မြသပိတ်တောင်ပေါ်က သိုက်ဆက်ညီအစ်မ

မြသပိတ်တောင်ပေါ်က သိုက်ဆက်ညီအစ်မ(စ/ဆုံး)

——————————-

ခေတ်မီလေအိတ်ကားသစ်ကြီးက

လမ်းအတိုင်း ငြိမ့်ငြိမ့်လေး ပြေးနေတယ်။

“ကားကြီးက ကောင်းလိုက်တာ၊ မြန်မာနိုင်ငံကို

ရောက်လာတာ မကြာသေးဘူး ထင်ပါရဲ့။

သီသီမြင့် စိတ်ထဲက တွေးလိုက်တယ်

သူမ တွေးမယ်ဆိုရင်လည်း တွေးလောက်တယ်

ကားကြီးက အမြင်လှရုံတင်မကဘူး။ ကားအတွင်း

ပြင်ဆင်မှုတွေကလည်း အရမ်းသားနားတယ်။

သစ်လွင်တောက်ပြောင်တဲ့ နှစ်ယောက်ထိုင်

ဆိုဖာထိုင်ခုံကြီးတွေ ရှိတယ် ။ အောက်ဘက်မှာ

ခလုတ်တစ်ခုရှိတယ်။ ထိုင်ခုံကို နည်းနည်းလှန်ပြီး

သက်တောင့်သက်သာ နေလို့ရတယ်။

ကိုယ်ထိုင်တဲ့ဘက်မှာ နေရောင်ထိုးနေရင်လည်း

နေကာပြားကို အယာအယာ ဆွဲချလိုက်ရုံပဲ။

ပြီးတော့ အဲယားကွန်းပါတယ်။ အအေးဓါတ်ကို

မျတရုံလေးခံစားရအောင် လွှတ်ထားတယ်

သီသီမြင့် ပိုပြီး သဘောကျတာက ရုပ်မြင်သံကြား

ဖန်သားပြင်က ပြပေးနေတဲ့ ကျိုက်ထီးရိုးစေတီတော်

နဲ့

စပ်ဆိုင်တဲ့အကြောင်းတွေပဲ။ လှပဆန်းသစ်တဲ့

ရိုက်ချက်တွေနဲ့ ကျိုက်ထီးရိုးစေတီတော်ကြီးကို

ကြည်ညိုမဆုံး ဖူးတွေ့ရတယ် ..။

ကြည်နူးဝမ်းသာစိတ်နဲ့ သဒ်ဓါတရားအားကွီးလှနျးလို့

သီသီမြင့် ကြက်သီးဖြန်းဖြန်းထအောင် ပီတိကို

ခံစားနေရတယ်။ ဒီခရီးက သူမရဲ့ ပထမဆုံး

ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်ဖြစ်လို့ပါ။

ရပ်ကွက်ထဲက မိတ်ဆွေတစ်ချို့ တစ်နှစ်တစ်ခေါက်

သွားနေကြတယ်။ သီသီမြင့်ကတော့ ရှေ့နှစ်သွားမယ်၊

ရှေ့နှစ်သွားမယ်နဲ့ တစ်နှစ် တစ်နှစ် ကုန်သွားတယ်

တစ်ခေါက်မှ မသွားလိုက်ရဘူး။ ဒီနှစ်တော့

မဖြစ်,ဖြစ်အောင် သွားမယ်ဆိုတဲ့ စိတ်ကို

အတင်းသိန္နဋ္ဌာန်ချ၊ နေ့စဉ်နှင့်အမျှ

ဘုရားဖူးသွားရဖို့ပဲ အာရုံပြုနေခဲ့တယ်။

တစ်ခါတစ်ခါ၊ ဒီနှစ်မှ မရောက်ရရင် လူ့ဘဝမှာ

မနေတော့ဘူးလို့တောင် ဆုံးဖြတ်ချက် ပြင်းပြင်း

ထန်ထန်ချခဲ့မိတဲ့ အထိပဲ။ ဒီလောက် စိတ်ဓါတ်

ပြင်းပြနေလို့ပဲ ထင်ရဲ့။

ဒီနှစ်တော့ ဆိုက်ဆိုက်မြိုင်မြိုင် လိုက်ဖြစ်ခဲ့တယ်။

“တစ်ခါဖူးရရင် သေပျော်ပါပြီ” လို့ ခဏခဏ

တဖွဖွ ပြောမိတဲ့ ကျိုက်ထီးရိုးဘုရားကို

ဖူးခွင့်ရတော့မယ်

ဒါတင်မကသေးဘူး ။ ကားက ရပ်ကွက်ထဲက

လူတွေ စုပြီး ငှားလာတာမို့ လမ်းကြောင်းသင့်တဲ့

နာမည်ကြီးနေရာဌာနတွေ၊ တန်ခိုးကြီးဘုရားတွေ

ကိုလည်း ဝင်ဖူးဦးမှာမို့ သူမ ပိုပြီး ကျေနပ်နေမိတယ်

ဒရိုင်ဘာက ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့

ရှေ့က ကားတွေကို တစ်စီးပြီးတစ်စီး ကျော်တက်

