” စျေးဟောင်းမှာရှိကြတယ် ”(စ-ဆုံး)

Unicode Version

” စျေးဟောင်းမှာရှိကြတယ် ”(စ-ဆုံး)
——————————————–
ဖြစ်ရပ်မှန်

သီရိမင်္ဂလာစျေး(ယခင်စျေးဟောင်း)ဆိုတာ အနယ်နယ်အရပ်ရပ်က ကုန်သည်တွေ၊ရောင်းသူ၊ဝယ်သူတွေစသည်တို့ဖြင့်စည်ကားလွန်းလှသည်။
ထိုမျှမကသေး။တောင်းရမ်းစားသောက်သူတွေကလည်း ထိုစျေးကြီးထဲတွင် နေရာတစ်နေရာကိုအထိုင်ချကာ တောင်းရမ်းစားသောက်ကြသည်။
ညအိပ်တော့လည်း ထိုနေရာတွင်သာ ပုဆိုးစုတ်၊ဖျာစုတ်စသည်တို့ကိုခင်းပြီးအိပ်တတ်ကြသည်။
သည်တော့ လူတွေစုံလျှင်စရိုက်တွေလည်းစုံကြသည်မဟုတ်လား။
ရန်ပွဲတွေ၊လူသတ်မှုတွေကလည်း ထူပြောများပြားလွန်းလှသည်။
တစ်ဖန်။လာရောက်တောင်းရမ်းစားသောက်သူတွေထဲမှ ရောဂါသည်တွေလည်းပါဝင်ပြီး ထိုလူတွေမှာလည်း ရောဂါကြောင့်ထိုနေရာ၌ပင်သေဆုံးခဲ့လျှင် အနားမှစျေးသည်တွေက လူမှုကူညီရေးကိုလှမ်းဆက်သွယ်ရသည်။
အဖွဲ့ရောက်လာတော့ အလောင်းကိုဆေးရုံပို့၊ပြီးလျှင်ချက်ချင်းမီးသင်္ဂြိုဟ်ကြသည်။
ပိုင်ရှင်မဲ့အလောင်းမို့၎င်းတို့အတွက်ရည်စူးပြီး ကုသိုလ်ပြု၊ရေစက်ချအမျှပေးဝေတာတွေကိုမည်သူမှမလုပ်ကြချေ။
သည်တော့ သေဆုံးပြီးမကျွတ်မလွတ်ပုဂ္ဂိုလ်တွေက စျေးနှင့်ပတ်သက်သည့်နေရာတွေတွင်သာမှီခို၍နေကြတော့သည်။
အချို့ပုဂ္ဂိုလ်တွေကလည်း စျေး၏အပေါ်ထပ်ရှိ ကုမ္ပဏီတွေတွင်မှီခိုနေထိုင်ကြပြန်သည်။
အထက်ပါအချက်တွေကတော့ ထိုစျေးတွင်နှစ်ရှည်တာဝန်ကျခဲ့ဖူးသည့်စည်ပင်ဝန်ထမ်းတစ်ယောက်ကပြန်လည်ပြောပြခြင်းဖြစ်သည်။
သို့ဆိုလျှင် သူပြောသလိုတကယ်ဟုတ်မဟုတ်၊နောက်ပိုင်းအဖြစ်အပျက်တွေကို ဆက်လက်ဖတ်ရှုကြပါ။
++++++++++++++++++++++++
မှန်ဝင်္ကပါထဲမှ ထဘီရင်လျားမိန်းကလေး..။
ကစားကွင်းသည် စနေ တနင်္ဂနွေနှင့် နေ့ကြီးအခါကြီးများတွင်လူစည်ကားလေ့ရှိသော်လည်း ကြားရက်များဆိုလျှင်တော့ လူနည်းပါးလေ့ရှိသည်။
တစ်နေ့သောကြာရက်တွင် လူနည်းပါးသဖြင့်သရဲအိမ်တွင် ဝန်ထမ်းမိန်းကလေးတစ်ယောက်သာရှိနေလေသည်။
ထိုအခိုက်တွင် ဧည့်သည်အမျိုးသမီးနှစ်ယောက်ရောက်လာပြီး လက်မှတ်ဖြတ်ကာ သရဲအိမ်ထဲသို့ဝင်သွားကြသည်။
ဝန်ထမ်းမိန်းကလေးလည်း သရဲအိမ်အပေါက်ဝတွင်သန့်ရှင်းရေးလုပ်နေလိုက်သည်။
မိနစ်နှစ်ဆယ်ခန့်အကြာ၌ ဧည့်သည်အမျိုးသမီးနှစ်ယောက်ပြန်ထွက်လာသည်။
ပြီးနောက် တာဝန်ကျဝန်ထမ်းမိန်းကလေးကိုပြောသည်။
“ညီမရယ်။အစ်မတို့နှစ်ယောက် ဒီသရဲအိမ်ထဲက မှန်ဝင်္ကပါထမ်းမှာလမ်းပျောက်ပြီး တဝဲလည်လည်ဖြစ်နေတာ။တော်သေးတာပေါ့။အဲဒီအချိန်မှာ ထဘီရင်လျားနဲ့မိန်းကလေးတစ်ယောက်ရောက်လာပြီး အစ်မတို့ကိုလမ်းပြပေးလို့ အခုလိုပြန်ထွက်နိုင်တာ”
ထိုစကားကြောင့် ဝန်ထမ်းမိန်းကလေးလည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ဧည့်သည်နည်းပါးသည်မို့ဤသရဲအိမ်တွင်တာဝန်ကျသည်မှာ သူမတစ်ယောက်တည်းသာဖြစ်သည်။
အခြားမည်သည့်ဝန်ထမ်းမှမရှိချေ။
သို့ဆိုလျှင် လမ်းပျောက်သည့်ဤဧည့်သည်နှစ်ယောက်ကိုလိုက်ပို့သည့်ထဘီရင်လျားနှင့်မိန်းကလေးသည်မည်သူနည်း။
တွေးရင်းဖြင့်တာဝန်ကျဝန်ထမ်း
မိန်းကလေးလည်း ကြက်သီးတွေပင်တဖျန်းဖျန်းထသွားမိသည်။
