“ပြိတ္တာရဲ့ညစာ”(စ/ဆုံး)

Unicode Version

“ပြိတ္တာရဲ့ညစာ”(စ/ဆုံး)
————————–
တရွှီရွှီမြည်ကာ
တောင်ပံ့မဲ့ပျံသန်းလာသော
လယ်ကွင်းလေသည် တဲရှေ့တံစက်မြိတ်ရှိ ဓနိရွက် တွေကို ဖျတ်ဖျတ်ခါလူးစေသည်။ တဲ၏ နံဘေးဝဲယာ တွင် စိုက်ပျိုးထားသော သစ်ပင်ကြီးများဆီမှ တရှဲရှဲ လေတိုးတိုက်မြည်သံသည် တစ်ရံမလပ်ပေ။ ဟိုးခပ် ဝေးဝေးဆီမှ ကမ်းပါးကို စီးချက်ကျကျ ရိုက်နေသော လှိုင်းပုတ်သံကိုကြောက်မက်ဖွယ်တဝုန်းဝုန်းကြားနေ

ရသေးသည်။ တစီစီမြည်ကြွေးနေသောအင်းဆက်တွင်းအောင်းသတ္တဝါကလေး များ၊ပိုးမွှားများ၏အော်သံသာညဉ့်ယံကိုပို၍ချောက်ချားစေသည်။ခပ်ပြင်းပြင်းတိုက် ခတ်လိုက်သောကွင်းလေသည် အကာအရံမဲ့နေသောတဲထဲသို့ အလုံးအရင်းနှင့် ဝင်လာတတ်သေးသည်၊
ရုတ်တရက် အော်လိုက်သောညဉ့်နက်တစ်ကောင်၏ အော်သံ ….။

ပုလဲ၏ရင်ထဲသို့ဒိန်းခနဲဆောင့်ဝင်သွားသောသွေးကြောမကြီးဆီမှတိုးတိုက်
သွားသောသွေးခုန်နှုန်းသည် ခန္ဓာကိုယ်တစ်ခုလုံး တလှပ်လှပ်ဖြစ်သွားသည်။ “အမလေး”
ရုတ်တရက် ယောင်ယမ်းကာ အော်ဟစ်လိုက်သော သူမအသံမှာလည် ချောင်းအတွင်းရှိ အသက်ရှူအင်္ဂါ လေပြွန်ထဲမှာတိခနဲပြတ်တောက်သွားကာ ဝမ်း ခေါင်းထဲသို့ ပြန်လည်ငုပ်လျှိုးပျောက်ကွယ်သွား၏။ တဲရှေ့မဓမတိုင်၏ဘေးတွင် ထွန်းထားသောရေနံဆီမီးခွက်ဆီမှမှိုင်းသီးကပ်နေသောမီးညွန့်ဝါဝါများသည်တဖွဲ့
နွဲ့ယိမ်းထိုးနေလေသည်၊
ပုလဲသည် သားငယ်ကို လှမ်းကြည့်လိုက်သည်။ သားငယ်သည် အပူပင် ကင်းမဲ့စွာအိပ်ပျော်နေ၍လောကကြီးတွင် လောလောလတ်လတ်ဖြစ်ပျက်နေသည့် ကြောက်မက်ဖွယ်ဟု ဆိုနိုင်သော၊ ကြေကွဲဖွယ်ဟု ဆိုနိုင်လေသောအသည်းပျက် ကြွေမတတ် ဖြစ်ပျက်နေသောဖြစ်ပျက်ဆဲဖြစ်သည့် ဖြစ်ရပ်များကို မေ့လျော့နေ သည့်အလား။ မသိကျိုးကျွံပြုနေသည့်အလား။ နှစ်ခြိုက်စွာအိပ်ပျော်နေခြင်းပင်။ “အိပ်ပါ- သားလေးရယ်၊ သားလေးဘာမှမသိတာအကောင်းဆုံးပါပဲ” ပုလဲသည် ရေနံဆီမီးခွက်ကို သားလေး အိပ်ပျော်နေသည့် ခေါင်းရင်းဘက် ဖျာကြမ်းနှင့် ခပ်ဝေးဝေးဆီသို့ ရွှေ့ထားလိုက်သည်။ မီးညွန့်ကားတစ်ချက်တစ်ချက် ဆောင့်တိုက်လိုက်သောလေကြောင့်ယိမ်းနွဲ့ခါယမ်းသွားတတ်သေးသည်။ပုလဲသည် ဘာလုပ်ရမှန်းမသိအောင် ယောင်နနဖြစ်နေသည်။ သူမသည် ထရံသာခြားထား

သည့်အခန်းထဲသို့ ပြန်ဝင်လိုက်ရမည်လား။ ဒါမှမဟုတ် သားငယ်နားဆီသို့ပင် ဝင် ရောက်လှဲအိပ်ရမည်လား။ သို့သော်ပုလဲ၏အသိအာရုံငါးပါးစလုံးပူပင်သောကစိတ် ဖြင့် ရှုပ်ထွေးနောက်ကျိနေခြင်းပင်တည်း။
ညဉ့်ကား ကြောက်မက်တုန်လှုပ်ဖွယ် ဆက်၍ရွေ့လျားနေဆဲ၊ ထူထဲနက် မှောင်သောည၊လမိုက်ညဖြစ်ရကား လေတိုးသံ၊မြေတွင်းအောင်းပုရစ်များ၏အော်
သံမှအပ ချောက်ချားဖွယ်တိတ်ဆိတ်နေခြင်းပင်တည်း။
“အဖေရှိရင် ကောင်းမှာ- အဖေကလည်းဒီရက် ဒီညမှပဲ ရွာထဲ သွားရတယ် လို့။ သားလေးနဲ့ ငါနဲ့ပဲ။ မိုးရယ် မြန်မြန်ကြီးလင်းလိုက်ပါတော့နော်”
ပုလဲသည်ကလေးတစ်ယောက်လိုစိတ်ကယောက်ကယက်ဖြစ်ကာတရွတ်
ရွတ် ရေရွတ်နေလေသည်။ ဘာဆက်လုပ်ရမလဲ၊ သည်အချိန်မှတော့ ရွာထဲ ပြန်လို့ မဖြစ်၊ ရွာထဲနှင့် ကွင်းပြင်သည် မိုင်ဝက်ခန့် ဝေးကွာလှသည်။ ပြီးတော့ ညက မှောင် လွန်းလှသည်။ မြွေပါးကင်းပါးရှိသည်။ထူပိန်းနက်မှောင်သောအမှောင်ထု…။မတော် တက်နင်းမှဖြင့် နှစ်လောင်းပြိုင် ဖြစ်သွားမည်။ သည်လမ်း သည်ခရီးကို ကျွမ်းကျင် သော်လည်း သည်တဲမှာပဲ သည်ညတော့နေချင်သည်။
“အဖေရေ-အဖေ့ရဲ့သမီးအဖြစ်ကိုလာကြည့်လှည့်ပါဦး”
ပုလဲသည် ရုတ်တရက် အော်ဟစ်လိုက်သည်။ အော်ဟစ်သံသည် ရှိုက်သံ ဖြင့်အော်ဟစ်လိုက်ရကား ရင်ထဲမှာပေါ့သွားသလိုတော့ရှိသည်။ သို့သော်ရင်ထဲမှာ ပေါ့ပါးသွားယောင်ဟု ထင်မှတ်ရသောစိတ်သည် ရုတ်ခြည်းပူလောင်နောက်ကျိ သွားပြန်လေသည်။
ကလေး
ပုလဲတို့၏ အိမ်သည် ရွာထဲတွင် ရှိသည်။ ရွာပြင် ခြံထဲမှာတော့ ယာတီတဲ
။ ရှိသည်။ ရံဖန်ရံခါ ခြံစောင့်ရင်း ရွာပြင်တဲတွင် နေထိုင်လေ့ရှိသည်။ ရွာထဲမှ အိမ်သည် ခြံဝိုင်းတွေက ဆက်နေသည်။ လှမ်းအော်၍ ကြားနိုင်သည့် အကွာအဝေး ဖြတ်သော်လည်း ရွာပြင်တဲကလေးခြံတွေဝေးလှသည်။တစ်ခြံနှင့်တစ်ခြံခေါ်မကြား။
အော်မကြားရသောခြံကျယ်ကြီးတွေဖြစ်လေသည်။

ပုလဲ၏မိခင်သည် ပုလဲဆယ်နှစ်သမီးကပင်ကွယ်လွန်သွားရှာပြီ။ပုလဲသည်
ဖခင်နှင့်နေထိုင်ကာတစ်ဦးတည်းသောသမီးဖြစ်သည့်အလျောက်ယောက်ျားလေး တစ်ယောက်ကဲ့သို့ လယ်လုပ်ငန်း၊ ခြံလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ရသည်။ သို့သော်ပုလဲ၏ရုပ်ရည်သွင်ပြင်သည်ကြမ်းကြမ်းတမ်းတမ်းမဟုတ်၊တောကျေးသူ
ဟုပင် ထင်မှတ်စရာမရှိလောက်အောင်ပုလဲက လှပချောမောသည်။ အသားဖြူဖြူ၊
ရှည်လျားနက်မှောင်သောဆံနွယ်များ၊အရပ်မြင့်မြင့်၊မျက်လုံးမျက်ခုံးလှပရွှန်းစိုသည်။ ထို့ကြောင့်ပုလဲကိုကာလသားတွေအကြိုက်များသည်ဟုဆိုရပေသည်။ ပိုးပန်းသူ၊ ချူချင်ကြသူတွေကဒုနှင့်ဒေးပင်။ တခြားရွာတွေကပါသည်။ ထိုမျှ အလှသတင်းက ကျယ်ပြန့်ခဲ့သည်။
သို့သော်ပုလဲကတော့တစ်ရွာတည်းသားကိုသက်ဝေကိုတော့ သံယောဇဉ်
ရှိသည်။ ကိုသက်ဝေသည် ဘွဲ့ရ ပညာတတ်တစ်ယောက်ဖြစ်သော်လည်း မြို့ပေါ်မှာ မနေပဲ တောရွာတွင် ပြန်လည်အခြေချနေထိုင်ကာ ခြံလုပ်ငန်း၊ ရေလုပ်ငန်းကိုလုပ် ကိုင်သည်။ အချမ်းသာကြီးတော့မဟုတ်၊ သင့်တင့်လျောက်ပတ်သောဝင်ငွေနှင့် ပြည့်စုံသူသာဖြစ်သည်။ ကိုသက်ဝေတွင် မောင်နှမငါးယောက်ရှိရာကိုသက်ဝေက ဒုတိယဖြစ်သည်။ သူ့အထက်သည် အစ်မဖြစ်သည်။ သူ့အောက်ကတော့ ညီငယ် တစ်ယောက်နှင့်ညီမငယ်နှစ်ယောက်ဖြစ်ရာမိသားစုတာဝန်သည် ကိုသက်ဝေပရုံး ပေါ်သို့ကျရောက်နေသကဲ့သို့ရှိသည်။မိသားစုတာဝန်သည်သူ့တာဝန်ဖြစ်လာသည်။
ညီနှင့်ညီမများ၏တာဝန်သည် သူ့ပခုံးပေါ်ကျလာသည်။ထို့ကြောင့်မြို့ပေါ်တွင်အစိုးရ မင်းမှုထမ်းမလုပ်တော့ဘဲ ရွာသို့ ပြန်လာကာအခြေချခြင်းဖြစ်သည်၊ သည်လိုနှင့်ပုလဲနှင့်အတွေ့များရင်းနှီးကျွမ်းဝင်ကာမေတ္တာမျှကြခြင်းဖြစ်ပေ
သည်။ သူနှင့် ပုလဲ မေတ္တာမျှခဲ့ရခြင်းသည် ဖြောင့်ဖြူးသာယာသောအချစ်ခရီးလမ်း တော့ မဟုတ်ပေ။ ပုလဲနှင့် သူ မေတ္တာမျှကြပြီကို သိရှိကြသည်နှင့် မနာလိုသူတွေ၊ ရန်ပြုချင်သူတွေက ပေါ်လာကြပြန်သည်။ အချို့က ပုလဲကို ရှောင်သွားကြသည်။ ချစ်သူရည်းစားရှိသွားပြီဆိုတော့ တဖြည်းဖြည်း ဆုတ်ခွာသွားကြခြင်းဖြစ်သည်။

သို့သော်ပုလဲနှင့်ကိုသက်ဝေတို့ကြည်ဖြူကြသည်ကိုမကျေနပ်သူတစ်ဦးက
ရှိနေသည်။ တစ်ထောင့်တစ်နေရာက ပေါ်လာခြင်းဖြစ်သည်။ထိုသူက တစ်ရွာသား အခြားရွာမှ လယ်ပိုင်၊ကွင်းပိုင်၊ သင်္ဘောပိုင်သော သူဌေးသား ကျောက်ခဲဖြစ်သည်။ ပုလဲကို ကြိတ်ပိုးနေသူလည်းဖြစ်၊ ပုလဲရှိရာ ရွာသို့ ရံဖန်ရံခါ ရောက်လာတတ်ပြီး လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းယောင်သူတစ်ဦးဟုလည်း ဆိုနိုင်သည်။ သို့သော် ကိုသက်ဝေလို ရိုးသားပြီး အသောက်အစားကင်းသူတော့ မဟုတ်၊ ထန်းတော၊ အရက်ပုန်းဆိုင်မှာ ပျော်မွေ့နေတတ်သူ ဖြစ်သည်။
ပုလဲတို့ရွာသည် ဆိပ်ကမ်းကောင်းရှိရာစုန်ချည်ဆန်ချည် သင်္ဘောများ၊ ဝါး ဖောင်များ ဆိုက်ကပ်လေ့ရှိသည်။ လူဝင်လူထွက်များကာ ဥဒဟိုစည်ကားနေလေ့ ရှိသည်။ ပုလဲသည် ကျောက်ခဲကိုတစ်ရွာသားဖြစ်၍ မရင်းနှီး၊ကျွမ်းဝင်ခြင်းလည်းမရှိ၊ ရွာထဲသို့အဝင်အထွက်ရှိပြီး ပုလဲကိုပြီတီတီကြည့်သွားလေ့ရှိသောလူတစ်ယောက် ကို သိပ်အမှတ်မထားမိ၊အရက်ခိုးဝေနေသော မျက်လုံးများနှင့် ရုပ်လက္ခဏာကြမ်း တမ်းဟန်ရှိသော ကျောက်ခဲလိုလူမျိုးကိုဂရုမစိုက်။
တစ်နေ့တွင် ရွာပြင်ထန်းတောထဲ၌ ကိုသက်ဝေနှင့် ကျောက်ခဲတို့ မျက်နှာ ချင်း ဆုံမိအောင် အကြောင်းတိုက်ဆိုင်လာခဲ့လေသည်။ တစ်ရွာသားဖြစ်သည့် ကျောက်ခဲသည်အပေါင်းအသင်းတစ်ဦးနှင့်ကိုသက်ဝေတို့ရွာရှိထန်းတောလေးရှိရာ သို့ ကျူးကျော်လာရောက်ခြင်းဟု ဆိုနိုင်သည်။ နယ်ကျော်လာရောက်သောက်စား ခြင်းဖြစ်သည်။
ထန်းရည်ဆိုင်တွင်ကိုသက်ဝေသည် သူငယ်ချင်းဖြစ်သူထွန်းအုံကိုစပါးဈေး
ကိစ္စ သိရှိလို၍ထန်းတောထဲသို့လာရှာသည်။ထန်းရည်တဲထဲတွင်ရွာခံတွေကပိုများ သည်ဟု ဆိုနိုင်သည်။ ကျောက်ခဲသည် ကိုသက်ဝေကို မြင်လိုက်ရသည်နှင့် ပုလဲ၏ ရည်းစားမှန်း ချက်ချင်းမှတ်မိသွားသည်၊ မနာလိုစိတ်၊မစ္ဆေရစိတ်က ချက်ချင်းရုန်းကြွ သွားခဲ့သည်။
မကျေမနပ်ဖြစ်သွားသည်။ထို့ကြောင့်စားပွဲဘေးမှဖြတ်လျှောက်သွားသော
ကိုသက်ဝေကိုတစ်ချက်လှမ်းကြည့်ကာ တောက်တစ်ချက်ကျယ်လောင်စွာခေါက်
လိုက်သည်။

“တောက်”
ထန်းရည်ရှိန်ဖြင့်ဝင်းဝင်းတောက်လောင်နေသည့်ကျောက်ခဲ၏ဆံပင်ဘုတ်
သိုက် အောက်မှ မျက်လုံးအစုက အဝီစိငရဲမီးတာက်ထက်ပင် လင်းထိန်တောက်
ပြောင်လိမ့်မည်ထင်သည်။
ကျောက်ခဲသည်တံတွေးတစ်ချက် ထွေးလိုက်ပြန်သည်။ သူ၏ ညိုပြာပြာ မျက်နှာမှာလူသေကောင်မျက်နှာထက်ပင် သွေးရောင်ကင်းမဲ့သွားလေသည်။ ကိုသက်ဝေသည် ထွီဟူသောအသံကြောင့် သာမန်မျှလှည့်ကြည့်လိုက်မိသည်။ ကျောက်ခဲဘေးမှ ထိုင်နေသောအဖော်၏ ဆေးလိပ်မှ ဆေးလိပ်မီးခိုးငွေ့များသည်

ရန်လိုသည့် မီးလျှံများပမာ တိုးတက်လွင့်ပျံသွားကြပြီ။ သို့သော် အဖော်ထံမှတိုးသဲ့ သောအသံထွက်ပေါ်လာသေးသည်။
ကွာ”
“ဟေ့ကောင်-အသားလွတ်တော့ ရန်သွားမစနဲ့၊ သူ့ရွာကွ၊ အေးအေးနေ
“ဘာဖြစ်လဲကွ၊ ရန်စတော့ဒီကောင်ကဘာကောင်မို့လို့လဲ”
အဖော်၏တားမြစ်ချက်က သူ့ကိုဒေါသအိုးပေါက်ကွဲရန်ဆွပေးလိုက်သကဲ့ သို့ ရှိသည်။ ကိုသက်ဝေသည် ကျောက်ခဲနှင့် မရင်းနှီးသော်လည်း မျက်မှန်းတန်းမိ သလိုတော့ရှိသည်။တစ်ရွာခြားကရွာသားမှန်းသိသည်။ သူ့ကို ရန်လိုဟန်အကြည့်
များဖြင့်မကျေမနပ်လိုက်ကြည့်နေသည်ကိုလည်းသိသည်။ဘာကြောင့်ရန်လိုကြည့်
ဖြင့် ကြည့်သည်ကိုသာ မသိပဲရှိပေမည်။
ကိုသက်ဝေသည် ထွန်းအုံ ထန်းရည်သောက်နေသော စားပွဲရှိရာသို့ တန်း တန်းမတ်မတ်လျှောက်လာသည်၊ထို့နောက်ထွန်းအုံနှင့်စပါးဈေး၊ သားငါးဈေးတွေ
စေ့ငှစွာ မေးမြန်းသည်။
“သက်ဝေအမြည်းစားကွာ၊ ကြွက်ကြော်၊ ငါးရှဉ့်ကျပ်တိုက်၊လက်ဖက်သုပ် ရှိတယ်။ စားချင်တာစား၊ မင်းက အရက်မသောက်တတ်၊ ထန်းရည်မသောက်တတ် တော့ငါကဧည့်ခံရခက်တယ်ကွ၊ ငါအရက်သောက်တတ်၊ထန်းရည်သောက်တတ် ပေမယ့် မူးအောင်တော့ ဘယ်တော့မှမသောက်ဘူးကွ- သက်ဝေ”
ထွန်းအုံသည် စကားပြောရင်း သောက်စားနေသူတွေကို မျက်ဝေ့ဝေ့ကြည့် လိုက်မိသည်။ တစ်ရွာတည်း သားတွေချည်းပင်။ လူစိမ်းကတော့ တစ်ယောက်စ နှစ်ယောက်စရှိသည်။အနောက်ဘက်ပိုင်းမှာတော့လူစိမ်းနှစ်ယောက်ထိုင်သောက် နေသည်ကို တွေ့ရပြီးယင်းနှစ်ယောက်အနက်တစ်ယောက်ကကိုသက်ဝေကိုစူးစူး စိုက်စိုက်ကြည့်နေသည်ကို ခံစားရသည်။ သာမန်အကြည့်မျိုးမဟုတ်၊ မကျေမနပ် ရန်လိုသည့် အကြည့်မျိုးဟုထွန်းအံ့ ခံစားရသည်။ အသောက်အစားကင်းလှသော လူရည်သန့်ပညာတတ်တစ်ယောက်ဖြစ်သည့် ကိုသက်ဝေ လူမျိုးကို မကျေနပ် မရှု

ဆိတ်ရခြင်း၏အကြောင်းရင်းတစ်ခုတွင်ပုလဲနှင့်ဆက်နွှယ်နေသည်ဟုထွန်းအုံတစ် ထစ်ချယုံကြည်သည်။ရွာကလေး၏အလှဆုံးပန်းတစ်ပွင့်ကိုရှူငင်ရရှိသူကိုအဘယ် ကာလသားများသည် ကြည်ဖြူကျေနပ်ပါမည်နည်း။ ထိုပုဂ္ဂိုလ်သည်ကိုသက်ဝေကို ထိုကိစ္စနှင့်ပတ်သက်၍ မနာလိုမရှုဆိတ်မကျေနပ်နေသူသာဖြစ်နိုင်သည်။ထိုပုဂ္ဂိုလ် သည်တစ်ရွာသားဖြစ်သည်။ ရွာကျော်ကာထန်းရည်လာသောက်ခြင်း ဖြစ်သည်။ သည်လိုပဲမကြာခဏလာသောက်လေ့ရှိသည်။ ပုံစံက ငွေကြေးချမ်းသာပုံရသည်။ မြစ်အတွင်း ခုတ်မောင်းနေသော သင်္ဘောနှစ်စင်းပိုင်သည်ဟု သိုးသိုးသဲ့သဲ့ကြားဖူး သည်။ သူလည်း ပုလဲလို လှပသည့်မိန်းကလေးကို နောက်ပိုး ပိုးနေသူများထဲတွင် တစ်ဦးပါဝင်ကောင်း ပါဝင်ပေလိမ့်မည်။ နာမည်က ကျောက်ခဲဆိုလား။
ကြည့်စမ်း- ကိုသက်ဝေ ဝင်လာတော့ ထွီ၊ခနဲတံတွေးထွေးသံကြားလိုက် သည်။ ရွာကျော်ကာ ရွာခံကို စော်ကားရဲသူသည် နှယ်နှယ်ရရတော့ မဟုတ်ပေ။ ကျောက်ခဲက တံတွေးထွေးလိုက်တော့ ပါလာသောအဖော်က တိုးတိုးတိတ်တိတ် တားမြစ်လိုက်ဟန်ရှိသည်။ ဘာပဲဖြစ်ဖြစ် ကိုသက်အတွက်အန္တရာယ်များလှပေ
သည်။
ကိုသက်ဝေ ခုံလွတ်တွင် ဝင်ထိုင်သည်။ မြေပဲဆားလှော်အနည်းငယ်ကို ယူကာ တစ်စေ့၊ နှစ်စေ့ စားလိုက်သည်။ စပါးဈေးကိစ္စတွေ ဆက်၍ ပြောဖြစ်သည်။ ကိုသက်ဝေကစပါးရောင်းလို၍ ထွန်းအုံကို ပြောပြနေခြင်းဖြစ်သည်။
ထွန်းအုံကပန်းကန်လုံးထဲမှအရက်လက်ကျန်ကိုသောက်ကာနောက်တစ်
ခွက် ထပ်ငှဲ့ထည့်သည်။ သည်မှာက ထန်းရည်ရော အရက်ပါရသည်။ တောအရက်၊ ချက်အရက်၊ မီးတောက်အရက်ဖြစ်သည်။ မမူးပါ။ မပူနှင့် ၊ ထွန်းအုံက အရက်တစ်ငုံ ထပ်သောက်လိုက်သည်။ တစ်ရွာသားကိုလှမ်းကြည့်လိုက်တော့ ရေချိန်ကိုက်နေ
ဆဲ၊
ပတ်ဝန်းကျင်သည်မှောင်စပြုလာပြီ။ ရွာပြင်တွင်ခြံသွင်းလာသောနွားအော် သံတွေကိုတဘူးဘူးတဘဲဘဲ ကြားနေရသည်။ ထွန်းအုံသည် တစ်ပုလင်းကုန်လျှင်

