” နေရာတိုင်းမှာသေမင်းရှိတယ် “(စ/ဆုံး)

Unicode Version

” နေရာတိုင်းမှာသေမင်းရှိတယ် “(စ/ဆုံး)
———————————————

သူတို့ထိုင်နေကြသည့်နေရာက အဆင့်မြင့်ဟိုတယ်ကြီး
တစ်ခု၏တတိယထပ်ရှိမြင်ကွင်းအားလုံးကို
အပေါ်စီးမှအထင်း သားမြင်တွေ့နိုင်သော
အခန်းတစ်ခန်း ဖြစ်သည်။သူတို့က ဒီအခန်းကို
အမြဲယူထားကြသည်။ ညနေရောက်တိုင်းသူ
တို့ဒီအခန်းကိုရောက်နေကျ၊ဟိုတယ်ပိုင်ရှင်နှင့်
မန်နေ ဂျာက ဒီအခန်းကို သူတို့သုံးယောက်အတွက်
သီးသန့်ထားသည်။ ဒီအခန်းကသူတို့နှင့်အဆင်ပြေသည်။
ပတ်ဝန်းကျင်အနှောင့် အယှက်ကင်းစွာဖြင့်တစ်ညနေအတွက်
အချိန်ကိုအမြဲတမ်းကုန် လွန်စေသည်။
ရမ်တစ်ပြားနှင့် ဘီယာ(၃)ဘူးကို ဖောက်ကာ
အခေါက်ကင်၊ ဝက်အူချောင်း၊ ဘဲကင်၊ပင်လယ်
ရေခူသုပ်တို့ဖြင့် ဇိမ်ခံ၍ကောင်းသောနေရာဖြစ်၏။
သူတို့သုံးယောက်ဆိုသည်က နံပါတ် – ၁၊
နံပါတ် – ၂နှင့် နံပါတ် – ၃ တို့ ဖြစ်သည်။
သုံးယောက်စလုံးက အပျော်အပါး အသောက်
အစားမက်မောကြသူတွေချည်းဖြစ်၏။အထူးသဖြင့်
အရက်ကို မက်မောကြသူတွေ၊ အရက်မ
သောက်ရလျှင် မနေနိုင် ကြသူတွေ။
အခန်းကိုတော့ သူတို့သုံးယောက်လုံး ပြိုင်တူ
ရောက်လေ့မရှိတတ်။တစ်ယောက်ရောက်ပြီးမှ
နောက်တစ်ယောက်က ထပ်ရောက်လေ့ရှိသည်။
အရင်ရောက်သူကနောက်ရောက်လာမည့်သူများ
ကိုစောင့်ရင်းမှာစရာရှိဘာ မှာထားလေ့ရှိသည်။
ပြီးမှ – အားလုံးစကားတပြောပြောနှင့် ပြိုင်တူစား သောက်တတ်ကြ၏။
တစ်နေ့ အချိန်ကုန်လှသည့်တိုင် နံပါတ် –
၃ က ရောက်မလာ။ ခါတိုင်း ပြိုင်တူရောက်
မလာတတ်ကြသည်မှလွဲ၍ ဒီလောက်ကြာကြာမစောင့်ရ။
တစ်ယောက်နှင့်တစ်ယောက်ကြာလှအဆုံးမှ
ဆယ်မိနစ်ဆယ့်ငါးမိနစ်သာ။ ယခုတော့
တစ်ညနေအတွက် အချိန်က ကုန်လှပြီ။
နံပါတ် – ၃ ရောက်မလာနိုင်သည့်အဆုံး
နံပါတ် – ၁ နှင့် ၂ တို့က နံပါတ် – ၃ကိုာင့်ရင်း
ရမ်တစ်ပြားနှင့် ဘီယာ(၃)ဘူး ကုန်လု၊
ကုန်ခါနီးအထိ သောက်နေလိုက်ကြသည်။
နံပါတ် – ၃ ရောက်လာမှ ထပ်မှာမည်ဟု
နံပါတ် က ပြောသည်။ သို့သော်နီယွန်းမီး
ရောင်တွေ ထိန်ထိန်လင်းလာသည့်တိုင်နံပါတ်
– ၃ က ရောက်မလာ။ နံပါတ်-၁ကလက်မှ
နာရီလေးကို ကြည့်လိုက်ရင်း-“နံပါတ် – ၃
ဘာဖြစ်လို့ ရောက်မလာတာပါလိမ့်” ဟု ပြောလိုက်သည်။
“ခရီးများ ထွက်သွားလို့လားနံပါတ်-၂ က
ဝေဖန်လိုက်သည်။ နံပါတ်-၁.ကခေါင်းခါလိုက်ရင်း-
“မဖြစ်နိုင်ဘူးဗျ။ ကျုပ်တို့သုံးယောက်က
တခြားခရီးသွားစရာရှိရင် တစ်ယောက်နဲ့
တစ်ယောက် အသိပေးပြီးမှ သွားကြရမယ်လို့
ကတိကဝတ် ပြုထားကြတယ်မဟုတ်လား။
ကျုပ်တို့ကို အကြောင်းမကြားပဲ ဘယ်မှသွား
မှာတော့မဟုတ်ပါဘူး”ဟုပြောလိုက်ပြန်သည်။
“အေးဗျ – အဲဒါလည်း ဟုတ်တာပဲ”
ထိုအချိန် ဝိတ်တာလေးတစ်ယောက်
သူတို့အခန်းထဲ ဝင်လာသည်။သည်။
ဝိတ်တာကောင်လေးက သူတို့နှစ်ယောက်
ရှေ့မြို့လေး ရပ်လိုက်နံပါတ်-ဒက ထိုဝိတ်တာလေးကိုကြည့်ရင်း-
“ကလေး … မင်းကို ဘယ်သူခေါ်လို့လဲ”ဟု
မေးလိုက်၏။ “ဟုတ်ပါတယ်၊ကျွန်တော့်ကို
ဘယ်သူမှမခေါ်ပါဘူး။ ဒါပေမဲ့ – ဆရာတို့
နှစ်ယောက်ကို သတင်းပို့စရာရှိလို့ပါ”
ဝိတ်တာလေးက ကိုယ်လေးကို ညွှတ်ပြော
လိုက်၏။ “ဟေ … ဘာများ သတင်းပို့စရာရှိလို့လဲကွ”
နံပါတ်-၁ကနားမလည်နိုင်စွာမေးလိုက်သည်။
ထိုအခါပိတ်တာလေးက စိတ်မကောင်းစွာဖြင့် –
“ဆရာတို့လူတစ်ယောက်ဟိုတယ်ရှေ့ကမြက်
ခင်းပြင်ထဲမှာသေနေပါတယ်”ဟု ပြောလိုက်သည်။
“ဘာ- ဘာပြောတယ်ကွ။ ငါတို့လူတစ်ယောက် – ဟုတ်လား”
နံပါတ်- ၁ နှင့် ၂ က တအံ့တဩပေးရင်းဟို
တယ်ရှေ့ရှိ မြက်ခင်းပြင်ဆိ လှမ်းကြည့်လိုက်ကြ၏။
