“အမုန်းနိဂုံး”(စ/ဆုံး)

Unicode Version

“အမုန်းနိဂုံး”(စ/ဆုံး)
————————–
တောင်ဘက်ဆီမှာမိုးတွေညို့နေပြီမောင်။ဖြူလေးရပ်နေတဲ့
ဝရန်တာကနေလှမ်းကြည့်လိုက်ရင်
အလိပ်လိုက် တက်လာတဲ့ မိုးသားတိမ်
တိုက်တွေကို လွမ်းမောစဖွယ် တွေ့ မြင်
နေရတယ်။ တမျှော်တခေါ် လယ်ကွင်း
ပြင် စိမ်းစိမ်းစိုစိုတွေကလည်း ယိမ်းနွဲ့
လှုပ်ရှားလို့မိုးကိုကြိုဆိုနေကြတယ်။ဟိုး
ဝေးဝေးမှာလှမ်းမြင်နေရတဲ့တောင်စွယ်
တောင်တန်းကြီးတွေကမိုးတိမ်ထုရဲ့
အောက်မှာ တိတ်ဆိတ် ငြိမ်သက်နေကြ
လေရဲ့။
ဖြူလေး – ဒီဝရန်တာမှာ ရပ်ငေးနေမိတာ
အချိန်အတော်ကြာခဲ့ပြီ။ဖြူလေးအတွေး
တွေလည်း ဟိုသည်ရောက်လို့ပေါ့။ မိုး မှုန်မိုးဖွဲလေးတွေ ဖြူ လေးပါးကို လာ

ရောက်ထိတွေ့တယ်။ မိုးရွာပြီ မောင်။ မိုးရေစက်တွေကြောင့် ပတ်ဝန်းကျင်
မှုန်ရီဝါးလို့ ပိုပြီးတိတ်ဆိတ်နေလေရဲ့။ မောင်မရှိတဲ့ ဒီအိမ်လေးမှာ အခု တော့ ဖြူလေးတစ်ယောက်တည်း အထီးကျန် ခြောက်သွေ့နေခဲ့ပြီ။ ဟိုးဝေး ဝေးမှာ လှမ်းမြင်နေရတဲ့ ခရေလမ်းကလေးက မိုးရေစက်တို့ကြားမှာ မှုန်ရီ ဝိုးတဝါး ခရေပင်တွေ စီတန်းပေါက်ရောက်နေတဲ့ ခရေပင်အောက်က ဖြတ် လျှောက်ရင်းမွှေးပျံ့တဲ့ခရေပန်းရနံ့ကဖြတ်သွားသူတိုင်းရဲ့ရင်ကိုအေးမြစေ တယ်။ အဲဒီခရေလမ်းကလေးကြောင့်ပဲ ဒီအိမ်လေးကို ဖြူလေးနဲ့မောင် ရွေး ချယ်ဖြစ်ခဲ့တာ မဟုတ်လား။
“ဖြူလေးရေ- ခရေ သွားကောက်ရအောင်ဟေ့”
ဟော-မိုးရေစက်တို့ကြားက မောင့်ခေါ်သံလေများလား။ ဖြူလေးခေါင်း ကို ခါယမ်းပစ်လိုက်တယ်။ ရှည်လျား နက်မှောင် အိထွေးတဲ့ဖြူလေးဆံနွယ်
တွေလေအဝှေ့မှာလှုပ်ခါသွားကြတယ်။မောင်ချစ်တဲ့ဖြူလေးရဲ့ဆံနွယ်တွေ တော်တော်တောင်ရှည်လာပြီ။ မောင် – ဖြူလေးအနီးက ထွက်ခွာသွားတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ အခုဆို ဖြူလေးဆံနွယ်တွေ တင်ပါးအောက်ထိ ပြန်လည်ရှည်လျားလာကြပြီ။
ဖြူလေး မျက်ဝန်းအကြည့်တွေ ဝေဝါးလို့နေတယ်။ မိုးရေစက်တွေ ကြောင့်လား။ ပါးပြင်ထက်ကို စီးကျလာတဲ့ မျက်ရည်စတွေကြောင့်လား။ မိုးဘယ်လောက်စိုစိုဒီဝရန်တာလေးမှာဖြူလေး – စိတ်ရှိလက်ရှိတွေးတော နေပါရစေဦး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ဟာ မောင်နဲ့ဖြူလေး ပတ်သက်ခဲ့ ခြင်း နောက်ဆုံးနေ့လေးဖြစ်လို့ပါပဲ။ ဟိုး… မဝေးကွာလှတဲ့ အတိတ်တစ် နေရာမှာတုန်းကတော့ မောင်နဲ့ဖြူလေးပျော်ရွှင်ခဲ့ကြဖူးပါတယ်။

ဖြူလေးနဲ့မောင် ငယ်ဘဝ ခရေကောက်ခြင်းမှ စတင်ခဲ့တယ်။ စိုးကျော်
မောင်ဆိုတဲ့ မောင်နဲ့ ဖြူစင်ကျော့ဆိုတဲ့ ဖြူလေးတို့က အိမ်ချင်းကပ်လျက် ငယ်သူငယ်ချင်းတွေ။ ကျောင်းသွားဖော်၊ ကစားဖော်ဖြစ်သလို မကြာခဏ တကျက်ကျက်ရန်ဖြစ်တတ်တဲ့ဖြူလေးတို့က ညနေဆိုရင် ခရေလမ်းမှာ ခရေအတူကောက်ဖို့မပျက်မကွက်ရှိတဲ့နှစ်ယောက်ပါပဲ။ မောင်ကယောက်ျား လေးဖြစ်ပြီး ခရေပန်းကို အလွန်နှစ်သက်သူပါ။
ဖြူလေးတို့မြို့အထွက်မှာ စီတန်းပေါက်ရောက်နေတဲ့ ခရေပင်တန်းကို အစွဲပြုလို့ အဲဒီလမ်းကလေးကို ခရေလမ်းလို့ ခေါ်ကြတယ်။ လူနေအိမ် ခြေ ခပ်ကြဲကြဲနဲ့ တမျှော်တခေါ် လယ်ကွင်းပြင်တွေပဲရှိလို့ အဲဒီနေရာလေး ကအေးချမ်းတိတ်ဆိတ်လွန်းလှတယ်။ ချစ်သူရည်းစားစုံတွဲတွေအလျှောက် များလို့ အဲဒီလမ်းကလေးကို ချစ်သူလမ်းလို့လည်း ခေါ်ဆိုကြသေးတယ်။ အဲဒီခရေလမ်းမှာမောင်နဲ့ဖြူလေးနှစ်ယောက်တည်းရှိလည်းခရေလုကောက် ရင်း ရန်ဖြစ်နေတတ်တယ်။ ကလေးဘဝက ခရေလုကောက်ခဲ့တဲ့ လမ်း ကလေးက ဖြူလေးတို့နှစ်ယောက် အရွယ်ရောက်လာလို့ သံယောဇဉ် တစ်ဆင့်တိုးလာတဲ့အခါ ချစ်သူလမ်းလျှောက်တဲ့ စုံတွဲတစ်တွဲအဖြစ် ပါဝင် လာခဲ့တယ်။
ဆံပင်ရှည်ရှည်ကို မြတ်နိုးတဲ့အတွက် ငယ်စဉ်ထဲက တယုတယမွေး မြူလာခဲ့တဲ့ဖြူလေးရဲ့ဆံနွယ်အိအိထွေးထွေးထက်မှာမောင်ကနေ့စဉ်ခရေ ပန်းကုံးသီပြီး ပန်ပေးဖို့ မမေ့ခဲ့ဘူး။ မိသားစုချင်း ရင်းနှီးကြလို့ ဖြူလေးတို့ ချစ်ခရီးလမ်းကအနှောင့်အယှက်မရှိခဲ့ဘူး။ မောင်ဘွဲ့တစ်ခုရယူပြီးဖြူလေး တို့နှစ်ယောက်လက်ထပ်ဖြစ်ခဲ့တယ်။ ဉာဏ်ထိုင်းတဲ့ဖြူလေးကတော့ဆယ် တန်းကို ကိုယ့်သဘောနဲ့ကိုယ် ဆက်မဖြေတော့ပဲ နေရာမှာ ခြေစုံရပ်ကျန်
ခဲ့တယ်။

“ဆယ်တန်းမအောင်လည်းအားမငယ်ပါနဲ့ဖြူလေးရာ။ငါကယောက်ျား
လေးပါ၊ နင့်ကိုငါလုပ်ကျွေးမှာပေါ့”
မောင်က အားပေးတယ်။
“ နင်တကယ် ငါ့ကို ဘာအလုပ်မှ မခိုင်းဘူးပေါ့၊ ဟုတ်လား – မောင်” “စောင့်ကြည့်ပေါ့ဟ”
မောင်နဲ့ဖြူလေးရဲ့အိမ်ထောင်ဦးကာလလေးကမှတ်မှတ်ရရပြောစရာ
မရှိဘဲ အေးချမ်းစွာ ဖြတ်သန်းခဲ့ပါတယ်။ အိမ်ထောင်ကျစဉ်ကာလ ဖြူလေး တို့အိမ်မှာ မောင်လိုက်နေတယ်။ ဒါပေမဲ့-လူဦးရေများလှတဲ့ ဖြူလေးတို့ မိသားစုကြောင့် မောင် အနေကျဉ်းကျပ်ရှာတာတော့ အမှန်ပါပဲ။ မောင်တို့ မိသားစုလည်း ဘာမှ မထူးပါဘူး။ ဖြူလေး – မောင့်အိမ်လိုက်နေဖို့အတွေးနဲ့ တင် ရင်မောမိတယ်။ ဒါကြောင့် ဖြူလေးတို့နှစ်ယောက် အိမ်ခွဲနေဖို့ တိုင်ပင် ကြတယ်။ မောင်က အလုပ်ကို ပိုပြီးကြိုးစားလုပ်တယ်။ မောင်အပ်တဲ့ ပိုက် ဆံကို ဖြူလေးက မကုန်သင့်တာ မကုန်ရအောင် ထိန်းသိမ်းပြီး စုဆောင်း ခဲ့တယ်။
မကြာခင်ကာလမှာ ဖြူလေးတို့နှစ်ယောက် အိမ်ကလေးတစ်လုံး ဝယ် ယူနိုင်ခဲ့တယ်။ လူနေအိမ်ခြေ ကျဲပါးပြီး နေရာက အနည်းငယ်ခေါင်ပေမယ့် ဈေးလည်း သိပ်မများလှဘဲ ခရေပင်လမ်းနဲ့နီးတဲ့အိမ်ကလေးကို ဖြူလေး ရောမောင်ပါသဘောကျစွာ ရွေးချယ်ခဲ့ကြတယ်။
“မောင်-ငါလည်းအလုပ်တစ်ခုခုလုပ်ရင် ကောင်းမယ်ထင်တယ်” “တော်စမ်းပါ – ဖြူလေးရာ၊မချမ်းသာလည်းငါရှာတဲ့ငွေကနှစ်ယောက်
စားလို့လောက်နေတာပဲ”
“ငါလည်း ကူညီသင့်တယ်ထင်လို့ပါ”
“ငါ့လုပ်စာကိုအေးအေးဆေးဆေးထိုင်စား။ ငါအလုပ်အပြန်ကိုစောင့်
ကြိုပေး၊ဒါဆိုလုံလောက်ပြီ”

