” ကိုယ်ပျောက်ဦးထုပ် “(စ/ဆုံး)

Unicode Version

” ကိုယ်ပျောက်ဦးထုပ် “(စ/ဆုံး)
—————————–

အချိန်ကား မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့
အင်္ဂလိပ်တို့ အုပ်စိုးသောကာလဖြစ်၏။မျိုးချစ်
စိတ်ရင့်သန်သော မြန်မာတိုင်းရင်းသားတို့သည်
မြန်မာပြည် အနှံ့အပြား၌ အုပ်စုဖွဲ့၍ နယ်ချဲ့
အင်္ဂလိပ်တို့အား တော်လှန် ပုန်ကန် နေချိန်လည်း
ဖြစ်၏။ ထန်းပင်ကုန်းရွာမှာ ဟင်္သာတကြံခင်းသွား
ရထား လမ်းဘေး၌ ရှိ၏။ မီးရထားရပ် နားသည့်ဘူတာရုံရှိ၏။
ထန်းပင်ကုန်းရွာနေလူတို့သည် ကြံခင်းသို့လည်းကောင်း
ဟင်္သာတသို့လည်းကောင်းရထားဖြင့်ခရီးသွားကြသည်
ကများ၏။ကုန်သည်တို့မူကား ကုန်ပစ္စည်းများသယ်
ဆောင်ရသောကြောင့်ကားဖြင့်သာသွားရောက်တတ်
ကြ၏။ ထန်းပင်ကုန်းဘူတာမှာ ကျေးလက်ဘူတာရုံ
(ဆင်ခြေဖုံးဘူတာရုံ) တစ်ခု ဖြစ်သောကြောင့် မီးရထား
ဝင်ချိန်များ၌သာလျှင် ဘူတာရုံတစ်ဝိုက် လူစည်ကားလျက်ရှိတတ်၏။
အခြားအချိန်များတွင်မူ ဘူတာရုံမှာခြောက်ကပ်နေ
လေ့ရှိ၏။ ဘူတာရုံ ဝန်ထမ်းအချို့နှင့် ရေးသည်အချို့
တို့သာ ရှိကြ၏။ ဘူတာရုံဝန်ထမ်းများမှာလည်းအင်္ဂလိပ်
လူမျိုးနှင့် ချစ်တီးလူမျိုးတို့သာ ဖြစ်၏။ ဘူတာရုံ၏အ
နောက် ဘက်၌ ကပ်လျက်ရှိနေသော ထန်းပင်ကုန်းရွာ
မှာ သစ်ပင်ကြီးများ အုံ့ဆိုင်း လျက် သာယာလှပစွာရှိနေ၏။
ကိုအောင်အေးမှာ ထန်းပင်ကုန်းရွာသား စစ်စစ်ဖြစ်၍
ကရင်စပ် ဖြစ်၏။ သူ့တွင် မျိုးချစ်စိတ်ရှိ၍ နယ်ချဲ့အင်္ဂလိပ်
အား တော်လှန် ပုန်ကန်ရန် ကြံစည် ခဲ့ဖူးသူဖြစ်၏။
သို့သော်သူနှင့်ရည်ရွယ်ချက်ခြင်း၊ပိတ်ထားခြင်းတူညီ
၍ရဲဘော် ရဲဘက်စိတ်ရှိသူကိုအောင်အေး၏သူငယ်ချင်း
မှာမမျှော်လင့်ဘဲဆုံးပါးသွားခဲ့ ရှာ၏။ ထို့ကြောင့်
ကိုအောင်အေးတစ်ယောက် အားမတန် မာန်လျှော့ကာ
ငြိမ်ကုပ်၍ နေခဲ့ရ၏။ အချိန်အခါ သင့်ရုံဖြင့် တော်လှန်
ရေးအဖွဲ့ထဲသို့ ဝင်ရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်၏။
ကိုအောင်အေးမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့်
အသက်မွေးဝမ်း ကျောင်း ပြုနေရသည့် လယ်သမား
စစ်စစ် ဖြစ်၏။ သူ့တွင်မိသားစုရှိ၏။ သူ့ဇနီးသည်မပုတု
မှာ သူနှင့်ရွယ်တူဖြစ်၍ ထန်းပင်ကုန်းရွာသူ ဗမာလူမျိုး
ဖြစ်၏။သူတို့ ဇနီးမောင်နှံတွင် သားယောက်ျားလေး
တစ်ယောက်သာ ထွန်း ကား သေး၏။ ထို့ကြောင့် ကို
အောင်အေး၊ လုပ်စာတစ်ခုတည်းဖြင့် မိသားစု ကောင်း
မွန်စွာ နေထိုင် စားသောက်နိုင်၏။
ကိုအောင်အေးနွားစာစဉ်းနေသောကြောင့်ပတ်ဝန်းကျင်
ကိုသတိမထား မိ။ သူနှင့်မလှမ်းမကမ်းရှိ အိမ်ရှေ့ကွပ်
ပျစ်ပေါ်တွင် သူ၏ ဇနီးမပုတု တစ်ယောက် ထိုင်ရင်းမှ
ငိုလိုက်ရယ်လိုက် ဖြစ်နေရှာ၏။ ထိုစဉ်အိမ်ဘေးခြံ မှ
မပေါက်စတစ်ယောက် ခြံထဲ ဝင်လာ၏။
“ကိုအောင်အေး – ဟောဒီမှာ မပုတုတစ်ယောက်ဘာ
တွေ ဖြစ်နေလဲ မသိဘူး။ လာကြည့်ပါဦးတော့”
မပေါက်စ အသံကြားမှ မပုတုထံ ခေါင်းထောင်ကြည့်
မိကာ အပြေး လာလိုက်၏။ မပုတုကို ကြည့်ရင်းကို
အောင်အေး ဘာလုပ်ရမည်မှန်းမသိ ဖြစ်သွား၏။မပုတု
တစ်ယောက်အသိစိတ်ကင်းမဲ့လျက်မျက်လုံးကြီးပြူးကာ
ကြည့်နေ၏။ သူမ၏မျက်လုံးတို့မှာ မီးဝင်းဝင်းတောက်
သကဲ့သို့ရဲရဲနီနေ၏။ဘယ်ညာသို့လည်းကောင်း၊ရှေ့
နောက်သို့လည်းကောင်းသူမ၏ကိုယ်မှာလည်းယိမ်း
ထိုးလှုပ်ရှားနေလေ၏။“မပေါက်စ – အဲဒါ ဘာဖြစ်တာ
လဲ။ ကျုပ်လည်း နားမလည်ဘူးဗျာ လုပ်စမ်းပါဦး”
ကိုအောင်အေးက မပေါက်စကို အားကိုးစကားဆိုလိုက်
၏။ မပေါက်စ က မပုတုရှေ့၌ ပုဆစ်တုပ်ထိုင်ကာလက်
အုပ်ချီလျက်မှပြန်ပြော၏။“အဲဒါ… နတ်ဝင်တာနဲ့တူတယ်။
နေဦးကျွန်မမေးကြည့်ဦးမယ် – အမိန့် ရှိပါအရှင်၊ ဘယ်
ပုဂ္ဂိုလ် ဘယ်အကြောင်းများလည်းဆိုတာ နှုတ်ဖွင့်တော်
မူပါ” မပေါက်စစကားကြောင့်မပုတုကခါးထောက်လျက်
မှမျက်လုံးပြူးကြည့် ကာခေါင်းခါယမ်းလိုက်၏။ပြီးနောက်
ကိုအောင်အေးထံသို့မေးငေါ့ပြနေ၏။ မပုတု၏အရိပ်အ
ခြေကိုမပေါက်စသဘောပေါက်သွားသည့်အလားမတ်တတ်
ရပ် ငေးကြည့်နေသော ကိုအောင်အေးအား လက်ယပ်
လှမ်းခေါ်လိုက်၏။ သူမ၏အနီးသို့ ရောက်လာသော
ကိုအောင်အေးကိုမပုတု သေချာစွာ စူးစူး ရဲရဲကြည့်လိုက်၏။
“ဟေ့ကောင်….အောင်အေ။ဝါ – မင်းသူငယ်ချင်းစာသာ
ဦးလေ။မင်းက ငါ့ကိုမေ့နေပြီမဟုတ်လား”
မပုတုအသံကြောင့်ကိုအောင်အေးနောက်သို့ယောင်၍
ခြေတစ်လှမ်းဆုတ်မိသွား၏။ ပြီးနောက်မပုတုကိုသေ
ချာစွာကြည့်လျက်အကဲခတ်လိုက်သည်။မပုတုမှမပုတု
အစစ်ဖြစ်သည်။ သို့သော်မပုတုနှုတ်မှ ထွက်လာသည့်
စကားသံတို့မှာ မပုတုလေသံမဟုတ်၊ ကရင်သံဝဲဝဲနှင့်
စောသာဦးအသံနှင့် ဆင်နေသည်။စောသာဦးမှာအောင်အေး
၏ငယ်သူငယ်ချင်းဖြစ်သည်။ ထန်းပင်ကုန်း ရွာသားစစ်
စစ်ဖြစ်၍ကိုအောင်အေးနှင့် ထန်းပင်ကုန်းရွာ၌ငယ်မွေး
ခြံပေါက် များ ဖြစ်သည်။ ဆိုးတူ ကောင်းဖက်ဖြစ်၏။
ကြက်တိုက်အတူတူ၊ ဖဲရိုက် အတူတူ အရက်သောက်အ
တူတူ၊ မိုက်အတူတူ၊ ကောင်းအတူတူ နေခဲ့ကြ သူများဖြစ်၏။
အိမ်ထောင်ပြုခဲ့ကြသည်ပင်နှစ်ယောက်သားရှေ့ဆင့်
နောက် ဆင့် တိုင်ပင် ပြုခဲ့သူများ ဖြစ်ကြသည်။
အိမ်ထောင်ကျပြီးနောက် သားသမီးရကြသည်မှာလည်း
မီးဝင်မီးထွက် ရှေ့ဆင့်နောက်ဆင့်သာ ဖြစ်ကြ၏။ ထိုမျှ
လောက် သံယောဇဉ်ကြီးမားခဲ့ သော သူငယ်ချင်းများ
ဖြစ်၏။ သို့သော်စောသာဦးတစ်ယောက် မမျှော်လင့်
ဘဲသေဆုံးသွားခဲ့သည်မှာလေးငါးခြောက်လမျှသာရှိ
လေပြီ။ကိုအောင်အေး ပင် စောသာဦးကို မေ့သယောင်
ဖြစ်လာခဲ့လေပြီ။ သေသောသူကြာရင် မေ့ တတ်ကြ
သည်မှာလူ့လောက ဓမ္မတာဖြစ်သည် မဟုတ်ပါလား။
“ဟေ့ကောင် – အောင်အေး – မင်းက – ငါ့ကိုမေ့နေပေ
မယ့် ငါကမင်းကို ပလို့မင်းဆီကိုလာနေရတာကွ မင်း
က-ငါ့ကိုဘာဖြစ်လို့မသိချင်ယောင် ဆောင်နေတာလဲ
ဘာလဲ – မင်းကငါ့ကိုမယုံလို့လား”
မပုတုအသံက ကျယ်လောင်စွာ ထွက်လာ၏။ မပုတုရုပ်၊
မပုတုနှုတ်မှ ပြောနေသည့်တိုင် ထွက်လာသည့် စကား
သံမှာ မပုတု၏ လေသံ မဟုတ်။ စောသာဦး၏ကရင်သံ
ဝဲဝဲအသံဖြစ်နေမှန်းကိုအောင်အေးသိ၏။ ထို့ကြောင့်
ကိုအောင်အေးတစ်ယောက် မပုတု အနားသို့ တိုးကပ်
