” လှည်းဝင်ရိုးသံတညံညံ “(စ/ဆုံး)
Unicode Version
” လှည်းဝင်ရိုးသံတညံညံ “(စ/ဆုံး)
————————————
အချို့က ဒီကုန်းပေါ် မှာ မကောင်းတဲ့ဒုစရိုက်မှုပြုလုပ်ရင် မိုးကြိုးပစ်တာ မြင်ဖူး၊ ကြုံဖူးတော့
ဒီကုန်းကို ပိုးကြိုးပစ်ကုန်းကို အဦးအစ ခေါ် တဲ့လူလည်း ခေါ်ခဲ့ကြတယ်။
အချို့ကလည်း ဒီကုန်းပေါ် မှာ ကုသိုလ်ကောင်းများ ထ၊ ဘာဝနာများ ပွားများကျင့်ကြံရင် ကံကောင်းတယ်။
အန္တရာယ်ကင်းတယ်လို့လည်း ယူဆကြ တာရှိတာကိုး ..။
တစ်ခုထူးခြားတာက …
မိုးကြိုးပစ်ကုန်းပေါ်က ဘုန်းကြီးအိုကြီး ပျံလွန်တော်မူပြီ၊ ရက်လည်တဲ့
အနံ့မှာအလွန်ကို သည်းထန်တဲ့ မိုးကြီး ရွာချလိုက်တာပဲ။
မိုးဟာ မွန်းတည့်ချိန်ကနေ ရွာလိုက်တာ မိုးစုပ်စုပ်ချုပ် ရောက်မှပဲ လုံးပတ်သွားတော့တယ်။
ပိုပြီး ထူးခြားပြန်တာက မိုးကြီး သည်းထန်စွာ ရွာပြီးနောက်ပိုင်း ကူးစက်ရောဂါတွေ အံ့ဖွယ်
ကောင်းအောင် ပျောက်ကင်းသွားကြတာပဲကွယ်၊
ရွာနီးချုပ်စပ်အားလုံး ဝမ်းသာလိုက်ကြတာ။ မိုးမရွာခင်တုန်းက ဟိုအိမ် ဒီအိမ် အလွန်မတတ်သာမှပဲ လူနာသတင်း သွားရတယ်။
တော်ရုံနဲ့တော့ လူမမာသတင်း သွားမပေးကြဘူး။ ဒရာဂါကူးမှာ ကြောက်ကြတာကိုး…
ဆရာဝန်တို့၊ဆေးမှူးတို့မရှိတဲ့အရပ်၊ ဖွံ့ဖြိုးမှုလုံးဝမရှိတဲ့အရပ်၊ ကလေး တွေတောင် ဘုန်းကြီးကျောင်းရှိမှ
စာသင်ခွင့်ရတဲ့အရပ်ဆိုတာ…။ ကျန်းမာရေးကိစ္စ၊ ရောဂါကာကွယ်ရေးကိစ္စ ဟုသုတ နည်းပါးနေတာပေါ့ဗျာ။
နေမဝင်ခင် အမှိုက်ပုံတွေ မီးရှို့ ၊ သံပုံးတီးပြီး အပကိုနှင်ကြ..။
အကြောင်းရှိရင် ဘုရားတ၊ ရေမန်းသောက်။ ခုတော့ … ပိုးကြီးရွာရပြီး နောက်ပိုင်းမှာ ရောဂါဆိုးတွေ ထူးခြားစွ
ာ ပျောက်ကွယ်သွားတော့ ဝမ်းသာ ကြတာပေါ့။
ပလိပ်ရောဂါ ကာလဝမ်းရောဂါဟာအလွန်ကြောက်ဖို့ကောင်းတယ်။ ကျေးလက်တောရွာ
မြို့အတော်များများမှာက စာတတ်ကြ ဧတာ့ ရာဂါ ဘာကြောင့်ဖြစ်တယ်မသီဘူး။
ကျုပ်တို့လည်း နောင်ကာလများစွာကြာပြီးမြို့နဲ့ အဆက်အသွယ်ရ…။
ဒေသန္တရပညာရှများ။ ခဏးမှူးများ လာရောက်ဟောပြောမှပဲ ပလိပ် ရောဂါရဲ့ဖစ်မြစ်နဲ့ ကြောက်စရာကောင်းပုံကို သိရတယ်။
ပြင်းထန်ဆိုးရွားစွာ ရောဂါဝေဒနာခံစားရပြီး အသက်များစွာ ဆုံးရှုံး ရတဲ့ပလိပ်ရောဂါဟာမသန့်ရှင်းတဲ့ရောဂါကြွက်ကခန စ,လာတာပါတဲ့။
မာစီးနီးယား(စ်) ဖက်(စ်) ထစ်(ခ်) ဆိုတဲ့ ရောဂါပိုးကြောင့် ဖြစ်လာတဲ့ ရောဂါကို ပလိပ်ရောဂါလို့ ခေါ်တယ်။
အဲဒီပိုးတွေဟာ ကြွက်နဲ့ ရှဉ့်သတ္တဝါတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ နေတတ်တယ်။
ကြွက်လေးတွေမှာ အဲဒီရောဂါပိုး ပါရှိတတ်တယ်တဲ့။ လူတစ်ယောက်မှာ ပလိပ်ရောဂါပိုးရှိနေ
အခြားလူတစ်ယောက်ကို ကူးာက်တာ မြန်တယ်။ ရောဂါရှင်ရဲ့အရိအရွဲ သွေးပြည်၊ သလိပ်၊ ချောင်းဆိုး
ရာကနေ သူ့အဝတ်အစားကို မလျှော်ဖွပ် တော်ဆင်ရာကနေလည်း ရောဂါ ကူးစက်တယ်။
ဆရာဝန်တွေရှင်းပြချက်အရဆိုရင်…
အကျိတ်တွယ်တဲ့ (ဗျူဘောနစ်ပလိပ်ရောဂါ)နှင့် အသက်ရှူလမ်း ကြောင်းမှာဖြစ်တဲ့ (နျူမာနစ်ပလိပ်ရောဂါ) ဆိုပြီး နှစ်မျိုးရှိတယ်လို့ သိရ တယ်။
