကေခၚဆိုၾက
ေလသည္။
ႏွစ္စဥ္ဝါဆိုလေရာက္တိုင္းဇရပ္အိုေခ်ာင္းထဲမွာလူတစ္ေယာက္အၿမဲေရနစ္ေသဆုံးတတ္ေလသည္။

မိဘမ်ားလည္းဝါဆိုလေရာက္တိုင္း
သားသမီးမ်ားအားဇရပ္အိုေခ်ာင္းသို႔
မသြားရန္လူငယ္မ်ားအားအၿမဲသတိေပး
ၾကေလသည္။
လူႀကီးမ်ားသတိေပးေနသည့္ ၾကားကပင္
ဝါဆိုလေရာက္တိုင္း
ဇရပ္အိုေခ်ာင္းထဲ၌လူတစ္ေယာက္
အၿမဲေရနစ္ေသဆုံးၾကျပန္သည္။

ဝါဆိုလေရာက္တိုင္းလူစားတတ္သည့္
ဇရပ္အိုေခ်ာင္းႀကီးထဲ၌ ေသဆုံးသြား
သည့္ဝိညာဥ္မ်ားမည္မွ်အထိ
ရွိလိမ့္မည္မသိႏိုင္ေခ်။

ေဒၚစိန္ပုႏွင့္ဦးခင္ေအးတို႔လင္မယား
သားျဖစ္သူေက်ာ္ေက်ာ္အား ရွင္ျပဳေပး
ရန္အတြက္အလုပ္ရႈပ္ေနၾကေလသည္။

ခ်က္ေရးျပဳတ္ေရးအတြက္စီမံရ
အိမ္ကိုလာသည့္ေဆြမ်ိဳးမ်ားကိုလည္း
ဧည့္ခံရ၊လိုအပ္သည့္ပစၥည္းမ်ားအား
ထြက္ဝယ္ရျဖင့္ မအားလပ္ႏိုင္ၾကေပ။

“သားေက်ာ္ေက်ာ္…”

“ဗ်ာအေမ”

“လာပါဦး အေမတို႔သားကိုမွာစရာရွိတယ္”

“ဟုတ္ ဘာမွာမွာလဲအေမ”

“ဒီလိုသားရဲ႕ ရွင္ျပဳေတာ့မည့္
လူတစ္ေယာက္ဟာ အစစအရာရာ
သတိထားရတယ္သားရဲ႕၊
အျမင့္ေတြလည္းတက္မေဆာ့ရဘူး၊
ျမစ္ေတြေခ်ာင္းေတြဆီကိုလည္းသြားၿပီး
ေရမေဆာ့ရဘူးေနာ္ သားၾကားလား”

“ဟုတ္အေမ သားသိပါတယ္ဗ်”

“ေအးသားသိရင္ၿပီးတာပဲ
ေလွ်ာက္မသြားနဲ႔ေနာ္ သား”

“မသြားပါဘူးအေမရ’

“စိန္ပု ညည္းသားကအေခ်ာပဲေအ့
ညည္းသားႀကီးလာရင္ ႐ြာထဲက
မိန္းကေလးေတြဝိုင္းဝိုင္းလည္ေနေတာ့
မွာပဲ……”

“ဖေအတူသားဆိုေတာ့
ဒီေလာက္ေတာ့ရွိမွာေပါ့ မတင္ေအာင္ေရ”

“ဟား ဟား ဟားဟား”

“နင့္တူရင္မီးေသြးခဲမိုးႀကိဳးပစ္သလို
ျဖစ္ေနမွာေပါ့ ခင္ေအးရယ္။

“ဟာ ခင္ဗ်ားဘာသိလို႔လဲ
ညိဳမွေခ်ာတာဗ်၊ညိဳေခ်ာေတြေခ်ာရင္
ဘယ္သူမွလိုက္မမွီဘူးေနာ္ ခင္ဗ်ား”