မြက်ခင်းထဲ၌ လူတစ်ယောက် လဲနေသည်ကို မြင်
လိုက်ရသည်။ အနီး၌လည်း လူတွေ လှုပ်လှုပ်
ရွရွဖြစ်နေကြသည်။ သူတို့နှစ် ယောက်
အောက်ရောက်တော့ အမှန်တကယ်
နံပါတ် – ၃ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“အင်း – သူသေရှာပြီကို။ သူ့ကို ဘယ်သူသက်
တာပါလိမ့်” နံပါတ်-၂ ကညည်းသလိုလိုနှင့်
မေးခွန်းတစ်ခုကိုထုတ်လိုက်သည်။ ထိုအချိန်
သူတို့အနီး၌ ရပ်နေသူတစ်ဦးက ဟိုတယ်ကြီးကို မော်ကြည့်
“သေမင်းက သတ်လိုက်တာလေ။ သေမင်းက
လာသတ်သွားတာ၊ မင်းတို့နှစ်ယောက်လည်း
မကြာတော့ဘူး။ သေမင်းကသတ်ဖို့ချောင်းနေပြီ။
ဒီဟိုတယ်ကြီးကို ရောက်လာကြသူ အတော်များများ သေမင်းလက်ချက်နဲ့
သေကုန်ကြပြီ။ မင်းတို့ သတိမပူမိလို့သာ…”
ဟုပြောပြီးသူတို့အနီးမှ လှည့် ထွက်သွားသည်။
သည်တော့မှ – သူတို့နှစ်ယောက်လည်းဟိုတယ်
လာရာလမ်းမှာကောင် တာမှာ စက်လှေကား
အဆင်းအတက်လမ်းမှာမကြာမကြာ ဆုံတွေ့
ဖူးသူများ ပျောက်မှန်းမသိ ပျောက်ပျောက်
သွားကြသည်ကို သတိထားလိုက်မိကြ၏။
သို့သော်ဟိုတယ်သို့ဝင်သူထွက်သူတွေများ
လွန်းသဖြင့်သာမသိလိုက်ကြခြင်းဖြစ်လေ၏။
“တောက် – တော်တော်ရက်စက်ယုတ်မာ
တဲ့သေမင်း၊ နင်မသတ်ခင် နင့်ကို တို့က
ဦးအောင်ရှာသတ်မယ်။ နင့်ကို မတွေ့ တွေ့
အောင်ရှာမယ်။ နင် သေမှတို့တစ်တွေအား
လုံးနေချင်သလိုနေရမယ်”နံပါတ်-၁က
သေမင်းကိုကြိမ်းမောင်းလိုက်၏။
“ဟုတ်တယ် – သေမင်းကို ခင်ဗျားနဲ့ကျုပ်
ကမ္ဘာလောကအနှံ့ လိုက်ရှာ မယ်။ သင်းက
ကျုပ်တို့ကိုကွယ်ရာထောင့်ရာကနေအလစ်
ချောင်းချောင်းပြီး သတ်နေတာ။ သင်းသေမှ အေးမှာ…”
နံပါတ်-၂ကလည်း ထောက်ခံလိုက်သည်။
ထို့နောက် သူ့တွင်အသင့် ပါလာသည့်
မောင်းချဓားလေးကိုလည်း ထုတ်ပြလိုက်သည်။
”ဒီဓားနဲ့ ထိုးသတ်မယ်”
“ကျုပ်ကလည်း ဒီလက်သီးနဲ့ ထိုးသတ်မယ်”
နှစ်ယောက်သား သေမင်းကို ကြိမ်းဝါးရင်း
နံပါတ်-၁ နှင့် ၂ တို့သေမင်း ရှာထွက်ခဲ့ကြသည်။
မြို့တွေရွာတွေ၊ သုသာန်တွေ၊ ကျောင်းကန်တွေ
စေတီ ပုထိုးတွေ၊ တောတွေ တောင်တွေ အနံ့လိုက်ရှာကြသည်။
“ဟေ့ သေမင်း – သတ္တိရှိရင် ထွက်ခဲ့ကွ။
သတ္တိရှိရင် ပုန်းမနေနဲ့။ လပ်မှ ချောင်းသတ်
တယ်ဆိုတာ သူရဲဘောကြောင်တဲ့သူတွေအလုပ်ကျွ၊
တကယ် သတ္တိရှိရင် ရင်ဆိုင်ချရဲရတယ်”
“ဟုတ်တယ်-နံပါတ်၁ပြောတာမှန်တယ်။
ဒို့- မင်းကိုလိုက်ရှာနေတာ။ လာ ထွက်ခဲ့ .ထွက်ခဲ့ဟေ့”
ရောက်လေရာအရပ်တိုင်း ရောက်လေရာ
ဒေသတိုင်၊၌လည်းသေမင်း ကိုတကြော်
ကြော်အော်၍“စိန်”ခေါ်ကြသည်။
သည်လိုနှင့်နံပါတ် -၁ နှင့် ၂တို့တောကြီး
တစ်တောထဲရောက်လာကြ ၏။ သူတို့နှစ်
ယောက် သေမင်းကို တကြော်ကြော်အော်
ခေါ်ရင်း ဆင်ငိုမြက် ကလေးတွေ အုပ်မိုးနေ
ကြသည့် လူတစ်ယောက်သွားသာရုံလမ်း
လေးအတိုင်းလျှောက်ခဲ့ကြသည်။
တစ်ခေါ်သာသာလောက်လျှောက်မိတော့သစ်
ပုပ်တောကြီးတစ်တောကို သွားတွေ့သည်။
ထိုတောကြီးက ခပ်ဝိုင်းဝိုင်း သစ်ပုပ်ပင်တို့ဖြင့်
ပြည့်နေ၏။ ထိုနေရာအရောက်၌ –
“အစ္စေဝကိစ္စံကာတတ္ထံ၊ ကောညာမရဏံသု”
ဟူသောရွတ်ဆိုသံ ကို သူတို့ကြားလိုက်ရသည်။
အသံက သစ်ပုပ်တောကြီး၏ အထက်ဆီမှ
လာခြင်းဖြစ်၏။ အသံလာ ရာဆီကြည့်လိုက်
တော့ဒေါက်ခြာကြီးနှင့်ရသေ့ကြီးတစ်ပါးကိုတွေ့လိုက်ရ၏။
တောင်ဝှေးကို အားပြုလျက် သပိတ်လွယ်
ထားသောရသေ့ကြီးက သူတို့ သက်ဆင်း
လာနေသည်။“ပြုဖွယ်အမှုတို့ကိုယနေ့သာ
ပင်ပြုအပ်ကြပါတယ်။ သေခြင်းတရား ဆိုတာ
မနက်ဖြန် သန်ဘက်နေ့ရက်မရှိ။ ဘယ်နေ့ဘယ်ရက် သေမယ်လို့
ဘယ်သူမှမပြောနိုင်ဘူး။ သေမင်းရဲ့စစ်သည်
တွေကများလှပေတယ်” ရသေ့ကြီးက
ဓမ္မတေးကို ဆက်၍ရွတ်ဆိုလာသည်။
