“ထူးဆန်းသောအဘနှင့်မဟူရာကျောက်နွားသိုး”(စ/ဆုံး)

Unicode Version

“ထူးဆန်းသောအဘနှင့်မဟူရာကျောက်နွားသိုး”(စ/ဆုံး)
———————————————————

ဒေါ်ကြူးရင်သည် ကိုယ့်ကိုယ်ကိုယ်အံ့ဩမိ၏။
ခါတိုင်းရက်ကဆိုရင် ဘယ်သူမှ နှိုးစရာမလို။
အနှိုးလည်း တစ်ကြိမ်မျှ မခံပါဘူးပေ။ ဝီရိယ
ရှိသည်။ကျီးမနိုးခင်ကပင် မိမိနိုးလေ့ရှိသည်။ လုပ်စရာ၊
ကိုင်စရာပစ္စည်းအားလုံး အသင့်သင့်။ ညဦး
ပိုင်းကတည်းက စီမံဆောင်ရွက် ပြီးသားဖြစ်သည်။
သွားခါနီး တစ်ခုချင်းကောက်၍ ထုပ်သွားရုံပင်။ တွန်းလှည်းကလေး
ပေါ်သို့ သယ်ပိုးမ.တင်ပြီးမှ – “ကိုကြည်
ကိုကြည်-ရှင် ထတော့လေ”ဟု ခင်ပွန်းကိုနှိုးသည်။
အိပ်ချင်မူးတူးဖြစ်နေသောကိုကြည်ကပင်လျှင်
-“မကြူး ရင်ရယ်၊ မင့်ဥစ္စာက မစောလွန်းဘူး
လားကွာ”ဟူ၍ ပြောယူရသည်အထိ။ ထိုအပြော
မျိုးကို မကြိုက်။ ဝီရိယမရှိရကောင်းလားဟူ၍
မျက်စောင်းထိုး၊ နှုတ်ခမ်းစူလိုက်မှ ဦးကြည်ငြိမ်သွားသည်။
ဒီကနေ့အဖြစ်ကတော့ ကိုယ့်ကိုယ်ကိုယ်
မယုံနိုင်လောက်အောင် ဖြစ် သည်။ မိုးလင်းမှ
နိုးသည်။အိမ်အပြင်၌အလင်းရောင်တွေ သန်းနေမှဖျတ်
ခနဲ လန့်နိုးလာသည်။ လှမ်၊ကြည့်လိုက်သည်
ဆိုရင်ပဲ အိမ်၏အပြင်တွင် အလင်းပျို့
နေသည်မို့ကမန်းကတန်းထလိုက်ရင်း ….
“ကိုကြည် – ကိုကြည် – ထစမ်းပါဦး။ မိုးတောင်
အတော်လင်းနေပြီ။ ရှင့်မလဲ – အိပ်ပုတ်ကြီး
လိုက်တာ”ဟု ပုတ်၍နှိုးလိုက်သည်။ ဦးကြည်သည်
လည်းအိပ်ရာထဲကဗျာပျာသလဲထရင်း…
“ဟာ- ဟုတ်ပါရဲ့။ မိုးတောင် လင်းနေမှပဲ”ဟု
ကြောင်စီစီလေသံဖြင့် ပြောသည်။ ဒေါ်ကြူး
ရင်မှာ အိပ်ရာထ နောက်ကျရသည့်ထဲ ဦးကြည်က
ပေရှည်နေသဖြင့် စိတ်မရှည်နိုင်အောင် ဖြစ်သွားမိသည်။
“ရှင်ကလဲ – ကျွန်မ အိပ်ပျော်သွားတယ်ထားဦး။
ရှင် နိုးဖို့ ကောင်းပါ တယ်။ ညတိုင်ကျရင်
စောစောမှမအိပ်ပဲ၊ ဟိုစာဖတ်၊ ဒီစာဖတ်နဲ့ – ညနက်
သန်းခေါင်။ရှင်နဲ့သာ အလုပ်လုပ်စားရရင်
ငတ်သေဖို့ပဲ ရှိတယ်” ဗျစ်တောက်ဗျစ်တောက် လုပ်လိုက်
သည်။ ဦးကြည်သည် – “မိန်းမ ကလည်းကွာ”
ဟု တစ်ခွန်းသာပြောပြီး မျက်နှာသစ်ဖို့ အိမ်ရှေ့ရေက
ပြင်သို့ သုတ်သုတ်ထွက်သွားတော့သည်။
ကမန်းကတန်း မီးမွှေး၊ ဆီအိုးတည်ရင်း
ကျန်တောက်တိုမည်ရများကို ဇယ်ဆက်
သလို လုပ်နေရသည်။ ဦးကြည်မှာလည်း
မ မယာက ဗျစ်တောက် ဗျစ်တောက်
ပြောတတ်လေ့ရှိသဖြင့် ဖင်မရနိုင်အောင်
အလုပ်လုပ်နေရသည်။ထင်းခွဲခြမ်းများ ခွဲ၊
မီးထိုး၊ ရေနွေးအိုးတည်နှင့် ပျာယာခတ်နေသည်။
ထင်းကနည်းနည်းစိုနေသဖြင့်မီးခိုးက အူနေ၏။
ထို့ကြောင့် မီးတောက်လာ အောင်မကြာ
မကြာယပ်ခတ်ပေးရသည်။ မီးတောက်
အရှိန်ရလာလျှင်စားပွဲ ခုံများကို
အပြေးအလွှား ခင်းလိုက်ရသေးသည်။
ပြီးလျှင် စားပွဲပေါ်တွင် ရေနွေးကြမ်းပန်းကန်
ရေနွေးအိုး၊လက်သုတ်ပဝါ စသည်တို့ကို
သူ့အစီအစဉ်နှင့်သူ ချထားလိုက်၏။
ဒေါ်ကြူးရင်ကလည်း အကြော်ကြော်ဖို့ မုန့်နစ်
စပ်သည်။ ဘူးသီးစိပ် ထည့်သော ဗန်းကို
အကြော်ဒယ်အနီးသို့ ပို့ထားသည်။ ပြီးမှပဲ ကြော်အိုးကို မ,
ယူပြန်သည်။ ထို့နောက် မီးဖိုပေါ်တွင် တင်
ထားသည့်ဒယ်အိုးထဲသို့ ဆီများ လောင်း
ထည့်သည်။ဆီကျသည်နှင့်တစ်ပြိုင်တည်း
ဘူးသီးစိပ်များကိုယူကာ မုန့်နှစ်ဖြင့်
တွဲလျက် ဆီအိုးထဲသို့ ချသည်။ ရှဲခနဲမြည်သံ
နှင့်အတူ ဘူးသီးစိပ်သုံးလေး မှောက်တွဲထားသည်။
မုန့်နှစ်ရေအနီးတွင် ပူစီဖောင်းကလေးများ အပြိုင်း
အပြိုင်းထလာ၏။ သုံးလေးဥအထိ ဆက်
တိုက်ထည့်ရင် ညက အဖြစ်သည်ခေါင်းထဲသို့ ဒိုင်းခနဲ ဝင်လာလေသည်။
သတိရလိုက်သည့်တစ်ခဏ၌ပင် ဒေါ်ကြူးရင်၏
ကျောထဲတွင် စိမ့်ခနဲ ရှိသွားသည်။ ကြက်သီး
မွေးညင်းများပင် ဖျန်းခနဲ ထသွားမိသေး၏။
ဘယ်လိုမှ တွေးမထားသော မစဉ်းစားမိသော၊
စိတ်မကူးမိသော အကြောင်းအရာတစ်ခုသည်ဘာကြောင့်
များ မိမိကို မြင်မက်လိုက်ရပါသနည်း။
ညက အိပ်မက်သည် အလွန်စင်းသည်။
အိပ်မက်ထဲ၌ ထူးခြားသော ပုဂ္ဂိုလ်တစ်ပါ၊
မိမိထံသို့ ရောက်လာသည်။ ဝတ်ဖြူစင်ကြယ်များ
ဝတ်ဆင် ထားသည်။ မုတ်ဆိတ်မွေး၊
ပါးသိုင်းမွေးများပင် ဆွတ်ဆွတ်ဖြူနေ၏။
လည် ပင်းတွင်လည်း ဆီးဖြူသီးခန့်
ထင်ရသော ပုတီးကြီးကို ဆွဲထားသည်။
ထိုပုဂ္ဂိုလ်ကြီးသည် ဒေါ်ကြူးရင်ရှေ့တွင်
ဘွားခနဲ ပေါ်လာ၏။ ပြီးလျှင် စူးရှတောက်
ပြောင်သော မျက်လုံးအစုံဖြင့် စူးစိုက်ကြည့်နေသည်။
ထိုမျက် လုံးများသည် ခဏအကြာ၌ အ
ရောင်တွေ အမျိုးမျိုး တောက်နေပေသည်။
အစိမ်းတွေ၊ အနီတွေ၊ အပြာတွေ စသော
အရောင်မျိုးစုံတို့သည် မျက်လုံး အိမ်မှထွက်
လာပြီး မိမိကိုယ်ကိုရစ်ပတ်လာတော့သည်။
ဒေါ်ကြူးရင် လွန်စွာကြောက်လန့်သွားသည်။
ရင်တွေ တထိတ်ထိတ် ခုန်လာသည်။
ဦးကြည်ကို သတိရသည်။ အားကိုးသည်။ သူ့ကိုခေါ်သည်။
ခေါ်မရ။ အသံကုန်ဟစ်သည်။ ဟစ်မရ၊
ထိုပုဂ္ဂိုလ်ထူးသည် မိမိ၏အသံကိုပင်
ချုပ်ကိုင်ထားသလား မပြော တတ်။
ဝတ်ဖြူဗင်ကြယ် ဝတ်ထားသော်လည်း
မျက်လုံးမှ အရောင်လျှံများ ကြောင့် သူ
တော်စင်ဟုမိမိမယုံ။ သူတော်စင်ယောင်
ဆောင်လာသည့်နာနာ ဘာဝဖြစ်နိုင်သည်။
မဟုတ်ရင်တစ္ဆေတစ်ကောင်ကောင်ကသူ
တော်စင်လို အယောင်ဆောင်လာသလားမသိ။
ထိုအတွေးများကြောင့်မိမိသည်ကြောက်လာသည်။
ကေရွှေးများပြန် လာသည်။ ထွက်ပြေးလွတ်
မြောက်ဖို့ကြံသည်။ တစ်ဖန်ဦးကြည်ကို ဟစ်ခေါ်
သည်။ ထိုစဉ် သူတော်စင်လိုပုဂ္ဂိုလ်သည်
တစ်ကိုယ်လုံး မီးခိုးများကဲ့သို့ တဖြည်းဖြည်း
ပြောင်းလဲသွားပြန်သည်။ ပြီးလျှင် – တငွေ့ငွေ့အသွင်သို့
ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
နိုးလာသောအခါ၌ မိမိသည် မောနေ၏။
အိပ်ရာထဲ၌ ငုတ်တုတ်ထထိုင် မိသည်။
ကြောက်သည့်စိတ်က ပျောက်နိုင်အောင်ရှိသည်။ ပြန်၍လှဲအိပ်
သော်လည်း တော်တော်နှင့်အိပ်မပျော်။
တောင်တွေး၊မြောက်တွေးနှင့် ပိတ်
ချောက်ချားလျက် နေပါတော့သည်။
