** သေရွာပြန်၏ နောင်တ **(စ/ဆုံး)

Unicode version

** သေရွာပြန်၏ နောင်တ **(စ/ဆုံး)

မလိခမြစ်ရေပြင်ပေါ်သို့ လရောင်ကလေး
က ကျဲကျဲပါးပါး ဖြာဆင်းကျနေသောကြောင့်
ငွေရောင်တလက်လက်
တောက်ပလျက်ရှိ
သည်။ လှိုင်းကြက်ခွပ်ကလေးများ တဖျပ်ဖျပ်
ထ,နေပုံမှာ ကြည့်ကောင်းလှတော့သည်။
မြစ်ရေပြင်တစ်ဝိုက်မှာအသွားအလာ

ကင်းရှင်းနေသောကြောင့် တိတ်ဆိတ်ငြိမ်
သက်လျက် ရှိနေလေသည်။
သို့သော် ကောင်းမှုလုံစေတီတော်နှင့်
မလှမ်းမကမ်းတွင် လူတစ်ယောက် ရှိ နေသည်။

ထိုသူမှာ ရေမုဆိုးကြီး ဦးဘိုးကွန်းပင် ဖြစ် တော့သည်။
ဦးဘိုးကွန်းသည် စပါးတင်း (၅၀)ခန့်ပါ
လှေတစ်စင်းအား ကောင်းမှုလုံ ကမ်းစပ်၌
ဆိုက်ကပ်ထားပြီးထိုလှေပေါ်တွင်
ငါးမျှားကြိုးအား မနီလာကြိုးများဖြင့် အကျအန တပ်ဆင်ထားလေသည်။
ထို့နောက် ငါးမျှားချိတ်တွငင် ဥဒေါင်း ဗျိုင်းတောင်ကို ချိတ်လျက် တပ်ဆင်ထားလေ သည်။
ထို ငါးမျှားကြိုးကို ကိုင်းတံအဖျားတွင် တပ်ကာ ဗျိုင်းမွှေးတောင် ထပ်ထားသော
ငါးမျှားကို ရေထဲချ၍
လှုပ်ခတ်လိုက်
သောအခါ ငါးအရှင်တစ်ကောင် ကူးခတ်
လှုပ်ရှားသွားလာနေသည်နှင့် တူတော့သည်။
လရောင်ဖြင့် ငှက်မွေးတောင်ကလေးကို ဟိုမှသည်မှ ရွေ့ရှား လှုပ်ခတ်ပေးနေရာ

အခြားငါးကြီးများ တစ်ကောင်နှစ်ကောင် လာဟပ်သဖြင့် ရရှိထားပေပြီ၊
ငါးက “ဝုန်းခနဲ’ ဟပ်လိုက်သည်နှင့် ငှက်မွေးတောင်က အပေါ်သို့ မြောက်တက် သွားသဖြင့် ငါးသာမိပြီး ငှက်မွေးတောင်
ကတော့ ပျက်ဆီးခြင်း မရှိပေ။
တောက်
ဒီညတော့ ငါးလိုက်သံက …
ကောင်းကောင်းအစွမ်းပြနေပြီး ရလိုက်တဲ့
ငါးတွေ ဖြုတ်လို့တောင် မနိုင်ဘူး၊ ဒါပေမဲ့ ငါ လိုချင်တဲ့ ငါးကြီးကတော့ အခုထိ လာမဟပ်
သေးဘူး’
ဤသို့ဖြင့်
စိတ်ရှည်လက်ရှည်နှင့်များ
နေရာ အခြားငါးကြီးများ လေးငါးကောင်ရ
ပြီးသည်နှင့် ရေအောက်မှ အလွန်ကြီးသော ငါးကြီးတစ်ကောင် တက်လာပြီး ငါးများကို ထိုးဟပ်သွားလေတော့သည်။
ထိုငါးကြီး ဟပ်၍ ဆွဲသွားသည်နှင့် ကိုင်းတံမှာ ‘ဖြောင်းခနဲ” ကျိုးထွက်သွားကာ ကြိုး
မှာငါးဆွဲပြေးရာနောက်သို့
ပါသွားတော့သည်။

လှေပေါ်တွင် ခွေတင်ထားသော
ကြိုးခွေမှာ မြွေတစ်ကောင်အလား ရေထဲသို့
လျှောဆင်းသွားသည်ကို မြင်သောအခါ ဦး
ဘိုးကွန်းမှာ ငါးမျှားကြိုးများကို လက်ဖြင့် ဆွဲ
ထိန်းထားရန် ကြိုးစားသော်လည်း ဘယ်လိုမှ
မရတော့ပေ။
မရတော့သည့်အဆုံးတွင် ကြိုးစအဆုံးကို
လှေဦးတုံးတွင်
ပတ်ချည်ထားလိုက်
တော့သည်။
လှေပေါ်မှ ကြိုးခွေများ ဆုံးသွားသောအခါ
လှေချည်ထားသော ကြိုးမှာ ‘ထောင်းခနဲ’ ပြတ်ထွက်သွားပြီးနောက် လှေမှာ ငါးဆွဲရာ နောက်သို့ ပါသွားလေတော့သည်။
လှေဦးတုံး၌ ကြိုးစကို ခိုင်အောင် ချည် ထားသောကြောင့် လှေမှာ ရေစီးသန်သော မလိခမြစ်ရေကို ဆန်တက်သွားရာ စက်တပ် ရေယာဉ်မက ရှိတော့သည်။ အသွားရှိန် မြန်
လွန်းသောကြောင့် ရှေ့မှ ဖြာထွက်လာသော
ရေပန်းများ တဖွားဖွားနှင့် မိုးရွာသကဲ့သို့
လှေပေါ်သို့ ကျနေတော့သည်။ ဦးဘိုးကွန်း၏
မျက်နှာပြင်ပေါ်မှာ
လောဘဇောကြောင့်
အဆီများ ပြန်တက်လျက် ရှိသည်။
သူသည် လှေဝမ်းထဲမှာ အသင့်ဆောင်ယူ
လာသော နှစ်ခွသွားမှိန်းချွန်နှင့် မြနေအောင်
သွေးထားသော
ဓားရှည်ကို အနီးတွင်
ယူထားလိုက်သည်။
“ဆွဲပြေးစမ်း၊ ကြိုက်သလောက် ဆွဲပြေး စမ်း၊ ဒင်းမောလာနဲ့အခါမှာတော့ ရေပေါ်ကို ပေါ်လာရမှာပဲ၊ ဒီအချိန်မှာတော့ ငါနဲ့ တွေ့ပြီ ပေါ့ကွာ၊ ဘိုးကွန်းတဲ့ကွ၊ တစ်ကွန်းထဲရှိ တယ်၊ ငါ မဖမ်းနိုင်သေးတဲ့ ငါးဆိုတာ ရှိကို မ ရှိစေရဘူး၊ ဒီညတော့ မင်းရဲ့နောက်ဆုံးညလို့