သွားပြီ၊ မပုတုရှေ့၌ ခပ်ယို့ယို့ လေးဝင်လိုက်လိုက်၏။
သူမ၏ ရှေ့၌ ဝင်ထိုင်လိုက်သော ကိုအောင်အေးကို
မပုကုက သေရာ စွာ စူးစိုက်ကြည့်နေ၏။ ဝင်းဝင်း
တောက်မျှ စိုက်ကြည့်နေသော မပုတု၏ မျက်လုံးများ
မှာ အနီရောင်တောက်လျက်ရဲနေ၏။
မကြာခင် ပျက်လုံးအစုံသည် အရောင်ပြောင်းသွားကာ
ညှိုးနွမ်းသွား ပြန်၏။ ထိုခဏ မျက်ရည်စတို့ တွင်တွင်
ကျလာကာ မပုတုထံမှ ငိုရှိုက်သံ ထွက်လာပြန်လေ၏။
“ခုတော့ – မင်းက တစ်ယောက်တည်းစားလိုက်သောက်
လိုက်နဲ့ ငါ့ကို မေ့နိုင်ရက်တယ်နော်။ ငါကသာ မင်းကို
မမေ့နိုင်လို့ မင်းနောက်ကို တစ် ကောက်ကောက်လိုက်
စောင့်ရှောက်နေရတာ။ဟိုတစ်လောက မင်းအရက်
ဆိုင်ကအပြန်လမ်းမှာ မှောက်လဲနေတာတွေ့လို့မင်းကို
အိမ်ရောက်အောင် ပြန်ပို့ပေးခဲ့တာ ငါပါကွ၊ ငါသာမင်းကို
မကယ်ရင် မင်း – ဘာဖြစ် သွားမယ် ထင်သလဲ၊ မင်းကို
ငါ့ဘဝထဲခေါ်လိုက်ရမလား”မပုတုစကားသံကြောင့်ကို
အောင်အေးခေါင်းနားပန်းကြီးကာခေါင်းကိုတွင်တွင်ခါ
ယမ်းရင်း နှုတ်မှလည်း အလျင်အမြန် ဆိုလိုက်၏။
“မလုပ်ပါနဲ့… သူငယ်ချင်း စောသာဦးရယ်၊ ငါ့မှာသားတွေ
သမီးတွေ ဇနီးတွေနဲ့ပါ။ ငါမရှိရင် သူတို့တစ်တွေ ဘာမှ
လုပ်ကိုင် စားသောက်တတ်မှာ မဟုတ်ဘူးကွ၊ ခုတောင်
မင်းကြောင့်ငါ့မိန်းမပုတုတစ်ယောက်ပင်ပန်းနေပါ ပြီကွာ၊
ငါ့ကိုလည်း မခေါ်ပါနဲ့၊ ငါ့မိန်းမမပုတုကိုလည်း မခေါ်ပါ
နဲ့ကွာ၊ ငါ့ကို ချစ်ရင် ငါ့ပြော စကား နားထောင်ပါကွာ၊ ငါ-
မင်းကို ဒီနေ့ကစပြီး သတိရ နေပါမယ်။ ငါ့ကိုကူညီစောင့်
ရှောက်ပါကွာနော်”ကိုအောင်အေးစကားကိုရှည်လျားစွာ
ပြောလိုက်၏။မပုတုကငြိမ်သက်လျက်ကိုအောင်အေးကို
သေချာစွာ စိုက်ကြည့်နေရာမှရုတ်တရက်ပျော့ခွေ ကာ
ကြမ်းပြင်ပေါ်သို့ ယိုင် လဲကျသွား၏။ အနီးမှ မပေါက်
စကမပုထု၏ကိုယ်ကိုဆွဲရင်းစကားပြောမည်ပြုစဉ်ကို
အောင်အေးကအလျင်အမြန်အဝင်ပြောလိုက်၏။
“မပု မပုတု သတိထား သတိထားနော်” “ကျုပ်…ဘာဖြစ်
လို့လဲ၊ရှင်ကဘာတွေဖြစ်နေတာလဲ- ကိုအောင်အေး”
လဲကျသွားသည့် ခန္ဓာကိုယ်ကို ပြန်မတ်လျက် မပုတုက
ပြူးတူး ပြူးကြောင် ကြည့်ကာ ကိုအောင်အေးကို
ပြန်မေးလိုက်၏။ မပုတု မျက်နှာ သွင်ပြင်နှင့် ထွက်
ပေါ်လာသည့် စကားသံမှာ ယခုမှ ပုံမှန် ဖြစ်သွားမှန်း
သိ သော ကိုအောင်အေး၏ ရင်ထဲ ယခုမှ ငြိမ်းချမ်း၍
ဝမ်းသာသွားသည်သို့ ရှိ လေ၏။“ဒီလိုနဲ့ကျွန်တော့်မိန်းမ
ပူးလိုက်ကပ်လိုက် ခွာလိုက်ဖြစ်နေခဲ့တာ။ ငါးလ ရှိသွား
ပါပြီ။ကျွန်တော့်မှာလယ်ထဲသွားနေရလည်းစိတ်မချ၊
ဟိုသွားဒီသွား နေရရင်လည်း သူ့ကို စိတ်မချဖြစ်နေရ
ပါတယ်။အဲဒီအတွက် ကျွန်တော့်ကို ကူညီပါဦး ဆရာ
ရယ်၊ကျွန်တော့်မိန်းမအဲဒီလိုမဖြစ်အောင်လုပ်ပေးပါ
ဆရာ ရယ် ဆရာ့ကို အားကိုးပါတယ်”
“ကဲ … မပုတု … ဒီနားကိုလာပါဦး”
ပုသိမ်ဆရာကြည်က မပုတုကို သူ့ရှေ့အနီးသို့ လှမ်းခေါ်
လိုက်သဖြင့် မပုတုတစ်ယောက် ထလာကာဆရာကြည်
၏ရှေ့၌ ပဆစ်တုပ် ထိုင်လိုက်၏။
“ကဲ.. မျက်စိကိုမှိတ်၊ ဘုရား၊ တရား၊ သံဃာရတနာသုံး
ပါးကို အာရုံပြုထားဆရာကြည်ကမပုတု၏ ခေါင်းပေါ်သို့
သူ၏ လက်ဖဝါး တစ်ဖက်ဖြင့် အသာအုပ်ထားရင်းမှပြော
ကာ သူ၏ နှုတ်မှလည်း ဂါထာမန္တာန်များကိုတလှုပ်လှုပ်
ဖြင့် တီးတိုး ရွတ်ဆိုနေလေ၏။ ရွတ်ဖတ်သရဇ္ဈာယ်ပြီး
နောက် သူမ၏ လက်ကို ပြန်ရုပ်လိုက်၏။ ထိုစဉ် မပုတု
၏ ခန္ဒာကိုယ်မှာ ဘယ်ညာ ယိမ်းထိုးလျက်လှုပ်ယမ်းစပြု
လာလေ၏။ပုတု၏မျက်လုံးများမှအစပြု၍ကိုယ်ခန္ဒာမှာ
တစ်မုဟုတ်ချင်းပြောင်းလဲ သွား၏။ မပုတုသည် ဦးစွာ
ဆရာကြည်ကို စူးစိုက် ကြည့်ပြီးနောက် သူမ၏ အနီး
ပတ်လည်၌ရှိနေကြသောလူများအားတစ်ဦးစီ လှည့်
ပတ်ကြည့်လိုက် ၏။ မပုတု၏ ရောဂါကို အထက်ဗိန္ဓော
ဆရာကြီး ပုသိမ်ဆရာကြည်နှင့် ယနေ့ဆေး ကုသမည့်
အကြောင်း သိထားကြသော ရွာသူ၊ ရွာသားအချို့မှာ
သိချင်မြင်ချင်ကြသောကြောင့်လာရောက်ကြည့်ရှုနေ
ကြသည်မှာကိုအောင် အေး၏အိမ်ရှေ့အခန်းအပြည့် ဖြစ်၏။
“မင်း .. ဘယ်သူလဲ”
“စောသာဦး .. အောင်အေးရဲ့သူငယ်ချင်း ဒီရွာသားစော
သာဦး” ဆရာကြည်၏မေးခွန်းကို မပုတုက စောသာဦး
ကဲ့သို့ ကရင်သံဝဲဝဲဖြင့်ပြန်၍ဖြေ၏။
“မင်းက “
– ဘာဖြစ်လို့ဒီမှာလာလာပြီးအနှောင့်အယှက်ပေးနေရ
တာလဲ၊ မင်းက ဘာလဲ၊ မင်းရဲ့ ဖြစ်ကြောင်း ကုန်စင်
ဘဝအမှန်တွေကို ဟောဒီ့လူ အားလုံးကြားအောင်
မှန်မှန်ပြောစမ်း”ဆရာကြည်ကခြေထောက်ကိုချိတ်
၍တင်ပျဉ်ခွေထိုင်ရင်းဆေးပြင်းလိပ် ကိုဖွာလျက်ခေါင်း
ကိုငဲ့စောင်းလျက်မှအေးဆေးစွာပင်ပြောလိုက်၏။ ဝိုင်းအုံ
ကြည့်နေကြသော ရွာသူ၊ ရွာသားအချို့မှာ မပုတု၏
လှုပ်ရှားမှု ရုပ်သဏ္ဌာန် ကို မြင်ချင် တွေ့ချင်ကြသော
ကြောင့် ထိုင်သူထိုင်၊ ထသူထလျက် လှုပ်လှုပ် ရှားရှား
ဖြင့် ကြည့်နေကြလေ၏။“ကျုပ်က – ဒီရွာမှာအရက်
အလွန်အကျွံသောက်တဲ့သူဗျ။ အဲဒီ အရက် သောက်
တဲ့ရောဂါနဲ့ သေသွားတဲ့ ထန်းပင်ကုန်းသားစောသာဦး
ပါ၊ အောင်အေးနဲ့ကျုပ်နဲ့ကစားဖော်သောက်ဖက်တွေပါ။
ကျုပ်သေပြီးတဲ့နောက် မှာတော့ ဟောဒီကွင်းမှာကွင်းပိုင်
ဖြစ်လာတယ်။ ဒါပေမဲ့ ကျုပ်ကဒုတိယ ကျုပ် အထက်
မှာ ကျုပ်ထက်ကြီးတဲ့ ကွင်းပိုင်ကြီးတစ်ဦးရှိတယ်။
သူက ကျုပ်ထက် သတ္တိရှိတယ်”“ကျုပ် – ကမ္မဇိဒ္ဓိရှိတာ
သိပ် မကြာသေးဘူး။ ကျုပ်ဟာ လူ့ဘဝတုန်း ကလည်း
ဒိရွာသား၊ ခုသေတော့လည်း ဒိရွာက ဒိကွင်းမှာ နေနေ
တော့ ဒိရွာ မှာ ဖြစ်ပျက်နေတာတွေ ကျုပ်အားလုံး သိ
နေ မြင်နေရတာပေါ့၊ ဒီကောင်နဲ့ ကျုပ်နဲ့ လူဘဝတုန်း
က သွားအတူ၊ စားအတူသောက်အတူ နေခဲ့ကြသူတွေ
ဆိုတော့ ကျုပ်က ဒီကောင့်အပေါ်မှာ ခုထိ သံယောဇဉ်
ရှိနေသေးတာပေါ့လေ။ ဒီကောင်ကတော့ ကျုပ်ကိုဘယ်
တော့မှသတိမရပါဘူး။တစ်ခါတစ်ခါကျုပ် ရင်နာမိတယ်ဗျာ”
စောသာဦးအသံနှင့် ပြောနေရှာသော မပုတုတစ်ယောက်
ခေတ္တ စကားရပ်ကာကိုအောင်အေးကိုငေးကြောင်စွာ
ကြည့်နေလိုက်၏။ကြည့်နေသော သူမ၏မျက်ဝန်း၊ထဲ၌
မျက်ရည်ကြည်တို့ တစ်မုဟုတ်ချင်း တသွင်သွင် စီးကျ
လာနေသည်ကို အံ့ဩစွာ တွေ့ မြင်နေရ၏။ ထို့ကြောင့်
မပုတုအနီး၌ ဝိုင်းကြည့်နေကြသောလူအုပ်ကြီးမှာမပုတု
ကို သနားကရုဏာသက်သွားမိကြပြန်လေ၏။
