” မြင်းစီးဝိညာဉ် “(စ/ဆုံး)

Unicode Version

” မြင်းစီးဝိညာဉ် “(စ/ဆုံး)
————————–

ဤရွာလေးသည် တစ်ချိန်တစ်ခါက အလွန်ကြွယ်ဝခဲ့ပုံ ရလေသည်။
ရွာဦးတွင်ရှိသောအများကောင်းမှု ပေါင်းစုထားသည့် ဘုန်းတော်ကြီးကျောင်း၊ ရွာလယ်တွင်ရှိနေသောဓမ္မာရုံတော်ကြီ။ ရွာသင်္ချိုင်းတွင် ဆောက်ထားသော တရားဟောဇရပ်ကြီးများနှင့် ရွာထဲရှိ အိမ်ကြီး၊ အိမ်ကောင်းများကို ကြည့် ခြင်းအားဖြင့် ကြွယ်ပုံ” ဟူသောရွာအမည်ဖြင့် လိုက်ဖက်လှပေသည်။ ကိုကျော်ဇင်သည်ဤရွာလေးသို့တာဝန်ကျရောက်ရှိလာသောကျောင်း ဆရာလေးဖြစ်သည်။ ပညာရေးဌာနတွင် သတင်းပို့စဉ်က ကိုကျော်ဒင်အား မြို့နယ်ပညာရေးအကြီးအကဲသည် ကြွယ်ပုံဆိုသောအမည်ကိုကြားရသော အခါ ဖော်ရွေ့၍ နေချင်စရာကောင်းပြီ၊ စိတ်ဝင်စားဖွယ်ရာများစွာရှိကြောင်း ပြောလိုက်လေသည်။ ထိုစဉ်က သေသေချာချာ သဘောမပေါက်ခဲ့သော် လည်း ယခု အဘိုးဦးမင်းနောင်တို့ ပြောပြသောကြွယ်ပုံရွာမှတောင်ပိုင်ကြီးအကြောင်းကိုနားထောင်ပြီးသည့်အခါပညာရေးမှူးပြောလိုက်သောစကားသဘောကိုပြန်လည်သတိရမိလေတော့၏။ ကျောင်းဆရာလေးသည်တစ်ကိုယ်ရေ တစ်ကာယဖြစ်၍ ရွာလယ်ရှိ အဘိုးဦးမင်းနောင်နှင့် သူ၏သမီး အမေ ဒေါ်အေးလှတို့နေအိမ်တွင်ရွာလူကြီးတို့ကနေရာချထားပးလေ၏။ ကောင်းလှသော အဘိုးနှင့်အမေတို့အား မိမိ၏ဆွေမျိုးသားချင်းအရင်းအချာ ပမာ တလေးတစား ဆက်ဆံသဖြင့် မိသားစုနည်းသော ဤအိမ်လေးတွင် မကြာမီကာလအတွင်း၌ မြေးနှင့် အဘိုး၊ သားနှင့်အမိကဲ့သို့ရင်းနှီးသွားခဲ့လေ သည်။ ထို့ကြောင့်ပင် အဘိုးတို့သားအမိနှင့်အတူ တောင်ပိုင်ကြီးကို သွား ရောက်ပူဇော်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
ကျောင်းဆရာလေးကိုကျော်ဝင်သည်အိမ်ဝင်းအတွင်းရှိအရိပ်အာဝါသ
ကောင်းမွန်သောညောင်ကြပ်ပင်ကြီးအောက်တွင် ကုလားထိုင်လေးတစ်လုံး
ဖြင့် စာဖတ်နေစဉ် ရွာထဲမှကလေးများသည်လည်းလာရောက်၍ကစားနေ လေတော့၏။ ထိုသို့ ကစားနေသည်ကို ကျောင်းဆရာလေးသည် ဘာရယ် ညာရယ်မဟုတ်ပါဘဲ အမှတ်မဲ့စိုက်ကြည့်နေမိလေသည်။ ကလေးများသည် အုန်းလက်များကိခွပြီး မြင်းစီး၍ စစ်တိုက်တိုင်း ကစားနေလေ၏။ ထိုသို့ ကစားနေရင်းမှ ကလေးနှစ်ယောက်သည် ပုံစံပြောင်းကာ …… ”ငါက မင်းရမ်းကား လုပ်မယ်၊ မြင်းနဲ့ ပြေးမယ်”ဟု ကလေးတစ်ဒယာက်သည် အုန်းလက်ကိုခွစီး၍ ထွက်ပြေးလေရာ ကျန်ကလေးတစ်ယောက်သည်လည်း အုန်းလက်တစ်ခုကိုခွပီးပြီး ဝါးခြမ်း ပြားတစ်ခုကို ကိုင်၍ . . .
“အေး – ငါကတော့ တဘူးဘုရင်လုပ်မယ်။ ဆင်နဲ့လိုက်မယ်၊ မိရင် ဓားနဲ့ခုတ်မယ်”
“အေး – ပြေးပြီဟေ့” “လိုက်ပြီဟ – လိုက်ပြီ”
“တစ်ကလုပ် – တစ်ကလုပ် – တစ်ကလုပ်”
“ကျီ-ကို-ကျီ-ကျိ-ဝူး…ပူး”
”အို – ကံရယ်ဆိုးလိုက်တာ၊ အဖ ရန်က လွတ်ပါ့မလား”
“သား – မောင်ရပ်၊ကား မပြေးနဲ့” “တယ် … ဒီလဟာပြင်ကြီးက ကျယ်လိုက်တာ” “ကျီ-ကျီ-မီတော့မယ်ဟေ့၊ သေဖို့သာ ပြင်ထားကွ” “လဟာရယ် မငယ်နိုင်တော့ပါလား”
ထိုအချိန်တွင် ဘုရင်လုပ်နေသောကလေးသည်လက်ထဲမှ ငါးဓားဖြင့် ပိုင်းချလိုက်လေတော့၏။
ရှေ့မှ ပြေးနေသောကလေးကို
“အား-သေပါပြီကွာ၊ ငါ တကယ်နာတာကွ။ ဟာ- သွေးတောင် နည်းနည်းထွက်လာပြီ”
ထိုအခါကျောင်းဆရာလေးသည်ကလေးများကိုထိုသို့ အကြမ်းပတမ်း
မဆော့ရန်ပြောပြီး သွေးထွက်သွားသောနေရာကိုဆေးထည့်ပေးလိုက်လေ တော့၏။ ထိုအချိန်တွင် ဆန်ပြာနေသော အမေ ဒေါ်အေးလှသည် ကျောင်း ဆရာလေး ကိုကျော်ဇင်အား…
“ဒီလိုပဲ- သားရေ၊ ဒီရွာမှာက ဒီကစားနည်းနဲ့ကစားကြရင် ကလေးတစ် ယောက်တော့ ထိခိုက်ဒဏ်ရာရတာချည်းပဲ။ အထူးသဖြင့် မင်းရမ်းကား လုပ်တဲ့ကလေးတွေချည်း ဒဏ်ရာရတာပဲ” “ဘာဖြစ်လို့လဲ – အမေ”
“လမိုင်းကပ်သွားတာ နေမှာပေါ့ကွယ်။ သူတို့ ကစားသွားတဲ့ မင်းရမ်း ကားတို့ တဘူးဘုရင်တို့ဆိုတာ အမေတို့ ရွာဘက်မှာ ဒဏ္ဍာရီဆန်ဆန်၊
ပုံပြင်ဆန်ဆန်လေးတစ်ခုရှိခဲ့ဖူးတယ်။ လူလေး ရွာပြင်ရောက်ရင် ရွာရဲ့ အရှေ့ဘက်တည့်တည့်မှာ ကုန်းရိုးကြီးတစ်ခုကို မြင်နေရတယ်မို့လား။ အေး – အဲဒါတဘူးမြို့ဟောင်းကြီးပဲ။ မြို့ရိုးကအုတ်တွေကတော့လှလေးသွာ၊ကြည့်ရင်တွေ့နိုင်သေးတယ်။ ဟိုးတုန်းကဆိုရင် အဲဒီနေရာဟာတကယ့်ကို ဆင်နေ၊ကျားအောင်းပဲ။ ကညင်ပင်ကြီးတွေ၊ သမန်းပင်ကြီးတွေဆို အကြီး ကြီးတွေပဲ။အခုတော့ လူတွေက လယ်တွေ ယာတွေ ခုတ်ထွင်လုပ်နေကြ လို့ တဘူးမြို့ဟောင်းထဲမှာတောင် နေရာလွတ် သိပ်မရှိတော့ဘူး”ဟု ပြောလေ၏ ။ ထိုအခါကျောင်းဆရာလေး ကိုကျော်ဒင်သည် –
အေး’အဲဒီ ဘုတစ်ရာရွာဖြစ်လာပုံက ဒီလိုဟေ့။ မင်းရမ်းကားကို တဘူးမင်းက သတ်လိုက်ပြီး သူကိုယ်သူ အဆုံးမစီရင်ခင် မိဖုရားအပါးငါးဆယ် ပက်လက်လှန်ပြီး ဆင်နဲ့နင်းသတ်ခဲ့တယ်တဲ့။ အဲဒီနေရာ ဘုတစ်ရာပဲ“အဲဒီ တဘူးမြို့ဟောင်းကြီးအကြောင်းကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းမှတ်ရာလေးတွေ ဘာတွေမရှိဘူးလား အမေရဲ့
“ဟုတ်တယ်ကွ – မြေးရ၊ သမိုင်းကို ဖျောက်ဖျက်ထားခဲ့တယ်လို့ ပြော ကြတာပါပဲကွာ။ အဘိုးတို့ ငယ်ငယ်ကလေးက ကြားဖူးနေတဲ့ ပါးစပ်ရာဇဝင် လေးတွေပဲ ရှိပါတယ်”
ဟု ကွမ်းအစ်ကြီးကိုင်ကာ အိမ်အပေါ်ထပ်မှ ဆင်းလာသော အဘိုး ဦးမင်းနောင်ကစကားဝိုင်းထဲဝင်လာခဲ့လေသည်။ထိုအခါကျောင်းဆရာလေး ကိုကျော်ဇင်သည် ထိုပါးစပ်ရာဇဝင်အား ပြောပြရန် တောင်းဆိုလတော့၏။ အဘိုး ဦ၊မင်းနောင်သည် ပါးစောင်ထဲမှ ကွမ်းများကို ထွေးခံထဲ ထွေးလိုက်ပြီး ဖန်ရည်ဖြင့် ပလုတ်ကျင်းလိုက်လေတော့၏။ ထို့နောက် ..
“ဒီ တဘူးမြို့ဟောင်းကြီးက နှစ်ပေါင်းဘယ်လောက်ရှိပြီ၊ ဘယ်ခေတ် ကတည်းကဆိုတာတော့ အဘိုးတို့လည်း သေသေချာချာမသိဘူး။ ရှေးလူ ကြီးတွေပြောတာတော့ အနော်ရထာတို့နဲ့ ခေတ်ပြိုင်လောက်ရှိတယ်လို့ပြောတာပဲ။သားလုပ်တဲ့မင်းရမ်းကားကအဖေလုပ်သူတဘူးဘုရင်ရဲ့မိဖုရား
တစ်ပါးကို ခိုးပြေးလာခဲ့တယ်တဲ့။ ဒါကြောင့် အဖေက လိုက်သတ်တာတဲ့။ သားမြင်းနဲ့ပြေးတယ်၊အဖကဆင်နဲ့လိုက်တယ်။ သားဖြစ်သူက လဟာရယ် မငယ်ပါလားလို့ ညည်းခဲ့လို့ အခုအဘိုးတို့ရွာအရေမှာ လဟာမငယ်ရွာကြီး ရှိတယ်။ အို … ကံက ဆိုးလိုက်တာလို့ ရွက်တဲ့နေရာမှာ အခု ဥက္ကံမြို့ ဖြစ်လာ ရန်ကလုံအောင်ပုန်းနေတဲ့နေရာကိုတော့“ဖလုံ”တဲ့၊ နန်းတော် ပန်းတွေစိုက်တဲ့နေရာမှာတော့ပန်းပင်တန်းဆိုတဲ့ရွာရှိတယ်တယ်။အကိုပန်းဆက်ဖို့ဟု ပြောလိုက်ပြီး ဖန်ရည်ကြမ်းတစ်ခွက်ကို ကောက်သောက်လိုက် လေ၏။ ထို့နောက်ပြုံးစစမျက်နှာထားနှင့် အဘိုးဦးမင်းနောင်သည် –
“အဘိုးတို့လူကြီးတွေပြောတဲ့ရိစရာတစ်ခုတော့ရှိတယ်။အဘိုးလည်း
အစက မတွေးမိဘူးကွ။ နောက်မှတွေးမိတော့ကြော်-ဒါကြောင့်ကိုးလို့ သိရ တယ်။ အဲဒီ ပန်းပင်တန်းရွာရဲ့နောက်မှာ ဘုတစ်ရာဆိုတဲ့ ရွာတစ်ရွာရှိတယ်ကွ”
“ဟုတ်တယ် -အဘိုးရဲ့၊ ကျွန်တော့် သူငယ်ချင်း ပွဲကြီးဆိုတဲ့ ကျောင်း ဆရာတစ်ယောက် တာဝန်ကျတဲ့ ရွာနာမည်က ဘုတစ်ရာတဲ့။ ဒီမြို့နယ်ထဲ ကပဲဆိုတော့ အဘိုးပြောတဲ့ရွာပဲ ဖြစ်မှာပါ”
“အေး- အဲဒီ ဘုတစ်ရာရွာဖြစ်လာပုံက ဒီလိုဟေ့။ မင်းရမ်းကားကို တအူးမင်းက သတ်လိုက်ပြီး သူကိုယ်သူ အဆုံးမစီရင်ခင် မိဖုရားအပါး ငါးဆယ် ပက်လက်လှန်ပြီး ဆင်နဲ့နင်းသတ်ခဲ့တယ်တဲ့။ အဲဒီနေရာ ဘုတစ်ရာဟု ဆိုကာ တခိခိနှင့် ရယ်နေလေတော့၏။ ကျောင်းဆရာလေး ကိုကျော်ဇင်သည် ပထမတော့ အတွေးမပေါက်သေးသော်လည်း နောက်အတွေးပေါက်လာသဖြင့် တဟားဟားနှင့်ထ၍ ရယ်လိုက်လေတော့၏။ ဤသို့ဖြင့် စကားဝိုင်းလေးသည် ရယ်သံများနှင့် စိုပြေသွားလေတော့၏။ ထိုအရိန်တွင်ခြံဝန်းအတွင်းသို့ အသက်အရွယ်အားဖြင့် နှစ်ဆယ်ဝန်းကျင်ခန့် ရှိမည်ထင်ရ၍ ကိုယ်လုံးကိုယ်ခပေါက် အချိုးအစားကျနကာ ချောမောလှပ သော မိန်းကလေးတစ်ဦး ဝင်ရောက်လာလေ၏။ ထိုအခါ ဆန်ပြာနေသော အမေ ဒေါ်လေးလှသည် –
“ဟဲ့ … သမီး နှင်းလေး – ဘာလာလုပ်တာတုံး”
“ဟုတ်ကဲ့ – အမေကြီးလှ မနက်ဖြန်ကျရင် အဘိုးအတွက် အလှူလုပ် ချင်လို့အမကြီးလှနဲ့ အဘိုး ဘိုးမင်းနောင်တို့ကိုလာဖိတ်တာပါ။ အမေတို့က ဆရာကြီး ဦးကျော်ဇင်ကိုလည်း ဖိတ်ခိုင်းလိုက်ပါတယ်” “ဟဲ့ – နင် အဘိုးသေတာ ဘယ်လောက်ကြာပြီလဲ”
“ခုနစ်နှစ် ရှိပါပြီ” “နင် သတိရရဲ့လား” “ဟုတ်ကဲ့”
ဟု ဆိုပြီး ပြန်ထွက်သွားလေတော့၏။ ကျောင်းဆရာလေးသည် ကောင်မလေးစကားပြောသည်ကိုနားထောင်ရသည်မှာတစ်မျိုးကြီးဖြစ်ဒန၍ အဆင်မပြေသလို ခံစားရကြောင်းပြောမိသောအခါအမေကြီးသည်- “ဟုတ်တယ် … သားရဲ့။ သူကလေးက အမေတို့ အစ်မလိုခင်ရတဲ့ အစ်မ နှင်းလှိုင်ဝင်စားတာလေ။ အစ်မနှင်းလှိုင်က အဲဒီလိုပဲ စကားပြောတတ်တယ်။ အစ်မနှင်းလှိုင်ဆိုတာလည်း သူ့အဘွား အရင်းကြီးပဲလေ။ အစ်မနှင်းလှိုင်နဲ့ အစ်ကိုမိုးအောင်တို့အချစ်ကလည်း စံတင်လောက်ပါတယ်၊ အစ်ကိုပိုးအောင် ရဲ့ဝဋ်ကြွေးကလည်း ကြီးမားလိုက်တာ ပြောမနေပါနဲ့တော့”
ဒီကောင် ဒီလိုဖြစ်သွားတာ ဝဋ်ကြွေးမဟုတ်ပါဘူး သမီးရယ်၊ ကတိ မတည်လို့ပါ။ မြင်းစီးဝိညာဉ်အရုပ်ကို နေရာပြန်မထားလို့ပဲ။
“အဖေကလည်း မမနှင်းလှိုင်က ဒီအရပ်အတွက် အသက်စွန့်ပြီး အစ်ကို မိုးအောင်ကို ကယ်ခဲ့တာ။ ဒါကြောင့်လည်း ဒီအရုပ်ကို သူ ရူးရတဲ့အထိ မြတ်နိုးခဲ့တာပေါ့။ သူတို့ မိသားစုလေးကိုက ဂမ္ဘီရဆန်လွန်းပါတယ်”ဟုပြောလိုက်လေတော့၏။ ထိုအခါ အထူးအဆန်းကိုစိတ်ဝင်စားသော ကျောင်းဆရာလေးကိုကျော်ဇင်သည် ထိုဇာတ်လမ်းလေးကို သိချင်ကြောင်း တောင်းဆိုထလရာ အမေဒေါ်အေးလှသည် ဆန်ဗန်းကိုအောက်ချ၍အောက်ပါ ဇာတ်လမ်းလေးကို ပြောပြလေတော့၏။
