ထူးဆန်းသောလူခြောက်ကလေး(စ/ဆုံး)

Unicode Version

ထူးဆန်းသောလူခြောက်ကလေး(စ/ဆုံး)
————————————————
မိုးနောက်တွင် လေက ဆင့်ပါလာ ပြန်၏။ လေအဝှေ့မှာ သစ်ပင်သစ်ကိုင်း များလှုပ်ရှားယိမ်းထိုးတိုက်ခတ်နေဟန်
တို့ကပင် ကြောက်စရာ။ တဖြောင်း
ဖြောင်း တဖြန်းဖြန်း သစ်ကိုင်းသစ်ခက်
အကျိုးအစများ အိမ်အပြင်ခြံထဲနှင့် ရွာ
လမ်းမပေါ်ပြန့်ကြဲကျနေကြသည်။ တစ်
ချက်တစ်ချက် ဆောင့်တိုးလိုက်သည့်
လေအဟုန်ကြောင့် တဲကလေးပင်

တသိမ့်သိမ့်တုန်ခါသွားစေ၏။ ဝါးရုံပင်စု များဆီမှ ထိုးထိုး ထောင်ထောင်ထွက်
နေသော ဝါးပင် ဝါးကိုင်းများ ဘယ်ညာ
ဝှေ့ယမ်း၍ကိုင်းဖျားတို့ မြေသို့ ရိုက်ခတ်
ထိလုခမန်း။
ခုတလော မိုးကောင်းပုံက အဆ မတန် လွန်လွန်းသည်။ ကျွတ်ကျွတ် လွတ်လွတ်နေပူသည့်ရက်ဟူ၍ မရှိ သေး။ မနှစ်က မိုးနည်းသဖြင့် အနိမ့်ပိုင်း

လယ်များဟန်သလောက် ဒီနှစ် မိုးမှာ ဒုက္ခပေးတော့မည်ပေလားမသိ။ မိုးဦး
အစပျိုးမထောင်မီထဲကမိုးမရွာမရွာနှင့်
လယ်သမားတို့ မိုးကို မျှော်နေကြစဉ် မိုး
ရွာလာ၍ ဝမ်းသာအားရလုပ်ကိုင်လာခဲ့
သည်။ ထွန်ယက်စိုက်ပျိုးပြီးချိန်အထိ
မိုးမှန်နေဆဲ။ ပင်လုံးပင်ခြေ ဖွံ့ထွားစည်
ပင်လာမှ ရွာမယ့်ရွာတော့ နေ့မစဲညမစဲ
မချိမဆန့် သွန်ချရွာနေခြင်းမျိုး။ ဒီ
အတိုင်းဆို ခက်ရချည့်။ လူသွားလူလာ၊
နွားထွက်နွားဝင်တို့ကြောင့် ရွာလယ်
လမ်းမပင် ဗွက်လုံး လည်နေလောက်
သည်။ အချိန်စောသေးသော်လည်း
သည်းနေသောမိုးကြောင့်အသွားအလာ
ကျဲပါးခဲ့ခြင်းဖြစ်၍ အားလုံးက ကုတ်
ကုတ်ရုတ်ရုတ်အိမ်ထဲတွင်ရှိနေကြမည်။
ရွာနေသော မိုးကိုကြည့်ရင်း ကိုမြသင်း
တစ်ယောက်ခုနစ်စင်အမျှင်တန်းအတွေး
နယ်ကျယ်နေမိသည်။ ရေနွေးကြမ်းတစ်
ခွက်ငှဲ့ကာယူ၍ တစ်ကျိုက်မှုတ်သောက် နေစဉ် သူ့မျက်လုံးများက ဇနီးသည်
မစန်းနုထံ ရောက်သွားပြန်၏။ မစန်းနု ကိုယ့်ပြည့်လက်ပြည့်ကြီး နှင့် ရေနံဆီမှန်အိမ်အောက်တွင် အဝတ် ပြဲများ ချုပ်နေရှာသည်။ ထရံပေါက်ကြို

ကြားမှ
တိုးဝင်လာသောလေမှာ မှန်အိမ်
ကို လှုပ်ယမ်းနေစေသည့်တိုင် အချုပ်
အလုပ်မပျက်။ သူ့ခမျာ ကိုယ်ဝန်ကြီးနှင့်
ပေမယ့် တစ်နေ့ တစ်နေ့ အနားမနေ
အလုပ်နှင့်လက် တရစပ်ပြတ်သည်မရှိ။
အိမ်ထောင်ကျပြီး တစ်နှစ်ကျော်ကျော်
လောက်တွင် ကိုမြသင်း မိခင်ကြီးဆုံး
သည်။ မိခင်ကြီးရှိစဉ်က ချွေးမအလိမ္မာ
လေးကို ကူပံ့နိုင်သော်လည်း ခုနေခါ
လူခွဲမရှိတော့၍ တစ်အိမ်လုံးအလုပ်မှာ
မစန်းနုတာဝန်။ ကိုမြသင်းလယ်အလုပ်
မအားသည့်ကြားက ကူနိုင်သမျှ ကူပေး
ခဲ့၏။ မစန်းနု မပေါ့မပါးဖြစ်လာချိန်တွင်
တူမဝမ်းကွဲလေး အေးတင်က နေ့လယ်
နေ့ခင်းအကူအညီပေးနေသောကြောင့်
တော်ပေသေးသည်။ နို့မို့သာဖြင့် မစန်းနု
အဖို့မလွယ်။ ရေနွေးသောက်နေသည့် ခိုက် ကိုမြသင်း သက်ပြင်းချလိုက်မိ သည်။ မစန်းနုမှာ ယခင်က ခြေမွေး မီး
မလောင်၊ လက်မွေးမီးမလောင် နေခဲ့
ရသောဘဝ။ သူနှင့်ကြိုက်ပြီး ခိုးရာလိုက်
လာခဲ့သည်တွင် သဘောမတူသဖြင့်ပြန်
လည်မသိမ်း။ အသိအမှတ်လည်းမပြု၊
သေခန်းရှင်ခန်းပြတ်သလိုပစ်ထားခဲ့၏။
ဓနဥစ္စာတို့အပေါ်အလေးမထားခဲ့သူ

မစန်းနုက ချစ်ခြင်းမေတ္တာနှင့် သစ္စာ
တရားအတွက်
အားလုံးကိုစွန့်လွှတ်ခဲ့
သည်။ ဆင်းရဲပင်ပန်းလှသည်ဟု တစ်ခါ
တစ်ရံမျှ မညည်းညူစဖူး။ လောကဓံကို
ကြံ့ကြံ့ခံခဲ့၏။
သို့ဖြင့် – ကိုမြသင်း အတွေးတို့မှ နိုးထ၍ နိစ္စဝတ်မပျက် ဘုရားရှိခိုးရန်
အချိန်ရောက်လာခဲ့ပါသည်။ သိတတ် သည့်အရွယ်မှစ၍ထိုအလေ့အကျင့်မှာ
မပြတ်ခဲ့။ ဘုရားရှိခိုးမည်၊ ပရိတ်ရွတ်
မည်။ ပြီးနောက် – ပုတီးစိပ်၊ မေတ္တာပို့၊
အမျှဝေမည်။ ဒါက သူ့အတွက် နေ့စဉ် မပျက်သည့်လုပ်ငန်း။ မိုးက အနည်းငယ် စဲစပြုလာပေပြီ။
“အိမ်ရှင်တို့ အိမ်ရှင်တို့” ပြင်ပမှ ဟစ်ခေါ်သံတစ်ခုကို သဲသဲ ကွဲကွဲ ကြားနေရသည်။ ခေါ်သံမှာ ယောက်ျားကြီးတစ်ဦး၏ ဩဇာဓာတ် ရှိသောအသံ၊မစန်းနုကပြုဖွယ်ကိစ္စများ
ပြီးစီးနေသည့်ကိုမြသင်းရှိရာလှမ်းကြည့်
လိုက်၏။
ဘယ်သူများပါလိမ့် အချိန်မတော်

 

ကြီး၊ မီးအုပ်ကိုထွန်းညှိ၍လက်မှဆွဲကာ
ကိုမြသင်း ကမန်းကတန်း အိမ်တံခါးကို
ထဖွင့်လိုက်ရာအိမ်ခြံဝတွင်ရပ်နေသော
အဘိုးအိုတစ်ဦး။ ဘုန်းတော်ကြီးဆောင်း
ထီးတစ်လက်ကိုင်မိုးလျက်အပေါ်အင်္ကျီ၊
ပုဆိုးကွက်တုံးတို့နှင့် လွယ်အိတ်တစ်
လုံးအား လွယ်ထားသည်။ ခေါင်းတွင်
လည်း အညိုရောင်ဖျင်ပိုင်းငယ်တစ်ခု
ကို ရစ်ပေါင်းထားပြန်၏။ “တွန်းဝင်ခဲ့ပါ- အဘ၊ တံခါးက
ပိတ်မထားပါဘူး”
အဘိုးအိုက တံခါးကိုတွန်းဝင်ပြီး
ပြန်လည်စေ့ပိတ်၍ အိမ်ရှိရာ လမ်း
လျှောက်လာသည်။ ကိုမြသင်း ကိုင်ပြ နေသောမီးရောင်အတိုင်းအိမ်ပေါ်တက်
လာကာပုဏ္ဏားကွယ်တွင်ထီးကိုထောင်
လိုက်သည်။ ခန့်ညားတည်ကြည်သည့်
ဥပဓိရုပ်မှာ လေးစားစရာ။
“ဒီမှာ- ထိုင်ပါအဘ။ ရေနွေးကြမ်း ကလေးသောက်လိုက်ပါဦး”
အိမ်ရှေ့ခန်း ဖိနပ်ချွတ်အမြင့်ပိုင်း
ဘုရားကျောင်းဆောင်ရှေ့ရှိသင်ဖြူးငယ်
ကလေးပေါ်တွင် နေရာပေးပြီး မလှမ်း
မကမ်းမှာ ကိုမြသင်းက ဝင်ထိုင်လိုက်
သည်။

“ဘယ်လိုကိစ္စရှိပါသလဲ – အဘ၊ ကျွန်တော်တို့ သိပါရစေ”
“အဘ- ဒီရွာက ဆေးဆရာကြီး
ဦးကျော်ကွန့်ဆီ လာတာပါ။ သူတို့တွေ
ပုသိမ်က သမီးများဆီ အလည်သွားကြ
တယ်ဆိုတော့ တည်းခိုဖို့ ခက်သွားတာ
ပေါ့။ ဒီမှာ အဘကို တစ်ညလောက်
တည်းခိုခွင့်ပြုပါ။ ကတ္တရာလမ်း ပြန်
တက်ရင်လည်းကားမရှိတော့ဘူးကွယ်။
အားတော့ အားနာစရာကြီးပါပဲ။ ကူညီ

ပါနော်”
အဘိုးအိုကတောင်းတောင်းပန်ပန်
စကားဆိုနေပြန်သည်။
“ဟာ- အဘရယ် ရပါတယ်ဗျာ။ ဘာမှအားနာစရာမလိုပါဘူး။ ကူညီရမှာ
ပေါ့။ ဟုတ်ပါတယ် – ဒီအချိန် ဘယ်ကား
ရှိမှလဲ။ နောက်ပြီး ကတ္တရာလမ်းရောက်
အောင်တောင်မှ အတော်သွားရဦးမှာ
မဟုတ်လား”

ကိုမြသင်း အဘိုးအိုကို မြင်သည် ဆိုကတည်းက ခင်မင်လေးစားကြည်ညို မိသည်မှာ အမှန်။
“ဟုတ်ပါတယ် – အဘရယ်၊ သမီး တို့အိမ်မှာ တစ်ညလောက် တည်းခိုရုံနဲ့
ဘာအပန်းကြီးတာလိုက်လို့။ အဘကို
သာ သမီးတို့က အားနာရမှာပါ။ ဆင်းရဲသူ
ဆင်းရဲသားအိမ်ဆိုတော့ အနေအစား ချို့ငဲ့မလားဆိုပြီး”
အဘိုးအို က ပြုံး၍ လက်ကာပြ လိုက်သဖြင့် မစန်းနု စကားတန့်ရပ်သွား
သည်။
“တည်းခိုခွင့်ရတာပဲ ကျေးဇူးကြီး
လှပါပြီ။ ဒါတွေ အဘအတွက် အရေး
မကြီးပါဘူး။ ဆင်းရဲတယ် – ချမ်းသာ
တယ်ဆိုတာ မြဲတဲ့တရားတွေမှ မဟုတ်
ဘဲ”
“နို့ – အဘ ထမင်းကောစားပြီး ပလား။ ထမင်းတွေ ရှိပါတယ်။ ဟင်း လည်း ရှိတယ်။ အားမနာရပါဘူး၊ စား မယ်ဆိုရင် ပြင်လိုက်မယ်လေ” “မစားပါဘူးကွယ်၊ အဘ – နဝင်္ဂ
သီလ စောင့်နေတာပါ”
သဘောထားဖြူသည်သာမက စေတနာစိတ်ထားကောင်းရှာသည့်ဇနီး

မောင်နှံကိုကြည့်ရင်းအဘိုးအိုက ပြုံးနေ
သည်။
ဘုရားကျောင်းဆောင်နှင့် မနီး
မဝေး အပြင်ခန်းတွင် အိပ်ရာပြင်ပေး
လိုက်၏။ ဧည့်သည်အဘိုးအိုက လွယ်
အိတ်ကို ဘေးဘက်တွင်အသာချ၍
ဘုရားရှိခိုးကာ တင်ပျဉ်ခွေပြီး ဘုရား
ကျောင်းဆောင်ကို မျက်နှာမူထိုင်နေ
သည်။ လက်နှစ် ဖက်အထက်နှင့်
အောက်ထပ်၍မျက်စိစုံမှိတ်ထားပြီး ငြိမ်
သက်စွာထိုင်လျက်။ စောစောပိုင်းက
ခေါင်းမှာပင်ရစ်ခဲ့သော ဖျင်ညိုထည်
ကလေးမှာ အရှေ့တွင် ဖြန့်ခင်းထား
သဖြင့်ရောင်ငုတ်စိလေးကအထင်းသား
ပေါ်နေ၏။ အသက်အရွယ် ရှစ်ဆယ်ခန့်
မှန်းဆရသော်လည်း ဆံပင်တစ်ချောင်း
မဖြူသေးသည်မှာ အံ့ဩစရာ။ ဧရာ ဒုဗ္ဗလအရွယ်မို့ ဆံဖြူလောက်ပေပြီ။
ဧည့်သည်အဘိုးအို၏ လုပ်ငန်းကို အနှောင့်အယှက်မပေးလိုသဖြင့် ကိုမြ
သင်းတို့ ဇနီးမောင်နှံ အိမ်တံခါးပိတ်ပြီး
စောစီးစွာ အိပ်ရာဝင်လိုက်ကြသည်။
နံနက်စောစော နိုးလာသူမှာ မစန်းနု။ မစန်းနု – ဧည့်သည်အဘိုးအိုအတွက် ယာဂုကျိုချက်ရန်ထလာခဲ့ခြင်းပါ။ ယမန် နေ့ညက နဝင်္ဂသီလ စောင့်ခဲ့သဖြင့်

ယနေ့နံနက်အဖို့ ဆာလောင်နေရှာရော့ မည်မို့ စောစောစီးစီး သောက်နိုင်စေရန် လုပ်ပေးမည့်စေတနာ။ဘုရားစင်ဘက်
သို့ ငဲ့စောင်းကြည့်မိရာ အဘိုးအိုမှာ
ဘုရားကျောင်းဆောင်ရှေ့တွင် ထိုင်
လျက်ပင်။
(ယမန်နေ့ညက အိပ်မှအိပ်ပါ လေစ) တအံ့တဩဖြင့် မီးဖိုထဲဝင်သွား
ကာ မျက်နှာသစ်ပြီး မီးမွှေး ရေနွေးအိုး
ကျိုလိုက်သည်။ ရေနွေးဆူပြီးမှ ယာဂု
ဆက်တည်နေ၏။ ကိုမြသင်းလည်း
အိပ်ရာနိုးပေပြီ။ ကိုမြသင်းအတွက်ပါ
ထမင်းကြမ်းနှင့် ငါးပိထောင်းကြော်
အသင့်ပြင်၍ ခုံဝိုင်းကလေးပေါ်တင်ပေး
လိုက်သည်။ တဆောင်တယောင်
မဟုတ်စေကာမူ လက်သုတ်ပဝါအသစ်
ကလေးကို ပန်းကန်ပြားငယ်တွင် ထည့်
ကာထားပေးသည်။ပန်းကန်စောက်ကြီး
တွင် ထည့်ထားသော အငွေ့တထောင်း
ထောင်း ထလျက်ရှိသည့် ယာဂုတို့မှာ
ဇွန်းတပ်ပြီး အသင့်၊
ပြီကိုး”
“အော်- သားတို့၊ သမီးတို့နိုးနေကြ
“ဟုတ်ကဲ့ – အဘ၊ ဒီမှာ မျက်နှာ သစ်ရေပါ။ ပြီးတော့ – ဒါက တဘက်”

ကိုမြသင်းက ရိုသေသမှုနှင့် ရေ အပြည့်ထည့်ထားသောဖလားကို ပေးရာတွင် အဘိုးအိုကပြုံးပြုံးကြီးလှမ်း
ကမ်း
ယူကာ သစ်လိုက်ပြီး ဖြူဖွေးသန့်စင် သည့် တဘက်ငယ်ဖြင့် သုတ်လိုက်
သည်။ အဘိုးအိုမျက်နှာပြင်မှာထာဝစဉ်
ကြည်လင်ဝင်းပလျက် အပြုံးပန်းဝေနေ
၏။
“အဘ- သုံးဆောင်ပါ။ သမီး စော
စောထကျိုထားတဲ့ ယာဂု” “အေးကွယ် – သားတို့၊ သမီးတို့ အဘအတွက် အလုပ်များနေကြတာပဲ နော်။ အားနာစရာတော့ ကောင်းနေပြီ” “ဒီလိုလည်း မဟုတ်ပါဘူး-အဘ ရယ်။ မိဘတွေမရှိတော့ အမှတ်မထင် ဒီကိုရောက်လာတဲ့အဘကိုမိဘသဖွယ်
ပြုစုတာပါ။ အထွေအထူး မလုပ်ရပါ
ဘူး
စကားစဖြတ်၍ ထမင်းစားသူ၊ ယာဂုသောက်သူများ၏ စားပွဲဝိုင်းမှာ သာသောင့်သာယာ ပကတိတိတ်ဆိတ်
လျက်ပါ။နေအလင်းကလည်းထွက်ပြူစ
သာသာ။

ညတာ
“ကဲ- သားတို့၊ သမီးတို့ဆီမှာ တစ်
တည်းခိုနားခွင့်ရခဲ့သလို အဘ
ကို အာဟာရဒါနတွေ ပြုခဲ့ကြပြီးပါပြီ။
သားတို့၊ သမီးတို့ကို ကျေးဇူးတုံ့တင်တဲ့
အတွက် စကားလက်ဆောင်ပါးရတာ
ပေါ့ကွယ်”
ဧည့်သည်အဘိုးအိုစကားကြောင့် ကိုမြသင်းနှင့် မစန်းနုတို့က နားစွင့်နေမိ
သည်။
“သားတို့၊ သမီးတို့ရဲ့အခြေအနေ ဟာ အခုမွေးဖွားတော့မယ့် သားလေး ကြောင့် မကြာခင်ပြောင်းလဲလာပါလိမ့် မယ်။ သူ့ကို သေသေချာချာ ဂရုစိုက်ပါ။
သူဟာ ဘုန်းရှင်ကံရှင်ကလေးမို့သားတို့၊
သမီးတို့ကိုအကျိုးပေးမယ်လို့ ယုံကြည်
ထားစေချင်တယ်။ အေး – တိုးတက်ကြီး
ပွားလာတဲ့အခါ ရတနာသုံးပါး၊ မိဘ၊
ဆရာသမား မမေ့လေနဲ့။ ဒါနအမှု၊ သီလ အမှု၊ ဘာဝနာအမှု အစုစုတွေကိုလည်း
ဆထက်ထမ်းပိုးတိုးပြီးဆောင်ရွက်ကြ
ပါ။ အဘ – သွားမယ်နော်”
ကိုမြသင်းနှင့် မစန်းနုတို့က ရိုကျိုး စွာ ကန်တော့ကြသဖြင့် အဘိုးအိုက
ဆုပေးသည်။
“မကြာမတင် သားတို့၊ သမီးတို့

လိုအင်ဆန္ဒများ တစ်လုံးတစ်ခဲတည်း ပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့
နိဗ္ဗာန်မဂ်ဖိုလ်တိုင်အောင် ပါရမီဖက်များ
ဖြစ်နိုင်ကြပါစေကွယ်”
“ပေးတဲ့ဆုနဲ့ ပြည့်စုံတဲ့ကိုယ် ဖြစ်
ပါရစေ – အဘရယ်”
ထို့နောက်- ဧည့်သည်အဘိုးအိုက
ပြန်ရန် လွယ်အိတ်လွယ်လျက် ထီးက
တစ်ဖက်။
“အဘရယ် – မပြန်ခင်အဘနာမည်
လေး သိပါရစေ”
“အဘနာမည် ဦးအောင်ချမ်းသာ
တဲ့။ မှတ်ထားနော်”
အိမ်မှ လှမ်းထွက်သွားသော တစ်
ညတာဧည့် သည်ကြီးကို သူတို့ဇနီး
မောင်နှံ မျှော်ငေးကြည့်နေမိသည်။ ဝေး၍ဝေး၍ သွားသည်ထိ ကြည့်နေမိ
ခြင်းပင်။
“အစန်းရယ် ပြောလို့ ပြောတာ
မဟုတ်ဘူး။ တို့အိမ်မှာ မထင်မှတ်ဘဲ
ရောက်လာတဲ့အဘကိုတစ်ခါက ရင်းနှီး
ခင်မင်ခဲ့သလိုမျိုး ကြည်ညိုလေးစား
ခင်မင်မိတယ်ကွာ။ ဆွေမျိုးရင်းချာ တစ်
ယောက် သူ့ရပ်သူ့ ရွာ ပြန်သွားတော့
လွမ်းတဲ့ ဆွေးတဲ့စိတ်မျိုး ခံစားမိတယ်”

“ဟုတ်ပါရဲ့ရှင် – သူကအားနာတယ် လို့ တဖွဖွပြောနေပေမယ့် သူ့ကို ကျွေး ချင် မွေးချင်တဲ့စိတ်က တဖွားဖွားပေါ် လာတယ်။ တကယ့် သူတော်ကောင်း ကြီးပါ။ မျက်နှာကချိုပြုံးပြီးအသားအရေ က ဝင်းဝါသန့်စင်လို့”
“မင်း – သတိထားမိသလားတော့
မသိဘူး။ တို့ ခင်းပေးတဲ့အိပ်ရာဟာ ပုံမပျက် ပန်းမပျက် ဒီအတိုင်းပဲ။ ဘုရား ကျောင်းဆောင်ရှေ့မှာ ထိုင်နေတာ အကြာကြီးနော်”
“ဟုတ်တယ်- ဟုတ်တယ်၊ ကျွန်မ စောစောနိုးတော့ထိုင်နေတာပဲ။ တစ်ည
လုံး အိပ်မှအိပ်ရဲ့လားဆိုပြီး ကျွန်မ
တောင် တွေးမိသေးတယ်” “အေးလေ – သူပြောသွားတာ
ခု – မင်းမွေးမှာ သားယောက်ျားလေး။ ဘုန်းရှင်ကံရှင်လေးဆိုပဲ ဝမ်းသာစရာ နော်။ ငါတော့ တအားဝမ်းသာတယ်” “ရှင့်ကိုကျွန်မ ပြောဖူးတယ်မဟုတ် လား။ ကိုယ်ဝန်မရှိခင်တုန်းက အိပ်မက် လေ။ ရုပ်ရည်ချောချော လူငယ် တစ် ယောက် ကျွန်မတို့အိမ်မှာ နေဖို့ဆိုပြီး အထုပ်အပိုးတွေနဲ့ ရောက်လာတယ်ဆို ပဲ။ ထူးတာကကျွန်မဟာ ကလေးကိုယ်

ဝန်ရှိလာမှ သားတွေငါးတွေ မစားချင်
တော့ဘူး။ လှူချင်တန်းချင်စိတ်တွေများ
လာသလားလို့။ ဒါကြောင့် ဆွမ်းချိုင့်
လစဉ်ပို့တယ်။ နေ့တိုင်း ဆွမ်းလောင်း
တယ်”
“ကောင်းတာပေါ့-မိန်းမရယ်။ ဒါန
ပြုတယ်ဆိုတာ ကောင်းတဲ့လုပ်ငန်းပဲ” သို့ဖြင့် – ရက်အတန်ကြာနေသည့် အထိ မေ့မေ့ပျောက်ပျောက်။ တစ်နေ့ လမ်းကြုံသဖြင့် ဆေးဆရာကြီး ဦးကျော်
ကွန့်တို့အိမ်ဘက် ရောက်မိရာ ဦးကျော်
ကွန့်ကို ညောင်စောင်းထက်တွင် ထိုင်
လျက် တွေ့နေရသဖြင့် တန်းတန်းမတ်
မတ်ဝင်သွားမိ၏။
“လာဟေ့- မောင်မြသင်း၊ ဘယ်က
လှည့်လာလဲ ထိုင်ကွာ”
“ဒီဘက်နားလေးလာရင်း ဆရာ
ကြီးတွေ့လို့။ တစ်လောက ဆရာကြီးတို့
ပုသိမ်သွားကြသေးဆို။ သမီးတွေဆီ
အလည်ပဲပေါ့”
ဦးကျော်ကွန့်က ကိုမြသင်းစကား
ကြောင့် အံ့အားသင့်သွားပုံရသည်။
“ဟုတ်တော့ – ဟုတ်တယ်ကွ။ တစ်နေ့ကပဲ ပြန်ရောက်တာ။ ဒါထက် မင်းက ဘယ်လိုလုပ်သိနေရတာလဲ။