ဘယ်လိုပုဂ္ဂိုလ်များက မိမိအပေါ်၌ မကျေနပ်ရှိနေပါသနည်း။
“သမီးတို့ရေ-အဘဗိုက်ဆာလို့အကြော်
ကလေး နည်းနည်းစားလို့ရမလားကွယ်”
အသံကြားလို့ ဒေါ်ကြူးရင် ဆတ်ခနဲခေါင်း
ထောင်ကြည့်မိသည်။ ဆီအိုး ထဲမှကျက်ပြီး
သားကြော်များကို သံဆန်ကာဖြင့်ခပ်ဆယ်နေသည့်လက်
မှာ တန့်ခနဲဖြစ်သွားသည်။ ရင်မှာလည်း
ထိတ်ခနဲရှိသွား၏။တစ်ကိုယ်လုံးလည်း စိမ့်သွားလေသည်။
ဟုတ်ပါသည်။ ညကမြင်မက်ခဲ့သည့်အိပ်
မက်ထဲကအတိုင်းတစ်ကိုယ် လုံး ဝတ်
ဖြူစင်ကြယ်ဝတ်ထားသည်။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး
တွေက လည်း ဆွတ်ဆွတ်ဖြူလို့။လည်
ပင်းမှာတော့ အလုံးကြီးကြီးဖြင့် ပြုလုပ်ထား သည့်ပုတီး
တစ်ကုံးဆွဲလို့။ ထူးဆန်းသည့်လူပုဂ္ဂိုလ်
မိမိဆိုင်ရှေ့၌မားမားကြီး ရပ်လျက်ရှိလေသည်။
ဦးကြည်ကရေနွေးကြမ်းသောက်နေ
ရာမှသွက်လက်စွာထရပ်ပြီးပြောသည်။
“ဪ – ရပါတယ် ခင်ဗျာ့။ အထဲဝင်ပါ။
အဘ- ဘာသုံးဆောင်မလဲ။ ပဲကြော်ရော၊
ဘူးသီးကြော်ပါရနေပါပြီ၊တို့ဟူးကြော်နဲ့ငှက်ပျောသီးကြော်က
တော့နည်းနည်းစောင့်ရလိမ့်ဦးမယ်။
ရေနွေးလည်းအဆင်သင့်ပဲ” “အေး-ပဲကြော်နဲ့ဘူးသီး
ကြော်ရရင်လည်း တော်လောက်ပါပြီကွယ်။
အဲ-တစ်ခုတော့ရှိတယ်။အဘမှာပိုက်ဆံမရှိဘူး။
လှူတဲ့သဘောထားရလိမ့်မယ်”
ဈေးဦးဈေးများတွင် အလကားစားမည့်
ပုဂ္ဂိုလ်နှင့် လာတွေ့နေသဖြင့် ဒေါ်ကြူးရင်
စိတ်ပျက်သွားသည်။ထို့ပြင် ညကမြင်မက်ထားသောပုဂ္ဂိုလ်နှင့်
တစ်ထေရာတည်းတူနေသဖြင့်ဒေါ်ကြူးရင်
ရင်ထဲတွင်မယုံသင်္ကာဖြစ်လိုက်ရသေးသည်။
“ဪ-ရပါတယ်-အဘရယ်။ အဘဘယ်လောက်စားနိုင်မှာမို့လဲ။
ကျွန်တော်တို့ ကုသိုလ်ရပါတယ်။လာ-လာ- ထိုင်ပါ-အဘ”
ဦးကြည်က သူ့ဗီဇအတိုင်း သဘောကောင်း
လိုက်သည်။ ထို့နောက် ဦးကြည်သည်မုန့်ပွဲ၊
အချဉ်ရေ ရေနွေ၊အိုး စသည်တို့ကိုအဘဆိုသူ၏ရှေ့သို့
ရိုရိုသေသေ ချပေးသည်။ ထို့နောက် မနီးမ
ဝေးတွင်ဝင်ထိုင်နေသည်။ အဘဆိုသည့်ပုဂ္ဂိုလ်ကအကြော်
ကြော်နေသည့်ဒေါ်ကြူးရင်အားတစ်ချက်
လှမ်းကြည့်ရင်း အကြော်ကို စားမြဲစားနေသည်။ အကြော်
တစ်ခု နှစ်ခု ကုန်ခါနီးတွင် ထိုပုဂ္ဂိုလ်က
“ငါ့တူနဲ့ တူမကြီးတို့ကို အဘ အများကြီး
ကျေးဇူးတင်ပါတယ်။ ဒီဒါနပြု တဲ့အတွက်
လည်းသာဓုခေါ်ပါတယ်။ကျန်းမာချမ်းသာပြီးသတ္တဝါအ
ပေါင်းကို ကယ်တင်နိုင်တဲ့ ပုဂ္ဂိုလ်ထူး၊
ပုဂ္ဂိုလ်မြတ်တွေ ဖြစ်နိုင်ကြပါစေကွယ်”
ဆုတောင်းပေးနေသည်။
ဦးကြည်က အဘအတွက်ရေနွေးကြမ်း
ပေး ရင်း-“အဘက ဒီမြို့ကပဲလား”ဟု စပ်စုသည်။
“အဘကဒီကျိုက်ထိုမြို့ကတော့မဟုတ်
ဘူးကွယ့်။ အင်မတန်ဝေးလံတဲ့တစ်နေရာ
က ဆိုပါစို့။ ဒီမှာ ဓာတ်ကျလို့လာတာ။
အဘက ဂန္ဓာရီလှည့်တာလား”
“ဪ – ေဩာ် – မြင့်မြတ်တဲ့ပုဂ္ဂိုလ်
တွေကဒီလိုပဲလှည့်လည်ကြရတာ
“အေးပေါ့ကွယ်…ဒီကငါ့တူကြီးနဲ့တူး
ကြီးတို့ရဲ့နာမည်အဘမသိရဘူး
“ကျွန်တော့်နာမည်က ဦးကြည်ပါ။
ကျွန်တော့်အမျိုးသမီးရဲ့နာမည်က ဒေါ်ကြူးရင်ပါ အဘ
“ငါ့တူက ဦးကြည်ဆိုတော့ တနင်္လာပေါ့”
“မဟုတ်ဘူးခင်ဗျာ။ နာမည်ကသာတနင်္လာ၊
မွေးတာက အင်္ဂါပါ။ ကျွန် တော့်ဇနီးကမှ တနင်္လာပါ
“ဪ- ဪ …နေ့နာမ်နဲ့မမှည့်ဘဲကိုး။
အင်း – စကားလက်စနဲ့ ပြောရ ရင်တော့
အဘက သတ္တဝါတွေကယ်တင်ဖို့ ရှိတယ်။
ငါ့တူတို့မှာ အခက်အခဲ ရှိရင် အဘကိုပြောပါ။
အဘ – ကူညီမယ်”“ကျေးဇူးပါပဲ။ကျွန်တော်တို့မှာတော့ဘာ
မှမရှိပါဘူး။ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်း
မှာတော့ အခက်အခဲရှိနေပါတယ်။
အဘကူညီနိုင်မယ်ဆိုရင် ကူညီပေးပါ”
စကားအဆုံး၌ အဘက ခေါင်းတညိတ်ညိတ်လေ၏။
ဦးထွန်းရှိန်က သူ့နှမလေး ဒီလိုဖြစ်ခဲ့ရသည်ကို
ဆရာကြီး အဘဆိုသူ အား အကြောင်းစုံ
ပြောပြနေသည်။ အဘသည်လည်း ဦးထွန်းရှိန်ပြော
နေ သမျှကိုနားစိုက်ထောင်ရင်းခေါင်း
တညိတ်ညိတ်လုပ်၍နေလေသည်။
“ဆရာကြီးရယ် -ကျွန်တော့်နှမကကျွန်တော့်
ထက် ဆယ်နှစ်လောက် ငယ်ပါတယ်။ သူက
အထွေးဆုံးပါ။ ကြားမှာတော့မောင်နှမငါးယောက်ပေါ့။
တစ်ယောက်မှ အဖတ်မတင်ပါဘူး။ သူ
တစ်ယောက်ပဲ။ ဒါကြောင့် – သူ့ကို နှမလေးလို၊သမီးလေးလို
ကျွန်တော်တို့ကချစ်နေတာပါ။ အမေ၊ အ
ဖေရှိတုန်း ကလည်းထွန်းရှိန် – ဒီကလေးကိုဂရုစိုက်ကြနော်လို့
တရစပ်မှာသွားကြတာ ပါ။ ကျွန်တော်တို့က
လည်းအမြဲဂရုစိုက်ကြည့်ရှုခဲ့ပါတယ်”
“ဖြစ်ချင်တော့ – တစ်ညမှာ ကျွန်တော်လည်း
သထုံကအပြန်မှာ တော် တော်ခရီးပန်းလာတယ်။
ကျွန်တော့်ဇနီး ထွေးမြကလည်းတစ်နေကုန် ရေး
ရောင်းရတော့မောမောနဲ့ အိပ်ပျော်သွားကြတယ်။
ကျွန်တော့်ညီမ ခင်သန္တာ က တစ်ရေးနိုးဒတာ့ အ
ပေါ့အပါးသွားချင်လာတယ်တဲ့။ ကျွန်တော်
တို့အိမ် သာကလည်းအိမ်ရဲ့ခြံထောင့်မှာရှိတာ။အိမ်နဲ့ဆို
အတော်ဝေးပါတယ်။သူက တစ်ယောက်
တည်းဆိုတော့ ထမသွားရဲဘူး၊ သူ့အမေ ထွေးမြကို နှိုးတယ်။
နှိုးမရဘူးတဲ့။ ဒါနဲ့ – ဒါနဲ့ “ အပြင်ထွက်ပြီး
တစ်ယောက်တည်း သွားတယ်တဲ့ ဆရာကြီး”
“ဒါပေမဲ့-အိမ်သာအထိ မသွားရဲဘူး။မှောင်
ကလည်းမှောင်နေတာကို။ အဲဒါကြောင့်အိပ်
နောက်ဖေးကတောင်ပို့နားမှာပဲထိုင်အပေါ့သွားမိတာတဲ့။
အပေါ့သွားတုန်းမှာပဲ သူ့တစ်ကိုယ်လုံး
ကြက်သီးမွှေးညင်းတွေ တဖြန်းဖြန်း ထလာ
တော့ကြောက်ကြောက်နဲ့အိမ်ထဲကမန်းကတန်းထပြေးလာပါတယ်။
အိမ်ရာထဲ ဝင်ပြီးလှဲအိပ်တယ်ဆိုရင်ပဲ
ချက်ချင်းအိပ်ပျော်သွားတယ်တဲ့။ အဲဒီမှာပဲ
အိပ်မက်လိုလို၊ တကယ်လိုလို သူ တွေ့ရတယ်လို့ ပြောပါတယ်။
တစ်ကိုယ်လုံး မည်းမည်းမှောင်နေတဲ့
နွားကြီးတစ်ကောင်က သူ့ကို အတင်း
တိုက်၊ အတင်းချွေတာတဲ့။ သူလည်း ကြောက်
အားလန့်အားနဲ့ပြေးရင်းအော် တာပါတဲ့ “ ဆရာကြီး”
ဟု ပြောပြလိုက်ပါသည်။ အဘသည် ဦးထွန်းရှိန်
၏ပြောပြချက်များကို အလေးအနက်နားထောင်နေသည်။ ပြီးမှမေးသည်။
“နေပါဦး – အဲ့သလို နွားနက်ကြီး လိုက်တယ်
ဆိုတာကို ငါ့တူတို့ ဘယ် လိုလုပ်သိနေတာလဲ”
“ဒီလိုပါ- ဆရာကြီး။ သူလန့်အော်တော့