ကြွယ်ပုံရွာလေးတွင် ကိုမိုးအောင်တို့သားအမိသည် အဆင်းရဲဆုံး၊ အနွမ်းပါးဆုံးပင် ဖြစ်လေသည်။ ငယ်စဉ်ကတည်းကပင် ဖခင်မဲ့ဖြစ်ခဲ့ရသော် လည်းမိခင်၏အုပ်ထိန်းမှုအောက်တွင် ကိုမိုးအောင်သည် ကောင်းစွာလူလား မြောက်ခဲ့ရဒလသည်။ ဥစ္စာဓန ကြွယ်ဝသော်လည်း ရိုးသားကြိုးစားပြီး လိမ္မာ ယဉ်ကျေးသဖြင့် လူချစ်လူခင်များသူ တစ်ယောက်ပင်ဖြစ်သည်။ အရွယ် ငယ်စဉ်ကလေးဘဝမှာတော့ မိခင်ဖြစ်သူမှ ရှာဖွေကျွေးမွေးခဲ့ရသော်လည်း ကိုမိုးအောင်သည် အသက်ဆယ့်သုံးလေးနှစ်မှပင် ကျွဲကျောင်း၊ နွားကျောင်း၊ ရေခပ်၊ ထင်းခွဲ၊ ဝါးခုတ် စသောအလုပ်များကို လုပ်ကိုင်ကာ အမေအိုကို ရှာကျွေးခဲ့လေသည်။ သူ၏ရိုးသားကြိုးစားမှုကြောင့်လယ်လေးနှစ်ဧကနှင့် နွားတစ်ရှဉ်းကို ပိုင်ဆိုင်လာကာ အမေအိုကို ကောင်းမွန်စွာ ကျွေးမွေးနိုင်ပြီ ဖြစ်သည်။ ထိုအခါ ရွာထဲရှိ လူကြီးသူကြီးများက ကိုမိုးအောင်အား အထူး သဘောကြလေ၏။ သမီးရှင်များမှလည်း မောင်မိုးအောင်နှင့်ဆိုရင် သူတို့ သမီးကို သဘောတူတယ်ဟူ၍ပင်ဖြစ်လာလေတော့၏။ သို့ပေသော်လည်း ကိုမိုးအောင်သည် မည်သည့်မိန်းကလေးကိုမျှ စိတ်မဝင်စားခဲ့ချေ။ တစ်နေ့ တွင်ကိုပိုးအောင်၏သူငယ်ချင်းဖြစ်သူလဟာပငယ်ရွာသားကိုနိုင်ဝင်းဆိုသူရောက်လာပြီး …
“ဟေ့ – သူငယ်ချင်း၊ မင်း ငါတို့ရွာ လိုက်ခဲ့ပါလားကွာ။ ငါ့ ဦးလေးရဲ့ အလှူကို လိုက်ကူပေးစမ်းပါဦး။ အလှူကသိုင်းတွေကနားတွေ ပါမှာကွ” “ဘယ်နှရက်လောက် လိုက်လုပ်ပေးရမှာလည်းကွ။ ငါ့မှာက သိပ်အား တာမဟုတ်ဘူး။ အမေ့ကို ပြောရဦးမယ်”
“မင်းကလည်းကွာ – လဟာမငယ်နဲ့ ကြွယ်ပုံ ဘာဝေးတာမှတ်လို့။ မင်း အမေအတွက်တော့ မပူနဲ့၊ ငါရအောင်ပြောမယ် သုံးလေးရက်ပေါ့ကွာ”
ဟု ဆိုကာ အတင်းခေါ်သဖြင့် ကိုမိုးအောင်သည် အဒမလုပ်သူအား ခွင့်ပန်ကာလဟာမငယ်ရွာသို့လိုက်လာခဲ့လေသည်။ထိုသို့လိုက်လာခဲ့ခြင်း သည် ကိုမိုးအောင်အတွက် ရွာလည်တဲ့ နဖူးစာဖြစ်နေကြောင်းကို ထိုအချိန် ကမသိခဲ့ပါချေ။ လဟာမငယ်ရွာကြီးသည် သမိုင်းဝင်ရွာကြီးဖြစ်သည့် တဘူး ရာဇဝင်နှင့် ဆက်စပ်နေလေသည်။ တဘူးဘုရင်သည် သားဖြစ်သူ မင်းရမ်း ကားက ပုန်စားသဖြင့် ဆင်ဖြင့်လိုက်သတ်လေ၏။ မင်းရမ်းကားက ရွှေတိုက်
ယဉ်ကျော် မြင်းဖြူကိုစီး၍ပြေးလေး၏။ ထိုသို့ သားအဖနှစ်ယောက် ပြေးရင်း လိုက်ရင်းဖြင့် ဤရွာကြီးတည်ရာလဟာပြင်ကြီးသို့ရောက်လာလေဒတာ့၏။ ရွှေတိုက်ယဉ်ကျော်မြင်းဖြူ၏ပြေးနှုန်းကိုတဘူးမင်း၏ဗကဆင်တော်သည် ကောင်းစွာခံခဲ့လေတော့၏။ ထိုအချိန်တွင် မင်းရမ်းကားသည်ဤလဟာပြင် ကျယ်ကြီးကြောင့် သူကိုမီလာသည်ဟုထင်မှတ်၍“လဟာရယ် – မငယ်နိုင် တော့ဘူးလား”ဟုရွတ်ဆိုခဲ့ဖူးလေသည်။ ထိုနေရာ၌ယခုလဟာမငယ်ရွာကြီး ပေါ်ပေါက်လာခဲ့လေသည်။ မင်းရမ်းကားရှေ့၊ ပြေးနေစဉ် နောက်မှ ဓားဖြင့် ပိုင်းချလိုက်ရာ ခေါင်းပြတ်၍သေသွားသောနေရာတွင် စေတီတစ်ဆူတည် ခဲ့လေသည်။ ဤရွာပတ်ဝန်းကျင်သည် ကျိန်စာသင့်ခဲ့လေသလားပင် မသိ ပေ။ မြေဆီဩဇာသိပ်မကောင်းဘဲ မြက်နီနီကြီးတွေသာပေါက်၍ ရွာ အနောက်ဘက်တွင်ရှိနေသော တောအုပ်ကြီးကိုဆွဲ၍သာ စိုက်ပျိုးလုပ်ကိုင် စားသောက်ကြလေ၏။
လဟာမငယ်ရွာတစ်ရွာလုံး အလှူအတွက်အလုပ်ရှုပ်နေကြလေသည်။
ကာလသားများက ထင်းခွဲ၊ ရေခပ်လုပ်သူကလည်း မဏ္ဍပ်ဆောက်သူက ဆောက်လုပ်နေကြသလိုမိန်းကလေးများကလည်း ထမင်းတည်၊ ဟင်းချက်၊ ငရုတ်သီးထောင်း၊ ကြက်သွန်လှီး စသည်ဖြင့် တပျော်တပါးကြီး အလုပ် လုပ်နေကြသည်မှာ အလွန်ပျော်စရာကောင်းလှပေသည်၊ ရွာအလှူပွဲတို့၏ ထုံးစံအတိုင်း မဏ္ဍပ်စတင်ဆောက်ချိန်မှပင် ထမင်းကျွေးထားလေရာ လုပ် အားပေးသူအပေါင်းသည် ဆာလျှင်စားလိုက်၊ လုပ်စရာရှိလျှင် လုပ်လိုက် ဖြင့် အချင်းချင်း စလိုက်နောက်လိုက်ပြောင်လိုက်ဖြင့် အလွန်စည်ကားနေ လေတော့၏။ အလှူမဏ္ဍပ်ထဲသို့ ကိုမိုးအောင်ဝင်လိုက်လေရာ လူကြီးဝိုင်း 9…
“ဟေ့-ကောင်လေး၊ မင်း ခင်ပုံ သားစို့လား။ လာကွာ – လာ-ဒိမှာ ငါ တို့နဲ့အတူ ကြမ်းရည်လာသောက်ဦး ́
“ဟုတ်ကဲ့ – ရပါတယ် ဦးရီးခင်ဗျ။ ကျွန်တော် လိုအပ်တာလေး ကူညီ လိုက်ပါဦးမယ်”
“လာစမ်းပါ … ငါတို့က ခေါ်ရင်လည်း လာမှ၊ ကျွေးရင်လည်း စားမှကွ။ မင်း သိပါတယ်။ ကြွယ်ပုံကျောင်းက ဦးပဏ္ဍိတရဲ့ တပည့်တွေပဲဥစ္စာ။ တို့ ဘုန်းကြို၊ကော နေကောင်းရဲ့လားကွ”
“ဟုတ်ကဲ့ – ကောင်းပါတယ်”
“အရင်လိုကော ဇီဇာကြောင်သေးလားကွ”
“ဖျာ
“ဗျာနဲ့- ငါတို့ငယ်ငယ်တုန်းက ကြွယ်ပုံကျောင်းမှာကျောင်းသားလုပ် ရသေးတယ်။ အဲဒိတုန်းက ဆရာတော်ကလည်း ငယ်သေးတာပေါ့။ ရေနွေး အိုးတည်ခိုင်းတာများ ဘယ်လောက်ဆိုးသလဲဆိုရင်ဟိုကဖြင့်ကျက်လို့ ပွက် ပွက်ဆူနေလည်း မယူသေးဘူး။ အဲဒါနဲ့ တဖြည်းဖြည်း ခန်းလာတော့ ရေထပ် ဖြည့်ပြန်ဆူလာတယ်။မယူသေးဘူးကွ။ရေနွေးအိုးလေးငါးခါလောက်တော့မှ ယူတယ်။ ဒါ- တစ်နေ့အပူ မဟုတ်ဘူးနော်။ နေ့တိုင်း – နေ့တိုင်းပဲဟေ့။ အခုကျောင်းမှာ ဘယ်သူ ကပ္ပိယလုပ်နေလဲ”

“ဆရာမြတ်ကိုတဲ့ – ကျောင်းဆရာလေ၊တစ်ယောက်ပါပဲ”
“မင်း – အမေကော နေကောင်းရဲ့လား။ ငါက သတိရတယ်လို့ ပြောပေ။ စမ်းကွာ။ ငါ့နာမည်လည်းမှတ်ထား၊ ဦးစောလှိုင်တဲ့။ ဒါဆိုမင်းအမေသိမှာပါ။ ငါလည်း ကြွယ်ပုံသားပဲ။ ဒီရွာသူနဲ့ အိမ်ထောင်ကျလို့ ဒီပြောင်းလာတာ။ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေလို့ ရွာမရောက်တာတောင် လေးငါး၊ ရှစ်နှစ် လောက်ရှိပြီ။ ဟို – ကောင်မလေး အလှူရှင်ကို ပြောလိုက်ဦး။ ဒီမှာ အကြမ်း ရည်နဲ့ ပြည်းဖို့ကုန်နေပြီလို့။ တစ်ယောက်ယောက်နဲ့ လာပို့ခိုင်းလိုက်- ဟုတ်ပြီလား”
ဟု ဆိုကာ အနားမှ ကြက်သွန်လှီးနေသောကောင်မလေးတစ်ယောက် ကိုခိုင်းလိုက်လေတော့၏။ တစ်အောင့်လောက်ကြာတော့ ပိန်းကလေးတစ် ယောက်သည် ကိုမိုးအောင်၏ဘေးမှ စားသောက်ဖွယ်ရာများကို လာချပေး လေတော့၏။ မိန်းမပျိုလေး၏သနပ်ခါးရနံ့ကြောင့်လေလား၊ ကိုယ်သင်းရနံ့ ကြောင့်ပင်လားမသိ။ ကိုမိုးအောင်၏ ရင်တွင် သိမ့်ခနဲ တုန်သွား၍ ထိုမိန်း ကလေးအား ငဲ့စောင်းကြည့်မိလိုက်လေသည်။ ထိုအချိန်တွင် မိန်းကလေး သည်စားစရာများကို ချပေးအပြီး၊ ပတ်ဝန်းကျင်ကိုစားပါဦးဟုပြောရန် ခေါင်း၊ အလှည့်တွင် ကိုမိုးအောင်၏အကြည့်နှင့် ဆုံသွားလေတော့၏။ ထိုရဏမှာပင် ကိုမိုးအောင်၏ ရင်တွင်း၌ ပြင်းထန်စွာ တုန်လှုပ်သွားပြီး အမျိုးအမည်မသိ သောခံစားမှုမျိုးကိုလည်း ခံစားလိုက်ရလေသည်။ ထိုအရာတွင် ညစ်ညမ်းမှု မပါဝင်သလို တပ်မက်မှုတွေလည်း မရှိပေ။ သန့်စင်သည့် ခံစားမှုတစ်ခုသာ ဖြစ်၍ ထိုအရာကို အရစ်ဟုခေါ်ဆိုလျှင် ကိုမိုးအောင်သည် ထိုတစ်ခဏ အတွင်းမှာပင် မည်သည်မည်ဝါမှန်းပင်မသိသေးသောထိုမိန်းကလေးအား မြင်မြင်ချင်းပင် ချစ်မိခဲ့လေတော့သည်။ ထို့နောက် သူငယ်ချင်းဖြစ်သူနိုင်ဝင်းအားရှာ၍ သူ စိတ်ဝင်စားမိသော မိန်းကလေးကိုဘယ်သူဘယ်ဝါမှန်း သိအောင် စုံစမ်းမိလေတော့၏။
“ဟေ့ကောင် – ဖြည်းဖြည်းလုပ်ပါ။ မင်းဟာက အရမ်းကြီးပဲ။ မကပ်ထဲ မှာက ကောင်မလေးတွေ အများကြီးကွ၊ ဘယ်ကောင်မလေးလဲ”
“အင်္ကျီအစိမ်းဝတ်ထားတဲ့ ကောင်မလေးကွာ။ ခေါင်းမှာလည်း ပန်းတွေနဲ့”

“ဟာ – ဒီသောက်ရူးကတော့ အဲဒီမှာ မင်းမတွေ့ဘူးလား။ အင်္ကျီအစိမ်း ဝတ်ပြီး ပန်းပန်ထားတဲ့ ကောင်မလေးတွေ အများကြီးပဲ။ ဘယ်သူလည်း သေချာအောင် လက်ညှိုးထိုးပြ
“ဟေ့ကောင် – နှစ်ကောင်၊ မဏ္ဍပ်အပေါက်မှာ ကြိတ်ကြိတ် – ကြိတ် ကြိတ်နဲ့ ဘာလုပ်နေတာလဲ။ နိုင်ဝင်း – ပင်း ရေဖြည့်ဦးမယ်လေ”
“ဟုတ်တယ် ဦးရီးတင်မောင်ရေ။ ဒီကောင် မိုးအောင် လဟာမငယ် ရွာသူတစ်ယောက်ကို ကြိုက်လို့တဲ့။ အဲဒါ ဘယ်တစ်ယောက်လဲလို့ မေးနေတာ
“ဟာကွာ – ရှက်စရာကြီး၊ မင်း – ဘာတွေ လျှောက်ပြောနေတာလဲ” “အေး – ကောင်းတယ်ကွ။ မင်း အမေ အစ်မခင်မှုံက သူ့သားကို သင့် တော်တာတွေ့ရင် ပေးစားမယ်လို့ ငါ့ကိုတောင် ပြောထားတယ်။ မှန်းစမ်း ဘယ်ကောင်မလေးလဲ၊ မင်းနဲ့ တော်မတော်ကြည့်ပေးမယ်”
ဟုဝင်၍နောက်လေတော့၏။ ထိုအခါကိုမိုးအောင်သည်ထိုနှစ်ယောက် ကို မလွန်ဆန်နိုင်သဖြင့် သူ စိတ်ဝင်စားသော ကောင်မလေးကို လက်ညှိုး ထိုးပြလိုက်လေတော့၏။ ထိုအခါ ဦးရိုးတင်မောင်သည် –
“ကောင်မဖလေး – အဲဒီကောင်မလေးက တို့ လဟာမငယ်ရွာရဲ့အရာ ဆုံး၊ အလှဆုံး ကွမ်းတောင်ကိုင်လေးပေါ့။ သူ့နာမည်က နှင်းလှိုင်တဲ့။ ရွာ မျက်နှာဖုံးတွေပေါ့။ သူ့အဖေ ဦ၊ထွန်းအုန်းနဲ့ ဒေါ်မြင့်မြင့်စန်းဆိုတာ မင်းပေါက် စိုးပေါက်တွေပေါ့။ မာနကတော့ မိုးရောက်နေတဲ့ သူတွေပေါ့ကွာ”
“ဟုတ်တယ် – ပိုးအောင်။ သူ့မှာ အေးလှိုင်ဆိုတဲ့ အစ်မတစ်ယောက်နဲ့ ခပ်ဆိုးဆိုး မောင်နှစ်ယောက်ရှိတယ်။ ကျန်လူတွေကတော့ ရွက်ကြမ်း ရေကျိုပါပဲ၊ သူတစ်ယောက်ပဲ ထူးထူးခြားခြားလှတာ။ ဒါပေမဲ့ – မလွယ်ဘူး နော်”
“ဘယ်တတ်နိုင်မလည်းကွာ။ ငါက သူ့ကိုမှ စိတ်ဝင်စားမိတာကိုး။ ဒီ ပြဿနာရဲ့အဓိကလက်သည်က မင်းပဲ နိုင်ဝင်း။ မင်း ငါ့ကိုကူညီရမယ်” “အေးပါကွာ “ အေးပါ”
ထို့နောက် အလှူရက်သို့ ရောက်လာလေသည်။ အလှူညတွင် ဆိုင်း အဖွဲ့နှင့် ဧည့်ခံရာ ရွာနီးချုပ်စပ်မှ လာရောက်အားပေးကြသဖြင့် လူများ ကြိတ်ကြိတ်တိုး၍ စည်ကားနေလေတော့၏။ ထိုအချိန်တွင် နှင်းလှိုင်နှင့် ၎င်း၏ သူငယ်ချင်း ချယ်ရီတို့သည် ပွဲခင်းအလယ်၌ ပွဲကြည့်လျက်ရှိနေလ တော့သည်။ ညသန်းခေါင်အချိန်ရောက်သောအခါ ချယ်ရီသည် နှင်းလှိုင်
“ဟဲ့ကောင်မ – ငါဗိုက်နာလာပြီ၊ အိမ်ခဏ ပြန်ရအောင်ဟာ”
“ဟာ- နင်ကလည်း၊ ဒီမှာ လူပြက်တွေ ပြက်နေတာ အရမ်းရီနေရတာ ဟ … အောင့်ထားဟာ”
“မရဘူးဟ – လုပ်ပါဟာ လိုက်ခဲ့ပါ။ ငါ့ဟာ- ငါသာ သွားရဲရင် နင့်ကို တောင်မပေါ်ဘူး”
“အေးပါ – ကောင်မရယ်၊ အရေးဆိုရင် နင်က လုပ်ပြီ”