သာ မှတ်လိုက်ပေရော့”
ရေအောက်မှ ငါးကြီးက  အထက်သို့ရေဆန်ဆွဲပြေးသွားလိုက်၊ အောက်သို့ ရေစုန်
ဆွဲပြေးလာလိုက်နှင့် အပြန်ပြန်အလှန်လှန်
ကူးခတ်နေပြီးမှ ဝဲခွဆိုင်များရှိသော ချွန်း
စွယ်ဝဲယက်နေရာတွင်
ရပ်တန့်သွားလေ
တော့သည်။
ထိုနေရာမှ ဝဲခွဆိုင်မှား ရှိသည်က တစ် ကြောင်း၊ ကျောက်ဆောင်များ၊ ဂလိုဏ်များ ရှိ သောကြောင့် ရေစီးသိပ်မသန်ဘဲ ဝဲယက်
များ ထနေသည်။
ထိုနေရာမှာ
မိုးရာသီ ရေစီးအလွန်
ကြမ်းသော အချိန်များတွင် သစ်ဖောင်များ၊
လှေများ မမကြာခဏ နစ်မြှုပ် ပျက်စီးသဖြင့် အားလုံးက မရဏ ဂယက်’ နေရာဟု အမည်ပေးထားသော နေရာ ဖြစ်သည်။
ထိုဝဲဂယက်အလယ်နေရာသို့
ရောက်သောအခါ ဦးဘိုးကွန်း၏လှေမှာ ရေလယ် တွင် ကျောက်ချထားသကဲ့သို့ ရပ်တန့်သွားလေသည်။

၎င်းစီးလာသော လှေမှာ ၁၄ တောင်ခန့်
အလျားရှည်သဖြင့် ရေစီးဒဏ်နှင့် တော်ရုံ
ထိခိုက်မှုဒဏ်ကို ကောင်းစွာ ခံနိုင်ရည် ရှိပေ
သည်။
သူသည် အသွားထက်လှသော မိန်းကို
ဘေးနားတွင် ချထားပြီးနောက် ကြိုးကို
တဖြည်းဖြည်း ဆွဲတင်ကြည့်သည်။ ကြိုက
အလိုက်သင့်ပါလာသည်။
လရောင်ဖြင့် ငွေရောင်သမ်းနေသော
ရေမျက်နှာပြင်ပေါ်သို့
စိတ်ဝင်စားစွာဖြင့်
ကြည့်နေစဉ် လှိုင်းကြက်ခွပ်ကလေးများ တ
ဖျပ်ဖျပ် လှုပ်ရှားလာပြီးနောက် ရေအောက်မှ မည်းမည်းသဏ္ဌာန်ကြီးတစ်ခု ပေါ်လာလေ တော့သည်။

ပထမ ဆူးတောင်ကြီးပေါ်လာပြီးနောက် ကျောကုန်းမည်းမည်းပါ ပေါ်လာသည်။ ထိုအခါမှ ငါးကြီး၏အလျားမှာ တောင်ခန့် ရှည်သော မိမိလှေထက်ပင် ရှည် နေသည်ကို တွေ့ရတော့သည်။ သည်ငါးကြီး သာ ဆောင့်ရုန်းလိုက်ပါက မိမိလှေကလေး ရေအောက်သို့ ဂျွမ်းထိုးမှောက်ခုံ နစ်မြှုပ်သွား မည်မှာ သေချာတော့သည်။ သူ… မှိန်းကို ကိုင်ပြီးနေရာမှ ထရပ်လိုက်သည်။ ထိုအချိန် တွင် ငါးကြီးမှာ ရေငုပ်သင်္ဘောကြီး တစ်စင်း ပမာ သူ့လှေနှင့် ယှဉ်ကာ စင်းစင်းကြီး ပေါ် နေပြီဖြစ်၏။
ငါးကြီးမှာ ငါးရွေးကြီးဖြစ်ပြီး ဦးခေါင်းပေါ် တွင် စာလုံးကဲ့သို့ အရာများပေါ်နေသည်ကို မြင်ရသည်။
သူ စဉ်းစားမနေတော့ဘဲ ငါးကြီးကိုယ်ပေါ်
သို့ မှိန်းဖြင့် အားကုန် ထိုးချလိုက်သည်။

