“အမွေမရခဲ့သော ပညာရပ်”(စ/ဆုံး)

Unicode Version

“အမွေမရခဲ့သော ပညာရပ်”(စ/ဆုံး)
——————————————–
ကျနော့် အဖေရဲ့ အမေ အကြောင်းလေးပြောပြချင်တယ်။
အဖွားက ကျနော့် ကို မွေးစားထားတာ။ အရမ်းချစ်တာဗျ။ အဖွားကချစ်မှန်းသိတော့ ကျနော် ကလည်း ဆိုးတာ လွန်ပါရော။

ကျနော့်အဖွားက အသားဖြူဖြူ ၊ပိန်ပိန်သေးသေးလားဗျ။ကျနော်က ပွေ့ချီလိုက်ရင်စွေ့ခနဲ့ပါလာတတ်တယ်။အဖွားဘယ်သွားသွားကျနော့်က အဖွားကို ကုန်းပိုးပြီးလိုက်ပို့ပေးတာ။အဲ့လောက်ထိ ကျနော်ကလည်းချစ်တာဗျ။
ကျနော်အဖွားကစကားပြော ချိုတယ်၊ ကြွယ်တယ်။ လူတဖက်သားနားဝင်လွယ်အောင် အရမ်းပြောတတ်တာ။အလှူ အတန်းရက်ရောသလို ၊ဒုက္ခရောက်သူကိုလည်း သူတတ်နိုင်တာမှန်သမျှ ကူညီတတ်တယ်ဗျ။ ပေးကမ်းချင်စိတ် ရှိတဲ့သူ။ အဲ့ဒါကြောင့်လည်း လူချစ်လူခင် များတာထင်ပါတယ်ဗျ။
ကျနော်က တော့အဖွားနဲ့ဆန့်ကျင်ဖက်။ လူငယ်ဆိုတော့ ဆိုးချင်တေချင်တဲ့သဘောပေါ့ဗျာ။ ကျနော် ဘယ်လောက်ဆိုးဆိုး ၊ဗိုလ်ကျအနိုင်ယူပါစေ၊သူငယ်ချင်းတွေရော၊ကျနော့်ကိုကြိုက်နေတဲ့ကောင်မလေးတွေရော၊ ဘယ်တော့မှစိတ်ဆိုး နာကြည်းသွားတာမျိုးမရှိကြဘူးဗျ။

ကျနော် က ရုပ်ကလည်းဖြောင့် ၊အရပ်ရှည်ရှည် ၊ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူဆိုတော့ ကောင်မလေးတွေ ကြွေတာ မဆန်းပါဘူးဗျ။ အဲ့ဒီတော့ကျနော်ကလည်း ရည်းစားမဟုတ်သော မိန်းခလေးတွေ ကြားမှာ အပျော်တွေနဲ့ပေ့ါဗျာ။
အပျော်တွေ ဘယ်လောက်လွန်ပါစေ၊ကျနော်သူများ သမီးပျိုတွေကို ကိုယ်ထိလက်ရောက် ဘာတခုမှ မကျူးလွန်ဘူးဗျ။

တနေ့ပေါ့ဗျာ……
ကျနော့ လက်မောင်း က နာပြီး ယောင်လာတာဗျ။ ကျနော်လည်း ဘောလုံးကန်လို့ ထိမိပြီး နာတယ်ပဲထင်ထားတာ။ တဖြည်းဖြည်း ယောင်ပြီး ကိုက်လာတာ မနေနိုင်လောက်အောင်ပဲဗျ။ ကျနော့်လည်း မခံနိုင်တဲ့အဆုံး အဖွားကို ပြလိုက်တယ်။
”အဖွား သားလက်မောင်း ဘာဖြစ်တာလဲမသိဘူး။အရမ်းကိုက်နေလို့”
”ပြစမ်းလူလေး ”
“ဒီမှာလေ။ ”မှန်းစမ်း………လက်မောင်းကလည်း ပူနေတာပဲ။ကဲ…… လူလေး မှာ မုန့်ဖိုး ဘယ်လောက်ရှိသေးလဲ”
ကျနော့်လက်မောင်း ကိုင်ကြည့်ပြီး ငွေဘယ်လောက်ရှိလဲ မေးတော့ နည်းနည်းစိတ်တိုမိတယ် အဖွားကို။
”သား လက်နာနေတဲ့အချိန် မုန့်ဖိုးစစ်ရလား။သားမှာ တထောင်ပဲကျန်တော့တယ်။”
”ဒါဆို သားပိုက်ဆံနဲ့ ကြက်ဥနှစ်လုံးရယ် ၊ဆန်တဗူးနဲ့ အမွှေးတိုင်၊ဖယောင်းတိုင် လေးတွေ ဝယ်ခဲ့။”
”အိမ်မှာ ဆန်တွေရှိရဲ့သားနဲ့ အဖွားကလဲ။ ”
”သွားပါ ငါ့မြေးရယ်။ မြန်မြန်သွား၊မြန်မြန်ပြန်ခဲ့”
ကျနော်လည်း စိတ်မပါပဲ ဈေးဆိုင် ထွက်ခဲ့ပြီး မှာတာတွေ ဝယ်ပြီးပြန်ခဲ့တယ်။
”လူလေး ကြက်ဥ လေးတွေက ကွဲနေသေးလား”
”မကွဲပါဘူး အဖွားရာ”
”အေး ကွယ်……ဒါဆိုလည်း အဲ့ပစ္စည်းလေးတွေနဲ့ အဖွားကိုကန့်တော့။ ”
ကျနော်လည်းနားမလည်နိုင်ဘူးဖြစ်နေတာ။ အဖွားပြောသလို ကျနော် ကန်တော့လိုက်ပေမယ့် လက်ကမမြှောက်နိုင်ဘူး။
”ကဲ လူလေး ရပြီ။ ရော့ …ဒီကြက်ဥ လေးတလုံးကို သွားပြုတ်ခဲ့”
”လက်နာနေတဲ့အချိန် ခိုင်းနေတော့ နည်းနည်း ငြိုငြင်မိနေတာ။ ကြက်ဥပြုတ်ပြီးတော့ အဖွားကို ကျနော်သွားပေးလိုက်တယ်ဗျ။
”လူလေး ဒီမှာထိုင်။ အဘွားကြက်ဥခွာတာ ကြည့်နေနော်”