သို့သာ် ဧည့်သည်မိန်းကလေးနှစ်ယောက်ကိုတော့ သရဲသရုပ်ပြုလုပ်သည့်မိန်းကလေးက ဒီလိုလမ်းပျောက်လျှင်လိုက်ပို့ပေးလေ့ရှိသည်'”ဟုပြန်ပြောလိုက်ရသည်။
သို့ဖြင့် ညဘက်အလုပ်သိမ်းခါနီး သရဲအိမ်ကွန်ထရိုးအခန်းထဲမှမိန်းတွေကိုတစ်ယောက်တည်းဝင်မပိတ်ရဲတော့သဖြင့် အခြားဝန်ထမ်းတစ်ယောက်ကိုအဖော်ခေါ်ရသည်ဟူ၏။
++++++++++++++++++++++++
ဘယ်သူနဲ့နေရမလဲ
အဆောင်မှမိန်းကလေးတွေနှင့်အိမ်ထောင်သည်လိုင်းခန်းမှ ဝန်ထမ်းများသည် အမှတ်(၁)ကစားကွင်းသို့ သွားရောက်အလုပ်ဆင်းရသည်ဆိုပေမင့် ဖယ်ရီကားစီစဥ်ပေးထားသည်မို့အားလုံးအတွက်အဆင်ပြေကြသည်။
နောက် ပြီး ထမင်းဆိုလည်း စားဖိုဆောင်တွင်အဆင်သင့်ခူးခပ်စားရုံပင်။
ယင်းသို့အဆင်ပြေလာသည့်တစ်လျှောက် မထင်မှတ်ဘဲ အပြောင်းအလဲက စတင်ကြုံလာသည်။
ယင်းမှာ နိုင်ငံအာဏာသိမ်းမှုဖြစ်ပွားပြီး တစ်နှစ်ကျော်အကြာ၌ အဲဒီစျေးဟောင်းရှိ ကုမ္ပဏီများအားလုံး သုံးလအတွင်းဖယ်ပေးရမည်ဟု အမိန့်ကျလာခြင်းဖြစ်သည်။
ထိုအခါ အိမ်ထောင်သည်လိုင်းခန်းမှဝန်ထမ်းတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ် အပြင်တွင်အိမ်ငှားကြသည်။
အဆင်မပြေသူတွေကတော့ ရုံးတွင်ချေးငွေတင်သူကတင် စသည်ဖြင့် အိမ်ငှားနိုင်ဖို့အရေးကြိုးစားကြရသည်။
အိမ်ထောင်သည်တွေတရွေ့ရွေ့ဖြင့် ရွှေ့
ပြောင်းပြီးသည့်နောက် အင်အား၅၀ခန့်ရှိညအိပ်(ကုမ္ပဏီတွင်သာနေ၊ကုမ္ပဏီတွင်သာစား)
ဝန်ထမ်းမိန်းကလေးတွေအတွက် အဆောင်ငှားဖို့ရာ မန်နေဂျာတွေလည်းအစွမ်းကုန်ကြိုးစားကြရပြန်သည်။
ယင်းသို့ကြိုးစားရာ၌ အတန်အသင့်ကျယ်ဝန်းပြီး စျေး၊ကားမှတ်တိုင်တို့နှင်နီးကပ်သည့်တိုက်ခန်းကိုရလိုက်သည်။
ထို့နောက် ထိုတိုက်ခန်းကိုမီးတွေပြန်ဆင်၊ဆေးတွေပြန်သုတ် စသည်ဖြင့် ပြင်ဆင်ခဲ့ရာ ရက်အနည်းငယ်အတွင်းမှာပင် ပြောင်းရွေ့နိုင်ရန်အဆင်သင့်ဖြစ်လာခဲ့သည်။
တစ်နေ့သောမနက်တွင်တော့ ဝန်ထမ်းမိန်းကလေးတစ်ယောက်အော်ငိုနေလေသည်။
ထိူအခါ ကျန်သည့်မိန်းကလေးတွေပါလန့်သွားကြသည်။
“ဟဲ့ မိဖြူ နင်ဘာဖြစ်တာလဲ”
ယင်းသိူ့မေးတော့ မိဖြူဆိုသည့်မိန်းကလေးက
“ငါမိဖြူမဟုတ်ဘူး။ဒီမှာရှိနေတဲ့တစ်ယောက်”
ထိုစကားကြောင့် အားလုံးလည်းကြောင်
တောင်တောင်ဖြစ်သွားကြသည်။
ထိုအခိုက်တွင် အနည်းငယ် လည်လည်ဝယ်ဝယ်ရှိသည့်မိန်းကလေးတစ်ယောက်က
” မိဖြူ ကသရဲဝင်ပူးနေတာဟဲ့”
“ဟင်”
“အမလေး”
အကုန်လုံးလန့်သွားကြသည်။
ထို့နောက် အမှတ်(၁)မှမန်နေဂျာကိုဖုန်းဆက်ခေါ်ရာ မန်နေဂျာလည်း အလုပ်ခွင်မှ
လုံခြုံရေးကိုပြန်လည်ခိုင်းစေရပြန်သည်။
ထိုလုံခြုံရေးသည် ပယောဂလည်းကုတတ်သည့်ရွှေရင်ကျော်တစ်ယောက်ဖြစ်သည်။
ထို့နောက် အဲဒီလုံခြုံရေးကို ကားဖြင့်လွှတ်လိုက်ရာ ချက်ချင်းရောက်လာသည်။
ပြီးနောက် စျေးအပေါ်ထပ်တွင်ပွဲတွေပေးပြီးမိဖြူ၏ကိုယ်ထဲတွင်ဝင်ပူးသည့်သရဲကိုမေးသည်။
“နင်ဘယ်သူလဲ။ဘာဖြစ်လို့ဝန်ထမ်းကောင်မလေးကိုနှောက်ယှက်ရတာလဲ”
ယင်းသို့မေးတော့ မိဖြူ၏ကိုယ်ထဲတွင်ဝင်ပူးသည့်သရဲက
“ငါနှောက်ယှက်တာမဟုတ်ဘူး။ဝမ်းနည်းလွန်းလို့”
“နင်က ဘာဝမ်းနည်းတာလဲ”