မောင်က ဖြူလေးကို အပြင်ထွက် အလုပ်မလုပ်စေဘဲအိမ်မှာပဲနေစေ ခဲ့တယ်။
မောင်ပေးတဲ့ ပိုက်ဆံကိုလည်း နည်းတယ်၊ များတယ်ဆိုပြီး ဖြူလေး အပြစ်မတင်ခဲ့ဘူး။ မောင်အလုပ်သွားတဲ့အချိန် အိမ်လေးထဲမှာ ဖြူလေး တစ်ယောက်တည်းကျန်ခဲ့တဲ့အခါ ဝရန်တာကနေထွက်ပြီး အဝေးကိုငေးရ တာဖြူလေးသဘောကျတယ်။မြင့်မားလှတဲ့တောင်တန်းကြီးတွေ၊ တမျှော် တခေါ်လယ်ကွင်းပြင်တွေ၊အိပ်တန်းတက်ငှက်တွေနဲ့ခရေပင်လမ်းကလေး ကနေ့စဉ်မြင်တွေ့နေကျဖြစ်ပေမယ့်ဖြူလေးအတွက်မရိုးနိုင်ခဲ့ဘူး။
မောင် ပြန်လာချိန် ကြားရတဲ့ ဆိုင်ကယ်စက်သံကို နားစွင့်ရင်း မောင် ကြိုက်တဲ့ ဟင်းတွေချက်ပြုတ်လို့ စောင့်ကြိုခဲ့တယ်။ မောင်က ဆံနွယ်ရှည် ရှည်တွေကိုနှစ်သက်ပေမယ့်ဆံပင်ခြည်ထွေးကိုအလွန်ရွံရှာတတ်တာအိမ်
ထောင်ကျပြီးနောက်ပိုင်းမှာဖြူလေးသိခဲ့ရတယ်။ မောင်စားတဲ့အစားအစာ ထဲမှာဆံခြည်တစ်မျှင်တွေ့လို့ကတော့ သုံးလေးရက်ထမင်းမစားနိုင်အောင် မောင်က ဇီဇာကြောင်၊ အော်ဂလီဆန် ရွံရှာနေတတ်သေးရဲ့။ ဖြူလေးက ထမင်းဟင်းချက်တဲ့အချိန် ဆံနွယ်တွေမပါရအောင် ခေါင်းစွပ်လေးစွပ်ပြီး ချုပ်ပြုတ်ရတယ်။ ဆံပင်ရှည်ကိုချစ်သူမို့ ဆံပင်ဖြတ်ပစ်ဖို့ကို စိတ်ကူးထဲမှာ တောင်မရှိခဲ့သလိုမောင်ကလည်း လက်ခံမှာမဟုတ်ပါဘူး။ ဖြူလေးတို့နှစ်ယောက်ရဲ့ဂေဟာလေးကိုဧည့်သည်လေးတစ်ယောက်
တိုးပွားလာတော့မယ်လို့ သိရပြီးနောက်မှာမောင်တစ်ယောက်အရင်ထက် ပိုပြီး အိမ်ပြန်နောက်ကျတဲ့ရက်တွေ၊ ညပိုင်း ပြန်မအိပ်ဖြစ်တဲ့ ရက်တွေများ လာတာ ဖြူလေးသတိပြုမိတယ်။ မောင် – အလုပ်ကို ပိုပြီး ကြိုးစားလုပ်နေ တယ်ထင်ပါရဲ့။ဒါပေမဲ့ – မောင့်ကိုကြည့်ရတာအေးစက်လာသလိုပဲလို့ခံစား ရတယ်။ မောင် – ပင်ပန်းရှာမှာပဲဆိုတဲ့ စာနာစိတ်နဲ့ ဖြူလေးနှုတ်ဆိတ်စွာပဲ နေခဲ့ပါတယ်။

ဖြူလေးတို့ရဲ့ဧည့်သည်လေး ဖြူလေးဗိုက်ထဲက မကြာခင်ထွက်လာ တော့မယ့်အချိန်မှာ မမျှော်လင့်တဲ့သတင်းဆိုးနဲ့ ထင်မှတ်မထားတဲ့ကံကြမ္မာ မုန်တိုင်းက ဖြူလေးဆီကို ကျရောက်လာခဲ့တယ်။
အဲဒီနေ့က မှတ်မှတ်ရရ ဖြူလေးသူငယ်ချင်း ဝေဝေလွင် ဖြူလေးအိမ် ကို အလည်ရောက်လာခဲ့တယ်။ မြို့စွန်ဖြစ်တဲ့အပြင် လူနေအိမ်ခြေအလှမ်း ဝေးတဲ့ ဖြူလေးတို့ရဲ့ဂေဟာကို ပထမဆုံးအလည်လာတဲ့ အချစ်ဆုံး သူငယ် ချင်းကို ဖြူလေး ဝမ်းသာအားရ ကြိုခဲ့တယ်။ ဒါပေမဲ့- ဝေဝေလွင်အပြုံးတွေ က အသက်ဝင်မှု မရှိဘူးလို့ ဖြူလေးထင်မိတယ်။
“ နင် မွေးခါနီးပြီလား – ဖြူလေး” “အေး-ရှေ့လလောက်မွေးမယ်ထင်တယ်ဟ”
“စိုးကျော်မောင်ရော”
“ထုံးစံအတိုင်း ကားနောက်ပါသွားတယ်လေဟာ”
မောင်က ကုန်ကားနောက်လိုက်ရတဲ့ စပယ်ယာတစ်ယောက်မို့ ထုံးစံ အတိုင်းအိမ်မှာမရှိဘူး။
“ သူလည်း အရမ်းအလုပ်များတာဟ၊ ဒီနေ့လည်း ပြန်အိပ်ဖြစ်ပါ့မလား မသိဘူး”
“စိုးကျော်မောင် – ပြန်မလာရင် ဒီမှာ နင်တစ်ယောက်တည်း ကျန်ရစ် တာလား-ဖြူလေး”
“အေး”
ဝေဝေလွင်က ဖြူလေးကိုစိုက်ကြည့်နေတယ်။ ပြီးတော့ စဉ်းစားသလို ခပ်လေးလေးပြောတယ်။
“ မွေးခါနီးပြီဆိုတော့ နင့်အမေတို့ဆီမှာ ပြန်နေသင့်တယ်-ဖြူလေး”

“ဟင့်အင်း – ဒီအိမ်လေးကိုငါသဘောကျတယ်။ ငါမွေးရင်လည်း ဒီမှာ ပဲမွေးမှာ၊ မောင်ကလည်း ဒီမှာပဲမွေးစေချင်တယ်”
“မဟုတ်သေးဘူး – ဖြူလေး၊နင်တို့အိမ်ကခေါင်လည်းခေါင်တယ်။အနီး ပတ်ဝန်းကျင်ကလည်း တစ်ခုခုဖြစ်ရင် ကူညီနိုင်ဖို့မလွယ်ဘူး”
“ စိတ်မပူပါနဲ့ – ဝေလွင်ရ၊ မောင်က ငါ့ကို ဂရုစိုက်ပါတယ်” ဝေဝေလွင်က တစ်ခုခုပြောလိုဟန် နှုတ်ခမ်းတပြင်ပြင်ဖြစ်နေတယ်။ ပြီးတော့မှ –
“ငါ အခုလာတာလည်း ဒီကိစ္စကို ပြောချင်လို့ပဲ။ နင် စိတ်ဆင်းရဲမှာ လည်းစိုးတယ်။ စိုးကျော်မောင်ကို သိပ်မယုံနဲ့- ဖြူလေး”
“ဘာဖြစ်လို့လဲ -ဝေလွင်”
“စိုးကျော်မောင်က နင့်အပြင် နောက်ထပ်မိန်းကလေးတစ်ယောက်နဲ့ ရှုပ်နေတယ်။ နင်မယုံပေမဲ့ဒါတကယ်ပဲ- ဖြူလေး”
ဝေဝေလွင်စကားတွေ ဖြူလေးနားထဲမှာ မကြားတစ်ချက်၊ ကြား တစ်ချက်။ မောင်တစ်ယောက် ဖြူလေးတို့မြို့နဲ့ မဝေးကွာလှတဲ့ မြို့မှာ မူယာ ဆိုတဲ့မိန်းကလေးကိုလက်မှတ်ထိုးလက်ထပ်ယူထားကြောင်း၊ ကိုသူဟာတစ်ကောင်ကြွက်ပါလို့မောင်ကလိမ်ညာထားကြောင်း၊ထိုမူယာ
ထိုမိန်းကလေး
ဆိုတဲ့ မိန်းကလေးနေဖို့ အိမ်တစ်လုံးဝယ်ပေးထားကြောင်း၊ ထိုအိမ်က ဝေဝေလွင့်ယောက်မအိမ်နှင့် ကပ်လျက်ဖြစ်ကြောင်း၊ မောင်တစ်ယောက် ထိုအိမ်မှာ အချိန်ပြည့် အမြဲလို ရှိနေတတ်ကြောင်းများကို ဝေဝေလွင်က အသေးစိတ်ပြောပြတယ်။
“သူတို့လက်မှတ်ထိုးလက်ထပ်ယူထားကြတာသိပ်တော့မကြာသေး
ဘူး၊ ဒါပေမဲ့ – ဘယ်ကတည်းကငြိနေကြဆိုတာကိုတော့ ငါလည်းမသိဘူး။ ငါ့ယောက်မအိမ်သွားရင်းငါ့မျက်စိနဲ့ တပ်အပ်တွေ့ခဲ့တာ၊ ချစ်ခင်ကြင်နာနေ လိုက်ကြတာမိုးမမြင်လေမမြင်ဘေးပတ်ဝန်းကျင်တောင်မမြင်ဘူး၊တကယ်
မုန်းစရာ …”
ဖြူလေးသူငယ်ချင်း ဝေဝေလွင်ဟာ ဘယ်တော့မှ လိမ်ညာမပြော တတ်ဘူးဆိုတာဖြူလေး အသိဆုံးပါ။
“နင်မယုံရင် ငါလိုက်ပြမယ်-ဖြူလေး” ဖြူလေးခေါင်းခါယမ်းလိုက်တယ်။
“နင်မညာတတ်ဘူးဆိုတာ ငါသိပါတယ် – ဝေလွင်ရယ်။ ငါမကြည့်ချင် ဘူး။ မူယာဆိုတာကိုလည်း မမြင်ဖူးချင်ဘူး”
ဝေဝေလွင်က စိတ်မကောင်းစွာ ဖြူလေးကို ငေးစိုက်ကြည့်နေတယ်။ “နင်ကအိမ်ထဲကအိမ်ပြင်မထွက်တော့ ဘာမှသိမှာမဟုတ်ဘူးလို့ သူ ထင်ပြီး နင့်ကို လှည့်စားနေမှာစိုးလို့ ငါလာပြောပြရတာ၊ အိမ်ထဲမှာချည်းပဲ လည်း သိပ်မနေနဲ့ – ဖြူလေး၊ သူတို့ခြေလှမ်းကို အမီလိုက်နိုင်မှ တော်ရုံကျ တာ”

