သူတပါးအသက်သတ်သောသူ(စ/ဆုံး)

Unicode Version

သူတပါးအသက်သတ်သောသူ(စ/ဆုံး)
———————————————-
“ငါးတွေရမယ်နော်…
ငါးလတ်လတ်ဆတ်ဆတ်တွေရမယ်တော်ရေ့”
ငါးစိမ်းသည်မ မိခိုင်၏အော်သံသည် ရွာအတွင်း၌တစတစပျံ့နှံလို့လာခဲ့သည်။
မိခိုင်သည် သောင်ထွန်းရွာနှင့် ရွာသစ်ရွာ နှစ်ရွာကြားကူးလူး၍ ငါးများရောင်းချသူပင်။
သူအော်ဟစ်ရောင်းချသော စကားအတိုင်းပင် မိခိုင်၏ငါးများသည်လတ်ဆတ်၏။
အဘယ့်ကြောင့်ဆို မိခိုင်ယောကျာ်းငပေသည်
ငါးများအား ပိုက်ကွန်ဖြင့်ဖမ်းဆီးလေရာ မိခိုင်ရောင်းချရာ၌ မသေမရှင်ငါးများကပို၍များပေသည်။
ထို့ကြောင့် လတ်လတ်ဆတ်ဆတ်ငါးများဟု မိခိုင်အော်ရောင်းချခြင်းဖြစ်သည်။
ဝယ်သူများမှာလည်း ငါးအရှင်၏အသားသည် ပို၍ချိုသည်မို့ မိခိုင်ဆီကသာဝယ်ယူကြ၏။
ဝယ်ယူကြသူများ၏ငါးများကိုလည်း မိခိုင်ကိုယ်တိုင် ထု့ရိုက်သတ်ပေးရသည်။
ထိုသည်ကမိခိုင်အတွက် နေ့စဉ်အလုပ်တစ်ခုပင်ဖြစ်၏။
မိခိုင်တို့နေသည်က ရွာသစ်ရွာတွင်ဖြစ်သည်။
ရွာသစ်နှင့်သောင်ထွန်း ထိုရွာနှစ်ရွာရှိလူတိုင်း မိခိုင်အားမသိသူမရှိကြ။
မိခိုင်တို့လင်မယားသည် အလုပ်ကိုကြိုးစား၏။
သို့သော် မိခိုင်တို့လင်မယား၌ အပိုစားသောက်မည့် သားသမီးရတနာကမရှိသေးပေ။
“ဟဲ့…မိခိုင် ညည်းငါးတွေကအရှင်တွေအေ့…ငါတော့မသတ်ရဲဘူး
ညည်းတစ်ခါထဲသတ်ပေးသွား”
“သြော်…အရီးရယ် ကျုပ်လုပ်ပေးမှာပေါ့တော်…သတ္တဝါဆိုတာလေ လူချွတ်မှကျွတ်တာတော့”
“ဘုန်း…ဘုန်း”
“အမလေး…လေး…မိခိုင်ရယ်
ညည်းငါးသတ်တာကလည်း အငြိုးတကြီးပါလား”
“အရီးရေ…ကျုပ်ကဒီအလုပ်နဲ့ ထမင်းစားတဲ့သူ ဒါလောက်လေးကတော့ ကျုပ်အတွက်ဘာမှမဖြစ်ဘူး”
“အေးပါအေ…အလုပ်ကအကုသိုလ်အလုပ်ဆိုတော့…
ဘုရားတရားဘက်လည်းသေချာလုပ်မိခိုင်…။အရီးက ညည်းကောင်းဖို့ပြောတာပါ”
“ဟုတ်ပါပြီတော်…”
မိခိုင်နှင့် ငါးဝယ်သူတို့ပြောဆိုနေကြခြင်းဖြစ်သည်။
ထိုသို့သော စိတ်ကြမ်းလူကြမ်းမိခိုင်တစ်ယောက် သောင်ထွန်းရွာဆီသို့ငါးရောင်းလာရင်း ဘွားမယ်စိန်၏အိမ်ဘက်သို့ရောက်လာခဲ့လေသည်။
“ငါးတွေရမယ်နော့…ငါးတွေ…အရီးဝင်း ငါးယူဦးမလား”
ခြံဝိုင်းစပ်ရှိ ကြက်ဟင်းခါးပင်၌ ကြက်ဟင်းခါးသီးရှာနေသော ဘွားမယ်စိန်၏သမီးဒေါ်ဝင်းအားမြင်လေတော့ မိခိုင်ကမေးလိုက် လေသည်။
“ဟဲ့…မိခိုင် ညည်းအိမ်များမှားမေးသလား…တို့အိမ် ဘယ်တုန်းက ညည်းငါးဝယ်ဖူးသတုန်းအေ့”
“အို အရီးကလည်း…ဝယ်မလားလို့မေးတာပါတော်…
