ဘိုးမင်းအောင်နှင့် ရှမ်းတလိုင်းနတ်(စ/ဆုံး)

Unicode Version

ဘိုးမင်းအောင်နှင့် ရှမ်းတလိုင်းနတ်(စ/ဆုံး)
—————————————————–
“ခပ်မြန်မြန်လေး လုပ်ထားဟေ့…. ဒီတစ်ဗြက်,ပြီးရင် ထမင်းစားနားကြမယ်…. ”

လမ်းဗိုလ်တစ်ယောက် အော်ပြောလိုက်သောစကားသံကို ကြားတော့ “တင်မောင်”စိတ်ထဲ ဝမ်းသာသွားသည်။ နေပူကြီးထဲမှာ ကျောက်တုံး၊ ကျောက်ခဲအကြီးကြီးတွေကို တစ်မနက်လုံး ထုရိုက်ခွဲနေရတာ နေမွန်းတည့်ချိန်တောင် ကျော်လွန်နေပြီ။ ယခုအချိန်အထိ ဗိုက်ထဲကို ထမင်းတစ်လုတ်မဝင်သေး။ ဗိုက်ဟောင်းလောင်းဖြစ်နေရုံတင်မက အရှိန်အဟုန်ပြင်းစွာ ထွန်းလင်းတောက်ပနေသော နေလုံးကြီးကြောင့် တစ်ကိုယ်လုံး တရှိန်းရှိန်းပူနေပြီး ချွေးတဒီးဒီးကျနေသည်။ သို့သော်လည်း သည်အလုပ်က တစ်ရက်ကို (၁ သောင်း) ရနေတာကြောင့် စိတ်အားတင်းထားကာ ကြိတ်မှိတ်ပြီးလုပ်နေရ၏။

တင်မောင့်အလုပ်က လမ်းခင်းရသည့်အလုပ်။ လူသွားလူလာနည်းပါးပြီး အရိပ်ရပင်လည်း မရှိသည့်နေရာမှာမှ လုပ်နေရခြင်းဖြစ်သည်။ အလုပ်လုပ်ရာနေရာနှင့် မလှမ်းမကမ်း၌ ရွက်ဖျင်တဲအငယ်လေး ထိုးထားသည်။ ထမင်းစားချိန်နှင့် အိပ်ချိန်တို့၌သာ ထိုရွက်ဖျင်တဲအရိပ်အောက်သို့ ဝင်ခိုရပြီး ကျန်အလုပ်လုပ်ချိန်များတွင်တော့ နေပူကျဲတဲ၌သာ ဖြစ်၏။ ထိုသည်သာမက သောက်စရာရေကလည်း ထိုနေရာ၌မယ်မယ်ရရမရှိပေ။ ထို့ကြောင့် အလုပ်ခွင်နှင့် အနည်းငယ်နီးသည့် နေရာ၌နေထိုင်ကြသော သူတို့က မိမိတို့အိမ်ကနေနိုင်သလောက်ကို သောက်ရေဘူးတို့ဖြင့် သယ်လာသော်လည်း မနက်တစ်ပိုင်းတည်းနဲ့တင် ကုန်သွားတတ်သည်။ နေပူကြီးထဲလုပ်ရတော့ ပိုပင်ပန်းပြီး ရေလည်းပိုဆာလောင်တယ် မဟုတ်လား။ ထိုအခါ လမ်းသွားလမ်းလာ ကားသမားအချို့က ပစ်ချပေးခဲ့သောရေကိုသာ လုသောက်နေရသည်။

*****
(အခန်း – ၂)

တင်မောင်တစ်ယောက် မရပ်မနားပဲ လက်၌အရည်ကြည်ဖု ထ,လုနီးပါးအထိ ကျောက်တုံးကြီးများကို ပေါင်တူဖြင့် ထုကာရိုက်ခွဲနေလေသည်။ အတန်အသင့် သေးငယ်သွားသော ကျောက်တုံးတို့ကိုတော့ လမ်းခင်းရာ၌သုံးဖို့အတွက် အလုပ်သမားအချို့က သယ်သွားကြသည်။ သို့နှင့် လမ်းခင်းခြင်းကို ဆက်လက်ဆောင်ရွက်နေကြပြီး မကြာမီ လမ်းဗိုလ်၏ အသံက ထပ်၍ထွက်ပေါ်လာပြန်၏။

“ကဲ… ကဲ… နားကြမယ်…တူတွေ၊ သံရွင်းတွေ ပစ္စည်းတွေအကုန်လုံး နေရိပ်ထဲရွေ့ထား ”

“ဟုတ်… ဟုတ်”

ဤသို့ဖြင့် လုပ်ငန်း၊ လုပ်ကွက်အသီးသီးမှ အလုပ်သမားများလည်း မိမိတို့အလုပ်နှင့် သက်ဆိုင်သည့် ပစ္စည်း၊ ပစ္စယတို့ကို နေရိပ်ထဲ၌ ထားပြီး ခပ်လှမ်းလှမ်း၌တည်ထားသော ယာယီရွက်ဖျင်တဲထဲကို သွားကြတော့သည်။ နားစရာနေရာက သည်နေရာတစ်ခုတည်းသာ ရှိသောကြောင့် ယိုင်တိုင်တိုင် ရွက်ဖျင်တဲထဲကို ဝင်ခိုလိုက်ပြီဆိုသည်နှင့် အမောပြေသယောင်ယောင် ဖြစ်သွားတော့သည်။ ထမင်းစားနားသည်ဟု ဆိုသော်လည်း အားလုံးက ထမင်းမစားနိုင်သေး။ ခေါင်း၌ဆောင်းထားသော ဦးထုပ်ကိုချွတ်၍ ယပ်ခတ်သူက ခပ်၊ ချွေးတွေရွဲနေသော အကျီကိုချွတ်ကာ ရေညှစ်သလို ညှစ်သူက ညှစ် စသည်ဖြင့် မိမိစိတ်သက်သာသလိုလုပ်ကာ အပန်းဖြေနေကြသည်။ ထိုစဉ် တင်မောင်ကတော့ ရွက်ဖျင်တဲအနောက်ဘက်၌ မီးအမြန်မွှေးကာ ရေနွေးအိုး တည်နေသည်။ သည်နေရာ၌ ရေခမ်းလုဆဲဆဲဖြစ်နေသော ရေအိုင်ကြီးတစ်ခုရှိသော်လည်း ရေသန့်တော့မဟုတ်။ ထို့ကြောင့် ကျိုချက်၍သာ သောက်ရသည်။ အိမ်ကနေ ယူလာသော ရေ၊ လမ်းသွားလမ်းလာတို့ ပစ်ချပေးသွားသော ရေတို့ ကုန်သွားသည့်အချိန်ဆိုလျှင် သည်ရေနွေးကိုသာ အားထားပြီးသောက်နေရသဖြင့် ရေနွေးတည်ရသည်မှာလည်း အလုပ်တစ်လုပ် ဖြစ်နေလေ၏။

အချိန်အနည်းငယ်ကြာတော့မှ တင်မောင်လည်း ဆူပွက်နေသော ရေနွေးအိုးကို လက်နှီးစုတ်ဖြင့်ကိုင်၍ တဲအရှေ့ကို ယူလာသည်။

“ထမင်းစားကြမယ်ဗျို့ …. ဒီမှာ ရေနွေးလည်း ရပြီ”

“အေး… စားကြတာပေါ့ကွာ… ဟေ့ရောင်တွေ… ထ ထ, စားပြီးသောက်ပြီးမှ ခဏတဖြုတ် အိပ်ချင်အိပ် ”

လူကြီးတစ်ယောက်က သူ့အနားတွင် တုံးလုံးပက်လက်လှဲအိပ်နေသော သူအချို့ကို ပြောလိုက်သည်။ ထိုအခါ အမောဖြေရင်း လှဲအိပ်နေသူတို့က ခါးနှိပ်၊ ခေါင်းနှိပ်ရင်း ကုန်းထလာကြသည်။ ထိုအထဲ၌ပါဝင်သော တစ်ယောက်က သက်ပြင်းတစ်ချက်ချကာ ညည်းတွားလိုက်၏။

“ဒီအလုပ်ကြီးကိုတော့ စိတ်ကုန်လာပြီဗျာ… ဆက်တောင်မလုပ်ချင်တော့ဘူး”

ထိုစကားကြားတော့ လမ်းဗိုလ်က စကားဝင်ထောက်၏။

“ဟာ… ဟေ့…. အဲ့လို မလုပ်နဲ့လေ… မင်းတို့ကို ငါကြိုတင်ငွေ ထုတ်ပေးထားရတာ”

“ကျုပ်သိပါတယ်… ဒါကြောင့်လည်း အခုချိန်ထိ ပေပြီးလုပ်နေတာပေါ့… ကျုပ်ပြောချင်တာက ဒီလမ်းကြီးပြီးသွားရင် နောက်မလုပ်တော့ဘူးလို့ပြောတာ”

ထိုလူက သူ့လက်ကအသားမာတွေကို ခွာနေရင်း ပြောလိုက်သည်။ ထိုစဉ် အနားရှိသူတစ်ယောက်ကလည်း ဝင်ပြော၏။

“ဟုတ်တယ်ဗျ.. ကျုပ်တို့က နယ်ကတက်လာတဲ့သူတွေဆိုတော့ ဒီမှာပဲနေရတာ…. အဲ့ဒီ့တော့ စားရ၊ သောက်ရတာတွေ အဆင်မပြေဘူး…ညညဆို မီးကမရှိ၊ ခြင်တွေက ကိုက်နဲ့…. အိပ်ရတာလည်း အဆင်မပြေပါဘူးဗျာ….ဒီကြားထဲ ညရေးညတာ သွားဖို့အတွက် အိမ်သာကလည်း မရှိ… ကျုပ်လည်း ဒီလမ်းပြီးတာနဲ့ ဒီလိုအလုပ်ကြမ်းကို မလုပ်ချင်တော့ဘူးဗျာ”

ထိုစကားသံတွေကြားတော့ လမ်းဗိုလ်က အားမလိုအားမရလေသံဖြင့် ထပြောလိုက်ပါသည်။

“မင်းတို့ကလည်းကွာ… အားကောင်းမောင်းသန် လူကြီးတွေဖြစ်ပြီး ညည်းတွားနေလိုက်တာ… ဟိုမှာအငယ်ဆုံးဖြစ်တဲ့ တင်မောင်တောင် ဘာအသံမှ မထွက်ဘူး”

ထိုအခါ တင်မောင်က ရယ်တယ်ဆိုရုံလောက်သာ ရယ်လျှက်….

“ကျုပ်လည်း ပင်ပန်းတာပေါ့ဗျာ… တခါတလေဆို အလုပ်လုပ်နေရင်း ထွက်ပြေးချင်စိတ်တောင် ပေါက်တယ်… ဒါပေမဲ့လည်း ဒီအလုပ်ကို ဆက်လုပ်မှဖြစ်မှာဗျ… ကျုပ်မှာက ရွာမှာကျန်ခဲ့တဲ့ မိန်းမနဲ့ လသားအရွယ် ကလေးလည်း ရှိသေးတယ်လေ… ကျုပ်တို့က မိဘတွေ သဘောမတူတဲ့ကြားထဲက ခိုးပြေးသွားလို့ဆိုပြီး နှစ်ဖက်မိဘတွေက ပစ်ထားကြတာလေ… အဲ့ဒီ့တော့ ကိုယ့်ဘာသာပဲ ရုန်းကန်ရတာပေါ့ဗျာ…. ဒီမှာလုပ်တာက တစ်ရက်ကို (၁ သောင်း)… တစ်လဆို (၃ သိန်း) ရတယ်… အခြားအလုပ်မှာသွားလုပ်ရင် ကျုပ်ပညာအရည်အချင်းနဲ့ တစ်လ သုံးသိန်းရဖို့က လွယ်တာမှမဟုတ်တာ…. ဘာဖြစ်ဖြစ် ကျုပ်ကတော့ ဒီအလုပ်ကို ဆက်လုပ်နေဦးမှာပဲဗျ”

တင်မောင်က ထိုသို့ပြောနေရင်း သွေးစို့နေသော သူ့လက်ကို အဝတ်စလေးတစ်ခုဖြင့် စည်းနေလေ၏။

“ကဲပါ… တင်မောင်ရာ… ဘဝဆိုတာ ဒီလိုပါပဲကွ… မင်းလည်း ယောကျာ်းပဲ… အားတင်းထားစမ်းပါ”

“ဟုတ်ကဲ့…. လမ်းဗိုလ် ”

“ကဲ… ထမင်းစားကြမယ်ကွာ… အလုပ်တွေက ရှိသေးတယ်”

သို့နှင့် သူတို့၏ ချို့ချို့တဲ့တဲ့ ထမင်းဝိုင်းလေး စတင်ကြတော့သည်။ “ခင်ရာ ဆွေမျိုး မြိန်ရာ ဟင်းကောင်း” ဆိုသလိုပင်။ တစ်နေ့တာအတွက်ရရှိသည့် လုပ်အားခကို ချွေတာပြီးမှ ထမင်းချိုင့်ထည့်လာသော ငါးပိရည်၊ တို့စရာကလည်း သူတို့အတွက် ဟင်းကောင်းတစ်ခွက်နေတော့လေ၏။

*****
(အခန်း – ၃)

ထမင်းစားသောက်ပြီးမကြာမီ လမ်းဗိုလ်၏ လက်ခုပ်တီးကာ ဆော်သြသံက ထွက်ပေါ်လာလေသည်။

“ကဲ ကဲ… အလုပ်ဆက်လုပ်ကြမယ်ဟေ့”

ထိုအသံက ထွက်ပေါ်လာတာကြောင့် ထမင်းစားပြီး တုံးလုံးလှဲနေသူတို့လည်း ကုန်းထလာကြပြီး လုပ်ငန်းခွင်ထဲ ပြန်ဝင်လာကြတော့သည်။ တင်မောင်ကတော့ အပေါ်ဝတ် အကျီလက်ရှည်တစ်ထည်ဝတ်ကာ ဦးထုပ်ဆောင်း၍ ပေါင်တူကြီးတစ်လက်ဆွဲကာ ထုခွဲလက်စဖြစ်သော ကျောက်တုံးကြီးအနားကို ကပ်သွားသည်။ ပြီးနောက် လက်ထဲက ပေါင်တူဖြင့် ကျောက်တုံးကို စတင်ထုရိုက်ခွဲတော့လေ၏။

တစ်နေကုန် ထိုသို့လုပ်နေရသောကြောင့် လက်၌အရည်ဖုတည်ရုံသာမက သွေးတွေပါ ထွက်လာသည်။ တစ်ခါတစ်ခါ ကျောက်တုံးကြီးမှ ပဲ့ထွက်လာသော ကျောက်တုံးအစအနတို့က လာရောက်ထိမှန်နေသေးသည်။ ထိုဝေဒနါတို့ကို လျစ်လျူရှုကာ မိမိအလုပ်ထဲ၌ အာရုံစိုက်၍ ဆက်လုပ်နေလေ၏။ သို့နှင့် ကျောက်တုံးကြီးကို အချက်ပေါင်းများစွာ ထုရိုက်ပြီး နောက်ဆုံးတစ်ချက်၌ “ထန်း” ခနဲ အသံထွက်ပေါ်လာသည်။ ကျောက်တုံးမဟုတ်ပဲ သံတုံးကြီးကို ထုရိုက်လိုက်သလိုနှယ်။ ထို့ကြောင့် ကျောက်တုံးက မည်သို့မှမနေပဲ ပေါင်တူ၏လက်ကိုင်းရိုးက တင်မောင်၏လက်ကို ပြန်ဆောင့်လိုက်သလို ဖြစ်သွားပြီး တင်မောင်၏ လက်နစ်ဖက်စလုံး အလွန်နာသွားတော့သည်။ နှုတ်မှ “အား” ခနဲ အသံထွက်ပေါ်လာကာ လက်ထဲမှ ပေါင်တူလည်း အောက်ကို လွတ်ကျသွား၏။

“တင်မောင်…. မင်း… ဘာဖြစ်တာလဲ… တင်မောင်..”

