“ရုက္ခစိုးမှော်”(စ/ဆုံး)

Unicode Version

“ရုက္ခစိုးမှော်”(စ/ဆုံး)
—————————
သူ၏ငယ်နာမည်မှာ မောင်အောင်ကျော်ဖြစ်သည်။ သူ့ကို အထက် အညာဒေသရွာတစ်ရွာတွင် မွေးဖွားသည်။ သူ မွေးပြီး နှစ်နှစ်ခန့်၌ မိခင် ဖြစ်သူ ကွယ်လွန်သည်။ မကြာမီကာလတွင် ဖခင်က နောက်အိမ်ထောင်ပြု သည်။ မောင်အောင်ကျော် အဘွားဖြစ်သူနှင့် နေထိုင်ရသည်။ ကျောင်းနေ အရွယ်ရောက်သောအခါရွာဦးဘုန်းကြီးကျောင်းတွင် အပ်နှံလိုက်သည်။
ကျောင်းထိုင်ဆရာတော်မှ “ဒီကလေးက ကြီးလာရင်ထူးခြားမယ်။ လောကီအတတ်ပညာတွေကျွမ်းကျင်တတ်မြောက်ပြီးဆရာတစ်ဆူအဖြစ် နာမည်ကြီးမယ်”ဟု အနာဂတ်ဟောကိန်း ကြိုတင်မိန့်ကြားလိုက်သည်။ မောင်အောင်ကျော်သည်အညာသားဖြစ်သော်လည်းအသားဖြူသည်။
မျက်နှာဝိုင်းကလေးနှင့် ချစ်စရာကောင်းသည်။ မိဘမေတ္တာငတ်သူဖြစ်၍ ကြုံရာလူကြီးများကိုအမိ၊ အဖသဖွယ် ချစ်ခင်မြတ်နိုးတွယ်တာသည်။ ဘုန်း ကြီးကျောင်းရောက်သောအခါ စောစောထပြီး လုပ်စရာအလုပ်ဝိုင်းလုပ်၊

လောကီလောကုတ္တရာအခြေခံစာပေများသင်ယူလေ့လာမှတ်သားရသည်။ စာသင်ပြီးသောအခါ ရွာထဲဆွမ်းခံလိုက်ရသည်။ ကျောင်းပြန်ရောက်သော အခါ ဦးပဉ္စင်း၊ ကိုရင်တွေ ခိုင်းတာလုပ်ပေးရသည်။ သံဃာများ ဆွမ်းစားပြီး မှကျောင်းသားများနှင့်စုဝေးထမင်းစားရသည်။ထမင်းစားပြီးပန်းကန်ဆေး၊ တစ်အောင့်တစ်နား နားကာ နေ့လယ်တွင် သင်ပုန်းကြီးဖတ်စာဆယ်စောင် တွဲတို့ဖတ်မှတ်နေသည်။ အာဂုံဆောင်မှအာဂလူဟုအဆိုနှင့်အညီ ဖတ်စာ များကို အလွတ်ကျက်မှတ် အာဂုံဆောင်ရသည်။ ရွာဦးကျောင်းဆရာတော် သည် စည်းစနစ်ကြီးသည်။ စာကျက်ပြီး ညနေပိုင်းတွင် တံမြက်စည်း လှည်း၊ အမှိုက်ကောက်၊ သောက်ရေအိုးရေဖြည့်၊ ကုဋီဆေးစသည့်ကျောင်း ဝေယျာဝစ္စ မနားတမ်းပြုလုပ်ရသည်။ ညရောက်လျှင် စုပေါင်းဘုရားဝတ် တက်သည်။ ဆရာတော်မှ ဆုံးမသြဝါဒ မိန့်ကြားသည်။ ဘုရားဂုဏ်တော်၊ သရဏဂုံသုံးပါး ပုတီးစိပ်ရန် တိုက်တွန်းသည်။
ညနေဘက် ဘုရားဝတ်မတက်မီ ကျောင်းဝင်းအတွင်းရှိ အပင်ကြီး တစ်ပင်အောက်တွင်ထိုင်၍ ပုတီးတစ်ကုံးကိုင်ကာ ပုတီးစိပ်လေ့ရှိသည်။ ဘုန်းကြီးကျောင်းမှာ စာသင်၊ ဝေယျာဝစ္စအလုပ် ဆောင်ရွက်ရင်း မောင် အောင်ကျော် အသက် (၇)နှစ်၊ (၈) နှစ်သားအရွယ်ရောက်လာပေပြီ။
ကပ္ပိယကြီး ဦးမောင်ညိုမှ “မောင်အောင်ကျော်လေးက လိမ္မာတယ်။ လူကြီးသူမဆိုဆုံးမတာကို နာခံတယ်၊ ဒီကလေးက ထူးခြားမှုရှိတယ်” ကျောင်းသားကြီးတစ်ယောက်မှ “ဘာတွေ ထူးခြားလို့လဲ ကပ္ပိယကြီး ရဲ့၊ သာမန်ကလေးတစ်ဦးပါပဲ”
“ထူးခြားတာပေါ့ကွာ၊ညနေဘက်အချိန်တိုင်း ခရေပင်ကြီးအောက်မှာ ပုတီးထိုင်စိပ်နေတာလေ။ အခြားကလေးတွေ၊ ကျောင်းသားတွေ ပုတီးစိပ် တာမတွေ့ရဘူးကွ။ အဲဒါထူးခြားမှု တစ်ခုပေါ့ကွာ”
“ဟုတ်တယ်- ကပ္ပိယကြီးပြောမှသတိရတယ်။လပြည့်နေ့ဆိုရင်အပင် ကြီးအောက် အစောကြီးသွားပြီး ဖယောင်းတိုင် (၁) တိုင်၊ အမွှေးတိုင် (၁) တိုင်ပူဇော်ပြီး ပုတီးစိပ်နေတာတွေ့ဖူးတယ်”

နွေ၊ မိုး၊ ဆောင်း ရာသီဥတုတွေ အလီလီပြောင်း၊ တစ်နှစ်ကုန်ပြီး တစ်
နှစ်ကူးသောအခါ မောင်အောင်ကျော်ကလေးမှာ အသက်တစ်နှစ်၊ တစ်နှစ် တိုးလာလေ၏။ အသက် (၁၀)နှစ်ကျော်သောအခါ ဗုဒ္ဓဘာသာ ထုံးတမ်း စဉ်လာအတိုင်း ရှင်သာမဏေပြုရသည်။ အဖေမလာနိုင်၍ မိထွေး၊ အဒေါ်၊ အဖွားတို့လာရောက်ဆောင်ရွက်ပေးကြသည်။ရှင်သာမဏေဝတ်ပြီး(၁)လ ခန့်အကြာတွင် ကိုရင်လူထွက်သည်။ အသက် (၁ဝ)ကျော် (၁၁)နှစ်နီးပါး ရှိသော်လည်းမောင်အောင်ကျော်ကိုယ်ခန္ဓာမှာအရပ်ရှည်ဖွံ့ထွားလာသည်။ (၁၄)၊ (၁၅)နှစ် လူပျိုပေါက် အရွယ်ဖြစ်လာသည်။ မောင်အောင်ကျော်မှာ ရှင်သာမဏေဆက်ဝတ်လိုသော်လည်းအဘွားဖြစ်သူကျန်းမာရေးမကောင်း ၍ ပြုစုစောင့်ရှောက်ရန် ထွက်ရခြင်းဖြစ်သည်။ နံနက်ပိုင်း အိမ်အလုပ် လုပ် ပြီးသောအခါ ညနေပိုင်းကျောင်းသို့လာပြီး လုပ်စရာရှိတာ ဝိုင်းလုပ်သည်။ ထို့နောက်- တစ်ဖန် ခရေပင်ကြီးအောက်မှာ ပုတီးစိပ်သည်။ ကပ္ပိယကြီးဦးမောင်ညိုမှ“မောင်အောင်ကျော်-ဘာတွေပုတီးစိပ်လဲ”
ဟုမေးသည်။
တယ်”
“သရဏဂုံသုံးပါး ပုတီးစိပ်တယ်”
“မောင်အောင်ကျော် ကြည့်ရတာ ပုတီးစိပ်ရတာ ဝါသနာပါတယ် ထင်
“ဟုတ်ကဲ့ – ရတနာသုံးပါးကိုလည်းကြည်ညိုပါတယ်သရဏဂုံပွားများ
ရတာလဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတယ်”ဟုပြောသည်။ မောင်အောင်ကျော် ဝါသနာပါရင် ကျုပ် ပုတီးစိပ်နည်း စာအုပ်ရှာဖွေ
ပါဦးမယ်။
“ဟုတ်ကဲ့ပါ ကပ္ပိယကြီး – ကျုပ် စိတ်ဝင်စားတယ်၊ အမြန်ရှာပေးပါ”

တစ်ပတ်ခန့်အကြာတွင် ကပ္ပိယကြီးဦးမောင်ညိုမှအဖုံးပြုတ်နေသော စာအုပ်အဟောင်းလေး တစ်အုပ်ပေးသည်။ အိမ်ပြန်ရောက်သောအခါ မီး ခွက်ထွန်း၍ ထိုစာအုပ်အား စိတ်ဝင်တစား ဖတ်သည်။ ထိုစာအုပ်တွင် ပုတီး မစိပ်ခင်ဆောင်ရွက်ရန် ပုတီးစိပ်သည့်အခါ လိုက်နာရန်စည်းကမ်း၊ မေတ္တာ ပို့၊ သစ္စာဆိုနည်း၊ ဆုတောင်း၊ အဓိဋ္ဌာန်ပြုပုံ၊ အမျှအတမ်းဝေရပုံ စသည်ဖြင့် အကြောင်းအရာမျိုးစုံ ဖတ်ရသည်။
မောင်အောင်ကျော် အစပထမတွင် သူ၏ ဖခင်ကို စိတ်နာသော်လည်း ယခုစာအုပ်ဖတ်ပြီးသောအခါ အနန္တငါးပါးကိုကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် မကျုး လွန်သည့်အပြင် နေ့စဉ်ဦးသုံးကြိမ်ချ၍လေးနက်စွာကန်တော့ရမည်ဟု ဆို ထားသောကြောင့် ဖခင်ဖြစ်သူကို ညအိပ်ရာဝင်ခါနီးတိုင်း၊ ကန်တော့အိပ် သည်။ ကံငါးပါး မကျိုးပေါက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ပါမည် (သို့မဟုတ်) အနည်းဆုံးနှစ်ပါးကိုထိန်းပါ။မောင်အောင်ကျော်သည်အရက် သောက်စားခြင်းနှင့်သူတစ်ပါးသားမယားပြစ်မှားခြင်းရာသက်ပန်သစ္စာဆို ထိန်းသည်။ လပြည့်လကွယ် ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်ထိန်းပြီး သက်သတ်လွတ်စား အဓိဋ္ဌာန်ဝင်သည်။
မောင်အောင်ကျော်ယခင်ကသရဏဂုံသုံးပါးပုတီးစိပ်ခြင်းကိုကုသိုလ်
ဖြစ်စိပ်ခဲ့သော်လည်းယခုအခါအဓိဋ္ဌာန်တင် သစ္စာဆိုစိပ်ရန် ဆုံးဖြတ်လိုက် သည်။ ရွာထိပ်ရှိ စေတီတွင်သစ္စာဆို အဓိဋ္ဌာန်တင်ပြီး ပုတီးသွားစိပ်သည်။ အစပထမတွင် (၁ဝ၈) ကုံးပုတီးဖြင့် (၂၇) ပတ်စတင်၍ (၂၇) ရက်အဓိဋ္ဌာန် ဝင်လိုက်သည်။ ပုတီးစိပ်ပြီးသောအခါနတ်လူ သတ္တဝါအားလုံးအားမေတ္တာ ပို့သည်။ (၂၇) ရက်ပြည့်သောအခါ ထူးခြားသည့် အိပ်မက်မြင်မက်သည်။
“ခရေပင်ကြီးအောက်မှာ အဓိဋ္ဌာန်လာဝင်၊ ထူးခြားမှုတွေ့ရမယ်” ခရေပင်ကြီးဆိုတာဘုန်းကြီးကျောင်းဝင်းထဲကအပင်ကြီးကိုပြောတာ ပဲ ဖြစ်ရမယ်ဟု မောင်အောင်ကျော် မှတ်ယူလိုက်သည်။ နံနက်မှာ ဘုရား မှာ ပုတီးစိပ်ပြီး ညနေပိုင်း ခရေပင်ကြီးအောက်သွားသည်။ ပုတီးမစိပ်ခင် တံမြက်စည်းလှည်း၊ ရေထည့်၊ ကုဋီရေဆေး၊ ထင်း၊ ခွဲပေး စသည့်ကျောင်း ဝေယျာဝစ္စ ဝိုင်းလုပ်ပေးသည်။

“မောင်အောင်ကျော် ခဏလာဦးကွာ” “တင်ပါ့ဘုရား… အခုလာပါ့မယ်” “မင်းအဘွား အခြေအနေ ဘယ်လိုနေလဲ” “ရောဂါ သက်သာပါတယ်ဘုရား”
“အခုဘာတွေလုပ်နေလဲ”
“အိမ်အလုပ်ဝိုင်းလုပ်၊ ပြီးတော့-ပုတီးစိပ် အဓိဋ္ဌာန်ဝင်နေပါတယ်
ဘုရား”
“ဘာသာရေး ဝါသနာပါတာ ကောင်းတယ်။ လောကီ၊ လောကုတ္တရာ တစ်ခုခုပေါက်အောင် လုပ်ကွာ။ ပရိတ်တော်၊ ပဋ္ဌာန်းတွေလည်း နေ့စဉ်ရွတ် ဆိုဖတ်ချင်တဲ့ စာအုပ်ရှိရင်ပြော၊ ဗီရိုထဲမှာရှိတာ ထုတ်ပေးမယ်။ အဓိဋ္ဌာန် လုပ်ရင် မပျက်စေနဲ့ ကြားလား”
“မှန်ပါ့ဘုရား”
“ကျောင်းထဲကခရေပင်ကြီးမှာအစောင့်အရှောက်တွေရှိတယ်။မေတ္တာ
ပွားများပို့ပေး၊ အကျိုးပြုလိမ့်မယ်”
အောင်ကျော်သာ ခရေပင်ကြီးကို ပို၍ စိတ်ဝင်စားလာသည်။ တစ်နေ့ တွင် ကျောင်းသို့အာဂန္တုပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာသည်။ အသက်အား ဖြင့်ခြောက်ဆယ်စွန်းစွန်းလောက်ရှိပါမည်။ထိုသူသည်အပေါ်ဖြူ၊ အောက် ဖြူဝတ်ထားပြီး ခေါင်းမှာလည်း ခေါင်းပေါင်း၊ အဖြူဝတ်ပတ်ထားသည်။ အဖြူဟုဆိုသော်လည်း အရောင်မှာ ဖြူမှိုင်းမှိုင်းဖြစ်နေသည်။ လွယ်ထား သော လွယ်အိတ်မှာတော့ အညိုရောင်ဖြစ်သည်။ ဆရာတော်အား တစ်ည တာတည်းခိုခွင့်တောင်းသည်။ သူ ကိုင်လာသောတောင်ဝှေးမှာ ဝါးတောင် ဝှေးဖြစ်ပြီး အပေါ်တွင်နဂါးပုံစံဖြစ်နေ၏။ နောက်တစ်နေ့ မိုးလင်းသောအခါ အောင်ကျော်သာ ထိုပုဂ္ဂိုလ်နှင့် ဆုံတွေ့ရသည်။ အောင်ကျော်သာနှင့် လောကီပညာအကြောင်း ဆွေးနွေးပြောဆိုရင်း လက်တစ်ဖက်ကို မြှောက် ကာ လေထဲမှ တစ်စုံတစ်ခုလှမ်းယူလိုက်သည်။ သူ၏လက်တွင် ပုတီးတစ် ကုံးပါလာ၏။ ထူးဆန်းလှသည်။