“ကဲ-ကဲ- မင်းသူငယ်ချင်းကို မင်း သံယောဇဉ် ရှိတယ်ဆို
တာ ဆရာ ယုံပါတယ်။ ဒါပေမဲ့ – မင်းသူငယ်ချင်းကယုံပုံ
မရဘူး။ အဲဒီတော့မင်းသူငယ်ချင်း ယုံကြည်အောင်မင်း
ဘယ်လိုသက်သေပြမလဲ။ သူ့ကိုမင်းဘယ်လိုကူညီ- နိုင်
မလဲ အဲဒါ ပြောပြလိုက်”ဆရာကြည်က ကြားဖြတ်ဝင်၍
ပြောလိုက်၏။ ကိုအောင်အေးကိုလည်း ဆရာကြည်က
လက်ယပ်ပြီးလှမ်းခေါ်ကာမပုတုအနီးသို့လာစေလိုက်
သဖြင့်ကိုအောင်အေး ဖင်တရွတ်တိုက်တိုးကာ မပုတု
အနီး၌ ကပ်ထိုင်လိုက်၏။ “ဟေ့ကောင်….အောင်အေး
မင်းကငါ့ကိုမယုံဘူးမဟုတ်လား။ အေး – မင်းကိုငါ့အ
ကြောင်းပြမယ်။ မင်း – ဘာဖြစ်ချင်သလဲ။မင်းဖြစ်ချင်
တာတစ်ခု ပြော၊ ငါဖြစ်အောင်ကူညီပေးမယ်၊ ဒါမှမင်း
ယုံမယ်ဆိုတာငါသိတယ်” မပုတုစကားသံကြောင့်ကို
အောင်အေးခေါင်းငိုက်စိုက်ချလျက်စဉ်းစားလိုက်ပြီးမှ
“ကောင်းပြီ ဒါဆိုရင် ဘူတာရုံနားမှာနေတဲ့ ချစ်တီးဆီ
က ပိုက်ဆံတွေ ငါယူချင်တယ်မင်းငါ့ကိုသွားယူပေ။”
“ဟားဟား’ဟား
“ဟား … ဒါလေးများကွာ သိပ်ဖြစ်တာပေါ့… တစ်ခုတော့
ရှိတယ်။ငါမသွား ဘူး။ မင်းဟာ မင်းသွားယူ”
“ဟာ- ငါသွားယူရင် ငါ့ကို သူခိုးဆိုပြီး ဖမ်းမှာပေါ့ကွ၊
ဒီချစ်တီးက ဟိုနယ်ချဲ့ကောင်တွေရဲ့ ပါတနာပဲဟာ၊
မင်းသွားယူမှ အဆင်ပြေမှာ မင်းကို လူတွေက မမြင်
ရတော့ ပိုပြီး အဆင်ပြေတာပေါ့ကွ”
ကိုအောင်အေး အပြောအဆို ရဲတင်းလာသည်။ သူ၏
သူငယ်ချင်း စောသာဦးနှင့်စကားပြောနေရသကဲ့သို့
ပွင့်လင်းစွာ ပြောလိုက်၏။“ကဲ – ဒီလိုလုပ် ငါ့မှာကမ္မဇိဒ္ဓိ
ရှိတဲ့ ကိုယ်ပျောက် ဦးထုပ် ရထားတာ ရှိတယ်။ ဒီဦးထုပ်
ကို ငါရထားတာ တစ်ပတ်ပဲ ရှိသေးတယ်။ အဲဒီဦးထုပ်ကို
မင်းကို ငါ ပေးလိုက်မယ်။ တစ်ခုတော့ ရှိတယ်။ ငါအချိန်
သိပ်မရဘူး။ မိနစ် (၃၀)ထက်တော့ မကြာစေနဲ့၊ ဒီနေရာ
ကို အရောက် ပြန်လာခဲ့။ အဲဒီအချိန် ထက် ကြာသွားရင်
တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ ငါ ပြောတဲ့အချိန်
အတွင်းမှာတော့ မင်းကြိုက်တာလုပ်”
မဖြစ်ပါဘူးကွာ ငါ မသွားရဲဘူး။ တော်ကြာ- ဟိုကောင်
တွေ ဖမ်းမိသွားလို့ငါထောင်ကျနေပါဦးမယ်”
“ဟေ့ကောင် … ဒီဦးထုပ်ကိုဆောင်းသွားလို့မင်းကိုဘယ်
သူကမှမမြင် ရဘူး။ မင်းယူစရာရှိတာယူပြီးအမြန်သာပြန်
လာခဲ့။ မင်းဘာမှမဖြစ်စေရဘူး။ အေး – တစ်ခုတော့ရှိတယ်
၊ ငွေတွေအများကြီးမြင်ပြီးမင်းစိတ်ထဲမှာလောဘ
တော့တက်မသွားနဲ့၊အကုန်လည်းမယူခဲ့နဲ့၊မင်းတို့အတွက်
ရင်းနှီးစားသောက် ဖို့နဲ့ငါအတွက်အလှူဒါနပြုပေးဖို့
လောက်သာယူပြီးပြန်လာ၊ သူတို့အတွက် လည်း ပြန်
ပြီးချန်ထားခဲ့ဦး။ ကဲ – အချိန်မရှိဘူး။ မင်း … ငါပြော
တာကိုမယုံဘူး ဆိုရင်ငါပြောသလိုလုပ်ကြည့်ပေါ့ကွာ”
မပုတု၏ စောသာဦးအသံကြောင့် ကိုအောင်အေးက
ဆရာကြည်ကို လှမ်း၍ ကြည့်လိုက်၏။ ဆရာကြည်၏
အဆုံးအဖြတ်ကို အားယူသလို အသံတိတ်မေးလိုက်ခြင်း ဖြစ်၏။
“ကဲ – မောင်အောင်အေး – သူငယ်ချင်းက မင်းကိုအ
ရမ်း သံယောဇဉ်ရှိတဲ့သူဆိုတော့ မင်းကိုလာပြီးကူညီ
စောင့်ရှောက်တာပဲကွ၊သူပြောတဲ့အတိုင်းလုပ်ကြည့်
ပေါ့ကွာ၊ ဒါမှလည်း မင်းတို့စိတ်ထဲမှာ သံသယ ရှင်း
သွားမှာပေါ့၊ ကဲ- မင်း သူငယ်ချင်းအေးကို မင်းပဲစောင့်
ရှောက် ပေးလိုက်ပါဆရာကြည်ကကိုအောင်အေးကိုတစ်လှည့်
စောသာဦးကိုတစ်လှည့်စီကြည့်ကာ ပြောလိုက်၏။
“ကဲ့လား .. ၊ – ငါရဲ့ ကိုယ်ပျောက်ဦးထုပ်ကို မင်းကို
ခဏ ပေးလိုက်မယ်။ဒီနေရာကို မိနစ် (၃၀)အတွင်း
မင်း ပြန်ရောက်အောင် ဆက်ဆက် ပြန်လာ ခဲ့၊မင်း
လိုချင်တဲ့ ချစ်တီးဆီကငွေကိုသွားယူ၊ငါပြောသလို
လောဘမတက်မိ စေနဲ့ ကြားလား မင်းကို ဘယ်သူမှ
မမြင်စေရဘူး။ ဘာအန္တရာယ်မှလည်း မဖြစ်စေရဘူး..ရော့”
မပုတုရုပ်ကြီးက စောသာဦးအသံဖြင့် သူ၏ဦးခေါင်းမှ
ဦးထုပ်ကို ချွတ် လျက်ကိုအောင်အေး၏ဦးခေါင်းသို့
ဆောင်းပေးလိုက်၏။ အမှန်မှာအသံနှင့် ဟန်ချည်း
သက်သက် ဖြစ်သောကြောင့် ဝိုင်းကြည့်နေသူလူစုမှာ
အရူး တစ်ယောက်ကို ကြည့်နေရသည့် ပမာ ရှိ၏။
မကြာမီ ကိုအောင်အေး တစ်ယောက် အိမ်ပေါ်မှဆင်း
ကာ ထွက်သွားလေ၏။ကြည့်နေသောလူထုပရိသတ်
မှာဦးထုပ်ကိုမြင်ရသည်လည်း မဟုတ် စောသာဦးကို
တွေ့ရသည်လည်း မဟုတ်။ စစ်စစ် မပုတု၏ခန္ဓာကိုယ်
၌ဝင်၍ ပူးကပ်နေသော ကေသာဦး၏ ဟန်ပန်နှင့်အသံ
တို့ကိုသာ ကြားနေရခြင်း ဖြစ်၏။ စောသာဦးအစစ်ကား မဟုတ်။
ကိုအောင်အေးမှာ ထိုကိစ္စများကိုလုံးဝယုံကြည်သူမဟုတ်။
ကရင်စပ် ဖြစ်၍ ဗုဒ္ဓဘာသာကိုးကွယ် ဆည်းကပ်သော်
လည်း ရိုးရာ၊ နတ်၊ ပယောဂ၊ အစွဲများကို လုံးဝ ယုံကြည်
ခြင်း မရှိပေ။ ထို့ပြင် အရက်သေစာ သောက်စားတတ်သူ
ဖြစ်သောကြောင့် ကြောက်စိတ်ကင်း၏။ ခွကျကျ ရွတ်
ဘွတ်တွတ် နေထိုင်ပြောဆိုတတ်၏။ယခုစောသာဦးမှ
သူ့အားမယုံကြည်ပါကသူပြောသည့်အတိုင်းလုပ်ရန်
စေခိုင်းသောအခါ ကိုအောင်အေးထပ်၍ ခွတိုက်ချင်စိတ်
ပေါက်လာ၏။ ထို့ ကြောင့်စောသာဦးပြောသည့်အတိုင်း
ကိုအောင်အေးလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်အင်္ဂလိပ်နှင့်
ချစ်တီးများကိုလည်းရွံရှာမုန်းတီးနေသူဖြစ်ရာအခါအခွင့်
သင့်သဖြင့်အနိုင်ယူလိုစိတ် ဖြစ်မိ၏။
စောသာဦး ဆောင်းပေးလိုက်သော ဦးထုပ်ကို ဆောင်းလျက်
ကိုအောင်အေးအိမ်မှထွက်လာပြီးသည်နှင့် ဘူတာရုံသို့
တန်းတန်းမတ်မတ် လာလိုက်၏။ ဘူတာရုံတွင် ရထား
ဝင်ချိန် ထွက်ချိန် ဝေးနေသောကြောင့် လူရှင်းလျက် ရှိ၏။
ဈေးသည်များပင် စုံစုံလင်လင် မတွေ့ရ။ တစ်ဦးစ နှစ်ဦးစ
သာလျှင် ရှိ၏။ဘူတာရုံအတွင်းရှိ လက်မှတ်ရောင်းသော
အခန်းထဲတွင် ဘူတာရုံ ဝန်ထမ်းကုလားလူမျိုးသုံးဦးခန့်
သာရှိ၏။တစ်ဦးကသတင်းစာထိုင်၍ဖတ်နေ ၏။ တစ်ဦး
က လက်မှတ်ရောင်းကောင်တာတွင် ထိုင်လျက်လက်မှတ်
ထိုင် ရောင်းလျက်ဟိုသည်ကြည့်နေသည်ကိုအဝေးမှကို
အောင်အေးလှမ်းမြင်နေရ ၏။မကြာမီဘူတာစင်္ကြံမှလက်
မှတ်ရောင်းသည့်အခန်းထဲသို့ဝင်ရန်တည့်တည့်မတ်မတ်
လျှောက်လာလိုက်၏။ထိုသို့လျှောက်လာစဉ်လမ်းခုလတ်
၌ ဘဲဥ၊ ငုံ၊ဥရောင်းသည့်ဈေးသည် မိန်းကလေး၏ ဈေးဗန်း
နှင့် ကိုအောင်အေး၏လက်ထိမိသွား၏။ ဈေးဗန်းလှုပ်ခါ
သွားသောကြောင့် ဗန်းထဲမှ ဘဲဥတစ်လုံး အောက်သို့