ဝေဝေလွင်က သူပြန်ခါနီးအချိန်အထိ ဖြူလေးကို မေမေတို့အိမ်မှာ
သွားနေဖို့တဖွဖွတိုက်တွန်းသွားရှာတယ်။ဝေဝေလွင်ပြန်သွားပြီးတဲ့နောက် ဖြူလေးနေရာမှာကျောက်ရုပ်လိုကျန်ရစ်တယ်။မောင်ရက်စက်တယ်ဆိုတဲ့
စကားတစ်ခွန်းသာဖြူလေးရင်ထဲမှာ ပဲ့တင်ထပ်နေတယ်။ မောင်နဲ့ဖြူလေးရဲ့
ငယ်သူငယ်ချင်းသံယောဇဉ်တွေဘယ်တုံးထဲကပျက်ပြယ်သွားခဲ့ရတာလဲ။
ဖြူလေးကို ဘယ်မှမသွားခိုင်းဘဲ အိမ်ထဲမှာပဲ အရုပ်တစ်ရုပ်လိုနေစေခဲ့တဲ့ မောင့်ရဲ့စိတ်ရင်းအမှန်က ဘာလဲ။ မွေးဖွားခါနီးမိန်းမကို လူနေအိမ်ခြေဝေး တဲ့ အိမ်ကလေးတစ်လုံးမှာ ပိတ်လှောင်ထားခဲ့ပြီး မောင်ကတော့ အပြင်မှာ စိတ်ပျော်ရာရှာခဲ့တယ်။
ဖြူလေး-ဝေဝေလွင်စကားတွေကို မယုံကြည်ခဲ့ဘူးလေ။ ဒါကြောင့် မောင်နဲ့ ဒုတိယအချစ် မူယာဆိုတဲ့အမျိုးသမီးရဲ့အခြေအနေကို နည်းမျိုးစုံနဲ့ စုံစမ်းခဲ့တယ်။
မောင်ရဲ့ရက်စက်တဲ့ဖြစ်ရပ်ကိုမယုံချင်ခဲ့ပါဘူး။ဒါပေမဲ့ – ဖြစ်ရပ်တွေက အမှန်တွေချည်း ဖြစ်နေတယ်။ ဖြစ်ရပ်မှန်တွေကို မျက်စေ့နဲ့ မြင်ခဲ့ရတယ်။ မမြင်ချင်အဆုံးကြေကွဲစရာတွေကိုနားနဲ့ကြားခဲ့ရတယ်။ မကြားချင်အဆုံး…။ မောင်က သိပ်ဟန်ဆောင်ကောင်းတာပဲ…။
ဖြူလေး – ဘာဆက်လုပ်ရမလဲ…။
ဘာဆက်လုပ်ရင်ကောင်းမလဲ…။
ဖြူလေးရင်ထဲမှာ လူမသိ သူမသိ တောက်လောင်နေတဲ့ မီးတောက် တွေက ပူလောင်လွန်းလှပါတယ်။ ဖြူလေးဗိုက်ထဲက မကြာခင်မွေးဖွား

တော့မယ့် ရင်သွေးလေးမျက်နှာနဲ့ နာကြည်းစိတ်ကို မျိုသိပ်လို့ မသိဟန် ဆောင်နေခဲ့တယ်။ မောင်ကလည်း အမူအရာမပျက် ခပ်တည်တည်ပါပဲ။ “မောင်-ငါမွေးဖို့ရက်နီးနေပြီ”လို့ဖြူလေးသတိပေးစကားပြောတော့မောင်
ကခေါင်းတစ်ချက် ဆတ်ပြတယ်။

ဖြူလေးသာ ဝေဝေလွင့်စကားနားထောင်ပြီး မေမေတို့ဆီ ပြန်နေဖြစ် ခဲ့ရင် အခုလို အဖြစ်ဆိုးတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး။ ဖြူလေး- မီးဖွားချိန် ဘာပဲဖြစ်ဖြစ်မောင်ရှိနေမှာပါဆိုတဲ့ယုံကြည်စိတ်လေးတစ်ခုထဲနဲ့အိမ်လေး ထဲမှာ မောင့်ကို စောင့်မျှော်ရင်း ပေတေနေခဲ့တဲ့ ဖြူလေးအတွက် ရက်စက် တဲ့မောင့်ကြောင့်ပေးဆပ်မှုတွေကနစ်နာလွန်းလှပါတယ်။ ဖြူလေး – ဗိုက်နာ ချိန် မောင်အနားမှာ ရှိမနေခဲ့ဘူး။ ဖြူလေးတစ်ယောက်ထဲ အိမ်ထဲမှာ သတိ လစ်မေ့မြောနေတာကို အချိန်အတော်ကြာပြီးမှ ပတ်ဝန်းကျင်က သိပြီး ဆေးရုံဝိုင်းပို့ပေးခဲ့ကြတယ်။ ကံသီလို့ အသက်မသေခဲ့ပေမဲ့ ရင်သွေးလေး ကိုတော့ ဖြူလေး – ဆုံးရှုံးခဲ့ရတယ်။
ဖြူလေးရင်ထဲက အမုန်းမီးတွေ အရှိန်အဟုန်ပြင်းစွာ တောက်လောင် လို့ ကလီစာတွေတောင် ပြာကျကုန်ပြီထင်ပါရဲ့။ မောင့်ကို မုန်းတယ်။ အရမ်း မုန်းတယ်။ ဒါပေမဲ့-ဖြူလေးရဲ့အမုန်းတွေကို မောင် – မသိစေရဘူး။ ဆေးရုံ ကနေ အိမ်ပြန်ရောက်ပြီး အရင်ထက် ပိုအေးစက်သွားတဲ့ဖြူလေးကို မောင် ကမသိမသာအကဲခတ်တယ်။ ဟုတ်ရင်ကျော်ဆိုတဲ့အတိုင်းမောင်နဲ့မူယာ့
အကြောင်းဟိုကဒီကဖြူလေးကိုတီးတိုးလာပြောကြတယ်။ဒါပေမဲ့-မူယာ ဆိုတဲ့ နာမည်ကို မောင့်ရှေ့မှာ ယောင်လို့တောင် မပြောမိအောင် ဖြူလေး သတိထားနေခဲ့တယ်။
မောင်က အိမ်ကို အချိန်မှန်ပြန်လာတယ်။ ဖြူလေးကြိုက်တဲ့စားစရာ တွေဝယ်လာတယ်။နွေးထွေးစွာဆက်ဆံတယ်။ဒါပေမဲ့ – ဒါတွေကဖြူလေး