အနီးနားက လူတစ်ယောက်က တင်မောင်အနားကပ်ကာ မေးမြန်းနေသော်လည်း တင်မောင်ကတော့ ဘာမှပြန်မပြော ငူငူကြီးထိုင်ကာ လက်ကို ပေါင်ကြားထဲ ထည့်ဝှက်ထားသည်။

“လာကြပါဦးဟေ့… ဒီမှာ တင်မောင် ဘာဖြစ်သွားတာလဲ မသိဘူး”

ထိုအသံကို ကြားလိုက်ရသော လူတို့ကလည်း တင်မောင်အနားကို ပြေးလာကာ နှာနှပ်ပေးနေကြသည်။ ထိုစဉ် လမ်းဗိုလ်ရောက်လာ၏။

“ဟေ့… ဘာဖြစ်နေကြတာလဲ ”

“ဒီမှာ တင်မောင် တူထုနေရင်းကနေ ဘာဖြစ်သွားလဲ မသိဘူးဗျ”

“ဟာ… ဟေ့ရောင် တင်မောင်… တင်မောင်”

လမ်းဗိုလ်က ထိုသို့ပြောရင်း တင်မောင်၏လက်ကို ယူကြည့်သည်။

“ကြည့်ရတာ ဒီကောင် လက်ကိုခိုက်မိပြီနဲ့ တူတယ်… ”

“ဟုတ်ပါ့ လမ်းဗိုလ်ရာ… လက်ကြီးက ယောင်ကိုင်းနေတာပဲ… ”

“သွား သွား… တဲထဲခေါ်သွားပြီး ဆေးလိမ်းပေးထားလိုက်ဦး… ကျန်တဲ့သူတွေကတော့ အလုပ် ဆက်လုပ်ကြဟေ့”

“ဟုတ်… ဟုတ်”

သို့နှင့်လူတစ်ယောက်က တင်မောင်ကို တွဲကူကာ ရွက်ဖျင်တဲထဲ ခေါ်သွားပေးသည်။ တဲထဲရောက်တော့ လက်နှစ်ဖက်ကို ပရုတ်ဆီလိမ်းပေးလိုက်၏။ ပြီးနောက် တဲထဲမှ ပြန်ထွက်မည့်အချိန် အနောက်ကိုပြန်လှည့်ကြည့်တော့ တင်မောင်၏လက်နှစ်ဖက်က ပိုမိုယောင်ကိုင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုသူကလည်း လက်ကအနာရှိန်ကြောင့် ထိုသို့ဖြစ်ရသည်ဟုထင်ပြီး အာရုံမထားတော့ပဲ အပြင်ထွက်လာကာ အလုပ်ဆက်လုပ်နေတော့သည်။

ဤသို့ဖြင့် အချိန်တွေ ကြာမြင့်လာပြီးနောက် အလုပ်သိမ်းချိန်ရောက်တော့ တဲ၌အိပ်ကြမည့် အလုပ်သမားနှစ်ယောက် ပြန်ရောက်လာကြသည်။ ပြီးနောက် အလုပ်ပင်ပန်းလွန်းတာကြောင့် ခဏတဖြုတ်အနားယူကာ ခြေလက်ဆေးသူကဆေး၊ ညစာအတွက် ချက်ပြုတ်သူက ချက်ပြုတ်နေကြသည်။ ထို့ကြောင့် ခေါင်းမြီးခြုံကာ အိပ်နေသော တင်မောင်ကို ဂရုစိုက်မဲ့သူက မရှိပါချေ။

အချိန်တွေထပ်၍ ကုန်ဆုံးလာပြီးနောက် မိုးချုပ်ကာ ညစာစားချိန်ကို ရောက်လာလေပြီ။ ဆန်ကြမ်းနှင့် အရွက်ကြော်၊ နေ့လည်က ကျန်ခဲ့တဲ့ ငါးပိရည်တို့စရာတို့ဖြင့် ထမင်းစားသောက်ရန် ပြင်ဆင်ပြီးကာမှ တင်မောင်ကို သတိရတော့သည်။

“ထမင်းစားကြမယ်ကွာ… တင်မောင်ကို နှိုးလိုက်ပါဦး”

“အင်း”

“တင်မောင်ရေ…. တင်မောင်… တင်မောင်၊ ထမင်းစားမယ်ဟေ့”

တင်မောင်က ဘာမှပြန်မပြောသောကြောင့် အနားကပ်ကာ သွား၍လှုပ်နှိုးလိုက်၏။

“တင်မောင်… ထမင်းစားမယ်လို့”

ပြောရင်းဆိုရင်းဖြင့် တင်မောင့်ကိုယ်ပေါ် ခြုံထားသော စောင်ကိုဆွဲလှန်လိုက်လေသည်။

“ဟာ… တင်မောင်၊ တင်မောင်… ”

အံ့သြတကြီးဖြင့် ပြောဆိုသံကို ကြားလိုက်ရတာကြောင့် ထမင်းစားရန်စောင့်နေသူက လှမ်းမေးသည်။

“ဟေ့ရောင်… တင်မောင် ဘာဖြစ်လို့လဲ”

“မဖြစ်တော့ဘူး… တင်မောင် အခြေအနေ မမှန်တော့ဘူး… ”

“ဟေ… ဘာလို့လဲကွ”

“သူ့လက်တွေက အကြီးကြီး ဖြစ်နေတယ်”

“ကြည့်ရတာ အယောင်မကျသေးဘူးနဲ့တူတယ်”

“မဟုတ်ဘူးဗျ… သာမန် ယောင်တာထပ်ကို ပိုပြီးကြီးနေတာ”

“ဟမ်… ဘယ်လောက်တောင် ကြီးနေတာမို့လဲ”

“ကိုယ့်ဘာသာ လာကြည့်တော့ဗျာ… ကျုပ်လည်း ပြောမပြတတ်တော့ဘူး”

ထိုအခါ ထမင်းစားရန် စောင့်နေသူက ထမင်းဝိုင်းမှ ကုန်းထလာပြီး တင်မောင်၏အနားကို ကပ်လာသည်။

“ဟာ… တစ်ကယ်ကို လက်တွေက အကြီးကြီး ဖြစ်နေတာပဲကွ … ဆေးလိမ်းပေးကြည့်ပါဦး”

“အေး အေး”

သို့နှင့် အနီးရှိ ပရုပ်ဆီဖြင့် တင်မောင့်လက်ကို လိမ်းပေးလိုက်သည်။ သို့သော်လည်း မရ။ လက်က ပို၍သာလျှင် ကြီးလာပြီး ထမင်းစားပန်းကန် တစ်ချပ်စာလောက် ဖြစ်သွားသည်။

“လက်က ပိုကြီးလာတယ်ဗျ… ကြည့်ရတာ အကောင်တစ်ကောင် ကိုက်ခံရပြီး အဆိပ်မိနေတာနဲ့တူတယ်”

“ဒါဆိုလည်း တစ်ခုခုလုပ်ပါဦးဗျာ ….ကျုပ်တော့ ကြည့်ပြီးကြောက်နေပြီဗျ”

“ငါလည်း မကြံတတ်တော့ဘူးကွာ… သွား သွား…. လမ်းဗိုလ်ကိုသာ အမြန်ပြေးခေါ်လိုက်တော့”

“အေး အေး… ”

ပြောပြောဆိုဆိုဖြင့် ထိုသူလည်း ဓာတ်မီးတစ်လက် ခေါင်း၌စွပ်ကာ တောလမ်းအတိုင်းပြေးတော့လေ၏။ ထိုနေရာနှင့် လမ်းဗိုလ်နေထိုင်သော နေရာက အတော်လေးဝေးကွာပြီး လမ်းကလည်းခင်းလက်စမို့ ကြမ်းတမ်းသည်။ အချို့နေရာတွေဆို လမ်းခင်းဖို့ မဆိုထားနှင့်၊ ခြုံတွေတောင် မရှင်းရသေးပေ။ ထို့ကြောင့် လမ်း၌ပင် တစ်နာရီလောက် အချိန်ကြာသွားလေ၏။ ထို့နောက်မှ လမ်းဗိုလ်၏ အိမ်ကို ရောက်လာသည်။

“လမ်းဗိုလ်ရေ… လမ်းဗိုလ်”

“ဝေ့… ဟာ ဟေ့ရောင် ကိုစိုး… ဘာကိစ္စရှိလို့လဲ…အလောတကြီးနဲ့”

“ဟိုမှာ ဟိုမှာ…. တင်မောင် အခြေအနေဆိုးနေလို့ဗျ”

“ဘယ်လိုဆိုးတာလဲ… ”

“ဒီနေ့ နေ့လည်က သူ့လက်မှာ ဒဏ်ရာရသွားသေးတယ်မလား”

“အေး ဟုတ်တယ်လေ… ငါတောင်မင်းကို ဆေးလိမ်းခိုင်းလိုက်သေးတာပဲ”

“အဲ့တာ အခု သူ့ရဲ့လက်ကမသက်သာလို့ဗျ… ”

“ဪ ဘာများလဲလို့ကွာ… ဒါဆိုလည်း ဆေးကိုနာနာဖိလိမ်းပေးလိုက်လေ”

“မရဘူးဗျ… မရဘူး၊ တော်ရုံဆိုကျုပ်လည်း ဒီအထိလာမပြောပါဘူး အခုက တင်မောင်ရဲ့လက်ကအဆမတန် ကြီးထွားနေလို့ဗျ… ထမင်းစားပန်းကန်တစ်ချပ်စာလောက် ရှိတယ်”

“ဟေ… ဟုတ်ရောဟုတ်ရဲ့လားကွာ… မင်း မူးနေတာမလား”

“ဟာ… ကျုပ်ဖြင့် သောက်တောင်မသောက်ရသေးပါဘူးဗျာ… အရမ်းထူးဆန်းပြီး တစ်ခါမှမကြုံဖူး၊ မကြားဖူးလို့ အခုလိုလာပြောပြတာ”

“အေးကွာ… ဒါဆို ငါလည်းတစ်ခါတည်းလိုက်ခဲ့မယ်”

“ဟုတ် ဟုတ်”

သို့နှင့် လမ်းဗိုလ်နှင့်ကိုစိုးတို့နှစ်ယောက်လည်း ဓာတ်မီးတစ်လက်စီဖြင့် ကျောက်လမ်းခင်းသည့်နေရာ၌ရှိသော ရွက်ဖျင်တဲဆီကို ရောက်လာခဲ့တော့သည်။ ရောက်ရောက်ချင်း လမ်းဗိုလ်က မယုံသက်ာဖြင့် ရွက်ဖျင်တဲထဲကို ဝင်ကြည့်သည်။ ထိုအခါတွင်တော့ တင်မောင်၏ လက်နှစ်ဖက်က ပြည်ဝင် ထမင်းအိုးတစ်အိုးစာလောက်တောင် ဖြစ်နေလေပြီ။ လက်နှစ်ဖက်ကိုဘေး၌ ချထားသည့်အတွက် ခေါင်းအုံးနှစ်လုံးကြား၌ လူဝင်အိပ်နေသလို ဖြစ်နေတော့၏။ ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော လမ်းဗိုလ်မှာ လန့်ဖျန့်ပြီး ဇောချွေးတွေတောင် ပျံလာလေသည်။

“ဟာ… ဒါ ဒါ ဘယ်လိုဖြစ်တာလဲ”

“ကျုပ်တို့လည်း သေချာမသိဘူးဗျ၊ လက်က ယောင်ကိုင်းနေတော့ ဆေးလိမ်းပေးနေတာ… ဒါပေမယ့် ဆေးလိမ်းလေ သူ့လက်က အဆမတန် ကြီးထွားလာလေ ဖြစ်နေတော့တာ ”

“ဒုက္ခပါပဲကွာ… ကြည့်ရတာ ဒီကောင် တောထဲတောင်ထဲမှာ မဆင်မခြင်နဲ့ အမှားတစ်ခုခု လုပ်မိလို့နဲ့တူတယ် ”

“ဒါဆို ဘယ်လိုလုပ်မလဲ လမ်းဗိုလ် ”

“အနီးနားက ပုဂ္ဂိုလ်တွေကို ခေါစာလည်းပစ်၊ စားပွဲသောက်ပွဲတွေလည်း ပြင်ဆင်ကျွေးမွေးပြီး တောင်းပန်ရမှာပေါ့ကွ”

“ဪ ဟုတ် ဟုတ်၊ ဒါဆို ကျုပ် ခေါစာပစ်ဖို့ ပြင်ဆင်လိုက်တော့မယ်နော်”

“အေး အေး”

သို့နှင့် ကိုစိုးက ထမင်းတစ်လုံးအမြန်ချက်သည်။ ထို့နောက် တဲဘေးမှာ မွေးထားသော ကြက်တစ်ကောင်ကို ရိုက်သတ်ကာ ချက်ပြုတ်ကာ ဌက်ပျောရွက်များခူးပြီး ခေါစာပစ်ရန် ပြင်ဆင်သည်။ ထိုစဉ် လမ်းဗိုလ်ကပါ အနားရောက်လာလေ၏။

အရင်ဆုံး ဝါးဖြင့်ရက်လုပ်ထားသော ခေါစာခွက်ထဲကို ဌက်ပျောရွက်ခင်းသည်။ ပြီးနောက် ထိုအထဲကို ထမင်းတစ်အိုးလုံး သွန်ထည့်သလို ဟင်းတစ်အိုးလုံးကိုလည်း ထည့်လိုက်၏။ နံဘေးတွင်လည်း တောအရက်ပုလင်းတစ်လုံးကို အဖုံးဖွင့်ကာ ချထားပေးသည်။ လမ်းဗိုလ်က ထိုအနား၌ ဖယောင်းတိုင် အမွှေးတိုင်များထွန်းကာ အသံခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်လေ၏။

“ဒီအနီးနားမှာ ရှိကြတဲ့ မြင်အပ်၊ မမြင်အပ် ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျာ… ယခုချက်ချင်း သည်နေရာကို ကြွရောက်လာပြီး စားကြ၊ သောက်ကြပါ… ကျုပ် လမ်းဗိုလ်က တည်ခင်းကျွေးမွေးပါတယ်…. ပြီးရင်
ကျုပ်ရဲ့တပည့် တင်မောင်က အမှားကို ခွင့်လွှတ်ပေးပြီး သူ့ဝေဒနါတွေ သက်သာအောင် ပြုလုပ်ပေးကြပါ ခင်ဗျာ”

လမ်းဗိုလ်က ထိုသို့ပြောပြီး ငြိမ်နေ
ကာ အခြေအနေကို စောင့်ကြည့်သည်။ ထိုစဉ် အစက ငြိမ်သက်နေသော ပတ်ဝန်းကျင်တစ်ခွင်၌
ခြေသံများ တရှပ်ရှပ်ကြားလိုက်ရသောကြောင့် ကိုစိုးက ကြက်သီးများ ထနေသည်။ ထိုအခိုက် လမ်းဗိုလ်က အဖုံးဖွင့်ထားသော အရက်ပုလင်းကို ယူကာ နမ်းကြည့်ကာ တစ်ငုံသောက်လိုက်သည်။ ပြီးမှ ကိုစိုးကို လက်တို့ပြီး တဲဆီကို ပြန်လာကြတော့သည်။

လမ်းခုလတ် တစ်နေရာကိုရောက်တော့ လမ်းဗိုလ်က ပြော၏။

“တဲရောက်ရင် ဟိုကောင် တင်မောင်ရဲ့ဒဏ်ရာ သက်သာနေလိမ့်မယ်… မယုံရင် စောင့်ကြည့်”

“ဘာလို့လဲဗျ”

“ဟာ… စောစောက ငါ ခေါစာပစ်တော့ အနီးနားကပုဂ္ဂိုလ်တွေ လာစားသောက်ကြသေးတယ်လေ ”

“အဲ့ဒါကို ဘယ်လိုသိတာလဲဗျ”

” သူတို့ကို ပင့်ဖိတ်ပြီး ခဏကြာတော့ ကျုပ်အရက်သောက်ကြည့်သေးတယ် မလား”

“အင်းလေ… လမ်းဗိုလ် ပုလင်းကို နမ်းကြည့်ပြီး တစ်ငုံသောက်လိုက်တာကို ကျုပ်တွေ့လိုက်တာပဲ”

“ဟုတ်တယ်… အရက်ကို နမ်းကြည့်တော့ အရက်နံ့မရ၊ သောက်ကြည့်တော့လည်း အရက်အရသာမရှိပဲ ရေသောက်သလိုပဲ ဖြစ်နေတာကွ ”

“ဗျာ… တစ်ကယ်လား… ”

“တစ်ကယ်ပေါ့ကွ… ဒါက ငါတို့ ကျွေးမွေးထားတာကို စားသောက်သွားတယ်ဆိုတဲ့ သက်သေပဲလေ”

“ဒါဆို သူတို့က စားပြီးသောက်ပြီးပြီဆိုတော့ တင်မောင်ကိုလည်း ခွင့်လွှတ်ပေးတယ်ဆိုတဲ့ သဘောလား”

“ဖြစ်နိုင်ချေတော့ ရှိတယ်ကွ … သူတို့က ခွင့်မလွှတ်ပေးရင် လုံးဝမစားဘူးတဲ့… အေး… စားပြီဆိုရင်လည်း အပြစ်တွေကို ခွင့်လွှတ်ပေးတယ်တဲ့”

“တော်သေးတာပေါ့ဗျာ”

