မဖဲဝါသောက်တဲ့ဆေးလိပ် (စ/ဆုံး)

  1. မဖဲဝါသောက်တဲ့ဆေးလိပ် (စ/ဆုံး)
    °°°°°°°°°°°°°°°°°°°°°°°°°°°°°°°
    ရေးသားသူ…တာတေ

ဆရာအိုနဲ့ လျှောက်လိုက်တုန်းက
အတွေ့အကြုံလေးတွေ ပြောပြချင်လို့ဗျ။
ဆရာအိုဆိုလို့ အဘိုးကြီးလို့တော့ မထင်
ပါနဲ့ဗျို့။ ဆရာ့ နာမည်က ဦးအိုတဲ့ဗျ။ ဒါ
ပေမဲ့ လူတွေကတော့ ဆရာအိုလို့ပဲ ခေါ်
ကြတာပါ။ ဆရာအိုက အသက်လေး
ဆယ့်ငါးနှစ်လောက်ရှိပြီ။ လူက အသား
လတ်လတ်၊ ပိန်ပိန်ပါးပါး နှုတ်ခမ်းမွေးနဲ့
သျှောင်တစ်စောင်းလေးနဲ့ဗျ။

ထူးခြားတာတော့ ဆရာအိုရဲ့မျက်လုံး
တွေပဲဗျို့။ မျက်လုံးတွေက ကြည်လင်
ပြီး အရောင်ကို တောက်နေတော့တာ
ဗျ။ သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်
ဆိုတာ မြင်ရုံနဲ့တင် သိနိုင်တဲ့လူပါဗျာ
ဆရာအိုနဲ့ ကျုပ်တွေ့တဲ့အချိန်တုန်း
က ကျုပ်က ဆရာနွံဖနဲ့တောင် မတွေ့
သေးဘူးဗျ။ ဆရာအိုတို့က အဓိဋ္ဌာန်နဲ့
ရွာစဉ်လှည့်ပြီး ဆေးကုနေတဲ့ ပုဂ္ဂိုလ်
တွေတဲ့ဗျ။ အခကြေးငွေဆိုလို့ တစ်
ပြားတစ်ချပ်မှ ယူတာ မဟုတ်ဘူးဗျ။

ပစ္စည်းဝတ္ထုကန်တော့လည်း ဘာကိုမှ
လက်ခံတာ မဟုတ်ဘူးဗျို့။ ကုတော့
လည်း ပယောဂပဲကုတာဗျ။ တာတေ
ဆိုတဲ့ ကျုပ်ကလည်း ဒါမျိုးတွေဆိုရင်
လွှတ်စိတ်ဝင်စားတာဗျ။ နယ်လှည့်ပြီး
ဆေးကုနေတဲ့ ဆရာအို ကျုပ်တို့ရွာကို
ရောက်လာတာဗျ။ ရွာကို ရောက်လာ
တဲ့ ဆရာသမားတိုင်းက ကျုပ်ဆရာ
တော်ရဲ့ ပုဗ္ဗာရုံကျောင်းမှာပဲ တည်း
ကြတာဗျ။ ဒီတုန်းက ကျုပ်အသက်
က ဆယ့်သုံးနှစ်သားပဲ ရှိသေးတာ။

“ဟဲ့ တာတေ၊ ရွာထဲမယ် လတ်ယား
လတ်ယားနဲ့ သွားနေမယ့်အတူတူ
ဆရာအိုနဲ့ အဖော်လိုက်ပြီး ဗဟုသုတ
ရှာချေပါလား”

ကျုပ်ဆရာတော် ဦးဂုဏက ကျုပ်ကို
ခေါ်ပြောတာလေဗျာ။ ကျုပ်ကလည်း
ဆရာတော့်စကားကြားရတော့ ကရင်
ထန်းလျက်အိုးတွေ့ဆိုတာလို ဖြစ်
တော့တာပေါ့ဗျာ။

“မှန်ပါ့ဘုရား”

ဆရာတော်က ကျုပ်ကို ပြောရင်းနဲ့
ဆရာအိုဘက်ကိုလည်း လှည့်ပြော
တယ်ဗျ

“ဆရာအိုရဲ့ ဟောဒီ သူငယ်က မောင်တာ
တေတဲ့ဗျ၊ ဒီရွာက ကလေးတွေထဲမှတော့
သူက ထူးထူးခြားခြားပဲဗျို့။ဗဟုသုတလည်း
အားကြီး ရှာတာ။ ပြီးတော့ သတ္တိကလည်း
ရှိဗျာ။ ပြောရရင်တော့ ဒကာကြီးရေ ဟော
ဒီတာတေဆိုတဲ့ ကောင်က ဘာမှကို မ
ကြောက်တတ်တဲ့ ကောင်ဗျို့”

သျှောင်တစ်စောင်းကလေး ထုံးထားတဲ့
ဆရာအိုက သူနှုတ်ခမ်းမွေးကို လက်နဲ့
သပ်ရင်း ကျုပ်ကို အကဲခတ်ကြည့်တယ်
ဗျ။ပြီးတော့မှ ပြုံးပြီး ခေါင်းညိတ်တယ်။

“ဒါဆိုရင် ဟန်ကျတာပေါ့ဘုရား၊ တပည့်
တော် ဒီအနီးအနားရွာတွေ လှည့်ပြီး ဆေး
ကုတဲ့အခါ အဖော်ရတာပေါ့ဘုရား”

“ကြားလား တာတေ၊ မင်းဆရာကြီး
ပြောတာ၊ ဒီတော့ ဒီအနီးအနားက ရွာ
တွေမယ် ဆရာကြီး ဆေးကုထွက်ရင် မင်းလိုက်သွားပေတော့”

“မှန်ပါ့ဘုရား”

အဲဒီလိုနဲ့ ဆရာအိုနောက်ကို ကျုပ်
လျှောက်လိုက်ခဲ့တော့တာပေါ့ဗျာ။
ကျုပ်ပထမဆုံးလိုက်သွားခဲ့တဲ့ ရွာက
ရုံးတောဗျ။ ကျုပ်အရင်စာအုပ်တွေမှာ
ရေးခဲ့တဲ့ ကျောက်တလားချောင်းက
လေးကို ဖြတ်သွားရတဲ့ရွာပေါ့ဗျာ။
ရုံးတောသူကြီးကိုယ်တိုင် ဆရာအို
ကို လှည်းနဲ့ လာပင့်တာဗျ။ ရုံးတော
မှာ အသက်အစိတ်လောက်ရှိတဲ့
မိန်းမတစ်ယောက် ဗိုက်အောင့်လို့
တဲ့ဗျ။ ဗိုက်အောင့်တာမှ လူးပျံပြီး
အော်နေရတာဆိုပဲ။ ထူးဆန်းတာ
က ညနေသုံးနာရီရောက်မှ ပုံမှန်
အောင့်တာတဲ့ဗျ။

ဆေးထိုးဆရာနဲ့ထိုးလည်း မသက်သာ၊
ဗမာဆရာနဲ့ကုလည်း မသက်သာဖြစ်
နေလို့ ဆရာအိုကို လာပင့်တာတဲ့ဗျ။
ကျုပ်တို့ ရုံးတောကို ရောက်တော့
မနက်ဆယ့်တစ်နာရီတောင်ထိုးနေပြီ
ဗျ။ သူကြီးတို့အိမ်က ဆရာအိုကို ထ
မင်းပွဲ ကပျာကဟာပြင်ပြီး ကျွေးတယ်။
ဘာဖြစ်လို့တုံးဆိုတော့ ဆရာအိုက
ဥပုဒ်နဲ့ နေတဲ့လူဗျ။

တစ်ခါတစ်ရံ အလုပ်လုပ်စရာရှိရင်တော့
သီလမယူဘူး။ ကျန်တဲ့နေ့တွေကတော့
နေ့တိုင်း သီလယူပြီး ဥပုသ်စောင့်နေ
တာဗျ။ ဆရာအို ထမင်းစားပြီးတော့
ကျုပ်ကို သေသေချာချာ ကျွေးတယ်
ဗျို့။ ဧည့်သည်တွေ စားပြီးမှ သူတို့
အိမ်သားတွေ စားကြတာ။ ဒီတုန်းက
ကျုပ်က ငယ်သေးတာကိုးဗျ။ ဆေး
လိပ်မသောက်တတ်သေးဘူးလေ။

ထမင်းစားသောက်ပြီးတာနဲ့ ထန်းလျက်
ခဲလေးစား၊ ရေနွေးကြမ်း သောက်ပေါ့
ဗျာ။ စားသောက်ပြီးကြတော့ သူကြီးနဲ့
ဆရာအိုတို့ စကားစမြည် ပြောကြ
တာပေါ့ဗျာ။ ဒီသူကြီးက ရုံးတောမှာ
မျိုးရိုးနဲ့ကို သူကြီးဖြစ်တဲ့လူပဲဗျ။