ရင်ထဲကအမုန်းတွေကိုကုစားဖို့သိပ်ကိုနောက်ကျသွားပါပြီမောင်။ရင်သွေး လေးကိုဆုံးရှုံးပြီးတဲ့နောက်ဖြူလေးဘဝမှာရည်မှန်းချက်တွေပျောက်ကွယ်
လို့ ဘာကိုမှ မျှော်လင့်ချက်မထားချင်တော့ဘူး။ မောင့်ကို ခါတိုင်းလိုပဲ ချက် ပြုတ် ကျွေးမွေးတယ်။ ပြီးတော့ ဝရန်တာကနေ အဆုံးမရှိတဲ့အဝေးကို ငေး မောရင်း ဖြူလေးစိတ်တွေ ထွက်ပေါက်ရှာခဲ့တယ်။
“ဖြူလေး – နင့်ဆံပင်တွေ တိုတိုလာတယ်နော်”
တစ်ရက်မှာ မောင်က ဖားလျားချထားတဲ့ ဖြူလေးရဲ့ဆံပင်တွေကို ကြည့်ပြီး တအံ့တဩ ပြောလာတယ်။ အရာအားလုံးက ဆုံးရှုံးပြီးတဲ့နောက် ဆံပင်တိုလာတာလောက်ကို ဖြူလေး – ဂရုစိုက်မနေတော့ပါဘူး။ မောင့်ကို အေးစက်စွာပဲ ပြုံးပြလိုက်တယ်။ ဒီလိုနဲ့ပဲ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ တယ်။ တင်ပါးဖုံးနေတဲ့ ဖြူလေးရဲ့ဆံနွယ်တွေ ခါးအထက်ပိုင်းထိ တိုသွား တဲ့တစ်နေ့မှာတော့ –
“မောင် – နင့်ကို ငါပြောစရာရှိတယ်”
ခါတိုင်းလို ဝရန်တာမှာ ထွက်ငေးနေတဲ့ ဖြူလေးအနားကို လာရပ်တဲ့ မောင်ကို ဖြူလေး-ပြောလိုက်တယ်။
မောင်။
“ပြောလေ-ဖြူလေး”
မောင့်အကြည့်တွေက နွေးထွေးဆဲလား။ ဒါပေမဲ့-နောက်ကျသွားပြီ
“ငါ့ဆံပင်တွေတိုတိုလာတာကလေ”
မောင်ကဖြူလေး – ဘာပြောချင်လည်းဆိုတာမသိရှာဘဲငေးကြည့်နေ
ရှာတယ်။
“အဲဒါ နင့်အတွက် ချက်ပေးခဲ့တဲ့ ဟင်းတွေထဲမှာ နေ့တိုင်း လက်တစ် ဆစ်စာဖြတ်ထည့်ခဲ့လို့ပဲ”

“ဘာ”
အော်လိုက်တဲ့ မောင့်အသံက အကျယ်ကြီးပဲ။ မောင့်မျက်လုံးတွေက
ပြူးထွက်လာတယ်။
“နင် – နင်၊ တကယ်ပြောနေတာလား -ဖြူလေး”
“ငါ ဘာလို့ လိမ်ရမှာလဲ”
“ နင် – နင်တကယ်ပဲ လုပ်ခဲ့တာလား”
ဖြူလေး – မဲ့ပြုံးပြုံးလိုက်တယ်။
“ဟုတ်တယ်”
မောင်က သူ့လည်ပင်းသူ ဆုပ်ကိုင်လိုက်၊ အန်မလို လုပ်လိုက်နဲ့ ယောက်ယက်ခတ်နေတယ်။ နင် ငါ့ကို လုပ်ခဲ့တာနဲ့စာရင် အခုလုပ်ရပ်က အများကြီး သက်ညှာထားတာပါမောင်လို့ ဖြူလေးရင်ထဲက နာကြည်းစွာ ရေရွတ်မိတယ်။
“တောက်”
ခဏအကြာမှာတောက်တစ်ချက်ခေါက်ပြီးမောင် – အိမ်ပေါ်ကနေဝုန်း ဒိုင်းကြဲ ဆင်းသွားတယ်။ ဆိုင်ကယ်စက်သံ အဝေးရောက်သွားတဲ့အထိ ဖြူလေး – နှုတ်ခမ်းတင်းတင်းစေ့လို့နေရာမှာခြေစုံရပ်ကျန်ရစ်တယ်။မောင် နဲ့ဖြူလေးရဲ့ဇာတ်လမ်းကဒီလောက်နဲ့ပဲ ပြီးဆုံးသွားခဲ့ပြီလား။ ဒါပေမဲ့…။
ဟိုးအဝေးမှာ အိပ်တန်းတက်ငှက်တစ်အုပ် ပျံသန်းသွားတာ မြင်ရ တယ်။ မိုးရွာတာ ရပ်သွားပြီ-မောင်။ ဟိုးမှာဖြူလေးတို့နှစ်ယောက် ခရေလု ကောက်ခဲ့တဲ့ လမ်းကလေး။ နေလုံးကြီးလည်း ဝင်လုပြီ။ ပတ်ဝန်းကျင်က လည်း မှုန်ရီဝိုးတဝါး ရှိနေဆဲပါပဲ။ ဖြူလေးရဲ့အနာဂတ်ကလည်း မှုန်ရီဝိုးတဝါးနဲ့မရေရာမသေချာသေးပါဘူး။ဖြူလေးခုထိအဝေးကိုငေးလို့ကောင်း
တုန်း။ မောင့်အကြောင်းတွေးလို့ကောင်းတုန်း။
မနက်ဖြန်ဆိုရင် ဖြူလေး- ဒီအိမ်လေးက အပြီးတိုင် ထွက်ခွာသွားရ
တော့မယ်။ဒီအိမ်ရဲ့ပိုင်ရှင်အသစ်တွေမနက်ဖြန်ဆိုရင်ရောက်လာကြတော့ မယ်လေ။ ဖြူလေး- ဒီအိမ်လေးကို အပြီးတိုင် စွန့်လွှတ်လိုက်ပါပြီ။ မေမေ တို့နဲ့အတူနေရင်းဖြူလေးအနာဂတ်ကိုအသစ်ကပြန်စဖို့ကြိုးစားရဦးမယ်။ မောင့်ကိုလည်း နာကြည်းစိတ်နဲ့ မေ့နိုင်အောင် ကြိုးစားရမယ်။ အာဃာတ တွေအမုန်းတွေကိုကြိုးစားပြီးမေ့ပစ်ရမယ်လေ။
ဖြူလေး – ဆံပင်ဖြတ်စတွေ မောင်စားတဲ့ ဟင်းတွေထဲ ထည့်ကျွေးခဲ့ တယ်လို့ပြောတဲ့နေ့က မောင်စိတ်ဆိုးပြီး ဆိုင်ကယ် အပြင်းမောင်းလို့ ထွက် သွားခဲ့တယ်။ အဲဒီနေ့ကစပြီးမောင် ဖြူလေးဆီ ပြန်မလာခဲ့တော့ဘူး။ မူယာ့ ဆီကိုလည်း မသွားနိုင်တော့ဘူး။ စိုးကျော်မောင်တစ်ယောက် ဆိုင်ကယ် မှောက်တာ ပွဲချင်းပြီးပဲဆိုတဲ့သတင်းနဲ့အတူ မောင့်ရုပ်အလောင်းပဲ အိမ်ကို ပြန်ရောက်လာခဲ့တယ်။ ဖြူလေး – မောင့်ကို ကောင်းမွန်စွာပဲ သင်္ဂြိုဟ်ပေးခဲ့
ပါတယ်။
မိန်းမတွေမှာလည်း ခံစားတတ်တဲ့အသည်းနဲ့ အမုန်းတရားတွေ ရှိ တယ်ဆိုတာ မောင် – သိခဲ့ရဲ့လား။ ဖြူလေး- မောင့်ကို သိပ်ချစ်ခဲ့ပါတယ်။ ဒါပေမဲ့-ဖြူလေးရဲ့အချစ်တွေကို အမုန်းနဲ့ နိဂုံးသတ်ရအောင် မောင်အရင် ရက်စက်ခဲ့တာပါ။ ဖြူလေးကို ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး။ ဒါပေမဲ့- မောင်မသိခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုတော့ ရှိခဲ့တယ် – မောင်။

ဖြူစင်ကျော့က သူမလက်ထဲမှာ ယခုတိုင် ဆုပ်ကိုင်ထားဆဲဖြစ်သော ကျွတ်ကျွတ်အိတ်လေးကို ငုံ့ကြည့်လိုက်တယ်။ လတ်တစ်ဆစ်စာ ဆံပင် ဖြတ်စတို မွမွလေးများက ကျွတ်ကျွတ်အိတ်ထဲမှာ အများအပြား။ ထို ဆံစ လေးများကို ဖြူလေး ဝရန်တာမှ သွန်ချလိုက်တယ်။ လေနှင့်အတူ ဝဲလွင့်ပါ သွားသော ဆံနွယ်အတိုအစလေးများက တကွဲတပြားစီ လွင့်မျောလျက် ဖြူလေးနှင့်ဝေးရာသို့ တစ်စစီ … တစ်မှုန်စီ… ။
+ သော်သော်ကို

Zawgyi Version

“အမုန္းနိဂုံး”(စ/ဆုံး)
————————–
ေတာင္ဘက္ဆီမွာမိုးေတြညိဳ႕ေနၿပီေမာင္။ျဖဴေလးရပ္ေနတဲ့
ဝရန္တာကေနလွမ္းၾကည့္လိုက္ရင္
အလိပ္လိုက္ တက္လာတဲ့ မိုးသားတိမ္
တိုက္ေတြကို လြမ္းေမာစဖြယ္ ေတြ႕ ျမင္
ေနရတယ္။ တေမွ်ာ္တေခၚ လယ္ကြင္း
ျပင္ စိမ္းစိမ္းစိုစိုေတြကလည္း ယိမ္းႏြဲ႕
လႈပ္ရွားလို႔မိုးကိုႀကိဳဆိုေနၾကတယ္။ဟိုး
ေဝးေဝးမွာလွမ္းျမင္ေနရတဲ့ေတာင္စြယ္
ေတာင္တန္းႀကီးေတြကမိုးတိမ္ထုရဲ႕
ေအာက္မွာ တိတ္ဆိတ္ ၿငိမ္သက္ေနၾက
ေလရဲ႕။
ျဖဴေလး – ဒီဝရန္တာမွာ ရပ္ေငးေနမိတာ
အခ်ိန္အေတာ္ၾကာခဲ့ၿပီ။ျဖဴေလးအေတြး
ေတြလည္း ဟိုသည္ေရာက္လို႔ေပါ့။ မိုး မႈန္မိုးဖြဲေလးေတြ ျဖဴ ေလးပါးကို လာ

