“သေကံမပါသူ”(စ/ဆုံး)

Unicode Version

“သေကံမပါသူ”(စ/ဆုံး)
—————————-
ကျွန်တော်၏ လက်ဝါးပြင်
လက္ခဏာမှာဘယ်လမ်းကြောင်းတွေ
ဘယ်လိုပဲရှုပ်ရှုပ် .. အသက်လမ်းကြောင်း
ကြီးကတော့ ဘယ်ညာ နှစ်ဖက်လုံးမှာ
အပြတ်အတောက် ကင်းကင်းနှင့် ထင်း
ထင်းကြီးတွေ ဖြစ်နေသည်။ ဒါကြောင့်
လေလားမသိ – ငယ်စဉ်က သေလောက်
သည့်အဖြစ်များမှ လွတ်မြောက်ခဲ့ပေါင်း
များလှပြီ။
ပထမဆုံး မှတ်မိတာက စက်ဘီး တိုက်ခံရခြင်း ဖြစ်သည်။ စက်ဘီးတိုက် တာ အသက်နဲ့ အဝေးကြီးပါ ပြော၍မရ။ ဟိုတုန်းက စက်ဘီးဆိုတာ “ရလေး”၊ “ဟမ်းဘား”၊ “ဟာကျူလီ” နာမည်တွေ နှင့်၊ ယခုခေတ်ပေါ်စက်ဘီးတွေလိုပါးပါး လျားလျား ပေါ့ပေါ့ကလေးတွေ မဟုတ်။
တစ်ခါဝယ်ထားတစ်သက်လုံးစီးရသည့်
တောင့်တောင့်ခိုင်ခိုင်ကြီးတွေဖြစ်ကြသည်။ ထိုစက်ဘီးမျိုးနှင့်
အတိုက်ခံရသည့်ကျွန်တော်ကအဲဒီအချိန်မှာ (၃)
နှစ်သားလေးဖြစ်၍ သတ္တဝါနှင့်လက်နက် မမျှသဖြင့် အဆင်မသင့်လျှင် သေဖို့နီးစပ်သော်လည်းလူကြီးတွေအပြောအရနာရီဝက်လောက်မေးမရ၊ ခေါ်မရဖြစ်နေပြီးမှ ပွန်းရုံ ပဲ့ရုံဖြင့် ထိုတောင်ကိုကျော်ခဲ့သည်။
ကျွန်တော်ငယ်ငယ်က အလွန်ဆော့၊ အလွန်ကမြင်းသည်ဟု လူကြီး များက မှတ်တမ်းပြုကြသည်။ . အလယ်တန်းကျောင်းသားလောက်မှာ အဆော့သန်၍အသက်ဘေးအကြိမ်ကြိမ်ကြုံခဲ့ရသည်။ရွယ်တူသူငယ်ချင်း
တွေနှင့် မြို့အရှေ့ဘက်ကန်တော်ကြီးမှာ ရေသွားကူးရာက ရေနစ်သည်။ ဆယ်နိုင်၊ ကယ်နိုင်သူတွေအနီးမှာရှိ၍ ရေမွန်းပြီး သတိလစ်နေတာကို ဆယ်တင်ပြုစုကြ၍ အသက်ချမ်းသာရာ ရသည်။ တခြားသူတွေ ရေနစ်ပြီး မသေလျှင် … ဘယ်လိုနေသည်မသိ။ ကျွန်တော်ကတော့ သုံးလေးရက် လောက်နားတွေထဲက လေတွေ တဟူးဟူးထွက်နေသလို ခံစားခဲ့ရသည်။
သူငယ်ချင်းတွေနှင့် ဘောလုံးကန်ကြတော့ ကျွန်တော်က ဂိုးစောင့် လုပ်သည်။ ဂိုးသွင်းခံရတော့ ဒိုင်ပင်ပစ်ဖမ်းရာမှာ ဂိုးတိုင်နှင့် ခေါင်းဆောင့်မိ ၍မျက်ခုံးကွဲပြီးဆေးရုံရောက်သည်။ (ထိုစဉ်ကကျွန်တော်တို့မြို့ကစားကွင်း
မှာဘောလုံးဂိုးတိုင်ကယခုခေတ်လိုသံပိုက်လုံးတိုင်မဟုတ်၊လေးပတ်လည်
သစ်သားတိုင်ကြီးတွေဖြစ်၍တိုင်စောင်းနှင့် ဆောင့်မိခြင်းဖြစ်သည်။) သူငယ်ချင်းတစ်ယောက်၏အိမ်က မြင်းလှည်းထောင်ထားသည်။ သူ တို့အိမ်လိုက်သွားပြီးလှည်းဆွဲခြင်းကိုကျောပေါ်တက်စီးတော့ မြင်းက ခါချ ၍လိမ့်ကျပြီး လက်ကျိုးဖူးသည်။ ဒါလည်းဆေးရုံပြေးရတာပါပဲ။ လူပျိုပေါက်ကလေးဖြစ်စမှာ ရွယ်တူ သူငယ်ချင်းတွေနှင့် ကြက်သား အပျော်ချက်စားရင်း ဟင်းထဲမှာ “ဆေးခြောက်” ထည့်စားမိရာက ဆေးစွဲ သွားပြီး “စား”ရာက “ရှူ”သည့်အဆင့် တက်လှမ်းသည့် အကြောင်းသိသူ တွေက ကျွန်တော်တို့ကို ဂန်ဂျာသမားတွေခေါ်သည့် တစ်ရက်မှာ ဆေး ခြောက် အရှူလွန်သွား၍ တစ်ရက်နှင့်တစ်ည တစ်ယောက်တည်း သတိ

လစ်မေ့မျောနေခဲ့ဖူးသည်။ဒါကိုတော့မိသားစုနှင့်နီးစပ်သူသူငယ်ချင်းတချို့
သိကြပါသည်။
ကျွန်တော်၏ “မြီးကောင်ပေါက်”အရွယ်ကို မြေလတ်ပိုင်းဒေသ မြို့တစ် မြို့မှာ ကြီးပြင်းရတာဖြစ်တော့ ထိုမြို့က မြွေဆိုး အလွန်ပေါသည်။ ထိုအချိန် ကမြွေဆိပ်ဆေးဆိုတာလည်း မပေါ်သေး၍ မြွေဆိုးကိုက်ခံရလျှင် အသက် ဆုံးကြတာ များသည်။ ကုပြန်တော့လည်း ဆေးရုံဆေးခန်းသွားကြတာ နည်း၍“မြွေဆရာ”ဆိုသူများနှင့် ကုတာများသည်။ ထိုအခြေအနေမှာ တစ် ရက်တော့ ကျွန်တော့်ကို မြွေကိုက်ပါတော့သည်။ ခြေမျက်စိအရှေ့ တစ် လက်ခန့်အကွာကို အကိုက်ခံရတာဖြစ်၍ ပျားတုပ်လိုက်သလို စူးခနဲနေ သည်။ ချက်ချင်း အိမ်ကို ပြန်ခဲ့၍ (အကိုက်ခံရတာက သူငယ်ချင်းတွေနှင့် ညစာ အပျော်တမ်း ကြက်သားချက်စားဖို့ ချိန်းရာကို အသွားမှာ ဖြစ်သည်။) အိမ်ကိုရောက်တော့ အကိုက်ခံရသည့်နေရာက ယောင်ကိုင်းနေသည်။
ချက်ချင်း“မြွေဆရာ” သွားပင့်ကြပြီးဆရာရောက်လာတော့ပထမဆုံး “အဆိပ်ခိုးတွေ ပွင့်အောင်”ဟုဆိုကာ နဖူးအလယ် ဆံပင်အစပ်နေရာကို သူ့မှာ ပါသည့် စုတ် (ကြေးဝါနှင့် လုပ်ထားသည့်စူးချွန်) ဖြင့် တစ်ချက်ပေါက် ၍ ထိုးလိုက်တော့ အောက်က မြွေကိုက်လို့ နာရသည့်အထဲမှာ မြွေဆရာ လက်ချက်နှင့် နဖူး တော်တော်အီစလန်ဝေသွားပါသည်။
ပြီးတော့မှမြွေဆရာကမြွေစွယ်ရာကိုစစ်ဆေးကြည့်ရှုပြီးထိုဒဏ်ရာကို ကျွဲချိုအဖြူ ဖြတ်ပိုင်းနှင့် တေ့၍ သူ့ပါးစပ်ဖြင့် စုပ်သည်။ (သွေးစုပ်သည်ဟု ခေါ်ပါသည်။) ဒဏ်ရာကသွေးတွေ ကျွဲချို ထည့်လိုက်လာတော့ စုပ်ယူ သည့်အပေါက်ကို ပျားဖယောင်းဖြင့် ပိတ်ထားလိုက်သည်။ တော်တော် လေးအကြာ ကျွဲချိုက ကွာကျသွားသည်။ ဆရာက ယူ၍ သူ့မှာပါသည့် ကြေးဖလားကလေးထဲသွန်ထည့်သည့်သွေးနီနီထဲမှာသွေးမည်းမည်းညစ် ညစ်တွေ တွေ့ရသည်။ “ဒါ-မြွေဆိပ်တွေပေါ့” ဟု ဆရာက ဆိုသည်။ “မင်း ကိုယ်ခန္ဓာထဲကို အဆိပ်သိပ်မဝင်ဘူး။ တချို့ဆို ကျွဲချိုတစ်ခေါင်းလုံး အဆိပ်

