“အမျှဝေလို့ဆပ်ပါ့မယ်”(စ/ဆုံး)

Unicode Version

“အမျှဝေလို့ဆပ်ပါ့မယ်”(စ/ဆုံး)
————————————–
ကျုပ်လည်း တစ်တီတူးတို့၊ တောက် တဲ့တို့၊ ဇီးကွက်တို့နဲ့ အမျိုးတော်ရတော့ မယ်ထင်ပါရဲ့ဗျာ၊
ဘာဖြစ်လို့လည်းဆိုတော့…
ကျုပ်ဘဝကျုပ်အကြောင်းကိုပြောတော့မှာမို့ပါ။ ဘာဖြစ်လို့ပြောချင်တာလည်း ဆိုတော့ ကျုပ်ဘဝမှာ မထင်မှတ်တဲ့အချိုးအကွေ့တစ်ခုကြောင့် ပြောင်းလဲခွင့်ကြုံ အောင်ဖန်တီးလုပ်ဆောင်ပေးခဲ့တဲ့သူတွေကိုလည်းကျေးဇူးမမေ့နိုင်လေတော့အမျှ လို့ ကျေးဇူးဆပ်ခဲ့တာ ဒီကနေ့အထိပါပဲဗျာ၊
ဘာဖြစ်လို့အမျှဝေပြီး ကျေးဇူးဆပ်နေရတာလဲဆိုတော့… ဒီလို…
ပခုက္ကူတစ်မြို့လုံးက ကျုပ်ကို ပွဲစားကြီး ဦးအောင်ရလို့ပဲ သိကြတာဗျ။ အလှူ အတန်းမှာ ရက်ရောတဲ့ ပွဲစားကြီးလို့ပေါ့။တစ်မြို့လုံးကလည်း ကျုပ်အကြောင်းကို သိကြတာဒီလောက်ပဲဗျ။ အော်- အတိတ်ကကျုပ်ဘဝကျုပ်မိသားစုအကြောင်းကို ဘယ်သူမှ မသိကြဘူ။ ဘယ်သူမှ မသိအောင်လည်းကျုပ်တို့က နေခဲ့တာကိုး။ ကျုပ်က ပခုက္ကူသားမှ မဟုတ်တာ၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး ပြောင်း လာတဲ့ကောင်ပေါ့။ ဒီမြို့ကို ပြောင်းလာတာကျုပ်တစ်ယောက်တည်းမဟုတ်ဘူးဗျ။ ကျုပ် ချစ်လို့မြတ်နိုးတဲ့ယူထားတဲ့ ကျုပ်ဇနီးမိထားရှိလည်း ပါသပေါ့။ ကျုပ်တို့လင် မယားမှာ သားသမီးရတနာရမယ့် ကံဇာတာ မပါလေရော့သလားပဲဗျာ၊ မောင် အောင်ရ ဘဝက ပွဲစားကြီး ဦးအောင်ရဖြစ်လာတဲ့အချိန်ထိ သားလည်းမချီရ၊ သမီး လည်း ပွေ့ဖက်ချော့မြူစရာမရှိ ဖြစ်ခဲ့တယ်၊ သတင်းစာ၊ ဂျာနယ်တွေထဲမှာပါတဲ့ ယောက်ျားအားဆေးတွေဝယ်သောက်တာလည်းမရ၊လင်မယားနှစ်ယောက်ဆေးရုံ ဆေးခန်းသွားပြတော့လည်းအကြောင်းမထူး၊သားသမီးရတနာကိုမရ၊ ရတဲ့နည်းနဲ့
ယူမယ်ဆိုပြီးမိထားရနဲ့တိုင်ပင်ပြီးလသားအရွယ် သမီးလေးတစ်ယောက်ကိုအမွေ စားအမွေခံဆိုပြီး မွေးစားလိုက်တယ်။
ဘယ်သူကလာပြီးသားသမီးမရှိဘူးလို့ပြောဦးမလဲ၊ကျုပ်တို့လင်မယားမွေးစား
ထားတဲ့ သမီးလေးဟာအခုဆိုရင် ဆယ်တန်းကျောင်းသူလေးဖြစ်နေပြီဗျ။ လသား ကတည်းက မွေးစားထားတာဆိုတော့သမီးရင်းနဲ့ မခြားပါဘူးဗျာ။ မိထားရိကဆိုရင် မွေးစားသမီးလို့ အပြောမခံဘူး၊ သမီးလေး- သမီးလေးနဲ့ နေတာပဲ။ သမီးလေးက လည်း အလိမ္မာတုံးလေးဗျ၊ ကျုပ်နာမည်ရယ်၊ မိထားရီနာမည်ရယ် ပါအောင် သမီး လေးနာမည်ကိုထားထားအောင်လို့ ပေးထားတာလည်း ကျုပ် မိန်းမပဲဗျ။ ကျုပ်တို့ လင်မယားပခုက္ကူမြို့ကိုပြောင်းလာခါစကအိုးတစ်လုံး၊ဖျာတစ်ချပ်နဲ့ပေါ့။ ရွှေကူအရှေ့ ရပ်ထဲကဦးမေယဘုန်းတော်ကြီးကျောင်းနားမှာအိမ်ငှားနေကြတာ။အိမ်ငှားနေတာ
ဆိုပြီး အထင်မကြီးလိုက်နဲ့ဦး။ တဲသာသာရှိတဲ့ ဝါးကပ်မို၊ထရံကာ အိမ်လေးပါ။ ကျပ်ကမြို့ရေးထဲမှာကုန်ထမ်းတယ်။ဘောက်အလုပ်သမားပေါ့ဗျာ၊ကျုပ်မိန်းမက ရပ်ကွက်ထဲမှာအကြော်လှည့်ရောင်းတယ်။“ဟောဒိကအကြော်စုံ”လို့ပေါ့ဗျာ၊ ဈေး ထဲမှာပင်ပင်ပန်းပန်းကုန်ထမ်းနေတဲ့ ကျုပ်ကိုကြည့်ပြီး သနားလည်း သနားတယ်။ ဝမ်းလည်းသာတယ်လို့ ပြောရှာတယ်။နဖူးကချွေး ခြေမကျတဲ့အထိအလုပ်လုပ်နေ ရတဲ့ ကျုပ်ကို ကြည့်ပြီး ဝမ်းသာတယ်လို့ ပြောတဲ့ ကျုပ်မိန်းမကို အကြင်နာတရား ကင်းတယ်လို့ မထင်လိုက်ကြပါနဲ့ဗျာ၊
သူ့မှာ ဝမ်းသာရမယ့်အကြောင်းရင်းက ရှိနေတယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ တစ်ချိန်တစ်ခါကအင်း- ပရက္ကူမြို့ကိုပြောင်းမလာခင်ကာလအရင်နေခဲ့တဲ့မြို့၊ ဘယ် မြို့လဲဆိုတာတော့ မသိချင်ပါနဲ့နော်၊ အဲဒီမြို့မှာကျုပ်က သူခိုးတစ်ယောက်အဖြစ် ဘဝကိုရပ်တည်ခဲ့တာပါ။နေ့မှာတော့ယောင်ခြောက်ဆယ်သမား၊ညမှာတော့သခိုး၊ ကျုပ်က သူခိုးဆိုတော့ မိထားရီက သူခိုးမယားပေါ့၊ ရင်တထိတ်ထိတ်နဲ့ ခိုးစားရတဲ့ ဘဝဆိုတော့ နေရထိုင်ရတာ စိတ်မဖြောင့်ဘူးပေါ့။ သူခိုးအလုပ်လုပ်ဖို့ထွက်သွားပြီ ဆိုရင်အိမ်ပြန်မလာမချင်းအိပ်လို့မရတော့ဘူးလို့မိထားရီကခဏခဏပြောပါတယ်။ ဘယ်အချိန် ရဲစခန်းကလာခေါ်မလဲလို့ စိုးရိမ်မိတဲ့အကြောင်း သူခိုးအလုပ်ကို မလုပ် ဖို့အကြောင်း ဘယ်လိုပဲတားတား ကျုပ်က ဒီသူခိုးအလုပ်ကို မစွန့်လွှတ်နိုင်ဘူး ဖြစ်နေတယ်။ပြီးတော့ဒီသူခိုးအလုပ်ကိုဘာကြောင့်ဒီလောက်ခုံမင်နှစ်သက်နေရတာလဲ
ဆိုတာကျုပ်ကိုယ်တိုင်လည်းမသိဘူးဖြစ်နေတယ်။ စောရနက္ခတ်နဲ့ယှဉ်ပြီးမွေလာ တာထင်ပါရဲ့ဗျာ။ ခိုးစားရမှ နေလို့ထိုင်လို့ကောင်းသလိုပဲ၊
ခိုးလို့ရရင်တစ်လနှစ်လလောက်အေးအေးဆေးဆေးထိုင်စားနေလိုက်တယ်။
အဲ -ကျုပ်မှာ ခို၊စားတဲ့အကျင့်ကလွဲရင် ကျန်တာအကုန်ကောင်းတယ်၊ အရက် မသောက်ဘူ။ ဖဲမရိုက်ဘူး။ မိန်းမမလိုက်စားဘူး။ ချစ်လို့ယူထားတဲ့ မိထားရှိကလွဲရင် ဘယ်မိန်းမမှစိတ်မဝင်စားဘူး။အဲဒါတွေကြောင့်လည်း မိထားရီက ကျုပ်ကို ချစ်တာ ဗျ။ မိန်းမလိုက်စားဖို့ ဝါသနာပါရင်ကျုပ်ထောင်ကျတာ ကြာလှပေါ့ဗျာ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊သူများတွေအိပ်ကောင်းတဲ့အချိန်မှာကျုပ်က ဝင်ခိုးရတာ။တစ်ခါ တလေကျုပ်ဝင်ခိုးရတဲ့အိမ်ကမိန်းမတွေများအိပ်နေလိုက်ကြတာဗျာ။ ဖင်ပေါ်ခေါင်း ပါနဲ့ ကိုယ့်အိမ်ကိုယ်ရာဆိုတော့လွတ်လွတ်လပ်လပ်အိပ်ကြတာနေမှာပေါ့။ ကျုပ် လိုချင်တာက ထမင်းစားဖို့ဖန်တီးနိုင်တဲ့ငွေလေးကျုပ်က သူခိုးအလုပ်သာလုပ်တာ၊ ဒုသနသောအဖြစ်မခံနိုင်ဘူး။ ပုဒ်မ ၃၇၆တော့ ကြောက်တယ်။ ဒီလိုကိစ္စမျိုးဆိုရင် ဝေါင်ဝေါင်ရှေးပဲဗျို့။
