အစိမ်းသေသားအဖ(စ/ဆုံး)

Unicode Version

အစိမ်းသေသားအဖ(စ/ဆုံး)
———————————
( ဖြစ်ရပ်မှန် )
ကိုယ်တို့ငယ်ငယ်ကနေသောရပ်ကွက်သည်ချောင်းတခုနှင့်နီးကာဒီရေအတက်အကျရှိလေသည်…
“အဲဒီချောင်းသည်တနှစ်တခါလူစားလေ့ရှိသည်…
“နှစ်စဉ်နှစ်တိုင်းတော့အကြောင်းအမျိုးမျိုးကြောင့်ချောင်းထဲတွင်လူသေလေ့ရှိသည့်အတွက် လူကြီးတွေကချောင်းနားသို့မသွားခိုင်းပေဒါပေမဲ့ကလေးတို့သဘာဝချောင်းစပ်သွား၍ချောင်းထဲမှ စက်လှေများသဗ္ဗန်များသွားတာထိုင်ကြည့်ရင်းသဘောကျနေတတ်လေသည်…့ “ချောင်းကဒီရေတက်လာပါကကိုယ်တို့ရပ်ကွက်အတွင်းရှိအိမ်များသို့ရေများဝင်လာလေ့ရှိကာ လမ်းများလဲရေများဖုံးလွှမ်းသွားလေသည်ဒီရေမတက်ခင်ချောင်းမှဆူညံစွာ ချောင်းအော်သံတဝေါဝေါပေးကာမကြာခင်ဒီရေသည်ကြည့်နေရင်း လျှင်မြန်စွာရပ်ကွက်အတွင်းသို့ဝင်ရောက်စီးဆင်းလာလေသည်……့ “ထိုအခါရပ်ကွက်အတွင်းမှကလေးများအလွန်ပျော်ကြလေသည်…
“ရေထဲတွင်ပြေးလွှားဆော့လိုက်ရေထဲကပါလာသောငါးကလေးများလိုက်ဖမ်းလိုက် ကားဘီးအဟောင်းများဖြင့်လှေစီးတမ်းကစားလိုက်ဖြင့်မနားတမ်းအမျိုးစုံအောင်ဆော့ကြလေသည် ……့ “ရေပြန်ကျသွားပါကအိမ်ရှေ့ကစားကွင်းကြီးသည်ရပ်ကွက်ထက်နိမ့်သောကြောင့် ကွင်းထဲတွင်ရေများကျန်သေးတာမို့ချောင်းသာရောက်နေသလိုရေဆင်းကူးကြ စက္ကူလှေများလွှတ်ကြနှင့်အပျော်ကြီးပျော်နေကြသည် ………့ “တခါတလေချောင်းကညဘက်ကြီးတဝေါဝေါဖြင့်ဆူညံစွာအော်နေတာကို ိုတရပ်ကွက်လုံးကြားနေရလေသည်ကိုယ်တို့အိမ်မှရှေ့မှီနောက်မှီအလွန်ဗဟုသုတရှိသော အဖွားကကိုယ်တို့ကလေးများကိုခေါ်၍ပြောသည် …
”’ဟဲ့ကလေးတွေချောင်းအော်သံတွေကြားတယ်မဟုတ်လား——
-“ချောင်းဘက်ကိုမသွားနဲ့နော်ချောင်းကလူမစားရလို့အော်နေတာ—–
“ဒီအသံတွေကြားရင်မကြာဘူးလူသေတတ်တယ်” ‘့ “အဖွားပြောတော့ကိုယ်တို့ကလေးတွေနဲနဲကြောက်သွားကာချောင်းဘက် မသွားပဲညိမ်နေလိုက်သည်နောက်နှစ်ရက်လောက်နေတော့ချောင်းထဲတွင် လူသေအလောင်းပေါ်လာ၍တရပ်ကွက်လုံးသွားကြည့်ကြတာပွဲတော်ကြီးလိုဖြစ်နေသည်……
