ကမ်းနားမှာရေနစ်သူ(စ/ဆုံး)

Unicode Version

ကမ်းနားမှာရေနစ်သူ(စ/ဆုံး)
———————————-
ကျွန်တော်က အစိုးရအမှုထမ်းဖြစ်ခဲ့၍ နိုင်ငံအနှံ့ မြို့တော်တော်များများ ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တချို့ မြို့တွေမှာ ကျွန်တော့် ဌာန၏ တာဝန်တွေက များပြားလှ၍ (ယားလို့မှမကုတ်အားဘူး) ဆိုတာမျိုး လုပ်ကိုင်ခဲ့ရတာရှိသလို တချို့မြို့တွေမှာတော့ အလုပ်တာဝန် နည်းပါးလှ၍ ထိုမြို့မှာ အနားယူအပန်းဖြေသလို နေခဲ့ရတာမျိုးလည်း ရှိပါသည်။
မြို့တစ်မြို့ကိုပြောင်းတော့ ကံအားလျော်စွာ အလုပ်ပါးသောဒေသဖြစ်၍ ရုံးတက်တာနှင့် အစည်းအဝေးတက်တာ နှစ်မျိုးပဲလုပ်ရသည်။ ကျွန်တော်က အားလပ်ချိန်များကို မြို့ပေါ်အနှံ့လျှောက်သွားပြီး ဒေသိယဘာသာစကား ဒေသန္တရ ဓလေ့ထုံးစံများကို လေ့လာ(စပ်စု)ပါသည်။
ထိုမြို့က ပင်လယ်ကမ်းခြေနှင့်နီးသောမြို့ဖြစ်၍ အများစုက ရေလုပ်ငန်း (တံငါသည်)များ ဖြစ်ကြသည်။ သူတို့နှင့် ရင်းနှီးအောင်ပေါင်း၍ ငါးဖမ်းနည်း

မျိုးစုံကို လေ့လာနိုင်သော်လည်း ပင်လယ်ထဲ ငါးဖမ်းထွက်တာကိုတော့ “အန္တရာယ်များလွန်းတယ် – ဗိုလ်ကြီး”ဟူသောစကားဖြင့် ကျွန်တော့်ကို သူတို့လှေနှင့် လိုက်ခွင့်မပြုကြပါ။ ပင်လယ်ထဲမှာ အလုပ်လုပ်ရာတွင် မကျွမ်းကျင်သူ လူပိုတစ်ယောက် မခေါ်လိုတာလည်း ဖြစ်နိုင်သည်။
ဒီတော့ – ကျွန်တော်က သူတို့လည်းမရှိ၊ အလုပ်လည်းအား၍ ပျင်းရိ နေသောကာလများတွင် ဝါးငါးမျှားတံတစ်ချောင်းနှင့် ချောင်းရိုးမြောင်းရိုး တစ်လျှောက်ငါးလိုက်မျှားပါတော့သည်။ ဒေသခံတွေကအဓိပတိတံငါသည် ကြီးများဖြစ်၍ ငါးမျှားတံတစ်ချောင်းလောက်နှင့် ငါးမျှားတာမျိုး မလုပ်ကြပါ။ သူတို့က စီးပွားဖြစ်ငါးဖမ်းကြတာဖြစ်၍ ငါးလေးငါးဆယ်ကောင်လောက်သာ ရနိုင်သော ငါးမျှားသည့်အလုပ်ကို ကလေးငယ်များပင် မလုပ်ကြပါ။ ငါးပေါ သောဒေသဖြစ်၍ ငါးမျှားတံတစ်ချောင်းနှင့် နံနက်(၁၀)နာရီလောက်မှာ ထွက်သွားလျှင် မွန်းတည့်ချိန်လောက်မှာ သုံးကောင်တစ်ပိဿာ လေး ကောင် တစ်ပိဿာအရွယ် ငါးတစ်ပိဿာကျော်တော့ အသာလေးရနိုင် သည်။ ရမိသည့်ငါးတွေက ဒေသခံတွေ(မြောင်းငါး)ဟုခေါ်သည့် ရေချိုငါးများ ဖြစ်၍ဒေသခံလူကြီးပိုင်းက ထိုငါးမျိုးကိုမစားကြပါ။ (ချောင်းရေမြောင်းရေက မသန့်၍ ထိုရေမှာနေသောငါးက ညစ်ပတ်သည်ဆိုပြီး မစားကြခြင်းဖြစ်ပါ သည်။ ပင်လယ်ရေကငန်သော်လည်း ကြည်စိမ်းပြာလဲ့နေတာမို့ထိုပင်လယ် ရေထဲက ငါးကိုပဲ ဒေသခံများက စားကြသည်။ ထို့ကြောင့်လည်း ချောင်းထဲ မှာ ငါးမမျှားကြခြင်း ဖြစ်ပါသည်။)
ဒီလိုနေရာမှာ ထူးထူးဆန်းဆန်း ကျွန်တော်နှင့် ငါးမျှားဖက်တစ်ယောက် ကို တွေ့ရပါသည်။ သူကလည်း ဒေသခံမဟုတ်။ မြန်မာပြည်အလယ်ပိုင်း မြေလတ်သားတစ်ယောက်ဖြစ်၍ ဒီမြို့ကိုရောက်နေတာ နှစ်ပတ်လည်မျှ (ကျွန်တော့်ထက်လပိုင်းမျှသာစောပြီးရောက်နေသည်)သာရှိသေးသည်ဟု သိရပါသည်။ လုပ်ငန်းတူ၊ ဝါသနာတူနှစ်ယောက်တည်းရှိတာဖြစ်၍ သူနှင့် ကျွန်တော် ခင်မင်ပါသည်။ သူက …
“ငါးဖမ်းပြီး ရောင်းစားမလား အောက်မေ့ပါတယ်။ ကျွန်တော် မျှားလို့ ရတဲ့ငါးကို ဘယ်သူမှမဝယ်ဘူး – အစ်ကိုရ”တဲ့။

