” ဆင်သမားနှင့်ကျားရဲတစ်ကောင် “(စ/ဆုံး)

Unicode Version

” ဆင်သမားနှင့်ကျားရဲတစ်ကောင် “(စ/ဆုံး)
———————————————–

ဖိုးကျော့
စမ်းချောင်းတစ်ခုအနားရှိ အိုက်လောလူတို့ဆင်စခန်းမှာ တဲငါး လုံးသာရှိသည်။ ထိုတဲငါးလုံးတွင် ဆင်ဦးစီးမိသားစု ငါးစုနေထိုင်ကြသည်။
ဆင်ဦးစီးတိုင်းသည် မနေ့က အလုပ်သိမ်း၍ စားကျက်သို့မောင်းလွှတ်လိုက်သော မိမိတို့၏ဆင်များကို ဤနေ့မနက်တွင် သူ့ဆင်ကိုယ့်ဆင် ရှာဖွေ၍ ရအောင်ပြန်ကောက်ကြရသည်။ ထို့ကြောင့် အလုပ်စခန်း စောဝင်နိုင်ရန် မိုးမလင်းမီကပင် ဆင်နောက်လိုက်ကြရလေသည်။
“ပွဲနေ့ဝင် ဆင်ညကောက်” ဆိုသကဲ့သို့ အိုက်လောလူသည် မိုး မလင်းမီကပင် ဆင်ကောက်ထွက်လာရလေသည်။
ဆင်ဦးစီးတစ်ယောက် ဆင်ကောက်သွားရာ၌ ရိုးရာအယူအဆ များရှိ၏။ ဆင်ကောက်ရန်သွားသော ဆင်ဦးစီးသည် ဆင်ထူးလမ်းကြောင်း ပေါ်၌ အလေးအပေါ့မသွားရ။ တံတွေး မထွေးရ။ အကယ်၍ ထိုသို့ ပြုလုပ် မိလျှင် ကျားနှင့်တွေ့ရတတ်သည်။ သို့မဟုတ် ဆင်ပျောက်တတ်သည်ဟု အယူရှိကြသည်။
အမှန်မှာ ဆင်ဦးစီးသည် ဆင်ကောက်သွားရာ၌က စည်းကမ်းရှိရ သည်မဟုတ်၊ ဆင်ဝိုင်း ဆင်စခန်း၌နေစဉ်တွင်လည်း စည်းကမ်းရှိရသည်။
ဆင်စခန်းတွင်နေစဉ် သူများသားမယားကို မကျူးလွန်ရ၊ သူများ ပစ္စည်းကို မခိုးယူရ အကယ်၍ ကျူးလွန်မိပါလျှင် ဆင်နင်း၍ သေတတ် သည်ဟု အယူရှိကြသည်။
ဆင်ဦးစီးတစ်ယောက်သည် မိန်းမယူပြီဆိုလျှင်လည်း ဆင်ဝိုင်းရှိ လူအားလုံးကို အသိပေး၍ ဥဒိန္နနတ်ပြရသည်။
အချို့ကလည်း “ခေါ်ကာရီနတ်၊ ခုကာရီနတ်” ဟု ဒေသကို လိုက်၍ အမျိုးမျိုးခေါ်ကြသည်။
ဆင်ဦးစီးတစ်ယောက် မိန်းမယူလျှင်သာမဟုတ် လူသစ်တစ် ယောက် ဆင်ဝိုင်းထဲဝင်လာလျှင်လည်း နတ်ပြရသည်။
ဥဒိန္နနတ်ပြရခြင်းမှာ ဆင်စခန်းအနား၌ နတ်စင်ဆောက်လုပ်ပြီး ထိုနတ်စင်နားတွင် ဆင်သမားအားလုံး ဝိုင်းဖွဲ့ကာ မိန်းမရသူဆင်ဦးစီးက သူ မိန်းမရပြီဖြစ်ကြောင်း ကြေညာရသည်။ အသိအမှတ်ပြုပါရန် ပန်ကြား ရသည်။
ထိုနတ်ပြသောနေရာသို့ မိန်းမများ လုံးဝမဝင်ရ။ ဘယ်မိန်းမကိုမှ ခေါ်မလာရ၊ ဖိနပ်မစီးရ၊ ခေါင်းပေါင်း မပေါင်းထားရ၊ နတ်စင်တွင် မုန့်ဖြူ မုန့်နီတင်၍ အချို့ရပ်ကွက်တွင် မင်္ဂလာဆောင်သလို စားပွဲသောက်ပွဲ များပင် စခန်း၌ ကျင်းပလေ့ရှိကြသည်။
တောထဲတောင်ထဲသို့ နံနက်စောစော ဆင်ကောက်သွားရသော ဆင်ဦးစီးသည် မိမိဆင်ခြေရာပုံပန်းသဏ္ဌာန်အရွယ်နှင့် မိမိဆင် ထူးခြား ချက်များကို အပ်ကျမပ်ကျသိရသည်။
ဥပမာ – မိမိဆင်သည် ဆင်ဟိုင်းဖြစ်နေပါက ခြေရာသည်ဝိုင်း နေရမည်။ နောက်ခွာသီး ရှေ့ခွာသီးတို့ကိုလည်း မှတ်သားထားရသည်။
ဆင်၏ စားဖတ်စားကျန်များ လွှင့်ပစ်တတ်သော အလေ့အကျင့် များကိုလည်း သတိထားရသည်။
ဥပမာ – ကျူပင်တစ်ပင်ကို ဆင်ကချိုးစားရာ၌ အရင်းပိုင်းကျူရင်း ဘက်ကို ဆင်သည် ထူးလမ်း၏ ဘယ်ဘက်ပစ်သလား၊ ညာဘက်ပစ် သလား ဂရုစိုက်ကြည့်ရှုရသည်။ ဘယ်ဘက်ကိုပစ်တက်သော ဆင်သည် အမြဲ ထူးလမ်း၏ဘယ်ဘက်ကိုသာ ပစ်တတ်သဖြင့် မိမိဆင်မှာ ဘယ် ပစ်လား ညာပစ်လား မှတ်ထားရသည်။
