တာတေအညာသား

တာတေအညာသား (စဆုံး)

ရေးသားသူ…တာတေ

 

တစ်ခါတလေတော့လည်း လူဆိုတာ ကိုယ့်အကြောင်းကို ကိုယ် ပြန်တွေး တတ်တာပေါ့ဗျာ။ ကျုပ်လည်း ကျုပ်အကြောင်းတွေကို ပြန်တွေးမိ တဲ့အခါတွေ ရှိတာပေါ့လေ။

အထူးသဖြင့်တော့ အခုလို ဆောင်းညတွေမှာ ပိုပြီးတွေးမိတတ် တယ်။ ကျုပ်တို့ အညာဆောင်းဆိုတာ အေးပြီဆိုရင် အရိုးထဲကကို အေးနေ သလား မှတ်ရတာဗျ။ စောင်ခြုံလို့တောင်နွေး တာမဟုတ်ဘူးဗျို့။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မပျော်တဲ့ ဒီလိုညမျိုးတွေဆိုရင် ကျုပ်အကြောင်းတွေကို ပြန်တွေးမိတော့တာပါပဲဗျာ။

တာတေဆိုတဲ့ ကျုပ်က ငယ်ငယ်လေးကတည်းက စပ်စပ်စုစု စွန့်စွန့်စားစား သိပ်လုပ်တဲ့ကောင်လေဗျာ။ အဲဒီလိုပြန်တွေးမိတဲ့အခါတိုင်း ကျုပ်မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်ပေါ်လာတာက ကိုပေသီးပဲဗျ။

 

ကိုပေသီး သင်္ချိုင်းထဲမှာ ပီယဆေးဖော်တော့ ကျုပ်လိုက်သွားတာလေဗျာ။ တနင်္ဂနွေဆန်းတဲ့လမှာ တနင်္ဂနွေနေ့ အစိမ်းသေ သေတဲ့ တနင်္ဂနွေ သမီး အပျိုစင်တစ်ယောက်ရဲ့ အလောင်းကိုဖော်ပြီး သနပ်ခါးသွေးခိုင်းရတာ

လေဗျာ။

 

ခင်ဗျား စဉ်းစားကြည့်လေ၊ သနပ်ခါးသွေးခိုင်းဖို့ဆိုတာ လွယ်တာ မှ မဟုတ်တာ။ အလောင်းကောင်ကို ပထမဆုံး အသက်ပြန်သွင်းနိုင်ရမှာ ဗျ။ အသက်ရှင်လာမှ ဒီအလောင်းက ထထိုင်ပြီး သနပ်ခါးသွေးမှာလေ။ ဖုတ်သွင်းတာပေါ့ဗျာ။

 

အဲဒီညက ကျုပ်ဖြင့် မြေပုံကြီး တူးလိုက်ရကာ ချွေးကို ပေါက် ပေါက်ကျရောဗျာ။ ဒါပေမဲ့ အညာသင်္ချိုင်းဆိုတာ သဲမြေလေဗျာ၊ တူးရတာ သိပ်အခက်ကြီးတော့ မဟုတ်လို့ တော်သေးတာပေါ့။ ကိုပေသီးကလည်း ကူပြီးတူးရှာပါတယ်။ ဒါပေမဲ့ သူက ဆရာသမားလေဗျာ၊ ကျုပ်က သူ့ ကို ညှာပြီး ကျုပ်ချည်းလုပ်ရတာဗျ။ ခေါင်းပေါ်လာတော့ ခေါင်းအဖုံးဖွင့်ပြီး ကြည့်လိုက်တာ တစ်ကိုယ်လုံး ပြာနှမ်းနေတဲ့ မိန်းမအလောင်းကို တွေ့တာ ဗျ။ မအေးအေးဝင်းတဲ့။ တနင်္ဂနွေသမီး ပိုးထိပြီးသေတာ၊ ကျုပ်တို့အညာမှာ က မြွေပွေးပေါတယ်လေ။ ကျုပ်တို့ကတော့ မပွေးလို့ ခေါ်ကြတာ။ ဆေးကု ဖို့ကို မမှီတော့ဘူးတဲ့။ ဒါတွေလည်း ကိုပေသီးပြောလို့ ကျုပ်သိတာ ပါဗျာ။

 

ညအချိန်မတော်ကြီးမှာ မီးအိမ်လေးတစ်လုံးနဲ့ ကိုပေသီးရယ်၊ ကျုပ်ရယ် အစိမ်းသေ သေထားတဲ့ မိန်းမအလောင်းတစ်လောင်းရယ်။

တစ်ချက် တစ်ချက်ကို ရွာဘက်က ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံကြီးကိုလည်း ကြားနေရသေးတာဗျ။ အလောင်းကြီး ပေါ်လာတဲ့ အချိန်မှာ သင်္ချိုင်းထဲက ကျီးကန်းတွေ ဝုန်းကနဲ လန့်ပြီးပျံသွားသေးတာဗျ။

 

ကျုပ်ဆိုတာ ကြက်သီးတွေ တဖြန်းဖြန်းထနေတာဗျ။ စစချင်းတော့ ဟုတ်သားဗျ။

ကိုပေသီးက အလောင်းကို သေသေချာချာကြည့်ပြီး အမိန့်ပေး တယ်။ အလောင်းက မျက်လုံးတွေပွင့်လာတယ်ဗျို့။ ပြီးတော့ ကိုပေသီးက ထိုင်ခိုင်းတယ်။ အလောင်းကလည်း ထထိုင်တယ်။ သနပ်ခါး သွေးခိုင်း တော့လည်း သွေးတယ်ဗျ။

 

ဒီမှာတင် ကိုပေသီးက သူပိုင်ပြီဆိုပြီး အလောင်းကို ကြိမ်းလား မောင်းလား လုပ်တော့တာဗျို့။ အလောင်းက ကိုပေသီးကို မျက်လုံးကြီး လှန်ပြီး တစ်ချက်ကြည့်တယ်။ နောက်တော့ ဆံပင်ဆွဲပြီး ကျောက်ပြင်နဲ့ ဆက်တိုက်ထုတော့တာပဲဗျာ။

“ငါဟဲ့ ငါ၊ မဖဲဝါဟဲ့၊ မဖဲဝါ၊ တနင်္ဂနွေသမီး မဟုတ်ဘူးဟေ့၊ ငါပိုင်တဲ့ သင်္ချိုင်းထဲမှာ လာပြီး ရာရာစစ ကဲဟာ ကဲဟာ”

လို့ မဖဲဝါက ပြောလည်းပြော ထုလည်းထုနဲ့ ကိုပေသီးဆိုတာ ဘာမှကို မလုပ်နိုင်တော့တာဗျို့။ ကျုပ်နားထဲမှာ ခုထိကို မထွက်တာက ကိုပေသီး နောက်ဆုံးပြောလိုက်တဲ့ အသံပါပဲဗျာ။

 

“တာတေ ပြေး၊ ပြေးတော့”

ဆိုတဲ့ အသံကြီးကို အခုလို ပြန်တွေးမိတိုင်း ကျုပ်နားထဲမှာ ကြားနေတုန်းပါပဲဗျာ။

 

အတွေးဆိုတာကလည်း ခက်သားလားဗျာ။ တွေးမိပြီဆိုရင် ဆက် တိုက်ကို တွေးတော့တာဗျ၊

 

ကိုပေသီး သေတော့ ငွေတွင်းကုန်းသင်္ချိုင်းမှာ သေတာဗျ။ ဒါပေမဲ့ အဲဒီသတင်းက ချက်ချင်းပျံ့ သွားတာဗျို့။ မီးလောင်ကုန်း၊ ထနောင်းကုန်း၊ ဘန့်ဘွေးကုန်း၊ ဟိုဘက်က ဆပ်သမြှောင်၊ ထိန်ကုန်း၊ ရုံးတော၊ ရွာတော်ကြီး၊ ကပ္ပလီစုပါမကျန် ပျံ့နှံ့သွားတာဗျို့။ ပြီးတော့ ကိုပေသီး သေတဲ့နေရာ ကို ငွေကွင်းကုန်းသားတွေ သွားကြည့်ကြတော့ ပေါက်ကူးနှစ်လက်၊ မီးအိမ် တစ်လုံး၊ ကိုပေသီးရဲ့ ဆေးလွယ်အိတ်၊ ကျောက်ပြင်၊ သနပ်ခါးတုံး၊ ရေပုလင်းတွေ တွေ့တော့ ကိုပေသီး ပီယဆေးဖော်တယ်ဆိုတာ တန်းပြော ကြတာပေါ့ဗျာ၊

 

ကိုပေသီးကို မဖဲဝါ ကျောက်ပြင်နဲ့ ရိုက်သတ်တာကိုတော့ ကျုပ် ကလွဲရင် ဘယ်သူ သိမှာတုံးဗျာ။ ဒါတောင် ရဲတွေက လိုက်ကြသေးတာဗျ။ ကိုပေသီးသေတဲ့နေရာမှာ ပေါက်တူးက နှစ်လက်တွေ့တာကိုးဗျ။ ဒီတော့ မြေပုံကူးကာ ကိုပေသီးတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ရဲက တွေးမိတာပေါ့ဗျာ။ ဒီတော့ နောက်တစ်ယောက်ကို ရှာတော့တာပေါ့ ဗျာ။ ဒီတုန်းက ကျုပ်ဆိုတာ လန့်လိုက်တာ မပြောပါနဲ့တော့ဗျာ။ ညဆိုရင် လည်း ကောင်းကောင်းအိပ်မပျော်ဘူးဗျာ။ ရဲတွေများ ကျုပ်ကို လာဖမ်းကြ မှာလားလို့ အမြဲလန့်နေတာ။

 