မြို့က လူကြုံနဲ့ အဖေအမြန်လာပါ စာ ရလို့စိုးရိမ်တကြီးအိမ်ကိုဘသင်တို့အပ်
ပြီးသွားတာ။ တို့ရောက်တော့လာလည်
ဖို့ခေါ်ရင်ဟိုကိစ္စဒီကိစ္စအလုပ်များနေလို့
မလာမှာစိုးပြီး ရေးလိုက်တာပါတဲ့။ ဆူခဲ့
ရသေးတယ်။ ငါတို့ ပုသိမ်သွားတာ
ဘယ်သူမှ မပြောခဲ့ဘဲ မင်း သိနေတာ
ဆန်းလွန်းလို့ပါ”
ကိုမြသင်းက အဘ ဦးအောင်ချမ်း
သာ ဆရာကြီးဦးကျော်ကွန့်တို့အိမ်လာ
ခဲ့ပုံမတွေ့သဖြင့် သူ့အိမ်မှာ တစ်ည ဝင်
တည်းခိုသွားပုံတို့ကို လုံးစေ့ပတ်စေ့
ပြောပြလိုက်ရာ ဦးကျော်ကွန့်မှာ ပါးစပ်
အဟောင်းသား။
“မင်းပြောတာ အဘဦးအောင်ချမ်း
သာနော်”
“ဟုတ်တယ် – ဆရာကြီးရဲ့ ဦး
အောင်ချမ်းသာပါ။ နို့ – ဆရာကြီး အသိ
မဟုတ်ဘူးလား”
ဆရာကြီး ဦးကျော်ကွန့်က ညောင်
စောင်းထက်မှထကာ ကိုမြသင်းကို လက်ဆွဲ၍သူ့ဘုရားကျောင်းဆောင်ဆီ
ခေါ်သွားသည်။ ဘုရားကျောင်းဆောင် အနီးတိုင်တွင် ဘုရားကျောင်းဆောင်
ထက်အနည်းငယ်နိမ့်သောနေရာ၌သစ်

သားစင်တစ်ခု၊ ပန်းနှင့် အမွှေးနံ့သာ၊
ဖယောင်းတိုင် ပူဇော်ထွန်းညှိထားဟန်
လက္ခဏာ။ စင်နောက်တွင် ချိတ်ဆွဲထား
သော မှန်ဘောင်တွင်းမှ ဝါကြန့်ကြန့်
ဓာတ်ပုံတစ်ပုံ။
“ကဲ- မင်းက မျက်စိကောင်းသေး
တာပဲ။ ဒီပုံကို ကြည့်စမ်း” ဆရာကြီး ဦးကျော်ကွန့် လက်ညှိုး ထိုးပြသည့် ဓာတ်ပုံအား အသေအချာ
ကြည့်ရာ အဘဦးအောင်ချမ်းသာ၏ပုံ။ သူ့ပုံမှ အစစ်။ တင်ပျဉ်ခွေထိုင်လျက်
လက်တစ်ဖက်တွင် ပုတီးကိုင်ထားပြီး
အပေါ်အင်္ကျီ၊ ပုဆိုးကွက်တုံး၊ခေါင်းပေါင်း
(ပတ်ပေါင်းမျိုး)နှင့် ပုဝါစရှည်ရှည်ကို
လောဘက်ထိုးထား၏။ ဓာတ်ပုံအောက်
ခြေစက္ကူမောက်ပေါ်တွင် ဘုန်းကြီးလက်
ရေးမျိုးဖြင့် ရေးထားသည့် စာတန်းမှာ
အဘဦးအောင်ချမ်းသာ။ စာလုံးများပင်
မှုန်တိမှုန်ဝါး။ အဘအရွယ်မှာ ရောက်
လာစဉ်ကနှင့်မကွာလှ။ ရှစ်ဆယ်ဝန်း
ကျင် ရှိပေမည်။
“ဟုတ်တယ် – ဆရာကြီးရဲ့၊ ဒီပုံထဲ
က အဘပဲပေါ့။ ကျွန်တော်တို့ အိမ်မှာ တစ်ညတည်းခိုသွားတာ။ ကျွန်တော် ကောင်းကောင်း မှတ်မိပါတယ်”

“ဟေ…”
ဆရာကြီး ဦးကျော်ကွန့်၏ အာမေ ဍိတ်သံကြီးကြောင့် ကိုမြသင်းပင် လန့် ဖျပ်သွားမတတ်။
P
“မင်းပြောတာကြားတော့ ငါ့နားကို တောင် ငါမယုံမိဘူး။ တကယ်ပဲ” “ဘာဖြစ်လို့လဲ – ဆရာကြီးရယ်” “ဒီလိုကွ – ငါတို့ဟာ အဖေ့ လက် ထက်ထဲက အစဉ်အဆက် ဆေးဆရာ မျိုးရိုးပါ။ တို့အဖေဟာ အသက်ရှစ်ဆယ် မှာ ဆုံးပါးသွားတာ။ သူ့ဆရာကြီးနဲ့ ပုပ္ပါး
လိုက်သွားတုန်းက အဘဦးအောင်ချမ်း
သာကို တွေ့ဖူးခဲ့သတဲ့။ ဆေးပင်တွေ၊
ဂမုန်းပင်တွေမှာ အင်မတန်ကျွမ်းကျင်
နှံ့စပ်တာဆိုပဲ။ ကျင့်ကြံမှုကလည်း
ကောင်းလွန်းလို့ တို့အဖေများ ဆရာစဉ်
အဆက်ဆက် ဦးတိုက်ရတဲ့ ပုဂ္ဂိုလ်ကြီး။
တို့အဖေက သူ့ဆရာဆီက ရှားရှားပါးပါး
ဓာတ်ပုံရလာခဲ့လို့ အိမ်မှာ ပူဇော်ထား တာ။ ငါ့အနေနဲ့အဘဦးအောင်ချမ်းသာ ကို တစ်ခါမှ မတွေ့ ဖူးဘူး။ အဘ ကွယ် လွန်လို့သိရတာပဲ အနှစ်ခြောက်ဆယ်

ကျော်ရော့မယ်။ မင်းနဲ့ တွေ့တယ်ဆို
တော့”
“ဗျာ..”
ဒီတစ်ခါ အာမေဍိတ်သံ ဆိုလိုက်
မိသူက ကိုမြသင်းကိုယ်တိုင်။ ဓာတ်ပုံ
ထဲကရုပ်ပုံမှာ အသေအချာ အဘရုပ်ပုံ။
ယုံမှားသံသယရှိရန် မလို။ သူ့ အိမ်တွင်
တစ်ညနေခဲ့ဖူးသည်သာမက တရင်း
တနှီးပင် ရှိခဲ့သဖြင့် လူမှားခြင်းလည်း
မဖြစ်နိုင်။ အစဉ်းစားရ ကျပ်ပါဘိတော့။
ဆရာကြီး ဦးကျော်ကွန့်၏ စကား
ကလည်း အခိုင်အမာလိမ်ညာမည့် လူ
စားမဟုတ်။
“တစ်ခုတော့ ရှိတယ်ပေါ့ကွာ။ မင်းတို့ကလည်း ရိုးရိုးသားသား၊ ဘုရား နဲ့၊ တရားနဲ့ နေသူတွေမို့ မင်းတို့မှာ အကြောင်းရှိလို့ မင်းတို့ရဲ့ ပဋ္ဌာန်းဆက် ရှိတဲ့ ပုဂ္ဂိုလ်ရောက်လာပြီး မင်းတို့ကို
စောင့်ရှောက်တယ်ပဲ သဘောထား
လိုက်ပါကွာ။ မင်းတို့လည်း မေတ္တာပို့သ ပေါ့။ ဆန်းကြယ်တာတော့ အမှန်ပါပဲ-
မောင်ရာ”
ဆရာကြီး အိမ်မှ ပြန်လာသည့်တိုင် ကိုမြသင်းအတွက် အတွေးမျှင်တို့ မပြတ်သေး။ သို့သော်- သူ့အနေနှင့်

ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာ ချထား
ခဲ့၏။ သူ့ဇနီး မစန်းနုကို သူ သိခဲ့ရသော ယခုအဖြစ်အပျက် တစ်လုံးတစ်ပါဒမှ ပြန်မပြောရန်ပင်။ သို့သော်- သို့လော သံသယမများစေချင်သည့်အပြင်
မိန်းမ
သားသဘာဝ တစ်ယောက်စကား တစ်
ယောက် နားမပွားစေချင်သည်မှာ သူ့
သဘော၊ သူ့ဆန္ဒ။
ကိုမြသင်းမသိလိုက်မသိဘာသာ
လယ်ယာလုပ်ငန်းခွင်တွင်နှစ်၍လုပ်နေ
လိုက်၏။ မစန်းနု၏ ကိုယ်ဝန်ကလည်း တစ်နေ့တစ်ခြား ရင့်မာလာခဲ့ပြီဖြစ်
သည်။ ဝါခေါင်လကုန်ရက်၊တနင်္ဂနွေနေ့
နံနက်စောစောပိုင်းလောက်တွင် မစန်းနု
ဗိုက်နာလာသည်။ အနီးအနားရှိ အစ်မ
ဝမ်းကွဲနှင့် တူမလေး ပြေးခေါ်၊ ရွာလက်
သည် ဒေါ်ညိုကို ပြေးခေါ်ဖြင့် ကိုမြသင်း တစ်ယောက် အလုပ်များနေရှာသည်။ ကိုမြသင်းမှာ မွေးရာဖွားရာလွယ်ကူစေ ရန် ရွတ်ဖတ်လိုက်ရသည့် အင်္ဂုလိမာလ သုတ်ပင် အခေါက်ရေ မမှတ်မိတော့ပါ။
“မွေးပြီဟဲ့- မွေးပြီ”
“ဟယ် – မွေးပြီ ဆိုပါလား”
ကိုမြသင်းဝမ်းသာသွား၏။ အတွင်း
မှအသံတို့တိတ်ဆိတ်သွားသောကြောင့်

ကိုမြသင်း ထိတ်ခနဲ ဖြစ်သွားမိသည်။ “အရီးညို- အရီးညိုဘာလေးလဲဗျ။
ကလေးကော လူကြီးကော နေကောင်း
ကြရဲ့လား”
“ယောက်ျားကလေးပါနေကောင်း
ပါတယ်ဟယ်”
ပြောသာ ပြောနေပေမယ့် ခြောက် ကပ်ကပ် အသက်မပါလှသော ဒေါ်ညို အသံကို ကိုမြသင်း သတိပြုမိခဲ့၏။ ထူး ခြားသည့် အကြောင်းတစ်ရပ်ပင်။ (ဘာတွေဖြစ်နေပါလိမ့်) စိုးရိမ် ပူပန်မှုများကြောင့် သူ့ရင်မှာ တဒိတ်ဒိတ်
ခုန်လျက်။ သူ့အနေနှင့် ချုပ်တည်းမနေ
နိုင်တော့ပါလေ။
“ကျွန်တော် ကလေးကြည့်ပါရစေ
ဗျာ”
သူအသံတွေပင် တုန်ယင်နေ
သလားမသိ။ တောင်းဆိုလိုက်မိသည်။
“အေး-အေး – ခဏကြာရင် တွေ့
ရမယ်”
ထိုခဏဆိုသောအချိန်ပင်ကြာလွန်း
လှပါပြီ။ မီးနေခန်းတွင်းသို့ ယောက်ျား တန်မဲ့ မဝင်ရသဖြင့်သာ နေ,နေရ၏။ ပြေးဝင်ကြည့်လိုခဲ့ သည်မှာ အလွန် အမင်း။ ဒေါ်ညိုယူလာခဲ့သော ဆန်ကော

ဝိုင်းပေါ်တွင် အဝတ်ထုပ်ကလေး။ တကယ့် သေးသေးဆိုမှ သေးသေး
အဝတ်ထုပ်ကလေး။ ကိုမြသင်း အသာ

အယာ ဖွင့်လှပ်ကြည့်မိ၏။ သူ မျက်နှာ
ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တီးတိုးသံ
ထွက်လာသည်။
“အလိုလေး – ဘုရားရေ”
လူတစ်ယောက်၏ ခန္ဓာကိုယ်အင်္ဂါ
စုံစွာပါလင့်ကစား ပိစိကွေးလူကလေး။
အမှန်ဆိုရသော် (လူခြောက်ကလေး)။
ကိုမြသင်းရင်ထဲတွင် မကောင်းပါ။
မျှော်လင့်နေခဲ့သည်က သားယောက်ျား
ပီပီသသလေးတစ်ယောက်။ ခုတော့ –
လွဲချော်ခဲ့ပြီကော။
ဒေါ်ညို စကောကို အတွင်းပြန်ယူ
သွားစဉ် စိတ်ပျက်လက်ပျက်၊ ခြေပစ်
လက်ပစ် ထိုင်ချလိုက်မိသည်။ ဗြုန်းခနဲ
ထူးခြားသောအဘဦးအောင်ချမ်းသာ၏
စကားလုံးများ နားထဲတွင် ကြားယောင်
လာ၏။
“သားတို့၊ သမီးတို့ရဲ့အခြေအနေ ဟာ အခု မွေးဖွားတော့မယ့် သားလေး ကြောင့် မကြာခင် ပြောင်းလဲလာပါလိမ့် မယ်။ သူ့ကို သေသေချာချာ ဂရုစိုက်ပါ။ သူဟာ ဘုန်းရှင်ကံရှင်ကလေးမို့သားတို့၊

သမီးတို့ကို အကျိုးပေးမယ်လို့ ယုံကြည် ထားစေချင်တယ်”
ထူးခြားသော ပုဂ္ဂိုလ်ကြီး၏ ထူး
ဆန်းသော စကားများမှာ မမှားတန်ရာ။
ကိုယ့်သွေးကိုယ့်သားပေမို့ ဂရုတစိုက်
ထားရမည်က အဆန်းတကြယ် မဟုတ်
တော့ပြီ။ ကိုမြသင်း ထရပ်လိုက်မိသည်။
ပါပဲလေ။
ဖြစ်သမျှအကြောင်း အကောင်းချည်း
သည်။
P
အချို့ – အချို့ က ပြောဖူးဆိုဖူးပါ
မွေးလာသော လူခြောက်ကလေး
မှာ ညအချိန်တွင် သန်သန်မာမာ လူ တစ်ယောက်အဖြစ် ပြောင်းလဲလာ၍
မိဘကို ခိုးဝှက်ကျွေးကြောင်း၊ လူတစ်
ယောက်ကဲ့သို့နေမှုစားမှုများတောင်းခံ
တတ်ကြောင်း။ သို့နှယ် – ကြားဖူးနားဝ
ရှိသဖြင့် လူခြောက်ကလေးမွေးဖွားလာ
သောအခါ ခေါင်းနားပန်းကြီးမိသည်မှာ
အမှန်။
ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးနှင့် မိဘ၊ ဆရာ၊ လေးစားမြတ်နိုး ရိုကျိုးကိုးကွယ်၍ သီလစင်ကြယ်မှ

အဓိကပြုနေသော မိသားစုအတွင်း မဖြစ်သင့် မဖြစ်ထိုက်သည့်ကိစ္စမျိုးပင်
မဟုတ်ပါလား။ မစန်းနုတွင် ကိုယ်ဝန်
ရှိစဉ်က ဖြစ်လာခဲ့သည့် အခြေအနေ၊
ချစ်ခြင်းဖြစ်ပေါ်လာသောအနေအထား
များကိုလည်း သတိရခဲ့၏။ မထင်မှတ်ဘဲ
ရောက်လာခဲ့သူ အဘဦးအောင်ချမ်း
သာ၏စကားလက်ဆောင်များ (ကြိုတင်
နိမိတ်ပြေး) အဆိုအမိန့်တို့ကလည်း ရှိ
နေ၏။
ထို့ကြောင့်ပင် သူတို့အတွက်အဆိုး
တရားများ ဝင်မှားလာနိုင်စရာ လုံးဝမရှိ ဟူ၍ စိတ်နှလုံး ဒုံးဒုံးချပြီး ရင်အေးနေ
ရပါသည်။ ကိုမြသင်းတစ်ယောက်ပရစ်
ပတောက်အတွေးများဝင်နေလင့်ကစား
မစန်းနုမှာ ပျော်တပြုံးပြုံး။ သားငယ်
တစ်ဦး ရနေသည့်ပမာ ထန်းခေါက်ဖာ
ငယ်အတွင်းထည့်ကာ ပြုစုယုယနေရှာ
ပါသည်။ ယခင့်ယခင် ဗြိတိသျှအစိုးရ
မျက်နှာဖြူများ အုပ်ချုပ်စဉ်ကာလ လူ
ခြောက်ကလေး မွေးလာပြီဆိုလျှင် လူ
စွမ်းကောင်း ဖြစ်မည်အထင်ဖြင့် ပုလိပ်
များက သတင်းရသည်နှင့် တစ်ပြိုင်နက်
လာရောက် ဖမ်းဆီးဒုက္ခပေးခဲ့သော ပရမ်းပတာ ပြောမှုများကိုလည်း စိုးရွံ့

ကြောက်လန့်နေစရာမလို။
နိုင်ငံတွင်
လွတ်လပ်ရေးရပြီး ကိုယ့်လူမျိုး၊ ကိုယ့်
အစိုးရဖြစ်နေပေပြီ။ ကိုမြသင်းတို့
ကလည်း သားငယ်နှင့်ပတ်သက်၍ရေငုံ
နှုတ်ပိတ်။
ဒီနှစ် မထင်မှတ်ပါဘဲ လယ်ယာ
လုပ်ငန်းတွင်စပါးထွက်ကောင်းခဲ့သည်။
လယ်သမားအဖို့ စပါးဆန်ရေကို အား
ထားနေရသဖြင့်စပါးစိုက်ပျိုးမှု တိုးတက်
အောင်မြင်စည်ပင်လာခြင်းသည်ပင်
မင်္ဂလာတစ်ပါး။ မစန်းနုအတွက် စီးပွား
ရေးကောင်းလာမှုတွင် သားငယ်လေး
ကြောင့်ဟူသော အစွဲအလမ်းကို ပိုမို
တွယ်ဖက်သွားစေတော့၏။ တရိပ်ရိပ်
လုပ်ငန်းကောင်းလာ သည်မှာကိုယ်တွေ့
မျက်မြင်။ (၂)နှစ်၊ (၃) နှစ်အတွင်းယခင်
ကထက် ချောင်ချောင်လည်လည်၊ စုမိ
ဆောင်းမိ၊ လှူနိုင်တန်းနိုင်လာခဲ့သည်။
ကိုမြသင်းကိုယ်တိုင်ပင်မစန်းနု၏အယူ
အဆကို လက်ခံရတော့မလိုလို။ မစန်းနု က သားဖြစ်သူ (လူခြောက်ကလေး)ကို သက်ရှိကလေးတစ်ဦးပမာ ကျွေးမွေး၍ ဝတ်စားပြင်ဆင်ထားပေးကာ ပုခက် ငယ်တစ်လုံးဖြင့် သိပ်လေ့ရှိ၏။ တစ်နေ့ ကိုမြသင်း အလုပ်အားသဖြင့် အိမ်ရှေ့

တွင်
ရေနွေးကြမ်းတစ်အိုးနှင့် ထိုင်နေ
ခိုက် အလုပ်ကိစ္စတစ်ခုအရ ရွာထဲထွက်
သွားသူမစန်းနု ပြန်လာပြီးအိပ်ခန်းတွင်း
အဝင် လှမ်းတွေ့လိုက်ရသည့်မြင်ကွင်း
ကြောင့်
တအံ့တဩကိုမြသင်းကို အသံ
မပြုဘဲ လက်ယပ်ခေါ်လိုက်သည်။ ကိုမြ
သင်း စိုးရိမ်တကြီး နှင့် ထသွားကြည့်မိရာ
ကလေးပုခက်မှာလွှဲသူမရှိပါဘဲလွဲယမ်း နေသည်ကိုမြင်နေရခြင်းပါ။ လွဲယမ်းနေ သည်မှာ လူတစ်ယောက် လွှဲယမ်းနေ
သည့် အသွင်သဏ္ဌာန်အတိုင်း။
“ရှင် – ပုခက်လာလွှဲသေးသလား”
မစန်းနုက နှစ်ကိုယ်ကြား မေးနေ
သဖြင့်ကိုမြသင်းခေါင်းကိုတွင်တွင်ခါပြ
၏။
“ပေါက်ပေါက်ရှာရှာ ငါ မလွှဲပါဘူး
ကွာ”
(မည်သူလာလွှဲနေသည်)ဆိုခြင်း
မှာ သူတို့အတွက် အဖြေမရှိသော
ပဟေဠိတစ်ပုဒ်သဖွယ်။ သား (လူ
ခြောက်ကလေး)၏ ထူးခြားမှုတစ်ရပ်
အစပထမ။
လေးငါးနှစ်ပင်မကြာ။ ကိုမြသင်း၊ မစန်းနုတို့ သစ်အိမ်ကလေးတစ်လုံးကို ဆောက်နိုင်ခဲ့သည်။ မစန်းနုတွင်လည်း

ရွှေတို၊ ရွှေစလေး အသင့်အတင့်ရှိလာခဲ့
သည်။
ကိုမြသင်းကိုယ်၌ကအသောက်
အစား၊ အပျော်အပါးဖြုန်းတီးမှု အလျဉ်း မရှိသော ရိုးရိုးမှတ်မှတ်လူစားမို့ ရသမျှ မှာ မိသားစုအတွက်သာ။ မစန်းနု ကလည်း အိမ်မှုအထိန်းအသိမ်း၊ မီးဖို ချောင်လုံသဖြင့် စုနိုင်ဆောင်းနိုင်ခဲ့သည်
မှာ အဆန်းတကြယ်မဟုတ်။ အမှတ်ရနေမည့် နေ့တစ်နေ့။
အကျအနဆင်ထားသော လှည်း
တစ်စီးက သူတို့အိမ်ရှေ့တွင် ရပ်လာ
သည်။
မမရေ-မမရေ’
ယောက်ျားသံ၊ မိန်းမသံတို့ဖြင့် သံ
ပြိုင်ဟစ်ခေါ်နေသံများ။ ယောက်ျားငယ် တစ်ဦးနှင့် မိန်းမပျိုတစ်ဦးတို့က အိမ်
တွင်းသို့ အပြေးအလွှား ဝင်လာကြ၏။ “ဟယ် – ညီမလေးနဲ့ မောင်လေး
ပါလား”
“အောင်မလေး- မမရယ်” ဝမ်းပန်းတနည်း သုံးဦးသား ဖက်၍ ငိုကြွေးနေကြသဖြင့် အနီးတွင်ထိုင်နေ
သောကိုမြသင်းမှာကြောင်တက်တက်။
မစန်းနု၏ညီမနှင့်မောင်လေးတို့ဖြစ်မှန်း
သိသည့်တိုင်(ဘာကိစ္စ၊ဘာအကြောင်း)

ဖြင့်လိုက်လာခဲ့သည်မသိရ။ အိမ်ထောင် ကျစကတည်းက အဆက်အသွယ်
အကူး အသွားအလာမရှိသည်မှာ ကြာ ပေပြီ။ သူတို့တွေ အားရအောင် ငိုပြီးမှ အဖြစ်သနစ်စုံ ပြောပြတော့သည်။ “မမ ခိုးရာလိုက်သွားတော့ လက် သပ်ကိုယ်ကျွတ်အဝတ်တစ်ထည်ကိုယ်
တစ်ခုနဲ့ဆင်ထားတဲ့လက်ဝတ်လက်စား
တွေတောင် ချွတ်ပစ်ခဲ့တာ။ အမေနဲ့
ကျွန်မတို့တစ်တွေဆွေမျိုးတွေအားလုံး
ကပြန်ခေါ်ချင်ပေမယ့်အင်မတန် ဒေါသ
ကြီးတဲ့ အဖေ့ကို မလွန်ဆန်ရဲဘူးလေ။
အခုတော့ အဖေဟာ ဘာစိတ်ကူးပေါက်
တယ် မသိဘူး။ ငါ့သမီးကြီးကို သွားခေါ်
ပေးတဲ့။ အရင်က တိတ်တိတ်ခိုး တွေ့ရင်
တောင် တွေ့တဲ့လူ သတ်ပစ်မယ်ဆိုတဲ့
အဖေရဲ့ စိတ်ပြောင်းလဲမှုကို ကြားရသူ
တိုင်းက အံ့ဩဝမ်းသာနေတယ်။ အမေ
ဟာဝမ်းသာလွန်းလို့ သူလိုက်မယ်လုပ်
နေတာ။ ကျွန်မတို့ ခေါ်ခဲ့ပါ့မယ်ဆိုလို့ ကျန်ခဲ့ရတယ်။ ကျွန်မတို့အိမ်ကြီး ခြေ ရင်းမှာ အဖေဆောက်ထားတဲ့ အိမ်တစ် လုံးဟာ မမတို့ဖို့တဲ့။ အဖေက ပြောတယ် ငါ့သမီးကြီးတို့ လက်ထဲ ငါ ပိုင်ဆိုင်သမျှ တွေထည့်ပေးပြီးငါအေးအေးဆေးဆေး

