” ကျော်ကုန်းပေါ်ကလက်ဝါးရာ ”(စ/ဆုံး)

Unicode Version

” ကျော်ကုန်းပေါ်ကလက်ဝါးရာ ”(စ/ဆုံး)
————————————————–

မင်းကလည်း စာရေးဆရာပီပီ တယ်စပ်စု
တဲ့ လူပဲကိုး ညို င်း။ ဘာတဲ့ ၊ ငါ့ကျောကုန်းပေါ်ကလက်ဝါးရာကြီးက
ဘယ်လိုလုပ်ဖြစ်လာရတာ လဲ ဟုတ်လား။
အေး . . . မင်းက သိပ်သိချင်နေမှ တော့ လည်း မရှက်တော့ပါဘူးကွာ။ နောင်လာ နောက်သားများ ဆင်ခြင်နိုင်အောင် ပြောပြရ တော့ မှာ ပေါ့။ဒီလိုကွ ညိုမှ ို င်းရ။ ပရဝိညာဉ်
လောကဆိုတာ အတော်ကို ဆန်းကြယ်သား ကိုယ့်လူရ။ ဒါကြောင့်လည်း တို့ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးက အပါယ်လေးဘုံ
အကြောင်း ဟောခဲ့တာကိုး ကွာ။ ငယ်ရွယ် တုန်းက ဒါတွေ သိပ်လည်း နားမလည်၊ သိပ် လည်း အလေးအနက် မထားခဲ့ဘူးပေါ့ မောင်
ရာ။
အသက်အရွယ်ရလာလို့ ဘာသာရေးဘက် လိုက်စားလာ၊ အားကိုးမှီခိုလာတော့မှ ၊ ရဟန်း အရှင်သူမြတ် ဟောပြောဆုံးမစကား

များ ကြားနာရတော့မှ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆို တဲ့ အပါယ်လေးဘုံသားများ အကြောင်း လက်ခံလို့ ရတာ ၊ လက်ခံနိုင်ခဲ့ရ ၊ စာရေးဆရာရေ…။တယ်။အိမ်း … … . ငါ့ကျောကုန်းပေါ်က သေရာပါ လက်ဝါးရာကြီးရဲ့ ဖြစ်စဉ်က ဆန်းလည်း ဆန်း ကြယ်ပါ မောင်ရာ။ဖြစ်ပုံက ဒီလိုမောင်ညိုမှ ိုင်းရဲ့ ။ ဒီလို . . .ဒီလို . . . ။
တို့ ရပ်ကွက်ထဲမှာ ကိုကျောက်နီဆိုတဲ့ လူတစ်ယောက်ရှိတယ်။ကိုကျောက်နီက
အရက်ကို တစ်နေ့တစ်ပုလင်းသောက်တဲ့ လူ ကွ။ လူကလည်း ဗလကောင်းကောင်း တုတ်တုတ်ခိုင်ခိုင်ကြီး။ သူက အရက်သောက် ပေမဲ့ မမူးဘူး။ မရမ်းကားဘူး။ လူနေပုံက လည်း ခပ်တည်တည်ပဲ။ ပိုက်ဆံ ကလည်း ရှိ တယ်။ မိန်းမသားမယားမရှိဘူး။ တစ်ကိုယ် ရေ တစ်ကာယသမား။
အလုပ်လည်း မျိုးစုံလုပ်တယ်။ လူချမ်းသာ ကြီးတော့ မဟုတ်ပါဘူး။ အလုပ်မျိုးစုံလုပ်ပြီး စု ဆောင်းနိုင်လို့ ရှိတယ်ဆိုတဲ့ သဘောပေါ့။ ကိုကျောက်နီက အချင်းချင်း ရင်းနှီးတဲ့ လူ ကို … ငွေတိုးလေးဘာလေးချေးတာရှိတယ်။ ဥပမာ- ငွေတစ်ရာ ချေးတယ်ဆိုရင် သူက ကတိတည်မှ ကြိုက်တယ်။ ကတိမတည်တဲ့ လူဆိုရင် တစ်ကြိမ်ပဲ ဆက်ဆံလေ့ရှိပြီး နောင် အဲဒီ လူ ဘယ်လိုအခက်အခဲရှိရှိ

လုံးဝကို လှည့်မကြည့်တဲ့ လူစားမျိုးကြီး။ လူ ခွစာ၊ လူတိကျကြီး။
သူ့မှာ စုစုဆောင်းဆောင်းလေး ရှိနေတော့ အားကိုးချင်ပြီး မျက်စိကျနေတဲ့ မိန်းမများ လည်း ရှိတယ်ကွ။ ဒါပေမင့် သူက ဘယ် မိန်းမကိုမျှ အနားအကပ်မခံဘူး။ သိတယ်လေ၊ သူ့ကိုချစ်လို့ မဟုတ်ဘူး ။ သူ့ပစ္စည်း တွေကို မက်မောကြလို့ ဆိုတာကိုပေါ့။
တစ်ခါများ …
ဦးဘကျားဆိုတဲ့ လူကြီးက သူ့အိမ်ရှေ့က ကုက္ကိုပင်ကို လက်ခစားပေးပြီး လှဲခိုင်းတယ်။ ပြောတုန်းက ငါးရာကျပ်နဲ့ ကွ။ ခုတ်လှဲပုံပြီး လို့ ပုံဆံလည်း ရှင်းရော ဦးဘကျားက ငွေ လေးရာပဲ ယူပါ ကွာ၊ ခဏလေးဥစ္စာလို့ ပြောပြီး ငွေလေးရာလည်း ကျောက်နီက ဘာလုပ်သလဲသိလား။ ဦးဘ ကျားပေးတဲ့ ငွေလေးရာနဲ့ ဦးဘကျားမျက်နှာ
ကို ပစ်ပေါက်ပြီး ခင်ဗျားလို ကတိမတည်တဲ့ လူ့ ကြောင်သူတော်ကို ကျုပ်တစ်သက်လုံး အထင်လည်း မကြီးတော့ဘူး၊ လေးလည်း လေးစားတော့ ဘူးလို့ ပြောပြီး ထွက်လာခဲ့ လိုက်တယ်ကွ။ သူက အဲဒီ လိုလူ၊
အဲ . . . တစ်ခုတော့ရှိတယ်။ သူ သနားပြီ ဆိုရင် ငွေတင်မကဘူး။ ကိုယ်ပေါ်က အကျ- ပါ ချွတ်ပေးလေ့ရှိတယ်။
သူ့ကိုလိမ်ရင်၊ ညာရင် မလိမ့်တပတ်လုပ် တဲ့ လူဆိုရင် ပစ္စည်းဆုံးချင်ဆုံးပစေ။ ဒါပေမ င့် သူ့ လက်ဝါးနဲ့ မှတ်လောက်အောင်တော့ တီးပစ်လေ့ရှိတယ်။ သူ့လက်ဝါးစာ တစ်ချက် မိရင် မလွယ် ဘူး။ အနည်းဆုံး လေးငါးရက်
အိပ်ရာကကို … မထနိုင်အောင်လက်သံကပြောင်တယ်ဗျာ။
သာမှုနာမှုရှိရင်လည်း ရင်းရင်း၊ မရင်းရင်း ထင်းခွဲ ရေခပ် အိုးတက် ချက်ပြုတ် အကုန်

