” လူဖြစ်သွားတဲ့ တစ္ဆေ ” (အခန်း ၄) (စ/ဆုံး)

Unicode Version

” လူဖြစ်သွားတဲ့ တစ္ဆေ ” (အခန်း ၄) (စ/ဆုံး)
————————————————–

“ဒီလို သမီးရဲ့….ကားလမ်းအောက်က ဥမ င်လှိုဏ်ပေါက်ကို သမီး သိတယ်မဟုတ်လား။ ဟိုတုန်းက ဖေဖေ ခြေထောက်ကောင်းတုန်း က သမီးကို လမ်းလျှောက်ပြီး ကျောင်း
လိုက်ပို့ပို့နေတဲ့ နေရာလေ”
“သိတယ်လေ…အခုလည်း
ခြေလျှင်လမ်းလျှောက်ရင် အဲဒီ ဖြတ်လမ်းကပဲ
လျှောက်နေကြ”
“အဲဒီ ဥမင်းထဲကို သမီးရဲ့မေမေ ကိုယ်ဝန်
အရင့်အမာကြီးနဲ့ ဈေးကပြန်လာရင်း ဖြတ် အသွား ဥမင်ထဲမှာတင် သွေးတွေသွန်တယ်။ ဖေဖေ့ဆီ လှမ်းဖုန်းဆက်တယ်။ ဖေဖေက လည်း သူနာပြုယာဉ်ကို ဖုန်းဆက်ခေါ်ပြီး ပုဂ္ဂလိက အထူးဆေးရုံကို ပို့လိုက်တယ်” “သမီး မေမေကို အရေးပေါ် ခွဲစိတ်ရတော့ မယ်။ ကိုယ်ဝန်က အမြွာပူး ဖြစ်နေတယ်။ လူ သုံး ယောက်မှာ တစ်ယောက်ကို လက်လွှတ်ဆုံးရှုံးရမယ်။ အဲ့ဒီလို မလုပ်ရင် အားလုံးသေ မယ်တဲ့..။ ဖေဖေ့ကို ရွေးချယ်ခိုင်းတယ်။
ဖေဖေလည်း … အကောင်းပကတိ ရှိနေတဲ့ သမီးကြီးကို ရွေးလိုက် တယ်။ သမီးငယ်က မင်းတို့မေမေ ဥမင်ထဲမှာ ချော်လဲပြီး ဗိုက်နဲ့ဖိ မိလို့ ထိထားတော့ နာတဲ့သ ဘောဖြစ်နေပြီ။ အဲဒီ မှာတင် သမီးအမေနဲ့ သမီးကြီး ယွန်းကို
ရွေးချယ်လိုက်ရတယ်။ သမီး ငယ်ကို မရွေး ဖြစ်တော့ဘူး။ အမှန်တော့ … သမီးငယ်က ကောင်းပြီး သမီးကြီးက မကောင်းရင် သမီး ငယ်ကိုပဲ ဖေဖေ ရွေးဖြစ်မှာပါ၊ ခု တော့..”
ဦးနေထိုက် လှိုက်တက်လာသော ဝမ်း
နည်းစိတ်ကိုအံတင်းတင်းကြိတ်ပြီး
ဖြေဖျောက်၏ ။ ပြီးမှ…
“အဲဒီ အပေါ်မှာ သမီးငယ် စိတ်နာသွားပုံရ
တယ်။လူ့ဘဝထဲကိုသူအရမ်းလာချင်နေခဲ့
တာ.. သမီးတို့နှစ်ယောက်ကို ခွဲစိတ်မွေးဖွား

ပြီး သုံးနာရီလောက်အကြာမှာ သမီးငယ်
နှလုံးသွေးရပ်ပြီး ဆုံးသွားရတယ်။ သမီးလို ဖြူဖြူဖွေးဖွေး ချစ်စရာ သမီးငယ်လေးကို ပွေ့ပိုက်ပြီး ဖေဖေ အူလှိုက် သည်းလှိုက် ငိုကြွေးခဲ့ရတယ်…”
ပြောနေရင်း ဦးနေထိုက် မျက်ရည်တွေ ပိုး ပိုးပေါက်ပေါက်ကျလာ၏။ ယွန်းကတစ်သျှူး နှင့် မျက်ရည်တွေ သုတ်ပေးရင်း… “မငိုပါနဲ့ဖေဖေ သမီးလည်း ညီမလေး အတွက် စိတ်မကောင်းပါဘူး။ ဓာတ်ပုံမှာ စာရေးထား တယ်။ ရွှေစင်ယွန်းနဲ့ ငွေစင် သွန်းတဲ့။ ဒါဆို ညီမလေးက ငွေစင်သွန်းပေါ့” “ဟုတ်တယ်…….ဖေဖေပဲ .. ဒီနာမည်ပေးခဲ့ တာ..သမီးငယ်ငွေစင်သွန်းကို အုတ်ဂူလေး နဲ့ ကမ္မည်းထိုးပေးခဲ့တာ။သူ့ အသက်နေရာ မှာတောင် (၃) နာရီလို့ပဲ ရေးဖြစ်ခဲ့ရတယ်။ သိပ်သနားဖို့ ကောင်းပါတယ်။တွေးမိတိုင်း

စိတ်မချမ်းသာဘူး။ သူ.သူ သေဆုံးပြီးစ ဝိညာဉ်ဘ၀နဲ့ နေရတယ်။ ဖေဖေတို့ အိပ်ခန်း ထဲမှာ သူက ရှိလိုက်၊ ပျောက်သွားလိုက်နဲ့ပဲ… ဖေဖေလည်း ရိပ်ခနဲတွေ့လိုက်ရ၊ သူ့ငိုသံရယ် သံလေးတွေ အမှတ်တမဲ့ကြားလိုက်ရနဲ့ သမီး တို့ သားအမိက ကြောက်တတ်တော့ နှလုံး သွေးလန့်မှာ လိပ်ပြာလွင့်အောင် ကြောက်မှာစိုးလို့ ဖေဖေဖွင့်ပြောခဲ့တာ”
“အဲဒီတုန်းက သူ ဒုက္ခမပေးပါဘူး။ သူ့ ကိုယ်သူတောင် မနည်းရပ်တည်နေရတာ လူ့ဘ၀ ထဲ ရောက်ချင်စိတ်၊ ဒီမိသားစုအပေါ် ခင်တွယ်စိတ်တွေနဲ့ စွဲလမ်းပြီး ငွေစင်သွန်း မကျွတ်ခဲ့တာ”
“သမီးတို့ စာသင်ခန်းထဲမှာ ဥမင်ထဲမှာ အိပ်မက်ထဲမှာ ဓာတ်လှေကားထဲမှာ အိပ်ခန်း
ထဲမှာ ပန်းခြံထဲမှာခြောက်လှန့်ပြီးအဆုံးသတ်ဖို့ ကြိုးစားနေတာ သူပဲ။သမီး

ဘဝနဲ့ သူ့ဘ၀ကို သူချိန်း ပြောင်းဖို့ ကြိုးစား နေတယ် ဖေဖေ”
“ဟုတ်တယ် ဖေဖေ့ကို အိပ်မက်ပေးပြီး အဲဒီ အတိုင်းပြောခဲ့တယ်။ သူ့အမေကိုရော သမီး ကိုရော ဘာမှမလုပ်ဖို့ အိပ်မက်တောင် မပေးဖို့ ဖေဖေ တားထားဖူးတယ်။မဟုတ်ရင်
ဘုန်းကြီးတွေ ပင့်ပြီး အန္တရာယ်ကင်း ဆွမ်း
ကျွေးကပ် ပရိတ်တရားနာပြီး ကမ္မဝါစာ ဖတ်
မှာလို့ ခြိမ်းခြောက်ထား လို့ သူဘာမှ မလုပ်ရဲ
လူတွေကြီးလာသလိုသူလမ်း
လျှောက်နိုင်သေးတာ၊ မလုပ်နိုင်သေးတာ။နောက်တော့
တယ်။ သွားလာနိုင်တယ်။ ထိရိုက် ကန်ကျောက်နိုင်တယ်။ သူဟာ ကြီးပြင်းလာ တော့ ဝိညာဉ်ဘဝကနေ သရဲဖြစ်လာတယ်။ ခြောက်လှန့်နိုင်၊ အရိပ်ပြနိုင်၊ အနံ့ပေးနို်င် တာတွေ လုပ်လာ နိုင်တယ်။ သူတို့ လောက ထဲမှာလည်း သူတို့ဘာသာ သွားလာ
ကျင်လည်ရသေးတယ်။

အိမ်ကပ်လိုက်
အိမ်မကပ်လိုက်နဲ့ပေါ့….သူ့
မှာ အစွယ်လက်နှစ်ဆစ်လောက် ရှိလာပြီ။ ဖေဖေတားထားလို့ သူမခြောက်ဘူး။ ပုံမှန် အတိုင်း နေမြဲနေတယ်။ ဖေဖေ အောက်ပိုင်း
သေသွား တယ်။ ကံနိမ့်သွားတယ်။ သူ့ကိုမ
တားနိုင်တော့ဘဲ အခြေအနေမှာ သူဟာ
တစ္ဆေဘ၀ကို အဆင့် တက်ပြီး တစ္ဆေဆိုတာ
ထိရိုက် တွန်းရှေ့ကန်ကျောက် နိုင်တယ်။
သိပ်ကံနိမ့်တဲ့လူဆို နဘမ်းလုံး နိုင်တယ်။
ကမ္မဇိဒ္ဓိ အစွမ်းကြီးသွားပြီး အစွယ်ကလည်း
လက်လေးဆစ် မကတော့ဘူး။ ပြိတ္တာအ ကြီး
စားထဲ ဝင်သွားပြီပေါ့….” “ဖြစ်မှ ဖြစ်ရလေတယ်”
“သူ့နေရာကို ရသွားတယ်လို့ အဟုတ်ထင် နေတာ..ဖေဖေကလည်း သူ့အပေါ်ရက်စက် တယ်။ သမီးကြီးကိုပဲ ချစ်တယ်။ သမီးငယ်ကို မချစ်ဘူး…သတ်ပစ်တယ်။ အဲ့ဒီလိုမျိုး သူ

စိတ်စွဲပြီး သမီးကိုရော ဖေ့ဖေ့ကိုပါ နာကျည်း
မုန်းတီးနေတာ။ သမီး
မေမေမှာ ကလေး a
မြွာပူးမွေးပြီးမှ နှလုံးရောဂါအခံရှိမှန်း သိ
လိုက်ရတယ်။ သူ့ကို ဒီအကြောင်းတွေ ပြန်
မပြောပြပါနဲ့။ နှလုံးရောဂါဖြစ် လာရင်
မလွယ်ဘူး”
“သမီး သဘောပေါက်ပါတယ် ဖေဖေ”
“သမီးကိုနေရာလဲယူချင်နေတယ်။
ဖေဖေ့ကို အိပ်မက်ပေးလာရင် အဲ့ဒီလိုမလုပ် ဖို့ ဖေဖေအမြဲတားပါတယ်။ သူ နားမထောင် တော့ဘူး။ ဖေဖေ့ကိုလည်း ပြောသေးတယ်။ သက်တမ်း သိပ် မကျန်တော့ဘူး။ ကိုယ့် အသက်ကို ကိုယ်စောင့်ရှောက်ပါတဲ့…သူ..သူ ကဖန်တီး လုပ်ကြံမှာ မဟုတ်ဘူး။ အဲဒီ အကြောင်းနဲ့တော့ … ဆက်နွယ်မှုရှိနေတယ်တဲ့”
“သူ့ကို ညီမလေးလို သဘောထားပါတယ်။

မဖြစ်နိုင်တာ ကို သူတောင်းဆိုနေတာတော့ တားဆီးရလိမ့်မယ်”
“အကောင်းဆုံးကတော့ သမီးအနေနဲ့ လွတ်အောင်ရှောင်ပါ။ စာမေးပွဲကြီး ပြီးသွား ရင် သီလရှင်ဝတ်ပြီး တရားဘာဝနာ အားထုတ်၊ ငွေစင်သွန်းကို အထူးရည်ရွယ်ပြီး မေတ္တာ စူးစူးရှရှ ပို့ ပေးလိုက်ပါ။ သူ့ သဘောထား ပျော့ပျောင်းသွားပါလိမ့်မယ်”
“သမီး…ညီမလေးကို မမုန်းပါဘူး။ ဒါပေ
မယ့်…ကြောက်တယ်”
“စိတ်ဓာတ်ခိုင်မာပါ သမီးယွန်း” “အတ္တကြီးတာတော့ မဟုတ်ဘူး….နေရာ ပြောင်းလဲ ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ္ဆေ တွေ အတွက်ကော ဖြစ်နိုင်သလား ဖေဖေ”
“တစ္ဆေတွေကလူယောင်ဖန်ဆင်းလို့ရ
တယ်။ ကျတ်တစ္ဆေလိုမျိုးပေါ့။ ကျတ်တစ္ဆေ
တွေက အုပ်စုဖွဲ့ပြီး နေကြတယ်။ လူတွေက
လည်း အဖော်အပေါင်းနဲ့ နေကြတယ်။ လူ တွေတောင် ကိုယ့်ကိစ္စကိုယ့်အကြောင်းနဲ့ သီးသန့် ခွဲနေတာရှိသလို၊ ကျတ်တွေထဲက လည်း သီးသန့်ခွဲနေတာ မျိုး ရှိတတ်ကြတာ ပဲ။ သူတို့က လူကို ကံနိမ့်လွန်းတဲ့အချိန်မှာ လိပ်ပြာလွင့် အောင် ခြောက်လှန့်ပြီး ဝိညာဉ် နှုတ်ယူတာမျိုး ရှိတတ်တယ်။ လူ့ခန္ဓာကိုယ် ထဲကို ပူးဝင်တာမျိုးလည်း ရှိတယ်။ ဖုတ်ဝင် တဲ့ လူတွေဆိုတာ သေခါနီး လူရဲ့ဝိညာဉ်ကို ဖယ်ထုတ်ပြီး ဖုတ်တစ္ဆေက ဝင်ပူးနေတာ၊ တချို့ကျတော့ သေခါနီး လူရဲ့ ဝိညာဉ်ကို ချုပ်ထားပြီး … ဖုတ်ကပူးဝင် … စားသောက် အသက်ရှင်နေကြတာ မျိုးတွေ ရှိ တယ်”
“သမီးကတော့ လုံး၀မဖြစ်နိုင်ဘူးလို့ ထင် တယ်။ သူ့ကို ကောင်းမှုကုသိုလ် လုပ်ပေး မယ်။ ကောင်းရာမွန်ရာ သွားဖို့ နားချချင် ဖေဖေ…သမီးအယောင်ဆောင်ပြီးတယ်
သမီးဘ၀ထဲမှာ သူ ကျင်လည်နေရင်

အားလုံးရှုပ်ကုန်လိမ့်မယ်”
“အင်း..ဟုတ်တယ်…ခက်တယ်…ငွေစင် သွန်းဟာ တားဆီးရ သိပ်ခက်သွားပြီ။ ဘာပဲ ဖြစ် ဖြစ် သမီးကြီး သတိထားပါ”
“စိတ်ချပါ ဖေဖေ၊ သမီး သူ့ကိုရအောင်ချွတ်မှာပါ”

ရုပ်ယှဉ်သူနဲ့ တိုက်ပွဲ
“သမီး…..ကျောင်းသားဖို့ မပြင်သေးဘူး
“ဒီနေ့ ခေါင်းကိုက်နေလို့ ကျောင်းမတက်
ဘူး”
“အို…မှန်းစမ်း၊.”
နေများမကောင်းလို့
သဉ္ဇာလီက ယွန်းရဲ့နဖူးကို လက်ဖဝါးအုပ်
ကပ်ပြီး စမ်းကြည့်လိုက်၏။
“ကိုယ်မပူဘူး၊ ခေါင်းကိုက်ပျောက်ဆေး

သောက်မလား…သမီး”
“မသောက်ဘူး၊ ကိုယ့်ဘာသာ သောက်ပြီးပြီ”
“သမီး မျက်ခွံတွေ ဖောင်းအစ်နေပါလား၊
ငိုထားလား”
“ဟင့်အင်း”
“မေမေ့ကို မညာနဲ့၊ မေမေညာတာ သိပ် မုန်းတယ်”
“မေမေ မုန်းတဲ့ ညာတာကို မေမေပဲ ကျူး လွန်းနေတာ။ မေမေဘာသာ မေမေ ပြန်မုန်း
ရမှာ”
“သမီး..ဘယ်လိုပြောလိုက်တယ်”
“ဦးသီဟမိုးနဲ့ ခုထိမပြတ်ဘဲ ခြေပုန်းခုတ် နေတာ ဘာ သဘောလဲ မေမေ…ဘာညာချင် သေးလဲ”
သဉ္ဇာလီ ပြန်ပြောရခက်ပြီး ကြက်သေသေသွား၏။
“မိတ်ဆွေတွေ အဖြစ်နဲ့”
“တော်ပါမေမေရယ်…ညာပြီးရင်း ညာတဲ့
သူက ညာတာမကြိုက်ဘူးတဲ့။ မေမေ့ဘာသာ မေမေ အသိဆုံး။ မေမေ ကိုယ့်ဘာသာ ဆက် လိမ်နေပေမယ့် ကိုယ့်စောင့်နတ် သိတယ်။ ယမမင်း သိတယ်။ သိကြားမင်း သိတယ်၊ အပြစ်က အပြစ်အတိုင်း စီရင်မှာပဲ”
“မေမေတို့ အတတ်နိုင်ဆုံး ဆင်ခြင်ကြပါ တယ်”
“အပြတ်ဖြတ်တာ အကောင်းဆုံးပါ” “ဖြတ်ပါ့မယ် သမီးရယ်”
“နောက်တစ်ကြိမ်တွေ့ရင် သမီး မေမေ့ကို
အဆက်အသွယ် ဖြတ်တော့မယ်။ ဖေဖေ့ကို လည်း ဝေးရာခေါ်သွားမယ်”
“မေမေ့ကို တစ်ခါထဲ သတ်သွားပါတော့သမီးရယ်”