မှိန်း၏အသွားက ငါး၏ ကိုယ်တိုင်းသို့ စိုက်ဝင်သွားရမည့်အစား ရာဘာတုံးတစ်တုံး
နှင့် ထိမိသလို ပြန်ကန်ထွက်လာသည်။ နောက်တစ်ကြိမ်ထပ်တိုးပြန်တော့လည်း
သည်အတိုင်းပင် ပြန်ကန်တက်လာသည်။
သူ စိတ်မရှည်တော့ဘဲ မှိန်းကို ပြန်ချပြီး ဓားနှင့် ခုတ်ပြန်လေသည်။ သည်အတိုင်းပင် ဓားနှင့်လည်း ခုတ်မရပြန်ပေ။ ထိုအချိန်တွင် ငါးကြီး၏ အမြီးပိုင်းကြီးက ရေပေါ်သို့ တက် လာပြီး လှေကို ရိုက်ချလေတော့သည်။
“ပုန်း…”
ဒုံး… ဒုံး”
လှေကွဲသံကြီး ထွက်လာပြီးနောက် လူရော လှေပါ ရေထဲသို့ ရောက်သွားလေတော့သည်။ ဦးဘိုးကွန်း ဘယ်လို မတတ်နိုင်တော့ပေ။ အန္တရာယ်မှ လွတ်ကင်းအောင် ကမ်းစပ်

ရောက်အောင် ကူးရလေတော့သည်။ ထိုအချိန်မှာပင် ငါးကြီးကနောက်မှ ကူး
လိုက်လာသည်။ ရေထဲတွင် လူတစ်ယောက်
ကူးနှုန်းနှင့် ငါးတစ်ကောင် ကူးခတ်နှုန်းမှာ
လွန်စွာကွာသောကြောင့် မကြာခင်မီလာပြီး
သူ့အားကိုယ်လုံးနှင့်
ဖိချလိုက်လေ
တော့သည်။
‘အား..’
ဦးဘိုးကွန်းမှာ သတိလစ်ကာ ရေအောက် သို့ နှစ်မြှုပ်သွားလေတော့သည်။ သူ အချိန် မည်မျှကြာအောင် သတိလစ်သွားသည် မသိ ပေ၊ သတိရလာ၍ မျက်လုံးဖွင့်ကြည့်လိုက် သောအခါ ဂူတစ်ဂူထဲသို့ ရောက်နေသည်ကို သတိပြုမိတော့သည်။
‘ဘယ်နေရာ ရောက်နေပါလိမ့်’
သူ ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့် တော့ ဂူတစ်ခုလုံး မှောင်မည်း တိတ်ဆိတ်လျက်ရှိသည်။

ထိုအချိန်တွင် ဂူအတွင်းပိုင်း ဆီမှ လူရွယ်တစ်ယောက် ထွက်လာသည်။ လူရွယ်ကို မြင်လိုက်သောအခါ ထိုလူရွယ်ကို တစ်ခါက ဂူတစ်ဂူထဲမှာ မြင်ခဲ့ဖူးသည်ကို အမှတ်ရနေမိသည်။ လူရွယ်က အနီးသို့
ရောက်သောအခါ စူးစူးရဲရဲ ကြည့်ပြီ။
“ခင်ဗျားကျုပ်ကို မှတ်မိလား” ဟု မေး
လိုက်သည်။
“အင်း မြင်ဖူးသလိုတော့ ရှိတယ်၊ ဒါပေမဲ့
ကောင်းကောင်းမမှတ်မိတော့ဘူး၊
ဘယ်နေရာကို ရောက်နေတာလဲ’
ကျုပ်ဒီနေရာက သေမင်းနိုင်ငံတော့ မဟုတ် သေးဘူး၊ တကယ်တော့ ခင်ဗျားကို သေမင်း ရွာကို ပို့ပေးရမှာ ဒီလောက်မိုက်တဲ့လူကို လူ
လောကမှာ ထားရင် အပိုပါပဲ”
“ကျုပ်က ဘာတွေ လုပ်နေလို့လဲ’
“ခင်ဗျားလုပ်တာတွေ ခင်ဗျား မမှတ်မိဘူး

လား၊ မကောင်းတဲ့စိတ်နဲ့ ဘုရားပစ္စည်းတွေ ကို ပစ်မှားဖို့ ကြိုးစားနေတယ် ဒါတွေကို ကြို သိခဲ့လို့ ခင်ဗျားကို တစ်ခါက ကျုပ်ခေါ်ပြီး သတိပေးခဲ့တာ မမှတ်မိတော့ဘူးလား’
ဦးဘိုးကွန်းက ဇဝေဇဝါနှင့် ပြန်စဉ်းစား ကြည့်နေသည်။ သို့သော် … အဖြေကတော့ ဝိုးတဝါးပင်…။
တစ်ခါတုန်းက ခင်ဗျားကို ရေအောက်သို့ ခေါ်သွားပြီး ရတနာတွေကို ပြခဲ့တာ မှတ်မိ တယ် မဟုတ်လား၊ ဘုရားပစ္စည်း ကျောင်း ပစ္စည်းတွေကို ပစ်မှားမိရင် အခုဘဝမှာ လည်း ချက်ချင်း ဒုက္ခရောက်မယ်၊ နောင်ဘဝ မှာလည်း ငရဲကို ရောက်မယ်၊ ဒီပစ္စည်းတွေ ကို ပစ်မှားချင်တဲ့ စိတ်ပေါ်လာရင် ကျုပ် မှာလိုက်တာတွေကို . ပြန်ပြီး သတိရပါလို့၊ အတန်တန် မှာလိုက်တာကို ခင်ဗျားက သတိ မှ မရတော့တာကိုး၊ ဒီတော့ ခင်ဗျားနဲ့