သူ့အဘိုးကလည်း ရုံးတောသူကြီး၊
သူ့အဖေလည်း ရုံးတောသူကြီး၊ အခု
သူလည်း ရုံးတောသူကြီးပေါ့ဗျာ။
နာမည်က ဦးမြဖေတဲ့။ ဥပဓိရုပ်
ကောင်းကောင်း၊ တည်တည်ကြည်
ကြည် ခန့်ခန့်ညားညားကြီးဗျ။

ဆရာအိုကလည်း သူ့ရဲ့ပယောဂ
ဆရာဘဝမှာ ကြုံတွေ့ရတဲ့ အ
ကြောင်းတွေကို ပြောပြလို့ပေါ့ဗျာ။
သူကြီးရော၊ နောက်မှ ရောက်လာတဲ့
ဆယ်အိမ်ခေါင်းနှစ်ယောက်ရော၊

အိမ်သားတွေရော၊ ဆရာအို ပြောတာ
ကို စိတ်ဝင်တစားနားထောင်ကြတာဗျ။

“သူကြီး သူကြီး အေးစိန်တော့
လုပ်ငန်းစပြီဗျို့”

သူကြီးအိမ်ဝိုင်းထဲကို သုတ်သီးသုတ်ပျာနဲ့
ဝင်လာတဲ့ လူတစ်ယောက်က အိမ်ပေါ်
ထပ်ကို မော့ပြီး ပြောလိုက်တာဗျ။ သူကြီး
ကလည်း နှစ်ဆင့်ပြတင်းပေါက်ကြီးရဲ့
အောက်ဆင့်ကနေ ငုံ့ကြည့်ပြီးမေးတယ်။

“ဟေ အေးစိန်၊ အော်ဟစ်နေပြီလားကွ
ငပိန်”

“အော်နေပြီ သူကြီးရေ၊ အော်ရုံတင်
မကဘူး၊ အံကြီးကြိတ်ကြိတ်ပြီး ကြိမ်း
နေတယ်”

“ဟေ ကြိမ်းနေတယ် ဟုတ်လားကွ၊
ငပိန် ဘာကို ကြိမ်းတာတုံးကွ”

“ဒီသူကြီးကတော့ အေးအေးမနေနိုင်ဘူး၊
ငါလုပ်ရရင် သေတော့မယ်တဲ့ဗျ”

“အောင်မယ်၊ ဒီပယောဂက ငါ့ကိုတောင်
ကြိမ်းနေပြီ ဟုတ်လားကွ ငပိန်”

“ဟုတ်တယ် သူကြီး”

“အေး အေး မင်းပြန်တော့၊ ဆရာပင့်ပြီး
ှုငါ အခုပဲ လာခဲ့မယ်”

ငပိန်ဆိုတဲ့ လူပြန်သွားတော့ တာတေနဲ့
ဆရာအိုလည်း ဆေးအိတ်ထပြီး လွယ်
တော့တာပဲဗျို့။ ဆရာအိုရယ်၊ ကျုပ်ရယ်၊
ဆယ်အိမ်ခေါင်းနှစ်ယောက်ရယ်၊ ရွာ
တောင်ပိုင်းကို လာခဲ့ကြတာဗျို့။

“ဟိုရှေ့က မန်ကျည်းပင်ကြီးမြင်နေရတဲ့
ဝိုင်းပဲ ဆရာရေ”

သူကြီးပြောတဲ့ဝိုင်းကို ကျုပ်လှမ်းကြည့်
လိုက်တော့ လူနှစ်ဖက်စာလောက်ရှိတဲ့
မန်ကျည်းပင်ကြီးတစ်ပင် ခြံစည်းရိုး
အပြင်ဘက်မှာ ပေါက်နေတဲ့ဝိုင်းကို
တွေ့တယ်ဗျ။ ကျုပ်တို့ဝိုင်းထဲ ဝင်
လိုက်တာနဲ့ ကြားတော့တာပါပဲဗျာ။

“ဟေ့ ဆရာကောင်း မသေချင်ရင် အခု
လှည့်ပြန်တော့၊ ဒီရောက်လာရင် ငါ့အဆိုး
မဆိုနဲ့နော်၊ ဟင်း ဟင်း ဟင်း”

“သြော် အော်သံဟစ်သံတွေ ပြောင်း
လွဲနေတာကိုး”

သူကြီးက ပြောလိုက်တော့ ဆရာအိုက
သူကြီးကို လှည့်ကြည့်ပြီး မေးတယ်။

“ဘယ်လိုပြောင်းတာတုံး သူကြီးရဲ့”

“ဟာ ခါတိုင်းအော်တာက အောင်မယ်
လေး နာလှချည်ရဲ့၊ သေပါတော့မယ်
တော့၊ ကယ်ကြပါဦးဆိုပြီး အော်တာ
ဆရာရေ၊ ဒီတစ်ခါက ကြိမ်းဝါးနေတာဗျ”

“ကျုပ်ပါလာတာကို ကြိုသိနေတာကိုး
သူကြီးရဲ့၊ ခါတိုင်းအော်တာက အေး
စိန်လေ၊အခုကြိမ်းနေတာကပယော
ဂဝင်ပြီး ကြိမ်းနေတာလေဗျာ”

“ဝီ ဝီ ဝီ ဝီ ”

ဟာ ပိတုန်းတွေဗျို့၊ ပိတုန်းတွေ၊
ငါးကောင်ဗျ။ ကျုပ် သေသေချာချာ
လိုက်ပြီး ရေကြည့်တာ။ဆရာအိုက
လမ်းလျှောက်နေရာကနေ တုံ့ကနဲ
ရပ်လိုက်တယ်ဗျ။ ဆရာအိုရပ်တော့
သူကြီးရော၊ ကျုပ်တို့အားလုံး ရပ်
လိုက်ကြတာပေါ့ဗျာ။ ဆရာအိုက
သူ့ခေါင်းမှာ ပေါင်းထားတဲ့ ပုဝါ
စလေးကို ဖြုတ်ယူလိုက်တယ်ဗျ။

ဟာ အင်းတွေပါလား။ ဒီတော့မှ
ကျုပ်က သေသေချာချာ ကြည့်
မိတာဗျို့။ ပုဝါက နံ့သာရောင်လေး။
ပုဝါပေါ်မှာ အင်းတွေချထားတာဗျ။
ပုဝါတစ်ထည်လုံးပြည့်နေတာ။
ဆရာအိုက ပုဝါစနဲ့ ခေါင်းပေါ်မှာ
ဝေ့လိုက်တယ်

“ဝီ၊ ဝီ၊ ဝီ၊ ဝီ”

ကျုပ်တို့ ခေါင်းတွေပေါ်မှာ ကပ်ပြီး
ပျံနေတဲ့ ပိတုန်းမည်းမည်းကြီးတွေ
တဖြည်းဖြည်း မြင့်မြင့်တက်သွားပြီး
နောက်ဆုံးမှာ ပျောက်သွားရောဗျို့
ဆရာအိုရဲ့အစွမ်းကို ကျုပ် စပြီး
မြင်ရတာပေါ့ဗျာ။

“ဟား ဟား ဟား ဟား ဟား”

အိမ်ပေါ်က ထွက်လာတဲ့ ရယ်သံကြီးဗျ။
ကြောက်စရာကြီးပါဗျာ။

“ဝုတ်၊ ဝုတ်၊ဝုတ်၊ ဝုတ်”

ဟာ အိမ်အောက်က ပြေးထွက်လာတဲ့
အင်းခွေးကြီးဗျို့။ ဆရာအိုဆီကို တန်း
ပြေးလာတာဗျို့။ ဆရာအိုကတော့
တည်တည်ငြိမ်ငြိမ်ပါပဲဗျာ။ စောစောက
ပုဝါကို လက်နဲ့ဆွဲပြီး သပ်လိုက်တာ
နံ့သာရောင် ပုဝါစလေးက မာကြောတဲ့
ဝါးလုံးတစ်လုံးလို တောင့်တောင့်မာ
မာကြီး ဖြစ်သွားရောဗျို့။ ကျုပ်တို့
အားလုံးအံ့အားသင့်နေတုန်းမှာပဲ
ဆရာအိုရဲ့ မျက်နှာကို ထိုးဟပ်တော့
မလိုလုပ်နေတဲ့ အင်းခွေးကြီးရဲ့ မျက်
နှာကို တုတ်တစ်ချောင်းလို ဖြစ်နေတဲ့
ပုဝါနဲ့ ဖြတ်ရိုက်လိုက်ရောဗျာ။

