” ကျားသတ်သမား ”(စ-ဆုံး)

Unicode Version

” ကျားသတ်သမား ”(စ-ဆုံး)

—————————-

ဖိုးကျော့

 

အချိန်မှာ သက်ငယ်ခေါင်းချချိန်ဟု ပြောကြ ည့် ရှစ်နာရီကျော်၊ ကိုးနာရီခန့်သာ ရှိသေးသည်။ လူကြီးများမှာ တစ်ဦးတစ်ယောက်မျှ မအိပ်ကြသေး။

 

ထို့ကြောင့်လည်း ဘန့်ဘွေးကုန်းတစ်ရွာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားချိန်မှာ လူကြီးတွေက ဓားဆွဲ၊ လှံဆွဲ၊ မီးတုတ် ဆွဲပြီး အိမ်ပေါ် က ပြေးဆင်းကြသည်။

 

တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် ရွာကို အုပ်ချုပ်ရသော ရွာလူကြီးမှာလည်း ဘာမှန်းမသိသေးဘဲနှင့် အိမ်ရှေ့တွင်ဆွဲထားသော ကြေးမောင်းကြီးကိုသာ မနားတမ်း တဒူဒူ ထုရိုက်နေလေသည်။

 

လူကြီးတွေ အော်ဟစ်မေးမြန်းကြသံ၊ ကလေးငိုသံ၊ ခွေးဟောင်သံ၊ နွားမြည်သံ၊ သံပုံးတီးသံ၊ ဝါးလုံးခေါက်သံတို့နှင့် တစ်ရွာလုံး ကြွက်ကြွက်ညံ့သွားသည်။

 

ထိုအသံဗလံများ ကြဲပါးသွားချိန်တွင် တစ်ဦးနှင့် တစ်ဦး မေးသံ၊ ခေါ်သံ၊ ထူးသံ၊ ပြောကြဆိုကြသံများနှင့် ဆူညံ့လာပြန်၏။

 

“ဘာတဲ့လဲတော့၊ ဘာဖြစ်တာလဲ”

 

အိမ်ပေါ်က မဆင်းရဲသော မိန်းမကြီး တစ်ယောက်သည် သူ့အိမ်ရှေ့က လှံထမ်းပြီး ဖြတ်သွားသော မီးတုတ်နှင့် လူကြီးတစ်ယောက်ကို လှမ်းမေး၏။

 

“မပြောတတ်သေးဘူးဗျို့၊ ရွာဖျားပိုင်းကို သွားမေးမလို့ ထွက်လာတာ။ တစ်ခုခုတော့ တစ်ခုခုပဲ။ သွားလိုက်ဦးမယ်””

 

အလျင်စလိုပြောပြီး ရွာသားကြီး ရွာဖျားပိုင်း ထွက်သွားသည်။ ထိုအချိန်မှာ စောစောက ကြေး မောင်းကြီးကို တူဒူဒူ ထုနေခဲ့သော ရွာသူကြီး သည်လည်း ရွာဖျားပိုင်းရှိ လူစုလူဝေးများရှိရာသို့ ရောက်နှင့်နေလေပြီ။

 

အကြောင်းမှာ ရွာထဲကို ဓားပြတွေဝင်ခြင်း မဟုတ်။ ရွာဖျားရှိ ဦးလူမောင်၏ နွားခြံထဲမှ နှစ် နှစ်သား နွားငယ်တစ်ကောင်ကို ကျားဝင်ဆွဲသွားခြင်းပင် ဖြစ်သည်။

 

ထို့ကြောင့် ဓားတွေ၊ လှံတွေ၊ မီးတုတ်တွေနှင့် ကျားနောက်လိုက်သူတွေက လိုက်ကြသည်။ သို့သော် ရိုးမတောင်ခြေနားရှိ သူတို့ရွာမှာ တောတောင်ထူထပ်သဖြင့် ကျားကိုလည်းကောင်း၊ ရွာဖျားရှိ ဦးလူမောင်၏ ခြံထဲမှ ဆွဲသွားသော နွားငယ်ကိုလည်းကောင်း လုံးဝ မတွေ့ခဲ့ကြပေ။

 

တစ်ယောက်တစ်ပေါက် စုပြောပြီး ညသန်းခေါင်ကျော် အချိန်လောက်မှာ လူခြေတိတ်သွားသည်။ တစ်ရွာလုံး အိပ်ကုန်ကြတော့သည်။

 

အမှန်က နွားကို ကျားကိုက်သွားခြင်းမှာ သူတို့ဆီ၌ အဆန်းတကြယ်ကိစ္စ မဟုတ်တော့။

 

ကျားရဲတတ်သော နတ်တော်၊ ပြာသိုလ ရောက်ပြီဆိုလျှင် ယခင်ကလည်း ဤသို့ပင်။ သုံးနှစ် တစ်ခါ၊ လေးနှစ် တစ်ခါ ဘန့်ဘွေးကုန်းရွာမှ နွားများမှာ ကျားဆွဲခံရဖူးသည်သာ။

 

သို့သော် ယခုကဲ့သို့ ရွာဖျားနွားခြံထဲတွင်တော့ မဟုတ်။ ရွာပြင်၌ နွားရုံ နွားတဲများ၌သာ ဖြစ်လေသည်။

 

ထို့ကြောင့်လည်း နွားကို ကျားကိုက်သွားမှန်း အားလုံး သိရှိသွားကြသောအခါ လူကြီးတွေမှာ တစ်ဦးတစ်ယောက်မှ ထိတ်လန့်တကြား မဖြစ်ကြတော့ဘဲ အားလုံး ကိုယ့်အိမ်ပေါ် ကိုယ် ပြန်တက်ပြီး အိပ်စက် အနားယူလိုက်ကြလေ၏ ။

 

သို့သော် နောက်နေ့ နောက်နေ့ တွေမှာလည်း ခြံထဲ၊တင်းကုပ်ထဲ၊ နွားရုံထဲရှိ နွားများကို တနေ့တစ်ကောင်ကျ ဝင်ဝင်ဆွဲလာသောအခါ ရွာသူရွာသားတွေမှာ စိုးရိမ်ကြီးစွာ ဖြစ်လာသည်။ ကျားဆွဲခံရသော နွားတွေမှာ ဦးလူမောင်၏ နွားငယ်လို နှစ်နှစ်သား၊ နှစ်ခါလည်အရွယ် မဟုတ်တော့ဘဲ လည်သားတက်ပြီး နွားသိုးကြီးများအထိ အတင့်ရဲလာသည်။

 

ထိုအခါ သူကြီးအိမ်ရှေ့တွင် လူစုပြီး ကျား ပြဿနာကို တိုင်ပင်ကြသည်။ ဤကျားဆိုးကို ရှင်းလင်း သုတ်သင်ပစ်ရန် ရွာမုဆိုးတွေနှင့် ညှိနှိုင်းကြသည်။

 

