မောင်ရေခဲ နှင့် ဖရဲသီးအပင်း(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် ဖရဲသီးအပင်း(စ/ဆုံး)
——————————————
-တရကြမ်းတိုက်ခတ်သောလေနှင့်အတူ မိုးစက်မိုးပေါက်များလည်းပါလာသည်။ သည်အတိုင်းဆို မနက်မကူးဘဲ ယောကျာ်းဖြစ်သူအသက်ပါသွားလိမ့်မည်။ ဘာမှမသိသေးသော သားငယ်မှာ နှစ်ခြိုက်စွာအိပ်မောကျနေသည်။
” မိန်းမရယ်…မခံနိူင်တော့ဘူးကွာ….အား..သေပါပြီကွာ….အမေရေကယ်ပါဦး…”
” ဘယ်လိုလုပ်ကြမလဲယောကျာ်းရယ်…မိုးသည်းလေသည်းထဲ ညအချိန်မတော်ကြီး အိမ်နီးနားချင်းလည်းအိပ်ကုန်ပြီ….နေဦးကျွန်မ မဟာဖြေဆေးဝယ်ထားတာရှိသေးတယ်…”
ဇနီးဖြစ်သူက အိပ်ယာမှထလိုက်ရင်း ဆေးဝါးသိမ်းထားသည့်နေရာသို့ သွား၏။
” အား…..နာလိုက်တာကွာ…ငါ့အူတွေပြတ်ထွက်တော့မဲ့အတိုင်းဘဲ….”
ခဏ၌ ဇနီးဖြစ်သူက ဆေးတစ်ခွက်ယူလာပြီး သူ့ကိုဆွဲထူကာ တိုက်ထားလိုက်သည်။
” ညနေကမှအကောင်းကြီးပါယောကျာ်းရယ်….ဘယ်လိုဖြစ်ရတာလဲတော်….”
” မသိပါဘူးမိန်းမရာ ငါလဲအိပ်နေရင်း ဗိုက်ထဲရစ်တစ်တစ်ဖြစ်နေတာနဲ့ အိမ်သာသွားတက်တာ…ဒါပေမဲ့အိမ်သာတက်ချင်လို့ ရစ်နေတဲ့ဝမ်းမျိုးမဟုတ်ဘူးဟ….အူတွေကိုအခွေလိုက်ဆွဲထုတ်နေသလိုမျိုးကိုနာနေတာ….အား….သေပါပြီဗျာ….”
ထိုလူက ဖြစ်စဉ်ကိုရှင်းပြရင်း ဗိုက်ကိုလက်နှစ်ဖက်နှင့်နှိပ်ထားကာ အိပ်ယာထက်၌လူးလှိမ့်နေ၏။ နဖူးသာမက တစ်ကိုယ်လုံးမှာလဲချွေးဇောပျံကာ ရွဲှရွှဲစိုနေချေပြီ။ ဇနီးဖြစ်သူမှာဘာလုပ်ပေးရမှန်းမသိတော့။ နာရီကိုလှမ်းကြည့်လိုက်သော်လည်း ညတစ်ချက်တီးသာရှိသေးသည်။
” ကျွတ်…ဒီညကျမှဘာလို့အချိန်ဒီလောက်ကြာရတာလဲ….အရေးထဲမိုးတွေလေတွေကလဲ ကြမ်းလိုက်တာ…”
ဇနီးသည်က ယောကျာ်းဖြစ်သူကိုကြည့်ရင်း အားမလိုအားမရဖြစ်ကာ စုတ်တစ်သပ်သပ်ဖြစ်နေ၏။
” မိန်းမရယ်…ငါ့ကိုမကယ်နိူင်တော့ဘူးလားကွာ….ငါမခံနိူင်တော့ဘူး….အား….”
” တောင့်ခံထားစမ်းပါယောကျာ်းရယ်….ငါလည်းမိုးမြန်မြန်လင်းဖို့ဘဲဆုတောင်းနေတာ…”
” ဂီး…ဂစ်…ဂစ်….”
” ဖလပ်…ဖလပ်….ဖလပ်…”
ညကြီးအချိန်မတော် အိမ်ဝန်းကျင်မှကြားလိုက်ရသောညည့်ငှက်အသံကြောင့် မိန်းမကြီးမှာ ထိတ်လန့်သွားမိ၏။ လူနာရှိသည့်အိမ်၌ ငှက်ဆိုးထိုးသံကြားရလျှင် နိမိတ်မကောင်းဟု လူကြီးသူမပြောဖူးသဖြင့်
” ဟ…ဘာသံတွေလဲ….ညချိန်မတော် ကြားရဆိုးလိုက်တဲ့အသံ….အခြေနေမကောင်းဘူး….ပရိတ်ရေဖြန်းထားမှတော်ကာကျမယ်….”
ဇနီးသည်ကထိုသို့တွေးပြီး ဘုရားကျောင်းဆောင်ပေါ်ရှိ ပရိတ်ရေဗူးကိုယူကာ တစ်အိမ်လုံးကိုပက်ဖျန်းထားလိုက်၏။
” ယောကျာ်း ထ ထ…ရော့ပရိတ်ရေသောက်ထားလိုက်….ခေါင်းပေါ်လည်းတောက်ထားပေးမယ်….”
” အား….သေရချည်ရဲ့….အား…….”
” ယောကျာ်း….ယောကျာ်း….ရရဲ့လား…”
ပရိတ်ရေသောက်ပြီးသည်နှင့် ဝမ်းဗိုက်တစ်လုံး ပူထူသွားပြီး အလုံးကြီးတစ်လုံးပတ်ပြေးသွားသလိုခံစားလိုက်ရ၏။ ခဏ၌ အမျိုးသားမှာဗိုက်ကလေးနှိပ်ပြီး ငြိမ်ကျသွား၏။
” ယောကျာ်း….ယောကျာ်း….ရှင်ရရဲ့လား…ဘယ်လိုဖြစ်တာလဲ…”
” ဟင်း……”
အမျိုးသားမှာသက်ပြင်းချလိုက်ပြီး ဘာမှမဖြေဘဲ မှိန်းနေ၏။ ချွေးစေးချွေးသက်များလည်း ပျံနေဆဲ။ တအောင့်၌ အမျိုးသားထံမှဟောက်သံသဲ့သဲ့ထွက်လာပြီး အိပ်ပျော်သွားပြီဖြစ်မှန်းသိလိုက်ရမှ အမျိုးသမီးမှာ စိတ်ဒုံးဒုံးချနိူင်ပြီး အမျိူးသား၏ဘေးတွင်ခွေခွေလေးလှဲအိပ်လိုက်၏။
သာယာသောမနက်ခင်းတွင် မသာယာနိူင်သူကား ဘကြီးသက်ပင်။ နှစ်အိမ်ကျော်မှ သူကြားချင်သည့် သတင်းကိုမကြားရသောကြောင့်ပင်။
” တောက်! ဘယ်လိုဖြစ်ရတာလဲကွာ…ဒီဟာမကိုယုံစားမိတာမှားပြီထင်ရဲ့…ဟင်း…အသုံးကိုမကျဘူး….”
” အဖေ…စောစောစီးစီးဘာတွေဒေါသထွက်နေတာလဲရှင့်….ကျက်သရေရှိလှတဲ့ဒီလိုမနက်ခင်းဆို မင်္ဂလာစကားတွေပြောပြီး တစ်နေ့တာကို ဖြတ်သန်းရတယ်တဲ့ရှင့်….”
” အသာနေစမ်းပါငါ့သမီးရာ…ညည်းဘာမှမသိဘဲဝင်မပါစမ်းနဲ့… ”
” အဖေက သမီးပြောလိုက်ရင် အဲလို့ချည်းဘဲ….”
” ဒါနဲ့နင့်အစ်ကိုဖိုးစောအိမ်ရောက်ခဲ့သေးလား….သူတို့မိသားစုထဲကတစ်ယောက်ယောက်များနေမကောင်းတယ်ကြားမိသေးလား….”
” မနက်အစောကြီး အိမ်မလည်ကောင်းဘူးလေအဖေရဲ့….ဒါနဲ့အဖေ့စကားကအဆန်းပါလား….ကိုကြီးစောတို့ဘာဖြစ်လို့လဲ…”
” ထားတော့…ငါကသူတို့မိသားစု အိမ်မရောက်တာကြာလို့ နေများမကောင်းတာလားလို့ထင်မိလို့မေးကြည့်တာ…”
ဖခင်ဖြစ်သူ၏စကားကြောင့် မြနှင်းမှသံသယမဝင်တော့ဘဲ ဘုရားပန်းအိုးကိုသယ်ယူကာ ဘေစင်ရှိရာသို့ဦးတည်သွား၏။
” ဒီတစ်ခါမင်းကံကောင်းပေမဲ့ နောက်တစ်ခါတော့မကောင်းနိူင်ပါဘူးကွာ…ဘုရားတရားသာများများလုပ်ပေတော့”
ဦးဘသက်က သူ့အတွေးနဲ့သူကျေနပ်နေ၏။
နံနက်၈နာရီထိုးချိန်၌ ဘကြီးသက်တို့မိသားစုက စားပြီးသောက်ပြီး အိပ်ရှေ့ကွပ်ပျစ်၌ ထမင်းလုံးစီရင်း ဆက်ရက်မင်းစည်းစိမ်ခံနေ၏။
” ဘကြီးသက်ရေ….ဒီနေ့သားမောင်ကိုလာထားမလို့တော့… ဘကြီးသက်ဒီနေ့အားသလား….”
ဟူသောအသံနှင့်အတူဝင်လာသူက မနှင်းယဉ်။ ထိုအသံကြောင့်ဘကြီးသက်လည်း
” ဟေ….အားပါတယ်ကွယ်….ဒီနေ့ဘကြီးလည်း ဘယ်သွားစရာရှိတယ်မှတ်လို့….လာထားစမ်းပါ ကျူပ်ထိန်းပေးပါ့မယ်….”
” ကျေးဇူးပါဘကြီးသက်ရယ်…ကျုပ်တို့လင်မယားမယ် ဘကြီးသက်တို့မိသားစုကိုဘဲအရာရာအားကိုးနေရတာမလား….ဒါနဲ့
မြနှင်းရောဒီနေ့ဘယ်တဲ့လဲ….”
” ကျုပ်လည်း တောင်ပိုင်းကပဲခင်းဘဲသွားရမှာ မမယဉ်ရေ…ကျုပ်တို့အခင်းကမမယဉ်တို့လောက်မကောင်းပေမဲ့ အလိုက်အထိုက်တော့ရှိရှာပါတယ်….”
” အေးပါအေ…ညည်းခြံပြီးရင်လည်း ကျုပ်ခြံဘက်လှည့်ကူအုံးနော်အေ့….”
” အေးပါမမယဉ်ရဲ့….”
နှင်းယဉ်က သားမောင်ကို ဘကြီးသက်ထံအပ်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့၏။ အိမ်ရောက်သည်နှင့်
” ကိုစော… ဒီနေ့ရှင်ခြံဘက်မလှည့်နဲ့ဦး အိမ်မှာဘဲအေးဆေးအနားယူနေ….”
” ကျုပ်သက်သာပါပြီမိန်းမရာ…. ကျုပ်တို့ပဲတွေမြန်မြန်နူတ်ပြီး အိမ်ပြန်ထားမှရမှာ….နိူ့မို့ဆိုသူခိုးကသောင်းကျန်းလွန်းလို့ ကျုပ်ပဲတွေ နူတ်သွားမှဟုတ်ပေ့ဖြစ်နေမယ်….”
” ဥစ္စာခြောက်မနေပါနဲ့အေ…ဒီနေ့တစ်ရက်ထဲရှင်နားလိုက်….ကျန်းမာရေးလောက်ဘာမှအရေးမကြီးဘူးအေ့….ကဲ…ကျုပ်သွားပြီ တော်ကသူခိုးရန်ကြောက်ရင်လည်း ခြံထဲနူတ်ပြီးလှန်းထားတဲ့ပဲတွေ ကျုပ်လှည်းနဲ့တိုက်ယူလာခဲ့မယ်….”
မနှင်းယဉ်ကထိုသို့ပြောပြီး ထမင်းထုပ်နဲ့ဝါးခမောက်ကြမ်းကြီးကိုယူကာ လှည်းကိုတအိအိမောင်းထွက်သွား၏။
ကိုဖိုးစောလည်း ကိုင်းထဲလိုက်မည်ဟုသာပြောရသည်။ မနေ့ညကနာထားသည့် ဗိုက်အနာကလုံးဝအရှင်းမပျောက်သေး။ သို့သော် မနေ့ညကလောက်မနာတော့သဖြင့် ခံသာနေသေး၏။
နေ့လည်ပိုင်းရောက်သည်နှင့် နေကပူစပ်စပ်အိုက်စပ်စပ်ဖြင့်အနေရခက်လှ၏။ မနေ့ညက မိုးရောလေပါတရကြမ်းတိုက်ခတ်ရွာသွန်းထားသော်လည်း ယခုမူကား ပူလွန်းလှ၏။
” အင်း…မနေ့ကဝယ်ထားတဲ့ဖရဲသီးရှိသေးတာဘဲ… အပူသက်သာအောင်ခွဲစားဦးမှ….”
ကိုဖိုးစောက အုပ်ဆောင်းဖြင့်အုပ်ထားသောဖရဲသီးအကျန်ကို ခွဲစားလိုက်၏။ နေပူပူထဲ ဖရဲသီးချိုချိုလေးစားလိုက်ရသောအခါ လူမှာရေငတ်ပြေပြီး ရင်ထဲအေးချမ်းသွား၏။
” အင်းခုမှဘဲ နေသာထိုင်သာရှိသွားတော့တယ်….”
ဖရဲသီးစားပြီး အိမ်ရှေ့မန်ကျည်းပင်အောက်ရှိ ခုံတန်းပေါ်၌ လှဲနေလိုက်၏။ ထိုစဉ်ဝမ်းသွားချင်သလိုလိုဖြစ်သဖြင့် ရေအိမ်ရှိရာသို့အမြန်ပြေးလိုက်၏။ တအောင့်၌ပြန်ထွက်လာပြီး
” ဝမ်းသွားချင်တာလဲမဟုတ်ဘူး….မနေ့ညကလိုပြန်ဖြစ်လာပြီထင်ရဲ့….အား….နာလိုက်တာကွာ….”
ဗိုက်ကလေးကို လက်ဖြင့်နှိပ်ပြီး ခံတန်းဆီသို့ အိပဲ့အိပဲ့ဖြင့်လာနေ၏။
” အား….နာလိုက်တာ…. သေတော့မှာဘဲ…ငါ့…ငါ့အူတွေ….”
” ကျွတ်….ကျွတ်…ကျွတ်…. ”
ခုံတန်းဆီပင်ရောက်အောင်မသွားနိူင်တော့ချေ။ ဗိုက်ကြီးမှာအထဲမှ လေလုံးကြီးတွေပြေးနေသကဲ့သို့ အူသိမ်အူမများကို ပြောင်းပြန်လှန်ပစ်သကဲ့သို့ပင် နာကျင်လှ၏။
” အား…..သေပါပြီဗျာ….နာတယ်….အား…”
ကိုဖိုးစောတစ်ယောက်တည်း ညည်းညူရင်း မြေပေါ်သို့လဲကျသွား၏။ ထိုစဉ်ခြံထဲသို့ သားငယ်ဖြစ်သူဝင်လာ၏။
” ဟာ…အဖေ…ဒီမှာ ဘာလို့အိပ်နေတာလဲဗျ…ဖုန်တွေနဲ့အဖေအဝတ်တွေပေကုန်မှာပေါ့ဗျ….”
” သား….မြန်မြန် မင်းအမေကိုသွားခေါ်….ခုချက်ချင်းပြန်လာခဲ့လို့….အား…..သေပါပြီဗျာ…..”
ကိုဖိုးစောက သားမောင်ကိုထိုသို့မှာပြီး တအားအားအော်နေတော့၏။ ကလေးလည်း ဖခင်ပြောသည့်အတိုင်းရွာတောင်ပိုင်းရှိ ကိုင်းတောထဲသို့ အပြေးသွားတော့၏။
နှင်းယဉ်မှာ မြေပဲပင်ကိုစနစ်တကျနူတ်ယူနေ၏။ ယခုတစ်နှစ်သူတို့လင်မယားစိုက်သောပဲခင်းသည် ကိုင်းတောထဲရှိအခြားသူတို့၏ပဲခင်းထက်အဆများစွာသာ၏။ သူများကဲ့သို့ ပုလဲမြေဩဇာသာသုံးသော်လည်း ကံအကျိုးပေး၍ထင့် တခြားပဲခင်းထက် နှစ်ဆပိုကောင်းနေ၏။ ယခုပဲရာသီပြီးလျှင် ရသမျှပဲကိုဆီကြိတ်ရောင်းပြီး သားမောင်ကို သင်္ကန်းစည်း အလှူလုပ်ပေးရန် တွေးထားကြ၏။ ယခုပဲခင်းသည် သူတို့ပိုင်မြေမဟုတ်။ ဘကြီးသက်တို့မိသားစုပိုင်၏။ ပဲအထွက်နူန်းမကောင်းသဖြင့် ထိုမြေကိုသူတို့်အား ငှါးထားပေးခြင်းသာ။ နေပူစပ်ကျဲ၌ နှင်းယဉ်က သူ့အတွေးနဲ့သူပျော်နေ၏။ ထိုစဉ်
” အမေ…အမေရေ….အဖေကမှာလိုက်တယ်…ခုချက်ချင်းအိမ်ကိုပြန်ခဲ့ပါတဲ့… ”
” ဟေ…သား…သားကဘကြီးသက်တိ့ုအိမ်မှာမလား…ဘယ်လိုလုပ်ဒီရောက်လာတာတုံး…မင်းအဖေကရောဘာဖြစ်လို့တုံးဟဲ့….”
” သားက ဘကြီးသက်တို့အိမ်မှာ အိမ်သာမတက်ချင်လို့ သားတို့အိမ်မှာပြန်တက်ရအောင်ပြန်လာခဲ့တာ….အဲဒါအဖေက မြေပြင်မှာကွေးကွေးလေးလှိမ့်နေပြီး အမေ့ကိုအခေါ်လွှတ်လိုက်တာဘဲ….”
” ဘာ…ဘယ်လိုသား…သားအဖေကမြေပြင်မှာကွေးကွေးလေးလူးလှိမ့်နေတယ်ဟုတ်လား….”
” ဟုတ်တယ်အမေ….”
” ဟာ…မဖြစ်ဘူးမဖြစ်ဘူး….”
မနှင်းယဉ်ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ အိမ်ကိုသာခြေကုန်ပြေးတော့၏။ အိမ်ရောက်တော့ ကိုဖိုးစောကိုမတွေ့ရ။
” ကိုဖိုးစော…ကိုဖိုးစောရေ….”
” ဟာ…အစ်မနှင်းယဉ်…ကိုဖိုးစောအိမ်မှာမဟုတ်ဘူးဗျ….ဘကြီးသောင်းလှတို့က ကျေးလက်ဆေးပေးခန်းကိုပို့လိုက်ပြီဗျ…အဲဒါကျုပ်ကိုအစ်မနှင်းယဉ်ကို အနောက်ကလိုက်ခဲ့ဆိုပြီးအခေါ်ခိုင်းလို့ ရောက်လာတာ…”
” ဟယ်ဟုတ်လား မောင်လိုင်း….အေးအေးအဲဆိုကျေးလက်ဆေးပေးခန်းကိုပြေးကြတာပေါ့….”
မနှင်းယဉ်မှာချွေးပင်မသုတ်အားဘဲ ရွာအရှေ့ပိုင်းရှိကျေးလက်ဆေးပေးခန်းသို့ပြေးရပြန်၏။ ဆေးခန်းရောက်ချိန်၌ ဘကြီသောင်းလှကဆီးကြိုပြီး
” တူမကြီး….အရမ်းလည်းစိတ်မပူပါနဲ့အုံး… ဖိုးစောကအစာအဆိပ်သင့်တာလို့ဆေးမှူးကပြောတယ်….ဆေးတွေတော့ထိုးပေးထားတယ်…”
” သူဘယ်မှာလဲဘကြီးသောင်းလှ…သူ့ကိုမတွေ့ရမချင်း ကျွန်မစိတ်အေးမှာမဟုတ်ဘူး…”
” အထဲမှာတူမကြီး….”
