“မှောဝင်ရုပ်”(စ/ဆုံး)
Unicode Version
“မှော်ဝင်ရုပ်”(စ/ဆုံး)
—————————
ကျွန်ုပ် စာရေးသူသည် ရသေ့ကြီး ဦးပညာသာမိဟုခေါ်သော သူတော်စင်
ရသေ့ကြီးတစ်ဦးနှင့် IDEA မြင့်ဦး(နန်း
ခေါင်) ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးပိုင်ရှင်
နှင့်အတူ အာဠာဝမှော်အမည်ရှိ ဗီဒီယို
ဇာတ်ကားတစ်ကားကို သရုပ်ဆောင်
ကျော်ဇောဟိန်း၊ မေနန်းခေါင်တို့နှင့် သန် လျင်မြို့၊ ပါဒကြီးဘုရားသို့ သွားရောက် ရိုက်ကူးစဉ် ဆုံတွေ့ ခဲ့ကြဖူးပါ၏။
ကားရိုက်နေစဉ် ကျွန်ုပ်မှာ ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ဆောင်
ရွက်နေခြင်း ဖြစ်ပါ၍ နေ့ခင်းပိုင်းအချိန်
များတွင် အားလပ်ခြင်း မရှိခဲ့ပါချေ။
ထို့ကြောင့် ပညာသာမိဟု ခေါ်သော
သူတော်စင်ရသေ့ကြီးကို သွားရောက်
တွေ့ဆုံစကားပြောနိုင်ခြင်း မရှိခဲ့ပါချေ။
ညပိုင်း Nigh Scence မရှိသောညများ
တွင် ကျွန်ုပ် စာရေးသူနှင့် IDEA မြင့်ဦး
တို့နှစ်ယောက်ရသေ့ကြီးဦးပညာသာမိ
ထံသို့ သွားရောက် တွေ့ ဆုံ ခဲ့ကြပါ
သည်။
ဒကာကြီးက ဝတ္ထုဇာတ်လမ်းတွေ
ရေးတယ်ဆိုတော့ ဘယ်လိုဝတ္ထု ဇာတ်
လမ်းမျိုးတွေ ရေးတာလဲ။ ထူးထူးဆန်း
ဆန်းဇာတ်လမ်းမျိုးတွေကိုဗီဒီယိုကြည့်
ပရိသတ်တွေက ကြိုက်နှစ်သက်ကြ
တော့ထုတ်လုပ်သူတွေကလည်းအဲဒီလို
ဇာတ်လမ်းမျိုးတွေကို အလေးပေးပြီး
ရှာဖွေရေးသားဖြစ်တာ များပါတယ်
ဘရသေ့ကြီး”
ဤ၌ ဦးပညာသာမိဟုခေါ်သော
ရသေ့ကြီး၏မျက်နှာတွင်လွန်စွာခန့်ညား
တည်ကြည်သောအပြုံးတစ်ပွင့်ပွင့်သွား
ပါသည်။ တစ်နည်းဆိုရသော် ထူးဆန်း
သောအပြုံးတစ်ပွင့်ဟုလည်းအဓိပ္ပာယ်
ဖွင့်ဆိုပါရစေ…။
ဂမ္ဘီရဇာတ်လမ်းမျိုးပေါ့ဟုတ်စ။
ဟုတ် – ဟုတ်ပါတယ် – ဘရသေ့ကြီး။
ကျုပ်ဘဝမှာ ရသေ့ကြီး ဘဝနဲ့
တောအနှံ့တောင်အနှံ့တရားအားထုတ်
ပြီးမပြုခဲ့စဉ်ကဒကာကြီးပြောတဲ့ထူးထူး
ဆန်းဆန်းဂမ္ဘီရအဖြစ်အပျက်တစ်ခုကြုံဆုံခဲ့ရဖူးတယ်။
အဲဒီတုန်းကကျုပ်ဘဝမှာလောကီ
သာ အဓိက၊ လောကီသာ ပထမဦးစား
ပေးဆိုရင်ပြီးတော့ငရဲလည်းမကြောက်၊
ဘာသာရေးဆိုတာလည်းဦးထိပ်မထား
တဲ့အန္ဓပုထုဇဉ်တစ်ယောက်ဘဝမျိုးကို
အလေးထားတဲ့ လူတစ်ယောက်ဆိုရင်
ကျုပ် စည်းစိမ်ချမ်းသာတွေနဲ့ အကြီး
အကျယ် ကြီးပွားနေလောက်ပြီ ဒါရိုက်တာကြီး။
အော် – ဘရသေ့ကြီး- ဘရသေ့
ကြီးရဲ့စကားကို ကျော်ဖြတ်ပြီး ပြောတာ
မဟုတ်ပါဘူး။ အန္ဓပုထုဇဉ်ရဲ့ သဘောပါခင်ဗျာ။
တရားလေးကိုအကျဉ်းလေးပြောပြပေး
အန္ဓပုထုဇဉ်ဆိုတာက အန္ဓဆိုတာ အကန်းပေါ့ကွယ်။ ပညာမျက်စိကန်းနေ တဲ့လူတွေကိုခေါ်တာပေါ့။ မြင်တဲ့အပေါ်
မှာ ဒေါသ၊ လောဘ၊ မောဟ၊ ကြားတဲ့
အပေါ်မှာလည်းလောဘ၊ဒေါသ၊မောဟ
ကုန်ကုန်ပြောရရင် အာရုံခြောက်ပါးမှာ လောဘ – လောဘမှန်းမသိ၊ ဒေါသ- ဒေါသမှန်းမသိ၊ မောဟ-မောဟမှန်း မသိနားမလည်ခဲ့သူတွေကိုအန္ဓပုထုဇဉ်
လို့ ခေါ်တာပေါ့ကွယ်။
သဘောပေါက်ပါပြီ – ဘရသေ့ ကြီး။ ဘရသေ့ကြီး ပြောပြမယ့် ဂမ္ဘီရ
ဇာတ်လမ်းလေးပြောပြပါဦး။ ကျုပ်ဘဝရဲ့ အဦးအစက ပန်းချီ ဆရာ ဒါရိုက်တာကြီးရဲ့။
ကျွန်ုပ် စာရေးသူနှင့် IDEA မြင့်ဦး တို့ နှစ်ယောက်မှာ ရသေ့ကြီးသည်
ပန်းချီဆရာဆို၍အံ့ဩသွားခဲ့လေ၏။ ပန်းချီဆရာဘဝမှာ ရှစ်မိုင် စိန်ပန်း မြိုင်ရပ်ကွက်မှာနေတဲ့ပန်းချီထွန်းစိန်တို့
ကန်တော်ကလေးလမ်းတစ်ရာ့ငါးဆယ်
မှာနေတဲ့ ပန်းချီ ကျော်ကျော်ဝင်းတို့နဲ့
ပန်းချီသမားချင်းဆိုတော့ ရင်းနှီးခဲ့ကြ
ဖူးတယ်။ သူတို့ကတော့ ရုပ်ရှင်ဘုတ်
ကြီးတွေ ဆွဲတဲ့ ပန်းချီဆရာတွေပေါ့။
ဘရသေ့ကတော့ ဆီဆေးနဲ့ ပိတ်ဘုတ်
အကြီးအသေးတွေကို ကိုယ်တိုင်ကျက်
ပြီး ကိုယ်တိုင်ရေးဆွဲ၊ ကိုယ်တိုင် ပြခန်း
ချိတ်တဲ့အထိ ပန်းချီနဲ့ အသက်မွေးဝမ်း
ကျောင်း ပြုခဲ့ဖူးတယ်။
ကျွန်ုပ်မှာ ရသေ့ကြီး၏ ဘဝ တစ် စိတ်တစ်ဒေသကိုသိလိုက်ရ၍ကြေးစား
ပန်းချီဆရာတစ်ယောက်အဖြစ်ပင် ရပ်
တည်ခဲ့ကြောင်း သိရှိလိုက်တာ ပို၍ပင်
အံ့ဩခဲ့ရလေ၏။
တစ်နေ့တော့ ရွှေပြည်သာမြို့နယ်
ပန်းခြံတစ်ဆယ်ခြောက်ဆိုတဲ့ရပ်ကွက်
လေးမှာနေတဲ့ ကိုမြသိန်းဆိုတဲ့ အသိ
ဇာတ်လမ်းလေးပြောပြပါဦး။ ကျုပ်ဘဝရဲ့ အဦးအစက ပန်းချီ ဆရာ ဒါရိုက်တာကြီးရဲ့။
ကျွန်ုပ် စာရေးသူနှင့် IDEA မြင့်ဦး တို့ နှစ်ယောက်မှာ ရသေ့ကြီးသည်