“ကိုယ်တို့ကလေးတွေလဲအပြေးအလွှားသွားကြည့်ကြကာကြောက်ရကောင်းမှန်းမသိပေ……့ “တနေ့မှာတော့ချောင်းအော်သံများကြားရပြန်သည်ရပ်ကွက်ထဲကလူကြီးများက စိုးရိမ်စိတ်ဖြင့်အလုပ်ရှုတ်ကာရပ်ကွက်အတွင်းကခွေးလေခွေးလွင့်များအားဖမ်းကာ ချောင်းအတွင်းသွားပြစ်ကြလေသည်အဖွားပြောတာကတော့လူအစားခွေးသွားပြစ်ကြွေးတာလို့ပြောတာပဲ ……့ “အဖွားပြောတာသိပ်နားမလည်ပေမဲ့ချောင်းအော်သံကတော့ရပ်သွားလေသည်…
“ဒီလိုနဲ့ရာသီတွေပြောင်းပြီးတနှစ်ပြီးဆုံးလို့ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုယ်တို့ရပ်ကွက်အတွင်းမူလတန်းကျောင်းကလေးရှိရာကိုယ်က…၄တန်းတက်ရလေသည်……
“ကိုယ့်နဲ့အခန်းဖော်သူငယ်ချင်းဖြူဖြူဆိုသောကောင်မလေးတယောက်ရှိကာအလွန်ချစ်စရာကောင်းလေသည် ……့ “တညမှာအိပ်နေရင်းချောင်းအော်သံကိုကျယ်လောင်စွာကြားရကာလန့်နိုးသွားလေသည် …
“ချောင်းထဲမှာဘာတွေများဖြစ်အုံးမလဲလို့တွေးကာမနက်မှအဖွားကိုပြောမယ်လို့စိတ်ကူးရင်း ပြန်အိပ်လိုက်သည် …
“မနက်မိုးလင်းတော့ကျောင်တက်လို့မှမကြာသေး ခလေးတယောက်နဲ့လူကြီးတယောက်ချောင်းထဲခုန်ချလို့ဆိုတဲ့သတင်းကြားတော့ကျောင်းကဆရာမတွေကောခလေးတွေပါသိချင်နေကြသည် ……့ “အရေးထဲအခန်းဖော်ဖြူဖြူကလဲကျောင်းမလာပေ …
“နေ့လည်ကျောင်းဆင်းတော့ဖြူဖြူတ့ိုအိမ်ရှေ့တွင်လူများတရုန်းရုန်းဖြစ်နေရာ ကိုယ်လဲလူအုပ်ထဲဝင်၍စပ်စုကြည့်ရာချောင်းထဲခုန်ချသွားသူမှာဖြူဖြူနှင့်သူ့အဖေဆိုတာ သိလိုက်ရတော့ဝမ်းနဲစွာအိမ်ပြန်လာသည် ……့ “အိမ်ရောက်မှအမေပြော၍အကြောင်စုံသိရတာကဖြူဖြူအမေသည် လင်ငယ်နေသောကြောင့်ဖြူဖြူအဖေကသမီးကလေးမျက်နှာထောက်ရန်တောင်းပန်ပေမဲ့မရ ရပ်ကွက်ထဲကလူတွေကလဲလင်ငယ်နှင့်မကြာခဏတွေ့နေလို့ဝိုင်းပြောရာ ရှက်တာရောစိတ်ညစ်တာရောပေါင်း၍ရေထဲခုန်ချကာသတ်သေခြင်းဖြစ်သည် …့ “သူသေရင်သူ့သမီးကလေးပထွေးနှင့်နေရမည်စိုးတဲ့အတွက်သမီးကိုအတင်းဆွဲခေါ်သွားလေသည် …
“ချောင်းဘေးမှာနေသောအဖိုးကြီးတယောက်ကပြောသည်မှာဖြူဖြူကအတင်းရုန်းကန်နေ၍ ဖိနပ်ပင်ဘယ်တဖက်ညာတဖက်တဖက်စီဖြစ်ကာခပ်ဝေးဝေးရောက်နေသည်…