မနှင်းယဉ်က ဆေးခန်းထဲသို့ဝင်သွားပြီး ကုတင်ထက်၌ မှိန်းမောနေသော ယောကျာ်းဖြစ်သူကိုတွေ့ရ၏။
” ကိုဖိုးစော… နေသာရဲ့လားရှင့်….ကျွန်မမှာစိတ်ပူလိုက်ရတာ…”
ထိုစဉ် ကျန်းမာရေးမှူးက
” ဒီကအစ်မက လူနာနဲ့ဘာတော်လဲဗျ…”
” ကျွန်မကလူနာရဲ့ဇနီးပါ…”
” ဟုတ်ကဲ့….လူနာကအစာအဆိပ်သင့်နေတာပါ… သူဒီလိုမဖြစ်ခင်ဘာတွေစားမိသေးလဲ….”
” ကျွန်မကိုင်းထဲရောက်နေလို့ သူဘာစားမှန်းမသိဘူးဆေးမှူးရယ်…သူ့အခြေနေဘယ်လိုရှိလဲသိချင်ပါတယ်…”
” ခုတော့ဆေးထိုးပေးထားလို့အိပ်ပျော်နေတယ်…တကယ်လို့နိူးလာလို့မှမသက်သာရင်တော့ မြို့ကဆေးရုံကိုပို့ရမှာဘဲအစ်မ…”
” ရှင့်….!”
ဆေးမှူး၏စကားကြောင့် မနှင်းယဉ်လန့်သွား၏။ တောသူတောင်သားပေမို့ ဆေးရုံဆေးခန်းဟူသည့်အသံကြားသည်နဲ့ သေမတတ်ကြောက်ကြ၏။
” မသက်သာမှပို့မှာပါအစ်မ…သက်သာရင်တော့ ပို့စရာမလိုဘူး…အိမ်မှာဘဲအေးဆေးအနားယူလို့ရပြီ….”
” ဟုတ်ကဲ့ပါဆေးမှူးရယ်…တကယ်ကျေးဇူးတင်ပါတယ်….”
ထို့နေ့က ရောဂါသက်သာသွားသဖြင့်မြိ့ုဆေးရုံသို့မသွားရဘဲ အိမ်သို့ပြန်ခေါ်လာ၏။ ဤနည်းဖြင့် တစ်ရက်ခြားတစ်ခါ၊သုံးရက်ခြားတစ်ခါ ပြန်ပြန်ဖြစ်လေရာ ကိုဖိုးစောမှာ တဖြည်းဖြည်းကိုယ်ခံအားကျဆင်းလာပြီး ပိန်လှီလာ၏။
” ဘယ်ဘဝက ဝဋ်ကြွေးကိုဆပ်နေရတာလဲကွာ….အမြန်ကြေပါတော့….မဟုတ်ရင်လည်းအမြန်သေပါတော့…. ငါမခံနိူင်တော့ဘူး… ”
ကိုဖိုးစောက အိပ်ယာထဲ၌ ခွေခွေလေးအိပ်နေရင်း ညည်းညူနေမိ၏။ ထိုအခါ ထမင်းဟင်းချက်နေသော မနှင်းယဉ်က
” နိမိတ်နမာမရှိတဲ့စကားတွေမပြောစမ်းပါနဲ့အစ်ကိုရယ်…အချိန်တန်ရင် ပျောက်မှာပေါ့…ဆေးမှူးနဲ့ကုတာမပျောက်ဘူးဆိုတော့ အင်း…ပရောဂကုတဲ့ဆရာတွေနဲ့ကုကြည့်ရင်ကောင်းမလားဘဲ….”
လင်မယားနှစ်ယောက်စလုံး ပရောဂကိုမယုံကြည်သော်ငြားလည်း အရေးကြုံလာက ယုံရ၏။ သို့ကြောင့် ပရောဂဆိုအရမ်းနိူင်သည်ဟု နာမည်ကြီးသော ဆရာတစ်ယောက်ကို အိမ်သို့ပင့်လိုက်၏။
ဆရာမှာအသက်အရွယ်အားဖြင့် ၅၀စွန်းစွန်းသာရှိသေး၏။ ဥပဓိရုပ်ကောင်းကောင်းနှင့် သမားဂုဏ်ကိုဆောင်နေ၏။
” ကဲ…အဘဆီရောက်ရင်တော့ ငါ့သားခံစားရတဲ့ဝေဒနာတွေ ပိန်းကြာရွက်ပေါ် ရေမတင်သလို အရှင်းပျောက်စေရမယ်….”
” ဟုတ်ကဲ့ပါ…အားကိုးပါတယ်ဆရာရယ်…သူ့ရောဂါပျောက်အောင်ကုသပေးပါ…”
” စိတ်ချပါတူမကြီး….”
ထို့နောက်ဆရာကလိုအပ်သည်များပြင်ဆင်ပြီး စတင်ကုသ၏။
” ငါ့တူကြီး မြတ်ဘုရားကို အရင်ဆုံးကန်တော့လိုက်ပါဦး….”
ကိုဖိုးစောလည်းဆရာခိုင်းသည့်အတိုင်း မြတ်ဘုရားကိုရိုသေစွာကန်တော့လိုက်၏။
” ကဲ…စတင်ကုသတော့မယ်…ငါ့တူမကြီးက ကလေးကိုအဝေးခေါ်သွား….လန့်သွားမှာစိုးလို့….”
” ဟုတ်အဘ….”
မနှင်းယဉ်လည်း ကလေးကိုသူငယ်ချင်းများနဲ့သွားဆော့ခိုင်းလိုက်ပြီး အိမ်ပေါ်ပြန်တက်လာ၏။
” တူမကြီး…. ဘာဘဲမြင်မြင် ဘာဘဲဖြစ်ဖြစ် တစ်ခုမှဝင်မပြောနဲ့နော်….နားလည်းမယောင်နဲ့….ပရောဂတွေကသိပ်ကိုမာယာများတာကွဲ့….”
” ဟုတ်အဘ…”
” အေးအေး…”
ဆရာကထိုသို့ပြောပြီး ဘုရားစင်ဘက်လှည့်ကာ ဘုရားရှိခိုး၊ဆီမီးပူဇော်၏။ တအောင့်အကြာ၌ ကိုဖိုးစောကို ခြေဆင်းထိုင်ခိုင်းလိုက်ပြီး ပရောဂရှိမရှိစစ်ကြည့်ရာ ခြေထောက်နှစ်ဘက်စလုံး ချွ၍မရတော့သဖြင့် ပရောဂရှိမှန်းသိလိုက်၏။
” အင်း…ငါထင်တော့ထင်သားဘဲ…ဒင်းကသိပ်ပြီး သိုဝှက်တယ်မာယာများတယ်…ဘာပရောဂမှစစ်မရအောင် ဖျောက်ထားတာဘဲ….”
ဆရာကြီးကထိုသို့တွေးပြီး ပြုံးလိုက်၏။
” ကဲငါ့တူကြီး…စိတ်ကိုလွှတ်ထားလိုက်…”
” ဟုတ်အဘ…”
” ကဲ…ကြာသပတေးသား၏အသက်ကိုငါပိုင်တယ်….ဒီကြာသပေးသားကိုပြုစားနှောင့်ယှက်နေတဲ့ မိစ္ဆာကောင် ငါ့အရှေ့ကို နာရီမိနစ်မခြားဘဲအရောက်လာခဲ့စမ်း….အထက်ဆရာများရဲ့အာဏာ….ငါဆရာရဲ့အမိန့်ဟဲ့…မကြာချက်ချင်းရောက်လာစမ်း….”
ဆရာကဩဇာသံအပြည့်နဲ့ ခေါ်သော်လည်း
လူနာကတုတ်တုတ်မျှမလုပ်။ နဂိုတိုင်းရှိနေဆဲပင်။
” ကဲ…တယ်လည်းခေါင်းမာသဟေ့….ငါဆရာဒီလောက်ခေါ်တာကို မလာဘဲပေပြီးအာခံရဲသပေါ့…ဟုတ်စ….ကဲဆိုင်ရာပိုင်ရာတို့ ဒီမိစ္ဆာကောင်ကိုဖမ်းပြီးတုပ်ပြီး ဆွဲခေါ်ခဲ့စမ်းဟေ့….”
ထိုသို့တိုင် လူနာ၏ခန္ဓာသို့ မည်သည့်ပုဂ္ဂိုလ်မှဝင်မပူးချေ။ ဘေးမှကြည့်နေသော မနှင်းယဉ်မှာ ယောကျာ်းဖြစ်သူ၏ရောဂါသည်ပရောဂမဟုတ်ကြောင်းထင်ယောင်ထင်မှားဖြစ်လာဟန်ရှိ၏။ ဆရာလည်း မနှင်းယဉ်၏အမူအယာကိုသိသဖြင့် မိမိ၏သမားဂုဏ်တော့အပျက်မခံနိူင်။ မာယာများပြီးခေါင်းမာလှသောပရောဂကောင်အား ရအောင်ခေါ်ရပေတော့မည်။
” ကဲ…မင်းကတော်တော်ခေါင်းမာတဲ့ကောင်ဘဲ….ငါကလည်းမင်းထက်ပိုမာလို့ဆရာလုပ်လာတာကွ….လာစမ်းလဟဲ့ မိစ္ဆာကောင်….ဒီတစ်ခါမင်းမလာလို့မရဘူး….မင်းရဲ့နာမ်ပါတဲ့ဓာတ်ကိုငါခံစားမိပြီ….လာလေစမ်းဟဲ့မိစ္ဆာကောင်….ဘုန်း….ဘုန်း….ဘုန်း…..”
ဆရာကဒေါသအနည်းငယ်ထွက်နေဟန်ရှိ၏။ တတိယအကြိမ်ခေါ်သည့်အချိန်တွင်ကား လူနာသည်ဆတ်ခနဲတချက်ဖြစ်သွားပြီး တပလ္လင်ချိတ်ကာ ခေါင်းမော့ရင်ကော့လျက် ဆရာကြီးနှင့်မျက်နာချင်းဆိုင်ထိုင်နေ၏။
” ဆရာကြီးကလဲ…နဖူးမှာချွေးဇောပျံလို့ပါလားကွ….ကျုပ်ကိုခေါ်ရတာအတော်မောသွားပုံရတယ်…ကဲငါ့နှမ နင့်ရဲ့ဆရာကြီးကို ရေလေးတစ်ခွက်လောက်ခပ်တိုက်လိုက်ပါဦး….ဟားဟားဟား…”
မထီမဲ့မြင်စော်ကားလွန်းလှသော ဤမိစ္ဆာကောင်အား အလွှတ်ပေး၍မဖြစ်တော့။ ပြောင်းလဲသွားသောအခြေနေကြောင့် မနှင်းယဉ်လည်း လန့်သွားကာ အနောက်သို့ဆုတ်၍ထိုင်၏။
” ဒီမှာမိစ္ဆာကောင်…သင့်ကိုသင်ဘာထင်နေသလဲ…ဒူးပဆစ်တုတ်ပြီး ဘုရားကိုဦးချစမ်း….”
” ဟားဟားဟား…ဘုရားမဟုတ်ကုလားရုပ်ကို ငါကဘာကိစ္စကန်တော့ရမှာလဲ မကန်တော့ဘူးကွာ…မင်းဘာလုပ်နိူင်လဲ….”
” မင်းကများစော်စော်ကားကားကွာ….ကဲရိုးရိုးပြောမရတော့လဲဆန်းဆန်းပြောရတာပေါ့….ကဲဟဲ့လှံပိုင်ကြီး ဒီကောင့်ရဲ့ခြေထောက်တွေ ဒူးပဆစ်တုတ်ထိုင်တဲ့အထိ လှံနဲ့ထိုးစမ်း…ဆင်ပိုင်ကြီးက ဘုရားကိုဦးတိုက်အောင် ဒီကောင့်ဇက်ပိုးကို ဆင်နဲ့နင်းထားလိုက်စမ်းဟေ့…မသေစေနဲ့….”
ဆရာကြီးကထိုသို့မိန့်လိုက်သည်နှင့် ကိုဖိုးစောမှာ တချက်တုန်သွားပြီး
” အား….နာတယ်ကွ…အား…ငါ့ဇက်ပိုးကြိုးပါပြီ…အား….ဟားဟားဟား….ငါအဲလို့အော်မယ်ထင်လို့လား….ဟားဟားဟား
နင့်ရဲ့ဆင်ပိုင်လှံပိုင်လောက်နဲ့ ငါ့ကိုမချုပ်ချင်စမ်းပါနဲ့ကွာ….”
” ဟင်….”
ပြောင်းလဲသွားသောအခြေနေကြောင့် ဆရာကြီးမှာ အံဩမှင်သေသွား၏။ လူနာက ချက်ချင်းတပလ္လင်ချိတ်ထိုင်ပြီး အပေါ်သို့တစ်ထွာသာသာမျှ ကြွတက်လာ၏။ ဤမျှကြမ်းတမ်းသောပရောဂကို သူ့ဘဝတစ်လျှောက်တစ်ခါမှမတွေ့ဖူးသဖြင့် သွေးလန့်နေမိ၏။ နောက်ဆုံး၌ မိမိ၏သမားဂုဏ်ကို အကျမခံနိူင်သည့်အဆုံး ဘုရားသောက်တော်ရေကိုစွန့်ယူကာ ညာဘက်လက်ညိုးဖြင့် မွှေလိုက်ပြီး နူတ်မှလည်းမန္တာန်ရွတ်ဆိုနေ၏။ ပြီးသည်နှင့်
” ကဲ….မင်းခံနိူင်ရင်ခံဟေ့…အထက်ဆရာကြီးများရဲ့မျက်စဉ်းခတ်ရေစင်တဲ့ သေစမ်းမိစ္ဆာကောင်….”
” အား….ငါ့….ငါ့မျက်လုံး….”
ဆရာကထိုရေစင်ကိုလက်ဖြင့်ယူပြီး လူနာ၏မျက်လုံးအား ခတ်ထည့်လိုက်ရာ လူနာမှာလက်နှစ်ဘက်ဖြင့် မျက်လုံးကိုအုပ်ပြီးကျယ်လောင်စွာအော်ဟစ်နေ၏။ သို့သော် မထင်မှတ်လိုက်သောအချိန်မှာပင် လူနာသည်ဆရာ့လက်ပေါ်မှ ရေစင်ခွက်ကိုယူကာမော့သောက်ပစ်လိုက်ပြီး
” ထွီး…ငါ့မျက်လုံးကိုပျက်အောင်လုပ်တဲ့အကောင်သေပေစမ်း….”
” ခွပ်…..”
” အင့်….”
လူနာမှာငုံထားသောရေစင်ဖြင့် ဆရာကြီး၏မျက်နှာအားထွိးခနဲထွေးပစ်လိုက်ပြီးကိုယ်ရှိန်ပျက်သွားချိန် ဝိုက်လက်သီးဖြင့်ပါထပ်ဆင့်ထိုးလိုက်ရာ ဆရာမှာအနောက်ကကန်တော့ပွဲပြင်ထားသောစားပွဲပေါ်လှန်ကျသွားသဖြင့် ပွဲလည်းပျက်သွားတော့၏။
” ဟာ….”
” ဟားဟားဟား….ဟားဟားဟား..မတောက်တခေါက်ပညာလေးနဲ့ငါ့ကိုများ လာနှောင့်ယှက်ရဲသေးတယ်….ကိုယ့်အသက်ကိုနှမြောရင် လာရာလမ်းအတိုင်းလှည့်ပြန်စမ်းဟဲ့….”
ဆရာမှာ လှန်လဲကျနေရာမှ အားယူကာထလိုက်ပြီး
” တောင်းပန်ပါတယ်တူမကြီး…အဘဒီကောင့်ကိုမနိူင်တော့ဘူး…တခြားဆရာသာရှာလိုက်ပါတော့….”
ဆရာကြီးကထိုသို့ပြောပြီး ပုဆိုးကိုမကာ အိမ်ထဲမှ ခြေကုန်သုတ်ပြေးတော့၏။
” ဟားဟားဟား….ဟားဟားဟား…”
ကိုဖိုးစောမှာ အားရစွာအော်ရယ်ပြီး ကြမ်းပေါ်သို့ဗုန်းခနဲလှဲကျသွားတော့သည်။ ထိုအချိန်မှစ၍မနှင်းယဉ်မှာ ပရောဂတကယ်ရှိမှန်းယုံကြည်သွား၏။
ယခုမှာမူ ကိုဖိုးစောဝေဒနာခံစားရသည်မှာ ၃လပင်ပြည့်နေချပြီ။ သည်အတောအတွင်း ထွက်ပြေးသွားသောဆရာမှာလည်း ၅ယောက်မကတော့ချေ။ နောက်ဆုံး၌ မနှင်းယဉ်ကစိတ်ကိုလျှော့လိုက်ပြီး ဆေးမှူးဆီသို့သာ ဝေဒနာဖြစ်တိုင်း အိပ်ဆေးထိုးခိုင်းပြီး သိပ်ထားရတော့သည်။
လင်ယောကျာ်းနေမကောင်းသောမိန်းမတစ်ယောက်သည် မည်သို့မျှစိတ်မချမ်းသာနိူင်ချေ။ သားကိုသခင် လင်ကိုဘုရားဟုသတ်မှတ်ထားသော မိန်းမသားတို့အဖို့ လင်ယောကျာ်းနေမကောင်းလျှင် သူတို့နေရာ၌သာအစားဝင်ကာ ခံလိုက်ချင်တော့သည့် စိတ်ကအမြဲရှိနေ၏။ ယခုမနှင်းယဉ်လည်း ထိုနည်း၎င်းပင်။ လင်စိတ်ကြောင့် ပစ်ထားသောပဲခင်းကိုလည်းလှည့်မကြည့်နိူင်တော့ချေ။ စားမဝင်အိပ်မပျော်သည့်ဒဏ်ကြောင့် မျက်နှာမှာအတော်ပင်ချောင်ကျနေလေသည်။
သာယာသောနေ့တစ်နေ့၌ မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် တစ္ဆေကုန်းဟူသောရွာလေးသို့ ရောက်ရှိလာခဲ့၏။
အတော်ကျယ်သောရွာကြီးတစ်ရွာဖြစ်ပြီး လူဦးရေလည်းများသည်။ ရွာလမ်းမကြီးအတိုင်း ဝင်လာကြရာ ရွာလည်ရောက်ချိန်၌ နွားလှည်းကိုကြိမ်တို့ကာ အလျင်လိုနေကြသော လူတစ်စုကို တွေ့လိုက်ရ၏။ လှည်းပေါ်၌ပါလာသောလူတစ်ယောက်ကလည်း
နာကျင်စွာညည်း၍လိုက်ပါလာ၏။ ပို၍ထူးဆန်းသည်က ထိုလူ၏ကိုယ်ပေါ်မှရှပ်တိုက်ပါလာသော သက်တမ်းရင့်သဘက်ကြီးတစ်ကောင်ပင်။ ထိုသဘက်ကြီးက လှည်းပေါ်ရှိ ညည်းနေသောလူနာ၏ဗိုက်ကို ချွန်မျှသောလက်သည်းများဖြင့်ထိုးဖောက်ရင်း အူနှင့်အသည်းနှလုံးကိုဆွဲထုတ်ချင်နေ၏။
” ဟာ….ထင်ပေါ်….အဲဒီလှည်းနောက်ကိုထက်ကြပ်မကွာလိုက်စမ်း…လှည်းပေါ်ကလူတွေမကြာခင်ဘေးကျရောက်လိမ့်မယ်….”
” ကျွန်တော်လည်းအာရုံခံမိတယ်ဆရာ…ဒီလူတွေအပြေးအလွှားဖြစ်ပုံထောက်ရင် ကျေးလက်ဆေးခန်းကိုသွားပုံရတယ်ဆရာ….”
” ကျေးလက်ကျန်းမာရေးမှူးနဲ့ဆိုင်တဲ့ရောဂါမဟုတ်ဘူးထင်ပေါ်…ခဏတာဘဲသက်သာလိမ့်မယ်…ငါတို့ကယ်မှရတော့မယ်…”
ဆရာတပည့်နှစ်ယောက် လှည်းနောက်သို့ လိုက်သွားခဲ့ကြ၏။ ထိုလှည်းမှာ ထင်သည့်အတိုင်းပင် ရွာအရှေ့ပိုင်းရှိ ကျေးလက်ကျန်းမာရေးဆေးခန်းသို့ သွားနေခြင်းဖြစ်၏။
ဆေးခန်းရောက်သည်နှင့် သဘက်ကြီးမှာအထဲသို့လိုက်မဝင်ဘဲ ဆေးခန်းနံဘေးရှိညောင်ပိန္နဲပင်ကြီးပေါ်သို့တက်နေရစ်၏။
မောင်ရေခဲတို့လည်းမလှမ်းမကမ်းမှ အခြေအနေကို စောင့်ကြည့်နေ၏။ ခဏ၌ထိုလူတစ်စုပြန်ထွက်လာ၏။ လူနာမှာကား စောင်ပခက်အတွင်း၌မလှုပ်မယှက်ဖြင့်ပါလာ၏။ လူနာကိုလှည်းပေါ်တင်ပြီးသည်နှင့် လှည်းပေါ်တက်ကြပြီး မောင်းထွက်သွား၏။ သဘက်ကြီးကား သစ်ပင်ပေါ်၌ရှိနေဆဲပင်။
လှည်းကြီးမှာတရွေ့ရွေ့လာနေရင်း မောင်ရေခဲတို့ရှေ့သို့ရောက်လာခဲ့၏။ ထိုအခါမောင်ရေခဲက လှည်းကိုတားလိုက်ပြီး
” ဒီကမိတ်တွေတို့ကို အကူညီတောင်းစရာရှိလို့ပါ…. ကျွန်တော်တို့ လှည်းကြုံလိုက်စီးလို့ရမလား….”
