နှင်းဆီနီဝိညာဥ်(စ-ဆုံး)

Unicode Version

နှင်းဆီနီဝိညာဥ်(စ-ဆုံး)
တြိစက္က

ယောနယ်၏ အဓိကရ မြို့တစ်မြို့မှာ ဂန့်ဂေါမြို့ ဖြစ်သည်။ ဂန့်ဂေါသည် အလွန်ရှေးဆန်သော မြို့ဟောင်းတစ်မြို့လည်း ဖြစ်သည်။ ရှေးအဆက်ဆက်ကတည်းက ယောနယ်ဆိုလျှင် စုန်း၊ ကဝေ အစရှိသော ပညာသည်များနှင့် ပတ်သက်၍ လူသိများကြသည်။ အောက်နယ်သားများက ယောနယ်ကဆိုလျှင် စုန်း၊ကဝေ ပညာတတ်သည်ဟုပင် အထင်ရှိကြသည်။ ကြောက်ရွံ့လျက် ရှိကြသည်။ ယခုအခါ ထိုအယူအဆများ ပပျောက်တိမ်ကောသွားပြီး ယောနယ်ဘက်မှ ထွက်သော ယောလုံချည်အကြောင်းလောက်ပင် လူသိမများတော့ပေ။ ဂန့်ဂေါသည် တောင်များပတ်လည်ခြံရံပြီး မြေနိမ့်လွင်ပြင်ထဲ၌ တည်ထားသည့် သာယာလှသောမြို့တစ်မြို့ ဖြစ်သည်။

အရှေ့ဘက်လှမ်းကြည့်လျှင် ပုံတောင်ပုံညာ တောင်ကြီးများကို မှိုင်းမှိုင်းညိုညို လှမ်းမြင်ရပြီး အနောက်ဘက်တစ်ကြောတွင် ချင်းတောင်တန်းကြီးများ ရှိလေသည်။ ဘူတာရုံတစ်ဝိုက်ရှိ ဆိုင်ခန်း၊ အိမ်ခန်းများမှလွဲ၍ ဂန့်ဂေါမြို့ရှိ အိမ်အတော်များများမှာ ခြံကျယ် ဝန်းကျယ်များဖြင့် သီးသန့် နေထိုင်ကြသူများ ဖြစ်ပေသည်။ အချို့ အိမ်ကြီးများမှာ တောင်ကုန်း၌ ဟော်နန်းများသဖွယ် ခမ်းနားစွာ ဆောက်လုပ် နေထိုင်ကြသည်။ ဘူတာရုံလမ်း၏ တောင်ဘက် တောင်ကုန်းတစ်ကုန်းပေါ်တွင် သီးသန့်ဆောက်ထားသော အိမ်ကြီးတစ်လုံးရှိသည်။ ထိုအိမ်ကြီးသည် ရထားသံလမ်းနှင့် မလှမ်းမကမ်း အရှေ့ဘက်ယွန်းယွန်းတွင် ရှိပြီး အခြား လူနေအိမ်များနှင့် အတန်ငယ် အလှမ်းဝေးလှသည်။

ထိုအိမ်ကြီး၏ ခြံတံခါးမှာ အမြဲလို ပိတ်ထားလေ့ရှိပြီး ညစဉ်လိုလိုပင် စန္ဒရားလက်သံကို ကြားရသည်။ နေ့ဘက်အခါများတွင် အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိပြီး လူခြေတိတ်သောအခါ များတွင် သာယာသော စန္ဒရားသံမှာ ပေါ်ထွက် လာလေ့ရှိသည်။ ထိုအိမ်ကြီး၏ ပိုင်ရှင် ဦးဝေအောင်မှာ အသက်လေးဆယ်ကျော် အရွယ်မျှသာ ရှိသေးပြီး စီးပွားရေးသမားတစ်ဦး ဖြစ်သည်။ ကလေးဝဘက် တက်၍ ကုန်အရောင်းအဝယ် ပြုနေသူ ဖြစ်သည်။

သို့ကြောင့် ၎င်းမှာ အိမ်၌အမြဲနေရသည်ဟုပင် မရှိလှပေ။ ဦးဝေအောင် မရှိသောအခါ အိမ်တွင် ၎င်း၏ဇနီး မနန်းမေနှင့် အိမ်ဖော် ဒေါ်မင်းခတို့သာ ရှိသည်။ မနန်းမေသည် အသက်လေးဆယ်ဝန်းကျင် အရွယ်မျှသာ ရှိသေးသော်လည်း ရောဂါဖိစီးခံနေရသူ ဖြစ်သောကြောင့် သေမည့်ရက်ကို စောင့်နေရသူ ဖြစ်သည်။ မနန်းမေသည် ပျိုရွယ်စဉ်က လွန်စွာချောမောလှပသော ရှမ်းသွေးစပ်သည့် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ သွေးကင်ဆာဟူသော ရောဂါဆိုးကြီးက တွယ်ကပ်နှိပ်စက်နေသဖြင့် အိမ်အတွင်းမှာပင် ငြိမ်သက်စွာနေရင်း မိမိသေရမည့်ရက်ကို စောင့်နေရသူပမာ ဖြစ်နေတော့သည်။

နှစ်ရှည်လများ ခံစားနေရသော ရောဂါဖြစ်သောကြောင့် ဦးဝေအောင်ကလည်း အနားမှာအမြဲမနေနိုင်သဖြင့် အိမ်ဖော်ဒေါ်မင်းခအပြင် မနန်းမေကို ပြုစုစောင့်ရှောက်ရန်အတွက် ခင်အေးနွယ်ဆိုသော မိန်းကလေးတစ်ဦးကိုပါ သီးသန့်ငှားရမ်း၍ မနန်းမေကို အနီးကပ် ပြုစုစောင့်ရှောက်စေသည်။ ခင်အေးနွယ်မှာ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ခန့်ရှိပြီး သင့်တင့်လှပသော ရုပ်ရည်ရှိရုံမက သူနာပြုအတတ်ပညာတတ်ကျွမ်းသောကြောင့် ပြုစုစောင့်ရှောက်မှုလည်း အထူးပင် ကောင်းလှသည်။

ခင်လေးနွယ် ပြုစုစောင့်ရှောက်မှု ကျွမ်းကျင် ကောင်းမွန်မှုကြောင့်သာ မနန်းမေသည် ယခုအချိန်အထိ အသက်ရှင်နေခြင်း ဖြစ်သည်ဆိုက မမှားပေ။

ထို့ပြင် ခင်အေးနွယ်သည် ဂီတဘက် ၌လည်း ကျွမ်းကျင်သူ ဖြစ်သဖြင့် ညအခါများတွင် မနန်းမေအား စန္ဒရားတီးပြလေ့ရှိသည်။