သို့ဖြင့် လမ်းဗိုလ်နှင့် ကိုစိုးတို့လည်း စကားတပြောပြောဖြင့်သာ ရွက်ဖျင်တဲဆီကို ပြန်လျှောက်လာကြတော့သည်။ တဲပေါ်ကိုရောက်ပြီး တင်မောင်ကိုလည်း မြင်ရော လမ်းဗိုလ်၏ မှန်းချက်နှင့်နှမ်းထွက်က တက်တက်စင်အောင် လွဲနေပြီကို သိလိုက်ရလေ၏။ တင်မောင်ရဲ့ဝေဒနါ မသက်သာရုံသာမက ထိုအချိန်တွင်တော့ လက်နှစ်ဖက်စလုံးက တင်းပုတ်ကြီးတစ်ခုလို ဖြစ်နေတော့သည်။ ထိုအခါ တင်မောင်အနား၌ ကျန်ရစ်ခဲ့သူက လမ်းဗိုလ်အနားကို ပြေးကပ်ပြီး ပြောသည်။

“အခြအနေက အရမ်းကို ဆိုးနေပြီဗျ… ဒီအတိုင်းထားလို့ မဖြစ်တော့ဘူး”

“ဒါဆို မင်းဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ”

“သူ့ရွာကို ပြန်ပို့ပေးတာအပြင် ကျုပ်လည်း ကျန်တာမစဉ်းစားတတ်တော့ဘူးဗျာ”

“ကောင်းပြီကွာ… ဒါဆိုလည်း ညတွင်းချင်းပဲ ပို့ပေးကြတာပေါ့… ဒီညတော့ မင်းတို့နှစ်ယောက်လည်း နည်းနည်းဒုက္ခခံပေးပါဦးကွာ”

“ရပါတယ် လမ်းဗိုလ်ရာ… ပြောစရာမလိုပါဘူး ”

“အေးကွာ… အချိန်ရှိတုန်း ငါလည်း ဒီနားကရွာကိုသွားပြီး လှည်းသွားဌားလိုက်ဦးမယ်…. မင်းတို့က လိုအပ်တာပြင်ဆင်ထားလိုက်ကြ”

“ဟုတ် ဟုတ် ”

သို့နှင့် လမ်းဗိုလ်က ထိုနေရာမှအမြန်ထွက်သွားတော့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် လှည်းတစ်စင်းနှင့်အတူ ပြန်ရောက်လာသည်။ ရွက်ဖျင်တဲအရှေ့တွင် လှည်းရပ်ရပ်ချင်း၌ပင် ကိုစိုးက တဲထဲမှအမြန်ထွက်လာပြီး ပြော၏။

“လမ်းဗိုလ်ရေ… တင်မောင့်ကို သူ့ရွာပြန်ပို့ဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်နော်”

“ဟ… ဘာဖြစ်လို့လဲ ဒီမှာလှည်းတောင်ဌားခဲ့ပြီလေ”

“တင်မောင့်ရဲ့လက်က တဖြည်းဖြည်းကြီးထွားလာလိုက်တာ အခုဆို သူ့လက်ကိုတောင် သူမနိုင်တော့ဘူး…. ကျုပ်တို့နှစ်ယောက် ဝိုင်းမ,တာလည်း နည်းနည်းမှမကြွဘူးဗျ”

“ဟေ… အဲ့လောက်တောင် ဖြစ်နေပြီလား… ”

“ဟုတ်တယ်… မယုံရင် ကိုယ်တိုင်သာ လာကြည့်တော့”

“ယုံပါတယ်ကွာ… မင်းတို့လို အားကောင်းမောင်းသန်တွေတောင် မ,လို့ မရဘူးဆိုတော့ တော်တော်စဉ်းစားစရာပဲ… ကဲကွာ အခုလှည်းသမားလည်း ပါလာတာဆိုတော့ ဒို့လေးယောက် ကြိုးစားပြီး ဝိုင်းမ,ကြည့်ရအောင်”

“ဟုတ် ဟုတ်”

“လှည်းသမားလေးရေ… ခဏကူညီပါဦးကွာ”

“ရပါတယ်ဗျာ”

ဤသို့ဖြင့် လှည်းသမားလေး အပါအဝင် လေးယောက်သားက တင်မောင်ကို ဝိုင်းမ,ကြတော့သည်။ ထိုအခါ ခန္ဓာကိုယ်က ကြွတယ်ဆိုရုံလောက် ရှိသော်လည်း တင်မောင်ရဲ့လက်ကြီးနှစ်ဖက်ကတော့ တုတ်တုတ်မှမလှုပ်ပေ။ ထို့ကြောင့် လမ်းဗိုလ်က ပြော၏။

“မထူးတော့ပါဘူးကွာ… ကိုစိုး…. မင်းအခုချက်ချင်းသာ တင်မောင်ရဲ့ရွာကိုသွားပြီး သူ့မိန်းမကို အကျိုးအကြောင်းပြောပြလိုက်… တတ်သိနားလည်တဲ့သူနဲ့တွေ့ပြီး လုပ်သင့်တာ လုပ်ပေးလိုက်ကွာ… ”

“ဟုတ် ဟုတ် လမ်းဗိုလ်၊ ဒါပေမယ့် ဒီကနေ တင်မောင့်ရွာက အရမ်းဝေးတော့ ညတွင်းချင်းတော့ ရောက်မှာ မဟုတ်ဘူး… မနက်အစောလောက်မှ ရောက်မှာဗျ… ပြီးတော့ ကျုပ်လည်း အလုပ်ချိန်မှီအောင်တော့ ပြန်ရောက်မှာ မဟုတ်ဘူးနော်”

“ဒါတွေ တွေးမနေပါနဲ့ကွာ… မင်းအလုပ်မမှီလည်း ငါနေ့စားခ မဖြတ်ပါဘူးကွာ ဟုတ်ပြီလား”

“ကောင်းပြီ… ဒါဆို ကျုပ်အခုပဲ သွားတော့မယ်”

“အေး… အေး”

သို့နှင့် ကိုစိုးလည်း လမ်းဗိုလ်ခေါ်လာသော လှည်းဖြင့်သာ တင်မောင်၏ ဇာတိရွာကို ခပ်မြန်မြန်သွားတော့လေ၏။

*****
(အခန်း – ၅)

“မိထွေး… မိထွေး ”

လင်းကြက်တောင် ထ, မတွန်သေးသည့်အချိန် ဖြစ်သောကြောင့် အိမ်ရှင်များ၏ အသံကထွက်မလာ။ ထို့ကြောင့် ကိုစိုးက ထပ်၍ဆင့်ကာ အော်ခေါ်လိုက်သည်။

“မိထွေး… မိထွေး… ထပါဦးဟ… အရေးကြီးပြောစရာရှိလို့”

ထိုအခါမှ မဲမှောင်နေသော အိမ်ကလေးအတွင်း၌ မီးအလင်းရောင်ထွက်ပေါ်လာသည်ကို တွေ့လုက်ရတော့သည်။ မကြာမီ အိပ်မှုံစုတ်ဖွားဖြင့် အမျိုးသမီးတစ်ဦး ထွက်လာ၏။

“ဪ… ဘယ်သူများလဲလို့ ….ကိုစိုးပါလား… မိုးတောင်မလင်းသေးဘူး ဘာကိစ္စရှိလို့လဲ”

“ကိစ္စကတော့ တော်တော်ကိုထူးတယ် မိထွေးရေ ”

“ဟုတ်လား… ဒါဆိုလည်း အိမ်ပေါ်ကြွပြီး အေးဆေးပြောပါလား”

“အေးဆေးပြောချိန်လည်း မရပါဘူးဟာ… အရေးကြီးလွန်းလို့ ကျုပ်တောင် ညတွင်းချင်း ဒီကိုရောက်အောင် လာခဲ့တာ”

“အဲ့လောက်တောင် အရေးကြီးနေတာဆိုတော့ မဟုတ်မှလွဲရော ကျုပ်ယောကျာ်းတစ်ခုခုဖြစ်နေလို့လား ”

“စိတ်အေးအေးထား မိထွေး”

“မြန်မြန်ပြောပါ ကိုစိုးရယ်… ကျုပ်စိတ်တွေပူလို့ပါ”

“အေး… ပြောပြမယ်… ဖြစ်ပုံက ဒီလိုဟ”

ကိုစိုးက ထိုသို့စကားအစချီပြီး တင်မောင်၏အဖြစ်အပျက်များကို ခေါင်းအစ၊ ခြေအဆုံး ပြောပြလိုက်၏။

“ရှင်… ဒါ ဒါ… သွေးရိုးသားရိုးတော့ မဟုတ်နိုင်ဘူး ”

“အဲ့တာကြောင့် ကျုပ်တို့လည်း အစက ခေါစာပစ်တာတွေ၊ တောင်းပန်တာတွေ လုပ်ကြည့်သေးတယ်… ဒါပေမယ့် ညည်းယောကျာ်း တင်မောင်က မသက်သာတဲ့အပြင် ပိုတောင်ဆိုးလာသေးတယ်…
အဲ့ဒီ့တော့ ကျုပ်တို့လည်း
ဘာလုပ်ရမှန်းမသိလို့ ညည်းကို အသိလာပေးတာ”

“ဒုက္ခပါပဲ ကိုးစိုးရယ်… ကျုပ်လည်း အဲ့တာတွေကို သေချာနားလည်တာမဟုတ်ဘူးလေ… ဘယ်လိုလုပ်ပေးရမှန်းတောင် မသိတော့ပါဘူး”

“နေဦး… ကျုပ်ပြောပြမယ်… ဒီကိစ္စတွေက ညည်းတို့ကျုပ်တို့လို သာမန်လူတွေ မလုပ်ပေးနိုင်ပေမယ့်… ပယောဂဆရာတွေတော့ လုပ်ပေးနိုင်တယ်လေ.. ဒီတော့ ဒီအနားဝန်းကျင်မှာ ပယောဂဆရာတွေ ဘာတွေရှိလား… ရှိရင် တစ်ခါတည်းပင့်သွားရအောင်လို့ ”

“ဟုတ်သားပဲ… ဒီကနေ နောက် (၄ )ရွာကျော်လောက်မှာ တည်ထားတဲ့ အေးသာယာရွာမှာ ပယောဂဆရာကြီးတစ်ယောက် ရှိတယ်လို့တော့ ကြားဖူးတယ်”

“ဟာ… ဟုတ်လား… ဒါဆို အံကိုက်ပဲပေါ့ဟ… ညည်း သူ့အိမ်သိတယ် မဟုတ်လား… မြန်မြန်သွားရအောင်”

“အိမ်အတိအကျရယ်လို့တော့ မသိဘူး… ဒီလိုပဲ
မေးမြန်းပြီး သွားရမှာ… ခဏလေး ကျုပ်ကလေးကို ဘေးအိမ်မှာ အပ်ခဲ့ပြီး သွားကြမယ်”

“အေး အေး ….မြန်မြန်လုပ်”

မိထွေးလည်း ပြောပြောဆိုဆိုဖြင့် ယခုထိ အိပ်ပျော်နေသေးသော ကလေးငယ်လေးကို ဘေးအိမ်၌အပ်ထားခဲ့ပြီး ကိုစိုးနှင့်အတူ ဌားလာသောလှည်းဖြင့်သာ အေးသာယာရွာကို သွားကြတော့လေသည်။ ပယောဂဆရာ၏အိမ်ကို အတိအကျမသိတာကြောင့် ဟိုမေးသည်မေးရင်း သွားလေရာ အချိန်အတော်ကြာကာမှ သူတို့တွေ့ချင်နေသော ဆရာကြီး၏အိမ်ကို ရောက်လာလေ၏။ ရောက်ရောက်ချင်း ခြံထဲ၌ တံမြက်စည်းလှည်းနေသော အဘိုးအိုတစ်ယောက်ကို လှမ်းတွေ့လိုက်ရသည်။ ထို့ကြောင့် မိထွေးက လှည်းပေါ်မှ ကဗျာကယာဆင်းကာ ခြံရှေ့မှ လှမ်းပြောသည်။

“အဘိုး… ဒီအိမ်က ပယောဂဆရာကြီး ဘိုးမင်းအောင်ရဲ့ အိမ်လား”

“ဟုတ်ပါ့ဗျာ… ဘိုးမင်းအောင်ဆိုတာ ကျုပ်ပါပဲ… လာ… လာ အိမ်ထဲဝင်ကြလေ”

ဘိုးမင်းအောင်က ထိုသို့ပြောရင်း ခြံတံခါးဖွင့်ပေးကာ အိမ်အောက်က ခုံတန်းလျား၌ အသင့်ရှိနေသော ရေနွေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံသည်။

“လာကြဗျာ လာကြ… အကြမ်းသောက်၊ လက်ဖက်စား”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး…. ဒါပေမယ့် အရေးကြီးနေလို့ လာရင်းကိစ္စကိုပဲ အရင်ပြောပါရစေ”

“ပြောပါဗျာ… ပြောပါ”

ဤသို့ဖြင့် မိထွေးကပဲ ကိုစိုးပြောပြသည့်အကြောင်းအား ဘိုးမင်းအောင်ကို ထပ်မံပြောပြလိုက်လေသည်။

“အလို…. တယ်လည်းထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်ပါလား ”

ထိုစဉ် ကိုစိုးကလည်း ဝင်ပြော၏။

“ဟုတ်ပါတယ် ဆရာကြီးရယ်… ကျုပ်တို့ဖြင့် တစ်ခါမှမကြုံဖူး၊ မကြားဖူးတာမို့ ဘာလုပ်ရမှန်းမသိတော့လို့… ဆရာကြီးဆီရောက်လာတာပါ”

မိထွေးကလည်း အားကိုးတကြီးဖြင့် ပြောသည်။

“ကျုပ်ယောကျာ်းကို ကယ်တင်ပေးပါဦး… ကျေးဇူးမမေ့ပါဘူး ဆရာကြီးရယ်”

“စိတ်ချပါ… ကျုပ်ကယ်တင်ပေးပါမယ်… ဒါပေမယ့် အခုကျုပ်ကြားသိရသလိုသာဆို လူနာရှိနေတဲ့နေရာအထိ သွားဖို့က အချိန်မမှီလောက်တော့ဘူး”

“ရှင်… ဒါဆို ဘယ်လိုလုပ်ရမလဲ ဆရာကြီး”

“ဟော့ဒီ့က ကာယကံရှင်ရဲ့မိသားစုနေတဲ့ အိမ်ကိုပဲ ကျုပ်ကိုခေါ်သွားပေးပါ… အဆင်ပြေအောင် ဆောင်ရွက်ပေးပါမယ်”

“ဪ …ဟုတ်… ဟုတ်ကဲ့… ကြွပါရှင့်ဆရာကြီး”

ထိုအခါ ဘိုးမင်းအောင်ကလည်း ဆေးလွယ်အိတ်လွယ်ကာ လွယ်စွဲတော် ဆေးကြိမ်လုံးက်ုယူလျှက် မိထွေးတို့နှင့်အတူ လိုက်သွားတော့သည်။ ထို့နောက် မိထွေးအိမ်ကို ရောက်တော့ ဘိုးမင်းအောင်က အိမ်အတွင်းလှည့်ပတ်ကြည့်ရှုသည်။ ဘုရားကျောင်းဆောင်ငယ်လေးနှင့် မလှမ်းမကမ်းရှိ စင်တစ်ခုပေါ်၌ ဝါးခမောက်ဆောင်းကာ ပလိုင်းတစ်ခုလွယ်ထားပြီး ခါးတွင်ဓားချိတ်ထားသော နတ်ရုပ်တစ်ခုတွေ့လိုက်ရသည်။ ထိုနတ်ရုပ်ကလည်း နှစ်ကာလကြာညောင်းနေဟန် တူသည်။ ဆေးသားများကွာကျနေပြီး ဖုန်တွေတလိပ်လိပ်တက်နေသေး၏။

ထိုအရာကိုမြင်တော့ ဘိုးမင်းအောင်က တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်တူသည်။ ခေါင်းကိုတဆတ်ဆတ်ငြိမ့်ကာ ဘုရားဦးချလိုက်သည်။ ပြီးနောက်…

“ဗုဒ္ဓမြတ်စွာဘုရား၏ အရိပ်အာဝါသအောက်၌ရှိသော ဤအိမ်၌ စောင့်ကြပ်ကြကုန်သော သမ္မာဒေဝ၊ နတ်ဒေဝါများအား ကျွန်ုပ် ဘိုးမင်းအောင်က ပင့်ဆောင်ပါတယ်… ရောက်ရာအရပ်မှ မြန်မကြာ ချက်ချင်းကြွလှမ်းခဲ့ပါ”

ထိုသို့ သုံးကြိမ်သုံးခါ ရွတ်ဆိုပြီးနောက်တွင်တော့ ကျုံ့ကျုံ့ကလေး ထိုင်နေသော မိထွေးက ဆတ်ခနဲ တင်ပျဉ်ခွေချိတ်ပြီး ထိုင်လိုက်သည်။ ထိုသည်သာမက နှာတဖူးဖူးမှုတ်ကာ လက်သီးလက်မောင်းတန်းပြီး တစ်စုံတစ်ခုကို မကျေနပ်ဟန် ဖြစ်နေလေ၏။ အကြောင်းသိသော ဘိုးမင်းအောင်ကလည်း မိထွေးဘက်ကိုလှည့်ကာ မေးသည်။

“အခုရောက်လာတာ ဘယ်သူလဲ ”