ထူးလမ်းဆိုသည်မှာ ဆင်သွားရာ၌ တန်းလန်းပါသွားသောသံကြိုး ဆွဲသွားရာ လမ်းကြောင်းကိုခေါ်သည်။
မိမိဆင်ခြေရာနှင့် ဆင်၏စားဖတ် ဘယ်ပစ်ညာပစ်ကိုတွေ့လျှင် ဦးစီးသည် ခြေရာခံ၍လိုက်သွားရ၏။
ထိုလမ်းထဲတွင် ညက ဆင်နားသွားသောနေရာ သို့မဟုတ် ခေတ္တ မှေးအိပ်သွားသောနေရာကို ဂရုစိုက်ကြည့်တတ်ရသည်။
ဆင်ချေးတုံးသစ်များကိုတွေ့လျှင် ချေးတုံးတစ်ပုံကို ခြေနှင့်ကန်၍ ကြည့်ရ၏။
ချေးတုံး၏ အတွင်းသဏ္ဌာန်ကိုကြည့်၍ ဆင်သည် ညက ဝါးကို စားသလား၊ ကျူပင်ကိုစားသလား ခွဲခြားသိရသည်။
ဥပမာ – ညက ဝါးကိုချည်းစားလျှင် မိုးလင်းပိုင်း၌ ကိုင်းမြက်များ ကိုစားရန် ချောင်းကမ်းပါးကိုင်းတောထဲသို့ ဧကန်သွားပြီဟု ယူဆတတ်ရ၏။
ဆင်၏ ပင်ကိုထူးခြားချက်မှာ လူတို့က ဟင်းချို, ဆီပြန်, အချဉ် အစပ်သုပ်များကို မျှ၍ စားသလို ဆင်သည်လည်း ဝါး, , သစ်ခေါက်, သစ်ရွက်, မြက် စသည်တို့ကို မျှမျှတတစားတတ်သည်။
ထို့ကြောင့် ကိုင်းတောရှိရာသို့ လိုက် ရန် တောတောင်ရေမြေ အခြေအနေကိုလည်း သိထားရသည်။
ဤတောတောင်ထဲ၌ ဘယ်နေရာတွင် ကျူတောရှိ၍ ဘယ်နေရာ တွင် ဝါးတောရှိသည်ကို သိထားလေမှ နေမမြင့်မီ ဆင်ကောက်၍ ရ ပေမည်။
ထို့ကြောင့် ကိုင်းတောထဲရောက်လာသော အိုက်လောလူသည် သူ့ဆင်ကို ကိုင်းတောထဲ၌မတွေ့သောအခါ ခလောက်သံကိုနားစွင့်ရ၏။
သူ့ဆင်မှာ ဆင်ဆိုးစာရင်းဝင်ဖြစ်သဖြင့် သံခလောက်ဆွဲပေးထား ရသည်။
သူ့ဆင် ဗိုစိန်၏ ခလောက်သံကို ပျဉ်းမတောင်၊ အင်တောဘက် မကြားရသဖြင့် ဆက်လိုက်လာသည်။
သစ်ပင်ကိုင်းခက်လက်ရှိ ရိုးတံတို့အကြိုအကြားမှာ နေရောင်ခြည် တန်းများကား တစ်တောလုံး တစ်တောင်လုံးကို ဖြန့်ကြက်ထားလေပြီ။
ငှက်ကလေးများ နှင့် တောကြက်တို့၏ တွန်သံမှာလည်း အရပ်ရှစ် မျက်နှာ၌ ညံစီနေလေပြီ။
တောငှက်တိရစ္ဆာန်တို့၏ တွန်သံ မြည်သံကြားတွင် ဗိုစိန်၏ ခလောက်သံကို ကြားရသောအခါ အိုက်သောလူ ဆက်လိုက်လာသည်။
သခင်လိုက်လာပြီဆိုသည်ကို ဗိုစိန်သိအောင်ဟု အိုက်လောလူက သီချင်းတစ်ပုဒ်ကို ဟစ်ဆို၍ အသံပေးလိုက်၏။
“ဘာမပိုတာ ဝေငှလိုက်တော့ – ရာဇဂြိုဟ်သာကေတရယ်နဲ့
ဗာရာဏရယ်တဲ့ တက္ကသိုလ် … အညီထွေးလိုက်တော့ … ဤ လေးပြည်အလယ်ဗဟိုရ်ထင့် … ဟင့် ဟင့်”
အိုက်လောလူ၏ သီချင်းသံမဆုံးခင်မှာပင် သူ့နောက်မှ သစ်ရွက် ခြောက်များကို နင်းလိုက်သံလိုလို ကြားလိုက်ရသဖြင့် နောက်သို့လှည့် ကြည့်မိလိုက်၏။
ရုတ်ချည်း အိုက်လောလူ ခေါင်းနပန်းကြီးသွားသည်။ ကျားကြီးတစ်ကောင်သည် သူ့ကိုကိုက်သတ်ရန် ဘယ်နေရာကပင် ချောင်းမြောင်း လိုက်လာသည်မသိ။
ယခု သူ သီချင်းအော်ဆိုလိုက်၍’ ရုတ်တရက်လန့်သွားရာမှ ကျားခြေသံကို ကြားလိုက်ရသည်။
သို့သော် ကျားကြီးက သူ့ကိုမူပုံမရ၊ ကုပ်ချောင်းကုပ်ချောင်းနှင့်သာ သူ့ဆီ တိုးလာနေသည်။
မည်သို့ လုပ်ရမည်နည်း။
အိုက်လောလူ ကိုယ်ပေါ်တွင် လက်နက်ဆို၍ ဆင်ချွန်းနှင့် ဓားမြှောင်တစ်လက်သာပါသည်။
ဓားမြှောင်တောင်မှ သူ့ဆင်ဗိုစိန် တစ်ခါတစ်ခါဗွေဖောက်တတ် သော ဆင်ဆိုးစာရင်းဝင်မို့သာ။
“ဟေး … ဟေး”
အိုက်လောလူ အော်ဟစ်ခြောက်လှန့်၏။