သို့ကြောင့် တောင်ကုန်းပေါ်ရှိ အိမ်ကြီးဆီမှ စန္ဒရားသံများကို ညဉ့်အခါများတွင် ကြားရလေ့ရှိခြင်း ဖြစ်သည်။ ခင်အေးနွယ်သည် ထိုအိမ်ကြီးသို့ ရောက်ခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သောကြောင့် မိသားစုတစ်ဦးပမာ ဖြစ်နေပြီ။ မနန်းမေကလည်း ခင်အေးနွယ်အား ညီမရင်းတစ်ဦးပမာ ခင်မင် တွယ်တာလျက် ရှိပေသည်။ သည်အိမ်ကြီးတွင် ခင်အေးနွယ်သာ အမြဲရှိနေလျှင် ပြည့်စုံပြီဟု ထင်ရလောက်အောင်ပင် ခင်အေးနွယ်က အလိုက်သိတတ်သူတစ်ဦး ဖြစ်လေသည်။ သို့ကြောင့်ပင် ထိုအိမ်ကြီးထဲမှာပင် သူမအတွက် သီးသန့် အခန်းတစ်ခန်း စီစဉ်ပေးထားသည်။ ခင်အေးနွယ်တာဝန်က နေ့ဘက်တွင် မနန်းမေ၏ ကျန်းမာရေးနှင့် ပတ်သက်သော ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးရပြီး ညဦးပိုင်း အချိန်များတွင် သူမအား စန္ဒရားတီးပြရသည်။

ထိုစန္ဒရားသံကြားမှ သူမ ကောင်းစွာအိပ်ပျော်လေ့ရှိသည်။ ထိုနေ့က မှတ်မှတ်ရရ ဧပြီ(၂၃)ရက်နေ့ ဖြစ်သည်။ ဧပြီ(၂၃)ရက်နေ့သည် ခင်အေးနွယ်၏ (၂၅)နှစ်မြောက် မွေးနေ့ဖြစ်သည်။ ထိုနေ့ နံနက်ပိုင်း အချိန်တွင် မနန်းမေသည် ခင်အေးနွယ်အခန်းထဲသို့ ရောက်လာသည်။ သူမသည် အခြားအချိန်များတွင် အကြောင်းမရှိဘဲ ခင်အေးနွယ်၏ အခန်းသို့ လာလေ့မရှိပေ။ သူမလက်ထဲတွင် လှပသော အနီရောင် နှင်းဆီပန်းတစ်စည်း ပါလာသည်။

“ရော့..ခင်အေးနွယ်၊ ဒါ မင်းရဲ့ (၂၅)နှစ်မြောက်မွေးနေ့ အတွက် မမရဲ့ မွေးနေ့လက်ဆောင်”
ဟု ဆိုကာ နှင်းဆီပန်းစည်းကို ကမ်းပေးသည်။ ခင်အေးနွယ်မှာ နှင်းဆီပန်းစည်းကို လှမ်းယူရင်း အံ့သြဝမ်းသာမှု ဖြစ်ရသည်။ သူမအတွက် ပထမဦးစွာရရှိသော မွေးနေ့လက်ဆောင် ဖြစ်သလို သူမမွေးနေ့ကို အသိအမှတ်ပြုသောသူမှာလည်း မနန်းမေပင် ဖြစ်တော့သည်။

“မွေးနေ့ဆိုတာ သေမယ့်ရက်ကို လှမ်းတဲ့ လှေကား တစ်ထစ်ပါပဲ၊ မျှော်လင့်ခြင်း မဲ့နေသူတစ်ယောက်အတွက်ကတော့ မွေးနေ့ဆိုတာ အလွန်ငြီးငွေ့ ဖို့ကောင်းတဲ့ ကန္တာရခရီးရဲ့ အစလိုပါပဲ၊ မင်းအတွက်ကတော့ ရှေ့ခရီးအတွက် ကံကောင်းတဲ့မှတ်တိုင် တွေ တွေ့ ပါစေလို့ မမ ဆုတောင်းပေးပါတယ်” ဟု နွမ်းလျစွာ စကားဆိုသည်။
“ကျေးဇူးတင်ပါတယ် မမ”

မနန်းမေက ခင်အေးနွယ်၏ ခုတင်စွန်းပေါ်တွင် ဝင်ထိုင်သည်။
“ခင်အေးနွယ်ကို မမ စကားတစ်ခွန်းလောက် ပြောချင်တယ်၊ စကားပြောတယ်ဆိုတာထက် အကူအညီတောင်းတယ် ဆိုတာက ပိုပြီး သင့်တော်ပါလိမ့်မယ်”
“ဟုတ်ကဲ့…ပြောပါမမ၊ ကျွန်မ ဘာလုပ်ပေးရမလဲ”

မနန်းမေက အတန်ကြာအောင် စဉ်းစားနေပြီးမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ မျက်လုံးများက ပြတင်းပေါက်မှတစ်ဆင့် မြူခိုးများဝေနေသော တောင်တန်းကြီးများဆီသို့ ကြည့်လျက်ရှိသည်။
“တခြားတော့ မဟုတ်ပါဘူး၊ မမရဲ့ ရောဂါအခြေအနေကို မမသိသလို ခင်အေးနွယ်လည်း သိပါတယ်၊ သိပ်မကြာခင်မှာ လူ့လောကကြီးကို စွန့်ခွာသွားရတော့မယ်ဆိုတာလည်း မမသိပါ တယ်၊ ဒါကို သိလို့လည်း မမ ဝမ်းမနည်းပါဘူး.. မကြောက် ပါဘူး၊ ဒီဘဝမျိုးနဲ့ သက်ဆိုးရှည်နေရတာနဲ့စာရင် သေသွားတာကမှ ကောင်းမယ်လို့ နှလုံးသွင်းထားပါတယ်၊ ဒီတော့ ခင်အေးနွယ်ကို မမ အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်”
“ဟုတ်…ဟုတ်ကဲ့၊ ပြောပါ မမ”
“တခြားတော့ မဟုတ်ပါဘူး၊ တကယ်လို့ မမသေဆုံး သွားခဲ့ပြီးတဲ့နောက်မှာ မင်း မမရဲ့ ယောက်ျား ကိုဝေအောင်နဲ့ လက်ထပ်ပေးစေချင်တယ်”
“ရှင်”
“မင်း အံ့သြသွားသလား၊ ဒီစကားကြောင့် မင်းဘဝ နစ်နာမယ်ဆိုတာလည်း မမသိပါတယ်၊ တကယ်တော့ ကိုဝေအောင်ဟာ ယောက်ျားပီသတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ မမနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ မမရောဂါကြီးကို ကုပေးနေရတာကလွဲရင် ကျန်တဲ့ အိမ်ထောင်သည်တစ်ယောက်ရဲ့ သာယာ ပျော်ရွှင်ရတဲ့ အချိန်ဆိုတာ သူ့မှာ မရှိသလောက်ပါပဲ၊ ဒါပေမယ့် သူဟာ မမရဲ့ အပေါ်မှာ ဒီနေ့အထိ သစ္စာရှိခဲ့တယ်၊ ဘယ်သူနဲ့မှ မဖောက်ပြားခဲ့ဘူး၊ လင်သားရဲ့ သစ္စာနဲ့ ဒီကနေ့အထိ သူ တာဝန်ကျေခဲ့တယ်၊ မမ မရှိတော့တဲ့အချိန်မှာ သူ့ဘဝလေး သာယာစေ ချင်တယ်၊ ဒါကြောင့် ခင်အေးနွယ်ကို အကူအညီတောင်းရတာပါ”
“ကျွန်မ…ကျွန်မ…”