ပြုတ်ကျသွား ၏။ ဈေးသည် ပိန်းကလေးကား ဘာမျှ
မသိသကဲ့သို့ ပြုတ်ကျသွားသော ဘဲဥကိုပြန်ထည့်၍
ထိုနေရာမှထွက်သွား၏။ ကိုအောင်အေ၊ အားတက်သွား
ကိုအောင်အေး..ဆက်လျှောက်လာကာလက်မှတ်ရောင်း
ခန်းအတွင်းသို့ ဝင်လိုက်၏။ ထိုစဉ် အခန်းထဲမှ လူတစ်
ယောက် ထွက်လာသည်နှင့် ကြုံလေရာမျက်နှာချင်းဆိုင်
တိုက်မိမည်ကဲ့သို့ဖြစ်သွား၏။ သို့သော်အလျင် အမြန်ပင်
ကိုအောင်အေးရှောင်တိမ်းပေးလိုက်သောကြောင့်ထိုလူနှင့်
သီသီလေး လွတ်သွားရ၏။ ထိုလူကား ကိုအောင်အေးကို
မြင်တွေ့ပုံမရ။ အခန်း အပြင်သို့ ထွက်သွား၏။ ဒီတော့
မှ ကိုအောင်အေးတစ်ယောက် သူ့ ကိုယ်သူ ယုံကြည်
စိတ်ချသွား၏။ထို့ကြောင့်ကိုအောင်အေးလက်မှတ်ရုံထဲ
မှအမြန်ပြန်ထွက်လိုက်သည်။ ဘူတာရုံ၏ အနောက်ဘက်
၌ ကပ်လျက်ရှိသည့် ချစ်တီးအိမ်သို့ ဆက်၍ လျှောက်သွား
လိုက်၏။ ချစ်တီးအိမ်မှာပျဉ်ကာသွပ်မိုးနှစ်ထပ်အိမ်ကြီး
ဖြစ်၏။ ခြံဝင်းအလုံအရံခတ်ထား၏။ ခြံတံခါးကိုမင်းတုပ်
ဖြင့်ခတ်ထား၏။ ခြံတံခါးကို မင်းတုပ်ဖြင့် ခတ်ထားသော
ကြောင့်ကိုအောင်အေး အကြံရခက်သွား၏။ အိမ်ခြံဝင်းထဲ
သို့ လှမ်းကြည့်လိုက်ရာအိမ်ကြီး၏ ဆင်ဝင်အောက်ရှိအိမ်
ကြီး အပေါ်ထပ်သို့ တက်သည့် လှေကားရင်းတွင်ကုလား
လူမျိုးနှစ်ယောက် ထိုင်နေကာ စကားပြောနေကြ၏။
ထိုသူတို့၏ လက်ထဲတွင် ဓား၊ တုတ် များ ကိုယ်စီကိုင်
ထားလျက်ရှိ၏။ကိုအောင်အေးသိပ်ပြီးစဉ်းစားချိန်မရ
မှန်းသူ့ကိုယ်သူသိသည်။ထိုကြောင့်ခြံတံခါးမှ မင်းတုပ်
ကို သူ၏လက်ဖြင့် လှမ်းကျော်ကာ ဖွင့်မလိုက်၏။
“ဂလောက်” ဟူသော မင်းတုပ်ပြုတ်သံကြောင့် ထိုင်
နေသည့် ကုလား နှစ်ယောက် ခြံဝသို့ အပြေးရောက်
လာကာအံ့ဩစွာကြည့်လျက်အချင်းချင်း ပြောနေကြ၏။
“ဒီမင်းတုပ်နော်- အလိုအလျှောက် ပြုတ်ကျသွားတယ်။
အားရိုးရိုး.. ထူးဆန်းလိုက်တာ”ကိုအောင်အေး ရှေ့သို့
တိုးထွက်လာစဉ် နောက်မှ ပြောနေသံကို ကြားလိုက်
ရ၏။ အချိန်လုပ်၍ လှနေရသည် ဖြစ်ရာ ကို အောင်အေး
တစ်ယောက်ချစ်တီး၏အိမ်ပေါ်ထပ်သို့အပြေးအလွှား
တက်လိုက်၏။ အခန့် သင့်ပင် အိမ်ကြီးအပေါ်ထပ်ဧည့်
ခန်း၌ ချစ်တီးထိုင်လျက် ရှိနေသည်ကို တွေ့ရ၏။
ချစ်တီးမှာ ငွေဒင်္ဂါးပြားများကို ရေတွက်၍သော်လည်း
ကောင်း၊ စာရင်းစာအုပ်ကို ကြည့်၍လည်းကောင်း သူ
၏ကြွေးမြီကိစ္စများကိုစစ်ဆေး နေပုံရ၏။
ကိုအောင်အေးတစ်ယောက်ချစ်တီး၏ရှေ့ရှိခုံလွတ်တစ်
ခုတွင် ဝင်ထိုင် လိုက်၏။စားပွဲခုံပေါ်၌တင်ထားသော
ငွေဒင်္ဂါးများကိုလှမ်းယူရမည်မှာလည်းချစ်တီးရှေ့၌
ဖြစ်နေ၍အခက်တွေ့နေရ၏။ မည်ကဲ့သို့ကြံဆောင်
ရမည်မှန်း ကို ကိုအောင်အေး တွေးမရ၍ စိတ်ညစ်
ညစ်နှင့် ခေါင်းကုတ်နေမိ၏။ ထိုစဉ် ချစ်တီးကထိုင်
ရမှထမှထကာမလှမ်းမကမ်းရှိပီရိုဆီသို့လျှောက်သွားလိုက်
အခြေအနေ ပေးနေပြီ ဖြစ်သောကြောင့် စားပွဲခုံပေါ်
၌ ပုံထားသည့် ငွေဒင်္ဂါးပြား လက်တစ်ဆုပ်ကို အလျင်
အမြန်ပင် ကိုအောင်အေး လှမ်းယူ လိုက်သည်။ ထိုစဉ်
ကိုအောင်အေး လက်ထဲ ပါလာသော ငွေဒင်္ဂါးတစ်ချပ်
မှာ အောက်သို့ ပြုတ်ကျသွားရာ “ချလွမ်” ဟူသော
အသံတစ်ခု ထွက်ပေါ် လာ၏။ထိုအသံကြောင့်ဗီရိုတံ
ခါးဖွင့်နေသောချစ်တီးမှာစားပွဲခုံနားသို့အပြေး လာ
လိုက်ကာ ထိုအနီးတစ်ဝိုက်သို့ လှည့်ပတ် ကြည့်ရှုကာ
လေ့လာနေ၏။ကိုအောင်အေးကား အချိန်မရတော့
ပြီဖြစ်၍ထိုနေရာမှအလျင်အမြန် ပြေးထွက်ကာ သူ
၏အိမ်ဆီသို့ တန်းတန်းမတ်မတ် ပြန်လာလိုက်၏။
အိမ်ပေါ်သို့အပြေးအလွှားတက်လာသောကိုအောင်
အေးကိုအိမ်ပေါ်ရှိ ရွာသူ၊ ရွာသားများက ဝိုင်းအုံကြည့်
ကာ အကဲခတ်နေကြ၏။ ကိုအောင်အေးက သူ၏ခါး
ပုံစအတွင်း၌ဝှက်ယူလာသောငွေဒင်္ဂါးပြား များကိုမပုတု
ရှေ့၌ ပစ်ချလျက်ထိုင်ချလိုက်၏။ အပြေးအလွှားလာခဲ့
ရသော ကြောင့်ကိုအောင်အေးတစ်ယောက် မောဟိုက်
နေလေ၏။“ကဲ – အချိန်စေ့တော့မယ်။မင်းဆီကိုလာဖို့
ငါ့မှာ မနည်းခွင့်တောင်းပြီး လာခဲ့ရတာ ကဲ – မင်း ငါ့ကို
ယုံသွားပြီး မဟုတ်လား”မပုတုထံမှစကားသံထွက်လာ
ကာကိုအောင်အေးဦးခေါင်းပေါ်မှဦးထုပ်ကိုလည်းအလျင်
အမြန် ပြန်ယူသည့်ဟန်လှမ်းပြင်လိုက်၏။ ကိုအောင်အေး
က အလိုက်သင့်ပင် နေလိုက်၏။ သူ၏ရှေ့၌ မြင်နေရ
သော ငွေဒင်္ဂါးပြားများ ကို ကြည့်၍လည်း ငွေကျပ်သုံး
လေးဆယ်ခန့် ရှိမည်ဟု ခန့်မှန်းနေမိ၏။
“ကဲ…. ငါလည်းငါ့နေရာကိုပြန်ရဦးမယ်၊ မင်းကိုငါအမြဲ
သတိရနေတာ ဆိုတာရယ်၊ မင်းကို ငါ အမြဲတမ်း ကူညီ
စောင့်ရှောက်နေတယ်ဆိုတာတွေ ကိုမင်းသိရင်ငါကျေ
နပ်ပါတယ်ကွာ။ အခု – ငါမင်းကိုကူညီခဲ့ပြီးပြီ။ ငါလည်း
ဒီဘဝက ကျွတ်ချင် လွတ်ချင်ပြီကွာ။ ဒိတော့ မင်းရလာ
တဲ့ ငွေထဲက ငါ့ကို ရည်စူးပြီးအလှူဒါနတစ်ခုခုလုပ်ပေး
ပါကွာ။ ပြီးရင်အဲဒီကုသိုလ်တွေကိုငါ့ကို အမျှ အတန်းပေး
ပေးပါ။ ဒါမှ – ငါ ဒီဘဝက ကျွတ်ပြီး ဒီထက်မြင့်တဲ့ဘုံကို
ရောက်မှာကဲ- ငါ့ကိုကွင်းပိုင်ကြီးကလှမ်းခေါ်နေပြီ၊ငါ
သွားတော့မယ်” အသံပျောက်သည်နှင့်မပုတု၏သဏ္ဌာန်
မှာပြောင်းလဲသွားကာ မပုတုသတိ ပြန်ဝင်လာသည်။
သူ့အား ဝိုင်းအုံ ကြည့်နေသော ပရိသတ်ကို ကြည့် လျက်
မပုတု ဘာမှနားမလည်နိုင်ဖြစ်နေ၏။ ထို့ကြောင့် ဆရာ
ကြည်က ဖြစ်ကြောင်း ကုန်စင်ကို ပြောပြလျက် ရေမန်း၊
ဆေးမန်းတို့ကို တိုက်ကျွေးကာ ပြန်ကြွသွားလေ၏။
ထိုနေ့မှစ၍ မပုတု တစ်ယောက် စုန်းပူး၊ နတ်ပူး၊ ပယော
ဂပူးများ ကင်းဝေးသွား၏။ စောသာဦး မှာကြားခဲ့သည့်
အတိုင်း သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်း၊ သင်္ကန်း
ကပ်လှူပြီး ပြုသမျှ ကောင်းမှုကို စောသာဦးအား ရည်
စူး၍အမျှအတန်းပေးဝေလိုက်၏။တစ်ပတ်ခန့်ကြာ
သောညတစ်ညတွင် သူတို့ဇနီးမောင်နှံအား စောသာဦးမှ
အိပ်မက်လာပေး၏။အိပ်မက်ထဲတွင် သူတို့ဇနီးမောင်
နှံအား စောသာဦးတစ်ယောက် ဝတ်ကောင်းစားလှ
ဝတ်ကာ လာ၍ နှုတ်ဆက်သွား၏။ ကျေးဇူးတင်စကား
လည်း ပြောသွား၏။ သူတို့ဇနီးမောင်နှံအတွက် ရွှေငွေ
ပစ္စည်းများ ပေးအပ် သွားသည်ကိုလည်းအိပ်မက်ထဲ၌
အထင်းသား မြင်မက်ခဲ့ကြရ၏။ထိုအချိန် မှစ၍စောသာ
ဦးနှင့် ပတ်သက်သော အကြောင်းကိစ္စတို့မှာ လုံးဝ မပေါ်
