“ကောင်းကင်မေမေ”(စ/ဆုံး)

Unicode Version

“ကောင်းကင်မေမေ”(စ/ဆုံး)
———————————–
“ခင်ဗျားကြီး …. သွားသေလိုက်”
ရင့်သီးရိုင်းစိုင်းစွာဖြင့် ပြောလိုက်သည့်စကားသံကြောင့် ဆရာကြီးဦးမြခင်က ရပ်လိုက်ပြီး ခြံဝိုင်းထဲကို ကြည့်လိုက်သည်။
ညိုကြီးတစ်ယောက် သောင်းကျန်းနေပြန်ပြီ။ မူးလာလျှင် ထုံးစံအတိုင်း မိခင်ကိုပင် ရိုင်းစိုင်းစွာ ပြောတတ်သူ ဖြစ်သဖြင့် ရိုးနေပြီဟု တစ်ရွာလုံးက သတ်မှတ်ထားသော်လည်း ဦးမြခင်က လက်မခံနိုင်ပါ။ ထို့ကြောင့် ခြံဝိုင်းထဲကို ဝင်လိုက်ပြီး တစ်ရာတွင်တွေ့သည့် ဝါးခြမ်းပြားကို ကောက်လိုက်ပြီး
“ဟေ့ကောင် ညိုကြီး … ဘယ်မှာလဲဒီကောင်” ဟု မေးလိုက်သည်။
အိမ်ထဲမှ ဒေါ်စိန်လှက ထွက်လာပြီး
“ဆရာကြီး ရောက်လာပြီ … ထုံးစံအတိုင်း မူးလာပြန်ပြီ ဆရာကြီးရယ်”
“ဘယ်မှာလဲ အဲဒီကောင်”
“အိမ်ထဲမှာလေ”
ဆရာကြီး ဦးမြခင်က အိမ်ထဲကို ဝင်လိုက်သည်။ ညိုကြီးတစ်ယောက် မှောက်ခုံကြီးလဲကျနေပြီ။
“ဆရာကြီးရယ် … မနက်သောက် … ညသောက်နဲ့ သေတော့မယ်။ လူလည်း လူရုပ်နဲ့တောင် မတူတော့ဘူး”
“အေးဗျာ … အတော်ဆိုးတဲ့ကောင်ပဲ … ကျုပ်က သတိများရရင် ရိုက်မလို့”
“ရိုက်လည်း ငရိုက်ပဲနေမယ် ဆရာကြီးရယ် … သေအောင်ခံမှာ။ မသောက်နဲ့လည်း ပြောလို့ မရတော့ပါဘူး။ မူးပြီး ပြန်လာရင် မအေကို ရန်လုပ်တာ ဆိုးတော့တာပဲ”
“အဲဒီကောင် အမူးပြေပြီး သောင်းကျန်းရင် ကျုပ်ကို လာခေါ်လှည့်”
“ဟုတ်ကဲ့ပါဆရာကြီး”
ဦးမြခင်က သူ့အိမ်ကိုထွက်လာခဲ့သည်။ သန္ဓေဆိုးသည့် ညိုကြီးတစ်ယောက်ကို သူဘယ်လိုမှ သွန်သင်၍ မရနိုင်ခဲ့ပါ။ အဖေလိုပင် သောက်စားရမ်းကားတတ်သူ။ သူ့အဖေလည်း ရမ်းကားလွန်းသဖြင့် သူများရိုက်၍ သေရသည်။
နောက်တစ်လခန့် ညိုကြီးကို သူလည်းမေ့နေသည်။ ရွာထဲဘက်လည်း သိပ်မရောက်သောကြောင့် ဖြစ်သည်။
တစ်နေ့
“ဆရာကြီး … ကျွန်မသားတော့ သေတော့မယ်နဲ့တူတယ်ရှင့်”