တော်ပြီဟု ဆုံးဖြတ်ကာ နောက်ဆုံးလက်ကျန်ကို ပန်းကန်လုံးထဲထည့်ပြီးလျှင် ပန်းကန်ထဲမှ လယ်ကြွက်ကြော်တစ်ဖွဲ့ကို ကောက်ဝါးလိုက်စဉ်လူရိပ်တစ်ခု သူတို့ ဝိုင်းသို့ ကျရောက်လာသည်။ ကိုသက်ဝေရောထွန်းအုံပါ စွေကြည့်လိုက်သည်။ အလင်းပြယ်လုလုအောက်မှအဆီပြန်မျက်နှာတစ်ခု…။
တစ်ရွာသားကျောက်ခဲ …။ သူ့နောက်မှာ သူ့အဖော်၊ အဖော်က ကျောက်ခဲ လက်တစ်ဖက်ကို ဆွဲထားသည်။ ကျောက်ခဲရောအဖော်ပါ အမူးလွန်နေပုံရသည်။ ကျောက်ခဲသည် နှစ်ယောက်ထဲမှအတော်မူ၊နေသည်။ အဖော်ဖြစ်သူကတော့မူးပုံ မရသေး။အဖော်သဘောမျိုးလိုက်ပါလာဟန်ရှိသည်။ ရန်ဖြစ်လိုဟန်မရှိ။ “ဟေ့-ဟေ့ကောင်”
ကျောက်ခဲဆီမှလျှာလေးအာလေးအသံ..
ကိုသက်ဝေ ပခုံးကို ပုတ်ကာမေးလိုက်ခြင်း ဖြစ်သည်။ ကိုသက်ဝေသည် မော့၍ကြည့်လိုက်သေးသည်။ကိုသက်ဝေပျံနေသည်။ရန်လိုဟန်မရှိ။ ဘာမှတော့
မပြော။
“မင်းလားကွ – သက်ဝေ၊ ပုလဲရည်းစားဆိုတာ”
“ဟေ့ကောင် – မူးရင်ပြန်တော့ကွ၊ မင်းက သူများရွာလည်း လာသောက် သေးတယ်။ ရွာခံကိုစော်စော်ကားကားနဲ့။ ဟေ့ကောင် – မင်းကောင်ကိုခေါ်သွား” အဖော်ကရန်လိုဟန်မပြပေ။ ထွန်းအုံကို တောင်းပန်ဟန်ဖြင့် ကြည့်သည်။ “ကျွန်တော် တောင်းပန်ပါတယ်။ ကိုကျောက်ခဲ၊လာ- ပြန်မယ်။ ကျုပ် ဒီလောက်တာ၊နေရက်သားနဲ့ ထိုင်နေတာ မဟုတ်ဘူးဗျာ”
ကွ
“ဟေ့ကောင်-မြသိန်း၊ မင်း ငြိမ်ငြိမ်နေစမ်းကွာ။ ငါ ပုလဲကို ကြိုက်နေတာ
ထိုအခါထွန်းအုံသည် မနေသာတော့ပဲ..
“မင်းကြိုက်ရင်ရအောင်ပိုးပေါ့ကွာ။သူများကိုအသားလွတ်မတ်ကားနဲ့လေ
ကွာ
အသာအယာဝင်ပြောသည်။ ကိုသက်ဝေက ဘာမှမပြောဖို့ လက်ကာပြ သည်။ ကိုသက်ဝေသည်အချင်းများလိုစိတ် လုံးဝမရှိပေ။ တင်းမာလာသောအခြေ အနေသည် သူ့ကြောင့် မဟုတ်လား။
“ဒါပေမဲ့… ငါမကျေနပ်ဘူးဟေ့ကောင်။ ပုလဲကိုငါရအောင်ယူမှာကွ။ ငါ့မိဘ ကိုတင်တောင်းခိုင်းမယ်၊သင်္ဘောဘယ်နှစ်၊တင်တောင်းရမှာလဲ။လယ်ဘယ်နှကဇ
တင်တောင်းရမှာလဲ၊ ပြော…
ကိုသက်ဝေသည် နည်းနည်းတော့ မကျေမချမ်း ဖြစ်သွားသည်၊ စော်ကား
လှချေကလာ။
“အဲဒါဆိုလည်း သူ့မိဘကိုသွားပြောပေါ့ဗျာ။ပုလဲကငွေမက်တဲ့မိန်းကလေး လာ။ ဥစ္စာမက်တဲ့ မိန်းကလေးလား။ ခင်ဗျား သိမှာပေါ့”
ရှိတယ်”
သူ့အသံကဟိန်းထွက်လာပြန်သည်။
“ဟေ့ကောင်- စိတ်ချ၊ တင်တောင်းမယ်။ ကျောက်ခဲကွ၊ တစ်ခဲတည်း
အဆီပြန်နေသောကျောက်ခဲ၏မျက်နှာကြီးသည်အရုပ်ဆိုးလှစွာတွန့်ခေါက်
သွားသည်။နီရဲပြူးကျယ်နေသောမျက်လုံးကြီးနှစ်လုံးကကြွေအံ့ဆဲဆဲ ခရမ်းချဉ်သီး
နှစ်လုံးနှင့်တစ်စတစ်စ တူလာသည်။
ကျောက်ခဲသည် ထွီခနဲ တစ်ချက်တံတွေးထွေးလိုက်သည်။ အရက်ဆိုင် ကလေးသည် ညနေ နေဝင်စအချိန်တွင် စကားပြောသံ၊ ဆူညံသံများ ရုတ်တရက် ပြတ်တောက်သွားကာအားလုံး၏မျက်လုံးများကကိုသက်ဝေတို့ဆီ စုပြုံရောက်လာ ကြပြီး ဝိုင်းထဲတွင်ထိုင်နေကြသူများမှာရွာခံများဖြစ်ကြသည်။ သူတို့သည် မိမိတို့ရွာ သားကို ရွာကျော်ကာလာရောက်စော်ကား စိန်ခေါ်နေသူအားအကဲခတ်ကြည့်ရှုနေ ကြခြင်းသာ ဖြစ်သည်။ ဘယ်သူမှ သိက္ခာအကျခံကာ စော်ကားလာသည်ကိုလက် ပိုက်ကြည့်နေလိမ့်မည် မဟုတ်ပေ။
ကျောက်ခဲသည် ပစ္စည်းမာန်၊ ဆွေမျိုးမာန်မြင့် မျက်နှာပြင်တစ်ခုလုံးအထိ ပြောင်လာလေပြီ။ ကိုသက်ဝေရှေ့တွင် ညနေရီ နေဝင်ရီတရောအချိန်တွင် ဖုတ်ဝင် နေသောအလောင်းကောင်ကြီးလို ယိမ်းထိုးနေကာ သူ၏ ခန္ဓာကိုယ်မှာ အရက်နံ့ ချွေးနံ့နှင့်မွှန်နေသည်၊
အခြေအနေကတဖြည်းဖြည်းတင်းမာလာသည်။အရက်ဝိုင်းသည် သုသာန် တစပြင်ကဲ့သို့ ရုတ်ခြည်း ငြိမ်သက်သွားသည်။ ကျောက်ခဲသည် အရက်ခိုးမျက်လုံး များနှင့်တစ်ဝိုင်းလုံးကိုခြုံကြည့်ကာ..
“ခွေး-ခွေးမသားတွေ”
ကျောက်ခဲနှုတ်မှ ပလုံးပထွေးထွက်လာသည်။ ကိုသက်ဝေ တစ်ယောက် တည်းကိုသာ မဟုတ်၊ ထိုင်နေသူအားလုံးကို စော်ကားဆဲရေးလိုက်ခြင်းပင် ဖြစ်
သည်။
“ဟေ့ကောင်-တစ်ယောက်တည်းကိုပြော”
အခြားစားပွဲဝိုင်းဆီမှ ဒေါသတကြီးလှမ်းအော်လိုက်သံဖြစ်သည်။ သည်မှာတင် လှုပ်ရှားမှုများက ရှုပ်ရှက်ခတ်သွားလေသည်။ ထွန်းအုံ၏ လက်တစ်ဖက်ကမြှောက်တက်သွားကာကျောက်ခဲ၏ ပါးတစ်ဖက်ကို မိမိရရထိမှန်
သွားသည်။
“စော်ကားလှချည်လား-တစ်ရွာသားရဲ့”
“ခွပ်”
“ဝုန်း”
“အား”
“အမလေး”
“ဟ – ဟ – ရန်ဖြစ်ကုန်ပြီ”
ရုတ်ခြည်းမှာပင်အခြေအနေက ပြောင်းလဲသွားသည်။ ကျောက်ခဲအနားသို့
အရိပ်ဖြူတွေ၊အရိပ်မည်းတွေ စုပြုံသွားသည်။
“စော်ကားဦးကွာ”
“ခွပ်”
“ခွပ်”
“အား”
ကျောက်ခဲသည်ခါးကြားမှဓားကိုဆွဲထုတ်လိုက်၏၊လက်ခနဲဖြစ်သွားသည်။
ကိုသက်ဝေကိုထိုးရန်လက်ကိုရွယ်လိုက်သည်။ သို့သော်နောက်ကျသွားသည်။ဓား ရှည်တစ်လက်က လူကြားထဲမှ မြွေဟောက်တစ်ကောင်လို ရုတ်တရက် ထွက်လာ
သည်။
“ဒုတ်”
“အား-အမလေး”
ကျောက်ခဲ၏ ဓားမြှောင်ကိုင်ထားသောလက်အခြေအနေပျက်သွားသည်။ ကိုသက်ဝေဆီသို့ရောက်မည့် ဓားမြှောင်ကိုင်လက်သည် ဟန်ချက်ပျက်သွားသည် သာမကကိုင်ထားသောဓားမြှောင်လွင့်စဉ်ထွက်သွားသည်။ သို့သော်ကျောက်ခဲ၏ လက်သည် မိမိရရထိသွားသော ဓားရှည်မှတ်ချက်ဖြင့် ပြတ်လပြတ်တဲဖြစ်ကာ တွဲ လောင်းကြီးဖြစ်ကျန်သွားသည်။အရေပြားကြီးပြတ်ထွက်မသွားဘဲတွဲလောင်းကြီး
ဖြစ်နေသည်။ သွေးတွေကငေါက်ခနဲငေါက်ခနဲ ပန်းထွက်လာ၏။
“ဟာ
“လက်ပြတ်သွားပြီ”
ရုန်းရင်းဆန်ခတ်သံတွေ ထွက်ပေါ်လာသည်။ လူတွေနှင့် ရှုပ်ထွေးသွား သည်။ကိုသက်ဝေဓားရှည်ကိုင်ထားသူကိုကြည့်လိုက်တော့ထွန်းအုံ၊ထွန်းအုံသည် ဓားရှည်ကို ကိုင်ထားသည်။ ကျောက် ခဲ၏ လက်ကို သူ ခုတ်ချလိုက်ခြင်း ဖြစ်သည်။ လျှပ်တစ်ပြက်မျှဝရုန်းသုန်းကား မည်သူမျှမမြင်လိုက်၊ ကျောက်ခဲပင် ဘယ်သူ ခုတ် လိုက်မှန်း သိမည်မဟုတ်၊
ကျောက်ခဲသည် မြေပြင်ပေါ်တွင်လူးလှိမ့်အော်ဟစ်နေခဲ့သည်။ သူ့အဖော် သည်လက်သီးချက်၊ကန်ချက်များအောက်တွင်မရှုမလှခံရကာသတိလစ်ကာလဲကျ
နေသည်။
နောက်မိနစ်အနည်းငယ်ခန့်ကြာသော် ကျေးရွာလူကြီးများ၊ ရွာရဲကင်းမှ
ရဲများရောက်လာကာ ကျောက်ခဲနှင့် သူ့အဖော် မြသိန်းကို ဆေးရုံသို့ ပို့ဆောင်ရန် လှေပြင်ဆင်ရသည်။ ကျောက်ခဲလက်ကို မည်သူ ဓားနှင့် ခုတ်သနည်းဟူသော ပြဿနာပေါ်လာသည်။တရားခံပျောက်နေလေပြီ။
စင်စစ်ထွန်းအုံဓားချက်ကြောင့်ကိုသက်ဝေအသက်ရှည်ခဲ့ရခြင်းပင်မဟုတ်
လော၊ ထွန်းအုံသည် သူငယ်ချင်းကောင်းပီသစွာ ဝင်ရောက်ရှင်းလင်းလိုက်၍ ကိုသက်ဝေ သက်သာသွားခြင်းပင်၊ ထွန်းအုံကို ကျေးဇူးတင်ရမည်။
ရဲစစ်ချက်တွင် ကျောက်ခဲကို သူဓားနှင့်ခုတ်တာပါဟုကိုသက်ဝေက ဖြောင့်
ချက်ပေးသည်။ဝန်ခံသည်။လူတွေရှုပ်ထွေးနေ၍ဘယ်သူ့လက်ချက်မှန်းကျောက်ခဲ
ပင်မသိချေ။
သည်လိုနှင့်ကိုသက်ဝေသည်ဓာ။ခုတ်မှုဖြင့်တစ်နစ်ကျော်ကျော်ထောင်ကျ
သွားသည်။ ပုလဲကလည်း ကိုသက်ဝေအပေါ်သစ္စာရှိသည်။ ထောင်ကထွက်လာ တော့ကိုသက်ဝေကို လက်ထပ်သည်၊ သစ္စာမဖောက်ပေ။ သစ္စာရှိသော မိန်းမဟု ဆိုနိုင်သည်။

ပုလဲနှင့်လက်ထပ်ပြီးတော့လည်းကိုသက်ဝေသည် ကျန်းမာရေးမကောင်း
လှပေ။ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်သည်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ။ ငယ်ငယ် ရွယ်ရွယ်နဲ့ရောဂါတွေတစ်ကိုယ်လုံးပြည့်နေသည်ဟုဆိုရပေမည်။
သည်လိုနှင့်အိမ်ထောင်သက် သုံးနှစ်ခန့်ကြာသောအခါ သားကလေးတစ် ယောက် ရလာသည်။ ပုလဲသည် ကျန်းမာရေးမကောင်းလှသောလင်သားနှင့်အတူ လယ်ယာလုပ်ငန်။ ဥယျာဉ်ခြံမြေအလုပ်ကို အလုပ်သမားများနှင့်အတူ ကြိုးစား၍ လုပ်ကိုင်သည်။ မယားကောင်းပီသစွာ ကျင့်သုံးနေထိုင်သည်။ ကိုသက်ဝေသည် ရွာထဲတွင် အနေနည်းပြီး လေကောင်းလေသန့် ပိုရသောရွာပြင်ရှိလယ်စောင့်ခြံ တွင်သာအနေများလာသည်၊
သားကလေးတစ်နှစ်ကျော်ကျော်ရောက်လာသည်။
ထိုအချိန်တွင်တစ်ဖက်ရွာမှကိုသက်ဝေနှင့် ရန်ဘက်ဖြစ်ခဲ့သည့်ကျောက်ခဲ တစ်ယောက်သေဆုံးသည်ဟုသတင်းကြားရသည်။အရက်ဖြတ်၍ သာသနာ့ဘောင် သို့လည်းဝင်သည်ဟုကြားရသည်။ဘိုးသူတော်ဝတ်သည်ဟုလည်းကြားရပြန်သည်။ ဘာပဲဖြစ်ဖြစ် ကျောက်ခဲကွယ်လွန်သည်ကတော့သေချာသည်။
ပုလဲသည် ရှည်လျားသောအတွေးစကိုဖြတ်လိုက်သည်။ သိမ့်ခနဲ တစ်ချက်
ရှိုက်လိုက်၏။
ညသည် တစ်စတစ်စနက်ရှိုင်းထူထပ်လာသည်။
ပြင်းထန်လှသော နှင်းအပ်များက သူမ၏ ငိုထား၍ အစ်ပို့နေသော မျက်လုံး နှင့် တစ်ကိုယ်လုံးကို ကုတ်ခြစ်ထိုးဆွနေသည်။ ဓားထက်ထက်ဖြင့် မွှန်းနေသလို နာကျင်ခံစားနေရသည်။

လယ်ကွင်းကိုဖြတ်ကာတဟူးဟူးတိုက်ခတ်လျက်ရှိသောလေသည်လယ်
တဲ၏ တံစက်မြိတ်ဓနိရွက်တွေကိုတဖျပ်ဖျပ်ခါယမ်းနေစေလေသည်။ ထရံကြားမှ တိုးဝင်လာသော လေစိမ်းတွေက မညှာမတာ တိုးတိုက်နေသည်။
ပုလဲသည် ဘုရားကျောင်းဆောင်အောက်တွင်ထိုင်ကာ မြတ်စွာဘုရားရှင် အားတိုင်တည်ကာဆုမွန်တွေ တောင်းနေမိသည်။
“အရှင်ဘုရား- တပည့်တော်မကိုမနက်မိုးလင်းတဲ့အထိ ဘေးအန္တရာယ်မရှိ
ကယ်မတော်မူပါ ဘုရား”
သူမသည်ဖျာကြမ်းပေါ်တွင်ထိုင်ရင်းယောင်ယမ်းကာဦးဘယ်နကြိမ်ချမှန်း
ပင်မသိတော့၊ ဆောင်းလေကြမ်၊၏ မညှာမတာ ပရမ်းပတာ တိုက်ခတ်မှုကြောင့် ခြံတွင်းရှိ သစ်ပင်သစ်ရွက်များသည် ညယံတွင် ကျယ်လောင်စွာ မြည်ကြွေးနေပုံမှာ
ဝိညာဉ်တွေညာသံပေးကာဝိုင်းဝန်းညီညာအော်ဟစ်နေဘိသကဲ့သို့ရှိသည်။လည်

ချောင်းထဲတွင် ကြီးမားသောအရာဝတ္ထုကြီး ဆို့နင့်နေသကဲ့သို့ရှိပြီး ဆောင်းလေနှင့် ဆန့်ကျင်ဘက် သူမ ရင်ထဲမှာတော့ အပူလှိုင်းတွေကြမ်းတမ်းစွာပေါက်ကွဲခုန်ရွနေ ကြလေသည်။
သူမ၏နက်မှောင်ရှည်လျားသော ဆံပင်ထူထူအုပ်အုပ်တွေကြားမှလည်း ကောင်း၊ နဖူးပြင်ထက်မှလည်းကောင်း ချွေးစေးတွေယိုဆင်းရွေ့လျားနေကြပေပြီ။
သူမသည်
အခန်းထဲသို့ထိတ်လန့်ကြေကွဲစွာလှမ်းကြည့်လိုက်မိသည်။
အခန်းထဲတွင် လောလောလတ်လတ် သေဆုံးနေသော အလောင်းတစ် လောင်း ရှိသည်။ ရုပ်အလောင်း၏မျက်စိများသည် ပွင့်နေကာ အပေါ်ဘက်သို့စိုက် ငေးကြည့်နေသည်။
ပုလဲသည်တသိမ့်သိမ့်ရှိုက်ငိုနေရာမှဘုရားကျောင်းဆောင်အောက်စားပွဲပု
ကလေးတွင် တင်ထားသည့် စားပွဲတင်နာရီအိုကလေးကိုလှမ်းကြည့်လိုက်သည်။ ည ၁၁ နာရီထိုးရန် ၁ဝ မိနစ်အလို နာရီကလေးသည် တချက်ချက်မြည်
လျက်..
သားငယ်သည် စားပွဲဝိုင်းကလေးနှင့် မနီးမဝေးတွင် နှစ်ခြိုက်စွာ အိပ်ပျော် နေဆဲ။လောကကြီးတွင်ဘာတွေဖြစ်ပျက်နေသည်ကို မသိကျိုးကျွံပြုသည့်အလား အပြစ်ကင်းစင်စွာအိပ်ပျော်နေခြင်းဖြစ်ပေသည်။
စောစောပိုင်း ၁၀ နာရီခွဲကျော်ကျော်ကပင် ချစ်ခင်မြတ်နိုးရသောလင် ယောက်ျားဖြစ်သူ ကိုသက်ဝေသည် အသက်ဇီဝပြတ်ကာ သာယာစွာကွယ်လွန် သွားပေပြီ။သူမ၏လက်ပေါ်တွင်ငြိမ်သက်အေးချမ်းစွာလောကကြီးကိုလည်းကောင်း၊ ချစ်သောဇနီးနှင့် သားကလေးကိုလည်းကောင်း နှုတ်မဆက်ဘဲ ထွက်ခွာသွားလေ
ပြီ။
ထောင်ကထွက်လာကတည်းကကျန်းမာရေးချို့ယွင်းစပြုနေသောကိုသက်
ဝေသည် ယောက်ျားကောင်းပီသစွာ အလုပ်တွေ လုပ်နေသေးသည်။ မခိုမကတ် ဆောင်ရွက်နေသေးသည်။ ကျန်းမာရေးမကောင်းသဖြင့်လုပ်ငန်းမတွင်ကျယ် ပြင်းထန်ဆိုးဝါးလှသော နှလုံးရောဂါကို ခံစားရပြီး မကွယ်လွန်မီ တစ်လခန့် အလိုတွင်ပုလဲအားကြေကွဲဖွယ်ထူးဆန်းသောစကားကိုဆိုခဲ့ပေသည်။
“ပုလဲ-ကိုယ်မရှိတော့တဲ့အခါကျရင်တစ်ယောက်တည်းတွေဝေဆွေးမြည့်
မနေပါနဲ့နော်။ ပျော်အောင် ကြိုးစားနေပါ။ နောက်အိမ်ထောင်ပြုပါ” ပုလဲသည် တသိမ့်သိမ့်ရှိုက်ငိုလေပြီ။ စကားလုံးတွေက သူမ၏ ဦးခေါင်းကို မညှာမတာ ဆုပ်ညှစ်ထားသည်ဟု ခံစားမိသည်။
“အို-အစ်ကိုဘာတွေလျှောက်ပြောနေတာလဲ။အစ်ကိုမသေစေရဘူး။ ပုလဲ အစ်ကိုရောဂါကိုကုပေးမယ်။ စည်းစိမ်ပြုတ်ချင်ပြုတ်သွားပလေ့စေ ကိုသက်ဝေသည်ပြုံးယဲ့ယဲ့ဖြင့်ငြိမ်သက်နေမိသည်။ကိုယ့်အကြောင်းကိုယ်
ပဲ သိလိမ့်မည်။ ပုလဲသည် ကြေကွဲစရာတွေ မေ့မရနိုင်ဘဲ မျက်စိကို မှိတ်ထားလိုက်
သည်။
ထို့နောက် တဲအပြင်ဘက်ဆီသို့ ငေးကြည့်နေမိသည်။ ပိန်းပိတ်သော အမှောင်ထုသည် မညှာမတာဇီပိုးထားဆဲပင်။ ထိုစဉ်…
တစီစီမြည်နေသော ပိုးပုရစ်ကလေးများ၏အသံသည် ရုတ်တရက် ဆွံ့အ သခွားသလိုဟိုးခပ်ဝေးဝေးလယ်ကွင်းစပ်နှင့် တောအုပ်ကြားရှိအဆက်မပြတ်တွန် နေသော မြွေဆိုးတစ်ကောင်၏တွန်သံပြတ်ပြတ်ပင် ရုတ်တရက် ရပ်တန့်သွား
သည်။
ပုလဲသည်ရှိုက်ငိုနေရာမှပြောင်းလဲသွားသောပတ်ဝန်းကျင်အခြေအနေကို
ရိပ်စားမိသွားသည်။အမှောင်ထဲသို့ အထိတ်တလန့်လှမ်းကြည့်လိုက်မိသည်။တိတ် ဆိတ်ခြင်းသည် ကြောက်မက်ဖွယ်အဆင်းသဏ္ဌာန်ဆီသို့ရောက်ရှိရန်လက်ရှိအခြေ အနေသည်အက်ရှသကဲ့သို့ဖြစ်လာသည်။တစ်ကမ္ဘာလုံးမှာသူမတစ်ယောက်တည်း
အမှောင်ထုအောက်တွင်အထီးကျန်သကဲ့သို့ ခံစားလိုက်မိသည်။ ထိုစဉ်ကြိုက်ခိုက်

