အဝီစိသွားသူ နောက်တိုးစာရင်းဝင်တစ်ဦး(စ/ဆုံး)

Unicode Version

အဝီစိသွားသူ နောက်တိုးစာရင်းဝင်တစ်ဦး(စ/ဆုံး)
——————————————————–
ပဉ္စနန္တရိယကံကြီးထိုက်ရင်မြေမျို
ပြီး မဟာအဝီစိငရဲမှာ အနှစ်မရေတွက်နိုင် အောင် ခံစားရတယ် လို့ ပြောတော့ အချို့က
မယုံကြဘူး။ ငရဲပြည်ဆိုတာရော တကယ်ရှိလို့ လားတဲ့
မျက်မှောက်ခေတ်ဘယ်သူရောက်သွား
တာ မြင်ရလို့ လဲတဲ့ ။ ကတ်သီးကတ်ဖဲ့မေး
ကြတယ်။
ဘုရားရှင်ကငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊
အသူရကာယ်လို့ အနိမ့်ဆုံး၊ အညံ့ဆုံး၊
အဆင်းရဲဆုံး၊ ဘ၀ လေးဘုံအကြောင်း သီး
သီးသန့်သန့်ဟောခဲ့တဲ့ ဥစ္စာဗျာ..။
တိရစ္ဆာန်ဘုံဘဝကို ကျုပ်တို့ အနီးကပ်မြင် နေရတဲ့ ဥစ္စာ။
ပြိတ္တာဘဝဆိုတာ အယူတိမ်းပြီးသေ၊ ဥစ္စာ
စွဲ၊ သားစွဲမယားစွဲ၊ ကျောင်းစွဲ၊ ရာထူးဂုဏ်

ဌာနန္တရအစွဲ၊ အလှအပအစွဲ၊ ဒေါသ၊ မောဟ၊ လောဘအစွဲနဲ့ သေပြီးနောက် ပြုခဲ့ဖူးသော
အကုသိုလ်ကံ
နဲ့ အသက်ထွက်ခါနီး
အစွဲအလမ်းကြောင့် ဘဝကူး၊ ဘဝသစ်ဆိုး
သွားရသည့်ဘဝ..။
အဲဒါ ပြိတ္တာဘုံသားဘဝ။
ပြိတ္တာဘုံသားဘဝမှာ သရဲ၊ တစ္ဆေ၊ မှ င်စာ၊
ကျတ်ဘီလူး၊ ဖုတ်ဘ၀ .. စုံလို့ ။
မမြင်ရလို့ မယုံဘူး။ ဟုတ်လား..။
မြင်ရသူများ တော့မြင်ကြရပါ့ဗျား။
အသူရကာယ်

သူက ဘဝတစ်မျိုးဆန်း
သစ်တယ်။ နေ့စံပြီး ညခံ၊ ညခံပြီးနေ့စံ၊ အပြစ်ရှိသော သတ္တဝါတဲ့ ။
လူ့ဘဝတုန်းကကုသိုလ်စိတ်ကလေး အနည်းအကျဉ်းရှိခဲ့တော့ သေခါနီး အသန့် နကဇောကြောင့် အသူရကာယ်ဘုံသား (ပရဝိညာဉ်)ဘ၀ ရောက်ပေမယ့် ဘုန်းကံလေး နည်းနည်းဖြင့် ရှိရာသတဲ့ ။
နေ့ခင်းမှာ လူ့ဘဝအတိုင်း လုပ်ကိုင်စား
သောက် ပျော်ရွှင်ပြီး နေဝင်တာနဲ့ ဘ၀၀ဋ်
ဆင်းရဲငရဲ တောမှာ အလူးအလဲအော်ဟစ်လို့ အတိတ်ဘ၀ အကုသိုလ်ဝဋ်ကြွေးကို တစ်ည
လုံးခံစားရ။
မိုးလင်းရင် လူ့ပြည်လူ့ဘဝကို ပြန်ရောက်။ လူလိုနေလိုက်ကြ။ အသူရကာယ်များ ဟာ လူနဲ့ ဝေး ရာ တောတောင် သမုဒ္ဒရာပင်လယ် ကမ်းများ အနီးမှာ နေကြတာလို့ ဆိုတယ်။
သင်္ဘောပျက်လို့ လမ်းမှားရောက်သွားသူ၊
လေယာဉ်ပျက်ကျလို့ လမ်းလွဲရောက်သွားသူ၊ တောဝင်ရင်း မျက်စိလည်လမ်းမှားလို့
ရောက်သွားသူတစ်ချို့ … ကိုယ်တွေ့ကြုံကြရ
လေရဲ့ ။
အဲဒါ ယုံချင်လည်း ယုံပါ။ မယုံလည်း နေပါ။ ဘာသာရေးတရားဓမ္မ အဆိုအမိန့်ကို ယုံချင် လည်း ကိုယ့်သဘောကိုယ်ဆောင်၊ လုပ်ချင်ရာလုပ်ပါ။ ကိုယ်ဖြစ် ကိုယ်ခံပါပဲ။
ငရဲနဲ့ ပတ်သက်လို့ နိုင်ငံရပ်ခြား ရေနံနဲ့ ကျောက်မျက်ရှာသူအဖွဲ့ တစ်ဖွဲ့ မြေကြီး အောက်ကို စိန်လွင်နဲ့ တူးရင်း မြေအောက်ကကယ်ပါယူပါ အသံများကြားရလို့ ဘူမိဗေဒ
ပညာရှင်များ ၊ တအံ့တသြ ဖြစ်ရတဲ့
အကြောင်းကို ကျွန်တော် နိုင်ငံခြားစာစောင်
တစ်ခုမှာ အသေအချာဖတ်ဖူးခဲ့ရပါတယ်။
အဲဒီ အကြောင်းကို မြန်မာစာရေးဆရာ တစ်ဦး ဘာသာပြန်ထားတာလည်း ဓာတ်ပုံနဲ့ တကွ အခိုင် အမာပါပဲ။
သို့သော် အဲဒီ စာအုပ် အိမ်မှာ ရှိပါလျက်
ဘယ်နားရောက်နေမှန်းမသိဘူး။
တစ်နေ့ပြန်တွေ့ခဲ့ရင်မြေအောက်ငရဲပြည်ရဲ့
အော်ဟစ်နေသံများ အကြောင်း ရေနံတူး
ပိုက်ခေါင်းကတစ်ဆင့် ထူးဆန်းစွာ ကြားရ သည့် အကြောင်း ကျွန်တော်ကိုးကား ရေးသားပါဦးမယ်။
အခု ပြောချင်တာက ..
အမိကို စော်ကားရိုင်းပြမိလို့ မြေမျိုခံရသူ တစ်ဦးအကြောင်းပါ။
မြေမျိုကာ အခုခေတ်မှာ ဘယ်လိုမျိုသလဲ
… ဟုတ်လား။
ပဉ္စာနန္တရိယကံထိုက်လို့
မြေမျိုနည်းက အများကြီးဥစ္စာဗျာ။
မြေမျိုပုံ
အဲဒီ မြေမျိုနည်းများ အထဲက သံခဲဆိုတဲ့
ကောင် မြေမျိုခံရပုံကို ပြောပြချင်လို့ ပါ။

ဒီကောင့်အမည် သံခဲတဲ့ ။
မာသလားမမေးနဲ့ ၊ ခေါင်းချင်းယှဉ်တိုက်
ရင် သူနိုင်တာချည်းပဲ။ သူများကွဲ၊ သွေး ချင်းချင်းရဲ လည်း …။
လူမိုက်လေဗျာ…။
အရက်သောက်တယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဝင်မွှေတယ်။ မကောင်းတဲ့ မိန်းမများကို
လိုက်စား တယ်။ အလုပ်အကိုင်မရှိဘူး။
အမေမုဆိုးမကြီး ဒေါ်ချိုးမက ပဲကတ္တီပါပြုတ်ရောင်းပြီး သင်း ကို ကျွေး မွေးပြုစု စောင့်ရှောက်နေရတာ

သားလေးတစ်ယောက်မို့ ချစ်လို့ ငယ်ငယ် ကတည်းက အလိုလိုက်တယ်။ လိုချင်တာ ဝယ်ပေး ၊ ကျွေးခဲ့၊ ဆင်ခဲ့တယ်။
အလိုလိုက်လွန်းတော့ .. အမိုက်စော်ကား
တာပေါ့။ အမေ့ဆီက လိုချင်တဲ့ ငွေ တောင်း

လို့ မရရင် ခိုးတယ်။ ခိုးလို့ မရရင် ဒန်အိုးက အစ အကုန်ရောင်းစားပစ်တာ။
မူးလာလို့ များ ၊ ဟင်းမကောင်းရင်
အမေအိုကြီးကို ဆဲရေးတိုင်းထွာပြီး ထမင်းဟင်း များကို အကုန်လွှင့်ပစ် ပေါက်ခွဲပစ်တာ။ အမေအိုကြီးက မျက်ရည်နဲ့ မျက်ခွက်။ ဒီကြားထဲက ရိုက်မှု၊ လုမှု၊ ခိုးမှု၊ ရန်ဖြစ်မှ ဖြစ်ရင် မလျော်နိုင်တော့ ရှိခိုးဦးတင် လိုက်
တောင်းပန်ရ။
တောင်းပန်လိုက်လို့ မရတော့ ထောင်ကျ။
ထောင်ကလွတ်လို့ လိမ္မာမလားမှတ်ရဲ့
လူမိုက်ပေါင်းစုံနဲ့ ပိုအဖွဲ့ကျပြီး ပိုရမ်းကား
ဆိုးသွမ်း လေရဲ့ ။
ဒီကြားထဲ မိန်းမခေါ်လာသေးရဲ့။
သင်းလိုအစားထဲက မိန်းမစားမျိုးပဲလေ။ သူ့မိန်းမပါဆိုတော့ ပဲပြုတ်ရောင်းကျွေးပြီး

ချွေးမတော် ရတာ ပေါ့။
ထမင်းပအောင် … ဝမ်းလှအောင်မှ မကျွေး
တာဥစ္စာ၊ ဘယ်မိန်းမနဲ့ မြဲမှာ လဲဗျာ။ အိမ် ပေါ်မှာ ရန်ဖြစ်၊ နပန်းလုံး … သတ်ကြပုတ် ကြ၊ အဲဒါမအေလုပ်သူက အမြင်မတော်လို့ ဝင်ဖျန်ဖြေဆွဲရင်း ကိုယ်ပါ ရောအရိုက်ခံရ ပြီး၊ ဓားကြိမ်းကြိမ်းခံရရဲ့။ အပြင်လူဝင်ဆွဲလို့ မရဘူး။
ဘယ်ဆွေမျိုးသားချင်းမှ လည်း ဝင်မေတ္တာ ရပ်လို့ မရဘူး။ ဝင်ပါတဲ့ လူ ဓားစာ၊ တုတ်စာ မိတာပဲ။
အဲဒါ မိန်းမလုပ်သူ ကြောက်လို့ ၊ ငတ်လို့ ဆင်းပြေးရရော။
နောက် …. မကြာပါဘူး။ ဘယ်ကဘယ်လို မေတ္တာမျှလာလဲမသိပါဘူး။
လုံးကြီးပေါက်လှတို့ ၊ ပိန်ပိန်သွယ်သွယ်တို့ ၊ မနူးမနပ်တို့ တစ်ယောက်ပြီးတစ်ယောက် သူ့