“ဒီကကောင်မလေးတွေက နေရာပြောင်းတော့မှာဆိုတော့ ငါက ဘယ်သူနဲ့နေရတော့မှာလဲ။ပြီးတော့ ဒီစျေးကြီးက ဖြိုချပစ်တော့မှာဆိုတော့ ငါ့မှာနေစရာမရှိတော့ဘူး”
ပြောရင်းဖြင့်ငိုနေပြန်သည်။
ထိုအခါ မူလကကြောက်နေကြသည့်ဝန်ထမ်းမိန်းကလေးတွေလည်း ထိုသရဲမ၏စကားကြောင့်စိတ်မကောင်းဖြစ်သွားကြသည်။
လုံခြုံရေးဝန်ထမ်းလည်းသက်ပြင်းချလိုက်ပြီး
“ဒါတော့ငါတို့လည်းဘယ်တက်နိုင်မလဲဟာ။ငါတို့တောင်ပြောင်းဆိုလို့ ပြောင်းရတော့မှာပဲလေ”
“ငါသိပါတယ်ဟာ။ဒါကြောင့်ဝမ်းနည်းလွန်းလို့အခုလိုပြောရတာပါ။ဒီကလေးမကိုဒုက္ခပေးဖို့မရည်ရွယ်ပါဘူး”
“အေး ဒါဆိုလည်း နင် ဒီကလေးမ ခန္ဓာကိုယ်ထဲက ထွက်တော့။ကြာရင်မကောင်းဘူး”ဟုဆိုကာ မိဖြူ၏နဖူးကို လက်ဖဝါးဖြင့်ပုတ်လိုက်သည်။
ထိုသရဲမလည်းထွက်သွားသည်။
ထိုအခါမှ ဝန်ထမ်းမိန်းကလေးတွေလည်း မိဖြူကိုတွဲပြီး အခန်းထဲသို့ပြန်ပို့လိုက်ကြရတော့သည်။
+++++++++++++++++++++++++++
မန်နေဂျာလည်းကြုံဖူးတယ်…။
အထက်ပါအဖြစ်အပျက်များသည် ကစားကွင်းမှအဖြစ်အပျက်များဖြစ်ပြီး ကျွန်တော်သိသလောက်ပြန်ရေးရခြင်းဖြစ်သည်။
ကစားကွင်း၏အထက်တွင်ပရိဘောဂကုမ္ပဏီကြီးရှိသလို၊မိုတယ်ကြီးလည်းရှိနေပါသေးသည်။
သို့သော် ထိုနေရာတွေသို့ ကျွန်တော်လည်းမရောက်ဖူးသည်မို့ ဤကဲ့သို့ပရလောကနှင့်ဆက်နွယ်သည့်အဖြစ်အပျက်တွေ ရှိမရှိဆိုတာတော့မသိရပါ။
မည်သို့ပင်ဆိုစေ။စျေးဟောင်းနှင့်ပတ်သက်၍ကျွန်တော်သိသလောက်ကိုဝတ္ထုအဖြစ်ပြန်ရေးပြီးသည့်နောက် မန်နေဂျာဆီခွင့်တောင်းလိုက်သည်။
“ဂျာကြီး ကျွန်တော်စျေးဟောင်းက အဖြစ်တွေကိုဝတ္ထုအဖြစ်ပြန်ရေးထားတယ်။ကစားကွင်းကိုတော့နာမည်မတပ်ဘူး။ဒါလိုင်းပေါ်တင်လိုက်ရမလားဗျ”
ယင်းသို့ခွင့်တောင်းတော့ မန်နေဂျာက
“တင်ပါ ရပါတယ်။ကစားကွင်းနာမည်တော့မတပ်တာကောင်းပါတယ်”
ယင်းသို့ဆိုပြီးနောက် တစ်စုံတရာကိုသတိရမိသွားဟန်ဖြင့်
“အေး ကိုဆွေ။မင်းက စျေးဟောင်းက သရဲအကြောင်းတွေရေးတယ်ဆိုတော့ ငါလည်း စျေးဟောင်းမှာငါကြုံရတာနှစ်ခုကိုပြန်ပြောပြရဦးမယ်ကွ”
“ဟုတ် ပြောပါဗျ”
“အေး..ပထမတစ်ခုက ငါတာဝန်မှူးကျတုန်းကကွ။
ငါကလည်း ကစားကွင်းစဖွင့်ကတည်းက မန်နေဂျာရာထူးနဲ့စဝင်တာ။ဒါပေမယ့်အဲဒီတုန်းက အပြင်ကပဲလာဆင်းတာ။
တစ်ရက်တော့ ငါညဘက်တာဝန်မှူးကျတယ်။(တာဝန်မှူးဆိုသည်မှာ ညဘက်အရေးပေါ်အခြေအနေတွေတွင် ဖြစ်လာသည့်ကိစ္စတွေကိုဖြေရှင်းပေးရသည်။)
ဒါနဲ့ငါလည်း အိပ်ဖို့အတွက် စာကြည့်တိုက်ထဲဝင်လာတယ်။အဲဒီထဲမှာ တာဝန်မှူးတွေအိပ်တဲ့ကုတင်ရှိတယ်။ခြင်ထောင်၊စောင် အကုန်လုံးအဆင်သင့်ပဲ။စာကြည့်တိုက်ဆိုတာက အခုဖူဆယ်ကွင်းဘေးက အဆောင်ပေါ့။အဲဒါအရင်တုန်းက ဝန်ထမ်းတွေစာဖတ်ဖို့အတွက် စာကြည့်တိုက်လုပ်ပေးထားတာ။
ငါလည်း မအိပ်ချင်သေးတာနဲ့ ဂိတ်ကလုံခြုံရေးတွေနဲ့ ညဆယ့်နှစ်နာရီအထိစကားပြောနေခဲ့တာ။အဲဒီတုန်းက အလုပ်သိမ်းချိန်က ညကိုးနာရီကိုး။
စကားပြောပြီး ငါလည်းစာကြည့်တိုက်ထဲဝင်အိပ်တယ်။တော်တော်နဲ့အိပ်မရဘူး။တဖြည်းဖြည်းနဲ့ညနှစ်နာရီထိုးလာတယ်။
အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက် ငါ့ကုတင်ခြေရင်း ခပ်လှမ်းလှမ်းနေရာမှာလာရပ်တယ်။သူ့ပုံစံက ဆံပင်ကိုဖားလျားချထားပြီး တဘက်ကိုလည်း ခေါင်းမှာပေါင်းထားတယ်။အင်္ကျီနဲ့ထဘီကတော့ အနက်ရောင်ပဲ။
