“သစ်ငုတ်အော်သံ” (စ/ဆုံး)

Unicode Version

“သစ်ငုတ်အော်သံ” (စ/ဆုံး)
———————————
“ကိုဖိုးဆောင်းတစ်ယောက် ရုတ်တရက် သေလို့” တဲ့…
တုန်လှုပ်ဖွယ်ရာ သတင်းဆိုးကြီးက တစ်ရွာလုံးကို ပြန့်နှံ့သွားတယ်။ နောက်တော့ – ရွာနီးစပ်တွေကိုပါ ဆက်ပြီးပြန့်နှံ့သွားလိုက်တာ တစ်ဖက် ရွာမှာနေတဲ့ ဖိုးသောင်းက ညနေပိုင်း နွားတွေ ခြံထဲသွင်းမှ သိရတာပါ။ ဘယ်လိုဖြစ်ရတာလဲကွာ – ကြေကွဲဖွယ် သတင်းကြီးပါ။
ညီဖြစ်သူရဲ့သတင်းကိုကြားလိုက်ရခြင်းဆိုရင်ပဲဖိုးသောင်း ကြက်သေ သေသွားပါလေရော။ မျက်ရည်တောင်မကျနိုင်ဘဲ ရင်ထဲကို ဆို့တက်သွား တယ်။ မေ့လဲမတတ်ပါပဲ။
သတင်းလာပေးတဲ့ လှငွေကို…
“ငါ့ညီဘယ်လိုဖြစ်ရတာလဲကွာ၊ လွန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကပဲ အမေတို့ အိမ်မှာ တွေ့လိုက်ရသေးတယ် လှငွေ။ သေလောက်တဲ့ ရောဂါ ကြီးကြီးကျယ်ကျယ် ရှိတယ်လို့ မကြားမိပါလား။ ဘယ်လိုဖြစ်တာလဲကွာ၊ ပြောပါဦး – ဘယ်လို အသေဆိုးနဲ့”

လှငွေဟာ မျက်စိမျက်နှာ ပျက်ပျက်နဲ့ ခေါင်းမှာ ပေါင်းလာတဲ့ သဘက် ကို ချွတ်ပြီး ချွေးသုတ်လိုက်တယ်။ ဘယ်ကစပြီး ဘယ်လိုပြောရမှန်း မသိ ဘူး။
“ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိဘူး ဖိုးသောင်းရ။ ခြံထောင်က သစ်ပင်ကို ခုတ်ရင်းနဲ့ မူးတယ် မူးတယ်ပြောရင်း လဲကျသွားတာပဲကွ။ အဲဒီ ကတည်းက အသက်ပါမလာဘူးလို့မယ်ကြွေပြောတာပဲ၊ ကဲ – ငါပြန်ဦးမယ်၊ မင်းလည်း လုပ်စရာရှိတာလုပ်ပြီး ရွာကိုလိုက်ခဲ့တော့၊ အသုဘကိစ္စ ကူညီ ဆောင်ရွက်ပေးဖို့ ပြန်လိုက်ဦးမယ်။ သေသေချာချာ မသိရသေးဘူးကွ”
အင်းမလုပ် အဲမလုပ်ဘဲ လှငွေထွက်သွားရာ နောက်ကို ဖိုးသောင်း ကျောက်ရုပ်ကြီးတစ်ရုပ်လိုမလှုပ်မယှက်ကြောင်စီစီကြည့်နေမိတော့တယ်။ ဘယ်လိုဖြစ်တာလဲ ဖိုးဆောင်းရယ်။ ဆန့်သောလက် မကွေးမီ၊ ကွေးသော လက်မဆန့်မီလူ့လောကကြီးထဲက ရုတ်တရက်ထွက်ခွာသွားတဲ့ ညီဖြစ်သူ အတွက် ရင်ထဲမှာ ဆို့နင့်နေမိတယ်။ ဖိုးဆောင်း မိန်းမ မယ်ကြွေနဲ့ ကလေး တစ်ယောက်ကတော့ ဘယ်လိုတွေ ဆက်ပြီး စခန်းသွားမလဲဆိုတာ မတွေး ဝံ့စရာပဲ။
မဖြစ်ဘူး – အမြန်လိုက်မှပဲ၊ ဖိုးဆောင်း ဘယ်လိုသေတယ်ဆိုတာ။
ဖိုးဆောင်း ခြံထဲကိုရောက်တော့ အသုဘအတွက် ပြင်ဆင်နေကြတဲ့ ဆွေမျိုးတွေရော၊ ရွာသူရွာသားတွေကိုပါတွေ့လိုက်ရပြီး ဖိုးဆောင်းဘယ်လို ဘယ်ပုံ ကွယ်လွန်ပုံကို ရှင်းပြကြလေရဲ့။ နောက်ဆုံးတော့ သစ်ပင်ခုတ်တဲ့ ပြဿနာကတော့ စတော့တာပါပဲမဟုတ်လား။ ကြီးမားတဲ့ သစ်ပင်ကြီးတွေ ဆိုတာ အစောင့်အရှောက်ရှိတယ်။ ဘာညာပြောကြတာပေါ့။ ခု- ထင်းခုတ် တဲ့ကိစ္စမှာ အစောင့်က မကျေနပ်လို့ လုပ်တယ်ဆိုပြီး ရွာထဲမှာ ပြောနေကြ တာပဲ”

ဖိုးသောင်း ခြံထဲကို လှည့်ပတ်ကြည့်ရှုနေချိန်မှာ ဖိုးဆောင်းရင်ထဲမှာ တစ်ခုခု ခံစားနေရသလိုပဲ။ သူ့နံဘေးမှာ တစ်ခြားတစ်ယောက်ယောက် ရှိနေသလို ခံစားနေရခြင်း။ လူတစ်ယောက် နောက်ကနေ တစ်ယောက် ယောက် လိုက်ပြီး စောင့်ကြည့်နေသလို မလုံမလဲဖြစ်နေခြင်းဆိုတဲ့ အသိ တွေက ကြီးစိုးနေတာတော့ သေချာပါပြီ။ တစ်ခုခုတော့ တစ်ခုခုပဲ။
ဒါနဲ့ ဖိုးသောင်းဟာ ခြံထောင့်မှာ လဲပြိုကျနေတဲ့ သစ်ပင်ကြီးဆီကို လျှောက်လာမိတယ်လေ။ သစ်ပင်ကြီးက ခုတ်လက်စ သစ်ကိုင်းတွေ ဟို တစ်စ သည်တစ်စ ပြန့်ကြဲနေတယ်။ သစ်ပင်တွေက အစုံပါ။ ထန်းပင်တွေ တောင် ပါတယ်။
ခြံထောင့်မှာ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင် အရင်းကပြိုလဲနေပြီး ပင်စည်ခြေရင်းမှာ ဖြတ်စဖြတ်နတွေ မွစာကြဲနေလေရဲ့။ ခါးလည်လောက် ကနေပြတ်ကျနေတဲ့ သစ်ပင်ခြေရင်းဘေးကနေကပ်ပြီး နှစ်တောင်လောက် ရှိတဲ့ အတက်ကလေးတစ်ပင် ထပ်ပေါက်နေတာ ဖိုးသောင်း တွေ့လိုက်ရ
တယ်။
လွန်ခဲ့တဲ့ တစ်လလောက်ကတော့ ဖိုးဆောင်းတစ်ယောက် လှေစပ် ဖို့ သစ်ပင်ရှာနေတယ်လို့တော့ဖိုးသောင်းကိုပြောဖူးတာသတိထားမိပြီလေ။ ဒီသစ်ပင်ခုတ်လှဲတယ်ဆိုတာ လှေစပ်ဖို့ကလွဲလို့ တခြား ဘာမှမဖြစ်နိုင်ဘူး ထင်တယ်။ လူပြောသူပြောများသလို ဒီသစ်ပင်မှာ ပရဘုံသားတွေ ရှိနေပြီ လား။ သူတို့ နေစရာကို ခုတ်လှဲတဲ့အတွက် သင်းတို့က ဖိုးဆောင်းကို သေ လောက်တဲ့အထိ ရန်ရှာလိုက်ကြတာလား။
လူတစ်ယောက် အသက်သေကြေပျက်စီးလောက်တဲ့ အဓိက အကြောင်းရင်းက ဘာလဲ။ တန်ဖိုးကြီးမားတဲ့ အသက်တစ်ချောင်း သေ