“ကံကြီးထိုက်မယ့် အလုပ်ကို စိတ်ကူးထဲ တောင် မထည့်ဘူး”
“သဘောပြောတာပါ။ စိတ်ချပါ။ ဒီတစ်ခါ ဆက်ဆံရေးလည်း ဖြတ်ပေးပါ့မယ်။ မေမေ့ ဘဝဟာ သမီးတို့အတွက်ပဲ ဖြစ်စေရမယ်”
နောက် တစ်နေ့မှာ ကျောင်းတက်ဖြစ်၏ ။
ကျောင်းရောက်တော့သူငယ်ချင်းတွေက
မနေ့က ကျောင်းပျက်သည့်ကိစ္စကို ဘာမှ မ မေး။ ကောင်းမြတ်သူက ယွန်းနဲ့လာတွေ့ပြီး “ဆယ်တန်းအောင်းပြီးရင် လက်ထပ်မယ်၊ ယွန်းရဲ့ထာ၀ရအဖော် လုပ်ပေးမယ်၊ ယွန်းရှေ့ က မားမားမတ်မတ် ရပ်တည်ပေးမယ်နော်”
“အားကိုးချင်စရာကြီး လူပျို၊ အပျိုဘ၀ကို

ခဏလေးနေရအောင် ဘာလို့ လောဆော်နေ ရ တာလဲ ကောင်းရယ်”
“လူဆိုတာ အချိန်မရွေး … သေနိုင်တဲ့ သတ္တဝါပဲ၊ ယွန်းနဲ့ အတူနေဖို့ ကျောင်းပြီးတဲ့ အထိ လေး ငါးနှစ်စောင့်ပြီး မင်္ဂလာဆောင်ခါ နီး မှ သသွားရင် ဘယ်လိုလုပ်မလဲ” “တရားသဘောထက် အချစ်သဘောတွေ ရောနေတယ်။ နင် ဘာဖြစ်ချင်နေသလဲဆို တာ ငါသိပါတယ်…နင်.. ဘာဖြစ်ချင်နေတာ
ငါသိပါတယ်”
“နင်နဲ့ငါနဲ့ မပြောနဲ့လေ….တို့တွေက ချစ်သူတွေ ဖြစ်နေကြပြီပဲ”
“ဘယ်သူ ပြောလဲ”
“ယွန်း….ကိုယ့်ကို အကြောင်မရိုက်နဲ့” အကြောင်ရိုက်ဆိုတာ အကြိုက်ယောင်တာ ကို ပြောတာ ကြိုက်နိုးနိုး ချစ်နိုးနိုးပေါ့။
“ယွန်း…မောင့်ကို မကျီစယ်ပါနဲ့”

“အံမယ် သူ့ကိုယ်သူ မောင်တဲ့၊ ဟားဟား
ရယ်ချင်စရာကြီး”
“မောင်လို့ခေါ်တာ … လိုက်ခေါ်ပေးရမယ်။
လှောင်စရာ မဟုတ်ဘူး။ လှောင်ရင် မောင် စိတ် ဆိုးမှာနော်”
“မဆိုးပါနဲ့ မောင်ရယ်”
“အဲ့လိုမှပေါ့ မောင် လို့ခေါ်နော်၊ မောင်က လည်း ယွန်းကို ချစ် လို့ ခေါ်မယ်”
နှစ်ယောက်သား မျက်ဝန်း ကြည်လဲ့လေး တွေနှင့် ပြုံးနေမိကြ၏ ။ ယွန်း ဖျတ်ခနဲ သတိရ သွား၏ ။ ပြိုင်ဘက် ရှင်းသန့်လှိုင်ကိုပေါ့။

ဒီလို အကြည့်ဆိုက်နေတာမျိုး ရှင်းသန့် လှိုင် တွေ့သွားစေချင်၏။ ရည်စားလူလု အူနု ကျွဲ ခတ်ခံရသလို၊ ရှင်းသန့်ဖြူ ဆတ်ဆတ် စူးစူး နာကျင်နေမှာ မြင်ယောင်သေး၏။ “ရှင်းသန့် တစ်ယောက် မမြင်ပါလား”

“ကိုယ်နဲ့ ဆက်ဆံရေး ကျဲတောက်သွားပြီ” “သူ ရှုံးသွားပြန်ပြီ။ စိတ်မကောင်းစရာပဲ”
ထိုစဉ်မှာပင်အေမီအောင်နဲ့ပန်းအိစံတို့
အနားရောက်လာ၏။
“ယွန်း…မနေ့က နင့်ဆီက ငါငှားထားတဲ့
ခရော့(စ်)ဘော(လ်) ပန် အခုပြန်ပေး တာ”
“မနေ့က ငါမှ ကျောင်းမတက်တာ၊ ပြီး တော့ ဒီဘော(လ်)ပန်က ငါဟာ မဟုတ်ဘူး”
“နင်ဘာတွေ ပြောနေတာလဲ…မနေ့က နင် ကျောင်းတက်တယ်လေ…ငါ့ဘောလ်ပန် မေ့ကျန်ခဲ့လို့ နင့်ရဲ့ ရွှေရောင်ဘော(လ်) ပန် ခရော့(စ်)ကို ပေးခဲ့တာလေ၊ နင်ဘာတွေ ကြောင်စီစီ ဖြစ်နေရတာ လဲ”
ယွန်း ကျောပိုးအိတ်ထဲကို နှိုက်ပြီး ကွန်ပါ ဘူးကို ထုတ်လိုက်၏ ။ ကွန်ပါဘူးထဲကို ကြည့် လိုက်တော့ ယွန်း အပိုဆောင်ထား သည့် ရွှေရောင်ဘော(လ်)ပန်လေး မရှိတော့။
ယွန်းရဲ့ အသုံးအဆောင်တွေကိုလည်း ငွေ စင်သွန်းဆိုသော တစ္ဆေမ သွန်းက ယူဆောင် ဒိုင် နေပါလား။
“အဲဒါ ငါ့ဟန်ဆောင်ပြီး တက်တာ”
ယွန်း စိတ်တွေ တိုလာ၏ ။ ဒီလိုကြီး ဘယ်လောက်အထိ လိုက် နှောင့်ယှက်နေဦး မှာလဲ။ ကိုယ် ဆိုပြီး အကြွေးတွေ လျှောက် ယူ၊ ပြန်ဆပ်ရမယ့်သူက ယွန်းဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲ။ သက်သက်မဲ့ သွန်း လိန်ကကျစ်ကျနေတာ။
“တွေ့လားနှင့်ဘော (လ်)ပန်၊ ဒီကို
ရောက်နေတာ”
“မဟုတ်ဘူးဆိုတာငါအသိဆုံးပဲ…
တောက်”
ယွန်း ဒေါသထွက်ပြီး ပြာလောင်ခတ်ချင် လာ၏ ။ ထိုစဉ်အတန်းဖော် ရတီဝတ်မှုံ ရောက်လာ ၏။
“ယွန်းရေ…ရှင်းသန့်ကတော့
နင်နဲ့ရုပ်ချင်းဆင်တာကို အခွင့်အရေးယူပြီး နင့်ဆံပင် ပုံစံ ညှပ် ထားတယ်။ နင့်ဟန်ပန်မျိုးလိုက် လုပ်ပြီး ဂေါက်ကြောင်မ စတိုင်(လ်) လို့ အော် ပြောတယ်။ ပြီး တော့ သရဲခြောက်ခံရလို့ နင် ကြောက်လန့်ပုံတွေ၊ တစ္ဆေမဆိုပြီး ဂီတဆရာ ရဲ့ တူမကို ဝိုင်းဖမ်းပြီး ကြောင်တောင်တောင်၊ လန့်တန့်တန့် ဖြစ်နေပုံတွေ ဟာသလုပ်ပြနေ တယ်”
“သူ ဘယ်နားမှာလဲ”
“စာသင်ခန်းရှေ့မှာ”
ယွန်း လှစ်ခနဲ ပြေးထွက်လာ၏ ။ နောက် က အေမီ၊ ပန်းအိ၊ ကောင်းမြတ်သူ၊ ရတီဝတ် မှုံတို့ ပြေးလိုက်လာကြ၏။
တွေ့ပါပြီ။ စာသင်ခန်းထဲက ရှေ့ဆုံးမှာ ယွန်းလိုပုံစံ ဆံပင်ညှပ်ပြီး ရုပ်ပြောင်တွေ လုပ်ပြ နေတာ။

“ကျွန်မကတော့ ယွန်းယွန်းပါ။ ကျောင်းကပွဲမှာ
အလှမယ်ဆုရတဲ့ ကျွန်မရဲ့
လမ်းလျှောက် ဟန် ကို ရှုစားတော်မူပါ…” ရှင်းသန့်က အော်ပြောပြီး ကလန့်ကလား ပုံစံ၊ ပဲ သွားသွားတဲ့ ပုံစံ၊ လိန်ဖယ်သွားတဲ့ ပုံစံ တွေ လုပ်ပြနေ၏ ။ ယွန်းရဲ့ဒေါသက ငယ်ထိပ်တက် ခုန်ဆောင့် ထွက်သွား၏။ ယွန်းပြေးဝင်ပြီး ရှင်းသန့်ကို အားနှင့်ပစ် တွန်းလှဲပစ်၏။ ရှင်းသန့်လွင့်ပြီး ပြိုလဲကျနေ စဉ် ရှင်းသန့်ရဲ့ခန္ဓာကိုယ်ပေါ် တက်ခွပြီး ဘယ်ပြန် ညာပြန် ပါးတွေရိုက်၊ ဆံပင်တွေ ဆောင့်ဆွဲ၊ ကြမ်း ပြင်နဲ့ နောက်စေ့ကို ခပ် ဆတ်ဆတ် ဆောင့်ပေးလိုက်၏ ။
အား..”
ဘေးလူးတွေ ဝိုင်းဆွဲလို့သာပေါ့။ နို့မို့ ယွန်း အသေသတ်မိမှာပင်။ ရှင်းသန့်သေလျှင် ယွန်း ထောင်ကျရုံသာ ရှိမည်။

ကောင်းမြတ်သူက ယွန်းကို ကာကွယ် ထား၏ ။ ကျောင်းအုပ်ဆရာမကြီး လာခေါ် သွား၍ ကျောင်းအုပ်ခန်းထဲ ရောက်သွားရ၏
“ဒီနှစ်ပိုင်းထဲမှာ မင်း ပြဿနာ တော်တော် ရှာတာပါလား..ရွှေစင်ယွန်း၊ အရင်က မင်း ဒီ
လို မဟုတ်ပါဘူး။ အခုမှ … မင်းဘာလို့ ပြဿနာတွေချည်း ဖြစ်နေရတာ လဲ”
“ရှင်းသန့်လှိုင်က ကျွန်မအယောင်ဆောင် တရားလွန်နောက်ပြောင်နေတယ်။

ကျွန်မ အကြိမ်ကြိမ် သည်းခံခဲ့တယ်။ အဲဒါကို
ကြောက်တယ်ထင်ပြီး တွေ့တိုင်း ဖြဲခြောက်
နေတော့တာပါပဲ။ သည်းမခံနိုင်တဲ့ဒီနေ့
ပေါက်ကွဲမိတာပါပဲ”
“မင်း အမှန်ကနေ အမှားဖြစ်သွားတာပေါ့။ ရှင်းသန့်လှိုင် နောက်ပြောင်ပြီး မတရား စ နောက်နေကတည်းက ကိုယ့်ဆရာတွေ ကိုလာတိုင်ထားရင် ပြဿနာ . ဒီလောက်ကြီး ဖြစ်မှာမ ဟုတ်ဘူး။ အခုတော့…ခံဝန်ထိုးရုံ မဟုတ်ဘူး။ မင်းမိဘတွေကို ခေါ်လာခဲ့ရ မယ်။ ဒါနောက်ဆုံးပဲ။ နောက်တစ်ကြိမ်ဆို
တို့ကျောင်းက ထုတ်ပယ် သဘောပေါက်တယ်နော် ”
ပစ်မယ် …
“မင်းက ကျောင်းကို အစောကြီးလာတယ်။ ဒန်းစီးတယ်။ ပန်းခြံထဲ လျှောက်ဆော့တယ်။ ကျောင်းထဲမှာလည်း နေရာအနှံ့လျှောက်သွား တယ်။ ဆိုးတာက ညဘက်တွေမှာ တွေ့ ရတတ်တာ ပဲ။ နောက်က လိ်ုက်သွားရင် ပျောက်သွားပြီး။ မင်းက ဘာလဲ မှော်ဆရာမ လား၊ စုန်းပညာသည် လား”
မညှာမတာ မေးလိုက်သော ကျောင်းအုပ် ဆရာမကြီး စကားကြောင့် ယွန်း စားပွဲပေါ် က ခဲတံချွန်တဲ့ဓားကို ကိုင်လိုက်ပြီး ယွန်း ကိုယ်တိုင် ယွန်းရဲ့လက်ညိုးနဲ့ လမ်မကြီးကို

ဓားဖြင့် ထိုးစိုက် လှီးပစ်လိုက်၏။ “ဟေ့….မင်း…….အဲဒါ ဘာလုပ်တာလဲ”
ယွန်းလည်း နာကျင်မှုကြားက သွေးတွေ ပန်းထွက်လာတာကို လက်နှင့် ဖိထား
လိုက်၏။ နာကျင်မှုတွေ လက်က အနာထက် စိတ်ဒဏ်ရာက ပိုမို ဆိုးဝါး နာကျင်သေး၏။
“မင်း…မင်း ကိုယ့်အသားကိုယ် ဓားနဲ့လှီး တယ်။ ဘာလဲ တစ်ကိုယ်တော် ဆန္ဒပြချင်လို့ လား…မင်းဦးနှောက်ကော … ကောင်းသေးရဲ့ လား၊ အံ့သြပါရဲ့ကွာ”
“ကျွန်မ…အဲဒီ ငွေစင်သွန်း ဆိုတဲ့ ကျွန်မရဲ့ အမြွာ ညီအစ်မနဲ့ မတူချင်လို့ တမင်လုပ်ပစ် တာပါ။ အခုဆို ကျွန်မလက်မှာ ဒဏ်ရာရ သွားပြီလေ။ သူလိုက်လုပ်ရဲရင် လိုက်လုပ် ကြည့်ပါ”
ဆရာမကြီး ခေါင်းခါပြီး ဖုန်းတွေ အမြန် ဆက်သွားတော့၏ ။ ကားရောက်သည်နှင့်
ယွန်းကို ဆေးရုံ အမြန်ပို့ရ၏။ အနာချုပ်ပေး
သော ဒေါက်တာက-
“မင်းရဲ့လက်လှလှကလေးတွေတော့
အကျည်းတန် ကုန်ပြီ။ အမာရွတ် ထင်တော့မယ်”
“ကျွန်မရဲ့ မူပိုင် အမှတ်တံဆိပ် အဖြစ် အဲဒီ အမာရွတ်ကိုလိုချင်နေတာ။ လိုချင်လို့ ကျွန်မ တမင်လုပ်ခဲ့တာ…ရွှေစင်ယွန်းဟာ ရွှေစင်
ယွန်းပဲ ဘယ်တော့မှ ငွေစင်သွန်း မဖြစ်စေရဘူး”
ဒေါက်တာက နားမလည်၊ သူများ အတွင်းရေး မစပ်စု။ ယွန်းကတော့ ဒဏ်ရာ ကို သဘော ကျနေ၏ ။ နာကျင်မှုက ဒေါသ ကို ပါးလျစေ၏ ။ ကြောက်လန့်စိတ်ကို ထူပြောစေ၏ ။ အဲဒီ အချိုးနဲ့ ပြောင်းပြန်ကျ တာမျိုး ယွန်းစိတ်ထဲမှာ ဖြစ်ပေါ်လာလေပြီ။
ဒဏ်ရာနဲ့အချစ်အကြောင်း
“ဖြစ်မှ ဖြစ်ရလေ သမီးရယ်၊ မိမွေးတိုင်း ဖ မွေးတိုင်း ဘာမှ မဖြစ်အောင် စောင့်ရှောက် ခဲ့ တာ ဘယ်သူကမှ မလုပ်ဘဲနဲ့ ကိုယ်လက် ကိုယ် ဓားနဲ့ ပြန်လှီးတာ..စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလား.. စိတ်ရောဂါကုဆရာနဲ့ သမီး ကို ပြပေးရမလား”
“သူတို့ခေတ်၊ သူတို့အထာ ရှိတယ်။ မင်း ဘာမှ နားမလည်ဘဲ ဝင်မပြောပါနဲ့။ ငါဆုံးမ