လုပ် ပေးတာပဲ။ အရက်သာ တစ်ပုလင်း ပေးလိုက်။ ဘာမျှ ပြန်လှည့်ကြည့်စရာ မလို ဘူး။ အားလုံး အောက်ခြေသိမ်းလုပ်ပေးတဲ့
လူ။ငွေတန်ဖိုးနဲ့ လုပ်ရမယ့်ကိစ္စဆိုရင် ငါးပြား တစ်စေ့ လျော့လို့ မရဘူး။ စိတ်က သိပ်ကြီး တာ။ သူနဲ့ လုပ်ရင် … ဘာကိစ္စလုပ်လုပ် ကတိပျက်လို့ မရဘူး။ အလုပ်လုပ်ရင် တိကျ တယ်။ အချိန်မှန်တယ်။ သူ့ဘက်ကလည်း ကတိတည်လေ့ရှိတယ်။
တိုတိုဆိုကြပါစို့ကွာ . . .၊ ရုတ်တရက်ပဲ သူ ကားတိုက်ခံရပြီး ဆုံးသွားခဲ့ပါရောလေကွာ။
ဒါနဲ့ သူ့နာရေးကိစ္စကို သူ့မိတ်ဆွေအချို့နဲ့ အရပ်လူကြီးအချို့ ဦးစီးပြီး စီစဉ်ရတာ ပါ။
အဲဒီ မှာ ထူးဆန်းအံ့ဩစရာကောင်းတာက သူ့သေတ္တာထဲမှာ ငွေစက္ကူအနည်းငယ်ကလွဲ ပြီး ဘာမျှမရှိတာပဲ။ ငါတို့ အားလုံးရော အိမ်နီးနားချင်း ဝန်းကျင်အားလုံးကပါ သူ့မှာ ရွှေရောငွေရော ရှိတာကို သိကြတယ်။ သူရွှေ တွေ ဝယ်စုတာလည်း မြင်ရတယ်။ မိန်းမ သားမယားမရှိဘဲ ဘာလို့ ဝယ်နေရတာ လဲ လို့ မေးရင် အိုစာမင်းစာ တုံးလုံးပက်လက်စာ လို့ ဆိုလေ့ရှိတာကိုး။
အခု သူသေလို့ လိုအပ်သလို သုံးရအောင်ရှာတော့ ဘာမျှ မတွေ့ရတော့ဘူး။ တွေ့ရတာ
က ငွေလေးသုံးရာနဲ့ ရွှေဝယ်ဘောက်ချာ စာရွက် ၁၀ ရွက်ပဲ တွေ့ရတယ်။ ဒါနဲ့

ပိုက်စိပ်တိုက် အနှံ့ ရှာကြတယ်။ လုံးဝမတွေ့ရဘူး။အချို့က သူခိုးခိုးလို့ ပါသွားပြီနဲ့ တူတယ်လို့
ကောက်ချက်ချကြသလို အချို့ကတော့ လုံခြုံ
မယ့်တစ်နေရာရာမှာ ဝှက်ထားမှာ ပဲလို့
တွေးကြတယ်။ရှိစေတော့ကွာ။
ပြောချင်တာက သူ့အိမ် (မသာအိမ်)မှာ လူ
စောင့်ရအောင် … ဖဲဝိုင်းလုပ်ပြီး မသာစောင့် လုပ်ရ တာပဲ။
ဖဲဝိုင်းကလည်း ကောင်းသလား မမေးနဲ့ ။
အဲဒီ ကရတဲ့ အကောက်နဲ့ အရပ်က စုလို့ ကူလို့ ရတဲ့ ငွေနဲ့ သူ့ရက်လည်ကိစ္စ ပြီးသွားခဲ့ ရတယ်။
အဓိက ဖြစ်ပုံက ဒီလိုဟေ့။
ငါက ဖဲကစားလေ့ မရှိဘူးကွ။ ကို ကျောက်နီနဲ့ တော့ အတန်ငယ် ရင်းနှီးပါ

တယ်။ အိမ်ချင်း ကလည်း အနီးကလေးကိုးကွ။
ဒါနဲ့ ကွာ။ ပွဲဦးညမှာ အိမ်ပြည့်ဝင်ကူပါဆို လို့ ဝင်ကူကစားရင်း ငါ့လက်စွပ်ရယ်၊ ဆွဲကြိုးရယ်၊
လက်ပတ်နာရီရယ်သန်းခေါင်ကျော်မှာ ကုန်ပါလေရော မောင် ရေ။ အဲဒီ ခေတ်က ငွေနဲ့ ဆို တစ် သောင်းဖိုး
လောက် ရှိတယ်ကွ။ငါ ဒုက္ခရောက်ပါလေရော။
ဘာလုပ်ရမှန်းမသိတော့ဘူး။ ကုန်မှ
နှမြောလိုက်တာကွာ။ လုတစ်ကိုယ်လုံးလည်း
ထူပူပြီး ချွေးစေတွေ ပြန်နေပြီ။ ဒါနဲ့ ထိုးစရာ ကုန်တော့ မသန်းချစ်တို့ ဆိုင်မှာ အရက်ဝင်
သောက်ရင်း အဲဒီ ပစ္စည်းတွေပြန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာ
တယ်။စဉ်းစားနေမိဒါတွေ ရင်းစားပြန်ရဖို့ က အချက်နှစ်ချက်ပဲရှိတယ်။
တစ်အချက် အလုပ်ကိုကြိုးစားပမ်းစား လုပ်ပြီး ခြိုးခြံချွေတာ
စုဆောင်း၊ နှစ်အချက် လှေမျော လှေနှင့်လိုက်၊ ငွေမျော ငွေနှင့်လိုက်ဆိုတဲ့ အလုပ်ပဲ။
ပထမအချက်က အချိန်အကြာကြီး စောင့်ရ မယ်။ ဒုတိယအချက်က ကံမကောင်းရင် အိမ် ပါ ရောင်းချင်ရောင်းရမယ့် ကိန်းပဲ။ ငါ့မလဲ မွှန်နေပြီကွာ။ ဒါနဲ့ မထူးပါဘူးဆိုပြီး အိမ်က ဝက် တစ်ကောင်ရောင်းလို့ ဖဲဝိုင်းကို ပြန်ဦး လှည့်လိုက်တယ်။
ဒီမှာ ငါ တစ်ချက် စဉ်းစားလိုက်တယ်။ ငါက ဖဲသမား မဟုတ်ဘူး ။ ဟိုမှာ သမား ဉာဏ် သမားတွေ အများကြီး။ အဲဒီ ကောင်တွေအဆွယ်ကောင်း၊ အလိမ်ကောင်း
လို့ ငါခံလိုက်ရတာ ။ ဒါနဲ့ အကြံတစ်ခုရလိုက် တယ်။ ပရဝိညာဉ်လောကကို ယုံကြည် အားကိုးလို့ တော့ မဟုတ်ပါဘူး။ ဟုတ် သော် ရှိ၊ မဟုတ်သော်ရှိ အချို့ပြောစကားအရ လုပ်ကြည့်တာပါ။
ငါ အသုဘအိမ်ဝမဝင်ခင် ခြံအပြင်မှာ ပြင် ထားတဲ့ ကိုကျောက်နီရဲ့ အလောင်းစင်နား သွားပြီး သူ့အခေါင်းကို လက်နှင့်ကိုင်လို့ …
“ ကိုကျောက်နီ၊ မနေ့က ကျုပ်ဖဲလိမ်ညာခံ ရပြီး ငွေတစ်သောင်းဖိုးလောက် ကုန်သွားခဲ့ တယ်ဗျာ။ အခု ကျုပ် ဝက်ကလေးရောင်းပြီး ငွေမျော ငွေနဲ့ လိုက်မလို့ လုပ်နေရပါပြီ။ ကျုပ်ကို ကူညီပါဗျာ။ ဒီည ကျုပ်ရှုံးထားတဲ့ ရင်းစားလေး ပြန်ရအောင် ကူညီပါ။ ရင်းစားပြန်ရရင် တော်ပါပြီ။ အဲဒီ လို ပြန် ရအောင် လုပ်ပေးပါဗျာ။ ကျုပ် ခင်ဗျားကြိုက် တဲ့ အရက်တစ်ပုလင်း ဝယ်တိုက်ပါ့မယ် ကို ကျောက်နီရာ နော် . . .”
အဲဒီ လိုပြောပြီး ခေါင်းကို သုံးချက် လက်ဝါးနဲ့ ပုတ်ပြီး ကတိကဝတ်ပြုလို့ ဖဲဝိုင်း ရှိရာကို ဝင် လာခဲ့လိုက်တယ်။ ဖဲသမားတွေ