ခြေသံတစ်သံ…
ပေါ့ဖွဖွခြေသံတစ်သံ..
ရင်ထဲမှာဒိန်းခနဲဆောင့်တက်သွားသည်။ ခြေသံသည်တဲနှင့်တဖြည်းဖြည်း
နီးကပ်လာသည်။ကိုသက်ဝေ ဝိညာဉ်လေလား…။
“အစ်ကို” အစ်ကို”
ယောင်ယမ်း၍ အော်ဟစ်လိုက်မိသည်၊ သူမ အသံသည် တဲအပြင်ဘက် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ အသံသည် ဆောင်းလေထုထဲ တွင် အေးခဲသွားပြီလား….
တဖျပ်ဖျပ် ခြေသံသည် တဲအဝတွင် ရုတ်တရက် ရပ်တန့်သွားသည်၊ သူမ အထိတ်တလန့်ဖြင့် လှမ်းကြည့်လိုက်သည်။ ခြေသံသည် တဖြည်းဖြည်း ထင်ရှား လာကာ မြင်ကွင်းထဲ ဝင်လာသည်။
လူတစ်ယောက်….
သူမမြင်ကွင်းထဲသို့ ရုတ်တရက်ဝင်ရောက်လာခဲ့သည့် လူတစ်ယောက်၏ အသွင်သဏ္ဌာန်ကြောင့် တစ်ကိုယ်လုံးရှိသွေးလည်ပတ်မှုများ ရပ်တန့်အေးခဲသွား သည့်ပမာဖြစ်သွားသည်။ပြူးကျယ်သွားသောမျက်ဝန်းအစုံသည်မျက်တောင်ခတ် ရန်ပင်ရုတ်တရက်မေ့လျော့သွားခြင်းဖြစ်ရာအံ့ဩလွန်းသောကြောင့်အသံမထွက်
နိုင်တော့။အသံတွေကလည်ချောင်းဝတွင် စုပြုံတိုးဝှေ့နေသည်။
သူမအလန့်တကြားကြည့်နေဆဲမှာပင် သဏ္ဌာန်သည် စတင်လှုပ်ရှားလာ လေသည်၊ ဦးခေါင်းပြောင်ပြောင်အပေါ်အောက်ဝတ်စုံအဖြူကိုဝတ်ဆင်ထားသော ဖိုးသူတော်ကြီးသည် ခြေတစ်လှမ်း၊ နှစ်လှမ်းမျှတိုးရွေ့ရင်း တံစက်မြိတ်ထိတရွေ့ရွေ့ ကပ်လာသည်။ဖိုးသူတော်ကြီးသည်ဝိုင်းစက်သောမျက်နှာဝိုင်းဝိုင်းကြီးဖြင့်တစ်ချက်
ပြုံးလိုက်သည်ကိုအလင်းမှုန်မှုန်အောက်တွင် တွေ့လိုက်ရသည်။
မတော်”
“အင်း – ဖိုးသူတော်ကြီးပဲ၊ ဘယ်က ကြွလာပါလိမ့်၊ ဒီအချိန်ကြီးကျမှ အချိန်
သူမအဖို့ သည်လိုလင်ယောက်ျား သေဆုံးသည့် ကြေကွဲဖွယ်ရာညတစ်ည မှာအထီးကျန်ခံစားနေရချိန်တွင်ရုတ်တရက်ရောက်လာသောဖိုးသူတော်ကြီးတစ်ပါး
ကြောင့်အဖော်အဖြစ်စိတ်သက်သာရာရသွားသည်ဟု ဆိုနိုင်သည်။ သို့သော်အလုံး စုံတော့ စိတ်ချယုံကြည်မှု မဖြစ်နိုင်သေး။
အခါမဲ့အချိန်မတော် ညကာလ သန်းခေါင်ယံတွင် ဦးခေါင်းပြောင်ပြောင်၊ အသားမည်းမည်းနှင့် ဖိုးသူတော်ကြီးသည် မည်သည့်အရပ်ဒေသမှကြွရောက်လာ လေသနည်း။ ဤအချက်ကလည်း ထူးဆန်းလှသည်။ ပုလဲအနေနှင့် တစ်ယောက် တည်းအထီးကျန်စိတ်၊ သောကရောက်ရှိနေချိန်တွင်မိုးပေါ်ကကျလာသကဲ့သို့ထူး ဆန်းစွာရောက်ရှိလာသည့် ဖိုးသူတော်ကြီးကိုအားကိုးကြည်ညိုစိတ်ဖြစ်မိသည်။
ဖိုးသူတော်ကြီးသည် တံစက်မြိတ်အောက်သို့ ခေါင်းငုံ့ဝင်လာသည်။ တဲပေါ် သို့ ရုတ်တရက် မတက်သေးဘဲ ဖိနပ်ချွတ်မှာ ရပ်တန့်နေလေသည်။ အသားညိုညို၊ မျက်နှာပြဲပြဲကြီးနှင့် ဖိုးသူတော်ကြီးသည် ပုလဲကိုခပ်တွေတွေ စိုက်ကြည့်သည်။
ပုလဲ ရုတ်တရက် လန့်ဖျပ်သွားသည်။ အကြည့်သည် တစ်မျိုးဟု ခံစားရ၏။ ရင်ထဲမှာလန့်ဖျပ်သွားမိသည်။ ဘယ်လို ဖိုးသူတော်ကြီးပါလိမ့်။ မည်သည့်အသုံ၊ အဆောင်ပစ္စည်း၊ ဝန်စည်စလယ်မျှလည်းမပါ၊ ပုလဲမြင်ဖူးနေသည့် ဖိုးသူတော်ဆို တာထမ်းပိုးဖြင့် တောင်၊နှစ်တောင်း ရှေ့နောက်ထမ်းပိုးထားသောဦးခေါင်းပြောင်
ပြောင်၊ ဝတ်ရုံလွှာဖြူဖြူ၊ဇရာမစိပ်ပုတီးကြီးကိုလည်ပင်းမှာချိတ်ဆွဲထားသည့်ပုဂ္ဂိုလ် ကြီးမျိုးဖြစ်သည်။ယခုဖိုးသူတော်ကြီးကမည်သည့်ပစ္စည်းမျှမပါသည်ကဆန်းသည်။
ထို့အတူညအမှောင်မည်းမည်း သန်းခေါင်ယံညမှာရုတ်တရက်ရောက်လာသည်က ပို၍ထူးဆန်းနေသည်။
ပုလဲ၏အာရုံသည် ရုတ်တရက် ဝေဝါးသွားပြန်သည်။ ပုလဲတို့ရွာသည် သုံး ပန်လှရွာဖြစ်သည်။ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိပြီးအခြားရွာစဉ်ရွာတန်းတွေလည်း များပြားလှ၏။ ညောင်ကျတ်၊ ရွက်လှ၊ဆိတ်ကြီး၊ တည်ပင် စသည် စသည်ဖြင့်ရွာတွေ ရှိသည်။ ပတ်ဝန်းကျင်ရွာများ ဖြစ်ကြသည်။ ဖိုးသူတော်ကြီးသည် အဆိုပါရွာတွေမှ ဖြစ်နိုင်သည်။ ခရီးလွန်ကာ ပုလဲရှိရာတဲဆီသို့ ရောက်လာခြင်းဖြစ်နိုင်သည်။ ဘာပဲ ဖြစ်ဖြစ်၊ ပုလဲအဖို့အဖော်ရသည်။ သန်းခေါင်ယံညမှ ရုတ်တရက် ကွယ်လွန်သွားရှာ သည် လင်သား၏ ရုပ်အလောင်။ လူမမည်ကလေးတစ်ယောက်နှင့် အကူအညီ ကင်းမဲ့နေရာအားကိုးအားထားဖြစ်နိုင်သည် မဟုတ်ပါလား။
ပုလဲသည် ဖိုးသူတော်ကြီးကိုအားကိုးတကြီး ငေးကြောင်ကြည့်လိုက်မိ သည်။ပြူးကျယ်သောဖိုးသူတော်ကြီး၏မျက်ဝန်းများနှင့် ရင်ဆိုင်မိသွားသည်။ ရုတ် တရက် ရင်ထဲမှာ ဒိန်းခနဲဖြစ်ကာတုန်ယင်သွားမိသည်။ သို့သော် စိတ်ကို တည်ငြိမ် အောင်ပြန်ထားလိုက်သည်။
“ဒကာမကြီး-အရေးကိစ္စတစ်ခုခုတော့ဖြစ်နေပြီထင်တယ်” ဖိုးသူတော်ကြီးသည်ရှေ့သို့တစ်လှမ်းတိုးလာသည်။ရုတ်တရက်ဆောင်းလေ
ကြမ်းကဝေ့ခနဲ တိုက်ခတ်လိုက်သေးသည်။
“ဟုတ်ကဲ့ပါ… ဖိုးသူတော်ကြီးရှင့်၊ကျွန်မရဲ့ခင်ပွန်းသည်စောစောပိုင်းကလေး ကမှပဲ ရောဂါနှင့် ကွယ်လွန်သွားတာပါ။ မိုးကလည်း ချုပ်နေတော့ ရွာထဲသွားပြီး
ဆွေမျိုးတွေကိုခေါ်ဖို့ ခက်ခဲနေလို့ပါရှင့်၊ဖိုးသူတော်ကြီးအိမ်ပေါ်ကြွပါ။ နားနားနေနေ
နေပါ
ဖိုးသူတော်ကြီးသည် တွေ့၍စိုက်ကြည့်နေသည်။ ထို့နောက် အိမ်ပေါ်သို့ တက်လာလေသည်။ပုလဲသည် ခေါင်းရင်းတွင်လိပ်ထားသောဖျာတစ်ချပ်ကိုယူကာ
ခင်းသည်၊
“ဒီမှာထိုင်ပါ။ နေဦး- ကျွန်မရေနွေးဖြည့်လိုက်ဦးမယ်။ ဓာတ်ဘူးထဲမှရေနွေး ရှိသေးတယ်။ထိုင်ပါ-ထိုင်ပါ- နားနားနေနေပေါ်
ဖိုးသူတော်ကြီးသည် ဖျာကြမ်းပေါ်တွင် ထိုင်လိုက်ပြီး တဲအတွင်းကို ဟိုဟို သည်သည် မျက်လုံးဝေ့ဝိုက်ကြည့်သည်။ထို့နောက်ဘာမပြောညာမပြောနှင့်ဆတ် ခနဲထကာတဲအတွင်းခန်းသို့ဝင်သွားသည်။အခန်းထဲတွင်ဖိုးသူတော်ကြီး၏တီးတိုး
သံတွေထွက်ပေါ်လာသည်။
ပုလဲသည် မျက်မှောင်တစ်ချက်ကြုတ်ကာလှမ်းကြည့်သည်။ ဘယ်လိုဖိုးသူ တော်ကြီးပါလိမ့်။ ရဲတင်းလိုက်တာ။ အော်-ကိုသက်ဝေကိုသွားကြည့်တာထင်ပါရဲ့။ ထို့နောက်ဝတ်ဖြူအပေါ်ရုံကိုလွှားခနဲပြုကာအပြင်သို့ထွက်လာသည်။
ဖိုးသူတော်ကြီးသည် မျက်နှာဝိုင်းဝိုင်းကြီးကို တဆတ်ဆတ်ညိတ်လိုက်၏။ ထိုစဉ်ခေါင်းရင်းတွင်ထွန်းငြိထားသောမီးခွက်ကအရောင်တဖြည်းဖြည်းမှိန်လာ၏။ ရေနံဆီကုန်လှပေပြီ။ မီးစာထိပ်တွင် မှိုင်းသီးတွေ ပြွတ်သိးထနေသည်။
ပုလဲသည်တံခါးရွက်ကြားမှရေနံဆီပုလင်းကိုထုတ်ကာမီးခွက်တွင် ဆီဖြည့်
သည်။ ထို့နောက် အခန်းဝတွင် ရပ်နေသော ဖိုးသူတော်ကြီးကို ကြည့်လိုက်တော့ မရှိတော့ပေ။တဲအောက်သို့ရောက်နေသည်။ ပုလဲ ရုတ်တရက် တွေဝေသွားသည်။
အံ့ဩစရာပင်။
“သူတော်ကြီး- တဲအောက်ကို ဘယ်လိုရောက်သွားပါလိမ့်။မြန်လိုက်တာ”
ဖိုးသူတော်ကြီးသည်ခါးထောက်ကာကျောပေးလျက်ဖြင့်အမှောင်ထုထဲသို့ စိုက်ကြည့်ကာစကားတွေတတွတ်တွတ်ရွတ်နေသည်။တရားစာလော၊တစ်ယောက်
တည်း စကားတွေပြောနေခြင်းလော၊ ဘာတွေ ရွတ်နေသည်မသိ၊
ပုလဲသည် စားပွဲတင်နာရီကလေးကိုလှမ်းကြည့်မိလိုက်သည်။ ည၁ဝနာရီခွဲပေပြီ။ အမှောင်ထုသည် သိပ်သည်။ထူပိန်းလှသည်။ အပြင်ဘက်တွင် လေသည် မြွေဆိုးတွန်သံကဲ့သို့တရွှီရွှီမြည်ကာတိုက်ခတ်
နေမြဲ၊သစ်ရွက်သစ်ခက်များ၏ပွတ်တိုက်သံ၊တရှဲရှဲမြည်ကြွေးသံကိုကျယ်လောင်စွာ
ကြားနေရသည်။ ပုလဲသည် ရင်ထဲမှာပူလောင်နောက်ကျိစွာ တွေးနေမိသည်၊ တဲအတွင်းခန်းထဲမှာအလောင်းတစ်လောင်း၊ အမည်မသိတစ်စိမ်းတစ်ရံ ဖိုးသူတော်ကြီးတစ်ပါး။ ပြီးတော့ နှစ်ခြိုက်စွာအိပ်ပျော်နေသည့် သားငယ်ကလေး။ သူမသည် သက်ပြင်းတစ်ချက်ကို လေးပင်စွာချလိုက်သည်။ မိုးရယ်၊မြန်မြန်လင်းပါတော့၊
သူမ၏လည်တိုင်ကြားဆီမှချွေးများသည်ဆောင်းလေအောက်မှာပင်တစ်၈ တစ်စယိုဆင်းရွေ့လျားနေကြလေပြီ။အေးမြသောဆောင်းလေကသူမ၏တစ်ကိုယ် လုံးကိုအပ်ဖျားတွေနှင့်ထိုးဆွသလိုပွတ်တိုက်ရွေ့လျားနေသော်လည်းအသိတရာ၊ ခန္ဓာကိုယ်နှင့် ခံစားမှုများကတသီးတခြားစီ၊ အေးမြမှုကို ခံစားရမှန်းမသိ။ နာကျင်မှု သည် ခန္ဓာကိုယ်တစ်ခုလုံးကို အမြစ်တွယ်နေလေသည်။ ပကတိ ပိန်းပိတ်အောင် မှောင်သည့် အမှောင်ထုထဲတွင် နစ်မြုပ်နေရခြင်းသည်ပင် တစ်ကမ္ဘာလုံ။ တစ် လောကလုံးတွင်မိမိတစ်ယောက်တည်းအဖော်မဲ့၊အဝိုင်းအဝန်းမဲ့အထီးကျန်သကဲ့သို့
ခံစားနေရသည်။
လေသည်တရွှီရွှီမြည်ကာတိုက်ခတ်နေဆဲ…။
ကလေးငယ်သည်အပြစ်ကင်းစွာအိပ်ပျော်နေဆဲပင်ဖြစ်သည်။
ဖိုးသူတော်ကြီးသည်တဲကိုကျောပေးရပ်ကာဂါထာတွေရွတ်ဖတ်သရဇ္ဈာယ်
နေရာမှတဲဘက်သို့ မျက်နှာမူလိုက်သည်။ ပုလဲကို စိုက်ကြည့်နေသည်။
ပုလဲသည်ဖိုးသူတော်ကြီးကိုမျက်မှောင်ကြုတ်ကာစိုက်ကြည့်လိုက်မိသည်။
ဖိုးသူတော်ကြီး၏ မျက်နှာပြင်သည် တစ်မျိုးတစ်မည် ပြောင်းလဲသွားသည်ဟု ခံစား လိုက်သည်။ မျက်နှာပြင်ကြီးသည် အဆီပြန်လာကာ တင်းပြောင်ဖောင်းကားလာ
သည်ထင်သည်။မီးရဲရဲတွင်ကင်ထားသည့်ဝက်ခေါက်ကင်ကြီးလိုအဆီတွေယိုစိမ့် ထွက်ကာတင်၊ပြောင်ပွယောင်းလာသည်ထင်သည်။ဒါမှမဟုတ်၊ငရဲမီးပူဖောင်းလို တဖြည်းဖြည်းဖောင်းကားလာသည် ထင်သည်။ ထို့နောက် ခြေမနီးပါးရှိ ဧရာမသွား
ကြီးများကို ဟစ်ဟလိုက်ကာ…
ပေါ့”
“ဒကာမကြီး- တော်တော်အေးစိမ့်လာပြီဗျ၊ မီးဖိုမှဖြစ်မယ် ထင်တယ်” ပုလဲသည် ခေါင်းတစ်ချက်ညိတ်ရင်း…
“ဖိုးသူတော်ကြီး သဘောပဲ၊ ကောင်းပါတယ် -အချမ်းသက်သာသွားတာ
ဖိုးသူတော်သည်အဖြူရောင်ထည်ကြီးဖြင့်လွှားခနဲနေအောင်ရွေ့လျားလိုက်
ပြီးလျှင် တဲပတ်ဝန်းကျင် သစ်တိုသစ်စ၊ သစ်ကိုင်းခြောက်များကို လျင်မြန်စွာလိုက် ကောက်ကာမီးဖိုလေသည်။ ခါးကြားမှကြေးဝါးမီးခြစ်ကြီးကိုထုတ်ကာတရှီးရှီးပြည် အောင်ဖြစ်တော့သည်။
ပုလဲသည် ဝေဒနာကို ခေတ္တမေ့ကာ…
“ဘာပဲဖြစ်ဖြစ် ဖိုးသူတော်ကြီးက ဒီညအဖို့တော့ အဖော်ရကောင်းပါရဲ့၊ သူ့ အတွက်စားစရာတစ်ခုခု စီစဉ်ပေးမှဖြစ်မယ်”
မီးဖိုဆောင်သို့ ဝင်၊ တစ်ခုခုစားစရာစီစဉ်ရသည်။ ငါးခြောက်၊ အာလူ။ ဘဲဥ တွေအများအပြားရှိသည်။ဟင်းရန်တစ်ခွက်ချက်ပြုတ်ပေးမှုမနက်မိုးလင်းလျှင်လည်း
အရုဏ်ဆွမ်းကိစ္စပြီးစီးနိုင်သည်။ ကိုယ့်ဘက်မှတာဝန်ကျေဖို့တော့လိုမည်။
ပုလဲသည် နောက်ဘေးဘက်သို့ဝင်ကာ ဟင်းချက်ရန် ပြင်ဆင်မိပြန်သည်။ ညနေက အဆင်သင့်ပြင်ဆင်ထားသော မီးဖိုတွင် မီးမွှေးမီးပျိုးကာအပြင်ဘက်သို့ ပြန်ထွက်လာသည်။ထိုစဉ်ဖိုးသူတော်ကြီးသည် မီးပုံရှေ့တွင်ဆောင့်ကြောင့်ထိုင်ကာ သစ်ကိုင်းခြောက်များကိုတစ်ခုပြီးတစ်ခုထိုးထည့်နေသည်။ နှုတ်မှလည်း ဘာတွေ
ရွတ်ပွားနေသည်ကိုမသဲကွဲ။ တဖျစ်ဖျစ်အသံမြည်နေသည်။
မီးပုံမှမီးလျှံတွေတောက်လောင်လာသည်။ တရှိန်ရှိန်တက်လာလေပြီ။
စားပွဲကလေးပေါ်မှနာရီကညတစ်ဆယ့်တစ်နာရီကိုပြနေပေပြီ။
မြောက်ပြန်
လေသည် တစ်စတစ်စပြင်းထန်လာလေပြီကော။ တဲရှေ့ဖိုးသူတော်ကြီး၏ မီးပုံမှ
မီးလျှံမီးစွယ်များသည်တဟူးဟူးတဟုန်းဟုန်းမြည်ကာပြင်းထန်စွာတောက်လောင် မီးခိုးမီးညွန့်ဝါဝါများသည်တလူးလူးတလွန့်လွန့်ဖြင့်အပေါ်သို့တက်လျက်
လျက်ရှိ၏။
ရှိရာ ညအမှောင်ထုအောက်တွင် ရောင်စုံတောကြက်ဖများ မြူးပျံကခုန်နေသကဲ့သို့ ထင်မှတ်ရသည်။ တဖျစ်ဖျစ်မြည်နေသော ထင်းခြောက်များကို မီးစွဲလောင်သံက
သံစဉ်မညီညာသောတေးတစ်ပုဒ်ကိုအရူးမတစ်ယောက်ကကပေါက်တိကပေါက်ချာ
ညည်းတွားနေသကဲ့သို့ထင်မှတ်နေရပြန်သေးသည်။တဲရှေ့ရှိ ကွမ်းသီးပင်နှင့်အုန်း
ပင်ကြီးများသည်ကင်းစောင့်တစ္ဆေကြီးတွေလိုတန်းစီးဝေးငြိမ်နေကြကာတဲအတွင်း
ကို စိုက်ကြည့်နေကြသည်။
ကာ
ဖိုးသူတော်ကြီးသည်မီးထိုးနေရာမှရပ်တန့်လိုက်ကာ…
“ဒကာမကြီ၊”
“ဟုတ်ကဲ့-ဖိုးသူတော်ကြီး”
“ဒကာမကြီး မီးဖိုထဲမှာဘာတွေလုပ်နေတာတုံး” “ဖိုးသူတော်ကြီးအတွက် စားဖို့သောက်ဖို့ စီစဉ်နေတာပါ” ထိုအခါအဆီပြောင်ဝင်းနေသော မျက်နှာပြဲကြီးကို ခပ်သွက်သွက် ယမ်းခါ
“အို- မဟုတ်တာပဲ၊ ဘာမှချက်ပြုတ်မနေနဲ့တော့။ ကျုပ်က နေရောင်မလာ ခင် ဒီက ပြန်မှာ။ ခု လမ်းကြုံလို့ဝင်လာတာ၊ ကျွန်ုပ်အတွက် မစီမံနဲ့၊ ကျုပ်မှာ စားဖို့ သောက်ဖို့ရှိနေပြီ။ကျုပ်အတွက်ဒုက္ခမများနဲ့”
“ဟုတ်လာ။”
“ဟုတ်တယ်၊ ဒကာမကြီး – စားဖို့တွေ စီစဉ်ထားပြီးပြီ”
ပုလဲသည် ဇဝေဇဝါဖြစ်သွားပြန်လေသည်။ သူမဖိုးသူတော်ကြီးကို စတင် တွေ့ဆုံကတည်းက မည်သည့်ဝန်စည်စလယ်မှ မပါဝင်ပေ။ လက်ချည်းသက်သက်
သာရုတ်တရက်တွေ့လိုက်ရခြင်းပင်။ခု- ဖိုးသူတော်ကြီးက စားသောက်စရာမစိရင် ခိုင်းပဲ စားစရာတွေ့ထားပြီဟု ဆိုနေပြန်ပြီကော။ ခြံထဲမှာ သီးနှံတွေကပေါသည်။ မာလကာ၊အုန်း၊ ငှက်ပျောတစ်ခုခုဖြစ်နိုင်သည်။
ပုလဲသည် ဘာမှပြန်မပြောတော့ဘဲ ငြိမ်သက်နေလိုက်သည်။ ပုလဲသည် တစ်စုံတစ်ခုပြန်ပြောရန်ပြင်ဆင်လိုက်စဉ်မှာပင်…
“အော်- ဒါထက် ဒကာမကြီး”
“ပြောပါရှင်- ဖိုးသူတော်ကြီး”
“ဒီလိုဗျ – ခင်ဗျားယောက်ျားရုပ်အလောင်းကြီးကအိမ်ထဲမှာဆိုတော့ မနက် ကျရင် အလောင်းပြင်ဆင်တော့ တဲအပြင်ထုတ်ရမှာပဲ။ ကျုပ်ရှိတုန်း အောက်ကို ချပေးမယ်၊ အောက်မှာကွပ်ပျစ်ရှိတယ်။ ချပေးလိုက်မယ်။ဒါမှတဲပေါ်မှာကျယ်ကျယ် ဝန်းဝန်းဖြစ်သွားမယ်။ မနက်ကျတော့ဧည့်သည်တွေကလာကြဦးမှာမဟုတ်လာ။ တဲအပေါ်မှာ ဒကာမကြီးနဲ့ကလေးကျယ်ကျယ်ဝန်းဝန်းနေရတာပေါ့”
“ဟုတ်ကဲ့-ကျွန်မတော့ခေါင်းမီးတောက်နေလို့ဘာလုပ်ရမှန်းတောင်မသိ
တော့ပါဘူး-ဦးသူတော်ကြီးရယ်၊ကူညီတာကျေးဇူးတင်ပါတယ်။လုပ်ပါ – လုပ်ပါရှင့်၊
ကြည့်ကောင်းသလိုသာဆောင်ရွက်ပါတော့”
“ဟီး”
ဖိုးသူတော်ကြီးသည် ဟီးခနဲတစ်ချက်ရယ်ချလိုက်သည်။ ပုလဲသည် ဖျပ်ခနဲ လန့်ဖျပ်သွားသည်။ ဖိုးသူတော်ကြီးသည်ရယ်မောရင်းဦးခေါင်းပြောင်ကြီးကိုတဆတ် ဆတ်ညိတ်နေပြန်သေးတော့သည်။
“ဟီး- စိတ်ချ – ကူညီမယ်။ ရေဆုံးမြေဆုံး ကူညီမယ်။ ဟီ-ဟီ-ဟီ” ဖိုးသူတော်ကြီးသည် တဟီးဟီးရယ်မောရင်း တဲပေါ်သို့ ရွေ့ခနဲတက်လာ သည်။ ပုလဲသည် အနည်းငယ်တွေဝေသွားသည်။ ဘယ်လိုလဲ – ရဲတင်းလှချေ
ကလာ။
“ဘယ်လိုဖိုးသူတော်ကြီးလဲ- စိတ်မှနှံ့ပါရဲ့လား”
ဖိုးသူတော်ကြီးသည်တဲအတွင်းခန်းထဲသို့ စွေ့ခနဲ ဝင်သွားသည်၊ “ကြည့်စမ်း-မြန်လိုက်တာ၊ လှစ်ခနဲ-လှစ်ခနဲပဲ”
ပုလဲသည် အထိတ်တလန့်ဖြစ်ကာ ငေးကြောင်ကြည့်နေမိသည်။ သို့သော် ထရံကြားမှဖိုးသူတော်ကြီးသည် ရုတ်တရက်အခန်းအပြင်သို့ထွက်လာသည်။ကိုင်း ခုတ်ဓားကို ကြည့်ထားမိသည်။
“ဟင်
ပုလဲတစ်ကိုယ်လုံး အဖျားဝင်သွားသလို တဆတ်ဆတ်တုန်ခါသွားသည်။ ဖိုးသူတော်ကြီး၏ လက်ထဲတွင် ကိုသက်ဝေ၏ ရုပ်အလောင်းသည် အရုပ်ကလေး တစ်ရုပ်လိုရွေ့ခနဲပါလာခြင်းပေတကား။အလောင်းကိုဘယ်ဘက်လက်ဖြင့်ပွေ့ချီကာ
ခါးစောင်းတင်ကာအသာအယာပွေ့ယူလာခြင်းဖြစ်ပေသည်။