လောက်တဲ့အထိ မလုပ်သင့်ဘူး ထင်ပါတယ်။ ကိုယ့်ခြံထဲက ကိုယ့်သစ်ပင် ကို လွတ်လွတ်လပ်လပ် မခုတ်ရဘူးတဲ့လား။
ဖိုးသောင်းတစိမ့်စိမ့်တွေးတောရင်းညီအတွက်ယူကြုံးမရဖြစ်ပြီးဒေါသ အလိပ်လိုက် တက်လာတော့တယ်။ နောက်ဆုံး သစ်ငုတ်တိုပါမကျန် အမြစ်ကနေ တူးပစ်ပြီး မီးရှို့ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်လေ။ တွေ့ ကြ သေးတာပေါ့ကွာ – မမြင်ရတဲ့နာနာဘာဝကောင်တွေမင်းတို့ကိုငါလက်စား ပြန်ချေပြရမယ်ဟေ့။
ဖိုးသောင်း လဲပြိုလဲနေတဲ့ သစ်ပင်ကြီးကို ဒေါသတစ်ဝက် ကြေကွဲခြင်း တစ်ဝက်နဲ့ စိုက်ကြည့်လိုက်တယ်လေ။ ဒီအချိန်မှာ သူ့နောက်ဘက်ဆီကနေ လူတစ်ယောက် လာရပ်နေသလိုလို၊ စောင့်ကြည့်နေသလိုလို ခံစားလိုက်ရ တယ်။ အဲဒီအချိန်မှာ သစ်ငုတ်တိုကြီးဆီကနေ ညည်းတွားသံလိုလို၊ တော ရိုင်းတိရစ္ဆာန်ဟီသံလိုလိုမသဲမကွဲအသံကြီးတစ်ခုထွက်ပေါ်လာတယ်။ ဒါနဲ့
ဖိုးသောင်းလည်း ရုတ်တရက်ကြောင်အသွားပြီးဟိုဟိုသည်သည်လျှောက် ရှာကြည့်တယ်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူး။ နောက်မှ သေသေ ချာချာ ဂရုစိုက်နားထောင်ပြီး ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူး။ နောက်မှ သေသေချာချာဂရုစိုက်နားထောင်ပြီးစောင့်ကြည့်တော့မှ ညည်းညူသံလိုလို၊ အော်သံလိုလို၊ ဟီသံလိုလိုအသံကြီးက သစ်ငုတ်တိုကြီးဆီကထွက်ပေါ်လာ နေတာကိုး။
အဲဒီအချိန်မှာ သစ်ရွက်ကြွေတွေကိုဖြတ်နင်းပြီးရှဉ့်ကလေးတစ်ကောင် လျင်မြန်စွာ ဖြတ်ပြေးသွားတယ်။ ဒီကောင် ဘာဖြစ်လို့ အလန့်တကြား ဖြစ်သွားပါလိမ့်။
ညဘက်ရောက်တော့ အိမ်မကြီးဆီမှာဧည့်သည်တွေ၊ အသုဘစောင့် နေသူတွေ၊ ဆွေမျိုးတွေနဲ့ဆိုတော့ ဖိုးသောင်းခြံထဲကစပါးကျီဘေးကတဲမှာ

တစ်ယောက်ထဲ သွားအိပ်တယ်လေ။ ယစ်ရွှေရည်ကလေးလည်း သောက် ထားတယ် မဟုတ်လား။
သူ့အနေနဲ့ ဖိုးဆောင်းသေဆုံးရခြင်းဟာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ယူဆထားတာ။ ရွာထဲမှာ လူတွေပြောနေကြသလို သစ်ပင်ခုတ်တာ မကျေ နပ်လို့ သူ့ညီကို သတ်ပစ်တယ်ဆိုတာကိုတော့ ဘဝင် မကျဆုံးဘဲ။ အဲဒီညက ခွေးတွေ အူလိုက်တာ၊ ကျီးကန်းတွေကလည်း တဝေါဝေါ
ပဲ…။
ပြဿနာက အဲဒီကစတာ…။
“ဖိုးသောင်း – ဖိုးသောင်း”
ဖိုးသောင်း အိပ်ပျော်စ၊ အိပ်မောကျခါစအချိန်မှာ သူ့ နာမည်ကို ခေါ် သလိုလို၊ ညည်းသံလိုလို အသံတစ်ခု ကြားလိုက်ရတယ်။ ဒါနဲ့ ဖျတ်ခနဲ လန့်နိုးသွားတာနဲ့ မျက်စိဖွင့်ကြည့်လိုက်မိတယ်လေ။ ခေါ်သံကတိတ်ဆိတ် သွားတယ်။ အိပ်မက် မက်နေတာများလား၊ ပတ်ဝန်းကျင်တစ်ခုလုံး မည်း မှောင်နေတယ်။ ခြံထဲ နေရာအနှံ့အပြားကနေ ပုရစ်ကောင်လေးတွေရဲ့ တစီစီအော်သံသာ လွှမ်းမိုးလို့။ အဲဒီအချိန်မှာ တံခါးကြားကနေ တိုးဝင်လာ တဲ့လေပြည်ဟာ ခြင်ထောင်ကိုတဖျပ်ဖျပ်လာရိုက်နေတာလူတစ်ယောက် ကိုင်လှုပ်နေသလား ထင်မှတ်ရလောက်အောင် ကြက်သီးထသွားစေရဲ့။
သူ့ စိတ်ထဲမှာ အသုဘ လာစောင့်တဲ့ လူထဲက တစ်ယောက်ယောက် ဖိုးသောင်း နာမည်လာခေါ်တယ်ထင်လို့ ထပ်ပြီးခေါ်လိုက်လေမလားလို့ တွေးပြီး ငြိမ်သက်နေသေးတယ်။ ဒါပေမဲ့- ဘာသံမှ မကြားရတော့ဘူး။
ဘယ်သူကများ သူ့နာမည် ဖိုးသောင်းဆိုတာကိုခေါ်ပြီး ငြိမ်သက်နေပါ လိမ့်။ လာပြီး နောက်ပြောင်နေတာများလား။ ဒါနဲ့ ဆက်အိပ်ဖို့ ပြင်ဆင်နေ တုန်းမှာပဲ တံခါးကို တဒေါက်ဒေါက်ခေါက်သံနဲ့အတူ ဖိုးသောင်း ဆိုပြီး

ယောက်ျားကြီးတစ်ယောက်ရဲ့ မာမာထန်ထန် အသံကို ကြားလိုက်ရတယ် ဆိုရင်ပဲ ဖိုးသောင်းဟာ ငေါက်ခနဲ ထထိုင်လိုက်တယ်လေ။
စိတ်ထဲမှာတော့ အသိမိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက် ယောက်ပေါ့။
ဟိုဟိုသည်သည် ကြည့်လိုက်တော့ ပတ်ဝန်းကျင်မှာလည်း မှောင် လိုက်တာဗျာ။ မပြောပါနဲ့တော့…ပိုးပုရစ်တွေရဲ့စီစီလောင်လောင် အသံသာ

တစ်ခြံလုံး ကြီးစိုးနေဆဲပဲ။ ဒါနဲ့ အိပ်ရာက လူးလဲထပြီး ဖယောင်းတိုင်ထွန်း၊ တံခါးဝကို ကြည့်လိုက်တော့ တံခါးဝအပြင်ဘက်မှာ လူတစ်ယောက် ရပ်နေတာ တွေ့လိုက်ရတယ်။ လူလုံးတော့ မကွဲဘူး။
ဒါနဲ့ ဖိုးသောင်းလည်း ဖယောင်းတိုင်ကို ကိုင်ပြီး တံခါးဝဆီကို ချဉ်းကပ် လိုက်တယ်။ သူကလည်း ခပ်မာမာအသံနဲ့ပဲ။
“ဘယ်သူတုံး”
လို့ အော်မေးတယ်။ ဒီတော့ တံခါးအပြင်ကနေပြီး…
“ကျုပ်ပါ…”
“ဘယ်က ကျုပ်လဲ” “ဒီခြံထဲက”
“ဘာရယ်- ဘယ်လို-ခြံထဲက ဟုတ်လား”
ဒါနဲ့ သူ တံခါးကို ဖွင့်ပေးလိုက်တယ်။ ဖိုးသောင်း အသံရှင်ကို မော့ ကြည့်ရင်း ကြက်သေ သေသွားမိတယ် အမှန်။ သူ့တစ်သက် တစ်ကိုယ်မှာ ဒီလောက် ထွားကျိုင်းမြင့်မားတဲ့အရပ်နဲ့ လူတစ်ယောက်ကို မမြင်ဘူးလို့ပဲ။ အပေါ်အင်္ကျီမပါဘူး၊ ပုဆိုးတိုတို ဝတ်ထားတယ်။ အသားနီစပ်စပ်၊ အရပ် ခုနစ်ပေလောက်ရှိမယ်။ တဲရဲ့ထုတ်တန်းနဲ့ အဲဒီလူထွားကြီးရဲ့နဖူးထိနေတာ။ မျက်နှာထားတင်းတင်း၊ ပမာမခန့်ပုံစံပဲ၊ ဖိုးသောင်းစိတ်ထဲမှာ အမူးတောင် ပြေသွားသလိုလိုပဲ။ ဒါပေမဲ့- သူ့စိတ်ထဲမှာတော့ နည်းနည်းတွေးလိုက်မိ သား။ ဖိုးဆောင်းနှယ် – ဘယ်လိုလူတွေကိုခြံထဲခေါ်ထားပါလိမ့်ပေါ့။ လူတွေ ကိုလည်း ပမာမခန့် နိုင်လိမ့်တာ။ ဒါပေမဲ့ – ဒီလိုထွားကျိုင်းပြီးမျက်နှာပေါက် ဆိုးတဲ့လူပုံစံကိုလည်း နည်းနည်းဖြုံသွားတာတော့ အမှန်။ ဒါပေမဲ့- အဲဒီလူ ကိုဖိုးသောင်း တစ်ခါမှ မမြင်ဖူးဘူး။ သူ တစ်ခုခုပြောဖို့ စဉ်းစားတုန်းရှိသေး။ “ခင်ဗျားကို ကျုပ် စကားနည်းနည်း ပြောချင်တယ်”
လူထွားကြီးဆီက ပထမဦးဆုံး အသံထွက်လာတယ်။ အသံကြီးက အက်ရှရှပါ။