ေရာက္ထိေတြ႕တယ္။ မိုး႐ြာၿပီ ေမာင္။ မိုးေရစက္ေတြေၾကာင့္ ပတ္ဝန္းက်င္
မႈန္ရီဝါးလို႔ ပိုၿပီးတိတ္ဆိတ္ေနေလရဲ႕။ ေမာင္မရွိတဲ့ ဒီအိမ္ေလးမွာ အခု ေတာ့ ျဖဴေလးတစ္ေယာက္တည္း အထီးက်န္ ေျခာက္ေသြ႕ေနခဲ့ၿပီ။ ဟိုးေဝး ေဝးမွာ လွမ္းျမင္ေနရတဲ့ ခေရလမ္းကေလးက မိုးေရစက္တို႔ၾကားမွာ မႈန္ရီ ဝိုးတဝါး ခေရပင္ေတြ စီတန္းေပါက္ေရာက္ေနတဲ့ ခေရပင္ေအာက္က ျဖတ္ ေလွ်ာက္ရင္းေမႊးပ်ံ႕တဲ့ခေရပန္းရနံ႔ကျဖတ္သြားသူတိုင္းရဲ႕ရင္ကိုေအးျမေစ တယ္။ အဲဒီခေရလမ္းကေလးေၾကာင့္ပဲ ဒီအိမ္ေလးကို ျဖဴေလးနဲ႔ေမာင္ ေ႐ြး ခ်ယ္ျဖစ္ခဲ့တာ မဟုတ္လား။
“ျဖဴေလးေရ- ခေရ သြားေကာက္ရေအာင္ေဟ့”
ေဟာ-မိုးေရစက္တို႔ၾကားက ေမာင့္ေခၚသံေလမ်ားလား။ ျဖဴေလးေခါင္း ကို ခါယမ္းပစ္လိုက္တယ္။ ရွည္လ်ား နက္ေမွာင္ အိေထြးတဲ့ျဖဴေလးဆံႏြယ္
ေတြေလအေဝွ႔မွာလႈပ္ခါသြားၾကတယ္။ေမာင္ခ်စ္တဲ့ျဖဴေလးရဲ႕ဆံႏြယ္ေတြ ေတာ္ေတာ္ေတာင္ရွည္လာၿပီ။ ေမာင္ – ျဖဴေလးအနီးက ထြက္ခြာသြားတာ ဘယ္ေလာက္ၾကာခဲ့ၿပီလဲ။ အခုဆို ျဖဴေလးဆံႏြယ္ေတြ တင္ပါးေအာက္ထိ ျပန္လည္ရွည္လ်ားလာၾကၿပီ။
ျဖဴေလး မ်က္ဝန္းအၾကည့္ေတြ ေဝဝါးလို႔ေနတယ္။ မိုးေရစက္ေတြ ေၾကာင့္လား။ ပါးျပင္ထက္ကို စီးက်လာတဲ့ မ်က္ရည္စေတြေၾကာင့္လား။ မိုးဘယ္ေလာက္စိုစိုဒီဝရန္တာေလးမွာျဖဴေလး – စိတ္ရွိလက္ရွိေတြးေတာ ေနပါရေစဦး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေန႔ဟာ ေမာင္နဲ႔ျဖဴေလး ပတ္သက္ခဲ့ ျခင္း ေနာက္ဆုံးေန႔ေလးျဖစ္လို႔ပါပဲ။ ဟိုး… မေဝးကြာလွတဲ့ အတိတ္တစ္ ေနရာမွာတုန္းကေတာ့ ေမာင္နဲ႔ျဖဴေလးေပ်ာ္႐ႊင္ခဲ့ၾကဖူးပါတယ္။

ျဖဴေလးနဲ႔ေမာင္ ငယ္ဘဝ ခေရေကာက္ျခင္းမွ စတင္ခဲ့တယ္။ စိုးေက်ာ္
ေမာင္ဆိုတဲ့ ေမာင္နဲ႔ ျဖဴစင္ေက်ာ့ဆိုတဲ့ ျဖဴေလးတို႔က အိမ္ခ်င္းကပ္လ်က္ ငယ္သူငယ္ခ်င္းေတြ။ ေက်ာင္းသြားေဖာ္၊ ကစားေဖာ္ျဖစ္သလို မၾကာခဏ တက်က္က်က္ရန္ျဖစ္တတ္တဲ့ျဖဴေလးတို႔က ညေနဆိုရင္ ခေရလမ္းမွာ ခေရအတူေကာက္ဖို႔မပ်က္မကြက္ရွိတဲ့ႏွစ္ေယာက္ပါပဲ။ ေမာင္ကေယာက္်ား ေလးျဖစ္ၿပီး ခေရပန္းကို အလြန္ႏွစ္သက္သူပါ။
ျဖဴေလးတို႔ၿမိဳ႕အထြက္မွာ စီတန္းေပါက္ေရာက္ေနတဲ့ ခေရပင္တန္းကို အစြဲျပဳလို႔ အဲဒီလမ္းကေလးကို ခေရလမ္းလို႔ ေခၚၾကတယ္။ လူေနအိမ္ ေျခ ခပ္ႀကဲႀကဲနဲ႔ တေမွ်ာ္တေခၚ လယ္ကြင္းျပင္ေတြပဲရွိလို႔ အဲဒီေနရာေလး ကေအးခ်မ္းတိတ္ဆိတ္လြန္းလွတယ္။ ခ်စ္သူရည္းစားစုံတြဲေတြအေလွ်ာက္ မ်ားလို႔ အဲဒီလမ္းကေလးကို ခ်စ္သူလမ္းလို႔လည္း ေခၚဆိုၾကေသးတယ္။ အဲဒီခေရလမ္းမွာေမာင္နဲ႔ျဖဴေလးႏွစ္ေယာက္တည္းရွိလည္းခေရလုေကာက္ ရင္း ရန္ျဖစ္ေနတတ္တယ္။ ကေလးဘဝက ခေရလုေကာက္ခဲ့တဲ့ လမ္း ကေလးက ျဖဴေလးတို႔ႏွစ္ေယာက္ အ႐ြယ္ေရာက္လာလို႔ သံေယာဇဥ္ တစ္ဆင့္တိုးလာတဲ့အခါ ခ်စ္သူလမ္းေလွ်ာက္တဲ့ စုံတြဲတစ္တြဲအျဖစ္ ပါဝင္ လာခဲ့တယ္။
ဆံပင္ရွည္ရွည္ကို ျမတ္ႏိုးတဲ့အတြက္ ငယ္စဥ္ထဲက တယုတယေမြး ျမဴလာခဲ့တဲ့ျဖဴေလးရဲ႕ဆံႏြယ္အိအိေထြးေထြးထက္မွာေမာင္ကေန႔စဥ္ခေရ ပန္းကုံးသီၿပီး ပန္ေပးဖို႔ မေမ့ခဲ့ဘူး။ မိသားစုခ်င္း ရင္းႏွီးၾကလို႔ ျဖဴေလးတို႔ ခ်စ္ခရီးလမ္းကအေႏွာင့္အယွက္မရွိခဲ့ဘူး။ ေမာင္ဘြဲ႕တစ္ခုရယူၿပီးျဖဴေလး တို႔ႏွစ္ေယာက္လက္ထပ္ျဖစ္ခဲ့တယ္။ ဉာဏ္ထိုင္းတဲ့ျဖဴေလးကေတာ့ဆယ္ တန္းကို ကိုယ့္သေဘာနဲ႔ကိုယ္ ဆက္မေျဖေတာ့ပဲ ေနရာမွာ ေျခစုံရပ္က်န္
ခဲ့တယ္။

“ဆယ္တန္းမေအာင္လည္းအားမငယ္ပါနဲ႔ျဖဴေလးရာ။ငါကေယာက္်ား
ေလးပါ၊ နင့္ကိုငါလုပ္ေကြၽးမွာေပါ့”
ေမာင္က အားေပးတယ္။
“ နင္တကယ္ ငါ့ကို ဘာအလုပ္မွ မခိုင္းဘူးေပါ့၊ ဟုတ္လား – ေမာင္” “ေစာင့္ၾကည့္ေပါ့ဟ”
ေမာင္နဲ႔ျဖဴေလးရဲ႕အိမ္ေထာင္ဦးကာလေလးကမွတ္မွတ္ရရေျပာစရာ
မရွိဘဲ ေအးခ်မ္းစြာ ျဖတ္သန္းခဲ့ပါတယ္။ အိမ္ေထာင္က်စဥ္ကာလ ျဖဴေလး တို႔အိမ္မွာ ေမာင္လိုက္ေနတယ္။ ဒါေပမဲ့-လူဦးေရမ်ားလွတဲ့ ျဖဴေလးတို႔ မိသားစုေၾကာင့္ ေမာင္ အေနက်ဥ္းက်ပ္ရွာတာေတာ့ အမွန္ပါပဲ။ ေမာင္တို႔ မိသားစုလည္း ဘာမွ မထူးပါဘူး။ ျဖဴေလး – ေမာင့္အိမ္လိုက္ေနဖို႔အေတြးနဲ႔ တင္ ရင္ေမာမိတယ္။ ဒါေၾကာင့္ ျဖဴေလးတို႔ႏွစ္ေယာက္ အိမ္ခြဲေနဖို႔ တိုင္ပင္ ၾကတယ္။ ေမာင္က အလုပ္ကို ပိုၿပီးႀကိဳးစားလုပ္တယ္။ ေမာင္အပ္တဲ့ ပိုက္ ဆံကို ျဖဴေလးက မကုန္သင့္တာ မကုန္ရေအာင္ ထိန္းသိမ္းၿပီး စုေဆာင္း ခဲ့တယ္။
မၾကာခင္ကာလမွာ ျဖဴေလးတို႔ႏွစ္ေယာက္ အိမ္ကေလးတစ္လုံး ဝယ္ ယူႏိုင္ခဲ့တယ္။ လူေနအိမ္ေျခ က်ဲပါးၿပီး ေနရာက အနည္းငယ္ေခါင္ေပမယ့္ ေဈးလည္း သိပ္မမ်ားလွဘဲ ခေရပင္လမ္းနဲ႔နီးတဲ့အိမ္ကေလးကို ျဖဴေလး ေရာေမာင္ပါသေဘာက်စြာ ေ႐ြးခ်ယ္ခဲ့ၾကတယ္။
“ေမာင္-ငါလည္းအလုပ္တစ္ခုခုလုပ္ရင္ ေကာင္းမယ္ထင္တယ္” “ေတာ္စမ္းပါ – ျဖဴေလးရာ၊မခ်မ္းသာလည္းငါရွာတဲ့ေငြကႏွစ္ေယာက္
စားလို႔ေလာက္ေနတာပဲ”
“ငါလည္း ကူညီသင့္တယ္ထင္လို႔ပါ”
“ငါ့လုပ္စာကိုေအးေအးေဆးေဆးထိုင္စား။ ငါအလုပ္အျပန္ကိုေစာင့္
ႀကိဳေပး၊ဒါဆိုလုံေလာက္ၿပီ”