မောင်ရေခဲ၏စကားကြောင့် လှည်းပေါ်မှလူများမှာ အလိုက်ကန်းဆိုးမသိလှချည်လားဟူသောအကြည့်ဖြင့် လှမ်းကြည့်လာကြပြီး
အမျိုးသမီးတစ်ဦးက
” အားနာပါတယ် မောင်လေးတို့…အစ်မတို့လှည်းကလူနာပါလာလို့ လိုက်လို့မရတော့ဘူးရှင့်….လှည်းကြုံစီးချင်ရင်တေ့ာ နောက်လာတဲ့လှည်းကိုတားစီးကြပါနော်….”
” အစ်မကြည့်ရတာ စိတ်သောကရောက်နေသလိုဘဲ…. စိတ်မရှိရင်ကျွန်တော်သိခွင့်ရမလား….”
” အလိုက်ကန်းဆိုးမသိတဲ့လူတွေဘဲ…ကျွန်မလင်တစ်ယောက်လုံး နေမကောင်းဖြစ်နေတာကို ကျွန်မကပြုံးပျော်နေရမှာလား….”
” ကျွန်တော်လူနာကိုကြည့်ပါရစေ…. ကျွန်တော်က အထက်လမ်းပညာမတောက်တစ်ခေါက်လေ့လာထားပါတယ် ”
” မင်းကြည့်တော့ရောဘာထူးမှာလဲ….မင်းတို့အရှေ့မှာ ထွက်ပြေးခဲ့တဲ့ဆရာပေါင်းမနည်းတော့ဘူး ….မင်းလည်းအသက်အပိုမပါရင် လှည်းရှေ့ကဖယ်လိုက်တော့ …”
အဖိုးကြီးတစ်ယောက်က ထိုသို့ပြောသဖြင့်မနှင်းယဉ်က သူ့ယောကျာ်းသက်သာလိုသက်သာငြားဖြင့်
” ကဲဒါဖြင့်လဲ ရှင်တို့နှစ်ယောက်လုံးလှည်းပေါ်တက်ပြီး ကျွန်မအိမ်လိုက်ခဲ့ကြပေါ့… ရှင်တို့အသက်ကိုတော့ ကျွန်မ အာမ မခံဘူးနော်….”
မနှင်းယဉ်၏စကားကြောင့်အဖိးုကြီးမှာ သိပ်မကျေနပ်သော်လည်း ဘာမှဆက်မပြောတော့ဘဲ နေရာဖယ်ပေးလိုက်၏။ အချိန်အတော်ကြာလှည်းစီးလာကြပြီးနောက် အမျိုးသမီး၏အိမ်သို့ရောက်လာခဲ့၏။ အိမ်ရောက်သည်နှင့် လူနာကိုအိမ်ပေါ်သို့ခေါ်သွားပြီးသိပ်လိုက်၏။ ဘောက်ဆတ်ဆတ်ရှိလှသောအဖိုးကြီးမှာ အမျိုးသမီးကိုနူတ်ဆက်ပြီး ပြန်သွား၏။ အိမ်တွင်ပုခက်ထမ်းသည့်ယောကျာ်းသားနှစ်ယောက်နှင့်အမျိုးသမီးသာကျန်ခဲ့၏။
” ထိုင်ကြပါမောင်လေးတို့…. ”
” ဟုတ်ကဲ့အစ်မ…ဒါနဲ့အစ်မရဲ့အမျိုးသားကဘယ်လိုကနေဘယ်လိုစဖြစ်တာလဲ…ဖြစ်တာကြာပြီလား….”
မောင်ရေခဲ၏အမေးကိုအမျိုးသမီးက အစအဆုံးဖြစ်ခဲ့ပုံနဲ့ဆရာများထွက်ပြေးခဲ့ရသည့်အကြောင်းများပါ ထည့်သွင်းပြောပြလိုက်၏။
” ဒီကောင်ကအတော်ကြမ်းတယ်ဆိုပေမဲ့ မျက်စိအလင်းရပုံမပေါ်ဘူးဗျ….”
” မောင်လေးကဘာလို့အတပ်ပြောနိူင်ရတာလဲ…..”
” ကျွန်တော်အဲဒီကောင်ကိုမြင်ရတယ်ဗျ…အစ်မတို့ဆေးခန်းထဲဝင်သွားတော့ဒီကောင်ဆေးခန်းဘေးကအပင်ပေါ်မှာကျန်နေရစ်ခဲ့တယ်….အစ်မတို့ပြန်ထွက်လာတော့ သူမတွေ့လို့ပြန်လိုက်မလာခဲ့ဘူးဗျ…ဒါပေမဲ့ခုတော့ အိမ်အပြင်မှာရောက်နေပြီဗျ….”
” အမလေး…ကယ်ပါဦးဆရာလေးရယ်…ကျွန်မဖြင့်အတွေးနဲ့ပုံဖော်ကြည့်ရင်တောင် တော်တော်ကြောက်နေပါပြီ….သူအိမ်ထဲဝင်လာရင်ဒုက္ခဘဲ….”
” အစ်မစိတ်ချပါ…ဒီအိမ်ထဲကိုသူဝင်လာလို့မရအောင် ကျွန်တော်စည်းချထားတယ်ဗျ…”
မောင်ရေခဲပြောသည့်အတိုင်းပင် သဘက်ကြီးသည် ခြံအပြင်၌ရစ်သီရစ်သီလုပ်ရင်း တောက်တစ်ခေါက်ခေါက်ခတ်ကာ အမျက်ထွက်နေ၏။ ခဏ၌လူနာမှာနိူးလာပြီး
” မိန်းမ…ငါ့ကို ရေတိုက်ပါဦးရေဆာလိုက်တာ…ပြီးတော့ငါအိပ်ပျော်နေတုန်း အဖိုးကြီးတစ်ယောက်ကိုအိပ်မက်မက်တယ်…လူနှစ်ယောက်ငါ့အသက်ကိုကယ်ပေးလိမ့်မယ်တဲ့….”
ထိုစကားကြောင့် မနှင်းယဉ်မှာ အံ့ဩသွားပြီး
” ရှင်တကယ်ဘဲ အဲလို့မက်သလားကိုစော….ရှင်ကြည့်လိုက်စမ်း ငါတို့အိမ်ကိုဆရာလေးနှစ်ယောက်ရောက်နေတယ်…သူတို့က အထက်လမ်းပညာမတောက်တခေါက်လေ့လာထားတယ်တဲ့ ရှင့်ရောဂါကိုကုပေးကြည့်ချင်လို့တဲ့….”
” ဟေ…တကယ်လားမိန်းမ…ခေါ်ခဲ့လိုက်ဆရာလေးနှစ်ယောက်ကို ငါ့ဆီခေါ်ခဲ့လိုက်….”
မနှင်းယဉ်လည်း မောင်ရေခဲ တို့ဆရာတပည့်နှစ်ယောက်ကို အိမ်ရှေ့ဘုရားခန်း၌နေရာထိုင်ခင်းပေးလိုက်၏။ ကိုဖိုးစောလည်း
မောင်ရေခဲ တို့ရှေ့၌လာထိုင်ရင်း
” ကျွန်တော့ရောဂါကိုပျောက်ကင်းအောင်ကုပေးပါဆရာလေးတို့…ကျေးဇူးဆပ်ပါ့မယ်ဗျာ….”
” ဟာ…အစ်ကို…အိပ်ယာထဲမှာဘဲသက်သာသလိုနေပါဗျ….”
” ကျွန်တော်ဆရာလေးတို့ကိုတွေ့ကတည်းက အားရှိသွားပြီ….အိပ်ယာထဲမနေချင်တော့ဘူးဗျ….”
ကိုဖိုးစော၏စကားကြောင့် မောင်ရေခဲပြုံးလိုက်ပြီး
” ဒါဖြင့်ရင်ဗျာ….ကျွန်တော်တို့စလိုက်ကြစို့…အစ်မကြီးက ကျွန်တော်ပြောတာတွေကိုမှတ်ထားပြီး ရအောင်ရှာဝယ်ခဲ့ပေးဗျ…အစ်ကိုကတော့ ဒီနေရာမှာဘဲထိုင်ပြီး နာရီဝက်ရရ၊၁၅မိနစ်ရရ တရားထိုင်ပေးပါ….”
” ဟုတ်ပြီဆရာလေး…”
” အဲဆိုအစ်မအခုဘဲ လိုအပ်တာတွေသွားရှာဝယ်တော့မယ်ဆရာလေး….”
” ဟုတ်ပြီအစ်မ…ရော့ဒါလေးဆောင်သွား….”
မောင်ရေခဲက အမျိုးသမီးအား အန္တရာယ်ကင်းအဆောင်လက်ဖွဲ့ပေးလိုက်၏။ ကိုဖိုးစောက တင်ပလ္လင်ချိတ်ထိုင်ရင်း ငြိမ်သက်စွာတရားမှတ်နေ၏။ မောင်ရေခဲလည်း လုပ်စရာရှိသည်များကိုလုပ်ထားလိုက်ပြီး အိမ်ကိုအဝင်ပေါက်မျှသာချန်ပြီးစည်းချထားလိုက်၏။ နာရီဝက်မျှအကြာ၌ မနှင်းယဉ်က မှာလိုက်သောပစ္စည်းအစုံအလင်ဖြင့်ပြန်ရောက်လာ၏။
” ဆရာလေးမှာတဲ့ပစ္စည်းတွေအကုန်ရလာခဲတယ်ဆရာလေး….”
” အေးအေးအစ်မကျေးဇူးပါဘဲ…အုန်းပွဲငှက်ပျောပွဲပြင်ဖို့ ရေဆေးပေးထားပါအုံးဗျ….”
အမျိုးသမီးလည်းသွက်လက်စွာဖြင့် အကုန်လုပ်ပေး၏။ အားလုံးပြီးသွားသည်နှင့် မောင်ရေခဲလည်း ပိတ်ဖြူပိတ်နီခံကာ ကန်တော့ပွဲတင်လိုက်၏။ အားလုံးပြီးသွားသည်နှင့်
” ကဲ….ဒီကနောင်ကြီးရေ… တရားဖြုတ်လို့ရပြီဗျ….ခဏတော့အညောင်းအညာဆန့်ချေဦး….နောင်ကြီးထိုင်နေတာနာရီဝက်တစ်နာရီရပြီဆိုတော့ ညောင်းညာပေမှာဘဲ….”
ကိုဖိုးစောလည်းခဏအညောင်းအညာဆန့်လိုက်၏။ ပြီးမှ
” ရပြီဆရာ….ဆရာတို့လုပ်စရာရှိတာလုပ်လိုက်တော့….ဆရာလေးတို့ရှိနေရင်ကျုပ်ကလူကောင်းပကတိအတိုင်းဘဲဗျ….လေးလံထိုင်းမှိုင်းနေတဲ့ဟာတွေဘယ်ရောက်သွားမှန်းမသိဘူး….”
” ရှေ့ဆက်ဒီလိုဘဲနေကောင်းသွားအောင်လုပ်ပေးမယ်နောင်ကြီး….ကဲလာထိုင်ပြီးဘုရားကိုကန်တော့လိုက်ပါဦး….”
ကိုဖိုးစောလည်း မောင်ရေခဲပြောသည့်အတိုင်းဘုရားကိုဦးချလိုက်၏။
” စိတ်ကိုလွှတ်ထားနောင်ကြီး….ဘာမှမကြောက်နဲ့… ”
မောင်ရေခဲကထိုသို့ပြောလိုက်ပြီး
” ကဲ…အိမ်အပြင်ကပုဂ္ဂိုလ်…သင်ဝင်လာခဲ့လို့ရပြီ….”
ထိုသို့မိန့်လိုက်သည်နှင့် အပြင်ကသဘက်ကြီးမှာ ဒေါသတကြီးဖြင့် ဝင်လာရာ အိမ်ကြီးပင်သိမ့်ခနဲတုန်သွားရ၏။
” ထင်ပေါ် …စည်းကိုပိတ်ချလိုက်တော့…”
” ဟုတ်ဆရာ….”
” ကဲသင်ရောက်ပြီဆိုတော့ ဘုရားကိုကန်တော့လိုက်ပါဦး….”
” တောက်! လူကြည့်တော့နိူ့နံ့တောင်မစင်သေးဘဲနဲ့ ငါ့များဆရာလာလုပ်နေတယ်…နင်လည်းအရင်ကောင်တွေလို နာချင်ပြီနဲ့တူတယ်….”
” အရင်ဆရာတွေကို သင်နိူင်ခဲ့ပေမယ့် ကျုပ်ကိုတော့ ထိခွင့်တောင်ရလိုက်မှာမဟုတ်ဘူးသိလား…အဲဒီတော့ ကျုပ်ခိုင်းသလိုဘဲဘုရားကိုရှိခိုးဦးချလိုက်….”
” ဟားဟားဟား….ဦးမချတော့ဘာဖြစ်လဲကွာ မင်းဘာလုပ်ချင်လဲ….”
ဆိုပြီး ခါးတောင်းကိုမြှောင်အောင်ကျိုက်ကာ ရန်လိုနေ၏။
” ပြန်ထိုင်လိုက်စမ်း….ခုချက်ချင်းပြန်ထိုင်လိုက်….”
” မထိုင်ဘူးကွာ… မင်းဘာလုပ်ချင်လဲ…ကဲဟာ….”
” ဒုတ်….”
” အား….”
သဘက်ကြီးက ထိုးထားသောကန်တော့ပွဲအားဖြတ်ကန်လိုက်သော်လည်း အနားမရောက်ခင်မှာပင် တစ်စုံတစ်ခုက သူ၏ခြေထောက်ကိုဖြတ်ရိုက်လိုက်သဖြင့် အားခနဲအော်ကာခုန်ဆွခုန်ဆွဖြစ်သွား၏။
” ငါမပြောဘူးလား…ငါ့ကိုထိလို့မရဘူးလို့…ကဲထိုင်….သင်သာငါ့ကိုမမြင်ရတာ ငါကတော့သင့်ကိုမြင်နေရတယ်….”
” ငါဘာလို့မင်းကိုမမြင်ရမှာလဲ….ငါမြင်ရတယ်…”
” ဘာလို့လဲဆိုတော့ အရင်ဆရာရဲ့မျက်စဉ်းခတ်ဆေးကြောင့် သင့်အမြင်အာရုံဝေဝါးသွားပြီလေ….”
” ဟင်…နင်နင်ဒါတွေသိနေတယ်….”
” သိရုံတင်ဘယ်ကမလဲ…ငါကသင့်ရဲ့ဘဝဇာတ်ကြောင်းပါသိတယ်….သင့်ကိုငါနာအောင်မလုပ်ချင်ဘူး သင့်ကိုခိုင်းတဲ့သူဘယ်သူလဲဆိုတာဘဲသိချင်တယ်….”
” မင်းပြောတိုင်းငါယုံမယ်ထင်နေလား…ဟားဟားဟား…မသေချင်ရင်ဝင်မပါနဲ့….”
” အတော်ခေါင်းမာပါလား….ကဲသင်ထိုင်မှာလားမထိုင်ဘူးလား….”
” မထိုင်ဘူးကွာဘာဖြစ်လဲ….”
” အဲဆိုလည်းသင့်သဘောဘဲလေ…ကဲ…
ဆိုင်ရာတွေ သူထိုင်အောင်လုပ်လိုက်စမ်း….”
” အား…..နာတယ်…နာတယ်….အမလေးငါ့ခေါင်းကွဲပြီထင်ရဲ့….”
” အားပူတယ်…သေပါပြီ… တော်ပါတော့
ငါမခံနိူင်တော့ဘူး…. ထိုင်ပါ့မယ်….”
သဘက်ကြီးကထိုသို့ပြောပြီး ကျုံ့ကျုံ့ကလေးထိုင်ကာ ဘုရားကိုဦးချ၏။
” ကဲပြော…ကြာသပတေးသားကိုဘာလို့နှောင့်ယှက်ရတာလဲ….”
” သူကိုယ်တိုင်ကျုပ်ကိုခေါ်ထားတာပါ….”
” မှန်မှန်ပြောစမ်း…. လိမ်ညာနေရင် အာခေါင်ထဲငရဲမီးထတောက်စေ….”
” တကယ်….ကယ်….အား….ဝူး…ဝါး….”
သဘက်ကြီးကထပ်မံလိမ်ညာရန် ကြိုးစားရာ မီးတောက်ကြီးမှာဟုန်းခနဲထတောက်လေရာ သဘက်ကြီးမှာဝူးဝူးဝါးဝါးအော်ပြီးထွက်ပြေး၏။
” မလိမ်နဲ့လို့ ငါပြောသားဘဲ…. ထွက်ပြေးဖို့လဲမကြံနဲ့ ပြန်ထိုင်ပြီးငါမေးတာမှန်မှန်ဖြေ…”
” ဟုတ်…ဟုတ်ကဲ့ ကြောက်ပါပြီ…မညာရဲတော့ပါဘူး…. ဖြေပါ့မယ်ဆရာ…. ကျုပ်သဘောနဲ့ကျုပ်နှောင့်ယှက်နေတာမဟုတ်ပါဘူး
ခိုင်းလို့လုပ်ရတာပါ….”
” ခိုင်းတိုင်းလုပ်ရရောလား…”
” မလုပ်ရင် ကျုပ်ကို နှိပ်စက်ပါတယ်ဆရာ…ကျုပ်သူ့ကိုမနိူင်ပါဘူး…”
” အခုရော …သင်ဒီတိုင်းပြန်သွားတာသိရင် အပြစ်လွတ်လား….”
” မလွှတ်တဲ့အပြင် စကြာကြိမ်တုတ်နဲ့လူးလှိမ့်နေအောင် ရိုက်ခံရပါတယ်ဆရာ….”
” သင်ကြောက်သလား….”
” ကြောက်တယ်ဆရာ…သူကအဲဒီကြိမ်စင်္ကြာတုတ်နဲ့ကျုပ်ကိုထိန်းထားနိူင်တာပါ…အဲဒါသာမရှိရင် ကျုပ်သူ့ကိုလည်လိမ်ချိုးသတ်တာကြာပြီ….”
” ကဲအဲဒါဆို သင်လုပ်ထားတာတွေပြန်ယူပြီးလွတ်ရာသွားတော့… သင့်ရဲ့ပေးဆပ်ရမဲ့ဝဋ်ကျွေးမကုန်သေးသ၍ တော့ဒီသဘက်ကြီးဘဝနဲ့ဘဲနေနေရဦးမှာဘဲ….ဒါပေမဲ့တစ်ပါးသူကိုထပ်ပြီးမနောင့်ယှက်တော့ရင် ဝဋ်ကြွေးအသစ်ထပ်မဖြစ်တော့ဘူးပေါ့….ငါပြောတာနားလည်လား….”
” နားလည်ပါပြီဆရာ….သွားခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်….ကျုပ်လုပ်ထားတာတွေမရှိပါဘူး ကျုပ်ကဒီတိုင်းသူ့အူတွေအသည်းတွေနှိပ်ကလိတာဘဲရှိတာပါ….”
” သင်မလုပ်ထားဘူးသာဆိုတယ် ကြာသပတေးသားရဲ့ဝမ်းထဲကအပင်းတွေငါမြင်နေရတယ်….”
” တကယ်မလိမ်ဘူးဆရာ…အဲဒါကျုပ်လုပ်တာမဟုတ်ဘူး…ကျုပ်ကျိန်ရဲပါတယ်….”
” အင်းပါဘယ်သူလုပ်ထားတာလဲမကြာခင်သိရတော့မှာပါ….ကဲသင်လဲသွားတော့…လူ့အရပ်နဲ့ဝေးရာကိုသာသွားတော့…မဖြစ်သေးပါဘူး သင့်ကိုနတ်ဘီလူးတို့ရဲ့အချုပ်ရဲ့လက်ကိုအပ်မှရမယ်….”