ပန်းချီဆရာဆို၍အံ့ဩသွားခဲ့လေ၏။ ပန်းချီဆရာဘဝမှာ ရှစ်မိုင် စိန်ပန်း မြိုင်ရပ်ကွက်မှာနေတဲ့ပန်းချီထွန်းစိန်တို့
ကန်တော်ကလေးလမ်းတစ်ရာ့ငါးဆယ်
မှာနေတဲ့ ပန်းချီ ကျော်ကျော်ဝင်းတို့နဲ့
ပန်းချီသမားချင်းဆိုတော့ ရင်းနှီးခဲ့ကြ
ဖူးတယ်။ သူတို့ကတော့ ရုပ်ရှင်ဘုတ်
ကြီးတွေ ဆွဲတဲ့ ပန်းချီဆရာတွေပေါ့။
ဘရသေ့ကတော့ ဆီဆေးနဲ့ ပိတ်ဘုတ်
အကြီးအသေးတွေကို ကိုယ်တိုင်ကျက်
ပြီး ကိုယ်တိုင်ရေးဆွဲ၊ ကိုယ်တိုင် ပြခန်း
ချိတ်တဲ့အထိ ပန်းချီနဲ့ အသက်မွေးဝမ်း
ကျောင်း ပြုခဲ့ဖူးတယ်။
ကျွန်ုပ်မှာ ရသေ့ကြီး၏ ဘဝ တစ် စိတ်တစ်ဒေသကိုသိလိုက်ရ၍ကြေးစား
ပန်းချီဆရာတစ်ယောက်အဖြစ်ပင် ရပ်
တည်ခဲ့ကြောင်း သိရှိလိုက်တာ ပို၍ပင်
အံ့ဩခဲ့ရလေ၏။
တစ်နေ့တော့ ရွှေပြည်သာမြို့နယ်
ပန်းခြံတစ်ဆယ်ခြောက်ဆိုတဲ့ရပ်ကွက်
လေးမှာနေတဲ့ ကိုမြသိန်းဆိုတဲ့ အသိ
မိတ်ဆွေတစ်ယောက်နှင့် ပတ်သက်ပြီး မင်းဗန္ဓုဆိုတဲ့ စေတီကြီးတစ်ဆူကို ဆီ
ဆေးနဲ့ ပန်းချီသွားဆွဲဘူးတယ် ဒါရိုက်
တာကြီးရဲ့။
အောက်ပါအကြောင်းအရာ အဖြစ် အပျက်တို့သည်ပင် ဦးပညာသာမိဟု ခေါ်သော ရသေ့သူတော်စင်ကြီး တစ်
ယောက်မှပြောပြခဲ့သောအဖြစ်မှန်ဘဝ ဇာတ်ကြောင်းတစ်ပုဒ်ပင် ဖြစ်ပါလေ၏။
ဤသည်ကိုပင် ကျွန်ုပ် စာရေးသူမှ
မှော်ဝင်ရုပ် အမည်သညာပေးကာ ဂမ္ဘီရ လောက မဂ္ဂဇင်းကြီးသို့ ရေးသားပေး ပို့လိုက်ရပါကြောင်း..။ UV
ဦးပညာသာမိဟု ခေါ်သော ရသေ့ ကြီး၏ လူဝတ်ကြောင် နာမည်သည်
ကား ဦးသော်တာဟု ခေါ်တွင်လေ၏။ ငယ်ရွယ်စဉ် ပန်းချီဆရာလေး ဘဝမှာ တော့ကိုသော်တာဟုခေါ်ကြ၏။
ကိုသော်တာ နေတာက ရွှေပြည် သာတံတားကြီးရဲ့မိုင်နှစ်ဆယ်ကားမှတ်
တိုင်။ ၎င်းမှတစ်ဆင့် အလယ်ရွာဆိုတဲ့ ရွာကြီးတစ်ရွာမှာ တစ်ကိုယ်တည်းနေ တဲ့လူပျိုကြီး ပန်းချီဆရာဘဝဖြင့် နေ၏။ အပူအပင်မရှာလိုသောသောကငြိမ်းလို
သည့် လူပျိုကြီး ဖြစ်၏။ ကိုသော်တာ၏
အိမ်သည်ပျဉ်ထောင်လုံးချင်းအိမ်လေး
ဖြစ်၏။ပန်းချီခန်းသီးသန့်ရှိ၏။ တစ်ကိုယ်
တည်းသမား လူပျိုကြီးပီပီ အိမ်အတွင်း
ခန်းသည်ကား ရှုပ်၏၊ ပွ၏။ ဤအရပ် ဒေသ၌မြွေသာရှိမည်ဆိုပါက မြွေဝင်၍ ခွေမှာပင် ကြောက်ရ၏။ ထိုနေ့ကပန်းချီဆရာ၏သူငယ်ချင်း (ရွှေပြည်သာ) ပန်းခြံတစ်ဆယ့်ခြောက်
မှကိုမြသိန်းစက်ဘီးဆိုင်ကယ်လေးဖြင့်
ရောက်လာ၏။ မင်းမာန်နုစေတီကြီးသို့
Out-Doorပန်းချီဆွဲလိုသည်ဆို၍ပန်းချီ
ဆရာကိုသော်တာအားလာရောက်ခေါ်
ခြင်း ဖြစ်၏။ မင်းမာန်နုစေတီ၏အမည်
သည်အရပ်အခေါ်အလွယ်ခေါ်ခြင်းဖြစ်၏။
အမှန်တော့မင်းဗန္ဓုဖြစ်၏။ မင်းဗန္ဓု အမည်ရှိ စစ်သူကြီးတည်သော စေတီ
ကြီးဖြစ်၏။ပန်းချီဆရာကိုသော်တာနှင့်
လာရောက်ခေါ်ဆောင်သူကိုမြသိန်းတို့
နှစ်ယောက်လက်ဖက်ရည်ဆိုင်ထိုင်၏။
ချိုဆိမ့် တစ်ယောက်တစ်ခွက်၊ အီကြာ ကွေးနှင့် ဝမ်းဗိုက်တွင်း စီးမျောစေကာ
ဝမ်းမီးငြိမ်းသတ်ပြီးသကာလကိုမြသိန်း
၏ စက်ဘီးဆိုင်ကယ်လေးဖြင့် မင်းဗန္ဓု စေတီကြီးသို့ထွက်ခဲ့ကြတော့၏။
မင်းဗန္ဓုစေတီကြီးသည် ဝါးတစ်ရာ မြစ်ကမ်းနဖူးတွင်တစ်ချိန်သောအခါက
တည်ရှိခဲ့ပြီးတည်ရှိခဲ့စဉ်အခါကဝါးတစ်
ရာမြစ်(လှိုင်မြစ်) အငူစွန်းတစ်ခုပေါ်တွင်
တည်ရှိခဲ့ကာ မြစ်အတွင်းမှ ငါးများက
ပူဇော်ကြသဖြင့် ငါးများ ပူဇော်သော စေတီ (သို့မဟုတ်) ပကစွန်းစေတီဟု မွန်ဘာသာဖြင့် ခေါ်ဆိုခဲ့၏။
သက္ကရာဇ် ကိုးရာ့ခုနစ်ဆယ် ပြည့်
နှစ်တွင် ငလျင် လှုပ်ခတ်မှုကြောင့် မင်း ဗန္ဓုစေတီကြီးမြစ်အတွင်း ပြိုကျပျက်စီးသွားရသည်။
မြန်မာသက္ကရာဇ် ၁၂၂၈ – ခုနှစ်
ရောက်တော့ဝါးတစ်ရာရွာမှကိုမှော်ရန်
နှင့် ကိုမှော်ညီအမည်ရှိ ညီအစ်ကို နှစ်
ယောက်မှဘုရားငုတ်တိုကိုဖော်၍စေတီ
အတွင်းမှ ဌာပနာများကိုယူကာ ယခု
တည်ရာတွင် ဆက်လက်တည်ထားခဲ့
ခြင်းပင် ဖြစ်၏။
ထိုစေတီကြီးကို ကိုသော်တာနှင့်
ကိုမြသိန်းတို့ ရောက်ချိန်တွင် နံနက် ရှစ်
နာရီဝန်းကျင် ဖြစ်၏။ ကိုသော်တာကို
မင်းဗန္ဒစေတီကြီး ပုရဝုဏ်အတွင်း ဖို့
ထားခဲ့ပြီး ကိုမြသိန်းမှာ သူ၏ ဆိုင်ကယ်
လေးစီးကာ ပြန်သွားခဲ့တော့၏။
ကို သော်တာမှာ စေတီကြီး၏ ပရဝုဏ်အတွင်းမှနေ၍ ရှုခင်းရှုကွက်
ကောင်းရာကိုကြည့်၍ Boundအကျယ်
ဆွဲရကောင်းနိုး၊ စေတီကြီး၏ အပြင်မှ