ကျွန်တော်တို့ နိုးလာပါတယ်။ သူအခန်းထဲဝင်ပြီး
ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလည်းလို့မေးတော့ မောနေ
သေးတယ်။ ဒါနဲ့ – ရေတွေ၊ ဘာတွေတိုက်ပြီး
အမောပြေလောက်မှ ပြောပြ တာပါ။ အဲဒီနောက်ပိုင်း
တဖြည်းဖြည်း စိတ်ကြောင်သလိုလို၊ စိတ်မနှံ့
သလို လိုဖြစ်ပြီး ဝိုင်ချင်ရာဝိုင်၊ တွေးချင်ရာတွေး၊ ပြောချင်ရာ
ပြောနဲ့ ဖြစ်လာတော့ တယ်။ ကျွန်တော်တို့လည်း
သမားတော်အမျိုးမျိုးနဲ့ပြသကုပါတယ်။ခုဆိုနှစ်လ၊
သုံးလလောက်တောင်ရှိပါပြီ။ ရောဂါကမသက်သာဘူး – ဆရာကြီး၊
ဆရာကြီးအနေနဲ့ကယ်နိုင်ရင်ကယ်ပေးပါ။
ဆေးဖိုးဝါးခလည်းအားမနာပါနဲ့။ ကျွန်တော့်
ညီမလေး ကောင်းသွားရင် ကျွန်တော်တို့ စိတ်ချမ်းသာပါပြီ”
ဟုခယယတောင်းပန်နေရှာသည်။ အဘသည်
ဘာမျှမပြောသေးဘဲ ငြိမ်သက်နေသည်။ ဦးထွန်းရှိန်
၏မျက်နှာကို ခပ်စိုက်စိုက်ကလေး ကြည့်နေ ပြီးမှ –
“အဘကငွေကြေးနဲ့ကုတာတော့ မဟုတ်ပါဘူး။
မေတ္တာနဲ့သတ္တဝါတွေ ကို ကယ်တင်နေတာပါ။
တစ်ခုတော့ရှိတာ – ဝဋ်နာ၊ ကံနာဆိုတာမျိုးတော့
တတ်နိုင်ချင်မှ တတ်နိုင်ပေမပေါ့။ အင်း
ပယောဂဆိုရင်တော့အဘကြိုးစား
ကုရင် ရနိုင်ပါလိမ့်မယ်ကွယ်။ ဒါထက်
အဲဒီတောင်ပို့ဆိုတာကော ခုထိ ရှိနေတုန်းပဲလား”
ဟုပြောမေးမေးသည်။ဦးထွန်းရှိန်ကချက်ချင်းခေါင်းခါရင်း – “မရှိတော့
ပါဘူး။ ကျွန်တော် စိတ်တိုတိုနဲ့ ဖြိုလိုက်မိတယ်”
ဟု ပြောသည်။ အဘက မျက်မှောက်ကြုတ်ကာ ဆို၏။
“မင်းက ကံဇာတာကောင်းတာကိုး။ ကဲ
ဒါတွေထားလိုက်ပါတော့။ အဘ ခိုင်းတဲ့
အတိုင်း မင်းတို့လုပ်ပေးရလိမ့်မယ်။ လုပ်နိုင်ပါ့မလား”
ဦးထွန်းရှိန်ကလည်းချက်ချင်းဖြေသည်။
ကုန်ချင်သလောက်ကုန်ပါစေ။ကျွန်တော့်နှမကလေး
“ပြောသာပြောပါ။ပြန်ကောင်းလာရင် တော်ပါပြီ”
အားတက်သရော ပြောလိုက်ရင်းဘဲ အဘက ပြုံး၍ဆိုသည်။
“ကုန်ကျစရိတ် သိပ်မရှိဘူးကွယ်။ ပွဲငါးပွဲ
ထိုးရမယ်။ သာသနာတစ်ပွဲ ထိုးမယ်၊ ပြီး
တော့ – ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ ဒါပဲကုန်မယ် – ဟုတ်ပြီ
ဦးထွန်းရှိန်တို့သည် အဘပြောသည့်အတိုင်း
ပွဲများကို ပြင်ဆင်ပေးကြ သည်။ ကျိုက်ထို
မြို့ရေးကြီးအတွင်းမှ ကောင်းပေ့၊ လှပေ့ဆိုသည့်ငှက်
ပျော အုန်းတို့ကိုဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဘုရားကျောင်းဆောင်ရှေ့တွင်ထိုပွဲများ ကိုလှပစွာ
ပြင်ထားသည်။ ဖယောင်းတိုင်များကိုလည်း
အညီအမျှထွန်းထား သည်။ သောက်တော်
ရေချမ်းများကိုလည်း တင်ထားသည်။
ထို့နောက် အဘသည် ဘုရားကျောင်းဆောင်
ရှေ့၌ ဆောင့်ကြောင့် ထိုင်ကာ ဘုရားရှိခိုးသည်။
ဘုရားရှိခိုးပြီးနောက်ဂါထာမန္တန်များကို
တစ်နာရီ ကျော်တွင် ရွက်သည်။ ပြီးလျှင်
အဘသည် သစ္စာအဓိဋ္ဌာန်ဆိုပြီးနောက် အဘအား စောင့်
ရှောက်သော ပုဂ္ဂိုလ်အသီးသီးအား တိုင်
တည်သည်။ ခွင့် တောင်းသည်။ပြီးလျှင်ကုန်းနေ၊ ရေနေ၊
လေနေသတ္တဝါအပေါင်းအား အမျှ ပေးဝေသည်။
ကိစ္စအားလုံးပြီးလျှင်အဘသည်ဝေဒနာရှင်
ခင်သန္တာအားအိပ်ခန်းထဲမှ ခေါ်ထုတ်လာ
စေရန် မိန့်ကြားသည်။ ဦးထွန်းရှိန်နှင့် ဇနီးဒေါ်ထွေးမြ
တို့သည် ခင်သန္တာအား တွဲ၍ခေါ်ထုတ်လာသည်။
ခင်သန္တာသည် စိတ်မနှံ့သော်လည်းရိုင်း
လည်း မရိုင်း၊ ကြမ်းလည်းမကြမ်းသဖြင့်
ခေါ်လာရလွယ်သည်။ အဘရှေ့မှောက်
တွင် ထိုင်ခိုင်းသည်။ ဘုရားကို ဝတ်ပြုစေသည်။
ထို့နောက်အဘသည်ရေချမ်းခွက်တစ်ခွက်
ကိုယူ၍လက်ငါးချောင်းဖြင့်ရေခွက်ထဲသို့
လက်နှိုက်သည်။ ထို့နောက်လူ
နာ၏ထိပ်တည့်တည့်မှတောက် လျက်
အမိန့်ပြန်သလို ဩဇာသံဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်အား
မေတ္တာရပ်ခံ လိုက်သည်။ ထိုကလေးအား
ခြောက်လှန့်ခြင်း၊ ထိတ်လန့်အောင်လုပ်ခြင်း
များမှ ခွင့်လွှတ်ပါစေရန် မေတ္တာရပ်ခံသည်။
အဘသည် နှုတ်မှ ပြောဆိုရွတ်ဖတ်လိုက်၊
ရေစက်များ ဖွားခနဲ ဖွားခန် နေအောင်
တောက်ခါလိုက်လုပ်လေသည်။ ငါးမိနစ်၊
ဆယ်မိနစ်ခန့်အကြာ တွင် လွန်စွာအံ့ဩဖွယ်
ကောင်းလှသောအဖြစ်နှင့်ကြုံရလေသည်။
ခင်သန္တာသည် ဘာမပြော၊ ညာမ
ပြောဘဲသည်းထန်စွာငိုရှိုက်နေသည်။
အတန်ကြာအောင်ငိုနေပြီးမှနေရာတွင်
ဘုန်းခနဲ လဲကျအိပ်စက်သွားတော့သည်။
ခင်သန္တာသည် ဒီရက်ပိုင်းအတွင်းမှာထူးခြား
စွာ အခြေအနေကောင်း လာသည်။ အစားမှန်၊
အအိပ်မှန်လာသည်မကစကားကိုပင်
ကောင်းကောင်း မွန်မွန် ပြောဆိုလာတော့၏။
အဘ၏ကျေးဇူးကြောင့်ယခုကဲ့သို့ကောင်းမွန်
လာသည်ဟုအားလုံးက ယုံကြည်လေးစား
နေကြသည်။ ထို့ကြောင့် အဘအားအိမ်ဦးခန်း၌ထားကာ
လိုလေသေးမရှိပြုစုကြပါသည်။ သို့သော်
အဘသည်မည်မျှပင်ဂရုစိုက်ပြုစု ပေမယ့် အဘက မနေနိုင်။
“အင်း- မင်းတို့ကလည်း အဘအပေါ်မှာ
တာဝန်ကျေကြပါရဲ့ကွယ်။ ဒါပမဲ့-အဘက
ကြာကြာမနေနိုင်ဘူးလေ။အဘ သွားရလိမ့်မယ်။ အထက်
ကတာဝန်ပေးနေပြန်ပြီ၊ ပြီးတော့သမီးလေး
လည်း ခုဆို ကောင်းနေပြီပဲ” “အို-အဘရယ်
နေနိုင်မယ်ဆိုနေပါဦး။ ကျွန်တော်တို့ကျေးဇူးဆပ်ရင်
သေးလို့ပါမောင်ကြည် ဒီနေရာကို ဘူးပေတော့။ ဒါပေမဲ့
တအားစပေါက်ဖို့ မဟုတ်ဘူးနော်။ ခပ်ဖြည်း
ဖြည်းနဲ့ နက်အောင်တုံးစွဲရမှာ၊ ကံ-လုပ်ပေတော့
ဦးထွန်းရှိန်ကဆောင်းပန်သည်။ အားလုံးက
တားကြသော်လည်းအဘ က ခေါင်းခါသည်။
မသွားလို့မဖြစ်တော့ကြောင်း ပြောသည်။ နောက်ဆုံး၌
တားမရတော့ကြောင်း သိသဖြင့် နောက်ဆုံး
အနေဖြင့် တစ်ညလောက် နေပေးပါရန်
မေတ္တာရပ်ခံလိုက်ရတော့သည်။
“ဒီလောက်တောင်းပန်နေမှတော့ အဘက
လိုက်လျောရတော့မှာပေါ့ ကွယ်။ ကဲ-ကဲ-ဒီတစ်ညပဲနော်
“ကျေးဇူးတင်လိုက်တာ – အဘရယ်”
“ဒါထက် – မောင်ကြည်လည်း ရောက်နေ
တယ်ဆိုတော့-အဘ – မင်း တို့ကို ပြောရဦးမယ်။
အဘ – ဒီရောက်တဲ့နေ့ကစပြီး သမီးလေးကြုံခဲ့ရတဲ့
တောင်ပို့နေရာကိုတောင် မတွေ့ရသေးဘူး။
အဘ- အဲဒီ့နေရာကိုရှင်းလင်း ပေးခဲ့ချင်သေးတယ်”
ဦးထွန်းရှိန်က ဝမ်းသာအားရပင်..