“ရော့ – ဒီပုတီးကိုစိပ်”
“ပုတီးက လေထဲကနေ ဘယ်လို ရောက်လာတာလဲအဘ” “ဒါလား – ရုက္ခစိုးမင်းထံက တောင်းယူလိုက်တာလေ” “ဟာ- ထူးဆန်းလှချည်လား” “မောင်ရင်လည်းကြိုးစားရင် ရနိုင်ပါတယ်” “အဲဒါ ဘာအတတ်ပညာလို့ခေါ်လဲ” “မှော်အတတ်ပညာလို့ခေါ်တယ်”
စကားပြောနေစဉ် ရွာထဲမှ လူတစ်ဦး ရောက်လာသည်။ ထိုသူသည် အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်တစ်ဦး ချဉ်းကပ်ပြီး တစ်စုံတစ်ခုပြောမည့်ဟန် ပြင်လိုက်၏။ သူ့နှုတ်မှ ဘာမှမပြောခင် –
“ကိုယ့်လူ လောင်းကစားလုပ်လို့ အိမ်ရှိပစ္စည်းတွေ ကုန်နေပြီ မဟုတ် လား”
ထိုသူလည်း တအံ့တဩနှင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “ဟုတ်ပါတယ်အဘ – အခုလောင်းကစားကိစ္စ အနိုင်ရဖို့ အဆောင်ရှိ ရင် ချီးမြှင့်ပါအဘ”
“ဒီနေ့-ရွာပြင်က မန်ကျည်းပင်အောက်ကွက်လပ်မှာ ကြက်တိုက်ဖို့ စီစဉ်နေတယ် မဟုတ်လား”
“ဟုတ်ပါတယ် – အဘ၊ ကုန်သွားတာတွေ ပြန်ရရင်၊ နောက် ဒီအလုပ် မလုပ်တော့ပါဘူး”
“အဘကလောင်းကစားကိုအားမပေးဘူး။ကောင်းရောင်းကောင်းဝယ် လုပ်ရင်အားပေးမယ်။ အဆောင်ပေးရင် ဈေးရောင်းကောင်းတဲ့ အဆောင်ပဲ ပေးမှာ။လုပ်နေကျကုန်သည်ပွဲစားအလုပ်ပြန်လုပ်ပါ၊တစ်နှစ်အတွင်းစီးပွား
ဖြစ်မယ်”
“ဘယ်လိုလဲ-ကတိပေးနိုင်မလား” ခေတ္တစဉ်းစားပြီးနေမှ –
“ပေးပါတယ်အဘ-လောင်းကစားမလုပ်တော့ပါဘူး။ ကိုယ့်အလုပ်ပဲ
ကိုယ်လုပ်ပါတော့မယ်”

လက်တစ်ဖက်ကို မြှောက်၍ လေထဲမှ တစ်စုံတစ်ရာလှမ်းယူလိုက် သည်။ ထိုသူအား လက်ဖဝါး ဖြန့်ခိုင်းလိုက်သည်။ ထို့နောက် လက်နှစ်ဆစ် နီးပါးရှိရဟန္တာရုပ်ထုလေးထည့်ပေးလိုက်သည်။
ထိုပုံတော်မှာ ရှင်သီဝလိရဟန္တာပုံတော်ဖြစ်သည်။ ထိုသူလည်း လက် အုပ်ချီကန်တော့ပြန်သွားသည်။
“အဘ- ရုက္ခစိုးထံက တောင်းပေးတာလား”
“ဟုတ်တယ် – လာဘ်ပွင့်အဆောင်တစ်ခုပါ။ အစွမ်းရှိ တန်ခိုးရှိတဲ့ ရှင် သီဝလိရဟန္တာပုံတော်လေ”
(မှတ်ချက်)တစ်နှစ်အတွင်းအဆောင်ရုပ်ထုရသူမှာနွားပိုင်၊လှည်းပိုင်၊ စက်ပစ္စည်းများနှင့် ချမ်းသာသွားသည်တာ တွေ့မြင်ရသည်။ “အဘ – မှော်အကြောင်း ပြောပြပေးပါလား”
“မှော်နဲ့ ပတ်သက်လို့ပြောရရင် ရိပ်ဝင်ရိပ်ထွက်မှော်၊ သူရဿတီမှော်၊ လက်ဖက်မှော်၊ မြွေမှော်၊ ရုက္ခစိုးမှော်၊ ကြောင်နက်မှော်၊ သရဏဂုံမှော်၊ ပုဏ္ဏကမှော်၊ နေမှော်လမှော်စသည်ဖြင့် မှော်အမျိုးမျိုးရှိတယ်”
“ဘယ်မှော်က အစွမ်းအထက်ဆုံးလဲ”
“သူ့ဟာနဲ့သူ အစွမ်းရှိကြပါတယ်”
“မောင်ရင်က သရဏဂုံသုံးပါး ပုတီးစိပ်နေတယ်မဟုတ်လား” “ဟုတ်ပါတယ် – အဘ”
အောင်ကျော် စိတ်ထဲမှာတော့ ထိုပုဂ္ဂိုလ်ကြီးကို အရမ်းအထင်ကြီးနေ မိ၏။ အကြားအမြင်ရနေသော ပုဂ္ဂိုလ်ဟု ထင်နေသည်။ သူ့လိုပဲ ဟောပြော ချင်၊ ဆောင်ရွက်ချင်လိုက်တာဟုစိတ်ကူးယဉ်နေမိ၏။
“ဒီတော့ – ဦးစွာပထမ သရဏဂုံမှော်သွင်းပုံရှင်းပြမယ်၊ လိုက်မှတ်ချင် လည်းစာအုပ်နဲ့ဘောလ်ပင်သွားရှာခဲ့ပါ”
သည်။
မောင်အောင်ကျော်ကပ္ပိယကြီးထဲမှခဲတံနှင့်စာအုပ်တစ်အုပ်ငှားလိုက်
“သေချာမှတ်လာပြီးငါ့လည်း ပြန်ပေးနော်”

“ပေးရမှာပေါ့ – ကိုယ့်ကျေးဇူးရှင်၊ ကိုယ့်ထက် သက်ကြီးဝါကြီးတွေကို မမေ့ပါဘူး”
သည်။
“ကဲ-လိုက်မှတ်ပေတော့”
အဖြူရောင်ဝတ် ပုဂ္ဂိုလ်ကြီးမှာ လက်တစ်ဖက်တွင် ပုတီးကိုင်စိပ်နေ
“ခေါင်းစဉ်တပ်လိုက်၊ သရဏဂုံမှော်သွင်းပုံ”

အဇ္ဇတဂ္ဂေပါနပေတံ ဗုဒ္ဓသရဏံ ဂစ္ဆာမိ၊ အဇ္ဇတဂ္ဂေ ပါနပေတံ ဓမ္မ
သရဏံ ဂစ္ဆာမိ၊ အဇ္ဇတဂ္ဂေပါဏုပေတံ သံဃံသရဏံ ဂစ္ဆာမိ။ ဤကဲသို့ သုံး ကြိမ်ဆို။ ဤကဲ့သို့ အသက်ရှည်သမျှကာလပတ်လုံး သုံးပါးသော သရဏဂုံ ကိုမကွာထက်ကြပ် ဆည်းကပ်ကိုးကွယ်ပါသည်။ ကိုးကွယ်ရသောကြောင့် ကောင်းသော သစ္စာမှန်စွာ စကားကိုဆိုပါသည့်အကြောင်းကြောင့် မနှောင့် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းချမ်းသာ၊ မင်္ဂလာတိုးတက် ကျက်သရေဘုန်း တန်း၊ လွန်ပွင့်လန်းလျက် အကြမ်းသရဲမှီဝဲနေသည့်သူ၊ အပူအဆာ ဗျာပါ ဒုက္ခရှိသမျှကို ငါက ပျောက်စေ။ ဆိုထွေစကား ကြားကမနေ ပြေပျောက် စေ၍ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ဒန်၊ ပြဒါး၊ သွပ်၊ ဂျွတ်စိန်ဆေးဒန်း၊ ခဲယမ်း၊ ဒုတ္ထာ၊ ဓာတ်များစွာလည်း၊ ညိုပြာနီရွှေ၊ ထွေထွေလာလာ၊ ဆေးတကာနှင့်၊ ငါသာ လုပ်လည်း၊ မယုတ်မသွေ၊ရွှေငွေကျောက်သံဖြစ်စေသော။ ဇမ္ဗူမြေပြင် မြင် မြင်သမျှ၊ ပင်ရုက္ခလည်း၊ ကိနဖာလာ၊ များလှစွာသည်၊ လက်သာအမိ၊ ငါ ကိုင်မိက၊ ဆေးထိမလွတ်၊ အမြတ်မွန်စွာ၊ စိတ်လိုရာကို၊ ပါစေသော။
ငါးထောင်ရှည်ကြာ၊ သာသနာကို၊ စောင့်ပါအညီ၊ ဒေဝီဒေဝ၊ စသည့် အများ၊ နတ်မင်းများလည်း၊ စကားနှုတ်ဆက်၊ ငါ့ကိုဘက်၍၊ အသက်ထက်ဆုံး မစသော။မကောင်းမရာ၊ငါ့အားဆိုးကြံ၊ရန်လည်လိုမူ၊ ထိုသူကိုသုံးလူချစ်ရှင်၊ တန်ခိုးအင်နှင့် နတ်ရှင်တစ်စု၊ ဝန်းကျင်ပြုလျက်၊ ထောင်းထုသတ်ရိုက်၊ ငါလျှင်တိုက်လည်း၊ လိုက်လဆင်စေသော။ အဝေးအနီး၊ ခရီးတသ၊ တစ် မကြာစိတ်ပါကိုယ်ရောက်၊အောက်ထက်တွင်းပြင်၊ထွက်ဝင်လူးလာ၊နာနာ
ဒီပ၊ ရူပနိကာယ်၊ အသွယ်သွယ်ကို ရွယ်တိုင်ငါ့ဝယ်ပြီးစေသော။ ကြောင်း- ဗုဒ္ဓဓမ္မာ သံဃာအားကို၊ ငါအား ကိုးကွယ်လျှင်သတည်း၊ ကောင်းကျိုးချမ်း သာမင်္ဂလာသည်၊ မခွာနေ့တိုင်းလာစေတော့၊ သရဏဂုံသုံးပါးကိုထန်းရွက် မှာ ရေး၍ မီးရှို့ပြီးလျှင် ၎င်းပြာကို နံ့သာငါးပါးရေနှင့် ဖျော်ရည်သောက်၊ ၎င်း သရဏဂုံကိုပင် သက်စေ့စုတ်လေဟု ပြောဆိုသည်ကို မောင်အောင်ကျော် မှတ်သားပါသည်။
“ကဲ-မောင်အောင်ကျော် သေချာဆောင်ရွက်ပေတော့။ ပုဂ္ဂိုလ်တွေက အိပ်မက်ပေးရင်ပေး၊ တဲ့အတိုင်းပြုလုပ်ပါ၊ မှော်ပညာအောင်မြင်ပါလိမ့်မယ်” “ဟုတ်ကဲ့ပါ – အဘ”
မောင်အောင်ကျော်သည် သရဏဂုံသုံးပါး မှော်ပညာကို သေချာမှတ် သားလိုက်နာဆောင်ရွက်လေသည်။ တစ်နှစ်ခန့်အကြာတွင်အခြားရွာတစ်
ရွာသို့သွားစဉ်လမ်းတွင်စောင်ကိုပုခက်လုပ်ထမ်းလာသောမြင်ကွင်းတစ်ခု
မြင်တွေ့ရသည်။
“ဘာဖြစ်လို့လဲ ခင်ဗျာ” “ပိုးထိလာလို့ ဆေးရုံသွားပို့ကြမလို့”
လူတစ်ဦးမှ”ရှေ့မှာဇရပ်တစ်ခုရှိတယ်။ခေတ္တနားပြီးလူနာအခြေအနေ
ကြည့်ကြဦး”
မောင်အောင်ကျော် စိတ်ဝင်စားသွားသည်။ သူလည်း ဇရပ်ပေါ်လိုက် ကြည့်သည်။ အနီးရှိ ရေအိုးစင်မှ ရေတစ်ခွက်စပ်ပြီး သရဏဂုံရွတ်ဆိုကာ လူနာကို ရေတိုက်ခွင့်တောင်းပြီး ပိုးထိသောနေရာကိုလည်း ရေဖြင့်ဆေး လိမ်းသလို လိမ်းပေးလိုက်သည်။ ပိုးထိသော နေရာမှာ ရွာမှ ရှေးဦးသူနာပြု နည်းနှင့် ကြိုကုပြီး ပတ်တီးစည်းထားသည်။ အောင်ကျော် ရေမန်းတိုက် ရေမန်းလိမ်းလိုက်သောအခါ လူနာများလှဲနေရာမှ ထထိုင်၏။ ပြီးတော့
လူကောင်းပကတိအတိုင်းမတ်တတ်ရပ်လိုက်သည်။ “ဘသိန်း – ဘာလုပ်ချင်လို့လဲ”
“ကျွန်တော် ဘာမှမဖြစ်တော့ဘူး။ မျက်လုံးတွေလည်း မပြာတော့ ဘူး။ ခြေထောက်လည်းမနာတော့ဘူး”
“ဒီလူငယ် ရေမန်းနဲ့ ကုလိုက်လို့ ကောင်းသွားတာဖြစ်မယ်”
“စိတ်ချရအောင် ဆေးရုံသွားကြမယ်”
“ဆေးရုံသွားစရာမလိုပါဘူး။ ကျုပ်အာမခံပါတယ်”