မယားဆိုပြီး ခေါ်လာတာပဲ။
ဒေါ်ချိုးမကလည်းယောက္ခမဝတ္တရား
နဲ့ အညီ ချွေးမလုပ်သူများကို ဝတ္တရားမ
ပျက်ပါဘူး။ ပဲပြုတ် တောင်းတစ်တောင်းနဲ့ အရင်းပြု၊ အနွံတာခံပြီး လုပ်ကိုင်ကျွေးမွေးမ
ပျက်ပါပဲ။

သံခဲလိုကောင်နဲ့ ဘယ်မိန်း မြဲမှာ လဲလေ။
ရက်ပိုင်းပဲခံပြီး ပြေးရော၊ ဘာလျော်ကြေး
မှ မရရှာဘူး။ ပါးပေါ်မှာ လက်ဝါးရာ၊
ကျောကုန်းပေါ် မှာ လက်ငါးချောင်းရာ၊
ခြေသလုံးမှာ တံမြတ်စည်းရိုက်ရာနဲ့ ထဘီမ
နိုင်၊ ပုဝါမနိုင် ပြေးရတာ ပေါ့။ အချစ် မှာ မျက်စိကန်းနေတဲ့ မိန်းမတွေလည်း မှတ်က ရောပေါ့။

ပြောရရင် ဒီကောင်သံခဲကို လူအတော်များ များက သတ်ချင်ကြတယ်။ ဒါပေမယ့် မသတ် ရဲဘူး။ သတ်ရဲတဲ့ သူမရှိဘူး။ ဒီကောင်မျိုးကို သတ်ရင်လည်း သတ်သူသာ ထောင်ကျမယ်။ ဒီကောင်က အသေပျက်မှာ မဟုတ်ဘူး

ကြည့်လေ..။
အရက်ဖိုးတောင်းမရလို့
မအေကြီးရဲ့ ချွေးခံအင်္ကျီကို
ဆွဲလှန်ဆုတ်ဖြဲလိုက်တာ ကုန်ရော။

အဲဒါ အရက်ဖိုး ချန်မထားရကောင်းလား
ဆိုပြီး ဓားနဲ့ ခုတ်မလို့ လုပ်တာ ဒေါ်ချိုးမ ကြောက်ပြီး ပြေးရော။
“အဘွားကြီး ရပ်လိုက်”
“ပိုက်ဆံဝှက်ထားတာ ခုပေး”
“မပေးရင် ခင်ဗျားကို ဒီနေ့ လက်ဖြတ်ပစ်မယ်”
အဲဒီ လို အော်ပြီး လိုက်တာ အမေအိုကြီးခင်ဗျာ။

သားအရင်းခေါက်ခေါက်ကို
ကြောက်လို့ ဘုန်း ကြီးကျောင်းပေါ် တက်
ပြေးပုန်းနေရတယ်။
အဲဒါ ဘုန်းကြီးကျောင်းဝကနေ ဓားကြိမ်း ကြိမ်းနေသေးတယ်။
“မဆိုင်ရင် ဝင်မပါနဲ့ .၊ ကျုပ်က ဘုန်းကြီး ရော၊ လူရော သိပ်ဂရုစိုက်တာ မဟုတ်ဘူး ။ အဘွားကြီး … ဆင်းခဲ့”
အဲဒီ တုန်းက ဦးဇင်းမှတ်ကြီးဆိုတာ မနည်းစိတ်ထိန်းနေရဆိုပဲ။ ဦးဇင်းမှတ်ကြီး ဆိုတာ အခြားလူ ဟုတ်ရိုးလားဗျာ။ တစ်ချိန် တုန်းက နာမည်ကြီး ဓားပြ၊ လူသတ်သမား ဥစ္စာ။
လူသုံးယောက် သတ်ဖူးတယ်။

နှစ်ယောက်က သစ္စာဖောက်တဲ့ သူ့တပည့်
များ ဗျ။
တစ်ယောက်က သူ့ရန်ဘက် ရန်သူ။
ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို နေခဲ့တဲ့ သူဥစ္စာ။ ကျွတ်ချိန်တန်တော့ကြည့်။ ထောင် ကထွက် ရော ဘုန်းကြီးတစ်ပါးနဲ့ တွေ့တယ်။ ဘုန်းကြီးကမေးတယ်။
“ဒကာကြီး ဘယ်လောက် မိုက်ခဲ့တုန်း” တဲ့
ပြန်ဖြေတယ်။
“လူသုံးယောက် တိတိ ု သတ်ခဲ့ပြီးပါပြီ
ကိုယ်တော်”
“နောက်ထပ် သတ်ရဲသေးသလား”
“လိုအပ်ရင် သတ်ရမှာ ပဲ ကိုယ်တော်”
“ဘယ်လိုလူမျိုးကို သတ်ရဲသလဲ၊ ပြောပါ

“သတ်သင့်ရင်တော့ .. ဘယ်လို လူစား ဖြစ်ဖြစ် လက်မနှေးဘူး”
“ဒါဆို အဖေကို သတ်ရဲလား”
“ဗျာ..”
“ဖြေပါ။ အဖေက ဒကာကြီးအပေါ် ဆိုးခဲ့ ရင်ပေါ့။ အဖေ့ကို ဒကာကြီး သတ်ရဲလား”
“ဟင့်အင်း

မသတ်ရဲဘူး”
“ဒါဖြင့် … အမေ့ကိုရော … သတ်ရဲလား”
“ဟာ
ကိုယ်တော်..”
ဘယ်သတ်ရဲပါ့မလဲ
“ဘာလို့ မသတ်ရဲတာလဲ”
“အစိကို ရောက်သွားမှာ ပေါ့ ဘုရား”
“ဒါတော့ နားလည်သားပဲ၊ ဒါဆို ကိုယ့်
ကိုယ်ကိုယ်ရော သတ်ရဲလား”
“ဘယ်သတ်ရဲပါ့မလဲ”
“ဘာလို့ လဲ”

“ကိုယ့်အသက်တော့ ကိုယ်နှမျောတာပေါ့
ဘုရား”
“ဒါပါပဲ ဒကာကြီးရယ် …၊ လူတိုင်း၊
သတ္တဝါတိုင်းဟာ ကိုယ့်အသက်ကို ကိုယ်နှ
မျောကြတယ်။ လောဘ၊ ဒေါသ၊ မောဟ၊
အဝိဇ္ဇာတရားများကြောင့်သာ သူ့အသက်ကို
ရက်ရက်စက်စက် သတ်နေကြတာ၊ သူများ
ထက်ပိုမိုက်ရင် ကိုယ့်အသက်ကိုယ် သတ်ပြ
လိုက်ပါ။ ငါကွ .. မှတ်ကြီးကွ … ဒီမှာ ကြည့် ဟေ့ဆို ပြီး လူပုံအလယ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြလိုက်စမ်းပါ။ မိုက်ရဲ၊ သေရဲလား” “မသေရဲပါဘူးဘုရား”
“မိမိတောင် အသက်ရှင်ချင်ရင် သူများ လည်း အသက်ရှင်ချင်မှာ ပဲ၊ အသက်ရှင်ခွင့်ရ တဲ့ အခွင့် အရေးဟာ လူ့ဘဝမှာ တစ်ကြိမ်ပဲရ မယ် ဒကာကြီး။ တစ်ကြိမ်ရတဲ့ အခွင့်အရေး ကို လက်လွတ်မခံဘဲ အများ အကျိုး၊ ဘာသာ

အကျိုး၊ သာသနာအကျိုး၊ ဆောင်ရွက်ပြီး အသက်လှပြစမ်းပါ။ ဒီလိုမှ မဟုတ် ကိုယ့် အကျိုးအတွက် သမ္မာအာဇီဝနဲ့ လုပ်ကိုင်ပြီး ဒါန၊ သီလ၊ ဘာဝနာနဲ့ အသေရဲပြစမ်းပါ ဒကာကြီး ရယ်၊ လူဆိုတာ အသက်ရှင်နေ တုန်း မြင့်မြတ်ဖို့ လိုသလို သေသွားရင်လည်း မြင့်မြတ်သော ဂုဏ်သိက္ခာနဲ့ သေသွားမှ ဘဝကူးကောင်းတယ် ဒကာကြီး၊ ဒကာကြီး ဟာ လူမိုက်ကြီး၊ နာမည်ကြီး လူ သတ်သမား ကြီး၊ ဒါပေမယ့် အဖေကို မသတ်ရဲဘူး၊ အမေ ကို မသတ်ရဲဘူး၊ ရဟန်းသံဃာကို မစော် ကား မပစ်မှားရဲဘူး။ နှမကို နှမမှန်း ၊ အစ်မ ကို အစ်မမှန်း သိလို့ မစော်ကားရဲဘူး။ ပြီး .. ကိုယ့်ကိုယ် ကိုယ် သတ်မသေရဲဘူး ။ အဲဒီ အသိတရား ရှိနေတာလည်း ဒကာကြီးမှာ လူ့ အသိတရား ရှိနေတုန်းပဲ။

 

နတ်ပြည်၊ ဗြဟ္မာ့ပြည်နဲ့ နတ်ရွာနိဗ္ဗာန်ကို ခြေ ချ လို့ ရသေးတယ်။ ကြိုက်ရာလမ်းကိုရွေး၊ အချိန်မီသေးတယ်။ ကိုင်း …သွားတော့” ထိုရဟန်းအိုကြီးထံမှ ထူးခြားတဲ့ ဒဿန
တရားကို ကြားနာရပြီးနောက်ပိုင်း လူမိုက်ဦး မှတ်ကြီး အမြဲဆောင်နေကျ ဓားမြှောင်နဲ့ လက်နက်ပုန်းကို စွန့်လွှတ်ပြီး သင်္ကန်းတစ်စုံ ဝယ်လို့ ရဟန်းအိုကြီးရှိရာ ဘုန်းကြီးကျောင်း ကို လာခဲ့လိုက်တယ်။
ခုဆို ဦးဇင်းဦးမှတ်ကြီး . ဒီကျောင်းမှာ ရဟန်းဝါငါးဝါရခဲ့ပါပြီ။
..
ခု . သားဆိုး ဓားနှင့် မကြာခဏလိုက်၍ ကျောင်းပေါ်အားကိုးတကြီး အပြေးတက်လာ
သည့် ဒေါ်ချိုးမကို အကာအကွယ်ပေးနေရ၏
အင်း.. ရဟန်းဝတ်၊ သင်္ကန်းဝတ်နဲ့ မဟုတ် ဘဲ ဟိုတုန်းကလို စိတ်မျိုး၊ လူဝတ်မျိုးနှင့်ဆို

လျှင် သံခဲဆိုသည့် အဇာတသတ်လက်သစ် ခေါင်းတခြားကိုယ်တခြား ဖြစ်သွားခဲ့တာ
ကြာပြီ။ ခုတော့ တရား နှင့် ဖြေသိမ့်ရ
တော့သည် ။

ကိုယ်ပြုခဲ့သည့်ကံ၏ အကျိုးဆက်များ တစ်နည်း ပေးဆပ်ရသည့် ပစ္စုပ္ပန်ဝဋ်ကြွေး
များ ။
ဒေါ်ချိုးမ ဘဝကံဝဋ်ကြွေးကို ဆပ်နေရရှာ ပြီ။ အရင်းဘယ်လောက်ရှိခဲ့သည် မသိ။ အတိုးက များ လွန်းလှသည် ဟု ထင်ရဲ့ ဆရာတော် ဦးဗုဒ်က မိဖုရားကြီး နန်းမတော်
မယ်နုကို မိန့်သလို

