ဘုန်းကြီးတစ္ဆေ(စ/ဆုံး)

Unicode Version

ဘုန်းကြီးတစ္ဆေ(စ/ဆုံး)
—————————-
ပြုံးမောင်နှင့်သူငယ်ချင်းသုံးယောက် ပေါင်းလေးယောက်အဖွဲ့အဖွားဖြစ်သူ၏ရွာသို့ အလည်လာခဲ့ကြသည်။ ရွာတွင်အဖွားဖြစ်သူ၏အိမ်ရှိသည်ဟုသာအမေပြောပြထား၍ကြားရုံကြားဖူးသည်။ ဘယ်ရွာမှန်းမသိ။ ဘယ်နေရာမှန်းမသိ။ မသိဆိုအေမက အဖွားသဘောမတူခဲ့သည့်ကြားက အဝေးရှိမြို့သားတစ်ယောက်နှင့် ခိုးရာလိုက်ပြေးခဲ့သောကြောင့်ဖြစ်သည်။ တစ်ခါတစ်လေအမေက သူ့ဇာတိကိုလွမ်းကြောင်းနှင့်အဖွားဖြစ်သူတို့ကိုလည်းသတိရကြောင်း ပြောတတ်သည်။ ထိုအချိန်မျိုးတွင်ပြုံးမောင်က အမေ့ဇာတိအကြောင်း၊အဖွားအကြောင်းတို့ကို စပ်စုတတ်သည်။ ပြုံးမောင်ကမိခင်ဖြစ်သူပြောပြသည့်နာမည်နှင့်အကြောင်းအရာများကို မှတ်သားထားပြီး အမေ့ရွာကို မရောက်ရောက်အောင်သွားကာအဖွားကိုအမေ့အကြောင်းရှင်းပြမည်ဟုအမြဲတွေးထား၏။

တစ်နေ့သော်သူ၏စိတ်ကူးများကိုအကောင်အထည်ဖော်ရန်သူငယ်ချင်းဖြစ်သူတို့ကိုတိုင်ပင်၏။ စိတ်တူကိုယ်တူသူငယ်ချင်းများဖြစ်သဖြင့် နှစ်ခါမခေါ်ရ။ သို့ကြောင့်လိုအပ်သည်များကိုစီစဉ်ပြီး လေးယောက်သား ကားတစ်စီးကိုမောင်းနှင်ကာ အဖွား၏ရွာကိုရှာပုံတော်ဖွင့်ခဲ့ကြတော့သည်။ ဒေါပုံရွာဟုအမည်ရသည့် ရွာကိုလမ်းမှာတွေ့သည့်လူများကိုမေးမြန်းရင်း ခရီးဆက္လာခဲ့ရာ မိမိ၏နေရပ်နှင့်အတော်ပင် ဝေးကွာခဲ့ချေပြီ။

” ဟေ့ကောင်ငပြုံး…မင်းဟာကသေချာရဲ့လားကွာ….မင်းမေးတဲ့ရွာနာမည်ကိုလူတွေမသိဘူးဘဲပြောနေကြတယ်နော်…”

” မသေချာဘဲအမေကပြောပါ့မလားကွာ…ငါ့ကိုယုံစမ်းပါ…ဒီရွာကလူတွေအမေ့ရွာကိုမသိတာလဲဖြစ်မှာပေါ့ကွ…”

” အေးပါကွာ…တကယ်လို့မင်းအမေရဲ့ရွာကိုရောက်ခဲ့ပြီထားဦး…မင်းကမင်းအဖွားကိုဘယ်လိုရှာမှာလဲ…”

” ရွာတောင်ရအောင်ရှာနေပြီဘဲ…အဖွားကိုရှာရမခက်ပါဘူး…”

” ပြီးတာဘဲကွာ…ခုတောင်ငါတို့ထွက်လာတာတစ်ရက်ကုန်တော့မယ်ကွ…ကားလာမောင်းကူဦး…ငါညောင်းနေပြီ…”

” မင်းမောင်းလိုက်ငပြုံး….ညမှငါမောင်းမယ်…”

” အေးကွာ…မင်းနားတော့ငဟန်…”

သူတို့သူငယ်ချင်းလေးယောက်စကားပြောရင်းခရီးဆက်ရင်း၊ဗိုက်ဆာလျှင် အစားအသောက်ဝင်စားကြရင်းဖြင့် ခရီးဆက်ခဲ့လေရာ အတော်ပင်ပေါက်ရောက်နေပြီဖြစ်၏။

သည်လိုဖြင့်ညလုံးပေါက်ခရီးဆက်ကြရင်း မြို့နဲ့ဝေးကွာသည့် ချောင်ကျသောအရပ်သို့ရောက်လာခဲ့သည်။ သို့သော် ဆီထည့်ဖိုကား မေ့လျော့ခဲ့ကြသည်။ တစ်နေရာအရောက်တွင် ကားကြီးကလမ်းအလယ်ထိုးရပ်သွားခဲ့သည်။

” ကျွီ….”

ဆတ်ခနဲထိုးရပ်သွားသောကြောင့် ကားပေါ်၌အိပ်လျှက်ပါလာကြသူများ လန့်နိုးသွားကုန်၏။

” ဘာဖြစ်လို့်ရပ်လိုက်တာလဲငပြုံး…မင်းအဖွားရွာရောက်ပြီလား…”

” မရောက်သေးဘူးကွ…ကားဘာဖြစ်သွားမှန်းမသိဘူး….လာဆင်းကြည့်ကြမယ်…”

” အေးကွာ…မသွားခင်အသေအချာစစ်ထားပါတယ်…ခုကျမှဘာဖြစ်သွားရတာလဲ…”

” ဆီကတော့နည်းနေပြီကွ…ဒါပေမဲ့ရှိနေပါသေးတယ်…ကားတာယာပေါက်ပြီထင်တယ်…”

ပြုံးမောင်က ကားကိုစစ်ရင်း နောက်ဘီးပြားနေသည်ကိုတွေ့လိုက်ရသည်။

” ဟာ…ဟုတ်ပါ့ကွာဒီအချိန်မှပေါက်ရသလားလို့ကွာ…ဘယ္လိုလုပ္မလဲ…အနီးအနားမှာကျွတ်ဖာတဲ့သူတွေလည်းရှိလောက်မှာမဟုတ်ဘူး…”

” အေးကွာ…ဘယ်လိုလုပ်ကြမလဲ…”

” ကားပေါ်မှာဘဲအိပ်ရမလား…”

” ဖြစ်ပါ့မလား…ဒီလောက်ချောင်ကျတဲ့နေရာမှာနားလို့မကောင်းလောက်ဘူးနော်…အနီးအနားရွာကအိမ်မှာအကူအညီတောင်းကြည့်ရအောင်…”

” ဘာမှမဖြစ်လောက်ပါဘူး…ငါတို့ကလေးယောက်ကြီးကို….ဖြစ်လာရင်လည်းသိပ်မှုစရာမရှိပါဘူး…”

တစ်ယောက်တစ်ပေါက်ပြောဆိုနေကြရင်း ဘေးဘီဝဲယာကိုကြည့်လိုက်၏။ သန်းခေါင်ယံဖြစ်နေသဖြင့် မှောင်အတိကျနေ၏။ ညပိုးကောင်တို့ကလည်း ဟိုမှသည်မှ အသံပြုနေကြ၏။ တစ်ခါတစ်ရံအဝေးမှလာသော ဝံပုလွေအူသံတို့က လူကိုကြောက်အားပိုစေ၏။

” ဟေ့ကောင်တွေ…ဒီနေရာကအတော်ခေါင်တာဘဲဗျနော်….ဝံပုလွေသံတောင်ကြားနေရတယ်…ငါတို့ရောက်နေတာ တောကြီးအလယ်များလားလို့တောင်အောင့်မေ့ရတယ်….”

” ပေါက်ကရကွာ…ဟိုမှာကြည့်ကြ…ကုန်းထိပ်မှာမီးအလင်းရောင်မြင်ရတယ်…ဘုရားလား…ဘုန်းကြီးကျောင်းလားဘဲ…”

သူတို့အားလုံးညီညီဟန် ညွှန်ပြသောနေရာအား ကြည့်လိုက်ရာ အလင်းရောင်တစ်ခုကိုတွေ့လိုက်ရ၏။ ဘုရားမီးရောင်တော့မဟုတ်နိုင်။ မီးအရောင်များခပ်ဆတ်ဆတ်မြင်နေရသောကြောင့် ဘုန်းကြီးကျောင်းဖြစ်ဟန်တူသည်။

” ဘာဘဲဖြစ်ဖြစ်ကွာ…ဟိုတောင်ကုန်းထိပ်ကိုရောက်အောင်သွားကြမယ်…ဘယ္လိုလဲ…”

” အေး…ဒီမှာနေရတာ သိပ်ပြီးစိတ်မချရဘူး…လွယ်အိတ်တွေယူကြ…တောင်ကုန်းထိပ်ကိုသွားကြမယ်…”

” ကားရောဘယ်လိုလုပ်ကြမလဲ…”

” ဒီတိုင်းလောခ့်ချထားလိုက်ကွာ…”

လေးယောက်သား လွယ်အိတ်ကိုယ်စီယူပြီး မီးအလင်းရောင်မြင်ရသည့် တောင်ကုန်းထိပ်သို့ စမ်းတဝါးဝါးတက်လာခဲ့ကြ၏။ အနီးအနားတွင် အိမ်တစ်လုံးမှမတွေ့ကြရချေ။ ရေညှိများတက်နေသည့် အုတ်လှေကားလေးအတိုင်းဆက်လက်တက်လာခဲ့ရာ မီးအလင်းရောင်လင်းထိန်နေသော တောဘုန်းကြီးကျောင်းတစ်ကျောင်းကိုတွေ့လိုက်ရသည်။

” ငါထင်တော့ထင်သားဘဲ…ဘုန်းကြီးကျောင်းဘဲဖြစ်မှာပါလို့…”

” အေးကွ…ဒီကျောင်းမှာတည်းဖို့ အခွင့်သွားတောင်းရအောင်…”

တောဘုန်းကြီးကျောင်းမှာ ခြေတံရှည်ကျောင်းမျိုးဖြစ်ပြီး သိပ်တော့မကြီးချေ။ ကျောင်းဆောင်တံခါးများအားလုံးမှာ ဖွင့်ထားလျှက်သားဖြစ်နေသည်။

” ဟေ့ကောင်တွေ…ခုချိန်ကြီးရှိနေပြီ…ကျောင်းဆောင်တံခါးကပိတ်မထားပါလားကွ…”

” အင်းနော်…ရွာဓလေ့ဖြစ်မှာပေါ့ကွ…လာအပေါ်တက်ကြမယ်…”

လေးယောက်သား ကျောင်းဆောင်လှေကားလက်ရန်းကိုကိုင်ပြီး တက်လာကြ၏။ ဖိနပ်ချွတ်နေရာတွင် ဖိနပ်ချွတ်လိုက်ကြပြီး
ကျောင်းထဲသို့ မဝံ့မရဲဝင်လာခဲ့ကြ၏။

” ဟယ္လို…ဘုန်းဘုန်းရှိပါသလားဘုရား…”

မျိုးဆွေကကျောင်းအထဲဘက် ဝေ့ကြည့်ရင်းဘုန်းကြီးကိုမတွေ့ရသဖြင့် အော်ပြောလိုက်ခြင်းဖြစ်၏။

” ဟေ့ကောင်…ဒီအချိန်ရှိနေပြီ…ဆရာတော်တွေကျိန်းနေပြီပေါ့ကွ…ဘာတွေလျှောက်အော်နေတာလဲ…”

” တည်းဖို့အခွင့်တောင်းမလို့ပေါ့ကွမင်းကလဲ…”

ထိုစဉ်

” ဒေါက်…ဒေါက်…ဒေါက်…”

ဟူသောတောင်ဝှေးထောက်သံနှင့်အတူ လှေကားပေါ်မှတစ်စုံတစ်ယောက် တက်လာသည့်အသံကိုကြားလိုက်ရသဖြင့် လေးယောက်သား တံခါးဝဘက်သို့ပြိုင်တူကြည့်လိုက်၏။

” ဟင်…ဘုန်းတော်ကြီးတစ်ပါးပါလား…”

ဒါကလေးယောက်သား၏ နှုတ်မှပြိုင်တူထွက်လာသည့်စကား။ တောင်ဝှေးတစ်ချောင်းကို အားပြုပြီး တက်လာသောဘုန်းတော်ကြီးတစ်ပါးသည် လှေကားထိပ်တွင်ရပ်ပြီး ကျောင်းထဲရှိသူတို့လေးယောက်အား ကြည့်နေ၏။ မျက်နှာတွင်လည်း ဒေါသထွက်နေသည့် အရိပ်အယောင်ကိုတွေ့လိုက်ရ၏။
ထိုစဉ်ကိုင်လာသောတောင်ဝှေးဖြင့် အောက်ခင်းကြမ်းကို ဒေါက်ခနဲမြည်အောင်ထောက်လိုက်ပြီး

” ဘယ်သူတွေလဲကွ…ငါ့ကျောင်းထဲအခွင့်မရှိဘဲဝင်လာတာ…”

ကျောင်းထဲရှိပြုံးမောင်တို့လေးယောက်ကား သူခိုးလူမိသည့်မျက်နှာပေးဖြင့် ဆရာတော်၏ရှေ့မှောက်သို့အပြေးလာပြီး ဒူးထောက်လက်အုပ်ချီကြကာ

” တ…တပည့်တော်တို့…ဒုက္ခရောက်လာလို့ပါဘုရား….”

