အမျှရစေချင်ပါသည်(စ/ဆုံး)

Unicode Version

အမျှရစေချင်ပါသည်(စ/ဆုံး)
———————————
မန္တလေးမြို့ရှိ အရက်ချက်စက်ရုံ၏စာရင်းများကို သွားရောက်စစ်ဆေး ရန် ညွှန်ကြားချက်ရသောအခါ ကျွန်တော်တို့အဖွဲ့မှာ ပျော်ရွှင်မဆုံး ဖြစ်ကြ သည်။ ကျွန်တော်တို့အဖွဲ့တွင် ဦးစိုးဝေ၊ ကိုလှဌေးနှင့်ကျွန်တော် ပါဝင်ကြသည်။
ဦးစိုးဝေကအဖွဲ့ခေါင်းဆောင်ဖြစ်ပြီးစစ်ကိုင်းသားဖြစ်သည်။စစ်ကိုင်း ရှိ မိသားစုထံ မကြာခဏ ပြန်ရမည်ကိုတွေးပြီး ဝမ်းသာနေ၏။ ကိုလှဌေးက ဘီယာသမား ဖြစ်သည်။ ဘီယာကို အဝသောက်ရလိမ့်မည် မျှော်လင့်ချက် နှင့်ပျော်နေ၏။ ကျွန်တော်ကပွဲကြိုက်သူဖြစ်ပါသည်။ မန္တလေးကအငြိမ့်တွေ ကိုတစ်ဝကြီးကြည့်မည်ဟု အတွေးဖြင့် ပျော်နေမိ၏။
(၁၉၇ဝ)ခု ဖေဖေါ်ဝါရီလတွင် ဖြစ်သည်။ ကျွန်တော်တို့အဖွဲ့မန္တလေးမြို့ ကို ရောက်လာကြသည်။ မန္တလေးမြို့၏ ဆောင်းနှောင်းကာလမှာ ညဘက် တွင် အေးမြနေဆဲဖြစ်သည်။ နွေဦးသို့ ရောက်လုအချိန်တွင် နေ၏အပူချိန် မှာ နေ့ဘက်တွင် ပူပြင်းစပြုနေချေပြီ။ ကျွန်တော်တို့အဖွဲ့ကို ဧည့်ဆောင်၏ အခန်းတစ်ခန်းတွင် နေရာချပေးသည်။

ထိုဧည့်ဆောင်မှာ ယခင်ကအရာရှိကြီးတစ်ဦး နေထိုင်သွားသော အိမ် အခန်းမှာအနည်းငယ်ကျယ်ဝန်း၏။အိပ်ရန်ကုတင်(၃)လုံး၊စားပွဲဖြစ်သည်။
တစ်လုံး၊ ကုလားထိုင် (၅)လုံး၊ ဘီရိုကြီးတစ်လုံးနှင့်ရေခဲသေတ္တာတစ်လုံးရှိ သည်။ ရေချိုးခန်းနှင့်အိမ်သာတို့မှာ အခန်းနှင့်တွဲလျက်ပါရှိ၏။ စက်ရုံသည်ဘီယာကိုအဓိကချက်လုပ်၏။ ရမ်၊ ဘရန်ဒီ၊ဝီစကီများကိုပါ ပူးတွဲ ထုတ်လုပ်၏။ ထိုအချိန်က မြန်မာဘီယာကို သောက်သုံးသူများ၏။ ရောင်းအား အကောင်းဆုံး အချိန်ဖြစ်သည်။
ညနေရုံးဆင်းချိန်တိုင်းကျွန်တော်တို့အတွက်ဘီယာ(၂)လုံးနှင့်အမြီး တစ်ပန်းကန်လာပို့သည်။ကိုလှဌေးတစ်ယောက်အကြိုက်တွေ့နေ၏။အရက် သောက်တတ်သူမှာသူတစ်ယောက်သာရှိသည်။ကျွန်တော်တို့ကအမြည်းစား ကြ၏။ ဦးစိုးဝေသည် ရုံးပိတ်ရက်များတွင် စစ်ကိုင်းသို့ ပြန်သည်။ မိသားစု နှင့် တွေ့ရသည်မို့ ပျော်ရွှင်နေပုံရ၏။
ပွဲကြိုက်သူကျွန်တော်တို့အတွက်ပြဿနာဖြစ်သည်။စက်ရုံမှာမြောက် ပြင်အဆုံးအစွန်တွင်ရှိသဖြင့်ပွဲကြည့်ရန်သွားလျှင်ဝေး၏။စက်ဘီးစီး၍သွား ရသည်။ အငြိမ့်ပွဲများမှာညစဉ်နီးပါးရှိတတ်၏။ရှိသည့်နေရာကိုမည်မျှဝေးစေ ကာမူအရောက်သွား၏။ပွဲကြည့်သောညတိုင်းညဉ့်နက်မှပြန်ရောက်တတ်သည်။
ပွဲကြည့်ပြန်လာသောညတစ်ညတွင် ဖြစ်သည်။ ညသန်းခေါင်ကျော်
အချိန်ဖြစ်၏။ဧည့်ဆောင်အတွင်းသို့ဝင်လိုက်နှင့်တံခါးဝတွင်လူတစ်ယောက်
ထိုင်နေ၏။ အသားမည်းမည်း ခေါင်းတုံးနှင့်ဖြစ်သည်။ ကျွန်တော့်ကို ကျော ပေးပြီးဆေးပေါ့လိပ်ကိုမီးတရဲရဲဖွာကာသောက်နေ၏။ကျွန်တော်ကညစောင့်
ဟုထင်၍ နှုတ်မဆက်ဘဲ အခန်းသို့ ပြန်လာပြီး အိပ်ရာဝင်လိုက်သည်။ သို့ ရာတွင် စိတ်ထဲတွင် မသိုးမသ့ ဖြစ်မိ၏။

ရုံးဆင်း၍ ဧည့်ဆောင်သို့ ပြန်လာသော နေ့တစ်နေ့တွင် ဖြစ်ပါသည်။ အခန်းတံခါးကို ဖွင့်မည်လုပ်သောအခါ အခန်းအတွင်းမှ စကားပြောနေသံ များ ကြားနေရသည်။ အခန်းတံခါးကို သော့မခတ်ဘဲ စေ့ရုံသာ စေ့ထား၏။ သော့တစ်ချောင်းတည်းသာ ရှိသဖြင့် သုံးယောက်စလုံး ဝင်ထွက်နိုင်ရန် ထိုသို့ တံခါးကို စေ့ထားရခြင်း ဖြစ်သည်။ ဧည့်သည်များ ရောက်နေသည် အထင်ဖြင့် တံခါးကို တွန်းဖွင့်လိုက်သောအခါ အခန်းထဲတွင် တစ်ဦးတစ် ယောက်မရှိပါ။ စကားပြောနေသံများကို သုံးယောက်စလုံး ပီပီပြင်ပြင် ကြား လိုက်ကြသည်။
ထိုနေ့ ည (၇)နာရီအချိန်တွင် ဧည့်ရိပ်သာစောင့်ဆိုသူက မြေပဲကြော် များ လာပို့သည်။ ရိပ်သာစောင့်မှာ အသက် (၅၅)နှစ်ခန့်ရှိပြီ ဖြစ်၏။ ရွာကို ခေတ္တပြန်နေသဖြင့် ယနေ့နံနက်မှ ပြန်ရောက်လာကြောင်း ပြောပြီး မိတ်ဖွဲ့