ဖိုးသူတော်ကြီးသည်အလောင်းကိုအသာအယာပင်ပွေ့ထားလျက်ကတဟီး
ဟီး ရယ်ကာ တဲအောက်သို့ ဖျပ်ခနဲခုန်ဆင်းကာအလောင်းကို ကွပ်ပျစ်ပေါ်သို့ ပစ်ချ
လိုက်သည်။
“ဝုန်း”
ဘုရား – ဘုရား
ပုလဲသည် ကွပ်ပျစ်ပေါ်သို့ အညှာအတာကင်းမဲ့စွာ ပစ်ချခံလိုက်ရသော ကိုသက်ဝေ၏ရုပ်အလောင်းကိုကြည့်ကာနှလုံးသွေးရပ်တန့်သွားသလိုလိုအသက်
ရှူအင်္ဂါ ရပ်တန့်တုန့်ဆိုင်းသွားသလိုလို မွန်းကြပ်ဆို့နင့်သွားမိသည်။
ချပါရှင့်”
“ဦးသူတော်ကြီးရဲ့-ကျွန်မယောက်ျားအလောင်းကို ဖြည်းဖြည်းသက်သာ
ဖိုးသူတော်ကြီးသည် တဲအပေါ်သို့ တစ်ချက်မော့ကြည့်သည်။ ဟီးခနဲ တစ်
ချက်ရယ်ကာ…
“သေနေပြီပဲဟာ”
“သေတာကတော့သေတာပဲပေါ့ရှင်။ ညှာညှာတာတာလုပ်ပါ
ဖိုးသူတော်ကြီးသည်ကွပ်ပျစ်ပေါ်တွင်ပိုးလိုးပက်လက်ခွေခေါက်ကျနေသော
ရုပ်အလောင်းကို ခြေထောက်မှဆွဲကာဆန့်ထုတ်လိုက်ပြန်သည်။ ကြမ်းကြမ်းတမ်း
တမ်းပင်၊
“ခက်တာပဲ၊ ပြောလို့လည်း မရပါလာ။” “ဟီး-ဟီး-ဟီး- တစ်လုတ်စာတောင်မရှိဘူး”
“ရှင်”
“ဟီး- ဟီး- ဟီ၊တစ်လုတ်စာတောင် မရှိဘူးလို့ပြောလိုက်တာလေ” နာရီပိုင်းကမှ သေဆုံး၍ အသက်ရှူအင်္ဂါများ ပျက်စီးရပ်ဆိုင်းနေသောရုပ် အလောင်းသည် အမှိုက်ပုံတွင်စွန့်ပစ်ခံရသည့် အဝတ်စုတ်တစ်ခုလို ပျော့ခွေလျက် ရှိသည်။ ဖိုးသူတော်ကြီးသည်ကိုသက်ဝေ၏ရုပ်အလောင်းကိုကွပ်ပျစ်ပေါ်တွင်စန့်စန့်
ပြန့်ပြန့်ရှိအောင်ပြုပြင်စီမံပြီးသောအခါ…
“ကဲ-ဒကာမကြီ။ အိပ်တော့ – အိပ်တော့။ ကျုပ် အလောင်းနားမှာနေပြီး ဟောဒီတစ်ညလုံး စောင့်ရှောက်ပေးမယ်။ စိတ်ချအိပ်- ကျုပ်က နေမထွက်ခင် ဒီက ပြန်မှာ၊ တစ်ညလုံး မအိပ်ဘဲနဲ့ စောင့်ရှောက်ပေးပြီး ဂါထာတွေရွတ်ပေးနေမှာ”
ပုလဲသည်ကြောက်လန့်တကြား ငေးကြောင့်ကြည့်နေရင်းယောင်အအဖြစ် သွားကာ ပြန်ပြောရမည့်စကာလုံးတွေ ရှာမရဘဲ ရင်ထဲမှာ တစ်ဆို့နေသည်။ ဖိုးသူ တော်ကြီးသည်ဧကန်စင်စစ်လူမှဟုတ်ရဲ့လား။တဖြည်းဖြည်းသံသယဝင်လာသည်။
ကြောက်ရွံ့လာသည်။
ကွပ်ပျစ်အနီးရှိ မီးပုံဆီမှ မီးညွန့်ဝါဝါများကလည်း တဟုန်းဟုန်းတောက် လောင်နေဆဲဖြစ်ကာ ချမ်းအေးလှသောဆောင်းလေကို အသာအယာပင် အန်တု လျက်ရှိသည်။ ဖိုးသူတော်ကြီးကိုကြည့်ရသည်မှာသူမအဖို့မောမောပန်းပန်းဖြင့်သာ
အိပ်ပျော်ကျသွားမည်ဆိုပါမူကြက်ကလေးတစ်ကောင်ကို အလွယ်တကူ ခုန်အုပ် ကိုက်မျိုသွေးစုပ်တော့မည့် ချောင်းမြောင်းနေသည့် ကြောင်အိုကြီးနှင့် သဏ္ဌာန်တူ လာလေသည်၊
ပုလဲသည် နဖူးထက် ဆံပင်ကြားမှ ချွေးညစ်ညစ်တွေယိုဆင်းကျလာသည် အထိကြောက်ရွံ့လာသည်။ကျားကိုက်မှာကိုစိုးရိမ်၍ရှင်ညိုကိုအားကိုးလေမှရှင်ညို
ကကျားထက် ဆိုးဝါးသည့်အဖြစ်ပါတကား။
သည်ကြားထဲဆောင်းလေရိုင်းများကလည်းတဲ၏လေးဖက်လေးတန်ထရံ၊ ဓနိအပေါက်များကြားမှရေခဲအပ်များဖြင့်ပစ်စိုက်နေသည့်ပမာနှိပ်စက်ညှဉ်းပန်းနေ
ကြပြန်လေပြီ။ ပုလဲသည် အအေးဒဏ်ကို မခံစားနိုင်ဘဲ ရင်ထဲမှာ မီးစွယ်မီးလျှံတွေ တဖျစ်ဖျစ်မြည်လျက်ရှိသည်၊
ည ၁၁နာရီကျော်ပေပြီ။
ပုလဲသည်ခြင်ထောင်ထဲမှငြိမ်သက်တိတ်ဆိတ်ရင်းအိပ်ပျော်အောင်မအိပ်
ဝံ့ပေ။ ဘယ်လိုမှလည်း အိပ်မပျော်နိုင်တော့ပြီ၊
အပြင်ဘက်တွင်ဆောင်းလေနှင့်အတူ မီးပုံကလည်းတဟုန်းဟုန်းတောက်
လောင်နေဆဲပင်ဖြစ်သည်။ဖိုးသူတော်ကြီးဆီမှချိုးချိုးချွတ်ချွတ်အသံတွေကိုအတိုင်း သားပင် ကြားနေရသည်။ ရုတ်တရက် ဆောင်းလေတစ်ချက်က ခပ်ပြင်းပြင်းတိုက် ခတ်လိုက်၏။ခြင်ထောင်ပင် သိမ့်ခနဲလှုပ်ခါယမ်းသွားသည်
ပုလဲသည်ခန္ဓာကိုယ်ကိုအသံမကြားရလေအောင်စောင်းငဲ့ပြီးခြင်ထောင်စ
တစ်ဖက်ကို လှပ်၍ အပြင်ဘက်သို့ကြည့်လိုက်သည်။ထိုအချိန်တွင်ဖိုးသူတော်ကြီး သည် မတ်တတ်ရပ်လျက်ကပင်အပေါ်ရုံအဖြူခြုံထည်ကို လွှားခနဲနေအောင်ဖြန့်ပဲ လိုက်လေသည်။
“ဟင်”
ပုလဲသည် ရုတ်တရက် လန့်ဖျပ်သွားသည်။ သူမ၏ခန္ဓာတစ်ကိုယ်လုံးဆီသို့ သံသယနှင့်အတူ အကြောက်တရားသည် နွေးရှိန်းရွာ စီးပျော်သွားလေသည်။ သူ မမြင်တွေ့လိုက်ရသည့်အရာက ဖိုးသူတော်ကြီး၏ တံတောင်ဆစ်နေရာမှ ပြတ်နေ
သောညာဘက်လက်ပြတ်ကြီးဖြစ်နေသောကြောင့်တည်း။
လက်ပြတ်ကြီးနှင့်ဖိုးသူတော်၊ ဖိုးသူတော်နှင့်လက်ပြတ်ကြီး၊ ဖိုးသူတော်ကြီး
သည် ဘယ်သူလဲ၊ ဘာကြောင့် လက်တစ်ဖက်ပြတ်နေရတာလဲ။ လက်ပြတ်နှင့် ဖိုးသူတော်ကြီးသည်အဘယ်ကြောင့်ဤနေရာကိုရုတ်တရက်ရောက်လာရတာလဲ။
ရုတ်တရက် ရောက်လာပုံကလည်း ဆန်းကြယ်ထူးဆန်းလှသည်။ မိုးပေါ်မှကျလာ သကဲ့သို့ထင်မှတ်ရသည်။
သူမသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ကိုသက်ဝေ၊ထွန်းအုံတို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် တစ်ဖက်ရွာသား ကျောက်ခဲကို အမှတ်ရသွားမိသည်။ ရန်ပွဲ တွင်ကျောက်ခဲလက်တစ်ဖက်ပြတ်သွားရာ ခုတ်သူမှာ ကိုသက်ဝေ၏ သူငယ်ချင်း ထွန်းအုံဖြစ်သည်။ သို့သော် ကို သက်ဝေက မိမိအသက်ကို ကယ်သူဖြစ်သည့် အလျောက် ဓားစာခံလုပ်ကာ သူ ခုတ်ပါသည် ဝန်ခံလိုက်သဖြင့် ထောင်ဒဏ် တစ် နှစ်ကျော်ကျော်ကျသွားသည်။ သို့သော်ကိုသက်ဝေထောင်မှလွတ်လာပြီး မကြာမီ မှာပင် ကျောက်ခဲ သေဆုံးသည့်သတင်းပါထပ်မံကြားလိုက်ရသည်။
စင်စစ် ပုလဲသည် ကျောက်ခဲကို မသိချေ။ နာမည်သာ ကြားဖူးခဲ့သည်။ ကိုသက်ဝေနှင့်အမှုဖြစ်မှသာကျောက်ခဲဟူသည့် နာမည်ကို ကြားဖူးခြင်းဖြစ်သည်။ သို့သော်ကျောက်ခဲဟူသည် ဆန်ကုန်မြေလေးအရက်သမားကား သေဆုံးသွားလေ ပြီ။ လူ့လောကကြီးတွင် မရှိတော့သည်မှာသေချာသည်။
ယခု လက်တစ်ဖက် တံတောင်ဆစ်ရင်းမှ ပြတ်နေသည့် မျက်နှာ ဖောသွပ် သွပ်အဆီပြန်လူကောင်ထွားထွား ဖိုးသူတော်ကြီးကား မည်သူနည်း..။
“ဟင်း-ဟင်း-ဟင်း-ဟင်း”
ဖိုးသူတော်ကြီးထံမှညည်းညူသံကြီးကလေမုန်တိုင်းကျသလိုရိုက်ခတ်တုန်
ဟည်းနေသည်။
“ဒကာမကြီးအိပ်ပြီလား”
အလိုဘုရားရေ…
တိတ်ဆိတ်နေသောညဉ့်ယံတွင်ကြောက်မက်တုန်ဟည်းဖွယ်ရာအသံကြီး
သည် တဲကလေးတစ်လုံးအခြေမှ ကျွတ်ထွက်သွားမည်ကဲ့သို့ လှိုင်းထသွားလေ သည်။ ပုလဲ၏ တစ်ကိုယ်လုံး ကြောက်လန့်စိတ်ဖြင့် အေးစက်စိမ့်ရှသွားသည်။ ပြန်
လည်၍
မထူးဝံ့တော့ဘဲအသက်ကိုပင်အောင့်ရှူကာရင်ဘတ်ကိုလက်တစ်ဖက်ဖြင့်
ဖိနှိပ်ထားမိသည်။
သမ္ဗုဒ္ဓေကိုရုတ်တရက်ယောင်ယမ်းကာရွတ်ဆိုမိလေသည်။
သမ္ဗုဒ္ဓေ-အဋ္ဌဝိသဉ္စ-ဒွါဒသသဉ္စ သဟသကေ ပဉ္စဿတ သဟသာနိ… ဘုရားစာကိုရွတ်ဆိုရင်းမှအထိတ်တလန့်ဖြင့်ရင်ခေါင်းထဲမှာအပူလှိုင်းတွေ
ခက်ထန်စွာ ခုန်ရွနေကြလေသည်။ သူမသည် ဘုရားစာကို ခပ်တိုးတိုးရွတ်ဆိုရင်း မျက်စိကို မှိတ်ထားလိုက်မိသည်။အသက်ရှူဖို့ကိုပင် ခေတ္တမေ့လျော့ထားမိသည်။ ဘုရားတပည့်တော်မကိုကယ်တော်မူပါမြတ်စွာဘုရား..
“ဒကာမကြီး… အိပ်ပြီလား”

ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားပြန်သည်။ ပုလဲသည် ခြင် ထောင်ထဲမှလှမ်းကြည့်လိုက်ရာဖိုးသူတော်ကြီး၏လှုပ်ရှားမှုကို မတွေ့ရတော့ပေ။
ကော”
“ဖိုးသူတော်ကြီး ဘယ်ရောက်သွားပြီလဲ။ကိုသက်ဝေ၏အလောင်းကြီး
သူမသည်အထိတ်တလန့်ဖြစ်နေသည့်ကြားမှပင်ခြင်ထောင်ကိုအသာလှပ်
၍ ကြည့်လိုက်ပြန်သည်။ မြင်လိုက်ရသည့်မြင်ကွင်းကား သည်းအူပြတ်မတတ် တုန် လှုပ်စွာ…
“ဘုရား – ဘုရား- ဘုရား – ကယ်တော်မူပါ” ပုလဲမြင်လိုက်ရသည့်မြင်ကွင်းကား…
ပိတ်ဖြူဝတ်ထားသော ဖိုးသူတော်ကြီး မရှိတော့ဘဲ တစ်ထွာခန့်ရှည်သော အမွေးဖြူကြီးများ ဖုံးလွှမ်းထားသောစပါးပုတ်မျှကြီးမားသည့် ဧရာမပြိတ္တာကြီးတစ် ကောင်သည်ကွပ်ပျစ်ပေါ်တွင် မဆန့်မပြဲကိုယ်လုံးကြီးဖြင့်တုံးလုံးကြီးလှဲ၍အိပ်ပျော်
နေလေသည် တကား။
“ခလီ-ခလို-ခလို့” “ခူး – ခူး – ခူး”
အမွေးဖြူကြီးများ ပိတ်ဖုံးနေသောဧရာမပြိတ္တာကောင်ကြီးသည် ဖျာကြမ်း တစ်ချပ်စာမျှနားရွက်ကြီးတစ်ဖက်ကိုခင်းကာ သူ၏ကိုယ်လုံးကြီးက ဆောင်းလေကို အန်တုလျက်မြုံကာနှစ်ခြိုက်စွာအိပ်ပျော်နေလေသည်။ ဦးခေါင်းကိုမမြင်ရပေ။အိပ် ပျော်နေရာမှ ဟောက်သံကြီးများမှာ နွားသိုးကြီးတစ်ကောင်၏ နာမှုတ်သံနှင့်တူလှ သည်။ကွပ်ပျစ်ပေါ်မှာအိပ်စက်နေပုံမှာဧရာမပုကွက္ခဖားပြုပ်ဘီလူးကြီးလဲပြိုနေတာ
နှင့် သဏ္ဌာန်တူပြန်သေးသည်။
မူပါ”
“အမလေး-ဘုရား- ဘုရား – သူတော်ကောင်း နတ်သိကြားများကယ်တော်
ပုလဲသည် ရုတ်တရက် ယောင်ယမ်းကာ အော်ဟစ်လိုက်မိဖို့ကြိုးစားလိုက် ရာမှ သတိဝင်လာကာ ငြိမ်သက်တိတ်ဆိတ်နေလိုက်မိသည်။
ထိုစဉ်ပြိတ္တာကြီးသည်လှဲအိပ်နေရာမှရုတ်တရက်ထလာကာပုလဲအိပ်နေရာ တဲပေါ်သို့တစ်ချက်လှမ်းကြည့်လိုက်သေးသည်။ထို့နောက်ဇရာမအတ္တဘောကြီးကို
မနိုင့်တနိုင် သယ်ပိုးရင်း ယိုင်ထိုးယိုင်ထိုး ထလာလေသည်။ “ဟင်း- ဟင်း- ဟင်း-တစ်လုတ်စာပဲ ရှိတယ်”
ပြိတ္တာကြီးသည်တဟင်းဟင်းမြည်ကာကိုသက်ဝေအလောင်းကိုရုတ်တရက်
ဆွဲလှန်လိုက်သည်။ထို့နောက် မိုးပြဲဒယ်ကြီးထဲမှဂျုံဖတ်တွေကိုနယ်သလိုအလောင်း
ကို ပွတ်တိုက်နယ်ဖတ်ကာတဖုန်းဖုန်းရိုက်လေသည်၊
“အရိုးများတယ်”
ပုလဲသည် မကြည့်ရဲတော့။ ကိုသက်ဝေအလောင်းကို အမဲဖျက်နေလေပြီ ကော၊ ယခုတော့ ဖိုးသူတော်ကြီးသည် တစ္ဆေပြိတ္တာကြီး တစ်ကောင်ဖြစ်နေလေပြီ ကော။ သည်အချိန်မှာသူမအဖို့ ရတနာမြတ်သုံးပါးကိုသာအားကိုးရာရှိတော့သည်။ ဘုရားမှတစ်ပါး အခြားကိုးကွယ်ရာမရှိတော့ပေ။
“မြတ်စွာဘုရား-ကယ်တော်မူပါ”
ပုလဲသည် ယောင်ယမ်းကာ မျက်စိကို ဖွင့်လိုက်သည်။ “အလိုလေး-ကယ်တော်မူပါ။ကိုသက်ဝေရယ်”
ပြိတ္တာကြီးသည်ဧရာမအတ္တဘောကိုယ်ခန္ဓာကြီးကိုငုံ့ကိုင်းကာအသက်မဲ့ရုပ် ကြွင်းကြီးကို မညှာမတာ ရိုက်ပုတ်နေရာမှ အလောင်း၏ လည်ကုပ်ကို ဆွဲကိုင်ကာ မ.ယူလိုက်သည်။ ထိုအခါအလောင်းကြီးသည် ကျားရဲလက်မှယုန်သူငယ်ကလေး တစ်ကောင်လိုအသာအယာပင် ရွေ့ခနဲပါလာလေသည်။
“ဟင်း- ဟင်း- ဟင်း၊ ငါ့လက်တစ်ဖက်ကို ဖြတ်ပစ်တဲ့ကောင်” သူမမရွံ့မရဲကြည့်နေဆဲမှာပင်ပြိတ္တာကြီးသည် သက်ဝေ၏ ရုပ်ခန္ဓာကြီးကို ကွပ်ပျစ်ပေါ်သို့ ဆောင့်ချလိုက်လေသည်။ကြမ်းတမ်းစွာ ပေါက်ချလိုက်ခြင်း ဖြစ်
သည်။
“ဒုန်း” “ဘုတ်”
အလောင်းကြီးကွပ်ပျစ်ပေါ်သို့ကိုးရို့ကားရားကျသွားသည်နှင့်အလောင်း၏
ညာလက်မောင်းကို ဆွဲယူကာ လိမ်ချိုး၍ဆွဲဖြုတ်လိုက်လေသည်။ လက်ကြီးပြတ် ထွက်သွားသည်။
“ဂျွတ်-ဂျွတ်”
ပုလဲသည် ကြောက်မက်ဖွယ်မြင်ကွင်းကို မကြည့်ရဲတော့။ ပြိတ္တာကြီးသည် သူ၏ လက်ထဲ၌ ပြတ်၍ပါလာသော လက်ပြတ်ကြီးကို မြိန်ရေရှက်ရေကိုက်ဝါးလေ သည်။
“အမလေး- ကယ်တော်မူပါ”
ပြိတ္တာကြီးသည်လက်ဖက်ရည်ပန်းကန်လုံးတစ်မျှပြူးကျယ်သောမျက်လုံး
ကြီးဖြင့်တဲပေါ်သို့ စိုက်ကြည့်ကာ…
“ဟီး-ဟီး-ဟီး- တစ်လုတ်စာတောင်မရှိဘူး-တစ်လုတ်စာတောင် မရှိ
ပုလဲသည် မျက်စိကို မှိတ်ထားလိုက်၏။
“ဒါကြောင့်- ဒင်းက စားဖို့သောက်ဖို့မချက်နဲ့ပြောတာကိုး” ပြိတ္တာကြီးသည်လက်ပြတ်ကြီးကိုတဖြည်းဖြည်းကိုက်ဝါးလေတော့၏။ ပုလဲ
သည်အိပ်ရာမှအသံမကြားရအောင်အသာအယာထကာ နှစ်ခြိုက်စွာအိပ်ပျော်နေ
သောသားကလေးကိုပွေ့ချီသည်။ထို့နောက်တဲနောက်ဘေးသို့ခြေသံမကြားရလေ အောင်ခပ်ဖွဖွနင်းရင်းရွာဘက်သို့စေးပျစ်လေးလံသောအမှောင်ထုကိုတိုးဝင်ဖြတ်
ကာခြေကုန်သုတ်ပြေးလေသည်။အနောက်သို့လုံးဝလှည့်မကြည့်။စိတ်ကဆောင် နေ၍လောမသိ။ ရွာထဲသို့ တန်းတန်းမတ်မတ် ရောက်သွားသည်။ မောရမှန်းမသိပဲ သွေးပျက်မတတ် ပြေးလွှားခဲ့ခြင်းဖြစ်သည်၊
အိမ်ရှေ့ရောက်သည်နှင့်…
“အဖေရေ-သမီးကိုကယ်ပါ၊ပြိတ္တာကြီး-ပြိတ္တာကြီး”
အော်ကာ သတိလစ်လဲကျသွားသည်။ ထိုအခါတစ်အိမ်လုံးလန့်ဖျပ်နိုးလာ ကြလေသည်။ မီးခွက်ထွန်းသူ၊တံခါးဖွင့်သူ၊ရှုပ်ရှက်ခတ်သွား၏။

နံနက်မိုးလင်း၍ ရွာလူကြီးများနှင့် လူငယ်များစုဝေးကာ အခင်းဖြစ်ပွားရာ ရွာပြင်တဲရှိရာသို့ သွားရောက်ကြလေသည်။လယ်တဲသို့ရောက်သောအခါကွပ်ပျစ် ပေါ်တွင်လက်တစ်ဖက်လက်မောင်းရင်းမှပြုတ်ထွက်ကာသေဆုံးနေသောကိုသက် ဝေ၏ရုပ်အလောင်းကိုအထိတ်တလန့်တွေ့လိုက်ရသည်။ထို့နောက်ကောင်းမွန်စွာ
သင်္ဂြိုဟ်လိုက်ကြသည်။

ကိုသက်ဝေရက်လည်နေ့တွင်ရွာဦးကျောင်းဆရာတော်သည်ကိုသက်ဝေနှင့်
တကွ တစ်ဖက်ရွာမှာ ရန်ငြိုးရှိခဲ့ဖူးသည့် ကျောက်ခဲနှင့်တကွအားလုံးသော မကျွတ် မလွတ် ပေတသတ္တဝါ၊ ပရလောကသားအပေါင်းကို ပင့်ဖိတ်ကာ တရား နာယူစေ သည်။ ရှည်လျားစွာ တရားတော်ကို ချီးမြှင့်ဆုံးမတော်မူသည်။ ရန်ကြွင်းရန်စကို သည်ဘဝသည်မှာပင် ဖြတ်ကြဖို့ ချေချွတ်ဆုံးမသည်။
ထို့နောက်အမျှအတန်းပေးဝေသည်။ အားလုံးကြားကြားသမျှ —
အမျှ-အမျှ-အမျှ – ယူတော်မူကြပါကုန်သော်… သာဓု-သာဓု-သာဓု

Zawgyi Version

ျပတၱာရဲ႕ညစာ(စ/ဆုံး)
————————–
တ႐ႊီ႐ႊီျမည္ကာ
ေတာင္ပံ့မဲ့ပ်ံသန္းလာေသာ
လယ္ကြင္းေလသည္ တဲေရွ႕တံစက္ၿမိတ္ရွိ ဓနိ႐ြက္ ေတြကို ဖ်တ္ဖ်တ္ခါလူးေစသည္။ တဲ၏ နံေဘးဝဲယာ တြင္ စိုက္ပ်ိဳးထားေသာ သစ္ပင္ႀကီးမ်ားဆီမွ တရွဲရွဲ ေလတိုးတိုက္ျမည္သံသည္ တစ္ရံမလပ္ေပ။ ဟိုးခပ္ ေဝးေဝးဆီမွ ကမ္းပါးကို စီးခ်က္က်က် ႐ိုက္ေနေသာ လႈိင္းပုတ္သံကိုေၾကာက္မက္ဖြယ္တဝုန္းဝုန္းၾကားေန

ရေသးသည္။ တစီစီျမည္ေႂကြးေနေသာအင္းဆက္တြင္းေအာင္းသတၱဝါကေလး မ်ား၊ပိုးမႊားမ်ား၏ေအာ္သံသာညဥ့္ယံကိုပို၍ေခ်ာက္ခ်ားေစသည္။ခပ္ျပင္းျပင္းတိုက္ ခတ္လိုက္ေသာကြင္းေလသည္ အကာအရံမဲ့ေနေသာတဲထဲသို႔ အလုံးအရင္းႏွင့္ ဝင္လာတတ္ေသးသည္၊
႐ုတ္တရက္ ေအာ္လိုက္ေသာညဥ့္နက္တစ္ေကာင္၏ ေအာ္သံ ….။

ပုလဲ၏ရင္ထဲသို႔ဒိန္းခနဲေဆာင့္ဝင္သြားေသာေသြးေၾကာမႀကီးဆီမွတိုးတိုက္
သြားေသာေသြးခုန္ႏႈန္းသည္ ခႏၶာကိုယ္တစ္ခုလုံး တလွပ္လွပ္ျဖစ္သြားသည္။ “အမေလး”
႐ုတ္တရက္ ေယာင္ယမ္းကာ ေအာ္ဟစ္လိုက္ေသာ သူမအသံမွာလည္ ေခ်ာင္းအတြင္းရွိ အသက္ရႉအဂၤါ ေလႁပြန္ထဲမွာတိခနဲျပတ္ေတာက္သြားကာ ဝမ္း ေခါင္းထဲသို႔ ျပန္လည္ငုပ္လွ်ိဳးေပ်ာက္ကြယ္သြား၏။ တဲေရွ႕မဓမတိုင္၏ေဘးတြင္ ထြန္းထားေသာေရနံဆီမီးခြက္ဆီမွမႈိင္းသီးကပ္ေနေသာမီးၫြန႔္ဝါဝါမ်ားသည္တဖြဲ႕
ႏြဲ႕ယိမ္းထိုးေနေလသည္၊
ပုလဲသည္ သားငယ္ကို လွမ္းၾကည့္လိုက္သည္။ သားငယ္သည္ အပူပင္ ကင္းမဲ့စြာအိပ္ေပ်ာ္ေန၍ေလာကႀကီးတြင္ ေလာေလာလတ္လတ္ျဖစ္ပ်က္ေနသည့္ ေၾကာက္မက္ဖြယ္ဟု ဆိုႏိုင္ေသာ၊ ေၾကကြဲဖြယ္ဟု ဆိုႏိုင္ေလေသာအသည္းပ်က္ ေႂကြမတတ္ ျဖစ္ပ်က္ေနေသာျဖစ္ပ်က္ဆဲျဖစ္သည့္ ျဖစ္ရပ္မ်ားကို ေမ့ေလ်ာ့ေန သည့္အလား။ မသိက်ိဳးကြၽံျပဳေနသည့္အလား။ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနျခင္းပင္။ “အိပ္ပါ- သားေလးရယ္၊ သားေလးဘာမွမသိတာအေကာင္းဆုံးပါပဲ” ပုလဲသည္ ေရနံဆီမီးခြက္ကို သားေလး အိပ္ေပ်ာ္ေနသည့္ ေခါင္းရင္းဘက္ ဖ်ာၾကမ္းႏွင့္ ခပ္ေဝးေဝးဆီသို႔ ေ႐ႊ႕ထားလိုက္သည္။ မီးၫြန႔္ကားတစ္ခ်က္တစ္ခ်က္ ေဆာင့္တိုက္လိုက္ေသာေလေၾကာင့္ယိမ္းႏြဲ႕ခါယမ္းသြားတတ္ေသးသည္။ပုလဲသည္ ဘာလုပ္ရမွန္းမသိေအာင္ ေယာင္နနျဖစ္ေနသည္။ သူမသည္ ထရံသာျခားထား

