” ရွာသူစုန်းမကြီးနှင့်သင်္ချိုင်းစောင့်တာတီး “(စ/ဆုံး)

Unicode Version

” ရွာသူစုန်းမကြီးနှင့်သင်္ချိုင်းစောင့်တာတီး “(စ/ဆုံး)
———————————————————

“မျက်လုံးကြီးဟေ့….မျက်လုံးကြီး”
ဟု အော်ပြီး လူငယ်တစ်အုပ်ရ
ပြေးကြလေတော့သည်။ လဲသူလဲ၏၊
ကွဲသူကွဲ၏၊ဒူးပြဲသူပြဲသည်၊အကြောက်
ကြီးကြောက်ကုန်ကြသည်၊အလန့်ကြီးလန့်ကုန်ကြသည်။
အချိန်သည် နွားရိုင်၊သွင်းချိန်၊
မှောင်ရီဖျိုးဖျအချိန်၊ နေရာသည် လ
ဟာရက်ကျေးရွာနှင့်သာယာကုန်းကျေး
ရွာအကြား တစ်စပြင်သုသာန်၊ သင်္ချိုင်း
ကုန်းထီးထီးကြီးရှိသည်။
လဟာရက်ကျေးရွာနှင့် သာယာ ကုန်းကျေးရွာသည်
နှစ်ရွာတစ်ရွာ နေထိုင်ကြသူများ ဖြစ်ကြသည်၊ ရွာနစ်ရွာ
လုံးမှနာရေးပေါ်သော်ဤသင်္ချိုင်းမှာပင်
လာရောက်မြှုပ်နှံကြပါသည်။ဤသင်္ချိုင်း
သည် သရဲခြောက်သည်ဟု နာမည်ကြီးနေသည်၊
လက်ပြတ်ကြီးတစ်ချောင်းတည်း
ပြသည့်အခါပြ၏။ အပွေးဗလပျစ်နှင့်
ခြေနှစ်ချောင်းကြီး လမ်းလျှောက်နေ
သည်ကိုလည်း မြင်သူတွေ မြင်ကြရ
သည်၊ အမွေးထူထူနှင့် ခေါင်းပြတ်ကြီး
ကိုတွေ့ဖူးသူများလည်းရှိကြသည်။ရှည်
သောအမွေးဗလပျစ်နှင့် ကြောက်စရာ
ကောင်းလောက်အောင်ထိတ်လန့်စရာ
ကောင်းလောက်အောင် ထန်းပင်ကြီး
လောက်မြင့်သည့် သရဲတစ်ကောင်လုံး
ကိုလည်းတစ်ခါတစ်ရံတွေ့ကြမြင်ကြရသည်။
ကြောက်စရာလန့်စရာသည်းထိတ်
ရင်ဖိုစရာကောင်းလှပေစွ။ထိုကြောက်
စရာကောင်းလှသောအခြင်းအရာတို့
ကို တွေ့ ကြရ၊ မြင်ကြရသောအခါ
နာ မည်ကြီးလာသည်။ ဤသင်္ချိုင်းကုန်း
သရဲခြောက်သည်ဟု။
နေ့ဘက်မှာပင် သွားရလာရသည် မှာ
ကျောချမ်းလှ၏။ ညနေခင်း နေဝင်ရီ
ဗျိုးဖျအချိန်၌ ပို၍ပို၍ပင်၊ ကျောချမ်း
စရာဧကောင်းလှတော့၏။မဖြစ်မနေသွား
ခဲ့လျှင်ယခုလိုအုပ်စုဖွဲ့၍လေးငါးခြောက်
ယောက် သွားကြလာကြရ၏။ ညဘက်
ဆိုလျှင်ကား ပြောဖွယ်ရာမရှိတော့ချေ။
ယခုကြည် ။ လူငယ်ခြောက် ယောက်၊
သာယာကုန်းကျေးရွာမှသည်
လဟာရက်ကျေးရွာသို့ မဖြစ်မနေသွား ရန်ကိစ္စ
ပေါ်လာ၍ ဖြတ်သွားကြစဉ်
သင်္ချိုင်းကုန်းထိပ် လူဝဝတစ်ဦး၏ သုံး
ဗက်စာမျှကြီးမားသော သစ်ပင်ကြီး၏
ခွဆုံကြားမှနေ၍ မီးဝင်းဝင်းတောက်
နေသည့် ရဲရဲနီနေသော မီးလုံးကြီးပမာ

မျက်လုံးကြီးနှစ်လုံးသည်မြင်ကြရ၊တွေ့
ကြရသူအဖို့ ကြောက်မက်ဖွယ်ရာ
ကောင်းလောက်အောင်၊ သည်းထိတ်
ရင်ဖိုဖွယ်ရာဖြစ်လောက်အောင်ခြောက်
လှန့်လိုက်ခြင်းပင် ဖြစ်တော့သည်။
သည့်ကြောင့် လူငယ်အုပ်စု ပြေ၊
ကြရ….လွှားကြရ၏။ သားစိမ်းငါးစိမ်း
သားကျက် ငါးကျက်၊ အစိမ်းကြော်၊
ခေါက်ဆွဲကြော်ထုပ်များပါလာလျှင်
ကားမလွယ်ရေးချမလွယ်….။
လိုက်၍ ဆွဲချနေလေတော့သည်။
ဤမျှ ကြောက်စရာကောင်းလောက် အောင် ဆို၊
ဆိုးဝါးဝါးကြီး ဖြစ်နေပါ တော့သည်။
သင်္ချိုင်းစောင့်မဖဲဝါကိုတော့ကြား
ဗူးကောင်းကြားဖူးကြပါလိမ့်မည်၊ ယခု
သူသည်ကား မဖဲဝါမဟုတ်။ထိုသရဲကြီး ကား တာတီးပင် ဖြစ်တော့၏။
သင်္ချိုင်း စောင့်၊တာတိ။ တာတိုးတစ်ယောက်
သင်္ချိုင်းစောင့်၊ ဖြစ်နေပြီဟု၊ ရွာနှစ်ရွာ လုံးမှ
သိနေကြပြီဖြစ်ပါတော့သည်။
တာတီးသည်အစားကြီးသည်။
အစားအသောက်ပက်စက်သည်။
မြွေ၊ ရှဉ့်၊ လိပ် အကုန်စားသည်။ ကင်၊
လိပ်လျှောကြီးကြီးဆိုလျှင်အရှင်မထား။
အလွတ်မပေ။ ဖွတ်၊ ပုတတ်ပါမချန်
မကျန်စေရ၊အကုန်စားသည်။
မြွေဆိုလျှင်အရေခွံဆုတ်၍ မီးကင် မီးဖုတ်ပြီး
အရက်နှင့်စိမ်၍ သောက် သည်။ အခြားအသားဆိုလျှင်
ပြောဖွယ် ရာမရှိ၊ တာတီးရှောင်တာ မစား တစ်ခုပဲရှိသည်။
ခြေလေးချောင်း ခုတင်ဖြစ်၏။
တာတီ၊မသတ်ဘူးတာမရှိ၊ ကျွဲ၊
နွား၊ ဝက်၊ ဆိတ် အကုန်သတ်သည်။
ရွာနှစ်ရွာလုံးမှ ကျွဲ၊ နွား၊ ဝက်ပေါ်လျှင်
တာတီးကို ခေါ်ကြရသည်။
အစားကြမ်း၏။ အနေကြမ်း၏။
အင်္ကျီမဝတ်ဘဲ ဗလာကျင်း၍ ကျော
အနေအထိုင်ပက်စက်၏။ အချိန်ပြည့်၊
ပြောင်ကြီးနှင့်နေသည်က များ၏။
အသားသည် မည်းမည်းဆိုတော့ တာ
တီ၊ဆိုလူမြင်တာနှင့် သိသည်။
တာတီ၊ အရက်သမား၊ အရက် သမား တာတီးကို မသိသူ မရှိ၊
လူသိ များသည်။တာတီးသည် သဘောမနော ကောင်းသူ ဖြစ်၏။
ကုသိုလ်ဆို၍ တာတီး၏သက်တမ်းတစ်လျှောက်တွင်ဘာ
တစ်ခုမျှမရှိ။ တစ်ပဲ၊ တစ်မတ်ဖို၊မျှပင်
မရှိ။ အကုသိုလ်နှင့် အချိန်ကုန်ခဲ့သည် က များသည်။
အကုသိုလ်အထုပ်ကြီး
ကြီးကို ပိုက်ထားသူ ဖြစ်၏။
တာတီး မိန်းမရှိသည်။ မိန်းမထက်
အရက်ကို ပိုကြိုက်သောကြောင့် ပို၍
ခင်တွယ်ပါသောကြောင့် တာတီးမိန်းမ
နှင့်ကွဲခဲ့သည်။ နောက်ထပ်အိမ်ထောင်
မပြုတော့၊ ပြုရန်လည်း သူလို အရက်
သမားကိုတာတီးလိုလူစားကိုမည်သည့်
မိန်းပကမှ မပေါင်းဖက်ချင်ကြ၊ သည်တော့
တာတီးသည် တစ်ခု လပ်ဘဝ၊ တစ်ခုလပ်၊တာထိ။
သာယာ ကုန်း ရွာသား။ သာယာကုန်းဇာတိ။
ငါး မျှား၊ ကိုင်းထောက်၊ ပိုက်တား သည့်
အလုပ်မှအပအခြားဘာအလုပ်မျှမလုပ်တော့၊
တာတီး အရက်ကို တစ်နေကုန် အောင် သောက်၏။
နေ့သောက်၏။ ည သောက်၏။
မိုးလင်းသည်နှင့်အရက်နှင့်
မျက်နှာသစ်သည့်ကိန်းဆိုက်နေပြီ၊
လူသည် အရက်ကို မနိုင်၊အရက်
သည်လူကိုနိုင်သွားပြီဖြစ်သည်။ အရက်
ကျေးကျွန်ဖြစ်၍ဧနချေပြီးတာတီးသည်
အကောင်ကြီးကြီးမသတ်ရသော်ကြက်၊
ငှက် သတ္တဝါသေးသေ၊ကိုတော့ သတ်
နေရမှုကျေနပ်သူဖြစ်၏။သူများအသက်
ကို မသတ်ရလျှင် တာတီးတစ်ယောက်
မနေတတ် မထိုင်တတ်အောင် ဖြစ်နေတော့၏။
တစ်နေ့…ထိုနေ့သည်ကား။
တာတီးအတွက် ကြမ္မာငင်သော
နေ့၊ ဂြိုဟ်ဆိုးဝင်သောနေ့ဟု ဆိုပါလျှင်၊
တာတီးသည် လဟာရက်ဇကျေးရွာ
တွင် အပေါင်းအသင်းများနှင့် ဝိုင်းဖွဲ့၍
အရက်သောက်ကြသည်။တာတီးသည်
အရက်ကိုမူးအောင်သောက်၏။အလွန်
အကျွံသောက်သည်။ ပြီးတော့ ရွာထဲမှ
အမဲပေါ်ဝိုင်း၍ တာတီးကိုယ်တိုင် အမဲ
ပေါ်ခဲ့ပါသေးသည်၊
အမဲပေါ်ခအဖြစ် ပေးလိုက်သော
ငွေစအနည်းငယ်ကို ပုဆိုးခါးပုံစတွင်
လိမ်ကျစ်၍ ထားလိုက်သည်။ အမဲသား
တစ်ပိဿာကို နိုးဖြင့် တုပ်ချည်ပြီး ကိုင်
လာ၏။ ဒယိမ်းဒယိုင်ဖြင့် မိမိနေထိုင်ရာ
သာယာကုန်းရွာသို့ ပြန်လာခဲ့သည်။
တစ်ကိုယ်လုံးမှာ ချွေးတွေနစ်လို့။
အပေါ်မှာ ဗလာကျင်းနေသည်။ ကျော
ပြောင်ကြီးနှင့်၊လမ်းခုလတ်၊ သင်္ချိုင်းကုန်းအနား
သို့ အရောက်တွင် ဘယ်ကဘယ်လို
ရောက်လာမှန်းမသိသောကျွဲဆိုးကြီး
တစ်ကောင်သည်တစ်ဟုန်ထိုးပြေးလာ
ပြီးယိမ်းဒယိုင်ဖြင့်အမဲသားတွဲစွဲလာ
သော တာတီးကို အရှိန်ဖြင့် ထိုးဝင်၍
ခတ်လိုက်လေတော့သည်။
တာတိ၊ခမျာလက်မှဆွဲလာသော
အမဲသားတွဲသည် လွင့်စဉ်၍ တစ်နေရာ
ရောက်သွား၏။ တာတိ၊သည်လည်း
အဝေ၊သို့ လွင့်စဉ်ပြီ၊ တစ်နေရာသို့ ကျ
သွားလေတော့၏။
တာတီး အသက်ပျောက်ပြီးတာ
တီ၊ ကျွဲခတ်၍ ပွဲချင်းပြီ၊ သေသွားရှာပြီ။
တာတီးဘဝဇာတ်သိမ်းမလှချေ။
တာတီ၊အလောင်းကိုသုံးရက်ထား
ပြီး ရွာမှ သင်္ဂြိုဟ်သည်။ သချိုင်းထိပ်၊
သင်္ချိုင်းစပ်နားတွင် တာတီးကို မြေမြှုပ် သည်
တာတီးမြေပုံ၏အနီးတွင် လူဝဝ ကြီး၏ သုံးဖက်စာမျှ ကြီးမားသော
သစ်ပင်ကြီးကြီး၊ ထီးထီးကြီးတစ်ပင်ရှိသည်။
(၇)ရက်ပြည့်ပြီး ရက်လည်တော့
ရက်လည်ဆွမ်းသွတ်သည်။(၇)ရက်နှင့်
(၇)ညလုံးလုံး တာတီး၏ဝိညာဉ်သည်
မိမိနေထိုင်ရာ သည်အိမ်၊ သည်ခြံ၊
သည်မြ၊ သည်ရွာ၊ သည်လယ်၊ သည်
ကွင်းများ သူသွားခဲ့ရာ လာခဲ့ရာ အလုပ်
လုပ်ခဲ့ရာ နေရာများတွင် ဝေ့၍၍ဝဲ၍
ဝဲ၍ကျင်လည်နေလေတော့သည်။
(၈)ရက်မြောက်သောနေ့တွင်
တာတီး၏အလောင်းမြှုပ်နှံထားသော
ရုပ်အလောင်းမကောင်ရှိရာ အမြပုံအနီး
တွင်ရှိသော ကြီးကြီးမားမားရှိသည့်
သစ်ပင်ထီးထီးကြီးတွင် တာတီး၏
ဝိညာဉ်သည် ပြိတ္တာဘုံအနွယ်ဝင်
သရဲအဖြစ်နှင့်ရှိနေပါဘော့သည်။
တာတီးသည် ဤသစ်ပင်ကြီး၌ သရဲအဖြစ်နှင့်
အစောင့်ဖြစ်နေပြီ။ သရ သည်တာတီးဖြစ်၏။
တာတီးသည် သရဲဖြစ်နေပါတော့
သည်။အမှန်ကိုဆိုရလျှင်… “သေသော
သူသည် သုသာန်သို့သွားသည်”မှာမှန်ပါသည်။