“ရှမ်းတလိုင်းနတ်”

“ဟုတ်ပြီ… ဒါဆို ဒီအိမ်ရဲ့အိမ်ထောင်ဦးစီးဖြစ်တဲ့ တင်မောင်တစ်ယောက် ခံစားနေရတဲ့ ဝေဒနါက အသင့်ရဲ့ ပယောဂကင်းလွတ်သလား”

မိထွေးက ခေါင်းခါရင်းပြောသည်။

“သူ့ကို ငါကိုယ်တိုင် လုပ်ထားတာပဲ”

“ဟာ… ဘာကြောင့် အခုလိုလုပ်ရတာလဲ… သူ့မှာဘာအပြစ်ရှိလို့လဲ”

“အပြစ်သိပ်ရှိတာပေါ့…. ငါက သူ့ရဲ့ ဘိုးဘွားအစဉ်အဆက်ကတည်းက ကိုးကွယ်ခြင်းခံရတဲ့ မိရိုးဖလာနတ်လေ…. အစဉ်အဆက် ငါ့ကို ရိုရိုသေသေ လေးလေးစားစားနဲ့ ကိုးကွယ်ခဲ့ကြတယ်… ဒါပေမယ့်
ဒင်းက ငါ့ကိုဖြစ်သလိုပဲထားတယ်… ပူဇော်ပသမှုလည်း မရှိဘူး… ပြီးတော့ သူတို့လင်မယားက ငါ့အရှေ့မှာ မဖွယ်မရာတွေလည်း ပြုကျင့်တယ်…. ဒီ့ထပ်ဆိုးတာက သူအနာတရဖြစ်တော့ မိရိုးဖလာနတ်ဖြစ်တဲ့ ငါ့ကိုသတိမရပဲ… ဘာမဟုတ်တဲ့ သရဲတွေကို ခေါစာသွားပစ်တယ်လေ… ဒါဟာ ငါ့ကိုစော်ကားလိုက်တာပဲ….. သရဲတစ္ဆေတွေထပ် ငါ့ကိုနှိမ့်ချလိုက်တဲ့သဘောပဲ… ဒါကိုမကျေနပ်လို့ အခုလိုပိုဆိုးအောင် လုပ်ပလိုက်တာ…. ငါ့ကို မကိုးကွယ်ချင်ရင်နေ… မစော်ကားကြနဲ့ ”

ထိုအခါ ဘိုးမင်းအောင်က အနီးရှိကိုစိုးကိုကြည့်ကာ ခေါင်းကိုခါရမ်းပြလိုက်လေသည်။ ပြီးမှ မိထွေးကိုကြည့်၍ ပြော၏။

“မသိနားမလည်တဲ့ ကလေးတွေမို့ ကျုပ်ကပဲ ကြားထဲကနေ တောင်းပန်ပါတယ်… ခွင့်လွှတ်ပေးလိုက်ပါ… နောက်ဒါမျိုးမဖြစ်ရအောင် ကျုပ်အနေနဲ့ သွန်သင်ဆုံးမပေးပါမယ်”

ထိုအခိုက် မိထွေးကိုယ်ထဲဝင်နေသော ရှမ်းတလိုင်းနတ်က မကျေနပ်ဟန်ဖြစ်နေလျှက်ဖြင့်ပင် အံကြိတ်ပြီးပြောသည်။

“ကောင်းပြီလေ… အခုရောက်နေတဲ့ ဆရာက သီလ၊ သမာဓိနဲ့ ပြည့်စုံပြီး ကိုယ့်ကျင့်တရားအားကောင်းလွန်းလို့ ကျုပ်ခွင့်လွှတ်ပေးလိုက်မယ်… မဟုတ်ရင် ဒင်းတို့ရဲ့အသက်ကိုပါ နှုတ်ယူပစ်ချင်တာ… ”

“စိတ်ချပါ သူတို့ရဲ့အကျင့်ဆိုးတွေကို ဖျောက်ဖျက်ခိုင်းပြီး အသင့်ကို အလေးအနက်ထား ယုံကြည်ကိုးကွယ်လာအောင် ကျုပ်အနေနဲ့ဆုံးမပေးပါမယ် ”

မကြာမီ မိထွေးက တံတောင်ဆစ်နှစ်ဖက်ကို ဘေးသို့ကားပြီး တစ်တန်းတည်းဖြစ်အောင် လက်အုပ်ချီ၍ တဆတ်ဆတ်တုန်နေတော့သည်။ ပြီးမှ ဘေးကို မိုက်ခနဲယိုင်သွားရာ မိထွေးက လဲကျမသွားအောင် လက်ထောက်ထားလိုက်၏။

“ဆရာ… ကျုပ်ဘာဖြစ်သွားတာလဲ ”

မိထွေး၏ အမေးကို ဘိုးမင်းအောင်က မဖြေခင်မှာပင် ကိုစိုးက ဝင်ပြောသည်။

“မိထွေး… နင်တို့ သိပ်မိုက်တာပဲ… မိရိုးဖလာနတ်ကိုများ စော်ကားရတယ်လို့ ”

“ရှင်… ဒါဆို ကျုပ်ယောကျာ်းကို ခုလိုဖြစ်အောင်လုပ်တာ မိရိုးဖလာနတ်ပေါ့”

ထိုအခါမှ ဘိုးမင်းအောင်က ဝင်ပြောလိုက်ပါသည်။

“ဟုတ်တယ်… နတ်နဲ့နဂါး မစော်ကားနဲ့ဆိုတာ အကောင်းပြောတာမဟုတ်ဘူး… အကျိုးရှိလို့ အကြောင်းပြောတာ… နတ်ဆိုတဲ့အမျိုးက မကိုးကွယ်ချင်ရင်နေ မစော်ကားရဘူး… နတ်မ,တာက မသိသာပေမယ့် နတ်ကိုင်ထည့်လိုက်ရင်တော့ ကားခနဲပဲ ”

မိထွေးက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အားရပါးရပြော၏။

“ဪ… အခုမှ ကျုပ်အိပ်မက်ကို သဘောပေါက်တော့တယ်… အိပ်မက်ထဲမှာ ရှမ်းလူမျိုးတစ်ယောက်က ဓားကြီးဝင့်ပြီး ကျုပ်ဆီကိုလာတယ်လို့ မက်နေတာလေ… အစကတော့ ဘာမှန်းသေချာမသိလို့ ”

“အခုတော့ သိပြီမဟုတ်လား ”

“သိပါပြီလား ဆရာကြီးရယ်.. .”

“အေး… အဲ့တာ ညည်းယောကျာ်းရဲ့မိရိုးဖလာနတ်ဖြစ်တဲ့ ရှမ်းတလိုင်းနတ်က သတိပေးနေတာပဲ…
ညည်းတို့က သူ့ကို အိမ်ပေါ်မှာသာဒီအတိုင်းတင်ထားပြီး ပူဇော်ပ,သခြင်းလည်းမရှိပဲ ဖြစ်သလိုထားထားတော့ သူလည်းစိတ်တိုတာပေါ့… ပြီးတော့ သူ့ကိုစော်ကားမိတဲ့ အဖြစ်တွေလည်း ရှိသေးတာကိုး… ဒါကြောင့် နတ်က ဒဏ်ခတ်လိုက်တာ… နတ်ကိုင်တာ ”

“ဟုတ်တယ်… ကျုပ်ကလည်း ကလေးတစ်ဖက်နဲ့ တစ်ယောက်တည်းနေရတာဆိုတော့ ကိုယ်တစ်သက်လုံးကိုးကွယ်လာတဲ့ ဘုရားရှိခိုးဖို့မဆိုထားနဲ့ ဘုရားပန်းတောင် မညှိုးနွမ်းခင် အချိန်မှီ မလဲနိုင်ပါဘူး ဆရာကြီးရယ်….နောက်မှကိုးကွယ်တဲ့ ယောကျာ်းဘက်က မိရိုးဖလာနတ်ဆို ပိုဆိုးတာပေါ့…. နတ်စင်ပေါ် သန့်ရှင်းရေးတောင် မလုပ်ဖြစ်ပါဘူး”

“အဲ့တာကြောင့်ပဲ ညည်းယောကျာ်းက ခုလိုခံလိုက်ရတာ… အိမ်ထောင်တစ်ခုထူထောင်ရင် ယောကျာ်းလေးဆို အဖေဘက်က မိရိုးဖလာနတ်ကို ကိုးကွယ်ရတယ်၊ မိန်းကလေးဆို အမေဘက်က မိရိုးဖလာနတ်ကို ကိုးကွယ်ရတယ်လေ… ညည်းတို့က ကိုးတော့ကွယ်ပါရဲ့ ဒါပေမယ့် အလေးထားမှုမရှိပဲ စော်ကားနေတာဆိုတော့ အခုလိုတွေဖြစ်ရတော့တာပဲ”

“ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ ဆရာကြီး”

“ပွဲတွေဘာတွေပေးပြီး တောင်းပန်၊ ပြီးရင် ညည်းယောကျာ်းရဲ့ မိရိုးဖလာနတ်ဖြစ်တဲ့ ရှမ်းတလိုင်းနတ်ကို အခုချိန်ကစပြီး တရိုတသေ တလေတစားနဲ့ ကိုးကွယ်လိုက်… ဒါဆို အဆင်ပြေသွားလိမ့်မယ်”

“ဟုတ်ကဲ့ပါ ဆရာကြီး ”

“ဪ… နတ်ကိုလည်း ကိုးကွယ်၊ ဘုရားကိုလည်း မမေ့နဲ့နော်… လောကမှာ ကိုးကွယ်ရာအတုမရှိတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓမြတ်စွာဘုရားပဲ ”

“ဟုတ် ဆရာကြီး… မှတ်သားထားပါမယ်”

ထို့နောက် ဘိုးမင်းအောင်က ကိုစိုးဘက်လှည့်ပြီး ပြော၏။

“ကဲ… အခုဒီကနေပြန်… ဟိုရောက်တဲ့အချိန်ကျရင် လူနာက အကောင်းပကတိအတိုင်း ဖြစ်နေလိမ့်မယ်”

“ဗျာ… ဪ ဟုတ် ဟုတ်ကဲ့ပါ”

ကိုစိုးက ဘိုးမင်းအောင်ကို နားမလည်နိုင်သည့် အမူအရာဖြင့်ကြည့်ကာ မိထွေးကိုနှုတ်ဆက်ပြီး အိမ်ပေါ်မှဆင်းပြန်သွားတော့သည်။ ကျောက်လမ်းခင်းရာနေရာကိုရောက်တော့ ညနေနွားရိုင်းသွင်းချိန်တောင် ရောက်နေလေပြီ။ ထို့ကြောင့် တင်မောင်ရှိရာ ရွက်ဖျင်တဲထဲကို သံသယစိတ်တို့ဖြင့် ပြေးဝင်ကြည့်လိုက်လေ၏။

“ကိုစိုး… လာဗျာ၊ ဒီမှာ ကျုပ်ထမင်းချက်ပြီးပြီ… ထမင်းစားဖို့ခင်ဗျားကို မျှော်နေတာ… ”

“ဟာ …တင်မောင်၊ မင်းလက် သက်သာသွားပြီလား”

ထိုစဉ် ထမင်းစားရန် စောင့်ဆိုင်းနေသူက လှမ်းပြောလိုက်သည်။

” ကိုစိုးရေ… မင်းကောင်က သက်သာလို့ အလုပ်တောင် နေ့တစ်ဝက်ဆင်းလိုက်သေးတယ်ဗျာ…သက်သာတော့လည်း ဘာဆေးမှမလိုဘူး… ချက်ချင်းကြီးကွ ”

ထိုအခါမှ ကိုစိုးလည်း အံ့သြထိတ်လန့်သွားပြီး ဘိုးမင်းအောင်ကို ကြည်ညိုလေးစားသွားတော့သည်။ ထိုစဉ် တင်မောင်က ပြုံးလျှက်…

“လာပါ… ကိုစိုး… ကျုပ်ကြောင့် ခင်ဗျားလည်းပင်ပန်းသွားပြီ… အားနာလိုက်တာဗျာ ”

“ရပါတယ်ကွ… ငါက ဟိုဆရာကြီးကို အံ့သြနေတာကွ”

“ဘယ်ဆရာကြီးလဲ”

“မင်းကို အခုလိုသက်သာလာအောင် လုပ်ပေးလိုက်တဲ့ ဆရာကြီးလေ ”

“ဟုတ်လား… အဝေးကနေ . ဘယ်လိုတွေတောင် လုပ်ပေးလိုက်တာလဲဗျ”

“နောက်တော့ ပြောပြမယ် တင်မောင်ရေ… လောလောဆယ် ဗိုက်ဆာနေပြီ ထမင်းစားကြရအောင်”

“ဟုတ်ပြီဗျာ… အားလုံးအဆင်သင့်ပဲ လက်ဆေးပြီးစားရုံပဲဗျို့”

တင်မောင်က အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားတာကြောင့် သူတို့၏ ချို့ချို့တဲ့တဲ့ ထမင်းဝိုင်းလေးကလည်း ပျော်စရာတွေဖြင့်သာ ပြန်လည်ပြည့်နှက်သွားတော့လေသတည်း။

ပြီးပါပြီ

စာဖတ်သူများအား
အစဉ်ချစ်ခင်လေးစားလျှက်

စိုင်း(ချယ်ရီမြေ)

Zawgyi Version

ဘိုးမင္းေအာင္ႏွင့္ ရွမ္းတလိုင္းနတ္(စ/ဆံုး)
—————————————————–
“ခပ္ျမန္ျမန္ေလး လုပ္ထားေဟ့…. ဒီတစ္ျဗက္,ၿပီးရင္ ထမင္းစားနားၾကမယ္…. ”

လမ္းဗိုလ္တစ္ေယာက္ ေအာ္ေျပာလိုက္ေသာစကားသံကို ၾကားေတာ့ “တင္ေမာင္”စိတ္ထဲ ဝမ္းသာသြားသည္။ ေနပူႀကီးထဲမွာ ေက်ာက္တုံး၊ ေက်ာက္ခဲအႀကီးႀကီးေတြကို တစ္မနက္လုံး ထု႐ိုက္ခြဲေနရတာ ေနမြန္းတည့္ခ်ိန္ေတာင္ ေက်ာ္လြန္ေနၿပီ။ ယခုအခ်ိန္အထိ ဗိုက္ထဲကို ထမင္းတစ္လုတ္မဝင္ေသး။ ဗိုက္ေဟာင္းေလာင္းျဖစ္ေန႐ုံတင္မက အရွိန္အဟုန္ျပင္းစြာ ထြန္းလင္းေတာက္ပေနေသာ ေနလုံးႀကီးေၾကာင့္ တစ္ကိုယ္လုံး တရွိန္းရွိန္းပူေနၿပီး ေခြၽးတဒီးဒီးက်ေနသည္။ သို႔ေသာ္လည္း သည္အလုပ္က တစ္ရက္ကို (၁ ေသာင္း) ရေနတာေၾကာင့္ စိတ္အားတင္းထားကာ ႀကိတ္မွိတ္ၿပီးလုပ္ေနရ၏။

တင္ေမာင့္အလုပ္က လမ္းခင္းရသည့္အလုပ္။ လူသြားလူလာနည္းပါးၿပီး အရိပ္ရပင္လည္း မရွိသည့္ေနရာမွာမွ လုပ္ေနရျခင္းျဖစ္သည္။ အလုပ္လုပ္ရာေနရာႏွင့္ မလွမ္းမကမ္း၌ ႐ြက္ဖ်င္တဲအငယ္ေလး ထိုးထားသည္။ ထမင္းစားခ်ိန္ႏွင့္ အိပ္ခ်ိန္တို႔၌သာ ထို႐ြက္ဖ်င္တဲအရိပ္ေအာက္သို႔ ဝင္ခိုရၿပီး က်န္အလုပ္လုပ္ခ်ိန္မ်ားတြင္ေတာ့ ေနပူက်ဲတဲ၌သာ ျဖစ္၏။ ထိုသည္သာမက ေသာက္စရာေရကလည္း ထိုေနရာ၌မယ္မယ္ရရမရွိေပ။ ထို႔ေၾကာင့္ အလုပ္ခြင္ႏွင့္ အနည္းငယ္နီးသည့္ ေနရာ၌ေနထိုင္ၾကေသာ သူတို႔က မိမိတို႔အိမ္ကေနႏိုင္သေလာက္ကို ေသာက္ေရဘူးတို႔ျဖင့္ သယ္လာေသာ္လည္း မနက္တစ္ပိုင္းတည္းနဲ႔တင္ ကုန္သြားတတ္သည္။ ေနပူႀကီးထဲလုပ္ရေတာ့ ပိုပင္ပန္းၿပီး ေရလည္းပိုဆာေလာင္တယ္ မဟုတ္လား။ ထိုအခါ လမ္းသြားလမ္းလာ ကားသမားအခ်ိဳ႕က ပစ္ခ်ေပးခဲ့ေသာေရကိုသာ လုေသာက္ေနရသည္။