ရသေ့ကြီး၏အသံကိုကြားတော့ နံပါတ်-၁
နှင့် ၂တို့တွေသွားသည်။ “ဟေ့ – နံပါတ်
၂ – ဒီရသေ့ကြီးပြောသံ ကြားရဲ့လား”
“ဟုတ် – ကြားတယ် – နံပါတ် ၁။ ဒီရသေ့
ကြီးရဲ့စကားအရဆိုရင် ဘယ် နည်းနဲ့မဆို
သေမင်းကိုဒီရသေ့ကြီးသိလောက်တယ်။
ရသေ့ကြီးကိုသေမင်းဘယ်မှာရှိတယ်ဆို
တာပေးကြည့်ရရင် မကောင်းဘူးလား”
“ကောင်းတယ်လို့- မေးကြရအောင်”
နံပါတ်-၁ နှင့် နံပါတ်-၂ သည်အချင်းချင်း
တိုင်ပင်ပြီးရသေ့ကြီးရှိရာသို့လျှောက်သွားကြလေ၏။
ရသေ့ကြီးကို တွေ့သည်နှင့် နံပါတ် – ၁ က –
“ရှင်ရသေ့ – သေမင်း ဘယ်မှာရှိပါလဲ။
တပည့်တော်တို့ သေမင်းကိုလိုက်ရှာနေကြတာပါ။
လူတွေကို ဒုက္ခပေးလှတဲ့သေမင်းကို သတ်ချင်လို့ပါ”
ဟုလျှောက်ပေးလိုက်၏။
“ဘုရား – ဘုရား – ဒကာတို့ တစ်ခုခုတော့
မှားနေကြပြီနဲ့တူတယ်”
“မမှားပါဘူး … ရှင်ရသေ့။ အဲဒီသေမင်းက
တပည့်တော်တို့ရဲ့မိတ်ဆွေ နံပါတ်-၃ကိုမ
ကြာခင်လေးကမှသတ်ပစ်လိုက်ပါတယ်။
နောက်ပြီးနာမည် ကြီးဟိုတယ်ကြီးမှာ
သောက်စားပျော်ပါးနေကြတဲ့သူတွေကို
လည်း ရောင်း ပြီး တဖျတ်ဖျတ် သတ်နေတာ
မနည်းတော့ပါဘူး။ တပည့်တော်ကိုလည်း
သတ်ဖို့ချောင်းနေတယ်။ သူသေမှ အားလုံး
အေးမှာပါ။ သူ့ကို သတ်ကိုသတ် မှဖြစ်မယ်၊
သေမင်း ဘယ်မှာရှိတယ်ဆိုတာ တပည့်
တော်တို့ကို ပြောပြပါ။ နို့မဟုတ်လို့
သူမသေခင် တပည့်တော်တို့အားလုံးသေကြရ
လိမ့်မယ်” “သေမင်းကိုအဲဒီလိုသတ်လို့မရဘူး။
သေမင်းကိုသတ်ချင်ရင်သေမင်း ကို နိုင်ချင်ရင်
တော့ ဆရာရသေ့ကျောင်း လိုက်ခဲ့ပေရော့”ဟု
ရသေ့ကြီးက ခေါ်လိုက်၏။
“နောက်မှ ဆရာရသေ့ကျောင်း လာခဲ့ပါ့မယ်။
လောလောဆယ်တော့ တပည့်တော်တို့မှာ
သေမင်းကို နိုင်အောင်တိုက်နိုင်၊ သတ်နိုင်တဲ့
လက်နက် တွေ ပါပြီးဖြစ်လို့ မလိုက်သေးပါဘူး။
တပည့်တော်ကကိုယ်ခံပညာကောင်း ကောင်းတတ်ပါတယ်။
နံပါတ်-၂လည်း ခြားပါပါတယ်။ သေမင်းဘယ်မှာ
ရှိတယ်သာပြောပြပါ။ သေမင်းကို ရှင်ရသေ့ရွှေ့
မှာတင် သတ်ပြလိုက်ပါ့မယ်”ရသေ့ကြီးက
နံပါတ် – ၁ နှင့် ၂ စကားကြားတော့ တွေသွားသည်။
ထို့ နောက်တစ်စုံတစ်ရာနှလုံးသွင်းလိုက်၏။
အတန်ကြာမှ – “အိမ်း – ဒါဆိုလည်း
– ဆရာရသေ့ ပြောခဲ့မယ် … မှတ်ထားကြ။
နေရာ တိုင်းမှာ သေမင်းရှိတယ်။ ဘုရား၊ ဘုရား၊
မရမေဘဝိဿတိ”ဟုပြောဆို မိန့်ကြားကာ
နံပါတ်-၁နှင့်နံပါတ်-၂အနီးမှတစ်ဖက်တောဆီ
သို့ဆက်လက်ထွက်ခွာသွားလေတော့သည်။
“နေရာတိုင်းမှာ သေမင်းရှိတယ်”တဲ့။
သူတို့နှစ်ယောက်က လိုက်ရွတ် ကြည့်လိုက်ကြ၏။
နံပါတ်-၁နှင့်၂တို့လည်း
ရသေ့ကြီးကိုမျက်စိတစ်ဆုံးကြည့်ကျန်ခဲ့ရင်း
လုံးဝမမြင်တော့မှ တစ်ယောက်ဘက်တစ်ယောက်
လှည့်ကာ – “ရသေ့ကြီးရဲ့ပြောစကားအရဆိုရင်
သေမင်းဟာ ဒီနေရာနဲ့ သိပ်မဝေး
တော့ဘူး။ ဒီအနီးအနားမှာပဲရှိနိုင်တယ်။ ဒီနေရာ
ပိုက်စိပ်တိုက် ရှာကြစို့”ဟု ပြောဆိုတိုင်ပင်လိုက်ကြလေ၏။
“ဟေ့-သေမင်း – မင်းဒီတောထဲမှာရှိမှန်းငါတို့
သိပြီးပြီ။ မင်း မကြာခင် သေရလိမ့်မယ်ဟေ့”
ထို့နောက် နှစ်ယောက်သား အထက်ပါအတိုင်း
ပြိုင်တူအော်လိုက်ကြ ရင်းရှေ့သို့ခရီးဆက်ခဲ့ကြသည်။
တစ်နာရီနီးပါးလောက်လျှောက်လိုက်မိတော့
သစ်ပုပ်တောကိုလွန်ပြီး ဝါဖြူတောကြီးကို
ရောက်လာသည်။ ငါးဖြူဝါးရုံကြီးတွေကအဓိကရကြီးတွေ၊
နေပြောက်မထို၊နိုင်လောက်အောင်လည်း
ပြွတ်သိပ်ပြည့်ကျပ်နေကြသည်။ သို့သော်
တစ်နေရာမှာတော့ ဝါးဖြူဝါးရုံကြီးတွေ
ခြံရံပေါက်နေကြသော ဆယ့်ငါးပေပတ်လည်
ခန့် ငှက်ခါးရောင်ထ ကြည်လင်နေသည့်
အိုင်လေး တစ်အိုင်ကို တွေ့လိုက်ကြရ၏။
အိုင်ဆီမှအနံ့သင်းသင်းလေးကိုလည်းသူ