ဒီကြားထဲမှာ အဘကလည်း သူ့ပေါက်တူးတစ်လက် ပျောက်နေ လို့ ဟိုရှာ ဒီရှာနဲ့ဗျ။ တစ်လလောက်ကြာတော့မှ ကျုပ်စိတ်တွေ တော်တော် ငြိမ်သွားတာဗျို့။အင်မတန်မှ စပ်စုချင်တဲ့ ကျုပ်ရဲ့ဗီဇစိတ်ကိုလည်း ကျုပ်တော်တော် စိတ်ပျက်သွားတာပေါ့ဗျာ။ ဒါပေမဲ့ မွေးသန္ဓေ သေမှပျောက်’ ဆိုတဲ့ စကားက ဟုတ်လောက်တယ်ဗျ။ ကျုပ်တို့ရွာကနေ မြို့ကိုပြောင်းသွားတဲ့ ကိုဘစိန်ကြီးတစ်ယောက် ရွှေတောင်ကုန်းဘုရားပွဲရက်မှာ ပြန်ရောက်လာ ရောဗျ။ ကိုဘစိန်ကြီးကို ကျုပ်တို့ရွာတွေဘက်မှာ လူတိုင်း သိကြတာဗျ။ ကိုဘစိန်ကြီးက ဆံပင်ညှပ် သိပ်ကောင်းတာလေဗျာ။ အနီးအနားရွာတွေ လှည့်ပတ်သွားပြီး ဆံပင်ညှပ်တဲ့လူဗျ။ သူ့မှာ ဆံသလို့ရေးထားတဲ့ သစ်သားသေတ္တာလေးတစ်လုံး အမြဲပါတယ်။ အထဲမှာ သူ့အကန့်နဲ့သူထားတဲ့ ဆံပင်ညှပ်ကိရိယာတွေ ပါတာပေါ့ဗျာ။ စက်ကတ်ကြေး၊ ရိုးရိုးကတ်ကြေး၊ ဘီးလိုကတ်ကြေး၊ သင်တုန်းဓား၊ ပေါင်ဒါဘူး၊ ရေပုလင်း၊ မှန်တစ်ချပ် အကုန်ပါတာဗျ ။

 

ဒါပေမဲ့ ကိုဘစိန်က ဘိန်းစားတော့ သူ့ကို ဘိန်းစားဘစိန်လို့ပဲ ခေါ်ကြတာဗျ။ အရပ်ကရှည်ရှည် လက်ပြင်ကကိုင်းကိုင်းနဲ့ သူ့အောက်ခံ ဘောင်းဘီအိတ်ထဲမှာ နတ်သမီးတံဆိပ် ယမ်းမီးခြစ်ဘူးခွံလေးနဲ့ ငရုတ် ကောင်းစေ့လောက် ဘိန်းလုံးလေးတွေ အမြဲပါတာဗျ။ အဲဒီဘိန်းလုံးလေး တွေကို ထုတ်ပြီး ကိုဘစိန်က မျိုတာဗျို့။

ဘိန်းစားဘစိန်ကြီးက ရွာပြန်ရောက်တာနဲ့ ကျုပ်ဆီကို တန်းရောက် လာပြီး တရုတ်ကြီး ဦးတုတ်စိန်ရဲ့ အုတ်ဂူကိုဖောက်ဖို့ ပြောတော့တာဗျ။ တရုတ်ကြီးသေတော့ ပါးစပ်ထဲမှာ ရွှေသွားတွေရော ဘယ်သူမှ မသိအောင် သူ့မိန်းမ ထည့်ပေးလိုက်တဲ့ ကျောက်စိမ်းလက်စွပ်ကြီးရော ပါသွားတဲ့ အကြောင်းတွေကို အားရပါးရ ပြောတော့တာပေါ့ဗျာ။

 

ကိုပေသီး သေသွားကတည်းက ဒီလိုကိစ္စတွေ ကြုံလာရင် ဘယ် တော့မှ မစပ်စုတော့ဘူးလို့ ကျုပ်ဆုံးဖြတ်ထားတာဗျ။ ဒါပေမဲ့ မရပါဘူးဗျာ၊ သေမှပျောက်မဲ့ ဒီမွေးသန္ဓေကြီးက ရွစိ ရွစိ ဖြစ်လာပြန်တော့တာပဲဗျာ။

ရွှေတောင်ကုန်းဘုရားပွဲက ဆိုင်းသံ ဗုံသံတွေကြားမှာပဲ ကျုပ်နဲ့ ကိုဘစိန်ကြီးနဲ့ ဦးတုတ်စိန်ရဲ့ ဆွေးနေတဲ့ ဂူကြီးကို ဖောက်ကြတာပေါ့ ဗျာ။ ဂူမဖောက်ခင် ကို ဘစိန်က ဂူပေါ်မှာ ထမင်းထုပ်ကြီးဖြည်ပြီး မဖဲဝါကိုခေါ် ပြီး ထမင်းတွေ ဟင်းတွေ ကျွေးသေးတာဗျ၊ ဂူပေါက်ပြီး ကျုပ်တို့ ဂူထဲဝင်ရှာတော့ ကျောက်စိမ်းလက်စွပ်ကြီး တွေ့တာပေါ့ဗျာ။ ခေါင်းခွံကြီး က ရွှေသွားတွေကို ပလယာနဲ့ ကိုဘစိန်က နှုတ်ယူတာဗျ။

 

ဒီတုန်းက ကျုပ်တို့ရွာဘက်တွေမှာ တရုတ်သူဌေးကြီးတွေသေရင် ဂူအကြီးကြီးတွေ လုပ်ကြတာလေဗျာ။ ကျုပ်တို့ ကိစ္စပြီးလို့ ဂူထဲက ပြန် ထွက်မယ်အလုပ်မှာ မဖဲဝါက ဂူကြီးပေါ် ရောက်နေပြီဗျ။ ရယ်သံကြီးကြား လို့ ကျုပ် ရှေ့ကမထွက်ရဲတော့ဘူး။ ကိုဘစိန်ကြီးက အရင်ထွက်တာ။ ဒီမှာတင် မဖဲဝါက ကိုဘစိန်ကြီးကို ဆံပင်ဆောင့်ဆွဲပြီး လည်ပင်းညှစ်ထား တာဗျို့။ ခုအချိန်အထိ ကျုပ်နားထဲက မထွက်ပါဘူးဗျာ။ “တာတေ ပြေးတော့၊ ပြေးတော့”

ဆိုတဲ့ ကိုဘစိန်ကြီးရဲ့ ဗလုံးဗထွေးအသံကြီးကို အခုလို ပြန်တွေး မိတိုင်း ကျုပ်နားထဲမှာ ကြားနေတုန်းပဲဗျ။

တရုတ်ကြီးရဲ့ ဂူကိုဖောက်တဲ့ ဘိန်းစားဘစိန်တစ်ယောက် ဇက်ကြီး ကျိုးပြီးသေနေလို့တဲ့ ဆိုပြီး ရွာထဲမှာ လူတွေ ပြောနေကြတော့ ကျုပ်မှာ သွားကြည့်ချင်ပေမဲ့ မသွားရဲဘူးလေဗျာ။

 

မဖဲဝါက ကိုဘစိန်ကို ဇက်လိမ်ချိုးပြီး သတ်သွားတဲ့ပုံပဲဗျ။ မသတ် ခင် ကိုဘစိန်ရဲ့ ပါးစပ်ထဲကို အမဲသားဟင်းတုံးတွေ ထိုးထည့်ခဲ့သေးတယ် ထင်တယ်။ ကိုဘစိန်ပါးစပ်ထဲမှာ အမဲသားတုံးကြီး ငုံလို့တဲ့ဗျ။

 

ဒီတုန်းကလည်း ကျုပ်ပါတာကို ဘယ်သူမှ မသိခဲ့ကြဘူးဗျ။ ကိုပေသီးကိစ္စတုန်းကလိုပါပဲဗျာ။ ရဲတွေလာဖမ်းမလားလို့တွေးပြီး တစ်လလောက်ကို ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူးဗျာ။

ဆရာစိုင်းနွံဖနဲ့ သစ်စုန်းပင် နှုတ်တုန်းကတော့ ပျော်တယ်ဗျို့။ မဖဲဝါကို ကျုပ်ငါးတန်းကျောင်းသားလောက်ကတည်းက မြင်ဖူးတာပါ။ ကျုပ်သူငယ်ချင်း ဘထစ်ကြောင့် တွေ့ခဲ့တာလေဗျာ။ သင်္ချိုင်းရွှေ့တုန်းက ဘထစ်က သူ့ရဲ့ကိုယ်မှာထိုးထားတဲ့ ဆေးစောင့်ကိုပင့်ပြီး ကျုပ်ကိုပါ အမြင်ဖွင့်ပေးဖို့ ပြောလိုက်တော့ ကျုပ်ပါ သရဲတွေနဲ့ မဖဲဝါကို မြင်ရတော့တာပေါ့ဗျာ။ နောက်တစ်ခါ ဘထစ်နဲ့ သူတို့ရွာကို လိုက်သွားတုန်းကလည်း သဲချောင်းထဲမှာ ခေါင်းထမ်းပြီး လျှောက်သွားတဲ့ မဖဲဝါကို ကျုပ်တွေ့လိုက် ဖူးတယ်။ ဒါပေမဲ့ အဝေးကပဲ မြင်ရတာဗျ။

ဆရာနွံဖနဲ့ သစ်စုန်းပင်နှုတ်ဖို့ လိုက်သွားတုန်းကတော့ ကျုပ်ကို ဆရာနွံဖက မျက်ကွင်းဆေး သွင်းပေးထားတာလေဗျာ။ မဖဲဝါကိုရော သရဲကြီးတွေကိုရော နီးနီးကပ်ကပ်ကို မြင်ရတာပေါ့ဗျာ။

မဖဲဝါက ဆံပင်ဖားလျားကြီး ချလို့ဗျ။ အရပ်က ဆယ်ပေကျော် လောက်ရှိတယ်။ မျက်လုံးကြီးတွေက နီရဲပြီး ပြူးပြူးကြီးတွေ၊ ကျုပ်စိတ် ထင်တော့ လက်ဖက်ကြမ်းသောက်တဲ့ ပန်းကန်လောက်ရှိမယ်ထင်တယ်။

 