“မရောင်းရတော့ ဘာဖြစ်လဲကွ။ အိမ်မှာ ဟင်းစားရတာပေါ့။ ငါကတော့ ငါးကြော်ပြီး ဘီယာနဲ့မြည်းလို့တောင် မလောက်ဘူး”ဆိုတော့ …
“အစ်ကိုရ-နေ့တိုင်းစားနေရတော့ ငါးဟင်းကိုလည်း မုန်းနေပြီ။ တစ်ခါတလေ ငါးရပြီး ကြော်စားစရာဆီက မရှိ၊ ရောင်းလို့ကလည်း မရတော့ လွှင့်ပစ်လိုက်ရတာမျိုးတောင် ရှိတယ်”

သူ့မိခင်ကြီး နောက်အိမ်ထောင်(သူ့ပထွေး)တို့နှင့် အတူနေပြီး ဆင်းရဲ ကြပါသည်။ ကျွန်တော့်ကိုလည်း အိမ်သူသက်ထားက နေ့တိုင်း ငါးကြော် မပေးနိုင်ဘူး။ ဆီကုန်တယ်ဆိုတာမျိုး အပြောခံရပါသည်။
ဒီလိုနှင့်ပဲ သူနှင့် ကျွန်တော်သည် တစ်ခါတစ်ရံ နေရာအတူတူ၊ တစ်ခါ တစ်ရံတစ်နေရာစီ နေ့စဉ်လိုလို ငါးမျှားကြပါသည်။ ကျွန်တော်က ထိုစဉ်မှာ

ဆေးလိပ်မပြတ်သေး၍ပါလာသောစီးကရက်ကို သူရှိလျှင် ခွဲဝေပေးသောက် ပါသည်။ ကျွန်တော့်မှာပါသောဓာတ်ဘူးနှင့် လက်ဖက်ရည်ချို စားစရာမုန့် များကိုတော့ ပေးကျွေးသော်လည်း သူက မစားပါ။
ထိုနေ့ကိုတော့ မမေ့ပါ။ ထိုနေ့က ငါးမမျှားကြသေးမီ သူ့ကိုတွေ့တော့ သူ့မျက်နှာ တော်တော်ညှိုးနွမ်းပါသည်။ ဒါမျိုးကို ကျွန်တော်က ဘာဖြစ်လာ သလဲဆိုတာမျိုး မေးလေ့မရှိပါ။ ကိုယ်ရေးကိုယ်တာကို ကျူးကျော်ရာရောက် သည်ဟုယူဆပါသည်။ ဒီအတိုင်းအကဲခတ်ရတာက တစ်ခုခုကို တော်တော် စိတ်ညစ်ညူးလာဟန် ရှိပါသည်။
ပြီးတော့ – သူက ခါတိုင်းထက် အရက်ကလေး ပိုသောက်ထားဟန် ရှိပါ သည်။ ခါတိုင်းထက်ဟု ပြောရသည်က သူနှင့်တွေ့တိုင်း နေ့စဉ်လိုလို တစ် ခွက်တစ်ဖလားဆိုတာမျိုး မော့ထားတာ သိသာပါသည်။ တစ်ခုကောင်းတာ က အရက်သောက်သော်လည်း မူးယစ်ရမ်းကား ဆဲဆိုတတ်တာမျိုး မရှိပါ။ အသက်ကလေးငယ်ငယ်နှင့် အရက်သမားကြီးစတိုင်လ် ဘာလို့ နေ့တိုင်း ပုံမှန်သောက်နေသလဲမေးတော့ -“စိတ်ညစ်လို့ – အစ်ကိုရာ”ဟု တိုတိုပဲ ဖြေပါသည်။ ကျွန်တော် ဆက်မမေးတော့ပါ။ ဒီနေ့မှာတော့ ခါတိုင်းထက် ပုံပျက်ယိမ်းယိုင်နေပါသည်။ ကျွန်တော့်ကိုတော့ ပုံမှန်အတိုင်းနှုတ်ဆက်ပြီး ကျွန်တော်ပေးသောစီးကရက်ကိုလှမ်းယူ၍သူ အများအားဖြင့် ငါးမျှားနေကျ နေရာမှာ သွားထိုင်၍ ငါးမျှားဖို့ ပြင်ပါသည်။
ကျွန်တော်က ဒီမျှပဲ သူ့ကို အာရုံရှိပြီး နောက်တော့ ကိုယ့်လုပ်ငန်းကိုယ် (ငါးမျှားတာကို) အာရုံစိုက်နေလိုက်ပါသည်။ ခဏပဲကြာသည် ထင်ရပါ၏။ ရေပြင်ပေါ်ကိုတစ်စုံတစ်ခုပြုတ်ကျသည့်အသံ“ဝုန်း”ဟူသောအသံပြင်းပြင်း ကြားလိုက်ရ၍ လှမ်းကြည့်မိတော့ – အလိုဘုရား- ကျွန်တော့်မိတ်ဆွေ ကလေး ထိုင်နေတာ မတွေ့ရတော့ဘဲ အောက်ဘက်ရေပြင်မှာ ရေပွက်ကြီး ထနေတာကို တွေ့ရပါသည်။ စောစောက ကျွန်တော်ပြောသည့် များသော အားဖြင့် သူ ငါးမျှားနေကျနေရာဆိုသည်မှာ (၇)ပေ(၈)ပေအမြင့်ရှိ ကမ်းပါး စောက်ထိပ်မှာဖြစ်၍ ရေပြင်အောက်မှာ ဧရာမထူးတွင်းကြီးရှိသည်ဟု