အလႉအိမ္၌ တဝါးဝါးတဟားဟားျဖင့္
ပြဲဆူေနေတာ့သည္။

==============

“မနက္ျဖန္အလႉႀကီးေန႔ေနာ္သား
အေမမွာထားတာမေမ့နဲ႔”

“မေမ့ပါဘူးအေမရ စိတ္ခ်ပါ”

“မိန္းမရယ္ သားကသိတတ္လိမၼာၿပီးသားပါကြာ။
အထူးတလည္ေျပာေနဖို႔ မလိုပါဘူး”

“က်ဳပ္ကမိခင္ေလေတာ္
ဝမ္းနဲ႔လြယ္ၿပီးေမြးထားရတာဆိုေတာ့
စိုးရိမ္ပူပန္တတ္တာေပါ့ရွင္။
ၿပီးေတာ့အခုဟာကဝါဆိုလႀကီး
ေခ်ာင္းကလည္းအခုထိလူစားသံမၾကားရေသးေတာ့ သားအတြက္စိတ္ပူမိတယ္ေလ”

“မင္းေျပာမွငါလည္းသတိရတယ္
ေခ်ာင္းကလူမစားေသးဘူးကြ။
အခုဟာကဝါဆိုလဆိုေတာ့ သတိေတာ့
ထားရမယ္”

“အဲ့ဒါေၾကာင့္ေျပာတာေပါ့ရွင္”

ေက်ာ္ေက်ာ္တစ္ေယာက္ အလႉလာသည့္
ေဆြမ်ိဳးမ်ားထဲမွ ကေလးတစ္ေယာက္ႏွင့္
အတူေဆာ့ကစားေနေလသည္။

“ေက်ာ္ေက်ာ္”

“ဘာလဲစည္သူ”

“ငါေလမင္းတို႔႐ြာကေခ်ာင္းမျမင္ဖူးလို႔
ငါ့ကိုလိုက္ျပပါလားကြာ”

“ဟာမျပပါဘူး
အေမကေသခ်ာမွာထားတယ္
အဲ့ဒီေခ်ာင္းကိုမသြားရဘူးတဲ့။
လူစားလဲခံရလိမ့္မယ္တဲ့………”

“ေက်ာ္ေက်ာ္ကလည္းကြာ
ငါကအလႉၿပီးရင္ ျပန္ရေတာ့မွာကြ။
ငါမျပန္ခင္မင္းတို႔႐ြာေခ်ာင္းကို
ၾကည့္ခ်င္လို႔ပါကြာ ေနာ္ ေနာ္”

“ေအးဒါဆိုၿပီးေရာ
ၾကည့္႐ုံပဲၾကည့္ေနာ္ ေရထဲမဆင္းရဘူး”

“ကတိေပးတယ္ ေရထဲမဆင္းဘူးကြာ”

“ၿပီးေရာ ငါအေမ့ကိုဘုေထာ္အိမ္
သြားမယ္ဆိုၿပီး လိမ္ေျပာလိုက္မယ္
အမွန္အတိုင္းေျပာလိုက္ရင္
လႊတ္မွာမဟုတ္ဘူးကြ။

“ေအးဟုတ္တယ္ ဟုတ္တယ္
ျမန္ျမန္သြားေျပာေခ်ကြာ…”

ေက်ာ္ေက်ာ္လည္း အိမ္ထဲဝင္လာခဲ့သည္။
မိခင္ျဖစ္သူေဒၚစိန္ပု တစ္ေယာက္အိမ္ထဲ၌ အလုပ္ရႈပ္ေနသည္။

“ေအမ…”

“ေဟး ဘာလဲသား”

“သားဘုေထာ္အိမ္ ခဏသြားခ်င္လို႔
အေမ့ကိုလာေျပာတာ”

“ဘာလုပ္ဖို႔သြားမွာလဲ သားရဲ႕”

“သားသူ႔ကိုမနက္ျဖန္အလႉ
လာျဖစ္ေအာင္လာဖို႔ သြားေျပာမလို႔။
စည္သူေရာလိုက္မွာဗ်”