“မယ်နု … ဝဋ်ကြွေးရှိရင် ကျေအောင်ဆပ်”
ဟု ဆို၍ မှ တစ်ပါး…။
သို့သော်.. ဒီလိုမဆိုရက်ပါ…။
“ဒကာမကြီး ဒေါ်ချိုး”

“ဘုရား”
“သီလရှင်ဝတ်လိုက်ပါလား”
“ရှင် … အင်း … အင်”
“သီလရှင်ဝတ်လိုက်ရင်
ဒကာမကြီး ဒီဝဋ်
ဒုက္ခဆင်းရဲက
ကြွေး ကုန်လုလုဖြစ်ပြီး
လွတ်မြောက် သွားလိမ့်မယ်”
“ကျွန်မမျိုးမ … စဉ်း … စဉ်းစားပါရစေဦး
ဘုရား”
“စဉ်းစား .. စဉ်းစား..”
အင်း သံယောဇဉ်လေး၊ ရင်နဲ့ လွယ်ပြီး မီး အားကောင်းခဲ့တဲ့ သံယောဇဉ်မီးကိုး။ သား ဆိုးသား မိုက်နှင့် ဝေးဝေးကို မသွားချင်သေး ဘူး။ သူ့လုပ်စာ မစားရပေမယ့် ဒီသားမိုက် လေး သူတစ်ပါးလက် ချက်နဲ့ တစ်ခုခု ဖြစ်မှာ ကို စိုးရိမ်နှေဆဲ။
ဒါကြောင့် ပဲပြုတ်သည် မုဆိုးမကြီး ဒေါ်ချိုးမ ထဘီရင်လျားနှင့် သံယောဇဉ် အထက် ဆင် တင်းနေဆဲ..။

“သံခဲ”
“ဘာတုံး ငှက်ကြီး”
“မင်း … မင်း အမေအိုကြီးကို ဓားနဲ့ လိုက်ပါနဲ့ သံခဲရာ”

“မင်းမသိဘူး ငှက်ကြီး၊ ဒီအဘွားကြီးမှာ ဈေးရောင်းလို့ ရတဲ့ ပိုက်ဆံတွေရှိတယ်။ မင်း စဉ်းစား လေ ငှက်ကြီး၊ ဘုန်းကြီးကျောင်းကို တော့ ငှက်ပျောသီးတစ်ဖီးသွားဝယ်ပို့၊ ဩဇာ သီး ငါးလုံးသွားဝယ်ပို့၊ ငါ့အရက်ဖိုးငွေတစ် ရာ၊ နှစ်ရာကျတော့ မရှိဘူးချည်း ပြောနေ
တာ”

“ဒါက သူ့ဘ၀ နောင်သံသရာအတွက် ဖဲ့ လုပ်နေရတာ လေ သံခဲရာ”
“ဟေ့ကောင် ငှက်ကြီး”
“ဘာတုံး သံခဲ”
“မင်း ဘုန်းကြီးလုပ်မှာ လား၊ ငါနဲ့ အတူ အရက်သောက်မှာ လား ရှင်းရှင်းပြော” “သံခဲရာ … သူငယ်ချင်းရာ … မင်းနဲ့ ငါ ပေါင်းသင်းလာတာ ကြာပါပြီကွာ၊ မင်း လည်း လူမိုက်၊ ငါလည်း လူမိုက်ပဲ။ မင်း လည်း ထောင်ထွက်၊ ငါလည်း ထောင်ထွက် ပဲ၊ မင်းလည်း လူသတ်ဖို့ ဝန်မလေး သလို၊ ငါ လည်း လူသတ်ဖို့ ဝန်မလေးပါဘူး။ ဒါပေ မယ့် သံခဲရာ …။ မွေးသမိခင် အမေရင်း ခေါက် ခေါက်ကို အရက်ဖိုးမရလို့ ဓားနဲ့ လိုက်တယ်ဆိုတာ အလွန်ကို မိုက်ရိုင်းစုတ်ပဲ့ တဲ့ အလုပ်ကွ”
“မင်း မလုပ်ရဲဘူးပေါ့”

“ကျဲသေး ကိုယ့်လူ..၊ ငါ့အပြင်မှာ မိုက်ရိုင်း ချင် မိုက်ရိုင်းမယ်၊ ငါ့အမေ၊ ငါ့အဖေကို ငါ မင်းလို သဘောမထားရဲဘူး”
“လုပ်ပါဦး ပညာရှိကြီးရ။ အဲဒီ လို လုပ် တော့ ဘာဖြစ်မှာ မို့လို့ လဲ။ အေ့ .. အေ့”
သံခဲက အရက်ခွက်ကို ကောက်ကိုင်ရင်း ခ ပ်ထေ့ထေ့မေးလိုက်တယ်။
“အမေကို စော်ကားရင် ပဉ္စာနန္တရိ
ယကံထိုက်ရောကွ”
“ပဉ္စာနန္တရိယကံဆိုတာကို
ဖွင့်ဆိုပါဦး ကျောင်းဒကာကြီးရ။ အေ့..” “မြတ်စွာဘုရားရှင်ရယ်၊ ရဟန္တာရယ်၊ အမေ၊ အဖေရယ်ကို ကိုယ်ထိလက်ရောက် ပြစ်မှားစော် ကားရင် သံဃာကို သင်းကွဲ ဂိုဏ်းကွဲအောင်လုပ်ရင် ကံကြီးထိုက်ရော၊ အဲဒီ ကံကြီးထိုက်ရင် အစိငရဲ ကို ကျပြီး နောင်ပွင့်မယ့် ဘုရားရှင်ကိုတောင် ဖူးမြော်ခွင့်မရတော့ဘူး”

“ငရဲကျတာရော၊ မြေမျိုခံရတာ ရော၊ ဘယ်သူ့ကို မြင်ဖူးလို့ လဲ၊ လုပ်ပါဦး”
“ဒေဝဒတ်ဟာ ဘုရားရှင်ကို ပြစ်မှားလို့ ရဟန်းသံဃာကို သင်းကွဲအောင်လုပ်လို့ ကံ ကြီးထိုက် ပြီး မြေမြိုတယ်။ စိဉ္စမာဏ မိန်းမ၊ ဘုရားအလောင်းရဲ့ ယောက္ခမတော် သုပ္ပဗုဒ္ဓ၊ အရှင်သာရိပုတ္တရာ ထေရ်ရဲ့ ဦးခေါင်းကို ရိုက်နှက်တဲ့ နန္ဒက ဘီလူး။

ဥပ္ပလဝဏ္ဏာထေရီကို မေထုံမှီတဲ့ န
န္ဒကလုလင်တို့ လည်း ဘုရားရှင် ဂေါတမ လက်ထက်မှာ မြေမျိုခံရတာ ပဲ။
အဇာတသတ်သေပြီးနောက်မှာ အဝီစိငရဲ ကို ကျတယ်။ အစိငရဲကို မကျခင်မှာ သူ့ သားက သူ့ကို ပြန်သတ်ခဲ့တယ်။ သူ့သားကို သူ့မြေးက ပြန် သတ်ခဲ့ပြန်တယ်။ ဆိုလိုတာ
က ဘဝသံသနာငရဲကို မကျခင် လောကဝဋ်မှာ ပဲ အဲဒီ ပဉ္စာနန္တရိယကံဝဋ် ကြွေး ကို လက်ငင်းခံစားရတယ်။ ဒါ .. ငါတတ်လို့ မင်းကို ဆရာလုပ်တာ မဟုတ်ဘူး ။ ဦးဇင်း မှတ်ကြီး ပြောပြလို့ ငါက မင်းကို ပြန်ပြောရ တာ ။ မင်းဒီလိုသာ အမေကို နှိပ်စက်ကလူပြု နေရင် တစ်နေ့ မြေမျိုခံ ရလိမ့်မယ် သံခဲ”

“ဟား ဟား .. ဟား.. ဟား မြေမျို လိမ့်မယ် ဟုတ်လား။ ဟား

ဟား.
ဟား.. ဟား.. ရယ်ရတယ်ကွာ၊ ရာဇဝင်ထဲမှာ ၊ ဗုဒ္ဓဝင်ထဲမှာ ရှိချင်ရှိမယ်။ ငါတို့ မမြင်ရဘူး။ ဒီမှာ ငှက်ကြီး၊ ဟောဒီ ပစ္စုပ္ပန်မှာ မြေမြိုတဲ့ ကောင် ဘယ်ကောင်ရှိလဲ။ ပြောစမ်း..၊ ဘယ် မြို့၊ ဘယ်နေရာမှာ ဘယ်သူ ဘယ် အချိန်က မြေမျိုလို့ သေခဲ့လဲ။ ပြော .. ပြောလေ
ပြော”
“ဝုန်း” “ဂလွမ်း”

“တောက် … သံခဲ၊ မင်းနဲ့ ငါ လူမိုက်ဖြစ် ပေမယ့် မင်းလောက်တော့ မမိုက်ရိုင်းဘူး။ ငါ ဘယ်ဘဝရောက်ရောက် ငါ့အမေကို၊ ငါ့ အဖေကို ငါမစော်ကားဘူး။ … မကောင်းမှု ဒုစရိုက်လုပ်နေပေမယ့် ငါ့အမေ ကို ငါ နေ့ တိုင်း အိပ်ရာဝင်တိုင်း ရည်မှန်းကန်တော့ခဲ့
တယ်။ မင်းလို အစိသွားမယ့်လူမျိုးနဲ့
ဆက်ပေါင်း နေရင် ငါပါ တစ်နေ့ ငရဲမီးအ ဟပ်ခံရမယ်။ မင်းနဲ့ ငါ ဒီနေ့ကစပြီး လမ်းခွဲ
စို့”
“ထွီ…
“ဝုန်း..”
“ခွမ်း…”
“ဂလွမ်း”

“ရတယ် ကိုယ့်လူ၊ သံခဲကတော့ ငရဲ လည်း မယုံဘူး။ မြေမျိုမှာ လည်း မကြောက် ဘူး၊ အစိ ထက် နက်တဲ့ ၊ ပူတဲ့ နေရာရှိရင်

အငှားကားနဲ့
သွားကြည့်လိုက်ချင်သေးသ
ကွာ၊ ဟား … ဟား.. ဟား… ဟား… ဟား..”