နားလည်သူများက ပြောကြသည့် ငါးအထိအမိများသော နေရာဖြစ်သည်။ ထူးတွင်းဆိုသည်က ရေအောက်မှာ တွင်းလိုဏ်ခေါင်းကြီးဖြစ်နေတာကို ပြောတာဖြစ်၍ ငါးခိုအောင်းတာ များသောကြောင့် ငါးအမိများခြင်း ဖြစ်ပါ သည်။
ကျွန်တော် ပြောခဲ့သည့်အတိုင်း မြို့က ပင်လယ်ကမ်းနားမြို့ ဖြစ်သော် လည်း ပင်လယ်နှင့် မြို့က ကပ်နေတာမျိုးမဟုတ်ပါ။ ကျွန်တော်တို့ ငါးမျှား ရတာက ပင်လယ်ထဲစီးဝင်သော ရေချိုချောင်းကလေးမှာဖြစ်သည်။ ချောင်း ဆိုသော်လည်း ပင်လယ်ဝနှင့်နီးပြီဖြစ်၍ အကျယ်က ခဲတပစ်ခန့်ရှိပြီး ချောင်း ထဲဆင်းသွားလျှင် လူတစ်ရပ်ထောက်မီသော နေရာမရှိ။ ရေနက်ချောင်းဖြစ် သည့်အပြင် ပင်လယ်အတိုင်း ရေတက်ရေကျရှိ၍ ရေပြည့်ချိန် (ရေအမြင့်ဆုံး တက်နေချိန်)မှာ ချောင်းအတွင်း လူနှစ်ရပ်ကျော်နက်သည်။ ယခုရေစစ်ပြီး (ရေအကျဆုံးအချိန်ကုန်၍) ရေတက်စအချိန်ဖြစ်သော်လည်း ချောင်းထဲမှာ သာမန်အားဖြင့် လူတစ်ရပ်ကျော်တော့ နက်သေးရာ ကျွန်တော့်မိတ်ဆွေ ကလေး ငါးများသည့်နေရာက အောက်မှာထူးတွင်းရှိ၍ သာမန်နေရာထက် နှစ်ဆနက်သည်။
သူက ရေထဲပြုတ်ကျတာနှင့် ရေပွက်ကြီးထပြီး တစ်ချက်မျှ ပြန်မပေါ် လာတော့ပါ။ ထိုဒေသမှာ ဒေသခံများက ကလေးလူကြီး၊ ကျားမ မရွေး၊ ငါးတမျှ ရေကူးကျွမ်းကျင်ကြသည်။ ကျွန်တော့်လူက ကုန်းခေါင်ခေါင် မြေ လတ်သားဖြစ်၍ လုံးဝရေမကူးတတ်ဘူးဟု သိရသည်။ ကျွန်တော်ကတော့ ရေကူးကျွမ်းကျင်ပါသည်။ ပြီးတော့ – အနီးဆုံးမှာရှိတာက ကျွန်တော်ပဲ ဖြစ် ၍ရေထဲလူကျသွားတာ မြင်သည်နှင့်“လုပ်ကြပါဦးဟေ့-လူ ရေထဲပြုတ်ကျ လို့”ဆိုတာမျိုး ပလုံးပထွေးအော်လိုက်ပြီး ကျွန်တော်က ထိုနေရာကို ပြေးခုန် ချလိုက်ပါသည်။
အမှန်တော့ – ကျွန်တော်ကလည်း ရေကူးကျွမ်းကျင်တာပဲ ရှိသည်။ ရေနစ်သူကို ကယ်တာမျိုး မတတ်ပါ။ ရေနစ်သူက နှာခေါင်းပါးစပ်တွေ ရေ ဝင်၍ မွန်းသီးလာပြီဆိုလျှင် ဘာမှမသိတော့ဘဲ နီးရာမှာရှိတာကို အတင်းဆွဲ