သဘက်ကြီးလည်းဘာမှပြန်မပြောရဲဘဲငြိမ်၍နားထောင်နေ၏။ မောင်ရေခဲက ဘီလူးတို့၏အချုပ်ဖြစ်သောကုဝေရနတ်မင်းကြီးကို တိုင်တည်လိုက်ရာ နတ်မင်းကြီး၏လက်အောက်ခံနတ်စစ်သူကြီးရောက်လာခဲ့ပြီး သဘက်ကြီးအားလည်ဂုတ်မှဆွဲခေါ်သွားတော့သည်။ ကုဝေရနတ်မင်းကြီးကား နတ်ဘီလူးအစပြိတ္တာဘုံအဆုံးအုပ်ချုပ်ရသူဖြစ်၏။
သဘက်ကြီးပျောက်သွားသည်နှင့် ကိုဖိုးစောမှာ ကြမ်းပေါ်သို့ခွေခွေလေးလဲကျနေ၏။ သို့သော်အားပြင်းသောစက်ကို မောင်ရေခဲအာရုံခံမိနေဆဲပင်။
” အပင်းထည့်တဲ့လူ ပညာအစွမ်းထက်သလို မူယာမာယာလည်းအရမ်းများတဲ့လူဘဲ….ထင်ပေါ်သတိအမြဲကပ်နေပါစေနော်….”
” ဟုတ်ကဲ့ပါဆရာ….”
ထို့နောက်ရေစင်တစ်ပေါက်အား ယူပြီးကြာသပတေးသား၏ခေါင်းကိုတောက်ပေးလိုက်ရာ အင်းအဲအသံပြုပြီးနိူးလာခဲ့၏။
” ပက်လက်ကလေးအိပ်နေ နောင်ကြီး…”
ကိုဖိုးစောမှာ မောင်ရေခဲပြောသည့်အတိုင်းပက်လက်လှန်အိပ်လိုက်၏။ ထိုအခါမောင်ရေခဲက လက်တစ်ဖက်ကိုပါးစပ်အနားသို့တိုးလာပြီး ဂါထာတစ်ပုဒ်ကိုတီးတိုးရွတ်လိုက်၏။ ထိုလက်ဖြင့်ပင် ကြာသပတေးသား၏ဝမ်းဗိုက်အား သပ်လိုက်ရာ ဗိုက်ထဲ၌အလုံးလေးငါးလုံးသည် ဟိုပြေးသည်ပြေးဖြင့်ကဆုန်ပေါက်နေ၏။
” အား….သေပါပြီဗျာ….သေပါပြီ….ဆရာရယ်ကယ်ပါအုံး….”
ကြာသပတေးသားမှာ ဆရာရှေ့၌လူးလွန့်နေရင်း အော်ဟစ်နေရှာ၏။
” တောက်! မင်းကငါမွေးထားတဲ့သဘက်ကြီးကိုလဲလွှတ်လိုက်တယ်…ငါ့ကိစ္စတွေလည်းဝင်နှောင့်ယှက်ရဲတယ်ပေါ့….”
ဟူသောအသံသည် အိမ်ပတ်ပတ်လည်၌ထွက်ပေါ်လာခဲ့၏။ ထိုအသံကြောင့် မနှင်းယဉ်မှာ အသက်ပင်ဝဝမရှူရဲတော့ချေ။
မောင်ရေခဲလည်း
” စည်းဖွင့်ပေးလိုက်ထင်ပေါ်…သူဝင်ပါစေ”
မောင်ထင်ပေါ်ကစည်းဖွင့်ပေးလိုက်ရာ ကြာသပတေးသားမှာငေါက်ခနဲထ ထိုင်၏။
” ဘုရားကိုရှိခုးိလိုက်….ပြီးရင်ငါမေးတာဖြေ….”
” ငါ့သရဲကိုလွှတ်ပေးနိူင်တယ်ဆိုပြီး ငါကြောက်မယ်မထင်နဲ့ ကိုယ့်လမ်းကိုယ်သွား မဆိုင်ရင်ဝင်မရှုပ်နဲ့….”
” ငါဘာအပိုစကားမှမကြားချင်ဘူး….ခုထိုင်နေတဲ့ပုံစံကိုပြောင်းပြီး ဘုရားကိုရှိခိုးလိုက်စမ်း….”
” အာဏာထက်လှချည်လားဗျ…ဟားဟားဟား….”
” ကဲပြောနေတာနားမထောင်တော့လဲ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့….အရှင်ဥတေနနတ်မင်းက ဒီကဝေကောင်ကို ဆင်ကြီးနဲ့နင်းချလိုက်….”
မောင်ရေခဲကထိုသို့်ပြောလိုက်သည်နှင့် ကြာသပတေးသား၏ခန္ဓာကိုယ်မှာညွတ်ကျသွားပြီးနဖူးနဲ့ကြမ်းပြင် ထိသွား၏။
” အား….လွှတ်စမ်း…ဖယ်လိုက်စမ်း….ငါမရှိခိုးနိူင်ဘူး….”
” နင်းစမ်းမသေစေနဲ့…သူဘယ်လောက်ထိခေါင်းမာနိူင်မလဲလို့….”
ထိုစဉ်ကြာသပတေးသားမှာ တပလ္လင်ချိတ်လျက်သားဖြင့် ကြမ်းပေါ်၌ ပြားပြားကြီးဖြစ်နေ၏။ သို့သော်မာနကတစ်ပဲသားမျှမလျှော့။
” ငါမရှိခိုးနိူင်ဘူး… ငါ့ကို သတ်ချင်သတ်လိုက်….ဟားဟားဟား….”
ကဝေကြီးမှာတစ်စက်မှကြောက်မည့်ပုံမရှိဘဲတဟားဟားအော်ရယ်နေ၏။
” ကဲဒီလောက်အသားနာချင်နေတော့လည်း ဖြည့်ဆည်းပေးရတာပေါ့…. ”
မောင်ရေခဲကထိုသို့ပြောပြီး ကဝေအချုပ်အင်းကို ရေးဆွဲလိုက်သည်။ ထို့နောက်အင်းဆံနေရာကို ကဝေကောင်၏ နာမ်ဓာတ်အားထည့်လိုက်၏။
” ကဲ…ဘုရားကိုရှိခိုးချင်ရှိခိုး မရှိခိုးချင်လည်းသဘောဘဲ… ကြာသပတေးသားကိုဘာလို့ပြုစားထားတာလဲဖြေစမ်း….မဖြေရင်မင်းဘာဖြစ်မလဲဆိုတာသိတယ်နော်….”
မောင်ရေခဲက ထိုကဝေချုပ်အင်းချပ်အား မီးမြိုက်လိုက်ရာ ကဝေကောင်မှာ အပူဟပ်သကဲ့သို့ဖြစ်သွားပြီး လူးလွန့်နေ၏။
” ဟာ…တောက်!….”
” ဖြေစမ်း…မင်းဘာလို့အပင်းထည့်လိုက်တာလဲ….ဘာအပင်းထည့်လိုက်တာလဲ…”
” မဖြေနိူင်ဘူး….မင်းလည်းသေချင်ပြီနဲ့တူတယ်…ကဲသေစမ်းဟဲ့ဆရာစုတ်…”
” ရွှွီး….ဖြန်း….”
” အာ့….”
ကဝေကောင်မှာ ကြိမ်စကြာ်နတ်မှော်ကြိုးအား ဝေ့ယမ်းပြီးမောင်ရေခဲကိုရိုက်ချလိုက်၏။ သို့သော် မောင်ရေခဲ ကိုမထိဘဲတွန်းကန်အားကြောင့် သူ့ကိုယ်သူပြန်ထိပြီး ကြိုးနဲ့တုတ်နှောင်ထားသကဲ့သို့ဖြစ်သွား၏။
” ငါ့ကိုလက်ဖျားနဲ့တောင်ထိလို့မရဘူးဆိုတာသဘောပေါက်သွားပြီလား….ကဲကိုယ့်ကိုကိုယ်ကြိုးနဲ့ပြန်တုပ်ပြီးပြီဆိုတော့ငါမေးတာဖြေ….”
ကဝေကောင်မှာမဖြေချင်သော်လည်း ကြိမ်စြက်ာကြိုးမှာကြပ်သထက်ကြပ်လာသဖြင့် အသားများပွန်းပဲ့ကုန်၏။
” အား…ငါ…ငါဖြေပါ့မယ်…ကြိုးကိုဖြေလျော့ပေးပါ….ငါဖြေပါ့မယ်…”
မောင်ရေခဲလည်း ကဝေကောင်ကိုစိုက်ကြည့်လိုက်ရာ ကြိုးမှာအနည်းငယ်ပြေလျော့သွားသည်ကိုတွေ့လိုက်ရ၏။
” ကဲဖြေ.. ဘာလို့ပြုစားရတာလဲ…”
” မ…မနာလိုလို့ပါ….”
” မနာလိုလို့ဟုတ်လား….ဘာကိုမနာလိုတာလဲ…”
” ဟုတ်ပါတယ်….သီးနှံထွက်နူန်းမကောင်းတဲ့ကိုင်းတောကြီးကိုငါကစိတ်ပျက်ပြီး သူတို့ကိုတစ်နှစ်စာငှါးပေးတာ…. သူတို့ကအဲဒီကိုင်းတောထဲပဲမျိုးထည့်တော့ သူတို့ပဲခင်းကငါ့ပဲခင်းထက်ကောင်းနေတယ်….အဲဒါနဲ့ငါ့မှာစိတ်မချမ်းသာဘူး…မနာလိုဘူး…ဒါနဲ့ပြုစားလိုက်တာ….”
” သင့်ရဲ့မနာလိုဝန်တိုစိတ်က တကယ်ကိုကြောက်ဖို့ကောင်းတာဘဲ….အဲဒါနဲ့ဘဲနင်က ကြာသပတေးသားကိုအပင်းထည့်လိုက်တယ်ပေါ့ ဘာအပင်းထည့်လိုက်တာလဲ….”
” ငါကတစ်အိမ်လုံးကိုအပင်းထည့်တာ… တခြားလူကကံမြင့်နေတော့မထိဘဲ သူ့ကိုထိသွားတာ….ငါ့ခြံကထွက်တဲ့ဖရဲသီးနဲ့အပင်းထည့်လိုက်တာ….”
ထိုအခါမှ မနှင်းယဉ်မှာ ရွာဈေးသယ်မပုတိုထံကဝယ်ခဲ့သော ဖရဲသီးကြီးကိုသတိရမိသည်။ ထိုဖရဲသီးစားပြီး ကိုဖိုးစောမှာ စတင်ပြီးဗိုက်အောင့်သည့်ဝေဒနာကိုခံစားရခြင်းဖြစ်ကြောင်း ယခုမှဇာတ်ရည်လည်သွားတော့သည်။
” ကဲ…လုပ်ထားတာတွေပြန်ယူသွား…အပင်းတွေပြန်ထုတ်လိုက်….”
” လုပ်မဲ့လုပ်အသေလုပ်မှာ ပြန်မယူနိူင်ဘူး…”
” နောက်ဆုံးချိန်ထိငြင်းရဲသေးတယ်ပေါ့…
ကဲသင့်ပညာတွေငါအကုန်နူတ်တယ်…ထုတ်စမ်း….လုပ်ထားတာတွေပြန်ယူစမ်း….”
” အား…..သေ…သေပါပြီ…ယူပါ့မယ်…ယူပါ့မယ်….”
” အစ်မကြီး ထွေးခံဖြစ်ဖြစ်၊အိုးဖြစ်ဖြစ်အမြန်ယူလာပေး…”
မနှင်းယဉ်လည်း မောင်ရေခဲမှာသည့်အတိုင်း ထွေးခံကိုအိတ်စွပ်ပြီးယူလာပေး၏။
” ကဲ…ထုတ်စမ်း…အပင်းမှန်သမျှအကုန်ထုတ်…ငါစစ်လို့ထပ်တွေ့လို့ကတော့ဒီ့ထက်နာမယ်မှတ်….”
” မ…မလုပ်ရဲပါဘူး….”
” အော့….ဝေါ့….ဝေါ့….”
ကြာသပတေးသားကထိုသို့ပြောပြီး လက်ဖြင့်နဖူးမှသပ်ချကာ ထွေးခံထဲသို့ထိုးအန်လိုက်၏။ ထိုစဉ်ထွေးအံထဲ၌မဲပုပ်နံဟောင်နေသောအရည်ပျစ်ပျစ်ကြီးများကို ပြည့်လုနီးနီးအန်ချလိုက်၏။
” ကဲ…ကုန်ပြီလား….”
” ကုန်….ကုန်ပါပြီဆရာ…. ”
မောင်ရေခဲလည်း သေချာစေရန်ထပ်မံစစ်လိုက်ရာ အပင်းမရှိတော့သည်ကိုတွေ့လိုက်ရ၏။
” ဆ…ဆရာ…ကျုပ်…ကျုပ်ပညာကိုမနူတ်ပါနဲ့….ကျုပ်ပညာကိုသင်စဉ်ကအသက်နဲ့လောင်းကြေးထပ်ထားလို့ပါ….ဆရာသာကျုပ်ပညာကိုနူတ်လိုက်ရင် ကျုပ်သေရလိမ့်မယ်….”
” မရဘူး…မင်းကိုပညာမနူတ်ဘဲထားရင် တခြားလူတွေကိုမလုပ်ဘူးလို့မဆိုနိူင်ဘူး…”
” မလုပ်တော့ဘူး ကျုပ်…ကျုပ်သစ္စာရေသောက်ပြီးကျိန်ဆိုကျိန်ပါ့မယ်….”
” မယုံဘူး…မင်းတို့လိုအမှောင်လောကကိုလျှောက်လှမ်းရဲတဲ့ကောင်တွေက ဂတိသစ္စာတွေကိုအလေးထားတဲ့ကောင်တွေမဟုတ်ဘူး….ဒီတော့ မင်းပညာတွေငါအကုန်နူတ်မယ်….မင်းအသက်မသေအောင်ငါလုပ်ပေးမယ်….”
မောင်ရေခဲကထိုသို့ပြောပြီး အချုပ်အင်းကိုထိုလူ၏နဖူး၌ကပ်ထားလိုက်ရာ ထိူလူမှာတဆတ်ဆတ်တုန်သွားပြီး ကြမ်းပေါ်သို့လဲကျသွား၏။ အချုပ်အင်းဆံ၌ကား မီးကျွမ်းသည့်သဏ္ဍာန်ပေါ်လာ၏။
” ဆရာ….အစ်မ အမျိုးသား….အစ်မအမျိုးသားဘာဖြစ်သွားတာလဲ….”
” စိတ်ချပါအစ်မ…. သူမောသွားလို့ခဏမှိန်းမောနေတာပါ…. တအောင့်နေရင်ပြန်သတိရလာလိမ့်မယ်…ဒီအင်းချပ်ကိုအစ်မတို့ပဲခင်းရဲ့စနေထောင့်မှာဟောဒီအရာတွေနဲ့အတူမြုပ်ပစ်လိုက်ပါ….”
မောင်ရေခဲက အင်းချပ်နှင့်အတူ ထွေးအင်ကိုပါအမျိုးသမီးအားကမ်းပေးလိုက်၏။
” ဟုတ်ကဲ့ပါဆရာ….ဒါနဲ့အစ်မအမျိုးသားကိုအပင်းထည့်တဲ့လူက တစ်ကယ်ဘဲဟိုလူကြီးလား….”
” ခွင့်လွတ်ပေးလိုက်ပါအစ်မကြီး…ခုဆိုသုလည်းသူ့အပြစ်သူခံယူသွားပါပြီ….”
ကိစ္စအားလုံးပြီးသွားသည်နှင့်အိမ်ရှင်တို့ကိုနူတ်ဆက်ပြီး တစ္ဆေကုန်းရွာလေးမှ ထွက်သွားခဲ့ကြတော့၏။
နောက်တစ်နေ့တွင်ကား နှစ်အိမ်ကျော်ရှိမမြနှင်း၏ဖခင်ကြီး ဘကြီးသက်တစ်ယောက် ကယောင်ကတမ်းဖြစ်ပြီး စိတ်မမှန်တော့ကြောင်း သတင်းကြားသိလိုက်ရ၏။ မနှင်းယဉ်လည်း မနာလိုစိတ်၏ အကျိုးအပြစ်ကိုသိပြီးသည်မို့ မိမိသာသိသောအမှန်တရကိုဝမ်း၌အပြီးတိုင်မျိုချထားလိုက်တော့သည်။…….။
# ပြီး
# ခွန်း
(ကိစ္စကြောင့်အကြာကြီးနားပြီးမှပြန်ရေးရတဲ့အတွက် ရေးနည်းတွေပုံမကျတော့ပါဘူး…ဒီအတွက်နားလည်ပေးစေလိုပါတယ်…ဒီစာမူကတကယ့်ဖြစ်ရပ်မှန်ဆိုပေသည့် ကုနည်းသနည်းသည်ကား ကျွန်ုပ်၏ဉာဏ်အတွေးဖြင့်သာ ရေးသားရသည့်အတွက်အမြင်မတူပါကခွင့်လွှတ်ပေးစေလိုပါသည်။ အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေ)

Zawgyi Version

ေမာင္ေရခဲ ႏွင့္ ဖရဲသီးအပင္း(စ/ဆံုး)
——————————————
-တရၾကမ္းတိုက္ခတ္ေသာေလႏွင့္အတူ မိုးစက္မိုးေပါက္မ်ားလည္းပါလာသည္။ သည္အတိုင္းဆို မနက္မကူးဘဲ ေယာက်ာ္းျဖစ္သူအသက္ပါသြားလိမ့္မည္။ ဘာမွမသိေသးေသာ သားငယ္မွာ ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနသည္။
” မိန္းမရယ္…မခံႏိူင္ေတာ့ဘူးကြာ….အား..ေသပါၿပီကြာ….အေမေရကယ္ပါဦး…”
” ဘယ္လိုလုပ္ၾကမလဲေယာက်ာ္းရယ္…မိုးသည္းေလသည္းထဲ ညအခ်ိန္မေတာ္ႀကီး အိမ္နီးနားခ်င္းလည္းအိပ္ကုန္ၿပီ….ေနဦးကြၽန္မ မဟာေျဖေဆးဝယ္ထားတာရွိေသးတယ္…”
ဇနီးျဖစ္သူက အိပ္ယာမွထလိုက္ရင္း ေဆးဝါးသိမ္းထားသည့္ေနရာသို႔ သြား၏။
” အား…..နာလိုက္တာကြာ…ငါ့အူေတြျပတ္ထြက္ေတာ့မဲ့အတိုင္းဘဲ….”
ခဏ၌ ဇနီးျဖစ္သူက ေဆးတစ္ခြက္ယူလာၿပီး သူ႔ကိုဆြဲထူကာ တိုက္ထားလိုက္သည္။
” ညေနကမွအေကာင္းႀကီးပါေယာက်ာ္းရယ္….ဘယ္လိုျဖစ္ရတာလဲေတာ္….”
” မသိပါဘူးမိန္းမရာ ငါလဲအိပ္ေနရင္း ဗိုက္ထဲရစ္တစ္တစ္ျဖစ္ေနတာနဲ႔ အိမ္သာသြားတက္တာ…ဒါေပမဲ့အိမ္သာတက္ခ်င္လို႔ ရစ္ေနတဲ့ဝမ္းမ်ိဳးမဟုတ္ဘူးဟ….အူေတြကိုအေခြလိုက္ဆြဲထုတ္ေနသလိုမ်ိဳးကိုနာေနတာ….အား….ေသပါၿပီဗ်ာ….”
ထိုလူက ျဖစ္စဥ္ကိုရွင္းျပရင္း ဗိုက္ကိုလက္ႏွစ္ဖက္ႏွင့္ႏွိပ္ထားကာ အိပ္ယာထက္၌လူးလွိမ့္ေန၏။ နဖူးသာမက တစ္ကိုယ္လုံးမွာလဲေခြၽးေဇာပ်ံကာ ႐ြဲွ႐ႊဲစိုေနေခ်ၿပီ။ ဇနီးျဖစ္သူမွာဘာလုပ္ေပးရမွန္းမသိေတာ့။ နာရီကိုလွမ္းၾကည့္လိုက္ေသာ္လည္း ညတစ္ခ်က္တီးသာရွိေသးသည္။
” ကြၽတ္…ဒီညက်မွဘာလို႔အခ်ိန္ဒီေလာက္ၾကာရတာလဲ….အေရးထဲမိုးေတြေလေတြကလဲ ၾကမ္းလိုက္တာ…”
ဇနီးသည္က ေယာက်ာ္းျဖစ္သူကိုၾကည့္ရင္း အားမလိုအားမရျဖစ္ကာ စုတ္တစ္သပ္သပ္ျဖစ္ေန၏။
” မိန္းမရယ္…ငါ့ကိုမကယ္ႏိူင္ေတာ့ဘူးလားကြာ….ငါမခံႏိူင္ေတာ့ဘူး….အား….”
