ခြံစောင့်မြွေမောင်နှံ(စ/ဆုံး)

Unicode Version

ခြံစောင့်မြွေမောင်နှံ(စ/ဆုံး)
——————————–
ဒီကနေ့ဟာအမေဆုံးတာနှစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့အမေ့အကြောင်းဖြစ်ရပ်မှန်အားအမှတ်တယရေးပါသည်။

နှလုံးသားထဲမှာရှိနေတဲ့အမေ့အကြောင်းတွေကတော့ရေးလို့ကုန်မယ်မထင်ပါဘူး

ဒေါ်ရင်ရင်မြို့သစ်ကအိမ်ကလေးဝယ်လိုက်သည်ကိုမြို့ထဲမှာအတူနေသောချမ်းသာသောယောက္ခမများကသဘောမကျပေ

ရုံးဝန်ထမ်းဖြစ်သောယောင်္ကျားကလဲသွားရေးလာရေးခက်
ခဲ၍ကန့်ကွက်လေသည်။

ဒေါ်ရင်ရင်ကတော့အားလုံးဝိုင်းတားနေသည့်ကြားမှဝယ်လိုက်လေသည်မြို့သစ်တည်ကာစတော့

အခက်အခဲတော့အနဲငယ်ရှိတတ်တာမို့ထိုအိမ်သစ်သို့ဘယ်သူမှလိုက်မနေပါဒေါ်ရင်ရင်နှင့်သမီးငယ်လေးသာအရင်သွားနေလေသည်။

ထိုရပ်ကွက်သည်ဟိုးအရင်တုန်းကကုလားတွေနွားမွေးကာနေသောအရပ်ဟုလည်းပြောကြသည်။

အရင်တုန်းကကုလားင်္သချိူင်းဟောင်းနှင့်နီးသည်လ့ိုလဲဆိုကြပြန်သည်ဘယ်လိုပဲပြောပြောထိုနေရာသည်ထူးခြားချက်များရှိနေသည်။

ထိုရပ်ကွက်သို့စတင်ပြောင်းလာသူများကညဘက်များတွင်ကုလားများကုလားမများခဏခဏမြင်ကြရသည်ဟုသိရသည်

ရပ်ကွက်ထဲသို့အစောဆုံးရောက်နေသောအဖိုးကြီးတဦးပြောပုံအရသူသည်

နွေရာသီပူပြင်းသောညတညတွင်အိုက်စပ်စပ်ဖြစ်နေသဖြင့်အိပ်မပျော်ပဲရှိနေသည်။

သူလဲအိပ်မရ၍အိမ်ရှေ့ထွက်ထိုင်နေရင်းလူနေအိမ်မရှိသေးသောမြေကွက်လပ်များဘက်ကိုကြည့်နေမိသည်။

မြို့သစ်ဆိုတော့ဒီရပ်ကွက်ထဲလူနေတာဆိုလို့နှစ်အိမ်သုံးအိမ်လောက်ပဲရှိသေးကာတအိမ်နှင့်တအိမ်က

အလှမ်းဝေးကာကျို့တို့ကျဲတဲဖြစ်နေသည်သူလဲအပြင်ကသဘာဝလေအေးခံရင်းဆေးလိပ်ထိုင်သောက်နေသည်။

လကလေးကလဲသာနေတော့ပတ်ဝန်းကျင်ကိုကောင်းစွာမြင်နေရသည်။

ထိုအချိန်တွင်နွားလှည်းနှစ်စီးသုံးစီးခန့်ဖြင့်ပစ္စည်းများတင်ကာဆူဆူညံညံဖြင့်လမ်းထဲဝင်လာသည်

ထိူလှည်းပေါ်တွင်ကုလားမိသားစုများပါလာကာကုလားစကားများရေပက်မဝင်အောင်ပြောလာကြသည်။

သူတို့စကားသံနှင့်နွားလည်ပင်းမှာဆွဲထားသောခလောက်သံများကဆူညံ၍နေကာသူ့အိမ်ရှေ့မှ

လှည်းများဖြတ်မောင်းသွားလေသည်သူလဲအထူးအဆန်းကြီးဆိုတော့သေချာကြည့်နေမိသည်။

ထိုအခါသူလဲမျက်လုံးကိုပွတ်ကြည့်ကာအမြင်များမှားလားလို့သေချာကြည့်ပေမဲ့တကယ်လက်တွေ့တအံ့တသြတွေ့ရလေသည်။

ဒါနဲ့သူလဲအတော်စဉ်းစားရကျပ်သွားသည်ဒီလိုအချိန်မတော်ညသန်ခေါင်ကြီး

အိမ်ပြောင်းလာတာတခါမှမတွေ့ဘူးပါအထူးအဆန်းဖြစ်၍နေသည်ထိုလှည်းသွားရာနောက်သို့

သူမျက်စိတဆုံးလိုက်ကြည့်နေရာခပ်လှမ်းလှမ်းတွင်ရှိသောလူမနေသည့်မြေကွက်အလွတ်ရှေ့ရောက်တော့

ပျောက်ခြင်းမလှပျောက်သွားလေသည်ဒါနဲ့သူလဲခေါင်းနပန်းများကြီးသွားကာသရဲခြောက်မှန်းသိရလေသည်။

သူ့ပြောပုံအရဒီနေရာသည်ကုလားမကျွတ်လွတ်သူများရှိနေသည်မှာသေချာသလောက်ရှိသည်။

ဒေါ်ရင်ရင်တို့မိသားစုဝင်တွေပြာင်းလာတော့ရပ်ကွက်ထဲလူအတော်ရောက်နေပြီဖြစ်သည်သို့ပေမဲ့မစည်သေးပါ

တရက်တွင်ဒေါ်ရင်ရင်သည်အိမ်အလုပ်များနှင့်ရှုတ်နေရာညနေနေဝင်ရီသရောအချိန်တွင်ခြံထဲသို့

ကုလားမတဦးဝင်လာသည်ကိုလျှပ်တပြတ်မြင်လိုက်ရ၍ခြံထဲထွက်ကြည့်တော့ဘယ်သူမှမတွေ့ရပါ

ထိုသို့မကြာခဏကုလားများကုလားမများကိုမြင်ရလေသည်။

တခါတရံနေလယ်ဘက်ဒေါ်ရင်ရင်အိပ်နေတုန်းကုလာစကားပြောသံများကြားနေရကာတကယ်တန်းထကြည့်တော့ဘာမှမတွေ့ရပါ