ဖက်ချုပ်ကိုင်တော့သည်။ ဒါကို လွတ်အောင်ရှောင်၍ ရေနစ်သူကို ဘယ်နေ ရာက ကိုင်ရမည်၊ ဘယ်နေရာက ဆွဲရမည်ဆိုသည်များကို သင်တန်းများ တက်၍ စနစ်တကျသင်ယူပြီးမှ ကယ်ဆယ်ရတာဖြစ်သည်။ သို့မဟုတ်ပါက နစ်သူကော၊ ကယ်သူပါအသက်ဆုံးရတတ်ပါသည်။ သို့သော်လည်း သေကံ ပါသူမှလည်း သေသည်။ ကျွန်တော်ကိုယ်တိုင် ငယ်စဉ်က ရေနစ်ဖူးပါသည်။ သာမန်နစ်တာမျိုးမဟုတ်။ လုံးဝရေအောက်ကိုနစ်ပြီး သတိလစ်မေ့မြော သွားတာဖြစ်၍ လူကြီးများ ကယ်တင်ပြုစုပေးကြမှ သတိပြန်လည် အသက် ရှင်ရတာ ဖြစ်သည်။ ရေနစ်သော်လည်း မသေဘဲ သတိပြန်လည်ခဲ့ပြီးနောက် ရင်ဘတ်တွေနာ၍ (သတိလစ်နေတာ ပြန်လည်လာအောင် ရင်ဘတ်ကို လက်ထောက်ပြီး နှိပ်ကြသည့်ဒဏ်ဖြစ်သည်) သုံးလေးရက်ခန့် နားထဲက လေတွေ တဟူးဟူးထွက်နေတာမျိုး ခံစားခဲ့ရပါသည်။ ဒါက ကျွန်တော် သေကံမပါသေး၍ ဖြစ်သည်။
စကားစပ်မိ၍ နောက်ထပ်သေကံမပါဘဲ ကံထူးသူတစ်ယောက် အကြောင်း ပြောပါဦးမည်။ ရန်ကုန်နှင့် သန်လျင်ကို ယခင်ကဆိုလျှင် ကူးတို့ သင်္ဘောဖြင့်သာ ကူးကြရသည်။ သန်လျင်တံတားဆိုတာ မရှိသေး။ တံတား ကြီး တည်ဆောက်၍ ပြီးလုလုမှာ သန်လျင် – ရန်ကုန် ကူးတို့သင်္ဘောက ပဲခူး မြစ်အတွင်း မြစ်သုံးခွဆိုင် မရောက်မီနေရာမှာ ရေဝင်ပြီးနစ်ပါသည်။
သင်္ဘောနစ်ပြီဆိုလျှင် ခရီးသည်များ (အထူးသဖြင့် မိန်းမသားများ)က နီးရာလူကို လှမ်းကိုင်ဖက်တွယ်တတ်ကြသည်။ ထိုအခါ စောစောကပြော တာမျိုး ရေကူးကျွမ်းကျင်သူလည်း ရေကူး၍မရတော့ဘဲ တစ်စုတစ်ဝေးကြီး ရေနစ်သေဆုံးတတ်ကြ၍ သင်္ဘောများနစ်ပြီဆိုလျှင် တက်တက်ကြွကြွ ထိုးထိုးထောင်ထောင်နေသူကို ရေကူးတတ်သူထင်ပြီး (တကယ်လည်း ရေကူးတတ်သူများက သွက်သွက်လက်လက် လှုပ်ရှားတတ်သည်) ထိုသူ

ကိုအားကိုးတကြီး ဝိုင်းဝန်းဖက်တွယ်လေ့ရှိသည်။ ထိုကူးတို့သင်္ဘောမှာပါသူ တစ်ယောက်က ရေလုံးဝမကူးတတ်ပါ။ သူက ရုန်းရင်းဆန်ခတ်ဖြစ်နေသူ များကြားမှာ ဟိုဟိုသည်သည်ကြည့်ရင်း သင်္ဘောအောက်ထပ်ကို ရေဝင် လာတော့ (သူက အောက်ထပ်မှ စီးလာတာဖြစ်သည်) လူတွေကြားက အပေါ်ထပ်ကိုတက်သည်။ အပေါ်ထပ်ရေမြုပ်တော့ သံတိုင်ကိုဖက်တွယ်ပြီး သင်္ဘောခေါင်မိုးပေါ်ကိုတက်သည်။ သူ့ကိုတော့ ကုပ်ချောင်းချောင်းနှင့်မို့ ဘယ်သူကမှ အားကိုးဖက်တွယ် ဆွဲထားသူမရှိပါ။ သူ ခေါင်မိုးပေါ်ရောက်ပြီး သင်္ဘောခေါင်မိုးမြုပ်စအချိန်မှာပဲ ကယ်တင်ဖို့လာသော ငှက်သမ္ဗန်တစ်စီး ရောက်လာ၍ သူ့မှာ ခြေထောက်ပင် ရေမစိုလိုက်ဘူးဟု ဆိုပါသည်။
ထိုသင်္ဘောနစ်မြုပ်မှုမှာ သန်လျင်မှ ထွက်လာပြီး သန်လျက်စွန်းကို မရောက်မီ ကမ်းခြေနှင့် သိပ်မဝေးသောနေရာမှာဖြစ်၍ အသေအပျောက် မများလှပါ။ အောက်ဘက်ကိုလွန်၍ မြစ်သုံးခွဆိုင်မှာ ဖြစ်လိုက်လျှင် အများ အပြား သေဆုံးနိုင်ပါသည်။ ယခု- ကူးတို့သင်္ဘော နစ်မြုပ်မှုသည် ကူးတို့ သင်္ဘော နောက်ဆုံးနစ်မြုပ်မှုဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်က (၁၉၇၃၊ ဖေဖော်ဝါရီလ(၂၁)ရက်) ညနေ(၄)နာရီ (ရုံးဆင်းချိန်)မှာ ရန်ကုန်မှ ဒလသို့ အသွား၊ ကူးတို့သင်္ဘော တိုးအေးသည် တစ်ဖက်ကမ်းသို့ အကူးမှာ ပင်လယ်ကူး သင်္ဘောနှင့် ဝင်တိုက်၍ ခရီးသည် (၃၀ဝ)အနက် (၉၀)ကျော် သေဆုံးခဲ့ဖူးသည်။
ယခုရေနစ်မှုမှာကျွန်တော်သည် ရေနစ်သူကိုမည်သို့မည်ပုံကယ်ဆယ် မည်ဟု စဉ်းစားမနေတော့ဘဲ ရေကူးတတ်တာတစ်ခုအားကိုးနှင့် ရေထဲကို ခုန်ချလိုက်ခြင်း ဖြစ်ပါသည်။ ချောင်းရေမှာ ပင်ကိုအားဖြင့် သိပ်မနောက်ကျိ လှသော်လည်း ရေပြန်တက်စဖြစ်၍ အောက်အနယ်လှန်ပြီး နည်းနည်းရေ နောက်ပါသည်။ သို့သော်ကိုယ့်ရှေ့လက်တစ်လှမ်းကိုတော့ ကောင်းကောင်း မြင်နေရပါသည်။ ထင်သည့်အတိုင်း ကမ်းပါးစောက်အောက်မှာ ထူးတွင်း လိုဏ်ခေါင်းကြီးဖြစ်နေပြီး လူနှစ်ရပ်ကျော်ကျော် နက်ပါသည်။ ရေပြည့်ချိန် ဆိုလျှင် လူ့အရပ် လေးငါးပြန်ခန့် နက်ပါလိမ့်မည်။ ကျွန်တော်က ရေကူးဖို့