ခင်အေးနွယ်မှာ မည်သို့ အဖြေပေးရမှန်း မသိနိုင်အောင် ရှိနေတော့သည်။

“ခင်အေးနွယ် လက်ခံမယ်ဆိုရင် ကိုဝေအောင်ပြန်လာရင်မမ ပြောလိုက်ပါ့မယ်၊ သူ့အတွက်တော့ မပူပါနဲ့၊ သူက မမကို သိပ်ပြီးချစ်တော့ မမပြောသမျှ လက်ခံပါတယ်၊ မမကလည်း သူ့ကို သိပ်ပြီး ချစ်ပါတယ်လေ”
“ကျွန်မ စဉ်းစားပြီးမှ အဖြေပေးပါရစေ မမ”

မနန်းမေက နားလည်စွာပြုံး၍ ခင်အေးနွယ်၏အခန်းတွင်းမှ ပြန်လည် ထွက်သွားလေသည်။ ခင်အေးနွယ်ခမျာ အခန်းထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရင်း ရင်ခုန်သော အတွေးများ ရှည်လျား ရစ်ပတ်နေဆဲ။ အပြင်ဘက်မှာ မြူခိုးများ ရစ်သိုင်းနေ သည်။

လအတန်ငယ်ကြာညောင်းသွားခဲ့ပြီမို့ ခင်အေးနွယ် ခေါင်းရင်းဘက် ဗီရိုပေါ်တွင် ပန်းအိုးဖြင့်ထိုးထားသော နှင်းဆီ ပန်းနီနီလေးများမှာ ခြောက်သွေ့ညှိုးရော်ကာ ပွင့်ဖတ်လေးများပင် ကြွေကျနေပြီ။ ထိုနှင်းဆီပန်း နီနီကလေးများမှာ မနန်းမေ လက်ဆောင်ပေးသွားသော ပန်းပွင့်ကလေးများဖြစ်သည်။ ယခုတော့ မနန်းမေ မရှိတော့ပြီ။ သူမ သေဆုံးသွားခဲ့သည်မှာ လအတန်ငယ်ကြာမြင့်ခဲ့ပေပြီ။ မနန်းမေ သေဆုံးသွားပြီးနောက်ပိုင်းတွင် သူမ ၏ဆန္ဒအတိုင်း ဦးအောင်နှင့် ခင်အေးနွယ်တို့မှာလည်း လက်ထပ်ကြပြီး အတူတကွနေထိုင်ခဲ့ကြသည်။

ထိုသို့ရှိနေပြီးမှ လအနည်းငယ် ကြာသောအခါ ထိုအိမ်ကြီးတွင် ထူးဆန်းမှုများ ဆက်ကာဆက်ကာ ဖြစ်လာလေတော့သည်။ ညအချိန်များတွင် အိမ်ကြီးအတွင်းဘက်ရှိ ပစ္စည်းများ တစ်ခုနှင့်တစ်ခု ထိခိုက်သံ၊ တွန်းရွှေသံ၊ စန္ဒရားသံများ၊ အမြင့်ပေါ်ရှိ ပစ္စည်းများကျသံ၊ ကွဲသံများကို မကြာခဏဆိုသလို ကြားနေရသည်။

ထိုသို့ ထိတ်လန့်ဖွယ်ရာများ ဖြစ်ပေါ်နေသဖြင့် ခင်အေးနွယ်မှာ အထူးပင် ထိတ်လန့် ကြောက်ရွံ့လျက်ရှိသောကြောင့် ဦးဝေအောင်မှာ ခရီးပင် မထွက်နိုင်အောင် ဖြစ်နေတော့သည်။ နေ့စဉ်ရက်ဆက် ဖြစ်လာသောအခါ အချို့ကလည်း ဦးဝေအောင်နှင့် ခင်အေးနွယ်တို့ အတူတကွ နေထိုင်ကြသည်ကို သေဆုံးသွားသော မနန်းမေက မကျေနပ်သောကြောင့် ယခုလို ခြောက်လှန့် နေသည်ဟု ယူဆကြသည်။

“ဒါကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ နွယ်နဲ့ကိုယ့်ကို သူကိုယ်တိုင် လက်ထပ်စေချင်လို့ မသေခင်ကတည်းက ကျေကျေနပ်နပ် စီစဉ်ပေးသွားတာပဲ၊ ခုလို လက်ထပ်ဖြစ်တာလည်း သူ့ရဲ့ဆန္ဒပဲ၊ ဒါကြောင့်တော့ မဟုတ်ဘူးလို့ ကိုယ် ယုံကြည်တယ်၊ တခြားကိစ္စတော့ ကိုယ်သိပ်နားမလည်ဘူး ”

ခင်ပွန်းဖြစ်သူ ဦးဝေအောင်စကားကြောင့် အတန်ငယ် စိတ်သက်သာမှု ရမိသော်လည်း အိမ်ကြီးအတွင်း၌ဖြစ်ပေါ်နေသော လှုပ်ရှားမှုများကတော့ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

အထူးခြားဆုံးမှာ မနန်းမေ သေဆုံးသွားပြီးကတည်းက ယခင် နေ့စဉ် တီးပြရသော စန္ဒရားကြီးကို မိမိအိပ်ခန်းအတွင်းသို့ ထည့်ကာ အဝတ်ဖြင့်ဖုံး၍ သိမ်းဆည်းထားခဲ့သည်။ တစ်ခါတစ်ရံ ညဘက်များတွင် စန္ဒရားကြီးအား အဝတ်စကြီးဖြင့် ဖုံးအုပ်ထားသည့်ကြားမှ အသံများ ထွက်ပေါ်လာတတ်သည်။ တစ်စုံတစ်ယောက်က လက်ဖြင့် တီးခတ်သံ သို့မဟုတ် ကြွက်များ ဖြတ်ပြေး သွားသည့်အသံများကို ကြားနေရသည်။