ဆရာနွံဖက မဖဲဝါကိုရော သရဲကြီးကိုရော ဟန့်တားထားလိုက်ပြီး ကျုပ်ကို သစ်စုန်းပင် ဝင်နှုတ်ခိုင်းလိုက်တော့ ကျုပ်က ပြေးနှုတ်ပြီး ထမ်း ပြေးတာဗျ။ ကျုပ်နောက်ကို ထိုးလိုက်လာတဲ့ မဖဲဝါကို ဟန့်ထားလိုက် ပြီးတော့မှ ဆရာနွံဖက ပြေးတာဗျို့။ နောင်တော့မှ ကျုပ်က မေးကြည့်မိတာ ဗျ။ ဆရာစိုင်းနွံဖတို့လို ကဝေကြီးတွေကိုတောင် နိုင်အောင်တိုက်နိုင်တဲ့ ပညာသည်ကြီးတစ်ယောက်ဟာ မဖဲဝါလိုက်တော့ ဘာဖြစ်လို့ ပြေးရတာ တုံးဆိုတော့ ဆရာနွံဖက ပြောတယ်ဗျ။

 

“နေရာတကာမှာ ပညာတွေ ထုတ်မသုံးရဘူး မောင်တာတေရဲ့၊ သင်္ချိုင်းမြေဆိုတာ မဖဲဝါရဲ့ ပိုင်နက်လေကွယ်၊ သူ့ပိုင်နက်ထဲမှာ သူ့ကို ပိုပြီးလေးစားရဘာပေါ့။ ဒါကြောင့် နည်းနည်းပဲ ဟန့်တားထားပြီး မောင်တာတေကို ဝင်နှုတ်ခိုင်းရတာပေါ့။ မဖဲဝါကလည်း ကျုပ်ကို အထက် ဆရာမှန်း သိလို့ကတစ်ကြောင်း၊ သစ်စုန်းကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးမယ်ဆိုတာကို ယုံကြည်လို့က တစ်ကြောင်းကြောင့် ပြင်းပြင်းထန်ထန် ပြန်မလုပ်ဘဲ လွှတ်ပေးလိုက်တာနေမှာပါကွယ်”

 

ဆရာနွံဖ ပြောတော့မှ ကျုပ်တွေးမိတာပေါ့ဗျာ။ အထက်လမ်း ဆရာတွေ စည်းကမ်းအလွန်ရှိကြတာကို သိသွားတာဗျ။

ဆရာစိုင်းနွံဖ လာခေါ်လို့ ရန်ကုန်ကို လိုက်လာတော့ ဆရာကြီး ဒေါက်တာမင်းအောင်နဲ့ တွေ့တယ်။ ဒေါက်တာမင်းအောင် ဆိုတာက ဆရာဝန်ကြီးတစ်ယောက်ပဲ။ ဒါပေမဲ့ အထက်လမ်းမှော်ပညာရှင်ကြီးဗျ။ မြန်မာပြည်မှာ အထက်လမ်းကျင့်စဉ်တွေကို အောင်မြင်ပေါက်မြောက်ခဲ့ရုံ မကဘူးဗျ။ ကုလသမဂ္ဂမှာ အလုပ်ဝင်လုပ်တော့ ကမ္ဘာအနှံ့ သွားလာပြီး အမှုထမ်းခဲ့ရတာ။ ရောက်ရာနိုင်ငံတွေက အထက်လမ်းပညာရှင်ကြီးတွေ ဆီကနေ အထက်လမ်းမှော်ပညာတွေကို ထပ်ပြီးသင်ယူခဲ့တာတဲ့ဗျို့။ နိုင်ငံခြား တိုင်းပြည်တွေမှာ နေခဲ့ကတည်းက အောက်လမ်းမှော်ပညာသည်တွေနဲ့ တိုက်ခိုက်ယှဉ်ပြိုင်လာခဲ့တာတဲ့။ ကျုပ်နဲ့တွေ့တဲ့အချိန်မှာလည်း ကဝေတွေ ကို လိုက်ပြီးနှိမ်နင်းပစ်နေတာဗျ။

 

ဆရာကြီး ဒေါက်တာမင်းအောင်ဆီကနေ အတော်များများ ပညာ တွေကို ဆရာစိုင်းနွံဖက ရခဲ့တာဗျ။

ဆရာစိုင်းနွံဖက ဘိုးလူပေကို ငယ်ငယ်လေးကတည်းက မွေးစား ခဲ့တဲ့ ပထမံဆရာပွားကြီးရဲ့ လက်ရင်းတပည့်ဗျ။ နောက်တော့ ဒေါက်တာ မင်းအောင်ဆီက ပညာတွေပါ ထပ်ရလိုက်တော့ အထက်လမ်း မှော်ပညာ သည်တွေထဲမှာ တော်တော်ကို အဆင့်မြင့်သွားခဲ့တာပေါ့ဗျာ။

 

ကျုပ်ဘဝမှာ ဆရာကြီး ဒေါက်တာမင်းအောင်နဲ့ ကပ္ပလီကဝေမ ကြီး နှိမ်နင်းခဲ့တာကို အမြဲသတိရနေတာဗျ။ ဒီတုန်းက ဆရာစိုင်းနွံဖလည်း ပါတော့ ကျုပ်ဆိုတာ နည်းနည်းမှကို ကြောက်စိတ်မရှိတော့တာဗျ။ ကျုပ်ကို မျက်နှာမှာ မျက်နှာချေဖြူဖြူတွေ လိမ်းပေးပြီး အလောင်းကြီးလို ပြင်ကြ တာဗျ။ ခေါင်းက ဆံပင်ကို စုစည်းပြီး ခေါင်းရမ်းပန်းအနီတစ်ပွင့်လည်း

 

ပန်ထားလိုက်ကြသေးတာဗျ။

အလောင်းစင်ပေါ်က အလောင်းကို အိမ်နောက်ဘက်ကို ရွှေ့ထားပြီး ကျုပ်ကို ဆရာကြီးက အလောင်းစင်ပေါ် တက်ခိုင်းတယ်။ စောစောက သယ်သွားတဲ့ အလောင်းကောင်ကြီးလို စန့်စန့်ကြီးလှဲနေရတာပေါ့ဗျာ။ အပေါ်က မုဒုံစောင်ပါးလေးတစ်ထည် လွှမ်းပေးထားလိုက်တယ် ။ မျက်လုံး တည့်တည့်မှာ ဆရာကြီးက အပေါက်ကလေးတွေ ဖောက်ပေးထားလိုက် တော့ အပြင်ကို မြင်နေရတာပေါ့ဗျာ။ မျက်ကွင်းဆေးကလည်း ကွင်းထား တာဆိုတော့ ဘယ်သူမှ မမြင်နိုင်အောင် ကိုယ်ပျောက်နေတဲ့ ကဝေမကြီးကို ကျုပ်က မြင်နိုင်တာပေါ့ဗျာ။

 

အလောင်းစင်ဘေးမှာတော့ ဆရာကြီးဒေါက်တာမင်းအောင်က ကဝေထောင်ချောက်အင်းကို ချထားတယ်ဗျ။ ကဝေမကြီးအင်း စည်းဝိုင်း ထဲကို ဝင်လိုက်တာနဲ့ ပြန်ထွက်လို့ မရနိုင်တော့ဘူးပေါ့ဗျာ၊

 

ကဝေမကြီးက မန္တန်တွေရွတ်ပြီး ကျုပ်နှလုံးကိုဖောက်ဖို့ လက်ကြီး မြှောက်လိုက်တဲ့အချိန်မှာ ကျုပ်က အလောင်းစင်ပေါ်ကနေ ဘေးကို လှိမ့်ချ လိုက်ရတာဗျို့။ ဒီအချိန်မှာ ဒေါက်တာမင်းအောင်နဲ့ ဆရာခွံဖက သစ်ပင် နောက်ကနေ ပြေးထွက်လာပြီး ကပ္ပလီကဝေမကြီးကို တိုက်ကြတော့တာ ပေါ့ဗျာ။

 

ဒါပေမဲ့ ကဝေမကြီးက ကိုယ်ပျောက်နေတော့ မျက်ကွင်းဆေး ကွင်းထားတဲ့ ကျုပ်က ကဝေမကြီး ဘာလုပ်နေတယ်ဆိုတာကို ဆရာကြီးနဲ့ ဆရာနွံဖကို ပြောပြရတာဗျ။ နောက်ဆုံး ကဝေမကြီး သေသွားတော့ အံ့သြစရာဗျာ။ တစ်ထွာလောက်ရှိတဲ့ သေးသေးလေး ဖြစ်သွားတာဗျ။ မသိရင် အရုပ်ကလေးတစ်ရုပ်ပါပဲဗျာ။ ဆရာကြီးက ကျုပ်ကို ပြောတယ်

ဗ်။

 

“မောင်ဘာတေ၊ ဒါက ကဝေရုပ်ကြွင်းလို့ ခေါ်တယ်၊ အင်မတန် မှ အစွမ်းထက်တာကွဲ့ ”

 

ဆရာကြီးကိုယ်တိုင် စက္ကူနဲ့ သေသေချာချာထုပ်ပြီး ကပ္ပလီကဝေ မကြီးရဲ့ ကဝေရုပ်ကြွင်းလေးကို ယူသွားတယ်ဗျ။

 

ဆရာကြီး ဒေါက်တာမင်းအောင်နဲ့ ကပ္ပလီကဝေမကြီး နှိမ်နင်းခဲ့ တာကို အမြဲတမ်း အမှတ်ရနေသလိုပဲ။ ကန်တော်ကဝေမကို နှိမ်နင်းခဲ့တာ ကိုလည်း အမြဲတမ်း သတိရနေတာဗျ။

ပညာအဆင့် သိပ်မြင့်တဲ့ ကဝေကြီးတွေ၊ ကဝေမကြီးတွေဟာ သူတို့ရဲ့ အသက်ဗူးကို တစ်နေရာရာမှာ ဖွက်ထားတတ်ကြတာဗျ။ သူတို့ကို ဘယ်လောက်သတ်သတ် မသေကြဘူးဗျ။ သူတို့ရဲ့ အသက်ဗူးကို ရှာဖွေပြီး ဖျက်ဆီးပစ်တော့မှ သေသွားကြတာ။

 

ကန်တော်ကဝေမကြီးကလည်း ပညာအထွတ်အထိပ် ရောက်နေတဲ့ သက်တမ်းရှည် ကဝေပညာသည်မကြီးဆိုတော့ သူ့ရဲ့အသက်ဗူးကို ရေကန် ကြီးထဲက ကျောက်မိချောင်းကြီးထဲမှာ ထားတာဗျ။