တစ်နေ့နံနက် …
ဒေါ်ချိုးမ ပဲပြုတ်ရောင်းပြီး ပြန်အလာ ဘုန်းကြီးကျောင်းအတွက် မချစ်စုသရက်သီး သုံးလုံး ဝယ်လာခဲ့လိုက်ပြီး အိမ်သို့ ဝင်ခဲ့ လိုက်တယ်။
ဒီမှာ မူးယစ်နေတဲ့ သံခဲက အသင့်ဆီးကြို
“အဘွားကြီး”
“ဘာတုံး လူလေး၊ သားကြီး..။ နေကောင်းရဲ့ လား”

“အဲဒါ ခင်ဗျားအလုပ် မဟုတ်ဘူး ။ ထုံးစံ အတိုင်း ကျုပ်ကို အရက်ဖိုး မြန်မြန်ပေး”
ဒေါ်ချိုးမက ပဲပြုတ်တောင်းလေးကို ချ
လိုက်ပြီး ဗန်းထဲက
ငွေစက္ကူအချို့ကို
ရေတွက်လို့ ပေးရန် ပြင်လိုက်စဉ်မှာ ပဲ …
“ပေးစမ်းဗျာ အကုန်လုံး….”
“ဟဲ့ … ဟဲ့ သားရဲ့ ၊ မနက်ဖြန်ရင်းဖို့

“ဒါတွေ ကျုပ်တို့ နားမလည်ဘူး.။ အကုန် သောက်ပစ်မယ်။ အံမယ် .. ဟိုသရက်သီး သုံး လုံး က ကျုပ်ဖို့ လား”
သံခဲက ဈေးဗန်းထဲက သရက်သီးသုံးလုံး ကို မြင်သွားပြီး လှမ်းယူမလို့ အလုပ်မှာ မေကြီးက ဈေးတောင်းဗန်းကိုရွှေ့ပြီး…
“မ မလုပ်ပါနဲ့ သားရယ် … ဒါ ဆရာတော်နဲ့ ဦးဇင်းမှတ်ကြီးကို လှူဒါန်းဖို့ အမေဝယ်လာတာပါ”
“အံမာ ခင်ဗျားက ရေးကြီးခွင်ကျယ်လုပ်

ပြီး ဦးမှတ်ကြီးများ လှူမလို့ တဲ့ ၊ ထွီ..။ ခင်ဗျားနဲ့ မှတ် ကြီးနဲ့ က
“အို

သား

လူလေးရဲ့”
မပြောကောင်းဘူးလေ
“ပေး .. အဲဒီ သရက်သီး သုံးလုံး”

“မလုပ်ပါနဲ့ သားရယ်၊ အမေတောင်းပန်ပါ တယ်။ ပိုက်ဆံအကုန်လုံးယူချင်ယူလိုက်ပါ၊ ရဟန်း သံဃာများ အတွက် ရည်စူးထားတာ တော့ မလုပ်ပါနဲ့ သားကြီးရယ်၊ နော် နော်”

“ဟာ ပြောမရတဲ့ အဘွားကြီး၊ ကဲဟာ” သံခဲဟာ ပြောရင်းကနေ သရက်သီးများကို လှမ်းအလုပ် အမေကြီး ဒေါ်ချိုးမကလည်း သရက် သီး သုံးလုံးကို ပဲပြုတ်ခံအဝတ်နဲ့

ပိုက်လိုက်ပြီး ကျောင်းရှိရာကို အပြေး..။ “ခင်ဗျားကြီးက “ ကျုပ်ကို စမ်းတယ်ပေါ့ လေ။ ကျုပ်ကို မသဒ္ဓါဘူး။ သူများကို သဒ္ဓါ တယ်ပေါ့။ သေဖို့ သာ ပြင်ပေတော့
ကိုင်း…”
“အမလေး လုပ်ကြပါဦးတော့”
“အဘွားကြီး
ရပ်”
,,,
မသွားနဲ့

မပြေးနဲ့
..
သံခဲဟာ ဝါးရင်းတုတ်တစ်ချောင်းကိုင်ပြီး ဒယီးဒယိုင် မူးမူးနဲ့ လိုက်ပါရော၊ ဒေါ်ချိုးမက သရက် သီးထုပ်လေးပိုက်ပြီး ရှေ့ကပြေး၊ သံခဲက ဝါးရင်းတုတ်ကြီးမြှောက်၊ အော်ဟစ်
ကြုံးဝါးပြီး လိုက်။
ရွာထဲက လူများက မြင်ကြပေမယ့် သံခဲကို ကြောက်လို့ မတားရဲ၊ မပြောရဲကြဘူး။ အမေ ကြီးက လည်း ဟိုကွေ့၊ ဒီရှောင်နဲ့ သားလုပ်သူ ကို တောင်းပန်ပြီး အထုပ်လေးပိုက်လို့ ပြေးနေတာ။
လွတ်လမ်းမမြင်လို့ အမှ ိုက်ပုံဟောင်း ကြီးတစ်ခုဘေးမှာ အသာဝင်ကပ်လိုက်
ရော..။

“အဘွားကြီး ခင်ဗျား .. ဘယ်မှာ လဲ”
“သရက်သီးတွေ ပေးစမ်း၊ တွေ့ရင် ခင်ဗျား
အသေပဲ”

“အဘွားကြီး … အဘွားကြီး..”
“ဝုန်း”
“အား
“စွပ်”
“အမယ်လေးဗျ”
“သား …:.. • လူလေး
ဘာ”
ဒီမှာ သံခဲဟာ ဝါးရင်းတုတ်ကြီးမြှောက် ယမ်းဝှေ့ပြီး အမှ ိုက်ပုံကို လှည့်ပတ်အရှာ..။ ဝုန်းခနဲ ပြုတ်ကျ၊ လဲကျသံကြားလို့ ဒေါ်ချိုးမ သားဇောနဲ့ ပြန်လှည့်ရှာကြည့်လိုက်ရော….
သံခဲရယ်…

အမှ ိုက်ပုံအဟောင်းကနေ မြေကြီးကျွံကျ
ပြီး ဟိုးအောက်ကို ပြုတ်ကျသွားတာ။
ငုံ့ကြည့်လိုက် တော့ ကျင်းအနက်က လူ့
လက်ခုပ်တစ်ဖောင်ကျော်.။
“သား … လူလေး”
“အား …
အမလေး
“သား သား

ကယ် … ကြ .. ပါ . ဦး
လူလေး လာကြပါဦး၊

ကျွန်မသားကြီး မြေကြီးကျင်းထဲ ကျသွားလို့ ၊
ကယ် … ကြပါဦး …. တော့်”
ဒီမှာ … လမ်းသွားလမ်းလာများ … ရော၊ နွားကျောင်းသားများ ရော၊ ဆွမ်းခံကြွသူ

ကိုရင်ရဟန်းများ ရော ဝိုင်းလာကြည့်ကြ
ရာ…
..
“အမေ အ မေ အား
အား မ
လေး အား”
“ဟာ”
“ဟယ်”
“ကယ်ကြပါဦးရှင်..။ ကျွန်မသားကြီးကို
ကယ်ကြပါဦး”
ငုံ့ကြည့်လိုက်တော့ အမှ ပိုက်သရိုက်နှင့်
မြေကြီးဆွေးများက
တဖြည်းဖြည်း အိ၍ ပြိုကျနေတယ်။
သံခဲပေါ်သို့
သံခဲရဲ့ အော်သံလည်း ငြိမ်သွားခဲ့ပြီ။

မြေကြီးနဲ့ အမှ ိုက်များ ပြိုကျတာလည်း ရပ်သွားခဲ့ပြီ။ ဒေါ်ချိုးမလည်း သားဇောနဲ့ ဋာမြေလူး ဖြစ်နေပြီ။ ဒီမှာ ပဲ ငှက်ကြီးနဲ့ လူရွယ်အချို့ရောက် လာပြီး….

ကျင်းထဲကို ကြိုးနဲ့ ဆင်း၊ ပိအုပ်နေတဲ့ အမှ ဝှိုက်သရိုက်နဲ့ မြေဆွေးများကို ဖယ်ရှားလိုက်
ရော…။
သံခဲရဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင် မြင် လိုက်ရပြီး အားလုံးသွေးပျက်လုလု တုန်လှုပ် သွားပါ ရောလား။
ဖြစ်ရပုံကို ကြည့်စမ်းပါဗျာ။
သံခဲ မှောက်လျက်ပျော့ခွေပြီး သူ့ဝမ်းဗိုက် အောက်ကနေ ချွန်မြနေသည့် သံချောင်းပိုက် ဆွေး တစ်ခုက သံခဲရဲ့ ဝမ်းဗိုက်ကို ထုတ်ချင်း ဖောက်ပြီး ကျောကုန်းကနေ တစ်ထွာကျော် ကျော်ထွက်လို့ ။

သွေးချင်းချင်းရဲနေပြီ…။
ငှက်ကြီးတို့ အုပ်စု အရဲတင်းပြီး သံခဲရဲ့
ကိုယ်လုံးကို တံစို့ထိုး သံချောင်းကနေ ဆွဲမ
ယူလိုက် ရော သံခဲရဲ့ တစ်ကိုယ်လုံး မီးခဲလိုပူ
နေလို့ ကြာကြာမကိုင်နိုင်ကြဘူး။

နောက်ဆုံး ကြိုးနဲ့ ချည်ပြီး အပေါ်ကို ဆွဲ တင်လိုက်ရတယ်။
အပေါ်ရောက်တော့ သံခဲရဲ့ တစ်ကိုယ်လုံး
ထူးဆန်းစွာ မည်းလို့ ။
ဒေါ်ချိုးမ သားရဲ့ ဖြစ်အင်ကို ဆိုးကိုကြည့် ပြီး နေရာမှာ ပဲ “သား..ရဲ့ “လို့ အော်ရင်း သတိလစ် သွားလေရဲ့ ”

သူမရဲ့… အနီးမှာ သားဆိုးသားမိုက်ရဲ့ မည်းနက်နက် ရုပ်အလောင်းနဲ့ သရက်သီး သုံးလုံး ပြန့်ကျဲ လို့ ။ ။
မောင်ညိုမှ ိုင်း(သန်လျင်)
***

Zawgyi Version

အဝီစိသြားသူ ေနာက္တိုးစာရင္းဝင္တစ္ဦး(စ/ဆံုး)
——————————————————–
ပၪၥနႏၲရိယကံႀကီးထိုက္ရင္ေျမမ်ိဳ
ၿပီး မဟာအ၀ီစိငရဲမွာ အႏွစ္မေရတြက္ႏိုင္ ေအာင္ ခံစားရတယ္ လို႔ ေျပာေတာ့ အခ်ိဳ႕က
မယုံၾကဘူး။ ငရဲျပည္ဆိုတာေရာ တကယ္ရွိလို႔ လားတဲ့
မ်က္ေမွာက္ေခတ္ဘယ္သူေရာက္သြား
တာ ျမင္ရလို႔ လဲတဲ့ ။ ကတ္သီးကတ္ဖဲ့ေမး
ၾကတယ္။
ဘုရားရွင္ကငရဲ၊ တိရစာၦန္၊ ၿပိတၱာ၊
အသူရကာယ္လို႔ အနိမ့္ဆုံး၊ အညံ့ဆုံး၊
အဆင္းရဲဆုံး၊ ဘ၀ ေလးဘုံအေၾကာင္း သီး
သီးသန႔္သန႔္ေဟာခဲ့တဲ့ ဥစၥာဗ်ာ..။
တိရစာၦန္ဘုံဘ၀ကို က်ဳပ္တို႔ အနီးကပ္ျမင္ ေနရတဲ့ ဥစၥာ။
ၿပိတၱာဘ၀ဆိုတာ အယူတိမ္းၿပီးေသ၊ ဥစၥာ
စြဲ၊ သားစြဲမယားစြဲ၊ ေက်ာင္းစြဲ၊ ရာထူးဂုဏ္