သေသောသူတိုင်း သုသာန်သို့
သွားကြရပါသည်။ ရုပ်အလောင်းကြီး
သည် မလွဲမသွေ သုသာန်သင်္ချိုင်းသို့
သွားကြရသည်။ သို့သော်….။
ဝိညာဉ်ကမူ ကုသိုလ် အကုသိုလ် ကိုလိုက်၍ “ကုသိုလ်ထုပ်ကြီးသူသည်”
အထက်ဘုံကောင်းသောဘုံ၊ မြင့်မြတ်
သောဘုံ၊မြင့်သည်ထက်မြင့်သောဘုံ၊
အမြတ်ဆုံးဘုံသို့ ရောက်ကြရသည်။
“အကုသိုလ်ထုပ်ကြီးသူ”သည်
အောက်ဘုံ၊ ယုတ်ညံ့သောဘုံ၊ နိမ့်ကျ
သောဘုံသို့ သွားကြရသည်။ ဆင်းကြရသည်။
ယခု တာတီ၊တစ်ယောက်ကမူ
အကုသိုလ်ထုပ် ကြီမားလွန်းသော
ကြောင့်အောက်ဘုံ(အနိမ့်ကျဆုံးယုတ် ညံ့သောဘုံ(ပြိတ္တာဘုံ)အနွယ်ဝင်၊ သရဲ
အဖြစ်နှင့်ပင် သူ၏ ရုပ်အလောင်းကြီး
ထားရှိရာတည်ရာ နေရာဖြစ်သော
သုသာန် သင်္ချိုင်းမြေ၏ မြေပုံအနီး၊ ထီး
ထီးကြီးရှိနေသော သစ်ပင်ကြီးကြီးတွင်
ဝိညာဉ်ကပါ သရဲအဖြစ်နှင့် ရှိနေသည်၊
ရုပ်အလောင်၊ကောင်သည် သူ
သာန်သို့ ရောက်နေသလို ဝိညာဉ်ကပါ
တစ်ပါးတည်း သုသာန်သို့ ရောက်သွား ခြင်းဖြစ်သည်။
သုသာန် (သို့မဟုတ်)သင်္ချိုင်းစောင့်တာတီး၊
တာတိးသည် သချိုင်းစောင့်ပါတကာ။
တာတီ။တစ်ခယာက် အကုသိုလ် ဝဋ်ကြွေး။
ကံကြွေး၊ မကုန်သေးသ၍ သချိုင်းစောင့်တာတီး
ဘဝနဲ့ ဘယ်အချိန် ဘယ်ကာလထိအောင်များ.
ဤကား သင်္ချိုင်းစောင့်တာတီး၏
အဖြစ်အပျက်များပင်တည်း။ထို့နောက်
ရွာသူစုန်းမကြီးအကြောင်းကို ဆက်၍ ဖော်ပြပါမည်။
ဝင်းဝင်းတောက်နေသောမီး (သို့
မဟုတ်) ရဲရဲနီနေသော မီးလုံးကြီး၊ မိး
လုံးကြီးသည် အိမ်ခေါင်မိုးတစ်ပြန်စာ
နစ်ပြန်စာမျှ တက်နိုင်၏။ လွန်စွာတက်
နိုင်သော် အိမ်ခေါင်မိုး သုံးပြန်နီးပါးမျှ
တက်နိုင်လိမ့်မည်ထင်၏။
သည့်ထက်ပို၍ မတက်နိုင်။
အမှန်ကို ဆိုရလျှင် မီးလုံးမဟုတ်။
မီးလုံးဟု ထင်ရခြင်းသာ ဖြစ်သည်။ ၎င်း
အလုံးကြီးသည် နိမ့်ချည်မြင့်ချည်တက်
ရည်ဆင်းရည်ပြုနေသည်။အချိန်သည်
ညသန်းခေါင်ယံ၊ နေရာသည် ဥယျာဉ်
ကုန်းကျေးရွာနှင့် မနီးမဝေ။မှာရှိသော
လယ်ကွင်း။ စပါးများ ရိတ်သိမ်းပြီးစအချိန်၊
လယ်ကွင်းပြင်၏ ကွင်းစပ်တစ်နေရာ၊
တစ်ခါတစ်ခါအခြားရွာများမှကွင်း
ပြင်ကွင်းစပ်များတွင် တက်ရည် ဆင်း
ချည်ပြုနေသောမီးလုံးဟု ထင်ရသည့်
ရဲရဲနီနေသောအလုံးများကို တစ်လုံး
မက၊ နှစ်လုံးသုံးလုံးမျှ တွေ့ရတတ်သည်။
တစ်ခါတစ်ရံ တစ်ညလုံး တွေ့နေ
ရ၏။ လူများ အိပ်ရာမှမထခင် သုံးချက် တီး၊
သုံးနာရီထို၊ချိန်တွင် ထို ရဲရဲနီနေ သောအလုံးများကိုမမြင်ရ၊
မတွေ့ရတော့ရေ၊ဘယ်ရောက်လို့၊ ဘယ်ပျောက်
ကုန်မှန်း မသိတော့ပေ။
ကိုဖိုးအေး၊ဇိုးအေးသည် နာမည်နှင့်လိုက်
အောင်အေ၏။ ရိုး၏။ ရိုးလွန်းတော့
လည်း အသည်ဟု ပြောရမည်လား
မဆိုတတ်။ ပတ်ဝန်းကျင် အပေါင်း
အသင်း၊ ရောင်းရင်း၊ မိတ်ဆွေဓာတ်သိ
များမှပြောလာကြသည်။
“မင်းမိန်းမကိုလည်း မင်း လေ့လာ ဦးနော်၊မင်းမိန်းမ
ဘာဆိုတာကောသိ ရဲ့လား၊
ဘာကောင်ညာကောင်ဘာမည်း ကြီး ညာမည်းကြီးလို့
ငါတို့ကတော့ မပြောဘူး။ ပြောစရာလည်းမလိုဘူး။
မင်းကိုယ်တိုင်သိဖို့လိုတယ်။ သိအောင် ကြိုးစားဖိုးအေးရ
တစ်ခါမက ခဏခဏပြောသည်။
ပြောသူတွေက ပြောနေကြ၍ အမော
သာအဖတ်တင်လိမ့်မည်။
ဖိုးအေးခမျာမတုန်မလှုပ်၊ကျောက်ဆစ်ရုပ်၊
သည်တော့ ပြောနေကြသူများ မပြောကြတော့၊
ရေငုံနှုတ်ပိတ် ခပ် ဆိတ်ဆိတ်၊
တကယ်တော့ ဖိုးအေ၊သည် ဖတ်
ဝန်းကျင်ပြောကြ၊ ဆိုကြသည်ကို မယုံ၊