ကြက်ဥခွာတာ ဘာဆန်းကြယ်လို့လဲဗျာ။ ကျနော့်ကို အဖွားက ဘာအတွက် ကြည့်ခိုင်းမှန်းကို မသိတော့ဘူး။
”လူလေး…… ကြက်ဥအနှစ်က လက်နဲ့ချေရင် ကြေလား”
”ဟာ အဖွားက လည်း။ထိရုံနဲ့တောင် ကြေတယ်လေ”
”ဒါဆို ကြက်ဥအကာ ကရော ငါ့မြေး”
”အဖွားက ဒီနေ့ထူးထူးဆန်းဆန်း လုပ်ပြီး ကြက်ဥအကြောင်းပဲပြောနေတယ်။သားက လက်နာနေပါတယ်ဆိုမှ။
”အေးပါငါ့မြေးရယ်။ ကဲ အဖွားကြက်ဥခွာလို့ ပြီးပြီ။ ကြည့်စမ်းပါဦး ။ဒီကြက်ဥ က ဘယ်လိုတွေဖြစ်နေလဲလို့”
ကျနော် မျက်လုံးနည်းနည်းပြူးသွားတယ်ဗျ။အဖွား ခွာပြီးပြတဲ့ကြက်ဥက အဖြူရောင် တပိုင်း ၊သွေးရောင်လိုလို ဖြစ်နေတာရယ်၊ ညိုမဲမဲ ကြီးရယ်နဲ့ ကာလာစုံနေတယ်ဗျ။ကျနော်လည်း အဖွားကို ပြောလိုက်တယ်ဗျ။
”အဖွား …… ကြက်ဥက အကောင်ပေါက်ခါနီး ဥတွေ ရောပါလာတာနေမှာ။ ဈေးဆိုင်က အင်ထုလိုက်ပြီထင်တယ်”
အဖွားကပြုံးနေတယ်ဗျ။ပြီးတော့ ကြက်ဥကို ခွဲလိုက်ပြီး အနှစ်ကို နည်းနည်းချင်းဖဲ့လိုက်တာ ။အလယ်လောက်မှာ ထူးဆန်းတာ ကျနော် စတွေ့လိုက်တယ်ဗျ။
”လူလေး ဒီကြက်ဥအနှစ်ပုံကိုကြည့်စမ်း ။ဘာပုံစံနဲ့တူလဲ”
ကျနော်လည်း သေချာကြည့်ပြီး ဇဝေဇဝါဖြစ်ကုန်တယ်။
”ဟာ အဖွားကလဲ …… ဒါက ဟို……ဟို ”
”ဟုတ်တယ် ငါ့မြေး။ ဒါက မိန်းမအဂါၤပုံပဲ။ရော့ …… အဲ့ ကြက်ဥအနှစ်ကို သားလက်နဲ့ ကြေအောင် ချေကြည့်စမ်း”
ကျနော်လည်း အဲ့ပုံစံကြက်ဥအနှစ်ကြီးကို ဘယ်ကိုင်ချင်ပါ့မလဲဗျ။ အမြန်ကျေမှ ထပ်မခိုင်းမှာဆိုတော့ ၊လက်နဲ့ ကြမ်းကြမ်းဖိချေလိုက်တယ်ဗျ။
”ဟာ ……ဘယ်လိုဖြစ်တာ”
ကျနော် ဘယ်လောက်ပဲ ချေချေ၊ ရာဘာတုံးကို ချေနေရသလို ပဲဗျ။
”အဖွား ……ဒါဘယ်လိုဖြစ်တာလဲ။ ”
”အဖွားပြောပြမယ်လူလေး။ ရော့ ဒီကြက်ဥအကာလေးပါ ချေကြည့်ပါဦး”
ညိုပုတ်ပုတ်ဖြစ်နေတဲ့ ကြက်ဥ အကာကို ကျနော် ထပ်ချေလိုက် ပြန်တယ်ဗျ။ ကြေမွမသွားပြန်ဘူး။
”မရဘူး အဖွား။အဲ့ဒါဘာဖြစ်တယ် ဆိုတာ သားကိုပြောပြ’
” အဲ့လို ကြက်ဥဖြစ်တယ်ဆိုတာ……သားကို သူများပြုစားလိုက်တာပဲကွယ့်”’
”ဗျာ…………”
ကျနော်အရမ်း အံ့သြမိသွားတယ်။ကျနော့် အဖွား ဘယ်လိုကြောင့်သိတယ်ဆိုတာ ကျနော်မေးမြန်းမိတယ်။
”အဖွား ဘယ်လိုသိတာလဲ။သားကို နားလည်အောင် သေချာပြောပြပါ”
”ဒီလို လူလေးရဲ့……အဖွား လားရှိုး ပြန်တော့ ရထားပေါမှာ ရှမ်းအဖွားတယောက်နဲ့ဆုံခဲ့တယ်။ အဖွားရဲ့စေတနာ ကသားသိတဲ့အတိုင်းပဲ။ကျွေးချင် ပေးချင်စိတ် က လူတိုင်းအပေါရှိတယ်။အဲ့ရှမ်းအဖွားကို ပါလာတဲ့ထမင်းဟင်းနဲ့ မုန့်တွေ တလမ်းလုံးကျွေးလာခဲ့တယ်။ အနွေးထည် ပါပေးလိုက်တယ်။ လမ်းတဝက်ကျော် လောက်ကျတော့ ရှမ်းအဖွားက………
”သမီးရဲ့ စိတ်ရင်း ကတကယ်ဖြူစင်တယ်။မေတ္တာတရားလည်းရှိတယ်။လောဘ နည်းတဲ့အတွက် အမေက ပညာတခုချီးမြှင့်ခဲ့မယ်။ ဒီပညာကို ရချိန်ကစပြီး လူ့အသက်ကိုကယ်တင်ဖို့၊ ဒုက္ခရောက်သူကို ကယ်တင်ဖို့ ပဲလုပ်ဆောင်ရမယ်။ အခကြေးငွေ တောင်းပြီး လူတွေကို ကုစားတာမျိုးမလုပ်ရဘူး။သူတို့ စေတနာထားပြီး ကန့်တော့ တာကို လက်ခံနိုင်တယ်။ ငါက ဒီပညာတွေ ရှိတယ်ဆိုပြီး မာန်မာနမထားရဘူး။ ကဲ… အမေပြောတာတွေ လုပ်နိုင်ရဲ့လား”
”လုပ်နိုင်ပါတယ်အမေ။ကတိပေးပြီး သစ္စာဆိုခဲ့လို့” အဖွား ဒီပညာကို ရခဲ့တာပဲ”။