ဌာနႏၲရအစြဲ၊ အလွအပအစြဲ၊ ေဒါသ၊ ေမာဟ၊ ေလာဘအစြဲနဲ႔ ေသၿပီးေနာက္ ျပဳခဲ့ဖူးေသာ
အကုသိုလ္ကံ
နဲ႔ အသက္ထြက္ခါနီး
အစြဲအလမ္းေၾကာင့္ ဘ၀ကူး၊ ဘ၀သစ္ဆိုး
သြားရသည့္ဘ၀..။
အဲဒါ ၿပိတၱာဘုံသားဘ၀။
ၿပိတၱာဘုံသားဘ၀မွာ သရဲ၊ တေစၦ၊ မွ င္စာ၊
က်တ္ဘီလူး၊ ဖုတ္ဘ၀ .. စုံလို႔ ။
မျမင္ရလို႔ မယုံဘူး။ ဟုတ္လား..။
ျမင္ရသူမ်ား ေတာ့ျမင္ၾကရပါ့ဗ်ား။
အသူရကာယ္

သူက ဘ၀တစ္မ်ိဳးဆန္း
သစ္တယ္။ ေန႔စံၿပီး ညခံ၊ ညခံၿပီးေန႔စံ၊ အျပစ္ရွိေသာ သတၱဝါတဲ့ ။
လူ႔ဘ၀တုန္းကကုသိုလ္စိတ္ကေလး အနည္းအက်ဥ္းရွိခဲ့ေတာ့ ေသခါနီး အသန႔္ နကေဇာေၾကာင့္ အသူရကာယ္ဘုံသား (ပရဝိညာဥ္)ဘ၀ ေရာက္ေပမယ့္ ဘုန္းကံေလး နည္းနည္းျဖင့္ ရွိရာသတဲ့ ။
ေန႔ခင္းမွာ လူ႔ဘ၀အတိုင္း လုပ္ကိုင္စား
ေသာက္ ေပ်ာ္႐ႊင္ၿပီး ေနဝင္တာနဲ႔ ဘ၀၀ဋ္
ဆင္းရဲငရဲ ေတာမွာ အလူးအလဲေအာ္ဟစ္လို႔ အတိတ္ဘ၀ အကုသိုလ္၀ဋ္ေႂကြးကို တစ္ည
လုံးခံစားရ။
မိုးလင္းရင္ လူ႔ျပည္လူ႔ဘ၀ကို ျပန္ေရာက္။ လူလိုေနလိုက္ၾက။ အသူရကာယ္မ်ား ဟာ လူနဲ႔ ေဝး ရာ ေတာေတာင္ သမုဒၵရာပင္လယ္ ကမ္းမ်ား အနီးမွာ ေနၾကတာလို႔ ဆိုတယ္။
သေဘၤာပ်က္လို႔ လမ္းမွားေရာက္သြားသူ၊
ေလယာဥ္ပ်က္က်လို႔ လမ္းလြဲေရာက္သြားသူ၊ ေတာဝင္ရင္း မ်က္စိလည္လမ္းမွားလို႔
ေရာက္သြားသူတစ္ခ်ိဳ႕ … ကိုယ္ေတြ႕ႀကဳံၾကရ
ေလရဲ႕ ။
အဲဒါ ယုံခ်င္လည္း ယုံပါ။ မယုံလည္း ေနပါ။ ဘာသာေရးတရားဓမၼ အဆိုအမိန႔္ကို ယုံခ်င္ လည္း ကိုယ့္သေဘာကိုယ္ေဆာင္၊ လုပ္ခ်င္ရာလုပ္ပါ။ ကိုယ္ျဖစ္ ကိုယ္ခံပါပဲ။
ငရဲနဲ႔ ပတ္သက္လို႔ ႏိုင္ငံရပ္ျခား ေရနံနဲ႔ ေက်ာက္မ်က္ရွာသူအဖြဲ႕ တစ္ဖြဲ႕ ေျမႀကီး ေအာက္ကို စိန္လြင္နဲ႔ တူးရင္း ေျမေအာက္ကကယ္ပါယူပါ အသံမ်ားၾကားရလို႔ ဘူမိေဗဒ
ပညာရွင္မ်ား ၊ တအံ့တၾသ ျဖစ္ရတဲ့
အေၾကာင္းကို ကြၽန္ေတာ္ ႏိုင္ငံျခားစာေစာင္
တစ္ခုမွာ အေသအခ်ာဖတ္ဖူးခဲ့ရပါတယ္။
အဲဒီ အေၾကာင္းကို ျမန္မာစာေရးဆရာ တစ္ဦး ဘာသာျပန္ထားတာလည္း ဓာတ္ပုံနဲ႔ တကြ အခိုင္ အမာပါပဲ။
သို႔ေသာ္ အဲဒီ စာအုပ္ အိမ္မွာ ရွိပါလ်က္
ဘယ္နားေရာက္ေနမွန္းမသိဘူး။
တစ္ေန႔ျပန္ေတြ႕ခဲ့ရင္ေျမေအာက္ငရဲျပည္ရဲ႕
ေအာ္ဟစ္ေနသံမ်ား အေၾကာင္း ေရနံတူး
ပိုက္ေခါင္းကတစ္ဆင့္ ထူးဆန္းစြာ ၾကားရ သည့္ အေၾကာင္း ကြၽန္ေတာ္ကိုးကား ေရးသားပါဦးမယ္။
အခု ေျပာခ်င္တာက ..
အမိကို ေစာ္ကား႐ိုင္းျပမိလို႔ ေျမမ်ိဳခံရသူ တစ္ဦးအေၾကာင္းပါ။
ေျမမ်ိဳကာ အခုေခတ္မွာ ဘယ္လိုမ်ိဳသလဲ
… ဟုတ္လား။
ပၪၥာနႏၲရိယကံထိုက္လို႔
ေျမမ်ိဳနည္းက အမ်ားႀကီးဥစၥာဗ်ာ။
ေျမမ်ိဳပုံ
အဲဒီ ေျမမ်ိဳနည္းမ်ား အထဲက သံခဲဆိုတဲ့
ေကာင္ ေျမမ်ိဳခံရပုံကို ေျပာျပခ်င္လို႔ ပါ။

ဒီေကာင့္အမည္ သံခဲတဲ့ ။
မာသလားမေမးနဲ႔ ၊ ေခါင္းခ်င္းယွဥ္တိုက္
ရင္ သူႏိုင္တာခ်ည္းပဲ။ သူမ်ားကြဲ၊ ေသြး ခ်င္းခ်င္းရဲ လည္း …။
လူမိုက္ေလဗ်ာ…။
အရက္ေသာက္တယ္။ ၾကက္ဝိုင္း၊ ဖဲဝိုင္း၊ ဝင္ေမႊတယ္။ မေကာင္းတဲ့ မိန္းမမ်ားကို
လိုက္စား တယ္။ အလုပ္အကိုင္မရွိဘူး။
အေမမုဆိုးမႀကီး ေဒၚခ်ိဳးမက ပဲကတၱီပါျပဳတ္ေရာင္းၿပီး သင္း ကို ေကြၽး ေမြးျပဳစု ေစာင့္ေရွာက္ေနရတာ

သားေလးတစ္ေယာက္မို႔ ခ်စ္လို႔ ငယ္ငယ္ ကတည္းက အလိုလိုက္တယ္။ လိုခ်င္တာ ဝယ္ေပး ၊ ေကြၽးခဲ့၊ ဆင္ခဲ့တယ္။
အလိုလိုက္လြန္းေတာ့ .. အမိုက္ေစာ္ကား
တာေပါ့။ အေမ့ဆီက လိုခ်င္တဲ့ ေငြ ေတာင္း

လို႔ မရရင္ ခိုးတယ္။ ခိုးလို႔ မရရင္ ဒန္အိုးက အစ အကုန္ေရာင္းစားပစ္တာ။
မူးလာလို႔ မ်ား ၊ ဟင္းမေကာင္းရင္
အေမအိုႀကီးကို ဆဲေရးတိုင္းထြာၿပီး ထမင္းဟင္း မ်ားကို အကုန္လႊင့္ပစ္ ေပါက္ခြဲပစ္တာ။ အေမအိုႀကီးက မ်က္ရည္နဲ႔ မ်က္ခြက္။ ဒီၾကားထဲက ႐ိုက္မႈ၊ လုမႈ၊ ခိုးမႈ၊ ရန္ျဖစ္မွ ျဖစ္ရင္ မေလ်ာ္ႏိုင္ေတာ့ ရွိခိုးဦးတင္ လိုက္
ေတာင္းပန္ရ။
ေတာင္းပန္လိုက္လို႔ မရေတာ့ ေထာင္က်။
ေထာင္ကလြတ္လို႔ လိမၼာမလားမွတ္ရဲ႕
လူမိုက္ေပါင္းစုံနဲ႔ ပိုအဖြဲ႕က်ၿပီး ပိုရမ္းကား
ဆိုးသြမ္း ေလရဲ႕ ။
ဒီၾကားထဲ မိန္းမေခၚလာေသးရဲ႕။
သင္းလိုအစားထဲက မိန္းမစားမ်ိဳးပဲေလ။ သူ႔မိန္းမပါဆိုေတာ့ ပဲျပဳတ္ေရာင္းေကြၽးၿပီး

ေခြၽးမေတာ္ ရတာ ေပါ့။
ထမင္းပေအာင္ … ၀မ္းလွေအာင္မွ မေကြၽး
တာဥစၥာ၊ ဘယ္မိန္းမနဲ႔ ၿမဲမွာ လဲဗ်ာ။ အိမ္ ေပၚမွာ ရန္ျဖစ္၊ နပန္းလုံး … သတ္ၾကပုတ္ ၾက၊ အဲဒါမေအလုပ္သူက အျမင္မေတာ္လို႔ ဝင္ဖ်န္ေျဖဆြဲရင္း ကိုယ္ပါ ေရာအ႐ိုက္ခံရ ၿပီး၊ ဓားႀကိမ္းႀကိမ္းခံရရဲ႕။ အျပင္လူဝင္ဆြဲလို႔ မရဘူး။
ဘယ္ေဆြမ်ိဳးသားခ်င္းမွ လည္း ဝင္ေမတၱာ ရပ္လို႔ မရဘူး။ ဝင္ပါတဲ့ လူ ဓားစာ၊ တုတ္စာ မိတာပဲ။
အဲဒါ မိန္းမလုပ္သူ ေၾကာက္လို႔ ၊ ငတ္လို႔ ဆင္းေျပးရေရာ။
ေနာက္ …. မၾကာပါဘူး။ ဘယ္ကဘယ္လို ေမတၱာမွ်လာလဲမသိပါဘူး။
လုံးႀကီးေပါက္လွတို႔ ၊ ပိန္ပိန္သြယ္သြယ္တို႔ ၊ မႏူးမနပ္တို႔ တစ္ေယာက္ၿပီးတစ္ေယာက္ သူ႔

မယားဆိုၿပီး ေခၚလာတာပဲ။
ေဒၚခ်ိဳးမကလည္းေယာကၡမ၀တၱရား
နဲ႔ အညီ ေခြၽးမလုပ္သူမ်ားကို ၀တၱရားမ
ပ်က္ပါဘူး။ ပဲျပဳတ္ ေတာင္းတစ္ေတာင္းနဲ႔ အရင္းျပဳ၊ အႏြံတာခံၿပီး လုပ္ကိုင္ေကြၽးေမြးမ
ပ်က္ပါပဲ။