“အတင်းဆွဲခေါ်၍ပါသွားခဲ့တာဖြစ်သည်ကလေးမလေးငိုသံကြားတော့အဖိုးကြီးကသူတို့သားအဖရန်ဖြစ်နေတယ်ထင်ပြီးအမှတ်တမဲ့နေရာမှရေထဲခုန်ချသွားမှသိလေသည် …့ “ထမင်းဘူးကလေးလဲမှောက်ကာကျောင်းလွယ်အိပ်ကလေးလဲချောင်းစပ်တွင်တွေ့ရကာ စာအုပ်များပြန့်ကျဲနေလေသည်ကိုယ်လဲအဖွားနှင့်သွားကြည့်ကာမျက်ရည်မခိုင်ပဲငိုလေသည် …
“တရပ်ကွက်လုံးစိတ်မကောင်းဖြစ်ကာဖြူဖြူအမေအားဝိုင်းဆဲလိုက် ်ဖြူဖြူအဖေအားကလေးပါခေါ်သွားရမလားလို့အပြစ်တင်လိုက်နဲ့တရပ်ကွက်လုံးဒီအကြောင်းသာ ဖုံးလွှမ်းနေလေသည် …့ “နောက်တရက်ရဲများနှင့်ရပ်ကွက်လူကြီးများစုကာ သေသူများရဲ့ခေါင်းအုံးမျှောကာအလောင်းရှာပွဲကျင်းပတော့ ကမ်းလုံးညွတ်များလူများပြည့်နေလေသည် …
ကိုယ်တို့လဲကျောင်းကဆရာမများနှင့်လိုက်ကာသွားကြည့်လေသည် … ် “ဖြူဖြူတို့သားအဖရေထဲဆင်းသွားသောနေရာတွင်ဌက်ပျောပွဲအုန်းပွဲနှင့် တတ်သိနားလည်သူများမှတင်မြှောက်၍ဖြူဖြူတို့သားအဖအလောင်းအားနေရာပြရန်ပြောနေသည်ကိုက ဝမ်းနဲစရာအလွန်ကောင်းလေသည် ……့ “ပြောဆိုပြီးမှဖြူဖြူတို့သားအဖအိပ်သောခေါင်းအုံးနှစ်လုံးအားရေထဲသို့မျောလိုက်လေသည် …
ဖြူဖြူ့အဖေခေါင်းအုံးသည်ရေလယ်တွင်တဝဲဝဲတလည်လေည်နှင့်လည်နေကာ ဖြူဖြူရဲ့ခေါင်းအုံးလေးသည်ရေစီးနှင့်မျောပါသွားရာဆရာမများနှင့်ကျောင်းသူကျောင်းသားများငိုကြလေသည်…
“ကိုယ်တို့ကလေးတွေလဲခေါင်းအုံးမျောပွဲကြည့်ကာဖြူဖြူအတွက်စိတ်မကောင်းပေ့ “လာကြည့်သောလူအုပ်ကြီးလဲမျက်ရည်မဆည်နိုင်ကြပေ …
“ထူးဆန်းသည်က မျက်ရည်လုံးဝမကျသောဖြူဖြူ့အမေဖြစ်သည်ဖြူဖြူအဖေရေးပေးခဲ့သော သေတန်းစာနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးပေးခဲ့သောဖြူဖြူ့အဖေရဲ့မေတ္တတရားနှင့် ကိုယ်ရင်နှင့်လွယ်မွေးခဲ့သောသမီးကလေးကိုပင်သံယောစဉ်ပြတ်နိုင်သောကြောင့်ဒေါသထွက်ကာ တယောက်တပေါက်ပြောနေသောလူအုပ်ကြီးကိုရဲနှင့်ရပ်ကွက်လူကြီးများကတားနေရလေသည် …့ “နောက်တနေ့မနက်မှာတော့ဖြူဖြူအဖေအလောင်းသည်ကမ်းစပ်တွင်ပုတ်ပွ၍ပေါ်လာကာ ဖြူဖြူ့အလောင်းကိုတော့မတွေ့ရပေနောက်၃ရက်၄ရက်လောက်မှာတော့ချောင်းဟိုဘက်ကမ်းတွင် ကလေးအလောင်းတလောင်းတွေ့သည်ဟုသတင်းကြားလေသည် …