မဟုတ်ဘဲ ရေနစ်သူကိုရှာဖို့ဖြစ်၍ ချောင်းအောက်ကြမ်းပြင်အထိ ငုပ်ဆင်း လာခဲ့ရာ ရေနက်ပိုင်းမှာတော့ အနယ်လှန်ချိန်မို့ ရေများနောက်ကျိပြီး ဘာမျှ မတွေ့ရတော့ပါ။
ထို့ကြောင့်ဘေးဘယ်ညာကိုလှည့်ပတ်ကြည့်ရင်း အပေါ်ကိုဖြည်းဖြည်း ပြန်တက်ခဲ့ရာ ရေအနက်အလယ်ခန့်အရောက်တွင် ကျွန်တော့် မိတ်ဆွေ ကလေးကို မျက်နှာချင်းဆိုင်၍ ပက်ပင်းကြီး အနီးကပ်တွေ့ရပါသည်။ သူက ရေနစ်မွန်းနေတာမျိုး မဟုတ်ဘဲ မတ်မတ်ကြီးရပ်လျက် ကျွန်တော့်ကို ကြည့်နေရာမှာ သူ့မျက်လုံးကပွင့်၍ သူ့မျက်နှာက ပြုံးရယ်နေသယောင် ရှိပါ သည်။ ကျွန်တော့်စိတ်ထဲက “ဟေ့-ဟေ့”ဟု လှမ်းခေါ်လိုက်ပြီး (ရေထဲမှာ ပါးစပ်က အသံထွက်ခေါ်၍မရပါ) သူ့ကို ဆွဲမည်ဟု လက်လှမ်းလိုက်စဉ် သူက ကျွန်တော့်ရှေ့မှ ဖျပ်ခနဲ ပျောက်သွားပါသည်။ ကျွန်တော် လှည့်ပတ် ကြည့်သော်လည်း ဘာမှမတွေ့ရတော့ပါ။ သည်ဖြစ်ရပ်အတွက် ကျွန်တော့် စိတ်မှာ မသိုးမသန့် ဖြစ်ရပါသည်။ ရေနစ်သည့်သူက ရေနစ်နေပုံမျိုးမဟုတ် ဘဲ ရယ်ရယ်ပြုံးပြုံးတွေ့ရပြီး ချက်ချင်းဆိုသလို မျက်စိအောက်က ပျောက် သွားခဲ့ပါသည်။
ထိုအချိန်မှာ ကျွန်တော်လည်း ရေမွန်းလာပြီဖြစ်၍ ရေပြင်ပေါ်ဦးခေါင်း ဖော်လိုက်တော့ ပတ်ဝန်းကျင်မှာ လူလေးငါးဆယ်ယောက် ရှိနေကြသည်။ သူတို့လည်း ရေနစ်သူကို ကယ်ဖို့ ကူဖို့ ဆင်းလာကြခြင်းဖြစ်ရာ ကျွန်တော် က ကျွန်တော့်အောက်ကို လက်ညှိုးထိုးပြပြီး ကုန်းပေါ်ပြန်တက်ခဲ့ပါသည်။ ထို့နောက် အားလုံးဝိုင်း၍ နှံ့နေအောင် ပိုက်စိပ်တိုက်ရှာကြသော်လည်း ရေနစ်သူကိုရှာမတွေ့ကြပါ။ (ဒေသခံများက ကျွန်တော့်ထက် ရေကူးရေငုပ် ကျွမ်းကျင်ကြသည်။ သူတို့က ရေနက်ထဲကျသွားသော ပိုက်ဆံအကြွေစေ့ ကိုပင် တွေ့အောင်ရှာနိုင်သူများဖြစ်သော်လည်း ယခု ရေနစ်သူကိုတော့ နေရာအနှံ့ရှာသော်လည်း မတွေ့ ကြပါ။)မကြာမီကောင်ကလေး၏မိခင်နှင့် ပထွေးဖြစ်သူပါ ရောက်လာကြသည်။ ထိုအခါမှ နံနက်က အိမ်မှာ မအေနှင့် သား စကားများကြ၍ သားကမအေကိုနင်ပဲငဆပြောဆိုပြီး အရက်မူးအောင် သောက်၍ ထွက်သွားတာဖြစ်ကြောင်း သိရပါတော့သည်။