ဒေါ်ရင်ရင်သည်ဘုရားတရားမြဲကာညစဉ်ဘုရားရှိခိုးလေ့ရှိသည်ရှိခိုးပြီးပါကအမျှဝေသည့်အခါ

ခြံစောင့်နတ်အိမ်စောင့်နတ်များပါမကျန်ကျေးစည်တီးပြီးအမျှဝေလေ့ရှိပါသည်။

တညတွင်ဒေါ်ရင်ရင်သည်ဆန်းကျယ်သောအိမ်မက်ကိုမက်လေသည်။

အိမ်မက်ထဲတွင်သူမခြံထောင့်မှကြီးမားသောမြွေကြီးနှစ်ကောင်သည်တောင်ပို့တခုထဲမှထွက်လာကာ

ကုလားနှင့်ကုလားမဖြစ်သွားလေသည်နှစ်ယောက်လုံးသည်ကုလားဝတ်စုံဖြူများဝတ်ဆင်ထားကြသည်။

ဒေါ်ရင်ရင်လဲအလန့်တကြားဖြစ်သွားကာသူ့အားအန္တရယ်ပေးမည်စိုး၍အိမ်ထဲဝင်ရန်ဟန်ပြင်လိုက်ရာ

ထိုမြွေမောင်နှံသည်ဒေါ်ရင်ရင်အားစကားပြောလိုက်သည်။

””’ငါတို့ကနင့်ကိုဘာအန္တရယ်မှမပေးပါဘူး——နင်ညစဉ်ညတိုင်းဘုရားရှိခိုးအမျှဝေနေလို့—-သာဓုခေါ်ရပါတယ်အဲအတွက်နင့်ကိုကျေးဇူးတင်ပါတယ်——ငါတို့မောင်နှံကဒီခြံထဲမှာစောင့်နေရတဲ့မြွေမောင်နှံပါပဲ———ခြံထောင့်ကတောင်ပို့ကလေးထဲမှာငါတို့နေပါတယ်———-””’

ထိုသို့ပြောကာမူလမြွေပုံစံများပြောင်းသွားကာတောင်ပို့လေးထဲသို့ဝင်သွားလေသည်။

ဒေါ်ရင်ရင်မနက်မိုးလင်းတော့အိမ်မက်ကိုမှတ်မိနေသည်သူမသမီးကလေးတွေကလဲငယ်သေးတော့စိုးရိမ်နေမိသည်။

တရက်တွင်ဒေါ်ရင်ရင်အိမ်တွင်အငယ်ဆုံးသမီးကလေးနှင့်နှစ်ယောက်ထဲကျန်ခဲ့လေသည်။

နေခင်းဘက်တွင်သားအမိနှစ်ယောက်ခဏအိပ်ပျော်သွားကြသည်သူမအိပ်ပျော်နေတုန်း

သမီးကလေးရီသံကြောင့်လန့်နိုးသွားကာကြည့်လိုက်တော့သမီးကလေးသည်အနားတွင်မရှိပေ

ဒါနဲ့အိမ်ခြံထဲလိုက်ရှာကြည့်ရာအလွန်ထိတ်လန့်စရာအဖြစ်အားမြင်လိုက်ရလေသည်။

သမီးကလေးသည်ခြံထောင့်ကတောင်ပို့နားရောက်နေကာကလေးနဲ့ခပ်လှမ်းလှမ်းတွင်မြွေကြီးနှစ်ကောင်သည်

တလံလောက်ခါးမတ်ကာပါးပျဉ်းများခွက်နေအောင်ထောင်ထားကာဘယ်ညာယိမ်းပြီးကနေသယောင်လှုပ်ရှားနေသည်ကို

သမီးကလေးကကြည့်ကာသဘောကျစွာအော်ရီနေခြင်းဖြစ်သည်။ဒေါ်ရင်ရင်လဲသမီးကလေးအား

အမြန်ပြေးခေါ်လိုက်လေသည်ရင်တုန်ပန်တုန်ဖြစ်သွားကာအလွန့်လန့်သွားမိလေသည်။

မြွေများကသူတို့သားအမိအားဘာအန္တရယ်မှမပေးပဲအေးဆေးစွာတောင်ပို့ထဲပြန်ဝင်သွားလေသည်။

ဒေါ်ရင်မကြာမကြာခြံထဲတွင်ထိုမြွေနှစ်ကောင်အားမြင်ရပေမဲ့အန္တရယ်မပေး၍ဒီအတိုင်းထားလိုက်သည်။

တရက်တွင်ဒေါ်ရင်ရင်ကခြံထဲအဝီစိရေတွင်းတူးရန်ရေတူးဆရာများအားခေါ်၍အပ်လေသည်။

နောက်ရက်တွင်ရေတွင်းတူးသူများရောက်လာကာရေတွင်းတူးရန်နေရာရွေးကြလေသည်။

ထိုနေ့တနေ့လုံးနေရာအတိအကျမရသေးသောကြောင့်နောက်ရက်ကန်တော့ပွဲပေးကာ

ရေစတူးရန်ပြန်သွားကြလေသည်။အဲဒီညမှာပဲဒေါ်ရင်ရင်ထူးဆန်းသောအိမ်မက်ကိုမက်လေသည်။

အိမ်မက်ထဲတွင်မြွေနှစ်ကောင်သည်အိမ်ရှေ့ခြံထောင်နားကမာလကာပင်နားတွင်

ပါးပျဉ်းထောင်နေကာမြေကြီးကိုပေါက်လိုက်ကာပါးစပ်ထဲမှရေများမှုတ်ထုတ်နေသည်ကိုအဆန်းတကျယ်မြင်ရသည်။

ဒေါ်ရင်ရင်လဲရေတူးရန်နေရာပြသည်ဟုယူဆကာရေတူးသမားများလာတော့ထိုနေရာအား

ပြလိုက်၍ရေတူးရန်အဆင်ပြေသွားလေသည်။ရေလဲကြည်လင်ကာရေထွက်အားကောင်းလေသည်။

တရက်တွင်ဒေါ်ရင်ရင်ကခြံထဲအဝတ်လျှော်ရင်းပတ္တမြားလက်စွပ်ကလေးသည်ရေထဲရောပါသွားကာ

ပျောက်သွားလေသည်လိုက်ရှာသော်လည်းမတွေ့တော့ပါဒေါ်ရင်ရင်လဲအလွန်စိတ်မကောင်းဖြစ်သွားသည်။