ထိုသို့ အဖြစ်အပျက်များ ဖြစ်ပေါ်နေစဉ် တစ်ညတွင် ခင်အေးနွယ်သည် ထူးခြားသော အိပ်မက်တစ်ခုကို မြင်မက်လေသည်။ အိပ်မက်ထဲတွင် သေဆုံးသွားပြီဖြစ်သော မနန်းမေ ရောက် လာသည်။

“ဟင်…မမ ဘယ်ကလာတာလဲဟင်”
“ငါ ဒီကိုပဲ လာတာပဲ၊ ငါမကျေနပ်လို့ တစ်အိမ်လုံး ဗြောင်းဆန်အောင် လုပ်နေတာ နင်တို့ မသိကြဘူးလား”
“ဘာကိုပြောတာလဲ မမ၊ ဦးဝေအောင်နဲ့ကျွန်မ လက်ထပ်တာကို မကျေနပ်တာလား၊ ဒါက မမ စီစဉ်တဲ့အတိုင်း လုပ်ရတာပါ မမရယ်”
“ဒါကိုပြောတာ မဟုတ်ဘူး၊ နင် ငါ့ကို ညတိုင်းတီးပြနေတဲ့ စန္ဒရားကို မတီးဘဲ ဘာကြောင့်ရပ်ထားရတာလဲ၊ ဒီအသံကို မကြားရတာ ငါ ဘယ်လိုမှနေလို့မရဘူး၊ ဘယ်မှလည်း သွားလို့ မရဘူး”
“ဟင်…မမက သေဆုံးသွားပြီလေ၊ ဒါကြောင့် ကျွန်မ စန္ဒရားကြီးကို သိမ်းထားခဲ့တာပါ”
“ဘာ..ငါသေသွားပြီ၊ ဟုတ်လား…”
“ဟုတ်တယ်…မမ၊ မမ သေသွားခဲ့တာ အတော်ကြာပြီ၊ ဒီစန္ဒရားကြီးကို စွဲလမ်းမနေပါနဲ့တော့ မမရယ်၊ ကိုယ့်ဘဝ ကျွတ်ရာလွတ်ရာကိုသာ ဖြောင့်ဖြောင့် သွားပါတော့နော်”
“ဟင်..ငါ တကယ်ပဲ သေသွားပြီလား”
“ဟုတ်တယ်..မမနဲ့ ကျွန်မတို့က ဘဝခြားသွားခဲ့ကြပြီ”
“ဟင်..ငါသေသွားပြီးပြီ…ငါသေသွားပြီးပြီ၊ ဒါကို ငါ မသိလိုက်ပါလား၊ စန္ဒရားသံကို စွဲလမ်းပြီး ကိုယ့်ကိုယ်ကို သေသွားမှန်းတောင် မသိလိုက်မိဘူး၊ ငါ မင်းတို့ကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်..ငါသွားတော့မယ်”

ထိုသို့ ပြောပြီးနောက် မနန်းမေသည် ခင်လေးနွယ်အနီးမှ အဝေးသို့ ထွက်ခွာသွားလေတော့သည်။ နံနက်လင်းသောအခါတွင် ခင်လေးနွယ်က ထိုအိပ်မက်အကြောင်းကို ခင်ပွန်းသည် ဦးဝေအောင်အား ပြောပြလိုက်သည်။

ထိုနောက်ပိုင်းတွင် အိမ်ကြီးအတွင်း၌ လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့ရ မကြားရတော့ဘဲ ပကတိ တိတ်ဆိတ်ငြိမ်သက် သွားလေတော့သည်။

အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီးနောက် ခင်အေးနွယ်၏ (၂၆)နှစ်မြောက် မွေးနေ့ဖြစ်သော ဧပြီ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ခင်အေးနွယ်အခန်းထဲရှိ ပန်းအိုးထဲတွင် ခြောက်သွေ့လျက်ရှိသော နှင်းဆီပန်းခြောက်များအစား လန်းဆန်းလှသော နှင်းဆီပန်း အနီပွင့်များ ရောက်နေသည်ကို အံ့သြစွာ တွေ့ရလေသည်။ နောက်ပိုင်းတွင် ခင်အေးနွယ်၏ မွေးနေ့ကျရောက်တိုင်း မနက်ပိုင်းအချိန်တွင် သူမအခန်းထဲရှိ ပန်းအိုးထဲတွင် နှင်းဆီပန်း အနီပွင့်များ ရောက်ရှိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်လှတော့။

ပြီးပါပြီ

✍ တြိစက္က

#တြိစက္က #နှင်းဆီနီဝိညာဥ်

Zawgyi Version

” ႏွင္းဆီနီဝိညာဥ္ ”(စ-ဆုံး)
—————————
ႀတိစကၠ

ေယာနယ္၏ အဓိကရ ၿမိဳ႕တစ္ၿမိဳ႕မွာ ဂန႔္ေဂါၿမိဳ႕ ျဖစ္သည္။ ဂန႔္ေဂါသည္ အလြန္ေရွးဆန္ေသာ ၿမိဳ႕ေဟာင္းတစ္ၿမိဳ႕လည္း ျဖစ္သည္။ ေရွးအဆက္ဆက္ကတည္းက ေယာနယ္ဆိုလွ်င္ စုန္း၊ ကေဝ အစရွိေသာ ပညာသည္မ်ားႏွင့္ ပတ္သက္၍ လူသိမ်ားၾကသည္။ ေအာက္နယ္သားမ်ားက ေယာနယ္ကဆိုလွ်င္ စုန္း၊ကေဝ ပညာတတ္သည္ဟုပင္ အထင္ရွိၾကသည္။ ေၾကာက္႐ြံ႕လ်က္ ရွိၾကသည္။ ယခုအခါ ထိုအယူအဆမ်ား ပေပ်ာက္တိမ္ေကာသြားၿပီး ေယာနယ္ဘက္မွ ထြက္ေသာ ေယာလုံခ်ည္အေၾကာင္းေလာက္ပင္ လူသိမမ်ားေတာ့ေပ။ ဂန႔္ေဂါသည္ ေတာင္မ်ားပတ္လည္ၿခံရံၿပီး ေျမနိမ့္လြင္ျပင္ထဲ၌ တည္ထားသည့္ သာယာလွေသာၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။