၇ရက်လည်တဲ့နေ့မှာတော့ဖြူဖြူတို့နာရေးအိမ်သို့ရပ်ကွက်ကလူများက ဖြူဖြူ့အမေကိုမုန်းသောကြောင့်ဘယ်သူမှမသွားဖြူဖြူ့အဖေရုံးက မိတ်ဆွေအနည်းငယ်နှင့်ဖြူဖြူကျောင်းမှဆရာဆရာမများနှင့်ကျောင်သူကျောင်းသားများသာသွားကြလေသည် ……့ ဖြူဖြူဆုံးပြီးကိုယ်တို့ကလေးတသိုက်ညဘက်ဖြူဖြူတို့အိမ်နားကမုန့်ဆိုင်တွင် ်မုန့်သွားဝယ်စားရာအိမ်ပေါက်ဝတွင်ရပ်နေသောဖြူဖြူ့အားတွေ့ကြရာ ငယ်သံပါအောင်အော်၍ပြေးကြလေသည့် ရပ်ကွက်ထဲကလူများကလဲဖြူဖြူတို့သားအဖကို ိုဟိုနားတွေ့လိုက်ဒီနားတွေ့လိုက်ဖြင့်မကြာခဏတွေ့ကြရာစိတ်မကောင်းဖြစ်နေကြလေသည် …
ဖြူဖြူတို့သားအဖတလပြည့်ပြီးတော့ရပ်ကွက်က လူတွေအမုန်းဒဏ်ကိုမခံနိုင်သောဖြူဖြူအမေသည်အိမ်တံခါးပိတ်ကာပြောင်းသွားလေသည် ……့ သူပြောင်းသွားပေမဲ့ဖြူဖြူတို့သားအဖကတော့ပါမသွားသူတို့အိမ်မှာပဲရှိနေလေသည်……
“ရပ်ကွက်ထဲကလူတွေကလဲမြင်ရဖန်များတော့ရိုးလာလေသည် ……
တညမှာတော့ရပ်ကွက်ထဲဖြူဖြူအဖေနှင်ခင်သောဘုန်းကြီးကျောင်းရှေ့တွင် ခွေးများမတရားအူနေရာ ဘုန်းကြီးလဲကျောင်းပေါက်ဝထွက်ကြည့်တော့ဖြူဖြူနှင့်သူအဖေကိုအဝတ်အစားများရေစိုနေကာ ရေစက်လက်ဖြင့်တွေ့လေသည်ဖြူဖြူ့အဖေကဘုန်းကြီးအား ‘့ ”အရှင်ဘုရားတပြည့်တော်တို့သားအဖကိုကယ်ပါ…ဒီ ဘဝကနေကျွတ်အောင်လုပ်ပေးပါ”’
ဖြူဖြူတိုသားအဖငိုနေတာတွေ့တော့ဘုန်းကြီးလဲအလွန်စိတ်မကောင်းဖြစ်ကာ ကတိပေးလိုက်သည်အမျှလဲဝေလိုက်သည် … “ထိုသားအဖလဲပြောပြီးပျောက်သွားတော့ ဘုန်းကြီးလဲအတော်စိတ်မကောင်းဖြစ်သွားသောကြောင့်မိုးလင်းတော့ရပ်ကွက်က လူကြီးများဖြင့်တိုင်ပင်ကာဖြူဖြူတို့သားအဖအားဖိတ်၍တရပ်ကွက်လုံးစုပေါင်းကာ ဘုန်းကြီးကျောင်းတွင်အလုူလုပ်၍အမျှပေးလိုက်လေသည် …
အဲဒီနောက်မှာတော့ဖြူဖြူတို့သားအဖအားမတွေ့ရတော့ပါ …

” ပြီး
D Moe Moe

Zawgyi Version