သံခဲလိုေကာင္နဲ႔ ဘယ္မိန္း ၿမဲမွာ လဲေလ။
ရက္ပိုင္းပဲခံၿပီး ေျပးေရာ၊ ဘာေလ်ာ္ေၾကး
မွ မရရွာဘူး။ ပါးေပၚမွာ လက္ဝါးရာ၊
ေက်ာကုန္းေပၚ မွာ လက္ငါးေခ်ာင္းရာ၊
ေျခသလုံးမွာ တံျမတ္စည္း႐ိုက္ရာနဲ႔ ထဘီမ
ႏိုင္၊ ပုဝါမႏိုင္ ေျပးရတာ ေပါ့။ အခ်စ္ မွာ မ်က္စိကန္းေနတဲ့ မိန္းမေတြလည္း မွတ္က ေရာေပါ့။

ေျပာရရင္ ဒီေကာင္သံခဲကို လူအေတာ္မ်ား မ်ားက သတ္ခ်င္ၾကတယ္။ ဒါေပမယ့္ မသတ္ ရဲဘူး။ သတ္ရဲတဲ့ သူမရွိဘူး။ ဒီေကာင္မ်ိဳးကို သတ္ရင္လည္း သတ္သူသာ ေထာင္က်မယ္။ ဒီေကာင္က အေသပ်က္မွာ မဟုတ္ဘူး

ၾကည့္ေလ..။
အရက္ဖိုးေတာင္းမရလို႔
မေအႀကီးရဲ႕ ေခြၽးခံအက်ႌကို
ဆြဲလွန္ဆုတ္ၿဖဲလိုက္တာ ကုန္ေရာ။

အဲဒါ အရက္ဖိုး ခ်န္မထားရေကာင္းလား
ဆိုၿပီး ဓားနဲ႔ ခုတ္မလို႔ လုပ္တာ ေဒၚခ်ိဳးမ ေၾကာက္ၿပီး ေျပးေရာ။
“အဘြားႀကီး ရပ္လိုက္”
“ပိုက္ဆံဝွက္ထားတာ ခုေပး”
“မေပးရင္ ခင္ဗ်ားကို ဒီေန႔ လက္ျဖတ္ပစ္မယ္”
အဲဒီ လို ေအာ္ၿပီး လိုက္တာ အေမအိုႀကီးခင္ဗ်ာ။

သားအရင္းေခါက္ေခါက္ကို
ေၾကာက္လို႔ ဘုန္း ႀကီးေက်ာင္းေပၚ တက္
ေျပးပုန္းေနရတယ္။
အဲဒါ ဘုန္းႀကီးေက်ာင္း၀ကေန ဓားႀကိမ္း ႀကိမ္းေနေသးတယ္။
“မဆိုင္ရင္ ဝင္မပါနဲ႔ .၊ က်ဳပ္က ဘုန္းႀကီး ေရာ၊ လူေရာ သိပ္ဂ႐ုစိုက္တာ မဟုတ္ဘူး ။ အဘြားႀကီး … ဆင္းခဲ့”
အဲဒီ တုန္းက ဦးဇင္းမွတ္ႀကီးဆိုတာ မနည္းစိတ္ထိန္းေနရဆိုပဲ။ ဦးဇင္းမွတ္ႀကီး ဆိုတာ အျခားလူ ဟုတ္႐ိုးလားဗ်ာ။ တစ္ခ်ိန္ တုန္းက နာမည္ႀကီး ဓားျပ၊ လူသတ္သမား ဥစၥာ။
လူသုံးေယာက္ သတ္ဖူးတယ္။

ႏွစ္ေယာက္က သစၥာေဖာက္တဲ့ သူ႔တပည့္
မ်ား ဗ်။
တစ္ေယာက္က သူ႔ရန္ဘက္ ရန္သူ။
ေထာင္ကို အိမ္ဦးနဲ႔ ၾကမ္းျပင္လို ေနခဲ့တဲ့ သူဥစၥာ။ ကြၽတ္ခ်ိန္တန္ေတာ့ၾကည့္။ ေထာင္ ကထြက္ ေရာ ဘုန္းႀကီးတစ္ပါးနဲ႔ ေတြ႕တယ္။ ဘုန္းႀကီးကေမးတယ္။
“ဒကာႀကီး ဘယ္ေလာက္ မိုက္ခဲ့တုန္း” တဲ့
ျပန္ေျဖတယ္။
“လူသုံးေယာက္ တိတိ ု သတ္ခဲ့ၿပီးပါၿပီ
ကိုယ္ေတာ္”
“ေနာက္ထပ္ သတ္ရဲေသးသလား”
“လိုအပ္ရင္ သတ္ရမွာ ပဲ ကိုယ္ေတာ္”
“ဘယ္လိုလူမ်ိဳးကို သတ္ရဲသလဲ၊ ေျပာပါ

“သတ္သင့္ရင္ေတာ့ .. ဘယ္လို လူစား ျဖစ္ျဖစ္ လက္မေႏွးဘူး”
“ဒါဆို အေဖကို သတ္ရဲလား”
“ဗ်ာ..”
“ေျဖပါ။ အေဖက ဒကာႀကီးအေပၚ ဆိုးခဲ့ ရင္ေပါ့။ အေဖ့ကို ဒကာႀကီး သတ္ရဲလား”
“ဟင့္အင္း

မသတ္ရဲဘူး”
“ဒါျဖင့္ … အေမ့ကိုေရာ … သတ္ရဲလား”
“ဟာ
ကိုယ္ေတာ္..”
ဘယ္သတ္ရဲပါ့မလဲ
“ဘာလို႔ မသတ္ရဲတာလဲ”
“အစိကို ေရာက္သြားမွာ ေပါ့ ဘုရား”
“ဒါေတာ့ နားလည္သားပဲ၊ ဒါဆို ကိုယ့္
ကိုယ္ကိုယ္ေရာ သတ္ရဲလား”
“ဘယ္သတ္ရဲပါ့မလဲ”
“ဘာလို႔ လဲ”

“ကိုယ့္အသက္ေတာ့ ကိုယ္ႏွေမ်ာတာေပါ့
ဘုရား”
“ဒါပါပဲ ဒကာႀကီးရယ္ …၊ လူတိုင္း၊
သတၱဝါတိုင္းဟာ ကိုယ့္အသက္ကို ကိုယ္ႏွ
ေမ်ာၾကတယ္။ ေလာဘ၊ ေဒါသ၊ ေမာဟ၊
အဝိဇၨာတရားမ်ားေၾကာင့္သာ သူ႔အသက္ကို
ရက္ရက္စက္စက္ သတ္ေနၾကတာ၊ သူမ်ား
ထက္ပိုမိုက္ရင္ ကိုယ့္အသက္ကိုယ္ သတ္ျပ
လိုက္ပါ။ ငါကြ .. မွတ္ႀကီးကြ … ဒီမွာ ၾကည့္ ေဟ့ဆို ၿပီး လူပုံအလယ္မွာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသျပလိုက္စမ္းပါ။ မိုက္ရဲ၊ ေသရဲလား” “မေသရဲပါဘူးဘုရား”
“မိမိေတာင္ အသက္ရွင္ခ်င္ရင္ သူမ်ား လည္း အသက္ရွင္ခ်င္မွာ ပဲ၊ အသက္ရွင္ခြင့္ရ တဲ့ အခြင့္ အေရးဟာ လူ႔ဘ၀မွာ တစ္ႀကိမ္ပဲရ မယ္ ဒကာႀကီး။ တစ္ႀကိမ္ရတဲ့ အခြင့္အေရး ကို လက္လြတ္မခံဘဲ အမ်ား အက်ိဳး၊ ဘာသာ

အက်ိဳး၊ သာသနာအက်ိဳး၊ ေဆာင္႐ြက္ၿပီး အသက္လွျပစမ္းပါ။ ဒီလိုမွ မဟုတ္ ကိုယ့္ အက်ိဳးအတြက္ သမၼာအာဇီ၀နဲ႔ လုပ္ကိုင္ၿပီး ဒါန၊ သီလ၊ ဘာ၀နာနဲ႔ အေသရဲျပစမ္းပါ ဒကာႀကီး ရယ္၊ လူဆိုတာ အသက္ရွင္ေန တုန္း ျမင့္ျမတ္ဖို႔ လိုသလို ေသသြားရင္လည္း ျမင့္ျမတ္ေသာ ဂုဏ္သိကၡာနဲ႔ ေသသြားမွ ဘ၀ကူးေကာင္းတယ္ ဒကာႀကီး၊ ဒကာႀကီး ဟာ လူမိုက္ႀကီး၊ နာမည္ႀကီး လူ သတ္သမား ႀကီး၊ ဒါေပမယ့္ အေဖကို မသတ္ရဲဘူး၊ အေမ ကို မသတ္ရဲဘူး၊ ရဟန္းသံဃာကို မေစာ္ ကား မပစ္မွားရဲဘူး။ ႏွမကို ႏွမမွန္း ၊ အစ္မ ကို အစ္မမွန္း သိလို႔ မေစာ္ကားရဲဘူး။ ၿပီး .. ကိုယ့္ကိုယ္ ကိုယ္ သတ္မေသရဲဘူး ။ အဲဒီ အသိတရား ရွိေနတာလည္း ဒကာႀကီးမွာ လူ႔ အသိတရား ရွိေနတုန္းပဲ။

 

နတ္ျပည္၊ ျဗဟၼာ့ျပည္နဲ႔ နတ္႐ြာနိဗၺာန္ကို ေျခ ခ် လို႔ ရေသးတယ္။ ႀကိဳက္ရာလမ္းကိုေ႐ြး၊ အခ်ိန္မီေသးတယ္။ ကိုင္း …သြားေတာ့” ထိုရဟန္းအိုႀကီးထံမွ ထူးျခားတဲ့ ဒႆန
တရားကို ၾကားနာရၿပီးေနာက္ပိုင္း လူမိုက္ဦး မွတ္ႀကီး အၿမဲေဆာင္ေနက် ဓားေျမႇာင္နဲ႔ လက္နက္ပုန္းကို စြန႔္လႊတ္ၿပီး သကၤန္းတစ္စုံ ဝယ္လို႔ ရဟန္းအိုႀကီးရွိရာ ဘုန္းႀကီးေက်ာင္း ကို လာခဲ့လိုက္တယ္။
ခုဆို ဦးဇင္းဦးမွတ္ႀကီး . ဒီေက်ာင္းမွာ ရဟန္းဝါငါးဝါရခဲ့ပါၿပီ။
..
ခု . သားဆိုး ဓားႏွင့္ မၾကာခဏလိုက္၍ ေက်ာင္းေပၚအားကိုးတႀကီး အေျပးတက္လာ
သည့္ ေဒၚခ်ိဳးမကို အကာအကြယ္ေပးေနရ၏
အင္း.. ရဟန္းဝတ္၊ သကၤန္းဝတ္နဲ႔ မဟုတ္ ဘဲ ဟိုတုန္းကလို စိတ္မ်ိဳး၊ လူဝတ္မ်ိဳးႏွင့္ဆို

လွ်င္ သံခဲဆိုသည့္ အဇာတသတ္လက္သစ္ ေခါင္းတျခားကိုယ္တျခား ျဖစ္သြားခဲ့တာ
ၾကာၿပီ။ ခုေတာ့ တရား ႏွင့္ ေျဖသိမ့္ရ
ေတာ့သည္ ။

ကိုယ္ျပဳခဲ့သည့္ကံ၏ အက်ိဳးဆက္မ်ား တစ္နည္း ေပးဆပ္ရသည့္ ပစၥဳပၸန္၀ဋ္ေႂကြး
မ်ား ။
ေဒၚခ်ိဳးမ ဘ၀ကံ၀ဋ္ေႂကြးကို ဆပ္ေနရရွာ ၿပီ။ အရင္းဘယ္ေလာက္ရွိခဲ့သည္ မသိ။ အတိုးက မ်ား လြန္းလွသည္ ဟု ထင္ရဲ႕ ဆရာေတာ္ ဦးဗုဒ္က မိဖုရားႀကီး နန္းမေတာ္
မယ္ႏုကို မိန႔္သလို