ကျားဆိုးကြီးမှာ မကြုံဖူးလောက်အောင် မာန်ဖီကာ သူ့ဆီသို့သာ တန်းတန်းမတ်မတ်လာနေသည်။
ဟေး ဟိုင်း ဟေးဟု အော်နေ ခြောက်လှန့်နေသံကိုပင် မခန့်ဘဲ အိုက်လောလူကို “ဝေါင်း”ခနဲအသံနှင့်အတူ ခုန်အုပ်လိုက်၏။ အိုက်လောလူ အရှောင်မမြန်လျှင် ကုပ်ကိုခဲပြီးသား ဖြစ်သွားနိုင်သည်။
ပြေး၍ ဘယ်လိုမှမလွတ်တော့သည်ကို အိုက်လောလူသိသည်။ ဆင်လိုက်လျှင် လှည့်ပတ်ပြေးက လွတ်နိုင်သေး၏။ ကိုယ်ခန္ဓာကြီးသော ဆင်သည် အလှည့်အကွေ့၌နှေးကွေးသည်။ ဖျတ်လတ်သောကျားကမူ အလှည့်အကွေ့လည်းမြန်သည်။
ထို့ကြောင့် အိုက်လောလူသည် သွေးရူး သွေးတန်းနှင့် ရမိရရာ တွေ့မိတွေ့ရာ သစ်ပင်တစ်ပင်ပေါ် တွယ်တက်ပြေးရတော့၏။
သစ်ပင်ပေါ်ရောက်မှ အိုက်လောလူက သူ့အမှားသူ သတိရမိပြန် ၏။ ကျားလိုက်လျှင် နွယ်ပင်, ဒိုးပင်, ဆင်တုန်းမနွယ်ပင်များ လိမ်ခွေ ရစ်ပတ် အထပ်ထပ်တက်နေသော သစ်ပင်မျိုးပေါ်သာ တက်ပြေးရသည်။
ကျားမှာ လူလို နွယ်ပင်များကို ဆွဲကိုင်ဖက်တွယ်၍တက်နိုင်သော တိရစ္ဆာန်မျိုးမဟုတ်။ နွယ်ပင်, ဒိုးပင်များကို ကျားက ကုတ်ခြစ်၍ မမြဲတဟ်။ ကျားတက်လာသည်နှင့် နွယ်ပင်များယိမ်းလှုပ်ကာ ကျားပြုတ်ကျတတ် သည်။
ယခု အိုက်လောလူတက်ပြေးနေမိသော သစ်ပင်မှာ အင်ပင်ဖြစ် သဖြင့် အောက်ခြေရှင်းသည်။ ပင်စည်ကလည်း လူကြီးပေါင်လုံးလောက် သာရှိပြီး ခပ်ကိုင်းကိုင်းဖြစ်နေရာ ကျားတက်လာမည်ဆိုလျှင် တက်လာ နိုင်သည်။
အိုက်လောလူသည် ကြောက်ကြောက်နှင့်အင်ပင်ပေါ်က ကျားဆိုး ကြီးကို ငုံ့ကြည့်လိုက်၏။
သူဤသစ်ပင်ပေါ် တက်သွားသည်ကို မြင်လိုက်သော ကျားဆိုး ကြီးကလည်း သူ့ကိုမော့ကြည့်ကာ မာန်ဖီနေ၏။
အိုက်လောလူ စောစောက ထင်ထားခဲ့သည့်အတိုင်းပင် ကျားဆိုး ကြီးသည် သူ့ကိုမြင်လိုက်သည်နှင့် သစ်ပင်ပေါ်ကုတ်ခြစ်တက်လာတော့ သည်။
“ကူကြပါဗျို. ကူကြပါ ကျုပ်ကို ကျားလိုက်လို့ကူကြပါဦး၊ ဒီအနားမှာ ဆင်သမားများ မရှိကြဘူးလား၊ ကျုပ်ကို ကျား ကြားလိုက် နေလို့ ကူ .. ကူကြပါဦး”
အိုက်လောလူမှာ အော်လည်းအော် သစ်ပင်အမြင့်ပေါ်တက် လည်းတက်နှင့် ဇောချွေးတွေပြန်နေ၏။
သူ အသံကုန်အော်ဟစ် အကူအညီတောင်းနေသော်လည်း သူ့ကို ကူမ,လာမည့် ဆင်သမား တစ်ဦးတစ်ယောက်၏ အသံကိုမျှမကြားရ။
သူအော်လိုက်သဖြင့် ကျားဆိုးကြီးကသာ အတင့်ရဲစွာ သစ်ပင် ပေါ် ကုတ်ခြစ်တက်လာနေသည်။
“ကူကြပါဦးဗျိုး. ကူကြပါဦး .. ကျုပ်ကိုကျား ..ကျားလိုက် ကိုက်နေလို့ပါ”
အိုက်လောလူ အသံကုန်အော်လိုက်သံမှာ တောသံတောင်သံ အဖြစ်သာ ပဲ့တင်ပြန်ထပ်လာသည်။ ဆင်သမားများအသံဆို၍ကား အရိပ် အယောင်မျှပင်မကြားရ။ အိုက်လောလူမှာ ပိုအားငယ်သွားသည်။
ကျားကြီးကလည်း သူမည်မျှ အော်ဟစ်ခြောက်လှန့်နေသော်လည်း သစ်ပင်ပေါ်ကိုသာ တက်မြဲ မရအရကုတ်ခြစ်တက်လာနေ၏။ အိုက်လောလူ ကြားဖူးနားဝတစ်ခုကို သွားသတိရသည်။
ကျားဆရာကြောင်သည် ကျားကို သစ်ပင်တက်သာသင်ပေးပြီး ဆင်းနည်းကို သင်မပေးသွားဘဲ ဆရာစားချန်ထားခဲ့သည်။ ထို့ကြောင့် ကျားများ သည် သစ်ပင်ပေါ်သာ တက်တတ်သော်လည်း အဆင်းကို ကြောင်လိုမဆင်းတတ်၊ အတက်သာ ကြောင်လိုတက်တတ်သော်လည်း အဆင်းတွင် ကြောင်ဆင်းမဆင်း ကြောင်ကျမကျဘဲ၊ ခွေးကျ ကျတတ် သည်ဟုဆိုသည်။