ကျောင်းဆင်းချိန်တွင် အိမ်ကိုပြန်ရန် ကျောင်းထဲက ထွက်လာသည့် ဦးမြခင်ကို ညိုကြီးမိခင်က ကျောင်းဝတွင် တွေ့သဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
“ဟုတ်လား အခြေအနေဆိုးသလား”
“အမူးသမား ဒီလိုပဲ ဘဝဆုံးတော့မှာပါ။ အိပ်ရာထဲက မထနိုင်တော့ဘူး။ လူလည်း ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ် နေတာ တစ်ပတ်လောက်ရှိနေပြီ”
“ခုဘယ်သွားမလို့လဲ”
“အမေဆိုတော့လည်း မနေနိုင်ဘူးလေ … ရင်ထဲကပူတယ်ဆိုတော့ ရွာထဲမှာ ရေခဲလေးများ ရနိုင်ဦးမလားလို့ သွားဝယ်ပေးမလို့”
“အေးဗျာ … ကျွန်တော် လူမမာကြည့် လာခဲ့ပါဦးမယ်”
ညနေမိုးချုပ်လုအချိန်တွင် ဆရာကြီး ဦးမြခင်သည် ညိုကြီးတို့အိမ်ကို လူနာကြည့် ရောက်ခဲ့သည်။ ညိုကြီးအိမ် ခေါင်းရင်းတွင် မင်္ဂလာဆောင်ကလည်း မနက်ဖြန်ဖြစ်သည်။ မင်္ဂလာဆောင်အိမ်မှ ဓာတ်စက်သံကိုလည်း ကြားနေရသည်။
လူမမာက တကယ့်ကို ကမ္မဋ္ဌာန်းရုပ်ပေါက်နေပြီ။ မသိလျှင် အရိုးခြောက်ကြီး အိပ်ရာထဲတွင် လှဲနေသလို ထင်ရသည်။ မျက်တွင်းတွေကလည်း ချိုင့်ခွက်နေပြီး ပါးစပ်ကိုဟလျက် ခက်ခဲစွာ အသက်ကို ရှူနေရသည်။
လူမမာဘေးတွင် သူ့မိခင်နှင့် ညီမတွေ ထိုင်နေကြသည်။ ဦးမြခင်က လူမမာဘေးတွင် ထိုင်လိုက်ပြီး သူ့လက်ကလေးကို ကိုင်ကြည့်လိုက်သည်။ လက်တွေက သွေးမရှိသလို ဖြူဖွေးပြီး အေးစက်နေသည်။
ထိုအချိန်တွင် အိမ်ရှေ့က အော်သံကို ကြားလိုက်ရသည်။
“ဟေ့ … မိစိန်လှတို့အိမ်မဟုတ်လား … ငါ့ကို သင်္ကန်းကပ်မယ်ပြောထားတာ ဘယ်မှာလဲ” ဆိုသည့် အော်သံကြီးကို ကြားလိုက်ရသည်။
“ဟယ် … ဦးဇင်းကြီးပါလား”
ဒေါ်စိန်လှက အိမ်ပေါ်မှ အပြေးလေးဆင်းသွားသည်။
မကြာမီ ဦးဇင်းကြီးက ဒေါ်စိန်လှနှင့်အတူ အိမ်ပေါ်ကို ပြန်တက်လာသည်။
“ဘယ်မှာလဲ … ငပေတေ” ဟုအော်လိုက်ပြီး ဆရာကြီး ဦးမြခင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