” နင်တို့ဒုက္ခရောက်တာငါနဲ့ဘာဆိုင်လို့လဲ…သွားကြ…ငါ့ကျောင်းထဲကနေထွက်သွားကြ…”

” ဟင်…တောင်းပန်ပါတယ်ဘုရား…တပည့်တော့တို့မနက်လင်းတာနဲ့ ထွက်သွားပါ့မယ်…ဒီညတော့တပည့်တော်တို့ကို တည်းခွင့်ပြုပါဘုရား…”

” နင်တို့တွေသရဲမကြောက်ဘူးလား…”

” ဗ်ာ…အဲ…မှားလို့…ဘုရား…သ…သရဲရှိလို့လားဘုရား….”

” သိပ်ရှိတာပေါ့ကွ…ဘာလဲမင်းတို့ကမယုံဘူးလား…”

” ယုံ…ယုံတော့…ယုံပါတယ်ဘုရား…ဒါပေမဲ့ခုကဘုရားသားတော်ရဲ့ကျောင်းမှာရောက်နေတယ်ဆိုတော့ မကြောက်တော့ပါဘူးဘုရား….”

” အံမယ်…မင်းတို့တွေအတော်သတ္တိရှိနေကြတယ်ပေါ့…ဟုတ္စ…”

” အဲ…မ…မဟုတ်ပေါင်ဘုရား…”

သူတို့လေးယောက်၏စိတ်ထဲတွင်ကား အတော်ဂွကျသော ဘုန်းကြီးဘဲဟုသတ်မှတ်လိုက်ကြ၏။ ထိုဘုန်းကြီးအိုက သူတို့လေးယောက်ကိုကြည့်ပြီး

” မင်းတို့တကယ်သရဲမကြောက်ဘူးဆိုတာသေချာတယ်နော်…”

ဘုန်းကြီးအို၏အမေးကြောင့် လေးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး

” ဆရာတော်ရှိနေတာဘဲ…သရဲတကယ်မကြောက်ပါဘူးဘုရား…”

” သေချာတယ်နော်…ဟီး…အဲဒါဆိုရင် အထဲလာကြ…ငါကိုယ်တော်နင်တို့ကိုသရဲအကြောင်းပြောပြမယ်…မင်းတို့တကယ်မကြောက်ရင် ဒီညတစ်ညမင်းတို့ကိုတည်းခွင့်ပေးမယ်…ဘယ္လိုလဲ…”

ဘုန်းကြီးအိုသည် သူတို့လေးယောက်ကိုကြည့်ပြီး ကျိုးတိုကျဲတဲသာကျန်သည့် သွားများပေါ်အောင် ရယ္လို္က္ကာ သူတို့ကိုကျောင်းဆောင်ထဲ ခေါ်လိုက်၏။ သူတို့လေးယောက်လည်း ဒီဆရာတော်ရူးများရူးနေသလား၊ ညသန်းခေါင်ကြီး သရဲအကြောင်းပြောပြမည်တဲ့ ဆိုပြီးအတွေးကိုယ်စီဝင်သွားကြ၏။ ဘုန်းကြီးအိုကား တောင်ဝှေးတဒေါက်ဒေါက်ထောက်ကာ ကျောင်းဆောင်ကျက်သရေခန်းထဲသို့ဦးဆောင်ဝင်သွားခဲ့၏။

” ဟေ့ကောင်တွေ…ဒီဘုန်းကြီးအိုကဘာလားဟ…”

” အေးကွ…ငါလည်းတွေးနေတာ…ညသန်းခေါင်ကြီးမအိပ်ဘဲ ဘာထလုပ္တာလဲ…”

” ကျင်ကြီးကျင်ငယ်ထစွန့်တာနေမှာပေါ့ကွာ…”

” ဖြစ်နိုင်တယ်..သတိတော့ထားကြငါ့စိတ်ထဲ သိပ်ဘဝင်မကျလှဘူး…”

” ဟဲ့…ဝင်လာကြလေ…ဘာရပ်လုပ်နေကြတာလဲ…”

” တင်…တင်ပါ့ဘုရား…”

ကျောင်းခန်းထဲရှိ ဘုန်းကြီးအိုကသူတို့ကိုလှမ်းခေါ်၏။ သူတို့လေးယောက်လည်း စကားစဖြတ်လိုက်ပြီး ကျောင်းဆောင်ထဲသို့ဝင်လာခဲ့ကြ၏။

” နင်တို့တကယ်သရဲမကြောက်တတ်တာသေချာတယ်နော်….”

” သေ…သေချာပါတယ်ဘုရား…”

” အေး…ဒါဆိုလည်းပြီးတာဘဲ…တစ်ယောက်လောက် တံခါးမကြီးကိုသွားပိတ်လိုက်ဦး…”

ဘုန်းကြီးအိုက သရဲအကြောင်းမပြောခင် ကျောင်းဆောင်တံခါးမကြီးကိုပိတ်ခိုင်းလိုက်ရာ ညီညီဟန်ကထပြီး တံခါးသွားပိတ်လိုက်ပြီး တံခါးမင်းတုံးပါချထားလိုက်၏။

” နင်တို့တွေ သရဲမြင်ဖူးကြလား…”

ဘုန်းကြီးအိုက သူတို့လေးယောက်၏မျက်နှာကို စေ့စေ့ကြည့်ပြီးသွားဖြဲပြကာ မေးလိုက်ခြင်းဖြစ်၏။ သရဲဆိုသည်ထက် ပြုံးမောင်တို့လေးယောက်က ဘုန်းကြီးအိုကိုပို၍လန့်နေ၏။ ရွတ်တွနေသောမျက်နှာသေကြီးနှင့် စကားပြောတိုင်းကွမ်းကျိုးများကပ်နေသည့် ကျိုးတိုကျဲတဲသွားများကြောင့် ဘုန်းကြီးအိုမှာသရဲထက် ပို၍ကြောက်စရာကောင်းနေ၏။

” ငါမေးနေတယ်လေ…သရဲမြင်ဖူးကြလားလို့…”

ထိုအချိန်မှသူတို့လေးယောက်အသိဝင်လာပြီး တုန်တုန်ရီရီဖြင့်

” မ…မမြင်ဖူးပါဘူးဘုရား…”

” ဪ…ဒါကြောင့်မင်းတို့ကမကြောက်ဘူးလို့ပြောကြတာကိုး…”

” တင်…တင်ပါ့ဘုရား…”

” ငါပြောပြမဲ့သရဲအကြောင်းနားမထောင်ခင်…နင်တို့ကိုသရဲမြင်ဖူးအောင် ပြမယ်လေ…ဘယ်လိုလဲကြည့်ရဲကြလား…”

” ဟမ်…သ..သရဲ…သရဲကိုဆရာတော်ကဘယ်လိုပြမှာလဲဘုရား…”

” အဲဒါအရေးမကြီးဘူး…သရဲကိုမြင်ဖူးချင်လား….ဒါဘဲဖြေ….”

လေးယောက်သားအဖြေရခက်သွား၏။

” ဒုန်း…ဒုန်း…ဒုန်း….”

” ငါစိတ်တိုလာပြီနော်…ငါမေးတာမကြားဘူးလား…နင်တို့သရဲမြင်ဖူးချင်လားလို့…”

ဘုန်းကြီးအိုက လူငယ်လေးယောက်ကိုစိတ်တိုသွားပြီး ချထားသောတောင်ဝှေးကို လှမ်းယူကာ ကြမ်းခင်းကိုတဒုန်းဒုန်းမြည်အောင် ရိုက်နေ၏။ ပြုံးမောင်တို့လေးယောက်လည်း လန့်သွားပြီး

” မြင်…မြင်ဖူးချင်ပါတယ်ဘုရား…”

ဟုပြိုင်တူလျှောက်လိုက်ကြ၏။

” ဟီး…ဟီး…တကယ်နော်…သေချာတယ်နော်…ဟီးဟီး….”

လူငယ်လေးယောက်၏အဖြေကြောင့် ဘုန်းကြီးအိုမှာသဘောကျသွားပြီး တဟီးဟီးရယ်မောနေ၏။ လူငယ်လေးယောက်ကား ထူးဆန်းသောဘုန်းကြီးအိုကိုကြည့်ကာ ဇောချွေးများပြန်လာသည်။

” တ…တကယ်…ကယ်ပါဘုရား…”

မဖြေ၍လည်းမရတော့။ သို့ကြောင့် သရဲမြင်ဖူးချင်ကြောင်း ပြောချလိုက်ကြ၏။

” အဲဒါဆိုသရဲကဘယ်လိုပုံစံမျိုးလဲဆိုတာငါပြမယ်…သေချာကြည့်ထားကြနော်…ဟီး….”

” တင့်…တင့်ပါဘုရား…”

ဘုန်းကြီးအိုသည် မတ်တပ်ရပ်လိုက်ပြီး သင်္ကန်းကိုအကျအနရုံလိုက်သည်။ ပြီးသော် တောင်ဝှေးကိုထောက်လိုက်ပြီး

” ဒီမှာကြည့်လေ…သရဲဆိုတာဒါမျိုးကွ…ဟီး….ဟီး…..ဟား…ဟား….”

” ဟင်…ဗုဒ္ဓေါ…ဘုန်းကြီးမဟုတ်ဘူးကွ…သ..သရဲကြီး….”

” အမေလး…အေမေရ..ကယ်ပါဦး…”

” အမလေးသရဲကြီး…အားတဲ့ဘုရားဆင်းကယ်တော်မူပါ…”

” အေမေရ…သား….သား…သရဲမြင်ဖူးပြီ…”

ဘုန်းကြီးအိုသည် မိမိ၏ခေါင်းကိုအနေက်သို့ ဂွမ်ခနဲမြည်အောင် လှည့်ချလိုက်ရာ ကြောက်စရာကောင်းသော မျက်နှာသေကြီးမှာကျောဘက်သို့ရောက်သွားပြီး တဟီးဟီးတဟားဟားရယ်နေ၏။ လူငယ်လေးယောက်ကား ဘုန်းကြီးအိုကိုကြည့်ပြီး ကြောက်အားလန့်အားဖြင့် ကျောင်းဆောင်ထဲပတ်ပြေးနေတော့၏။

” ဟီး…ဟီး…ဟား…ဟား…ဟား…ဘယ်ရောက်ကုန်တာလဲ…သရဲမြင်ဖူးချင်တယ်ဆို…လာကြည့်ကြလေ…”

” ဒေါက်…ဒေါက်.. .ဒေါက်…ဒေါက်….”

မျက်နှာကကျောဘက်ရောက်နေပြီး တောင်ဝှေးတဒေါက်ဒေါက်ထောက်ကာ လူငယ်လေးယောက်အားလိုက်ရှာနေ၏။ ပြုံးမောင်က မိမိအလွတ်ရနေသာ နှစ်ဆယ့်လေးပစ္စည်းကို ရွတ်နေ၏။

” ဟေ…ဟေ…ဟေတု…ပစ္စ…ရော…

အ…အ…ရမ္မန…န….”

” အဲလို့မရွတ်ရဘူးကွဲ့…ဟေတုပစ္စယော၊အရမ္မနပစ္စယော၊အဓိပတိပစ္စယောလို့…ဋ္ဌာန်ကရိုဏ်းကျကျရွတ်ရတာ…ဟီး…ဟီး…”

” အမေလး…ဘုရားစာတွေပါညှက်နေတဲ့သရဲကြီးဟ…ပြေးပြေး….”

ပြုံးမောင်က နှစ်ဆယ့်လေးပစ္စည်းကိုကပေါက်တိကပေါက်ချာရွတ်နေရာမှ ဘုန်းကြီးတစ္ဆေသည် သူ့ရှေ့မှဘွားခနဲပေါ်လာပြီး နှစ်ဆယ့်လေးပစ္စည်းကို လာရွတ်ပြနေ၏။ ပြုံးမောင်မတတ်နိုင်တော့။ ပုန်းရာနေရာမှပြေးထွက်လာခဲ့၏။

” ဟီး…ဟီး…ဟား…ဟား….”

