မေတ္တာစွမ်းအား၏သက်ရောက်မှု(စ/ဆုံး)

Unicode Version

မေတ္တာစွမ်းအား၏သက်ရောက်မှု(စ/ဆုံး)
————————————————
ညနေရီချမ်းမှုန်ရီစအချိန်မို့ အလင်းအားလျော့လို့နေပြီ ဖြစ်သည်။ ကျွန်ုပ်လည်း လှည်းလက်စ အုန်းတံမြက်စည်းကို မန်ကျည်းပင်အို ကြီးတွင် ထောင်ထားလိုက်ကာ မန်ကျည်းပင်အိုခြေရင်းတွင် ရှိနေသည့် ကွပ်ပျစ်ပေါ်တွင် ထိုင်လိုက်သည်။ နဖူးမှ ချွေးစများကို သုတ်လိုက်ရင်း ကွပ်ပျစ်ပေါ်ရှိရေနွေးကရားကို ဆွဲယူလိုက်သည်။ရေနွေးကရားကို မှဲ့နေမိစဉ်မှာပင် လက်ဖက်ခြောက်တစ်ဆို့ဆို့ ဖြစ်နေသည်ကို သတိပြုမိ လိုက်ကာ ရေနွေးအိုးအဖုံးကို ဖွင့်လိုက်မိဖြစ်သည်။ ရေနွေးအိုးအတွင်း ထိုးထိုးထောင်ထောင် လှုပ်ခတ်နေသည့်လက်ဖက်ရိုးဖတ် နှစ်စကို တွေ့ရသဖြင့်အလောတကြီးလက်ဖြင့် နှိုက်ထုတ်လိုက်သည်။ ပူလိုက်သည့် ဖြစ်ခြင်း။ ပူလိုက်သည့် ဒဏ်ကြောင့် ရေနွေးအိုးထည့်ထားမိသည်မှာ မကြာလှသေးပါလားဟူသည့် အသိက ဝင်လာသည်။ အသိနှင့်အတူ အဘိုးဒိဗ္ဗပြောခဲ့သည့် စကားတစ်ခွန်းက ရင်ထဲမှာ ရိုက်ခတ်သွားသည်။

သတိဆိုတာပိုတယ်လို့မရှိဘူးကွ။ သတိပဋ္ဌာန်ကျင့်စဉ်သဘောအတိုင်း အရာရာမှာ ထိ,သိ သတိဆိုတဲ့ အသိရင်ထဲမှာ အမြဲထား။ သား အခုကျင့်ကြံ ပွားများနေတဲ့ မေတ္တာဘာဝနာ၊ စဉ်ဆက်မပြတ် ရွတ်ဖတ်နေတဲ့ ခန္ဓသုတ်၊ ဘာဝနာတွေတစ်ချိန်ချိန်မှာသားအတွက်အစွမ်းသတ္တိတွေဝင်လာမယ်။ သိဒ္ဓိ တစ်မျိုးမဟုတ်တစ်မျိုးရလာမှာ သေချာတယ်၊ အစွမ်းထက်လာမယ်။”
ရင်ထဲမှာ လှုပ်ခတ်သွားသည့် စကားစုတို့ကြောင့် အတိတ်ပုံရိပ်တို့က အတွေးအိမ်ထဲ ဝင်ရောက်လာခဲ့တော့သည်။ အတိတ်က သည်လိုပါ..။
မှတ်မှတ်ရရနေ့လေးတစ်နေ့ပင် -။
မိုးကဖွဲဖွဲလေးကျနေသည်။ အဘိုးဒိဗ္ဗက အဓိဋ္ဌာန်အောင်ခြင်း အထိမ်း အမှတ်အဖြစ် သာဓုကန်စေတီတော်အား အောက်ခြေမြေပြင်မှ လက်ျာရစ် ပတ်ကြရန်ပြောသဖြင့် အဘိုးဒိဗ္ဗနောက်ပါးမှ ကပ်လိုက်လာမိသည်။ တောင်ညီနောင်၏ အနောက်ဘက်ကျကျတွင် တည်ရှိသော တောင် တော်တွင်အဓိဋ္ဌာန်ဝင်နေဖြစ်သည်မှာကိုးရက်တင်းတင်းပြည့်ပြီးဖြစ်သည်။ တောင်ညီနောင်၏ အနောက်ဘက်တောင်ပေါ်မှ စဆင်းလာကတည်းက မိုးဖွဲလေးများ စတင်ကျနေပြီပင် ဖြစ်သည်။ ကျွန်ုပ် သာဓုကန်ရေပြင်ကျယ် ကြီးကို လှမ်းငေးမောနေမိသည်။ ရေမှုန်မှုန်လေးများ ကျနေသဖြင့် ဂယက် ငယ်လေးများ ပွက်နေသည်မှာ ကြည့်ကောင်းလှသည်။ အဘိုးဒိဗ္ဗ ခြေလှမ်း များဖျတ်ခနဲရပ်တန့်သွားသဖြင့်ကျွန်ုပ်လည်းရပ်တန့်သွားမိရသည်။ အဘိုး
ဒိဗ္ဗက-
“ငါ့သား မကြောက်နဲ့၊ ခန္ဓသုတ်နဲ့ မေတ္တသုတ်ကို ဆက်တိုက်ပွားထား၊ မေတ္တာဖြန့်ပါ… အမုန်းမပွားနဲ့၊ မစ္ဆရိယစိတ်ဖျောက်” ဟု သတိပေးစကား ဆိုလာသည်။
ကျွန်ုပ်ရှေ့တူရူဆီသို့ လှမ်းကြည့်လိုက်ရာ ကျွန်ုပ်နှင့် အဘိုးဒိဗ္ဗ လျှောက်မည့်လမ်း အလယ်တည့်တည့်တွင် ပိတ်ဆို့ရပ်တန့်နေသည့်

ပိုးကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။ လက်ကောက်ဝတ်သာသာ ခန့်ရှိသည့်မြွေဟောက်ကြီးတစ်ကောင်ကျွန်ုပ်တို့ထံသို့ဦးတည်ကာ ပါးပျဉ်း
ခွက်ထားလျက် ရှိနေသည်။ မဲနက်ရှည်လျားလှသည့် အကောင်ရှည်ကြီး၏ လည်ပင်းတွင်အဝါရစ်သုံးရစ်ရှိနေပြီးပါးပျဉ်းတွင်ညောင်ရွက်သဏ္ဌာန်အထင် အရှားရှိနေသည်ကိုတွေ့လိုက်ရသည်။ အဘိုး ဒိဗ္ဗက လက်ကို ရှေ့သို့ ဆန့် တန်းလိုက်ကာ မြွေဟောက်ကြီးအား လက်ညှိုးထိုးလိုက်ပြီး-
“ကဲ…. ကဲ၊ သားကြီးရေ- မင်းလမ်းမင်းသွား- တို့က မင်းရန်သူတွေ မဟုတ်ဘူးကွယ့်။ ကဲ… မင်းသာဓုခေါ်၊ တို့က အခုမှ အဓိဋ္ဌာန်ကထွက်လာ တာကွ၊ ကဲ…. ကဲတို့ပြုခဲ့သမျှ ဘာဝနာအဓိဋ္ဌာန်ကုသိုလ်တို့ကိုသာဓုခေါ်ပေါ့ ကွာ၊ အမျှ.အမျှ.အမျှ”
ဟု တည်ငြိမ်လေးနက်သော အသံဖြင့် တတွတ်တွတ် ပြောဆိုလိုက် သည်။မြွေဟောက်နက်ကြီးလျှာလေးပြူတစ်ပြူတစ်လုပ်နေရာကပါးပျဉ်းကို လျှော့လိုက်သည်။လုံးတုံးတုံးအနေအထားသို့ဦးခေါင်းရောက်သွားသည်နှင့် ဦးခေါင်းနှင့်မြေပြင်ကိုသုံးကြိမ်သုံးခါတိုင်ထိတို့တော့သည်။ ထိတို့မှုပြီးသည် နှင့် ကန်စပ်ရှိ ချုံတောထဲသို့ တဖြည်းဖြည်းချင်း တိုးဝင်လာတော့သည်။ “အဲဒါ – တောကြီးမြွေဟောက်မျိုးကွ၊ အင်မတန် အဆိပ်ပြင်းတယ်” ဘိုးဒိဗ္ဗပြောသည်ကို နားထောင်ရင်း ကျွန်ုပ် ကြက်သီးထသွားမိသည်။ ဘိုးဒိဗ္ဗကခြေလှမ်းမှန်မှန်ဖြင့် ဆက်လျှောက်နေသဖြင့် ဆက်လိုက်နေရပြန် သည်။ စေတီတော်ကြီး၏ တောင်ဘက်သို့ ရောက်မှန်းမသိ ရောက်လာပြီ ဖြစ်သည်။ ရောက်လာသည်တွင် ဘုရားထီးတော်ကြီး သီတင်းသုံးနေသည့် ကုန်းလေးအား လက်ညှိုးထိုးညွှန်ပြရင်း –
“ငါ့သား- အဲဒီထီးတော်က၁၂၄၈ – ခုနှစ်ကတည်းကမြန်မာမင်းဗန္ဓုတင် လှူခဲ့တဲ့ထီးတော်ကွ၊ ၁၂၅၀ – ခုနှစ် ထီးတော်အသစ်တင်တော့ စေတီ ကုန်းတော်က ကျဉ်းကြပ်တာမို့ အခုဖူးရတဲ့အတိုင်း ဒီကုန်းတော်လေး
ပေါ်မှာ ထားခဲ့ကြတာ၊ ဒီကုန်းလေးက နှယ်နှယ်ရရမဟုတ်ဘူး၊ အောင်မြေ မှန်တဲ့အောင်တော်မူ ကုန်းကွ”ဟု အဘိုးဒိဗ္ဗကပြောသည်။
တောအုပ်လေးတစ်အုပ်ပမာ သစ်ရိပ်ဝါးရိပ် လွှမ်းခြုံထားသည့် ထိုအောင်တော်မူ ကုန်းတော်မှာပင် အဘိုးဒိဗ္ဗက မြွေနှင့် ပတ်သက်သော သိကောင်းစရာများကို ရှင်းပြကာ ကျွန်ုပ်အား သတ္တဝါကယ်လုပ်ငန်းအဖြစ် ဆောင်ရွက်ခွင့်ပြုသည်ဟု ဆိုလာသည်။ ကျွန်ုပ်က –
“အဘိုး- သားမှာ ဘာပညာမှ မရှိသေးဘူးဆိုတော့ သားဘယ်လို အကျင့်တွေ၊ ဆေးဝါးတွေကျင့်ဖို့ရှာဖို့လိုပါသေးသလဲ ခင်ဗျ…” ဟုပြန်လည် မေးမိဖြစ်သည်။ အဘိုးဒိဗ္ဗပြုံးလိုက်သည်။ ပြီးမှ –
“သား – မင်းကို အဘိုးတစ်နှစ်ကျော်ကျော် ပြုစုလေ့ကျင့်ပေးခဲ့ပြီးပြီပဲ၊ မင်းအခု စဉ်ဆက်မပြတ် ရွတ်နေတဲ့ ခန္ဓသုတ်ရဲ့ သိဒ္ဓိစွမ်းတွေက မင်းမှာ အပြည့်ရှိနေပြီလေ၊သည်ထက်ကောင်းတာဘာမှမရှိဘူး။တစ်ခုပဲ – မင်းသတိ ထားရမယ်။ အဲဒါက သတိပဋ္ဌာန်ပဲ၊ ဘာကို လုပ်လုပ်- ထိ.သိ သတိရှိနေဖို့ အမြဲကြိုးစားရမယ်။ စိတ်ကိုလွှတ်မထားဘဲအမြဲသတိကပ်နေရမယ်ဆိုတာ
ကိုပဲ”ဟုပြောသည်။ခဏအကြာတွင်အဘိုးဒိဗ္ဗထံမှစကားတစ်ခွန်းထွက်လာ
သည်။
“သား…အဘတို့လိုဂန္ဓာရီလမ်းလျှောက်တဲ့ပုဂ္ဂိုလ်တွေဟာတစ်နေရာ
မှာ အမြဲမနေကြဘူး၊ တစ်ပြည်လုံးအနှံ့ လှည့်ပြီး ကျင့်စဉ်တွေ ကျင့်ကြရ တာပါ။ သားနဲ့အဘ ဆုံဖြစ်ကြတာနှစ်နဲ့ချီကြာသွားပြီဆိုတော့မနက်ဖြန်ဆို အဘစ,မတောင်တော်ဘက် ခရီးဆက်တော့မယ်”
ထိုစကားသည် အဘိုးဒိဗ္ဗထံမှ နောက်ဆုံးကြားခဲ့ရသော စကားသာ
ဖြစ်ပါသည်။