လာသည်။ ကျွန်တော်က ယခင်နေ့က တွေ့ခဲ့သော အသားမည်းခေါင်းတုံး အကြောင်းမေးမြန်းကြည့်သောအခါ ညစောင့်ကြီးမှာ မျက်စေ့မျက်နှာပျက် ဖြစ်သွား၏။လိုအပ်တာရှိရင်ပြောရန်နှင့်အခန်းတံခါးကိုလုံခြုံစွာပိတ်ထားရန်
ပြောပြီးပြန်သွား၏။
နောက်တစ်နေ့ညနေထမင်းစားပြီးအချိန်တွင်ကျွန်တော်နှင့်ဦးစိုးဝေတို့ လမ်းလျှောက်ထွက်ကြသည်။အခန်းထဲတွင်ကိုလှဌေးတစ်ယောက်ဘီယာ
ကိုဇိမ်ခံသောက်ရင်းကျန်ရစ်ခဲ့၏။ လမ်းလျှောက်ရာမှပြန်ရောက်လာသော အခါည(ရး၄၅)နာရီသာရှိသေးသည်။ ကိုလှဌေးတစ်ယောက်အဆောင်ဝ
မှာငုတ်တုတ်ထိုင်နေရင်းကျွန်တော်တို့အလာကိုစောင့်မျှော်နေ၏။ အကျိုး အကြောင်းကို မေးမြန်းသောအခါ ထိတ်လန့်ဖွယ်ရာ အဖြစ်ကို အောက်ပါ အတိုင်းပြန်ပြောပြသည်။
ကိုလှဌေးတစ်ယောက်ယနေ့ထမင်းမစားတော့ဟုဆုံးဖြတ်လိုက်သည်။
ဘီယာနှင့်ဘူးသီးကြော်များကိုစက်ရုံမှလာပေးထားသည်။ မနေ့ကညစောင့် လာပေးထားသော မြေပဲကြော်များ ကျန်နေသေးသည်။ ဘီယာကို ဇိမ်ခံ သောက်ရန် ရေချိုးလိုက်သည်။ ရေချိုးခန်းတံခါးကို တစ်စုံတစ်ယောက်က ဆွဲဖွင့်နေသဖြင့်တံခါးခေါက်သံထပ်ကြားရ၏။တံခါးကိုဖွင့်၍ရှာကြည့်သော် လည်း မည်သူကိုမျှ မတွေ့၊ ကိုလှဌေးသည် ခန္ဓာကိုယ်မှ ရေများကို မျက်နှာ သုတ်ပုဝါနှင့် သန့်စင်လိုက်ပြီး စားပွဲတွင်ထိုင်လိုက်သည်။
ဘီယာကို ဇိမ်ခံသောက်ရာ နာရီဝက်မျှအကြာတွင် ပုလင်းတစ်ဝက် ကျော် ကုန်သွား၏။ ထိုအချိန်တွင် အခန်းတံခါးမကို ခေါက်သံကြားသဖြင့် တံခါးကိုဖွင့်လိုက်ရာဂါဝန်ဝတ်အမျိုးသမီးတစ်ဦးအခန်းဝမှာရပ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။ နိုင်ငံခြားသူတစ်ဦးဖြစ်ပြီး ဂါဝန်အဖြူရောင်ကို ဝတ်ထားသည်။မျက်နှာမှာညှိုးနွမ်းနေပြီးအသားအရေမှာဖြူဖပ်ဖြူရော်ဖြစ်
နေ၏။

အမျိုးသမီးသည် မပြောမဆိုနှင့် အခန်းထဲသို့ဝင်လာပြီး ရေချိုးခန်းထဲ သို့တန်း၍ဝင်သွား၏။ ရေချိုးခန်းထဲမှရေကျသံများအဆက်မပြတ်ကြားနေ ရ၏။ ကိုလှဌေးက အမျိုးသမီးရေလာချိုးသည်အထင်နှင့် စားပွဲတွင် ထိုင်၍ ဘီယာကိုဆက်သောက်နေ၏။ နာရီဝက်မျှအကြာတွင်ရေကျသံများရပ်သွား ၏။ အမျိုးသမီးက ထွက်မလာသေး၊ မသင်္ကာဖြစ်ပြီး ရေချိုးခန်းတံခါးကို ဆွဲဖွင့်ရာ အလွယ်တကူ ပွင့်သွား၏။ သို့ရာတွင် ရေချိုးခန်း၌ အမျိုးသမီး မရှိ တော့ပါ။ ထိုအခါအခန်းထဲတွင်မနေရဲသဖြင့်အောက်သို့ပြေးဆင်းလာခဲ့ပြီး အမူးလဲပြေသွားကြောင်း ရယ်မော၍ပြောလာ၏။
ကျွန်တော်က ကိုလှဌေးဘီယာ အမူးလွန်၍ ဖြစ်မည်ထင်ကြောင်းနှင့် ညဉ့်နက်သန်းခေါင် ပြန်လာနေကျ ဖြစ်သော်လည်း ဘာမျှ မတွေ့ဘူးသေး ကြောင်း အားပေးစကားပြောပြီး အခန်းသို့ ပြန်လာကြပါသည်။ သို့ရာတွင် အိပ်ရာဝင်ချိန်၌ သို့လောသို့လော အတွေးများကိုယ်စီနှင့် အိပ်မပျော်ကြ သည်မှာ အမှန်ဖြစ်ပါသည်။
သုံးရက်အကြာတွင် ကျွန်တော်တစ်ယောက်တည်းသာ အခန်းသို့ ပြန် လာ၏။ ကျန်နှစ်ယောက်မှာ စက်ရုံတွင် ခြင်းလုံးခတ်ကျန်နေခဲ့၏။ အခန်းသို့ ရောက်ရောက်ချင်းရုံးမှယူလာသောစာအုပ်ကိုဖတ်ရန်အခန်းတံခါးကို စေ့ ထားလိုက်သည်။ တံခါးကို ကျောပေးထိုင်ပြီး စာဖတ်နေစဉ် အခန်းတံခါးကို တွန်းဖွင့်သံ ကြားလိုက်ရ၏။ သူတို့ပါ ပြန်လာပြီ အထင်ဖြင့် စာကို ဆက်ဖတ် နေ၏။ လှည့်မကြည့်မိပါ။
အိမ်သာတံခါးကို တွန်းဖွင့်ပြီး အိမ်သာတက်သံ ကြားလိုက်ရသည်။ ကျွန်တော်က အိမ်သာတက်လျှင် တံခါးပိတ်တက်ရန် လှမ်းအော်လိုက်၏။ အိမ်သာထဲကရေပိုက်မှရေကျသံကြားနေရ၏။အိမ်သာတံခါးကိုမပိတ်သဖြင့်
လှည့်ကြည့်လိုက်ရာရေကျသံကြားနေရ၏။ အိမ်သာတံခါးကိုမပိတ်သဖြင့်
လှည့်ကြည့်လိုက်ရာရေကျသံများရပ်သွား၏။အိမ်သာထဲသို့ဝင်ကြည့်သော
အခါတစ်စုံတစ်ယောက်မျှမတွေ့ပါ။ ဘုံဘိုင်ခေါင်များပိတ်လျက်ရှိနေသည်။ မကြာမီကျွန်တော်တို့အဖွဲ့ပြန်ရောက်လာကြသည်။