ဝါသနာပါလို့ကတော့ မုဒိမ်းမှုရော၊ ခိုးမှုရော၊ ပုဒ်မနှစ်ခုနဲ့ ထောင်နန်းစံရမှာ မြေကြီးလက်ခတ်မလွဲပေါ့ဗျာ။ အဲ-ကြုံတုန်းကြွားလိုက်ဦးမယ်။ ကျပ်ခိုးစားလာတဲ့ ကာလအပိုင်းအခြားအတွင်းမှာတစ်ခါမှ အဖမ်းမခံရဖူးဘူးဗျ။ ဘာဖြစ်လို့လည်းဆို တော့ ခိုးလို့ရသမျှ သိုသိုသိပ်သိပ်ပဲ သုံးစွဲတာကိုး။ တချို့ခိုးစားတဲ့ကောင်တွေဆိုရင် အချီကြီးတိုးလိုက်တာနဲ့မော်တော်ဆိုင်ကယ်ဝယ်၊တယ်လီဖုန်းဝယ်၊အရက်သောက်၊ ကာရာအိုကေဆိုင်သွားနဲ့ ဖြစ်ချင်တိုင်းဖြစ်၊ မလုပ်ဖူးတာတွေ လျှောက်လုပ်တော့ ခဏလေးနဲ့ အဖမ်းခံကြရတော့တာပဲ။ ကျုပ်က ဒီလိုမှမဟုတ်တာ။ ဒီတော့ အဖမ်း မခံရဘူးပေါ့ဗျာ။
မကြာခဏ သူခိုး ခိုးခံနေရတော့ ရပ်ကွက်တိုင်းမှာ ကင်းစောင့်လာကြတယ်။ နိုးနိုးကြားကြား အိပ်လာကြတယ်၊ သူခိုးကင်း၊ မီးကင်းပေါင်းပြီး လူငယ်တွေစုပြီး ရပ်ကွက်လုံခြုံရေးတွေ့လုပ်လာကြပါလေရော။ခိုးစားလို့မလွယ်တဲ့အဖြစ်ကိုရောက် လာတာပေါ့။တစ်လလည်းမဟုတ်၊ နှစ်လလည်းမကတော့ ခိုးထားတာလေးတွေ
ကုန်ပြီပေါ့ဗျာ။ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုသလိုပေါ့။ စားကျက် ပြောင်းမှဖြစ်တော့မယ်ဆိုပြီး စားကျက်ပြောင်းလိုက်တော့မှကျုပ်ဘဝလည်းပြောင်း သွားတော့တာပဲဗျို့။ ကျုပ်မိန်းမ မိထားရီ ဝမ်းသာရတဲ့ အကြောင်းရင်းက အဲဒါပဲဗျ၊ ဘဝပြောင်းပြီးပွဲစားကြီးဦးအောင်ရဖြစ်လာနဲ့အောင်ကြုံခဲ့ဆုံခဲ့တာက ဒီလိုဗျ။ မြို့ပေါ် မှာခိုးစားရတာမလွယ်တော့၊တောရွာတွေဘက်လှည့်ခိုးဖို့ကြံမိတာပေါ့ဗျာ၊တောရွာ တွေမှာက တောသူဌေးတွေ ပစ္စည်းရှိမှန်း လူသိမခံဘဲ တိတ်တိတ်ပုန်း ချမ်းသာတဲ့ သူတွေရှိနေတယ်။ အဲဒီလို တောသူဌေးတစ်ယောက်ရဲ့အိမ်ကို ဝင်ခိုးလိုက်မိရင် အောင်ရတို့ မိထားရီနဲ့ တစ်လကိုးသီတင်းနပ်နေမှာအသေအချာပေါ့ဗျာ။
ဘယ်ရွာကို ဝင်ခိုးရင် ကောင်းမလဲဆိုတာ စဉ်းစားလိုက်တော့ ကျုပ်အတွေး ထဲမှာအောင်ချမ်းသာရွာက ဝင်လာတယ်၊ မြို့နဲ့ ဆယ်မိုင်ကျော်လောက်ဝေးတဲ့ရွာဗျ။ တောသူဌေးတွေ အင်မတန်ပေါတဲ့ရွာပေါ့ဗျာ။ ကိုယ်ပိုင်မီးစက်တွေ မော်တော်ဆိုင် ကယ်တွေနဲ့ အိမ်ခြေတစ်ရာကျော်လောက်ရှိတယ်လို့ ပြောကြတယ်။ ကျုပ်က ခိုးဖို့ စိတ်ကူးထားတဲ့ အောင်ချမ်းသာရွာကို တစ်ခေါက်မှ မရောက်ဖူးဘူးဗျ၊ မြို့ရဲ့တောင် ဘက်မှာရှိတဲ့ရွာ၊ကားလမ်းမရှိ၊လှည်းလမ်းပဲရှိတယ်လို့ရောက်ဖူးတဲ့သူတွေကပြော တာပဲ။ ခိုးရမယ့်ရွာကို ရွေးပြီးသွားပြီဆိုတော့ ကျုပ်ရဲ့စီးတော်မြင်း၊ ယောင်လို့ပါဗျာ။ စီးတော်စက်ဘီးလေးကိုအသင့်ပြင်ထားလိုက်တယ်။ ဆယ်မိုင်ကျော်ခရီးဆိုတော့ အသွားအပြန် ခြေကျင်ဆိုရင် မလွယ်ဘူးဗျ။ စက်ဘီ၊နဲ့ဆိုတော့အိုကေပေါ့ဗျာ။
လကွယ်ညတစ်ညမှာထားရီကို အာဘွားပေးပြီး အောင်ချမ်းသာရွာကို ထွက် လာတော့ည၁၂နာရီထိုးပြီးနေပြီ။အောင်ချမ်းသာရွာကိုတစ်ခေါက်မှမရောက်ဖူးတော့ ဘယ်လိုသွားရမယ်ဆိုတာကိုမေးမြန်းစုံစမ်းထားရတယ်။လကွယ်ညမို့ထင်ပါရဲ့ဗျာ။
မြို့ပြင်အထွက်ကတ္တရာလမ်းပေါ်ရောက်တာနဲ့ လျှပ်စစ်မီးရောင်မရှိတော့ဘူး။ မှောင် နဲ့မည်းမည်၊ အောင်ရတစ်ယောက်တည်းပေါ့။ ဆယ့်ငါးမိနစ်လောက် စက်ဘီ၊နင်းမိ
တော့ကတ္တရာလမ်းကနေတောင်ဘက်ကိုဖဲ့ဆင်းသွားတဲ့လှည်းလမ်းကြောင်းတစ်ခု
တွေ့တာနဲ့လှည်းလမ်းကြောင်းအတိုင်းဝင်သွားလိုက်တယ်။အဲဒီလှည်းလမ်းကြောင်း က အောင်ချမ်းသာရွာကို ရောက်တယ်လို့ ပြောလိုက်ကြတာကိုးဗျ။ အဆိုတော်ကြီး တွံတေးသိန်းတန်ဆိုထားတဲ့ သီချင်းထဲကလိုပါပဲဗျာ။
“ညမှောင်မှောင် × × × ကြယ်ရောင်သော်မလင်းတဲ့”ဆိုတဲ့ သီချင်းစာသား အတိုင်းပါပဲ။ မှောင်လိုက်တာမှမည်းနေတာပဲ။လှည်းလမ်းကြောင်းဆိုတော့စက်ဘိ၊ စီးလို့မရတော့ဘူ။ တွန်းသွားရတယ်။ အောင်ချမ်းသာရွာကိုတော်တော်နဲ့ မရောက် နိုင်ဘူးဗျာ။ မှောင်မှောင်မည်းမည်းထဲ စက်ဘီးကို တွန်းသွားရတာဆိုတော့ ဒုက္ခ ရောက်လိုက်တာ။ လှည်းလမ်းဆိုတော့ ဖုန်တသောသောနဲ့ပေါ့။ ဆယ်မိနစ်လည်း သွားမိရော မီးရောင်တထိန်ထိန်နဲ့ အောင်ချမ်းသာရွာကို လှမ်းမြင်လိုက်ရတော့ ဝမ်း
သာလိုက်တာဗျာ။ အမြင်အာရုံထဲမှာ အလင်းရောင်ကို မြင်လိုက်ရသလို အကြား အာရုံထဲကိုလည်း ဆိုင်းသံ၊ ဗုံသံတွေဝင်လာတယ်။