” ေတာင့္ခံထားစမ္းပါေယာက်ာ္းရယ္….ငါလည္းမိုးျမန္ျမန္လင္းဖို႔ဘဲဆုေတာင္းေနတာ…”
” ဂီး…ဂစ္…ဂစ္….”
” ဖလပ္…ဖလပ္….ဖလပ္…”
ညႀကီးအခ်ိန္မေတာ္ အိမ္ဝန္းက်င္မွၾကားလိုက္ရေသာညည့္ငွက္အသံေၾကာင့္ မိန္းမႀကီးမွာ ထိတ္လန႔္သြားမိ၏။ လူနာရွိသည့္အိမ္၌ ငွက္ဆိုးထိုးသံၾကားရလွ်င္ နိမိတ္မေကာင္းဟု လူႀကီးသူမေျပာဖူးသျဖင့္
” ဟ…ဘာသံေတြလဲ….ညခ်ိန္မေတာ္ ၾကားရဆိုးလိုက္တဲ့အသံ….အေျခေနမေကာင္းဘူး….ပရိတ္ေရျဖန္းထားမွေတာ္ကာက်မယ္….”
ဇနီးသည္ကထိုသို႔ေတြးၿပီး ဘုရားေက်ာင္းေဆာင္ေပၚရွိ ပရိတ္ေရဗူးကိုယူကာ တစ္အိမ္လုံးကိုပက္ဖ်န္းထားလိုက္၏။
” ေယာက်ာ္း ထ ထ…ေရာ့ပရိတ္ေရေသာက္ထားလိုက္….ေခါင္းေပၚလည္းေတာက္ထားေပးမယ္….”
” အား….ေသရခ်ည္ရဲ႕….အား…….”
” ေယာက်ာ္း….ေယာက်ာ္း….ရရဲ႕လား…”
ပရိတ္ေရေသာက္ၿပီးသည္ႏွင့္ ဝမ္းဗိုက္တစ္လုံး ပူထူသြားၿပီး အလုံးႀကီးတစ္လုံးပတ္ေျပးသြားသလိုခံစားလိုက္ရ၏။ ခဏ၌ အမ်ိဳးသားမွာဗိုက္ကေလးႏွိပ္ၿပီး ၿငိမ္က်သြား၏။
” ေယာက်ာ္း….ေယာက်ာ္း….ရွင္ရရဲ႕လား…ဘယ္လိုျဖစ္တာလဲ…”
” ဟင္း……”
အမ်ိဳးသားမွာသက္ျပင္းခ်လိုက္ၿပီး ဘာမွမေျဖဘဲ မွိန္းေန၏။ ေခြၽးေစးေခြၽးသက္မ်ားလည္း ပ်ံေနဆဲ။ တေအာင့္၌ အမ်ိဳးသားထံမွေဟာက္သံသဲ့သဲ့ထြက္လာၿပီး အိပ္ေပ်ာ္သြားၿပီျဖစ္မွန္းသိလိုက္ရမွ အမ်ိဳးသမီးမွာ စိတ္ဒုံးဒုံးခ်ႏိူင္ၿပီး အမ်ိဴးသား၏ေဘးတြင္ေခြေခြေလးလွဲအိပ္လိုက္၏။
သာယာေသာမနက္ခင္းတြင္ မသာယာႏိူင္သူကား ဘႀကီးသက္ပင္။ ႏွစ္အိမ္ေက်ာ္မွ သူၾကားခ်င္သည့္ သတင္းကိုမၾကားရေသာေၾကာင့္ပင္။
” ေတာက္! ဘယ္လိုျဖစ္ရတာလဲကြာ…ဒီဟာမကိုယုံစားမိတာမွားၿပီထင္ရဲ႕…ဟင္း…အသုံးကိုမက်ဘူး….”
” အေဖ…ေစာေစာစီးစီးဘာေတြေဒါသထြက္ေနတာလဲရွင့္….က်က္သေရရွိလွတဲ့ဒီလိုမနက္ခင္းဆို မဂၤလာစကားေတြေျပာၿပီး တစ္ေန႔တာကို ျဖတ္သန္းရတယ္တဲ့ရွင့္….”
” အသာေနစမ္းပါငါ့သမီးရာ…ညည္းဘာမွမသိဘဲဝင္မပါစမ္းနဲ႔… ”
” အေဖက သမီးေျပာလိုက္ရင္ အဲလို႔ခ်ည္းဘဲ….”
” ဒါနဲ႔နင့္အစ္ကိုဖိုးေစာအိမ္ေရာက္ခဲ့ေသးလား….သူတို႔မိသားစုထဲကတစ္ေယာက္ေယာက္မ်ားေနမေကာင္းတယ္ၾကားမိေသးလား….”
” မနက္အေစာႀကီး အိမ္မလည္ေကာင္းဘူးေလအေဖရဲ႕….ဒါနဲ႔အေဖ့စကားကအဆန္းပါလား….ကိုႀကီးေစာတို႔ဘာျဖစ္လို႔လဲ…”
” ထားေတာ့…ငါကသူတို႔မိသားစု အိမ္မေရာက္တာၾကာလို႔ ေနမ်ားမေကာင္းတာလားလို႔ထင္မိလို႔ေမးၾကည့္တာ…”
ဖခင္ျဖစ္သူ၏စကားေၾကာင့္ ျမႏွင္းမွသံသယမဝင္ေတာ့ဘဲ ဘုရားပန္းအိုးကိုသယ္ယူကာ ေဘစင္ရွိရာသို႔ဦးတည္သြား၏။
” ဒီတစ္ခါမင္းကံေကာင္းေပမဲ့ ေနာက္တစ္ခါေတာ့မေကာင္းႏိူင္ပါဘူးကြာ…ဘုရားတရားသာမ်ားမ်ားလုပ္ေပေတာ့”
ဦးဘသက္က သူ႔အေတြးနဲ႔သူေက်နပ္ေန၏။
နံနက္၈နာရီထိုးခ်ိန္၌ ဘႀကီးသက္တို႔မိသားစုက စားၿပီးေသာက္ၿပီး အိပ္ေရွ႕ကြပ္ပ်စ္၌ ထမင္းလုံးစီရင္း ဆက္ရက္မင္းစည္းစိမ္ခံေန၏။
” ဘႀကီးသက္ေရ….ဒီေန႔သားေမာင္ကိုလာထားမလို႔ေတာ့… ဘႀကီးသက္ဒီေန႔အားသလား….”
ဟူေသာအသံႏွင့္အတူဝင္လာသူက မႏွင္းယဥ္။ ထိုအသံေၾကာင့္ဘႀကီးသက္လည္း
” ေဟ….အားပါတယ္ကြယ္….ဒီေန႔ဘႀကီးလည္း ဘယ္သြားစရာရွိတယ္မွတ္လို႔….လာထားစမ္းပါ က်ဴပ္ထိန္းေပးပါ့မယ္….”
” ေက်းဇူးပါဘႀကီးသက္ရယ္…က်ဳပ္တို႔လင္မယားမယ္ ဘႀကီးသက္တို႔မိသားစုကိုဘဲအရာရာအားကိုးေနရတာမလား….ဒါနဲ႔
ျမႏွင္းေရာဒီေန႔ဘယ္တဲ့လဲ….”
” က်ဳပ္လည္း ေတာင္ပိုင္းကပဲခင္းဘဲသြားရမွာ မမယဥ္ေရ…က်ဳပ္တို႔အခင္းကမမယဥ္တို႔ေလာက္မေကာင္းေပမဲ့ အလိုက္အထိုက္ေတာ့ရွိရွာပါတယ္….”
” ေအးပါေအ…ညည္းၿခံၿပီးရင္လည္း က်ဳပ္ၿခံဘက္လွည့္ကူအုံးေနာ္ေအ့….”
” ေအးပါမမယဥ္ရဲ႕….”
ႏွင္းယဥ္က သားေမာင္ကို ဘႀကီးသက္ထံအပ္ခဲ့ၿပီး အိမ္သို႔ျပန္လာခဲ့၏။ အိမ္ေရာက္သည္ႏွင့္
” ကိုေစာ… ဒီေန႔ရွင္ၿခံဘက္မလွည့္နဲ႔ဦး အိမ္မွာဘဲေအးေဆးအနားယူေန….”
” က်ဳပ္သက္သာပါၿပီမိန္းမရာ…. က်ဳပ္တို႔ပဲေတြျမန္ျမန္ႏူတ္ၿပီး အိမ္ျပန္ထားမွရမွာ….ႏိူ႔မို႔ဆိုသူခိုးကေသာင္းက်န္းလြန္းလို႔ က်ဳပ္ပဲေတြ ႏူတ္သြားမွဟုတ္ေပ့ျဖစ္ေနမယ္….”
” ဥစၥာေျခာက္မေနပါနဲ႔ေအ…ဒီေန႔တစ္ရက္ထဲရွင္နားလိုက္….က်န္းမာေရးေလာက္ဘာမွအေရးမႀကီးဘူးေအ့….ကဲ…က်ဳပ္သြားၿပီ ေတာ္ကသူခိုးရန္ေၾကာက္ရင္လည္း ၿခံထဲႏူတ္ၿပီးလွန္းထားတဲ့ပဲေတြ က်ဳပ္လွည္းနဲ႔တိုက္ယူလာခဲ့မယ္….”
မႏွင္းယဥ္ကထိုသို႔ေျပာၿပီး ထမင္းထုပ္နဲ႔ဝါးခေမာက္ၾကမ္းႀကီးကိုယူကာ လွည္းကိုတအိအိေမာင္းထြက္သြား၏။
ကိုဖိုးေစာလည္း ကိုင္းထဲလိုက္မည္ဟုသာေျပာရသည္။ မေန႔ညကနာထားသည့္ ဗိုက္အနာကလုံးဝအရွင္းမေပ်ာက္ေသး။ သို႔ေသာ္ မေန႔ညကေလာက္မနာေတာ့သျဖင့္ ခံသာေနေသး၏။
ေန႔လည္ပိုင္းေရာက္သည္ႏွင့္ ေနကပူစပ္စပ္အိုက္စပ္စပ္ျဖင့္အေနရခက္လွ၏။ မေန႔ညက မိုးေရာေလပါတရၾကမ္းတိုက္ခတ္႐ြာသြန္းထားေသာ္လည္း ယခုမူကား ပူလြန္းလွ၏။
” အင္း…မေန႔ကဝယ္ထားတဲ့ဖရဲသီးရွိေသးတာဘဲ… အပူသက္သာေအာင္ခြဲစားဦးမွ….”
ကိုဖိုးေစာက အုပ္ေဆာင္းျဖင့္အုပ္ထားေသာဖရဲသီးအက်န္ကို ခြဲစားလိုက္၏။ ေနပူပူထဲ ဖရဲသီးခ်ိဳခ်ိဳေလးစားလိုက္ရေသာအခါ လူမွာေရငတ္ေျပၿပီး ရင္ထဲေအးခ်မ္းသြား၏။
” အင္းခုမွဘဲ ေနသာထိုင္သာရွိသြားေတာ့တယ္….”
ဖရဲသီးစားၿပီး အိမ္ေရွ႕မန္က်ည္းပင္ေအာက္ရွိ ခုံတန္းေပၚ၌ လွဲေနလိုက္၏။ ထိုစဥ္ဝမ္းသြားခ်င္သလိုလိုျဖစ္သျဖင့္ ေရအိမ္ရွိရာသို႔အျမန္ေျပးလိုက္၏။ တေအာင့္၌ျပန္ထြက္လာၿပီး
” ဝမ္းသြားခ်င္တာလဲမဟုတ္ဘူး….မေန႔ညကလိုျပန္ျဖစ္လာၿပီထင္ရဲ႕….အား….နာလိုက္တာကြာ….”
ဗိုက္ကေလးကို လက္ျဖင့္ႏွိပ္ၿပီး ခံတန္းဆီသို႔ အိပဲ့အိပဲ့ျဖင့္လာေန၏။
” အား….နာလိုက္တာ…. ေသေတာ့မွာဘဲ…ငါ့…ငါ့အူေတြ….”
” ကြၽတ္….ကြၽတ္…ကြၽတ္…. ”
ခုံတန္းဆီပင္ေရာက္ေအာင္မသြားႏိူင္ေတာ့ေခ်။ ဗိုက္ႀကီးမွာအထဲမွ ေလလုံးႀကီးေတြေျပးေနသကဲ့သို႔ အူသိမ္အူမမ်ားကို ေျပာင္းျပန္လွန္ပစ္သကဲ့သို႔ပင္ နာက်င္လွ၏။
” အား…..ေသပါၿပီဗ်ာ….နာတယ္….အား…”
ကိုဖိုးေစာတစ္ေယာက္တည္း ညည္းညဴရင္း ေျမေပၚသို႔လဲက်သြား၏။ ထိုစဥ္ၿခံထဲသို႔ သားငယ္ျဖစ္သူဝင္လာ၏။
” ဟာ…အေဖ…ဒီမွာ ဘာလို႔အိပ္ေနတာလဲဗ်…ဖုန္ေတြနဲ႔အေဖအဝတ္ေတြေပကုန္မွာေပါ့ဗ်….”
” သား….ျမန္ျမန္ မင္းအေမကိုသြားေခၚ….ခုခ်က္ခ်င္းျပန္လာခဲ့လို႔….အား…..ေသပါၿပီဗ်ာ…..”
ကိုဖိုးေစာက သားေမာင္ကိုထိုသို႔မွာၿပီး တအားအားေအာ္ေနေတာ့၏။ ကေလးလည္း ဖခင္ေျပာသည့္အတိုင္း႐ြာေတာင္ပိုင္းရွိ ကိုင္းေတာထဲသို႔ အေျပးသြားေတာ့၏။
ႏွင္းယဥ္မွာ ေျမပဲပင္ကိုစနစ္တက်ႏူတ္ယူေန၏။ ယခုတစ္ႏွစ္သူတို႔လင္မယားစိုက္ေသာပဲခင္းသည္ ကိုင္းေတာထဲရွိအျခားသူတို႔၏ပဲခင္းထက္အဆမ်ားစြာသာ၏။ သူမ်ားကဲ့သို႔ ပုလဲေျမဩဇာသာသုံးေသာ္လည္း ကံအက်ိဳးေပး၍ထင့္ တျခားပဲခင္းထက္ ႏွစ္ဆပိုေကာင္းေန၏။ ယခုပဲရာသီၿပီးလွ်င္ ရသမွ်ပဲကိုဆီႀကိတ္ေရာင္းၿပီး သားေမာင္ကို သကၤန္းစည္း အလႉလုပ္ေပးရန္ ေတြးထားၾက၏။ ယခုပဲခင္းသည္ သူတို႔ပိုင္ေျမမဟုတ္။ ဘႀကီးသက္တို႔မိသားစုပိုင္၏။ ပဲအထြက္ႏူန္းမေကာင္းသျဖင့္ ထိုေျမကိုသူတို႔္အား ငွါးထားေပးျခင္းသာ။ ေနပူစပ္က်ဲ၌ ႏွင္းယဥ္က သူ႔အေတြးနဲ႔သူေပ်ာ္ေန၏။ ထိုစဥ္
” အေမ…အေမေရ….အေဖကမွာလိုက္တယ္…ခုခ်က္ခ်င္းအိမ္ကိုျပန္ခဲ့ပါတဲ့… ”
” ေဟ…သား…သားကဘႀကီးသက္တိ့ုအိမ္မွာမလား…ဘယ္လိုလုပ္ဒီေရာက္လာတာတုံး…မင္းအေဖကေရာဘာျဖစ္လို႔တုံးဟဲ့….”
” သားက ဘႀကီးသက္တို႔အိမ္မွာ အိမ္သာမတက္ခ်င္လို႔ သားတို႔အိမ္မွာျပန္တက္ရေအာင္ျပန္လာခဲ့တာ….အဲဒါအေဖက ေျမျပင္မွာေကြးေကြးေလးလွိမ့္ေနၿပီး အေမ့ကိုအေခၚလႊတ္လိုက္တာဘဲ….”
” ဘာ…ဘယ္လိုသား…သားအေဖကေျမျပင္မွာေကြးေကြးေလးလူးလွိမ့္ေနတယ္ဟုတ္လား….”
” ဟုတ္တယ္အေမ….”
” ဟာ…မျဖစ္ဘူးမျဖစ္ဘူး….”
မႏွင္းယဥ္ရွည္ရွည္ေဝးေဝးေတြးမေနေတာ့ဘဲ အိမ္ကိုသာေျခကုန္ေျပးေတာ့၏။ အိမ္ေရာက္ေတာ့ ကိုဖိုးေစာကိုမေတြ႕ရ။
” ကိုဖိုးေစာ…ကိုဖိုးေစာေရ….”
” ဟာ…အစ္မႏွင္းယဥ္…ကိုဖိုးေစာအိမ္မွာမဟုတ္ဘူးဗ်….ဘႀကီးေသာင္းလွတို႔က ေက်းလက္ေဆးေပးခန္းကိုပို႔လိုက္ၿပီဗ်…အဲဒါက်ဳပ္ကိုအစ္မႏွင္းယဥ္ကို အေနာက္ကလိုက္ခဲ့ဆိုၿပီးအေခၚခိုင္းလို႔ ေရာက္လာတာ…”
” ဟယ္ဟုတ္လား ေမာင္လိုင္း….ေအးေအးအဲဆိုေက်းလက္ေဆးေပးခန္းကိုေျပးၾကတာေပါ့….”
မႏွင္းယဥ္မွာေခြၽးပင္မသုတ္အားဘဲ ႐ြာအေရွ႕ပိုင္းရွိေက်းလက္ေဆးေပးခန္းသို႔ေျပးရျပန္၏။ ေဆးခန္းေရာက္ခ်ိန္၌ ဘႀကီေသာင္းလွကဆီးႀကိဳၿပီး
” တူမႀကီး….အရမ္းလည္းစိတ္မပူပါနဲ႔အုံး… ဖိုးေစာကအစာအဆိပ္သင့္တာလို႔ေဆးမႉးကေျပာတယ္….ေဆးေတြေတာ့ထိုးေပးထားတယ္…”
” သူဘယ္မွာလဲဘႀကီးေသာင္းလွ…သူ႔ကိုမေတြ႕ရမခ်င္း ကြၽန္မစိတ္ေအးမွာမဟုတ္ဘူး…”
” အထဲမွာတူမႀကီး….”
မႏွင္းယဥ္က ေဆးခန္းထဲသို႔ဝင္သြားၿပီး ကုတင္ထက္၌ မွိန္းေမာေနေသာ ေယာက်ာ္းျဖစ္သူကိုေတြ႕ရ၏။
” ကိုဖိုးေစာ… ေနသာရဲ႕လားရွင့္….ကြၽန္မမွာစိတ္ပူလိုက္ရတာ…”
ထိုစဥ္ က်န္းမာေရးမႉးက
” ဒီကအစ္မက လူနာနဲ႔ဘာေတာ္လဲဗ်…”
” ကြၽန္မကလူနာရဲ႕ဇနီးပါ…”
” ဟုတ္ကဲ့….လူနာကအစာအဆိပ္သင့္ေနတာပါ… သူဒီလိုမျဖစ္ခင္ဘာေတြစားမိေသးလဲ….”
” ကြၽန္မကိုင္းထဲေရာက္ေနလို႔ သူဘာစားမွန္းမသိဘူးေဆးမႉးရယ္…သူ႔အေျခေနဘယ္လိုရွိလဲသိခ်င္ပါတယ္…”
” ခုေတာ့ေဆးထိုးေပးထားလို႔အိပ္ေပ်ာ္ေနတယ္…တကယ္လို႔ႏိူးလာလို႔မွမသက္သာရင္ေတာ့ ၿမိဳ႕ကေဆး႐ုံကိုပို႔ရမွာဘဲအစ္မ…”
” ရွင့္….!”
ေဆးမႉး၏စကားေၾကာင့္ မႏွင္းယဥ္လန႔္သြား၏။ ေတာသူေတာင္သားေပမို႔ ေဆး႐ုံေဆးခန္းဟူသည့္အသံၾကားသည္နဲ႔ ေသမတတ္ေၾကာက္ၾက၏။
” မသက္သာမွပို႔မွာပါအစ္မ…သက္သာရင္ေတာ့ ပို႔စရာမလိုဘူး…အိမ္မွာဘဲေအးေဆးအနားယူလို႔ရၿပီ….”
” ဟုတ္ကဲ့ပါေဆးမႉးရယ္…တကယ္ေက်းဇူးတင္ပါတယ္….”