ထိုသို့နှင့် နှစ်ယောက်သား ပွဲခင်းထဲမှပြန်လာပြီး ချယ်ရီတို့ အိမ်ရှိရာသို့ ပြန်လာခဲ့လေတော့၏။ ကိုယ့်ရပ်ကိုယ့်ရွာ ဖြစ်နေတာကတစ်ကြောင်း၊ လရောင် ကြယ်ရောင်တွေကြောင့် လမ်းကို သဲကွဲစွာမြင်ရတာတစ်ကြောင်း၊ ထို့ကြောင့် လမ်းခရီးတွင် အခက်အခဲမရှိပြန်လာရာချယ်ရီတို့အိမ်နားရောက် ခါနီးတွင် အပူးသမားနှစ်ယောက်နှင့် တွေ့လေတော့၏။ ထိုအမူးသမား များသည် လဟာမငယ်ရွာသားများ မဟုတ်သည်ကို နှင်းလှိုင်တို့ သိလိုက်ရ ပေသည်။
“ဟဲ့-ကောင်မလေးတွေ၊ ငါတို့နဲ့ အဖော်လာလုပ်ပေးစမ်း။ ငါတို့အရက် သောက်ရတာ ပျင်းနေလို့”
ဟုလျှာလေး၊အာလေး လေသံကြီးများနှင့် ဆွဲလား ရမ်းလားလုပ်လေ တော့၏။ ထိုအချိန်တွင် ပွဲခင်းမှ ပြန်လာသော မိုးအောင်တို့ သူငယ်ချင်းနှစ်ယောက်နှင့် သွားတွေ့သဖြင့် အမူးသမားများလည်း ထွက်ပြေးသွားလေ တော့၏။
“ဒီက အစ်ကိုတို့ကို ကျေးဇူးတင်ပါတယ်ရှင်” ထိုအခါကိုမိုးအောင်သည်မိန်းကလေးတွေအချိန်မတော်အပြင်မထွက်သင့်ကြောင်း၊ ပြောရန်ကြည့်လိုက်စဉ်လရောင်အောက်တွင် နင်းလှိုင်ကို တွေ့ မြင်လိုက်သောအခါ
“ဟင် – နှင်းလှိုင် – နှင်းလှိုင် ဘာဖြစ်သွားသေးလဲ-ကိုယ့်ကို ပြော
“နှင်းလှိုင်တို့ ဘာမှမဖြစ်ပါဘူး အစ်ကို။ ဒါနဲ့ အစ်ကိုက နှင်းလှိုင်ကို သိနေ
“ဟုတ်တယ် – ကိုယ့်နာမည်က မိုးအောင်ပါ။ ကြွယ်ပုံကလေ ဟိုနေ့က မဏ္ဍပ်ထဲမှာမုန့်လာချကတည်းက နှင်းလှိုင်ကိုအစ်ကိုသိခဲ့တာပဲ။ နှင်းလှိုင်ကို အစ်ကို အရမ်းသံယောဇဉ် ဖြစ်ခနပြီ”
“ရှင်”
“ဟဲ့တော့ – ဘာမှလည်း မဆိုင်ဘူး”
“ဟာကွာ – ဒီကောင်တော့ လုပ်ချလိုက်ပြန်ပြီ၊ မျက်နှာပူစရာကြီး”
ထိုသို့နှင့်ပင် ကိုမိုးအောင်နှင့် လဟာမငယ်ရွာသူလေး မနှင်းလှိုင်တို့ သည် ချစ်သူဘဝသို့ လျင်မြန်စွာ ရောက်ရှိခဲ့လေတော့သည်။ ထို့နောက် မနှင်းလှိုင်၏ မိဘများသိသွားသောအခါ ကိုမိုးအောင်နှင့် သဘောမတူဘဲ မြို့ပေါ်မှကြေးရတတ်တစ်ဦးနှင့် အိမ်ထောင်ချပေးရန်စီစဉ်သဖြင့်သူငယ်ချင်း နိုင်ဝင်း၏ အကူအညီဖြင့် နင်းလှိုင်ကို ရအောင်ခိုးခဲ့လေတော့၏။ ထိုအခါ နှင်းလှိုင်၏မိဘများသည် သူတို့၏သမီးကို စိတ်အနာကြီးနာ၍လုံးဝအဆက် အသွယ်မလုပ်တော့ချေ။ ထိုသို့ဖြင့်ကိုမိုးအောင်မနှင်းလှိုင်တို့လင်မယားတွင်ဇော်ဇော်လတ်ဟူသော သားရတနာလေး မွေးဖွားလာခဲ့လေသည်။ ထိုအခါ ကိုမိုးအောင်သည် ကွာ”
“နှင်းလေးရ’အစ်ကိုတဘူးမြို့ဟောင်းကြီးထဲမှာ လယ်စိုက်ချင်တယ်
“ဖြစ်ပါ့မလား အစ်ကိုရယ်။ နှင်း – အစ်ကို တစ်ခုခုဖြစ်သွားမှာ စိုးရိမ် တယ်။ အဲဒီနေရာက မြေကြမ်းတယ်လို့ ပြောကြတယ်”
“ဖြစ်ပါတယ် – နှင်းလေရာ။ ဦးရိးခင်ဇော်တို့၊ ဦးလေးစိန်ဝင်းတို့တောင် လုပ်နေကြပြီကွ။ တို့လည်း နှစ်ကွက်၊ သုံးကွက်လောက်ရအောင် ရှင်းရတာ ပေါ့။ ဒါမှ သားလေး ငဇော်ကို ရှင်ပြုလို့ရမယ်။ ပြီးတော့ ဒီကောင်အတွက် ညီလေးတွေ၊ ညီမလေးတွေ ထပ်မွေးပေးရဦးမယ်လေ။ ဒါမှ ငါ့သားလေး မရင်းမှာ”
“ဟာ- အစ်ကိုကလည်း ဘာတွေ လျှောက်ပြောနေတာလဲ”
“ဟား – ဟား – ဟား – ငါ့ပိန်းမက ကလေးတစ်ယောက်ရတာတောင် ရှက်နေသေးတယ်။ တကယ် အပျိုလေးအတိုင်းပဲ။ အဲဒါကြောင့် ငါ့မိန်းမကို ချစ်နေရတာ”
“ဟေ့-ဒီလင်မယားနှစ်ယောက် ဘာတွေ သဘောကျနေတာလဲကွ”
“ဘာမှ မဟုတ်ပါဘူး ဦးကြီးမြမောင်ရယ်။ ဒီမှာ ဦးကြီးဘူ ပေါက်ကရ ဒတွေပြောနေလို့ပါ” “အစ်မခင်မှုံကောကွ
“ဘုန်းကြီးကျောင်းသွားတယ် ဦးကြီးရေ”
“အေး … အေး … ငါ သွားလိုက်ဦးမယ်”
“ဟုတ်ကဲ့ -ဟုတ်ကဲ့ – ကျွန်တော်လည်း ကြိုးစားလိုက်ဦးမယ်”
“ဘာတွေ ကြိုးစားမှာတုံးကွ”
“ငဇော့်အတွက် မောင်နှမ ရအောင်လို့ဗျို့
“ဟာကွာ “ ဒီကောင်၊ တော်တော် နောက်တာပဲ”
ဟူ၍ပြောဆိုကာ ထွက်သွားလေတော့၏။ ထို့နောက် လင်မယားနှစ် ယောက် တက်ညီလက်ညီဖြင့် မြို့ဟောင်းထဲတွင် ခုတ်ထွင်ရှင်းလင်းကြရာ စိုက်ပျိုးနိုင်သော လယ်ကွက်သုံးလေးကွက်မှ ထွက်လာလေတော့၏။ ထိုအခါ ကိုမိုးအောင်သည် –
“နင်းလေးကလည်းကွာ၊ ကလေးကို မအော်ပါနဲ့ကွာ၊ သူ ဆော့ချင်လို့ဖြစ်မှာပေါ့ကွာ”
“အစ်ကိုကလည်း၊ ဒီအရုပ်က ဘာအရုပ်မှန်း သိတာမဟုတ်ဘူး။ ခေါင်း ကလည်း ပြတ်နေသေးတယ်။ တော်ကြာ – မြင်းဖြူရှင်အဟောင်းတွေလား၊ ဘာလားမသိ
“ဘာမှ မဟုတ်ပါဘူးကွာ။ ကလေးဆော့လို့ဝရင် မေ့သွားမှာပါ။ အဲဒီ ကျမှ နှင်းလေးမကြိုက်ရင် လွှင့်ပစ်လိုက်ပေါ့ကွာ – ဟုတ်ပြီလား။ အခုတော့- သားလေး ကလေးပီပီ ဆော့ပါစေကွာ”
“ဟွန်း-အစ်ကိုနော်၊ သားကို ကြပ်ကြပ်အလိုလိုက်၊ နားရွက်ကိုက်ဖြတ် သွားလိမ့်မယ်။ အစ်ကို သားကို သိပ်ချစ်တာပဲလား”
“အစ်ကိုကလေ … သားတင်မကဘူး။ ဟော့ဒီက မယားကိုလည်း အရမ်းအရမ်း ချစ်ပါသတဲ့ဗျာ”
“လုပ်ပြီ – အစ်ကိုကတော့ ဒီလိုချည်းပဲ” “ဟား-ဟား- ဟား –
ဤသို့ဖြင့် မြင်းစီးအရုပ်ကလေးသည် ကြွယ်ပုံရွာသို့ ရောက်ရှိလာလေ တော့သည်။ ညအိပ်ရာဝင်သည့်အခါ ကိုမိုးအောင် ဤကဲ့သို့ အိပ်မက် မက် လေတော့၏။ ကိုမိုးအောင်၏ မြင်ကွင်းရှေ့တွင် အလွန်ကျယ်ပြန့်သော လဟာပြင်ကျယ်ကြီး ရှိလေ၏။ ထိုလဟာပြင်ကျယ်ကြီးတွင် မင်းညီမင်းသား အဝတ်အစားနှင့် လူတစ်ယောက်သည်အသက်ဘေးကိုစိုးရိမ်သည့်အလား မြင်းဖြူကြီးကို တအားကုန်ဒုန်းစိုင်း၍ပြေးလာလေတော့၏။ ၎င်း၏ နောက် တွင် ရှင်ဘုရင်အဝတ်အစားနှင့် လူတစ်ယောက်သည် ဆင်ကြီးတစ်ကောင်ကိုစီး၍ လူအားမိရန် တက်သုတ်ရိုက်၍လိုက်လာလေသည်ကို တွေ့ရ လေ၏။
ကိုမိုးအောင် ကြည့်နေစဉ်အတွင်းမှာပင် ဆင်စီးထားသူသည် မြင်းစီး ထားသူကိုဖီလာ၍လက်ထဲမှဓားဖြင့် တအားခုတ်လိုက်လေသည်။ ထိုနေရာ လေးတွင် မြင်းစီးထားသူသည် ချက်ချင်းပင် မြင်းစီးအရုပ်ကလေးဖြစ်သွား လေတော့သည်။ ထို့နောက် ကိုမိုးအောင်၏ အမြင်အာရုံသည် ဝေဝေဝါးဝါး ဖြစ်သွားဒလဘော့၏။ ထိုစဉ်မှာပင် နှုတ်ခမ်းမွေး၊ ခပ်ရေးရေး၊ နာတံပေါ်ပေါ်၊ မျက်လုံးမျက်ခုံးကောင်း၍ ဖြူရည်ဝင်းမွတ်သော အသားအရေကိုပိုင်သည့် အရပ်မြင့်မြင့်လူတစ်ယောက်သည် မင်းညီမင်းသား အဝတ်အစားများကို ဝတ်ဆင်၍ကိုမိုးအောင်ထံသို့ တစ်လှမ်းချင်း လှမ်းလာကာ –
“မင်း မြင်လိုက်ရတာ ငါ့ရဲ့ဖြစ်စဉ်ပဲ။ အဖက ငါ့ကို ပုန်းစားတယ်ဆိုပြီး ဒီလဟာပြင်ကျယ်မှာ ဓားနဲ့ ပိုင်းခဲ့တယ်။ ငါကလည်း မဟုတ်ပဲခံခဲ့ရလို့ကတိ သစ္စာဆိုခဲ့တာပဲ။ ငါအခုမင်းအိမ်မှာရောက်နေတယ်။ ဒါဟာလည်း မင်းဟာ ငါ့ရဲ့တစ်ခါက သစ္စာရှိလူရင်းဖြစ်ခဲ့လို့ပဲ။ ငါ့ကို ကောင်းကောင်းမွန်မွန်၊ ရိုရို သေသေထားပါ။ ငါမင်းတို့ကို စောင့်ရှောက်မယ်။ ငါ့အတွက် အလှူဒါနတွေ ပြုချင်တယ်။ အဲဒါ မင်းတို့ ကူညီရမယ်။ ငါ ပြန်ရတော့မယ့် အချိန်ရောက်ရင် မင်းတို့ ပြောမယ်ဟုတ်ပြီလား”
ဟု ဆိုကာ အခိုးအငွေ့များဖြစ်သွားပြီး နောက်ဆုံးတွင် ခေါင်းမပါသော မြင်းစီးအရပ်ကလေး ပြန်ဖြစ်သွားသည်ကို တွေ့လိုက်ရပေတော့သည်။ ထို့ နောက်တွင် အိပ်မက်မှ လန့်နိုးသွားပြီး နှင်းလှိုင်ကိုနှိုးကာ အကျိုးအကြောင်း ပြောလိုက်လေ၏။ ထို့နောက် လင်မယားနှစ်ယောက်သည် မိ၊အိမ်ထွန်း လိုက်ရာ ညဦးပိုင်းက ဖြစ်သလိုထားခဲ့သော မြင်းစီးအရုပ်ကလေးသည် မည်သို့မည်ပုံမသိ အိပ်ရာခေါင်းရင်းသို့ရောက်နေသည်ကိုထူးဆန်းစွာ တွေ့ လိုက်ရလေတော့၏။ ထိုအချိန်မှစ၍ မြင်းစီးအရုပ်ကလေးကို ရိုရိုသေသေ ဖြင့် ခေါင်းရင်းစင်မြင့်တွင် တင်ထားလိုက်လေတော့၏။ ထို့နောက် ကိုမိုးအောင်တို့၏ စီးပွားရေးသည် ဒီရေအလား တရိပ်ရိပ်ဖြင့် တိုးတက်လာခဲ့ရာ လေး၊ ငါးဆယ်နှစ်အတွင်းမှာပင် လယ်ဧကပေါင်းများစွာနှင့် ဥက္ကံမြို့ ပေါ်မှာပင် ကိုမိုးအောင်နှင့် မနှင်းလှိုင်ဆိုသည့် လင်မယားကို လူသာမမြင်ဘူးရင်ရှိမယ်။မကြားဖူးတဲ့သူမရှိအောင်ပင်ကြွယ်ဝလာလေတော့၏။မြင်းစီး
အရုပ်လေး အိပ်မက်ပေး၍ တဘူးမြို့ဟောင်းအတွင်းမှ ရွှေဒင်္ဂါးများ ရခဲ့ဖူး သလို ၎င်း၏ အိပ်မက်ပေးမှုကြောင့် ဓားပြများရန်မှလည်း အကြိမ်ကြိမ်လွတ်ခဲ့ဖူးလေရာကိုမိုးအောင်တို့လင်မယားသည်ထိုမြင်းစီးအရုပ်ကလေးကို လွန်စွာမှတန်ဖိုးထားလေတော့၏။၎င်း၏ညွှန်ကြားချက်အတိုင်း အလှူဒါန များပြုလုပ်ပေးရာ ကိုမိုးအောင်တို့လင်မယားသည် ပို၍နာမည်ကြီးလာလေ တော့၏။ ထိုအချိန်တွင်ဇော်ဇော်လတ်လေးပင် အသက်ဆယ့်နှစ်နှစ်ကျော်၍ ဆယ်သုံးနှစ်ပင် စွန်းခဲ့ပြီးနောက် ၎င်း၏ဒအောက်တွင် မြတ်ကိုကို၊ ခင်မိုးအအး၊ သဲသဲဟူသော ညီလေး ညီမလေးများပင် ရနေလေပြီဖြစ်တော့၏။ ထိုသို့ သော အခြေအနေတွင် ကံကြမ္မာရဟတ်သည် ဤသို့ တစ်ချက်လှည့်လိုက် လေတော့၏။
တစ်ခုသောညတစ်ညတွင် ကိုမိုးအောင်တို့အိမ်သို့ ဓားပြများဝင်တိုက် လေတော့၏။ ဓားပြခေါင်းဆောင်သည် လောကီပညာ အစီအရင်များကို ကောင်းစွာ တတ်ကျွမ်းသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ အစီအရင်များပြုလုပ်လာ သဖြင့် ကိုမိုးအောင်၏မြင်းစီးအရုပ်သည် အစွမ်းမပြနိုင်သလိုလိုဖြစ်နေလေ တော့၏။
“ဟေ့ – အားလုံး လက်မြှောက်ထား။ ငါ့ နာမည် ဗိုလ်ရှိန်းထက်တဲ့ကွ။ မင်းတို့လင်မယားဆီက ဘာပစ္စည်းမှ မယူဘူး။ မြင်းစီးအရုပ်လေးပဲယူမယ်။ အေးအေးဆေးဆေး ထုတ်ပေးစမ်း။ အောင်မောင်း၊ ဒင်ကြီး၊ ငကြိုင် ကလေး တွေနဲ့ အဖွားကြီးကို သွားခေါ်လာခဲ့ကြဟေ့ – မလှုပ်နဲ့ -ပိုးအောင် – ငါ့ – လက်ထဲကသေနတ်က အရမ်းမြန်တယ်နော်။ ငါကအားလုံးအကွက်ချပြီးမှ မင်းအိမ်ကိုကို ဝင်တိုက်တာ။ ဟား – ဟား- ဟား”
“ကျွန်မတို့မှာရှိတဲ့ရွှေတွေ ငွေတွေယူသွားပါလားရှင်။ ဒီအရုပ်ကလေး ကဗိုလ်ကြီးတို့နဲ့ ဘာမှလည်း ပတ်သက်မှာမဟုတ်ပါဘူး”
“ဟား – ဟား – ဟား – ရီစရာတွေ လာပြောမနေနဲ့။ မင်းတို့ ချမ်းသာတာ ဒီအရုပ်ကြောင့်မဟုတ်လား။ ဒီအရုပ်ကတဘူးရတနာသိုက်ကိုဖွင့်မယ့်သော့ ကလေးကွ။ တဘူ၊သိုက်သာပွင့်ရင် – ဒီနိုင်ငံမှာငါ့လောက်ချမ်းသာမယ့်သူ ရိမှာမဟုတ်ဘူး”
“ခေါင်းရင်းက စင်လေးပေါ်မှာ”
“အဲဒါ ဟန်ပြတင်ထားတယ်ဆိုတာ ငါသိတယ်။ အစစ်ကို အမြန်ထုတ်