ရေနစ်သူအလောင်းကို ဘယ်လိုမှရှာမရတော့ ဒေသထုံးစံအတိုင်း နတ် ဝင်သည်ကိုပင့်၍ ရွတ်ဖတ် မန်းမှုတ်ပြီး သေသူ၏ခေါင်းအုံးကို ရေမျှောလိုက် တော့ ရေထဲကျသည့်နေရာ၏ရေစုန်ဘက် ဝါးတစ်ရိုက်ခန့်အကွာမှာ ခေါင်း အုံးရပ်သွားပြီး ချာလည်လည်နေ၍ ထိုနေရာကို ဆင်းရှာတော့ အလောင်း ပြန်ရခဲ့ကြပါသည်။
သည်ဖြစ်ရပ်မှာ ကျွန်တော်က ရေနစ်သူကို ရေအောက်အနက်တွင် မျက်ဝါးထင်ထင် တွေ့ခဲ့တာမှန်သော်လည်း ပြန်စဉ်းစားကြည့်တော့ သူ့ကို မတ်မတ်ရပ်လျက်သားမြင်ရခြင်း (ရေနစ်သူသည် ကိုယ်ဖော့နိုင်ရန် လက် ကားယား၊ ခြေကားယားရှိရမည်။ မတ်မတ်ငြိမ်ငြိမ်ရပ်နိုင်ဖို့က တော်ရုံရေကူး ကျွမ်းကျင်ရုံနှင့် မရပါ။ သူက ရေလုံးဝကူးတတ်သူလည်းမဟုတ်ပါ။) မျက်စိ ပွင့်လျက် မျက်နှာက ပြုံးရယ်နေခြင်း (ရေနစ်သူအများစုသည် ရေနစ်စမှာ မျက်လုံးပြူး၍ ကြာလျှင် မျက်စိစုံမှိတ်သွားလေ့ရှိသည်။ ပြုံးရယ်နိုင်ဖို့ဝေးစွ။ အသက်ရှူမှား၍ ရှုံ့မဲ့နေတတ်သည်။) ကျွန်တော့်ကို လက်လှမ်း၍ တစ်စုံ တစ်ခု ပြောလိုဟန်ပြုခြင်းနှင့် ရုတ်ခြည်းပျောက်သွားခြင်းတို့မှာ သွေးရိုး သားရိုး မဟုတ်ဘူးဟု ခံစားမိပါသည်။ ပရလောကနှင့် ဆက်စပ်နေသည်ဟု ထင်ပါသည်။
ထိုသို့ဖြစ်ပွားပြီးနောက် ကျွန်တော်သည် အလုပ်အားလျှင် ကမ်းနားမှာ သွားပြီးငါးမျှားတာကို မလုပ်ဝံ့တော့ပါ။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ် စေ ဇိမ်ကလေးနှင့် ငါးမျှားနေတုန်း ကျွန်တော့်မိတ်ဆွေဟောင်းက ရေထဲကို ဆွဲခေါ်ချမှာ (ရေကူးတတ်သော်လည်း) ရေနှစ်သတ်ခံရမှာကို စိုးရွံ့မိပါ ကြောင်း။
>> တောက်ထိန်

Zawgyi Version

ကမ္းနားမွာေရနစ္သူ(စ/ဆုံး)
———————————-
ကြၽန္ေတာ္က အစိုးရအမႈထမ္းျဖစ္ခဲ့၍ ႏိုင္ငံအႏွံ႔ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ား ကို ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။ တခ်ိဳ႕ ၿမိဳ႕ေတြမွာ ကြၽန္ေတာ့္ ဌာန၏ တာဝန္ေတြက မ်ားျပားလွ၍ (ယားလို႔မွမကုတ္အားဘူး) ဆိုတာမ်ိဳး လုပ္ကိုင္ခဲ့ရတာရွိသလို တခ်ိဳ႕ၿမိဳ႕ေတြမွာေတာ့ အလုပ္တာဝန္ နည္းပါးလွ၍ ထိုၿမိဳ႕မွာ အနားယူအပန္းေျဖသလို ေနခဲ့ရတာမ်ိဳးလည္း ရွိပါသည္။
ၿမိဳ႕တစ္ၿမိဳ႕ကိုေျပာင္းေတာ့ ကံအားေလ်ာ္စြာ အလုပ္ပါးေသာေဒသျဖစ္၍ ႐ုံးတက္တာႏွင့္ အစည္းအေဝးတက္တာ ႏွစ္မ်ိဳးပဲလုပ္ရသည္။ ကြၽန္ေတာ္က အားလပ္ခ်ိန္မ်ားကို ၿမိဳ႕ေပၚအႏွံ႔ေလွ်ာက္သြားၿပီး ေဒသိယဘာသာစကား ေဒသႏၲရ ဓေလ့ထုံးစံမ်ားကို ေလ့လာ(စပ္စု)ပါသည္။
ထိုၿမိဳ႕က ပင္လယ္ကမ္းေျခႏွင့္နီးေသာၿမိဳ႕ျဖစ္၍ အမ်ားစုက ေရလုပ္ငန္း (တံငါသည္)မ်ား ျဖစ္ၾကသည္။ သူတို႔ႏွင့္ ရင္းႏွီးေအာင္ေပါင္း၍ ငါးဖမ္းနည္း