ေမာင္က ျဖဴေလးကို အျပင္ထြက္ အလုပ္မလုပ္ေစဘဲအိမ္မွာပဲေနေစ ခဲ့တယ္။
ေမာင္ေပးတဲ့ ပိုက္ဆံကိုလည္း နည္းတယ္၊ မ်ားတယ္ဆိုၿပီး ျဖဴေလး အျပစ္မတင္ခဲ့ဘူး။ ေမာင္အလုပ္သြားတဲ့အခ်ိန္ အိမ္ေလးထဲမွာ ျဖဴေလး တစ္ေယာက္တည္းက်န္ခဲ့တဲ့အခါ ဝရန္တာကေနထြက္ၿပီး အေဝးကိုေငးရ တာျဖဴေလးသေဘာက်တယ္။ျမင့္မားလွတဲ့ေတာင္တန္းႀကီးေတြ၊ တေမွ်ာ္ တေခၚလယ္ကြင္းျပင္ေတြ၊အိပ္တန္းတက္ငွက္ေတြနဲ႔ခေရပင္လမ္းကေလး ကေန႔စဥ္ျမင္ေတြ႕ေနက်ျဖစ္ေပမယ့္ျဖဴေလးအတြက္မ႐ိုးႏိုင္ခဲ့ဘူး။
ေမာင္ ျပန္လာခ်ိန္ ၾကားရတဲ့ ဆိုင္ကယ္စက္သံကို နားစြင့္ရင္း ေမာင္ ႀကိဳက္တဲ့ ဟင္းေတြခ်က္ျပဳတ္လို႔ ေစာင့္ႀကိဳခဲ့တယ္။ ေမာင္က ဆံႏြယ္ရွည္ ရွည္ေတြကိုႏွစ္သက္ေပမယ့္ဆံပင္ျခည္ေထြးကိုအလြန္႐ြံရွာတတ္တာအိမ္
ေထာင္က်ၿပီးေနာက္ပိုင္းမွာျဖဴေလးသိခဲ့ရတယ္။ ေမာင္စားတဲ့အစားအစာ ထဲမွာဆံျခည္တစ္မွ်င္ေတြ႕လို႔ကေတာ့ သုံးေလးရက္ထမင္းမစားႏိုင္ေအာင္ ေမာင္က ဇီဇာေၾကာင္၊ ေအာ္ဂလီဆန္ ႐ြံရွာေနတတ္ေသးရဲ႕။ ျဖဴေလးက ထမင္းဟင္းခ်က္တဲ့အခ်ိန္ ဆံႏြယ္ေတြမပါရေအာင္ ေခါင္းစြပ္ေလးစြပ္ၿပီး ခ်ဳပ္ျပဳတ္ရတယ္။ ဆံပင္ရွည္ကိုခ်စ္သူမို႔ ဆံပင္ျဖတ္ပစ္ဖို႔ကို စိတ္ကူးထဲမွာ ေတာင္မရွိခဲ့သလိုေမာင္ကလည္း လက္ခံမွာမဟုတ္ပါဘူး။ ျဖဴေလးတို႔ႏွစ္ေယာက္ရဲ႕ေဂဟာေလးကိုဧည့္သည္ေလးတစ္ေယာက္
တိုးပြားလာေတာ့မယ္လို႔ သိရၿပီးေနာက္မွာေမာင္တစ္ေယာက္အရင္ထက္ ပိုၿပီး အိမ္ျပန္ေနာက္က်တဲ့ရက္ေတြ၊ ညပိုင္း ျပန္မအိပ္ျဖစ္တဲ့ ရက္ေတြမ်ား လာတာ ျဖဴေလးသတိျပဳမိတယ္။ ေမာင္ – အလုပ္ကို ပိုၿပီး ႀကိဳးစားလုပ္ေန တယ္ထင္ပါရဲ႕။ဒါေပမဲ့ – ေမာင့္ကိုၾကည့္ရတာေအးစက္လာသလိုပဲလို႔ခံစား ရတယ္။ ေမာင္ – ပင္ပန္းရွာမွာပဲဆိုတဲ့ စာနာစိတ္နဲ႔ ျဖဴေလးႏႈတ္ဆိတ္စြာပဲ ေနခဲ့ပါတယ္။

ျဖဴေလးတို႔ရဲ႕ဧည့္သည္ေလး ျဖဴေလးဗိုက္ထဲက မၾကာခင္ထြက္လာ ေတာ့မယ့္အခ်ိန္မွာ မေမွ်ာ္လင့္တဲ့သတင္းဆိုးနဲ႔ ထင္မွတ္မထားတဲ့ကံၾကမၼာ မုန္တိုင္းက ျဖဴေလးဆီကို က်ေရာက္လာခဲ့တယ္။
အဲဒီေန႔က မွတ္မွတ္ရရ ျဖဴေလးသူငယ္ခ်င္း ေဝေဝလြင္ ျဖဴေလးအိမ္ ကို အလည္ေရာက္လာခဲ့တယ္။ ၿမိဳ႕စြန္ျဖစ္တဲ့အျပင္ လူေနအိမ္ေျခအလွမ္း ေဝးတဲ့ ျဖဴေလးတို႔ရဲ႕ေဂဟာကို ပထမဆုံးအလည္လာတဲ့ အခ်စ္ဆုံး သူငယ္ ခ်င္းကို ျဖဴေလး ဝမ္းသာအားရ ႀကိဳခဲ့တယ္။ ဒါေပမဲ့- ေဝေဝလြင္အၿပဳံးေတြ က အသက္ဝင္မႈ မရွိဘူးလို႔ ျဖဴေလးထင္မိတယ္။
“ နင္ ေမြးခါနီးၿပီလား – ျဖဴေလး” “ေအး-ေရွ႕လေလာက္ေမြးမယ္ထင္တယ္ဟ”
“စိုးေက်ာ္ေမာင္ေရာ”
“ထုံးစံအတိုင္း ကားေနာက္ပါသြားတယ္ေလဟာ”
ေမာင္က ကုန္ကားေနာက္လိုက္ရတဲ့ စပယ္ယာတစ္ေယာက္မို႔ ထုံးစံ အတိုင္းအိမ္မွာမရွိဘူး။
“ သူလည္း အရမ္းအလုပ္မ်ားတာဟ၊ ဒီေန႔လည္း ျပန္အိပ္ျဖစ္ပါ့မလား မသိဘူး”
“စိုးေက်ာ္ေမာင္ – ျပန္မလာရင္ ဒီမွာ နင္တစ္ေယာက္တည္း က်န္ရစ္ တာလား-ျဖဴေလး”
“ေအး”
ေဝေဝလြင္က ျဖဴေလးကိုစိုက္ၾကည့္ေနတယ္။ ၿပီးေတာ့ စဥ္းစားသလို ခပ္ေလးေလးေျပာတယ္။
“ ေမြးခါနီးၿပီဆိုေတာ့ နင့္အေမတို႔ဆီမွာ ျပန္ေနသင့္တယ္-ျဖဴေလး”

“ဟင့္အင္း – ဒီအိမ္ေလးကိုငါသေဘာက်တယ္။ ငါေမြးရင္လည္း ဒီမွာ ပဲေမြးမွာ၊ ေမာင္ကလည္း ဒီမွာပဲေမြးေစခ်င္တယ္”
“မဟုတ္ေသးဘူး – ျဖဴေလး၊နင္တို႔အိမ္ကေခါင္လည္းေခါင္တယ္။အနီး ပတ္ဝန္းက်င္ကလည္း တစ္ခုခုျဖစ္ရင္ ကူညီႏိုင္ဖို႔မလြယ္ဘူး”
“ စိတ္မပူပါနဲ႔ – ေဝလြင္ရ၊ ေမာင္က ငါ့ကို ဂ႐ုစိုက္ပါတယ္” ေဝေဝလြင္က တစ္ခုခုေျပာလိုဟန္ ႏႈတ္ခမ္းတျပင္ျပင္ျဖစ္ေနတယ္။ ၿပီးေတာ့မွ –
“ငါ အခုလာတာလည္း ဒီကိစၥကို ေျပာခ်င္လို႔ပဲ။ နင္ စိတ္ဆင္းရဲမွာ လည္းစိုးတယ္။ စိုးေက်ာ္ေမာင္ကို သိပ္မယုံနဲ႔- ျဖဴေလး”
“ဘာျဖစ္လို႔လဲ -ေဝလြင္”
“စိုးေက်ာ္ေမာင္က နင့္အျပင္ ေနာက္ထပ္မိန္းကေလးတစ္ေယာက္နဲ႔ ရႈပ္ေနတယ္။ နင္မယုံေပမဲ့ဒါတကယ္ပဲ- ျဖဴေလး”
ေဝေဝလြင္စကားေတြ ျဖဴေလးနားထဲမွာ မၾကားတစ္ခ်က္၊ ၾကား တစ္ခ်က္။ ေမာင္တစ္ေယာက္ ျဖဴေလးတို႔ၿမိဳ႕နဲ႔ မေဝးကြာလွတဲ့ ၿမိဳ႕မွာ မူယာ ဆိုတဲ့မိန္းကေလးကိုလက္မွတ္ထိုးလက္ထပ္ယူထားေၾကာင္း၊ ကိုသူဟာတစ္ေကာင္ႂကြက္ပါလို႔ေမာင္ကလိမ္ညာထားေၾကာင္း၊ထိုမူယာ
ထိုမိန္းကေလး
ဆိုတဲ့ မိန္းကေလးေနဖို႔ အိမ္တစ္လုံးဝယ္ေပးထားေၾကာင္း၊ ထိုအိမ္က ေဝေဝလြင့္ေယာက္မအိမ္ႏွင့္ ကပ္လ်က္ျဖစ္ေၾကာင္း၊ ေမာင္တစ္ေယာက္ ထိုအိမ္မွာ အခ်ိန္ျပည့္ အၿမဲလို ရွိေနတတ္ေၾကာင္းမ်ားကို ေဝေဝလြင္က အေသးစိတ္ေျပာျပတယ္။
“သူတို႔လက္မွတ္ထိုးလက္ထပ္ယူထားၾကတာသိပ္ေတာ့မၾကာေသး
ဘူး၊ ဒါေပမဲ့ – ဘယ္ကတည္းကၿငိေနၾကဆိုတာကိုေတာ့ ငါလည္းမသိဘူး။ ငါ့ေယာက္မအိမ္သြားရင္းငါ့မ်က္စိနဲ႔ တပ္အပ္ေတြ႕ခဲ့တာ၊ ခ်စ္ခင္ၾကင္နာေန လိုက္ၾကတာမိုးမျမင္ေလမျမင္ေဘးပတ္ဝန္းက်င္ေတာင္မျမင္ဘူး၊တကယ္
မုန္းစရာ …”
ျဖဴေလးသူငယ္ခ်င္း ေဝေဝလြင္ဟာ ဘယ္ေတာ့မွ လိမ္ညာမေျပာ တတ္ဘူးဆိုတာျဖဴေလး အသိဆုံးပါ။
“နင္မယုံရင္ ငါလိုက္ျပမယ္-ျဖဴေလး” ျဖဴေလးေခါင္းခါယမ္းလိုက္တယ္။
“နင္မညာတတ္ဘူးဆိုတာ ငါသိပါတယ္ – ေဝလြင္ရယ္။ ငါမၾကည့္ခ်င္ ဘူး။ မူယာဆိုတာကိုလည္း မျမင္ဖူးခ်င္ဘူး”
ေဝေဝလြင္က စိတ္မေကာင္းစြာ ျဖဴေလးကို ေငးစိုက္ၾကည့္ေနတယ္။ “နင္ကအိမ္ထဲကအိမ္ျပင္မထြက္ေတာ့ ဘာမွသိမွာမဟုတ္ဘူးလို႔ သူ ထင္ၿပီး နင့္ကို လွည့္စားေနမွာစိုးလို႔ ငါလာေျပာျပရတာ၊ အိမ္ထဲမွာခ်ည္းပဲ လည္း သိပ္မေနနဲ႔ – ျဖဴေလး၊ သူတို႔ေျခလွမ္းကို အမီလိုက္ႏိုင္မွ ေတာ္႐ုံက် တာ”