ထိုနေမှစ၍ အောင်ကျော် ရွာမှာ နာမည်ကြီး သွားသည်။ ရောဂါအမျိုး မျိုး ဆေးကုသသူတွေ ရောက်လာသည်။ လပြည့်နေ့ညတွင် ဘုရားစေတီ ၌ ပုတီးစိပ်နေစဉ် အဓိဋ္ဌာန်ပြီးသောအခါ ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ဦး ရောက်လာပြီး “လက်ဝါးဖြန့်” ဟု ပြောပြီး လက်ထဲသို့ ရွှေရောင်ဓာတ်လုံး တစ်လုံးထည့်ပေးသွားသည်။
“သတ္တဝါတွေကယ် . . . လောဘမကြီးနဲ့ . . .သစ္စာမပျက်နဲ့” ဟုဆိုကာ အနားမှ ထွက်ခွာသွားသည်။ အောင်ကျော်နောက်မှ လိုက်ကြည့်သောအခါ ဘုရားအပေါ်မှ ဆင်း၍မုခ်ဝအနီးတွင် ပျောက်သွားသည်။ အိမ်ရောက်သော အခါ ထိုဓာတ်လုံးကို သေချာကြည့်လိုက်သည်။ ဓာတ်လုံးမှာ ပြောင်လက် နေပြီး ထိပ်တွင်ဝလုံးကဲ့သို့ ဝိုင်းစက်နေသည်။ လက်ကိုင်ပဝါနှင့် သေချာ ထုပ်ပြီး ဘုရားကျောင်းဆောင်ပေါ်တင်ထားလိုက်သည်။
နံနက်စောစောတွင် အမျိုးသားတစ်ဦးပြေးလာပြီး။
“မောင်အောင်ကျော် ကယ်ပါဦးကွာ။ ငါ့မိန်းမ – ကလေးမမွေးနိုင်လို့” ဖျတ်ခနဲ သတိရပြီး ဓာတ်လုံးကို ရေစိမ်ကာ ရေကို ဘူးနှင့်ထည့်ပေး
လိုက်သည်။
“ရော့ – ဒီရေတိုက်လိုက်၊ ချောချောမောမော မွေးသွားမယ်” မကြာမီထိုသူပြန်ရောက်လာလေ၏။
“ကျေးဇူးတင်လိုက်တာ – မောင်အောင်ကျော်။ ဆရာအောင်ကျော်လို့ ခေါ်ပါရစေ။ ကျေးဇူး မမေ့ပါဘူး။”
ညပုတီးစိပ်မေတ္တာပို့ပြီး အိပ်ရာဝင်သောအခါ အိပ်မက်ထဲတွင် ဝတ်ဖြူ စင်ကြယ်ပုဂ္ဂိုလ်ရောက်လာသည်။ပုံစံမှာဘုရားမှာတွေ့သောပုဂ္ဂိုလ်ပုံစံဖြစ် သည်။ ဘုန်းကြီးကျောင်းမှာ တွေ့သော အဘမျက်နှာနှင့် ခပ်ဆင်ဆင်။
“အိမ်ရှေ့မှာဆရာအောင်ကျော်သာလို့ဆိုင်းဘုတ်တင်ထားပြီးသတ္တဝါ
တွေ ကယ်တင်ကုသပေးကွာ၊ အများထက်သာတဲ့ အောင်ကျော်သာဖြစ် စေ”

ခြံရှေ့တွင်“ဆရာအောင်ကျော်သာ”ဟူ၍ဆိုင်းဘုတ်တင်လိုက်သည်။ ရွာဦးကျောင်း ဆရာတော်ကို သွားရောက်ကန်တော့ပြီး ရွာသူရွာသားများ ကိုကောက်ညှင်းပေါင်းကျွေးသည်။ဆရာအောင်ကျော်သာသူ့နိမိတ်နှင့်သူ တစ်နေ့တခြား ကောင်းခြင်းမင်္ဂလာတွေ စုပေါင်းရောက်ရှိလာသည်။ (၇)နေ့သားသမီးတွေကိုကျန်းမာရေးကိစ္စဆောင်ရွက်ပေး၊ ဆေးကုသ ပေးရတာ အဆင်ပြေသည်။ အချို့ ပယောဂအနှောင့်အယှက်များကို ဓာတ် လုံး၊ ရေမန်းတိုက်၊ ရေပက်ဖျန်းပေးလိုက်ရာ လူကောင်းပကတိ ဖြစ်သွား သည်။
“ဆရာအောင်ကျော်-ကျွန်တော့်အမျိုးသမီးဗိုက်အောင့်နေလို့ခေါ်လာ တယ်။ ဆေးသောက်တာလည်း မပျောက်ဘူး”
“ဟုတ်ပြီ-ခေါ်လာခဲ့၊ ကျုပ်စမ်းသပ်စစ်ဆေးပြီး ကုသပေးမယ်” အမျိုးသမီးတစ်ဦး ပွေ့ချီလာသည်။ ဆရာအောင်ကျော်သာရှေ့ရောက် သောအခါ “ဗိုက်အောင့်တယ် – အား – အား – အမေရေ ကယ်ပါဦး။ ဆရာ ကျွန်မကို ပျောက်အောင် ဆေးကုပေးပါဆရာ”ဟု အော်ဟစ်လေတော့
သည်။
“ငြိမ်ငြိမ်လေးထိုင်ပြီး ဘုရားကို အာရုံပြုထား” “ပယောဂအနှောင့်အယှက်ရှိတယ်၊ သူများပြုစားထားတာ”
ဓာတ်လုံးရေမန်းတိုက်ကျွေးပြီးရေဖြင့်ခေါင်းကိုပုတ်ကာပက်ဖျန်းပေး လိုက်သည်။နောက်ကျောကိုတစ်ချက်နှစ်ချက်ပုတ်လိုက်သောအခါပါးစပ်
ထဲမှ မည်းမည်းအရည်များ ထွက်လာသည်။ ထွေးခံတစ်လုံးခံ၍ ထွေးခိုင်း သည်။ ဆံပင်ချည်ထွေးများနှင့်တူသည်။ (၁၅) မိနစ်ခန့်အကြာတွင် လူ ကောင်းပကတိကဲ့သို့ သက်သာသွားလေသည်။ ခံစားနေရသော ဝေဒနာ လွင့်စဉ်သွားတော့၏။
“စကားပြော ဆင်ခြင်၊ သရဏဂုံ အမြဲ ပုတီးစိပ်ပါ” “ဟုတ်ကဲ့ပါဆရာ”

တစ်နေ့ ဆရာအောင်ကျော် ဘုန်းကြီးကျောင်းသို့ တစ်ယောက်တည်း အေးအေးလူလူထွက်လာသောလမ်းတွင်တောင်ဝှေးတစ်ချောင်းနှင့်အဘိုး
အိုတစ်ဦးတွေ့သည်။
“ဟာ – အဘ ဘယ်ကနေ ပြန်လာတာလဲ၊ မတွေ့ရတာကြာပြီ။ အဘနဲ့ တွေ့ချင်နေတာ”
လား”
“မောင်အောင်ကျော် – အခု – ဆရာအောင်ကျော်သာဖြစ်နေပြီ မဟုတ်
“ဟုတ်ပါတယ် အဘ – အဘ ဘယ်လိုလုပ်သိလဲ” “မောင်ရင် အိမ်ရှေ့ကဆိုင်းဘုတ်ကို ကြည့်လာလို့ပါ” “ဒီတစ်ခေါက် အဘကျွန်တော့်အိမ်မှာတည်းပါ”
“ကောင်းပါပြီ၊ လောလောဆယ်တော့ ဆရာတော်ကိုဦးတိုက်ရမယ်” နှစ်ယောက်သား ဆရာတော်အား ဦးတိုက်ကန်တော့ကြသည်။ ဆရာ တော်မှာ သူ့တပည့် ဆရာဖြစ်ပြီးအောင်မြင်နေ၍ဝမ်းသာနေလေ၏။ “မောင်အောင်ကျော်က ရွာမှာတင်မကဘူး၊ အခြားရွာတွေကလည်း လှည်းနဲ့ လာပင့်ကြရတယ်။ သတင်းမွှေးနေပါပြီ၊ အားလုံးက အားကိုးကြ
တာ
“ဝမ်းသာပါတယ် ဆရာတော်၊ တပည့်တော်လည်း အတတ်ပညာတွေ ပေးခဲ့ပါဦးမယ်”
“ပညာတတ်တာကောင်းပါတယ်၊ သူတစ်ပါး ဒုက္ခရောက်တဲ့ပညာဆို
ရင်တော့မကောင်းဘူး”
“မှန်ပါတယ် – အရှင်ဘုရား”
မောင်အောင်ကျော်မှ ဆရာအောင်ကျော်သာဖြစ်လာသူသည်အသက် နှစ်ဆယ်ကျော်သာရှိသေး၍ ထူးခြားဆန်းကြယ်သော ပညာကို လိုချင်နေ ၏။ ညဘက်တွင် အာဂန္တု ပုဂ္ဂိုလ်အား ရုက္ခစိုးမှော်အကြောင်း ပြောပြပေးရန် တောင်းဆိုလေသည်။ အာဂန္တုပုဂ္ဂိုလ်လည်း “ဒီတစ်မျိုးတော့ အဘပေးခဲ့ မယ်-မောင်ရင်နဲ့ ကျုပ်နောက်တစ်ကြိမ် ပြန်တွေ့ဖို့မလွယ်ဘူး။ ကျုပ် လူ့ ဘောင်ကိုစွန့်ပြီးရသေ့ရဟန်းဘဝနဲ့ အရိယာဝိဇ္ဇာလမ်းကိုလိုက်တော့မယ်”

“အဘရှိတဲ့နေရာရောက်အောင်လာခဲ့ပါမယ်”
“တကူးတကလိုက်မရှာပါနဲ့၊ကျုပ်နေရာအတိအကျမသတ်မှတ်မရွေး
ထားပါသေးဘူး”
“အဘပေးမယ့် ရုက္ခစိုးမှော်နည်းလိုက်မှတ်ရတော့မလား” “အဆင်သင့်ဖြစ်ရင် ပြောမယ်”
အာဂန္တုပုဂ္ဂိုလ်ကြီးသည်ရေနွေးတစ်ခွက်ငှဲ့သောက်လိုက်၏။ လက်ထဲ
မှ ပုတီးကို လည်ပင်းချိတ်ဆွဲလိုက်သည်။ ကွမ်းတစ်ယာကိုယာ၍ ငုံထား လိုက်သည်။
“ဘုရားကျောင်းဆောင်ပေါ်က ဓာတ်လုံးမပျောက်စေနဲ့နော်။ အဂ္ဂိရတ် သမားတွေတွေ့ရင် ဖိုထိုးရင်ဆက်ထိုးလို့ရတယ်။ ရွှေဖြစ်နိုင်တယ် ဆရာ အောင်ကျော်ရေ”
“မောင်အောင်ကျော်ပဲ – ခေါ်ပါအဘရယ်”
“အဘနာမည်လည်းမသိရဘူးနော်”
“မြေလျှောက်ဝိဇ္ဇာလို့ မှတ်ထားလိုက်လို့ကွာ” “လိုက်မှတ်လို့ အဆင်သင့်ဖြစ်ရင် ခေါင်းစဉ်တပ်ထားကွာ”

ငှက်ပျောသီးယို၊အုန်းသီးယို၊သင်္ဘောသီးယို၊ဖယောင်းသုံးတိုင်း၊ကွမ်း
သုံးရာ၊ လက်ဖက်သုံးထုပ်။ ၎င်းလက်ဖက်တွင် ကြက်သွန်ကြော်ထည့်၊ ဆီ ဆားထည့်၊ လက်နှင့်မနယ်ရ။ ဆားမမြည်းရ၊ ဆန်တစ်ခွက်ချက်၊ မှန်လှစေ။ အထက်ပါခုနစ်မျိုးကို လင်ပန်းသုံးချပ်ကို စင်ကြယ်စွာဆေး၊ ငှက်ပျောဖက် ခင်း၍ သုံးပွဲပြင် (၇)ခွက်စီ ညီမျှအောင်ထည့်၍မန္တန်စုတ်ပါ၊ စုတ်ရမည့် မန္တန် မှာ ဥဘုမ္မတ္ထဒေဝတာ။ ရုက္ခပဒေဝတာ အာကာသထဒေဝတာ၊ ဒေဝတာ