”ဟာ – ကောင်းတာပေါ့ … အဘရယ်။
အဲဒီ့နေရာရှင်းရှင်းလင်းလင်း ဖြစ် သွားရင်
ပိုကောင်းပါတယ်။ လာ-လာ-အဘ။ ကျွန်တော်လိုက်ပို့ပေးမယ်။
ကိုကြည် – ခင်ဗျားလည်း လိုက်ခဲ့ဖျာ”
ဟူ၍ ဦးကြည်ကိုပါ အပါခေါ်လိုက်သည်။
အိမ်ရှေ့ခေါင်းရင်းမှပတ်ကာ ခြံနောက်သို့
ထွက်လာခဲ့တော့သည်။ တောင်ဘို့ဟုထင်
ရသော မြေကွက် လပ်ကလေးအနီးသို့
ရောက်လျှင် ဦးထွန်းရှိန်က လက်ညှိုး
ညွှန်လျက်… “ဒီနေရာပဲ – အဘ။
တောင်ပို့ကိုကျွန်တော်ဖြိုပြီးမြေစိုင်ခဲတွေ
ကိုတော့ ဟောဟိုခြံထောင့်က ဝါပင်အောက်ကို သွားပစ်လိုက်
တာပါ် ဟုရှင်းပြသည်။အဘကဘာမှမပြော။
ပေါက်ပြားများဖြင့်ပေါက်၍ရှင်း ထားသော
မြေကွက်ကို စိုက်ကြည့်နေသည်။ နှုတ်မှလည်း တတွတ်
တွတ် ရွတ်နေသည်။ အတန်ကြာလျှင် ….
“မောင်ကြည်က နာမည်ကသာ တနင်္လာနာမ်ကွယ်။
နေ့နာမ်အစစ်က အင်္ဂါဖြစ်တယ်။ အဲ့ဒါကြောင့်
မောင်ကြည်ရေ – ပေါက်ပြား သွားရှာကွယ်”
ဟု ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သည်။
ဦးကြည်မှာ ခပ်ကြောင်ကြောင် နှင့်ပင်
ဦးထွန်းရှိန်အား ပေါက်ပြားထားသည့်
နေရာကို မေးစမ်း၍ သွားယူခဲ့ လေသည်။
အဘက တောင်ပို့ကွက်လပ်ကို လက်ညိုးညွှန်ကာ
“မောင်ကြည်ရေ- ဒီနေရာကို ထူးပေတော့။
ဒါပေမဲ့ – တအားပေါက်ဖို့ မဟုတ်ဘူးနော်။
ခပ်ဖြည်းဖြည်းနဲ့ နက်အောင်တူးဆွရမှာ။ ကဲ – လုပ်ပေ တော့”
ဟု စနစ်ကျအောင် သင်ပြပြောဆိုလေသည်။
ဦးကြည်သည်အဘပြော သည့်အတိုင်း မြေကို
ပေါက်ပြားဖြင့် သာသာယာယာခုတ်၍တူးလေသည်။
ကျင်းအတော်နက်လာသောအခါ၌တရက်
ရက်နှင့်အသံမြည်လာသည်။ ထို့ကြောင့် ပေါက်ပြားအသွားနှင့်
မထိဖို့ လှိုက်၍တူးဖော်လိုက်ရာ အင်မတန်
ထူးသည့် ကြွေအိုးကလေးတစ်လုံးထွက်လာလေသည်။
အဘလက်သို့ လှမ်းပေးလိုက်သည်။ တရုတ်
ပန်းအိုးနှင့် ခပ်ဆင်ဆင် တူသော အိုးကလေးကို အဘက
ဖွင့်လိုက်၏။ ထို့နောက် အထဲမှအရာများ
ကိုခေါ်ထုတ်သည်။ ရွှေဒင်္ဂါးလေးဆယ့်ငါးပြားထွက်
ကျလာသည်။ အဘက ခေါင်းညိတ်နေရာမှ ပြောသည်။
“မောင်ကြည်ရေ “ ဒါနဲ့ မပြီးသေးဘူးကွယ့် … ဆက်တူးပေဦး”
ဦးကြည်လည်း ဆက်၍တူးသည်။ အတော်
ကြာသောအခါ၌ မယုံနိုင် စရာကောင်းလှသည့်
ကျောက်နွားရုပ်ကလေးတစ်ခုထပ်မံရလိုက်ပြန်သည်။
အရောင်အဆင်းမှာ ပကတိနက်မှောင်ပြီး
မဟူရာကဲ့သို့တောက်ပနေသည်။ အဘက
ကျောက်နွားကိုကြည့်ရင်းပြုံးနေ၏။
“အင်း … ခုမှပဲ – ရှင်းလင်းသွားတော့တယ်။
ဒီကျောက်နွားသိုးကြောင့် သမီးကလေး
အထိတ်တလန့်ဖြစ်နေရတာကိုး။
ကဲ – ကဲ .. ဒါတွေ – အဘပဲ
သိမ်းသွားပါ့မယ်။ ဒါမှ – မင်းတို့ တစ်အိမ်
သားလုံး အန္တရာယ်ကင်းကြမှာ”
အဘသည် နောက်တစ်နေ့ နံနက်စောစောတွ
င် ထွက်ခွာသွားတော့ သည်။ ကျောက်နွားသိုး
နှင့်ရွှေဒင်္ဂါးအနည်းကိုယူဆောင်၍မထွက်သွားခင်က
ဦးကြည်အား ရွှေဒင်္ဂါးဆယ့်ငါးပြားပေးရင်း…
“မောင်ကြည် – မင်းတို့က အင်မတန်ဆင်းရဲသကွယ်။
ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသကိုး။ ကဲ
ဒီရွှေဒင်္ဂါးဆယ်ပြားတော့ယူထား။လိုတာ သုံးပေ တော့
ဟု လှမ်းပေးရင်း ပြောကြားလေသည်။ အဘ
ပေးခဲ့သည့် ရွှေဒင်္ဂါးပြား ကလေးများကို
လက်ဝယ်ဆောင်ထားသည်။ ထိုနေ့၊ထိုရက်မှစ၍ဦးကြည်၊
ဒေါ်ကြူးရင်တို့၏အကြော်ဆိုင်ကလေးမှာ
ကျော်ကြားလာတော့သည်။ ရောင်းရသည်မှာလည်း လက်
မလည်အောင် ဖြစ်လာတော့သည်။ တစ်စ
တစ်စ ကိုယ့်အိုးကိုယ့်အိမ်နှင့် အိမ်ပိုင်ဖြစ်ခဲ့ရပေတော့သည်။
သို့ရာတွင်အဘနှင့်ကျောက်နွားသိုးတို့ကား
တစ်ကြိမ်တစ်ခါမျှပင်ပြန် လည်၍မရောက်
လာကြတော့ပေ။ ဘယ်ရပ်၊ ဘယ်ဌာနေသို့
ရောက်နေပြီကို ကားမည်သူမျှ မသိနိုင်တော့ပါတကား။

Zawgyi Version

“ထူးဆန္းေသာအဘႏွင့္မဟူရာေက်ာက္ႏြားသိုး”(စ/ဆုံး)
———————————————————

ေဒၚၾကဴးရင္သည္ ကိုယ့္ကိုယ္ကိုယ္အံ့ဩမိ၏။
ခါတိုင္းရက္ကဆိုရင္ ဘယ္သူမွ ႏႈိးစရာမလို။
အႏႈိးလည္း တစ္ႀကိမ္မွ် မခံပါဘူးေပ။ ဝီရိယ
ရွိသည္။က်ီးမႏိုးခင္ကပင္ မိမိႏိုးေလ့ရွိသည္။ လုပ္စရာ၊
ကိုင္စရာပစၥည္းအားလုံး အသင့္သင့္။ ညဦး
ပိုင္းကတည္းက စီမံေဆာင္႐ြက္ ၿပီးသားျဖစ္သည္။
သြားခါနီး တစ္ခုခ်င္းေကာက္၍ ထုပ္သြား႐ုံပင္။ တြန္းလွည္းကေလး
ေပၚသို႔ သယ္ပိုးမ.တင္ၿပီးမွ – “ကိုၾကည္
ကိုၾကည္-ရွင္ ထေတာ့ေလ”ဟု ခင္ပြန္းကိုႏႈိးသည္။
အိပ္ခ်င္မူးတူးျဖစ္ေနေသာကိုၾကည္ကပင္လွ်င္
-“မၾကဴး ရင္ရယ္၊ မင့္ဥစၥာက မေစာလြန္းဘူး
လားကြာ”ဟူ၍ ေျပာယူရသည္အထိ။ ထိုအေျပာ
မ်ိဳးကို မႀကိဳက္။ ဝီရိယမရွိရေကာင္းလားဟူ၍
မ်က္ေစာင္းထိုး၊ ႏႈတ္ခမ္းစူလိုက္မွ ဦးၾကည္ၿငိမ္သြားသည္။
ဒီကေန႔အျဖစ္ကေတာ့ ကိုယ့္ကိုယ္ကိုယ္
မယုံႏိုင္ေလာက္ေအာင္ ျဖစ္ သည္။ မိုးလင္းမွ
ႏိုးသည္။အိမ္အျပင္၌အလင္းေရာင္ေတြ သန္းေနမွဖ်တ္
ခနဲ လန႔္ႏိုးလာသည္။ လွမ္၊ၾကည့္လိုက္သည္
ဆိုရင္ပဲ အိမ္၏အျပင္တြင္ အလင္းပ်ိဳ႕
ေနသည္မို႔ကမန္းကတန္းထလိုက္ရင္း ….