ထိုအချိန်တွင် ဓားပြဗိုလ်သည် တစ်ဖက်သို့လှည့်လိုက်စဉ်ကိုမိုးအောင် သည် ဓားပြဗိုလ်ကို ဝင်လုံးလေတော့၏။ အခြားဓားပြတစ်ယောက်ကနေ ကိုမိုးအောင်အား နောက်ဘက်မှ ဓားဖြင့်ခုတ်လိုက်ရာ မနှင်းလှိုင်သည် အစ်ကိုမိုးအောင်ဟုအော်ခေါ်ပြီးရင်ဖြင့် ဆီးခံလိုက်လေသည်။ ထိုအချိန်တွင် ခြံဝင်းအတွင်းမှ မြင်းခွာသံများ တဖြောင်းာင်းကြားရပြီး မကြာမီ ရွာသား များရောက်ရှိလာကာဓားပြများကိုတိုက်ထုတ်သဖြင့်ဓားပြများကိုယ်လွတ်ရန်းထွက်ပြေးကြရလေတော့၏။ မြင်းစီးအရုပ်ကလေးက ပါမသွားသော် လည်း မနှင်းလှိုင်ကား အသက်မရှိတော့ပေ။ နှင်းလှိုင်ကား အသက်ပေး၍ မိုးအောင်ကို ချစ်သွားလေတော့၏၊
အချိန်ကာလတို့သည် တရွေ့ရွေ့ပြောင်းလဲခဲ့ရာ ဇော်ဇော်လတ်ပင် စုမွန် ဟူသောမိန်းကလေးနှင့် အိမ်ထောင်ကျလေတော့၏။ တစ်ခုသောနေ့လယ် ခင်းတွင် ကိုမိုးအောင်သည် ကွပ်ပျစ်ပေါ်၌ အိပ်ပျော်နေစဉ် နင်းလှိုင်ကို အိပ်မက် မက်လေတော့၏။ အိပ်မက်ထဲတွင် နှင်းလှိုင်သည် အစ်ကိုနှင့် ပြန်
လာနေတော့မည်ဟုပြောပြီးပျောက်ကွယ်သွားလေတော့၏။ထိုအချိန်တွင်
အိပ်မက်မှ လန့်နိုးသွားလေတော့၏။ ခံတွင်းချဉ်ချဉ်ရှိသဖြင့် ဆေးပြင်းလိပ် တစ်လိပ် ကောက်ဖွာနေစဉ် ဇော်ဇော်လတ်သည် အူးယားားယားဖြင့် ရောက်လာပြီး –
“အဖေ – ကျွန်တော် အဖြေပြီဗျ – လူဖြစ်ပြီရ။ ဟာ-ဟ-ကလေး အဖေဖြစ်ပြီဗျ။ အဖေလည်း ဖြစ်တော့မယ်။ အခု စုမွန်မှာ ကိုယ်ဝန်ရှိနေပြီတဲ့
ဒါဆို ပွေးလာတဲ့ကလေးက မင်းအဖေပဲ”
ထိုသို့နှင့်ချွေးမလေးမွေးသောအခါဒဏ်ဒဏ်လတ်နည်းတူ စိတ်လှုပ်ရှား
ရသည်မှာ ကိုမိုးအောင်ပင် ဖြစ်လေသည်။ မကြာခင် မီးနေခန်းထဲမှ အငဲ – အူဝဲ ဆိုသော အသံနှင့် –
“မိန်းကလေးတော် – မိန်းကလေး။ ဖြူဖြူဖွေးဖွေးနဲ့ ရပ်စရာလေးတော့ ဗိုက်မှာလည်း အမှတ်ကြီးနဲ့တော်ရေ-လူဝင်စားလေးလားမသိဘူး”
ဟူသော လက်သည်၏အသံကို ကြားလိုက်ရသောအခါမှ သားအဖ နှစ်ယောက်စလုံး သက်ပြင်းချနိုင်လေတော့၏။ ထို့နောက်ကလေး၊မီးထွက်ပြီး နာမည်ပေးသောအခါ –
“ငါ့မြေးကနင်းလှိုင် ပြန်ဝင်စားတာကွ။ ဒါကြောင့် နှင်းလှိုင်ဆိုတဲ့နာမည် တော့ပါရမယ်။ အင်္ဂါနေ့မွေးတာဆိုတော့ ဟေ့ကောင် ငဇော် ငါတို့မြေးကို နှင်းလှိုင်စိုးလို့ ပေးချင်တယ်ကွ။ မင်းကော ကြိုက်လား”
လား
“အကောင်းမယ် ထင်သလိုလုပ်ပါ၊ အဖေကောင်းရင် ကောင်းတာ
“မင်း မိန်းမ – စုမွန်ကောကွ
“စုမွန်လည်း ကျွန်တော့်သဘောပဲ၊ အဖေ ကြိုက်သလိုသာပေး ဟုတ်
“အေး – ဒါဆို ငါ့မြေးနာမည် နှင်းလှိုင်စိုးလို့ ပေးလိုက်ပြီဟေ့” “နှင်းလှိုင်စိုးရေ- နှင်းလှိုင်စိုးဂရ- ဘိုးဘိုးရဲ့အချစ်ဆုံးကြီးရ- ငါး-
ဟား – ဟား … ဟား”
နှင်းလှိုင်စိုးလေး ငါးနှစ်သမီးအရွယ်သို့ ရောက်လာသောအခါ ကိုမိုး အောင်အား မြင်းစီးအရပ်လေးသည် သူ့အား ပြန်ပို့ပေးရန် တောင်းဆိုလေတော့၏။ ကိုမိုးအောင်သည် ထိုအိပ်မက်ကို အလေးမထားပဲ နေမြဲအတိုင်း နေခဲ့လေ၏။ ထိုအခါမြင်းစီးအရုပ်လေးသည် သုံးကြိမ်သုံးခါ အိပ်မက်ပေး လေတော့၏။ နောက်ဆုံးအခါတွင် သူပြောသည့်ရက်ကို ပြန်မပို့လျှင် သူ ဘာသာသူ ထွက်သွားမည်ဖြစ်ပြီး ကိုဖိုးအောင်အားလည်း ဒဏ်ပေးခဲ့မည် ြစ်ကြောင်း အိပ်မက်ပေးခဲ့လေ၏။ ထို့အတွက် ကိုမိုးအောင်သည် မြင်းစီး အရုပ်ကလေးကို ပိုမိုလုံခြုံအောင်သေတ္တာထဲထည့်၍သော့ခတ်ထားလိုက် လေတော့၏။ တစ်ခုသော နေ့လယ်ခင်းတွင် ကိုမိုးအောင်သည် အိမ်ရှေ့ ကွပ်ပျစ်၌ တစ်ရေးတစ်မောအိပ်နေစဉ်အိပ်မက်လိုလို ဘာလိုလိုနှင့် ဤသို့ မြင်တွေ့ရလေတော့၏။ နှုတ်းခမ်းမွေး ခပ်ရေးရေးနှင့် နှာတံပေါ်ပေါ် မျက်လုံး မျက်ခုံကောင်း၍ ဖြူရည်ဝင်းမွတ်သော အသားအရေနှင့် အရပ်အမောင်း ကောင်းသော မင်းညီမင်းသားတစ်ပါးသည် ကိုမိုးအောင်အား –
“ဟေ့ကောင် – မိုးအောင်၊ မင်းကတိမတည်ဘူး။ ငါ မင်းဆီကိုစရောက် တုန်းက ဘာပြောခဲ့လဲ၊ ငါပြန်ရမယ့်အချိန်ရောက်ရင် ပြန်ပို့ပေးပါလို့ ပြောခဲ့ တယ်မဟုတ်လား။ အခု မင်းကြောင့် ငါ့မှာ အနှောင့်အယှက်တွေဖြစ်သွားခဲ့ ရပြီ။ ငါပြောခဲ့တာလည်း သုံးကြိမ်ရှိခဲ့ပြီ။ မင်း ပြန်မပို့ပေးခဲ့ဘူး။ ငါ သွားတော့ မယ်။ မင်းကိုလည်း ဒဏ်ခတ်ခဲ့ပြီ – မင်းထိုက်နဲ့မင်းကံ – ခံaပေတော့”
ဟုဆိုကာအိမ်ရှေ့သို့ထွက်သွားလေ၏။ အိမ်ရှေ့တွင် ရပ်လိုက်စဉ်သူ့အရှေ့ သို့မြင်းဖြူကြီးတစ်ကောင်သည် ကကြိုးတန်ဆာပုံလင်စွာဖြင့် ရောက်ရှိလာ လေ၏။ ထို့နောက်မြင်းပေါ်တက်လိုက်ပြီး အိမ်ဘက်သို့ ခပ်ငေါ့ငေါ့ပြုံးကြည့် ကာ မြင်းကို တအားကုန် ဒုန်းစိုင်းသွားလေတော့၏။
“ခွပ် – ခွပ် – ခွပ် – ဆိပ်”
“အဖေ – ထပါဦးဗျ။ အိမ်ရှေ့က မြင်းခွာသံကြားတယ်ဗျ။ ထ – ထ”
ဟူ၍ မြတ်ကိုကို လာနိုးလာသဖြင့် အိမ်ရှေ့ ခြံထွက်ကြည့်ကြရာ အိပ်မှခြံစည်းရိုးအစပ်အထိ ရွာလမ်းတစ်လျှောက် မြင်းခွာများကို တွေ့ရပြီး ကိုမိုးအောင်၏ ပိုင်နက်နယ်မြေ ကျော်သွားသောအခါ မြင်းခွာရာများ ထူးဆန်းစွာ ပျောက်ဆုံးသွားလေတော့၏။ ထိုအခါမြင်စီးအရုပ်ကို သော့ခတ်၍ သိမ်းထားသည်ကို သတိရ၍ အပြေးအလွှား သွားကြည့်လေရာ သေတ္တာမှာ ခြေရာလက်ရာမပျက်ရှိသဖြင့် စိတ်အေးသွားရလေသည်။ ထို့နောက် ကိုမိုးအောင်သည်အိပ်မက်ထဲမှ မင်းသား၏ခပ်ငေါ့ငါ့အပြုံးနှင့် ငါ့ဘာသာငါ သွားတော့မယ်”ဟူသော စကားကို သတိရမိ၍ သေတ္တာကို သော့ဖြင့်ဖွင့်ကြည့်လေရာ မြင်းစီးအရုပ်လေးမှာ လုံးဝမရှိတော့ပေ။ သော့ ခတ်၍သိမ်းဆည်းထားသည့်ကြားမှ ထူးဆန်းစွာ ပျောက်ဆုံးသွားခြင်း ဖြစ်လေတော့၏။
“အဲဒါနဲ့ ဘာဆက်ဖြစ်သွားလည်း အမေ။ ဦးမိုးအောင်တော့ တော် တော်လေး စိတ်မကောင်းဖြစ်သွားမှာပဲနော်”ဟု ကျောင်းဆရာလေးကိုကျော်ဒင်သည် ပြောလိုက်လေရာ အမေ ဒေါ်အေးလှသည် –
“အစ်ကိုမိုးအောင်လည်း အဲဒီနေ့ကစပြီး စကားအပြောအဆိုနည်းသွား တယ်။ ငူငူငေါင်ငေါင်လည်း ဖြစ်လာတယ်။ တစ်ရက်လည်းကျရော မြေအိုး တစ်လုံးကိုပိုက်ပြီး ငိုယိုလာတယ်။ ပါးစပ်ကလည်း သွားပါပြီ – ကုန်ပါပြီ၊ အောင်မလေးလုပ်ရက်လေခြင်းလို့ပြောပြီးလမ်းပေါ်လျှောက်သွားနေတယ်။ အိုးထဲမှာလည်း မီးသွေးခဲတွေပဲ တွေ့တယ်။ အဲဒီကစပြီး ရူးသွားတော့တာ
“တချို့ကလည်း ဒီကောင် ရွှေတွေ မင်းရမ်းကားက ပြန်ယူသွားတာလို့ လည်း ပြောကြတယ်။ ဘယ်ဟာအမှန်လည်း ဆိုတာတော့ ကာယကံရှင် မိုးအောင်ပဲ သိလိမ့်မယ်ကွဲ့။ အဓိကကတော့ လောကဓံတရားကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုမရှိတာပါပဲ။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမင်္ဂလာ
တစ်ပါးဖြစ်တယ်လို့ဆိုထားတာ မဟုတ်လားကွ”
ဟုအဘိုး ဦးမင်းနောင်သည် ပြောလေ၏။ ထို့နောက် ကွမ်းအစ်ကြီးကို ပိုက်၍ အိမ်ပေါ်ထပ်သို့ ပြန်တက်သွားလေတော့၏။ ထိုသို့ မတက်ခင် –
“မြေး – ကျောင်းဆရာလည်း မှတ်ထားဟေ့-လူစိတ်ဆိုတာ သိပ်ခင် တွယ်တတ်ကြတာ။ မိမိခင်တွယ်ရာ၊ မှီခိုရာ၊ အားကိုးရာတွေ မရှိတော့ဘူး ဆိုရင် စိတ်အားတွေငယ်သွားပြီး ပျက်စီးသွားတတ်ကြတယ်။ မယ်ပဋာတို့လို ပေါ့။မိုးအောင်လည်း သူ သိပ်မြတ်နိုးတဲ့အရုပ်နဲ့ စီးပွားတွေ ယုတ်လျှော့သွား တော့ စိတ်ဖောက်ပြန်သွားတာပေါ့။ ဒါကြောင့် … ကိုယ့်ကိုယ်ကိုယ်သာ အားကိုးဟေ့”
ဟုပြောဆို၍သွားလေတော့သတည်း။

Zawgyi Version

” ျမင္းစီးဝိညာဥ္ “(စ/ဆုံး)
————————–

ဤ႐ြာေလးသည္ တစ္ခ်ိန္တစ္ခါက အလြန္ႂကြယ္ဝခဲ့ပုံ ရေလသည္။
႐ြာဦးတြင္ရွိေသာအမ်ားေကာင္းမႈ ေပါင္းစုထားသည့္ ဘုန္းေတာ္ႀကီးေက်ာင္း၊ ႐ြာလယ္တြင္ရွိေနေသာဓမၼာ႐ုံေတာ္ႀကီ။ ႐ြာသခ်ႋဳင္းတြင္ ေဆာက္ထားေသာ တရားေဟာဇရပ္ႀကီးမ်ားႏွင့္ ႐ြာထဲရွိ အိမ္ႀကီး၊ အိမ္ေကာင္းမ်ားကို ၾကည့္ ျခင္းအားျဖင့္ ႂကြယ္ပုံ” ဟူေသာ႐ြာအမည္ျဖင့္ လိုက္ဖက္လွေပသည္။ ကိုေက်ာ္ဇင္သည္ဤ႐ြာေလးသို႔တာဝန္က်ေရာက္ရွိလာေသာေက်ာင္း ဆရာေလးျဖစ္သည္။ ပညာေရးဌာနတြင္ သတင္းပို႔စဥ္က ကိုေက်ာ္ဒင္အား ၿမိဳ႕နယ္ပညာေရးအႀကီးအကဲသည္ ႂကြယ္ပုံဆိုေသာအမည္ကိုၾကားရေသာ အခါ ေဖာ္ေ႐ြ႕၍ ေနခ်င္စရာေကာင္းၿပီ၊ စိတ္ဝင္စားဖြယ္ရာမ်ားစြာရွိေၾကာင္း ေျပာလိုက္ေလသည္။ ထိုစဥ္က ေသေသခ်ာခ်ာ သေဘာမေပါက္ခဲ့ေသာ္ လည္း ယခု အဘိုးဦးမင္းေနာင္တို႔ ေျပာျပေသာႂကြယ္ပုံ႐ြာမွေတာင္ပိုင္ႀကီးအေၾကာင္းကိုနားေထာင္ၿပီးသည့္အခါပညာေရးမႉးေျပာလိုက္ေသာစကားသေဘာကိုျပန္လည္သတိရမိေလေတာ့၏။ ေက်ာင္းဆရာေလးသည္တစ္ကိုယ္ေရ တစ္ကာယျဖစ္၍ ႐ြာလယ္ရွိ အဘိုးဦးမင္းေနာင္ႏွင့္ သူ၏သမီး အေမ ေဒၚေအးလွတို႔ေနအိမ္တြင္႐ြာလူႀကီးတို႔ကေနရာခ်ထားပးေလ၏။ ေကာင္းလွေသာ အဘိုးႏွင့္အေမတို႔အား မိမိ၏ေဆြမ်ိဳးသားခ်င္းအရင္းအခ်ာ ပမာ တေလးတစား ဆက္ဆံသျဖင့္ မိသားစုနည္းေသာ ဤအိမ္ေလးတြင္ မၾကာမီကာလအတြင္း၌ ေျမးႏွင့္ အဘိုး၊ သားႏွင့္အမိကဲ့သို႔ရင္းႏွီးသြားခဲ့ေလ သည္။ ထို႔ေၾကာင့္ပင္ အဘိုးတို႔သားအမိႏွင့္အတူ ေတာင္ပိုင္ႀကီးကို သြား ေရာက္ပူေဇာ္ခြင့္ရခဲ့ျခင္း ျဖစ္သည္။
ေက်ာင္းဆရာေလးကိုေက်ာ္ဝင္သည္အိမ္ဝင္းအတြင္းရွိအရိပ္အာဝါသ
ေကာင္းမြန္ေသာေညာင္ၾကပ္ပင္ႀကီးေအာက္တြင္ ကုလားထိုင္ေလးတစ္လုံး
ျဖင့္ စာဖတ္ေနစဥ္ ႐ြာထဲမွကေလးမ်ားသည္လည္းလာေရာက္၍ကစားေန ေလေတာ့၏။ ထိုသို႔ ကစားေနသည္ကို ေက်ာင္းဆရာေလးသည္ ဘာရယ္ ညာရယ္မဟုတ္ပါဘဲ အမွတ္မဲ့စိုက္ၾကည့္ေနမိေလသည္။ ကေလးမ်ားသည္ အုန္းလက္မ်ားကိခြၿပီး ျမင္းစီး၍ စစ္တိုက္တိုင္း ကစားေနေလ၏။ ထိုသို႔ ကစားေနရင္းမွ ကေလးႏွစ္ေယာက္သည္ ပုံစံေျပာင္းကာ …… ”ငါက မင္းရမ္းကား လုပ္မယ္၊ ျမင္းနဲ႔ ေျပးမယ္”ဟု ကေလးတစ္ဒယာက္သည္ အုန္းလက္ကိုခြစီး၍ ထြက္ေျပးေလရာ က်န္ကေလးတစ္ေယာက္သည္လည္း အုန္းလက္တစ္ခုကိုခြပီးၿပီး ဝါးျခမ္း ျပားတစ္ခုကို ကိုင္၍ . . .