ကလည်း ငါ့ကိုမြင်တော့ အချဉ်ကြီး ပြန် လာ ပြီဆိုပြီး တစ်နေရာ ဝင် ခိုင်းကြတယ်။
အံ့ဩစရာ ကောင်းလိုက်တာကွာ . . . ။ ကိုမီးဝိုင်းထဲ ဝင်ထိုင်သည့်အချိန်ကစပြီး ရှစ်၊ ကိုး၊ ကုလားသုံးကောင်၊ တစ်သုံးလုံး ဝိုက်၊ သုံး သုံးလုံးဝိုက်နဲ့ . . . ။ ငါချည်းပဲ ဆယ်လှည့်လောက် ဆက်တိုက်ရလိုက်တာ။ ဉာဏ်သမားတွေ မျက် လုံးပြူးကုန်ကြရော။ သင်းတို့ ပါတာ ကုန်တာပေါ့။ ကြည့်စမ်း၊ ငါ့ ပုဆိုးကြားမှာ ငွေစက္ကူတွေကို ဖွေး ဖွေးလှုပ်လို့ ။
နောက်ဆုံးပိတ် တစ်လှည့် ကုလားသုံး ကောင်နဲ့ ဝိုင်းသိမ်းပြီး ငါရှုံးထားတဲ့ ပစ္စည်း တွေ ပြန် ရွေးလိုက်တယ်။ အားလုံး ပြန်ရ တယ်။ လက်ထဲမှာ လည်း ငွေပိုလေးကျန်လို့ ဝက်ကလေးတစ် ကောင် ရင်းစားပြန်ဝယ် လိုက်တယ်။

ငါ့ပစ္စည်းတွေ ပြန်ရလို့ ငါပျော်လိုက်တာ ကွ။ နောက်နေ့ကစပြီး မသာအိမ်ကို ငါ
လုံးဝခြေဦးမလှည့်တော့ဘူး။ လောင်းကစားအလုပ်ဟာ အမှန်စိတ်ဆင်းရဲ
ဖို့ ကောင်းတယ် ညိုမှ ိုင်း။ လူဟာ ဖဲရှုံး လာ ပြီဆိုရင် … ကြံရာမရဖြစ်ပြီး … မကောင်းမှု
ဒုစရိုက်လုပ်ဖို့ ဝန်မလေးတော့ဘူးသိလား။အတော့်ကို ကြောက်စရာကောင်းတယ်။
လောင်းကစားများ ဘယ်တော့မျှ မလုပ်လေနဲ့ ငါ့ညီ။

ပြောဦးလေဗျာ၊ ခင်ဗျားကျောကုန်းက လက်ဝါးရာအကြောင်း ”
“ ေဩာ် . . . အေး .. အေး . . . အေး ဟုတ် သားပဲ။ ဒီလိုကွ ညိုမှ ပိုင်းရ။ ဒါ ငါ့အမှားကွ။ အဲဒီ လို ဖဲပြန်နိုင်ပြီး ပစ္စည်းတွေပြန်ရလို့ ပျော်ပြီး ငါကျောက်နီကို ပေးထားတဲ့ ကတိ မေ့နေခဲ့လိုက် တယ်။ ငါထင်တာက ငါ့ကံနဲ့
ငါနိုင်တာလို့ ထင်မှတ်နေတာကိုးကွ ”
ကျောက်နီအသုဘရက်လည်ပြီးနောက်နေ့ညမှာ
ကျောက်နီငါ့ကို အိပ်မက်ပေးပါလေ ရော ကိုယ့်လူရေ . . . ။
အိပ်မက်ထဲမှာ ကိုကျောက်နီက မျက်နှာထိ မျက်နှာထားကြီးနဲ့ စိုက်ကြည့်ပြီး ဘာပြော မှတ် လို့ တုံး။
ဟေ့ကောင် … မောင်ကြိုင်၊ ငါ တာဝန်ကျေအောင် မင်းဆန္ဒကို လုပ်ပေးပြီး
ပြီ။ မင်းကတိ အတိုင်း ဘာမျှလုပ်မပေးပါဒါနဲ့ ငါက မေးလိုက်တယ်။
“ ဘာကတိလဲဗျ ကိုကျောက်နီရ ”
ဪ . . . မင်းက မေ့တောင်နေမှ ကိုး။အေး . . . ရတယ်။ ငကြိုင် ”
အဲဒီ လိုပြောပြီး အိပ်မက်ထဲက ဖြုန်းခနဲ ပျောက်သွားခဲ့တယ်။
အိပ်မက်ကနိုးတော့ စဉ်းစားတယ်။ ငါ ကို ကျောက်နီကို ဘာကတိပေးခဲ့သလဲ။ ဟော . . . သတိရပြီ ငါဖဲရှုံးတဲ့ နောက်နေ့ သူ့ခေါင်းကို ပုတ်ပြီး ဖဲနိုင်အောင် ကူညီပါ။ ရှုံးတာတွေ ပြန်ရရင် အရက်တစ်ပုလင်း တိုက်ပါမယ်လို့
ပြောခဲ့တာကိုး။ဒီနေရာမှာ ငါက တစ်ချက်ပြန်စဉ်းစား
တယ်။အဲဒီ တုန်းကအလှည့်တိုင်း ငါနိုင်တာသည် သူကူညီလို့ ဆိုတာ ဖြစ်နိုင်ပါ့မ