ဒီတုန်းက ဆရာကြီး စီရင်ပေးတဲ့ ငွေသနွတ်ကြီးကို ကိုင်ပြီး ကျုပ်ရေထဲကို ခုန်ချခဲ့ရတာဗျ။ ဆရာနွံဖက ရုပ်ပြောင်းရုပ်လွှဲအတတ်နဲ့ မိချောင်းဖြူကြီးလုပ်ပြီး အသက်ဝင်လာတဲ့ ကျောက်မိချောင်းကြီးနဲ့ တိုက်ရ တာဗျို့။ ကျုပ်က ငွေသနွတ်နဲ့ ကျောက်မိချောင်းအမည်းကောင်ကြီးကို မိမိရရ ဝင်ထိုးရတာလေဗျာ။ ငွေသနွတ်ကို အဆုံးအထိဝင်အောင် ထိုးသွင်း ပြီး တိုက်ရတာဗျ။ သနွတ်စိုက်နေတဲ့ မိချောင်းကြီးက ရေကန်ကြီးထဲမှာ ပတ်ပြီးကူးနေတာ။ ကျုပ်က သနွတ်ကျိုးကို ခါးမှာပတ်ထားတော့ မိချောင်း ကြီးကူးတိုင်း ကျုပ်က ကြိုးတန်းလန်းကြီးနဲ့ ပါနေတော့တာပေါ့ဗျာ။

 

နောက်ဆုံးအချိန်ရောက်တော့မှ မိချောင်းကြီးက ကျောက်ရုပ်ကြီး

ပြန်ဖြစ်သွားပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတာဗျ။ ဒီတော့မှ ငွေသနွတ် ကိုယူပြီး ကျုပ် ကန်ဘောင် ပေါ်ပြန်တက်ခဲ့ရတာ။

 

အသက်ဗူးဖွက်စရာနေရာ မရှိတော့တဲ့ ကန်တော်ကဝေမရဲ့ အသက်ဟာ သူ့ကိုယ်ထဲကို ပြန်ရောက်သွားပြီဆိုတော့မှ ဆရာကြီး ဒေါက်တာမင်းအောင်က ကဝေမကြီးကို အပြတ်ရှင်းလို့ ရသွားတော့တာ ပေါ့ဗျာ။ ဒီတော့မှ ကဝေမကြီး ရေစာကျွေးဖို့ စိတ်ညှို့ပြီးခေါ်ထားတဲ့ မိန်းကလေးလည်း သတိပြန်ရလာလို့ ဆရာတော့်ကျောင်းကို ခေါ်သွားပြီး အပ်လိုက်ရတယ်။

 

ကိုယ့်အကြောင်းတွေ ကိုယ်ပြန်တွေးမိတိုင်း ပေါ်လာတာတစ်ခုက လူတွေကို သေအောင်လုပ်ပြီး အလောင်းကို စားပစ်တဲ့ ရက္ခိုကြီးအကြောင်း ပဲဗျ။

 

ဖိုးသူတော်ကြီး ယောင်ဆောင်ထားတဲ့ ရက္ခိုကြီးလေဗျာ။ ကြေး မည်လေး ထုထုပြီးရွာထဲဝင်လာတာလေ။ သူ့ကို အကုသိုလ်ကြီးတဲ့သူတွေ မှ မြင်ရတာဗျ။ သာမန်လူတွေက မမြင်ရဘူး။ ကျုပ်ကတော့ မျက်ကွင်း ဆေးကွင်းကြည့်လို့ မြင်ရတာပေါ့ဗျာ။

 

ရွာထဲကို၀င်ပြီး ကြေးစည်လျှောက်ထုသွားရင် လူတစ်ယောက်သေတာ ပဲဗျ။ ညရောက်တာနဲ့ အလောင်းစင်ပေါ်မှာ ပြင်ထားတဲ့ အလောင်း ကို ခေါင်းပေါ် ထမ်းပြီး ယူသွားတာဗျို့။ ညဘက် အလောင်းလာယူတဲ့အခါမှာ လည်း ကြေးစည်လျှောက်ထုတာပဲဗျ။ သူ့ကြေးစည်သံကြားရင် လူတွေ အိပ်ပျော်ကုန်ကြရောဗျို့။ တစ်ရွာလုံး အိပ်မောကြတဲ့ အချိန်မှာ ဖိုးသူတော် ယောင်ဆောင်ထားတဲ့ ရက္ခိုကြီးက လူသေခေါင်းကိုထမ်းပြီး ပြေးတော့ တာဗျို့။

ရွာနဲ့ တော်တော်ဝေးတဲ့ နေရာရောက်တော့မှ ခေါင်းထဲက

အလောင်းကို ဆွဲထုတ်ပြီး စားတော့တာဗျ။

မဖဲဝါကို မေးတော့ မဖဲဝါက ဒီအကြောင်းတွေ ပြောပြတာ။ နောက်နေ့ဆိုရင် အဲဒီဖိုးသူတော်ကြီးက တာတေတို့ ရွာထဲကို ဝင်မှာလို့ မဖဲဝါက ပြောတယ်။ ကျုပ်က မျက်ကွင်းဆေး ကွင်းပြီးကြည့်တော့ ဖိုးသူတော်ကြီးကို မြင်တာပေါ့ဗျာ။ ခပ်ဝဝကြီးပဲဗျ။ မြင်ပေမဲ့ တာတေ လည်း ဘာမှမလုပ်နိုင်ဘူးလေ။ ပျားဖွတ်တဲ့ ကိုသာမောင်ရဲ့ညီ ကိုသာ အောင် သေသွားတယ်။

 

အဲဒီညမှာ ဖိုးသူတော်ကြီး အလောင်းလာယူမှာကို ကျိန်းသေသိနေ တော့ မဖဲဝါ ခိုင်းတဲ့အတိုင်း ကျုပ်လုပ်တော့တာပေါ့ဗျာ။ ခေါင်းစပ်ကတည်း က လက်သမားဆရာကြီးကို ကျုပ်နဲ့တိုင်းပြီး စပ်ခိုင်းရတာဗျ ။ ညရောက် တော့ ကျုပ်က မျက်ကွင်းဆေးကွင်း၊ သစ်စုန်းဆေးကို နားမှာလိမ်းပေါ့ဗျာ။ ဒါမှ ဖိုးသူတော်ကြီးရဲ့ ကြေးစည်သံ ကြားရင် ကျုပ်အိပ်မပျော်မှာလေ။ ကျောက်ခဲနဲ့ သံမဏိကိုလည်း သစ်စုန်းဆေးသွေးပြီး နားနှစ်ဖက်မှာ လိမ်း ပေးထားရတာဗျ။ ဒါမှ ဒီကောင်နှစ်ကောင် မအိပ်မှာလေဗျာ။ သူတို့ နှစ်ယောက် အိပ်ပျော်မသွားတော့မှ အိပ်ပျော်နေတဲ့ လူတွေကို နှိုးပြီး ကျုပ်နောက်ကို လိုက်လို့ရမှာဗျ။

 

ရွာထိပ်က ကြေးစည်သံလေး ကြားတာနဲ့ ကျုပ်က အလောင်းစင် ပေါ်က ခေါင်းထဲကို ဝင်လိုက်တယ်။ ခေါင်းဘေးမှာ အပေါက်ကလေးတွေ ဖောက်ထားတော့ အထဲမှာ မမွန်းဘူးဗျ။ ကျောက်ခဲနဲ့ သံမဏိက ခေါင်းဖုံး ကို သံရိုက်ပြီး ပိတ်လိုက်တယ်။

ကျုပ်က ဆရာကြီး ဦးမင်းအောင် ပေးထားတဲ့ ခြေမန်းကွင်းကို လက်နှစ်ဖက်မှာ အဆင်သင့် ကိုင်ထားရတာပေါ့ဗျာ။

ဖိုးသူတော်ကြီးက တစ်ရွာလုံးပတ်ပြီး ကြေးစည်ထုနေတာဗျ။

 

တစ်ရွာလုံး အိပ်အောင်လုပ်တာပေါ့ဗျာ။ ကြေးစည်သံက တဖြည်းဖြည်းနီး လာပြီး ဝိုင်းထဲကို ဖိုးသူတော် ဝင်လာတယ်။ အထဲမှာ အလောင်းရှိ မရှိ သေချာအောင် ခေါင်းကို လှုပ်ကြည့်သေးတယ်ဗျ၊ ပြီးတော့မှ ခေါင်းကို ထမ်းပြီး ပြေးတော့တာဗျို့။ ကျုပ်လည်း ခေါင်းထဲမှာ မြင်းရိုင်းကြီး စီးနေ ရသလို ဖြစ်နေတော့တာပေါ့ဗျာ။ တံတောင်ဆစ်နှစ်ဖက်နဲ့ ခေါင်းနံရံကို ထောက်ထားပြီး ခေါင်းကိုလည်း တောင့်ထားရတာဗျ။

 

ခေါင်းအဖုံးဆွဲဖွင့်လို့ ပွင့်သွားတာနဲ့ ကျုပ်မျက်နှာကို ငုံ့ကြည့်နေတဲ့ ရက္ခိုကောင်ကြီးရဲ့ လည်ပင်းကို ခြေမန်းကွင်းနဲ့ မိမိရရ စွပ်လိုက်တာပေါ့ ဗျာ။ ခြေမန်းကွင်းရဲ့ အစွမ်းကို မခံနိုင်လို့ မချိမဆံ့အော်နေတဲ့ ရက္ခိုလ်ကြီးရဲ့ ကျောကုန်းကို အဆင်သင့်စောင့်နေတဲ့ မဖဲဝါက သူ့ရဲ့လက်ဝါးကြီးနဲ့ တအား ရိုက်ချလိုက်တော့ ရက္ခိုကြီး ဒူးတုတ်အရှုံးပေးရတော့တာပဲဗျ။