သည့္အခန္းထဲသို႔ ျပန္ဝင္လိုက္ရမည္လား။ ဒါမွမဟုတ္ သားငယ္နားဆီသို႔ပင္ ဝင္ ေရာက္လွဲအိပ္ရမည္လား။ သို႔ေသာ္ပုလဲ၏အသိအာ႐ုံငါးပါးစလုံးပူပင္ေသာကစိတ္ ျဖင့္ ရႈပ္ေထြးေနာက္က်ိေနျခင္းပင္တည္း။
ညဥ့္ကား ေၾကာက္မက္တုန္လႈပ္ဖြယ္ ဆက္၍ေ႐ြ႕လ်ားေနဆဲ၊ ထူထဲနက္ ေမွာင္ေသာည၊လမိုက္ညျဖစ္ရကား ေလတိုးသံ၊ေျမတြင္းေအာင္းပုရစ္မ်ား၏ေအာ္
သံမွအပ ေခ်ာက္ခ်ားဖြယ္တိတ္ဆိတ္ေနျခင္းပင္တည္း။
“အေဖရွိရင္ ေကာင္းမွာ- အေဖကလည္းဒီရက္ ဒီညမွပဲ ႐ြာထဲ သြားရတယ္ လို႔။ သားေလးနဲ႔ ငါနဲ႔ပဲ။ မိုးရယ္ ျမန္ျမန္ႀကီးလင္းလိုက္ပါေတာ့ေနာ္”
ပုလဲသည္ကေလးတစ္ေယာက္လိုစိတ္ကေယာက္ကယက္ျဖစ္ကာတ႐ြတ္
႐ြတ္ ေရ႐ြတ္ေနေလသည္။ ဘာဆက္လုပ္ရမလဲ၊ သည္အခ်ိန္မွေတာ့ ႐ြာထဲ ျပန္လို႔ မျဖစ္၊ ႐ြာထဲႏွင့္ ကြင္းျပင္သည္ မိုင္ဝက္ခန႔္ ေဝးကြာလွသည္။ ၿပီးေတာ့ ညက ေမွာင္ လြန္းလွသည္။ ေႁမြပါးကင္းပါးရွိသည္။ထူပိန္းနက္ေမွာင္ေသာအေမွာင္ထု…။မေတာ္ တက္နင္းမွျဖင့္ ႏွစ္ေလာင္းၿပိဳင္ ျဖစ္သြားမည္။ သည္လမ္း သည္ခရီးကို ကြၽမ္းက်င္ ေသာ္လည္း သည္တဲမွာပဲ သည္ညေတာ့ေနခ်င္သည္။
“အေဖေရ-အေဖ့ရဲ႕သမီးအျဖစ္ကိုလာၾကည့္လွည့္ပါဦး”
ပုလဲသည္ ႐ုတ္တရက္ ေအာ္ဟစ္လိုက္သည္။ ေအာ္ဟစ္သံသည္ ရႈိက္သံ ျဖင့္ေအာ္ဟစ္လိုက္ရကား ရင္ထဲမွာေပါ့သြားသလိုေတာ့ရွိသည္။ သို႔ေသာ္ရင္ထဲမွာ ေပါ့ပါးသြားေယာင္ဟု ထင္မွတ္ရေသာစိတ္သည္ ႐ုတ္ျခည္းပူေလာင္ေနာက္က်ိ သြားျပန္ေလသည္။
ကေလး
ပုလဲတို႔၏ အိမ္သည္ ႐ြာထဲတြင္ ရွိသည္။ ႐ြာျပင္ ၿခံထဲမွာေတာ့ ယာတီတဲ
။ ရွိသည္။ ရံဖန္ရံခါ ၿခံေစာင့္ရင္း ႐ြာျပင္တဲတြင္ ေနထိုင္ေလ့ရွိသည္။ ႐ြာထဲမွ အိမ္သည္ ၿခံဝိုင္းေတြက ဆက္ေနသည္။ လွမ္းေအာ္၍ ၾကားႏိုင္သည့္ အကြာအေဝး ျဖတ္ေသာ္လည္း ႐ြာျပင္တဲကေလးၿခံေတြေဝးလွသည္။တစ္ၿခံႏွင့္တစ္ၿခံေခၚမၾကား။
ေအာ္မၾကားရေသာၿခံက်ယ္ႀကီးေတြျဖစ္ေလသည္။

ပုလဲ၏မိခင္သည္ ပုလဲဆယ္ႏွစ္သမီးကပင္ကြယ္လြန္သြားရွာၿပီ။ပုလဲသည္
ဖခင္ႏွင့္ေနထိုင္ကာတစ္ဦးတည္းေသာသမီးျဖစ္သည့္အေလ်ာက္ေယာက္်ားေလး တစ္ေယာက္ကဲ့သို႔ လယ္လုပ္ငန္း၊ ၿခံလုပ္ငန္းေတြကို ဦးေဆာင္လုပ္ကိုင္ရသည္။ သို႔ေသာ္ပုလဲ၏႐ုပ္ရည္သြင္ျပင္သည္ၾကမ္းၾကမ္းတမ္းတမ္းမဟုတ္၊ေတာေက်းသူ
ဟုပင္ ထင္မွတ္စရာမရွိေလာက္ေအာင္ပုလဲက လွပေခ်ာေမာသည္။ အသားျဖဴျဖဴ၊
ရွည္လ်ားနက္ေမွာင္ေသာဆံႏြယ္မ်ား၊အရပ္ျမင့္ျမင့္၊မ်က္လုံးမ်က္ခုံးလွပ႐ႊန္းစိုသည္။ ထို႔ေၾကာင့္ပုလဲကိုကာလသားေတြအႀကိဳက္မ်ားသည္ဟုဆိုရေပသည္။ ပိုးပန္းသူ၊ ခ်ဴခ်င္ၾကသူေတြကဒုႏွင့္ေဒးပင္။ တျခား႐ြာေတြကပါသည္။ ထိုမွ် အလွသတင္းက က်ယ္ျပန႔္ခဲ့သည္။
သို႔ေသာ္ပုလဲကေတာ့တစ္႐ြာတည္းသားကိုသက္ေဝကိုေတာ့ သံေယာဇဥ္
ရွိသည္။ ကိုသက္ေဝသည္ ဘြဲ႕ရ ပညာတတ္တစ္ေယာက္ျဖစ္ေသာ္လည္း ၿမိဳ႕ေပၚမွာ မေနပဲ ေတာ႐ြာတြင္ ျပန္လည္အေျခခ်ေနထိုင္ကာ ၿခံလုပ္ငန္း၊ ေရလုပ္ငန္းကိုလုပ္ ကိုင္သည္။ အခ်မ္းသာႀကီးေတာ့မဟုတ္၊ သင့္တင့္ေလ်ာက္ပတ္ေသာဝင္ေငြႏွင့္ ျပည့္စုံသူသာျဖစ္သည္။ ကိုသက္ေဝတြင္ ေမာင္ႏွမငါးေယာက္ရွိရာကိုသက္ေဝက ဒုတိယျဖစ္သည္။ သူ႔အထက္သည္ အစ္မျဖစ္သည္။ သူ႔ေအာက္ကေတာ့ ညီငယ္ တစ္ေယာက္ႏွင့္ညီမငယ္ႏွစ္ေယာက္ျဖစ္ရာမိသားစုတာဝန္သည္ ကိုသက္ေဝပ႐ုံး ေပၚသို႔က်ေရာက္ေနသကဲ့သို႔ရွိသည္။မိသားစုတာဝန္သည္သူ႔တာဝန္ျဖစ္လာသည္။
ညီႏွင့္ညီမမ်ား၏တာဝန္သည္ သူ႔ပခုံးေပၚက်လာသည္။ထို႔ေၾကာင့္ၿမိဳ႕ေပၚတြင္အစိုးရ မင္းမႈထမ္းမလုပ္ေတာ့ဘဲ ႐ြာသို႔ ျပန္လာကာအေျခခ်ျခင္းျဖစ္သည္၊ သည္လိုႏွင့္ပုလဲႏွင့္အေတြ႕မ်ားရင္းႏွီးကြၽမ္းဝင္ကာေမတၱာမွ်ၾကျခင္းျဖစ္ေပ
သည္။ သူႏွင့္ ပုလဲ ေမတၱာမွ်ခဲ့ရျခင္းသည္ ေျဖာင့္ျဖဴးသာယာေသာအခ်စ္ခရီးလမ္း ေတာ့ မဟုတ္ေပ။ ပုလဲႏွင့္ သူ ေမတၱာမွ်ၾကၿပီကို သိရွိၾကသည္ႏွင့္ မနာလိုသူေတြ၊ ရန္ျပဳခ်င္သူေတြက ေပၚလာၾကျပန္သည္။ အခ်ိဳ႕က ပုလဲကို ေရွာင္သြားၾကသည္။ ခ်စ္သူရည္းစားရွိသြားၿပီဆိုေတာ့ တျဖည္းျဖည္း ဆုတ္ခြာသြားၾကျခင္းျဖစ္သည္။

သို႔ေသာ္ပုလဲႏွင့္ကိုသက္ေဝတို႔ၾကည္ျဖဴၾကသည္ကိုမေက်နပ္သူတစ္ဦးက
ရွိေနသည္။ တစ္ေထာင့္တစ္ေနရာက ေပၚလာျခင္းျဖစ္သည္။ထိုသူက တစ္႐ြာသား အျခား႐ြာမွ လယ္ပိုင္၊ကြင္းပိုင္၊ သေဘၤာပိုင္ေသာ သူေဌးသား ေက်ာက္ခဲျဖစ္သည္။ ပုလဲကို ႀကိတ္ပိုးေနသူလည္းျဖစ္၊ ပုလဲရွိရာ ႐ြာသို႔ ရံဖန္ရံခါ ေရာက္လာတတ္ၿပီး ေလွ်ာက္ျပန္သံေပး၊ ေျခေအးဝမ္းေယာင္သူတစ္ဦးဟုလည္း ဆိုႏိုင္သည္။ သို႔ေသာ္ ကိုသက္ေဝလို ႐ိုးသားၿပီး အေသာက္အစားကင္းသူေတာ့ မဟုတ္၊ ထန္းေတာ၊ အရက္ပုန္းဆိုင္မွာ ေပ်ာ္ေမြ႕ေနတတ္သူ ျဖစ္သည္။
ပုလဲတို႔႐ြာသည္ ဆိပ္ကမ္းေကာင္းရွိရာစုန္ခ်ည္ဆန္ခ်ည္ သေဘၤာမ်ား၊ ဝါး ေဖာင္မ်ား ဆိုက္ကပ္ေလ့ရွိသည္။ လူဝင္လူထြက္မ်ားကာ ဥဒဟိုစည္ကားေနေလ့ ရွိသည္။ ပုလဲသည္ ေက်ာက္ခဲကိုတစ္႐ြာသားျဖစ္၍ မရင္းႏွီး၊ကြၽမ္းဝင္ျခင္းလည္းမရွိ၊ ႐ြာထဲသို႔အဝင္အထြက္ရွိၿပီး ပုလဲကိုၿပီတီတီၾကည့္သြားေလ့ရွိေသာလူတစ္ေယာက္ ကို သိပ္အမွတ္မထားမိ၊အရက္ခိုးေဝေနေသာ မ်က္လုံးမ်ားႏွင့္ ႐ုပ္လကၡဏာၾကမ္း တမ္းဟန္ရွိေသာ ေက်ာက္ခဲလိုလူမ်ိဳးကိုဂ႐ုမစိုက္။
တစ္ေန႔တြင္ ႐ြာျပင္ထန္းေတာထဲ၌ ကိုသက္ေဝႏွင့္ ေက်ာက္ခဲတို႔ မ်က္ႏွာ ခ်င္း ဆုံမိေအာင္ အေၾကာင္းတိုက္ဆိုင္လာခဲ့ေလသည္။ တစ္႐ြာသားျဖစ္သည့္ ေက်ာက္ခဲသည္အေပါင္းအသင္းတစ္ဦးႏွင့္ကိုသက္ေဝတို႔႐ြာရွိထန္းေတာေလးရွိရာ သို႔ က်ဴးေက်ာ္လာေရာက္ျခင္းဟု ဆိုႏိုင္သည္။ နယ္ေက်ာ္လာေရာက္ေသာက္စား ျခင္းျဖစ္သည္။
ထန္းရည္ဆိုင္တြင္ကိုသက္ေဝသည္ သူငယ္ခ်င္းျဖစ္သူထြန္းအုံကိုစပါးေဈး
ကိစၥ သိရွိလို၍ထန္းေတာထဲသို႔လာရွာသည္။ထန္းရည္တဲထဲတြင္႐ြာခံေတြကပိုမ်ား သည္ဟု ဆိုႏိုင္သည္။ ေက်ာက္ခဲသည္ ကိုသက္ေဝကို ျမင္လိုက္ရသည္ႏွင့္ ပုလဲ၏ ရည္းစားမွန္း ခ်က္ခ်င္းမွတ္မိသြားသည္၊ မနာလိုစိတ္၊မေစၦရစိတ္က ခ်က္ခ်င္း႐ုန္းႂကြ သြားခဲ့သည္။
မေက်မနပ္ျဖစ္သြားသည္။ထို႔ေၾကာင့္စားပြဲေဘးမွျဖတ္ေလွ်ာက္သြားေသာ
ကိုသက္ေဝကိုတစ္ခ်က္လွမ္းၾကည့္ကာ ေတာက္တစ္ခ်က္က်ယ္ေလာင္စြာေခါက္
လိုက္သည္။

“ေတာက္”
ထန္းရည္ရွိန္ျဖင့္ဝင္းဝင္းေတာက္ေလာင္ေနသည့္ေက်ာက္ခဲ၏ဆံပင္ဘုတ္
သိုက္ ေအာက္မွ မ်က္လုံးအစုက အဝီစိငရဲမီးတာက္ထက္ပင္ လင္းထိန္ေတာက္
ေျပာင္လိမ့္မည္ထင္သည္။
ေက်ာက္ခဲသည္တံေတြးတစ္ခ်က္ ေထြးလိုက္ျပန္သည္။ သူ၏ ညိဳျပာျပာ မ်က္ႏွာမွာလူေသေကာင္မ်က္ႏွာထက္ပင္ ေသြးေရာင္ကင္းမဲ့သြားေလသည္။ ကိုသက္ေဝသည္ ထြီဟူေသာအသံေၾကာင့္ သာမန္မွ်လွည့္ၾကည့္လိုက္မိသည္။ ေက်ာက္ခဲေဘးမွ ထိုင္ေနေသာအေဖာ္၏ ေဆးလိပ္မွ ေဆးလိပ္မီးခိုးေငြ႕မ်ားသည္

ရန္လိုသည့္ မီးလွ်ံမ်ားပမာ တိုးတက္လြင့္ပ်ံသြားၾကၿပီ။ သို႔ေသာ္ အေဖာ္ထံမွတိုးသဲ့ ေသာအသံထြက္ေပၚလာေသးသည္။
ကြာ”
“ေဟ့ေကာင္-အသားလြတ္ေတာ့ ရန္သြားမစနဲ႔၊ သူ႔႐ြာကြ၊ ေအးေအးေန
“ဘာျဖစ္လဲကြ၊ ရန္စေတာ့ဒီေကာင္ကဘာေကာင္မို႔လို႔လဲ”
အေဖာ္၏တားျမစ္ခ်က္က သူ႔ကိုေဒါသအိုးေပါက္ကြဲရန္ဆြေပးလိုက္သကဲ့ သို႔ ရွိသည္။ ကိုသက္ေဝသည္ ေက်ာက္ခဲႏွင့္ မရင္းႏွီးေသာ္လည္း မ်က္မွန္းတန္းမိ သလိုေတာ့ရွိသည္။တစ္႐ြာျခားက႐ြာသားမွန္းသိသည္။ သူ႔ကို ရန္လိုဟန္အၾကည့္
မ်ားျဖင့္မေက်မနပ္လိုက္ၾကည့္ေနသည္ကိုလည္းသိသည္။ဘာေၾကာင့္ရန္လိုၾကည့္
ျဖင့္ ၾကည့္သည္ကိုသာ မသိပဲရွိေပမည္။
ကိုသက္ေဝသည္ ထြန္းအုံ ထန္းရည္ေသာက္ေနေသာ စားပြဲရွိရာသို႔ တန္း တန္းမတ္မတ္ေလွ်ာက္လာသည္၊ထို႔ေနာက္ထြန္းအုံႏွင့္စပါးေဈး၊ သားငါးေဈးေတြ
ေစ့ငွစြာ ေမးျမန္းသည္။
“သက္ေဝအျမည္းစားကြာ၊ ႂကြက္ေၾကာ္၊ ငါးရွဥ့္က်ပ္တိုက္၊လက္ဖက္သုပ္ ရွိတယ္။ စားခ်င္တာစား၊ မင္းက အရက္မေသာက္တတ္၊ ထန္းရည္မေသာက္တတ္ ေတာ့ငါကဧည့္ခံရခက္တယ္ကြ၊ ငါအရက္ေသာက္တတ္၊ထန္းရည္ေသာက္တတ္ ေပမယ့္ မူးေအာင္ေတာ့ ဘယ္ေတာ့မွမေသာက္ဘူးကြ- သက္ေဝ”
ထြန္းအုံသည္ စကားေျပာရင္း ေသာက္စားေနသူေတြကို မ်က္ေဝ့ေဝ့ၾကည့္ လိုက္မိသည္။ တစ္႐ြာတည္း သားေတြခ်ည္းပင္။ လူစိမ္းကေတာ့ တစ္ေယာက္စ ႏွစ္ေယာက္စရွိသည္။အေနာက္ဘက္ပိုင္းမွာေတာ့လူစိမ္းႏွစ္ေယာက္ထိုင္ေသာက္ ေနသည္ကို ေတြ႕ရၿပီးယင္းႏွစ္ေယာက္အနက္တစ္ေယာက္ကကိုသက္ေဝကိုစူးစူး စိုက္စိုက္ၾကည့္ေနသည္ကို ခံစားရသည္။ သာမန္အၾကည့္မ်ိဳးမဟုတ္၊ မေက်မနပ္ ရန္လိုသည့္ အၾကည့္မ်ိဳးဟုထြန္းအံ့ ခံစားရသည္။ အေသာက္အစားကင္းလွေသာ လူရည္သန႔္ပညာတတ္တစ္ေယာက္ျဖစ္သည့္ ကိုသက္ေဝ လူမ်ိဳးကို မေက်နပ္ မရႈ

ဆိတ္ရျခင္း၏အေၾကာင္းရင္းတစ္ခုတြင္ပုလဲႏွင့္ဆက္ႏႊယ္ေနသည္ဟုထြန္းအုံတစ္ ထစ္ခ်ယုံၾကည္သည္။႐ြာကေလး၏အလွဆုံးပန္းတစ္ပြင့္ကိုရႉငင္ရရွိသူကိုအဘယ္ ကာလသားမ်ားသည္ ၾကည္ျဖဴေက်နပ္ပါမည္နည္း။ ထိုပုဂၢိဳလ္သည္ကိုသက္ေဝကို ထိုကိစၥႏွင့္ပတ္သက္၍ မနာလိုမရႈဆိတ္မေက်နပ္ေနသူသာျဖစ္ႏိုင္သည္။ထိုပုဂၢိဳလ္ သည္တစ္႐ြာသားျဖစ္သည္။ ႐ြာေက်ာ္ကာထန္းရည္လာေသာက္ျခင္း ျဖစ္သည္။ သည္လိုပဲမၾကာခဏလာေသာက္ေလ့ရွိသည္။ ပုံစံက ေငြေၾကးခ်မ္းသာပုံရသည္။ ျမစ္အတြင္း ခုတ္ေမာင္းေနေသာ သေဘၤာႏွစ္စင္းပိုင္သည္ဟု သိုးသိုးသဲ့သဲ့ၾကားဖူး သည္။ သူလည္း ပုလဲလို လွပသည့္မိန္းကေလးကို ေနာက္ပိုး ပိုးေနသူမ်ားထဲတြင္ တစ္ဦးပါဝင္ေကာင္း ပါဝင္ေပလိမ့္မည္။ နာမည္က ေက်ာက္ခဲဆိုလား။
ၾကည့္စမ္း- ကိုသက္ေဝ ဝင္လာေတာ့ ထြီ၊ခနဲတံေတြးေထြးသံၾကားလိုက္ သည္။ ႐ြာေက်ာ္ကာ ႐ြာခံကို ေစာ္ကားရဲသူသည္ ႏွယ္ႏွယ္ရရေတာ့ မဟုတ္ေပ။ ေက်ာက္ခဲက တံေတြးေထြးလိုက္ေတာ့ ပါလာေသာအေဖာ္က တိုးတိုးတိတ္တိတ္ တားျမစ္လိုက္ဟန္ရွိသည္။ ဘာပဲျဖစ္ျဖစ္ ကိုသက္အတြက္အႏၲရာယ္မ်ားလွေပ
သည္။
ကိုသက္ေဝ ခုံလြတ္တြင္ ဝင္ထိုင္သည္။ ေျမပဲဆားေလွာ္အနည္းငယ္ကို ယူကာ တစ္ေစ့၊ ႏွစ္ေစ့ စားလိုက္သည္။ စပါးေဈးကိစၥေတြ ဆက္၍ ေျပာျဖစ္သည္။ ကိုသက္ေဝကစပါးေရာင္းလို၍ ထြန္းအုံကို ေျပာျပေနျခင္းျဖစ္သည္။
ထြန္းအုံကပန္းကန္လုံးထဲမွအရက္လက္က်န္ကိုေသာက္ကာေနာက္တစ္
ခြက္ ထပ္ငွဲ႔ထည့္သည္။ သည္မွာက ထန္းရည္ေရာ အရက္ပါရသည္။ ေတာအရက္၊ ခ်က္အရက္၊ မီးေတာက္အရက္ျဖစ္သည္။ မမူးပါ။ မပူႏွင့္ ၊ ထြန္းအုံက အရက္တစ္ငုံ ထပ္ေသာက္လိုက္သည္။ တစ္႐ြာသားကိုလွမ္းၾကည့္လိုက္ေတာ့ ေရခ်ိန္ကိုက္ေန
ဆဲ၊
ပတ္ဝန္းက်င္သည္ေမွာင္စျပဳလာၿပီ။ ႐ြာျပင္တြင္ၿခံသြင္းလာေသာႏြားေအာ္ သံေတြကိုတဘူးဘူးတဘဲဘဲ ၾကားေနရသည္။ ထြန္းအုံသည္ တစ္ပုလင္းကုန္လွ်င္