လားဆိုတာကိုပဲ။ စဉ်းစားစွာ။ သူသေလို့ တစ္ဆေဘဝရောက်သလား၊ သရဲဘဝရောက် ပြိတ္တာဘဝရောက် သလား ငါမသိ။
လူက ဖဲရှုံးလို့ မွန်ပြီး ကြံမိကြံရာ ပြောမိပြော ရာ လုပ်မိလုပ်ရာ လုပ်ခဲ့လိုက်တာပဲ။
ငါ့ကံနဲ့ ငါနိုင်တာရော မဖြစ်နိုင်ဘူးလား။ အဲဒါ … ကျောက်နီက သူကူညီလိုက်တာလို့ အိပ်မက် ထဲမှာ ခပ်တည်တည် လာပြောနေ
တယ်။တိုက်ဆိုင်မှု ဖြစ်ပါလိမ့်မယ်။
အရက်တစ်ပုလင်း ဘယ်လောက်မျှ အဖိုး မတန်ပါဘူး။ ကြုံတဲ့ နေ့၊ အားတဲ့ နေ့ ဝယ်ပြီး သူ့မြေပုံပေါ် သွားပို့ပေးပါမယ်။ မဟုတ်မှ လွဲ ရော ဒီလူ မကျွတ်မလွတ်ဘဝနဲ့ အရက် သောက်ချင်လို့ အိပ်မက်လာပေးတာနေမှာပါ။
အဲဒီ လိုနဲ့ အမှုမဲ့ အမှတ်မဲ့ နေလိုက်တာတစ်ပတ်တိတိ ကြာသွားခဲ့တယ်။
တစ်ညဦးမှာ ပေါ့ကွာ၊ အိုက်လွန်းလို့ အ င်္ကျီချွတ်ပြီး အိမ်ရှေ့ လမ်းမထွက်လို့ လေညင်းလေး ခံနေလိုက်တယ်။ ခဏနေပြီး ရေချိုးမယ်ပေါ့။ ငါလမ်းလျှောက်နေလိုက် တယ်။
အဲဒီ အချိန် နောက်ကနေ ငါ့ကျောကုန်းကို တစ်စုံတစ်ယောက်က လက်ဝါးနဲ့ တအား ပိတ် ရိုက်လိုက်တာ ဖောင်းခနဲအသံနဲ့ အတူ
ငါရှေ့ကို ထိုးစိုက်ကျသွားတယ်။

လက်ဝါးရိုက်ချက် ဘယ်လောက်ပြင်း သလဲ မသိဘူး။ မျက်လုံးထဲ မီးပွင့်သလိုဖြစ် ပြီး အသက်ရှူရပ်မတတ် ဖြစ်သွားလို့
တလိမ့်ခေါက်ကွေးလမ်းဘေးလဲကျသွားတယ်။
ကျောထဲက နာကျင်လွန်းလှတဲ့ ဝေဒနာကိုကြိတ်မှတ်ခံစားပြီး ငါ့ကျော အသားလွတ်
ရိုက် သွားတဲ့ လူ ဘယ်သူလဲ သိချင်လို့ မျက်လုံးအားယူပြီး ဖွင့်ကြည့်လိုက်တော့ လူ ထွားထွားကြီးတစ် ယောက် မီးရောင်ကို ကျောခိုင်းပြီး တောင်ဘက်ကို တစ်လှမ်းချင်း သွားနေတာကို တွေ့လိုက်ရ တယ်။
ဝန်းကျင်မှာ သူကလွဲပြီး ဘယ်သူမျှ မရှိ ဘူး။ အဲဒီ အချိန်မှာ ပဲ လူထွားကြီးက နောက်ပြန် တစ်ချက်လှည့်ကြည့်လိုက်တာ . .
“ ဟင် ”

“ ကို . . . ကိုကျောက်နီ . . . ကိုကျောက်နီ ”
သူ့မျက်နှာကို
လမ်းဓာတ်တိုင်မီးရောင်နဲ့
ငါလှမ်းမြင်လိုက်ရတော့ အံ့ဩတုန်လှုပ်ပြီး
ကြက် သွေးတွေ တဖြန်းဖြန်းထလို့ ငါ သတိလစ် မေ့လဲကျသွားခဲ့တယ်။
ငါသတိရတဲ့ အချိန်မှာ အိမ်ပေါ်ကို ရောက်
နေပြီ။ငါ့နံဘေးမှာအိမ်နီးနားချင်းတွေ
လည်း ဝိုင်း လို့ ။ လမ်းဘေးသတိလစ်နေတဲ့ငါ့ကို တစ်အိမ်ကျော်က ကိုညိုကြီး အိမ်
အပြန်တွေ့လို့ ပွေ့ယူလာ ခဲ့တာတဲ့ ။အဲဒအချိန်မှာ ငါ့ပါးစပ်က
ကယောင်ကတမ်းတွေ လျှောက်ရွတ်အော်နေ တယ်တဲ့ ။ ကျောက် နီ . . . ကျောက်နီလို့ လည်း အော်နေသတဲ့ ။
နောက်ပိုင်း ပရိတ်ရေမန်းတွေ ဘာတွေနဲ့ တောက်သပ်လိုက်မှ ငါလည်း ပြန်ကောင်း သွား တယ်။ ဒါနဲ့ ငါကလည်း ဖြစ်ကြောင်းကုန်စင်ကို ပြန်ရှင်းရတယ်။
ဒီမှာ ကျောပြင်က စပ်ဖျဉ်းဖျဉ်းနဲ့ နာလွန်း လို့ အားလုံးကို ကြည့်ခိုင်းတော့ ငါ့ကျော ပြောင် ပြောင်ပေါ်မှာ အတော့်ကိုကြီးတဲ့
လက်ဝါးရာကြီးတစ်ခုညိုမည်းပြီး တင်ကျန်ရစ်ခဲ့ တယ်။ထူးဆန်းတာက အဲဒီ လက်ဝါးရာကြီးဟာ
အခုအချိန်အထိ နှစ်ပေါင်းများ စွာ မပျောက် မပျက် ဘဲ ဒီအတိုင်းသေရာပါ အသားစွဲ ကျန်ရစ်ခဲ့တာပဲ ညိုမှ ိုင်းရ။
မောင်ညိုမှ ိုင်း(သန်လျင်)

Zawgyi Version

” ေက်ာ္ကုန္းေပၚကလက္၀ါးရာ ”(စ/ဆံုး)
————————————————–

မင္းကလည္း စာေရးဆရာပီပီ တယ္စပ္စု
တဲ့ လူပဲကိုး ညိဳ င္း။ ဘာတဲ့ ၊ ငါ့ေက်ာကုန္းေပၚကလက္ဝါးရာႀကီးက
ဘယ္လိုလုပ္ျဖစ္လာရတာ လဲ ဟုတ္လား။
ေအး . . . မင္းက သိပ္သိခ်င္ေနမွ ေတာ့ လည္း မရွက္ေတာ့ပါဘူးကြာ။ ေနာင္လာ ေနာက္သားမ်ား ဆင္ျခင္ႏိုင္ေအာင္ ေျပာျပရ ေတာ့ မွာ ေပါ့။ဒီလိုကြ ညိဳမွ ို င္းရ။ ပရဝိညာဥ္
ေလာကဆိုတာ အေတာ္ကို ဆန္းၾကယ္သား ကိုယ့္လူရ။ ဒါေၾကာင့္လည္း တို႔ ဘုရားရွင္
ကိုယ္ေတာ္ျမတ္ႀကီးက အပါယ္ေလးဘုံ
အေၾကာင္း ေဟာခဲ့တာကိုး ကြာ။ ငယ္႐ြယ္ တုန္းက ဒါေတြ သိပ္လည္း နားမလည္၊ သိပ္ လည္း အေလးအနက္ မထားခဲ့ဘူးေပါ့ ေမာင္
ရာ။
အသက္အ႐ြယ္ရလာလို႔ ဘာသာေရးဘက္ လိုက္စားလာ၊ အားကိုးမွီခိုလာေတာ့မွ ၊ ရဟန္း အရွင္သူျမတ္ ေဟာေျပာဆုံးမစကား