တို့ရှူရှိုက်မိကြ၏။နံပါတ် – ၁ က အနံ့သင်း
သင်းလေးကို နှာခေါင်းတရှုပ်ရှုပ်နှင့် ရှူရှိုက်ရင်း – “နံပါတ်-
၂ရေ-ဒီအိုင်ကထွက်လာတဲ့အနံ့လေးကတယ်မွှေးပါလား။
ရမ်ပြားလေး ဇောက်လိုက်တော့ ထွက်လာတဲ့
အနံ့လေးအတိုင်းပဲ”ဟု ပြော လိုက်သည်။
နံပါတ်-၂ ကလည်း –
“ဟုတ်တယ်-နံပါတ်၁။ဒါ-ရမ်နံ့လေးပဲဗျ”
ဟုထောက်ခံလိုက်သည်။သူတို့နှစ်ယောက်
အိုင်လေးဆီ ရောက်အောင်လျှောက်လာခဲ့ကြ၏။
အိုင်လေးထဲက အရောင်က အနီးကပ်ကြည့်တော့
ရမ်ရောင်လေးအတိုင်း ရမ်ဆိုတာဟိုတယ်မှ
ာ သူတို့အမြဲသောက်နေကျ၊ သူတို့အကြိုက်၊ရမ်ဆိုတာ
ကအရက်”၊ အရက်ကို အရောင်အဆင်း
အနံ့အရသာကို ပြုပြင်ထားတဲ့ အမည်။
အိုင်လေး၏ထိပ်မှာ စာတန်းလေးတစ်ခု
ကျောက်သားပြင်ကို ထွင်း ထားသော
စာတန်းလေးဖြစ်သည်။သည်။
“ယစ်ရွှေရည်-မအိုဆေးရည်”ဟု ရေးထားသည်။
“မအိုဆေးရည် ဆိုပါလား”
နံပါတ်-၁ကစာဖတ်ပြီးပြောလိုက်၏။
နံပါတ်-၂ကခေါင်းညိတ်လိုက်“ကဲ-ဒါဆို-ဒီမ
အိုဆေးရည်လေးကို အရသာခံရင်း ခဏနားကြရရင်
မကောင်းဘူးလား”
“ကောင်းတယ် – နံပါတ် ၂”
နှစ်ယောက်သားတိုင်ပင်ပြီးကြသည်နှင့်
ယစ်ရွှေရည်အမည်ရှိမအိုဆေး ရည်ကို
တစ်ယောက်တစ်ရွက်ခပ်ကာ ဝါးဖြူဝါးရုံကြီး
တစ်ခုံအောက်၌ အေး အေးဆေးဆေးနားရင်း
အရသာခံသောက်လိုက်ကြသည်။
“အား- ကောင်းလိုက်တာ။ လည်ချောင်းထဲကို
ခါးရှပူဆင်းသွားတာပဲ” နံပါတ်-၁ က ယစ်ရွှေရည်
တစ်ကျိုက်စုပ်လိုက်ရင်း ချီးကျူးထောပနာ ပြုလိုက်သည်။
“ဒီဆေးရည်ကမအိုဆေးရည်ဆို မဟုတ်လားဗျ
နံပါတ် ၁ ရဲ့ ထို့နောက်နှစ်ယောက်သား
သောက်ရင်းသောက်ရင်း ရေချိန်တွေလွန်
ပြီး မူးလဲသွားကြ၏။ သူတို့ရှာနေကြသည့်
သေမင်းကိုလည်း မေ့သွားကြ သည်။
ညနေစောင်းမှ သူတို့ ပြန်သတိရလာကြသည်။
သတိရရချင်း နံပါတ် ၁ က -“ဒီယစ်ရွှေရည်မ
အိုဆေးကတယ်ကောင်းတာပဲ။ ဒီမှာပဲမအို
ဆေးလေး မှီဝဲရင်းသေမင်းကိုရှာကြရင်မကောင်းဘူးလား”
ဟုနံပါတ်-၂ကိုမေ၊လိုက်နံပါတ်-၂က ခေါင်းညိတ်ရင်း –
“ကောင်းတယ်- နံပါတ် ၁။ သူလည်း ဒီယစ်ရွှေရည်
မအိုဆေး လာမှီဝဲရင် မှီဝဲတန်ကောင်းပါရဲ့။
ပိုသေချာတာကမရေမရာလိုက်ရှာနေမယ့်
အစားဒီကပဲစောင့်ရင် ပိုကောင်းမယ်ထင်တယ်”
ဟု အကြံပေးလိုက်သည်။ “အိုဧက – သိပ်ကောင်းတဲ့အကြံပဲ”
သူတို့နှစ်ယောက်ထိုယစ်ရွှေရည်မအိုဆေး
အမည်ရှိ အိုင်အနီးတွင်ပင် သေမင်းကိုရှာရင်း
သေမင်းအလာစောင့်ရင်းစခန်းချလိုက်ကြသည်။ထို့နောက်
ယစ်ရွှေရည်မအိုဆေးကိုလည်းနေ့ရောည
ပါအကြိုက်သောက်နေလိုက်ကြ၏။
သည်သို့နှင့်ရက်ကလေးကြာလာသည်။
သူတို့၏အခြေအနေတွေလည်းပြောင်းလဲလာကြသည်။
ကြာတော့ – သူတို့နှစ်ယောက်စလုံးမလှုပ်
ချင် မကိုင်ချင်ဖြစ်၊ အားအင်တွေကုန်ခန်း
လာသည်။ နှစ်ဦးစလုံး၏မျက်နှာနှင့်ခန္ဒာ
ကိုယ်တွေကလည်း လူဘီလူးကြီးတွေလို
ပွရောင်းဖောင်းတက်နေကြပြီး ပါးစပ်မှ
သွေးတွေက တဗွက်ဗွက်အန်ထွက်လာကြသည်။
နောက်- မြေပေါ်သို့ နှစ်ယောက်စလုံး
ဗုန်းခနဲပစ်ကျသွားကြလေတော့၏။ထိုအ
ချိန် သူတို့နှင့် တွေ့ခဲ့ရသည့်ရသေ့ကြီးက –
“အဇ္ဇောကိစွံတာတဗ္ဗ – ကောညောမရ
ဏံသုဝေ ဟုရွက်ဆိုပွားများ
နေကျ ဓမ္မတေးကို ဟစ်ကြွေးရင်းရောက်
လာသည်။ သူတို့နှစ်ယောက်ကို တော့ –
“အင်း – ဘုရား – ဘုရား – ဒါ-သေမင်းကို
သတ်ဖို့လိုက်ရှာနေကြတဲ့ ကာဒလေးနှစ်
ယောက်ပဲ။ ခုတော့ – သေမင်းကိုသူတို့က
မသတ်ရပဲမအိုဒဆေး ရည်ကိုသောက်နေ
ကြတဲ့သူတို့ကို သေမင်းက သတ်သွားပြီ
ကော။ သူတို့ ခမျာတွေ အိုအောင်တောင်
မနေလိုက်ကြရပါကလား။ သဗ္ဗေသင်္ခါရ
အနိစ္စ၊ သဗ္ဗေသင်္ခါရအနတ္တာပါကလား”
