ရိုးမယ်ဖွဲ့အငြိုး

ရိုးမယ်ဖွဲ့အငြိုး(စ-ဆုံး)

မြခက်လွှာ

 

(၁)

ဒီနေ့ဟာ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့။ ကျွန်တော်သိပ်ပျော်တဲ့နေ့လေး တစ်နေ့။ ကျွန်တော့်သမီးလေး မြရိပ်ချို ဆယ်တန်းစာမေးပွဲမှာ နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်တယ်။ ပျော်လွန်းလို့ အိမ်ကို တန်းပြန် လာခဲ့တာ။

 

လမ်းလျှောက်နေရင်းမှာပဲ ကျွန်တော့် အပျော်တွေ ပျယ်စပြုလာတယ်။ ကျွန်တော် အိမ်မရောက်ခင် ပစ္စည်းတစ်ခုဝယ်ရဦးမယ်။တခြားတော့မဟုတ် ကွာရှင်းစာချုပ်ဝယ်ရမှာ။ဟုတ်တယ်။ ကျွန်တော်နဲ့ညို သမီးဆယ်တန်း အောင်တဲ့နေ့ကျရင် ကွာရှင်းကြမယ်လို့ ကတိ ပေးထားကြတယ်။ ကတိပေးထားတယ် ဆိုတာထက် ကျွန်တော်က ကတိတောင်းထား တာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်တယ်။ကျွန်တော် ဒီကိစ္စကို ၁၃ နှစ်လောက်ကြာတဲ့ အထိ အောင့်အည်းသည်းခံမြိုသိပ်ထားရတာ။

 

ကျွန်တော်လည်း သမီး စာမေးပွဲအောင် ကြောင်းပြောဖို့ ဘယ်သူရှိမလဲ အိမ်ထဲကို ကြည့်လိုက်တယ်။ သမီးကိုလည်း မမြင်မိဘူး။ ဒါပေမယ့် အိမ်နောက်ဖေးမီးဖိုချောင်မှာတော့ အသက်အလတ်ပိုင်း အမျိုးသမီးတစ်ယောက် ကို မြင်မိတယ်။ သူက တခြားသူတော့မဟုတ် ကျွန်တော်ဇနီး ညိုပါ။ ကျွန်တော် သူ့နား သွားပြီး စကားစလိုက်တယ်။

 

“တို့သမီး စာမေးပွဲအောင်တယ်၊ ဂုဏ်ထူး လည်း နှစ်ဘာသာပါတယ်”

“ေဩျာ”

သူဖြေပုံက ေဩာ် တဲ့။ တစ်လုံးတည်း အပို အလိုမရှိဖြေပြီး သူ့အလုပ်သူဆက်လုပ်တယ်။ကျွန်တော်လည်း ဧည့်ခန်းပြန်လာပြီး စာအုပ် ဟောင်းတစ်အုပ်ကို ကောက်ဖတ်နေလိုက် တယ်။ စာမျက်နှာတွေ တစ်ရွက်ပြီးတစ်ရွက် သာ ဖတ်သွားတယ်။ ဘာအကြောင်းအရာတွေ ရေးထားမှန်းလည်းမသိ။ ဘယ်သိမလဲ။ကျွန်တော့် မျက်လုံးတွေကသာ စာရွက်ပေါ်မှာ ရှိနေတာ ကျွန်တော့်စိတ်တွေကတော့ ရောင်စဉ်တန်းတွေကို လိုက်ဖမ်းနေသလို အတွေးတွေနဲ့ ဆောက်တည်ရာမရဖြစ်နေတာ။

 

(၂)

 

“မှန်တယ်၊ ငါမှန်တယ်၊ ငါ သူဝန်ခံဖို့ အခွင့်အရေးတွေ ပေးခဲ့တယ်၊ သူ့အတွက် အချိန်တွေ အများကြီး ပေးခဲ့တယ်၊ ဒါပေမယ့် ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ သူဝန်မခံ ခဲ့ဘူး၊ ဒါ သူ့အပြစ်၊ ဒါ သူ့အမှား၊ ‘ရဲရင့်’ မင်း အမှားမလုပ်ခဲ့ပါဘူး၊ မင်းလုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီ၊ မင်း မှန်မှန်ကန်ကန် မျှမျှတတ ရွေးချယ်ဆုံးဖြတ်နိုင်ခဲ့ပြီ၊ မင်းဘာတွေ တွေဝေ နေတာလဲ”

 

ထိုစကားလုံးတွေက ကျွန်တော့်ဦးနှောက် ကို လာနှိပ်စက်နေပြီ၊ ကျွန်တော့်ဆုံးဖြတ်ချက် ကို ပြင်ဖို့ကြိုးစားတိုင်း ပြန်ပြီးကြားယောင်လာ တဲ့စကားလုံးတွေက ရင်ကို စူးစူးကြီးအောင့် စေတယ်။ သူ့အစ်မတွေပြောပုံက

 

“မိညိုရယ်… ဗိုက်ကြီးတာ အဆန်းလုပ်လို့၊ နင်ရွာတုန်းကလည်း ကလေးနှစ်ယောက် မွေးထားတာပဲဟာ၊ ဘာခက်တာမှတ်လို့၊ နင်မွေးနိုင်မှာ အသာလေးရယ်၊ စိတ်ပူမနေနဲ့”

 

“တိုးတိုးပြောပါ အစ်မရယ်၊ နင်နဲ့တော့ ကိုရဲရင့်ကြားသွားရင် ဘယ်လိုလုပ်မလဲ”

 

ညိုနဲ့ သူ့အစ်မပြောနေတဲ့စကားတွေကို ကျွန်တော်အိပ်ရာထဲကနေ ကြားလိုက်တယ်။ကိုယ့်နားကိုယ်လည်း မယုံကြည်ဖြစ်မိတယ်။ဘာတဲ့။ ဒါဆို ညိုက အပျိုမဟုတ်ဘူးပေါ့။ကျွန်တော့်ထက် အသက်သုံးနှစ်ကြီးတဲ့ ညိုက ကျွန်တော့်ကို အပျိုကြီးပါဆိုပြီး ညာခဲ့တာ အခု ကျွန်တော့်ရင်သွေးလေး လွယ်ထားရသည် အထိပေါ့။ ရက်စက်လိုက်တာ။ ညို မင်း ကိုယ့်ကိုညာတယ်။ မင်းက ငါနဲ့မရခင် ကလေး နှစ်ယောက်တောင် ရှိခဲ့တယ်တဲ့လား။ကျွန်တော်စိတ်တွေ အလွန်တိုပြီး အံကို တင်းတင်းကြိတ်ထားတယ်။

 

(၃)

 

ကျွန်တော်စိတ်ညစ်ညစ်နဲ့ သူငယ်ချင်း ကဗျာဆရာအိမ် ရောက်လာတယ်။ ဒီည မူးအောင်သောက်မယ်။ တကယ်တော့ ဝီစကီ မသောက်ခင်ကတည်းက မူးနေတာပါ။

 

“ဟေ့ကောင်…ရဲကြီး မင်းဘာလို့ဒီည အ မူးသောက်နေတာလဲ။ သောက်နေကျလည်း မဟုတ်ဘဲနဲ့။ မင်းလိုလူ ရေခဲတုန်းကြီးဖြစ်နေ တာ ကြာပြီလေကွာ၊ အခုမှ ဒီအရက်နဲ့ အရည်ပျော်အောင် လုပ်နေတာလား”

 