နေတယ်။ လမ်းဘေးက ရာဘာတောတွေ၊

ဓနိပင်တန်းတွေ နောက်ဘက်မှာ ချာချာလည်ပြီး

ကျန်ရစ်ခဲ့ကြတယ်

ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ လမ်းခရီးမို့

ဒေသမြင်ကွင်းတွေက သူမအတွက် ဆန်းသစ်နေတယ်

ကြည့်မဝ ရှု့မဆုံး ဖြစ်နေတယ်။ ဒါကိုပဲ

သူမကြည်နူးပြီးရင်း ကြည်နူးနေမိတယ်။

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဝင်းက

နံနက် ၈ နာရီတိတိ ထွက်လာတဲ့ကားက

နေ့ ၁၁ နာရီခွဲတော့ တောင်ခြေ၊

ကင်ပွန်းစခန်းကို ရောက်ပြီ။

ဒီတော့လည်း

“အသက်လေးဆယ်ရောက်တဲ့အထိ

မရောက်ဖြစ်ခဲ့ ဘုရားဟာ တကယ်လာရင်

သုံးနာရီခွဲထဲနဲ့ ရောက်နိုင်တာပါလား”

လို့ မလာဖြစ်ခဲ့ နှစ်တွေအတွက် နောင်တရမိပြန်တယ်။

သီသီမြင့်တို့ အဖွဲ့သားတွေ ကားပေါ်ကဆင်း၊

နေ့လည်စာ စားကြတယ်။

ပြီးတာနဲ့ တောင်တက်ကားစီးပြီး ခရီးဆက်ကြရပြန်

တယ်။

အသည်းအေးစရာ၊ ကြက်သီးထစရာ အချိုး၊

အကွေ့အမတ်၊ အစောက်တွေကို ဝူးခနဲ ဝူးခနဲ

ကားတက်သွားတိုင်း မိန်းခလေးအချို့

ထိတ်လန့် တကြား အော်ကြတယ်

သီသီမြင့်ကတော့ မကြောက်ဘူး။ တကယ်

မကြောက်ဘူး။ ကျိုက်ထီးရိုးဘုရားဖူးသွားရင်း

လမ်းမှာ တစ်ခုခု ဖြစ်လို့သေလည်း သေရဲတယ်

သေရတာ မြတ်တယ်လို့ သူက ခံယူပြီးသား။

အချိုးအကွေ့တစ်ခုမှာ ကျိုက်ထီးရိုးဘုရားကို

လှမ်းဖူးလိုက်တယ်

သူမလက်အုပ်ချီလို့ မဆုံးသေးခင် ကားက
ဝူးခနဲ တက်သွားပြန်တယ်။
IL
အော်ဟစ်သံတွေ ထွက်လာပြန်တယ်
ဒီလိုနဲ့ပဲ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ကို
သီသီမြင့်တို့တွေ
ရောက်သွားကြတယ်။
လူအများစုက နေရာမရမှာစိုးလို့ ဆီမီးကိုးထောင်
အခမဲ့ တည်းခိုခန်းဆီ ပြေးသွားတယ်။
သူမကတော့ နှစ်ပေါင်းများစွာ ဖူးမြော်ချင်ခဲ့တဲ့
ဆံတော်ရှင်
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို
ကြည်ညို ညှှတျနူးသဒ်ဓါထူးနဲ့ ဖူးမဝနိုင်အောင်
ရှိနေပါတယ်။
XXXX
“သူငယ်ချင်း ညက အိပ်ရောအိပ်ရဲ့လား”
ခရီးသွားဖော် အေးကျင်မက သီသီမြင့်ကို မေးတယ်။
ဟုတ်တယ် ညက သီသီမြင့် မအိပ်ခဲ့ဘူး။
နှစ်ပေါင်းများစွာ သေအောင်ဖူးချင်ခဲ့တာတောင်မှ
ဒီညလေး တစ်ညပဲ ဖူးခွင့်ရတယ်
နံနက်လင်းတာနဲ့ ခရီးက ဆက်ရဦးမယ်။
လူငယ်တွေက အချိန်ရသေးတယ်ဆိုပြီး
ရေတံခွန်ဘက် ကျီးကန်းပါးစပ်နဲ့ နတ်ရေကန်
ဘက် အုပ်စုလိုက် ထွက်သွားကြတယ်။
သူမကတော့ ဘယ်ကိုမှ သွားဖို့ စိတ်မကူးဘူး။
တဘက်ကလည်း ပုတီးတစ်လုံးယူ အနွေးထည်လေး
ဝတ်ပြီး ရင်ပြင်တော်ပဲ ပြန်တက်လာခဲ့တယ်
အလှူခံဌာနသွားပြီး အလှူငွေ လှူပြီးတာနဲ့
ဖူးခွင့်ပြုထားတဲ့ အနီးဆုံးနေရာကနေ ဝအောင်ဖူးတယ်။