သို့သော် ယခုခက်နေသည်မှာ သူသည် အင်ပင်ကိုင်းဖျားကိုင်းနား ကိုခိုတွဲကာ ဆင်းပြေးရန်မှာ ဘယ်လိုမှမဖြစ်နိုင်ပေ။
သူသည် ဝါးတစ်ရိုက်မကမြင့်သော အင်ပင်ပေါ်သို့ ရောက်နေ လေသည်။
ကြောက်ကြောက်နှင့် ခုန်ချလျှင်လည်း ကျားကိုက်၍ မသေခင် ခါးရိုးကျိုး အရင်ခံရပေဦးမည်။
ကျားဆိုးကြီး သည် သူအော်လိုက်တိုင်း ပို၍ဒေါသထွက်ကာ အင်ပင်ပေါ်သာ မရအရကုတ်ခြစ်တက်လာနေသည်။ ကျားကြီးနှင့် အိုက်လောလူတို့မှာ လက်တစ်ကမ်းအလိုသာရှိတော့သည်။ အင်ပင်မှာ လူကြီးပေါင်လုံးခန့်သာရှိသဖြင့် အပေါ်ကိုလည်း ဆက်တက်၍မရတော့။
အိုက်လောလူမှာ ပို၍ကြောက်၊ ပို၍ဇောချွေးတွေပြန်ကာ ကြံမရ ဖြစ်နေစဉ် သူ့ခါးမှပေါက်ချိပ်ထဲက ဆင်ချွန်းနှင့်ဓားမြှောင်ကို ယခုမှ သတိ ရသွားလေသည်။
ထိုအချိန်မှာ ကျားဆိုးကြီးသည် သူ့ကို ပထမဦးဆုံးအကြိမ် လက်နှင့် စတင်လှမ်းပုတ်လာသည်။ သူက ဓားမြှောင်နှင့် လှမ်းရမ်းပြန် တွက်လေ၏။ ကျားကြီးလက်ကို ဓားမြှောင်ဦးဖျား ထိသွားပုံရသည်။
အိုက်လောလူက ကျားဆိုးကြီးကို စသလိုဖြစ်သွားသဖြင့် ကျားဆိုး ကြီးမှာ ပို၍ ဒေါသထွက်လာသည်။
“ခြေနှစ်ဖက် လက်တစ်ဖက်နှင့် ပေါင်လုံးလောက်ရှိသော အင်ပင် ကို – အမိအရကုတ်ခြစ်ထားကာ လက်တစ်ဖက်ကို အကြိမ်ကြိမ်အသုံးချ တိုက်ခိုက်လာသည်။ ပါးစပ်နှင့် ဟပ်ကိုက်နိုင်ရန်လည်း ခါးကိုကုန်းပြီး အားယူမာန်ဖီလာသည်။
အင်ပင်ကိုင်းမှာ ခပ်ကိုင်းကိုင်း ဖြစ်နေသဖြင့် ခြေနှစ်ချောင်းလက် တစ်ဖက်နှင့် သူ့ကိုယ်လုံးကြီးကို မနိုင်မနင်းဒေါသတကြီးလည်း ထိန်းထား နေရ၏။
အိုက်လောလူမှာလည်း ကျားကြီးနည်းတူ လက်ဝဲလက်က အင်ပင် ၏ပင်စည်ကို မြဲမြဲဖက်တွယ်ကာ လက်ယာလက်နှင့် ဓားမြှောင်ကို မြဲမြဲ ဆုပ်ကိုင်ပြီး ကျားကြီး လှမ်းပုတ်လိုက်တိုင်း ကျားကြီး ကိုဓားမြှောင်နှင့် ပြန်၍ လှမ်းတွက်နေရသည်။
ကျားတစ်ပြန် လူတစ်ပြန်ဖြစ်နေရာမှ လက်တစ်ဖက်ဒဏ်ရာရ သွားသော ကျားဆိုးကြီးသည် အားမာန်သွင်းကာ အိုက်လောလူကို လှမ်း ကိုက်သည်။
အိုက်လောလူကလည်း ဓားမြှောင်နှင့် ထိရာမိရာကို လှမ်းတွက် လိုက်သည်။ တစ်ချက်တွင် ဘယ်နေရာကိုထိသွားသည်မသိ၊ ကျားကြီး သည် အင်ပင်ပေါ်က တလိမ့်ခေါက်ကွေးလိမ့်ကျသွား၏။
အင်ပင်အောက်တွင် အော်ဟိန်းမြည်ဟည်းကာ ထွက်ပြေးရန်လှုပ် ရှားနေသော ကျားကြီးကို အိုက်လောလူသည် တုန်တုန်ယင်ယင်နှင့် အင် ပင်ပေါ်က ငုံ့ကြည့်နေ၏။
ကျားဆိုးကြီးသည် အင်ပင်နားက ထွက်ပြေးရန်သာ ကြိုးစားနေရ သော်လည်း သူ့ခြေလက်တွေက ဦးတည်ရာမဲ့နေသည်။ ဟိုအပင်တိုက် သည်အပင်ဝင်ဆောင့်နှင့် သူသွားလိုရာကို တည့်တည့်မတ်မတ်မသွားနိုင် မပြေးနိုင်ဖြစ်ကာ တဝေါင်ဝေါင် အော်ညည်းနေသည်။
ထိုအခါမှ အိုက်လောလူ ဓားမြှောင်နှင့် လှမ်းတွက်လိုက်ချက်မှာ ကျားဆိုးကြီး၏ မျက်လုံးနှစ်ဖက်ကို ကန့်လန့်ဖြတ်ထိမှန်ပြီး ကျားဆိုးကြီး မျက်စိနှစ်ဖက်စလုံး ကန်းသွားပြီဖြစ်ကြောင်း အိုက်လောလူ သိလိုက်ရ လေသည်။
#ဖိုးကျော့