အတွေးစတို့ လွင့်ပျံနေမိသည်မှာ မည်မျှကြာသွားသည်မသိ။ ငဲ့ထား
သောလက်ဖက်ရည်ကြမ်းပန်းကန်ကို မျက်စိရောက်သွားမိတော့မှအတွေး စတို့က ပြတ်သွားသည်။ အဘိုးဒိဗ္ဗ ပြောသွားခဲ့စဉ်က ကျွန်ုပ်ကို ကျွန်ုပ် ယုံကြည်နိုင်မှုမရှိခဲ့သေးသော်လည်းယခုအချိန်တွင်မူအုတ်ဖို၊ ဗုံရှည်ကုန်း၊
သံဒင်း၊ တကူခြံ၊ မိချောင်းအိုင်ရွာများကပါအားကိုးအားထားပြုနေကြ ရသည့် ဆရာကြီးတစ်ဆူအဖြစ် ရပ်တည်နေနိုင်ခဲ့သည်က အမှန်ပင်။ ဆန်းကြယ်လှသည်တော့မဟုတ်။ ကျွန်ုပ်သည် ခန္ဓသုတ်ပေးလာသော အကျိုးအာနိသင်တို့ ထုံ၍ နေလေရာ မြွေနိုင်သော သိဒ္ဓိစွမ်းပကားများက တစ်နေ့ထက်တစ်နေ့ မြင့်မားလာနေသောကြောင့်ပင် ဖြစ်တန်ရာသည်။ လက်ဖက်ရည်ကြမ်းပန်းကန်ကို
မော့သောက်တော့မည်အပြုတွင် ကျွန်ုပ်ခြံဝိုင်းတည်ရှိရာသို့ ဦးတည်ကာအသော့မောင်းနှင်လာသည့် နွားလှည်းတစ်စီး။ ရိုးပြတ်များ ထိုးထိုး ထောင်ထောင်ရှိနေသည့် ကွင်းပြင် ကျယ်တွင် လှုပ်လှုပ်ရှားရှား ရှိနေသည့်အသွင်ကိုလှမ်းမြင်လိုက်ရသည်။ ဖုန်လုံးကြီးများက နွားလှည်းနောက်မှ တလိမ့်လိမ့်လိုက်ပါနေပြီး ခြူသံလွင် လွင်က နွားလှည်း၏ ရှေ့မှ အပြေးအလွှား လွင့်မျောလို့ လိုက်လာနေပြီပင် ဖြစ်သည်။
ကျွန်ုပ်ရေနွေးကြမ်းပန်းကန်ကို မော့သောက်လိုက်မိစဉ်မှာပင် – “ဆရာကြီး၊ ဆရာကြီး၊ ကျွန်တော်တို့သံဒင်းရွာကပါခင်ဗျာ၊ လူနာပါလာ လို့ကျွန်တော်တို့လှည်း-ဝင်ခဲ့ပါရစေ”ဆိုသည့်အသံကပေါ်ထွက်လာသည်။ ကျွန်ုပ်သိလိုက်ပြီ။ ပိုးထိသည့် လူနာပင် ဖြစ်မည်။ အနီးအနား ပတ်ဝန်းကျင် ရွာများတစ်ဝိုက်တွင် ကျွန်ုပ်သာ မြွေနှင့် ပတ်သက်၍ စွမ်းစွမ်းတမံ ကုသနိုင် သကဲ့သို့ကျွန်ုပ်ကယ်တင်လိုက်သဖြင့်အသက်ချမ်းသာရာရရှိသွားကြသည့် လူပေါင်း များလှပြီကို အနီးပတ်ဝန်းကျင်ရှိ ရွာအားလုံးလိုလိုက သိထားကြ သည်။ ကျွန်ုပ် အကြမ်းပန်းကန်ကို ကွပ်ပျစ်ပေါ်တွင် တင်ထားလိုက်သည်။

လှည်းပေါ်တွင် ဝိုင်းဝန်းပွေ့ ဖက်ကာ ထိန်းပေးနေကြသည့် သူများ အကြားတွင် မျက်စိ စုံမှိတ်ထားသည့် လူနာကို လှမ်းကြည့်လိုက်မိသည်။ ကျွန်ုပ် စိုးရိမ်စိတ်ဖြင့် အံ့အားသင့်သွားရသည်။ လူနာက မိန်းမပျိုလေး။ ဆယ်ကျော်သက်အရွယ်။ နုနုငယ်ငယ်မို့ ပို၍ အံ့အားသင့်သွားမိရပြန် ပါသည်။ ကျွန်ုပ် မနေသာတော့ဘဲ လူနာကို ဘုရားကျောင်းဆောင်ရှိရာသို့ ပို့ဆောင်သွားဖြစ်သည်။ ကျွန်ုပ်အတွေးတို့တွင် မနေ့ညက မြင်မက်ခဲ့သည့် အိပ်မက်တို့က ပေါ်ပေါ်ထင်ထင် လှုပ်ခတ်လို့နေပြီပင် ဖြစ်သည်။
လူနာကို ပွေ့ ဖက်သယ်လာသည့် ရွာသားများက မိန်းမပျိုလေးကို ကြမ်းပြင်ပေါ်သို့ပက်လက်အနေအထားဖြင့်ချထားလိုက်ကြသဖြင့် မိန်းမပျို လေးမှာဘုရားကျောင်းဆောင်ဘက်ဆီသို့ဦးခိုက်ကာလှဲနေသည့်အနေအထား
ရှိနေသည်။ ကျွန်ုပ်အကဲခတ်လိုက်မိသည်။ မြွေအစွယ်ရာ နှစ်နေရာသည် မိန်းမပျိုလေး၏ ခြေသလုံးသား ဖြူဖြူဝင်းဝင်းလေးအပေါ်တွင်အထင်းသား ရှိနေသည်။ သွေးတွေ စို့ ထွက်နေသည်။ ကျွန်ုပ် လူနာရှင်တို့အား အကဲ ခတ်သလိုကြည့်လိုက်မိရင်းက –
“ဘယ်နေရာမှာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲပြောပါဦး”ဟုမေးမြန်း လိုက်သည်။ လူနာရှင်တို့ထဲမှ အသားညိုညိုထောင်ထောင်မောင်းမောင်း ရှိလှသည့် ပုဂ္ဂိုလ်ကြီးက –
“ဆရာကြီးကယ်နိုင်ရင်ကယ်ပါဗျာ၊ သမီးလေးက ဘုရားနဲ့ တရားနဲ့ပါ။ မနက်က အိမ်မှာ ဘုရားပန်းလဲနေတုန်း ပိုးထိရတာပါ။ မြေပေါ်မှာ မဟုတ် ၊ အိမ်အပေါ်ထပ်မှာပါ”ဟု ဖြေလာသည်။ ကျွန်ုပ်ခေါင်းနားပန်းကြီး သွားမိသည်။ မနေ့က မက်ခဲ့ရသည့် အိပ်မက် သက်ဝင်၍လာခဲ့ပြီကိုကျွန်ုပ် သတိပြုလိုက်မိသည်။
ဘူး၊
အိပ်မက်ထဲတွင် ထင်ပေါ်ခဲ့သည့် မိန်းမပျိုလေး၏ ရုပ်ပုံလွှာက ယခု ကျွန်ုပ်ရှေ့ရောက်နေသည့် မိန်းကလေးနှင့် ထပ်တူကျနေသည်။ ပိုတိကျ သည်ကပါးမို့မို့ပေါ်ကမှဲ့နက်ကလေးပင်။