“ကိန်၊ ကိန်၊ ကိန်၊ ကိန်”

အင်းခွေးကြီးဆိုတာ နာလွန်းလို့
လှည့်ပြေးရောဗျို့

“ဒါ အေးစိန်တို့အိမ်ကခွေး ဟုတ်ရဲ့လား
သာတင်ရဲ့”

သူကြီးကမေးတော့ ဆယ်အိမ်ခေါင်း
ကိုသာတင်က ပျာပျာသလဲ ဖြေတယ်ဗျာ။

“ဟုတ်တယ် သူကြီးရဲ့ ၊ ညိုကြီးလို့
ခေါ်တဲ့ကောင်ဗျ။ ဘယ်တုန်းကမှ
လူကို ဟောင်တောင် မဟောင်တဲ့
ကောင်ပါဗျာ။ အခုမှ ဘယ်လိုဖြစ်
တယ် မသိပါဘူး သူကြီးရာ”

“အေး လာခဲ့ဟေ့၊ လာခဲ့၊ ပညာတော့
ကြိုက်သွားပြီ၊ လူချင်းတွေ့ကြတာပေါ့”

အိမ်ပေါ်က ပယောဂက ဆရာအိုကို
ပညာစမ်းနေတာဗျ။ ဆရာအိုကတော့
ပြုံးရုံပဲ ပြုံးလိုက်တယ် ။ကျုပ်ကတော့
ကြက်သီးတွေတောင် ထလို့ဗျ။ သူကြီး
လည်း မျက်နှာခပ်ပျက်ပျက် ဖြစ်နေ
ပြီဗျ။ ကျုပ်တို့အိမ်ပေါ်ထပ်ကို တက်
ခဲ့တယ်။

“ကျုပ် အောက်မှာပဲ နေခဲ့မယ် ကိုသာတင်”

ဆယ်အိမ်ခေါင်းတစ်ယောက်က ပြော
တာဗျ။ ကိုသာတင်ဆိုတဲ့ ဆယ်အိမ်ခေါင်း
က ဆတ်ကနဲ လှည့်ကြည့်ပြီး …

“အေး အေး မင်းနေရဲရင် နေခဲ့လေ
ငထွန်း၊ ပိတုန်းတွေ တစ်ကျော့ပြန်
လာရင်တော့ မင်းဖာသာ ရှင်းပေတော့”

” ဟာ”

ကိုထွန်းလို့ခေါ်တဲ့ ဆယ်အိမ်ခေါင်းက
ဆတ်ကနဲ တုန်သွားပြီး ကိုသာတင်နောက်
ကို ပြေးကပ်ပြီး လိုက်လာတယ်ဗျ။ ကျုပ်
ဖြင့် ဒီလူကို ကြည့်ပြီး ရယ်ချင်လိုက်တာဗျာ

“ဟား ဟား ဟား ဟား ”

မအေးစိန်ဆိုတဲ့ မိန်းမက တစ်ကိုယ်လုံး
ယိမ်းထိုးပြီး အော်ရယ်နေတာဗျို့။ ဆ
ရာအိုက ဘုရားစင်ရှေ့မှာ အသာလေး
ဝင်ထိုင်လိုက်တယ်။ ကျုပ်တို့အားလုံး
လည်း ဆရာအိုရဲ့ မလှမ်းမကမ်းမှာဝင်
ထိုင်လိုက်ကြတယ်။ ကိုထွန်းကတော့
ကျုပ်တို့နောက်မှာ ကုတ်ကုတ်ကလေး
ဗျ။ ဆရာအိုက မျက်စိကို စုံမှိတ်ပြီး
ပါးစပ်က တွတ်တွတ် တွတ်တွတ်နဲ့
တစ်ခုခုရွတ်နေတာဗျို့။

“ဟား ဟား ဟား ဟား ငါဆိုတဲ့ကောင်
က မေတ္တာလောက်နဲ့တော့ မရဘူးဟေ့
မရဘူး”

ဆရာအိုက ငြိမ်ပြီး ခဏနေတယ်ဗျ။
မအေးစိန်ကတော့ တစ်ကိုယ်လုံး ယိမ်း
ထိုးနေတာ တစ်ချက်မှကို မငြိမ်ဘူးဗျ။
ဆရာအို ခေါင်းညိတ်တယ်။ပြီးတော့
ဘုရားစင်ဘက်ကို လှည့်ထိုင်ပြီး ဘုရား
ရှိခိုးတယ်။ ကျုပ် သေသေချာချာ နား
ထောင်လိုက်တော့ ငါးပါးသီလခံလိုက်
တာဗျို့။ လက်စသတ်တော့ ဆရာအ်ို
ဥပုသ်ထွက်လိုက်တာဗျ။

ဒီကတည်းက တစ်ခုခုတော့ ထူးတော့
မယ်ဆိုတာ ကျုပ်သိလိုက်တော့ပေါ့ဗျာ
ဆရာအိုက မအေးစိန်ဘက်ကို လှည့်ပြီး
တင်ပလင်ခွေထိုင်လိုက်တယ်။

“မင်း ဘယ်သူလဲ”

” မင်းမှာ ပညာရှိရင် သိရမှာပေါ့။ ငါ့ကို
မင်းမေးစရာ မလိုပါဘူး။ အေး ပညာ
မတောက်တစ်ခေါက်နဲ့ငါ့ကို လာစမ်း
ချင်တယ်ဆိုရင်တော့ ဒီအိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းသွားရမှာပဲ”

“ကဲ ဒီပယောဂကောင်ကို ဆိုင်ရာက
ဖမ်းချုပ်လိုက်ဗျာ”

“အား”

ဟာ မအေးစ်ိန်ကို လက်ပြန်ကြိုးတုတ်
သလို ဖြစသွားတာဗျို့။

“ဟား ဟား ဟား ဟား ဒါ မင်းအဆင့်
အကုန်ပဲလားကွ”

“ဗြုတ်၊ ဗြုတ်”

ဟော ကျုပ်နားထဲမှာ ဗြုတ်ကနဲ ဗြုတ်ကနဲ
ကြားလိုက်တာဗျ။ မအေးစိန်ရဲ့လက်တွေ
ပုံမှန်အတိုင်း ရှေ့ကို ရောက်လာပြီဗျို့။
မအေးစိန်က ဆရာအိုကို ပြုံးပြီးတော့
ကြည့်တယ်။ တကယ်တော့ မအေးစိန်
ကြည့်တာ မဟုတ်ဘူးဗျ။ သူ့ကို ပူးကပ်
နေတဲ့ ပယောဂကောင်က ဆရာအိုကို
မခိုးမခန့် ကြည့်တာဗျ။ ဆရာအိုက
ပယောဂကို သေသေချာချာ ကြည့်နေ
ပြီးမှ လက်ထဲမှာ ဆုပ်ပြီးကိုင်ထားတဲ့
နံ့သာရောင် အင်းပုဝါလေးနဲ့ ဆတ်က
နဲ ပစ်လိုက်တာဗျ။ ကျုပ်တို့အားလုံး
တောင် အံ့သြသွားကြတယ်။

“အား”

မအေးစိန်ရဲ့ မချိမဆံ့အော်သံကြားလို့
ကြည့်လိုက်တော့မှ ဆရာအိုရဲ့နံ့သာ
ရောင်ပုဝါလေးက မအေးစိန်ရဲ့လည်
ပင်းမှာ ပတ်နေတာကို တွေ့တာဗျို့။

“အား”

အော်ပြီဗျို့။ အော်ပြီ။ ပယောဂကောင်
တော့ ဒီတစ်ခါအော်ပြီပေါ့ဗျာ။ တော်
တော်စွမ်းတဲ့ ဆရာအိုပဲလို့ ကျုပ်စိတ်
ထဲမှာ တွေးလိုက်မိတယ်ဗျ။

“မင်း ငါ့ကို လွှတ်စမ်း ဟေ့ကောင်”

အောင်မာ၊ ဒါတောင်လေသံက မာတုန်း
ဗျ။ ဟော ဟော မအေးစိန်ရဲ့လည်ပင်း
မှာ ပတ်နေတဲ့ ဆရာအိုရဲ့အင်းပုဝါက
တင်းကနဲ ဖြစ်သွားတာဗျို့။

“အား၊ အား”

ဆရာအိုက ကျုပ်ကို လှည့်ကြည့်ပြီး
ခေါင်းညိတ်ခေါ်တယ်။ ကျုပ်လည်း
ဆရာအိုရဲ့ အနားကို သွားပြီး ကြုံကြုံ
လေး ထိုင်ရတာပေါ့ဗျာ။