တွေချည်းပဲ။ အဲဒီလိုဖြစ်ရင် နှစ်ခါပြန် သုံးခါပြန် စုပ်ရတယ်”တဲ့ ဆိုကောင်း မည်ကောင်းပင်။ ဒီလိုသွေးတွေ စုပ်လိုက်တော့ နာကျင်ကိုက်ခဲနေတာတွေ သိသိသာသာ သက်သာသွားသည်။ ဆရာက ဒဏ်ရာပတ်ဝန်းကျင်မှာ ဆေးများလိမ်းကျံပေးပြီး“ကိစ္စမရှိတော့ဘူး- ရပါပြီ” ဆိုကာပြန်သွားတော့ သည်။ ကျွန်တော့်မှာ မြွေကိုက်ခံရသည်ဆိုသော်လည်း တချို့မြွေဆိုး ကိုက် ခံရသူတွေလိုမျက်လုံးတွေ ပြာလာတာတို့၊ လျှာတွေ လေးလာတာတို့၊ တစ် ကိုယ်လုံးဖောယောင်လာတာတို့ မရှိလိုက်ပါ။ အကိုက်ခံရသည့်နေရာ တစ်ဝိုက်မှာယောင်ကိုင်း၍ နှစ်ရက်လောက် နာနေတာပဲ ရှိသည်။ ပြန်၍ စဉ်းစားတော့ ကျွန်တော့်ကိုကိုက်တာ အဆိပ်ပြင်းသောမြွေဆိုး မဟုတ်လောက်ဘူးထင်သည်။ ဘာပဲပြောပြော ထိုစဉ်ကတော့ “တောက်ထိန်”ကို မြွေကိုက်တာ . ဆရာအပြဦးပေလို့ဟေ့ဟု ဟော်လေတကျိုး .. ဟိုးလေ တကျော် ဖြစ်ခဲ့ပါသည်။
နောက်တစ်ကြိမ် ဖြစ်ရတာကတော့ လျှပ်စစ်ဓာတ် အလိုက်ခံရတာ ဖြစ်သည်။ထိုမြို့မှာပါပဲ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်၏မိဘများစတိုး ဆိုင်ဖွင့်၍ ဆိုင်မှာပဲ မိသားစုနေသည့် ထိုအိမ်ဆိုင်မှာ သွားလည်ရင်း လျှပ်စစ် ပစ္စည်းရောင်းသည့်ကောင်တာမှာ မီးလုံးစမ်းဖို့ထားသည့်မီးခေါင်းကိုလက် နှင့် နှိုက်စမ်းမိသည်။ နှိုက်မိတာကတော့ ဘာရယ်မဟုတ်၊ မီးခေါင်းထဲမှာ ကြေးငုတ်ကလေး (၂)ခု ရှိသည်။ စပရင်နှင့် တွန်ထား၍ ငုတ်ကလေးတွေ ကလက်နှင့် နှိပ်ကြည့်လျှင် ရုန်းကြွတွန်းကန်သောအတွေ့ကိုကျွန်တော်က သဘောကျသည်။ ထို့ကြောင့် မိမိရရ လက်မကို မီးခေါင်းထဲ သွင်း၍ ဖိနှိပ် ကြည့်ခြင်းဖြစ်ရာ လျှပ်စစ်မီး ဖွင့်ထားလေတော့ “အား ..”ဟု အော်လိုက် သော ကျွန်တော့်အသံက ငယ်သံပါသွားခဲ့ပြီး လက်ကို ခါထုတ်လိုက်၍ မီးခေါင်းက လက်နှင့် လွတ်သွားသဖြင့် သေဘေးမှ လွတ်သည်။ ခဏ ကလေး လျှပ်စစ်ဓာတ်လိုက်သည့်ဒဏ်က ထိုလက်တစ်ထက်လုံး လက်ဖျား မှလက်မောင်းရင်းအထိမမြှောက်နိုင်၊ မချနိုင် အောင့်နာနေတာကိုတစ်ပတ် လောက်ခံလိုက်ရသည်။
ထိုအရွယ်မှာ ကျွန်တော်က ဆော့လွန်း၍ မိခင်က မနိုင်သဖြင့် ကျွန်တော့် ကို တောင်ပေါ်တောထဲက ဖခင်ဖြစ်သူ ကြီးကြပ်သည့် လမ်းလုပ်ငန်းစခန်း မှာ သွားနေစေသည်။ မြို့ပေါ်မှာ ဆော့ရတာ ရိုးနေ၍ ကျွန်တော်ကလည်း သဘောကျသည်။ တောစခန်းရောက်တော့ ဖခင်က အလုပ်များ၍ ကျွန် တော့်ကို အလွန်အမင်း မကြီးကြပ်နိုင်တာကို အခွင့်ကောင်းယူပြီး အလုပ် စခန်းမှ အလုပ်သမားများနှင့် အဖွဲ့ကျကာ သူတို့ ပုတတ်ထောင်၊ ဖွတ်လိုက်၊ ငါးအိုင်ပက်ရာတွေမှာ အမြဲတမ်းပါရုံမက တောထဲသို့ လာတတ်သည့် ဝါး ခုတ်သူများ လျှော်ခွာသူများ၊ ပျားဖွပ်သူများ၊ ရစ်ထောင်သူများ အားလုံးကို ကျွန်တော်က နှုတ်ဆက်မိတ်ဖွဲ့၍ သူတို့အလုပ်ခွင်ကို လိုက်ပါစပ်စုပါသည်။

ဝါးခုတ်လျှော်ခွာသူတွေကနေ့ခင်းလုပ်တာမို့အတန်အသင့်အန္တရာယ်ကင်း
သော်လည်း ပျားဖွပ်သူတွေက ညမှာ အလုပ်လုပ်သူများ ဖြစ်သည်။ ကျွန် တော်က မြွေ မကြောက်၊ ကင်း မကြောက် သူတို့ ညဘက် ပျားဖွပ်တာကို လိုက်ပါ စပ်စုခဲ့ဖူးသည်။ ကံအားလျော်စွာ ဘာအန္တရာယ်မှတော့ မတွေ့ခဲ့ပါ။
လမ်းလုပ်ငန်းအလုပ်သမားများ၏ ကျောက်စု ကျောက်ပုံနေရာမှာ တစ်ခါတော့ “တောကြောင်ဟေ့-တောကြောင်ကွ”ဆိုပြီး အလုပ်သမား တွေကကျောက်ပုံတစ်ပုံကို ဝိုင်းထားခဲ့သည်။ ကျွန်တော်လည်းအနားမှာရှိ နေ၍ လေသေနတ်နှင့် ကားရားကားရား ရှေ့ပိုင်းက ပါသည်။ တောကြောင် ကကျောက်ပုံလိုဏ်ခေါင်းထဲမှာ ညက ဝင်အိပ်နေခြင်းဖြစ်ရာ အလုပ်သမား တွေ ဝိုင်းထားတော့ ပြေးပေါက်မရှိဘဲ တောကောင်ထုံးစံ ခံတိုက်ဖို့ ဟန်ပြင် ဆဲ၊ လက်သွက်သောအလုပ်သမားတစ်ယောက်ကဝါးဆစ်ပိုင်းနှင့်ပစ်လိုက် တော့ ချက်ကောင်း နှာခေါင်းထိပြီး ပုံကျသွားစဉ် တစ်ယောက်တစ်လက် ဝိုင်းရိုက်ကြ၍အကောင်သေသည်။ တောကြောင်သေကအိမ်ခွေးအရွယ်ရှိ ၍ စခန်းကို ပြန်ယူသွားတော့မှ စခန်းအလုပ်သမား မုဆိုး “ဦးထော်ကြီး”က “မင်းတို့ဥစ္စာ တောကြောင် မဟုတ်ဘူး။ ကျားသစ်ကွ-နည်းနည်းငယ်သေး လို့ အကွက်မထင်ရှားသေးတာ။ ဒီမှာကြည့်-ရေးတေးတေးထင်နေတာ
ကျားသစ်ကွက်တွေ”ဆိုမှအားလုံး“ဖျား”သွားကြပါသည်။ဒီထဲမှာ“အဖျား”
ဆုံးကကျွန်တော်ဖြစ်သည်။ လက်ထံမှာသေနတ်နဲ့ဆိုတော့(လေသေနတ် နံပါတ်ဝမ်းကလေးပါ။) အလုပ်သမားတွေက မြှောက်ပေး၍ ရှေ့ဆုံးမှာ ကျွန် တော်က သေနတ် တယမ်းယမ်းနှင့်နေခဲ့ရာ နှာယောင်ကိုသာ ဝါးဆစ်ပိုင်း မမှန်ခဲ့၍ ပြေးထွက်ကုတ်ဖဲ့မည်ဆိုပါက ကျားသစ်သည် ကျွန်တော့်ကို အရင် ဆုံး ကုတ်တော့မည်ဖြစ်ကြောင်းပြန်တွေး၍ကြက်သီးထပါသည်။ ကျားသစ် မှန်း သေချာတာကတော့ ထိုကျားသစ်အသားကို ခုတ်ပိုင်းချက်ပြုတ်စား သောက်ကြပြီး အကျန်ကို ကျွေးတော့ စခန်းစောင့်ခွေးကြီး“ငကုပ်”က နမ်း

ကြည့်ပြီး မစားပါ။ ကြောင်သား အလွန်ကြိုက်သော “ငကုပ်”က ကျားသစ် သား မစားတာကို မေးကြည့်တော့ ကျားသား၊ ကျားသစ်သား ခွေးမစား ကြောင်းဝါရင့်မုဆိုး“ဦးဇော်ကြီး”ကပြောပါသည်။
အဲဒီအလုပ်စခန်းမှာ ကျွန်တော်က စက်ယန္တယားမောင်းသူများနှင့် လည်း ခင်မင်၍ အဖွဲ့ကျနေပါသည်။ သူတို့ ယန္တရားကြီးများတာဝန်က လမ်း ဖောက်ရာမှာ မြေညှိ၊ တောင်ဖြိုရန်နှင့် လမ်းမလွတ်သော သစ်ပင်ကြီးများ ကို စက်အင်အား အသုံးပြု၍ ထိုးလှန်ဖယ်ရှားရန် ဖြစ်ပါသည်။ သူတို့ လှဲရ သည့် သစ်ပင်များမှာ တစ်ခါတစ်ရံ ကြက်တူရွေး သစ်ခေါင်းများ ရှိတတ်၍ ကြက်တူရွေးပေါက်ကလေးများ (ငယ်သေး၍ ပြန်မပြေးနိုင်ခြင်းကြောင့်)ရ လေ့ရှိသည်။ သစ်ပင်လဲတိုင်း သေချာပေါက် ရသည်ကတော့ ထိုသစ်ပင် မြင့်ကြီးတွေမှာ တွယ်ကပ်နေသည့် သစ်ခွပန်းအုံများဖြစ်၍ သဘာဝ အတိုင်းမို့ သန်သန်မာမာ အဖူးတွေ၊ အပွင့်တွေနှင့်ဖြစ်လေရာ ဒါတွေကို ခွာ ယူပြီး မြို့ပေါ် ပြန်ယူသွားလျှင် “သူ့ပေးပါ၊ ငါ့ပေးပါ”နှင့် အလွန်မျက်နှာပွင့် သည်။ တစ်ခါတစ်ရံလည်း သစ်ခေါင်းပျားရည် ရတတ်ပါသေးသည်။
သစ်ပင်လဲလျှင် … ဒါတွေရတတ်၍ ယန္တရားအဖွဲ့ သစ်ပင်လှဲမည်ဆို လျှင် ကျွန်တော် အမြဲပါသည်။ တစ်ကြိမ်မှာတော့ လှဲရမည့် သစ်ပင်တွေက ကညင်ပင်ကြီးတွေဖြစ်၍ တစ်နေရာတည်း သုံးပင်ဆိုင်၍ ပေါက်နေသည်။ ယန္တရားနှင့် သစ်ပင်လှဲရာမှာ တစ်ပင်ချင်းဆိုပါက ပြဿနာ သိပ်မရှိပါ။ လဲကျစေလိုသည့်ဘက် အမြစ်ရင်းမြေသားကို စက်နှင့် ထိုးဖယ်လိုက်ပြီး ထိုနေရာနှင့် ဆန့်ကျင်ဘက်နေ၍ စက်ရှေ့ဂေါ်ပြားကြီး ပင့်မြှောက်သစ်ပင် ကို ထောက်ပြီး တွန်းလိုက်လျှင် ကိစ္စပြီးသည်။ ယခု သစ်ပင်သုံးပင်ဖို ခနောက် ဆိုင်ပေါက်နေတော့ ယန္တရားသမားတွေက တွေးတွေးဆဆ ချင့် ချင့်ချိန်ချိန် အလုပ်လုပ်နေကြသည်။ ကျွန်တော်ကတော့ ထိုအပင်တွေထဲ က တစ်ပင်မှာ ကြက်တူရွေးသစ်ခေါင်းကို လှမ်းမြင်နေရပြီး အမိအဖ ကြက် တူရွေးနှစ်ကောင်ပျာယာခတ်နေတာတွေ့ရတော့ကြက်တူရွေးပေါက်ရှိနေ တာ သေချာပြီမို့ ဒီအပင်လဲတာနှင့် ဦးအောင် အုပ်မိဖို့ ပြင်ဆင်ရသည်။