ကျွန်ုပ်အာရုံတွင်အိပ်မက်၏ပုံရိပ်တို့ကပြက်ပြက်ထင်ထင်ပေါ်လို့လာ
သည်။ ကျွန်ုပ် ကျောက်ဂူတစ်ခုထဲတွင် စိပ်ပုတီးစိပ်နေမိသည်။ ဂူအတွင်း ထွန်းထားသည့် မီးမှိန်မှိန်အရောင်က လင်းလက်လို့နေသည်။ ကျွန်ုပ် စိပ် ပုတီးစိပ်နေမှုအပေါ်အာရုံနစ်နေမိသည်မှာ မည်မျှကြာသွားမိသည် မသိ။ လင်းလက်နေသည့် အရောင်ဆတ်ခနဲ ပျောက်သွားသည့်အတွက် နောက် ထပ် ဖယောင်းတိုင်တစ်တိုင် ထွန်းဦးမှဟု ကြံရွယ်ကာ လွယ်အိတ်အတွင်း လက်နှိုက်လိုက်စဉ်ဖယောင်းတိုင်တစ်တိုင် လာထွန်းပေးနေသည့် မိန်းမပျို လေးကိုမြင်တွေ့ လိုက်ရလေတော့သည်။ ကျွန်ုပ် အံ့အားသင့်မိသွား
သဖြင့် –
“ဟေ့- ကလေးမ၊မင်းဘယ်သူလဲ – ဘယ်ကလဲ…” ဟုလှမ်းမေးဖြစ်သည်။ မိန်းမပျိုလေးက မျက်နှာညှိုးငယ်စွာဖြင့် –
“ကျွန်မစန္ဒာဝင်းပါ၊ အဘိုးဒိဗ္ဗက ဆရာကြီးဂူထဲမှာ တရားထိုင်နေတယ်၊ ဆရာကြီးကိုတွေ့ပြီးပြောထား၊ ဆရာကြီးကမြွေနိုင်တယ်။ နင့်မှာအန္တရာယ်ရှိ တာငါမြင်နေတယ်ပြောတာနဲ့ ဆရာကြီးဆီကိုလာတာ၊ ဆရာကြီးထွန်းထား တဲ့ဖယောင်းတိုင်မီးသေသွားတာတွေ့လိုက်ရတာနဲ့အဘိုးဒိဗ္ဗပေးလိုက်တဲ့ ဖယောင်းတိုင်ထွန်းပြီးတင်ပေးမိတာပါ”ဟုဖြေရှာသည်။ကျွန်ုပ်မိန်းမပျိုလေး ကိုသေသေချာချာကြည့်လိုက်မိတော့ပါးပေါ်တွင်မှဲ့နက်တစ်လုံးကအထင်း
သား ရှိနေသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ် အသေအချာ မေးမြန်းကြည့် တော့မှကျွန်ုပ်၏ဆရာကြီးအဘိုးဒိဗ္ဗသည်မကြာမီရက်ပိုင်းအတွင်းဟိမဝန္တာ
သို့ ကြွသွားတော့မည်ဖြစ်ကြောင်း၊ သူသွားပြီးမကြာမီရက်ပိုင်းအတွင်း စန္ဒာဝင်း ပိုးထိမည့် အန္တရာယ်ရှိကြောင်း မည်သို့ အန္တရာယ်ကြီးကြီး ကျွန်ုပ်သာလျှင် အမှတ်တကယ် ကယ်တင်နိုင်မည့်သူဖြစ်သည်ဟု အဘိုး ဒိဗ္ဗက မှာသွားကြောင်း ပြောသဖြင့် ကျွန်ုပ်ကယ်တင်ပါမည့်အကြောင်း ပြောဖြစ်ခဲ့သည်။ ကတိပေးလိုက်မိသည်။

ယခုမူ အိပ်မက်တွင် အထင်အရှားဆုံမိခဲ့ရသည့် မိန်းမချောလေးပိုးထိ ခံရကာ ကျွန်ုပ်ရှေ့သို့ ရောက်လေပြီကော။
အဘိုးဒိဗ္ဗလည်း အနီးအပါးတွင် မရှိတော့ပြီ။ရင်ဆိုင်တွေ့လာရသည့် ပြဿနာက အကြီးအမား။ ကျွန်ုပ်တော်တော်လေး တုန်လှုပ်သွားမိသည်။ မြွေနှင့် ပတ်သက်လာရင် ကျွန်ုပ်အားလုံးလုပ်ပေးနိုင်စွမ်း ရှိသည်။ တော တောင်အတွင်း အရှာရခက်သည့်မြွေနိုင်ဂမုန်းများလည်း ကျွန်ုပ်လက်ဝယ် ရှိသည်။ မြွေဆေးပေါင်းစုံလည်းကျွန်ုပ်လက်ဝယ် ရှိနေသည်။ ကိုက်သည့် မြွေကိုခေါ်ကာမေတ္တာဓာတ်လွှတ်၍ဖြန့်ကြက်ပြီး အဆိပ်ပြန်စုပ်ခိုင်းဦးမလား။
နည်းမျိုးစုံကျွမ်းကျင်ပိုင်နိုင်လှသော်လည်းယခုလက်တွေ့ကုရမည့်မိန်းမပျို လေးကိုမူကားမည်သို့ကုရလေမည်ကိုဝေခွဲမရအောင် ဖြစ်လို့နေသည်။ ခက်နေသည်က သာမန်မြွေမဟုတ်ခြင်းပင်။ ကျွန်ုပ် မနေသာတော့ဘဲ-
“သူ့ ကို ကိုက်သွားတဲ့ မြွေကိုရော ရလိုက်သလား”ဟု မေးလိုက်ရာ ပါလာသူတို့ကမြွေကိုဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ဖမ်းဆီးရန်ကြံသော်လည်း မရလိုက်ကြောင်း၊ မြွေမှာ မဲမှောင် တုတ်ခိုင်ကာ ရှည်လျားကြောင်း၊ ပါးပျဉ်း ထောင်ရာတွင်ခေါင်းမှာအဝါရောင်ညောင်ရွက်ပုံပေါ်သည့်မြွေဟောက်မည်း ကြီးတစ်ကောင်ဖြစ်ကြောင်း ဝိုင်းဝန်းပြောပြကြသည်။ သူတို့က ထိုသို့ ရှင်းပြလေ၊ ကျွန်ုပ်မည်သို့ ဆောင်ရွက်သင့်သည်ကို စဉ်းစားရကြပ်လေပင် ဖြစ်နေမိတော့သည်။
မတတ်နိုင်တော့ပါ။ ကျွန်ုပ် ဆုံးဖြတ်ချက်တစ်ခုကို အမြန်ဆုံးချလိုက်ရ ပါတော့သည်။ ဘိုးဒိဗ္ဗထံ တပည့်ခံနေမိစဉ်ကပင် ဤအတွေ့အကြုံမျိုး တွေ့ ခဲ့ဖူးပြီးပင်ဖြစ်သည်။ထိုစဉ်ကတိုက်မြွေဟုခံစားနားလည်သိလိုက်ရသည်နှင့် စိုးရိမ်စိတ်တို့ကငယ်ထိပ်အထိတက်ရောက်ရိုက်ခတ်ခံခဲ့ဖူးပါသည်။ ကြားဖူး
နားဝနှင့် လန့်ဖျပ်သွားသည်။ တိုက်မြွေဟူသည် မှော်အတက်ပညာဖြင့်

ဖန်တီးထားပြီး ပရလောကနှင့် ပူးပေါင်းကာ မကောင်းမှုအကုသိုလ် အလုပ် ဆောင်ရွက်လေ့ရှိသူတို့ ၏ လက်ကိုင်လက်နက်တစ်ခုသာ ဖြစ်သည်ဆိုကြသည်။ကျွန်ုပ်လည်း ထိုသို့ပင် နားလည်ထားမိသည်။ ဤ ကျွန်ုပ်လည်း ထိုသို့ပင် နားလည်ထားမိသည်။ကျွန်ုပ်ဆုံးဖြတ်ချက် ချမိသည့်အတိုင်း ဘုရားကျောင်းဆောင်တွင် ဆက်ကပ်လှူဒါန်း ထားသောကန်တော့ပွဲရှေ့ တွင် ထိုင်ရင်းခန္ဓသုတ်ကို အကြိမ်ကြိမ် ရွတ်ဖတ်လိုက်သည်ပြီးသည်နှင့် မမြင်အပ်သောပရလောကသားတို့ကို အမျှအတန်း ပေးဝေလိုက်သည်။ ကျွန်ုပ် အမျှအတန်းပေးဝေစဉ် အိမ် တစ်အိမ်လုံး အိမ်မြှောင်စုတ်ထိုးသံတို့စည်ဝေကျယ်လောင်စွာ စဉ်ဆက်
မပြတ်ထွက်ပေါ်လာတော့သည်။
ထိုအလုပ်များ ဆောင်ရွက်ပေးပြီးသည်နှင့် ဘိုး ဒိဗ္ဗပေးထားသည့် မြွေနိုင်ဂမုန်းအဆီအနှစ်တို့ဖြင့် စီရင်ပြုလုပ်ထားသည့်မြွေနိုင်တောင်ဝှေးကို ကိုင်ကာ မိန်းမပျိုလေး၏ ခန္ဓာကိုယ်အပေါ်ကိုဦးခေါင်းမှ ခြေဖျားတိုင် ကိုးကြိမ်တိုင်တိုင် သပ်ချပေးလိုက်သည်။ ပြီးသည်နှင့်မိန်းမပျိုလေးခေါင်း ရင်းမှ ထိုင်ကာ တစ်စုံတစ်ခုအား ရွတ်ဖတ်ရန် ဟန်ပြင်လိုက်စဉ်…
ပါလာသူတို့က မိန်းမပျိုလေး ခြေသလုံးဆီသို့ တအံ့တဩ လှမ်းပြကြ သည်။ မိန်းမပျိုလေး၏ ခြေသလုံးနေရာတွင် ပိတ်စနီနီကျစ်ထားသည့် ကြိုးစတစ်စ ရစ်ပတ်လျက်သားရှိနေသည်ကို တွေ့ လိုက်ရသည်။ ကျွန်ုပ် ပြုံးလိုက်မိသည်။ ထိုကြိုးစနီနီလေးမှာလူနာရှင်တို့စည်းနှောင်လားခဲ့သည့် ကြိုးမဟုတ်သလို၊ ကျွန်ုပ် စည်းနှောင်လိုက်သောကြိုးလည်းမဟုတ်သည် မှာ သေချာသည်။ ကြိုးစအနီ ဘယ်ကရောက်လာတာလဲ။ ကျွန်ုပ်ရှေ့တွင် လူနာ လာချလိုက်စဉ်က ခြေသလုံးတွင် မည်သည့် ကြိုးစမျှ ရစ်ပတ် ချည်နှောင်ထားခြင်း မရှိခဲ့ပေ။ လူနာရှင်တို့က အံ့အားတသင့် လှမ်းပြ မှသာ တွေ့ လိုက်ရခြင်း ဖြစ်သည်။ ကျွန်ုပ်နားလည်လိုက်ပြီ။ ဘယ်က