“ရက္ခိုကောင် နင် ဒီနေ့ကစပြီး တောထဲမှာပဲ နေရမယ်။ တိရစ္ဆာန် အသားပဲ စားရမယ်၊ လူ့ရပ်လူ့ရွာထဲကို ဘယ်တော့မှ မဝင်ရဘူး။ ဒါဟာ နတ်မင်းကြီးရဲ့ အမိန့်”

 

ကျုပ်က ကြည့်နေရတာပေါ့ဗျာ၊ ဖိုးသူတော်ယောင်ဆောင်ထားတဲ့ ရက္ခိုကြီးက မဖဲဝါကို ကတိပေးလိုက်တော့မှ ကျုပ်က ဖိုးသူတော်ကြီးရဲ့ ခေါင်းမှာစွပ်ထားတဲ့ ခြေမန်းကွင်းကို ချွတ်ပေးလိုက်တယ်။ ဖိုးသူတော်ကြီး ဖြုတ်ကနဲ ပျောက်သွားရောဗျ။

ကျုပ်ဖြင့် အဲဒီညက ကျုပ်လုပ်ခဲ့တဲ့ ကိစ္စကို ပြန်တွေးမိတိုင်း ကြက်သီးတွေ တဖြန်းဖြန်း ထတုန်းပါပဲဗျာ။

တစ်ခါတလေကျတော့လည်း အတွေးဆိုတာ ရပ်လို့ကို မရတော့ တာဗျ။ တစ်ခုပြီးတစ်ခု ဆက် ဆက်တွေးနေတော့တာ။ ဆက်တွေးနေရင်းနဲ့ ကျုပ်ခေါင်းထဲမှာ ဘာပေါ်လာသလဲဆိုတော့ ကျောက်တလားချောင်းက

 

တစ္ဆေဗျ။ သွားအဖြီး သားနဲ့ အမြဲရယ်နေတဲ့ တစ္ဆေလေဗျာ။

ကျုပ်တို့ရွာက လူချမ်းသာ ဦးမြဒင်ရဲ့သား ကိုပြည်သိန်း ကျုပ်ဆီ ကို ရောက်လာတယ်။ ဒီလူလာတာကို ကျုပ်အမေက သိပ်မကြိုက်ဘူးဗျာ။ သူတို့အဖေ ဦးမြဒင်ဆိုတဲ့လူက ရွာထဲမှာ တော်ရုံလူကို အဖက်လုပ်တာ မဟုတ်ဘူး။ ဘဝင်ခပ်ကိုင်ကိုင် လူကြီးဗျ။ ဒါကြောင့်လည်း လူတွေက သုတို့မိသားစုကို ခပ်မှန်မှန်ပဲ နေကြတာ။

 

ကိုပြည်သိန်းပြောတော့ ကျုပ်တောင် အံ့အားသင့်သွားတယ်။ သူ့အစ်ကို ကိုကျော်သိန်းကို တစ္ဆေကိုက်လို့တဲ့ဗျာ။ ဘယ်ကတစ္ဆေလဲလို့ မေးတော့ ကျောက်တလားချောင်းကတဲ့ဗျ။

 

ကျုပ်လည်း ဘိုးမြဒင်တို့အိမ်ကို လိုက်သွားရတာပေါ့ဗျာ။ ဟုတ်ပါ့ ဗျာ။ ကိုကျော်သိန်းလက်မောင်းမှာ သွားရာကြီးဗျာ။ နဲတာကြီးမှ မဟုတ် တာ။ အစွယ်ရာနှစ်ခုတောင် ပါသေးတယ်။ ကိုကျော်သိန်းက အဖြစ်အပျက် ကို ပြောပြတယ်ဗျ။

သူက ယုံလွတ်ရွာဘက်ကို သွားတာဆိုပဲ။ သူ့အဖေ ချထားတဲ့ ငွေတွေသွားသိမ်းတာဘဲ့ဗျာ။ အပြန်မှာ ကျောက်တလားချောင်းကိုဖြတ်တော့ တစ္ဆေက သူ့မြင်းကြီး တိမ်ပျံပေါ်ကို ခုန်တက်တာတဲ့။ ကိုကျော်သိန်းက လှည့်ကြည့်တော့ တစ္ဆေကို မြင်ရသတဲ့ဗျ။ တစ္ဆေက သွားအကျဲသားနဲ့ ရယ်ပြတယ်ဆိုပဲ။ ကိုကျော်သိန်းကလည်း သွားပြီး တစ္ဆေကို တံတောင်နဲ့ တွက်တာတဲ့။ တစ္ဆေက ပြုတ်မကျဘဲ သူ့လက်မောင်းကို ကိုက်လိုက်တာတဲ့ ဗျို့။ တစ်ဖက်ကမ်းရောက်တော့မှ တစ္ဆေက ခုန်ဆင်းပြီး ပျောက်သွားတာ တဲ့။

 

အနာကြီးက ယောင်ကိုင်းပြီး လူသိမခံချင်တာနဲ့ ကြိတ်ကုနေတာ တဲ့ဗျာ။ ကျုပ်က မဖဲဝါကို မေးတော့ မဖဲဝါက ပြောတယ်။

 

“တာတေ အဲဒီတစ္ဆေက မကြမ်းဘူး၊ သူ့ကို ကျော်သိန်းက ရန်မူလို့ ကိုက်လိုက်တာ၊ တစ္ဆေကိုက်တာကို လွယ်လွယ်နဲ့ ကုလို့ရတာ မဟုတ်ဘူး။ ရက်ကြာရင် သေတတ်တယ်။ အဲဒီတစ္ဆေကိုပဲ ဆေးသွား တောင်းမှရမယ်။ နည်းနည်းပါးပါး ကျွေးမွေးပြီးမှ တောင်းပေါ့”

လို့ ပြောတာနဲ့ ကိုကျော်သိန်းစီးတဲ့ အိမ်ပျံဆိုတဲ့မြင်းကိုစီးပြီး ကျောက်တလားချောင်းကို ကျုပ်သွားတယ်။ အမဲသားဟင်းနဲ့ ထမင်းထုပ် လည်းပါတယ်။ နွားရိုင်းသွင်းချိန်လောက်မှာ ကျောက်တလားချောင်းထဲကို တိမ်ပျံကြီးစီးပြီး ခပ်ဖြည်းဖြည်း ဖြတ်ခဲ့တယ်။ တစ္ဆေက ဘန့်ဘွေးပင်ပေါ်

က နွယ်ကြီးကြီးခိုပြီး ဆင်းလာတာဗျ။ မျက်ကွင်းဆေး ကွင်းထားတော့ ကျုပ်က တစ္ဆေကို မြင်နေရတာပေါ့ဗျာ။ ဒါပေမဲ့ မမြင်ချင်ယောင်ဆောင် ရတာပေါ့ဗျာ။

 

တစ္ဆေက မြင်းပေါ်ခုန်တက်တော့ တိမ်ပုံ လန့်သွားတယ်။ ကျုပ်က တိမ်ပျံကို ထိန်းလိုက်ပြီး တစ္ဆေကို လှည့်ကြည့်တယ်၊ တစ္ဆေက အပေါ်ပိုင်းက ဘာမှဝတ်မထားဘူးဗျ။ အောက်ပိုင်းကတော့ ဒူးခေါင်း လောက်အထိ ပုဆိုးကို တိုတိုဝတ်ထားတယ်။

ပါးစပ်ကတော့ သွားအကျဲသားနဲ့ ကျုပ်ကို ရယ်ပြနေတာ။ “ခင်ဗျား ဘယ်သွားချင်လို့တုံး”

လို့ ကျုပ်ကမေးလိုက်တော့ ကျောက်တလားချောင်းက တစ္ဆေက တော်တော်အံ့သြသွားရောဗျ။ တစ်ဖက်ကမ်းကို လက်ညှိုးထိုးပြတယ်။ ကျုပ်က တိမ်ပျံကြီးကို ခပ်ဖြည်းဖြည်းစီးရင်း တစ္ဆေကို ပြောရတော့တာပေါ့

ဗျာ။

“ကိုတစ္ဆေ၊ ဟိုဘက်ကမ်းရောက်ရင် အမဲသားဟင်းနဲ့ ထမင်းကျွေးမယ်”

 

လို့ ကျုပ်ပြောလိုက်တော့ တစ္ဆေတော်တော်ဝမ်းသာသွားတယ်ဗျ။ ထမင်းထုပ်အနံ့ကို သူရနေတာ ကျုပ်သိတယ်လေ။

”ကိုတစ္ဆေ ကျုပ် ခင်ဗျားကို ပြောရဦးမယ်၊ ဟိုတစ်ခါ လပြည့်ည က ကျုပ်အစ်ကိုကို ခင်ဗျားကိုက်လွှတ်လိုက်တာ အခု အနာဖြစ်နေတယ်ဗျ။ အဲဒီကိစ္စက ခင်ဗျားမှာ အပြစ်မရှိပါဘူး၊ ကျုပ်အစ်ကိုက ခင်ဗျားကိုရန်မူလို့ ခင်ဗျားကိုက်လိုက်တာမို့လား”

 

တစ္ဆေက ခေါင်းညိတ်ပြတယ်။

 

“အခု ကျုပ်လာတာ ခင်ဗျားဆီက ဆေးလိုချင်လို့ဗျ၊ ကျုပ်အစ်ကို ရဲ့ကိုယ်စား ကျုပ်က ခင်ဗျားကို တောင်းပန်ပါတယ် ကိုတစ္ဆေ ရာ၊ အနာ ပျောက်မယ့်ဆေး ကျုပ်ကို ပေးလိုက်ပါ။ ကျုပ်က ကိုတစ္ဆေကို အမဲသား ဟင်းနဲ့ ထမင်းကျွေးပါမယ်”

 

ကျုပ်က တစ္ဆေကို လှည့်ကြည့်လိုက်တော့ တစ္ဆေက သွားအကျဲ သားနဲ့ရယ်ပြီး ကျုပ်ကို ခေါင်းညိတ်ပြတယ်။ ကျောက်တလားချောင်း တစ်ဖက်ကမ်းကိုရောက်တော့ တစ္ဆေက တိမ်ပျံကြီးပေါ်က ခုန်ဆင်းပြီး ဆေးသွားယူတယ်။ ဒီတော့မှ ကျုပ်က သူ့ကို သေသေချာချာ ကြည့်မိတာ ဗျ။ တစ္ဆေက တစ်ကိုယ်လုံး မည်းနက်နေတာဗျို့။