”အဖွား ……သားကို ဘာလို့ ပြုစားတာ ရယ် ၊ သားကို ဘာဖြစ်အောင် ထိ လုပ်တာရယ်ပြောပြပါဦး”
”ဒါကတော့ ငါ့မြေးရယ်……တချို့ က ချစ်လို့၊ တချို့မုန်းလို့၊ မနာလိုဝန်တိုမှုကြောင့်လဲ ပြုစားတတ်ကြတယ်။ အခု့ငါ့မြေးကို လည်း မသေရုံတမယ် လုပ်ထားတာ။အဖွားသိတာ စောသွားလို့ ကံကောင်းတယ်မှတ်ပါ။
အခုသားကို ပြုစားတာ မိန်းကလေး ဖြစ်နေလို့ ကြက်ဥမှာမိန်းခလေး တန်ဆာပေါတာ။ယောက်ကျားလေးဆိုလည်း ထို့နည်းတူစွာပဲပေါတယ်။ အသေလုပ်တာဆိုရင် ကြက်ဥ က မဲညိုနေမယ် ။ သားအဖေတုန်းက ဆိုရင် အချိန်မှီလေးပဲ ။ ဖားကန့်မှာအလုပ်သွားလုပ်ရင်း ပြုစားခံလိုက်ရတာပဲ”
”ဟုတ်လားအဖွား။သားက အခုမှသိတယ်”
”ဒါပေါ့ ငါမြေး။ နောက်ဆိုရင် အနန္တော၊ အနန္တငါးပါးကို မမေ့ပဲ စိတ်ထဲ အမြဲရှိအောင် ဆည်းကပ်ရမယ်။ သတိရတဲ့အချိန်တွေတိုင်း ဘုရားစာ ရတာလေးတွေရွတ်။နောက်ဆုံ းအိမ်သာတက်လို့ သတိရရင် တောင် ရွတ်ဖတ်ပါ။ နောက်တခုမှာချင်တာက ဘုရားစင်ပေါက ရေးမွှေးတွေ မဆွတ်နဲ့နော်။ သားဆွတ်ချင်ရင်အဖွားကိုပြော”
”အဖွားကလည်း ရေမွှေးကို အဖွားလည်း ဆွတ်တာ မဟုတ်ပဲနဲ့”’
”မဟုတ်ဘူးငါ့မြေးရဲ့။ အဲ့ဒီရေမွှေး က အဖွားစီရင်ထားတဲ့ ရေမွှေးဖြစ်နေလို့။ပုလင်းထဲမှာ ပရိတ်ကြိုးတွေ ရှိတယ်”
ကျနော် လည်း ချက်ခြင်းယူကြည့်မိတယ်ဗျ။အဖွားက ပုလင်းထဲကကြိးုကိုထုတ်ပြီး ကျနော့်ကို ဆွဲပေးလိုက်တယ်။
”ဒီကြိုးက သားကို တော်ရုံသူ မပြုစားနိုင်သလို၊အနားလည်း ကပ်လို့ မရဘူး။ဘုန်းကံနိမ့်မယ့်နေရာတွေတော့ မသွားနဲ့။မဝင်နဲ့။”
”ဒီကြိုးလေးက အဲ့လောက်စွမ်းတာလားအဖွား”
” ဒါပေါ့ငါ့မြေးရယ်။”
”ရေမွှေးကရော အဖွား”
”သားသုံးနေပြီး မသိဘူးလားကွယ့်”
”မသိပါဘူး အဖွားကလည်း ရှင်းပြ”
”ဒီရေမွှေးက လူချစ်လူခင် များတယ်။ မျက်နှာမြင်ချစ်ခင်။အသံကြား သနားပါစေဆိုတဲ့ ဆုတောင်း တွေနဲ့ ပြည့်စေတယ်”
”ဒါဆို သားက ဒီရေမွှေးကြောင့် လူချစ်လူခင်များနေတာလား”
”အဲ့လိုလဲ မဟုတ်ပြန်ဘူးကွယ့်။ ကိုယ့်ကျင့်တရားနဲ့လည်းဆိုင်တယ်။သားက စိတ်ထားကောင်းလေ အစွမ်းထက်လေဆိုတဲ့သဘောပဲ”
”အဖွား………သားကို အဲ့ဒီပညာတွေသင်ပေးပါလား”
”သားကငယ်ပါသေးတယ်။နောက်တော့ ဒီပညာရပ်က ဘယ်လို လူမျိုးကို လက်ဆင့်ကမ်းသင့်တယ်ဆိုတာ အဖွားပြောပြမယ်။ဒီပညာက ပေးချင်တိုင်းပေးလို့ မရဘူး။ ကဲ ငါ့မြေးလေး လက်က နာသေးလားကွယ့်”
အဖွားပြောမှ ကျနော်သတိထားမိတယ်။ ကျနော့်လက်မောင်းကို ခဏလေးကိုင်ပြီး တခုခုရွတ်လိုက်ပြီး ကျနော့်နဲ့စကားတွေ ဆက်တိုက်ပြောနေတဲ့အချိန်တွင်း လက်မောင်းက ယောင်ကိုင်းတာတွေ ဘယ်အချိန်က ကျသွားလဲ မသိလိုက်ဘူးဗျ။
ကျနော် အံ့သြလွန်းလို့ ဘာပြောရမှန်းမသိတော့ပါဘူးဗျာ။
ကြက်ဥလေး တလုံးထဲကို ကြည့်ပြီး ဘယ်သူက ဘာကြောင့်
လုပ်တယ်ဆိုတာ သက်သေပြပြီး ကုပေးတဲ့ ပညာရပ်ကို ကျနော် အမွေမရခဲ့ဘူးဗျာ။
အဖွား ကုပေးခဲ့လူနာပေါင်းများ စွာအခုထိသက်ရှိထင်ရှား ရှိနေကြဆဲပါ။ ဒီပညာရပ်ကို ဘယ်လို နာမည်ပေးထားတယ်ဆိုတာလည်းကျနော် သိခွင့်မရခဲ့ပါဘူး။
ကျနော့် အဖွားမဆုံးခင်အချိန်ထိ ၊အဖွားသားသမီးတွေ၊ကျနော်တို့ မြေးတွေ ပညာတောင်းခံခဲ့ကြပေမယ့် တယောက်မှ မရခဲ့ကြပါဘူး။
ကြက်ဥလေးနှစ်လုံး ၊ဆန်တဗူး၊အမွေးတိုင် ၊ဖယောင်းတိုင် ရယ် ကိုင်ပြီး လာပြီး ကုတဲ့ လူနာပေါင်းများစွာအပေါ အပြုံးလေး နဲ့ မေတ္တာတွေ ပို့ပေးတတ်တဲ့ အဖွားကို သတိရခြင်းများစွာနဲ့အတူ ဒီဇတ်လမ်းလေးနဲ့ ကန့်တော့လိုက်ပါတယ်။ ရောက်ရာဘဝကနေ သာဓု ခေါနိုင်ပါစေ အဖွားရေ…………။