“ကိုၾကည္ – ကိုၾကည္ – ထစမ္းပါဦး။ မိုးေတာင္
အေတာ္လင္းေနၿပီ။ ရွင့္မလဲ – အိပ္ပုတ္ႀကီး
လိုက္တာ”ဟု ပုတ္၍ႏႈိးလိုက္သည္။ ဦးၾကည္သည္
လည္းအိပ္ရာထဲကဗ်ာပ်ာသလဲထရင္း…
“ဟာ- ဟုတ္ပါရဲ႕။ မိုးေတာင္ လင္းေနမွပဲ”ဟု
ေၾကာင္စီစီေလသံျဖင့္ ေျပာသည္။ ေဒၚၾကဴး
ရင္မွာ အိပ္ရာထ ေနာက္က်ရသည့္ထဲ ဦးၾကည္က
ေပရွည္ေနသျဖင့္ စိတ္မရွည္ႏိုင္ေအာင္ ျဖစ္သြားမိသည္။
“ရွင္ကလဲ – ကြၽန္မ အိပ္ေပ်ာ္သြားတယ္ထားဦး။
ရွင္ ႏိုးဖို႔ ေကာင္းပါ တယ္။ ညတိုင္က်ရင္
ေစာေစာမွမအိပ္ပဲ၊ ဟိုစာဖတ္၊ ဒီစာဖတ္နဲ႔ – ညနက္
သန္းေခါင္။ရွင္နဲ႔သာ အလုပ္လုပ္စားရရင္
ငတ္ေသဖို႔ပဲ ရွိတယ္” ဗ်စ္ေတာက္ဗ်စ္ေတာက္ လုပ္လိုက္
သည္။ ဦးၾကည္သည္ – “မိန္းမ ကလည္းကြာ”
ဟု တစ္ခြန္းသာေျပာၿပီး မ်က္ႏွာသစ္ဖို႔ အိမ္ေရွ႕ေရက
ျပင္သို႔ သုတ္သုတ္ထြက္သြားေတာ့သည္။
ကမန္းကတန္း မီးေမႊး၊ ဆီအိုးတည္ရင္း
က်န္ေတာက္တိုမည္ရမ်ားကို ဇယ္ဆက္
သလို လုပ္ေနရသည္။ ဦးၾကည္မွာလည္း
မ မယာက ဗ်စ္ေတာက္ ဗ်စ္ေတာက္
ေျပာတတ္ေလ့ရွိသျဖင့္ ဖင္မရႏိုင္ေအာင္
အလုပ္လုပ္ေနရသည္။ထင္းခြဲျခမ္းမ်ား ခြဲ၊
မီးထိုး၊ ေရေႏြးအိုးတည္ႏွင့္ ပ်ာယာခတ္ေနသည္။
ထင္းကနည္းနည္းစိုေနသျဖင့္မီးခိုးက အူေန၏။
ထို႔ေၾကာင့္ မီးေတာက္လာ ေအာင္မၾကာ
မၾကာယပ္ခတ္ေပးရသည္။ မီးေတာက္
အရွိန္ရလာလွ်င္စားပြဲ ခုံမ်ားကို
အေျပးအလႊား ခင္းလိုက္ရေသးသည္။
ၿပီးလွ်င္ စားပြဲေပၚတြင္ ေရေႏြးၾကမ္းပန္းကန္
ေရေႏြးအိုး၊လက္သုတ္ပဝါ စသည္တို႔ကို
သူ႔အစီအစဥ္ႏွင့္သူ ခ်ထားလိုက္၏။
ေဒၚၾကဴးရင္ကလည္း အေၾကာ္ေၾကာ္ဖို႔ မုန႔္နစ္
စပ္သည္။ ဘူးသီးစိပ္ ထည့္ေသာ ဗန္းကို
အေၾကာ္ဒယ္အနီးသို႔ ပို႔ထားသည္။ ၿပီးမွပဲ ေၾကာ္အိုးကို မ,
ယူျပန္သည္။ ထို႔ေနာက္ မီးဖိုေပၚတြင္ တင္
ထားသည့္ဒယ္အိုးထဲသို႔ ဆီမ်ား ေလာင္း
ထည့္သည္။ဆီက်သည္ႏွင့္တစ္ၿပိဳင္တည္း
ဘူးသီးစိပ္မ်ားကိုယူကာ မုန႔္ႏွစ္ျဖင့္
တြဲလ်က္ ဆီအိုးထဲသို႔ ခ်သည္။ ရွဲခနဲျမည္သံ
ႏွင့္အတူ ဘူးသီးစိပ္သုံးေလး ေမွာက္တြဲထားသည္။
မုန႔္ႏွစ္ေရအနီးတြင္ ပူစီေဖာင္းကေလးမ်ား အၿပိဳင္း
အၿပိဳင္းထလာ၏။ သုံးေလးဥအထိ ဆက္
တိုက္ထည့္ရင္ ညက အျဖစ္သည္ေခါင္းထဲသို႔ ဒိုင္းခနဲ ဝင္လာေလသည္။
သတိရလိုက္သည့္တစ္ခဏ၌ပင္ ေဒၚၾကဴးရင္၏
ေက်ာထဲတြင္ စိမ့္ခနဲ ရွိသြားသည္။ ၾကက္သီး
ေမြးညင္းမ်ားပင္ ဖ်န္းခနဲ ထသြားမိေသး၏။
ဘယ္လိုမွ ေတြးမထားေသာ မစဥ္းစားမိေသာ၊
စိတ္မကူးမိေသာ အေၾကာင္းအရာတစ္ခုသည္ဘာေၾကာင့္
မ်ား မိမိကို ျမင္မက္လိုက္ရပါသနည္း။
ညက အိပ္မက္သည္ အလြန္စင္းသည္။
အိပ္မက္ထဲ၌ ထူးျခားေသာ ပုဂၢိဳလ္တစ္ပါ၊
မိမိထံသို႔ ေရာက္လာသည္။ ဝတ္ျဖဴစင္ၾကယ္မ်ား
ဝတ္ဆင္ ထားသည္။ မုတ္ဆိတ္ေမြး၊
ပါးသိုင္းေမြးမ်ားပင္ ဆြတ္ဆြတ္ျဖဴေန၏။
လည္ ပင္းတြင္လည္း ဆီးျဖဴသီးခန႔္
ထင္ရေသာ ပုတီးႀကီးကို ဆြဲထားသည္။
ထိုပုဂၢိဳလ္ႀကီးသည္ ေဒၚၾကဴးရင္ေရွ႕တြင္
ဘြားခနဲ ေပၚလာ၏။ ၿပီးလွ်င္ စူးရွေတာက္
ေျပာင္ေသာ မ်က္လုံးအစုံျဖင့္ စူးစိုက္ၾကည့္ေနသည္။
ထိုမ်က္ လုံးမ်ားသည္ ခဏအၾကာ၌ အ
ေရာင္ေတြ အမ်ိဳးမ်ိဳး ေတာက္ေနေပသည္။
အစိမ္းေတြ၊ အနီေတြ၊ အျပာေတြ စေသာ
အေရာင္မ်ိဳးစုံတို႔သည္ မ်က္လုံး အိမ္မွထြက္
လာၿပီး မိမိကိုယ္ကိုရစ္ပတ္လာေတာ့သည္။
ေဒၚၾကဴးရင္ လြန္စြာေၾကာက္လန႔္သြားသည္။
ရင္ေတြ တထိတ္ထိတ္ ခုန္လာသည္။
ဦးၾကည္ကို သတိရသည္။ အားကိုးသည္။ သူ႔ကိုေခၚသည္။
ေခၚမရ။ အသံကုန္ဟစ္သည္။ ဟစ္မရ၊
ထိုပုဂၢိဳလ္ထူးသည္ မိမိ၏အသံကိုပင္
ခ်ဳပ္ကိုင္ထားသလား မေျပာ တတ္။
ဝတ္ျဖဴဗင္ၾကယ္ ဝတ္ထားေသာ္လည္း
မ်က္လုံးမွ အေရာင္လွ်ံမ်ား ေၾကာင့္ သူ
ေတာ္စင္ဟုမိမိမယုံ။ သူေတာ္စင္ေယာင္
ေဆာင္လာသည့္နာနာ ဘာဝျဖစ္ႏိုင္သည္။
မဟုတ္ရင္တေစၦတစ္ေကာင္ေကာင္ကသူ
ေတာ္စင္လို အေယာင္ေဆာင္လာသလားမသိ။
ထိုအေတြးမ်ားေၾကာင့္မိမိသည္ေၾကာက္လာသည္။
ေကေ႐ႊးမ်ားျပန္ လာသည္။ ထြက္ေျပးလြတ္
ေျမာက္ဖို႔ႀကံသည္။ တစ္ဖန္ဦးၾကည္ကို ဟစ္ေခၚ
သည္။ ထိုစဥ္ သူေတာ္စင္လိုပုဂၢိဳလ္သည္
တစ္ကိုယ္လုံး မီးခိုးမ်ားကဲ့သို႔ တျဖည္းျဖည္း
ေျပာင္းလဲသြားျပန္သည္။ ၿပီးလွ်င္ – တေငြ႕ေငြ႕အသြင္သို႔
ေျပာင္းကာ ေပ်ာက္ကြယ္သြားေတာ့သည္။
ႏိုးလာေသာအခါ၌ မိမိသည္ ေမာေန၏။
အိပ္ရာထဲ၌ ငုတ္တုတ္ထထိုင္ မိသည္။
ေၾကာက္သည့္စိတ္က ေပ်ာက္ႏိုင္ေအာင္ရွိသည္။ ျပန္၍လွဲအိပ္
ေသာ္လည္း ေတာ္ေတာ္ႏွင့္အိပ္မေပ်ာ္။
ေတာင္ေတြး၊ေျမာက္ေတြးႏွင့္ ပိတ္
ေခ်ာက္ခ်ားလ်က္ ေနပါေတာ့သည္။
ဘယ္လိုပုဂၢိဳလ္မ်ားက မိမိအေပၚ၌ မေက်နပ္ရွိေနပါသနည္း။
“သမီးတို႔ေရ-အဘဗိုက္ဆာလို႔အေၾကာ္
ကေလး နည္းနည္းစားလို႔ရမလားကြယ္”
အသံၾကားလို႔ ေဒၚၾကဴးရင္ ဆတ္ခနဲေခါင္း
ေထာင္ၾကည့္မိသည္။ ဆီအိုး ထဲမွက်က္ၿပီး
သားေၾကာ္မ်ားကို သံဆန္ကာျဖင့္ခပ္ဆယ္ေနသည့္လက္
မွာ တန႔္ခနဲျဖစ္သြားသည္။ ရင္မွာလည္း
ထိတ္ခနဲရွိသြား၏။တစ္ကိုယ္လုံးလည္း စိမ့္သြားေလသည္။
ဟုတ္ပါသည္။ ညကျမင္မက္ခဲ့သည့္အိပ္
မက္ထဲကအတိုင္းတစ္ကိုယ္ လုံး ဝတ္
ျဖဴစင္ၾကယ္ဝတ္ထားသည္။ မုတ္ဆိတ္ေမြး၊ ပါးသိုင္းေမြး
ေတြက လည္း ဆြတ္ဆြတ္ျဖဴလို႔။လည္
ပင္းမွာေတာ့ အလုံးႀကီးႀကီးျဖင့္ ျပဳလုပ္ထား သည့္ပုတီး
တစ္ကုံးဆြဲလို႔။ ထူးဆန္းသည့္လူပုဂၢိဳလ္
မိမိဆိုင္ေရွ႕၌မားမားႀကီး ရပ္လ်က္ရွိေလသည္။
ဦးၾကည္ကေရေႏြးၾကမ္းေသာက္ေန