ဦးဇင်းကြီးဟု တစ်ရွာလုံးက ခေါ်နေသည့် ထိုဘုန်းကြီးမှာ စိတ်ကောင်းစွာ မနှံ့သူဖြစ်သည်။ တစ်ပါးတည်း ရွာဦး ဘုရားတွင်နေပြီး သူ့ဘာသာသူ ဆွမ်းခံစားသည်။ ယခုလည်း ညကြီးမင်းကြီး ဘာအကြောင်းနှင့် ရွာထဲကို လာမှန်းမသိ။ အိမ်ပေါ်ကိုတက်လာပြီး လူမမာ၏ နဖူးကို စမ်းကြည့်ကာ
“ဟဲ့ မိစိန်လှ”
“ဘုရား”
“နင့်သားက သေနေပြီပဲ”
“အို အရှင်ဘုရားကလည်း မဟုတ်တာ … ဟိုမှာ အသက်ရှူနေတာပဲဟာ”
“အေး … အေး … နောက်ဆုံးထွက်သက်ကို မထုတ်နိုင်ဖြစ်နေတာ။ အမေကိုစော်ကားထားတဲ့ကောင် … ဝဋ်ခံနေရတာ”
“သူ့ကိုကြည့်ပြီး စိတ်မချမ်းသာပါဘူးဘုရား။ ဝေဒနာခံစားနေရတာ တစ်ပတ်လောက်ရှိနေပြီ။ ညဆိုရင် အသံနက်ကြီးနဲ့ ထထအော်တာဘုရား”
“သူ့ကို ဝေဒနာ မခံစားစေချင်ဘူးမဟုတ်လား”
“သေမှာကို သိပါတယ်ဘုရား … ဒါပေမဲ့ ဒီလိုကြီး ထိုင်ကြည့်နေရတာတော့ စိတ်မချမ်းသာပါဘုရား”
“အေး ကောင်းပြီး သူ့ကို ငြိမ်းချမ်းစွာနဲ့ အသက်ထွက်သွားစေချင်ရင် တစ်နည်းပဲရှိတယ်”
“ဘယ်လိုလုပ်ပေးရမလဲဘုရား”
“ကောင်းကင်မြေမှုန်ကို နဖူးပေါ်တင်ပေးလိုက်ဟဲ့ … ချက်ချင်းအသက်ထွက်သွားလိမ့်မယ်”
ဦးဇင်းကြီးက ပြောဆိုကာ ထိုင်ရာမှထပြီး ပြန်ကြွသွားသည်။
ဒေါ်စိန်လှက ဦးဇင်းကြီးကို ခြံဝအထိ လိုက်ပို့ပြီး ပြန်တက်လာသည်။
“ဦးဇင်းကြီးကလည်း ဘာတွေပြောသွားမှန်လည်း မသိဘူး။ ကောင်းကင်မြေမှုန်ကို နဖူးပေါ်တင်ပေးရမယ်တဲ့။ ဘယ်ကောင်းကင်မှာ မြေမှုန်က ရှိလို့လဲ”
ထိုအချိန်တွင် ခေါင်းရင်းခြံမင်္ဂလာဆောင်မှ သီချင်းဖွင့်နေသည်။
“ဂန္ထဝင်မေမေ ဂရုဏာမေမေ
ကောင်းကင်မေမေ မြင့်မိုရ်မေမေ
တီတာစမ်းသမျှ သီတာစမ်းကျ
ကြည်သာချမ်းမြ ပန်းအလှတို့ပွင့်နေ
ဪ… ချစ်မေမေရေ”
ဦးမြခင်က ဒေါ်စိန်လှကို
“မစိန်လှ”
“ရှင် ဆရာကြီး”
“ခင်ဗျား ခြေဖဝါးမှာ အောက်ဆင်းသွားတုန်းက ကပ်လာတဲ့ ဖုန်မှုန့်လေးတွေကို လက်နဲ့သပ်ပြီး ယူလိုက် စမ်းဗျာ” ဟု ပြောလိုက်သည်။
“ဘာလုပ်မလို့လဲဆရာကြီးရယ်”
“ခင်ဗျားသား ဝေဒနာကို ချုပ်ငြိမ်းပြီး … ငြိမ်းချမ်းသွားစေချင်ပြီ မဟုတ်လား”