ကျုပ်လည်း နားလည်လွန်းလို့ မဟုတ်ဘူးနော်။
ကျုပ်တို့ရွာတွေကို ဆေးမှူးတွေကပညာပေးလက်ကမ်းစာစောင်တွေ၊
ပိုစတာတွေ လိုက်ပေးကပ်လို့ သိရတာ။
ဗျူဘောနစ် (အကျိတ်ပလိပ်)ဖြစ်လာရင် ကိုယ်အပူချိန်အဖျား (၁၁၄) ဒီဂရီအထိ တက်မယ်။ ချမ်းတုန်ပြီး မေးရိုက်နေမယ်။
အဲဒါ အကျိတ်ပလိပ်ကြွက်သန်၊ အကိုက်ခံရလို့ ဖြစ်တဲ့ကွာတဲ့။ သဖြစ်ရင် ပေါင်တို့၊ ချိုင်းကြားကို
လည်ပင်းတို့မှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းကြီးထွားလာမယ်။
မကြာဘူး၊ လူနာဟာ ကယောင်ကတမ်းတွေ ပြောလာရော။ ပလိပ် ရောဂါမှန်း မသိဘဲ ဆေးမြီးတိုတို့၊
ပယောဂဆရာတို့နဲ့ စုန်းတစ္ဆေ အမှောင့် ဖယောဂဝင်တယ်မှတ်ပြီးရမ်းသန်းကုလို့ကတော့…
တစ်နည်း …။
ပလိပ်ရောဂါ သဘောသဘာမှန်းမသိဘဲ တို့တို့တိတိကုနေရင် ….။
ရောဂါမှန်း သိပါလျက်ကယ်နဲ့ ထိထိရောက်ရောက် မကုခဲ့ရင် ငါးရက် အတွင်းသာ ….။
နျူမောနစ် ပုလိပ်ရောဂါလက္ခဏာကတော့ အဆုတ်ပလိပ်ရောဂါပဲ။ သူကလည်း အကျိတ်ပလိပ်ရောဂါလိုပဲ။
ရုတ်တရက်ချမ်းတုန်ဖျားမယ်၊ ခေါင်းအကြီးအကျယ်ကိုက်မယ်၊ အသက်ရှူကျပ်မယ်၊ ချောင်းဆိုးရင်
သွေးတွေ ပါးလာယ်၊ သူက ပြန်တယ်။ ဆေးဝါးကောင်းကောင်းနဲ့ အရင် အမြန်မကုခဲ့ရင် နှစ်ရက်အတွင်းသေရောတဲ့။
ကျုပ်တို့ဒေသမှာ အဲဒီပလိပ်ရောဂါရယ် ဝမ်းရောဂါကြီးငယ်ဖြစ်ခဲ့တော့ ဆေးကောင်းဝါးကောင်းနဲ့လည်း မကုသရ
ကာကွယ်ရေး၊ ကြိုတင်ကာကွယ်ရေးလည်း မသိ။ ဝေဒနာရှင်နဲ့ အတူ နေ၊ လက်ပွန်းတတီးနေရာက အိမ်လုံးကျွတ်၊ ရွားလုံးကျွတ် သေးဆုံးခဲ့ရာပေါ့…။
အချို့ဆိုကြောက်လို့ရွာပစ်ပြေးကြတယ်၊
အဲဒါမိုးကြီးသည်းထန်စွာ ရွာပြီးနောက်ပိုင်းမှ ဘယ်ကလို ပျောက်မှန်း
မသိဘူး။ ပျောက်ကုန်တယ်။
ဒီမှာကံကောင်းဆိုတဲ့ကောင်လေးရဲ့အဖြစ်က အံ့ဩစရာဟေ့။ ကံကောင်းရဲ့အမည်ရင်းက ဟင်နိုးကိုကွ
ပလိပ်ရောဂါကြောင့် ရွာသင်္ချိုင်းမှာ စနေ့စဉ်လူစည်နေတာကလား .. ညဘက် ချက်ချင်းအရေးပေါ်သင်္ဂြိုဟ်ရတယ်။
စဏ္ဍာလပိန်တောင် ရောဂါသည် မသာကိုမြှုပ်ရင်း သူပါရောဂါဖြစ်ပြီး
သေလို၊ သင်္ချိုင်းကုန်၊ မြေမြှုပ်မည့်သူမရှိတော့ဘူး။
ဖြစ်လာရင်ကိုယ့်အချင်းချင်းချက်အရက်မူးအောင်သောက်ပြီးမြေကျင်း
တူး၊ဖြစ်သလို မြေမြှုပ်ကြရတယ်။
သေတဲ့လူများနေတော့ မြေကျင်းသည်။ စိမ်ပြေနပြေကျင်းနက်နက် မတူးကြတော့ဘူး။ ကိုယ်ပါ ဗျားနာပြီ၊
ရာဂါကူး သေမှာစိုးလို့ ကျင်းအိမ် အိမ်ကူး အမြန်ဖြေဖို့ပြန်ပြေးရတာပဲကွ၊
ကံဆိုးရင် မသာပို့ ပြန်လာရင် အိမ်အရောက် ကိုယ်လည်း ရောဂါဖြစ်လို့ သ၊ ချက်ချင်းအသုဘချမြေမြှုပ်ရတာပဲ။
နောက်ဆုံးတော့ ..
ကိုယ့်အိမ်သားထဲက သေရင် ကိုယ့်မိသားစုလည်း ကျင်၊အမြန်ထူး၊ အမြန်မြေမြှုပ်ပဲ။ သရဏဂုံတင်တာလည်း စတိပါပဲ။
အရေးကြီးလာရင် သရဏဂုံတင်နိုင်ပါဘူး။ ရက်သည်လည်း မလုပ်တော့နိုင်ပါဘူး။ သေသူနောက်ကျန်လူက မနှေးအမြန် လိုက်ရတာကို…
အနိစ္စ အမြဲမရှိပုံကမြန်တယ်ကွ၊
မောင်နိုးဆိုတဲ့ ကောင်လေးလည်း တစ်ညမှာ ပလိပ်ရောဂါနဲ့ ကိစ္စရော ပါဝရာဟေ့။ လူသေဘာကို ဦးရာလူက
သေပြီလို့ အသိအမှတ်ပြုရင် သေပြီ လို့ ယူဆကြတာပဲ။ အသက်ရှူးဘူး..