ေဝေဝလြင္က သူျပန္ခါနီးအခ်ိန္အထိ ျဖဴေလးကို ေမေမတို႔အိမ္မွာ
သြားေနဖို႔တဖြဖြတိုက္တြန္းသြားရွာတယ္။ေဝေဝလြင္ျပန္သြားၿပီးတဲ့ေနာက္ ျဖဴေလးေနရာမွာေက်ာက္႐ုပ္လိုက်န္ရစ္တယ္။ေမာင္ရက္စက္တယ္ဆိုတဲ့
စကားတစ္ခြန္းသာျဖဴေလးရင္ထဲမွာ ပဲ့တင္ထပ္ေနတယ္။ ေမာင္နဲ႔ျဖဴေလးရဲ႕
ငယ္သူငယ္ခ်င္းသံေယာဇဥ္ေတြဘယ္တုံးထဲကပ်က္ျပယ္သြားခဲ့ရတာလဲ။
ျဖဴေလးကို ဘယ္မွမသြားခိုင္းဘဲ အိမ္ထဲမွာပဲ အ႐ုပ္တစ္႐ုပ္လိုေနေစခဲ့တဲ့ ေမာင့္ရဲ႕စိတ္ရင္းအမွန္က ဘာလဲ။ ေမြးဖြားခါနီးမိန္းမကို လူေနအိမ္ေျခေဝး တဲ့ အိမ္ကေလးတစ္လုံးမွာ ပိတ္ေလွာင္ထားခဲ့ၿပီး ေမာင္ကေတာ့ အျပင္မွာ စိတ္ေပ်ာ္ရာရွာခဲ့တယ္။
ျဖဴေလး-ေဝေဝလြင္စကားေတြကို မယုံၾကည္ခဲ့ဘူးေလ။ ဒါေၾကာင့္ ေမာင္နဲ႔ ဒုတိယအခ်စ္ မူယာဆိုတဲ့အမ်ိဳးသမီးရဲ႕အေျခအေနကို နည္းမ်ိဳးစုံနဲ႔ စုံစမ္းခဲ့တယ္။
ေမာင္ရဲ႕ရက္စက္တဲ့ျဖစ္ရပ္ကိုမယုံခ်င္ခဲ့ပါဘူး။ဒါေပမဲ့ – ျဖစ္ရပ္ေတြက အမွန္ေတြခ်ည္း ျဖစ္ေနတယ္။ ျဖစ္ရပ္မွန္ေတြကို မ်က္ေစ့နဲ႔ ျမင္ခဲ့ရတယ္။ မျမင္ခ်င္အဆုံးေၾကကြဲစရာေတြကိုနားနဲ႔ၾကားခဲ့ရတယ္။ မၾကားခ်င္အဆုံး…။ ေမာင္က သိပ္ဟန္ေဆာင္ေကာင္းတာပဲ…။
ျဖဴေလး – ဘာဆက္လုပ္ရမလဲ…။
ဘာဆက္လုပ္ရင္ေကာင္းမလဲ…။
ျဖဴေလးရင္ထဲမွာ လူမသိ သူမသိ ေတာက္ေလာင္ေနတဲ့ မီးေတာက္ ေတြက ပူေလာင္လြန္းလွပါတယ္။ ျဖဴေလးဗိုက္ထဲက မၾကာခင္ေမြးဖြား

ေတာ့မယ့္ ရင္ေသြးေလးမ်က္ႏွာနဲ႔ နာၾကည္းစိတ္ကို မ်ိဳသိပ္လို႔ မသိဟန္ ေဆာင္ေနခဲ့တယ္။ ေမာင္ကလည္း အမူအရာမပ်က္ ခပ္တည္တည္ပါပဲ။ “ေမာင္-ငါေမြးဖို႔ရက္နီးေနၿပီ”လို႔ျဖဴေလးသတိေပးစကားေျပာေတာ့ေမာင္
ကေခါင္းတစ္ခ်က္ ဆတ္ျပတယ္။

ျဖဴေလးသာ ေဝေဝလြင့္စကားနားေထာင္ၿပီး ေမေမတို႔ဆီ ျပန္ေနျဖစ္ ခဲ့ရင္ အခုလို အျဖစ္ဆိုးေတြ ျဖစ္လာခဲ့မွာ မဟုတ္ဘူး။ ျဖဴေလး- မီးဖြားခ်ိန္ ဘာပဲျဖစ္ျဖစ္ေမာင္ရွိေနမွာပါဆိုတဲ့ယုံၾကည္စိတ္ေလးတစ္ခုထဲနဲ႔အိမ္ေလး ထဲမွာ ေမာင့္ကို ေစာင့္ေမွ်ာ္ရင္း ေပေတေနခဲ့တဲ့ ျဖဴေလးအတြက္ ရက္စက္ တဲ့ေမာင့္ေၾကာင့္ေပးဆပ္မႈေတြကနစ္နာလြန္းလွပါတယ္။ ျဖဴေလး – ဗိုက္နာ ခ်ိန္ ေမာင္အနားမွာ ရွိမေနခဲ့ဘူး။ ျဖဴေလးတစ္ေယာက္ထဲ အိမ္ထဲမွာ သတိ လစ္ေမ့ေျမာေနတာကို အခ်ိန္အေတာ္ၾကာၿပီးမွ ပတ္ဝန္းက်င္က သိၿပီး ေဆး႐ုံဝိုင္းပို႔ေပးခဲ့ၾကတယ္။ ကံသီလို႔ အသက္မေသခဲ့ေပမဲ့ ရင္ေသြးေလး ကိုေတာ့ ျဖဴေလး – ဆုံးရႈံးခဲ့ရတယ္။
ျဖဴေလးရင္ထဲက အမုန္းမီးေတြ အရွိန္အဟုန္ျပင္းစြာ ေတာက္ေလာင္ လို႔ ကလီစာေတြေတာင္ ျပာက်ကုန္ၿပီထင္ပါရဲ႕။ ေမာင့္ကို မုန္းတယ္။ အရမ္း မုန္းတယ္။ ဒါေပမဲ့-ျဖဴေလးရဲ႕အမုန္းေတြကို ေမာင္ – မသိေစရဘူး။ ေဆး႐ုံ ကေန အိမ္ျပန္ေရာက္ၿပီး အရင္ထက္ ပိုေအးစက္သြားတဲ့ျဖဴေလးကို ေမာင္ ကမသိမသာအကဲခတ္တယ္။ ဟုတ္ရင္ေက်ာ္ဆိုတဲ့အတိုင္းေမာင္နဲ႔မူယာ့
အေၾကာင္းဟိုကဒီကျဖဴေလးကိုတီးတိုးလာေျပာၾကတယ္။ဒါေပမဲ့-မူယာ ဆိုတဲ့ နာမည္ကို ေမာင့္ေရွ႕မွာ ေယာင္လို႔ေတာင္ မေျပာမိေအာင္ ျဖဴေလး သတိထားေနခဲ့တယ္။
ေမာင္က အိမ္ကို အခ်ိန္မွန္ျပန္လာတယ္။ ျဖဴေလးႀကိဳက္တဲ့စားစရာ ေတြဝယ္လာတယ္။ေႏြးေထြးစြာဆက္ဆံတယ္။ဒါေပမဲ့ – ဒါေတြကျဖဴေလး