“ငါ စိတ်ညစ်လို့ပါ၊ ပိုင်ဆက်ရာ…ငါ တကယ် စိတ်ညစ်နေတာ”

 

“မင်းဘာကိုစိတ်ညစ်နေတာလဲ၊ ငါ တတ်နိုင်ရင် ကူညီပေးမယ်..မင်း ငါ့ကိုပြောပြ လေကွာ”

 

ကျွန်တော် အရက်ရှိန်ကြောင့် ရင်ထဲ ရှိသမျှ အကုန်ဖွင့်အန်ပစ်နိုင်တယ်။ ညိုက ရည်းစားဘ၀တုန်းက အပျိုလို့ ညာခဲ့တာဖြစ် ကြောင်း၊ ညိုမှာ အရင်အိမ်ထောင်နဲ့ ကလေး နှစ်ယောက်ရှိခဲ့ပြီးတော့ အခု ကျောက်ပန်း တောင်းမှာရှိတဲ့ အဲဒီကလေးနှစ်ယောက်ကို လစဉ်ငွေပို့ပေးနေကြောင်း၊ ကျွန်တော့်ကို အခုလို လိမ်လည်လှည့်စားခဲ့တာသိပြီး စိတ်နာတဲ့အကြောင်းတွေ တရစပ်ပြောပြ လိုက်တယ်။ သူငယ်ချင်း ကဗျာဆရာက ကျွန်တော့်စကားတွေ ကြားလိုက်ရတာကို အံ့ဩတဲ့ပုံမပြတော့ ကျွန်တော်ပိုပြီး ခံရခက် သွားတယ်။ သူပြန်ပြောပုံကလည်း

“ငါသိတယ်….မင်းတစ်နေ့ ငါ့ဆီ အခုလို ရင်ဖွင့်လာလိမ့်မယ်လို့”

 

“ဘယ်လို”

 

“ဟုတ်တယ် ရဲကြီး၊ ညိုနဲ့ပတ်သက်ပြီး အဲသတင်းတွေ ငါကြားတာက မင်းမင်္ဂလာ ဆောင်တဲ့နေ့က၊ မင်းက မန္တလေးမှာ ပေတေ နေလို့ လားရှိုးကို ငါခေါ်လို့ရောက်လာတာ၊ ညိုတို့မိသားစုကလည်း မင်းအရင် နှစ်နှစ်၊ သုံးနှစ်လောက်ကမှ လားရှိုးကို ရောက်လာ ကြတာ။ အဲတော့ မင်းတို့နှစ်ယောက် ယူတော့ မှာလိုလို၊ ဘာလိုလိုဖြစ်နေကြတော့ ငါ အညာ က အသိတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် စကားစပ်မိပြီး ညိုအကြောင်းတွေ စုံစမ်းဖြစ် တယ်၊ ပြီးတော့ အဲမိတ်ဆွေက ညိုကိုသိသလိုပဲ တဲ့၊ မသေချာလို့ သေချာစုံစမ်းပြီးမှ ဖုန်းပြန် ဆက်မယ်ပြောတယ်၊ ငါလည်း ဆက်မမေးဖြစ် တော့ဘူး။

 

ဒါပေမယ့် သူဖုန်းပြန်ဆက်လာတဲ့နေ့က မင်းမင်္ဂလာဆောင်တဲ့နေ့။ ငါဘယ်လိုလုပ်ရ မလဲ။ မင်းက သတို့သားဝတ်စုံကြီးနဲ့ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေတာ။ အဲဒီအချိန် ညိုကလည်း အပျိုတစ်ယောက်လို ခန္ဓာကိုယ်တည်ဆောက် ပုံမျိုးနဲ့ အချိုးအဆစ်လှလှရှိနေသေးတာ ဆိုတော့ ငါဘယ်လိုမှ မင်းကိုပြောမထွက်ခဲ့ဘူး။အဲဒါကြောင့် ငါဆုံးဖြတ်လိုက်တယ်၊ ငါ မင်းကို မပြောပြတော့ဘူးဆိုပြီးတော့။ မင်္ဂလာဆောင် ပြီးနောက်ပိုင်း မင်းလည်း အေးအေးချမ်းချမ်း ပဲဆိုတော့ ငါနှုတ်ပိတ်နေခဲ့လိုက်တာ”

 

“ဘယ်လို… ဒါဆို မင်းက အစောကြီး တည်းက သိနေခဲ့တာပေါ့၊ မင်းကွာ…သူငယ် ချင်းကောင်း မပီသလိုက်တာ၊ ကိုယ့်သူငယ်ချင်း တစ်ယောက်လုံး နွားလုံးလုံးဖြစ်နေတာကို မင်းမို့ မြုံထားရက်တယ် ‘တောက်’ ငါတကယ် လှည်းကျိုးထမ်းခဲ့ရတာပါကွာ၊ ငါရှက်တယ်ကွ”

 

“ငါ့တစ်ဘ၀လုံး ဒီလိုကိစ္စတွေမှာ ကင်းကင်းရှင်းရှင်း ရိုးရိုးသားသား နေလာခဲ့ တာက အခုလို မရိုးသားတဲ့သူနဲ့ ဖူးစာဆုံဖို့တဲ့ လားကွာ… ငါကိုက တကယ်အတဲ့ကောင် ပါကွာ”

 

“မင်း အရင်ဘ၀က ဝဋ်ကြွေးရှိလို့ ဆပ်ရ တယ်လို့ သဘောထားလိုက်ကွာ..မင်းလည်း ကြားဖူးမှာပါ တစ်ယောက်နဲ့တစ်ယောက် ညားကြတယ်ဆိုတာ ဖူးစာပါလို့ညားတာ လည်း ဖြစ်နိုင်သလို ဝဋ်ကြွေးပါရင်လည်း ညားတတ်တယ်ဆိုတဲ့စကား မင်းမှတ်မိလား..အဲဒါကြောင့် မင်း ဒီဘ၀ ဝဋ်ကြွေးကျေအောင် ဆပ်လိုက်ပါကွာ….”

 

“ဟား…ဟား…ဟား”

 

ကျွန်တော်ငိုသံပါကြီးနဲ့ ပိုင်ဆက်စကားကို ခနဲ့တဲ့တဲ့ ရယ်လိုက်ရင်း

 

“မင်းကတော့ ဘေးလူဆိုတော့ ပြောရုံ လေးပဲ၊ ငါက ကာယကံရှင်ကွ၊ ငါ ဒီမိန်းမကို မသတီတော့ဘူး၊ ငါ ဆက်မပေါင်းနိုင်ဘူး၊ ငါကတော့ ငါရသမျှပိုက်ဆံတွေကို တစ်ပြား မကျန် အကုန်အပ်၊ ဘယ်လိုတွေသုံးနေလဲ ဆိုတာတောင် အစစ်ဆေးအမေးမြန်း တစ်ခါ မှမလုပ်ခဲ့ဖူးဘူး၊ သူကကျ ငါ့ကို…နွား တစ်ကောင်လိုသဘောထားခဲ့တာ..၊ အဲဒါ ကြောင့် ငါသူ့ကို ဘယ်လိုနည်းနဲ့မှ မပေါင်းနိုင် တော့ဘူး”

 

ကျွန်တော် ပြောလည်းပြော၊ ငိုလည်း ငိုရင်း ဒေါသတွေ အထွတ်အထိပ်ရောက်လာ တယ်။ အရက်ရဲ့အရှိန်ကြောင့် ကျွန်တော် ပေါက်ကွဲနေတဲ့အချိန်မှာ ပိုင်ဆက်ပြောပုံက