ထွက်ကာ ကြည့်ရှုပြန်၏။ Bound
အကျယ် ဆွဲရကောင်းနိုး ဆုံးဖြတ်ရခက်
နေစဉ်စေတီကြီး၏အုတ်စီးရိုးအဟောင်း
အမြင်းကြီးကို Ford ground ထားကာ
နောက်ခံကောင်းကင် အပြာနုခံ၍မင်း
ဗန္ဓုစေတီပုံကြီးကို စတင်ဆွဲရန် စကက်
ကောက်ကြောင်းလိုက်တော့၏။
ကိုသော်တာမှာ ပန်းချီကောက်
ကြောင်းလိုက်၍ ပြီးချိန်မှာပင် လက်မှ ပတ်ထားသောစက်နာရီအစုတ်ကလေး
အား ကြည့်လိုက်ရာ နံနက်ဆယ့်တစ်
နာရီခွဲပြီးသွားပြီ ဖြစ်၏။
ထိုအချိန်မှာပင် ကိုမြသိန်းမှာ ထမင်းချိုင့်ကလေးဖြင့် ထမင်းလာပို့၏။ ထမင်းပို့ပြီးပြီးသော် ထမင်းချိုင့်လေးယူ ကာ ပြန်၏။ ကောက်ကြောင်းလိုက်ပြီး သော ပန်းချီပုံကြမ်းကို ကိုသော်တာမှာ ရုပ်လုံးကြွစေဖို့ ပန်းချီဈာန်သွင်းပြီး ဉာဏ်ကွန့်မြူးတော့၏။ ပန်းချီဘုတ်ကို လည်း ကျကျနနပြင်၍ ထောင်၏။ ဤ တွင်ပန်းချီဘုတ်၏ထောင့်တိုင်တွင်မြေ
ကြီးထဲထောင့်စွန်းလေးတစ်ခုထွက်နေ
၍မြေကြီးလေး အနည်းငယ်ကို ယက်၍
ဖယ်၏။ မြေကြီးအနည်းငယ်ကိုယက်၍
ဖယ်ခါမှထောင့်စွန်းထွက်နေသောအရာ
သည်အနံခြောက်လက်မ၊ အလျားတစ်
ပေခန့်ရှိသော သစ်သားသေတ္တာ လေး
ဖြစ်နေလေ၏။ ထူးဆန်းသည်မှာ သစ်
သားသေတ္တာလေးမှာ သံတစ်ချက်၊ ပတ္တာတစ်ချက်မှဆွဲနှက်ထားခြင်းမတွေ့
ရချေ။ ရှေးဟောင်းသေတ္တာလေးတစ်ခု ဖြစ်နိုင်သည်ဟုယူဆမိလေ၏။
ပန်းချီဆရာ ကိုသော်တာမှာ မြေ ကြီးထဲ နစ်မြုပ်နေခဲ့သော သစ်သား သေတ္တာလေးကိုညနေပန်းချီဆွဲပြီးအိမ် ပြန်ချိန်တွင် ယူဆောင်သွားပြီး.. အိမ်သို့ ပြန်ရောက်သောအခါတွင် မှစိတ်အေးလက်အေးဖွင့်ကြည့်မည်ဟု
လည်း စိတ်တွင်း တေးမှတ်ထားလိုက်၏။
ဤသို့ဖြင့် ညနေ နေညိုချိန်တွင် စက်ဘီးဆိုင်ကယ်လေးဖြင့်မိတ်ဆွေကြီး ကိုမြသိန်း ရောက်လာ ရောက်ရှိလာပြီး အလယ်ရွာကြီးသို့ပန်းချီဆရာကိုသော်
တာကိုပြန်ပို့ပေး၏။ လက်ဖက်ရည်ဆိုင် ထိုင်၍ဧည့်ဝတ်ပြုပြီးချိန်တွင်ကိုမြသိန်း ရွှေပြည်သာသို့ ပြန်၏။
ကိုသော်တာမှာ ညစာ ထမင်းစား
၏။ ရေနွေးကြမ်းကို ဓာတ်ဘူးထဲသို့
လက်ဖက်ရည်ဆိုင်မှ ယူလာပြီဖြစ်၍
ခေတ္တနားချိန်တွင်ရေနွေးကြမ်းသောက်
၏။ရေနွေးကြမ်းသောက်တော့မှမင်းဗန္ဓု
စေတီကြီးအနီးမြေကြီးထဲမှတူးဖော်ယူ
ဆောင်လာသော သစ်သားသေတ္တာ
လေးကို သတိရ၏။ ဖွင့်၍ ကြည့်မည်ဟု စိတ်ကူးကာ သေတ္တာလေးကိုယူ၏။ သေတ္တာလေးမှာရှေးဟောင်းသစ် သားသေတ္တာလေးဖြစ်၏။ နှစ်ပေါင်းများ စွာမြေကြီးထဲတွင်ကြာမြင့်ခဲ့၍သေတ္တာ
လေးမှာ ရေဒဏ်၊ မြေဒဏ်ကြောင့်
ဆွေးမြည့်လုနီး ဖြစ်၏။ ကိုသော်တာမှာ
သေတ္တာလေး၏အဖုံးကို ဆောက်လေး
တစ်လက်ယူကာ ထုရိုက်ဖွင့်လိုက်၏။
သေတ္တာလေးပွင့်သွား၏။
သေတ္တာလေးအတွင်းတွင် တွေ့ လိုက်ရသည်ကားပေရွက်များတွင်အင်း
ကွက်များ ရေးဆွဲ၍ အင်းကွက်ရေးဆွဲ
ထားသည့်ပေရွက်များဖြင့်လိမ်ကျစ်ကာ ပတ်ထားသော လူရုပ်တစ်ရုပ်ကို တွေ့ လိုက်ရလေတော့၏။
ပန်းချီဆရာ ကိုသော်တာမှာ ဆီ ဆေး၊ ရေဆေးဖြင့် ပန်းချီရေးဆွဲခြင်း၊ ပုတီးစိပ် တရားထိုင်ခြင်း အလုပ်များကို သာ နိစ္စဓူဝ လုပ်တတ်သူမို့ အင်းကွက် ပေရွက်တို့နှင့် ပတ်သက်၍ နလပိန်းတုံး သက်သက်သာဖြစ်လေတော့၏။ သေတ္တာလေးထဲမှ ရရှိခဲ့သော အရုပ်မှာလည်းထူးဆန်းလှ၏။ လက်ထဲ
တွင် တောင်ဝှေးလိုလို အရာတစ်ခုကို ကိုင်ဆောင်ထားသလို ခေါင်းတွင် ဇော် ဂျီလိုလိုဦးထုပ်တစ်လုံးကိုဆောင်းထားလေ၏။
သို့သော်-ဇော်ဂျီကားမဟုတ်။
ပဇာရုပ်နည်းဟူသည်ကိုကား ပန်း
ချီဆရာမသိ-မသိ…။
ပန်းချီဆရာမှာတစ်နေ့လုံးစက်ဘီး ဆိုင်ကယ်လေးဖြင့် ရွှေပြည်သာမင်းဗန္ဓု စေတီကြီးသို့ ပန်းချီ သွားရောက်ရေးဆွဲ ပြီး ဗာရီရအလုပ်များ လုပ်ကာ မောပန်း နေပြီမို့ နာရီကြည့်လိုက်တော့ နာရီမှာ ကိုးနာရီခွဲနေပြီဖြစ်၍ဖျာလေးကို ခင်း၊ ခြင်ထောင်လေးထောင်ကာ ခေါင်းအုံး ပေါ်စောင်းချလိုက်သည်နှင့်မောမောနှင့် အိပ်၍ပျော်သွားလေတော့၏။
ပန်းချီဆရာ ကိုသော်တာ၏ အိမ်
အလယ်တိုင်တွင် ချိတ်ဆွဲထားသော
တိုင်ကပ်နာရီကြီးမှာ ညတစ်နာရီတိတိ ကိုညွှန်ပြနေ၏။
ထိုအချိန်တွင်ပန်းချီဆရာကိုသော် တာ၏ခြင်ထောင်ကိုမ.၍ဖွင့်လိုက်သော
အင်္ကျီအနီနှင့် ရှမ်းဘောင်းဘီအနီကြီး
ဝတ်ဆင်ထားသောလူကြီးတစ်ယောက်