*****
(အခန္း – ၂)

တင္ေမာင္တစ္ေယာက္ မရပ္မနားပဲ လက္၌အရည္ၾကည္ဖု ထ,လုနီးပါးအထိ ေက်ာက္တုံးႀကီးမ်ားကို ေပါင္တူျဖင့္ ထုကာ႐ိုက္ခြဲေနေလသည္။ အတန္အသင့္ ေသးငယ္သြားေသာ ေက်ာက္တုံးတို႔ကိုေတာ့ လမ္းခင္းရာ၌သုံးဖို႔အတြက္ အလုပ္သမားအခ်ိဳ႕က သယ္သြားၾကသည္။ သို႔ႏွင့္ လမ္းခင္းျခင္းကို ဆက္လက္ေဆာင္႐ြက္ေနၾကၿပီး မၾကာမီ လမ္းဗိုလ္၏ အသံက ထပ္၍ထြက္ေပၚလာျပန္၏။

“ကဲ… ကဲ… နားၾကမယ္…တူေတြ၊ သံ႐ြင္းေတြ ပစၥည္းေတြအကုန္လုံး ေနရိပ္ထဲေ႐ြ႕ထား ”

“ဟုတ္… ဟုတ္”

ဤသို႔ျဖင့္ လုပ္ငန္း၊ လုပ္ကြက္အသီးသီးမွ အလုပ္သမားမ်ားလည္း မိမိတို႔အလုပ္ႏွင့္ သက္ဆိုင္သည့္ ပစၥည္း၊ ပစၥယတို႔ကို ေနရိပ္ထဲ၌ ထားၿပီး ခပ္လွမ္းလွမ္း၌တည္ထားေသာ ယာယီ႐ြက္ဖ်င္တဲထဲကို သြားၾကေတာ့သည္။ နားစရာေနရာက သည္ေနရာတစ္ခုတည္းသာ ရွိေသာေၾကာင့္ ယိုင္တိုင္တိုင္ ႐ြက္ဖ်င္တဲထဲကို ဝင္ခိုလိုက္ၿပီဆိုသည္ႏွင့္ အေမာေျပသေယာင္ေယာင္ ျဖစ္သြားေတာ့သည္။ ထမင္းစားနားသည္ဟု ဆိုေသာ္လည္း အားလုံးက ထမင္းမစားႏိုင္ေသး။ ေခါင္း၌ေဆာင္းထားေသာ ဦးထုပ္ကိုခြၽတ္၍ ယပ္ခတ္သူက ခပ္၊ ေခြၽးေတြ႐ြဲေနေသာ အက်ီကိုခြၽတ္ကာ ေရညႇစ္သလို ညႇစ္သူက ညႇစ္ စသည္ျဖင့္ မိမိစိတ္သက္သာသလိုလုပ္ကာ အပန္းေျဖေနၾကသည္။ ထိုစဥ္ တင္ေမာင္ကေတာ့ ႐ြက္ဖ်င္တဲအေနာက္ဘက္၌ မီးအျမန္ေမႊးကာ ေရေႏြးအိုး တည္ေနသည္။ သည္ေနရာ၌ ေရခမ္းလုဆဲဆဲျဖစ္ေနေသာ ေရအိုင္ႀကီးတစ္ခုရွိေသာ္လည္း ေရသန႔္ေတာ့မဟုတ္။ ထို႔ေၾကာင့္ က်ိဳခ်က္၍သာ ေသာက္ရသည္။ အိမ္ကေန ယူလာေသာ ေရ၊ လမ္းသြားလမ္းလာတို႔ ပစ္ခ်ေပးသြားေသာ ေရတို႔ ကုန္သြားသည့္အခ်ိန္ဆိုလွ်င္ သည္ေရေႏြးကိုသာ အားထားၿပီးေသာက္ေနရသျဖင့္ ေရေႏြးတည္ရသည္မွာလည္း အလုပ္တစ္လုပ္ ျဖစ္ေနေလ၏။

အခ်ိန္အနည္းငယ္ၾကာေတာ့မွ တင္ေမာင္လည္း ဆူပြက္ေနေသာ ေရေႏြးအိုးကို လက္ႏွီးစုတ္ျဖင့္ကိုင္၍ တဲအေရွ႕ကို ယူလာသည္။

“ထမင္းစားၾကမယ္ဗ်ိဳ႕ …. ဒီမွာ ေရေႏြးလည္း ရၿပီ”

“ေအး… စားၾကတာေပါ့ကြာ… ေဟ့ေရာင္ေတြ… ထ ထ, စားၿပီးေသာက္ၿပီးမွ ခဏတျဖဳတ္ အိပ္ခ်င္အိပ္ ”

လူႀကီးတစ္ေယာက္က သူ႔အနားတြင္ တုံးလုံးပက္လက္လွဲအိပ္ေနေသာ သူအခ်ိဳ႕ကို ေျပာလိုက္သည္။ ထိုအခါ အေမာေျဖရင္း လွဲအိပ္ေနသူတို႔က ခါးႏွိပ္၊ ေခါင္းႏွိပ္ရင္း ကုန္းထလာၾကသည္။ ထိုအထဲ၌ပါဝင္ေသာ တစ္ေယာက္က သက္ျပင္းတစ္ခ်က္ခ်ကာ ညည္းတြားလိုက္၏။

“ဒီအလုပ္ႀကီးကိုေတာ့ စိတ္ကုန္လာၿပီဗ်ာ… ဆက္ေတာင္မလုပ္ခ်င္ေတာ့ဘူး”

ထိုစကားၾကားေတာ့ လမ္းဗိုလ္က စကားဝင္ေထာက္၏။

“ဟာ… ေဟ့…. အဲ့လို မလုပ္နဲ႔ေလ… မင္းတို႔ကို ငါႀကိဳတင္ေငြ ထုတ္ေပးထားရတာ”

“က်ဳပ္သိပါတယ္… ဒါေၾကာင့္လည္း အခုခ်ိန္ထိ ေပၿပီးလုပ္ေနတာေပါ့… က်ဳပ္ေျပာခ်င္တာက ဒီလမ္းႀကီးၿပီးသြားရင္ ေနာက္မလုပ္ေတာ့ဘူးလို႔ေျပာတာ”

ထိုလူက သူ႔လက္ကအသားမာေတြကို ခြာေနရင္း ေျပာလိုက္သည္။ ထိုစဥ္ အနားရွိသူတစ္ေယာက္ကလည္း ဝင္ေျပာ၏။

“ဟုတ္တယ္ဗ်.. က်ဳပ္တို႔က နယ္ကတက္လာတဲ့သူေတြဆိုေတာ့ ဒီမွာပဲေနရတာ…. အဲ့ဒီ့ေတာ့ စားရ၊ ေသာက္ရတာေတြ အဆင္မေျပဘူး…ညညဆို မီးကမရွိ၊ ျခင္ေတြက ကိုက္နဲ႔…. အိပ္ရတာလည္း အဆင္မေျပပါဘူးဗ်ာ….ဒီၾကားထဲ ညေရးညတာ သြားဖို႔အတြက္ အိမ္သာကလည္း မရွိ… က်ဳပ္လည္း ဒီလမ္းၿပီးတာနဲ႔ ဒီလိုအလုပ္ၾကမ္းကို မလုပ္ခ်င္ေတာ့ဘူးဗ်ာ”

ထိုစကားသံေတြၾကားေတာ့ လမ္းဗိုလ္က အားမလိုအားမရေလသံျဖင့္ ထေျပာလိုက္ပါသည္။

“မင္းတို႔ကလည္းကြာ… အားေကာင္းေမာင္းသန္ လူႀကီးေတြျဖစ္ၿပီး ညည္းတြားေနလိုက္တာ… ဟိုမွာအငယ္ဆုံးျဖစ္တဲ့ တင္ေမာင္ေတာင္ ဘာအသံမွ မထြက္ဘူး”

ထိုအခါ တင္ေမာင္က ရယ္တယ္ဆို႐ုံေလာက္သာ ရယ္လွ်က္….

“က်ဳပ္လည္း ပင္ပန္းတာေပါ့ဗ်ာ… တခါတေလဆို အလုပ္လုပ္ေနရင္း ထြက္ေျပးခ်င္စိတ္ေတာင္ ေပါက္တယ္… ဒါေပမဲ့လည္း ဒီအလုပ္ကို ဆက္လုပ္မွျဖစ္မွာဗ်… က်ဳပ္မွာက ႐ြာမွာက်န္ခဲ့တဲ့ မိန္းမနဲ႔ လသားအ႐ြယ္ ကေလးလည္း ရွိေသးတယ္ေလ… က်ဳပ္တို႔က မိဘေတြ သေဘာမတူတဲ့ၾကားထဲက ခိုးေျပးသြားလို႔ဆိုၿပီး ႏွစ္ဖက္မိဘေတြက ပစ္ထားၾကတာေလ… အဲ့ဒီ့ေတာ့ ကိုယ့္ဘာသာပဲ ႐ုန္းကန္ရတာေပါ့ဗ်ာ…. ဒီမွာလုပ္တာက တစ္ရက္ကို (၁ ေသာင္း)… တစ္လဆို (၃ သိန္း) ရတယ္… အျခားအလုပ္မွာသြားလုပ္ရင္ က်ဳပ္ပညာအရည္အခ်င္းနဲ႔ တစ္လ သုံးသိန္းရဖို႔က လြယ္တာမွမဟုတ္တာ…. ဘာျဖစ္ျဖစ္ က်ဳပ္ကေတာ့ ဒီအလုပ္ကို ဆက္လုပ္ေနဦးမွာပဲဗ်”

တင္ေမာင္က ထိုသို႔ေျပာေနရင္း ေသြးစို႔ေနေသာ သူ႔လက္ကို အဝတ္စေလးတစ္ခုျဖင့္ စည္းေနေလ၏။

“ကဲပါ… တင္ေမာင္ရာ… ဘဝဆိုတာ ဒီလိုပါပဲကြ… မင္းလည္း ေယာက်ာ္းပဲ… အားတင္းထားစမ္းပါ”

“ဟုတ္ကဲ့…. လမ္းဗိုလ္ ”

“ကဲ… ထမင္းစားၾကမယ္ကြာ… အလုပ္ေတြက ရွိေသးတယ္”

သို႔ႏွင့္ သူတို႔၏ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ထမင္းဝိုင္းေလး စတင္ၾကေတာ့သည္။ “ခင္ရာ ေဆြမ်ိဳး ၿမိန္ရာ ဟင္းေကာင္း” ဆိုသလိုပင္။ တစ္ေန႔တာအတြက္ရရွိသည့္ လုပ္အားခကို ေခြၽတာၿပီးမွ ထမင္းခ်ိဳင့္ထည့္လာေသာ ငါးပိရည္၊ တို႔စရာကလည္း သူတို႔အတြက္ ဟင္းေကာင္းတစ္ခြက္ေနေတာ့ေလ၏။

*****
(အခန္း – ၃)

ထမင္းစားေသာက္ၿပီးမၾကာမီ လမ္းဗိုလ္၏ လက္ခုပ္တီးကာ ေဆာ္ၾသသံက ထြက္ေပၚလာေလသည္။

“ကဲ ကဲ… အလုပ္ဆက္လုပ္ၾကမယ္ေဟ့”

ထိုအသံက ထြက္ေပၚလာတာေၾကာင့္ ထမင္းစားၿပီး တုံးလုံးလွဲေနသူတို႔လည္း ကုန္းထလာၾကၿပီး လုပ္ငန္းခြင္ထဲ ျပန္ဝင္လာၾကေတာ့သည္။ တင္ေမာင္ကေတာ့ အေပၚဝတ္ အက်ီလက္ရွည္တစ္ထည္ဝတ္ကာ ဦးထုပ္ေဆာင္း၍ ေပါင္တူႀကီးတစ္လက္ဆြဲကာ ထုခြဲလက္စျဖစ္ေသာ ေက်ာက္တုံးႀကီးအနားကို ကပ္သြားသည္။ ၿပီးေနာက္ လက္ထဲက ေပါင္တူျဖင့္ ေက်ာက္တုံးကို စတင္ထု႐ိုက္ခြဲေတာ့ေလ၏။

တစ္ေနကုန္ ထိုသို႔လုပ္ေနရေသာေၾကာင့္ လက္၌အရည္ဖုတည္႐ုံသာမက ေသြးေတြပါ ထြက္လာသည္။ တစ္ခါတစ္ခါ ေက်ာက္တုံးႀကီးမွ ပဲ့ထြက္လာေသာ ေက်ာက္တုံးအစအနတို႔က လာေရာက္ထိမွန္ေနေသးသည္။ ထိုေဝဒနါတို႔ကို လ်စ္လ်ဴရႈကာ မိမိအလုပ္ထဲ၌ အာ႐ုံစိုက္၍ ဆက္လုပ္ေနေလ၏။ သို႔ႏွင့္ ေက်ာက္တုံးႀကီးကို အခ်က္ေပါင္းမ်ားစြာ ထု႐ိုက္ၿပီး ေနာက္ဆုံးတစ္ခ်က္၌ “ထန္း” ခနဲ အသံထြက္ေပၚလာသည္။ ေက်ာက္တုံးမဟုတ္ပဲ သံတုံးႀကီးကို ထု႐ိုက္လိုက္သလိုႏွယ္။ ထို႔ေၾကာင့္ ေက်ာက္တုံးက မည္သို႔မွမေနပဲ ေပါင္တူ၏လက္ကိုင္း႐ိုးက တင္ေမာင္၏လက္ကို ျပန္ေဆာင့္လိုက္သလို ျဖစ္သြားၿပီး တင္ေမာင္၏ လက္နစ္ဖက္စလုံး အလြန္နာသြားေတာ့သည္။ ႏႈတ္မွ “အား” ခနဲ အသံထြက္ေပၚလာကာ လက္ထဲမွ ေပါင္တူလည္း ေအာက္ကို လြတ္က်သြား၏။

“တင္ေမာင္…. မင္း… ဘာျဖစ္တာလဲ… တင္ေမာင္..”

အနီးနားက လူတစ္ေယာက္က တင္ေမာင္အနားကပ္ကာ ေမးျမန္းေနေသာ္လည္း တင္ေမာင္ကေတာ့ ဘာမွျပန္မေျပာ ငူငူႀကီးထိုင္ကာ လက္ကို ေပါင္ၾကားထဲ ထည့္ဝွက္ထားသည္။

“လာၾကပါဦးေဟ့… ဒီမွာ တင္ေမာင္ ဘာျဖစ္သြားတာလဲ မသိဘူး”

ထိုအသံကို ၾကားလိုက္ရေသာ လူတို႔ကလည္း တင္ေမာင္အနားကို ေျပးလာကာ ႏွာႏွပ္ေပးေနၾကသည္။ ထိုစဥ္ လမ္းဗိုလ္ေရာက္လာ၏။

“ေဟ့… ဘာျဖစ္ေနၾကတာလဲ ”

“ဒီမွာ တင္ေမာင္ တူထုေနရင္းကေန ဘာျဖစ္သြားလဲ မသိဘူးဗ်”

“ဟာ… ေဟ့ေရာင္ တင္ေမာင္… တင္ေမာင္”

လမ္းဗိုလ္က ထိုသို႔ေျပာရင္း တင္ေမာင္၏လက္ကို ယူၾကည့္သည္။

“ၾကည့္ရတာ ဒီေကာင္ လက္ကိုခိုက္မိၿပီနဲ႔ တူတယ္… ”

“ဟုတ္ပါ့ လမ္းဗိုလ္ရာ… လက္ႀကီးက ေယာင္ကိုင္းေနတာပဲ… ”

“သြား သြား… တဲထဲေခၚသြားၿပီး ေဆးလိမ္းေပးထားလိုက္ဦး… က်န္တဲ့သူေတြကေတာ့ အလုပ္ ဆက္လုပ္ၾကေဟ့”

“ဟုတ္… ဟုတ္”

သို႔ႏွင့္လူတစ္ေယာက္က တင္ေမာင္ကို တြဲကူကာ ႐ြက္ဖ်င္တဲထဲ ေခၚသြားေပးသည္။ တဲထဲေရာက္ေတာ့ လက္ႏွစ္ဖက္ကို ပ႐ုတ္ဆီလိမ္းေပးလိုက္၏။ ၿပီးေနာက္ တဲထဲမွ ျပန္ထြက္မည့္အခ်ိန္ အေနာက္ကိုျပန္လွည့္ၾကည့္ေတာ့ တင္ေမာင္၏လက္ႏွစ္ဖက္က ပိုမိုေယာင္ကိုင္းေနသည္ကို ေတြ႕လိုက္ရသည္။ ထိုသူကလည္း လက္ကအနာရွိန္ေၾကာင့္ ထိုသို႔ျဖစ္ရသည္ဟုထင္ၿပီး အာ႐ုံမထားေတာ့ပဲ အျပင္ထြက္လာကာ အလုပ္ဆက္လုပ္ေနေတာ့သည္။