ပဲ နေချင်ပြီတဲ့။ သူတို့ဟာ အငယ်တွေ အပေါ်မှာ မတရားမလုပ်ဘူးလို့ ယုံတယ် တဲ့။ ဒီမှာ မမရဲ့လက်ဝတ်လက်စားတွေ၊ အမေက ပေးလိုက်တာ။ ကြည့်ပါဦး” ညီမငယ်ထုတ်ပေးသည့် ပစ္စည်း များကိုကြည့်၍ မစန်းနု မျက်ရည်ဝဲနေ
ဆဲ။ သို့တိုင် – ကိုမြသင်းကို လှမ်းကြည့် သောအကြည့်မှာ (ကဲ- ဘယ်နှယ့်ရှိစ၊
ကျွန်မတို့ သားလေးကြောင့် ကျွန်မတို့
အခြေအနေ ပြောင်းလဲသွားတာ ယုံ
ပလား။) ဆိုသည့် အကြည့်မျိုးမှန်း သူ
အကဲခတ်လိုက်မိသည်။ မိန်းမသားဟူ
သည် ကြုံတောင့်ကြုံခဲဖြစ်ရပ်တို့အပေါ်
အစွဲကြီးတတ်ခြင်းပင်။
P
“မောင်မြသင်းတို့၊ သမီးတို့ အဖေ့
ကို ခွင့်လွှတ်ဖို့ အဖေက ပြောရမယ်။ ခိုး ပြေးသွားတော့ သမီးကို ပစ္စည်းမက်လို့ ခိုးတာပဲဆိုပြီး အဖေ ဒေါသအကြီး အကျယ်ဖြစ်မိတာနဲ့ တမင်ပစ်ထားခဲ့ တယ်။ တကယ်တော့ – မောင်မြသင်း ဟာ သမီးအပေါ် ကြင်ကြင်နာနာ၊ ယုယု ယယနဲ့ အမှန်မြတ်နိုးတာ။ ပြီးတော့ –

အသောက်အစားမရှိ၊ ရိုးရိုးသားသား၊
ဘုရားတရားသမား၊ အားလုံး အဖေ
စုံစမ်းပြီးပြီ။ အဖေ အသက်ကြီးပြီမို့ကိုယ့်
နောက်ပါမယ့်အလုပ်တွေကို လုပ်တော့
မယ်။ မင်းတို့ပဲ ခန့်ခွဲပြီး အငယ်တွေကို
စောင့်ရှောက်ပေးပါ။ မင်းတို့ဒီကိုပြောင်း
လာရင် နေဖို့အိမ်ကို အဖေစီစဉ်ထားပြီး
သား။ ရွာက မောင်မြသင်း လယ်တွေ၊
ပစ္စည်းတွေကိုတော့ မင်းသဘောနဲ့ မင်း
ပြောင်းခဲ့ကြပေတော့”
မစန်းနု အဖေကြီး၏ပွင့်လင်းသော စကားကြောင့် အားလုံးမှာ ဝမ်းသာ
စီစဉ်ခဲ့ပါ။ နေ့ကောင်းရက်သာရွေးပြီး
အားရ။ ရွာရှိ မပြီးပြတ်သေးသော လုပ်
ငန်းများကိုဖြတ်၍ မကြာခင်က မင်္ဂလာ
ဆောင်လိုက်သော တူမဝမ်းကွဲလေး
မအေးတင်နှင့်ခင်ပွန်း မောင်သန်းညွန့်
တို့ကိုအိမ်အပ်ထားခဲ့သည်။ မောင်သန်း
ညွန့်ကိုယ်တိုင်က လယ်သမား သား
သမီး၊ လယ်လုပ်တတ်သူ ဖြစ်သော်
လည်း အိမ်ထောင်ခွဲနေသည့်တိုင် မိဘ တွေ တစ်သီးတခြား လုပ်ကိုင်စားရန် ခွဲ ခြမ်းပေးနိုင်စွမ်းမရှိ။ ကိုမြသင်းက သူ ပိုင်လှည်းနွားထွန်ထယ်၊ ကိရိယာများနှင့်

လယ်မြေတို့ကို သက်သောင့်သက်သာ အဖိုးစားနားဖြင့် အငှားချပေးခဲ့၏။
သို့ဖြင့် – ကိုမြသင်းနှင့် မစန်းနုတို့
(မစန်းနု မိဘများရှိရာ) ရွာကြီးသို့
ပြောင်းရွှေ့ဖြစ်ခဲ့သည်။ သူတို့နှင့်အတူ
တနင်္ဂနွေသားဖြစ်သည့်အပြင် (တစ်စုံ
တစ်ယောက်သောသူတို့လေးစားကြည်
ညိုသူအား အမှတ်တရ) အဖြစ် တိတ်
တခိုး ကင်ပွန်းတပ်မှည့်ခေါ်ထားသော
အောင်ချမ်းသာ။ (သားလူခြောက်
ကလေး၊ မောင်အောင်ချမ်းသာ)လည်း
ပါလာသည်။ ယခင် ထန်းခေါက်ဖာ
ကလေးဖြင့်ထည့်ထားကာ ဆောင်ပန်း
ပုခက်ကလေးနှင့် ပျော်နေရသော
အောင်ချမ်းသာ မဟုတ်တော့။ ရေမြင့်
လျှင် ကြာမြင့်၊ အိမ်သစ်ကြီးနောက်
ဆောင်အဆောင်ကပ် (အပေါ်ထပ်)
တစ်ခုလုံးတွင် သူ့အတွက် ရည်ရွယ်၍
အိပ်ခန်း၊ စားသောက်ခန်းနှင့် ကစားခန်း
(သီးသန့်) ဖွဲ့ပေးထားပြီး ခုတင်၊ မွေ့ရာ၊
စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ဖျာ၊
အဝတ်အစား အဆင်အပြင်အားလုံး
ပြည့်ပြည့်စုံစုံ။ ထမင်းချိန်ထမင်း၊ မုန့်ပဲ
သရေစားချိန် မုန့်ပဲသရေစာ။ သီးခြား

ဝယ်ထားသော မုန့်နှင့် စားစရာများပင် ကြောင်အိမ်ငယ်တစ်လုံး။ သားကစား
ရန်အတွက် ပစ္စည်းမျိုးစုံကို မြို့က ကြုံ
တိုင်းဝယ်လာသဖြင့် တော်ရုံတန်ရုံ ဓန
ဥစ္စာရှိသူတို့၏ သားသမီးများပင် ထိုမျှ
လောက် ပြည့်စုံလိမ့်မည်မထင်။ ကိုမြ
သင်းထက်မစန်းနုက အစွဲအလမ်းအယူ
အဆ ကြီးမားလေရော့သလား မပြော
တတ်ပါ။
သူ့သားမှသား တယုတယ
ထားခဲ့သဖြင့် ဖခင် ကိုမြသင်းပင် မျက်
စောင်းခဲရတော့မတတ် ဖြစ်နေ၏။ သားအခန်းတို့ကိုလည်း သော့ အထပ်ထပ်။ ယုတ်စွအဆုံး အပေါ်တက်
မည့် လှေကားကို တံခါးတပ်သော့ခတ်
ထားသောကြောင့် ညီမ၊ မောင်နှင့် မိဘ များပင် သူ့သားအကြောင်းစိုးစဉ်းမျှ မသိ
ပါလေ။ သားငယ်အခန်းတွင်းသို့မစန်းနု
တစ်ယောက်တည်းသာ အဝင်အထွက်
လုပ်ကာ အခန်းသော့များမှာ သူ့လည်
ပင်းတွင် ကြိုးနှင့်တန်းလန်း။ သို့သော်
ခုချိန်ထိ စီးပွားကောင်း လာစေကာမူ
လူခြောက်ကလေး၏ အစွမ်းအစနှင့်
ပယောဂဟု တိတိပပ မပြောနိုင်သေး
သည်မှာ ကိုမြသင်း၏အမြင်။

တစ်ည မစန်းနု ထူးထူးခြားခြား အိပ်မက် မက်သည်။
အိပ်မက်ထဲတွင် အသက် ခုနစ်နှစ်
ကျော်ကျော်၊ ရှစ်နှစ်အရွယ် ရုပ်ရည်
ချောမောလှသည့် ချစ်စဖွယ်ကလေး
ငယ်တစ်ဦးက သူ့ကိုစကားလာပြောနေ
၏။ ပြောပုံကလေးကပင် တွတ်တီးတွတ်
တာ ချစ်စရာ။
“အမေရယ် – အဖေတို့၊ အမေတို့ရဲ့
သားအပေါ်ထားတဲ့ စေတနာကို သား
နားလည်ပါတယ်။ သားကို ရှင်ပြုပေးပါ။
ဒီလိုလုပ်နိုင်ဖို့အတွက် ငွေလိုမယ်
မဟုတ်လား”
အိပ်မက်တွင်း မစန်းနုမှာ ဝမ်းသာ
အားရ ကလေးငယ်ကို ထွေးပိုက်ပွေ့
ဖက်ထားမိသည်။
“အောင်မယ်လေး- သားရယ်၊ ရှင်
ပြုတာပဲဘယ်လောက်ကုန်တာမှတ်လို့။
အမေတို့ တတ်နိုင်ပါတယ်။ သား ဘာမှ
မပူနဲ့ ဟုတ်လား”
ကလေးငယ်က ခေါင်းလေးယမ်းခါ
၍ပြုံးသည်။
“မဟုတ်ဘူး- အမေ၊ သားကကိုယ့်
ပိုက်ဆံနဲ့ကိုယ် လှူချင်တာဗျ”

“ဟယ် – သားက ကလေးပဲ။ ဘယ်
မှာကိုယ်ပိုင်ရှိပါ့မလဲလို့။ မတော်တရော်
သူများပစ္စည်းတွေ ဘာတွေယူမိနေပါ့
မယ်။ အဲဒါမျိုးတော့ မလုပ်နဲ့နော်။ အမေ
မကြိုက်ဘူး သိလား”
မစန်းနုအပြောကို သဘောကျစွာ
ဖြင့် ကလေးငယ်က ခိုးခိုးခစ်ခစ်ရယ်နေ
ရှာသည်။
“အမေကလည်း မဟုတ်တာ။ သူ များပစ္စည်းနဲ့ ကောင်းတာလုပ်ပါ့မလား။

အမေတို့ဆီကတောင် မယူဘူးလေ။ တော်ကြာ- သိမှာပါ အမေရယ်” ပြောပြောဆိုဆို ကလေးငယ်က မစန်းနုပါးကို ချစ်စနိုး နမ်းရှုပ်လိုက်ရာ မစန်းနု အိပ်ရာမှ ဖျပ်ခနဲ နှိုးခဲ့ရသည်။
ဘေးတွင် တခေါခေါအိပ်မောကျနေသူ လင်တော်မောင် ကိုမြသင်းအား လှုပ်နှိုး မိ၍ သူ့အိပ်မက်အကြောင်းစုံကို ပြောပြ လိုက်၏။ အိပ်မှုန်စုံမွှား နိုးထလာပြီး တအင်းအင်းနှင့် အင်းလိုက်နေသော်မှ

(ဒီမိန်းမနှယ် ကံပေးလို့ တိုက်တိုက်ဆိုင်
ဆိုင် ဖြစ်လာတာတွေကို တယ်လည်း
အစွဲအလမ်းကြီးနေပါလား။
အေးလေ –
သူစိတ်ချမ်းသာရင် ပြီးတာပါပဲ) ဟူသော အတွေးတို့ဖြင့် ခွန်းတုံ့မဆို ပြန်အိပ်သွား သူမှာ ကိုမြသင်း။

ကိုမြသင်းတို့အိမ်သို့ ကိုရဲမောင် ရောက်လာပုံက ဆန်း၏။ သူ့ပြောပြချက် အရ ကိုရဲမောင်အလုပ်က အထက်သို့ ဆန်ပို့၍ အပြန်တွင် စားတော်ပဲနှင့်ထန်း
လျက်ပိုများ တင်လာလေ့ရှိသော မော် တော်သမား။ မြို့မှာ အနေများသည်။
“ကျွန်တော်တို့ပခုက္ကူရောက်တော့
စကားစပ်မိပြီး ဒီရွာဇာတိဆိုတာသိလို့
ခင်ဗျားတို့မိတ်ဆွေ ကုန်သည်တစ်
ယောက်က လက်ဆောင်ပေးလိုက်တာ
ပဲဗျို့။ ဘာတွေလဲတော့ မသိဘူး။ ပုံးက ဂဟေပိတ်ထားတာ”
“ကျွန်တော်တို့ဆီပို့တာဟုတ်တယ်
နော်။ မှားနေမှာ စိုးလို့ပါ”
“ဟုတ်ပါတယ် – ခင်ဗျား ယောက္ခမ
နာမည်၊ ခင်ဗျားနဲ့ ခင်ဗျားဇနီး နာမည် အကုန်သိတာပဲဟာ။ နောက်ပြီး စာ

တောင်ရေးကပ်ပေးလိုက်တယ်။ ဒီမှာ”
ကိုရဲမောင် ပြမှ ပုံးတစ်ဖက်ရှိ စာကို တွေ့လိုက်ရသည်။ ကိုမြသင်း – မစန်းနု
ဆိုသော စာမှာအထင်းသား၊ သံဖြူလေး
ထောင့်ပုံးပေါ်တွင် ကပ်ထား၏။
“ဟုတ်ကဲ့ – ကျေးဇူးတင်ပါတယ်
ဗျာ။ တကူးတကတောင် လာပေးရ
တာ”
“ကိစ္စမရှိပါဘူး – မစန်းနုတို့နဲ့က ငယ်သူငယ်ချင်းတွေပါ။ ကျွန်တော်က ဒီရွာဇာတိသား၊ မြို့မှာ အိမ်ထောင်ကျလို့ ဒီရွာမှာ အမေနဲ့ နှမတွေရှိတော့ ခဏ
ခဏရောက်ပါတယ်။ ကဲ – စကား
ကောင်းနေလို့ အမေတို့ ဆီတောင်
မရောက်သေးဘူး။ ကျွန်တော် သွားမယ် ဗျာ။ မစန်းနု ဘုန်းကြီးကျောင်းသွားနေ တယ်လို့ သူ့ ညီမကပြောပြီး ဒီကို ညွှန် လိုက်တာ သူလာရင်သာ ကျွန်တော်
လာပို့ သွားတယ် ပြောလိုက်ပါဗျာ” “စိတ်ချ- စိတ်ချ ပြောလိုက်ပါ့
မယ်”
အိမ်မှထွက်သွားသောကိုရဲမောင် ကျောပြင်ကို လှမ်းကြည့်နေရင်း ကိုမြ သင်း စဉ်းစားတွေးတောနေမိသည်။ အထက်အညာလိုဒေသတွင် ဆွေးမျိုး

သားချင်း သူ့မှာမရှိ။ နောက်ပြီး ရင်းနှီး ခင်မင်သူ မိတ်ဆွေလည်း မရှိ။ မစန်းနု တို့ ဘက်တွင်လည်းရှိသည်ဟု ပြောသံ
ဆိုသံ မကြားစဘူး။ လာမှ မေးတော့
မည်ဟု မေ့မေ့လျော့လျော့ထားလိုက်၍
အေးအေးဆေးဆေး နေခဲ့၏။ မစန်းနု
အပြန်တွင် မေးမိမှ အံ့အားသင့်ရသည်။
“ပေါက်တီးပေါက်ရှာအသိအကျွမ်း ဆွေးရင်းမျိုးရင်းတစ်ယောက်မှမရှိပါဘူး
ရှင်။ ဒါထက်ပေးလိုက်တာက ဘယ်သူ
တဲ့လဲ”
“အေး-အဲဒါကိုပြောမသွားဘူးကွ။
မိတ်ဆွေတစ်ယောက်တဲ့”
“ဒါပေမဲ့ – ပေးလိုက်တာကတော့ အတိအကျ၊ စာတွေ ဘာတွေနဲ့ နော်” သို့ဖြင့် သံဖြူပုံး ဂဟေများကို လင် မယားနှစ်ယောက် ဖွင့်ကြည့်ခဲ့သည်။ ပုံးကိုဖွင့်လိုက်သောအခါကတ်ပြားလေး
တစ်ချပ်။ ဝိုင်းစက်သော လက်ရေးဖြင့် ရေးထားသည့်စာမှာ (သားလေး ရှင်ပြု ရန်)။ နှစ်ယောက်သား၏ မျက်လုံးမှာ
ပြူးတူးပြဲတဲ။
“ဗုဒ္ဓေါ – ဘယ်လို သိနေပါလိမ့်”
တစ်ဦးတစ်ယောက်ကိုမှ အသိ မပေးရသေးသည့်ကိစ္စ။ သူတို့နှစ်ဦးပင်

မဆုံးဖြတ်ရသေးသော လုပ်ငန်း။ ကတ် ပြားအောက်တွင် တစ်ရာတန်စက္ကူထုပ်
ဆယ်ထုပ်။ အားလုံးမှာ ငွေတစ်သိန်း
တိတိ။ အဝတ်ဖြူများနှင့် ရစ်ပတ်ထုပ်
ပိုးလျက်။
“မနည်းမနောပါလား”
(သစ်အိမ်ကြီးတစ်လုံး သစ်မှန်၊ ဝါး
မှန်ဖြင့်ဆောက်ပါကနှစ်သောင်းမကျော် သည့်ကာလ၊ ငွေတစ်သိန်းတန်ဖိုးမှာ
ချင့်တွက်နိုင်ကောင်းသည် ပင်။)
“ဟုတ်ပါပြီ – ဟုတ်ပါပြီ။ သားလေး က သူ့အလှူမှာ သူ့ငွေသုံးမယ်ဆိုတုန်း တော်ကြာသိမှာပါ အမေရယ်လို့ ပြောခဲ့တယ်။ ဒါဟာ သူ့ငွေပဲပေါ့ရှင်” မစန်းနုစကားကြောင့် သားအပေါ်
တွင် အထင်မကြီးသော ကိုမြသင်းအဖို့ ပြောစရာ ဟေတုတက်စရာ စကားရှာ မတွေ့။ မောင်အောင်ချမ်းသာ၏ထူးခြား ဆန်းကြယ်မှုကို လက်ခံလိုက်ရပါပြီ။ သားငယ်အတွက် ရှင်ပြုမင်္ဂလာပွဲ တွင် အသွင်သဏ္ဌာန်အရ ကိတ္တိမသား
များ၏ရှင်ပြုပွဲနှင့်ရဟန်းခံလိုသူများအား
ရဟန်းပြုပွဲပါ ခမ်းခမ်းနားနား ကြီးကြီး
ကျယ်ကျယ် လုပ်ပေးခဲ့သည်။ ဆွေမျိုး
နီးစပ်များနှင့် မိမဲ့ဘမဲ့သူများ၊ မိဘရှိ

သည့်တိုင် ပါးရှားချို့ငဲ့နေသဖြင့် ရှင်မပြု နိုင်။ ပဉ္စင်းမဝတ်နိုင်သူများ အားလုံးပါဝင်
ခဲ့ခြင်းပင်။
ရဟန်းငါးပါးနှင့် ရှင်အပါးနှစ်ဆယ်
တို့၏ ပြောစမှတ်တွင်လောက်သော ပွဲ
ကြီးပါ။ ထိုအလှူတော်မင်္ဂလာကြီး၌ ရှင်
လောင်းများ စီတန်းလှည့်လည်ရာတွင်
ရှေ့ဆုံးမြင်းအပေါ်တင်ဆောင်ထားသည့်
ရှင်တစ်ပါးစာ အဝတ်အစား၊ အပြင်
အဆင်များ ထုပ်ပိုးထားခြင်းနှင့်အလား
တူ ကျောင်းထိုင်ဆရာတော် ရှေ့စားပွဲ
ပေါ်၌ သင်္ကန်းပရိက္ခရာရှစ်ပါး (ရှင်သာ
မဏေ) တစ်ပါးအတွက်သီးသန့်ပြင်ဆင်
ထားခြင်းမှာအချို့အချို့သောသူများအဖို့ အမြင်ဆန်းနေမည်ဖြစ်သော်မှ သား
လေး မောင်အောင်ချမ်းသာကို ရည်စူး
လှူဒါန်းထားကြောင်း အလှူရှင်မိဘနှစ် ပါးသာ သိနိုင်ပေမည် မဟုတ်ပါလား။
အလှူမင်္ဂလာပွဲကြီး ပြီးဆုံးခဲ့သည့်
တစ်လခန့်အကြာတွင် မစန်းနု အိပ်ရာ
အတွင်း အတူအိပ်နေသူ ခင်ပွန်းသည်
ကိုမြသင်းကို ကမန်းကတန်း နိုးနေပြန်
သည်။
“ဘာဖြစ်လို့လဲ – အစန်း၊ နေ
မကောင်းဘူးလား”
“အို- မဟုတ်ပါဘူးရှင်၊ သားလေးနဲ့

အိပ်မက်ထဲမှာ တွေ့ပြန်ပြီ”
ပါ”
“ဟေ – ဘာပြောသလဲ၊ ပြောစမ်း
ဒီတစ်ခါ လိုလိုချင်ချင် မေးလာ သော ခင်ပွန်းသည် ကိုမြသင်းကို
ကြည့်၍ မစန်းနု ပြုံးမိသည်။
“သူက သူကိုတယုတယချစ်ကြတဲ့ မိဘတွေကိုကျေးဇူးတင်ပါတယ်တဲ့။ သူ့ အတွက် အဖော်ညီလေးတစ်ယောက်၊
ညီမလေးတစ်ယောက် ရတော့မှာပါ
အမေရယ်တဲ့။ သား သိပ်ဝမ်းသာတာပဲ
ဆိုပြီး ပြုံးလို့ရွှင်လို့”
“ဟင် – ဒါဖြင့် အမြွှာပေါ့နော်”
“မဟုတ်တာရှင် – ကြံကြီးစည်ရာ၊ တစ်ယောက်စီပေါ့ရှင့်”
“မသိပါဘူးကွာ တစ်ပြိုင်တည်း လားလို့။ ငါတို့မှာ သားသမီးရှိစေချင်တာ လိုချင်ပေမယ့် ခုနစ်နှစ်၊ ရှစ်နှစ်ကျော် မထွန်းကားဘူး မဟုတ်လား”
“နို့ – သားလေး အောင်ချမ်းသာ
ရနေတာကကော”
“ဒါတော့ ဒါပေါ့ကွာ၊ ဒါပေမဲ့”
သူ့စကားကြောင့်ဇနီးသည်မျက်နှာ အိုသွားသဖြင့် ရှေ့သို့ စကားမဆက်ဝံ့။

သားလေး အောင်ချမ်းသာ၏ ရှေ့ ပြေးစကားအတိုင်း မစန်းနုတွင် သား
ယောက်ျားလေးတစ်ယောက်ရခဲ့သည်။
နှစ်နှစ်ကျော်၊ သုံးနှစ်တွင် သမီးတစ်
ယောက် မွေးပြန်၏။ သားသမီးများ စုံစုံ
ညီညီဖြင့် ကိုမြသင်း၊ မစန်းနုတို့တွေ
ပြည့်ပြည့်စုံစုံ၊ ချမ်းချမ်းသာသာနေနိုင် ခဲ့သည်မှာ ပြောရန်လိုမည် မထင်ပါ။ ယောက္ခမကြီးနှစ်ဦးစလုံး တစ်နှစ်
ခြား၍ ကွယ်လွန်ပြီးနောက် မစန်းနု၏
ညီမငယ်အိမ်ထောင်ပြုခဲ့သည်။ ယောင်
နောက်ဆံထုံးပါ ခင်ပွန်းသည်လုပ်ငန်း
ရှိရာ ရန်ကုန်သို့ပြောင်းရွှေ့ သွားရ၏။
မရှေးမနှောင်းမစန်းနုမောင်ငယ်ကတစ် ရွာတည်းသူကလေးနှင့် အိမ်ထောင်ကျ
ပြန်သည်။ ကိုမြသင်းနှင့် မစန်းနုကပင်
နှစ်စုံသော မင်္ဂလာဆောင်များကို ထည်
ထည်ဝါဝါ ခမ်းနားသိုက်မြိုက်စွာဆောင်
ရွက်ပေးခဲ့ပြီး ရသင့်ရထိုက်သော မိမွေ၊
ဘမွေများကို ခွဲဝေပေးခဲ့သည်။ ရွာတွင်
ဆွေနှင့်မျိုးနှင့်တစ်သက်လုံးအခြေတကျ
နေထိုင်တော့မည့် မောင်ငယ်ကို လယ်
ကိုင်းမြေယာများလွှဲပေးကာ ခင်ပွန်း
သည် ကိုမြသင်း ဆန္ဒအရ ကလေးများ