(၁၉၉၄ ခုနှစ်၊ စက်တင်ဘာလ၊ ရွက်နုဝေမဂ္ဂဇင်း)
စာစီ – မီးမီး

Zawgyi Version

” ဆင္သမားႏွင့္က်ားရဲတစ္ေကာင္ “(စ/ဆုံး)
———————————————–

ဖိုးေက်ာ့
စမ္းေခ်ာင္းတစ္ခုအနားရွိ အိုက္ေလာလူတို႔ဆင္စခန္းမွာ တဲငါး လုံးသာရွိသည္။ ထိုတဲငါးလုံးတြင္ ဆင္ဦးစီးမိသားစု ငါးစုေနထိုင္ၾကသည္။
ဆင္ဦးစီးတိုင္းသည္ မေန႔က အလုပ္သိမ္း၍ စားက်က္သို႔ေမာင္းလႊတ္လိုက္ေသာ မိမိတို႔၏ဆင္မ်ားကို ဤေန႔မနက္တြင္ သူ႔ဆင္ကိုယ့္ဆင္ ရွာေဖြ၍ ရေအာင္ျပန္ေကာက္ၾကရသည္။ ထို႔ေၾကာင့္ အလုပ္စခန္း ေစာဝင္ႏိုင္ရန္ မိုးမလင္းမီကပင္ ဆင္ေနာက္လိုက္ၾကရေလသည္။
“ပြဲေန႔ဝင္ ဆင္ညေကာက္” ဆိုသကဲ့သို႔ အိုက္ေလာလူသည္ မိုး မလင္းမီကပင္ ဆင္ေကာက္ထြက္လာရေလသည္။
ဆင္ဦးစီးတစ္ေယာက္ ဆင္ေကာက္သြားရာ၌ ႐ိုးရာအယူအဆ မ်ားရွိ၏။ ဆင္ေကာက္ရန္သြားေသာ ဆင္ဦးစီးသည္ ဆင္ထူးလမ္းေၾကာင္း ေပၚ၌ အေလးအေပါ့မသြားရ။ တံေတြး မေထြးရ။ အကယ္၍ ထိုသို႔ ျပဳလုပ္ မိလွ်င္ က်ားႏွင့္ေတြ႕ရတတ္သည္။ သို႔မဟုတ္ ဆင္ေပ်ာက္တတ္သည္ဟု အယူရွိၾကသည္။
အမွန္မွာ ဆင္ဦးစီးသည္ ဆင္ေကာက္သြားရာ၌က စည္းကမ္းရွိရ သည္မဟုတ္၊ ဆင္ဝိုင္း ဆင္စခန္း၌ေနစဥ္တြင္လည္း စည္းကမ္းရွိရသည္။
ဆင္စခန္းတြင္ေနစဥ္ သူမ်ားသားမယားကို မက်ဴးလြန္ရ၊ သူမ်ား ပစၥည္းကို မခိုးယူရ အကယ္၍ က်ဴးလြန္မိပါလွ်င္ ဆင္နင္း၍ ေသတတ္ သည္ဟု အယူရွိၾကသည္။
ဆင္ဦးစီးတစ္ေယာက္သည္ မိန္းမယူၿပီဆိုလွ်င္လည္း ဆင္ဝိုင္းရွိ လူအားလုံးကို အသိေပး၍ ဥဒိႏၷနတ္ျပရသည္။
အခ်ိဳ႕ကလည္း “ေခၚကာရီနတ္၊ ခုကာရီနတ္” ဟု ေဒသကို လိုက္၍ အမ်ိဳးမ်ိဳးေခၚၾကသည္။
ဆင္ဦးစီးတစ္ေယာက္ မိန္းမယူလွ်င္သာမဟုတ္ လူသစ္တစ္ ေယာက္ ဆင္ဝိုင္းထဲဝင္လာလွ်င္လည္း နတ္ျပရသည္။
ဥဒိႏၷနတ္ျပရျခင္းမွာ ဆင္စခန္းအနား၌ နတ္စင္ေဆာက္လုပ္ၿပီး ထိုနတ္စင္နားတြင္ ဆင္သမားအားလုံး ဝိုင္းဖြဲ႕ကာ မိန္းမရသူဆင္ဦးစီးက သူ မိန္းမရၿပီျဖစ္ေၾကာင္း ေၾကညာရသည္။ အသိအမွတ္ျပဳပါရန္ ပန္ၾကား ရသည္။
ထိုနတ္ျပေသာေနရာသို႔ မိန္းမမ်ား လုံးဝမဝင္ရ။ ဘယ္မိန္းမကိုမွ ေခၚမလာရ၊ ဖိနပ္မစီးရ၊ ေခါင္းေပါင္း မေပါင္းထားရ၊ နတ္စင္တြင္ မုန႔္ျဖဴ မုန႔္နီတင္၍ အခ်ိဳ႕ရပ္ကြက္တြင္ မဂၤလာေဆာင္သလို စားပြဲေသာက္ပြဲ မ်ားပင္ စခန္း၌ က်င္းပေလ့ရွိၾကသည္။
ေတာထဲေတာင္ထဲသို႔ နံနက္ေစာေစာ ဆင္ေကာက္သြားရေသာ ဆင္ဦးစီးသည္ မိမိဆင္ေျခရာပုံပန္းသဏၭာန္အ႐ြယ္ႏွင့္ မိမိဆင္ ထူးျခား ခ်က္မ်ားကို အပ္က်မပ္က်သိရသည္။
ဥပမာ – မိမိဆင္သည္ ဆင္ဟိုင္းျဖစ္ေနပါက ေျခရာသည္ဝိုင္း ေနရမည္။ ေနာက္ခြာသီး ေရွ႕ခြာသီးတို႔ကိုလည္း မွတ္သားထားရသည္။
ဆင္၏ စားဖတ္စားက်န္မ်ား လႊင့္ပစ္တတ္ေသာ အေလ့အက်င့္ မ်ားကိုလည္း သတိထားရသည္။
ဥပမာ – က်ဴပင္တစ္ပင္ကို ဆင္ကခ်ိဳးစားရာ၌ အရင္းပိုင္းက်ဴရင္း ဘက္ကို ဆင္သည္ ထူးလမ္း၏ ဘယ္ဘက္ပစ္သလား၊ ညာဘက္ပစ္ သလား ဂ႐ုစိုက္ၾကည့္ရႈရသည္။ ဘယ္ဘက္ကိုပစ္တက္ေသာ ဆင္သည္ အၿမဲ ထူးလမ္း၏ဘယ္ဘက္ကိုသာ ပစ္တတ္သျဖင့္ မိမိဆင္မွာ ဘယ္ ပစ္လား ညာပစ္လား မွတ္ထားရသည္။