မဝယ်ရင်လည်းဆက်ရောင်းရမှာပါ့ ကျုပ်က”
ဒေါ်ဝင်းနှင့်မိခိုင်စကားပြောနေကြသည်ကို ဘွားမယ်စိန်ကွပ်ပျစ်၌ထိုင်နေရင်းကြည့်နေခဲ့လေသည်။
ထိုသို့ကြည့်ရင်း…
“မိခိုင်…ဝိုင်းထဲခဏဝင်လာခဲ့”
ဟုခေါ်လိုက်လေတော့ ဒေါ်ဝင်းက…
“ညည်းကို အရီးအမေခေါ်နေတယ် မိခိုင်ရေ
သွားလိုက်ဦး”
“ဟုတ်ကဲ့…ဘွားရေ…ကျုပ်ဝင်လာပြီ”
မိခိုင်သူ၏ငါးတောင်းအား ကွပ်ပျစ်ထက်၌တင်လိုက်သည်။
ငါးတောင်းထဲ၌ မသေမရှင်ငါးတချို့က တဖျက်ဖျက်လှုပ်ခါနေပြီး တချို့ငါးများကသေဆုံးနေကြလေပြီ။
ဘွားမယ်စိန်ငါးတောင်းကိုတစ်ချက်ကြည့်အပြီး
ကွပ်ပျစ်၌ဝင်ထိုင်သောမိခိုင်အား…
“မိခိုင်…ညည်းဆင်ခြင်မှရတော့မယ်…။ဘွားမြင်ရသလောက်တော့ ညည်းမှာအကုသိုလ်တွေတော်တော် များနေပြီ…
ညည်းဒါတွေကိုဆက်မလုပ်တော့ဘဲ အခြားနည်းနဲ့အသက်မွေးရင် ပိုပြီး
အဆင်ပြေလိမ့်မယ်လို့ ဘွားထင်တယ်”
“ရှင်…ဘွား ကျုပ်က ကျုပ်ကဘာဖြစ်မှာမို့လဲ”
“ဖြစ်တာမဖြစ်တာထက် ညည်းကိုသူတပါးအသက်ကို
သတ်တာဖြတ်တာဆင်ခြင်စေချင်တာ”
“သြော်…ဟုတ်ပါပြီဘွားရယ်…ကျုပ်တတ်နိုင်သလောက်ဆင်ခြင်ပါ့မယ်… အခုတော့ကျန်တဲ့
ငါးတွေဆက်ရောင်းဖို့သွားဦးမယ်တော်”
“အေး…အေး…ဘွားပြောတာမမေ့နဲ့
မိခိုင်သေချာစိတ်ထဲမှတ်ထား”
“ဟုတ်ကဲ့…”
မိခိုင်တစ်ယောက် သူ၏ငါးတောင်းကိုရွက်လို့ ခြံဝိုင်းထဲမှထွက်သွားလေပြီ။
ဒေါ်ဝင်းက မိခိုင်အားလှမ်းကြည့်ရင်း…
“အမေက ဘာလို့ပြောနေတာတုန်း…။အဲ့ကောင်မကဘယ်သူ့စကားမှအလေးထားတာမဟုတ်ဘူး။
သူတပါးအသက်သတ်ရမှကို
စားဝင်အိပ်ပျော်နေတာအမေရဲ့”
“ပြောရတာကအကြောင်းရှိလို့ဖြစ်လာမယ့်
အကျိုးတရားတွေကြောင့်ပေါ့အေ…တားရသလောက်တော့တားကြည့်ရတာပေါ့မိဝင်းရဲ့…”
ဟုသာ ဘွားမယ်စိန်ဖြေလိုက်သည်။
****************
မိခိုင်သည်က ဘွားမယ်စိန်ပြောသောစကားအားအမှုမဲ့အမှတ်မဲ့နေ၏။
မည်သူကတရားချချ နားမဝင်သောမိခိုင်တစ်ယောက် ကိုယ်ဝန်ရှိလာခဲ့လေသည်။
ထိုကိုယ်ဝန်ကြီးနှင့်ပင် မိခိုင်ငါးရောင်းထွက်လေရာ ရွာသူ၊ရွာသားများမှာ မိခိုင်အား အံ့သြ၍မဆုံးကြပေ။
ထိုသို့ဖြင့် မိခိုင်ကိုယ်ဝန်ခြောက်လခန့်၌…
“ကိုပေ…”
“ဘာလဲ မိခိုင်”
“ကျုပ်…အခုတစ်လောတစ်ခုခု
စားဖို့အတော်စိတ်ပြင်းပြနေတယ်တော်…”
“ဘာစားချင်တာလဲမိခိုင်ရဲ့…ပြောလေငါ့ကို”
“ဟိုလေ…ဟိုဘက်တဲက ကိုမြင့်သန်းရဲ့ခွေးမကြီးမိနက်ရဲ့အသားကိုချက်စားချင်တာတော့”
“ဟေ…ခွေးသားဟုတ်လားမိခိုင်….