ဟုတ်သည်မဟုတ်သည် သိရန်လည်းမကြိုးစား။
“မိန်းမ ဘာကောင်ပဲဖြစ်ဖြစ်၊ ငါနှင့်
မဆိုင်၊ ငါ့မိန်းမဟာ ငါ့မိန်းမပဲ၊ ငါ သိဖို့မလိုဘူး”
လို့များထင်ထားသလား။ခံယူချက်
ထားနေသည်လား မပြောတတ်၊ မဆို
တတ်အောင်ပါပဲ၊ မိန်းမကို လည်း
အတော်ချစ်ပုံရသည်။ အိမ်ထောင်
သက်တမ်း (၇)နှစ်ရှိပြီ၊ ကလေးတစ်
ယောက်ရသည်၊ သားယောက်ျားလေး။
နာမည်သည် “ဇိုးတာ”တီတီတာတာ
ပြောတတ်၍ဖေဖေမေမေတို့၏အသည်း
စွဲ။ အဖေဖြစ်သူ ဗိုးအေ၊သည် အကဲဆုံး၊
အချစ်ဆုံးကြောင့် “ဖိုးတာ”ဟု အမည်
ပေးခြင်းဖြစ်၏။အသက်သည် ငါးနှစ်၊
ဖိုးအေ၊သည်နေ့ဘက်တွင်တစ်နေ့
လုံး ပင်ပင်ပန်းပန်းအလုပ် လုပ်ထား၍
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၏။
ဟောက်များပင် ဟောက်နေသေး၊
ဖိုးအေးသည် လယ်ကူလီစာရင်းငှားဖြစ် သည်။
ဦးဖြူလှ စာရင်းဒိုင်အိမ်တွင် အလုပ်လုပ်သည်။
ညအိပ်ချိန်တွင်တဲကိုပြန်၍ အိပ်သည်။
ဖိုးအေးနေသောတဲ
နှင့်ဦးဖြူလှနေသောအိမ်သည် မဝေးလှ
သောကြောင့် ဦးဖြူလှ ခွင့်ပြုထားခြင်း
ဖြစ်၏။ ဖိုးအေးနေထိုင်သောတဲသည်
သာယာကုန်းကျေးရွာရှိ ရွာထဲတွင်
မဟုတ်၊ ရွာပြင်ဝေးဝေးရှိ ကွင်းစ ်တွင်
သီးခြားနေထိုင်ကြသည်။
ဖိုးအေး၏တဲဘေးတွင် မည်သည့် တဲမျှ မရှိ၊
တစ်တဲနှင့် တစ်တဲ အတော် အလှမ်းဝေးသည်။
နံနက်အရုဏ်တက် ရွာဦးဘုန်း ကြီးကျောင်းမှ
လေးမောင်းတီ၊ လ၊ နာရီ အုန်းမောင်းခေါက်သံ
ကြားသည် နှင့် ဖိုအေးအိပ်ရာမှ အလူ၊အလဲထရ
စမြဲ။ အလုပ်ရှင် စာရင်းဒိုင်ဦးဖြူသူအိမ်
သို့အပြေးအလွှား သွားရသည်။
ဤသို့ ပြုနေသည်မှာ နှစ်ချီနေပြီ….လေ။
သည်ည။ ည (၁၂)နာရီထိုးနေပြီ။
ဖိုးအေးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျနေ၏။အိပ်မက်များတောင်
မက်နေသည်လားမသိ၊ ဖိုးအေး၏ဇနီး
မငွေဇာသည် မအိပ်သေး။ သားလေး
ဖိုးတာလည်း အိပ်မောကျနေပြီ…ပဲ၊ သူ့
အဖေနားမှာ၊ ကွေးလို့။
မငွေ့ဇာသည် ယောက်ျားဖြစ်သူ
အိပ်နေသောကိုဖိုးအေးကိုခေါင်းမှသည်
ခြေဖျားထိ၊ ခြေဖျားမှသည် ဦးခေါင်းထိ
ဘေးမှရစ်၍ ( ၇)ပတ် ပတ်သည်။
ဤသို့ ပြုပြီးမှ မိမိအိပ်သောအိပ်ရာတွင် ဖက်
လက်အနေအထားနေရသည်။ ကြာ
လိုက်သည်မထင်ရ။ စက္ကန့်ပိုင်းအတွင်း
လေးမှာပင် မငွေဇာ၏ ဦးခေါင်းသည်
တိတိရိရိပြတ်ပြီ။ အမျှင်တန်းလန်းဖြင့်
အိပ်မောကျနသော ကို ဖိုးအေးကို
ဒုတိယအကြိမ် (၇)ပတ် ပြန်ပတ်ပြီ။
နိမ့်ချည်မြင့်ချည်ဖြင့် အိမ်၏အပြင်သို့
တဖြည်းဖြည်းချင်း ပဲ၍ပဲ၍ ထွက်ခွာသွားလေ၏။
ဤသို့ပင်ဇနီးဖြစ်သူ မငွေဇာသည်
ည (၁၂)နာရီထိုးပြီးနောက်ပိုင်း ခင်ပွန်း သည်
အိပ်မောကျနေချိန်တွင် တစ်လ လျှင် နှစ်ခါ၊
တစ်ခါတစ်ရံတွင် သုံးကြိမ် သုံးခါမျှပြုလုပ်နေကျဖြစ်၏၊
ပြုလုပ်နေသည်မှာအိမ်ထောင်
သက် ( ၇)နစ်အတွင်း အကြိမ်ကြိမ်အခါ
ခါမရေတွက်နိုင်တော့၊ဤသို့ပြုနေသည်
မှာ မငွေဇာအတွက် လွန်စွာမှ အပြစ် ကြီးသည်ကို
မငွေဇာ မသိမဟုတ်၊ သိသည်။
သိပ်ကို သိပါသည်။ သို့သော်
အချိန်ကျလာလျှင် မပြုလုပ်ဘဲကို မနေ
နိုင်။ သည်အချိန်ရောက်ပြီဆိုမှဖြင့်
မငွေဇာ စိတ်ဖောက်ဗောက်လာသည်
ဟု ဆိုရမည်။ ပြုလုပ်နေကျအတိုင်းကို
ပြုလုပ်နေမိသည်။
မြန်ဆန်လိုက်သည့်ဖြစ်ခြင်း၊
နိမ့် ချည်မြင့်ချည် ဆင်းချည်တက်ချည်ဖြင့်
အိမ်ခေါင်မိုး နစ်ပြန်စာ သုံးပြန်နီးပါးမျှ
မြင့်တက်သွားတတ်လေ၏။ ပြီးတော့
ပျောက်သွားသည်။ပျောက်သွားမှာပေါ့။
သူရောက်သွားသည်ကဟို.. ဝေးဝေး
တစ်နေရာ၊ ကွင်၊ဘေးကွင်းစပ်များရှိ
မစင်များ စွန့်ရာနေရာ၊အညစ်အကြေးစွန့်ရာဖြစ်၏။
ခေါင်းပြတ်ကြီးမှ တန်းလန်းကျနေ သော
အမျှင်တန်းသည် အူသိမ်၊ အူမ အူအခွေများဖြစ်သည်။
တစ်ဝစားမည်၊ တစ်ဝ ပျော်တော့
မည်။ အပြင်မှ အများအမြင်နှင့်ကြည့် သော် မီးလုံး၊
မီးလုံးကြီး၊ မီးဝင်းဝင်း တောက်နေသည့် ရဲရဲနီနေသောမီးလုံး။
သူတို့အဆို၊ သူတို့အပြောသိသူတွေ
(အမှန်)ပြောကြသည်မှာ “စုန်းကြူးသည်၊ စုန်းတောက်သည်”ဟု။
တစ်နေရာမှသည် တစ်နေရာသို့
အညစ်အကြေး မစင်ရှိရာနေရာများ၌
တစ်ညလုံး တစ်ဝစားပြီး အပျော်ကြီး
ပျော်သည် ထင်၏။
ဟော…အခု။ (၃)နာရီတောင် ထိုး
တော့မှာပါလား။အသိဝင်လာသည်နှင့်
မငွေဇာအိမ်သို့ အမြန်ပြန်ခဲ့ပြီ…လ၊
အိပ်မောကျနေသောကိုဖိုးအေး၏
နံဘေးရှိအိပ်ရာတွင် ခေါင်းမရှိသော
ခန္ဓာကိုယ်ကြီးသည် ပက်လက်အနေ အထားဖြင့် ဆန့်ဆန့်ကြီး၊
ခုတော့ဖြင့် ခဏလေးအတွင်းမှာ
ပင် ခေါင်းနှင့်ကိုယ် ဆက်သွားပြီဖြစ် သည်။
အူသိမ်၊ အူမ၊ အူအစွဲများသည် သူ့နေရာနှင့်သူ နေသားတကျ၊
“ကိုဖိုးအေး..ကိုဖိုးအေး ထတော့ လေလေးနာရီထိုးတော့မယ်”
မငွောလှုပ်နှိုးတော့မှ ကိုဖိုးအေ၊
ခရာ မြူးတူးပြဲတဲဖြင့် လူးလဲထကာ
ကပျာကယာ မျက်နှာသစ်ပြီး စာရင်းဒိုင်
အိမ်သို့ မပြေးရုံတစ်မည် သွားရပါပြီကော
ကိုဖိုးအေးကို အလုပ်သွားရန် နှို၊
သည်အချိန်သည် လေးမောင်းဘီ။
လေးနာရီတိတိပေါ့။ ဟော….အုန်းမောင်း
ခေါက်သံကြားနေရပြီ..
ည၊ယနေ့ညသည် မငွေဖာအတွက်
ကံဆိုးမိုးမှောင်ကျသောနေဟု ဆိုရပါတာ့မည်။
အချိန်သည် ညသန်းခေါင်ယံ၊
ည (၁၂)နာရီတိတိ၊ထုံးစံအတိုင်း၊
မငွေ့ဇာ သည်ခင်ပွန်းဖြစ်သူကိုဖိုးအေးကို
ခေါင်းမှ ခြေ ရစ်၍ (၇)ပတ်ပတ်ပြီးအိပ်ရာပေါ်
တွင် ပက်လက်အနေအထားအတိုင်းနေလိုက်၏။
စက္ကန့်ပိုင်းအတွင်းမှာပင်
ခေါင်း သည်တိတိရိရိပြတ်သွားပြီးအမျှင်တန်း
လန်းဖြင့် ဒုတိယအကြိမ် ကိုဖိုးအေးကို ( ၇) ခါပတ်ပြီးမှ
နိမ့်ချည်မြင့်ချည်ဖြင့် အိမ်အပြင်သို့
တဖြည်းဖြည်၊ ဝဲ၍ဝဲ၍ အညစ်အကြေး
မစင်များရှိရာနေရာသို့ ရောက်ရှိသွားလေ၏။
သည်ညသည် မငွေဇာကိုယ်တိုင်
ထူးခြားနေသည်ဟု ထင်၏။ စားနေရ
သော်လည်းမဝ၊ ပျော်နေသော်လည်း အားမရ။
သည်တော့ရှေ့သို့တိုး၍တိုး၍
သွားသည်။ နေရာဟောင်းမှသည်
နေရာ သစ်ကို ရှာလာသည်။ ဟော… တွေ့ပြီ
ကြီးမားလွန်းသောရုံကြီးတစ်ရုံအောက်
တွင် အညစ်အကြေးမဝင်တွေ၊ အများပါပဲ။
ကြီးမှအများကြီး၊တကယ်ကိုအများကြီး
မငွေ့ဇာ စားသည်၊ မဝသေး၍ ဝ အောင်စားပစ်သည်။
ပြီးတော့ ပျော်ရသည်မှာ အားမရဖြစ်နေ၍အားရပါးရ ကြီးကို
သည်နေရာမှာ ပျော်ပစ်လိုက် မည်။ အားခဲထား၏။
မငွေဇာသည် စားချင်သည့်စိတ်၊
စားလိုသည့်ဇော၊ လောဘာတစ်ခုပဲ
သိ၏။ အန္တရာယ်ကိုမသိ၊ အစာကိုသာ မြင်၏။
အန္တရာယ်ကိုမမြင်၊အစာရှိနေ
သောရုံ၊ ကြီးမားလွန်းသောရုံကြီးသည်
ကား… ကြတ်ဝါးရုံ၊ဝါးချိုကြီးသာဖြစ်၏။
ကြီးသော၊ ချွန်ထက်သော ကြခတ်ဆူး
ကြီးများသည် များလှပါဘိတော့၊ တစ်
ရုံလုံးတစ်ချုံလုံးလိုလို။
တစ်ဝစားပြီးသည်နှင့် အပျော်ကြီး
ပျော်ရန်အားမာန်အပြည့်နှင့် အားကုန်
အပေါ်သို့ တစ်ရှိန်ထိုး တက်လိုက်ရာ…။
အူသိမ်၊ အူမဲ၊ အူအခွေတို့နှင့်အတူ
ခေါင်းကြီးတစ်ခုလုံးကြီးမားသောဝါးရုံ
ကြားတွင် ညပ်၍ နေလေတော့၏။ ကြီး
သော၊ ချွန်ထက်သောကြခတ်ဆူးကြီး
များသည်အူသိမ်၊အူမ၊ အူအခွေများကို
ထိုးဖောက်ပြီးသား ဖြစ်သွားသည်။
အဆိုးဝါးဆုံးသည်မျက်လုံးနှစ်လုံးစလုံး
ပေါက်ထွက်သွားသည်။
မငွောပျော်ပျော်ကြီးနိမ့်ချည်မြင့်
ချည် တက်ချည်ဆင်းချည်ဖြင့် စုန်းမျိုး
တော့မည်။ စုန်းတောက်မည်ဟု အားခဲ
ထားခါမှ မမြူးနိုင်ရှာတော့၊ ကံဆိုး
မိုးမှောင်ကျလေပြီ။
ခင်ပွန်းသည်အပေါ်တွင် မိုက်မဲစွာ ပြုခဲ့သောအကုသိုလ်ကံ၏ အပစ်ဒဏ်
ကို မငွေ့ဇာတစ်ယောက် ဆိုးဆိုးဝါးဝါးခံလိုက်ရရှာပြီ။
နှစ်ရှည်လများ ခင်ပွန်းသည်
အပေါ်တွင်ပြုခဲ့သော အပြစ်ကြွေးများ
ကိုမငွေ့ဇာအသက်နှင့်လဲပြီး ဆပ်လိုက် ရပြီ.တင့်၊
မဂ္ဂဇာဆုံးရှာပြီ။ မငွေဇာဝ ဇာတ်သိမ်းမလှ။