ထို႔ေန႔က ေရာဂါသက္သာသြားသျဖင့္ၿမိ့ုေဆး႐ုံသို႔မသြားရဘဲ အိမ္သို႔ျပန္ေခၚလာ၏။ ဤနည္းျဖင့္ တစ္ရက္ျခားတစ္ခါ၊သုံးရက္ျခားတစ္ခါ ျပန္ျပန္ျဖစ္ေလရာ ကိုဖိုးေစာမွာ တျဖည္းျဖည္းကိုယ္ခံအားက်ဆင္းလာၿပီး ပိန္လွီလာ၏။
” ဘယ္ဘဝက ဝဋ္ေႂကြးကိုဆပ္ေနရတာလဲကြာ….အျမန္ေၾကပါေတာ့….မဟုတ္ရင္လည္းအျမန္ေသပါေတာ့…. ငါမခံႏိူင္ေတာ့ဘူး… ”
ကိုဖိုးေစာက အိပ္ယာထဲ၌ ေခြေခြေလးအိပ္ေနရင္း ညည္းညဴေနမိ၏။ ထိုအခါ ထမင္းဟင္းခ်က္ေနေသာ မႏွင္းယဥ္က
” နိမိတ္နမာမရွိတဲ့စကားေတြမေျပာစမ္းပါနဲ႔အစ္ကိုရယ္…အခ်ိန္တန္ရင္ ေပ်ာက္မွာေပါ့…ေဆးမႉးနဲ႔ကုတာမေပ်ာက္ဘူးဆိုေတာ့ အင္း…ပေရာဂကုတဲ့ဆရာေတြနဲ႔ကုၾကည့္ရင္ေကာင္းမလားဘဲ….”
လင္မယားႏွစ္ေယာက္စလုံး ပေရာဂကိုမယုံၾကည္ေသာ္ျငားလည္း အေရးႀကဳံလာက ယုံရ၏။ သို႔ေၾကာင့္ ပေရာဂဆိုအရမ္းႏိူင္သည္ဟု နာမည္ႀကီးေသာ ဆရာတစ္ေယာက္ကို အိမ္သို႔ပင့္လိုက္၏။
ဆရာမွာအသက္အ႐ြယ္အားျဖင့္ ၅၀စြန္းစြန္းသာရွိေသး၏။ ဥပဓိ႐ုပ္ေကာင္းေကာင္းႏွင့္ သမားဂုဏ္ကိုေဆာင္ေန၏။
” ကဲ…အဘဆီေရာက္ရင္ေတာ့ ငါ့သားခံစားရတဲ့ေဝဒနာေတြ ပိန္းၾကာ႐ြက္ေပၚ ေရမတင္သလို အရွင္းေပ်ာက္ေစရမယ္….”
” ဟုတ္ကဲ့ပါ…အားကိုးပါတယ္ဆရာရယ္…သူ႔ေရာဂါေပ်ာက္ေအာင္ကုသေပးပါ…”
” စိတ္ခ်ပါတူမႀကီး….”
ထို႔ေနာက္ဆရာကလိုအပ္သည္မ်ားျပင္ဆင္ၿပီး စတင္ကုသ၏။
” ငါ့တူႀကီး ျမတ္ဘုရားကို အရင္ဆုံးကန္ေတာ့လိုက္ပါဦး….”
ကိုဖိုးေစာလည္းဆရာခိုင္းသည့္အတိုင္း ျမတ္ဘုရားကို႐ိုေသစြာကန္ေတာ့လိုက္၏။
” ကဲ…စတင္ကုသေတာ့မယ္…ငါ့တူမႀကီးက ကေလးကိုအေဝးေခၚသြား….လန႔္သြားမွာစိုးလို႔….”
” ဟုတ္အဘ….”
မႏွင္းယဥ္လည္း ကေလးကိုသူငယ္ခ်င္းမ်ားနဲ႔သြားေဆာ့ခိုင္းလိုက္ၿပီး အိမ္ေပၚျပန္တက္လာ၏။
” တူမႀကီး…. ဘာဘဲျမင္ျမင္ ဘာဘဲျဖစ္ျဖစ္ တစ္ခုမွဝင္မေျပာနဲ႔ေနာ္….နားလည္းမေယာင္နဲ႔….ပေရာဂေတြကသိပ္ကိုမာယာမ်ားတာကြဲ႕….”
” ဟုတ္အဘ…”
” ေအးေအး…”
ဆရာကထိုသို႔ေျပာၿပီး ဘုရားစင္ဘက္လွည့္ကာ ဘုရားရွိခိုး၊ဆီမီးပူေဇာ္၏။ တေအာင့္အၾကာ၌ ကိုဖိုးေစာကို ေျခဆင္းထိုင္ခိုင္းလိုက္ၿပီး ပေရာဂရွိမရွိစစ္ၾကည့္ရာ ေျခေထာက္ႏွစ္ဘက္စလုံး ခြၽ၍မရေတာ့သျဖင့္ ပေရာဂရွိမွန္းသိလိုက္၏။
” အင္း…ငါထင္ေတာ့ထင္သားဘဲ…ဒင္းကသိပ္ၿပီး သိုဝွက္တယ္မာယာမ်ားတယ္…ဘာပေရာဂမွစစ္မရေအာင္ ေဖ်ာက္ထားတာဘဲ….”
ဆရာႀကီးကထိုသို႔ေတြးၿပီး ၿပဳံးလိုက္၏။
” ကဲငါ့တူႀကီး…စိတ္ကိုလႊတ္ထားလိုက္…”
” ဟုတ္အဘ…”
” ကဲ…ၾကာသပေတးသား၏အသက္ကိုငါပိုင္တယ္….ဒီၾကာသေပးသားကိုျပဳစားေႏွာင့္ယွက္ေနတဲ့ မိစာၦေကာင္ ငါ့အေရွ႕ကို နာရီမိနစ္မျခားဘဲအေရာက္လာခဲ့စမ္း….အထက္ဆရာမ်ားရဲ႕အာဏာ….ငါဆရာရဲ႕အမိန႔္ဟဲ့…မၾကာခ်က္ခ်င္းေရာက္လာစမ္း….”
ဆရာကဩဇာသံအျပည့္နဲ႔ ေခၚေသာ္လည္း
လူနာကတုတ္တုတ္မွ်မလုပ္။ နဂိုတိုင္းရွိေနဆဲပင္။
” ကဲ…တယ္လည္းေခါင္းမာသေဟ့….ငါဆရာဒီေလာက္ေခၚတာကို မလာဘဲေပၿပီးအာခံရဲသေပါ့…ဟုတ္စ….ကဲဆိုင္ရာပိုင္ရာတို႔ ဒီမိစာၦေကာင္ကိုဖမ္းၿပီးတုပ္ၿပီး ဆြဲေခၚခဲ့စမ္းေဟ့….”
ထိုသို႔တိုင္ လူနာ၏ခႏၶာသို႔ မည္သည့္ပုဂၢိဳလ္မွဝင္မပူးေခ်။ ေဘးမွၾကည့္ေနေသာ မႏွင္းယဥ္မွာ ေယာက်ာ္းျဖစ္သူ၏ေရာဂါသည္ပေရာဂမဟုတ္ေၾကာင္းထင္ေယာင္ထင္မွားျဖစ္လာဟန္ရွိ၏။ ဆရာလည္း မႏွင္းယဥ္၏အမူအယာကိုသိသျဖင့္ မိမိ၏သမားဂုဏ္ေတာ့အပ်က္မခံႏိူင္။ မာယာမ်ားၿပီးေခါင္းမာလွေသာပေရာဂေကာင္အား ရေအာင္ေခၚရေပေတာ့မည္။
” ကဲ…မင္းကေတာ္ေတာ္ေခါင္းမာတဲ့ေကာင္ဘဲ….ငါကလည္းမင္းထက္ပိုမာလို႔ဆရာလုပ္လာတာကြ….လာစမ္းလဟဲ့ မိစာၦေကာင္….ဒီတစ္ခါမင္းမလာလို႔မရဘူး….မင္းရဲ႕နာမ္ပါတဲ့ဓာတ္ကိုငါခံစားမိၿပီ….လာေလစမ္းဟဲ့မိစာၦေကာင္….ဘုန္း….ဘုန္း….ဘုန္း…..”
ဆရာကေဒါသအနည္းငယ္ထြက္ေနဟန္ရွိ၏။ တတိယအႀကိမ္ေခၚသည့္အခ်ိန္တြင္ကား လူနာသည္ဆတ္ခနဲတခ်က္ျဖစ္သြားၿပီး တပလႅင္ခ်ိတ္ကာ ေခါင္းေမာ့ရင္ေကာ့လ်က္ ဆရာႀကီးႏွင့္မ်က္နာခ်င္းဆိုင္ထိုင္ေန၏။
” ဆရာႀကီးကလဲ…နဖူးမွာေခြၽးေဇာပ်ံလို႔ပါလားကြ….က်ဳပ္ကိုေခၚရတာအေတာ္ေမာသြားပုံရတယ္…ကဲငါ့ႏွမ နင့္ရဲ႕ဆရာႀကီးကို ေရေလးတစ္ခြက္ေလာက္ခပ္တိုက္လိုက္ပါဦး….ဟားဟားဟား…”
မထီမဲ့ျမင္ေစာ္ကားလြန္းလွေသာ ဤမိစာၦေကာင္အား အလႊတ္ေပး၍မျဖစ္ေတာ့။ ေျပာင္းလဲသြားေသာအေျခေနေၾကာင့္ မႏွင္းယဥ္လည္း လန႔္သြားကာ အေနာက္သို႔ဆုတ္၍ထိုင္၏။
” ဒီမွာမိစာၦေကာင္…သင့္ကိုသင္ဘာထင္ေနသလဲ…ဒူးပဆစ္တုတ္ၿပီး ဘုရားကိုဦးခ်စမ္း….”
” ဟားဟားဟား…ဘုရားမဟုတ္ကုလား႐ုပ္ကို ငါကဘာကိစၥကန္ေတာ့ရမွာလဲ မကန္ေတာ့ဘူးကြာ…မင္းဘာလုပ္ႏိူင္လဲ….”
” မင္းကမ်ားေစာ္ေစာ္ကားကားကြာ….ကဲ႐ိုး႐ိုးေျပာမရေတာ့လဲဆန္းဆန္းေျပာရတာေပါ့….ကဲဟဲ့လွံပိုင္ႀကီး ဒီေကာင့္ရဲ႕ေျခေထာက္ေတြ ဒူးပဆစ္တုတ္ထိုင္တဲ့အထိ လွံနဲ႔ထိုးစမ္း…ဆင္ပိုင္ႀကီးက ဘုရားကိုဦးတိုက္ေအာင္ ဒီေကာင့္ဇက္ပိုးကို ဆင္နဲ႔နင္းထားလိုက္စမ္းေဟ့…မေသေစနဲ႔….”
ဆရာႀကီးကထိုသို႔မိန႔္လိုက္သည္ႏွင့္ ကိုဖိုးေစာမွာ တခ်က္တုန္သြားၿပီး
” အား….နာတယ္ကြ…အား…ငါ့ဇက္ပိုးႀကိဳးပါၿပီ…အား….ဟားဟားဟား….ငါအဲလို႔ေအာ္မယ္ထင္လို႔လား….ဟားဟားဟား
နင့္ရဲ႕ဆင္ပိုင္လွံပိုင္ေလာက္နဲ႔ ငါ့ကိုမခ်ဳပ္ခ်င္စမ္းပါနဲ႔ကြာ….”
” ဟင္….”
ေျပာင္းလဲသြားေသာအေျခေနေၾကာင့္ ဆရာႀကီးမွာ အံဩမွင္ေသသြား၏။ လူနာက ခ်က္ခ်င္းတပလႅင္ခ်ိတ္ထိုင္ၿပီး အေပၚသို႔တစ္ထြာသာသာမွ် ႂကြတက္လာ၏။ ဤမွ်ၾကမ္းတမ္းေသာပေရာဂကို သူ႔ဘဝတစ္ေလွ်ာက္တစ္ခါမွမေတြ႕ဖူးသျဖင့္ ေသြးလန႔္ေနမိ၏။ ေနာက္ဆုံး၌ မိမိ၏သမားဂုဏ္ကို အက်မခံႏိူင္သည့္အဆုံး ဘုရားေသာက္ေတာ္ေရကိုစြန႔္ယူကာ ညာဘက္လက္ညိဳးျဖင့္ ေမႊလိုက္ၿပီး ႏူတ္မွလည္းမႏၲာန္႐ြတ္ဆိုေန၏။ ၿပီးသည္ႏွင့္
” ကဲ….မင္းခံႏိူင္ရင္ခံေဟ့…အထက္ဆရာႀကီးမ်ားရဲ႕မ်က္စဥ္းခတ္ေရစင္တဲ့ ေသစမ္းမိစာၦေကာင္….”
” အား….ငါ့….ငါ့မ်က္လုံး….”
ဆရာကထိုေရစင္ကိုလက္ျဖင့္ယူၿပီး လူနာ၏မ်က္လုံးအား ခတ္ထည့္လိုက္ရာ လူနာမွာလက္ႏွစ္ဘက္ျဖင့္ မ်က္လုံးကိုအုပ္ၿပီးက်ယ္ေလာင္စြာေအာ္ဟစ္ေန၏။ သို႔ေသာ္ မထင္မွတ္လိုက္ေသာအခ်ိန္မွာပင္ လူနာသည္ဆရာ့လက္ေပၚမွ ေရစင္ခြက္ကိုယူကာေမာ့ေသာက္ပစ္လိုက္ၿပီး
” ထြီး…ငါ့မ်က္လုံးကိုပ်က္ေအာင္လုပ္တဲ့အေကာင္ေသေပစမ္း….”
” ခြပ္…..”
” အင့္….”
လူနာမွာငုံထားေသာေရစင္ျဖင့္ ဆရာႀကီး၏မ်က္ႏွာအားထြိးခနဲေထြးပစ္လိုက္ၿပီးကိုယ္ရွိန္ပ်က္သြားခ်ိန္ ဝိုက္လက္သီးျဖင့္ပါထပ္ဆင့္ထိုးလိုက္ရာ ဆရာမွာအေနာက္ကကန္ေတာ့ပြဲျပင္ထားေသာစားပြဲေပၚလွန္က်သြားသျဖင့္ ပြဲလည္းပ်က္သြားေတာ့၏။
” ဟာ….”
” ဟားဟားဟား….ဟားဟားဟား..မေတာက္တေခါက္ပညာေလးနဲ႔ငါ့ကိုမ်ား လာေႏွာင့္ယွက္ရဲေသးတယ္….ကိုယ့္အသက္ကိုႏွေျမာရင္ လာရာလမ္းအတိုင္းလွည့္ျပန္စမ္းဟဲ့….”
ဆရာမွာ လွန္လဲက်ေနရာမွ အားယူကာထလိုက္ၿပီး
” ေတာင္းပန္ပါတယ္တူမႀကီး…အဘဒီေကာင့္ကိုမႏိူင္ေတာ့ဘူး…တျခားဆရာသာရွာလိုက္ပါေတာ့….”
ဆရာႀကီးကထိုသို႔ေျပာၿပီး ပုဆိုးကိုမကာ အိမ္ထဲမွ ေျခကုန္သုတ္ေျပးေတာ့၏။
” ဟားဟားဟား….ဟားဟားဟား…”
ကိုဖိုးေစာမွာ အားရစြာေအာ္ရယ္ၿပီး ၾကမ္းေပၚသို႔ဗုန္းခနဲလွဲက်သြားေတာ့သည္။ ထိုအခ်ိန္မွစ၍မႏွင္းယဥ္မွာ ပေရာဂတကယ္ရွိမွန္းယုံၾကည္သြား၏။
ယခုမွာမူ ကိုဖိုးေစာေဝဒနာခံစားရသည္မွာ ၃လပင္ျပည့္ေနခ်ၿပီ။ သည္အေတာအတြင္း ထြက္ေျပးသြားေသာဆရာမွာလည္း ၅ေယာက္မကေတာ့ေခ်။ ေနာက္ဆုံး၌ မႏွင္းယဥ္ကစိတ္ကိုေလွ်ာ့လိုက္ၿပီး ေဆးမႉးဆီသို႔သာ ေဝဒနာျဖစ္တိုင္း အိပ္ေဆးထိုးခိုင္းၿပီး သိပ္ထားရေတာ့သည္။
လင္ေယာက်ာ္းေနမေကာင္းေသာမိန္းမတစ္ေယာက္သည္ မည္သို႔မွ်စိတ္မခ်မ္းသာႏိူင္ေခ်။ သားကိုသခင္ လင္ကိုဘုရားဟုသတ္မွတ္ထားေသာ မိန္းမသားတို႔အဖို႔ လင္ေယာက်ာ္းေနမေကာင္းလွ်င္ သူတို႔ေနရာ၌သာအစားဝင္ကာ ခံလိုက္ခ်င္ေတာ့သည့္ စိတ္ကအၿမဲရွိေန၏။ ယခုမႏွင္းယဥ္လည္း ထိုနည္း၎ပင္။ လင္စိတ္ေၾကာင့္ ပစ္ထားေသာပဲခင္းကိုလည္းလွည့္မၾကည့္ႏိူင္ေတာ့ေခ်။ စားမဝင္အိပ္မေပ်ာ္သည့္ဒဏ္ေၾကာင့္ မ်က္ႏွာမွာအေတာ္ပင္ေခ်ာင္က်ေနေလသည္။
သာယာေသာေန႔တစ္ေန႔၌ ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္သည္ တေစၦကုန္းဟူေသာ႐ြာေလးသို႔ ေရာက္ရွိလာခဲ့၏။
အေတာ္က်ယ္ေသာ႐ြာႀကီးတစ္႐ြာျဖစ္ၿပီး လူဦးေရလည္းမ်ားသည္။ ႐ြာလမ္းမႀကီးအတိုင္း ဝင္လာၾကရာ ႐ြာလည္ေရာက္ခ်ိန္၌ ႏြားလွည္းကိုႀကိမ္တို႔ကာ အလ်င္လိုေနၾကေသာ လူတစ္စုကို ေတြ႕လိုက္ရ၏။ လွည္းေပၚ၌ပါလာေသာလူတစ္ေယာက္ကလည္း
နာက်င္စြာညည္း၍လိုက္ပါလာ၏။ ပို၍ထူးဆန္းသည္က ထိုလူ၏ကိုယ္ေပၚမွရွပ္တိုက္ပါလာေသာ သက္တမ္းရင့္သဘက္ႀကီးတစ္ေကာင္ပင္။ ထိုသဘက္ႀကီးက လွည္းေပၚရွိ ညည္းေနေသာလူနာ၏ဗိုက္ကို ခြၽန္မွ်ေသာလက္သည္းမ်ားျဖင့္ထိုးေဖာက္ရင္း အူႏွင့္အသည္းႏွလုံးကိုဆြဲထုတ္ခ်င္ေန၏။
” ဟာ….ထင္ေပၚ….အဲဒီလွည္းေနာက္ကိုထက္ၾကပ္မကြာလိုက္စမ္း…လွည္းေပၚကလူေတြမၾကာခင္ေဘးက်ေရာက္လိမ့္မယ္….”
” ကြၽန္ေတာ္လည္းအာ႐ုံခံမိတယ္ဆရာ…ဒီလူေတြအေျပးအလႊားျဖစ္ပုံေထာက္ရင္ ေက်းလက္ေဆးခန္းကိုသြားပုံရတယ္ဆရာ….”
” ေက်းလက္က်န္းမာေရးမႉးနဲ႔ဆိုင္တဲ့ေရာဂါမဟုတ္ဘူးထင္ေပၚ…ခဏတာဘဲသက္သာလိမ့္မယ္…ငါတို႔ကယ္မွရေတာ့မယ္…”
ဆရာတပည့္ႏွစ္ေယာက္ လွည္းေနာက္သို႔ လိုက္သြားခဲ့ၾက၏။ ထိုလွည္းမွာ ထင္သည့္အတိုင္းပင္ ႐ြာအေရွ႕ပိုင္းရွိ ေက်းလက္က်န္းမာေရးေဆးခန္းသို႔ သြားေနျခင္းျဖစ္၏။
ေဆးခန္းေရာက္သည္ႏွင့္ သဘက္ႀကီးမွာအထဲသို႔လိုက္မဝင္ဘဲ ေဆးခန္းနံေဘးရွိေညာင္ပိႏၷဲပင္ႀကီးေပၚသို႔တက္ေနရစ္၏။
ေမာင္ေရခဲတို႔လည္းမလွမ္းမကမ္းမွ အေျခအေနကို ေစာင့္ၾကည့္ေန၏။ ခဏ၌ထိုလူတစ္စုျပန္ထြက္လာ၏။ လူနာမွာကား ေစာင္ပခက္အတြင္း၌မလႈပ္မယွက္ျဖင့္ပါလာ၏။ လူနာကိုလွည္းေပၚတင္ၿပီးသည္ႏွင့္ လွည္းေပၚတက္ၾကၿပီး ေမာင္းထြက္သြား၏။ သဘက္ႀကီးကား သစ္ပင္ေပၚ၌ရွိေနဆဲပင္။
လွည္းႀကီးမွာတေ႐ြ႕ေ႐ြ႕လာေနရင္း ေမာင္ေရခဲတို႔ေရွ႕သို႔ေရာက္လာခဲ့၏။ ထိုအခါေမာင္ေရခဲက လွည္းကိုတားလိုက္ၿပီး
” ဒီကမိတ္ေတြတို႔ကို အကူညီေတာင္းစရာရွိလို႔ပါ…. ကြၽန္ေတာ္တို႔ လွည္းႀကဳံလိုက္စီးလို႔ရမလား….”