“ဝေဒနာခံစားပြီး အော်ဟစ်ညည်းညူနေတာထက် သေသွားတာမှာ ကောင်းပါလိမ့်ဦးမယ် ဆရာကြီးရယ်”
“ဦးဇင်းကြီးက ကောင်းကင်ကမြေမှုန်ကို ခင်ဗျားသားနဖူးပေါ် တင်ပေးလိုက်ရမယ်လို့ ပြောသွားတယ် မဟုတ်လား”
“အင်းလေ”
“ကျုပ်ပြောတဲ့အတိုင်းလုပ်စမ်းဗျာ”
ဒေါ်စိန်လှက သူ့ခြေဖဝါးမှ မြေမှုန်လေးတွေကို ခါချပြီး လက်ညှိုးနှင့် လက်မကြားတွင် ဖိကိုင်ထားလိုက်သည်။
“ကဲဗျာ … ဟုတ်သော်ရှိ … မဟုတ်သော်ရှိ ညိုကြီးနဖူးပေါ် တင်ပေးလိုက်ပါ”
ဒေါ်စိန်လှက သူ့သားနဖူးပေါ် တင်ပေးလိုက်သည်။
အသက်ကို ခက်ခဲစွာ ရှူနေသော ညိုကြီးသည် ချက်ချင်းလိုပင် ငြိမ်ကျသွားသည်။
ဦးမြခင်က သူ့နှာခေါင်းအနီးကို လက်ညိုးလေးကပ်ကြည့်သည်။
“အသက်မရှူတော့ဘူး” ဟု သူ့အမေကို ပြောလိုက်သည်။
“သေချာလို့လား ဆရာကြီး”
“မှန်တစ်ချပ်သွားယူ”
ညိုကြီး ညီမက မှန်တစ်ချပ်ယူလာသည်။ ဦးမြခင်က မှန်ချက်ကို ပါးစပ်နှင့် နှာခေါင်အနား ကပ်လိုက်သည်။ ရေငွေ့ပျံခြင်း မရှိတော့။
“သေချာသလောက်ပဲ။ ဆေးမှူးလေးကို သွားခေါ်ပါကွယ်။ အတည်ပြုရအောင်”
ညိုကြီးတစ်ယောက် အမှန်ပင်သေသွားပါပြီ။
“ဆရာကြီး”
“ဘာလဲဗျ”
“ကောင်းကင်မြေမှုန်လို့ ဦးဇင်းကြီးက ပြောတာကို ဘာဖြစ်လို့ ကျွန်မခြေထောက်က မြေမှုန်သူ့နဖူးပေါ် တင်ခိုင်းရတာလဲ”
“စောစောက မင်္ဂလာဆောင်မှာ သီချင်းဖွင့်သွားတာ ကြားလိုက်လား”
“အမှုမဲ့အမှတ်မဲ့ပဲရှင့်”
“သီချင်းထဲမှာ ဂန္ထဝင်မေမေ … ဂရုဏာမေမေ … ကောင်းကင်မေမေ … မြင့်မိုရ်မေမေတဲ့ဗျ။ ကောင်းကင် မေမေဆိုတဲ့ စာသားလေးကို ကြိုက်လိုက်တာ။ အမေကို ကောင်းကင်နဲ့ တင်စားသွားတာ။ ဦးဇင်းကြီး ပြောသွား တာလည်း ကောင်းကင်မြေမှုန်တဲ့။ ဒါကြောင့် မိခင်ခြေထောက်က မြေမှုန်ပဲဖြစ်ရမယ်လို့ ကျုပ်က တွက်ဆ လိုက်တာပဲ။ ခင်ဗျားခြေထောက်က မြေမှုန်ကိုသူလိုနေတာပဲ”
“ဆရာကြီးရယ် … သိပါဘူးတော် … ဘာဖြစ်ဖြစ် ဝေဒနာခံစားနေရတာကနေ ချုပ်ငြိမ်းသွားလို့ အေးချမ်းသွား ပါပြီ။ သား ညိုကြီးရေ … သွားတော့ … သွားပေတော့”