မိဘအမွေပေးလိုက်သောလက်စွပ်ကလေးမို့အလွန်နှမြောမိလေသည်။

တပတ်လောက်နေတော့ဒေါ်ရင်ရင်နေ့လယ်ဘက်အိပ်ပျော်နေရင်းအိမ်မက်မက်ပြန်သည်။

သူ့မအိမ်မက်ထဲတွင်ခြံထဲကရေဆင်းမြောင်းကလေးဘေးတွင်မြွေတကောင်သည်ခွေနေသည်။

ဒေါ်ရင်ရင်ကရေနဲ့လှမ်းပက်လိုက်သည့်အခါမြွေသည်ထိုနေရာလျှော၍ထွက်သွားရာ

မြွေခွေသွားသောနေရာအောက်နားတွက်လက်စွပ်ကိုပြန့်တွေရသောကြောင့်ဒေါ်ရင်ရင်ဝမ်းသာသွားရင်း

အိမ်မက်ကလန့်နိုးသွားလေသည်သူမကနိုးတာနဲ့ချက်ချင်းထိုနေရာသို့သွားကာ

ရှာကြည့်ရာရေမြောင်းစပ်တွင်ရွံ့များပေနေသောလက်စွပ်ကလေးအားပြန်တွေ့ရလေသည်။

ဒေါ်ရင်ရင်ကဝမ်းသာကာမြွေများအားကျေးဇူးတင်သည့်အနေဖြင့်နောက်တရက်ရပ်ကွက်ထဲသို့

နွားနို့လာရောင်းသောကုလားကြီးဆီမှနွားနို့တပိသာဝယ်ကာမြွေနှစ်ကောင်ရှိရာတောင်ပို့နားတွင်

ဇလုံတလုံးနှင်ချထားပေးလိုက်သည်မနက်မိုးလင်းတော့နွားနို့များတစက်မှမရှိတော့ပါ

တရက်တွင်ဒေါ်ရင်ရင်သည်အလူအတန်းဝါသနာပါသည့်အလျှောက်ရပ်ကွက်ထဲက

အိမ်တအိမ်တွင်ကြွနေသောပဲခူးဘက်မှဆရာတော်ကြီးအားသွားဖူးလေသည်လူကများတော့

ဒေါ်ရင်ရင်ကလူအုပ်နောက်နားကဆရာတော်အားဦးချလိုက်သည်ထိုအချိန်တွင်ဆရာတော်က

ဒေါ်ရင်ရင်အားလှမ်း၍ကြည့်ကာမိန့်လိုက်သည်။

”’ဟိုနောက်ဆုံးကဝိသာခါကျောင်းအမငါ့လာဖူးတယ်ဟေ့—-မရှိရင်တောင်ချီးပြီးလူ မဲ့လူစားမျိူးဟ—မမြင်ဘူးရင်ကြည့်ထားကြဟေ့—”””

ဒေါ်ရင်ရင်းလဲတခါမှမမြင်ဘူးပဲသူမအကြောင်းသိနေသောကြောင့်ဆရာတော်ကြီးးအားအလွန်ကြည်ညှိမိလေသည်။

ဆရာတော်ကြီးမိန့်သောအကြောင်းများသည်အလွန်မှန်နေသဖြင်နောက်တနေ့မနက်အာရုံဆွမ်း

ကပ်ရန်အိမ်ကိုပင့်ခဲ့လေသည်။ဒေါ်ရင်ရင်ကဆရာတော်ကြီးအားမုန့်ဟင်းခါးဆွမ်းကပ်ရန်

တညလုံးမအိပ်ပဲတစ်ယောက်ထဲချက်ကာအဆင့်သင့်ပြင်ထားလေသည်။

မနက်ဆရာတော်ကြီးကြွလာကာဒေါ်ရင်ရင်အိမ်တွင်အာရုံဆွမ်းဘုန်းပေးပြီးခြံနှင့်အိမ်ထဲမှာရှိသော

မကျွတ်မလွတ်သူများရှိပါကဖယ်ရှားပေးရန်ထည့်၍ရွတ်ဖတ်ပေးကာပြန်ကြွသွားလေသည်။

ဆရာတော်ကြီးပြန်ကြွသွားမှဒေါ်ရင်ရင်လဲတညလုံးမအိပ်ရသေးတော့မှေးကနဲအိပ်ပျော်သွားလေသည်။

ဒေါ်ရင်ရင်အိပ်ပျော်နေတုန်းခြံထဲတွင်ကုလားမိသားစုများဆူဆူညံညံဖြင့်ပစ္စည်းများအား

လှည်းပေါ်တင်ကာမျက်ရည်များသုတ်ကာငိုနေကြသည်ဒါနဲ့ဒေါ်ရင်ရင်လဲသူတို့နားသွားကာ

””ရှင်တို့ကဘာလို့ငိုနေကြတာလဲ—–ဘယ်သွားကြမလို့လဲ””’

”” ‘ငါတို့ကိုအထက်လူကြီးကဒီခြံထဲကထွက်ခိုင်းလို့ပြောင်းကြမလို့ပါ—–ငါတို့ကဒီမှာနေလာတာကြာပြီ——”’

ကုလားမတစ်ယောက်ကငို၍ဒေါ်ရင်ရင်အားဝမ်းနဲစွာပြောလိုက်တော့သနားတတ်၍စိတ်ကောင်းရှိသော

ဒေါ်ရင်ရင်ကအလွန်စိတ်မကောင်းဖြစ်သွားလေသည်ဒီအချိန်တွင်သူတို့ထဲမှခေါင်းဆောင်ဖြစ်ပုံရသော

ကုလားကြီးကအော်ပြောလ်ုက်သည်။

””ကဲဟေ့—-ပစ္စည်းတွေမြန်မြန်သယ်ကြ—–ငိုမနေကြနဲ့—–ပုဂ္ဂိုလ်ထူးကပြောင်းလို့ဆိုမှတော့—–ပြောင်းရတော့မှာပေါ့””

ထိုကုလားမိသားစုများလည်းပစ္စည်းများသိမ်းကာဒေါ်ရင်ရင်ရှေ့ကဝမ်းနဲဟန်ဖြငြ့်ခံထဲကထွက်သွားကြလေသည်။

ဒေါ်ရင်ရင်လဲတရွေ့ရွေ့ျ့ဝေးသွားသောကုလားမိသားစုများအားကြည့်ရင်းအိမ်မက်ကလန့်နိုးသွားလေသည်။

အဲဒီအချိန်ကထဲကဒေါ်ရင်ရင်အိမ်ထဲကုလားများမမြင်တွေ့ရတော့ပါ

တနေ့မှာတော့ဒေါ်ရင်ရင်တို့အိမ်နောက်ဘေးခြံသို့လူသစ်များပြောင်းလာကြလေသည်။

ထိုအိမ်တွင်ခပ်ဆိုးဆိုးကောင်ကလေး၃ယောက်ပါလာကာဆူညံ၍ဝိုင်းဒိုင်းကြဲနေသည်။

ထိုကောင်ဆိုးကလေးသုံးယောက်ပြောင်းလာသည့်နေမှစ၍အေးချမ်းနေသောရပ်ကွက်သည်

မုန်းတ်ုင်းဝင်မွှေသွားသလိုမအေးချမ်းတော့ပါရပ်ကွက်ထဲကလူငယ်များနှင့်မကြာခဏရန်ဖြစ်လိုက်