သုံးပါး အရှင်များတို့ ကျွန်ုပ်အားကို၊ သနားချစ်ခင်၊ ကြင်နာစုံမက်၊ မေတ္တာ သက်ဝင်တော်မူကြပါကုန်လော့။ ကောင်းကျိုးချမ်းသာမင်္ဂလာ၊ မကွာနေ့
ညပေးစေသော်။ပေးရသောအရှင်များလည်းဘုရားမြတ်စွာ၊မိတေယျာကို၊
ဦးစွာ ဖူးတွေ့ရပါစေသော်။ ဖူးရသောအခါ ထိုမြတ်စွာက ဗျာဒိတ်ကျွတ်ဆု ပေးစေသော်။ ကြောင်း – နမောဒေဝတာ။ ဝန္ဒာမိ-ဝန္ဒာမိ-ဝန္ဒာမိ။
၎င်းဂါထာ (၃၇) အုပ် စုပ်၍ အိမ်ဝင်း၊ ခြံဝင်း၊ ကျောင်းဝင်းမှာ သန့်ရှင်း သော သစ်ပင်ရင်း၌ ညဦးက သန့်ရှင်းအောင် ပြုလုပ်ထားပါ။ နံနက်မလင်းမီ အရုဏ်တက်တွင် ၎င်းသစ်ပင်ရင်းတွင် ပွဲသုံးပွဲစလုံးတင်၊ နာရီဝက်ခန့်ထား ပြီးရင် ထိုသစ်ပင်ရင်းတွင် ငှက်ပျောဖက်ခင်း၍ သုံးပွဲစလုံးစု၍ပုံပါ။ ၎င်းပုံ ပြီးပါက စုတ်ရန် မန္တန်မှာ ဥဘောဒေဝ၊ ဘုမ္မရုက္ခဝါ မမယော ဗဟုဇနာ။ ဒိဝါ ကာလေ ဝိမာကောဒေါ။ အာကာသိပိ။ ကုဒါစနံ၊ တိယာမယာဘိ။ ကာလံ မယုံ။ တုယှဉ္စပေမနံ၊ ပဋ္ဌာနာမေသမိဇ္ဈတု။ စက္ကဝါလေပိ စိန္တိတံ။ ၎င်းဂါထာ (၃၇)အုပ် စုပ်ပြီးလျှင် စားနိုင်သမျှ စုံစေ့အောင်စားပါ။ မှော်သွင်းသောအခါ မည်သည့်နေ့ သားသမီးမဆို တနင်္ဂနွေနေ့ နံနက်ကစ၍ စနေနေ့ နံနက်ထိ အောင် ခုနစ်ရက်စေ့အောင်သွင်း။ ခုနစ်ရက်အတွင်း ရှစ်ပါးသီလကို ထိန်းရ မည်။ သို့မှ- သူတစ်ပါးက မကောင်းကြံလျှင် သိနိုင်သည်။ နားကြားမည်။ ထို့ပြင် ဗေဒင်ဟောခြင်း၌ တစ်ထစ်ချ မှန်လိမ့်မည်။ အထူးမှာ – အထက်ပါ မှော်ကိုတစ်လခြားဖြစ်စေ၊ နှစ်လခြားဖြစ်စေ သုံးကြိမ်တင်သ၍ဤသို့စားရ ၏။ ထိုမှော်သွင်းသောအခါ ရှစ်ပါးသီလ မထိန်းခဲ့လျှင် မအောင်၊ မှော်သွင်း သောသူသည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူတစ်ပါး သား မယား လွန်ကြူးခြင်း စသည်တို့ကို ရှောင်ကြဉ်ရမည်။ ရှောင်ကြဉ်မှ အကျိုး ကျေးဇူးခံစားရမည်။
“ကဲ-မောင်အောင်ကျော် – သဘောပေါက်အောင် ဖတ်ပြီး လက်တွေ့ ကျင့်ကြံပါကွာ။ ဒီတစ်ခါတော့ ဆရာအောင်ကျော်သာကနေ မှော်ဆရာ အောင်ကျော်သာဖြစ်မှာသေချာပါပြီ” “ဟုတ်ကဲ့ပါအဘ-ကြိုးစားကျင့်ကြံပါမယ်”

ဆရာအောင်ကျော် သူကျင့်နေကျ ခရေပင်ကြီးအောက်တွင် ရုက္ခစိုး၊ မှော်ပညာကြိုးစားကျင့်ပါတော့သည်။ သုံးလခန့်ကြာပြီးသောအခါ ထူးခြား သော အိပ်မက်များ မြင်မက်လေ၏။
အပေါ်ဖြူ၊ အောက်ဖြူဝတ်ထားသောပုဂ္ဂိုလ်ကြီးမှ – “အောင်ကျော်သာလိုတာတောင်းပါ၊အဘိုးကူညီပေးမယ်”ဟုပြောဆို
ပျောက်ကွယ်သွားသည်။
တစ်နေ့ ဗေဒင်ဟောဆေးကုရင်း မိတ်ဆွေတစ်ဦးရောက်ရှိလာသည်။ ထိုသူသည် ဗေဒင်ဝါသနာပါပြီး ဆောင်လည်းဆောင်ထားရန် ဝါသနာပါသူ ဖြစ်၏။ ဆရာအောင်ကျော်သာမှ“ဘိုးဘိုးကြီးစနေသားအတွက် ထိုက်တန်
တဲ့အဆောင်တစ်ခုချီးမြှင့်ပေးပါ” ဟုစိတ်အာရုံပြုပြီးလက်တစ်ဖက်မြှောက် တောင်းဆိုလိုက်သည်။ လက်ထဲသို့ တစ်စုံတစ်ရာ လာထည့်ပေးသောအခါ ဆုပ်ကိုင်ပြီးထိုသူအားပေးလိုက်သည်။ “ဟာ-လက်စွပ်တစ်ကွင်းပါလား”
ကျောက်အနက်ရောင်ကို ငွေရောင်ကွင်းပြုလုပ်ထားသော လက်စွပ်
တစ်ကွင်း တွေ့မြင်ရသည်။
“အဲဒါဆောင်ထားပါ…စီးပွားရေးလာဘ်လာဘအဆင်ပြေတိုးတက်
အောင်မြင်မယ်”
ထိုသူလက်ခလယ်တွင်စွပ်လိုက်ရာကွက်တိဖြစ်နေလေ၏။စနေသား
အတွက် အနက်၊ နက်ပြာရောင်သည် အကျိုးပေးအရောင်ဖြစ်သည်။ တစ်နေ့တခြား ဆရာအောင်ကျော်သာသည် နာမည်ထင်ရှားပြီး မှော် ဆရာဟုနာမည်ကျော်ကြားလာသည်။
“အောင်ကျော်သာ – အဘွား ပန်းသီးစားချင်တယ်”
သူ၏ အဘွားစားလိုရာကို ရုက္ခစိုး၊ နတ်မင်းအား တိုင်တည်တောင်း ဆိုလိုက်ရာ လက်ထဲသို့ ပန်းသီးတစ်လုံး ရောက်ရှိလာသည်။ မှော်ဆရာ အောင်ကျော်သာထံသို့ ရပ်ဝေးရပ်နီးမှလူများနေ့စဉ်ရောက်လာကြသည်။

“ဆရာအောင်ကျော်သာ -ဟိုနေ့က လေထဲကနေ ဘုရားတစ်ဆူပင့် တာအံ့ဩစရာကောင်းလိုက်တာ”
“အဲဒါ – ရုက္ခစိုးမှော်အောင်ထားတာဖြစ်မယ်” “အကြားအမြင်ဟောတာလည်းမှန်တယ်နော်”
“အိမ်မှာဖြစ်နေတာကိုလိုက်ကြည့်ထားပြီးပြောသလားအောက်မေ့ရ
တယ်၊ ကွက်တိပဲ – တော်လိုက်တာနော်”
“စိတ်မနှံ့တဲ့ဒေါ်မြမေကိုစိတ်ပြန်ကောင်းအောင် ကုပေးတာလည်းအံ့
စရာပါပဲတော်”
ဆရာအောင်ကျော်သာ မှော်ပညာမှာ ကြားရ၊ မြင်ရသူတိုင်း အံ့ဩရ သည်။ ပစ္စည်းပျောက်၊ လူပျောက်ဟောပြောလိုက်ပုံမှာ အလွန်မှန်လှပေ သည်။ တစ်နယ်လုံး အားကိုးကြလေပြီ။
ပစ္စည်းအမျိုးမျိုးယူပြပုံမှာမျက်လှည့်ပြသည်နှင့်တူလှပေသည်။ဘုရား ရုပ်ပွားတော်၊ ရဟန္တာရုပ်ထုပုံ၊ ဓာတ်လုံး၊ လက်စွပ်၊ ပုတီး၊ အစားအစာယူပြ ပုံမှာ လွန်စွာမှ အံ့ဩဖွယ်ကောင်းသော မှော်အတတ်ပညာစွမ်းဖြစ်သည်။ ဆန်းကြယ်သောပညာရပ်ပေတကား။
သူ၏နားတွင်လာပြောသောအသံကြားရသောအသံအတိုင်းပြောဆို
မှုမှာ အထူးမှန်သည်။
အိပ်မက်ထဲတွင် ဝတ်ဖြူစင်ကြယ်ပုဂ္ဂိုလ်ရောက်လာပြီး – “အောင်ကျော် – ဘုရားတည်ရမယ်။ ဘုရား၊ စေတီတည်ပေးပါ” ဆရာအောင်ကျော် ဆရာတော်အား ခွင့်တောင်းပြီး ခရေပင်ကြီးအနီး တွင် စေတီတစ်ဆူတည်ရန် ဆုံးဖြတ်လိုက်သည်။ တစ်နှစ်အတွင်းမှာ “အောင်စေတီ”တစ်ဆူအောင်မြင်စွာ တည်နိုင်ခဲ့လေပြီ။ ယခုအခါမှော်ဆရာအောင်ကျော်သာတစ်ယောက်ယောဂီဝတ်စုံဝတ်
ကာ သာသနာပြုလုပ်ငန်းများကိုမနားမနေဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်က ဗေဒင်ဟော၊ ဆေးကု၊ မှော်အတတ်များကို စိတ်ဝင်စားပြီး အပတ်တကုတ် တခုတ်တရ မနားမနေဆောင်ရွက်ခဲ့သော မှော်ဆရာ
အောင်ကျော်သာမှာယခုအခါ ဘာသာရေးဆိုင်ရာကုသိုလ်ကောင်းမှုအထူး
ပြုလျက်ရှိသည်။
လား”
“ဆရာအောင်ကျော်သာ ရုက္ခစိုးမှော်အတတ်တွေ လုပ်မပြတော့ဘူး
“အချိန်ကာလအတိုင်းအတာတစ်ခုထိဆောင်ရွက်ပေးခဲ့ပါတယ်” “အခု- လောကီလုပ်ငန်းတွေ စွန့်လိုက်ပြီလား”
“ဆေးကုသ၊ သတ္တဝါတွေကို ကယ်တင်တာကို မစွန့်ပါဘူး။ ဟောပြော တာတွေကိုတော့ စွန့်လိုက်ပြီလေ။ လူတွေက လောဘတက်ပြီး အလောင်း ကစားကိစ္စတွေ လာမေးကြ။ ကျုပ်လည်း ပြောတာမှန်တော့ အုန်းအုန်း ကျက်ကျက် ဖြစ်လာတာပေါ့မကောင်းဘူးလေ”
“ဟုတ်ပါတယ် – ဆရာ၊ ဒီခေတ်မှာ လူတွေက ဘိုးတော်မယ်တော် နောက်လိုက်ပြီး ဂဏန်းတောင်းချင်သူကများနေတယ်” “မှော်ပညာမှာ ဘယ်မှော်အကောင်းဆုံးလဲဆရာ”
“ရတနာသုံးပါး ဦးထိပ်ထားပြီး ဆောင်ရွက်တဲ့ သရဏဂုံမှော်၊ ဂါထာ ရွတ်ပြီး ဆောင်ရွက်ရတဲ့ လက်ဖက်မှော်တွေ ကောင်းတယ်။ အများအကျိုး ပြုတာ ပိုကောင်းတယ်။ လောဘကြီးလာရင် ဒေါသ၊ မောဟဖြစ်ရင် တတ် ထားတဲ့ မှော်အတတ်တွေပါဝါလျှော့သွားတတ်တယ်”
ဆရာအောင်ကျော်သာလောဘကိုအတောသတ်နိုင်ခဲ့သည်။ ရရှိလာ သောငွေများကို ဘုရားတည်၊ သာသာနပြုလုပ်ငန်းတွင် ထည့်သုံးပစ်လိုက် သည်။
မည်သို့ပင်ဆိုစေကာမူ အထက်အညာဒေသ၏ မြို့နှင့်မဝေးလှသော ရွာကလေးတစ်ရွာတွင် မှော်ဆရာအောင်ကျော်သာထင်ရှားကျော်ကြားခဲ့ ဖူးသည်မှာ ဂမ္ဘီရ ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ပင်….။
နေ ဂမ္ဘီရ ဆရာလှမျိုး (B.Sc)

Zawgyi Version

“႐ုကၡစိုးေမွာ္”(စ/ဆုံး)
—————————
သူ၏ငယ္နာမည္မွာ ေမာင္ေအာင္ေက်ာ္ျဖစ္သည္။ သူ႔ကို အထက္ အညာေဒသ႐ြာတစ္႐ြာတြင္ ေမြးဖြားသည္။ သူ ေမြးၿပီး ႏွစ္ႏွစ္ခန႔္၌ မိခင္ ျဖစ္သူ ကြယ္လြန္သည္။ မၾကာမီကာလတြင္ ဖခင္က ေနာက္အိမ္ေထာင္ျပဳ သည္။ ေမာင္ေအာင္ေက်ာ္ အဘြားျဖစ္သူႏွင့္ ေနထိုင္ရသည္။ ေက်ာင္းေန အ႐ြယ္ေရာက္ေသာအခါ႐ြာဦးဘုန္းႀကီးေက်ာင္းတြင္ အပ္ႏွံလိုက္သည္။
ေက်ာင္းထိုင္ဆရာေတာ္မွ “ဒီကေလးက ႀကီးလာရင္ထူးျခားမယ္။ ေလာကီအတတ္ပညာေတြကြၽမ္းက်င္တတ္ေျမာက္ၿပီးဆရာတစ္ဆူအျဖစ္ နာမည္ႀကီးမယ္”ဟု အနာဂတ္ေဟာကိန္း ႀကိဳတင္မိန႔္ၾကားလိုက္သည္။ ေမာင္ေအာင္ေက်ာ္သည္အညာသားျဖစ္ေသာ္လည္းအသားျဖဴသည္။
မ်က္ႏွာဝိုင္းကေလးႏွင့္ ခ်စ္စရာေကာင္းသည္။ မိဘေမတၱာငတ္သူျဖစ္၍ ႀကဳံရာလူႀကီးမ်ားကိုအမိ၊ အဖသဖြယ္ ခ်စ္ခင္ျမတ္ႏိုးတြယ္တာသည္။ ဘုန္း ႀကီးေက်ာင္းေရာက္ေသာအခါ ေစာေစာထၿပီး လုပ္စရာအလုပ္ဝိုင္းလုပ္၊