” ဒေါက်…ဒေါက်…ဒေါက်…”

ဘုန်းကြီးတစ္ဆေကတောင်ဝှေးတဒေါက်ဒေါက်ထောက်ရင်း သူတို့လေးယောက်ကို လိုက်ရှာနေ၏။ ညီညီဟန္ကား ဗီရိုကြီးအနောက်တွင် ငုတ်တုတ်လေးထိုင်ကာ မေတ္တာသုတ်ကိုရွတ်နေ၏။

” ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။
ယဥွိစေဝါ နုယုဉ္ဇန္တော၊ ရတ္ထိ…ရတ္ထိ…ဟင်…မေ့…မေ့သွားပြီ…ဘယ်လိုပါလိမ့်…”

ထိုစဉ်မိမိ၏အနောက်မှ လှုပ်ရှားသည့်အသံကိုကြားလိုက်ရသဖြင့် သူငယ်ချင်းဖြစ်သူဟုထင်သွားပြီး

” ဟေ့ကောင်…ရတ္ထိ ပြီးရင်ဘာကြီးလဲ…ငါအကြောက်လွန်ပြီးမေ့သွားလို့ကွ…”

” ရတ္ထိန္ဒိဝ မတန္ဒိတော..သုခံ သုပတိ သုတ္တောစ၊ ပါပကိဉ္စိ န ပဿတိ….”

” ဟင်…ဒါ…ဒါ….အေမေလး ပြုံးမောင်…ငါ့ကိုလာကယ်ဦးကွာ…မျိုးဆွေ..ညီဟန်…နင်တို့ဘယ်မှာလဲကွာ…”

သူမရလို့မေးခါမှ သူ့အနောက်မှမေတ္တာသုတ်ကို ဋ္ဌာန်ဂရိုဏ်းကျကျရွတ်နေသောသူမှာ ဘုန်းကြီးအိုဖြစ်မှန်းသိလိုက်၏။ သို့ကြောင့်အကြောက်လွန်သွားပြီး သူငယ်ချင်းများကိုအော်ခေါ်လိုက်၏။

” ဟီး…ဟီး…ဟီး…နင်တို့တွေ ငါ့ကျောင်းဆောင်ထဲခိုးဝင်လာကြတယ်….နင်တို့ကိုပါငါခေါ်ထားပစ်မယ်….ဟီးဟီးဟီး….”

ဘုန်းကြီးတစ္ဆေမှာ တဟီးဟီးရယ်ရင်း ဟိုဟိုသည်သည် လမ်းလျှောက်နေ၏။ လူငယ်လေးယောက်ကား ဇောချွေးပျံရင်း ဘာလုပ်ရမှန်းမသိဖြစ်နေကြ၏။ သုံးယောက်မှာတစ်နေရာထဲစုမိနေသော်လည်း ဝေယံတစ်ယောက်ထဲကွဲထွက်နေ၏။ ဘုရားစာများရွတ်ပြီး မောင်းထုတ်သော်လည်း ဘုန်းကြီးတစ္ဆေက သူတို့ထက်ဘုရားစာကို ကျွမ်းကျင်ပိုင်နိုင်စွာ ရွတ်နိုင်သဖြင့် အခက်တွေ့နေကြ၏။

” ထွက်လာနော်….ထွက်လာကြ…မထွက်လာရင် ငါ့ကိုအဆိုးမဆိုနဲ့နော်…ဟိး…ဟီး…ဟီး…”

ဘုန်းကြီးတစ္ဆေမှာ ဟိုဟိုသည်သည် ကြည့်ရင်း သူတို့ကိုခေါ်နေ၏။

” ဘယ်လိုလုပ်ကြမလဲဟေ့ကောင်တွေ…ဟိုကောင်ဝေယံရော ဘယ်မှာလဲ…”

” မသိတော့ဘူးကွာ…ငါတော့ကြောက်သေးပါ ပါကုန်ပြီ….”

” ဝါး…ဒီမှာပုန်းနေကြတာလား…ဟီးဟီးဟီး….”

” အမေလး…မြတ်စွာဘုရား…”

ပြုံးမောင်တို့သုံးယောက် တီးတိုးစကားပြောနေစဉ် ဘုန်းကြီးတစ္ဆေသည်သူတို့ရှေ့သို့ ခုန်ချလာပြီး ပါးစပ်ဟကာ ရယ်ပြလိုက်၏။ ဘုန်းကြီးအိုရယ်လိုက်တိုင်း သူ့ပါးစပ်မှာ နားထင်နားအထိရောက်နေပြီး အလွန်ကြောက်စရာကောင်းလွန်းလှ၏။

” ငါနဲ့အတူနေကြ….ပျော်ဖို့အရမ်းကောင်းတယ်…ဟီး…ဟီး….”

” မေနဘူး…မနေနိုင်ဘူး….”

ပြုံးမောင်တို့ကား တံခါးဝသို့ပြေးလာကာ တံခါးကိုဖွင့်လိုက်ကြ၏။ သို့သော် တံခါးမင်းတုံးခံနေသဖြင့် ဖွင့်မရခဲ့ကြ။ ထိုစဉ် ကျောင်းထဲသို့စူးရှသောအလင်းတန်းပေါ်လာပြီး ထိုအလင်းရောင်ထဲမှ ဆရာတော်တစ်ပါးနှင့် ဝတ်ဖြူစင်ကြယ်ဝတ်ထားသော လူငယ်တစ်ယောက် ပေါ်ထွက်လာ၏။

” ရပ်လော့ ဩဘာသ…သင်အပြစ်တွေဖြစ်လိမ့်မယ်….”

ဆရာတော်က အေးမြတည်ကြည်သော အသံဖြင့်ဘုန်းကြီးတစ္ဆေအား မိန့်လိုက်ရာ ဘုန်းကြီးတစ္ဆေသည် လူငယ်နှင့်ဆရာတော်အား ပြန်ကြည့်ပြီး ခေါင်းကိုပြန်တည့်လိုက်၏။

” ဘယ်သူလဲ…ငါ့ကျောင်းထဲခိုးဝင်နေတာ…”

” သင်က သီလသမာဓိပြည့်စုံနေရက်နဲ့ သင့်ရဲ့စွဲလမ်းစိတ်ကြောင့် မကျွတ်မလွတ်ဘဲ ဒီဘဝရောက်နေရတာ….သင်နောင်တရပါတော့…”

” ငါကကျောင်းထိုင်ဆရာတော်ကွ…ဘယ်သူမှငါ့ကိုတရားလာချလို့မရဘူး….ထွက်သွားကြ…”

ပြုံးမောင်တို့လေးယောက်ကား သူတို့၏ကယ်တင်ရှင်ကို အတိုင်းမသိကျေးဇူးတင်နေမိ၏။

” သင်သတိထားဆင်ခြင်ပေတော့…သင်ကသင့်ရဲ့အစွဲကြောင့် ဒီဘဝကနေအပါယ်ငရဲကိုတောင် ကျရောက်နိုင်တယ်…လမ်းမှားမရောက်အောင် သတိကပ်ပါတော့….”

” ငါပြောနေတယ်…ထွက်သွားကြလို့…”

” ဒုန်း…ဒုန်း…”

ဘုန်းကြီးတစ္ဆေဒေါသထွက်သွားပြီး တောင်ဝှေးဖြင့် ကြမ်းခင်းကို အသံမြည်အောင်ထောက်ချလိုက်၏။ ဒေါသများကြောင့် ဘုန်းကြီးတစ္ဆေမှာ နားရွက်ကြီးရှည်ထွက်လာပြီး ပါးစပ်မှာလည်း ပြဲသထက်ပြဲလာ၏။ ခန္ဓာမှာလည်း နဂိုထက်သုံးဆခန့်ကြီးလာသဖြင့် ရုံထားသောသင်္ကန်းမှာ အပိုင်းပိုင်းပြတ်ထွက်သွား၏။

” အမေလး…ဘာကြီးလဲ…”

လူငယ်လေးယောက်မှာ ဘုန်းကြီးအို၏မူလရုပ်အမှန်ကိုကြည့်ပြီး သွေးပျက်ကာ သတိလစ်သွားကြကုန်သည်။ ဘုန်းကြီးစ္ဆေက ဆရာတော်နှင့်လူငယ်အား မျက်ထောင့်နီကြီးဖြင့်ကြည့်ပြီး တောင်ဝှေးဖြင့် ရိုက်ထုတ်လိုက်၏။ သို့သော် ဝတ်ဖြူစင်ကြယ်ဝတ်ထားသော လူငယ်ကအင်းတစ်ချပ်ကိုအသက်သွင်းပြီးကာထားလိုက်ရာ ဘုန်းကြီးတစ္ဆေမှာ အနောက်သို့လွင့်စင်သွား၏။

” ဗုန်း….”

” ခွမ်း….ကလွမ်း…”

အနောက်မှပန်းကန်ပြားများသိမ်းဆည်းထားသည့် ဗီရိုနှင့်ရိုက်မိရာ ပန်းကန်ပြားများ ထွက်ကြလာပြီး အသံဗလံများဆူညံစွာထွက်ပေါ်လာခဲ့၏။

” သင့်ကိုနာကျင်အောင်မလုပ်ချင်ဘူး…ဒီကျောင်းအပေါ်စွဲနေတဲ့ မစ္ဆရိယစိတ်ကို ဖျောက်လိုက်ပါတော့…အပါယ်ကိုမလားချင်ပါနဲ့…”

ဆရာတော်ဥူးမေဓာဝီက ထိုသို့နားချလိုက်မှ ဘုန်းကြီးတစ္ဆေသည် မိမိ၏စိတ်အစွဲကို ချွတ်နိုင်သွားပြီး

” တပည့်တော်မှားသွားပါတယ်ဘုရား…တပည့်တော်ဟာ ဒီကျောင်းဆောင်လေးအပေါ် စိတ်အစွဲထားမိလေတော့ ဘယ်မှသွားမရဘဲ ဒီကျောင်းဆောင်ထဲဘဲတဝဲလည်လည်နေနေရပါတယ်ဘုရား….”

” အိမ်းကွယ်…သင့်အပြစ်မဟုတ်ပါဘူးလေ…ဘုရားရှင်ဟောခဲ့တဲ့အထဲမှာ ရဟန္တာဖြစ်မဲ့ရဟန်းတစ်ပါးတောင် သင်္ကန်းအပေါ်စွဲလမ်းစိတ်ကြောင့် သန်းဖြစ်ပြီး ခုနှစ်ရက်ခုနှစ်လီ ဆင်းရဲဒုက္ခရောက်ခဲ့သေးတာဘဲ…အာသဝေါတရားမကုန်ခမ်းသေးတဲ့ ရဟန်းတစ်ပါးက စိတ်အစွဲထားမိတာမဆန်းပါဘူးလေ…ခုသင်ကအမှားအမှန်ခွဲခြားနိုင်ပြီမို့ နိဗ္ဗာန်လမ်းကို ကြွမြန်းနိုင်ခဲ့ပြီလေ…သာဓု…သာဓု…သာဓုပါ…”

ဆရာတော်ဥူးမေဓာဝီက မိမိရှေ့ထိုင်နေသော ရဟန်းတစ်ပါးအားကယ်တင်ခွင့်ရလိုက်သဖြင့် ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်နေ၏။ အစွဲကိုပယ်ချွတ်နိုင်သော ဘုန်းကြီးတစ္ဆေသည်ကား သင်္ကန်းအပြည့်အစုံဖြင့် ဆရာတော်ဥူးမေဓာဝီအား ဝတ်ပြုပြီး အမှုန်အမွှားများဖြစ်သွားကာ အဝေးသို့တ့ဖြည်းဖြည်းပျောက်ကွယ်သွားလေ၏။
မောင်ရေခဲ လည်းပါလာသောရေစင်ဖြင့် လူငယ်လေးယောက်အား ပက်ဖြန်းလိုက်ပြီး ဒေါပုံရွာထိပ်သို့ပို့ထားပေးလိုက်၏။ ပြီးသော်ဆရာတာ် ဥူးမေဓာဝီနှင့်အတူ နေရပ်သို့ပြန်လာခဲ့လေသည်။

နွားကျောင်းသားမောင်မွှေးသည် ရွာထိပ်သစ်ပင်အောက်တွင် အိပ်ပျော်နေကြသော လူငငယ်လေးယောက်ကိုအထူးအဆန်းကြည့်နေ၏။

” အင်း…အင်း…ဟာ…သ..သရဲ…”

ထိုစဉ်ညီညီဟန်ကနိုးလာပြီး သူ့အားစိုက်ကြည့်နေသော နွားကျောင်းသားကိုမြင်ပြီး လန့်သွား၏။

” ဘယ္မလဲသရဲ…လူပါဗ်…လူ”

နွားကျောင်းသားကခါးထောက်ပြီး ပြန်ပြောလိုက်မှ ညီညီဟန်ကပတ်ဝန်းကျင်ကိုသတိထားမိပြီး

” ဘုန်းကြီးသရဲကော…ဘယ်ရောက်သွားတာလဲ…ဟိုကောင်တွေရော…ဟာ…ဟေ့ကောင်တွေထ ထ…”