အေရွ႕ဘက္လွမ္းၾကည့္လွ်င္ ပုံေတာင္ပုံညာ ေတာင္ႀကီးမ်ားကို မႈိင္းမႈိင္းညိဳညိဳ လွမ္းျမင္ရၿပီး အေနာက္ဘက္တစ္ေၾကာတြင္ ခ်င္းေတာင္တန္းႀကီးမ်ား ရွိေလသည္။ ဘူတာ႐ုံတစ္ဝိုက္ရွိ ဆိုင္ခန္း၊ အိမ္ခန္းမ်ားမွလြဲ၍ ဂန႔္ေဂါၿမိဳ႕ရွိ အိမ္အေတာ္မ်ားမ်ားမွာ ၿခံက်ယ္ ဝန္းက်ယ္မ်ားျဖင့္ သီးသန႔္ ေနထိုင္ၾကသူမ်ား ျဖစ္ေပသည္။ အခ်ိဳ႕ အိမ္ႀကီးမ်ားမွာ ေတာင္ကုန္း၌ ေဟာ္နန္းမ်ားသဖြယ္ ခမ္းနားစြာ ေဆာက္လုပ္ ေနထိုင္ၾကသည္။ ဘူတာ႐ုံလမ္း၏ ေတာင္ဘက္ ေတာင္ကုန္းတစ္ကုန္းေပၚတြင္ သီးသန႔္ေဆာက္ထားေသာ အိမ္ႀကီးတစ္လုံးရွိသည္။ ထိုအိမ္ႀကီးသည္ ရထားသံလမ္းႏွင့္ မလွမ္းမကမ္း အေရွ႕ဘက္ယြန္းယြန္းတြင္ ရွိၿပီး အျခား လူေနအိမ္မ်ားႏွင့္ အတန္ငယ္ အလွမ္းေဝးလွသည္။

ထိုအိမ္ႀကီး၏ ၿခံတံခါးမွာ အၿမဲလို ပိတ္ထားေလ့ရွိၿပီး ညစဥ္လိုလိုပင္ စႏၵရားလက္သံကို ၾကားရသည္။ ေန႔ဘက္အခါမ်ားတြင္ အမ်ားအားျဖင့္ တိတ္ဆိတ္ၿငိမ္သက္ေနေလ့ရွိၿပီး လူေျခတိတ္ေသာအခါ မ်ားတြင္ သာယာေသာ စႏၵရားသံမွာ ေပၚထြက္ လာေလ့ရွိသည္။ ထိုအိမ္ႀကီး၏ ပိုင္ရွင္ ဦးေဝေအာင္မွာ အသက္ေလးဆယ္ေက်ာ္ အ႐ြယ္မွ်သာ ရွိေသးၿပီး စီးပြားေရးသမားတစ္ဦး ျဖစ္သည္။ ကေလးဝဘက္ တက္၍ ကုန္အေရာင္းအဝယ္ ျပဳေနသူ ျဖစ္သည္။

သို႔ေၾကာင့္ ၎မွာ အိမ္၌အၿမဲေနရသည္ဟုပင္ မရွိလွေပ။ ဦးေဝေအာင္ မရွိေသာအခါ အိမ္တြင္ ၎၏ဇနီး မနန္းေမႏွင့္ အိမ္ေဖာ္ ေဒၚမင္းခတို႔သာ ရွိသည္။ မနန္းေမသည္ အသက္ေလးဆယ္ဝန္းက်င္ အ႐ြယ္မွ်သာ ရွိေသးေသာ္လည္း ေရာဂါဖိစီးခံေနရသူ ျဖစ္ေသာေၾကာင့္ ေသမည့္ရက္ကို ေစာင့္ေနရသူ ျဖစ္သည္။ မနန္းေမသည္ ပ်ိဳ႐ြယ္စဥ္က လြန္စြာေခ်ာေမာလွပေသာ ရွမ္းေသြးစပ္သည့္ အမ်ိဳးသမီးတစ္ဦး ျဖစ္ခဲ့ေသာ္လည္း ယခုအခါ ေသြးကင္ဆာဟူေသာ ေရာဂါဆိုးႀကီးက တြယ္ကပ္ႏွိပ္စက္ေနသျဖင့္ အိမ္အတြင္းမွာပင္ ၿငိမ္သက္စြာေနရင္း မိမိေသရမည့္ရက္ကို ေစာင့္ေနရသူပမာ ျဖစ္ေနေတာ့သည္။

ႏွစ္ရွည္လမ်ား ခံစားေနရေသာ ေရာဂါျဖစ္ေသာေၾကာင့္ ဦးေဝေအာင္ကလည္း အနားမွာအၿမဲမေနႏိုင္သျဖင့္ အိမ္ေဖာ္ေဒၚမင္းခအျပင္ မနန္းေမကို ျပဳစုေစာင့္ေရွာက္ရန္အတြက္ ခင္ေအးႏြယ္ဆိုေသာ မိန္းကေလးတစ္ဦးကိုပါ သီးသန႔္ငွားရမ္း၍ မနန္းေမကို အနီးကပ္ ျပဳစုေစာင့္ေရွာက္ေစသည္။ ခင္ေအးႏြယ္မွာ အသက္ႏွစ္ဆယ့္ငါးႏွစ္အ႐ြယ္ခန႔္ရွိၿပီး သင့္တင့္လွပေသာ ႐ုပ္ရည္ရွိ႐ုံမက သူနာျပဳအတတ္ပညာတတ္ကြၽမ္းေသာေၾကာင့္ ျပဳစုေစာင့္ေရွာက္မႈလည္း အထူးပင္ ေကာင္းလွသည္။

ခင္ေလးႏြယ္ ျပဳစုေစာင့္ေရွာက္မႈ ကြၽမ္းက်င္ ေကာင္းမြန္မႈေၾကာင့္သာ မနန္းေမသည္ ယခုအခ်ိန္အထိ အသက္ရွင္ေနျခင္း ျဖစ္သည္ဆိုက မမွားေပ။

ထို႔ျပင္ ခင္ေအးႏြယ္သည္ ဂီတဘက္ ၌လည္း ကြၽမ္းက်င္သူ ျဖစ္သျဖင့္ ညအခါမ်ားတြင္ မနန္းေမအား စႏၵရားတီးျပေလ့ရွိသည္။

သို႔ေၾကာင့္ ေတာင္ကုန္းေပၚရွိ အိမ္ႀကီးဆီမွ စႏၵရားသံမ်ားကို ညဥ့္အခါမ်ားတြင္ ၾကားရေလ့ရွိျခင္း ျဖစ္သည္။ ခင္ေအးႏြယ္သည္ ထိုအိမ္ႀကီးသို႔ ေရာက္ခဲ့သည္မွာ ငါးႏွစ္ခန႔္ ရွိၿပီျဖစ္ေသာေၾကာင့္ မိသားစုတစ္ဦးပမာ ျဖစ္ေနၿပီ။ မနန္းေမကလည္း ခင္ေအးႏြယ္အား ညီမရင္းတစ္ဦးပမာ ခင္မင္ တြယ္တာလ်က္ ရွိေပသည္။ သည္အိမ္ႀကီးတြင္ ခင္ေအးႏြယ္သာ အၿမဲရွိေနလွ်င္ ျပည့္စုံၿပီဟု ထင္ရေလာက္ေအာင္ပင္ ခင္ေအးႏြယ္က အလိုက္သိတတ္သူတစ္ဦး ျဖစ္ေလသည္။ သို႔ေၾကာင့္ပင္ ထိုအိမ္ႀကီးထဲမွာပင္ သူမအတြက္ သီးသန႔္ အခန္းတစ္ခန္း စီစဥ္ေပးထားသည္။ ခင္ေအးႏြယ္တာဝန္က ေန႔ဘက္တြင္ မနန္းေမ၏ က်န္းမာေရးႏွင့္ ပတ္သက္ေသာ ျပဳစုေစာင့္ေရွာက္မႈမ်ား ျပဳလုပ္ေပးရၿပီး ညဦးပိုင္း အခ်ိန္မ်ားတြင္ သူမအား စႏၵရားတီးျပရသည္။