ညစာ စားကြသောအခါ ကျွန်တော်တွေ့ကြုံခဲ့ရပုံများကို ပြောပြလိုက် သည်။ ကိုလှဌေးက သူ၏ဖြစ်ပုံနှင့် ဆင်တူဖြစ်၍ အမှန်ပင် သရဲရှိကြောင်း ထောက်ခံ ပြောလာ၏။ ဦးစိုးဝေက ပြုံးသည်။ သူက ဝိပဿနာဘာဝနာကို နေ့စဉ်ပြုလုပ်နေသူဖြစ်၍ ထူးခြားသည်ဟု ထင်ပုံမရပါ။ သူတွေ့ကြုံရပုံများ ကိုအေးဆေးစွာဖြင့် အောက်ပါအတိုင်း ပြောပြလာပါသည်။
ညတစ်ညလမိုက်ရက်ဖြစ်သည်။“သူဇာသန်း”အငြိမ့်ကြည့်ရန်အဖော်
မရှိသဖြင့် ကိုလှဌေးကို မရမက ခေါ်သွားသည်။ အခန်းထဲတွင် ဦးစိုးဝေ တစ်ယောက်သာ ကျန်ရစ်ခဲ့၏။ ည (၈းဝဝ)နာရီခန့်တွင် ဘုရားရှိခိုးနေစဉ် အခန်းတံခါးခေါက်သံကြားလိုက်သည်။ တံခါးဖွင့်ပေးရန် ဦးစိုးဝေထလာ သည်။တံခါးဖွင့်ပေးသောအခါ မည်သူမျှမတွေ့ပါ။တံခါးကိုစေ့ရုံသာစေ့ထား ပြီး ဆက်၍ ဘုရားရှိခိုးလိုက်၏။ ဘုရားရှိခိုး အမျှအတန်းပေးဝေပြီးသော အခါစားပွဲတွင် လူနှစ်ယောက်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။
တစ်ယောက်ကနိုင်ငံခြားသူအမျိုးသမီးဖြစ်ပြီး နိုင်ငံခြားဝတ်စုံဖြစ်သော
ဂါဝန်ဖြူကိုဝတ်ထား၏။ တစ်ယောက်သောသူကအမျိုးသားဖြစ်ပြီးခေါင်းတုံး
တုံးထားသည်။အသားကမဲပြီးအပြာကွက်ပုဆိုးတစ်ထည်သာဝတ်ထား၏။ နှစ်ယောက်စလုံး၏ မျက်နှာမှာ မီးမှိန်မှိန်အောက်တွင် မှုန်ဝါးဝါး ဖြစ်နေ၏။ နှစ်ယောက်စလုံးအသက်မှာ (၃၅)နှစ် ပတ်ဝန်းကျင်ရှိကြလိမ့်မည်ဟုထင်ရ၏။
ဦးစိုးဝေက ရုံးမှဝန်ထမ်းများထင်၍ “ဘာကိစ္စရှိပါသလဲ”လို့ မေး၏။ နှစ်ယောက်စလုံးက ဘာမျှ ပြန်မပြောဘဲ စားပွဲမှထသွားပြီး ကြားရသလို အိမ်သာထဲမှလည်း ရေကျသံများ ကြားနေရသည်။ ဦးစိုးဝေက မေတ္တသုတ် ကို ရွတ်ရင်း စားပွဲ၌ ထိုင်စောင့်နေလိုက်သည်။ ရေချိုးခန်းမှ ရေကျသံများ ကြားရသလိုအိမ်သာထဲမှလည်းရေကျသံများငြိမ်သက်သွား၏။အတန်ကြာ

သော်လည်း တစ်ယောက်မှ ထွက်မလာကြသဖြင့် တံခါးများတွန်းဖွင့် ကြည့်သောအခါ ဘာမျှမတွေ့ရပါ။
ဦးစိုးဝေသည်သဘောပေါက်လိုက်၏။ဝိပဿနာ၊ဘာဝနာကိုအမြဲလုပ် နေသူဖြစ်၍ကြောက်ရွံ့ခြင်းမရှိဘဲ တရားဆက်ထိုင်ပြီး အမျှအတန်းဝေပေး ခဲ့ကြောင်းပြောပြ၏။ကျွန်တော်တို့နှစ်ယောက်ကျောချမ်းသွား၏။ပွဲကအပြန်
ညတစ်ညတွင်အဆောင်ဝ၌တွေ့ ခဲ့သောခေါင်းတုံးနှင့်အသားမည်းတဲ့သူဟာ ဦးစိုးဝေ တွေ့သော ပုဂ္ဂိုလ်ပင် ဖြစ်နိုင်သည်။ ညစောင့်က ကြောက်မှာစိုး၍ မပြောခဲ့ခြင်း ဖြစ်မည်။
နောက်တစ်နေ့ ညဘက်တွင် ညစောင့်က လက်ဖက်သုပ်လာပို့၏။ ညစောင့်အားတွေ့
ကြုံရပုံအဖုံဖုံကိုပြောပြပြီးအကျိုးအကြောင်းဖြစ်ရပ်များ ကိုမေးမြန်းကြ၏။ ညစောင့်မှာမနေသာတော့ဘဲအောက်ပါအတိုင်းသိသမျှ ကိုပြောပြခဲ့ပါသည်။
ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ညစောင့်အလုပ် မဝင်ခင် အရက် ချက်စက်ရုံတည်စကာလတွင်ဖြစ်သည်။ ဘီယာချက်စက်ရုံကိုနိုင်ငံခြားသား အကူအညီဖြင့် စတင် လည်ပတ်ခဲ့သည်။ ဘီယာချက်လုပ်ရန် ကျွမ်းကျင်သူ (brewer)တစ်ဦးကို နိုင်ငံခြားမှ ခေါ်ယူခဲ့၏။
ကျွမ်းကျင်သူ နိုင်ငံခြားသားတစ်ယောက်တွင်ကားဇနီးသည်နိုင်ငံခြား သူတစ်ယောက်ပါလာ၏။အမြဲတန်းနေထိုင်သည့်နိုင်ငံကိုတော့မသိဟုဆို၏။ သူတို့စုံတွဲကို အဆောင်တစ်ခုတွင် သီးသန့်ထားသည်။ အခိုင်းအစေအဖြစ် အိန္ဒိယနိုင်ငံသားတစ်ဦးကိုခေါ်ထားပေး၏။ နိုင်ငံခြားသားမှာအသက်(၄ဝ) ကျော်မျှ ရှိပြီး အမျိုးသမီးက အသက် (၃၀)ပတ်ဝန်းကျင်မျှသာ ရှိသေး သည်။
အမျိုးသမီးသည်ကိုယ်လုံးကိုယ်ထည်သွယ်လျလျဖြစ်ပြီးတရုတ်လူမျိုး
များကဲ့သို့အသားမှာ ဆွတ်ဆွတ်ဖြူ၏။ ဂါဝန်ကိုသာအမြဲဝတ်သည်။ ဘာသာ