“ေအး – ငါကေတာ့ တဘူးဘုရင္လုပ္မယ္။ ဆင္နဲ႔လိုက္မယ္၊ မိရင္ ဓားနဲ႔ခုတ္မယ္”
“ေအး – ေျပးၿပီေဟ့” “လိုက္ၿပီဟ – လိုက္ၿပီ”
“တစ္ကလုပ္ – တစ္ကလုပ္ – တစ္ကလုပ္”
“က်ီ-ကို-က်ီ-က်ိ-ဝူး…ပူး”
”အို – ကံရယ္ဆိုးလိုက္တာ၊ အဖ ရန္က လြတ္ပါ့မလား”
“သား – ေမာင္ရပ္၊ကား မေျပးနဲ႔” “တယ္ … ဒီလဟာျပင္ႀကီးက က်ယ္လိုက္တာ” “က်ီ-က်ီ-မီေတာ့မယ္ေဟ့၊ ေသဖို႔သာ ျပင္ထားကြ” “လဟာရယ္ မငယ္ႏိုင္ေတာ့ပါလား”
ထိုအခ်ိန္တြင္ ဘုရင္လုပ္ေနေသာကေလးသည္လက္ထဲမွ ငါးဓားျဖင့္ ပိုင္းခ်လိုက္ေလေတာ့၏။
ေရွ႕မွ ေျပးေနေသာကေလးကို
“အား-ေသပါၿပီကြာ၊ ငါ တကယ္နာတာကြ။ ဟာ- ေသြးေတာင္ နည္းနည္းထြက္လာၿပီ”
ထိုအခါေက်ာင္းဆရာေလးသည္ကေလးမ်ားကိုထိုသို႔ အၾကမ္းပတမ္း
မေဆာ့ရန္ေျပာၿပီး ေသြးထြက္သြားေသာေနရာကိုေဆးထည့္ေပးလိုက္ေလ ေတာ့၏။ ထိုအခ်ိန္တြင္ ဆန္ျပာေနေသာ အေမ ေဒၚေအးလွသည္ ေက်ာင္း ဆရာေလး ကိုေက်ာ္ဇင္အား…
“ဒီလိုပဲ- သားေရ၊ ဒီ႐ြာမွာက ဒီကစားနည္းနဲ႔ကစားၾကရင္ ကေလးတစ္ ေယာက္ေတာ့ ထိခိုက္ဒဏ္ရာရတာခ်ည္းပဲ။ အထူးသျဖင့္ မင္းရမ္းကား လုပ္တဲ့ကေလးေတြခ်ည္း ဒဏ္ရာရတာပဲ” “ဘာျဖစ္လို႔လဲ – အေမ”
“လမိုင္းကပ္သြားတာ ေနမွာေပါ့ကြယ္။ သူတို႔ ကစားသြားတဲ့ မင္းရမ္း ကားတို႔ တဘူးဘုရင္တို႔ဆိုတာ အေမတို႔ ႐ြာဘက္မွာ ဒ႑ာရီဆန္ဆန္၊
ပုံျပင္ဆန္ဆန္ေလးတစ္ခုရွိခဲ့ဖူးတယ္။ လူေလး ႐ြာျပင္ေရာက္ရင္ ႐ြာရဲ႕ အေရွ႕ဘက္တည့္တည့္မွာ ကုန္း႐ိုးႀကီးတစ္ခုကို ျမင္ေနရတယ္မို႔လား။ ေအး – အဲဒါတဘူးၿမိဳ႕ေဟာင္းႀကီးပဲ။ ၿမိဳ႕႐ိုးကအုတ္ေတြကေတာ့လွေလးသြာ၊ၾကည့္ရင္ေတြ႕ႏိုင္ေသးတယ္။ ဟိုးတုန္းကဆိုရင္ အဲဒီေနရာဟာတကယ့္ကို ဆင္ေန၊က်ားေအာင္းပဲ။ ကညင္ပင္ႀကီးေတြ၊ သမန္းပင္ႀကီးေတြဆို အႀကီး ႀကီးေတြပဲ။အခုေတာ့ လူေတြက လယ္ေတြ ယာေတြ ခုတ္ထြင္လုပ္ေနၾက လို႔ တဘူးၿမိဳ႕ေဟာင္းထဲမွာေတာင္ ေနရာလြတ္ သိပ္မရွိေတာ့ဘူး”ဟု ေျပာေလ၏ ။ ထိုအခါေက်ာင္းဆရာေလး ကိုေက်ာ္ဒင္သည္ –
ေအး’အဲဒီ ဘုတစ္ရာ႐ြာျဖစ္လာပုံက ဒီလိုေဟ့။ မင္းရမ္းကားကို တဘူးမင္းက သတ္လိုက္ၿပီး သူကိုယ္သူ အဆုံးမစီရင္ခင္ မိဖုရားအပါးငါးဆယ္ ပက္လက္လွန္ၿပီး ဆင္နဲ႔နင္းသတ္ခဲ့တယ္တဲ့။ အဲဒီေနရာ ဘုတစ္ရာပဲ“အဲဒီ တဘူးၿမိဳ႕ေဟာင္းႀကီးအေၾကာင္းကို မွတ္တမ္းတင္ထားတဲ့ မွတ္တမ္းမွတ္ရာေလးေတြ ဘာေတြမရွိဘူးလား အေမရဲ႕
“ဟုတ္တယ္ကြ – ေျမးရ၊ သမိုင္းကို ေဖ်ာက္ဖ်က္ထားခဲ့တယ္လို႔ ေျပာ ၾကတာပါပဲကြာ။ အဘိုးတို႔ ငယ္ငယ္ကေလးက ၾကားဖူးေနတဲ့ ပါးစပ္ရာဇဝင္ ေလးေတြပဲ ရွိပါတယ္”
ဟု ကြမ္းအစ္ႀကီးကိုင္ကာ အိမ္အေပၚထပ္မွ ဆင္းလာေသာ အဘိုး ဦးမင္းေနာင္ကစကားဝိုင္းထဲဝင္လာခဲ့ေလသည္။ထိုအခါေက်ာင္းဆရာေလး ကိုေက်ာ္ဇင္သည္ ထိုပါးစပ္ရာဇဝင္အား ေျပာျပရန္ ေတာင္းဆိုလေတာ့၏။ အဘိုး ဦ၊မင္းေနာင္သည္ ပါးေစာင္ထဲမွ ကြမ္းမ်ားကို ေထြးခံထဲ ေထြးလိုက္ၿပီး ဖန္ရည္ျဖင့္ ပလုတ္က်င္းလိုက္ေလေတာ့၏။ ထို႔ေနာက္ ..
“ဒီ တဘူးၿမိဳ႕ေဟာင္းႀကီးက ႏွစ္ေပါင္းဘယ္ေလာက္ရွိၿပီ၊ ဘယ္ေခတ္ ကတည္းကဆိုတာေတာ့ အဘိုးတို႔လည္း ေသေသခ်ာခ်ာမသိဘူး။ ေရွးလူ ႀကီးေတြေျပာတာေတာ့ အေနာ္ရထာတို႔နဲ႔ ေခတ္ၿပိဳင္ေလာက္ရွိတယ္လို႔ေျပာတာပဲ။သားလုပ္တဲ့မင္းရမ္းကားကအေဖလုပ္သူတဘူးဘုရင္ရဲ႕မိဖုရား
တစ္ပါးကို ခိုးေျပးလာခဲ့တယ္တဲ့။ ဒါေၾကာင့္ အေဖက လိုက္သတ္တာတဲ့။ သားျမင္းနဲ႔ေျပးတယ္၊အဖကဆင္နဲ႔လိုက္တယ္။ သားျဖစ္သူက လဟာရယ္ မငယ္ပါလားလို႔ ညည္းခဲ့လို႔ အခုအဘိုးတို႔႐ြာအေရမွာ လဟာမငယ္႐ြာႀကီး ရွိတယ္။ အို … ကံက ဆိုးလိုက္တာလို႔ ႐ြက္တဲ့ေနရာမွာ အခု ဥကၠံၿမိဳ႕ ျဖစ္လာ ရန္ကလုံေအာင္ပုန္းေနတဲ့ေနရာကိုေတာ့“ဖလုံ”တဲ့၊ နန္းေတာ္ ပန္းေတြစိုက္တဲ့ေနရာမွာေတာ့ပန္းပင္တန္းဆိုတဲ့႐ြာရွိတယ္တယ္။အကိုပန္းဆက္ဖို႔ဟု ေျပာလိုက္ၿပီး ဖန္ရည္ၾကမ္းတစ္ခြက္ကို ေကာက္ေသာက္လိုက္ ေလ၏။ ထို႔ေနာက္ၿပဳံးစစမ်က္ႏွာထားႏွင့္ အဘိုးဦးမင္းေနာင္သည္ –
“အဘိုးတို႔လူႀကီးေတြေျပာတဲ့ရိစရာတစ္ခုေတာ့ရွိတယ္။အဘိုးလည္း
အစက မေတြးမိဘူးကြ။ ေနာက္မွေတြးမိေတာ့ေၾကာ္-ဒါေၾကာင့္ကိုးလို႔ သိရ တယ္။ အဲဒီ ပန္းပင္တန္း႐ြာရဲ႕ေနာက္မွာ ဘုတစ္ရာဆိုတဲ့ ႐ြာတစ္႐ြာရွိတယ္ကြ”
“ဟုတ္တယ္ -အဘိုးရဲ႕၊ ကြၽန္ေတာ့္ သူငယ္ခ်င္း ပြဲႀကီးဆိုတဲ့ ေက်ာင္း ဆရာတစ္ေယာက္ တာဝန္က်တဲ့ ႐ြာနာမည္က ဘုတစ္ရာတဲ့။ ဒီၿမိဳ႕နယ္ထဲ ကပဲဆိုေတာ့ အဘိုးေျပာတဲ့႐ြာပဲ ျဖစ္မွာပါ”
“ေအး- အဲဒီ ဘုတစ္ရာ႐ြာျဖစ္လာပုံက ဒီလိုေဟ့။ မင္းရမ္းကားကို တအူးမင္းက သတ္လိုက္ၿပီး သူကိုယ္သူ အဆုံးမစီရင္ခင္ မိဖုရားအပါး ငါးဆယ္ ပက္လက္လွန္ၿပီး ဆင္နဲ႔နင္းသတ္ခဲ့တယ္တဲ့။ အဲဒီေနရာ ဘုတစ္ရာဟု ဆိုကာ တခိခိႏွင့္ ရယ္ေနေလေတာ့၏။ ေက်ာင္းဆရာေလး ကိုေက်ာ္ဇင္သည္ ပထမေတာ့ အေတြးမေပါက္ေသးေသာ္လည္း ေနာက္အေတြးေပါက္လာသျဖင့္ တဟားဟားႏွင့္ထ၍ ရယ္လိုက္ေလေတာ့၏။ ဤသို႔ျဖင့္ စကားဝိုင္းေလးသည္ ရယ္သံမ်ားႏွင့္ စိုေျပသြားေလေတာ့၏။ ထိုအရိန္တြင္ၿခံဝန္းအတြင္းသို႔ အသက္အ႐ြယ္အားျဖင့္ ႏွစ္ဆယ္ဝန္းက်င္ခန႔္ ရွိမည္ထင္ရ၍ ကိုယ္လုံးကိုယ္ခေပါက္ အခ်ိဳးအစားက်နကာ ေခ်ာေမာလွပ ေသာ မိန္းကေလးတစ္ဦး ဝင္ေရာက္လာေလ၏။ ထိုအခါ ဆန္ျပာေနေသာ အေမ ေဒၚေလးလွသည္ –
“ဟဲ့ … သမီး ႏွင္းေလး – ဘာလာလုပ္တာတုံး”
“ဟုတ္ကဲ့ – အေမႀကီးလွ မနက္ျဖန္က်ရင္ အဘိုးအတြက္ အလႉလုပ္ ခ်င္လို႔အမႀကီးလွနဲ႔ အဘိုး ဘိုးမင္းေနာင္တို႔ကိုလာဖိတ္တာပါ။ အေမတို႔က ဆရာႀကီး ဦးေက်ာ္ဇင္ကိုလည္း ဖိတ္ခိုင္းလိုက္ပါတယ္” “ဟဲ့ – နင္ အဘိုးေသတာ ဘယ္ေလာက္ၾကာၿပီလဲ”
“ခုနစ္ႏွစ္ ရွိပါၿပီ” “နင္ သတိရရဲ႕လား” “ဟုတ္ကဲ့”
ဟု ဆိုၿပီး ျပန္ထြက္သြားေလေတာ့၏။ ေက်ာင္းဆရာေလးသည္ ေကာင္မေလးစကားေျပာသည္ကိုနားေထာင္ရသည္မွာတစ္မ်ိဳးႀကီးျဖစ္ဒန၍ အဆင္မေျပသလို ခံစားရေၾကာင္းေျပာမိေသာအခါအေမႀကီးသည္- “ဟုတ္တယ္ … သားရဲ႕။ သူကေလးက အေမတို႔ အစ္မလိုခင္ရတဲ့ အစ္မ ႏွင္းလႈိင္ဝင္စားတာေလ။ အစ္မႏွင္းလႈိင္က အဲဒီလိုပဲ စကားေျပာတတ္တယ္။ အစ္မႏွင္းလႈိင္ဆိုတာလည္း သူ႔အဘြား အရင္းႀကီးပဲေလ။ အစ္မႏွင္းလႈိင္နဲ႔ အစ္ကိုမိုးေအာင္တို႔အခ်စ္ကလည္း စံတင္ေလာက္ပါတယ္၊ အစ္ကိုပိုးေအာင္ ရဲ႕ဝဋ္ေႂကြးကလည္း ႀကီးမားလိုက္တာ ေျပာမေနပါနဲ႔ေတာ့”
ဒီေကာင္ ဒီလိုျဖစ္သြားတာ ဝဋ္ေႂကြးမဟုတ္ပါဘူး သမီးရယ္၊ ကတိ မတည္လို႔ပါ။ ျမင္းစီးဝိညာဥ္အ႐ုပ္ကို ေနရာျပန္မထားလို႔ပဲ။
“အေဖကလည္း မမႏွင္းလႈိင္က ဒီအရပ္အတြက္ အသက္စြန႔္ၿပီး အစ္ကို မိုးေအာင္ကို ကယ္ခဲ့တာ။ ဒါေၾကာင့္လည္း ဒီအ႐ုပ္ကို သူ ႐ူးရတဲ့အထိ ျမတ္ႏိုးခဲ့တာေပါ့။ သူတို႔ မိသားစုေလးကိုက ဂမၻီရဆန္လြန္းပါတယ္”ဟုေျပာလိုက္ေလေတာ့၏။ ထိုအခါ အထူးအဆန္းကိုစိတ္ဝင္စားေသာ ေက်ာင္းဆရာေလးကိုေက်ာ္ဇင္သည္ ထိုဇာတ္လမ္းေလးကို သိခ်င္ေၾကာင္း ေတာင္းဆိုထလရာ အေမေဒၚေအးလွသည္ ဆန္ဗန္းကိုေအာက္ခ်၍ေအာက္ပါ ဇာတ္လမ္းေလးကို ေျပာျပေလေတာ့၏။
ႂကြယ္ပုံ႐ြာေလးတြင္ ကိုမိုးေအာင္တို႔သားအမိသည္ အဆင္းရဲဆုံး၊ အႏြမ္းပါးဆုံးပင္ ျဖစ္ေလသည္။ ငယ္စဥ္ကတည္းကပင္ ဖခင္မဲ့ျဖစ္ခဲ့ရေသာ္ လည္းမိခင္၏အုပ္ထိန္းမႈေအာက္တြင္ ကိုမိုးေအာင္သည္ ေကာင္းစြာလူလား ေျမာက္ခဲ့ရဒလသည္။ ဥစၥာဓန ႂကြယ္ဝေသာ္လည္း ႐ိုးသားႀကိဳးစားၿပီး လိမၼာ ယဥ္ေက်းသျဖင့္ လူခ်စ္လူခင္မ်ားသူ တစ္ေယာက္ပင္ျဖစ္သည္။ အ႐ြယ္ ငယ္စဥ္ကေလးဘဝမွာေတာ့ မိခင္ျဖစ္သူမွ ရွာေဖြေကြၽးေမြးခဲ့ရေသာ္လည္း ကိုမိုးေအာင္သည္ အသက္ဆယ့္သုံးေလးႏွစ္မွပင္ ကြၽဲေက်ာင္း၊ ႏြားေက်ာင္း၊ ေရခပ္၊ ထင္းခြဲ၊ ဝါးခုတ္ စေသာအလုပ္မ်ားကို လုပ္ကိုင္ကာ အေမအိုကို ရွာေကြၽးခဲ့ေလသည္။ သူ၏႐ိုးသားႀကိဳးစားမႈေၾကာင့္လယ္ေလးႏွစ္ဧကႏွင့္ ႏြားတစ္ရွဥ္းကို ပိုင္ဆိုင္လာကာ အေမအိုကို ေကာင္းမြန္စြာ ေကြၽးေမြးႏိုင္ၿပီ ျဖစ္သည္။ ထိုအခါ ႐ြာထဲရွိ လူႀကီးသူႀကီးမ်ားက ကိုမိုးေအာင္အား အထူး သေဘာၾကေလ၏။ သမီးရွင္မ်ားမွလည္း ေမာင္မိုးေအာင္ႏွင့္ဆိုရင္ သူတို႔ သမီးကို သေဘာတူတယ္ဟူ၍ပင္ျဖစ္လာေလေတာ့၏။ သို႔ေပေသာ္လည္း ကိုမိုးေအာင္သည္ မည္သည့္မိန္းကေလးကိုမွ် စိတ္မဝင္စားခဲ့ေခ်။ တစ္ေန႔ တြင္ကိုပိုးေအာင္၏သူငယ္ခ်င္းျဖစ္သူလဟာပငယ္႐ြာသားကိုႏိုင္ဝင္းဆိုသူေရာက္လာၿပီး …
“ေဟ့ – သူငယ္ခ်င္း၊ မင္း ငါတို႔႐ြာ လိုက္ခဲ့ပါလားကြာ။ ငါ့ ဦးေလးရဲ႕ အလႉကို လိုက္ကူေပးစမ္းပါဦး။ အလႉကသိုင္းေတြကနားေတြ ပါမွာကြ” “ဘယ္ႏွရက္ေလာက္ လိုက္လုပ္ေပးရမွာလည္းကြ။ ငါ့မွာက သိပ္အား တာမဟုတ္ဘူး။ အေမ့ကို ေျပာရဦးမယ္”