ကျုပ်က ကျောက်ဖျာပေါ်မှာ ထမင်းထုပ်ကို အဆင်သင့် ပြင်ထား လိုက်တယ်။ တစ္ဆေပြန်ရောက်လာတော့ ကျုပ်ကို ကျောက်အိုးပုတ်ကလေး သုံးလုံးပေးတယ်။ ကျုပ်လှုပ်ကြည့်လိုက်တော့ အထဲမှာ အရည်ရှိတယ်ဗျ။ တစ္ဆေ ထမင်းစစားတာနဲ့ ကျုပ်လည်း တိမ်ပျံကြီးစီးပြီး ခပ်သုတ်သုတ် ပြန်လာခဲ့တယ်။

 

ကိုကျော်သိန်းလည်း ကျောက်အိုးပုတ်ထဲက ဆေးရည်ကို တစ်ည လိမ်းရုံနဲ့ လုံးဝကို ပျောက်သွားတာဗျို့။ ကျုပ်ကတော့ ကျောက်တလား

 

ချောင်းက တစ္ဆေကို မမေ့နိုင်အောင်ကို မှတ်မိနေတော့တာဗျို့။

တစ်ခါတလေ ဆောင်းညတွေမှာ အိပ်မပျော်တတ်ဘူးဗျ။ အိပ် မပျော်တဲ့ညဆိုရင် အတွေးတွေက မရပ်မနား တွေးတော့တာပဲဗျာ။ ဒီည လည်း အေးလွန်းလို့ ကျုပ်အိပ်မပျော်ဘူးလေ။ ဒီတော့ အတွေးတွေကလည်း မရပ်တော့ဘူး။

ကျုပ်အတွေးထဲမှာ မြောက်ရိုးက ဇောက်ထိုးက ပေါ်လာပြန်ရော

ကျောက်တလားချောင်းက ထိုးထွက်လာတဲ့ ရိုးနှစ်ခု ရှိတယ်ဗျ။ တောင်ဘက်က ရိုးကို တောင်ရိုးလို့ ခေါ်ကြတယ်။ မြောက်ဘက်က ရိုး ကို မြောက်ရိုးလို့ ခေါ်ကြတယ်။ ရိုးဆိုတာ ချောင်းကနေ ခွဲထွက်လာတဲ့ လက်တက်ကလေးတွေကို ပြောတာပါ။ အမြဲလို ရေရှိနေတဲ့ ချောင်းဦးတို လေးတွေပေါ့ဗျာ။

 

ကျောက်တလားချောင်းထဲမှာ ကျောက်တလားကြီး ပေါ်လာလို့ ဆိုပြီး တချို့လည်း သွားကြည့်ကြတယ်။ အင်ကြင်းသားကနေ ကျောက် ဖြစ်သွားတဲ့ အင်ကြင်းကျောက် တလားကြီးတဲ့ဗျ။ အဖုံးကလည်း ဖုံးလျက် ပဲတဲ့။ ထူးထူးခြားခြားတော့ ဘာမှမရှိဘူးလို့ ပြောကြတယ် ။

ဒါပေမဲ့ ထူးတာက ညရောက်တာနဲ့ ဘန့်ဘွေးကုန်းရယ် ကျုပ်တို့ ထနောင်းကုန်းရယ်ကို ပတ်ပြီး မြင်းစီးနေတဲ့ အသံကို ကြားနေရတာဗျ။ ထွက်ပြီးဟောင်တဲ့ ခွေးတွေလည်း မြင်းခွာပေါက်တဲ့ ဒဏ်ရာကြီးတွေနဲ့ သေကုန်ကြတယ်။ ညရောက်တာနဲ့ မြင်းခွာသံ မြင်းဟီသံတွေ ကြားနေရ ဘော့တာပေါ့ဗျာ။

 

မျက်ကွင်းဆေးကွင်းပြီး သစ်ပင်ပေါ်ကနေ ကျုပ်တက်ကြည့်တော့ မြင်းနက်ကြီးတစ်ကောင်ပေါ်မှာ ဝတ်ရုံအနက်ကြီး ဝတ်ထားတဲ့ အကောင်

ကြီးဗျ။ မြင်းကို အသားကျစီးလာတာ၊ ခေါင်းမပါဘူးဗျ။ ခေါင်းက သူ့ လက်ထဲမှာ ပွေ့ထားတယ်။

 

ကျုပ်လည်း မဖဲဝါကို မေးရတော့တာပေါ့ဗျာ။ မဖဲဝါက ကျုပ်ကို ပြောပြတာက မြင်းစီးသရဲကြီးဟာ တစ်ခါတုန်းက စစ်သူကြီးတစ်ယောက် တဲ့ဗျ။ စစ်ထွက်ကာနီးမှာ ဘုရင်က သူ့ရဲ့ မှော်ဝင်သန်လျက်ကို ဝင့်ပြီးတော့ ပြောသတဲ့ဗျာ။

 

“မောင်မင်း စစ်ကို နိုင်အောင်တိုက်ပေတော့၊ ဒီစစ်ပွဲကို မနိုင်ရင် မောင်မင်းကို ငါကိုယ်တော် ခွင့်မလွှတ်ဘူး”

လို့ အမိန့်တော် ရှိလိုက်သဗျ။ အဲဒီစစ်ပွဲမှာ စစ်သူကြီးကလည်း စစ်ရှုံးပြီးတော့ ခေါင်းဖြတ်အသတ်ခံလိုက်ရတယ်ဆိုပဲ။ သူ့ရဲ့စစ်သည် တွေက စစ်သူကြီးရဲ့ အလောင်းကို အင်ကြင်းသားခေါင်းနဲ့ သေသေချာချာ မြှုပ်ပြီး သင်္ဂြိုဟ်လိုက်ကြတာတဲ့။

 

အအခုလို ကျောက်တလားကြီး ပေါ်လာတိုင်း စစ်သူကြီးရဲ့ ဝိညာဉ် ဟာ သူ့ရဲ့ဘုရင်ကို လိုက်ရှာတော့တာပဲတဲ့ဗျာ။ သူ့ကို အမိန့်ပေးတဲ့ ဘုရင် ကိုင်ခဲ့တဲ့ မှော်ဝင်သန်လျက်ကိုကိုင်ပြီး အမိန့်ပေးနိုင်ရင်တော့ သူကျွတ်မှာ သေချာတယ်လို့ မဖဲဝါက ကျုပ်ကိုပြောတယ်။

ပြီးတော့ အဲဒီဘုရင် ကိုင်ခဲ့တဲ့ မှော်ဝင်သန်လျက်ရှိတဲ့နေရာကို ပြောတယ်။ အန္တရာယ်သိပ်ကြီးတာကိုလည်း မဖဲဝါက ကျုပ်ကို မှာလိုက် တယ်။

 

ဒီမှာတင် ကျုပ်လည်း ကြက်နှစ်ကောင်ကို ထမ်းပိုးနဲ့ လျှိုထမ်းပြီး မြောက်ရိုးကို ထွက်ခဲ့တာပေါ့ဗျာ။ မြောက်ရိုးမှာနေတဲ့ သရဲဇောက်ထိုးကို ကျုပ်တွေ့ရတော့တာလေ။

ဇောက်ထိုးလို့ခေါ်တဲ့ သရဲက လွှတ်အကုသိုလ်ကြီးတဲ့ကောင်ပဲဗျာ။

 

အရွက်လုံးဝမထွက်တော့တဲ့ ထနောင်းပင်အခြောက်ကြီးပေါ်မှာ လင်းဆွဲကြီး လို နေရတာဗျာ။ တစ်ကိုယ်လုံးမှာလည်း အမွေးအမျှင်တွေဖုံးလို့ ခြေထောက် နှစ်ချောင်းနဲ့ သစ်ကိုင်းမှာချိတ်ပြီး ဇောက်ထိုးကြီးနေရတာဗျ။ စားတော့ လည်း ငါးအစိမ်းတွေ ဖမ်းပြီးစားရတာ။ သွားရင်လည်း ဇောက်ထိုးကြီး သွားရတာဗျ။ ခြေထောက်နှစ်ချောင်းက အပေါ်မှာ ကွေးကွေးကြီးဗျ။ လက်နှစ်ဖက်ထောက်ပြီး သွားရတာ။

မြောက်ရိုးက ဇောက်ထိုးဆိုတဲ့ သရဲက အင်မတန်ရိုင်းစိုင်းတဲ့ အကောင်ဗျ။ လူတွေ့တာနဲ့ သတ်ဖို့လုပ်တော့တာ။ သူ့ခြေထောက်နှစ်ချောင်း နဲ့ ခဲလုံးကောက်ပြီး ခြေထောက်နဲ့ လွှဲပစ်တာဗျ။ သူပစ်တဲ့ခဲမှန်ရင် သုံးလ အတွင်း လူသေတယ်လို့ မဖဲဝါက ကျုပ်ကို မှာလိုက်တာဗျ။ သူခေါ်ရင် မထူးနဲ့ လှည့်မကြည့်နဲ့၊ လှည့်ကြည့်လိုက်ရင် နေရာမှာတင် လဲကျပြီး သေမယ်လို့လည်း မှာလိုက်တာဗျ။

 

အဲဒီလောက်ဆိုးတဲ့ သရဲက မှော်ဝင်ပစ္စည်းတွေ စောင့်ရတာတဲ့ဗျ။ မဖဲဝါက ဒီသရဲဆီက မှော်ဝင်သန်လျက်ကို ခဏယူခိုင်းတာဗျ။ မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲအရုပ်ကလေးကိုပြပြီး ပြောရတာဗျ။ ဒါတောင် ကျုပ်ကို ခဲနဲ့ သုံးခါလောက် ပစ်သေးတယ်။

 

ကျုပ်က ကြက်နှစ်ကောင် ပစ်ကျွေးလိုက်တော့မှ တစ်ကောင်ကို အငမ်းမရ စားလိုက်သေးတာ စားပြီးတော့မှ သန်လျက်ယူပြီး ပေးလိုက်