(တစ်ခါတစ်ရံ ကြက်တူရွေး သစ်ခေါင်းပါသော အပင် လဲကျပြီးမှ ကိုယ်က မဦးမီ ကြက်တူရွေးပေါက်က ရုန်းကန်ခုန်ထွက်၍ တောထဲ ဝင်ပြေးတာ ကျွန်းရွက်ခြောက်တွေအောက်မှာ ပျောက်သွားတာ ကြုံဖူးနေသည်။)စက် သမားတွေကတော့သူတို့အလုပ်နှင့် သူတို့ရှုပ်နေ၍ကျွန်တော့်ကိုဂရုမစိုက်နိုင်ကြပါ။
သည်အချိန်မှာ မမျှော်လင့်ထားဘဲ ကညင်ပင်ကြီးတွေက ယိုင်လဲကျ လာသည်။ ဖြစ်ရပုံက ထိုသုံးပင်မှ တစ်ပင်ကို စက်နှင့် ထိုးထား၍ မြေပါးနေ သည်။ စက်သမားတွေက ကျန်အပင်များဘက် အာရုံစိုက်နေစဉ် ပထမ အပင်က အလိုလိုလဲကျလာ၍ သူ့အမြစ်က ကျန်အပင်တွေကို ကော်ထုတ် သလိုဖြစ်ပြီးအပင်သုံးပင်လုံး-တောင်တစ်ပင်မြောက်တစ်ပင်ဆိုသလို ပတ်ချာလည်၍ လဲကျလာခြင်းဖြစ်ရာ ကြက်တူရွေးသစ်ခေါင်းကို မဲနေ သည့်ကျွန်တော်ကထိုအပင်လဲကျရာဘက်ကိုလှမ်းအဝင် ကျန်တစ်ပင်က ကျွန်တော့်ဘက်တည့်တည့် လဲကျလာခြင်းဖြစ်၍ စက်သမားတွေ၏အော် သံ၊ အလုပ်သမားတွေ၏အော်သံက ဆူညံသွားခဲ့ပါသည်။ ကျွန်တော်က ဘာမျှမတတ်နိုင်။ တောင့်တောင့်ကြီး ရပ်နေခဲ့ရာ သစ်ပင်က ကျွန်တော့်ကို သီသီကလေးလွဲ၍ “အုန်း”ခနဲ လဲကျသွားတော့သည်။ (ထိုအချိန်က ကျွန် တော် သစ်ပင်အရင်းပိုင်း ရောက်နေ၍ ကိုင်းဖျားအရိုက်ခံရခြင်းမှလည်း လွတ်ကင်းသည်။ သစ်ပင်ကြီးများက ကြီးမားလှ၍ ကိုင်းဖျား အရိုက်ခံရရုံ နှင့်လည်းသေနိုင်သည်။)
အားလုံး ပြေးလာကြ၍ ကျွန်တော် ကံကောင်းပုံကို လက်ဖျားခါကြ သည်။ တချို့က သစ်ပင်ကြီး ကျွန်တော့်အပေါ် တည့်တည့်လဲကျလာတာ ဖြစ်၍ ဒီတစ်ခါတော့ “ဖွတ်-တောက်ထိန်”(ကျွန်တော့်ကို သူတို့ပေးထား သောနာမည်)ကိစ္စချောပြီဟုထင်ကြောင်း၊ သစ်ပင်ကြီးက ကျွန်တော့်အပေါ် ကျလုဆဲဆဲမှာ ဘေးကို လွဲသွားတာဖြစ်၍ အလွန်ထူးဆန်းကြောင်း တအံ့ တဩပိုပိုသာသာပြောကြပါသည်။

ဒါက အားလုံးရှေ့မှာဖြစ်၍ အလုပ်သမားတွေ အကုန်သိသော ကျွန် တော်၏သေကံမရောက်မှုဖြစ်ရာ ယခုဖော်ပြမည့်အမှုကြီးကတော့ ဘယ်သူ
ကျွန်တော်တစ်ယောက်မကြာ
မှ မမြင်မသိလိုက်သော်လည်း ကာယကံရှင် ခဏအိပ်မက်ဆိုးမက်နေရသောဇာတ်လမ်းဖြစ်ပါသည်။
ပြောခဲ့သည့်အတိုင်း ကျွန်တော်က“တောစခန်း”လိုက်နေ၍ အဖေက တစ်ယောက်တည်း မသွားမလာရန် စည်းကမ်းသတ်မှတ်ပေးထားသော် လည်း (ကျွန်တော့်အတွက် ပေးထားသည့် အလုပ်သမားအဖော်ကလေး မအားလပ်သည့်အခါ) တစ်ကိုယ်တည်းလျှောက်သွားတတ်ပါသည်။ သည် တော သည်တောင်မှာ တစ်လကျော်နေခဲ့ပြီး၍ သားရဲကောင်ကြီးများနှင့် မတွေ့ဘူးတာကို“မရှိပါဘူး”ဟုကိုယ့်ဟာကိုယ် ဆုံးဖြတ်ကာ လေသေနတ် လွယ်၊ ဓားတစ်ချောင်း ခါးထိုး၍သွားတတ်ပါသည်။ လေသေနတ်က ငှက် နှင့် ဖွတ် ပစ်ဖို့ဖြစ်၍ ဓားကတော့ တစ်ခါတစ်ရံ တွေ့ရတတ်သည့် လဲကျနေ သော သစ်ပင်မှ သစ်ခွပန်းအုံများ ထိုးခွာရန်၊ ဆူးပုပ်ရွက်ခူးဖို့ လက်လှမ်းမီ သည့်အခါ အပင်ရင်းမှ ဓားဖြင့် ပိုင်း၍ ဆွဲချရန် မြေကြီးထဲမြုပ်နေသည့် သစ် ဥ သစ်ဖုများ တူးရန်နှင့် လိုရာသုံးရန် ဆောင်သွားခြင်းဖြစ်ရာ ကျွန်တော့်မှာ ဓား၊ သေနတ် အစုံအလင်နှင့် တကယ့်တောလိုက်မုဆိုးကြီးအသွင် ဆောင် နေပါသည်။
တစ်နေ့မှာ ထိုပုံစံဖြင့် တောထဲကို တစ်ကိုယ်တည်းထွက်ခဲ့ရာ အလုပ် စခန်းမှ တော်တော်ဝေးလှမ်းသောနေရာသို့ ရောက်သွားပါသည်။ အလုပ် စခန်းနှင့် မကွာလှမ်းလျှင် အလုပ်ခွင်မှ လူသံ၊ စက်သံများ ကြားရပြီး ယနေ့ ဘာသံမျှ မကြားရ၍ တော်တော်လှမ်းလာပြီဟု ပြောရခြင်း ဖြစ်ပါသည်။ တစ်နေရာရောက်တော့ ပိတောက်ပင်ကြီးတစ်ပင်ကို သစ်တောဌာနမှ ခုတ် လှဲယူသွားပြီး၍ ကျန်ခဲ့သော သစ်ငုတ်ကြီး၏ ဘေးတက်က ထွာဆိုင် သာသာ ကျန်နေခဲ့ပြီး ထိုးဘေးတက်ပင်ထိပ်ဖျားမှာ ပိတောက်ပန်းတွေ ထိန်နေအောင် ပွင့်နေကြသည်။ ထိုအချိန်က တပေါင်းတန်ခူး နွေရာသီ ကျောင်းပိတ်ရက်မို့တောထဲကပိတောက်ပင်ကြီးတွေအားလုံးပွင့်ဖူးနေကြ