လာ တော့ပေ။ သို့သော် ကိုအောင်အေးတို့ဇနီးမောင်နှံ
မိသားစုမှာကား တစ်နေ့ တခြားစီးပွားတက်ကာ ချမ်းသာလာခဲ့ကြတော့၏။

Zawgyi Version

” ကိုယ္ေပ်ာက္ဦးထုတ္ “(စ/ဆုံး)
—————————–

အခ်ိန္ကား ျမန္မာႏိုင္ငံကို ၿဗိတိသွ်နယ္ခ်ဲ႕
အဂၤလိပ္တို႔ အုပ္စိုးေသာကာလျဖစ္၏။မ်ိဳးခ်စ္
စိတ္ရင့္သန္ေသာ ျမန္မာတိုင္းရင္းသားတို႔သည္
ျမန္မာျပည္ အႏွံ႔အျပား၌ အုပ္စုဖြဲ႕၍ နယ္ခ်ဲ႕
အဂၤလိပ္တို႔အား ေတာ္လွန္ ပုန္ကန္ ေနခ်ိန္လည္း
ျဖစ္၏။ ထန္းပင္ကုန္း႐ြာမွာ ဟသၤာတႀကံခင္းသြား
ရထား လမ္းေဘး၌ ရွိ၏။ မီးရထားရပ္ နားသည့္ဘူတာ႐ုံရွိ၏။
ထန္းပင္ကုန္း႐ြာေနလူတို႔သည္ ႀကံခင္းသို႔လည္းေကာင္း
ဟသၤာတသို႔လည္းေကာင္းရထားျဖင့္ခရီးသြားၾကသည္
ကမ်ား၏။ကုန္သည္တို႔မူကား ကုန္ပစၥည္းမ်ားသယ္
ေဆာင္ရေသာေၾကာင့္ကားျဖင့္သာသြားေရာက္တတ္
ၾက၏။ ထန္းပင္ကုန္းဘူတာမွာ ေက်းလက္ဘူတာ႐ုံ
(ဆင္ေျခဖုံးဘူတာ႐ုံ) တစ္ခု ျဖစ္ေသာေၾကာင့္ မီးရထား
ဝင္ခ်ိန္မ်ား၌သာလွ်င္ ဘူတာ႐ုံတစ္ဝိုက္ လူစည္ကားလ်က္ရွိတတ္၏။
အျခားအခ်ိန္မ်ားတြင္မူ ဘူတာ႐ုံမွာေျခာက္ကပ္ေန
ေလ့ရွိ၏။ ဘူတာ႐ုံ ဝန္ထမ္းအခ်ိဳ႕ႏွင့္ ေရးသည္အခ်ိဳ႕
တို႔သာ ရွိၾက၏။ ဘူတာ႐ုံဝန္ထမ္းမ်ားမွာလည္းအဂၤလိပ္
လူမ်ိဳးႏွင့္ ခ်စ္တီးလူမ်ိဳးတို႔သာ ျဖစ္၏။ ဘူတာ႐ုံ၏အ
ေနာက္ ဘက္၌ ကပ္လ်က္ရွိေနေသာ ထန္းပင္ကုန္း႐ြာ
မွာ သစ္ပင္ႀကီးမ်ား အုံ႔ဆိုင္း လ်က္ သာယာလွပစြာရွိေန၏။
ကိုေအာင္ေအးမွာ ထန္းပင္ကုန္း႐ြာသား စစ္စစ္ျဖစ္၍
ကရင္စပ္ ျဖစ္၏။ သူ႔တြင္ မ်ိဳးခ်စ္စိတ္ရွိ၍ နယ္ခ်ဲ႕အဂၤလိပ္
အား ေတာ္လွန္ ပုန္ကန္ရန္ ႀကံစည္ ခဲ့ဖူးသူျဖစ္၏။
သို႔ေသာ္သူႏွင့္ရည္႐ြယ္ခ်က္ျခင္း၊ပိတ္ထားျခင္းတူညီ
၍ရဲေဘာ္ ရဲဘက္စိတ္ရွိသူကိုေအာင္ေအး၏သူငယ္ခ်င္း
မွာမေမွ်ာ္လင့္ဘဲဆုံးပါးသြားခဲ့ ရွာ၏။ ထို႔ေၾကာင့္
ကိုေအာင္ေအးတစ္ေယာက္ အားမတန္ မာန္ေလွ်ာ့ကာ
ၿငိမ္ကုပ္၍ ေနခဲ့ရ၏။ အခ်ိန္အခါ သင့္႐ုံျဖင့္ ေတာ္လွန္
ေရးအဖြဲ႕ထဲသို႔ ဝင္ရန္ သူ ဆုံးျဖတ္ထားၿပီး ျဖစ္၏။
ကိုေအာင္ေအးမွာ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းျဖင့္
အသက္ေမြးဝမ္း ေက်ာင္း ျပဳေနရသည့္ လယ္သမား
စစ္စစ္ ျဖစ္၏။ သူ႔တြင္မိသားစုရွိ၏။ သူ႔ဇနီးသည္မပုတု
မွာ သူႏွင့္႐ြယ္တူျဖစ္၍ ထန္းပင္ကုန္း႐ြာသူ ဗမာလူမ်ိဳး
ျဖစ္၏။သူတို႔ ဇနီးေမာင္ႏွံတြင္ သားေယာက္်ားေလး
တစ္ေယာက္သာ ထြန္း ကား ေသး၏။ ထို႔ေၾကာင့္ ကို
ေအာင္ေအး၊ လုပ္စာတစ္ခုတည္းျဖင့္ မိသားစု ေကာင္း
မြန္စြာ ေနထိုင္ စားေသာက္ႏိုင္၏။
ကိုေအာင္ေအးႏြားစာစဥ္းေနေသာေၾကာင့္ပတ္ဝန္းက်င္
ကိုသတိမထား မိ။ သူႏွင့္မလွမ္းမကမ္းရွိ အိမ္ေရွ႕ကြပ္
ပ်စ္ေပၚတြင္ သူ၏ ဇနီးမပုတု တစ္ေယာက္ ထိုင္ရင္းမွ
ငိုလိုက္ရယ္လိုက္ ျဖစ္ေနရွာ၏။ ထိုစဥ္အိမ္ေဘးၿခံ မွ
မေပါက္စတစ္ေယာက္ ၿခံထဲ ဝင္လာ၏။
“ကိုေအာင္ေအး – ေဟာဒီမွာ မပုတုတစ္ေယာက္ဘာ
ေတြ ျဖစ္ေနလဲ မသိဘူး။ လာၾကည့္ပါဦးေတာ့”
မေပါက္စ အသံၾကားမွ မပုတုထံ ေခါင္းေထာင္ၾကည့္
မိကာ အေျပး လာလိုက္၏။ မပုတုကို ၾကည့္ရင္းကို
ေအာင္ေအး ဘာလုပ္ရမည္မွန္းမသိ ျဖစ္သြား၏။မပုတု
တစ္ေယာက္အသိစိတ္ကင္းမဲ့လ်က္မ်က္လုံးႀကီးျပဴးကာ
ၾကည့္ေန၏။ သူမ၏မ်က္လုံးတို႔မွာ မီးဝင္းဝင္းေတာက္
သကဲ့သို႔ရဲရဲနီေန၏။ဘယ္ညာသို႔လည္းေကာင္း၊ေရွ႕
ေနာက္သို႔လည္းေကာင္းသူမ၏ကိုယ္မွာလည္းယိမ္း
ထိုးလႈပ္ရွားေနေလ၏။“မေပါက္စ – အဲဒါ ဘာျဖစ္တာ
လဲ။ က်ဳပ္လည္း နားမလည္ဘူးဗ်ာ လုပ္စမ္းပါဦး”
ကိုေအာင္ေအးက မေပါက္စကို အားကိုးစကားဆိုလိုက္
၏။ မေပါက္စ က မပုတုေရွ႕၌ ပုဆစ္တုပ္ထိုင္ကာလက္
အုပ္ခ်ီလ်က္မွျပန္ေျပာ၏။“အဲဒါ… နတ္ဝင္တာနဲ႔တူတယ္။
ေနဦးကြၽန္မေမးၾကည့္ဦးမယ္ – အမိန႔္ ရွိပါအရွင္၊ ဘယ္
ပုဂၢိဳလ္ ဘယ္အေၾကာင္းမ်ားလည္းဆိုတာ ႏႈတ္ဖြင့္ေတာ္
မူပါ” မေပါက္စစကားေၾကာင့္မပုတုကခါးေထာက္လ်က္
မွမ်က္လုံးျပဴးၾကည့္ ကာေခါင္းခါယမ္းလိုက္၏။ၿပီးေနာက္
ကိုေအာင္ေအးထံသို႔ေမးေငါ့ျပေန၏။ မပုတု၏အရိပ္အ
ေျခကိုမေပါက္စသေဘာေပါက္သြားသည့္အလားမတ္တတ္
ရပ္ ေငးၾကည့္ေနေသာ ကိုေအာင္ေအးအား လက္ယပ္
လွမ္းေခၚလိုက္၏။ သူမ၏အနီးသို႔ ေရာက္လာေသာ
ကိုေအာင္ေအးကိုမပုတု ေသခ်ာစြာ စူးစူး ရဲရဲၾကည့္လိုက္၏။
“ေဟ့ေကာင္….ေအာင္ေအ။ဝါ – မင္းသူငယ္ခ်င္းစာသာ
ဦးေလ။မင္းက ငါ့ကိုေမ့ေနၿပီမဟုတ္လား”
မပုတုအသံေၾကာင့္ကိုေအာင္ေအးေနာက္သို႔ေယာင္၍
ေျခတစ္လွမ္းဆုတ္မိသြား၏။ ၿပီးေနာက္မပုတုကိုေသ
ခ်ာစြာၾကည့္လ်က္အကဲခတ္လိုက္သည္။မပုတုမွမပုတု
အစစ္ျဖစ္သည္။ သို႔ေသာ္မပုတုႏႈတ္မွ ထြက္လာသည့္
စကားသံတို႔မွာ မပုတုေလသံမဟုတ္၊ ကရင္သံဝဲဝဲႏွင့္
ေစာသာဦးအသံႏွင့္ ဆင္ေနသည္။ေစာသာဦးမွာေအာင္ေအး
၏ငယ္သူငယ္ခ်င္းျဖစ္သည္။ ထန္းပင္ကုန္း ႐ြာသားစစ္
စစ္ျဖစ္၍ကိုေအာင္ေအးႏွင့္ ထန္းပင္ကုန္း႐ြာ၌ငယ္ေမြး
ၿခံေပါက္ မ်ား ျဖစ္သည္။ ဆိုးတူ ေကာင္းဖက္ျဖစ္၏။
ၾကက္တိုက္အတူတူ၊ ဖဲ႐ိုက္ အတူတူ အရက္ေသာက္အ
တူတူ၊ မိုက္အတူတူ၊ ေကာင္းအတူတူ ေနခဲ့ၾက သူမ်ားျဖစ္၏။
အိမ္ေထာင္ျပဳခဲ့ၾကသည္ပင္ႏွစ္ေယာက္သားေရွ႕ဆင့္
ေနာက္ ဆင့္ တိုင္ပင္ ျပဳခဲ့သူမ်ား ျဖစ္ၾကသည္။
အိမ္ေထာင္က်ၿပီးေနာက္ သားသမီးရၾကသည္မွာလည္း
မီးဝင္မီးထြက္ ေရွ႕ဆင့္ေနာက္ဆင့္သာ ျဖစ္ၾက၏။ ထိုမွ်
ေလာက္ သံေယာဇဥ္ႀကီးမားခဲ့ ေသာ သူငယ္ခ်င္းမ်ား
ျဖစ္၏။ သို႔ေသာ္ေစာသာဦးတစ္ေယာက္ မေမွ်ာ္လင့္
ဘဲေသဆုံးသြားခဲ့သည္မွာေလးငါးေျခာက္လမွ်သာရွိ
ေလၿပီ။ကိုေအာင္ေအး ပင္ ေစာသာဦးကို ေမ့သေယာင္
ျဖစ္လာခဲ့ေလၿပီ။ ေသေသာသူၾကာရင္ ေမ့ တတ္ၾက
သည္မွာလူ႔ေလာက ဓမၼတာျဖစ္သည္ မဟုတ္ပါလား။
“ေဟ့ေကာင္ – ေအာင္ေအး – မင္းက – ငါ့ကိုေမ့ေနေပ
မယ့္ ငါကမင္းကို ပလို႔မင္းဆီကိုလာေနရတာကြ မင္း
က-ငါ့ကိုဘာျဖစ္လို႔မသိခ်င္ေယာင္ ေဆာင္ေနတာလဲ
ဘာလဲ – မင္းကငါ့ကိုမယုံလို႔လား”
မပုတုအသံက က်ယ္ေလာင္စြာ ထြက္လာ၏။ မပုတု႐ုပ္၊
မပုတုႏႈတ္မွ ေျပာေနသည့္တိုင္ ထြက္လာသည့္ စကား
သံမွာ မပုတု၏ ေလသံ မဟုတ္။ ေစာသာဦး၏ကရင္သံ
ဝဲဝဲအသံျဖစ္ေနမွန္းကိုေအာင္ေအးသိ၏။ ထို႔ေၾကာင့္
ကိုေအာင္ေအးတစ္ေယာက္ မပုတု အနားသို႔ တိုးကပ္