တာ။

 

ပေးတာကလည်း ရိုးရိုးပေးတာမဟုတ်ဘူးဗျ။ ခြေထောက် နှစ်ချောင်းနဲ့ညှပ်ပြီး လွှဲပစ်လိုက်တာ။ ကျုပ်က ရှောင်ပြီး ထမ်းပိုးနဲ့ ရိုက်ချ လိုက်ရတာ။

 

သန်လျက်ပြပြီး အမိန့်ပြန်လိုက်တော့မှ မြင်းစီးသရဲကြီးလည်း

မြင်းနက်ကြီးကို ဒုန်းစိုင်းစီးပြီး ပျောက်သွားတာဗျို့။ ကျုပ်လည်း သက်စွန့် ဆံဖျားသွားပြီး သရဲဇောက်ထိုးကို သန်လျက်ပြန်ပေးလိုက်ရတာပေါ့ဗျ။ ဒါတောင် ကျုပ်နာမည် လှမ်းခေါ်ပြီး သတ်ဖို့လုပ်သေးတာ။ မဖဲဝါ ပြောထားတော့ ကျုပ်က တစ်ချက်မှ လှည့်မကြည့်ဘဲ သုတ်ခြေတင် ခဲ့ရတာပေါ့ဗျာ။

 

တွေးရင်း တွေးရင်းနဲ့ နောက်ဆုံးတော့ ကျုပ်ရဲ့ ငယ်သူငယ်ချင်း ဘထစ်ဆီကို ရောက်သွားရောဗျို့။ ဘထစ်နဲ့ ကျုပ်နဲ့ ကွဲကွာသွားတာလည်းတော် တော်လည်း ကြာသွားခဲ့ပြီဗျ။

တကယ်တော့ ဘထစ်က မိဘမရှိဘူးဗျ။ သုသာန်ကျောင်းဆရာ တော်က မွေးစားထားတာ။ ကျုပ်တို့ ခင်ကြတော့ ငါးတန်းကျောင်းသားပေါ့ ဗျာ။ ကျုပ်တို့ အသက်ဆယ်နှစ်သားလောက်ပဲ ရှိကြသေးတာပေါ့။

 

ရော၊

ဒီကတည်းက ဘထစ်က ထူးထူးခြားခြားတွေ လုပ်နေတာဗျ။ ဒီကောင့်ကို မွေးစားတဲ့ သုသာန်ကျောင်းဆရာတော်ကြီးက ဆေးရော၊ အဂ္ဂိရတ်ရော တော်တော်တတ်ကျွမ်းတယ်လို့ ဘထစ်က ပြော တယ်ဗျ။

 

ဘထစ်ကို မျက်စိနှစ်ဖက်မှာပတ်ပြီး ထိုးပေးတဲ့ဆေးက နက္ခတ်မိ သွားလို့ အောင်သွားတယ်တဲ့။ ဘထစ်က နာနာဘာဝတွေကို မြင်နေရ တာတဲ့ဗျ။ မြင်ကာစတုန်းကတော့ သူကြောက်တယ်တဲ့ဗျ။ ဒါပေမဲ့ မြင်ပါ များ တော့လည်း ရိုးသွားပြီး မကြောက်တော့ဘူးတဲ့ဗျာ။ မဖဲဝါဆိုရင်လည်း အမြဲမြင်နေရတာတဲ့။ သူ့ရဲ့ ဆေးစောင့်ကို အမြင်ဖွင့်ခိုင်းလို့ ကျုပ်ပါ မြင်ရတာဗျ။ ဘထစ်ကတော့ ကျုပ်ကို လက်နဲ့ကိုင်ထားရတာပေါ့လေ။ သူကိုင်ထားမှ ကျုပ်ကမြင် ရတာဗျ။

တကယ်တော့ ဘထစ်ရဲ့ နာမည်က ဘချစ်ဗျ။ ဒီကောင်က

 

စကားထစ်လွန်းလို့ ကျုပ်တို့က ဘထစ်လို့ ခေါ်ကြတာ။ ဘယ်လိုပဲခေါ်ခေါ် ဘထစ်က စိတ်မဆိုးဘူးဗျ။

 

ဘထစ်က ဘုန်းကြီးကျောင်းသားသာ ပြောတာဗျ။ ဒီကောင့်မှာ သုံးစရာ ပိုက်ဆံက ဘယ်တော့မှ မပြတ်ဘူး။

 

”မင်း ဒီပိုက်ဆံတွေ ဘယ်က ရရလာတာတုံး ဘထစ် ” လို့ ကျုပ်က မေးဖူးတယ်။ ဘာဖြစ်လို့တုံးဆိုတော့ ဒီကောင် ယူလာတာ ပိုက်ဆံအကြွေစေ့တွေဗျ။ မတ်စေ့က များတယ်။ တစ်ခါတလေတော့ လည်း ငါးမူးစေ့တွေ၊ ကျပ်စေ့တွေ ပါလာတတ်တယ်။ ပိုက်ဆံစေ့ တွေက ခြင်္သေ့ပုံနဲ့ ပိုက်ဆံစေ့တွေလေဗျာ။ မဲတူးနေတာ။ အဲဒါကို သဲထဲမှာ ချပြီး ဖနောင့်လေးနဲ့လှည့်ပြီး တိုက်ရတာဗျ။ ဒီတော့မှ ပိုက်ဆံတွေက ဝင်းလာတာ။

 

ကျုပ်က ဒီကောင့်ကို ပိုက်ဆံတွေကူပြီး တိုက်ပေးရတယ်။ ဒီကောင်က ကျုပ်ကို ထမင်းကြော် ဝယ်ကျွေးပါတယ်။ ဒီတုန်းက ထမင်း ကြော်က ဒန်ပန်းကန်ပြားလေးနဲ့ တစ်ပွဲမှ တစ်မတ်လေ။ ဝက်သားဟင်း လေး ထည့်ပေးတာ။

 

ကျုပ်ကမေးတော့ ဘထစ်က ပြောတယ်။

““မင်းသိချင်ရင် ကျောင်းဆင်းတော့ ငါနဲ့လိုက်ခဲ့ “ လို့ ပြောလို့ ကျုပ်လိုက်သွားဖူးတယ်။ ဒီတော့မှ ဒီကောင် ဒီပိုက်ဆံ တွေကို ဘယ်ကရတယ်ဆိုတာ သိတော့တာဗျို့။

 

သင်္ချိုင်းက နေရာကျဉ်းတော့ မြေပုံဟောင်းတွေကို တူးပစ်ရတယ် ဗျ။ အဲဒီမြေပုံဟောင်းတွေတူးပြီး ပုံထားတဲ့နေရာမှာ လူအရိုးတွေ ခေါင်းခွံ တွေ ပုံနေတာဗျ။ အဲဒီနေရာမှာ ဘထစ်က လျှောက်သွားပြီး ခေါင်းခွံတွေ ကို ကောက်ပြီး လှုပ်ကြည့်လိုက်၊ ပြီးရင် ခေါက်ချလိုက်၊ ခေါက်လို့မရရ

 

ဝါးခြမ်းပြားလေးနဲ့ ထိုးထုတ်လိုက်နဲ့ ခေါင်းခွံထဲက ကူးတို့ခပိုက်ဆံစေ့တွေ ကို လိုက်ပြီးရှာတော့တာဗျို့။

“ကဲ တာတေ၊ ငါ ပိုက်ဆံ ဘယ်လိုရတယ်ဆိုတာ မင်းသိပြီမို့ လား၊ ဒီပိုက်ဆံက ပိုင်ရှင်မဲ့လေကွာ”

“ဒါဆိုရင် မင်း ငါ့ကို ထမင်းကြော် ဝယ်ကျွေးတာ ဒီကူးတို့ခ တွေနဲ့ပေါ့ ဟုတ်လား”

 

ဟုတ်တယ်လေကွာ၊ ဘာလဲ မင်းက ရွံလို့လား၊တာတေ၊ မင်းစားတာက ထမင်းကြော်လေကွာ၊ ကူးတို့ခကို မင်းစားတာမှ မဟုတ် တာ“

 

ဘထစ်ပြောတာလည်း ဟုတ်တာပဲဗျ၊ ဒီကောင်ဘထစ်ရဲ့ ငွေရှာ နည်းတစ်ခု ရှိသေးတယ်ဗျ။ ပြဒါးဖမ်းတာလေဗျာ။ ဘထစ်ပြောလို့ ကျုပ် သိတာပါ။

 

ပြဒါးမှာ အမျိုးမျိုး ရှိတယ်တဲ့ဗျ။ အဲဒီထဲကမှ အပုပ်စားပြဒါး မျိုးကို ဖမ်းယူလို့ရတယ်တဲ့။ ဘထစ်က အမဲသားကို ဝယ်ပြီး မြေအိုးလေးနဲ့ အပုပ်ခံထားတာ။ အိုးအဝမှာ ပိတ်စလေး စည်းလို့ဗျ၊ ပိတ်စက ခပ်ချိုင့် ချိုင့်လေး လုပ်ထားတော့ ကန်ဘော့လို ဖြစ်နေတာပေါ့ဗျာ။

အလုပ်စားပြဒါးက သင်္ချိုင်းတွေထဲကို ဆင်းတာတဲ့ဗျ။ ဒီတော့ ဘထစ်က အမဲသားပုပ်ထည့်ထားတဲ့ သူ့ရဲ့ မြေအိုးလေးကို ဆီးနှင်းတွေ တအားကျတဲ့ညမှာ သင်္ချိုင်းကုန်းထဲ သွားထားတာတဲ့။ ဒီကောင် များများ ရတဲ့အကြောင်းက ထူးတော့ထူးတာပေါ့ဗျာ။

 

မဖဲဝါက ဒီကောင့်ကို သိနေတော့ ပြဒါးများများရနိုင်တဲ့ နေရာကို ပြတယ်ဗျ။ ဘထစ် တစ်ခါ တစ်ခါ သွားရောင်းရင် ဘိလပ်ရည်ပုလင်းနဲ့ တစ်လုံး နှစ်လုံး ရောင်းတာဗျ။ ပရဆေးဆိုင်တွေက ဒီကောင်လာရောင်းတဲ့ပြဒါးဆိုရင် အလုအယက်ကို ဝယ်ကြတာဗျ။ ဈေးကောင်းလည်းပေးကြ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘထစ်ပြဒါးက အစစ်လေဗျာ။ ခဲတွေဘာ တွေ ရောမထားဘူးတဲ့ဗျ။