ခက်နေသည်မှာ ဤကျားဆိုးသည် နွားတွေကို တစ်နေ့ တစ်ကောင်ကျ ကိုက်နေသော်လည်း အသားကိုမစားဘဲ သွေးသောက်ရုံသာ သောက်သွားသော ကျားဖြစ်သဖြင့် မုဆိုးများက နွားသေနှင့် ကိုင်းထောင်ဖမ်း၍ မရဟု ဆိုသည်။

 

မုဆိုးများ ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။

 

နွားသေနှင့် ထောင်ထားသော ကိုင်းထဲက နွားသေကိုလာမစားသော ကျားကို ကိုင်းထောင်ဖမ်း၍ မရနိုင်ပေ။ သေနတ်နှင့် စောင့်ပစ်ရန်ကလည်း သူတို့၏ ရွာသူကြီးမှာ တစ်ဆယ့်နှစ်ရွာပိုင် လူကြီးမဟုတ်သဖြင့် အင်္ဂလိပ်မင်းများက သေနတ် ထုတ်မပေးထား။ ဤကိစ္စအတွက် သူကြီးဖြစ်သူမှာလည်း မျက်နှာငယ်ရသည်။

 

လိုအခါ သူတို့နယ်တစ်ဝိုက်တွင် နာမည်ကြီးနေသော’ကျားသတ်ကောင်း ဦးဂေါ်လာကြီး’ ကို ငှားရန် တိုင်ပင်ကြရသည်။ ဤသည်မှာလည်း သူတို့နယ် တစ်ဝိုက်၌ ထုံးစံလိုဖြစ်နေ၏။

 

ရွာမုဆိုးများနှင့် ကျားရဲကို ကိုင်းထောင်ဖမ်းမရလျှင် ကျားသတ်ကောင်း ဦးဂေါ်လာကြီးကို စပါးတင်းသုံး ရာပေး၍ ငှားကြရသည်သာ။

 

ကျားသတ်ကောင်း ဦးဂေါ်လာကြီးမှာ ရိုးမပေါ်ရှိ ရွာတစ်ရွာတွင် နေသူဖြစ်သဖြင့် ရွာသားထဲမှ ခြေမြန် အမျိုးသားနှစ်ယောက်ကို အခေါ် လွှတ်ရသည်။

 

ဘန့်ဘွေးကုန်းရွာမှ အခေါ် လွှတ်လိုက်သူသည် ရိုးမထဲရှိ တောင်ပေါ်ရွာတွင် တစ်ညအိပ်ရသည်။ ထိုတစ်ညမှာပင် ဘန့်ဘွေးကုန်းရွာမှ နွားတစ်ကောင် ကျားဆွဲခံလိုက်ရပြန်သည်။

 

X X X X

 

ကျားသတ်ကောင်း ရွာကို ရောက်လာပြီ ဆိုသောအခါ သူကြီးနှင့် ရွာသူရွာသားတွေမှာ အားလုံး ဝမ်းသာသွားကြသည်။ ကျားသတ်ကောင်း သွားခေါ်သူများကလည်း ‘ကျားသတ်ကောင်း ရလာပြီ၊ ကျားသတ်ကောင်း ပါလာပြီ’ ဟု တစ်ရွာလုံးကို ဟစ်လာ၏။

 

ထို့ကြောင့် တစ်ရွာလုံးရှိ လူတွေမှာ ကျားသတ်ကောင်းကို အားလုံး ဝိုင်းကြည့်ကြသည်။ သူရဲကောင်းကြီး တစ်ယောက် ရောက်လာသလိုလည်း အားရှိ ဝမ်းသာသွားကြသည်။

 

ကျားသတ်ကောင်းကို သူကြီးအိမ်တွင် ထားသည်။ ညနေစာထမင်းကို ကြက်သတ်၍ အကျအန ကျွေးကြသည်။

 

ကျားသတ်ကောင်းဆိုသူ ဦးဂေါ်လာကြီးမှာ အသက် ငါးဆယ်နီးပါးခန့် ရှိသည်။ လူကြီးမှာ အရပ်နိမ့်သော်လည်း တုတ်တုတ်ခိုင်ခိုင်တော့ ရှိသည်။ သို့သော် ရွာသူရွာသားများ ထင်ထားကြသလို ဧရာမလူကြီး ဗလကြီးတော့ မဟုတ်။

 

သူတို့ ဘန့်ဘွေးကုန်းရွာ၌ပင် ကျားသတ်ကောင်းထက် ကိုယ်လုံးကိုယ်ထည် ကြီးမားတုတ်ခိုင်သူတွေ၊အရပ်မြင့်သူတွေ အများကြီးပင်။ ထို့ကြောင့်လည်း တစ်ချို့က ဝေဖန်ကြသည်။

 

“ဒီပုံမျိုးနဲ့ ကျားသတ်နိုင်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား” ဟု။

 

တစ်ချို့ကလည်း သူတို့ရွာက သွားခေါ်သူတွေကို အပြစ်တင်ကြသည်။

 

“ဒီကောင်တွေ ရမ်းသမ်းခေါ်လာပြီ ထင်တယ်။ ကျားသတ်ကောင်း ဦးဂေါ်လာဆိုတာ အစစ်မှ ဟုတ်ရဲ့လား။ ဦးဂေါ်လာက သူ့တပည့် လက်သင်တစ်ယောက်ကိုများ ထည့်လိုက်လေသလား” ဟု။

 

ရွာသူရွာသားတွေ ထင်မည်ဆိုကလည်း ထင်စရာ။

 

လူပုံမှာ မလှုပ်တလှုပ်၊ အေးတိအေးစက်နှင့်။ ကွမ်းတံတွေးကလည်း တပြစ်ပြစ်နှင့်။ သည်ကြားထဲ ဆေးရွက်ကြီးက ငုံလိုက်သေး၏။ ပြီးတော့ ကျားသတ်ရန်လာသည်ဆိုသောသူဆီတွင် လွယ်အိတ်စုတ် တစ်လုံးကလွဲပြီး ဘာလက်နက်မှ ပါမလာ။

 

ထိုအခါ သူကြီးကပင် ကျားသတ်ကောင်း အပေါ် အထင်အမြင်သေးကာ သံသယဝင်လာသည်။

 

“ဦးဂေါ်လာကြီးဟာ ကျားသတ်တဲ့နေရာမှာ သိပ်နာမည်ကြီးတာပဲ။ တစ်နယ်လုံး ဟိုးတိုးကျော်နေပေမယ့် လူချင်းတစ်ခါမှ မကြုံဖူးတော့ ရွာသူ ရွာသားတွေက ဟုတ်မှ ဟုတ်ရဲ့လားတောင် မေးနေကြတယ်”

 

ဟု သူကြီးက စကားနာထိုးကြည့်၏။

 

ဦးဂေါလာကြီးက ပြုံးပြီး

 