ထိုစႏၵရားသံၾကားမွ သူမ ေကာင္းစြာအိပ္ေပ်ာ္ေလ့ရွိသည္။ ထိုေန႔က မွတ္မွတ္ရရ ဧၿပီ(၂၃)ရက္ေန႔ ျဖစ္သည္။ ဧၿပီ(၂၃)ရက္ေန႔သည္ ခင္ေအးႏြယ္၏ (၂၅)ႏွစ္ေျမာက္ ေမြးေန႔ျဖစ္သည္။ ထိုေန႔ နံနက္ပိုင္း အခ်ိန္တြင္ မနန္းေမသည္ ခင္ေအးႏြယ္အခန္းထဲသို႔ ေရာက္လာသည္။ သူမသည္ အျခားအခ်ိန္မ်ားတြင္ အေၾကာင္းမရွိဘဲ ခင္ေအးႏြယ္၏ အခန္းသို႔ လာေလ့မရွိေပ။ သူမလက္ထဲတြင္ လွပေသာ အနီေရာင္ ႏွင္းဆီပန္းတစ္စည္း ပါလာသည္။

“ေရာ့..ခင္ေအးႏြယ္၊ ဒါ မင္းရဲ႕ (၂၅)ႏွစ္ေျမာက္ေမြးေန႔ အတြက္ မမရဲ႕ ေမြးေန႔လက္ေဆာင္”
ဟု ဆိုကာ ႏွင္းဆီပန္းစည္းကို ကမ္းေပးသည္။ ခင္ေအးႏြယ္မွာ ႏွင္းဆီပန္းစည္းကို လွမ္းယူရင္း အံ့ၾသဝမ္းသာမႈ ျဖစ္ရသည္။ သူမအတြက္ ပထမဦးစြာရရွိေသာ ေမြးေန႔လက္ေဆာင္ ျဖစ္သလို သူမေမြးေန႔ကို အသိအမွတ္ျပဳေသာသူမွာလည္း မနန္းေမပင္ ျဖစ္ေတာ့သည္။

“ေမြးေန႔ဆိုတာ ေသမယ့္ရက္ကို လွမ္းတဲ့ ေလွကား တစ္ထစ္ပါပဲ၊ ေမွ်ာ္လင့္ျခင္း မဲ့ေနသူတစ္ေယာက္အတြက္ကေတာ့ ေမြးေန႔ဆိုတာ အလြန္ၿငီးေငြ႕ ဖို႔ေကာင္းတဲ့ ကႏၲာရခရီးရဲ႕ အစလိုပါပဲ၊ မင္းအတြက္ကေတာ့ ေရွ႕ခရီးအတြက္ ကံေကာင္းတဲ့မွတ္တိုင္ ေတြ ေတြ႕ ပါေစလို႔ မမ ဆုေတာင္းေပးပါတယ္” ဟု ႏြမ္းလ်စြာ စကားဆိုသည္။
“ေက်းဇူးတင္ပါတယ္ မမ”

မနန္းေမက ခင္ေအးႏြယ္၏ ခုတင္စြန္းေပၚတြင္ ဝင္ထိုင္သည္။
“ခင္ေအးႏြယ္ကို မမ စကားတစ္ခြန္းေလာက္ ေျပာခ်င္တယ္၊ စကားေျပာတယ္ဆိုတာထက္ အကူအညီေတာင္းတယ္ ဆိုတာက ပိုၿပီး သင့္ေတာ္ပါလိမ့္မယ္”
“ဟုတ္ကဲ့…ေျပာပါမမ၊ ကြၽန္မ ဘာလုပ္ေပးရမလဲ”

မနန္းေမက အတန္ၾကာေအာင္ စဥ္းစားေနၿပီးမွ သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္။ သူမ၏ မ်က္လုံးမ်ားက ျပတင္းေပါက္မွတစ္ဆင့္ ျမဴခိုးမ်ားေဝေနေသာ ေတာင္တန္းႀကီးမ်ားဆီသို႔ ၾကည့္လ်က္ရွိသည္။
“တျခားေတာ့ မဟုတ္ပါဘူး၊ မမရဲ႕ ေရာဂါအေျခအေနကို မမသိသလို ခင္ေအးႏြယ္လည္း သိပါတယ္၊ သိပ္မၾကာခင္မွာ လူ႔ေလာကႀကီးကို စြန႔္ခြာသြားရေတာ့မယ္ဆိုတာလည္း မမသိပါ တယ္၊ ဒါကို သိလို႔လည္း မမ ဝမ္းမနည္းပါဘူး.. မေၾကာက္ ပါဘူး၊ ဒီဘဝမ်ိဳးနဲ႔ သက္ဆိုးရွည္ေနရတာနဲ႔စာရင္ ေသသြားတာကမွ ေကာင္းမယ္လို႔ ႏွလုံးသြင္းထားပါတယ္၊ ဒီေတာ့ ခင္ေအးႏြယ္ကို မမ အကူအညီတစ္ခုေလာက္ ေတာင္းခ်င္ပါတယ္”
“ဟုတ္…ဟုတ္ကဲ့၊ ေျပာပါ မမ”
“တျခားေတာ့ မဟုတ္ပါဘူး၊ တကယ္လို႔ မမေသဆုံး သြားခဲ့ၿပီးတဲ့ေနာက္မွာ မင္း မမရဲ႕ ေယာက္်ား ကိုေဝေအာင္နဲ႔ လက္ထပ္ေပးေစခ်င္တယ္”
“ရွင္”
“မင္း အံ့ၾသသြားသလား၊ ဒီစကားေၾကာင့္ မင္းဘဝ နစ္နာမယ္ဆိုတာလည္း မမသိပါတယ္၊ တကယ္ေတာ့ ကိုေဝေအာင္ဟာ ေယာက္်ားပီသတဲ့ ေယာက္်ားေကာင္းတစ္ေယာက္ပါ။ မမနဲ႔ လက္ထပ္ၿပီးတဲ့ေနာက္မွာ မမေရာဂါႀကီးကို ကုေပးေနရတာကလြဲရင္ က်န္တဲ့ အိမ္ေထာင္သည္တစ္ေယာက္ရဲ႕ သာယာ ေပ်ာ္႐ႊင္ရတဲ့ အခ်ိန္ဆိုတာ သူ႔မွာ မရွိသေလာက္ပါပဲ၊ ဒါေပမယ့္ သူဟာ မမရဲ႕ အေပၚမွာ ဒီေန႔အထိ သစၥာရွိခဲ့တယ္၊ ဘယ္သူနဲ႔မွ မေဖာက္ျပားခဲ့ဘူး၊ လင္သားရဲ႕ သစၥာနဲ႔ ဒီကေန႔အထိ သူ တာဝန္ေက်ခဲ့တယ္၊ မမ မရွိေတာ့တဲ့အခ်ိန္မွာ သူ႔ဘဝေလး သာယာေစ ခ်င္တယ္၊ ဒါေၾကာင့္ ခင္ေအးႏြယ္ကို အကူအညီေတာင္းရတာပါ”
“ကြၽန္မ…ကြၽန္မ…”