#တင်ညွန့်
၆.၄.၂၀၂၄

Zawgyi Version

“ေကာင္းကင္ေမေမ”(စ/ဆံုး)
———————————–
“ခင္ဗ်ားႀကီး …. သြားေသလိုက္”
ရင့္သီး႐ိုင္းစိုင္းစြာျဖင့္ ေျပာလိုက္သည့္စကားသံေၾကာင့္ ဆရာႀကီးဦးျမခင္က ရပ္လိုက္ၿပီး ၿခံဝိုင္းထဲကို ၾကည့္လိုက္သည္။
ညိဳႀကီးတစ္ေယာက္ ေသာင္းက်န္းေနျပန္ၿပီ။ မူးလာလွ်င္ ထုံးစံအတိုင္း မိခင္ကိုပင္ ႐ိုင္းစိုင္းစြာ ေျပာတတ္သူ ျဖစ္သျဖင့္ ႐ိုးေနၿပီဟု တစ္႐ြာလုံးက သတ္မွတ္ထားေသာ္လည္း ဦးျမခင္က လက္မခံႏိုင္ပါ။ ထို႔ေၾကာင့္ ၿခံဝိုင္းထဲကို ဝင္လိုက္ၿပီး တစ္ရာတြင္ေတြ႕သည့္ ဝါးျခမ္းျပားကို ေကာက္လိုက္ၿပီး
“ေဟ့ေကာင္ ညိဳႀကီး … ဘယ္မွာလဲဒီေကာင္” ဟု ေမးလိုက္သည္။
အိမ္ထဲမွ ေဒၚစိန္လွက ထြက္လာၿပီး
“ဆရာႀကီး ေရာက္လာၿပီ … ထုံးစံအတိုင္း မူးလာျပန္ၿပီ ဆရာႀကီးရယ္”
“ဘယ္မွာလဲ အဲဒီေကာင္”
“အိမ္ထဲမွာေလ”
ဆရာႀကီး ဦးျမခင္က အိမ္ထဲကို ဝင္လိုက္သည္။ ညိဳႀကီးတစ္ေယာက္ ေမွာက္ခုံႀကီးလဲက်ေနၿပီ။
“ဆရာႀကီးရယ္ … မနက္ေသာက္ … ညေသာက္နဲ႔ ေသေတာ့မယ္။ လူလည္း လူ႐ုပ္နဲ႔ေတာင္ မတူေတာ့ဘူး”
“ေအးဗ်ာ … အေတာ္ဆိုးတဲ့ေကာင္ပဲ … က်ဳပ္က သတိမ်ားရရင္ ႐ိုက္မလို႔”
“႐ိုက္လည္း င႐ိုက္ပဲေနမယ္ ဆရာႀကီးရယ္ … ေသေအာင္ခံမွာ။ မေသာက္နဲ႔လည္း ေျပာလို႔ မရေတာ့ပါဘူး။ မူးၿပီး ျပန္လာရင္ မေအကို ရန္လုပ္တာ ဆိုးေတာ့တာပဲ”
“အဲဒီေကာင္ အမူးေျပၿပီး ေသာင္းက်န္းရင္ က်ဳပ္ကို လာေခၚလွည့္”
“ဟုတ္ကဲ့ပါဆရာႀကီး”
ဦးျမခင္က သူ႔အိမ္ကိုထြက္လာခဲ့သည္။ သေႏၶဆိုးသည့္ ညိဳႀကီးတစ္ေယာက္ကို သူဘယ္လိုမွ သြန္သင္၍ မရႏိုင္ခဲ့ပါ။ အေဖလိုပင္ ေသာက္စားရမ္းကားတတ္သူ။ သူ႔အေဖလည္း ရမ္းကားလြန္းသျဖင့္ သူမ်ား႐ိုက္၍ ေသရသည္။
ေနာက္တစ္လခန႔္ ညိဳႀကီးကို သူလည္းေမ့ေနသည္။ ႐ြာထဲဘက္လည္း သိပ္မေရာက္ေသာေၾကာင့္ ျဖစ္သည္။
တစ္ေန႔
“ဆရာႀကီး … ကြၽန္မသားေတာ့ ေသေတာ့မယ္နဲ႔တူတယ္ရွင့္”