ရှေ့ရေး ပညာသင်ကြားနိုင်ရန်အတွက် မစန်းနုတို့ မိသားစု ( – – —-မြို့)သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မပြောင်းရွှေ့ စီးပွားရေးလုပ်ငန်းများတွင်တစ်
မီကပင်
ရှိန်ထိုး အောင်မြင်နေသည်သာမက
မိတ်ဆွေသင်္ဂဟများပေါကြွယ်နေပြီဖြစ်
သည့် ကိုမြသင်းအဖို့ မြို့မရပ်ကွက်
တစ်ခု၌ ခြံကျယ်ဝန်းနှင့် စိတ်တိုင်းကျ
ပြင်ပြီးဆင်ပြီး အိမ်တစ်လုံးရဖို့မှာ မခဲ
ယဉ်းလှ။
ဇနီး သားသမီးများနှင့် ခြိုက်ခြိုက်
မြိုက်မြိုက် နေထိုင်နိုင်၍ စီးပွားရေး
အတွက် အကွက်အကွင်းကျသည်
လမ်းကျယ်တစ်ခုတွင် ဆန်၊ ပဲ၊ နှမ်းများ
ရောင်းဝယ်သောပွဲရုံကြီးတစ်ရုံကိုတည်
ထောင်ခဲ့၏။ သူ၏ပွဲရုံနာမည်က(အောင်
ချမ်းသာ)ကိုမြသင်းမှာ ယခင်အနုညာတ
လယ်သမား ကိုမြသင်း မဟုတ်တော့။
လေးငါးခြောက်တန်းသာ ပညာအခြေခံ
ရှိလင့်ကစားလုပ်ရင်းကိုင်ရင်းစီးပွားရေး
တွက်ချက်ပုံနှင့် စီးပွားရေး အမြင်များ
ရှိလာသောအခါ မြို့ကုန်သည်လောက မှာ ဝင်ဆန့်လာသည်။ ငွေကြေးဓန ကလည်း ပြည့်စုံသူဖြစ်သဖြင့် အရောင်း

အဝယ် ဈေးကွက်ကိုပင် မကြာမတင်
ကိုင်လှုပ်နိုင်သည်ထိပေါက်ရောက်ခဲ့၏။
မစန်းနုမှာ သားချင်းတစ်စ အိမ်ဖော်များ
နှင့် သားဝတ်၊ သမီးဝတ်တို့ဖြင့် အချိန်
ကုန်နေရသည်။ ကိုမြသင်း၊မစန်းနုတို့က
ဦးမြသင်း၊ ဒေါ်စန်းနုဘဝ ရောက်သည့်
တိုင် မပလွှား၊ မဝံ့ကြွား။ လူခင်လူမင်
များ၍ဘာသာရေးကိုင်းရှိုင်းပြီးအလှူဒါန
အတွက် မတွန့်မဆုတ် လုပ်နေသူများ
အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သား မောင်အောင်ချမ်းသာပင် အသက်(၂၀)ရှိပေတော့မည်။ သူတို့ဇနီး မောင်နှံနှင့် သားသမီးများ မွေးနေ့မွေး
ရက်တိုင်းပကာသနမဖက်သောမွေးနေ့
အထိမ်းအမှတ်အဖြစ် ဘုရားကျောင်း
ကန်များတွင် ဒါနပြုနေကျ။ လိုအပ်သည့်
ပြုပြင်မွမ်းမံမှု၊ သံဃာတော်များအားပစ္စည်း
လေးပါး ထောက်ပံ့ခြင်းများကို တိတ်
တဆိတ်ပြုမြဲ အစဉ်အလာ။ သားကြီး
ကိုအောင်ချမ်းသာအတွက်အသက်နှစ်
ဆယ်ပြည့် မွေးနေ့အလှူအဖြစ် ဘုရား
ပုထိုးများတွင် လှူတန်းပြီး ပြန်လာ
သည့်နေ့ ညပိုင်းတွင် မစန်းနု အိပ်မက်
မက်ရပြန်သည်။ အိပ်မက် မရသည်မှာ ကြာခဲ့ပြီပဲ။

ထိုအိပ်မက်ကလည်း မစန်းနုအဖို့ ဆန်းဆန်းပြားပြား။ ထုံးစံအတိုင်းခင်ပွန်း သည်ကို ချက်ချင်းအသိပေးလိုက်ရ သည်။ ကိုမြသင်း မျက်လုံးပြူးသွား၏။ “ဘာ – သားက အိမ်ထောင်ပြုချင်
လို့ ဟုတ်လား။ မဖြစ်နိုင်တာကွာ” “ရှင် ပြောသလိုပဲ။ ကျွန်မက ရယ်
စရာပြောနေတာမှတ်လို့ ပေါက်ပေါက်
ရှာရှာ သားရယ် ဘယ်မိန်းကလေးက
ယူမှာလဲဆိုတော့ သားက ရှက်ကိုးရှက်
ကန်းနဲ့ တကယ်ပါအမေရယ် သားမှာ
ချစ်သူရှိနေပါပြီ။ သူနဲ့တိုင်ပင်ပြီး အမေ
တို့ သွားရေးလာရေး လွယ်ကူအောင်
စီစဉ်ပေးပါ့မယ်။ သားကို ကြောင်းလမ်း
လက်ထပ်ပေးပါလို့ အတင်းပူဆာနေ
တယ်။ သားရဲ့ ကိစ္စကို ဆောင်လည်း
ဆောင်ရွက်ပေးချင်ပါရဲ့။ အရှက်တကွဲ
ဖြစ်မှာလည်း စိုးရိမ်တယ်ရှင့်”
“အေးလေကွာ – သူက
ဘာဝယ်
ပေးပါ၊ ညာဝယ်ပေးပါဆိုလို့ လုပ်ပေး ရတာ တော်သေးတာပေါ့။ ခုဟာက …” ကိုမြသင်း၏စကားပြတ်သွားသော
ကြောင့် အခက်အခဲအကြပ်အတည်းကို လည်း နားလည်သဘောပေါက်သည်။ မစန်းနုက ခင်ပွန်းဖြစ်သူကိုဖြေသိမ့်လို၏။

“သားလေးက အိပ်မက် မပေးတာ ကြာပြီဆိုတဲ့အကြောင်း ရှင့်ကိုပြောခဲ့ဖူး
ပါတယ်။ နောက်ပြီး- သူက ခဏခဏ
ဟိုဟာပူဆာ၊ ဒီဟာပူဆာတာမျိုးမှ
မဟုတ်ဘဲ။ သူလည်းအရွယ်ရောက်နေ
ပါပြီ။ သူ ပြောသလို သူ စီစဉ်ပေးတာကို
စောင့်ကြည့်ပါဦးရှင်။ သိပ်ပူပန်မနေပါ
ကိုမြသင်းက အဖြေပြန်မပေး။ စိတ်
ပျက်လက်ပျက်သာ ခေါင်းခါယမ်းနေ
သည်။
မစန်းနုတစ်ခုစဉ်းစားမိသည်။ သား
ဖြစ်သူ ကိုအောင်ချမ်းသာအတွက် အရွယ်နှင့်အလိုက် အဝတ်အစား၊ အသုံး အဆောင်များလိုလေသေးမရှိဝယ်ခြမ်း
ပေးခဲ့၏။ ရွှေတို ရွှေစကအစ သူ့ ညီ၊ နှမ
များနည်းတူ ဝယ်ပေးထားခဲ့၏။ ပိုလျှင် သာ ပိုမည်၊ လိုသည်မရှိစေရ။ မည် သည့်ကိစ္စကိုမှ ချိုသည် ခါးသည်မဆိုခဲ့။
ယခု တောင်းဆိုမှုတွင် အမြင်အားဖြင့်
ခက်ခဲနေသော်လည်းတစ်နည်းမဟုတ်
တစ်နည်းပြေချောသွားလိမ့်မည်ဟူသော
အတွေးဖြင့် အသာနေလိုက်သည်။ ခင်ပွန်းသည်ကိုလည်း စိတ်မညစ်ညူး စေချင်။ နှစ်ရက်မြောက် နေ့ညတွင် သူ့

သားနှင့် တွေ့ရပြန်သည်။ သူ့အထင် … အိပ်မက်အတွင်း သားက ပိုလှ၊ ပိုချော လာသယောင်။

“အဖေနဲ့အမေ ကျွန်တော့်အတွက် စိတ်ညစ်နေတယ်နဲ့တူတယ်။ မညစ်ပါ
ဘူး။ ကျွန်တော်တို့ စီစဉ်ထားတဲ့ အစီ
အစဉ်အတိုင်းသာ သွားပါ။ အဆင်ပြေပါ
စေမယ်။ သွားရမှာက အဖေနဲ့အမေ နှစ်
ယောက်တည်း။ အဖေက အပေါ်အင်္ကျီ
အဖြူပုဆိုးကအနီကွက်ဝတ်ပါ။အမေက အပေါ်အင်္ကျီအဝါနု၊ ထမီကအဝါရင့်ဝတ် သွားပါ။ အဖေ့အင်္ကျီအိတ်နဲ့ အမေ့ခေါင်း မှာ နှင်းဆီပန်းအနီ တစ်ပွင့်စီထိုးပြီး ပန် သွားပါ။ လာကြိုမယ့် လူတွေသိအောင် ပေါ့။ သူတို့လည်း အဲဒီလိုပဲ ဝတ်လာပါ လိမ့်မယ်။ ရထားနဲ့လိုက်သွားပြီး ဘူတာ မှာ ဆင်းရမယ်။ အမေ မှတ်မိပါတယ် နော်။ သွားရမဲ့နေ့က တနင်္ဂနွေနေ့။ ခု – တနင်္ဂနွေပါ”
“အေးပါ – သားရယ်၊ မင်းစီမံထားပုံ
က သိပ်ဟုတ်တာပဲကွယ်” အမေ့စကားကြောင့် အောင်ချမ်း
သာမှာ ရှက်ပြုံး ပြုံးလျက်။

ကိုမြသင်းအား ပြောပြရာ လိုက်
ချင်ပုံမပေါ်စေကာမူ (စမ်းကြည့်ရင်
လည်း စမ်းကြည့်ဦးပေါ့ကွာ)ဆိုသည့်
သဘောဖြင့် ခေါင်းညိတ်လိုက်ပါ
သည်။
မယုံရဲယုံရဲသံသယစိတ်တို့ဖိစီးနေ
သောကြောင့် ကိုမြသင်း တစ်ယောက်
မရွှင်မပျ ကြည်လင်မှုမရှိသည့်တိုင်
မစန်းနုမှာ ရယ်ရယ်မောမော။ ကြောင့်
ကြစိုးရိမ်စိတ်လည်း ရှိပုံမပေါ်။ ဘူတာ
ဆင်းပြီး ခရီးစထွက်ကတည်းက ကိုမြ
သင်းငူငူငိုင်ငိုင်ရှိသလောက် မစန်းနုမှာ
ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ
အပြီးသတ်သားပြောလိုက်သော ဘူတာ
သို့ ရောက်ခဲ့၏။ လင်မယားနှစ်ယောက်
ဘူတာစဝင်ပြီဆိုတည်းက မီးရထား
နံဘေးပလက်ဖောင်းပေါ်တွင် စောင့်နေ
သူများကို ပြူးတူးပျာတာ ရှာမိ၏)
(ဟော-တွေ့ပါပြီ။ သူတို့ အဆင်
အပြင်အတိုင်း ဝတ်စားထားသူ နှစ်ဦး)။
“ဒီမှာ-ဒီမှာ”
နာမည်ကိုလည်း မသိသဖြင့် နာမ်
စားသာခေါ်လိုက်ရ၏။ ရွေ့လျားရပ်တန့်
သွားသောသူတို့ရှိရာတွဲသို့ လာကြိုနေ

သူများက သွက်သွက်လျှောက်လာကြ
သည်။
လား”
“ခင်ဗျားတို့က ဟိုဝှာနော်” “ခင်ဗျားတို ့က ဟိုဒင်းမဟုတ်
ဟိုငှာ၊ ဟိုဒင်းဖြင့် နှုတ်ဆက်စကား ဆို၍ ရပ်ထားသည့်ဂျစ်ကားနှင့် ခေါ်သွား ရာမှနေအိမ်သို့ရောက်ခဲ့ရ၏။ တစ်ဦးနှင့် တစ်ဦး မိတ်ဆက်စကား ပြောဆိုကာ
အကြောင်းစုံကို အပြန်အလှန်ပြောရင်း
သူတို့တွင်လည်း သမီးလေးနှစ်ယောက်
ရှိကြောင်း သိလာရသည်။ တစ်ယောက်
မှာ သာမန်လူ အရွယ်အစား (လူသား
တစ်ယောက်) ဖြစ်လင့်ကစား တစ်
ယောက်သောသူမှာ စောဒေဝီအမည်ရှိ
(အမျိုးသမီး)လူခြောက်ကလေးပင်။
ကိုမြသင်းတို့ နည်းတူ သမီးငယ် မွေးပြီး
ခါမှ စီးပွားတစ်ဟုန်ထိုးတက်ခဲ့သည်။
သမီးကြီးမှာ ဆရာဝန်မဖြစ်သဖြင့်
တာဝန်အရသွားရောက်ထမ်းဆောင်နေ
ရသည့် ဒေသတွင် ဆရာဝန်တစ်ဦးနှင့် ပင် အိမ်ထောင်ကျပြီး သားသမီးများရ ကာနယ်ဝေးတွင်နေကြခြင်းဖြစ်ကြောင်း ပြောပြ နေပြန်သည်။ သမီးငယ် စော

ဒေဝီက သား ကိုအောင်ချမ်းသာကဲ့သို့

အခါအခွင့်သင့်လာသည့်အချိန်တိုင်း
အိပ်မက် ပေးတတ်သည်ဟု သိရ၏။
မကြာသေးခင်က သမီး၏ တောင်းဆို
ချက်အရ သူ့ချစ်သူနှင့် ကြည်ဖြူစွာ
လက်ထပ်ခွင့်ပြုခဲ့ရပုံနှင့် သူတို့နှစ်
ယောက်၏ ညှိနှိုင်းတိုင်ပင် စီစဉ်ထားပုံ
များကိုပြော၍ရယ်ရယ်မောမောထမင်း
လက်ဆုံ စားကြသည့် ပွဲလေးတစ်ခု ဖြစ်
ခဲ့ရသည်။
“ကျွန်တော်က သားကြီးရဲ့ဆန္ဒကို
နှစ်ထပ်မလည်တော့ ရိုးရိုးမိန်းကလေး
တောင်းခိုင်းတယ်ထင်ပြီး ရင်ပူရင်ဆာ
ဖြစ်နေတာဗျ။ မတော်လို့ တစ်ဖက်က
မကျေမနပ်ဖြစ်ရင် အခက်ပဲပေါ့။ မဟုတ်
ဘူးလား”
“ခင်ဗျားလိုပါပဲ၊ ကျွန်တော့်သမီးရဲ့
ချစ်သူဆိုပေမယ့် ဘယ်လိုလူလဲလို့
တွေးနေရတာ။ သူတို့တွေက ဘဝ ဟောင်းထဲက ချစ်သူတွေဆိုပဲ။ သမီးက ခုဆို အသက် (၂ဝ)ပြည့်တော့မှာပါ” “အို – သားလည်း ဝါခေါင်လက (၂ဝ)ပြည့်တာလေ” “သမီးကလာမဲ့လမှာ ပြည့်မယ်ဆို တော့ လကြီးလငယ်ပါပဲ”

“ထူးခြားတယ်ပေါ့ဗျာ၊ကဲ-ဒါထက် ကလေးတွေရဲ့ နေမှုထိုင်မှုကို ဘယ်လို
စီစဉ်မလဲ။ ခင်ဗျားတို့ ဆန္ဒသိပါရစေ” “ခင်ဗျားတို့သားကို တယုတယ တစ်ခန်းသပ်သပ်ထားသလို ကျွန်
တော်တို့လည်း သမီးကို တစ်ခန်းထား
တာဆိုတော့ လွယ်ပါတယ်ဗျာ။ သူတို့
ပိုင်ခန်းတွေမှာ အိပ်ရာခမ်းနားအပြည့်
အစုံဝယ်ထည့်ပေးလိုက်မယ်။ မကောင်း
ဘူးလား။ ကျွန်တော်တော့ ဝယ်တောင်
ပြီးပြီ”
“ဟာ – ဒီနေရာတော့ ခင်ဗျားက
သာသွားပြီဗျို့။ တကယ်ပဲ”
သည်။
“ဟား-ဟား-ဟား- ဟား”
ရယ်မောသံတို့ ပြန့်နှံ့ဝေစည်သွား
“သူတို့တွေ နေလိုရာမှာနေပါစေ။
အလှည့် ဖကျနေချင်လည်းနေ သူတို့
ဆန္ဒသဘောအတိုင်းပေါ့။ ဟုတ်တယ် မဟုတ်လား”
“ကောင်းပါ့ဗျာ – ကောင်းပါ”

သို့နှယ် – ကြောင်းလမ်းထိမ်းမြား ပွဲမှာ လေးဦးသော မိဘတို့ဖြင့် တိုးတိုး ကြိတ်ကြိတ်ပြီးခဲ့ရသည်။ မင်္ဂလာပွဲကို ရည်စူးကာ လှူဒါန်းပွဲအဖြစ် မင်္ဂလာ

ဆွမ်းကျွေးများမှာ ဒေသနှစ်ခု (မြို့နယ် နှစ်နေရာ)တွင် ကျင်းပကြပေဦးမည် မဟုတ်ပါလား။

“ဒါနဲ့ပဲ အသက်ထက်ဆုံး ချမ်းချမ်း
သာသာ ပျော်ပျော်ပါးပါး နေသွားကြ
တယ်ပေါ့။ ဒီလိုမဟုတ်လား၊ ခင်ဗျားရဲ့
အဆုံးသတ်က”
စာရေးသူကထူးထူးခြားခြား သည်
ဇာတ်လမ်းကို ပြောပြသူ ကိုအေးဆွေ
(အတွင်းရေးမှူး စာရေးဆရာအသင်း
ဟင်္သာတမြို့နယ်) အား မေးလိုက်
သည်။
“မဟုတ်သေးဘူး- အစ်ကိုကြီးရဲ့၊
သူတို့တွေ အသက်သုံးဆယ်တင်းတင်း
ပြည့်တဲ့အချိန်မှာ နှစ်ဖက်မိဘတွေကို
သူတို့အတွက် သက်တမ်းကုန်ပါပြီ။
ကောင်းရာမွန်ရာဘဝကို သွားရပါတော့
မယ်ဆိုပြီးမှ စခန်းသတ်သွားကြတယ်။
နှစ်ဖက်မိဘတွေကတော့ ဝမ်းနည်းပက် လက်ပေါ့။ သိတဲ့အတိုင်းပဲလေ” “အော် – ဖြစ်မှဖြစ်ရလေဗျာ။ စိတ် မကောင်းစရာပါပဲ။ နို ့နေပါဦး-ဒီ အကြောင်းတွေ ခရေစေ့တွင်းကျ သိနေ ရတာ ဘယ်သူက ပြောလို့လဲ”

“ကျွန်တော်နဲ့ ခင်မင်သူတစ်ဦး
ဆိုပါတော့။ ဒီအချိန်မှာ ဦးမြသင်းတို့
ဒေါ်စန်းနုတို့လည်း ကွယ်လွန်ကုန်ကြ
ပေမယ့် သားသမီးတွေကရှိသေးတယ်။
အုပ်စုံသိခွင့်ရခဲ့တဲ့ သမီးလေးက သူ့ ခင်ပွန်းကို ပြန်ပြောခဲ့တာပဲ”
က”
“ဒါဖြင့် – ခင်ဗျားနဲ့ ခင်တဲ့သူဆိုတာ
“အစ်ကိုကြီးကိုနာမည်ပြောရင် သိ
မှာပါ။ ဦးမြသင်း၊ ဒေါ်စန်းနုတို့ရဲ့ သမီး ငယ်ရဲ့ခင်ပွန်းဆိုတာ သူပဲပေါ့။ ကဲ- ရှင်း
ပလား”
“ရှင်းပါပြီဗျာ – ရှင်းပါပြီ”
ဘဝသံသရာဆိုသည်မှာ ရှည်လျား
ပေစွ၊ နက်ရှိုင်းပေစွ။
သဗ္ဗေသတ္တာ ကမ္မသကာ။
မျိုးသစ်

Zawgyi Version

ထူးဆန္းေသာလူေျခာက္ကေလး(စ/ဆုံး)
————————————————
မိုးေနာက္တြင္ ေလက ဆင့္ပါလာ ျပန္၏။ ေလအေဝွ႔မွာ သစ္ပင္သစ္ကိုင္း မ်ားလႈပ္ရွားယိမ္းထိုးတိုက္ခတ္ေနဟန္
တို႔ကပင္ ေၾကာက္စရာ။ တေျဖာင္း
ေျဖာင္း တျဖန္းျဖန္း သစ္ကိုင္းသစ္ခက္
အက်ိဳးအစမ်ား အိမ္အျပင္ၿခံထဲႏွင့္ ႐ြာ
လမ္းမေပၚျပန႔္ႀကဲက်ေနၾကသည္။ တစ္
ခ်က္တစ္ခ်က္ ေဆာင့္တိုးလိုက္သည့္
ေလအဟုန္ေၾကာင့္ တဲကေလးပင္

တသိမ့္သိမ့္တုန္ခါသြားေစ၏။ ဝါး႐ုံပင္စု မ်ားဆီမွ ထိုးထိုး ေထာင္ေထာင္ထြက္
ေနေသာ ဝါးပင္ ဝါးကိုင္းမ်ား ဘယ္ညာ
ေဝွ႔ယမ္း၍ကိုင္းဖ်ားတို႔ ေျမသို႔ ႐ိုက္ခတ္
ထိလုခမန္း။
ခုတေလာ မိုးေကာင္းပုံက အဆ မတန္ လြန္လြန္းသည္။ ကြၽတ္ကြၽတ္ လြတ္လြတ္ေနပူသည့္ရက္ဟူ၍ မရွိ ေသး။ မႏွစ္က မိုးနည္းသျဖင့္ အနိမ့္ပိုင္း

လယ္မ်ားဟန္သေလာက္ ဒီႏွစ္ မိုးမွာ ဒုကၡေပးေတာ့မည္ေပလားမသိ။ မိုးဦး
အစပ်ိဳးမေထာင္မီထဲကမိုးမ႐ြာမ႐ြာႏွင့္
လယ္သမားတို႔ မိုးကို ေမွ်ာ္ေနၾကစဥ္ မိုး
႐ြာလာ၍ ဝမ္းသာအားရလုပ္ကိုင္လာခဲ့
သည္။ ထြန္ယက္စိုက္ပ်ိဳးၿပီးခ်ိန္အထိ
မိုးမွန္ေနဆဲ။ ပင္လုံးပင္ေျခ ဖြံ႕ထြားစည္
ပင္လာမွ ႐ြာမယ့္႐ြာေတာ့ ေန႔မစဲညမစဲ
မခ်ိမဆန႔္ သြန္ခ်႐ြာေနျခင္းမ်ိဳး။ ဒီ
အတိုင္းဆို ခက္ရခ်ည့္။ လူသြားလူလာ၊
ႏြားထြက္ႏြားဝင္တို႔ေၾကာင့္ ႐ြာလယ္
လမ္းမပင္ ဗြက္လုံး လည္ေနေလာက္
သည္။ အခ်ိန္ေစာေသးေသာ္လည္း
သည္းေနေသာမိုးေၾကာင့္အသြားအလာ
က်ဲပါးခဲ့ျခင္းျဖစ္၍ အားလုံးက ကုတ္
ကုတ္႐ုတ္႐ုတ္အိမ္ထဲတြင္ရွိေနၾကမည္။
႐ြာေနေသာ မိုးကိုၾကည့္ရင္း ကိုျမသင္း
တစ္ေယာက္ခုနစ္စင္အမွ်င္တန္းအေတြး
နယ္က်ယ္ေနမိသည္။ ေရေႏြးၾကမ္းတစ္
ခြက္ငွဲ႔ကာယူ၍ တစ္က်ိဳက္မႈတ္ေသာက္ ေနစဥ္ သူ႔မ်က္လုံးမ်ားက ဇနီးသည္
မစန္းႏုထံ ေရာက္သြားျပန္၏။ မစန္းႏု ကိုယ့္ျပည့္လက္ျပည့္ႀကီး ႏွင့္ ေရနံဆီမွန္အိမ္ေအာက္တြင္ အဝတ္ ၿပဲမ်ား ခ်ဳပ္ေနရွာသည္။ ထရံေပါက္ႀကိဳ