“ဒါဆိုလည်း တဲထဲကို ဝင်ပြီးပြောပါ”
ဖိုးသောင်းပြောတဲ့ စကားကိုဂရုမစိုက်ဘဲတဲဝမှာပဲရပ်နေတယ်။ အထဲ ကိုမဝင်ဘူး။ ဖိုးသောင်းလည်း ဆက်မခေါ်တော့ဘူး။ အဲဒီလူထွားကြီးမျက်နှာ ကို သေသေချာချာ ကြည့်မိတယ်။ သေချာပါတယ် – ရွာထဲမှာ ဒီလိုပုံစံနဲ့ ရုပ်မျိုး မတွေ့ဖူးပါဘူး။ လုံချည်တိုတိုဝတ်ပြီး ဖိနပ်မပါဘူး။ မျက်နှာကြော ကတော့ တင်းတင်းပဲ။ မျက်ထောင့်နီနီနဲ့လေ။
“မင်းတို့ ခြံထောင့်က သစ်ပင်ကြီးကို ခွင့်မတောင်းပဲ ဘာဖြစ်လို့ ခုတ်လှဲ ပစ်လိုက်တာလဲ။ နည်းနည်းပါးပါး အကြောင်းကြားဖို့ ကောင်းတယ်။ ခုတော့…”
ဖိုးသောင်းလည်း စိတ်ထဲမှာ ထောင်းခနဲ ဖြစ်သွားတယ်။ အရက်က လည်း ထွေလို့လေ…
“နေပါဦးဗျ …ကျုပ်ညီက ခြံရှင်၊ သူ့ ခြံထဲက သစ်ပင်ကိုခုတ်လှဲပစ်တာ။ ဘယ်သူ့ကို သွားပြီးသံတော်ဦးတင်နေရမှာတုန်း။ ဘာဖြစ်လဲ- ကိုယ့်အပင် ကိုယ်ခုတ်တာ။ ခုတ်ခွင့် မရှိဘူးလား…ပြောပါဦး”
သူ့စကားဆုံးတော့ လူထွားကြီးက တစ်ချက်စိုက်ကြည့်လိုက်တာ။ မီးတောက်မတတ်ပဲ သူ့စကားသံက အထက်ဆီးဆန်လှတယ်။
“ခင်ဗျားတို့ သစ်ပင်ခုတ်နေတာကို ရပ်လိုက်ပါ။ ဘေးက ပေါက်နေတဲ့ အညွန့်ကလေးကိုပါ ဆက်ပြီးခုတ်ကြတော့မလို့လား။ မလုပ်ပါနဲ့ – ကျုပ် မကြိုက်ဘူး၊ ကျုပ်တို့ ဘယ်မှာသွားနေရမှာလဲ၊ ဘာလဲ – မင်းကပါ မင်းညီ နောက်ကို လိုက်ချင်လို့လား၊ ကိုယ့်အသက်ကိုယ် မနှမြောရင် ဆက်လုပ် ပေါ့ကွာ။ သိကြသေးတာပေါ့”
လူထွားကြီးက သူ ပြောချင်တာတွေကို ဗလုံဗထွေးပြောဆိုပြီး ချာခနဲ လှည့်ထွက်သွားတယ်။ ဖိုးသောင်း သူ့ကို ပြန်ပြောချိန်တောင် မရတော့ဘူး။ မြန်လိုက်တာ – အမှောင်ထုထဲကို ဝင်ရောက်ပျောက်ကွယ်သွားတယ်။ ဒါနဲ့ ဖိုးသောင်းလည်း မီးအုပ်ဆွဲ၊ တဲထောင့်က လှံတိုကိုယူပြီး လူမိုက်ဆန်ဆန် ပြောသွားတဲ့ လူထွားကြီးနောက်ကို လိုက်ရှာကြည့်တယ်။ ဘယ်လိုမှ မတွေ့တော့ဘူး။ ခြံကျယ်ကြီးဟာ အမှောင်အောက်မှာ စုန်းစုန်းနစ်မြှုပ်နေပြီး တိတ်ဆိတ်နေခဲ့တယ်။ ဖိုးသောင်းလည်း အိမ်မကြီးဆီဘက်ကို လျှောက် သွားပြီးစောစောကလူထွားကြီးတစ်ယောက်ဒီဘက်လာသေးလားလို့မေး တော့ ဘယ်သူမှ မလာပါဘူးလို့ ဖြေကြတယ်။ ထူးတော့ ထူးဆန်းနေပြီ။ ဒီလိုနဲ့ ဖိုးသောင်း ရင်ထဲမှာ မကျေမနပ် ဘဝင်မကျစိတ်နဲ့ တဲကလေး ဆီကိုပြန်လာခဲ့ရတာပါ။ စိတ်ထဲမှာတော့ လှံတိုကိုကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ရင်း မနက်မိုးလင်းရင် တွေ့ကြသေးတာပေါ့ကွာ။ ကျန်တဲ့ သစ်ငုတ်တို ကို မီးပြင်းတိုက်ပစ်မယ်လို့ ခပ်ကျယ်ကျယ် ကြုံးဝါးလိုက်တယ်လေ။
နောက်တစ်နေ့မနက်မိုးလင်းတာနဲ့ ဘာပြောကောင်းမလဲ။ ဖိုးသောင်း လည်း မီးခြစ်၊ ကောက်ရိုးတွေယူပြီး ခြံထောင့်က သစ်ငုတ်တိုဆီကို ရောက် လာတယ်။ သစ်ငုတ်တိုကို ပတ်ပတ်လည်ကောက်ရိုးတွေပုံပြီး မီးရှို့ဖို့ ပြင်
တယ်။
အဲဒီအချိန်မှာ သစ်ငုတ်တိုကြီးရဲ့ ဘေးပတ်ဝန်းကျင်ကနေ လူသံတွေ လိုလို သစ်ငုတ်တိုကြီးကနေပြီးတော့ တဟီးဟီး ညည်းညူသံလိုလို ထွက် လာရော။
အဲဒီအချိန်မှာ ဖိုးသောင်းလည်း ကြက်သီးတွေ တဖျန်းဖျန်းထ၊ နားထဲ မှာဟီသံကြီးတစ်ခုက ကျယ်ကျယ်လောင်လောင် ကြားလိုက်ရပြီး သစ်ငုတ် တိုကို မီးတိုက်တော့တာပဲ။
“ငါ့ညီကို သတ်တဲ့ ကောင်တွေ။ မင်းတို့လည်း ငါ့ညီ သေသလို သေရ မယ်ကွ”လို့ ဆဲဆိုရေရွတ်ပြီး မီးရှို့တော့တာပဲ။ မီးက တော်တော်နဲ့ မလောင် ဘူး။ အူထွက်နေတယ်။

အဲဒီအချိန်မှာ သစ်ငုတ်တိုကြီးကနေ ဟီသံကျယ်ကျယ်ကြီးနဲ့အတူ
မိန်းမတစ်ယောက်အော်ဟစ်ငိုယိုသံ၊ ကလေးတွေနဲ့ အော်ဟစ်ငိုယိုသံတွေ လိုလိုထွက်ပေါ်လာတော့တာပါပဲ။ တော်တော်ဆန်းကြယ်တာနဲ့ ဖိုးသောင်း လည်း အကြောင်သား ငေးမောနေမိတယ်။ အော်သံ၊ ဆူသံတွေက သစ် ငုတ်တိုကနေ ထွက်နေတာပါ။
အဲဒီအချိန်မှာ ရွာထဲက အဘသာမြတ်နဲ့အသုဘလာတဲ့ဧည့်သည်တွေ တစ်အုပ်ကြီး ပြေးထွက်လာကြတယ်။ အဘ သာမြတ်ဆိုတာ တစ်ရွာလုံး အားကိုးအားထားပြုနေကြတဲ့ တိုင်းရင်းဆေးဆရာ၊ လက်မှတ်ရ ဆရာကြီး
တစ်ဦးပါ”
“ဟေ့ကောင် – ဖိုးသောင်း၊ မီးရှို့တာကို ရပ်လိုက်စမ်း၊ ဒေါသရှေ့ထားပြီး စိတ်ကူးတည့်ရာ လျှောက်မလုပ်စမ်းနဲ့။ ကိုယ်ကျိုးတော့ နည်းတော့မှာပဲ ကွာ။ ရေနဲ့ ပက်ကြဟေ့ – ရေနဲ့ ပက်ကြ”
အဘသာမြတ်ကပြောပြောဆိုဆိုဖိုးသောင်းကိုတွန်းဖယ်ပြီး သူကိုယ် တိုင် ရေဝင်ပက်တယ်။ ကျန်တဲ့ လူတွေကတော့ ကောက်ရိုးတွေကို ဖယ် ထုတ်ပစ်ကြ၊ မီးစွဲနေတဲ့ကောက်ရိုးတွေကိုငြိမ်းသတ်ကြနဲ့၊ တော်သေးတယ် ပြောရမယ်။ သစ်ငုတ်တိုကြီးကို မီးမစွဲသေးဘူးလေ။ မီးခိုးတွေကတော့ အူ နေတုန်းပဲ။
အဘသာမြတ်က သက်ပြင်းချရင်း ..
“စိတ်မြန်လက်မြန် နိုင်လှပါလား၊ ဖိုးသောင်း – လောကမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေရှိသလိုပဲ မြင်အပ်၊ မမြင်အပ်တဲ့ ပရလောကဆိုတာ ရှိတယ် ကွ။ ငါပြောတာနားထောင်ဦး”
အားလုံးကဖိုးသောင်းကိုဖျောင်းဖျပြောဆိုပြီးအိမ်ကြီးဆီကိုခေါ်လာကြ
ပါတော့တယ်။ ဖိုးသောင်းက ဓားကြိမ်း ကြိမ်း၊ ဆဲဆိုပြီး လာတယ်။ “မင်းတို့ကို မကျေဘူးဟေ့”