 

“မင်းမွေးလာမယ့် ကလေးမျက်နှာကို မင်းမကြည့်တော့ဘူးလား၊ မင်းသေချာစဉ်းစား ပြီးမှ ဆုံးဖြတ် ရဲရင့်၊ မင်းအတွက်ပဲ မင်းကြည့် မနေနဲ့၊ အခု ညိုမွေးလာမယ့် မင်းတို့ကလေး ရဲ့ဘ၀က မင်းအပေါ်မူတည်နေတာ၊ မင်းပဲ မိဘမဲ့ကလေးတွေကို သနားတယ်ဆို၊ မင်းတို့ ငယ်ဘ၀က ဆင်းရဲနွမ်းပါးတဲ့ တစ်ကောင်ကြွက် တွေလို မောင်နှမတွေအတူမနေရဘဲ မိတကွဲ၊ ဖတကွဲနေခဲ့ရလို့ မင်းအနှိမ်ခံခဲ့ရတယ်ဆို”

 

(၄)

 

“ညို မင်းက ကလေးပြုစုတာ သိပ်တော် တာပဲ၊ ကလေးချေးတည်တာ၊ ထမင်းဝါးခွန့် တာ၊ ကလေးအနှီးပတ်တာအစ၊ အကုန်လုံး မင်းလုပ် တတ်တာပဲ၊ မင်းသင်ထားသလား အောက်မေ့ ရတယ်၊ ကျွမ်းကျင်တာကတော့ ရှယ်ပဲ၊ အဲဒါတွေ ဘယ်လိုတတ်လာတာလဲ”

 

ညိုက ဟန်ဆောင်ပြုံး ပြုံးတယ်။ကျွန်တော့်စကားနှိုက်မှုတွေကို ပိပိရိရိ သေသေသပ်သပ် ဖုံးကွယ်ထားပြန်တယ်။ကျွန်တော် အခုထိမသိသေးဘူးဆိုတဲ့အထင်နဲ့ သှူကိုယ်သူ ကျေနပ်နေပုံရတယ်။

 

ကျွန်တော် ပွင့်ပွင့်လင်းလင်း မေးချင် လာတယ်။ အောင့်အည်းမထားနိုင်တော့။အတတ်နိုင်ဆုံး ဒေါသကိုမြိုသိပ်ပြီး ဒဲ့ ရင်ဆိုင် လိုက်တယ်။

 

“ညိုကို ကိုမေးစရာရှိတယ်။ အမှန်တိုင်း ဖြေတာပဲ ကိုကြားချင်တယ်။ ညို ကိုနဲ့ အိမ်ထောင်မကျခင် အရင်အိမ်ထောင်ရှိခဲ့ဖူးတယ်ကြားတယ်။ ကလေးနှစ်ယောက်လည်း ရှိခဲ့တယ်ဆို၊ အဲဒါအမှန်လား ညို၊ အခုချိန်မှာ ရှိခဲ့တယ်ဆိုလည်း ဘာမှမဖြစ်တော့ဘူး၊ ကို ခွင့်လွှတ်နိုင်တယ်၊ အဲတော့ အမှန်အတိုင်း ဖြေပါ ညို”

“ပေါက်ပေါက်ရှာရှာ ဘယ်က အိမ်ထောင် ရှိရမှာလဲ၊ အပျိုအစစ်ပါဆိုနေမှပဲ၊ မယုံဘူး ဆိုရင်လည်း ကျုပ်အစ်မတွေကို ရှင့်ဘာသာ ရှင် မေးကြည့်လေ၊ ခေါ်ပေးရမလား ပြော”

 

ကျွန်တော့်ကိုပင် မဟုတ်မဟတ်စွပ်စွဲလို့ ဆိုပြီး ဒေါသတကြီး အော်ဟစ်နေပြန်တယ်။ဟန်ဆောင်ကောင်းတာကတော့ ဟိုးအရင် တုန်းကလိုပါပဲလား။

 

(၅)

 

တစ်ကြိမ်မက နှစ်ကြိမ်မက အကြိမ်ကြိမ် ဝန်ခံဖို့ အခွင့်အရေးတွေပေးခဲ့ပေမယ့် အဲဒီ အခွင့်အရေးတွေကို ကောင်းကောင်းအသုံး မချခဲ့တဲ့ ညိုကို ကျွန်တော်ပိုပြီးစိတ်နာလာခဲ့ တယ်။ ဒါကြောင့် ကျွန်တော့်အိတ်ထဲက ကွာရှင်းစာချုပ်ကို ထုတ်လိုက်တယ်။ကျွန်တော် လက်မှတ်ထိုးရမယ့်နေရာမှာ ကြိုထိုးထားပြီး ညိုကို လက်မှတ်ထိုးပေးဖို့ ကျွန်တော်သွားပေးလိုက်တယ်။ အဲဒီအချိန် ညိုက သူ့အဝတ်အစားတွေကို အိတ်ထဲ ခေါက်ထည့်နေတာ။ ကျွန်တော်လည်း စာချုပ် ပေးပြီး အခန်းအပြင်ဘက်ကို ထွက်လာခဲ့လိုက် တယ်။ ကျွန်တော်တို့ရဲ့ သွေးအေးတိုက်ပွဲဟာ မကြာခင်ပြီးဆုံးတော့မယ်။

 

ညိုကတော့ မုသားတွေကြားမှာ ယဉ်ပါး နေတဲ့ သားကောင်တစ်ကောင်လိုပဲ ရှင်သန် နေဦးမှာလား။ ညိုဝန်မခံခဲ့တာက ကျွန်တော့် ကို ချစ်လို့လား၊ သမီးလေးကို ချစ်လို့လား၊ ဒါမှမဟုတ် မိသားစုပြိုကွဲမှာ စိုးလို့လား။

 

(၆)

 

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ စကားသံစကြားရတယ်။

“ကျွန်မ အခုချိန်ဝန်ခံရင်ရော နောက်ကျ သွားပြီလား…..”

ကျွန်တော်နှုတ်ဆိတ်နေတယ်။ပြောစရာ စကားတွေ မရှိတော့တာလား၊ ပြောမထွက် တော့တာလား။

“ကျွန်မ အိမ်ထောင်ကျခဲ့တယ်၊ ကလေး လည်း နှစ်ယောက်ရခဲ့တယ်၊ ဒါပေမယ့် ကျွန်မနဲ့ရခဲ့တဲ့ အစ်ကိုကြီးက ကျွန်မအပေါ် ကောင်းပေမယ့် သူထောင်ကျသွားပြီး ထောင်ထဲမှာပဲ ရုတ်တရတ် သေသွားတော့၊ ကျွန်မ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့တယ်။အစ်ကိုကြီး ဘာလို့ထောင်ကျခဲ့လဲဆိုတော့ သူ့ညီကြောင့်။ မန္တလေးမှာ တစ်ယောက်တည်း နေတဲ့သူ့ညီဆီ ခဏသွားဦးမယ်ဆိုပြီး ပြန်မလာတော့တာ ခုချိန်ထိပဲ။

 