အစိမ္းေသသားအဖ(စ/ဆံုး)
———————————
( ျဖစ္ရပ္မွန္ )
ကိုယ္တို့ငယ္ငယ္ကေနေသာရပ္ကြက္သည္ေခ်ာင္းတခုႏွင့္နီးကာဒီေရအတက္အက်ရွိေလသည္…
“အဲဒီေခ်ာင္းသည္တႏွစ္တခါလူစားေလ႔ရွိသည္…
“နွစ္စဥ္ႏွစ္တိုင္းေတာ့အေႀကာင္းအမ်ိဳးမ်ိဳးေႀကာင့္ေခ်ာင္းထဲတြင္လူေသေလ႔ရွိသည့္အတြက္ လူႀကီးေတြကေခ်ာင္းနားသို့မသြားခိုင္းေပဒါေပမဲ႔ကေလးတို့သဘာဝေခ်ာင္းစပ္သြား၍ေခ်ာင္းထဲမွ စက္ေလွမ်ားသဗၺန္မ်ားသြားတာထိုင္ႀကည့္ရင္းသေဘာက်ေနတတ္ေလသည္… ့ ့ ့ “ေခ်ာင္းကဒီေရတက္လာပါကကိုယ္တို့ရပ္ကြက္အတြင္းရွိအိမ္မ်ားသို့ေရမ်ားဝင္လာေလ့ရွိကာ လမ္းမ်ားလဲေရမ်ားဖံုးလႊမ္းသြားေလသည္ဒီေရမတက္ခင္ေခ်ာင္းမွဆူညံစြာ ေခ်ာင္းေအာ္သံတေဝါေဝါေပးကာမႀကာခင္ဒီေရသည္ႀကည့္ေနရင္း လ်ွင္ျမန္စြာရပ္ကြက္အတြင္းသို့ဝင္ေရာက္စီးဆင္းလာေလသည္…… ့ ့ ့ “ထိုအခါရပ္ကြက္အတြင္းမွကေလးမ်ားအလြန္ေပ်ာ္ႀကေလသည္…
“ေရထဲတြင္ေျပးလႊားေဆာ့လိုက္ေရထဲကပါလာေသာငါးကေလးမ်ားလိုက္ဖမ္းလိုက္ ကားဘီးအေဟာင္းမ်ားျဖင့္ေလွစီးတမ္းကစားလိုက္ျဖင့္မနားတမ္းအမ်ိဳးစံုေအာင္ေဆာ့ႀကေလသည္ …… ့ ့ ့ “ေရျပန္က်သြားပါကအိမ္ေရွ့ကစားကြင္းႀကီးသည္ရပ္ကြက္ထက္နိမ့္ေသာေႀကာင့္ ကြင္းထဲတြင္ေရမ်ားက်န္ေသးတာမို့ေခ်ာင္းသာေရာက္ေနသလိုေရဆင္းကူးႀက စကၠဴေလွမ်ားလႊတ္ႀကႏွင့္အေပ်ာ္ႀကီးေပ်ာ္ေနႀကသည္ ……… ့ ့ ့ ့ “တခါတေလေခ်ာင္းကညဘက္ႀကီးတေဝါေဝါျဖင့္ဆူညံစြာေအာ္ေနတာကို ိုတရပ္ကြက္လံုးႀကားေနရေလသည္ကိုယ္တို့အိမ္မွေရွ့မွီေနာက္မွီအလြန္ဗဟုသုတရွိေသာ အဖြားကကိုယ္တို့ကေလးမ်ားကိုေခၚ၍ေျပာသည္ …
”’ဟဲ႔ကေလးေတြေခ်ာင္းေအာ္သံေတြႀကားတယ္မဟုတ္လား——
-“ေခ်ာင္းဘက္ကိုမသြားနဲ႔ေနာ္ေခ်ာင္းကလူမစားရလို့ေအာ္ေနတာ—–
“ဒီအသံေတြႀကားရင္မႀကာဘူးလူေသတတ္တယ္” ‘ ့ ့ ့ “အဖြားေျပာေတာ့ကိုယ္တို့ကေလးေတြနဲနဲေႀကာက္သြားကာေခ်ာင္းဘက္ မသြားပဲညိမ္ေနလိုက္သည္ေနာက္ႏွစ္ရက္ေလာက္ေနေတာ့ေခ်ာင္းထဲတြင္ လူေသအေလာင္းေပၚလာ၍တရပ္ကြက္လံုးသြားႀကည့္ႀကတာပြဲေတာ္ႀကီးလိုျဖစ္ေနသည္……