လှေကားထစ်တွေကနေ အောက်ဘက်ထိဆင်းပြီး

တစ်ဝဖူးတယ်။ နိုင်ငံခြားသားအုပ်စု တစ်စုက

ဆန်းကြယ်တဲ့ ဘုရားကြီးရဲ့ တည်နေဟန်ကို

တအံ့တဩ ကြည့်ပြီး ဗီဒိယို ကင်မရာနဲ့ မှတ်တမ်း

တင်နေတယ်။

ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေကြတယ်။

အားရအောင် ဖူးပြီးမှ သူမအပေါ်ဘက်

ပြန်တက်လာခဲ့တယ်။ ဘုရားရှေ့က

ဓမ္မာရုံထဲ ဝင်ပြီး မျက်လွှာချလိုက်တယ်။

ပီတီသဒ်ဓါစိတျနဲ့ ကြည်နူးပျံ့လွှင်မှုတွေ၊

လမ်းတစ်လျှောက်မြင်တွေ့ရတဲ့ အတွေ့အကြုံ

သစ်တွေကြောင့် လွင့်ပြေးနေတဲ့စိတ်ကို

နှာသီးဖျားဆီသို့ ထားလိုက်တယ်။

အသက်ရှုတိုင်း၊ ထုတ်တိုင်း နူးညံ့တဲ့

လေလေးတိုးထိသွားတာကို သတိနဲ့

မှတ်နေလိုက်တယ်..။

ကုသိုလ်စိတ်တွေ ဘယ်လောက်ပဲ

သူမမှာ ရှိနေရှိနေ၊ အချိန်တန်တော့

ညောင်းညာကိုကိုက်ခဲတဲ့ဝေဒနာခံစားလာရတယ်။

အဲဒီအခါ ရင်ပြင်တော်ဘက်ထွက်ပြီး ခြေဖဝါးအကြွကို

သတိမှတ်၊ ခြေဖဝါးအချကို သတိမှတ်၊ မှတ်ရင်း

လမ်းလျှောက်တယ်။ ဒီလိုနဲ့ အဖိုးတန်ညကို

တန်ဖိုးရှိကုန်လွယ်စေခဲ့တယ်။

အရုဏ်ကျင်းချိန် ၊ ဆွမ်းတစ်ပွဲဝယ်ကပ်ပြီး

သူမတည်းခိုခန်း ပြန်လာတော့ တစ်ယောက်

နှစ်ယောက်က လွဲပြီး အားလုံး အိပ်ကောင်းနေကြတုံး။

သီသီမြင့်ရေမိုးချိုး၊ ရွှေပြည်နန်းလေးလိမ်းပြီး

ရင်ပြင်ပေါ်ပြန်ရောက်လာတယ်

နံနက် (၉)နာရီမှာ တောင်ဆင်းကားနဲ့

ပြန်ဆင်းလာခဲ့ကြတယ်။ ကင်းပွန်းစခန်းမှာ

ကိုယ့်ကားနှင့်ကိုယ် ကိုယ့်ထိုင်ခုံနှင့် ကိုယ်

အသီးသီး ပြန်တက်ပြီး ဘုရားဖူး ခရီးဆက်

ကြပြန်တယ်

ခရီးစဉ်ရဲ့ တတိယမြောက်ညမှာ သူတို့အားလုံး

ရန်ကုန်ပြန်ရောက်လာကြတယ်

လမ်းခရီးမှာ ဘုရားတွေ ဝင်ဖူးကြတယ်။

မှဲ့ရှင်ဘုရား၊ အလံတစ်ရာ ၊ သာမည ၊

ဘုရင့်ညီဂူ၊ ရွှေစာရံ၊ မြသပိတ်တောင်တွေကို

ရောက်တယ်။

ပြောစရာ တစ်ခုတော့ ရှိတယ်။

သထုံ ရွှေစာရံဘုရားကို ဖူးအပြီးမှာ

အများစုက မြသပိတ်တောင်ကို ဆက်တက်ကြတယ်

သီသီမြင့် အနေနဲ့လည်း အရမ်းလိုက်ချင်တယ်။

ဒါပေမယ့် ကျိုက်ထီးရိုးမှာ တစ်ညလုံး

မအိပ်ခဲ့တာရော၊ ကားကမူး၊ ခရီးကကြမ်းတာရော။

မြင့်မားရှည်လျားတဲ့ လှေကားထစ်တွေနဲ့

မြသပိတ်တောင် တက်လမ်းကြောင့်ရော၊

သူမ မြသပိတ်တောင်ကို မလိုက်နိုင်တော့ဘူး။

သူ့လိုပဲ နေရစ်သူအချို့နဲ့ အတူ ရွှေစာရံဘုရားမှာပဲ

ကျန်နေခဲ့တယ်။ အဲဒီအတွက်လည်း သူ့စိတ်ထဲမှာ

တစ်ခုခု လိုနေသေးသလို ၊ ပြည့်စုံသလိုတော့

ခံစားနေရတယ်။

ဘုရားဖူးပြန်လာပြီးကတည်းက သီသီမြင့်
နေမကောင်းဘူး။
ကိုယ်တွေ လက်တွေ နာနေတယ်။
ကိုက်ခဲနေတယ်။
“ခရီးပန်းလို့ပဲ ဖြစ်မယ် ။
မိသားစုဝင်အားလုံးက ဒီလိုပဲပြောကြတယ်