ေလာကီေလာကုတၱရာအေျခခံစာေပမ်ားသင္ယူေလ့လာမွတ္သားရသည္။ စာသင္ၿပီးေသာအခါ ႐ြာထဲဆြမ္းခံလိုက္ရသည္။ ေက်ာင္းျပန္ေရာက္ေသာ အခါ ဦးပၪၥင္း၊ ကိုရင္ေတြ ခိုင္းတာလုပ္ေပးရသည္။ သံဃာမ်ား ဆြမ္းစားၿပီး မွေက်ာင္းသားမ်ားႏွင့္စုေဝးထမင္းစားရသည္။ထမင္းစားၿပီးပန္းကန္ေဆး၊ တစ္ေအာင့္တစ္နား နားကာ ေန႔လယ္တြင္ သင္ပုန္းႀကီးဖတ္စာဆယ္ေစာင္ တြဲတို႔ဖတ္မွတ္ေနသည္။ အာဂုံေဆာင္မွအာဂလူဟုအဆိုႏွင့္အညီ ဖတ္စာ မ်ားကို အလြတ္က်က္မွတ္ အာဂုံေဆာင္ရသည္။ ႐ြာဦးေက်ာင္းဆရာေတာ္ သည္ စည္းစနစ္ႀကီးသည္။ စာက်က္ၿပီး ညေနပိုင္းတြင္ တံျမက္စည္း လွည္း၊ အမႈိက္ေကာက္၊ ေသာက္ေရအိုးေရျဖည့္၊ ကုဋီေဆးစသည့္ေက်ာင္း ေဝယ်ာဝစၥ မနားတမ္းျပဳလုပ္ရသည္။ ညေရာက္လွ်င္ စုေပါင္းဘုရားဝတ္ တက္သည္။ ဆရာေတာ္မွ ဆုံးမၾသဝါဒ မိန႔္ၾကားသည္။ ဘုရားဂုဏ္ေတာ္၊ သရဏဂုံသုံးပါး ပုတီးစိပ္ရန္ တိုက္တြန္းသည္။
ညေနဘက္ ဘုရားဝတ္မတက္မီ ေက်ာင္းဝင္းအတြင္းရွိ အပင္ႀကီး တစ္ပင္ေအာက္တြင္ထိုင္၍ ပုတီးတစ္ကုံးကိုင္ကာ ပုတီးစိပ္ေလ့ရွိသည္။ ဘုန္းႀကီးေက်ာင္းမွာ စာသင္၊ ေဝယ်ာဝစၥအလုပ္ ေဆာင္႐ြက္ရင္း ေမာင္ ေအာင္ေက်ာ္ အသက္ (၇)ႏွစ္၊ (၈) ႏွစ္သားအ႐ြယ္ေရာက္လာေပၿပီ။
ကပၸိယႀကီး ဦးေမာင္ညိဳမွ “ေမာင္ေအာင္ေက်ာ္ေလးက လိမၼာတယ္။ လူႀကီးသူမဆိုဆုံးမတာကို နာခံတယ္၊ ဒီကေလးက ထူးျခားမႈရွိတယ္” ေက်ာင္းသားႀကီးတစ္ေယာက္မွ “ဘာေတြ ထူးျခားလို႔လဲ ကပၸိယႀကီး ရဲ႕၊ သာမန္ကေလးတစ္ဦးပါပဲ”
“ထူးျခားတာေပါ့ကြာ၊ညေနဘက္အခ်ိန္တိုင္း ခေရပင္ႀကီးေအာက္မွာ ပုတီးထိုင္စိပ္ေနတာေလ။ အျခားကေလးေတြ၊ ေက်ာင္းသားေတြ ပုတီးစိပ္ တာမေတြ႕ရဘူးကြ။ အဲဒါထူးျခားမႈ တစ္ခုေပါ့ကြာ”
“ဟုတ္တယ္- ကပၸိယႀကီးေျပာမွသတိရတယ္။လျပည့္ေန႔ဆိုရင္အပင္ ႀကီးေအာက္ အေစာႀကီးသြားၿပီး ဖေယာင္းတိုင္ (၁) တိုင္၊ အေမႊးတိုင္ (၁) တိုင္ပူေဇာ္ၿပီး ပုတီးစိပ္ေနတာေတြ႕ဖူးတယ္”

ေႏြ၊ မိုး၊ ေဆာင္း ရာသီဥတုေတြ အလီလီေျပာင္း၊ တစ္ႏွစ္ကုန္ၿပီး တစ္
ႏွစ္ကူးေသာအခါ ေမာင္ေအာင္ေက်ာ္ကေလးမွာ အသက္တစ္ႏွစ္၊ တစ္ႏွစ္ တိုးလာေလ၏။ အသက္ (၁၀)ႏွစ္ေက်ာ္ေသာအခါ ဗုဒၶဘာသာ ထုံးတမ္း စဥ္လာအတိုင္း ရွင္သာမေဏျပဳရသည္။ အေဖမလာႏိုင္၍ မိေထြး၊ အေဒၚ၊ အဖြားတို႔လာေရာက္ေဆာင္႐ြက္ေပးၾကသည္။ရွင္သာမေဏဝတ္ၿပီး(၁)လ ခန႔္အၾကာတြင္ ကိုရင္လူထြက္သည္။ အသက္ (၁ဝ)ေက်ာ္ (၁၁)ႏွစ္နီးပါး ရွိေသာ္လည္းေမာင္ေအာင္ေက်ာ္ကိုယ္ခႏၶာမွာအရပ္ရွည္ဖြံ႕ထြားလာသည္။ (၁၄)၊ (၁၅)ႏွစ္ လူပ်ိဳေပါက္ အ႐ြယ္ျဖစ္လာသည္။ ေမာင္ေအာင္ေက်ာ္မွာ ရွင္သာမေဏဆက္ဝတ္လိုေသာ္လည္းအဘြားျဖစ္သူက်န္းမာေရးမေကာင္း ၍ ျပဳစုေစာင့္ေရွာက္ရန္ ထြက္ရျခင္းျဖစ္သည္။ နံနက္ပိုင္း အိမ္အလုပ္ လုပ္ ၿပီးေသာအခါ ညေနပိုင္းေက်ာင္းသို႔လာၿပီး လုပ္စရာရွိတာ ဝိုင္းလုပ္သည္။ ထို႔ေနာက္- တစ္ဖန္ ခေရပင္ႀကီးေအာက္မွာ ပုတီးစိပ္သည္။ ကပၸိယႀကီးဦးေမာင္ညိဳမွ“ေမာင္ေအာင္ေက်ာ္-ဘာေတြပုတီးစိပ္လဲ”
ဟုေမးသည္။
တယ္”
“သရဏဂုံသုံးပါး ပုတီးစိပ္တယ္”
“ေမာင္ေအာင္ေက်ာ္ ၾကည့္ရတာ ပုတီးစိပ္ရတာ ဝါသနာပါတယ္ ထင္
“ဟုတ္ကဲ့ – ရတနာသုံးပါးကိုလည္းၾကည္ညိဳပါတယ္သရဏဂုံပြားမ်ား
ရတာလဲကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာတယ္”ဟုေျပာသည္။ ေမာင္ေအာင္ေက်ာ္ ဝါသနာပါရင္ က်ဳပ္ ပုတီးစိပ္နည္း စာအုပ္ရွာေဖြ
ပါဦးမယ္။
“ဟုတ္ကဲ့ပါ ကပၸိယႀကီး – က်ဳပ္ စိတ္ဝင္စားတယ္၊ အျမန္ရွာေပးပါ”

တစ္ပတ္ခန႔္အၾကာတြင္ ကပၸိယႀကီးဦးေမာင္ညိဳမွအဖုံးျပဳတ္ေနေသာ စာအုပ္အေဟာင္းေလး တစ္အုပ္ေပးသည္။ အိမ္ျပန္ေရာက္ေသာအခါ မီး ခြက္ထြန္း၍ ထိုစာအုပ္အား စိတ္ဝင္တစား ဖတ္သည္။ ထိုစာအုပ္တြင္ ပုတီး မစိပ္ခင္ေဆာင္႐ြက္ရန္ ပုတီးစိပ္သည့္အခါ လိုက္နာရန္စည္းကမ္း၊ ေမတၱာ ပို႔၊ သစၥာဆိုနည္း၊ ဆုေတာင္း၊ အဓိ႒ာန္ျပဳပုံ၊ အမွ်အတမ္းေဝရပုံ စသည္ျဖင့္ အေၾကာင္းအရာမ်ိဳးစုံ ဖတ္ရသည္။
ေမာင္ေအာင္ေက်ာ္ အစပထမတြင္ သူ၏ ဖခင္ကို စိတ္နာေသာ္လည္း ယခုစာအုပ္ဖတ္ၿပီးေသာအခါ အနႏၲငါးပါးကိုကိုယ္၊ ႏႈတ္၊ စိတ္တို႔ျဖင့္ မက်ဳး လြန္သည့္အျပင္ ေန႔စဥ္ဦးသုံးႀကိမ္ခ်၍ေလးနက္စြာကန္ေတာ့ရမည္ဟု ဆို ထားေသာေၾကာင့္ ဖခင္ျဖစ္သူကို ညအိပ္ရာဝင္ခါနီးတိုင္း၊ ကန္ေတာ့အိပ္ သည္။ ကံငါးပါး မက်ိဳးေပါက္ရေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ပါမည္ (သို႔မဟုတ္) အနည္းဆုံးႏွစ္ပါးကိုထိန္းပါ။ေမာင္ေအာင္ေက်ာ္သည္အရက္ ေသာက္စားျခင္းႏွင့္သူတစ္ပါးသားမယားျပစ္မွားျခင္းရာသက္ပန္သစၥာဆို ထိန္းသည္။ လျပည့္လကြယ္ ဥပုသ္ေန႔တိုင္း ဥပုသ္သီလေစာင့္ထိန္းၿပီး သက္သတ္လြတ္စား အဓိ႒ာန္ဝင္သည္။
ေမာင္ေအာင္ေက်ာ္ယခင္ကသရဏဂုံသုံးပါးပုတီးစိပ္ျခင္းကိုကုသိုလ္
ျဖစ္စိပ္ခဲ့ေသာ္လည္းယခုအခါအဓိ႒ာန္တင္ သစၥာဆိုစိပ္ရန္ ဆုံးျဖတ္လိုက္ သည္။ ႐ြာထိပ္ရွိ ေစတီတြင္သစၥာဆို အဓိ႒ာန္တင္ၿပီး ပုတီးသြားစိပ္သည္။ အစပထမတြင္ (၁ဝ၈) ကုံးပုတီးျဖင့္ (၂၇) ပတ္စတင္၍ (၂၇) ရက္အဓိ႒ာန္ ဝင္လိုက္သည္။ ပုတီးစိပ္ၿပီးေသာအခါနတ္လူ သတၱဝါအားလုံးအားေမတၱာ ပို႔သည္။ (၂၇) ရက္ျပည့္ေသာအခါ ထူးျခားသည့္ အိပ္မက္ျမင္မက္သည္။
“ခေရပင္ႀကီးေအာက္မွာ အဓိ႒ာန္လာဝင္၊ ထူးျခားမႈေတြ႕ရမယ္” ခေရပင္ႀကီးဆိုတာဘုန္းႀကီးေက်ာင္းဝင္းထဲကအပင္ႀကီးကိုေျပာတာ ပဲ ျဖစ္ရမယ္ဟု ေမာင္ေအာင္ေက်ာ္ မွတ္ယူလိုက္သည္။ နံနက္မွာ ဘုရား မွာ ပုတီးစိပ္ၿပီး ညေနပိုင္း ခေရပင္ႀကီးေအာက္သြားသည္။ ပုတီးမစိပ္ခင္ တံျမက္စည္းလွည္း၊ ေရထည့္၊ ကုဋီေရေဆး၊ ထင္း၊ ခြဲေပး စသည့္ေက်ာင္း ေဝယ်ာဝစၥ ဝိုင္းလုပ္ေပးသည္။

“ေမာင္ေအာင္ေက်ာ္ ခဏလာဦးကြာ” “တင္ပါ့ဘုရား… အခုလာပါ့မယ္” “မင္းအဘြား အေျခအေန ဘယ္လိုေနလဲ” “ေရာဂါ သက္သာပါတယ္ဘုရား”
“အခုဘာေတြလုပ္ေနလဲ”
“အိမ္အလုပ္ဝိုင္းလုပ္၊ ၿပီးေတာ့-ပုတီးစိပ္ အဓိ႒ာန္ဝင္ေနပါတယ္
ဘုရား”
“ဘာသာေရး ဝါသနာပါတာ ေကာင္းတယ္။ ေလာကီ၊ ေလာကုတၱရာ တစ္ခုခုေပါက္ေအာင္ လုပ္ကြာ။ ပရိတ္ေတာ္၊ ပ႒ာန္းေတြလည္း ေန႔စဥ္႐ြတ္ ဆိုဖတ္ခ်င္တဲ့ စာအုပ္ရွိရင္ေျပာ၊ ဗီ႐ိုထဲမွာရွိတာ ထုတ္ေပးမယ္။ အဓိ႒ာန္ လုပ္ရင္ မပ်က္ေစနဲ႔ ၾကားလား”
“မွန္ပါ့ဘုရား”
“ေက်ာင္းထဲကခေရပင္ႀကီးမွာအေစာင့္အေရွာက္ေတြရွိတယ္။ေမတၱာ
ပြားမ်ားပို႔ေပး၊ အက်ိဳးျပဳလိမ့္မယ္”
ေအာင္ေက်ာ္သာ ခေရပင္ႀကီးကို ပို၍ စိတ္ဝင္စားလာသည္။ တစ္ေန႔ တြင္ ေက်ာင္းသို႔အာဂႏၲဳပုဂၢိဳလ္တစ္ဦး ေရာက္ရွိလာသည္။ အသက္အား ျဖင့္ေျခာက္ဆယ္စြန္းစြန္းေလာက္ရွိပါမည္။ထိုသူသည္အေပၚျဖဴ၊ ေအာက္ ျဖဴဝတ္ထားၿပီး ေခါင္းမွာလည္း ေခါင္းေပါင္း၊ အျဖဴဝတ္ပတ္ထားသည္။ အျဖဴဟုဆိုေသာ္လည္း အေရာင္မွာ ျဖဴမႈိင္းမႈိင္းျဖစ္ေနသည္။ လြယ္ထား ေသာ လြယ္အိတ္မွာေတာ့ အညိဳေရာင္ျဖစ္သည္။ ဆရာေတာ္အား တစ္ည တာတည္းခိုခြင့္ေတာင္းသည္။ သူ ကိုင္လာေသာေတာင္ေဝွးမွာ ဝါးေတာင္ ေဝွးျဖစ္ၿပီး အေပၚတြင္နဂါးပုံစံျဖစ္ေန၏။ ေနာက္တစ္ေန႔ မိုးလင္းေသာအခါ ေအာင္ေက်ာ္သာ ထိုပုဂၢိဳလ္ႏွင့္ ဆုံေတြ႕ရသည္။ ေအာင္ေက်ာ္သာႏွင့္ ေလာကီပညာအေၾကာင္း ေဆြးေႏြးေျပာဆိုရင္း လက္တစ္ဖက္ကို ေျမႇာက္ ကာ ေလထဲမွ တစ္စုံတစ္ခုလွမ္းယူလိုက္သည္။ သူ၏လက္တြင္ ပုတီးတစ္ ကုံးပါလာ၏။ ထူးဆန္းလွသည္။