တခြားရပ်ကွက်ကကလေးများနှင့်ရန်ဖြစ်လိုက်သူတို့အချင်းချင်းနပန်းသတ်လိုက်ဖြင့်ဆူညံ၍နေလေသည်။

တနေ့တွင်ဒေါ်ရင်ရင်အတွက်စိတ်မကောင်းစရာဖြစ်လာသည်။

နေ့ခင်ဘက်ဒေါ်ရင်ရင်အိမ်အလုပ်များလုပ်နေခိုက်တွင်အိမ်နောက်ဖေးမှဆူဆူညံညံအသံများ

ကြားသဖြင့်ထွက်၍ကြည့်ရာခြံစည်းရိုးပေါ်တက်နေသောဒေါ်ရင်ရင်ခြံထဲကမြွေနှစ်ကောင်ကို

အိမ်နောက်ဖေးအိမ်ကလူဆိုးသုံးယောက်ကတွေ့သွား၍မြွေများအားရိုက်သတ်ရာတကောင်သည်လွတ်သွားကာ

တကောင်သည်သေသွားလေသည်မြွေသေကိုထိုလူဆိုးသုံးကောင်ကချက်စားပြစ်လိုက်ကြသည်။

ဒေါ်ရင်ရင်လဲအလွန်စိတ်မကောင်းဖြစ်သွားကာသတ္တဝါတခုကံတခုလို့သာသဘောထားလိုက်ရသည်။

ထိုနောက်ဒေါ်ရင်ရင်စိတ်ထဲသေသွားသောမြွေသည်အထီးလားအမလားသိချင်နေသည်။

ထိုညမှာတော့ဒေါ်ရင်ရင်ဝမ်းနည်းစရာကောင်းသောအိမ်မက်ကိုမြင်မက်လေသည်။

အိမ်မက်ထဲတွင်တောင်ပို့ထဲမှဒဏ်ရာများသွေးအလိမ်းလိမ်းနဲ့မြွေတကောင်သည်ထွက်လာပြီး

ကုလားတယောက်ဖြစ်သွားကာမျက်ရည်များစီးကျနေသည်ကိုမြင်ရလေသည်ဒီအခါမှ

သေသွားသောမြွေသည်မြွေမဖြစ်မှန်းဒေါ်ရင်ရင်သိရကာစိတ်မကောင်းဖြစ်ရပြန်သည်။

ဒေါ်ရင်ရင်ထိုညမှာတော့ဘုရားရှိခိုးပြီးခြံထဲကအစောင့်အရှောက်များအားအထူးမေတ္တာပို့မိလေသည်။

နောက်တရက်တွင်နောက်ဖေးအိမ်ထဲမြွေဝင်ကာအကြီးကောင်အားမြွေပေါက်ခံရသည့်

အတွက်တအိမ်လုံးဆူညံနေကြသည်မြွေပေါက်ခံရသူအားဆေးရုံပို့ရင်းပေါက်သောမြွေအား

ရိုက်သတ်ကာယူသွားကြသည်ဟုဆိုပါသည်ထိုကောင်ဆိုးကလေးလဲဆေးရုံရောက်တော့ဆုံးသွားလေသည်။

ဒေါ်ရင်ရင်လဲသိလိုက်ပြီသူတို့နောက်ထပ်သတ်လိုက်သောမြွေသည်မြွေထီးဖြစ်မည်ဆိုတာကိုအတတ်သိနေသည်။

နောက်ရက်မှာတော့ဒေါ်ရင်ရင်ညဘက်အိမ်မက်မက်ပြန်သည်ဒီတခါအိမ်မက်ထဲတွင်

တောင်ပို့နားတွင်ကုလားနှင့်ကုလားမမောင်နှံနှစ်ဦးသည်ဒေါ်ရင်ရင်အားနုတ်ဆက်လေသည်။

””ငါတို့သွားရတော့မယ်—–နင်ပေးတဲ့အမျှလဲရပါတယ်—–နင့်ကိုကျေဇူးတင်ပါတယ်””’

ထိုသို့ပြောကာပျောက်ကွယ်သွားကြလေသည်။ဒေါ်ရင်ရင်လဲစိတ်မကောင်းစွာကြည့်ရင်းအိမ်မက်ကလန့်နိုးသွားလေသည်။

အဲဒီနောက်ပိုင်းမှာတော့ဒေါ်ရင်ရင့်ခြံထဲမြွေမောင်နှံကိုှမမြင်တွေ့တော့ပါအိမ်မက်လဲမမက်တော့ပါ။

မြွေမောင်နှံလဲဘဝပြောင်းသွာပြီဟုထင်မိပါသည်။

ပြီး

D Moe Moe

မြွေပုံများရှာ၍ပို့ပေးသောအကောင့်ပိုင်ရှင်ဗေဒါနှင့်ပင်လယ်ပြာပြာရေပြာပြာဗေဒါဘာကြောင့်စိမ်းရတယ်တို့အားအထူးကျေးဇူးတင်ရှိကြောင်းပါ See less

Zawgyi Version

ၿခံေစာင့္ေႁမြေမာင္ႏွံ(စ/ဆုံး)
——————————–
ဒီကေန႔ဟာအေမဆုံးတာႏွစ္ႏွစ္ျပည့္အထိမ္းအမွတ္နဲ႔အေမ့အေၾကာင္းျဖစ္ရပ္မွန္အားအမွတ္တယေရးပါသည္။

ႏွလုံးသားထဲမွာရွိေနတဲ့အေမ့အေၾကာင္းေတြကေတာ့ေရးလို႔ကုန္မယ္မထင္ပါဘူး

ေဒၚရင္ရင္ၿမိဳ႕သစ္ကအိမ္ကေလးဝယ္လိုက္သည္ကိုၿမိဳ႕ထဲမွာအတူေနေသာခ်မ္းသာေသာေယာကၡမမ်ားကသေဘာမက်ေပ