နင်စားချင်တာကြီးကလည်းဟာ”
“ကျုပ်စားချင်နေတာတော့… ရှင်ဒါလေးတောင်လုပ်မပေးနိုင်ဘူးလား”
” ခွေးသားစားချင်ရင်ငါတခြားကရှာပေးပါ့မယ်ဟာ…
မိနက်ကသားကျထားတာရက်ပိုင်းပဲရှိသေးတယ်လေ…
နောက်ပြီးကိုမြင့်သန်းတို့နဲ့ရန်ဖြစ်နေရပါဦးမယ်ကွာ”
“အိုတော်…မရပါဘူး…ကျုပ်စားချင်တာက မိနက်အသားမှမိနက်အသားတော့”
“ဟာ…ဒီမိန်းမနဲ့တော့ခက်ပြီကွာ…”
ငပေသည် မိန်းမဖြစ်သူစားချင်သည့်မိနက်အားမသတ်ဝံ့ပေ။
ထိုသို့နေရင်း တစ်ရက်၌ မိနက်တစ်ကောင်သည် မိခိုင်တို့အိမ်ဝိုင်းအတွင်းဝင်လာခဲ့၏။
မိနက်ကိုမြင်လေတော့ မိခိုင်တစ်ယောက်အစာကျွေးဟန်ဆောင်ကာ မိနက်၏ခေါင်းအား ငရုပ်ဆုံဖြင့်အချက်များစွာထု့ရိုက်သတ်လိုက်လေသည်။
လူရင်လှသောမိနက်တစ်ကောင်မှာတော့ မိခိုင်၏လက်ချက်ကြောင့်မချိတင်ကဲဝေဒနာကိုခံစားရပြီးသေဆုံးသွားရှာသည်။
“ဟာ…မိခိုင်…ဒီမှာလည်း သွေးတွေနဲ့…နင်ဘာလုပ်ထားတာလဲဟာ”
အိမ်သို့ပြန်ရောက်လာသော ငပေ သွေးကွက်များကိုမြင်၍မေးလေရာ…
“တော်မှကျုပ်စားချင်တာလုပ်မပေးတာ ကျုပ်ဘာသာလုပ်လိုက်ရတာပေါ့”
“ဟင်…ဒါဆို နင်…နင်…မိနက်ကို သတ်လိုက်တယ်ပေါ့…ဟာ…ဒုက္ခပဲ မိခိုင်ရာ”
“ချက်တောင်ချက်ပြီးပြီ ကိုငပေရေ့….တော်ထမင်းစားချင်ရင်အသင့်ပဲ”
“အာ…ငါမစားချင်ပါဘူး…နင်ဟာ ဟိုမှာခွေးသားပေါက်လေးတွေနဲ့ နင်မို့သတ်ရက်တယ်ဟာ”
ငပေ ကိုယ်တိုင်သူ၏မိန်းမဖြစ်သူအား အလိုမကျဖြစ်လာခဲ့ရသည်။
မိနက်ပျောက်၍ ကိုမြင့်သန်းတို့လိုက်လံရှာဖွေကြလေရာ
ငပေတို့လင်မယားက မသိဟန်ဆောင်နေကြရသည်။
ညတိုင်ဆိုလျှင် မိနက်မွေးထားသော ခွေးသားပေါက်လေးများ၏နို့ဆာ၍အော်သံများကိုလည်း ကြားကြရပေသည်။
မိခိုင်၏ကိုယ်ဝန်သည် ခုနှစ်လအတွင်းသို့ဝင်လာခဲ့လေပြီ။
ထိုသို့နေရင်းတစ်ရက် မိခိုင်ကိုယ်ဝန်ပျက်ကျတော့သည်။
အကြောင်းမရင်းမရှိအထိခိုက်မရှိဘဲ ပျက်ကျသွားသော ကိုယ်ဝန်ကြောင့် ငပေတစ်ယောက် စိတ်အပူကြီးပူရလေသည်။
ကိုယ်ဝန်ပျက်ကျသူမိခိုင်အား ရွာရှိဆေးဆရာများကမကူသပေးနိုင်။
သို့ကြောင့်မြို့သို့လှည်းဖြင့်သာ အသောနှင်ကြရတော့ပေသည်။
မိခိုင်၏သတင်းသည်ကား ရွာနှစ်ရွာ၌ ပျံ့နှံ့လို့နေခဲ့၏။
ထိုသို့မိခိုင်မြို့သို့အသွားည၌ပင်…
“အီးး…ဟီးးး…ဟီးးးး…ဟီးးးးဟီးးးးးး….ဟီးးးး”
တဲအပြင်ဘက်၌ငိုသံထွက်ပေါ်လာခဲ့သည်။
ထိုအသံသည်က တဲအပြင်ဘက်ကမဟုတ်ခြံဝိုင်းအပြင်ကပင်ဖြစ်၏။
ဘွားမယ်စိန်အသံကြောင့် အိပ်နေရာမှထခဲ့လိုက်သည်။
သူ၏တောင်ဝှေးကိုထောက်၍ အိမ်ပေါ်မှအသာအယာဆင်းခဲ့၏။
ပြီးလေတော့ခြံဝိုင်းအတွင်းမှတရွေ့ရွေ့လျှောက်လာကာ ခြံပြင်ဘက်ဆီသို့ ဘွားမယ်စိန်အကြည့်….။
ဘွားမယ်စိန်အား
ကျောပေးထားသောခန္ဓာကိုယ်တစ်ခုသည် တသိမ့်သိမ့်ရှိုက်ကာငိုကြွေးလို့နေလေသည်။
ဘွားမယ်စိန် ထိုအရာကိုမြင်လေတော့ သက်ပြင်းဖွဖွချလိုက်ပြီး…
“မိခိုင်မလား…”
ဟုမေးလိုက်၏။
ထိုအခါ ငိုသံသည်ပိုကျယ်လာပြီး ဘွားမယ်စိန်အား ကျောပေးလျှက်ဖြင့်…
“ဟုတ်ပါတယ်ဘွားရယ်…ဟီးး…ဟီး…ဟီး…ဟီး….