တစ်ယောက်တည်းနေပြီး အထိန်းအကွပ် မရှိ၊ ရသမျှပိုက်ဆံနဲ့ ရသလောက်ဘိန်းဝယ်ပြီး သုံး၊ အဖွဲ့ကောင်းတော့ ညပိုင်း လမ်းပေါ် ပေါ်လာသမျှ ဆိုင်ကယ်တွေကို ရိုက်လု၊ ဒီလို တွေ လုပ်နေတဲ့သူ့ညီတို့အဖွဲ့နဲ့ တခြားအဖွဲ့ တစ်ဖွဲ့ရန်ဖြစ်ကြတော့ သူ့ညီလေးကို ရိုက်ရ မလားဆိုပြီး သူကဝင်ရိုက်တယ်။

 

အဲဒီမှာ ရဲအဖမ်းခံရတော့ နှစ်ယောက်ထဲ က တစ်ယောက်ပဲ အထဲဝင်မယ်ဆိုပြီး အစ်ကိုကြီး ဝင်သွားတာ၊ နှစ်ရက်ပဲကြာသေးတယ်။ ရုတ်တရတ် နှလုံးရောဂါဖောက်ပြီး ထောင်ထဲ မှာ ဆုံးသွားတယ်။ အဲဒီအစ်ကိုကြီးက တခြားသူ မဟုတ်ဘူး၊ ရှင့်အစ်ကို ကိုရဲမာန်ပဲ”

 

“ဘာ…ဘယ်လို ညို၊ ပြန်ပြောစမ်းပါ”

 

“ဟုတ်တယ်၊ ကျွန်မ ဝန်မခံခဲ့တာက ရှင့်ကို စိတ်နာမိလို့၊ အစ်ကိုတစ်ယောက်လုံးက သူ့ညီအတွက် အသက်တောင်ပေးခဲ့တာကို အစ်ကိုကြီးမိသားစုလေး အဆင်ပြေရဲ့လား ဆိုပြီး ရှင်တစ်ခါလေးစိတ်ပူခဲ့ရဲ့လား၊ ရှင် ကျွန်မကို သိပ်ချစ်တာကိုတော့ ကျေးဇူးတင်ပါ တယ်။ကျွန်မလည်း ရှင့်ကို အစ်ကိုကြီးညီမှန်း မသိခင်ကတည်းက ချစ်ခဲ့ပြီးယူခဲ့တာ။ ကျွန်မတို့ နှစ်ယောက်လုံး မှားခဲ့ကြတာပဲ။ ပြီးတော့ ကျွန်မကလေးနှစ်ယောက်ကိုလည်း ကျွန်မတို့ အနားမှာခေါ်ထားချင်ပေမယ့် ရှင်လက်ခံ နိုင်မယ့်အချိန်ကို ကျွန်မစောင့်နေခဲ့ တာ။ ဒါကြောင့် ကျွန်မနဲ့အတူမနေရတဲ့ သူတို့ လေးတွေကို သားသမီးမရတဲ့ သူ့အန်တီအိမ်မှာ နေခိုင်းရတာက ကျွန်မရော ရှင့်အတွက်ပါ အဆင်ပြေခဲ့တယ်၊ ကဲ…အခု ..ကျွန်မပိုက်ဆံ ပို့ပေးနေတဲ့သူတွေက ရှင့်တူမအရင်းတွေ ဆိုတော့ ရှင်အံ့ဩသွားလား…”

 

သူ့စကားသံတွေကြောင့် ကျွန်တော် အသား တွေတုန်လာတယ်။ ကျေးဇူးအကြွေး တွေရှိတဲ့ အစ်ကိုကြီးကို တစ်ခါလေးတောင် ညိုရှေ့မှာ သတိရကြောင်း မပြောဖြစ်ခဲ့။ အိမ်ခြေရာမဲ့တစ်ယောက်လို ငယ်ငယ်လေး ကတည်းက လေလွင့်နေခဲ့တဲ့ ကျွန်တော့်ကို အစ်ကိုကြီးရှာတွေ့ချိန်မှာ ကျွန်တော်စိတ်ရိုင်း တွေဝင်နေပြီ။ အဲဒါကြောင့် အစ်ကိုကြီး အကြောင်း ဘာမှမသိခဲ့၊ မမေးဖြစ်ခဲ့ဘူး။ကျွန်တော်ဆိုးခဲ့ပေခဲ့ချိန်တုန်းက ကျွန်တော့် အစ်ကိုကြီးအရင်း ကိုရဲမာန်ကြောင့် ထောင်ထဲ မဝင်ခဲ့ရတာအမှန်ပါ။ ဒီကျေးဇူးတွေကိုဆပ်ဖို့ အစ်ကိုကြီးမိသားစုကို ကျွန်တော် နည်းနည်း လေးတောင် သတိမရခဲ့ဘူး။ ပြဿနာဖြစ်ပြီး နောက်ပိုင်း ကျွန်တော့်အတိတ်တွေနဲ့ ဝေးရာ ဆီ ကျွန်တော်ထွက်ပြေးလာခဲ့တယ်။

 

ကျွန်တော် လူမပီသလိုက်တာ။ အရင် တုန်းကလို မမိုက်တော့ပေမယ့် အခုထိရိုင်းနေ တုန်းပါလား။

 

ကျွန်တော် ဝမ်းနည်းပက်လက်ဖြစ်ရင်း ညိုရှေ့မှာ ဒူးထောက်ငိုကြွေးမိတယ်။ခေါင်း ငိုက်စိုက်ကျရင်းက ကျွန်တော့်မျက်လုံးတွေက ညိုပြန်ပေးတဲ့ ကွာရှင်းစာချုပ်ဆီ ဝေဝေဝါးဝါး ရောက်သွားတယ်။

ကွာရှင်းစာချုပ်ပေါ်မှာက

 

ဒေါ်ညိုနှင်း

 

ညိုလက်မှတ်နေရာမှာ ဘာမှရေးခြစ် ထားခြင်းမရှိဘဲ အဖြူရောင်စာရွက်အတိုင်း ရှိနေခြင်းက ကျွန်တော့်ဆီက သံသယငြိုးတွေ ကင်းစင်ပျောက်ကွယ်သွားခြင်းကို ကိုယ်စား ပြုနေတာမျိုးလား။ ။

 

မြခက်လွှာ

႐ိုးမယ္ဖြဲ႕အၿငိဳး(စ-ဆုံး)
ျမခက္လႊာ

(၁)
ဒီေန႔ဟာ ဆယ္တန္းေအာင္စာရင္း ထြက္တဲ့ေန႔။ ကြၽန္ေတာ္သိပ္ေပ်ာ္တဲ့ေန႔ေလး တစ္ေန႔။ ကြၽန္ေတာ့္သမီးေလး ျမရိပ္ခ်ိဳ ဆယ္တန္းစာေမးပြဲမွာ ႏွစ္ဘာသာဂုဏ္ထူးနဲ႔ ေအာင္တယ္။ ေပ်ာ္လြန္းလို႔ အိမ္ကို တန္းျပန္ လာခဲ့တာ။

လမ္းေလွ်ာက္ေနရင္းမွာပဲ ကြၽန္ေတာ့္ အေပ်ာ္ေတြ ပ်ယ္စျပဳလာတယ္။ ကြၽန္ေတာ္ အိမ္မေရာက္ခင္ ပစၥည္းတစ္ခုဝယ္ရဦးမယ္။တျခားေတာ့မဟုတ္ ကြာရွင္းစာခ်ဳပ္ဝယ္ရမွာ။ဟုတ္တယ္။ ကြၽန္ေတာ္နဲ႔ညိဳ သမီးဆယ္တန္း ေအာင္တဲ့ေန႔က်ရင္ ကြာရွင္းၾကမယ္လို႔ ကတိ ေပးထားၾကတယ္။ ကတိေပးထားတယ္ ဆိုတာထက္ ကြၽန္ေတာ္က ကတိေတာင္းထား တာ။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ေက်နပ္တယ္။ကြၽန္ေတာ္ ဒီကိစၥကို ၁၃ ႏွစ္ေလာက္ၾကာတဲ့ အထိ ေအာင့္အည္းသည္းခံၿမိဳသိပ္ထားရတာ။