ရွာနဲ့ မလှမ်းမကမ်းရောက်တဲ့ စက်ဘီးကို ချုံတစ်ခုထဲမှာ ဝှက်ထားခဲ့ပြီး ရွာနား ကပ်သွားတာပေါ့။ ခွေးဟောင်သံတောင်မကြားရဘူး။ အောင်ရတို့ကံကောင်းလိုက် ပုံများ၊ အောင်ချမ်းသာရွာဘုရားပွဲရှိတဲ့ညကျမှ သွားခိုးမိတယ်။ တစ်ရွာလုံးဘုရားပွဲ မှာကနေတဲ့ဇာတ်ပွဲထဲ ရောက်နေကြပြီ ထင်ပါရဲ့ဗျာ၊ ကလေးငိုသံတောင် မကြား ရဘူ၊အိမ်စောင့်ကျန်ခဲ့လည်းအဘိုးကြီး၊ အဘွားကြီးတွေပဲရှိမှာပေါ့။လူကြီးဆိုတော့ သန်းခေါင်ကျော်၊ ကြက်တွန်သံ ထွက်လာတာနဲ့ အိပ်တော့မှာ အသေအချာပဲဗျ၊ မိုးလင်းပွဲပြီးလို့ကိုယ့်အိမ်ကိုယ်ပြန်ရောက်တာနဲ့တန်းအိပ်ကြမှာ။အိမ်မှာသူခိုးဝင်ခိုး၊ အဟဲ- အောင်ရဝင်ခိုးသွားတာ ဘယ်သူမှ သိကြမှာမဟုတ်ဘူး၊ နောက်ကျမှ သိကြ မှာ၊ သိတဲ့အချိန်ရောက်တော့ သူခိုးအောင်ရ- အောင်ရသူစိုးက သူ့မယားမိထားရီနဲ့ အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ် ဖြစ်နေပြီပေါ့။ နော-လူချမ်းသာတွေနေတဲ့ အိမ်ကိုမှောင်ရိပ်ခိုပြီးလိုက်ရှာလိုက်တာရွာအစွန်မှာသွားတွေ့တာပါပဲ။ နှစ်ထပ်အိမ် မည်းမည်းကြီးအိမ်အောက်ထပ်ကတံခါ၊မကြီးကကျုပ်ကိုဝင်ခဲ့ပါလို့ခေါ်နေသလိုပဲ။
ပိတ်မထားဘူးဗျ။ ကျုပ်လည်းမှောင်ရိပ်ထဲကနေပြီးအိမ်ကြီးထဲမှာလူရှိ၊ မရှိအကဲ ခတ်ကြည့်လိုက်တယ်။
တစ်အိမ်လုံးတိတ်ဆိတ်နေတာပဲ။ ဒါနဲ့ကျုပ်လည်းပွင့်နေတဲ့အိမ်ရှေ့တံခါးမကြီး ကတစ်ဆင့် အိမ်အောက်ထပ်ကို ဝင်လိုက်တယ်။ တစ်ရွာလုံးကလည်း ဘုရားပွဲ ရောက်နေကြတာဆိုတော့ ဇာတ်ပွဲတွေထဲကလို ချွတ်နင်းပြီ၊ ဝင်ခဲ့တာပေါ့။ အိမ် အောက်ထပ်တစ်ခုလုံး ဘာပစ္စည်းမှမထားဘူးဗျ။ အိမ်အောက်ထပ်မှ ခိုးစရာပစ္စည်း မရှိတာနဲ့ အပေါ်ထပ်ကို တက်ကြည့်လိုက်တယ်။ အပေါ်ထပ်ရောက်တော့ ပြတင်း တံခါးတွေ အကုန်ပိတ်ထားတော့ ဘာမှမမြင်ရတော့ဘူး။ လက်ထဲမှာအသင့်ကိုင် ထားတဲ့လက်နှိပ်ဓာတ်မီးလေးနဲ့ထိုးပြီးကြည့်ရတယ်ဗျာ၊အပေါ်ထပ်မှာလည်းတံခါး ဖွင့်ထားတဲ့ အခန်းနှစ်ခန်းကလွဲပြီး ဘာပစ္စည်းမှ မတွေ့ရဘူး။ အဲ … နောက်တစ်ခု ထူးဆန်းတာက ဘုရားကျောင်းဆောင်မရှိဘူးဗျာ။ ကျုပ်လည်းကြာကြာမစဉ်းစား နိုင်ပါဘူး။ ခိုးဖို့လာတာဆိုတော့ အနီးဆုံအ၊ခန်းထဲကို ဝင်လိုက်တာပေါ့။ ကျုပ် ကံကောင်းသွားတယ်ဗျာ။ အခန်းထဲမှာစားပွဲတစ်လုံးပဲရှိတယ်။စားပွဲပေါ်သံသေတ္တာ
တစ်လုံးတင်ထားတယ်ဗျ။သော့ခတ်မထားတဲ့သံသေတ္တာကိုဖွင့်ပြီးလက်နှိပ်ဓာတ်မီး
နဲ့ထိုးကြည့်လိုက်တော့ရွှေဖလားနှစ်လုံးနဲ့ထည့်ထားတဲ့လက်ဝတ်ရတနာတွေပြိုးပြိုး ပြက်ပြက်တွေ့ရတော့တာပဲဗျို့။“ငါတော့ပြီကွ”လို့တိုးတိုးလေးတောင်အသံထွက်
သွားသေးတယ်၊ ကျုပ်လည်းဝမ်းသာတာ နောက်ထား ဝတ်ထားတဲ့ ပုဆိုးကိုချွတ်၊ (အဲ-အောက်ခံဘောင်းဘီတိုပါပါတယ်)လိုက်ပြီးစလွယ်သိုင်းလိုက်တယ်။ စလွယ်
သိုင်းထားတဲ့ ပုဆိုးထဲကို ရွှေဗလာ၊နစ်လုံးကို ကောက်ထည့်ပြီး ပုဆိုးကို လိမ်ပတ် ထားလိုက်တာပေါ့ဗျာ၊တခြားဘာပစ္စည်းမှန်းဖို့မစဉ်းစားတော့ဘဲပြေးဖို့ပြင်လိုက်မိ တယ်။ အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေပြီးလမ်းပေါ်မှာလူသွားလူလာရှိ မရှိ ချောင်းကြည့်လိုက်တော့မှကျပ်ဒုက္ခရောက်ပြီဆိုတာသိလိုက်ရတယ်။လမ်းပေါ်မှာ
လူမရှိပေမယ့်ခြံထဲမှာ ဧရာမခွေးကြီးတစ်ကောင်ကခြံတံခါးဝမှာငုတ်တုတ်ကြီးထိုင် နသမျှ ဒါနဲ့ အိမ်နောက်ကထွက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ အိမ်နောက်ကြည့်လိုက်ပြန် တော့ခွေးတစ်ကောင်က ငုတ်တုတ်၊အိမ်ရဲ့ဘေးနှစ်ဖက်ကိုပါထပ်ကြည့်လိုက်တော့
မှနှစ်ထပ်အိမ်ကြီးရဲ့လေ၊ဖက်လေးတန်မှာခွေးတွေစောင့်နေတာကိုတွေ့လိုက်ရတော့ ကျုပ်ပါးစပ်က မာစဖူး တ”မိသွားတာကတော့… “ဘုရားကယ်တော်မူပါ”
ဒီလိုသူခိုး သူများမျက်ရည်ကျမှထမင်းစားရတဲ့သူခိုးကိုဘယ်ဘုရားသခင်ကမှ ကောင်းချီးပေးမှာ မဟုတ်ပါဘူးဗျာ။ မိုက်မိုက်မဲမဲ ဆင်းပြေးပြန်ရင်လည်း ခွေးကိုက် သေတဲ့မသာဖြစ်တော့မှာ။ခွေးကြီးတွေကလည်းအိမ်အပေါ်ထပ်မျာလူစိမ်းရှိနေတာ ကို သိနေသလိုပဲဗျာ။ ပါးစပ်ကြီးတွေဖြဲပြီးမော့ကြည့်နေကြတယ်ဗျာ။ နှစ်ထပ်အိမ် ကြီးရဲ့အပေါ်ထပ်မှာ တောင်ပြေး မြောက်ပြေးနဲ့ အရူးမီးဝိုင်းသလို ဖြစ်နေတာကျုပ် ပေါ့ဗျာ၊ ပြေးရင်းလွှားရင်း စဉ်းစားမိလာတယ်ဗျ၊ ခွေးတွေ အစောင့်ရှိလို့လူစောင့် မထားခဲ့တာပဲ၊ ဒါဆိုရင် ဒီအိမ်ကြီးထဲခိုးဝှိုင်တော့ဒိခွေးလေးကောင်ကဘယ်အလေ နတောသွားနေကြတာလဲ၊ကျုပ်ရွှေဖလားကြီးနှစ်လုံးနဲ့ ရတနာတွေရလို့အိမ်ထဲက ထွက်တော့မယ်ဆိုမှကိုရွှေခွေးကြီးတွေက ရောက်လာတာ ဆန်းသဗျ။ ပြီးတော့ နီနီ ရဲရဲလျှာကြီးတွေ ချွန်တက်နေတဲ့အစွယ်ကြီးတွေနဲ့ ပါးစပ်ကြီးကို ဗြဲထားလိုက်တာ မြင်ရုံနဲ့ ငုတ်တုတ်မေ့သွားနိုင်တယ်။
အိမ်အပေါ်ထပ်မှာ ကျုပ် တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိတော့ဘူး။