အိမ်ပေါ်ရောက်တာနဲ့ အဘသာမြတ်က သူ ညကမက်တဲ့ အိပ်မက် အကြောင်းကို အစချီပြီး ဇာတ်စုံခင်းပြတယ်လေ။
“ဒီလိုလေ-ညကအဘသာမြတ်မက်တဲ့အိပ်မက်ထဲမှာ အရပ်ထောင် ထောင်မောင်းမောင်း၊ အသားနီစပ်စပ်၊ မျက်နှာပေါက် ခပ်ထန်ထန်နဲ့ လူ တစ်ယောက်ဟာမိန်းမတစ်ယောက်၊ ကလေးနှစ်ယောက်နဲ့အတူတူရောက်
လာပြီးကျုပ်တို့ဘုံဌာနကိုဖျက်လိုဖျက်ဆီးလုပ်တဲ့ဖိုးဆောင်းကိုတားမရတဲ့ အဆုံးမှာ အသေလုပ်ပစ် လိုက်ရတယ်။ ပြီးတော့ – ကျန်ရှိနေသေးတဲ့ သစ် ငုတ်ဘေးက အတက်ထွက်နေတဲ့ အကိုင်းလေးထဲမှာ ကျုပ်တို့ နေရထိုင် ရတာ မိသားစု ကျပ်ကျပ်တည်းတည်းဗျာတဲ့။ အဆင်မပြေလှပါဘူးတဲ့။ အဲဒီလို ဒုက္ခထပ်ရောက်နေတုန်း နေစရာဌာန ပျက်စီးပျောက်ကွယ်သွား အောင် ထပ်လုပ်မယ့် လူတစ်ယောက်ရောက်လာပါတယ်။ အဲဒီလူက ဖိုးသောင်းပါတဲ့။ ဖိုးသောင်းက သူတို့ ဘုံဌာနကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားနေပါသတဲ့။ အချိန်မီ တားဆီးပေးပါဦး ဆရာကြီးလို့ ငါ့ကို အိပ်မက် လာပေးတယ်။ ပြီးတော့ – သူတို့ကဖိုးဆောင်းအပေါ်လက်လွန်သွားပါတယ် တဲ့။ နောက်ထပ် ဘယ်သူ့ ကိုမှ မနှောက်ယှက်တော့ပါဘူး။ ခြံရှင်တွေကို ကောင်းကျိုးချမ်းသာဖြစ်အောင် စောင့်ရှောက်ပေးပါ့မယ်တဲ့။ သူတို့ကို ဆက်ပြီးဒုက္ခပေးတာရပ်လိုက်ပါတော့တဲ့ကွ။ ကဲ- ဖိုးသောင်း၊ မင်းပဲစဉ်းစား ကြည့်တော့ကွာ။ ဆက်ပြီးမဖျက်ဆီးပါနဲ့တော့။ ဒီသစ်ငုတ်တိုကြီးက မင်းတို့ အတွက် အနှောင့်အယှက်မဖြစ်လောက်ပါဘူး။
သူတို့က နာနာဘဝတွေပါ။ လူတွေနဲ့ ဘဝခြားနေကြသူတွေပါ။ ပြီးတော့ – ကမ္မဇိဒ္ဓိတန်ခိုးတွေရှိပြီး ဖန်ဆင်းနိုင်တဲ့ အပါယ်လေးဘုံသား၊ ပြိတ္တာတွေကွ။ ဘုရားရှင်ကလည်းပေတဝတ္ထုတွေမှာရော၊ ရဟန်းတော်တွေ ရဲ့ဝိနည်းပညတ်တွေမှာပါအတိအလင်းဖြေဆိုရှင်းပြထားတယ်ဖိုးသောင်းရဲ့။
ပြိတ္တာတွေထဲမှာလည်းဆိုးတဲ့ပြိတ္တာတွေရှိသလိုကောင်းတဲ့ပြိတ္တာတွေလည်း
ရှိတာပဲမဟုတ်လား။ လူတွေလိုပေါ့ကွာ၊ မင်းအနေနဲ့ သူတို့ကို ခြံထဲမှာ မနေ

စေချင်ရင် နတ်မင်းကြီး (၄)ပါးထံမှာ နေရာတောင်းပြီး ရွှေ့ခိုင်း၊ ဒါမှမဟုတ် မင်းတို့အတွက် အနှောင့်အယှက်မဖြစ်စေဘူးဆိုရင် ဒီအတိုင်း လွတ်လွတ် လပ်လပ် နေပါစေကွယ်။ ဘယ်သူ့ကိုမှ မနှောက်ယှက်နိုင်ပါဘူး။ မေတ္တာပို့ ပါ။ သူတို့ ကူညီကြမှာပါ။ အိမ်နီချင်းမိတ်ဆွေကောင်းတွေလို သဘောထား
ပါ”
လို့ ရှင်းပြတော့မှ ဖိုးသောင်းလည်း စိတ်လျှော့ပြီး သစ်ငုတ်တိုကြီးကို ဆက်ပြီး မီးမရှို့ဖြစ်တော့ဘူး။ နောက်ထပ်ထွက်လာတဲ့ အညွန့်အတက်တွေ ကိုလည်း မခုတ်ပစ်တော့ဘူးလေ။ နောက်ပြီး သူတို့ကို မေတ္တာပို့၊ အမျှဝေ တယ်။ သူတို့ ဆက်ပြီး ကုသိုလ်ပြုနိုင်ဖို့ ပန်း၊ ဆီမီး၊ အမွှေးတိုင် လှူတယ်။
အဲဒီနောက် သစ်ငုတ်တိုကြီးဆီကနေညည်းညူသံ၊ ဟီသံတွေ မကြား ရတော့ဘူး။ နောက်ထပ်တက်လာတဲ့ အညွန့်အတက်တွေကလည်းဝေဝေ ဆာဆာ။ ခြံထဲမှာ စိုက်ပျိုးသမျှ သီးနှံတွေဆိုတာ အံ့ဩဖို့ ကောင်းလောက် အောင် ဖြစ်ထွန်းတာ။ တစ်ရွာလုံးက အံ့ဩကြရတယ် မဟုတ်လား။ ပြီးတော့ – သိန်း (၂၀၀)ထီတစ်ခု ပေါက်တယ်။ ထီဆုကလေးတွေ နှစ်ကြိမ် ပေါက်တယ်။ အလှူအတန်းတွေလည်းလုပ်နိုင်ခဲ့တယ်။
ဒါဟာ မမြင်ရတဲ့ ပရလောကသားတွေကိုကိုယ်က မေတ္တာပို့ ကရုဏာ ထားလိုက်တော့ သူတို့ဘက်ကလည်းတုန့်ပြန်မှုကောင်းတွေနဲ့ ပြန်တုန့်ပြန် ကြတာပဲ မဟုတ်လား ခင်ဗျာ။ သမန်းမြက်ချုံမှာတောင် မမြင်အပ်တဲ့ ပရ လောကသားဆိုတာ ရှိပါတယ်။ သစ်ပင်ကြီးတွေဆိုရင်တော့ မပြောနဲ့ တော့ပေါ့။
ကျတ်မှစ၍ နာနာဘာဝဖြစ်တဲ့ လောကသားတွေဟာ အမျှဝေရင် သာဓုခေါ်နိုင်တယ်။ အိပ်မက်ပေးနိုင်တယ်၊ ကိုယ်ထင်ပြပြီး ယှဉ်ပြိုင်ပြောဆို နိုင်တယ်။ လူရုပ်ပေါ်အောင် ဖန်ဆင်းနိုင်တယ်။ သူတို့နေတဲ့ ဘုံဌာနကို ဖျက်ဆီးရင် မိမိဘက်က ကံဇာတာညှိုးမှိန်ရင် ဖမ်းစားသတ်ဖြတ်နိုင်တယ်။ သူတို့ကို သိတတ်ရင် ကျေးဇူးတုံ့ပြန်တတ်တယ်။ ရွှေငွေ ပေးတတ်တယ်။

ပြီးတော့-အမျှအတန်းဝေရာမှလည်း သာဓုခေါ်နိုင်ရင်ယုတ်ညံ့သောဘဝမှ
နူးညံ့သော အတန်းသို့ ပြောင်းလဲသွားတတ်ပြီး ကောင်းရာမွန်ရာကို ရောက် တတ်လို့ တစ်ဦးမေတ္တာတစ်ဦးဆိုသလို ကောင်းမှုကုသိုလ်မပြတ်လပ်ဖို့ အရေးကြီးပါတယ်။ မေတ္တာလက်နက်လောက် အစွမ်းထက်တဲ့ လက်နက် မရှိပါဘူး။
သည်။
စာကြွင်း
ဇာတ်လမ်းအစမှ ပထမလူ“သူ” ဆိုသည်မှာ ဦးမြင့်ထွန်းပင် ဖြစ်ပါ
*** မင်းဘုန်းသိင်္ခသူ

Zawgyi Version

“သစ္ငုတ္ေအာ္သံ” (စ/ဆုံး)
———————————
“ကိုဖိုးေဆာင္းတစ္ေယာက္ ႐ုတ္တရက္ ေသလို႔” တဲ့…
တုန္လႈပ္ဖြယ္ရာ သတင္းဆိုးႀကီးက တစ္႐ြာလုံးကို ျပန႔္ႏွံ႔သြားတယ္။ ေနာက္ေတာ့ – ႐ြာနီးစပ္ေတြကိုပါ ဆက္ၿပီးျပန႔္ႏွံ႔သြားလိုက္တာ တစ္ဖက္ ႐ြာမွာေနတဲ့ ဖိုးေသာင္းက ညေနပိုင္း ႏြားေတြ ၿခံထဲသြင္းမွ သိရတာပါ။ ဘယ္လိုျဖစ္ရတာလဲကြာ – ေၾကကြဲဖြယ္ သတင္းႀကီးပါ။
ညီျဖစ္သူရဲ႕သတင္းကိုၾကားလိုက္ရျခင္းဆိုရင္ပဲဖိုးေသာင္း ၾကက္ေသ ေသသြားပါေလေရာ။ မ်က္ရည္ေတာင္မက်ႏိုင္ဘဲ ရင္ထဲကို ဆို႔တက္သြား တယ္။ ေမ့လဲမတတ္ပါပဲ။
သတင္းလာေပးတဲ့ လွေငြကို…
“ငါ့ညီဘယ္လိုျဖစ္ရတာလဲကြာ၊ လြန္ခဲ့တဲ့ႏွစ္ရက္သုံးရက္ေလာက္ကပဲ အေမတို႔ အိမ္မွာ ေတြ႕လိုက္ရေသးတယ္ လွေငြ။ ေသေလာက္တဲ့ ေရာဂါ ႀကီးႀကီးက်ယ္က်ယ္ ရွိတယ္လို႔ မၾကားမိပါလား။ ဘယ္လိုျဖစ္တာလဲကြာ၊ ေျပာပါဦး – ဘယ္လို အေသဆိုးနဲ႔”