ဤသို႔ျဖင့္ အခ်ိန္ေတြ ၾကာျမင့္လာၿပီးေနာက္ အလုပ္သိမ္းခ်ိန္ေရာက္ေတာ့ တဲ၌အိပ္ၾကမည့္ အလုပ္သမားႏွစ္ေယာက္ ျပန္ေရာက္လာၾကသည္။ ၿပီးေနာက္ အလုပ္ပင္ပန္းလြန္းတာေၾကာင့္ ခဏတျဖဳတ္အနားယူကာ ေျခလက္ေဆးသူကေဆး၊ ညစာအတြက္ ခ်က္ျပဳတ္သူက ခ်က္ျပဳတ္ေနၾကသည္။ ထို႔ေၾကာင့္ ေခါင္းၿမီးၿခဳံကာ အိပ္ေနေသာ တင္ေမာင္ကို ဂ႐ုစိုက္မဲ့သူက မရွိပါေခ်။

အခ်ိန္ေတြထပ္၍ ကုန္ဆုံးလာၿပီးေနာက္ မိုးခ်ဳပ္ကာ ညစာစားခ်ိန္ကို ေရာက္လာေလၿပီ။ ဆန္ၾကမ္းႏွင့္ အ႐ြက္ေၾကာ္၊ ေန႔လည္က က်န္ခဲ့တဲ့ ငါးပိရည္တို႔စရာတို႔ျဖင့္ ထမင္းစားေသာက္ရန္ ျပင္ဆင္ၿပီးကာမွ တင္ေမာင္ကို သတိရေတာ့သည္။

“ထမင္းစားၾကမယ္ကြာ… တင္ေမာင္ကို ႏႈိးလိုက္ပါဦး”

“အင္း”

“တင္ေမာင္ေရ…. တင္ေမာင္… တင္ေမာင္၊ ထမင္းစားမယ္ေဟ့”

တင္ေမာင္က ဘာမွျပန္မေျပာေသာေၾကာင့္ အနားကပ္ကာ သြား၍လႈပ္ႏႈိးလိုက္၏။

“တင္ေမာင္… ထမင္းစားမယ္လို႔”

ေျပာရင္းဆိုရင္းျဖင့္ တင္ေမာင့္ကိုယ္ေပၚ ၿခဳံထားေသာ ေစာင္ကိုဆြဲလွန္လိုက္ေလသည္။

“ဟာ… တင္ေမာင္၊ တင္ေမာင္… ”

အံ့ၾသတႀကီးျဖင့္ ေျပာဆိုသံကို ၾကားလိုက္ရတာေၾကာင့္ ထမင္းစားရန္ေစာင့္ေနသူက လွမ္းေမးသည္။

“ေဟ့ေရာင္… တင္ေမာင္ ဘာျဖစ္လို႔လဲ”

“မျဖစ္ေတာ့ဘူး… တင္ေမာင္ အေျခအေန မမွန္ေတာ့ဘူး… ”

“ေဟ… ဘာလို႔လဲကြ”

“သူ႔လက္ေတြက အႀကီးႀကီး ျဖစ္ေနတယ္”

“ၾကည့္ရတာ အေယာင္မက်ေသးဘူးနဲ႔တူတယ္”

“မဟုတ္ဘူးဗ်… သာမန္ ေယာင္တာထပ္ကို ပိုၿပီးႀကီးေနတာ”

“ဟမ္… ဘယ္ေလာက္ေတာင္ ႀကီးေနတာမို႔လဲ”

“ကိုယ့္ဘာသာ လာၾကည့္ေတာ့ဗ်ာ… က်ဳပ္လည္း ေျပာမျပတတ္ေတာ့ဘူး”

ထိုအခါ ထမင္းစားရန္ ေစာင့္ေနသူက ထမင္းဝိုင္းမွ ကုန္းထလာၿပီး တင္ေမာင္၏အနားကို ကပ္လာသည္။

“ဟာ… တစ္ကယ္ကို လက္ေတြက အႀကီးႀကီး ျဖစ္ေနတာပဲကြ … ေဆးလိမ္းေပးၾကည့္ပါဦး”

“ေအး ေအး”

သို႔ႏွင့္ အနီးရွိ ပ႐ုပ္ဆီျဖင့္ တင္ေမာင့္လက္ကို လိမ္းေပးလိုက္သည္။ သို႔ေသာ္လည္း မရ။ လက္က ပို၍သာလွ်င္ ႀကီးလာၿပီး ထမင္းစားပန္းကန္ တစ္ခ်ပ္စာေလာက္ ျဖစ္သြားသည္။

“လက္က ပိုႀကီးလာတယ္ဗ်… ၾကည့္ရတာ အေကာင္တစ္ေကာင္ ကိုက္ခံရၿပီး အဆိပ္မိေနတာနဲ႔တူတယ္”

“ဒါဆိုလည္း တစ္ခုခုလုပ္ပါဦးဗ်ာ ….က်ဳပ္ေတာ့ ၾကည့္ၿပီးေၾကာက္ေနၿပီဗ်”

“ငါလည္း မႀကံတတ္ေတာ့ဘူးကြာ… သြား သြား…. လမ္းဗိုလ္ကိုသာ အျမန္ေျပးေခၚလိုက္ေတာ့”

“ေအး ေအး… ”

ေျပာေျပာဆိုဆိုျဖင့္ ထိုသူလည္း ဓာတ္မီးတစ္လက္ ေခါင္း၌စြပ္ကာ ေတာလမ္းအတိုင္းေျပးေတာ့ေလ၏။ ထိုေနရာႏွင့္ လမ္းဗိုလ္ေနထိုင္ေသာ ေနရာက အေတာ္ေလးေဝးကြာၿပီး လမ္းကလည္းခင္းလက္စမို႔ ၾကမ္းတမ္းသည္။ အခ်ိဳ႕ေနရာေတြဆို လမ္းခင္းဖို႔ မဆိုထားႏွင့္၊ ၿခဳံေတြေတာင္ မရွင္းရေသးေပ။ ထို႔ေၾကာင့္ လမ္း၌ပင္ တစ္နာရီေလာက္ အခ်ိန္ၾကာသြားေလ၏။ ထို႔ေနာက္မွ လမ္းဗိုလ္၏ အိမ္ကို ေရာက္လာသည္။

“လမ္းဗိုလ္ေရ… လမ္းဗိုလ္”

“ေဝ့… ဟာ ေဟ့ေရာင္ ကိုစိုး… ဘာကိစၥရွိလို႔လဲ…အေလာတႀကီးနဲ႔”

“ဟိုမွာ ဟိုမွာ…. တင္ေမာင္ အေျခအေနဆိုးေနလို႔ဗ်”

“ဘယ္လိုဆိုးတာလဲ… ”

“ဒီေန႔ ေန႔လည္က သူ႔လက္မွာ ဒဏ္ရာရသြားေသးတယ္မလား”

“ေအး ဟုတ္တယ္ေလ… ငါေတာင္မင္းကို ေဆးလိမ္းခိုင္းလိုက္ေသးတာပဲ”

“အဲ့တာ အခု သူ႔ရဲ႕လက္ကမသက္သာလို႔ဗ်… ”

“ဪ ဘာမ်ားလဲလို႔ကြာ… ဒါဆိုလည္း ေဆးကိုနာနာဖိလိမ္းေပးလိုက္ေလ”

“မရဘူးဗ်… မရဘူး၊ ေတာ္႐ုံဆိုက်ဳပ္လည္း ဒီအထိလာမေျပာပါဘူး အခုက တင္ေမာင္ရဲ႕လက္ကအဆမတန္ ႀကီးထြားေနလို႔ဗ်… ထမင္းစားပန္းကန္တစ္ခ်ပ္စာေလာက္ ရွိတယ္”

“ေဟ… ဟုတ္ေရာဟုတ္ရဲ႕လားကြာ… မင္း မူးေနတာမလား”

“ဟာ… က်ဳပ္ျဖင့္ ေသာက္ေတာင္မေသာက္ရေသးပါဘူးဗ်ာ… အရမ္းထူးဆန္းၿပီး တစ္ခါမွမႀကဳံဖူး၊ မၾကားဖူးလို႔ အခုလိုလာေျပာျပတာ”

“ေအးကြာ… ဒါဆို ငါလည္းတစ္ခါတည္းလိုက္ခဲ့မယ္”

“ဟုတ္ ဟုတ္”

သို႔ႏွင့္ လမ္းဗိုလ္ႏွင့္ကိုစိုးတို႔ႏွစ္ေယာက္လည္း ဓာတ္မီးတစ္လက္စီျဖင့္ ေက်ာက္လမ္းခင္းသည့္ေနရာ၌ရွိေသာ ႐ြက္ဖ်င္တဲဆီကို ေရာက္လာခဲ့ေတာ့သည္။ ေရာက္ေရာက္ခ်င္း လမ္းဗိုလ္က မယုံသက္ာျဖင့္ ႐ြက္ဖ်င္တဲထဲကို ဝင္ၾကည့္သည္။ ထိုအခါတြင္ေတာ့ တင္ေမာင္၏ လက္ႏွစ္ဖက္က ျပည္ဝင္ ထမင္းအိုးတစ္အိုးစာေလာက္ေတာင္ ျဖစ္ေနေလၿပီ။ လက္ႏွစ္ဖက္ကိုေဘး၌ ခ်ထားသည့္အတြက္ ေခါင္းအုံးႏွစ္လုံးၾကား၌ လူဝင္အိပ္ေနသလို ျဖစ္ေနေတာ့၏။ ထိုျမင္ကြင္းကို မ်က္ျမင္ကိုယ္ေတြ႕ႀကဳံလိုက္ရေသာ လမ္းဗိုလ္မွာ လန႔္ဖ်န႔္ၿပီး ေဇာေခြၽးေတြေတာင္ ပ်ံလာေလသည္။

“ဟာ… ဒါ ဒါ ဘယ္လိုျဖစ္တာလဲ”

“က်ဳပ္တို႔လည္း ေသခ်ာမသိဘူးဗ်၊ လက္က ေယာင္ကိုင္းေနေတာ့ ေဆးလိမ္းေပးေနတာ… ဒါေပမယ့္ ေဆးလိမ္းေလ သူ႔လက္က အဆမတန္ ႀကီးထြားလာေလ ျဖစ္ေနေတာ့တာ ”

“ဒုကၡပါပဲကြာ… ၾကည့္ရတာ ဒီေကာင္ ေတာထဲေတာင္ထဲမွာ မဆင္မျခင္နဲ႔ အမွားတစ္ခုခု လုပ္မိလို႔နဲ႔တူတယ္ ”

“ဒါဆို ဘယ္လိုလုပ္မလဲ လမ္းဗိုလ္ ”

“အနီးနားက ပုဂၢိဳလ္ေတြကို ေခါစာလည္းပစ္၊ စားပြဲေသာက္ပြဲေတြလည္း ျပင္ဆင္ေကြၽးေမြးၿပီး ေတာင္းပန္ရမွာေပါ့ကြ”

“ဪ ဟုတ္ ဟုတ္၊ ဒါဆို က်ဳပ္ ေခါစာပစ္ဖို႔ ျပင္ဆင္လိုက္ေတာ့မယ္ေနာ္”

“ေအး ေအး”

သို႔ႏွင့္ ကိုစိုးက ထမင္းတစ္လုံးအျမန္ခ်က္သည္။ ထို႔ေနာက္ တဲေဘးမွာ ေမြးထားေသာ ၾကက္တစ္ေကာင္ကို ႐ိုက္သတ္ကာ ခ်က္ျပဳတ္ကာ ဌက္ေပ်ာ႐ြက္မ်ားခူးၿပီး ေခါစာပစ္ရန္ ျပင္ဆင္သည္။ ထိုစဥ္ လမ္းဗိုလ္ကပါ အနားေရာက္လာေလ၏။

အရင္ဆုံး ဝါးျဖင့္ရက္လုပ္ထားေသာ ေခါစာခြက္ထဲကို ဌက္ေပ်ာ႐ြက္ခင္းသည္။ ၿပီးေနာက္ ထိုအထဲကို ထမင္းတစ္အိုးလုံး သြန္ထည့္သလို ဟင္းတစ္အိုးလုံးကိုလည္း ထည့္လိုက္၏။ နံေဘးတြင္လည္း ေတာအရက္ပုလင္းတစ္လုံးကို အဖုံးဖြင့္ကာ ခ်ထားေပးသည္။ လမ္းဗိုလ္က ထိုအနား၌ ဖေယာင္းတိုင္ အေမႊးတိုင္မ်ားထြန္းကာ အသံခပ္က်ယ္က်ယ္ျဖင့္ ေျပာလိုက္ေလ၏။

“ဒီအနီးနားမွာ ရွိၾကတဲ့ ျမင္အပ္၊ မျမင္အပ္ ပုဂၢိဳလ္အေပါင္းတို႔ခင္ဗ်ာ… ယခုခ်က္ခ်င္း သည္ေနရာကို ႂကြေရာက္လာၿပီး စားၾက၊ ေသာက္ၾကပါ… က်ဳပ္ လမ္းဗိုလ္က တည္ခင္းေကြၽးေမြးပါတယ္…. ၿပီးရင္
က်ဳပ္ရဲ႕တပည့္ တင္ေမာင္က အမွားကို ခြင့္လႊတ္ေပးၿပီး သူ႔ေဝဒနါေတြ သက္သာေအာင္ ျပဳလုပ္ေပးၾကပါ ခင္ဗ်ာ”

လမ္းဗိုလ္က ထိုသို႔ေျပာၿပီး ၿငိမ္ေန
ကာ အေျခအေနကို ေစာင့္ၾကည့္သည္။ ထိုစဥ္ အစက ၿငိမ္သက္ေနေသာ ပတ္ဝန္းက်င္တစ္ခြင္၌
ေျခသံမ်ား တရွပ္ရွပ္ၾကားလိုက္ရေသာေၾကာင့္ ကိုစိုးက ၾကက္သီးမ်ား ထေနသည္။ ထိုအခိုက္ လမ္းဗိုလ္က အဖုံးဖြင့္ထားေသာ အရက္ပုလင္းကို ယူကာ နမ္းၾကည့္ကာ တစ္ငုံေသာက္လိုက္သည္။ ၿပီးမွ ကိုစိုးကို လက္တို႔ၿပီး တဲဆီကို ျပန္လာၾကေတာ့သည္။

လမ္းခုလတ္ တစ္ေနရာကိုေရာက္ေတာ့ လမ္းဗိုလ္က ေျပာ၏။

“တဲေရာက္ရင္ ဟိုေကာင္ တင္ေမာင္ရဲ႕ဒဏ္ရာ သက္သာေနလိမ့္မယ္… မယုံရင္ ေစာင့္ၾကည့္”

“ဘာလို႔လဲဗ်”

“ဟာ… ေစာေစာက ငါ ေခါစာပစ္ေတာ့ အနီးနားကပုဂၢိဳလ္ေတြ လာစားေသာက္ၾကေသးတယ္ေလ ”

“အဲ့ဒါကို ဘယ္လိုသိတာလဲဗ်”

” သူတို႔ကို ပင့္ဖိတ္ၿပီး ခဏၾကာေတာ့ က်ဳပ္အရက္ေသာက္ၾကည့္ေသးတယ္ မလား”

“အင္းေလ… လမ္းဗိုလ္ ပုလင္းကို နမ္းၾကည့္ၿပီး တစ္ငုံေသာက္လိုက္တာကို က်ဳပ္ေတြ႕လိုက္တာပဲ”

“ဟုတ္တယ္… အရက္ကို နမ္းၾကည့္ေတာ့ အရက္နံ႔မရ၊ ေသာက္ၾကည့္ေတာ့လည္း အရက္အရသာမရွိပဲ ေရေသာက္သလိုပဲ ျဖစ္ေနတာကြ ”

“ဗ်ာ… တစ္ကယ္လား… ”

“တစ္ကယ္ေပါ့ကြ… ဒါက ငါတို႔ ေကြၽးေမြးထားတာကို စားေသာက္သြားတယ္ဆိုတဲ့ သက္ေသပဲေလ”

“ဒါဆို သူတို႔က စားၿပီးေသာက္ၿပီးၿပီဆိုေတာ့ တင္ေမာင္ကိုလည္း ခြင့္လႊတ္ေပးတယ္ဆိုတဲ့ သေဘာလား”

“ျဖစ္ႏိုင္ေခ်ေတာ့ ရွိတယ္ကြ … သူတို႔က ခြင့္မလႊတ္ေပးရင္ လုံးဝမစားဘူးတဲ့… ေအး… စားၿပီဆိုရင္လည္း အျပစ္ေတြကို ခြင့္လႊတ္ေပးတယ္တဲ့”

“ေတာ္ေသးတာေပါ့ဗ်ာ”