မ်ား ၾကားနာရေတာ့မွ ငရဲ၊ တိရစာၦန္၊ ၿပိတၱာ၊ အသူရကာယ္ဆို တဲ့ အပါယ္ေလးဘုံသားမ်ား အေၾကာင္း လက္ခံလို႔ ရတာ ၊ လက္ခံႏိုင္ခဲ့ရ ၊ စာေရးဆရာေရ…။တယ္။အိမ္း … … . ငါ့ေက်ာကုန္းေပၚက ေသရာပါ လက္ဝါးရာႀကီးရဲ႕ ျဖစ္စဥ္က ဆန္းလည္း ဆန္း ၾကယ္ပါ ေမာင္ရာ။ျဖစ္ပုံက ဒီလိုေမာင္ညိဳမွ ိုင္းရဲ႕ ။ ဒီလို . . .ဒီလို . . . ။
တို႔ ရပ္ကြက္ထဲမွာ ကိုေက်ာက္နီဆိုတဲ့ လူတစ္ေယာက္ရွိတယ္။ကိုေက်ာက္နီက
အရက္ကို တစ္ေန႔တစ္ပုလင္းေသာက္တဲ့ လူ ကြ။ လူကလည္း ဗလေကာင္းေကာင္း တုတ္တုတ္ခိုင္ခိုင္ႀကီး။ သူက အရက္ေသာက္ ေပမဲ့ မမူးဘူး။ မရမ္းကားဘူး။ လူေနပုံက လည္း ခပ္တည္တည္ပဲ။ ပိုက္ဆံ ကလည္း ရွိ တယ္။ မိန္းမသားမယားမရွိဘူး။ တစ္ကိုယ္ ေရ တစ္ကာယသမား။
အလုပ္လည္း မ်ိဳးစုံလုပ္တယ္။ လူခ်မ္းသာ ႀကီးေတာ့ မဟုတ္ပါဘူး။ အလုပ္မ်ိဳးစုံလုပ္ၿပီး စု ေဆာင္းႏိုင္လို႔ ရွိတယ္ဆိုတဲ့ သေဘာေပါ့။ ကိုေက်ာက္နီက အခ်င္းခ်င္း ရင္းႏွီးတဲ့ လူ ကို … ေငြတိုးေလးဘာေလးေခ်းတာရွိတယ္။ ဥပမာ- ေငြတစ္ရာ ေခ်းတယ္ဆိုရင္ သူက ကတိတည္မွ ႀကိဳက္တယ္။ ကတိမတည္တဲ့ လူဆိုရင္ တစ္ႀကိမ္ပဲ ဆက္ဆံေလ့ရွိၿပီး ေနာင္ အဲဒီ လူ ဘယ္လိုအခက္အခဲရွိရွိ

လုံး၀ကို လွည့္မၾကည့္တဲ့ လူစားမ်ိဳးႀကီး။ လူ ခြစာ၊ လူတိက်ႀကီး။
သူ႔မွာ စုစုေဆာင္းေဆာင္းေလး ရွိေနေတာ့ အားကိုးခ်င္ၿပီး မ်က္စိက်ေနတဲ့ မိန္းမမ်ား လည္း ရွိတယ္ကြ။ ဒါေပမင့္ သူက ဘယ္ မိန္းမကိုမွ် အနားအကပ္မခံဘူး။ သိတယ္ေလ၊ သူ႔ကိုခ်စ္လို႔ မဟုတ္ဘူး ။ သူ႔ပစၥည္း ေတြကို မက္ေမာၾကလို႔ ဆိုတာကိုေပါ့။
တစ္ခါမ်ား …
ဦးဘက်ားဆိုတဲ့ လူႀကီးက သူ႔အိမ္ေရွ႕က ကုကၠိဳပင္ကို လက္ခစားေပးၿပီး လွဲခိုင္းတယ္။ ေျပာတုန္းက ငါးရာက်ပ္နဲ႔ ကြ။ ခုတ္လွဲပုံၿပီး လို႔ ပုံဆံလည္း ရွင္းေရာ ဦးဘက်ားက ေငြ ေလးရာပဲ ယူပါ ကြာ၊ ခဏေလးဥစၥာလို႔ ေျပာၿပီး ေငြေလးရာလည္း ေက်ာက္နီက ဘာလုပ္သလဲသိလား။ ဦးဘ က်ားေပးတဲ့ ေငြေလးရာနဲ႔ ဦးဘက်ားမ်က္ႏွာ
ကို ပစ္ေပါက္ၿပီး ခင္ဗ်ားလို ကတိမတည္တဲ့ လူ႔ ေၾကာင္သူေတာ္ကို က်ဳပ္တစ္သက္လုံး အထင္လည္း မႀကီးေတာ့ဘူး၊ ေလးလည္း ေလးစားေတာ့ ဘူးလို႔ ေျပာၿပီး ထြက္လာခဲ့ လိုက္တယ္ကြ။ သူက အဲဒီ လိုလူ၊
အဲ . . . တစ္ခုေတာ့ရွိတယ္။ သူ သနားၿပီ ဆိုရင္ ေငြတင္မကဘူး။ ကိုယ္ေပၚက အက်- ပါ ခြၽတ္ေပးေလ့ရွိတယ္။
သူ႔ကိုလိမ္ရင္၊ ညာရင္ မလိမ့္တပတ္လုပ္ တဲ့ လူဆိုရင္ ပစၥည္းဆုံးခ်င္ဆုံးပေစ။ ဒါေပမ င့္ သူ႔ လက္ဝါးနဲ႔ မွတ္ေလာက္ေအာင္ေတာ့ တီးပစ္ေလ့ရွိတယ္။ သူ႔လက္ဝါးစာ တစ္ခ်က္ မိရင္ မလြယ္ ဘူး။ အနည္းဆုံး ေလးငါးရက္
အိပ္ရာကကို … မထႏိုင္ေအာင္လက္သံကေျပာင္တယ္ဗ်ာ။
သာမႈနာမႈရွိရင္လည္း ရင္းရင္း၊ မရင္းရင္း ထင္းခြဲ ေရခပ္ အိုးတက္ ခ်က္ျပဳတ္ အကုန္