“တာတေ သင်္ချိုင်းကုန်းကို ခုချက်ချင်း
သွား၊ ရေလုံအိုးကွဲတစ်ခုနဲ့ သင်္ချိုင်းမြေ
ပုံက မြေစိုင်ခဲသုံးတုံး မြန်မြန်ကောက်
ခဲ့၊ တစ်ယောက် ခေါ်သွား”

ဆရာအိုက ကျုပ်နားနားကိုကပ်ပြီး
လေသံလေးနဲ့ ပြောတာဗျ။ကျုပ် ဆယ်
အိမ်ခေါင်း ကိုသာတင်ကို လက်တို့ပြီး
အောက်ကို ခေါ်လာခဲ့တယ်။ ပြီးတော့
အကျိုးအကြောင်း ပြောလိုက်တယ်။
ကိုသာတင်က ချက်ချင်းပဲ မအေးစိန်
ရဲ့မောင်အငယ်ဘသောင်းဆိုတဲ့
ကောင်ကို ကျုပ်နဲ့ ထည့်လိုက်တယ်။
ရုံးတောသင်္ချိုင်းထဲကိုရောက်တော့
လက်ဝါးနှစ်ခုစာလောက်ရှိတဲ့ ရေ
လုံအိုးကွဲ တစ်ခုနဲ့ မြေပုံတစ်ခုပေါ်
က လတ်လတ်ဆတ်ဆတ် မြေစိုင်
ခဲသုံးခုကို အရွယ်ညီတာလေးရှာ
ပြီး ကောက်လိုက်တယ်။

ကျုပ်ပြန်ရောက်တော့ ဆရာအို
ပွဲကြမ်းနေပြီဗျ။

“ဟေ့ကောင် မင်းသွင်းထားတဲ့ အပင်း
ကို အခုချက်ချင်း အန်ချလိုက်စမ်း”

” မအန်ဘူးကွာ၊ မင်း ငါကို ဘာလုပ်
လို့မှ မရဘူး မှတ်ပါ့”

“သြော် ဒီလိုလား၊ ဒါဆိုရင်လည်း
လုပ်ရတော့မှာပေါ့ကွာ”

ဆရာအိုက မျက်စိတွေမှိတ်လိုက်ပြီး
ဂါထာရွတ်ရောဗျို့။ ကျုပ်လည်း ဆရာ
အိုကို တစ်လှည့်၊ မအေးစိန်ကို တစ်
လှည့် ကြည့်နေရတာပေါ့ဗျာ။ ဟာ
ဟာ ပတ်ပြီဗျို့။ ပတ်ပြီ။ မအေးစိန်ရဲ့
လည်ပင်းမှာ ပတ်ထားတဲ့ နံ့သာရောင်
ပုဝါလေးက ကြိုးတစ်ချောင်းလို တင်း
သွားပြီး လည်ပင်းကို တင်းသထက်
တင်းအောင် ရစ်တော့တာပဲဗျို့

“ဟင်း ဟင်း ဟင်း”

ဟာ ပယောဂကောင်ကလည်း အံကြိတ်
ပြီးတင်းခံနေတာဗျို့။ ဆရာအိုကလည်း
ဂါထာကို မနားတမ်းရွက်၊ နံ့သာရောင်
ပုဝါလေးကလည်း မအေးစိန်ရဲ့လည်ပင်း
ကို တင်းသထက် တင်းအောင်ရစ်၊ပယော
ဂကောင်လည်း မခံနိုင်တော့ဘူးဗျို့။

“အောင်မယ်လေးဗျ၊ အား လွှတ်ပါတော့ဗျ”

ဆရာအိုက ဂါထာရွတ်တာ ရပ်မပေးဘူး
ဗျ။ ပုဝါက ထပ်ရစ်နေတုန်းပဲ

” အောင်မယ်လေး ကြောက်ပါပြီ ဆရာရဲ့၊
ကြောက်ပါပြီဗျ”

“နင်သွင်းတဲ့အပင်းကို တစ်စမကျန်
အန်ချလိုက်စမ်းဟေ့”

အောင်မြင်တဲ့ အသံကြီးနဲ့ ဆရာအိုက
အမိန့်ပေးလိုက်ရောဗျို့။ မအေးစိန်က
တင်ပလင်ခွေထိုင်နေရာကနေ ကြုံ
ကြုံကလေး ပြောင်းထိုင်လိုက်တယ်
ပြီးတော့ ကိုယ်ကို ရှေ့နောက် ယိမ်း
ထိုးပြီး …

“ဝေါ့ ဝေါ့ ဝေါ့”

သုံးခါတိတိ အန်တာဗျို့။ အန်တော့မယ်
ဆိုကတည်းက ဆရာအိုက လင်ဗန်းတစ်
ချပ် ထိုးခံပေးထားတာဗျ။

“ဒေါင်၊ ဒေါင် ၊ ဒေါင်”

ဟာ ကျောက်စရစ်ခဲလေးတွေဗျ။ လောက်
စာလုံးလောက်ရှိတဲ့ ကျောက်စရစ်ခဲ သုံး
လုံးဗျ။ အန်တာတော့ ရပ်သွားပြီ။

“ဟေ့ကောင်၊ မင်းသွင်းတဲ့အပင်း
ဒါ အကုန်ပဲလား”

ပယောဂကောင်က ခေါင်းညိတ်ပြတယ်။

“မင်းနာမည် ဘယ်သူတုံး၊ မင်းက
ဘယ်ရွာမှာ နေတာတုံး၊ အေးစိန်ကို
ဘာရန်ငြိုးနဲ့ လုပ်ရတာတုံး”

“ဒီကောင်မက မာနသိပ်ကြီးတာ၊
စွာလည်း သိပ်စွာတာ၊ ဒါကြောင့်
စောက်မြင်ကပ်လို့ လုပ်လိုက်တာ”

” မင်း ဘယ်သူတုံး”

“ဒါတော့ ကျုပ်မပြောပါရစေနဲ့ ဆရာ၊
ကျုပ်တောင်းပန်ပါတယ်”

“ကောင်းပြီ၊ မင်းပညာတွေ အခုစွန့်ပစ်
ရမယ်၊ ဒီပညာဟာ မင်းကို အဝီစိရောက်
အောင် ပို့လိမ့်မယ်”

“ကျုပ် ဒီပညာကိုတော့ မစွန့်နိုင်ဘူး
ဆရာ”

ဆရာအိုက ခေါင်းညိတ်ပြီး ကျုပ်ကို
ခေါ်တယ်။ ကျုပ် သင်္ချိုင်းထဲက
ကောက်လာတဲ့ ရေလုံအိုးကွဲနဲ့မြေ
စိုင်ခဲ သုံးတုံးကို ချပေးလိုက်တယ်။

“မီးညှပ်သွားယူခိုင်းလိုက် တာတေ”

ကျုပ်က မအေးစိန်ရဲ့ညီမကို
မီးညှပ်သွားယူခိုင်းလိုက်တယ်။
ဆရာအိုက သူ့လွယ်အိတ်ထဲက
ဖယောင်းတိုင်တစ်တိုင်ကိုထုတ်ပြီး
မောင်းချဓါးကလေးနဲ့ ဖယောင်းတိုင်
ရဲ့ ဖင်ဘက်ကို လှီးလိုက်တယ်။

အထဲက နန်းကြိုးမျှင်လေးပေါ်လာ
အောင် လုပ်တာဗျ။ ပြီးတော့ မီးခတ်
ကိုခတ်ပြီး ဖယောင်းတိုင်ကို ဖင်ဘက်
က မီးထွန်းတာဗျ။

ကြမ်းပြင်ပေါ်မှာ ဖယောင်းတိုင်ကို
ဇောက်ထိုးစိုက်ပြီး ထွန်းလိုက်တယ်။
ကျုပ်ကောက်လာတဲ့ သင်္ချိုင်းမြေစိုင်
ခဲသုံးတုံးကို ဖယောင်းတိုင်မီးတောက်
ဘေးမှာ ဖိုခနောက်ဆိုင်ချလိုက်တယ်။

အဲဒီမြေစိုင်ဖိုခနောက်ပေါ်မှာ ရေလုံ
အိုးကွဲကို ဒယ်အိုးတင်သလို တင်တယ်
ဗျ။ မီးညှပ်ကိုယူပြီး လင်ဗန်းထဲက
မအေးစိန် အန်ချထားတဲ့ ကျောက်ခဲ
သုံးခုကို တစ်ခုချင်း ညှပ်ထည့်တယ်။
သုံးတုံးစလုံး ရေလုံအိုးကွဲထဲမှာ ထည့်
ထားလိုက်တယ်။ ဒယ်အိုးထဲမှာ ထည့်
လှော်သလိုပေါ့ဗျာ။