ခေါ်လို့မရဘူး။ မျက်တောင်မခတ်ဘူး။ ဖောက်တောင့်တင်းသွားရင် သေပြီလို့ ခပ်လွယ်လွယ်ပဲ လက်ခံကြတယ်။
ဒီလိုဆိုးရွားလွန်း ကူးစက်မြန်တဲ့ ရောဂါရှင်ကို သေ၊ ပသေ စောင့်ကြည့် ပါဦးဆိုတာမလုပ်ကြတော့ဘူး။
မောင်နိုး ညဘက်သေတော့ ဟိုးအဝေး ရွာပြင်က သင်္ချိုင်းမှာပဲ ညတွင်း ချင်း သွားသင်္ဂြိုဟ်ရတယ်။
အလောင်းမြုပ်ဖို့ ကျင်းနက်နက်လည်း မတူးနိုင် ဘူး။ ခပ်တိမ်တ်မ် အမြန်ကူးမြုပ်ပဲ၊
မြေပုံအသစ်တွေကလည်းနေရာချင်း ဆက်နေတယ်။
ဖျာလိပ်စုတ်နဲ့ ဖတ်လာတဲ့ မောင်နိုးရဲ့အလောင်းကို ကျင်းတိမ်တိမ်မှာ မြေအမြန်ပို့ခဲ့ပြီး အမြန်ဆုံး သင်္ချိုင်းကုန်းကနေ ပြေးခဲ့ရတယ်။
ခွေးအူသံကလည်းကြောက်စရာကြီး…
ငှက်ဆိုးတွေကလည်း သင်္ချိုင်းကုန်းပေါ်မှာဝဲပျံပြီးတင်းဦးနဲ့ …
“အိန်..ကိန်..န်လိန်”
ငှက်ဆိုးက သင်္ချိုင်းကုန်းပေါ်ကနေ ဟို၊ရွာဘက်ကို ပျံရင်း တဂီးဂီးဂီး
အော်နေတာ …။
“ဘုရား ဘုရား”
“ဟော…ဟိုမှာ မီးတုတ်ဝတွေနဲ့ဟ..”
“လူသေလို့ချက်ချင်းရတာနေမှာပဲ…မြန်မြန်လာ”
သူတို့ မီးတုတ်တွေနဲ့ လာနေတဲ့ မသာရှင် ဘယ်သူလဲဟေ့လို့ မမေးရဲ ဘူ။
ဒီမှာညတွင်းချင်းအရေးပေါ်လာသဂြိုဟ်တဲ့မသာမှန်ရင် တွေးမနေနဲ့။ သူတို့ မောင်နိုးရဲ့မြေပုံကို ကျောခိုင်းပြီး
ရွာရှိရာကို ခပ်သုတ်သုတ် လုမ်း လာခဲ့လိုက်ကြတယ်။
နောက် မိုးကြိုးရွာပြီး တစ်လခန့်အကြာမှာ သေသွားတဲ့ မောင်နိုး ရွာကို မြန်ရောက်လာတယ်ဆိုပြီး တစ်ရွာလုံး ညီကြပါခရာဟေ့။
လူကောင်းတစ်ယောက်အဖြစ်နဲ့တော့ မဟုတ်ဘူး။ ဦးနှောက်ပျက်သွားတဲ့ စိတ်ဝေဒနာရှင်
အရူးတစ်ယောက် ဘဝအနေမောင်နိုးရဲ့ ရုပ်ဆင်းအင်္ဂါကတော့ ခြေလက်မသန်တော့ဘူး။
မျက်တွင်း ကလည်းဟောက်ပက်နဲ့…။
အဝတ်အစားများကလည်း စုတ်စုတ်ပြတ်ပြတ်ဖြစ်ပြီး ပါးစပ်ကလည်း သွားရည်တများများနေတယ်။
ဘူ။အမ မုထိုးမကြီးကလည်း သူ့သားမှန်းတော့ သိတယ်။ ဒါပေမဲ့ … မယုံ
ရွာထဲက လူတွေကလည်း ဒါ … သေသွားတဲ့ မောင်နိုးမှန်းသိတယ်။ သို့သော် မောင်နိုးစစ်စစ်လို့ မယုံကြဘူး။ ရုပ်ပျက်နေပြီကိုး …
မောင်နိုးဟာ ပလိပ်ရောဂါနဲ့ သေသွားလို့ ညကွင်းရင်းဖြေမြှုပ်သင်္ဂြိုဟ် ခဲ့တာ သူတို့ကိုယ်တိုင်ပဲဥစ္စာ…
ဒါပေမဲ့ … ဒီအရူးမိရုပ်က သသူ မောင်နိုးရဲ့ ရုပ်နဲ့အလွန်တူနေတယ်။ ခြေမသန် လက်မသန်နဲ့ ဦးနှောက်မူမမှန်တာပဲ ကွာနေတာကို အံ့ဖွယ်ဖြစ် နေရတယ်။
“ဒေါ်ခွေးမ …အဲဒါ ခင်ဗျာ၊သာ၊ မောင်နိုးမဟုတ်လား” “မောင်နိုးနဲ့တော့ဘူတယ်။ငါ့သားမောင်နိုးကသေသွားပြီလေ။ သေတဲ့လူ၊ မြေမြှုပ်ခံရတဲ့လူဟာ ဘယ်လိုလုပ် ပြန်ရှင်မှာကုံး”
ဒေါ်ငွေးမကလည်းသူ့သားပါလို့မယုံကြည်ဘူး။
အရူး၊ ပသန်၊ လက်မသန်ကလည်း သူ့ကို “အ”လို့ မခေါ်ပါဘူး။ အရူး (မောင်နိုးနဲ့တူသူ)က ရွာတွေအနှံ့ လျှောက်သွားတယ်။
ကြုံတဲ့အိမ်ရှေ့မှာပိုက်ဆံတောင်း၊ ထမင်းကျန်၊ ဟင်းကျန်လိုက်တောင်း၊ထားတယ်။
ဒီအရူးဟာ လွန်ခဲ့တဲ့ တစ်လခန့်က ကွယ်လွန်သွားတဲ့ မောင်နိုးနဲ့ထူ လွန်းလို့ ရွာကလူတွေက တွေ့ရင် မေးကြပါရာလား …။
“ဟေ့ကောင်
“အင်းအင်”
“မင်းနာမည် ဘယ်လိုအခံကုံး”
“အင်း..အင်း..အင်း”
အရူးက သူကိုင်ထားတဲ့တုတ်တောင်ဝှေးတို့နဲ့ကစားရင်း အင်း၊အဟင်း
ပဲအသံထွက်ထွက်နေတယ်။
“မင်းနာမည် မောင်နိုးလား”
“အင်း…အဟင်း”
“ဟေ့ကောင် …….မင်း… မွောမောင်နိုးယာစ” “အင်း..အဟင်းဟင်း”
“ကိုမြကြီးရေးနေပါနဲ့တော့ဗျာ၊ မောင်နိုး မဟုတ်လို့သာနေ
မှာပါ။ ဟုတ်ရင်ဟုတ်တယ်ပြောမှာပေါ်
ဘယ်သူက မေးမေး မဖြေဘူး။ ဟုတ်တယ်လို့ မပြောဘူး။ သူဘယ်က လာတာလည်းလိုက်ကြည့်လျှင် ….။
နေရာ အတိအကျ မရှိသ။
ဘဲပျက်မှာ ဝင်အိပ်ချင် အိပ်မယ်။ သင်္ချိုင်းကုန်းမှာ အိပ်ချင်အိပ်တယ်။ တစ်ခုတော့ ထူးခြားတယ်။
မုဆိုးမ ဒေါ်ခွေးရဲ့အိမ်ရှေ့ရောက်လျှင် အတန်ရပ်ပြီး အိမ်ရှိရာကို ငေး ကြည့်လေ့ရှိတာ ထူးခြား ထူးခြားတာပဲ။ အရူးလေးက ခြံထဲကို မဝင်ဘူး နှိပ်။
တစ်နေ့အာလေးဒေါ်ခွေးမအိမ်ရှေ့ကနေ အိမ်ထဲကိုငေးမောကြည့် နေတုန်းဒေါ်ခွေးမက စားစရာလေးကိုင်ပြီး ထွက်တွေ့လိုက်တယ်။
“လူကလေး………” “ဟို…လူး” *398…”
“မင်းကငါ့သား မောင်နိုးလား”
အရူးဧက ကန်မပြောဘူး။
“ပြောလေ…မင်းကင့်အိမ်ရှေ့ကနေ နေ့တိုင်းမင်းရပ်ရပ်ကြည့်နေတာ
င်မြင်တယ်။ မင်းက ငါ့သားမောင်နိုးပါလား”
အရူးကလေးက ဒေါ်စွ၊မရဲ့မျက်နှာကို စိုက်ကြည့်ငေးမောရင်းက ချာခနဲ လှည့်ထွက်သွားပါရော…။ “သား….“မောင်နိုး…ဟုတ်ပေါင်တော်။ ဟဲ့ .. လူကလေ။ နေပါဦး .