ကြၽန္ေတာ္လည္း သမီး စာေမးပြဲေအာင္ ေၾကာင္းေျပာဖို႔ ဘယ္သူရွိမလဲ အိမ္ထဲကို ၾကည့္လိုက္တယ္။ သမီးကိုလည္း မျမင္မိဘူး။ ဒါေပမယ့္ အိမ္ေနာက္ေဖးမီးဖိုေခ်ာင္မွာေတာ့ အသက္အလတ္ပိုင္း အမ်ိဳးသမီးတစ္ေယာက္ ကို ျမင္မိတယ္။ သူက တျခားသူေတာ့မဟုတ္ ကြၽန္ေတာ္ဇနီး ညိဳပါ။ ကြၽန္ေတာ္ သူ႔နား သြားၿပီး စကားစလိုက္တယ္။

“တို႔သမီး စာေမးပြဲေအာင္တယ္၊ ဂုဏ္ထူး လည္း ႏွစ္ဘာသာပါတယ္”
“ေဩ်ာ”
သူေျဖပုံက ေဩာ္ တဲ့။ တစ္လုံးတည္း အပို အလိုမရွိေျဖၿပီး သူ႔အလုပ္သူဆက္လုပ္တယ္။ကြၽန္ေတာ္လည္း ဧည့္ခန္းျပန္လာၿပီး စာအုပ္ ေဟာင္းတစ္အုပ္ကို ေကာက္ဖတ္ေနလိုက္ တယ္။ စာမ်က္ႏွာေတြ တစ္႐ြက္ၿပီးတစ္႐ြက္ သာ ဖတ္သြားတယ္။ ဘာအေၾကာင္းအရာေတြ ေရးထားမွန္းလည္းမသိ။ ဘယ္သိမလဲ။ကြၽန္ေတာ့္ မ်က္လုံးေတြကသာ စာ႐ြက္ေပၚမွာ ရွိေနတာ ကြၽန္ေတာ့္စိတ္ေတြကေတာ့ ေရာင္စဥ္တန္းေတြကို လိုက္ဖမ္းေနသလို အေတြးေတြနဲ႔ ေဆာက္တည္ရာမရျဖစ္ေနတာ။

(၂)

“မွန္တယ္၊ ငါမွန္တယ္၊ ငါ သူဝန္ခံဖို႔ အခြင့္အေရးေတြ ေပးခဲ့တယ္၊ သူ႔အတြက္ အခ်ိန္ေတြ အမ်ားႀကီး ေပးခဲ့တယ္၊ ဒါေပမယ့္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာတဲ့အထိ သူဝန္မခံ ခဲ့ဘူး၊ ဒါ သူ႔အျပစ္၊ ဒါ သူ႔အမွား၊ ‘ရဲရင့္’ မင္း အမွားမလုပ္ခဲ့ပါဘူး၊ မင္းလုပ္သင့္တာေတြ လုပ္ခဲ့ၿပီးၿပီ၊ မင္း မွန္မွန္ကန္ကန္ မွ်မွ်တတ ေ႐ြးခ်ယ္ဆုံးျဖတ္ႏိုင္ခဲ့ၿပီ၊ မင္းဘာေတြ ေတြေဝ ေနတာလဲ”

ထိုစကားလုံးေတြက ကြၽန္ေတာ့္ဦးေႏွာက္ ကို လာႏွိပ္စက္ေနၿပီ၊ ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ ကို ျပင္ဖို႔ႀကိဳးစားတိုင္း ျပန္ၿပီးၾကားေယာင္လာ တဲ့စကားလုံးေတြက ရင္ကို စူးစူးႀကီးေအာင့္ ေစတယ္။ သူ႔အစ္မေတြေျပာပုံက

“မိညိဳရယ္… ဗိုက္ႀကီးတာ အဆန္းလုပ္လို႔၊ နင္႐ြာတုန္းကလည္း ကေလးႏွစ္ေယာက္ ေမြးထားတာပဲဟာ၊ ဘာခက္တာမွတ္လို႔၊ နင္ေမြးႏိုင္မွာ အသာေလးရယ္၊ စိတ္ပူမေနနဲ႔”

“တိုးတိုးေျပာပါ အစ္မရယ္၊ နင္နဲ႔ေတာ့ ကိုရဲရင့္ၾကားသြားရင္ ဘယ္လိုလုပ္မလဲ”

ညိဳနဲ႔ သူ႔အစ္မေျပာေနတဲ့စကားေတြကို ကြၽန္ေတာ္အိပ္ရာထဲကေန ၾကားလိုက္တယ္။ကိုယ့္နားကိုယ္လည္း မယုံၾကည္ျဖစ္မိတယ္။ဘာတဲ့။ ဒါဆို ညိဳက အပ်ိဳမဟုတ္ဘူးေပါ့။ကြၽန္ေတာ့္ထက္ အသက္သုံးႏွစ္ႀကီးတဲ့ ညိဳက ကြၽန္ေတာ့္ကို အပ်ိဳႀကီးပါဆိုၿပီး ညာခဲ့တာ အခု ကြၽန္ေတာ့္ရင္ေသြးေလး လြယ္ထားရသည္ အထိေပါ့။ ရက္စက္လိုက္တာ။ ညိဳ မင္း ကိုယ့္ကိုညာတယ္။ မင္းက ငါနဲ႔မရခင္ ကေလး ႏွစ္ေယာက္ေတာင္ ရွိခဲ့တယ္တဲ့လား။ကြၽန္ေတာ္စိတ္ေတြ အလြန္တိုၿပီး အံကို တင္းတင္းႀကိတ္ထားတယ္။

(၃)

ကြၽန္ေတာ္စိတ္ညစ္ညစ္နဲ႔ သူငယ္ခ်င္း ကဗ်ာဆရာအိမ္ ေရာက္လာတယ္။ ဒီည မူးေအာင္ေသာက္မယ္။ တကယ္ေတာ့ ဝီစကီ မေသာက္ခင္ကတည္းက မူးေနတာပါ။

“ေဟ့ေကာင္…ရဲႀကီး မင္းဘာလို႔ဒီည အ မူးေသာက္ေနတာလဲ။ ေသာက္ေနက်လည္း မဟုတ္ဘဲနဲ႔။ မင္းလိုလူ ေရခဲတုန္းႀကီးျဖစ္ေန တာ ၾကာၿပီေလကြာ၊ အခုမွ ဒီအရက္နဲ႔ အရည္ေပ်ာ္ေအာင္ လုပ္ေနတာလား”

“ငါ စိတ္ညစ္လို႔ပါ၊ ပိုင္ဆက္ရာ…ငါ တကယ္ စိတ္ညစ္ေနတာ”

“မင္းဘာကိုစိတ္ညစ္ေနတာလဲ၊ ငါ တတ္ႏိုင္ရင္ ကူညီေပးမယ္..မင္း ငါ့ကိုေျပာျပ ေလကြာ”