“မယ္ႏု … ၀ဋ္ေႂကြးရွိရင္ ေက်ေအာင္ဆပ္”
ဟု ဆို၍ မွ တစ္ပါး…။
သို႔ေသာ္.. ဒီလိုမဆိုရက္ပါ…။
“ဒကာမႀကီး ေဒၚခ်ိဳး”

“ဘုရား”
“သီလရွင္ဝတ္လိုက္ပါလား”
“ရွင္ … အင္း … အင္”
“သီလရွင္ဝတ္လိုက္ရင္
ဒကာမႀကီး ဒီဝဋ္
ဒုကၡဆင္းရဲက
ေႂကြး ကုန္လုလုျဖစ္ၿပီး
လြတ္ေျမာက္ သြားလိမ့္မယ္”
“ကြၽန္မမ်ိဳးမ … စဥ္း … စဥ္းစားပါရေစဦး
ဘုရား”
“စဥ္းစား .. စဥ္းစား..”
အင္း သံေယာဇဥ္ေလး၊ ရင္နဲ႔ လြယ္ၿပီး မီး အားေကာင္းခဲ့တဲ့ သံေယာဇဥ္မီးကိုး။ သား ဆိုးသား မိုက္ႏွင့္ ေဝးေဝးကို မသြားခ်င္ေသး ဘူး။ သူ႔လုပ္စာ မစားရေပမယ့္ ဒီသားမိုက္ ေလး သူတစ္ပါးလက္ ခ်က္နဲ႔ တစ္ခုခု ျဖစ္မွာ ကို စိုးရိမ္ေႏွဆဲ။
ဒါေၾကာင့္ ပဲျပဳတ္သည္ မုဆိုးမႀကီး ေဒၚခ်ိဳးမ ထဘီရင္လ်ားႏွင့္ သံေယာဇဥ္ အထက္ ဆင္ တင္းေနဆဲ..။

“သံခဲ”
“ဘာတုံး ငွက္ႀကီး”
“မင္း … မင္း အေမအိုႀကီးကို ဓားနဲ႔ လိုက္ပါနဲ႔ သံခဲရာ”

“မင္းမသိဘူး ငွက္ႀကီး၊ ဒီအဘြားႀကီးမွာ ေဈးေရာင္းလို႔ ရတဲ့ ပိုက္ဆံေတြရွိတယ္။ မင္း စဥ္းစား ေလ ငွက္ႀကီး၊ ဘုန္းႀကီးေက်ာင္းကို ေတာ့ ငွက္ေပ်ာသီးတစ္ဖီးသြားဝယ္ပို႔၊ ဩဇာ သီး ငါးလုံးသြားဝယ္ပို႔၊ ငါ့အရက္ဖိုးေငြတစ္ ရာ၊ ႏွစ္ရာက်ေတာ့ မရွိဘူးခ်ည္း ေျပာေန
တာ”

“ဒါက သူ႔ဘ၀ ေနာင္သံသရာအတြက္ ဖဲ့ လုပ္ေနရတာ ေလ သံခဲရာ”
“ေဟ့ေကာင္ ငွက္ႀကီး”
“ဘာတုံး သံခဲ”
“မင္း ဘုန္းႀကီးလုပ္မွာ လား၊ ငါနဲ႔ အတူ အရက္ေသာက္မွာ လား ရွင္းရွင္းေျပာ” “သံခဲရာ … သူငယ္ခ်င္းရာ … မင္းနဲ႔ ငါ ေပါငး္သင္းလာတာ ၾကာပါၿပီကြာ၊ မင္း လည္း လူမိုက္၊ ငါလည္း လူမိုက္ပဲ။ မင္း လည္း ေထာင္ထြက္၊ ငါလည္း ေထာင္ထြက္ ပဲ၊ မင္းလည္း လူသတ္ဖို႔ ဝန္မေလး သလို၊ ငါ လည္း လူသတ္ဖို႔ ဝန္မေလးပါဘူး။ ဒါေပ မယ့္ သံခဲရာ …။ ေမြးသမိခင္ အေမရင္း ေခါက္ ေခါက္ကို အရက္ဖိုးမရလို႔ ဓားနဲ႔ လိုက္တယ္ဆိုတာ အလြန္ကို မိုက္႐ိုင္းစုတ္ပဲ့ တဲ့ အလုပ္ကြ”
“မင္း မလုပ္ရဲဘူးေပါ့”

“က်ဲေသး ကိုယ့္လူ..၊ ငါ့အျပင္မွာ မိုက္႐ိုင္း ခ်င္ မိုက္႐ိုင္းမယ္၊ ငါ့အေမ၊ ငါ့အေဖကို ငါ မင္းလို သေဘာမထားရဲဘူး”
“လုပ္ပါဦး ပညာရွိႀကီးရ။ အဲဒီ လို လုပ္ ေတာ့ ဘာျဖစ္မွာ မို႔လို႔ လဲ။ ေအ့ .. ေအ့”
သံခဲက အရက္ခြက္ကို ေကာက္ကိုင္ရင္း ခ ပ္ေထ့ေထ့ေမးလိုက္တယ္။
“အေမကို ေစာ္ကားရင္ ပၪၥာနႏၲရိ
ယကံထိုက္ေရာကြ”
“ပၪၥာနႏၲရိယကံဆိုတာကို
ဖြင့္ဆိုပါဦး ေက်ာင္းဒကာႀကီးရ။ ေအ့..” “ျမတ္စြာဘုရားရွင္ရယ္၊ ရဟႏၲာရယ္၊ အေမ၊ အေဖရယ္ကို ကိုယ္ထိလက္ေရာက္ ျပစ္မွားေစာ္ ကားရင္ သံဃာကို သင္းကြဲ ဂိုဏ္းကြဲေအာင္လုပ္ရင္ ကံႀကီးထိုက္ေရာ၊ အဲဒီ ကံႀကီးထိုက္ရင္ အစိငရဲ ကို က်ၿပီး ေနာင္ပြင့္မယ့္ ဘုရားရွင္ကိုေတာင္ ဖူးေျမာ္ခြင့္မရေတာ့ဘူး”

“ငရဲက်တာေရာ၊ ေျမမ်ိဳခံရတာ ေရာ၊ ဘယ္သူ႔ကို ျမင္ဖူးလို႔ လဲ၊ လုပ္ပါဦး”
“ေဒ၀ဒတ္ဟာ ဘုရားရွင္ကို ျပစ္မွားလို႔ ရဟန္းသံဃာကို သင္းကြဲေအာင္လုပ္လို႔ ကံ ႀကီးထိုက္ ၿပီး ေျမၿမိဳတယ္။ စိၪၥမာဏ မိန္းမ၊ ဘုရားအေလာင္းရဲ႕ ေယာကၡမေတာ္ သုပၸဗုဒၶ၊ အရွင္သာရိပုတၱရာ ေထရ္ရဲ႕ ဦးေခါင္းကို ႐ိုက္ႏွက္တဲ့ နႏၵက ဘီလူး။

ဥပၸလ၀ဏၰာေထရီကို ေမထုံမွီတဲ့ န
ႏၵကလုလင္တို႔ လည္း ဘုရားရွင္ ေဂါတမ လက္ထက္မွာ ေျမမ်ိဳခံရတာ ပဲ။
အဇာတသတ္ေသၿပီးေနာက္မွာ အ၀ီစိငရဲ ကို က်တယ္။ အစိငရဲကို မက်ခင္မွာ သူ႔ သားက သူ႔ကို ျပန္သတ္ခဲ့တယ္။ သူ႔သားကို သူ႔ေျမးက ျပန္ သတ္ခဲ့ျပန္တယ္။ ဆိုလိုတာ
က ဘ၀သံသနာငရဲကို မက်ခင္ ေလာက၀ဋ္မွာ ပဲ အဲဒီ ပၪၥာနႏၲရိယကံ၀ဋ္ ေႂကြး ကို လက္ငင္းခံစားရတယ္။ ဒါ .. ငါတတ္လို႔ မင္းကို ဆရာလုပ္တာ မဟုတ္ဘူး ။ ဦးဇင္း မွတ္ႀကီး ေျပာျပလို႔ ငါက မင္းကို ျပန္ေျပာရ တာ ။ မင္းဒီလိုသာ အေမကို ႏွိပ္စက္ကလူျပဳ ေနရင္ တစ္ေန႔ ေျမမ်ိဳခံ ရလိမ့္မယ္ သံခဲ”

“ဟား ဟား .. ဟား.. ဟား ေျမမ်ိဳ လိမ့္မယ္ ဟုတ္လား။ ဟား

ဟား.
ဟား.. ဟား.. ရယ္ရတယ္ကြာ၊ ရာဇဝင္ထဲမွာ ၊ ဗုဒၶဝင္ထဲမွာ ရွိခ်င္ရွိမယ္။ ငါတို႔ မျမင္ရဘူး။ ဒီမွာ ငွက္ႀကီး၊ ေဟာဒီ ပစၥဳပၸန္မွာ ေျမၿမိဳတဲ့ ေကာင္ ဘယ္ေကာင္ရွိလဲ။ ေျပာစမ္း..၊ ဘယ္ ၿမိဳ႕၊ ဘယ္ေနရာမွာ ဘယ္သူ ဘယ္ အခ်ိန္က ေျမမ်ိဳလို႔ ေသခဲ့လဲ။ ေျပာ .. ေျပာေလ
ေျပာ”
“ဝုန္း” “ဂလြမ္း”

“ေတာက္ … သံခဲ၊ မင္းနဲ႔ ငါ လူမိုက္ျဖစ္ ေပမယ့္ မင္းေလာက္ေတာ့ မမိုက္႐ိုင္းဘူး။ ငါ ဘယ္ဘ၀ေရာက္ေရာက္ ငါ့အေမကို၊ ငါ့ အေဖကို ငါမေစာ္ကားဘူး။ … မေကာင္းမႈ ဒုစ႐ိုက္လုပ္ေနေပမယ့္ ငါ့အေမ ကို ငါ ေန႔ တိုင္း အိပ္ရာဝင္တိုင္း ရည္မွန္းကန္ေတာ့ခဲ့
တယ္။ မင္းလို အစိသြားမယ့္လူမ်ိဳးနဲ႔
ဆက္ေပါင္း ေနရင္ ငါပါ တစ္ေန႔ ငရဲမီးအ ဟပ္ခံရမယ္။ မင္းနဲ႔ ငါ ဒီေန႔ကစၿပီး လမ္းခြဲ
စို႔”
“ထြီ…
“ဝုန္း..”
“ခြမ္း…”
“ဂလြမ္း”

“ရတယ္ ကိုယ့္လူ၊ သံခဲကေတာ့ ငရဲ လည္း မယုံဘူး။ ေျမမ်ိဳမွာ လည္း မေၾကာက္ ဘူး၊ အစိ ထက္ နက္တဲ့ ၊ ပူတဲ့ ေနရာရွိရင္

အငွားကားနဲ႔
သြားၾကည့္လိုက္ခ်င္ေသးသ
ကြာ၊ ဟား … ဟား.. ဟား… ဟား… ဟား..”