ကျွန်မ မိခိုင်ပါတော်…ကျွန်မ မိခိုင်ပါဘွားရဲ့…အီးး…ဟီးးး…ဟီးးး….ဟီးးး…..”
“ညည်းအေ…အကုသိုလ်အလုပ်တွေဆက်မလုပ်ပါနဲ့လို့ဘွားပြောခဲ့တားခဲ့တာကို…အခုကြည့်လေ ညည်းနဲ့ညည်းရင်သွေးထိခိုက်ရပြီပေါ့”
“ကျုပ်က…ဘွားပြောခဲ့…တားခဲ့တာကို
အလေးမထားမိတာပါ…။
အခုတော့ကျုပ်ရဲ့နောင်တတွေ
နောက်ကျသွားပါပြီဘွားရယ်…နောက်ကျသွားပါပြီ…”
“အင်း…ငါ့သမီး ကိုယ့်ဝဠ်ကြွေးကိုကျေအောင်ဆပ်လိုက်ပါလို့ပဲ
ဘွားပြောနိုင်တယ်အေ”
“ဟုတ်ကဲ့ပါဘွား…ကျုပ် ကျုပ် ဘွားကိုလာနှုတ်ဆက်တာပါ…ကျုပ်လုပ်ခဲ့တဲ့ အကုသိုလ်အပြစ်တွေကိုပေးဆပ်ဖို့ ကျုပ်သွားရတော့မယ်ဘွား…ကျုပ်သွားရတော့မယ်…”
“ဝုတ်…ဝုတ်… ဝုတ်…ဝုတ်….ဂီးးး…..ဂီး….”
“အမလေးတော့….အမလေး….”
ကျောပေးကာပြောဆိုနေသော မိခိုင်အနီးသို့ဘယ်ဆီကပေါ်လာမှန်းမသိသော
ခွေးတစ်ကောင်သည်မိခိုင်အား ကိုက်ဆွဲတော့၏။
ကိုက်ဆွဲနေသောခွေးအား မိခိုင်ရုန်းကန်ရင်းအဝေးဆီသို့ပြေးထွက်သွားတော့သည်။
ခွေးသည်ကလည်းမိခိုင်၏နောက်သို့ပြေးကာလိုက်သွား
တော့၏။
ထိုအဖြစ်အပျက်အားဘွားမယ်စိန်တစ်ယောက်
ခေါင်းလေးအားတရမ်းရမ်းဖြင့်ကြည့်နေခဲ့ရှာသည်။
************
နောက်တစ်နေ့နံနက်မှာတော့ ငပေတို့ရွာဆီသို့ ပြန်ရောက်လာခဲ့၏။
မိခိုင်တစ်ယောက်ဆေးရုံသို့မရောက်ခင်လမ်း၌သေဆုံးသွားခြင်းကြောင့်ဖြစ်သည်။
မိခိုင်၏သတင်းကြား၍ ရွာသူ၊ရွာသားများစိတ်မကောင်းကြ။
တချို့ကတော့မိခိုင်တစ်ယောက်သူ့အကုသိုလ်များကသူ့အားခေါ်ဆောင်သွားသည်ဟုပြောကြလေသည်။
မိခိုင်၏သေဆုံးသွားပြီးနောက်အကြောင်းအားဘွားမယ်စိန်တစ်ဦးသာသိထားခဲ့လေသည်။
ဘွားမယ်စိန်သည်လည်းသူတွေ့မြင်ခဲ့ရသော
မိခိုင်၏အကြောင်းအား
မည်သူတစ်ဦးတစ်ယောက်ကိုမှပြောမပြခဲ့ပေ။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
စာဖတ်သူတို့အထင်ကရော စာရေးသူရဲအဆုံးသတ်နဲ့တူညီကြရဲ့လား?