လုပ္ ေပးတာပဲ။ အရက္သာ တစ္ပုလင္း ေပးလိုက္။ ဘာမွ် ျပန္လွည့္ၾကည့္စရာ မလို ဘူး။ အားလုံး ေအာက္ေျခသိမ္းလုပ္ေပးတဲ့
လူ။ေငြတန္ဖိုးနဲ႔ လုပ္ရမယ့္ကိစၥဆိုရင္ ငါးျပား တစ္ေစ့ ေလ်ာ့လို႔ မရဘူး။ စိတ္က သိပ္ႀကီး တာ။ သူနဲ႔ လုပ္ရင္ … ဘာကိစၥလုပ္လုပ္ ကတိပ်က္လို႔ မရဘူး။ အလုပ္လုပ္ရင္ တိက် တယ္။ အခ်ိန္မွန္တယ္။ သူ႔ဘက္ကလည္း ကတိတည္ေလ့ရွိတယ္။
တိုတိုဆိုၾကပါစို႔ကြာ . . .၊ ႐ုတ္တရက္ပဲ သူ ကားတိုက္ခံရၿပီး ဆုံးသြားခဲ့ပါေရာေလကြာ။
ဒါနဲ႔ သူ႔နာေရးကိစၥကို သူ႔မိတ္ေဆြအခ်ိဳ႕နဲ႔ အရပ္လူႀကီးအခ်ိဳ႕ ဦးစီးၿပီး စီစဥ္ရတာ ပါ။
အဲဒီ မွာ ထူးဆန္းအံ့ဩစရာေကာင္းတာက သူ႔ေသတၱာထဲမွာ ေငြစကၠဴအနည္းငယ္ကလြဲ ၿပီး ဘာမွ်မရွိတာပဲ။ ငါတို႔ အားလုံးေရာ အိမ္နီးနားခ်င္း ဝန္းက်င္အားလုံးကပါ သူ႔မွာ ေ႐ႊေရာေငြေရာ ရွိတာကို သိၾကတယ္။ သူေ႐ႊ ေတြ ဝယ္စုတာလည္း ျမင္ရတယ္။ မိန္းမ သားမယားမရွိဘဲ ဘာလို႔ ဝယ္ေနရတာ လဲ လို႔ ေမးရင္ အိုစာမင္းစာ တုံးလုံးပက္လက္စာ လို႔ ဆိုေလ့ရွိတာကိုး။
အခု သူေသလို႔ လိုအပ္သလို သုံးရေအာင္ရွာေတာ့ ဘာမွ် မေတြ႕ရေတာ့ဘူး။ ေတြ႕ရတာ
က ေငြေလးသုံးရာနဲ႔ ေ႐ႊဝယ္ေဘာက္ခ်ာ စာ႐ြက္ ၁၀ ႐ြက္ပဲ ေတြ႕ရတယ္။ ဒါနဲ႔

ပိုက္စိပ္တိုက္ အႏွံ႔ ရွာၾကတယ္။ လုံးဝမေတြ႕ရဘူး။အခ်ိဳ႕က သူခိုးခိုးလို႔ ပါသြားၿပီနဲ႔ တူတယ္လို႔
ေကာက္ခ်က္ခ်ၾကသလို အခ်ိဳ႕ကေတာ့ လုံၿခဳံ
မယ့္တစ္ေနရာရာမွာ ဝွက္ထားမွာ ပဲလို႔
ေတြးၾကတယ္။ရွိေစေတာ့ကြာ။
ေျပာခ်င္တာက သူ႔အိမ္ (မသာအိမ္)မွာ လူ
ေစာင့္ရေအာင္ … ဖဲဝိုင္းလုပ္ၿပီး မသာေစာင့္ လုပ္ရ တာပဲ။
ဖဲဝိုင္းကလည္း ေကာင္းသလား မေမးနဲ႔ ။
အဲဒီ ကရတဲ့ အေကာက္နဲ႔ အရပ္က စုလို႔ ကူလို႔ ရတဲ့ ေငြနဲ႔ သူ႔ရက္လည္ကိစၥ ၿပီးသြားခဲ့ ရတယ္။
အဓိက ျဖစ္ပုံက ဒီလိုေဟ့။
ငါက ဖဲကစားေလ့ မရွိဘူးကြ။ ကို ေက်ာက္နီနဲ႔ ေတာ့ အတန္ငယ္ ရင္းႏွီးပါ

တယ္။ အိမ္ခ်င္း ကလည္း အနီးကေလးကိုးကြ။
ဒါနဲ႔ ကြာ။ ပြဲဦးညမွာ အိမ္ျပည့္ဝင္ကူပါဆို လို႔ ဝင္ကူကစားရင္း ငါ့လက္စြပ္ရယ္၊ ဆြဲႀကိဳးရယ္၊
လက္ပတ္နာရီရယ္သန္းေခါင္ေက်ာ္မွာ ကုန္ပါေလေရာ ေမာင္ ေရ။ အဲဒီ ေခတ္က ေငြနဲ႔ ဆို တစ္ ေသာင္းဖိုး
ေလာက္ ရွိတယ္ကြ။ငါ ဒုကၡေရာက္ပါေလေရာ။
ဘာလုပ္ရမွန္းမသိေတာ့ဘူး။ ကုန္မွ
ႏွေျမာလိုက္တာကြာ။ လုတစ္ကိုယ္လုံးလည္း
ထူပူၿပီး ေခြၽးေစေတြ ျပန္ေနၿပီ။ ဒါနဲ႔ ထိုးစရာ ကုန္ေတာ့ မသန္းခ်စ္တို႔ ဆိုင္မွာ အရက္ဝင္
ေသာက္ရင္း အဲဒီ ပစၥည္းေတြျပန္ရေအာင္ဘယ္လိုလုပ္ရမလဲဆိုတာ
တယ္။စဥ္းစားေနမိဒါေတြ ရင္းစားျပန္ရဖို႔ က အခ်က္ႏွစ္ခ်က္ပဲရွိတယ္။
တစ္အခ်က္ အလုပ္ကိုႀကိဳးစားပမ္းစား လုပ္ၿပီး ၿခိဳးၿခံေခြၽတာ
စုေဆာင္း၊ ႏွစ္အခ်က္ ေလွေမ်ာ ေလွႏွင့္လိုက္၊ ေငြေမ်ာ ေငြႏွင့္လိုက္ဆိုတဲ့ အလုပ္ပဲ။
ပထမအခ်က္က အခ်ိန္အၾကာႀကီး ေစာင့္ရ မယ္။ ဒုတိယအခ်က္က ကံမေကာင္းရင္ အိမ္ ပါ ေရာင္းခ်င္ေရာင္းရမယ့္ ကိန္းပဲ။ ငါ့မလဲ မႊန္ေနၿပီကြာ။ ဒါနဲ႔ မထူးပါဘူးဆိုၿပီး အိမ္က ဝက္ တစ္ေကာင္ေရာင္းလို႔ ဖဲဝိုင္းကို ျပန္ဦး လွည့္လိုက္တယ္။
ဒီမွာ ငါ တစ္ခ်က္ စဥ္းစားလိုက္တယ္။ ငါက ဖဲသမား မဟုတ္ဘူး ။ ဟိုမွာ သမား ဉာဏ္ သမားေတြ အမ်ားႀကီး။ အဲဒီ ေကာင္ေတြအဆြယ္ေကာင္း၊ အလိမ္ေကာင္း
လို႔ ငါခံလိုက္ရတာ ။ ဒါနဲ႔ အႀကံတစ္ခုရလိုက္ တယ္။ ပရဝိညာဥ္ေလာကကို ယုံၾကည္ အားကိုးလို႔ ေတာ့ မဟုတ္ပါဘူး။ ဟုတ္ ေသာ္ ရွိ၊ မဟုတ္ေသာ္ရွိ အခ်ိဳ႕ေျပာစကားအရ လုပ္ၾကည့္တာပါ။
ငါ အသုဘအိမ္၀မဝင္ခင္ ၿခံအျပင္မွာ ျပင္ ထားတဲ့ ကိုေက်ာက္နီရဲ႕ အေလာင္းစင္နား သြားၿပီး သူ႔အေခါင္းကို လက္ႏွင့္ကိုင္လို႔ …
“ ကိုေက်ာက္နီ၊ မေန႔က က်ဳပ္ဖဲလိမ္ညာခံ ရၿပီး ေငြတစ္ေသာင္းဖိုးေလာက္ ကုန္သြားခဲ့ တယ္ဗ်ာ။ အခု က်ဳပ္ ဝက္ကေလးေရာင္းၿပီး ေငြေမ်ာ ေငြနဲ႔ လိုက္မလို႔ လုပ္ေနရပါၿပီ။ က်ဳပ္ကို ကူညီပါဗ်ာ။ ဒီည က်ဳပ္ရႈံးထားတဲ့ ရင္းစားေလး ျပန္ရေအာင္ ကူညီပါ။ ရင္းစားျပန္ရရင္ ေတာ္ပါၿပီ။ အဲဒီ လို ျပန္ ရေအာင္ လုပ္ေပးပါဗ်ာ။ က်ဳပ္ ခင္ဗ်ားႀကိဳက္ တဲ့ အရက္တစ္ပုလင္း ဝယ္တိုက္ပါ့မယ္ ကို ေက်ာက္နီရာ ေနာ္ . . .”
အဲဒီ လိုေျပာၿပီး ေခါင္းကို သုံးခ်က္ လက္ဝါးနဲ႔ ပုတ္ၿပီး ကတိကဝတ္ျပဳလို႔ ဖဲဝိုင္း ရွိရာကို ဝင္ လာခဲ့လိုက္တယ္။ ဖဲသမားေတြ