ေက်ာင္းဆင္းခ်ိန္တြင္ အိမ္ကိုျပန္ရန္ ေက်ာင္းထဲက ထြက္လာသည့္ ဦးျမခင္ကို ညိဳႀကီးမိခင္က ေက်ာင္းဝတြင္ ေတြ႕သျဖင့္ ေျပာလိုက္ျခင္းျဖစ္သည္။
“ဟုတ္လား အေျခအေနဆိုးသလား”
“အမူးသမား ဒီလိုပဲ ဘဝဆုံးေတာ့မွာပါ။ အိပ္ရာထဲက မထႏိုင္ေတာ့ဘူး။ လူလည္း ဖုတ္လႈိက္ဖုတ္လႈိက္ျဖစ္ ေနတာ တစ္ပတ္ေလာက္ရွိေနၿပီ”
“ခုဘယ္သြားမလို႔လဲ”
“အေမဆိုေတာ့လည္း မေနႏိုင္ဘူးေလ … ရင္ထဲကပူတယ္ဆိုေတာ့ ႐ြာထဲမွာ ေရခဲေလးမ်ား ရႏိုင္ဦးမလားလို႔ သြားဝယ္ေပးမလို႔”
“ေအးဗ်ာ … ကြၽန္ေတာ္ လူမမာၾကည့္ လာခဲ့ပါဦးမယ္”
ညေနမိုးခ်ဳပ္လုအခ်ိန္တြင္ ဆရာႀကီး ဦးျမခင္သည္ ညိဳႀကီးတို႔အိမ္ကို လူနာၾကည့္ ေရာက္ခဲ့သည္။ ညိဳႀကီးအိမ္ ေခါင္းရင္းတြင္ မဂၤလာေဆာင္ကလည္း မနက္ျဖန္ျဖစ္သည္။ မဂၤလာေဆာင္အိမ္မွ ဓာတ္စက္သံကိုလည္း ၾကားေနရသည္။
လူမမာက တကယ့္ကို ကမၼ႒ာန္း႐ုပ္ေပါက္ေနၿပီ။ မသိလွ်င္ အ႐ိုးေျခာက္ႀကီး အိပ္ရာထဲတြင္ လွဲေနသလို ထင္ရသည္။ မ်က္တြင္းေတြကလည္း ခ်ိဳင့္ခြက္ေနၿပီး ပါးစပ္ကိုဟလ်က္ ခက္ခဲစြာ အသက္ကို ရႉေနရသည္။
လူမမာေဘးတြင္ သူ႔မိခင္ႏွင့္ ညီမေတြ ထိုင္ေနၾကသည္။ ဦးျမခင္က လူမမာေဘးတြင္ ထိုင္လိုက္ၿပီး သူ႔လက္ကေလးကို ကိုင္ၾကည့္လိုက္သည္။ လက္ေတြက ေသြးမရွိသလို ျဖဴေဖြးၿပီး ေအးစက္ေနသည္။
ထိုအခ်ိန္တြင္ အိမ္ေရွ႕က ေအာ္သံကို ၾကားလိုက္ရသည္။
“ေဟ့ … မိစိန္လွတို႔အိမ္မဟုတ္လား … ငါ့ကို သကၤန္းကပ္မယ္ေျပာထားတာ ဘယ္မွာလဲ” ဆိုသည့္ ေအာ္သံႀကီးကို ၾကားလိုက္ရသည္။
“ဟယ္ … ဦးဇင္းႀကီးပါလား”
ေဒၚစိန္လွက အိမ္ေပၚမွ အေျပးေလးဆင္းသြားသည္။
မၾကာမီ ဦးဇင္းႀကီးက ေဒၚစိန္လွႏွင့္အတူ အိမ္ေပၚကို ျပန္တက္လာသည္။
“ဘယ္မွာလဲ … ငေပေတ” ဟုေအာ္လိုက္ၿပီး ဆရာႀကီး ဦးျမခင္ေဘးတြင္ ဝင္ထိုင္လိုက္သည္။