“ ဟုတ်ပါတယ် … ကျုပ် ဂေါ်လာပါ။ ဒီညတင်ပဲ ခင်ဗျားတို့ရွာက ကိုက်တဲ့ကျား ကျုပ်သတ်မှာပါ။ ရွာကို အရောက်နောက်ကျသွားတာက ခင်ဗျားတို့ ရွာက လာခေါ်တဲ့လူတွေကို ကျားကိုက်ခံရတဲ့ နွားခြံတွေ၊ ကျားက မစားဘဲ နွားသေကို ဒီအတိုင်းပစ်ထားခဲ့တယ်ဆိုတဲ့ နေရာတွေကို လိုက်ပြခိုင်းနေရလို့ပါ။ ကျုပ် အကုန်ကြည့်ခဲ့ လေ့လာထားခဲ့ပါပြီ။ အားလုံး အဆင်ချောပါတယ်၊ ဒီည ကျုပ် ကျားသတ် ထွက်မှာပါ”

 

ဟု ဆိုသည်။

 

“ဘယ်လိုမှတော့ မအောက်မေ့ပါနဲ့ ကျားသတ်ကောင်း ခင်ဗျား။ ကျားသတ်မယ်သာပြောတာ၊ ခင်ဗျား လက်ထဲမှာလဲ ဘာလက်နက်မှ မပါတော့”

 

ဟူသော သူကြီးမင်း၏ စကားမဆုံးမခင်ပင် ကျားသတ်ကောင်းက သူ့လွယ်အိတ်စုတ်ကို ပုတ်ပြပြီး

 

“ဒီအိတ်ထဲမှာ ပါပါတယ်”

 

ဟု ပြော၏။

 

လွယ်အိတ်ထဲ ပါပါတယ်ဟု ဆိုသော်လည်း သူကြီးနှင့်တကွ ရွာသားတွေမှာ အားမလို အားမရ ဖြစ်နေကြသည်။

 

“ပါတယ်သာပြောတာ၊ ကျုပ်တို့ မြင်တာတော့ သူ့ကွမ်းဘူးရယ်၊ ဆေးရွက်ကြီးတွေရယ်ပဲ မြင်တာပဲ”

 

ဟု တီးတိုးတီးတိုး ပြောနေကြပြန်သည်။

 

ညနေစာ ထမင်းစားသောက်ပြီးသည်နှင့် ကျားသတ်ကောင်းသည် သူ့လွယ်အိတ်ထဲက ရေနံဆီ ထည့်လာသော ပုလင်းငယ်တစ်လုံးကို ထုတ်သည်။ ပြီးတော့ ကြိုးစတစ်ဖက်တွင် ရေနံဆွတ်ထားသော အဝတ်စုတ်တွေကို ပတ်နေ၏။

 

အနားမှာထိုင်ကြည့်နေသူတွေက မယုံသင်္ကာ စိတ်နှင့်

 

“ကျားကို အဲဒါနဲ့ သတ်မှာလား”

 

ဟု မေးကြ၏။

 

“မဟုတ်ပါဘူးဗျာ၊ ဒါက ကျားခေါ်တဲ့ ပစ္စည်းပါ။ ကျားသတ်မှာက ဒါလေ”

 

ဟု ပြောပြီး သူ့လွယ်အိတ်စုတ်ထဲက စရွေးကိုက် လုပ်ထားသော တစ်ထွာနီးပါးခန့်ရှိ ရှားသားတုတ်နှစ် ချောင်းမှာ နှစ်ဖက်စလုံး မြည့်နေအောင်ချွန်ထား သော အချွန်လေးဘက်နှင့်ဖြစ်သည်။

 

အလယ်က မူလီစုပ်ထားသော ရှားသားတုတ်တို နှစ်ချောင်းကို ဖြန့်လိုက်သောအခါ လေးဘက် လေးစွယ် ဖြစ်သွားသည်။ ထိုရှားသား လေးဘက် လေးစွယ်ကို ညာလက်ချောင်းများကြားထဲ ထည့်ပြီး ကျားသတ်ကောင်းက လှည့်ကစားကြည့်၏။ ပြီး သူ့ထုံးစံ အတိုင်း ပြုံးပြီး

 

“ကျားကို ကျုပ်က ဒါနဲ့သတ်မှာ” ဟု ဆိုသည်။

 

ယခုထိ လူတွေက မယုံရဲကြသေး။

 

“ရှားသား တုတ်တိုလေး အချွန်လေးဘက်နဲ့များ ကျားရဲကြီးကို ဘယ်လိုလုပ် သတ်နိုင်မလဲ”

 

ဟု တီးတိုး ပြောကြတုန်း။

 

သို့သော် ကျားသတ်ကောင်း ဦးဂေါ်လာကြီးကား လူတွေ တီးတိုး တီးတိုး သဖန်းပိုး လုပ်နေကြသည်ကို လုံးဝ ဂရုမစိုက်။ သူ့ လက်ထဲတွင် လေးဘက်အစွယ်နှင့် ရှားသားတုတ်တိုလေးကိုသာ လက်ထဲ ထည့်လိုက်၊ လှည့်လိုက်၊ ပြန်ကိုင်လိုက် လုပ်နေလေသည်။

 

X X X X

 

ကျားသတ်ကောင်း ဦးဂေါ်လာသည် ည ခုနှစ်နာရီကျော်လောက်မှာ ရွာက ထွက်လာသည်။ ရွာမုဆိုး နှစ်ယောက်နှင့် ကြည့်ချင် မြင်ချင်သော လူများကိုလည်း ရွာပြင်ဘက် ခေါ်ထုတ်လာ၏။

 

ရွာကြားနှင့် ရိုးမကြားရှိ လယ်ကွင်းနားတစ်ခု ရောက်သောအခါ ရွာမုဆိုးနှစ်ယောက်နှင့် ရွာသားကြီး လေး ငါးယောက်ကို နီးရာ သစ်ပင်ပေါ် တက်ပြီး ကြည့်နေကြတော့ဟု ပြောလိုက်သည်။

 

သူကမူ ဘယ်ဘက်တွင် ကိုင်လာသော ကြိုးစမှ ရေနံဆွတ်ထားသော အဝတ်စကို မီးညှိလိုက်ပြီး စက်ဝိုင်းပမာဖြစ်အောင် လှည့်ကစားနေသည်။

 

ညာဘက်ကမူ အချွန်လေးဘက်နှင့် အလယ်က စရွေးကိုက် မူလီစုပ်ထားသော ရှားသားတုတ်တိုလေးကို မြဲမြဲကိုင်ကာ နပန်းသမားတစ်ယောက်ပမာ ဟန်ပါပါ လှည့်ပတ်နေသည်။

 

မကြာခင်ပင် ကျားဟိန်းသံကြီးတစ်ခု ပေါ် လာ၏။ သစ်ပင်ပေါ်က တက်ကြည့်နေကြသော ရွာမုဆိုး နှစ်ယောက်နှင့် ရွာသားသုံးယောက်မှာ ကျားသတ်သမားကြီး ဦးဂေါ်လာကို မျက်တောင်မခတ် စိုက်ကြည်နေကြသည်။

 