“ေအးေအး ၿပီးေရာျမန္ျမန္သြား
ျမန္ျမန္ျပန္လာခဲ့ ၾကားလားသား”

“ဟုတ္အေမ”

ေက်ာ္ေက်ာ္လည္းမိခင္အား
လိမ္လည္ခြင့္ေတာင္းၿပီး စည္သူႏွင့္အတူ
႐ြာအျပင္သို႔ထြက္လာခဲ့သည္။

“ဟာ…ေခ်ာင္းျပင္ႀကီးကအက်ယ္ႀကီးပဲကြာ။
လွလိုက္တာ ၾကည့္စမ္း တို႔ဆီမွာဒီလို
မရွိဘူးေက်ာ္ေက်ာ္ရ။

“ဟုတ္လား ငါတို႔႐ြာရဲ႕ေခ်ာင္းေလ
လွသေလာက္ေၾကာက္ဖို႔ေကာင္းတယ္ကြ။

“ေၾကာက္စရာမရွိပါဘူး ေက်ာ္ေက်ာ္ရာ”

“ဟာဟိုမွာငါးေလးေတြ ေက်ာ္ေက်ာ္မင္းျမင္လား ……”

“ဘယ္မွာလဲ စည္သူရငါေတာ့မျမင္ပါဘူး”

“ဟိုေခ်ာင္းအစပ္မွာေလကြာ
လာလာငါျပမယ္”

“ဟာေဟ့ေကာင္ စည္သူ မသြားနဲ႔ေလ”

“ဟာဒီေကာင္ေတာ့ ဇြတ္ေရာအတင္းေရာသြားေနတာပဲ။

ေက်ာ္ေက်ာ္လည္းစည္သူေနာက္မွ
ေျပးလိုက္လာခဲ့သည္။
စည္သူကေရထဲမွ ငါးမ်ားအားလက္ခုပ္ႏွစ္ဖက္ျဖင့္လိုက္လံ
ဖမ္းဆီးေနေလသည္။

“စည္သူ အေပၚျပန္တက္ခဲ့ေတာ့
ေရစီးကသန္ေနတယ္ကြ။

“ငါငါးေလးတစ္ေကာင္ေလာက္
ဖမ္းခ်င္လို႔ပါကြာ ခဏေလးပါ”

“မင္းငါ့ကိုကတိေပးထားတယ္
ေရထဲမဆင္းပါဘူးလို႔ လာပါအေပၚ
ျပန္တက္ခဲ့ စည္သူ စည္သူ”

ေက်ာ္ေက်ာ္စကားအား
စည္သူကအဖက္မလုပ္ပဲ ငါးကိုသာ
ရေအာင္ဖမ္းေနေတာ့သည္။

“ဝုန္း”

“အား……”

“စည္သူ……”

စည္သူတစ္ေယာက္ ေျခေခ်ာ္ၿပီး
ေရထဲလဲက်သြားေတာ့သည္။
ေက်ာ္ေက်ာ္လည္း ေခ်ာင္းထဲေျပးဆင္းကာ စည္သူအားဆြဲထားေလသည္။

ေခ်ာ္က်သြားသည့္အရွိန္ႏွင့္
ေခ်ာင္းေရအစီးသန္မႈေၾကာင့္
စည္သူတစ္ေယာက္ခ်က္ခ်င္း
ျပန္မထႏိုင္ပဲရွိေနသည္။

ေက်ာ္ေက်ာ္ကစည္သူလက္အား
ဆြဲထားေလသည္။

“စည္သူသတိထား”

“ငါ့လက္ကိုဆြဲထား စည္သူ”

“ငါ့ကိုကယ္ပါဦး ကယ္ပါဦး ေက်ာ္ေက်ာ္”

“ဟာေဟ့ေကာင္ စည္သူ ငါ့ကိုအတင္းဆြဲမထားနဲ႔ေလ
ငါပါေရနစ္လိမ့္မယ္”