သည် ပန်းချီဆရာ ကိုသော်တာကို လှုပ်၍နှိုး၏။
ပန်းချီဆရာမှာအိပ်မှုန်စုံမွှားဖြင့် နှိုးထလာ၏။
နိုးနိုးချင်းပင် သူ၏အိပ်ရာဘေးတွင် ထူးထူးဆန်းဆန်း လူကြီးတစ်ယောက်
ကို မြင်တွေ့ကာ လွန်စွာအံ့ဩသွား၏။ သို့သော် – ပန်းချီဆရာ ကိုသော် တာမှာ အာစေးထည့်ခံထားရသည့် လူ တစ်ယောက်ပမာစကားပြောဆို၍ကား မရ။ဝိညာဉ်သာလျှင်ဖြစ်၏။ ပန်းချီဆရာ၏ ရုပ်ခန္ဓာကြီးမှာ အိပ်ရာတွင်း၌ အိပ်
ရက်သာလျှင် ကျန်၏။
လူကြီးမှာ ကိုသော်တာကို ပြုံးပြ
ကျေးဇူးရှင်လေးကျွန်တော်နဲ့လိုက်
ခဲ့ပါ။ ကျေးဇူးရှင်လေးကို ရွှေငွေရတနာ
တွေနဲ့ ကျေးဇူးဆပ်ပါရစေ။ လူကြီးမှာ စကားအဆုံးရှေ့မှ ဦး ဆောင်ထွက်၏။ ပန်းချီဆရာ ကိုသော်
တာကို လူကြီး၏ တောင်ဝှေးဖြင့် တို့ထိ လိုက်သည်နှင့် ကိုသော်တာ မေ့မြော သွားတော့၏။
ကိုသော်တာ သတိရလာချိန်တွင်
ကား ပန်းချီဆရာမှာ လွန်စွာမှ ခန့်ညား
လှသောတိုက်အိမ်ကြီးတစ်လုံး၏အဝင်
အဝ သံဘာဂျာတံခါးကြီး တစ်ချပ်ရှေ့
ရောက်နေလေ၏။ သံဘာဂျာတံခါးကြီး
ကိုဇော်ဂျီလိုလူကြီးကသူ၏တောင်ဝှေး
လေးနဲ့ ထိရုံလေး ထိလိုက်တာနဲ့ ချပ်ဆို
သောအသံလေးထွက်လာပြီး အင်္ဂလန်
နိုင်ငံလုပ်အာမခံသော့ကြီးပွင့်သွားလေ၏။
သံဘာဂျာတံခါးကြီးကိုလည်းသူ၏
တောင်ဝှေးလေးဖြင့် ထိရုံလေးထိကာ တွန်းဖယ်လိုက်သည်နှင့် သံဘာဂျာ တံခါးကြီးနှစ်ဖက်စလုံးမှာပွင့်ထွက်သွားလေ၏။
ဇော်ဂျီလို လူကြီးမှာ တိုက်ကြီး၏ အတွင်းခန်းသို့ ရောက်သောအခါပန်းချီ
ဆရာကိုလက်ယပ်ခေါ်၏။ အခန်းတစ်ခု
အတွင်း၌ကား သူဌေးလင်မယားနှစ်
ယောက်မှာ မွေးပွစောင်ကြီးခြုံကာ အိပ်
စက်နေသည်ကိုတွေ့ရ၏။
ဇော်ဂျီလိုလူကြီးမှာပန်းချီဆရာကိုခေါ်ပြန်၏။
ဤတစ်ကြိမ်တွင်တော့ ဇော်ဂျီလို
လူကြီးသည် အိပ်နေသော သူဌေးလင်
မယား၏ခေါင်းရင်းတွင်ရှိနေသော မီးခံ
သေတ္တာကြီးတစ်လုံးကိုသူ၏တောင်ဝှေး
ဖြင့်ထိုးလိုက်ရာမီးခံသေတ္တာ၏လျှို့ဝှက်
နံပါတ်များသည်အလိုအလျောက်လည်
ကုန်ကြကာ မီးခံသေတ္တာ တံခါးသည် လည်း အလိုအလျောက်ပင် ပွင့်ထွက် သွားလေတော့၏။
ပန်းချီဆရာ ကိုသော်တာ တစ် ယောက်လွန်စွာအံ့ဩသွား၏။ ပန်းချီဆရာတွေ့လိုက်ရသည်ကား မီးခံသေတ္တာ ပထမထပ်တွင် ရွှေများ၊ စိန်များ၊ ပုလဲများ အထပ်လိုက် တွေ့ရ
၏။
ဒုတိယထပ်တွင်မူ မြန်မာနိုင်ငံသုံး ငွေစက္ကူများ အထပ်လိုက်ကို ကြိုးစည်း လျက် တစ်ထုပ်ချင်း တွေ့ရသလို နိုင်ငံ ခြားသုံး ဒေါ်လာဟု ခေါ်သည့် ငွေစက္ကူ များကိုလည်းတွေ့ရလေ၏။
အောက်ထပ်တွင်မူ ပတ္တမြားလုံး ချောများ တစ်ပွင့်ချင်း တစ်ပွင့်ချင်း ငွေ ယက်တောင်းကလေးများနှင့်တွေ့ရလေတော့၏။
ဇော်ဂျီလို လူကြီးမှာ ပန်းချီဆရာ အား ယူခိုင်းတော့သည်။ သူကိုယ်တိုင်
မှာ ရတနာပစ္စည်းများကို ထိခြင်း ကိုင် ခြင်းပင် မပြုချေ။
ပန်းချီဆရာ ကိုသော်တာမှာ စိန် များ၊ ပတ္တမြားများ၊ ရွှေများကို ယူမည်ပြု
တော့ အကုန်လုံး ယူခွင့်မပြုချေ။ တစ်
ဝက်သာယူခွင့်ပြု၍တစ်ဝက်ကိုသာမီးခံ
သေတ္တာထဲမှ ပန်းချီဆရာမှာ ယူခဲ့လေ၏။
စိန်၊ရွှေ၊ပတ္တမြားများကိုပန်းချီဆရာ
လက်တွင်းထုတ်ကိုင်၍ သူဌေးလင်
မယားအခန်းအတွင်းမှထွက်၊တိုက်ကြီး
၏အာမခံသော့အားပြန်ပိတ်ကာပန်းချီ
ဆရာနှင့် ဇော်ဂျီလို လူကြီးတို့ ခြံဝိုင်း
အပြင်သို့ ရောက်သည်နှင့် ဇော်ဂျီလိုလူ
ကြီးမှာ ပန်းချီဆရာအား သူ၏ ဇော်ဂျီ
တောင်ဝှေးလေးဖြင့် ထိုးလိုက်လေရာ
ပန်းချီဆရာ ထိုနေရာမှာ မေ့လဲကျသွား၏။
ပန်းချီဆရာကိုသော်တာအိပ်ရာမှ
နိုးခြင်းသည် သတိရလာခြင်းပင် ဖြစ် တော့၏။ အိပ်မက် မက်ခဲ့ခြင်းလား၊
တကယ်ဖြစ်ခဲ့ခြင်းလား ဟူသည်ကို တော့ ပန်းချီဆရာ ကိုသော်တာ တစ်
ယောက်မသိရှိချေ။
သို့သော် – ညက ဇော်ဂျီလိုလို လူ
ကြီးနှင့် သွားရောက်ယူဆောင်လာခဲ့
သောရွှေငွေရတနာပစ္စည်းများမှာပန်းချီ ဆရာ၏ အိပ်ရာ၊ ခေါင်းရင်း၌ အထုပ် လိုက် တွေ့ရလေတော့၏။ ပန်းချီဆရာကိုသော်တာမှာအံ့ဩ
၍မဆုံးတော့ချေ။
သို့သော် ဝမ်းသာခြင်းတော့ မဖြစ်
ထိုနေ့ကပန်းချီဆရာမှာပန်းချီရေး ဆွဲခြင်းလည်း မပြု၊ တစ်နေကုန် ဤရွှေ
ငွေရတနာပစ္စည်းတွေကိုပဇာလုပ်ရမည့်
နည်းဟု စဉ်းစား၏။ ထိုင်ကာ ကြည့်၏။
ဇော်ဂျီလို လူကြီးနှင့် သွားရောက်ယူခဲ့
သည့် တိုက်ကြီးသည်ကား မည်သည့်