“ေရာ့ – ဒီပုတီးကိုစိပ္”
“ပုတီးက ေလထဲကေန ဘယ္လို ေရာက္လာတာလဲအဘ” “ဒါလား – ႐ုကၡစိုးမင္းထံက ေတာင္းယူလိုက္တာေလ” “ဟာ- ထူးဆန္းလွခ်ည္လား” “ေမာင္ရင္လည္းႀကိဳးစားရင္ ရႏိုင္ပါတယ္” “အဲဒါ ဘာအတတ္ပညာလို႔ေခၚလဲ” “ေမွာ္အတတ္ပညာလို႔ေခၚတယ္”
စကားေျပာေနစဥ္ ႐ြာထဲမွ လူတစ္ဦး ေရာက္လာသည္။ ထိုသူသည္ အျဖဴေရာင္ဝတ္စုံႏွင့္ ပုဂၢိဳလ္တစ္ဦး ခ်ဥ္းကပ္ၿပီး တစ္စုံတစ္ခုေျပာမည့္ဟန္ ျပင္လိုက္၏။ သူ႔ႏႈတ္မွ ဘာမွမေျပာခင္ –
“ကိုယ့္လူ ေလာင္းကစားလုပ္လို႔ အိမ္ရွိပစၥည္းေတြ ကုန္ေနၿပီ မဟုတ္ လား”
ထိုသူလည္း တအံ့တဩႏွင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားသည္။ “ဟုတ္ပါတယ္အဘ – အခုေလာင္းကစားကိစၥ အႏိုင္ရဖို႔ အေဆာင္ရွိ ရင္ ခ်ီးျမႇင့္ပါအဘ”
“ဒီေန႔-႐ြာျပင္က မန္က်ည္းပင္ေအာက္ကြက္လပ္မွာ ၾကက္တိုက္ဖို႔ စီစဥ္ေနတယ္ မဟုတ္လား”
“ဟုတ္ပါတယ္ – အဘ၊ ကုန္သြားတာေတြ ျပန္ရရင္၊ ေနာက္ ဒီအလုပ္ မလုပ္ေတာ့ပါဘူး”
“အဘကေလာင္းကစားကိုအားမေပးဘူး။ေကာင္းေရာင္းေကာင္းဝယ္ လုပ္ရင္အားေပးမယ္။ အေဆာင္ေပးရင္ ေဈးေရာင္းေကာင္းတဲ့ အေဆာင္ပဲ ေပးမွာ။လုပ္ေနက်ကုန္သည္ပြဲစားအလုပ္ျပန္လုပ္ပါ၊တစ္ႏွစ္အတြင္းစီးပြား
ျဖစ္မယ္”
“ဘယ္လိုလဲ-ကတိေပးႏိုင္မလား” ေခတၱစဥ္းစားၿပီးေနမွ –
“ေပးပါတယ္အဘ-ေလာင္းကစားမလုပ္ေတာ့ပါဘူး။ ကိုယ့္အလုပ္ပဲ
ကိုယ္လုပ္ပါေတာ့မယ္”

လက္တစ္ဖက္ကို ေျမႇာက္၍ ေလထဲမွ တစ္စုံတစ္ရာလွမ္းယူလိုက္ သည္။ ထိုသူအား လက္ဖဝါး ျဖန႔္ခိုင္းလိုက္သည္။ ထို႔ေနာက္ လက္ႏွစ္ဆစ္ နီးပါးရွိရဟႏၲာ႐ုပ္ထုေလးထည့္ေပးလိုက္သည္။
ထိုပုံေတာ္မွာ ရွင္သီဝလိရဟႏၲာပုံေတာ္ျဖစ္သည္။ ထိုသူလည္း လက္ အုပ္ခ်ီကန္ေတာ့ျပန္သြားသည္။
“အဘ- ႐ုကၡစိုးထံက ေတာင္းေပးတာလား”
“ဟုတ္တယ္ – လာဘ္ပြင့္အေဆာင္တစ္ခုပါ။ အစြမ္းရွိ တန္ခိုးရွိတဲ့ ရွင္ သီဝလိရဟႏၲာပုံေတာ္ေလ”
(မွတ္ခ်က္)တစ္ႏွစ္အတြင္းအေဆာင္႐ုပ္ထုရသူမွာႏြားပိုင္၊လွည္းပိုင္၊ စက္ပစၥည္းမ်ားႏွင့္ ခ်မ္းသာသြားသည္တာ ေတြ႕ျမင္ရသည္။ “အဘ – ေမွာ္အေၾကာင္း ေျပာျပေပးပါလား”
“ေမွာ္နဲ႔ ပတ္သက္လို႔ေျပာရရင္ ရိပ္ဝင္ရိပ္ထြက္ေမွာ္၊ သူရႆတီေမွာ္၊ လက္ဖက္ေမွာ္၊ ေႁမြေမွာ္၊ ႐ုကၡစိုးေမွာ္၊ ေၾကာင္နက္ေမွာ္၊ သရဏဂုံေမွာ္၊ ပုဏၰကေမွာ္၊ ေနေမွာ္လေမွာ္စသည္ျဖင့္ ေမွာ္အမ်ိဳးမ်ိဳးရွိတယ္”
“ဘယ္ေမွာ္က အစြမ္းအထက္ဆုံးလဲ”
“သူ႔ဟာနဲ႔သူ အစြမ္းရွိၾကပါတယ္”
“ေမာင္ရင္က သရဏဂုံသုံးပါး ပုတီးစိပ္ေနတယ္မဟုတ္လား” “ဟုတ္ပါတယ္ – အဘ”
ေအာင္ေက်ာ္ စိတ္ထဲမွာေတာ့ ထိုပုဂၢိဳလ္ႀကီးကို အရမ္းအထင္ႀကီးေန မိ၏။ အၾကားအျမင္ရေနေသာ ပုဂၢိဳလ္ဟု ထင္ေနသည္။ သူ႔လိုပဲ ေဟာေျပာ ခ်င္၊ ေဆာင္႐ြက္ခ်င္လိုက္တာဟုစိတ္ကူးယဥ္ေနမိ၏။
“ဒီေတာ့ – ဦးစြာပထမ သရဏဂုံေမွာ္သြင္းပုံရွင္းျပမယ္၊ လိုက္မွတ္ခ်င္ လည္းစာအုပ္နဲ႔ေဘာလ္ပင္သြားရွာခဲ့ပါ”
သည္။
ေမာင္ေအာင္ေက်ာ္ကပၸိယႀကီးထဲမွခဲတံႏွင့္စာအုပ္တစ္အုပ္ငွားလိုက္
“ေသခ်ာမွတ္လာၿပီးငါ့လည္း ျပန္ေပးေနာ္”

“ေပးရမွာေပါ့ – ကိုယ့္ေက်းဇူးရွင္၊ ကိုယ့္ထက္ သက္ႀကီးဝါႀကီးေတြကို မေမ့ပါဘူး”
သည္။
“ကဲ-လိုက္မွတ္ေပေတာ့”
အျဖဴေရာင္ဝတ္ ပုဂၢိဳလ္ႀကီးမွာ လက္တစ္ဖက္တြင္ ပုတီးကိုင္စိပ္ေန
“ေခါင္းစဥ္တပ္လိုက္၊ သရဏဂုံေမွာ္သြင္းပုံ”

အဇၨတေဂၢပါနေပတံ ဗုဒၶသရဏံ ဂစာၦမိ၊ အဇၨတေဂၢ ပါနေပတံ ဓမၼ
သရဏံ ဂစာၦမိ၊ အဇၨတေဂၢပါဏုေပတံ သံဃံသရဏံ ဂစာၦမိ။ ဤကဲသို႔ သုံး ႀကိမ္ဆို။ ဤကဲ့သို႔ အသက္ရွည္သမွ်ကာလပတ္လုံး သုံးပါးေသာ သရဏဂုံ ကိုမကြာထက္ၾကပ္ ဆည္းကပ္ကိုးကြယ္ပါသည္။ ကိုးကြယ္ရေသာေၾကာင့္ ေကာင္းေသာ သစၥာမွန္စြာ စကားကိုဆိုပါသည့္အေၾကာင္းေၾကာင့္ မေႏွာင့္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းခ်မ္းသာ၊ မဂၤလာတိုးတက္ က်က္သေရဘုန္း တန္း၊ လြန္ပြင့္လန္းလ်က္ အၾကမ္းသရဲမွီဝဲေနသည့္သူ၊ အပူအဆာ ဗ်ာပါ ဒုကၡရွိသမွ်ကို ငါက ေပ်ာက္ေစ။ ဆိုေထြစကား ၾကားကမေန ေျပေပ်ာက္ ေစ၍ ေ႐ႊ၊ ေငြ၊ ေၾကး၊ သံ၊ ဒန္၊ ျပဒါး၊ သြပ္၊ ဂြၽတ္စိန္ေဆးဒန္း၊ ခဲယမ္း၊ ဒုတၳာ၊ ဓာတ္မ်ားစြာလည္း၊ ညိဳျပာနီေ႐ႊ၊ ေထြေထြလာလာ၊ ေဆးတကာႏွင့္၊ ငါသာ လုပ္လည္း၊ မယုတ္မေသြ၊ေ႐ႊေငြေက်ာက္သံျဖစ္ေစေသာ။ ဇမၺဴေျမျပင္ ျမင္ ျမင္သမွ်၊ ပင္႐ုကၡလည္း၊ ကိနဖာလာ၊ မ်ားလွစြာသည္၊ လက္သာအမိ၊ ငါ ကိုင္မိက၊ ေဆးထိမလြတ္၊ အျမတ္မြန္စြာ၊ စိတ္လိုရာကို၊ ပါေစေသာ။
ငါးေထာင္ရွည္ၾကာ၊ သာသနာကို၊ ေစာင့္ပါအညီ၊ ေဒဝီေဒဝ၊ စသည့္ အမ်ား၊ နတ္မင္းမ်ားလည္း၊ စကားႏႈတ္ဆက္၊ ငါ့ကိုဘက္၍၊ အသက္ထက္ဆုံး မစေသာ။မေကာင္းမရာ၊ငါ့အားဆိုးႀကံ၊ရန္လည္လိုမူ၊ ထိုသူကိုသုံးလူခ်စ္ရွင္၊ တန္ခိုးအင္ႏွင့္ နတ္ရွင္တစ္စု၊ ဝန္းက်င္ျပဳလ်က္၊ ေထာင္းထုသတ္႐ိုက္၊ ငါလွ်င္တိုက္လည္း၊ လိုက္လဆင္ေစေသာ။ အေဝးအနီး၊ ခရီးတသ၊ တစ္ မၾကာစိတ္ပါကိုယ္ေရာက္၊ေအာက္ထက္တြင္းျပင္၊ထြက္ဝင္လူးလာ၊နာနာ
ဒီပ၊ ႐ူပနိကာယ္၊ အသြယ္သြယ္ကို ႐ြယ္တိုင္ငါ့ဝယ္ၿပီးေစေသာ။ ေၾကာင္း- ဗုဒၶဓမၼာ သံဃာအားကို၊ ငါအား ကိုးကြယ္လွ်င္သတည္း၊ ေကာင္းက်ိဳးခ်မ္း သာမဂၤလာသည္၊ မခြာေန႔တိုင္းလာေစေတာ့၊ သရဏဂုံသုံးပါးကိုထန္း႐ြက္ မွာ ေရး၍ မီးရႈိ႕ၿပီးလွ်င္ ၎ျပာကို နံ႔သာငါးပါးေရႏွင့္ ေဖ်ာ္ရည္ေသာက္၊ ၎ သရဏဂုံကိုပင္ သက္ေစ့စုတ္ေလဟု ေျပာဆိုသည္ကို ေမာင္ေအာင္ေက်ာ္ မွတ္သားပါသည္။
“ကဲ-ေမာင္ေအာင္ေက်ာ္ ေသခ်ာေဆာင္႐ြက္ေပေတာ့။ ပုဂၢိဳလ္ေတြက အိပ္မက္ေပးရင္ေပး၊ တဲ့အတိုင္းျပဳလုပ္ပါ၊ ေမွာ္ပညာေအာင္ျမင္ပါလိမ့္မယ္” “ဟုတ္ကဲ့ပါ – အဘ”
ေမာင္ေအာင္ေက်ာ္သည္ သရဏဂုံသုံးပါး ေမွာ္ပညာကို ေသခ်ာမွတ္ သားလိုက္နာေဆာင္႐ြက္ေလသည္။ တစ္ႏွစ္ခန႔္အၾကာတြင္အျခား႐ြာတစ္
႐ြာသို႔သြားစဥ္လမ္းတြင္ေစာင္ကိုပုခက္လုပ္ထမ္းလာေသာျမင္ကြင္းတစ္ခု
ျမင္ေတြ႕ရသည္။
“ဘာျဖစ္လို႔လဲ ခင္ဗ်ာ” “ပိုးထိလာလို႔ ေဆး႐ုံသြားပို႔ၾကမလို႔”
လူတစ္ဦးမွ”ေရွ႕မွာဇရပ္တစ္ခုရွိတယ္။ေခတၱနားၿပီးလူနာအေျခအေန
ၾကည့္ၾကဦး”
ေမာင္ေအာင္ေက်ာ္ စိတ္ဝင္စားသြားသည္။ သူလည္း ဇရပ္ေပၚလိုက္ ၾကည့္သည္။ အနီးရွိ ေရအိုးစင္မွ ေရတစ္ခြက္စပ္ၿပီး သရဏဂုံ႐ြတ္ဆိုကာ လူနာကို ေရတိုက္ခြင့္ေတာင္းၿပီး ပိုးထိေသာေနရာကိုလည္း ေရျဖင့္ေဆး လိမ္းသလို လိမ္းေပးလိုက္သည္။ ပိုးထိေသာ ေနရာမွာ ႐ြာမွ ေရွးဦးသူနာျပဳ နည္းႏွင့္ ႀကိဳကုၿပီး ပတ္တီးစည္းထားသည္။ ေအာင္ေက်ာ္ ေရမန္းတိုက္ ေရမန္းလိမ္းလိုက္ေသာအခါ လူနာမ်ားလွဲေနရာမွ ထထိုင္၏။ ၿပီးေတာ့
လူေကာင္းပကတိအတိုင္းမတ္တတ္ရပ္လိုက္သည္။ “ဘသိန္း – ဘာလုပ္ခ်င္လို႔လဲ”
“ကြၽန္ေတာ္ ဘာမွမျဖစ္ေတာ့ဘူး။ မ်က္လုံးေတြလည္း မျပာေတာ့ ဘူး။ ေျခေထာက္လည္းမနာေတာ့ဘူး”
“ဒီလူငယ္ ေရမန္းနဲ႔ ကုလိုက္လို႔ ေကာင္းသြားတာျဖစ္မယ္”
“စိတ္ခ်ရေအာင္ ေဆး႐ုံသြားၾကမယ္”
“ေဆး႐ုံသြားစရာမလိုပါဘူး။ က်ဳပ္အာမခံပါတယ္”