ဟော ရွတ်ပြန်ပြီဗျို့၊ ဆရာအို ဂါထာရွတ်
ပြန်ရောဗျို့။

“အောင်မယ်လေး၊ မလုပ်ပါနဲ့ ဆရာရဲ့၊
ကျုပ် သေပါလိမ့်မယ့်ဗျ”

ဆရာအိုကတော့ ဂါထာကို ရွတ်တာပဲဗျ။

“မီးငြိမ်းပေးပါဗျ၊ ကျုပ်နောက်မလုပ်
တော့ပါဘူးဗျ”

“မင်းပညာ အခုစွန့်မလား၊ မစွန့်ဘူးလား။
မစွန့်ရင်တော့ မင်းအသက် စွန့်ပေတော့”

ရေလုံအိုးကွဲကလည်း ပူသထက် ပူ
လာပုံပဲဗျ။ အထဲက ကျောက်ခဲတွေ
လည်းပူရောပေါ့ဗျာ။ ဟာ မအေးစိန်
ပစ်လှဲချလိုက်ပြီဗျို့။

“အား အား အား”

ကြမ်းပြင်ကို လှိမ့်ပြီး အော်နေတော့တာ
ဗျာ။ဆရာအိုကလည်း ဂါထာကို အဆက်
မပြတ်ရွတ်၊ ရေလုံအိုးကွဲကလည်း ပူလာ၊
မအေးစိန်ကို ပူးကပ်နေတဲ့ ပယောဂကောင်
လည်း အော်ဟစ်ပြီး လှိမ့်နေတာပေါ့ဗျာ။

“အား ပူလှချည်ရဲ့ဗျ၊ မီးငြိမ်းပေးပါ
ဆရာရဲ့၊ အောင်မယ်လေး ပူလိုက်တာဗျ”

“မင်းပညာ စွန့်တော့မလား”

“အောင်မယ်လေးဗျ၊ စွန့် စွန့်ပါတော့
မယ်ဗျ”

“ကဲ အခု စွန့်လိုက်တော့ ”

ဆရာအိုက ဂါထာကို တိုးတိုးရွတ်နေရာ
ကနေ အသံကျယ်ကျယ်ကြီးနဲ့ ပြောင်း
ရွတ်နေပြီဗျို့။

“အောင်မယ်လေးဗျ။ အောင်မယ်လေး
ဗျ။ မခံနိုင်တော့ပါဘူးဗျ။ အမေရေ ကျုပ်
ကို ခွင့်လွှတ်ပါတော့ဗျာ၊ ကျုပ် ဘယ်လို
မှ မခံနိုင်တော့လို့ပါဗျ”

ပယောဂကောင်က လှိမ့်နေရာကနေ
ဝမ်းလျားမှောက်လိုက်တယ်။ ဆရာအို
ကဂါထာကို အသံအကျယ်ကြီး ရွတ်နေ
ရင်းနဲ့စောစောက လင်ဗန်းကိုပဲ ရှေ့တိုး
ပေးလိုက်တယ်

“အောင်မယ်လေးဗျ၊ ဝေါ့ ဝေါ့ ဝေါ့ ”

ဟာ စိမ်းစိမ်းဝါဝါတွေဗျာ။ အရောင်တွေ
တဖျတ်ဖျတ် ထွက်နေတာဗျ။ ဆရာအို
က လင်ဗန်းထဲက ပယောဂဆရာကြီး
အန်ထားတဲ့ အကျိအချွဲပုံကြီးထဲကို
မီးညှပ်နဲ့ ထိုးပြီး တစ်ခုခုကို လိုက်ရှာ
နေတာဗျ။ ဟာ ဘာလေးပါလိမ့်။
ဘူးကလေးဗျ။

လက်သန်းရဲ့ ပထမအဆစ်လောက်
ပဲရှိတဲ့ ဘူးကလေးဗျာ။ တဖျတ်ဖျတ်
ထွက်နေတဲ့ အရောင်တွေက ဒီဘူး
လေးက ထွက်နေတာဗျို့။ ဘာနဲ့လုပ်
ထားတဲ့ဘူးမှန်းတော့ မသိဘူးဗျ။

ဆရာအိုက အဲဒီဘူးကလေးကို မီးညှပ်နဲ့
ညှပ်ယူလိုက်ပြီး သူ့လွယ်အိတ်ထဲက
ယွန်းဘူးကလေးထဲကို ထည့်ပြီး အဖုံး
ပိတ်ထားလိုက်တယ်။

“ကဲ ငါ့တပည့် ထ၊ ဘုရားကို ဦးတိုက်
ပေတော့၊ မင်းဟာ အခုချိန်ကစပြီး
မကောင်းတဲ့ဘဝကနေ လွတ်သွားပြီ၊
ဒီပညာမျိုးကို ဘယ်တော့မှ မသင်ယူ
လေနဲ့ကွယ်၊ ကဲ ကဲ ဘုရားကိုဦးတိုက်
ဦးတိုက် ”

မအေးစိန်က ကြုံကြုံကလေးထိုင်ပြီး
ဘုရားကို ရှိခိုးတယ်။ ဦးသုံးကြိမ်တိုက်
တယ်။

“ကဲ မင်းနာမည်နဲ့ နေရပ်ကို ငါမမေး
တော့ဘူး။ ဟောဒီ မီးကလည်း ငါငြိမ်း
လိုက်ပြီ၊ မင်းဘဝရဲ့ ကျန်တဲ့အချိန်တွေ
မှာ ဘုရား တရားကို ယုံယုံကြည်ကြည်
ကိုးကွယ်ပြီး ကောင်းရာမွန်ရာအလုပ်
တွေ ပြန်လုပ်ပေတော့ကွယ်။ ကဲ သွား
လိုရာ သွားနိုင်ပါပြီကွယ်၊ သွားပေတော့
သွားပေတော့ ”

ဟော မအေးစိန် ဆတ်ကနဲ တစ်ချက်
တွန့်သွားပြီး နောက်ကို ခေါင်းကြီး လန်
ကျသွားတယ်ဗျို့။

“ဟဲ့ အေးစိန်၊ အေးစိန်”

နောက်ကနေ မအေးစိန်ရဲ့အမေနဲ့
အစ်မတွေက ပြေးပြီးပွေ့ကြတယ်။

“ဟင် အမေ ကျုပ် ဘာဖြစ်တာတုံး”

“ညည်းကို ဆေးကုတာလေ၊ သူကြီး
ကိုယ်တိုင် ဟောဒီ ဆရာကြီးကို ပင့်
ပြီး လာကုပေးကြတာ”

“ဟင် ဟုတ်လား”

မအေးစိန်က ကျုပ်နဲ့ ဆရာအိုကို
သေသေချာချာ ကြည့်နေတယ်ဗျ။

“ဟဲ့ အေးစိန် ဟောဒီက နင့်ကျေးဇူးရှင်
ဆရာကြီးကို ရှိခိုးလေ”

သူကြီးက ပြောလိုက်တော့မှ မအေးစိန်
က ဆရာအိုကို ရိုရိုသေသေ ရှိခိုးတာဗျ။

“အေး အေး ငါ့တပည့်မ အေးစိန်၊
ဘဝမှာ အတုံ့ရှိလို့ အလှည့်ရှိတာပေါ့
ကွယ်၊ နောက်နောင် ဒီလိုအဖြစ်မျိုး
ဘယ်တော့မှ မကြုံပါစေနဲ့၊ ဘယ်
တော့မှ သူများပြုစားလို့ မရတဲ့
ကိုယ် ဖြစ်ပါစေ”

“ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ ဆရာကြီးရှင်”

“ကဲ ကဲ အေးစိန်လည်း ပင်ပန်းရောပေါ့
ခေါ်သွားကြ၊ ခေါ်သွားကြ၊ နားပါစေ
နားပါစေ”

မအေးစိန်ကို သူ့အမေနဲ့ အစ်မတွေ
ညီမတွေက တွဲပြီး အခန်းထဲ ခေါ်
သွားကြတယ်။ သင်္ချိုင်းက ယူလာခဲ့
တဲ့ ရေလုံအိုးကွဲ၊ မြေစိုင်ခဲ၊ထွန်းလက်
စ ဖယောင်းတိုင်၊ ကျောက်စရစ်ခဲသုံးခဲ
အားလုံးကို ငှက်ပျောဖက်ကြီးတစ်ရွက်
ထဲမှာထည့်ထုပ်ပြီး မအေးစိန်ရဲ့ မောင်
တွေ သင်္ချိုင်းထဲကို သွားပစ်လိုက်ကြ
တယ်ဗျို့။အဲဒီလို ဖြစ်ပြီး တစ်ပတ်
လောက်ကြာတော့ မီးလောင်ကုန်းက
ကျုပ်သူငယ်ချင်း ပန်းမောင်ရဲ့ညီ
သန်းအောင် သရက်သီးဆွတ်ရင်း
သရက်ပင်ပေါ်က ပြုတ်ကျတာတဲ့ဗျ။