ဖျောင်းဖျပေးပါ့မယ်။ မင်း လုပ်စရာရှိတာ
သွားလုပ်ပါ မိန်းမရယ်”
သဉ္ဇာလီလည်း
သမီးလက်က
ပလတ်စတာကို
ဖွဖွပွတ်သပ်ရင်း စိတ်မ
ကောင်းသော … မျက်နှာဖြင့် မီးဖိုခန်းထဲ
ထွက်သွား၏ ။ ဦးနေထိုက်က-
သမီးပြောသလို ဒဏ်ရာအမာရွတ်နဲ့
ခွဲခြားလိုက်လို့ ရမယ်ထင်နေ သလား။ သူတို့
မှာ လည်း ကမ္မဇိဒ္ဓိ တန်ခိုးရှိတယ်လေ..။ သူတို့ ဖန်တီးလို့
သက်သက်မဲ့ အနာခံ တာ”
“မသိဘူး…ဖေဖေ၊
ရနေတာပဲ…သမီး
သမီးသိသလောက်
ခွဲခြား သက်သေပြနိုင်မယ်ထင်လို့ မိုက်ရူးရဲ
ဆန် ဆန် လုပ်မိခဲ့တာ”
“အဓိကက စိတ်ဓာတ်ပါပဲ။ သူ့ကို မတွေ့ အောင် ရှောင်၊ ရှောင်မရလို့ တည့်တည့်တိုး ရင် တောင် သူလုပ်ခိုင်းတာတွေ မလုပ်မိစေ
နဲ့။ ကောင်းတာခိုင်းရင်တော့ ကျွတ်တန်းဝင် ဖို့ဆိုရင် တော့ လုပ်ပေးဖို့ ကတိခံပေါ့။ နိုင် သလောက် ပြောတာနော်” “ဟုတ်ကဲ့…ဖေဖေ။
အယောင်ဆောင်ပြီးသူသမီးကျောင်းတက်တယ်။
နောက်ဘာတွေ ထပ်လုပ်ဦးမလဲ မသိဘူး။ သူ
ရှုပ်သမျှသမီး ရှင်းရတော့မှာလား”
ဦးနေထိုက် ဘာပြန်ပြောရမည်မှန်း မသိ တော့။ သမီးကြီးနဲ့ သမီးငယ်ကြားမှာ နေ နေရတာ လေ။ အငယ်မက တစ္ဆေဖြစ်နေ၍ မကောင်းဆိုးဝါး စိတ်ပေါက်နေပြီ။ လူတွေ ထဲမှာ သမီးကြီး ဟန် ဆောင်ပြီး သွားလာ လှုပ်ရှားနိုင်တဲ့အထိ ကမ္မဇိဒ္ဓိ အစွမ်းရှိနေပြီ
“ဟူး” ခနဲသာ သက်ပြင်းချလိုက်မိတော့၏
“သမီးရေ..ကောင်းမြတ်သူ ရောက်နေတယ်။
အိပ်ခန်းတံခါးခေါက်၍
တံခါးဖွင့်ပေးလိုက်၏ ။ သားနားသပ်ရပ်သော အသွင် ဖြင့် ကောင်း မြတ်သူကို မြင်ရ၏ ။
“သားတို့ သမီးတို့ စကားပြောကြဦး။ ဒီနေ့
က တနင်္ဂနွေနေ့ သားဖေဖေရဲ့ ရောဂါရှာဖွေ ထားတာ ဒီနေ့ရလဒ် ထွက်လာလိမ့်မယ်။ မေမေနဲ့ဖေဖေ သွားကြည့်ကြရမှာမို့ အိမ် စောင့်ကြဦး။ အိမ်မှာပဲ စကားပြောကြပေါ့”
“ဟုတ်ကဲ့..အန်တီ”
” ဂရုစိုက်ခေါ်သွားနော်”
“အင်းပါ….မေမေ ဘယ်တုန်းကများ ဂရု

မစိုက်တာရှိခဲ့ဖူးလို့လဲ”
မိဘနှစ်ပါးအပြင်ထွက်သွားကြ၏ ။
မေမေ ဝှီးချဲ တွန်းသွား၏ ။ ဖေဖေက လှီးချဲပေါ်မှာ ပါသွား၏။
အပျိုခန်းကို ကြည့်ချင်၍ ကောင်း လိုက်ကြည့်၏။
“မွှေးပျံနေတာပဲ…မွေ့ရာကလည်း အိစက်နေတာပဲ”
“အံမယ်…သူဌေးသားက ပြောင်းပြန် ပြော
နေရသေးတယ်။ ရှင့်အိမ်က ဖန်နေရှာတွေ လောက်တော့ မမိုက်ပါဘူးနော်။ ဒါတွေက ဖေဖေ ပြေလည်တုန်းက ကွန်ဒိုအခန်းဝယ် တော့ အကုန်တပ်ဆင်ပြီးသား၊ ပါပြီးသား တွေပါ”
“ကောင်းတယ် မောင်တို့ လက်ထပ်ပြီးရင် ကွန်ဒိုအခန်းဝယ်ခိုင်းပြီး အေးဆေး ကဲကြ
မယ်”
ယွန်းက မျက်စောင်းလေး လှမ်းထိုး လိုက်၏။ ကောင်းက-
“ကျေးဇူးပြုပြီး အဲဒီ လိုမျိုး မကြည့်ပါနဲ့”
“ဘာဖြစ်လို့လဲ”
“မောင် စိတ်မထိန်းနိုင်မှာ စိုးလို့”
“ကြောက်စရာကြီး”
“မောင်က သရဲ ဘီးလူးကြီး မို့လို့လား”
“ဟုတ်ဘူးလေ….မောင်က
အကြမ်းပတမ်း လုပ်မှာ ကြောက်တာ…လန့် တာကို ပြောတာ”
ကောင်းက ယွန်းကို နောက်ကနေ သိုင်း
ဖက် ပွေ့ထား၏ ။ အိုးချင်းထား အိုးချင်းထိ၊
ကြိုးချင်းထား ကြိုးချင်းငြိပြီလေ။ ကောင်းရဲ့
အနမ်းတွေကို ယွန်းတောင့်မခံနိုင်။ မွေ့ရာ ပေါ်လဲပြိုကျ သွား၏။
ကောင်းက … မွေ့ရာပေါ်အထိ အနမ်းမိုး

လိုက်ခြေ၏ ။ လူပျိုစစ်နဲ့ အပျိုစစ်စစ်လေးတို့ တွေ့ ကြသောအခါ ဇာတ်ကားပေါင်းစုံ ကြည့် ဖူးထား၍ သာ လှုပ်ရှားတတ်နေခြင်းပင်။
“မောင်ရယ်….မကဲနဲ့ကွယ်”
“ချစ်လေး ချစ်တယ်ကွာ”
“ချစ်နေရပြီပဲ ဥစ္စာ”
“ချစ်လို့ မ၀ဘူးကွာ”
“မောင် သိပ်ဆိုးတယ်ကွာ”
အပျိုစင်လေး အခန်းထဲမှာ … လူပျိုလေး
ရောက်လာပြီးလူပျိုလှည့်ခြင်းမှာ
ထူးကဲသော စိတ်ခံစားမှုတွေကို လန်းပွင့်စေ၏ ။
လိပ်ပြာလေးကပန်းပွင့်လေးအပေါ်
မိမိရရ ခိုနားလိုက်၏ ။ ဦးမျှင်တံဖြင့် ပန်းပွင့် လေးရဲ့ အတွင်း ဝတ်မှုံဝတ်ဆံတွေကြားထဲ ထိုးထည့်ပြီး ဝတ်ရည်တွေကို တစ်ဝကြီး စုပ် ယူ၏ ။ လိပ်ပြာလေး ကလည်း ယခုမှ စတင်
စုပ်ဖူး၏ ။ ပန်းပွင့်ကလေးကလည်း ပွင့်ခါစ ယခုမှ ဝတ်ရည်အစုပ်ခံဖူး၏ ။ နှစ် ယောက် စလုံး ရင်ခုန်သံတွေ အတွေ့အကြုံသစ်အပေါ် မှာ အရိုင်းဆန်နေကြ၏။
“ထိုးစစ်နှင့် တန်ပြန်တိုက်စစ် နှစ်ဖက်ထိ၊
နှစ်ဖက်မှာ”
အောင်ပွဲခံလိုက်ပြီးချိန်မှာတော့
လေမှာအောင်လံ တလူလူလွင့်သလို လွင့်မျော
ကုန်၏ ။ လေပြင်းလျှင် ပြင်းသလို၊ လေထန် လျှင် ထန်သလို၊ လေရိုင်းလျှင် ရိုင်းသလို၊ အောင်လံမှာ တဖျတ် ဖျတ်တဖတ်ဖတ်။
လေအဟုန်အစွမ်းကုန် တိုက်ပြီး
သောအခါ … လေပြေ သုတ်ဖြူးလေးနှင့်
အလံတော် လည်း ငြိမ်ကျသွားတော့၏ ။
ဦးနေထိုက်ရဲ့ ရောဂါက အရိုးကင်ဆာ
ကုသ၍ မရတော့။ ဦးနေထိုက် စိတ်ဆင်းရဲ သော် လည်း တရားသဘောဖြင့် မာန်တင်း ပြီး စိတ်ကို ပြန်ကုစားနေ၏ ။ သဉ္ဇာလီလည်း ခင်ပွန်းကို ဖက် ပြီး ကြိတ်ငိုမိ၏။ “ဒီမျက်ရည်တွေ သမီးမမြင်ပါစေနဲ့။ အရိုး ကင်ဆာဆိုတာ ကိုလည်း သမီး မသိပါစေနဲ့။ ဘာမှမလုပ်နဲ့၊ ကိုယ့်ဘာသာ ကြိတ်မှိတ်ခံ မယ်။ ဒီရောဂါဆိုးက စီးပွားပြုတ်အောင် ကု
လည်း ပြန် ကောင်းမှာ မဟုတ်ဘူး”
“ဟင့်အင်း…ရှင်
သက်သာရာရအောင်
တော့ ဆေးတွေဈေးကြီးပေးပြီး ကျွန်မဝယ်လိုက်ရ မှာပဲ”
“ငါ သက်သာပြီး သေသွားရင် အကြွေး တွေနဲ့ကျန်၊ အခန်းရောင်းရ၊ အဆင့်နိမ့်တဲ့ ဘဝကို ရောက်သွားမှာပေါ့ သဉ္ဇာလီရဲ့”
“ရောက်ရောက် ရှင်သက်သာဖို့က အဓိက”
“သေလူက အဓိက မဟုတ်ဘူး။ မင့်ငါ့ စကားကိုပဲ နားထောင်ရမယ်။ အတင်းကု ရင်း ငါဘာ သာငါ စောစောစီးစီး သတ်သေ ပစ်လိုက်မယ်”
“ယောက်ျားရှင် အဲလိုတော့ မလုပ်ပါနဲ့၊ ရှင့်ကို မကုနဲ့ဆိုလည်း မကုတော့ပါဘူး။ သမီး က ကျွန်မကို အပြစ်ပြောရင်ကော”
“ကိုယ့် ရှေ့ကရှင်းပြီး ပြောပေးသွားပါ့ မယ်….မိန်းမရယ်”
“ယောက်ျားရယ်……အဟင့် ဟင့်”
“မငိုပါနဲ့ကွာ…သေမယ့်ကာလကို
စောစောသိရတော့ … ကောင်းမှုကုသိုလ်တွေ ချည်း ဖိလုပ် သွားလို့ရတာ ပေါ့ကွာ…” “အဲဒါ မဟာအခွင့်အရေးပဲ။ ကောင်းရာ သုဂတိရောက်ဖို့ ပိုပြီး အားစိုက် လုပ်ဆောင် နိုင် တယ်လေ။ ကြံဖန်ဖြေသိမ့် ပြောနေတာမဟုတ်ဘူး။ အမှန်အကန်ကို ပြောနေတာ”
ယွန်းနဲ့ ကောင်းတို့ မြို့ထဲက သာယာလှပ
သော နေရာ လျှောက် လည် ဖြစ်ကြ၏။
တော်တော်များများကိုဒီလို
“ပျော်လိုက်တာ ယွန်းရယ်။
ကျောင်းပိတ်ရက်လေးတော့ များများရချင်တယ်”
“ဘုရားမှာ ဆုတောင်းပေါ့” “ဆုတောင်းတိုင်း ပြည့်လား”
“ကိုယ်ကလည်း ကြိုးစားပေါ့”
“ယွန်းကိုရတာ ကိုယ် သိပ်ကံကောင်း တယ်။ တစ်ကျောင်းလုံးက ယွန်းကို လိုချင် နေ ကြတာ”

“ဟုတ်လို့လား…ကျွန်မကို ဂေါက်ကြောင်
ဆိုပြီး နာမည်ဖျက်၊ အပုပ်ချ စွပ်စွဲ လုပ်ကြံ
ထားကြ တာလေ”
“ပတ္တမြားမှန်ရင်
နွံမနစ်ပါဘူး။ ခွေး
ဟောင်လို့လည်းတောင် မရွေ့ပါဘူး။ ကိုယ်
ကောင်းရင် ခေါင်းမရွေ့ဘူး။ ဆီနဲ့ရေအတင်း
ရောပေမယ့် “ဆီဟာဆီ ရေဟာရေ” ပါပဲ။
ယွန်းကို အပုပ်ချလုပ်ကြံတဲ့သူတွေသာ
ပျက်စီးကုန်ကြတာပဲ။
ရှင်းသန့်လည်းကျောင်းထွက်သွားပြီ။ သူ့အိမ်က စီးပွား ရေး
ကျလို့ အစိုးရကျောင်းကို ပြောင်းထားလိုက်ရတယ်လေ”
“ဒါတွေထားပါ….၊ ရင်ခုန်စရာကောင်းတဲ့ အကြောင်းလေး တွေ ပြောကြမယ်လေ…”
“ပြောပါ….ဘယ်မှာ ပြောမှာလဲ”
“လှော်ကားဥယျာဉ်ထဲမှာ ချုံတွေ ချောင်း
တွေ မြောင်တွေ အကာအကွယ်တွေ ပေါတယ်။ လာ…ဟို ထီးရိုးဝါးရုံနောက်မှာ ပြောကြမယ်”
နှစ်ယောက်သား … ဝါးရွက်တွေ စိပ်နေ အောင် ကာထားသော ဝါးရုံပင်ပေါက်အနီး က ချုံထဲ ရောက်သွားကြ၏။ ယခင်ကလည်း အတွဲတွေ နားခိုဖူးသည့် နေရာဟောင်းလေး။
နှစ်ယောက်အိပ်စာမျှ
ကဒ်ထူစက္ကူတွေ ခင်းထား၏ ။ အထဲမှာ ဝါးသံတွေဖြင့် ဂူလေး ပုံစံ ဖော်ထား၏ ။ ဆူးချုံပင်တွေ ထပ်အုပ် ထား၍ မြွေအန္တရယ်လည်း မကြောက်ရ။
မြက်ခြောက်တွေခံပြီး အပေါ်က ကဒ်ထူ
ခင်းထားပြီး ဝါးပိုးဝါးခြမ်း ခေါင်းအုံးနှစ်ခုနှင့် ဝင်ပေါက်က လူတစ်ကိုယ်ဝင်သ၍ ထိုင်ဝင်ရ၏။
အထဲ ရောက်မှ-
“နေရာလေးက မိုက်တယ်။ သဘောကျ တယ်။ ဆင်ခြေလျှောလေး ဝင်ပေါက်တောင်

ပြန်ပိတ်တဲ့ သစ်ခက်တံခါးနဲ့ဗျာ” နှစ်ယောက်သား လုံခြုံသော နေရာလေး မှာ ချစ်တင်းနှောမိကြပြန်သည်။ အကြော တစ် ထောင် စိမ့်လောက်အောင် ဖိလင်တွေ ကို အထွဋ်အထိပ်ရောက်အောင် ခံစားဖြစ် ကြ၏။
ယွန်းရဲ့ နှလုံးသားနုနုဖွေးလေးမှာ အနမ်း တွေ၊ နှုတ်ခမ်းတွေစီးမျောကာ မှိန်းမော လူးလဲ သွား၏ ။ အချစ်ရဲ့ အထိအတွေ့များ ကြောင့် မျက်တောင်လေးစင်းနေသော ယွန်း၊ မျက်လုံးမဖွင့်ချင် လောက်အောင် မှိန်းနေ သော ကောင်း။
အတည်ယူကြမည့် ချစ်သူတွေအတွက်
တွေ့ဆုံချစ်ခြင်း ဆိုသည်မှာ … သောက်လေ
သောက်လေ ငတ်မပြေသော ဆားငံပင်လယ်
ရေပမာ။ ချစ်သူနှစ်ဦး ကြည်နူးသာယာနေတဲ့ ကာလ မှာ တစ္ဆေမက ပျောက်နေ၏