ကျားကြီးသည် ဦးဂေါ်လာအနား ချက်ချင်း ရောက်လာ၏။ ဦးဂေါ်လာ၏ ဘယ်ဘက်ရှိ မီးကွင်းက ပိုပြီး လည်ပတ်လာသည်။ ထိုမီးကွင်းအရောင်နှင့်ပင် ကျားကြီးက ဦးဂေါလာအား လှည့်ပတ် ချောင်းနေသည်ကို သစ်ပင်ပေါ်က ကြည့်နေသော ရွာမုဆိုး နှစ်ယောက်နှင့် ရွာသား သုံးလေးယောက်က မြင်နေကြရသည်။

 

ကျားကြီးနှင့် ဦးဂေါ်လာတို့မှာ တစ်ဦးနှင့် တစ်ဦး လှည့်ပတ်အကွက်ရှာနေကြသည်။ ကွမ်းတစ်ယာညက်ခန့် အကြာတွင် ကျားကြီးသည် မုဆိုးထိုင် ထိုင်ကာ မီးကွင်းလှည့်ကစားပြနေသော ဦးဂေါ်လာကြီးကို “ဝေါင်း” ခနဲအော်ပြီး ခုန်အုပ်လိုက်သည်။

 

ကျားသတ်သမား ဦးဂေါ်လာကြီးသည် ခုန်အုပ်လိုက်သော ကျားကြီး၏ ပါးစပ်ထဲကို သူ၏ ညာလက်တွင် ကိုင်ထားသော လေးဘက်ချွန် ရှားသား တုတ်ကို ပါးစပ်ထဲ တစ်အား ထိုးထည့်လိုက်လေ၏။

 

ကျားကြီးမှာ ဝေါင်း ဟုပင် နောက်ထပ် မအော်နိုင်တော့ဘဲ ‘ဝရူး .. ဝရူး .. ရူး .. ဟူး’ ဟူသော ဝမ်းခေါင်းကြီးနှင့်အတူ ဗလုံးဗထွေးအော်ကာ ထွက်ပြေးသွားလေသည်။

 

ကျားသက်ကောင်း ဦးဂေါ်လာကြီးသည် ထိုအခါမှ ရွာမုဆိုး နှစ်ယောက်နှင့် ရွာသားတွေကို သစ်ပင်ပေါ်က ဆင်းခိုင်းသည်။

 

“ကျားဆိုးကြီးတော့ ပါးစပ်ထဲ ရှားသား စူးသွားပြီ။ ဘာကောင်ကိုမှ မကိုက်နိုင်တော့ဘူး။ ခုလောက်ဆို ပါးတွေ အခေါင်တွေတောင် ပေါက်ကုန်ပြီးနေမှာ။ အဲဒီတော့ ရွာမုဆိုးကြီး နှစ်ယောက် တာဝန်ယူပြီး မနက်ဖြန်ခါ ကျားသေကို ဆက်ရှာကြတော့။ ကျုပ်တော့ မနက်ဖြန်မနက်ပဲ ကိစ္စရှိသေးလို့ တောင်ပေါ်ပြန်ပါရစေ”

 

ဟု ပြောလိုက်၏။

 

မနက် မိုးလင်းသည်နှင့်တစ်ပြိုင်နက် ကျားသတ်သမားဦးဂေါ်လာသည် မနက်စာပင် မစားဘဲ တကယ်ပင် တောင် ပေါ်ပြန်တက်သွားလေ၏။

 

ရွာမုဆိုးနှစ်ယောက် ဦးဆောင်ကာ ဦးဂေါ်လာ သတ်ထားခဲ့သော ကျားသေကို ခွေးတွေနှင့် ဝိုင်းရှာကြသည်။

 

လျှိုတစ်ခုတွင် ကျားကြီးကိုတွေ့ရ၏။ ကျားကြီးကမူ မသေသေး။ သို့သော် ကျားသတ်သမား ဦးဂေါ်လာ ပြောထားခဲ့သလို ကျားကြီးမှာ ပါးစပ်ကို ဘယ်လိုမှ စေ့မရတော့။ ရှားသားတုတ် အချွန်လေးဘက်ကအာခေါင်နှင့် ပါးကိုစူးကာ ဝရူး ဝရူး နှင့် အော်ညည်းနေသည်။

 

ပါးနှစ်ဖက်ကို ဖောက်ထွက် စူးဝင်နေသော ရှားသားဆူးတစ်ဖက် တစ်ခုမှာ အပြင်သို့ နှစ်လက်မလောက်ပင် ထိုးထွက်နေသည်။

 

အပေါ် အာခေါင်နှင့် အောက်မေးကို ထောက်စူးဝင် နေသော ရှားသားဆူးနှစ်ဖက်ကြောင့် ကျားကြီးမှာ ရန်မူလာသူများကို ကိုက်ရန်မဆိုထားနှင့် ပါးစပ်ကိုပင် ပြန်စေ့မရ ဖြစ်နေလေသည်။

 

ထို့ကြောင့် ရွာမုဆိုးကြီးနှစ်ယောက်နှင့် ရွာသားကြီးတွေမှာ သူတို့ ကျွဲနွားများကို ကိုက်သတ်စားခဲ့သော ကျားဆိုးကြီးအား ကလဲ့စားချေကာ လှံတွေနှင့် ရဲရဲဝံ့ဝံ့ ဝိုင်းထိုးသတ်ပစ်လိုက်ကြလေသည်။

 

စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း

အမှတ် ၆၂၊ မတ်လ၊ ၁၉၉၀

 

– ပြီး –

 

စာရေးသူ – ဖိုးကျော့

စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Zawgyi Version

” က်ားသတ္သမား ”(စ-ဆုံး)

—————————-

ဖိုးေက်ာ့

 

အခ်ိန္မွာ သက္ငယ္ေခါင္းခ်ခ်ိန္ဟု ေျပာၾက ည့္ ရွစ္နာရီေက်ာ္၊ ကိုးနာရီခန႔္သာ ရွိေသးသည္။ လူႀကီးမ်ားမွာ တစ္ဦးတစ္ေယာက္မွ် မအိပ္ၾကေသး။

 

ထို႔ေၾကာင့္လည္း ဘန႔္ေဘြးကုန္းတစ္႐ြာလုံး အုတ္ေအာ္ေသာင္းတင္း ျဖစ္သြားခ်ိန္မွာ လူႀကီးေတြက ဓားဆြဲ၊ လွံဆြဲ၊ မီးတုတ္ ဆြဲၿပီး အိမ္ေပၚ က ေျပးဆင္းၾကသည္။

 

တစ္႐ြာလုံး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားသျဖင့္ ႐ြာကို အုပ္ခ်ဳပ္ရေသာ ႐ြာလူႀကီးမွာလည္း ဘာမွန္းမသိေသးဘဲႏွင့္ အိမ္ေရွ႕တြင္ဆြဲထားေသာ ေၾကးေမာင္းႀကီးကိုသာ မနားတမ္း တဒူဒူ ထု႐ိုက္ေနေလသည္။

 

လူႀကီးေတြ ေအာ္ဟစ္ေမးျမန္းၾကသံ၊ ကေလးငိုသံ၊ ေခြးေဟာင္သံ၊ ႏြားျမည္သံ၊ သံပုံးတီးသံ၊ ဝါးလုံးေခါက္သံတို႔ႏွင့္ တစ္႐ြာလုံး ႂကြက္ႂကြက္ညံ့သြားသည္။