ထိုေနမွစ၍ ေအာင္ေက်ာ္ ႐ြာမွာ နာမည္ႀကီး သြားသည္။ ေရာဂါအမ်ိဳး မ်ိဳး ေဆးကုသသူေတြ ေရာက္လာသည္။ လျပည့္ေန႔ညတြင္ ဘုရားေစတီ ၌ ပုတီးစိပ္ေနစဥ္ အဓိ႒ာန္ၿပီးေသာအခါ ဝတ္ျဖဴစင္ၾကယ္ႏွင့္ပုဂၢိဳလ္တစ္ဦး ေရာက္လာၿပီး “လက္ဝါးျဖန႔္” ဟု ေျပာၿပီး လက္ထဲသို႔ ေ႐ႊေရာင္ဓာတ္လုံး တစ္လုံးထည့္ေပးသြားသည္။
“သတၱဝါေတြကယ္ . . . ေလာဘမႀကီးနဲ႔ . . .သစၥာမပ်က္နဲ႔” ဟုဆိုကာ အနားမွ ထြက္ခြာသြားသည္။ ေအာင္ေက်ာ္ေနာက္မွ လိုက္ၾကည့္ေသာအခါ ဘုရားအေပၚမွ ဆင္း၍မုခ္ဝအနီးတြင္ ေပ်ာက္သြားသည္။ အိမ္ေရာက္ေသာ အခါ ထိုဓာတ္လုံးကို ေသခ်ာၾကည့္လိုက္သည္။ ဓာတ္လုံးမွာ ေျပာင္လက္ ေနၿပီး ထိပ္တြင္ဝလုံးကဲ့သို႔ ဝိုင္းစက္ေနသည္။ လက္ကိုင္ပဝါႏွင့္ ေသခ်ာ ထုပ္ၿပီး ဘုရားေက်ာင္းေဆာင္ေပၚတင္ထားလိုက္သည္။
နံနက္ေစာေစာတြင္ အမ်ိဳးသားတစ္ဦးေျပးလာၿပီး။
“ေမာင္ေအာင္ေက်ာ္ ကယ္ပါဦးကြာ။ ငါ့မိန္းမ – ကေလးမေမြးႏိုင္လို႔” ဖ်တ္ခနဲ သတိရၿပီး ဓာတ္လုံးကို ေရစိမ္ကာ ေရကို ဘူးႏွင့္ထည့္ေပး
လိုက္သည္။
“ေရာ့ – ဒီေရတိုက္လိုက္၊ ေခ်ာေခ်ာေမာေမာ ေမြးသြားမယ္” မၾကာမီထိုသူျပန္ေရာက္လာေလ၏။
“ေက်းဇူးတင္လိုက္တာ – ေမာင္ေအာင္ေက်ာ္။ ဆရာေအာင္ေက်ာ္လို႔ ေခၚပါရေစ။ ေက်းဇူး မေမ့ပါဘူး။”
ညပုတီးစိပ္ေမတၱာပို႔ၿပီး အိပ္ရာဝင္ေသာအခါ အိပ္မက္ထဲတြင္ ဝတ္ျဖဴ စင္ၾကယ္ပုဂၢိဳလ္ေရာက္လာသည္။ပုံစံမွာဘုရားမွာေတြ႕ေသာပုဂၢိဳလ္ပုံစံျဖစ္ သည္။ ဘုန္းႀကီးေက်ာင္းမွာ ေတြ႕ေသာ အဘမ်က္ႏွာႏွင့္ ခပ္ဆင္ဆင္။
“အိမ္ေရွ႕မွာဆရာေအာင္ေက်ာ္သာလို႔ဆိုင္းဘုတ္တင္ထားၿပီးသတၱဝါ
ေတြ ကယ္တင္ကုသေပးကြာ၊ အမ်ားထက္သာတဲ့ ေအာင္ေက်ာ္သာျဖစ္ ေစ”

ၿခံေရွ႕တြင္“ဆရာေအာင္ေက်ာ္သာ”ဟူ၍ဆိုင္းဘုတ္တင္လိုက္သည္။ ႐ြာဦးေက်ာင္း ဆရာေတာ္ကို သြားေရာက္ကန္ေတာ့ၿပီး ႐ြာသူ႐ြာသားမ်ား ကိုေကာက္ညႇင္းေပါင္းေကြၽးသည္။ဆရာေအာင္ေက်ာ္သာသူ႔နိမိတ္ႏွင့္သူ တစ္ေန႔တျခား ေကာင္းျခင္းမဂၤလာေတြ စုေပါင္းေရာက္ရွိလာသည္။ (၇)ေန႔သားသမီးေတြကိုက်န္းမာေရးကိစၥေဆာင္႐ြက္ေပး၊ ေဆးကုသ ေပးရတာ အဆင္ေျပသည္။ အခ်ိဳ႕ ပေယာဂအေႏွာင့္အယွက္မ်ားကို ဓာတ္ လုံး၊ ေရမန္းတိုက္၊ ေရပက္ဖ်န္းေပးလိုက္ရာ လူေကာင္းပကတိ ျဖစ္သြား သည္။
“ဆရာေအာင္ေက်ာ္-ကြၽန္ေတာ့္အမ်ိဳးသမီးဗိုက္ေအာင့္ေနလို႔ေခၚလာ တယ္။ ေဆးေသာက္တာလည္း မေပ်ာက္ဘူး”
“ဟုတ္ၿပီ-ေခၚလာခဲ့၊ က်ဳပ္စမ္းသပ္စစ္ေဆးၿပီး ကုသေပးမယ္” အမ်ိဳးသမီးတစ္ဦး ေပြ႕ခ်ီလာသည္။ ဆရာေအာင္ေက်ာ္သာေရွ႕ေရာက္ ေသာအခါ “ဗိုက္ေအာင့္တယ္ – အား – အား – အေမေရ ကယ္ပါဦး။ ဆရာ ကြၽန္မကို ေပ်ာက္ေအာင္ ေဆးကုေပးပါဆရာ”ဟု ေအာ္ဟစ္ေလေတာ့
သည္။
“ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ဘုရားကို အာ႐ုံျပဳထား” “ပေယာဂအေႏွာင့္အယွက္ရွိတယ္၊ သူမ်ားျပဳစားထားတာ”
ဓာတ္လုံးေရမန္းတိုက္ေကြၽးၿပီးေရျဖင့္ေခါင္းကိုပုတ္ကာပက္ဖ်န္းေပး လိုက္သည္။ေနာက္ေက်ာကိုတစ္ခ်က္ႏွစ္ခ်က္ပုတ္လိုက္ေသာအခါပါးစပ္
ထဲမွ မည္းမည္းအရည္မ်ား ထြက္လာသည္။ ေထြးခံတစ္လုံးခံ၍ ေထြးခိုင္း သည္။ ဆံပင္ခ်ည္ေထြးမ်ားႏွင့္တူသည္။ (၁၅) မိနစ္ခန႔္အၾကာတြင္ လူ ေကာင္းပကတိကဲ့သို႔ သက္သာသြားေလသည္။ ခံစားေနရေသာ ေဝဒနာ လြင့္စဥ္သြားေတာ့၏။
“စကားေျပာ ဆင္ျခင္၊ သရဏဂုံ အၿမဲ ပုတီးစိပ္ပါ” “ဟုတ္ကဲ့ပါဆရာ”

တစ္ေန႔ ဆရာေအာင္ေက်ာ္ ဘုန္းႀကီးေက်ာင္းသို႔ တစ္ေယာက္တည္း ေအးေအးလူလူထြက္လာေသာလမ္းတြင္ေတာင္ေဝွးတစ္ေခ်ာင္းႏွင့္အဘိုး
အိုတစ္ဦးေတြ႕သည္။
“ဟာ – အဘ ဘယ္ကေန ျပန္လာတာလဲ၊ မေတြ႕ရတာၾကာၿပီ။ အဘနဲ႔ ေတြ႕ခ်င္ေနတာ”
လား”
“ေမာင္ေအာင္ေက်ာ္ – အခု – ဆရာေအာင္ေက်ာ္သာျဖစ္ေနၿပီ မဟုတ္
“ဟုတ္ပါတယ္ အဘ – အဘ ဘယ္လိုလုပ္သိလဲ” “ေမာင္ရင္ အိမ္ေရွ႕ကဆိုင္းဘုတ္ကို ၾကည့္လာလို႔ပါ” “ဒီတစ္ေခါက္ အဘကြၽန္ေတာ့္အိမ္မွာတည္းပါ”
“ေကာင္းပါၿပီ၊ ေလာေလာဆယ္ေတာ့ ဆရာေတာ္ကိုဦးတိုက္ရမယ္” ႏွစ္ေယာက္သား ဆရာေတာ္အား ဦးတိုက္ကန္ေတာ့ၾကသည္။ ဆရာ ေတာ္မွာ သူ႔တပည့္ ဆရာျဖစ္ၿပီးေအာင္ျမင္ေန၍ဝမ္းသာေနေလ၏။ “ေမာင္ေအာင္ေက်ာ္က ႐ြာမွာတင္မကဘူး၊ အျခား႐ြာေတြကလည္း လွည္းနဲ႔ လာပင့္ၾကရတယ္။ သတင္းေမႊးေနပါၿပီ၊ အားလုံးက အားကိုးၾက
တာ
“ဝမ္းသာပါတယ္ ဆရာေတာ္၊ တပည့္ေတာ္လည္း အတတ္ပညာေတြ ေပးခဲ့ပါဦးမယ္”
“ပညာတတ္တာေကာင္းပါတယ္၊ သူတစ္ပါး ဒုကၡေရာက္တဲ့ပညာဆို
ရင္ေတာ့မေကာင္းဘူး”
“မွန္ပါတယ္ – အရွင္ဘုရား”
ေမာင္ေအာင္ေက်ာ္မွ ဆရာေအာင္ေက်ာ္သာျဖစ္လာသူသည္အသက္ ႏွစ္ဆယ္ေက်ာ္သာရွိေသး၍ ထူးျခားဆန္းၾကယ္ေသာ ပညာကို လိုခ်င္ေန ၏။ ညဘက္တြင္ အာဂႏၲဳ ပုဂၢိဳလ္အား ႐ုကၡစိုးေမွာ္အေၾကာင္း ေျပာျပေပးရန္ ေတာင္းဆိုေလသည္။ အာဂႏၲဳပုဂၢိဳလ္လည္း “ဒီတစ္မ်ိဳးေတာ့ အဘေပးခဲ့ မယ္-ေမာင္ရင္နဲ႔ က်ဳပ္ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ဖို႔မလြယ္ဘူး။ က်ဳပ္ လူ႔ ေဘာင္ကိုစြန႔္ၿပီးရေသ့ရဟန္းဘဝနဲ႔ အရိယာဝိဇၨာလမ္းကိုလိုက္ေတာ့မယ္”

“အဘရွိတဲ့ေနရာေရာက္ေအာင္လာခဲ့ပါမယ္”
“တကူးတကလိုက္မရွာပါနဲ႔၊က်ဳပ္ေနရာအတိအက်မသတ္မွတ္မေ႐ြး
ထားပါေသးဘူး”
“အဘေပးမယ့္ ႐ုကၡစိုးေမွာ္နည္းလိုက္မွတ္ရေတာ့မလား” “အဆင္သင့္ျဖစ္ရင္ ေျပာမယ္”
အာဂႏၲဳပုဂၢိဳလ္ႀကီးသည္ေရေႏြးတစ္ခြက္ငွဲ႔ေသာက္လိုက္၏။ လက္ထဲ
မွ ပုတီးကို လည္ပင္းခ်ိတ္ဆြဲလိုက္သည္။ ကြမ္းတစ္ယာကိုယာ၍ ငုံထား လိုက္သည္။
“ဘုရားေက်ာင္းေဆာင္ေပၚက ဓာတ္လုံးမေပ်ာက္ေစနဲ႔ေနာ္။ အဂၢိရတ္ သမားေတြေတြ႕ရင္ ဖိုထိုးရင္ဆက္ထိုးလို႔ရတယ္။ ေ႐ႊျဖစ္ႏိုင္တယ္ ဆရာ ေအာင္ေက်ာ္ေရ”
“ေမာင္ေအာင္ေက်ာ္ပဲ – ေခၚပါအဘရယ္”
“အဘနာမည္လည္းမသိရဘူးေနာ္”
“ေျမေလွ်ာက္ဝိဇၨာလို႔ မွတ္ထားလိုက္လို႔ကြာ” “လိုက္မွတ္လို႔ အဆင္သင့္ျဖစ္ရင္ ေခါင္းစဥ္တပ္ထားကြာ”

ငွက္ေပ်ာသီးယို၊အုန္းသီးယို၊သေဘၤာသီးယို၊ဖေယာင္းသုံးတိုင္း၊ကြမ္း
သုံးရာ၊ လက္ဖက္သုံးထုပ္။ ၎လက္ဖက္တြင္ ၾကက္သြန္ေၾကာ္ထည့္၊ ဆီ ဆားထည့္၊ လက္ႏွင့္မနယ္ရ။ ဆားမျမည္းရ၊ ဆန္တစ္ခြက္ခ်က္၊ မွန္လွေစ။ အထက္ပါခုနစ္မ်ိဳးကို လင္ပန္းသုံးခ်ပ္ကို စင္ၾကယ္စြာေဆး၊ ငွက္ေပ်ာဖက္ ခင္း၍ သုံးပြဲျပင္ (၇)ခြက္စီ ညီမွ်ေအာင္ထည့္၍မႏၲန္စုတ္ပါ၊ စုတ္ရမည့္ မႏၲန္ မွာ ဥဘုမၼတၳေဒဝတာ။ ႐ုကၡပေဒဝတာ အာကာသထေဒဝတာ၊ ေဒဝတာ