အဲဒီလိုဖြစ်ပြီး လူက ပြောတာ၊ နေတာ
တစ်မျိုးဖြစ်လာတယ်ဆိုပဲ။ ထမင်းတစ်
ခါစားရင် နို့ဆီဗူး နှစ်လုံးချက်လောက်
ကို တစ်ယောက်တည်း စားပစ်ဆိုပဲ။

ကြက်တစ်ကောင် ချက်ထားရင် သူ
တစ်ယောက်တည်း ကုန်အောင် စား
ပစ်ရောဆိုပဲဗျ။ ညဘက်ဆိုရင် အိမ်
ရှေ့မှာ တစ်ယောက်တည်း ထွက်
ထိုင်ပြီး တဟားဟားနဲ့ အော်ရယ်နေ
ဆိုပဲ။ ပန်းမောင်တို့အဖေက ဆရာ
အိုကို လာပင့်တော့ ကျုပ်ပါ လိုက်
ရတာပေါ့ဗျာ။ ကျုပ်တို့ ပန်းမောင်
တို့ဝိုင်းထဲ ရောက်တာနဲ့ အိမ်ပေါ်
က ထွက်လာတဲ့ အသံကြီးကို ကြား
ရတာတော့တာပဲဗျို့။

“ငါမဝသေးဘူးကွ၊ ထပ်ထည့်ပေး
ကြဦး၊ ငါ မဝသေးဘူး”

အသံကြီးက တစ်မျိုးကြီးဗျ။ ဒါ သန်း
အောင်ရဲ့အသံမှ မဟုတ်တာ။ ကျုပ်
တွေးနေတယ်။ ဆရာအိုက အိမ်ပေါ်
ကိုတန်းတက်သွားပြီး ထမင်းစားနေ
တဲ့ သန်းအောင်ကို မသိမသာ အကဲ
ခတ်နေတယ်ဗျ။

“ဟေ့ကောင်တွေ ငါမဝသေးဘူး၊
အမဲသား ထပ်ကျွေးဦး”

ဆရာအိုက သန်းအောင်ကို ကြည့်ပြီး
ခေါင်းညိတ်တယ်။ ပြီးတော့ အိမ်ပေါ်
မှာ ထိုင်တောင်မထိုင်ဘဲ လှေကားက
ပြန်ဆင်းလာတယ်။ ပန်းမောင်ရဲ့ အ
ဖေက ချက်ချင်းမျက်နှာပျက်သွားတာ
ပေါ့ဗျာ။ ကျုပ်လည်း စိုးရိမ်သွားတာ
ပေါ့ဗျာ။ ဆရာအို ဘာများတွေ့လို့
ပါလိမ့်လို့ တွေးလိုက်မိတယ်။

“ဆရာ ဘာများဖြစ်လို့လဲဗျာ”

ပန်းမောင်တို့အဖေက ပျာပျာသလဲ
မေးတာဗျ။

“ဒီလိုဗျ၊ ဒီသူငယ်ကို သရဲပင်း သွင်းထား
တာ၊ ကျုပ်ကို တွေ့ရင် ပြူးပြူးပြဲပြဲ ဖြစ်
နေမှာစိုးလို့၊ ကျုပ် အောက်ပြန်ဆင်းခဲ့
တာပါ၊ ခင်ဗျားသားကို ဒီသရဲက သရက်
ပင်ပေါ်က တွန်းချပြီး သတိလစ်သွား
တဲ့အချိန်မှာ အပင်းသွင်းလိုက်တာဗျ။
ပြီးတော့မှ သူက ဝင်မှီပြီး စားသောက်
နေတာ၊ ကဲ ဒီညတော့ ကျွေးလိုက်ပါ
ဗျာ၊ ကျုပ်မှာ သူ့ကို နှင်ထုတ်ဖို့ လုပ်
စရာရှိသေးတယ်။ ဒီကောင်က
သက်တမ်းတော်တော်ရင့်နေပြီ၊ ကျုပ်
က နိုင်ထက်စီးနင်းလုပ်ပြီး နှင်ထုတ်
လိုက်ရင် ဒီကောင် ရွာထဲလျှောက်
ဒုက္ခပေးမှာစိုးရတယ်။ ပြီးတော့ ဒီဒေ
သကကောင် မဟုတ်ဘူး၊ တခြားက
ရောက်လာတာ။ ဒီတော့ သူ့ဆိုင်ရာ
ဆိုင်ရာနဲ့ နှင်လိုက်မှ ဒီနယ်က အပြီး
လွင့်သွားမှာဗျ”

“ဒါဆိုရင် ဆရာ တည်းခိုဖို့ကိစ္စ…”

“ဟာ မတည်းတော့ဘူးဗျ၊ တာတေနဲ့
ကျုပ်နဲ့ ထနောင်းကုန်းပဲ ပြန်မယ်၊ မ
နက်ဖြန်ကျမှ ကျုပ်တို့ဆရာတပည့်
လာပြီး နှင်ထုတ်ပေးပါမယ်၊ ဘာမှ
မစိုးရိမ်ပါနဲ့၊ ဒီညတော့ သူစားချင်တာ
ကျွေးလိုက်ပါဗျာ”

“ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာ”

ဆရာအိုနဲ့ ကျုပ်နဲ့ ထနောင်းကုန်းကို
ကုန်းကြောင်းပဲ လျှောက်ပြီး ပြန်လာ
ခဲ့တယ်။ မီးလောင်ကုန်းနဲ့ ထနောင်း
ကုန်း ဘာဝေးတာမို့လို့ဗျာ။

“ကဲ တာတေ၊ မင်းကို ဆရာ မေး
ရဦးမယ်”

“ဟုတ်ကဲ့ မေးပါ ဆရာ”

“မင်း ဒီည ဆရာနဲ့ သင်္ချိုင်းကုန်းထဲ
ကို လိုက်ဝံ့ပါ့မလား”

ကျုပ် ရုတ်တရက်တော့ နည်းနည်း
တုံ့သွားတယ်ဗျ။ထနောင်းကုန်းကို
ပြန်တဲ့လမ်းမှာ ဆရာအိုက ကျုပ်
ကို မေးတာဗျ။

“ကျုပ် လိုက်ဝံ့ပါတယ်ဗျ”

“ဟား ဟား ဟား မင်းတော်တော်သတ္တိ
ကောင်းတဲ့ ကောင်ပဲကွ၊ ကဲ ဒါဆိုရင်
ညကိုးနာရီတိတိ ဆရာတော်ကျောင်း
ကို ရောက်အောင် လာခဲ့ပေတော့”

တာတေပဲဗျာ၊ ဒါမျိုးဆိုရင် ဘယ်လက်
လွတ်ခံပါ့မလဲဗျာ၊ ကိုးနာရီအတိ ကျုပ်
ဆရာတော့်ကျောင်းကို ရောက်သွား
တယ်။

“ဟာ တာတေတောင် ရောက်လာ
ပြီ၊ ငါက မင်း လာမှလာဝံ့ပါ့မလား
လို့ တွေးနေတာကွ”

“ကျုပ် လာဝံ့ပါတယ် ဆရာ”

“ကဲ ဒါဆိုရင်လည်း သွားကြစို့ကွာ”

ဆရာအိုနဲ့ ကျုပ်နဲ့ ထနောင်းကုန်း
သင်္ချိုင်းရောက်တော့ ကိုးနာရီခွဲ
လောက် ရှိပြီဗျ။

“နားထောင် မောင်တာတေ၊ ဆရာက
ဟောဒီဆေးပေါ့လိပ်ကြီးကို မီးရဲနေ
အောင် ညှိပြီးတော့ သင်္ချိုင်းရှင်မ မ
ဖဲဝါကြီးကို ပင့်မှာဗျ။ ပြီးရင် အဲဒီဆေး
လိပ်ကြီးကို မဖဲဝါကို သောက်ခိုင်းမှာ။
သူသောက်ပြီးလို့ ကျန်တဲ့ဆေးပေါ့
လိပ်ကိုမီးငြိမ်းပြီးယူမှာ၊ ဒါနဲ့ မီးလောင်
ကုန်းက သန်းအောင်ကို ဆေးကုပေး
ရမှာကွ တာတေရ”

“သြော် ဒီလိုလား”