ကြၽန္ေတာ္ အရက္ရွိန္ေၾကာင့္ ရင္ထဲ ရွိသမွ် အကုန္ဖြင့္အန္ပစ္ႏိုင္တယ္။ ညိဳက ရည္းစားဘ၀တုန္းက အပ်ိဳလို႔ ညာခဲ့တာျဖစ္ ေၾကာင္း၊ ညိဳမွာ အရင္အိမ္ေထာင္နဲ႔ ကေလး ႏွစ္ေယာက္ရွိခဲ့ၿပီးေတာ့ အခု ေက်ာက္ပန္း ေတာင္းမွာရွိတဲ့ အဲဒီကေလးႏွစ္ေယာက္ကို လစဥ္ေငြပို႔ေပးေနေၾကာင္း၊ ကြၽန္ေတာ့္ကို အခုလို လိမ္လည္လွည့္စားခဲ့တာသိၿပီး စိတ္နာတဲ့အေၾကာင္းေတြ တရစပ္ေျပာျပ လိုက္တယ္။ သူငယ္ခ်င္း ကဗ်ာဆရာက ကြၽန္ေတာ့္စကားေတြ ၾကားလိုက္ရတာကို အံ့ဩတဲ့ပုံမျပေတာ့ ကြၽန္ေတာ္ပိုၿပီး ခံရခက္ သြားတယ္။ သူျပန္ေျပာပုံကလည္း
“ငါသိတယ္….မင္းတစ္ေန႔ ငါ့ဆီ အခုလို ရင္ဖြင့္လာလိမ့္မယ္လို႔”

“ဘယ္လို”

“ဟုတ္တယ္ ရဲႀကီး၊ ညိဳနဲ႔ပတ္သက္ၿပီး အဲသတင္းေတြ ငါၾကားတာက မင္းမဂၤလာ ေဆာင္တဲ့ေန႔က၊ မင္းက မႏၲေလးမွာ ေပေတ ေနလို႔ လားရႈိးကို ငါေခၚလို႔ေရာက္လာတာ၊ ညိဳတို႔မိသားစုကလည္း မင္းအရင္ ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ကမွ လားရႈိးကို ေရာက္လာ ၾကတာ။ အဲေတာ့ မင္းတို႔ႏွစ္ေယာက္ ယူေတာ့ မွာလိုလို၊ ဘာလိုလိုျဖစ္ေနၾကေတာ့ ငါ အညာ က အသိတစ္ေယာက္ကို တိုက္တိုက္ဆိုင္ဆိုင္ စကားစပ္မိၿပီး ညိဳအေၾကာင္းေတြ စုံစမ္းျဖစ္ တယ္၊ ၿပီးေတာ့ အဲမိတ္ေဆြက ညိဳကိုသိသလိုပဲ တဲ့၊ မေသခ်ာလို႔ ေသခ်ာစုံစမ္းၿပီးမွ ဖုန္းျပန္ ဆက္မယ္ေျပာတယ္၊ ငါလည္း ဆက္မေမးျဖစ္ ေတာ့ဘူး။

ဒါေပမယ့္ သူဖုန္းျပန္ဆက္လာတဲ့ေန႔က မင္းမဂၤလာေဆာင္တဲ့ေန႔။ ငါဘယ္လိုလုပ္ရ မလဲ။ မင္းက သတို႔သားဝတ္စုံႀကီးနဲ႔ ၿပဳံးၿပဳံး ၿပဳံးၿပဳံး ျဖစ္ေနတာ။ အဲဒီအခ်ိန္ ညိဳကလည္း အပ်ိဳတစ္ေယာက္လို ခႏၶာကိုယ္တည္ေဆာက္ ပုံမ်ိဳးနဲ႔ အခ်ိဳးအဆစ္လွလွရွိေနေသးတာ ဆိုေတာ့ ငါဘယ္လိုမွ မင္းကိုေျပာမထြက္ခဲ့ဘူး။အဲဒါေၾကာင့္ ငါဆုံးျဖတ္လိုက္တယ္၊ ငါ မင္းကို မေျပာျပေတာ့ဘူးဆိုၿပီးေတာ့။ မဂၤလာေဆာင္ ၿပီးေနာက္ပိုင္း မင္းလည္း ေအးေအးခ်မ္းခ်မ္း ပဲဆိုေတာ့ ငါႏႈတ္ပိတ္ေနခဲ့လိုက္တာ”

“ဘယ္လို… ဒါဆို မင္းက အေစာႀကီး တည္းက သိေနခဲ့တာေပါ့၊ မင္းကြာ…သူငယ္ ခ်င္းေကာင္း မပီသလိုက္တာ၊ ကိုယ့္သူငယ္ခ်င္း တစ္ေယာက္လုံး ႏြားလုံးလုံးျဖစ္ေနတာကို မင္းမို႔ ၿမဳံထားရက္တယ္ ‘ေတာက္’ ငါတကယ္ လွည္းက်ိဳးထမ္းခဲ့ရတာပါကြာ၊ ငါရွက္တယ္ကြ”

“ငါ့တစ္ဘ၀လုံး ဒီလိုကိစၥေတြမွာ ကင္းကင္းရွင္းရွင္း ႐ိုး႐ိုးသားသား ေနလာခဲ့ တာက အခုလို မ႐ိုးသားတဲ့သူနဲ႔ ဖူးစာဆုံဖို႔တဲ့ လားကြာ… ငါကိုက တကယ္အတဲ့ေကာင္ ပါကြာ”

“မင္း အရင္ဘ၀က ဝဋ္ေႂကြးရွိလို႔ ဆပ္ရ တယ္လို႔ သေဘာထားလိုက္ကြာ..မင္းလည္း ၾကားဖူးမွာပါ တစ္ေယာက္နဲ႔တစ္ေယာက္ ညားၾကတယ္ဆိုတာ ဖူးစာပါလို႔ညားတာ လည္း ျဖစ္ႏိုင္သလို ဝဋ္ေႂကြးပါရင္လည္း ညားတတ္တယ္ဆိုတဲ့စကား မင္းမွတ္မိလား..အဲဒါေၾကာင့္ မင္း ဒီဘ၀ ဝဋ္ေႂကြးေက်ေအာင္ ဆပ္လိုက္ပါကြာ….”

“ဟား…ဟား…ဟား”

ကြၽန္ေတာ္ငိုသံပါႀကီးနဲ႔ ပိုင္ဆက္စကားကို ခနဲ႔တဲ့တဲ့ ရယ္လိုက္ရင္း

“မင္းကေတာ့ ေဘးလူဆိုေတာ့ ေျပာ႐ုံ ေလးပဲ၊ ငါက ကာယကံရွင္ကြ၊ ငါ ဒီမိန္းမကို မသတီေတာ့ဘူး၊ ငါ ဆက္မေပါင္းႏိုင္ဘူး၊ ငါကေတာ့ ငါရသမွ်ပိုက္ဆံေတြကို တစ္ျပား မက်န္ အကုန္အပ္၊ ဘယ္လိုေတြသုံးေနလဲ ဆိုတာေတာင္ အစစ္ေဆးအေမးျမန္း တစ္ခါ မွမလုပ္ခဲ့ဖူးဘူး၊ သူကက် ငါ့ကို…ႏြား တစ္ေကာင္လိုသေဘာထားခဲ့တာ..၊ အဲဒါ ေၾကာင့္ ငါသူ႔ကို ဘယ္လိုနည္းနဲ႔မွ မေပါင္းႏိုင္ ေတာ့ဘူး”