ကလည္း ငါ့ကိုျမင္ေတာ့ အခ်ဥ္ႀကီး ျပန္ လာ ၿပီဆိုၿပီး တစ္ေနရာ ဝင္ ခိုင္းၾကတယ္။
အံ့ဩစရာ ေကာင္းလိုက္တာကြာ . . . ။ ကိုမီးဝိုင္းထဲ ဝင္ထိုင္သည့္အခ်ိန္ကစၿပီး ရွစ္၊ ကိုး၊ ကုလားသုံးေကာင္၊ တစ္သုံးလုံး ဝိုက္၊ သုံး သုံးလုံးဝိုက္နဲ႔ . . . ။ ငါခ်ည္းပဲ ဆယ္လွည့္ေလာက္ ဆက္တိုက္ရလိုက္တာ။ ဉာဏ္သမားေတြ မ်က္ လုံးျပဴးကုန္ၾကေရာ။ သင္းတို႔ ပါတာ ကုန္တာေပါ့။ ၾကည့္စမ္း၊ ငါ့ ပုဆိုးၾကားမွာ ေငြစကၠဴေတြကို ေဖြး ေဖြးလႈပ္လို႔ ။
ေနာက္ဆုံးပိတ္ တစ္လွည့္ ကုလားသုံး ေကာင္နဲ႔ ဝိုင္းသိမ္းၿပီး ငါရႈံးထားတဲ့ ပစၥည္း ေတြ ျပန္ ေ႐ြးလိုက္တယ္။ အားလုံး ျပန္ရ တယ္။ လက္ထဲမွာ လည္း ေငြပိုေလးက်န္လို႔ ဝက္ကေလးတစ္ ေကာင္ ရင္းစားျပန္ဝယ္ လိုက္တယ္။

ငါ့ပစၥည္းေတြ ျပန္ရလို႔ ငါေပ်ာ္လိုက္တာ ကြ။ ေနာက္ေန႔ကစၿပီး မသာအိမ္ကို ငါ
လုံး၀ေျခဦးမလွည့္ေတာ့ဘူး။ ေလာင္းကစားအလုပ္ဟာ အမွန္စိတ္ဆင္းရဲ
ဖို႔ ေကာင္းတယ္ ညိဳမွ ိုင္း။ လူဟာ ဖဲရႈံး လာ ၿပီဆိုရင္ … ႀကံရာမရျဖစ္ၿပီး … မေကာင္းမႈ
ဒုစ႐ိုက္လုပ္ဖို႔ ဝန္မေလးေတာ့ဘူးသိလား။အေတာ့္ကို ေၾကာက္စရာေကာင္းတယ္။
ေလာင္းကစားမ်ား ဘယ္ေတာ့မွ် မလုပ္ေလနဲ႔ ငါ့ညီ။

ေျပာဦးေလဗ်ာ၊ ခင္ဗ်ားေက်ာကုန္းက လက္ဝါးရာအေၾကာင္း ”
“ ေဩာ္ . . . ေအး .. ေအး . . . ေအး ဟုတ္ သားပဲ။ ဒီလိုကြ ညိဳမွ ပိုင္းရ။ ဒါ ငါ့အမွားကြ။ အဲဒီ လို ဖဲျပန္ႏိုင္ၿပီး ပစၥည္းေတြျပန္ရလို႔ ေပ်ာ္ၿပီး ငါေက်ာက္နီကို ေပးထားတဲ့ ကတိ ေမ့ေနခဲ့လိုက္ တယ္။ ငါထင္တာက ငါ့ကံနဲ႔
ငါႏိုင္တာလို႔ ထင္မွတ္ေနတာကိုးကြ ”
ေက်ာက္နီအသုဘရက္လည္ၿပီးေနာက္ေန႔ညမွာ
ေက်ာက္နီငါ့ကို အိပ္မက္ေပးပါေလ ေရာ ကိုယ့္လူေရ . . . ။
အိပ္မက္ထဲမွာ ကိုေက်ာက္နီက မ်က္ႏွာထိ မ်က္ႏွာထားႀကီးနဲ႔ စိုက္ၾကည့္ၿပီး ဘာေျပာ မွတ္ လို႔ တုံး။
ေဟ့ေကာင္ … ေမာင္ႀကိဳင္၊ ငါ တာဝန္ေက်ေအာင္ မင္းဆႏၵကို လုပ္ေပးၿပီး
ၿပီ။ မင္းကတိ အတိုင္း ဘာမွ်လုပ္မေပးပါဒါနဲ႔ ငါက ေမးလိုက္တယ္။
“ ဘာကတိလဲဗ် ကိုေက်ာက္နီရ ”
ဪ . . . မင္းက ေမ့ေတာင္ေနမွ ကိုး။ေအး . . . ရတယ္။ ငႀကိဳင္ ”
အဲဒီ လိုေျပာၿပီး အိပ္မက္ထဲက ျဖဳန္းခနဲ ေပ်ာက္သြားခဲ့တယ္။
အိပ္မက္ကႏိုးေတာ့ စဥ္းစားတယ္။ ငါ ကို ေက်ာက္နီကို ဘာကတိေပးခဲ့သလဲ။ ေဟာ . . . သတိရၿပီ ငါဖဲရႈံးတဲ့ ေနာက္ေန႔ သူ႔ေခါင္းကို ပုတ္ၿပီး ဖဲႏိုင္ေအာင္ ကူညီပါ။ ရႈံးတာေတြ ျပန္ရရင္ အရက္တစ္ပုလင္း တိုက္ပါမယ္လို႔
ေျပာခဲ့တာကိုး။ဒီေနရာမွာ ငါက တစ္ခ်က္ျပန္စဥ္းစား
တယ္။အဲဒီ တုန္းကအလွည့္တိုင္း ငါႏိုင္တာသည္ သူကူညီလို႔ ဆိုတာ ျဖစ္ႏိုင္ပါ့မ