ရင္ထဲကအမုန္းေတြကိုကုစားဖို႔သိပ္ကိုေနာက္က်သြားပါၿပီေမာင္။ရင္ေသြး ေလးကိုဆုံးရႈံးၿပီးတဲ့ေနာက္ျဖဴေလးဘဝမွာရည္မွန္းခ်က္ေတြေပ်ာက္ကြယ္
လို႔ ဘာကိုမွ ေမွ်ာ္လင့္ခ်က္မထားခ်င္ေတာ့ဘူး။ ေမာင့္ကို ခါတိုင္းလိုပဲ ခ်က္ ျပဳတ္ ေကြၽးေမြးတယ္။ ၿပီးေတာ့ ဝရန္တာကေန အဆုံးမရွိတဲ့အေဝးကို ေငး ေမာရင္း ျဖဴေလးစိတ္ေတြ ထြက္ေပါက္ရွာခဲ့တယ္။
“ျဖဴေလး – နင့္ဆံပင္ေတြ တိုတိုလာတယ္ေနာ္”
တစ္ရက္မွာ ေမာင္က ဖားလ်ားခ်ထားတဲ့ ျဖဴေလးရဲ႕ဆံပင္ေတြကို ၾကည့္ၿပီး တအံ့တဩ ေျပာလာတယ္။ အရာအားလုံးက ဆုံးရႈံးၿပီးတဲ့ေနာက္ ဆံပင္တိုလာတာေလာက္ကို ျဖဴေလး – ဂ႐ုစိုက္မေနေတာ့ပါဘူး။ ေမာင့္ကို ေအးစက္စြာပဲ ၿပဳံးျပလိုက္တယ္။ ဒီလိုနဲ႔ပဲ အခ်ိန္ေတြ တေ႐ြ႕ေ႐ြ႕ကုန္ဆုံးခဲ့ တယ္။ တင္ပါးဖုံးေနတဲ့ ျဖဴေလးရဲ႕ဆံႏြယ္ေတြ ခါးအထက္ပိုင္းထိ တိုသြား တဲ့တစ္ေန႔မွာေတာ့ –
“ေမာင္ – နင့္ကို ငါေျပာစရာရွိတယ္”
ခါတိုင္းလို ဝရန္တာမွာ ထြက္ေငးေနတဲ့ ျဖဴေလးအနားကို လာရပ္တဲ့ ေမာင္ကို ျဖဴေလး-ေျပာလိုက္တယ္။
ေမာင္။
“ေျပာေလ-ျဖဴေလး”
ေမာင့္အၾကည့္ေတြက ေႏြးေထြးဆဲလား။ ဒါေပမဲ့-ေနာက္က်သြားၿပီ
“ငါ့ဆံပင္ေတြတိုတိုလာတာကေလ”
ေမာင္ကျဖဴေလး – ဘာေျပာခ်င္လည္းဆိုတာမသိရွာဘဲေငးၾကည့္ေန
ရွာတယ္။
“အဲဒါ နင့္အတြက္ ခ်က္ေပးခဲ့တဲ့ ဟင္းေတြထဲမွာ ေန႔တိုင္း လက္တစ္ ဆစ္စာျဖတ္ထည့္ခဲ့လို႔ပဲ”

“ဘာ”
ေအာ္လိုက္တဲ့ ေမာင့္အသံက အက်ယ္ႀကီးပဲ။ ေမာင့္မ်က္လုံးေတြက
ျပဴးထြက္လာတယ္။
“နင္ – နင္၊ တကယ္ေျပာေနတာလား -ျဖဴေလး”
“ငါ ဘာလို႔ လိမ္ရမွာလဲ”
“ နင္ – နင္တကယ္ပဲ လုပ္ခဲ့တာလား”
ျဖဴေလး – မဲ့ၿပဳံးၿပဳံးလိုက္တယ္။
“ဟုတ္တယ္”
ေမာင္က သူ႔လည္ပင္းသူ ဆုပ္ကိုင္လိုက္၊ အန္မလို လုပ္လိုက္နဲ႔ ေယာက္ယက္ခတ္ေနတယ္။ နင္ ငါ့ကို လုပ္ခဲ့တာနဲ႔စာရင္ အခုလုပ္ရပ္က အမ်ားႀကီး သက္ညႇာထားတာပါေမာင္လို႔ ျဖဴေလးရင္ထဲက နာၾကည္းစြာ ေရ႐ြတ္မိတယ္။
“ေတာက္”
ခဏအၾကာမွာေတာက္တစ္ခ်က္ေခါက္ၿပီးေမာင္ – အိမ္ေပၚကေနဝုန္း ဒိုင္းႀကဲ ဆင္းသြားတယ္။ ဆိုင္ကယ္စက္သံ အေဝးေရာက္သြားတဲ့အထိ ျဖဴေလး – ႏႈတ္ခမ္းတင္းတင္းေစ့လို႔ေနရာမွာေျခစုံရပ္က်န္ရစ္တယ္။ေမာင္ နဲ႔ျဖဴေလးရဲ႕ဇာတ္လမ္းကဒီေလာက္နဲ႔ပဲ ၿပီးဆုံးသြားခဲ့ၿပီလား။ ဒါေပမဲ့…။
ဟိုးအေဝးမွာ အိပ္တန္းတက္ငွက္တစ္အုပ္ ပ်ံသန္းသြားတာ ျမင္ရ တယ္။ မိုး႐ြာတာ ရပ္သြားၿပီ-ေမာင္။ ဟိုးမွာျဖဴေလးတို႔ႏွစ္ေယာက္ ခေရလု ေကာက္ခဲ့တဲ့ လမ္းကေလး။ ေနလုံးႀကီးလည္း ဝင္လုၿပီ။ ပတ္ဝန္းက်င္က လည္း မႈန္ရီဝိုးတဝါး ရွိေနဆဲပါပဲ။ ျဖဴေလးရဲ႕အနာဂတ္ကလည္း မႈန္ရီဝိုးတဝါးနဲ႔မေရရာမေသခ်ာေသးပါဘူး။ျဖဴေလးခုထိအေဝးကိုေငးလို႔ေကာင္း
တုန္း။ ေမာင့္အေၾကာင္းေတြးလို႔ေကာင္းတုန္း။
မနက္ျဖန္ဆိုရင္ ျဖဴေလး- ဒီအိမ္ေလးက အၿပီးတိုင္ ထြက္ခြာသြားရ
ေတာ့မယ္။ဒီအိမ္ရဲ႕ပိုင္ရွင္အသစ္ေတြမနက္ျဖန္ဆိုရင္ေရာက္လာၾကေတာ့ မယ္ေလ။ ျဖဴေလး- ဒီအိမ္ေလးကို အၿပီးတိုင္ စြန႔္လႊတ္လိုက္ပါၿပီ။ ေမေမ တို႔နဲ႔အတူေနရင္းျဖဴေလးအနာဂတ္ကိုအသစ္ကျပန္စဖို႔ႀကိဳးစားရဦးမယ္။ ေမာင့္ကိုလည္း နာၾကည္းစိတ္နဲ႔ ေမ့ႏိုင္ေအာင္ ႀကိဳးစားရမယ္။ အာဃာတ ေတြအမုန္းေတြကိုႀကိဳးစားၿပီးေမ့ပစ္ရမယ္ေလ။
ျဖဴေလး – ဆံပင္ျဖတ္စေတြ ေမာင္စားတဲ့ ဟင္းေတြထဲ ထည့္ေကြၽးခဲ့ တယ္လို႔ေျပာတဲ့ေန႔က ေမာင္စိတ္ဆိုးၿပီး ဆိုင္ကယ္ အျပင္းေမာင္းလို႔ ထြက္ သြားခဲ့တယ္။ အဲဒီေန႔ကစၿပီးေမာင္ ျဖဴေလးဆီ ျပန္မလာခဲ့ေတာ့ဘူး။ မူယာ့ ဆီကိုလည္း မသြားႏိုင္ေတာ့ဘူး။ စိုးေက်ာ္ေမာင္တစ္ေယာက္ ဆိုင္ကယ္ ေမွာက္တာ ပြဲခ်င္းၿပီးပဲဆိုတဲ့သတင္းနဲ႔အတူ ေမာင့္႐ုပ္အေလာင္းပဲ အိမ္ကို ျပန္ေရာက္လာခဲ့တယ္။ ျဖဴေလး – ေမာင့္ကို ေကာင္းမြန္စြာပဲ သၿဂႋဳဟ္ေပးခဲ့
ပါတယ္။
မိန္းမေတြမွာလည္း ခံစားတတ္တဲ့အသည္းနဲ႔ အမုန္းတရားေတြ ရွိ တယ္ဆိုတာ ေမာင္ – သိခဲ့ရဲ႕လား။ ျဖဴေလး- ေမာင့္ကို သိပ္ခ်စ္ခဲ့ပါတယ္။ ဒါေပမဲ့-ျဖဴေလးရဲ႕အခ်စ္ေတြကို အမုန္းနဲ႔ နိဂုံးသတ္ရေအာင္ ေမာင္အရင္ ရက္စက္ခဲ့တာပါ။ ျဖဴေလးကို ခြင့္လႊတ္ပါလို႔ မေတာင္းဆိုပါဘူး။ ဒါေပမဲ့- ေမာင္မသိခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုေတာ့ ရွိခဲ့တယ္ – ေမာင္။

ျဖဴစင္ေက်ာ့က သူမလက္ထဲမွာ ယခုတိုင္ ဆုပ္ကိုင္ထားဆဲျဖစ္ေသာ ကြၽတ္ကြၽတ္အိတ္ေလးကို ငုံ႔ၾကည့္လိုက္တယ္။ လတ္တစ္ဆစ္စာ ဆံပင္ ျဖတ္စတို မြမြေလးမ်ားက ကြၽတ္ကြၽတ္အိတ္ထဲမွာ အမ်ားအျပား။ ထို ဆံစ ေလးမ်ားကို ျဖဴေလး ဝရန္တာမွ သြန္ခ်လိုက္တယ္။ ေလႏွင့္အတူ ဝဲလြင့္ပါ သြားေသာ ဆံႏြယ္အတိုအစေလးမ်ားက တကြဲတျပားစီ လြင့္ေမ်ာလ်က္ ျဖဴေလးႏွင့္ေဝးရာသို႔ တစ္စစီ … တစ္မႈန္စီ… ။
+ ေသာ္ေသာ္ကို