တမလွန်က ဆိုင်ရာတွေက ချွတ်ဖို့ ဆွဲခေါ်
သွားသလား။ အကြောင်း ကိစ္စ တစ်ခုခုနှင့်
ဘယ်နေရာ လွင့်ပါးနေသလဲ မသိ။ ယွန်း
အတွက် စိတ်သက်သာရာရမိ၏ ။ အကယ်၍ တစ္ဆေမ ဒီနေရာရောက်လာလျှင်လည်း ကောင်းက ကူညီကာကွယ် ပူးပေါင်းတိုက် ထုတ် မှာ အမှန်ပင်။
တစ္ဆေပျောက်၍ ရောက်နေသောနေရာ
ဥမင် လှိုဏ်ခေါင်းထဲကို မှောင်ရီပျိုးချိန်မှာ
ကောင်းနဲ့ယွန်းတို့နှစ်ယောက်
လျှောက် ဝင်လာလိုက်၏ ။ မိုးကြွင်းနှင့်တွေ ဝေသီဆိုင်းနေ၏ ။ ဥမင်းထဲမှာ ခြောက်သွေ့ နေပြီး ချမ်းစိမ့်စိမ့် အေး သက်သက် ဖြစ် နေသည်။
“ငါ ဒီမှာရှိတယ်ဆိုတဲ့ စာတမ်းဟာ ငွေစင် သွန်းရေးတာလား”
ကောင်းကို ယွန်း အတော်များများ ရှင်းပြထား၏။ ငွေစင်သွန်းနဲ့ ပတ်သက်လို့ပေါ့။ “တပ်အပ်သေချာတော့ မသိဘူး။ သူ.. ယွန်းအနားမှာမရှိဘူး”
“တစ္ဆေတွေမှာလည်း သူတို့အကြောင်းနဲ့သူ
တို့ ရှိမှာပေါ့”
“ဒီထဲမှာ သူ ပုန်းခိုနေတာလား။ ကျွတ် တန်းဝင်သွားတာလား။ ဒါမှမဟုတ် ငရဲအခံ ရမှာမို့ တစ္ဆေဘ၀ကနေ ပုတ်သင်ညို၊ ကြွက်၊ မြွေ၊ ဖား အကောင်ပလောင်ဖြစ်ပြီး သေလို့
လိုက်သွားရပြီ လား”
“မလာတော့လည်း ကောင်းသွားတာပေါ့။ အရူးမကြီး တုန်းက ဘာမှဖြစ်မသွားတာ ကံကောင်းတယ်နော်”
“ဒီနေရာကို ပရိတ်ရေ .. ပက်လိုက်ရင်
ကောင်းမလား”
“သူတို့အပိုင် စာရေးထားတဲ့နေရာ သွားမ ကိုယ့်နောက်
လုပ်နဲ့နေစရာမရှိရင်အတင်း လိုက်နေဦးမယ်” “ဒါလည်း ဟုတ်တာပဲနော်”
နှစ်ယောက်သား
လက်ချင်းဆုပ်တွဲပြီး
သတိကြီးကြီးထားကာ ဝင်လာလိုက်၏ ။
သွေးစာ တမ်းပေါ်သော နေရာအရောက်မှာ ယွန်း ကြက်သီးထသွား၏။
“မောင်….ကြက်သီးထလား။
ထရင်…
မကောင်းဆိုးဝါး အနားကပ်လာလို့ ကိုယ်
စောင့် နတ်က သတိပေးတာတဲ့”
“မောင် … ကြက်သီးမထဘူး။ချစ်ရဲ့စိတ်က
ချစ်ကို ပြန် ခြောက်လှန့်တာနေမှာပါ။ မ ကောင်း ဆိုးဝါး ကပ်လို့ ကြက်သီးထရင်
မောင်လည်း ထရမှာပေါ့”
“မောင်က ဘုန်းကံမြင့်လို့ နေမှာပေါ့” “ကိုယ့်ဆွေမျိုး … အသုဘအခေါင်းတောင် သွားထမ်းပေးခဲ့ဖူးတယ်…ဆွေမျိုးတွေ နယ်ကိုပြန် လို့ လိုက်ပို့တော့ ထမီအိတ်မှန်းမသိဘူး….ထမ်းပေးခဲ့ဖူးတယ်။
မောင်ကတော့ထမီတန်းတွေ၊ ဘုန်းနိမ့်တာတွေ သိပ်အရေးမထားဘူး”
ယွန်းက သွေးစာတန်းကိုရော နားပတ်ဝန်းကျင်ပါ ဖုန်း၊ Video ကင်မရာနှင့် လှည့်ပတ် `ရိုက်နေ၏။
“ငွေစင်သွန်း…မင်းဒီမှာ ရှိသလား။ ရှင်
ရင် နံရံကို လက်နဲ့ပုတ်ပြ..သိသာသာပုတ်ပြ၊
ဘေးကပရလောကသားတွေဝင်
နှောင့်ယှက်နဲ့…နှောင့်ယှက်ရင် နှောင့်ယှက်
တဲ့ အပြစ်ဒဏ် ထက် ဆယ်ဆခံရပါစေလို့ ကျွနိုပ် “ကောင်းမြတ်သူ” ကျိန်စာတိုက်လိုက်တယ်”
“မောင်….မောင်က ဒါမျိုးတွေလဲ ရတယ်”
“မောင့်အဘိုးက ပယောဂဆရာကြီးလေ”
“ငယ်ငယ်တုန်းက ခဏတဖြုတ် ကြည့်ခဲ့
ဖူးတယ်။ မောင်တို့ခေတ်ကျတော့ အဲဒါတွေ

သိပ် မယုံတော့ဘူး။ ပြောတဲ့လူကိုတောင် အရူးလို့ သတ်မှတ်နေကြတာ။ ဒါမျိုးက ယုံ တဲ့သူ အချင်းချင်း တော့ ပြဿနာ မရှိဘူး။ အဲ….ယုံတဲ့သူနဲ့ မယုံတဲ့သူ ဆုံကြရင် ငြင်းခုန် ပြီး ပြဿနာ တက်ကုန်ရော”
“ကဲပါ…မောင် လုပ်ပြီးသွားပြီ။ ကြောက် စိတ် မရှိတော့ဘူး။ သူ ကျွတ်တမ်းဝင်သွားပါ ကောင်းရာသုဂတိလားပါစေလိုဆုတောင်းလိုက်ရအောင်”
နှစ်ဦးသား ဆုတောင်းပေးပြီး အေးဆေး ကြည်နူးစွာ လမ်းလျှောက် ပြန်လာကြ၏ ။ ငွေစင် သွန်းရောက်တဲ့နေရာ ကောင်းကင်ဘုံ သာ ဖြစ်ပါစေတော့။
ဖောက်ပြန်၊ မှောက်လန်၊ ဒဏ်ဆိုးခံ
“ဝှန်း…န်း”
မတ်တူး တစ်ပတ်ရစ် ကြွေဖြူရောင် ကား တစ်စင်း လမ်းဘေး အုတ်နံရံကြီးကို တည့် တည့် ကြီး ဝင်အောင်းပစ်၏ ။ ကားမောင်းသူ မှာ သီဟမိုး၊ ဘေးမှာပါလာသူက သဉ္ဇာလီ၊ ဘယ်သူတွေ ဖျက်ဖျက် သံယောဇဉ် မပြတ်။ ရမ္မက်ဇော မပြယ်။ ခိုးပြီး ချိန်းတွေ့ကြ၏ ငွေစင်သွန်းက မိခင်ပါ၍ သက်ညှာထားခဲ့တာ ကြာပြီ။
တော့ သူတို့အသက် မသေနိုင်။ ဆုံးမရုံ လောက်ရယ်သာဆိုပြီး ကားရှေ့မှာ ယွန်းပုံစံ၊ သွန်းရဲ့ရုပ်တွေကို လေးငါးချက် ရပ်ပြ လိုက်၏။
အရှိန်ပြင်းပြင်း မောင်းလာသော သီဟမိုး မှာ ယွန်းကို သုံးခါလောက် တွေ့လိုက်ရ၍ ထိတ် လန့်ပြီး လမ်းဘေးကို ဆွဲကွေ့ချလိုက် ရာက အုတ်ခုံနှင့် ဆောင့်သွားခြင်းပင်။ လျှောက်လည်ရာက ပြန်လာသော ယွန်း နှင့်ကောင်းတို့ လူတွေ၊ ရဲတွေ ရှုပ်ယှက်ခတ် နေ၍ နီးရာ ရဲသားတစ်ဦးကို မေးကြည့်မိ၏။
“ပုဂ္ဂလိက နာမည်ကြီးကျောင်းက ပြဇာတ် နဲ့အနုပညာ ဆရာ ဦးသီဟမိုးဆိုတဲ့ လူရဲ့ကား ပေါ့။ သူမောင်းလာတော့ သူ့ဘေးမှာ မိန်းမ တစ်ယောက်လည်းပါတယ်။ ဒီလူနဲ့ ကြိတ် ပုန်းခုတ်နေ တဲ့ မိန်းမပေါ့။ နှစ်ယောက်စလုံးအထိနာတယ်။ ဒဏ်ရာပြင်းတယ်။ သတိမရ ဘူး။ ခုလေးတင် ဆေးရုံကားထွက်လာပြီ…
သွားပို့ပြီ”ပါးလို့။
“မောင်……မောင်….မေမေ့ဆီ ဖုန်းဆက်ပေး
ကျွန်မ စိုးရိမ်ပူပန်ပြီး လက်တွေတုန်နေ
ကောင်းက ဖုန်းဆက်ပေး၏
“ဖုန်းပိတ်ထားတယ်”
“ဒါဆို ဖေဖေ့ဆီ ဆက်ပေးပါ။ မေမေပြန် ရောက်ပြီလား၊ မေးပေးပါ”
ဦးနေထိုက်ဆီ ဖုန်းဆက်မေးလိုက်၏ ။ ပြန် မရောက်သေး။ ယွန်းက အကျိုး အကြောင်း ပြောပြပြီး ဆေးရုံကို ဆက်လိုက် သွား၏ ။ ဆေးရုံမှာ စုံစမ်းကြည့်တော့ မေမေ ဖြစ်နေ၏ ။ ဖောက်ပြန် တဲ့ဒဏ်ကို မရှုမလှ ကာ ပတ်လက်လန်တဲ့အထိ ခံစားလိုက်ကြရပြီလေ။
အသက်ပြန်ရှင်ဖို့ရာ မကျိန်းသေသေး။
ဖေဖေ့ကို ဖုန်းနှင့်အခြေအနေတွေ တစ် နာရီတစ်ခါ တင်ပြနေရ၏။
ဦးနေထိုက်က-
“သမီးအမေအတွက် ဘာမှ မစိုးရိမ်ပါနဲ့.. သူ ပြန်ကောင်းလာမှာပါ။ ခေါင်း နည်းနည်း ထိတယ်။ ခေါင်းကိုက်ဝေဒနာလောက်ပဲ စွဲ သွားမှာပါ။ သီဟမိုးကတော့ … ဖေဖေ့လိုပဲ အောက် ပို်င်း သေသွားလိမ့်မယ်။ သူပြုတဲ့ ကံ သူခံရတာ ပေါ့”
“ဖေဖေက ဒီက ဆရာဝန်ကြီးတွေတောင် အဖြေမထုတ်နိုင်သေးဘူး။ အတိအကျကို ပြော နေနိုင်ပါလား”
သမီး သိတဲ့အတိုင်းပဲလေ…သွန်း အိပ်မက်ပေးတာပေါ့”
“ရှင်…သူ……သူ…သူ ရှိနေသေးတယ်”
“ရှိတယ်”
“အဲ့လိုဖြစ်တာ သူ့လက်ချက်လား”
“အဲဒါတော့ အဖေ မမေးမိဘူး” ကောင်းနဲ့ ယွန်းတို့ ဆေးရုံမှာပင် ဆက် စောင့်နေလိုက်၏ ။ သီဟမိုးရဲ့မိဘဆွေမျိုး တွေက နိုင်ငံခြားမှာ သီဟမိုးနှင့် မတည့် ကြ၍ အပြီး ခွဲသွားကြ၏ ။ သီဟမိုးက အမျိုး မရှိ။ ပုဂ္ဂလိက ကျောင်း က ကျောင်းအုပ်ကြီး
နှင့်ဆရာ၊ဆရာမအချို့ရောက်လာပြီးသတင်းမေးကြ၏ ။
ဆရာဝန်ကြီးတွေဆီက အဖြေထွက်လာ သောအခါ ၊ ဦးနေထိုက် ပြောခဲ့တဲ့အတိုင်း ကွက် တိ။ မေမေ သတိပြန်ရလာ၏ ။ ခေါင်း ကိုက်ဝေဒနာ စွဲသွား၏ ။ တဏှာရာဂစိတ် ပေါ်တာနှင့် ခေါင်း ကိုက်ဝေဒနာလည်း ပေါ်လာတတ်သည့် ထူးဆန်းသောရောဂါမျိုး။
သီဟမိုးကတော့ အောက်ပိုင်းလုံးလုံး သေ သွား၏ ။ ငယ်ပါတစ်လုံး ခွဲထုတ်လိုက်ရ၍ နတ်ကွပ်ဘ၀ဖြင့် လူညွန့်ပါတုံးသွား၏ ။ တဏှာကြော သေသွားသည်ပေါ့။ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေက ယခု ဘ၀မှာတင် တန်ပြန်ခံရတာ ။ အကျိုးဆိုး ပေး တာ မြန်ကြ၏ ။ မေမေ ပြန်ကောင်းပြီး အိမ်ပြန်ခေါ်လာရ၏။ ဖခင်က အပြစ်မပြော။ မေမေ သူ့ဘာသာ ရှက်ပြီး ဖေဖေ့ကို ရှိခိုး ကန်တော့ တောင်းပန်၏ ခွင့်လွှတ်နားလည်ပေး၏။
“သမီးလေးလည်း မေမေ့ကို ခွင့်လွှတ်ပါ ကွယ်။ အတွေ့အထိ ကို မလွန်ဆန်နိုင်လို့
ဆက်ပြီး ခိုးမိုက်မိပါတယ်။
“မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိ” ဆို သလို ခုတော့ ဘူးပေါ်သလို ပေါ်ကုန်တော့
တာပဲ”

Zawgyi Version

” လူျဖစ္သြားတဲ့ တေစၦ ” (အခန္း ၄) (စ/ဆုံး)
————————————————–

“ဒီလို သမီးရဲ႕….ကားလမ္းေအာက္က ဥမ င္လႈိဏ္ေပါက္ကို သမီး သိတယ္မဟုတ္လား။ ဟိုတုန္းက ေဖေဖ ေျခေထာက္ေကာင္းတုန္း က သမီးကို လမ္းေလွ်ာက္ၿပီး ေက်ာင္း
လိုက္ပို႔ပို႔ေနတဲ့ ေနရာေလ”
“သိတယ္ေလ…အခုလည္း
ေျခလွ်င္လမ္းေလွ်ာက္ရင္ အဲဒီ ျဖတ္လမ္းကပဲ
ေလွ်ာက္ေနၾက”
“အဲဒီ ဥမင္းထဲကို သမီးရဲ႕ေမေမ ကိုယ္ဝန္
အရင့္အမာႀကီးနဲ႔ ေဈးကျပန္လာရင္း ျဖတ္ အသြား ဥမင္ထဲမွာတင္ ေသြးေတြသြန္တယ္။ ေဖေဖ့ဆီ လွမ္းဖုန္းဆက္တယ္။ ေဖေဖက လည္း သူနာျပဳယာဥ္ကို ဖုန္းဆက္ေခၚၿပီး ပုဂၢလိက အထူးေဆး႐ုံကို ပို႔လိုက္တယ္” “သမီး ေမေမကို အေရးေပၚ ခြဲစိတ္ရေတာ့ မယ္။ ကိုယ္ဝန္က အႁမြာပူး ျဖစ္ေနတယ္။ လူ သုံး ေယာက္မွာ တစ္ေယာက္ကို လက္လႊတ္ဆုံးရႈံးရမယ္။ အဲ့ဒီလို မလုပ္ရင္ အားလုံးေသ မယ္တဲ့..။ ေဖေဖ့ကို ေ႐ြးခ်ယ္ခိုင္းတယ္။
ေဖေဖလည္း … အေကာင္းပကတိ ရွိေနတဲ့ သမီးႀကီးကို ေ႐ြးလိုက္ တယ္။ သမီးငယ္က မင္းတို႔ေမေမ ဥမင္ထဲမွာ ေခ်ာ္လဲၿပီး ဗိုက္နဲ႔ဖိ မိလို႔ ထိထားေတာ့ နာတဲ့သ ေဘာျဖစ္ေနၿပီ။ အဲဒီ မွာတင္ သမီးအေမနဲ႔ သမီးႀကီး ယြန္းကို
ေ႐ြးခ်ယ္လိုက္ရတယ္။ သမီး ငယ္ကို မေ႐ြး ျဖစ္ေတာ့ဘူး။ အမွန္ေတာ့ … သမီးငယ္က ေကာင္းၿပီး သမီးႀကီးက မေကာင္းရင္ သမီး ငယ္ကိုပဲ ေဖေဖ ေ႐ြးျဖစ္မွာပါ၊ ခု ေတာ့..”
ဦးေနထိုက္ လႈိက္တက္လာေသာ ဝမ္း
နည္းစိတ္ကိုအံတင္းတင္းႀကိတ္ၿပီး
ေျဖေဖ်ာက္၏ ။ ၿပီးမွ…
“အဲဒီ အေပၚမွာ သမီးငယ္ စိတ္နာသြားပုံရ
တယ္။လူ႔ဘဝထဲကိုသူအရမ္းလာခ်င္ေနခဲ့
တာ.. သမီးတို႔ႏွစ္ေယာက္ကို ခြဲစိတ္ေမြးဖြား