စကားကိုအင်္ဂလိပ်ဘာသာဖြင့်ပြော၏။မန္တလေးမြို့သို့ရောက်ခါစတွင်ပျင်းနေ
ပုံ ရသော်လည်း နောင်တွင် ပျော်ရွှင်လာသည့် လက္ခဏာများ တွေ့ရသည်။ နိုင်ငံခြားသို့လည်းမကြာခဏပြန်တတ်၏။ ရန်ကုန်မြို့သို့လည်းမကြာမကြာ
သွားရောက်၏။
တစ်နှစ်ကြာလာသောအခါ ညှိုးနွမ်းတွေဝေသည့်ပုံရိပ်များ ဖြူဖွေးသောသူမ၏မျက်နှာပေါ်တွင်ပေါ်လာသည်။ အိမ်ထောင်ရေးကြောင့် မဖြစ်နိုင်သလိုလူမှုရေးကြောင့်လည်းမဖြစ်နိုင်ဟု လေ့လာအကဲခတ်နေသူ များက ဆိုကြ၏။ဘာသာစကား မကျွမ်းကျင်သူ မြန်မာအမျိုးသမီးများက မည်သို့မျှ အကူအညီမပေးနိုင် ဖြစ်နေ၏။
တစ်နေ့ မိုးသည်းထန်စွာရွာ၍ လျှပ်စစ်ဓာတ်အား ပြတ်သွားသည်။ အဆောင်တစ်ခုလုံး မှောင်မည်းနေ၏။ မိုးခြိမ်းသံနှင့်အတူ လျှပ်စစ်များ လင်းလက်နေ၏။ လျှပ်တစ်ပြက် အလင်းတန်းအောက်တွင် ဖြူဖွေးသော သဏ္ဌာန်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုသဏ္ဌာန်ကို စတွေ့လိုက်ရသူမှာ အခိုင်းအစေအိန္ဒိယလူမျိုးကြီးဖြစ်သည်။ တွေ့ရသည့်မြင်ကွင်းမှာထုပ်တန်း တွင် ကြိုးချည်ပြီး ကြိုးဆွဲချ သေနေသော ဂါဝန်ဝတ်အမျိုးသမီး ဖြစ်၏။ ဂါဝန်အဖြူအသစ်ကိုဝတ်ထားပြီးဇက်ကျိုး၍သေနေ၏။ မည်သည့်အတွက်
ကြောင့်ဤသို့သေကြောင်းကြံစည်သည်ကိုမည်သူမျှမသိလိုက်ပါ။အားလုံး
ကနှမြောတသသဖြစ်ကြရသည်။
မကြာမီကျွမ်းကျင်သူပညာရှင်လည်း နိုင်ငံခြားသို့အပြီးအပိုင်ပြန်သွား ၏။ အခိုင်းအစေ အိန္ဒိယအမျိုးသားမှာလည်း အင်္ကျီမဝတ်ဘဲ ညအိပ်သဖြင့် အအေးပတ်၍သေသွား၏။ သူတို့နေခဲ့သောအဆောင်တွင်ထိုဝိညာဉ်နှစ်ခု မှာမကျွတ်လွတ်ဘဲကျန်ရစ်နေခဲ့သည်။ ဂါဝန်ဝတ်အမျိုးသမီးကိုမကြာခဏတွေ့ရသလိုအခိုင်းအစေအိန္ဒိယအမျိုးသားကိုလည်းခေါင်းတုံးဖြင့်မကြာခဏ

တွေ့ကြရသည်။ သံဃာတော်များပင့်၍ ဆွမ်းသွပ်အမျှပေးဝေသော်လည်း ဝိညာဉ်များမှာ လှုပ်ရှား သွားလာနေဆဲဖြစ်သည်။
ညစောင့်ပြောပြချက်အရဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတော့ သည်။ကျွန်တော်တို့သည်နောက်တစ်ရက်မှစပြီးနံနက်ဘုရားရှိခိုးပြီးတိုင်း (၂၄)ပစ္စည်းပဌာန်းဒေသနာတော်နှင့်မေတ္တသုတ်ကိုရွတ်ဖတ်ပူဇော်ကြကာ အမျှအတန်းပေးဝေကြပါသည်။ ညအိပ်ရာဝင်တိုင်းလည်း ဘုရားရှိခိုးပြီး မေတ္တသုတ်ရွတ်ဖတ်၍ အမျှပေးဝေခဲ့ရာရန်ကုန်သို့ပြန်ချိန်အထိမည်သည့် လှုပ်ရှားမှုအသံကိုမျှ မကြားရတော့ပါ။
မန္တလေးမြို့ပေါ်ရှိတန်ခိုးကြီးဘုရားများတွင်လည်းသူတို့အတွက်ရည်စူး ၍အလှူဒါနများ ပြုလုပ်ပြီး အမျှအတန်းများ ပေးဝေခဲ့ပါသည်။ အမျှရကြပြီး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးရပေတော့မည်။
၁ – တက္ကသိုလ်အပန်ငယ်

Zawgyi Version

အမွ်ရေစခ်င္ပါသည္(စ/ဆုံး)
———————————
မႏၲေလးၿမိဳ႕ရွိ အရက္ခ်က္စက္႐ုံ၏စာရင္းမ်ားကို သြားေရာက္စစ္ေဆး ရန္ ၫႊန္ၾကားခ်က္ရေသာအခါ ကြၽန္ေတာ္တို႔အဖြဲ႕မွာ ေပ်ာ္႐ႊင္မဆုံး ျဖစ္ၾက သည္။ ကြၽန္ေတာ္တို႔အဖြဲ႕တြင္ ဦးစိုးေဝ၊ ကိုလွေဌးႏွင့္ကြၽန္ေတာ္ ပါဝင္ၾကသည္။
ဦးစိုးေဝကအဖြဲ႕ေခါင္းေဆာင္ျဖစ္ၿပီးစစ္ကိုင္းသားျဖစ္သည္။စစ္ကိုင္း ရွိ မိသားစုထံ မၾကာခဏ ျပန္ရမည္ကိုေတြးၿပီး ဝမ္းသာေန၏။ ကိုလွေဌးက ဘီယာသမား ျဖစ္သည္။ ဘီယာကို အဝေသာက္ရလိမ့္မည္ ေမွ်ာ္လင့္ခ်က္ ႏွင့္ေပ်ာ္ေန၏။ ကြၽန္ေတာ္ကပြဲႀကိဳက္သူျဖစ္ပါသည္။ မႏၲေလးကအၿငိမ့္ေတြ ကိုတစ္ဝႀကီးၾကည့္မည္ဟု အေတြးျဖင့္ ေပ်ာ္ေနမိ၏။
(၁၉၇ဝ)ခု ေဖေဖၚဝါရီလတြင္ ျဖစ္သည္။ ကြၽန္ေတာ္တို႔အဖြဲ႕မႏၲေလးၿမိဳ႕ ကို ေရာက္လာၾကသည္။ မႏၲေလးၿမိဳ႕၏ ေဆာင္းေႏွာင္းကာလမွာ ညဘက္ တြင္ ေအးျမေနဆဲျဖစ္သည္။ ေႏြဦးသို႔ ေရာက္လုအခ်ိန္တြင္ ေန၏အပူခ်ိန္ မွာ ေန႔ဘက္တြင္ ပူျပင္းစျပဳေနေခ်ၿပီ။ ကြၽန္ေတာ္တို႔အဖြဲ႕ကို ဧည့္ေဆာင္၏ အခန္းတစ္ခန္းတြင္ ေနရာခ်ေပးသည္။