ဒီတော့မှ ကျုပ်သဘောပေါက်သွား
တာဗျို့။

“ကဲ တာတေ ခပ်လှမ်းလှမ်းမှာ
သွားရပ်နေ၊ ဆရာ မဖဲဝါကို ခေါ်
တော့မှာ”

ကျုပ်က ခပ်လှမ်းလှမ်းက ထနောင်း
ပင်ကလေးအောက်မှာ သွားရပ်နေ
လိုက်တယ်။ ဆရာအိုက အဆင်သင့်
ယူလာတဲ့ ဆေးပေါ့လိပ်ကြီးကို မီးခတ်
နဲ့ မီးညှိတယ်။ ပြီးတော့ မီးညီအောင်
သုံးလေးဖွာ ဖွာလိုက်တယ်။ ကောင်း
ကင်မှာ လဆန်းရက်ဆိုတော့ လ
လေး ကွေးကွေးလေးပဲ ရှိတာဗျ။

သင်္ချိုင်းတစ်ခုလုံးကို မှုန်ဝါးဝါးလေး
မြင်နေရတာ။ ဆရာအိုက ဆေးလိပ်
ကို ကိုင်ထားရင်းပါးစပ်က တတွတ်
တွတ်နဲ့ ပြောနေတာဗျ။ ဘာတွေ
ပြောနေမှန်းတော့ ကျုပ်မကြားရဘူး
ဗျ။ တော်တော်လေး ပြောဆိုပြီးမှ
ဂူကြီးတစ်လုံးဘက်ကို လျှောက်
သွားတယ်။ ကျုပ်ထင်တာတော့
ဆေးလိပ်ကို ဂူကြီးပေါ်မှာ တင်
ထားမလို့နဲ့ တူတယ်ဗျ။

“ဝီး၊ ဖျန်း၊ ဖျန်း၊ ဖျန်း”

လေအေး တစ်ချက် ဝေ့တိုက်သွား
တယ်။ ကျုပ်ဖြင့် ကျောထဲမှာ စိမ့်ကနဲ
ဖြစ်သွားတာဗျို့။ သင်္ချိုင်းထဲက ကုက္ကို
ပင်ကြီးတွေပေါ်မှာ အိပ်တန်းတက်နေ
တဲ့ ငှက်တွေ လန့်ပြီး ပျံသွားတယ်။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး”

လုပ်စရာရှိသေးတယ်။ ဒီကောင်က
သက်တမ်းတော်တော်ရင့်နေပြီ၊ ကျုပ်
က နိုင်ထက်စီးနင်းလုပ်ပြီး နှင်ထုတ်
လိုက်ရင် ဒီကောင် ရွာထဲလျှောက်
ဒုက္ခပေးမှာစိုးရတယ်။ ပြီးတော့ ဒီဒေ
သကကောင် မဟုတ်ဘူး၊ တခြားက
ရောက်လာတာ။ ဒီတော့ သူ့ဆိုင်ရာ
ဆိုင်ရာနဲ့ နှင်လိုက်မှ ဒီနယ်က အပြီး
လွင့်သွားမှာဗျ”

“ဒါဆိုရင် ဆရာ တည်းခိုဖို့ကိစ္စ…”

“ဟာ မတည်းတော့ဘူးဗျ၊ တာတေနဲ့
ကျုပ်နဲ့ ထနောင်းကုန်းပဲ ပြန်မယ်၊ မ
နက်ဖြန်ကျမှ ကျုပ်တို့ဆရာတပည့်
လာပြီး နှင်ထုတ်ပေးပါမယ်၊ ဘာမှ
မစိုးရိမ်ပါနဲ့၊ ဒီညတော့ သူစားချင်တာ
ကျွေးလိုက်ပါဗျာ”

“ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာ”

ဆရာအိုနဲ့ ကျုပ်နဲ့ ထနောင်းကုန်းကို
ကုန်းကြောင်းပဲ လျှောက်ပြီး ပြန်လာ
ခဲ့တယ်။ မီးလောင်ကုန်းနဲ့ ထနောင်း
ကုန်း ဘာဝေးတာမို့လို့ဗျာ။

“ကဲ တာတေ၊ မင်းကို ဆရာ မေး
ရဦးမယ်”

“ဟုတ်ကဲ့ မေးပါ ဆရာ”

“မင်း ဒီည ဆရာနဲ့ သင်္ချိုင်းကုန်းထဲ
ကို လိုက်ဝံ့ပါ့မလား”

ကျုပ် ရုတ်တရက်တော့ နည်းနည်း
တုံ့သွားတယ်ဗျ။ထနောင်းကုန်းကို
ပြန်တဲ့လမ်းမှာ ဆရာအိုက ကျုပ်
ကို မေးတာဗျ။

“ကျုပ် လိုက်ဝံ့ပါတယ်ဗျ”

“ဟား ဟား ဟား မင်းတော်တော်သတ္တိ
ကောင်းတဲ့ ကောင်ပဲကွ၊ ကဲ ဒါဆိုရင်
ညကိုးနာရီတိတိ ဆရာတော်ကျောင်း
ကို ရောက်အောင် လာခဲ့ပေတော့”

တာတေပဲဗျာ၊ ဒါမျိုးဆိုရင် ဘယ်လက်
လွတ်ခံပါ့မလဲဗျာ၊ ကိုးနာရီအတိ ကျုပ်
ဆရာတော့်ကျောင်းကို ရောက်သွား
တယ်။

“ဟာ တာတေတောင် ရောက်လာ
ပြီ၊ ငါက မင်း လာမှလာဝံ့ပါ့မလား
လို့ တွေးနေတာကွ”

“ကျုပ် လာဝံ့ပါတယ် ဆရာ”

“ကဲ ဒါဆိုရင်လည်း သွားကြစို့ကွာ”

ဆရာအိုနဲ့ ကျုပ်နဲ့ ထနောင်းကုန်း
သင်္ချိုင်းရောက်တော့ ကိုးနာရီခွဲ
လောက် ရှိပြီဗျ။

“နားထောင် မောင်တာတေ၊ ဆရာက
ဟောဒီဆေးပေါ့လိပ်ကြီးကို မီးရဲနေ
အောင် ညှိပြီးတော့ သင်္ချိုင်းရှင်မ မ
ဖဲဝါကြီးကို ပင့်မှာဗျ။ ပြီးရင် အဲဒီဆေး
လိပ်ကြီးကို မဖဲဝါကို သောက်ခိုင်းမှာ။
သူသောက်ပြီးလို့ ကျန်တဲ့ဆေးပေါ့
လိပ်ကိုမီးငြိမ်းပြီးယူမှာ၊ ဒါနဲ့ မီးလောင်
ကုန်းက သန်းအောင်ကို ဆေးကုပေး
ရမှာကွ တာတေရ”

“သြော် ဒီလိုလား”

ဒီတော့မှ ကျုပ်သဘောပေါက်သွား
တာဗျို့။

“ကဲ တာတေ ခပ်လှမ်းလှမ်းမှာ
သွားရပ်နေ၊ ဆရာ မဖဲဝါကို ခေါ်
တော့မှာ”

ကျုပ်က ခပ်လှမ်းလှမ်းက ထနောင်း
ပင်ကလေးအောက်မှာ သွားရပ်နေ
လိုက်တယ်။ ဆရာအိုက အဆင်သင့်
ယူလာတဲ့ ဆေးပေါ့လိပ်ကြီးကို မီးခတ်
နဲ့ မီးညှိတယ်။ ပြီးတော့ မီးညီအောင်
သုံးလေးဖွာ ဖွာလိုက်တယ်။ ကောင်း
ကင်မှာ လဆန်းရက်ဆိုတော့ လ
လေး ကွေးကွေးလေးပဲ ရှိတာဗျ။

သင်္ချိုင်းတစ်ခုလုံးကို မှုန်ဝါးဝါးလေး
မြင်နေရတာ။ ဆရာအိုက ဆေးလိပ်
ကို ကိုင်ထားရင်းပါးစပ်က တတွတ်
တွတ်နဲ့ ပြောနေတာဗျ။ ဘာတွေ
ပြောနေမှန်းတော့ ကျုပ်မကြားရဘူး
ဗျ။ တော်တော်လေး ပြောဆိုပြီးမှ
ဂူကြီးတစ်လုံးဘက်ကို လျှောက်
သွားတယ်။ ကျုပ်ထင်တာတော့
ဆေးလိပ်ကို ဂူကြီးပေါ်မှာ တင်
ထားမလို့နဲ့ တူတယ်ဗျ။

“ဝီး၊ ဖျန်း၊ ဖျန်း၊ ဖျန်း”