“မင္းကလည္းကြာ – လဟာမငယ္နဲ႔ ႂကြယ္ပုံ ဘာေဝးတာမွတ္လို႔။ မင္း အေမအတြက္ေတာ့ မပူနဲ႔၊ ငါရေအာင္ေျပာမယ္ သုံးေလးရက္ေပါ့ကြာ”
ဟု ဆိုကာ အတင္းေခၚသျဖင့္ ကိုမိုးေအာင္သည္ အဒမလုပ္သူအား ခြင့္ပန္ကာလဟာမငယ္႐ြာသို႔လိုက္လာခဲ့ေလသည္။ထိုသို႔လိုက္လာခဲ့ျခင္း သည္ ကိုမိုးေအာင္အတြက္ ႐ြာလည္တဲ့ နဖူးစာျဖစ္ေနေၾကာင္းကို ထိုအခ်ိန္ ကမသိခဲ့ပါေခ်။ လဟာမငယ္႐ြာႀကီးသည္ သမိုင္းဝင္႐ြာႀကီးျဖစ္သည့္ တဘူး ရာဇဝင္ႏွင့္ ဆက္စပ္ေနေလသည္။ တဘူးဘုရင္သည္ သားျဖစ္သူ မင္းရမ္း ကားက ပုန္စားသျဖင့္ ဆင္ျဖင့္လိုက္သတ္ေလ၏။ မင္းရမ္းကားက ေ႐ႊတိုက္
ယဥ္ေက်ာ္ ျမင္းျဖဴကိုစီး၍ေျပးေလး၏။ ထိုသို႔ သားအဖႏွစ္ေယာက္ ေျပးရင္း လိုက္ရင္းျဖင့္ ဤ႐ြာႀကီးတည္ရာလဟာျပင္ႀကီးသို႔ေရာက္လာေလဒတာ့၏။ ေ႐ႊတိုက္ယဥ္ေက်ာ္ျမင္းျဖဴ၏ေျပးႏႈန္းကိုတဘူးမင္း၏ဗကဆင္ေတာ္သည္ ေကာင္းစြာခံခဲ့ေလေတာ့၏။ ထိုအခ်ိန္တြင္ မင္းရမ္းကားသည္ဤလဟာျပင္ က်ယ္ႀကီးေၾကာင့္ သူကိုမီလာသည္ဟုထင္မွတ္၍“လဟာရယ္ – မငယ္ႏိုင္ ေတာ့ဘူးလား”ဟု႐ြတ္ဆိုခဲ့ဖူးေလသည္။ ထိုေနရာ၌ယခုလဟာမငယ္႐ြာႀကီး ေပၚေပါက္လာခဲ့ေလသည္။ မင္းရမ္းကားေရွ႕၊ ေျပးေနစဥ္ ေနာက္မွ ဓားျဖင့္ ပိုင္းခ်လိုက္ရာ ေခါင္းျပတ္၍ေသသြားေသာေနရာတြင္ ေစတီတစ္ဆူတည္ ခဲ့ေလသည္။ ဤ႐ြာပတ္ဝန္းက်င္သည္ က်ိန္စာသင့္ခဲ့ေလသလားပင္ မသိ ေပ။ ေျမဆီဩဇာသိပ္မေကာင္းဘဲ ျမက္နီနီႀကီးေတြသာေပါက္၍ ႐ြာ အေနာက္ဘက္တြင္ရွိေနေသာ ေတာအုပ္ႀကီးကိုဆြဲ၍သာ စိုက္ပ်ိဳးလုပ္ကိုင္ စားေသာက္ၾကေလ၏။
လဟာမငယ္႐ြာတစ္႐ြာလုံး အလႉအတြက္အလုပ္ရႈပ္ေနၾကေလသည္။
ကာလသားမ်ားက ထင္းခြဲ၊ ေရခပ္လုပ္သူကလည္း မ႑ပ္ေဆာက္သူက ေဆာက္လုပ္ေနၾကသလိုမိန္းကေလးမ်ားကလည္း ထမင္းတည္၊ ဟင္းခ်က္၊ င႐ုတ္သီးေထာင္း၊ ၾကက္သြန္လွီး စသည္ျဖင့္ တေပ်ာ္တပါးႀကီး အလုပ္ လုပ္ေနၾကသည္မွာ အလြန္ေပ်ာ္စရာေကာင္းလွေပသည္၊ ႐ြာအလႉပြဲတို႔၏ ထုံးစံအတိုင္း မ႑ပ္စတင္ေဆာက္ခ်ိန္မွပင္ ထမင္းေကြၽးထားေလရာ လုပ္ အားေပးသူအေပါင္းသည္ ဆာလွ်င္စားလိုက္၊ လုပ္စရာရွိလွ်င္ လုပ္လိုက္ ျဖင့္ အခ်င္းခ်င္း စလိုက္ေနာက္လိုက္ေျပာင္လိုက္ျဖင့္ အလြန္စည္ကားေန ေလေတာ့၏။ အလႉမ႑ပ္ထဲသို႔ ကိုမိုးေအာင္ဝင္လိုက္ေလရာ လူႀကီးဝိုင္း 9…
“ေဟ့-ေကာင္ေလး၊ မင္း ခင္ပုံ သားစို႔လား။ လာကြာ – လာ-ဒိမွာ ငါ တို႔နဲ႔အတူ ၾကမ္းရည္လာေသာက္ဦး ́
“ဟုတ္ကဲ့ – ရပါတယ္ ဦးရီးခင္ဗ်။ ကြၽန္ေတာ္ လိုအပ္တာေလး ကူညီ လိုက္ပါဦးမယ္”
“လာစမ္းပါ … ငါတို႔က ေခၚရင္လည္း လာမွ၊ ေကြၽးရင္လည္း စားမွကြ။ မင္း သိပါတယ္။ ႂကြယ္ပုံေက်ာင္းက ဦးပ႑ိတရဲ႕ တပည့္ေတြပဲဥစၥာ။ တို႔ ဘုန္းႀကိဳ၊ေကာ ေနေကာင္းရဲ႕လားကြ”
“ဟုတ္ကဲ့ – ေကာင္းပါတယ္”
“အရင္လိုေကာ ဇီဇာေၾကာင္ေသးလားကြ”
“ဖ်ာ
“ဗ်ာနဲ႔- ငါတို႔ငယ္ငယ္တုန္းက ႂကြယ္ပုံေက်ာင္းမွာေက်ာင္းသားလုပ္ ရေသးတယ္။ အဲဒိတုန္းက ဆရာေတာ္ကလည္း ငယ္ေသးတာေပါ့။ ေရေႏြး အိုးတည္ခိုင္းတာမ်ား ဘယ္ေလာက္ဆိုးသလဲဆိုရင္ဟိုကျဖင့္က်က္လို႔ ပြက္ ပြက္ဆူေနလည္း မယူေသးဘူး။ အဲဒါနဲ႔ တျဖည္းျဖည္း ခန္းလာေတာ့ ေရထပ္ ျဖည့္ျပန္ဆူလာတယ္။မယူေသးဘူးကြ။ေရေႏြးအိုးေလးငါးခါေလာက္ေတာ့မွ ယူတယ္။ ဒါ- တစ္ေန႔အပူ မဟုတ္ဘူးေနာ္။ ေန႔တိုင္း – ေန႔တိုင္းပဲေဟ့။ အခုေက်ာင္းမွာ ဘယ္သူ ကပၸိယလုပ္ေနလဲ”

“ဆရာျမတ္ကိုတဲ့ – ေက်ာင္းဆရာေလ၊တစ္ေယာက္ပါပဲ”
“မင္း – အေမေကာ ေနေကာင္းရဲ႕လား။ ငါက သတိရတယ္လို႔ ေျပာေပ။ စမ္းကြာ။ ငါ့နာမည္လည္းမွတ္ထား၊ ဦးေစာလႈိင္တဲ့။ ဒါဆိုမင္းအေမသိမွာပါ။ ငါလည္း ႂကြယ္ပုံသားပဲ။ ဒီ႐ြာသူနဲ႔ အိမ္ေထာင္က်လို႔ ဒီေျပာင္းလာတာ။ ကိုယ့္အလုပ္နဲ႔ကိုယ္ရႈပ္ေနလို႔ ႐ြာမေရာက္တာေတာင္ ေလးငါး၊ ရွစ္ႏွစ္ ေလာက္ရွိၿပီ။ ဟို – ေကာင္မေလး အလႉရွင္ကို ေျပာလိုက္ဦး။ ဒီမွာ အၾကမ္း ရည္နဲ႔ ျပည္းဖို႔ကုန္ေနၿပီလို႔။ တစ္ေယာက္ေယာက္နဲ႔ လာပို႔ခိုင္းလိုက္- ဟုတ္ၿပီလား”
ဟု ဆိုကာ အနားမွ ၾကက္သြန္လွီးေနေသာေကာင္မေလးတစ္ေယာက္ ကိုခိုင္းလိုက္ေလေတာ့၏။ တစ္ေအာင့္ေလာက္ၾကာေတာ့ ပိန္းကေလးတစ္ ေယာက္သည္ ကိုမိုးေအာင္၏ေဘးမွ စားေသာက္ဖြယ္ရာမ်ားကို လာခ်ေပး ေလေတာ့၏။ မိန္းမပ်ိဳေလး၏သနပ္ခါးရနံ႔ေၾကာင့္ေလလား၊ ကိုယ္သင္းရနံ႔ ေၾကာင့္ပင္လားမသိ။ ကိုမိုးေအာင္၏ ရင္တြင္ သိမ့္ခနဲ တုန္သြား၍ ထိုမိန္း ကေလးအား ငဲ့ေစာင္းၾကည့္မိလိုက္ေလသည္။ ထိုအခ်ိန္တြင္ မိန္းကေလး သည္စားစရာမ်ားကို ခ်ေပးအၿပီး၊ ပတ္ဝန္းက်င္ကိုစားပါဦးဟုေျပာရန္ ေခါင္း၊ အလွည့္တြင္ ကိုမိုးေအာင္၏အၾကည့္ႏွင့္ ဆုံသြားေလေတာ့၏။ ထိုရဏမွာပင္ ကိုမိုးေအာင္၏ ရင္တြင္း၌ ျပင္းထန္စြာ တုန္လႈပ္သြားၿပီး အမ်ိဳးအမည္မသိ ေသာခံစားမႈမ်ိဳးကိုလည္း ခံစားလိုက္ရေလသည္။ ထိုအရာတြင္ ညစ္ညမ္းမႈ မပါဝင္သလို တပ္မက္မႈေတြလည္း မရွိေပ။ သန႔္စင္သည့္ ခံစားမႈတစ္ခုသာ ျဖစ္၍ ထိုအရာကို အရစ္ဟုေခၚဆိုလွ်င္ ကိုမိုးေအာင္သည္ ထိုတစ္ခဏ အတြင္းမွာပင္ မည္သည္မည္ဝါမွန္းပင္မသိေသးေသာထိုမိန္းကေလးအား ျမင္ျမင္ခ်င္းပင္ ခ်စ္မိခဲ့ေလေတာ့သည္။ ထို႔ေနာက္ သူငယ္ခ်င္းျဖစ္သူႏိုင္ဝင္းအားရွာ၍ သူ စိတ္ဝင္စားမိေသာ မိန္းကေလးကိုဘယ္သူဘယ္ဝါမွန္း သိေအာင္ စုံစမ္းမိေလေတာ့၏။
“ေဟ့ေကာင္ – ျဖည္းျဖည္းလုပ္ပါ။ မင္းဟာက အရမ္းႀကီးပဲ။ မကပ္ထဲ မွာက ေကာင္မေလးေတြ အမ်ားႀကီးကြ၊ ဘယ္ေကာင္မေလးလဲ”
“အက်ႌအစိမ္းဝတ္ထားတဲ့ ေကာင္မေလးကြာ။ ေခါင္းမွာလည္း ပန္းေတြနဲ႔”

“ဟာ – ဒီေသာက္႐ူးကေတာ့ အဲဒီမွာ မင္းမေတြ႕ဘူးလား။ အက်ႌအစိမ္း ဝတ္ၿပီး ပန္းပန္ထားတဲ့ ေကာင္မေလးေတြ အမ်ားႀကီးပဲ။ ဘယ္သူလည္း ေသခ်ာေအာင္ လက္ညႇိဳးထိုးျပ
“ေဟ့ေကာင္ – ႏွစ္ေကာင္၊ မ႑ပ္အေပါက္မွာ ႀကိတ္ႀကိတ္ – ႀကိတ္ ႀကိတ္နဲ႔ ဘာလုပ္ေနတာလဲ။ ႏိုင္ဝင္း – ပင္း ေရျဖည့္ဦးမယ္ေလ”
“ဟုတ္တယ္ ဦးရီးတင္ေမာင္ေရ။ ဒီေကာင္ မိုးေအာင္ လဟာမငယ္ ႐ြာသူတစ္ေယာက္ကို ႀကိဳက္လို႔တဲ့။ အဲဒါ ဘယ္တစ္ေယာက္လဲလို႔ ေမးေနတာ
“ဟာကြာ – ရွက္စရာႀကီး၊ မင္း – ဘာေတြ ေလွ်ာက္ေျပာေနတာလဲ” “ေအး – ေကာင္းတယ္ကြ။ မင္း အေမ အစ္မခင္မႈံက သူ႔သားကို သင့္ ေတာ္တာေတြ႕ရင္ ေပးစားမယ္လို႔ ငါ့ကိုေတာင္ ေျပာထားတယ္။ မွန္းစမ္း ဘယ္ေကာင္မေလးလဲ၊ မင္းနဲ႔ ေတာ္မေတာ္ၾကည့္ေပးမယ္”
ဟုဝင္၍ေနာက္ေလေတာ့၏။ ထိုအခါကိုမိုးေအာင္သည္ထိုႏွစ္ေယာက္ ကို မလြန္ဆန္ႏိုင္သျဖင့္ သူ စိတ္ဝင္စားေသာ ေကာင္မေလးကို လက္ညႇိဳး ထိုးျပလိုက္ေလေတာ့၏။ ထိုအခါ ဦး႐ိုးတင္ေမာင္သည္ –
“ေကာင္မဖေလး – အဲဒီေကာင္မေလးက တို႔ လဟာမငယ္႐ြာရဲ႕အရာ ဆုံး၊ အလွဆုံး ကြမ္းေတာင္ကိုင္ေလးေပါ့။ သူ႔နာမည္က ႏွင္းလႈိင္တဲ့။ ႐ြာ မ်က္ႏွာဖုံးေတြေပါ့။ သူ႔အေဖ ဦ၊ထြန္းအုန္းနဲ႔ ေဒၚျမင့္ျမင့္စန္းဆိုတာ မင္းေပါက္ စိုးေပါက္ေတြေပါ့။ မာနကေတာ့ မိုးေရာက္ေနတဲ့ သူေတြေပါ့ကြာ”
“ဟုတ္တယ္ – ပိုးေအာင္။ သူ႔မွာ ေအးလႈိင္ဆိုတဲ့ အစ္မတစ္ေယာက္နဲ႔ ခပ္ဆိုးဆိုး ေမာင္ႏွစ္ေယာက္ရွိတယ္။ က်န္လူေတြကေတာ့ ႐ြက္ၾကမ္း ေရက်ိဳပါပဲ၊ သူတစ္ေယာက္ပဲ ထူးထူးျခားျခားလွတာ။ ဒါေပမဲ့ – မလြယ္ဘူး ေနာ္”
“ဘယ္တတ္ႏိုင္မလည္းကြာ။ ငါက သူ႔ကိုမွ စိတ္ဝင္စားမိတာကိုး။ ဒီ ျပႆနာရဲ႕အဓိကလက္သည္က မင္းပဲ ႏိုင္ဝင္း။ မင္း ငါ့ကိုကူညီရမယ္” “ေအးပါကြာ “ ေအးပါ”
ထို႔ေနာက္ အလႉရက္သို႔ ေရာက္လာေလသည္။ အလႉညတြင္ ဆိုင္း အဖြဲ႕ႏွင့္ ဧည့္ခံရာ ႐ြာနီးခ်ဳပ္စပ္မွ လာေရာက္အားေပးၾကသျဖင့္ လူမ်ား ႀကိတ္ႀကိတ္တိုး၍ စည္ကားေနေလေတာ့၏။ ထိုအခ်ိန္တြင္ ႏွင္းလႈိင္ႏွင့္ ၎၏ သူငယ္ခ်င္း ခ်ယ္ရီတို႔သည္ ပြဲခင္းအလယ္၌ ပြဲၾကည့္လ်က္ရွိေနလ ေတာ့သည္။ ညသန္းေခါင္အခ်ိန္ေရာက္ေသာအခါ ခ်ယ္ရီသည္ ႏွင္းလႈိင္
“ဟဲ့ေကာင္မ – ငါဗိုက္နာလာၿပီ၊ အိမ္ခဏ ျပန္ရေအာင္ဟာ”
“ဟာ- နင္ကလည္း၊ ဒီမွာ လူျပက္ေတြ ျပက္ေနတာ အရမ္းရီေနရတာ ဟ … ေအာင့္ထားဟာ”
“မရဘူးဟ – လုပ္ပါဟာ လိုက္ခဲ့ပါ။ ငါ့ဟာ- ငါသာ သြားရဲရင္ နင့္ကို ေတာင္မေပၚဘူး”
“ေအးပါ – ေကာင္မရယ္၊ အေရးဆိုရင္ နင္က လုပ္ၿပီ”