ခင္ေအးႏြယ္မွာ မည္သို႔ အေျဖေပးရမွန္း မသိႏိုင္ေအာင္ ရွိေနေတာ့သည္။

“ခင္ေအးႏြယ္ လက္ခံမယ္ဆိုရင္ ကိုေဝေအာင္ျပန္လာရင္မမ ေျပာလိုက္ပါ့မယ္၊ သူ႔အတြက္ေတာ့ မပူပါနဲ႔၊ သူက မမကို သိပ္ၿပီးခ်စ္ေတာ့ မမေျပာသမွ် လက္ခံပါတယ္၊ မမကလည္း သူ႔ကို သိပ္ၿပီး ခ်စ္ပါတယ္ေလ”
“ကြၽန္မ စဥ္းစားၿပီးမွ အေျဖေပးပါရေစ မမ”

မနန္းေမက နားလည္စြာၿပဳံး၍ ခင္ေအးႏြယ္၏အခန္းတြင္းမွ ျပန္လည္ ထြက္သြားေလသည္။ ခင္ေအးႏြယ္ခမ်ာ အခန္းထဲမွာ တစ္ေယာက္တည္း က်န္ရစ္ခဲ့ရင္း ရင္ခုန္ေသာ အေတြးမ်ား ရွည္လ်ား ရစ္ပတ္ေနဆဲ။ အျပင္ဘက္မွာ ျမဴခိုးမ်ား ရစ္သိုင္းေန သည္။

လအတန္ငယ္ၾကာေညာင္းသြားခဲ့ၿပီမို႔ ခင္ေအးႏြယ္ ေခါင္းရင္းဘက္ ဗီ႐ိုေပၚတြင္ ပန္းအိုးျဖင့္ထိုးထားေသာ ႏွင္းဆီ ပန္းနီနီေလးမ်ားမွာ ေျခာက္ေသြ႕ညႇိဳးေရာ္ကာ ပြင့္ဖတ္ေလးမ်ားပင္ ေႂကြက်ေနၿပီ။ ထိုႏွင္းဆီပန္း နီနီကေလးမ်ားမွာ မနန္းေမ လက္ေဆာင္ေပးသြားေသာ ပန္းပြင့္ကေလးမ်ားျဖစ္သည္။ ယခုေတာ့ မနန္းေမ မရွိေတာ့ၿပီ။ သူမ ေသဆုံးသြားခဲ့သည္မွာ လအတန္ငယ္ၾကာျမင့္ခဲ့ေပၿပီ။ မနန္းေမ ေသဆုံးသြားၿပီးေနာက္ပိုင္းတြင္ သူမ ၏ဆႏၵအတိုင္း ဦးေအာင္ႏွင့္ ခင္ေအးႏြယ္တို႔မွာလည္း လက္ထပ္ၾကၿပီး အတူတကြေနထိုင္ခဲ့ၾကသည္။

ထိုသို႔ရွိေနၿပီးမွ လအနည္းငယ္ ၾကာေသာအခါ ထိုအိမ္ႀကီးတြင္ ထူးဆန္းမႈမ်ား ဆက္ကာဆက္ကာ ျဖစ္လာေလေတာ့သည္။ ညအခ်ိန္မ်ားတြင္ အိမ္ႀကီးအတြင္းဘက္ရွိ ပစၥည္းမ်ား တစ္ခုႏွင့္တစ္ခု ထိခိုက္သံ၊ တြန္းေ႐ႊသံ၊ စႏၵရားသံမ်ား၊ အျမင့္ေပၚရွိ ပစၥည္းမ်ားက်သံ၊ ကြဲသံမ်ားကို မၾကာခဏဆိုသလို ၾကားေနရသည္။

ထိုသို႔ ထိတ္လန႔္ဖြယ္ရာမ်ား ျဖစ္ေပၚေနသျဖင့္ ခင္ေအးႏြယ္မွာ အထူးပင္ ထိတ္လန႔္ ေၾကာက္႐ြံ႕လ်က္ရွိေသာေၾကာင့္ ဦးေဝေအာင္မွာ ခရီးပင္ မထြက္ႏိုင္ေအာင္ ျဖစ္ေနေတာ့သည္။ ေန႔စဥ္ရက္ဆက္ ျဖစ္လာေသာအခါ အခ်ိဳ႕ကလည္း ဦးေဝေအာင္ႏွင့္ ခင္ေအးႏြယ္တို႔ အတူတကြ ေနထိုင္ၾကသည္ကို ေသဆုံးသြားေသာ မနန္းေမက မေက်နပ္ေသာေၾကာင့္ ယခုလို ေျခာက္လွန႔္ ေနသည္ဟု ယူဆၾကသည္။

“ဒါကေတာ့ ဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္ဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ႏြယ္နဲ႔ကိုယ့္ကို သူကိုယ္တိုင္ လက္ထပ္ေစခ်င္လို႔ မေသခင္ကတည္းက ေက်ေက်နပ္နပ္ စီစဥ္ေပးသြားတာပဲ၊ ခုလို လက္ထပ္ျဖစ္တာလည္း သူ႔ရဲ႕ဆႏၵပဲ၊ ဒါေၾကာင့္ေတာ့ မဟုတ္ဘူးလို႔ ကိုယ္ ယုံၾကည္တယ္၊ တျခားကိစၥေတာ့ ကိုယ္သိပ္နားမလည္ဘူး ”