သူကလည်း ဒီအတိုင်းပဲ ထင်တာပါပဲ။
ပထမတော့ သင့်တော်မယ့်ဆေးလေးတွေ
ဆေးဆိုင်က ဝယ်ပြီး သောက်တယ်
မသက်သာဘူး။
ရက်နည်းနည်းကြာလာတော့ စိုးရိမ်လာတယ်
ရပ်ကွက်ထဲက ဆေးခန်းကို သွားပြတယ်။
ဆရာဝန် ပေးတဲ့ဆေးစားတယ်။ ထူးခြားမလာဘူး။
ပုဂ္ဂလိက ဆေးရုံတစ်ခုက အထူးကုဆရာဝန်ကြီးဆီ
သွားပြပြန်တယ်
ဆီးချို၊ သွေးတိုး၊ နှလုံးဆိုတာတွေ စစ်ရတယ်။
အားလုံးကောင်းတယ်။ ဘာမှမဖြစ်ဘူးလို့ပြောတယ်။
ပါရဂူကိုင်တဲ့ ဆေးဆိုတာတွေ ပေးတယ်

ဒါလည်း သက်သာမလာဘူး။ အဲဒီအချိန်မှာ

သီသီမြင့် အခြေအနေက တော်တော်လေး

ယိုင်နဲနေပြီ။ ဘာမှမသိတဲ့ ရောဂါကြောင့်

စိတ်ဖိစီးရာကနေ အစားအသောက်ပျက်လာတယ်

ခန္ဓာကိုယ်ကလည်း ယူပစ်သလို ပိန်ချုံးလာတယ်။

ညဘက် အိပ်လို့ မရတဲ့ရောဂါက ထပ်တိုးလာတယ်။

မိတ်ဆွေတွေလည်း သူမကိုကြည့်ပြီး အံ့ဩကြတယ်။

“အချိန်တိုတိုအတွင်း ဘာဖြစ်သွားတာလဲ”

ဘာရောဂါလဲလို့ မေးကြတယ်။

သူတို့မေးတာကို သိသိမြင့်လည်း ဘာမှပြန်မဖြေနိုင်ဘူး။

“မသိပါဘူးကွယ်။ ဘုရားဖူးပြီးပြန်လာကတည်းက

နေမကောင်း။ ထိုင်မကောင်း ဖြစ်ပြီး ဒီပုံပေါက်

သွားတာပဲ..ဆရာတွေလည်း စုံနေပြီ”

လို့ အားပျော့နုံးချိတဲ့ လေသံနဲ့ ပြောတယ်။

အေးကျင်မကတော့

“နင်ရောဂါက ရိုးမှရိုးရဲ့လားဟယ်၊

သူများများ ပြုစားထားတာလား

သီသီမြင့်လန့်သွားတယ်။

“နင်ကလည်း ၊ ကြံကြီးစည်ရာ ၊ မဖြစ်နိုင်ပါဘူး ”

လို့ ပြောမိတယ်။ ဒါပေမယ့် သူမစိတ်ထဲ

နည်းနည်းတော့ ထင့်သွားတယ်

အေးကျင်မပြောတာ ဟုတ်များဟုတ်နေမလားလို့လည်း

သံသယ ဝင်မိတယ်။

“နင်တစ်ခုခုတော့ လုပ်ကြည့်ဖို့ကောင်းတယ်”
အေးကျင်မ ဆက်ပြောတယ်။
…”
“အေးပါဟာ၊ ငါ အမေနဲ့ တိုင်ပင်ကြည့်ပါဦးမယ်
“I
သီသီမြင့် အေးကျင်မကို နားအေးပြီးရော
ပြန်ပြောလိုက်တယ်။ ဒါပေမယ့် ဆရာဝန်ပေးတဲ့
ဆေးစားတာကလွဲပြီး သူ ဘာမှမလုပ်ဖြစ်ခဲ့ဘူး။
သူ့ခန္ဓာကိုယ်ကလည်း အရိုးပေါ် အရေတင်၊
ပိန်ချုံးနေတဲ့ အဘွားအိုလေးတစ်ယောက်ပုံ
ပေါက်နေတယ်။
တစ်နေ့တော့ စိတ်ပျက်လက်ပျက်၊ အိမ်ရှေ့ပက်လက်
ကုလားထိုင်မှာထိုင်နေမိတယ်။ ဝေဒနာသက်သာ
လိုသက်သာငြား မျက်စိမှိတ်ထားပြီး မှိန်းနေလိုက်တယ်
အဲဒီအချိန်မှာ အိမ်ရှေ့လမ်းက ခြေသံတဖျတ်ဖျတ်
ကြားတယ်။ သူမမျက်စိဖွင့်ပြီး ကြည့်တယ်။
ရွာအနောက်ဖျားက မဖွားသိန်းကို တွေ့လိုက်တယ်။
မဖွားသိန်းကလည်း လမ်းသွားရင် သူ့ကိုကြည့်တယ်။
“နေမကောင်းဘူလား ၊ မသီသီမြင့် ..”
အင်း ..”
မဖွားသိန်းမေးတာကို မဖြေချင့်၊ ဖြေချင် ‘အင်း’
တစ်လုံးပဲ သူပြောလိုက်တယ်။ ပြီးတော့မှ…
“ဘယ်သွားမလို့လဲ ” လို့ ဝတ်ကျေတန်ကျေ
မေးလိုက်တယ်။ မဖွားသိန်းက
“ဗေဒင်သွားတွက်မလို့ ” လို့ ပြန်ဖြေတယ်။