Zawgyi Version

သူတပါးအသက္သတ္ေသာသူ(စ/ဆံုး)
———————————————-
“ငါးေတြရမယ္ေနာ္…
ငါးလတ္လတ္ဆတ္ဆတ္ေတြရမယ္ေတာ္ေရ႕”
ငါးစိမ္းသည္မ မိခိုင္၏ေအာ္သံသည္ ႐ြာအတြင္း၌တစတစပ်ံ႕ႏွံလို႔လာခဲ့သည္။
မိခိုင္သည္ ေသာင္ထြန္း႐ြာႏွင့္ ႐ြာသစ္႐ြာ ႏွစ္႐ြာၾကားကူးလူး၍ ငါးမ်ားေရာင္းခ်သူပင္။
သူေအာ္ဟစ္ေရာင္းခ်ေသာ စကားအတိုင္းပင္ မိခိုင္၏ငါးမ်ားသည္လတ္ဆတ္၏။
အဘယ့္ေၾကာင့္ဆို မိခိုင္ေယာက်ာ္းငေပသည္
ငါးမ်ားအား ပိုက္ကြန္ျဖင့္ဖမ္းဆီးေလရာ မိခိုင္ေရာင္းခ်ရာ၌ မေသမရွင္ငါးမ်ားကပို၍မ်ားေပသည္။
ထို႔ေၾကာင့္ လတ္လတ္ဆတ္ဆတ္ငါးမ်ားဟု မိခိုင္ေအာ္ေရာင္းခ်ျခင္းျဖစ္သည္။
ဝယ္သူမ်ားမွာလည္း ငါးအရွင္၏အသားသည္ ပို၍ခ်ိဳသည္မို႔ မိခိုင္ဆီကသာဝယ္ယူၾက၏။
ဝယ္ယူၾကသူမ်ား၏ငါးမ်ားကိုလည္း မိခိုင္ကိုယ္တိုင္ ထု႔႐ိုက္သတ္ေပးရသည္။
ထိုသည္ကမိခိုင္အတြက္ ေန႔စဥ္အလုပ္တစ္ခုပင္ျဖစ္၏။
မိခိုင္တို႔ေနသည္က ႐ြာသစ္႐ြာတြင္ျဖစ္သည္။
႐ြာသစ္ႏွင့္ေသာင္ထြန္း ထို႐ြာႏွစ္႐ြာရွိလူတိုင္း မိခိုင္အားမသိသူမရွိၾက။
မိခိုင္တို႔လင္မယားသည္ အလုပ္ကိုႀကိဳးစား၏။
သို႔ေသာ္ မိခိုင္တို႔လင္မယား၌ အပိုစားေသာက္မည့္ သားသမီးရတနာကမရွိေသးေပ။
“ဟဲ့…မိခိုင္ ညည္းငါးေတြကအရွင္ေတြေအ့…ငါေတာ့မသတ္ရဲဘူး
ညည္းတစ္ခါထဲသတ္ေပးသြား”
“​ေၾသာ္…အရီးရယ္ က်ဳပ္လုပ္ေပးမွာေပါ့ေတာ္…သတၱဝါဆိုတာေလ လူခြၽတ္မွကြၽတ္တာေတာ့”
“ဘုန္း…ဘုန္း”
“အမေလး…ေလး…မိခိုင္ရယ္
ညည္းငါးသတ္တာကလည္း အၿငိဳးတႀကီးပါလား”
“အရီးေရ…က်ဳပ္ကဒီအလုပ္နဲ႔ ထမင္းစားတဲ့သူ ဒါေလာက္ေလးကေတာ့ က်ဳပ္အတြက္ဘာမွမျဖစ္ဘူး”
“ေအးပါေအ…အလုပ္ကအကုသိုလ္အလုပ္ဆိုေတာ့…
ဘုရားတရားဘက္လည္းေသခ်ာလုပ္မိခိုင္…။အရီးက ညည္းေကာင္းဖို႔ေျပာတာပါ”
“ဟုတ္ပါၿပီေတာ္…”
မိခိုင္ႏွင့္ ငါးဝယ္သူတို႔ေျပာဆိုေနၾကျခင္းျဖစ္သည္။
ထိုသို႔ေသာ စိတ္ၾကမ္းလူၾကမ္းမိခိုင္တစ္ေယာက္ ေသာင္ထြန္း႐ြာဆီသို႔ငါးေရာင္းလာရင္း ဘြားမယ္စိန္၏အိမ္ဘက္သို႔ေရာက္လာခဲ့ေလသည္။
“ငါးေတြရမယ္ေနာ့…ငါးေတြ…အရီးဝင္း ငါးယူဦးမလား”
ၿခံဝိုင္းစပ္ရွိ ၾကက္ဟင္းခါးပင္၌ ၾကက္ဟင္းခါးသီးရွာေနေသာ ဘြားမယ္စိန္၏သမီးေဒၚဝင္းအားျမင္ေလ​ေတာ့ မိခိုင္ကေမးလိုက္ ေလသည္။
“ဟဲ့…မိခိုင္ ညည္းအိမ္မ်ားမွားေမးသလား…တို႔အိမ္ ဘယ္တုန္းက ညည္းငါးဝယ္ဖူးသတုန္းေအ့”
“အို အရီးကလည္း…ဝယ္မလားလို႔ေမးတာပါေတာ္…