ကွယ်။ ခရာ့ ..ရော့ … သရက်သီးလေးယူသွားပါပြီး..ကလေးရဲ့”
နောက်ကနေအပြေးလိုက်ပြီးလက်ထဲကိုထည့်ပေးမှယူပြီးထော့နင်း တူနှင်းနဲ့ သုတ်သုတ်နှင်ပါလေရာဟု …
နောက်တစ်ချက် ထူးခြားတာရှိသေးသကွယ့်..။
အရှေ့လေးဟာ ဒေါ်နွေးမ ပေးလိုက်တဲ့ သရက်သီးမှည့်ကို မစားဘူးကွ။ သူက မစားဘဲနဲ့ မိုးကြိုးပစ်ကုန်းပေါ်က ဘုရားပုံတော်မရှေ့မှာ သရက်သီးကို ကပ်လှူပြီး ပါးစပ်က ယာကွတ်ဘွတ် ရွတ်နေတာကို ကုန်းပေါ်ရောက်နေတဲ့ ရွာသူရွာသားအချို့ကပြင်ခဲ့ကြတယ်။
ဒီအကြောင်းဒေါ်ငွေကိုပြန်ပြောပြကြတော့ …
“ငါ့သားလေးများ ဖြစ်နေမလားမသိဘူး..”
“ဟုတ်ဗျာ..ဟုတ်ရာလားမသိဘူး.. ကြီးတော်ရဲ့
“ဟူး..င့်သားမောင်နိုးကသေသွားပြီလေ”
“သေရွာကနေများ ပြန်ရှင် ….
“မစ်နိုင်ပါဘူး မိသန်းမြတို့ရယ်။ ငါတို့အရပ်မှာ သေရွာရောက်မှ ပြန်
ဝင်တဲ့လူရယ်လို့ မကြားဖူးပါဘူးအေ..”
“ဟုတ်နေရင် ဘယ်လိုလုပ်မှာပုံ… ကြီးတော်ရဲ့”
“ငါသည်။ တွေ့တိုင်း နေပါကယ် မလှခင်ရယ်။ မင်းက သား မောင် နိုးလားလို့ မေးရင် ဘာမှပြန်မပြောဘူး။ လူတူလို့နေမှာပါအေ..”
“ကြီးတော်…” “ဘာတုံးအေ
“တကယ်လို့များ ဒီကောင်လေးက ကြီးတော်သား အစစ်ဖြစ်နေရင်
ဘယ်လိုလုပ်မှာလဲ ဟင်”
“ငါ့သား….”
“သူကသေရွာပြန်”
“ဟုတ်ပြီလေ…သေရွာပြန်ကြီးတော်သား ဖြစ်ခဲ့ရင်”
“သား – သား – ဒသရွာပြန် ငါ့သားလေး ဖြစ်ခဲ့ရင် ဟီး- အဖွဲ့ – ဟီး။ ငါ့ သားပဲအ-သရွာကပဲပြန်ပြန်၊ ငငံပြည်ကပဲပြန်ပြန် ချစ်ရမှာပဲ၊ မွေးရမှာပဲ
ကိုကိုပြောရရင်ဒေါ်ခွေးကလည်းသေသွားတဲ့သူသားနဲ့ကူလွန်း
လို့ သူ့အိမ်ရှေ့လာရပ်ကြည့်တိုင်း စားစရာတစ်ခုခုကို ပေးလေ့ရှိသလို …။ အရူးကလေးကလည်း ဒေါ်ခွေးမ ပေးသမျှ စားစရာများကို မိုးကြိုးပစ် ကုန်းပေါ်က ဗုဒ္ဓရုပ်ပွားပုံတော်ရှေ့မှာ ဆွမ်းတော်တင်တာ အစဉ်အမြဲပဲ။ ကုန်းပေါ်မှာ ရွာသူရွာသားအချို့နဲ့ တွေ့ပေမယ့်လည်းမည်သူကိုမှစ မပြောဘူ။
အမှိုက်လှဲစရာရှိ လိုတယ်။ အမှိုက်ကောက်ချင် ကောက်တယ်။ ဒါမှ မဟုတ်တောင်ကုန်းပေါ်တက်တဲ့လမ်းကလေးကိုမြေဖို့မက်နတ် လုံးများ ပြီးညီညာလှအောင် လုပ်တတ်တယ်။
လမ်းနံဇား
အဲဒါကြုံတဲ့လူက တစ်ပဲ၊ တစ်မူး ပေးသွားကြသလို ဟင်းကျန်၊ ထမင်း ကျန်များလည်း စားဖို့ ပေးကြတယ်။နေဝင်ပါနီးမှ ဗုဒ္ဓရုပ်ပွားဓာတ်ပုံကို အကြိမ်ကြိမ် လေးငါးဆယ်ကြိမ်ဦးရေ ကန်တော့ပြီးမှပြန်ဆင်းလေ့ရှိတယ်။ တစ်နေ့ဝင်အချိန်..