“ဖိုးအေး.. ကိုဖိုးအေး ကျုပ်
လေ-တော့်ကို အရေးကြီးတာတစ်ခု
ပြောစရာရှိလို့၊ သဓသရာရာနား
ထောင်နော်၊ ကျုပ်သား တော်သား
လေးကို ရှင်ပြုပေးလိုက်ပါ သင်္ကန်း
အမြန်စည်းပေးလိုက်ပါတော်….ကျုပ်
…ကျပ်သားလေးဖို့၊တာကိုရှင်သာ
မဏေအဖြစ်နဲ့ တွေ့ချင်မြင်ချင်လွန်းလို့
ပါတော်…။ ကျုပ် စိတ်ပါရစေနော်..။
ပြောလက်စနဲ့ မထူးတော့ပါဘူး။ ကျပ်
ဘဝမှန်ကိုဖွင့်ပြောပါတော့မယ်။ ကျုပ်
လကျပ်နေ့ဘက်မှာဘော်ရဲ့သားလေး
ရယ် အတူတူ ပျော်ပျော်ကြီး စံနေရ ပေမယ့်ညညကျရင်တော့..။
တော်တို့ပြောတဲ့ ရွာသူပေါ့ရှင်း ရွာသူစုန်းပါ။
ကျုပ်က သင်လို့တက်လာတဲ့စုန်းမ မဟုတ်ဘူ။
သင်လည်းမသင်ချင်ပါဘူး။ အမေမွေ၊ကတဲက
မသင်ဘဲတက်လာတဲ့မွေးရာပါစုန်း၊ဝမ်းတွင်းစုန်းပါ။
ကျပ်ကအနိမ့်စားရေးစားစုန်းရယ်ပါတော်။
ကျုပ်ဘဝနဲ့ ကျပ်ပဲရှိပါစေတော့..။
ညညတွေမှာရေးစားပြီးအပျော်ကြူးလို့ စုန်းမြူးရတဲ့အဖြစ်ပါ။
ကျုပ်မှာအပြစ်တွေ ရှိပါတယ်။
ကျုပ်ကိုခွင့်လွှတ်ပါနော်။ အခုကျုပ်လေ
ကျုပ်လူ့ဘဝမှာ မရှိတော့ဘူး၊ တော်တို့ နဲ့ ဘဝခြားနေပြီ၊
နောက်ဆုံးအနေနဲ့ ကျုပ် တော့်ကို ကန်တော့ခဲ့ပါတယ်။
ကျုပ်ပြောတာ မမေ့နဲ့နော်၊ သား လေးဖိုးတာကိုသင်္ကန်းစည်းဖြစ်အောင်
စည်းပေးပြီးကျပ်ကိုရေစက်ချအမျှပေး
ဝေပါ၊ အမျှဝေပါ… အမျှဝေပါ… အမျှဝေပါ။

ကိုဖိုးမအေး အိပ်ရာမှ ပြူးတူးပြဲတဲ ဖြင့် အလူ၊အလဲထသည်။
မျက်နှာတွင် ချွေးတွေပြန်နေ၏။ ဖောချွေးများဖြစ် သည်။
တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ရွှဲနစ်နေ၏။
အချိန်… အရုဏ်တက် လေးနာရီ။
“ငါ…ငါ…. အိပ်မက်တွေမက်နေပါ လား။
သားလေးကို ရှင်ပြု၊ သင်္ကန်း စည်းပေးလိုက်ပါတဲ့၊
ပြီးတော့ ကျုပ်ကိုရေစက်ချအမျှဝေပါတဲ့”
ကိုဖိုးအေးသည် အိပ်မက်ကို
တွေး နေရင်းမှ ချက်ချင်းဆို သလို လက်
ကလည်း အမှောင်ထဲတွင် စမ်းကြည့် လိုက်မိ၏…။
“ခေါင်းမရှိသောကိုယ်”
ကိုဖိုးအေး လန့် ဖျပ်သွားသည်။
စိတ်ကိုတည်ငြိမ်အောင်ထားပြီး မီးခွက်
တွင် မီးထွန်းညှိလိုက်၏။ အလင်း
ရောင်ကြောင့် ကိုဖိုးအေး ပီပီပြင်ပြင်မြင်နေရပြီ။
ခေါင်းမရှိသောခန္ဓာကိုယ်ကြီး
သည် ဆန့်ဆန့်ကြီး၊ ခေါင်းမရှိသော
သူ၏မိန်းမ မငွေဖာအလောင်းမှန်းချက် ချင်းသိလိုက်ရပြီ။
ကြောက်သည်၊ လန့်သည်ဆိုခြင်း ထက် ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ပူ
ဆွေးခြင်း၊ ယူကျုံးမရဖြစ်ခြင်း များစွာ များစွာဖြင့်..။
ဖိုးအေး၏ ပါးပြင်ပေါ်သို့ မျက်ရည် စက်များ
တစ်ပေါက်ရင်… တစ်ပေါက်
ချင်..။ ဗို၊အေ၊ ကြေကွဲပြီး ငိုနေမိပြီပဲ။
သားလေးဖိုးတာ ကွေးကွေးလေးအိပ်
ကောင်းနေဆဲ၊အိပ်မောကျနေသော
သားလေးဖိုးတာ၏မျက်နှာကို ကြည့်ပြီ။
ဖိုးအေး ရင်ထဲတွင် မရှိ။
“ကိုဖိုးအေး-ခင်ဗျားမိန်းမမငွေဇာ ရဲ့ခေါင်းပြတ်ကြီးဟိုဘက်၊
ဒူးစပ်ရွာက ကြခတ်ဝါးရုံကြီးမှာငြိနေတယ်။
မျက်လုံးတွေ ပေါက်ထွက်နေပြီ၊ သွားယူ လိုက်ဦး၊
မြန်မြန်သွားယူ – တော်ကြာ
လင်းတစာဖြစ်နေမယ်”
မိုးတောင်ကောင်းကောင်းမလင်း
သေး ရွာမှ ရွာသားတစ်ဦး လာပြောသည်။
ကိုဖိုးအေ သိလိုက်ပါပြီ။ မငွေ့ဇာ
ကိုယ်တိုင်လည်း အိပ်မက်ထဲမှာ လာ ပြောနေပြီပဲ။
“အင်း…မငွေဇာဆုံးရှာပြီပဲ။အမှိုက်
မကြီးမငွေဇာ ဆုံးသွားရှာပြီကိုး။ မိုးထိန်
ထိန်လင်းတာနဲ့ မငွာရဲ့ခေါင်းကိုသွာ
ယူပြီး ခေါင်းနဲ့ကိုယ် ပြန်ဆက်ထားရ
မယ်၊ရွာကလူကြီးတွေအကြောင်းကြား
ပြီးမငွေ့ဇာကို ရွာက သင်္ချိုင်းမှာကောင်း
ကောင်းသင်္ဂြိုဟ်ရမယ်။ အရေးကြီးတာ
က သားလေးပို့တာကို ငါရဆောင်၊
ထားတဲ့ငွေနဲ့မြင့်မြတ်တဲ့ရဟန်းဘောင်
သင်္ကန်း စည်းပေးရမယ် ၊ ပြီးတော့
မငွောကြားနိုင်အောင်၊ သာဓုခေါ်နိုင်
အောင် ရေစက်ချ၊ အပူဝေရမယ်၊အမျှ ဝေရမယ်၊အမျှဝေရမယ်”
ကိုဖိုးအေးသည် မျက်ရည်တွေတွေ ကျနေရင်းမှ တွေးနေမိခြင်းဖြစ်သည်။
တစ်ဆက်တည်းမှာပင် စိတ်ထဲမှလည်း
“အမိုက်မ မငွေဇာ၊ စုန်းမကြီးရေ၊
ဘဝဆက်တိုင်း…ဘဝဆက်တိုင်း သည် လိုအဖြစ်မျိုး… အဖြစ်ဆိုးကလွတ်ပါစေ၊ကျွတ်ပါစေ..”
ဆုတောင်းရင်း ဆုတောင်းရင်း…