” အင်း…အဲ…”

ညီညီဟန်၏အော်နိုးသံကြောင့် အိပ်နေသောပြုံးမောင်တို့သတိရသွားပြီး ထလာကြ၏။

” ဟမ်…ငါတို့ဘယ်ရောက်နေကြတာလဲ…”

” ငါလည်းမသိဘူးကွ…ဒါပေမဲ့မနေ့ညကနေရာတော့မဟုတ်ဘူး…”

” အေးကွ…ဟေ့ညီလေး…အစ်ကိုကြီးတို့ဘာလို့ဒီရောက်နေတာလဲ…”

” အစ်ကိုတို့နောက်နေတာလား…အစ်ကိုကြီးတို့လေးယောက်လုံးဒီမှာအိပ်နေတာတွေ့လို့ ကျွန်တော်နိူးလိုက်တာလေ…”

” ဟင်ဟုတ်လား…ဒါဆိုဒီနေရာက ရွာလား…ဘာရွာလို့ခေါ်လဲ…”

” ဟုတ်တယ်ရွာရောက်နေတာ…ဒေါပုံရွာလို့ခေါ်တယ်…အစ်ကိုကြီးတို့က ဘယ်ကနေလာကြတာလဲ…”

” ဘာ…ဒေါပုံရွာဟုတ်လား…”

” ဟုတ်တယ်လေဗျာ…ဘာဖြစ်လို့လဲ…”

” ဟေ့ကောင်တွေ…ငါ့အဖွားရွာရောက်ပြီကွ…”

” ညီလေး…ဒီရွာမှာလေ ဒေါ်အေးစိန်ဆိုတာရှိလား…”

” ဟိုဒေါ်အေးစိန်ကြီးကိုမေးတာထင်တယ်…ရှိတာပေါ့ဗျာ…အစ်ကိုတို့ကဒေါ်အေးစိန်ရဲ့အသိတွေလား…”

” ဟုတ္တယ်ညီ…ဒါဆိုအစ်ကိုတို့ကို ဒေါ်အေးစိန်ရဲ့အိမ်ကိုခေါ်သွားပေးပါလား…”

” မုန့်ဖိုးပေးရင်ခေါ်သွားပေးမယ်…”

နွားကျောင်းသားက ဈေးဆစ်လိုက်သေး၏။

” ပေးပါ့မယ်ဗျာ…အစ်ကိုတို့ကိုသာဒေါ်အေးစိန်ရဲ့အိမ်ကိုခေါ်သွား…”

နွားကျောင်းသားလည်း ပြုံးမောင်တို့်ကိုခေါ်ပြီး ဒေါ်အေးစိန်၏အိမ်သို့ခေါ်သွားလိုက်၏။ ဒေါ်အေးစိန်၏အိမ်သို့ရောက်သော်

” ဗျို့…ဖွားအေးစိန်ရေ…ဖွားအေးစိန်ရဲ့အသိတွေရောက်နေတယ်ဗျို့….”

နွားကျောင်းသားက အော်လိုက်ရာအိမ်ထဲမှအသက်၆၀အရွယ်အဖွားကြီးတစ်ယောက် ဆင်းလာပြီး

” ဟဲ့…ဘယ်သူတွေတုံးဖိုးမွှေး…”

” မသိဘူး…ဖွားရဲ့အသိတွေလို့ပြောလို့ခေါ်လာခဲ့တာ…”

” ဪအေးအေး…အထဲဝင်ကြကလေးတို့…”

” ဟုတ်ကဲ့ဗျ…”

ပြုံးမောင်တို့လေးယောက်လည်း နွားကျောင်းသားကိုမုန့်ဖိုးပေးလိုက်ပြီး ခြံထဲသို့ဝင်လာခဲ့ကြ၏။

” ဒီမှာထိုင်ကြကွယ်…ဒီနေရာကအရိပ်ရတော့နားလို့ကောင်းတယ်…ဖွားအကြမ်းရည်သွားယူလိုက်ဦးမယ်…”

ဆိုပြီးဒေါ်အေးစိန်က အိမ်ထဲသို့ဝင်သွားခဲ့ပြီးခဏအကြာ အကြမ်းရေအိုးနှင့်အတူ အကြမ်းရည်နှင့်မြည်းဖို့အသားခြောက်ဖုတ်ဆီဆမ်းလည်းပါလာ၏။

” အကြမ်းရေသောက်ကြသားတို့…သားတို့ကဘယ်သူတွေလဲ…ဘာလို့အဖွားနှင့်တွေ့ချင်တာလဲ…”

ပြုံးမောင်လည်း မိခင်၏အကြောင်းကိုပြောပြလိုက်၏။

” ထွေးစိန်..ထွေးစိန်…ငါ့ကိုပစ်သြားလိုက္တာ…နင်မွေးတဲ့ငါ့မြေးလေးတောင် ဒီအရွယ်ရောက်နေပြီပေါ့လားကွယ်…နေနိုင်လိုက်တဲ့သမီး…ခုထိမအေဆီပြန်လာဖို့မတွေးဘူး…”

” ဖွားရယ်…မေမေလည်းဖွားနှင့်ရွာကိုအမြဲသတိရနေတာ…ဖွားသူ့ကိုစိတ်နာပြီး မုန်းမေမှာကြောက်လို့ပြန်မလာရဲခဲ့တာပါ…”

” ဖွားလည်းစိတ်ဆိုးတုန်းကသာ မပြောသင့်တာတွေပြောခဲ့မိတာပါကွယ်…ဘယ်မိဘမှကိုယ့်သားသမီးကို ပစ်ရိုးထုံးစံမရှိပါဘူးကွယ်…ဖွားရဲ့မြေးလေးကတောင် ဖွားကိုဒီအထိလာရှာခဲ့သားဘဲ…လမ်းခရီးအဆင်ပြေခဲ့ကြရဲ့လားကွယ်…”

” မပြေခဲ့ပါဘူးဖွားရယ်…သားတို့ ကံကောင်းလို့ဒီအထိရောက်လာခဲ့တာ…”

ဆိုပြီး ကားစပျက်သည့်အကြောင်းနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်တည်းမိရာမှ ဘုန်းကြီးတစ္ဆေ၏ခြောက်လှန့်ခြင်းကို ခံလိုက်ရသည့်အဖြစ်တို့ကို အဖွားဖြစ်သူအား အလုံးစုံပြောပြလိုက်တော့၏။ ဒေါ်အေးစိန်လည်း မြေးလေးဖြစ်သူတို့၏ အဖြစ်ကိုနားထောင်ရင်း

” ဪမြေးလေးတို့က အခြောက်အလှန့်ကြမ်းတဲ့ တောကျောင်းကိုမှသွားတည်းမိတာကိုးကွဲ့…တော်ပါသေးရဲ့ သူတော်ကောင်းနတ်ကောင်းနတ်မြတ်တွေကယ်ပေလို့ပေါ့…”

” ဟုတ်ပါ့ဖွားရာ…သားတို့ကိုဘုန်းကြီးတစ်ပါးနှင့်လူတစ်ယောက်ကကယ်ပေလို့သာပေါ့…မဟုတ်ရင်သားတို့သရဲဖြစ်နေလောက်ပြီ…အဲဒီဘုန်းကြီးကဘာလို့သရဲဖစ်သွားရတာလဲဖွား…”

” အင်းပြောရရင်တော့…လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်ကပေါ့ကွယ်…ဖွားတို့ရွာရဲ့အရှေ့ဖက်တောင်ကုန်းထိပ်မှာ ဘုန်းကြီးအိုတစ်ပါး သီတင်းလာသုံးတယ်ကွဲ့…သူကရရာသစ်ဝါးလေးတွေနဲ့ကျောင်းသိင်္ခမ်းလေးဆောက်ပြီး တရားကျင့်ကြံနေတာပေါ့…နွေရာသီဆိုရင်ဘာပြဿနာမဖြစ်ပေမဲ့ မိုးရာသီဆိုရင်သူ့ရဲ့ကျောင်းသိင်္ခမ်းလေးက မိုးယိုတော့ ဘုန်းကြီးအိုခမျာတရားအားထုတ်လို့မရရှာဘူးလေ…အဲဒါကိုသိတော့ ဖွားတို့ရွာသူရွာသားတွေက စုပေါင်းပြီး တောကျောင်းလေးတစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ကြတယ်လေ..ဒါပေမဲ့ သိပ်မကြာဘူး ဘုန်းကြီးအိုဟာတောင်ဝှေးလေးကိုအားပြုပြီး ကျောင်းဆောင်ပေါ်တက်လာရင်း အနောက်လှန်ကျပြီး ဦးခေါင်းဆက်ရိုးပြုတ်လို့ ပျံလွန်တော်မူသွားရှာတယ်လေ…”

” ဪ…ဖြစ်မှဖြစ်ရလေ…ဘုန်းကြီးအိုပျံလွန်တော်မူသွားတော့ ဘုန်းကြီးပျံပွဲလုပ်ပြီး ကောင်းရာဘုံရောက်အောင် ဆုမတောင်းပေးကြဘူးလားဖွား…”

” လုပ်ပေးတာပါဘဲကွယ်…ဒါပေမဲ့ ဘုန်းကြီးအိုကမကျွတ်လွတ်ခဲ့ဘဲ သူ့ရဲ့တောကျောင်းလေးထဲမှာဘဲ လာသမျှလူကိုခြောက်လှန့်နေတော့ ဘယ်သူမှအဲဒီအနားမသွားဝံ့ကြတော့ဘူးပေါ့ကွယ်…”

” မြေးလေးတို့လည်းခရီးပန်းလာကြရောပေါ့…ရေမိုးချိုးအနားယူကြ…ဖွားမြေးလေးတို့စားဖို့ ချက်ပြုတ်လိုက်ဦးမယ်…”

” ဟုတ္ဖြား…”

ထိုည၌လေးယောက်သား ဒေါ်အေးစိန်ချက်ပြုတ်ကျွေးမွေးသော အစားအသောက်များကိုစားသောက်ပြီး နောက်တစ်နေ့ရောက်သော် ကားပျက်သည့်နေရာကိုပြောပြပြီး ရွာသူရွာသားများနှင့်အတူ ကားကိုရွာထဲတွန်းလာလိုက်ကြတော့သည်။….။

( စိတ်ကူးမျှသာဖြစ်သည်။ စာရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေသောဝ်)

# ပြီး
# ခွန်း

Zawgyi Version

ဘုန္းႀကီးတေစၦ(စ/ဆံုး)
—————————-
ၿပဳံးေမာင္ႏွင့္သူငယ္ခ်င္းသုံးေယာက္ ေပါင္းေလးေယာက္အဖြဲ႕အဖြားျဖစ္သူ၏႐ြာသို႔ အလည္လာခဲ့ၾကသည္။ ႐ြာတြင္အဖြားျဖစ္သူ၏အိမ္ရွိသည္ဟုသာအေမေျပာျပထား၍ၾကား႐ုံၾကားဖူးသည္။ ဘယ္႐ြာမွန္းမသိ။ ဘယ္ေနရာမွန္းမသိ။ မသိဆိုေအမက အဖြားသေဘာမတူခဲ့သည့္ၾကားက အေဝးရွိၿမိဳ႕သားတစ္ေယာက္ႏွင့္ ခိုးရာလိုက္ေျပးခဲ့ေသာေၾကာင့္ျဖစ္သည္။ တစ္ခါတစ္ေလအေမက သူ႔ဇာတိကိုလြမ္းေၾကာင္းႏွင့္အဖြားျဖစ္သူတို႔ကိုလည္းသတိရေၾကာင္း ေျပာတတ္သည္။ ထိုအခ်ိန္မ်ိဳးတြင္ၿပဳံးေမာင္က အေမ့ဇာတိအေၾကာင္း၊အဖြားအေၾကာင္းတို႔ကို စပ္စုတတ္သည္။ ၿပဳံးေမာင္ကမိခင္ျဖစ္သူေျပာျပသည့္နာမည္ႏွင့္အေၾကာင္းအရာမ်ားကို မွတ္သားထားၿပီး အေမ့႐ြာကို မေရာက္ေရာက္ေအာင္သြားကာအဖြားကိုအေမ့အေၾကာင္းရွင္းျပမည္ဟုအၿမဲေတြးထား၏။

တစ္ေန႔ေသာ္သူ၏စိတ္ကူးမ်ားကိုအေကာင္အထည္ေဖာ္ရန္သူငယ္ခ်င္းျဖစ္သူတို႔ကိုတိုင္ပင္၏။ စိတ္တူကိုယ္တူသူငယ္ခ်င္းမ်ားျဖစ္သျဖင့္ ႏွစ္ခါမေခၚရ။ သို႔ေၾကာင့္လိုအပ္သည္မ်ားကိုစီစဥ္ၿပီး ေလးေယာက္သား ကားတစ္စီးကိုေမာင္းႏွင္ကာ အဖြား၏႐ြာကိုရွာပုံေတာ္ဖြင့္ခဲ့ၾကေတာ့သည္။ ေဒါပုံ႐ြာဟုအမည္ရသည့္ ႐ြာကိုလမ္းမွာေတြ႕သည့္လူမ်ားကိုေမးျမန္းရင္း ခရီးဆကႅာခဲ့ရာ မိမိ၏ေနရပ္ႏွင့္အေတာ္ပင္ ေဝးကြာခဲ့ေခ်ၿပီ။