ၾကားမွ
တိုးဝင္လာေသာေလမွာ မွန္အိမ္
ကို လႈပ္ယမ္းေနေစသည့္တိုင္ အခ်ဳပ္
အလုပ္မပ်က္။ သူ႔ခမ်ာ ကိုယ္ဝန္ႀကီးႏွင့္
ေပမယ့္ တစ္ေန႔ တစ္ေန႔ အနားမေန
အလုပ္ႏွင့္လက္ တရစပ္ျပတ္သည္မရွိ။
အိမ္ေထာင္က်ၿပီး တစ္ႏွစ္ေက်ာ္ေက်ာ္
ေလာက္တြင္ ကိုျမသင္း မိခင္ႀကီးဆုံး
သည္။ မိခင္ႀကီးရွိစဥ္က ေခြၽးမအလိမၼာ
ေလးကို ကူပံ့ႏိုင္ေသာ္လည္း ခုေနခါ
လူခြဲမရွိေတာ့၍ တစ္အိမ္လုံးအလုပ္မွာ
မစန္းႏုတာဝန္။ ကိုျမသင္းလယ္အလုပ္
မအားသည့္ၾကားက ကူႏိုင္သမွ် ကူေပး
ခဲ့၏။ မစန္းႏု မေပါ့မပါးျဖစ္လာခ်ိန္တြင္
တူမဝမ္းကြဲေလး ေအးတင္က ေန႔လယ္
ေန႔ခင္းအကူအညီေပးေနေသာေၾကာင့္
ေတာ္ေပေသးသည္။ ႏို႔မို႔သာျဖင့္ မစန္းႏု
အဖို႔မလြယ္။ ေရေႏြးေသာက္ေနသည့္ ခိုက္ ကိုျမသင္း သက္ျပင္းခ်လိုက္မိ သည္။ မစန္းႏုမွာ ယခင္က ေျခေမြး မီး
မေလာင္၊ လက္ေမြးမီးမေလာင္ ေနခဲ့
ရေသာဘဝ။ သူႏွင့္ႀကိဳက္ၿပီး ခိုးရာလိုက္
လာခဲ့သည္တြင္ သေဘာမတူသျဖင့္ျပန္
လည္မသိမ္း။ အသိအမွတ္လည္းမျပဳ၊
ေသခန္းရွင္ခန္းျပတ္သလိုပစ္ထားခဲ့၏။
ဓနဥစၥာတို႔အေပၚအေလးမထားခဲ့သူ

မစန္းႏုက ခ်စ္ျခင္းေမတၱာႏွင့္ သစၥာ
တရားအတြက္
အားလုံးကိုစြန႔္လႊတ္ခဲ့
သည္။ ဆင္းရဲပင္ပန္းလွသည္ဟု တစ္ခါ
တစ္ရံမွ် မညည္းညဴစဖူး။ ေလာကဓံကို
ႀကံ့ႀကံ့ခံခဲ့၏။
သို႔ျဖင့္ – ကိုျမသင္း အေတြးတို႔မွ ႏိုးထ၍ နိစၥဝတ္မပ်က္ ဘုရားရွိခိုးရန္
အခ်ိန္ေရာက္လာခဲ့ပါသည္။ သိတတ္ သည့္အ႐ြယ္မွစ၍ထိုအေလ့အက်င့္မွာ
မျပတ္ခဲ့။ ဘုရားရွိခိုးမည္၊ ပရိတ္႐ြတ္
မည္။ ၿပီးေနာက္ – ပုတီးစိပ္၊ ေမတၱာပို႔၊
အမွ်ေဝမည္။ ဒါက သူ႔အတြက္ ေန႔စဥ္ မပ်က္သည့္လုပ္ငန္း။ မိုးက အနည္းငယ္ စဲစျပဳလာေပၿပီ။
“အိမ္ရွင္တို႔ အိမ္ရွင္တို႔” ျပင္ပမွ ဟစ္ေခၚသံတစ္ခုကို သဲသဲ ကြဲကြဲ ၾကားေနရသည္။ ေခၚသံမွာ ေယာက္်ားႀကီးတစ္ဦး၏ ဩဇာဓာတ္ ရွိေသာအသံ၊မစန္းႏုကျပဳဖြယ္ကိစၥမ်ား
ၿပီးစီးေနသည့္ကိုျမသင္းရွိရာလွမ္းၾကည့္
လိုက္၏။
ဘယ္သူမ်ားပါလိမ့္ အခ်ိန္မေတာ္

 

ႀကီး၊ မီးအုပ္ကိုထြန္းညႇိ၍လက္မွဆြဲကာ
ကိုျမသင္း ကမန္းကတန္း အိမ္တံခါးကို
ထဖြင့္လိုက္ရာအိမ္ၿခံဝတြင္ရပ္ေနေသာ
အဘိုးအိုတစ္ဦး။ ဘုန္းေတာ္ႀကီးေဆာင္း
ထီးတစ္လက္ကိုင္မိုးလ်က္အေပၚအက်ႌ၊
ပုဆိုးကြက္တုံးတို႔ႏွင့္ လြယ္အိတ္တစ္
လုံးအား လြယ္ထားသည္။ ေခါင္းတြင္
လည္း အညိဳေရာင္ဖ်င္ပိုင္းငယ္တစ္ခု
ကို ရစ္ေပါင္းထားျပန္၏။ “တြန္းဝင္ခဲ့ပါ- အဘ၊ တံခါးက
ပိတ္မထားပါဘူး”
အဘိုးအိုက တံခါးကိုတြန္းဝင္ၿပီး
ျပန္လည္ေစ့ပိတ္၍ အိမ္ရွိရာ လမ္း
ေလွ်ာက္လာသည္။ ကိုျမသင္း ကိုင္ျပ ေနေသာမီးေရာင္အတိုင္းအိမ္ေပၚတက္
လာကာပုဏၰားကြယ္တြင္ထီးကိုေထာင္
လိုက္သည္။ ခန႔္ညားတည္ၾကည္သည့္
ဥပဓိ႐ုပ္မွာ ေလးစားစရာ။
“ဒီမွာ- ထိုင္ပါအဘ။ ေရေႏြးၾကမ္း ကေလးေသာက္လိုက္ပါဦး”
အိမ္ေရွ႕ခန္း ဖိနပ္ခြၽတ္အျမင့္ပိုင္း
ဘုရားေက်ာင္းေဆာင္ေရွ႕ရွိသင္ျဖဴးငယ္
ကေလးေပၚတြင္ ေနရာေပးၿပီး မလွမ္း
မကမ္းမွာ ကိုျမသင္းက ဝင္ထိုင္လိုက္
သည္။

“ဘယ္လိုကိစၥရွိပါသလဲ – အဘ၊ ကြၽန္ေတာ္တို႔ သိပါရေစ”
“အဘ- ဒီ႐ြာက ေဆးဆရာႀကီး
ဦးေက်ာ္ကြန႔္ဆီ လာတာပါ။ သူတို႔ေတြ
ပုသိမ္က သမီးမ်ားဆီ အလည္သြားၾက
တယ္ဆိုေတာ့ တည္းခိုဖို႔ ခက္သြားတာ
ေပါ့။ ဒီမွာ အဘကို တစ္ညေလာက္
တည္းခိုခြင့္ျပဳပါ။ ကတၱရာလမ္း ျပန္
တက္ရင္လည္းကားမရွိေတာ့ဘူးကြယ္။
အားေတာ့ အားနာစရာႀကီးပါပဲ။ ကူညီ

ပါေနာ္”
အဘိုးအိုကေတာင္းေတာင္းပန္ပန္
စကားဆိုေနျပန္သည္။
“ဟာ- အဘရယ္ ရပါတယ္ဗ်ာ။ ဘာမွအားနာစရာမလိုပါဘူး။ ကူညီရမွာ
ေပါ့။ ဟုတ္ပါတယ္ – ဒီအခ်ိန္ ဘယ္ကား
ရွိမွလဲ။ ေနာက္ၿပီး ကတၱရာလမ္းေရာက္
ေအာင္ေတာင္မွ အေတာ္သြားရဦးမွာ
မဟုတ္လား”

ကိုျမသင္း အဘိုးအိုကို ျမင္သည္ ဆိုကတည္းက ခင္မင္ေလးစားၾကည္ညိဳ မိသည္မွာ အမွန္။
“ဟုတ္ပါတယ္ – အဘရယ္၊ သမီး တို႔အိမ္မွာ တစ္ညေလာက္ တည္းခို႐ုံနဲ႔
ဘာအပန္းႀကီးတာလိုက္လို႔။ အဘကို
သာ သမီးတို႔က အားနာရမွာပါ။ ဆင္းရဲသူ
ဆင္းရဲသားအိမ္ဆိုေတာ့ အေနအစား ခ်ိဳ႕ငဲ့မလားဆိုၿပီး”
အဘိုးအို က ၿပဳံး၍ လက္ကာျပ လိုက္သျဖင့္ မစန္းႏု စကားတန႔္ရပ္သြား
သည္။
“တည္းခိုခြင့္ရတာပဲ ေက်းဇူးႀကီး
လွပါၿပီ။ ဒါေတြ အဘအတြက္ အေရး
မႀကီးပါဘူး။ ဆင္းရဲတယ္ – ခ်မ္းသာ
တယ္ဆိုတာ ၿမဲတဲ့တရားေတြမွ မဟုတ္
ဘဲ”
“ႏို႔ – အဘ ထမင္းေကာစားၿပီး ပလား။ ထမင္းေတြ ရွိပါတယ္။ ဟင္း လည္း ရွိတယ္။ အားမနာရပါဘူး၊ စား မယ္ဆိုရင္ ျပင္လိုက္မယ္ေလ” “မစားပါဘူးကြယ္၊ အဘ – နဝဂၤ
သီလ ေစာင့္ေနတာပါ”
သေဘာထားျဖဴသည္သာမက ေစတနာစိတ္ထားေကာင္းရွာသည့္ဇနီး

ေမာင္ႏွံကိုၾကည့္ရင္းအဘိုးအိုက ၿပဳံးေန
သည္။
ဘုရားေက်ာင္းေဆာင္ႏွင့္ မနီး
မေဝး အျပင္ခန္းတြင္ အိပ္ရာျပင္ေပး
လိုက္၏။ ဧည့္သည္အဘိုးအိုက လြယ္
အိတ္ကို ေဘးဘက္တြင္အသာခ်၍
ဘုရားရွိခိုးကာ တင္ပ်ဥ္ေခြၿပီး ဘုရား
ေက်ာင္းေဆာင္ကို မ်က္ႏွာမူထိုင္ေန
သည္။ လက္ႏွစ္ ဖက္အထက္ႏွင့္
ေအာက္ထပ္၍မ်က္စိစုံမွိတ္ထားၿပီး ၿငိမ္
သက္စြာထိုင္လ်က္။ ေစာေစာပိုင္းက
ေခါင္းမွာပင္ရစ္ခဲ့ေသာ ဖ်င္ညိဳထည္
ကေလးမွာ အေရွ႕တြင္ ျဖန႔္ခင္းထား
သျဖင့္ေရာင္ငုတ္စိေလးကအထင္းသား
ေပၚေန၏။ အသက္အ႐ြယ္ ရွစ္ဆယ္ခန႔္
မွန္းဆရေသာ္လည္း ဆံပင္တစ္ေခ်ာင္း
မျဖဴေသးသည္မွာ အံ့ဩစရာ။ ဧရာ ဒုဗၺလအ႐ြယ္မို႔ ဆံျဖဴေလာက္ေပၿပီ။
ဧည့္သည္အဘိုးအို၏ လုပ္ငန္းကို အေႏွာင့္အယွက္မေပးလိုသျဖင့္ ကိုျမ
သင္းတို႔ ဇနီးေမာင္ႏွံ အိမ္တံခါးပိတ္ၿပီး
ေစာစီးစြာ အိပ္ရာဝင္လိုက္ၾကသည္။
နံနက္ေစာေစာ ႏိုးလာသူမွာ မစန္းႏု။ မစန္းႏု – ဧည့္သည္အဘိုးအိုအတြက္ ယာဂုက်ိဳခ်က္ရန္ထလာခဲ့ျခင္းပါ။ ယမန္ ေန႔ညက နဝဂၤသီလ ေစာင့္ခဲ့သျဖင့္

ယေန႔နံနက္အဖို႔ ဆာေလာင္ေနရွာေရာ့ မည္မို႔ ေစာေစာစီးစီး ေသာက္ႏိုင္ေစရန္ လုပ္ေပးမည့္ေစတနာ။ဘုရားစင္ဘက္
သို႔ ငဲ့ေစာင္းၾကည့္မိရာ အဘိုးအိုမွာ
ဘုရားေက်ာင္းေဆာင္ေရွ႕တြင္ ထိုင္
လ်က္ပင္။
(ယမန္ေန႔ညက အိပ္မွအိပ္ပါ ေလစ) တအံ့တဩျဖင့္ မီးဖိုထဲဝင္သြား
ကာ မ်က္ႏွာသစ္ၿပီး မီးေမႊး ေရေႏြးအိုး
က်ိဳလိုက္သည္။ ေရေႏြးဆူၿပီးမွ ယာဂု
ဆက္တည္ေန၏။ ကိုျမသင္းလည္း
အိပ္ရာႏိုးေပၿပီ။ ကိုျမသင္းအတြက္ပါ
ထမင္းၾကမ္းႏွင့္ ငါးပိေထာင္းေၾကာ္
အသင့္ျပင္၍ ခုံဝိုင္းကေလးေပၚတင္ေပး
လိုက္သည္။ တေဆာင္တေယာင္
မဟုတ္ေစကာမူ လက္သုတ္ပဝါအသစ္
ကေလးကို ပန္းကန္ျပားငယ္တြင္ ထည့္
ကာထားေပးသည္။ပန္းကန္ေစာက္ႀကီး
တြင္ ထည့္ထားေသာ အေငြ႕တေထာင္း
ေထာင္း ထလ်က္ရွိသည့္ ယာဂုတို႔မွာ
ဇြန္းတပ္ၿပီး အသင့္၊
ၿပီကိုး”
“ေအာ္- သားတို႔၊ သမီးတို႔ႏိုးေနၾက
“ဟုတ္ကဲ့ – အဘ၊ ဒီမွာ မ်က္ႏွာ သစ္ေရပါ။ ၿပီးေတာ့ – ဒါက တဘက္”

ကိုျမသင္းက ႐ိုေသသမႈႏွင့္ ေရ အျပည့္ထည့္ထားေသာဖလားကို ေပးရာတြင္ အဘိုးအိုကၿပဳံးၿပဳံးႀကီးလွမ္း
ကမ္း
ယူကာ သစ္လိုက္ၿပီး ျဖဴေဖြးသန႔္စင္ သည့္ တဘက္ငယ္ျဖင့္ သုတ္လိုက္
သည္။ အဘိုးအိုမ်က္ႏွာျပင္မွာထာဝစဥ္
ၾကည္လင္ဝင္းပလ်က္ အၿပဳံးပန္းေဝေန
၏။
“အဘ- သုံးေဆာင္ပါ။ သမီး ေစာ
ေစာထက်ိဳထားတဲ့ ယာဂု” “ေအးကြယ္ – သားတို႔၊ သမီးတို႔ အဘအတြက္ အလုပ္မ်ားေနၾကတာပဲ ေနာ္။ အားနာစရာေတာ့ ေကာင္းေနၿပီ” “ဒီလိုလည္း မဟုတ္ပါဘူး-အဘ ရယ္။ မိဘေတြမရွိေတာ့ အမွတ္မထင္ ဒီကိုေရာက္လာတဲ့အဘကိုမိဘသဖြယ္
ျပဳစုတာပါ။ အေထြအထူး မလုပ္ရပါ
ဘူး
စကားစျဖတ္၍ ထမင္းစားသူ၊ ယာဂုေသာက္သူမ်ား၏ စားပြဲဝိုင္းမွာ သာေသာင့္သာယာ ပကတိတိတ္ဆိတ္
လ်က္ပါ။ေနအလင္းကလည္းထြက္ျပဴစ
သာသာ။

ညတာ
“ကဲ- သားတို႔၊ သမီးတို႔ဆီမွာ တစ္
တည္းခိုနားခြင့္ရခဲ့သလို အဘ
ကို အာဟာရဒါနေတြ ျပဳခဲ့ၾကၿပီးပါၿပီ။
သားတို႔၊ သမီးတို႔ကို ေက်းဇူးတုံ႔တင္တဲ့
အတြက္ စကားလက္ေဆာင္ပါးရတာ
ေပါ့ကြယ္”
ဧည့္သည္အဘိုးအိုစကားေၾကာင့္ ကိုျမသင္းႏွင့္ မစန္းႏုတို႔က နားစြင့္ေနမိ
သည္။
“သားတို႔၊ သမီးတို႔ရဲ႕အေျခအေန ဟာ အခုေမြးဖြားေတာ့မယ့္ သားေလး ေၾကာင့္ မၾကာခင္ေျပာင္းလဲလာပါလိမ့္ မယ္။ သူ႔ကို ေသေသခ်ာခ်ာ ဂ႐ုစိုက္ပါ။
သူဟာ ဘုန္းရွင္ကံရွင္ကေလးမို႔သားတို႔၊
သမီးတို႔ကိုအက်ိဳးေပးမယ္လို႔ ယုံၾကည္
ထားေစခ်င္တယ္။ ေအး – တိုးတက္ႀကီး
ပြားလာတဲ့အခါ ရတနာသုံးပါး၊ မိဘ၊
ဆရာသမား မေမ့ေလနဲ႔။ ဒါနအမႈ၊ သီလ အမႈ၊ ဘာဝနာအမႈ အစုစုေတြကိုလည္း
ဆထက္ထမ္းပိုးတိုးၿပီးေဆာင္႐ြက္ၾက
ပါ။ အဘ – သြားမယ္ေနာ္”
ကိုျမသင္းႏွင့္ မစန္းႏုတို႔က ႐ိုက်ိဳး စြာ ကန္ေတာ့ၾကသျဖင့္ အဘိုးအိုက
ဆုေပးသည္။
“မၾကာမတင္ သားတို႔၊ သမီးတို႔

လိုအင္ဆႏၵမ်ား တစ္လုံးတစ္ခဲတည္း ျပည့္စုံၿပီး စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာနဲ႔
နိဗၺာန္မဂ္ဖိုလ္တိုင္ေအာင္ ပါရမီဖက္မ်ား
ျဖစ္ႏိုင္ၾကပါေစကြယ္”
“ေပးတဲ့ဆုနဲ႔ ျပည့္စုံတဲ့ကိုယ္ ျဖစ္
ပါရေစ – အဘရယ္”
ထို႔ေနာက္- ဧည့္သည္အဘိုးအိုက
ျပန္ရန္ လြယ္အိတ္လြယ္လ်က္ ထီးက
တစ္ဖက္။
“အဘရယ္ – မျပန္ခင္အဘနာမည္
ေလး သိပါရေစ”
“အဘနာမည္ ဦးေအာင္ခ်မ္းသာ
တဲ့။ မွတ္ထားေနာ္”
အိမ္မွ လွမ္းထြက္သြားေသာ တစ္
ညတာဧည့္ သည္ႀကီးကို သူတို႔ဇနီး
ေမာင္ႏွံ ေမွ်ာ္ေငးၾကည့္ေနမိသည္။ ေဝး၍ေဝး၍ သြားသည္ထိ ၾကည့္ေနမိ
ျခင္းပင္။
“အစန္းရယ္ ေျပာလို႔ ေျပာတာ
မဟုတ္ဘူး။ တို႔အိမ္မွာ မထင္မွတ္ဘဲ
ေရာက္လာတဲ့အဘကိုတစ္ခါက ရင္းႏွီး
ခင္မင္ခဲ့သလိုမ်ိဳး ၾကည္ညိဳေလးစား
ခင္မင္မိတယ္ကြာ။ ေဆြမ်ိဳးရင္းခ်ာ တစ္
ေယာက္ သူ႔ရပ္သူ႔ ႐ြာ ျပန္သြားေတာ့
လြမ္းတဲ့ ေဆြးတဲ့စိတ္မ်ိဳး ခံစားမိတယ္”

“ဟုတ္ပါရဲ႕ရွင္ – သူကအားနာတယ္ လို႔ တဖြဖြေျပာေနေပမယ့္ သူ႔ကို ေကြၽး ခ်င္ ေမြးခ်င္တဲ့စိတ္က တဖြားဖြားေပၚ လာတယ္။ တကယ့္ သူေတာ္ေကာင္း ႀကီးပါ။ မ်က္ႏွာကခ်ိဳၿပဳံးၿပီးအသားအေရ က ဝင္းဝါသန႔္စင္လို႔”
“မင္း – သတိထားမိသလားေတာ့
မသိဘူး။ တို႔ ခင္းေပးတဲ့အိပ္ရာဟာ ပုံမပ်က္ ပန္းမပ်က္ ဒီအတိုင္းပဲ။ ဘုရား ေက်ာင္းေဆာင္ေရွ႕မွာ ထိုင္ေနတာ အၾကာႀကီးေနာ္”
“ဟုတ္တယ္- ဟုတ္တယ္၊ ကြၽန္မ ေစာေစာႏိုးေတာ့ထိုင္ေနတာပဲ။ တစ္ည
လုံး အိပ္မွအိပ္ရဲ႕လားဆိုၿပီး ကြၽန္မ
ေတာင္ ေတြးမိေသးတယ္” “ေအးေလ – သူေျပာသြားတာ
ခု – မင္းေမြးမွာ သားေယာက္်ားေလး။ ဘုန္းရွင္ကံရွင္ေလးဆိုပဲ ဝမ္းသာစရာ ေနာ္။ ငါေတာ့ တအားဝမ္းသာတယ္” “ရွင့္ကိုကြၽန္မ ေျပာဖူးတယ္မဟုတ္ လား။ ကိုယ္ဝန္မရွိခင္တုန္းက အိပ္မက္ ေလ။ ႐ုပ္ရည္ေခ်ာေခ်ာ လူငယ္ တစ္ ေယာက္ ကြၽန္မတို႔အိမ္မွာ ေနဖို႔ဆိုၿပီး အထုပ္အပိုးေတြနဲ႔ ေရာက္လာတယ္ဆို ပဲ။ ထူးတာကကြၽန္မဟာ ကေလးကိုယ္

ဝန္ရွိလာမွ သားေတြငါးေတြ မစားခ်င္
ေတာ့ဘူး။ လႉခ်င္တန္းခ်င္စိတ္ေတြမ်ား
လာသလားလို႔။ ဒါေၾကာင့္ ဆြမ္းခ်ိဳင့္
လစဥ္ပို႔တယ္။ ေန႔တိုင္း ဆြမ္းေလာင္း
တယ္”
“ေကာင္းတာေပါ့-မိန္းမရယ္။ ဒါန
ျပဳတယ္ဆိုတာ ေကာင္းတဲ့လုပ္ငန္းပဲ” သို႔ျဖင့္ – ရက္အတန္ၾကာေနသည့္ အထိ ေမ့ေမ့ေပ်ာက္ေပ်ာက္။ တစ္ေန႔ လမ္းႀကဳံသျဖင့္ ေဆးဆရာႀကီး ဦးေက်ာ္
ကြန႔္တို႔အိမ္ဘက္ ေရာက္မိရာ ဦးေက်ာ္
ကြန႔္ကို ေညာင္ေစာင္းထက္တြင္ ထိုင္
လ်က္ ေတြ႕ေနရသျဖင့္ တန္းတန္းမတ္
မတ္ဝင္သြားမိ၏။
“လာေဟ့- ေမာင္ျမသင္း၊ ဘယ္က
လွည့္လာလဲ ထိုင္ကြာ”
“ဒီဘက္နားေလးလာရင္း ဆရာ
ႀကီးေတြ႕လို႔။ တစ္ေလာက ဆရာႀကီးတို႔
ပုသိမ္သြားၾကေသးဆို။ သမီးေတြဆီ
အလည္ပဲေပါ့”
ဦးေက်ာ္ကြန႔္က ကိုျမသင္းစကား
ေၾကာင့္ အံ့အားသင့္သြားပုံရသည္။
“ဟုတ္ေတာ့ – ဟုတ္တယ္ကြ။ တစ္ေန႔ကပဲ ျပန္ေရာက္တာ။ ဒါထက္ မင္းက ဘယ္လိုလုပ္သိေနရတာလဲ။

ၿမိဳ႕က လူႀကဳံနဲ႔ အေဖအျမန္လာပါ စာ ရလို႔စိုးရိမ္တႀကီးအိမ္ကိုဘသင္တို႔အပ္
ၿပီးသြားတာ။ တို႔ေရာက္ေတာ့လာလည္
ဖို႔ေခၚရင္ဟိုကိစၥဒီကိစၥအလုပ္မ်ားေနလို႔
မလာမွာစိုးၿပီး ေရးလိုက္တာပါတဲ့။ ဆူခဲ့
ရေသးတယ္။ ငါတို႔ ပုသိမ္သြားတာ
ဘယ္သူမွ မေျပာခဲ့ဘဲ မင္း သိေနတာ
ဆန္းလြန္းလို႔ပါ”
ကိုျမသင္းက အဘ ဦးေအာင္ခ်မ္း
သာ ဆရာႀကီးဦးေက်ာ္ကြန႔္တို႔အိမ္လာ
ခဲ့ပုံမေတြ႕သျဖင့္ သူ႔အိမ္မွာ တစ္ည ဝင္
တည္းခိုသြားပုံတို႔ကို လုံးေစ့ပတ္ေစ့
ေျပာျပလိုက္ရာ ဦးေက်ာ္ကြန႔္မွာ ပါးစပ္
အေဟာင္းသား။
“မင္းေျပာတာ အဘဦးေအာင္ခ်မ္း
သာေနာ္”
“ဟုတ္တယ္ – ဆရာႀကီးရဲ႕ ဦး
ေအာင္ခ်မ္းသာပါ။ ႏို႔ – ဆရာႀကီး အသိ
မဟုတ္ဘူးလား”
ဆရာႀကီး ဦးေက်ာ္ကြန႔္က ေညာင္
ေစာင္းထက္မွထကာ ကိုျမသင္းကို လက္ဆြဲ၍သူ႔ဘုရားေက်ာင္းေဆာင္ဆီ
ေခၚသြားသည္။ ဘုရားေက်ာင္းေဆာင္ အနီးတိုင္တြင္ ဘုရားေက်ာင္းေဆာင္
ထက္အနည္းငယ္နိမ့္ေသာေနရာ၌သစ္