ေတာ္ၿပီဟု ဆုံးျဖတ္ကာ ေနာက္ဆုံးလက္က်န္ကို ပန္းကန္လုံးထဲထည့္ၿပီးလွ်င္ ပန္းကန္ထဲမွ လယ္ႂကြက္ေၾကာ္တစ္ဖြဲ႕ကို ေကာက္ဝါးလိုက္စဥ္လူရိပ္တစ္ခု သူတို႔ ဝိုင္းသို႔ က်ေရာက္လာသည္။ ကိုသက္ေဝေရာထြန္းအုံပါ ေစြၾကည့္လိုက္သည္။ အလင္းျပယ္လုလုေအာက္မွအဆီျပန္မ်က္ႏွာတစ္ခု…။
တစ္႐ြာသားေက်ာက္ခဲ …။ သူ႔ေနာက္မွာ သူ႔အေဖာ္၊ အေဖာ္က ေက်ာက္ခဲ လက္တစ္ဖက္ကို ဆြဲထားသည္။ ေက်ာက္ခဲေရာအေဖာ္ပါ အမူးလြန္ေနပုံရသည္။ ေက်ာက္ခဲသည္ ႏွစ္ေယာက္ထဲမွအေတာ္မူ၊ေနသည္။ အေဖာ္ျဖစ္သူကေတာ့မူးပုံ မရေသး။အေဖာ္သေဘာမ်ိဳးလိုက္ပါလာဟန္ရွိသည္။ ရန္ျဖစ္လိုဟန္မရွိ။ “ေဟ့-ေဟ့ေကာင္”
ေက်ာက္ခဲဆီမွလွ်ာေလးအာေလးအသံ..
ကိုသက္ေဝ ပခုံးကို ပုတ္ကာေမးလိုက္ျခင္း ျဖစ္သည္။ ကိုသက္ေဝသည္ ေမာ့၍ၾကည့္လိုက္ေသးသည္။ကိုသက္ေဝပ်ံေနသည္။ရန္လိုဟန္မရွိ။ ဘာမွေတာ့
မေျပာ။
“မင္းလားကြ – သက္ေဝ၊ ပုလဲရည္းစားဆိုတာ”
“ေဟ့ေကာင္ – မူးရင္ျပန္ေတာ့ကြ၊ မင္းက သူမ်ား႐ြာလည္း လာေသာက္ ေသးတယ္။ ႐ြာခံကိုေစာ္ေစာ္ကားကားနဲ႔။ ေဟ့ေကာင္ – မင္းေကာင္ကိုေခၚသြား” အေဖာ္ကရန္လိုဟန္မျပေပ။ ထြန္းအုံကို ေတာင္းပန္ဟန္ျဖင့္ ၾကည့္သည္။ “ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ကိုေက်ာက္ခဲ၊လာ- ျပန္မယ္။ က်ဳပ္ ဒီေလာက္တာ၊ေနရက္သားနဲ႔ ထိုင္ေနတာ မဟုတ္ဘူးဗ်ာ”
ကြ
“ေဟ့ေကာင္-ျမသိန္း၊ မင္း ၿငိမ္ၿငိမ္ေနစမ္းကြာ။ ငါ ပုလဲကို ႀကိဳက္ေနတာ
ထိုအခါထြန္းအုံသည္ မေနသာေတာ့ပဲ..
“မင္းႀကိဳက္ရင္ရေအာင္ပိုးေပါ့ကြာ။သူမ်ားကိုအသားလြတ္မတ္ကားနဲ႔ေလ
ကြာ
အသာအယာဝင္ေျပာသည္။ ကိုသက္ေဝက ဘာမွမေျပာဖို႔ လက္ကာျပ သည္။ ကိုသက္ေဝသည္အခ်င္းမ်ားလိုစိတ္ လုံးဝမရွိေပ။ တင္းမာလာေသာအေျခ အေနသည္ သူ႔ေၾကာင့္ မဟုတ္လား။
“ဒါေပမဲ့… ငါမေက်နပ္ဘူးေဟ့ေကာင္။ ပုလဲကိုငါရေအာင္ယူမွာကြ။ ငါ့မိဘ ကိုတင္ေတာင္းခိုင္းမယ္၊သေဘၤာဘယ္ႏွစ္၊တင္ေတာင္းရမွာလဲ။လယ္ဘယ္ႏွကဇ
တင္ေတာင္းရမွာလဲ၊ ေျပာ…
ကိုသက္ေဝသည္ နည္းနည္းေတာ့ မေက်မခ်မ္း ျဖစ္သြားသည္၊ ေစာ္ကား
လွေခ်ကလာ။
“အဲဒါဆိုလည္း သူ႔မိဘကိုသြားေျပာေပါ့ဗ်ာ။ပုလဲကေငြမက္တဲ့မိန္းကေလး လာ။ ဥစၥာမက္တဲ့ မိန္းကေလးလား။ ခင္ဗ်ား သိမွာေပါ့”
ရွိတယ္”
သူ႔အသံကဟိန္းထြက္လာျပန္သည္။
“ေဟ့ေကာင္- စိတ္ခ်၊ တင္ေတာင္းမယ္။ ေက်ာက္ခဲကြ၊ တစ္ခဲတည္း
အဆီျပန္ေနေသာေက်ာက္ခဲ၏မ်က္ႏွာႀကီးသည္အ႐ုပ္ဆိုးလွစြာတြန႔္ေခါက္
သြားသည္။နီရဲျပဴးက်ယ္ေနေသာမ်က္လုံးႀကီးႏွစ္လုံးကေႂကြအံ့ဆဲဆဲ ခရမ္းခ်ဥ္သီး
ႏွစ္လုံးႏွင့္တစ္စတစ္စ တူလာသည္။
ေက်ာက္ခဲသည္ ထြီခနဲ တစ္ခ်က္တံေတြးေထြးလိုက္သည္။ အရက္ဆိုင္ ကေလးသည္ ညေန ေနဝင္စအခ်ိန္တြင္ စကားေျပာသံ၊ ဆူညံသံမ်ား ႐ုတ္တရက္ ျပတ္ေတာက္သြားကာအားလုံး၏မ်က္လုံးမ်ားကကိုသက္ေဝတို႔ဆီ စုၿပဳံေရာက္လာ ၾကၿပီး ဝိုင္းထဲတြင္ထိုင္ေနၾကသူမ်ားမွာ႐ြာခံမ်ားျဖစ္ၾကသည္။ သူတို႔သည္ မိမိတို႔႐ြာ သားကို ႐ြာေက်ာ္ကာလာေရာက္ေစာ္ကား စိန္ေခၚေနသူအားအကဲခတ္ၾကည့္ရႈေန ၾကျခင္းသာ ျဖစ္သည္။ ဘယ္သူမွ သိကၡာအက်ခံကာ ေစာ္ကားလာသည္ကိုလက္ ပိုက္ၾကည့္ေနလိမ့္မည္ မဟုတ္ေပ။
ေက်ာက္ခဲသည္ ပစၥည္းမာန္၊ ေဆြမ်ိဳးမာန္ျမင့္ မ်က္ႏွာျပင္တစ္ခုလုံးအထိ ေျပာင္လာေလၿပီ။ ကိုသက္ေဝေရွ႕တြင္ ညေနရီ ေနဝင္ရီတေရာအခ်ိန္တြင္ ဖုတ္ဝင္ ေနေသာအေလာင္းေကာင္ႀကီးလို ယိမ္းထိုးေနကာ သူ၏ ခႏၶာကိုယ္မွာ အရက္နံ႔ ေခြၽးနံ႔ႏွင့္မႊန္ေနသည္၊
အေျခအေနကတျဖည္းျဖည္းတင္းမာလာသည္။အရက္ဝိုင္းသည္ သုသာန္ တစျပင္ကဲ့သို႔ ႐ုတ္ျခည္း ၿငိမ္သက္သြားသည္။ ေက်ာက္ခဲသည္ အရက္ခိုးမ်က္လုံး မ်ားႏွင့္တစ္ဝိုင္းလုံးကိုၿခဳံၾကည့္ကာ..
“ေခြး-ေခြးမသားေတြ”
ေက်ာက္ခဲႏႈတ္မွ ပလုံးပေထြးထြက္လာသည္။ ကိုသက္ေဝ တစ္ေယာက္ တည္းကိုသာ မဟုတ္၊ ထိုင္ေနသူအားလုံးကို ေစာ္ကားဆဲေရးလိုက္ျခင္းပင္ ျဖစ္
သည္။
“ေဟ့ေကာင္-တစ္ေယာက္တည္းကိုေျပာ”
အျခားစားပြဲဝိုင္းဆီမွ ေဒါသတႀကီးလွမ္းေအာ္လိုက္သံျဖစ္သည္။ သည္မွာတင္ လႈပ္ရွားမႈမ်ားက ရႈပ္ရွက္ခတ္သြားေလသည္။ ထြန္းအုံ၏ လက္တစ္ဖက္ကေျမႇာက္တက္သြားကာေက်ာက္ခဲ၏ ပါးတစ္ဖက္ကို မိမိရရထိမွန္
သြားသည္။
“ေစာ္ကားလွခ်ည္လား-တစ္႐ြာသားရဲ႕”
“ခြပ္”
“ဝုန္း”
“အား”
“အမေလး”
“ဟ – ဟ – ရန္ျဖစ္ကုန္ၿပီ”
႐ုတ္ျခည္းမွာပင္အေျခအေနက ေျပာင္းလဲသြားသည္။ ေက်ာက္ခဲအနားသို႔
အရိပ္ျဖဴေတြ၊အရိပ္မည္းေတြ စုၿပဳံသြားသည္။
“ေစာ္ကားဦးကြာ”
“ခြပ္”
“ခြပ္”
“အား”
ေက်ာက္ခဲသည္ခါးၾကားမွဓားကိုဆြဲထုတ္လိုက္၏၊လက္ခနဲျဖစ္သြားသည္။
ကိုသက္ေဝကိုထိုးရန္လက္ကို႐ြယ္လိုက္သည္။ သို႔ေသာ္ေနာက္က်သြားသည္။ဓား ရွည္တစ္လက္က လူၾကားထဲမွ ေႁမြေဟာက္တစ္ေကာင္လို ႐ုတ္တရက္ ထြက္လာ
သည္။
“ဒုတ္”
“အား-အမေလး”
ေက်ာက္ခဲ၏ ဓားေျမႇာင္ကိုင္ထားေသာလက္အေျခအေနပ်က္သြားသည္။ ကိုသက္ေဝဆီသို႔ေရာက္မည့္ ဓားေျမႇာင္ကိုင္လက္သည္ ဟန္ခ်က္ပ်က္သြားသည္ သာမကကိုင္ထားေသာဓားေျမႇာင္လြင့္စဥ္ထြက္သြားသည္။ သို႔ေသာ္ေက်ာက္ခဲ၏ လက္သည္ မိမိရရထိသြားေသာ ဓားရွည္မွတ္ခ်က္ျဖင့္ ျပတ္လျပတ္တဲျဖစ္ကာ တြဲ ေလာင္းႀကီးျဖစ္က်န္သြားသည္။အေရျပားႀကီးျပတ္ထြက္မသြားဘဲတြဲေလာင္းႀကီး
ျဖစ္ေနသည္။ ေသြးေတြကေငါက္ခနဲေငါက္ခနဲ ပန္းထြက္လာ၏။
“ဟာ
“လက္ျပတ္သြားၿပီ”
႐ုန္းရင္းဆန္ခတ္သံေတြ ထြက္ေပၚလာသည္။ လူေတြႏွင့္ ရႈပ္ေထြးသြား သည္။ကိုသက္ေဝဓားရွည္ကိုင္ထားသူကိုၾကည့္လိုက္ေတာ့ထြန္းအုံ၊ထြန္းအုံသည္ ဓားရွည္ကို ကိုင္ထားသည္။ ေက်ာက္ ခဲ၏ လက္ကို သူ ခုတ္ခ်လိုက္ျခင္း ျဖစ္သည္။ လွ်ပ္တစ္ျပက္မွ်ဝ႐ုန္းသုန္းကား မည္သူမွ်မျမင္လိုက္၊ ေက်ာက္ခဲပင္ ဘယ္သူ ခုတ္ လိုက္မွန္း သိမည္မဟုတ္၊
ေက်ာက္ခဲသည္ ေျမျပင္ေပၚတြင္လူးလွိမ့္ေအာ္ဟစ္ေနခဲ့သည္။ သူ႔အေဖာ္ သည္လက္သီးခ်က္၊ကန္ခ်က္မ်ားေအာက္တြင္မရႈမလွခံရကာသတိလစ္ကာလဲက်
ေနသည္။
ေနာက္မိနစ္အနည္းငယ္ခန႔္ၾကာေသာ္ ေက်း႐ြာလူႀကီးမ်ား၊ ႐ြာရဲကင္းမွ
ရဲမ်ားေရာက္လာကာ ေက်ာက္ခဲႏွင့္ သူ႔အေဖာ္ ျမသိန္းကို ေဆး႐ုံသို႔ ပို႔ေဆာင္ရန္ ေလွျပင္ဆင္ရသည္။ ေက်ာက္ခဲလက္ကို မည္သူ ဓားႏွင့္ ခုတ္သနည္းဟူေသာ ျပႆနာေပၚလာသည္။တရားခံေပ်ာက္ေနေလၿပီ။
စင္စစ္ထြန္းအုံဓားခ်က္ေၾကာင့္ကိုသက္ေဝအသက္ရွည္ခဲ့ရျခင္းပင္မဟုတ္
ေလာ၊ ထြန္းအုံသည္ သူငယ္ခ်င္းေကာင္းပီသစြာ ဝင္ေရာက္ရွင္းလင္းလိုက္၍ ကိုသက္ေဝ သက္သာသြားျခင္းပင္၊ ထြန္းအုံကို ေက်းဇူးတင္ရမည္။
ရဲစစ္ခ်က္တြင္ ေက်ာက္ခဲကို သူဓားႏွင့္ခုတ္တာပါဟုကိုသက္ေဝက ေျဖာင့္
ခ်က္ေပးသည္။ဝန္ခံသည္။လူေတြရႈပ္ေထြးေန၍ဘယ္သူ႔လက္ခ်က္မွန္းေက်ာက္ခဲ
ပင္မသိေခ်။
သည္လိုႏွင့္ကိုသက္ေဝသည္ဓာ။ခုတ္မႈျဖင့္တစ္နစ္ေက်ာ္ေက်ာ္ေထာင္က်
သြားသည္။ ပုလဲကလည္း ကိုသက္ေဝအေပၚသစၥာရွိသည္။ ေထာင္ကထြက္လာ ေတာ့ကိုသက္ေဝကို လက္ထပ္သည္၊ သစၥာမေဖာက္ေပ။ သစၥာရွိေသာ မိန္းမဟု ဆိုႏိုင္သည္။

ပုလဲႏွင့္လက္ထပ္ၿပီးေတာ့လည္းကိုသက္ေဝသည္ က်န္းမာေရးမေကာင္း
လွေပ။ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ျဖစ္သည္။ ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါ။ ငယ္ငယ္ ႐ြယ္႐ြယ္နဲ႔ေရာဂါေတြတစ္ကိုယ္လုံးျပည့္ေနသည္ဟုဆိုရေပမည္။
သည္လိုႏွင့္အိမ္ေထာင္သက္ သုံးႏွစ္ခန႔္ၾကာေသာအခါ သားကေလးတစ္ ေယာက္ ရလာသည္။ ပုလဲသည္ က်န္းမာေရးမေကာင္းလွေသာလင္သားႏွင့္အတူ လယ္ယာလုပ္ငန္။ ဥယ်ာဥ္ၿခံေျမအလုပ္ကို အလုပ္သမားမ်ားႏွင့္အတူ ႀကိဳးစား၍ လုပ္ကိုင္သည္။ မယားေကာင္းပီသစြာ က်င့္သုံးေနထိုင္သည္။ ကိုသက္ေဝသည္ ႐ြာထဲတြင္ အေနနည္းၿပီး ေလေကာင္းေလသန႔္ ပိုရေသာ႐ြာျပင္ရွိလယ္ေစာင့္ၿခံ တြင္သာအေနမ်ားလာသည္၊
သားကေလးတစ္ႏွစ္ေက်ာ္ေက်ာ္ေရာက္လာသည္။
ထိုအခ်ိန္တြင္တစ္ဖက္႐ြာမွကိုသက္ေဝႏွင့္ ရန္ဘက္ျဖစ္ခဲ့သည့္ေက်ာက္ခဲ တစ္ေယာက္ေသဆုံးသည္ဟုသတင္းၾကားရသည္။အရက္ျဖတ္၍ သာသနာ့ေဘာင္ သို႔လည္းဝင္သည္ဟုၾကားရသည္။ဘိုးသူေတာ္ဝတ္သည္ဟုလည္းၾကားရျပန္သည္။ ဘာပဲျဖစ္ျဖစ္ ေက်ာက္ခဲကြယ္လြန္သည္ကေတာ့ေသခ်ာသည္။
ပုလဲသည္ ရွည္လ်ားေသာအေတြးစကိုျဖတ္လိုက္သည္။ သိမ့္ခနဲ တစ္ခ်က္
ရႈိက္လိုက္၏။
ညသည္ တစ္စတစ္စနက္ရႈိင္းထူထပ္လာသည္။
ျပင္းထန္လွေသာ ႏွင္းအပ္မ်ားက သူမ၏ ငိုထား၍ အစ္ပို႔ေနေသာ မ်က္လုံး ႏွင့္ တစ္ကိုယ္လုံးကို ကုတ္ျခစ္ထိုးဆြေနသည္။ ဓားထက္ထက္ျဖင့္ မႊန္းေနသလို နာက်င္ခံစားေနရသည္။

လယ္ကြင္းကိုျဖတ္ကာတဟူးဟူးတိုက္ခတ္လ်က္ရွိေသာေလသည္လယ္
တဲ၏ တံစက္ၿမိတ္ဓနိ႐ြက္ေတြကိုတဖ်ပ္ဖ်ပ္ခါယမ္းေနေစေလသည္။ ထရံၾကားမွ တိုးဝင္လာေသာ ေလစိမ္းေတြက မညႇာမတာ တိုးတိုက္ေနသည္။
ပုလဲသည္ ဘုရားေက်ာင္းေဆာင္ေအာက္တြင္ထိုင္ကာ ျမတ္စြာဘုရားရွင္ အားတိုင္တည္ကာဆုမြန္ေတြ ေတာင္းေနမိသည္။
“အရွင္ဘုရား- တပည့္ေတာ္မကိုမနက္မိုးလင္းတဲ့အထိ ေဘးအႏၲရာယ္မရွိ
ကယ္မေတာ္မူပါ ဘုရား”
သူမသည္ဖ်ာၾကမ္းေပၚတြင္ထိုင္ရင္းေယာင္ယမ္းကာဦးဘယ္နႀကိမ္ခ်မွန္း
ပင္မသိေတာ့၊ ေဆာင္းေလၾကမ္၊၏ မညႇာမတာ ပရမ္းပတာ တိုက္ခတ္မႈေၾကာင့္ ၿခံတြင္းရွိ သစ္ပင္သစ္႐ြက္မ်ားသည္ ညယံတြင္ က်ယ္ေလာင္စြာ ျမည္ေႂကြးေနပုံမွာ
ဝိညာဥ္ေတြညာသံေပးကာဝိုင္းဝန္းညီညာေအာ္ဟစ္ေနဘိသကဲ့သို႔ရွိသည္။လည္