ရာ တောပိတောက်ပင်ကြီးတွေ ထိပ်ဖျားမှာ ပွင့်နေကြသည့် ပိတောက်ပွင့် များကိုတော့ မြင့်မားလှ၍ ကျွန်တော်တို့ တက်မခူးနိုင်ပါ။ ယခု သစ်ပင်ကြီး ဘေးတက်မှ ရှင်သန်နေသော ပိတောက်ပင်ပွားမှာတော့ ပိတောက်ပန်း တွေ ရှိနေတာကို ကျွန်တော်က လိုချင်မိပြီး (သူကလည်း တော်တော်မြင့် မြင့်မှာ ပွင့်တာဖြစ်၍ တက်မခူးနိုင်ပါ။) ထွာဆိုင်သာသာရှိသော ပိတောက် ပင်ကို အောက်ခြေမှ ခုတ်လှဲပြီး ပိတောက်ပွင့် ခူးဖို့ ကြံပါသည်။ ထို့ကြောင့် မူလပိတောက်ပင်ကြီး ခုတ်လှဲသွား၍ ကျန်သည့် သစ်ငုတ် (ကျွန်တော့်ခါး လောက် မြင့်သည်) အပေါ်တက်၍ ပိတောက်ကိုင်းတက်ကို ကျွန်တော့်မှာပါ သည့် ဓားဖြင့် တပင်တပန်း ခုတ်ဖြတ်ပါတော့သည်။ မူလ ပိတောက်ပင် ကြီးကိုစက်လွှနှင့် ပိုင်းယူသွားတာဖြစ်၍ကျန်ခဲ့သော သစ်ငုတ်က စားပွဲဝိုင်း မျက်နှာပြင်လို ညီညာနေသဖြင့် ကျွန်တော်ရပ်ပြီး သစ်ပင်ခုတ်ရတာ တော် တော်အဆင်ပြေသည်။ တောထဲမှာ အနေကြာ၍ ကျွန်တော်က သစ်ပင် ခုတ်နည်း သိပါသည်။ သစ်ပင်ကြီးတွေ ခုတ်ရာမှ ဓားရာကို တည့်တည့် မခုတ်ရဘဲ အထက်မှ အောက်သို့ စွေစောင်းခုတ်ရသည်။ သိလွယ်အောင် ပြောရလျှင် ခဲတံတစ်ချောင်း ချွန်သည့်ပုံမျိုး ပတ်ဝိုင်း၍ ခုတ်ရသည်။ ဓားက သေးသေး (တောင်ဆုပ်ခန့်)၊ အားကသေးသေးဖြစ်သော်လည်း သစ်ပင် အစိုသားကို ခုတ်ရတာ လွယ်ကူသည်။ (ထိုအပင်ခြောက်သွားပြီဆိုလျှင် ဓားမတိုးတော့ပါ။)
အမှန်တော့ကျွန်တော်ပင်ပန်းတကြီးလုပ်နေတာကဘာမျှအကျိုးထူး ရနိုင်တာ မဟုတ်ပါ။ သစ်ပင်လှဲလျှင် ပိတောက်ပန်းတွေ တပွေ့တပိုက်ခူး၍ စခန်းပြန်သွားပြီး စခန်း အလုပ်သမားများ၏ ဇနီး၊ သမီး၊ တူမ၊ ညီမ စသည် တို့ကိုလက်ဆောင်ပေးမည် (အလုပ်စခန်းကို မိသားစုအလိုက်လာကြတာ ဖြစ်၍တောထဲမှာမိန်းမတွေလည်းရှိသည်။) သူတို့ကကျေးဇူးတင်၍လက် ဆောင်ပြန်ပေးသော ဟင်း၊ ထမင်း၊ မုန့်၊ သွားရည်စာ စသည်တို့ကိုစားမည်။ ဒီလောက်ပဲ ရည်ရွယ်ပါသည်။ မြို့ပေါ်မှာလို ပိတောက်ပန်းကို ဈေးကောင်း ကောင်းနှင့် ရောင်းစားလို့တော့ မရပါ။ အလုပ်မရှိ၊ အလုပ်ရှာပြီး လက်က မြင်းတာသက်သက် ဖြစ်ပါသည်။

သစ်ပင်ခုတ်ရတာကတော မပင်ပန်းလှပါ။ မကြာလိုက်မီ သစ်ပင်က
ပြတ်လုဆဲဆဲဖြစ်ခဲ့ပြီး ပတ်ပတ်လည်ကို ရွှေ့ ပြီး ခုတ်လာခဲ့၍ ခန့်မှန်းခြေ တစ်လက်မ ပိုက်လုံး အရွယ်ခန့်အကျန်မှာ မမျှော်လင့်တာ ဖြစ်သွားခဲ့ သည်။ တောထဲမှာ သစ်ပင်ဆိုတာက တစ်ပင်တည်း ထီးထီးမရှိပါ။ အပင် တွေ စုပြုံပေါက်၍ အောက်ပင်စည်က တစ်ပင်စီနေသော်လည်း အပေါ်ပိုင်း မှာက တစ်ပင်နှင့် တစ်ပင် ကိုင်းချင်း ယှက်နေကြသည်။ ကျွန်တော်လှဲနေ သောပိတောက်ပင်ကလည်း ကိုင်းတက်ဆိုပေမယ့် (တောထဲမှာ နေရောင် ကိုလု၍)အပေါ်ကို ထိုးတက်သွားပြီး အနီးအနားကအပင်တွေနှင့် အပေါ်မှာ ကိုင်းချင်းယှက်နေကြပါသည်။
ဘာပဲပြောပြော၊ အရင်းကို ပိုင်းလိုက်လျှင်တော့ ရှုပ်ထွေးယှက်လိမ် နေသည့်ကြားက သူ့ဟာသူ လဲကျလာမည်ဟု ကျွန်တော်က ထင်သည်။ ယခုထင်သလိုမဖြစ်ဘဲစောစောကပြောသည့်သစ်ပင်သားလက်နှစ်လုံးခန့် အကျန်မှာ ကျွန်တော့်ပိတောက်ပင်ကို ဘေးနှစ်ဖက် သစ်ပင်တွေနှင့် ယှက် နေသည့် ကိုင်းတွေက လေအဝှေ့မှာ (ကလေးတစ်ယောက်ကို ချိုင်း နှစ် ဖက်က ဆွဲမြှောက်လိုက်သလို ပြတ်လုဆဲဆဲက ထောင်းခနဲ ပြတ်ထွက်၍ တစ်ထွာကျော်ကျော် မြောက်ပါသွားပြီး သူ့အလေးချိန်ကြောင့် ကျွန်တော် ခုတ်ချွန်ထားသော အချွန်ကြီးနှင့် “ဒုတ်”ခနဲပြန်ကျလာသည်။
သူ ပြန်ကျတာက သစ်ငုတ်ပိုင်းပေါ် ကျွန်တော် ရပ်နေသော ခြေ ထောက်တစ်ဖက်အနီးသို့ ကျလာတာဖြစ်၍ ခြေထောက်နှင့် နီးကပ်လိုက်ပုံ မှာကျွန်တော့်တောစီးဖိနပ်ကိုဘေးတစ်ခြမ်းပွင့်သွားပြီးခြေတောက်အရေ ပြား ပွန်းပဲ့စုတ်ပြတ်သွားပါသည်။ အတွင်းဘက်ကို နောက်ထပ် လက်တစ် လုံးလောက်ရောက်လျှင် ကျွန်တော် ခြေဖမိုးကို စိုက်နေတော့မည်။ ထိုဒဏ် ရာက ချက်ချင်းမသေဘဲ သွေးထွက်လွန်းပြီးမှ သေရမည် (သို့မဟုတ်) စခန်းမှာ ကျန်သူများ ကျွန်တော့်ကို တွေ့အောင် မရှာနိုင်လျှင် အစာငတ် ရေငတ်ဝေဒနာ ခံစားပြီးမှ သေရမည်။
သည်နေရာကနေ၍ အလုပ်စခန်းမှသိအောင်ကြားအောင် ကျွန်တော် အော်နိုင်မည် မဟုတ်ပါ။ ယခုပင် ဖိနပ်ဘေးသားကိုဖောက်ပြီး အောက်သို့

စူးဝင်နေသော သစ်ပင်ကို ကျွန်တော် မ,မနိုင်၊ မဖယ်နိုင်၍ ထိုဖိနပ်ကိုချွတ် ပြီး သစ်ငုတ်ပေါ်က အမြန်ဆင်းရပါသည်။ နောက်တစ်ကြိမ် သစ်ကိုင်းကြီး မြောက်သွားပြီး ကျွန်တော့်အပေါ် မကျဘူး မပြောနိုင်ပါ။ (သစ်ပင်ကို ခုတ် လှဲ၍ လဲမကျဘဲ ထိုကဲ့သို့ သစ်ကိုင်းများနှင့် တွဲလောင်းဆွဲနေသောသစ်ကို “ချူကောင်ဆွဲ”သစ်ဟု ခေါ်သည်။ အိမ်ဆောက်လျှင် အလွန်ခိုက်တတ် သည်ဟု လက်သမားဆရာများ အယူရှိပါသည်။) ကျွန်တော် ဆတ်ဆတ် တုန်အောင် ကြောက်လန့်ဇောချွေးပြန်ပြီး အလုပ်စခန်းသို့ အမြန်ပြန်ပြေးခဲ့ ရပါတော့သည်။
အထက်ပါ ကိုယ်တွေ့အဖြစ်အပျက်က ကျွန်တော်၏သေကံမရောက် သက်မပျောက်မှုများတွင် ထိတ်လန့်ဖွယ်အကောင်းဆုံးဖြစ်၍ကာလကြာပြီး
ယခုအချိန်အထိတစ်ခါတစ်ရံအိပ်မက်ဆိုးတွေမက်နေရဆဲဖြစ်ပါကြောင်း။
> တောက်ထိန်