 

ဘထစ်ကို မွေးစားတဲ့ သုသာန်ကျောင်းဆရာဘော်ကြီးကတော့ ရွှေဖြစ်တယ်လို့ ပြောကြတယ်။ ဘထစ် ကျုပ်ကို ပြောတာကတော့ ဘော်နဲ့ ပြဒါးတွဲပြီး မီးဖိုအောက်မှာ ကြာကြာထားရတာတဲ့ဗျ။ အချိန်စေ့ တော့မှ အမှုန့်တွေယူပြီး သံနင်းတာလို့ ပြောဘာပဲဗျာ။

 

ကျုပ် ဒီကောင်နဲ့ ပတ်သက်ပြီး အမှတ်မိဆုံးကဘော့ ငါးတန်းတုန်း က ကျောင်းကပွဲအပြီးမှာ ဟားတိုက်တာပဲဗျ။

 

သူငယ်ချင်းတစ်ယောက်ကို စားပွဲပေါ်မှာ ပက်လက်လှန် အိပ်ခိုင်း ထားပြီး ခေါင်းတည့်တည့်မှာ တနင်္ဂနွေသား ပြီးတော့ လက်ယာရစ် လှည့်ရတာဗျ။ တနင်္လာသား၊ အင်္ဂါသား၊ ဗုဒ္ဓဟူးသား၊ ကြာသပတေးသား၊ သောကြာသား၊ စနေသား ဆိုပြီး တစ်ပတ် ပတ်မိအောင် လူစီရတာပေါ့ဗျာ။ တနင်္ဂနွေသားက စပြီး ပါးစပ်ကဟား” ဆိုပြီး လုပ်ရတာဗျ။ ခေါင်းငုံ့ပြီး ဝမ်းခေါင်ကအသံနဲ့ `ဟား” လို့ အော်ရတာ။ သူဆုံးတဲ့နေရာကစပြီး တနင်္လာသားက “ဟား” လို့ လုပ်ရတယ်။ တနင်္လာဆုံးတဲ့နေရာကစပြီး အင်္ဂါသားက “ဟား” လို့ ဆက်လုပ်ပေါ့ဗျာ။ ဒီလိုနဲ့ ခုနစ်နံစေ့ရင် တစ်ပတ် ပေါ့ဗျာ။ အားလုံး ခုနစ်ပတ် လုပ်ရတာဗျ။ လက်ညှိုးနှစ်ဖက်ကို ပက်လက် အိပ်နေတဲ့ကောင်ရဲ့ ကျောကုန်းအောက်ကို ထိုးထားရတာပေါ့ဗျာ။ ခုနစ်ပတ် ‘ဟားတိုက်ပြီးရင် မ,လိုက်ရဘာဗျ။ ပက်လက်လှန်နေတဲ့ကောင်ရဲ့ ကိုယ် ကပေါ့ပြီး အပေါ်ကို ကြွတက်သွားတာ။ အဲဒီမှာ ပြန်ချတော့ မကျတော့ဘဲ လေထဲမှာ တောင့်တောင့်ကြီးဖြစ်နေလို့ ဘထစ် ပျာယာခတ်သွားပြီး မဖဲဝါ ကို ရှိခိုးဦးတင်ခေါ်ရတာဗျ ၊ အခန်းဖြူဖြူ အရိပ်တစ်ခုဝင်လာပြီး လက်နဲ့

 

သပ်ချသလို လုပ်လိုက်တော့မှ တောင့်တောင့်ကြီးဖြစ်နေတဲ့ကောင်ကို ကျုပ် တို့ စားပွဲပေါ် ပြန်ချလို့ရသွားတာဗျို့။

ဒီတုန်းက ကျုပ် မဖဲဝါကို မြင်လိုက်တယ်လို့ ပြောတာကို ဘထစ် ကတော်တော်ကို အံ့သြနေတာဗျ။ သုသာန်ကျောင်းဆရာတော်ဆီမှာ လောကီပညာသည်တွေက အနယ်နယ်အရပ်ရပ်က ရောက်လာပြီး ဆရာတော်ဆီ ပညာတွေကိုယူကြ၊ သူတို့တတ်ထားတာကိုလည်းဆရာတော် ကို ပြောကြပေါ့ဗျာ။

ဒီမှာတင် ဘထစ်ကိုခင်တဲ့ ဆရာတွေကလည်း ဟိုဟာသင်ပေး၊ ဒီဟာသင်ပေး လုပ်သွားကြတာဗျ။ ဒါကြောင့် ဘထစ်က ပြဒါးဖမ်းတာ တွေ ဘော်ပြဒါးကွဲတာတွေ သံနင်းပြဒါးထိုးတာတွေကို အဲဒီအရွယ် တည်းက တတ်နေတော့တာဗျို့။

ကျုပ်ကို ဒီကောင် ကိုယ်ပွားထုတ်တာ သင်ပေးလို့ ကျုပ်လေ့ကျင့် ရတယ်လေဗျာ။ နှစ်လ သုံးလလောက် လေ့ကျင့်လိုက်တော့ ကျုပ်ကိုယ်ပွား ထုတ်တတ်သွားတယ်။

ဘထစ်နဲ့ ကျုပ်နဲ့ ကိုယ်ပွားအတူတူထုတ်ပြီး အတူတူလျှောက်သွား ဖူးတယ်ဗျ။ တောင်တော်သခင်မဆီကိုလည်း ကျုပ်တို့ ရောက်သွားဖူးတယ်။ ကျွမ်းကျင်တဲ့အဆင့်ကို ရောက်လာပြီဆိုရင် ကိုယ့်ရဲ့အသွင်သဏ္ဌာန် ကို ကိုယ်ကြိုက်သလို ပြောင်းလို့ရတယ်ဗျ။

ကိုယ့်စိတ်က ညွှတ်လိုက်တဲ့ အသွင်သဏ္ဌာန်အတိုင်း ပုံစံလိုက် ပြောင်းသွားတာဗျ။ ကိုယ်ပွားထွက်သွားရင် ကိုယ့်ရုပ်ကို ကိုယ်ပြန်မြင်ရတာ ပဲလေဗျာ။ အိပ်နေတဲ့ ကိုယ့်ရုပ်ကို မြင်ရတာပေါ့။ ပြန်တော့မယ်ဆိုရင် အိပ်နေတဲ့ ကိုယ့်ရုပ်ဆီကို စိတ်ညွှတ်လိုက်ရုံပဲဗျ။ ချက်ချင်းကို ပြန်ရောက်

လာတာ။

ဒါကို တချို့ဆရာတွေက လိပ်ပြာလွှင့်တယ်လို့ ပြောကြတယ်။

 

တချို့ကလည်း ရုပ်လွှင့် နာမ်လွှင့် ပညာလို့ ပြောကြတယ်။ ဘထစ်ကတော့ ကိုယ်ပွားထုတ်တာလို့ပြောပြီး သင်ပေးတာဗျ။

ဒီပညာကိုသုံးပြီး ကျုပ်လျှောက်သွားတာကို “တောင်ပုလဲကုန်း ဝတ္ထုမှာ ရေးဖူးပါတယ်။ အချိန်လွန်တဲ့အထိ ပြန်မရောက်လို့ ဆရာပင့်ပြီး ကျုပ်ကို ပြန်ခေါ်ခဲ့ရတာလေဗျာ။ အဲဒီကတည်းက ကျုပ် ကတိပေးထားရ တာဗျ၊ နောင်ကို ကိုယ်ပွားထုတ်ပြီး မသွားတော့ပါဘူးလို့။

ကျုပ်တို့ ခြောက်တန်းနှစ်ဝက်လောက်မှာ ဘထစ်ကို မွေးစားတဲ့ ဆရာတော်ကြီး ပျံလွန်တော်မူသွားလို့ မွန်ဆရာတော်ကြီးတစ်ပါးက ဘထစ် ကို ခေါ်သွားသလို ကြားခဲ့ရတယ်။ အတိအကျတော့ ကျုပ်မသိဘူး။ ဘာဖြစ်လို့တုံးဆိုတော့ အဲဒီရက်က သီတင်းကျွတ်ကျောင်းပိတ်ရက်ဆိုတော့ ကျုပ်ရွာပြန်နေတာဗျ။ ကျောင်းဖွင့်လို့ ကျုပ်ပြန်လာတော့ ဘထစ် မရှိတော့ ဘူးဗျ။ သူဘယ်ကိုပါသွားတယ်ဆိုတာလည်း တိတိကျကျ မသိခဲ့ရပါဘူး ဗျာ။

 

ဘထစ်ကိုတော့ ကျုပ် မကြာမကြာ သတိရမိတာပေါ့ဗျာ။ ငယ် ငယ်ကတည်း ကျောင်းနေဖက်လည်းဖြစ်တယ်။ အထူးအဆန်းတွေကို ဝါသနာပါတာလည်း တူကြတယ်လေ။

 

အကြောင်းပေါင်းစုံကို တစ်ခုပြီးတစ်ခု တွေးရင်းနဲ့ နောက်ဆုံးတော့ မျက်စိတွေ လေးလာပြီး ကျုပ်အိပ်ပျော်သွားတော့တာပေါ့ဗျာ။

”ဟဲ့ တာတေ အိပ်လှချေလား၊ ထမင်းကြမ်းတောင် ထမစားဘဲ အိပ်နေလိုက်တာ၊ ငါတောင် ထမင်းတွေ ဟင်းတွေ ကျက်ကုန်ပြီ။ ထတော့ လေ၊ ထမင်းတောင် စားချိန်နီးပြီ”

လို့ အမေနိုးတော့မှ ကျုပ်နိုးသွားတော့တာဗျို့။

 

အားလုံးကျန်းမာချမ်းသာကြပါစေ

 

-တာတေ-

 

#တာတေ

#လေးစားစွာcreditပေးပါသည်