ထိုဧည့္ေဆာင္မွာ ယခင္ကအရာရွိႀကီးတစ္ဦး ေနထိုင္သြားေသာ အိမ္ အခန္းမွာအနည္းငယ္က်ယ္ဝန္း၏။အိပ္ရန္ကုတင္(၃)လုံး၊စားပြဲျဖစ္သည္။
တစ္လုံး၊ ကုလားထိုင္ (၅)လုံး၊ ဘီ႐ိုႀကီးတစ္လုံးႏွင့္ေရခဲေသတၱာတစ္လုံးရွိ သည္။ ေရခ်ိဳးခန္းႏွင့္အိမ္သာတို႔မွာ အခန္းႏွင့္တြဲလ်က္ပါရွိ၏။ စက္႐ုံသည္ဘီယာကိုအဓိကခ်က္လုပ္၏။ ရမ္၊ ဘရန္ဒီ၊ဝီစကီမ်ားကိုပါ ပူးတြဲ ထုတ္လုပ္၏။ ထိုအခ်ိန္က ျမန္မာဘီယာကို ေသာက္သုံးသူမ်ား၏။ ေရာင္းအား အေကာင္းဆုံး အခ်ိန္ျဖစ္သည္။
ညေန႐ုံးဆင္းခ်ိန္တိုင္းကြၽန္ေတာ္တို႔အတြက္ဘီယာ(၂)လုံးႏွင့္အၿမီး တစ္ပန္းကန္လာပို႔သည္။ကိုလွေဌးတစ္ေယာက္အႀကိဳက္ေတြ႕ေန၏။အရက္ ေသာက္တတ္သူမွာသူတစ္ေယာက္သာရွိသည္။ကြၽန္ေတာ္တို႔ကအျမည္းစား ၾက၏။ ဦးစိုးေဝသည္ ႐ုံးပိတ္ရက္မ်ားတြင္ စစ္ကိုင္းသို႔ ျပန္သည္။ မိသားစု ႏွင့္ ေတြ႕ရသည္မို႔ ေပ်ာ္႐ႊင္ေနပုံရ၏။
ပြဲႀကိဳက္သူကြၽန္ေတာ္တို႔အတြက္ျပႆနာျဖစ္သည္။စက္႐ုံမွာေျမာက္ ျပင္အဆုံးအစြန္တြင္ရွိသျဖင့္ပြဲၾကည့္ရန္သြားလွ်င္ေဝး၏။စက္ဘီးစီး၍သြား ရသည္။ အၿငိမ့္ပြဲမ်ားမွာညစဥ္နီးပါးရွိတတ္၏။ရွိသည့္ေနရာကိုမည္မွ်ေဝးေစ ကာမူအေရာက္သြား၏။ပြဲၾကည့္ေသာညတိုင္းညဥ့္နက္မွျပန္ေရာက္တတ္သည္။
ပြဲၾကည့္ျပန္လာေသာညတစ္ညတြင္ ျဖစ္သည္။ ညသန္းေခါင္ေက်ာ္
အခ်ိန္ျဖစ္၏။ဧည့္ေဆာင္အတြင္းသို႔ဝင္လိုက္ႏွင့္တံခါးဝတြင္လူတစ္ေယာက္
ထိုင္ေန၏။ အသားမည္းမည္း ေခါင္းတုံးႏွင့္ျဖစ္သည္။ ကြၽန္ေတာ့္ကို ေက်ာ ေပးၿပီးေဆးေပါ့လိပ္ကိုမီးတရဲရဲဖြာကာေသာက္ေန၏။ကြၽန္ေတာ္ကညေစာင့္
ဟုထင္၍ ႏႈတ္မဆက္ဘဲ အခန္းသို႔ ျပန္လာၿပီး အိပ္ရာဝင္လိုက္သည္။ သို႔ ရာတြင္ စိတ္ထဲတြင္ မသိုးမသ့ ျဖစ္မိ၏။

႐ုံးဆင္း၍ ဧည့္ေဆာင္သို႔ ျပန္လာေသာ ေန႔တစ္ေန႔တြင္ ျဖစ္ပါသည္။ အခန္းတံခါးကို ဖြင့္မည္လုပ္ေသာအခါ အခန္းအတြင္းမွ စကားေျပာေနသံ မ်ား ၾကားေနရသည္။ အခန္းတံခါးကို ေသာ့မခတ္ဘဲ ေစ့႐ုံသာ ေစ့ထား၏။ ေသာ့တစ္ေခ်ာင္းတည္းသာ ရွိသျဖင့္ သုံးေယာက္စလုံး ဝင္ထြက္ႏိုင္ရန္ ထိုသို႔ တံခါးကို ေစ့ထားရျခင္း ျဖစ္သည္။ ဧည့္သည္မ်ား ေရာက္ေနသည္ အထင္ျဖင့္ တံခါးကို တြန္းဖြင့္လိုက္ေသာအခါ အခန္းထဲတြင္ တစ္ဦးတစ္ ေယာက္မရွိပါ။ စကားေျပာေနသံမ်ားကို သုံးေယာက္စလုံး ပီပီျပင္ျပင္ ၾကား လိုက္ၾကသည္။
ထိုေန႔ ည (၇)နာရီအခ်ိန္တြင္ ဧည့္ရိပ္သာေစာင့္ဆိုသူက ေျမပဲေၾကာ္ မ်ား လာပို႔သည္။ ရိပ္သာေစာင့္မွာ အသက္ (၅၅)ႏွစ္ခန႔္ရွိၿပီ ျဖစ္၏။ ႐ြာကို ေခတၱျပန္ေနသျဖင့္ ယေန႔နံနက္မွ ျပန္ေရာက္လာေၾကာင္း ေျပာၿပီး မိတ္ဖြဲ႕