“ကိုယ္တို့ကေလးေတြလဲအေျပးအလႊားသြားႀကည့္ႀကကာေႀကာက္ရေကာင္းမွန္းမသိေပ…… ့ ့ ့ ့ “တေန့မွာေတာ့ေခ်ာင္းေအာ္သံမ်ားႀကားရျပန္သည္ရပ္ကြက္ထဲကလူႀကီးမ်ားက စိုးရိမ္စိတ္ျဖင့္အလုပ္ရႈတ္ကာရပ္ကြက္အတြင္းကေခြးေလေခြးလြင့္မ်ားအားဖမ္းကာ ေခ်ာင္းအတြင္းသြားျပစ္ႀကေလသည္အဖြားေျပာတာကေတာ့လူအစားေခြးသြားျပစ္ေႀကြးတာလို့ေျပာတာပဲ …… ့ ့ ့ “အဖြားေျပာတာသိပ္နားမလည္ေပမဲ႔ေခ်ာင္းေအာ္သံကေတာ့ရပ္သြားေလသည္…
“ဒီီလိုနဲ႔ရာသီေတြေျပာင္းျပီးတနွစ္ျပီးဆံုးလို့ေက်ာင္းေတြျပန္ဖြင့္တဲ႔အခါ ကိုယ္တို့ရပ္ကြက္အတြင္းမူလတန္းေက်ာင္းကေလးရွိရာကိုယ္က…၄တန္းတက္ရေလသည္……
“ကိုယ့္နဲ႔အခန္းေဖာ္သူငယ္ခ်င္းျဖူျဖူဆိုေသာေကာင္မေလးတေယာက္ရွိကာအလြန္ခ်စ္စရာေကာင္းေလသည္ …… ့ ့ ့ “တညမွာအိပ္ေနရင္းေခ်ာင္းေအာ္သံကိုက်ယ္ေလာင္စြာႀကားရကာလန့္ႏုိးသြားေလသည္ …
“ေခ်ာင္းထဲမွာဘာေတြမ်ားျဖစ္အံုးမလဲလို့ေတြးကာမနက္မွအဖြားကိုေျပာမယ္လို့စိတ္ကူးရင္း ျပန္အိပ္လိုက္သည္ …
“မနက္မိုးလင္းေတာ့ေက်ာင္တက္လို့မွမႀကာေသး ခေလးတေယာက္နဲ႔လူႀကီးတေယာက္ေခ်ာင္းထဲခုန္ခ်လို့ဆိုတဲ႔သတင္းႀကားေတာ႔ ့ေက်ာင္းကဆရာမေတြေကာခေလးေတြပါသိခ်င္ေနႀကသည္ …… ႔ ႔ “အေရးထဲအခန္းေဖာ္ျဖူျဖူကလဲေက်ာင္းမလာေပ …
“ေန့လည္ေက်ာင္းဆင္းေတာ့ျဖူျဖူတ႔ိုအိမ္ေရွ့တြင္လူမ်ားတရုန္းရုန္းျဖစ္ေနရာ ကိုယ္လဲလူအုပ္ထဲဝင္၍စပ္စုႀကည့္ရာေခ်ာင္းထဲခုန္ခ်သြားသူမွာျဖူျဖူႏွင့္သူ့အေဖဆိုတာ သိလိုက္ရေတာ့ဝမ္းနဲစြာအိမ္ျပန္လာသည္ …… ႔ ႔ ႔ “အိမ္ေရာက္မွအေမေျပာ၍အေႀကာင္စံုသိရတာကျဖူျဖူအေမသည္ လင္ငယ္ေနေသာေႀကာင့္ျဖူျဖူအေဖကသမီးကေလးမ်က္ႏွာေထာက္ရန္ေတာင္းပန္ေပမဲ႔မရ ရပ္ကြက္ထဲကလူေတြကလဲလင္ငယ္ႏွင့္မႀကာခဏေတြ႔ေနလို့ဝိုင္းေျပာရာ ရွက္တာေရာစိတ္ညစ္တာေရာေပါင္း၍ေရထဲခုန္ခ်ကာသတ္ေသျခင္းျဖစ္သည္ … ႔ ႔ ႔ “သူေသရင္သူ့သမီးကေလးပေထြးႏွင့္ေနရမည္စိုးတဲ႔အတြက္သမီးကိုအတင္းဆြဲေခၚသြားေလသည္ …
“ေခ်ာင္းေဘးမွာေနေသာအဖိုးႀကီးတေယာက္ကေျပာသည္မွာျဖူျဖူကအတင္းရုန္းကန္ေန၍ ဖိနပ္ပင္ဘယ္တဖက္ညာတဖက္တဖက္စီျဖစ္ကာခပ္ေဝးေဝးေရာက္ေနသည္…