သုံးပါး အရွင္မ်ားတို႔ ကြၽႏ္ုပ္အားကို၊ သနားခ်စ္ခင္၊ ၾကင္နာစုံမက္၊ ေမတၱာ သက္ဝင္ေတာ္မူၾကပါကုန္ေလာ့။ ေကာင္းက်ိဳးခ်မ္းသာမဂၤလာ၊ မကြာေန႔
ညေပးေစေသာ္။ေပးရေသာအရွင္မ်ားလည္းဘုရားျမတ္စြာ၊မိေတယ်ာကို၊
ဦးစြာ ဖူးေတြ႕ရပါေစေသာ္။ ဖူးရေသာအခါ ထိုျမတ္စြာက ဗ်ာဒိတ္ကြၽတ္ဆု ေပးေစေသာ္။ ေၾကာင္း – နေမာေဒဝတာ။ ဝႏၵာမိ-ဝႏၵာမိ-ဝႏၵာမိ။
၎ဂါထာ (၃၇) အုပ္ စုပ္၍ အိမ္ဝင္း၊ ၿခံဝင္း၊ ေက်ာင္းဝင္းမွာ သန႔္ရွင္း ေသာ သစ္ပင္ရင္း၌ ညဦးက သန႔္ရွင္းေအာင္ ျပဳလုပ္ထားပါ။ နံနက္မလင္းမီ အ႐ုဏ္တက္တြင္ ၎သစ္ပင္ရင္းတြင္ ပြဲသုံးပြဲစလုံးတင္၊ နာရီဝက္ခန႔္ထား ၿပီးရင္ ထိုသစ္ပင္ရင္းတြင္ ငွက္ေပ်ာဖက္ခင္း၍ သုံးပြဲစလုံးစု၍ပုံပါ။ ၎ပုံ ၿပီးပါက စုတ္ရန္ မႏၲန္မွာ ဥေဘာေဒဝ၊ ဘုမၼ႐ုကၡဝါ မမေယာ ဗဟုဇနာ။ ဒိဝါ ကာေလ ဝိမာေကာေဒါ။ အာကာသိပိ။ ကုဒါစနံ၊ တိယာမယာဘိ။ ကာလံ မယုံ။ တုယွၪၥေပမနံ၊ ပ႒ာနာေမသမိဇၩတု။ စကၠဝါေလပိ စိႏၲိတံ။ ၎ဂါထာ (၃၇)အုပ္ စုပ္ၿပီးလွ်င္ စားႏိုင္သမွ် စုံေစ့ေအာင္စားပါ။ ေမွာ္သြင္းေသာအခါ မည္သည့္ေန႔ သားသမီးမဆို တနဂၤေႏြေန႔ နံနက္ကစ၍ စေနေန႔ နံနက္ထိ ေအာင္ ခုနစ္ရက္ေစ့ေအာင္သြင္း။ ခုနစ္ရက္အတြင္း ရွစ္ပါးသီလကို ထိန္းရ မည္။ သို႔မွ- သူတစ္ပါးက မေကာင္းႀကံလွ်င္ သိႏိုင္သည္။ နားၾကားမည္။ ထို႔ျပင္ ေဗဒင္ေဟာျခင္း၌ တစ္ထစ္ခ် မွန္လိမ့္မည္။ အထူးမွာ – အထက္ပါ ေမွာ္ကိုတစ္လျခားျဖစ္ေစ၊ ႏွစ္လျခားျဖစ္ေစ သုံးႀကိမ္တင္သ၍ဤသို႔စားရ ၏။ ထိုေမွာ္သြင္းေသာအခါ ရွစ္ပါးသီလ မထိန္းခဲ့လွ်င္ မေအာင္၊ ေမွာ္သြင္း ေသာသူသည္ သူ႔အသက္ကို သတ္ျခင္း၊ သူ႔ဥစၥာခိုးယူျခင္း၊ သူတစ္ပါး သား မယား လြန္ၾကဴးျခင္း စသည္တို႔ကို ေရွာင္ၾကဥ္ရမည္။ ေရွာင္ၾကဥ္မွ အက်ိဳး ေက်းဇူးခံစားရမည္။
“ကဲ-ေမာင္ေအာင္ေက်ာ္ – သေဘာေပါက္ေအာင္ ဖတ္ၿပီး လက္ေတြ႕ က်င့္ႀကံပါကြာ။ ဒီတစ္ခါေတာ့ ဆရာေအာင္ေက်ာ္သာကေန ေမွာ္ဆရာ ေအာင္ေက်ာ္သာျဖစ္မွာေသခ်ာပါၿပီ” “ဟုတ္ကဲ့ပါအဘ-ႀကိဳးစားက်င့္ႀကံပါမယ္”

ဆရာေအာင္ေက်ာ္ သူက်င့္ေနက် ခေရပင္ႀကီးေအာက္တြင္ ႐ုကၡစိုး၊ ေမွာ္ပညာႀကိဳးစားက်င့္ပါေတာ့သည္။ သုံးလခန႔္ၾကာၿပီးေသာအခါ ထူးျခား ေသာ အိပ္မက္မ်ား ျမင္မက္ေလ၏။
အေပၚျဖဴ၊ ေအာက္ျဖဴဝတ္ထားေသာပုဂၢိဳလ္ႀကီးမွ – “ေအာင္ေက်ာ္သာလိုတာေတာင္းပါ၊အဘိုးကူညီေပးမယ္”ဟုေျပာဆို
ေပ်ာက္ကြယ္သြားသည္။
တစ္ေန႔ ေဗဒင္ေဟာေဆးကုရင္း မိတ္ေဆြတစ္ဦးေရာက္ရွိလာသည္။ ထိုသူသည္ ေဗဒင္ဝါသနာပါၿပီး ေဆာင္လည္းေဆာင္ထားရန္ ဝါသနာပါသူ ျဖစ္၏။ ဆရာေအာင္ေက်ာ္သာမွ“ဘိုးဘိုးႀကီးစေနသားအတြက္ ထိုက္တန္
တဲ့အေဆာင္တစ္ခုခ်ီးျမႇင့္ေပးပါ” ဟုစိတ္အာ႐ုံျပဳၿပီးလက္တစ္ဖက္ေျမႇာက္ ေတာင္းဆိုလိုက္သည္။ လက္ထဲသို႔ တစ္စုံတစ္ရာ လာထည့္ေပးေသာအခါ ဆုပ္ကိုင္ၿပီးထိုသူအားေပးလိုက္သည္။ “ဟာ-လက္စြပ္တစ္ကြင္းပါလား”
ေက်ာက္အနက္ေရာင္ကို ေငြေရာင္ကြင္းျပဳလုပ္ထားေသာ လက္စြပ္
တစ္ကြင္း ေတြ႕ျမင္ရသည္။
“အဲဒါေဆာင္ထားပါ…စီးပြားေရးလာဘ္လာဘအဆင္ေျပတိုးတက္
ေအာင္ျမင္မယ္”
ထိုသူလက္ခလယ္တြင္စြပ္လိုက္ရာကြက္တိျဖစ္ေနေလ၏။စေနသား
အတြက္ အနက္၊ နက္ျပာေရာင္သည္ အက်ိဳးေပးအေရာင္ျဖစ္သည္။ တစ္ေန႔တျခား ဆရာေအာင္ေက်ာ္သာသည္ နာမည္ထင္ရွားၿပီး ေမွာ္ ဆရာဟုနာမည္ေက်ာ္ၾကားလာသည္။
“ေအာင္ေက်ာ္သာ – အဘြား ပန္းသီးစားခ်င္တယ္”
သူ၏ အဘြားစားလိုရာကို ႐ုကၡစိုး၊ နတ္မင္းအား တိုင္တည္ေတာင္း ဆိုလိုက္ရာ လက္ထဲသို႔ ပန္းသီးတစ္လုံး ေရာက္ရွိလာသည္။ ေမွာ္ဆရာ ေအာင္ေက်ာ္သာထံသို႔ ရပ္ေဝးရပ္နီးမွလူမ်ားေန႔စဥ္ေရာက္လာၾကသည္။

“ဆရာေအာင္ေက်ာ္သာ -ဟိုေန႔က ေလထဲကေန ဘုရားတစ္ဆူပင့္ တာအံ့ဩစရာေကာင္းလိုက္တာ”
“အဲဒါ – ႐ုကၡစိုးေမွာ္ေအာင္ထားတာျဖစ္မယ္” “အၾကားအျမင္ေဟာတာလည္းမွန္တယ္ေနာ္”
“အိမ္မွာျဖစ္ေနတာကိုလိုက္ၾကည့္ထားၿပီးေျပာသလားေအာက္ေမ့ရ
တယ္၊ ကြက္တိပဲ – ေတာ္လိုက္တာေနာ္”
“စိတ္မႏွံ႔တဲ့ေဒၚျမေမကိုစိတ္ျပန္ေကာင္းေအာင္ ကုေပးတာလည္းအံ့
စရာပါပဲေတာ္”
ဆရာေအာင္ေက်ာ္သာ ေမွာ္ပညာမွာ ၾကားရ၊ ျမင္ရသူတိုင္း အံ့ဩရ သည္။ ပစၥည္းေပ်ာက္၊ လူေပ်ာက္ေဟာေျပာလိုက္ပုံမွာ အလြန္မွန္လွေပ သည္။ တစ္နယ္လုံး အားကိုးၾကေလၿပီ။
ပစၥည္းအမ်ိဳးမ်ိဳးယူျပပုံမွာမ်က္လွည့္ျပသည္ႏွင့္တူလွေပသည္။ဘုရား ႐ုပ္ပြားေတာ္၊ ရဟႏၲာ႐ုပ္ထုပုံ၊ ဓာတ္လုံး၊ လက္စြပ္၊ ပုတီး၊ အစားအစာယူျပ ပုံမွာ လြန္စြာမွ အံ့ဩဖြယ္ေကာင္းေသာ ေမွာ္အတတ္ပညာစြမ္းျဖစ္သည္။ ဆန္းၾကယ္ေသာပညာရပ္ေပတကား။
သူ၏နားတြင္လာေျပာေသာအသံၾကားရေသာအသံအတိုင္းေျပာဆို
မႈမွာ အထူးမွန္သည္။
အိပ္မက္ထဲတြင္ ဝတ္ျဖဴစင္ၾကယ္ပုဂၢိဳလ္ေရာက္လာၿပီး – “ေအာင္ေက်ာ္ – ဘုရားတည္ရမယ္။ ဘုရား၊ ေစတီတည္ေပးပါ” ဆရာေအာင္ေက်ာ္ ဆရာေတာ္အား ခြင့္ေတာင္းၿပီး ခေရပင္ႀကီးအနီး တြင္ ေစတီတစ္ဆူတည္ရန္ ဆုံးျဖတ္လိုက္သည္။ တစ္ႏွစ္အတြင္းမွာ “ေအာင္ေစတီ”တစ္ဆူေအာင္ျမင္စြာ တည္ႏိုင္ခဲ့ေလၿပီ။ ယခုအခါေမွာ္ဆရာေအာင္ေက်ာ္သာတစ္ေယာက္ေယာဂီဝတ္စုံဝတ္
ကာ သာသနာျပဳလုပ္ငန္းမ်ားကိုမနားမေနေဆာင္႐ြက္လ်က္ရွိပါသည္။ တစ္ခ်ိန္က ေဗဒင္ေဟာ၊ ေဆးကု၊ ေမွာ္အတတ္မ်ားကို စိတ္ဝင္စားၿပီး အပတ္တကုတ္ တခုတ္တရ မနားမေနေဆာင္႐ြက္ခဲ့ေသာ ေမွာ္ဆရာ
ေအာင္ေက်ာ္သာမွာယခုအခါ ဘာသာေရးဆိုင္ရာကုသိုလ္ေကာင္းမႈအထူး
ျပဳလ်က္ရွိသည္။
လား”
“ဆရာေအာင္ေက်ာ္သာ ႐ုကၡစိုးေမွာ္အတတ္ေတြ လုပ္မျပေတာ့ဘူး
“အခ်ိန္ကာလအတိုင္းအတာတစ္ခုထိေဆာင္႐ြက္ေပးခဲ့ပါတယ္” “အခု- ေလာကီလုပ္ငန္းေတြ စြန႔္လိုက္ၿပီလား”
“ေဆးကုသ၊ သတၱဝါေတြကို ကယ္တင္တာကို မစြန႔္ပါဘူး။ ေဟာေျပာ တာေတြကိုေတာ့ စြန႔္လိုက္ၿပီေလ။ လူေတြက ေလာဘတက္ၿပီး အေလာင္း ကစားကိစၥေတြ လာေမးၾက။ က်ဳပ္လည္း ေျပာတာမွန္ေတာ့ အုန္းအုန္း က်က္က်က္ ျဖစ္လာတာေပါ့မေကာင္းဘူးေလ”
“ဟုတ္ပါတယ္ – ဆရာ၊ ဒီေခတ္မွာ လူေတြက ဘိုးေတာ္မယ္ေတာ္ ေနာက္လိုက္ၿပီး ဂဏန္းေတာင္းခ်င္သူကမ်ားေနတယ္” “ေမွာ္ပညာမွာ ဘယ္ေမွာ္အေကာင္းဆုံးလဲဆရာ”
“ရတနာသုံးပါး ဦးထိပ္ထားၿပီး ေဆာင္႐ြက္တဲ့ သရဏဂုံေမွာ္၊ ဂါထာ ႐ြတ္ၿပီး ေဆာင္႐ြက္ရတဲ့ လက္ဖက္ေမွာ္ေတြ ေကာင္းတယ္။ အမ်ားအက်ိဳး ျပဳတာ ပိုေကာင္းတယ္။ ေလာဘႀကီးလာရင္ ေဒါသ၊ ေမာဟျဖစ္ရင္ တတ္ ထားတဲ့ ေမွာ္အတတ္ေတြပါဝါေလွ်ာ့သြားတတ္တယ္”
ဆရာေအာင္ေက်ာ္သာေလာဘကိုအေတာသတ္ႏိုင္ခဲ့သည္။ ရရွိလာ ေသာေငြမ်ားကို ဘုရားတည္၊ သာသာနျပဳလုပ္ငန္းတြင္ ထည့္သုံးပစ္လိုက္ သည္။
မည္သို႔ပင္ဆိုေစကာမူ အထက္အညာေဒသ၏ ၿမိဳ႕ႏွင့္မေဝးလွေသာ ႐ြာကေလးတစ္႐ြာတြင္ ေမွာ္ဆရာေအာင္ေက်ာ္သာထင္ရွားေက်ာ္ၾကားခဲ့ ဖူးသည္မွာ ဂမၻီရ ဇာတ္လမ္းတစ္ပုဒ္ကဲ့သို႔ပင္….။
ေန ဂမၻီရ ဆရာလွမ်ိဳး (B.Sc)