သားစင္တစ္ခု၊ ပန္းႏွင့္ အေမႊးနံ႔သာ၊
ဖေယာင္းတိုင္ ပူေဇာ္ထြန္းညႇိထားဟန္
လကၡဏာ။ စင္ေနာက္တြင္ ခ်ိတ္ဆြဲထား
ေသာ မွန္ေဘာင္တြင္းမွ ဝါၾကန႔္ၾကန႔္
ဓာတ္ပုံတစ္ပုံ။
“ကဲ- မင္းက မ်က္စိေကာင္းေသး
တာပဲ။ ဒီပုံကို ၾကည့္စမ္း” ဆရာႀကီး ဦးေက်ာ္ကြန႔္ လက္ညႇိဳး ထိုးျပသည့္ ဓာတ္ပုံအား အေသအခ်ာ
ၾကည့္ရာ အဘဦးေအာင္ခ်မ္းသာ၏ပုံ။ သူ႔ပုံမွ အစစ္။ တင္ပ်ဥ္ေခြထိုင္လ်က္
လက္တစ္ဖက္တြင္ ပုတီးကိုင္ထားၿပီး
အေပၚအက်ႌ၊ ပုဆိုးကြက္တုံး၊ေခါင္းေပါင္း
(ပတ္ေပါင္းမ်ိဳး)ႏွင့္ ပုဝါစရွည္ရွည္ကို
ေလာဘက္ထိုးထား၏။ ဓာတ္ပုံေအာက္
ေျခစကၠဴေမာက္ေပၚတြင္ ဘုန္းႀကီးလက္
ေရးမ်ိဳးျဖင့္ ေရးထားသည့္ စာတန္းမွာ
အဘဦးေအာင္ခ်မ္းသာ။ စာလုံးမ်ားပင္
မႈန္တိမႈန္ဝါး။ အဘအ႐ြယ္မွာ ေရာက္
လာစဥ္ကႏွင့္မကြာလွ။ ရွစ္ဆယ္ဝန္း
က်င္ ရွိေပမည္။
“ဟုတ္တယ္ – ဆရာႀကီးရဲ႕၊ ဒီပုံထဲ
က အဘပဲေပါ့။ ကြၽန္ေတာ္တို႔ အိမ္မွာ တစ္ညတည္းခိုသြားတာ။ ကြၽန္ေတာ္ ေကာင္းေကာင္း မွတ္မိပါတယ္”

“ေဟ…”
ဆရာႀကီး ဦးေက်ာ္ကြန႔္၏ အာေမ ဍိတ္သံႀကီးေၾကာင့္ ကိုျမသင္းပင္ လန႔္ ဖ်ပ္သြားမတတ္။
P
“မင္းေျပာတာၾကားေတာ့ ငါ့နားကို ေတာင္ ငါမယုံမိဘူး။ တကယ္ပဲ” “ဘာျဖစ္လို႔လဲ – ဆရာႀကီးရယ္” “ဒီလိုကြ – ငါတို႔ဟာ အေဖ့ လက္ ထက္ထဲက အစဥ္အဆက္ ေဆးဆရာ မ်ိဳး႐ိုးပါ။ တို႔အေဖဟာ အသက္ရွစ္ဆယ္ မွာ ဆုံးပါးသြားတာ။ သူ႔ဆရာႀကီးနဲ႔ ပုပၸါး
လိုက္သြားတုန္းက အဘဦးေအာင္ခ်မ္း
သာကို ေတြ႕ဖူးခဲ့သတဲ့။ ေဆးပင္ေတြ၊
ဂမုန္းပင္ေတြမွာ အင္မတန္ကြၽမ္းက်င္
ႏွံ႔စပ္တာဆိုပဲ။ က်င့္ႀကံမႈကလည္း
ေကာင္းလြန္းလို႔ တို႔အေဖမ်ား ဆရာစဥ္
အဆက္ဆက္ ဦးတိုက္ရတဲ့ ပုဂၢိဳလ္ႀကီး။
တို႔အေဖက သူ႔ဆရာဆီက ရွားရွားပါးပါး
ဓာတ္ပုံရလာခဲ့လို႔ အိမ္မွာ ပူေဇာ္ထား တာ။ ငါ့အေနနဲ႔အဘဦးေအာင္ခ်မ္းသာ ကို တစ္ခါမွ မေတြ႕ ဖူးဘူး။ အဘ ကြယ္ လြန္လို႔သိရတာပဲ အႏွစ္ေျခာက္ဆယ္

ေက်ာ္ေရာ့မယ္။ မင္းနဲ႔ ေတြ႕တယ္ဆို
ေတာ့”
“ဗ်ာ..”
ဒီတစ္ခါ အာေမဍိတ္သံ ဆိုလိုက္
မိသူက ကိုျမသင္းကိုယ္တိုင္။ ဓာတ္ပုံ
ထဲက႐ုပ္ပုံမွာ အေသအခ်ာ အဘ႐ုပ္ပုံ။
ယုံမွားသံသယရွိရန္ မလို။ သူ႔ အိမ္တြင္
တစ္ညေနခဲ့ဖူးသည္သာမက တရင္း
တႏွီးပင္ ရွိခဲ့သျဖင့္ လူမွားျခင္းလည္း
မျဖစ္ႏိုင္။ အစဥ္းစားရ က်ပ္ပါဘိေတာ့။
ဆရာႀကီး ဦးေက်ာ္ကြန႔္၏ စကား
ကလည္း အခိုင္အမာလိမ္ညာမည့္ လူ
စားမဟုတ္။
“တစ္ခုေတာ့ ရွိတယ္ေပါ့ကြာ။ မင္းတို႔ကလည္း ႐ိုး႐ိုးသားသား၊ ဘုရား နဲ႔၊ တရားနဲ႔ ေနသူေတြမို႔ မင္းတို႔မွာ အေၾကာင္းရွိလို႔ မင္းတို႔ရဲ႕ ပ႒ာန္းဆက္ ရွိတဲ့ ပုဂၢိဳလ္ေရာက္လာၿပီး မင္းတို႔ကို
ေစာင့္ေရွာက္တယ္ပဲ သေဘာထား
လိုက္ပါကြာ။ မင္းတို႔လည္း ေမတၱာပို႔သ ေပါ့။ ဆန္းၾကယ္တာေတာ့ အမွန္ပါပဲ-
ေမာင္ရာ”
ဆရာႀကီး အိမ္မွ ျပန္လာသည့္တိုင္ ကိုျမသင္းအတြက္ အေတြးမွ်င္တို႔ မျပတ္ေသး။ သို႔ေသာ္- သူ႔အေနႏွင့္

ဆုံးျဖတ္ခ်က္တစ္ခု ခိုင္ခိုင္မာမာ ခ်ထား
ခဲ့၏။ သူ႔ဇနီး မစန္းႏုကို သူ သိခဲ့ရေသာ ယခုအျဖစ္အပ်က္ တစ္လုံးတစ္ပါဒမွ ျပန္မေျပာရန္ပင္။ သို႔ေသာ္- သို႔ေလာ သံသယမမ်ားေစခ်င္သည့္အျပင္
မိန္းမ
သားသဘာဝ တစ္ေယာက္စကား တစ္
ေယာက္ နားမပြားေစခ်င္သည္မွာ သူ႔
သေဘာ၊ သူ႔ဆႏၵ။
ကိုျမသင္းမသိလိုက္မသိဘာသာ
လယ္ယာလုပ္ငန္းခြင္တြင္ႏွစ္၍လုပ္ေန
လိုက္၏။ မစန္းႏု၏ ကိုယ္ဝန္ကလည္း တစ္ေန႔တစ္ျခား ရင့္မာလာခဲ့ၿပီျဖစ္
သည္။ ဝါေခါင္လကုန္ရက္၊တနဂၤေႏြေန႔
နံနက္ေစာေစာပိုင္းေလာက္တြင္ မစန္းႏု
ဗိုက္နာလာသည္။ အနီးအနားရွိ အစ္မ
ဝမ္းကြဲႏွင့္ တူမေလး ေျပးေခၚ၊ ႐ြာလက္
သည္ ေဒၚညိဳကို ေျပးေခၚျဖင့္ ကိုျမသင္း တစ္ေယာက္ အလုပ္မ်ားေနရွာသည္။ ကိုျမသင္းမွာ ေမြးရာဖြားရာလြယ္ကူေစ ရန္ ႐ြတ္ဖတ္လိုက္ရသည့္ အဂၤုလိမာလ သုတ္ပင္ အေခါက္ေရ မမွတ္မိေတာ့ပါ။
“ေမြးၿပီဟဲ့- ေမြးၿပီ”
“ဟယ္ – ေမြးၿပီ ဆိုပါလား”
ကိုျမသင္းဝမ္းသာသြား၏။ အတြင္း
မွအသံတို႔တိတ္ဆိတ္သြားေသာေၾကာင့္

ကိုျမသင္း ထိတ္ခနဲ ျဖစ္သြားမိသည္။ “အရီးညိဳ- အရီးညိဳဘာေလးလဲဗ်။
ကေလးေကာ လူႀကီးေကာ ေနေကာင္း
ၾကရဲ႕လား”
“ေယာက္်ားကေလးပါေနေကာင္း
ပါတယ္ဟယ္”
ေျပာသာ ေျပာေနေပမယ့္ ေျခာက္ ကပ္ကပ္ အသက္မပါလွေသာ ေဒၚညိဳ အသံကို ကိုျမသင္း သတိျပဳမိခဲ့၏။ ထူး ျခားသည့္ အေၾကာင္းတစ္ရပ္ပင္။ (ဘာေတြျဖစ္ေနပါလိမ့္) စိုးရိမ္ ပူပန္မႈမ်ားေၾကာင့္ သူ႔ရင္မွာ တဒိတ္ဒိတ္
ခုန္လ်က္။ သူ႔အေနႏွင့္ ခ်ဳပ္တည္းမေန
ႏိုင္ေတာ့ပါေလ။
“ကြၽန္ေတာ္ ကေလးၾကည့္ပါရေစ
ဗ်ာ”
သူအသံေတြပင္ တုန္ယင္ေန
သလားမသိ။ ေတာင္းဆိုလိုက္မိသည္။
“ေအး-ေအး – ခဏၾကာရင္ ေတြ႕
ရမယ္”
ထိုခဏဆိုေသာအခ်ိန္ပင္ၾကာလြန္း
လွပါၿပီ။ မီးေနခန္းတြင္းသို႔ ေယာက္်ား တန္မဲ့ မဝင္ရသျဖင့္သာ ေန,ေနရ၏။ ေျပးဝင္ၾကည့္လိုခဲ့ သည္မွာ အလြန္ အမင္း။ ေဒၚညိဳယူလာခဲ့ေသာ ဆန္ေကာ

ဝိုင္းေပၚတြင္ အဝတ္ထုပ္ကေလး။ တကယ့္ ေသးေသးဆိုမွ ေသးေသး
အဝတ္ထုပ္ကေလး။ ကိုျမသင္း အသာ

အယာ ဖြင့္လွပ္ၾကည့္မိ၏။ သူ မ်က္ႏွာ
ျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားၿပီး တီးတိုးသံ
ထြက္လာသည္။
“အလိုေလး – ဘုရားေရ”
လူတစ္ေယာက္၏ ခႏၶာကိုယ္အဂၤါ
စုံစြာပါလင့္ကစား ပိစိေကြးလူကေလး။
အမွန္ဆိုရေသာ္ (လူေျခာက္ကေလး)။
ကိုျမသင္းရင္ထဲတြင္ မေကာင္းပါ။
ေမွ်ာ္လင့္ေနခဲ့သည္က သားေယာက္်ား
ပီပီသသေလးတစ္ေယာက္။ ခုေတာ့ –
လြဲေခ်ာ္ခဲ့ၿပီေကာ။
ေဒၚညိဳ စေကာကို အတြင္းျပန္ယူ
သြားစဥ္ စိတ္ပ်က္လက္ပ်က္၊ ေျခပစ္
လက္ပစ္ ထိုင္ခ်လိုက္မိသည္။ ျဗဳန္းခနဲ
ထူးျခားေသာအဘဦးေအာင္ခ်မ္းသာ၏
စကားလုံးမ်ား နားထဲတြင္ ၾကားေယာင္
လာ၏။
“သားတို႔၊ သမီးတို႔ရဲ႕အေျခအေန ဟာ အခု ေမြးဖြားေတာ့မယ့္ သားေလး ေၾကာင့္ မၾကာခင္ ေျပာင္းလဲလာပါလိမ့္ မယ္။ သူ႔ကို ေသေသခ်ာခ်ာ ဂ႐ုစိုက္ပါ။ သူဟာ ဘုန္းရွင္ကံရွင္ကေလးမို႔သားတို႔၊

သမီးတို႔ကို အက်ိဳးေပးမယ္လို႔ ယုံၾကည္ ထားေစခ်င္တယ္”
ထူးျခားေသာ ပုဂၢိဳလ္ႀကီး၏ ထူး
ဆန္းေသာ စကားမ်ားမွာ မမွားတန္ရာ။
ကိုယ့္ေသြးကိုယ့္သားေပမို႔ ဂ႐ုတစိုက္
ထားရမည္က အဆန္းတၾကယ္ မဟုတ္
ေတာ့ၿပီ။ ကိုျမသင္း ထရပ္လိုက္မိသည္။
ပါပဲေလ။
ျဖစ္သမွ်အေၾကာင္း အေကာင္းခ်ည္း
သည္။
P
အခ်ိဳ႕ – အခ်ိဳ႕ က ေျပာဖူးဆိုဖူးပါ
ေမြးလာေသာ လူေျခာက္ကေလး
မွာ ညအခ်ိန္တြင္ သန္သန္မာမာ လူ တစ္ေယာက္အျဖစ္ ေျပာင္းလဲလာ၍
မိဘကို ခိုးဝွက္ေကြၽးေၾကာင္း၊ လူတစ္
ေယာက္ကဲ့သို႔ေနမႈစားမႈမ်ားေတာင္းခံ
တတ္ေၾကာင္း။ သို႔ႏွယ္ – ၾကားဖူးနားဝ
ရွိသျဖင့္ လူေျခာက္ကေလးေမြးဖြားလာ
ေသာအခါ ေခါင္းနားပန္းႀကီးမိသည္မွာ
အမွန္။
ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးႏွင့္ မိဘ၊ ဆရာ၊ ေလးစားျမတ္ႏိုး ႐ိုက်ိဳးကိုးကြယ္၍ သီလစင္ၾကယ္မွ

အဓိကျပဳေနေသာ မိသားစုအတြင္း မျဖစ္သင့္ မျဖစ္ထိုက္သည့္ကိစၥမ်ိဳးပင္
မဟုတ္ပါလား။ မစန္းႏုတြင္ ကိုယ္ဝန္
ရွိစဥ္က ျဖစ္လာခဲ့သည့္ အေျခအေန၊
ခ်စ္ျခင္းျဖစ္ေပၚလာေသာအေနအထား
မ်ားကိုလည္း သတိရခဲ့၏။ မထင္မွတ္ဘဲ
ေရာက္လာခဲ့သူ အဘဦးေအာင္ခ်မ္း
သာ၏စကားလက္ေဆာင္မ်ား (ႀကိဳတင္
နိမိတ္ေျပး) အဆိုအမိန႔္တို႔ကလည္း ရွိ
ေန၏။
ထို႔ေၾကာင့္ပင္ သူတို႔အတြက္အဆိုး
တရားမ်ား ဝင္မွားလာႏိုင္စရာ လုံးဝမရွိ ဟူ၍ စိတ္ႏွလုံး ဒုံးဒုံးခ်ၿပီး ရင္ေအးေန
ရပါသည္။ ကိုျမသင္းတစ္ေယာက္ပရစ္
ပေတာက္အေတြးမ်ားဝင္ေနလင့္ကစား
မစန္းႏုမွာ ေပ်ာ္တၿပဳံးၿပဳံး။ သားငယ္
တစ္ဦး ရေနသည့္ပမာ ထန္းေခါက္ဖာ
ငယ္အတြင္းထည့္ကာ ျပဳစုယုယေနရွာ
ပါသည္။ ယခင့္ယခင္ ၿဗိတိသွ်အစိုးရ
မ်က္ႏွာျဖဴမ်ား အုပ္ခ်ဳပ္စဥ္ကာလ လူ
ေျခာက္ကေလး ေမြးလာၿပီဆိုလွ်င္ လူ
စြမ္းေကာင္း ျဖစ္မည္အထင္ျဖင့္ ပုလိပ္
မ်ားက သတင္းရသည္ႏွင့္ တစ္ၿပိဳင္နက္
လာေရာက္ ဖမ္းဆီးဒုကၡေပးခဲ့ေသာ ပရမ္းပတာ ေျပာမႈမ်ားကိုလည္း စိုး႐ြံ႕

ေၾကာက္လန႔္ေနစရာမလို။
ႏိုင္ငံတြင္
လြတ္လပ္ေရးရၿပီး ကိုယ့္လူမ်ိဳး၊ ကိုယ့္
အစိုးရျဖစ္ေနေပၿပီ။ ကိုျမသင္းတို႔
ကလည္း သားငယ္ႏွင့္ပတ္သက္၍ေရငုံ
ႏႈတ္ပိတ္။
ဒီႏွစ္ မထင္မွတ္ပါဘဲ လယ္ယာ
လုပ္ငန္းတြင္စပါးထြက္ေကာင္းခဲ့သည္။
လယ္သမားအဖို႔ စပါးဆန္ေရကို အား
ထားေနရသျဖင့္စပါးစိုက္ပ်ိဳးမႈ တိုးတက္
ေအာင္ျမင္စည္ပင္လာျခင္းသည္ပင္
မဂၤလာတစ္ပါး။ မစန္းႏုအတြက္ စီးပြား
ေရးေကာင္းလာမႈတြင္ သားငယ္ေလး
ေၾကာင့္ဟူေသာ အစြဲအလမ္းကို ပိုမို
တြယ္ဖက္သြားေစေတာ့၏။ တရိပ္ရိပ္
လုပ္ငန္းေကာင္းလာ သည္မွာကိုယ္ေတြ႕
မ်က္ျမင္။ (၂)ႏွစ္၊ (၃) ႏွစ္အတြင္းယခင္
ကထက္ ေခ်ာင္ေခ်ာင္လည္လည္၊ စုမိ
ေဆာင္းမိ၊ လႉႏိုင္တန္းႏိုင္လာခဲ့သည္။
ကိုျမသင္းကိုယ္တိုင္ပင္မစန္းႏု၏အယူ
အဆကို လက္ခံရေတာ့မလိုလို။ မစန္းႏု က သားျဖစ္သူ (လူေျခာက္ကေလး)ကို သက္ရွိကေလးတစ္ဦးပမာ ေကြၽးေမြး၍ ဝတ္စားျပင္ဆင္ထားေပးကာ ပုခက္ ငယ္တစ္လုံးျဖင့္ သိပ္ေလ့ရွိ၏။ တစ္ေန႔ ကိုျမသင္း အလုပ္အားသျဖင့္ အိမ္ေရွ႕

တြင္
ေရေႏြးၾကမ္းတစ္အိုးႏွင့္ ထိုင္ေန
ခိုက္ အလုပ္ကိစၥတစ္ခုအရ ႐ြာထဲထြက္
သြားသူမစန္းႏု ျပန္လာၿပီးအိပ္ခန္းတြင္း
အဝင္ လွမ္းေတြ႕လိုက္ရသည့္ျမင္ကြင္း
ေၾကာင့္
တအံ့တဩကိုျမသင္းကို အသံ
မျပဳဘဲ လက္ယပ္ေခၚလိုက္သည္။ ကိုျမ
သင္း စိုးရိမ္တႀကီး ႏွင့္ ထသြားၾကည့္မိရာ
ကေလးပုခက္မွာလႊဲသူမရွိပါဘဲလြဲယမ္း ေနသည္ကိုျမင္ေနရျခင္းပါ။ လြဲယမ္းေန သည္မွာ လူတစ္ေယာက္ လႊဲယမ္းေန
သည့္ အသြင္သဏၭာန္အတိုင္း။
“ရွင္ – ပုခက္လာလႊဲေသးသလား”
မစန္းႏုက ႏွစ္ကိုယ္ၾကား ေမးေန
သျဖင့္ကိုျမသင္းေခါင္းကိုတြင္တြင္ခါျပ
၏။
“ေပါက္ေပါက္ရွာရွာ ငါ မလႊဲပါဘူး
ကြာ”
(မည္သူလာလႊဲေနသည္)ဆိုျခင္း
မွာ သူတို႔အတြက္ အေျဖမရွိေသာ
ပေဟဠိတစ္ပုဒ္သဖြယ္။ သား (လူ
ေျခာက္ကေလး)၏ ထူးျခားမႈတစ္ရပ္
အစပထမ။
ေလးငါးႏွစ္ပင္မၾကာ။ ကိုျမသင္း၊ မစန္းႏုတို႔ သစ္အိမ္ကေလးတစ္လုံးကို ေဆာက္ႏိုင္ခဲ့သည္။ မစန္းႏုတြင္လည္း

ေ႐ႊတို၊ ေ႐ႊစေလး အသင့္အတင့္ရွိလာခဲ့
သည္။
ကိုျမသင္းကိုယ္၌ကအေသာက္
အစား၊ အေပ်ာ္အပါးျဖဳန္းတီးမႈ အလ်ဥ္း မရွိေသာ ႐ိုး႐ိုးမွတ္မွတ္လူစားမို႔ ရသမွ် မွာ မိသားစုအတြက္သာ။ မစန္းႏု ကလည္း အိမ္မႈအထိန္းအသိမ္း၊ မီးဖို ေခ်ာင္လုံသျဖင့္ စုႏိုင္ေဆာင္းႏိုင္ခဲ့သည္
မွာ အဆန္းတၾကယ္မဟုတ္။ အမွတ္ရေနမည့္ ေန႔တစ္ေန႔။
အက်အနဆင္ထားေသာ လွည္း
တစ္စီးက သူတို႔အိမ္ေရွ႕တြင္ ရပ္လာ
သည္။
မမေရ-မမေရ’
ေယာက္်ားသံ၊ မိန္းမသံတို႔ျဖင့္ သံ
ၿပိဳင္ဟစ္ေခၚေနသံမ်ား။ ေယာက္်ားငယ္ တစ္ဦးႏွင့္ မိန္းမပ်ိဳတစ္ဦးတို႔က အိမ္
တြင္းသို႔ အေျပးအလႊား ဝင္လာၾက၏။ “ဟယ္ – ညီမေလးနဲ႔ ေမာင္ေလး
ပါလား”
“ေအာင္မေလး- မမရယ္” ဝမ္းပန္းတနည္း သုံးဦးသား ဖက္၍ ငိုေႂကြးေနၾကသျဖင့္ အနီးတြင္ထိုင္ေန
ေသာကိုျမသင္းမွာေၾကာင္တက္တက္။
မစန္းႏု၏ညီမႏွင့္ေမာင္ေလးတို႔ျဖစ္မွန္း
သိသည့္တိုင္(ဘာကိစၥ၊ဘာအေၾကာင္း)

ျဖင့္လိုက္လာခဲ့သည္မသိရ။ အိမ္ေထာင္ က်စကတည္းက အဆက္အသြယ္
အကူး အသြားအလာမရွိသည္မွာ ၾကာ ေပၿပီ။ သူတို႔ေတြ အားရေအာင္ ငိုၿပီးမွ အျဖစ္သနစ္စုံ ေျပာျပေတာ့သည္။ “မမ ခိုးရာလိုက္သြားေတာ့ လက္ သပ္ကိုယ္ကြၽတ္အဝတ္တစ္ထည္ကိုယ္
တစ္ခုနဲ႔ဆင္ထားတဲ့လက္ဝတ္လက္စား
ေတြေတာင္ ခြၽတ္ပစ္ခဲ့တာ။ အေမနဲ႔
ကြၽန္မတို႔တစ္ေတြေဆြမ်ိဳးေတြအားလုံး
ကျပန္ေခၚခ်င္ေပမယ့္အင္မတန္ ေဒါသ
ႀကီးတဲ့ အေဖ့ကို မလြန္ဆန္ရဲဘူးေလ။
အခုေတာ့ အေဖဟာ ဘာစိတ္ကူးေပါက္
တယ္ မသိဘူး။ ငါ့သမီးႀကီးကို သြားေခၚ
ေပးတဲ့။ အရင္က တိတ္တိတ္ခိုး ေတြ႕ရင္
ေတာင္ ေတြ႕တဲ့လူ သတ္ပစ္မယ္ဆိုတဲ့
အေဖရဲ႕ စိတ္ေျပာင္းလဲမႈကို ၾကားရသူ
တိုင္းက အံ့ဩဝမ္းသာေနတယ္။ အေမ
ဟာဝမ္းသာလြန္းလို႔ သူလိုက္မယ္လုပ္
ေနတာ။ ကြၽန္မတို႔ ေခၚခဲ့ပါ့မယ္ဆိုလို႔ က်န္ခဲ့ရတယ္။ ကြၽန္မတို႔အိမ္ႀကီး ေျခ ရင္းမွာ အေဖေဆာက္ထားတဲ့ အိမ္တစ္ လုံးဟာ မမတို႔ဖို႔တဲ့။ အေဖက ေျပာတယ္ ငါ့သမီးႀကီးတို႔ လက္ထဲ ငါ ပိုင္ဆိုင္သမွ် ေတြထည့္ေပးၿပီးငါေအးေအးေဆးေဆး