ကြောက်တာလည်းကြောက်လှပြီ။ လှေကားကခွေးကြီးတွေ့တက်လာမှာကိုလည်း စိုးရိမ်ရသေးတယ်။ အောက်လည်း မဆင်းရဲ။ တော်ကြာ မိုးလင်းရင် အိမ်ရှင်တွေ ပွဲကြည့်ရာကပြန်လာကြတော့မှာစဉ်းစားစမ်း- ရအောင်စဉ်းစားစမ်း၊ ရွေးကိုက်ခံပြီး သေမလား၊အမယ်လေး- စဉ်းတောင်မစဉ်းစားရဲဘူး။ဒါဆိုဘာလုပ်မလဲ၊ကျုပ်ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်တယ်။ အဖမ်းခံမယ်၊ ခွေးကိုက်လို့ သေသွားရင် ကျပ် ချစ်တဲ့ မိထားရှိ နဲ့ ပြန်တွေ့ရမှာပဲလေ။ အဲဒီလို အဖမ်းခံမယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ကျုပ် ဝင်မကြည့်ရ သေးတဲ့အခန်းထဲကိုလက်နှိပ်ဓာတ်မီးလေးထိုးကြည့်လိုက်တော့စောင်းခြင်ထောင်၊ ခေါင်းအုံးတွေနဲ့ အသင့်ပြင်ထားတဲ့ ခုတင်တစ်လုံးကို တွေ့လိုက်ရတယ်။ ငုတ်တုတ် ထိုင်ပြီး အဖမ်းခံမယ့်အစားအိပ်ရေးဝအောင်အိပ်ပြီးမှအဖမ်းခံမယ်ဆိုပြီး ခုတင်ပေါ် တက်အိပ်လိုက်တယ်။
ပုဆိုးစလွယ်သိုင်းထဲမှာထည့်ထားတဲ့ရွှေဖလားကြီးနှစ်လုံးနဲ့
ရတနာပစ္စည်းတွေကိုပိုင်ဆိုင်ခွင့်မရနိုင်တော့ဘူးဆိုတာအသေအချာသိနေပေမယ့် လောဘစိတ်ကြောင့် မြင်သာမြင်၊ မကြင်ရာ မဖြစ်လေအောင် ရင်ခွင်ထဲ ပိုက်ထား လိုက်မိတယ်။
အခုတော့ ကျုပ်ဘဝက ခွေးလေးကောင်ကိုက်သတ်မှာ ကြောက်တာနဲ့ အဖမ်း ခံရမယ့်ဘဝရောက်သွားပြီမဟုတ်လားဗျာ၊ ဒါတောင် သဘောကောင်းတဲ့အိမ်ရှင်နဲ့ တွေ့မှအရိုက်အနှက်မခံရမှာ၊ခွေးကြီးတွေကလည်းနွားပေါက်လေးလောက်ရှိတယ်။ ကျုပ်ဖြင့် ခွေးတွေကိုကြည့်ရင်း ကြည့်ရင်းနဲ့ ကျောထဲမှာ စိမ့်ပြီးကြောက်လာတယ်။ ကျုပ်အဖြစ်၊ အောင်ရအဖြစ်ကို မိထားရှိသာမြင်ရလို့ကတော့ ငိုမှာ အသေအချာ ပါပဲဗျာ။ပြီးတော့ ဒီသူခိုးအလုပ်ကို မလုပ်တော့ဖို့အတင်းတားမှာဗျ။ကျုပ်ကိုယ်တိုင် လည်းအခုလို ဒုက္ခနဲ့တွေ့လာတော့ ငတက်ပြားအလုပ်ကို စိတ်ကုန်သွားတယ်။ မှောင်မှောင်မည်းမည်း အလင်းရောင်မရှိတဲ့ အခန်းထဲမှာ တောင်တွေးမြောက်တွေး နဲ့ ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပါဘူးဗျာ၊ ဆူဆူညံညံနဲ့ ငှက် အော်သံတွေကြောင့် ကျုပ် လန့်နိုးသွားတယ်။ မျက်လုံးနှစ်လုံးကို ဖွင့်ကြည့်လိုက်
တော့တော်တော့်ကိုအံ့ဩသွားမိတယ်။အဖမ်းလည်းမခံရဘူး။ပြီးတော့ညကကျုပ် ဝင်ခိုးခဲ့တဲ့ အိမ်ကြီးထဲမှာ မဟုတ်တော့ဘူး။ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိ တော့မှပိုကြောက်သွားပါတော့တယ်။ မြေပုံမို့မို့တွေပြိုကျပျက်စီးနေတဲ့အုတ်ဂူတွေ၊
ဟိုတစ်ချောင်းသည်တစ်ချောင်းလူ့အရိုးတွေနဲ့ဝိုင်းပတ်ထားတဲ့ဇရပ်ပျက်ကြီးတစ်ခု ထဲ ရောက်နေပါလေရောဗျို့၊ နှစ်ထပ်အိမ်ကြီးရော၊ ညက ကျုပ်အိမ်ခဲ့တဲ့ စောင်၊ ခြင် ထောင်၊ ခေါင်းအုံးအပြည့်အစုံနဲ့ ခုတင်ကြီးရောပျောက်နေပြီ။ ကျုပ်က ဖုန်တသော သောနဲ့ ဇရပ်ကြမ်းပြင်ပေါ်မှာ ပုဆိုးစလွယ်သိုင်းနဲ့ အိပ်ပျော်နေခဲ့တာပါလားဗျာ၊ အုတ်ဂူအပျက်တွေ ပတ်လည်ဝိုင်းနေတဲ့ ဇရပ်ပျက်ကြီးပေါ်မှာ ညက ကျုပ်တစ် ယောက်တည်း အိပ်နေခဲ့တာပေါ့၊ အစွယ်ဖွေးဖွေးနဲ့ ခွေးကြီးတွေကိုလည်း မတွေ့ရ တော့ဘူး။ ဘယ်လိုဖြစ်တာလဲ၊ တစ္ဆေခြောက်တာလာ။ ညက တွေ့ခဲ့တဲ့ မီးရောင် တထိန်ထိန်နဲ့ အိမ်ကြီ၊အိမ်ကောင်းတွေလည်း ပျောက်မလှ ပျောက်သွားနေတယ်။ ကျပ်ဝင်ခိုးတဲ့ရွာဟာအောင်ချမ်းသာရွာမှဟုတ်ရဲ့လား။ သည်တော့မှ စဉ်းစားမိသွား တယ်၊ ညက မှောင်နဲ့မည်းမည်းမှာ မျက်စိလည်လမ်းမှာ၊ပြီး အောင်ချမ်းသာရွာကို မရောက်ဘဲကျတ်တွေနေတဲ့ကျတ်ရွာထဲရောက်သွားတာဖြစ်မယ်လို့ပေါ့ဗျာ။ သည် တော့မှကျုပ်ခိုးလာတဲ့ရွှေဖလားနှစ်လုံးရှိမှရှိသေးရဲ့လားဆိုပြီး စလွယ်သိုင်းထားတဲ့ ပုဆိုးပေါ်ကနေ စမ်းကြည့်လိုက်တော့ ရွှေဖလားနှစ်လုံးကို စမ်းမိတယ်ဗျ။ စိတ်ထဲမှာ သင်္ကာမကင်းဖြစ်လာတာနဲ့ စလွယ်သိုင်းထားတဲ့ပုဆိုးကိုဖြုတ်လိုက်ပြီးခိုးယူလာတဲ့ ရွှေဖလားနှစ်လုံးကို ထုတ်ကြည့်လိုက်တာပေါ့ဗျာ။
“အောင်မယ်လေးဗျာ”
လို့အော်ပြီးကျုပ်လက်ထဲမှာရှိနေတဲ့ ရွှေဖလားနှစ်လုံ၊ မဟုတ်တော့တဲ့မီးသွေး ခဲတွေနဲ့ ပြည့်နေတဲ့ လူ့အရိုးခေါင်းနှစ်လုံ ၊ ဖြစ်နေတယ်ပျို့၊ ဒီတော့ ကျုပ် အဲဒီအရိုး ခေါင်းနှစ်လုံးကို လွှင့်ပစ်ပြီးဇရပ်ပျက်ပေါ်က ဒရောသောပါး ဆင်းပြေးမိတော့တာပါ
ပဲ။တစ်ညလုံးသင်္ချိုင်းအလယ်ကဇရပ်ပျက်ပေါ်မှာအရိုးခေါင်းနှစ်ခုကိုရင်ခွင်ထဲထည့် ပြီ၊ အိပ်ခဲ့တာပါလာ၊လို့ တွေးမိပြီး ကြောက်လိုက်တာဗျာ။ နောက်ကြောင်းကို ပြန် မကြည့်ဘဲပြေးလိုက်တာ သင်္ချိုင်းအပြင်ဘက်ရောက်တဲ့အထိပဲ၊ သင်္ချိုင်းအပြင်ဘက် ရောက်တော့ချုံတစ်မျိုထဲမှာညကကျပ်ဝှက်ထားတဲ့စက်ဘီးကိုပြန်တွေ့လိုက်ရတယ်။
စက်ဘီးကိုပြန်ယူပြီးကတ္တရာလမ်းပေါ်ရောက်တဲ့တွန်းလာခဲ့ရတယ်။အိမ်ပြန်ရောက်
တော့ကျုပ်တွေ့ခဲ့ ကြုံခဲ့တာတွေကို မိထားရှိကိုပြန်ပြောပြလိုက်တယ်။
တော်သေးတာပေါ့တော်၊ ချိုးစားတဲ့ သရဲတွေ၊ သဘက်တွေနဲ့ မတွေ့ဘဲ ကျတ် တွေနဲ့ပဲတွေ့လာလို့ပေါ့။အဲဒါကျတ်တွေကသူခိုးအလုပ်မလုပ်ဖို့သတိပေးလိုက်တာ
ဇန်မှာ၊
လို့ ကျုပ်ကို ပြောပါတယ်၊ အောင်ချမ်းသာရွာကို ခိုးဖို့သွားတာ အောင်ချမ်းသာ ရွာကိုမရောက်ဘဲကျတ်တွေနေတဲ့ကျတ်ကုန်းကိုရောက်သွားပြီးအရိုးခေါင်းနှစ်လုံး
ကိုရွှေဖလားနှစ်လုံးထင်ပြီး
ခိုးခဲ့မိတဲ့ကျုပ်ဟာအဲဒီနေ့အဲဒီအချိန်ကစပြီးသူခိုးအလုပ်
ကို စွန့်လွှတ်လိုက်တယ်။ ပြီးတော့ ပခုက္ကူမြို့သို့ ပြောင်းပြီး၊ ဘောက်အလုပ်သမား ဘဝကနေ ပွဲစားကြီးဦးအောင်ရဖြစ်အောင် ကြိုးစားခဲ့ရတယ်ဗျာ၊