ဟုသံဝေဂသံဖြင့်ညည်းသဗ္ဗေသင်္ခါရဒုက္ခာ တွားလိုက်လေသည်။

Zawgyi Version

” ေနရာတိုင္းမွာေသမင္းရွိတယ္ “(စ/ဆုံး)
———————————————

သူတို႔ထိုင္ေနၾကသည့္ေနရာက အဆင့္ျမင့္ဟိုတယ္ႀကီး
တစ္ခု၏တတိယထပ္ရွိျမင္ကြင္းအားလုံးကို
အေပၚစီးမွအထင္း သားျမင္ေတြ႕ႏိုင္ေသာ
အခန္းတစ္ခန္း ျဖစ္သည္။သူတို႔က ဒီအခန္းကို
အၿမဲယူထားၾကသည္။ ညေနေရာက္တိုင္းသူ
တို႔ဒီအခန္းကိုေရာက္ေနက်၊ဟိုတယ္ပိုင္ရွင္ႏွင့္
မန္ေန ဂ်ာက ဒီအခန္းကို သူတို႔သုံးေယာက္အတြက္
သီးသန႔္ထားသည္။ ဒီအခန္းကသူတို႔ႏွင့္အဆင္ေျပသည္။
ပတ္ဝန္းက်င္အေႏွာင့္ အယွက္ကင္းစြာျဖင့္တစ္ညေနအတြက္
အခ်ိန္ကိုအၿမဲတမ္းကုန္ လြန္ေစသည္။
ရမ္တစ္ျပားႏွင့္ ဘီယာ(၃)ဘူးကို ေဖာက္ကာ
အေခါက္ကင္၊ ဝက္အူေခ်ာင္း၊ ဘဲကင္၊ပင္လယ္
ေရခူသုပ္တို႔ျဖင့္ ဇိမ္ခံ၍ေကာင္းေသာေနရာျဖစ္၏။
သူတို႔သုံးေယာက္ဆိုသည္က နံပါတ္ – ၁၊
နံပါတ္ – ၂ႏွင့္ နံပါတ္ – ၃ တို႔ ျဖစ္သည္။
သုံးေယာက္စလုံးက အေပ်ာ္အပါး အေသာက္
အစားမက္ေမာၾကသူေတြခ်ည္းျဖစ္၏။အထူးသျဖင့္
အရက္ကို မက္ေမာၾကသူေတြ၊ အရက္မ
ေသာက္ရလွ်င္ မေနႏိုင္ ၾကသူေတြ။
အခန္းကိုေတာ့ သူတို႔သုံးေယာက္လုံး ၿပိဳင္တူ
ေရာက္ေလ့မရွိတတ္။တစ္ေယာက္ေရာက္ၿပီးမွ
ေနာက္တစ္ေယာက္က ထပ္ေရာက္ေလ့ရွိသည္။
အရင္ေရာက္သူကေနာက္ေရာက္လာမည့္သူမ်ား
ကိုေစာင့္ရင္းမွာစရာရွိဘာ မွာထားေလ့ရွိသည္။
ၿပီးမွ – အားလုံးစကားတေျပာေျပာႏွင့္ ၿပိဳင္တူစား ေသာက္တတ္ၾက၏။
တစ္ေန႔ အခ်ိန္ကုန္လွသည့္တိုင္ နံပါတ္ –
၃ က ေရာက္မလာ။ ခါတိုင္း ၿပိဳင္တူေရာက္
မလာတတ္ၾကသည္မွလြဲ၍ ဒီေလာက္ၾကာၾကာမေစာင့္ရ။
တစ္ေယာက္ႏွင့္တစ္ေယာက္ၾကာလွအဆုံးမွ
ဆယ္မိနစ္ဆယ့္ငါးမိနစ္သာ။ ယခုေတာ့
တစ္ညေနအတြက္ အခ်ိန္က ကုန္လွၿပီ။
နံပါတ္ – ၃ ေရာက္မလာႏိုင္သည့္အဆုံး
နံပါတ္ – ၁ ႏွင့္ ၂ တို႔က နံပါတ္ – ၃ကိုာင့္ရင္း
ရမ္တစ္ျပားႏွင့္ ဘီယာ(၃)ဘူး ကုန္လု၊
ကုန္ခါနီးအထိ ေသာက္ေနလိုက္ၾကသည္။
နံပါတ္ – ၃ ေရာက္လာမွ ထပ္မွာမည္ဟု
နံပါတ္ က ေျပာသည္။ သို႔ေသာ္နီယြန္းမီး
ေရာင္ေတြ ထိန္ထိန္လင္းလာသည့္တိုင္နံပါတ္
– ၃ က ေရာက္မလာ။ နံပါတ္-၁ကလက္မွ
နာရီေလးကို ၾကည့္လိုက္ရင္း-“နံပါတ္ – ၃
ဘာျဖစ္လို႔ ေရာက္မလာတာပါလိမ့္” ဟု ေျပာလိုက္သည္။
“ခရီးမ်ား ထြက္သြားလို႔လားနံပါတ္-၂ က
ေဝဖန္လိုက္သည္။ နံပါတ္-၁.ကေခါင္းခါလိုက္ရင္း-
“မျဖစ္ႏိုင္ဘူးဗ်။ က်ဳပ္တို႔သုံးေယာက္က
တျခားခရီးသြားစရာရွိရင္ တစ္ေယာက္နဲ႔
တစ္ေယာက္ အသိေပးၿပီးမွ သြားၾကရမယ္လို႔
ကတိကဝတ္ ျပဳထားၾကတယ္မဟုတ္လား။
က်ဳပ္တို႔ကို အေၾကာင္းမၾကားပဲ ဘယ္မွသြား
မွာေတာ့မဟုတ္ပါဘူး”ဟုေျပာလိုက္ျပန္သည္။
“ေအးဗ် – အဲဒါလည္း ဟုတ္တာပဲ”
ထိုအခ်ိန္ ဝိတ္တာေလးတစ္ေယာက္
သူတို႔အခန္းထဲ ဝင္လာသည္။သည္။
ဝိတ္တာေကာင္ေလးက သူတို႔ႏွစ္ေယာက္
ေရွ႕ၿမိဳ႕ေလး ရပ္လိုက္နံပါတ္-ဒက ထိုဝိတ္တာေလးကိုၾကည့္ရင္း-
“ကေလး … မင္းကို ဘယ္သူေခၚလို႔လဲ”ဟု
ေမးလိုက္၏။ “ဟုတ္ပါတယ္၊ကြၽန္ေတာ့္ကို
ဘယ္သူမွမေခၚပါဘူး။ ဒါေပမဲ့ – ဆရာတို႔
ႏွစ္ေယာက္ကို သတင္းပို႔စရာရွိလို႔ပါ”
ဝိတ္တာေလးက ကိုယ္ေလးကို ၫႊတ္ေျပာ
လိုက္၏။ “ေဟ … ဘာမ်ား သတင္းပို႔စရာရွိလို႔လဲကြ”
နံပါတ္-၁ကနားမလည္ႏိုင္စြာေမးလိုက္သည္။
ထိုအခါပိတ္တာေလးက စိတ္မေကာင္းစြာျဖင့္ –
“ဆရာတို႔လူတစ္ေယာက္ဟိုတယ္ေရွ႕ကျမက္
ခင္းျပင္ထဲမွာေသေနပါတယ္”ဟု ေျပာလိုက္သည္။
“ဘာ- ဘာေျပာတယ္ကြ။ ငါတို႔လူတစ္ေယာက္ – ဟုတ္လား”
နံပါတ္- ၁ ႏွင့္ ၂ က တအံ့တဩေပးရင္းဟို
တယ္ေရွ႕ရွိ ျမက္ခင္းျပင္ဆိ လွမ္းၾကည့္လိုက္ၾက၏။