႐ုံးဝန္ထမ္းျဖစ္ေသာေယာက်ၤားကလဲသြားေရးလာေရးခက္
ခဲ၍ကန႔္ကြက္ေလသည္။

ေဒၚရင္ရင္ကေတာ့အားလုံးဝိုင္းတားေနသည့္ၾကားမွဝယ္လိုက္ေလသည္ၿမိဳ႕သစ္တည္ကာစေတာ့

အခက္အခဲေတာ့အနဲငယ္ရွိတတ္တာမို႔ထိုအိမ္သစ္သို႔ဘယ္သူမွလိုက္မေနပါေဒၚရင္ရင္ႏွင့္သမီးငယ္ေလးသာအရင္သြားေနေလသည္။

ထိုရပ္ကြက္သည္ဟိုးအရင္တုန္းကကုလားေတြႏြားေမြးကာေနေသာအရပ္ဟုလည္းေျပာၾကသည္။

အရင္တုန္းကကုလားသၤခ်ိဴင္းေဟာင္းႏွင့္နီးသည္လ့ိုလဲဆိုၾကျပန္သည္ဘယ္လိုပဲေျပာေျပာထိုေနရာသည္ထူးျခားခ်က္မ်ားရွိေနသည္။

ထိုရပ္ကြက္သို႔စတင္ေျပာင္းလာသူမ်ားကညဘက္မ်ားတြင္ကုလားမ်ားကုလားမမ်ားခဏခဏျမင္ၾကရသည္ဟုသိရသည္

ရပ္ကြက္ထဲသို႔အေစာဆုံးေရာက္ေနေသာအဖိုးႀကီးတဦးေျပာပုံအရသူသည္

ေႏြရာသီပူျပင္းေသာညတညတြင္အိုက္စပ္စပ္ျဖစ္ေနသျဖင့္အိပ္မေပ်ာ္ပဲရွိေနသည္။

သူလဲအိပ္မရ၍အိမ္ေရွ႕ထြက္ထိုင္ေနရင္းလူေနအိမ္မရွိေသးေသာေျမကြက္လပ္မ်ားဘက္ကိုၾကည့္ေနမိသည္။

ၿမိဳ႕သစ္ဆိုေတာ့ဒီရပ္ကြက္ထဲလူေနတာဆိုလို႔ႏွစ္အိမ္သုံးအိမ္ေလာက္ပဲရွိေသးကာတအိမ္ႏွင့္တအိမ္က

အလွမ္းေဝးကာက်ိဳ႕တို႔က်ဲတဲျဖစ္ေနသည္သူလဲအျပင္ကသဘာဝေလေအးခံရင္းေဆးလိပ္ထိုင္ေသာက္ေနသည္။

လကေလးကလဲသာေနေတာ့ပတ္ဝန္းက်င္ကိုေကာင္းစြာျမင္ေနရသည္။

ထိုအခ်ိန္တြင္ႏြားလွည္းႏွစ္စီးသုံးစီးခန႔္ျဖင့္ပစၥည္းမ်ားတင္ကာဆူဆူညံညံျဖင့္လမ္းထဲဝင္လာသည္

ထိူလွည္းေပၚတြင္ကုလားမိသားစုမ်ားပါလာကာကုလားစကားမ်ားေရပက္မဝင္ေအာင္ေျပာလာၾကသည္။

သူတို႔စကားသံႏွင့္ႏြားလည္ပင္းမွာဆြဲထားေသာခေလာက္သံမ်ားကဆူညံ၍ေနကာသူ႔အိမ္ေရွ႕မွ

လွည္းမ်ားျဖတ္ေမာင္းသြားေလသည္သူလဲအထူးအဆန္းႀကီးဆိုေတာ့ေသခ်ာၾကည့္ေနမိသည္။

ထိုအခါသူလဲမ်က္လုံးကိုပြတ္ၾကည့္ကာအျမင္မ်ားမွားလားလို႔ေသခ်ာၾကည့္ေပမဲ့တကယ္လက္ေတြ႕တအံ့တၾသေတြ႕ရေလသည္။

ဒါနဲ႔သူလဲအေတာ္စဥ္းစားရက်ပ္သြားသည္ဒီလိုအခ်ိန္မေတာ္ညသန္ေခါင္ႀကီး

အိမ္ေျပာင္းလာတာတခါမွမေတြ႕ဘူးပါအထူးအဆန္းျဖစ္၍ေနသည္ထိုလွည္းသြားရာေနာက္သို႔

သူမ်က္စိတဆုံးလိုက္ၾကည့္ေနရာခပ္လွမ္းလွမ္းတြင္ရွိေသာလူမေနသည့္ေျမကြက္အလြတ္ေရွ႕ေရာက္ေတာ့

ေပ်ာက္ျခင္းမလွေပ်ာက္သြားေလသည္ဒါနဲ႔သူလဲေခါင္းနပန္းမ်ားႀကီးသြားကာသရဲေျခာက္မွန္းသိရေလသည္။

သူ႔ေျပာပုံအရဒီေနရာသည္ကုလားမကြၽတ္လြတ္သူမ်ားရွိေနသည္မွာေသခ်ာသေလာက္ရွိသည္။

ေဒၚရင္ရင္တို႔မိသားစုဝင္ေတြျပာင္းလာေတာ့ရပ္ကြက္ထဲလူအေတာ္ေရာက္ေနၿပီျဖစ္သည္သို႔ေပမဲ့မစည္ေသးပါ

တရက္တြင္ေဒၚရင္ရင္သည္အိမ္အလုပ္မ်ားႏွင့္ရႈတ္ေနရာညေနေနဝင္ရီသေရာအခ်ိန္တြင္ၿခံထဲသို႔

ကုလားမတဦးဝင္လာသည္ကိုလွ်ပ္တျပတ္ျမင္လိုက္ရ၍ၿခံထဲထြက္ၾကည့္ေတာ့ဘယ္သူမွမေတြ႕ရပါ

ထိုသို႔မၾကာခဏကုလားမ်ားကုလားမမ်ားကိုျမင္ရေလသည္။

တခါတရံေနလယ္ဘက္ေဒၚရင္ရင္အိပ္ေနတုန္းကုလာစကားေျပာသံမ်ားၾကားေနရကာတကယ္တန္းထၾကည့္ေတာ့ဘာမွမေတြ႕ရပါ

ေဒၚရင္ရင္သည္ဘုရားတရားၿမဲကာညစဥ္ဘုရားရွိခိုးေလ့ရွိသည္ရွိခိုးၿပီးပါကအမွ်ေဝသည့္အခါ

ၿခံေစာင့္နတ္အိမ္ေစာင့္နတ္မ်ားပါမက်န္ေက်းစည္တီးၿပီးအမွ်ေဝေလ့ရွိပါသည္။

တညတြင္ေဒၚရင္ရင္သည္ဆန္းက်ယ္ေသာအိမ္မက္ကိုမက္ေလသည္။

အိမ္မက္ထဲတြင္သူမၿခံေထာင့္မွႀကီးမားေသာေႁမြႀကီးႏွစ္ေကာင္သည္ေတာင္ပို႔တခုထဲမွထြက္လာကာ