လွေငြဟာ မ်က္စိမ်က္ႏွာ ပ်က္ပ်က္နဲ႔ ေခါင္းမွာ ေပါင္းလာတဲ့ သဘက္ ကို ခြၽတ္ၿပီး ေခြၽးသုတ္လိုက္တယ္။ ဘယ္ကစၿပီး ဘယ္လိုေျပာရမွန္း မသိ ဘူး။
“ဘယ္လိုျဖစ္တယ္ဆိုတာေတာ့ မသိဘူး ဖိုးေသာင္းရ။ ၿခံေထာင္က သစ္ပင္ကို ခုတ္ရင္းနဲ႔ မူးတယ္ မူးတယ္ေျပာရင္း လဲက်သြားတာပဲကြ။ အဲဒီ ကတည္းက အသက္ပါမလာဘူးလို႔မယ္ေႂကြေျပာတာပဲ၊ ကဲ – ငါျပန္ဦးမယ္၊ မင္းလည္း လုပ္စရာရွိတာလုပ္ၿပီး ႐ြာကိုလိုက္ခဲ့ေတာ့၊ အသုဘကိစၥ ကူညီ ေဆာင္႐ြက္ေပးဖို႔ ျပန္လိုက္ဦးမယ္။ ေသေသခ်ာခ်ာ မသိရေသးဘူးကြ”
အင္းမလုပ္ အဲမလုပ္ဘဲ လွေငြထြက္သြားရာ ေနာက္ကို ဖိုးေသာင္း ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္လိုမလႈပ္မယွက္ေၾကာင္စီစီၾကည့္ေနမိေတာ့တယ္။ ဘယ္လိုျဖစ္တာလဲ ဖိုးေဆာင္းရယ္။ ဆန႔္ေသာလက္ မေကြးမီ၊ ေကြးေသာ လက္မဆန႔္မီလူ႔ေလာကႀကီးထဲက ႐ုတ္တရက္ထြက္ခြာသြားတဲ့ ညီျဖစ္သူ အတြက္ ရင္ထဲမွာ ဆို႔နင့္ေနမိတယ္။ ဖိုးေဆာင္း မိန္းမ မယ္ေႂကြနဲ႔ ကေလး တစ္ေယာက္ကေတာ့ ဘယ္လိုေတြ ဆက္ၿပီး စခန္းသြားမလဲဆိုတာ မေတြး ဝံ့စရာပဲ။
မျဖစ္ဘူး – အျမန္လိုက္မွပဲ၊ ဖိုးေဆာင္း ဘယ္လိုေသတယ္ဆိုတာ။
ဖိုးေဆာင္း ၿခံထဲကိုေရာက္ေတာ့ အသုဘအတြက္ ျပင္ဆင္ေနၾကတဲ့ ေဆြမ်ိဳးေတြေရာ၊ ႐ြာသူ႐ြာသားေတြကိုပါေတြ႕လိုက္ရၿပီး ဖိုးေဆာင္းဘယ္လို ဘယ္ပုံ ကြယ္လြန္ပုံကို ရွင္းျပၾကေလရဲ႕။ ေနာက္ဆုံးေတာ့ သစ္ပင္ခုတ္တဲ့ ျပႆနာကေတာ့ စေတာ့တာပါပဲမဟုတ္လား။ ႀကီးမားတဲ့ သစ္ပင္ႀကီးေတြ ဆိုတာ အေစာင့္အေရွာက္ရွိတယ္။ ဘာညာေျပာၾကတာေပါ့။ ခု- ထင္းခုတ္ တဲ့ကိစၥမွာ အေစာင့္က မေက်နပ္လို႔ လုပ္တယ္ဆိုၿပီး ႐ြာထဲမွာ ေျပာေနၾက တာပဲ”

ဖိုးေသာင္း ၿခံထဲကို လွည့္ပတ္ၾကည့္ရႈေနခ်ိန္မွာ ဖိုးေဆာင္းရင္ထဲမွာ တစ္ခုခု ခံစားေနရသလိုပဲ။ သူ႔နံေဘးမွာ တစ္ျခားတစ္ေယာက္ေယာက္ ရွိေနသလို ခံစားေနရျခင္း။ လူတစ္ေယာက္ ေနာက္ကေန တစ္ေယာက္ ေယာက္ လိုက္ၿပီး ေစာင့္ၾကည့္ေနသလို မလုံမလဲျဖစ္ေနျခင္းဆိုတဲ့ အသိ ေတြက ႀကီးစိုးေနတာေတာ့ ေသခ်ာပါၿပီ။ တစ္ခုခုေတာ့ တစ္ခုခုပဲ။
ဒါနဲ႔ ဖိုးေသာင္းဟာ ၿခံေထာင့္မွာ လဲၿပိဳက်ေနတဲ့ သစ္ပင္ႀကီးဆီကို ေလွ်ာက္လာမိတယ္ေလ။ သစ္ပင္ႀကီးက ခုတ္လက္စ သစ္ကိုင္းေတြ ဟို တစ္စ သည္တစ္စ ျပန႔္ႀကဲေနတယ္။ သစ္ပင္ေတြက အစုံပါ။ ထန္းပင္ေတြ ေတာင္ ပါတယ္။
ၿခံေထာင့္မွာ ႀကီးမားတဲ့ သစ္ပင္ႀကီးတစ္ပင္ အရင္းကၿပိဳလဲေနၿပီး ပင္စည္ေျခရင္းမွာ ျဖတ္စျဖတ္နေတြ မြစာႀကဲေနေလရဲ႕။ ခါးလည္ေလာက္ ကေနျပတ္က်ေနတဲ့ သစ္ပင္ေျခရင္းေဘးကေနကပ္ၿပီး ႏွစ္ေတာင္ေလာက္ ရွိတဲ့ အတက္ကေလးတစ္ပင္ ထပ္ေပါက္ေနတာ ဖိုးေသာင္း ေတြ႕လိုက္ရ
တယ္။
လြန္ခဲ့တဲ့ တစ္လေလာက္ကေတာ့ ဖိုးေဆာင္းတစ္ေယာက္ ေလွစပ္ ဖို႔ သစ္ပင္ရွာေနတယ္လို႔ေတာ့ဖိုးေသာင္းကိုေျပာဖူးတာသတိထားမိၿပီေလ။ ဒီသစ္ပင္ခုတ္လွဲတယ္ဆိုတာ ေလွစပ္ဖို႔ကလြဲလို႔ တျခား ဘာမွမျဖစ္ႏိုင္ဘူး ထင္တယ္။ လူေျပာသူေျပာမ်ားသလို ဒီသစ္ပင္မွာ ပရဘုံသားေတြ ရွိေနၿပီ လား။ သူတို႔ ေနစရာကို ခုတ္လွဲတဲ့အတြက္ သင္းတို႔က ဖိုးေဆာင္းကို ေသ ေလာက္တဲ့အထိ ရန္ရွာလိုက္ၾကတာလား။
လူတစ္ေယာက္ အသက္ေသေၾကပ်က္စီးေလာက္တဲ့ အဓိက အေၾကာင္းရင္းက ဘာလဲ။ တန္ဖိုးႀကီးမားတဲ့ အသက္တစ္ေခ်ာင္း ေသ

ေလာက္တဲ့အထိ မလုပ္သင့္ဘူး ထင္ပါတယ္။ ကိုယ့္ၿခံထဲက ကိုယ့္သစ္ပင္ ကို လြတ္လြတ္လပ္လပ္ မခုတ္ရဘူးတဲ့လား။
ဖိုးေသာင္းတစိမ့္စိမ့္ေတြးေတာရင္းညီအတြက္ယူႀကဳံးမရျဖစ္ၿပီးေဒါသ အလိပ္လိုက္ တက္လာေတာ့တယ္။ ေနာက္ဆုံး သစ္ငုတ္တိုပါမက်န္ အျမစ္ကေန တူးပစ္ၿပီး မီးရႈိ႕ဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္တယ္ေလ။ ေတြ႕ ၾက ေသးတာေပါ့ကြာ – မျမင္ရတဲ့နာနာဘာဝေကာင္ေတြမင္းတို႔ကိုငါလက္စား ျပန္ေခ်ျပရမယ္ေဟ့။
ဖိုးေသာင္း လဲၿပိဳလဲေနတဲ့ သစ္ပင္ႀကီးကို ေဒါသတစ္ဝက္ ေၾကကြဲျခင္း တစ္ဝက္နဲ႔ စိုက္ၾကည့္လိုက္တယ္ေလ။ ဒီအခ်ိန္မွာ သူ႔ေနာက္ဘက္ဆီကေန လူတစ္ေယာက္ လာရပ္ေနသလိုလို၊ ေစာင့္ၾကည့္ေနသလိုလို ခံစားလိုက္ရ တယ္။ အဲဒီအခ်ိန္မွာ သစ္ငုတ္တိုႀကီးဆီကေန ညည္းတြားသံလိုလို၊ ေတာ ႐ိုင္းတိရစာၦန္ဟီသံလိုလိုမသဲမကြဲအသံႀကီးတစ္ခုထြက္ေပၚလာတယ္။ ဒါနဲ႔
ဖိုးေသာင္းလည္း ႐ုတ္တရက္ေၾကာင္အသြားၿပီးဟိုဟိုသည္သည္ေလွ်ာက္ ရွာၾကည့္တယ္။ ပတ္ဝန္းက်င္မွာ ဘယ္သူမွ မရွိဘူး။ ေနာက္မွ ေသေသ ခ်ာခ်ာ ဂ႐ုစိုက္နားေထာင္ၿပီး ပတ္ဝန္းက်င္မွာ ဘယ္သူမွ မရွိဘူး။ ေနာက္မွ ေသေသခ်ာခ်ာဂ႐ုစိုက္နားေထာင္ၿပီးေစာင့္ၾကည့္ေတာ့မွ ညည္းညဴသံလိုလို၊ ေအာ္သံလိုလို၊ ဟီသံလိုလိုအသံႀကီးက သစ္ငုတ္တိုႀကီးဆီကထြက္ေပၚလာ ေနတာကိုး။
အဲဒီအခ်ိန္မွာ သစ္႐ြက္ေႂကြေတြကိုျဖတ္နင္းၿပီးရွဥ့္ကေလးတစ္ေကာင္ လ်င္ျမန္စြာ ျဖတ္ေျပးသြားတယ္။ ဒီေကာင္ ဘာျဖစ္လို႔ အလန႔္တၾကား ျဖစ္သြားပါလိမ့္။
ညဘက္ေရာက္ေတာ့ အိမ္မႀကီးဆီမွာဧည့္သည္ေတြ၊ အသုဘေစာင့္ ေနသူေတြ၊ ေဆြမ်ိဳးေတြနဲ႔ဆိုေတာ့ ဖိုးေသာင္းၿခံထဲကစပါးက်ီေဘးကတဲမွာ