သီသီမြင့်၊ အေးကျင်မ ပြောတာကို သတိရလိုက်တယ်။

အေးကျင်မ ပြောသလို သူများပြုစားတာများ

ဖြစ်နေမလား၊ ဗေဒင်တွက်ကြည့်ရင် ကောင်းမယ်။

ဆိုတဲ့ စိတ်ဝင်လာတယ်။

“ကျမရော လိုက်ချင်လို့ ၊ ရမလား အစ်မ ”
“ရပါတယ် မသီသီမြင့်ရဲ့ ၊ ဘာမှမပူနဲ့ ၊
ကျမတွဲကူမယ်…”
တက်စီတစ်စီးငှားပြီး သူတို့နှစ်ယောက်ထွက်လာခဲ့ကြ
တယ်
မဖွားသိန်းက တက်စီသမားကို လမ်းညွှန်ပေးတယ်။
ကားက ဘာတာမှတ်တိုင်ကို ကျော်ပြီး လှိုင်တရားရုံး
အနီး ရောက်လာတယ်။ ကားကို တရားရုံးလမ်းကြားထဲ
ချိုးကွေ့ခိုင်းပြီး ဘုရားတစ်ဆူအနီးမှာ ရပ်ခိုင်းတယ်။
သီသီမြင့် မုခ်ဦးက စာတမ်းကို ဖတ်လိုက်တယ်။
“ကျိုက်သာဒီကံပွင့် ဆုတောင်းပြည့်စေတီတော်”တဲ့။
“လာ၊ မသီသီမြင့်၊ ဆရာက ဒီဘက်မှာ”
မဖွားသိန်းက သူမလက်ကို တွဲပြီး ဗေဒင်ဟောခန်းလေး
ထဲ
ဝင်တယ်။ ပြီးတော့ ..
“ဆရာပွင့် နေကောင်းလား” လို့ နှုတ်ဆက်လိုက်တယ်
ဆရာပွင့်ကလည်း မဖွားသိန်းကို ရင်းရင်းနှီးနှီး
ပြန်နှုတ်ဆက်တယ် ။
စားပွဲခုံလေးရှေ့မှာ သူတို့နှစ်ယောက်စလုံး
ကျုံ့ကျုံ့လေး ထိုင်လိုက်ကြတယ်။
“ဖွားသိန်းရေ၊ နင်က လူရင်း၊ နောက်မှတွက်
ဧည့်သည်ကို ဦးစားပေးလိုက်၊ ဟုတ်လား..”
ဆရာပွင့်က သီသီမြင့်ကို အရင်တွက်ပေးတယ်။
သီသီမြင့်က ကျန်းမာရေးမကောင်းလို့ ဗေဒင်
လာတွက်တာဖြစ်တဲ့အကြောင်း ပြောပြီး
ဆေးအမျိုးမျိုး၊ ဆရာဝန်တစ်ယောက်ပြီး
တစ်ယောက် ကုခဲ့ရပေမယ့်မပျောက်တဲ့

အကြောင်းရှင်းပြတယ်။
ဆရာပွင့် သီသီမြင့်ရဲ့ မျက်လုံးတွေကို
အကဲခတ်ကြည့်တယ်။အတန်ကြာအောင် အကဲခတ်ပြီးမှ၊
“သမီး၊ ခဏနော်” လို့ ပြောတယ်။
“ဖွားသိန်းရေ ၊ နင် လက်အုပ်ချီထားစမ်း၊
ပြီးတော့ ဘုရားကို အာရုံပြု ” လို့ ပြောတယ်။
မဖွားသိန်းကလည်း ဆရာပွင့်ခိုင်းတဲ့အတိုင်း
လက်အုပ်ချီပြီး မျက်လုံးမှိတ်ထားတယ် ..။
ဆရာပွင့်ဟာ သူ့ရဲ့ လက်ဖျားနဲ့ မဖွားသိန်း
လက်အုပ်ချီထားတဲ့ လက်ကို အသာထိလိုက်တယ်..
“သောကြာသမီး မသီသီမြင့်ကို ပညာနဲ့
ပြုစားပြီး မကျန်းမမာ ဖြစ်အောင် အနှောင့်အယှက်
ပေးနေတဲ့ပုဂ္ဂိုလ် ချက်ချင်း ဝင်ပူးစမ်း”
လို့ ပြောလိုက်တယ် ..
အဲဒီနောက်မှာတော့ သီသီမြင့် တစ်ခါမှ
မကြုံဖူးတဲ့၊ အံ့ဩစရာ ဖြစ်ရပ်ဆန်းကို
မြင်ရပါတော့တယ် …
မဖွားသိန်းရဲ့ ခန္ဓာကိုယ် တဖြည်းဖြည်း လှုပ်ယမ်း
လာတယ်။ လက်အုပ်ချီထားတာကလည်း တဆတ်ဆတ်
တုန်လာတယ်။ ဆရာပွင့်က ထပ်ပြီး အမိန့်ပေးလိုက်
တယ်။
“ဝင်ပူးစမ်း ၊ လူစိတ်ပေါက်အောင် ဝင်ပူးစမ်း”
မဖွားသိန်း ပါးစပ်က အေးဆေးညင်သာတဲ့
အသံတစ်မျိုး ထွက်လာတယ်.
“ကျမ မြသပိတ်တောင်က မြနှင်းရည်ပါ…”