ငါလည်းသူ့ကိုကြည့်နေရင်းနဲ့ စိတ်ထဲကနေ”သွားတော့ ငါနင့်အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးမယ်။သွားတော့”လို့ပြောနေပြီး မျက်စိကိုမှိတ်ထားလိုက်တယ်။
ခဏနေတော့ မျက်စိကို ပြန်ဖွင့်လိုက်တော့ သူက ငါ့ကုတင်ခြေရင်းအထိရောက်နေပြီ။ဒါနဲ့ငါလည်းအသံထွက်ပြီးပြောလိုက်ရတယ်။’နင့်အတွက်ငါကုသိုလ်လုပ်ပေးမယ်။သွားတော့’လို့ပြောလိုက်တော့မှ ချက်ချင်းပျောက်သွားတယ်။
ဒီတော့မှငါလည်း စာကြည့်တိုက်ထဲမအိပ်ရဲတော့တာနဲ့ လုံခြုံရေးဂိတ်မှာသွားအိပ်ရတော့တယ်။
အဲဒါပထမတစ်ခု။ဒုတိယတစ်ခုက ညအိပ်ဝန်ထမ်းကောင်လေးတစ်ယောက်။မနက်သုံးနာရီအချိန်အိမ်သာသွားတက်တာ။သူအိမ်သာထဲကပြန်ထွက်လာတော့ ပုဂ္ဂိုလ်
တစ်ယောက်မတ်တပ်ရပ်နေတာတွေ့ရတယ်။အဲဒီပုဂ္ဂိုလ်ရဲ့အရပ်အမောင်းက ပေနှစ်ဆယ်ကျော်တဲ့အထိမြင့်တဲ့အမိုးကိုထိနေတဲ့အပြင် မလွတ်တာမို့ ခါးကိုပါကိုင်းထားရတယ်။ပြီးတော့ တစ်ကိုယ်လုံးမည်းမှောင်နေပြီး အမွှေးအမျှင်တွေနဲ့။ဘာပြောကောင်းမလဲ။အဲဒီဝန်ထမ်းလည်း အော်ဟစ်ပြီး မျက်နှာကိုလက်နဲ့အုပ်ပြီး အဲဒီပုဂ္ဂိုလ်ရဲ့ ပေါင်ကြားထဲကပြေးထွက်လာခဲ့တာ။အဆောင်ကိုရောက်တော့ ငါတို့လည်းလန့်နိုးပြီး အကျိုးအကြောင်းမေးကြည့်မှဒီလိုအခြောက်ခံရမှန်းသိရတာ။မကြာပါဘူး။အဲဒီကောင် ကြောက်စိတ်ကြောင့်ကိုယ်တွေပူပြီး ဖျားပါလေရော။ဒါနဲ့ငါတို့လည်း သူ့ကိုအိမ်ပြန်ပို့ခိုင်းလိုက်ရတယ်။သူ့အိမ်က ကြည့်မြင်တိုင် ဟိုဘက်ကမ်းမှာဆိုတော့ နီးတယ်လေ။သမ္ဗာန်လှေနဲ့ကူးရင်ခဏပဲ။သူအိမ်ပြန်ရောက်ပြီး နောက်တစ်နေ့ကျတော့ ဆုံးပြီတဲ့။လိပ်ပြာပဲအနှုတ်ခံလိုက်ရတာလား၊အကြောက်လွန်ပြီးဆုံးသွားတာလား မပြောတတ်ပါဘူး”ဟုဆိုသည်။
၎င်း၏စကားဆုံးတော့ ကျွန်တော်လည်း
စကားအနည်းငယ်ဆက်ပြောပြီး
စာရေးသည့်စားပွဲတွင်ပြန်ထိုင်လိုက်သည်။
ထို့နောက် မူလက ရေးထားသည့်အဖြစ်အပျက်တွေနှင့် ယခုမန်နေဂျာပြောပြသည့်အဖြစ်အပျက်တွေကို ဆက်ကာဆက်ကာ တွေးကြည့်နေမိတော့သည်။
တကယ်တော့စျေးဆိုသည်မှာ ဆိုခဲ့ပြီး
သည့်အတိုင်းလူပေါင်းစုံ၊စရိုက်ပေါင်းစုံ လာရောက် ရောင်းဝယ်ကြသည်။
အချို့အကြောင်းအမျိုးမျိုးကြောင့်သေကြသည်။
ကျွတ်လွတ်သူတွေလည်း ကျွတ်လွတ်ကြမည်။
မကျွတ်လွတ်သူတွေလည်းမကျွတ်လွတ်ဘဲ စျေးကြီးတွင်မှီခိုနေကြသည်။
ကျွန်တော်စိတ်ဝင်စားမိသည်မှာ စျေးကြီးကိုဖြိုချပြီးခဲ့လျှင် ထိုထိုသော မှီခိုကပ်၍နေထိုင်ကြသည့်မကျွတ်မလွတ်ပရလောကသားတွေကို မည်သည့်ပုဂ္ဂိုလ်က ပြန်လည်နေရာချပေးမည်နည်း။
ထိုသို့မဟုတ်ဘဲ မည်သည့်နေရာတွင် မှီခိုကပ်၍နေထိုင်ကြမည်လဲဆိုတာပဲဖြစ်သည်။
သြော်။ကိုယ်ကသာ ကိုယ်နှင့်အမျိုးလည်းမတော်သလို၊မြင်လည်းမမြင်ရသည့်ပရလောကသားတွေအတွက်တွေးပြီး စိတ်ဝင်စားနေမိသည်။
ကိုယ်ကိုယ်တိုင်ကမူ ဘာမှမဟုတ်သေး။
ပြီး ကိုယ်မှီခိုနေထိုင်သည့်အဆောက်အဦးလေးကို အကြောင်းအမျိုးမျိုးပြပြီး ဘယ်အချိန် ဘူဒိုဇာနှင့်ထိုးချဖျက်ဆီးခံရမည်လဲမသိ။
ဤခေတ်ကာလကြီးထဲတွင် လူမပြောနှင့်။သရဲပင်ဘုံပျောက်ရသည့်ခေတ်မဟုတ်လား။