သို႔ျဖင့္ လမ္းဗိုလ္ႏွင့္ ကိုစိုးတို႔လည္း စကားတေျပာေျပာျဖင့္သာ ႐ြက္ဖ်င္တဲဆီကို ျပန္ေလွ်ာက္လာၾကေတာ့သည္။ တဲေပၚကိုေရာက္ၿပီး တင္ေမာင္ကိုလည္း ျမင္ေရာ လမ္းဗိုလ္၏ မွန္းခ်က္ႏွင့္ႏွမ္းထြက္က တက္တက္စင္ေအာင္ လြဲေနၿပီကို သိလိုက္ရေလ၏။ တင္ေမာင္ရဲ႕ေဝဒနါ မသက္သာ႐ုံသာမက ထိုအခ်ိန္တြင္ေတာ့ လက္ႏွစ္ဖက္စလုံးက တင္းပုတ္ႀကီးတစ္ခုလို ျဖစ္ေနေတာ့သည္။ ထိုအခါ တင္ေမာင္အနား၌ က်န္ရစ္ခဲ့သူက လမ္းဗိုလ္အနားကို ေျပးကပ္ၿပီး ေျပာသည္။

“အျခအေနက အရမ္းကို ဆိုးေနၿပီဗ်… ဒီအတိုင္းထားလို႔ မျဖစ္ေတာ့ဘူး”

“ဒါဆို မင္းဘယ္လိုလုပ္ဖို႔ စဥ္းစားထားလဲ”

“သူ႔႐ြာကို ျပန္ပို႔ေပးတာအျပင္ က်ဳပ္လည္း က်န္တာမစဥ္းစားတတ္ေတာ့ဘူးဗ်ာ”

“ေကာင္းၿပီကြာ… ဒါဆိုလည္း ညတြင္းခ်င္းပဲ ပို႔ေပးၾကတာေပါ့… ဒီညေတာ့ မင္းတို႔ႏွစ္ေယာက္လည္း နည္းနည္းဒုကၡခံေပးပါဦးကြာ”

“ရပါတယ္ လမ္းဗိုလ္ရာ… ေျပာစရာမလိုပါဘူး ”

“ေအးကြာ… အခ်ိန္ရွိတုန္း ငါလည္း ဒီနားက႐ြာကိုသြားၿပီး လွည္းသြားဌားလိုက္ဦးမယ္…. မင္းတို႔က လိုအပ္တာျပင္ဆင္ထားလိုက္ၾက”

“ဟုတ္ ဟုတ္ ”

သို႔ႏွင့္ လမ္းဗိုလ္က ထိုေနရာမွအျမန္ထြက္သြားေတာ့သည္။ အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ လွည္းတစ္စင္းႏွင့္အတူ ျပန္ေရာက္လာသည္။ ႐ြက္ဖ်င္တဲအေရွ႕တြင္ လွည္းရပ္ရပ္ခ်င္း၌ပင္ ကိုစိုးက တဲထဲမွအျမန္ထြက္လာၿပီး ေျပာ၏။

“လမ္းဗိုလ္ေရ… တင္ေမာင့္ကို သူ႔႐ြာျပန္ပို႔ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးထင္တယ္ေနာ္”

“ဟ… ဘာျဖစ္လို႔လဲ ဒီမွာလွည္းေတာင္ဌားခဲ့ၿပီေလ”

“တင္ေမာင့္ရဲ႕လက္က တျဖည္းျဖည္းႀကီးထြားလာလိုက္တာ အခုဆို သူ႔လက္ကိုေတာင္ သူမႏိုင္ေတာ့ဘူး…. က်ဳပ္တို႔ႏွစ္ေယာက္ ဝိုင္းမ,တာလည္း နည္းနည္းမွမႂကြဘူးဗ်”

“ေဟ… အဲ့ေလာက္ေတာင္ ျဖစ္ေနၿပီလား… ”

“ဟုတ္တယ္… မယုံရင္ ကိုယ္တိုင္သာ လာၾကည့္ေတာ့”

“ယုံပါတယ္ကြာ… မင္းတို႔လို အားေကာင္းေမာင္းသန္ေတြေတာင္ မ,လို႔ မရဘူးဆိုေတာ့ ေတာ္ေတာ္စဥ္းစားစရာပဲ… ကဲကြာ အခုလွည္းသမားလည္း ပါလာတာဆိုေတာ့ ဒို႔ေလးေယာက္ ႀကိဳးစားၿပီး ဝိုင္းမ,ၾကည့္ရေအာင္”

“ဟုတ္ ဟုတ္”

“လွည္းသမားေလးေရ… ခဏကူညီပါဦးကြာ”

“ရပါတယ္ဗ်ာ”

ဤသို႔ျဖင့္ လွည္းသမားေလး အပါအဝင္ ေလးေယာက္သားက တင္ေမာင္ကို ဝိုင္းမ,ၾကေတာ့သည္။ ထိုအခါ ခႏၶာကိုယ္က ႂကြတယ္ဆို႐ုံေလာက္ ရွိေသာ္လည္း တင္ေမာင္ရဲ႕လက္ႀကီးႏွစ္ဖက္ကေတာ့ တုတ္တုတ္မွမလႈပ္ေပ။ ထို႔ေၾကာင့္ လမ္းဗိုလ္က ေျပာ၏။

“မထူးေတာ့ပါဘူးကြာ… ကိုစိုး…. မင္းအခုခ်က္ခ်င္းသာ တင္ေမာင္ရဲ႕႐ြာကိုသြားၿပီး သူ႔မိန္းမကို အက်ိဳးအေၾကာင္းေျပာျပလိုက္… တတ္သိနားလည္တဲ့သူနဲ႔ေတြ႕ၿပီး လုပ္သင့္တာ လုပ္ေပးလိုက္ကြာ… ”

“ဟုတ္ ဟုတ္ လမ္းဗိုလ္၊ ဒါေပမယ့္ ဒီကေန တင္ေမာင့္႐ြာက အရမ္းေဝးေတာ့ ညတြင္းခ်င္းေတာ့ ေရာက္မွာ မဟုတ္ဘူး… မနက္အေစာေလာက္မွ ေရာက္မွာဗ်… ၿပီးေတာ့ က်ဳပ္လည္း အလုပ္ခ်ိန္မွီေအာင္ေတာ့ ျပန္ေရာက္မွာ မဟုတ္ဘူးေနာ္”

“ဒါေတြ ေတြးမေနပါနဲ႔ကြာ… မင္းအလုပ္မမွီလည္း ငါေန႔စားခ မျဖတ္ပါဘူးကြာ ဟုတ္ၿပီလား”

“ေကာင္းၿပီ… ဒါဆို က်ဳပ္အခုပဲ သြားေတာ့မယ္”

“ေအး… ေအး”

သို႔ႏွင့္ ကိုစိုးလည္း လမ္းဗိုလ္ေခၚလာေသာ လွည္းျဖင့္သာ တင္ေမာင္၏ ဇာတိ႐ြာကို ခပ္ျမန္ျမန္သြားေတာ့ေလ၏။

*****
(အခန္း – ၅)

“မိေထြး… မိေထြး ”

လင္းၾကက္ေတာင္ ထ, မတြန္ေသးသည့္အခ်ိန္ ျဖစ္ေသာေၾကာင့္ အိမ္ရွင္မ်ား၏ အသံကထြက္မလာ။ ထို႔ေၾကာင့္ ကိုစိုးက ထပ္၍ဆင့္ကာ ေအာ္ေခၚလိုက္သည္။

“မိေထြး… မိေထြး… ထပါဦးဟ… အေရးႀကီးေျပာစရာရွိလို႔”

ထိုအခါမွ မဲေမွာင္ေနေသာ အိမ္ကေလးအတြင္း၌ မီးအလင္းေရာင္ထြက္ေပၚလာသည္ကို ေတြ႕လုက္ရေတာ့သည္။ မၾကာမီ အိပ္မႈံစုတ္ဖြားျဖင့္ အမ်ိဳးသမီးတစ္ဦး ထြက္လာ၏။

“ဪ… ဘယ္သူမ်ားလဲလို႔ ….ကိုစိုးပါလား… မိုးေတာင္မလင္းေသးဘူး ဘာကိစၥရွိလို႔လဲ”

“ကိစၥကေတာ့ ေတာ္ေတာ္ကိုထူးတယ္ မိေထြးေရ ”

“ဟုတ္လား… ဒါဆိုလည္း အိမ္ေပၚႂကြၿပီး ေအးေဆးေျပာပါလား”

“ေအးေဆးေျပာခ်ိန္လည္း မရပါဘူးဟာ… အေရးႀကီးလြန္းလို႔ က်ဳပ္ေတာင္ ညတြင္းခ်င္း ဒီကိုေရာက္ေအာင္ လာခဲ့တာ”

“အဲ့ေလာက္ေတာင္ အေရးႀကီးေနတာဆိုေတာ့ မဟုတ္မွလြဲေရာ က်ဳပ္ေယာက်ာ္းတစ္ခုခုျဖစ္ေနလို႔လား ”

“စိတ္ေအးေအးထား မိေထြး”

“ျမန္ျမန္ေျပာပါ ကိုစိုးရယ္… က်ဳပ္စိတ္ေတြပူလို႔ပါ”

“ေအး… ေျပာျပမယ္… ျဖစ္ပုံက ဒီလိုဟ”

ကိုစိုးက ထိုသို႔စကားအစခ်ီၿပီး တင္ေမာင္၏အျဖစ္အပ်က္မ်ားကို ေခါင္းအစ၊ ေျခအဆုံး ေျပာျပလိုက္၏။

“ရွင္… ဒါ ဒါ… ေသြး႐ိုးသား႐ိုးေတာ့ မဟုတ္ႏိုင္ဘူး ”

“အဲ့တာေၾကာင့္ က်ဳပ္တို႔လည္း အစက ေခါစာပစ္တာေတြ၊ ေတာင္းပန္တာေတြ လုပ္ၾကည့္ေသးတယ္… ဒါေပမယ့္ ညည္းေယာက်ာ္း တင္ေမာင္က မသက္သာတဲ့အျပင္ ပိုေတာင္ဆိုးလာေသးတယ္…
အဲ့ဒီ့ေတာ့ က်ဳပ္တို႔လည္း
ဘာလုပ္ရမွန္းမသိလို႔ ညည္းကို အသိလာေပးတာ”

“ဒုကၡပါပဲ ကိုးစိုးရယ္… က်ဳပ္လည္း အဲ့တာေတြကို ေသခ်ာနားလည္တာမဟုတ္ဘူးေလ… ဘယ္လိုလုပ္ေပးရမွန္းေတာင္ မသိေတာ့ပါဘူး”

“ေနဦး… က်ဳပ္ေျပာျပမယ္… ဒီကိစၥေတြက ညည္းတို႔က်ဳပ္တို႔လို သာမန္လူေတြ မလုပ္ေပးႏိုင္ေပမယ့္… ပေယာဂဆရာေတြေတာ့ လုပ္ေပးႏိုင္တယ္ေလ.. ဒီေတာ့ ဒီအနားဝန္းက်င္မွာ ပေယာဂဆရာေတြ ဘာေတြရွိလား… ရွိရင္ တစ္ခါတည္းပင့္သြားရေအာင္လို႔ ”

“ဟုတ္သားပဲ… ဒီကေန ေနာက္ (၄ )႐ြာေက်ာ္ေလာက္မွာ တည္ထားတဲ့ ေအးသာယာ႐ြာမွာ ပေယာဂဆရာႀကီးတစ္ေယာက္ ရွိတယ္လို႔ေတာ့ ၾကားဖူးတယ္”

“ဟာ… ဟုတ္လား… ဒါဆို အံကိုက္ပဲေပါ့ဟ… ညည္း သူ႔အိမ္သိတယ္ မဟုတ္လား… ျမန္ျမန္သြားရေအာင္”

“အိမ္အတိအက်ရယ္လို႔ေတာ့ မသိဘူး… ဒီလိုပဲ
ေမးျမန္းၿပီး သြားရမွာ… ခဏေလး က်ဳပ္ကေလးကို ေဘးအိမ္မွာ အပ္ခဲ့ၿပီး သြားၾကမယ္”

“ေအး ေအး ….ျမန္ျမန္လုပ္”

မိေထြးလည္း ေျပာေျပာဆိုဆိုျဖင့္ ယခုထိ အိပ္ေပ်ာ္ေနေသးေသာ ကေလးငယ္ေလးကို ေဘးအိမ္၌အပ္ထားခဲ့ၿပီး ကိုစိုးႏွင့္အတူ ဌားလာေသာလွည္းျဖင့္သာ ေအးသာယာ႐ြာကို သြားၾကေတာ့ေလသည္။ ပေယာဂဆရာ၏အိမ္ကို အတိအက်မသိတာေၾကာင့္ ဟိုေမးသည္ေမးရင္း သြားေလရာ အခ်ိန္အေတာ္ၾကာကာမွ သူတို႔ေတြ႕ခ်င္ေနေသာ ဆရာႀကီး၏အိမ္ကို ေရာက္လာေလ၏။ ေရာက္ေရာက္ခ်င္း ၿခံထဲ၌ တံျမက္စည္းလွည္းေနေသာ အဘိုးအိုတစ္ေယာက္ကို လွမ္းေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ မိေထြးက လွည္းေပၚမွ ကဗ်ာကယာဆင္းကာ ၿခံေရွ႕မွ လွမ္းေျပာသည္။

“အဘိုး… ဒီအိမ္က ပေယာဂဆရာႀကီး ဘိုးမင္းေအာင္ရဲ႕ အိမ္လား”

“ဟုတ္ပါ့ဗ်ာ… ဘိုးမင္းေအာင္ဆိုတာ က်ဳပ္ပါပဲ… လာ… လာ အိမ္ထဲဝင္ၾကေလ”

ဘိုးမင္းေအာင္က ထိုသို႔ေျပာရင္း ၿခံတံခါးဖြင့္ေပးကာ အိမ္ေအာက္က ခုံတန္းလ်ား၌ အသင့္ရွိေနေသာ ေရေႏြး၊ လက္ဖက္တို႔ျဖင့္ ဧည့္ခံသည္။

“လာၾကဗ်ာ လာၾက… အၾကမ္းေသာက္၊ လက္ဖက္စား”

“ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဆရာႀကီး…. ဒါေပမယ့္ အေရးႀကီးေနလို႔ လာရင္းကိစၥကိုပဲ အရင္ေျပာပါရေစ”

“ေျပာပါဗ်ာ… ေျပာပါ”

ဤသို႔ျဖင့္ မိေထြးကပဲ ကိုစိုးေျပာျပသည့္အေၾကာင္းအား ဘိုးမင္းေအာင္ကို ထပ္မံေျပာျပလိုက္ေလသည္။

“အလို…. တယ္လည္းထူးျခားဆန္းၾကယ္တဲ့ျဖစ္ရပ္ပါလား ”

ထိုစဥ္ ကိုစိုးကလည္း ဝင္ေျပာ၏။

“ဟုတ္ပါတယ္ ဆရာႀကီးရယ္… က်ဳပ္တို႔ျဖင့္ တစ္ခါမွမႀကဳံဖူး၊ မၾကားဖူးတာမို႔ ဘာလုပ္ရမွန္းမသိေတာ့လို႔… ဆရာႀကီးဆီေရာက္လာတာပါ”

မိေထြးကလည္း အားကိုးတႀကီးျဖင့္ ေျပာသည္။

“က်ဳပ္ေယာက်ာ္းကို ကယ္တင္ေပးပါဦး… ေက်းဇူးမေမ့ပါဘူး ဆရာႀကီးရယ္”

“စိတ္ခ်ပါ… က်ဳပ္ကယ္တင္ေပးပါမယ္… ဒါေပမယ့္ အခုက်ဳပ္ၾကားသိရသလိုသာဆို လူနာရွိေနတဲ့ေနရာအထိ သြားဖို႔က အခ်ိန္မမွီေလာက္ေတာ့ဘူး”

“ရွင္… ဒါဆို ဘယ္လိုလုပ္ရမလဲ ဆရာႀကီး”

“ေဟာ့ဒီ့က ကာယကံရွင္ရဲ႕မိသားစုေနတဲ့ အိမ္ကိုပဲ က်ဳပ္ကိုေခၚသြားေပးပါ… အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးပါမယ္”

“ဪ …ဟုတ္… ဟုတ္ကဲ့… ႂကြပါရွင့္ဆရာႀကီး”

ထိုအခါ ဘိုးမင္းေအာင္ကလည္း ေဆးလြယ္အိတ္လြယ္ကာ လြယ္စြဲေတာ္ ေဆးႀကိမ္လုံးက္ုယူလွ်က္ မိေထြးတို႔ႏွင့္အတူ လိုက္သြားေတာ့သည္။ ထို႔ေနာက္ မိေထြးအိမ္ကို ေရာက္ေတာ့ ဘိုးမင္းေအာင္က အိမ္အတြင္းလွည့္ပတ္ၾကည့္ရႈသည္။ ဘုရားေက်ာင္းေဆာင္ငယ္ေလးႏွင့္ မလွမ္းမကမ္းရွိ စင္တစ္ခုေပၚ၌ ဝါးခေမာက္ေဆာင္းကာ ပလိုင္းတစ္ခုလြယ္ထားၿပီး ခါးတြင္ဓားခ်ိတ္ထားေသာ နတ္႐ုပ္တစ္ခုေတြ႕လိုက္ရသည္။ ထိုနတ္႐ုပ္ကလည္း ႏွစ္ကာလၾကာေညာင္းေနဟန္ တူသည္။ ေဆးသားမ်ားကြာက်ေနၿပီး ဖုန္ေတြတလိပ္လိပ္တက္ေနေသး၏။