သြားၿပီ၊ မပုတုေရွ႕၌ ခပ္ယို႔ယို႔ ေလးဝင္လိုက္လိုက္၏။
သူမ၏ ေရွ႕၌ ဝင္ထိုင္လိုက္ေသာ ကိုေအာင္ေအးကို
မပုကုက ေသရာ စြာ စူးစိုက္ၾကည့္ေန၏။ ဝင္းဝင္း
ေတာက္မွ် စိုက္ၾကည့္ေနေသာ မပုတု၏ မ်က္လုံးမ်ား
မွာ အနီေရာင္ေတာက္လ်က္ရဲေန၏။
မၾကာခင္ ပ်က္လုံးအစုံသည္ အေရာင္ေျပာင္းသြားကာ
ညႇိဳးႏြမ္းသြား ျပန္၏။ ထိုခဏ မ်က္ရည္စတို႔ တြင္တြင္
က်လာကာ မပုတုထံမွ ငိုရႈိက္သံ ထြက္လာျပန္ေလ၏။
“ခုေတာ့ – မင္းက တစ္ေယာက္တည္းစားလိုက္ေသာက္
လိုက္နဲ႔ ငါ့ကို ေမ့ႏိုင္ရက္တယ္ေနာ္။ ငါကသာ မင္းကို
မေမ့ႏိုင္လို႔ မင္းေနာက္ကို တစ္ ေကာက္ေကာက္လိုက္
ေစာင့္ေရွာက္ေနရတာ။ဟိုတစ္ေလာက မင္းအရက္
ဆိုင္ကအျပန္လမ္းမွာ ေမွာက္လဲေနတာေတြ႕လို႔မင္းကို
အိမ္ေရာက္ေအာင္ ျပန္ပို႔ေပးခဲ့တာ ငါပါကြ၊ ငါသာမင္းကို
မကယ္ရင္ မင္း – ဘာျဖစ္ သြားမယ္ ထင္သလဲ၊ မင္းကို
ငါ့ဘဝထဲေခၚလိုက္ရမလား”မပုတုစကားသံေၾကာင့္ကို
ေအာင္ေအးေခါင္းနားပန္းႀကီးကာေခါင္းကိုတြင္တြင္ခါ
ယမ္းရင္း ႏႈတ္မွလည္း အလ်င္အျမန္ ဆိုလိုက္၏။
“မလုပ္ပါနဲ႔… သူငယ္ခ်င္း ေစာသာဦးရယ္၊ ငါ့မွာသားေတြ
သမီးေတြ ဇနီးေတြနဲ႔ပါ။ ငါမရွိရင္ သူတို႔တစ္ေတြ ဘာမွ
လုပ္ကိုင္ စားေသာက္တတ္မွာ မဟုတ္ဘူးကြ၊ ခုေတာင္
မင္းေၾကာင့္ငါ့မိန္းမပုတုတစ္ေယာက္ပင္ပန္းေနပါ ၿပီကြာ၊
ငါ့ကိုလည္း မေခၚပါနဲ႔၊ ငါ့မိန္းမမပုတုကိုလည္း မေခၚပါ
နဲ႔ကြာ၊ ငါ့ကို ခ်စ္ရင္ ငါ့ေျပာ စကား နားေထာင္ပါကြာ၊ ငါ-
မင္းကို ဒီေန႔ကစၿပီး သတိရ ေနပါမယ္။ ငါ့ကိုကူညီေစာင့္
ေရွာက္ပါကြာေနာ္”ကိုေအာင္ေအးစကားကိုရွည္လ်ားစြာ
ေျပာလိုက္၏။မပုတုကၿငိမ္သက္လ်က္ကိုေအာင္ေအးကို
ေသခ်ာစြာ စိုက္ၾကည့္ေနရာမွ႐ုတ္တရက္ေပ်ာ့ေခြ ကာ
ၾကမ္းျပင္ေပၚသို႔ ယိုင္ လဲက်သြား၏။ အနီးမွ မေပါက္
စကမပုထု၏ကိုယ္ကိုဆြဲရင္းစကားေျပာမည္ျပဳစဥ္ကို
ေအာင္ေအးကအလ်င္အျမန္အဝင္ေျပာလိုက္၏။
“မပု မပုတု သတိထား သတိထားေနာ္” “က်ဳပ္…ဘာျဖစ္
လို႔လဲ၊ရွင္ကဘာေတြျဖစ္ေနတာလဲ- ကိုေအာင္ေအး”
လဲက်သြားသည့္ ခႏၶာကိုယ္ကို ျပန္မတ္လ်က္ မပုတုက
ျပဴးတူး ျပဴးေၾကာင္ ၾကည့္ကာ ကိုေအာင္ေအးကို
ျပန္ေမးလိုက္၏။ မပုတု မ်က္ႏွာ သြင္ျပင္ႏွင့္ ထြက္
ေပၚလာသည့္ စကားသံမွာ ယခုမွ ပုံမွန္ ျဖစ္သြားမွန္း
သိ ေသာ ကိုေအာင္ေအး၏ ရင္ထဲ ယခုမွ ၿငိမ္းခ်မ္း၍
ဝမ္းသာသြားသည္သို႔ ရွိ ေလ၏။“ဒီလိုနဲ႔ကြၽန္ေတာ့္မိန္းမ
ပူးလိုက္ကပ္လိုက္ ခြာလိုက္ျဖစ္ေနခဲ့တာ။ ငါးလ ရွိသြား
ပါၿပီ။ကြၽန္ေတာ့္မွာလယ္ထဲသြားေနရလည္းစိတ္မခ်၊
ဟိုသြားဒီသြား ေနရရင္လည္း သူ႔ကို စိတ္မခ်ျဖစ္ေနရ
ပါတယ္။အဲဒီအတြက္ ကြၽန္ေတာ့္ကို ကူညီပါဦး ဆရာ
ရယ္၊ကြၽန္ေတာ့္မိန္းမအဲဒီလိုမျဖစ္ေအာင္လုပ္ေပးပါ
ဆရာ ရယ္ ဆရာ့ကို အားကိုးပါတယ္”
“ကဲ … မပုတု … ဒီနားကိုလာပါဦး”
ပုသိမ္ဆရာၾကည္က မပုတုကို သူ႔ေရွ႕အနီးသို႔ လွမ္းေခၚ
လိုက္သျဖင့္ မပုတုတစ္ေယာက္ ထလာကာဆရာၾကည္
၏ေရွ႕၌ ပဆစ္တုပ္ ထိုင္လိုက္၏။
“ကဲ.. မ်က္စိကိုမွိတ္၊ ဘုရား၊ တရား၊ သံဃာရတနာသုံး
ပါးကို အာ႐ုံျပဳထားဆရာၾကည္ကမပုတု၏ ေခါင္းေပၚသို႔
သူ၏ လက္ဖဝါး တစ္ဖက္ျဖင့္ အသာအုပ္ထားရင္းမွေျပာ
ကာ သူ၏ ႏႈတ္မွလည္း ဂါထာမႏၲာန္မ်ားကိုတလႈပ္လႈပ္
ျဖင့္ တီးတိုး ႐ြတ္ဆိုေနေလ၏။ ႐ြတ္ဖတ္သရဇၩာယ္ၿပီး
ေနာက္ သူမ၏ လက္ကို ျပန္႐ုပ္လိုက္၏။ ထိုစဥ္ မပုတု
၏ ခႏၵာကိုယ္မွာ ဘယ္ညာ ယိမ္းထိုးလ်က္လႈပ္ယမ္းစျပဳ
လာေလ၏။ပုတု၏မ်က္လုံးမ်ားမွအစျပဳ၍ကိုယ္ခႏၵာမွာ
တစ္မုဟုတ္ခ်င္းေျပာင္းလဲ သြား၏။ မပုတုသည္ ဦးစြာ
ဆရာၾကည္ကို စူးစိုက္ ၾကည့္ၿပီးေနာက္ သူမ၏ အနီး
ပတ္လည္၌ရွိေနၾကေသာလူမ်ားအားတစ္ဦးစီ လွည့္
ပတ္ၾကည့္လိုက္ ၏။ မပုတု၏ ေရာဂါကို အထက္ဗိေႏၶာ
ဆရာႀကီး ပုသိမ္ဆရာၾကည္ႏွင့္ ယေန႔ေဆး ကုသမည့္
အေၾကာင္း သိထားၾကေသာ ႐ြာသူ၊ ႐ြာသားအခ်ိဳ႕မွာ
သိခ်င္ျမင္ခ်င္ၾကေသာေၾကာင့္လာေရာက္ၾကည့္ရႈေန
ၾကသည္မွာကိုေအာင္ ေအး၏အိမ္ေရွ႕အခန္းအျပည့္ ျဖစ္၏။
“မင္း .. ဘယ္သူလဲ”
“ေစာသာဦး .. ေအာင္ေအးရဲ႕သူငယ္ခ်င္း ဒီ႐ြာသားေစာ
သာဦး” ဆရာၾကည္၏ေမးခြန္းကို မပုတုက ေစာသာဦး
ကဲ့သို႔ ကရင္သံဝဲဝဲျဖင့္ျပန္၍ေျဖ၏။
“မင္းက “
– ဘာျဖစ္လို႔ဒီမွာလာလာၿပီးအေႏွာင့္အယွက္ေပးေနရ
တာလဲ၊ မင္းက ဘာလဲ၊ မင္းရဲ႕ ျဖစ္ေၾကာင္း ကုန္စင္
ဘဝအမွန္ေတြကို ေဟာဒီ့လူ အားလုံးၾကားေအာင္
မွန္မွန္ေျပာစမ္း”ဆရာၾကည္ကေျခေထာက္ကိုခ်ိတ္
၍တင္ပ်ဥ္ေခြထိုင္ရင္းေဆးျပင္းလိပ္ ကိုဖြာလ်က္ေခါင္း
ကိုငဲ့ေစာင္းလ်က္မွေအးေဆးစြာပင္ေျပာလိုက္၏။ ဝိုင္းအုံ
ၾကည့္ေနၾကေသာ ႐ြာသူ၊ ႐ြာသားအခ်ိဳ႕မွာ မပုတု၏
လႈပ္ရွားမႈ ႐ုပ္သဏၭာန္ ကို ျမင္ခ်င္ ေတြ႕ခ်င္ၾကေသာ
ေၾကာင့္ ထိုင္သူထိုင္၊ ထသူထလ်က္ လႈပ္လႈပ္ ရွားရွား
ျဖင့္ ၾကည့္ေနၾကေလ၏။“က်ဳပ္က – ဒီ႐ြာမွာအရက္
အလြန္အကြၽံေသာက္တဲ့သူဗ်။ အဲဒီ အရက္ ေသာက္
တဲ့ေရာဂါနဲ႔ ေသသြားတဲ့ ထန္းပင္ကုန္းသားေစာသာဦး
ပါ၊ ေအာင္ေအးနဲ႔က်ဳပ္နဲ႔ကစားေဖာ္ေသာက္ဖက္ေတြပါ။
က်ဳပ္ေသၿပီးတဲ့ေနာက္ မွာေတာ့ ေဟာဒီကြင္းမွာကြင္းပိုင္
ျဖစ္လာတယ္။ ဒါေပမဲ့ က်ဳပ္ကဒုတိယ က်ဳပ္ အထက္
မွာ က်ဳပ္ထက္ႀကီးတဲ့ ကြင္းပိုင္ႀကီးတစ္ဦးရွိတယ္။
သူက က်ဳပ္ထက္ သတၱိရွိတယ္”“က်ဳပ္ – ကမၼဇိဒၶိရွိတာ
သိပ္ မၾကာေသးဘူး။ က်ဳပ္ဟာ လူ႔ဘဝတုန္း ကလည္း
ဒိ႐ြာသား၊ ခုေသေတာ့လည္း ဒိ႐ြာက ဒိကြင္းမွာ ေနေန
ေတာ့ ဒိ႐ြာ မွာ ျဖစ္ပ်က္ေနတာေတြ က်ဳပ္အားလုံး သိ
ေန ျမင္ေနရတာေပါ့၊ ဒီေကာင္နဲ႔ က်ဳပ္နဲ႔ လူဘဝတုန္း
က သြားအတူ၊ စားအတူေသာက္အတူ ေနခဲ့ၾကသူေတြ
ဆိုေတာ့ က်ဳပ္က ဒီေကာင့္အေပၚမွာ ခုထိ သံေယာဇဥ္
ရွိေနေသးတာေပါ့ေလ။ ဒီေကာင္ကေတာ့ က်ဳပ္ကိုဘယ္
ေတာ့မွသတိမရပါဘူး။တစ္ခါတစ္ခါက်ဳပ္ ရင္နာမိတယ္ဗ်ာ”
ေစာသာဦးအသံႏွင့္ ေျပာေနရွာေသာ မပုတုတစ္ေယာက္
ေခတၱ စကားရပ္ကာကိုေအာင္ေအးကိုေငးေၾကာင္စြာ
ၾကည့္ေနလိုက္၏။ၾကည့္ေနေသာ သူမ၏မ်က္ဝန္း၊ထဲ၌
မ်က္ရည္ၾကည္တို႔ တစ္မုဟုတ္ခ်င္း တသြင္သြင္ စီးက်
လာေနသည္ကို အံ့ဩစြာ ေတြ႕ ျမင္ေနရ၏။ ထို႔ေၾကာင့္
မပုတုအနီး၌ ဝိုင္းၾကည့္ေနၾကေသာလူအုပ္ႀကီးမွာမပုတု
ကို သနားက႐ုဏာသက္သြားမိၾကျပန္ေလ၏။