အားလုံးအေးချမ်းပါစေ…။

ဆရာဆွေ(တောင်တွင်း)

Zawgyi Version

” ေစ်းေဟာင္းမွာရွိၾကတယ္ ”(စ-ဆုံး)
——————————————–
ျဖစ္ရပ္မွန္

သီရိမဂၤလာေစ်း(ယခင္ေစ်းေဟာင္း)ဆိုတာ အနယ္နယ္အရပ္ရပ္က ကုန္သည္ေတြ၊ေရာင္းသူ၊ဝယ္သူေတြစသည္တို႔ျဖင့္စည္ကားလြန္းလွသည္။
ထိုမွ်မကေသး။ေတာင္းရမ္းစားေသာက္သူေတြကလည္း ထိုေစ်းႀကီးထဲတြင္ ေနရာတစ္ေနရာကိုအထိုင္ခ်ကာ ေတာင္းရမ္းစားေသာက္ၾကသည္။
ညအိပ္ေတာ့လည္း ထိုေနရာတြင္သာ ပုဆိုးစုတ္၊ဖ်ာစုတ္စသည္တို႔ကိုခင္းၿပီးအိပ္တတ္ၾကသည္။
သည္ေတာ့ လူေတြစုံလွ်င္စ႐ိုက္ေတြလည္းစုံၾကသည္မဟုတ္လား။
ရန္ပြဲေတြ၊လူသတ္မႈေတြကလည္း ထူေျပာမ်ားျပားလြန္းလွသည္။
တစ္ဖန္။လာေရာက္ေတာင္းရမ္းစားေသာက္သူေတြထဲမွ ေရာဂါသည္ေတြလည္းပါဝင္ၿပီး ထိုလူေတြမွာလည္း ေရာဂါေၾကာင့္ထိုေနရာ၌ပင္ေသဆုံးခဲ့လွ်င္ အနားမွေစ်းသည္ေတြက လူမႈကူညီေရးကိုလွမ္းဆက္သြယ္ရသည္။
အဖြဲ႕ေရာက္လာေတာ့ အေလာင္းကိုေဆး႐ုံပို႔၊ၿပီးလွ်င္ခ်က္ခ်င္းမီးသၿဂႋဳဟ္ၾကသည္။
ပိုင္ရွင္မဲ့အေလာင္းမို႔၎တို႔အတြက္ရည္စူးၿပီး ကုသိုလ္ျပဳ၊ေရစက္ခ်အမွ်ေပးေဝတာေတြကိုမည္သူမွမလုပ္ၾကေခ်။
သည္ေတာ့ ေသဆုံးၿပီးမကြၽတ္မလြတ္ပုဂၢိဳလ္ေတြက ေစ်းႏွင့္ပတ္သက္သည့္ေနရာေတြတြင္သာမွီခို၍ေနၾကေတာ့သည္။
အခ်ိဳ႕ပုဂၢိဳလ္ေတြကလည္း ေစ်း၏အေပၚထပ္ရွိ ကုမၸဏီေတြတြင္မွီခိုေနထိုင္ၾကျပန္သည္။
အထက္ပါအခ်က္ေတြကေတာ့ ထိုေစ်းတြင္ႏွစ္ရွည္တာဝန္က်ခဲ့ဖူးသည့္စည္ပင္ဝန္ထမ္းတစ္ေယာက္ကျပန္လည္ေျပာျပျခင္းျဖစ္သည္။
သို႔ဆိုလွ်င္ သူေျပာသလိုတကယ္ဟုတ္မဟုတ္၊ေနာက္ပိုင္းအျဖစ္အပ်က္ေတြကို ဆက္လက္ဖတ္ရႈၾကပါ။
++++++++++++++++++++++++
မွန္ဝကၤပါထဲမွ ထဘီရင္လ်ားမိန္းကေလး..။
ကစားကြင္းသည္ စေန တနဂၤေႏြႏွင့္ ေန႔ႀကီးအခါႀကီးမ်ားတြင္လူစည္ကားေလ့ရွိေသာ္လည္း ၾကားရက္မ်ားဆိုလွ်င္ေတာ့ လူနည္းပါးေလ့ရွိသည္။
တစ္ေန႔ေသာၾကာရက္တြင္ လူနည္းပါးသျဖင့္သရဲအိမ္တြင္ ဝန္ထမ္းမိန္းကေလးတစ္ေယာက္သာရွိေနေလသည္။
ထိုအခိုက္တြင္ ဧည့္သည္အမ်ိဳးသမီးႏွစ္ေယာက္ေရာက္လာၿပီး လက္မွတ္ျဖတ္ကာ သရဲအိမ္ထဲသို႔ဝင္သြားၾကသည္။
ဝန္ထမ္းမိန္းကေလးလည္း သရဲအိမ္အေပါက္ဝတြင္သန္႔ရွင္းေရးလုပ္ေနလိုက္သည္။
မိနစ္ႏွစ္ဆယ္ခန္႔အၾကာ၌ ဧည့္သည္အမ်ိဳးသမီးႏွစ္ေယာက္ျပန္ထြက္လာသည္။
ၿပီးေနာက္ တာဝန္က်ဝန္ထမ္းမိန္းကေလးကိုေျပာသည္။
“ညီမရယ္။အစ္မတို႔ႏွစ္ေယာက္ ဒီသရဲအိမ္ထဲက မွန္ဝကၤပါထမ္းမွာလမ္းေပ်ာက္ၿပီး တဝဲလည္လည္ျဖစ္ေနတာ။ေတာ္ေသးတာေပါ့။အဲဒီအခ်ိန္မွာ ထဘီရင္လ်ားနဲ႔မိန္းကေလးတစ္ေယာက္ေရာက္လာၿပီး အစ္မတို႔ကိုလမ္းျပေပးလို႔ အခုလိုျပန္ထြက္ႏိုင္တာ”
ထိုစကားေၾကာင့္ ဝန္ထမ္းမိန္းကေလးလည္း ပါးစပ္အေဟာင္းသားျဖစ္သြားသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ယေန႔ဧည့္သည္နည္းပါးသည္မို႔ဤသရဲအိမ္တြင္တာဝန္က်သည္မွာ သူမတစ္ေယာက္တည္းသာျဖစ္သည္။
အျခားမည္သည့္ဝန္ထမ္းမွမရွိေခ်။
သို႔ဆိုလွ်င္ လမ္းေပ်ာက္သည့္ဤဧည့္သည္ႏွစ္ေယာက္ကိုလိုက္ပို႔သည့္ထဘီရင္လ်ားႏွင့္မိန္းကေလးသည္မည္သူနည္း။
ေတြးရင္းျဖင့္တာဝန္က်ဝန္ထမ္း
မိန္းကေလးလည္း ၾကက္သီးေတြပင္တဖ်န္းဖ်န္းထသြားမိသည္။