Zawgyi Version

“ေသကံမပါသူ”(စ/ဆုံး)
—————————-
ကြၽန္ေတာ္၏ လက္ဝါးျပင္
လကၡဏာမွာဘယ္လမ္းေၾကာင္းေတြ
ဘယ္လိုပဲရႈပ္ရႈပ္ .. အသက္လမ္းေၾကာင္း
ႀကီးကေတာ့ ဘယ္ညာ ႏွစ္ဖက္လုံးမွာ
အျပတ္အေတာက္ ကင္းကင္းႏွင့္ ထင္း
ထင္းႀကီးေတြ ျဖစ္ေနသည္။ ဒါေၾကာင့္
ေလလားမသိ – ငယ္စဥ္က ေသေလာက္
သည့္အျဖစ္မ်ားမွ လြတ္ေျမာက္ခဲ့ေပါင္း
မ်ားလွၿပီ။
ပထမဆုံး မွတ္မိတာက စက္ဘီး တိုက္ခံရျခင္း ျဖစ္သည္။ စက္ဘီးတိုက္ တာ အသက္နဲ႔ အေဝးႀကီးပါ ေျပာ၍မရ။ ဟိုတုန္းက စက္ဘီးဆိုတာ “ရေလး”၊ “ဟမ္းဘား”၊ “ဟာက်ဴလီ” နာမည္ေတြ ႏွင့္၊ ယခုေခတ္ေပၚစက္ဘီးေတြလိုပါးပါး လ်ားလ်ား ေပါ့ေပါ့ကေလးေတြ မဟုတ္။
တစ္ခါဝယ္ထားတစ္သက္လုံးစီးရသည့္
ေတာင့္ေတာင့္ခိုင္ခိုင္ႀကီးေတြျဖစ္ၾကသည္။ ထိုစက္ဘီးမ်ိဳးႏွင့္
အတိုက္ခံရသည့္ကြၽန္ေတာ္ကအဲဒီအခ်ိန္မွာ (၃)
ႏွစ္သားေလးျဖစ္၍ သတၱဝါႏွင့္လက္နက္ မမွ်သျဖင့္ အဆင္မသင့္လွ်င္ ေသဖို႔နီးစပ္ေသာ္လည္းလူႀကီးေတြအေျပာအရနာရီဝက္ေလာက္ေမးမရ၊ ေခၚမရျဖစ္ေနၿပီးမွ ပြန္း႐ုံ ပဲ့႐ုံျဖင့္ ထိုေတာင္ကိုေက်ာ္ခဲ့သည္။
ကြၽန္ေတာ္ငယ္ငယ္က အလြန္ေဆာ့၊ အလြန္ကျမင္းသည္ဟု လူႀကီး မ်ားက မွတ္တမ္းျပဳၾကသည္။ . အလယ္တန္းေက်ာင္းသားေလာက္မွာ အေဆာ့သန္၍အသက္ေဘးအႀကိမ္ႀကိမ္ႀကဳံခဲ့ရသည္။႐ြယ္တူသူငယ္ခ်င္း
ေတြႏွင့္ ၿမိဳ႕အေရွ႕ဘက္ကန္ေတာ္ႀကီးမွာ ေရသြားကူးရာက ေရနစ္သည္။ ဆယ္ႏိုင္၊ ကယ္ႏိုင္သူေတြအနီးမွာရွိ၍ ေရမြန္းၿပီး သတိလစ္ေနတာကို ဆယ္တင္ျပဳစုၾက၍ အသက္ခ်မ္းသာရာ ရသည္။ တျခားသူေတြ ေရနစ္ၿပီး မေသလွ်င္ … ဘယ္လိုေနသည္မသိ။ ကြၽန္ေတာ္ကေတာ့ သုံးေလးရက္ ေလာက္နားေတြထဲက ေလေတြ တဟူးဟူးထြက္ေနသလို ခံစားခဲ့ရသည္။
သူငယ္ခ်င္းေတြႏွင့္ ေဘာလုံးကန္ၾကေတာ့ ကြၽန္ေတာ္က ဂိုးေစာင့္ လုပ္သည္။ ဂိုးသြင္းခံရေတာ့ ဒိုင္ပင္ပစ္ဖမ္းရာမွာ ဂိုးတိုင္ႏွင့္ ေခါင္းေဆာင့္မိ ၍မ်က္ခုံးကြဲၿပီးေဆး႐ုံေရာက္သည္။ (ထိုစဥ္ကကြၽန္ေတာ္တို႔ၿမိဳ႕ကစားကြင္း
မွာေဘာလုံးဂိုးတိုင္ကယခုေခတ္လိုသံပိုက္လုံးတိုင္မဟုတ္၊ေလးပတ္လည္
သစ္သားတိုင္ႀကီးေတြျဖစ္၍တိုင္ေစာင္းႏွင့္ ေဆာင့္မိျခင္းျဖစ္သည္။) သူငယ္ခ်င္းတစ္ေယာက္၏အိမ္က ျမင္းလွည္းေထာင္ထားသည္။ သူ တို႔အိမ္လိုက္သြားၿပီးလွည္းဆြဲျခင္းကိုေက်ာေပၚတက္စီးေတာ့ ျမင္းက ခါခ် ၍လိမ့္က်ၿပီး လက္က်ိဳးဖူးသည္။ ဒါလည္းေဆး႐ုံေျပးရတာပါပဲ။ လူပ်ိဳေပါက္ကေလးျဖစ္စမွာ ႐ြယ္တူ သူငယ္ခ်င္းေတြႏွင့္ ၾကက္သား အေပ်ာ္ခ်က္စားရင္း ဟင္းထဲမွာ “ေဆးေျခာက္” ထည့္စားမိရာက ေဆးစြဲ သြားၿပီး “စား”ရာက “ရႉ”သည့္အဆင့္ တက္လွမ္းသည့္ အေၾကာင္းသိသူ ေတြက ကြၽန္ေတာ္တို႔ကို ဂန္ဂ်ာသမားေတြေခၚသည့္ တစ္ရက္မွာ ေဆး ေျခာက္ အရႉလြန္သြား၍ တစ္ရက္ႏွင့္တစ္ည တစ္ေယာက္တည္း သတိ

လစ္ေမ့ေမ်ာေနခဲ့ဖူးသည္။ဒါကိုေတာ့မိသားစုႏွင့္နီးစပ္သူသူငယ္ခ်င္းတခ်ိဳ႕
သိၾကပါသည္။
ကြၽန္ေတာ္၏ “ၿမီးေကာင္ေပါက္”အ႐ြယ္ကို ေျမလတ္ပိုင္းေဒသ ၿမိဳ႕တစ္ ၿမိဳ႕မွာ ႀကီးျပင္းရတာျဖစ္ေတာ့ ထိုၿမိဳ႕က ေႁမြဆိုး အလြန္ေပါသည္။ ထိုအခ်ိန္ ကေႁမြဆိပ္ေဆးဆိုတာလည္း မေပၚေသး၍ ေႁမြဆိုးကိုက္ခံရလွ်င္ အသက္ ဆုံးၾကတာ မ်ားသည္။ ကုျပန္ေတာ့လည္း ေဆး႐ုံေဆးခန္းသြားၾကတာ နည္း၍“ေႁမြဆရာ”ဆိုသူမ်ားႏွင့္ ကုတာမ်ားသည္။ ထိုအေျခအေနမွာ တစ္ ရက္ေတာ့ ကြၽန္ေတာ့္ကို ေႁမြကိုက္ပါေတာ့သည္။ ေျခမ်က္စိအေရွ႕ တစ္ လက္ခန႔္အကြာကို အကိုက္ခံရတာျဖစ္၍ ပ်ားတုပ္လိုက္သလို စူးခနဲေန သည္။ ခ်က္ခ်င္း အိမ္ကို ျပန္ခဲ့၍ (အကိုက္ခံရတာက သူငယ္ခ်င္းေတြႏွင့္ ညစာ အေပ်ာ္တမ္း ၾကက္သားခ်က္စားဖို႔ ခ်ိန္းရာကို အသြားမွာ ျဖစ္သည္။) အိမ္ကိုေရာက္ေတာ့ အကိုက္ခံရသည့္ေနရာက ေယာင္ကိုင္းေနသည္။
ခ်က္ခ်င္း“ေႁမြဆရာ” သြားပင့္ၾကၿပီးဆရာေရာက္လာေတာ့ပထမဆုံး “အဆိပ္ခိုးေတြ ပြင့္ေအာင္”ဟုဆိုကာ နဖူးအလယ္ ဆံပင္အစပ္ေနရာကို သူ႔မွာ ပါသည့္ စုတ္ (ေၾကးဝါႏွင့္ လုပ္ထားသည့္စူးခြၽန္) ျဖင့္ တစ္ခ်က္ေပါက္ ၍ ထိုးလိုက္ေတာ့ ေအာက္က ေႁမြကိုက္လို႔ နာရသည့္အထဲမွာ ေႁမြဆရာ လက္ခ်က္ႏွင့္ နဖူး ေတာ္ေတာ္အီစလန္ေဝသြားပါသည္။
ၿပီးေတာ့မွေႁမြဆရာကေႁမြစြယ္ရာကိုစစ္ေဆးၾကည့္ရႈၿပီးထိုဒဏ္ရာကို ကြၽဲခ်ိဳအျဖဴ ျဖတ္ပိုင္းႏွင့္ ေတ့၍ သူ႔ပါးစပ္ျဖင့္ စုပ္သည္။ (ေသြးစုပ္သည္ဟု ေခၚပါသည္။) ဒဏ္ရာကေသြးေတြ ကြၽဲခ်ိဳ ထည့္လိုက္လာေတာ့ စုပ္ယူ သည့္အေပါက္ကို ပ်ားဖေယာင္းျဖင့္ ပိတ္ထားလိုက္သည္။ ေတာ္ေတာ္ ေလးအၾကာ ကြၽဲခ်ိဳက ကြာက်သြားသည္။ ဆရာက ယူ၍ သူ႔မွာပါသည့္ ေၾကးဖလားကေလးထဲသြန္ထည့္သည့္ေသြးနီနီထဲမွာေသြးမည္းမည္းညစ္ ညစ္ေတြ ေတြ႕ရသည္။ “ဒါ-ေႁမြဆိပ္ေတြေပါ့” ဟု ဆရာက ဆိုသည္။ “မင္း ကိုယ္ခႏၶာထဲကို အဆိပ္သိပ္မဝင္ဘူး။ တခ်ိဳ႕ဆို ကြၽဲခ်ိဳတစ္ေခါင္းလုံး အဆိပ္