စာဖတ်သူတွေထဲမှာ ဒီပညာရပ်ကို သိရှိသူရှိရင် Commentမှာရေးပေးခဲ့ပါဗျ။
တိမ်မြှုပ်သွားမှာ ကျနော်စိုးရိမ်မိတယ်။
အားလုံး ကျမ်းမာရွှင်လန်းကြပါစေ။

စာရေးသူ………Dနေ့သစ်”

Zawgyi Version

“အေမြမရခဲ႕ေသာ ပညာရပ္”(စ/ဆံုး)
——————————————–
က်ေနာ့္ အေဖရဲ႕ အေမ အေျကာင္းေလးေျပာျပခ်င္တယ္။
အဖြားက က်ေနာ့္ ကို ေမြးစားထားတာ။ အရမ္းခ်စ္တာဗ်။ အဖြားကခ်စ္မွန္းသိေတာ့ က်ေနာ္ ကလည္း ဆိုးတာ လြန္ပါေရာ။

က်ေနာ့္အဖြားက အသားျဖူျဖူ ၊ပိန္ပိန္ေသးေသးလားဗ်။က်ေနာ္က ေပြ႕ခ်ီလိုက္ရင္ေစြ႕ခနဲ႕ပါလာတတ္တယ္။အဖြားဘယ္သြားသြားက်ေနာ့္က အဖြားကို ကုန္းပိုးျပီးလိုက္ပို့ေပးတာ။အဲ႕ေလာက္ထိ က်ေနာ္ကလည္းခ်စ္တာဗ်။
က်ေနာ္အဖြားကစကားေျပာ ခ်ိုတယ္၊ ျကြယ္တယ္။ လူတဖက္သားနားဝင္လြယ္ေအာင္ အရမ္းေျပာတတ္တာ။အလွဴ အတန္းရက္ေရာသလို ၊ဒုကၡေရာက္သူကိုလည္း သူတတ္နိုင္တာမွန္သမ်ွ ကူညီတတ္တယ္ဗ်။ ေပးကမ္းခ်င္စိတ္ ရွိတဲ႕သူ။ အဲ႕ဒါေျကာင့္လည္း လူခ်စ္လူခင္ မ်ားတာထင္ပါတယ္ဗ်။
က်ေနာ္က ေတာ့အဖြားနဲ႕ဆန့္က်င္ဖက္။ လူငယ္ဆိုေတာ့ ဆိုးခ်င္ေတခ်င္တဲ႕သေဘာေပါ့ဗ်ာ။ က်ေနာ္ ဘယ္ေလာက္ဆိုးဆိုး ၊ဗိုလ္က်အနိုင္ယူပါေစ၊သူငယ္ခ်င္းေတြေရာ၊က်ေနာ့္ကိုျကိုက္ေနတဲ႕ေကာင္မေလးေတြေရာ၊ ဘယ္ေတာ့မွစိတ္ဆိုး နာျကည္းသြားတာမ်ိုးမရွိျကဘူးဗ်။

က်ေနာ္ က ရုပ္ကလည္းေျဖာင့္ ၊အရပ္ရွည္ရွည္ ၊ေထာင္ေထာင္ေမာင္းေမာင္း၊ အသားျဖူျဖူဆိုေတာ့ ေကာင္မေလးေတြ ေျကြတာ မဆန္းပါဘူးဗ်။ အဲ႕ဒီေတာ့က်ေနာ္ကလည္း ရည္းစားမဟုတ္ေသာ မိန္းခေလးေတြ ျကားမွွာ အေပ်ာ္ေတြနဲ႕ေပ႕ါဗ်ာ။
အေပ်ာ္ေတြ ဘယ္ေလာက္လြန္ပါေစ၊က်ေနာ္သူမ်ား သမီးပ်ိုေတြကို ကိုယ္ထိလက္ေရာက္ ဘာတခုမွ မက်ူးလြန္ဘူးဗ်။