ထိုသို႔ႏွင့္ ႏွစ္ေယာက္သား ပြဲခင္းထဲမွျပန္လာၿပီး ခ်ယ္ရီတို႔ အိမ္ရွိရာသို႔ ျပန္လာခဲ့ေလေတာ့၏။ ကိုယ့္ရပ္ကိုယ့္႐ြာ ျဖစ္ေနတာကတစ္ေၾကာင္း၊ လေရာင္ ၾကယ္ေရာင္ေတြေၾကာင့္ လမ္းကို သဲကြဲစြာျမင္ရတာတစ္ေၾကာင္း၊ ထို႔ေၾကာင့္ လမ္းခရီးတြင္ အခက္အခဲမရွိျပန္လာရာခ်ယ္ရီတို႔အိမ္နားေရာက္ ခါနီးတြင္ အပူးသမားႏွစ္ေယာက္ႏွင့္ ေတြ႕ေလေတာ့၏။ ထိုအမူးသမား မ်ားသည္ လဟာမငယ္႐ြာသားမ်ား မဟုတ္သည္ကို ႏွင္းလႈိင္တို႔ သိလိုက္ရ ေပသည္။
“ဟဲ့-ေကာင္မေလးေတြ၊ ငါတို႔နဲ႔ အေဖာ္လာလုပ္ေပးစမ္း။ ငါတို႔အရက္ ေသာက္ရတာ ပ်င္းေနလို႔”
ဟုလွ်ာေလး၊အာေလး ေလသံႀကီးမ်ားႏွင့္ ဆြဲလား ရမ္းလားလုပ္ေလ ေတာ့၏။ ထိုအခ်ိန္တြင္ ပြဲခင္းမွ ျပန္လာေသာ မိုးေအာင္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ႏွင့္ သြားေတြ႕သျဖင့္ အမူးသမားမ်ားလည္း ထြက္ေျပးသြားေလ ေတာ့၏။
“ဒီက အစ္ကိုတို႔ကို ေက်းဇူးတင္ပါတယ္ရွင္” ထိုအခါကိုမိုးေအာင္သည္မိန္းကေလးေတြအခ်ိန္မေတာ္အျပင္မထြက္သင့္ေၾကာင္း၊ ေျပာရန္ၾကည့္လိုက္စဥ္လေရာင္ေအာက္တြင္ နင္းလႈိင္ကို ေတြ႕ ျမင္လိုက္ေသာအခါ
“ဟင္ – ႏွင္းလႈိင္ – ႏွင္းလႈိင္ ဘာျဖစ္သြားေသးလဲ-ကိုယ့္ကို ေျပာ
“ႏွင္းလႈိင္တို႔ ဘာမွမျဖစ္ပါဘူး အစ္ကို။ ဒါနဲ႔ အစ္ကိုက ႏွင္းလႈိင္ကို သိေန
“ဟုတ္တယ္ – ကိုယ့္နာမည္က မိုးေအာင္ပါ။ ႂကြယ္ပုံကေလ ဟိုေန႔က မ႑ပ္ထဲမွာမုန႔္လာခ်ကတည္းက ႏွင္းလႈိင္ကိုအစ္ကိုသိခဲ့တာပဲ။ ႏွင္းလႈိင္ကို အစ္ကို အရမ္းသံေယာဇဥ္ ျဖစ္ခနၿပီ”
“ရွင္”
“ဟဲ့ေတာ့ – ဘာမွလည္း မဆိုင္ဘူး”
“ဟာကြာ – ဒီေကာင္ေတာ့ လုပ္ခ်လိုက္ျပန္ၿပီ၊ မ်က္ႏွာပူစရာႀကီး”
ထိုသို႔ႏွင့္ပင္ ကိုမိုးေအာင္ႏွင့္ လဟာမငယ္႐ြာသူေလး မႏွင္းလႈိင္တို႔ သည္ ခ်စ္သူဘဝသို႔ လ်င္ျမန္စြာ ေရာက္ရွိခဲ့ေလေတာ့သည္။ ထို႔ေနာက္ မႏွင္းလႈိင္၏ မိဘမ်ားသိသြားေသာအခါ ကိုမိုးေအာင္ႏွင့္ သေဘာမတူဘဲ ၿမိဳ႕ေပၚမွေၾကးရတတ္တစ္ဦးႏွင့္ အိမ္ေထာင္ခ်ေပးရန္စီစဥ္သျဖင့္သူငယ္ခ်င္း ႏိုင္ဝင္း၏ အကူအညီျဖင့္ နင္းလႈိင္ကို ရေအာင္ခိုးခဲ့ေလေတာ့၏။ ထိုအခါ ႏွင္းလႈိင္၏မိဘမ်ားသည္ သူတို႔၏သမီးကို စိတ္အနာႀကီးနာ၍လုံးဝအဆက္ အသြယ္မလုပ္ေတာ့ေခ်။ ထိုသို႔ျဖင့္ကိုမိုးေအာင္မႏွင္းလႈိင္တို႔လင္မယားတြင္ေဇာ္ေဇာ္လတ္ဟူေသာ သားရတနာေလး ေမြးဖြားလာခဲ့ေလသည္။ ထိုအခါ ကိုမိုးေအာင္သည္ ကြာ”
“ႏွင္းေလးရ’အစ္ကိုတဘူးၿမိဳ႕ေဟာင္းႀကီးထဲမွာ လယ္စိုက္ခ်င္တယ္
“ျဖစ္ပါ့မလား အစ္ကိုရယ္။ ႏွင္း – အစ္ကို တစ္ခုခုျဖစ္သြားမွာ စိုးရိမ္ တယ္။ အဲဒီေနရာက ေျမၾကမ္းတယ္လို႔ ေျပာၾကတယ္”
“ျဖစ္ပါတယ္ – ႏွင္းေလရာ။ ဦးရိးခင္ေဇာ္တို႔၊ ဦးေလးစိန္ဝင္းတို႔ေတာင္ လုပ္ေနၾကၿပီကြ။ တို႔လည္း ႏွစ္ကြက္၊ သုံးကြက္ေလာက္ရေအာင္ ရွင္းရတာ ေပါ့။ ဒါမွ သားေလး ငေဇာ္ကို ရွင္ျပဳလို႔ရမယ္။ ၿပီးေတာ့ ဒီေကာင္အတြက္ ညီေလးေတြ၊ ညီမေလးေတြ ထပ္ေမြးေပးရဦးမယ္ေလ။ ဒါမွ ငါ့သားေလး မရင္းမွာ”
“ဟာ- အစ္ကိုကလည္း ဘာေတြ ေလွ်ာက္ေျပာေနတာလဲ”
“ဟား – ဟား – ဟား – ငါ့ပိန္းမက ကေလးတစ္ေယာက္ရတာေတာင္ ရွက္ေနေသးတယ္။ တကယ္ အပ်ိဳေလးအတိုင္းပဲ။ အဲဒါေၾကာင့္ ငါ့မိန္းမကို ခ်စ္ေနရတာ”
“ေဟ့-ဒီလင္မယားႏွစ္ေယာက္ ဘာေတြ သေဘာက်ေနတာလဲကြ”
“ဘာမွ မဟုတ္ပါဘူး ဦးႀကီးျမေမာင္ရယ္။ ဒီမွာ ဦးႀကီးဘူ ေပါက္ကရ ဒေတြေျပာေနလို႔ပါ” “အစ္မခင္မႈံေကာကြ
“ဘုန္းႀကီးေက်ာင္းသြားတယ္ ဦးႀကီးေရ”
“ေအး … ေအး … ငါ သြားလိုက္ဦးမယ္”
“ဟုတ္ကဲ့ -ဟုတ္ကဲ့ – ကြၽန္ေတာ္လည္း ႀကိဳးစားလိုက္ဦးမယ္”
“ဘာေတြ ႀကိဳးစားမွာတုံးကြ”
“ငေဇာ့္အတြက္ ေမာင္ႏွမ ရေအာင္လို႔ဗ်ိဳ႕
“ဟာကြာ “ ဒီေကာင္၊ ေတာ္ေတာ္ ေနာက္တာပဲ”
ဟူ၍ေျပာဆိုကာ ထြက္သြားေလေတာ့၏။ ထို႔ေနာက္ လင္မယားႏွစ္ ေယာက္ တက္ညီလက္ညီျဖင့္ ၿမိဳ႕ေဟာင္းထဲတြင္ ခုတ္ထြင္ရွင္းလင္းၾကရာ စိုက္ပ်ိဳးႏိုင္ေသာ လယ္ကြက္သုံးေလးကြက္မွ ထြက္လာေလေတာ့၏။ ထိုအခါ ကိုမိုးေအာင္သည္ –
“နင္းေလးကလည္းကြာ၊ ကေလးကို မေအာ္ပါနဲ႔ကြာ၊ သူ ေဆာ့ခ်င္လို႔ျဖစ္မွာေပါ့ကြာ”
“အစ္ကိုကလည္း၊ ဒီအ႐ုပ္က ဘာအ႐ုပ္မွန္း သိတာမဟုတ္ဘူး။ ေခါင္း ကလည္း ျပတ္ေနေသးတယ္။ ေတာ္ၾကာ – ျမင္းျဖဴရွင္အေဟာင္းေတြလား၊ ဘာလားမသိ
“ဘာမွ မဟုတ္ပါဘူးကြာ။ ကေလးေဆာ့လို႔ဝရင္ ေမ့သြားမွာပါ။ အဲဒီ က်မွ ႏွင္းေလးမႀကိဳက္ရင္ လႊင့္ပစ္လိုက္ေပါ့ကြာ – ဟုတ္ၿပီလား။ အခုေတာ့- သားေလး ကေလးပီပီ ေဆာ့ပါေစကြာ”
“ဟြန္း-အစ္ကိုေနာ္၊ သားကို ၾကပ္ၾကပ္အလိုလိုက္၊ နား႐ြက္ကိုက္ျဖတ္ သြားလိမ့္မယ္။ အစ္ကို သားကို သိပ္ခ်စ္တာပဲလား”
“အစ္ကိုကေလ … သားတင္မကဘူး။ ေဟာ့ဒီက မယားကိုလည္း အရမ္းအရမ္း ခ်စ္ပါသတဲ့ဗ်ာ”
“လုပ္ၿပီ – အစ္ကိုကေတာ့ ဒီလိုခ်ည္းပဲ” “ဟား-ဟား- ဟား –
ဤသို႔ျဖင့္ ျမင္းစီးအ႐ုပ္ကေလးသည္ ႂကြယ္ပုံ႐ြာသို႔ ေရာက္ရွိလာေလ ေတာ့သည္။ ညအိပ္ရာဝင္သည့္အခါ ကိုမိုးေအာင္ ဤကဲ့သို႔ အိပ္မက္ မက္ ေလေတာ့၏။ ကိုမိုးေအာင္၏ ျမင္ကြင္းေရွ႕တြင္ အလြန္က်ယ္ျပန႔္ေသာ လဟာျပင္က်ယ္ႀကီး ရွိေလ၏။ ထိုလဟာျပင္က်ယ္ႀကီးတြင္ မင္းညီမင္းသား အဝတ္အစားႏွင့္ လူတစ္ေယာက္သည္အသက္ေဘးကိုစိုးရိမ္သည့္အလား ျမင္းျဖဴႀကီးကို တအားကုန္ဒုန္းစိုင္း၍ေျပးလာေလေတာ့၏။ ၎၏ ေနာက္ တြင္ ရွင္ဘုရင္အဝတ္အစားႏွင့္ လူတစ္ေယာက္သည္ ဆင္ႀကီးတစ္ေကာင္ကိုစီး၍ လူအားမိရန္ တက္သုတ္႐ိုက္၍လိုက္လာေလသည္ကို ေတြ႕ရ ေလ၏။
ကိုမိုးေအာင္ ၾကည့္ေနစဥ္အတြင္းမွာပင္ ဆင္စီးထားသူသည္ ျမင္းစီး ထားသူကိုဖီလာ၍လက္ထဲမွဓားျဖင့္ တအားခုတ္လိုက္ေလသည္။ ထိုေနရာ ေလးတြင္ ျမင္းစီးထားသူသည္ ခ်က္ခ်င္းပင္ ျမင္းစီးအ႐ုပ္ကေလးျဖစ္သြား ေလေတာ့သည္။ ထို႔ေနာက္ ကိုမိုးေအာင္၏ အျမင္အာ႐ုံသည္ ေဝေဝဝါးဝါး ျဖစ္သြားဒလေဘာ့၏။ ထိုစဥ္မွာပင္ ႏႈတ္ခမ္းေမြး၊ ခပ္ေရးေရး၊ နာတံေပၚေပၚ၊ မ်က္လုံးမ်က္ခုံးေကာင္း၍ ျဖဴရည္ဝင္းမြတ္ေသာ အသားအေရကိုပိုင္သည့္ အရပ္ျမင့္ျမင့္လူတစ္ေယာက္သည္ မင္းညီမင္းသား အဝတ္အစားမ်ားကို ဝတ္ဆင္၍ကိုမိုးေအာင္ထံသို႔ တစ္လွမ္းခ်င္း လွမ္းလာကာ –
“မင္း ျမင္လိုက္ရတာ ငါ့ရဲ႕ျဖစ္စဥ္ပဲ။ အဖက ငါ့ကို ပုန္းစားတယ္ဆိုၿပီး ဒီလဟာျပင္က်ယ္မွာ ဓားနဲ႔ ပိုင္းခဲ့တယ္။ ငါကလည္း မဟုတ္ပဲခံခဲ့ရလို႔ကတိ သစၥာဆိုခဲ့တာပဲ။ ငါအခုမင္းအိမ္မွာေရာက္ေနတယ္။ ဒါဟာလည္း မင္းဟာ ငါ့ရဲ႕တစ္ခါက သစၥာရွိလူရင္းျဖစ္ခဲ့လို႔ပဲ။ ငါ့ကို ေကာင္းေကာင္းမြန္မြန္၊ ႐ို႐ို ေသေသထားပါ။ ငါမင္းတို႔ကို ေစာင့္ေရွာက္မယ္။ ငါ့အတြက္ အလႉဒါနေတြ ျပဳခ်င္တယ္။ အဲဒါ မင္းတို႔ ကူညီရမယ္။ ငါ ျပန္ရေတာ့မယ့္ အခ်ိန္ေရာက္ရင္ မင္းတို႔ ေျပာမယ္ဟုတ္ၿပီလား”
ဟု ဆိုကာ အခိုးအေငြ႕မ်ားျဖစ္သြားၿပီး ေနာက္ဆုံးတြင္ ေခါင္းမပါေသာ ျမင္းစီးအရပ္ကေလး ျပန္ျဖစ္သြားသည္ကို ေတြ႕လိုက္ရေပေတာ့သည္။ ထို႔ ေနာက္တြင္ အိပ္မက္မွ လန႔္ႏိုးသြားၿပီး ႏွင္းလႈိင္ကိုႏႈိးကာ အက်ိဳးအေၾကာင္း ေျပာလိုက္ေလ၏။ ထို႔ေနာက္ လင္မယားႏွစ္ေယာက္သည္ မိ၊အိမ္ထြန္း လိုက္ရာ ညဦးပိုင္းက ျဖစ္သလိုထားခဲ့ေသာ ျမင္းစီးအ႐ုပ္ကေလးသည္ မည္သို႔မည္ပုံမသိ အိပ္ရာေခါင္းရင္းသို႔ေရာက္ေနသည္ကိုထူးဆန္းစြာ ေတြ႕ လိုက္ရေလေတာ့၏။ ထိုအခ်ိန္မွစ၍ ျမင္းစီးအ႐ုပ္ကေလးကို ႐ို႐ိုေသေသ ျဖင့္ ေခါင္းရင္းစင္ျမင့္တြင္ တင္ထားလိုက္ေလေတာ့၏။ ထို႔ေနာက္ ကိုမိုးေအာင္တို႔၏ စီးပြားေရးသည္ ဒီေရအလား တရိပ္ရိပ္ျဖင့္ တိုးတက္လာခဲ့ရာ ေလး၊ ငါးဆယ္ႏွစ္အတြင္းမွာပင္ လယ္ဧကေပါင္းမ်ားစြာႏွင့္ ဥကၠံၿမိဳ႕ ေပၚမွာပင္ ကိုမိုးေအာင္ႏွင့္ မႏွင္းလႈိင္ဆိုသည့္ လင္မယားကို လူသာမျမင္ဘူးရင္ရွိမယ္။မၾကားဖူးတဲ့သူမရွိေအာင္ပင္ႂကြယ္ဝလာေလေတာ့၏။ျမင္းစီး
အ႐ုပ္ေလး အိပ္မက္ေပး၍ တဘူးၿမိဳ႕ေဟာင္းအတြင္းမွ ေ႐ႊဒဂၤါးမ်ား ရခဲ့ဖူး သလို ၎၏ အိပ္မက္ေပးမႈေၾကာင့္ ဓားျပမ်ားရန္မွလည္း အႀကိမ္ႀကိမ္လြတ္ခဲ့ဖူးေလရာကိုမိုးေအာင္တို႔လင္မယားသည္ထိုျမင္းစီးအ႐ုပ္ကေလးကို လြန္စြာမွတန္ဖိုးထားေလေတာ့၏။၎၏ၫႊန္ၾကားခ်က္အတိုင္း အလႉဒါန မ်ားျပဳလုပ္ေပးရာ ကိုမိုးေအာင္တို႔လင္မယားသည္ ပို၍နာမည္ႀကီးလာေလ ေတာ့၏။ ထိုအခ်ိန္တြင္ေဇာ္ေဇာ္လတ္ေလးပင္ အသက္ဆယ့္ႏွစ္ႏွစ္ေက်ာ္၍ ဆယ္သုံးႏွစ္ပင္ စြန္းခဲ့ၿပီးေနာက္ ၎၏ဒေအာက္တြင္ ျမတ္ကိုကို၊ ခင္မိုးအအး၊ သဲသဲဟူေသာ ညီေလး ညီမေလးမ်ားပင္ ရေနေလၿပီျဖစ္ေတာ့၏။ ထိုသို႔ ေသာ အေျခအေနတြင္ ကံၾကမၼာရဟတ္သည္ ဤသို႔ တစ္ခ်က္လွည့္လိုက္ ေလေတာ့၏။
တစ္ခုေသာညတစ္ညတြင္ ကိုမိုးေအာင္တို႔အိမ္သို႔ ဓားျပမ်ားဝင္တိုက္ ေလေတာ့၏။ ဓားျပေခါင္းေဆာင္သည္ ေလာကီပညာ အစီအရင္မ်ားကို ေကာင္းစြာ တတ္ကြၽမ္းသည့္ ပုဂၢိဳလ္တစ္ဦးျဖစ္၍ အစီအရင္မ်ားျပဳလုပ္လာ သျဖင့္ ကိုမိုးေအာင္၏ျမင္းစီးအ႐ုပ္သည္ အစြမ္းမျပႏိုင္သလိုလိုျဖစ္ေနေလ ေတာ့၏။