မဝယ္ရင္လည္းဆက္ေရာင္းရမွာပါ့ က်ဳပ္က”
ေဒၚဝင္းႏွင့္မိခိုင္စကားေျပာေနၾကသည္ကို ဘြားမယ္စိန္ကြပ္ပ်စ္၌ထိုင္ေနရင္းၾကည့္ေနခဲ့ေလသည္။
ထိုသို႔ၾကည့္ရင္း…
“မိခိုင္…ဝိုင္းထဲခဏဝင္လာခဲ့”
ဟုေခၚလိုက္ေလေတာ့ ေဒၚဝင္းက…
“ညည္းကို အရီးအေမေခၚေနတယ္ မိခိုင္ေရ
သြားလိုက္ဦး”
“ဟုတ္ကဲ့…ဘြားေရ…က်ဳပ္ဝင္လာၿပီ”
မိခိုင္သူ၏ငါးေတာင္းအား ကြပ္ပ်စ္ထက္၌တင္လိုက္သည္။
ငါးေတာင္းထဲ၌ မေသမရွင္ငါးတခ်ိဳ႕က တဖ်က္ဖ်က္လႈပ္ခါေနၿပီး တခ်ိဳ႕ငါးမ်ားကေသဆုံးေနၾကေလၿပီ။
ဘြားမယ္စိန္ငါးေတာင္းကိုတစ္ခ်က္ၾကည့္အၿပီး
ကြပ္ပ်စ္၌ဝင္ထိုင္ေသာမိခိုင္အား…
“မိခိုင္…ညည္းဆင္ျခင္မွရေတာ့မယ္…။ဘြားျမင္ရသေလာက္ေတာ့ ညည္းမွာအကုသိုလ္ေတြေတာ္ေတာ္ မ်ားေနၿပီ…
ညည္းဒါေတြကိုဆက္မလုပ္ေတာ့ဘဲ အျခားနည္းနဲ႔အသက္ေမြးရင္ ပိုၿပီး
အဆင္ေျပလိမ့္မယ္လို႔ ဘြားထင္တယ္”
“ရွင္…ဘြား က်ဳပ္က က်ဳပ္ကဘာျဖစ္မွာမို႔လဲ”
“ျဖစ္တာမျဖစ္တာထက္ ညည္းကိုသူတပါးအသက္ကို
သတ္တာျဖတ္တာဆင္ျခင္ေစခ်င္တာ”
“ေၾသာ္…ဟုတ္ပါၿပီဘြားရယ္…က်ဳပ္တတ္ႏိုင္သေလာက္ဆင္ျခင္ပါ့မယ္… အခုေတာ့က်န္တဲ့
ငါးေတြဆက္ေရာင္းဖို႔သြားဦးမယ္ေတာ္”
“ေအး…ေအး…ဘြားေျပာတာမေမ့နဲ႔
မိခိုင္ေသခ်ာစိတ္ထဲမွတ္ထား”
“ဟုတ္ကဲ့…”
မိခိုင္တစ္ေယာက္ သူ၏ငါးေတာင္းကို႐ြက္လို႔ ၿခံဝိုင္းထဲမွထြက္သြားေလၿပီ။
ေဒၚဝင္းက မိခိုင္အားလွမ္းၾကည့္ရင္း…
“အေမက ဘာလို႔ေျပာေနတာတုန္း…။အဲ့ေကာင္မကဘယ္သူ႔စကားမွအေလးထားတာမဟုတ္ဘူး။
သူတပါးအသက္သတ္ရမွကို
စားဝင္အိပ္ေပ်ာ္ေနတာအေမရဲ႕”
“ေျပာရတာကအေၾကာင္းရွိလို႔ျဖစ္လာမယ့္
အက်ိဳးတရားေတြေၾကာင့္ေပါ့ေအ…တားရသေလာက္ေတာ့တားၾကည့္ရတာေပါ့မိဝင္းရဲ႕…”
ဟုသာ ဘြားမယ္စိန္ေျဖလိုက္သည္။
****************
မိခိုင္သည္က ဘြားမယ္စိန္ေျပာေသာစကားအားအမႈမဲ့အမွတ္မဲ့ေန၏။
မည္သူကတရားခ်ခ် နားမဝင္ေသာမိခိုင္တစ္ေယာက္ ကိုယ္ဝန္ရွိလာခဲ့ေလသည္။
ထိုကိုယ္ဝန္ႀကီးႏွင့္ပင္ မိခိုင္ငါးေရာင္းထြက္ေလရာ ႐ြာသူ၊႐ြာသားမ်ားမွာ မိခိုင္အား အံ့ၾသ၍မဆုံးၾကေပ။
ထိုသို႔ျဖင့္ မိခိုင္ကိုယ္ဝန္ေျခာက္လခန္႔၌…
“ကိုေပ…”
“ဘာလဲ မိခိုင္”
“က်ဳပ္…အခုတစ္ေလာတစ္ခုခု
စားဖို႔အေတာ္စိတ္ျပင္းျပေနတယ္ေတာ္…”
“ဘာစားခ်င္တာလဲမိခိုင္ရဲ႕…ေျပာေလငါ့ကို”
“ဟိုေလ…ဟိုဘက္တဲက ကိုျမင့္သန္းရဲ႕ေခြးမႀကီးမိနက္ရဲ႕အသားကိုခ်က္စားခ်င္တာေတာ့”
“ေဟ…ေခြးသားဟုတ္လားမိခိုင္….