“မင်းက ဘာအကြောင်းကြောင့် မသီသီမြင့်ကို

နှောင့်ယှက်နေရတာလဲ”

“သီသီမြင့်က ကျမရဲ့ ညီမလေးပါ။ ဟိုဘက်ဘဝက

သူ့နာမည် မြနှင်းသီပါ။ ကျမတို့ ညီအစ်မ

မြသပိတ်တောင်က ဘုရားသိုက်မှာ အတူတူ

နေကြတယ်။ နောက်တော့ ညီမလေး လူ့ဘဝကို

ရောက်သွားတယ်။ လူ့ဘဝကို မသွားခင်မှာ

မမဆီ အလည်လာခဲ့မယ်လို့ သေသေချာချာ

ကတိပေးသွားတယ်။ ဘုရားမှာလည်း

သစ္စာပြုသွားတယ်။

ဟိုတစ်လောကတော့ ညီမလေးဘုရားဖူးထွက်တယ်။

ကျမက ညီမလေးနဲ့ တွေ့ရဖို့ အနှစ်နှစ်အလလ

စောင့်နေခဲ့ရတာ ၊ ညီမလေးအလာကို မျှော်ခဲ့ရတာလေ။

ဒီတစ်ခေါက်တော့ ညီမလေးကို တွေ့ရပြီဆိုပြီး

ဝမ်းသာနေတာ၊ ပျော်နေတာ။ ညီမလေးကတော့

သိပ်ရက်စက်လွန်းတယ်။ ကျမဆီကို မလာဘူး။

ခရီးပန်းလို့ ဆိုပြီး ရွှေစာရံဘုရားမှာပဲ နေရစ်တယ်။

ကျမ ရင်ကွဲမတတ် ခံစားရတယ်။ ဒီအကြောင်းတွေ

ညီမလေးကို သိစေချင်တယ်။ ဒါကြောင့်

မကျန်းမမာဖြစ်အောင် လုပ်မိတာပါ..”

သီသီမြင့် ကြက်သီးမွေးညင်းများ တဖြန်းဖြန်း

ထအောင်ကို တုန်လှုပ်မိတယ်။ ဒီအကြောင်း

အရာတွေ မဖွားသိန်း ဘာလို့ ပြောနိုင်တာလဲ။

တကယ်ဆိုရင် မဖွားသိန်းဟာ သူမ မြသပိတ်

တောင်ပေါ်မလိုက်ဘဲ ၊ ရွှေစာရံဘုရားမှာ

ကျန်ရစ်ခဲ့တယ်ဆိုတဲ့ ဒီလိုအကြောင်း

အရာတွေကို သိဖို့ မပြောနဲ့ ၊ သူမ

ဘုရားဖူး လိုက်သွားတာတောင် သိမှာ

မဟုတ်ပါဘူး။

ဘာကြောင့် ဒီလိုပြောနိုင်တာလဲ၊

အံ့ဩစရာကောင်းလိုက်တာ။

သီသီမြင့် စိတ်ထဲမှာ မယုံနိုင်အောင်ကို

အရမ်းအံ့ဩနေတယ်။

“ဒါဆိုရင် သီသီမြင့် မြသပိတ်တောင်လာပြီး

ညည်းနဲ့ တွေ့ရင် ပြုစားထားတဲ့ အနှောင့်အယှက်တွေ

ပြန်ပြီး ရုတ်သိမ်းမလား”

“ကျမ ညီမလေးနဲ့ အရမ်းတွေ့ချင်လို့ လုပ်ရတာပါ။

ညီမလေးကို မချစ်လို့ လုပ်တာမဟုတ်ပါဘူး။

ညီမလေးသာ တကယ်လာရင် ကျမရဲ့ ပညာကို

ပြန်ပြီး ရုတ်သိမ်းပေးမှာပါ”