လားဆိုတာကိုပဲ။ စဥ္းစားစြာ။ သူေသလို႔ တေစၦဘ၀ေရာက္သလား၊ သရဲဘ၀ေရာက္ ၿပိတၱာဘ၀ေရာက္ သလား ငါမသိ။
လူက ဖဲရႈံးလို႔ မြန္ၿပီး ႀကံမိႀကံရာ ေျပာမိေျပာ ရာ လုပ္မိလုပ္ရာ လုပ္ခဲ့လိုက္တာပဲ။
ငါ့ကံနဲ႔ ငါႏိုင္တာေရာ မျဖစ္ႏိုင္ဘူးလား။ အဲဒါ … ေက်ာက္နီက သူကူညီလိုက္တာလို႔ အိပ္မက္ ထဲမွာ ခပ္တည္တည္ လာေျပာေန
တယ္။တိုက္ဆိုင္မႈ ျဖစ္ပါလိမ့္မယ္။
အရက္တစ္ပုလင္း ဘယ္ေလာက္မွ် အဖိုး မတန္ပါဘူး။ ႀကဳံတဲ့ ေန႔၊ အားတဲ့ ေန႔ ဝယ္ၿပီး သူ႔ေျမပုံေပၚ သြားပို႔ေပးပါမယ္။ မဟုတ္မွ လြဲ ေရာ ဒီလူ မကြၽတ္မလြတ္ဘဝနဲ႔ အရက္ ေသာက္ခ်င္လို႔ အိပ္မက္လာေပးတာေနမွာပါ။
အဲဒီ လိုနဲ႔ အမႈမဲ့ အမွတ္မဲ့ ေနလိုက္တာတစ္ပတ္တိတိ ၾကာသြားခဲ့တယ္။
တစ္ညဦးမွာ ေပါ့ကြာ၊ အိုက္လြန္းလို႔ အ က်ႌခြၽတ္ၿပီး အိမ္ေရွ႕ လမ္းမထြက္လို႔ ေလညင္းေလး ခံေနလိုက္တယ္။ ခဏေနၿပီး ေရခ်ိဳးမယ္ေပါ့။ ငါလမ္းေလွ်ာက္ေနလိုက္ တယ္။
အဲဒီ အခ်ိန္ ေနာက္ကေန ငါ့ေက်ာကုန္းကို တစ္စုံတစ္ေယာက္က လက္ဝါးနဲ႔ တအား ပိတ္ ႐ိုက္လိုက္တာ ေဖာင္းခနဲအသံနဲ႔ အတူ
ငါေရွ႕ကို ထိုးစိုက္က်သြားတယ္။

လက္ဝါး႐ိုက္ခ်က္ ဘယ္ေလာက္ျပင္း သလဲ မသိဘူး။ မ်က္လုံးထဲ မီးပြင့္သလိုျဖစ္ ၿပီး အသက္ရႉရပ္မတတ္ ျဖစ္သြားလို႔
တလိမ့္ေခါက္ေကြးလမ္းေဘးလဲက်သြားတယ္။
ေက်ာထဲက နာက်င္လြန္းလွတဲ့ ေဝဒနာကိုႀကိတ္မွတ္ခံစားၿပီး ငါ့ေက်ာ အသားလြတ္
႐ိုက္ သြားတဲ့ လူ ဘယ္သူလဲ သိခ်င္လို႔ မ်က္လုံးအားယူၿပီး ဖြင့္ၾကည့္လိုက္ေတာ့ လူ ထြားထြားႀကီးတစ္ ေယာက္ မီးေရာင္ကို ေက်ာခိုင္းၿပီး ေတာင္ဘက္ကို တစ္လွမ္းခ်င္း သြားေနတာကို ေတြ႕လိုက္ရ တယ္။
ဝန္းက်င္မွာ သူကလြဲၿပီး ဘယ္သူမွ် မရွိ ဘူး။ အဲဒီ အခ်ိန္မွာ ပဲ လူထြားႀကီးက ေနာက္ျပန္ တစ္ခ်က္လွည့္ၾကည့္လိုက္တာ . .
“ ဟင္ ”

“ ကို . . . ကိုေက်ာက္နီ . . . ကိုေက်ာက္နီ ”
သူ႔မ်က္ႏွာကို
လမ္းဓာတ္တိုင္မီးေရာင္နဲ႔
ငါလွမ္းျမင္လိုက္ရေတာ့ အံ့ဩတုန္လႈပ္ၿပီး
ၾကက္ ေသြးေတြ တျဖန္းျဖန္းထလို႔ ငါ သတိလစ္ ေမ့လဲက်သြားခဲ့တယ္။
ငါသတိရတဲ့ အခ်ိန္မွာ အိမ္ေပၚကို ေရာက္
ေနၿပီ။ငါ့နံေဘးမွာအိမ္နီးနားခ်င္းေတြ
လည္း ဝိုင္း လို႔ ။ လမ္းေဘးသတိလစ္ေနတဲ့ငါ့ကို တစ္အိမ္ေက်ာ္က ကိုညိဳႀကီး အိမ္
အျပန္ေတြ႕လို႔ ေပြ႕ယူလာ ခဲ့တာတဲ့ ။အဲဒအခ်ိန္မွာ ငါ့ပါးစပ္က
ကေယာင္ကတမ္းေတြ ေလွ်ာက္႐ြတ္ေအာ္ေန တယ္တဲ့ ။ ေက်ာက္ နီ . . . ေက်ာက္နီလို႔ လည္း ေအာ္ေနသတဲ့ ။
ေနာက္ပိုင္း ပရိတ္ေရမန္းေတြ ဘာေတြနဲ႔ ေတာက္သပ္လိုက္မွ ငါလည္း ျပန္ေကာင္း သြား တယ္။ ဒါနဲ႔ ငါကလည္း ျဖစ္ေၾကာင္းကုန္စင္ကို ျပန္ရွင္းရတယ္။
ဒီမွာ ေက်ာျပင္က စပ္ဖ်ဥ္းဖ်ဥ္းနဲ႔ နာလြန္း လို႔ အားလုံးကို ၾကည့္ခိုင္းေတာ့ ငါ့ေက်ာ ေျပာင္ ေျပာင္ေပၚမွာ အေတာ့္ကိုႀကီးတဲ့
လက္ဝါးရာႀကီးတစ္ခုညိဳမည္းၿပီး တင္က်န္ရစ္ခဲ့ တယ္။ထူးဆန္းတာက အဲဒီ လက္ဝါးရာႀကီးဟာ
အခုအခ်ိန္အထိ ႏွစ္ေပါင္းမ်ား စြာ မေပ်ာက္ မပ်က္ ဘဲ ဒီအတိုင္းေသရာပါ အသားစြဲ က်န္ရစ္ခဲ့တာပဲ ညိဳမွ ိုင္းရ။
ေမာင္ညိဳမွ ိုင္း(သန္လ်င္)