သို႔သာ္ ဧည့္သည္မိန္းကေလးႏွစ္ေယာက္ကိုေတာ့ သရဲသ႐ုပ္ျပဳလုပ္သည့္မိန္းကေလးက ဒီလိုလမ္းေပ်ာက္လွ်င္လိုက္ပို႔ေပးေလ့ရွိသည္'”ဟုျပန္ေျပာလိုက္ရသည္။
သို႔ျဖင့္ ညဘက္အလုပ္သိမ္းခါနီး သရဲအိမ္ကြန္ထ႐ိုးအခန္းထဲမွမိန္းေတြကိုတစ္ေယာက္တည္းဝင္မပိတ္ရဲေတာ့သျဖင့္ အျခားဝန္ထမ္းတစ္ေယာက္ကိုအေဖာ္ေခၚရသည္ဟူ၏။
++++++++++++++++++++++++
ဘယ္သူနဲ႔ေနရမလဲ
အေဆာင္မွမိန္းကေလးေတြႏွင့္အိမ္ေထာင္သည္လိုင္းခန္းမွ ဝန္ထမ္းမ်ားသည္ အမွတ္(၁)ကစားကြင္းသို႔ သြားေရာက္အလုပ္ဆင္းရသည္ဆိုေပမင့္ ဖယ္ရီကားစီစဥ္ေပးထားသည္မို႔အားလုံးအတြက္အဆင္ေျပၾကသည္။
ေနာက္ ၿပီး ထမင္းဆိုလည္း စားဖိုေဆာင္တြင္အဆင္သင့္ခူးခပ္စား႐ုံပင္။
ယင္းသို႔အဆင္ေျပလာသည့္တစ္ေလွ်ာက္ မထင္မွတ္ဘဲ အေျပာင္းအလဲက စတင္ႀကဳံလာသည္။
ယင္းမွာ ႏိုင္ငံအာဏာသိမ္းမႈျဖစ္ပြားၿပီး တစ္ႏွစ္ေက်ာ္အၾကာ၌ အဲဒီေစ်းေဟာင္းရွိ ကုမၸဏီမ်ားအားလုံး သုံးလအတြင္းဖယ္ေပးရမည္ဟု အမိန္႔က်လာျခင္းျဖစ္သည္။
ထိုအခါ အိမ္ေထာင္သည္လိုင္းခန္းမွဝန္ထမ္းေတြလည္း ကိုယ့္နည္းကိုယ့္ဟန္ႏွင့္ကိုယ္ အျပင္တြင္အိမ္ငွားၾကသည္။
အဆင္မေျပသူေတြကေတာ့ ႐ုံးတြင္ေခ်းေငြတင္သူကတင္ စသည္ျဖင့္ အိမ္ငွားႏိုင္ဖို႔အေရးႀကိဳးစားၾကရသည္။
အိမ္ေထာင္သည္ေတြတေ႐ြ႕ေ႐ြ႕ျဖင့္ ေ႐ႊ႕
ေျပာင္းၿပီးသည့္ေနာက္ အင္အား၅၀ခန္႔ရွိညအိပ္(ကုမၸဏီတြင္သာေန၊ကုမၸဏီတြင္သာစား)
ဝန္ထမ္းမိန္းကေလးေတြအတြက္ အေဆာင္ငွားဖို႔ရာ မန္ေနဂ်ာေတြလည္းအစြမ္းကုန္ႀကိဳးစားၾကရျပန္သည္။
ယင္းသို႔ႀကိဳးစားရာ၌ အတန္အသင့္က်ယ္ဝန္းၿပီး ေစ်း၊ကားမွတ္တိုင္တို႔ႏွင္နီးကပ္သည့္တိုက္ခန္းကိုရလိုက္သည္။
ထို႔ေနာက္ ထိုတိုက္ခန္းကိုမီးေတြျပန္ဆင္၊ေဆးေတြျပန္သုတ္ စသည္ျဖင့္ ျပင္ဆင္ခဲ့ရာ ရက္အနည္းငယ္အတြင္းမွာပင္ ေျပာင္းေ႐ြ႕ႏိုင္ရန္အဆင္သင့္ျဖစ္လာခဲ့သည္။
တစ္ေန႔ေသာမနက္တြင္ေတာ့ ဝန္ထမ္းမိန္းကေလးတစ္ေယာက္ေအာ္ငိုေနေလသည္။
ထိူအခါ က်န္သည့္မိန္းကေလးေတြပါလန္႔သြားၾကသည္။
“ဟဲ့ မိျဖဴ နင္ဘာျဖစ္တာလဲ”
ယင္းသိူ႔ေမးေတာ့ မိျဖဴဆိုသည့္မိန္းကေလးက
“ငါမိျဖဴမဟုတ္ဘူး။ဒီမွာရွိေနတဲ့တစ္ေယာက္”
ထိုစကားေၾကာင့္ အားလုံးလည္းေၾကာင္
ေတာင္ေတာင္ျဖစ္သြားၾကသည္။
ထိုအခိုက္တြင္ အနည္းငယ္ လည္လည္ဝယ္ဝယ္ရွိသည့္မိန္းကေလးတစ္ေယာက္က
” မိျဖဴ ကသရဲဝင္ပူးေနတာဟဲ့”
“ဟင္”
“အမေလး”
အကုန္လုံးလန္႔သြားၾကသည္။
ထို႔ေနာက္ အမွတ္(၁)မွမန္ေနဂ်ာကိုဖုန္းဆက္ေခၚရာ မန္ေနဂ်ာလည္း အလုပ္ခြင္မွ
လုံၿခဳံေရးကိုျပန္လည္ခိုင္းေစရျပန္သည္။
ထိုလုံၿခဳံေရးသည္ ပေယာဂလည္းကုတတ္သည့္ေ႐ႊရင္ေက်ာ္တစ္ေယာက္ျဖစ္သည္။
ထို႔ေနာက္ အဲဒီလုံၿခဳံေရးကို ကားျဖင့္လႊတ္လိုက္ရာ ခ်က္ခ်င္းေရာက္လာသည္။
ၿပီးေနာက္ ေစ်းအေပၚထပ္တြင္ပြဲေတြေပးၿပီးမိျဖဴ၏ကိုယ္ထဲတြင္ဝင္ပူးသည့္သရဲကိုေမးသည္။
“နင္ဘယ္သူလဲ။ဘာျဖစ္လို႔ဝန္ထမ္းေကာင္မေလးကိုေႏွာက္ယွက္ရတာလဲ”
ယင္းသို႔ေမးေတာ့ မိျဖဴ၏ကိုယ္ထဲတြင္ဝင္ပူးသည့္သရဲက
“ငါေႏွာက္ယွက္တာမဟုတ္ဘူး။ဝမ္းနည္းလြန္းလို႔”
“နင္က ဘာဝမ္းနည္းတာလဲ”