ထိုအရာကိုျမင္ေတာ့ ဘိုးမင္းေအာင္က တစ္စုံတစ္ခုကို သေဘာေပါက္သြားဟန္တူသည္။ ေခါင္းကိုတဆတ္ဆတ္ၿငိမ့္ကာ ဘုရားဦးခ်လိုက္သည္။ ၿပီးေနာက္…

“ဗုဒၶျမတ္စြာဘုရား၏ အရိပ္အာဝါသေအာက္၌ရွိေသာ ဤအိမ္၌ ေစာင့္ၾကပ္ၾကကုန္ေသာ သမၼာေဒဝ၊ နတ္ေဒဝါမ်ားအား ကြၽႏ္ုပ္ ဘိုးမင္းေအာင္က ပင့္ေဆာင္ပါတယ္… ေရာက္ရာအရပ္မွ ျမန္မၾကာ ခ်က္ခ်င္းႂကြလွမ္းခဲ့ပါ”

ထိုသို႔ သုံးႀကိမ္သုံးခါ ႐ြတ္ဆိုၿပီးေနာက္တြင္ေတာ့ က်ဳံ႕က်ဳံ႕ကေလး ထိုင္ေနေသာ မိေထြးက ဆတ္ခနဲ တင္ပ်ဥ္ေခြခ်ိတ္ၿပီး ထိုင္လိုက္သည္။ ထိုသည္သာမက ႏွာတဖူးဖူးမႈတ္ကာ လက္သီးလက္ေမာင္းတန္းၿပီး တစ္စုံတစ္ခုကို မေက်နပ္ဟန္ ျဖစ္ေနေလ၏။ အေၾကာင္းသိေသာ ဘိုးမင္းေအာင္ကလည္း မိေထြးဘက္ကိုလွည့္ကာ ေမးသည္။

“အခုေရာက္လာတာ ဘယ္သူလဲ ”

“ရွမ္းတလိုင္းနတ္”

“ဟုတ္ၿပီ… ဒါဆို ဒီအိမ္ရဲ႕အိမ္ေထာင္ဦးစီးျဖစ္တဲ့ တင္ေမာင္တစ္ေယာက္ ခံစားေနရတဲ့ ေဝဒနါက အသင့္ရဲ႕ ပေယာဂကင္းလြတ္သလား”

မိေထြးက ေခါင္းခါရင္းေျပာသည္။

“သူ႔ကို ငါကိုယ္တိုင္ လုပ္ထားတာပဲ”

“ဟာ… ဘာေၾကာင့္ အခုလိုလုပ္ရတာလဲ… သူ႔မွာဘာအျပစ္ရွိလို႔လဲ”

“အျပစ္သိပ္ရွိတာေပါ့…. ငါက သူ႔ရဲ႕ ဘိုးဘြားအစဥ္အဆက္ကတည္းက ကိုးကြယ္ျခင္းခံရတဲ့ မိ႐ိုးဖလာနတ္ေလ…. အစဥ္အဆက္ ငါ့ကို ႐ို႐ိုေသေသ ေလးေလးစားစားနဲ႔ ကိုးကြယ္ခဲ့ၾကတယ္… ဒါေပမယ့္
ဒင္းက ငါ့ကိုျဖစ္သလိုပဲထားတယ္… ပူေဇာ္ပသမႈလည္း မရွိဘူး… ၿပီးေတာ့ သူတို႔လင္မယားက ငါ့အေရွ႕မွာ မဖြယ္မရာေတြလည္း ျပဳက်င့္တယ္…. ဒီ့ထပ္ဆိုးတာက သူအနာတရျဖစ္ေတာ့ မိ႐ိုးဖလာနတ္ျဖစ္တဲ့ ငါ့ကိုသတိမရပဲ… ဘာမဟုတ္တဲ့ သရဲေတြကို ေခါစာသြားပစ္တယ္ေလ… ဒါဟာ ငါ့ကိုေစာ္ကားလိုက္တာပဲ….. သရဲတေစၦေတြထပ္ ငါ့ကိုႏွိမ့္ခ်လိုက္တဲ့သေဘာပဲ… ဒါကိုမေက်နပ္လို႔ အခုလိုပိုဆိုးေအာင္ လုပ္ပလိုက္တာ…. ငါ့ကို မကိုးကြယ္ခ်င္ရင္ေန… မေစာ္ကားၾကနဲ႔ ”

ထိုအခါ ဘိုးမင္းေအာင္က အနီးရွိကိုစိုးကိုၾကည့္ကာ ေခါင္းကိုခါရမ္းျပလိုက္ေလသည္။ ၿပီးမွ မိေထြးကိုၾကည့္၍ ေျပာ၏။

“မသိနားမလည္တဲ့ ကေလးေတြမို႔ က်ဳပ္ကပဲ ၾကားထဲကေန ေတာင္းပန္ပါတယ္… ခြင့္လႊတ္ေပးလိုက္ပါ… ေနာက္ဒါမ်ိဳးမျဖစ္ရေအာင္ က်ဳပ္အေနနဲ႔ သြန္သင္ဆုံးမေပးပါမယ္”

ထိုအခိုက္ မိေထြးကိုယ္ထဲဝင္ေနေသာ ရွမ္းတလိုင္းနတ္က မေက်နပ္ဟန္ျဖစ္ေနလွ်က္ျဖင့္ပင္ အံႀကိတ္ၿပီးေျပာသည္။

“ေကာင္းၿပီေလ… အခုေရာက္ေနတဲ့ ဆရာက သီလ၊ သမာဓိနဲ႔ ျပည့္စုံၿပီး ကိုယ့္က်င့္တရားအားေကာင္းလြန္းလို႔ က်ဳပ္ခြင့္လႊတ္ေပးလိုက္မယ္… မဟုတ္ရင္ ဒင္းတို႔ရဲ႕အသက္ကိုပါ ႏႈတ္ယူပစ္ခ်င္တာ… ”

“စိတ္ခ်ပါ သူတို႔ရဲ႕အက်င့္ဆိုးေတြကို ေဖ်ာက္ဖ်က္ခိုင္းၿပီး အသင့္ကို အေလးအနက္ထား ယုံၾကည္ကိုးကြယ္လာေအာင္ က်ဳပ္အေနနဲ႔ဆုံးမေပးပါမယ္ ”

မၾကာမီ မိေထြးက တံေတာင္ဆစ္ႏွစ္ဖက္ကို ေဘးသို႔ကားၿပီး တစ္တန္းတည္းျဖစ္ေအာင္ လက္အုပ္ခ်ီ၍ တဆတ္ဆတ္တုန္ေနေတာ့သည္။ ၿပီးမွ ေဘးကို မိုက္ခနဲယိုင္သြားရာ မိေထြးက လဲက်မသြားေအာင္ လက္ေထာက္ထားလိုက္၏။

“ဆရာ… က်ဳပ္ဘာျဖစ္သြားတာလဲ ”

မိေထြး၏ အေမးကို ဘိုးမင္းေအာင္က မေျဖခင္မွာပင္ ကိုစိုးက ဝင္ေျပာသည္။

“မိေထြး… နင္တို႔ သိပ္မိုက္တာပဲ… မိ႐ိုးဖလာနတ္ကိုမ်ား ေစာ္ကားရတယ္လို႔ ”

“ရွင္… ဒါဆို က်ဳပ္ေယာက်ာ္းကို ခုလိုျဖစ္ေအာင္လုပ္တာ မိ႐ိုးဖလာနတ္ေပါ့”

ထိုအခါမွ ဘိုးမင္းေအာင္က ဝင္ေျပာလိုက္ပါသည္။

“ဟုတ္တယ္… နတ္နဲ႔နဂါး မေစာ္ကားနဲ႔ဆိုတာ အေကာင္းေျပာတာမဟုတ္ဘူး… အက်ိဳးရွိလို႔ အေၾကာင္းေျပာတာ… နတ္ဆိုတဲ့အမ်ိဳးက မကိုးကြယ္ခ်င္ရင္ေန မေစာ္ကားရဘူး… နတ္မ,တာက မသိသာေပမယ့္ နတ္ကိုင္ထည့္လိုက္ရင္ေတာ့ ကားခနဲပဲ ”

မိေထြးက တစ္စုံတစ္ခုကို သတိရသြားဟန္ျဖင့္ အားရပါးရေျပာ၏။

“ဪ… အခုမွ က်ဳပ္အိပ္မက္ကို သေဘာေပါက္ေတာ့တယ္… အိပ္မက္ထဲမွာ ရွမ္းလူမ်ိဳးတစ္ေယာက္က ဓားႀကီးဝင့္ၿပီး က်ဳပ္ဆီကိုလာတယ္လို႔ မက္ေနတာေလ… အစကေတာ့ ဘာမွန္းေသခ်ာမသိလို႔ ”

“အခုေတာ့ သိၿပီမဟုတ္လား ”

“သိပါၿပီလား ဆရာႀကီးရယ္.. .”

“ေအး… အဲ့တာ ညည္းေယာက်ာ္းရဲ႕မိ႐ိုးဖလာနတ္ျဖစ္တဲ့ ရွမ္းတလိုင္းနတ္က သတိေပးေနတာပဲ…
ညည္းတို႔က သူ႔ကို အိမ္ေပၚမွာသာဒီအတိုင္းတင္ထားၿပီး ပူေဇာ္ပ,သျခင္းလည္းမရွိပဲ ျဖစ္သလိုထားထားေတာ့ သူလည္းစိတ္တိုတာေပါ့… ၿပီးေတာ့ သူ႔ကိုေစာ္ကားမိတဲ့ အျဖစ္ေတြလည္း ရွိေသးတာကိုး… ဒါေၾကာင့္ နတ္က ဒဏ္ခတ္လိုက္တာ… နတ္ကိုင္တာ ”

“ဟုတ္တယ္… က်ဳပ္ကလည္း ကေလးတစ္ဖက္နဲ႔ တစ္ေယာက္တည္းေနရတာဆိုေတာ့ ကိုယ္တစ္သက္လုံးကိုးကြယ္လာတဲ့ ဘုရားရွိခိုးဖို႔မဆိုထားနဲ႔ ဘုရားပန္းေတာင္ မညႇိဳးႏြမ္းခင္ အခ်ိန္မွီ မလဲႏိုင္ပါဘူး ဆရာႀကီးရယ္….ေနာက္မွကိုးကြယ္တဲ့ ေယာက်ာ္းဘက္က မိ႐ိုးဖလာနတ္ဆို ပိုဆိုးတာေပါ့…. နတ္စင္ေပၚ သန႔္ရွင္းေရးေတာင္ မလုပ္ျဖစ္ပါဘူး”

“အဲ့တာေၾကာင့္ပဲ ညည္းေယာက်ာ္းက ခုလိုခံလိုက္ရတာ… အိမ္ေထာင္တစ္ခုထူေထာင္ရင္ ေယာက်ာ္းေလးဆို အေဖဘက္က မိ႐ိုးဖလာနတ္ကို ကိုးကြယ္ရတယ္၊ မိန္းကေလးဆို အေမဘက္က မိ႐ိုးဖလာနတ္ကို ကိုးကြယ္ရတယ္ေလ… ညည္းတို႔က ကိုးေတာ့ကြယ္ပါရဲ႕ ဒါေပမယ့္ အေလးထားမႈမရွိပဲ ေစာ္ကားေနတာဆိုေတာ့ အခုလိုေတြျဖစ္ရေတာ့တာပဲ”

“ဒါဆို က်ဳပ္တို႔ ဘယ္လိုလုပ္ရမလဲ ဆရာႀကီး”

“ပြဲေတြဘာေတြေပးၿပီး ေတာင္းပန္၊ ၿပီးရင္ ညည္းေယာက်ာ္းရဲ႕ မိ႐ိုးဖလာနတ္ျဖစ္တဲ့ ရွမ္းတလိုင္းနတ္ကို အခုခ်ိန္ကစၿပီး တ႐ိုတေသ တေလတစားနဲ႔ ကိုးကြယ္လိုက္… ဒါဆို အဆင္ေျပသြားလိမ့္မယ္”

“ဟုတ္ကဲ့ပါ ဆရာႀကီး ”

“ဪ… နတ္ကိုလည္း ကိုးကြယ္၊ ဘုရားကိုလည္း မေမ့နဲ႔ေနာ္… ေလာကမွာ ကိုးကြယ္ရာအတုမရွိတဲ့ပုဂၢိဳလ္ဟာ ဗုဒၶျမတ္စြာဘုရားပဲ ”

“ဟုတ္ ဆရာႀကီး… မွတ္သားထားပါမယ္”

ထို႔ေနာက္ ဘိုးမင္းေအာင္က ကိုစိုးဘက္လွည့္ၿပီး ေျပာ၏။

“ကဲ… အခုဒီကေနျပန္… ဟိုေရာက္တဲ့အခ်ိန္က်ရင္ လူနာက အေကာင္းပကတိအတိုင္း ျဖစ္ေနလိမ့္မယ္”

“ဗ်ာ… ဪ ဟုတ္ ဟုတ္ကဲ့ပါ”

ကိုစိုးက ဘိုးမင္းေအာင္ကို နားမလည္ႏိုင္သည့္ အမူအရာျဖင့္ၾကည့္ကာ မိေထြးကိုႏႈတ္ဆက္ၿပီး အိမ္ေပၚမွဆင္းျပန္သြားေတာ့သည္။ ေက်ာက္လမ္းခင္းရာေနရာကိုေရာက္ေတာ့ ညေနႏြား႐ိုင္းသြင္းခ်ိန္ေတာင္ ေရာက္ေနေလၿပီ။ ထို႔ေၾကာင့္ တင္ေမာင္ရွိရာ ႐ြက္ဖ်င္တဲထဲကို သံသယစိတ္တို႔ျဖင့္ ေျပးဝင္ၾကည့္လိုက္ေလ၏။

“ကိုစိုး… လာဗ်ာ၊ ဒီမွာ က်ဳပ္ထမင္းခ်က္ၿပီးၿပီ… ထမင္းစားဖို႔ခင္ဗ်ားကို ေမွ်ာ္ေနတာ… ”

“ဟာ …တင္ေမာင္၊ မင္းလက္ သက္သာသြားၿပီလား”

ထိုစဥ္ ထမင္းစားရန္ ေစာင့္ဆိုင္းေနသူက လွမ္းေျပာလိုက္သည္။

” ကိုစိုးေရ… မင္းေကာင္က သက္သာလို႔ အလုပ္ေတာင္ ေန႔တစ္ဝက္ဆင္းလိုက္ေသးတယ္ဗ်ာ…သက္သာေတာ့လည္း ဘာေဆးမွမလိုဘူး… ခ်က္ခ်င္းႀကီးကြ ”

ထိုအခါမွ ကိုစိုးလည္း အံ့ၾသထိတ္လန႔္သြားၿပီး ဘိုးမင္းေအာင္ကို ၾကည္ညိဳေလးစားသြားေတာ့သည္။ ထိုစဥ္ တင္ေမာင္က ၿပဳံးလွ်က္…

“လာပါ… ကိုစိုး… က်ဳပ္ေၾကာင့္ ခင္ဗ်ားလည္းပင္ပန္းသြားၿပီ… အားနာလိုက္တာဗ်ာ ”

“ရပါတယ္ကြ… ငါက ဟိုဆရာႀကီးကို အံ့ၾသေနတာကြ”

“ဘယ္ဆရာႀကီးလဲ”

“မင္းကို အခုလိုသက္သာလာေအာင္ လုပ္ေပးလိုက္တဲ့ ဆရာႀကီးေလ ”

“ဟုတ္လား… အေဝးကေန . ဘယ္လိုေတြေတာင္ လုပ္ေပးလိုက္တာလဲဗ်”

“ေနာက္ေတာ့ ေျပာျပမယ္ တင္ေမာင္ေရ… ေလာေလာဆယ္ ဗိုက္ဆာေနၿပီ ထမင္းစားၾကရေအာင္”

“ဟုတ္ၿပီဗ်ာ… အားလုံးအဆင္သင့္ပဲ လက္ေဆးၿပီးစား႐ုံပဲဗ်ိဳ႕”

တင္ေမာင္က အေကာင္းပကတိအတိုင္း ျပန္ျဖစ္သြားတာေၾကာင့္ သူတို႔၏ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ထမင္းဝိုင္းေလးကလည္း ေပ်ာ္စရာေတြျဖင့္သာ ျပန္လည္ျပည့္ႏွက္သြားေတာ့ေလသတည္း။

ၿပီးပါၿပီ

စာဖတ္သူမ်ားအား
အစဥ္ခ်စ္ခင္ေလးစားလွ်က္

စိုင္း(ခ်ယ္ရီေျမ)