ရောက်လာသည့်ကြိုးဆိုတာကျွန်ုပ်သိလိုက်ပြီ။လောကမှာဆန်းကြယ်သော ဖြစ်ရပ်ဆန်းတွေ ဒုနှင့်ဒေး မဟုတ်လား-။
“ကဲ….ကဲ၊ သွားသွား၊ မြေအိုးတစ်လုံးလောက်သွားဝယ်ကြကွယ့်။ မင်းတို့ လူနာ သတိပြန်လည်လာတော့မယ်”ဟုကျွန်ုပ်ပြောလိုက်သည်တွင် လိုက် လာကြသည့် လူများထဲမှ သွက်သွက်လက်လက် လူငယ်နှစ်ဦး ဆတ်ခနဲ နေရာမှထကာ အိမ်အောက်သို့ ဆင်းသွားကြသည်။
ခဏအကြာမှာပင် မိန်းမပျိုလေး လူးလွန့်လာသည်။ မျက်ဝန်းအစုံက ဟိုကြည့်သည်ကြည့်ဖြစ်နေသည်။ ကျွန်ုပ်ရှည်ရှည်ဝေးဝေးပြောမနေတော့ ဘဲ မိန်းမပျိုလေး ခြေသလုံးတွင် ပတ်နေသည့် ပိတ်စနီနီ ကျစ်ကြိုးစကို ဓား

ဖြင့်ဖြတ်ကာလူငယ်နှစ်ဦးအိုးဝယ်လာသည့်သောက်ရေအိုးအလတ်အရွယ် အတွင်းထည့်လိုက်သည်။အပေါက်ဝကိုပိတ်ဖြူတစ်စဖြင့်အုပ်ကာအိုးလည် ပင်းနေရာကို ကြိုးအနက်တစ်ချောင်း ဖြင့် ခိုင်ခိုင်ချည်လိုက်သည်။ ပြီးသည်
နှင့်-
“ကဲ..ကဲ၊ သည်လောက်ဆိုရင်စိတ်ချရပါပြီ။ကလေးမလေးကိုပြန်ခေါ် သွားပေတော့။ သည်အိုးကိုတော့လမ်းကချုံထူထူရှိမည့်နေရာမှာဖောက်ခွဲ
လွှင့်ပစ်လိုက်ပေတော့”ဟုကျွန်ုပ်ပြောလိုက်ဖြစ်တော့သည်။
တစ်ပတ်ခန့်အကြာတွင် စန္ဒာဝင်း မိဘများနှင့် စန္ဒာဝင်းပါ ရောက်လာ သည်။ကျွန်ုပ်အားအုန်းသီး၊ ငှက်ပျောသီးများ၊ ဆန်အိတ်များပါသယ်လာကာ လာကန်တော့ကြခြင်းဖြစ်သည်။ စန္ဒာဝင်းကကျွန်ုပ်အားဝါဆိုဖယောင်းတိုင် ကြီး တစ်တိုင်လက်နှစ်ဖက်ဖြင့် ကမ်း၍ ကန်တော့သည်။ ထိုစဉ် အိပ်မက် ကို သတိရမိသည်။ ဘိုးဒိဗ္ဗမြွေကုစဉ်ကလည်း ထိုသို့ဖယောင်းတိုင်များ ရခဲ့ဖူးသည်ကိုလည်း သတိရဖြစ်သည်။
ထိုသို့ သတိရခြင်းများ ယှက်နွယ်နေမိစဉ်မှာပင် စန္ဒာဝင်းဖခင်က – “ဆရာကြီး၊ ကျွန်တော်တို့ အပြန် လှည်းလမ်းကြောင်းမှာ ဆရာကြီး ပေးလိုက်တဲ့ အိုးကို ပစ်ပေါက်လိုက်တာ အိုးလည်း ကွဲရော- မည်းမည်း ရှည်ရှည် မြွေကြီးတစ်ကောင် ချုံထဲပြေးဝင်သွားတာ တွေ့ လိုက်ရတယ်။ ဆရာကြီးက ဘာဖြစ်လို့ တစ်ခါထဲ ရှင်းမပစ်ရတာလဲ ခင်ဗျာ”ဟု ဆို လာသဖြင့် –
“သတ္တဝါတစ်ခုကံတစ်ခုကွယ့်၊ နေပါစေတော့ မေတ္တာထားလိုက်ပါ။ သူ့ လမ်းသူ သွားပါစေတော့နော်။ တိုက်မြွေပဲဖြစ်ဖြစ် ၊ သာမန်မြွေပဲဖြစ်ဖြစ် ပေါ့ ကွယ်။ ပညာဆိုတာကကိုယ်တတ်တိုင်းမသုံးရဘူးလေ။ မင်းတို့ သမီးလေး အသက်ရှင်ဖို့က အဓိက မဟုတ်ဘူးလားကွယ်။ တကယ်တော့ မိတ်ဆွေ

ရန်သူမဟူ မေတ္တာဓာတ် စူးစူးရှရှ ဖြန့်ကြက်နိုင်ဖို့ပဲကွယ်။ မေတ္တသုတ်၊ ခန္ဓ သုတ်တွေကအင်မတန်တန်ဖိုးမဖြတ်နိုင်ဘူး။မေတ္တာဖြန့်ပြီးကုရင်ရေတောင် ဆေးဖြစ်တယ်။ ကျွန်ုပ်ရဲ့မြွေနိုင်ဆေးဟာ မေတ္တာပဲ။ ဒါပါပဲကွယ်… ထူးထူး ထွေထွေ ဘာမှ မဟုတ်ပါဘူး။ မေတ္တာအဓိကပါ” ဟု လေပြေဖြင့် ဖြေလိုက် မိလေသတည်း။
(၁၉၅၂- ခုနှစ်ဝန်းကျင်ကယခုရွှေပြည်သာမြို့သစ်တည်ရာဝန်းကျင်ရှိ ရွာများတွင် နာမည်ကြီးခဲ့သည် အဘိုးဆရာကြီးအမည်ခံ မြွေနှင့် ပတ်သက် သမျှ ကုစားပေးခဲ့သည့် ဆရာကြီးတစ်ဦး ထင်ရှားစွာ ပေါ်ခဲ့ပြီး ခန္ဓသုတ်ကို စဉ်ဆက်မပြတ်ပွားများရာကပရလောကနွယ်သည့်မြွေကိုပင်ကုနိုင်ခဲ့သည်
ဟုထင်ရှားခဲ့ပါသည်။)

Zawgyi Version

ေမတၱာစြမ္းအား၏သက္ေရာက္မႈ(စ/ဆုံး)
————————————————
ညေနရီခ်မ္းမႈန္ရီစအခ်ိန္မို႔ အလင္းအားေလ်ာ့လို႔ေနၿပီ ျဖစ္သည္။ ကြၽႏ္ုပ္လည္း လွည္းလက္စ အုန္းတံျမက္စည္းကို မန္က်ည္းပင္အို ႀကီးတြင္ ေထာင္ထားလိုက္ကာ မန္က်ည္းပင္အိုေျခရင္းတြင္ ရွိေနသည့္ ကြပ္ပ်စ္ေပၚတြင္ ထိုင္လိုက္သည္။ နဖူးမွ ေခြၽးစမ်ားကို သုတ္လိုက္ရင္း ကြပ္ပ်စ္ေပၚရွိေရေႏြးကရားကို ဆြဲယူလိုက္သည္။ေရေႏြးကရားကို မွဲ႔ေနမိစဥ္မွာပင္ လက္ဖက္ေျခာက္တစ္ဆို႔ဆို႔ ျဖစ္ေနသည္ကို သတိျပဳမိ လိုက္ကာ ေရေႏြးအိုးအဖုံးကို ဖြင့္လိုက္မိျဖစ္သည္။ ေရေႏြးအိုးအတြင္း ထိုးထိုးေထာင္ေထာင္ လႈပ္ခတ္ေနသည့္လက္ဖက္႐ိုးဖတ္ ႏွစ္စကို ေတြ႕ရသျဖင့္အေလာတႀကီးလက္ျဖင့္ ႏႈိက္ထုတ္လိုက္သည္။ ပူလိုက္သည့္ ျဖစ္ျခင္း။ ပူလိုက္သည့္ ဒဏ္ေၾကာင့္ ေရေႏြးအိုးထည့္ထားမိသည္မွာ မၾကာလွေသးပါလားဟူသည့္ အသိက ဝင္လာသည္။ အသိႏွင့္အတူ အဘိုးဒိဗၺေျပာခဲ့သည့္ စကားတစ္ခြန္းက ရင္ထဲမွာ ႐ိုက္ခတ္သြားသည္။