ထူးလမ္းဆိုသည္မွာ ဆင္သြားရာ၌ တန္းလန္းပါသြားေသာသံႀကိဳး ဆြဲသြားရာ လမ္းေၾကာင္းကိုေခၚသည္။
မိမိဆင္ေျခရာႏွင့္ ဆင္၏စားဖတ္ ဘယ္ပစ္ညာပစ္ကိုေတြ႕လွ်င္ ဦးစီးသည္ ေျခရာခံ၍လိုက္သြားရ၏။
ထိုလမ္းထဲတြင္ ညက ဆင္နားသြားေသာေနရာ သို႔မဟုတ္ ေခတၱ ေမွးအိပ္သြားေသာေနရာကို ဂ႐ုစိုက္ၾကည့္တတ္ရသည္။
ဆင္ေခ်းတုံးသစ္မ်ားကိုေတြ႕လွ်င္ ေခ်းတုံးတစ္ပုံကို ေျခႏွင့္ကန္၍ ၾကည့္ရ၏။
ေခ်းတုံး၏ အတြင္းသဏၭာန္ကိုၾကည့္၍ ဆင္သည္ ညက ဝါးကို စားသလား၊ က်ဴပင္ကိုစားသလား ခြဲျခားသိရသည္။
ဥပမာ – ညက ဝါးကိုခ်ည္းစားလွ်င္ မိုးလင္းပိုင္း၌ ကိုင္းျမက္မ်ား ကိုစားရန္ ေခ်ာင္းကမ္းပါးကိုင္းေတာထဲသို႔ ဧကန္သြားၿပီဟု ယူဆတတ္ရ၏။
ဆင္၏ ပင္ကိုထူးျခားခ်က္မွာ လူတို႔က ဟင္းခ်ိဳ, ဆီျပန္, အခ်ဥ္ အစပ္သုပ္မ်ားကို မွ်၍ စားသလို ဆင္သည္လည္း ဝါး, , သစ္ေခါက္, သစ္႐ြက္, ျမက္ စသည္တို႔ကို မွ်မွ်တတစားတတ္သည္။
ထို႔ေၾကာင့္ ကိုင္းေတာရွိရာသို႔ လိုက္ ရန္ ေတာေတာင္ေရေျမ အေျခအေနကိုလည္း သိထားရသည္။
ဤေတာေတာင္ထဲ၌ ဘယ္ေနရာတြင္ က်ဴေတာရွိ၍ ဘယ္ေနရာ တြင္ ဝါးေတာရွိသည္ကို သိထားေလမွ ေနမျမင့္မီ ဆင္ေကာက္၍ ရ ေပမည္။
ထို႔ေၾကာင့္ ကိုင္းေတာထဲေရာက္လာေသာ အိုက္ေလာလူသည္ သူ႔ဆင္ကို ကိုင္းေတာထဲ၌မေတြ႕ေသာအခါ ခေလာက္သံကိုနားစြင့္ရ၏။
သူ႔ဆင္မွာ ဆင္ဆိုးစာရင္းဝင္ျဖစ္သျဖင့္ သံခေလာက္ဆြဲေပးထား ရသည္။
သူ႔ဆင္ ဗိုစိန္၏ ခေလာက္သံကို ပ်ဥ္းမေတာင္၊ အင္ေတာဘက္ မၾကားရသျဖင့္ ဆက္လိုက္လာသည္။
သစ္ပင္ကိုင္းခက္လက္ရွိ ႐ိုးတံတို႔အႀကိဳအၾကားမွာ ေနေရာင္ျခည္ တန္းမ်ားကား တစ္ေတာလုံး တစ္ေတာင္လုံးကို ျဖန႔္ၾကက္ထားေလၿပီ။
ငွက္ကေလးမ်ား ႏွင့္ ေတာၾကက္တို႔၏ တြန္သံမွာလည္း အရပ္ရွစ္ မ်က္ႏွာ၌ ညံစီေနေလၿပီ။
ေတာငွက္တိရစာၦန္တို႔၏ တြန္သံ ျမည္သံၾကားတြင္ ဗိုစိန္၏ ခေလာက္သံကို ၾကားရေသာအခါ အိုက္ေသာလူ ဆက္လိုက္လာသည္။
သခင္လိုက္လာၿပီဆိုသည္ကို ဗိုစိန္သိေအာင္ဟု အိုက္ေလာလူက သီခ်င္းတစ္ပုဒ္ကို ဟစ္ဆို၍ အသံေပးလိုက္၏။
“ဘာမပိုတာ ေဝငွလိုက္ေတာ့ – ရာဇၿဂိဳဟ္သာေကတရယ္နဲ႔
ဗာရာဏရယ္တဲ့ တကၠသိုလ္ … အညီေထြးလိုက္ေတာ့ … ဤ ေလးျပည္အလယ္ဗဟိုရ္ထင့္ … ဟင့္ ဟင့္”
အိုက္ေလာလူ၏ သီခ်င္းသံမဆုံးခင္မွာပင္ သူ႔ေနာက္မွ သစ္႐ြက္ ေျခာက္မ်ားကို နင္းလိုက္သံလိုလို ၾကားလိုက္ရသျဖင့္ ေနာက္သို႔လွည့္ ၾကည့္မိလိုက္၏။
႐ုတ္ခ်ည္း အိုက္ေလာလူ ေခါင္းနပန္းႀကီးသြားသည္။ က်ားႀကီးတစ္ေကာင္သည္ သူ႔ကိုကိုက္သတ္ရန္ ဘယ္ေနရာကပင္ ေခ်ာင္းေျမာင္း လိုက္လာသည္မသိ။
ယခု သူ သီခ်င္းေအာ္ဆိုလိုက္၍’ ႐ုတ္တရက္လန႔္သြားရာမွ က်ားေျခသံကို ၾကားလိုက္ရသည္။
သို႔ေသာ္ က်ားႀကီးက သူ႔ကိုမူပုံမရ၊ ကုပ္ေခ်ာင္းကုပ္ေခ်ာင္းႏွင့္သာ သူ႔ဆီ တိုးလာေနသည္။
မည္သို႔ လုပ္ရမည္နည္း။
အိုက္ေလာလူ ကိုယ္ေပၚတြင္ လက္နက္ဆို၍ ဆင္ခြၽန္းႏွင့္ ဓားေျမႇာင္တစ္လက္သာပါသည္။
ဓားေျမႇာင္ေတာင္မွ သူ႔ဆင္ဗိုစိန္ တစ္ခါတစ္ခါေဗြေဖာက္တတ္ ေသာ ဆင္ဆိုးစာရင္းဝင္မို႔သာ။
“ေဟး … ေဟး”
အိုက္ေလာလူ ေအာ္ဟစ္ေျခာက္လွန႔္၏။
က်ားဆိုးႀကီးမွာ မႀကဳံဖူးေလာက္ေအာင္ မာန္ဖီကာ သူ႔ဆီသို႔သာ တန္းတန္းမတ္မတ္လာေနသည္။