ၿပီး သုံးနာရီေလာက္အၾကာမွာ သမီးငယ္
ႏွလုံးေသြးရပ္ၿပီး ဆုံးသြားရတယ္။ သမီးလို ျဖဴျဖဴေဖြးေဖြး ခ်စ္စရာ သမီးငယ္ေလးကို ေပြ႕ပိုက္ၿပီး ေဖေဖ အူလႈိက္ သည္းလႈိက္ ငိုေႂကြးခဲ့ရတယ္…”
ေျပာေနရင္း ဦးေနထိုက္ မ်က္ရည္ေတြ ပိုး ပိုးေပါက္ေပါက္က်လာ၏။ ယြန္းကတစ္သွ်ဴး ႏွင့္ မ်က္ရည္ေတြ သုတ္ေပးရင္း… “မငိုပါနဲ႔ေဖေဖ သမီးလည္း ညီမေလး အတြက္ စိတ္မေကာင္းပါဘူး။ ဓာတ္ပုံမွာ စာေရးထား တယ္။ ေ႐ႊစင္ယြန္းနဲ႔ ေငြစင္ သြန္းတဲ့။ ဒါဆို ညီမေလးက ေငြစင္သြန္းေပါ့” “ဟုတ္တယ္…….ေဖေဖပဲ .. ဒီနာမည္ေပးခဲ့ တာ..သမီးငယ္ေငြစင္သြန္းကို အုတ္ဂူေလး နဲ႔ ကမၼည္းထိုးေပးခဲ့တာ။သူ႔ အသက္ေနရာ မွာေတာင္ (၃) နာရီလို႔ပဲ ေရးျဖစ္ခဲ့ရတယ္။ သိပ္သနားဖို႔ ေကာင္းပါတယ္။ေတြးမိတိုင္း

စိတ္မခ်မ္းသာဘူး။ သူ.သူ ေသဆုံးၿပီးစ ဝိညာဥ္ဘ၀နဲ႔ ေနရတယ္။ ေဖေဖတို႔ အိပ္ခန္း ထဲမွာ သူက ရွိလိုက္၊ ေပ်ာက္သြားလိုက္နဲ႔ပဲ… ေဖေဖလည္း ရိပ္ခနဲေတြ႕လိုက္ရ၊ သူ႔ငိုသံရယ္ သံေလးေတြ အမွတ္တမဲ့ၾကားလိုက္ရနဲ႔ သမီး တို႔ သားအမိက ေၾကာက္တတ္ေတာ့ ႏွလုံး ေသြးလန႔္မွာ လိပ္ျပာလြင့္ေအာင္ ေၾကာက္မွာစိုးလို႔ ေဖေဖဖြင့္ေျပာခဲ့တာ”
“အဲဒီတုန္းက သူ ဒုကၡမေပးပါဘူး။ သူ႔ ကိုယ္သူေတာင္ မနည္းရပ္တည္ေနရတာ လူ႔ဘ၀ ထဲ ေရာက္ခ်င္စိတ္၊ ဒီမိသားစုအေပၚ ခင္တြယ္စိတ္ေတြနဲ႔ စြဲလမ္းၿပီး ေငြစင္သြန္း မကြၽတ္ခဲ့တာ”
“သမီးတို႔ စာသင္ခန္းထဲမွာ ဥမင္ထဲမွာ အိပ္မက္ထဲမွာ ဓာတ္ေလွကားထဲမွာ အိပ္ခန္း
ထဲမွာ ပန္းၿခံထဲမွာေျခာက္လွန႔္ၿပီးအဆုံးသတ္ဖို႔ ႀကိဳးစားေနတာ သူပဲ။သမီး

ဘဝနဲ႔ သူ႔ဘ၀ကို သူခ်ိန္း ေျပာင္းဖို႔ ႀကိဳးစား ေနတယ္ ေဖေဖ”
“ဟုတ္တယ္ ေဖေဖ့ကို အိပ္မက္ေပးၿပီး အဲဒီ အတိုင္းေျပာခဲ့တယ္။ သူ႔အေမကိုေရာ သမီး ကိုေရာ ဘာမွမလုပ္ဖို႔ အိပ္မက္ေတာင္ မေပးဖို႔ ေဖေဖ တားထားဖူးတယ္။မဟုတ္ရင္
ဘုန္းႀကီးေတြ ပင့္ၿပီး အႏၲရာယ္ကင္း ဆြမ္း
ေကြၽးကပ္ ပရိတ္တရားနာၿပီး ကမၼဝါစာ ဖတ္
မွာလို႔ ၿခိမ္းေျခာက္ထား လို႔ သူဘာမွ မလုပ္ရဲ
လူေတြႀကီးလာသလိုသူလမ္း
ေလွ်ာက္ႏိုင္ေသးတာ၊ မလုပ္ႏိုင္ေသးတာ။ေနာက္ေတာ့
တယ္။ သြားလာႏိုင္တယ္။ ထိ႐ိုက္ ကန္ေက်ာက္ႏိုင္တယ္။ သူဟာ ႀကီးျပင္းလာ ေတာ့ ဝိညာဥ္ဘဝကေန သရဲျဖစ္လာတယ္။ ေျခာက္လွန႔္ႏိုင္၊ အရိပ္ျပႏိုင္၊ အနံ႔ေပးႏို္င္ တာေတြ လုပ္လာ ႏိုင္တယ္။ သူတို႔ ေလာက ထဲမွာလည္း သူတို႔ဘာသာ သြားလာ
က်င္လည္ရေသးတယ္။

အိမ္ကပ္လိုက္
အိမ္မကပ္လိုက္နဲ႔ေပါ့….သူ႔
မွာ အစြယ္လက္ႏွစ္ဆစ္ေလာက္ ရွိလာၿပီ။ ေဖေဖတားထားလို႔ သူမေျခာက္ဘူး။ ပုံမွန္ အတိုင္း ေနၿမဲေနတယ္။ ေဖေဖ ေအာက္ပိုင္း
ေသသြား တယ္။ ကံနိမ့္သြားတယ္။ သူ႔ကိုမ
တားႏိုင္ေတာ့ဘဲ အေျခအေနမွာ သူဟာ
တေစၦဘ၀ကို အဆင့္ တက္ၿပီး တေစၦဆိုတာ
ထိ႐ိုက္ တြန္းေရွ႕ကန္ေက်ာက္ ႏိုင္တယ္။
သိပ္ကံနိမ့္တဲ့လူဆို နဘမ္းလုံး ႏိုင္တယ္။
ကမၼဇိဒၶိ အစြမ္းႀကီးသြားၿပီး အစြယ္ကလည္း
လက္ေလးဆစ္ မကေတာ့ဘူး။ ၿပိတၱာအ ႀကီး
စားထဲ ဝင္သြားၿပီေပါ့….” “ျဖစ္မွ ျဖစ္ရေလတယ္”
“သူ႔ေနရာကို ရသြားတယ္လို႔ အဟုတ္ထင္ ေနတာ..ေဖေဖကလည္း သူ႔အေပၚရက္စက္ တယ္။ သမီးႀကီးကိုပဲ ခ်စ္တယ္။ သမီးငယ္ကို မခ်စ္ဘူး…သတ္ပစ္တယ္။ အဲ့ဒီလိုမ်ိဳး သူ

စိတ္စြဲၿပီး သမီးကိုေရာ ေဖ့ေဖ့ကိုပါ နာက်ည္း
မုန္းတီးေနတာ။ သမီး
ေမေမမွာ ကေလး a
ႁမြာပူးေမြးၿပီးမွ ႏွလုံးေရာဂါအခံရွိမွန္း သိ
လိုက္ရတယ္။ သူ႔ကို ဒီအေၾကာင္းေတြ ျပန္
မေျပာျပပါနဲ႔။ ႏွလုံးေရာဂါျဖစ္ လာရင္
မလြယ္ဘူး”
“သမီး သေဘာေပါက္ပါတယ္ ေဖေဖ”
“သမီးကိုေနရာလဲယူခ်င္ေနတယ္။
ေဖေဖ့ကို အိပ္မက္ေပးလာရင္ အဲ့ဒီလိုမလုပ္ ဖို႔ ေဖေဖအၿမဲတားပါတယ္။ သူ နားမေထာင္ ေတာ့ဘူး။ ေဖေဖ့ကိုလည္း ေျပာေသးတယ္။ သက္တမ္း သိပ္ မက်န္ေတာ့ဘူး။ ကိုယ့္ အသက္ကို ကိုယ္ေစာင့္ေရွာက္ပါတဲ့…သူ..သူ ကဖန္တီး လုပ္ႀကံမွာ မဟုတ္ဘူး။ အဲဒီ အေၾကာင္းနဲ႔ေတာ့ … ဆက္ႏြယ္မႈရွိေနတယ္တဲ့”
“သူ႔ကို ညီမေလးလို သေဘာထားပါတယ္။

မျဖစ္ႏိုင္တာ ကို သူေတာင္းဆိုေနတာေတာ့ တားဆီးရလိမ့္မယ္”
“အေကာင္းဆုံးကေတာ့ သမီးအေနနဲ႔ လြတ္ေအာင္ေရွာင္ပါ။ စာေမးပြဲႀကီး ၿပီးသြား ရင္ သီလရွင္ဝတ္ၿပီး တရားဘာဝနာ အားထုတ္၊ ေငြစင္သြန္းကို အထူးရည္႐ြယ္ၿပီး ေမတၱာ စူးစူးရွရွ ပို႔ ေပးလိုက္ပါ။ သူ႔ သေဘာထား ေပ်ာ့ေပ်ာင္းသြားပါလိမ့္မယ္”
“သမီး…ညီမေလးကို မမုန္းပါဘူး။ ဒါေပ
မယ့္…ေၾကာက္တယ္”
“စိတ္ဓာတ္ခိုင္မာပါ သမီးယြန္း” “အတၱႀကီးတာေတာ့ မဟုတ္ဘူး….ေနရာ ေျပာင္းလဲ ေပးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ တေစၦ ေတြ အတြက္ေကာ ျဖစ္ႏိုင္သလား ေဖေဖ”
“တေစၦေတြကလူေယာင္ဖန္ဆင္းလို႔ရ
တယ္။ က်တ္တေစၦလိုမ်ိဳးေပါ့။ က်တ္တေစၦ
ေတြက အုပ္စုဖြဲ႕ၿပီး ေနၾကတယ္။ လူေတြက
လည္း အေဖာ္အေပါင္းနဲ႔ ေနၾကတယ္။ လူ ေတြေတာင္ ကိုယ့္ကိစၥကိုယ့္အေၾကာင္းနဲ႔ သီးသန႔္ ခြဲေနတာရွိသလို၊ က်တ္ေတြထဲက လည္း သီးသန႔္ခြဲေနတာ မ်ိဳး ရွိတတ္ၾကတာ ပဲ။ သူတို႔က လူကို ကံနိမ့္လြန္းတဲ့အခ်ိန္မွာ လိပ္ျပာလြင့္ ေအာင္ ေျခာက္လွန႔္ၿပီး ဝိညာဥ္ ႏႈတ္ယူတာမ်ိဳး ရွိတတ္တယ္။ လူ႔ခႏၶာကိုယ္ ထဲကို ပူးဝင္တာမ်ိဳးလည္း ရွိတယ္။ ဖုတ္ဝင္ တဲ့ လူေတြဆိုတာ ေသခါနီး လူရဲ႕ဝိညာဥ္ကို ဖယ္ထုတ္ၿပီး ဖုတ္တေစၦက ဝင္ပူးေနတာ၊ တခ်ိဳ႕က်ေတာ့ ေသခါနီး လူရဲ႕ ဝိညာဥ္ကို ခ်ဳပ္ထားၿပီး … ဖုတ္ကပူးဝင္ … စားေသာက္ အသက္ရွင္ေနၾကတာ မ်ိဳးေတြ ရွိ တယ္”
“သမီးကေတာ့ လုံး၀မျဖစ္ႏိုင္ဘူးလို႔ ထင္ တယ္။ သူ႔ကို ေကာင္းမႈကုသိုလ္ လုပ္ေပး မယ္။ ေကာင္းရာမြန္ရာ သြားဖို႔ နားခ်ခ်င္ ေဖေဖ…သမီးအေယာင္ေဆာင္ၿပီးတယ္
သမီးဘ၀ထဲမွာ သူ က်င္လည္ေနရင္

အားလုံးရႈပ္ကုန္လိမ့္မယ္”
“အင္း..ဟုတ္တယ္…ခက္တယ္…ေငြစင္ သြန္းဟာ တားဆီးရ သိပ္ခက္သြားၿပီ။ ဘာပဲ ျဖစ္ ျဖစ္ သမီးႀကီး သတိထားပါ”
“စိတ္ခ်ပါ ေဖေဖ၊ သမီး သူ႔ကိုရေအာင္ခြၽတ္မွာပါ”

႐ုပ္ယွဥ္သူနဲ႔ တိုက္ပြဲ
“သမီး…..ေက်ာင္းသားဖို႔ မျပင္ေသးဘူး
“ဒီေန႔ ေခါင္းကိုက္ေနလို႔ ေက်ာင္းမတက္
ဘူး”
“အို…မွန္းစမ္း၊.”
ေနမ်ားမေကာင္းလို႔
သၪၨာလီက ယြန္းရဲ႕နဖူးကို လက္ဖဝါးအုပ္
ကပ္ၿပီး စမ္းၾကည့္လိုက္၏။
“ကိုယ္မပူဘူး၊ ေခါင္းကိုက္ေပ်ာက္ေဆး

ေသာက္မလား…သမီး”
“မေသာက္ဘူး၊ ကိုယ့္ဘာသာ ေသာက္ၿပီးၿပီ”
“သမီး မ်က္ခြံေတြ ေဖာင္းအစ္ေနပါလား၊
ငိုထားလား”
“ဟင့္အင္း”
“ေမေမ့ကို မညာနဲ႔၊ ေမေမညာတာ သိပ္ မုန္းတယ္”
“ေမေမ မုန္းတဲ့ ညာတာကို ေမေမပဲ က်ဴး လြန္းေနတာ။ ေမေမဘာသာ ေမေမ ျပန္မုန္း
ရမွာ”
“သမီး..ဘယ္လိုေျပာလိုက္တယ္”
“ဦးသီဟမိုးနဲ႔ ခုထိမျပတ္ဘဲ ေျခပုန္းခုတ္ ေနတာ ဘာ သေဘာလဲ ေမေမ…ဘာညာခ်င္ ေသးလဲ”
သၪၨာလီ ျပန္ေျပာရခက္ၿပီး ၾကက္ေသေသသြား၏။
“မိတ္ေဆြေတြ အျဖစ္နဲ႔”
“ေတာ္ပါေမေမရယ္…ညာၿပီးရင္း ညာတဲ့
သူက ညာတာမႀကိဳက္ဘူးတဲ့။ ေမေမ့ဘာသာ ေမေမ အသိဆုံး။ ေမေမ ကိုယ့္ဘာသာ ဆက္ လိမ္ေနေပမယ့္ ကိုယ့္ေစာင့္နတ္ သိတယ္။ ယမမင္း သိတယ္။ သိၾကားမင္း သိတယ္၊ အျပစ္က အျပစ္အတိုင္း စီရင္မွာပဲ”
“ေမေမတို႔ အတတ္ႏိုင္ဆုံး ဆင္ျခင္ၾကပါ တယ္”
“အျပတ္ျဖတ္တာ အေကာင္းဆုံးပါ” “ျဖတ္ပါ့မယ္ သမီးရယ္”
“ေနာက္တစ္ႀကိမ္ေတြ႕ရင္ သမီး ေမေမ့ကို
အဆက္အသြယ္ ျဖတ္ေတာ့မယ္။ ေဖေဖ့ကို လည္း ေဝးရာေခၚသြားမယ္”
“ေမေမ့ကို တစ္ခါထဲ သတ္သြားပါေတာ့သမီးရယ္”

“ကံႀကီးထိုက္မယ့္ အလုပ္ကို စိတ္ကူးထဲ ေတာင္ မထည့္ဘူး”
“သေဘာေျပာတာပါ။ စိတ္ခ်ပါ။ ဒီတစ္ခါ ဆက္ဆံေရးလည္း ျဖတ္ေပးပါ့မယ္။ ေမေမ့ ဘဝဟာ သမီးတို႔အတြက္ပဲ ျဖစ္ေစရမယ္”
ေနာက္ တစ္ေန႔မွာ ေက်ာင္းတက္ျဖစ္၏ ။
ေက်ာင္းေရာက္ေတာ့သူငယ္ခ်င္းေတြက
မေန႔က ေက်ာင္းပ်က္သည့္ကိစၥကို ဘာမွ မ ေမး။ ေကာင္းျမတ္သူက ယြန္းနဲ႔လာေတြ႕ၿပီး “ဆယ္တန္းေအာင္းၿပီးရင္ လက္ထပ္မယ္၊ ယြန္းရဲ႕ထာ၀ရအေဖာ္ လုပ္ေပးမယ္၊ ယြန္းေရွ႕ က မားမားမတ္မတ္ ရပ္တည္ေပးမယ္ေနာ္”
“အားကိုးခ်င္စရာႀကီး လူပ်ိဳ၊ အပ်ိဳဘ၀ကို