သတိဆိုတာပိုတယ္လို႔မရွိဘူးကြ။ သတိပ႒ာန္က်င့္စဥ္သေဘာအတိုင္း အရာရာမွာ ထိ,သိ သတိဆိုတဲ့ အသိရင္ထဲမွာ အၿမဲထား။ သား အခုက်င့္ႀကံ ပြားမ်ားေနတဲ့ ေမတၱာဘာဝနာ၊ စဥ္ဆက္မျပတ္ ႐ြတ္ဖတ္ေနတဲ့ ခႏၶသုတ္၊ ဘာဝနာေတြတစ္ခ်ိန္ခ်ိန္မွာသားအတြက္အစြမ္းသတၱိေတြဝင္လာမယ္။ သိဒၶိ တစ္မ်ိဳးမဟုတ္တစ္မ်ိဳးရလာမွာ ေသခ်ာတယ္၊ အစြမ္းထက္လာမယ္။”
ရင္ထဲမွာ လႈပ္ခတ္သြားသည့္ စကားစုတို႔ေၾကာင့္ အတိတ္ပုံရိပ္တို႔က အေတြးအိမ္ထဲ ဝင္ေရာက္လာခဲ့ေတာ့သည္။ အတိတ္က သည္လိုပါ..။
မွတ္မွတ္ရရေန႔ေလးတစ္ေန႔ပင္ -။
မိုးကဖြဲဖြဲေလးက်ေနသည္။ အဘိုးဒိဗၺက အဓိ႒ာန္ေအာင္ျခင္း အထိမ္း အမွတ္အျဖစ္ သာဓုကန္ေစတီေတာ္အား ေအာက္ေျခေျမျပင္မွ လက္်ာရစ္ ပတ္ၾကရန္ေျပာသျဖင့္ အဘိုးဒိဗၺေနာက္ပါးမွ ကပ္လိုက္လာမိသည္။ ေတာင္ညီေနာင္၏ အေနာက္ဘက္က်က်တြင္ တည္ရွိေသာ ေတာင္ ေတာ္တြင္အဓိ႒ာန္ဝင္ေနျဖစ္သည္မွာကိုးရက္တင္းတင္းျပည့္ၿပီးျဖစ္သည္။ ေတာင္ညီေနာင္၏ အေနာက္ဘက္ေတာင္ေပၚမွ စဆင္းလာကတည္းက မိုးဖြဲေလးမ်ား စတင္က်ေနၿပီပင္ ျဖစ္သည္။ ကြၽႏ္ုပ္ သာဓုကန္ေရျပင္က်ယ္ ႀကီးကို လွမ္းေငးေမာေနမိသည္။ ေရမႈန္မႈန္ေလးမ်ား က်ေနသျဖင့္ ဂယက္ ငယ္ေလးမ်ား ပြက္ေနသည္မွာ ၾကည့္ေကာင္းလွသည္။ အဘိုးဒိဗၺ ေျခလွမ္း မ်ားဖ်တ္ခနဲရပ္တန႔္သြားသျဖင့္ကြၽႏ္ုပ္လည္းရပ္တန႔္သြားမိရသည္။ အဘိုး
ဒိဗၺက-
“ငါ့သား မေၾကာက္နဲ႔၊ ခႏၶသုတ္နဲ႔ ေမတၱသုတ္ကို ဆက္တိုက္ပြားထား၊ ေမတၱာျဖန႔္ပါ… အမုန္းမပြားနဲ႔၊ မစၦရိယစိတ္ေဖ်ာက္” ဟု သတိေပးစကား ဆိုလာသည္။
ကြၽႏ္ုပ္ေရွ႕တူ႐ူဆီသို႔ လွမ္းၾကည့္လိုက္ရာ ကြၽႏ္ုပ္ႏွင့္ အဘိုးဒိဗၺ ေလွ်ာက္မည့္လမ္း အလယ္တည့္တည့္တြင္ ပိတ္ဆို႔ရပ္တန႔္ေနသည့္

ပိုးေကာင္ႀကီးတစ္ေကာင္ကိုေတြ႕လိုက္ရသည္။ လက္ေကာက္ဝတ္သာသာ ခန႔္ရွိသည့္ေႁမြေဟာက္ႀကီးတစ္ေကာင္ကြၽႏ္ုပ္တို႔ထံသို႔ဦးတည္ကာ ပါးပ်ဥ္း
ခြက္ထားလ်က္ ရွိေနသည္။ မဲနက္ရွည္လ်ားလွသည့္ အေကာင္ရွည္ႀကီး၏ လည္ပင္းတြင္အဝါရစ္သုံးရစ္ရွိေနၿပီးပါးပ်ဥ္းတြင္ေညာင္႐ြက္သဏၭာန္အထင္ အရွားရွိေနသည္ကိုေတြ႕လိုက္ရသည္။ အဘိုး ဒိဗၺက လက္ကို ေရွ႕သို႔ ဆန႔္ တန္းလိုက္ကာ ေႁမြေဟာက္ႀကီးအား လက္ညႇိဳးထိုးလိုက္ၿပီး-
“ကဲ…. ကဲ၊ သားႀကီးေရ- မင္းလမ္းမင္းသြား- တို႔က မင္းရန္သူေတြ မဟုတ္ဘူးကြယ့္။ ကဲ… မင္းသာဓုေခၚ၊ တို႔က အခုမွ အဓိ႒ာန္ကထြက္လာ တာကြ၊ ကဲ…. ကဲတို႔ျပဳခဲ့သမွ် ဘာဝနာအဓိ႒ာန္ကုသိုလ္တို႔ကိုသာဓုေခၚေပါ့ ကြာ၊ အမွ်.အမွ်.အမွ်”
ဟု တည္ၿငိမ္ေလးနက္ေသာ အသံျဖင့္ တတြတ္တြတ္ ေျပာဆိုလိုက္ သည္။ေႁမြေဟာက္နက္ႀကီးလွ်ာေလးျပဴတစ္ျပဴတစ္လုပ္ေနရာကပါးပ်ဥ္းကို ေလွ်ာ့လိုက္သည္။လုံးတုံးတုံးအေနအထားသို႔ဦးေခါင္းေရာက္သြားသည္ႏွင့္ ဦးေခါင္းႏွင့္ေျမျပင္ကိုသုံးႀကိမ္သုံးခါတိုင္ထိတို႔ေတာ့သည္။ ထိတို႔မႈၿပီးသည္ ႏွင့္ ကန္စပ္ရွိ ခ်ဳံေတာထဲသို႔ တျဖည္းျဖည္းခ်င္း တိုးဝင္လာေတာ့သည္။ “အဲဒါ – ေတာႀကီးေႁမြေဟာက္မ်ိဳးကြ၊ အင္မတန္ အဆိပ္ျပင္းတယ္” ဘိုးဒိဗၺေျပာသည္ကို နားေထာင္ရင္း ကြၽႏ္ုပ္ ၾကက္သီးထသြားမိသည္။ ဘိုးဒိဗၺကေျခလွမ္းမွန္မွန္ျဖင့္ ဆက္ေလွ်ာက္ေနသျဖင့္ ဆက္လိုက္ေနရျပန္ သည္။ ေစတီေတာ္ႀကီး၏ ေတာင္ဘက္သို႔ ေရာက္မွန္းမသိ ေရာက္လာၿပီ ျဖစ္သည္။ ေရာက္လာသည္တြင္ ဘုရားထီးေတာ္ႀကီး သီတင္းသုံးေနသည့္ ကုန္းေလးအား လက္ညႇိဳးထိုးၫႊန္ျပရင္း –
“ငါ့သား- အဲဒီထီးေတာ္က၁၂၄၈ – ခုႏွစ္ကတည္းကျမန္မာမင္းဗႏၶဳတင္ လႉခဲ့တဲ့ထီးေတာ္ကြ၊ ၁၂၅၀ – ခုႏွစ္ ထီးေတာ္အသစ္တင္ေတာ့ ေစတီ ကုန္းေတာ္က က်ဥ္းၾကပ္တာမို႔ အခုဖူးရတဲ့အတိုင္း ဒီကုန္းေတာ္ေလး
ေပၚမွာ ထားခဲ့ၾကတာ၊ ဒီကုန္းေလးက ႏွယ္ႏွယ္ရရမဟုတ္ဘူး၊ ေအာင္ေျမ မွန္တဲ့ေအာင္ေတာ္မူ ကုန္းကြ”ဟု အဘိုးဒိဗၺကေျပာသည္။
ေတာအုပ္ေလးတစ္အုပ္ပမာ သစ္ရိပ္ဝါးရိပ္ လႊမ္းၿခဳံထားသည့္ ထိုေအာင္ေတာ္မူ ကုန္းေတာ္မွာပင္ အဘိုးဒိဗၺက ေႁမြႏွင့္ ပတ္သက္ေသာ သိေကာင္းစရာမ်ားကို ရွင္းျပကာ ကြၽႏ္ုပ္အား သတၱဝါကယ္လုပ္ငန္းအျဖစ္ ေဆာင္႐ြက္ခြင့္ျပဳသည္ဟု ဆိုလာသည္။ ကြၽႏ္ုပ္က –
“အဘိုး- သားမွာ ဘာပညာမွ မရွိေသးဘူးဆိုေတာ့ သားဘယ္လို အက်င့္ေတြ၊ ေဆးဝါးေတြက်င့္ဖို႔ရွာဖို႔လိုပါေသးသလဲ ခင္ဗ်…” ဟုျပန္လည္ ေမးမိျဖစ္သည္။ အဘိုးဒိဗၺၿပဳံးလိုက္သည္။ ၿပီးမွ –
“သား – မင္းကို အဘိုးတစ္ႏွစ္ေက်ာ္ေက်ာ္ ျပဳစုေလ့က်င့္ေပးခဲ့ၿပီးၿပီပဲ၊ မင္းအခု စဥ္ဆက္မျပတ္ ႐ြတ္ေနတဲ့ ခႏၶသုတ္ရဲ႕ သိဒၶိစြမ္းေတြက မင္းမွာ အျပည့္ရွိေနၿပီေလ၊သည္ထက္ေကာင္းတာဘာမွမရွိဘူး။တစ္ခုပဲ – မင္းသတိ ထားရမယ္။ အဲဒါက သတိပ႒ာန္ပဲ၊ ဘာကို လုပ္လုပ္- ထိ.သိ သတိရွိေနဖို႔ အၿမဲႀကိဳးစားရမယ္။ စိတ္ကိုလႊတ္မထားဘဲအၿမဲသတိကပ္ေနရမယ္ဆိုတာ
ကိုပဲ”ဟုေျပာသည္။ခဏအၾကာတြင္အဘိုးဒိဗၺထံမွစကားတစ္ခြန္းထြက္လာ
သည္။
“သား…အဘတို႔လိုဂႏၶာရီလမ္းေလွ်ာက္တဲ့ပုဂၢိဳလ္ေတြဟာတစ္ေနရာ
မွာ အၿမဲမေနၾကဘူး၊ တစ္ျပည္လုံးအႏွံ႔ လွည့္ၿပီး က်င့္စဥ္ေတြ က်င့္ၾကရ တာပါ။ သားနဲ႔အဘ ဆုံျဖစ္ၾကတာႏွစ္နဲ႔ခ်ီၾကာသြားၿပီဆိုေတာ့မနက္ျဖန္ဆို အဘစ,မေတာင္ေတာ္ဘက္ ခရီးဆက္ေတာ့မယ္”
ထိုစကားသည္ အဘိုးဒိဗၺထံမွ ေနာက္ဆုံးၾကားခဲ့ရေသာ စကားသာ
ျဖစ္ပါသည္။