ေဟး ဟိုင္း ေဟးဟု ေအာ္ေန ေျခာက္လွန႔္ေနသံကိုပင္ မခန႔္ဘဲ အိုက္ေလာလူကို “ေဝါင္း”ခနဲအသံႏွင့္အတူ ခုန္အုပ္လိုက္၏။ အိုက္ေလာလူ အေရွာင္မျမန္လွ်င္ ကုပ္ကိုခဲၿပီးသား ျဖစ္သြားႏိုင္သည္။
ေျပး၍ ဘယ္လိုမွမလြတ္ေတာ့သည္ကို အိုက္ေလာလူသိသည္။ ဆင္လိုက္လွ်င္ လွည့္ပတ္ေျပးက လြတ္ႏိုင္ေသး၏။ ကိုယ္ခႏၶာႀကီးေသာ ဆင္သည္ အလွည့္အေကြ႕၌ေႏွးေကြးသည္။ ဖ်တ္လတ္ေသာက်ားကမူ အလွည့္အေကြ႕လည္းျမန္သည္။
ထို႔ေၾကာင့္ အိုက္ေလာလူသည္ ေသြး႐ူး ေသြးတန္းႏွင့္ ရမိရရာ ေတြ႕မိေတြ႕ရာ သစ္ပင္တစ္ပင္ေပၚ တြယ္တက္ေျပးရေတာ့၏။
သစ္ပင္ေပၚေရာက္မွ အိုက္ေလာလူက သူ႔အမွားသူ သတိရမိျပန္ ၏။ က်ားလိုက္လွ်င္ ႏြယ္ပင္, ဒိုးပင္, ဆင္တုန္းမႏြယ္ပင္မ်ား လိမ္ေခြ ရစ္ပတ္ အထပ္ထပ္တက္ေနေသာ သစ္ပင္မ်ိဳးေပၚသာ တက္ေျပးရသည္။
က်ားမွာ လူလို ႏြယ္ပင္မ်ားကို ဆြဲကိုင္ဖက္တြယ္၍တက္ႏိုင္ေသာ တိရစာၦန္မ်ိဳးမဟုတ္။ ႏြယ္ပင္, ဒိုးပင္မ်ားကို က်ားက ကုတ္ျခစ္၍ မၿမဲတဟ္။ က်ားတက္လာသည္ႏွင့္ ႏြယ္ပင္မ်ားယိမ္းလႈပ္ကာ က်ားျပဳတ္က်တတ္ သည္။
ယခု အိုက္ေလာလူတက္ေျပးေနမိေသာ သစ္ပင္မွာ အင္ပင္ျဖစ္ သျဖင့္ ေအာက္ေျခရွင္းသည္။ ပင္စည္ကလည္း လူႀကီးေပါင္လုံးေလာက္ သာရွိၿပီး ခပ္ကိုင္းကိုင္းျဖစ္ေနရာ က်ားတက္လာမည္ဆိုလွ်င္ တက္လာ ႏိုင္သည္။
အိုက္ေလာလူသည္ ေၾကာက္ေၾကာက္ႏွင့္အင္ပင္ေပၚက က်ားဆိုး ႀကီးကို ငုံ႔ၾကည့္လိုက္၏။
သူဤသစ္ပင္ေပၚ တက္သြားသည္ကို ျမင္လိုက္ေသာ က်ားဆိုး ႀကီးကလည္း သူ႔ကိုေမာ့ၾကည့္ကာ မာန္ဖီေန၏။
အိုက္ေလာလူ ေစာေစာက ထင္ထားခဲ့သည့္အတိုင္းပင္ က်ားဆိုး ႀကီးသည္ သူ႔ကိုျမင္လိုက္သည္ႏွင့္ သစ္ပင္ေပၚကုတ္ျခစ္တက္လာေတာ့ သည္။
“ကူၾကပါဗ်ိဳ. ကူၾကပါ က်ဳပ္ကို က်ားလိုက္လို႔ကူၾကပါဦး၊ ဒီအနားမွာ ဆင္သမားမ်ား မရွိၾကဘူးလား၊ က်ဳပ္ကို က်ား ၾကားလိုက္ ေနလို႔ ကူ .. ကူၾကပါဦး”
အိုက္ေလာလူမွာ ေအာ္လည္းေအာ္ သစ္ပင္အျမင့္ေပၚတက္ လည္းတက္ႏွင့္ ေဇာေခြၽးေတြျပန္ေန၏။
သူ အသံကုန္ေအာ္ဟစ္ အကူအညီေတာင္းေနေသာ္လည္း သူ႔ကို ကူမ,လာမည့္ ဆင္သမား တစ္ဦးတစ္ေယာက္၏ အသံကိုမွ်မၾကားရ။
သူေအာ္လိုက္သျဖင့္ က်ားဆိုးႀကီးကသာ အတင့္ရဲစြာ သစ္ပင္ ေပၚ ကုတ္ျခစ္တက္လာေနသည္။
“ကူၾကပါဦးဗ်ိဳး. ကူၾကပါဦး .. က်ဳပ္ကိုက်ား ..က်ားလိုက္ ကိုက္ေနလို႔ပါ”
အိုက္ေလာလူ အသံကုန္ေအာ္လိုက္သံမွာ ေတာသံေတာင္သံ အျဖစ္သာ ပဲ့တင္ျပန္ထပ္လာသည္။ ဆင္သမားမ်ားအသံဆို၍ကား အရိပ္ အေယာင္မွ်ပင္မၾကားရ။ အိုက္ေလာလူမွာ ပိုအားငယ္သြားသည္။
က်ားႀကီးကလည္း သူမည္မွ် ေအာ္ဟစ္ေျခာက္လွန႔္ေနေသာ္လည္း သစ္ပင္ေပၚကိုသာ တက္ၿမဲ မရအရကုတ္ျခစ္တက္လာေန၏။ အိုက္ေလာလူ ၾကားဖူးနားဝတစ္ခုကို သြားသတိရသည္။
က်ားဆရာေၾကာင္သည္ က်ားကို သစ္ပင္တက္သာသင္ေပးၿပီး ဆင္းနည္းကို သင္မေပးသြားဘဲ ဆရာစားခ်န္ထားခဲ့သည္။ ထို႔ေၾကာင့္ က်ားမ်ား သည္ သစ္ပင္ေပၚသာ တက္တတ္ေသာ္လည္း အဆင္းကို ေၾကာင္လိုမဆင္းတတ္၊ အတက္သာ ေၾကာင္လိုတက္တတ္ေသာ္လည္း အဆင္းတြင္ ေၾကာင္ဆင္းမဆင္း ေၾကာင္က်မက်ဘဲ၊ ေခြးက် က်တတ္ သည္ဟုဆိုသည္။