ျမက္ခင္းထဲ၌ လူတစ္ေယာက္ လဲေနသည္ကို ျမင္
လိုက္ရသည္။ အနီး၌လည္း လူေတြ လႈပ္လႈပ္
႐ြ႐ြျဖစ္ေနၾကသည္။ သူတို႔ႏွစ္ ေယာက္
ေအာက္ေရာက္ေတာ့ အမွန္တကယ္
နံပါတ္ – ၃ ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။
“အင္း – သူေသရွာၿပီကို။ သူ႔ကို ဘယ္သူသက္
တာပါလိမ့္” နံပါတ္-၂ ကညည္းသလိုလိုႏွင့္
ေမးခြန္းတစ္ခုကိုထုတ္လိုက္သည္။ ထိုအခ်ိန္
သူတို႔အနီး၌ ရပ္ေနသူတစ္ဦးက ဟိုတယ္ႀကီးကို ေမာ္ၾကည့္
“ေသမင္းက သတ္လိုက္တာေလ။ ေသမင္းက
လာသတ္သြားတာ၊ မင္းတို႔ႏွစ္ေယာက္လည္း
မၾကာေတာ့ဘူး။ ေသမင္းကသတ္ဖို႔ေခ်ာင္းေနၿပီ။
ဒီဟိုတယ္ႀကီးကို ေရာက္လာၾကသူ အေတာ္မ်ားမ်ား ေသမင္းလက္ခ်က္နဲ႔
ေသကုန္ၾကၿပီ။ မင္းတို႔ သတိမပူမိလို႔သာ…”
ဟုေျပာၿပီးသူတို႔အနီးမွ လွည့္ ထြက္သြားသည္။
သည္ေတာ့မွ – သူတို႔ႏွစ္ေယာက္လည္းဟိုတယ္
လာရာလမ္းမွာေကာင္ တာမွာ စက္ေလွကား
အဆင္းအတက္လမ္းမွာမၾကာမၾကာ ဆုံေတြ႕
ဖူးသူမ်ား ေပ်ာက္မွန္းမသိ ေပ်ာက္ေပ်ာက္
သြားၾကသည္ကို သတိထားလိုက္မိၾက၏။
သို႔ေသာ္ဟိုတယ္သို႔ဝင္သူထြက္သူေတြမ်ား
လြန္းသျဖင့္သာမသိလိုက္ၾကျခင္းျဖစ္ေလ၏။
“ေတာက္ – ေတာ္ေတာ္ရက္စက္ယုတ္မာ
တဲ့ေသမင္း၊ နင္မသတ္ခင္ နင့္ကို တို႔က
ဦးေအာင္ရွာသတ္မယ္။ နင့္ကို မေတြ႕ ေတြ႕
ေအာင္ရွာမယ္။ နင္ ေသမွတို႔တစ္ေတြအား
လုံးေနခ်င္သလိုေနရမယ္”နံပါတ္-၁က
ေသမင္းကိုႀကိမ္းေမာင္းလိုက္၏။
“ဟုတ္တယ္ – ေသမင္းကို ခင္ဗ်ားနဲ႔က်ဳပ္
ကမာၻေလာကအႏွံ႔ လိုက္ရွာ မယ္။ သင္းက
က်ဳပ္တို႔ကိုကြယ္ရာေထာင့္ရာကေနအလစ္
ေခ်ာင္းေခ်ာင္းၿပီး သတ္ေနတာ။ သင္းေသမွ ေအးမွာ…”
နံပါတ္-၂ကလည္း ေထာက္ခံလိုက္သည္။
ထို႔ေနာက္ သူ႔တြင္အသင့္ ပါလာသည့္
ေမာင္းခ်ဓားေလးကိုလည္း ထုတ္ျပလိုက္သည္။
”ဒီဓားနဲ႔ ထိုးသတ္မယ္”
“က်ဳပ္ကလည္း ဒီလက္သီးနဲ႔ ထိုးသတ္မယ္”
ႏွစ္ေယာက္သား ေသမင္းကို ႀကိမ္းဝါးရင္း
နံပါတ္-၁ ႏွင့္ ၂ တို႔ေသမင္း ရွာထြက္ခဲ့ၾကသည္။
ၿမိဳ႕ေတြ႐ြာေတြ၊ သုသာန္ေတြ၊ ေက်ာင္းကန္ေတြ
ေစတီ ပုထိုးေတြ၊ ေတာေတြ ေတာင္ေတြ အနံ႔လိုက္ရွာၾကသည္။
“ေဟ့ ေသမင္း – သတၱိရွိရင္ ထြက္ခဲ့ကြ။
သတၱိရွိရင္ ပုန္းမေနနဲ႔။ လပ္မွ ေခ်ာင္းသတ္
တယ္ဆိုတာ သူရဲေဘာေၾကာင္တဲ့သူေတြအလုပ္ကြၽ၊
တကယ္ သတၱိရွိရင္ ရင္ဆိုင္ခ်ရဲရတယ္”
“ဟုတ္တယ္-နံပါတ္၁ေျပာတာမွန္တယ္။
ဒို႔- မင္းကိုလိုက္ရွာေနတာ။ လာ ထြက္ခဲ့ .ထြက္ခဲ့ေဟ့”
ေရာက္ေလရာအရပ္တိုင္း ေရာက္ေလရာ
ေဒသတိုင္၊၌လည္းေသမင္း ကိုတေၾကာ္
ေၾကာ္ေအာ္၍“စိန္”ေခၚၾကသည္။
သည္လိုႏွင့္နံပါတ္ -၁ ႏွင့္ ၂တို႔ေတာႀကီး
တစ္ေတာထဲေရာက္လာၾက ၏။ သူတို႔ႏွစ္
ေယာက္ ေသမင္းကို တေၾကာ္ေၾကာ္ေအာ္
ေခၚရင္း ဆင္ငိုျမက္ ကေလးေတြ အုပ္မိုးေန
ၾကသည့္ လူတစ္ေယာက္သြားသာ႐ုံလမ္း
ေလးအတိုင္းေလွ်ာက္ခဲ့ၾကသည္။
တစ္ေခၚသာသာေလာက္ေလွ်ာက္မိေတာ့သစ္
ပုပ္ေတာႀကီးတစ္ေတာကို သြားေတြ႕သည္။
ထိုေတာႀကီးက ခပ္ဝိုင္းဝိုင္း သစ္ပုပ္ပင္တို႔ျဖင့္
ျပည့္ေန၏။ ထိုေနရာအေရာက္၌ –
“အေစၥဝကိစၥံကာတတၳံ၊ ေကာညာမရဏံသု”
ဟူေသာ႐ြတ္ဆိုသံ ကို သူတို႔ၾကားလိုက္ရသည္။
အသံက သစ္ပုပ္ေတာႀကီး၏ အထက္ဆီမွ
လာျခင္းျဖစ္၏။ အသံလာ ရာဆီၾကည့္လိုက္
ေတာ့ေဒါက္ျခာႀကီးႏွင့္ရေသ့ႀကီးတစ္ပါးကိုေတြ႕လိုက္ရ၏။
ေတာင္ေဝွးကို အားျပဳလ်က္ သပိတ္လြယ္
ထားေသာရေသ့ႀကီးက သူတို႔ သက္ဆင္း
လာေနသည္။“ျပဳဖြယ္အမႈတို႔ကိုယေန႔သာ
ပင္ျပဳအပ္ၾကပါတယ္။ ေသျခင္းတရား ဆိုတာ
မနက္ျဖန္ သန္ဘက္ေန႔ရက္မရွိ။ ဘယ္ေန႔ဘယ္ရက္ ေသမယ္လို႔
ဘယ္သူမွမေျပာႏိုင္ဘူး။ ေသမင္းရဲ႕စစ္သည္
ေတြကမ်ားလွေပတယ္” ရေသ့ႀကီးက
ဓမၼေတးကို ဆက္၍႐ြတ္ဆိုလာသည္။