ရာမွသြက္လက္စြာထရပ္ၿပီးေျပာသည္။
“ဪ – ရပါတယ္ ခင္ဗ်ာ့။ အထဲဝင္ပါ။
အဘ- ဘာသုံးေဆာင္မလဲ။ ပဲေၾကာ္ေရာ၊
ဘူးသီးေၾကာ္ပါရေနပါၿပီ၊တို႔ဟူးေၾကာ္နဲ႔ငွက္ေပ်ာသီးေၾကာ္က
ေတာ့နည္းနည္းေစာင့္ရလိမ့္ဦးမယ္။
ေရေႏြးလည္းအဆင္သင့္ပဲ” “ေအး-ပဲေၾကာ္နဲ႔ဘူးသီး
ေၾကာ္ရရင္လည္း ေတာ္ေလာက္ပါၿပီကြယ္။
အဲ-တစ္ခုေတာ့ရွိတယ္။အဘမွာပိုက္ဆံမရွိဘူး။
လႉတဲ့သေဘာထားရလိမ့္မယ္”
ေဈးဦးေဈးမ်ားတြင္ အလကားစားမည့္
ပုဂၢိဳလ္ႏွင့္ လာေတြ႕ေနသျဖင့္ ေဒၚၾကဴးရင္
စိတ္ပ်က္သြားသည္။ထို႔ျပင္ ညကျမင္မက္ထားေသာပုဂၢိဳလ္ႏွင့္
တစ္ေထရာတည္းတူေနသျဖင့္ေဒၚၾကဴးရင္
ရင္ထဲတြင္မယုံသကၤာျဖစ္လိုက္ရေသးသည္။
“ဪ-ရပါတယ္-အဘရယ္။ အဘဘယ္ေလာက္စားႏိုင္မွာမို႔လဲ။
ကြၽန္ေတာ္တို႔ ကုသိုလ္ရပါတယ္။လာ-လာ- ထိုင္ပါ-အဘ”
ဦးၾကည္က သူ႔ဗီဇအတိုင္း သေဘာေကာင္း
လိုက္သည္။ ထို႔ေနာက္ ဦးၾကည္သည္မုန႔္ပြဲ၊
အခ်ဥ္ေရ ေရေႏြ၊အိုး စသည္တို႔ကိုအဘဆိုသူ၏ေရွ႕သို႔
႐ို႐ိုေသေသ ခ်ေပးသည္။ ထို႔ေနာက္ မနီးမ
ေဝးတြင္ဝင္ထိုင္ေနသည္။ အဘဆိုသည့္ပုဂၢိဳလ္ကအေၾကာ္
ေၾကာ္ေနသည့္ေဒၚၾကဴးရင္အားတစ္ခ်က္
လွမ္းၾကည့္ရင္း အေၾကာ္ကို စားၿမဲစားေနသည္။ အေၾကာ္
တစ္ခု ႏွစ္ခု ကုန္ခါနီးတြင္ ထိုပုဂၢိဳလ္က
“ငါ့တူနဲ႔ တူမႀကီးတို႔ကို အဘ အမ်ားႀကီး
ေက်းဇူးတင္ပါတယ္။ ဒီဒါနျပဳ တဲ့အတြက္
လည္းသာဓုေခၚပါတယ္။က်န္းမာခ်မ္းသာၿပီးသတၱဝါအ
ေပါင္းကို ကယ္တင္ႏိုင္တဲ့ ပုဂၢိဳလ္ထူး၊
ပုဂၢိဳလ္ျမတ္ေတြ ျဖစ္ႏိုင္ၾကပါေစကြယ္”
ဆုေတာင္းေပးေနသည္။
ဦးၾကည္က အဘအတြက္ေရေႏြးၾကမ္း
ေပး ရင္း-“အဘက ဒီၿမိဳ႕ကပဲလား”ဟု စပ္စုသည္။
“အဘကဒီက်ိဳက္ထိုၿမိဳ႕ကေတာ့မဟုတ္
ဘူးကြယ့္။ အင္မတန္ေဝးလံတဲ့တစ္ေနရာ
က ဆိုပါစို႔။ ဒီမွာ ဓာတ္က်လို႔လာတာ။
အဘက ဂႏၶာရီလွည့္တာလား”
“ဪ – ေဩာ္ – ျမင့္ျမတ္တဲ့ပုဂၢိဳလ္
ေတြကဒီလိုပဲလွည့္လည္ၾကရတာ
“ေအးေပါ့ကြယ္…ဒီကငါ့တူႀကီးနဲ႔တူး
ႀကီးတို႔ရဲ႕နာမည္အဘမသိရဘူး
“ကြၽန္ေတာ့္နာမည္က ဦးၾကည္ပါ။
ကြၽန္ေတာ့္အမ်ိဳးသမီးရဲ႕နာမည္က ေဒၚၾကဴးရင္ပါ အဘ
“ငါ့တူက ဦးၾကည္ဆိုေတာ့ တနလၤာေပါ့”
“မဟုတ္ဘူးခင္ဗ်ာ။ နာမည္ကသာတနလၤာ၊
ေမြးတာက အဂၤါပါ။ ကြၽန္ ေတာ့္ဇနီးကမွ တနလၤာပါ
“ဪ- ဪ …ေန႔နာမ္နဲ႔မမွည့္ဘဲကိုး။
အင္း – စကားလက္စနဲ႔ ေျပာရ ရင္ေတာ့
အဘက သတၱဝါေတြကယ္တင္ဖို႔ ရွိတယ္။
ငါ့တူတို႔မွာ အခက္အခဲ ရွိရင္ အဘကိုေျပာပါ။
အဘ – ကူညီမယ္”“ေက်းဇူးပါပဲ။ကြၽန္ေတာ္တို႔မွာေတာ့ဘာ
မွမရွိပါဘူး။ဒါေပမဲ့ ကြၽန္ေတာ့္ သူငယ္ခ်င္း
မွာေတာ့ အခက္အခဲရွိေနပါတယ္။
အဘကူညီႏိုင္မယ္ဆိုရင္ ကူညီေပးပါ”
စကားအဆုံး၌ အဘက ေခါင္းတညိတ္ညိတ္ေလ၏။
ဦးထြန္းရွိန္က သူ႔ႏွမေလး ဒီလိုျဖစ္ခဲ့ရသည္ကို
ဆရာႀကီး အဘဆိုသူ အား အေၾကာင္းစုံ
ေျပာျပေနသည္။ အဘသည္လည္း ဦးထြန္းရွိန္ေျပာ
ေန သမွ်ကိုနားစိုက္ေထာင္ရင္းေခါင္း
တညိတ္ညိတ္လုပ္၍ေနေလသည္။
“ဆရာႀကီးရယ္ -ကြၽန္ေတာ့္ႏွမကကြၽန္ေတာ့္
ထက္ ဆယ္ႏွစ္ေလာက္ ငယ္ပါတယ္။ သူက
အေထြးဆုံးပါ။ ၾကားမွာေတာ့ေမာင္ႏွမငါးေယာက္ေပါ့။
တစ္ေယာက္မွ အဖတ္မတင္ပါဘူး။ သူ
တစ္ေယာက္ပဲ။ ဒါေၾကာင့္ – သူ႔ကို ႏွမေလးလို၊သမီးေလးလို
ကြၽန္ေတာ္တို႔ကခ်စ္ေနတာပါ။ အေမ၊ အ
ေဖရွိတုန္း ကလည္းထြန္းရွိန္ – ဒီကေလးကိုဂ႐ုစိုက္ၾကေနာ္လို႔
တရစပ္မွာသြားၾကတာ ပါ။ ကြၽန္ေတာ္တို႔က
လည္းအၿမဲဂ႐ုစိုက္ၾကည့္ရႈခဲ့ပါတယ္”
“ျဖစ္ခ်င္ေတာ့ – တစ္ညမွာ ကြၽန္ေတာ္လည္း
သထုံကအျပန္မွာ ေတာ္ ေတာ္ခရီးပန္းလာတယ္။
ကြၽန္ေတာ့္ဇနီး ေထြးျမကလည္းတစ္ေနကုန္ ေရး
ေရာင္းရေတာ့ေမာေမာနဲ႔ အိပ္ေပ်ာ္သြားၾကတယ္။
ကြၽန္ေတာ့္ညီမ ခင္သႏၲာ က တစ္ေရးႏိုးဒတာ့ အ
ေပါ့အပါးသြားခ်င္လာတယ္တဲ့။ ကြၽန္ေတာ္
တို႔အိမ္ သာကလည္းအိမ္ရဲ႕ၿခံေထာင့္မွာရွိတာ။အိမ္နဲ႔ဆို
အေတာ္ေဝးပါတယ္။သူက တစ္ေယာက္
တည္းဆိုေတာ့ ထမသြားရဲဘူး၊ သူ႔အေမ ေထြးျမကို ႏႈိးတယ္။
ႏႈိးမရဘူးတဲ့။ ဒါနဲ႔ – ဒါနဲ႔ “ အျပင္ထြက္ၿပီး
တစ္ေယာက္တည္း သြားတယ္တဲ့ ဆရာႀကီး”
“ဒါေပမဲ့-အိမ္သာအထိ မသြားရဲဘူး။ေမွာင္
ကလည္းေမွာင္ေနတာကို။ အဲဒါေၾကာင့္အိပ္
ေနာက္ေဖးကေတာင္ပို႔နားမွာပဲထိုင္အေပါ့သြားမိတာတဲ့။
အေပါ့သြားတုန္းမွာပဲ သူ႔တစ္ကိုယ္လုံး
ၾကက္သီးေမႊးညင္းေတြ တျဖန္းျဖန္း ထလာ
ေတာ့ေၾကာက္ေၾကာက္နဲ႔အိမ္ထဲကမန္းကတန္းထေျပးလာပါတယ္။
အိမ္ရာထဲ ဝင္ၿပီးလွဲအိပ္တယ္ဆိုရင္ပဲ
ခ်က္ခ်င္းအိပ္ေပ်ာ္သြားတယ္တဲ့။ အဲဒီမွာပဲ
အိပ္မက္လိုလို၊ တကယ္လိုလို သူ ေတြ႕ရတယ္လို႔ ေျပာပါတယ္။
တစ္ကိုယ္လုံး မည္းမည္းေမွာင္ေနတဲ့
ႏြားႀကီးတစ္ေကာင္က သူ႔ကို အတင္း
တိုက္၊ အတင္းေခြၽတာတဲ့။ သူလည္း ေၾကာက္
အားလန႔္အားနဲ႔ေျပးရင္းေအာ္ တာပါတဲ့ “ ဆရာႀကီး”
ဟု ေျပာျပလိုက္ပါသည္။ အဘသည္ ဦးထြန္းရွိန္
၏ေျပာျပခ်က္မ်ားကို အေလးအနက္နားေထာင္ေနသည္။ ၿပီးမွေမးသည္။
“ေနပါဦး – အဲ့သလို ႏြားနက္ႀကီး လိုက္တယ္
ဆိုတာကို ငါ့တူတို႔ ဘယ္ လိုလုပ္သိေနတာလဲ”
“ဒီလိုပါ- ဆရာႀကီး။ သူလန႔္ေအာ္ေတာ့
ကြၽန္ေတာ္တို႔ ႏိုးလာပါတယ္။ သူအခန္းထဲဝင္ၿပီး
ဘာျဖစ္တာလဲ၊ ဘာျဖစ္တာလည္းလို႔ေမးေတာ့ ေမာေန
ေသးတယ္။ ဒါနဲ႔ – ေရေတြ၊ ဘာေတြတိုက္ၿပီး
အေမာေျပေလာက္မွ ေျပာျပ တာပါ။ အဲဒီေနာက္ပိုင္း
တျဖည္းျဖည္း စိတ္ေၾကာင္သလိုလို၊ စိတ္မႏွံ႔
သလို လိုျဖစ္ၿပီး ဝိုင္ခ်င္ရာဝိုင္၊ ေတြးခ်င္ရာေတြး၊ ေျပာခ်င္ရာ
ေျပာနဲ႔ ျဖစ္လာေတာ့ တယ္။ ကြၽန္ေတာ္တို႔လည္း