ထိုက်တန်တဲ့ လမ်းကတော့ ငရဲပဲ… ခင်ဗျား လို လူမျိုးကို ငရဲကို တစ်ခါတည်း ပို့လိုက်တာ
အကောင်းဆုံးပဲ”
ထိုစကားကြားသောအခါ … တစ်သက်လုံး မကောင်းမှု အလုပ်များနှင့်သာ မွေ့လျော် အသက်မွေးခဲ့သော၊ သတ္တဝါများ၏ အသက် ကို အကြိမ်ကြိမ် သတ်ဖြတ်ခဲ့သော ဦးဘိုး ကွန်းမှာ မိမိအသက်ကို အသတ်ခံရမည်ဆို သောအခါ များစွာ ထိတ်လန့်မှု ကြောက်ရွံမှု ဖြစ်မိလေတော့သည်။
“ကျုပ် ကျုပ် တောင်းပန်ပါရစေ၊ ကျုပ် အသက်ကိုတော့ ချမ်းသာပေးပါ၊ နောင်ကို
မကောင်းမှုတွေ မလုပ်တော့ပါဘူးလို့ ကျုပ်
ကတိပေးပါတယ် ‘
လူရွယ်က မဲ့ပြုံး ပြုံးလိုက်သည်။
“ခင်ဗျားက သူများအသက်ကို သတ်တုန်း ကတော့ မကြောက်တတ်ဘူး၊ ကိုယ့်အသက်သေမှာတော့ ကြောက်တတ်သလား’ “ဟုတ်ပါတယ်၊ ကျုပ်ဘ၀ တစ်သက်တာ မှာ ကောင်းတာလုပ်ခဲ့တာဆိုလို့ ဘာမှ မယ် မယ်ရရ မရှိခဲ့သေးပါဘူး၊ မကောင်းတာတွေ ချည်း လုပ်ခဲ့တာပါ၊ အခုတစ်ခါ ကျုပ်ရဲ့ အသက်ကို ချမ်းသာပေးမယ်ဆိုရင် ကောင်းမှ
ကုသိုလ်တွေ
လုပ်ပါတော့မယ်လို့ ကျုပ်
ကတိပေးပါမယ်’
“အရင်က ဘာကြေင့် မလုပ်ခဲ့တာလဲ”
“ဘဝက မပြည့်စုံတော့ နောက်မှ လုပ်မယ်
လို့ စဉ်းစားထားလို့ပါ’
ထိုအခါ လူရွယ်က…
“အင်း လူတွေဟာ ပေါင်ပေါ်မီးကျမှ ပူ တတ်ကြပါလား၊ မကောင်းမှုလုပ်ရမှာကို ဝန် မလေးတတ်ကြပေမဲ့ ကောင်းမှုလုပ်ဖို့ ကိစ္စ ကြရင်တော့ အချိန်ရွေ့ချင်ကြတယ်၊ တကယ် တော့ သေခြင်းတရားဆိုတာက အချိန်မှစောင့်တတ်တာကို
မေ့နေတတ်ကြတယ်…၊
ကောင်းပြီလေ.. ဒီတစ်ခါတော့ ခင်ဗျားရဲ့
ကတိစကားအတိုင်း အသက်ကို ချမ်းသာပေး လိုက်မယ်၊ နောက်တစ်ကြိမ်ဆိုရင်တော့ ခင်ဗျားထိုက်နဲ့ ခင်ဗျားကံပဲ…
“ကျုပ် တကယ် နောင်တရပါပြီ၊ ကျုပ်
အသက်ကို
အခုလို
ချမ်းသာပေးတာ
ကျေးဇူးတင်ပါတယ်”
“ကောင်းပါပြီ ကဲ ကျုပ်နောက်ကို လိုက်ခဲ့
ပေတော့’
လူရွယ်က ရေအောက်တစ်နေရာမှ ခေါ်
သွားပြီး သူ့အား သောင်စပ်တစ်နေရာ တင်ပို့
ထားခဲ့သည်။
နောက်တစ်နေ့တွင်
သတိပြန်ရလာ
သောအခါ သောင်ပြင်ပေါ်တွင် လဲနေသည်
ကို တွေ့ရသဖြင့် ဦးဘိုးကွန်းအနေနှင့်
လွန်စွာ အံ့ဩနေမိတော့သည်။လူ့ဘဝဟူသည် ဆန်းကြယ်မှုတွေ များလှ
ပေ၏။

Zawgyi version

** ေသ႐ြာျပန္၏ ေနာင္တ **(စ/ဆံုး)

မလိချမစ္ေရျပင္ေပၚသို႔ လေရာင္ကေလး
က က်ဲက်ဲပါးပါး ျဖာဆင္းက်ေနေသာေၾကာင့္
ေငြေရာင္တလက္လက္
ေတာက္ပလ်က္ရွိ
သည္။ လႈိင္းၾကက္ခြပ္ကေလးမ်ား တဖ်ပ္ဖ်ပ္
ထ,ေနပုံမွာ ၾကည့္ေကာင္းလွေတာ့သည္။
ျမစ္ေရျပင္တစ္ဝိုက္မွာအသြားအလာ

ကင္းရွင္းေနေသာေၾကာင့္ တိတ္ဆိတ္ၿငိမ္
သက္လ်က္ ရွိေနေလသည္။
သို႔ေသာ္ ေကာင္းမႈလုံေစတီေတာ္ႏွင့္
မလွမ္းမကမ္းတြင္ လူတစ္ေယာက္ ရွိ ေနသည္။