တေန႕ေပါ႕ဗ်ာ……
က်ေနာ့ လက္ေမာင္း က နာျပီး ေယာင္လာတာဗ်။ က်ေနာ္လည္း ေဘာလံုးကန္လို့ ထိမိျပီး နာတယ္ပဲထင္ထားတာ။ တျဖည္းျဖည္း ေယာင္ျပီး ကိုက္လာတာ မေနနိုင္ေလာက္ေအာင္ပဲဗ်။ က်ေနာ့္လည္း မခံနိုင္တဲ႕အဆံုး အဖြားကို ျပလိုက္တယ္။
”အဖြား သားလက္ေမာင္း ဘာျဖစ္တာလဲမသိဘူး။အရမ္းကိုက္ေနလို့”
”ျပစမ္းလူေလး ”
“ဒီမွာေလ။ ”မွန္းစမ္း………လက္ေမာင္းကလည္း ပူေနတာပဲ။ကဲဲ…… လူေလး မွာ မုန့္ဖိုး ဘယ္ေလာက္ရွိေသးလဲ”
က်ေနာ့္လက္ေမာင္း ကိုင္ျကည့္ျပီး ေငြဘယ္ေလာက္ရွိလဲ ေမးေတာ့ နည္းနည္းစိတ္တိုမိတယ္ အဖြားကို။
”သား လက္နာေနတဲ႕အခ်ိန္ မုန့္ဖိုးစစ္ရလား။သားမွာ တေထာင္ပဲက်န္ေတာ့တယ္။”
”ဒါဆို သားပိုက္ဆံနဲ႕ ျကက္ဥႏွစ္လံုးရယ္ ၊ဆန္တဗူးနဲ႕ အေမႊးတိုင္၊ဖေယာင္းတိုင္ ေလးေတြ ဝယ္ခဲ႕။”
”အိမ္မွာ ဆန္ေတြရွိရဲ႕သားနဲ႕ အဖြားကလဲ။ ”
”သြားပါ ငါ့ေျမးရယ္။ ျမန္ျမန္သြား၊ျမန္ျမန္ျပန္ခဲ႕”
က်ေနာ္လည္း စိတ္မပါပဲ ေစ်းဆိုင္ ထြက္ခဲ႕ျပီး မွာတာေတြ ဝယ္ျပီးျပန္ခဲ႕တယ္။
”လူေလး ျကက္ဥ ေလးေတြက ကြဲေနေသးလား”
”မကြဲပါဘူး အဖြားရာ”
”ေအး ကြယ္……ဒါဆိုလည္း အဲ႕ပစၥည္းေလးေတြနဲ႕ အဖြားကိုကန့္ေတာ့။ ”
က်ေနာ္လည္းနားမလည္နိုင္ဘူးျဖစ္ေနတာ။ အဖြားေျပာသလို က်ေနာ္ ကန္ေတာ့လိုက္ေပမယ့္ လက္ကမေျမွာက္နိုင္ဘူး။
”ကဲ လူေလး ရျပီ။ ေရာ့ …ဒီျကက္ဥ ေလးတလံုးကို သြားျပုတ္ခဲ႕”
”လက္နာေနတဲ႕အခ်ိန္ ခိုင္းေနေတာ့ နည္းနည္း ျငိုျငင္မိေနတာ။ ျကက္ဥျပုတ္ျပီးေတာ့ အဖြားကို က်ေနာ္သြားေပးလိုက္တယ္ဗ်။
”လူေလး ဒီမွာထိုင္။ အဘြားျကက္ဥခြာတာ ျကည့္ေနေနာ္”