သမားေတာ္အမ်ိဳးမ်ိဳးနဲ႔ျပသကုပါတယ္။ခုဆိုႏွစ္လ၊
သုံးလေလာက္ေတာင္ရွိပါၿပီ။ ေရာဂါကမသက္သာဘူး – ဆရာႀကီး၊
ဆရာႀကီးအေနနဲ႔ကယ္ႏိုင္ရင္ကယ္ေပးပါ။
ေဆးဖိုးဝါးခလည္းအားမနာပါနဲ႔။ ကြၽန္ေတာ့္
ညီမေလး ေကာင္းသြားရင္ ကြၽန္ေတာ္တို႔ စိတ္ခ်မ္းသာပါၿပီ”
ဟုခယယေတာင္းပန္ေနရွာသည္။ အဘသည္
ဘာမွ်မေျပာေသးဘဲ ၿငိမ္သက္ေနသည္။ ဦးထြန္းရွိန္
၏မ်က္ႏွာကို ခပ္စိုက္စိုက္ကေလး ၾကည့္ေန ၿပီးမွ –
“အဘကေငြေၾကးနဲ႔ကုတာေတာ့ မဟုတ္ပါဘူး။
ေမတၱာနဲ႔သတၱဝါေတြ ကို ကယ္တင္ေနတာပါ။
တစ္ခုေတာ့ရွိတာ – ဝဋ္နာ၊ ကံနာဆိုတာမ်ိဳးေတာ့
တတ္ႏိုင္ခ်င္မွ တတ္ႏိုင္ေပမေပါ့။ အင္း
ပေယာဂဆိုရင္ေတာ့အဘႀကိဳးစား
ကုရင္ ရႏိုင္ပါလိမ့္မယ္ကြယ္။ ဒါထက္
အဲဒီေတာင္ပို႔ဆိုတာေကာ ခုထိ ရွိေနတုန္းပဲလား”
ဟုေျပာေမးေမးသည္။ဦးထြန္းရွိန္ကခ်က္ခ်င္းေခါင္းခါရင္း – “မရွိေတာ့
ပါဘူး။ ကြၽန္ေတာ္ စိတ္တိုတိုနဲ႔ ၿဖိဳလိုက္မိတယ္”
ဟု ေျပာသည္။ အဘက မ်က္ေမွာက္ၾကဳတ္ကာ ဆို၏။
“မင္းက ကံဇာတာေကာင္းတာကိုး။ ကဲ
ဒါေတြထားလိုက္ပါေတာ့။ အဘ ခိုင္းတဲ့
အတိုင္း မင္းတို႔လုပ္ေပးရလိမ့္မယ္။ လုပ္ႏိုင္ပါ့မလား”
ဦးထြန္းရွိန္ကလည္းခ်က္ခ်င္းေျဖသည္။
ကုန္ခ်င္သေလာက္ကုန္ပါေစ။ကြၽန္ေတာ့္ႏွမကေလး
“ေျပာသာေျပာပါ။ျပန္ေကာင္းလာရင္ ေတာ္ပါၿပီ”
အားတက္သေရာ ေျပာလိုက္ရင္းဘဲ အဘက ၿပဳံး၍ဆိုသည္။
“ကုန္က်စရိတ္ သိပ္မရွိဘူးကြယ္။ ပြဲငါးပြဲ
ထိုးရမယ္။ သာသနာတစ္ပြဲ ထိုးမယ္၊ ၿပီး
ေတာ့ – ဖေယာင္းတိုင္၊ အေမႊးတိုင္နဲ႔ ဒါပဲကုန္မယ္ – ဟုတ္ၿပီ
ဦးထြန္းရွိန္တို႔သည္ အဘေျပာသည့္အတိုင္း
ပြဲမ်ားကို ျပင္ဆင္ေပးၾက သည္။ က်ိဳက္ထို
ၿမိဳ႕ေရးႀကီးအတြင္းမွ ေကာင္းေပ့၊ လွေပ့ဆိုသည့္ငွက္
ေပ်ာ အုန္းတို႔ကိုဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ဘုရားေက်ာင္းေဆာင္ေရွ႕တြင္ထိုပြဲမ်ား ကိုလွပစြာ
ျပင္ထားသည္။ ဖေယာင္းတိုင္မ်ားကိုလည္း
အညီအမွ်ထြန္းထား သည္။ ေသာက္ေတာ္
ေရခ်မ္းမ်ားကိုလည္း တင္ထားသည္။
ထို႔ေနာက္ အဘသည္ ဘုရားေက်ာင္းေဆာင္
ေရွ႕၌ ေဆာင့္ေၾကာင့္ ထိုင္ကာ ဘုရားရွိခိုးသည္။
ဘုရားရွိခိုးၿပီးေနာက္ဂါထာမႏၲန္မ်ားကို
တစ္နာရီ ေက်ာ္တြင္ ႐ြက္သည္။ ၿပီးလွ်င္
အဘသည္ သစၥာအဓိ႒ာန္ဆိုၿပီးေနာက္ အဘအား ေစာင့္
ေရွာက္ေသာ ပုဂၢိဳလ္အသီးသီးအား တိုင္
တည္သည္။ ခြင့္ ေတာင္းသည္။ၿပီးလွ်င္ကုန္းေန၊ ေရေန၊
ေလေနသတၱဝါအေပါင္းအား အမွ် ေပးေဝသည္။
ကိစၥအားလုံးၿပီးလွ်င္အဘသည္ေဝဒနာရွင္
ခင္သႏၲာအားအိပ္ခန္းထဲမွ ေခၚထုတ္လာ
ေစရန္ မိန႔္ၾကားသည္။ ဦးထြန္းရွိန္ႏွင့္ ဇနီးေဒၚေထြးျမ
တို႔သည္ ခင္သႏၲာအား တြဲ၍ေခၚထုတ္လာသည္။
ခင္သႏၲာသည္ စိတ္မႏွံ႔ေသာ္လည္း႐ိုင္း
လည္း မ႐ိုင္း၊ ၾကမ္းလည္းမၾကမ္းသျဖင့္
ေခၚလာရလြယ္သည္။ အဘေရွ႕ေမွာက္
တြင္ ထိုင္ခိုင္းသည္။ ဘုရားကို ဝတ္ျပဳေစသည္။
ထို႔ေနာက္အဘသည္ေရခ်မ္းခြက္တစ္ခြက္
ကိုယူ၍လက္ငါးေခ်ာင္းျဖင့္ေရခြက္ထဲသို႔
လက္ႏႈိက္သည္။ ထို႔ေနာက္လူ
နာ၏ထိပ္တည့္တည့္မွေတာက္ လ်က္
အမိန႔္ျပန္သလို ဩဇာသံျဖင့္ သက္ဆိုင္ရာပုဂၢိဳလ္အား
ေမတၱာရပ္ခံ လိုက္သည္။ ထိုကေလးအား
ေျခာက္လွန႔္ျခင္း၊ ထိတ္လန႔္ေအာင္လုပ္ျခင္း
မ်ားမွ ခြင့္လႊတ္ပါေစရန္ ေမတၱာရပ္ခံသည္။
အဘသည္ ႏႈတ္မွ ေျပာဆို႐ြတ္ဖတ္လိုက္၊
ေရစက္မ်ား ဖြားခနဲ ဖြားခန္ ေနေအာင္
ေတာက္ခါလိုက္လုပ္ေလသည္။ ငါးမိနစ္၊
ဆယ္မိနစ္ခန႔္အၾကာ တြင္ လြန္စြာအံ့ဩဖြယ္
ေကာင္းလွေသာအျဖစ္ႏွင့္ႀကဳံရေလသည္။
ခင္သႏၲာသည္ ဘာမေျပာ၊ ညာမ
ေျပာဘဲသည္းထန္စြာငိုရႈိက္ေနသည္။
အတန္ၾကာေအာင္ငိုေနၿပီးမွေနရာတြင္
ဘုန္းခနဲ လဲက်အိပ္စက္သြားေတာ့သည္။
ခင္သႏၲာသည္ ဒီရက္ပိုင္းအတြင္းမွာထူးျခား
စြာ အေျခအေနေကာင္း လာသည္။ အစားမွန္၊
အအိပ္မွန္လာသည္မကစကားကိုပင္
ေကာင္းေကာင္း မြန္မြန္ ေျပာဆိုလာေတာ့၏။
အဘ၏ေက်းဇူးေၾကာင့္ယခုကဲ့သို႔ေကာင္းမြန္
လာသည္ဟုအားလုံးက ယုံၾကည္ေလးစား
ေနၾကသည္။ ထို႔ေၾကာင့္ အဘအားအိမ္ဦးခန္း၌ထားကာ
လိုေလေသးမရွိျပဳစုၾကပါသည္။ သို႔ေသာ္
အဘသည္မည္မွ်ပင္ဂ႐ုစိုက္ျပဳစု ေပမယ့္ အဘက မေနႏိုင္။
“အင္း- မင္းတို႔ကလည္း အဘအေပၚမွာ
တာဝန္ေက်ၾကပါရဲ႕ကြယ္။ ဒါပမဲ့-အဘက
ၾကာၾကာမေနႏိုင္ဘူးေလ။အဘ သြားရလိမ့္မယ္။ အထက္
ကတာဝန္ေပးေနျပန္ၿပီ၊ ၿပီးေတာ့သမီးေလး
လည္း ခုဆို ေကာင္းေနၿပီပဲ” “အို-အဘရယ္
ေနႏိုင္မယ္ဆိုေနပါဦး။ ကြၽန္ေတာ္တို႔ေက်းဇူးဆပ္ရင္
ေသးလို႔ပါေမာင္ၾကည္ ဒီေနရာကို ဘူးေပေတာ့။ ဒါေပမဲ့
တအားစေပါက္ဖို႔ မဟုတ္ဘူးေနာ္။ ခပ္ျဖည္း
ျဖည္းနဲ႔ နက္ေအာင္တုံးစြဲရမွာ၊ ကံ-လုပ္ေပေတာ့
ဦးထြန္းရွိန္ကေဆာင္းပန္သည္။ အားလုံးက
တားၾကေသာ္လည္းအဘ က ေခါင္းခါသည္။
မသြားလို႔မျဖစ္ေတာ့ေၾကာင္း ေျပာသည္။ ေနာက္ဆုံး၌
တားမရေတာ့ေၾကာင္း သိသျဖင့္ ေနာက္ဆုံး
အေနျဖင့္ တစ္ညေလာက္ ေနေပးပါရန္
ေမတၱာရပ္ခံလိုက္ရေတာ့သည္။
“ဒီေလာက္ေတာင္းပန္ေနမွေတာ့ အဘက
လိုက္ေလ်ာရေတာ့မွာေပါ့ ကြယ္။ ကဲ-ကဲ-ဒီတစ္ညပဲေနာ္
“ေက်းဇူးတင္လိုက္တာ – အဘရယ္”
“ဒါထက္ – ေမာင္ၾကည္လည္း ေရာက္ေန
တယ္ဆိုေတာ့-အဘ – မင္း တို႔ကို ေျပာရဦးမယ္။
အဘ – ဒီေရာက္တဲ့ေန႔ကစၿပီး သမီးေလးႀကဳံခဲ့ရတဲ့
ေတာင္ပို႔ေနရာကိုေတာင္ မေတြ႕ရေသးဘူး။
အဘ- အဲဒီ့ေနရာကိုရွင္းလင္း ေပးခဲ့ခ်င္ေသးတယ္”
ဦးထြန္းရွိန္က ဝမ္းသာအားရပင္..