” ေဟ့ေကာင္ငၿပဳံး…မင္းဟာကေသခ်ာရဲ႕လားကြာ….မင္းေမးတဲ့႐ြာနာမည္ကိုလူေတြမသိဘူးဘဲေျပာေနၾကတယ္ေနာ္…”

” မေသခ်ာဘဲအေမကေျပာပါ့မလားကြာ…ငါ့ကိုယုံစမ္းပါ…ဒီ႐ြာကလူေတြအေမ့႐ြာကိုမသိတာလဲျဖစ္မွာေပါ့ကြ…”

” ေအးပါကြာ…တကယ္လို႔မင္းအေမရဲ႕႐ြာကိုေရာက္ခဲ့ၿပီထားဦး…မင္းကမင္းအဖြားကိုဘယ္လိုရွာမွာလဲ…”

” ႐ြာေတာင္ရေအာင္ရွာေနၿပီဘဲ…အဖြားကိုရွာရမခက္ပါဘူး…”

” ၿပီးတာဘဲကြာ…ခုေတာင္ငါတို႔ထြက္လာတာတစ္ရက္ကုန္ေတာ့မယ္ကြ…ကားလာေမာင္းကူဦး…ငါေညာင္းေနၿပီ…”

” မင္းေမာင္းလိုက္ငၿပဳံး….ညမွငါေမာင္းမယ္…”

” ေအးကြာ…မင္းနားေတာ့ငဟန္…”

သူတို႔သူငယ္ခ်င္းေလးေယာက္စကားေျပာရင္းခရီးဆက္ရင္း၊ဗိုက္ဆာလွ်င္ အစားအေသာက္ဝင္စားၾကရင္းျဖင့္ ခရီးဆက္ခဲ့ေလရာ အေတာ္ပင္ေပါက္ေရာက္ေနၿပီျဖစ္၏။

သည္လိုျဖင့္ညလုံးေပါက္ခရီးဆက္ၾကရင္း ၿမိဳ႕နဲ႔ေဝးကြာသည့္ ေခ်ာင္က်ေသာအရပ္သို႔ေရာက္လာခဲ့သည္။ သို႔ေသာ္ ဆီထည့္ဖိုကား ေမ့ေလ်ာ့ခဲ့ၾကသည္။ တစ္ေနရာအေရာက္တြင္ ကားႀကီးကလမ္းအလယ္ထိုးရပ္သြားခဲ့သည္။

” ကြၽီ….”

ဆတ္ခနဲထိုးရပ္သြားေသာေၾကာင့္ ကားေပၚ၌အိပ္လွ်က္ပါလာၾကသူမ်ား လန႔္ႏိုးသြားကုန္၏။

” ဘာျဖစ္လို႔္ရပ္လိုက္တာလဲငၿပဳံး…မင္းအဖြား႐ြာေရာက္ၿပီလား…”

” မေရာက္ေသးဘူးကြ…ကားဘာျဖစ္သြားမွန္းမသိဘူး….လာဆင္းၾကည့္ၾကမယ္…”

” ေအးကြာ…မသြားခင္အေသအခ်ာစစ္ထားပါတယ္…ခုက်မွဘာျဖစ္သြားရတာလဲ…”

” ဆီကေတာ့နည္းေနၿပီကြ…ဒါေပမဲ့ရွိေနပါေသးတယ္…ကားတာယာေပါက္ၿပီထင္တယ္…”

ၿပဳံးေမာင္က ကားကိုစစ္ရင္း ေနာက္ဘီးျပားေနသည္ကိုေတြ႕လိုက္ရသည္။

” ဟာ…ဟုတ္ပါ့ကြာဒီအခ်ိန္မွေပါက္ရသလားလို႔ကြာ…ဘယႅိဳလုပၼလဲ…အနီးအနားမွာကြၽတ္ဖာတဲ့သူေတြလည္းရွိေလာက္မွာမဟုတ္ဘူး…”

” ေအးကြာ…ဘယ္လိုလုပ္ၾကမလဲ…”

” ကားေပၚမွာဘဲအိပ္ရမလား…”

” ျဖစ္ပါ့မလား…ဒီေလာက္ေခ်ာင္က်တဲ့ေနရာမွာနားလို႔မေကာင္းေလာက္ဘူးေနာ္…အနီးအနား႐ြာကအိမ္မွာအကူအညီေတာင္းၾကည့္ရေအာင္…”

” ဘာမွမျဖစ္ေလာက္ပါဘူး…ငါတို႔ကေလးေယာက္ႀကီးကို….ျဖစ္လာရင္လည္းသိပ္မႈစရာမရွိပါဘူး…”

တစ္ေယာက္တစ္ေပါက္ေျပာဆိုေနၾကရင္း ေဘးဘီဝဲယာကိုၾကည့္လိုက္၏။ သန္းေခါင္ယံျဖစ္ေနသျဖင့္ ေမွာင္အတိက်ေန၏။ ညပိုးေကာင္တို႔ကလည္း ဟိုမွသည္မွ အသံျပဳေနၾက၏။ တစ္ခါတစ္ရံအေဝးမွလာေသာ ဝံပုေလြအူသံတို႔က လူကိုေၾကာက္အားပိုေစ၏။

” ေဟ့ေကာင္ေတြ…ဒီေနရာကအေတာ္ေခါင္တာဘဲဗ်ေနာ္….ဝံပုေလြသံေတာင္ၾကားေနရတယ္…ငါတို႔ေရာက္ေနတာ ေတာႀကီးအလယ္မ်ားလားလို႔ေတာင္ေအာင့္ေမ့ရတယ္….”

” ေပါက္ကရကြာ…ဟိုမွာၾကည့္ၾက…ကုန္းထိပ္မွာမီးအလင္းေရာင္ျမင္ရတယ္…ဘုရားလား…ဘုန္းႀကီးေက်ာင္းလားဘဲ…”

သူတို႔အားလုံးညီညီဟန္ ၫႊန္ျပေသာေနရာအား ၾကည့္လိုက္ရာ အလင္းေရာင္တစ္ခုကိုေတြ႕လိုက္ရ၏။ ဘုရားမီးေရာင္ေတာ့မဟုတ္ႏိုင္။ မီးအေရာင္မ်ားခပ္ဆတ္ဆတ္ျမင္ေနရေသာေၾကာင့္ ဘုန္းႀကီးေက်ာင္းျဖစ္ဟန္တူသည္။

” ဘာဘဲျဖစ္ျဖစ္ကြာ…ဟိုေတာင္ကုန္းထိပ္ကိုေရာက္ေအာင္သြားၾကမယ္…ဘယႅိဳလဲ…”

” ေအး…ဒီမွာေနရတာ သိပ္ၿပီးစိတ္မခ်ရဘူး…လြယ္အိတ္ေတြယူၾက…ေတာင္ကုန္းထိပ္ကိုသြားၾကမယ္…”

” ကားေရာဘယ္လိုလုပ္ၾကမလဲ…”

” ဒီတိုင္းေလာခ့္ခ်ထားလိုက္ကြာ…”

ေလးေယာက္သား လြယ္အိတ္ကိုယ္စီယူၿပီး မီးအလင္းေရာင္ျမင္ရသည့္ ေတာင္ကုန္းထိပ္သို႔ စမ္းတဝါးဝါးတက္လာခဲ့ၾက၏။ အနီးအနားတြင္ အိမ္တစ္လုံးမွမေတြ႕ၾကရေခ်။ ေရညႇိမ်ားတက္ေနသည့္ အုတ္ေလွကားေလးအတိုင္းဆက္လက္တက္လာခဲ့ရာ မီးအလင္းေရာင္လင္းထိန္ေနေသာ ေတာဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းကိုေတြ႕လိုက္ရသည္။

” ငါထင္ေတာ့ထင္သားဘဲ…ဘုန္းႀကီးေက်ာင္းဘဲျဖစ္မွာပါလို႔…”

” ေအးကြ…ဒီေက်ာင္းမွာတည္းဖို႔ အခြင့္သြားေတာင္းရေအာင္…”

ေတာဘုန္းႀကီးေက်ာင္းမွာ ေျခတံရွည္ေက်ာင္းမ်ိဳးျဖစ္ၿပီး သိပ္ေတာ့မႀကီးေခ်။ ေက်ာင္းေဆာင္တံခါးမ်ားအားလုံးမွာ ဖြင့္ထားလွ်က္သားျဖစ္ေနသည္။

” ေဟ့ေကာင္ေတြ…ခုခ်ိန္ႀကီးရွိေနၿပီ…ေက်ာင္းေဆာင္တံခါးကပိတ္မထားပါလားကြ…”

” အင္းေနာ္…႐ြာဓေလ့ျဖစ္မွာေပါ့ကြ…လာအေပၚတက္ၾကမယ္…”

ေလးေယာက္သား ေက်ာင္းေဆာင္ေလွကားလက္ရန္းကိုကိုင္ၿပီး တက္လာၾက၏။ ဖိနပ္ခြၽတ္ေနရာတြင္ ဖိနပ္ခြၽတ္လိုက္ၾကၿပီး
ေက်ာင္းထဲသို႔ မဝံ့မရဲဝင္လာခဲ့ၾက၏။

” ဟယႅိဳ…ဘုန္းဘုန္းရွိပါသလားဘုရား…”

မ်ိဳးေဆြကေက်ာင္းအထဲဘက္ ေဝ့ၾကည့္ရင္းဘုန္းႀကီးကိုမေတြ႕ရသျဖင့္ ေအာ္ေျပာလိုက္ျခင္းျဖစ္၏။

” ေဟ့ေကာင္…ဒီအခ်ိန္ရွိေနၿပီ…ဆရာေတာ္ေတြက်ိန္းေနၿပီေပါ့ကြ…ဘာေတြေလွ်ာက္ေအာ္ေနတာလဲ…”

” တည္းဖို႔အခြင့္ေတာင္းမလို႔ေပါ့ကြမင္းကလဲ…”

ထိုစဥ္

” ေဒါက္…ေဒါက္…ေဒါက္…”

ဟူေသာေတာင္ေဝွးေထာက္သံႏွင့္အတူ ေလွကားေပၚမွတစ္စုံတစ္ေယာက္ တက္လာသည့္အသံကိုၾကားလိုက္ရသျဖင့္ ေလးေယာက္သား တံခါးဝဘက္သို႔ၿပိဳင္တူၾကည့္လိုက္၏။

” ဟင္…ဘုန္းေတာ္ႀကီးတစ္ပါးပါလား…”

ဒါကေလးေယာက္သား၏ ႏႈတ္မွၿပိဳင္တူထြက္လာသည့္စကား။ ေတာင္ေဝွးတစ္ေခ်ာင္းကို အားျပဳၿပီး တက္လာေသာဘုန္းေတာ္ႀကီးတစ္ပါးသည္ ေလွကားထိပ္တြင္ရပ္ၿပီး ေက်ာင္းထဲရွိသူတို႔ေလးေယာက္အား ၾကည့္ေန၏။ မ်က္ႏွာတြင္လည္း ေဒါသထြက္ေနသည့္ အရိပ္အေယာင္ကိုေတြ႕လိုက္ရ၏။
ထိုစဥ္ကိုင္လာေသာေတာင္ေဝွးျဖင့္ ေအာက္ခင္းၾကမ္းကို ေဒါက္ခနဲျမည္ေအာင္ေထာက္လိုက္ၿပီး

” ဘယ္သူေတြလဲကြ…ငါ့ေက်ာင္းထဲအခြင့္မရွိဘဲဝင္လာတာ…”

ေက်ာင္းထဲရွိၿပဳံးေမာင္တို႔ေလးေယာက္ကား သူခိုးလူမိသည့္မ်က္ႏွာေပးျဖင့္ ဆရာေတာ္၏ေရွ႕ေမွာက္သို႔အေျပးလာၿပီး ဒူးေထာက္လက္အုပ္ခ်ီၾကကာ

” တ…တပည့္ေတာ္တို႔…ဒုကၡေရာက္လာလို႔ပါဘုရား….”

” နင္တို႔ဒုကၡေရာက္တာငါနဲ႔ဘာဆိုင္လို႔လဲ…သြားၾက…ငါ့ေက်ာင္းထဲကေနထြက္သြားၾက…”

” ဟင္…ေတာင္းပန္ပါတယ္ဘုရား…တပည့္ေတာ့တို႔မနက္လင္းတာနဲ႔ ထြက္သြားပါ့မယ္…ဒီညေတာ့တပည့္ေတာ္တို႔ကို တည္းခြင့္ျပဳပါဘုရား…”

” နင္တို႔ေတြသရဲမေၾကာက္ဘူးလား…”

” ဗ္ာ…အဲ…မွားလို႔…ဘုရား…သ…သရဲရွိလို႔လားဘုရား….”