ျကက္ဥခြာတာ ဘာဆန္းျကယ္လို့လဲဗ်ာ။ က်ေနာ့္ကို အဖြားက ဘာအတြက္ ျကည့္ခိုင္းမွန္းကို မသိေတာ့ဘူး။
”လူေလး…… ျကက္ဥအနွစ္က လက္နဲ့ေခ်ရင္ ေျကလား”
”ဟာ အဖြားက လည္း။ထိရံုနဲ႕ေတာင္ ေျကတယ္ေလ”
”ဒါဆို ျကက္ဥအကာ ကေရာ ငါ့ေျမး”
”အဖြားက ဒီေန့ထူးထူးဆန္းဆန္း လုပ္ျပီး ျကက္ဥအေျကာင္းပဲေျပာေနတယ္။သားက လက္နာေနပါတယ္ဆိုမွ။
”ေအးပါငါ့ေျမးရယ္။ ကဲ အဖြားျကက္ဥခြာလို့ ျပီးျပီ။ ျကည့္စမ္းပါဦး ။ဒီျကက္ဥ က ဘယ္လိုေတြျဖစ္ေနလဲလို့”
က်ေနာ္ မ်က္လံုးနည္းနည္းျပူးသြားတယ္ဗ်။အဖြား ခြာျပီးျပတဲ႕ျကက္ဥက အျဖူေရာင္ တပိုင္း ၊ေသြးေရာင္လိုလို ျဖစ္ေနတာရယ္၊ ညိုမဲမဲ ျကီးရယ္နဲ႕ ကာလာစံုေနတယ္ဗ်။က်ေနာ္လည္း အဖြားကို ေျပာလိုက္တယ္ဗ်။
”အဖြား …… ျကက္ဥက အေကာင္ေပါက္ခါနီး ဥေတြ ေရာပါလာတာေနမွာ။ ေစ်းဆိုင္က အင္ထုလိုက္ျပီထင္တယ္”
အဖြားကျပံုးေနတယ္ဗ်။ျပီးေတာ့ ျကက္ဥကို ခြဲလိုက္ျပီး အနွစ္ကို နည္းနည္းခ်င္းဖဲ႕လိုက္တာ ။အလယ္ေလာက္မွာ ထူးဆန္းတာ က်ေနာ္ စေတြ႕လိုက္တယ္ဗ်။
”လူေလး ဒီျကက္ဥအနွစ္ပံုကိုျကည့္စမ္း ။ဘာပံုစံနဲ႕တူလဲ”
က်ေနာ္လည္း ေသခ်ာျကည့္ျပီး ဇေဝဇဝါျဖစ္ကုန္တယ္။
”ဟာ အဖြားကလဲ …… ဒါက ဟို……ဟို ”
”ဟုတ္တယ္ ငါ့ေျမး။ ဒါက မိန္းမအဂါၤပံုပဲ။ေရာ့ …… အဲ႕ ျကက္ဥအနွစ္ကို သားလက္နဲ႕ ေျကေအာင္ ေခ်ျကည့္စမ္း”
က်ေနာ္လည္း အဲ႕ပံုစံျကက္ဥအနွစ္ျကီးကို ဘယ္ကိုင္ခ်င္ပါ့မလဲဗ်။ အျမန္ေက်မွ ထပ္မခိုင္းမွာဆိုေတာ့ ၊လက္နဲ႕ ျကမ္းျကမ္းဖိေခ်လိုက္တယ္ဗ်။
”ဟာ ……ဘယ္လိုျဖစ္တာ”
က်ေနာ္ ဘယ္ေလာက္ပဲ ေခ်ေခ်၊ ရာဘာတံုးကို ေခ်ေနရသလို ပဲဗ်။
”အဖြား ……ဒါဘယ္လိုျဖစ္တာလဲ။ ”
”အဖြားေျပာျပမယ္လူေလး။ ေရာ့ ဒီျကက္ဥအကာေလးပါ ေခ်ျကည့္ပါဦး”
ညိုပုတ္ပုတ္ျဖစ္ေနတဲ႕ ျကက္ဥ အကာကို က်ေနာ္ ထပ္ေခ်လိုက္ ျပန္တယ္ဗ်။ ေျကမြမသြားျပန္ဘူး။
”မရဘူး အဖြား။အဲ႕ဒါဘာျဖစ္တယ္ ဆိုတာ သားကိုေျပာျပ’
” အဲ႕လို ျကက္ဥျဖစ္တယ္ဆိုတာ……သားကို သူမ်ားျပုစားလိုက္တာပဲကြယ့္”’
”ဗ်ာ…………”
က်ေနာ္အရမ္း အံ႕ျသမိသြားတယ္။က်ေနာ့္ အဖြား ဘယ္လိုေျကာင့္သိတယ္ဆိုတာ က်ေနာ္ေမးျမန္းမိတယ္။
”အဖြား ဘယ္လိုသိတာလဲ။သားကို နားလည္ေအာင္ ေသခ်ာေျပာျပပါ”
”ဒီလို လူေလးရဲ႕……အဖြား လားရႈိး ျပန္ေတာ့ ရထားေပါမွာ ရွမ္းအဖြားတေယာက္နဲ႕ဆံုခဲ႕တယ္။ အဖြားရဲ႕ေစတနာ ကသားသိတဲ႕အတိုင္းပဲ။ေက်ြးခ်င္ ေပးခ်င္စိတ္ က လူတိုင္းအေပါရွိတယ္။အဲ႕ရွမ္းအဖြားကို ပါလာတဲ႕ထမင္းဟင္းနဲ႕ မုန့္ေတြ တလမ္းလံုးေက်ြးလာခဲ႕တယ္။ အေႏြးထည္ ပါေပးလိုက္တယ္။ လမ္းတဝက္ေက်ာ္ ေလာက္က်ေတာ့ ရွမ္းအဖြားက………
”သမီးရဲ႕ စိတ္ရင္း ကတကယ္ျဖူစင္တယ္။ေမတာၱတရားလည္းရွိတယ္။ေလာဘ နည္းတဲ႕အတြက္ အေမက ပညာတခုခ်ီးျမွင့္ခဲ႕မယ္။ ဒီပညာကို ရခ်ိန္ကစျပီး လူ့အသက္ကိုကယ္တင္ဖို့၊ ဒုကၡေရာက္သူကို ကယ္တင္ဖို့ ပဲလုပ္ေဆာင္ရမယ္။ အခေျကးေငြ ေတာင္းျပီး လူေတြကို ကုစားတာမ်ိုးမလုပ္ရဘူး။သူတို့ ေစတနာထားျပီး ကန့္ေတာ့ တာကို လက္ခံနိုင္တယ္။ ငါက ဒီပညာေတြ ရွိတယ္ဆိုျပီး မာန္မာနမထားရဘူး။ ကဲ… အေမေျပာတာေတြ လုပ္နိုင္ရဲ႕လား”
”လုပ္နိုင္ပါတယ္အေမ။ကတိေပးျပီး သစၥာဆိုခဲ႕လို့” အဖြား ဒီပညာကို ရခဲ႕တာပဲ”။