ထိုသူမွာ ေရမုဆိုးႀကီး ဦးဘိုးကြန္းပင္ ျဖစ္ ေတာ့သည္။
ဦးဘိုးကြန္းသည္ စပါးတင္း (၅၀)ခန႔္ပါ
ေလွတစ္စင္းအား ေကာင္းမႈလုံ ကမ္းစပ္၌
ဆိုက္ကပ္ထားၿပီးထိုေလွေပၚတြင္
ငါးမွ်ားႀကိဳးအား မနီလာႀကိဳးမ်ားျဖင့္ အက်အန တပ္ဆင္ထားေလသည္။
ထို႔ေနာက္ ငါးမွ်ားခ်ိတ္တြငင္ ဥေဒါင္း ဗ်ိဳင္းေတာင္ကို ခ်ိတ္လ်က္ တပ္ဆင္ထားေလ သည္။
ထို ငါးမွ်ားႀကိဳးကို ကိုင္းတံအဖ်ားတြင္ တပ္ကာ ဗ်ိဳင္းေမႊးေတာင္ ထပ္ထားေသာ
ငါးမွ်ားကို ေရထဲခ်၍
လႈပ္ခတ္လိုက္
ေသာအခါ ငါးအရွင္တစ္ေကာင္ ကူးခတ္
လႈပ္ရွားသြားလာေနသည္ႏွင့္ တူေတာ့သည္။
လေရာင္ျဖင့္ ငွက္ေမြးေတာင္ကေလးကို ဟိုမွသည္မွ ေ႐ြ႕ရွား လႈပ္ခတ္ေပးေနရာ

အျခားငါးႀကီးမ်ား တစ္ေကာင္ႏွစ္ေကာင္ လာဟပ္သျဖင့္ ရရွိထားေပၿပီ၊
ငါးက “ဝုန္းခနဲ’ ဟပ္လိုက္သည္ႏွင့္ ငွက္ေမြးေတာင္က အေပၚသို႔ ေျမာက္တက္ သြားသျဖင့္ ငါးသာမိၿပီး ငွက္ေမြးေတာင္
ကေတာ့ ပ်က္ဆီးျခင္း မရွိေပ။
ေတာက္
ဒီညေတာ့ ငါးလိုက္သံက …
ေကာင္းေကာင္းအစြမ္းျပေနၿပီး ရလိုက္တဲ့
ငါးေတြ ျဖဳတ္လို႔ေတာင္ မႏိုင္ဘူး၊ ဒါေပမဲ့ ငါ လိုခ်င္တဲ့ ငါးႀကီးကေတာ့ အခုထိ လာမဟပ္
ေသးဘူး’
ဤသို႔ျဖင့္
စိတ္ရွည္လက္ရွည္ႏွင့္မ်ား
ေနရာ အျခားငါးႀကီးမ်ား ေလးငါးေကာင္ရ
ၿပီးသည္ႏွင့္ ေရေအာက္မွ အလြန္ႀကီးေသာ ငါးႀကီးတစ္ေကာင္ တက္လာၿပီး ငါးမ်ားကို ထိုးဟပ္သြားေလေတာ့သည္။
ထိုငါးႀကီး ဟပ္၍ ဆြဲသြားသည္ႏွင့္ ကိုင္းတံမွာ ‘ေျဖာင္းခနဲ” က်ိဳးထြက္သြားကာ ႀကိဳး
မွာငါးဆြဲေျပးရာေနာက္သို႔
ပါသြားေတာ့သည္။

ေလွေပၚတြင္ ေခြတင္ထားေသာ
ႀကိဳးေခြမွာ ေႁမြတစ္ေကာင္အလား ေရထဲသို႔
ေလွ်ာဆင္းသြားသည္ကို ျမင္ေသာအခါ ဦး
ဘိုးကြန္းမွာ ငါးမွ်ားႀကိဳးမ်ားကို လက္ျဖင့္ ဆြဲ
ထိန္းထားရန္ ႀကိဳးစားေသာ္လည္း ဘယ္လိုမွ
မရေတာ့ေပ။
မရေတာ့သည့္အဆုံးတြင္ ႀကိဳးစအဆုံးကို
ေလွဦးတုံးတြင္
ပတ္ခ်ည္ထားလိုက္
ေတာ့သည္။
ေလွေပၚမွ ႀကိဳးေခြမ်ား ဆုံးသြားေသာအခါ
ေလွခ်ည္ထားေသာ ႀကိဳးမွာ ‘ေထာင္းခနဲ’ ျပတ္ထြက္သြားၿပီးေနာက္ ေလွမွာ ငါးဆြဲရာ ေနာက္သို႔ ပါသြားေလေတာ့သည္။
ေလွဦးတုံး၌ ႀကိဳးစကို ခိုင္ေအာင္ ခ်ည္ ထားေသာေၾကာင့္ ေလွမွာ ေရစီးသန္ေသာ မလိချမစ္ေရကို ဆန္တက္သြားရာ စက္တပ္ ေရယာဥ္မက ရွိေတာ့သည္။ အသြားရွိန္ ျမန္
လြန္းေသာေၾကာင့္ ေရွ႕မွ ျဖာထြက္လာေသာ
ေရပန္းမ်ား တဖြားဖြားႏွင့္ မိုး႐ြာသကဲ့သို႔
ေလွေပၚသို႔ က်ေနေတာ့သည္။ ဦးဘိုးကြန္း၏
မ်က္ႏွာျပင္ေပၚမွာ
ေလာဘေဇာေၾကာင့္
အဆီမ်ား ျပန္တက္လ်က္ ရွိသည္။
သူသည္ ေလွဝမ္းထဲမွာ အသင့္ေဆာင္ယူ
လာေသာ ႏွစ္ခြသြားမွိန္းခြၽန္ႏွင့္ ျမေနေအာင္
ေသြးထားေသာ
ဓားရွည္ကို အနီးတြင္
ယူထားလိုက္သည္။
“ဆြဲေျပးစမ္း၊ ႀကိဳက္သေလာက္ ဆြဲေျပး စမ္း၊ ဒင္းေမာလာနဲ႔အခါမွာေတာ့ ေရေပၚကို ေပၚလာရမွာပဲ၊ ဒီအခ်ိန္မွာေတာ့ ငါနဲ႔ ေတြ႕ၿပီ ေပါ့ကြာ၊ ဘိုးကြန္းတဲ့ကြ၊ တစ္ကြန္းထဲရွိ တယ္၊ ငါ မဖမ္းႏိုင္ေသးတဲ့ ငါးဆိုတာ ရွိကို မ ရွိေစရဘူး၊ ဒီညေတာ့ မင္းရဲ႕ေနာက္ဆုံးညလို႔