အဲ- ပွဲစားကြီးဖြစ်လာတော့လည်းကျုပ်ဘဝကိုပြောင်းလဲစေခဲ့တဲ့ကျတ်တွေကို ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေနေတာ ဒီကနေ့အထိပါပဲဗျာ။

Zawgyi Version

“အမွ်ေဝလို႔ဆပ္ပါ့မယ္”(စ/ဆုံး)
————————————–
က်ဳပ္လည္း တစ္တီတူးတို႔၊ ေတာက္ တဲ့တို႔၊ ဇီးကြက္တို႔နဲ႔ အမ်ိဳးေတာ္ရေတာ့ မယ္ထင္ပါရဲ႕ဗ်ာ၊
ဘာျဖစ္လို႔လည္းဆိုေတာ့…
က်ဳပ္ဘဝက်ဳပ္အေၾကာင္းကိုေျပာေတာ့မွာမို႔ပါ။ ဘာျဖစ္လို႔ေျပာခ်င္တာလည္း ဆိုေတာ့ က်ဳပ္ဘဝမွာ မထင္မွတ္တဲ့အခ်ိဳးအေကြ႕တစ္ခုေၾကာင့္ ေျပာင္းလဲခြင့္ႀကဳံ ေအာင္ဖန္တီးလုပ္ေဆာင္ေပးခဲ့တဲ့သူေတြကိုလည္းေက်းဇူးမေမ့ႏိုင္ေလေတာ့အမွ် လို႔ ေက်းဇူးဆပ္ခဲ့တာ ဒီကေန႔အထိပါပဲဗ်ာ၊
ဘာျဖစ္လို႔အမွ်ေဝၿပီး ေက်းဇူးဆပ္ေနရတာလဲဆိုေတာ့… ဒီလို…
ပခုကၠဴတစ္ၿမိဳ႕လုံးက က်ဳပ္ကို ပြဲစားႀကီး ဦးေအာင္ရလို႔ပဲ သိၾကတာဗ်။ အလႉ အတန္းမွာ ရက္ေရာတဲ့ ပြဲစားႀကီးလို႔ေပါ့။တစ္ၿမိဳ႕လုံးကလည္း က်ဳပ္အေၾကာင္းကို သိၾကတာဒီေလာက္ပဲဗ်။ ေအာ္- အတိတ္ကက်ဳပ္ဘဝက်ဳပ္မိသားစုအေၾကာင္းကို ဘယ္သူမွ မသိၾကဘူ။ ဘယ္သူမွ မသိေအာင္လည္းက်ဳပ္တို႔က ေနခဲ့တာကိုး။ က်ဳပ္က ပခုကၠဴသားမွ မဟုတ္တာ၊ တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ဆိုၿပီး ေျပာင္း လာတဲ့ေကာင္ေပါ့။ ဒီၿမိဳ႕ကို ေျပာင္းလာတာက်ဳပ္တစ္ေယာက္တည္းမဟုတ္ဘူးဗ်။ က်ဳပ္ ခ်စ္လို႔ျမတ္ႏိုးတဲ့ယူထားတဲ့ က်ဳပ္ဇနီးမိထားရွိလည္း ပါသေပါ့။ က်ဳပ္တို႔လင္ မယားမွာ သားသမီးရတနာရမယ့္ ကံဇာတာ မပါေလေရာ့သလားပဲဗ်ာ၊ ေမာင္ ေအာင္ရ ဘဝက ပြဲစားႀကီး ဦးေအာင္ရျဖစ္လာတဲ့အခ်ိန္ထိ သားလည္းမခ်ီရ၊ သမီး လည္း ေပြ႕ဖက္ေခ်ာ့ျမဴစရာမရွိ ျဖစ္ခဲ့တယ္၊ သတင္းစာ၊ ဂ်ာနယ္ေတြထဲမွာပါတဲ့ ေယာက္်ားအားေဆးေတြဝယ္ေသာက္တာလည္းမရ၊လင္မယားႏွစ္ေယာက္ေဆး႐ုံ ေဆးခန္းသြားျပေတာ့လည္းအေၾကာင္းမထူး၊သားသမီးရတနာကိုမရ၊ ရတဲ့နည္းနဲ႔
ယူမယ္ဆိုၿပီးမိထားရနဲ႔တိုင္ပင္ၿပီးလသားအ႐ြယ္ သမီးေလးတစ္ေယာက္ကိုအေမြ စားအေမြခံဆိုၿပီး ေမြးစားလိုက္တယ္။
ဘယ္သူကလာၿပီးသားသမီးမရွိဘူးလို႔ေျပာဦးမလဲ၊က်ဳပ္တို႔လင္မယားေမြးစား
ထားတဲ့ သမီးေလးဟာအခုဆိုရင္ ဆယ္တန္းေက်ာင္းသူေလးျဖစ္ေနၿပီဗ်။ လသား ကတည္းက ေမြးစားထားတာဆိုေတာ့သမီးရင္းနဲ႔ မျခားပါဘူးဗ်ာ။ မိထားရိကဆိုရင္ ေမြးစားသမီးလို႔ အေျပာမခံဘူး၊ သမီးေလး- သမီးေလးနဲ႔ ေနတာပဲ။ သမီးေလးက လည္း အလိမၼာတုံးေလးဗ်၊ က်ဳပ္နာမည္ရယ္၊ မိထားရီနာမည္ရယ္ ပါေအာင္ သမီး ေလးနာမည္ကိုထားထားေအာင္လို႔ ေပးထားတာလည္း က်ဳပ္ မိန္းမပဲဗ်။ က်ဳပ္တို႔ လင္မယားပခုကၠဴၿမိဳ႕ကိုေျပာင္းလာခါစကအိုးတစ္လုံး၊ဖ်ာတစ္ခ်ပ္နဲ႔ေပါ့။ ေ႐ႊကူအေရွ႕ ရပ္ထဲကဦးေမယဘုန္းေတာ္ႀကီးေက်ာင္းနားမွာအိမ္ငွားေနၾကတာ။အိမ္ငွားေနတာ
ဆိုၿပီး အထင္မႀကီးလိုက္နဲ႔ဦး။ တဲသာသာရွိတဲ့ ဝါးကပ္မို၊ထရံကာ အိမ္ေလးပါ။ က်ပ္ကၿမိဳ႕ေရးထဲမွာကုန္ထမ္းတယ္။ေဘာက္အလုပ္သမားေပါ့ဗ်ာ၊က်ဳပ္မိန္းမက ရပ္ကြက္ထဲမွာအေၾကာ္လွည့္ေရာင္းတယ္။“ေဟာဒိကအေၾကာ္စုံ”လို႔ေပါ့ဗ်ာ၊ ေဈး ထဲမွာပင္ပင္ပန္းပန္းကုန္ထမ္းေနတဲ့ က်ဳပ္ကိုၾကည့္ၿပီး သနားလည္း သနားတယ္။ ဝမ္းလည္းသာတယ္လို႔ ေျပာရွာတယ္။နဖူးကေခြၽး ေျခမက်တဲ့အထိအလုပ္လုပ္ေန ရတဲ့ က်ဳပ္ကို ၾကည့္ၿပီး ဝမ္းသာတယ္လို႔ ေျပာတဲ့ က်ဳပ္မိန္းမကို အၾကင္နာတရား ကင္းတယ္လို႔ မထင္လိုက္ၾကပါနဲ႔ဗ်ာ၊
သူ႔မွာ ဝမ္းသာရမယ့္အေၾကာင္းရင္းက ရွိေနတယ္ဗ်။ အဲဒါက ဘာလဲဆိုေတာ့ တစ္ခ်ိန္တစ္ခါကအင္း- ပရကၠဴၿမိဳ႕ကိုေျပာင္းမလာခင္ကာလအရင္ေနခဲ့တဲ့ၿမိဳ႕၊ ဘယ္ ၿမိဳ႕လဲဆိုတာေတာ့ မသိခ်င္ပါနဲ႔ေနာ္၊ အဲဒီၿမိဳ႕မွာက်ဳပ္က သူခိုးတစ္ေယာက္အျဖစ္ ဘဝကိုရပ္တည္ခဲ့တာပါ။ေန႔မွာေတာ့ေယာင္ေျခာက္ဆယ္သမား၊ညမွာေတာ့သခိုး၊ က်ဳပ္က သူခိုးဆိုေတာ့ မိထားရီက သူခိုးမယားေပါ့၊ ရင္တထိတ္ထိတ္နဲ႔ ခိုးစားရတဲ့ ဘဝဆိုေတာ့ ေနရထိုင္ရတာ စိတ္မေျဖာင့္ဘူးေပါ့။ သူခိုးအလုပ္လုပ္ဖို႔ထြက္သြားၿပီ ဆိုရင္အိမ္ျပန္မလာမခ်င္းအိပ္လို႔မရေတာ့ဘူးလို႔မိထားရီကခဏခဏေျပာပါတယ္။ ဘယ္အခ်ိန္ ရဲစခန္းကလာေခၚမလဲလို႔ စိုးရိမ္မိတဲ့အေၾကာင္း သူခိုးအလုပ္ကို မလုပ္ ဖို႔အေၾကာင္း ဘယ္လိုပဲတားတား က်ဳပ္က ဒီသူခိုးအလုပ္ကို မစြန႔္လႊတ္ႏိုင္ဘူး ျဖစ္ေနတယ္။ၿပီးေတာ့ဒီသူခိုးအလုပ္ကိုဘာေၾကာင့္ဒီေလာက္ခုံမင္ႏွစ္သက္ေနရတာလဲ
ဆိုတာက်ဳပ္ကိုယ္တိုင္လည္းမသိဘူးျဖစ္ေနတယ္။ ေစာရနကၡတ္နဲ႔ယွဥ္ၿပီးေမြလာ တာထင္ပါရဲ႕ဗ်ာ။ ခိုးစားရမွ ေနလို႔ထိုင္လို႔ေကာင္းသလိုပဲ၊
ခိုးလို႔ရရင္တစ္လႏွစ္လေလာက္ေအးေအးေဆးေဆးထိုင္စားေနလိုက္တယ္။