ကုလားႏွင့္ကုလားမျဖစ္သြားေလသည္ႏွစ္ေယာက္လုံးသည္ကုလားဝတ္စုံျဖဴမ်ားဝတ္ဆင္ထားၾကသည္။

ေဒၚရင္ရင္လဲအလန႔္တၾကားျဖစ္သြားကာသူ႔အားအႏၲရယ္ေပးမည္စိုး၍အိမ္ထဲဝင္ရန္ဟန္ျပင္လိုက္ရာ

ထိုေႁမြေမာင္ႏွံသည္ေဒၚရင္ရင္အားစကားေျပာလိုက္သည္။

””’ငါတို႔ကနင့္ကိုဘာအႏၲရယ္မွမေပးပါဘူး——နင္ညစဥ္ညတိုင္းဘုရားရွိခိုးအမွ်ေဝေနလို႔—-သာဓုေခၚရပါတယ္အဲအတြက္နင့္ကိုေက်းဇူးတင္ပါတယ္——ငါတို႔ေမာင္ႏွံကဒီၿခံထဲမွာေစာင့္ေနရတဲ့ေႁမြေမာင္ႏွံပါပဲ———ၿခံေထာင့္ကေတာင္ပို႔ကေလးထဲမွာငါတို႔ေနပါတယ္———-””’

ထိုသို႔ေျပာကာမူလေႁမြပုံစံမ်ားေျပာင္းသြားကာေတာင္ပို႔ေလးထဲသို႔ဝင္သြားေလသည္။

ေဒၚရင္ရင္မနက္မိုးလင္းေတာ့အိမ္မက္ကိုမွတ္မိေနသည္သူမသမီးကေလးေတြကလဲငယ္ေသးေတာ့စိုးရိမ္ေနမိသည္။

တရက္တြင္ေဒၚရင္ရင္အိမ္တြင္အငယ္ဆုံးသမီးကေလးႏွင့္ႏွစ္ေယာက္ထဲက်န္ခဲ့ေလသည္။

ေနခင္းဘက္တြင္သားအမိႏွစ္ေယာက္ခဏအိပ္ေပ်ာ္သြားၾကသည္သူမအိပ္ေပ်ာ္ေနတုန္း

သမီးကေလးရီသံေၾကာင့္လန႔္ႏိုးသြားကာၾကည့္လိုက္ေတာ့သမီးကေလးသည္အနားတြင္မရွိေပ

ဒါနဲ႔အိမ္ၿခံထဲလိုက္ရွာၾကည့္ရာအလြန္ထိတ္လန႔္စရာအျဖစ္အားျမင္လိုက္ရေလသည္။

သမီးကေလးသည္ၿခံေထာင့္ကေတာင္ပို႔နားေရာက္ေနကာကေလးနဲ႔ခပ္လွမ္းလွမ္းတြင္ေႁမြႀကီးႏွစ္ေကာင္သည္

တလံေလာက္ခါးမတ္ကာပါးပ်ဥ္းမ်ားခြက္ေနေအာင္ေထာင္ထားကာဘယ္ညာယိမ္းၿပီးကေနသေယာင္လႈပ္ရွားေနသည္ကို

သမီးကေလးကၾကည့္ကာသေဘာက်စြာေအာ္ရီေနျခင္းျဖစ္သည္။ေဒၚရင္ရင္လဲသမီးကေလးအား

အျမန္ေျပးေခၚလိုက္ေလသည္ရင္တုန္ပန္တုန္ျဖစ္သြားကာအလြန႔္လန႔္သြားမိေလသည္။

ေႁမြမ်ားကသူတို႔သားအမိအားဘာအႏၲရယ္မွမေပးပဲေအးေဆးစြာေတာင္ပို႔ထဲျပန္ဝင္သြားေလသည္။

ေဒၚရင္မၾကာမၾကာၿခံထဲတြင္ထိုေႁမြႏွစ္ေကာင္အားျမင္ရေပမဲ့အႏၲရယ္မေပး၍ဒီအတိုင္းထားလိုက္သည္။

တရက္တြင္ေဒၚရင္ရင္ကၿခံထဲအဝီစိေရတြင္းတူးရန္ေရတူးဆရာမ်ားအားေခၚ၍အပ္ေလသည္။

ေနာက္ရက္တြင္ေရတြင္းတူးသူမ်ားေရာက္လာကာေရတြင္းတူးရန္ေနရာေ႐ြးၾကေလသည္။

ထိုေန႔တေန႔လုံးေနရာအတိအက်မရေသးေသာေၾကာင့္ေနာက္ရက္ကန္ေတာ့ပြဲေပးကာ

ေရစတူးရန္ျပန္သြားၾကေလသည္။အဲဒီညမွာပဲေဒၚရင္ရင္ထူးဆန္းေသာအိမ္မက္ကိုမက္ေလသည္။

အိမ္မက္ထဲတြင္ေႁမြႏွစ္ေကာင္သည္အိမ္ေရွ႕ၿခံေထာင္နားကမာလကာပင္နားတြင္

ပါးပ်ဥ္းေထာင္ေနကာေျမႀကီးကိုေပါက္လိုက္ကာပါးစပ္ထဲမွေရမ်ားမႈတ္ထုတ္ေနသည္ကိုအဆန္းတက်ယ္ျမင္ရသည္။

ေဒၚရင္ရင္လဲေရတူးရန္ေနရာျပသည္ဟုယူဆကာေရတူးသမားမ်ားလာေတာ့ထိုေနရာအား

ျပလိုက္၍ေရတူးရန္အဆင္ေျပသြားေလသည္။ေရလဲၾကည္လင္ကာေရထြက္အားေကာင္းေလသည္။

တရက္တြင္ေဒၚရင္ရင္ကၿခံထဲအဝတ္ေလွ်ာ္ရင္းပတၱျမားလက္စြပ္ကေလးသည္ေရထဲေရာပါသြားကာ

ေပ်ာက္သြားေလသည္လိုက္ရွာေသာ္လည္းမေတြ႕ေတာ့ပါေဒၚရင္ရင္လဲအလြန္စိတ္မေကာင္းျဖစ္သြားသည္။