ခဏေလးေနရေအာင္ ဘာလို႔ ေလာေဆာ္ေန ရ တာလဲ ေကာင္းရယ္”
“လူဆိုတာ အခ်ိန္မေ႐ြး … ေသႏိုင္တဲ့ သတၱဝါပဲ၊ ယြန္းနဲ႔ အတူေနဖို႔ ေက်ာင္းၿပီးတဲ့ အထိ ေလး ငါးႏွစ္ေစာင့္ၿပီး မဂၤလာေဆာင္ခါ နီး မွ သသြားရင္ ဘယ္လိုလုပ္မလဲ” “တရားသေဘာထက္ အခ်စ္သေဘာေတြ ေရာေနတယ္။ နင္ ဘာျဖစ္ခ်င္ေနသလဲဆို တာ ငါသိပါတယ္…နင္.. ဘာျဖစ္ခ်င္ေနတာ
ငါသိပါတယ္”
“နင္နဲ႔ငါနဲ႔ မေျပာနဲ႔ေလ….တို႔ေတြက ခ်စ္သူေတြ ျဖစ္ေနၾကၿပီပဲ”
“ဘယ္သူ ေျပာလဲ”
“ယြန္း….ကိုယ့္ကို အေၾကာင္မ႐ိုက္နဲ႔” အေၾကာင္႐ိုက္ဆိုတာ အႀကိဳက္ေယာင္တာ ကို ေျပာတာ ႀကိဳက္ႏိုးႏိုး ခ်စ္ႏိုးႏိုးေပါ့။
“ယြန္း…ေမာင့္ကို မက်ီစယ္ပါနဲ႔”

“အံမယ္ သူ႔ကိုယ္သူ ေမာင္တဲ့၊ ဟားဟား
ရယ္ခ်င္စရာႀကီး”
“ေမာင္လို႔ေခၚတာ … လိုက္ေခၚေပးရမယ္။
ေလွာင္စရာ မဟုတ္ဘူး။ ေလွာင္ရင္ ေမာင္ စိတ္ ဆိုးမွာေနာ္”
“မဆိုးပါနဲ႔ ေမာင္ရယ္”
“အဲ့လိုမွေပါ့ ေမာင္ လို႔ေခၚေနာ္၊ ေမာင္က လည္း ယြန္းကို ခ်စ္ လို႔ ေခၚမယ္”
ႏွစ္ေယာက္သား မ်က္ဝန္း ၾကည္လဲ့ေလး ေတြႏွင့္ ၿပဳံးေနမိၾက၏ ။ ယြန္း ဖ်တ္ခနဲ သတိရ သြား၏ ။ ၿပိဳင္ဘက္ ရွင္းသန႔္လႈိင္ကိုေပါ့။

ဒီလို အၾကည့္ဆိုက္ေနတာမ်ိဳး ရွင္းသန႔္ လႈိင္ ေတြ႕သြားေစခ်င္၏။ ရည္စားလူလု အူႏု ကြၽဲ ခတ္ခံရသလို၊ ရွင္းသန႔္ျဖဴ ဆတ္ဆတ္ စူးစူး နာက်င္ေနမွာ ျမင္ေယာင္ေသး၏။ “ရွင္းသန႔္ တစ္ေယာက္ မျမင္ပါလား”

“ကိုယ္နဲ႔ ဆက္ဆံေရး က်ဲေတာက္သြားၿပီ” “သူ ရႈံးသြားျပန္ၿပီ။ စိတ္မေကာင္းစရာပဲ”
ထိုစဥ္မွာပင္ေအမီေအာင္နဲ႔ပန္းအိစံတို႔
အနားေရာက္လာ၏။
“ယြန္း…မေန႔က နင့္ဆီက ငါငွားထားတဲ့
ခေရာ့(စ္)ေဘာ(လ္) ပန္ အခုျပန္ေပး တာ”
“မေန႔က ငါမွ ေက်ာင္းမတက္တာ၊ ၿပီး ေတာ့ ဒီေဘာ(လ္)ပန္က ငါဟာ မဟုတ္ဘူး”
“နင္ဘာေတြ ေျပာေနတာလဲ…မေန႔က နင္ ေက်ာင္းတက္တယ္ေလ…ငါ့ေဘာလ္ပန္ ေမ့က်န္ခဲ့လို႔ နင့္ရဲ႕ ေ႐ႊေရာင္ေဘာ(လ္) ပန္ ခေရာ့(စ္)ကို ေပးခဲ့တာေလ၊ နင္ဘာေတြ ေၾကာင္စီစီ ျဖစ္ေနရတာ လဲ”
ယြန္း ေက်ာပိုးအိတ္ထဲကို ႏႈိက္ၿပီး ကြန္ပါ ဘူးကို ထုတ္လိုက္၏ ။ ကြန္ပါဘူးထဲကို ၾကည့္ လိုက္ေတာ့ ယြန္း အပိုေဆာင္ထား သည့္ ေ႐ႊေရာင္ေဘာ(လ္)ပန္ေလး မရွိေတာ့။
ယြန္းရဲ႕ အသုံးအေဆာင္ေတြကိုလည္း ေငြ စင္သြန္းဆိုေသာ တေစၦမ သြန္းက ယူေဆာင္ ဒိုင္ ေနပါလား။
“အဲဒါ ငါ့ဟန္ေဆာင္ၿပီး တက္တာ”
ယြန္း စိတ္ေတြ တိုလာ၏ ။ ဒီလိုႀကီး ဘယ္ေလာက္အထိ လိုက္ ေႏွာင့္ယွက္ေနဦး မွာလဲ။ ကိုယ္ ဆိုၿပီး အေႂကြးေတြ ေလွ်ာက္ ယူ၊ ျပန္ဆပ္ရမယ့္သူက ယြန္းျဖစ္ေနရင္ ဘယ့္ႏွယ္လုပ္မလဲ။ သက္သက္မဲ့ သြန္း လိန္ကက်စ္က်ေနတာ။
“ေတြ႕လားႏွင့္ေဘာ (လ္)ပန္၊ ဒီကို
ေရာက္ေနတာ”
“မဟုတ္ဘူးဆိုတာငါအသိဆုံးပဲ…
ေတာက္”
ယြန္း ေဒါသထြက္ၿပီး ျပာေလာင္ခတ္ခ်င္ လာ၏ ။ ထိုစဥ္အတန္းေဖာ္ ရတီဝတ္မႈံ ေရာက္လာ ၏။
“ယြန္းေရ…ရွင္းသန႔္ကေတာ့
နင္နဲ႔႐ုပ္ခ်င္းဆင္တာကို အခြင့္အေရးယူၿပီး နင့္ဆံပင္ ပုံစံ ညႇပ္ ထားတယ္။ နင့္ဟန္ပန္မ်ိဳးလိုက္ လုပ္ၿပီး ေဂါက္ေၾကာင္မ စတိုင္(လ္) လို႔ ေအာ္ ေျပာတယ္။ ၿပီး ေတာ့ သရဲေျခာက္ခံရလို႔ နင္ ေၾကာက္လန႔္ပုံေတြ၊ တေစၦမဆိုၿပီး ဂီတဆရာ ရဲ႕ တူမကို ဝိုင္းဖမ္းၿပီး ေၾကာင္ေတာင္ေတာင္၊ လန႔္တန႔္တန႔္ ျဖစ္ေနပုံေတြ ဟာသလုပ္ျပေန တယ္”
“သူ ဘယ္နားမွာလဲ”
“စာသင္ခန္းေရွ႕မွာ”
ယြန္း လွစ္ခနဲ ေျပးထြက္လာ၏ ။ ေနာက္ က ေအမီ၊ ပန္းအိ၊ ေကာင္းျမတ္သူ၊ ရတီဝတ္ မႈံတို႔ ေျပးလိုက္လာၾက၏။
ေတြ႕ပါၿပီ။ စာသင္ခန္းထဲက ေရွ႕ဆုံးမွာ ယြန္းလိုပုံစံ ဆံပင္ညႇပ္ၿပီး ႐ုပ္ေျပာင္ေတြ လုပ္ျပ ေနတာ။

“ကြၽန္မကေတာ့ ယြန္းယြန္းပါ။ ေက်ာင္းကပြဲမွာ
အလွမယ္ဆုရတဲ့ ကြၽန္မရဲ႕
လမ္းေလွ်ာက္ ဟန္ ကို ရႈစားေတာ္မူပါ…” ရွင္းသန႔္က ေအာ္ေျပာၿပီး ကလန႔္ကလား ပုံစံ၊ ပဲ သြားသြားတဲ့ ပုံစံ၊ လိန္ဖယ္သြားတဲ့ ပုံစံ ေတြ လုပ္ျပေန၏ ။ ယြန္းရဲ႕ေဒါသက ငယ္ထိပ္တက္ ခုန္ေဆာင့္ ထြက္သြား၏။ ယြန္းေျပးဝင္ၿပီး ရွင္းသန႔္ကို အားႏွင့္ပစ္ တြန္းလွဲပစ္၏။ ရွင္းသန႔္လြင့္ၿပီး ၿပိဳလဲက်ေန စဥ္ ရွင္းသန႔္ရဲ႕ခႏၶာကိုယ္ေပၚ တက္ခြၿပီး ဘယ္ျပန္ ညာျပန္ ပါးေတြ႐ိုက္၊ ဆံပင္ေတြ ေဆာင့္ဆြဲ၊ ၾကမ္း ျပင္နဲ႔ ေနာက္ေစ့ကို ခပ္ ဆတ္ဆတ္ ေဆာင့္ေပးလိုက္၏ ။
အား..”
ေဘးလူးေတြ ဝိုင္းဆြဲလို႔သာေပါ့။ ႏို႔မို႔ ယြန္း အေသသတ္မိမွာပင္။ ရွင္းသန႔္ေသလွ်င္ ယြန္း ေထာင္က်႐ုံသာ ရွိမည္။

ေကာင္းျမတ္သူက ယြန္းကို ကာကြယ္ ထား၏ ။ ေက်ာင္းအုပ္ဆရာမႀကီး လာေခၚ သြား၍ ေက်ာင္းအုပ္ခန္းထဲ ေရာက္သြားရ၏
“ဒီႏွစ္ပိုင္းထဲမွာ မင္း ျပႆနာ ေတာ္ေတာ္ ရွာတာပါလား..ေ႐ႊစင္ယြန္း၊ အရင္က မင္း ဒီ
လို မဟုတ္ပါဘူး။ အခုမွ … မင္းဘာလို႔ ျပႆနာေတြခ်ည္း ျဖစ္ေနရတာ လဲ”
“ရွင္းသန႔္လႈိင္က ကြၽန္မအေယာင္ေဆာင္ တရားလြန္ေနာက္ေျပာင္ေနတယ္။

ကြၽန္မ အႀကိမ္ႀကိမ္ သည္းခံခဲ့တယ္။ အဲဒါကို
ေၾကာက္တယ္ထင္ၿပီး ေတြ႕တိုင္း ၿဖဲေျခာက္
ေနေတာ့တာပါပဲ။ သည္းမခံႏိုင္တဲ့ဒီေန႔
ေပါက္ကြဲမိတာပါပဲ”
“မင္း အမွန္ကေန အမွားျဖစ္သြားတာေပါ့။ ရွင္းသန႔္လႈိင္ ေနာက္ေျပာင္ၿပီး မတရား စ ေနာက္ေနကတည္းက ကိုယ့္ဆရာေတြ ကိုလာတိုင္ထားရင္ ျပႆနာ . ဒီေလာက္ႀကီး ျဖစ္မွာမ ဟုတ္ဘူး။ အခုေတာ့…ခံဝန္ထိုး႐ုံ မဟုတ္ဘူး။ မင္းမိဘေတြကို ေခၚလာခဲ့ရ မယ္။ ဒါေနာက္ဆုံးပဲ။ ေနာက္တစ္ႀကိမ္ဆို
တို႔ေက်ာင္းက ထုတ္ပယ္ သေဘာေပါက္တယ္ေနာ္ ”
ပစ္မယ္ …
“မင္းက ေက်ာင္းကို အေစာႀကီးလာတယ္။ ဒန္းစီးတယ္။ ပန္းၿခံထဲ ေလွ်ာက္ေဆာ့တယ္။ ေက်ာင္းထဲမွာလည္း ေနရာအႏွံ႔ေလွ်ာက္သြား တယ္။ ဆိုးတာက ညဘက္ေတြမွာ ေတြ႕ ရတတ္တာ ပဲ။ ေနာက္က လိ္ုက္သြားရင္ ေပ်ာက္သြားၿပီး။ မင္းက ဘာလဲ ေမွာ္ဆရာမ လား၊ စုန္းပညာသည္ လား”
မညႇာမတာ ေမးလိုက္ေသာ ေက်ာင္းအုပ္ ဆရာမႀကီး စကားေၾကာင့္ ယြန္း စားပြဲေပၚ က ခဲတံခြၽန္တဲ့ဓားကို ကိုင္လိုက္ၿပီး ယြန္း ကိုယ္တိုင္ ယြန္းရဲ႕လက္ညိဳးနဲ႔ လမ္မႀကီးကို

ဓားျဖင့္ ထိုးစိုက္ လွီးပစ္လိုက္၏။ “ေဟ့….မင္း…….အဲဒါ ဘာလုပ္တာလဲ”
ယြန္းလည္း နာက်င္မႈၾကားက ေသြးေတြ ပန္းထြက္လာတာကို လက္ႏွင့္ ဖိထား
လိုက္၏။ နာက်င္မႈေတြ လက္က အနာထက္ စိတ္ဒဏ္ရာက ပိုမို ဆိုးဝါး နာက်င္ေသး၏။
“မင္း…မင္း ကိုယ့္အသားကိုယ္ ဓားနဲ႔လွီး တယ္။ ဘာလဲ တစ္ကိုယ္ေတာ္ ဆႏၵျပခ်င္လို႔ လား…မင္းဦးေႏွာက္ေကာ … ေကာင္းေသးရဲ႕ လား၊ အံ့ၾသပါရဲ႕ကြာ”
“ကြၽန္မ…အဲဒီ ေငြစင္သြန္း ဆိုတဲ့ ကြၽန္မရဲ႕ အႁမြာ ညီအစ္မနဲ႔ မတူခ်င္လို႔ တမင္လုပ္ပစ္ တာပါ။ အခုဆို ကြၽန္မလက္မွာ ဒဏ္ရာရ သြားၿပီေလ။ သူလိုက္လုပ္ရဲရင္ လိုက္လုပ္ ၾကည့္ပါ”
ဆရာမႀကီး ေခါင္းခါၿပီး ဖုန္းေတြ အျမန္ ဆက္သြားေတာ့၏ ။ ကားေရာက္သည္ႏွင့္
ယြန္းကို ေဆး႐ုံ အျမန္ပို႔ရ၏။ အနာခ်ဳပ္ေပး
ေသာ ေဒါက္တာက-
“မင္းရဲ႕လက္လွလွကေလးေတြေတာ့
အက်ည္းတန္ ကုန္ၿပီ။ အမာ႐ြတ္ ထင္ေတာ့မယ္”
“ကြၽန္မရဲ႕ မူပိုင္ အမွတ္တံဆိပ္ အျဖစ္ အဲဒီ အမာ႐ြတ္ကိုလိုခ်င္ေနတာ။ လိုခ်င္လို႔ ကြၽန္မ တမင္လုပ္ခဲ့တာ…ေ႐ႊစင္ယြန္းဟာ ေ႐ႊစင္
ယြန္းပဲ ဘယ္ေတာ့မွ ေငြစင္သြန္း မျဖစ္ေစရဘူး”
ေဒါက္တာက နားမလည္၊ သူမ်ား အတြင္းေရး မစပ္စု။ ယြန္းကေတာ့ ဒဏ္ရာ ကို သေဘာ က်ေန၏ ။ နာက်င္မႈက ေဒါသ ကို ပါးလ်ေစ၏ ။ ေၾကာက္လန႔္စိတ္ကို ထူေျပာေစ၏ ။ အဲဒီ အခ်ိဳးနဲ႔ ေျပာင္းျပန္က် တာမ်ိဳး ယြန္းစိတ္ထဲမွာ ျဖစ္ေပၚလာေလၿပီ။
ဒဏ္ရာနဲ႔အခ်စ္အေၾကာင္း
“ျဖစ္မွ ျဖစ္ရေလ သမီးရယ္၊ မိေမြးတိုင္း ဖ ေမြးတိုင္း ဘာမွ မျဖစ္ေအာင္ ေစာင့္ေရွာက္ ခဲ့ တာ ဘယ္သူကမွ မလုပ္ဘဲနဲ႔ ကိုယ္လက္ ကိုယ္ ဓားနဲ႔ ျပန္လွီးတာ..စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈလား.. စိတ္ေရာဂါကုဆရာနဲ႔ သမီး ကို ျပေပးရမလား”
“သူတို႔ေခတ္၊ သူတို႔အထာ ရွိတယ္။ မင္း ဘာမွ နားမလည္ဘဲ ဝင္မေျပာပါနဲ႔။ ငါဆုံးမ