အေတြးစတို႔ လြင့္ပ်ံေနမိသည္မွာ မည္မွ်ၾကာသြားသည္မသိ။ ငဲ့ထား
ေသာလက္ဖက္ရည္ၾကမ္းပန္းကန္ကို မ်က္စိေရာက္သြားမိေတာ့မွအေတြး စတို႔က ျပတ္သြားသည္။ အဘိုးဒိဗၺ ေျပာသြားခဲ့စဥ္က ကြၽႏ္ုပ္ကို ကြၽႏ္ုပ္ ယုံၾကည္ႏိုင္မႈမရွိခဲ့ေသးေသာ္လည္းယခုအခ်ိန္တြင္မူအုတ္ဖို၊ ဗုံရွည္ကုန္း၊
သံဒင္း၊ တကူၿခံ၊ မိေခ်ာင္းအိုင္႐ြာမ်ားကပါအားကိုးအားထားျပဳေနၾက ရသည့္ ဆရာႀကီးတစ္ဆူအျဖစ္ ရပ္တည္ေနႏိုင္ခဲ့သည္က အမွန္ပင္။ ဆန္းၾကယ္လွသည္ေတာ့မဟုတ္။ ကြၽႏ္ုပ္သည္ ခႏၶသုတ္ေပးလာေသာ အက်ိဳးအာနိသင္တို႔ ထုံ၍ ေနေလရာ ေႁမြႏိုင္ေသာ သိဒၶိစြမ္းပကားမ်ားက တစ္ေန႔ထက္တစ္ေန႔ ျမင့္မားလာေနေသာေၾကာင့္ပင္ ျဖစ္တန္ရာသည္။ လက္ဖက္ရည္ၾကမ္းပန္းကန္ကို
ေမာ့ေသာက္ေတာ့မည္အျပဳတြင္ ကြၽႏ္ုပ္ၿခံဝိုင္းတည္ရွိရာသို႔ ဦးတည္ကာအေသာ့ေမာင္းႏွင္လာသည့္ ႏြားလွည္းတစ္စီး။ ႐ိုးျပတ္မ်ား ထိုးထိုး ေထာင္ေထာင္ရွိေနသည့္ ကြင္းျပင္ က်ယ္တြင္ လႈပ္လႈပ္ရွားရွား ရွိေနသည့္အသြင္ကိုလွမ္းျမင္လိုက္ရသည္။ ဖုန္လုံးႀကီးမ်ားက ႏြားလွည္းေနာက္မွ တလိမ့္လိမ့္လိုက္ပါေနၿပီး ျခဴသံလြင္ လြင္က ႏြားလွည္း၏ ေရွ႕မွ အေျပးအလႊား လြင့္ေမ်ာလို႔ လိုက္လာေနၿပီပင္ ျဖစ္သည္။
ကြၽႏ္ုပ္ေရေႏြးၾကမ္းပန္းကန္ကို ေမာ့ေသာက္လိုက္မိစဥ္မွာပင္ – “ဆရာႀကီး၊ ဆရာႀကီး၊ ကြၽန္ေတာ္တို႔သံဒင္း႐ြာကပါခင္ဗ်ာ၊ လူနာပါလာ လို႔ကြၽန္ေတာ္တို႔လွည္း-ဝင္ခဲ့ပါရေစ”ဆိုသည့္အသံကေပၚထြက္လာသည္။ ကြၽႏ္ုပ္သိလိုက္ၿပီ။ ပိုးထိသည့္ လူနာပင္ ျဖစ္မည္။ အနီးအနား ပတ္ဝန္းက်င္ ႐ြာမ်ားတစ္ဝိုက္တြင္ ကြၽႏ္ုပ္သာ ေႁမြႏွင့္ ပတ္သက္၍ စြမ္းစြမ္းတမံ ကုသႏိုင္ သကဲ့သို႔ကြၽႏ္ုပ္ကယ္တင္လိုက္သျဖင့္အသက္ခ်မ္းသာရာရရွိသြားၾကသည့္ လူေပါင္း မ်ားလွၿပီကို အနီးပတ္ဝန္းက်င္ရွိ ႐ြာအားလုံးလိုလိုက သိထားၾက သည္။ ကြၽႏ္ုပ္ အၾကမ္းပန္းကန္ကို ကြပ္ပ်စ္ေပၚတြင္ တင္ထားလိုက္သည္။

လွည္းေပၚတြင္ ဝိုင္းဝန္းေပြ႕ ဖက္ကာ ထိန္းေပးေနၾကသည့္ သူမ်ား အၾကားတြင္ မ်က္စိ စုံမွိတ္ထားသည့္ လူနာကို လွမ္းၾကည့္လိုက္မိသည္။ ကြၽႏ္ုပ္ စိုးရိမ္စိတ္ျဖင့္ အံ့အားသင့္သြားရသည္။ လူနာက မိန္းမပ်ိဳေလး။ ဆယ္ေက်ာ္သက္အ႐ြယ္။ ႏုႏုငယ္ငယ္မို႔ ပို၍ အံ့အားသင့္သြားမိရျပန္ ပါသည္။ ကြၽႏ္ုပ္ မေနသာေတာ့ဘဲ လူနာကို ဘုရားေက်ာင္းေဆာင္ရွိရာသို႔ ပို႔ေဆာင္သြားျဖစ္သည္။ ကြၽႏ္ုပ္အေတြးတို႔တြင္ မေန႔ညက ျမင္မက္ခဲ့သည့္ အိပ္မက္တို႔က ေပၚေပၚထင္ထင္ လႈပ္ခတ္လို႔ေနၿပီပင္ ျဖစ္သည္။
လူနာကို ေပြ႕ ဖက္သယ္လာသည့္ ႐ြာသားမ်ားက မိန္းမပ်ိဳေလးကို ၾကမ္းျပင္ေပၚသို႔ပက္လက္အေနအထားျဖင့္ခ်ထားလိုက္ၾကသျဖင့္ မိန္းမပ်ိဳ ေလးမွာဘုရားေက်ာင္းေဆာင္ဘက္ဆီသို႔ဦးခိုက္ကာလွဲေနသည့္အေနအထား
ရွိေနသည္။ ကြၽႏ္ုပ္အကဲခတ္လိုက္မိသည္။ ေႁမြအစြယ္ရာ ႏွစ္ေနရာသည္ မိန္းမပ်ိဳေလး၏ ေျခသလုံးသား ျဖဴျဖဴဝင္းဝင္းေလးအေပၚတြင္အထင္းသား ရွိေနသည္။ ေသြးေတြ စို႔ ထြက္ေနသည္။ ကြၽႏ္ုပ္ လူနာရွင္တို႔အား အကဲ ခတ္သလိုၾကည့္လိုက္မိရင္းက –
“ဘယ္ေနရာမွာျဖစ္တာလဲ၊ ဘယ္လိုျဖစ္တာလဲေျပာပါဦး”ဟုေမးျမန္း လိုက္သည္။ လူနာရွင္တို႔ထဲမွ အသားညိဳညိဳေထာင္ေထာင္ေမာင္းေမာင္း ရွိလွသည့္ ပုဂၢိဳလ္ႀကီးက –
“ဆရာႀကီးကယ္ႏိုင္ရင္ကယ္ပါဗ်ာ၊ သမီးေလးက ဘုရားနဲ႔ တရားနဲ႔ပါ။ မနက္က အိမ္မွာ ဘုရားပန္းလဲေနတုန္း ပိုးထိရတာပါ။ ေျမေပၚမွာ မဟုတ္ ၊ အိမ္အေပၚထပ္မွာပါ”ဟု ေျဖလာသည္။ ကြၽႏ္ုပ္ေခါင္းနားပန္းႀကီး သြားမိသည္။ မေန႔က မက္ခဲ့ရသည့္ အိပ္မက္ သက္ဝင္၍လာခဲ့ၿပီကိုကြၽႏ္ုပ္ သတိျပဳလိုက္မိသည္။
ဘူး၊
အိပ္မက္ထဲတြင္ ထင္ေပၚခဲ့သည့္ မိန္းမပ်ိဳေလး၏ ႐ုပ္ပုံလႊာက ယခု ကြၽႏ္ုပ္ေရွ႕ေရာက္ေနသည့္ မိန္းကေလးႏွင့္ ထပ္တူက်ေနသည္။ ပိုတိက် သည္ကပါးမို႔မို႔ေပၚကမွဲ႔နက္ကေလးပင္။