ကြၽန္ေတာ္ ေျပာလည္းေျပာ၊ ငိုလည္း ငိုရင္း ေဒါသေတြ အထြတ္အထိပ္ေရာက္လာ တယ္။ အရက္ရဲ႕အရွိန္ေၾကာင့္ ကြၽန္ေတာ္ ေပါက္ကြဲေနတဲ့အခ်ိန္မွာ ပိုင္ဆက္ေျပာပုံက

“မင္းေမြးလာမယ့္ ကေလးမ်က္ႏွာကို မင္းမၾကည့္ေတာ့ဘူးလား၊ မင္းေသခ်ာစဥ္းစား ၿပီးမွ ဆုံးျဖတ္ ရဲရင့္၊ မင္းအတြက္ပဲ မင္းၾကည့္ မေနနဲ႔၊ အခု ညိဳေမြးလာမယ့္ မင္းတို႔ကေလး ရဲ႕ဘ၀က မင္းအေပၚမူတည္ေနတာ၊ မင္းပဲ မိဘမဲ့ကေလးေတြကို သနားတယ္ဆို၊ မင္းတို႔ ငယ္ဘ၀က ဆင္းရဲႏြမ္းပါးတဲ့ တစ္ေကာင္ႂကြက္ ေတြလို ေမာင္ႏွမေတြအတူမေနရဘဲ မိတကြဲ၊ ဖတကြဲေနခဲ့ရလို႔ မင္းအႏွိမ္ခံခဲ့ရတယ္ဆို”

(၄)

“ညိဳ မင္းက ကေလးျပဳစုတာ သိပ္ေတာ္ တာပဲ၊ ကေလးေခ်းတည္တာ၊ ထမင္းဝါးခြန႔္ တာ၊ ကေလးအႏွီးပတ္တာအစ၊ အကုန္လုံး မင္းလုပ္ တတ္တာပဲ၊ မင္းသင္ထားသလား ေအာက္ေမ့ ရတယ္၊ ကြၽမ္းက်င္တာကေတာ့ ရွယ္ပဲ၊ အဲဒါေတြ ဘယ္လိုတတ္လာတာလဲ”

ညိဳက ဟန္ေဆာင္ၿပဳံး ၿပဳံးတယ္။ကြၽန္ေတာ့္စကားႏႈိက္မႈေတြကို ပိပိရိရိ ေသေသသပ္သပ္ ဖုံးကြယ္ထားျပန္တယ္။ကြၽန္ေတာ္ အခုထိမသိေသးဘူးဆိုတဲ့အထင္နဲ႔ သႉကိုယ္သူ ေက်နပ္ေနပုံရတယ္။

ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္း ေမးခ်င္ လာတယ္။ ေအာင့္အည္းမထားႏိုင္ေတာ့။အတတ္ႏိုင္ဆုံး ေဒါသကိုၿမိဳသိပ္ၿပီး ဒဲ့ ရင္ဆိုင္ လိုက္တယ္။

“ညိဳကို ကိုေမးစရာရွိတယ္။ အမွန္တိုင္း ေျဖတာပဲ ကိုၾကားခ်င္တယ္။ ညိဳ ကိုနဲ႔ အိမ္ေထာင္မက်ခင္ အရင္အိမ္ေထာင္ရွိခဲ့ဖူးတယ္ၾကားတယ္။ ကေလးႏွစ္ေယာက္လည္း ရွိခဲ့တယ္ဆို၊ အဲဒါအမွန္လား ညိဳ၊ အခုခ်ိန္မွာ ရွိခဲ့တယ္ဆိုလည္း ဘာမွမျဖစ္ေတာ့ဘူး၊ ကို ခြင့္လႊတ္ႏိုင္တယ္၊ အဲေတာ့ အမွန္အတိုင္း ေျဖပါ ညိဳ”
“ေပါက္ေပါက္ရွာရွာ ဘယ္က အိမ္ေထာင္ ရွိရမွာလဲ၊ အပ်ိဳအစစ္ပါဆိုေနမွပဲ၊ မယုံဘူး ဆိုရင္လည္း က်ဳပ္အစ္မေတြကို ရွင့္ဘာသာ ရွင္ ေမးၾကည့္ေလ၊ ေခၚေပးရမလား ေျပာ”

ကြၽန္ေတာ့္ကိုပင္ မဟုတ္မဟတ္စြပ္စြဲလို႔ ဆိုၿပီး ေဒါသတႀကီး ေအာ္ဟစ္ေနျပန္တယ္။ဟန္ေဆာင္ေကာင္းတာကေတာ့ ဟိုးအရင္ တုန္းကလိုပါပဲလား။

(၅)

တစ္ႀကိမ္မက ႏွစ္ႀကိမ္မက အႀကိမ္ႀကိမ္ ဝန္ခံဖို႔ အခြင့္အေရးေတြေပးခဲ့ေပမယ့္ အဲဒီ အခြင့္အေရးေတြကို ေကာင္းေကာင္းအသုံး မခ်ခဲ့တဲ့ ညိဳကို ကြၽန္ေတာ္ပိုၿပီးစိတ္နာလာခဲ့ တယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္အိတ္ထဲက ကြာရွင္းစာခ်ဳပ္ကို ထုတ္လိုက္တယ္။ကြၽန္ေတာ္ လက္မွတ္ထိုးရမယ့္ေနရာမွာ ႀကိဳထိုးထားၿပီး ညိဳကို လက္မွတ္ထိုးေပးဖို႔ ကြၽန္ေတာ္သြားေပးလိုက္တယ္။ အဲဒီအခ်ိန္ ညိဳက သူ႔အဝတ္အစားေတြကို အိတ္ထဲ ေခါက္ထည့္ေနတာ။ ကြၽန္ေတာ္လည္း စာခ်ဳပ္ ေပးၿပီး အခန္းအျပင္ဘက္ကို ထြက္လာခဲ့လိုက္ တယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေသြးေအးတိုက္ပြဲဟာ မၾကာခင္ၿပီးဆုံးေတာ့မယ္။

ညိဳကေတာ့ မုသားေတြၾကားမွာ ယဥ္ပါး ေနတဲ့ သားေကာင္တစ္ေကာင္လိုပဲ ရွင္သန္ ေနဦးမွာလား။ ညိဳဝန္မခံခဲ့တာက ကြၽန္ေတာ့္ ကို ခ်စ္လို႔လား၊ သမီးေလးကို ခ်စ္လို႔လား၊ ဒါမွမဟုတ္ မိသားစုၿပိဳကြဲမွာ စိုးလို႔လား။

(၆)

အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးမွ စကားသံစၾကားရတယ္။
“ကြၽန္မ အခုခ်ိန္ဝန္ခံရင္ေရာ ေနာက္က် သြားၿပီလား…..”
ကြၽန္ေတာ္ႏႈတ္ဆိတ္ေနတယ္။ေျပာစရာ စကားေတြ မရွိေတာ့တာလား၊ ေျပာမထြက္ ေတာ့တာလား။
“ကြၽန္မ အိမ္ေထာင္က်ခဲ့တယ္၊ ကေလး လည္း ႏွစ္ေယာက္ရခဲ့တယ္၊ ဒါေပမယ့္ ကြၽန္မနဲ႔ရခဲ့တဲ့ အစ္ကိုႀကီးက ကြၽန္မအေပၚ ေကာင္းေပမယ့္ သူေထာင္က်သြားၿပီး ေထာင္ထဲမွာပဲ ႐ုတ္တရတ္ ေသသြားေတာ့၊ ကြၽန္မ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မုဆိုးမျဖစ္ခဲ့တယ္။အစ္ကိုႀကီး ဘာလို႔ေထာင္က်ခဲ့လဲဆိုေတာ့ သူ႔ညီေၾကာင့္။ မႏၲေလးမွာ တစ္ေယာက္တည္း ေနတဲ့သူ႔ညီဆီ ခဏသြားဦးမယ္ဆိုၿပီး ျပန္မလာေတာ့တာ ခုခ်ိန္ထိပဲ။