ေတြခ်ည္းပဲ။ အဲဒီလိုျဖစ္ရင္ ႏွစ္ခါျပန္ သုံးခါျပန္ စုပ္ရတယ္”တဲ့ ဆိုေကာင္း မည္ေကာင္းပင္။ ဒီလိုေသြးေတြ စုပ္လိုက္ေတာ့ နာက်င္ကိုက္ခဲေနတာေတြ သိသိသာသာ သက္သာသြားသည္။ ဆရာက ဒဏ္ရာပတ္ဝန္းက်င္မွာ ေဆးမ်ားလိမ္းက်ံေပးၿပီး“ကိစၥမရွိေတာ့ဘူး- ရပါၿပီ” ဆိုကာျပန္သြားေတာ့ သည္။ ကြၽန္ေတာ့္မွာ ေႁမြကိုက္ခံရသည္ဆိုေသာ္လည္း တခ်ိဳ႕ေႁမြဆိုး ကိုက္ ခံရသူေတြလိုမ်က္လုံးေတြ ျပာလာတာတို႔၊ လွ်ာေတြ ေလးလာတာတို႔၊ တစ္ ကိုယ္လုံးေဖာေယာင္လာတာတို႔ မရွိလိုက္ပါ။ အကိုက္ခံရသည့္ေနရာ တစ္ဝိုက္မွာေယာင္ကိုင္း၍ ႏွစ္ရက္ေလာက္ နာေနတာပဲ ရွိသည္။ ျပန္၍ စဥ္းစားေတာ့ ကြၽန္ေတာ့္ကိုကိုက္တာ အဆိပ္ျပင္းေသာေႁမြဆိုး မဟုတ္ေလာက္ဘူးထင္သည္။ ဘာပဲေျပာေျပာ ထိုစဥ္ကေတာ့ “ေတာက္ထိန္”ကို ေႁမြကိုက္တာ . ဆရာအျပဦးေပလို႔ေဟ့ဟု ေဟာ္ေလတက်ိဳး .. ဟိုးေလ တေက်ာ္ ျဖစ္ခဲ့ပါသည္။
ေနာက္တစ္ႀကိမ္ ျဖစ္ရတာကေတာ့ လွ်ပ္စစ္ဓာတ္ အလိုက္ခံရတာ ျဖစ္သည္။ထိုၿမိဳ႕မွာပါပဲ။ ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္၏မိဘမ်ားစတိုး ဆိုင္ဖြင့္၍ ဆိုင္မွာပဲ မိသားစုေနသည့္ ထိုအိမ္ဆိုင္မွာ သြားလည္ရင္း လွ်ပ္စစ္ ပစၥည္းေရာင္းသည့္ေကာင္တာမွာ မီးလုံးစမ္းဖို႔ထားသည့္မီးေခါင္းကိုလက္ ႏွင့္ ႏႈိက္စမ္းမိသည္။ ႏႈိက္မိတာကေတာ့ ဘာရယ္မဟုတ္၊ မီးေခါင္းထဲမွာ ေၾကးငုတ္ကေလး (၂)ခု ရွိသည္။ စပရင္ႏွင့္ တြန္ထား၍ ငုတ္ကေလးေတြ ကလက္ႏွင့္ ႏွိပ္ၾကည့္လွ်င္ ႐ုန္းႂကြတြန္းကန္ေသာအေတြ႕ကိုကြၽန္ေတာ္က သေဘာက်သည္။ ထို႔ေၾကာင့္ မိမိရရ လက္မကို မီးေခါင္းထဲ သြင္း၍ ဖိႏွိပ္ ၾကည့္ျခင္းျဖစ္ရာ လွ်ပ္စစ္မီး ဖြင့္ထားေလေတာ့ “အား ..”ဟု ေအာ္လိုက္ ေသာ ကြၽန္ေတာ့္အသံက ငယ္သံပါသြားခဲ့ၿပီး လက္ကို ခါထုတ္လိုက္၍ မီးေခါင္းက လက္ႏွင့္ လြတ္သြားသျဖင့္ ေသေဘးမွ လြတ္သည္။ ခဏ ကေလး လွ်ပ္စစ္ဓာတ္လိုက္သည့္ဒဏ္က ထိုလက္တစ္ထက္လုံး လက္ဖ်ား မွလက္ေမာင္းရင္းအထိမေျမႇာက္ႏိုင္၊ မခ်ႏိုင္ ေအာင့္နာေနတာကိုတစ္ပတ္ ေလာက္ခံလိုက္ရသည္။
ထိုအ႐ြယ္မွာ ကြၽန္ေတာ္က ေဆာ့လြန္း၍ မိခင္က မႏိုင္သျဖင့္ ကြၽန္ေတာ့္ ကို ေတာင္ေပၚေတာထဲက ဖခင္ျဖစ္သူ ႀကီးၾကပ္သည့္ လမ္းလုပ္ငန္းစခန္း မွာ သြားေနေစသည္။ ၿမိဳ႕ေပၚမွာ ေဆာ့ရတာ ႐ိုးေန၍ ကြၽန္ေတာ္ကလည္း သေဘာက်သည္။ ေတာစခန္းေရာက္ေတာ့ ဖခင္က အလုပ္မ်ား၍ ကြၽန္ ေတာ့္ကို အလြန္အမင္း မႀကီးၾကပ္ႏိုင္တာကို အခြင့္ေကာင္းယူၿပီး အလုပ္ စခန္းမွ အလုပ္သမားမ်ားႏွင့္ အဖြဲ႕က်ကာ သူတို႔ ပုတတ္ေထာင္၊ ဖြတ္လိုက္၊ ငါးအိုင္ပက္ရာေတြမွာ အၿမဲတမ္းပါ႐ုံမက ေတာထဲသို႔ လာတတ္သည့္ ဝါး ခုတ္သူမ်ား ေလွ်ာ္ခြာသူမ်ား၊ ပ်ားဖြပ္သူမ်ား၊ ရစ္ေထာင္သူမ်ား အားလုံးကို ကြၽန္ေတာ္က ႏႈတ္ဆက္မိတ္ဖြဲ႕၍ သူတို႔အလုပ္ခြင္ကို လိုက္ပါစပ္စုပါသည္။

ဝါးခုတ္ေလွ်ာ္ခြာသူေတြကေန႔ခင္းလုပ္တာမို႔အတန္အသင့္အႏၲရာယ္ကင္း
ေသာ္လည္း ပ်ားဖြပ္သူေတြက ညမွာ အလုပ္လုပ္သူမ်ား ျဖစ္သည္။ ကြၽန္ ေတာ္က ေႁမြ မေၾကာက္၊ ကင္း မေၾကာက္ သူတို႔ ညဘက္ ပ်ားဖြပ္တာကို လိုက္ပါ စပ္စုခဲ့ဖူးသည္။ ကံအားေလ်ာ္စြာ ဘာအႏၲရာယ္မွေတာ့ မေတြ႕ခဲ့ပါ။
လမ္းလုပ္ငန္းအလုပ္သမားမ်ား၏ ေက်ာက္စု ေက်ာက္ပုံေနရာမွာ တစ္ခါေတာ့ “ေတာေၾကာင္ေဟ့-ေတာေၾကာင္ကြ”ဆိုၿပီး အလုပ္သမား ေတြကေက်ာက္ပုံတစ္ပုံကို ဝိုင္းထားခဲ့သည္။ ကြၽန္ေတာ္လည္းအနားမွာရွိ ေန၍ ေလေသနတ္ႏွင့္ ကားရားကားရား ေရွ႕ပိုင္းက ပါသည္။ ေတာေၾကာင္ ကေက်ာက္ပုံလိုဏ္ေခါင္းထဲမွာ ညက ဝင္အိပ္ေနျခင္းျဖစ္ရာ အလုပ္သမား ေတြ ဝိုင္းထားေတာ့ ေျပးေပါက္မရွိဘဲ ေတာေကာင္ထုံးစံ ခံတိုက္ဖို႔ ဟန္ျပင္ ဆဲ၊ လက္သြက္ေသာအလုပ္သမားတစ္ေယာက္ကဝါးဆစ္ပိုင္းႏွင့္ပစ္လိုက္ ေတာ့ ခ်က္ေကာင္း ႏွာေခါင္းထိၿပီး ပုံက်သြားစဥ္ တစ္ေယာက္တစ္လက္ ဝိုင္း႐ိုက္ၾက၍အေကာင္ေသသည္။ ေတာေၾကာင္ေသကအိမ္ေခြးအ႐ြယ္ရွိ ၍ စခန္းကို ျပန္ယူသြားေတာ့မွ စခန္းအလုပ္သမား မုဆိုး “ဦးေထာ္ႀကီး”က “မင္းတို႔ဥစၥာ ေတာေၾကာင္ မဟုတ္ဘူး။ က်ားသစ္ကြ-နည္းနည္းငယ္ေသး လို႔ အကြက္မထင္ရွားေသးတာ။ ဒီမွာၾကည့္-ေရးေတးေတးထင္ေနတာ
က်ားသစ္ကြက္ေတြ”ဆိုမွအားလုံး“ဖ်ား”သြားၾကပါသည္။ဒီထဲမွာ“အဖ်ား”
ဆုံးကကြၽန္ေတာ္ျဖစ္သည္။ လက္ထံမွာေသနတ္နဲ႔ဆိုေတာ့(ေလေသနတ္ နံပါတ္ဝမ္းကေလးပါ။) အလုပ္သမားေတြက ေျမႇာက္ေပး၍ ေရွ႕ဆုံးမွာ ကြၽန္ ေတာ္က ေသနတ္ တယမ္းယမ္းႏွင့္ေနခဲ့ရာ ႏွာေယာင္ကိုသာ ဝါးဆစ္ပိုင္း မမွန္ခဲ့၍ ေျပးထြက္ကုတ္ဖဲ့မည္ဆိုပါက က်ားသစ္သည္ ကြၽန္ေတာ့္ကို အရင္ ဆုံး ကုတ္ေတာ့မည္ျဖစ္ေၾကာင္းျပန္ေတြး၍ၾကက္သီးထပါသည္။ က်ားသစ္ မွန္း ေသခ်ာတာကေတာ့ ထိုက်ားသစ္အသားကို ခုတ္ပိုင္းခ်က္ျပဳတ္စား ေသာက္ၾကၿပီး အက်န္ကို ေကြၽးေတာ့ စခန္းေစာင့္ေခြးႀကီး“ငကုပ္”က နမ္း

ၾကည့္ၿပီး မစားပါ။ ေၾကာင္သား အလြန္ႀကိဳက္ေသာ “ငကုပ္”က က်ားသစ္ သား မစားတာကို ေမးၾကည့္ေတာ့ က်ားသား၊ က်ားသစ္သား ေခြးမစား ေၾကာင္းဝါရင့္မုဆိုး“ဦးေဇာ္ႀကီး”ကေျပာပါသည္။
အဲဒီအလုပ္စခန္းမွာ ကြၽန္ေတာ္က စက္ယႏၲယားေမာင္းသူမ်ားႏွင့္ လည္း ခင္မင္၍ အဖြဲ႕က်ေနပါသည္။ သူတို႔ ယႏၲရားႀကီးမ်ားတာဝန္က လမ္း ေဖာက္ရာမွာ ေျမညႇိ၊ ေတာင္ၿဖိဳရန္ႏွင့္ လမ္းမလြတ္ေသာ သစ္ပင္ႀကီးမ်ား ကို စက္အင္အား အသုံးျပဳ၍ ထိုးလွန္ဖယ္ရွားရန္ ျဖစ္ပါသည္။ သူတို႔ လွဲရ သည့္ သစ္ပင္မ်ားမွာ တစ္ခါတစ္ရံ ၾကက္တူေ႐ြး သစ္ေခါင္းမ်ား ရွိတတ္၍ ၾကက္တူေ႐ြးေပါက္ကေလးမ်ား (ငယ္ေသး၍ ျပန္မေျပးႏိုင္ျခင္းေၾကာင့္)ရ ေလ့ရွိသည္။ သစ္ပင္လဲတိုင္း ေသခ်ာေပါက္ ရသည္ကေတာ့ ထိုသစ္ပင္ ျမင့္ႀကီးေတြမွာ တြယ္ကပ္ေနသည့္ သစ္ခြပန္းအုံမ်ားျဖစ္၍ သဘာဝ အတိုင္းမို႔ သန္သန္မာမာ အဖူးေတြ၊ အပြင့္ေတြႏွင့္ျဖစ္ေလရာ ဒါေတြကို ခြာ ယူၿပီး ၿမိဳ႕ေပၚ ျပန္ယူသြားလွ်င္ “သူ႔ေပးပါ၊ ငါ့ေပးပါ”ႏွင့္ အလြန္မ်က္ႏွာပြင့္ သည္။ တစ္ခါတစ္ရံလည္း သစ္ေခါင္းပ်ားရည္ ရတတ္ပါေသးသည္။
သစ္ပင္လဲလွ်င္ … ဒါေတြရတတ္၍ ယႏၲရားအဖြဲ႕ သစ္ပင္လွဲမည္ဆို လွ်င္ ကြၽန္ေတာ္ အၿမဲပါသည္။ တစ္ႀကိမ္မွာေတာ့ လွဲရမည့္ သစ္ပင္ေတြက ကညင္ပင္ႀကီးေတြျဖစ္၍ တစ္ေနရာတည္း သုံးပင္ဆိုင္၍ ေပါက္ေနသည္။ ယႏၲရားႏွင့္ သစ္ပင္လွဲရာမွာ တစ္ပင္ခ်င္းဆိုပါက ျပႆနာ သိပ္မရွိပါ။ လဲက်ေစလိုသည့္ဘက္ အျမစ္ရင္းေျမသားကို စက္ႏွင့္ ထိုးဖယ္လိုက္ၿပီး ထိုေနရာႏွင့္ ဆန႔္က်င္ဘက္ေန၍ စက္ေရွ႕ေဂၚျပားႀကီး ပင့္ေျမႇာက္သစ္ပင္ ကို ေထာက္ၿပီး တြန္းလိုက္လွ်င္ ကိစၥၿပီးသည္။ ယခု သစ္ပင္သုံးပင္ဖို ခေနာက္ ဆိုင္ေပါက္ေနေတာ့ ယႏၲရားသမားေတြက ေတြးေတြးဆဆ ခ်င့္ ခ်င့္ခ်ိန္ခ်ိန္ အလုပ္လုပ္ေနၾကသည္။ ကြၽန္ေတာ္ကေတာ့ ထိုအပင္ေတြထဲ က တစ္ပင္မွာ ၾကက္တူေ႐ြးသစ္ေခါင္းကို လွမ္းျမင္ေနရၿပီး အမိအဖ ၾကက္ တူေ႐ြးႏွစ္ေကာင္ပ်ာယာခတ္ေနတာေတြ႕ရေတာ့ၾကက္တူေ႐ြးေပါက္ရွိေန တာ ေသခ်ာၿပီမို႔ ဒီအပင္လဲတာႏွင့္ ဦးေအာင္ အုပ္မိဖို႔ ျပင္ဆင္ရသည္။