“ဒီကေကာင္မေလးေတြက ေနရာေျပာင္းေတာ့မွာဆိုေတာ့ ငါက ဘယ္သူနဲ႔ေနရေတာ့မွာလဲ။ၿပီးေတာ့ ဒီေစ်းႀကီးက ၿဖိဳခ်ပစ္ေတာ့မွာဆိုေတာ့ ငါ့မွာေနစရာမရွိေတာ့ဘူး”
ေျပာရင္းျဖင့္ငိုေနျပန္သည္။
ထိုအခါ မူလကေၾကာက္ေနၾကသည့္ဝန္ထမ္းမိန္းကေလးေတြလည္း ထိုသရဲမ၏စကားေၾကာင့္စိတ္မေကာင္းျဖစ္သြားၾကသည္။
လုံၿခဳံေရးဝန္ထမ္းလည္းသက္ျပင္းခ်လိုက္ၿပီး
“ဒါေတာ့ငါတို႔လည္းဘယ္တက္ႏိုင္မလဲဟာ။ငါတို႔ေတာင္ေျပာင္းဆိုလို႔ ေျပာင္းရေတာ့မွာပဲေလ”
“ငါသိပါတယ္ဟာ။ဒါေၾကာင့္ဝမ္းနည္းလြန္းလို႔အခုလိုေျပာရတာပါ။ဒီကေလးမကိုဒုကၡေပးဖို႔မရည္႐ြယ္ပါဘူး”
“ေအး ဒါဆိုလည္း နင္ ဒီကေလးမ ခႏၶာကိုယ္ထဲက ထြက္ေတာ့။ၾကာရင္မေကာင္းဘူး”ဟုဆိုကာ မိျဖဴ၏နဖူးကို လက္ဖဝါးျဖင့္ပုတ္လိုက္သည္။
ထိုသရဲမလည္းထြက္သြားသည္။
ထိုအခါမွ ဝန္ထမ္းမိန္းကေလးေတြလည္း မိျဖဴကိုတြဲၿပီး အခန္းထဲသို႔ျပန္ပို႔လိုက္ၾကရေတာ့သည္။
+++++++++++++++++++++++++++
မန္ေနဂ်ာလည္းႀကဳံဖူးတယ္…။
အထက္ပါအျဖစ္အပ်က္မ်ားသည္ ကစားကြင္းမွအျဖစ္အပ်က္မ်ားျဖစ္ၿပီး ကြၽန္ေတာ္သိသေလာက္ျပန္ေရးရျခင္းျဖစ္သည္။
ကစားကြင္း၏အထက္တြင္ပရိေဘာဂကုမၸဏီႀကီးရွိသလို၊မိုတယ္ႀကီးလည္းရွိေနပါေသးသည္။
သို႔ေသာ္ ထိုေနရာေတြသို႔ ကြၽန္ေတာ္လည္းမေရာက္ဖူးသည္မို႔ ဤကဲ့သို႔ပရေလာကႏွင့္ဆက္ႏြယ္သည့္အျဖစ္အပ်က္ေတြ ရွိမရွိဆိုတာေတာ့မသိရပါ။
မည္သို႔ပင္ဆိုေစ။ေစ်းေဟာင္းႏွင့္ပတ္သက္၍ကြၽန္ေတာ္သိသေလာက္ကိုဝတၳဳအျဖစ္ျပန္ေရးၿပီးသည့္ေနာက္ မန္ေနဂ်ာဆီခြင့္ေတာင္းလိုက္သည္။
“ဂ်ာႀကီး ကြၽန္ေတာ္ေစ်းေဟာင္းက အျဖစ္ေတြကိုဝတၳဳအျဖစ္ျပန္ေရးထားတယ္။ကစားကြင္းကိုေတာ့နာမည္မတပ္ဘူး။ဒါလိုင္းေပၚတင္လိုက္ရမလားဗ်”
ယင္းသို႔ခြင့္ေတာင္းေတာ့ မန္ေနဂ်ာက
“တင္ပါ ရပါတယ္။ကစားကြင္းနာမည္ေတာ့မတပ္တာေကာင္းပါတယ္”
ယင္းသို႔ဆိုၿပီးေနာက္ တစ္စုံတရာကိုသတိရမိသြားဟန္ျဖင့္
“ေအး ကိုေဆြ။မင္းက ေစ်းေဟာင္းက သရဲအေၾကာင္းေတြေရးတယ္ဆိုေတာ့ ငါလည္း ေစ်းေဟာင္းမွာငါႀကဳံရတာႏွစ္ခုကိုျပန္ေျပာျပရဦးမယ္ကြ”
“ဟုတ္ ေျပာပါဗ်”
“ေအး..ပထမတစ္ခုက ငါတာဝန္မႉးက်တုန္းကကြ။
ငါကလည္း ကစားကြင္းစဖြင့္ကတည္းက မန္ေနဂ်ာရာထူးနဲ႔စဝင္တာ။ဒါေပမယ့္အဲဒီတုန္းက အျပင္ကပဲလာဆင္းတာ။
တစ္ရက္ေတာ့ ငါညဘက္တာဝန္မႉးက်တယ္။(တာဝန္မႉးဆိုသည္မွာ ညဘက္အေရးေပၚအေျခအေနေတြတြင္ ျဖစ္လာသည့္ကိစၥေတြကိုေျဖရွင္းေပးရသည္။)
ဒါနဲ႔ငါလည္း အိပ္ဖို႔အတြက္ စာၾကည့္တိုက္ထဲဝင္လာတယ္။အဲဒီထဲမွာ တာဝန္မႉးေတြအိပ္တဲ့ကုတင္ရွိတယ္။ျခင္ေထာင္၊ေစာင္ အကုန္လုံးအဆင္သင့္ပဲ။စာၾကည့္တိုက္ဆိုတာက အခုဖူဆယ္ကြင္းေဘးက အေဆာင္ေပါ့။အဲဒါအရင္တုန္းက ဝန္ထမ္းေတြစာဖတ္ဖို႔အတြက္ စာၾကည့္တိုက္လုပ္ေပးထားတာ။
ငါလည္း မအိပ္ခ်င္ေသးတာနဲ႔ ဂိတ္ကလုံၿခဳံေရးေတြနဲ႔ ညဆယ့္ႏွစ္နာရီအထိစကားေျပာေနခဲ့တာ။အဲဒီတုန္းက အလုပ္သိမ္းခ်ိန္က ညကိုးနာရီကိုး။
စကားေျပာၿပီး ငါလည္းစာၾကည့္တိုက္ထဲဝင္အိပ္တယ္။ေတာ္ေတာ္နဲ႔အိပ္မရဘူး။တျဖည္းျဖည္းနဲ႔ညႏွစ္နာရီထိုးလာတယ္။
အဲဒီအခ်ိန္မွာ အမ်ိဳးသမီးတစ္ေယာက္ ငါ့ကုတင္ေျခရင္း ခပ္လွမ္းလွမ္းေနရာမွာလာရပ္တယ္။သူ႔ပုံစံက ဆံပင္ကိုဖားလ်ားခ်ထားၿပီး တဘက္ကိုလည္း ေခါင္းမွာေပါင္းထားတယ္။အက်ႌနဲ႔ထဘီကေတာ့ အနက္ေရာင္ပဲ။