ဦးဇင္းႀကီးဟု တစ္႐ြာလုံးက ေခၚေနသည့္ ထိုဘုန္းႀကီးမွာ စိတ္ေကာင္းစြာ မႏွံ႔သူျဖစ္သည္။ တစ္ပါးတည္း ႐ြာဦး ဘုရားတြင္ေနၿပီး သူ႔ဘာသာသူ ဆြမ္းခံစားသည္။ ယခုလည္း ညႀကီးမင္းႀကီး ဘာအေၾကာင္းႏွင့္ ႐ြာထဲကို လာမွန္းမသိ။ အိမ္ေပၚကိုတက္လာၿပီး လူမမာ၏ နဖူးကို စမ္းၾကည့္ကာ
“ဟဲ့ မိစိန္လွ”
“ဘုရား”
“နင့္သားက ေသေနၿပီပဲ”
“အို အရွင္ဘုရားကလည္း မဟုတ္တာ … ဟိုမွာ အသက္ရႉေနတာပဲဟာ”
“ေအး … ေအး … ေနာက္ဆုံးထြက္သက္ကို မထုတ္ႏိုင္ျဖစ္ေနတာ။ အေမကိုေစာ္ကားထားတဲ့ေကာင္ … ဝဋ္ခံေနရတာ”
“သူ႔ကိုၾကည့္ၿပီး စိတ္မခ်မ္းသာပါဘူးဘုရား။ ေဝဒနာခံစားေနရတာ တစ္ပတ္ေလာက္ရွိေနၿပီ။ ညဆိုရင္ အသံနက္ႀကီးနဲ႔ ထထေအာ္တာဘုရား”
“သူ႔ကို ေဝဒနာ မခံစားေစခ်င္ဘူးမဟုတ္လား”
“ေသမွာကို သိပါတယ္ဘုရား … ဒါေပမဲ့ ဒီလိုႀကီး ထိုင္ၾကည့္ေနရတာေတာ့ စိတ္မခ်မ္းသာပါဘုရား”
“ေအး ေကာင္းၿပီး သူ႔ကို ၿငိမ္းခ်မ္းစြာနဲ႔ အသက္ထြက္သြားေစခ်င္ရင္ တစ္နည္းပဲရွိတယ္”
“ဘယ္လိုလုပ္ေပးရမလဲဘုရား”
“ေကာင္းကင္ေျမမႈန္ကို နဖူးေပၚတင္ေပးလိုက္ဟဲ့ … ခ်က္ခ်င္းအသက္ထြက္သြားလိမ့္မယ္”
ဦးဇင္းႀကီးက ေျပာဆိုကာ ထိုင္ရာမွထၿပီး ျပန္ႂကြသြားသည္။
ေဒၚစိန္လွက ဦးဇင္းႀကီးကို ၿခံဝအထိ လိုက္ပို႔ၿပီး ျပန္တက္လာသည္။
“ဦးဇင္းႀကီးကလည္း ဘာေတြေျပာသြားမွန္လည္း မသိဘူး။ ေကာင္းကင္ေျမမႈန္ကို နဖူးေပၚတင္ေပးရမယ္တဲ့။ ဘယ္ေကာင္းကင္မွာ ေျမမႈန္က ရွိလို႔လဲ”
ထိုအခ်ိန္တြင္ ေခါင္းရင္းၿခံမဂၤလာေဆာင္မွ သီခ်င္းဖြင့္ေနသည္။
“ဂႏၴဝင္ေမေမ ဂ႐ုဏာေမေမ
ေကာင္းကင္ေမေမ ျမင့္မိုရ္ေမေမ
တီတာစမ္းသမွ် သီတာစမ္းက်
ၾကည္သာခ်မ္းျမ ပန္းအလွတို႔ပြင့္ေန
ဪ… ခ်စ္ေမေမေရ”
ဦးျမခင္က ေဒၚစိန္လွကို
“မစိန္လွ”
“ရွင္ ဆရာႀကီး”
“ခင္ဗ်ား ေျခဖဝါးမွာ ေအာက္ဆင္းသြားတုန္းက ကပ္လာတဲ့ ဖုန္မႈန႔္ေလးေတြကို လက္နဲ႔သပ္ၿပီး ယူလိုက္ စမ္းဗ်ာ” ဟု ေျပာလိုက္သည္။
“ဘာလုပ္မလို႔လဲဆရာႀကီးရယ္”
“ခင္ဗ်ားသား ေဝဒနာကို ခ်ဳပ္ၿငိမ္းၿပီး … ၿငိမ္းခ်မ္းသြားေစခ်င္ၿပီ မဟုတ္လား”
“ေဝဒနာခံစားၿပီး ေအာ္ဟစ္ညည္းညဴေနတာထက္ ေသသြားတာမွာ ေကာင္းပါလိမ့္ဦးမယ္ ဆရာႀကီးရယ္”