 

ထိုအသံဗလံမ်ား ႀကဲပါးသြားခ်ိန္တြင္ တစ္ဦးႏွင့္ တစ္ဦး ေမးသံ၊ ေခၚသံ၊ ထူးသံ၊ ေျပာၾကဆိုၾကသံမ်ားႏွင့္ ဆူညံ့လာျပန္၏။

 

“ဘာတဲ့လဲေတာ့၊ ဘာျဖစ္တာလဲ”

 

အိမ္ေပၚက မဆင္းရဲေသာ မိန္းမႀကီး တစ္ေယာက္သည္ သူ႔အိမ္ေရွ႕က လွံထမ္းၿပီး ျဖတ္သြားေသာ မီးတုတ္ႏွင့္ လူႀကီးတစ္ေယာက္ကို လွမ္းေမး၏။

 

“မေျပာတတ္ေသးဘူးဗ်ိဳ႕၊ ႐ြာဖ်ားပိုင္းကို သြားေမးမလို႔ ထြက္လာတာ။ တစ္ခုခုေတာ့ တစ္ခုခုပဲ။ သြားလိုက္ဦးမယ္””

 

အလ်င္စလိုေျပာၿပီး ႐ြာသားႀကီး ႐ြာဖ်ားပိုင္း ထြက္သြားသည္။ ထိုအခ်ိန္မွာ ေစာေစာက ေၾကး ေမာင္းႀကီးကို တူဒူဒူ ထုေနခဲ့ေသာ ႐ြာသူႀကီး သည္လည္း ႐ြာဖ်ားပိုင္းရွိ လူစုလူေဝးမ်ားရွိရာသို႔ ေရာက္ႏွင့္ေနေလၿပီ။

 

အေၾကာင္းမွာ ႐ြာထဲကို ဓားျပေတြဝင္ျခင္း မဟုတ္။ ႐ြာဖ်ားရွိ ဦးလူေမာင္၏ ႏြားၿခံထဲမွ ႏွစ္ ႏွစ္သား ႏြားငယ္တစ္ေကာင္ကို က်ားဝင္ဆြဲသြားျခင္းပင္ ျဖစ္သည္။

 

ထို႔ေၾကာင့္ ဓားေတြ၊ လွံေတြ၊ မီးတုတ္ေတြႏွင့္ က်ားေနာက္လိုက္သူေတြက လိုက္ၾကသည္။ သို႔ေသာ္ ႐ိုးမေတာင္ေျခနားရွိ သူတို႔႐ြာမွာ ေတာေတာင္ထူထပ္သျဖင့္ က်ားကိုလည္းေကာင္း၊ ႐ြာဖ်ားရွိ ဦးလူေမာင္၏ ၿခံထဲမွ ဆြဲသြားေသာ ႏြားငယ္ကိုလည္းေကာင္း လုံးဝ မေတြ႕ခဲ့ၾကေပ။

 

တစ္ေယာက္တစ္ေပါက္ စုေျပာၿပီး ညသန္းေခါင္ေက်ာ္ အခ်ိန္ေလာက္မွာ လူေျခတိတ္သြားသည္။ တစ္႐ြာလုံး အိပ္ကုန္ၾကေတာ့သည္။

 

အမွန္က ႏြားကို က်ားကိုက္သြားျခင္းမွာ သူတို႔ဆီ၌ အဆန္းတၾကယ္ကိစၥ မဟုတ္ေတာ့။

 

က်ားရဲတတ္ေသာ နတ္ေတာ္၊ ျပာသိုလ ေရာက္ၿပီဆိုလွ်င္ ယခင္ကလည္း ဤသို႔ပင္။ သုံးႏွစ္ တစ္ခါ၊ ေလးႏွစ္ တစ္ခါ ဘန႔္ေဘြးကုန္း႐ြာမွ ႏြားမ်ားမွာ က်ားဆြဲခံရဖူးသည္သာ။

 

သို႔ေသာ္ ယခုကဲ့သို႔ ႐ြာဖ်ားႏြားၿခံထဲတြင္ေတာ့ မဟုတ္။ ႐ြာျပင္၌ ႏြား႐ုံ ႏြားတဲမ်ား၌သာ ျဖစ္ေလသည္။

 

ထို႔ေၾကာင့္လည္း ႏြားကို က်ားကိုက္သြားမွန္း အားလုံး သိရွိသြားၾကေသာအခါ လူႀကီးေတြမွာ တစ္ဦးတစ္ေယာက္မွ ထိတ္လန႔္တၾကား မျဖစ္ၾကေတာ့ဘဲ အားလုံး ကိုယ့္အိမ္ေပၚ ကိုယ္ ျပန္တက္ၿပီး အိပ္စက္ အနားယူလိုက္ၾကေလ၏ ။

 

သို႔ေသာ္ ေနာက္ေန႔ ေနာက္ေန႔ ေတြမွာလည္း ၿခံထဲ၊တင္းကုပ္ထဲ၊ ႏြား႐ုံထဲရွိ ႏြားမ်ားကို တေန႔တစ္ေကာင္က် ဝင္ဝင္ဆြဲလာေသာအခါ ႐ြာသူ႐ြာသားေတြမွာ စိုးရိမ္ႀကီးစြာ ျဖစ္လာသည္။ က်ားဆြဲခံရေသာ ႏြားေတြမွာ ဦးလူေမာင္၏ ႏြားငယ္လို ႏွစ္ႏွစ္သား၊ ႏွစ္ခါလည္အ႐ြယ္ မဟုတ္ေတာ့ဘဲ လည္သားတက္ၿပီး ႏြားသိုးႀကီးမ်ားအထိ အတင့္ရဲလာသည္။

 

ထိုအခါ သူႀကီးအိမ္ေရွ႕တြင္ လူစုၿပီး က်ား ျပႆနာကို တိုင္ပင္ၾကသည္။ ဤက်ားဆိုးကို ရွင္းလင္း သုတ္သင္ပစ္ရန္ ႐ြာမုဆိုးေတြႏွင့္ ညႇိႏႈိင္းၾကသည္။

 

ခက္ေနသည္မွာ ဤက်ားဆိုးသည္ ႏြားေတြကို တစ္ေန႔ တစ္ေကာင္က် ကိုက္ေနေသာ္လည္း အသားကိုမစားဘဲ ေသြးေသာက္႐ုံသာ ေသာက္သြားေသာ က်ားျဖစ္သျဖင့္ မုဆိုးမ်ားက ႏြားေသႏွင့္ ကိုင္းေထာင္ဖမ္း၍ မရဟု ဆိုသည္။

 

မုဆိုးမ်ား ေျပာသည္မွာလည္း အမွန္ပင္ ျဖစ္သည္။

 