သာ မွတ္လိုက္ေပေရာ့”
ေရေအာက္မွ ငါးႀကီးက  အထက္သို႔ေရဆန္ဆြဲေျပးသြားလိုက္၊ ေအာက္သို႔ ေရစုန္
ဆြဲေျပးလာလိုက္ႏွင့္ အျပန္ျပန္အလွန္လွန္
ကူးခတ္ေနၿပီးမွ ဝဲခြဆိုင္မ်ားရွိေသာ ခြၽန္း
စြယ္ဝဲယက္ေနရာတြင္
ရပ္တန႔္သြားေလ
ေတာ့သည္။
ထိုေနရာမွ ဝဲခြဆိုင္မွား ရွိသည္က တစ္ ေၾကာင္း၊ ေက်ာက္ေဆာင္မ်ား၊ ဂလိုဏ္မ်ား ရွိ ေသာေၾကာင့္ ေရစီးသိပ္မသန္ဘဲ ဝဲယက္
မ်ား ထေနသည္။
ထိုေနရာမွာ
မိုးရာသီ ေရစီးအလြန္
ၾကမ္းေသာ အခ်ိန္မ်ားတြင္ သစ္ေဖာင္မ်ား၊
ေလွမ်ား မမၾကာခဏ နစ္ျမႇဳပ္ ပ်က္စီးသျဖင့္ အားလုံးက မရဏ ဂယက္’ ေနရာဟု အမည္ေပးထားေသာ ေနရာ ျဖစ္သည္။
ထိုဝဲဂယက္အလယ္ေနရာသို႔
ေရာက္ေသာအခါ ဦးဘိုးကြန္း၏ေလွမွာ ေရလယ္ တြင္ ေက်ာက္ခ်ထားသကဲ့သို႔ ရပ္တန႔္သြားေလသည္။

၎စီးလာေသာ ေလွမွာ ၁၄ ေတာင္ခန႔္
အလ်ားရွည္သျဖင့္ ေရစီးဒဏ္ႏွင့္ ေတာ္႐ုံ
ထိခိုက္မႈဒဏ္ကို ေကာင္းစြာ ခံႏိုင္ရည္ ရွိေပ
သည္။
သူသည္ အသြားထက္လွေသာ မိန္းကို
ေဘးနားတြင္ ခ်ထားၿပီးေနာက္ ႀကိဳးကို
တျဖည္းျဖည္း ဆြဲတင္ၾကည့္သည္။ ႀကိဳက
အလိုက္သင့္ပါလာသည္။
လေရာင္ျဖင့္ ေငြေရာင္သမ္းေနေသာ
ေရမ်က္ႏွာျပင္ေပၚသို႔
စိတ္ဝင္စားစြာျဖင့္
ၾကည့္ေနစဥ္ လႈိင္းၾကက္ခြပ္ကေလးမ်ား တ
ဖ်ပ္ဖ်ပ္ လႈပ္ရွားလာၿပီးေနာက္ ေရေအာက္မွ မည္းမည္းသဏၭာန္ႀကီးတစ္ခု ေပၚလာေလ ေတာ့သည္။

ပထမ ဆူးေတာင္ႀကီးေပၚလာၿပီးေနာက္ ေက်ာကုန္းမည္းမည္းပါ ေပၚလာသည္။ ထိုအခါမွ ငါးႀကီး၏အလ်ားမွာ ေတာင္ခန႔္ ရွည္ေသာ မိမိေလွထက္ပင္ ရွည္ ေနသည္ကို ေတြ႕ရေတာ့သည္။ သည္ငါးႀကီး သာ ေဆာင့္႐ုန္းလိုက္ပါက မိမိေလွကေလး ေရေအာက္သို႔ ဂြၽမ္းထိုးေမွာက္ခုံ နစ္ျမႇဳပ္သြား မည္မွာ ေသခ်ာေတာ့သည္။ သူ… မွိန္းကို ကိုင္ၿပီးေနရာမွ ထရပ္လိုက္သည္။ ထိုအခ်ိန္ တြင္ ငါးႀကီးမွာ ေရငုပ္သေဘၤာႀကီး တစ္စင္း ပမာ သူ႔ေလွႏွင့္ ယွဥ္ကာ စင္းစင္းႀကီး ေပၚ ေနၿပီျဖစ္၏။
ငါးႀကီးမွာ ငါးေ႐ြးႀကီးျဖစ္ၿပီး ဦးေခါင္းေပၚ တြင္ စာလုံးကဲ့သို႔ အရာမ်ားေပၚေနသည္ကို ျမင္ရသည္။
သူ စဥ္းစားမေနေတာ့ဘဲ ငါးႀကီးကိုယ္ေပၚ
သို႔ မွိန္းျဖင့္ အားကုန္ ထိုးခ်လိုက္သည္။