ေမာင္ေရခဲ၏စကားေၾကာင့္ လွည္းေပၚမွလူမ်ားမွာ အလိုက္ကန္းဆိုးမသိလွခ်ည္လားဟူေသာအၾကည့္ျဖင့္ လွမ္းၾကည့္လာၾကၿပီး
အမ်ိဳးသမီးတစ္ဦးက
” အားနာပါတယ္ ေမာင္ေလးတို႔…အစ္မတို႔လွည္းကလူနာပါလာလို႔ လိုက္လို႔မရေတာ့ဘူးရွင့္….လွည္းႀကဳံစီးခ်င္ရင္ေတ့ာ ေနာက္လာတဲ့လွည္းကိုတားစီးၾကပါေနာ္….”
” အစ္မၾကည့္ရတာ စိတ္ေသာကေရာက္ေနသလိုဘဲ…. စိတ္မရွိရင္ကြၽန္ေတာ္သိခြင့္ရမလား….”
” အလိုက္ကန္းဆိုးမသိတဲ့လူေတြဘဲ…ကြၽန္မလင္တစ္ေယာက္လုံး ေနမေကာင္းျဖစ္ေနတာကို ကြၽန္မကၿပဳံးေပ်ာ္ေနရမွာလား….”
” ကြၽန္ေတာ္လူနာကိုၾကည့္ပါရေစ…. ကြၽန္ေတာ္က အထက္လမ္းပညာမေတာက္တစ္ေခါက္ေလ့လာထားပါတယ္ ”
” မင္းၾကည့္ေတာ့ေရာဘာထူးမွာလဲ….မင္းတို႔အေရွ႕မွာ ထြက္ေျပးခဲ့တဲ့ဆရာေပါင္းမနည္းေတာ့ဘူး ….မင္းလည္းအသက္အပိုမပါရင္ လွည္းေရွ႕ကဖယ္လိုက္ေတာ့ …”
အဖိုးႀကီးတစ္ေယာက္က ထိုသို႔ေျပာသျဖင့္မႏွင္းယဥ္က သူ႔ေယာက်ာ္းသက္သာလိုသက္သာျငားျဖင့္
” ကဲဒါျဖင့္လဲ ရွင္တို႔ႏွစ္ေယာက္လုံးလွည္းေပၚတက္ၿပီး ကြၽန္မအိမ္လိုက္ခဲ့ၾကေပါ့… ရွင္တို႔အသက္ကိုေတာ့ ကြၽန္မ အာမ မခံဘူးေနာ္….”
မႏွင္းယဥ္၏စကားေၾကာင့္အဖိးုႀကီးမွာ သိပ္မေက်နပ္ေသာ္လည္း ဘာမွဆက္မေျပာေတာ့ဘဲ ေနရာဖယ္ေပးလိုက္၏။ အခ်ိန္အေတာ္ၾကာလွည္းစီးလာၾကၿပီးေနာက္ အမ်ိဳးသမီး၏အိမ္သို႔ေရာက္လာခဲ့၏။ အိမ္ေရာက္သည္ႏွင့္ လူနာကိုအိမ္ေပၚသို႔ေခၚသြားၿပီးသိပ္လိုက္၏။ ေဘာက္ဆတ္ဆတ္ရွိလွေသာအဖိုးႀကီးမွာ အမ်ိဳးသမီးကိုႏူတ္ဆက္ၿပီး ျပန္သြား၏။ အိမ္တြင္ပုခက္ထမ္းသည့္ေယာက်ာ္းသားႏွစ္ေယာက္ႏွင့္အမ်ိဳးသမီးသာက်န္ခဲ့၏။
” ထိုင္ၾကပါေမာင္ေလးတို႔…. ”
” ဟုတ္ကဲ့အစ္မ…ဒါနဲ႔အစ္မရဲ႕အမ်ိဳးသားကဘယ္လိုကေနဘယ္လိုစျဖစ္တာလဲ…ျဖစ္တာၾကာၿပီလား….”
ေမာင္ေရခဲ၏အေမးကိုအမ်ိဳးသမီးက အစအဆုံးျဖစ္ခဲ့ပုံနဲ႔ဆရာမ်ားထြက္ေျပးခဲ့ရသည့္အေၾကာင္းမ်ားပါ ထည့္သြင္းေျပာျပလိုက္၏။
” ဒီေကာင္ကအေတာ္ၾကမ္းတယ္ဆိုေပမဲ့ မ်က္စိအလင္းရပုံမေပၚဘူးဗ်….”
” ေမာင္ေလးကဘာလို႔အတပ္ေျပာႏိူင္ရတာလဲ…..”
” ကြၽန္ေတာ္အဲဒီေကာင္ကိုျမင္ရတယ္ဗ်…အစ္မတို႔ေဆးခန္းထဲဝင္သြားေတာ့ဒီေကာင္ေဆးခန္းေဘးကအပင္ေပၚမွာက်န္ေနရစ္ခဲ့တယ္….အစ္မတို႔ျပန္ထြက္လာေတာ့ သူမေတြ႕လို႔ျပန္လိုက္မလာခဲ့ဘူးဗ်…ဒါေပမဲ့ခုေတာ့ အိမ္အျပင္မွာေရာက္ေနၿပီဗ်….”
” အမေလး…ကယ္ပါဦးဆရာေလးရယ္…ကြၽန္မျဖင့္အေတြးနဲ႔ပုံေဖာ္ၾကည့္ရင္ေတာင္ ေတာ္ေတာ္ေၾကာက္ေနပါၿပီ….သူအိမ္ထဲဝင္လာရင္ဒုကၡဘဲ….”
” အစ္မစိတ္ခ်ပါ…ဒီအိမ္ထဲကိုသူဝင္လာလို႔မရေအာင္ ကြၽန္ေတာ္စည္းခ်ထားတယ္ဗ်…”
ေမာင္ေရခဲေျပာသည့္အတိုင္းပင္ သဘက္ႀကီးသည္ ၿခံအျပင္၌ရစ္သီရစ္သီလုပ္ရင္း ေတာက္တစ္ေခါက္ေခါက္ခတ္ကာ အမ်က္ထြက္ေန၏။ ခဏ၌လူနာမွာႏိူးလာၿပီး
” မိန္းမ…ငါ့ကို ေရတိုက္ပါဦးေရဆာလိုက္တာ…ၿပီးေတာ့ငါအိပ္ေပ်ာ္ေနတုန္း အဖိုးႀကီးတစ္ေယာက္ကိုအိပ္မက္မက္တယ္…လူႏွစ္ေယာက္ငါ့အသက္ကိုကယ္ေပးလိမ့္မယ္တဲ့….”
ထိုစကားေၾကာင့္ မႏွင္းယဥ္မွာ အံ့ဩသြားၿပီး
” ရွင္တကယ္ဘဲ အဲလို႔မက္သလားကိုေစာ….ရွင္ၾကည့္လိုက္စမ္း ငါတို႔အိမ္ကိုဆရာေလးႏွစ္ေယာက္ေရာက္ေနတယ္…သူတို႔က အထက္လမ္းပညာမေတာက္တေခါက္ေလ့လာထားတယ္တဲ့ ရွင့္ေရာဂါကိုကုေပးၾကည့္ခ်င္လို႔တဲ့….”
” ေဟ…တကယ္လားမိန္းမ…ေခၚခဲ့လိုက္ဆရာေလးႏွစ္ေယာက္ကို ငါ့ဆီေခၚခဲ့လိုက္….”
မႏွင္းယဥ္လည္း ေမာင္ေရခဲ တို႔ဆရာတပည့္ႏွစ္ေယာက္ကို အိမ္ေရွ႕ဘုရားခန္း၌ေနရာထိုင္ခင္းေပးလိုက္၏။ ကိုဖိုးေစာလည္း
ေမာင္ေရခဲ တို႔ေရွ႕၌လာထိုင္ရင္း
” ကြၽန္ေတာ့ေရာဂါကိုေပ်ာက္ကင္းေအာင္ကုေပးပါဆရာေလးတို႔…ေက်းဇူးဆပ္ပါ့မယ္ဗ်ာ….”
” ဟာ…အစ္ကို…အိပ္ယာထဲမွာဘဲသက္သာသလိုေနပါဗ်….”
” ကြၽန္ေတာ္ဆရာေလးတို႔ကိုေတြ႕ကတည္းက အားရွိသြားၿပီ….အိပ္ယာထဲမေနခ်င္ေတာ့ဘူးဗ်….”
ကိုဖိုးေစာ၏စကားေၾကာင့္ ေမာင္ေရခဲၿပဳံးလိုက္ၿပီး
” ဒါျဖင့္ရင္ဗ်ာ….ကြၽန္ေတာ္တို႔စလိုက္ၾကစို႔…အစ္မႀကီးက ကြၽန္ေတာ္ေျပာတာေတြကိုမွတ္ထားၿပီး ရေအာင္ရွာဝယ္ခဲ့ေပးဗ်…အစ္ကိုကေတာ့ ဒီေနရာမွာဘဲထိုင္ၿပီး နာရီဝက္ရရ၊၁၅မိနစ္ရရ တရားထိုင္ေပးပါ….”
” ဟုတ္ၿပီဆရာေလး…”
” အဲဆိုအစ္မအခုဘဲ လိုအပ္တာေတြသြားရွာဝယ္ေတာ့မယ္ဆရာေလး….”
” ဟုတ္ၿပီအစ္မ…ေရာ့ဒါေလးေဆာင္သြား….”
ေမာင္ေရခဲက အမ်ိဳးသမီးအား အႏၲရာယ္ကင္းအေဆာင္လက္ဖြဲ႕ေပးလိုက္၏။ ကိုဖိုးေစာက တင္ပလႅင္ခ်ိတ္ထိုင္ရင္း ၿငိမ္သက္စြာတရားမွတ္ေန၏။ ေမာင္ေရခဲလည္း လုပ္စရာရွိသည္မ်ားကိုလုပ္ထားလိုက္ၿပီး အိမ္ကိုအဝင္ေပါက္မွ်သာခ်န္ၿပီးစည္းခ်ထားလိုက္၏။ နာရီဝက္မွ်အၾကာ၌ မႏွင္းယဥ္က မွာလိုက္ေသာပစၥည္းအစုံအလင္ျဖင့္ျပန္ေရာက္လာ၏။
” ဆရာေလးမွာတဲ့ပစၥည္းေတြအကုန္ရလာခဲတယ္ဆရာေလး….”
” ေအးေအးအစ္မေက်းဇူးပါဘဲ…အုန္းပြဲငွက္ေပ်ာပြဲျပင္ဖို႔ ေရေဆးေပးထားပါအုံးဗ်….”
အမ်ိဳးသမီးလည္းသြက္လက္စြာျဖင့္ အကုန္လုပ္ေပး၏။ အားလုံးၿပီးသြားသည္ႏွင့္ ေမာင္ေရခဲလည္း ပိတ္ျဖဴပိတ္နီခံကာ ကန္ေတာ့ပြဲတင္လိုက္၏။ အားလုံးၿပီးသြားသည္ႏွင့္
” ကဲ….ဒီကေနာင္ႀကီးေရ… တရားျဖဳတ္လို႔ရၿပီဗ်….ခဏေတာ့အေညာင္းအညာဆန႔္ေခ်ဦး….ေနာင္ႀကီးထိုင္ေနတာနာရီဝက္တစ္နာရီရၿပီဆိုေတာ့ ေညာင္းညာေပမွာဘဲ….”
ကိုဖိုးေစာလည္းခဏအေညာင္းအညာဆန႔္လိုက္၏။ ၿပီးမွ
” ရၿပီဆရာ….ဆရာတို႔လုပ္စရာရွိတာလုပ္လိုက္ေတာ့….ဆရာေလးတို႔ရွိေနရင္က်ဳပ္ကလူေကာင္းပကတိအတိုင္းဘဲဗ်….ေလးလံထိုင္းမႈိင္းေနတဲ့ဟာေတြဘယ္ေရာက္သြားမွန္းမသိဘူး….”
” ေရွ႕ဆက္ဒီလိုဘဲေနေကာင္းသြားေအာင္လုပ္ေပးမယ္ေနာင္ႀကီး….ကဲလာထိုင္ၿပီးဘုရားကိုကန္ေတာ့လိုက္ပါဦး….”
ကိုဖိုးေစာလည္း ေမာင္ေရခဲေျပာသည့္အတိုင္းဘုရားကိုဦးခ်လိုက္၏။
” စိတ္ကိုလႊတ္ထားေနာင္ႀကီး….ဘာမွမေၾကာက္နဲ႔… ”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္ၿပီး
” ကဲ…အိမ္အျပင္ကပုဂၢိဳလ္…သင္ဝင္လာခဲ့လို႔ရၿပီ….”
ထိုသို႔မိန႔္လိုက္သည္ႏွင့္ အျပင္ကသဘက္ႀကီးမွာ ေဒါသတႀကီးျဖင့္ ဝင္လာရာ အိမ္ႀကီးပင္သိမ့္ခနဲတုန္သြားရ၏။
” ထင္ေပၚ …စည္းကိုပိတ္ခ်လိုက္ေတာ့…”
” ဟုတ္ဆရာ….”
” ကဲသင္ေရာက္ၿပီဆိုေတာ့ ဘုရားကိုကန္ေတာ့လိုက္ပါဦး….”
” ေတာက္! လူၾကည့္ေတာ့ႏိူ႔နံ႔ေတာင္မစင္ေသးဘဲနဲ႔ ငါ့မ်ားဆရာလာလုပ္ေနတယ္…နင္လည္းအရင္ေကာင္ေတြလို နာခ်င္ၿပီနဲ႔တူတယ္….”
” အရင္ဆရာေတြကို သင္ႏိူင္ခဲ့ေပမယ့္ က်ဳပ္ကိုေတာ့ ထိခြင့္ေတာင္ရလိုက္မွာမဟုတ္ဘူးသိလား…အဲဒီေတာ့ က်ဳပ္ခိုင္းသလိုဘဲဘုရားကိုရွိခိုးဦးခ်လိုက္….”
” ဟားဟားဟား….ဦးမခ်ေတာ့ဘာျဖစ္လဲကြာ မင္းဘာလုပ္ခ်င္လဲ….”
ဆိုၿပီး ခါးေတာင္းကိုေျမႇာင္ေအာင္က်ိဳက္ကာ ရန္လိုေန၏။
” ျပန္ထိုင္လိုက္စမ္း….ခုခ်က္ခ်င္းျပန္ထိုင္လိုက္….”
” မထိုင္ဘူးကြာ… မင္းဘာလုပ္ခ်င္လဲ…ကဲဟာ….”
” ဒုတ္….”
” အား….”
သဘက္ႀကီးက ထိုးထားေသာကန္ေတာ့ပြဲအားျဖတ္ကန္လိုက္ေသာ္လည္း အနားမေရာက္ခင္မွာပင္ တစ္စုံတစ္ခုက သူ၏ေျခေထာက္ကိုျဖတ္႐ိုက္လိုက္သျဖင့္ အားခနဲေအာ္ကာခုန္ဆြခုန္ဆြျဖစ္သြား၏။
” ငါမေျပာဘူးလား…ငါ့ကိုထိလို႔မရဘူးလို႔…ကဲထိုင္….သင္သာငါ့ကိုမျမင္ရတာ ငါကေတာ့သင့္ကိုျမင္ေနရတယ္….”
” ငါဘာလို႔မင္းကိုမျမင္ရမွာလဲ….ငါျမင္ရတယ္…”
” ဘာလို႔လဲဆိုေတာ့ အရင္ဆရာရဲ႕မ်က္စဥ္းခတ္ေဆးေၾကာင့္ သင့္အျမင္အာ႐ုံေဝဝါးသြားၿပီေလ….”
” ဟင္…နင္နင္ဒါေတြသိေနတယ္….”
” သိ႐ုံတင္ဘယ္ကမလဲ…ငါကသင့္ရဲ႕ဘဝဇာတ္ေၾကာင္းပါသိတယ္….သင့္ကိုငါနာေအာင္မလုပ္ခ်င္ဘူး သင့္ကိုခိုင္းတဲ့သူဘယ္သူလဲဆိုတာဘဲသိခ်င္တယ္….”
” မင္းေျပာတိုင္းငါယုံမယ္ထင္ေနလား…ဟားဟားဟား…မေသခ်င္ရင္ဝင္မပါနဲ႔….”
” အေတာ္ေခါင္းမာပါလား….ကဲသင္ထိုင္မွာလားမထိုင္ဘူးလား….”
” မထိုင္ဘူးကြာဘာျဖစ္လဲ….”
” အဲဆိုလည္းသင့္သေဘာဘဲေလ…ကဲ…
ဆိုင္ရာေတြ သူထိုင္ေအာင္လုပ္လိုက္စမ္း….”
” အား…..နာတယ္…နာတယ္….အမေလးငါ့ေခါင္းကြဲၿပီထင္ရဲ႕….”
” အားပူတယ္…ေသပါၿပီ… ေတာ္ပါေတာ့
ငါမခံႏိူင္ေတာ့ဘူး…. ထိုင္ပါ့မယ္….”
သဘက္ႀကီးကထိုသို႔ေျပာၿပီး က်ဳံ႕က်ဳံ႕ကေလးထိုင္ကာ ဘုရားကိုဦးခ်၏။
” ကဲေျပာ…ၾကာသပေတးသားကိုဘာလို႔ေႏွာင့္ယွက္ရတာလဲ….”
” သူကိုယ္တိုင္က်ဳပ္ကိုေခၚထားတာပါ….”
” မွန္မွန္ေျပာစမ္း…. လိမ္ညာေနရင္ အာေခါင္ထဲငရဲမီးထေတာက္ေစ….”
” တကယ္….ကယ္….အား….ဝူး…ဝါး….”
သဘက္ႀကီးကထပ္မံလိမ္ညာရန္ ႀကိဳးစားရာ မီးေတာက္ႀကီးမွာဟုန္းခနဲထေတာက္ေလရာ သဘက္ႀကီးမွာဝူးဝူးဝါးဝါးေအာ္ၿပီးထြက္ေျပး၏။
” မလိမ္နဲ႔လို႔ ငါေျပာသားဘဲ…. ထြက္ေျပးဖို႔လဲမႀကံနဲ႔ ျပန္ထိုင္ၿပီးငါေမးတာမွန္မွန္ေျဖ…”
” ဟုတ္…ဟုတ္ကဲ့ ေၾကာက္ပါၿပီ…မညာရဲေတာ့ပါဘူး…. ေျဖပါ့မယ္ဆရာ…. က်ဳပ္သေဘာနဲ႔က်ဳပ္ေႏွာင့္ယွက္ေနတာမဟုတ္ပါဘူး
ခိုင္းလို႔လုပ္ရတာပါ….”
” ခိုင္းတိုင္းလုပ္ရေရာလား…”
” မလုပ္ရင္ က်ဳပ္ကို ႏွိပ္စက္ပါတယ္ဆရာ…က်ဳပ္သူ႔ကိုမႏိူင္ပါဘူး…”
” အခုေရာ …သင္ဒီတိုင္းျပန္သြားတာသိရင္ အျပစ္လြတ္လား….”
” မလႊတ္တဲ့အျပင္ စၾကာႀကိမ္တုတ္နဲ႔လူးလွိမ့္ေနေအာင္ ႐ိုက္ခံရပါတယ္ဆရာ….”
” သင္ေၾကာက္သလား….”
” ေၾကာက္တယ္ဆရာ…သူကအဲဒီႀကိမ္စၾကၤာတုတ္နဲ႔က်ဳပ္ကိုထိန္းထားႏိူင္တာပါ…အဲဒါသာမရွိရင္ က်ဳပ္သူ႔ကိုလည္လိမ္ခ်ိဳးသတ္တာၾကာၿပီ….”