ႏြားေသႏွင့္ ေထာင္ထားေသာ ကိုင္းထဲက ႏြားေသကိုလာမစားေသာ က်ားကို ကိုင္းေထာင္ဖမ္း၍ မရႏိုင္ေပ။ ေသနတ္ႏွင့္ ေစာင့္ပစ္ရန္ကလည္း သူတို႔၏ ႐ြာသူႀကီးမွာ တစ္ဆယ့္ႏွစ္႐ြာပိုင္ လူႀကီးမဟုတ္သျဖင့္ အဂၤလိပ္မင္းမ်ားက ေသနတ္ ထုတ္မေပးထား။ ဤကိစၥအတြက္ သူႀကီးျဖစ္သူမွာလည္း မ်က္ႏွာငယ္ရသည္။

 

လိုအခါ သူတို႔နယ္တစ္ဝိုက္တြင္ နာမည္ႀကီးေနေသာ’က်ားသတ္ေကာင္း ဦးေဂၚလာႀကီး’ ကို ငွားရန္ တိုင္ပင္ၾကရသည္။ ဤသည္မွာလည္း သူတို႔နယ္ တစ္ဝိုက္၌ ထုံးစံလိုျဖစ္ေန၏။

 

႐ြာမုဆိုးမ်ားႏွင့္ က်ားရဲကို ကိုင္းေထာင္ဖမ္းမရလွ်င္ က်ားသတ္ေကာင္း ဦးေဂၚလာႀကီးကို စပါးတင္းသုံး ရာေပး၍ ငွားၾကရသည္သာ။

 

က်ားသတ္ေကာင္း ဦးေဂၚလာႀကီးမွာ ႐ိုးမေပၚရွိ ႐ြာတစ္႐ြာတြင္ ေနသူျဖစ္သျဖင့္ ႐ြာသားထဲမွ ေျချမန္ အမ်ိဳးသားႏွစ္ေယာက္ကို အေခၚ လႊတ္ရသည္။

 

ဘန႔္ေဘြးကုန္း႐ြာမွ အေခၚ လႊတ္လိုက္သူသည္ ႐ိုးမထဲရွိ ေတာင္ေပၚ႐ြာတြင္ တစ္ညအိပ္ရသည္။ ထိုတစ္ညမွာပင္ ဘန႔္ေဘြးကုန္း႐ြာမွ ႏြားတစ္ေကာင္ က်ားဆြဲခံလိုက္ရျပန္သည္။

 

X X X X

 

က်ားသတ္ေကာင္း ႐ြာကို ေရာက္လာၿပီ ဆိုေသာအခါ သူႀကီးႏွင့္ ႐ြာသူ႐ြာသားေတြမွာ အားလုံး ဝမ္းသာသြားၾကသည္။ က်ားသတ္ေကာင္း သြားေခၚသူမ်ားကလည္း ‘က်ားသတ္ေကာင္း ရလာၿပီ၊ က်ားသတ္ေကာင္း ပါလာၿပီ’ ဟု တစ္႐ြာလုံးကို ဟစ္လာ၏။

 

ထို႔ေၾကာင့္ တစ္႐ြာလုံးရွိ လူေတြမွာ က်ားသတ္ေကာင္းကို အားလုံး ဝိုင္းၾကည့္ၾကသည္။ သူရဲေကာင္းႀကီး တစ္ေယာက္ ေရာက္လာသလိုလည္း အားရွိ ဝမ္းသာသြားၾကသည္။

 

က်ားသတ္ေကာင္းကို သူႀကီးအိမ္တြင္ ထားသည္။ ညေနစာထမင္းကို ၾကက္သတ္၍ အက်အန ေကြၽးၾကသည္။

 

က်ားသတ္ေကာင္းဆိုသူ ဦးေဂၚလာႀကီးမွာ အသက္ ငါးဆယ္နီးပါးခန႔္ ရွိသည္။ လူႀကီးမွာ အရပ္နိမ့္ေသာ္လည္း တုတ္တုတ္ခိုင္ခိုင္ေတာ့ ရွိသည္။ သို႔ေသာ္ ႐ြာသူ႐ြာသားမ်ား ထင္ထားၾကသလို ဧရာမလူႀကီး ဗလႀကီးေတာ့ မဟုတ္။

 

သူတို႔ ဘန႔္ေဘြးကုန္း႐ြာ၌ပင္ က်ားသတ္ေကာင္းထက္ ကိုယ္လုံးကိုယ္ထည္ ႀကီးမားတုတ္ခိုင္သူေတြ၊အရပ္ျမင့္သူေတြ အမ်ားႀကီးပင္။ ထို႔ေၾကာင့္လည္း တစ္ခ်ိဳ႕က ေဝဖန္ၾကသည္။

 

“ဒီပုံမ်ိဳးနဲ႔ က်ားသတ္ႏိုင္တယ္ဆိုတာ ဟုတ္မွဟုတ္ရဲ႕လား” ဟု။

 

တစ္ခ်ိဳ႕ကလည္း သူတို႔႐ြာက သြားေခၚသူေတြကို အျပစ္တင္ၾကသည္။

 

“ဒီေကာင္ေတြ ရမ္းသမ္းေခၚလာၿပီ ထင္တယ္။ က်ားသတ္ေကာင္း ဦးေဂၚလာဆိုတာ အစစ္မွ ဟုတ္ရဲ႕လား။ ဦးေဂၚလာက သူ႔တပည့္ လက္သင္တစ္ေယာက္ကိုမ်ား ထည့္လိုက္ေလသလား” ဟု။

 

႐ြာသူ႐ြာသားေတြ ထင္မည္ဆိုကလည္း ထင္စရာ။

 

လူပုံမွာ မလႈပ္တလႈပ္၊ ေအးတိေအးစက္ႏွင့္။ ကြမ္းတံေတြးကလည္း တျပစ္ျပစ္ႏွင့္။ သည္ၾကားထဲ ေဆး႐ြက္ႀကီးက ငုံလိုက္ေသး၏။ ၿပီးေတာ့ က်ားသတ္ရန္လာသည္ဆိုေသာသူဆီတြင္ လြယ္အိတ္စုတ္ တစ္လုံးကလြဲၿပီး ဘာလက္နက္မွ ပါမလာ။

 

ထိုအခါ သူႀကီးကပင္ က်ားသတ္ေကာင္း အေပၚ အထင္အျမင္ေသးကာ သံသယဝင္လာသည္။

 

“ဦးေဂၚလာႀကီးဟာ က်ားသတ္တဲ့ေနရာမွာ သိပ္နာမည္ႀကီးတာပဲ။ တစ္နယ္လုံး ဟိုးတိုးေက်ာ္ေနေပမယ့္ လူခ်င္းတစ္ခါမွ မႀကဳံဖူးေတာ့ ႐ြာသူ ႐ြာသားေတြက ဟုတ္မွ ဟုတ္ရဲ႕လားေတာင္ ေမးေနၾကတယ္”

 

ဟု သူႀကီးက စကားနာထိုးၾကည့္၏။

 

ဦးေဂါလာႀကီးက ၿပဳံးၿပီး

 