မိဘအေမြေပးလိုက္ေသာလက္စြပ္ကေလးမို႔အလြန္ႏွေျမာမိေလသည္။

တပတ္ေလာက္ေနေတာ့ေဒၚရင္ရင္ေန႔လယ္ဘက္အိပ္ေပ်ာ္ေနရင္းအိမ္မက္မက္ျပန္သည္။

သူ႔မအိမ္မက္ထဲတြင္ၿခံထဲကေရဆင္းေျမာင္းကေလးေဘးတြင္ေႁမြတေကာင္သည္ေခြေနသည္။

ေဒၚရင္ရင္ကေရနဲ႔လွမ္းပက္လိုက္သည့္အခါေႁမြသည္ထိုေနရာေလွ်ာ၍ထြက္သြားရာ

ေႁမြေခြသြားေသာေနရာေအာက္နားတြက္လက္စြပ္ကိုျပန႔္ေတြရေသာေၾကာင့္ေဒၚရင္ရင္ဝမ္းသာသြားရင္း

အိမ္မက္ကလန႔္ႏိုးသြားေလသည္သူမကႏိုးတာနဲ႔ခ်က္ခ်င္းထိုေနရာသို႔သြားကာ

ရွာၾကည့္ရာေရေျမာင္းစပ္တြင္႐ြံ႕မ်ားေပေနေသာလက္စြပ္ကေလးအားျပန္ေတြ႕ရေလသည္။

ေဒၚရင္ရင္ကဝမ္းသာကာေႁမြမ်ားအားေက်းဇူးတင္သည့္အေနျဖင့္ေနာက္တရက္ရပ္ကြက္ထဲသို႔

ႏြားႏို႔လာေရာင္းေသာကုလားႀကီးဆီမွႏြားႏို႔တပိသာဝယ္ကာေႁမြႏွစ္ေကာင္ရွိရာေတာင္ပို႔နားတြင္

ဇလုံတလုံးႏွင္ခ်ထားေပးလိုက္သည္မနက္မိုးလင္းေတာ့ႏြားႏို႔မ်ားတစက္မွမရွိေတာ့ပါ

တရက္တြင္ေဒၚရင္ရင္သည္အလူအတန္းဝါသနာပါသည့္အေလွ်ာက္ရပ္ကြက္ထဲက

အိမ္တအိမ္တြင္ႂကြေနေသာပဲခူးဘက္မွဆရာေတာ္ႀကီးအားသြားဖူးေလသည္လူကမ်ားေတာ့

ေဒၚရင္ရင္ကလူအုပ္ေနာက္နားကဆရာေတာ္အားဦးခ်လိုက္သည္ထိုအခ်ိန္တြင္ဆရာေတာ္က

ေဒၚရင္ရင္အားလွမ္း၍ၾကည့္ကာမိန႔္လိုက္သည္။

”’ဟိုေနာက္ဆုံးကဝိသာခါေက်ာင္းအမငါ့လာဖူးတယ္ေဟ့—-မရွိရင္ေတာင္ခ်ီးၿပီးလူ မဲ့လူစားမ်ိဴးဟ—မျမင္ဘူးရင္ၾကည့္ထားၾကေဟ့—”””

ေဒၚရင္ရင္းလဲတခါမွမျမင္ဘူးပဲသူမအေၾကာင္းသိေနေသာေၾကာင့္ဆရာေတာ္ႀကီးးအားအလြန္ၾကည္ညႇိမိေလသည္။

ဆရာေတာ္ႀကီးမိန႔္ေသာအေၾကာင္းမ်ားသည္အလြန္မွန္ေနသျဖင္ေနာက္တေန႔မနက္အာ႐ုံဆြမ္း

ကပ္ရန္အိမ္ကိုပင့္ခဲ့ေလသည္။ေဒၚရင္ရင္ကဆရာေတာ္ႀကီးအားမုန႔္ဟင္းခါးဆြမ္းကပ္ရန္

တညလုံးမအိပ္ပဲတစ္ေယာက္ထဲခ်က္ကာအဆင့္သင့္ျပင္ထားေလသည္။

မနက္ဆရာေတာ္ႀကီးႂကြလာကာေဒၚရင္ရင္အိမ္တြင္အာ႐ုံဆြမ္းဘုန္းေပးၿပီးၿခံႏွင့္အိမ္ထဲမွာရွိေသာ

မကြၽတ္မလြတ္သူမ်ားရွိပါကဖယ္ရွားေပးရန္ထည့္၍႐ြတ္ဖတ္ေပးကာျပန္ႂကြသြားေလသည္။

ဆရာေတာ္ႀကီးျပန္ႂကြသြားမွေဒၚရင္ရင္လဲတညလုံးမအိပ္ရေသးေတာ့ေမွးကနဲအိပ္ေပ်ာ္သြားေလသည္။

ေဒၚရင္ရင္အိပ္ေပ်ာ္ေနတုန္းၿခံထဲတြင္ကုလားမိသားစုမ်ားဆူဆူညံညံျဖင့္ပစၥည္းမ်ားအား

လွည္းေပၚတင္ကာမ်က္ရည္မ်ားသုတ္ကာငိုေနၾကသည္ဒါနဲ႔ေဒၚရင္ရင္လဲသူတို႔နားသြားကာ

””ရွင္တို႔ကဘာလို႔ငိုေနၾကတာလဲ—–ဘယ္သြားၾကမလို႔လဲ””’

”” ‘ငါတို႔ကိုအထက္လူႀကီးကဒီၿခံထဲကထြက္ခိုင္းလို႔ေျပာင္းၾကမလို႔ပါ—–ငါတို႔ကဒီမွာေနလာတာၾကာၿပီ——”’

ကုလားမတစ္ေယာက္ကငို၍ေဒၚရင္ရင္အားဝမ္းနဲစြာေျပာလိုက္ေတာ့သနားတတ္၍စိတ္ေကာင္းရွိေသာ

ေဒၚရင္ရင္ကအလြန္စိတ္မေကာင္းျဖစ္သြားေလသည္ဒီအခ်ိန္တြင္သူတို႔ထဲမွေခါင္းေဆာင္ျဖစ္ပုံရေသာ

ကုလားႀကီးကေအာ္ေျပာလ္ုက္သည္။

””ကဲေဟ့—-ပစၥည္းေတြျမန္ျမန္သယ္ၾက—–ငိုမေနၾကနဲ႔—–ပုဂၢိဳလ္ထူးကေျပာင္းလို႔ဆိုမွေတာ့—–ေျပာင္းရေတာ့မွာေပါ့””

ထိုကုလားမိသားစုမ်ားလည္းပစၥည္းမ်ားသိမ္းကာေဒၚရင္ရင္ေရွ႕ကဝမ္းနဲဟန္ျဖျင့္ခံထဲကထြက္သြားၾကေလသည္။

ေဒၚရင္ရင္လဲတေ႐ြ႕ေ႐ြ႕်႕ေဝးသြားေသာကုလားမိသားစုမ်ားအားၾကည့္ရင္းအိမ္မက္ကလန႔္ႏိုးသြားေလသည္။