“ေဟ့ – အားလုံး လက္ေျမႇာက္ထား။ ငါ့ နာမည္ ဗိုလ္ရွိန္းထက္တဲ့ကြ။ မင္းတို႔လင္မယားဆီက ဘာပစၥည္းမွ မယူဘူး။ ျမင္းစီးအ႐ုပ္ေလးပဲယူမယ္။ ေအးေအးေဆးေဆး ထုတ္ေပးစမ္း။ ေအာင္ေမာင္း၊ ဒင္ႀကီး၊ ငႀကိဳင္ ကေလး ေတြနဲ႔ အဖြားႀကီးကို သြားေခၚလာခဲ့ၾကေဟ့ – မလႈပ္နဲ႔ -ပိုးေအာင္ – ငါ့ – လက္ထဲကေသနတ္က အရမ္းျမန္တယ္ေနာ္။ ငါကအားလုံးအကြက္ခ်ၿပီးမွ မင္းအိမ္ကိုကို ဝင္တိုက္တာ။ ဟား – ဟား- ဟား”
“ကြၽန္မတို႔မွာရွိတဲ့ေ႐ႊေတြ ေငြေတြယူသြားပါလားရွင္။ ဒီအ႐ုပ္ကေလး ကဗိုလ္ႀကီးတို႔နဲ႔ ဘာမွလည္း ပတ္သက္မွာမဟုတ္ပါဘူး”
“ဟား – ဟား – ဟား – ရီစရာေတြ လာေျပာမေနနဲ႔။ မင္းတို႔ ခ်မ္းသာတာ ဒီအ႐ုပ္ေၾကာင့္မဟုတ္လား။ ဒီအ႐ုပ္ကတဘူးရတနာသိုက္ကိုဖြင့္မယ့္ေသာ့ ကေလးကြ။ တဘူ၊သိုက္သာပြင့္ရင္ – ဒီႏိုင္ငံမွာငါ့ေလာက္ခ်မ္းသာမယ့္သူ ရိမွာမဟုတ္ဘူး”
“ေခါင္းရင္းက စင္ေလးေပၚမွာ”
“အဲဒါ ဟန္ျပတင္ထားတယ္ဆိုတာ ငါသိတယ္။ အစစ္ကို အျမန္ထုတ္
ထိုအခ်ိန္တြင္ ဓားျပဗိုလ္သည္ တစ္ဖက္သို႔လွည့္လိုက္စဥ္ကိုမိုးေအာင္ သည္ ဓားျပဗိုလ္ကို ဝင္လုံးေလေတာ့၏။ အျခားဓားျပတစ္ေယာက္ကေန ကိုမိုးေအာင္အား ေနာက္ဘက္မွ ဓားျဖင့္ခုတ္လိုက္ရာ မႏွင္းလႈိင္သည္ အစ္ကိုမိုးေအာင္ဟုေအာ္ေခၚၿပီးရင္ျဖင့္ ဆီးခံလိုက္ေလသည္။ ထိုအခ်ိန္တြင္ ၿခံဝင္းအတြင္းမွ ျမင္းခြာသံမ်ား တေျဖာင္းာင္းၾကားရၿပီး မၾကာမီ ႐ြာသား မ်ားေရာက္ရွိလာကာဓားျပမ်ားကိုတိုက္ထုတ္သျဖင့္ဓားျပမ်ားကိုယ္လြတ္ရန္းထြက္ေျပးၾကရေလေတာ့၏။ ျမင္းစီးအ႐ုပ္ကေလးက ပါမသြားေသာ္ လည္း မႏွင္းလႈိင္ကား အသက္မရွိေတာ့ေပ။ ႏွင္းလႈိင္ကား အသက္ေပး၍ မိုးေအာင္ကို ခ်စ္သြားေလေတာ့၏၊
အခ်ိန္ကာလတို႔သည္ တေ႐ြ႕ေ႐ြ႕ေျပာင္းလဲခဲ့ရာ ေဇာ္ေဇာ္လတ္ပင္ စုမြန္ ဟူေသာမိန္းကေလးႏွင့္ အိမ္ေထာင္က်ေလေတာ့၏။ တစ္ခုေသာေန႔လယ္ ခင္းတြင္ ကိုမိုးေအာင္သည္ ကြပ္ပ်စ္ေပၚ၌ အိပ္ေပ်ာ္ေနစဥ္ နင္းလႈိင္ကို အိပ္မက္ မက္ေလေတာ့၏။ အိပ္မက္ထဲတြင္ ႏွင္းလႈိင္သည္ အစ္ကိုႏွင့္ ျပန္
လာေနေတာ့မည္ဟုေျပာၿပီးေပ်ာက္ကြယ္သြားေလေတာ့၏။ထိုအခ်ိန္တြင္
အိပ္မက္မွ လန႔္ႏိုးသြားေလေတာ့၏။ ခံတြင္းခ်ဥ္ခ်ဥ္ရွိသျဖင့္ ေဆးျပင္းလိပ္ တစ္လိပ္ ေကာက္ဖြာေနစဥ္ ေဇာ္ေဇာ္လတ္သည္ အူးယားားယားျဖင့္ ေရာက္လာၿပီး –
“အေဖ – ကြၽန္ေတာ္ အေျဖၿပီဗ် – လူျဖစ္ၿပီရ။ ဟာ-ဟ-ကေလး အေဖျဖစ္ၿပီဗ်။ အေဖလည္း ျဖစ္ေတာ့မယ္။ အခု စုမြန္မွာ ကိုယ္ဝန္ရွိေနၿပီတဲ့
ဒါဆို ေပြးလာတဲ့ကေလးက မင္းအေဖပဲ”
ထိုသို႔ႏွင့္ေခြၽးမေလးေမြးေသာအခါဒဏ္ဒဏ္လတ္နည္းတူ စိတ္လႈပ္ရွား
ရသည္မွာ ကိုမိုးေအာင္ပင္ ျဖစ္ေလသည္။ မၾကာခင္ မီးေနခန္းထဲမွ အငဲ – အူဝဲ ဆိုေသာ အသံႏွင့္ –
“မိန္းကေလးေတာ္ – မိန္းကေလး။ ျဖဴျဖဴေဖြးေဖြးနဲ႔ ရပ္စရာေလးေတာ့ ဗိုက္မွာလည္း အမွတ္ႀကီးနဲ႔ေတာ္ေရ-လူဝင္စားေလးလားမသိဘူး”
ဟူေသာ လက္သည္၏အသံကို ၾကားလိုက္ရေသာအခါမွ သားအဖ ႏွစ္ေယာက္စလုံး သက္ျပင္းခ်ႏိုင္ေလေတာ့၏။ ထို႔ေနာက္ကေလး၊မီးထြက္ၿပီး နာမည္ေပးေသာအခါ –
“ငါ့ေျမးကနင္းလႈိင္ ျပန္ဝင္စားတာကြ။ ဒါေၾကာင့္ ႏွင္းလႈိင္ဆိုတဲ့နာမည္ ေတာ့ပါရမယ္။ အဂၤါေန႔ေမြးတာဆိုေတာ့ ေဟ့ေကာင္ ငေဇာ္ ငါတို႔ေျမးကို ႏွင္းလႈိင္စိုးလို႔ ေပးခ်င္တယ္ကြ။ မင္းေကာ ႀကိဳက္လား”
လား
“အေကာင္းမယ္ ထင္သလိုလုပ္ပါ၊ အေဖေကာင္းရင္ ေကာင္းတာ
“မင္း မိန္းမ – စုမြန္ေကာကြ
“စုမြန္လည္း ကြၽန္ေတာ့္သေဘာပဲ၊ အေဖ ႀကိဳက္သလိုသာေပး ဟုတ္
“ေအး – ဒါဆို ငါ့ေျမးနာမည္ ႏွင္းလႈိင္စိုးလို႔ ေပးလိုက္ၿပီေဟ့” “ႏွင္းလႈိင္စိုးေရ- ႏွင္းလႈိင္စိုးဂရ- ဘိုးဘိုးရဲ႕အခ်စ္ဆုံးႀကီးရ- ငါး-
ဟား – ဟား … ဟား”
ႏွင္းလႈိင္စိုးေလး ငါးႏွစ္သမီးအ႐ြယ္သို႔ ေရာက္လာေသာအခါ ကိုမိုး ေအာင္အား ျမင္းစီးအရပ္ေလးသည္ သူ႔အား ျပန္ပို႔ေပးရန္ ေတာင္းဆိုေလေတာ့၏။ ကိုမိုးေအာင္သည္ ထိုအိပ္မက္ကို အေလးမထားပဲ ေနၿမဲအတိုင္း ေနခဲ့ေလ၏။ ထိုအခါျမင္းစီးအ႐ုပ္ေလးသည္ သုံးႀကိမ္သုံးခါ အိပ္မက္ေပး ေလေတာ့၏။ ေနာက္ဆုံးအခါတြင္ သူေျပာသည့္ရက္ကို ျပန္မပို႔လွ်င္ သူ ဘာသာသူ ထြက္သြားမည္ျဖစ္ၿပီး ကိုဖိုးေအာင္အားလည္း ဒဏ္ေပးခဲ့မည္ ျစ္ေၾကာင္း အိပ္မက္ေပးခဲ့ေလ၏။ ထို႔အတြက္ ကိုမိုးေအာင္သည္ ျမင္းစီး အ႐ုပ္ကေလးကို ပိုမိုလုံၿခဳံေအာင္ေသတၱာထဲထည့္၍ေသာ့ခတ္ထားလိုက္ ေလေတာ့၏။ တစ္ခုေသာ ေန႔လယ္ခင္းတြင္ ကိုမိုးေအာင္သည္ အိမ္ေရွ႕ ကြပ္ပ်စ္၌ တစ္ေရးတစ္ေမာအိပ္ေနစဥ္အိပ္မက္လိုလို ဘာလိုလိုႏွင့္ ဤသို႔ ျမင္ေတြ႕ရေလေတာ့၏။ ႏႈတ္းခမ္းေမြး ခပ္ေရးေရးႏွင့္ ႏွာတံေပၚေပၚ မ်က္လုံး မ်က္ခုံေကာင္း၍ ျဖဴရည္ဝင္းမြတ္ေသာ အသားအေရႏွင့္ အရပ္အေမာင္း ေကာင္းေသာ မင္းညီမင္းသားတစ္ပါးသည္ ကိုမိုးေအာင္အား –
“ေဟ့ေကာင္ – မိုးေအာင္၊ မင္းကတိမတည္ဘူး။ ငါ မင္းဆီကိုစေရာက္ တုန္းက ဘာေျပာခဲ့လဲ၊ ငါျပန္ရမယ့္အခ်ိန္ေရာက္ရင္ ျပန္ပို႔ေပးပါလို႔ ေျပာခဲ့ တယ္မဟုတ္လား။ အခု မင္းေၾကာင့္ ငါ့မွာ အေႏွာင့္အယွက္ေတြျဖစ္သြားခဲ့ ရၿပီ။ ငါေျပာခဲ့တာလည္း သုံးႀကိမ္ရွိခဲ့ၿပီ။ မင္း ျပန္မပို႔ေပးခဲ့ဘူး။ ငါ သြားေတာ့ မယ္။ မင္းကိုလည္း ဒဏ္ခတ္ခဲ့ၿပီ – မင္းထိုက္နဲ႔မင္းကံ – ခံaေပေတာ့”
ဟုဆိုကာအိမ္ေရွ႕သို႔ထြက္သြားေလ၏။ အိမ္ေရွ႕တြင္ ရပ္လိုက္စဥ္သူ႔အေရွ႕ သို႔ျမင္းျဖဴႀကီးတစ္ေကာင္သည္ ကႀကိဳးတန္ဆာပုံလင္စြာျဖင့္ ေရာက္ရွိလာ ေလ၏။ ထို႔ေနာက္ျမင္းေပၚတက္လိုက္ၿပီး အိမ္ဘက္သို႔ ခပ္ေငါ့ေငါ့ၿပဳံးၾကည့္ ကာ ျမင္းကို တအားကုန္ ဒုန္းစိုင္းသြားေလေတာ့၏။
“ခြပ္ – ခြပ္ – ခြပ္ – ဆိပ္”
“အေဖ – ထပါဦးဗ်။ အိမ္ေရွ႕က ျမင္းခြာသံၾကားတယ္ဗ်။ ထ – ထ”
ဟူ၍ ျမတ္ကိုကို လာႏိုးလာသျဖင့္ အိမ္ေရွ႕ ၿခံထြက္ၾကည့္ၾကရာ အိပ္မွၿခံစည္း႐ိုးအစပ္အထိ ႐ြာလမ္းတစ္ေလွ်ာက္ ျမင္းခြာမ်ားကို ေတြ႕ရၿပီး ကိုမိုးေအာင္၏ ပိုင္နက္နယ္ေျမ ေက်ာ္သြားေသာအခါ ျမင္းခြာရာမ်ား ထူးဆန္းစြာ ေပ်ာက္ဆုံးသြားေလေတာ့၏။ ထိုအခါျမင္စီးအ႐ုပ္ကို ေသာ့ခတ္၍ သိမ္းထားသည္ကို သတိရ၍ အေျပးအလႊား သြားၾကည့္ေလရာ ေသတၱာမွာ ေျခရာလက္ရာမပ်က္ရွိသျဖင့္ စိတ္ေအးသြားရေလသည္။ ထို႔ေနာက္ ကိုမိုးေအာင္သည္အိပ္မက္ထဲမွ မင္းသား၏ခပ္ေငါ့ငါ့အၿပဳံးႏွင့္ ငါ့ဘာသာငါ သြားေတာ့မယ္”ဟူေသာ စကားကို သတိရမိ၍ ေသတၱာကို ေသာ့ျဖင့္ဖြင့္ၾကည့္ေလရာ ျမင္းစီးအ႐ုပ္ေလးမွာ လုံးဝမရွိေတာ့ေပ။ ေသာ့ ခတ္၍သိမ္းဆည္းထားသည့္ၾကားမွ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားျခင္း ျဖစ္ေလေတာ့၏။
“အဲဒါနဲ႔ ဘာဆက္ျဖစ္သြားလည္း အေမ။ ဦးမိုးေအာင္ေတာ့ ေတာ္ ေတာ္ေလး စိတ္မေကာင္းျဖစ္သြားမွာပဲေနာ္”ဟု ေက်ာင္းဆရာေလးကိုေက်ာ္ဒင္သည္ ေျပာလိုက္ေလရာ အေမ ေဒၚေအးလွသည္ –
“အစ္ကိုမိုးေအာင္လည္း အဲဒီေန႔ကစၿပီး စကားအေျပာအဆိုနည္းသြား တယ္။ ငူငူေငါင္ေငါင္လည္း ျဖစ္လာတယ္။ တစ္ရက္လည္းက်ေရာ ေျမအိုး တစ္လုံးကိုပိုက္ၿပီး ငိုယိုလာတယ္။ ပါးစပ္ကလည္း သြားပါၿပီ – ကုန္ပါၿပီ၊ ေအာင္မေလးလုပ္ရက္ေလျခင္းလို႔ေျပာၿပီးလမ္းေပၚေလွ်ာက္သြားေနတယ္။ အိုးထဲမွာလည္း မီးေသြးခဲေတြပဲ ေတြ႕တယ္။ အဲဒီကစၿပီး ႐ူးသြားေတာ့တာ
“တခ်ိဳ႕ကလည္း ဒီေကာင္ ေ႐ႊေတြ မင္းရမ္းကားက ျပန္ယူသြားတာလို႔ လည္း ေျပာၾကတယ္။ ဘယ္ဟာအမွန္လည္း ဆိုတာေတာ့ ကာယကံရွင္ မိုးေအာင္ပဲ သိလိမ့္မယ္ကြဲ႕။ အဓိကကေတာ့ ေလာကဓံတရားကို ႀကံ့ႀကံ့ခံရင္ဆိုင္ႏိုင္မႈမရွိတာပါပဲ။ ဒါေၾကာင့္ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကမဂၤလာ
တစ္ပါးျဖစ္တယ္လို႔ဆိုထားတာ မဟုတ္လားကြ”
ဟုအဘိုး ဦးမင္းေနာင္သည္ ေျပာေလ၏။ ထို႔ေနာက္ ကြမ္းအစ္ႀကီးကို ပိုက္၍ အိမ္ေပၚထပ္သို႔ ျပန္တက္သြားေလေတာ့၏။ ထိုသို႔ မတက္ခင္ –
“ေျမး – ေက်ာင္းဆရာလည္း မွတ္ထားေဟ့-လူစိတ္ဆိုတာ သိပ္ခင္ တြယ္တတ္ၾကတာ။ မိမိခင္တြယ္ရာ၊ မွီခိုရာ၊ အားကိုးရာေတြ မရွိေတာ့ဘူး ဆိုရင္ စိတ္အားေတြငယ္သြားၿပီး ပ်က္စီးသြားတတ္ၾကတယ္။ မယ္ပဋာတို႔လို ေပါ့။မိုးေအာင္လည္း သူ သိပ္ျမတ္ႏိုးတဲ့အ႐ုပ္နဲ႔ စီးပြားေတြ ယုတ္ေလွ်ာ့သြား ေတာ့ စိတ္ေဖာက္ျပန္သြားတာေပါ့။ ဒါေၾကာင့္ … ကိုယ့္ကိုယ္ကိုယ္သာ အားကိုးေဟ့”
ဟုေျပာဆို၍သြားေလေတာ့သတည္း။