ဘုရားကိုဦးအကြိမ်လေးငါးဆယ်ကြိမ်ရပြီးပြန်အဆင်း၊တောင်အဆင်း
တစ်နေရာအရောက်မှာ …
အရောင်ပြောင်လက်နေတဲ့ ဝိုင်းဝိုင်းပစ္စည်းလေးတစ်ခုကို တွေ့ပြီး ငုံ
ကြည့်နေတုန်းမှာပဲ – “မောင်လေး”
“ဟင်”
သူ တွေ့လိုက်ရတာ အလွန်ကို ချောမောလှပတဲ့ မိန်းမပျိုကတစ်ဦးပဲ။ ခု လိုက်တာ…။ “ယူသွား “မင်းနဲ့ ထိုက်လို့ရတာ။ အဲဒါ ငွေဒင်္ဂါးလို့ ခေါ်တယ်။ အဖိုးတန်တယ်၊ ဆေးကုလို့ရတယ်၊ မုန့်ဝယ်စားလို့ရတယ်၊ ကောက်ယူသွားလိုက်၊ သူများကို လျှောက်မပြနဲ့။ လုယူသွားလိမ့်မယ်”
ဒါနဲ့ သူ ငွေဒင်္ဂါးပြာကို ငမ်းသာအားရ ကောက်ယူပြီး ပုဆိုးခါပုံစကြား မှာ ဖွတ်သိမ်းလို့ သူအိပ်နေကျ လယ်တဲစုတ်လေးရှိရာကို အပြေးပြန်လာခဲ့ လိုက်တယ်။
“ဟင်”
“ဒါ…ဘာပါလိမ့်တော်”
ဒေါ်ခွေးမ မိုးယင်းသို့ မျက်နှာသစ်မယ်ဆိုပြီး ဆင်းရေး မြေပြင်မှာ ပင်း ဝင်းဖွေးဖွေးပစ္စည်းတွေ့လို့ ကောက်ကြည့်လိုက်တော့…
”ဟင်…ဒင်္ဂါးတစ်ပြားont”
သူမငွေဒင်္ဂါးစစ် တစ်လက်နဲ့ တောက်ကြည့်ရာ….။
“ငွေဒင်္ဂါးအစစ်ပဲတော်”
အဲဒါ အိမ်ရှေ့မြေပြင်ကနေ ငွေဒင်္ဂါးတစ်ပြား ကောက်ရတဲ့အကြောင်း အိမ်နီးနားချင်းများ ပြောမိတော့ ကြားရသူတွေ အံ့သြကြတာပေါ့။
ဒီမှာထူးဆန်းနေတာက …
စနေနေ့ မနက်ရောက်တိုင်၊ အိမ်ရှေ့မြေပြင် ခြံဝန်းထဲကနေ ငွေဒင်္ဂါး တစ်ပြားတစ်ပြားရနေတာရယ်၊ အားလုံး ငွေဒင်္ဂါးလေးပြားတိတိ ရှိသွားပြီ။ အိမ်နီးနားရင်းအတွလည်း အံ့ဩလို့မဆုံး။ “နတ်တွေ လာချပေးတာနေမှာပဲ…မရွေးရဲ့” “ဟုတ်တယ်နဲ့ တူပါရဲ့တော်”
“ဃာဘ်ရရင် ကုသိုလ်ကောင်းမှု လုပ်ရတယ်တဲ့…ခွေးမရေ “ဟုတ်တယ်တော်။ ကျွန်မ ဘာလုပ်ရင်ကောင်မှာလဲ။ အိမ်ရှေ့မှာလာ
ရပ်တဲ့ အရူးကလေးကိုလည်း ခေါ်ကျွေးတယ်။ သို့သော် ခေါ်လို့မရဘူး၊ ဒါနဲ့ ထမင်းတစ်ထုပ် ထုပ်ပေးလိုက်မှ အရူးလေးက ဝမ်းသာအားရ ပြန်သွားရွာ တယ်။
ဒေါ်နွေးမ ငွေဒင်္ဂါးများ စနေနေ့တိုင်း ခြံထဲက ကောက်ရသည့်သတင်း ကလူအဝန်းအဝိုင်းမှာပျံ့နှံ့သွားလိုက်တာ…ဒီသတင်းကို သိုက်ဆရာဦးဟိုက်ကြီးတို့ ကြားသွားရော…
“ဆရာကြီး….ဒါသိုက်ကလာပေးတာနေမှာပျံ
“ဖြစ်နိုင်တယ်…မောင်စိန်သောင်းရဲ့။ မြေကြီးတူးရင်းရတာလဲမဟုတ်။
စနေနေ့မနက်တိုင်း၊ အိမ်ခြံဝန်းထဲကနေငွေဖါ၊တစ်ပြားတစ်ပြားရတယ်ဆို ဘာ သိုက်ကမပေးလို့ ဘယ်သူလာပေးမှာထုံး – မောင်စိန်သောင်းရ” “ဆရာကြီး”
“ပြော…တပည့်
“ဒေါ်ဋ္ဌေးမအိမ်ခြံမှာ ရတနာသိုက် ရှိနေလို့လားဟင်”
“စောင့်ကြည့်ရမယ်… ဒီသိုက်ကို ငါတို့ပညာနဲ့ စိရင်၊ သိုက်ကြိုးချုပ်ပြီး ရှိတဲ့ရတနာတွေကို ယူရမှာပဲကွ။ ငါ့တပည့် … ဒေါ်ခွေးမတို့ လှုပ်ရှားမှုကို
စောင့်ကြည့်၊ ထူးခြားရင် ဆရာကြီးကို ပြော
ဒါနဲ့ သိုက်ဆရာ ဦးဘိုက်ကြီးရဲ့လက်ရင်းတပည့် မောင်စိန်သောင်းဟာ
ရောညပါဒေါ်ခွေးအိပ်တေင့်ကြည့်နေတုန်း။
စခနနေ့ အရုဏ်တက်ချိန်မှာ …
စိတ်မနှံ့တဲ့ အရူးကလေးရယ်…
ထော့နင်းထော့နှင်းနဲ့ ဒေါ်ရွေးမပြီရှေ့ရောက်လာပြီးခြံဝန်းထဲသို့ ပစ္စည်း တစ်ခုလှမ်းပစ်လို့ အသာပြန်ထွက်သွားတာကိုမောင်စိန်သောင်းမြင်လိုက်
အရူးလေး မရှိတော့မှ ရွေးကိုးပေါက်ကနေ ဝင်ပြီး အရူးလေး ပစ်လိုက် တဲ့ပစ္စည်းကို ကောက်ယူကြည့်လိုက်ရာ …။
“ဟင်”
“ ငွေဒင်္ဂါးတစ်ပြားပါလား”
“ဒါဆိုရင် …ဟုတ်ပြီ”
အရူးကလေးကလည်း ကံထူးနေတာပါပဲကွာ။ တစ်ပတ်ကိုတစ်ခါ ငွေ ဒင်္ဂါးတစ်ပြားတစ်ပြား မိုးကြိုးပစ်ကုန်းပတ်ဝန်းကျင်က ကောက်ရနေတာတဲ့။ ရတဲ့ငွေတါးတစ်ပြားကို ဒေါ်ခွေးမခြံထဲ ပစ်ပေးနေတာလို့ သိုက်ဆရာ ဆရာ တပည့် သွားပြီး အဲဒီ အရူးလေးကို ဖမ်းပြီးမေးကြတယ်။
“မှန်မှန်ပြော…မင်း၊ ဒီငွေဒင်္ဂါး ဘယ်ကရလဲ”
“ဟင့်အင်း”
“ဖောင်း…”
“ဒီငွေဒင်္ဂါးမင်းကိုပြန်ပေးမယ်။ ပြော… ဘယ်ကရတာလဲ”
“ဟင့်အင်း”
“ဖြန်း”
“ကောင်း” “အား”
*39x…G…c
“မင်းအမှန်အတိုင်းမပြောရင်မင်းငွေဒင်္ဂါး….သွား..သွားပစ်ချပေးနေတဲ့
ဒေါ်ခွေးမကို အရင်သတ်မယ်” “ဟင့်အင်း….မလုပ်…..