ေခ်ာင္းထဲတြင္ ႀကီးမားေသာအရာဝတၳဳႀကီး ဆို႔နင့္ေနသကဲ့သို႔ရွိၿပီး ေဆာင္းေလႏွင့္ ဆန႔္က်င္ဘက္ သူမ ရင္ထဲမွာေတာ့ အပူလႈိင္းေတြၾကမ္းတမ္းစြာေပါက္ကြဲခုန္႐ြေန ၾကေလသည္။
သူမ၏နက္ေမွာင္ရွည္လ်ားေသာ ဆံပင္ထူထူအုပ္အုပ္ေတြၾကားမွလည္း ေကာင္း၊ နဖူးျပင္ထက္မွလည္းေကာင္း ေခြၽးေစးေတြယိုဆင္းေ႐ြ႕လ်ားေနၾကေပၿပီ။
သူမသည္
အခန္းထဲသို႔ထိတ္လန႔္ေၾကကြဲစြာလွမ္းၾကည့္လိုက္မိသည္။
အခန္းထဲတြင္ ေလာေလာလတ္လတ္ ေသဆုံးေနေသာ အေလာင္းတစ္ ေလာင္း ရွိသည္။ ႐ုပ္အေလာင္း၏မ်က္စိမ်ားသည္ ပြင့္ေနကာ အေပၚဘက္သို႔စိုက္ ေငးၾကည့္ေနသည္။
ပုလဲသည္တသိမ့္သိမ့္ရႈိက္ငိုေနရာမွဘုရားေက်ာင္းေဆာင္ေအာက္စားပြဲပု
ကေလးတြင္ တင္ထားသည့္ စားပြဲတင္နာရီအိုကေလးကိုလွမ္းၾကည့္လိုက္သည္။ ည ၁၁ နာရီထိုးရန္ ၁ဝ မိနစ္အလို နာရီကေလးသည္ တခ်က္ခ်က္ျမည္
လ်က္..
သားငယ္သည္ စားပြဲဝိုင္းကေလးႏွင့္ မနီးမေဝးတြင္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ ေနဆဲ။ေလာကႀကီးတြင္ဘာေတြျဖစ္ပ်က္ေနသည္ကို မသိက်ိဳးကြၽံျပဳသည့္အလား အျပစ္ကင္းစင္စြာအိပ္ေပ်ာ္ေနျခင္းျဖစ္ေပသည္။
ေစာေစာပိုင္း ၁၀ နာရီခြဲေက်ာ္ေက်ာ္ကပင္ ခ်စ္ခင္ျမတ္ႏိုးရေသာလင္ ေယာက္်ားျဖစ္သူ ကိုသက္ေဝသည္ အသက္ဇီဝျပတ္ကာ သာယာစြာကြယ္လြန္ သြားေပၿပီ။သူမ၏လက္ေပၚတြင္ၿငိမ္သက္ေအးခ်မ္းစြာေလာကႀကီးကိုလည္းေကာင္း၊ ခ်စ္ေသာဇနီးႏွင့္ သားကေလးကိုလည္းေကာင္း ႏႈတ္မဆက္ဘဲ ထြက္ခြာသြားေလ
ၿပီ။
ေထာင္ကထြက္လာကတည္းကက်န္းမာေရးခ်ိဳ႕ယြင္းစျပဳေနေသာကိုသက္
ေဝသည္ ေယာက္်ားေကာင္းပီသစြာ အလုပ္ေတြ လုပ္ေနေသးသည္။ မခိုမကတ္ ေဆာင္႐ြက္ေနေသးသည္။ က်န္းမာေရးမေကာင္းသျဖင့္လုပ္ငန္းမတြင္က်ယ္ ျပင္းထန္ဆိုးဝါးလွေသာ ႏွလုံးေရာဂါကို ခံစားရၿပီး မကြယ္လြန္မီ တစ္လခန႔္ အလိုတြင္ပုလဲအားေၾကကြဲဖြယ္ထူးဆန္းေသာစကားကိုဆိုခဲ့ေပသည္။
“ပုလဲ-ကိုယ္မရွိေတာ့တဲ့အခါက်ရင္တစ္ေယာက္တည္းေတြေဝေဆြးျမည့္
မေနပါနဲ႔ေနာ္။ ေပ်ာ္ေအာင္ ႀကိဳးစားေနပါ။ ေနာက္အိမ္ေထာင္ျပဳပါ” ပုလဲသည္ တသိမ့္သိမ့္ရႈိက္ငိုေလၿပီ။ စကားလုံးေတြက သူမ၏ ဦးေခါင္းကို မညႇာမတာ ဆုပ္ညႇစ္ထားသည္ဟု ခံစားမိသည္။
“အို-အစ္ကိုဘာေတြေလွ်ာက္ေျပာေနတာလဲ။အစ္ကိုမေသေစရဘူး။ ပုလဲ အစ္ကိုေရာဂါကိုကုေပးမယ္။ စည္းစိမ္ျပဳတ္ခ်င္ျပဳတ္သြားပေလ့ေစ ကိုသက္ေဝသည္ၿပဳံးယဲ့ယဲ့ျဖင့္ၿငိမ္သက္ေနမိသည္။ကိုယ့္အေၾကာင္းကိုယ္
ပဲ သိလိမ့္မည္။ ပုလဲသည္ ေၾကကြဲစရာေတြ ေမ့မရႏိုင္ဘဲ မ်က္စိကို မွိတ္ထားလိုက္
သည္။
ထို႔ေနာက္ တဲအျပင္ဘက္ဆီသို႔ ေငးၾကည့္ေနမိသည္။ ပိန္းပိတ္ေသာ အေမွာင္ထုသည္ မညႇာမတာဇီပိုးထားဆဲပင္။ ထိုစဥ္…
တစီစီျမည္ေနေသာ ပိုးပုရစ္ကေလးမ်ား၏အသံသည္ ႐ုတ္တရက္ ဆြံ႕အ သခြားသလိုဟိုးခပ္ေဝးေဝးလယ္ကြင္းစပ္ႏွင့္ ေတာအုပ္ၾကားရွိအဆက္မျပတ္တြန္ ေနေသာ ေႁမြဆိုးတစ္ေကာင္၏တြန္သံျပတ္ျပတ္ပင္ ႐ုတ္တရက္ ရပ္တန႔္သြား
သည္။
ပုလဲသည္ရႈိက္ငိုေနရာမွေျပာင္းလဲသြားေသာပတ္ဝန္းက်င္အေျခအေနကို
ရိပ္စားမိသြားသည္။အေမွာင္ထဲသို႔ အထိတ္တလန႔္လွမ္းၾကည့္လိုက္မိသည္။တိတ္ ဆိတ္ျခင္းသည္ ေၾကာက္မက္ဖြယ္အဆင္းသဏၭာန္ဆီသို႔ေရာက္ရွိရန္လက္ရွိအေျခ အေနသည္အက္ရွသကဲ့သို႔ျဖစ္လာသည္။တစ္ကမာၻလုံးမွာသူမတစ္ေယာက္တည္း
အေမွာင္ထုေအာက္တြင္အထီးက်န္သကဲ့သို႔ ခံစားလိုက္မိသည္။ ထိုစဥ္ႀကိဳက္ခိုက္
ooS…
ေျခသံတစ္သံ…
ေပါ့ဖြဖြေျခသံတစ္သံ..
ရင္ထဲမွာဒိန္းခနဲေဆာင့္တက္သြားသည္။ ေျခသံသည္တဲႏွင့္တျဖည္းျဖည္း
နီးကပ္လာသည္။ကိုသက္ေဝ ဝိညာဥ္ေလလား…။
“အစ္ကို” အစ္ကို”
ေယာင္ယမ္း၍ ေအာ္ဟစ္လိုက္မိသည္၊ သူမ အသံသည္ တဲအျပင္ဘက္ အေမွာင္ထုထဲသို႔ တိုးဝင္ေပ်ာက္ကြယ္သြားသည္။ အသံသည္ ေဆာင္းေလထုထဲ တြင္ ေအးခဲသြားၿပီလား….
တဖ်ပ္ဖ်ပ္ ေျခသံသည္ တဲအဝတြင္ ႐ုတ္တရက္ ရပ္တန႔္သြားသည္၊ သူမ အထိတ္တလန႔္ျဖင့္ လွမ္းၾကည့္လိုက္သည္။ ေျခသံသည္ တျဖည္းျဖည္း ထင္ရွား လာကာ ျမင္ကြင္းထဲ ဝင္လာသည္။
လူတစ္ေယာက္….
သူမျမင္ကြင္းထဲသို႔ ႐ုတ္တရက္ဝင္ေရာက္လာခဲ့သည့္ လူတစ္ေယာက္၏ အသြင္သဏၭာန္ေၾကာင့္ တစ္ကိုယ္လုံးရွိေသြးလည္ပတ္မႈမ်ား ရပ္တန႔္ေအးခဲသြား သည့္ပမာျဖစ္သြားသည္။ျပဴးက်ယ္သြားေသာမ်က္ဝန္းအစုံသည္မ်က္ေတာင္ခတ္ ရန္ပင္႐ုတ္တရက္ေမ့ေလ်ာ့သြားျခင္းျဖစ္ရာအံ့ဩလြန္းေသာေၾကာင့္အသံမထြက္
ႏိုင္ေတာ့။အသံေတြကလည္ေခ်ာင္းဝတြင္ စုၿပဳံတိုးေဝွ႔ေနသည္။
သူမအလန႔္တၾကားၾကည့္ေနဆဲမွာပင္ သဏၭာန္သည္ စတင္လႈပ္ရွားလာ ေလသည္၊ ဦးေခါင္းေျပာင္ေျပာင္အေပၚေအာက္ဝတ္စုံအျဖဴကိုဝတ္ဆင္ထားေသာ ဖိုးသူေတာ္ႀကီးသည္ ေျခတစ္လွမ္း၊ ႏွစ္လွမ္းမွ်တိုးေ႐ြ႕ရင္း တံစက္ၿမိတ္ထိတေ႐ြ႕ေ႐ြ႕ ကပ္လာသည္။ဖိုးသူေတာ္ႀကီးသည္ဝိုင္းစက္ေသာမ်က္ႏွာဝိုင္းဝိုင္းႀကီးျဖင့္တစ္ခ်က္
ၿပဳံးလိုက္သည္ကိုအလင္းမႈန္မႈန္ေအာက္တြင္ ေတြ႕လိုက္ရသည္။
မေတာ္”
“အင္း – ဖိုးသူေတာ္ႀကီးပဲ၊ ဘယ္က ႂကြလာပါလိမ့္၊ ဒီအခ်ိန္ႀကီးက်မွ အခ်ိန္
သူမအဖို႔ သည္လိုလင္ေယာက္်ား ေသဆုံးသည့္ ေၾကကြဲဖြယ္ရာညတစ္ည မွာအထီးက်န္ခံစားေနရခ်ိန္တြင္႐ုတ္တရက္ေရာက္လာေသာဖိုးသူေတာ္ႀကီးတစ္ပါး
ေၾကာင့္အေဖာ္အျဖစ္စိတ္သက္သာရာရသြားသည္ဟု ဆိုႏိုင္သည္။ သို႔ေသာ္အလုံး စုံေတာ့ စိတ္ခ်ယုံၾကည္မႈ မျဖစ္ႏိုင္ေသး။
အခါမဲ့အခ်ိန္မေတာ္ ညကာလ သန္းေခါင္ယံတြင္ ဦးေခါင္းေျပာင္ေျပာင္၊ အသားမည္းမည္းႏွင့္ ဖိုးသူေတာ္ႀကီးသည္ မည္သည့္အရပ္ေဒသမွႂကြေရာက္လာ ေလသနည္း။ ဤအခ်က္ကလည္း ထူးဆန္းလွသည္။ ပုလဲအေနႏွင့္ တစ္ေယာက္ တည္းအထီးက်န္စိတ္၊ ေသာကေရာက္ရွိေနခ်ိန္တြင္မိုးေပၚကက်လာသကဲ့သို႔ထူး ဆန္းစြာေရာက္ရွိလာသည့္ ဖိုးသူေတာ္ႀကီးကိုအားကိုးၾကည္ညိဳစိတ္ျဖစ္မိသည္။
ဖိုးသူေတာ္ႀကီးသည္ တံစက္ၿမိတ္ေအာက္သို႔ ေခါင္းငုံ႔ဝင္လာသည္။ တဲေပၚ သို႔ ႐ုတ္တရက္ မတက္ေသးဘဲ ဖိနပ္ခြၽတ္မွာ ရပ္တန႔္ေနေလသည္။ အသားညိဳညိဳ၊ မ်က္ႏွာၿပဲၿပဲႀကီးႏွင့္ ဖိုးသူေတာ္ႀကီးသည္ ပုလဲကိုခပ္ေတြေတြ စိုက္ၾကည့္သည္။
ပုလဲ ႐ုတ္တရက္ လန႔္ဖ်ပ္သြားသည္။ အၾကည့္သည္ တစ္မ်ိဳးဟု ခံစားရ၏။ ရင္ထဲမွာလန႔္ဖ်ပ္သြားမိသည္။ ဘယ္လို ဖိုးသူေတာ္ႀကီးပါလိမ့္။ မည္သည့္အသုံ၊ အေဆာင္ပစၥည္း၊ ဝန္စည္စလယ္မွ်လည္းမပါ၊ ပုလဲျမင္ဖူးေနသည့္ ဖိုးသူေတာ္ဆို တာထမ္းပိုးျဖင့္ ေတာင္၊ႏွစ္ေတာင္း ေရွ႕ေနာက္ထမ္းပိုးထားေသာဦးေခါင္းေျပာင္
ေျပာင္၊ ဝတ္႐ုံလႊာျဖဴျဖဴ၊ဇရာမစိပ္ပုတီးႀကီးကိုလည္ပင္းမွာခ်ိတ္ဆြဲထားသည့္ပုဂၢိဳလ္ ႀကီးမ်ိဳးျဖစ္သည္။ယခုဖိုးသူေတာ္ႀကီးကမည္သည့္ပစၥည္းမွ်မပါသည္ကဆန္းသည္။
ထို႔အတူညအေမွာင္မည္းမည္း သန္းေခါင္ယံညမွာ႐ုတ္တရက္ေရာက္လာသည္က ပို၍ထူးဆန္းေနသည္။
ပုလဲ၏အာ႐ုံသည္ ႐ုတ္တရက္ ေဝဝါးသြားျပန္သည္။ ပုလဲတို႔႐ြာသည္ သုံး ပန္လွ႐ြာျဖစ္သည္။ဧရာဝတီျမစ္ကမ္းေဘးတြင္ရွိၿပီးအျခား႐ြာစဥ္႐ြာတန္းေတြလည္း မ်ားျပားလွ၏။ ေညာင္က်တ္၊ ႐ြက္လွ၊ဆိတ္ႀကီး၊ တည္ပင္ စသည္ စသည္ျဖင့္႐ြာေတြ ရွိသည္။ ပတ္ဝန္းက်င္႐ြာမ်ား ျဖစ္ၾကသည္။ ဖိုးသူေတာ္ႀကီးသည္ အဆိုပါ႐ြာေတြမွ ျဖစ္ႏိုင္သည္။ ခရီးလြန္ကာ ပုလဲရွိရာတဲဆီသို႔ ေရာက္လာျခင္းျဖစ္ႏိုင္သည္။ ဘာပဲ ျဖစ္ျဖစ္၊ ပုလဲအဖို႔အေဖာ္ရသည္။ သန္းေခါင္ယံညမွ ႐ုတ္တရက္ ကြယ္လြန္သြားရွာ သည္ လင္သား၏ ႐ုပ္အေလာင္။ လူမမည္ကေလးတစ္ေယာက္ႏွင့္ အကူအညီ ကင္းမဲ့ေနရာအားကိုးအားထားျဖစ္ႏိုင္သည္ မဟုတ္ပါလား။
ပုလဲသည္ ဖိုးသူေတာ္ႀကီးကိုအားကိုးတႀကီး ေငးေၾကာင္ၾကည့္လိုက္မိ သည္။ျပဴးက်ယ္ေသာဖိုးသူေတာ္ႀကီး၏မ်က္ဝန္းမ်ားႏွင့္ ရင္ဆိုင္မိသြားသည္။ ႐ုတ္ တရက္ ရင္ထဲမွာ ဒိန္းခနဲျဖစ္ကာတုန္ယင္သြားမိသည္။ သို႔ေသာ္ စိတ္ကို တည္ၿငိမ္ ေအာင္ျပန္ထားလိုက္သည္။
“ဒကာမႀကီး-အေရးကိစၥတစ္ခုခုေတာ့ျဖစ္ေနၿပီထင္တယ္” ဖိုးသူေတာ္ႀကီးသည္ေရွ႕သို႔တစ္လွမ္းတိုးလာသည္။႐ုတ္တရက္ေဆာင္းေလ
ၾကမ္းကေဝ့ခနဲ တိုက္ခတ္လိုက္ေသးသည္။
“ဟုတ္ကဲ့ပါ… ဖိုးသူေတာ္ႀကီးရွင့္၊ကြၽန္မရဲ႕ခင္ပြန္းသည္ေစာေစာပိုင္းကေလး ကမွပဲ ေရာဂါႏွင့္ ကြယ္လြန္သြားတာပါ။ မိုးကလည္း ခ်ဳပ္ေနေတာ့ ႐ြာထဲသြားၿပီး
ေဆြမ်ိဳးေတြကိုေခၚဖို႔ ခက္ခဲေနလို႔ပါရွင့္၊ဖိုးသူေတာ္ႀကီးအိမ္ေပၚႂကြပါ။ နားနားေနေန
ေနပါ
ဖိုးသူေတာ္ႀကီးသည္ ေတြ႕၍စိုက္ၾကည့္ေနသည္။ ထို႔ေနာက္ အိမ္ေပၚသို႔ တက္လာေလသည္။ပုလဲသည္ ေခါင္းရင္းတြင္လိပ္ထားေသာဖ်ာတစ္ခ်ပ္ကိုယူကာ
ခင္းသည္၊
“ဒီမွာထိုင္ပါ။ ေနဦး- ကြၽန္မေရေႏြးျဖည့္လိုက္ဦးမယ္။ ဓာတ္ဘူးထဲမွေရေႏြး ရွိေသးတယ္။ထိုင္ပါ-ထိုင္ပါ- နားနားေနေနေပၚ
ဖိုးသူေတာ္ႀကီးသည္ ဖ်ာၾကမ္းေပၚတြင္ ထိုင္လိုက္ၿပီး တဲအတြင္းကို ဟိုဟို သည္သည္ မ်က္လုံးေဝ့ဝိုက္ၾကည့္သည္။ထို႔ေနာက္ဘာမေျပာညာမေျပာႏွင့္ဆတ္ ခနဲထကာတဲအတြင္းခန္းသို႔ဝင္သြားသည္။အခန္းထဲတြင္ဖိုးသူေတာ္ႀကီး၏တီးတိုး
သံေတြထြက္ေပၚလာသည္။
ပုလဲသည္ မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ကာလွမ္းၾကည့္သည္။ ဘယ္လိုဖိုးသူ ေတာ္ႀကီးပါလိမ့္။ ရဲတင္းလိုက္တာ။ ေအာ္-ကိုသက္ေဝကိုသြားၾကည့္တာထင္ပါရဲ႕။ ထို႔ေနာက္ဝတ္ျဖဴအေပၚ႐ုံကိုလႊားခနဲျပဳကာအျပင္သို႔ထြက္လာသည္။
ဖိုးသူေတာ္ႀကီးသည္ မ်က္ႏွာဝိုင္းဝိုင္းႀကီးကို တဆတ္ဆတ္ညိတ္လိုက္၏။ ထိုစဥ္ေခါင္းရင္းတြင္ထြန္းၿငိထားေသာမီးခြက္ကအေရာင္တျဖည္းျဖည္းမွိန္လာ၏။ ေရနံဆီကုန္လွေပၿပီ။ မီးစာထိပ္တြင္ မႈိင္းသီးေတြ ႁပြတ္သိးထေနသည္။
ပုလဲသည္တံခါး႐ြက္ၾကားမွေရနံဆီပုလင္းကိုထုတ္ကာမီးခြက္တြင္ ဆီျဖည့္
သည္။ ထို႔ေနာက္ အခန္းဝတြင္ ရပ္ေနေသာ ဖိုးသူေတာ္ႀကီးကို ၾကည့္လိုက္ေတာ့ မရွိေတာ့ေပ။တဲေအာက္သို႔ေရာက္ေနသည္။ ပုလဲ ႐ုတ္တရက္ ေတြေဝသြားသည္။
အံ့ဩစရာပင္။
“သူေတာ္ႀကီး- တဲေအာက္ကို ဘယ္လိုေရာက္သြားပါလိမ့္။ျမန္လိုက္တာ”
ဖိုးသူေတာ္ႀကီးသည္ခါးေထာက္ကာေက်ာေပးလ်က္ျဖင့္အေမွာင္ထုထဲသို႔ စိုက္ၾကည့္ကာစကားေတြတတြတ္တြတ္႐ြတ္ေနသည္။တရားစာေလာ၊တစ္ေယာက္
တည္း စကားေတြေျပာေနျခင္းေလာ၊ ဘာေတြ ႐ြတ္ေနသည္မသိ၊
ပုလဲသည္ စားပြဲတင္နာရီကေလးကိုလွမ္းၾကည့္မိလိုက္သည္။ ည၁ဝနာရီခြဲေပၿပီ။ အေမွာင္ထုသည္ သိပ္သည္။ထူပိန္းလွသည္။ အျပင္ဘက္တြင္ ေလသည္ ေႁမြဆိုးတြန္သံကဲ့သို႔တ႐ႊီ႐ႊီျမည္ကာတိုက္ခတ္
ေနၿမဲ၊သစ္႐ြက္သစ္ခက္မ်ား၏ပြတ္တိုက္သံ၊တရွဲရွဲျမည္ေႂကြးသံကိုက်ယ္ေလာင္စြာ
ၾကားေနရသည္။ ပုလဲသည္ ရင္ထဲမွာပူေလာင္ေနာက္က်ိစြာ ေတြးေနမိသည္၊ တဲအတြင္းခန္းထဲမွာအေလာင္းတစ္ေလာင္း၊ အမည္မသိတစ္စိမ္းတစ္ရံ ဖိုးသူေတာ္ႀကီးတစ္ပါး။ ၿပီးေတာ့ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနသည့္ သားငယ္ကေလး။ သူမသည္ သက္ျပင္းတစ္ခ်က္ကို ေလးပင္စြာခ်လိုက္သည္။ မိုးရယ္၊ျမန္ျမန္လင္းပါေတာ့၊
သူမ၏လည္တိုင္ၾကားဆီမွေခြၽးမ်ားသည္ေဆာင္းေလေအာက္မွာပင္တစ္၈ တစ္စယိုဆင္းေ႐ြ႕လ်ားေနၾကေလၿပီ။ေအးျမေသာေဆာင္းေလကသူမ၏တစ္ကိုယ္ လုံးကိုအပ္ဖ်ားေတြႏွင့္ထိုးဆြသလိုပြတ္တိုက္ေ႐ြ႕လ်ားေနေသာ္လည္းအသိတရာ၊ ခႏၶာကိုယ္ႏွင့္ ခံစားမႈမ်ားကတသီးတျခားစီ၊ ေအးျမမႈကို ခံစားရမွန္းမသိ။ နာက်င္မႈ သည္ ခႏၶာကိုယ္တစ္ခုလုံးကို အျမစ္တြယ္ေနေလသည္။ ပကတိ ပိန္းပိတ္ေအာင္ ေမွာင္သည့္ အေမွာင္ထုထဲတြင္ နစ္ျမဳပ္ေနရျခင္းသည္ပင္ တစ္ကမာၻလုံ။ တစ္ ေလာကလုံးတြင္မိမိတစ္ေယာက္တည္းအေဖာ္မဲ့၊အဝိုင္းအဝန္းမဲ့အထီးက်န္သကဲ့သို႔
ခံစားေနရသည္။
ေလသည္တ႐ႊီ႐ႊီျမည္ကာတိုက္ခတ္ေနဆဲ…။
ကေလးငယ္သည္အျပစ္ကင္းစြာအိပ္ေပ်ာ္ေနဆဲပင္ျဖစ္သည္။
ဖိုးသူေတာ္ႀကီးသည္တဲကိုေက်ာေပးရပ္ကာဂါထာေတြ႐ြတ္ဖတ္သရဇၩာယ္
ေနရာမွတဲဘက္သို႔ မ်က္ႏွာမူလိုက္သည္။ ပုလဲကို စိုက္ၾကည့္ေနသည္။
ပုလဲသည္ဖိုးသူေတာ္ႀကီးကိုမ်က္ေမွာင္ၾကဳတ္ကာစိုက္ၾကည့္လိုက္မိသည္။
ဖိုးသူေတာ္ႀကီး၏ မ်က္ႏွာျပင္သည္ တစ္မ်ိဳးတစ္မည္ ေျပာင္းလဲသြားသည္ဟု ခံစား လိုက္သည္။ မ်က္ႏွာျပင္ႀကီးသည္ အဆီျပန္လာကာ တင္းေျပာင္ေဖာင္းကားလာ
သည္ထင္သည္။မီးရဲရဲတြင္ကင္ထားသည့္ဝက္ေခါက္ကင္ႀကီးလိုအဆီေတြယိုစိမ့္ ထြက္ကာတင္၊ေျပာင္ပြေယာင္းလာသည္ထင္သည္။ဒါမွမဟုတ္၊ငရဲမီးပူေဖာင္းလို တျဖည္းျဖည္းေဖာင္းကားလာသည္ ထင္သည္။ ထို႔ေနာက္ ေျခမနီးပါးရွိ ဧရာမသြား
ႀကီးမ်ားကို ဟစ္ဟလိုက္ကာ…
ေပါ့”
“ဒကာမႀကီး- ေတာ္ေတာ္ေအးစိမ့္လာၿပီဗ်၊ မီးဖိုမွျဖစ္မယ္ ထင္တယ္” ပုလဲသည္ ေခါင္းတစ္ခ်က္ညိတ္ရင္း…
“ဖိုးသူေတာ္ႀကီး သေဘာပဲ၊ ေကာင္းပါတယ္ -အခ်မ္းသက္သာသြားတာ
ဖိုးသူေတာ္သည္အျဖဴေရာင္ထည္ႀကီးျဖင့္လႊားခနဲေနေအာင္ေ႐ြ႕လ်ားလိုက္
ၿပီးလွ်င္ တဲပတ္ဝန္းက်င္ သစ္တိုသစ္စ၊ သစ္ကိုင္းေျခာက္မ်ားကို လ်င္ျမန္စြာလိုက္ ေကာက္ကာမီးဖိုေလသည္။ ခါးၾကားမွေၾကးဝါးမီးျခစ္ႀကီးကိုထုတ္ကာတရွီးရွီးျပည္ ေအာင္ျဖစ္ေတာ့သည္။
ပုလဲသည္ ေဝဒနာကို ေခတၱေမ့ကာ…
“ဘာပဲျဖစ္ျဖစ္ ဖိုးသူေတာ္ႀကီးက ဒီညအဖို႔ေတာ့ အေဖာ္ရေကာင္းပါရဲ႕၊ သူ႔ အတြက္စားစရာတစ္ခုခု စီစဥ္ေပးမွျဖစ္မယ္”
မီးဖိုေဆာင္သို႔ ဝင္၊ တစ္ခုခုစားစရာစီစဥ္ရသည္။ ငါးေျခာက္၊ အာလူ။ ဘဲဥ ေတြအမ်ားအျပားရွိသည္။ဟင္းရန္တစ္ခြက္ခ်က္ျပဳတ္ေပးမႈမနက္မိုးလင္းလွ်င္လည္း
အ႐ုဏ္ဆြမ္းကိစၥၿပီးစီးႏိုင္သည္။ ကိုယ့္ဘက္မွတာဝန္ေက်ဖို႔ေတာ့လိုမည္။
ပုလဲသည္ ေနာက္ေဘးဘက္သို႔ဝင္ကာ ဟင္းခ်က္ရန္ ျပင္ဆင္မိျပန္သည္။ ညေနက အဆင္သင့္ျပင္ဆင္ထားေသာ မီးဖိုတြင္ မီးေမႊးမီးပ်ိဳးကာအျပင္ဘက္သို႔ ျပန္ထြက္လာသည္။ထိုစဥ္ဖိုးသူေတာ္ႀကီးသည္ မီးပုံေရွ႕တြင္ေဆာင့္ေၾကာင့္ထိုင္ကာ သစ္ကိုင္းေျခာက္မ်ားကိုတစ္ခုၿပီးတစ္ခုထိုးထည့္ေနသည္။ ႏႈတ္မွလည္း ဘာေတြ
႐ြတ္ပြားေနသည္ကိုမသဲကြဲ။ တဖ်စ္ဖ်စ္အသံျမည္ေနသည္။
မီးပုံမွမီးလွ်ံေတြေတာက္ေလာင္လာသည္။ တရွိန္ရွိန္တက္လာေလၿပီ။
စားပြဲကေလးေပၚမွနာရီကညတစ္ဆယ့္တစ္နာရီကိုျပေနေပၿပီ။
ေျမာက္ျပန္
ေလသည္ တစ္စတစ္စျပင္းထန္လာေလၿပီေကာ။ တဲေရွ႕ဖိုးသူေတာ္ႀကီး၏ မီးပုံမွ
မီးလွ်ံမီးစြယ္မ်ားသည္တဟူးဟူးတဟုန္းဟုန္းျမည္ကာျပင္းထန္စြာေတာက္ေလာင္ မီးခိုးမီးၫြန႔္ဝါဝါမ်ားသည္တလူးလူးတလြန႔္လြန႔္ျဖင့္အေပၚသို႔တက္လ်က္
လ်က္ရွိ၏။
ရွိရာ ညအေမွာင္ထုေအာက္တြင္ ေရာင္စုံေတာၾကက္ဖမ်ား ျမဴးပ်ံကခုန္ေနသကဲ့သို႔ ထင္မွတ္ရသည္။ တဖ်စ္ဖ်စ္ျမည္ေနေသာ ထင္းေျခာက္မ်ားကို မီးစြဲေလာင္သံက
သံစဥ္မညီညာေသာေတးတစ္ပုဒ္ကိုအ႐ူးမတစ္ေယာက္ကကေပါက္တိကေပါက္ခ်ာ
ညည္းတြားေနသကဲ့သို႔ထင္မွတ္ေနရျပန္ေသးသည္။တဲေရွ႕ရွိ ကြမ္းသီးပင္ႏွင့္အုန္း
ပင္ႀကီးမ်ားသည္ကင္းေစာင့္တေစၦႀကီးေတြလိုတန္းစီးေဝးၿငိမ္ေနၾကကာတဲအတြင္း
ကို စိုက္ၾကည့္ေနၾကသည္။
ကာ
ဖိုးသူေတာ္ႀကီးသည္မီးထိုးေနရာမွရပ္တန႔္လိုက္ကာ…
“ဒကာမႀကီ၊”
“ဟုတ္ကဲ့-ဖိုးသူေတာ္ႀကီး”
“ဒကာမႀကီး မီးဖိုထဲမွာဘာေတြလုပ္ေနတာတုံး” “ဖိုးသူေတာ္ႀကီးအတြက္ စားဖို႔ေသာက္ဖို႔ စီစဥ္ေနတာပါ” ထိုအခါအဆီေျပာင္ဝင္းေနေသာ မ်က္ႏွာၿပဲႀကီးကို ခပ္သြက္သြက္ ယမ္းခါ
“အို- မဟုတ္တာပဲ၊ ဘာမွခ်က္ျပဳတ္မေနနဲ႔ေတာ့။ က်ဳပ္က ေနေရာင္မလာ ခင္ ဒီက ျပန္မွာ။ ခု လမ္းႀကဳံလို႔ဝင္လာတာ၊ ကြၽႏ္ုပ္အတြက္ မစီမံနဲ႔၊ က်ဳပ္မွာ စားဖို႔ ေသာက္ဖို႔ရွိေနၿပီ။က်ဳပ္အတြက္ဒုကၡမမ်ားနဲ႔”
“ဟုတ္လာ။”
“ဟုတ္တယ္၊ ဒကာမႀကီး – စားဖို႔ေတြ စီစဥ္ထားၿပီးၿပီ”
ပုလဲသည္ ဇေဝဇဝါျဖစ္သြားျပန္ေလသည္။ သူမဖိုးသူေတာ္ႀကီးကို စတင္ ေတြ႕ဆုံကတည္းက မည္သည့္ဝန္စည္စလယ္မွ မပါဝင္ေပ။ လက္ခ်ည္းသက္သက္
သာ႐ုတ္တရက္ေတြ႕လိုက္ရျခင္းပင္။ခု- ဖိုးသူေတာ္ႀကီးက စားေသာက္စရာမစိရင္ ခိုင္းပဲ စားစရာေတြ႕ထားၿပီဟု ဆိုေနျပန္ၿပီေကာ။ ၿခံထဲမွာ သီးႏွံေတြကေပါသည္။ မာလကာ၊အုန္း၊ ငွက္ေပ်ာတစ္ခုခုျဖစ္ႏိုင္သည္။
ပုလဲသည္ ဘာမွျပန္မေျပာေတာ့ဘဲ ၿငိမ္သက္ေနလိုက္သည္။ ပုလဲသည္ တစ္စုံတစ္ခုျပန္ေျပာရန္ျပင္ဆင္လိုက္စဥ္မွာပင္…
“ေအာ္- ဒါထက္ ဒကာမႀကီး”
“ေျပာပါရွင္- ဖိုးသူေတာ္ႀကီး”
“ဒီလိုဗ် – ခင္ဗ်ားေယာက္်ား႐ုပ္အေလာင္းႀကီးကအိမ္ထဲမွာဆိုေတာ့ မနက္ က်ရင္ အေလာင္းျပင္ဆင္ေတာ့ တဲအျပင္ထုတ္ရမွာပဲ။ က်ဳပ္ရွိတုန္း ေအာက္ကို ခ်ေပးမယ္၊ ေအာက္မွာကြပ္ပ်စ္ရွိတယ္။ ခ်ေပးလိုက္မယ္။ဒါမွတဲေပၚမွာက်ယ္က်ယ္ ဝန္းဝန္းျဖစ္သြားမယ္။ မနက္က်ေတာ့ဧည့္သည္ေတြကလာၾကဦးမွာမဟုတ္လာ။ တဲအေပၚမွာ ဒကာမႀကီးနဲ႔ကေလးက်ယ္က်ယ္ဝန္းဝန္းေနရတာေပါ့”
“ဟုတ္ကဲ့-ကြၽန္မေတာ့ေခါင္းမီးေတာက္ေနလို႔ဘာလုပ္ရမွန္းေတာင္မသိ
ေတာ့ပါဘူး-ဦးသူေတာ္ႀကီးရယ္၊ကူညီတာေက်းဇူးတင္ပါတယ္။လုပ္ပါ – လုပ္ပါရွင့္၊
ၾကည့္ေကာင္းသလိုသာေဆာင္႐ြက္ပါေတာ့”
“ဟီး”
ဖိုးသူေတာ္ႀကီးသည္ ဟီးခနဲတစ္ခ်က္ရယ္ခ်လိုက္သည္။ ပုလဲသည္ ဖ်ပ္ခနဲ လန႔္ဖ်ပ္သြားသည္။ ဖိုးသူေတာ္ႀကီးသည္ရယ္ေမာရင္းဦးေခါင္းေျပာင္ႀကီးကိုတဆတ္ ဆတ္ညိတ္ေနျပန္ေသးေတာ့သည္။
“ဟီး- စိတ္ခ် – ကူညီမယ္။ ေရဆုံးေျမဆုံး ကူညီမယ္။ ဟီ-ဟီ-ဟီ” ဖိုးသူေတာ္ႀကီးသည္ တဟီးဟီးရယ္ေမာရင္း တဲေပၚသို႔ ေ႐ြ႕ခနဲတက္လာ သည္။ ပုလဲသည္ အနည္းငယ္ေတြေဝသြားသည္။ ဘယ္လိုလဲ – ရဲတင္းလွေခ်
ကလာ။
“ဘယ္လိုဖိုးသူေတာ္ႀကီးလဲ- စိတ္မွႏွံ႔ပါရဲ႕လား”
ဖိုးသူေတာ္ႀကီးသည္တဲအတြင္းခန္းထဲသို႔ ေစြ႕ခနဲ ဝင္သြားသည္၊ “ၾကည့္စမ္း-ျမန္လိုက္တာ၊ လွစ္ခနဲ-လွစ္ခနဲပဲ”
ပုလဲသည္ အထိတ္တလန႔္ျဖစ္ကာ ေငးေၾကာင္ၾကည့္ေနမိသည္။ သို႔ေသာ္ ထရံၾကားမွဖိုးသူေတာ္ႀကီးသည္ ႐ုတ္တရက္အခန္းအျပင္သို႔ထြက္လာသည္။ကိုင္း ခုတ္ဓားကို ၾကည့္ထားမိသည္။
“ဟင္
ပုလဲတစ္ကိုယ္လုံး အဖ်ားဝင္သြားသလို တဆတ္ဆတ္တုန္ခါသြားသည္။ ဖိုးသူေတာ္ႀကီး၏ လက္ထဲတြင္ ကိုသက္ေဝ၏ ႐ုပ္အေလာင္းသည္ အ႐ုပ္ကေလး တစ္႐ုပ္လိုေ႐ြ႕ခနဲပါလာျခင္းေပတကား။အေလာင္းကိုဘယ္ဘက္လက္ျဖင့္ေပြ႕ခ်ီကာ
ခါးေစာင္းတင္ကာအသာအယာေပြ႕ယူလာျခင္းျဖစ္ေပသည္။
“5-05-05”
ဖိုးသူေတာ္ႀကီးသည္အေလာင္းကိုအသာအယာပင္ေပြ႕ထားလ်က္ကတဟီး
ဟီး ရယ္ကာ တဲေအာက္သို႔ ဖ်ပ္ခနဲခုန္ဆင္းကာအေလာင္းကို ကြပ္ပ်စ္ေပၚသို႔ ပစ္ခ်
လိုက္သည္။
“ဝုန္း”
ဘုရား – ဘုရား
ပုလဲသည္ ကြပ္ပ်စ္ေပၚသို႔ အညႇာအတာကင္းမဲ့စြာ ပစ္ခ်ခံလိုက္ရေသာ ကိုသက္ေဝ၏႐ုပ္အေလာင္းကိုၾကည့္ကာႏွလုံးေသြးရပ္တန႔္သြားသလိုလိုအသက္
ရႉအဂၤါ ရပ္တန႔္တုန႔္ဆိုင္းသြားသလိုလို မြန္းၾကပ္ဆို႔နင့္သြားမိသည္။
ခ်ပါရွင့္”
“ဦးသူေတာ္ႀကီးရဲ႕-ကြၽန္မေယာက္်ားအေလာင္းကို ျဖည္းျဖည္းသက္သာ
ဖိုးသူေတာ္ႀကီးသည္ တဲအေပၚသို႔ တစ္ခ်က္ေမာ့ၾကည့္သည္။ ဟီးခနဲ တစ္
ခ်က္ရယ္ကာ…
“ေသေနၿပီပဲဟာ”
“ေသတာကေတာ့ေသတာပဲေပါ့ရွင္။ ညႇာညႇာတာတာလုပ္ပါ
ဖိုးသူေတာ္ႀကီးသည္ကြပ္ပ်စ္ေပၚတြင္ပိုးလိုးပက္လက္ေခြေခါက္က်ေနေသာ
႐ုပ္အေလာင္းကို ေျခေထာက္မွဆြဲကာဆန႔္ထုတ္လိုက္ျပန္သည္။ ၾကမ္းၾကမ္းတမ္း
တမ္းပင္၊
“ခက္တာပဲ၊ ေျပာလို႔လည္း မရပါလာ။” “ဟီး-ဟီး-ဟီး- တစ္လုတ္စာေတာင္မရွိဘူး”
“ရွင္”
“ဟီး- ဟီး- ဟီ၊တစ္လုတ္စာေတာင္ မရွိဘူးလို႔ေျပာလိုက္တာေလ” နာရီပိုင္းကမွ ေသဆုံး၍ အသက္ရႉအဂၤါမ်ား ပ်က္စီးရပ္ဆိုင္းေနေသာ႐ုပ္ အေလာင္းသည္ အမႈိက္ပုံတြင္စြန႔္ပစ္ခံရသည့္ အဝတ္စုတ္တစ္ခုလို ေပ်ာ့ေခြလ်က္ ရွိသည္။ ဖိုးသူေတာ္ႀကီးသည္ကိုသက္ေဝ၏႐ုပ္အေလာင္းကိုကြပ္ပ်စ္ေပၚတြင္စန႔္စန႔္
ျပန႔္ျပန႔္ရွိေအာင္ျပဳျပင္စီမံၿပီးေသာအခါ…
“ကဲ-ဒကာမႀကီ။ အိပ္ေတာ့ – အိပ္ေတာ့။ က်ဳပ္ အေလာင္းနားမွာေနၿပီး ေဟာဒီတစ္ညလုံး ေစာင့္ေရွာက္ေပးမယ္။ စိတ္ခ်အိပ္- က်ဳပ္က ေနမထြက္ခင္ ဒီက ျပန္မွာ၊ တစ္ညလုံး မအိပ္ဘဲနဲ႔ ေစာင့္ေရွာက္ေပးၿပီး ဂါထာေတြ႐ြတ္ေပးေနမွာ”
ပုလဲသည္ေၾကာက္လန႔္တၾကား ေငးေၾကာင့္ၾကည့္ေနရင္းေယာင္အအျဖစ္ သြားကာ ျပန္ေျပာရမည့္စကာလုံးေတြ ရွာမရဘဲ ရင္ထဲမွာ တစ္ဆို႔ေနသည္။ ဖိုးသူ ေတာ္ႀကီးသည္ဧကန္စင္စစ္လူမွဟုတ္ရဲ႕လား။တျဖည္းျဖည္းသံသယဝင္လာသည္။
ေၾကာက္႐ြံ႕လာသည္။
ကြပ္ပ်စ္အနီးရွိ မီးပုံဆီမွ မီးၫြန႔္ဝါဝါမ်ားကလည္း တဟုန္းဟုန္းေတာက္ ေလာင္ေနဆဲျဖစ္ကာ ခ်မ္းေအးလွေသာေဆာင္းေလကို အသာအယာပင္ အန္တု လ်က္ရွိသည္။ ဖိုးသူေတာ္ႀကီးကိုၾကည့္ရသည္မွာသူမအဖို႔ေမာေမာပန္းပန္းျဖင့္သာ
အိပ္ေပ်ာ္က်သြားမည္ဆိုပါမူၾကက္ကေလးတစ္ေကာင္ကို အလြယ္တကူ ခုန္အုပ္ ကိုက္မ်ိဳေသြးစုပ္ေတာ့မည့္ ေခ်ာင္းေျမာင္းေနသည့္ ေၾကာင္အိုႀကီးႏွင့္ သဏၭာန္တူ လာေလသည္၊
ပုလဲသည္ နဖူးထက္ ဆံပင္ၾကားမွ ေခြၽးညစ္ညစ္ေတြယိုဆင္းက်လာသည္ အထိေၾကာက္႐ြံ႕လာသည္။က်ားကိုက္မွာကိုစိုးရိမ္၍ရွင္ညိဳကိုအားကိုးေလမွရွင္ညိဳ
ကက်ားထက္ ဆိုးဝါးသည့္အျဖစ္ပါတကား။
သည္ၾကားထဲေဆာင္းေလ႐ိုင္းမ်ားကလည္းတဲ၏ေလးဖက္ေလးတန္ထရံ၊ ဓနိအေပါက္မ်ားၾကားမွေရခဲအပ္မ်ားျဖင့္ပစ္စိုက္ေနသည့္ပမာႏွိပ္စက္ညႇဥ္းပန္းေန
ၾကျပန္ေလၿပီ။ ပုလဲသည္ အေအးဒဏ္ကို မခံစားႏိုင္ဘဲ ရင္ထဲမွာ မီးစြယ္မီးလွ်ံေတြ တဖ်စ္ဖ်စ္ျမည္လ်က္ရွိသည္၊
ည ၁၁နာရီေက်ာ္ေပၿပီ။
ပုလဲသည္ျခင္ေထာင္ထဲမွၿငိမ္သက္တိတ္ဆိတ္ရင္းအိပ္ေပ်ာ္ေအာင္မအိပ္
ဝံ့ေပ။ ဘယ္လိုမွလည္း အိပ္မေပ်ာ္ႏိုင္ေတာ့ၿပီ၊
အျပင္ဘက္တြင္ေဆာင္းေလႏွင့္အတူ မီးပုံကလည္းတဟုန္းဟုန္းေတာက္
ေလာင္ေနဆဲပင္ျဖစ္သည္။ဖိုးသူေတာ္ႀကီးဆီမွခ်ိဳးခ်ိဳးခြၽတ္ခြၽတ္အသံေတြကိုအတိုင္း သားပင္ ၾကားေနရသည္။ ႐ုတ္တရက္ ေဆာင္းေလတစ္ခ်က္က ခပ္ျပင္းျပင္းတိုက္ ခတ္လိုက္၏။ျခင္ေထာင္ပင္ သိမ့္ခနဲလႈပ္ခါယမ္းသြားသည္
ပုလဲသည္ခႏၶာကိုယ္ကိုအသံမၾကားရေလေအာင္ေစာင္းငဲ့ၿပီးျခင္ေထာင္စ
တစ္ဖက္ကို လွပ္၍ အျပင္ဘက္သို႔ၾကည့္လိုက္သည္။ထိုအခ်ိန္တြင္ဖိုးသူေတာ္ႀကီး သည္ မတ္တတ္ရပ္လ်က္ကပင္အေပၚ႐ုံအျဖဴၿခဳံထည္ကို လႊားခနဲေနေအာင္ျဖန႔္ပဲ လိုက္ေလသည္။
“ဟင္”
ပုလဲသည္ ႐ုတ္တရက္ လန႔္ဖ်ပ္သြားသည္။ သူမ၏ခႏၶာတစ္ကိုယ္လုံးဆီသို႔ သံသယႏွင့္အတူ အေၾကာက္တရားသည္ ေႏြးရွိန္း႐ြာ စီးေပ်ာ္သြားေလသည္။ သူ မျမင္ေတြ႕လိုက္ရသည့္အရာက ဖိုးသူေတာ္ႀကီး၏ တံေတာင္ဆစ္ေနရာမွ ျပတ္ေန
ေသာညာဘက္လက္ျပတ္ႀကီးျဖစ္ေနေသာေၾကာင့္တည္း။
လက္ျပတ္ႀကီးႏွင့္ဖိုးသူေတာ္၊ ဖိုးသူေတာ္ႏွင့္လက္ျပတ္ႀကီး၊ ဖိုးသူေတာ္ႀကီး
သည္ ဘယ္သူလဲ၊ ဘာေၾကာင့္ လက္တစ္ဖက္ျပတ္ေနရတာလဲ။ လက္ျပတ္ႏွင့္ ဖိုးသူေတာ္ႀကီးသည္အဘယ္ေၾကာင့္ဤေနရာကို႐ုတ္တရက္ေရာက္လာရတာလဲ။
႐ုတ္တရက္ ေရာက္လာပုံကလည္း ဆန္းၾကယ္ထူးဆန္းလွသည္။ မိုးေပၚမွက်လာ သကဲ့သို႔ထင္မွတ္ရသည္။
သူမသည္ လြန္ခဲ့သည့္ ႏွစ္အနည္းငယ္ခန႔္က ကိုသက္ေဝ၊ထြန္းအုံတို႔ႏွင့္ ခိုက္ရန္ျဖစ္ပြားခဲ့သည့္ တစ္ဖက္႐ြာသား ေက်ာက္ခဲကို အမွတ္ရသြားမိသည္။ ရန္ပြဲ တြင္ေက်ာက္ခဲလက္တစ္ဖက္ျပတ္သြားရာ ခုတ္သူမွာ ကိုသက္ေဝ၏ သူငယ္ခ်င္း ထြန္းအုံျဖစ္သည္။ သို႔ေသာ္ ကို သက္ေဝက မိမိအသက္ကို ကယ္သူျဖစ္သည့္ အေလ်ာက္ ဓားစာခံလုပ္ကာ သူ ခုတ္ပါသည္ ဝန္ခံလိုက္သျဖင့္ ေထာင္ဒဏ္ တစ္ ႏွစ္ေက်ာ္ေက်ာ္က်သြားသည္။ သို႔ေသာ္ကိုသက္ေဝေထာင္မွလြတ္လာၿပီး မၾကာမီ မွာပင္ ေက်ာက္ခဲ ေသဆုံးသည့္သတင္းပါထပ္မံၾကားလိုက္ရသည္။
စင္စစ္ ပုလဲသည္ ေက်ာက္ခဲကို မသိေခ်။ နာမည္သာ ၾကားဖူးခဲ့သည္။ ကိုသက္ေဝႏွင့္အမႈျဖစ္မွသာေက်ာက္ခဲဟူသည့္ နာမည္ကို ၾကားဖူးျခင္းျဖစ္သည္။ သို႔ေသာ္ေက်ာက္ခဲဟူသည္ ဆန္ကုန္ေျမေလးအရက္သမားကား ေသဆုံးသြားေလ ၿပီ။ လူ႔ေလာကႀကီးတြင္ မရွိေတာ့သည္မွာေသခ်ာသည္။
ယခု လက္တစ္ဖက္ တံေတာင္ဆစ္ရင္းမွ ျပတ္ေနသည့္ မ်က္ႏွာ ေဖာသြပ္ သြပ္အဆီျပန္လူေကာင္ထြားထြား ဖိုးသူေတာ္ႀကီးကား မည္သူနည္း..။
“ဟင္း-ဟင္း-ဟင္း-ဟင္း”
ဖိုးသူေတာ္ႀကီးထံမွညည္းညဴသံႀကီးကေလမုန္တိုင္းက်သလို႐ိုက္ခတ္တုန္
ဟည္းေနသည္။
“ဒကာမႀကီးအိပ္ၿပီလား”
အလိုဘုရားေရ…
တိတ္ဆိတ္ေနေသာညဥ့္ယံတြင္ေၾကာက္မက္တုန္ဟည္းဖြယ္ရာအသံႀကီး
သည္ တဲကေလးတစ္လုံးအေျခမွ ကြၽတ္ထြက္သြားမည္ကဲ့သို႔ လႈိင္းထသြားေလ သည္။ ပုလဲ၏ တစ္ကိုယ္လုံး ေၾကာက္လန႔္စိတ္ျဖင့္ ေအးစက္စိမ့္ရွသြားသည္။ ျပန္
လည္၍
မထူးဝံ့ေတာ့ဘဲအသက္ကိုပင္ေအာင့္ရႉကာရင္ဘတ္ကိုလက္တစ္ဖက္ျဖင့္
ဖိႏွိပ္ထားမိသည္။
သမၺဳေဒၶကို႐ုတ္တရက္ေယာင္ယမ္းကာ႐ြတ္ဆိုမိေလသည္။
သမၺဳေဒၶ-အ႒ဝိသၪၥ-ဒြါဒသသၪၥ သဟသေက ပၪၥႆတ သဟသာနိ… ဘုရားစာကို႐ြတ္ဆိုရင္းမွအထိတ္တလန႔္ျဖင့္ရင္ေခါင္းထဲမွာအပူလႈိင္းေတြ
ခက္ထန္စြာ ခုန္႐ြေနၾကေလသည္။ သူမသည္ ဘုရားစာကို ခပ္တိုးတိုး႐ြတ္ဆိုရင္း မ်က္စိကို မွိတ္ထားလိုက္မိသည္။အသက္ရႉဖို႔ကိုပင္ ေခတၱေမ့ေလ်ာ့ထားမိသည္။ ဘုရားတပည့္ေတာ္မကိုကယ္ေတာ္မူပါျမတ္စြာဘုရား..
“ဒကာမႀကီး… အိပ္ၿပီလား”