ေဖ်ာင္းဖ်ေပးပါ့မယ္။ မင္း လုပ္စရာရွိတာ
သြားလုပ္ပါ မိန္းမရယ္”
သၪၨာလီလည္း
သမီးလက္က
ပလတ္စတာကို
ဖြဖြပြတ္သပ္ရင္း စိတ္မ
ေကာင္းေသာ … မ်က္ႏွာျဖင့္ မီးဖိုခန္းထဲ
ထြက္သြား၏ ။ ဦးေနထိုက္က-
သမီးေျပာသလို ဒဏ္ရာအမာ႐ြတ္နဲ႔
ခြဲျခားလိုက္လို႔ ရမယ္ထင္ေန သလား။ သူတို႔
မွာ လည္း ကမၼဇိဒၶိ တန္ခိုးရွိတယ္ေလ..။ သူတို႔ ဖန္တီးလို႔
သက္သက္မဲ့ အနာခံ တာ”
“မသိဘူး…ေဖေဖ၊
ရေနတာပဲ…သမီး
သမီးသိသေလာက္
ခြဲျခား သက္ေသျပႏိုင္မယ္ထင္လို႔ မိုက္႐ူးရဲ
ဆန္ ဆန္ လုပ္မိခဲ့တာ”
“အဓိကက စိတ္ဓာတ္ပါပဲ။ သူ႔ကို မေတြ႕ ေအာင္ ေရွာင္၊ ေရွာင္မရလို႔ တည့္တည့္တိုး ရင္ ေတာင္ သူလုပ္ခိုင္းတာေတြ မလုပ္မိေစ
နဲ႔။ ေကာင္းတာခိုင္းရင္ေတာ့ ကြၽတ္တန္းဝင္ ဖို႔ဆိုရင္ ေတာ့ လုပ္ေပးဖို႔ ကတိခံေပါ့။ ႏိုင္ သေလာက္ ေျပာတာေနာ္” “ဟုတ္ကဲ့…ေဖေဖ။
အေယာင္ေဆာင္ၿပီးသူသမီးေက်ာင္းတက္တယ္။
ေနာက္ဘာေတြ ထပ္လုပ္ဦးမလဲ မသိဘူး။ သူ
ရႈပ္သမွ်သမီး ရွင္းရေတာ့မွာလား”
ဦးေနထိုက္ ဘာျပန္ေျပာရမည္မွန္း မသိ ေတာ့။ သမီးႀကီးနဲ႔ သမီးငယ္ၾကားမွာ ေန ေနရတာ ေလ။ အငယ္မက တေစၦျဖစ္ေန၍ မေကာင္းဆိုးဝါး စိတ္ေပါက္ေနၿပီ။ လူေတြ ထဲမွာ သမီးႀကီး ဟန္ ေဆာင္ၿပီး သြားလာ လႈပ္ရွားႏိုင္တဲ့အထိ ကမၼဇိဒၶိ အစြမ္းရွိေနၿပီ
“ဟူး” ခနဲသာ သက္ျပင္းခ်လိုက္မိေတာ့၏
“သမီးေရ..ေကာင္းျမတ္သူ ေရာက္ေနတယ္။
အိပ္ခန္းတံခါးေခါက္၍
တံခါးဖြင့္ေပးလိုက္၏ ။ သားနားသပ္ရပ္ေသာ အသြင္ ျဖင့္ ေကာင္း ျမတ္သူကို ျမင္ရ၏ ။
“သားတို႔ သမီးတို႔ စကားေျပာၾကဦး။ ဒီေန႔
က တနဂၤေႏြေန႔ သားေဖေဖရဲ႕ ေရာဂါရွာေဖြ ထားတာ ဒီေန႔ရလဒ္ ထြက္လာလိမ့္မယ္။ ေမေမနဲ႔ေဖေဖ သြားၾကည့္ၾကရမွာမို႔ အိမ္ ေစာင့္ၾကဦး။ အိမ္မွာပဲ စကားေျပာၾကေပါ့”
“ဟုတ္ကဲ့..အန္တီ”
” ဂ႐ုစိုက္ေခၚသြားေနာ္”
“အင္းပါ….ေမေမ ဘယ္တုန္းကမ်ား ဂ႐ု

မစိုက္တာရွိခဲ့ဖူးလို႔လဲ”
မိဘႏွစ္ပါးအျပင္ထြက္သြားၾက၏ ။
ေမေမ ဝွီးခ်ဲ တြန္းသြား၏ ။ ေဖေဖက လွီးခ်ဲေပၚမွာ ပါသြား၏။
အပ်ိဳခန္းကို ၾကည့္ခ်င္၍ ေကာင္း လိုက္ၾကည့္၏။
“ေမႊးပ်ံေနတာပဲ…ေမြ႕ရာကလည္း အိစက္ေနတာပဲ”
“အံမယ္…သူေဌးသားက ေျပာင္းျပန္ ေျပာ
ေနရေသးတယ္။ ရွင့္အိမ္က ဖန္ေနရွာေတြ ေလာက္ေတာ့ မမိုက္ပါဘူးေနာ္။ ဒါေတြက ေဖေဖ ေျပလည္တုန္းက ကြန္ဒိုအခန္းဝယ္ ေတာ့ အကုန္တပ္ဆင္ၿပီးသား၊ ပါၿပီးသား ေတြပါ”
“ေကာင္းတယ္ ေမာင္တို႔ လက္ထပ္ၿပီးရင္ ကြန္ဒိုအခန္းဝယ္ခိုင္းၿပီး ေအးေဆး ကဲၾက
မယ္”
ယြန္းက မ်က္ေစာင္းေလး လွမ္းထိုး လိုက္၏။ ေကာင္းက-
“ေက်းဇူးျပဳၿပီး အဲဒီ လိုမ်ိဳး မၾကည့္ပါနဲ႔”
“ဘာျဖစ္လို႔လဲ”
“ေမာင္ စိတ္မထိန္းႏိုင္မွာ စိုးလို႔”
“ေၾကာက္စရာႀကီး”
“ေမာင္က သရဲ ဘီးလူးႀကီး မို႔လို႔လား”
“ဟုတ္ဘူးေလ….ေမာင္က
အၾကမ္းပတမ္း လုပ္မွာ ေၾကာက္တာ…လန႔္ တာကို ေျပာတာ”
ေကာင္းက ယြန္းကို ေနာက္ကေန သိုင္း
ဖက္ ေပြ႕ထား၏ ။ အိုးခ်င္းထား အိုးခ်င္းထိ၊
ႀကိဳးခ်င္းထား ႀကိဳးခ်င္းၿငိၿပီေလ။ ေကာင္းရဲ႕
အနမ္းေတြကို ယြန္းေတာင့္မခံႏိုင္။ ေမြ႕ရာ ေပၚလဲၿပိဳက် သြား၏။
ေကာင္းက … ေမြ႕ရာေပၚအထိ အနမ္းမိုး

လိုက္ေျခ၏ ။ လူပ်ိဳစစ္နဲ႔ အပ်ိဳစစ္စစ္ေလးတို႔ ေတြ႕ ၾကေသာအခါ ဇာတ္ကားေပါင္းစုံ ၾကည့္ ဖူးထား၍ သာ လႈပ္ရွားတတ္ေနျခင္းပင္။
“ေမာင္ရယ္….မကဲနဲ႔ကြယ္”
“ခ်စ္ေလး ခ်စ္တယ္ကြာ”
“ခ်စ္ေနရၿပီပဲ ဥစၥာ”
“ခ်စ္လို႔ မ၀ဘူးကြာ”
“ေမာင္ သိပ္ဆိုးတယ္ကြာ”
အပ်ိဳစင္ေလး အခန္းထဲမွာ … လူပ်ိဳေလး
ေရာက္လာၿပီးလူပ်ိဳလွည့္ျခင္းမွာ
ထူးကဲေသာ စိတ္ခံစားမႈေတြကို လန္းပြင့္ေစ၏ ။
လိပ္ျပာေလးကပန္းပြင့္ေလးအေပၚ
မိမိရရ ခိုနားလိုက္၏ ။ ဦးမွ်င္တံျဖင့္ ပန္းပြင့္ ေလးရဲ႕ အတြင္း ဝတ္မႈံဝတ္ဆံေတြၾကားထဲ ထိုးထည့္ၿပီး ဝတ္ရည္ေတြကို တစ္ဝႀကီး စုပ္ ယူ၏ ။ လိပ္ျပာေလး ကလည္း ယခုမွ စတင္
စုပ္ဖူး၏ ။ ပန္းပြင့္ကေလးကလည္း ပြင့္ခါစ ယခုမွ ဝတ္ရည္အစုပ္ခံဖူး၏ ။ ႏွစ္ ေယာက္ စလုံး ရင္ခုန္သံေတြ အေတြ႕အႀကဳံသစ္အေပၚ မွာ အ႐ိုင္းဆန္ေနၾက၏။
“ထိုးစစ္ႏွင့္ တန္ျပန္တိုက္စစ္ ႏွစ္ဖက္ထိ၊
ႏွစ္ဖက္မွာ”
ေအာင္ပြဲခံလိုက္ၿပီးခ်ိန္မွာေတာ့
ေလမွာေအာင္လံ တလူလူလြင့္သလို လြင့္ေမ်ာ
ကုန္၏ ။ ေလျပင္းလွ်င္ ျပင္းသလို၊ ေလထန္ လွ်င္ ထန္သလို၊ ေလ႐ိုင္းလွ်င္ ႐ိုင္းသလို၊ ေအာင္လံမွာ တဖ်တ္ ဖ်တ္တဖတ္ဖတ္။
ေလအဟုန္အစြမ္းကုန္ တိုက္ၿပီး
ေသာအခါ … ေလေျပ သုတ္ျဖဴးေလးႏွင့္
အလံေတာ္ လည္း ၿငိမ္က်သြားေတာ့၏ ။
ဦးေနထိုက္ရဲ႕ ေရာဂါက အ႐ိုးကင္ဆာ
ကုသ၍ မရေတာ့။ ဦးေနထိုက္ စိတ္ဆင္းရဲ ေသာ္ လည္း တရားသေဘာျဖင့္ မာန္တင္း ၿပီး စိတ္ကို ျပန္ကုစားေန၏ ။ သၪၨာလီလည္း ခင္ပြန္းကို ဖက္ ၿပီး ႀကိတ္ငိုမိ၏။ “ဒီမ်က္ရည္ေတြ သမီးမျမင္ပါေစနဲ႔။ အ႐ိုး ကင္ဆာဆိုတာ ကိုလည္း သမီး မသိပါေစနဲ႔။ ဘာမွမလုပ္နဲ႔၊ ကိုယ့္ဘာသာ ႀကိတ္မွိတ္ခံ မယ္။ ဒီေရာဂါဆိုးက စီးပြားျပဳတ္ေအာင္ ကု
လည္း ျပန္ ေကာင္းမွာ မဟုတ္ဘူး”
“ဟင့္အင္း…ရွင္
သက္သာရာရေအာင္
ေတာ့ ေဆးေတြေဈးႀကီးေပးၿပီး ကြၽန္မဝယ္လိုက္ရ မွာပဲ”
“ငါ သက္သာၿပီး ေသသြားရင္ အေႂကြး ေတြနဲ႔က်န္၊ အခန္းေရာင္းရ၊ အဆင့္နိမ့္တဲ့ ဘဝကို ေရာက္သြားမွာေပါ့ သၪၨာလီရဲ႕”
“ေရာက္ေရာက္ ရွင္သက္သာဖို႔က အဓိက”
“ေသလူက အဓိက မဟုတ္ဘူး။ မင့္ငါ့ စကားကိုပဲ နားေထာင္ရမယ္။ အတင္းကု ရင္း ငါဘာ သာငါ ေစာေစာစီးစီး သတ္ေသ ပစ္လိုက္မယ္”
“ေယာက္်ားရွင္ အဲလိုေတာ့ မလုပ္ပါနဲ႔၊ ရွင့္ကို မကုနဲ႔ဆိုလည္း မကုေတာ့ပါဘူး။ သမီး က ကြၽန္မကို အျပစ္ေျပာရင္ေကာ”
“ကိုယ့္ ေရွ႕ကရွင္းၿပီး ေျပာေပးသြားပါ့ မယ္….မိန္းမရယ္”
“ေယာက္်ားရယ္……အဟင့္ ဟင့္”
“မငိုပါနဲ႔ကြာ…ေသမယ့္ကာလကို
ေစာေစာသိရေတာ့ … ေကာင္းမႈကုသိုလ္ေတြ ခ်ည္း ဖိလုပ္ သြားလို႔ရတာ ေပါ့ကြာ…” “အဲဒါ မဟာအခြင့္အေရးပဲ။ ေကာင္းရာ သုဂတိေရာက္ဖို႔ ပိုၿပီး အားစိုက္ လုပ္ေဆာင္ ႏိုင္ တယ္ေလ။ ႀကံဖန္ေျဖသိမ့္ ေျပာေနတာမဟုတ္ဘူး။ အမွန္အကန္ကို ေျပာေနတာ”
ယြန္းနဲ႔ ေကာင္းတို႔ ၿမိဳ႕ထဲက သာယာလွပ
ေသာ ေနရာ ေလွ်ာက္ လည္ ျဖစ္ၾက၏။
ေတာ္ေတာ္မ်ားမ်ားကိုဒီလို
“ေပ်ာ္လိုက္တာ ယြန္းရယ္။
ေက်ာင္းပိတ္ရက္ေလးေတာ့ မ်ားမ်ားရခ်င္တယ္”
“ဘုရားမွာ ဆုေတာင္းေပါ့” “ဆုေတာင္းတိုင္း ျပည့္လား”
“ကိုယ္ကလည္း ႀကိဳးစားေပါ့”
“ယြန္းကိုရတာ ကိုယ္ သိပ္ကံေကာင္း တယ္။ တစ္ေက်ာင္းလုံးက ယြန္းကို လိုခ်င္ ေန ၾကတာ”

“ဟုတ္လို႔လား…ကြၽန္မကို ေဂါက္ေၾကာင္
ဆိုၿပီး နာမည္ဖ်က္၊ အပုပ္ခ် စြပ္စြဲ လုပ္ႀကံ
ထားၾက တာေလ”
“ပတၱျမားမွန္ရင္
ႏြံမနစ္ပါဘူး။ ေခြး
ေဟာင္လို႔လည္းေတာင္ မေ႐ြ႕ပါဘူး။ ကိုယ္
ေကာင္းရင္ ေခါင္းမေ႐ြ႕ဘူး။ ဆီနဲ႔ေရအတင္း
ေရာေပမယ့္ “ဆီဟာဆီ ေရဟာေရ” ပါပဲ။
ယြန္းကို အပုပ္ခ်လုပ္ႀကံတဲ့သူေတြသာ
ပ်က္စီးကုန္ၾကတာပဲ။
ရွင္းသန႔္လည္းေက်ာင္းထြက္သြားၿပီ။ သူ႔အိမ္က စီးပြား ေရး
က်လို႔ အစိုးရေက်ာင္းကို ေျပာင္းထားလိုက္ရတယ္ေလ”
“ဒါေတြထားပါ….၊ ရင္ခုန္စရာေကာင္းတဲ့ အေၾကာင္းေလး ေတြ ေျပာၾကမယ္ေလ…”
“ေျပာပါ….ဘယ္မွာ ေျပာမွာလဲ”
“ေလွာ္ကားဥယ်ာဥ္ထဲမွာ ခ်ဳံေတြ ေခ်ာင္း
ေတြ ေျမာင္ေတြ အကာအကြယ္ေတြ ေပါတယ္။ လာ…ဟို ထီး႐ိုးဝါး႐ုံေနာက္မွာ ေျပာၾကမယ္”
ႏွစ္ေယာက္သား … ဝါး႐ြက္ေတြ စိပ္ေန ေအာင္ ကာထားေသာ ဝါး႐ုံပင္ေပါက္အနီး က ခ်ဳံထဲ ေရာက္သြားၾက၏။ ယခင္ကလည္း အတြဲေတြ နားခိုဖူးသည့္ ေနရာေဟာင္းေလး။
ႏွစ္ေယာက္အိပ္စာမွ်
ကဒ္ထူစကၠဴေတြ ခင္းထား၏ ။ အထဲမွာ ဝါးသံေတြျဖင့္ ဂူေလး ပုံစံ ေဖာ္ထား၏ ။ ဆူးခ်ဳံပင္ေတြ ထပ္အုပ္ ထား၍ ေႁမြအႏၲရယ္လည္း မေၾကာက္ရ။
ျမက္ေျခာက္ေတြခံၿပီး အေပၚက ကဒ္ထူ
ခင္းထားၿပီး ဝါးပိုးဝါးျခမ္း ေခါင္းအုံးႏွစ္ခုႏွင့္ ဝင္ေပါက္က လူတစ္ကိုယ္ဝင္သ၍ ထိုင္ဝင္ရ၏။
အထဲ ေရာက္မွ-
“ေနရာေလးက မိုက္တယ္။ သေဘာက် တယ္။ ဆင္ေျခေလွ်ာေလး ဝင္ေပါက္ေတာင္