(တစ္ခါတစ္ရံ ၾကက္တူေ႐ြး သစ္ေခါင္းပါေသာ အပင္ လဲက်ၿပီးမွ ကိုယ္က မဦးမီ ၾကက္တူေ႐ြးေပါက္က ႐ုန္းကန္ခုန္ထြက္၍ ေတာထဲ ဝင္ေျပးတာ ကြၽန္း႐ြက္ေျခာက္ေတြေအာက္မွာ ေပ်ာက္သြားတာ ႀကဳံဖူးေနသည္။)စက္ သမားေတြကေတာ့သူတို႔အလုပ္ႏွင့္ သူတို႔ရႈပ္ေန၍ကြၽန္ေတာ့္ကိုဂ႐ုမစိုက္ႏိုင္ၾကပါ။
သည္အခ်ိန္မွာ မေမွ်ာ္လင့္ထားဘဲ ကညင္ပင္ႀကီးေတြက ယိုင္လဲက် လာသည္။ ျဖစ္ရပုံက ထိုသုံးပင္မွ တစ္ပင္ကို စက္ႏွင့္ ထိုးထား၍ ေျမပါးေန သည္။ စက္သမားေတြက က်န္အပင္မ်ားဘက္ အာ႐ုံစိုက္ေနစဥ္ ပထမ အပင္က အလိုလိုလဲက်လာ၍ သူ႔အျမစ္က က်န္အပင္ေတြကို ေကာ္ထုတ္ သလိုျဖစ္ၿပီးအပင္သုံးပင္လုံး-ေတာင္တစ္ပင္ေျမာက္တစ္ပင္ဆိုသလို ပတ္ခ်ာလည္၍ လဲက်လာျခင္းျဖစ္ရာ ၾကက္တူေ႐ြးသစ္ေခါင္းကို မဲေန သည့္ကြၽန္ေတာ္ကထိုအပင္လဲက်ရာဘက္ကိုလွမ္းအဝင္ က်န္တစ္ပင္က ကြၽန္ေတာ့္ဘက္တည့္တည့္ လဲက်လာျခင္းျဖစ္၍ စက္သမားေတြ၏ေအာ္ သံ၊ အလုပ္သမားေတြ၏ေအာ္သံက ဆူညံသြားခဲ့ပါသည္။ ကြၽန္ေတာ္က ဘာမွ်မတတ္ႏိုင္။ ေတာင့္ေတာင့္ႀကီး ရပ္ေနခဲ့ရာ သစ္ပင္က ကြၽန္ေတာ့္ကို သီသီကေလးလြဲ၍ “အုန္း”ခနဲ လဲက်သြားေတာ့သည္။ (ထိုအခ်ိန္က ကြၽန္ ေတာ္ သစ္ပင္အရင္းပိုင္း ေရာက္ေန၍ ကိုင္းဖ်ားအ႐ိုက္ခံရျခင္းမွလည္း လြတ္ကင္းသည္။ သစ္ပင္ႀကီးမ်ားက ႀကီးမားလွ၍ ကိုင္းဖ်ား အ႐ိုက္ခံရ႐ုံ ႏွင့္လည္းေသႏိုင္သည္။)
အားလုံး ေျပးလာၾက၍ ကြၽန္ေတာ္ ကံေကာင္းပုံကို လက္ဖ်ားခါၾက သည္။ တခ်ိဳ႕က သစ္ပင္ႀကီး ကြၽန္ေတာ့္အေပၚ တည့္တည့္လဲက်လာတာ ျဖစ္၍ ဒီတစ္ခါေတာ့ “ဖြတ္-ေတာက္ထိန္”(ကြၽန္ေတာ့္ကို သူတို႔ေပးထား ေသာနာမည္)ကိစၥေခ်ာၿပီဟုထင္ေၾကာင္း၊ သစ္ပင္ႀကီးက ကြၽန္ေတာ့္အေပၚ က်လုဆဲဆဲမွာ ေဘးကို လြဲသြားတာျဖစ္၍ အလြန္ထူးဆန္းေၾကာင္း တအံ့ တဩပိုပိုသာသာေျပာၾကပါသည္။

ဒါက အားလုံးေရွ႕မွာျဖစ္၍ အလုပ္သမားေတြ အကုန္သိေသာ ကြၽန္ ေတာ္၏ေသကံမေရာက္မႈျဖစ္ရာ ယခုေဖာ္ျပမည့္အမႈႀကီးကေတာ့ ဘယ္သူ
ကြၽန္ေတာ္တစ္ေယာက္မၾကာ
မွ မျမင္မသိလိုက္ေသာ္လည္း ကာယကံရွင္ ခဏအိပ္မက္ဆိုးမက္ေနရေသာဇာတ္လမ္းျဖစ္ပါသည္။
ေျပာခဲ့သည့္အတိုင္း ကြၽန္ေတာ္က“ေတာစခန္း”လိုက္ေန၍ အေဖက တစ္ေယာက္တည္း မသြားမလာရန္ စည္းကမ္းသတ္မွတ္ေပးထားေသာ္ လည္း (ကြၽန္ေတာ့္အတြက္ ေပးထားသည့္ အလုပ္သမားအေဖာ္ကေလး မအားလပ္သည့္အခါ) တစ္ကိုယ္တည္းေလွ်ာက္သြားတတ္ပါသည္။ သည္ ေတာ သည္ေတာင္မွာ တစ္လေက်ာ္ေနခဲ့ၿပီး၍ သားရဲေကာင္ႀကီးမ်ားႏွင့္ မေတြ႕ဘူးတာကို“မရွိပါဘူး”ဟုကိုယ့္ဟာကိုယ္ ဆုံးျဖတ္ကာ ေလေသနတ္ လြယ္၊ ဓားတစ္ေခ်ာင္း ခါးထိုး၍သြားတတ္ပါသည္။ ေလေသနတ္က ငွက္ ႏွင့္ ဖြတ္ ပစ္ဖို႔ျဖစ္၍ ဓားကေတာ့ တစ္ခါတစ္ရံ ေတြ႕ရတတ္သည့္ လဲက်ေန ေသာ သစ္ပင္မွ သစ္ခြပန္းအုံမ်ား ထိုးခြာရန္၊ ဆူးပုပ္႐ြက္ခူးဖို႔ လက္လွမ္းမီ သည့္အခါ အပင္ရင္းမွ ဓားျဖင့္ ပိုင္း၍ ဆြဲခ်ရန္ ေျမႀကီးထဲျမဳပ္ေနသည့္ သစ္ ဥ သစ္ဖုမ်ား တူးရန္ႏွင့္ လိုရာသုံးရန္ ေဆာင္သြားျခင္းျဖစ္ရာ ကြၽန္ေတာ့္မွာ ဓား၊ ေသနတ္ အစုံအလင္ႏွင့္ တကယ့္ေတာလိုက္မုဆိုးႀကီးအသြင္ ေဆာင္ ေနပါသည္။
တစ္ေန႔မွာ ထိုပုံစံျဖင့္ ေတာထဲကို တစ္ကိုယ္တည္းထြက္ခဲ့ရာ အလုပ္ စခန္းမွ ေတာ္ေတာ္ေဝးလွမ္းေသာေနရာသို႔ ေရာက္သြားပါသည္။ အလုပ္ စခန္းႏွင့္ မကြာလွမ္းလွ်င္ အလုပ္ခြင္မွ လူသံ၊ စက္သံမ်ား ၾကားရၿပီး ယေန႔ ဘာသံမွ် မၾကားရ၍ ေတာ္ေတာ္လွမ္းလာၿပီဟု ေျပာရျခင္း ျဖစ္ပါသည္။ တစ္ေနရာေရာက္ေတာ့ ပိေတာက္ပင္ႀကီးတစ္ပင္ကို သစ္ေတာဌာနမွ ခုတ္ လွဲယူသြားၿပီး၍ က်န္ခဲ့ေသာ သစ္ငုတ္ႀကီး၏ ေဘးတက္က ထြာဆိုင္ သာသာ က်န္ေနခဲ့ၿပီး ထိုးေဘးတက္ပင္ထိပ္ဖ်ားမွာ ပိေတာက္ပန္းေတြ ထိန္ေနေအာင္ ပြင့္ေနၾကသည္။ ထိုအခ်ိန္က တေပါင္းတန္ခူး ေႏြရာသီ ေက်ာင္းပိတ္ရက္မို႔ေတာထဲကပိေတာက္ပင္ႀကီးေတြအားလုံးပြင့္ဖူးေနၾက