” ကဲအဲဒါဆို သင္လုပ္ထားတာေတြျပန္ယူၿပီးလြတ္ရာသြားေတာ့… သင့္ရဲ႕ေပးဆပ္ရမဲ့ဝဋ္ေကြၽးမကုန္ေသးသ၍ ေတာ့ဒီသဘက္ႀကီးဘဝနဲ႔ဘဲေနေနရဦးမွာဘဲ….ဒါေပမဲ့တစ္ပါးသူကိုထပ္ၿပီးမေနာင့္ယွက္ေတာ့ရင္ ဝဋ္ေႂကြးအသစ္ထပ္မျဖစ္ေတာ့ဘူးေပါ့….ငါေျပာတာနားလည္လား….”
” နားလည္ပါၿပီဆရာ….သြားခြင့္ျပဳတဲ့အတြက္ေက်းဇူးတင္ပါတယ္….က်ဳပ္လုပ္ထားတာေတြမရွိပါဘူး က်ဳပ္ကဒီတိုင္းသူ႔အူေတြအသည္းေတြႏွိပ္ကလိတာဘဲရွိတာပါ….”
” သင္မလုပ္ထားဘူးသာဆိုတယ္ ၾကာသပေတးသားရဲ႕ဝမ္းထဲကအပင္းေတြငါျမင္ေနရတယ္….”
” တကယ္မလိမ္ဘူးဆရာ…အဲဒါက်ဳပ္လုပ္တာမဟုတ္ဘူး…က်ဳပ္က်ိန္ရဲပါတယ္….”
” အင္းပါဘယ္သူလုပ္ထားတာလဲမၾကာခင္သိရေတာ့မွာပါ….ကဲသင္လဲသြားေတာ့…လူ႔အရပ္နဲ႔ေဝးရာကိုသာသြားေတာ့…မျဖစ္ေသးပါဘူး သင့္ကိုနတ္ဘီလူးတို႔ရဲ႕အခ်ဳပ္ရဲ႕လက္ကိုအပ္မွရမယ္….”
သဘက္ႀကီးလည္းဘာမွျပန္မေျပာရဲဘဲၿငိမ္၍နားေထာင္ေန၏။ ေမာင္ေရခဲက ဘီလူးတို႔၏အခ်ဳပ္ျဖစ္ေသာကုေဝရနတ္မင္းႀကီးကို တိုင္တည္လိုက္ရာ နတ္မင္းႀကီး၏လက္ေအာက္ခံနတ္စစ္သူႀကီးေရာက္လာခဲ့ၿပီး သဘက္ႀကီးအားလည္ဂုတ္မွဆြဲေခၚသြားေတာ့သည္။ ကုေဝရနတ္မင္းႀကီးကား နတ္ဘီလူးအစၿပိတၱာဘုံအဆုံးအုပ္ခ်ဳပ္ရသူျဖစ္၏။
သဘက္ႀကီးေပ်ာက္သြားသည္ႏွင့္ ကိုဖိုးေစာမွာ ၾကမ္းေပၚသို႔ေခြေခြေလးလဲက်ေန၏။ သို႔ေသာ္အားျပင္းေသာစက္ကို ေမာင္ေရခဲအာ႐ုံခံမိေနဆဲပင္။
” အပင္းထည့္တဲ့လူ ပညာအစြမ္းထက္သလို မူယာမာယာလည္းအရမ္းမ်ားတဲ့လူဘဲ….ထင္ေပၚသတိအၿမဲကပ္ေနပါေစေနာ္….”
” ဟုတ္ကဲ့ပါဆရာ….”
ထို႔ေနာက္ေရစင္တစ္ေပါက္အား ယူၿပီးၾကာသပေတးသား၏ေခါင္းကိုေတာက္ေပးလိုက္ရာ အင္းအဲအသံျပဳၿပီးႏိူးလာခဲ့၏။
” ပက္လက္ကေလးအိပ္ေန ေနာင္ႀကီး…”
ကိုဖိုးေစာမွာ ေမာင္ေရခဲေျပာသည့္အတိုင္းပက္လက္လွန္အိပ္လိုက္၏။ ထိုအခါေမာင္ေရခဲက လက္တစ္ဖက္ကိုပါးစပ္အနားသို႔တိုးလာၿပီး ဂါထာတစ္ပုဒ္ကိုတီးတိုး႐ြတ္လိုက္၏။ ထိုလက္ျဖင့္ပင္ ၾကာသပေတးသား၏ဝမ္းဗိုက္အား သပ္လိုက္ရာ ဗိုက္ထဲ၌အလုံးေလးငါးလုံးသည္ ဟိုေျပးသည္ေျပးျဖင့္ကဆုန္ေပါက္ေန၏။
” အား….ေသပါၿပီဗ်ာ….ေသပါၿပီ….ဆရာရယ္ကယ္ပါအုံး….”
ၾကာသပေတးသားမွာ ဆရာေရွ႕၌လူးလြန႔္ေနရင္း ေအာ္ဟစ္ေနရွာ၏။
” ေတာက္! မင္းကငါေမြးထားတဲ့သဘက္ႀကီးကိုလဲလႊတ္လိုက္တယ္…ငါ့ကိစၥေတြလည္းဝင္ေႏွာင့္ယွက္ရဲတယ္ေပါ့….”
ဟူေသာအသံသည္ အိမ္ပတ္ပတ္လည္၌ထြက္ေပၚလာခဲ့၏။ ထိုအသံေၾကာင့္ မႏွင္းယဥ္မွာ အသက္ပင္ဝဝမရႉရဲေတာ့ေခ်။
ေမာင္ေရခဲလည္း
” စည္းဖြင့္ေပးလိုက္ထင္ေပၚ…သူဝင္ပါေစ”
ေမာင္ထင္ေပၚကစည္းဖြင့္ေပးလိုက္ရာ ၾကာသပေတးသားမွာေငါက္ခနဲထ ထိုင္၏။
” ဘုရားကိုရွိခုးိလိုက္….ၿပီးရင္ငါေမးတာေျဖ….”
” ငါ့သရဲကိုလႊတ္ေပးႏိူင္တယ္ဆိုၿပီး ငါေၾကာက္မယ္မထင္နဲ႔ ကိုယ့္လမ္းကိုယ္သြား မဆိုင္ရင္ဝင္မရႈပ္နဲ႔….”
” ငါဘာအပိုစကားမွမၾကားခ်င္ဘူး….ခုထိုင္ေနတဲ့ပုံစံကိုေျပာင္းၿပီး ဘုရားကိုရွိခိုးလိုက္စမ္း….”
” အာဏာထက္လွခ်ည္လားဗ်…ဟားဟားဟား….”
” ကဲေျပာေနတာနားမေထာင္ေတာ့လဲ ကိုယ့္အျပစ္နဲ႔ကိုယ္ေပါ့….အရွင္ဥေတနနတ္မင္းက ဒီကေဝေကာင္ကို ဆင္ႀကီးနဲ႔နင္းခ်လိုက္….”
ေမာင္ေရခဲကထိုသို႔္ေျပာလိုက္သည္ႏွင့္ ၾကာသပေတးသား၏ခႏၶာကိုယ္မွာၫြတ္က်သြားၿပီးနဖူးနဲ႔ၾကမ္းျပင္ ထိသြား၏။
” အား….လႊတ္စမ္း…ဖယ္လိုက္စမ္း….ငါမရွိခိုးႏိူင္ဘူး….”
” နင္းစမ္းမေသေစနဲ႔…သူဘယ္ေလာက္ထိေခါင္းမာႏိူင္မလဲလို႔….”
ထိုစဥ္ၾကာသပေတးသားမွာ တပလႅင္ခ်ိတ္လ်က္သားျဖင့္ ၾကမ္းေပၚ၌ ျပားျပားႀကီးျဖစ္ေန၏။ သို႔ေသာ္မာနကတစ္ပဲသားမွ်မေလွ်ာ့။
” ငါမရွိခိုးႏိူင္ဘူး… ငါ့ကို သတ္ခ်င္သတ္လိုက္….ဟားဟားဟား….”
ကေဝႀကီးမွာတစ္စက္မွေၾကာက္မည့္ပုံမရွိဘဲတဟားဟားေအာ္ရယ္ေန၏။
” ကဲဒီေလာက္အသားနာခ်င္ေနေတာ့လည္း ျဖည့္ဆည္းေပးရတာေပါ့…. ”
ေမာင္ေရခဲကထိုသို႔ေျပာၿပီး ကေဝအခ်ဳပ္အင္းကို ေရးဆြဲလိုက္သည္။ ထို႔ေနာက္အင္းဆံေနရာကို ကေဝေကာင္၏ နာမ္ဓာတ္အားထည့္လိုက္၏။
” ကဲ…ဘုရားကိုရွိခိုးခ်င္ရွိခိုး မရွိခိုးခ်င္လည္းသေဘာဘဲ… ၾကာသပေတးသားကိုဘာလို႔ျပဳစားထားတာလဲေျဖစမ္း….မေျဖရင္မင္းဘာျဖစ္မလဲဆိုတာသိတယ္ေနာ္….”
ေမာင္ေရခဲက ထိုကေဝခ်ဳပ္အင္းခ်ပ္အား မီးၿမိဳက္လိုက္ရာ ကေဝေကာင္မွာ အပူဟပ္သကဲ့သို႔ျဖစ္သြားၿပီး လူးလြန႔္ေန၏။
” ဟာ…ေတာက္!….”
” ေျဖစမ္း…မင္းဘာလို႔အပင္းထည့္လိုက္တာလဲ….ဘာအပင္းထည့္လိုက္တာလဲ…”
” မေျဖႏိူင္ဘူး….မင္းလည္းေသခ်င္ၿပီနဲ႔တူတယ္…ကဲေသစမ္းဟဲ့ဆရာစုတ္…”
” ႐ႊြီး….ျဖန္း….”
” အာ့….”
ကေဝေကာင္မွာ ႀကိမ္စၾကာ္နတ္ေမွာ္ႀကိဳးအား ေဝ့ယမ္းၿပီးေမာင္ေရခဲကို႐ိုက္ခ်လိုက္၏။ သို႔ေသာ္ ေမာင္ေရခဲ ကိုမထိဘဲတြန္းကန္အားေၾကာင့္ သူ႔ကိုယ္သူျပန္ထိၿပီး ႀကိဳးနဲ႔တုတ္ေႏွာင္ထားသကဲ့သို႔ျဖစ္သြား၏။
” ငါ့ကိုလက္ဖ်ားနဲ႔ေတာင္ထိလို႔မရဘူးဆိုတာသေဘာေပါက္သြားၿပီလား….ကဲကိုယ့္ကိုကိုယ္ႀကိဳးနဲ႔ျပန္တုပ္ၿပီးၿပီဆိုေတာ့ငါေမးတာေျဖ….”
ကေဝေကာင္မွာမေျဖခ်င္ေသာ္လည္း ႀကိမ္ျစက္ာႀကိဳးမွာၾကပ္သထက္ၾကပ္လာသျဖင့္ အသားမ်ားပြန္းပဲ့ကုန္၏။
” အား…ငါ…ငါေျဖပါ့မယ္…ႀကိဳးကိုေျဖေလ်ာ့ေပးပါ….ငါေျဖပါ့မယ္…”
ေမာင္ေရခဲလည္း ကေဝေကာင္ကိုစိုက္ၾကည့္လိုက္ရာ ႀကိဳးမွာအနည္းငယ္ေျပေလ်ာ့သြားသည္ကိုေတြ႕လိုက္ရ၏။
” ကဲေျဖ.. ဘာလို႔ျပဳစားရတာလဲ…”
” မ…မနာလိုလို႔ပါ….”
” မနာလိုလို႔ဟုတ္လား….ဘာကိုမနာလိုတာလဲ…”
” ဟုတ္ပါတယ္….သီးႏွံထြက္ႏူန္းမေကာင္းတဲ့ကိုင္းေတာႀကီးကိုငါကစိတ္ပ်က္ၿပီး သူတို႔ကိုတစ္ႏွစ္စာငွါးေပးတာ…. သူတို႔ကအဲဒီကိုင္းေတာထဲပဲမ်ိဳးထည့္ေတာ့ သူတို႔ပဲခင္းကငါ့ပဲခင္းထက္ေကာင္းေနတယ္….အဲဒါနဲ႔ငါ့မွာစိတ္မခ်မ္းသာဘူး…မနာလိုဘူး…ဒါနဲ႔ျပဳစားလိုက္တာ….”
” သင့္ရဲ႕မနာလိုဝန္တိုစိတ္က တကယ္ကိုေၾကာက္ဖို႔ေကာင္းတာဘဲ….အဲဒါနဲ႔ဘဲနင္က ၾကာသပေတးသားကိုအပင္းထည့္လိုက္တယ္ေပါ့ ဘာအပင္းထည့္လိုက္တာလဲ….”
” ငါကတစ္အိမ္လုံးကိုအပင္းထည့္တာ… တျခားလူကကံျမင့္ေနေတာ့မထိဘဲ သူ႔ကိုထိသြားတာ….ငါ့ၿခံကထြက္တဲ့ဖရဲသီးနဲ႔အပင္းထည့္လိုက္တာ….”
ထိုအခါမွ မႏွင္းယဥ္မွာ ႐ြာေဈးသယ္မပုတိုထံကဝယ္ခဲ့ေသာ ဖရဲသီးႀကီးကိုသတိရမိသည္။ ထိုဖရဲသီးစားၿပီး ကိုဖိုးေစာမွာ စတင္ၿပီးဗိုက္ေအာင့္သည့္ေဝဒနာကိုခံစားရျခင္းျဖစ္ေၾကာင္း ယခုမွဇာတ္ရည္လည္သြားေတာ့သည္။
” ကဲ…လုပ္ထားတာေတြျပန္ယူသြား…အပင္းေတြျပန္ထုတ္လိုက္….”
” လုပ္မဲ့လုပ္အေသလုပ္မွာ ျပန္မယူႏိူင္ဘူး…”
” ေနာက္ဆုံးခ်ိန္ထိျငင္းရဲေသးတယ္ေပါ့…
ကဲသင့္ပညာေတြငါအကုန္ႏူတ္တယ္…ထုတ္စမ္း….လုပ္ထားတာေတြျပန္ယူစမ္း….”
” အား…..ေသ…ေသပါၿပီ…ယူပါ့မယ္…ယူပါ့မယ္….”
” အစ္မႀကီး ေထြးခံျဖစ္ျဖစ္၊အိုးျဖစ္ျဖစ္အျမန္ယူလာေပး…”
မႏွင္းယဥ္လည္း ေမာင္ေရခဲမွာသည့္အတိုင္း ေထြးခံကိုအိတ္စြပ္ၿပီးယူလာေပး၏။
” ကဲ…ထုတ္စမ္း…အပင္းမွန္သမွ်အကုန္ထုတ္…ငါစစ္လို႔ထပ္ေတြ႕လို႔ကေတာ့ဒီ့ထက္နာမယ္မွတ္….”
” မ…မလုပ္ရဲပါဘူး….”
” ေအာ့….ေဝါ့….ေဝါ့….”
ၾကာသပေတးသားကထိုသို႔ေျပာၿပီး လက္ျဖင့္နဖူးမွသပ္ခ်ကာ ေထြးခံထဲသို႔ထိုးအန္လိုက္၏။ ထိုစဥ္ေထြးအံထဲ၌မဲပုပ္နံေဟာင္ေနေသာအရည္ပ်စ္ပ်စ္ႀကီးမ်ားကို ျပည့္လုနီးနီးအန္ခ်လိုက္၏။
” ကဲ…ကုန္ၿပီလား….”
” ကုန္….ကုန္ပါၿပီဆရာ…. ”
ေမာင္ေရခဲလည္း ေသခ်ာေစရန္ထပ္မံစစ္လိုက္ရာ အပင္းမရွိေတာ့သည္ကိုေတြ႕လိုက္ရ၏။
” ဆ…ဆရာ…က်ဳပ္…က်ဳပ္ပညာကိုမႏူတ္ပါနဲ႔….က်ဳပ္ပညာကိုသင္စဥ္ကအသက္နဲ႔ေလာင္းေၾကးထပ္ထားလို႔ပါ….ဆရာသာက်ဳပ္ပညာကိုႏူတ္လိုက္ရင္ က်ဳပ္ေသရလိမ့္မယ္….”
” မရဘူး…မင္းကိုပညာမႏူတ္ဘဲထားရင္ တျခားလူေတြကိုမလုပ္ဘူးလို႔မဆိုႏိူင္ဘူး…”
” မလုပ္ေတာ့ဘူး က်ဳပ္…က်ဳပ္သစၥာေရေသာက္ၿပီးက်ိန္ဆိုက်ိန္ပါ့မယ္….”
” မယုံဘူး…မင္းတို႔လိုအေမွာင္ေလာကကိုေလွ်ာက္လွမ္းရဲတဲ့ေကာင္ေတြက ဂတိသစၥာေတြကိုအေလးထားတဲ့ေကာင္ေတြမဟုတ္ဘူး….ဒီေတာ့ မင္းပညာေတြငါအကုန္ႏူတ္မယ္….မင္းအသက္မေသေအာင္ငါလုပ္ေပးမယ္….”
ေမာင္ေရခဲကထိုသို႔ေျပာၿပီး အခ်ဳပ္အင္းကိုထိုလူ၏နဖူး၌ကပ္ထားလိုက္ရာ ထိူလူမွာတဆတ္ဆတ္တုန္သြားၿပီး ၾကမ္းေပၚသို႔လဲက်သြား၏။ အခ်ဳပ္အင္းဆံ၌ကား မီးကြၽမ္းသည့္သ႑ာန္ေပၚလာ၏။
” ဆရာ….အစ္မ အမ်ိဳးသား….အစ္မအမ်ိဳးသားဘာျဖစ္သြားတာလဲ….”
” စိတ္ခ်ပါအစ္မ…. သူေမာသြားလို႔ခဏမွိန္းေမာေနတာပါ…. တေအာင့္ေနရင္ျပန္သတိရလာလိမ့္မယ္…ဒီအင္းခ်ပ္ကိုအစ္မတို႔ပဲခင္းရဲ႕စေနေထာင့္မွာေဟာဒီအရာေတြနဲ႔အတူျမဳပ္ပစ္လိုက္ပါ….”
ေမာင္ေရခဲက အင္းခ်ပ္ႏွင့္အတူ ေထြးအင္ကိုပါအမ်ိဳးသမီးအားကမ္းေပးလိုက္၏။
” ဟုတ္ကဲ့ပါဆရာ….ဒါနဲ႔အစ္မအမ်ိဳးသားကိုအပင္းထည့္တဲ့လူက တစ္ကယ္ဘဲဟိုလူႀကီးလား….”
” ခြင့္လြတ္ေပးလိုက္ပါအစ္မႀကီး…ခုဆိုသုလည္းသူ႔အျပစ္သူခံယူသြားပါၿပီ….”
ကိစၥအားလုံးၿပီးသြားသည္ႏွင့္အိမ္ရွင္တို႔ကိုႏူတ္ဆက္ၿပီး တေစၦကုန္း႐ြာေလးမွ ထြက္သြားခဲ့ၾကေတာ့၏။
ေနာက္တစ္ေန႔တြင္ကား ႏွစ္အိမ္ေက်ာ္ရွိမျမႏွင္း၏ဖခင္ႀကီး ဘႀကီးသက္တစ္ေယာက္ ကေယာင္ကတမ္းျဖစ္ၿပီး စိတ္မမွန္ေတာ့ေၾကာင္း သတင္းၾကားသိလိုက္ရ၏။ မႏွင္းယဥ္လည္း မနာလိုစိတ္၏ အက်ိဳးအျပစ္ကိုသိၿပီးသည္မို႔ မိမိသာသိေသာအမွန္တရကိုဝမ္း၌အၿပီးတိုင္မ်ိဳခ်ထားလိုက္ေတာ့သည္။…….။
# ၿပီး
# ခြန္း
(ကိစၥေၾကာင့္အၾကာႀကီးနားၿပီးမွျပန္ေရးရတဲ့အတြက္ ေရးနည္းေတြပုံမက်ေတာ့ပါဘူး…ဒီအတြက္နားလည္ေပးေစလိုပါတယ္…ဒီစာမူကတကယ့္ျဖစ္ရပ္မွန္ဆိုေပသည့္ ကုနည္းသနည္းသည္ကား ကြၽႏ္ုပ္၏ဉာဏ္အေတြးျဖင့္သာ ေရးသားရသည့္အတြက္အျမင္မတူပါကခြင့္လႊတ္ေပးေစလိုပါသည္။ အားေပးဖတ္ရႈသူအေပါင္း ကိုယ္စိတ္ႏွလုံး႐ႊင္လန္းခ်မ္းေျမ့ပါေစ)