“ ဟုတ္ပါတယ္ … က်ဳပ္ ေဂၚလာပါ။ ဒီညတင္ပဲ ခင္ဗ်ားတို႔႐ြာက ကိုက္တဲ့က်ား က်ဳပ္သတ္မွာပါ။ ႐ြာကို အေရာက္ေနာက္က်သြားတာက ခင္ဗ်ားတို႔ ႐ြာက လာေခၚတဲ့လူေတြကို က်ားကိုက္ခံရတဲ့ ႏြားၿခံေတြ၊ က်ားက မစားဘဲ ႏြားေသကို ဒီအတိုင္းပစ္ထားခဲ့တယ္ဆိုတဲ့ ေနရာေတြကို လိုက္ျပခိုင္းေနရလို႔ပါ။ က်ဳပ္ အကုန္ၾကည့္ခဲ့ ေလ့လာထားခဲ့ပါၿပီ။ အားလုံး အဆင္ေခ်ာပါတယ္၊ ဒီည က်ဳပ္ က်ားသတ္ ထြက္မွာပါ”

 

ဟု ဆိုသည္။

 

“ဘယ္လိုမွေတာ့ မေအာက္ေမ့ပါနဲ႔ က်ားသတ္ေကာင္း ခင္ဗ်ား။ က်ားသတ္မယ္သာေျပာတာ၊ ခင္ဗ်ား လက္ထဲမွာလဲ ဘာလက္နက္မွ မပါေတာ့”

 

ဟူေသာ သူႀကီးမင္း၏ စကားမဆုံးမခင္ပင္ က်ားသတ္ေကာင္းက သူ႔လြယ္အိတ္စုတ္ကို ပုတ္ျပၿပီး

 

“ဒီအိတ္ထဲမွာ ပါပါတယ္”

 

ဟု ေျပာ၏။

 

လြယ္အိတ္ထဲ ပါပါတယ္ဟု ဆိုေသာ္လည္း သူႀကီးႏွင့္တကြ ႐ြာသားေတြမွာ အားမလို အားမရ ျဖစ္ေနၾကသည္။

 

“ပါတယ္သာေျပာတာ၊ က်ဳပ္တို႔ ျမင္တာေတာ့ သူ႔ကြမ္းဘူးရယ္၊ ေဆး႐ြက္ႀကီးေတြရယ္ပဲ ျမင္တာပဲ”

 

ဟု တီးတိုးတီးတိုး ေျပာေနၾကျပန္သည္။

 

ညေနစာ ထမင္းစားေသာက္ၿပီးသည္ႏွင့္ က်ားသတ္ေကာင္းသည္ သူ႔လြယ္အိတ္ထဲက ေရနံဆီ ထည့္လာေသာ ပုလင္းငယ္တစ္လုံးကို ထုတ္သည္။ ၿပီးေတာ့ ႀကိဳးစတစ္ဖက္တြင္ ေရနံဆြတ္ထားေသာ အဝတ္စုတ္ေတြကို ပတ္ေန၏။

 

အနားမွာထိုင္ၾကည့္ေနသူေတြက မယုံသကၤာ စိတ္ႏွင့္

 

“က်ားကို အဲဒါနဲ႔ သတ္မွာလား”

 

ဟု ေမးၾက၏။

 

“မဟုတ္ပါဘူးဗ်ာ၊ ဒါက က်ားေခၚတဲ့ ပစၥည္းပါ။ က်ားသတ္မွာက ဒါေလ”

 

ဟု ေျပာၿပီး သူ႔လြယ္အိတ္စုတ္ထဲက စေ႐ြးကိုက္ လုပ္ထားေသာ တစ္ထြာနီးပါးခန႔္ရွိ ရွားသားတုတ္ႏွစ္ ေခ်ာင္းမွာ ႏွစ္ဖက္စလုံး ျမည့္ေနေအာင္ခြၽန္ထား ေသာ အခြၽန္ေလးဘက္ႏွင့္ျဖစ္သည္။

 

အလယ္က မူလီစုပ္ထားေသာ ရွားသားတုတ္တို ႏွစ္ေခ်ာင္းကို ျဖန႔္လိုက္ေသာအခါ ေလးဘက္ ေလးစြယ္ ျဖစ္သြားသည္။ ထိုရွားသား ေလးဘက္ ေလးစြယ္ကို ညာလက္ေခ်ာင္းမ်ားၾကားထဲ ထည့္ၿပီး က်ားသတ္ေကာင္းက လွည့္ကစားၾကည့္၏။ ၿပီး သူ႔ထုံးစံ အတိုင္း ၿပဳံးၿပီး

 

“က်ားကို က်ဳပ္က ဒါနဲ႔သတ္မွာ” ဟု ဆိုသည္။

 

ယခုထိ လူေတြက မယုံရဲၾကေသး။

 

“ရွားသား တုတ္တိုေလး အခြၽန္ေလးဘက္နဲ႔မ်ား က်ားရဲႀကီးကို ဘယ္လိုလုပ္ သတ္ႏိုင္မလဲ”

 

ဟု တီးတိုး ေျပာၾကတုန္း။

 

သို႔ေသာ္ က်ားသတ္ေကာင္း ဦးေဂၚလာႀကီးကား လူေတြ တီးတိုး တီးတိုး သဖန္းပိုး လုပ္ေနၾကသည္ကို လုံးဝ ဂ႐ုမစိုက္။ သူ႔ လက္ထဲတြင္ ေလးဘက္အစြယ္ႏွင့္ ရွားသားတုတ္တိုေလးကိုသာ လက္ထဲ ထည့္လိုက္၊ လွည့္လိုက္၊ ျပန္ကိုင္လိုက္ လုပ္ေနေလသည္။

 

X X X X

 

က်ားသတ္ေကာင္း ဦးေဂၚလာသည္ ည ခုႏွစ္နာရီေက်ာ္ေလာက္မွာ ႐ြာက ထြက္လာသည္။ ႐ြာမုဆိုး ႏွစ္ေယာက္ႏွင့္ ၾကည့္ခ်င္ ျမင္ခ်င္ေသာ လူမ်ားကိုလည္း ႐ြာျပင္ဘက္ ေခၚထုတ္လာ၏။

 

႐ြာၾကားႏွင့္ ႐ိုးမၾကားရွိ လယ္ကြင္းနားတစ္ခု ေရာက္ေသာအခါ ႐ြာမုဆိုးႏွစ္ေယာက္ႏွင့္ ႐ြာသားႀကီး ေလး ငါးေယာက္ကို နီးရာ သစ္ပင္ေပၚ တက္ၿပီး ၾကည့္ေနၾကေတာ့ဟု ေျပာလိုက္သည္။

 

သူကမူ ဘယ္ဘက္တြင္ ကိုင္လာေသာ ႀကိဳးစမွ ေရနံဆြတ္ထားေသာ အဝတ္စကို မီးညႇိလိုက္ၿပီး စက္ဝိုင္းပမာျဖစ္ေအာင္ လွည့္ကစားေနသည္။

 

ညာဘက္ကမူ အခြၽန္ေလးဘက္ႏွင့္ အလယ္က စေ႐ြးကိုက္ မူလီစုပ္ထားေသာ ရွားသားတုတ္တိုေလးကို ၿမဲၿမဲကိုင္ကာ နပန္းသမားတစ္ေယာက္ပမာ ဟန္ပါပါ လွည့္ပတ္ေနသည္။