မွိန္း၏အသြားက ငါး၏ ကိုယ္တိုင္းသို႔ စိုက္ဝင္သြားရမည့္အစား ရာဘာတုံးတစ္တုံး
ႏွင့္ ထိမိသလို ျပန္ကန္ထြက္လာသည္။ ေနာက္တစ္ႀကိမ္ထပ္တိုးျပန္ေတာ့လည္း
သည္အတိုင္းပင္ ျပန္ကန္တက္လာသည္။
သူ စိတ္မရွည္ေတာ့ဘဲ မွိန္းကို ျပန္ခ်ၿပီး ဓားႏွင့္ ခုတ္ျပန္ေလသည္။ သည္အတိုင္းပင္ ဓားႏွင့္လည္း ခုတ္မရျပန္ေပ။ ထိုအခ်ိန္တြင္ ငါးႀကီး၏ အၿမီးပိုင္းႀကီးက ေရေပၚသို႔ တက္ လာၿပီး ေလွကို ႐ိုက္ခ်ေလေတာ့သည္။
“ပုန္း…”
ဒုံး… ဒုံး”
ေလွကြဲသံႀကီး ထြက္လာၿပီးေနာက္ လူေရာ ေလွပါ ေရထဲသို႔ ေရာက္သြားေလေတာ့သည္။ ဦးဘိုးကြန္း ဘယ္လို မတတ္ႏိုင္ေတာ့ေပ။ အႏၲရာယ္မွ လြတ္ကင္းေအာင္ ကမ္းစပ္

ေရာက္ေအာင္ ကူးရေလေတာ့သည္။ ထိုအခ်ိန္မွာပင္ ငါးႀကီးကေနာက္မွ ကူး
လိုက္လာသည္။ ေရထဲတြင္ လူတစ္ေယာက္
ကူးႏႈန္းႏွင့္ ငါးတစ္ေကာင္ ကူးခတ္ႏႈန္းမွာ
လြန္စြာကြာေသာေၾကာင့္ မၾကာခင္မီလာၿပီး
သူ႔အားကိုယ္လုံးႏွင့္
ဖိခ်လိုက္ေလ
ေတာ့သည္။
‘အား..’
ဦးဘိုးကြန္းမွာ သတိလစ္ကာ ေရေအာက္ သို႔ ႏွစ္ျမႇဳပ္သြားေလေတာ့သည္။ သူ အခ်ိန္ မည္မွ်ၾကာေအာင္ သတိလစ္သြားသည္ မသိ ေပ၊ သတိရလာ၍ မ်က္လုံးဖြင့္ၾကည့္လိုက္ ေသာအခါ ဂူတစ္ဂူထဲသို႔ ေရာက္ေနသည္ကို သတိျပဳမိေတာ့သည္။
‘ဘယ္ေနရာ ေရာက္ေနပါလိမ့္’
သူ ပတ္ဝန္းက်င္ကို မ်က္လုံးေဝ့ၾကည့္ ေတာ့ ဂူတစ္ခုလုံး ေမွာင္မည္း တိတ္ဆိတ္လ်က္ရွိသည္။

ထိုအခ်ိန္တြင္ ဂူအတြင္းပိုင္း ဆီမွ လူ႐ြယ္တစ္ေယာက္ ထြက္လာသည္။ လူ႐ြယ္ကို ျမင္လိုက္ေသာအခါ ထိုလူ႐ြယ္ကို တစ္ခါက ဂူတစ္ဂူထဲမွာ ျမင္ခဲ့ဖူးသည္ကို အမွတ္ရေနမိသည္။ လူ႐ြယ္က အနီးသို႔
ေရာက္ေသာအခါ စူးစူးရဲရဲ ၾကည့္ၿပီ။
“ခင္ဗ်ားက်ဳပ္ကို မွတ္မိလား” ဟု ေမး
လိုက္သည္။
“အင္း ျမင္ဖူးသလိုေတာ့ ရွိတယ္၊ ဒါေပမဲ့
ေကာင္းေကာင္းမမွတ္မိေတာ့ဘူး၊
ဘယ္ေနရာကို ေရာက္ေနတာလဲ’
က်ဳပ္ဒီေနရာက ေသမင္းႏိုင္ငံေတာ့ မဟုတ္ ေသးဘူး၊ တကယ္ေတာ့ ခင္ဗ်ားကို ေသမင္း ႐ြာကို ပို႔ေပးရမွာ ဒီေလာက္မိုက္တဲ့လူကို လူ
ေလာကမွာ ထားရင္ အပိုပါပဲ”
“က်ဳပ္က ဘာေတြ လုပ္ေနလို႔လဲ’
“ခင္ဗ်ားလုပ္တာေတြ ခင္ဗ်ား မမွတ္မိဘူး

လား၊ မေကာင္းတဲ့စိတ္နဲ႔ ဘုရားပစၥည္းေတြ ကို ပစ္မွားဖို႔ ႀကိဳးစားေနတယ္ ဒါေတြကို ႀကိဳ သိခဲ့လို႔ ခင္ဗ်ားကို တစ္ခါက က်ဳပ္ေခၚၿပီး သတိေပးခဲ့တာ မမွတ္မိေတာ့ဘူးလား’
ဦးဘိုးကြန္းက ဇေဝဇဝါႏွင့္ ျပန္စဥ္းစား ၾကည့္ေနသည္။ သို႔ေသာ္ … အေျဖကေတာ့ ဝိုးတဝါးပင္…။
တစ္ခါတုန္းက ခင္ဗ်ားကို ေရေအာက္သို႔ ေခၚသြားၿပီး ရတနာေတြကို ျပခဲ့တာ မွတ္မိ တယ္ မဟုတ္လား၊ ဘုရားပစၥည္း ေက်ာင္း ပစၥည္းေတြကို ပစ္မွားမိရင္ အခုဘဝမွာ လည္း ခ်က္ခ်င္း ဒုကၡေရာက္မယ္၊ ေနာင္ဘဝ မွာလည္း ငရဲကို ေရာက္မယ္၊ ဒီပစၥည္းေတြ ကို ပစ္မွားခ်င္တဲ့ စိတ္ေပၚလာရင္ က်ဳပ္ မွာလိုက္တာေတြကို . ျပန္ၿပီး သတိရပါလို႔၊ အတန္တန္ မွာလိုက္တာကို ခင္ဗ်ားက သတိ မွ မရေတာ့တာကိုး၊ ဒီေတာ့ ခင္ဗ်ားနဲ႔