Zawgyi Version

” ႐ြာသူစုန္းမႀကီးႏွင့္သခ်ႋဳင္းေစာင့္တာတီး “(စ/ဆုံး)
———————————————————

“မ်က္လုံးႀကီးေဟ့….မ်က္လုံးႀကီး”
ဟု ေအာ္ၿပီး လူငယ္တစ္အုပ္ရ
ေျပးၾကေလေတာ့သည္။ လဲသူလဲ၏၊
ကြဲသူကြဲ၏၊ဒူးၿပဲသူၿပဲသည္၊အေၾကာက္
ႀကီးေၾကာက္ကုန္ၾကသည္၊အလန႔္ႀကီးလန႔္ကုန္ၾကသည္။
အခ်ိန္သည္ ႏြား႐ိုင္၊သြင္းခ်ိန္၊
ေမွာင္ရီဖ်ိဳးဖ်အခ်ိန္၊ ေနရာသည္ လ
ဟာရက္ေက်း႐ြာႏွင့္သာယာကုန္းေက်း
႐ြာအၾကား တစ္စျပင္သုသာန္၊ သခ်ႋဳင္း
ကုန္းထီးထီးႀကီးရွိသည္။
လဟာရက္ေက်း႐ြာႏွင့္ သာယာ ကုန္းေက်း႐ြာသည္
ႏွစ္႐ြာတစ္႐ြာ ေနထိုင္ၾကသူမ်ား ျဖစ္ၾကသည္၊ ႐ြာနစ္႐ြာ
လုံးမွနာေရးေပၚေသာ္ဤသခ်ႋဳင္းမွာပင္
လာေရာက္ျမႇဳပ္ႏွံၾကပါသည္။ဤသခ်ႋဳင္း
သည္ သရဲေျခာက္သည္ဟု နာမည္ႀကီးေနသည္၊
လက္ျပတ္ႀကီးတစ္ေခ်ာင္းတည္း
ျပသည့္အခါျပ၏။ အေပြးဗလပ်စ္ႏွင့္
ေျခႏွစ္ေခ်ာင္းႀကီး လမ္းေလွ်ာက္ေန
သည္ကိုလည္း ျမင္သူေတြ ျမင္ၾကရ
သည္၊ အေမြးထူထူႏွင့္ ေခါင္းျပတ္ႀကီး
ကိုေတြ႕ဖူးသူမ်ားလည္းရွိၾကသည္။ရွည္
ေသာအေမြးဗလပ်စ္ႏွင့္ ေၾကာက္စရာ
ေကာင္းေလာက္ေအာင္ထိတ္လန႔္စရာ
ေကာင္းေလာက္ေအာင္ ထန္းပင္ႀကီး
ေလာက္ျမင့္သည့္ သရဲတစ္ေကာင္လုံး
ကိုလည္းတစ္ခါတစ္ရံေတြ႕ၾကျမင္ၾကရသည္။
ေၾကာက္စရာလန႔္စရာသည္းထိတ္
ရင္ဖိုစရာေကာင္းလွေပစြ။ထိုေၾကာက္
စရာေကာင္းလွေသာအျခင္းအရာတို႔
ကို ေတြ႕ ၾကရ၊ ျမင္ၾကရေသာအခါ
နာ မည္ႀကီးလာသည္။ ဤသခ်ႋဳင္းကုန္း
သရဲေျခာက္သည္ဟု။
ေန႔ဘက္မွာပင္ သြားရလာရသည္ မွာ
ေက်ာခ်မ္းလွ၏။ ညေနခင္း ေနဝင္ရီ
ဗ်ိဳးဖ်အခ်ိန္၌ ပို၍ပို၍ပင္၊ ေက်ာခ်မ္း
စရာဧေကာင္းလွေတာ့၏။မျဖစ္မေနသြား
ခဲ့လွ်င္ယခုလိုအုပ္စုဖြဲ႕၍ေလးငါးေျခာက္
ေယာက္ သြားၾကလာၾကရ၏။ ညဘက္
ဆိုလွ်င္ကား ေျပာဖြယ္ရာမရွိေတာ့ေခ်။
ယခုၾကည္ ။ လူငယ္ေျခာက္ ေယာက္၊
သာယာကုန္းေက်း႐ြာမွသည္
လဟာရက္ေက်း႐ြာသို႔ မျဖစ္မေနသြား ရန္ကိစၥ
ေပၚလာ၍ ျဖတ္သြားၾကစဥ္
သခ်ႋဳင္းကုန္းထိပ္ လူဝဝတစ္ဦး၏ သုံး
ဗက္စာမွ်ႀကီးမားေသာ သစ္ပင္ႀကီး၏
ခြဆုံၾကားမွေန၍ မီးဝင္းဝင္းေတာက္
ေနသည့္ ရဲရဲနီေနေသာ မီးလုံးႀကီးပမာ

မ်က္လုံးႀကီးႏွစ္လုံးသည္ျမင္ၾကရ၊ေတြ႕
ၾကရသူအဖို႔ ေၾကာက္မက္ဖြယ္ရာ
ေကာင္းေလာက္ေအာင္၊ သည္းထိတ္
ရင္ဖိုဖြယ္ရာျဖစ္ေလာက္ေအာင္ေျခာက္
လွန႔္လိုက္ျခင္းပင္ ျဖစ္ေတာ့သည္။
သည့္ေၾကာင့္ လူငယ္အုပ္စု ေျပ၊
ၾကရ….လႊားၾကရ၏။ သားစိမ္းငါးစိမ္း
သားက်က္ ငါးက်က္၊ အစိမ္းေၾကာ္၊
ေခါက္ဆြဲေၾကာ္ထုပ္မ်ားပါလာလွ်င္
ကားမလြယ္ေရးခ်မလြယ္….။
လိုက္၍ ဆြဲခ်ေနေလေတာ့သည္။
ဤမွ် ေၾကာက္စရာေကာင္းေလာက္ ေအာင္ ဆို၊
ဆိုးဝါးဝါးႀကီး ျဖစ္ေနပါ ေတာ့သည္။
သခ်ႋဳင္းေစာင့္မဖဲဝါကိုေတာ့ၾကား
ဗူးေကာင္းၾကားဖူးၾကပါလိမ့္မည္၊ ယခု
သူသည္ကား မဖဲဝါမဟုတ္။ထိုသရဲႀကီး ကား တာတီးပင္ ျဖစ္ေတာ့၏။
သခ်ႋဳင္း ေစာင့္၊တာတိ။ တာတိုးတစ္ေယာက္
သခ်ႋဳင္းေစာင့္၊ ျဖစ္ေနၿပီဟု၊ ႐ြာႏွစ္႐ြာ လုံးမွ
သိေနၾကၿပီျဖစ္ပါေတာ့သည္။
တာတီးသည္အစားႀကီးသည္။
အစားအေသာက္ပက္စက္သည္။
ေႁမြ၊ ရွဥ့္၊ လိပ္ အကုန္စားသည္။ ကင္၊
လိပ္ေလွ်ာႀကီးႀကီးဆိုလွ်င္အရွင္မထား။
အလြတ္မေပ။ ဖြတ္၊ ပုတတ္ပါမခ်န္
မက်န္ေစရ၊အကုန္စားသည္။
ေႁမြဆိုလွ်င္အေရခြံဆုတ္၍ မီးကင္ မီးဖုတ္ၿပီး
အရက္ႏွင့္စိမ္၍ ေသာက္ သည္။ အျခားအသားဆိုလွ်င္
ေျပာဖြယ္ ရာမရွိ၊ တာတီးေရွာင္တာ မစား တစ္ခုပဲရွိသည္။
ေျခေလးေခ်ာင္း ခုတင္ျဖစ္၏။
တာတီ၊မသတ္ဘူးတာမရွိ၊ ကြၽဲ၊
ႏြား၊ ဝက္၊ ဆိတ္ အကုန္သတ္သည္။
႐ြာႏွစ္႐ြာလုံးမွ ကြၽဲ၊ ႏြား၊ ဝက္ေပၚလွ်င္
တာတီးကို ေခၚၾကရသည္။
အစားၾကမ္း၏။ အေနၾကမ္း၏။
အက်ႌမဝတ္ဘဲ ဗလာက်င္း၍ ေက်ာ
အေနအထိုင္ပက္စက္၏။ အခ်ိန္ျပည့္၊
ေျပာင္ႀကီးႏွင့္ေနသည္က မ်ား၏။
အသားသည္ မည္းမည္းဆိုေတာ့ တာ
တီ၊ဆိုလူျမင္တာႏွင့္ သိသည္။
တာတီ၊ အရက္သမား၊ အရက္ သမား တာတီးကို မသိသူ မရွိ၊
လူသိ မ်ားသည္။တာတီးသည္ သေဘာမေနာ ေကာင္းသူ ျဖစ္၏။
ကုသိုလ္ဆို၍ တာတီး၏သက္တမ္းတစ္ေလွ်ာက္တြင္ဘာ
တစ္ခုမွ်မရွိ။ တစ္ပဲ၊ တစ္မတ္ဖို၊မွ်ပင္
မရွိ။ အကုသိုလ္ႏွင့္ အခ်ိန္ကုန္ခဲ့သည္ က မ်ားသည္။
အကုသိုလ္အထုပ္ႀကီး
ႀကီးကို ပိုက္ထားသူ ျဖစ္၏။
တာတီး မိန္းမရွိသည္။ မိန္းမထက္
အရက္ကို ပိုႀကိဳက္ေသာေၾကာင့္ ပို၍
ခင္တြယ္ပါေသာေၾကာင့္ တာတီးမိန္းမ
ႏွင့္ကြဲခဲ့သည္။ ေနာက္ထပ္အိမ္ေထာင္
မျပဳေတာ့၊ ျပဳရန္လည္း သူလို အရက္
သမားကိုတာတီးလိုလူစားကိုမည္သည့္
မိန္းပကမွ မေပါင္းဖက္ခ်င္ၾက၊ သည္ေတာ့
တာတီးသည္ တစ္ခု လပ္ဘဝ၊ တစ္ခုလပ္၊တာထိ။
သာယာ ကုန္း ႐ြာသား။ သာယာကုန္းဇာတိ။
ငါး မွ်ား၊ ကိုင္းေထာက္၊ ပိုက္တား သည့္
အလုပ္မွအပအျခားဘာအလုပ္မွ်မလုပ္ေတာ့၊
တာတီး အရက္ကို တစ္ေနကုန္ ေအာင္ ေသာက္၏။
ေန႔ေသာက္၏။ ည ေသာက္၏။
မိုးလင္းသည္ႏွင့္အရက္ႏွင့္
မ်က္ႏွာသစ္သည့္ကိန္းဆိုက္ေနၿပီ၊
လူသည္ အရက္ကို မႏိုင္၊အရက္
သည္လူကိုႏိုင္သြားၿပီျဖစ္သည္။ အရက္
ေက်းကြၽန္ျဖစ္၍ဧနေခ်ၿပီးတာတီးသည္
အေကာင္ႀကီးႀကီးမသတ္ရေသာ္ၾကက္၊
ငွက္ သတၱဝါေသးေသ၊ကိုေတာ့ သတ္
ေနရမႈေက်နပ္သူျဖစ္၏။သူမ်ားအသက္
ကို မသတ္ရလွ်င္ တာတီးတစ္ေယာက္
မေနတတ္ မထိုင္တတ္ေအာင္ ျဖစ္ေနေတာ့၏။
တစ္ေန႔…ထိုေန႔သည္ကား။
တာတီးအတြက္ ၾကမၼာငင္ေသာ
ေန႔၊ ၿဂိဳဟ္ဆိုးဝင္ေသာေန႔ဟု ဆိုပါလွ်င္၊
တာတီးသည္ လဟာရက္ဇေက်း႐ြာ
တြင္ အေပါင္းအသင္းမ်ားႏွင့္ ဝိုင္းဖြဲ႕၍
အရက္ေသာက္ၾကသည္။တာတီးသည္
အရက္ကိုမူးေအာင္ေသာက္၏။အလြန္
အကြၽံေသာက္သည္။ ၿပီးေတာ့ ႐ြာထဲမွ
အမဲေပၚဝိုင္း၍ တာတီးကိုယ္တိုင္ အမဲ
ေပၚခဲ့ပါေသးသည္၊
အမဲေပၚခအျဖစ္ ေပးလိုက္ေသာ
ေငြစအနည္းငယ္ကို ပုဆိုးခါးပုံစတြင္
လိမ္က်စ္၍ ထားလိုက္သည္။ အမဲသား
တစ္ပိႆာကို ႏိုးျဖင့္ တုပ္ခ်ည္ၿပီး ကိုင္
လာ၏။ ဒယိမ္းဒယိုင္ျဖင့္ မိမိေနထိုင္ရာ
သာယာကုန္း႐ြာသို႔ ျပန္လာခဲ့သည္။
တစ္ကိုယ္လုံးမွာ ေခြၽးေတြနစ္လို႔။
အေပၚမွာ ဗလာက်င္းေနသည္။ ေက်ာ
ေျပာင္ႀကီးႏွင့္၊လမ္းခုလတ္၊ သခ်ႋဳင္းကုန္းအနား
သို႔ အေရာက္တြင္ ဘယ္ကဘယ္လို
ေရာက္လာမွန္းမသိေသာကြၽဲဆိုးႀကီး
တစ္ေကာင္သည္တစ္ဟုန္ထိုးေျပးလာ
ၿပီးယိမ္းဒယိုင္ျဖင့္အမဲသားတြဲစြဲလာ
ေသာ တာတီးကို အရွိန္ျဖင့္ ထိုးဝင္၍
ခတ္လိုက္ေလေတာ့သည္။
တာတိ၊ခမ်ာလက္မွဆြဲလာေသာ
အမဲသားတြဲသည္ လြင့္စဥ္၍ တစ္ေနရာ
ေရာက္သြား၏။ တာတိ၊သည္လည္း
အေဝ၊သို႔ လြင့္စဥ္ၿပီ၊ တစ္ေနရာသို႔ က်
သြားေလေတာ့၏။
တာတီး အသက္ေပ်ာက္ၿပီးတာ
တီ၊ ကြၽဲခတ္၍ ပြဲခ်င္းၿပီ၊ ေသသြားရွာၿပီ။
တာတီးဘဝဇာတ္သိမ္းမလွေခ်။
တာတီ၊အေလာင္းကိုသုံးရက္ထား
ၿပီး ႐ြာမွ သၿဂႋဳဟ္သည္။ သခ်ိဳင္းထိပ္၊
သခ်ႋဳင္းစပ္နားတြင္ တာတီးကို ေျမျမႇဳပ္ သည္
တာတီးေျမပုံ၏အနီးတြင္ လူဝဝ ႀကီး၏ သုံးဖက္စာမွ် ႀကီးမားေသာ
သစ္ပင္ႀကီးႀကီး၊ ထီးထီးႀကီးတစ္ပင္ရွိသည္။
(၇)ရက္ျပည့္ၿပီး ရက္လည္ေတာ့
ရက္လည္ဆြမ္းသြတ္သည္။(၇)ရက္ႏွင့္
(၇)ညလုံးလုံး တာတီး၏ဝိညာဥ္သည္
မိမိေနထိုင္ရာ သည္အိမ္၊ သည္ၿခံ၊
သည္ျမ၊ သည္႐ြာ၊ သည္လယ္၊ သည္
ကြင္းမ်ား သူသြားခဲ့ရာ လာခဲ့ရာ အလုပ္
လုပ္ခဲ့ရာ ေနရာမ်ားတြင္ ေဝ့၍၍ဝဲ၍
ဝဲ၍က်င္လည္ေနေလေတာ့သည္။
(၈)ရက္ေျမာက္ေသာေန႔တြင္
တာတီး၏အေလာင္းျမႇဳပ္ႏွံထားေသာ
႐ုပ္အေလာင္းမေကာင္ရွိရာ အျမပုံအနီး
တြင္ရွိေသာ ႀကီးႀကီးမားမားရွိသည့္
သစ္ပင္ထီးထီးႀကီးတြင္ တာတီး၏
ဝိညာဥ္သည္ ၿပိတၱာဘုံအႏြယ္ဝင္
သရဲအျဖစ္ႏွင့္ရွိေနပါေဘာ့သည္။
တာတီးသည္ ဤသစ္ပင္ႀကီး၌ သရဲအျဖစ္ႏွင့္
အေစာင့္ျဖစ္ေနၿပီ။ သရ သည္တာတီးျဖစ္၏။
တာတီးသည္ သရဲျဖစ္ေနပါေတာ့
သည္။အမွန္ကိုဆိုရလွ်င္… “ေသေသာ
သူသည္ သုသာန္သို႔သြားသည္”မွာမွန္ပါသည္။