ပဲ ေနခ်င္ၿပီတဲ့။ သူတို႔ဟာ အငယ္ေတြ အေပၚမွာ မတရားမလုပ္ဘူးလို႔ ယုံတယ္ တဲ့။ ဒီမွာ မမရဲ႕လက္ဝတ္လက္စားေတြ၊ အေမက ေပးလိုက္တာ။ ၾကည့္ပါဦး” ညီမငယ္ထုတ္ေပးသည့္ ပစၥည္း မ်ားကိုၾကည့္၍ မစန္းႏု မ်က္ရည္ဝဲေန
ဆဲ။ သို႔တိုင္ – ကိုျမသင္းကို လွမ္းၾကည့္ ေသာအၾကည့္မွာ (ကဲ- ဘယ္ႏွယ့္ရွိစ၊
ကြၽန္မတို႔ သားေလးေၾကာင့္ ကြၽန္မတို႔
အေျခအေန ေျပာင္းလဲသြားတာ ယုံ
ပလား။) ဆိုသည့္ အၾကည့္မ်ိဳးမွန္း သူ
အကဲခတ္လိုက္မိသည္။ မိန္းမသားဟူ
သည္ ႀကဳံေတာင့္ႀကဳံခဲျဖစ္ရပ္တို႔အေပၚ
အစြဲႀကီးတတ္ျခင္းပင္။
P
“ေမာင္ျမသင္းတို႔၊ သမီးတို႔ အေဖ့
ကို ခြင့္လႊတ္ဖို႔ အေဖက ေျပာရမယ္။ ခိုး ေျပးသြားေတာ့ သမီးကို ပစၥည္းမက္လို႔ ခိုးတာပဲဆိုၿပီး အေဖ ေဒါသအႀကီး အက်ယ္ျဖစ္မိတာနဲ႔ တမင္ပစ္ထားခဲ့ တယ္။ တကယ္ေတာ့ – ေမာင္ျမသင္း ဟာ သမီးအေပၚ ၾကင္ၾကင္နာနာ၊ ယုယု ယယနဲ႔ အမွန္ျမတ္ႏိုးတာ။ ၿပီးေတာ့ –

အေသာက္အစားမရွိ၊ ႐ိုး႐ိုးသားသား၊
ဘုရားတရားသမား၊ အားလုံး အေဖ
စုံစမ္းၿပီးၿပီ။ အေဖ အသက္ႀကီးၿပီမို႔ကိုယ့္
ေနာက္ပါမယ့္အလုပ္ေတြကို လုပ္ေတာ့
မယ္။ မင္းတို႔ပဲ ခန႔္ခြဲၿပီး အငယ္ေတြကို
ေစာင့္ေရွာက္ေပးပါ။ မင္းတို႔ဒီကိုေျပာင္း
လာရင္ ေနဖို႔အိမ္ကို အေဖစီစဥ္ထားၿပီး
သား။ ႐ြာက ေမာင္ျမသင္း လယ္ေတြ၊
ပစၥည္းေတြကိုေတာ့ မင္းသေဘာနဲ႔ မင္း
ေျပာင္းခဲ့ၾကေပေတာ့”
မစန္းႏု အေဖႀကီး၏ပြင့္လင္းေသာ စကားေၾကာင့္ အားလုံးမွာ ဝမ္းသာ
စီစဥ္ခဲ့ပါ။ ေန႔ေကာင္းရက္သာေ႐ြးၿပီး
အားရ။ ႐ြာရွိ မၿပီးျပတ္ေသးေသာ လုပ္
ငန္းမ်ားကိုျဖတ္၍ မၾကာခင္က မဂၤလာ
ေဆာင္လိုက္ေသာ တူမဝမ္းကြဲေလး
မေအးတင္ႏွင့္ခင္ပြန္း ေမာင္သန္းၫြန႔္
တို႔ကိုအိမ္အပ္ထားခဲ့သည္။ ေမာင္သန္း
ၫြန႔္ကိုယ္တိုင္က လယ္သမား သား
သမီး၊ လယ္လုပ္တတ္သူ ျဖစ္ေသာ္
လည္း အိမ္ေထာင္ခြဲေနသည့္တိုင္ မိဘ ေတြ တစ္သီးတျခား လုပ္ကိုင္စားရန္ ခြဲ ျခမ္းေပးႏိုင္စြမ္းမရွိ။ ကိုျမသင္းက သူ ပိုင္လွည္းႏြားထြန္ထယ္၊ ကိရိယာမ်ားႏွင့္

လယ္ေျမတို႔ကို သက္ေသာင့္သက္သာ အဖိုးစားနားျဖင့္ အငွားခ်ေပးခဲ့၏။
သို႔ျဖင့္ – ကိုျမသင္းႏွင့္ မစန္းႏုတို႔
(မစန္းႏု မိဘမ်ားရွိရာ) ႐ြာႀကီးသို႔
ေျပာင္းေ႐ႊ႕ျဖစ္ခဲ့သည္။ သူတို႔ႏွင့္အတူ
တနဂၤေႏြသားျဖစ္သည့္အျပင္ (တစ္စုံ
တစ္ေယာက္ေသာသူတို႔ေလးစားၾကည္
ညိဳသူအား အမွတ္တရ) အျဖစ္ တိတ္
တခိုး ကင္ပြန္းတပ္မွည့္ေခၚထားေသာ
ေအာင္ခ်မ္းသာ။ (သားလူေျခာက္
ကေလး၊ ေမာင္ေအာင္ခ်မ္းသာ)လည္း
ပါလာသည္။ ယခင္ ထန္းေခါက္ဖာ
ကေလးျဖင့္ထည့္ထားကာ ေဆာင္ပန္း
ပုခက္ကေလးႏွင့္ ေပ်ာ္ေနရေသာ
ေအာင္ခ်မ္းသာ မဟုတ္ေတာ့။ ေရျမင့္
လွ်င္ ၾကာျမင့္၊ အိမ္သစ္ႀကီးေနာက္
ေဆာင္အေဆာင္ကပ္ (အေပၚထပ္)
တစ္ခုလုံးတြင္ သူ႔အတြက္ ရည္႐ြယ္၍
အိပ္ခန္း၊ စားေသာက္ခန္းႏွင့္ ကစားခန္း
(သီးသန႔္) ဖြဲ႕ေပးထားၿပီး ခုတင္၊ ေမြ႕ရာ၊
ေစာင္၊ ေခါင္းအုံး၊ ျခင္ေထာင္၊ ဖ်ာ၊
အဝတ္အစား အဆင္အျပင္အားလုံး
ျပည့္ျပည့္စုံစုံ။ ထမင္းခ်ိန္ထမင္း၊ မုန႔္ပဲ
သေရစားခ်ိန္ မုန႔္ပဲသေရစာ။ သီးျခား

ဝယ္ထားေသာ မုန႔္ႏွင့္ စားစရာမ်ားပင္ ေၾကာင္အိမ္ငယ္တစ္လုံး။ သားကစား
ရန္အတြက္ ပစၥည္းမ်ိဳးစုံကို ၿမိဳ႕က ႀကဳံ
တိုင္းဝယ္လာသျဖင့္ ေတာ္႐ုံတန္႐ုံ ဓန
ဥစၥာရွိသူတို႔၏ သားသမီးမ်ားပင္ ထိုမွ်
ေလာက္ ျပည့္စုံလိမ့္မည္မထင္။ ကိုျမ
သင္းထက္မစန္းႏုက အစြဲအလမ္းအယူ
အဆ ႀကီးမားေလေရာ့သလား မေျပာ
တတ္ပါ။
သူ႔သားမွသား တယုတယ
ထားခဲ့သျဖင့္ ဖခင္ ကိုျမသင္းပင္ မ်က္
ေစာင္းခဲရေတာ့မတတ္ ျဖစ္ေန၏။ သားအခန္းတို႔ကိုလည္း ေသာ့ အထပ္ထပ္။ ယုတ္စြအဆုံး အေပၚတက္
မည့္ ေလွကားကို တံခါးတပ္ေသာ့ခတ္
ထားေသာေၾကာင့္ ညီမ၊ ေမာင္ႏွင့္ မိဘ မ်ားပင္ သူ႔သားအေၾကာင္းစိုးစဥ္းမွ် မသိ
ပါေလ။ သားငယ္အခန္းတြင္းသို႔မစန္းႏု
တစ္ေယာက္တည္းသာ အဝင္အထြက္
လုပ္ကာ အခန္းေသာ့မ်ားမွာ သူ႔လည္
ပင္းတြင္ ႀကိဳးႏွင့္တန္းလန္း။ သို႔ေသာ္
ခုခ်ိန္ထိ စီးပြားေကာင္း လာေစကာမူ
လူေျခာက္ကေလး၏ အစြမ္းအစႏွင့္
ပေယာဂဟု တိတိပပ မေျပာႏိုင္ေသး
သည္မွာ ကိုျမသင္း၏အျမင္။

တစ္ည မစန္းႏု ထူးထူးျခားျခား အိပ္မက္ မက္သည္။
အိပ္မက္ထဲတြင္ အသက္ ခုနစ္ႏွစ္
ေက်ာ္ေက်ာ္၊ ရွစ္ႏွစ္အ႐ြယ္ ႐ုပ္ရည္
ေခ်ာေမာလွသည့္ ခ်စ္စဖြယ္ကေလး
ငယ္တစ္ဦးက သူ႔ကိုစကားလာေျပာေန
၏။ ေျပာပုံကေလးကပင္ တြတ္တီးတြတ္
တာ ခ်စ္စရာ။
“အေမရယ္ – အေဖတို႔၊ အေမတို႔ရဲ႕
သားအေပၚထားတဲ့ ေစတနာကို သား
နားလည္ပါတယ္။ သားကို ရွင္ျပဳေပးပါ။
ဒီလိုလုပ္ႏိုင္ဖို႔အတြက္ ေငြလိုမယ္
မဟုတ္လား”
အိပ္မက္တြင္း မစန္းႏုမွာ ဝမ္းသာ
အားရ ကေလးငယ္ကို ေထြးပိုက္ေပြ႕
ဖက္ထားမိသည္။
“ေအာင္မယ္ေလး- သားရယ္၊ ရွင္
ျပဳတာပဲဘယ္ေလာက္ကုန္တာမွတ္လို႔။
အေမတို႔ တတ္ႏိုင္ပါတယ္။ သား ဘာမွ
မပူနဲ႔ ဟုတ္လား”
ကေလးငယ္က ေခါင္းေလးယမ္းခါ
၍ၿပဳံးသည္။
“မဟုတ္ဘူး- အေမ၊ သားကကိုယ့္
ပိုက္ဆံနဲ႔ကိုယ္ လႉခ်င္တာဗ်”

“ဟယ္ – သားက ကေလးပဲ။ ဘယ္
မွာကိုယ္ပိုင္ရွိပါ့မလဲလို႔။ မေတာ္တေရာ္
သူမ်ားပစၥည္းေတြ ဘာေတြယူမိေနပါ့
မယ္။ အဲဒါမ်ိဳးေတာ့ မလုပ္နဲ႔ေနာ္။ အေမ
မႀကိဳက္ဘူး သိလား”
မစန္းႏုအေျပာကို သေဘာက်စြာ
ျဖင့္ ကေလးငယ္က ခိုးခိုးခစ္ခစ္ရယ္ေန
ရွာသည္။
“အေမကလည္း မဟုတ္တာ။ သူ မ်ားပစၥည္းနဲ႔ ေကာင္းတာလုပ္ပါ့မလား။

အေမတို႔ဆီကေတာင္ မယူဘူးေလ။ ေတာ္ၾကာ- သိမွာပါ အေမရယ္” ေျပာေျပာဆိုဆို ကေလးငယ္က မစန္းႏုပါးကို ခ်စ္စႏိုး နမ္းရႈပ္လိုက္ရာ မစန္းႏု အိပ္ရာမွ ဖ်ပ္ခနဲ ႏႈိးခဲ့ရသည္။
ေဘးတြင္ တေခါေခါအိပ္ေမာက်ေနသူ လင္ေတာ္ေမာင္ ကိုျမသင္းအား လႈပ္ႏႈိး မိ၍ သူ႔အိပ္မက္အေၾကာင္းစုံကို ေျပာျပ လိုက္၏။ အိပ္မႈန္စုံမႊား ႏိုးထလာၿပီး တအင္းအင္းႏွင့္ အင္းလိုက္ေနေသာ္မွ

(ဒီမိန္းမႏွယ္ ကံေပးလို႔ တိုက္တိုက္ဆိုင္
ဆိုင္ ျဖစ္လာတာေတြကို တယ္လည္း
အစြဲအလမ္းႀကီးေနပါလား။
ေအးေလ –
သူစိတ္ခ်မ္းသာရင္ ၿပီးတာပါပဲ) ဟူေသာ အေတြးတို႔ျဖင့္ ခြန္းတုံ႔မဆို ျပန္အိပ္သြား သူမွာ ကိုျမသင္း။

ကိုျမသင္းတို႔အိမ္သို႔ ကိုရဲေမာင္ ေရာက္လာပုံက ဆန္း၏။ သူ႔ေျပာျပခ်က္ အရ ကိုရဲေမာင္အလုပ္က အထက္သို႔ ဆန္ပို႔၍ အျပန္တြင္ စားေတာ္ပဲႏွင့္ထန္း
လ်က္ပိုမ်ား တင္လာေလ့ရွိေသာ ေမာ္ ေတာ္သမား။ ၿမိဳ႕မွာ အေနမ်ားသည္။
“ကြၽန္ေတာ္တို႔ပခုကၠဴေရာက္ေတာ့
စကားစပ္မိၿပီး ဒီ႐ြာဇာတိဆိုတာသိလို႔
ခင္ဗ်ားတို႔မိတ္ေဆြ ကုန္သည္တစ္
ေယာက္က လက္ေဆာင္ေပးလိုက္တာ
ပဲဗ်ိဳ႕။ ဘာေတြလဲေတာ့ မသိဘူး။ ပုံးက ဂေဟပိတ္ထားတာ”
“ကြၽန္ေတာ္တို႔ဆီပို႔တာဟုတ္တယ္
ေနာ္။ မွားေနမွာ စိုးလို႔ပါ”
“ဟုတ္ပါတယ္ – ခင္ဗ်ား ေယာကၡမ
နာမည္၊ ခင္ဗ်ားနဲ႔ ခင္ဗ်ားဇနီး နာမည္ အကုန္သိတာပဲဟာ။ ေနာက္ၿပီး စာ

ေတာင္ေရးကပ္ေပးလိုက္တယ္။ ဒီမွာ”
ကိုရဲေမာင္ ျပမွ ပုံးတစ္ဖက္ရွိ စာကို ေတြ႕လိုက္ရသည္။ ကိုျမသင္း – မစန္းႏု
ဆိုေသာ စာမွာအထင္းသား၊ သံျဖဴေလး
ေထာင့္ပုံးေပၚတြင္ ကပ္ထား၏။
“ဟုတ္ကဲ့ – ေက်းဇူးတင္ပါတယ္
ဗ်ာ။ တကူးတကေတာင္ လာေပးရ
တာ”
“ကိစၥမရွိပါဘူး – မစန္းႏုတို႔နဲ႔က ငယ္သူငယ္ခ်င္းေတြပါ။ ကြၽန္ေတာ္က ဒီ႐ြာဇာတိသား၊ ၿမိဳ႕မွာ အိမ္ေထာင္က်လို႔ ဒီ႐ြာမွာ အေမနဲ႔ ႏွမေတြရွိေတာ့ ခဏ
ခဏေရာက္ပါတယ္။ ကဲ – စကား
ေကာင္းေနလို႔ အေမတို႔ ဆီေတာင္
မေရာက္ေသးဘူး။ ကြၽန္ေတာ္ သြားမယ္ ဗ်ာ။ မစန္းႏု ဘုန္းႀကီးေက်ာင္းသြားေန တယ္လို႔ သူ႔ ညီမကေျပာၿပီး ဒီကို ၫႊန္ လိုက္တာ သူလာရင္သာ ကြၽန္ေတာ္
လာပို႔ သြားတယ္ ေျပာလိုက္ပါဗ်ာ” “စိတ္ခ်- စိတ္ခ် ေျပာလိုက္ပါ့
မယ္”
အိမ္မွထြက္သြားေသာကိုရဲေမာင္ ေက်ာျပင္ကို လွမ္းၾကည့္ေနရင္း ကိုျမ သင္း စဥ္းစားေတြးေတာေနမိသည္။ အထက္အညာလိုေဒသတြင္ ေဆြးမ်ိဳး

သားခ်င္း သူ႔မွာမရွိ။ ေနာက္ၿပီး ရင္းႏွီး ခင္မင္သူ မိတ္ေဆြလည္း မရွိ။ မစန္းႏု တို႔ ဘက္တြင္လည္းရွိသည္ဟု ေျပာသံ
ဆိုသံ မၾကားစဘူး။ လာမွ ေမးေတာ့
မည္ဟု ေမ့ေမ့ေလ်ာ့ေလ်ာ့ထားလိုက္၍
ေအးေအးေဆးေဆး ေနခဲ့၏။ မစန္းႏု
အျပန္တြင္ ေမးမိမွ အံ့အားသင့္ရသည္။
“ေပါက္တီးေပါက္ရွာအသိအကြၽမ္း ေဆြးရင္းမ်ိဳးရင္းတစ္ေယာက္မွမရွိပါဘူး
ရွင္။ ဒါထက္ေပးလိုက္တာက ဘယ္သူ
တဲ့လဲ”
“ေအး-အဲဒါကိုေျပာမသြားဘူးကြ။
မိတ္ေဆြတစ္ေယာက္တဲ့”
“ဒါေပမဲ့ – ေပးလိုက္တာကေတာ့ အတိအက်၊ စာေတြ ဘာေတြနဲ႔ ေနာ္” သို႔ျဖင့္ သံျဖဴပုံး ဂေဟမ်ားကို လင္ မယားႏွစ္ေယာက္ ဖြင့္ၾကည့္ခဲ့သည္။ ပုံးကိုဖြင့္လိုက္ေသာအခါကတ္ျပားေလး
တစ္ခ်ပ္။ ဝိုင္းစက္ေသာ လက္ေရးျဖင့္ ေရးထားသည့္စာမွာ (သားေလး ရွင္ျပဳ ရန္)။ ႏွစ္ေယာက္သား၏ မ်က္လုံးမွာ
ျပဴးတူးၿပဲတဲ။
“ဗုေဒၶါ – ဘယ္လို သိေနပါလိမ့္”
တစ္ဦးတစ္ေယာက္ကိုမွ အသိ မေပးရေသးသည့္ကိစၥ။ သူတို႔ႏွစ္ဦးပင္

မဆုံးျဖတ္ရေသးေသာ လုပ္ငန္း။ ကတ္ ျပားေအာက္တြင္ တစ္ရာတန္စကၠဴထုပ္
ဆယ္ထုပ္။ အားလုံးမွာ ေငြတစ္သိန္း
တိတိ။ အဝတ္ျဖဴမ်ားႏွင့္ ရစ္ပတ္ထုပ္
ပိုးလ်က္။
“မနည္းမေနာပါလား”
(သစ္အိမ္ႀကီးတစ္လုံး သစ္မွန္၊ ဝါး
မွန္ျဖင့္ေဆာက္ပါကႏွစ္ေသာင္းမေက်ာ္ သည့္ကာလ၊ ေငြတစ္သိန္းတန္ဖိုးမွာ
ခ်င့္တြက္ႏိုင္ေကာင္းသည္ ပင္။)
“ဟုတ္ပါၿပီ – ဟုတ္ပါၿပီ။ သားေလး က သူ႔အလႉမွာ သူ႔ေငြသုံးမယ္ဆိုတုန္း ေတာ္ၾကာသိမွာပါ အေမရယ္လို႔ ေျပာခဲ့တယ္။ ဒါဟာ သူ႔ေငြပဲေပါ့ရွင္” မစန္းႏုစကားေၾကာင့္ သားအေပၚ
တြင္ အထင္မႀကီးေသာ ကိုျမသင္းအဖို႔ ေျပာစရာ ေဟတုတက္စရာ စကားရွာ မေတြ႕။ ေမာင္ေအာင္ခ်မ္းသာ၏ထူးျခား ဆန္းၾကယ္မႈကို လက္ခံလိုက္ရပါၿပီ။ သားငယ္အတြက္ ရွင္ျပဳမဂၤလာပြဲ တြင္ အသြင္သဏၭာန္အရ ကိတၱိမသား
မ်ား၏ရွင္ျပဳပြဲႏွင့္ရဟန္းခံလိုသူမ်ားအား
ရဟန္းျပဳပြဲပါ ခမ္းခမ္းနားနား ႀကီးႀကီး
က်ယ္က်ယ္ လုပ္ေပးခဲ့သည္။ ေဆြမ်ိဳး
နီးစပ္မ်ားႏွင့္ မိမဲ့ဘမဲ့သူမ်ား၊ မိဘရွိ

သည့္တိုင္ ပါးရွားခ်ိဳ႕ငဲ့ေနသျဖင့္ ရွင္မျပဳ ႏိုင္။ ပၪၥင္းမဝတ္ႏိုင္သူမ်ား အားလုံးပါဝင္
ခဲ့ျခင္းပင္။
ရဟန္းငါးပါးႏွင့္ ရွင္အပါးႏွစ္ဆယ္
တို႔၏ ေျပာစမွတ္တြင္ေလာက္ေသာ ပြဲ
ႀကီးပါ။ ထိုအလႉေတာ္မဂၤလာႀကီး၌ ရွင္
ေလာင္းမ်ား စီတန္းလွည့္လည္ရာတြင္
ေရွ႕ဆုံးျမင္းအေပၚတင္ေဆာင္ထားသည့္
ရွင္တစ္ပါးစာ အဝတ္အစား၊ အျပင္
အဆင္မ်ား ထုပ္ပိုးထားျခင္းႏွင့္အလား
တူ ေက်ာင္းထိုင္ဆရာေတာ္ ေရွ႕စားပြဲ
ေပၚ၌ သကၤန္းပရိကၡရာရွစ္ပါး (ရွင္သာ
မေဏ) တစ္ပါးအတြက္သီးသန႔္ျပင္ဆင္
ထားျခင္းမွာအခ်ိဳ႕အခ်ိဳ႕ေသာသူမ်ားအဖို႔ အျမင္ဆန္းေနမည္ျဖစ္ေသာ္မွ သား
ေလး ေမာင္ေအာင္ခ်မ္းသာကို ရည္စူး
လႉဒါန္းထားေၾကာင္း အလႉရွင္မိဘႏွစ္ ပါးသာ သိႏိုင္ေပမည္ မဟုတ္ပါလား။
အလႉမဂၤလာပြဲႀကီး ၿပီးဆုံးခဲ့သည့္
တစ္လခန႔္အၾကာတြင္ မစန္းႏု အိပ္ရာ
အတြင္း အတူအိပ္ေနသူ ခင္ပြန္းသည္
ကိုျမသင္းကို ကမန္းကတန္း ႏိုးေနျပန္
သည္။
“ဘာျဖစ္လို႔လဲ – အစန္း၊ ေန
မေကာင္းဘူးလား”
“အို- မဟုတ္ပါဘူးရွင္၊ သားေလးနဲ႔

အိပ္မက္ထဲမွာ ေတြ႕ျပန္ၿပီ”
ပါ”
“ေဟ – ဘာေျပာသလဲ၊ ေျပာစမ္း
ဒီတစ္ခါ လိုလိုခ်င္ခ်င္ ေမးလာ ေသာ ခင္ပြန္းသည္ ကိုျမသင္းကို
ၾကည့္၍ မစန္းႏု ၿပဳံးမိသည္။
“သူက သူကိုတယုတယခ်စ္ၾကတဲ့ မိဘေတြကိုေက်းဇူးတင္ပါတယ္တဲ့။ သူ႔ အတြက္ အေဖာ္ညီေလးတစ္ေယာက္၊
ညီမေလးတစ္ေယာက္ ရေတာ့မွာပါ
အေမရယ္တဲ့။ သား သိပ္ဝမ္းသာတာပဲ
ဆိုၿပီး ၿပဳံးလို႔႐ႊင္လို႔”
“ဟင္ – ဒါျဖင့္ အႁမႊာေပါ့ေနာ္”
“မဟုတ္တာရွင္ – ႀကံႀကီးစည္ရာ၊ တစ္ေယာက္စီေပါ့ရွင့္”
“မသိပါဘူးကြာ တစ္ၿပိဳင္တည္း လားလို႔။ ငါတို႔မွာ သားသမီးရွိေစခ်င္တာ လိုခ်င္ေပမယ့္ ခုနစ္ႏွစ္၊ ရွစ္ႏွစ္ေက်ာ္ မထြန္းကားဘူး မဟုတ္လား”
“ႏို႔ – သားေလး ေအာင္ခ်မ္းသာ
ရေနတာကေကာ”
“ဒါေတာ့ ဒါေပါ့ကြာ၊ ဒါေပမဲ့”
သူ႔စကားေၾကာင့္ဇနီးသည္မ်က္ႏွာ အိုသြားသျဖင့္ ေရွ႕သို႔ စကားမဆက္ဝံ့။