ထိုက္တန္တဲ့ လမ္းကေတာ့ ငရဲပဲ… ခင္ဗ်ား လို လူမ်ိဳးကို ငရဲကို တစ္ခါတည္း ပို႔လိုက္တာ
အေကာင္းဆုံးပဲ”
ထိုစကားၾကားေသာအခါ … တစ္သက္လုံး မေကာင္းမႈ အလုပ္မ်ားႏွင့္သာ ေမြ႕ေလ်ာ္ အသက္ေမြးခဲ့ေသာ၊ သတၱဝါမ်ား၏ အသက္ ကို အႀကိမ္ႀကိမ္ သတ္ျဖတ္ခဲ့ေသာ ဦးဘိုး ကြန္းမွာ မိမိအသက္ကို အသတ္ခံရမည္ဆို ေသာအခါ မ်ားစြာ ထိတ္လန႔္မႈ ေၾကာက္႐ြံမႈ ျဖစ္မိေလေတာ့သည္။
“က်ဳပ္ က်ဳပ္ ေတာင္းပန္ပါရေစ၊ က်ဳပ္ အသက္ကိုေတာ့ ခ်မ္းသာေပးပါ၊ ေနာင္ကို
မေကာင္းမႈေတြ မလုပ္ေတာ့ပါဘူးလို႔ က်ဳပ္
ကတိေပးပါတယ္ ‘
လူ႐ြယ္က မဲ့ၿပဳံး ၿပဳံးလိုက္သည္။
“ခင္ဗ်ားက သူမ်ားအသက္ကို သတ္တုန္း ကေတာ့ မေၾကာက္တတ္ဘူး၊ ကိုယ့္အသက္ေသမွာေတာ့ ေၾကာက္တတ္သလား’ “ဟုတ္ပါတယ္၊ က်ဳပ္ဘ၀ တစ္သက္တာ မွာ ေကာင္းတာလုပ္ခဲ့တာဆိုလို႔ ဘာမွ မယ္ မယ္ရရ မရွိခဲ့ေသးပါဘူး၊ မေကာင္းတာေတြ ခ်ည္း လုပ္ခဲ့တာပါ၊ အခုတစ္ခါ က်ဳပ္ရဲ႕ အသက္ကို ခ်မ္းသာေပးမယ္ဆိုရင္ ေကာင္းမွ
ကုသိုလ္ေတြ
လုပ္ပါေတာ့မယ္လို႔ က်ဳပ္
ကတိေပးပါမယ္’
“အရင္က ဘာေၾကင့္ မလုပ္ခဲ့တာလဲ”
“ဘဝက မျပည့္စုံေတာ့ ေနာက္မွ လုပ္မယ္
လို႔ စဥ္းစားထားလို႔ပါ’
ထိုအခါ လူ႐ြယ္က…
“အင္း လူေတြဟာ ေပါင္ေပၚမီးက်မွ ပူ တတ္ၾကပါလား၊ မေကာင္းမႈလုပ္ရမွာကို ဝန္ မေလးတတ္ၾကေပမဲ့ ေကာင္းမႈလုပ္ဖို႔ ကိစၥ ၾကရင္ေတာ့ အခ်ိန္ေ႐ြ႕ခ်င္ၾကတယ္၊ တကယ္ ေတာ့ ေသျခင္းတရားဆိုတာက အခ်ိန္မွေစာင့္တတ္တာကို
ေမ့ေနတတ္ၾကတယ္…၊
ေကာင္းၿပီေလ.. ဒီတစ္ခါေတာ့ ခင္ဗ်ားရဲ႕
ကတိစကားအတိုင္း အသက္ကို ခ်မ္းသာေပး လိုက္မယ္၊ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ ခင္ဗ်ားထိုက္နဲ႔ ခင္ဗ်ားကံပဲ…
“က်ဳပ္ တကယ္ ေနာင္တရပါၿပီ၊ က်ဳပ္
အသက္ကို
အခုလို
ခ်မ္းသာေပးတာ
ေက်းဇူးတင္ပါတယ္”
“ေကာင္းပါၿပီ ကဲ က်ဳပ္ေနာက္ကို လိုက္ခဲ့
ေပေတာ့’
လူ႐ြယ္က ေရေအာက္တစ္ေနရာမွ ေခၚ
သြားၿပီး သူ႔အား ေသာင္စပ္တစ္ေနရာ တင္ပို႔
ထားခဲ့သည္။
ေနာက္တစ္ေန႔တြင္
သတိျပန္ရလာ
ေသာအခါ ေသာင္ျပင္ေပၚတြင္ လဲေနသည္
ကို ေတြ႕ရသျဖင့္ ဦးဘိုးကြန္းအေနႏွင့္
လြန္စြာ အံ့ဩေနမိေတာ့သည္။လူ႔ဘဝဟူသည္ ဆန္းၾကယ္မႈေတြ မ်ားလွ
ေပ၏။