မြို့နယ်၊ မည်သည့် ရပ်ကွက်တွင် ရှိနေမှန်းမသိချေ။
ပန်းချီဆရာ စိတ်ရှုပ်ထွေးနေရတော့၏။
ထိုညကပန်းချီဆရာမှာပုတီးသမား
များနှင့် ပြန်ဆုံ၏။ တရားသမားများနှင့်
ပုတီးသမားသည် အရဟံဂုဏ်
ပြန်တွေ့ကြ၏။
တော်တစ်ဂါထာကို ပုတီးတစ်လုံးကျ စိပ်
၍ဗုဒ္ဓကိုပူဇော်လျှင် ပုတီးတစ်ပတ်၊ ဂုဏ်
တော် တစ်ရာ့ရှစ်ခေါက်ဖြစ်ကာ လိုရာ ဆန္ဒပြီးမြောက်စေနိုင်သည်ဆိုကြ၊ပြော
ကြကုန်၏။
ဝိပဿနာသမားကမူ ပုတီးစိပ်လို့ အပါယ်စိတ်မချရသေးဘူးပန်းချီဆရာ၊
ဝိပဿနာတရားအားထုတ်မှအပါယ်က
လွတ်နိုင်ကြောင်း အဆိုတင်၏။ ပသို့ဆိုစေ – ထိုညက ပန်းချီဆရာ
ကိုသော်တာမှာ ဗုဒ္ဓဘုရားရှင်အား ပန်း၊
ရေချမ်းကပ်ကာ ဂုဏ်တော်ပုတီးစိပ်၍
ဝိပဿနာတရားကို နှာသီးဖျားတွင် ဝင်
လေထွက်လေမှတ်၍တရားအားထုတ်
ကာအိပ်ပျော်သွား၏။
ထိုညက ဇော်ဂျီလိုလို လူကြီးမှာ ပန်းချီဆရာအား အိပ်ရာမှ နိုးခြင်း မပြုခဲ့ချေ။
ကိုသော်တာမှာထိုရက်များအတွင်း အိပ်ရာမှ နိုးခြင်းမပြုခဲ့ချေ။ ကိုသော်တာမှထိုရက်များအတွင်း ပန်းချီရေးဆွဲခြင်းလည်း မပြုချေ။ သူ၏ လက်တွင် စွပ်ထားသော ရွှေလက်စွပ်
ကလေးအားအပေါင်ဆိုင်သို့သာပို့လိုက်
ပြီး သူ၏ စားဝတ်နေရေးအား ဖြေရှင်းလိုက်၏။
ထိုရက်များအတွင်းပန်းချီဆရာမှာ
ပုတီးစိပ်၊ တရားထိုင် အလုပ်များကိုလုပ် နေ၍လည်းဇော်ဂျီလိုလိုလူကြီးအနှောင့်
အယှက်မှ ကင်းလွတ်နေပြန်၏။ သို့သော်ပန်းချီဆရာ ကိုသော်တာ
မှာ အန္ဓပုထုဇဉ် မဟုတ်သော်လည်း ကလျာဏပုထုဇဉ်သာဖြစ်လေ၍လော
ကီတွင်း၌ ပြန်၍ ကျင်လည်ကျက်စား
ပြန်၏။
ပထမဆုံးမပြီးဆုံးသေးသည့် မင်း ဗန္ဓုစေတီကြီးသို့သွားကာ ဆီဆေးပန်းချီ ကားကြီးကို ဆက်၍ရေးဆွဲသည်။ မင်းဗန္ဓုဆီဆေးပန်းချီကားကြီးပြီး မှသာလျှင်ဗိုလ်ချုပ်ဈေးပန်းချီအရောင်း ဆိုင်တင်ကာရောင်းချနိုင်မှစားဝတ်နေ
ရေး ဖြေရှင်းနိုင်မည်ဖြစ်၍ ကြိုးစားအား ထုတ်ခြင်း ဖြစ်၏။ ဇော်ဂျီလို လူကြီး ယူ ဆောင်ပေးငွေရတနာများကိုလက်များ ဖြင့်ပင် မထိမတို့ မကိုင်ပါချေ။
ပန်းချီဆရာကိုသော်တာမှာနံနက် စောစောနိုးထ၏။ မျက်နှာသစ်၏။ သွား တိုက်၏။ အဝတ်အစားလဲကာ ပန်းချီ ပစ္စည်းများကိုင်ကာရွှေပြည်သာတံတား
ကြီးကို ချေလျှင်ဖြတ်ကျော်၍ သဲကွင်း၊
စက်မှုဇုန်ဈေးနှင့် စက်မှုဇုန်များကို ကုန်း
ကြောင်းလျှောက်ကာ တစ်နာရီနီးပါး
လမ်းလျှောက်လိုက်သောအခါ လှိုင်မြစ်
ကြီးအနီးတွင်ရှိသော မင်းဗန္ဓုစေတီကြီး ကိုရောက်တော့၏။
ဤသို့ဖြင့် ပန်းချီဆရာမှာ မင်းဗန္ဓု ဆီဆေးပန်းချီကားကြီး ပြီးဆုံးအောင် ရေးဆွဲနိုင်ခဲ့၏။
အိမ်သို့ ပြန်ရောက်တော့ ပန်းချီ
ဆရာမှာ မောလွန်းလှ၍ပန်းချီဘုတ်ကို ချကာ ရယ်ဒီမိတ် ကွေကာအုပ် အထုပ် လေးနှစ်ထုပ်ကို ဓာတ်ဘူးထဲမှ ရေနွေး ပူပူဖြင့် မတ်ခွက်ထဲထည့်ဖျော်ကာ အအေးခံ သောက်လိုက်၏။
ညစာပင် မစားမသောက်တော့ချေ။
မောမောဖြင့်အိပ်၍ပျော်သွားတော့၏။
ပန်းချီဆရာ ကိုသော်တာ တစ် ယောက် အိပ်ပျော်နေစဉ် ညတစ်နာရီ
ခန့်တွင်ဇော်ဂျီလိုလူကြီးမှာပန်းချီဆရာ
အိပ်နေသည့်ခြင်ထောင်လေးကိုမ,ကာ
ပန်းချီဆရာကို နိုးတော့၏။ “ကျေးဇူးရှင်လေး – ထပါ” ပန်းချီဆရာကိုသော်တာမှာ အိပ်
မှုန်စုံမွှားနှင့် နိုးထလာ၏။ ပန်းချီဆရာ နိုးထလာသည်နှင့် ဇော်ဂျီလိုလို လူကြီး မှာ ခေါင်းရင်းခန်းတွင် တင်ပျဉ်ခွေထိုင် ရက်တွေ့ရ၏။ ပန်းချီဆရာကိုသော်တာ
နိုးထလာသော်လည်း စိတ်ဝိညာဉ်သာ
လျှင်ဖြစ်၍ရုပ်ကြီးမှာအိပ်လျက်ကျန်၏။
ပန်းချီဆရာကိုသော်တာမှာဇော်ဂျီလိုလို
လူကြီးကို ထိုင်လျက်ကြီး တွေ့၍စကား
ပြန်မပြောနိုင်ချေ။ ဇော်ဂျီလို လူကြီး၏
ပြောစကားများကို နားထောင်ရုံသက်
သက်သာလျှင် ဖြစ်နေ၏။
“ကျေးဇူးရှင်လေး ကျုပ်ဘဝမှာ ကျေးဇူးရှင်လေးရဲ့ကျေးဇူးတရားတွေက ဆပ်လို့မကုန်ပါဘူး။ကျေးဇူးရှင်လေးက
ညစဉ်ညဆက် ဘုရားနဲ့၊ တရားနဲ့ ပုတီး စိပ် တရားထိုင်တော့ ကျေးဇူးရှင်လေး ဆီကို ကျုပ် လာပြီးကျေးဇူးဆပ်ခွင့် မရ တော့ဘူးဖြစ်နေတယ်။ ပုတီးစိပ်၊တရား ထိုင်၊ ဘုရားရှိခိုးတဲ့အလုပ်ကိုညအိပ်ရာ
ဝင်တိုင်း မလုပ်ပါနဲ့။
ကျုပ် ကျေးဇူးဆပ်ပါရစေ။ ကဲ – ကျုပ်နဲ့လိုက်ခဲ့ပါ”