တစ္ေယာက္ထဲ သြားအိပ္တယ္ေလ။ ယစ္ေ႐ႊရည္ကေလးလည္း ေသာက္ ထားတယ္ မဟုတ္လား။
သူ႔အေနနဲ႔ ဖိုးေဆာင္းေသဆုံးရျခင္းဟာ ေသြး႐ိုးသား႐ိုးမဟုတ္ဘူးလို႔ ယူဆထားတာ။ ႐ြာထဲမွာ လူေတြေျပာေနၾကသလို သစ္ပင္ခုတ္တာ မေက် နပ္လို႔ သူ႔ညီကို သတ္ပစ္တယ္ဆိုတာကိုေတာ့ ဘဝင္ မက်ဆုံးဘဲ။ အဲဒီညက ေခြးေတြ အူလိုက္တာ၊ က်ီးကန္းေတြကလည္း တေဝါေဝါ
ပဲ…။
ျပႆနာက အဲဒီကစတာ…။
“ဖိုးေသာင္း – ဖိုးေသာင္း”
ဖိုးေသာင္း အိပ္ေပ်ာ္စ၊ အိပ္ေမာက်ခါစအခ်ိန္မွာ သူ႔ နာမည္ကို ေခၚ သလိုလို၊ ညည္းသံလိုလို အသံတစ္ခု ၾကားလိုက္ရတယ္။ ဒါနဲ႔ ဖ်တ္ခနဲ လန႔္ႏိုးသြားတာနဲ႔ မ်က္စိဖြင့္ၾကည့္လိုက္မိတယ္ေလ။ ေခၚသံကတိတ္ဆိတ္ သြားတယ္။ အိပ္မက္ မက္ေနတာမ်ားလား၊ ပတ္ဝန္းက်င္တစ္ခုလုံး မည္း ေမွာင္ေနတယ္။ ၿခံထဲ ေနရာအႏွံ႔အျပားကေန ပုရစ္ေကာင္ေလးေတြရဲ႕ တစီစီေအာ္သံသာ လႊမ္းမိုးလို႔။ အဲဒီအခ်ိန္မွာ တံခါးၾကားကေန တိုးဝင္လာ တဲ့ေလျပည္ဟာ ျခင္ေထာင္ကိုတဖ်ပ္ဖ်ပ္လာ႐ိုက္ေနတာလူတစ္ေယာက္ ကိုင္လႈပ္ေနသလား ထင္မွတ္ရေလာက္ေအာင္ ၾကက္သီးထသြားေစရဲ႕။
သူ႔ စိတ္ထဲမွာ အသုဘ လာေစာင့္တဲ့ လူထဲက တစ္ေယာက္ေယာက္ ဖိုးေသာင္း နာမည္လာေခၚတယ္ထင္လို႔ ထပ္ၿပီးေခၚလိုက္ေလမလားလို႔ ေတြးၿပီး ၿငိမ္သက္ေနေသးတယ္။ ဒါေပမဲ့- ဘာသံမွ မၾကားရေတာ့ဘူး။
ဘယ္သူကမ်ား သူ႔နာမည္ ဖိုးေသာင္းဆိုတာကိုေခၚၿပီး ၿငိမ္သက္ေနပါ လိမ့္။ လာၿပီး ေနာက္ေျပာင္ေနတာမ်ားလား။ ဒါနဲ႔ ဆက္အိပ္ဖို႔ ျပင္ဆင္ေန တုန္းမွာပဲ တံခါးကို တေဒါက္ေဒါက္ေခါက္သံနဲ႔အတူ ဖိုးေသာင္း ဆိုၿပီး

ေယာက္်ားႀကီးတစ္ေယာက္ရဲ႕ မာမာထန္ထန္ အသံကို ၾကားလိုက္ရတယ္ ဆိုရင္ပဲ ဖိုးေသာင္းဟာ ေငါက္ခနဲ ထထိုင္လိုက္တယ္ေလ။
စိတ္ထဲမွာေတာ့ အသိမိတ္ေဆြ ဒါမွမဟုတ္ ေဆြမ်ိဳးတစ္ေယာက္ ေယာက္ေပါ့။
ဟိုဟိုသည္သည္ ၾကည့္လိုက္ေတာ့ ပတ္ဝန္းက်င္မွာလည္း ေမွာင္ လိုက္တာဗ်ာ။ မေျပာပါနဲ႔ေတာ့…ပိုးပုရစ္ေတြရဲ႕စီစီေလာင္ေလာင္ အသံသာ

တစ္ၿခံလုံး ႀကီးစိုးေနဆဲပဲ။ ဒါနဲ႔ အိပ္ရာက လူးလဲထၿပီး ဖေယာင္းတိုင္ထြန္း၊ တံခါးဝကို ၾကည့္လိုက္ေတာ့ တံခါးဝအျပင္ဘက္မွာ လူတစ္ေယာက္ ရပ္ေနတာ ေတြ႕လိုက္ရတယ္။ လူလုံးေတာ့ မကြဲဘူး။
ဒါနဲ႔ ဖိုးေသာင္းလည္း ဖေယာင္းတိုင္ကို ကိုင္ၿပီး တံခါးဝဆီကို ခ်ဥ္းကပ္ လိုက္တယ္။ သူကလည္း ခပ္မာမာအသံနဲ႔ပဲ။
“ဘယ္သူတုံး”
လို႔ ေအာ္ေမးတယ္။ ဒီေတာ့ တံခါးအျပင္ကေနၿပီး…
“က်ဳပ္ပါ…”
“ဘယ္က က်ဳပ္လဲ” “ဒီၿခံထဲက”
“ဘာရယ္- ဘယ္လို-ၿခံထဲက ဟုတ္လား”
ဒါနဲ႔ သူ တံခါးကို ဖြင့္ေပးလိုက္တယ္။ ဖိုးေသာင္း အသံရွင္ကို ေမာ့ ၾကည့္ရင္း ၾကက္ေသ ေသသြားမိတယ္ အမွန္။ သူ႔တစ္သက္ တစ္ကိုယ္မွာ ဒီေလာက္ ထြားက်ိဳင္းျမင့္မားတဲ့အရပ္နဲ႔ လူတစ္ေယာက္ကို မျမင္ဘူးလို႔ပဲ။ အေပၚအက်ႌမပါဘူး၊ ပုဆိုးတိုတို ဝတ္ထားတယ္။ အသားနီစပ္စပ္၊ အရပ္ ခုနစ္ေပေလာက္ရွိမယ္။ တဲရဲ႕ထုတ္တန္းနဲ႔ အဲဒီလူထြားႀကီးရဲ႕နဖူးထိေနတာ။ မ်က္ႏွာထားတင္းတင္း၊ ပမာမခန႔္ပုံစံပဲ၊ ဖိုးေသာင္းစိတ္ထဲမွာ အမူးေတာင္ ေျပသြားသလိုလိုပဲ။ ဒါေပမဲ့- သူ႔စိတ္ထဲမွာေတာ့ နည္းနည္းေတြးလိုက္မိ သား။ ဖိုးေဆာင္းႏွယ္ – ဘယ္လိုလူေတြကိုၿခံထဲေခၚထားပါလိမ့္ေပါ့။ လူေတြ ကိုလည္း ပမာမခန႔္ ႏိုင္လိမ့္တာ။ ဒါေပမဲ့ – ဒီလိုထြားက်ိဳင္းၿပီးမ်က္ႏွာေပါက္ ဆိုးတဲ့လူပုံစံကိုလည္း နည္းနည္းၿဖဳံသြားတာေတာ့ အမွန္။ ဒါေပမဲ့- အဲဒီလူ ကိုဖိုးေသာင္း တစ္ခါမွ မျမင္ဖူးဘူး။ သူ တစ္ခုခုေျပာဖို႔ စဥ္းစားတုန္းရွိေသး။ “ခင္ဗ်ားကို က်ဳပ္ စကားနည္းနည္း ေျပာခ်င္တယ္”
လူထြားႀကီးဆီက ပထမဦးဆုံး အသံထြက္လာတယ္။ အသံႀကီးက အက္ရွရွပါ။