ကြၽႏ္ုပ္အာ႐ုံတြင္အိပ္မက္၏ပုံရိပ္တို႔ကျပက္ျပက္ထင္ထင္ေပၚလို႔လာ
သည္။ ကြၽႏ္ုပ္ ေက်ာက္ဂူတစ္ခုထဲတြင္ စိပ္ပုတီးစိပ္ေနမိသည္။ ဂူအတြင္း ထြန္းထားသည့္ မီးမွိန္မွိန္အေရာင္က လင္းလက္လို႔ေနသည္။ ကြၽႏ္ုပ္ စိပ္ ပုတီးစိပ္ေနမႈအေပၚအာ႐ုံနစ္ေနမိသည္မွာ မည္မွ်ၾကာသြားမိသည္ မသိ။ လင္းလက္ေနသည့္ အေရာင္ဆတ္ခနဲ ေပ်ာက္သြားသည့္အတြက္ ေနာက္ ထပ္ ဖေယာင္းတိုင္တစ္တိုင္ ထြန္းဦးမွဟု ႀကံ႐ြယ္ကာ လြယ္အိတ္အတြင္း လက္ႏႈိက္လိုက္စဥ္ဖေယာင္းတိုင္တစ္တိုင္ လာထြန္းေပးေနသည့္ မိန္းမပ်ိဳ ေလးကိုျမင္ေတြ႕ လိုက္ရေလေတာ့သည္။ ကြၽႏ္ုပ္ အံ့အားသင့္မိသြား
သျဖင့္ –
“ေဟ့- ကေလးမ၊မင္းဘယ္သူလဲ – ဘယ္ကလဲ…” ဟုလွမ္းေမးျဖစ္သည္။ မိန္းမပ်ိဳေလးက မ်က္ႏွာညႇိဳးငယ္စြာျဖင့္ –
“ကြၽန္မစႏၵာဝင္းပါ၊ အဘိုးဒိဗၺက ဆရာႀကီးဂူထဲမွာ တရားထိုင္ေနတယ္၊ ဆရာႀကီးကိုေတြ႕ၿပီးေျပာထား၊ ဆရာႀကီးကေႁမြႏိုင္တယ္။ နင့္မွာအႏၲရာယ္ရွိ တာငါျမင္ေနတယ္ေျပာတာနဲ႔ ဆရာႀကီးဆီကိုလာတာ၊ ဆရာႀကီးထြန္းထား တဲ့ဖေယာင္းတိုင္မီးေသသြားတာေတြ႕လိုက္ရတာနဲ႔အဘိုးဒိဗၺေပးလိုက္တဲ့ ဖေယာင္းတိုင္ထြန္းၿပီးတင္ေပးမိတာပါ”ဟုေျဖရွာသည္။ကြၽႏ္ုပ္မိန္းမပ်ိဳေလး ကိုေသေသခ်ာခ်ာၾကည့္လိုက္မိေတာ့ပါးေပၚတြင္မွဲ႔နက္တစ္လုံးကအထင္း
သား ရွိေနသည္ကို ေတြ႕လိုက္ရသည္။ ကြၽႏ္ုပ္ အေသအခ်ာ ေမးျမန္းၾကည့္ ေတာ့မွကြၽႏ္ုပ္၏ဆရာႀကီးအဘိုးဒိဗၺသည္မၾကာမီရက္ပိုင္းအတြင္းဟိမဝႏၲာ
သို႔ ႂကြသြားေတာ့မည္ျဖစ္ေၾကာင္း၊ သူသြားၿပီးမၾကာမီရက္ပိုင္းအတြင္း စႏၵာဝင္း ပိုးထိမည့္ အႏၲရာယ္ရွိေၾကာင္း မည္သို႔ အႏၲရာယ္ႀကီးႀကီး ကြၽႏ္ုပ္သာလွ်င္ အမွတ္တကယ္ ကယ္တင္ႏိုင္မည့္သူျဖစ္သည္ဟု အဘိုး ဒိဗၺက မွာသြားေၾကာင္း ေျပာသျဖင့္ ကြၽႏ္ုပ္ကယ္တင္ပါမည့္အေၾကာင္း ေျပာျဖစ္ခဲ့သည္။ ကတိေပးလိုက္မိသည္။

ယခုမူ အိပ္မက္တြင္ အထင္အရွားဆုံမိခဲ့ရသည့္ မိန္းမေခ်ာေလးပိုးထိ ခံရကာ ကြၽႏ္ုပ္ေရွ႕သို႔ ေရာက္ေလၿပီေကာ။
အဘိုးဒိဗၺလည္း အနီးအပါးတြင္ မရွိေတာ့ၿပီ။ရင္ဆိုင္ေတြ႕လာရသည့္ ျပႆနာက အႀကီးအမား။ ကြၽႏ္ုပ္ေတာ္ေတာ္ေလး တုန္လႈပ္သြားမိသည္။ ေႁမြႏွင့္ ပတ္သက္လာရင္ ကြၽႏ္ုပ္အားလုံးလုပ္ေပးႏိုင္စြမ္း ရွိသည္။ ေတာ ေတာင္အတြင္း အရွာရခက္သည့္ေႁမြႏိုင္ဂမုန္းမ်ားလည္း ကြၽႏ္ုပ္လက္ဝယ္ ရွိသည္။ ေႁမြေဆးေပါင္းစုံလည္းကြၽႏ္ုပ္လက္ဝယ္ ရွိေနသည္။ ကိုက္သည့္ ေႁမြကိုေခၚကာေမတၱာဓာတ္လႊတ္၍ျဖန႔္ၾကက္ၿပီး အဆိပ္ျပန္စုပ္ခိုင္းဦးမလား။
နည္းမ်ိဳးစုံကြၽမ္းက်င္ပိုင္ႏိုင္လွေသာ္လည္းယခုလက္ေတြ႕ကုရမည့္မိန္းမပ်ိဳ ေလးကိုမူကားမည္သို႔ကုရေလမည္ကိုေဝခြဲမရေအာင္ ျဖစ္လို႔ေနသည္။ ခက္ေနသည္က သာမန္ေႁမြမဟုတ္ျခင္းပင္။ ကြၽႏ္ုပ္ မေနသာေတာ့ဘဲ-
“သူ႔ ကို ကိုက္သြားတဲ့ ေႁမြကိုေရာ ရလိုက္သလား”ဟု ေမးလိုက္ရာ ပါလာသူတို႔ကေႁမြကိုဝိုင္းဝန္း႐ိုက္ႏွက္သတ္ျဖတ္ဖမ္းဆီးရန္ႀကံေသာ္လည္း မရလိုက္ေၾကာင္း၊ ေႁမြမွာ မဲေမွာင္ တုတ္ခိုင္ကာ ရွည္လ်ားေၾကာင္း၊ ပါးပ်ဥ္း ေထာင္ရာတြင္ေခါင္းမွာအဝါေရာင္ေညာင္႐ြက္ပုံေပၚသည့္ေႁမြေဟာက္မည္း ႀကီးတစ္ေကာင္ျဖစ္ေၾကာင္း ဝိုင္းဝန္းေျပာျပၾကသည္။ သူတို႔က ထိုသို႔ ရွင္းျပေလ၊ ကြၽႏ္ုပ္မည္သို႔ ေဆာင္႐ြက္သင့္သည္ကို စဥ္းစားရၾကပ္ေလပင္ ျဖစ္ေနမိေတာ့သည္။
မတတ္ႏိုင္ေတာ့ပါ။ ကြၽႏ္ုပ္ ဆုံးျဖတ္ခ်က္တစ္ခုကို အျမန္ဆုံးခ်လိုက္ရ ပါေတာ့သည္။ ဘိုးဒိဗၺထံ တပည့္ခံေနမိစဥ္ကပင္ ဤအေတြ႕အႀကဳံမ်ိဳး ေတြ႕ ခဲ့ဖူးၿပီးပင္ျဖစ္သည္။ထိုစဥ္ကတိုက္ေႁမြဟုခံစားနားလည္သိလိုက္ရသည္ႏွင့္ စိုးရိမ္စိတ္တို႔ကငယ္ထိပ္အထိတက္ေရာက္႐ိုက္ခတ္ခံခဲ့ဖူးပါသည္။ ၾကားဖူး
နားဝႏွင့္ လန႔္ဖ်ပ္သြားသည္။ တိုက္ေႁမြဟူသည္ ေမွာ္အတက္ပညာျဖင့္