အဲ -က်ဳပ္မွာ ခို၊စားတဲ့အက်င့္ကလြဲရင္ က်န္တာအကုန္ေကာင္းတယ္၊ အရက္ မေသာက္ဘူ။ ဖဲမ႐ိုက္ဘူး။ မိန္းမမလိုက္စားဘူး။ ခ်စ္လို႔ယူထားတဲ့ မိထားရွိကလြဲရင္ ဘယ္မိန္းမမွစိတ္မဝင္စားဘူး။အဲဒါေတြေၾကာင့္လည္း မိထားရီက က်ဳပ္ကို ခ်စ္တာ ဗ်။ မိန္းမလိုက္စားဖို႔ ဝါသနာပါရင္က်ဳပ္ေထာင္က်တာ ၾကာလွေပါ့ဗ်ာ။ ခင္ဗ်ားတို႔ပဲ စဥ္းစားၾကည့္ေလ၊သူမ်ားေတြအိပ္ေကာင္းတဲ့အခ်ိန္မွာက်ဳပ္က ဝင္ခိုးရတာ။တစ္ခါ တေလက်ဳပ္ဝင္ခိုးရတဲ့အိမ္ကမိန္းမေတြမ်ားအိပ္ေနလိုက္ၾကတာဗ်ာ။ ဖင္ေပၚေခါင္း ပါနဲ႔ ကိုယ့္အိမ္ကိုယ္ရာဆိုေတာ့လြတ္လြတ္လပ္လပ္အိပ္ၾကတာေနမွာေပါ့။ က်ဳပ္ လိုခ်င္တာက ထမင္းစားဖို႔ဖန္တီးႏိုင္တဲ့ေငြေလးက်ဳပ္က သူခိုးအလုပ္သာလုပ္တာ၊ ဒုသနေသာအျဖစ္မခံႏိုင္ဘူး။ ပုဒ္မ ၃၇၆ေတာ့ ေၾကာက္တယ္။ ဒီလိုကိစၥမ်ိဳးဆိုရင္ ေဝါင္ေဝါင္ေရွးပဲဗ်ိဳ႕။
ဝါသနာပါလို႔ကေတာ့ မုဒိမ္းမႈေရာ၊ ခိုးမႈေရာ၊ ပုဒ္မႏွစ္ခုနဲ႔ ေထာင္နန္းစံရမွာ ေျမႀကီးလက္ခတ္မလြဲေပါ့ဗ်ာ။ အဲ-ႀကဳံတုန္းႂကြားလိုက္ဦးမယ္။ က်ပ္ခိုးစားလာတဲ့ ကာလအပိုင္းအျခားအတြင္းမွာတစ္ခါမွ အဖမ္းမခံရဖူးဘူးဗ်။ ဘာျဖစ္လို႔လည္းဆို ေတာ့ ခိုးလို႔ရသမွ် သိုသိုသိပ္သိပ္ပဲ သုံးစြဲတာကိုး။ တခ်ိဳ႕ခိုးစားတဲ့ေကာင္ေတြဆိုရင္ အခ်ီႀကီးတိုးလိုက္တာနဲ႔ေမာ္ေတာ္ဆိုင္ကယ္ဝယ္၊တယ္လီဖုန္းဝယ္၊အရက္ေသာက္၊ ကာရာအိုေကဆိုင္သြားနဲ႔ ျဖစ္ခ်င္တိုင္းျဖစ္၊ မလုပ္ဖူးတာေတြ ေလွ်ာက္လုပ္ေတာ့ ခဏေလးနဲ႔ အဖမ္းခံၾကရေတာ့တာပဲ။ က်ဳပ္က ဒီလိုမွမဟုတ္တာ။ ဒီေတာ့ အဖမ္း မခံရဘူးေပါ့ဗ်ာ။
မၾကာခဏ သူခိုး ခိုးခံေနရေတာ့ ရပ္ကြက္တိုင္းမွာ ကင္းေစာင့္လာၾကတယ္။ ႏိုးႏိုးၾကားၾကား အိပ္လာၾကတယ္၊ သူခိုးကင္း၊ မီးကင္းေပါင္းၿပီး လူငယ္ေတြစုၿပီး ရပ္ကြက္လုံၿခဳံေရးေတြ႕လုပ္လာၾကပါေလေရာ။ခိုးစားလို႔မလြယ္တဲ့အျဖစ္ကိုေရာက္ လာတာေပါ့။တစ္လလည္းမဟုတ္၊ ႏွစ္လလည္းမကေတာ့ ခိုးထားတာေလးေတြ
ကုန္ၿပီေပါ့ဗ်ာ။ထိုင္ေနလို႔ေတာ့ ဘာမွျဖစ္လာမွာမဟုတ္ဘူးဆိုသလိုေပါ့။ စားက်က္ ေျပာင္းမွျဖစ္ေတာ့မယ္ဆိုၿပီး စားက်က္ေျပာင္းလိုက္ေတာ့မွက်ဳပ္ဘဝလည္းေျပာင္း သြားေတာ့တာပဲဗ်ိဳ႕။ က်ဳပ္မိန္းမ မိထားရီ ဝမ္းသာရတဲ့ အေၾကာင္းရင္းက အဲဒါပဲဗ်၊ ဘဝေျပာင္းၿပီးပြဲစားႀကီးဦးေအာင္ရျဖစ္လာနဲ႔ေအာင္ႀကဳံခဲ့ဆုံခဲ့တာက ဒီလိုဗ်။ ၿမိဳ႕ေပၚ မွာခိုးစားရတာမလြယ္ေတာ့၊ေတာ႐ြာေတြဘက္လွည့္ခိုးဖို႔ႀကံမိတာေပါ့ဗ်ာ၊ေတာ႐ြာ ေတြမွာက ေတာသူေဌးေတြ ပစၥည္းရွိမွန္း လူသိမခံဘဲ တိတ္တိတ္ပုန္း ခ်မ္းသာတဲ့ သူေတြရွိေနတယ္။ အဲဒီလို ေတာသူေဌးတစ္ေယာက္ရဲ႕အိမ္ကို ဝင္ခိုးလိုက္မိရင္ ေအာင္ရတို႔ မိထားရီနဲ႔ တစ္လကိုးသီတင္းနပ္ေနမွာအေသအခ်ာေပါ့ဗ်ာ။
ဘယ္႐ြာကို ဝင္ခိုးရင္ ေကာင္းမလဲဆိုတာ စဥ္းစားလိုက္ေတာ့ က်ဳပ္အေတြး ထဲမွာေအာင္ခ်မ္းသာ႐ြာက ဝင္လာတယ္၊ ၿမိဳ႕နဲ႔ ဆယ္မိုင္ေက်ာ္ေလာက္ေဝးတဲ့႐ြာဗ်။ ေတာသူေဌးေတြ အင္မတန္ေပါတဲ့႐ြာေပါ့ဗ်ာ။ ကိုယ္ပိုင္မီးစက္ေတြ ေမာ္ေတာ္ဆိုင္ ကယ္ေတြနဲ႔ အိမ္ေျခတစ္ရာေက်ာ္ေလာက္ရွိတယ္လို႔ ေျပာၾကတယ္။ က်ဳပ္က ခိုးဖို႔ စိတ္ကူးထားတဲ့ ေအာင္ခ်မ္းသာ႐ြာကို တစ္ေခါက္မွ မေရာက္ဖူးဘူးဗ်၊ ၿမိဳ႕ရဲ႕ေတာင္ ဘက္မွာရွိတဲ့႐ြာ၊ကားလမ္းမရွိ၊လွည္းလမ္းပဲရွိတယ္လို႔ေရာက္ဖူးတဲ့သူေတြကေျပာ တာပဲ။ ခိုးရမယ့္႐ြာကို ေ႐ြးၿပီးသြားၿပီဆိုေတာ့ က်ဳပ္ရဲ႕စီးေတာ္ျမင္း၊ ေယာင္လို႔ပါဗ်ာ။ စီးေတာ္စက္ဘီးေလးကိုအသင့္ျပင္ထားလိုက္တယ္။ ဆယ္မိုင္ေက်ာ္ခရီးဆိုေတာ့ အသြားအျပန္ ေျခက်င္ဆိုရင္ မလြယ္ဘူးဗ်။ စက္ဘီ၊နဲ႔ဆိုေတာ့အိုေကေပါ့ဗ်ာ။
လကြယ္ညတစ္ညမွာထားရီကို အာဘြားေပးၿပီး ေအာင္ခ်မ္းသာ႐ြာကို ထြက္ လာေတာ့ည၁၂နာရီထိုးၿပီးေနၿပီ။ေအာင္ခ်မ္းသာ႐ြာကိုတစ္ေခါက္မွမေရာက္ဖူးေတာ့ ဘယ္လိုသြားရမယ္ဆိုတာကိုေမးျမန္းစုံစမ္းထားရတယ္။လကြယ္ညမို႔ထင္ပါရဲ႕ဗ်ာ။
ၿမိဳ႕ျပင္အထြက္ကတၱရာလမ္းေပၚေရာက္တာနဲ႔ လွ်ပ္စစ္မီးေရာင္မရွိေတာ့ဘူး။ ေမွာင္ နဲ႔မည္းမည္၊ ေအာင္ရတစ္ေယာက္တည္းေပါ့။ ဆယ့္ငါးမိနစ္ေလာက္ စက္ဘီ၊နင္းမိ
ေတာ့ကတၱရာလမ္းကေနေတာင္ဘက္ကိုဖဲ့ဆင္းသြားတဲ့လွည္းလမ္းေၾကာင္းတစ္ခု
ေတြ႕တာနဲ႔လွည္းလမ္းေၾကာင္းအတိုင္းဝင္သြားလိုက္တယ္။အဲဒီလွည္းလမ္းေၾကာင္း က ေအာင္ခ်မ္းသာ႐ြာကို ေရာက္တယ္လို႔ ေျပာလိုက္ၾကတာကိုးဗ်။ အဆိုေတာ္ႀကီး တြံေတးသိန္းတန္ဆိုထားတဲ့ သီခ်င္းထဲကလိုပါပဲဗ်ာ။
“ညေမွာင္ေမွာင္ × × × ၾကယ္ေရာင္ေသာ္မလင္းတဲ့”ဆိုတဲ့ သီခ်င္းစာသား အတိုင္းပါပဲ။ ေမွာင္လိုက္တာမွမည္းေနတာပဲ။လွည္းလမ္းေၾကာင္းဆိုေတာ့စက္ဘိ၊ စီးလို႔မရေတာ့ဘူ။ တြန္းသြားရတယ္။ ေအာင္ခ်မ္းသာ႐ြာကိုေတာ္ေတာ္နဲ႔ မေရာက္ ႏိုင္ဘူးဗ်ာ။ ေမွာင္ေမွာင္မည္းမည္းထဲ စက္ဘီးကို တြန္းသြားရတာဆိုေတာ့ ဒုကၡ ေရာက္လိုက္တာ။ လွည္းလမ္းဆိုေတာ့ ဖုန္တေသာေသာနဲ႔ေပါ့။ ဆယ္မိနစ္လည္း သြားမိေရာ မီးေရာင္တထိန္ထိန္နဲ႔ ေအာင္ခ်မ္းသာ႐ြာကို လွမ္းျမင္လိုက္ရေတာ့ ဝမ္း
သာလိုက္တာဗ်ာ။ အျမင္အာ႐ုံထဲမွာ အလင္းေရာင္ကို ျမင္လိုက္ရသလို အၾကား အာ႐ုံထဲကိုလည္း ဆိုင္းသံ၊ ဗုံသံေတြဝင္လာတယ္။