” သိပ္ရွိတာေပါ့ကြ…ဘာလဲမင္းတို႔ကမယုံဘူးလား…”

” ယုံ…ယုံေတာ့…ယုံပါတယ္ဘုရား…ဒါေပမဲ့ခုကဘုရားသားေတာ္ရဲ႕ေက်ာင္းမွာေရာက္ေနတယ္ဆိုေတာ့ မေၾကာက္ေတာ့ပါဘူးဘုရား….”

” အံမယ္…မင္းတို႔ေတြအေတာ္သတၱိရွိေနၾကတယ္ေပါ့…ဟုတၥ…”

” အဲ…မ…မဟုတ္ေပါင္ဘုရား…”

သူတို႔ေလးေယာက္၏စိတ္ထဲတြင္ကား အေတာ္ဂြက်ေသာ ဘုန္းႀကီးဘဲဟုသတ္မွတ္လိုက္ၾက၏။ ထိုဘုန္းႀကီးအိုက သူတို႔ေလးေယာက္ကိုၾကည့္ၿပီး

” မင္းတို႔တကယ္သရဲမေၾကာက္ဘူးဆိုတာေသခ်ာတယ္ေနာ္…”

ဘုန္းႀကီးအို၏အေမးေၾကာင့္ ေလးေယာက္သား တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကၿပီး

” ဆရာေတာ္ရွိေနတာဘဲ…သရဲတကယ္မေၾကာက္ပါဘူးဘုရား…”

” ေသခ်ာတယ္ေနာ္…ဟီး…အဲဒါဆိုရင္ အထဲလာၾက…ငါကိုယ္ေတာ္နင္တို႔ကိုသရဲအေၾကာင္းေျပာျပမယ္…မင္းတို႔တကယ္မေၾကာက္ရင္ ဒီညတစ္ညမင္းတို႔ကိုတည္းခြင့္ေပးမယ္…ဘယႅိဳလဲ…”

ဘုန္းႀကီးအိုသည္ သူတို႔ေလးေယာက္ကိုၾကည့္ၿပီး က်ိဳးတိုက်ဲတဲသာက်န္သည့္ သြားမ်ားေပၚေအာင္ ရယႅိဳၠၠာ သူတို႔ကိုေက်ာင္းေဆာင္ထဲ ေခၚလိုက္၏။ သူတို႔ေလးေယာက္လည္း ဒီဆရာေတာ္႐ူးမ်ား႐ူးေနသလား၊ ညသန္းေခါင္ႀကီး သရဲအေၾကာင္းေျပာျပမည္တဲ့ ဆိုၿပီးအေတြးကိုယ္စီဝင္သြားၾက၏။ ဘုန္းႀကီးအိုကား ေတာင္ေဝွးတေဒါက္ေဒါက္ေထာက္ကာ ေက်ာင္းေဆာင္က်က္သေရခန္းထဲသို႔ဦးေဆာင္ဝင္သြားခဲ့၏။

” ေဟ့ေကာင္ေတြ…ဒီဘုန္းႀကီးအိုကဘာလားဟ…”

” ေအးကြ…ငါလည္းေတြးေနတာ…ညသန္းေခါင္ႀကီးမအိပ္ဘဲ ဘာထလုပၱာလဲ…”

” က်င္ႀကီးက်င္ငယ္ထစြန႔္တာေနမွာေပါ့ကြာ…”

” ျဖစ္ႏိုင္တယ္..သတိေတာ့ထားၾကငါ့စိတ္ထဲ သိပ္ဘဝင္မက်လွဘူး…”

” ဟဲ့…ဝင္လာၾကေလ…ဘာရပ္လုပ္ေနၾကတာလဲ…”

” တင္…တင္ပါ့ဘုရား…”

ေက်ာင္းခန္းထဲရွိ ဘုန္းႀကီးအိုကသူတို႔ကိုလွမ္းေခၚ၏။ သူတို႔ေလးေယာက္လည္း စကားစျဖတ္လိုက္ၿပီး ေက်ာင္းေဆာင္ထဲသို႔ဝင္လာခဲ့ၾက၏။

” နင္တို႔တကယ္သရဲမေၾကာက္တတ္တာေသခ်ာတယ္ေနာ္….”

” ေသ…ေသခ်ာပါတယ္ဘုရား…”

” ေအး…ဒါဆိုလည္းၿပီးတာဘဲ…တစ္ေယာက္ေလာက္ တံခါးမႀကီးကိုသြားပိတ္လိုက္ဦး…”

ဘုန္းႀကီးအိုက သရဲအေၾကာင္းမေျပာခင္ ေက်ာင္းေဆာင္တံခါးမႀကီးကိုပိတ္ခိုင္းလိုက္ရာ ညီညီဟန္ကထၿပီး တံခါးသြားပိတ္လိုက္ၿပီး တံခါးမင္းတုံးပါခ်ထားလိုက္၏။

” နင္တို႔ေတြ သရဲျမင္ဖူးၾကလား…”

ဘုန္းႀကီးအိုက သူတို႔ေလးေယာက္၏မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီးသြားၿဖဲျပကာ ေမးလိုက္ျခင္းျဖစ္၏။ သရဲဆိုသည္ထက္ ၿပဳံးေမာင္တို႔ေလးေယာက္က ဘုန္းႀကီးအိုကိုပို၍လန႔္ေန၏။ ႐ြတ္တြေနေသာမ်က္ႏွာေသႀကီးႏွင့္ စကားေျပာတိုင္းကြမ္းက်ိဳးမ်ားကပ္ေနသည့္ က်ိဳးတိုက်ဲတဲသြားမ်ားေၾကာင့္ ဘုန္းႀကီးအိုမွာသရဲထက္ ပို၍ေၾကာက္စရာေကာင္းေန၏။

” ငါေမးေနတယ္ေလ…သရဲျမင္ဖူးၾကလားလို႔…”

ထိုအခ်ိန္မွသူတို႔ေလးေယာက္အသိဝင္လာၿပီး တုန္တုန္ရီရီျဖင့္

” မ…မျမင္ဖူးပါဘူးဘုရား…”

” ဪ…ဒါေၾကာင့္မင္းတို႔ကမေၾကာက္ဘူးလို႔ေျပာၾကတာကိုး…”

” တင္…တင္ပါ့ဘုရား…”

” ငါေျပာျပမဲ့သရဲအေၾကာင္းနားမေထာင္ခင္…နင္တို႔ကိုသရဲျမင္ဖူးေအာင္ ျပမယ္ေလ…ဘယ္လိုလဲၾကည့္ရဲၾကလား…”

” ဟမ္…သ..သရဲ…သရဲကိုဆရာေတာ္ကဘယ္လိုျပမွာလဲဘုရား…”

” အဲဒါအေရးမႀကီးဘူး…သရဲကိုျမင္ဖူးခ်င္လား….ဒါဘဲေျဖ….”

ေလးေယာက္သားအေျဖရခက္သြား၏။

” ဒုန္း…ဒုန္း…ဒုန္း….”

” ငါစိတ္တိုလာၿပီေနာ္…ငါေမးတာမၾကားဘူးလား…နင္တို႔သရဲျမင္ဖူးခ်င္လားလို႔…”

ဘုန္းႀကီးအိုက လူငယ္ေလးေယာက္ကိုစိတ္တိုသြားၿပီး ခ်ထားေသာေတာင္ေဝွးကို လွမ္းယူကာ ၾကမ္းခင္းကိုတဒုန္းဒုန္းျမည္ေအာင္ ႐ိုက္ေန၏။ ၿပဳံးေမာင္တို႔ေလးေယာက္လည္း လန႔္သြားၿပီး

” ျမင္…ျမင္ဖူးခ်င္ပါတယ္ဘုရား…”

ဟုၿပိဳင္တူေလွ်ာက္လိုက္ၾက၏။

” ဟီး…ဟီး…တကယ္ေနာ္…ေသခ်ာတယ္ေနာ္…ဟီးဟီး….”

လူငယ္ေလးေယာက္၏အေျဖေၾကာင့္ ဘုန္းႀကီးအိုမွာသေဘာက်သြားၿပီး တဟီးဟီးရယ္ေမာေန၏။ လူငယ္ေလးေယာက္ကား ထူးဆန္းေသာဘုန္းႀကီးအိုကိုၾကည့္ကာ ေဇာေခြၽးမ်ားျပန္လာသည္။

” တ…တကယ္…ကယ္ပါဘုရား…”

မေျဖ၍လည္းမရေတာ့။ သို႔ေၾကာင့္ သရဲျမင္ဖူးခ်င္ေၾကာင္း ေျပာခ်လိုက္ၾက၏။

” အဲဒါဆိုသရဲကဘယ္လိုပုံစံမ်ိဳးလဲဆိုတာငါျပမယ္…ေသခ်ာၾကည့္ထားၾကေနာ္…ဟီး….”

” တင့္…တင့္ပါဘုရား…”

ဘုန္းႀကီးအိုသည္ မတ္တပ္ရပ္လိုက္ၿပီး သကၤန္းကိုအက်အန႐ုံလိုက္သည္။ ၿပီးေသာ္ ေတာင္ေဝွးကိုေထာက္လိုက္ၿပီး

” ဒီမွာၾကည့္ေလ…သရဲဆိုတာဒါမ်ိဳးကြ…ဟီး….ဟီး…..ဟား…ဟား….”

” ဟင္…ဗုေဒၶါ…ဘုန္းႀကီးမဟုတ္ဘူးကြ…သ..သရဲႀကီး….”

” အေမလး…ေအေမရ..ကယ္ပါဦး…”

” အမေလးသရဲႀကီး…အားတဲ့ဘုရားဆင္းကယ္ေတာ္မူပါ…”

” ေအေမရ…သား….သား…သရဲျမင္ဖူးၿပီ…”

ဘုန္းႀကီးအိုသည္ မိမိ၏ေခါင္းကိုအေနက္သို႔ ဂြမ္ခနဲျမည္ေအာင္ လွည့္ခ်လိုက္ရာ ေၾကာက္စရာေကာင္းေသာ မ်က္ႏွာေသႀကီးမွာေက်ာဘက္သို႔ေရာက္သြားၿပီး တဟီးဟီးတဟားဟားရယ္ေန၏။ လူငယ္ေလးေယာက္ကား ဘုန္းႀကီးအိုကိုၾကည့္ၿပီး ေၾကာက္အားလန႔္အားျဖင့္ ေက်ာင္းေဆာင္ထဲပတ္ေျပးေနေတာ့၏။

” ဟီး…ဟီး…ဟား…ဟား…ဟား…ဘယ္ေရာက္ကုန္တာလဲ…သရဲျမင္ဖူးခ်င္တယ္ဆို…လာၾကည့္ၾကေလ…”

” ေဒါက္…ေဒါက္.. .ေဒါက္…ေဒါက္….”

မ်က္ႏွာကေက်ာဘက္ေရာက္ေနၿပီး ေတာင္ေဝွးတေဒါက္ေဒါက္ေထာက္ကာ လူငယ္ေလးေယာက္အားလိုက္ရွာေန၏။ ၿပဳံးေမာင္က မိမိအလြတ္ရေနသာ ႏွစ္ဆယ့္ေလးပစၥည္းကို ႐ြတ္ေန၏။

” ေဟ…ေဟ…ေဟတု…ပစၥ…ေရာ…

အ…အ…ရမၼန…န….”

” အဲလို႔မ႐ြတ္ရဘူးကြဲ႕…ေဟတုပစၥေယာ၊အရမၼနပစၥေယာ၊အဓိပတိပစၥေယာလို႔…႒ာန္က႐ိုဏ္းက်က်႐ြတ္ရတာ…ဟီး…ဟီး…”

” အေမလး…ဘုရားစာေတြပါညႇက္ေနတဲ့သရဲႀကီးဟ…ေျပးေျပး….”

ၿပဳံးေမာင္က ႏွစ္ဆယ့္ေလးပစၥည္းကိုကေပါက္တိကေပါက္ခ်ာ႐ြတ္ေနရာမွ ဘုန္းႀကီးတေစၦသည္ သူ႔ေရွ႕မွဘြားခနဲေပၚလာၿပီး ႏွစ္ဆယ့္ေလးပစၥည္းကို လာ႐ြတ္ျပေန၏။ ၿပဳံးေမာင္မတတ္ႏိုင္ေတာ့။ ပုန္းရာေနရာမွေျပးထြက္လာခဲ့၏။

” ဟီး…ဟီး…ဟား…ဟား….”