ဖန္တီးထားၿပီး ပရေလာကႏွင့္ ပူးေပါင္းကာ မေကာင္းမႈအကုသိုလ္ အလုပ္ ေဆာင္႐ြက္ေလ့ရွိသူတို႔ ၏ လက္ကိုင္လက္နက္တစ္ခုသာ ျဖစ္သည္ဆိုၾကသည္။ကြၽႏ္ုပ္လည္း ထိုသို႔ပင္ နားလည္ထားမိသည္။ ဤ ကြၽႏ္ုပ္လည္း ထိုသို႔ပင္ နားလည္ထားမိသည္။ကြၽႏ္ုပ္ဆုံးျဖတ္ခ်က္ ခ်မိသည့္အတိုင္း ဘုရားေက်ာင္းေဆာင္တြင္ ဆက္ကပ္လႉဒါန္း ထားေသာကန္ေတာ့ပြဲေရွ႕ တြင္ ထိုင္ရင္းခႏၶသုတ္ကို အႀကိမ္ႀကိမ္ ႐ြတ္ဖတ္လိုက္သည္ၿပီးသည္ႏွင့္ မျမင္အပ္ေသာပရေလာကသားတို႔ကို အမွ်အတန္း ေပးေဝလိုက္သည္။ ကြၽႏ္ုပ္ အမွ်အတန္းေပးေဝစဥ္ အိမ္ တစ္အိမ္လုံး အိမ္ေျမႇာင္စုတ္ထိုးသံတို႔စည္ေဝက်ယ္ေလာင္စြာ စဥ္ဆက္
မျပတ္ထြက္ေပၚလာေတာ့သည္။
ထိုအလုပ္မ်ား ေဆာင္႐ြက္ေပးၿပီးသည္ႏွင့္ ဘိုး ဒိဗၺေပးထားသည့္ ေႁမြႏိုင္ဂမုန္းအဆီအႏွစ္တို႔ျဖင့္ စီရင္ျပဳလုပ္ထားသည့္ေႁမြႏိုင္ေတာင္ေဝွးကို ကိုင္ကာ မိန္းမပ်ိဳေလး၏ ခႏၶာကိုယ္အေပၚကိုဦးေခါင္းမွ ေျခဖ်ားတိုင္ ကိုးႀကိမ္တိုင္တိုင္ သပ္ခ်ေပးလိုက္သည္။ ၿပီးသည္ႏွင့္မိန္းမပ်ိဳေလးေခါင္း ရင္းမွ ထိုင္ကာ တစ္စုံတစ္ခုအား ႐ြတ္ဖတ္ရန္ ဟန္ျပင္လိုက္စဥ္…
ပါလာသူတို႔က မိန္းမပ်ိဳေလး ေျခသလုံးဆီသို႔ တအံ့တဩ လွမ္းျပၾက သည္။ မိန္းမပ်ိဳေလး၏ ေျခသလုံးေနရာတြင္ ပိတ္စနီနီက်စ္ထားသည့္ ႀကိဳးစတစ္စ ရစ္ပတ္လ်က္သားရွိေနသည္ကို ေတြ႕ လိုက္ရသည္။ ကြၽႏ္ုပ္ ၿပဳံးလိုက္မိသည္။ ထိုႀကိဳးစနီနီေလးမွာလူနာရွင္တို႔စည္းေႏွာင္လားခဲ့သည့္ ႀကိဳးမဟုတ္သလို၊ ကြၽႏ္ုပ္ စည္းေႏွာင္လိုက္ေသာႀကိဳးလည္းမဟုတ္သည္ မွာ ေသခ်ာသည္။ ႀကိဳးစအနီ ဘယ္ကေရာက္လာတာလဲ။ ကြၽႏ္ုပ္ေရွ႕တြင္ လူနာ လာခ်လိုက္စဥ္က ေျခသလုံးတြင္ မည္သည့္ ႀကိဳးစမွ် ရစ္ပတ္ ခ်ည္ေႏွာင္ထားျခင္း မရွိခဲ့ေပ။ လူနာရွင္တို႔က အံ့အားတသင့္ လွမ္းျပ မွသာ ေတြ႕ လိုက္ရျခင္း ျဖစ္သည္။ ကြၽႏ္ုပ္နားလည္လိုက္ၿပီ။ ဘယ္က

ေရာက္လာသည့္ႀကိဳးဆိုတာကြၽႏ္ုပ္သိလိုက္ၿပီ။ေလာကမွာဆန္းၾကယ္ေသာ ျဖစ္ရပ္ဆန္းေတြ ဒုႏွင့္ေဒး မဟုတ္လား-။
“ကဲ….ကဲ၊ သြားသြား၊ ေျမအိုးတစ္လုံးေလာက္သြားဝယ္ၾကကြယ့္။ မင္းတို႔ လူနာ သတိျပန္လည္လာေတာ့မယ္”ဟုကြၽႏ္ုပ္ေျပာလိုက္သည္တြင္ လိုက္ လာၾကသည့္ လူမ်ားထဲမွ သြက္သြက္လက္လက္ လူငယ္ႏွစ္ဦး ဆတ္ခနဲ ေနရာမွထကာ အိမ္ေအာက္သို႔ ဆင္းသြားၾကသည္။
ခဏအၾကာမွာပင္ မိန္းမပ်ိဳေလး လူးလြန႔္လာသည္။ မ်က္ဝန္းအစုံက ဟိုၾကည့္သည္ၾကည့္ျဖစ္ေနသည္။ ကြၽႏ္ုပ္ရွည္ရွည္ေဝးေဝးေျပာမေနေတာ့ ဘဲ မိန္းမပ်ိဳေလး ေျခသလုံးတြင္ ပတ္ေနသည့္ ပိတ္စနီနီ က်စ္ႀကိဳးစကို ဓား

ျဖင့္ျဖတ္ကာလူငယ္ႏွစ္ဦးအိုးဝယ္လာသည့္ေသာက္ေရအိုးအလတ္အ႐ြယ္ အတြင္းထည့္လိုက္သည္။အေပါက္ဝကိုပိတ္ျဖဴတစ္စျဖင့္အုပ္ကာအိုးလည္ ပင္းေနရာကို ႀကိဳးအနက္တစ္ေခ်ာင္း ျဖင့္ ခိုင္ခိုင္ခ်ည္လိုက္သည္။ ၿပီးသည္
ႏွင့္-
“ကဲ..ကဲ၊ သည္ေလာက္ဆိုရင္စိတ္ခ်ရပါၿပီ။ကေလးမေလးကိုျပန္ေခၚ သြားေပေတာ့။ သည္အိုးကိုေတာ့လမ္းကခ်ဳံထူထူရွိမည့္ေနရာမွာေဖာက္ခြဲ
လႊင့္ပစ္လိုက္ေပေတာ့”ဟုကြၽႏ္ုပ္ေျပာလိုက္ျဖစ္ေတာ့သည္။
တစ္ပတ္ခန႔္အၾကာတြင္ စႏၵာဝင္း မိဘမ်ားႏွင့္ စႏၵာဝင္းပါ ေရာက္လာ သည္။ကြၽႏ္ုပ္အားအုန္းသီး၊ ငွက္ေပ်ာသီးမ်ား၊ ဆန္အိတ္မ်ားပါသယ္လာကာ လာကန္ေတာ့ၾကျခင္းျဖစ္သည္။ စႏၵာဝင္းကကြၽႏ္ုပ္အားဝါဆိုဖေယာင္းတိုင္ ႀကီး တစ္တိုင္လက္ႏွစ္ဖက္ျဖင့္ ကမ္း၍ ကန္ေတာ့သည္။ ထိုစဥ္ အိပ္မက္ ကို သတိရမိသည္။ ဘိုးဒိဗၺေႁမြကုစဥ္ကလည္း ထိုသို႔ဖေယာင္းတိုင္မ်ား ရခဲ့ဖူးသည္ကိုလည္း သတိရျဖစ္သည္။
ထိုသို႔ သတိရျခင္းမ်ား ယွက္ႏြယ္ေနမိစဥ္မွာပင္ စႏၵာဝင္းဖခင္က – “ဆရာႀကီး၊ ကြၽန္ေတာ္တို႔ အျပန္ လွည္းလမ္းေၾကာင္းမွာ ဆရာႀကီး ေပးလိုက္တဲ့ အိုးကို ပစ္ေပါက္လိုက္တာ အိုးလည္း ကြဲေရာ- မည္းမည္း ရွည္ရွည္ ေႁမြႀကီးတစ္ေကာင္ ခ်ဳံထဲေျပးဝင္သြားတာ ေတြ႕ လိုက္ရတယ္။ ဆရာႀကီးက ဘာျဖစ္လို႔ တစ္ခါထဲ ရွင္းမပစ္ရတာလဲ ခင္ဗ်ာ”ဟု ဆို လာသျဖင့္ –
“သတၱဝါတစ္ခုကံတစ္ခုကြယ့္၊ ေနပါေစေတာ့ ေမတၱာထားလိုက္ပါ။ သူ႔ လမ္းသူ သြားပါေစေတာ့ေနာ္။ တိုက္ေႁမြပဲျဖစ္ျဖစ္ ၊ သာမန္ေႁမြပဲျဖစ္ျဖစ္ ေပါ့ ကြယ္။ ပညာဆိုတာကကိုယ္တတ္တိုင္းမသုံးရဘူးေလ။ မင္းတို႔ သမီးေလး အသက္ရွင္ဖို႔က အဓိက မဟုတ္ဘူးလားကြယ္။ တကယ္ေတာ့ မိတ္ေဆြ

ရန္သူမဟူ ေမတၱာဓာတ္ စူးစူးရွရွ ျဖန႔္ၾကက္ႏိုင္ဖို႔ပဲကြယ္။ ေမတၱသုတ္၊ ခႏၶ သုတ္ေတြကအင္မတန္တန္ဖိုးမျဖတ္ႏိုင္ဘူး။ေမတၱာျဖန႔္ၿပီးကုရင္ေရေတာင္ ေဆးျဖစ္တယ္။ ကြၽႏ္ုပ္ရဲ႕ေႁမြႏိုင္ေဆးဟာ ေမတၱာပဲ။ ဒါပါပဲကြယ္… ထူးထူး ေထြေထြ ဘာမွ မဟုတ္ပါဘူး။ ေမတၱာအဓိကပါ” ဟု ေလေျပျဖင့္ ေျဖလိုက္ မိေလသတည္း။
(၁၉၅၂- ခုႏွစ္ဝန္းက်င္ကယခုေ႐ႊျပည္သာၿမိဳ႕သစ္တည္ရာဝန္းက်င္ရွိ ႐ြာမ်ားတြင္ နာမည္ႀကီးခဲ့သည္ အဘိုးဆရာႀကီးအမည္ခံ ေႁမြႏွင့္ ပတ္သက္ သမွ် ကုစားေပးခဲ့သည့္ ဆရာႀကီးတစ္ဦး ထင္ရွားစြာ ေပၚခဲ့ၿပီး ခႏၶသုတ္ကို စဥ္ဆက္မျပတ္ပြားမ်ားရာကပရေလာကႏြယ္သည့္ေႁမြကိုပင္ကုႏိုင္ခဲ့သည္
ဟုထင္ရွားခဲ့ပါသည္။)