ပတ္ဝန္းက်င္သည္ ႐ုတ္တရက္ တိတ္ဆိတ္သြားျပန္သည္။ ပုလဲသည္ ျခင္ ေထာင္ထဲမွလွမ္းၾကည့္လိုက္ရာဖိုးသူေတာ္ႀကီး၏လႈပ္ရွားမႈကို မေတြ႕ရေတာ့ေပ။
ေကာ”
“ဖိုးသူေတာ္ႀကီး ဘယ္ေရာက္သြားၿပီလဲ။ကိုသက္ေဝ၏အေလာင္းႀကီး
သူမသည္အထိတ္တလန႔္ျဖစ္ေနသည့္ၾကားမွပင္ျခင္ေထာင္ကိုအသာလွပ္
၍ ၾကည့္လိုက္ျပန္သည္။ ျမင္လိုက္ရသည့္ျမင္ကြင္းကား သည္းအူျပတ္မတတ္ တုန္ လႈပ္စြာ…
“ဘုရား – ဘုရား- ဘုရား – ကယ္ေတာ္မူပါ” ပုလဲျမင္လိုက္ရသည့္ျမင္ကြင္းကား…
ပိတ္ျဖဴဝတ္ထားေသာ ဖိုးသူေတာ္ႀကီး မရွိေတာ့ဘဲ တစ္ထြာခန႔္ရွည္ေသာ အေမြးျဖဴႀကီးမ်ား ဖုံးလႊမ္းထားေသာစပါးပုတ္မွ်ႀကီးမားသည့္ ဧရာမၿပိတၱာႀကီးတစ္ ေကာင္သည္ကြပ္ပ်စ္ေပၚတြင္ မဆန႔္မၿပဲကိုယ္လုံးႀကီးျဖင့္တုံးလုံးႀကီးလွဲ၍အိပ္ေပ်ာ္
ေနေလသည္ တကား။ “cal-cal-cal”
“ခလီ-ခလို-ခလို႔” “ခူး – ခူး – ခူး”
အေမြးျဖဴႀကီးမ်ား ပိတ္ဖုံးေနေသာဧရာမၿပိတၱာေကာင္ႀကီးသည္ ဖ်ာၾကမ္း တစ္ခ်ပ္စာမွ်နား႐ြက္ႀကီးတစ္ဖက္ကိုခင္းကာ သူ၏ကိုယ္လုံးႀကီးက ေဆာင္းေလကို အန္တုလ်က္ၿမဳံကာႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနေလသည္။ ဦးေခါင္းကိုမျမင္ရေပ။အိပ္ ေပ်ာ္ေနရာမွ ေဟာက္သံႀကီးမ်ားမွာ ႏြားသိုးႀကီးတစ္ေကာင္၏ နာမႈတ္သံႏွင့္တူလွ သည္။ကြပ္ပ်စ္ေပၚမွာအိပ္စက္ေနပုံမွာဧရာမပုကြကၡဖားျပဳပ္ဘီလူးႀကီးလဲၿပိဳေနတာ
ႏွင့္ သဏၭာန္တူျပန္ေသးသည္။
မူပါ”
“အမေလး-ဘုရား- ဘုရား – သူေတာ္ေကာင္း နတ္သိၾကားမ်ားကယ္ေတာ္
ပုလဲသည္ ႐ုတ္တရက္ ေယာင္ယမ္းကာ ေအာ္ဟစ္လိုက္မိဖို႔ႀကိဳးစားလိုက္ ရာမွ သတိဝင္လာကာ ၿငိမ္သက္တိတ္ဆိတ္ေနလိုက္မိသည္။
ထိုစဥ္ၿပိတၱာႀကီးသည္လွဲအိပ္ေနရာမွ႐ုတ္တရက္ထလာကာပုလဲအိပ္ေနရာ တဲေပၚသို႔တစ္ခ်က္လွမ္းၾကည့္လိုက္ေသးသည္။ထို႔ေနာက္ဇရာမအတၱေဘာႀကီးကို
မႏိုင့္တႏိုင္ သယ္ပိုးရင္း ယိုင္ထိုးယိုင္ထိုး ထလာေလသည္။ “ဟင္း- ဟင္း- ဟင္း-တစ္လုတ္စာပဲ ရွိတယ္”
ၿပိတၱာႀကီးသည္တဟင္းဟင္းျမည္ကာကိုသက္ေဝအေလာင္းကို႐ုတ္တရက္
ဆြဲလွန္လိုက္သည္။ထို႔ေနာက္ မိုးၿပဲဒယ္ႀကီးထဲမွဂ်ဳံဖတ္ေတြကိုနယ္သလိုအေလာင္း
ကို ပြတ္တိုက္နယ္ဖတ္ကာတဖုန္းဖုန္း႐ိုက္ေလသည္၊
“အ႐ိုးမ်ားတယ္”
ပုလဲသည္ မၾကည့္ရဲေတာ့။ ကိုသက္ေဝအေလာင္းကို အမဲဖ်က္ေနေလၿပီ ေကာ၊ ယခုေတာ့ ဖိုးသူေတာ္ႀကီးသည္ တေစၦၿပိတၱာႀကီး တစ္ေကာင္ျဖစ္ေနေလၿပီ ေကာ။ သည္အခ်ိန္မွာသူမအဖို႔ ရတနာျမတ္သုံးပါးကိုသာအားကိုးရာရွိေတာ့သည္။ ဘုရားမွတစ္ပါး အျခားကိုးကြယ္ရာမရွိေတာ့ေပ။
“ျမတ္စြာဘုရား-ကယ္ေတာ္မူပါ”
ပုလဲသည္ ေယာင္ယမ္းကာ မ်က္စိကို ဖြင့္လိုက္သည္။ “အလိုေလး-ကယ္ေတာ္မူပါ။ကိုသက္ေဝရယ္”
ၿပိတၱာႀကီးသည္ဧရာမအတၱေဘာကိုယ္ခႏၶာႀကီးကိုငုံ႔ကိုင္းကာအသက္မဲ့႐ုပ္ ႂကြင္းႀကီးကို မညႇာမတာ ႐ိုက္ပုတ္ေနရာမွ အေလာင္း၏ လည္ကုပ္ကို ဆြဲကိုင္ကာ မ.ယူလိုက္သည္။ ထိုအခါအေလာင္းႀကီးသည္ က်ားရဲလက္မွယုန္သူငယ္ကေလး တစ္ေကာင္လိုအသာအယာပင္ ေ႐ြ႕ခနဲပါလာေလသည္။
“ဟင္း- ဟင္း- ဟင္း၊ ငါ့လက္တစ္ဖက္ကို ျဖတ္ပစ္တဲ့ေကာင္” သူမမ႐ြံ႕မရဲၾကည့္ေနဆဲမွာပင္ၿပိတၱာႀကီးသည္ သက္ေဝ၏ ႐ုပ္ခႏၶာႀကီးကို ကြပ္ပ်စ္ေပၚသို႔ ေဆာင့္ခ်လိုက္ေလသည္။ၾကမ္းတမ္းစြာ ေပါက္ခ်လိုက္ျခင္း ျဖစ္
သည္။
“ဒုန္း” “ဘုတ္”
အေလာင္းႀကီးကြပ္ပ်စ္ေပၚသို႔ကိုး႐ို႕ကားရားက်သြားသည္ႏွင့္အေလာင္း၏
ညာလက္ေမာင္းကို ဆြဲယူကာ လိမ္ခ်ိဳး၍ဆြဲျဖဳတ္လိုက္ေလသည္။ လက္ႀကီးျပတ္ ထြက္သြားသည္။
“ဂြၽတ္-ဂြၽတ္”
ပုလဲသည္ ေၾကာက္မက္ဖြယ္ျမင္ကြင္းကို မၾကည့္ရဲေတာ့။ ၿပိတၱာႀကီးသည္ သူ၏ လက္ထဲ၌ ျပတ္၍ပါလာေသာ လက္ျပတ္ႀကီးကို ၿမိန္ေရရွက္ေရကိုက္ဝါးေလ သည္။
“အမေလး- ကယ္ေတာ္မူပါ”
ၿပိတၱာႀကီးသည္လက္ဖက္ရည္ပန္းကန္လုံးတစ္မွ်ျပဴးက်ယ္ေသာမ်က္လုံး
ႀကီးျဖင့္တဲေပၚသို႔ စိုက္ၾကည့္ကာ…
“ဟီး-ဟီး-ဟီး- တစ္လုတ္စာေတာင္မရွိဘူး-တစ္လုတ္စာေတာင္ မရွိ
ပုလဲသည္ မ်က္စိကို မွိတ္ထားလိုက္၏။
“ဒါေၾကာင့္- ဒင္းက စားဖို႔ေသာက္ဖို႔မခ်က္နဲ႔ေျပာတာကိုး” ၿပိတၱာႀကီးသည္လက္ျပတ္ႀကီးကိုတျဖည္းျဖည္းကိုက္ဝါးေလေတာ့၏။ ပုလဲ
သည္အိပ္ရာမွအသံမၾကားရေအာင္အသာအယာထကာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေန
ေသာသားကေလးကိုေပြ႕ခ်ီသည္။ထို႔ေနာက္တဲေနာက္ေဘးသို႔ေျခသံမၾကားရေလ ေအာင္ခပ္ဖြဖြနင္းရင္း႐ြာဘက္သို႔ေစးပ်စ္ေလးလံေသာအေမွာင္ထုကိုတိုးဝင္ျဖတ္
ကာေျခကုန္သုတ္ေျပးေလသည္။အေနာက္သို႔လုံးဝလွည့္မၾကည့္။စိတ္ကေဆာင္ ေန၍ေလာမသိ။ ႐ြာထဲသို႔ တန္းတန္းမတ္မတ္ ေရာက္သြားသည္။ ေမာရမွန္းမသိပဲ ေသြးပ်က္မတတ္ ေျပးလႊားခဲ့ျခင္းျဖစ္သည္၊
အိမ္ေရွ႕ေရာက္သည္ႏွင့္…
“အေဖေရ-သမီးကိုကယ္ပါ၊ၿပိတၱာႀကီး-ၿပိတၱာႀကီး”
ေအာ္ကာ သတိလစ္လဲက်သြားသည္။ ထိုအခါတစ္အိမ္လုံးလန႔္ဖ်ပ္ႏိုးလာ ၾကေလသည္။ မီးခြက္ထြန္းသူ၊တံခါးဖြင့္သူ၊ရႈပ္ရွက္ခတ္သြား၏။

နံနက္မိုးလင္း၍ ႐ြာလူႀကီးမ်ားႏွင့္ လူငယ္မ်ားစုေဝးကာ အခင္းျဖစ္ပြားရာ ႐ြာျပင္တဲရွိရာသို႔ သြားေရာက္ၾကေလသည္။လယ္တဲသို႔ေရာက္ေသာအခါကြပ္ပ်စ္ ေပၚတြင္လက္တစ္ဖက္လက္ေမာင္းရင္းမွျပဳတ္ထြက္ကာေသဆုံးေနေသာကိုသက္ ေဝ၏႐ုပ္အေလာင္းကိုအထိတ္တလန႔္ေတြ႕လိုက္ရသည္။ထို႔ေနာက္ေကာင္းမြန္စြာ
သၿဂႋဳဟ္လိုက္ၾကသည္။

ကိုသက္ေဝရက္လည္ေန႔တြင္႐ြာဦးေက်ာင္းဆရာေတာ္သည္ကိုသက္ေဝႏွင့္
တကြ တစ္ဖက္႐ြာမွာ ရန္ၿငိဳးရွိခဲ့ဖူးသည့္ ေက်ာက္ခဲႏွင့္တကြအားလုံးေသာ မကြၽတ္ မလြတ္ ေပတသတၱဝါ၊ ပရေလာကသားအေပါင္းကို ပင့္ဖိတ္ကာ တရား နာယူေစ သည္။ ရွည္လ်ားစြာ တရားေတာ္ကို ခ်ီးျမႇင့္ဆုံးမေတာ္မူသည္။ ရန္ႂကြင္းရန္စကို သည္ဘဝသည္မွာပင္ ျဖတ္ၾကဖို႔ ေခ်ခြၽတ္ဆုံးမသည္။
ထို႔ေနာက္အမွ်အတန္းေပးေဝသည္။ အားလုံးၾကားၾကားသမွ် —
အမွ်-အမွ်-အမွ် – ယူေတာ္မူၾကပါကုန္ေသာ္… သာဓု-သာဓု-သာဓု