တစ္ေန႔နံနက္ …
ေဒၚခ်ိဳးမ ပဲျပဳတ္ေရာင္းၿပီး ျပန္အလာ ဘုန္းႀကီးေက်ာင္းအတြက္ မခ်စ္စုသရက္သီး သုံးလုံး ဝယ္လာခဲ့လိုက္ၿပီး အိမ္သို႔ ဝင္ခဲ့ လိုက္တယ္။
ဒီမွာ မူးယစ္ေနတဲ့ သံခဲက အသင့္ဆီးႀကိဳ
“အဘြားႀကီး”
“ဘာတုံး လူေလး၊ သားႀကီး..။ ေနေကာင္းရဲ႕ လား”

“အဲဒါ ခင္ဗ်ားအလုပ္ မဟုတ္ဘူး ။ ထုံးစံ အတိုင္း က်ဳပ္ကို အရက္ဖိုး ျမန္ျမန္ေပး”
ေဒၚခ်ိဳးမက ပဲျပဳတ္ေတာင္းေလးကို ခ်
လိုက္ၿပီး ဗန္းထဲက
ေငြစကၠဴအခ်ိဳ႕ကို
ေရတြက္လို႔ ေပးရန္ ျပင္လိုက္စဥ္မွာ ပဲ …
“ေပးစမ္းဗ်ာ အကုန္လုံး….”
“ဟဲ့ … ဟဲ့ သားရဲ႕ ၊ မနက္ျဖန္ရင္းဖို႔

“ဒါေတြ က်ဳပ္တို႔ နားမလည္ဘူး.။ အကုန္ ေသာက္ပစ္မယ္။ အံမယ္ .. ဟိုသရက္သီး သုံး လုံး က က်ဳပ္ဖို႔ လား”
သံခဲက ေဈးဗန္းထဲက သရက္သီးသုံးလုံး ကို ျမင္သြားၿပီး လွမ္းယူမလို႔ အလုပ္မွာ ေမႀကီးက ေဈးေတာင္းဗန္းကိုေ႐ႊ႕ၿပီး…
“မ မလုပ္ပါနဲ႔ သားရယ္ … ဒါ ဆရာေတာ္နဲ႔ ဦးဇင္းမွတ္ႀကီးကို လႉဒါန္းဖို႔ အေမဝယ္လာတာပါ”
“အံမာ ခင္ဗ်ားက ေရးႀကီးခြင္က်ယ္လုပ္

ၿပီး ဦးမွတ္ႀကီးမ်ား လႉမလို႔ တဲ့ ၊ ထြီ..။ ခင္ဗ်ားနဲ႔ မွတ္ ႀကီးနဲ႔ က
“အို

သား

လူေလးရဲ႕”
မေျပာေကာင္းဘူးေလ
“ေပး .. အဲဒီ သရက္သီး သုံးလုံး”

“မလုပ္ပါနဲ႔ သားရယ္၊ အေမေတာင္းပန္ပါ တယ္။ ပိုက္ဆံအကုန္လုံးယူခ်င္ယူလိုက္ပါ၊ ရဟန္း သံဃာမ်ား အတြက္ ရည္စူးထားတာ ေတာ့ မလုပ္ပါနဲ႔ သားႀကီးရယ္၊ ေနာ္ ေနာ္”

“ဟာ ေျပာမရတဲ့ အဘြားႀကီး၊ ကဲဟာ” သံခဲဟာ ေျပာရင္းကေန သရက္သီးမ်ားကို လွမ္းအလုပ္ အေမႀကီး ေဒၚခ်ိဳးမကလည္း သရက္ သီး သုံးလုံးကို ပဲျပဳတ္ခံအဝတ္နဲ႔

ပိုက္လိုက္ၿပီး ေက်ာင္းရွိရာကို အေျပး..။ “ခင္ဗ်ားႀကီးက “ က်ဳပ္ကို စမ္းတယ္ေပါ့ ေလ။ က်ဳပ္ကို မသဒၶါဘူး။ သူမ်ားကို သဒၶါ တယ္ေပါ့။ ေသဖို႔ သာ ျပင္ေပေတာ့
ကိုင္း…”
“အမေလး လုပ္ၾကပါဦးေတာ့”
“အဘြားႀကီး
ရပ္”
,,,
မသြားနဲ႔

မေျပးနဲ႔
..
သံခဲဟာ ဝါးရင္းတုတ္တစ္ေခ်ာင္းကိုင္ၿပီး ဒယီးဒယိုင္ မူးမူးနဲ႔ လိုက္ပါေရာ၊ ေဒၚခ်ိဳးမက သရက္ သီးထုပ္ေလးပိုက္ၿပီး ေရွ႕ကေျပး၊ သံခဲက ဝါးရင္းတုတ္ႀကီးေျမႇာက္၊ ေအာ္ဟစ္
ႀကဳံးဝါးၿပီး လိုက္။
႐ြာထဲက လူမ်ားက ျမင္ၾကေပမယ့္ သံခဲကို ေၾကာက္လို႔ မတားရဲ၊ မေျပာရဲၾကဘူး။ အေမ ႀကီးက လည္း ဟိုေကြ႕၊ ဒီေရွာင္နဲ႔ သားလုပ္သူ ကို ေတာင္းပန္ၿပီး အထုပ္ေလးပိုက္လို႔ ေျပးေနတာ။
လြတ္လမ္းမျမင္လို႔ အမွ ိုက္ပုံေဟာင္း ႀကီးတစ္ခုေဘးမွာ အသာဝင္ကပ္လိုက္
ေရာ..။

“အဘြားႀကီး ခင္ဗ်ား .. ဘယ္မွာ လဲ”
“သရက္သီးေတြ ေပးစမ္း၊ ေတြ႕ရင္ ခင္ဗ်ား
အေသပဲ”

“အဘြားႀကီး … အဘြားႀကီး..”
“ဝုန္း”
“အား
“စြပ္”
“အမယ္ေလးဗ်”
“သား …:.. • လူေလး
ဘာ”
ဒီမွာ သံခဲဟာ ဝါးရင္းတုတ္ႀကီးေျမႇာက္ ယမ္းေဝွ႔ၿပီး အမွ ိုက္ပုံကို လွည့္ပတ္အရွာ..။ ဝုန္းခနဲ ျပဳတ္က်၊ လဲက်သံၾကားလို႔ ေဒၚခ်ိဳးမ သားေဇာနဲ႔ ျပန္လွည့္ရွာၾကည့္လိုက္ေရာ….
သံခဲရယ္…

အမွ ိုက္ပုံအေဟာင္းကေန ေျမႀကီးကြၽံက်
ၿပီး ဟိုးေအာက္ကို ျပဳတ္က်သြားတာ။
ငုံ႔ၾကည့္လိုက္ ေတာ့ က်င္းအနက္က လူ႔
လက္ခုပ္တစ္ေဖာင္ေက်ာ္.။
“သား … လူေလး”
“အား …
အမေလး
“သား သား

ကယ္ … ၾက .. ပါ . ဦး
လူေလး လာၾကပါဦး၊

ကြၽန္မသားႀကီး ေျမႀကီးက်င္းထဲ က်သြားလို႔ ၊
ကယ္ … ၾကပါဦး …. ေတာ့္”
ဒီမွာ … လမ္းသြားလမ္းလာမ်ား … ေရာ၊ ႏြားေက်ာင္းသားမ်ား ေရာ၊ ဆြမ္းခံႂကြသူ

ကိုရင္ရဟန္းမ်ား ေရာ ဝိုင္းလာၾကည့္ၾက
ရာ…
..
“အေမ အ ေမ အား
အား မ
ေလး အား”
“ဟာ”
“ဟယ္”
“ကယ္ၾကပါဦးရွင္..။ ကြၽန္မသားႀကီးကို
ကယ္ၾကပါဦး”
ငုံ႔ၾကည့္လိုက္ေတာ့ အမွ ပိုက္သ႐ိုက္ႏွင့္
ေျမႀကီးေဆြးမ်ားက
တျဖည္းျဖည္း အိ၍ ၿပိဳက်ေနတယ္။
သံခဲေပၚသို႔
သံခဲရဲ႕ ေအာ္သံလည္း ၿငိမ္သြားခဲ့ၿပီ။

ေျမႀကီးနဲ႔ အမွ ိုက္မ်ား ၿပိဳက်တာလည္း ရပ္သြားခဲ့ၿပီ။ ေဒၚခ်ိဳးမလည္း သားေဇာနဲ႔ ဋာေျမလူး ျဖစ္ေနၿပီ။ ဒီမွာ ပဲ ငွက္ႀကီးနဲ႔ လူ႐ြယ္အခ်ိဳ႕ေရာက္ လာၿပီး….

က်င္းထဲကို ႀကိဳးနဲ႔ ဆင္း၊ ပိအုပ္ေနတဲ့ အမွ ဝႈိက္သ႐ိုက္နဲ႔ ေျမေဆြးမ်ားကို ဖယ္ရွားလိုက္
ေရာ…။
သံခဲရဲ႕ ျဖစ္အင္ကို မ်က္ဝါးထင္ထင္ ျမင္ လိုက္ရၿပီး အားလုံးေသြးပ်က္လုလု တုန္လႈပ္ သြားပါ ေရာလား။
ျဖစ္ရပုံကို ၾကည့္စမ္းပါဗ်ာ။
သံခဲ ေမွာက္လ်က္ေပ်ာ့ေခြၿပီး သူ႔၀မ္းဗိုက္ ေအာက္ကေန ခြၽန္ျမေနသည့္ သံေခ်ာင္းပိုက္ ေဆြး တစ္ခုက သံခဲရဲ႕ ၀မ္းဗိုက္ကို ထုတ္ခ်င္း ေဖာက္ၿပီး ေက်ာကုန္းကေန တစ္ထြာေက်ာ္ ေက်ာ္ထြက္လို႔ ။

ေသြးခ်င္းခ်င္းရဲေနၿပီ…။
ငွက္ႀကီးတို႔ အုပ္စု အရဲတင္းၿပီး သံခဲရဲ႕
ကိုယ္လုံးကို တံစို႔ထိုး သံေခ်ာင္းကေန ဆြဲမ
ယူလိုက္ ေရာ သံခဲရဲ႕ တစ္ကိုယ္လုံး မီးခဲလိုပူ
ေနလို႔ ၾကာၾကာမကိုင္ႏိုင္ၾကဘူး။

ေနာက္ဆုံး ႀကိဳးနဲ႔ ခ်ည္ၿပီး အေပၚကို ဆြဲ တင္လိုက္ရတယ္။
အေပၚေရာက္ေတာ့ သံခဲရဲ႕ တစ္ကိုယ္လုံး
ထူးဆန္းစြာ မည္းလို႔ ။
ေဒၚခ်ိဳးမ သားရဲ႕ ျဖစ္အင္ကို ဆိုးကိုၾကည့္ ၿပီး ေနရာမွာ ပဲ “သား..ရဲ႕ “လို႔ ေအာ္ရင္း သတိလစ္ သြားေလရဲ႕ ”

သူမရဲ႕… အနီးမွာ သားဆိုးသားမိုက္ရဲ႕ မည္းနက္နက္ ႐ုပ္အေလာင္းနဲ႔ သရက္သီး သုံးလုံး ျပန႔္က်ဲ လို႔ ။ ။
ေမာင္ညိဳမွ ိုင္း(သန္လ်င္)
***