“ဒါဆိုရင် ဟုတ်ပြီ၊ ညီမလေး ညည်းဆီကိုလာရင်

စားဖို့ သောက်ဖို့ အစ်မကြီးကို ပူဇော်ဖို့ ဘာတွေ

ယူဆောင်လာရမလဲ”

“စားစရာ သောက်စရာကတော့ ညီမလေးကြိုက်တာ

ယူလာခဲ့ပါ။ အဓိက ယူလာရမှာက အနီရောင်

နှင်းဆီပန်းစည်းပါ ။ ဟိုဘက်ဘဝတုန်းကလည်း

ညီမလေးက ကျမကို နှင်းဆီ ပန်းနီနီတွေ

ပေးနေကျမို့ပါ

“ကဲ ညည်း ဝမ်းသာတော့၊ ညည်းအရမ်းတွေ့ချင်တဲ့

ဘဝဟောင်းက ညီမလေးကို မကြာခင် တွေ့ရတော့

မယ်လို့ မှတ်ထားလိုက်တော့၊ ဒါနဲ့ ၊ ညီမလေး

လာတဲ့အခါ ညည်းကို ဘယ်လိုရှာရမလဲ ”

“မြသပိတ်တောင်ပေါ်သာ လာခဲ့ပါ၊

ကျမရှိတဲ့ နေရာကို ပြပါ့မယ်

“ကိုင်း…ကိုင်း..ဒီလောက်ဆို ရပါပြီ ၊

ညည်းကိုလည်း ဆရာပြန်ခွင့်ပြုပါတယ်..”

ဆရာပွင့် ဥစ္စာစောင့် မြနှင်းရည်ကို ထွက်ခွာပြုလိုက်တာ

 

မဖွားသိန်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

“ကျမ ဘာဖြစ်သွားတာလဲ..” လို့ မေးတယ်။

ဆရာပွင့်က

“ညည်း၊ ဘာမှ မဖြစ်ပါဘူး ဖွားသိန်းရယ်၊

သူငယ်ချင်းကို ကူညီလိုက်တာပါ၊ ကုသိုလ်ရပါတယ်”

လို့ ပြောလိုက်တယ်..။

မဖွားသိန်း ဗေဒင်မေးပြီးတော့ ဆရာပွင့်ကို

ကန်တော့ပြီး ဥာဏ်ပူဇော် ပေးကာ သူတို့နှစ်ယောက်

ပြန်လာခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့

အကျိုးအကြောင်း အစအဆုံး သီသီမြင့်က

ပြောပြတယ်။

မိသားစုဝင်အားလုံး အံ့ဩကြရတယ်။

ကားလေးတစ်စီးငှားပြီး မိသားစုအားလုံးပါ

လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်..