”အဖြား ……သားကို ဘာလို့ ျပုစားတာ ရယ္ ၊ သားကို ဘာျဖစ္ေအာင္ ထိ လုပ္တာရယ္ေျပာျပပါဦး”
”ဒါကေတာ့ ငါ့ေျမးရယ္……တခ်ို့ က ခ်စ္လို့၊ တခ်ို့မုန္းလို့၊ မနာလိုဝန္တိုမႈေျကာင့္လဲ ျပုစားတတ္ျကတယ္။ အခု့ငါ့ေျမးကို လည္း မေသရံုတမယ္ လုပ္ထားတာ။အဖြားသိတာ ေစာသြားလို့ ကံေကာင္းတယ္မွတ္ပါ။
အခုသားကို ျပုစားတာ မိန္းကေလး ျဖစ္ေနလို့ ျကက္ဥမွာမိန္းခေလး တန္ဆာေပါတာ။ေယာက္က်ားေလးဆိုလည္း ထို့နည္းတူစြာပဲေပါတယ္။ အေသလုပ္တာဆိုရင္ ျကက္ဥ က မဲညိုေနမယ္ ။ သားအေဖတုန္းက ဆိုရင္ အခ်ိန္မွီေလးပဲ ။ ဖားကန္႕မွာအလုပ္သြားလုပ္ရင္း ျပုစားခံလိုက္ရတာပဲ”
”ဟုတ္လားအဖြား။သားက အခုမွသိတယ္”
”ဒါေပါ့ ငါေျမး။ ေနာက္ဆိုရင္ အနေႏၲာ၊ အနႏၲငါးပါးကို မေမ့ပဲ စိတ္ထဲ အျမဲရွိေအာင္ ဆည္းကပ္ရမယ္။ သတိရတဲ႕အခ်ိန္ေတြတိုင္း ဘုရားစာ ရတာေလးေတြရြတ္။ေနာက္ဆံု းအိမ္သာတက္လို့ သတိရရင္ ေတာင္ ရြတ္ဖတ္ပါ။ ေနာက္တခုမွာခ်င္တာက ဘုရားစင္ေပါက ေရးေမႊးေတြ မဆြတ္နဲ႕ေနာ္။ သားဆြတ္ခ်င္ရင္အဖြားကိုေျပာ”
”အဖြားကလည္း ေရေမႊးကို အဖြားလည္း ဆြတ္တာ မဟုတ္ပဲနဲ႕”’
”မဟုတ္ဘူးငါ့ေျမးရဲ႕။ အဲ႕ဒီေရေမႊး က အဖြားစီရင္ထားတဲ႕ ေရေမႊးျဖစ္ေနလို့။ပုလင္းထဲမွာ ပရိတ္ျကိုးေတြ ရွိတယ္”
က်ေနာ္ လည္း ခ်က္ျခင္းယူျကည့္မိတယ္ဗ်။အဖြားက ပုလင္းထဲကျကိးုကိုထုတ္ျပီး က်ေနာ့္ကို ဆြဲေပးလိုက္တယ္။
”ဒီျကိုးက သားကို ေတာ္ရံုသူ မျပုစားနိုင္သလို၊အနားလည္း ကပ္လို့ မရဘူး။ဘုန္းကံနိမ့္မယ့္ေနရာေတြေတာ့ မသြားနဲ႕။မဝင္နဲ႕။”
”ဒီျကိုးေလးက အဲ႕ေလာက္စြမ္းတာလားအဖြား”
” ဒါေပါ့ငါ့ေျမးရယ္။”
”ေရေမႊးကေရာ အဖြား”
”သားသံုးေနျပီး မသိဘူးလားကြယ့္”
”မသိပါဘူး အဖြားကလည္း ရွင္းျပ”
”ဒီေရေမႊးက လူခ်စ္လူခင္ မ်ားတယ္။ မ်က္နွာျမင္ခ်စ္ခင္။အသံျကား သနားပါေစဆိုတဲ႕ ဆုေတာင္း ေတြနဲ႕ ျပည့္ေစတယ္”