ရေသ့ႀကီး၏အသံကိုၾကားေတာ့ နံပါတ္-၁
ႏွင့္ ၂တို႔ေတြသြားသည္။ “ေဟ့ – နံပါတ္
၂ – ဒီရေသ့ႀကီးေျပာသံ ၾကားရဲ႕လား”
“ဟုတ္ – ၾကားတယ္ – နံပါတ္ ၁။ ဒီရေသ့
ႀကီးရဲ႕စကားအရဆိုရင္ ဘယ္ နည္းနဲ႔မဆို
ေသမင္းကိုဒီရေသ့ႀကီးသိေလာက္တယ္။
ရေသ့ႀကီးကိုေသမင္းဘယ္မွာရွိတယ္ဆို
တာေပးၾကည့္ရရင္ မေကာင္းဘူးလား”
“ေကာင္းတယ္လို႔- ေမးၾကရေအာင္”
နံပါတ္-၁ ႏွင့္ နံပါတ္-၂ သည္အခ်င္းခ်င္း
တိုင္ပင္ၿပီးရေသ့ႀကီးရွိရာသို႔ေလွ်ာက္သြားၾကေလ၏။
ရေသ့ႀကီးကို ေတြ႕သည္ႏွင့္ နံပါတ္ – ၁ က –
“ရွင္ရေသ့ – ေသမင္း ဘယ္မွာရွိပါလဲ။
တပည့္ေတာ္တို႔ ေသမင္းကိုလိုက္ရွာေနၾကတာပါ။
လူေတြကို ဒုကၡေပးလွတဲ့ေသမင္းကို သတ္ခ်င္လို႔ပါ”
ဟုေလွ်ာက္ေပးလိုက္၏။
“ဘုရား – ဘုရား – ဒကာတို႔ တစ္ခုခုေတာ့
မွားေနၾကၿပီနဲ႔တူတယ္”
“မမွားပါဘူး … ရွင္ရေသ့။ အဲဒီေသမင္းက
တပည့္ေတာ္တို႔ရဲ႕မိတ္ေဆြ နံပါတ္-၃ကိုမ
ၾကာခင္ေလးကမွသတ္ပစ္လိုက္ပါတယ္။
ေနာက္ၿပီးနာမည္ ႀကီးဟိုတယ္ႀကီးမွာ
ေသာက္စားေပ်ာ္ပါးေနၾကတဲ့သူေတြကို
လည္း ေရာင္း ၿပီး တဖ်တ္ဖ်တ္ သတ္ေနတာ
မနည္းေတာ့ပါဘူး။ တပည့္ေတာ္ကိုလည္း
သတ္ဖို႔ေခ်ာင္းေနတယ္။ သူေသမွ အားလုံး
ေအးမွာပါ။ သူ႔ကို သတ္ကိုသတ္ မွျဖစ္မယ္၊
ေသမင္း ဘယ္မွာရွိတယ္ဆိုတာ တပည့္
ေတာ္တို႔ကို ေျပာျပပါ။ ႏို႔မဟုတ္လို႔
သူမေသခင္ တပည့္ေတာ္တို႔အားလုံးေသၾကရ
လိမ့္မယ္” “ေသမင္းကိုအဲဒီလိုသတ္လို႔မရဘူး။
ေသမင္းကိုသတ္ခ်င္ရင္ေသမင္း ကို ႏိုင္ခ်င္ရင္
ေတာ့ ဆရာရေသ့ေက်ာင္း လိုက္ခဲ့ေပေရာ့”ဟု
ရေသ့ႀကီးက ေခၚလိုက္၏။
“ေနာက္မွ ဆရာရေသ့ေက်ာင္း လာခဲ့ပါ့မယ္။
ေလာေလာဆယ္ေတာ့ တပည့္ေတာ္တို႔မွာ
ေသမင္းကို ႏိုင္ေအာင္တိုက္ႏိုင္၊ သတ္ႏိုင္တဲ့
လက္နက္ ေတြ ပါၿပီးျဖစ္လို႔ မလိုက္ေသးပါဘူး။
တပည့္ေတာ္ကကိုယ္ခံပညာေကာင္း ေကာင္းတတ္ပါတယ္။
နံပါတ္-၂လည္း ျခားပါပါတယ္။ ေသမင္းဘယ္မွာ
ရွိတယ္သာေျပာျပပါ။ ေသမင္းကို ရွင္ရေသ့ေ႐ႊ႕
မွာတင္ သတ္ျပလိုက္ပါ့မယ္”ရေသ့ႀကီးက
နံပါတ္ – ၁ ႏွင့္ ၂ စကားၾကားေတာ့ ေတြသြားသည္။
ထို႔ ေနာက္တစ္စုံတစ္ရာႏွလုံးသြင္းလိုက္၏။
အတန္ၾကာမွ – “အိမ္း – ဒါဆိုလည္း
– ဆရာရေသ့ ေျပာခဲ့မယ္ … မွတ္ထားၾက။
ေနရာ တိုင္းမွာ ေသမင္းရွိတယ္။ ဘုရား၊ ဘုရား၊
မရေမဘဝိႆတိ”ဟုေျပာဆို မိန႔္ၾကားကာ
နံပါတ္-၁ႏွင့္နံပါတ္-၂အနီးမွတစ္ဖက္ေတာဆီ
သို႔ဆက္လက္ထြက္ခြာသြားေလေတာ့သည္။
“ေနရာတိုင္းမွာ ေသမင္းရွိတယ္”တဲ့။
သူတို႔ႏွစ္ေယာက္က လိုက္႐ြတ္ ၾကည့္လိုက္ၾက၏။
နံပါတ္-၁ႏွင့္၂တို႔လည္း
ရေသ့ႀကီးကိုမ်က္စိတစ္ဆုံးၾကည့္က်န္ခဲ့ရင္း
လုံးဝမျမင္ေတာ့မွ တစ္ေယာက္ဘက္တစ္ေယာက္
လွည့္ကာ – “ရေသ့ႀကီးရဲ႕ေျပာစကားအရဆိုရင္
ေသမင္းဟာ ဒီေနရာနဲ႔ သိပ္မေဝး
ေတာ့ဘူး။ ဒီအနီးအနားမွာပဲရွိႏိုင္တယ္။ ဒီေနရာ
ပိုက္စိပ္တိုက္ ရွာၾကစို႔”ဟု ေျပာဆိုတိုင္ပင္လိုက္ၾကေလ၏။
“ေဟ့-ေသမင္း – မင္းဒီေတာထဲမွာရွိမွန္းငါတို႔
သိၿပီးၿပီ။ မင္း မၾကာခင္ ေသရလိမ့္မယ္ေဟ့”
ထို႔ေနာက္ ႏွစ္ေယာက္သား အထက္ပါအတိုင္း
ၿပိဳင္တူေအာ္လိုက္ၾက ရင္းေရွ႕သို႔ခရီးဆက္ခဲ့ၾကသည္။
တစ္နာရီနီးပါးေလာက္ေလွ်ာက္လိုက္မိေတာ့
သစ္ပုပ္ေတာကိုလြန္ၿပီး ဝါျဖဴေတာႀကီးကို
ေရာက္လာသည္။ ငါးျဖဴဝါး႐ုံႀကီးေတြကအဓိကရႀကီးေတြ၊
ေနေျပာက္မထို၊ႏိုင္ေလာက္ေအာင္လည္း
ႁပြတ္သိပ္ျပည့္က်ပ္ေနၾကသည္။ သို႔ေသာ္
တစ္ေနရာမွာေတာ့ ဝါးျဖဴဝါး႐ုံႀကီးေတြ
ၿခံရံေပါက္ေနၾကေသာ ဆယ့္ငါးေပပတ္လည္
ခန႔္ ငွက္ခါးေရာင္ထ ၾကည္လင္ေနသည့္
အိုင္ေလး တစ္အိုင္ကို ေတြ႕လိုက္ၾကရ၏။
အိုင္ဆီမွအနံ႔သင္းသင္းေလးကိုလည္းသူ