႐ြာနဲ႔ မလွမ္းမကမ္းေရာက္တဲ့ စက္ဘီးကို ခ်ဳံတစ္ခုထဲမွာ ဝွက္ထားခဲ့ၿပီး ႐ြာနား ကပ္သြားတာေပါ့။ ေခြးေဟာင္သံေတာင္မၾကားရဘူး။ ေအာင္ရတို႔ကံေကာင္းလိုက္ ပုံမ်ား၊ ေအာင္ခ်မ္းသာ႐ြာဘုရားပြဲရွိတဲ့ညက်မွ သြားခိုးမိတယ္။ တစ္႐ြာလုံးဘုရားပြဲ မွာကေနတဲ့ဇာတ္ပြဲထဲ ေရာက္ေနၾကၿပီ ထင္ပါရဲ႕ဗ်ာ၊ ကေလးငိုသံေတာင္ မၾကား ရဘူ၊အိမ္ေစာင့္က်န္ခဲ့လည္းအဘိုးႀကီး၊ အဘြားႀကီးေတြပဲရွိမွာေပါ့။လူႀကီးဆိုေတာ့ သန္းေခါင္ေက်ာ္၊ ၾကက္တြန္သံ ထြက္လာတာနဲ႔ အိပ္ေတာ့မွာ အေသအခ်ာပဲဗ်၊ မိုးလင္းပြဲၿပီးလို႔ကိုယ့္အိမ္ကိုယ္ျပန္ေရာက္တာနဲ႔တန္းအိပ္ၾကမွာ။အိမ္မွာသူခိုးဝင္ခိုး၊ အဟဲ- ေအာင္ရဝင္ခိုးသြားတာ ဘယ္သူမွ သိၾကမွာမဟုတ္ဘူး၊ ေနာက္က်မွ သိၾက မွာ၊ သိတဲ့အခ်ိန္ေရာက္ေတာ့ သူခိုးေအာင္ရ- ေအာင္ရသူစိုးက သူ႔မယားမိထားရီနဲ႔ အိစက္ညက္ေညာတဲ့ ဖဲေမြ႕ရာေပၚဝယ္ ျဖစ္ေနၿပီေပါ့။ ေနာ-လူခ်မ္းသာေတြေနတဲ့ အိမ္ကိုေမွာင္ရိပ္ခိုၿပီးလိုက္ရွာလိုက္တာ႐ြာအစြန္မွာသြားေတြ႕တာပါပဲ။ ႏွစ္ထပ္အိမ္ မည္းမည္းႀကီးအိမ္ေအာက္ထပ္ကတံခါ၊မႀကီးကက်ဳပ္ကိုဝင္ခဲ့ပါလို႔ေခၚေနသလိုပဲ။
ပိတ္မထားဘူးဗ်။ က်ဳပ္လည္းေမွာင္ရိပ္ထဲကေနၿပီးအိမ္ႀကီးထဲမွာလူရွိ၊ မရွိအကဲ ခတ္ၾကည့္လိုက္တယ္။
တစ္အိမ္လုံးတိတ္ဆိတ္ေနတာပဲ။ ဒါနဲ႔က်ဳပ္လည္းပြင့္ေနတဲ့အိမ္ေရွ႕တံခါးမႀကီး ကတစ္ဆင့္ အိမ္ေအာက္ထပ္ကို ဝင္လိုက္တယ္။ တစ္႐ြာလုံးကလည္း ဘုရားပြဲ ေရာက္ေနၾကတာဆိုေတာ့ ဇာတ္ပြဲေတြထဲကလို ခြၽတ္နင္းၿပီ၊ ဝင္ခဲ့တာေပါ့။ အိမ္ ေအာက္ထပ္တစ္ခုလုံး ဘာပစၥည္းမွမထားဘူးဗ်။ အိမ္ေအာက္ထပ္မွ ခိုးစရာပစၥည္း မရွိတာနဲ႔ အေပၚထပ္ကို တက္ၾကည့္လိုက္တယ္။ အေပၚထပ္ေရာက္ေတာ့ ျပတင္း တံခါးေတြ အကုန္ပိတ္ထားေတာ့ ဘာမွမျမင္ရေတာ့ဘူး။ လက္ထဲမွာအသင့္ကိုင္ ထားတဲ့လက္ႏွိပ္ဓာတ္မီးေလးနဲ႔ထိုးၿပီးၾကည့္ရတယ္ဗ်ာ၊အေပၚထပ္မွာလည္းတံခါး ဖြင့္ထားတဲ့ အခန္းႏွစ္ခန္းကလြဲၿပီး ဘာပစၥည္းမွ မေတြ႕ရဘူး။ အဲ … ေနာက္တစ္ခု ထူးဆန္းတာက ဘုရားေက်ာင္းေဆာင္မရွိဘူးဗ်ာ။ က်ဳပ္လည္းၾကာၾကာမစဥ္းစား ႏိုင္ပါဘူး။ ခိုးဖို႔လာတာဆိုေတာ့ အနီးဆုံအ၊ခန္းထဲကို ဝင္လိုက္တာေပါ့။ က်ဳပ္ ကံေကာင္းသြားတယ္ဗ်ာ။ အခန္းထဲမွာစားပြဲတစ္လုံးပဲရွိတယ္။စားပြဲေပၚသံေသတၱာ
တစ္လုံးတင္ထားတယ္ဗ်။ေသာ့ခတ္မထားတဲ့သံေသတၱာကိုဖြင့္ၿပီးလက္ႏွိပ္ဓာတ္မီး
နဲ႔ထိုးၾကည့္လိုက္ေတာ့ေ႐ႊဖလားႏွစ္လုံးနဲ႔ထည့္ထားတဲ့လက္ဝတ္ရတနာေတြၿပိဳးၿပိဳး ျပက္ျပက္ေတြ႕ရေတာ့တာပဲဗ်ိဳ႕။“ငါေတာ့ၿပီကြ”လို႔တိုးတိုးေလးေတာင္အသံထြက္
သြားေသးတယ္၊ က်ဳပ္လည္းဝမ္းသာတာ ေနာက္ထား ဝတ္ထားတဲ့ ပုဆိုးကိုခြၽတ္၊ (အဲ-ေအာက္ခံေဘာင္းဘီတိုပါပါတယ္)လိုက္ၿပီးစလြယ္သိုင္းလိုက္တယ္။ စလြယ္
သိုင္းထားတဲ့ ပုဆိုးထဲကို ေ႐ႊဗလာ၊နစ္လုံးကို ေကာက္ထည့္ၿပီး ပုဆိုးကို လိမ္ပတ္ ထားလိုက္တာေပါ့ဗ်ာ၊တျခားဘာပစၥည္းမွန္းဖို႔မစဥ္းစားေတာ့ဘဲေျပးဖို႔ျပင္လိုက္မိ တယ္။ အိမ္အေပၚထပ္ ျပတင္းေပါက္ကေနၿပီးလမ္းေပၚမွာလူသြားလူလာရွိ မရွိ ေခ်ာင္းၾကည့္လိုက္ေတာ့မွက်ပ္ဒုကၡေရာက္ၿပီဆိုတာသိလိုက္ရတယ္။လမ္းေပၚမွာ
လူမရွိေပမယ့္ၿခံထဲမွာ ဧရာမေခြးႀကီးတစ္ေကာင္ကၿခံတံခါးဝမွာငုတ္တုတ္ႀကီးထိုင္ နသမွ် ဒါနဲ႔ အိမ္ေနာက္ကထြက္မယ္ဆိုတဲ့ စိတ္ကူးနဲ႔ အိမ္ေနာက္ၾကည့္လိုက္ျပန္ ေတာ့ေခြးတစ္ေကာင္က ငုတ္တုတ္၊အိမ္ရဲ႕ေဘးႏွစ္ဖက္ကိုပါထပ္ၾကည့္လိုက္ေတာ့
မွႏွစ္ထပ္အိမ္ႀကီးရဲ႕ေလ၊ဖက္ေလးတန္မွာေခြးေတြေစာင့္ေနတာကိုေတြ႕လိုက္ရေတာ့ က်ဳပ္ပါးစပ္က မာစဖူး တ”မိသြားတာကေတာ့… “ဘုရားကယ္ေတာ္မူပါ”
ဒီလိုသူခိုး သူမ်ားမ်က္ရည္က်မွထမင္းစားရတဲ့သူခိုးကိုဘယ္ဘုရားသခင္ကမွ ေကာင္းခ်ီးေပးမွာ မဟုတ္ပါဘူးဗ်ာ။ မိုက္မိုက္မဲမဲ ဆင္းေျပးျပန္ရင္လည္း ေခြးကိုက္ ေသတဲ့မသာျဖစ္ေတာ့မွာ။ေခြးႀကီးေတြကလည္းအိမ္အေပၚထပ္မ်ာလူစိမ္းရွိေနတာ ကို သိေနသလိုပဲဗ်ာ။ ပါးစပ္ႀကီးေတြၿဖဲၿပီးေမာ့ၾကည့္ေနၾကတယ္ဗ်ာ။ ႏွစ္ထပ္အိမ္ ႀကီးရဲ႕အေပၚထပ္မွာ ေတာင္ေျပး ေျမာက္ေျပးနဲ႔ အ႐ူးမီးဝိုင္းသလို ျဖစ္ေနတာက်ဳပ္ ေပါ့ဗ်ာ၊ ေျပးရင္းလႊားရင္း စဥ္းစားမိလာတယ္ဗ်၊ ေခြးေတြ အေစာင့္ရွိလို႔လူေစာင့္ မထားခဲ့တာပဲ၊ ဒါဆိုရင္ ဒီအိမ္ႀကီးထဲခိုးဝႈိင္ေတာ့ဒိေခြးေလးေကာင္ကဘယ္အေလ နေတာသြားေနၾကတာလဲ၊က်ဳပ္ေ႐ႊဖလားႀကီးႏွစ္လုံးနဲ႔ ရတနာေတြရလို႔အိမ္ထဲက ထြက္ေတာ့မယ္ဆိုမွကိုေ႐ႊေခြးႀကီးေတြက ေရာက္လာတာ ဆန္းသဗ်။ ၿပီးေတာ့ နီနီ ရဲရဲလွ်ာႀကီးေတြ ခြၽန္တက္ေနတဲ့အစြယ္ႀကီးေတြနဲ႔ ပါးစပ္ႀကီးကို ၿဗဲထားလိုက္တာ ျမင္႐ုံနဲ႔ ငုတ္တုတ္ေမ့သြားႏိုင္တယ္။
အိမ္အေပၚထပ္မွာ က်ဳပ္ တစ္ေယာက္တည္း ဘာလုပ္ရမွန္းမသိေတာ့ဘူး။
ေၾကာက္တာလည္းေၾကာက္လွၿပီ။ ေလွကားကေခြးႀကီးေတြ႕တက္လာမွာကိုလည္း စိုးရိမ္ရေသးတယ္။ ေအာက္လည္း မဆင္းရဲ။ ေတာ္ၾကာ မိုးလင္းရင္ အိမ္ရွင္ေတြ ပြဲၾကည့္ရာကျပန္လာၾကေတာ့မွာစဥ္းစားစမ္း- ရေအာင္စဥ္းစားစမ္း၊ ေ႐ြးကိုက္ခံၿပီး ေသမလား၊အမယ္ေလး- စဥ္းေတာင္မစဥ္းစားရဲဘူး။ဒါဆိုဘာလုပ္မလဲ၊က်ဳပ္ရဲရဲဝံ့ဝံ့ ဆုံးျဖတ္လိုက္တယ္။ အဖမ္းခံမယ္၊ ေခြးကိုက္လို႔ ေသသြားရင္ က်ပ္ ခ်စ္တဲ့ မိထားရွိ နဲ႔ ျပန္ေတြ႕ရမွာပဲေလ။ အဲဒီလို အဖမ္းခံမယ္လို႔ ဆုံးျဖတ္ၿပီးတာနဲ႔ က်ဳပ္ ဝင္မၾကည့္ရ ေသးတဲ့အခန္းထဲကိုလက္ႏွိပ္ဓာတ္မီးေလးထိုးၾကည့္လိုက္ေတာ့ေစာင္းျခင္ေထာင္၊ ေခါင္းအုံးေတြနဲ႔ အသင့္ျပင္ထားတဲ့ ခုတင္တစ္လုံးကို ေတြ႕လိုက္ရတယ္။ ငုတ္တုတ္ ထိုင္ၿပီး အဖမ္းခံမယ့္အစားအိပ္ေရးဝေအာင္အိပ္ၿပီးမွအဖမ္းခံမယ္ဆိုၿပီး ခုတင္ေပၚ တက္အိပ္လိုက္တယ္။