ျပန္ပိတ္တဲ့ သစ္ခက္တံခါးနဲ႔ဗ်ာ” ႏွစ္ေယာက္သား လုံၿခဳံေသာ ေနရာေလး မွာ ခ်စ္တင္းေႏွာမိၾကျပန္သည္။ အေၾကာ တစ္ ေထာင္ စိမ့္ေလာက္ေအာင္ ဖိလင္ေတြ ကို အထြဋ္အထိပ္ေရာက္ေအာင္ ခံစားျဖစ္ ၾက၏။
ယြန္းရဲ႕ ႏွလုံးသားႏုႏုေဖြးေလးမွာ အနမ္း ေတြ၊ ႏႈတ္ခမ္းေတြစီးေမ်ာကာ မွိန္းေမာ လူးလဲ သြား၏ ။ အခ်စ္ရဲ႕ အထိအေတြ႕မ်ား ေၾကာင့္ မ်က္ေတာင္ေလးစင္းေနေသာ ယြန္း၊ မ်က္လုံးမဖြင့္ခ်င္ ေလာက္ေအာင္ မွိန္းေန ေသာ ေကာင္း။
အတည္ယူၾကမည့္ ခ်စ္သူေတြအတြက္
ေတြ႕ဆုံခ်စ္ျခင္း ဆိုသည္မွာ … ေသာက္ေလ
ေသာက္ေလ ငတ္မေျပေသာ ဆားငံပင္လယ္
ေရပမာ။ ခ်စ္သူႏွစ္ဦး ၾကည္ႏူးသာယာေနတဲ့ ကာလ မွာ တေစၦမက ေပ်ာက္ေန၏

တမလြန္က ဆိုင္ရာေတြက ခြၽတ္ဖို႔ ဆြဲေခၚ
သြားသလား။ အေၾကာင္း ကိစၥ တစ္ခုခုႏွင့္
ဘယ္ေနရာ လြင့္ပါးေနသလဲ မသိ။ ယြန္း
အတြက္ စိတ္သက္သာရာရမိ၏ ။ အကယ္၍ တေစၦမ ဒီေနရာေရာက္လာလွ်င္လည္း ေကာင္းက ကူညီကာကြယ္ ပူးေပါင္းတိုက္ ထုတ္ မွာ အမွန္ပင္။
တေစၦေပ်ာက္၍ ေရာက္ေနေသာေနရာ
ဥမင္ လႈိဏ္ေခါင္းထဲကို ေမွာင္ရီပ်ိဳးခ်ိန္မွာ
ေကာင္းနဲ႔ယြန္းတို႔ႏွစ္ေယာက္
ေလွ်ာက္ ဝင္လာလိုက္၏ ။ မိုးႂကြင္းႏွင့္ေတြ ေဝသီဆိုင္းေန၏ ။ ဥမင္းထဲမွာ ေျခာက္ေသြ႕ ေနၿပီး ခ်မ္းစိမ့္စိမ့္ ေအး သက္သက္ ျဖစ္ ေနသည္။
“ငါ ဒီမွာရွိတယ္ဆိုတဲ့ စာတမ္းဟာ ေငြစင္ သြန္းေရးတာလား”
ေကာင္းကို ယြန္း အေတာ္မ်ားမ်ား ရွင္းျပထား၏။ ေငြစင္သြန္းနဲ႔ ပတ္သက္လို႔ေပါ့။ “တပ္အပ္ေသခ်ာေတာ့ မသိဘူး။ သူ.. ယြန္းအနားမွာမရွိဘူး”
“တေစၦေတြမွာလည္း သူတို႔အေၾကာင္းနဲ႔သူ
တို႔ ရွိမွာေပါ့”
“ဒီထဲမွာ သူ ပုန္းခိုေနတာလား။ ကြၽတ္ တန္းဝင္သြားတာလား။ ဒါမွမဟုတ္ ငရဲအခံ ရမွာမို႔ တေစၦဘ၀ကေန ပုတ္သင္ညိဳ၊ ႂကြက္၊ ေႁမြ၊ ဖား အေကာင္ပေလာင္ျဖစ္ၿပီး ေသလို႔
လိုက္သြားရၿပီ လား”
“မလာေတာ့လည္း ေကာင္းသြားတာေပါ့။ အ႐ူးမႀကီး တုန္းက ဘာမွျဖစ္မသြားတာ ကံေကာင္းတယ္ေနာ္”
“ဒီေနရာကို ပရိတ္ေရ .. ပက္လိုက္ရင္
ေကာင္းမလား”
“သူတို႔အပိုင္ စာေရးထားတဲ့ေနရာ သြားမ ကိုယ့္ေနာက္
လုပ္နဲ႔ေနစရာမရွိရင္အတင္း လိုက္ေနဦးမယ္” “ဒါလည္း ဟုတ္တာပဲေနာ္”
ႏွစ္ေယာက္သား
လက္ခ်င္းဆုပ္တြဲၿပီး
သတိႀကီးႀကီးထားကာ ဝင္လာလိုက္၏ ။
ေသြးစာ တမ္းေပၚေသာ ေနရာအေရာက္မွာ ယြန္း ၾကက္သီးထသြား၏။
“ေမာင္….ၾကက္သီးထလား။
ထရင္…
မေကာင္းဆိုးဝါး အနားကပ္လာလို႔ ကိုယ္
ေစာင့္ နတ္က သတိေပးတာတဲ့”
“ေမာင္ … ၾကက္သီးမထဘူး။ခ်စ္ရဲ႕စိတ္က
ခ်စ္ကို ျပန္ ေျခာက္လွန႔္တာေနမွာပါ။ မ ေကာင္း ဆိုးဝါး ကပ္လို႔ ၾကက္သီးထရင္
ေမာင္လည္း ထရမွာေပါ့”
“ေမာင္က ဘုန္းကံျမင့္လို႔ ေနမွာေပါ့” “ကိုယ့္ေဆြမ်ိဳး … အသုဘအေခါင္းေတာင္ သြားထမ္းေပးခဲ့ဖူးတယ္…ေဆြမ်ိဳးေတြ နယ္ကိုျပန္ လို႔ လိုက္ပို႔ေတာ့ ထမီအိတ္မွန္းမသိဘူး….ထမ္းေပးခဲ့ဖူးတယ္။
ေမာင္ကေတာ့ထမီတန္းေတြ၊ ဘုန္းနိမ့္တာေတြ သိပ္အေရးမထားဘူး”
ယြန္းက ေသြးစာတန္းကိုေရာ နားပတ္ဝန္းက်င္ပါ ဖုန္း၊ Video ကင္မရာႏွင့္ လွည့္ပတ္ `႐ိုက္ေန၏။
“ေငြစင္သြန္း…မင္းဒီမွာ ရွိသလား။ ရွင္
ရင္ နံရံကို လက္နဲ႔ပုတ္ျပ..သိသာသာပုတ္ျပ၊
ေဘးကပရေလာကသားေတြဝင္
ေႏွာင့္ယွက္နဲ႔…ေႏွာင့္ယွက္ရင္ ေႏွာင့္ယွက္
တဲ့ အျပစ္ဒဏ္ ထက္ ဆယ္ဆခံရပါေစလို႔ ကြၽႏိုပ္ “ေကာင္းျမတ္သူ” က်ိန္စာတိုက္လိုက္တယ္”
“ေမာင္….ေမာင္က ဒါမ်ိဳးေတြလဲ ရတယ္”
“ေမာင့္အဘိုးက ပေယာဂဆရာႀကီးေလ”
“ငယ္ငယ္တုန္းက ခဏတျဖဳတ္ ၾကည့္ခဲ့
ဖူးတယ္။ ေမာင္တို႔ေခတ္က်ေတာ့ အဲဒါေတြ

သိပ္ မယုံေတာ့ဘူး။ ေျပာတဲ့လူကိုေတာင္ အ႐ူးလို႔ သတ္မွတ္ေနၾကတာ။ ဒါမ်ိဳးက ယုံ တဲ့သူ အခ်င္းခ်င္း ေတာ့ ျပႆနာ မရွိဘူး။ အဲ….ယုံတဲ့သူနဲ႔ မယုံတဲ့သူ ဆုံၾကရင္ ျငင္းခုန္ ၿပီး ျပႆနာ တက္ကုန္ေရာ”
“ကဲပါ…ေမာင္ လုပ္ၿပီးသြားၿပီ။ ေၾကာက္ စိတ္ မရွိေတာ့ဘူး။ သူ ကြၽတ္တမ္းဝင္သြားပါ ေကာင္းရာသုဂတိလားပါေစလိုဆုေတာင္းလိုက္ရေအာင္”
ႏွစ္ဦးသား ဆုေတာင္းေပးၿပီး ေအးေဆး ၾကည္ႏူးစြာ လမ္းေလွ်ာက္ ျပန္လာၾက၏ ။ ေငြစင္ သြန္းေရာက္တဲ့ေနရာ ေကာင္းကင္ဘုံ သာ ျဖစ္ပါေစေတာ့။
ေဖာက္ျပန္၊ ေမွာက္လန္၊ ဒဏ္ဆိုးခံ
“ဝွန္း…န္း”
မတ္တူး တစ္ပတ္ရစ္ ေႂကြျဖဴေရာင္ ကား တစ္စင္း လမ္းေဘး အုတ္နံရံႀကီးကို တည့္ တည့္ ႀကီး ဝင္ေအာင္းပစ္၏ ။ ကားေမာင္းသူ မွာ သီဟမိုး၊ ေဘးမွာပါလာသူက သၪၨာလီ၊ ဘယ္သူေတြ ဖ်က္ဖ်က္ သံေယာဇဥ္ မျပတ္။ ရမၼက္ေဇာ မျပယ္။ ခိုးၿပီး ခ်ိန္းေတြ႕ၾက၏ ေငြစင္သြန္းက မိခင္ပါ၍ သက္ညႇာထားခဲ့တာ ၾကာၿပီ။
ေတာ့ သူတို႔အသက္ မေသႏိုင္။ ဆုံးမ႐ုံ ေလာက္ရယ္သာဆိုၿပီး ကားေရွ႕မွာ ယြန္းပုံစံ၊ သြန္းရဲ႕႐ုပ္ေတြကို ေလးငါးခ်က္ ရပ္ျပ လိုက္၏။
အရွိန္ျပင္းျပင္း ေမာင္းလာေသာ သီဟမိုး မွာ ယြန္းကို သုံးခါေလာက္ ေတြ႕လိုက္ရ၍ ထိတ္ လန႔္ၿပီး လမ္းေဘးကို ဆြဲေကြ႕ခ်လိုက္ ရာက အုတ္ခုံႏွင့္ ေဆာင့္သြားျခင္းပင္။ ေလွ်ာက္လည္ရာက ျပန္လာေသာ ယြန္း ႏွင့္ေကာင္းတို႔ လူေတြ၊ ရဲေတြ ရႈပ္ယွက္ခတ္ ေန၍ နီးရာ ရဲသားတစ္ဦးကို ေမးၾကည့္မိ၏။
“ပုဂၢလိက နာမည္ႀကီးေက်ာင္းက ျပဇာတ္ နဲ႔အႏုပညာ ဆရာ ဦးသီဟမိုးဆိုတဲ့ လူရဲ႕ကား ေပါ့။ သူေမာင္းလာေတာ့ သူ႔ေဘးမွာ မိန္းမ တစ္ေယာက္လည္းပါတယ္။ ဒီလူနဲ႔ ႀကိတ္ ပုန္းခုတ္ေန တဲ့ မိန္းမေပါ့။ ႏွစ္ေယာက္စလုံးအထိနာတယ္။ ဒဏ္ရာျပင္းတယ္။ သတိမရ ဘူး။ ခုေလးတင္ ေဆး႐ုံကားထြက္လာၿပီ…
သြားပို႔ၿပီ”ပါးလို႔။
“ေမာင္……ေမာင္….ေမေမ့ဆီ ဖုန္းဆက္ေပး
ကြၽန္မ စိုးရိမ္ပူပန္ၿပီး လက္ေတြတုန္ေန
ေကာင္းက ဖုန္းဆက္ေပး၏
“ဖုန္းပိတ္ထားတယ္”
“ဒါဆို ေဖေဖ့ဆီ ဆက္ေပးပါ။ ေမေမျပန္ ေရာက္ၿပီလား၊ ေမးေပးပါ”
ဦးေနထိုက္ဆီ ဖုန္းဆက္ေမးလိုက္၏ ။ ျပန္ မေရာက္ေသး။ ယြန္းက အက်ိဳး အေၾကာင္း ေျပာျပၿပီး ေဆး႐ုံကို ဆက္လိုက္ သြား၏ ။ ေဆး႐ုံမွာ စုံစမ္းၾကည့္ေတာ့ ေမေမ ျဖစ္ေန၏ ။ ေဖာက္ျပန္ တဲ့ဒဏ္ကို မရႈမလွ ကာ ပတ္လက္လန္တဲ့အထိ ခံစားလိုက္ၾကရၿပီေလ။
အသက္ျပန္ရွင္ဖို႔ရာ မက်ိန္းေသေသး။
ေဖေဖ့ကို ဖုန္းႏွင့္အေျခအေနေတြ တစ္ နာရီတစ္ခါ တင္ျပေနရ၏။
ဦးေနထိုက္က-
“သမီးအေမအတြက္ ဘာမွ မစိုးရိမ္ပါနဲ႔.. သူ ျပန္ေကာင္းလာမွာပါ။ ေခါင္း နည္းနည္း ထိတယ္။ ေခါင္းကိုက္ေဝဒနာေလာက္ပဲ စြဲ သြားမွာပါ။ သီဟမိုးကေတာ့ … ေဖေဖ့လိုပဲ ေအာက္ ပို္င္း ေသသြားလိမ့္မယ္။ သူျပဳတဲ့ ကံ သူခံရတာ ေပါ့”
“ေဖေဖက ဒီက ဆရာဝန္ႀကီးေတြေတာင္ အေျဖမထုတ္ႏိုင္ေသးဘူး။ အတိအက်ကို ေျပာ ေနႏိုင္ပါလား”
သမီး သိတဲ့အတိုင္းပဲေလ…သြန္း အိပ္မက္ေပးတာေပါ့”
“ရွင္…သူ……သူ…သူ ရွိေနေသးတယ္”
“ရွိတယ္”
“အဲ့လိုျဖစ္တာ သူ႔လက္ခ်က္လား”
“အဲဒါေတာ့ အေဖ မေမးမိဘူး” ေကာင္းနဲ႔ ယြန္းတို႔ ေဆး႐ုံမွာပင္ ဆက္ ေစာင့္ေနလိုက္၏ ။ သီဟမိုးရဲ႕မိဘေဆြမ်ိဳး ေတြက ႏိုင္ငံျခားမွာ သီဟမိုးႏွင့္ မတည့္ ၾက၍ အၿပီး ခြဲသြားၾက၏ ။ သီဟမိုးက အမ်ိဳး မရွိ။ ပုဂၢလိက ေက်ာင္း က ေက်ာင္းအုပ္ႀကီး
ႏွင့္ဆရာ၊ဆရာမအခ်ိဳ႕ေရာက္လာၿပီးသတင္းေမးၾက၏ ။
ဆရာဝန္ႀကီးေတြဆီက အေျဖထြက္လာ ေသာအခါ ၊ ဦးေနထိုက္ ေျပာခဲ့တဲ့အတိုင္း ကြက္ တိ။ ေမေမ သတိျပန္ရလာ၏ ။ ေခါင္း ကိုက္ေဝဒနာ စြဲသြား၏ ။ တဏွာရာဂစိတ္ ေပၚတာႏွင့္ ေခါင္း ကိုက္ေဝဒနာလည္း ေပၚလာတတ္သည့္ ထူးဆန္းေသာေရာဂါမ်ိဳး။
သီဟမိုးကေတာ့ ေအာက္ပိုင္းလုံးလုံး ေသ သြား၏ ။ ငယ္ပါတစ္လုံး ခြဲထုတ္လိုက္ရ၍ နတ္ကြပ္ဘ၀ျဖင့္ လူၫြန႔္ပါတုံးသြား၏ ။ တဏွာေၾကာ ေသသြားသည္ေပါ့။ အိမ္ေထာင္ေရး ေဖာက္ျပန္မႈေတြက ယခု ဘ၀မွာတင္ တန္ျပန္ခံရတာ ။ အက်ိဳးဆိုး ေပး တာ ျမန္ၾက၏ ။ ေမေမ ျပန္ေကာင္းၿပီး အိမ္ျပန္ေခၚလာရ၏။ ဖခင္က အျပစ္မေျပာ။ ေမေမ သူ႔ဘာသာ ရွက္ၿပီး ေဖေဖ့ကို ရွိခိုး ကန္ေတာ့ ေတာင္းပန္၏ ခြင့္လႊတ္နားလည္ေပး၏။
“သမီးေလးလည္း ေမေမ့ကို ခြင့္လႊတ္ပါ ကြယ္။ အေတြ႕အထိ ကို မလြန္ဆန္ႏိုင္လို႔
ဆက္ၿပီး ခိုးမိုက္မိပါတယ္။
“မေကာင္းမႈဆိုတာ ဆိတ္ကြယ္ရာမရွိ” ဆို သလို ခုေတာ့ ဘူးေပၚသလို ေပၚကုန္ေတာ့
တာပဲ”