မ်ိဳးစုံကို ေလ့လာႏိုင္ေသာ္လည္း ပင္လယ္ထဲ ငါးဖမ္းထြက္တာကိုေတာ့ “အႏၲရာယ္မ်ားလြန္းတယ္ – ဗိုလ္ႀကီး”ဟူေသာစကားျဖင့္ ကြၽန္ေတာ့္ကို သူတို႔ေလွႏွင့္ လိုက္ခြင့္မျပဳၾကပါ။ ပင္လယ္ထဲမွာ အလုပ္လုပ္ရာတြင္ မကြၽမ္းက်င္သူ လူပိုတစ္ေယာက္ မေခၚလိုတာလည္း ျဖစ္ႏိုင္သည္။
ဒီေတာ့ – ကြၽန္ေတာ္က သူတို႔လည္းမရွိ၊ အလုပ္လည္းအား၍ ပ်င္းရိ ေနေသာကာလမ်ားတြင္ ဝါးငါးမွ်ားတံတစ္ေခ်ာင္းႏွင့္ ေခ်ာင္း႐ိုးေျမာင္း႐ိုး တစ္ေလွ်ာက္ငါးလိုက္မွ်ားပါေတာ့သည္။ ေဒသခံေတြကအဓိပတိတံငါသည္ ႀကီးမ်ားျဖစ္၍ ငါးမွ်ားတံတစ္ေခ်ာင္းေလာက္ႏွင့္ ငါးမွ်ားတာမ်ိဳး မလုပ္ၾကပါ။ သူတို႔က စီးပြားျဖစ္ငါးဖမ္းၾကတာျဖစ္၍ ငါးေလးငါးဆယ္ေကာင္ေလာက္သာ ရႏိုင္ေသာ ငါးမွ်ားသည့္အလုပ္ကို ကေလးငယ္မ်ားပင္ မလုပ္ၾကပါ။ ငါးေပါ ေသာေဒသျဖစ္၍ ငါးမွ်ားတံတစ္ေခ်ာင္းႏွင့္ နံနက္(၁၀)နာရီေလာက္မွာ ထြက္သြားလွ်င္ မြန္းတည့္ခ်ိန္ေလာက္မွာ သုံးေကာင္တစ္ပိႆာ ေလး ေကာင္ တစ္ပိႆာအ႐ြယ္ ငါးတစ္ပိႆာေက်ာ္ေတာ့ အသာေလးရႏိုင္ သည္။ ရမိသည့္ငါးေတြက ေဒသခံေတြ(ေျမာင္းငါး)ဟုေခၚသည့္ ေရခ်ိဳငါးမ်ား ျဖစ္၍ေဒသခံလူႀကီးပိုင္းက ထိုငါးမ်ိဳးကိုမစားၾကပါ။ (ေခ်ာင္းေရေျမာင္းေရက မသန႔္၍ ထိုေရမွာေနေသာငါးက ညစ္ပတ္သည္ဆိုၿပီး မစားၾကျခင္းျဖစ္ပါ သည္။ ပင္လယ္ေရကငန္ေသာ္လည္း ၾကည္စိမ္းျပာလဲ့ေနတာမို႔ထိုပင္လယ္ ေရထဲက ငါးကိုပဲ ေဒသခံမ်ားက စားၾကသည္။ ထို႔ေၾကာင့္လည္း ေခ်ာင္းထဲ မွာ ငါးမမွ်ားၾကျခင္း ျဖစ္ပါသည္။)
ဒီလိုေနရာမွာ ထူးထူးဆန္းဆန္း ကြၽန္ေတာ္ႏွင့္ ငါးမွ်ားဖက္တစ္ေယာက္ ကို ေတြ႕ရပါသည္။ သူကလည္း ေဒသခံမဟုတ္။ ျမန္မာျပည္အလယ္ပိုင္း ေျမလတ္သားတစ္ေယာက္ျဖစ္၍ ဒီၿမိဳ႕ကိုေရာက္ေနတာ ႏွစ္ပတ္လည္မွ် (ကြၽန္ေတာ့္ထက္လပိုင္းမွ်သာေစာၿပီးေရာက္ေနသည္)သာရွိေသးသည္ဟု သိရပါသည္။ လုပ္ငန္းတူ၊ ဝါသနာတူႏွစ္ေယာက္တည္းရွိတာျဖစ္၍ သူႏွင့္ ကြၽန္ေတာ္ ခင္မင္ပါသည္။ သူက …
“ငါးဖမ္းၿပီး ေရာင္းစားမလား ေအာက္ေမ့ပါတယ္။ ကြၽန္ေတာ္ မွ်ားလို႔ ရတဲ့ငါးကို ဘယ္သူမွမဝယ္ဘူး – အစ္ကိုရ”တဲ့။

“မေရာင္းရေတာ့ ဘာျဖစ္လဲကြ။ အိမ္မွာ ဟင္းစားရတာေပါ့။ ငါကေတာ့ ငါးေၾကာ္ၿပီး ဘီယာနဲ႔ျမည္းလို႔ေတာင္ မေလာက္ဘူး”ဆိုေတာ့ …
“အစ္ကိုရ-ေန႔တိုင္းစားေနရေတာ့ ငါးဟင္းကိုလည္း မုန္းေနၿပီ။ တစ္ခါတေလ ငါးရၿပီး ေၾကာ္စားစရာဆီက မရွိ၊ ေရာင္းလို႔ကလည္း မရေတာ့ လႊင့္ပစ္လိုက္ရတာမ်ိဳးေတာင္ ရွိတယ္”

သူ႔မိခင္ႀကီး ေနာက္အိမ္ေထာင္(သူ႔ပေထြး)တို႔ႏွင့္ အတူေနၿပီး ဆင္းရဲ ၾကပါသည္။ ကြၽန္ေတာ့္ကိုလည္း အိမ္သူသက္ထားက ေန႔တိုင္း ငါးေၾကာ္ မေပးႏိုင္ဘူး။ ဆီကုန္တယ္ဆိုတာမ်ိဳး အေျပာခံရပါသည္။
ဒီလိုႏွင့္ပဲ သူႏွင့္ ကြၽန္ေတာ္သည္ တစ္ခါတစ္ရံ ေနရာအတူတူ၊ တစ္ခါ တစ္ရံတစ္ေနရာစီ ေန႔စဥ္လိုလို ငါးမွ်ားၾကပါသည္။ ကြၽန္ေတာ္က ထိုစဥ္မွာ