ေသေသာသူတိုင္း သုသာန္သို႔
သြားၾကရပါသည္။ ႐ုပ္အေလာင္းႀကီး
သည္ မလြဲမေသြ သုသာန္သခ်ႋဳင္းသို႔
သြားၾကရသည္။ သို႔ေသာ္….။
ဝိညာဥ္ကမူ ကုသိုလ္ အကုသိုလ္ ကိုလိုက္၍ “ကုသိုလ္ထုပ္ႀကီးသူသည္”
အထက္ဘုံေကာင္းေသာဘုံ၊ ျမင့္ျမတ္
ေသာဘုံ၊ျမင့္သည္ထက္ျမင့္ေသာဘုံ၊
အျမတ္ဆုံးဘုံသို႔ ေရာက္ၾကရသည္။
“အကုသိုလ္ထုပ္ႀကီးသူ”သည္
ေအာက္ဘုံ၊ ယုတ္ညံ့ေသာဘုံ၊ နိမ့္က်
ေသာဘုံသို႔ သြားၾကရသည္။ ဆင္းၾကရသည္။
ယခု တာတီ၊တစ္ေယာက္ကမူ
အကုသိုလ္ထုပ္ ႀကီမားလြန္းေသာ
ေၾကာင့္ေအာက္ဘုံ(အနိမ့္က်ဆုံးယုတ္ ညံ့ေသာဘုံ(ၿပိတၱာဘုံ)အႏြယ္ဝင္၊ သရဲ
အျဖစ္ႏွင့္ပင္ သူ၏ ႐ုပ္အေလာင္းႀကီး
ထားရွိရာတည္ရာ ေနရာျဖစ္ေသာ
သုသာန္ သခ်ႋဳင္းေျမ၏ ေျမပုံအနီး၊ ထီး
ထီးႀကီးရွိေနေသာ သစ္ပင္ႀကီးႀကီးတြင္
ဝိညာဥ္ကပါ သရဲအျဖစ္ႏွင့္ ရွိေနသည္၊
႐ုပ္အေလာင္၊ေကာင္သည္ သူ
သာန္သို႔ ေရာက္ေနသလို ဝိညာဥ္ကပါ
တစ္ပါးတည္း သုသာန္သို႔ ေရာက္သြား ျခင္းျဖစ္သည္။
သုသာန္ (သို႔မဟုတ္)သခ်ႋဳင္းေစာင့္တာတီး၊
တာတိးသည္ သခ်ိဳင္းေစာင့္ပါတကာ။
တာတီ။တစ္ခယာက္ အကုသိုလ္ ဝဋ္ေႂကြး။
ကံေႂကြး၊ မကုန္ေသးသ၍ သခ်ိဳင္းေစာင့္တာတီး
ဘဝနဲ႔ ဘယ္အခ်ိန္ ဘယ္ကာလထိေအာင္မ်ား.
ဤကား သခ်ႋဳင္းေစာင့္တာတီး၏
အျဖစ္အပ်က္မ်ားပင္တည္း။ထို႔ေနာက္
႐ြာသူစုန္းမႀကီးအေၾကာင္းကို ဆက္၍ ေဖာ္ျပပါမည္။
ဝင္းဝင္းေတာက္ေနေသာမီး (သို႔
မဟုတ္) ရဲရဲနီေနေသာ မီးလုံးႀကီး၊ မိး
လုံးႀကီးသည္ အိမ္ေခါင္မိုးတစ္ျပန္စာ
နစ္ျပန္စာမွ် တက္ႏိုင္၏။ လြန္စြာတက္
ႏိုင္ေသာ္ အိမ္ေခါင္မိုး သုံးျပန္နီးပါးမွ်
တက္ႏိုင္လိမ့္မည္ထင္၏။
သည့္ထက္ပို၍ မတက္ႏိုင္။
အမွန္ကို ဆိုရလွ်င္ မီးလုံးမဟုတ္။
မီးလုံးဟု ထင္ရျခင္းသာ ျဖစ္သည္။ ၎
အလုံးႀကီးသည္ နိမ့္ခ်ည္ျမင့္ခ်ည္တက္
ရည္ဆင္းရည္ျပဳေနသည္။အခ်ိန္သည္
ညသန္းေခါင္ယံ၊ ေနရာသည္ ဥယ်ာဥ္
ကုန္းေက်း႐ြာႏွင့္ မနီးမေဝ။မွာရွိေသာ
လယ္ကြင္း။ စပါးမ်ား ရိတ္သိမ္းၿပီးစအခ်ိန္၊
လယ္ကြင္းျပင္၏ ကြင္းစပ္တစ္ေနရာ၊
တစ္ခါတစ္ခါအျခား႐ြာမ်ားမွကြင္း
ျပင္ကြင္းစပ္မ်ားတြင္ တက္ရည္ ဆင္း
ခ်ည္ျပဳေနေသာမီးလုံးဟု ထင္ရသည့္
ရဲရဲနီေနေသာအလုံးမ်ားကို တစ္လုံး
မက၊ ႏွစ္လုံးသုံးလုံးမွ် ေတြ႕ရတတ္သည္။
တစ္ခါတစ္ရံ တစ္ညလုံး ေတြ႕ေန
ရ၏။ လူမ်ား အိပ္ရာမွမထခင္ သုံးခ်က္ တီး၊
သုံးနာရီထို၊ခ်ိန္တြင္ ထို ရဲရဲနီေန ေသာအလုံးမ်ားကိုမျမင္ရ၊
မေတြ႕ရေတာ့ေရ၊ဘယ္ေရာက္လို႔၊ ဘယ္ေပ်ာက္
ကုန္မွန္း မသိေတာ့ေပ။
ကိုဖိုးေအး၊ဇိုးေအးသည္ နာမည္ႏွင့္လိုက္
ေအာင္ေအ၏။ ႐ိုး၏။ ႐ိုးလြန္းေတာ့
လည္း အသည္ဟု ေျပာရမည္လား
မဆိုတတ္။ ပတ္ဝန္းက်င္ အေပါင္း
အသင္း၊ ေရာင္းရင္း၊ မိတ္ေဆြဓာတ္သိ
မ်ားမွေျပာလာၾကသည္။
“မင္းမိန္းမကိုလည္း မင္း ေလ့လာ ဦးေနာ္၊မင္းမိန္းမ
ဘာဆိုတာေကာသိ ရဲ႕လား၊
ဘာေကာင္ညာေကာင္ဘာမည္း ႀကီး ညာမည္းႀကီးလို႔
ငါတို႔ကေတာ့ မေျပာဘူး။ ေျပာစရာလည္းမလိုဘူး။
မင္းကိုယ္တိုင္သိဖို႔လိုတယ္။ သိေအာင္ ႀကိဳးစားဖိုးေအးရ
တစ္ခါမက ခဏခဏေျပာသည္။
ေျပာသူေတြက ေျပာေနၾက၍ အေမာ
သာအဖတ္တင္လိမ့္မည္။
ဖိုးေအးခမ်ာမတုန္မလႈပ္၊ေက်ာက္ဆစ္႐ုပ္၊
သည္ေတာ့ ေျပာေနၾကသူမ်ား မေျပာၾကေတာ့၊
ေရငုံႏႈတ္ပိတ္ ခပ္ ဆိတ္ဆိတ္၊
တကယ္ေတာ့ ဖိုးေအ၊သည္ ဖတ္
ဝန္းက်င္ေျပာၾက၊ ဆိုၾကသည္ကို မယုံ၊