”ဟာ – ေကာင္းတာေပါ့ … အဘရယ္။
အဲဒီ့ေနရာရွင္းရွင္းလင္းလင္း ျဖစ္ သြားရင္
ပိုေကာင္းပါတယ္။ လာ-လာ-အဘ။ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္။
ကိုၾကည္ – ခင္ဗ်ားလည္း လိုက္ခဲ့ဖ်ာ”
ဟူ၍ ဦးၾကည္ကိုပါ အပါေခၚလိုက္သည္။
အိမ္ေရွ႕ေခါင္းရင္းမွပတ္ကာ ၿခံေနာက္သို႔
ထြက္လာခဲ့ေတာ့သည္။ ေတာင္ဘို႔ဟုထင္
ရေသာ ေျမကြက္ လပ္ကေလးအနီးသို႔
ေရာက္လွ်င္ ဦးထြန္းရွိန္က လက္ညႇိဳး
ၫႊန္လ်က္… “ဒီေနရာပဲ – အဘ။
ေတာင္ပို႔ကိုကြၽန္ေတာ္ၿဖိဳၿပီးေျမစိုင္ခဲေတြ
ကိုေတာ့ ေဟာဟိုၿခံေထာင့္က ဝါပင္ေအာက္ကို သြားပစ္လိုက္
တာပၚ ဟုရွင္းျပသည္။အဘကဘာမွမေျပာ။
ေပါက္ျပားမ်ားျဖင့္ေပါက္၍ရွင္း ထားေသာ
ေျမကြက္ကို စိုက္ၾကည့္ေနသည္။ ႏႈတ္မွလည္း တတြတ္
တြတ္ ႐ြတ္ေနသည္။ အတန္ၾကာလွ်င္ ….
“ေမာင္ၾကည္က နာမည္ကသာ တနလၤာနာမ္ကြယ္။
ေန႔နာမ္အစစ္က အဂၤါျဖစ္တယ္။ အဲ့ဒါေၾကာင့္
ေမာင္ၾကည္ေရ – ေပါက္ျပား သြားရွာကြယ္”
ဟု ဆိုင္းမဆင့္ ဗုံမဆင့္ ဆိုလိုက္သည္။
ဦးၾကည္မွာ ခပ္ေၾကာင္ေၾကာင္ ႏွင့္ပင္
ဦးထြန္းရွိန္အား ေပါက္ျပားထားသည့္
ေနရာကို ေမးစမ္း၍ သြားယူခဲ့ ေလသည္။
အဘက ေတာင္ပို႔ကြက္လပ္ကို လက္ညိဳးၫႊန္ကာ
“ေမာင္ၾကည္ေရ- ဒီေနရာကို ထူးေပေတာ့။
ဒါေပမဲ့ – တအားေပါက္ဖို႔ မဟုတ္ဘူးေနာ္။
ခပ္ျဖည္းျဖည္းနဲ႔ နက္ေအာင္တူးဆြရမွာ။ ကဲ – လုပ္ေပ ေတာ့”
ဟု စနစ္က်ေအာင္ သင္ျပေျပာဆိုေလသည္။
ဦးၾကည္သည္အဘေျပာ သည့္အတိုင္း ေျမကို
ေပါက္ျပားျဖင့္ သာသာယာယာခုတ္၍တူးေလသည္။
က်င္းအေတာ္နက္လာေသာအခါ၌တရက္
ရက္ႏွင့္အသံျမည္လာသည္။ ထို႔ေၾကာင့္ ေပါက္ျပားအသြားႏွင့္
မထိဖို႔ လႈိက္၍တူးေဖာ္လိုက္ရာ အင္မတန္
ထူးသည့္ ေႂကြအိုးကေလးတစ္လုံးထြက္လာေလသည္။
အဘလက္သို႔ လွမ္းေပးလိုက္သည္။ တ႐ုတ္
ပန္းအိုးႏွင့္ ခပ္ဆင္ဆင္ တူေသာ အိုးကေလးကို အဘက
ဖြင့္လိုက္၏။ ထို႔ေနာက္ အထဲမွအရာမ်ား
ကိုေခၚထုတ္သည္။ ေ႐ႊဒဂၤါးေလးဆယ့္ငါးျပားထြက္
က်လာသည္။ အဘက ေခါင္းညိတ္ေနရာမွ ေျပာသည္။
“ေမာင္ၾကည္ေရ “ ဒါနဲ႔ မၿပီးေသးဘူးကြယ့္ … ဆက္တူးေပဦး”
ဦးၾကည္လည္း ဆက္၍တူးသည္။ အေတာ္
ၾကာေသာအခါ၌ မယုံႏိုင္ စရာေကာင္းလွသည့္
ေက်ာက္ႏြား႐ုပ္ကေလးတစ္ခုထပ္မံရလိုက္ျပန္သည္။
အေရာင္အဆင္းမွာ ပကတိနက္ေမွာင္ၿပီး
မဟူရာကဲ့သို႔ေတာက္ပေနသည္။ အဘက
ေက်ာက္ႏြားကိုၾကည့္ရင္းၿပဳံးေန၏။
“အင္း … ခုမွပဲ – ရွင္းလင္းသြားေတာ့တယ္။
ဒီေက်ာက္ႏြားသိုးေၾကာင့္ သမီးကေလး
အထိတ္တလန႔္ျဖစ္ေနရတာကိုး။
ကဲ – ကဲ .. ဒါေတြ – အဘပဲ
သိမ္းသြားပါ့မယ္။ ဒါမွ – မင္းတို႔ တစ္အိမ္
သားလုံး အႏၲရာယ္ကင္းၾကမွာ”
အဘသည္ ေနာက္တစ္ေန႔ နံနက္ေစာေစာတြ
င္ ထြက္ခြာသြားေတာ့ သည္။ ေက်ာက္ႏြားသိုး
ႏွင့္ေ႐ႊဒဂၤါးအနည္းကိုယူေဆာင္၍မထြက္သြားခင္က
ဦးၾကည္အား ေ႐ႊဒဂၤါးဆယ့္ငါးျပားေပးရင္း…
“ေမာင္ၾကည္ – မင္းတို႔က အင္မတန္ဆင္းရဲသကြယ္။
ပင္ပင္ပန္းပန္း လုပ္ကိုင္ၾကရသကိုး။ ကဲ
ဒီေ႐ႊဒဂၤါးဆယ္ျပားေတာ့ယူထား။လိုတာ သုံးေပ ေတာ့
ဟု လွမ္းေပးရင္း ေျပာၾကားေလသည္။ အဘ
ေပးခဲ့သည့္ ေ႐ႊဒဂၤါးျပား ကေလးမ်ားကို
လက္ဝယ္ေဆာင္ထားသည္။ ထိုေန႔၊ထိုရက္မွစ၍ဦးၾကည္၊
ေဒၚၾကဴးရင္တို႔၏အေၾကာ္ဆိုင္ကေလးမွာ
ေက်ာ္ၾကားလာေတာ့သည္။ ေရာင္းရသည္မွာလည္း လက္
မလည္ေအာင္ ျဖစ္လာေတာ့သည္။ တစ္စ
တစ္စ ကိုယ့္အိုးကိုယ့္အိမ္ႏွင့္ အိမ္ပိုင္ျဖစ္ခဲ့ရေပေတာ့သည္။
သို႔ရာတြင္အဘႏွင့္ေက်ာက္ႏြားသိုးတို႔ကား
တစ္ႀကိမ္တစ္ခါမွ်ပင္ျပန္ လည္၍မေရာက္
လာၾကေတာ့ေပ။ ဘယ္ရပ္၊ ဘယ္ဌာေနသို႔
ေရာက္ေနၿပီကို ကားမည္သူမွ် မသိႏိုင္ေတာ့ပါတကား။