သားေလး ေအာင္ခ်မ္းသာ၏ ေရွ႕ ေျပးစကားအတိုင္း မစန္းႏုတြင္ သား
ေယာက္်ားေလးတစ္ေယာက္ရခဲ့သည္။
ႏွစ္ႏွစ္ေက်ာ္၊ သုံးႏွစ္တြင္ သမီးတစ္
ေယာက္ ေမြးျပန္၏။ သားသမီးမ်ား စုံစုံ
ညီညီျဖင့္ ကိုျမသင္း၊ မစန္းႏုတို႔ေတြ
ျပည့္ျပည့္စုံစုံ၊ ခ်မ္းခ်မ္းသာသာေနႏိုင္ ခဲ့သည္မွာ ေျပာရန္လိုမည္ မထင္ပါ။ ေယာကၡမႀကီးႏွစ္ဦးစလုံး တစ္ႏွစ္
ျခား၍ ကြယ္လြန္ၿပီးေနာက္ မစန္းႏု၏
ညီမငယ္အိမ္ေထာင္ျပဳခဲ့သည္။ ေယာင္
ေနာက္ဆံထုံးပါ ခင္ပြန္းသည္လုပ္ငန္း
ရွိရာ ရန္ကုန္သို႔ေျပာင္းေ႐ႊ႕ သြားရ၏။
မေရွးမေႏွာင္းမစန္းႏုေမာင္ငယ္ကတစ္ ႐ြာတည္းသူကေလးႏွင့္ အိမ္ေထာင္က်
ျပန္သည္။ ကိုျမသင္းႏွင့္ မစန္းႏုကပင္
ႏွစ္စုံေသာ မဂၤလာေဆာင္မ်ားကို ထည္
ထည္ဝါဝါ ခမ္းနားသိုက္ၿမိဳက္စြာေဆာင္
႐ြက္ေပးခဲ့ၿပီး ရသင့္ရထိုက္ေသာ မိေမြ၊
ဘေမြမ်ားကို ခြဲေဝေပးခဲ့သည္။ ႐ြာတြင္
ေဆြႏွင့္မ်ိဳးႏွင့္တစ္သက္လုံးအေျခတက်
ေနထိုင္ေတာ့မည့္ ေမာင္ငယ္ကို လယ္
ကိုင္းေျမယာမ်ားလႊဲေပးကာ ခင္ပြန္း
သည္ ကိုျမသင္း ဆႏၵအရ ကေလးမ်ား

ေရွ႕ေရး ပညာသင္ၾကားႏိုင္ရန္အတြက္ မစန္းႏုတို႔ မိသားစု ( – – —-ၿမိဳ႕)သို႔ ေျပာင္းေ႐ႊ႕လာခဲ့ၾကသည္။ မေျပာင္းေ႐ႊ႕ စီးပြားေရးလုပ္ငန္းမ်ားတြင္တစ္
မီကပင္
ရွိန္ထိုး ေအာင္ျမင္ေနသည္သာမက
မိတ္ေဆြသဂၤဟမ်ားေပါႂကြယ္ေနၿပီျဖစ္
သည့္ ကိုျမသင္းအဖို႔ ၿမိဳ႕မရပ္ကြက္
တစ္ခု၌ ၿခံက်ယ္ဝန္းႏွင့္ စိတ္တိုင္းက်
ျပင္ၿပီးဆင္ၿပီး အိမ္တစ္လုံးရဖို႔မွာ မခဲ
ယဥ္းလွ။
ဇနီး သားသမီးမ်ားႏွင့္ ၿခိဳက္ၿခိဳက္
ၿမိဳက္ၿမိဳက္ ေနထိုင္ႏိုင္၍ စီးပြားေရး
အတြက္ အကြက္အကြင္းက်သည္
လမ္းက်ယ္တစ္ခုတြင္ ဆန္၊ ပဲ၊ ႏွမ္းမ်ား
ေရာင္းဝယ္ေသာပြဲ႐ုံႀကီးတစ္႐ုံကိုတည္
ေထာင္ခဲ့၏။ သူ၏ပြဲ႐ုံနာမည္က(ေအာင္
ခ်မ္းသာ)ကိုျမသင္းမွာ ယခင္အႏုညာတ
လယ္သမား ကိုျမသင္း မဟုတ္ေတာ့။
ေလးငါးေျခာက္တန္းသာ ပညာအေျခခံ
ရွိလင့္ကစားလုပ္ရင္းကိုင္ရင္းစီးပြားေရး
တြက္ခ်က္ပုံႏွင့္ စီးပြားေရး အျမင္မ်ား
ရွိလာေသာအခါ ၿမိဳ႕ကုန္သည္ေလာက မွာ ဝင္ဆန႔္လာသည္။ ေငြေၾကးဓန ကလည္း ျပည့္စုံသူျဖစ္သျဖင့္ အေရာင္း

အဝယ္ ေဈးကြက္ကိုပင္ မၾကာမတင္
ကိုင္လႈပ္ႏိုင္သည္ထိေပါက္ေရာက္ခဲ့၏။
မစန္းႏုမွာ သားခ်င္းတစ္စ အိမ္ေဖာ္မ်ား
ႏွင့္ သားဝတ္၊ သမီးဝတ္တို႔ျဖင့္ အခ်ိန္
ကုန္ေနရသည္။ ကိုျမသင္း၊မစန္းႏုတို႔က
ဦးျမသင္း၊ ေဒၚစန္းႏုဘဝ ေရာက္သည့္
တိုင္ မပလႊား၊ မဝံ့ႂကြား။ လူခင္လူမင္
မ်ား၍ဘာသာေရးကိုင္းရႈိင္းၿပီးအလႉဒါန
အတြက္ မတြန႔္မဆုတ္ လုပ္ေနသူမ်ား
အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသည္။ သား ေမာင္ေအာင္ခ်မ္းသာပင္ အသက္(၂၀)ရွိေပေတာ့မည္။ သူတို႔ဇနီး ေမာင္ႏွံႏွင့္ သားသမီးမ်ား ေမြးေန႔ေမြး
ရက္တိုင္းပကာသနမဖက္ေသာေမြးေန႔
အထိမ္းအမွတ္အျဖစ္ ဘုရားေက်ာင္း
ကန္မ်ားတြင္ ဒါနျပဳေနက်။ လိုအပ္သည့္
ျပဳျပင္မြမ္းမံမႈ၊ သံဃာေတာ္မ်ားအားပစၥည္း
ေလးပါး ေထာက္ပံ့ျခင္းမ်ားကို တိတ္
တဆိတ္ျပဳၿမဲ အစဥ္အလာ။ သားႀကီး
ကိုေအာင္ခ်မ္းသာအတြက္အသက္ႏွစ္
ဆယ္ျပည့္ ေမြးေန႔အလႉအျဖစ္ ဘုရား
ပုထိုးမ်ားတြင္ လႉတန္းၿပီး ျပန္လာ
သည့္ေန႔ ညပိုင္းတြင္ မစန္းႏု အိပ္မက္
မက္ရျပန္သည္။ အိပ္မက္ မရသည္မွာ ၾကာခဲ့ၿပီပဲ။

ထိုအိပ္မက္ကလည္း မစန္းႏုအဖို႔ ဆန္းဆန္းျပားျပား။ ထုံးစံအတိုင္းခင္ပြန္း သည္ကို ခ်က္ခ်င္းအသိေပးလိုက္ရ သည္။ ကိုျမသင္း မ်က္လုံးျပဴးသြား၏။ “ဘာ – သားက အိမ္ေထာင္ျပဳခ်င္
လို႔ ဟုတ္လား။ မျဖစ္ႏိုင္တာကြာ” “ရွင္ ေျပာသလိုပဲ။ ကြၽန္မက ရယ္
စရာေျပာေနတာမွတ္လို႔ ေပါက္ေပါက္
ရွာရွာ သားရယ္ ဘယ္မိန္းကေလးက
ယူမွာလဲဆိုေတာ့ သားက ရွက္ကိုးရွက္
ကန္းနဲ႔ တကယ္ပါအေမရယ္ သားမွာ
ခ်စ္သူရွိေနပါၿပီ။ သူနဲ႔တိုင္ပင္ၿပီး အေမ
တို႔ သြားေရးလာေရး လြယ္ကူေအာင္
စီစဥ္ေပးပါ့မယ္။ သားကို ေၾကာင္းလမ္း
လက္ထပ္ေပးပါလို႔ အတင္းပူဆာေန
တယ္။ သားရဲ႕ ကိစၥကို ေဆာင္လည္း
ေဆာင္႐ြက္ေပးခ်င္ပါရဲ႕။ အရွက္တကြဲ
ျဖစ္မွာလည္း စိုးရိမ္တယ္ရွင့္”
“ေအးေလကြာ – သူက
ဘာဝယ္
ေပးပါ၊ ညာဝယ္ေပးပါဆိုလို႔ လုပ္ေပး ရတာ ေတာ္ေသးတာေပါ့။ ခုဟာက …” ကိုျမသင္း၏စကားျပတ္သြားေသာ
ေၾကာင့္ အခက္အခဲအၾကပ္အတည္းကို လည္း နားလည္သေဘာေပါက္သည္။ မစန္းႏုက ခင္ပြန္းျဖစ္သူကိုေျဖသိမ့္လို၏။

“သားေလးက အိပ္မက္ မေပးတာ ၾကာၿပီဆိုတဲ့အေၾကာင္း ရွင့္ကိုေျပာခဲ့ဖူး
ပါတယ္။ ေနာက္ၿပီး- သူက ခဏခဏ
ဟိုဟာပူဆာ၊ ဒီဟာပူဆာတာမ်ိဳးမွ
မဟုတ္ဘဲ။ သူလည္းအ႐ြယ္ေရာက္ေန
ပါၿပီ။ သူ ေျပာသလို သူ စီစဥ္ေပးတာကို
ေစာင့္ၾကည့္ပါဦးရွင္။ သိပ္ပူပန္မေနပါ
ကိုျမသင္းက အေျဖျပန္မေပး။ စိတ္
ပ်က္လက္ပ်က္သာ ေခါင္းခါယမ္းေန
သည္။
မစန္းႏုတစ္ခုစဥ္းစားမိသည္။ သား
ျဖစ္သူ ကိုေအာင္ခ်မ္းသာအတြက္ အ႐ြယ္ႏွင့္အလိုက္ အဝတ္အစား၊ အသုံး အေဆာင္မ်ားလိုေလေသးမရွိဝယ္ျခမ္း
ေပးခဲ့၏။ ေ႐ႊတို ေ႐ႊစကအစ သူ႔ ညီ၊ ႏွမ
မ်ားနည္းတူ ဝယ္ေပးထားခဲ့၏။ ပိုလွ်င္ သာ ပိုမည္၊ လိုသည္မရွိေစရ။ မည္ သည့္ကိစၥကိုမွ ခ်ိဳသည္ ခါးသည္မဆိုခဲ့။
ယခု ေတာင္းဆိုမႈတြင္ အျမင္အားျဖင့္
ခက္ခဲေနေသာ္လည္းတစ္နည္းမဟုတ္
တစ္နည္းေျပေခ်ာသြားလိမ့္မည္ဟူေသာ
အေတြးျဖင့္ အသာေနလိုက္သည္။ ခင္ပြန္းသည္ကိုလည္း စိတ္မညစ္ညဴး ေစခ်င္။ ႏွစ္ရက္ေျမာက္ ေန႔ညတြင္ သူ႔

သားႏွင့္ ေတြ႕ရျပန္သည္။ သူ႔အထင္ … အိပ္မက္အတြင္း သားက ပိုလွ၊ ပိုေခ်ာ လာသေယာင္။

“အေဖနဲ႔အေမ ကြၽန္ေတာ့္အတြက္ စိတ္ညစ္ေနတယ္နဲ႔တူတယ္။ မညစ္ပါ
ဘူး။ ကြၽန္ေတာ္တို႔ စီစဥ္ထားတဲ့ အစီ
အစဥ္အတိုင္းသာ သြားပါ။ အဆင္ေျပပါ
ေစမယ္။ သြားရမွာက အေဖနဲ႔အေမ ႏွစ္
ေယာက္တည္း။ အေဖက အေပၚအက်ႌ
အျဖဴပုဆိုးကအနီကြက္ဝတ္ပါ။အေမက အေပၚအက်ႌအဝါႏု၊ ထမီကအဝါရင့္ဝတ္ သြားပါ။ အေဖ့အက်ႌအိတ္နဲ႔ အေမ့ေခါင္း မွာ ႏွင္းဆီပန္းအနီ တစ္ပြင့္စီထိုးၿပီး ပန္ သြားပါ။ လာႀကိဳမယ့္ လူေတြသိေအာင္ ေပါ့။ သူတို႔လည္း အဲဒီလိုပဲ ဝတ္လာပါ လိမ့္မယ္။ ရထားနဲ႔လိုက္သြားၿပီး ဘူတာ မွာ ဆင္းရမယ္။ အေမ မွတ္မိပါတယ္ ေနာ္။ သြားရမဲ့ေန႔က တနဂၤေႏြေန႔။ ခု – တနဂၤေႏြပါ”
“ေအးပါ – သားရယ္၊ မင္းစီမံထားပုံ
က သိပ္ဟုတ္တာပဲကြယ္” အေမ့စကားေၾကာင့္ ေအာင္ခ်မ္း
သာမွာ ရွက္ၿပဳံး ၿပဳံးလ်က္။

ကိုျမသင္းအား ေျပာျပရာ လိုက္
ခ်င္ပုံမေပၚေစကာမူ (စမ္းၾကည့္ရင္
လည္း စမ္းၾကည့္ဦးေပါ့ကြာ)ဆိုသည့္
သေဘာျဖင့္ ေခါင္းညိတ္လိုက္ပါ
သည္။
မယုံရဲယုံရဲသံသယစိတ္တို႔ဖိစီးေန
ေသာေၾကာင့္ ကိုျမသင္း တစ္ေယာက္
မ႐ႊင္မပ် ၾကည္လင္မႈမရွိသည့္တိုင္
မစန္းႏုမွာ ရယ္ရယ္ေမာေမာ။ ေၾကာင့္
ၾကစိုးရိမ္စိတ္လည္း ရွိပုံမေပၚ။ ဘူတာ
ဆင္းၿပီး ခရီးစထြက္ကတည္းက ကိုျမ
သင္းငူငူငိုင္ငိုင္ရွိသေလာက္ မစန္းႏုမွာ
႐ႊင္႐ႊင္လန္းလန္း တက္တက္ႂကြႂကြ
အၿပီးသတ္သားေျပာလိုက္ေသာ ဘူတာ
သို႔ ေရာက္ခဲ့၏။ လင္မယားႏွစ္ေယာက္
ဘူတာစဝင္ၿပီဆိုတည္းက မီးရထား
နံေဘးပလက္ေဖာင္းေပၚတြင္ ေစာင့္ေန
သူမ်ားကို ျပဴးတူးပ်ာတာ ရွာမိ၏)
(ေဟာ-ေတြ႕ပါၿပီ။ သူတို႔ အဆင္
အျပင္အတိုင္း ဝတ္စားထားသူ ႏွစ္ဦး)။
“ဒီမွာ-ဒီမွာ”
နာမည္ကိုလည္း မသိသျဖင့္ နာမ္
စားသာေခၚလိုက္ရ၏။ ေ႐ြ႕လ်ားရပ္တန႔္
သြားေသာသူတို႔ရွိရာတြဲသို႔ လာႀကိဳေန

သူမ်ားက သြက္သြက္ေလွ်ာက္လာၾက
သည္။
လား”
“ခင္ဗ်ားတို႔က ဟိုဝွာေနာ္” “ခင္ဗ်ားတို ့က ဟိုဒင္းမဟုတ္
ဟိုငွာ၊ ဟိုဒင္းျဖင့္ ႏႈတ္ဆက္စကား ဆို၍ ရပ္ထားသည့္ဂ်စ္ကားႏွင့္ ေခၚသြား ရာမွေနအိမ္သို႔ေရာက္ခဲ့ရ၏။ တစ္ဦးႏွင့္ တစ္ဦး မိတ္ဆက္စကား ေျပာဆိုကာ
အေၾကာင္းစုံကို အျပန္အလွန္ေျပာရင္း
သူတို႔တြင္လည္း သမီးေလးႏွစ္ေယာက္
ရွိေၾကာင္း သိလာရသည္။ တစ္ေယာက္
မွာ သာမန္လူ အ႐ြယ္အစား (လူသား
တစ္ေယာက္) ျဖစ္လင့္ကစား တစ္
ေယာက္ေသာသူမွာ ေစာေဒဝီအမည္ရွိ
(အမ်ိဳးသမီး)လူေျခာက္ကေလးပင္။
ကိုျမသင္းတို႔ နည္းတူ သမီးငယ္ ေမြးၿပီး
ခါမွ စီးပြားတစ္ဟုန္ထိုးတက္ခဲ့သည္။
သမီးႀကီးမွာ ဆရာဝန္မျဖစ္သျဖင့္
တာဝန္အရသြားေရာက္ထမ္းေဆာင္ေန
ရသည့္ ေဒသတြင္ ဆရာဝန္တစ္ဦးႏွင့္ ပင္ အိမ္ေထာင္က်ၿပီး သားသမီးမ်ားရ ကာနယ္ေဝးတြင္ေနၾကျခင္းျဖစ္ေၾကာင္း ေျပာျပ ေနျပန္သည္။ သမီးငယ္ ေစာ

ေဒဝီက သား ကိုေအာင္ခ်မ္းသာကဲ့သို႔

အခါအခြင့္သင့္လာသည့္အခ်ိန္တိုင္း
အိပ္မက္ ေပးတတ္သည္ဟု သိရ၏။
မၾကာေသးခင္က သမီး၏ ေတာင္းဆို
ခ်က္အရ သူ႔ခ်စ္သူႏွင့္ ၾကည္ျဖဴစြာ
လက္ထပ္ခြင့္ျပဳခဲ့ရပုံႏွင့္ သူတို႔ႏွစ္
ေယာက္၏ ညႇိႏႈိင္းတိုင္ပင္ စီစဥ္ထားပုံ
မ်ားကိုေျပာ၍ရယ္ရယ္ေမာေမာထမင္း
လက္ဆုံ စားၾကသည့္ ပြဲေလးတစ္ခု ျဖစ္
ခဲ့ရသည္။
“ကြၽန္ေတာ္က သားႀကီးရဲ႕ဆႏၵကို
ႏွစ္ထပ္မလည္ေတာ့ ႐ိုး႐ိုးမိန္းကေလး
ေတာင္းခိုင္းတယ္ထင္ၿပီး ရင္ပူရင္ဆာ
ျဖစ္ေနတာဗ်။ မေတာ္လို႔ တစ္ဖက္က
မေက်မနပ္ျဖစ္ရင္ အခက္ပဲေပါ့။ မဟုတ္
ဘူးလား”
“ခင္ဗ်ားလိုပါပဲ၊ ကြၽန္ေတာ့္သမီးရဲ႕
ခ်စ္သူဆိုေပမယ့္ ဘယ္လိုလူလဲလို႔
ေတြးေနရတာ။ သူတို႔ေတြက ဘဝ ေဟာင္းထဲက ခ်စ္သူေတြဆိုပဲ။ သမီးက ခုဆို အသက္ (၂ဝ)ျပည့္ေတာ့မွာပါ” “အို – သားလည္း ဝါေခါင္လက (၂ဝ)ျပည့္တာေလ” “သမီးကလာမဲ့လမွာ ျပည့္မယ္ဆို ေတာ့ လႀကီးလငယ္ပါပဲ”

“ထူးျခားတယ္ေပါ့ဗ်ာ၊ကဲ-ဒါထက္ ကေလးေတြရဲ႕ ေနမႈထိုင္မႈကို ဘယ္လို
စီစဥ္မလဲ။ ခင္ဗ်ားတို႔ ဆႏၵသိပါရေစ” “ခင္ဗ်ားတို႔သားကို တယုတယ တစ္ခန္းသပ္သပ္ထားသလို ကြၽန္
ေတာ္တို႔လည္း သမီးကို တစ္ခန္းထား
တာဆိုေတာ့ လြယ္ပါတယ္ဗ်ာ။ သူတို႔
ပိုင္ခန္းေတြမွာ အိပ္ရာခမ္းနားအျပည့္
အစုံဝယ္ထည့္ေပးလိုက္မယ္။ မေကာင္း
ဘူးလား။ ကြၽန္ေတာ္ေတာ့ ဝယ္ေတာင္
ၿပီးၿပီ”
“ဟာ – ဒီေနရာေတာ့ ခင္ဗ်ားက
သာသြားၿပီဗ်ိဳ႕။ တကယ္ပဲ”
သည္။
“ဟား-ဟား-ဟား- ဟား”
ရယ္ေမာသံတို႔ ျပန႔္ႏွံ႔ေဝစည္သြား
“သူတို႔ေတြ ေနလိုရာမွာေနပါေစ။
အလွည့္ ဖက်ေနခ်င္လည္းေန သူတို႔
ဆႏၵသေဘာအတိုင္းေပါ့။ ဟုတ္တယ္ မဟုတ္လား”
“ေကာင္းပါ့ဗ်ာ – ေကာင္းပါ”

သို႔ႏွယ္ – ေၾကာင္းလမ္းထိမ္းျမား ပြဲမွာ ေလးဦးေသာ မိဘတို႔ျဖင့္ တိုးတိုး ႀကိတ္ႀကိတ္ၿပီးခဲ့ရသည္။ မဂၤလာပြဲကို ရည္စူးကာ လႉဒါန္းပြဲအျဖစ္ မဂၤလာ

ဆြမ္းေကြၽးမ်ားမွာ ေဒသႏွစ္ခု (ၿမိဳ႕နယ္ ႏွစ္ေနရာ)တြင္ က်င္းပၾကေပဦးမည္ မဟုတ္ပါလား။

“ဒါနဲ႔ပဲ အသက္ထက္ဆုံး ခ်မ္းခ်မ္း
သာသာ ေပ်ာ္ေပ်ာ္ပါးပါး ေနသြားၾက
တယ္ေပါ့။ ဒီလိုမဟုတ္လား၊ ခင္ဗ်ားရဲ႕
အဆုံးသတ္က”
စာေရးသူကထူးထူးျခားျခား သည္
ဇာတ္လမ္းကို ေျပာျပသူ ကိုေအးေဆြ
(အတြင္းေရးမႉး စာေရးဆရာအသင္း
ဟသၤာတၿမိဳ႕နယ္) အား ေမးလိုက္
သည္။
“မဟုတ္ေသးဘူး- အစ္ကိုႀကီးရဲ႕၊
သူတို႔ေတြ အသက္သုံးဆယ္တင္းတင္း
ျပည့္တဲ့အခ်ိန္မွာ ႏွစ္ဖက္မိဘေတြကို
သူတို႔အတြက္ သက္တမ္းကုန္ပါၿပီ။
ေကာင္းရာမြန္ရာဘဝကို သြားရပါေတာ့
မယ္ဆိုၿပီးမွ စခန္းသတ္သြားၾကတယ္။
ႏွစ္ဖက္မိဘေတြကေတာ့ ဝမ္းနည္းပက္ လက္ေပါ့။ သိတဲ့အတိုင္းပဲေလ” “ေအာ္ – ျဖစ္မွျဖစ္ရေလဗ်ာ။ စိတ္ မေကာင္းစရာပါပဲ။ ႏို ့ေနပါဦး-ဒီ အေၾကာင္းေတြ ခေရေစ့တြင္းက် သိေန ရတာ ဘယ္သူက ေျပာလို႔လဲ”

“ကြၽန္ေတာ္နဲ႔ ခင္မင္သူတစ္ဦး
ဆိုပါေတာ့။ ဒီအခ်ိန္မွာ ဦးျမသင္းတို႔
ေဒၚစန္းႏုတို႔လည္း ကြယ္လြန္ကုန္ၾက
ေပမယ့္ သားသမီးေတြကရွိေသးတယ္။
အုပ္စုံသိခြင့္ရခဲ့တဲ့ သမီးေလးက သူ႔ ခင္ပြန္းကို ျပန္ေျပာခဲ့တာပဲ”
က”
“ဒါျဖင့္ – ခင္ဗ်ားနဲ႔ ခင္တဲ့သူဆိုတာ
“အစ္ကိုႀကီးကိုနာမည္ေျပာရင္ သိ
မွာပါ။ ဦးျမသင္း၊ ေဒၚစန္းႏုတို႔ရဲ႕ သမီး ငယ္ရဲ႕ခင္ပြန္းဆိုတာ သူပဲေပါ့။ ကဲ- ရွင္း
ပလား”
“ရွင္းပါၿပီဗ်ာ – ရွင္းပါၿပီ”
ဘဝသံသရာဆိုသည္မွာ ရွည္လ်ား
ေပစြ၊ နက္ရႈိင္းေပစြ။
သေဗၺသတၱာ ကမၼသကာ။
မ်ိဳးသစ္