လေအေး တစ်ချက် ဝေ့တိုက်သွား
တယ်။ ကျုပ်ဖြင့် ကျောထဲမှာ စိမ့်ကနဲ
ဖြစ်သွားတာဗျို့။ သင်္ချိုင်းထဲက ကုက္ကို
ပင်ကြီးတွေပေါ်မှာ အိပ်တန်းတက်နေ
တဲ့ ငှက်တွေ လန့်ပြီး ပျံသွားတယ်။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး”

ကျုပ်နားထဲမှာ ခွေးအူသံလို တစ်ချက်
ကြားလိုက်တာဗျာ။ ဟာ ဆရာအိုရဲ့
လက်ထဲက မီးတရဲရဲနဲ့ ဆေးပေါ့လိပ်
ကြီးကို ဆတ်ကနဲ ဆွဲလုသွားတာဗျ။

ဟော ဖွာပြီဗျို့။ ဖွာပြီ။ မီးကို ရဲကနဲ
ရဲကနဲ နေတာဗျ။ ဆေးလိပ်ကြီးက
လေထဲမှာ ဒီအတိုင်းကြီးကို မြောက်
နေတာဗျ။ မီးကလည်း ရဲကနဲ ရဲကနဲ
ဖြစ်နေတာဗျို့။ ဆရာအိုကတော့
လေထဲမှာ မြောက်နေတဲ့ ဆေးပေါ့
လိပ်ကြီးကို ကြည့်ပြီး တိုးတိုး တိုး
တိုးနဲ့ ပြောနေတာဗျ။

ဘာတွေပြောမှန်းတော့ ကျုပ်မကြား
ဘူးဗျ။ ဟာ ပစ်ချလိုက်ပြီဗျို့။ ဆေး
ပေါ့လိပ်ကြီးကို ဂူရှေ့က မြက်ခင်း
ထဲကို ပစ်ချလိုက်တာဗျ။ ဟော
ဆရာအိုက ကပျာကယာပြေးပြီး
ဆေးပေါ့လိပ်ကြီးကို ကောက်တယ်။
ပြီးတော့ ဂူရဲ့နံရံမှာ ထိုးပြီးတော့
ဆေးလိပ်မီးကို ငြိမ်းတယ်။ ငှက်
ပျောရွက်ကလေးတစ်ပိုင်း ခူးလိုက်
ပြီးတော့ မီးငြိမ်းထားတဲ့ ဆေးလိပ်
ကို ပတ်လိုက်တယ်

နောက်တစ်နေ့ မနက်ရှစ်နာရီလောက်
မှာဆရာအိုနဲ့ ကျုပ်နဲ့ မီးလောင်ကုန်းကို
ရောက်သွားတယ်။ပန်းမောင်တို့ အိမ်မှာ
သူတို့ဆွေတွေမျိုးတွေ စုံလို့ဗျ။

ဆရာအိုက ဘုရားစင်ရှေ့မှာထိုင်ပြီး
သန်းအောင်ကို ခေါ်လာခိုင်းတယ်။
သန်းအောင်က ကောင်းကောင်းမွန်
မွန် မလိုက်လို့ အတင်းကို ဆွဲခေါ်
လာကြရတာဗျ

“မင်းတို့က ဘာကောင်တွေမို့ ငါ့ကို
ဆွဲခေါ်လာရတာတုံး၊ ငါလုပ်လိုက်ရရင်
တစ်ရွာလုံး မသာတွေ ဖြစ်ကုန်မယ်
ဟင်း ဟင်း ”

“ဟေ့ကောင် ငြိမ်ငြိမ်ထိုင်စမ်း”

“အောင်မယ် မင်းက အမိန့်ပေးရအောင်
ဘာကောင်မို့တုံး၊ ငါ့အသက်က နှစ်ရာ
ကျော်နေပြီ၊ နားလည်လား”

ဆရာအိုက ညက မဖဲဝါ သောက်သွား
တဲ့ ဆေးပေါ့လိပ်ကြီးကို မီးခတ်နဲ့ မီးညှိ
လိုက်တယ်။ ပြီးတော့ ဆေးပေါ့လိပ်ရဲ့
မီးညှိထားတဲ့ ခေါင်းဘက်ကို ပါးစပ်ထဲ
မှာ ငုံပြီး ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်
လိုက်တယ်။ မီးခိုးတွေက အစီခံဘက်
ကနေ တန်းထွက်လာတာပေါ့ဗျာ။
မဖဲဝါသောက်သွားတဲ့ ဆေးလိပ်ရဲ့
မီးခိုးတွေနဲ့ ဇောက်ထိုးမှုတ်ထုတ်
တော့တာဗျို့။

ဒေါသူပုန်ထနေတဲ့ သန်းအောင်ရဲ့
ကိုယ်ထဲက သရဲကြီး ဆတ်ကနဲ
ဆတ်ကနဲ တွန့်သွားပြီး ခေါင်းငိုက်
စိုက် ကျသွားတယ်။ ဆရာအိုက
သူ့မျက်နှာကိုချည်း မီးခိုးနဲ့ မှုတ်
တာဗျို့။ မရပ်မနား မှုတ်တာ။
ဟော ဟော သန်းအောင် ပါးစပ်
ကြီး ဟလာပြီး ဟလာတဲ့ ပါးစပ်
ထဲကို မီးခိုးတွေ မှုတ်ထည့်ပြန်
ရောဗျို့။

“အား အား အား အား”

အသံနက်ကြီးနဲ့ အော်တာဗျ။
ကျုပ်ဖြင့်နားကို အူရော။

“ဝေါ့ ဝေါ့ ဝေါ့”

ဟော အန်ချလိုက်ပြီဗျို့။ ဆရာအိုက
လည်းရေနွေးလင်ဗန်းကို ပန်းကန်တွေ
ဖယ်ပြီးအဆင်သင့် စောင့်နေတာဗျို့။
ရှေ့က ထိုးခံပေးလိုက်တယ်။

ဟာ နီနီအတုံးကလေးဗျ။ ဆရာအိုက
ဝါးခြမ်းပြားကလေးနဲ့ နီနီအတုံးက
လေးကို ထိုးကြည့်တယ်။

“လက်စသတ်တော့ ကြွက်ပေါက်စလေး
ပဲ၊ သရက်ပင်ပေါ်မှာရှိတဲ့ ကြွက်သိုက်
ထဲက ကြွက်ပေါက်ကလေးကို ယူပြီး
သရက်သီး တက်ခူးတဲ့ ဒီသူငယ်ဗိုက်
ထဲကို အပင်းသွင်းလိုက်တာ၊ ပြီးမှ
အဲဒီအပင်းကို သူကမှီပြီး ဝင်စားနေ
တော့တာပဲ”

ဆရာအိုရဲ့ ဆေးလိပ်မီးခိုးဒဏ်ကို
အလူးအလဲခံသွားရတဲ့ သရဲကြီးလည်း
ဆတ်ဆတ်တုန်နေပြီဗျို့။

“ကဲ သင်္ချိုင်းရှင်မကြီး မဖဲဝါရဲ့ အမိန့်၊
သင် ယခုချက်ချင်း ဒီနယ်၊ ဒီဒေသက
ထွက်ခွာပြီး သင်နေတဲ့နေရာ အရောက်
ပြန်စေ”

ဆရာအိုရဲ့ အောင်မြင်တဲ့ အမိန့်သံ
အဆုံးမှာ သန်းအောင် ဆတ်ကနဲ
တွန့်ပြီး ဘုန်းကနဲ လဲကျသွားရောဗျို့

“ဟဲ့ သန်းအောင်၊ သန်းအောင်”

ဆရာအိုက ရေမန်းထုတ်ပြီး မျက်နှာကို
တောက်လိုက်တော့မှ သန်းအောင် ဆတ်
ကနဲ တုန်ပြီး သတိရလာတယ်ဗျ။

ဟိုကြည့် ဒီကြည့်နဲ့ သူ ဘာဖြစ်လို့
ဖြစ်နေမှန်းတောင် သိပုံမပေါ်ဘူးဗျ။

မဖဲဝါရဲ့အမိန့်နဲ့ အသက်နှစ်ရာကျော်
သရဲကြီးကတော့ သူ့ဒေသရောက်အောင်
လွင့်သွားရော့မယ်ဗျို့။

ကျုပ် မကြာ မကြာ သတိရတတ်တဲ့
အထဲမှာ ဆရာအိုဆိုတဲ့လူလည်း
ပါတာပေါ့ဗျာ။

မူရင်းရေးသူ ဆရာတာတေ
Like လေးတွေနှိပ်လို့အားပေးသွားကြပါ

#Crdmmbookshelf
စာဖတ်သူများစိတ်ရွှင်လန်းပါစေ

  • #တာတေ
    #မဖဲဝါ
    #ညမဖတ်ရ