ရာ ေတာပိေတာက္ပင္ႀကီးေတြ ထိပ္ဖ်ားမွာ ပြင့္ေနၾကသည့္ ပိေတာက္ပြင့္ မ်ားကိုေတာ့ ျမင့္မားလွ၍ ကြၽန္ေတာ္တို႔ တက္မခူးႏိုင္ပါ။ ယခု သစ္ပင္ႀကီး ေဘးတက္မွ ရွင္သန္ေနေသာ ပိေတာက္ပင္ပြားမွာေတာ့ ပိေတာက္ပန္း ေတြ ရွိေနတာကို ကြၽန္ေတာ္က လိုခ်င္မိၿပီး (သူကလည္း ေတာ္ေတာ္ျမင့္ ျမင့္မွာ ပြင့္တာျဖစ္၍ တက္မခူးႏိုင္ပါ။) ထြာဆိုင္သာသာရွိေသာ ပိေတာက္ ပင္ကို ေအာက္ေျခမွ ခုတ္လွဲၿပီး ပိေတာက္ပြင့္ ခူးဖို႔ ႀကံပါသည္။ ထို႔ေၾကာင့္ မူလပိေတာက္ပင္ႀကီး ခုတ္လွဲသြား၍ က်န္သည့္ သစ္ငုတ္ (ကြၽန္ေတာ့္ခါး ေလာက္ ျမင့္သည္) အေပၚတက္၍ ပိေတာက္ကိုင္းတက္ကို ကြၽန္ေတာ့္မွာပါ သည့္ ဓားျဖင့္ တပင္တပန္း ခုတ္ျဖတ္ပါေတာ့သည္။ မူလ ပိေတာက္ပင္ ႀကီးကိုစက္လႊႏွင့္ ပိုင္းယူသြားတာျဖစ္၍က်န္ခဲ့ေသာ သစ္ငုတ္က စားပြဲဝိုင္း မ်က္ႏွာျပင္လို ညီညာေနသျဖင့္ ကြၽန္ေတာ္ရပ္ၿပီး သစ္ပင္ခုတ္ရတာ ေတာ္ ေတာ္အဆင္ေျပသည္။ ေတာထဲမွာ အေနၾကာ၍ ကြၽန္ေတာ္က သစ္ပင္ ခုတ္နည္း သိပါသည္။ သစ္ပင္ႀကီးေတြ ခုတ္ရာမွ ဓားရာကို တည့္တည့္ မခုတ္ရဘဲ အထက္မွ ေအာက္သို႔ ေစြေစာင္းခုတ္ရသည္။ သိလြယ္ေအာင္ ေျပာရလွ်င္ ခဲတံတစ္ေခ်ာင္း ခြၽန္သည့္ပုံမ်ိဳး ပတ္ဝိုင္း၍ ခုတ္ရသည္။ ဓားက ေသးေသး (ေတာင္ဆုပ္ခန႔္)၊ အားကေသးေသးျဖစ္ေသာ္လည္း သစ္ပင္ အစိုသားကို ခုတ္ရတာ လြယ္ကူသည္။ (ထိုအပင္ေျခာက္သြားၿပီဆိုလွ်င္ ဓားမတိုးေတာ့ပါ။)
အမွန္ေတာ့ကြၽန္ေတာ္ပင္ပန္းတႀကီးလုပ္ေနတာကဘာမွ်အက်ိဳးထူး ရႏိုင္တာ မဟုတ္ပါ။ သစ္ပင္လွဲလွ်င္ ပိေတာက္ပန္းေတြ တေပြ႕တပိုက္ခူး၍ စခန္းျပန္သြားၿပီး စခန္း အလုပ္သမားမ်ား၏ ဇနီး၊ သမီး၊ တူမ၊ ညီမ စသည္ တို႔ကိုလက္ေဆာင္ေပးမည္ (အလုပ္စခန္းကို မိသားစုအလိုက္လာၾကတာ ျဖစ္၍ေတာထဲမွာမိန္းမေတြလည္းရွိသည္။) သူတို႔ကေက်းဇူးတင္၍လက္ ေဆာင္ျပန္ေပးေသာ ဟင္း၊ ထမင္း၊ မုန႔္၊ သြားရည္စာ စသည္တို႔ကိုစားမည္။ ဒီေလာက္ပဲ ရည္႐ြယ္ပါသည္။ ၿမိဳ႕ေပၚမွာလို ပိေတာက္ပန္းကို ေဈးေကာင္း ေကာင္းႏွင့္ ေရာင္းစားလို႔ေတာ့ မရပါ။ အလုပ္မရွိ၊ အလုပ္ရွာၿပီး လက္က ျမင္းတာသက္သက္ ျဖစ္ပါသည္။

သစ္ပင္ခုတ္ရတာကေတာ မပင္ပန္းလွပါ။ မၾကာလိုက္မီ သစ္ပင္က
ျပတ္လုဆဲဆဲျဖစ္ခဲ့ၿပီး ပတ္ပတ္လည္ကို ေ႐ႊ႕ ၿပီး ခုတ္လာခဲ့၍ ခန႔္မွန္းေျခ တစ္လက္မ ပိုက္လုံး အ႐ြယ္ခန႔္အက်န္မွာ မေမွ်ာ္လင့္တာ ျဖစ္သြားခဲ့ သည္။ ေတာထဲမွာ သစ္ပင္ဆိုတာက တစ္ပင္တည္း ထီးထီးမရွိပါ။ အပင္ ေတြ စုၿပဳံေပါက္၍ ေအာက္ပင္စည္က တစ္ပင္စီေနေသာ္လည္း အေပၚပိုင္း မွာက တစ္ပင္ႏွင့္ တစ္ပင္ ကိုင္းခ်င္း ယွက္ေနၾကသည္။ ကြၽန္ေတာ္လွဲေန ေသာပိေတာက္ပင္ကလည္း ကိုင္းတက္ဆိုေပမယ့္ (ေတာထဲမွာ ေနေရာင္ ကိုလု၍)အေပၚကို ထိုးတက္သြားၿပီး အနီးအနားကအပင္ေတြႏွင့္ အေပၚမွာ ကိုင္းခ်င္းယွက္ေနၾကပါသည္။
ဘာပဲေျပာေျပာ၊ အရင္းကို ပိုင္းလိုက္လွ်င္ေတာ့ ရႈပ္ေထြးယွက္လိမ္ ေနသည့္ၾကားက သူ႔ဟာသူ လဲက်လာမည္ဟု ကြၽန္ေတာ္က ထင္သည္။ ယခုထင္သလိုမျဖစ္ဘဲေစာေစာကေျပာသည့္သစ္ပင္သားလက္ႏွစ္လုံးခန႔္ အက်န္မွာ ကြၽန္ေတာ့္ပိေတာက္ပင္ကို ေဘးႏွစ္ဖက္ သစ္ပင္ေတြႏွင့္ ယွက္ ေနသည့္ ကိုင္းေတြက ေလအေဝွ႔မွာ (ကေလးတစ္ေယာက္ကို ခ်ိဳင္း ႏွစ္ ဖက္က ဆြဲေျမႇာက္လိုက္သလို ျပတ္လုဆဲဆဲက ေထာင္းခနဲ ျပတ္ထြက္၍ တစ္ထြာေက်ာ္ေက်ာ္ ေျမာက္ပါသြားၿပီး သူ႔အေလးခ်ိန္ေၾကာင့္ ကြၽန္ေတာ္ ခုတ္ခြၽန္ထားေသာ အခြၽန္ႀကီးႏွင့္ “ဒုတ္”ခနဲျပန္က်လာသည္။
သူ ျပန္က်တာက သစ္ငုတ္ပိုင္းေပၚ ကြၽန္ေတာ္ ရပ္ေနေသာ ေျခ ေထာက္တစ္ဖက္အနီးသို႔ က်လာတာျဖစ္၍ ေျခေထာက္ႏွင့္ နီးကပ္လိုက္ပုံ မွာကြၽန္ေတာ့္ေတာစီးဖိနပ္ကိုေဘးတစ္ျခမ္းပြင့္သြားၿပီးေျခေတာက္အေရ ျပား ပြန္းပဲ့စုတ္ျပတ္သြားပါသည္။ အတြင္းဘက္ကို ေနာက္ထပ္ လက္တစ္ လုံးေလာက္ေရာက္လွ်င္ ကြၽန္ေတာ္ ေျခဖမိုးကို စိုက္ေနေတာ့မည္။ ထိုဒဏ္ ရာက ခ်က္ခ်င္းမေသဘဲ ေသြးထြက္လြန္းၿပီးမွ ေသရမည္ (သို႔မဟုတ္) စခန္းမွာ က်န္သူမ်ား ကြၽန္ေတာ့္ကို ေတြ႕ေအာင္ မရွာႏိုင္လွ်င္ အစာငတ္ ေရငတ္ေဝဒနာ ခံစားၿပီးမွ ေသရမည္။
သည္ေနရာကေန၍ အလုပ္စခန္းမွသိေအာင္ၾကားေအာင္ ကြၽန္ေတာ္ ေအာ္ႏိုင္မည္ မဟုတ္ပါ။ ယခုပင္ ဖိနပ္ေဘးသားကိုေဖာက္ၿပီး ေအာက္သို႔

စူးဝင္ေနေသာ သစ္ပင္ကို ကြၽန္ေတာ္ မ,မႏိုင္၊ မဖယ္ႏိုင္၍ ထိုဖိနပ္ကိုခြၽတ္ ၿပီး သစ္ငုတ္ေပၚက အျမန္ဆင္းရပါသည္။ ေနာက္တစ္ႀကိမ္ သစ္ကိုင္းႀကီး ေျမာက္သြားၿပီး ကြၽန္ေတာ့္အေပၚ မက်ဘူး မေျပာႏိုင္ပါ။ (သစ္ပင္ကို ခုတ္ လွဲ၍ လဲမက်ဘဲ ထိုကဲ့သို႔ သစ္ကိုင္းမ်ားႏွင့္ တြဲေလာင္းဆြဲေနေသာသစ္ကို “ခ်ဴေကာင္ဆြဲ”သစ္ဟု ေခၚသည္။ အိမ္ေဆာက္လွ်င္ အလြန္ခိုက္တတ္ သည္ဟု လက္သမားဆရာမ်ား အယူရွိပါသည္။) ကြၽန္ေတာ္ ဆတ္ဆတ္ တုန္ေအာင္ ေၾကာက္လန႔္ေဇာေခြၽးျပန္ၿပီး အလုပ္စခန္းသို႔ အျမန္ျပန္ေျပးခဲ့ ရပါေတာ့သည္။
အထက္ပါ ကိုယ္ေတြ႕အျဖစ္အပ်က္က ကြၽန္ေတာ္၏ေသကံမေရာက္ သက္မေပ်ာက္မႈမ်ားတြင္ ထိတ္လန႔္ဖြယ္အေကာင္းဆုံးျဖစ္၍ကာလၾကာၿပီး
ယခုအခ်ိန္အထိတစ္ခါတစ္ရံအိပ္မက္ဆိုးေတြမက္ေနရဆဲျဖစ္ပါေၾကာင္း။
> ေတာက္ထိန္