နင္စားခ်င္တာႀကီးကလည္းဟာ”
“က်ဳပ္စားခ်င္ေနတာေတာ့… ရွင္ဒါေလးေတာင္လုပ္မေပးႏိုင္ဘူးလား”
” ေခြးသားစားခ်င္ရင္ငါတျခားကရွာေပးပါ့မယ္ဟာ…
မိနက္ကသားက်ထားတာရက္ပိုင္းပဲရွိေသးတယ္ေလ…
ေနာက္ၿပီးကိုျမင့္သန္းတို႔နဲ႔ရန္ျဖစ္ေနရပါဦးမယ္ကြာ”
“အိုေတာ္…မရပါဘူး…က်ဳပ္စားခ်င္တာက မိနက္အသားမွမိနက္အသားေတာ့”
“ဟာ…ဒီမိန္းမနဲ႔ေတာ့ခက္ၿပီကြာ…”
ငေပသည္ မိန္းမျဖစ္သူစားခ်င္သည့္မိနက္အားမသတ္ဝံ့ေပ။
ထိုသို႔ေနရင္း တစ္ရက္၌ မိနက္တစ္ေကာင္သည္ မိခိုင္တို႔အိမ္ဝိုင္းအတြင္းဝင္လာခဲ့၏။
မိနက္ကိုျမင္ေလေတာ့ မိခိုင္တစ္ေယာက္အစာေကြၽးဟန္ေဆာင္ကာ မိနက္၏ေခါင္းအား င႐ုပ္ဆုံျဖင့္အခ်က္မ်ားစြာထု႔႐ိုက္သတ္လိုက္ေလသည္။
လူရင္လွေသာမိနက္တစ္ေကာင္မွာေတာ့ မိခိုင္၏လက္ခ်က္ေၾကာင့္မခ်ိတင္ကဲေဝဒနာကိုခံစားရၿပီးေသဆုံးသြားရွာသည္။
“ဟာ…မိခိုင္…ဒီမွာလည္း ေသြးေတြနဲ႔…နင္ဘာလုပ္ထားတာလဲဟာ”
အိမ္သို႔ျပန္ေရာက္လာေသာ ငေပ ေသြးကြက္မ်ားကိုျမင္၍ေမးေလရာ…
“ေတာ္မွက်ဳပ္စားခ်င္တာလုပ္မေပးတာ က်ဳပ္ဘာသာလုပ္လိုက္ရတာေပါ့”
“ဟင္…ဒါဆို နင္…နင္…မိနက္ကို သတ္လိုက္တယ္ေပါ့…ဟာ…ဒုကၡပဲ မိခိုင္ရာ”
“ခ်က္ေတာင္ခ်က္ၿပီးၿပီ ကိုငေပေရ႕….ေတာ္ထမင္းစားခ်င္ရင္အသင့္ပဲ”
“အာ…ငါမစားခ်င္ပါဘူး…နင္ဟာ ဟိုမွာေခြးသားေပါက္ေလးေတြနဲ႔ နင္မို႔သတ္ရက္တယ္ဟာ”
ငေပ ကိုယ္တိုင္သူ၏မိန္းမျဖစ္သူအား အလိုမက်ျဖစ္လာခဲ့ရသည္။
မိနက္ေပ်ာက္၍ ကိုျမင့္သန္းတို႔လိုက္လံရွာေဖြၾကေလရာ
ငေပတို႔လင္မယားက မသိဟန္ေဆာင္ေနၾကရသည္။
ညတိုင္ဆိုလွ်င္ မိနက္ေမြးထားေသာ ေခြးသားေပါက္ေလးမ်ား၏ႏို႔ဆာ၍ေအာ္သံမ်ားကိုလည္း ၾကားၾကရေပသည္။
မိခိုင္၏ကိုယ္ဝန္သည္ ခုႏွစ္လအတြင္းသို႔ဝင္လာခဲ့ေလၿပီ။
ထိုသို႔ေနရင္းတစ္ရက္ မိခိုင္ကိုယ္ဝန္ပ်က္က်ေတာ့သည္။
အေၾကာင္းမရင္းမရွိအထိခိုက္မရွိဘဲ ပ်က္က်သြားေသာ ကိုယ္ဝန္ေၾကာင့္ ငေပတစ္ေယာက္ စိတ္အပူႀကီးပူရေလသည္။
ကိုယ္ဝန္ပ်က္က်သူမိခိုင္အား ႐ြာရွိေဆးဆရာမ်ားကမကူသေပးႏိုင္။
သို႔ေၾကာင့္ၿမိဳ႕သို႔လွည္းျဖင့္သာ အေသာႏွင္ၾကရေတာ့ေပသည္။
မိခိုင္၏သတင္းသည္ကား ႐ြာႏွစ္႐ြာ၌ ပ်ံ႕ႏွံ႔လို႔ေနခဲ့၏။
ထိုသို႔မိခိုင္ၿမိဳ႕သို႔အသြားည၌ပင္…
“အီးး…ဟီးးး…ဟီးးးး…ဟီးးးးဟီးးးးးး….ဟီးးးး”
တဲအျပင္ဘက္၌ငိုသံထြက္ေပၚလာခဲ့သည္။
ထိုအသံသည္က တဲအျပင္ဘက္ကမဟုတ္ၿခံဝိုင္းအျပင္ကပင္ျဖစ္၏။
ဘြားမယ္စိန္အသံေၾကာင့္ အိပ္ေနရာမွထခဲ့လိုက္သည္။
သူ၏ေတာင္ေဝွးကိုေထာက္၍ အိမ္ေပၚမွအသာအယာဆင္းခဲ့၏။
ၿပီးေလေတာ့ၿခံဝိုင္းအတြင္းမွတေ႐ြ႕ေ႐ြ႕ေလွ်ာက္လာကာ ၿခံျပင္ဘက္ဆီသို႔ ဘြားမယ္စိန္အၾကည့္….။
ဘြားမယ္စိန္အား
ေက်ာေပးထားေသာခႏၶာကိုယ္တစ္ခုသည္ တသိမ့္သိမ့္ရႈိက္ကာငိုေႂကြးလို႔ေနေလသည္။
ဘြားမယ္စိန္ ထိုအရာကိုျမင္ေလေတာ့ သက္ျပင္းဖြဖြခ်လိုက္ၿပီး…
“မိခိုင္မလား…”
ဟုေမးလိုက္၏။
ထိုအခါ ငိုသံသည္ပိုက်ယ္လာၿပီး ဘြားမယ္စိန္အား ေက်ာေပးလွ်က္ျဖင့္…
“ဟုတ္ပါတယ္ဘြားရယ္…ဟီးး…ဟီး…ဟီး…ဟီး….