အဲဒီအခ်ိန္ကထဲကေဒၚရင္ရင္အိမ္ထဲကုလားမ်ားမျမင္ေတြ႕ရေတာ့ပါ

တေန႔မွာေတာ့ေဒၚရင္ရင္တို႔အိမ္ေနာက္ေဘးၿခံသို႔လူသစ္မ်ားေျပာင္းလာၾကေလသည္။

ထိုအိမ္တြင္ခပ္ဆိုးဆိုးေကာင္ကေလး၃ေယာက္ပါလာကာဆူညံ၍ဝိုင္းဒိုင္းႀကဲေနသည္။

ထိုေကာင္ဆိုးကေလးသုံးေယာက္ေျပာင္းလာသည့္ေနမွစ၍ေအးခ်မ္းေနေသာရပ္ကြက္သည္

မုန္းတ္ုင္းဝင္ေမႊသြားသလိုမေအးခ်မ္းေတာ့ပါရပ္ကြက္ထဲကလူငယ္မ်ားႏွင့္မၾကာခဏရန္ျဖစ္လိုက္

တျခားရပ္ကြက္ကကေလးမ်ားႏွင့္ရန္ျဖစ္လိုက္သူတို႔အခ်င္းခ်င္းနပန္းသတ္လိုက္ျဖင့္ဆူညံ၍ေနေလသည္။

တေန႔တြင္ေဒၚရင္ရင္အတြက္စိတ္မေကာင္းစရာျဖစ္လာသည္။

ေန႔ခင္ဘက္ေဒၚရင္ရင္အိမ္အလုပ္မ်ားလုပ္ေနခိုက္တြင္အိမ္ေနာက္ေဖးမွဆူဆူညံညံအသံမ်ား

ၾကားသျဖင့္ထြက္၍ၾကည့္ရာၿခံစည္း႐ိုးေပၚတက္ေနေသာေဒၚရင္ရင္ၿခံထဲကေႁမြႏွစ္ေကာင္ကို

အိမ္ေနာက္ေဖးအိမ္ကလူဆိုးသုံးေယာက္ကေတြ႕သြား၍ေႁမြမ်ားအား႐ိုက္သတ္ရာတေကာင္သည္လြတ္သြားကာ

တေကာင္သည္ေသသြားေလသည္ေႁမြေသကိုထိုလူဆိုးသုံးေကာင္ကခ်က္စားျပစ္လိုက္ၾကသည္။

ေဒၚရင္ရင္လဲအလြန္စိတ္မေကာင္းျဖစ္သြားကာသတၱဝါတခုကံတခုလို႔သာသေဘာထားလိုက္ရသည္။

ထိုေနာက္ေဒၚရင္ရင္စိတ္ထဲေသသြားေသာေႁမြသည္အထီးလားအမလားသိခ်င္ေနသည္။

ထိုညမွာေတာ့ေဒၚရင္ရင္ဝမ္းနည္းစရာေကာင္းေသာအိမ္မက္ကိုျမင္မက္ေလသည္။

အိမ္မက္ထဲတြင္ေတာင္ပို႔ထဲမွဒဏ္ရာမ်ားေသြးအလိမ္းလိမ္းနဲ႔ေႁမြတေကာင္သည္ထြက္လာၿပီး

ကုလားတေယာက္ျဖစ္သြားကာမ်က္ရည္မ်ားစီးက်ေနသည္ကိုျမင္ရေလသည္ဒီအခါမွ

ေသသြားေသာေႁမြသည္ေႁမြမျဖစ္မွန္းေဒၚရင္ရင္သိရကာစိတ္မေကာင္းျဖစ္ရျပန္သည္။

ေဒၚရင္ရင္ထိုညမွာေတာ့ဘုရားရွိခိုးၿပီးၿခံထဲကအေစာင့္အေရွာက္မ်ားအားအထူးေမတၱာပို႔မိေလသည္။

ေနာက္တရက္တြင္ေနာက္ေဖးအိမ္ထဲေႁမြဝင္ကာအႀကီးေကာင္အားေႁမြေပါက္ခံရသည့္

အတြက္တအိမ္လုံးဆူညံေနၾကသည္ေႁမြေပါက္ခံရသူအားေဆး႐ုံပို႔ရင္းေပါက္ေသာေႁမြအား

႐ိုက္သတ္ကာယူသြားၾကသည္ဟုဆိုပါသည္ထိုေကာင္ဆိုးကေလးလဲေဆး႐ုံေရာက္ေတာ့ဆုံးသြားေလသည္။

ေဒၚရင္ရင္လဲသိလိုက္ၿပီသူတို႔ေနာက္ထပ္သတ္လိုက္ေသာေႁမြသည္ေႁမြထီးျဖစ္မည္ဆိုတာကိုအတတ္သိေနသည္။

ေနာက္ရက္မွာေတာ့ေဒၚရင္ရင္ညဘက္အိမ္မက္မက္ျပန္သည္ဒီတခါအိမ္မက္ထဲတြင္

ေတာင္ပို႔နားတြင္ကုလားႏွင့္ကုလားမေမာင္ႏွံႏွစ္ဦးသည္ေဒၚရင္ရင္အားႏုတ္ဆက္ေလသည္။

””ငါတို႔သြားရေတာ့မယ္—–နင္ေပးတဲ့အမွ်လဲရပါတယ္—–နင့္ကိုေက်ဇူးတင္ပါတယ္””’

ထိုသို႔ေျပာကာေပ်ာက္ကြယ္သြားၾကေလသည္။ေဒၚရင္ရင္လဲစိတ္မေကာင္းစြာၾကည့္ရင္းအိမ္မက္ကလန႔္ႏိုးသြားေလသည္။

အဲဒီေနာက္ပိုင္းမွာေတာ့ေဒၚရင္ရင့္ၿခံထဲေႁမြေမာင္ႏွံကိုွမျမင္ေတြ႕ေတာ့ပါအိမ္မက္လဲမမက္ေတာ့ပါ။

ေႁမြေမာင္ႏွံလဲဘဝေျပာင္းသြာၿပီဟုထင္မိပါသည္။

ၿပီး

D Moe Moe

ေႁမြပုံမ်ားရွာ၍ပို႔ေပးေသာအေကာင့္ပိုင္ရွင္ေဗဒါႏွင့္ပင္လယ္ျပာျပာေရျပာျပာေဗဒါဘာေၾကာင့္စိမ္းရတယ္တို႔အားအထူးေက်းဇူးတင္ရွိေၾကာင္းပါ See less