ခင္ပြန္းျဖစ္သူ ဦးေဝေအာင္စကားေၾကာင့္ အတန္ငယ္ စိတ္သက္သာမႈ ရမိေသာ္လည္း အိမ္ႀကီးအတြင္း၌ျဖစ္ေပၚေနေသာ လႈပ္ရွားမႈမ်ားကေတာ့ ရပ္တန႔္သြားျခင္း မရွိခဲ့ေပ။

အထူးျခားဆုံးမွာ မနန္းေမ ေသဆုံးသြားၿပီးကတည္းက ယခင္ ေန႔စဥ္ တီးျပရေသာ စႏၵရားႀကီးကို မိမိအိပ္ခန္းအတြင္းသို႔ ထည့္ကာ အဝတ္ျဖင့္ဖုံး၍ သိမ္းဆည္းထားခဲ့သည္။ တစ္ခါတစ္ရံ ညဘက္မ်ားတြင္ စႏၵရားႀကီးအား အဝတ္စႀကီးျဖင့္ ဖုံးအုပ္ထားသည့္ၾကားမွ အသံမ်ား ထြက္ေပၚလာတတ္သည္။ တစ္စုံတစ္ေယာက္က လက္ျဖင့္ တီးခတ္သံ သို႔မဟုတ္ ႂကြက္မ်ား ျဖတ္ေျပး သြားသည့္အသံမ်ားကို ၾကားေနရသည္။

ထိုသို႔ အျဖစ္အပ်က္မ်ား ျဖစ္ေပၚေနစဥ္ တစ္ညတြင္ ခင္ေအးႏြယ္သည္ ထူးျခားေသာ အိပ္မက္တစ္ခုကို ျမင္မက္ေလသည္။ အိပ္မက္ထဲတြင္ ေသဆုံးသြားၿပီျဖစ္ေသာ မနန္းေမ ေရာက္ လာသည္။

“ဟင္…မမ ဘယ္ကလာတာလဲဟင္”
“ငါ ဒီကိုပဲ လာတာပဲ၊ ငါမေက်နပ္လို႔ တစ္အိမ္လုံး ေျဗာင္းဆန္ေအာင္ လုပ္ေနတာ နင္တို႔ မသိၾကဘူးလား”
“ဘာကိုေျပာတာလဲ မမ၊ ဦးေဝေအာင္နဲ႔ကြၽန္မ လက္ထပ္တာကို မေက်နပ္တာလား၊ ဒါက မမ စီစဥ္တဲ့အတိုင္း လုပ္ရတာပါ မမရယ္”
“ဒါကိုေျပာတာ မဟုတ္ဘူး၊ နင္ ငါ့ကို ညတိုင္းတီးျပေနတဲ့ စႏၵရားကို မတီးဘဲ ဘာေၾကာင့္ရပ္ထားရတာလဲ၊ ဒီအသံကို မၾကားရတာ ငါ ဘယ္လိုမွေနလို႔မရဘူး၊ ဘယ္မွလည္း သြားလို႔ မရဘူး”
“ဟင္…မမက ေသဆုံးသြားၿပီေလ၊ ဒါေၾကာင့္ ကြၽန္မ စႏၵရားႀကီးကို သိမ္းထားခဲ့တာပါ”
“ဘာ..ငါေသသြားၿပီ၊ ဟုတ္လား…”
“ဟုတ္တယ္…မမ၊ မမ ေသသြားခဲ့တာ အေတာ္ၾကာၿပီ၊ ဒီစႏၵရားႀကီးကို စြဲလမ္းမေနပါနဲ႔ေတာ့ မမရယ္၊ ကိုယ့္ဘဝ ကြၽတ္ရာလြတ္ရာကိုသာ ေျဖာင့္ေျဖာင့္ သြားပါေတာ့ေနာ္”
“ဟင္..ငါ တကယ္ပဲ ေသသြားၿပီလား”
“ဟုတ္တယ္..မမနဲ႔ ကြၽန္မတို႔က ဘဝျခားသြားခဲ့ၾကၿပီ”
“ဟင္..ငါေသသြားၿပီးၿပီ…ငါေသသြားၿပီးၿပီ၊ ဒါကို ငါ မသိလိုက္ပါလား၊ စႏၵရားသံကို စြဲလမ္းၿပီး ကိုယ့္ကိုယ္ကို ေသသြားမွန္းေတာင္ မသိလိုက္မိဘူး၊ ငါ မင္းတို႔ကို အေႏွာင့္အယွက္ ေပးမိတဲ့အတြက္ ေတာင္းပန္ပါတယ္..ငါသြားေတာ့မယ္”

ထိုသို႔ ေျပာၿပီးေနာက္ မနန္းေမသည္ ခင္ေလးႏြယ္အနီးမွ အေဝးသို႔ ထြက္ခြာသြားေလေတာ့သည္။ နံနက္လင္းေသာအခါတြင္ ခင္ေလးႏြယ္က ထိုအိပ္မက္အေၾကာင္းကို ခင္ပြန္းသည္ ဦးေဝေအာင္အား ေျပာျပလိုက္သည္။

ထိုေနာက္ပိုင္းတြင္ အိမ္ႀကီးအတြင္း၌ လႈပ္ရွားမႈ တစ္စုံတစ္ရာ မေတြ႕ရ မၾကားရေတာ့ဘဲ ပကတိ တိတ္ဆိတ္ၿငိမ္သက္ သြားေလေတာ့သည္။

အျဖစ္အပ်က္မ်ား ျဖစ္ပ်က္ခဲ့ၿပီးေနာက္ ခင္ေအးႏြယ္၏ (၂၆)ႏွစ္ေျမာက္ ေမြးေန႔ျဖစ္ေသာ ဧၿပီ(၂၃)ရက္ေန႔ နံနက္ပိုင္းတြင္ ခင္ေအးႏြယ္အခန္းထဲရွိ ပန္းအိုးထဲတြင္ ေျခာက္ေသြ႕လ်က္ရွိေသာ ႏွင္းဆီပန္းေျခာက္မ်ားအစား လန္းဆန္းလွေသာ ႏွင္းဆီပန္း အနီပြင့္မ်ား ေရာက္ေနသည္ကို အံ့ၾသစြာ ေတြ႕ရေလသည္။ ေနာက္ပိုင္းတြင္ ခင္ေအးႏြယ္၏ ေမြးေန႔က်ေရာက္တိုင္း မနက္ပိုင္းအခ်ိန္တြင္ သူမအခန္းထဲရွိ ပန္းအိုးထဲတြင္ ႏွင္းဆီပန္း အနီပြင့္မ်ား ေရာက္ရွိေနျခင္းမွာ အံ့ၾသစရာေတာ့ မဟုတ္လွေတာ့။

ၿပီးပါၿပီ

✍ ႀတိစကၠ

#ႀတိစကၠ #ႏွင္းဆီနီဝိညာဥ္