“ကဲ-ကဲ- မင္းသူငယ္ခ်င္းကို မင္း သံေယာဇဥ္ ရွိတယ္ဆို
တာ ဆရာ ယုံပါတယ္။ ဒါေပမဲ့ – မင္းသူငယ္ခ်င္းကယုံပုံ
မရဘူး။ အဲဒီေတာ့မင္းသူငယ္ခ်င္း ယုံၾကည္ေအာင္မင္း
ဘယ္လိုသက္ေသျပမလဲ။ သူ႔ကိုမင္းဘယ္လိုကူညီ- ႏိုင္
မလဲ အဲဒါ ေျပာျပလိုက္”ဆရာၾကည္က ၾကားျဖတ္ဝင္၍
ေျပာလိုက္၏။ ကိုေအာင္ေအးကိုလည္း ဆရာၾကည္က
လက္ယပ္ၿပီးလွမ္းေခၚကာမပုတုအနီးသို႔လာေစလိုက္
သျဖင့္ကိုေအာင္ေအး ဖင္တ႐ြတ္တိုက္တိုးကာ မပုတု
အနီး၌ ကပ္ထိုင္လိုက္၏။ “ေဟ့ေကာင္….ေအာင္ေအး
မင္းကငါ့ကိုမယုံဘူးမဟုတ္လား။ ေအး – မင္းကိုငါ့အ
ေၾကာင္းျပမယ္။ မင္း – ဘာျဖစ္ခ်င္သလဲ။မင္းျဖစ္ခ်င္
တာတစ္ခု ေျပာ၊ ငါျဖစ္ေအာင္ကူညီေပးမယ္၊ ဒါမွမင္း
ယုံမယ္ဆိုတာငါသိတယ္” မပုတုစကားသံေၾကာင့္ကို
ေအာင္ေအးေခါင္းငိုက္စိုက္ခ်လ်က္စဥ္းစားလိုက္ၿပီးမွ
“ေကာင္းၿပီ ဒါဆိုရင္ ဘူတာ႐ုံနားမွာေနတဲ့ ခ်စ္တီးဆီ
က ပိုက္ဆံေတြ ငါယူခ်င္တယ္မင္းငါ့ကိုသြားယူေပ။”
“ဟားဟား’ဟား
“ဟား … ဒါေလးမ်ားကြာ သိပ္ျဖစ္တာေပါ့… တစ္ခုေတာ့
ရွိတယ္။ငါမသြား ဘူး။ မင္းဟာ မင္းသြားယူ”
“ဟာ- ငါသြားယူရင္ ငါ့ကို သူခိုးဆိုၿပီး ဖမ္းမွာေပါ့ကြ၊
ဒီခ်စ္တီးက ဟိုနယ္ခ်ဲ႕ေကာင္ေတြရဲ႕ ပါတနာပဲဟာ၊
မင္းသြားယူမွ အဆင္ေျပမွာ မင္းကို လူေတြက မျမင္
ရေတာ့ ပိုၿပီး အဆင္ေျပတာေပါ့ကြ”
ကိုေအာင္ေအး အေျပာအဆို ရဲတင္းလာသည္။ သူ၏
သူငယ္ခ်င္း ေစာသာဦးႏွင့္စကားေျပာေနရသကဲ့သို႔
ပြင့္လင္းစြာ ေျပာလိုက္၏။“ကဲ – ဒီလိုလုပ္ ငါ့မွာကမၼဇိဒၶိ
ရွိတဲ့ ကိုယ္ေပ်ာက္ ဦးထုပ္ ရထားတာ ရွိတယ္။ ဒီဦးထုပ္
ကို ငါရထားတာ တစ္ပတ္ပဲ ရွိေသးတယ္။ အဲဒီဦးထုပ္ကို
မင္းကို ငါ ေပးလိုက္မယ္။ တစ္ခုေတာ့ ရွိတယ္။ ငါအခ်ိန္
သိပ္မရဘူး။ မိနစ္ (၃၀)ထက္ေတာ့ မၾကာေစနဲ႔၊ ဒီေနရာ
ကို အေရာက္ ျပန္လာခဲ့။ အဲဒီအခ်ိန္ ထက္ ၾကာသြားရင္
ေတာ့ ငါလည္း ဘာမွ မတတ္ႏိုင္ဘူး။ ငါ ေျပာတဲ့အခ်ိန္
အတြင္းမွာေတာ့ မင္းႀကိဳက္တာလုပ္”
မျဖစ္ပါဘူးကြာ ငါ မသြားရဲဘူး။ ေတာ္ၾကာ- ဟိုေကာင္
ေတြ ဖမ္းမိသြားလို႔ငါေထာင္က်ေနပါဦးမယ္”
“ေဟ့ေကာင္ … ဒီဦးထုပ္ကိုေဆာင္းသြားလို႔မင္းကိုဘယ္
သူကမွမျမင္ ရဘူး။ မင္းယူစရာရွိတာယူၿပီးအျမန္သာျပန္
လာခဲ့။ မင္းဘာမွမျဖစ္ေစရဘူး။ ေအး – တစ္ခုေတာ့ရွိတယ္
၊ ေငြေတြအမ်ားႀကီးျမင္ၿပီးမင္းစိတ္ထဲမွာေလာဘ
ေတာ့တက္မသြားနဲ႔၊အကုန္လည္းမယူခဲ့နဲ႔၊မင္းတို႔အတြက္
ရင္းႏွီးစားေသာက္ ဖို႔နဲ႔ငါအတြက္အလႉဒါနျပဳေပးဖို႔
ေလာက္သာယူၿပီးျပန္လာ၊ သူတို႔အတြက္ လည္း ျပန္
ၿပီးခ်န္ထားခဲ့ဦး။ ကဲ – အခ်ိန္မရွိဘူး။ မင္း … ငါေျပာ
တာကိုမယုံဘူး ဆိုရင္ငါေျပာသလိုလုပ္ၾကည့္ေပါ့ကြာ”
မပုတု၏ ေစာသာဦးအသံေၾကာင့္ ကိုေအာင္ေအးက
ဆရာၾကည္ကို လွမ္း၍ ၾကည့္လိုက္၏။ ဆရာၾကည္၏
အဆုံးအျဖတ္ကို အားယူသလို အသံတိတ္ေမးလိုက္ျခင္း ျဖစ္၏။
“ကဲ – ေမာင္ေအာင္ေအး – သူငယ္ခ်င္းက မင္းကိုအ
ရမ္း သံေယာဇဥ္ရွိတဲ့သူဆိုေတာ့ မင္းကိုလာၿပီးကူညီ
ေစာင့္ေရွာက္တာပဲကြ၊သူေျပာတဲ့အတိုင္းလုပ္ၾကည့္
ေပါ့ကြာ၊ ဒါမွလည္း မင္းတို႔စိတ္ထဲမွာ သံသယ ရွင္း
သြားမွာေပါ့၊ ကဲ- မင္း သူငယ္ခ်င္းေအးကို မင္းပဲေစာင့္
ေရွာက္ ေပးလိုက္ပါဆရာၾကည္ကကိုေအာင္ေအးကိုတစ္လွည့္
ေစာသာဦးကိုတစ္လွည့္စီၾကည့္ကာ ေျပာလိုက္၏။
“ကဲ့လား .. ၊ – ငါရဲ႕ ကိုယ္ေပ်ာက္ဦးထုပ္ကို မင္းကို
ခဏ ေပးလိုက္မယ္။ဒီေနရာကို မိနစ္ (၃၀)အတြင္း
မင္း ျပန္ေရာက္ေအာင္ ဆက္ဆက္ ျပန္လာ ခဲ့၊မင္း
လိုခ်င္တဲ့ ခ်စ္တီးဆီကေငြကိုသြားယူ၊ငါေျပာသလို
ေလာဘမတက္မိ ေစနဲ႔ ၾကားလား မင္းကို ဘယ္သူမွ
မျမင္ေစရဘူး။ ဘာအႏၲရာယ္မွလည္း မျဖစ္ေစရဘူး..ေရာ့”
မပုတု႐ုပ္ႀကီးက ေစာသာဦးအသံျဖင့္ သူ၏ဦးေခါင္းမွ
ဦးထုပ္ကို ခြၽတ္ လ်က္ကိုေအာင္ေအး၏ဦးေခါင္းသို႔
ေဆာင္းေပးလိုက္၏။ အမွန္မွာအသံႏွင့္ ဟန္ခ်ည္း
သက္သက္ ျဖစ္ေသာေၾကာင့္ ဝိုင္းၾကည့္ေနသူလူစုမွာ
အ႐ူး တစ္ေယာက္ကို ၾကည့္ေနရသည့္ ပမာ ရွိ၏။
မၾကာမီ ကိုေအာင္ေအး တစ္ေယာက္ အိမ္ေပၚမွဆင္း
ကာ ထြက္သြားေလ၏။ၾကည့္ေနေသာလူထုပရိသတ္
မွာဦးထုပ္ကိုျမင္ရသည္လည္း မဟုတ္ ေစာသာဦးကို
ေတြ႕ရသည္လည္း မဟုတ္။ စစ္စစ္ မပုတု၏ခႏၶာကိုယ္
၌ဝင္၍ ပူးကပ္ေနေသာ ေကသာဦး၏ ဟန္ပန္ႏွင့္အသံ
တို႔ကိုသာ ၾကားေနရျခင္း ျဖစ္၏။ ေစာသာဦးအစစ္ကား မဟုတ္။
ကိုေအာင္ေအးမွာ ထိုကိစၥမ်ားကိုလုံးဝယုံၾကည္သူမဟုတ္။
ကရင္စပ္ ျဖစ္၍ ဗုဒၶဘာသာကိုးကြယ္ ဆည္းကပ္ေသာ္
လည္း ႐ိုးရာ၊ နတ္၊ ပေယာဂ၊ အစြဲမ်ားကို လုံးဝ ယုံၾကည္
ျခင္း မရွိေပ။ ထို႔ျပင္ အရက္ေသစာ ေသာက္စားတတ္သူ
ျဖစ္ေသာေၾကာင့္ ေၾကာက္စိတ္ကင္း၏။ ခြက်က် ႐ြတ္
ဘြတ္တြတ္ ေနထိုင္ေျပာဆိုတတ္၏။ယခုေစာသာဦးမွ
သူ႔အားမယုံၾကည္ပါကသူေျပာသည့္အတိုင္းလုပ္ရန္
ေစခိုင္းေသာအခါ ကိုေအာင္ေအးထပ္၍ ခြတိုက္ခ်င္စိတ္
ေပါက္လာ၏။ ထို႔ ေၾကာင့္ေစာသာဦးေျပာသည့္အတိုင္း
ကိုေအာင္ေအးလုပ္ခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္အဂၤလိပ္ႏွင့္
ခ်စ္တီးမ်ားကိုလည္း႐ြံရွာမုန္းတီးေနသူျဖစ္ရာအခါအခြင့္
သင့္သျဖင့္အႏိုင္ယူလိုစိတ္ ျဖစ္မိ၏။
ေစာသာဦး ေဆာင္းေပးလိုက္ေသာ ဦးထုပ္ကို ေဆာင္းလ်က္
ကိုေအာင္ေအးအိမ္မွထြက္လာၿပီးသည္ႏွင့္ ဘူတာ႐ုံသို႔
တန္းတန္းမတ္မတ္ လာလိုက္၏။ ဘူတာ႐ုံတြင္ ရထား
ဝင္ခ်ိန္ ထြက္ခ်ိန္ ေဝးေနေသာေၾကာင့္ လူရွင္းလ်က္ ရွိ၏။
ေဈးသည္မ်ားပင္ စုံစုံလင္လင္ မေတြ႕ရ။ တစ္ဦးစ ႏွစ္ဦးစ
သာလွ်င္ ရွိ၏။ဘူတာ႐ုံအတြင္းရွိ လက္မွတ္ေရာင္းေသာ
အခန္းထဲတြင္ ဘူတာ႐ုံ ဝန္ထမ္းကုလားလူမ်ိဳးသုံးဦးခန႔္
သာရွိ၏။တစ္ဦးကသတင္းစာထိုင္၍ဖတ္ေန ၏။ တစ္ဦး
က လက္မွတ္ေရာင္းေကာင္တာတြင္ ထိုင္လ်က္လက္မွတ္
ထိုင္ ေရာင္းလ်က္ဟိုသည္ၾကည့္ေနသည္ကိုအေဝးမွကို
ေအာင္ေအးလွမ္းျမင္ေနရ ၏။မၾကာမီဘူတာစႀကႍမွလက္
မွတ္ေရာင္းသည့္အခန္းထဲသို႔ဝင္ရန္တည့္တည့္မတ္မတ္
ေလွ်ာက္လာလိုက္၏။ထိုသို႔ေလွ်ာက္လာစဥ္လမ္းခုလတ္
၌ ဘဲဥ၊ ငုံ၊ဥေရာင္းသည့္ေဈးသည္ မိန္းကေလး၏ ေဈးဗန္း
ႏွင့္ ကိုေအာင္ေအး၏လက္ထိမိသြား၏။ ေဈးဗန္းလႈပ္ခါ
သြားေသာေၾကာင့္ ဗန္းထဲမွ ဘဲဥတစ္လုံး ေအာက္သို႔
ျပဳတ္က်သြား ၏။ ေဈးသည္ ပိန္းကေလးကား ဘာမွ်