“ဟာ…ဝုန္း”

ေၾကာက္အားလန္႔အားျဖင့္
အတင္းဆြဲကုတ္ထားသျဖင့္
ေက်ာ္ေက်ာ္တစ္ေယာက္ေရထဲပစ္က်
သြားေတာ့သည္။

စည္သူကေရအတိမ္ဘက္ေရာက္သြားၿပီး
ေက်ာ္ေက်ာ္မွာ ေခ်ာင္းေရစီးႏွင့္အတူ
ေမ်ာပါသြားေလသည္။

“ေက်ာ္ေက်ာ္ …ေက်ာ္ေက်ာ္”

“ကယ္ပါဦး ကယ္ပါ”

ေက်ာ္ေက်ာ္တစ္ေယာက္ေရထဲတြင္
နစ္လိုက္ေပၚလိုက္ျဖင့္ ေမ်ာပါေန
ေလသည္။
စည္သူလည္းငယ္သံပါေအာင္
ေအာ္ဟစ္ၿပီးအကူအညီေတာင္းလိုက္
သည္။

“ကယ္ၾကပါဦး ကြၽန္ေတာ့္သူငယ္ခ်င္း
ေရနစ္ေနလို႔ ကယ္ၾကပါဦး”

“ဟာ…ေရနစ္လို႔ဆိုပဲ”

“ေအးကြ ငါလည္းၾကားတယ္
လာသြားကယ္ရေအာင္”

ဇရပ္အိုေခ်ာင္းနံေဘးမွ
ျဖတ္သြားေသာ႐ြာသားႏွစ္ေယာက္က
ၾကားသိသျဖင့္အတင္းေျပးလႊားကာ
ေရာက္လာၾကသည္။

“ဦးေလး သားသူငယ္ခ်င္း
ေရနစ္လို႔ ကယ္ပါဦး”

“ေအးငါတို႔ဆယ္ထားလိုက္မယ္
မင္းကအိမ္ျပန္ၿပီး သူ႔မိဘေတြကို
သြားအေၾကာင္းၾကားေခ်။

“ဟုတ္ကဲ့ ”

စည္သူလည္း႐ြာထဲေျပးၿပီး
ျပန္လာခဲ့ေတာ့သည္။

“အန္တီ စိန္ပု ဦးေလးခင္ေအး
ေက်ာ္ေက်ာ္ေခ်ာင္းေရထဲေမ်ာပါသြားလို႔”

“ဘာ……”

“ဟင္”

“ဘာေျပာတယ္ ငါ့သားေခ်ာင္းေရထဲ
ေမ်ာပါသြားလို႔ ဟုတ္လား”

“ဟုတ္ ဟုတ္တယ္
သားကိုကယ္ရင္း ေက်ာ္ေက်ာ္ေရထဲ
ပါသြားတာဗ်။

“ေအာင္မယ္ေလး ျဖစ္မွျဖစ္ရေလ
ငါ့သားေလး လုပ္ လုပ္ လုပ္ပါဦး
ကိုေအးခင္ သား သားေလးေရနစ္
လို႔တဲ့”

“လာ လာ ငါတို႔လိုက္သြားၾကေအာင္”

“သားေလးေရ သားေလး”

ဦးခင္ေအးတို႔လင္မယားႏွင့္အတူ
အလႉအိမ္တြင္ရွိေနၾကေသာ
ေဆြမ်ိဳးမ်ားလည္း ဇရပ္အိုေခ်ာင္းရွိရာသို႔
ေျပးလာၾကသည္။

သတင္းၾကားသည့္႐ြာသူ႐ြာသား
ေတြလည္း႐ြာလုံးကြၽတ္ေခ်ာင္းစပ္သို႔
လိုက္လာၾကေလသည္။

“ေရငုပ္ကြၽမ္းတဲ့သူေတြ ေရထဲဆင္းၿပီး
လိုက္ရွာၾကေဟ့’