“ဒါဆိုလည္း တဲထဲကို ဝင္ၿပီးေျပာပါ”
ဖိုးေသာင္းေျပာတဲ့ စကားကိုဂ႐ုမစိုက္ဘဲတဲဝမွာပဲရပ္ေနတယ္။ အထဲ ကိုမဝင္ဘူး။ ဖိုးေသာင္းလည္း ဆက္မေခၚေတာ့ဘူး။ အဲဒီလူထြားႀကီးမ်က္ႏွာ ကို ေသေသခ်ာခ်ာ ၾကည့္မိတယ္။ ေသခ်ာပါတယ္ – ႐ြာထဲမွာ ဒီလိုပုံစံနဲ႔ ႐ုပ္မ်ိဳး မေတြ႕ဖူးပါဘူး။ လုံခ်ည္တိုတိုဝတ္ၿပီး ဖိနပ္မပါဘူး။ မ်က္ႏွာေၾကာ ကေတာ့ တင္းတင္းပဲ။ မ်က္ေထာင့္နီနီနဲ႔ေလ။
“မင္းတို႔ ၿခံေထာင့္က သစ္ပင္ႀကီးကို ခြင့္မေတာင္းပဲ ဘာျဖစ္လို႔ ခုတ္လွဲ ပစ္လိုက္တာလဲ။ နည္းနည္းပါးပါး အေၾကာင္းၾကားဖို႔ ေကာင္းတယ္။ ခုေတာ့…”
ဖိုးေသာင္းလည္း စိတ္ထဲမွာ ေထာင္းခနဲ ျဖစ္သြားတယ္။ အရက္က လည္း ေထြလို႔ေလ…
“ေနပါဦးဗ် …က်ဳပ္ညီက ၿခံရွင္၊ သူ႔ ၿခံထဲက သစ္ပင္ကိုခုတ္လွဲပစ္တာ။ ဘယ္သူ႔ကို သြားၿပီးသံေတာ္ဦးတင္ေနရမွာတုန္း။ ဘာျဖစ္လဲ- ကိုယ့္အပင္ ကိုယ္ခုတ္တာ။ ခုတ္ခြင့္ မရွိဘူးလား…ေျပာပါဦး”
သူ႔စကားဆုံးေတာ့ လူထြားႀကီးက တစ္ခ်က္စိုက္ၾကည့္လိုက္တာ။ မီးေတာက္မတတ္ပဲ သူ႔စကားသံက အထက္ဆီးဆန္လွတယ္။
“ခင္ဗ်ားတို႔ သစ္ပင္ခုတ္ေနတာကို ရပ္လိုက္ပါ။ ေဘးက ေပါက္ေနတဲ့ အၫြန႔္ကေလးကိုပါ ဆက္ၿပီးခုတ္ၾကေတာ့မလို႔လား။ မလုပ္ပါနဲ႔ – က်ဳပ္ မႀကိဳက္ဘူး၊ က်ဳပ္တို႔ ဘယ္မွာသြားေနရမွာလဲ၊ ဘာလဲ – မင္းကပါ မင္းညီ ေနာက္ကို လိုက္ခ်င္လို႔လား၊ ကိုယ့္အသက္ကိုယ္ မႏွေျမာရင္ ဆက္လုပ္ ေပါ့ကြာ။ သိၾကေသးတာေပါ့”
လူထြားႀကီးက သူ ေျပာခ်င္တာေတြကို ဗလုံဗေထြးေျပာဆိုၿပီး ခ်ာခနဲ လွည့္ထြက္သြားတယ္။ ဖိုးေသာင္း သူ႔ကို ျပန္ေျပာခ်ိန္ေတာင္ မရေတာ့ဘူး။ ျမန္လိုက္တာ – အေမွာင္ထုထဲကို ဝင္ေရာက္ေပ်ာက္ကြယ္သြားတယ္။ ဒါနဲ႔ ဖိုးေသာင္းလည္း မီးအုပ္ဆြဲ၊ တဲေထာင့္က လွံတိုကိုယူၿပီး လူမိုက္ဆန္ဆန္ ေျပာသြားတဲ့ လူထြားႀကီးေနာက္ကို လိုက္ရွာၾကည့္တယ္။ ဘယ္လိုမွ မေတြ႕ေတာ့ဘူး။ ၿခံက်ယ္ႀကီးဟာ အေမွာင္ေအာက္မွာ စုန္းစုန္းနစ္ျမႇဳပ္ေနၿပီး တိတ္ဆိတ္ေနခဲ့တယ္။ ဖိုးေသာင္းလည္း အိမ္မႀကီးဆီဘက္ကို ေလွ်ာက္ သြားၿပီးေစာေစာကလူထြားႀကီးတစ္ေယာက္ဒီဘက္လာေသးလားလို႔ေမး ေတာ့ ဘယ္သူမွ မလာပါဘူးလို႔ ေျဖၾကတယ္။ ထူးေတာ့ ထူးဆန္းေနၿပီ။ ဒီလိုနဲ႔ ဖိုးေသာင္း ရင္ထဲမွာ မေက်မနပ္ ဘဝင္မက်စိတ္နဲ႔ တဲကေလး ဆီကိုျပန္လာခဲ့ရတာပါ။ စိတ္ထဲမွာေတာ့ လွံတိုကိုက်စ္က်စ္ပါေအာင္ ဆုပ္ ကိုင္ရင္း မနက္မိုးလင္းရင္ ေတြ႕ၾကေသးတာေပါ့ကြာ။ က်န္တဲ့ သစ္ငုတ္တို ကို မီးျပင္းတိုက္ပစ္မယ္လို႔ ခပ္က်ယ္က်ယ္ ႀကဳံးဝါးလိုက္တယ္ေလ။
ေနာက္တစ္ေန႔မနက္မိုးလင္းတာနဲ႔ ဘာေျပာေကာင္းမလဲ။ ဖိုးေသာင္း လည္း မီးျခစ္၊ ေကာက္႐ိုးေတြယူၿပီး ၿခံေထာင့္က သစ္ငုတ္တိုဆီကို ေရာက္ လာတယ္။ သစ္ငုတ္တိုကို ပတ္ပတ္လည္ေကာက္႐ိုးေတြပုံၿပီး မီးရႈိ႕ဖို႔ ျပင္
တယ္။
အဲဒီအခ်ိန္မွာ သစ္ငုတ္တိုႀကီးရဲ႕ ေဘးပတ္ဝန္းက်င္ကေန လူသံေတြ လိုလို သစ္ငုတ္တိုႀကီးကေနၿပီးေတာ့ တဟီးဟီး ညည္းညဴသံလိုလို ထြက္ လာေရာ။
အဲဒီအခ်ိန္မွာ ဖိုးေသာင္းလည္း ၾကက္သီးေတြ တဖ်န္းဖ်န္းထ၊ နားထဲ မွာဟီသံႀကီးတစ္ခုက က်ယ္က်ယ္ေလာင္ေလာင္ ၾကားလိုက္ရၿပီး သစ္ငုတ္ တိုကို မီးတိုက္ေတာ့တာပဲ။
“ငါ့ညီကို သတ္တဲ့ ေကာင္ေတြ။ မင္းတို႔လည္း ငါ့ညီ ေသသလို ေသရ မယ္ကြ”လို႔ ဆဲဆိုေရ႐ြတ္ၿပီး မီးရႈိ႕ေတာ့တာပဲ။ မီးက ေတာ္ေတာ္နဲ႔ မေလာင္ ဘူး။ အူထြက္ေနတယ္။

အဲဒီအခ်ိန္မွာ သစ္ငုတ္တိုႀကီးကေန ဟီသံက်ယ္က်ယ္ႀကီးနဲ႔အတူ
မိန္းမတစ္ေယာက္ေအာ္ဟစ္ငိုယိုသံ၊ ကေလးေတြနဲ႔ ေအာ္ဟစ္ငိုယိုသံေတြ လိုလိုထြက္ေပၚလာေတာ့တာပါပဲ။ ေတာ္ေတာ္ဆန္းၾကယ္တာနဲ႔ ဖိုးေသာင္း လည္း အေၾကာင္သား ေငးေမာေနမိတယ္။ ေအာ္သံ၊ ဆူသံေတြက သစ္ ငုတ္တိုကေန ထြက္ေနတာပါ။
အဲဒီအခ်ိန္မွာ ႐ြာထဲက အဘသာျမတ္နဲ႔အသုဘလာတဲ့ဧည့္သည္ေတြ တစ္အုပ္ႀကီး ေျပးထြက္လာၾကတယ္။ အဘ သာျမတ္ဆိုတာ တစ္႐ြာလုံး အားကိုးအားထားျပဳေနၾကတဲ့ တိုင္းရင္းေဆးဆရာ၊ လက္မွတ္ရ ဆရာႀကီး
တစ္ဦးပါ”
“ေဟ့ေကာင္ – ဖိုးေသာင္း၊ မီးရႈိ႕တာကို ရပ္လိုက္စမ္း၊ ေဒါသေရွ႕ထားၿပီး စိတ္ကူးတည့္ရာ ေလွ်ာက္မလုပ္စမ္းနဲ႔။ ကိုယ္က်ိဳးေတာ့ နည္းေတာ့မွာပဲ ကြာ။ ေရနဲ႔ ပက္ၾကေဟ့ – ေရနဲ႔ ပက္ၾက”
အဘသာျမတ္ကေျပာေျပာဆိုဆိုဖိုးေသာင္းကိုတြန္းဖယ္ၿပီး သူကိုယ္ တိုင္ ေရဝင္ပက္တယ္။ က်န္တဲ့ လူေတြကေတာ့ ေကာက္႐ိုးေတြကို ဖယ္ ထုတ္ပစ္ၾက၊ မီးစြဲေနတဲ့ေကာက္႐ိုးေတြကိုၿငိမ္းသတ္ၾကနဲ႔၊ ေတာ္ေသးတယ္ ေျပာရမယ္။ သစ္ငုတ္တိုႀကီးကို မီးမစြဲေသးဘူးေလ။ မီးခိုးေတြကေတာ့ အူ ေနတုန္းပဲ။
အဘသာျမတ္က သက္ျပင္းခ်ရင္း ..
“စိတ္ျမန္လက္ျမန္ ႏိုင္လွပါလား၊ ဖိုးေသာင္း – ေလာကမွာ မျမင္ႏိုင္တဲ့ အႏၲရာယ္ေတြရွိသလိုပဲ ျမင္အပ္၊ မျမင္အပ္တဲ့ ပရေလာကဆိုတာ ရွိတယ္ ကြ။ ငါေျပာတာနားေထာင္ဦး”
အားလုံးကဖိုးေသာင္းကိုေဖ်ာင္းဖ်ေျပာဆိုၿပီးအိမ္ႀကီးဆီကိုေခၚလာၾက
ပါေတာ့တယ္။ ဖိုးေသာင္းက ဓားႀကိမ္း ႀကိမ္း၊ ဆဲဆိုၿပီး လာတယ္။ “မင္းတို႔ကို မေက်ဘူးေဟ့”