“စိန်သောင်း”
“ဗျာ..ဆရာကြီး”
“ဒေါ်ခွေးကိုတးနဲ့ ထိုးသတ်ပုံ”
“မ….မလုပ်ပါနဲ့..ပြော..ပြောပါ့မယ်”
“ဒီလို လိမ္မာမှပေါ့။ ကိုင်း …. ပြောစမ်း။ ဒီငွေဒင်္ဂါးတွေ ဘယ်နေရာက
ရာဟုံ။ လိမ်ပြောရင် မင်းရော၊ ဒေါ်ခွေးမရော … အသေပဲ”
ဒါနဲ့ အရူးလေးက သူခင်မင်တဲ့
စွမအသတ်ခံရမှာစိုးလို့ မိုးကြိုး
ပစ်ကုန်းကုန်းခြေကကောက်ရတဲ့အကြောင်း ပြောပြလိုက်တယ်။
ဥစ္စာစောင့်တွေ ပေးတာလား”
“ဟင့်အင်း …ကောက်ရတာပါ”
“အမွှေးရနံ့တွေ ရှမိသလား” “အင်း …
“သီချင်းဆိုသံ..တစ်ခါတခါ ကြားရလား”
“အင်း…”
“မိန်းမချောချောလှလှရော မြင်ဖူးလား”
“ အင်း..
“ဟုတ်ပြီ.. မောင်စိန်သောင်းရေ။မိုးကြိုးပစ်ကုန်းဝန်းကျင်မှာဥစ္စာသိုက် ရှိတာကျိန်းသေပြီဟေ့။ ငါတို့ ဥစ္စာသိုက်ကိုအမြန်ဖော်ရတော့မှာပေါ့ကွာ”
ညဉ့်သန်းခေါင်ယံမှာတဲ့ကွ … သိုက်ဆရာ ဦးတိုက်ကြီးနဲ့ သူတပည့်
စိန်သောင်းတို့ဟာ ကန်တော့ပွဲတွေပေ။ အစီအရင် ဖယောင်းတိုင်တွေကို မိုးကြိုးပစ်ကုန်းအခြေမှာ ထွန်းညှိပြီး စည်းချနေကြတယ်။
”မောင်စိန်သောင်း”
“ ဗျာ … ဆရာကြီး”
“ငါချထားတဲ့ သည်ဝိုင်းအတွင်းမှာပဲ နေနော်”
“ဟုတ်ကဲ့ပါ…ဆရာကြီး”
“ဘယ်သူလာခေါ်ခေါ်ပြန်မထူးရှိ”
“ဟုတ်”
“တစ်ယောက်ယောက်က ဆာရာတို့၊ ပစ္စည်းတို့ လာပေးရင်းလည်၊
”ဟုတ်””
“စည်းပေါက်ရင် ငါတို့အသက် ဆုံးရှုံးလိမ့်မယ် ကြားလား” “ဟုတ်”
“ကိုင်း … မိုးကြိုးပင်ကုန်းပန်းမှာ ရှိနေကြတဲ့ တောာင့် ထောင်
စောင့်များ။ရုက္ခစိုးကြီးများ…ကျွန်ုပ်တို့ဥစ္စာသိုက်ဖော်တဲ့လုပ်ငန်းမှာငိုင်းပန်း
ကူညီစောင့်ရှောက်ကြပါ။ အောင်မြင်ခဲ့ပါလျှင် သင်တို့ကို နတ်နန်းများ ဆောက်လုပ်၍ စားဖွယ်များ ဆက်ပါမည်
“အနှောင့်အယှက်များကို ဖယ်ရှားတော်မူပါ”
“ဥစ္စာသိုက်စောင့်တို့ကို
အရောက်ပို့ပေးကြပါ
“..မ္ဗူဒီပါ သင်္ချာပတ်ကုန်း၊ ကျွန်းလုံးနေ့မျှ အနန္တတည့်၊ ရုက္ခဒေဝါ၊ မဟာရုက္ခ အကုန်စသည့်နတ်များ သောင်းသောင်။ နတ်အပေါင်းတို့…” ”နှစ်သိန်းလေးသောင်း၊ အပေါင်းသင်္ချာ၊ ပြည်မျက်နှာတွင်၊ နေထခြင်း၊ သည်၊ ဒွေရမည်၊ နတ်မိန်းမ ထက်ပိုးသိကြား၊ နတ်မင်းများကစ၍ နုတ် မြတ်အကြီး၊နတ်ပါးတီးက… ပြီးအောင်စောင့်ရှောက်ကူညီကြကုန်လော့”
“…ရုက္ခာ နတ်များစွာတို့ အားတစ်မသိမသာ၊နေမိငြားမူ ဘုရား ဝိပ်ရ တရားတိပ်ရ၊ သံစိပ်ရေ စိမ်ရေ နေစိမ်ရ လမင်းဂိမ် ရေ၊ နတ်မင်းစိမ်ရေ”
“ကျွန်ုပ် ခေါ်၍မှ၊ မလာလျှင်၊ နင့်အရိုးကို၊ သားရိုးပလွေ၊ ကျက်မ
“နင့်အရိုးကို စောင်းငြင်းခ၇ ကျက်မလေဥုံ-ဥုံ-ဥုံ “ed…ed….6”
“ဘူး…ဖူးဖူး”
“ဂရာ,,,ဂရာ…ရော…ဂျိမ်း…ဂျိမ်း..ဂျိမ်း” “ဆရာကြီး လတွေ၊ ပိုးတွေကျ ကျလာပြီး “….ငါ၏ရန်သူဟုလေသမျှရန်စရှာလျှင်”
“ဂျိမ်း”
“ဂျိုင်း”
“မကြာပင်လျဉ်း ပင်လယ်တွင်းမှာ သင်္ဘောပျက်သို့၊ လွင့်ထွက်တစ်
“ပုန်း …လို့ .. လိုး”
“ငါနှင့်ပြိုင်က၊ မြင်းမိုရ်ခြားသို့၊ ပြုရာမနိုင်၊ ကျောက်စာတိုင်သို့၊ ခိုင်ပါစေ
“ဆ..ဆရာကြီး…ကန်တော့ပွဲတွေ နောက်ကုန်ပြီ၊ ဖယောင်းတိုင်
မီးတွေငြိမ်းကုန်ပြီ..ပြေးပြေး”
“ဝါး…ဟား..ဟား….ဟား”