“အတင္းဆြဲေခၚ၍ပါသြားခဲ႔တာျဖစ္သည္ကေလးမေလးငိုသံႀကားေတာ႔ ့အဖိုးႀကီးကသူတို့သားအဖရန္ျဖစ္ေနတယ္ထင္ျပီးအမွတ္တမဲ႔ေနရာမွေရထဲခုန္ခ်သြားမွသိေလသည္္ … ႔ ႔ ႔ “ထမင္းဘူးကေလးလဲေမွာက္ကာေက်ာင္းလြယ္အိပ္ကေလးလဲေခ်ာင္းစပ္တြင္ေတြ႔ရကာ စာအုပ္မ်ားျပန့္က်ဲေနေလသည္ကိုယ္လဲအဖြားႏွင့္သြားႀကည့္ကာမ်က္ရည္မခိုင္ပဲငိုေလသည္ …
“တရပ္ကြက္လံုးစိတ္မေကာင္းျဖစ္ကာျဖူျဖူအေမအားဝိုင္းဆဲလိုက္ ္ျဖူျဖူအေဖအားကေလးပါေခၚသြားရမလားလို့အျပစ္တင္လိုက္နဲ႕တရပ္ကြက္လံုးဒီအေႀကာင္းသာ ဖံုးလႊမ္းေနေလသည္ … ့ ့ ့ “ေနာက္တရက္ရဲမ်ားႏွင့္ရပ္ကြက္လူႀကီးမ်ားစုကာ ေသသူမ်ားရဲ႔ေခါင္းအံုးေမ်ွာကာအေလာင္းရွာပြဲက်င္းပေတာ့ ကမ္းလံုးညြတ္မ်ားလူမ်ားျပည့္ေနေလသည္ …
ကိုယ္တို့လဲေက်ာင္းကဆရာမမ်ားႏွင့္လိုက္ကာသြားႀကည့္ေလသည္ … ္ “ျဖူျဖူတို့သားအဖေရထဲဆင္းသြားေသာေနရာတြင္ဌက္ေပ်ာပြဲအုန္းပြဲနွင့္ တတ္သိနားလည္သူမ်ားမွတင္ေျမွာက္၍ျဖူျဖူတို့သားအဖအေလာင္းအားေနရာျပရန္ေျပာေနသည္ကိုက ဝမ္းနဲစရာအလြန္ေကာင္းေလသည္ …… ့ ့ ့ “ေျပာဆိုျပီးမွျဖူျဖူတို့သားအဖအိပ္ေသာေခါင္းအံုးႏွစ္လံုးအားေရထဲသို့ေမ်ာလိုက္ေလသည္ …
ျဖူျဖူ႔အေဖေခါင္းအံုးသည္ေရလယ္တြင္တဝဲဝဲတလည္ေလည္ႏွင္႔လည္ေနကာ ျဖူျဖူရဲ႔ေခါင္းအံုးေလးသည္ေရစီးႏွင့္ေမ်ာပါသြားရာဆရာမမ်ားႏွင့္ေက်ာင္းသူေက်ာင္းသားမ်ားငိုႀကေလသည္…
“ကိုယ္တို့ကေလးေတြလဲေခါင္းအံုးေမ်ာပြဲႀကည့္ကာျဖူျဖူအတြက္စိတ္မေကာင္းေပ ့ ့ ့ “လာႀကည့္ေသာလူအုပ္ႀကီးလဲမ်က္ရည္မဆည္ႏုိင္ႀကေပ …
“ထူးဆန္းသည္က မ်က္ရည္လံုးဝမက်ေသာျဖူျဖူ့အေမျဖစ္သည္ျဖူျဖူအေဖေရးေပးခဲ႔ေသာ ေသတန္းစာႏွင့္ကြာရွင္းစာခ်ဳပ္တြင္လက္မွတ္ထိုးေပးခဲ႔ေသာျဖူျဖူ့အေဖရဲ႔ေမတၲတရားႏွင့္ ကိုယ္ရင္ႏွင့္လြယ္ေမြးခဲ႔ေသာသမီးကေလးကိုပင္သံေယာစဥ္ျပတ္ႏုိင္ေသာေႀကာင့္ေဒါသထြက္ကာ တေယာက္တေပါက္ေျပာေနေသာလူအုပ္ႀကီးကိုရဲနွင့္ရပ္ကြက္လူႀကီးမ်ားကတားေနရေလသည္ … ့ ့ ့ “ေနာက္တေန့မနက္မွာေတာ့ျဖူျဖူအေဖအေလာင္းသည္ကမ္းစပ္တြင္ပုတ္္ပြ၍ေပၚလာကာ ျဖူျဖူ့အေလာင္းကိုေတာ့မေတြ႔ရေပေနာက္၃ရက္၄ရက္ေလာက္မွာေတာ့ေခ်ာင္းဟိုဘက္ကမ္းတြင္ ကေလးအေလာင္းတေလာင္းေတြ႔သည္ဟုသတင္းႀကားေလသည္ …