ဟုတ္သည္မဟုတ္သည္ သိရန္လည္းမႀကိဳးစား။
“မိန္းမ ဘာေကာင္ပဲျဖစ္ျဖစ္၊ ငါႏွင့္
မဆိုင္၊ ငါ့မိန္းမဟာ ငါ့မိန္းမပဲ၊ ငါ သိဖို႔မလိုဘူး”
လို႔မ်ားထင္ထားသလား။ခံယူခ်က္
ထားေနသည္လား မေျပာတတ္၊ မဆို
တတ္ေအာင္ပါပဲ၊ မိန္းမကို လည္း
အေတာ္ခ်စ္ပုံရသည္။ အိမ္ေထာင္
သက္တမ္း (၇)ႏွစ္ရွိၿပီ၊ ကေလးတစ္
ေယာက္ရသည္၊ သားေယာက္်ားေလး။
နာမည္သည္ “ဇိုးတာ”တီတီတာတာ
ေျပာတတ္၍ေဖေဖေမေမတို႔၏အသည္း
စြဲ။ အေဖျဖစ္သူ ဗိုးေအ၊သည္ အကဲဆုံး၊
အခ်စ္ဆုံးေၾကာင့္ “ဖိုးတာ”ဟု အမည္
ေပးျခင္းျဖစ္၏။အသက္သည္ ငါးႏွစ္၊
ဖိုးေအ၊သည္ေန႔ဘက္တြင္တစ္ေန႔
လုံး ပင္ပင္ပန္းပန္းအလုပ္ လုပ္ထား၍
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေန၏။
ေဟာက္မ်ားပင္ ေဟာက္ေနေသး၊
ဖိုးေအးသည္ လယ္ကူလီစာရင္းငွားျဖစ္ သည္။
ဦးျဖဴလွ စာရင္းဒိုင္အိမ္တြင္ အလုပ္လုပ္သည္။
ညအိပ္ခ်ိန္တြင္တဲကိုျပန္၍ အိပ္သည္။
ဖိုးေအးေနေသာတဲ
ႏွင့္ဦးျဖဴလွေနေသာအိမ္သည္ မေဝးလွ
ေသာေၾကာင့္ ဦးျဖဴလွ ခြင့္ျပဳထားျခင္း
ျဖစ္၏။ ဖိုးေအးေနထိုင္ေသာတဲသည္
သာယာကုန္းေက်း႐ြာရွိ ႐ြာထဲတြင္
မဟုတ္၊ ႐ြာျပင္ေဝးေဝးရွိ ကြင္းစ ္တြင္
သီးျခားေနထိုင္ၾကသည္။
ဖိုးေအး၏တဲေဘးတြင္ မည္သည့္ တဲမွ် မရွိ၊
တစ္တဲႏွင့္ တစ္တဲ အေတာ္ အလွမ္းေဝးသည္။
နံနက္အ႐ုဏ္တက္ ႐ြာဦးဘုန္း ႀကီးေက်ာင္းမွ
ေလးေမာင္းတီ၊ လ၊ နာရီ အုန္းေမာင္းေခါက္သံ
ၾကားသည္ ႏွင့္ ဖိုေအးအိပ္ရာမွ အလူ၊အလဲထရ
စၿမဲ။ အလုပ္ရွင္ စာရင္းဒိုင္ဦးျဖဴသူအိမ္
သို႔အေျပးအလႊား သြားရသည္။
ဤသို႔ ျပဳေနသည္မွာ ႏွစ္ခ်ီေနၿပီ….ေလ။
သည္ည။ ည (၁၂)နာရီထိုးေနၿပီ။
ဖိုးေအးတစ္ေယာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္
အိပ္ေမာက်ေန၏။အိပ္မက္မ်ားေတာင္
မက္ေနသည္လားမသိ၊ ဖိုးေအး၏ဇနီး
မေငြဇာသည္ မအိပ္ေသး။ သားေလး
ဖိုးတာလည္း အိပ္ေမာက်ေနၿပီ…ပဲ၊ သူ႔
အေဖနားမွာ၊ ေကြးလို႔။
မေငြ႕ဇာသည္ ေယာက္်ားျဖစ္သူ
အိပ္ေနေသာကိုဖိုးေအးကိုေခါင္းမွသည္
ေျခဖ်ားထိ၊ ေျခဖ်ားမွသည္ ဦးေခါင္းထိ
ေဘးမွရစ္၍ ( ၇)ပတ္ ပတ္သည္။
ဤသို႔ ျပဳၿပီးမွ မိမိအိပ္ေသာအိပ္ရာတြင္ ဖက္
လက္အေနအထားေနရသည္။ ၾကာ
လိုက္သည္မထင္ရ။ စကၠန႔္ပိုင္းအတြင္း
ေလးမွာပင္ မေငြဇာ၏ ဦးေခါင္းသည္
တိတိရိရိျပတ္ၿပီ။ အမွ်င္တန္းလန္းျဖင့္
အိပ္ေမာက်နေသာ ကို ဖိုးေအးကို
ဒုတိယအႀကိမ္ (၇)ပတ္ ျပန္ပတ္ၿပီ။
နိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ အိမ္၏အျပင္သို႔
တျဖည္းျဖည္းခ်င္း ပဲ၍ပဲ၍ ထြက္ခြာသြားေလ၏။
ဤသို႔ပင္ဇနီးျဖစ္သူ မေငြဇာသည္
ည (၁၂)နာရီထိုးၿပီးေနာက္ပိုင္း ခင္ပြန္း သည္
အိပ္ေမာက်ေနခ်ိန္တြင္ တစ္လ လွ်င္ ႏွစ္ခါ၊
တစ္ခါတစ္ရံတြင္ သုံးႀကိမ္ သုံးခါမွ်ျပဳလုပ္ေနက်ျဖစ္၏၊
ျပဳလုပ္ေနသည္မွာအိမ္ေထာင္
သက္ ( ၇)နစ္အတြင္း အႀကိမ္ႀကိမ္အခါ
ခါမေရတြက္ႏိုင္ေတာ့၊ဤသို႔ျပဳေနသည္
မွာ မေငြဇာအတြက္ လြန္စြာမွ အျပစ္ ႀကီးသည္ကို
မေငြဇာ မသိမဟုတ္၊ သိသည္။
သိပ္ကို သိပါသည္။ သို႔ေသာ္
အခ်ိန္က်လာလွ်င္ မျပဳလုပ္ဘဲကို မေန
ႏိုင္။ သည္အခ်ိန္ေရာက္ၿပီဆိုမွျဖင့္
မေငြဇာ စိတ္ေဖာက္ေဗာက္လာသည္
ဟု ဆိုရမည္။ ျပဳလုပ္ေနက်အတိုင္းကို
ျပဳလုပ္ေနမိသည္။
ျမန္ဆန္လိုက္သည့္ျဖစ္ျခင္း၊
နိမ့္ ခ်ည္ျမင့္ခ်ည္ ဆင္းခ်ည္တက္ခ်ည္ျဖင့္
အိမ္ေခါင္မိုး နစ္ျပန္စာ သုံးျပန္နီးပါးမွ်
ျမင့္တက္သြားတတ္ေလ၏။ ၿပီးေတာ့
ေပ်ာက္သြားသည္။ေပ်ာက္သြားမွာေပါ့။
သူေရာက္သြားသည္ကဟို.. ေဝးေဝး
တစ္ေနရာ၊ ကြင္၊ေဘးကြင္းစပ္မ်ားရွိ
မစင္မ်ား စြန႔္ရာေနရာ၊အညစ္အေၾကးစြန႔္ရာျဖစ္၏။
ေခါင္းျပတ္ႀကီးမွ တန္းလန္းက်ေန ေသာ
အမွ်င္တန္းသည္ အူသိမ္၊ အူမ အူအေခြမ်ားျဖစ္သည္။
တစ္ဝစားမည္၊ တစ္ဝ ေပ်ာ္ေတာ့
မည္။ အျပင္မွ အမ်ားအျမင္ႏွင့္ၾကည့္ ေသာ္ မီးလုံး၊
မီးလုံးႀကီး၊ မီးဝင္းဝင္း ေတာက္ေနသည့္ ရဲရဲနီေနေသာမီးလုံး။
သူတို႔အဆို၊ သူတို႔အေျပာသိသူေတြ
(အမွန္)ေျပာၾကသည္မွာ “စုန္းၾကဴးသည္၊ စုန္းေတာက္သည္”ဟု။
တစ္ေနရာမွသည္ တစ္ေနရာသို႔
အညစ္အေၾကး မစင္ရွိရာေနရာမ်ား၌
တစ္ညလုံး တစ္ဝစားၿပီး အေပ်ာ္ႀကီး
ေပ်ာ္သည္ ထင္၏။
ေဟာ…အခု။ (၃)နာရီေတာင္ ထိုး
ေတာ့မွာပါလား။အသိဝင္လာသည္ႏွင့္
မေငြဇာအိမ္သို႔ အျမန္ျပန္ခဲ့ၿပီ…လ၊
အိပ္ေမာက်ေနေသာကိုဖိုးေအး၏
နံေဘးရွိအိပ္ရာတြင္ ေခါင္းမရွိေသာ
ခႏၶာကိုယ္ႀကီးသည္ ပက္လက္အေန အထားျဖင့္ ဆန႔္ဆန႔္ႀကီး၊
ခုေတာ့ျဖင့္ ခဏေလးအတြင္းမွာ
ပင္ ေခါင္းႏွင့္ကိုယ္ ဆက္သြားၿပီျဖစ္ သည္။
အူသိမ္၊ အူမ၊ အူအစြဲမ်ားသည္ သူ႔ေနရာႏွင့္သူ ေနသားတက်၊
“ကိုဖိုးေအး..ကိုဖိုးေအး ထေတာ့ ေလေလးနာရီထိုးေတာ့မယ္”
မေငြာလႈပ္ႏႈိးေတာ့မွ ကိုဖိုးေအ၊
ခရာ ျမဴးတူးၿပဲတဲျဖင့္ လူးလဲထကာ
ကပ်ာကယာ မ်က္ႏွာသစ္ၿပီး စာရင္းဒိုင္
အိမ္သို႔ မေျပး႐ုံတစ္မည္ သြားရပါၿပီေကာ
ကိုဖိုးေအးကို အလုပ္သြားရန္ ႏႈိ၊
သည္အခ်ိန္သည္ ေလးေမာင္းဘီ။
ေလးနာရီတိတိေပါ့။ ေဟာ….အုန္းေမာင္း
ေခါက္သံၾကားေနရၿပီ..
ည၊ယေန႔ညသည္ မေငြဖာအတြက္
ကံဆိုးမိုးေမွာင္က်ေသာေနဟု ဆိုရပါတာ့မည္။
အခ်ိန္သည္ ညသန္းေခါင္ယံ၊
ည (၁၂)နာရီတိတိ၊ထုံးစံအတိုင္း၊
မေငြ႕ဇာ သည္ခင္ပြန္းျဖစ္သူကိုဖိုးေအးကို
ေခါင္းမွ ေျခ ရစ္၍ (၇)ပတ္ပတ္ၿပီးအိပ္ရာေပၚ
တြင္ ပက္လက္အေနအထားအတိုင္းေနလိုက္၏။
စကၠန႔္ပိုင္းအတြင္းမွာပင္
ေခါင္း သည္တိတိရိရိျပတ္သြားၿပီးအမွ်င္တန္း
လန္းျဖင့္ ဒုတိယအႀကိမ္ ကိုဖိုးေအးကို ( ၇) ခါပတ္ၿပီးမွ
နိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ အိမ္အျပင္သို႔
တျဖည္းျဖည္၊ ဝဲ၍ဝဲ၍ အညစ္အေၾကး
မစင္မ်ားရွိရာေနရာသို႔ ေရာက္ရွိသြားေလ၏။
သည္ညသည္ မေငြဇာကိုယ္တိုင္
ထူးျခားေနသည္ဟု ထင္၏။ စားေနရ
ေသာ္လည္းမဝ၊ ေပ်ာ္ေနေသာ္လည္း အားမရ။
သည္ေတာ့ေရွ႕သို႔တိုး၍တိုး၍
သြားသည္။ ေနရာေဟာင္းမွသည္
ေနရာ သစ္ကို ရွာလာသည္။ ေဟာ… ေတြ႕ၿပီ
ႀကီးမားလြန္းေသာ႐ုံႀကီးတစ္႐ုံေအာက္
တြင္ အညစ္အေၾကးမဝင္ေတြ၊ အမ်ားပါပဲ။
ႀကီးမွအမ်ားႀကီး၊တကယ္ကိုအမ်ားႀကီး
မေငြ႕ဇာ စားသည္၊ မဝေသး၍ ဝ ေအာင္စားပစ္သည္။
ၿပီးေတာ့ ေပ်ာ္ရသည္မွာ အားမရျဖစ္ေန၍အားရပါးရ ႀကီးကို
သည္ေနရာမွာ ေပ်ာ္ပစ္လိုက္ မည္။ အားခဲထား၏။
မေငြဇာသည္ စားခ်င္သည့္စိတ္၊
စားလိုသည့္ေဇာ၊ ေလာဘာတစ္ခုပဲ
သိ၏။ အႏၲရာယ္ကိုမသိ၊ အစာကိုသာ ျမင္၏။
အႏၲရာယ္ကိုမျမင္၊အစာရွိေန
ေသာ႐ုံ၊ ႀကီးမားလြန္းေသာ႐ုံႀကီးသည္
ကား… ၾကတ္ဝါး႐ုံ၊ဝါးခ်ိဳႀကီးသာျဖစ္၏။
ႀကီးေသာ၊ ခြၽန္ထက္ေသာ ၾကခတ္ဆူး
ႀကီးမ်ားသည္ မ်ားလွပါဘိေတာ့၊ တစ္
႐ုံလုံးတစ္ခ်ဳံလုံးလိုလို။
တစ္ဝစားၿပီးသည္ႏွင့္ အေပ်ာ္ႀကီး
ေပ်ာ္ရန္အားမာန္အျပည့္ႏွင့္ အားကုန္
အေပၚသို႔ တစ္ရွိန္ထိုး တက္လိုက္ရာ…။
အူသိမ္၊ အူမဲ၊ အူအေခြတို႔ႏွင့္အတူ
ေခါင္းႀကီးတစ္ခုလုံးႀကီးမားေသာဝါး႐ုံ
ၾကားတြင္ ညပ္၍ ေနေလေတာ့၏။ ႀကီး
ေသာ၊ ခြၽန္ထက္ေသာၾကခတ္ဆူးႀကီး
မ်ားသည္အူသိမ္၊အူမ၊ အူအေခြမ်ားကို
ထိုးေဖာက္ၿပီးသား ျဖစ္သြားသည္။
အဆိုးဝါးဆုံးသည္မ်က္လုံးႏွစ္လုံးစလုံး
ေပါက္ထြက္သြားသည္။
မေငြာေပ်ာ္ေပ်ာ္ႀကီးနိမ့္ခ်ည္ျမင့္
ခ်ည္ တက္ခ်ည္ဆင္းခ်ည္ျဖင့္ စုန္းမ်ိဳး
ေတာ့မည္။ စုန္းေတာက္မည္ဟု အားခဲ
ထားခါမွ မျမဴးႏိုင္ရွာေတာ့၊ ကံဆိုး
မိုးေမွာင္က်ေလၿပီ။
ခင္ပြန္းသည္အေပၚတြင္ မိုက္မဲစြာ ျပဳခဲ့ေသာအကုသိုလ္ကံ၏ အပစ္ဒဏ္
ကို မေငြ႕ဇာတစ္ေယာက္ ဆိုးဆိုးဝါးဝါးခံလိုက္ရရွာၿပီ။
ႏွစ္ရွည္လမ်ား ခင္ပြန္းသည္
အေပၚတြင္ျပဳခဲ့ေသာ အျပစ္ေႂကြးမ်ား
ကိုမေငြ႕ဇာအသက္ႏွင့္လဲၿပီး ဆပ္လိုက္ ရၿပီ.တင့္၊
မဂၢဇာဆုံးရွာၿပီ။ မေငြဇာဝ ဇာတ္သိမ္းမလွ။