တစ္ေယာက္တည္းေနၿပီး အထိန္းအကြပ္ မရွိ၊ ရသမွ်ပိုက္ဆံနဲ႔ ရသေလာက္ဘိန္းဝယ္ၿပီး သုံး၊ အဖြဲ႕ေကာင္းေတာ့ ညပိုင္း လမ္းေပၚ ေပၚလာသမွ် ဆိုင္ကယ္ေတြကို ႐ိုက္လု၊ ဒီလို ေတြ လုပ္ေနတဲ့သူ႔ညီတို႔အဖြဲ႕နဲ႔ တျခားအဖြဲ႕ တစ္ဖြဲ႕ရန္ျဖစ္ၾကေတာ့ သူ႔ညီေလးကို ႐ိုက္ရ မလားဆိုၿပီး သူကဝင္႐ိုက္တယ္။

အဲဒီမွာ ရဲအဖမ္းခံရေတာ့ ႏွစ္ေယာက္ထဲ က တစ္ေယာက္ပဲ အထဲဝင္မယ္ဆိုၿပီး အစ္ကိုႀကီး ဝင္သြားတာ၊ ႏွစ္ရက္ပဲၾကာေသးတယ္။ ႐ုတ္တရတ္ ႏွလုံးေရာဂါေဖာက္ၿပီး ေထာင္ထဲ မွာ ဆုံးသြားတယ္။ အဲဒီအစ္ကိုႀကီးက တျခားသူ မဟုတ္ဘူး၊ ရွင့္အစ္ကို ကိုရဲမာန္ပဲ”

“ဘာ…ဘယ္လို ညိဳ၊ ျပန္ေျပာစမ္းပါ”

“ဟုတ္တယ္၊ ကြၽန္မ ဝန္မခံခဲ့တာက ရွင့္ကို စိတ္နာမိလို႔၊ အစ္ကိုတစ္ေယာက္လုံးက သူ႔ညီအတြက္ အသက္ေတာင္ေပးခဲ့တာကို အစ္ကိုႀကီးမိသားစုေလး အဆင္ေျပရဲ႕လား ဆိုၿပီး ရွင္တစ္ခါေလးစိတ္ပူခဲ့ရဲ႕လား၊ ရွင္ ကြၽန္မကို သိပ္ခ်စ္တာကိုေတာ့ ေက်းဇူးတင္ပါ တယ္။ကြၽန္မလည္း ရွင့္ကို အစ္ကိုႀကီးညီမွန္း မသိခင္ကတည္းက ခ်စ္ခဲ့ၿပီးယူခဲ့တာ။ ကြၽန္မတို႔ ႏွစ္ေယာက္လုံး မွားခဲ့ၾကတာပဲ။ ၿပီးေတာ့ ကြၽန္မကေလးႏွစ္ေယာက္ကိုလည္း ကြၽန္မတို႔ အနားမွာေခၚထားခ်င္ေပမယ့္ ရွင္လက္ခံ ႏိုင္မယ့္အခ်ိန္ကို ကြၽန္မေစာင့္ေနခဲ့ တာ။ ဒါေၾကာင့္ ကြၽန္မနဲ႔အတူမေနရတဲ့ သူတို႔ ေလးေတြကို သားသမီးမရတဲ့ သူ႔အန္တီအိမ္မွာ ေနခိုင္းရတာက ကြၽန္မေရာ ရွင့္အတြက္ပါ အဆင္ေျပခဲ့တယ္၊ ကဲ…အခု ..ကြၽန္မပိုက္ဆံ ပို႔ေပးေနတဲ့သူေတြက ရွင့္တူမအရင္းေတြ ဆိုေတာ့ ရွင္အံ့ဩသြားလား…”

သူ႔စကားသံေတြေၾကာင့္ ကြၽန္ေတာ္ အသား ေတြတုန္လာတယ္။ ေက်းဇူးအေႂကြး ေတြရွိတဲ့ အစ္ကိုႀကီးကို တစ္ခါေလးေတာင္ ညိဳေရွ႕မွာ သတိရေၾကာင္း မေျပာျဖစ္ခဲ့။ အိမ္ေျခရာမဲ့တစ္ေယာက္လို ငယ္ငယ္ေလး ကတည္းက ေလလြင့္ေနခဲ့တဲ့ ကြၽန္ေတာ့္ကို အစ္ကိုႀကီးရွာေတြ႕ခ်ိန္မွာ ကြၽန္ေတာ္စိတ္႐ိုင္း ေတြဝင္ေနၿပီ။ အဲဒါေၾကာင့္ အစ္ကိုႀကီး အေၾကာင္း ဘာမွမသိခဲ့၊ မေမးျဖစ္ခဲ့ဘူး။ကြၽန္ေတာ္ဆိုးခဲ့ေပခဲ့ခ်ိန္တုန္းက ကြၽန္ေတာ့္ အစ္ကိုႀကီးအရင္း ကိုရဲမာန္ေၾကာင့္ ေထာင္ထဲ မဝင္ခဲ့ရတာအမွန္ပါ။ ဒီေက်းဇူးေတြကိုဆပ္ဖို႔ အစ္ကိုႀကီးမိသားစုကို ကြၽန္ေတာ္ နည္းနည္း ေလးေတာင္ သတိမရခဲ့ဘူး။ ျပႆနာျဖစ္ၿပီး ေနာက္ပိုင္း ကြၽန္ေတာ့္အတိတ္ေတြနဲ႔ ေဝးရာ ဆီ ကြၽန္ေတာ္ထြက္ေျပးလာခဲ့တယ္။

ကြၽန္ေတာ္ လူမပီသလိုက္တာ။ အရင္ တုန္းကလို မမိုက္ေတာ့ေပမယ့္ အခုထိ႐ိုင္းေန တုန္းပါလား။

ကြၽန္ေတာ္ ဝမ္းနည္းပက္လက္ျဖစ္ရင္း ညိဳေရွ႕မွာ ဒူးေထာက္ငိုေႂကြးမိတယ္။ေခါင္း ငိုက္စိုက္က်ရင္းက ကြၽန္ေတာ့္မ်က္လုံးေတြက ညိဳျပန္ေပးတဲ့ ကြာရွင္းစာခ်ဳပ္ဆီ ေဝေဝဝါးဝါး ေရာက္သြားတယ္။
ကြာရွင္းစာခ်ဳပ္ေပၚမွာက

ေဒၚညိဳႏွင္း

ညိဳလက္မွတ္ေနရာမွာ ဘာမွေရးျခစ္ ထားျခင္းမရွိဘဲ အျဖဴေရာင္စာ႐ြက္အတိုင္း ရွိေနျခင္းက ကြၽန္ေတာ့္ဆီက သံသယၿငိဳးေတြ ကင္းစင္ေပ်ာက္ကြယ္သြားျခင္းကို ကိုယ္စား ျပဳေနတာမ်ိဳးလား။ ။

ျမခက္လႊာ