မသိသကဲ့သို႔ ျပဳတ္က်သြားေသာ ဘဲဥကိုျပန္ထည့္၍
ထိုေနရာမွထြက္သြား၏။ ကိုေအာင္ေအ၊ အားတက္သြား
ကိုေအာင္ေအး..ဆက္ေလွ်ာက္လာကာလက္မွတ္ေရာင္း
ခန္းအတြင္းသို႔ ဝင္လိုက္၏။ ထိုစဥ္ အခန္းထဲမွ လူတစ္
ေယာက္ ထြက္လာသည္ႏွင့္ ႀကဳံေလရာမ်က္ႏွာခ်င္းဆိုင္
တိုက္မိမည္ကဲ့သို႔ျဖစ္သြား၏။ သို႔ေသာ္အလ်င္ အျမန္ပင္
ကိုေအာင္ေအးေရွာင္တိမ္းေပးလိုက္ေသာေၾကာင့္ထိုလူႏွင့္
သီသီေလး လြတ္သြားရ၏။ ထိုလူကား ကိုေအာင္ေအးကို
ျမင္ေတြ႕ပုံမရ။ အခန္း အျပင္သို႔ ထြက္သြား၏။ ဒီေတာ့
မွ ကိုေအာင္ေအးတစ္ေယာက္ သူ႔ ကိုယ္သူ ယုံၾကည္
စိတ္ခ်သြား၏။ထို႔ေၾကာင့္ကိုေအာင္ေအးလက္မွတ္႐ုံထဲ
မွအျမန္ျပန္ထြက္လိုက္သည္။ ဘူတာ႐ုံ၏ အေနာက္ဘက္
၌ ကပ္လ်က္ရွိသည့္ ခ်စ္တီးအိမ္သို႔ ဆက္၍ ေလွ်ာက္သြား
လိုက္၏။ ခ်စ္တီးအိမ္မွာပ်ဥ္ကာသြပ္မိုးႏွစ္ထပ္အိမ္ႀကီး
ျဖစ္၏။ ၿခံဝင္းအလုံအရံခတ္ထား၏။ ၿခံတံခါးကိုမင္းတုပ္
ျဖင့္ခတ္ထား၏။ ၿခံတံခါးကို မင္းတုပ္ျဖင့္ ခတ္ထားေသာ
ေၾကာင့္ကိုေအာင္ေအး အႀကံရခက္သြား၏။ အိမ္ၿခံဝင္းထဲ
သို႔ လွမ္းၾကည့္လိုက္ရာအိမ္ႀကီး၏ ဆင္ဝင္ေအာက္ရွိအိမ္
ႀကီး အေပၚထပ္သို႔ တက္သည့္ ေလွကားရင္းတြင္ကုလား
လူမ်ိဳးႏွစ္ေယာက္ ထိုင္ေနကာ စကားေျပာေနၾက၏။
ထိုသူတို႔၏ လက္ထဲတြင္ ဓား၊ တုတ္ မ်ား ကိုယ္စီကိုင္
ထားလ်က္ရွိ၏။ကိုေအာင္ေအးသိပ္ၿပီးစဥ္းစားခ်ိန္မရ
မွန္းသူ႔ကိုယ္သူသိသည္။ထိုေၾကာင့္ၿခံတံခါးမွ မင္းတုပ္
ကို သူ၏လက္ျဖင့္ လွမ္းေက်ာ္ကာ ဖြင့္မလိုက္၏။
“ဂေလာက္” ဟူေသာ မင္းတုပ္ျပဳတ္သံေၾကာင့္ ထိုင္
ေနသည့္ ကုလား ႏွစ္ေယာက္ ၿခံဝသို႔ အေျပးေရာက္
လာကာအံ့ဩစြာၾကည့္လ်က္အခ်င္းခ်င္း ေျပာေနၾက၏။
“ဒီမင္းတုပ္ေနာ္- အလိုအေလွ်ာက္ ျပဳတ္က်သြားတယ္။
အား႐ိုး႐ိုး.. ထူးဆန္းလိုက္တာ”ကိုေအာင္ေအး ေရွ႕သို႔
တိုးထြက္လာစဥ္ ေနာက္မွ ေျပာေနသံကို ၾကားလိုက္
ရ၏။ အခ်ိန္လုပ္၍ လွေနရသည္ ျဖစ္ရာ ကို ေအာင္ေအး
တစ္ေယာက္ခ်စ္တီး၏အိမ္ေပၚထပ္သို႔အေျပးအလႊား
တက္လိုက္၏။ အခန႔္ သင့္ပင္ အိမ္ႀကီးအေပၚထပ္ဧည့္
ခန္း၌ ခ်စ္တီးထိုင္လ်က္ ရွိေနသည္ကို ေတြ႕ရ၏။
ခ်စ္တီးမွာ ေငြဒဂၤါးျပားမ်ားကို ေရတြက္၍ေသာ္လည္း
ေကာင္း၊ စာရင္းစာအုပ္ကို ၾကည့္၍လည္းေကာင္း သူ
၏ေႂကြးၿမီကိစၥမ်ားကိုစစ္ေဆး ေနပုံရ၏။
ကိုေအာင္ေအးတစ္ေယာက္ခ်စ္တီး၏ေရွ႕ရွိခုံလြတ္တစ္
ခုတြင္ ဝင္ထိုင္ လိုက္၏။စားပြဲခုံေပၚ၌တင္ထားေသာ
ေငြဒဂၤါးမ်ားကိုလွမ္းယူရမည္မွာလည္းခ်စ္တီးေရွ႕၌
ျဖစ္ေန၍အခက္ေတြ႕ေနရ၏။ မည္ကဲ့သို႔ႀကံေဆာင္
ရမည္မွန္း ကို ကိုေအာင္ေအး ေတြးမရ၍ စိတ္ညစ္
ညစ္ႏွင့္ ေခါင္းကုတ္ေနမိ၏။ ထိုစဥ္ ခ်စ္တီးကထိုင္
ရမွထမွထကာမလွမ္းမကမ္းရွိပီ႐ိုဆီသို႔ေလွ်ာက္သြားလိုက္
အေျခအေန ေပးေနၿပီ ျဖစ္ေသာေၾကာင့္ စားပြဲခုံေပၚ
၌ ပုံထားသည့္ ေငြဒဂၤါးျပား လက္တစ္ဆုပ္ကို အလ်င္
အျမန္ပင္ ကိုေအာင္ေအး လွမ္းယူ လိုက္သည္။ ထိုစဥ္
ကိုေအာင္ေအး လက္ထဲ ပါလာေသာ ေငြဒဂၤါးတစ္ခ်ပ္
မွာ ေအာက္သို႔ ျပဳတ္က်သြားရာ “ခ်လြမ္” ဟူေသာ
အသံတစ္ခု ထြက္ေပၚ လာ၏။ထိုအသံေၾကာင့္ဗီ႐ိုတံ
ခါးဖြင့္ေနေသာခ်စ္တီးမွာစားပြဲခုံနားသို႔အေျပး လာ
လိုက္ကာ ထိုအနီးတစ္ဝိုက္သို႔ လွည့္ပတ္ ၾကည့္ရႈကာ
ေလ့လာေန၏။ကိုေအာင္ေအးကား အခ်ိန္မရေတာ့
ၿပီျဖစ္၍ထိုေနရာမွအလ်င္အျမန္ ေျပးထြက္ကာ သူ
၏အိမ္ဆီသို႔ တန္းတန္းမတ္မတ္ ျပန္လာလိုက္၏။
အိမ္ေပၚသို႔အေျပးအလႊားတက္လာေသာကိုေအာင္
ေအးကိုအိမ္ေပၚရွိ ႐ြာသူ၊ ႐ြာသားမ်ားက ဝိုင္းအုံၾကည့္
ကာ အကဲခတ္ေနၾက၏။ ကိုေအာင္ေအးက သူ၏ခါး
ပုံစအတြင္း၌ဝွက္ယူလာေသာေငြဒဂၤါးျပား မ်ားကိုမပုတု
ေရွ႕၌ ပစ္ခ်လ်က္ထိုင္ခ်လိုက္၏။ အေျပးအလႊားလာခဲ့
ရေသာ ေၾကာင့္ကိုေအာင္ေအးတစ္ေယာက္ ေမာဟိုက္
ေနေလ၏။“ကဲ – အခ်ိန္ေစ့ေတာ့မယ္။မင္းဆီကိုလာဖို႔
ငါ့မွာ မနည္းခြင့္ေတာင္းၿပီး လာခဲ့ရတာ ကဲ – မင္း ငါ့ကို
ယုံသြားၿပီး မဟုတ္လား”မပုတုထံမွစကားသံထြက္လာ
ကာကိုေအာင္ေအးဦးေခါင္းေပၚမွဦးထုပ္ကိုလည္းအလ်င္
အျမန္ ျပန္ယူသည့္ဟန္လွမ္းျပင္လိုက္၏။ ကိုေအာင္ေအး
က အလိုက္သင့္ပင္ ေနလိုက္၏။ သူ၏ေရွ႕၌ ျမင္ေနရ
ေသာ ေငြဒဂၤါးျပားမ်ား ကို ၾကည့္၍လည္း ေငြက်ပ္သုံး
ေလးဆယ္ခန႔္ ရွိမည္ဟု ခန႔္မွန္းေနမိ၏။
“ကဲ…. ငါလည္းငါ့ေနရာကိုျပန္ရဦးမယ္၊ မင္းကိုငါအၿမဲ
သတိရေနတာ ဆိုတာရယ္၊ မင္းကို ငါ အၿမဲတမ္း ကူညီ
ေစာင့္ေရွာက္ေနတယ္ဆိုတာေတြ ကိုမင္းသိရင္ငါေက်
နပ္ပါတယ္ကြာ။ အခု – ငါမင္းကိုကူညီခဲ့ၿပီးၿပီ။ ငါလည္း
ဒီဘဝက ကြၽတ္ခ်င္ လြတ္ခ်င္ၿပီကြာ။ ဒိေတာ့ မင္းရလာ
တဲ့ ေငြထဲက ငါ့ကို ရည္စူးၿပီးအလႉဒါနတစ္ခုခုလုပ္ေပး
ပါကြာ။ ၿပီးရင္အဲဒီကုသိုလ္ေတြကိုငါ့ကို အမွ် အတန္းေပး
ေပးပါ။ ဒါမွ – ငါ ဒီဘဝက ကြၽတ္ၿပီး ဒီထက္ျမင့္တဲ့ဘုံကို
ေရာက္မွာကဲ- ငါ့ကိုကြင္းပိုင္ႀကီးကလွမ္းေခၚေနၿပီ၊ငါ
သြားေတာ့မယ္” အသံေပ်ာက္သည္ႏွင့္မပုတု၏သဏၭာန္
မွာေျပာင္းလဲသြားကာ မပုတုသတိ ျပန္ဝင္လာသည္။
သူ႔အား ဝိုင္းအုံ ၾကည့္ေနေသာ ပရိသတ္ကို ၾကည့္ လ်က္
မပုတု ဘာမွနားမလည္ႏိုင္ျဖစ္ေန၏။ ထို႔ေၾကာင့္ ဆရာ
ၾကည္က ျဖစ္ေၾကာင္း ကုန္စင္ကို ေျပာျပလ်က္ ေရမန္း၊
ေဆးမန္းတို႔ကို တိုက္ေကြၽးကာ ျပန္ႂကြသြားေလ၏။
ထိုေန႔မွစ၍ မပုတု တစ္ေယာက္ စုန္းပူး၊ နတ္ပူး၊ ပေယာ
ဂပူးမ်ား ကင္းေဝးသြား၏။ ေစာသာဦး မွာၾကားခဲ့သည့္
အတိုင္း သံဃာေတာ္မ်ားကို ပင့္ဖိတ္၍ ဆြမ္း၊ သကၤန္း
ကပ္လႉၿပီး ျပဳသမွ် ေကာင္းမႈကို ေစာသာဦးအား ရည္
စူး၍အမွ်အတန္းေပးေဝလိုက္၏။တစ္ပတ္ခန႔္ၾကာ
ေသာညတစ္ညတြင္ သူတို႔ဇနီးေမာင္ႏွံအား ေစာသာဦးမွ
အိပ္မက္လာေပး၏။အိပ္မက္ထဲတြင္ သူတို႔ဇနီးေမာင္
ႏွံအား ေစာသာဦးတစ္ေယာက္ ဝတ္ေကာင္းစားလွ
ဝတ္ကာ လာ၍ ႏႈတ္ဆက္သြား၏။ ေက်းဇူးတင္စကား
လည္း ေျပာသြား၏။ သူတို႔ဇနီးေမာင္ႏွံအတြက္ ေ႐ႊေငြ
ပစၥည္းမ်ား ေပးအပ္ သြားသည္ကိုလည္းအိပ္မက္ထဲ၌
အထင္းသား ျမင္မက္ခဲ့ၾကရ၏။ထိုအခ်ိန္ မွစ၍ေစာသာ
ဦးႏွင့္ ပတ္သက္ေသာ အေၾကာင္းကိစၥတို႔မွာ လုံးဝ မေပၚ
လာ ေတာ့ေပ။ သို႔ေသာ္ ကိုေအာင္ေအးတို႔ဇနီးေမာင္ႏွံ
မိသားစုမွာကား တစ္ေန႔ တျခားစီးပြားတက္ကာ ခ်မ္းသာလာခဲ့ၾကေတာ့၏။