“ဖိုးေအး.. ကိုဖိုးေအး က်ဳပ္
ေလ-ေတာ့္ကို အေရးႀကီးတာတစ္ခု
ေျပာစရာရွိလို႔၊ သဓသရာရာနား
ေထာင္ေနာ္၊ က်ဳပ္သား ေတာ္သား
ေလးကို ရွင္ျပဳေပးလိုက္ပါ သကၤန္း
အျမန္စည္းေပးလိုက္ပါေတာ္….က်ဳပ္
…က်ပ္သားေလးဖို႔၊တာကိုရွင္သာ
မေဏအျဖစ္နဲ႔ ေတြ႕ခ်င္ျမင္ခ်င္လြန္းလို႔
ပါေတာ္…။ က်ဳပ္ စိတ္ပါရေစေနာ္..။
ေျပာလက္စနဲ႔ မထူးေတာ့ပါဘူး။ က်ပ္
ဘဝမွန္ကိုဖြင့္ေျပာပါေတာ့မယ္။ က်ဳပ္
လက်ပ္ေန႔ဘက္မွာေဘာ္ရဲ႕သားေလး
ရယ္ အတူတူ ေပ်ာ္ေပ်ာ္ႀကီး စံေနရ ေပမယ့္ညညက်ရင္ေတာ့..။
ေတာ္တို႔ေျပာတဲ့ ႐ြာသူေပါ့ရွင္း ႐ြာသူစုန္းပါ။
က်ဳပ္က သင္လို႔တက္လာတဲ့စုန္းမ မဟုတ္ဘူ။
သင္လည္းမသင္ခ်င္ပါဘူး။ အေမေမြ၊ကတဲက
မသင္ဘဲတက္လာတဲ့ေမြးရာပါစုန္း၊ဝမ္းတြင္းစုန္းပါ။
က်ပ္ကအနိမ့္စားေရးစားစုန္းရယ္ပါေတာ္။
က်ဳပ္ဘဝနဲ႔ က်ပ္ပဲရွိပါေစေတာ့..။
ညညေတြမွာေရးစားၿပီးအေပ်ာ္ၾကဴးလို႔ စုန္းျမဴးရတဲ့အျဖစ္ပါ။
က်ဳပ္မွာအျပစ္ေတြ ရွိပါတယ္။
က်ဳပ္ကိုခြင့္လႊတ္ပါေနာ္။ အခုက်ဳပ္ေလ
က်ဳပ္လူ႔ဘဝမွာ မရွိေတာ့ဘူး၊ ေတာ္တို႔ နဲ႔ ဘဝျခားေနၿပီ၊
ေနာက္ဆုံးအေနနဲ႔ က်ဳပ္ ေတာ့္ကို ကန္ေတာ့ခဲ့ပါတယ္။
က်ဳပ္ေျပာတာ မေမ့နဲ႔ေနာ္၊ သား ေလးဖိုးတာကိုသကၤန္းစည္းျဖစ္ေအာင္
စည္းေပးၿပီးက်ပ္ကိုေရစက္ခ်အမွ်ေပး
ေဝပါ၊ အမွ်ေဝပါ… အမွ်ေဝပါ… အမွ်ေဝပါ။

ကိုဖိုးမေအး အိပ္ရာမွ ျပဴးတူးၿပဲတဲ ျဖင့္ အလူ၊အလဲထသည္။
မ်က္ႏွာတြင္ ေခြၽးေတြျပန္ေန၏။ ေဖာေခြၽးမ်ားျဖစ္ သည္။
တစ္ကိုယ္လုံးလည္း ေခြၽးမ်ားျဖင့္ ႐ႊဲနစ္ေန၏။
အခ်ိန္… အ႐ုဏ္တက္ ေလးနာရီ။
“ငါ…ငါ…. အိပ္မက္ေတြမက္ေနပါ လား။
သားေလးကို ရွင္ျပဳ၊ သကၤန္း စည္းေပးလိုက္ပါတဲ့၊
ၿပီးေတာ့ က်ဳပ္ကိုေရစက္ခ်အမွ်ေဝပါတဲ့”
ကိုဖိုးေအးသည္ အိပ္မက္ကို
ေတြး ေနရင္းမွ ခ်က္ခ်င္းဆို သလို လက္
ကလည္း အေမွာင္ထဲတြင္ စမ္းၾကည့္ လိုက္မိ၏…။
“ေခါင္းမရွိေသာကိုယ္”
ကိုဖိုးေအး လန႔္ ဖ်ပ္သြားသည္။
စိတ္ကိုတည္ၿငိမ္ေအာင္ထားၿပီး မီးခြက္
တြင္ မီးထြန္းညႇိလိုက္၏။ အလင္း
ေရာင္ေၾကာင့္ ကိုဖိုးေအး ပီပီျပင္ျပင္ျမင္ေနရၿပီ။
ေခါင္းမရွိေသာခႏၶာကိုယ္ႀကီး
သည္ ဆန႔္ဆန႔္ႀကီး၊ ေခါင္းမရွိေသာ
သူ၏မိန္းမ မေငြဖာအေလာင္းမွန္းခ်က္ ခ်င္းသိလိုက္ရၿပီ။
ေၾကာက္သည္၊ လန႔္သည္ဆိုျခင္း ထက္ ဝမ္းနည္းျခင္း၊ ေၾကကြဲျခင္း၊ ပူ
ေဆြးျခင္း၊ ယူက်ဳံးမရျဖစ္ျခင္း မ်ားစြာ မ်ားစြာျဖင့္..။
ဖိုးေအး၏ ပါးျပင္ေပၚသို႔ မ်က္ရည္ စက္မ်ား
တစ္ေပါက္ရင္… တစ္ေပါက္
ခ်င္..။ ဗို၊ေအ၊ ေၾကကြဲၿပီး ငိုေနမိၿပီပဲ။
သားေလးဖိုးတာ ေကြးေကြးေလးအိပ္
ေကာင္းေနဆဲ၊အိပ္ေမာက်ေနေသာ
သားေလးဖိုးတာ၏မ်က္ႏွာကို ၾကည့္ၿပီ။
ဖိုးေအး ရင္ထဲတြင္ မရွိ။
“ကိုဖိုးေအး-ခင္ဗ်ားမိန္းမမေငြဇာ ရဲ႕ေခါင္းျပတ္ႀကီးဟိုဘက္၊
ဒူးစပ္႐ြာက ၾကခတ္ဝါး႐ုံႀကီးမွာၿငိေနတယ္။
မ်က္လုံးေတြ ေပါက္ထြက္ေနၿပီ၊ သြားယူ လိုက္ဦး၊
ျမန္ျမန္သြားယူ – ေတာ္ၾကာ
လင္းတစာျဖစ္ေနမယ္”
မိုးေတာင္ေကာင္းေကာင္းမလင္း
ေသး ႐ြာမွ ႐ြာသားတစ္ဦး လာေျပာသည္။
ကိုဖိုးေအ သိလိုက္ပါၿပီ။ မေငြ႕ဇာ
ကိုယ္တိုင္လည္း အိပ္မက္ထဲမွာ လာ ေျပာေနၿပီပဲ။
“အင္း…မေငြဇာဆုံးရွာၿပီပဲ။အမႈိက္
မႀကီးမေငြဇာ ဆုံးသြားရွာၿပီကိုး။ မိုးထိန္
ထိန္လင္းတာနဲ႔ မငြာရဲ႕ေခါင္းကိုသြာ
ယူၿပီး ေခါင္းနဲ႔ကိုယ္ ျပန္ဆက္ထားရ
မယ္၊႐ြာကလူႀကီးေတြအေၾကာင္းၾကား
ၿပီးမေငြ႕ဇာကို ႐ြာက သခ်ႋဳင္းမွာေကာင္း
ေကာင္းသၿဂႋဳဟ္ရမယ္။ အေရးႀကီးတာ
က သားေလးပို႔တာကို ငါရေဆာင္၊
ထားတဲ့ေငြနဲ႔ျမင့္ျမတ္တဲ့ရဟန္းေဘာင္
သကၤန္း စည္းေပးရမယ္ ၊ ၿပီးေတာ့
မေငြာၾကားႏိုင္ေအာင္၊ သာဓုေခၚႏိုင္
ေအာင္ ေရစက္ခ်၊ အပူေဝရမယ္၊အမွ် ေဝရမယ္၊အမွ်ေဝရမယ္”
ကိုဖိုးေအးသည္ မ်က္ရည္ေတြေတြ က်ေနရင္းမွ ေတြးေနမိျခင္းျဖစ္သည္။
တစ္ဆက္တည္းမွာပင္ စိတ္ထဲမွလည္း
“အမိုက္မ မေငြဇာ၊ စုန္းမႀကီးေရ၊
ဘဝဆက္တိုင္း…ဘဝဆက္တိုင္း သည္ လိုအျဖစ္မ်ိဳး… အျဖစ္ဆိုးကလြတ္ပါေစ၊ကြၽတ္ပါေစ..”
ဆုေတာင္းရင္း ဆုေတာင္းရင္း