အိမ္ေပၚေရာက္တာနဲ႔ အဘသာျမတ္က သူ ညကမက္တဲ့ အိပ္မက္ အေၾကာင္းကို အစခ်ီၿပီး ဇာတ္စုံခင္းျပတယ္ေလ။
“ဒီလိုေလ-ညကအဘသာျမတ္မက္တဲ့အိပ္မက္ထဲမွာ အရပ္ေထာင္ ေထာင္ေမာင္းေမာင္း၊ အသားနီစပ္စပ္၊ မ်က္ႏွာေပါက္ ခပ္ထန္ထန္နဲ႔ လူ တစ္ေယာက္ဟာမိန္းမတစ္ေယာက္၊ ကေလးႏွစ္ေယာက္နဲ႔အတူတူေရာက္
လာၿပီးက်ဳပ္တို႔ဘုံဌာနကိုဖ်က္လိုဖ်က္ဆီးလုပ္တဲ့ဖိုးေဆာင္းကိုတားမရတဲ့ အဆုံးမွာ အေသလုပ္ပစ္ လိုက္ရတယ္။ ၿပီးေတာ့ – က်န္ရွိေနေသးတဲ့ သစ္ ငုတ္ေဘးက အတက္ထြက္ေနတဲ့ အကိုင္းေလးထဲမွာ က်ဳပ္တို႔ ေနရထိုင္ ရတာ မိသားစု က်ပ္က်ပ္တည္းတည္းဗ်ာတဲ့။ အဆင္မေျပလွပါဘူးတဲ့။ အဲဒီလို ဒုကၡထပ္ေရာက္ေနတုန္း ေနစရာဌာန ပ်က္စီးေပ်ာက္ကြယ္သြား ေအာင္ ထပ္လုပ္မယ့္ လူတစ္ေယာက္ေရာက္လာပါတယ္။ အဲဒီလူက ဖိုးေသာင္းပါတဲ့။ ဖိုးေသာင္းက သူတို႔ ဘုံဌာနကို မီးေလာင္တိုက္သြင္းဖို႔ ႀကိဳးစားေနပါသတဲ့။ အခ်ိန္မီ တားဆီးေပးပါဦး ဆရာႀကီးလို႔ ငါ့ကို အိပ္မက္ လာေပးတယ္။ ၿပီးေတာ့ – သူတို႔ကဖိုးေဆာင္းအေပၚလက္လြန္သြားပါတယ္ တဲ့။ ေနာက္ထပ္ ဘယ္သူ႔ ကိုမွ မေႏွာက္ယွက္ေတာ့ပါဘူး။ ၿခံရွင္ေတြကို ေကာင္းက်ိဳးခ်မ္းသာျဖစ္ေအာင္ ေစာင့္ေရွာက္ေပးပါ့မယ္တဲ့။ သူတို႔ကို ဆက္ၿပီးဒုကၡေပးတာရပ္လိုက္ပါေတာ့တဲ့ကြ။ ကဲ- ဖိုးေသာင္း၊ မင္းပဲစဥ္းစား ၾကည့္ေတာ့ကြာ။ ဆက္ၿပီးမဖ်က္ဆီးပါနဲ႔ေတာ့။ ဒီသစ္ငုတ္တိုႀကီးက မင္းတို႔ အတြက္ အေႏွာင့္အယွက္မျဖစ္ေလာက္ပါဘူး။
သူတို႔က နာနာဘဝေတြပါ။ လူေတြနဲ႔ ဘဝျခားေနၾကသူေတြပါ။ ၿပီးေတာ့ – ကမၼဇိဒၶိတန္ခိုးေတြရွိၿပီး ဖန္ဆင္းႏိုင္တဲ့ အပါယ္ေလးဘုံသား၊ ၿပိတၱာေတြကြ။ ဘုရားရွင္ကလည္းေပတဝတၳဳေတြမွာေရာ၊ ရဟန္းေတာ္ေတြ ရဲ႕ဝိနည္းပညတ္ေတြမွာပါအတိအလင္းေျဖဆိုရွင္းျပထားတယ္ဖိုးေသာင္းရဲ႕။
ၿပိတၱာေတြထဲမွာလည္းဆိုးတဲ့ၿပိတၱာေတြရွိသလိုေကာင္းတဲ့ၿပိတၱာေတြလည္း
ရွိတာပဲမဟုတ္လား။ လူေတြလိုေပါ့ကြာ၊ မင္းအေနနဲ႔ သူတို႔ကို ၿခံထဲမွာ မေန

ေစခ်င္ရင္ နတ္မင္းႀကီး (၄)ပါးထံမွာ ေနရာေတာင္းၿပီး ေ႐ႊ႕ခိုင္း၊ ဒါမွမဟုတ္ မင္းတို႔အတြက္ အေႏွာင့္အယွက္မျဖစ္ေစဘူးဆိုရင္ ဒီအတိုင္း လြတ္လြတ္ လပ္လပ္ ေနပါေစကြယ္။ ဘယ္သူ႔ကိုမွ မေႏွာက္ယွက္ႏိုင္ပါဘူး။ ေမတၱာပို႔ ပါ။ သူတို႔ ကူညီၾကမွာပါ။ အိမ္နီခ်င္းမိတ္ေဆြေကာင္းေတြလို သေဘာထား
ပါ”
လို႔ ရွင္းျပေတာ့မွ ဖိုးေသာင္းလည္း စိတ္ေလွ်ာ့ၿပီး သစ္ငုတ္တိုႀကီးကို ဆက္ၿပီး မီးမရႈိ႕ျဖစ္ေတာ့ဘူး။ ေနာက္ထပ္ထြက္လာတဲ့ အၫြန႔္အတက္ေတြ ကိုလည္း မခုတ္ပစ္ေတာ့ဘူးေလ။ ေနာက္ၿပီး သူတို႔ကို ေမတၱာပို႔၊ အမွ်ေဝ တယ္။ သူတို႔ ဆက္ၿပီး ကုသိုလ္ျပဳႏိုင္ဖို႔ ပန္း၊ ဆီမီး၊ အေမႊးတိုင္ လႉတယ္။
အဲဒီေနာက္ သစ္ငုတ္တိုႀကီးဆီကေနညည္းညဴသံ၊ ဟီသံေတြ မၾကား ရေတာ့ဘူး။ ေနာက္ထပ္တက္လာတဲ့ အၫြန႔္အတက္ေတြကလည္းေဝေဝ ဆာဆာ။ ၿခံထဲမွာ စိုက္ပ်ိဳးသမွ် သီးႏွံေတြဆိုတာ အံ့ဩဖို႔ ေကာင္းေလာက္ ေအာင္ ျဖစ္ထြန္းတာ။ တစ္႐ြာလုံးက အံ့ဩၾကရတယ္ မဟုတ္လား။ ၿပီးေတာ့ – သိန္း (၂၀၀)ထီတစ္ခု ေပါက္တယ္။ ထီဆုကေလးေတြ ႏွစ္ႀကိမ္ ေပါက္တယ္။ အလႉအတန္းေတြလည္းလုပ္ႏိုင္ခဲ့တယ္။
ဒါဟာ မျမင္ရတဲ့ ပရေလာကသားေတြကိုကိုယ္က ေမတၱာပို႔ က႐ုဏာ ထားလိုက္ေတာ့ သူတို႔ဘက္ကလည္းတုန႔္ျပန္မႈေကာင္းေတြနဲ႔ ျပန္တုန႔္ျပန္ ၾကတာပဲ မဟုတ္လား ခင္ဗ်ာ။ သမန္းျမက္ခ်ဳံမွာေတာင္ မျမင္အပ္တဲ့ ပရ ေလာကသားဆိုတာ ရွိပါတယ္။ သစ္ပင္ႀကီးေတြဆိုရင္ေတာ့ မေျပာနဲ႔ ေတာ့ေပါ့။
က်တ္မွစ၍ နာနာဘာဝျဖစ္တဲ့ ေလာကသားေတြဟာ အမွ်ေဝရင္ သာဓုေခၚႏိုင္တယ္။ အိပ္မက္ေပးႏိုင္တယ္၊ ကိုယ္ထင္ျပၿပီး ယွဥ္ၿပိဳင္ေျပာဆို ႏိုင္တယ္။ လူ႐ုပ္ေပၚေအာင္ ဖန္ဆင္းႏိုင္တယ္။ သူတို႔ေနတဲ့ ဘုံဌာနကို ဖ်က္ဆီးရင္ မိမိဘက္က ကံဇာတာညႇိဳးမွိန္ရင္ ဖမ္းစားသတ္ျဖတ္ႏိုင္တယ္။ သူတို႔ကို သိတတ္ရင္ ေက်းဇူးတုံ႔ျပန္တတ္တယ္။ ေ႐ႊေငြ ေပးတတ္တယ္။

ၿပီးေတာ့-အမွ်အတန္းေဝရာမွလည္း သာဓုေခၚႏိုင္ရင္ယုတ္ညံ့ေသာဘဝမွ
ႏူးညံ့ေသာ အတန္းသို႔ ေျပာင္းလဲသြားတတ္ၿပီး ေကာင္းရာမြန္ရာကို ေရာက္ တတ္လို႔ တစ္ဦးေမတၱာတစ္ဦးဆိုသလို ေကာင္းမႈကုသိုလ္မျပတ္လပ္ဖို႔ အေရးႀကီးပါတယ္။ ေမတၱာလက္နက္ေလာက္ အစြမ္းထက္တဲ့ လက္နက္ မရွိပါဘူး။
သည္။
စာႂကြင္း
ဇာတ္လမ္းအစမွ ပထမလူ“သူ” ဆိုသည္မွာ ဦးျမင့္ထြန္းပင္ ျဖစ္ပါ
*** မင္းဘုန္းသိခၤသူ