ငါလည္းသူ႔ကိုၾကည့္ေနရင္းနဲ႔ စိတ္ထဲကေန”သြားေတာ့ ငါနင့္အတြက္ကုသိုလ္ေကာင္းမႈလုပ္ေပးမယ္။သြားေတာ့”လို႔ေျပာေနၿပီး မ်က္စိကိုမွိတ္ထားလိုက္တယ္။
ခဏေနေတာ့ မ်က္စိကို ျပန္ဖြင့္လိုက္ေတာ့ သူက ငါ့ကုတင္ေျခရင္းအထိေရာက္ေနၿပီ။ဒါနဲ႔ငါလည္းအသံထြက္ၿပီးေျပာလိုက္ရတယ္။’နင့္အတြက္ငါကုသိုလ္လုပ္ေပးမယ္။သြားေတာ့’လို႔ေျပာလိုက္ေတာ့မွ ခ်က္ခ်င္းေပ်ာက္သြားတယ္။
ဒီေတာ့မွငါလည္း စာၾကည့္တိုက္ထဲမအိပ္ရဲေတာ့တာနဲ႔ လုံၿခဳံေရးဂိတ္မွာသြားအိပ္ရေတာ့တယ္။
အဲဒါပထမတစ္ခု။ဒုတိယတစ္ခုက ညအိပ္ဝန္ထမ္းေကာင္ေလးတစ္ေယာက္။မနက္သုံးနာရီအခ်ိန္အိမ္သာသြားတက္တာ။သူအိမ္သာထဲကျပန္ထြက္လာေတာ့ ပုဂၢိဳလ္
တစ္ေယာက္မတ္တပ္ရပ္ေနတာေတြ႕ရတယ္။အဲဒီပုဂၢိဳလ္ရဲ႕အရပ္အေမာင္းက ေပႏွစ္ဆယ္ေက်ာ္တဲ့အထိျမင့္တဲ့အမိုးကိုထိေနတဲ့အျပင္ မလြတ္တာမို႔ ခါးကိုပါကိုင္းထားရတယ္။ၿပီးေတာ့ တစ္ကိုယ္လုံးမည္းေမွာင္ေနၿပီး အေမႊးအမွ်င္ေတြနဲ႔။ဘာေျပာေကာင္းမလဲ။အဲဒီဝန္ထမ္းလည္း ေအာ္ဟစ္ၿပီး မ်က္ႏွာကိုလက္နဲ႔အုပ္ၿပီး အဲဒီပုဂၢိဳလ္ရဲ႕ ေပါင္ၾကားထဲကေျပးထြက္လာခဲ့တာ။အေဆာင္ကိုေရာက္ေတာ့ ငါတို႔လည္းလန္႔ႏိုးၿပီး အက်ိဳးအေၾကာင္းေမးၾကည့္မွဒီလိုအေျခာက္ခံရမွန္းသိရတာ။မၾကာပါဘူး။အဲဒီေကာင္ ေၾကာက္စိတ္ေၾကာင့္ကိုယ္ေတြပူၿပီး ဖ်ားပါေလေရာ။ဒါနဲ႔ငါတို႔လည္း သူ႔ကိုအိမ္ျပန္ပို႔ခိုင္းလိုက္ရတယ္။သူ႔အိမ္က ၾကည့္ျမင္တိုင္ ဟိုဘက္ကမ္းမွာဆိုေတာ့ နီးတယ္ေလ။သမၺာန္ေလွနဲ႔ကူးရင္ခဏပဲ။သူအိမ္ျပန္ေရာက္ၿပီး ေနာက္တစ္ေန႔က်ေတာ့ ဆုံးၿပီတဲ့။လိပ္ျပာပဲအႏႈတ္ခံလိုက္ရတာလား၊အေၾကာက္လြန္ၿပီးဆုံးသြားတာလား မေျပာတတ္ပါဘူး”ဟုဆိုသည္။
၎၏စကားဆုံးေတာ့ ကြၽန္ေတာ္လည္း
စကားအနည္းငယ္ဆက္ေျပာၿပီး
စာေရးသည့္စားပြဲတြင္ျပန္ထိုင္လိုက္သည္။
ထို႔ေနာက္ မူလက ေရးထားသည့္အျဖစ္အပ်က္ေတြႏွင့္ ယခုမန္ေနဂ်ာေျပာျပသည့္အျဖစ္အပ်က္ေတြကို ဆက္ကာဆက္ကာ ေတြးၾကည့္ေနမိေတာ့သည္။
တကယ္ေတာ့ေစ်းဆိုသည္မွာ ဆိုခဲ့ၿပီး
သည့္အတိုင္းလူေပါင္းစုံ၊စ႐ိုက္ေပါင္းစုံ လာေရာက္ ေရာင္းဝယ္ၾကသည္။
အခ်ိဳ႕အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေသၾကသည္။
ကြၽတ္လြတ္သူေတြလည္း ကြၽတ္လြတ္ၾကမည္။
မကြၽတ္လြတ္သူေတြလည္းမကြၽတ္လြတ္ဘဲ ေစ်းႀကီးတြင္မွီခိုေနၾကသည္။
ကြၽန္ေတာ္စိတ္ဝင္စားမိသည္မွာ ေစ်းႀကီးကိုၿဖိဳခ်ၿပီးခဲ့လွ်င္ ထိုထိုေသာ မွီခိုကပ္၍ေနထိုင္ၾကသည့္မကြၽတ္မလြတ္ပရေလာကသားေတြကို မည္သည့္ပုဂၢိဳလ္က ျပန္လည္ေနရာခ်ေပးမည္နည္း။
ထိုသို႔မဟုတ္ဘဲ မည္သည့္ေနရာတြင္ မွီခိုကပ္၍ေနထိုင္ၾကမည္လဲဆိုတာပဲျဖစ္သည္။
ေၾသာ္။ကိုယ္ကသာ ကိုယ္ႏွင့္အမ်ိဳးလည္းမေတာ္သလို၊ျမင္လည္းမျမင္ရသည့္ပရေလာကသားေတြအတြက္ေတြးၿပီး စိတ္ဝင္စားေနမိသည္။
ကိုယ္ကိုယ္တိုင္ကမူ ဘာမွမဟုတ္ေသး။
ၿပီး ကိုယ္မွီခိုေနထိုင္သည့္အေဆာက္အဦးေလးကို အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ဘယ္အခ်ိန္ ဘူဒိုဇာႏွင့္ထိုးခ်ဖ်က္ဆီးခံရမည္လဲမသိ။
ဤေခတ္ကာလႀကီးထဲတြင္ လူမေျပာႏွင့္။သရဲပင္ဘုံေပ်ာက္ရသည့္ေခတ္မဟုတ္လား။
အားလုံးေအးခ်မ္းပါေစ…။

ဆရာေဆြ(ေတာင္တြင္း)