၇ရက္လည္တဲ႔ေန့မွာေတာ့ျဖူျဖူတို့နာေရးအိမ္သို့ရပ္ကြက္ကလူမ်ားက ျဖူျဖူ့အေမကိုမုန္းေသာေႀကာင့္ဘယ္သူမွမသြားျဖူျဖူ့အေဖရုံးက မိတ္ေဆြအနည္းငယ္ႏွင့္ျဖူျဖူေက်ာင္းမွဆရာဆရာမမ်ားႏွင့္ေက်ာင္သူေက်ာင္းသားမ်ားသာသြားႀကေလသည္ …… ့ ့ ့ ျဖူျဖူဆံုးျပီးကိုယ္တို့ကေလးတသိုက္ညဘက္ျဖူျဖူတို့အိမ္နားကမုန့္ဆိုင္တြင္ ္မုန့္သြားဝယ္စားရာအိမ္ေပါက္ဝတြင္ရပ္ေနေသာျဖူျဖူ့အားေတြ႕ႀကရာ ငယ္သံပါေအာင္ေအာ္၍ေျပးႀကေလသည္ ့ ့ ့ ရပ္ကြက္ထဲကလူမ်ားကလဲျဖူျဖူတို့သားအဖကို ိုဟိုနားေတြ႔လိုက္ဒီနားေတြ႔လိုက္ျဖင့္မႀကာခဏေတြ႔ႀကရာစိတ္မေကာင္းျဖစ္ေနႀကေလသည္ …
ျဖူျဖူတို့သားအဖတလျပည့္ျပီးေတာ့ရပ္ကြက္က လူေတြအမုန္းဒဏ္ကိုမခံနုိင္ေသာျဖူျဖူအေမသည္အိမ္တံခါးပိတ္ကာေျပာင္းသြားေလသည္ …… ့ ့ သူေျပာင္းသြားေပမဲ႔ျဖူျဖူတို့သားအဖကေတာ့ပါမသြားသူတို့အိမ္မွာပဲရွိေနေလသည္……
“ရပ္ကြက္ထဲကလူေတြကလဲျမင္ရဖန္မ်ားေတာ့ရုိးလာေလသည္ ……
တညမွာေတာ့ရပ္ကြက္ထဲျဖူျဖူအေဖႏွင္ခင္ေသာဘုန္းႀကီးေက်ာင္းေရွ့တြင္ ေခြးမ်ားမတရားအူေနရာ ဘုန္းႀကီးလဲေက်ာင္းေပါက္ဝထြက္ႀကည့္ေတာ့ျဖူျဖူႏွင့္သူအေဖကိုအဝတ္အစားမ်ားေရစိုေနကာ ေရစက္လက္ျဖင့္ေတြ႔ေလသည္ျဖူျဖူ့အေဖကဘုန္းႀကီးအား ‘ ့ ့ ”အရွင္ဘုရားတျပည့္ေတာ္တို့သားအဖကိုကယ္ပါ…ဒီ ဘဝကေနက်ြတ္ေအာင္လုပ္ေပးပါ”’
ျဖူျဖူတိုသားအဖငိုေနတာေတြ႔ေတာ့ဘုန္းႀကီးလဲအလြန္စိတ္မေကာင္းျဖစ္ကာ ကတိေပးလိုက္သည္အမ်ွလဲေဝလိုက္သည္ … “ထိုသားအဖလဲေျပာျပီးေပ်ာက္သြားေတာ့ ဘုန္းႀကီးလဲအေတာ္စိတ္မေကာင္းျဖစ္သြားေသာေႀကာင့္မိုးလင္းေတာ့ရပ္ကြက္က လူႀကီးမ်ားျဖင့္တိုင္ပင္ကာျဖူျဖူတို့သားအဖအားဖိတ္၍တရပ္ကြက္လံုးစုေပါင္းကာ ဘုန္းႀကီးေက်ာင္းတြင္အလဳဴလုပ္၍အမ်ွေပးလိုက္ေလသည္ …
အဲဒီေနာက္မွာေတာ့ျဖူျဖူတို့သားအဖအားမေတြ႔ရေတာ့ပါ …

” ျပီး
D Moe Moe