 

မၾကာခင္ပင္ က်ားဟိန္းသံႀကီးတစ္ခု ေပၚ လာ၏။ သစ္ပင္ေပၚက တက္ၾကည့္ေနၾကေသာ ႐ြာမုဆိုး ႏွစ္ေယာက္ႏွင့္ ႐ြာသားသုံးေယာက္မွာ က်ားသတ္သမားႀကီး ဦးေဂၚလာကို မ်က္ေတာင္မခတ္ စိုက္ၾကည္ေနၾကသည္။

 

က်ားႀကီးသည္ ဦးေဂၚလာအနား ခ်က္ခ်င္း ေရာက္လာ၏။ ဦးေဂၚလာ၏ ဘယ္ဘက္ရွိ မီးကြင္းက ပိုၿပီး လည္ပတ္လာသည္။ ထိုမီးကြင္းအေရာင္ႏွင့္ပင္ က်ားႀကီးက ဦးေဂါလာအား လွည့္ပတ္ ေခ်ာင္းေနသည္ကို သစ္ပင္ေပၚက ၾကည့္ေနေသာ ႐ြာမုဆိုး ႏွစ္ေယာက္ႏွင့္ ႐ြာသား သုံးေလးေယာက္က ျမင္ေနၾကရသည္။

 

က်ားႀကီးႏွင့္ ဦးေဂၚလာတို႔မွာ တစ္ဦးႏွင့္ တစ္ဦး လွည့္ပတ္အကြက္ရွာေနၾကသည္။ ကြမ္းတစ္ယာညက္ခန႔္ အၾကာတြင္ က်ားႀကီးသည္ မုဆိုးထိုင္ ထိုင္ကာ မီးကြင္းလွည့္ကစားျပေနေသာ ဦးေဂၚလာႀကီးကို “ေဝါင္း” ခနဲေအာ္ၿပီး ခုန္အုပ္လိုက္သည္။

 

က်ားသတ္သမား ဦးေဂၚလာႀကီးသည္ ခုန္အုပ္လိုက္ေသာ က်ားႀကီး၏ ပါးစပ္ထဲကို သူ၏ ညာလက္တြင္ ကိုင္ထားေသာ ေလးဘက္ခြၽန္ ရွားသား တုတ္ကို ပါးစပ္ထဲ တစ္အား ထိုးထည့္လိုက္ေလ၏။

 

က်ားႀကီးမွာ ေဝါင္း ဟုပင္ ေနာက္ထပ္ မေအာ္ႏိုင္ေတာ့ဘဲ ‘ဝ႐ူး .. ဝ႐ူး .. ႐ူး .. ဟူး’ ဟူေသာ ဝမ္းေခါင္းႀကီးႏွင့္အတူ ဗလုံးဗေထြးေအာ္ကာ ထြက္ေျပးသြားေလသည္။

 

က်ားသက္ေကာင္း ဦးေဂၚလာႀကီးသည္ ထိုအခါမွ ႐ြာမုဆိုး ႏွစ္ေယာက္ႏွင့္ ႐ြာသားေတြကို သစ္ပင္ေပၚက ဆင္းခိုင္းသည္။

 

“က်ားဆိုးႀကီးေတာ့ ပါးစပ္ထဲ ရွားသား စူးသြားၿပီ။ ဘာေကာင္ကိုမွ မကိုက္ႏိုင္ေတာ့ဘူး။ ခုေလာက္ဆို ပါးေတြ အေခါင္ေတြေတာင္ ေပါက္ကုန္ၿပီးေနမွာ။ အဲဒီေတာ့ ႐ြာမုဆိုးႀကီး ႏွစ္ေယာက္ တာဝန္ယူၿပီး မနက္ျဖန္ခါ က်ားေသကို ဆက္ရွာၾကေတာ့။ က်ဳပ္ေတာ့ မနက္ျဖန္မနက္ပဲ ကိစၥရွိေသးလို႔ ေတာင္ေပၚျပန္ပါရေစ”

 

ဟု ေျပာလိုက္၏။

 

မနက္ မိုးလင္းသည္ႏွင့္တစ္ၿပိဳင္နက္ က်ားသတ္သမားဦးေဂၚလာသည္ မနက္စာပင္ မစားဘဲ တကယ္ပင္ ေတာင္ ေပၚျပန္တက္သြားေလ၏။

 

႐ြာမုဆိုးႏွစ္ေယာက္ ဦးေဆာင္ကာ ဦးေဂၚလာ သတ္ထားခဲ့ေသာ က်ားေသကို ေခြးေတြႏွင့္ ဝိုင္းရွာၾကသည္။

 

လွ်ိဳတစ္ခုတြင္ က်ားႀကီးကိုေတြ႕ရ၏။ က်ားႀကီးကမူ မေသေသး။ သို႔ေသာ္ က်ားသတ္သမား ဦးေဂၚလာ ေျပာထားခဲ့သလို က်ားႀကီးမွာ ပါးစပ္ကို ဘယ္လိုမွ ေစ့မရေတာ့။ ရွားသားတုတ္ အခြၽန္ေလးဘက္ကအာေခါင္ႏွင့္ ပါးကိုစူးကာ ဝ႐ူး ဝ႐ူး ႏွင့္ ေအာ္ညည္းေနသည္။

 

ပါးႏွစ္ဖက္ကို ေဖာက္ထြက္ စူးဝင္ေနေသာ ရွားသားဆူးတစ္ဖက္ တစ္ခုမွာ အျပင္သို႔ ႏွစ္လက္မေလာက္ပင္ ထိုးထြက္ေနသည္။

 

အေပၚ အာေခါင္ႏွင့္ ေအာက္ေမးကို ေထာက္စူးဝင္ ေနေသာ ရွားသားဆူးႏွစ္ဖက္ေၾကာင့္ က်ားႀကီးမွာ ရန္မူလာသူမ်ားကို ကိုက္ရန္မဆိုထားႏွင့္ ပါးစပ္ကိုပင္ ျပန္ေစ့မရ ျဖစ္ေနေလသည္။

 

ထို႔ေၾကာင့္ ႐ြာမုဆိုးႀကီးႏွစ္ေယာက္ႏွင့္ ႐ြာသားႀကီးေတြမွာ သူတို႔ ကြၽဲႏြားမ်ားကို ကိုက္သတ္စားခဲ့ေသာ က်ားဆိုးႀကီးအား ကလဲ့စားေခ်ကာ လွံေတြႏွင့္ ရဲရဲဝံ့ဝံ့ ဝိုင္းထိုးသတ္ပစ္လိုက္ၾကေလသည္။

 

စပယ္ဦးျမန္မာဝတၳဳတိုမဂၢဇင္း

အမွတ္ ၆၂၊ မတ္လ၊ ၁၉၉၀

 

– ၿပီး –

 

စာေရးသူ – ဖိုးေက်ာ့

စာစီစာ႐ိုက္ – မုဆိုး တံငါ စာေပမ်ား