ပုဆိုးစလြယ္သိုင္းထဲမွာထည့္ထားတဲ့ေ႐ႊဖလားႀကီးႏွစ္လုံးနဲ႔
ရတနာပစၥည္းေတြကိုပိုင္ဆိုင္ခြင့္မရႏိုင္ေတာ့ဘူးဆိုတာအေသအခ်ာသိေနေပမယ့္ ေလာဘစိတ္ေၾကာင့္ ျမင္သာျမင္၊ မၾကင္ရာ မျဖစ္ေလေအာင္ ရင္ခြင္ထဲ ပိုက္ထား လိုက္မိတယ္။
အခုေတာ့ က်ဳပ္ဘဝက ေခြးေလးေကာင္ကိုက္သတ္မွာ ေၾကာက္တာနဲ႔ အဖမ္း ခံရမယ့္ဘဝေရာက္သြားၿပီမဟုတ္လားဗ်ာ၊ ဒါေတာင္ သေဘာေကာင္းတဲ့အိမ္ရွင္နဲ႔ ေတြ႕မွအ႐ိုက္အႏွက္မခံရမွာ၊ေခြးႀကီးေတြကလည္းႏြားေပါက္ေလးေလာက္ရွိတယ္။ က်ဳပ္ျဖင့္ ေခြးေတြကိုၾကည့္ရင္း ၾကည့္ရင္းနဲ႔ ေက်ာထဲမွာ စိမ့္ၿပီးေၾကာက္လာတယ္။ က်ဳပ္အျဖစ္၊ ေအာင္ရအျဖစ္ကို မိထားရွိသာျမင္ရလို႔ကေတာ့ ငိုမွာ အေသအခ်ာ ပါပဲဗ်ာ။ၿပီးေတာ့ ဒီသူခိုးအလုပ္ကို မလုပ္ေတာ့ဖို႔အတင္းတားမွာဗ်။က်ဳပ္ကိုယ္တိုင္ လည္းအခုလို ဒုကၡနဲ႔ေတြ႕လာေတာ့ ငတက္ျပားအလုပ္ကို စိတ္ကုန္သြားတယ္။ ေမွာင္ေမွာင္မည္းမည္း အလင္းေရာင္မရွိတဲ့ အခန္းထဲမွာ ေတာင္ေတြးေျမာက္ေတြး နဲ႔ ဘယ္အခ်ိန္မွာ အိပ္ေပ်ာ္သြားမွန္းေတာင္ မသိလိုက္ပါဘူးဗ်ာ၊ ဆူဆူညံညံနဲ႔ ငွက္ ေအာ္သံေတြေၾကာင့္ က်ဳပ္ လန႔္ႏိုးသြားတယ္။ မ်က္လုံးႏွစ္လုံးကို ဖြင့္ၾကည့္လိုက္
ေတာ့ေတာ္ေတာ့္ကိုအံ့ဩသြားမိတယ္။အဖမ္းလည္းမခံရဘူး။ၿပီးေတာ့ညကက်ဳပ္ ဝင္ခိုးခဲ့တဲ့ အိမ္ႀကီးထဲမွာ မဟုတ္ေတာ့ဘူး။ ပတ္ဝန္းက်င္ကို လွည့္ၾကည့္လိုက္မိ ေတာ့မွပိုေၾကာက္သြားပါေတာ့တယ္။ ေျမပုံမို႔မို႔ေတြၿပိဳက်ပ်က္စီးေနတဲ့အုတ္ဂူေတြ၊
ဟိုတစ္ေခ်ာင္းသည္တစ္ေခ်ာင္းလူ႔အ႐ိုးေတြနဲ႔ဝိုင္းပတ္ထားတဲ့ဇရပ္ပ်က္ႀကီးတစ္ခု ထဲ ေရာက္ေနပါေလေရာဗ်ိဳ႕၊ ႏွစ္ထပ္အိမ္ႀကီးေရာ၊ ညက က်ဳပ္အိမ္ခဲ့တဲ့ ေစာင္၊ ျခင္ ေထာင္၊ ေခါင္းအုံးအျပည့္အစုံနဲ႔ ခုတင္ႀကီးေရာေပ်ာက္ေနၿပီ။ က်ဳပ္က ဖုန္တေသာ ေသာနဲ႔ ဇရပ္ၾကမ္းျပင္ေပၚမွာ ပုဆိုးစလြယ္သိုင္းနဲ႔ အိပ္ေပ်ာ္ေနခဲ့တာပါလားဗ်ာ၊ အုတ္ဂူအပ်က္ေတြ ပတ္လည္ဝိုင္းေနတဲ့ ဇရပ္ပ်က္ႀကီးေပၚမွာ ညက က်ဳပ္တစ္ ေယာက္တည္း အိပ္ေနခဲ့တာေပါ့၊ အစြယ္ေဖြးေဖြးနဲ႔ ေခြးႀကီးေတြကိုလည္း မေတြ႕ရ ေတာ့ဘူး။ ဘယ္လိုျဖစ္တာလဲ၊ တေစၦေျခာက္တာလာ။ ညက ေတြ႕ခဲ့တဲ့ မီးေရာင္ တထိန္ထိန္နဲ႔ အိမ္ႀကီ၊အိမ္ေကာင္းေတြလည္း ေပ်ာက္မလွ ေပ်ာက္သြားေနတယ္။ က်ပ္ဝင္ခိုးတဲ့႐ြာဟာေအာင္ခ်မ္းသာ႐ြာမွဟုတ္ရဲ႕လား။ သည္ေတာ့မွ စဥ္းစားမိသြား တယ္၊ ညက ေမွာင္နဲ႔မည္းမည္းမွာ မ်က္စိလည္လမ္းမွာ၊ၿပီး ေအာင္ခ်မ္းသာ႐ြာကို မေရာက္ဘဲက်တ္ေတြေနတဲ့က်တ္႐ြာထဲေရာက္သြားတာျဖစ္မယ္လို႔ေပါ့ဗ်ာ။ သည္ ေတာ့မွက်ဳပ္ခိုးလာတဲ့ေ႐ႊဖလားႏွစ္လုံးရွိမွရွိေသးရဲ႕လားဆိုၿပီး စလြယ္သိုင္းထားတဲ့ ပုဆိုးေပၚကေန စမ္းၾကည့္လိုက္ေတာ့ ေ႐ႊဖလားႏွစ္လုံးကို စမ္းမိတယ္ဗ်။ စိတ္ထဲမွာ သကၤာမကင္းျဖစ္လာတာနဲ႔ စလြယ္သိုင္းထားတဲ့ပုဆိုးကိုျဖဳတ္လိုက္ၿပီးခိုးယူလာတဲ့ ေ႐ႊဖလားႏွစ္လုံးကို ထုတ္ၾကည့္လိုက္တာေပါ့ဗ်ာ။
“ေအာင္မယ္ေလးဗ်ာ”
လို႔ေအာ္ၿပီးက်ဳပ္လက္ထဲမွာရွိေနတဲ့ ေ႐ႊဖလားႏွစ္လုံ၊ မဟုတ္ေတာ့တဲ့မီးေသြး ခဲေတြနဲ႔ ျပည့္ေနတဲ့ လူ႔အ႐ိုးေခါင္းႏွစ္လုံ ၊ ျဖစ္ေနတယ္ပ်ိဳ႕၊ ဒီေတာ့ က်ဳပ္ အဲဒီအ႐ိုး ေခါင္းႏွစ္လုံးကို လႊင့္ပစ္ၿပီးဇရပ္ပ်က္ေပၚက ဒေရာေသာပါး ဆင္းေျပးမိေတာ့တာပါ
ပဲ။တစ္ညလုံးသခ်ႋဳင္းအလယ္ကဇရပ္ပ်က္ေပၚမွာအ႐ိုးေခါင္းႏွစ္ခုကိုရင္ခြင္ထဲထည့္ ၿပီ၊ အိပ္ခဲ့တာပါလာ၊လို႔ ေတြးမိၿပီး ေၾကာက္လိုက္တာဗ်ာ။ ေနာက္ေၾကာင္းကို ျပန္ မၾကည့္ဘဲေျပးလိုက္တာ သခ်ႋဳင္းအျပင္ဘက္ေရာက္တဲ့အထိပဲ၊ သခ်ႋဳင္းအျပင္ဘက္ ေရာက္ေတာ့ခ်ဳံတစ္မ်ိဳထဲမွာညကက်ပ္ဝွက္ထားတဲ့စက္ဘီးကိုျပန္ေတြ႕လိုက္ရတယ္။
စက္ဘီးကိုျပန္ယူၿပီးကတၱရာလမ္းေပၚေရာက္တဲ့တြန္းလာခဲ့ရတယ္။အိမ္ျပန္ေရာက္
ေတာ့က်ဳပ္ေတြ႕ခဲ့ ႀကဳံခဲ့တာေတြကို မိထားရွိကိုျပန္ေျပာျပလိုက္တယ္။
ေတာ္ေသးတာေပါ့ေတာ္၊ ခ်ိဳးစားတဲ့ သရဲေတြ၊ သဘက္ေတြနဲ႔ မေတြ႕ဘဲ က်တ္ ေတြနဲ႔ပဲေတြ႕လာလို႔ေပါ့။အဲဒါက်တ္ေတြကသူခိုးအလုပ္မလုပ္ဖို႔သတိေပးလိုက္တာ
ဇန္မွာ၊
လို႔ က်ဳပ္ကို ေျပာပါတယ္၊ ေအာင္ခ်မ္းသာ႐ြာကို ခိုးဖို႔သြားတာ ေအာင္ခ်မ္းသာ ႐ြာကိုမေရာက္ဘဲက်တ္ေတြေနတဲ့က်တ္ကုန္းကိုေရာက္သြားၿပီးအ႐ိုးေခါင္းႏွစ္လုံး
ကိုေ႐ႊဖလားႏွစ္လုံးထင္ၿပီး
ခိုးခဲ့မိတဲ့က်ဳပ္ဟာအဲဒီေန႔အဲဒီအခ်ိန္ကစၿပီးသူခိုးအလုပ္
ကို စြန႔္လႊတ္လိုက္တယ္။ ၿပီးေတာ့ ပခုကၠဴၿမိဳ႕သို႔ ေျပာင္းၿပီး၊ ေဘာက္အလုပ္သမား ဘဝကေန ပြဲစားႀကီးဦးေအာင္ရျဖစ္ေအာင္ ႀကိဳးစားခဲ့ရတယ္ဗ်ာ၊
အဲ- ပြဲစားႀကီးျဖစ္လာေတာ့လည္းက်ဳပ္ဘဝကိုေျပာင္းလဲေစခဲ့တဲ့က်တ္ေတြကို ကုသိုလ္ေကာင္းမႈလုပ္ၿပီး အမွ်ေဝေနတာ ဒီကေန႔အထိပါပဲဗ်ာ။