” ေဒါက္…ေဒါက္…ေဒါက္…”

ဘုန္းႀကီးတေစၦကေတာင္ေဝွးတေဒါက္ေဒါက္ေထာက္ရင္း သူတို႔ေလးေယာက္ကို လိုက္ရွာေန၏။ ညီညီဟႏၠား ဗီ႐ိုႀကီးအေနာက္တြင္ ငုတ္တုတ္ေလးထိုင္ကာ ေမတၱာသုတ္ကို႐ြတ္ေန၏။

” ယႆာႏုဘာဝေတာ ယကၡာ၊ ေနဝ ဒေႆႏၲိ ဘီသနံ။
ယဥြိေစဝါ ႏုယုၪၨေႏၲာ၊ ရတၳိ…ရတၳိိ…ဟင္…ေမ့…ေမ့သြားၿပီ…ဘယ္လိုပါလိမ့္…”

ထိုစဥ္မိမိ၏အေနာက္မွ လႈပ္ရွားသည့္အသံကိုၾကားလိုက္ရသျဖင့္ သူငယ္ခ်င္းျဖစ္သူဟုထင္သြားၿပီး

” ေဟ့ေကာင္…ရတၳိ ၿပီးရင္ဘာႀကီးလဲ…ငါအေၾကာက္လြန္ၿပီးေမ့သြားလို႔ကြ…”

” ရတၳိႏၵိဝ မတႏၵိေတာ..သုခံ သုပတိ သုေတၱာစ၊ ပါပကိၪၥိ န ပႆတိ….”

” ဟင္…ဒါ…ဒါ….ေအေမလး ၿပဳံးေမာင္…ငါ့ကိုလာကယ္ဦးကြာ…မ်ိဳးေဆြ..ညီဟန္…နင္တို႔ဘယ္မွာလဲကြာ…”

သူမရလို႔ေမးခါမွ သူ႔အေနာက္မွေမတၱာသုတ္ကို ႒ာန္ဂ႐ိုဏ္းက်က်႐ြတ္ေနေသာသူမွာ ဘုန္းႀကီးအိုျဖစ္မွန္းသိလိုက္၏။ သို႔ေၾကာင့္အေၾကာက္လြန္သြားၿပီး သူငယ္ခ်င္းမ်ားကိုေအာ္ေခၚလိုက္၏။

” ဟီး…ဟီး…ဟီး…နင္တို႔ေတြ ငါ့ေက်ာင္းေဆာင္ထဲခိုးဝင္လာၾကတယ္….နင္တို႔ကိုပါငါေခၚထားပစ္မယ္….ဟီးဟီးဟီး….”

ဘုန္းႀကီးတေစၦမွာ တဟီးဟီးရယ္ရင္း ဟိုဟိုသည္သည္ လမ္းေလွ်ာက္ေန၏။ လူငယ္ေလးေယာက္ကား ေဇာေခြၽးပ်ံရင္း ဘာလုပ္ရမွန္းမသိျဖစ္ေနၾက၏။ သုံးေယာက္မွာတစ္ေနရာထဲစုမိေနေသာ္လည္း ေဝယံတစ္ေယာက္ထဲကြဲထြက္ေန၏။ ဘုရားစာမ်ား႐ြတ္ၿပီး ေမာင္းထုတ္ေသာ္လည္း ဘုန္းႀကီးတေစၦက သူတို႔ထက္ဘုရားစာကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ႐ြတ္ႏိုင္သျဖင့္ အခက္ေတြ႕ေနၾက၏။

” ထြက္လာေနာ္….ထြက္လာၾက…မထြက္လာရင္ ငါ့ကိုအဆိုးမဆိုနဲ႔ေနာ္…ဟိး…ဟီး…ဟီး…”

ဘုန္းႀကီးတေစၦမွာ ဟိုဟိုသည္သည္ ၾကည့္ရင္း သူတို႔ကိုေခၚေန၏။

” ဘယ္လိုလုပ္ၾကမလဲေဟ့ေကာင္ေတြ…ဟိုေကာင္ေဝယံေရာ ဘယ္မွာလဲ…”

” မသိေတာ့ဘူးကြာ…ငါေတာ့ေၾကာက္ေသးပါ ပါကုန္ၿပီ….”

” ဝါး…ဒီမွာပုန္းေနၾကတာလား…ဟီးဟီးဟီး….”

” အေမလး…ျမတ္စြာဘုရား…”

ၿပဳံးေမာင္တို႔သုံးေယာက္ တီးတိုးစကားေျပာေနစဥ္ ဘုန္းႀကီးတေစၦသည္သူတို႔ေရွ႕သို႔ ခုန္ခ်လာၿပီး ပါးစပ္ဟကာ ရယ္ျပလိုက္၏။ ဘုန္းႀကီးအိုရယ္လိုက္တိုင္း သူ႔ပါးစပ္မွာ နားထင္နားအထိေရာက္ေနၿပီး အလြန္ေၾကာက္စရာေကာင္းလြန္းလွ၏။

” ငါနဲ႔အတူေနၾက….ေပ်ာ္ဖို႔အရမ္းေကာင္းတယ္…ဟီး…ဟီး….”

” ေမနဘူး…မေနႏိုင္ဘူး….”

ၿပဳံးေမာင္တို႔ကား တံခါးဝသို႔ေျပးလာကာ တံခါးကိုဖြင့္လိုက္ၾက၏။ သို႔ေသာ္ တံခါးမင္းတုံးခံေနသျဖင့္ ဖြင့္မရခဲ့ၾက။ ထိုစဥ္ ေက်ာင္းထဲသို႔စူးရွေသာအလင္းတန္းေပၚလာၿပီး ထိုအလင္းေရာင္ထဲမွ ဆရာေတာ္တစ္ပါးႏွင့္ ဝတ္ျဖဴစင္ၾကယ္ဝတ္ထားေသာ လူငယ္တစ္ေယာက္ ေပၚထြက္လာ၏။

” ရပ္ေလာ့ ဩဘာသ…သင္အျပစ္ေတြျဖစ္လိမ့္မယ္….”

ဆရာေတာ္က ေအးျမတည္ၾကည္ေသာ အသံျဖင့္ဘုန္းႀကီးတေစၦအား မိန႔္လိုက္ရာ ဘုန္းႀကီးတေစၦသည္ လူငယ္ႏွင့္ဆရာေတာ္အား ျပန္ၾကည့္ၿပီး ေခါင္းကိုျပန္တည့္လိုက္၏။

” ဘယ္သူလဲ…ငါ့ေက်ာင္းထဲခိုးဝင္ေနတာ…”

” သင္က သီလသမာဓိျပည့္စုံေနရက္နဲ႔ သင့္ရဲ႕စြဲလမ္းစိတ္ေၾကာင့္ မကြၽတ္မလြတ္ဘဲ ဒီဘဝေရာက္ေနရတာ….သင္ေနာင္တရပါေတာ့…”

” ငါကေက်ာင္းထိုင္ဆရာေတာ္ကြ…ဘယ္သူမွငါ့ကိုတရားလာခ်လို႔မရဘူး….ထြက္သြားၾက…”

ၿပဳံးေမာင္တို႔ေလးေယာက္ကား သူတို႔၏ကယ္တင္ရွင္ကို အတိုင္းမသိေက်းဇူးတင္ေနမိ၏။

” သင္သတိထားဆင္ျခင္ေပေတာ့…သင္ကသင့္ရဲ႕အစြဲေၾကာင့္ ဒီဘဝကေနအပါယ္ငရဲကိုေတာင္ က်ေရာက္ႏိုင္တယ္…လမ္းမွားမေရာက္ေအာင္ သတိကပ္ပါေတာ့….”

” ငါေျပာေနတယ္…ထြက္သြားၾကလို႔…”

” ဒုန္း…ဒုန္း…”

ဘုန္းႀကီးတေစၦေဒါသထြက္သြားၿပီး ေတာင္ေဝွးျဖင့္ ၾကမ္းခင္းကို အသံျမည္ေအာင္ေထာက္ခ်လိုက္၏။ ေဒါသမ်ားေၾကာင့္ ဘုန္းႀကီးတေစၦမွာ နား႐ြက္ႀကီးရွည္ထြက္လာၿပီး ပါးစပ္မွာလည္း ၿပဲသထက္ၿပဲလာ၏။ ခႏၶာမွာလည္း နဂိုထက္သုံးဆခန႔္ႀကီးလာသျဖင့္ ႐ုံထားေသာသကၤန္းမွာ အပိုင္းပိုင္းျပတ္ထြက္သြား၏။

” အေမလး…ဘာႀကီးလဲ…”

လူငယ္ေလးေယာက္မွာ ဘုန္းႀကီးအို၏မူလ႐ုပ္အမွန္ကိုၾကည့္ၿပီး ေသြးပ်က္ကာ သတိလစ္သြားၾကကုန္သည္။ ဘုန္းႀကီးေစၦက ဆရာေတာ္ႏွင့္လူငယ္အား မ်က္ေထာင့္နီႀကီးျဖင့္ၾကည့္ၿပီး ေတာင္ေဝွးျဖင့္ ႐ိုက္ထုတ္လိုက္၏။ သို႔ေသာ္ ဝတ္ျဖဴစင္ၾကယ္ဝတ္ထားေသာ လူငယ္ကအင္းတစ္ခ်ပ္ကိုအသက္သြင္းၿပီးကာထားလိုက္ရာ ဘုန္းႀကီးတေစၦမွာ အေနာက္သို႔လြင့္စင္သြား၏။

” ဗုန္း….”

” ခြမ္း….ကလြမ္း…”

အေနာက္မွပန္းကန္ျပားမ်ားသိမ္းဆည္းထားသည့္ ဗီ႐ိုႏွင့္႐ိုက္မိရာ ပန္းကန္ျပားမ်ား ထြက္ၾကလာၿပီး အသံဗလံမ်ားဆူညံစြာထြက္ေပၚလာခဲ့၏။

” သင့္ကိုနာက်င္ေအာင္မလုပ္ခ်င္ဘူး…ဒီေက်ာင္းအေပၚစြဲေနတဲ့ မစၦရိယစိတ္ကို ေဖ်ာက္လိုက္ပါေတာ့…အပါယ္ကိုမလားခ်င္ပါနဲ႔…”

ဆရာေတာ္ဥဴးေမဓာဝီက ထိုသို႔နားခ်လိုက္မွ ဘုန္းႀကီးတေစၦသည္ မိမိ၏စိတ္အစြဲကို ခြၽတ္ႏိုင္သြားၿပီး

” တပည့္ေတာ္မွားသြားပါတယ္ဘုရား…တပည့္ေတာ္ဟာ ဒီေက်ာင္းေဆာင္ေလးအေပၚ စိတ္အစြဲထားမိေလေတာ့ ဘယ္မွသြားမရဘဲ ဒီေက်ာင္းေဆာင္ထဲဘဲတဝဲလည္လည္ေနေနရပါတယ္ဘုရား….”

” အိမ္းကြယ္…သင့္အျပစ္မဟုတ္ပါဘူးေလ…ဘုရားရွင္ေဟာခဲ့တဲ့အထဲမွာ ရဟႏၲာျဖစ္မဲ့ရဟန္းတစ္ပါးေတာင္ သကၤန္းအေပၚစြဲလမ္းစိတ္ေၾကာင့္ သန္းျဖစ္ၿပီး ခုႏွစ္ရက္ခုႏွစ္လီ ဆင္းရဲဒုကၡေရာက္ခဲ့ေသးတာဘဲ…အာသေဝါတရားမကုန္ခမ္းေသးတဲ့ ရဟန္းတစ္ပါးက စိတ္အစြဲထားမိတာမဆန္းပါဘူးေလ…ခုသင္ကအမွားအမွန္ခြဲျခားႏိုင္ၿပီမို႔ နိဗၺာန္လမ္းကို ႂကြျမန္းႏိုင္ခဲ့ၿပီေလ…သာဓု…သာဓု…သာဓုပါ…”

ဆရာေတာ္ဥဴးေမဓာဝီက မိမိေရွ႕ထိုင္ေနေသာ ရဟန္းတစ္ပါးအားကယ္တင္ခြင့္ရလိုက္သျဖင့္ ဝမ္းေျမာက္ဝမ္းသာစြာ သာဓုေခၚေန၏။ အစြဲကိုပယ္ခြၽတ္ႏိုင္ေသာ ဘုန္းႀကီးတေစၦသည္ကား သကၤန္းအျပည့္အစုံျဖင့္ ဆရာေတာ္ဥဴးေမဓာဝီအား ဝတ္ျပဳၿပီး အမႈန္အမႊားမ်ားျဖစ္သြားကာ အေဝးသို႔တ့ျဖည္းျဖည္းေပ်ာက္ကြယ္သြားေလ၏။
ေမာင္ေရခဲ လည္းပါလာေသာေရစင္ျဖင့္ လူငယ္ေလးေယာက္အား ပက္ျဖန္းလိုက္ၿပီး ေဒါပုံ႐ြာထိပ္သို႔ပို႔ထားေပးလိုက္၏။ ၿပီးေသာ္ဆရာတာ္ ဥဴးေမဓာဝီႏွင့္အတူ ေနရပ္သို႔ျပန္လာခဲ့ေလသည္။