သို႔ေသာ္ ယခုခက္ေနသည္မွာ သူသည္ အင္ပင္ကိုင္းဖ်ားကိုင္းနား ကိုခိုတြဲကာ ဆင္းေျပးရန္မွာ ဘယ္လိုမွမျဖစ္ႏိုင္ေပ။
သူသည္ ဝါးတစ္႐ိုက္မကျမင့္ေသာ အင္ပင္ေပၚသို႔ ေရာက္ေန ေလသည္။
ေၾကာက္ေၾကာက္ႏွင့္ ခုန္ခ်လွ်င္လည္း က်ားကိုက္၍ မေသခင္ ခါး႐ိုးက်ိဳး အရင္ခံရေပဦးမည္။
က်ားဆိုးႀကီး သည္ သူေအာ္လိုက္တိုင္း ပို၍ေဒါသထြက္ကာ အင္ပင္ေပၚသာ မရအရကုတ္ျခစ္တက္လာေနသည္။ က်ားႀကီးႏွင့္ အိုက္ေလာလူတို႔မွာ လက္တစ္ကမ္းအလိုသာရွိေတာ့သည္။ အင္ပင္မွာ လူႀကီးေပါင္လုံးခန႔္သာရွိသျဖင့္ အေပၚကိုလည္း ဆက္တက္၍မရေတာ့။
အိုက္ေလာလူမွာ ပို၍ေၾကာက္၊ ပို၍ေဇာေခြၽးေတြျပန္ကာ ႀကံမရ ျဖစ္ေနစဥ္ သူ႔ခါးမွေပါက္ခ်ိပ္ထဲက ဆင္ခြၽန္းႏွင့္ဓားေျမႇာင္ကို ယခုမွ သတိ ရသြားေလသည္။
ထိုအခ်ိန္မွာ က်ားဆိုးႀကီးသည္ သူ႔ကို ပထမဦးဆုံးအႀကိမ္ လက္ႏွင့္ စတင္လွမ္းပုတ္လာသည္။ သူက ဓားေျမႇာင္ႏွင့္ လွမ္းရမ္းျပန္ တြက္ေလ၏။ က်ားႀကီးလက္ကို ဓားေျမႇာင္ဦးဖ်ား ထိသြားပုံရသည္။
အိုက္ေလာလူက က်ားဆိုးႀကီးကို စသလိုျဖစ္သြားသျဖင့္ က်ားဆိုး ႀကီးမွာ ပို၍ ေဒါသထြက္လာသည္။
“ေျခႏွစ္ဖက္ လက္တစ္ဖက္ႏွင့္ ေပါင္လုံးေလာက္ရွိေသာ အင္ပင္ ကို – အမိအရကုတ္ျခစ္ထားကာ လက္တစ္ဖက္ကို အႀကိမ္ႀကိမ္အသုံးခ် တိုက္ခိုက္လာသည္။ ပါးစပ္ႏွင့္ ဟပ္ကိုက္ႏိုင္ရန္လည္း ခါးကိုကုန္းၿပီး အားယူမာန္ဖီလာသည္။
အင္ပင္ကိုင္းမွာ ခပ္ကိုင္းကိုင္း ျဖစ္ေနသျဖင့္ ေျခႏွစ္ေခ်ာင္းလက္ တစ္ဖက္ႏွင့္ သူ႔ကိုယ္လုံးႀကီးကို မႏိုင္မနင္းေဒါသတႀကီးလည္း ထိန္းထား ေနရ၏။
အိုက္ေလာလူမွာလည္း က်ားႀကီးနည္းတူ လက္ဝဲလက္က အင္ပင္ ၏ပင္စည္ကို ၿမဲၿမဲဖက္တြယ္ကာ လက္ယာလက္ႏွင့္ ဓားေျမႇာင္ကို ၿမဲၿမဲ ဆုပ္ကိုင္ၿပီး က်ားႀကီး လွမ္းပုတ္လိုက္တိုင္း က်ားႀကီး ကိုဓားေျမႇာင္ႏွင့္ ျပန္၍ လွမ္းတြက္ေနရသည္။
က်ားတစ္ျပန္ လူတစ္ျပန္ျဖစ္ေနရာမွ လက္တစ္ဖက္ဒဏ္ရာရ သြားေသာ က်ားဆိုးႀကီးသည္ အားမာန္သြင္းကာ အိုက္ေလာလူကို လွမ္း ကိုက္သည္။
အိုက္ေလာလူကလည္း ဓားေျမႇာင္ႏွင့္ ထိရာမိရာကို လွမ္းတြက္ လိုက္သည္။ တစ္ခ်က္တြင္ ဘယ္ေနရာကိုထိသြားသည္မသိ၊ က်ားႀကီး သည္ အင္ပင္ေပၚက တလိမ့္ေခါက္ေကြးလိမ့္က်သြား၏။
အင္ပင္ေအာက္တြင္ ေအာ္ဟိန္းျမည္ဟည္းကာ ထြက္ေျပးရန္လႈပ္ ရွားေနေသာ က်ားႀကီးကို အိုက္ေလာလူသည္ တုန္တုန္ယင္ယင္ႏွင့္ အင္ ပင္ေပၚက ငုံ႔ၾကည့္ေန၏။
က်ားဆိုးႀကီးသည္ အင္ပင္နားက ထြက္ေျပးရန္သာ ႀကိဳးစားေနရ ေသာ္လည္း သူ႔ေျခလက္ေတြက ဦးတည္ရာမဲ့ေနသည္။ ဟိုအပင္တိုက္ သည္အပင္ဝင္ေဆာင့္ႏွင့္ သူသြားလိုရာကို တည့္တည့္မတ္မတ္မသြားႏိုင္ မေျပးႏိုင္ျဖစ္ကာ တေဝါင္ေဝါင္ ေအာ္ညည္းေနသည္။
ထိုအခါမွ အိုက္ေလာလူ ဓားေျမႇာင္ႏွင့္ လွမ္းတြက္လိုက္ခ်က္မွာ က်ားဆိုးႀကီး၏ မ်က္လုံးႏွစ္ဖက္ကို ကန႔္လန႔္ျဖတ္ထိမွန္ၿပီး က်ားဆိုးႀကီး မ်က္စိႏွစ္ဖက္စလုံး ကန္းသြားၿပီျဖစ္ေၾကာင္း အိုက္ေလာလူ သိလိုက္ရ ေလသည္။
#ဖိုးေက်ာ့
(၁၉၉၄ ခုႏွစ္၊ စက္တင္ဘာလ၊ ႐ြက္ႏုေဝမဂၢဇင္း)
စာစီ – မီးမီး