”ဒါဆို သားက ဒီေရေမႊးေျကာင့္ လူခ်စ္လူခင္မ်ားေနတာလား”
”အဲ႕လိုလဲ မဟုတ္ျပန္ဘူးကြယ့္။ ကိုယ့္က်င့္တရားနဲ႕လည္းဆိုင္တယ္။သားက စိတ္ထားေကာင္းေလ အစြမ္းထက္ေလဆိုတဲ႕သေဘာပဲ”
”အဖြား………သားကို အဲ႕ဒီပညာေတြသင္ေပးပါလား”
”သားကငယ္ပါေသးတယ္။ေနာက္ေတာ့ ဒီပညာရပ္က ဘယ္လို လူမ်ိုးကို လက္ဆင့္ကမ္းသင့္တယ္ဆိုတာ အဖြားေျပာျပမယ္။ဒီပညာက ေပးခ်င္တိုင္းေပးလို့ မရဘူး။ ကဲ ငါ့ေျမးေလး လက္က နာေသးလားကြယ့္”
အဖြားေျပာမွ က်ေနာ္သတိထားမိတယ္။ က်ေနာ္ ့လက္ေမာင္းကို ခဏေလးကိုင္ျပီး တခုခုရြတ္လိုက္ျပီး က်ေနာ့္နဲ႕စကားေတြ ဆက္တိုက္ေျပာေနတဲ႕အခ်ိန္တြင္း လက္ေမာင္းက ေယာင္ကိုင္းတာေတြ ဘယ္အခ်ိန္က က်သြားလဲ မသိလိုက္ဘူးဗ်။
က်ေနာ္ အံ႕ျသလြန္းလို့ ဘာေျပာရမွန္းမသိေတာ့ပါဘူးဗ်ာ။
ျကက္ဥေလး တလံုးထဲကို ျကည့္ျပီး ဘယ္သူက ဘာေျကာင့္
လုပ္တယ္ဆိုတာ သက္ေသျပျပီး ကုေပးတဲ႕ ပညာရပ္ကို က်ေနာ္ အေမြမရခဲ႕ဘူးဗ်ာ။
အဖြား ကုေပးခဲ႕လူနာေပါင္းမ်ား စြာအခုထိသက္ရွိထင္ရွား ရွိေနျကဆဲပါ။ ဒီပညာရပ္ကို ဘယ္လို နာမည္ေပးထားတယ္ဆိုတာလည္းက်ေနာ္ သိခြင့္မရခဲ႕ပါဘူး။
က်ေနာ့္ အဖြားမဆံုးခင္အခ်ိန္ထိ ၊အဖြားသားသမီးေတြ၊က်ေနာ္တို့ ေျမးေတြ ပညာေတာင္းခံခဲ႕ျကေပမယ့္ တေယာက္မွ မရခဲ႕ျကပါဘူး။
ျကက္ဥေလးနွစ္လံုး ၊ဆန္တဗူး၊အေမြးတိုင္ ၊ဖေယာင္းတိုင္ ရယ္ ကိုင္ျပီး လာျပီး ကုတဲ႕ လူနာေပါင္းမ်ားစြာအေပါ အျပံုးေလး နဲ႕ ေမတၱာေတြ ပို့ေပးတတ္တဲ႕ အဖြားကို သတိရျခင္းမ်ားစြာနဲ႕အတူ ဒီဇတ္လမ္းေလးနဲ႕ ကန့္ေတာ့လိုက္ပါတယ္။ ေရာက္ရာဘဝကေန သာဓု ေခါနိုင္ပါေစ အဖြားေရ…………။

စာဖတ္သူေတြထဲမွာ ဒီပညာရပ္ကို သိရွိသူရွိရင္ Commentမွာေရးေပးခဲ႕ပါဗ်။
တိမ္ျမႈပ္သြားမွာ က်ေနာ္စိုးရိမ္မိတယ္။
အားလံုး က်မ္းမာရႊင္လန္းျကပါေစ။

စာေရးသူ………Dေန႕သစ္”