တို႔ရႉရႈိက္မိၾက၏။နံပါတ္ – ၁ က အနံ႔သင္း
သင္းေလးကို ႏွာေခါင္းတရႈပ္ရႈပ္ႏွင့္ ရႉရႈိက္ရင္း – “နံပါတ္-
၂ေရ-ဒီအိုင္ကထြက္လာတဲ့အနံ႔ေလးကတယ္ေမႊးပါလား။
ရမ္ျပားေလး ေဇာက္လိုက္ေတာ့ ထြက္လာတဲ့
အနံ႔ေလးအတိုင္းပဲ”ဟု ေျပာ လိုက္သည္။
နံပါတ္-၂ ကလည္း –
“ဟုတ္တယ္-နံပါတ္၁။ဒါ-ရမ္နံ႔ေလးပဲဗ်”
ဟုေထာက္ခံလိုက္သည္။သူတို႔ႏွစ္ေယာက္
အိုင္ေလးဆီ ေရာက္ေအာင္ေလွ်ာက္လာခဲ့ၾက၏။
အိုင္ေလးထဲက အေရာင္က အနီးကပ္ၾကည့္ေတာ့
ရမ္ေရာင္ေလးအတိုင္း ရမ္ဆိုတာဟိုတယ္မွ
ာ သူတို႔အၿမဲေသာက္ေနက်၊ သူတို႔အႀကိဳက္၊ရမ္ဆိုတာ
ကအရက္”၊ အရက္ကို အေရာင္အဆင္း
အနံ႔အရသာကို ျပဳျပင္ထားတဲ့ အမည္။
အိုင္ေလး၏ထိပ္မွာ စာတန္းေလးတစ္ခု
ေက်ာက္သားျပင္ကို ထြင္း ထားေသာ
စာတန္းေလးျဖစ္သည္။သည္။
“ယစ္ေ႐ႊရည္-မအိုေဆးရည္”ဟု ေရးထားသည္။
“မအိုေဆးရည္ ဆိုပါလား”
နံပါတ္-၁ကစာဖတ္ၿပီးေျပာလိုက္၏။
နံပါတ္-၂ကေခါင္းညိတ္လိုက္“ကဲ-ဒါဆို-ဒီမ
အိုေဆးရည္ေလးကို အရသာခံရင္း ခဏနားၾကရရင္
မေကာင္းဘူးလား”
“ေကာင္းတယ္ – နံပါတ္ ၂”
ႏွစ္ေယာက္သားတိုင္ပင္ၿပီးၾကသည္ႏွင့္
ယစ္ေ႐ႊရည္အမည္ရွိမအိုေဆး ရည္ကို
တစ္ေယာက္တစ္႐ြက္ခပ္ကာ ဝါးျဖဴဝါး႐ုံႀကီး
တစ္ခုံေအာက္၌ ေအး ေအးေဆးေဆးနားရင္း
အရသာခံေသာက္လိုက္ၾကသည္။
“အား- ေကာင္းလိုက္တာ။ လည္ေခ်ာင္းထဲကို
ခါးရွပူဆင္းသြားတာပဲ” နံပါတ္-၁ က ယစ္ေ႐ႊရည္
တစ္က်ိဳက္စုပ္လိုက္ရင္း ခ်ီးက်ဴးေထာပနာ ျပဳလိုက္သည္။
“ဒီေဆးရည္ကမအိုေဆးရည္ဆို မဟုတ္လားဗ်
နံပါတ္ ၁ ရဲ႕ ထို႔ေနာက္ႏွစ္ေယာက္သား
ေသာက္ရင္းေသာက္ရင္း ေရခ်ိန္ေတြလြန္
ၿပီး မူးလဲသြားၾက၏။ သူတို႔ရွာေနၾကသည့္
ေသမင္းကိုလည္း ေမ့သြားၾက သည္။
ညေနေစာင္းမွ သူတို႔ ျပန္သတိရလာၾကသည္။
သတိရရခ်င္း နံပါတ္ ၁ က -“ဒီယစ္ေ႐ႊရည္မ
အိုေဆးကတယ္ေကာင္းတာပဲ။ ဒီမွာပဲမအို
ေဆးေလး မွီဝဲရင္းေသမင္းကိုရွာၾကရင္မေကာင္းဘူးလား”
ဟုနံပါတ္-၂ကိုေမ၊လိုက္နံပါတ္-၂က ေခါင္းညိတ္ရင္း –
“ေကာင္းတယ္- နံပါတ္ ၁။ သူလည္း ဒီယစ္ေ႐ႊရည္
မအိုေဆး လာမွီဝဲရင္ မွီဝဲတန္ေကာင္းပါရဲ႕။
ပိုေသခ်ာတာကမေရမရာလိုက္ရွာေနမယ့္
အစားဒီကပဲေစာင့္ရင္ ပိုေကာင္းမယ္ထင္တယ္”
ဟု အႀကံေပးလိုက္သည္။ “အိုဧက – သိပ္ေကာင္းတဲ့အႀကံပဲ”
သူတို႔ႏွစ္ေယာက္ထိုယစ္ေ႐ႊရည္မအိုေဆး
အမည္ရွိ အိုင္အနီးတြင္ပင္ ေသမင္းကိုရွာရင္း
ေသမင္းအလာေစာင့္ရင္းစခန္းခ်လိုက္ၾကသည္။ထို႔ေနာက္
ယစ္ေ႐ႊရည္မအိုေဆးကိုလည္းေန႔ေရာည
ပါအႀကိဳက္ေသာက္ေနလိုက္ၾက၏။
သည္သို႔ႏွင့္ရက္ကေလးၾကာလာသည္။
သူတို႔၏အေျခအေနေတြလည္းေျပာင္းလဲလာၾကသည္။
ၾကာေတာ့ – သူတို႔ႏွစ္ေယာက္စလုံးမလႈပ္
ခ်င္ မကိုင္ခ်င္ျဖစ္၊ အားအင္ေတြကုန္ခန္း
လာသည္။ ႏွစ္ဦးစလုံး၏မ်က္ႏွာႏွင့္ခႏၵာ
ကိုယ္ေတြကလည္း လူဘီလူးႀကီးေတြလို
ပြေရာင္းေဖာင္းတက္ေနၾကၿပီး ပါးစပ္မွ
ေသြးေတြက တဗြက္ဗြက္အန္ထြက္လာၾကသည္။
ေနာက္- ေျမေပၚသို႔ ႏွစ္ေယာက္စလုံး
ဗုန္းခနဲပစ္က်သြားၾကေလေတာ့၏။ထိုအ
ခ်ိန္ သူတို႔ႏွင့္ ေတြ႕ခဲ့ရသည့္ရေသ့ႀကီးက –
“အေဇၨာကိစြံတာတဗၺ – ေကာေညာမရ
ဏံသုေဝ ဟု႐ြက္ဆိုပြားမ်ား
ေနက် ဓမၼေတးကို ဟစ္ေႂကြးရင္းေရာက္
လာသည္။ သူတို႔ႏွစ္ေယာက္ကို ေတာ့ –
“အင္း – ဘုရား – ဘုရား – ဒါ-ေသမင္းကို
သတ္ဖို႔လိုက္ရွာေနၾကတဲ့ ကာဒေလးႏွစ္
ေယာက္ပဲ။ ခုေတာ့ – ေသမင္းကိုသူတို႔က
မသတ္ရပဲမအိုဒေဆး ရည္ကိုေသာက္ေန
ၾကတဲ့သူတို႔ကို ေသမင္းက သတ္သြားၿပီ
ေကာ။ သူတို႔ ခမ်ာေတြ အိုေအာင္ေတာင္
မေနလိုက္ၾကရပါကလား။ သေဗၺသခၤါရ
အနိစၥ၊ သေဗၺသခၤါရအနတၱာပါကလား”
ဟုသံေဝဂသံျဖင့္ညည္းသေဗၺသခၤါရဒုကၡာ တြားလိုက္ေလသည္။