ကြၽန္မ မိခိုင္ပါေတာ္…ကြၽန္မ မိခိုင္ပါဘြားရဲ႕…အီးး…ဟီးးး…ဟီးးး….ဟီးးး…..”
“ညည္းေအ…အကုသိုလ္အလုပ္ေတြဆက္မလုပ္ပါနဲ႔လို႔ဘြားေျပာခဲ့တားခဲ့တာကို…အခုၾကည့္ေလ ညည္းနဲ႔ညည္းရင္ေသြးထိခိုက္ရၿပီေပါ့”
“က်ဳပ္က…ဘြားေျပာခဲ့…တားခဲ့တာကို
အေလးမထားမိတာပါ…။
အခုေတာ့က်ဳပ္ရဲ႕ေနာင္တေတြ
ေနာက္က်သြားပါၿပီဘြားရယ္…ေနာက္က်သြားပါၿပီ…”
“အင္း…ငါ့သမီး ကိုယ့္ဝဠ္ေႂကြးကိုေက်ေအာင္ဆပ္လိုက္ပါလို႔ပဲ
ဘြားေျပာႏိုင္တယ္ေအ”
“ဟုတ္ကဲ့ပါဘြား…က်ဳပ္ က်ဳပ္ ဘြားကိုလာႏႈတ္ဆက္တာပါ…က်ဳပ္လုပ္ခဲ့တဲ့ အကုသိုလ္အျပစ္ေတြကိုေပးဆပ္ဖို႔ က်ဳပ္သြားရေတာ့မယ္ဘြား…က်ဳပ္သြားရေတာ့မယ္…”
“ဝုတ္…ဝုတ္… ဝုတ္…ဝုတ္….ဂီးးး…..ဂီး….”
“အမေလးေတာ့….အမေလး….”
ေက်ာေပးကာေျပာဆိုေနေသာ မိခိုင္အနီးသို႔ဘယ္ဆီကေပၚလာမွန္းမသိေသာ
ေခြးတစ္ေကာင္သည္မိခိုင္အား ကိုက္ဆြဲေတာ့၏။
ကိုက္ဆြဲေနေသာေခြးအား မိခိုင္႐ုန္းကန္ရင္းအေဝးဆီသို႔ေျပးထြက္သြားေတာ့သည္။
ေခြးသည္ကလည္းမိခိုင္၏ေနာက္သို႔ေျပးကာလိုက္သြား
ေတာ့၏။
ထိုအျဖစ္အပ်က္အားဘြားမယ္စိန္တစ္ေယာက္
ေခါင္းေလးအားတရမ္းရမ္းျဖင့္ၾကည့္ေနခဲ့ရွာသည္။
************
ေနာက္တစ္ေန႔နံနက္မွာ​ေတာ့ ငေပတို႔႐ြာဆီသို႔ ျပန္ေရာက္လာခဲ့၏။
မိခိုင္တစ္ေယာက္ေဆး႐ုံသို႔မေရာက္ခင္လမ္း၌ေသဆုံးသြားျခင္းေၾကာင့္ျဖစ္သည္။
မိခိုင္၏သတင္းၾကား၍ ႐ြာသူ၊႐ြာသားမ်ားစိတ္မေကာင္းၾက။
တခ်ိဳ႕ကေတာ့မိခိုင္တစ္ေယာက္သူ႔အကုသိုလ္မ်ားကသူ႔အားေခၚေဆာင္သြားသည္ဟုေျပာၾကေလသည္။
မိခိုင္၏ေသဆုံးသြားၿပီးေနာက္အေၾကာင္းအားဘြားမယ္စိန္တစ္ဦးသာသိထားခဲ့ေလသည္။
ဘြားမယ္စိန္သည္လည္းသူေတြ႕ျမင္ခဲ့ရေသာ
မိခိုင္၏အေၾကာင္းအား
မည္သူတစ္ဦးတစ္ေယာက္ကိုမွေျပာမျပခဲ့ေပ။
ၿပီးပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)
စာဖတ္သူတို႔အထင္ကေရာ စာေရးသူရဲအဆုံးသတ္နဲ႔တူညီၾကရဲ႕လား?