လေကြီး၊ ခို၊ကြီးကျပြီးရယ်သံတွေ အရပ်ရှစ်မျက်နှာက ကြောက်ခမန်း လိလိ ကြားနေရတယ်။
တစ်မိုးလုံး မှောင်မည်းပြီး ဘောတိုးသံ၊ သစ်ပင်တွေ ပြိုလဲသံ၊ ငှက်ဆိုး ထိုးသံများနဲ့အတူ …
“စိန်သောင်းရေ.. စိန်သောင်း”
“ဆရာကြီး … ဦးတိုက်ကြီးရ”
“စိန်သောင်း … မောင်ရေ “ဆရာကြီး…ကျွန်တော်တို့နာမည်ကိုခေါ်နေကြပြီ
“မထူးနဲ့ … လုံးထူးနဲ့
“ရိပ်:
“ဂျိုင်း… ဂျိုင်း”
မိုးခြိမ်းသံ၊ မိုးကြိုးပစ်သံ၊ လေတိုက်သံ၊ ခေါ်သံ၊ အော်သံများနှင့်အတူ မိုးကြီး သည်းထန်စွာလို့ပင်လယ်က ဒီရေတက်သံလိုကြားရပြီ၊ သူတို့နှစ်ဦး
ပေါ်ကို ရေလုံးများ စီးမိုးလာလိုက်ပြီး ရေလုံးထဲ အရှိန်နဲ့ မျောပါသွားကြ တော့တယ်
မိုးလင်းတော့ သူတို့နှစ်ဦးရဲ့ ပက်လက်အလောင်းကို ကုန်းပေါ်သွားတဲ့ သူတွေတွေ့မြင်ကြရတော့ အံ့ဖွယ်ဖြစ်ကြရပါရောဟေ့။
အနီးမှာ ငှက်ပျောသီး အုန်းသီးနဲ့ ဖယောင်းတိုင်တွေ ပြန့်ကျဲလို့ …။ ဇလုံနှစ်လုံးက သူတို့ သေသူနှစ်ဦးမျက်နှာပေါ်အုပ်နေလို့ လှန်လိုက်တော့
သိုက်ဆရာ၊ အောက်လမ်းဆရာ နှစ်ဦးမှန်း သိရတယ်။ “သူတို့ ဒီနေရာမှာ ဘာလို့ လာသေကြတာတုံးဗျာ”
ကြည့်ရာ… ဒီနေရာမှာ သိုက်တူးရင်း အသေဆိုးနဲ့ သေတာခနမှာ ပေါ့ကွ။ သင်းတို့က အောက်လမ်းဆရာတွေလေ။ ဒီမိုးကြိုးပစ်ကုန်းကို ပေါ့သေးသေးမှတ်ပြီး လာစမ်းကြတာကိုး”
“နေပါဦး…ကိုမှတ်ကြီးရယ်။ဒီနေရာမှာ ဥစ္စာသိုက်ရှိတယ်လို့ဘယ်သူ
က ပြောလို့တုံးတော်”
“ခွေး .. သူ့ကုသိုလ်ကံနဲ့သူ ငွေဒင်္ဂါးရနေတာကို ဆိုက်က ထင်ပြီး ဒီနေရာမှာ လာရာဟာနေမှာပေါ့
“ရင်ဘတ်တွေလည်းစုတ်ပြဲနေတာပဲ”
“ကြားဖူးတာကတော့ဘုရားသိုက်တို့ ဥစ္စာသိုက်တို့ကိုမတော်လောဘ
နဲ့ ရယူလိုမှုလုပ်ရင်မြေပြင်ကိုရေထင်ပြီး ကူးရရာတဲ့”
“အေး… ညတုန်းကမိုးခြိမ်းသံ၊ မိုးရွာသံတော့ကြားရသား။ ကြည့်ရ တာ … သင်းတို့ဆရာတပည့် ကြောက်စရာကြုံပြီး သေရပုံပဲဟေ့ .. ကြည့်စမ်း.. မျက်နှာမဲ့ရွဲ့ ပါးစပ်ပြဲပြီး မျက်လုံးကို ပြုစုနေတာပဲ”
“ကိုင်း … သူကြီးကိုပြောပြီး မြှုပ်ဖို့လုပ်ကြတော့” ဒဏ်ရာဒဏ်ချက်တွေနဲ့အရှေ့ကလေးကိုမြင်ကြလို့သနားပြီး နေ့ခင်းပိုင်းမှာ
ဝိုင်းမေးကြတော့ သိုက်ဆရာနှစ်ဦးက သူ့ကို ရိုက်တဲ့အကြောင်းလည်းပြောပြတယ်။
“မင်းကို သိုက်ဆရာက ဘာလို့ရိုက်ရတာကုံး”
“မသိဘူး”
“အကြောင်းရှိမှာပါကွာ။ မင်းမှန်မှန်ပြောစမ်း”
“မသိဘူး”
အရူးက ဖြစ်ရပ်မှန်ကို လုံးဝကို မပြောတော့ လူကြီးတွေ စဉ်းစားရ ကြတာပေါ့။
ဝိုင်းစဉ်းစားကြတာတော့ရှိတယ်။
ငွေဒင်္ဂါးတာဒေါ်ခွေးခြံထဲ ဘယ်လိုရောက်လာရတာဘုံ။
အရူးကို သိုက်ဆရာနှစ်ဦးက ဘာကြောင့် ရိုက်ရဝဏတုံ။
ငွေဒင်္ဂါးကိစ္စကို သိရင်ရိုးမှန်ရင် ဒင်္ဂါးပိုင်ရှင် ဒေါ်ခွေးကိုပဲ ရိုက်နှက်ပြီး
ပေးရမှာပေါ့။ စုတော့
အရူးကိုမှ ရိုက်ပြီးမေးတာ ဘာကြောင့်လဲ ….။
စဉ်းစားရ ခက်နေကြတယ်။
ည သန်းခေါင်ယံလည်း ရောက်ရော၊ ရွာဖျား မိုးကြိုးပစ်ကုန်းပန်းကျင်
ကနေ ဆူဆူညံညံအသံတွေ ကြားကြရပါရောဟေ့။
“ကလုံး…..လုံးလုံး”
“ဟို… သားကြီးရ……ပြေးပါဟ”
“ဒပ်ထိန်း … ဗူး … ဝင်ထိန်း”
ဆူဆူညံညံအသံတွေကြောင့် အိပ်မပျော်နေသူ အချို့ပင် နိုးလာပြီး နား