XXXXX

အံ့ဩဖို့ ကောင်းလိုက်တာ။

စိတ်ကတော့ ပီဘိကလေးတစ်ယောက်လိုပဲ၊

ပျော်ရွှင်ချမ်းမြေ့နေတယ်။ လှောင်အိမ်ထဲက

လွတ်မြောက်သွားတဲ့ ငှက်တစ်ကောင်လိုလည်း

လွတ်လပ်ပေါ့ပါးနေတယ်။

အစွမ်းကုန်ဖူးပွင့်လှပနေတဲ့ ကြာပန်းတစ်ပွင့်လို

ပျော်ရွှင်လန်းဆန်းနေတဲ့ သီသီမြင့်ကို ကြည့်ပြီး

မိသားစုအားလုံး စိတ်ချမ်းသာနေကြတယ်။

သီသီမြင့် ကိုယ်တိုင်ကလည်း သူမ ဒီလို

လန်းလန်းဆန်းဆန်း ဖြစ်နေတာကို

အံ့ဩလို့ မဆုံးဘူး။

ဘဝဟောင်းက သူ့ရဲ့ အစ်မ မမြနှင်းရည်ရဲ့

မေတ္တာစေတနာကြောင့်လို့ သူမယုံကြည်လိုက်တယ်

ဗေဒင်ဆရာ ဆရာပွင့်ဆီက ပြန်လာပြီး ချက်ချင်း

ဆိုသလို ကားလေးတစ်စီးငှား၊ မိသားစု

ခရီးထွက်ခဲ့ကြတယ်

ရွှေစာရံဘုရားဝင်ဖူးပြီး မြသပိတ်တောင်ကို

ဆက်လာခဲ့ကြတယ်။

ဒီခရီးစဉ်က သူတို့မိသားစုကို ထူးထူးခြားခြား

လန်းလန်းဆန်းဆန်း ပျော်ရွှင်နေတာ အားလုံး

သတိပြုမိကြတယ်။ တစ်ခြားလူမပြောနဲ့

အရိုးပေါ် အရေတင် ၊ ချိနဲ့ နဲ့ အဘွားအိုလေး

ပုံပေါက်နေတဲ့ သီသီမြင့်တောင် များပြား

ရှည်လျားတဲ့ လှေကားထစ်တွေကို ပြေးပြေး

လွှားလွှား တက်နေတယ်။

သူတို့ မိသားစု မပင်ပန်းဘဲ တောင်ပေါ်

ရောက်လာအောင် တန်ခိုးရှင်တစ်ယောက်ယောက်က

စိုးမိုးပြီး ကူညီနေသလိုပါပဲ…။ သီသီမြင့်တို့

အားလုံး တောင်ပေါ်ရောက်လာကြတယ်။

ပေါ့ပါးရွှင်လန်းတဲ့စိတ်တွေနဲ့

ဘုရားရင်ပြင်ပေါ်တက်လာခဲ့တယ်။

အစ်မ မြနှင်းရည် ဘယ်မှာလဲ။

သူနေတဲ့ နေရာကို ဘယ်လိုပြမှာလဲ။

အတွေးတွေ တစ်သီတစ်တန်း တွေးရင်း

နှင်းဆီပန်းစည်းကိုင်ပြီး သူမ လျှောက်လာခဲ့တယ်။

အဲဒီအချိန်မှာပဲ ထူးခြားမှု တစ်ရာကို

သီသီမြင့် သတိပြုမိလိုက်တယ်…။

ရင်ပြင်တစ်နေရာမှာ ပြန့်ကျဲနေတဲ့

အနီရောင် နှင်းဆီ ပွင့်ဖတ်တွေ …

သူမကြည့်နေတုန်းမှာပဲ နှင်းဆီပွင့်ဖတ်တွေက

အလိုလို ရွေ့လျားနေကြတယ်။

ပြန့်ကျဲနေရာက စုပုံသွားတယ်။

ပြီးတော့ ၊ လေထဲကို ပျံတက်နေတယ်။

ပြီးတော့၊ လေပွေတစ်ခုက သယ်ဆောင်သွားသလို

ကတော့ပုံ ဝဲလှည့်ပြီး လေထဲပျံသန်းသွားတယ်။

ဆန်းကြယ်တဲ့ မြင်ကွင်းကြောင့် သီသီမြင့်

ရုတ်တရက် မင်တက်မိပြီး ကြောင်ကြည့်နေမိတယ်။

နောက်မှ သတိရပြီး နှင်းဆီပွင့်ဖတ်တွေ

ဝဲပျံသွားရာ နောက်ကို လိုက်သွားတယ်…

ပွင့်ဖတ်တွေက ကုန်းတော်ပေါ်က အဓိကရ

သစ်ပင်ကြီးတစ်ပင်ရဲ့ ခြေရင်းမှာသွားပြီး စုပုံတယ်..။

I

အဲဒီနေရာမှာ သူ့ကို ချစ်တဲ့အစ်မရှိတယ်။

သူ့ကို အနှစ်နှစ် အလလ စောင့်မျှော်နေရှာတဲ့

အသိကြောင့် သီသီမြင့်ရင်တွေ လှိုင်လှိုင်ပြီး

ခုန်လာတယ်..။

ဆိုနင့်လာတဲ့ ခံစားချက် တစ်မျိုးကြောင့်

မျက်ရည်ဥတွေက ပါးပြင်ပေါ် တလိမ့်လိမ့်

စီးကျလာတယ်။ အဲဒီနောက်မှာတော့

သီသီမြင့်တစ်ယောက် ရှိုက်ကြီးတငင့်

ငိုကြွေးလိုက်မိပါတော့တယ် ။

XXXXXX

ထူးထူးဆန်းဆန်း နှင်းဆီပွင့်ဖတ်တွေ

ကျတဲ့ နေရာမှာပဲ သီသီမြင့်ဟာ

ဘဝဟောင်းက သူ့ရဲ့ အစ်မ မြနှင်းရည်ကို

အစားအသောက်တွေနဲ့ ပူဇော်တယ်။

အစ်မမြနှင်းရည် အလွန်ကြိုက်တဲ့
နှင်းဆီပန်းအနီရဲရဲတွေနှင့်လည်း ကန်တော့တယ်..
မျက်ရည်တွေနဲ့ ပြည့်နေတဲ့ သူ့ရဲ့
မျက်ဝန်းအိမ်ထဲမှာ သူ့ကို ဆုတောင်း
မေတ္တာပေးနေတဲ့ အမျိုးသမီးတစ်ယောက်ကို
မြင်နေရတယ်။
“မမမမမြနှင်းရည်..”
သီသီမြင့် တိုးတိုးလေး ရေရွတ်၊ ခေါ်နေမိတယ်။
ဘဝဟောင်းက အစ်မကို ကျေနပ်အားရအောင်
ကန်တော့တယ်။
“သံသရာရဲ့ ဆုံမှတ်တစ်နေရာမှာတော့
ညီမလေးကို အရမ်းချစ်တဲ့မမနဲ့ ပြန်ဆုံပါရစေလို့
ညီမလေး ဆုတောင်းပါတယ် မမရယ်…”
လို့ တီးတိုးရေရွတ်ရင်း သီသီမြင့်
မြသပိတ်တောင်ပေါ်က ပြန်လည်
ဆင်းသက်ခဲ့ပါတော့တယ်။
မောင်မှိုင်းညို့ (ချောင်းဦး)
ပြီးပါပြီ