ထိုနေ့ညက ပန်းချီဆရာ ကိုသော် တာမှာ ငြင်းဆန်လိုသော်လည်း ပဇာမျှ ပြန်၍ပြောဆိုမရသည့်အတွက် ဇော်ဂျီ လိုလိုလူကြီးခေါ်ရာနောက်လိုက်ခဲ့ရပြန်
၏။
ကားလမ်းမကြီးတစ်ခုပေါ်ရောက် တော့ထုံးစံအတိုင်းပင်ဇော်ဂျီလိုလူကြီး
၏ဆေးကြိမ်လုံးဖြင့် အထိုးခံလိုက်ရပြီး
ပန်းချီဆရာမှာ ဒုတိယအကြိမ် ထပ်မံ၍ မေ့သွားပြန်၏။
ပန်းချီဆရာ သတိရလာတော့လွန် စွာခမ်းနားလှသောတိုက်ကြီးတစ်တိုက်
၏ ဆင်ဝင်တံခါးကြီး တစ်ချပ်၏ရှေ့သို့
ရောက်နေလေ၏။
နိုင်ငံခြားခွေးကြီး နှစ်ကောင်မှာ ဇော်ဂျီလိုလို လူကြီးနှင့် ပန်းချီဆရာ
ကိုသော်တာကိုမမြင်၊မတွေ့လေသလား မသိ။ဟောင်ခြင်းကိုက်ခဲခြင်း မရှိချေ။
ဇော်ဂျီလိုလိုလူကြီးမှာတိုက်ကြီး၏
တံခါးကြီးအားသူ၏တောင်ဝှေးလေးဖြင့်
ထိုးရုံ ရွယ်ရုံဖြင့်ပင် တံခါးကြီး နှစ်ချပ်မှာ
အလိုအလျောက်လူတစ်ယောက်အသာ
အယာဆွဲဖွင့်လိုက်သည့်အလားဂျိဟူ
သောအသံ ခပ်သာသာလေးပေးပြီး ပွင့်
သွား၏။ နိုင်ငံခြားခွေးကြီးနှစ်ကောင်မှာ
သံဘာဂျာတံခါးကြီး နှစ်ချပ်ပွင့်သွား
သည်ကို မော့၍ကြည့်ကာ အတွင်းသို့
ဝင်မည်ပြု၏။ ဇော်ဂျီလို လူကြီးမှာ ခွေး
ကြီးနှစ်ကောင်အား သူ၏ တောင်ဝှေး လေးဖြင့် ခွေးကြီးနှစ်ကောင်အား နှစ် ချက်မျှ သပ်ချလိုက်လေရာ ခွေးကြီး နှစ် ကောင်မှာ မော့၍ကြည့်ရင်းမှပင် တိုက် ကြီးအဝင်တံခါးဝ၌ အိပ်၍ပျော်သွား၏။ တိုက်ကြီး၏ တံခါးမကြီး ပွင့်သွား
သည်နှင့် ဇော်ဂျီလိုလို လူကြီးနှင့် ပန်းချီ ဆရာ ကိုသော်တာတို့မှာ အိမ်ကြီး၏
အတွင်းသို့ ဝင်လာခဲ့ကြ၏။ အခန်း
အတော်များများကိုဖြတ်ကျော်လာခဲ့ပြီး
ခါမှ အပေါ်ထပ်သို့တက်သည့် လှေခါး
ထစ်များကို တွေ့၏။ လှေခါးထစ်များကို
ဖြတ်ကျော်ပြီးပြန်သော် တိုက်ကြီး၏
အပေါ်ထပ်သို့ ရောက်၏။ ဤတွင် အန်း
ကုန်းဘိုးတော်အရုပ်ကြီးကို အိမ်ဦးခန်း
တွင်ကြီးမားခမ်းနားစွာ ဆီမီး၊မိုး၊ ရေချမ်း
များဖြင့်ပူဇော်ထားရှိသည်ကိုတွေ့လိုက်
ရပြန်သည်။
ဇော်ဂျီလိုလူကြီးမှာဤ၌ခေတ္တရပ်
၏၊စဉ်းစား၏။ပြီးသော်ကိုသော်တာအား မျက်ရိပ်ပြကာ ခေါ်၍ အခန်းတစ်ခန်း၏ ရှေ့၌ရပ်လိုက်၏။ ဇော်ဂျီလို လူကြီးမှာ
ရပ်လိုက်သောအခန်း သော့ချက်အား
သူ၏ တောင်ဝှေးလေးဖြင့် သပ်လိုက်
သည်နှင့်ချက်ဟူသည့်လွန်စွာတိုးညင်း
သည့် အသံလေးတစ်သံ ထွက်ပေါ်လာ ပြီး အခန်း၏ အဝင်တံခါး ပွင့်သွားလေ လျှင် ကျွန်းခုတင်ကြီးတစ်လုံးပေါ်တွင် တရုတ်သူဌေးကြီးအိပ်ပျော်နေသည်ကိုတွေ့ရ၏။
တရုတ်သူဌေးကြီး၏ ခုတင်ခေါင်း ရင်းဘက်တွင်မူ နိုင်ငံခြားလုပ် အာမခံ မီးခံသေတ္တာတစ်လုံးကိုတွေ့လိုက်ရလေတော့၏။
တရုတ်သူဌေးကြီးမှာ အိပ်နေရင်း မှာပင် သူ၏ ဘယ်လက်ဖြင့် ညာဘက် လည်တိုင်ကို ကုတ်ဖဲ့နေသည်ကို တွေ့ လိုက်ရလေသည်။
ဇော်ဂျီလိုလိုလူကြီးမှာမီးခံသေတ္တာ
ရှေ့ကို သွား၏။ မီးခံသေတ္တာရှေ့ရောက်
သော်ထုံးစံအတိုင်းပင် သူ၏တောင်ဝှေး
လေးဖြင့် မီးခံသေတ္တာအား အပေါ်မှ
ရောက်သို့ သပ်၍ချလိုက်သည်နှင့် မီးခံ
သေတ္တာ၏အချက်ပြမီးလင်းလက်သွား
ကာ ဆွဲဖွင့်လိုက်သည်နှင့် မီးခံသေတ္တာ တံခါးမှာပွင့်သွားလေတော့၏။
မီးခံသေတ္တာအတွင်း၌ ရွှေချောင်း
များတွေ့ရသလိုမြန်မာနိုင်ငံသုံးပိုက်ဆံ
များ အုပ်လိုက် အထပ်လိုက် တွေ့ရ၏။ ဇော်ဂျီလိုလို လူကြီးမှာ သူ၏ တောင်ဝှေးငယ်ဖြင့် ရွှေချောင်းများကို ထက်ခြမ်း ခြမ်းသလို ခွဲခြားသတ်မှတ်
ပေးလိုက်၏။ ဝိညာဉ်ဖြစ်နေသောပန်းချီ
ဆရာမှာ ရွှေချောင်းများကို မြင်တွေ့နေ သော် လိုချင်တပ်မက်သောစိတ် မဖြစ် ပေါ်လေ၍ထိခြင်းကိုင်ခြင်းပင် မပြုချေ။
“ယူပါကျေးဇူးရှင်လေး။ ရွှေချောင်း တွေတစ်ဝက်ကိုယူပါ”
ပန်းချီဆရာမှာရွှေချောင်းတွေတွေ့ လိုက်ရ၍လိုချင်တပ်မက်သည့်လောဘ စိတ်ဖြစ်ကာ ရွှေချောင်း အချောင်း နှစ် ဆယ်ခန့် ရှိသော်လည်း အချောင်းငါး ချောင်းကိုသာယူလိုက်၏။
ဇော်ဂျီလို လူကြီးမှာ ပန်းချီဆရာ ကိုသော်တာကိုကြည့်ကာ ပြုံး၏။ သို့
သော် ရွှေချောင်းများကိုမူ ထိခြင်း၊ ကိုင် ခြင်းပင်မပြုချေ။
ဇော်ဂျီလိုလူကြီးနှင့်ပန်းချီဆရာတို့ အပြန်ခရီးတွင်တော့ဇော်ဂျီလိုလိုလူကြီး
မှာ အင်းခွေးကြီးနှစ်ကောင်ကို တောင်
ဝှေးနဲ့ ထိတွေ့ပေးလိုက်သလို ပန်းချီ
ဆရာကိုလည်း တောင်ဝှေးနဲ့ တို့ထိ