“ဟုတ္ကဲ့႐ြာလူႀကီး”

ဇရပ္အို႐ြာသားမ်ားလည္း
ေခ်ာင္းထဲဆင္းၿပီးေရငုပ္ရွာၾကေလသည္။
ေခ်ာင္းေရျမင့္တက္ေနသည့္
အခ်ိန္ကာလျဖစ္သျဖင့္ ေရစီးလည္းသန္ေပသည္။

ထို႔ေၾကာင့္ရင္တမမျဖင့္
လိုက္လံရွာေဖြေနၾကသည္။
အခ်ိန္ေတာ္ေတာ္ၾကာသည္အထိ
ေက်ာ္ေက်ာ္အားရွာမေတြ႕ၾကေပ။

မိဘမ်ားႏွင့္ေဆြမ်ိဳးမ်ားလည္း
မ်က္ရည္ဆက္လက္ျဖစ္ကာ
ေမွ်ာ္လင့္တႀကီးျဖစ္ေနရေလသည္။

“ဟာ…ေတြ႕ၿပီဗ်ိဳ႕ ေတြ႕ ၿပီ”

“ဟာေတြ႕ၿပီတဲ့”

႐ြာသားတစ္ေယာက္ကေခ်ာင္းအစြန္
အဖ်ားကေနေက်ာ္ေက်ာ္အေလာင္းအား
ေတြ႕သျဖင့္ေပြ႕ခ်ီလာသည္။

“သား သားေလး”

“ျဖစ္မွျဖစ္ရေလ သားရဲ႕
အီးဟီးဟီး မနက္ျဖန္အလႉပြဲကို
သားမရွိပဲဘယ္လိုလုပ္ရေတာ့မလဲ
သားရဲ႕ ”

“ေက်ာ္ေက်ာ္ သားအတန္တန္မွာထားတဲ့ၾကားကေန
ျဖစ္ရတယ္လို႔ကြာ။

“သားေၾကာင့္ေက်ာ္ေက်ာ္ေသရတာ
သားေၾကာင့္ေသရတာ”

“မဟုတ္တာ စည္သူရာ
ဦးေလးတို႔သားကံက အခုလို
ျဖစ္ဖို႔ပါလာတာကိုးကြာ”

“သားရယ္ ရွင္ေလာင္းဝတ္ႀကီးဝတ္ၿပီး
ျမင္းႀကီးစီးခ်င္တာပါဆို အခုေတာ့
ဘယ္လိုျဖစ္ကုန္ၿပီလဲ သားရဲ႕”

“ဟင္…မစိန္ပု မစိန္ပု

“သတိေမ့သြားတာပဲ လုပ္ၾကပါဦးဟ”

“လူေတြဝိုင္းအုံမေနၾကနဲ႔ေလ
သတိလည္ေအာင္လုပ္ၾကပါဟ”

သားေဇာျဖင့္သတိလစ္ေမ့လဲသြားသည့္
ေဒၚစိန္ပုအားသတိရေအာင္ျပဳစု
ေပးေနၾကသည္။

႐ြာသူ႐ြာသားမ်ားလည္း
ဦးခင္ေအးတို႔မိသားစုအျဖစ္ကို
ၾကည့္ၿပီးမ်က္ရည္က်ေနၾကသည္။

သားမရွိသည့္အလႉ ရွင္ေလာင္းမရွိသည့္
အလႉပြဲႀကီးကေတာ့ ရက္စက္စြာပ်က္စီး
သြားခဲ့ေလၿပီ။

အစာဝသြားသည့္ ဇရပ္အိုေခ်ာင္းႀကီးကေတာ့သူမဟုတ္
သည့္အတိုင္းလွပစီးဆင္းေနစၿမဲပင္။

ၿပီးပါၿပီ……
လူအမ်ားဖတ္လို႔ရေအာင္ Shareသြားေပးပါေနာ္

{ေအာင္ဓူဝံ}