လာသည္။ ကြၽန္ေတာ္က ယခင္ေန႔က ေတြ႕ခဲ့ေသာ အသားမည္းေခါင္းတုံး အေၾကာင္းေမးျမန္းၾကည့္ေသာအခါ ညေစာင့္ႀကီးမွာ မ်က္ေစ့မ်က္ႏွာပ်က္ ျဖစ္သြား၏။လိုအပ္တာရွိရင္ေျပာရန္ႏွင့္အခန္းတံခါးကိုလုံၿခဳံစြာပိတ္ထားရန္
ေျပာၿပီးျပန္သြား၏။
ေနာက္တစ္ေန႔ညေနထမင္းစားၿပီးအခ်ိန္တြင္ကြၽန္ေတာ္ႏွင့္ဦးစိုးေဝတို႔ လမ္းေလွ်ာက္ထြက္ၾကသည္။အခန္းထဲတြင္ကိုလွေဌးတစ္ေယာက္ဘီယာ
ကိုဇိမ္ခံေသာက္ရင္းက်န္ရစ္ခဲ့၏။ လမ္းေလွ်ာက္ရာမွျပန္ေရာက္လာေသာ အခါည(ရး၄၅)နာရီသာရွိေသးသည္။ ကိုလွေဌးတစ္ေယာက္အေဆာင္ဝ
မွာငုတ္တုတ္ထိုင္ေနရင္းကြၽန္ေတာ္တို႔အလာကိုေစာင့္ေမွ်ာ္ေန၏။ အက်ိဳး အေၾကာင္းကို ေမးျမန္းေသာအခါ ထိတ္လန႔္ဖြယ္ရာ အျဖစ္ကို ေအာက္ပါ အတိုင္းျပန္ေျပာျပသည္။
ကိုလွေဌးတစ္ေယာက္ယေန႔ထမင္းမစားေတာ့ဟုဆုံးျဖတ္လိုက္သည္။
ဘီယာႏွင့္ဘူးသီးေၾကာ္မ်ားကိုစက္႐ုံမွလာေပးထားသည္။ မေန႔ကညေစာင့္ လာေပးထားေသာ ေျမပဲေၾကာ္မ်ား က်န္ေနေသးသည္။ ဘီယာကို ဇိမ္ခံ ေသာက္ရန္ ေရခ်ိဳးလိုက္သည္။ ေရခ်ိဳးခန္းတံခါးကို တစ္စုံတစ္ေယာက္က ဆြဲဖြင့္ေနသျဖင့္တံခါးေခါက္သံထပ္ၾကားရ၏။တံခါးကိုဖြင့္၍ရွာၾကည့္ေသာ္ လည္း မည္သူကိုမွ် မေတြ႕၊ ကိုလွေဌးသည္ ခႏၶာကိုယ္မွ ေရမ်ားကို မ်က္ႏွာ သုတ္ပုဝါႏွင့္ သန႔္စင္လိုက္ၿပီး စားပြဲတြင္ထိုင္လိုက္သည္။
ဘီယာကို ဇိမ္ခံေသာက္ရာ နာရီဝက္မွ်အၾကာတြင္ ပုလင္းတစ္ဝက္ ေက်ာ္ ကုန္သြား၏။ ထိုအခ်ိန္တြင္ အခန္းတံခါးမကို ေခါက္သံၾကားသျဖင့္ တံခါးကိုဖြင့္လိုက္ရာဂါဝန္ဝတ္အမ်ိဳးသမီးတစ္ဦးအခန္းဝမွာရပ္ေနသည္ကို အံ့ဩစြာ ေတြ႕လိုက္ရသည္။ ႏိုင္ငံျခားသူတစ္ဦးျဖစ္ၿပီး ဂါဝန္အျဖဴေရာင္ကို ဝတ္ထားသည္။မ်က္ႏွာမွာညႇိဳးႏြမ္းေနၿပီးအသားအေရမွာျဖဴဖပ္ျဖဴေရာ္ျဖစ္
ေန၏။

အမ်ိဳးသမီးသည္ မေျပာမဆိုႏွင့္ အခန္းထဲသို႔ဝင္လာၿပီး ေရခ်ိဳးခန္းထဲ သို႔တန္း၍ဝင္သြား၏။ ေရခ်ိဳးခန္းထဲမွေရက်သံမ်ားအဆက္မျပတ္ၾကားေန ရ၏။ ကိုလွေဌးက အမ်ိဳးသမီးေရလာခ်ိဳးသည္အထင္ႏွင့္ စားပြဲတြင္ ထိုင္၍ ဘီယာကိုဆက္ေသာက္ေန၏။ နာရီဝက္မွ်အၾကာတြင္ေရက်သံမ်ားရပ္သြား ၏။ အမ်ိဳးသမီးက ထြက္မလာေသး၊ မသကၤာျဖစ္ၿပီး ေရခ်ိဳးခန္းတံခါးကို ဆြဲဖြင့္ရာ အလြယ္တကူ ပြင့္သြား၏။ သို႔ရာတြင္ ေရခ်ိဳးခန္း၌ အမ်ိဳးသမီး မရွိ ေတာ့ပါ။ ထိုအခါအခန္းထဲတြင္မေနရဲသျဖင့္ေအာက္သို႔ေျပးဆင္းလာခဲ့ၿပီး အမူးလဲေျပသြားေၾကာင္း ရယ္ေမာ၍ေျပာလာ၏။
ကြၽန္ေတာ္က ကိုလွေဌးဘီယာ အမူးလြန္၍ ျဖစ္မည္ထင္ေၾကာင္းႏွင့္ ညဥ့္နက္သန္းေခါင္ ျပန္လာေနက် ျဖစ္ေသာ္လည္း ဘာမွ် မေတြ႕ဘူးေသး ေၾကာင္း အားေပးစကားေျပာၿပီး အခန္းသို႔ ျပန္လာၾကပါသည္။ သို႔ရာတြင္ အိပ္ရာဝင္ခ်ိန္၌ သို႔ေလာသို႔ေလာ အေတြးမ်ားကိုယ္စီႏွင့္ အိပ္မေပ်ာ္ၾက သည္မွာ အမွန္ျဖစ္ပါသည္။
သုံးရက္အၾကာတြင္ ကြၽန္ေတာ္တစ္ေယာက္တည္းသာ အခန္းသို႔ ျပန္ လာ၏။ က်န္ႏွစ္ေယာက္မွာ စက္႐ုံတြင္ ျခင္းလုံးခတ္က်န္ေနခဲ့၏။ အခန္းသို႔ ေရာက္ေရာက္ခ်င္း႐ုံးမွယူလာေသာစာအုပ္ကိုဖတ္ရန္အခန္းတံခါးကို ေစ့ ထားလိုက္သည္။ တံခါးကို ေက်ာေပးထိုင္ၿပီး စာဖတ္ေနစဥ္ အခန္းတံခါးကို တြန္းဖြင့္သံ ၾကားလိုက္ရ၏။ သူတို႔ပါ ျပန္လာၿပီ အထင္ျဖင့္ စာကို ဆက္ဖတ္ ေန၏။ လွည့္မၾကည့္မိပါ။
အိမ္သာတံခါးကို တြန္းဖြင့္ၿပီး အိမ္သာတက္သံ ၾကားလိုက္ရသည္။ ကြၽန္ေတာ္က အိမ္သာတက္လွ်င္ တံခါးပိတ္တက္ရန္ လွမ္းေအာ္လိုက္၏။ အိမ္သာထဲကေရပိုက္မွေရက်သံၾကားေနရ၏။အိမ္သာတံခါးကိုမပိတ္သျဖင့္
လွည့္ၾကည့္လိုက္ရာေရက်သံၾကားေနရ၏။ အိမ္သာတံခါးကိုမပိတ္သျဖင့္
လွည့္ၾကည့္လိုက္ရာေရက်သံမ်ားရပ္သြား၏။အိမ္သာထဲသို႔ဝင္ၾကည့္ေသာ
အခါတစ္စုံတစ္ေယာက္မွ်မေတြ႕ပါ။ ဘုံဘိုင္ေခါင္မ်ားပိတ္လ်က္ရွိေနသည္။ မၾကာမီကြၽန္ေတာ္တို႔အဖြဲ႕ျပန္ေရာက္လာၾကသည္။