စွင့်ကြတယ်။
“ဘာသံတွေတုံးက…”
“နွားလှည်းအုပ်ကြီးကို မောင်းသွားနေတဲ့အသံ…
“ဟုတ်တယ်,,, နွားအော်သံပော့”
”လှည်းတွေလည်းများပုံပဲကွ”
“ဘယ်က လှည်းများတုံးတော်”
“အေးကွာ… အရှိန်မတော်ကြီး ဘယ်ကများပါလိမ့်” မိုးကြိုးပစ်ကုန်းဘက်ကမို့
သင်္ချိုင်းဟောင်းနဲ့လည်း နိုးနေတဲ့နေရာဖြစ်
တော့ ဘယ်သူမှ သွားမကြည့်ကြဘူး။
ရွာကနေ လှမ်းကြည့်တော့ မီးတုတ် မီးရောင်တွေနဲ့ လည်းတန်းကြီး
ဟိုးအဝေးအရပ်ကို ကခရွေ့ရွေ့သွားနေတာကိုမြင်ကြရသတဲ့။
မိုးလင်းတော့မှရွာထဲကလူတွေ ပိုးကြိုးပစ်ကုန်းဝန်းကျင်ကို သွားကြည့် တော့
ကုန်းဝန်းကျင်လမ်းမမှာ နွားလှည်းဘီးရာဓရာ၊ နွားခြေရာများပါလုံးဝ အရာမထင် ကျန်ရစ်တာကို
အားလုံး အံ့ဖွယ်မြင်လိုက်ရတယ်။ “အရမ်းကို ထူးဆန်းတယ်ဗျာ”
“ညက ကျုပ်တို့ခီ၊ရောင်နဲ့ လှည်းတွေ၊ လှည်းသမားတွေကို
မြင်ရဘာ ဥစ္စာကွာ။ အခု . . . ဘာခြေရာ၊ ဘီးရာမှ မကျန်ရစ်ခဲ့တာ
အရမ်းအံ့ဩစရာ ကောင်းတယ်”
ဒီမှာအဘိုးအိုဦးထက်ကြီးက.
“ငါထင်တာတော့…”
“ပြောပါ…. ဘကြီးသက်..ပြောပါ”
“သိုက်ဆရာတိုက်ကြီးတို့သေရတာကိုငါဆက်စပ်တွက်ပြီးပြောရရင်
ဒါ သိုက်ပြောင်၊သွားတာပဲကွယ့်”
“ဗျာ.. သိုက်ပြောင်းတာ။ ဘာသိုက်လဲဟင်… ဘသက်”
“ဥစ္စာသိုက်ပေါ့ကွာ။ ဘုရားသိုက်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။
လူယုတ်မာ ရန်တွေ ခိုးလာတော့ သိုက်စောင့်တွေက လောဘသားတွေနဲ့ပေးရာ၊
လွတ် ရာကို ဆုဘို့ စောင့်ရှောက်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညတွင်းချင်း ရွှေ့ယူ သွားကြတာမို့ လူခြေရာ၊ နွားခြေရာ၊ လှည်းဘီးရာ မကျန်တော့မှာပေါ့ မောင်ရင်တို့ရယ်”]
Zawgyi Version
————————————
တစ်ခုထူးခြားတာက …
တစ်နည်း …။
မသိဘူး။ ပျောက်ကုန်တယ်။
နောက်ဆုံးတော့ ..
“အိန်..ကိန်..န်လိန်”
အော်နေတာ …။
“ဘုရား ဘုရား”
“ဟေ့ကောင်
“အင်းအင်”
“အင်း..အင်း..အင်း”
ပဲအသံထွက်ထွက်နေတယ်။
“အင်း…အဟင်း”
နေရာ အတိအကျ မရှိသ။
“လူကလေး………” “ဟို…လူး” *398…”
အရူးဧက ကန်မပြောဘူး။
“ကြီးတော်…” “ဘာတုံးအေ
ဘယ်လိုလုပ်မှာလဲ ဟင်”
“ငါ့သား….”
“သူကသေရွာပြန်”
လမ်းနံဇား
တစ်နေရာအရောက်မှာ …
“ဟင်”
“ဟင်”
“ဒါ…ဘာပါလိမ့်တော်”
ဒီမှာထူးဆန်းနေတာက …
“ပြော…တပည့်
“ဟင်”
“ဒါဆိုရင် …ဟုတ်ပြီ”
“ဟင့်အင်း”
“ဖောင်း…”
“ဟင့်အင်း”
“ဖြန်း”
“ကောင်း” “အား”
*39x…G…c
“စိန်သောင်း”
“ဗျာ..ဆရာကြီး”
“ဟင့်အင်း …ကောက်ရတာပါ”
“အင်း…”
“ အင်း..
”မောင်စိန်သောင်း”
“ ဗျာ … ဆရာကြီး”
“ဟုတ်ကဲ့ပါ…ဆရာကြီး”
“ဟုတ်”
”ဟုတ်””
အရောက်ပို့ပေးကြပါ
“ဘူး…ဖူးဖူး”
“ဂျိမ်း”
“ဂျိုင်း”
“ပုန်း …လို့ .. လိုး”
“ဝါး…ဟား..ဟား….ဟား”
“ဆရာကြီး … ဦးတိုက်ကြီးရ”
“မထူးနဲ့ … လုံးထူးနဲ့
“ရိပ်:
“ဂျိုင်း… ဂျိုင်း”
က ပြောလို့တုံးတော်”
“မသိဘူး”
“မသိဘူး”
ပေးရမှာပေါ့။ စုတော့
စဉ်းစားရ ခက်နေကြတယ်။
“ကလုံး…..လုံးလုံး”
“ဟို… သားကြီးရ……ပြေးပါဟ”
“ဒပ်ထိန်း … ဗူး … ဝင်ထိန်း”
စွင့်ကြတယ်။
“ဘာသံတွေတုံးက…”
“ငါထင်တာတော့…”
“ဗျာ.. သိုက်ပြောင်းတာ။ ဘာသိုက်လဲဟင်… ဘသက်”