လိုက်ရာ ပန်းချီဆရာမှာ သတိမေ့သွား
သည်လား အိပ်ပျော်သွားသည်လား
မသိတော့ချေ။
ပန်းချီဆရာ အိပ်ရာမှ နိုးထလာ သည်နှင့် ပထမအကြိမ် ပုံစံအတိုင်း ရွှေ ချောင်းငါးချောင်းမှာ ကိုသော်တာ၏ အိပ်ရာခေါင်းရင်းဘက်တွင် အထပ် လိုက်လေး တွေ့လိုက်ချေတော့၏။
ပန်းချီဆရာ ကိုသော်တာမှာ ဗုဒ္ဓ ဘုရားရှင်ဟောကြားခဲ့သည့် အဒိန္နဒါနာ
ဟူသောသူများပစ္စည်းခိုးယူသူဟူသော
ကံငါးပါးလေးကိုတောင် မထိမ်းသိမ်း
မစောင့်ရှောက်နိုင်သော လူညံ့တစ်
ယောက် ဖြစ်နေပြီကိုတွေးမိကာ ကိုယ့်
ကိုယ်လည်း ရှက်မိ၏။ အပြစ်တွေကို
ကျူးလွန်မိ၍ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊
အသူရကာယ်ဆို သည် အပါယ်ဘုံ
အနက် ငရဲဘုံတွင် ငရဲသားအဖြစ် ကျ
ရောက်ပြီး ငရဲခံရမည်ကို လွန်စွာ စိုးကြောက်၏။
ပြုမိမှားသည့် ကံမှားများကြောင့်
ပန်းချီဆရာမှာအကြောက်လွန်ကာဇော ချွေးများပင် ပြန်လာ၏။
မင်းဗန္ဓုစေတီကြီးမှယူဆောင်လာ
သည့် ဇော်ဂျီလိုလို အရုပ်ကြီးကိုပင်
မကြည့်ရဲတော့ချေ။
ဤဇော်ဂျီအရုပ်ကြီးကို သူ့အနီး
တွင်မထားလိုတော့။
ရုတ်ခြည်းပင် ပန်းချီဆရာမှာ မျက် နှာပင် မသစ်တော့ဘဲ သူ့အိမ်နှင့် ဆယ် အိမ်ကျော်တွင်ရှိသောဘုန်းကြီးကျောင်း ရေကန်ကြီးသို့ ယူဆောင်ကာ သွား ရောက်လွှင့်ပစ်လိုက်လေတော့၏။
ပန်းချီဆရာကိုသော်တာမှာဇော်ဂျီ လိုလိုအရုပ်ကြီးမရှိတော့၍စိတ်ထဲတွင်
အေးချမ်းသွားလေတော့၏။
သူများ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်နိုင်တော့မည် ဖြစ်၍လည်း ပန်းချီဆရာ၏စိတ်အစဉ်မှာဝမ်းသာခြင်း
ဖြစ်မိလေတော့၏။
သို့သော်ဇော်ဂျီလိုလူကြီး၏အစွမ်း
ဖြင့် ခိုးယူထားသော ရွှေငွေရတနာနှင့်
ရွှေချောင်းများကိစ္စကိုစဉ်းစားကြည့်ပြန် တော့ ဦးနှောက်ခြောက်ရပြန်၏။ ဤရွှေငွေရတနာတွေကိုပဇာလုပ်ရမည်နည်း။
ဤသို့ဖြင့်အနောက်ဂေါ်ယာကျွန်း သို့နေလုံးကြီးဝင်သွားတော့၏။
ပန်းချီဆရာကိုသော်တာမှာ လမ်း
ထိပ်ရှိ ရတနာ လက်ဖက်ရည်ဆိုင်သို့သွား၏။
နံနက်တိုင်း တွေ့ဆုံနေကျ ပုတီး သမားအုပ်စု တရားသမားအုပ်စုနှင့် ပုတီးစိပ်ခြင်းအကျိုး၊ ဝိပဿနာအကျိုး များဆွေးနွေးဖြစ်ကြပြောဆိုဖြစ်ကြ၏။ ပုတီးသမားအုပ်စုမှ ဘိုးဘိုးအောင် တို့၊ ဘိုးမင်းခေါင်တို့ အကြောင်းများ
ပြောဆိုငြင်းခုံကြသလိုဝိပဿနာသမား အုပ်စုမှာလည်း မြင်းခြံ စွန်းလွန်းဆရာ တော်ကြီး ဦးကဝိနှင့် စာပေမတတ် မြောက်ပေမယ့်စေတနာနှင့် သဒ္ဓါတရား ကြောင့် ရဟန္တာဖြစ်သွားပုံ အကြောင်း
များ၊ လယ်တီဆရာတော်ကြီးနှင့် ဘုန်း
တော်ကြီးဦးသီလတို့၏သီလ၊သမာဓိနှင့်
ပညာအကြောင်းများ ဆွေးနွေးပြောဆို
ဖြစ်ကြ၏။
ဤသို့ဖြင့်ပန်းချီဆရာကိုသော်တာ မှာ စိတ်၏လွတ်လပ်ခြင်း၊ စိတ်၏ ချမ်း မြေ့ခြင်းတို့ဖြင့် ပန်းချီဆွဲခြင်းအလုပ်ဖြင့် တစ်နေကုန် တစ်မိုးချုပ်ခဲ့လေ၏။ ဗို လ် ချုပ် အောင် ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖ နှစ်ယောက်၏ ဆီဆေးပန်းချီကားကြီး နှစ်ချပ်ကို စိတ်ပါလက်ပါ ရေးဆွဲခဲ့၍လည်း ဘုရားရှိခိုးခြင်း ကုသိုလ်ရေး
ဘာဝနာ အလုပ်ပင်မပြုနိုင်ခဲ့ချေ။ ပန်းချီဆရာ ကိုသော်တာ၏ အိမ် တိုင်ကပ်နာရီကြီးမှ “ဒင် – ဒင် – ဒင်” ဟူ သော တစ်ဆယ့်နှစ်ချက်တိတိ အချက် ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင် တည်းပင် ကိုသော်တာ၏ အိမ်တံခါး ပေါက်မှ ရေများစိုရွှဲနေသော ဇော်ဂျီလို
လူကြီး တက်ရောက်လာကာ ပန်းချီ ဆရာ ကိုသော်တာကို လှုပ်၍နိုးတော့
၏။
ဤအကြိမ်တွင် ပန်းချီဆရာမှာ
အမှန်တကယ်ပင် လူကိုယ်တိုင် နိုးထ
လာ၏။ အိပ်မက်တွင်းမှာသာ တွေ့ဆုံ
နေကျဇော်ဂျီလိုလိုလူကြီးကိုတွေ့လိုက်
ရ၍ လွန်စွာအံ့ဩခြင်းကြီးစွာ ဖြစ်ပြီး
ထိတ်လန့်သွားမိ၏။
ပန်းချီဆရာမှာ ခိုးထားသော ရွှေ၊
ငွေ၊ ရတနာ ပစ္စည်းတွေကို မလိုချင်
ကြောင်း၊ဇော်ဂျီလိုလိုလူကြီးမှာကျေးဇူး ရှင်လေးကိုကျေးဇူးဆပ်ခြင်းဖြစ်၍သုံးပါ
စွဲပါဟု ပြော၏။
ဤတွင် အငြင်းအခုံ၊ အတိုက်အခံ
ဖြစ်ကာ ရန်ဖြစ်သည်အထိ ဖြစ်ပွား၍
ပန်းချီဆရာ ကိုသော်တာနှင့် ဇော်ဂျီလို
လူကြီးတို့နှစ်ယောက် သတ်ပုတ်ထိုး
ကြိတ်ကြတော့၏။
ဤတွင် ဇော်ဂျီလိုလူကြီး၏ ထိုး