ညစာ စားၾကေသာအခါ ကြၽန္ေတာ္ေတြ႕ႀကဳံခဲ့ရပုံမ်ားကို ေျပာျပလိုက္ သည္။ ကိုလွေဌးက သူ၏ျဖစ္ပုံႏွင့္ ဆင္တူျဖစ္၍ အမွန္ပင္ သရဲရွိေၾကာင္း ေထာက္ခံ ေျပာလာ၏။ ဦးစိုးေဝက ၿပဳံးသည္။ သူက ဝိပႆနာဘာဝနာကို ေန႔စဥ္ျပဳလုပ္ေနသူျဖစ္၍ ထူးျခားသည္ဟု ထင္ပုံမရပါ။ သူေတြ႕ႀကဳံရပုံမ်ား ကိုေအးေဆးစြာျဖင့္ ေအာက္ပါအတိုင္း ေျပာျပလာပါသည္။
ညတစ္ညလမိုက္ရက္ျဖစ္သည္။“သူဇာသန္း”အၿငိမ့္ၾကည့္ရန္အေဖာ္
မရွိသျဖင့္ ကိုလွေဌးကို မရမက ေခၚသြားသည္။ အခန္းထဲတြင္ ဦးစိုးေဝ တစ္ေယာက္သာ က်န္ရစ္ခဲ့၏။ ည (၈းဝဝ)နာရီခန႔္တြင္ ဘုရားရွိခိုးေနစဥ္ အခန္းတံခါးေခါက္သံၾကားလိုက္သည္။ တံခါးဖြင့္ေပးရန္ ဦးစိုးေဝထလာ သည္။တံခါးဖြင့္ေပးေသာအခါ မည္သူမွ်မေတြ႕ပါ။တံခါးကိုေစ့႐ုံသာေစ့ထား ၿပီး ဆက္၍ ဘုရားရွိခိုးလိုက္၏။ ဘုရားရွိခိုး အမွ်အတန္းေပးေဝၿပီးေသာ အခါစားပြဲတြင္ လူႏွစ္ေယာက္ထိုင္ေနသည္ကိုေတြ႕လိုက္ရသည္။
တစ္ေယာက္ကႏိုင္ငံျခားသူအမ်ိဳးသမီးျဖစ္ၿပီး ႏိုင္ငံျခားဝတ္စုံျဖစ္ေသာ
ဂါဝန္ျဖဴကိုဝတ္ထား၏။ တစ္ေယာက္ေသာသူကအမ်ိဳးသားျဖစ္ၿပီးေခါင္းတုံး
တုံးထားသည္။အသားကမဲၿပီးအျပာကြက္ပုဆိုးတစ္ထည္သာဝတ္ထား၏။ ႏွစ္ေယာက္စလုံး၏ မ်က္ႏွာမွာ မီးမွိန္မွိန္ေအာက္တြင္ မႈန္ဝါးဝါး ျဖစ္ေန၏။ ႏွစ္ေယာက္စလုံးအသက္မွာ (၃၅)ႏွစ္ ပတ္ဝန္းက်င္ရွိၾကလိမ့္မည္ဟုထင္ရ၏။
ဦးစိုးေဝက ႐ုံးမွဝန္ထမ္းမ်ားထင္၍ “ဘာကိစၥရွိပါသလဲ”လို႔ ေမး၏။ ႏွစ္ေယာက္စလုံးက ဘာမွ် ျပန္မေျပာဘဲ စားပြဲမွထသြားၿပီး ၾကားရသလို အိမ္သာထဲမွလည္း ေရက်သံမ်ား ၾကားေနရသည္။ ဦးစိုးေဝက ေမတၱသုတ္ ကို ႐ြတ္ရင္း စားပြဲ၌ ထိုင္ေစာင့္ေနလိုက္သည္။ ေရခ်ိဳးခန္းမွ ေရက်သံမ်ား ၾကားရသလိုအိမ္သာထဲမွလည္းေရက်သံမ်ားၿငိမ္သက္သြား၏။အတန္ၾကာ

ေသာ္လည္း တစ္ေယာက္မွ ထြက္မလာၾကသျဖင့္ တံခါးမ်ားတြန္းဖြင့္ ၾကည့္ေသာအခါ ဘာမွ်မေတြ႕ရပါ။
ဦးစိုးေဝသည္သေဘာေပါက္လိုက္၏။ဝိပႆနာ၊ဘာဝနာကိုအၿမဲလုပ္ ေနသူျဖစ္၍ေၾကာက္႐ြံ႕ျခင္းမရွိဘဲ တရားဆက္ထိုင္ၿပီး အမွ်အတန္းေဝေပး ခဲ့ေၾကာင္းေျပာျပ၏။ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေက်ာခ်မ္းသြား၏။ပြဲကအျပန္
ညတစ္ညတြင္အေဆာင္ဝ၌ေတြ႕ ခဲ့ေသာေခါင္းတုံးႏွင့္အသားမည္းတဲ့သူဟာ ဦးစိုးေဝ ေတြ႕ေသာ ပုဂၢိဳလ္ပင္ ျဖစ္ႏိုင္သည္။ ညေစာင့္က ေၾကာက္မွာစိုး၍ မေျပာခဲ့ျခင္း ျဖစ္မည္။
ေနာက္တစ္ေန႔ ညဘက္တြင္ ညေစာင့္က လက္ဖက္သုပ္လာပို႔၏။ ညေစာင့္အားေတြ႕
ႀကဳံရပုံအဖုံဖုံကိုေျပာျပၿပီးအက်ိဳးအေၾကာင္းျဖစ္ရပ္မ်ား ကိုေမးျမန္းၾက၏။ ညေစာင့္မွာမေနသာေတာ့ဘဲေအာက္ပါအတိုင္းသိသမွ် ကိုေျပာျပခဲ့ပါသည္။
ငါးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီ ျဖစ္သည္။ ညေစာင့္အလုပ္ မဝင္ခင္ အရက္ ခ်က္စက္႐ုံတည္စကာလတြင္ျဖစ္သည္။ ဘီယာခ်က္စက္႐ုံကိုႏိုင္ငံျခားသား အကူအညီျဖင့္ စတင္ လည္ပတ္ခဲ့သည္။ ဘီယာခ်က္လုပ္ရန္ ကြၽမ္းက်င္သူ (brewer)တစ္ဦးကို ႏိုင္ငံျခားမွ ေခၚယူခဲ့၏။
ကြၽမ္းက်င္သူ ႏိုင္ငံျခားသားတစ္ေယာက္တြင္ကားဇနီးသည္ႏိုင္ငံျခား သူတစ္ေယာက္ပါလာ၏။အၿမဲတန္းေနထိုင္သည့္ႏိုင္ငံကိုေတာ့မသိဟုဆို၏။ သူတို႔စုံတြဲကို အေဆာင္တစ္ခုတြင္ သီးသန႔္ထားသည္။ အခိုင္းအေစအျဖစ္ အိႏၵိယႏိုင္ငံသားတစ္ဦးကိုေခၚထားေပး၏။ ႏိုင္ငံျခားသားမွာအသက္(၄ဝ) ေက်ာ္မွ် ရွိၿပီး အမ်ိဳးသမီးက အသက္ (၃၀)ပတ္ဝန္းက်င္မွ်သာ ရွိေသး သည္။
အမ်ိဳးသမီးသည္ကိုယ္လုံးကိုယ္ထည္သြယ္လ်လ်ျဖစ္ၿပီးတ႐ုတ္လူမ်ိဳး
မ်ားကဲ့သို႔အသားမွာ ဆြတ္ဆြတ္ျဖဴ၏။ ဂါဝန္ကိုသာအၿမဲဝတ္သည္။ ဘာသာ