“ဦးဇင္းႀကီးက ေကာင္းကင္ကေျမမႈန္ကို ခင္ဗ်ားသားနဖူးေပၚ တင္ေပးလိုက္ရမယ္လို႔ ေျပာသြားတယ္ မဟုတ္လား”
“အင္းေလ”
“က်ဳပ္ေျပာတဲ့အတိုင္းလုပ္စမ္းဗ်ာ”
ေဒၚစိန္လွက သူ႔ေျခဖဝါးမွ ေျမမႈန္ေလးေတြကို ခါခ်ၿပီး လက္ညႇိဳးႏွင့္ လက္မၾကားတြင္ ဖိကိုင္ထားလိုက္သည္။
“ကဲဗ်ာ … ဟုတ္ေသာ္ရွိ … မဟုတ္ေသာ္ရွိ ညိဳႀကီးနဖူးေပၚ တင္ေပးလိုက္ပါ”
ေဒၚစိန္လွက သူ႔သားနဖူးေပၚ တင္ေပးလိုက္သည္။
အသက္ကို ခက္ခဲစြာ ရႉေနေသာ ညိဳႀကီးသည္ ခ်က္ခ်င္းလိုပင္ ၿငိမ္က်သြားသည္။
ဦးျမခင္က သူ႔ႏွာေခါင္းအနီးကို လက္ညိဳးေလးကပ္ၾကည့္သည္။
“အသက္မရႉေတာ့ဘူး” ဟု သူ႔အေမကို ေျပာလိုက္သည္။
“ေသခ်ာလို႔လား ဆရာႀကီး”
“မွန္တစ္ခ်ပ္သြားယူ”
ညိဳႀကီး ညီမက မွန္တစ္ခ်ပ္ယူလာသည္။ ဦးျမခင္က မွန္ခ်က္ကို ပါးစပ္ႏွင့္ ႏွာေခါင္အနား ကပ္လိုက္သည္။ ေရေငြ႕ပ်ံျခင္း မရွိေတာ့။
“ေသခ်ာသေလာက္ပဲ။ ေဆးမႉးေလးကို သြားေခၚပါကြယ္။ အတည္ျပဳရေအာင္”
ညိဳႀကီးတစ္ေယာက္ အမွန္ပင္ေသသြားပါၿပီ။
“ဆရာႀကီး”
“ဘာလဲဗ်”
“ေကာင္းကင္ေျမမႈန္လို႔ ဦးဇင္းႀကီးက ေျပာတာကို ဘာျဖစ္လို႔ ကြၽန္မေျခေထာက္က ေျမမႈန္သူ႔နဖူးေပၚ တင္ခိုင္းရတာလဲ”
“ေစာေစာက မဂၤလာေဆာင္မွာ သီခ်င္းဖြင့္သြားတာ ၾကားလိုက္လား”
“အမႈမဲ့အမွတ္မဲ့ပဲရွင့္”
“သီခ်င္းထဲမွာ ဂႏၴဝင္ေမေမ … ဂ႐ုဏာေမေမ … ေကာင္းကင္ေမေမ … ျမင့္မိုရ္ေမေမတဲ့ဗ်။ ေကာင္းကင္ ေမေမဆိုတဲ့ စာသားေလးကို ႀကိဳက္လိုက္တာ။ အေမကို ေကာင္းကင္နဲ႔ တင္စားသြားတာ။ ဦးဇင္းႀကီး ေျပာသြား တာလည္း ေကာင္းကင္ေျမမႈန္တဲ့။ ဒါေၾကာင့္ မိခင္ေျခေထာက္က ေျမမႈန္ပဲျဖစ္ရမယ္လို႔ က်ဳပ္က တြက္ဆ လိုက္တာပဲ။ ခင္ဗ်ားေျခေထာက္က ေျမမႈန္ကိုသူလိုေနတာပဲ”
“ဆရာႀကီးရယ္ … သိပါဘူးေတာ္ … ဘာျဖစ္ျဖစ္ ေဝဒနာခံစားေနရတာကေန ခ်ဳပ္ၿငိမ္းသြားလို႔ ေအးခ်မ္းသြား ပါၿပီ။ သား ညိဳႀကီးေရ … သြားေတာ့ … သြားေပေတာ့”
#တင္ၫြန႔္
၆.၄.၂၀၂၄