ကြိတ်မှုကိုပန်းချီဆရာကိုသော်တာခံရ
သော်လည်းပန်းချီဆရာကိုသော်တာ၏
ထိုးကြိတ်ကန်ကျောက်မှုကိုမူ ဇော်ဂျီ လိုလို လူကြီးအား ထိခြင်း၊ မှန်ခြင်း၊ နာ
ကျင်စေခြင်း အလျဉ်းမရှိချေ။
အချိန်ကြာလာသည့်အမျှ ပန်းချီ ဆရာကိုသော်တာမှာလက်ပန်းကျလာ
သလိုအသားအရေတို့မှာလည်းနာကျင်
မှု ဝေဒနာကို မခံစားနိုင်၍ ဇော်ဂျီလို လူကြီးအားအရှုံးပေးလက်မြှောက်လိုက်
ရလေတော့၏။
“ကျေးဇူးရှင်လေးကျုပ်ကိုရေထဲက
ပြန်ဆယ်ပါ။ ကျုပ်ရေတွေ မွန်းလှပြီ”
ပန်းချီဆရာ ကိုသော်တာမှာ စဉ်း
စားရ ခက်သွား၏။
“ဆယ်မယ် မဟုတ်လား-ကျေးဇူးရှင်လေး”
ကိုသော်တာမှာ ရေများစိုရွှဲနေ
သည့် ဇော်ဂျီလို လူကြီးအားကြည့်ကာ
ကရုဏာသက်သွားမိပြီး ခေါင်းညိတ်ပြလိုက်မိ၏။
ပန်းချီဆရာကိုသော်တာမှာအမှန်
တကယ်ပင် ရွာဦးရေကန်အတွင်း လွင့် ပစ်ထားခဲ့သော ဇော်ဂျီလိုလို အရုပ်ကြီး အား သွားရောက်ဆယ်ယူခဲ့၏။ ရေများ
သုတ်ကာ နဂိုနေရာတွင် ပြန်၍ထောင်
ထားပေးလိုက်၏။
သို့သော် – ပန်းချီဆရာမှာ ညတိုင်း
ဘုရားရှိခိုး၏၊ တရားထိုင်၏။
ထို့ကြောင့် ဇော်ဂျီလိုလို လူကြီးမှာ
ပန်းချီဆရာထံလာရောက်၍နိုးခြင်းမပြုနိုင်ခဲ့ချေ။
ဇော်ဂျီလိုလိုလူကြီးနှင့်ပတ်သက်၍ မည်သို့ပြုလုပ်ရမည်ကို စဉ်းစား၏။ စဉ်း
စားပြီးသော် အဖြေတစ်ခုရခဲ့တော့၏။ ပန်းချီဆရာမှာ ဇော်ဂျီလိုလို အရုပ်
ကြီးအား တွေ့ရှိစဉ်က ပတ်ထားသော
အင်းချပ် ပေရွက်များကို ပြန်ရှာ၏။ ပေ
ရွက်အင်းချပ်များကို ရရှိခဲ့သည့်အခါ
တွင်တော့ ဇော်ဂျီလို အရုပ်ကြီးအား ပြန်
၍ပတ်၏။ ပြီးသော် သစ်သားသေတ္တာ
လေးအတွင်း ပြန်၍ထည့်ကာ မင်းဗန္ဓု စေတီကြီးအရှေ့ဘက်တွင် မြေကြီးများ
တူးကာ ပြန်၍မြှုပ်လိုက်လေတော့၏။
တစ်ရက် … နှစ်ရက်။ တစ်ပတ်… နှစ်ပတ်၊
အချိန်တွေ ကြာညောင်းခဲ့သော် လည်းပန်းချီဆရာကိုသော်တာထံဇော် ဂျီလိုလူကြီးရောက်မလာခဲ့တော့ချေ။
ဇော်ဂျီလိုလူကြီး အစွမ်းနှင့် ခိုးယူခဲ့ သောရွှေငွေရတနာပစ္စည်းများကိုလည်း ပန်းချီဆရာ ကိုသော်တာမှာ ပုဂံဘုရား များ၊ စစ်ကိုင်းရိုးဘုရားများနှင့် မြန်မာ
ပြည်တစ်ဝှမ်းရှိ ဗုဒ္ဓရှင်တော်ဘုရား၏
ဓာတ်တော်များဖြင့်တည်ထားကိုးကွယ်
ခဲ့သောတန်ခိုးကြီးစေတီများကို ခွဲ၍ခွဲ၍ နာမည်အသီးသီးဖြင့်လှူဒါန်းလိုက်လေ
တော့၏။
ထိုမှ တစ်ဆယ့်ငါးနှစ်ခန့် အကြာ
တွင်တော့ ပန်းချီဆရာ ကိုသော်တာမှာ
ရသေ့လေး ပညာသာမိ ဘဝဖြင့် တော အနှံ့ တောင်အနှံ့သွားကာ တရားအား
ထုတ်၏။ တစ်ဖန် ထပ်မံ၍ ဆယ်နှစ်ခန့်
အကြာတွင်တော့ရသေ့အိုကြီးရှင်ပညာ
သာမိဖြစ်လာသောအခါတွင်တော့ သန်
လျင်မြို့ပါဒကြီးဘုရားကြီး၌နေ့အခါတွင်
အဓိဋ္ဌာန်ပုတီးစိပ်၍ ညအခါတွင်တော့
သတ္တဝါဝေနေယျများကိုမေတ္တာပွားကာ
နေထိုင်လျက်ရှိနေသည်ကိုယခုဤစာ
ဖတ်နေသည့်အချိန်တိုင်းတွေ့နိုင်၊ဆုံနိုင်
ပါကြောင်း ကျွန်ုပ် စာရေးသူ နန္ဒဝင်း
ကျော်ခေါင်မှ သတင်းကောင်းပါးအပ်
လိုက်ပါတော့သတည်း။
နန္ဒဝင်းကျော်ခေါင် (ခေတ္တလူ့ပြည်)
Zawgyi Version
“မှော်ဝင်ရုပ်”(စ/ဆုံး)
—————————
သည်။
လမ်းမျိုးတွေ ရေးတာလဲ။ ထူးထူးဆန်း
ဘရသေ့ကြီး”
ဖွင့်ဆိုပါရစေ…။
အော် – ဘရသေ့ကြီး- ဘရသေ့
လို့ ခေါ်တာပေါ့ကွယ်။
ကျောင်း ပြုခဲ့ဖူးတယ်။
အံ့ဩခဲ့ရလေ၏။
ကျောင်း ပြုခဲ့ဖူးတယ်။
အံ့ဩခဲ့ရလေ၏။
တာကြီးရဲ့။
သည့် လူပျိုကြီး ဖြစ်၏။ ကိုသော်တာ၏
ခြင်း ဖြစ်၏။ မင်းမာန်နုစေတီ၏အမည်
ခြင်းပင် ဖြစ်၏။
နာရီဝန်းကျင် ဖြစ်၏။ ကိုသော်တာကို
ထွက်ကာ ကြည့်ရှုပြန်၏။ Bound
ဖြစ်နေလေ၏။ ထူးဆန်းသည်မှာ သစ်
ဆွေးမြည့်လုနီး ဖြစ်၏။ ကိုသော်တာမှာ
သေတ္တာလေးပွင့်သွား၏။
ချီဆရာမသိ-မသိ…။
ရက်သာလျှင် ကျန်၏။
ရောက်နေလေ၏။ သံဘာဂျာတံခါးကြီး
ဆရာကိုလက်ယပ်ခေါ်၏။ အခန်းတစ်ခု
စက်နေသည်ကိုတွေ့ရ၏။
၏။
ယောက်မသိရှိချေ။
၍မဆုံးတော့ချေ။
နည်းဟု စဉ်းစား၏။ ထိုင်ကာ ကြည့်၏။
များနှင့် ပြန်ဆုံ၏။ တရားသမားများနှင့်
ပြန်တွေ့ကြ၏။
ကြကုန်၏။
ကာအိပ်ပျော်သွား၏။
ပြန်၏။
ပြန်မပြောနိုင်ချေ။ ဇော်ဂျီလို လူကြီး၏
သက်သာလျှင် ဖြစ်နေ၏။
ဝင်တိုင်း မလုပ်ပါနဲ့။
၏။
ရောက်နေလေ၏။
ထစ်များကို တွေ့၏။ လှေခါးထစ်များကို
အပေါ်ထပ်သို့ ရောက်၏။ ဤတွင် အန်း
ရပြန်သည်။