စကားကိုအဂၤလိပ္ဘာသာျဖင့္ေျပာ၏။မႏၲေလးၿမိဳ႕သို႔ေရာက္ခါစတြင္ပ်င္းေန
ပုံ ရေသာ္လည္း ေနာင္တြင္ ေပ်ာ္႐ႊင္လာသည့္ လကၡဏာမ်ား ေတြ႕ရသည္။ ႏိုင္ငံျခားသို႔လည္းမၾကာခဏျပန္တတ္၏။ ရန္ကုန္ၿမိဳ႕သို႔လည္းမၾကာမၾကာ
သြားေရာက္၏။
တစ္ႏွစ္ၾကာလာေသာအခါ ညႇိဳးႏြမ္းေတြေဝသည့္ပုံရိပ္မ်ား ျဖဴေဖြးေသာသူမ၏မ်က္ႏွာေပၚတြင္ေပၚလာသည္။ အိမ္ေထာင္ေရးေၾကာင့္ မျဖစ္ႏိုင္သလိုလူမႈေရးေၾကာင့္လည္းမျဖစ္ႏိုင္ဟု ေလ့လာအကဲခတ္ေနသူ မ်ားက ဆိုၾက၏။ဘာသာစကား မကြၽမ္းက်င္သူ ျမန္မာအမ်ိဳးသမီးမ်ားက မည္သို႔မွ် အကူအညီမေပးႏိုင္ ျဖစ္ေန၏။
တစ္ေန႔ မိုးသည္းထန္စြာ႐ြာ၍ လွ်ပ္စစ္ဓာတ္အား ျပတ္သြားသည္။ အေဆာင္တစ္ခုလုံး ေမွာင္မည္းေန၏။ မိုးၿခိမ္းသံႏွင့္အတူ လွ်ပ္စစ္မ်ား လင္းလက္ေန၏။ လွ်ပ္တစ္ျပက္ အလင္းတန္းေအာက္တြင္ ျဖဴေဖြးေသာ သဏၭာန္တစ္ခုကိုေတြ႕လိုက္ရသည္။ ထိုသဏၭာန္ကို စေတြ႕လိုက္ရသူမွာ အခိုင္းအေစအိႏၵိယလူမ်ိဳးႀကီးျဖစ္သည္။ ေတြ႕ရသည့္ျမင္ကြင္းမွာထုပ္တန္း တြင္ ႀကိဳးခ်ည္ၿပီး ႀကိဳးဆြဲခ် ေသေနေသာ ဂါဝန္ဝတ္အမ်ိဳးသမီး ျဖစ္၏။ ဂါဝန္အျဖဴအသစ္ကိုဝတ္ထားၿပီးဇက္က်ိဳး၍ေသေန၏။ မည္သည့္အတြက္
ေၾကာင့္ဤသို႔ေသေၾကာင္းႀကံစည္သည္ကိုမည္သူမွ်မသိလိုက္ပါ။အားလုံး
ကႏွေျမာတသသျဖစ္ၾကရသည္။
မၾကာမီကြၽမ္းက်င္သူပညာရွင္လည္း ႏိုင္ငံျခားသို႔အၿပီးအပိုင္ျပန္သြား ၏။ အခိုင္းအေစ အိႏၵိယအမ်ိဳးသားမွာလည္း အက်ႌမဝတ္ဘဲ ညအိပ္သျဖင့္ အေအးပတ္၍ေသသြား၏။ သူတို႔ေနခဲ့ေသာအေဆာင္တြင္ထိုဝိညာဥ္ႏွစ္ခု မွာမကြၽတ္လြတ္ဘဲက်န္ရစ္ေနခဲ့သည္။ ဂါဝန္ဝတ္အမ်ိဳးသမီးကိုမၾကာခဏေတြ႕ရသလိုအခိုင္းအေစအိႏၵိယအမ်ိဳးသားကိုလည္းေခါင္းတုံးျဖင့္မၾကာခဏ

ေတြ႕ၾကရသည္။ သံဃာေတာ္မ်ားပင့္၍ ဆြမ္းသြပ္အမွ်ေပးေဝေသာ္လည္း ဝိညာဥ္မ်ားမွာ လႈပ္ရွား သြားလာေနဆဲျဖစ္သည္။
ညေစာင့္ေျပာျပခ်က္အရဝမ္းနည္းစရာဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါေတာ့ သည္။ကြၽန္ေတာ္တို႔သည္ေနာက္တစ္ရက္မွစၿပီးနံနက္ဘုရားရွိခိုးၿပီးတိုင္း (၂၄)ပစၥည္းပဌာန္းေဒသနာေတာ္ႏွင့္ေမတၱသုတ္ကို႐ြတ္ဖတ္ပူေဇာ္ၾကကာ အမွ်အတန္းေပးေဝၾကပါသည္။ ညအိပ္ရာဝင္တိုင္းလည္း ဘုရားရွိခိုးၿပီး ေမတၱသုတ္႐ြတ္ဖတ္၍ အမွ်ေပးေဝခဲ့ရာရန္ကုန္သို႔ျပန္ခ်ိန္အထိမည္သည့္ လႈပ္ရွားမႈအသံကိုမွ် မၾကားရေတာ့ပါ။
မႏၲေလးၿမိဳ႕ေပၚရွိတန္ခိုးႀကီးဘုရားမ်ားတြင္လည္းသူတို႔အတြက္ရည္စူး ၍အလႉဒါနမ်ား ျပဳလုပ္ၿပီး အမွ်အတန္းမ်ား ေပးေဝခဲ့ပါသည္။ အမွ်ရၾကၿပီး သာဓုအႏုေမာဒနာ ေခၚဆိုႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရေပေတာ့မည္။
၁ – တကၠသိုလ္အပန္ငယ္