ႏြားေက်ာင္းသားေမာင္ေမႊးသည္ ႐ြာထိပ္သစ္ပင္ေအာက္တြင္ အိပ္ေပ်ာ္ေနၾကေသာ လူငငယ္ေလးေယာက္ကိုအထူးအဆန္းၾကည့္ေန၏။

” အင္း…အင္း…ဟာ…သ..သရဲ…”

ထိုစဥ္ညီညီဟန္ကႏိုးလာၿပီး သူ႔အားစိုက္ၾကည့္ေနေသာ ႏြားေက်ာင္းသားကိုျမင္ၿပီး လန႔္သြား၏။

” ဘယၼလဲသရဲ…လူပါဗ္…လူ”

ႏြားေက်ာင္းသားကခါးေထာက္ၿပီး ျပန္ေျပာလိုက္မွ ညီညီဟန္ကပတ္ဝန္းက်င္ကိုသတိထားမိၿပီး

” ဘုန္းႀကီးသရဲေကာ…ဘယ္ေရာက္သြားတာလဲ…ဟိုေကာင္ေတြေရာ…ဟာ…ေဟ့ေကာင္ေတြထ ထ…”

” အင္း…အဲ…”

ညီညီဟန္၏ေအာ္ႏိုးသံေၾကာင့္ အိပ္ေနေသာၿပဳံးေမာင္တို႔သတိရသြားၿပီး ထလာၾက၏။

” ဟမ္…ငါတို႔ဘယ္ေရာက္ေနၾကတာလဲ…”

” ငါလည္းမသိဘူးကြ…ဒါေပမဲ့မေန႔ညကေနရာေတာ့မဟုတ္ဘူး…”

” ေအးကြ…ေဟ့ညီေလး…အစ္ကိုႀကီးတို႔ဘာလို႔ဒီေရာက္ေနတာလဲ…”

” အစ္ကိုတို႔ေနာက္ေနတာလား…အစ္ကိုႀကီးတို႔ေလးေယာက္လုံးဒီမွာအိပ္ေနတာေတြ႕လို႔ ကြၽန္ေတာ္ႏိူးလိုက္တာေလ…”

” ဟင္ဟုတ္လား…ဒါဆိုဒီေနရာက ႐ြာလား…ဘာ႐ြာလို႔ေခၚလဲ…”

” ဟုတ္တယ္႐ြာေရာက္ေနတာ…ေဒါပုံ႐ြာလို႔ေခၚတယ္…အစ္ကိုႀကီးတို႔က ဘယ္ကေနလာၾကတာလဲ…”

” ဘာ…ေဒါပုံ႐ြာဟုတ္လား…”

” ဟုတ္တယ္ေလဗ်ာ…ဘာျဖစ္လို႔လဲ…”

” ေဟ့ေကာင္ေတြ…ငါ့အဖြား႐ြာေရာက္ၿပီကြ…”

” ညီေလး…ဒီ႐ြာမွာေလ ေဒၚေအးစိန္ဆိုတာရွိလား…”

” ဟိုေဒၚေအးစိန္ႀကီးကိုေမးတာထင္တယ္…ရွိတာေပါ့ဗ်ာ…အစ္ကိုတို႔ကေဒၚေအးစိန္ရဲ႕အသိေတြလား…”

” ဟုတၱယ္ညီ…ဒါဆိုအစ္ကိုတို႔ကို ေဒၚေအးစိန္ရဲ႕အိမ္ကိုေခၚသြားေပးပါလား…”

” မုန႔္ဖိုးေပးရင္ေခၚသြားေပးမယ္…”

ႏြားေက်ာင္းသားက ေဈးဆစ္လိုက္ေသး၏။

” ေပးပါ့မယ္ဗ်ာ…အစ္ကိုတို႔ကိုသာေဒၚေအးစိန္ရဲ႕အိမ္ကိုေခၚသြား…”

ႏြားေက်ာင္းသားလည္း ၿပဳံးေမာင္တို႔္ကိုေခၚၿပီး ေဒၚေအးစိန္၏အိမ္သို႔ေခၚသြားလိုက္၏။ ေဒၚေအးစိန္၏အိမ္သို႔ေရာက္ေသာ္

” ဗ်ိဳ႕…ဖြားေအးစိန္ေရ…ဖြားေအးစိန္ရဲ႕အသိေတြေရာက္ေနတယ္ဗ်ိဳ႕….”

ႏြားေက်ာင္းသားက ေအာ္လိုက္ရာအိမ္ထဲမွအသက္၆၀အ႐ြယ္အဖြားႀကီးတစ္ေယာက္ ဆင္းလာၿပီး

” ဟဲ့…ဘယ္သူေတြတုံးဖိုးေမႊး…”

” မသိဘူး…ဖြားရဲ႕အသိေတြလို႔ေျပာလို႔ေခၚလာခဲ့တာ…”

” ဪေအးေအး…အထဲဝင္ၾကကေလးတို႔…”

” ဟုတ္ကဲ့ဗ်…”

ၿပဳံးေမာင္တို႔ေလးေယာက္လည္း ႏြားေက်ာင္းသားကိုမုန႔္ဖိုးေပးလိုက္ၿပီး ၿခံထဲသို႔ဝင္လာခဲ့ၾက၏။

” ဒီမွာထိုင္ၾကကြယ္…ဒီေနရာကအရိပ္ရေတာ့နားလို႔ေကာင္းတယ္…ဖြားအၾကမ္းရည္သြားယူလိုက္ဦးမယ္…”

ဆိုၿပီးေဒၚေအးစိန္က အိမ္ထဲသို႔ဝင္သြားခဲ့ၿပီးခဏအၾကာ အၾကမ္းေရအိုးႏွင့္အတူ အၾကမ္းရည္ႏွင့္ျမည္းဖို႔အသားေျခာက္ဖုတ္ဆီဆမ္းလည္းပါလာ၏။

” အၾကမ္းေရေသာက္ၾကသားတို႔…သားတို႔ကဘယ္သူေတြလဲ…ဘာလို႔အဖြားႏွင့္ေတြ႕ခ်င္တာလဲ…”

ၿပဳံးေမာင္လည္း မိခင္၏အေၾကာင္းကိုေျပာျပလိုက္၏။

” ေထြးစိန္..ေထြးစိန္…ငါ့ကိုပစ္ၾသားလိုကၱာ…နင္ေမြးတဲ့ငါ့ေျမးေလးေတာင္ ဒီအ႐ြယ္ေရာက္ေနၿပီေပါ့လားကြယ္…ေနႏိုင္လိုက္တဲ့သမီး…ခုထိမေအဆီျပန္လာဖို႔မေတြးဘူး…”

” ဖြားရယ္…ေမေမလည္းဖြားႏွင့္႐ြာကိုအၿမဲသတိရေနတာ…ဖြားသူ႔ကိုစိတ္နာၿပီး မုန္းေမမွာေၾကာက္လို႔ျပန္မလာရဲခဲ့တာပါ…”

” ဖြားလည္းစိတ္ဆိုးတုန္းကသာ မေျပာသင့္တာေတြေျပာခဲ့မိတာပါကြယ္…ဘယ္မိဘမွကိုယ့္သားသမီးကို ပစ္႐ိုးထုံးစံမရွိပါဘူးကြယ္…ဖြားရဲ႕ေျမးေလးကေတာင္ ဖြားကိုဒီအထိလာရွာခဲ့သားဘဲ…လမ္းခရီးအဆင္ေျပခဲ့ၾကရဲ႕လားကြယ္…”

” မေျပခဲ့ပါဘူးဖြားရယ္…သားတို႔ ကံေကာင္းလို႔ဒီအထိေရာက္လာခဲ့တာ…”

ဆိုၿပီး ကားစပ်က္သည့္အေၾကာင္းႏွင့္ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္တည္းမိရာမွ ဘုန္းႀကီးတေစၦ၏ေျခာက္လွန႔္ျခင္းကို ခံလိုက္ရသည့္အျဖစ္တို႔ကို အဖြားျဖစ္သူအား အလုံးစုံေျပာျပလိုက္ေတာ့၏။ ေဒၚေအးစိန္လည္း ေျမးေလးျဖစ္သူတို႔၏ အျဖစ္ကိုနားေထာင္ရင္း

” ဪေျမးေလးတို႔က အေျခာက္အလွန႔္ၾကမ္းတဲ့ ေတာေက်ာင္းကိုမွသြားတည္းမိတာကိုးကြဲ႕…ေတာ္ပါေသးရဲ႕ သူေတာ္ေကာင္းနတ္ေကာင္းနတ္ျမတ္ေတြကယ္ေပလို႔ေပါ့…”

” ဟုတ္ပါ့ဖြားရာ…သားတို႔ကိုဘုန္းႀကီးတစ္ပါးႏွင့္လူတစ္ေယာက္ကကယ္ေပလို႔သာေပါ့…မဟုတ္ရင္သားတို႔သရဲျဖစ္ေနေလာက္ၿပီ…အဲဒီဘုန္းႀကီးကဘာလို႔သရဲဖစ္သြားရတာလဲဖြား…”

” အင္းေျပာရရင္ေတာ့…လြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးဆယ္ေလာက္ကေပါ့ကြယ္…ဖြားတို႔႐ြာရဲ႕အေရွ႕ဖက္ေတာင္ကုန္းထိပ္မွာ ဘုန္းႀကီးအိုတစ္ပါး သီတင္းလာသုံးတယ္ကြဲ႕…သူကရရာသစ္ဝါးေလးေတြနဲ႔ေက်ာင္းသိခၤမ္းေလးေဆာက္ၿပီး တရားက်င့္ႀကံေနတာေပါ့…ေႏြရာသီဆိုရင္ဘာျပႆနာမျဖစ္ေပမဲ့ မိုးရာသီဆိုရင္သူ႔ရဲ႕ေက်ာင္းသိခၤမ္းေလးက မိုးယိုေတာ့ ဘုန္းႀကီးအိုခမ်ာတရားအားထုတ္လို႔မရရွာဘူးေလ…အဲဒါကိုသိေတာ့ ဖြားတို႔႐ြာသူ႐ြာသားေတြက စုေပါင္းၿပီး ေတာေက်ာင္းေလးတစ္ေက်ာင္းကိုေဆာက္လုပ္လႉဒါန္းခဲ့ၾကတယ္ေလ..ဒါေပမဲ့ သိပ္မၾကာဘူး ဘုန္းႀကီးအိုဟာေတာင္ေဝွးေလးကိုအားျပဳၿပီး ေက်ာင္းေဆာင္ေပၚတက္လာရင္း အေနာက္လွန္က်ၿပီး ဦးေခါင္းဆက္႐ိုးျပဳတ္လို႔ ပ်ံလြန္ေတာ္မူသြားရွာတယ္ေလ…”

” ဪ…ျဖစ္မွျဖစ္ရေလ…ဘုန္းႀကီးအိုပ်ံလြန္ေတာ္မူသြားေတာ့ ဘုန္းႀကီးပ်ံပြဲလုပ္ၿပီး ေကာင္းရာဘုံေရာက္ေအာင္ ဆုမေတာင္းေပးၾကဘူးလားဖြား…”

” လုပ္ေပးတာပါဘဲကြယ္…ဒါေပမဲ့ ဘုန္းႀကီးအိုကမကြၽတ္လြတ္ခဲ့ဘဲ သူ႔ရဲ႕ေတာေက်ာင္းေလးထဲမွာဘဲ လာသမွ်လူကိုေျခာက္လွန႔္ေနေတာ့ ဘယ္သူမွအဲဒီအနားမသြားဝံ့ၾကေတာ့ဘူးေပါ့ကြယ္…”

” ေျမးေလးတို႔လည္းခရီးပန္းလာၾကေရာေပါ့…ေရမိုးခ်ိဳးအနားယူၾက…ဖြားေျမးေလးတို႔စားဖို႔ ခ်က္ျပဳတ္လိုက္ဦးမယ္…”

” ဟုၾတၹား…”

ထိုည၌ေလးေယာက္သား ေဒၚေအးစိန္ခ်က္ျပဳတ္ေကြၽးေမြးေသာ အစားအေသာက္မ်ားကိုစားေသာက္ၿပီး ေနာက္တစ္ေန႔ေရာက္ေသာ္ ကားပ်က္သည့္ေနရာကိုေျပာျပၿပီး ႐ြာသူ႐ြာသားမ်ားႏွင့္အတူ ကားကို႐ြာထဲတြန္းလာလိုက္ၾကေတာ့သည္။….။

( စိတ္ကူးမွ်သာျဖစ္သည္။ စာရႈသူအေပါင္း ကိုယ္စိတ္ႏွလုံး က်န္းမာၾကပါေစေသာဝ္)

# ၿပီး
# ခြန္း