ေဆးလိပ္မျပတ္ေသး၍ပါလာေသာစီးကရက္ကို သူရွိလွ်င္ ခြဲေဝေပးေသာက္ ပါသည္။ ကြၽန္ေတာ့္မွာပါေသာဓာတ္ဘူးႏွင့္ လက္ဖက္ရည္ခ်ိဳ စားစရာမုန႔္ မ်ားကိုေတာ့ ေပးေကြၽးေသာ္လည္း သူက မစားပါ။
ထိုေန႔ကိုေတာ့ မေမ့ပါ။ ထိုေန႔က ငါးမမွ်ားၾကေသးမီ သူ႔ကိုေတြ႕ေတာ့ သူ႔မ်က္ႏွာ ေတာ္ေတာ္ညႇိဳးႏြမ္းပါသည္။ ဒါမ်ိဳးကို ကြၽန္ေတာ္က ဘာျဖစ္လာ သလဲဆိုတာမ်ိဳး ေမးေလ့မရွိပါ။ ကိုယ္ေရးကိုယ္တာကို က်ဴးေက်ာ္ရာေရာက္ သည္ဟုယူဆပါသည္။ ဒီအတိုင္းအကဲခတ္ရတာက တစ္ခုခုကို ေတာ္ေတာ္ စိတ္ညစ္ညဴးလာဟန္ ရွိပါသည္။
ၿပီးေတာ့ – သူက ခါတိုင္းထက္ အရက္ကေလး ပိုေသာက္ထားဟန္ ရွိပါ သည္။ ခါတိုင္းထက္ဟု ေျပာရသည္က သူႏွင့္ေတြ႕တိုင္း ေန႔စဥ္လိုလို တစ္ ခြက္တစ္ဖလားဆိုတာမ်ိဳး ေမာ့ထားတာ သိသာပါသည္။ တစ္ခုေကာင္းတာ က အရက္ေသာက္ေသာ္လည္း မူးယစ္ရမ္းကား ဆဲဆိုတတ္တာမ်ိဳး မရွိပါ။ အသက္ကေလးငယ္ငယ္ႏွင့္ အရက္သမားႀကီးစတိုင္လ္ ဘာလို႔ ေန႔တိုင္း ပုံမွန္ေသာက္ေနသလဲေမးေတာ့ -“စိတ္ညစ္လို႔ – အစ္ကိုရာ”ဟု တိုတိုပဲ ေျဖပါသည္။ ကြၽန္ေတာ္ ဆက္မေမးေတာ့ပါ။ ဒီေန႔မွာေတာ့ ခါတိုင္းထက္ ပုံပ်က္ယိမ္းယိုင္ေနပါသည္။ ကြၽန္ေတာ့္ကိုေတာ့ ပုံမွန္အတိုင္းႏႈတ္ဆက္ၿပီး ကြၽန္ေတာ္ေပးေသာစီးကရက္ကိုလွမ္းယူ၍သူ အမ်ားအားျဖင့္ ငါးမွ်ားေနက် ေနရာမွာ သြားထိုင္၍ ငါးမွ်ားဖို႔ ျပင္ပါသည္။
ကြၽန္ေတာ္က ဒီမွ်ပဲ သူ႔ကို အာ႐ုံရွိၿပီး ေနာက္ေတာ့ ကိုယ့္လုပ္ငန္းကိုယ္ (ငါးမွ်ားတာကို) အာ႐ုံစိုက္ေနလိုက္ပါသည္။ ခဏပဲၾကာသည္ ထင္ရပါ၏။ ေရျပင္ေပၚကိုတစ္စုံတစ္ခုျပဳတ္က်သည့္အသံ“ဝုန္း”ဟူေသာအသံျပင္းျပင္း ၾကားလိုက္ရ၍ လွမ္းၾကည့္မိေတာ့ – အလိုဘုရား- ကြၽန္ေတာ့္မိတ္ေဆြ ကေလး ထိုင္ေနတာ မေတြ႕ရေတာ့ဘဲ ေအာက္ဘက္ေရျပင္မွာ ေရပြက္ႀကီး ထေနတာကို ေတြ႕ရပါသည္။ ေစာေစာက ကြၽန္ေတာ္ေျပာသည့္ မ်ားေသာ အားျဖင့္ သူ ငါးမွ်ားေနက်ေနရာဆိုသည္မွာ (၇)ေပ(၈)ေပအျမင့္ရွိ ကမ္းပါး ေစာက္ထိပ္မွာျဖစ္၍ ေရျပင္ေအာက္မွာ ဧရာမထူးတြင္းႀကီးရွိသည္ဟု

နားလည္သူမ်ားက ေျပာၾကသည့္ ငါးအထိအမိမ်ားေသာ ေနရာျဖစ္သည္။ ထူးတြင္းဆိုသည္က ေရေအာက္မွာ တြင္းလိုဏ္ေခါင္းႀကီးျဖစ္ေနတာကို ေျပာတာျဖစ္၍ ငါးခိုေအာင္းတာ မ်ားေသာေၾကာင့္ ငါးအမိမ်ားျခင္း ျဖစ္ပါ သည္။
ကြၽန္ေတာ္ ေျပာခဲ့သည့္အတိုင္း ၿမိဳ႕က ပင္လယ္ကမ္းနားၿမိဳ႕ ျဖစ္ေသာ္ လည္း ပင္လယ္ႏွင့္ ၿမိဳ႕က ကပ္ေနတာမ်ိဳးမဟုတ္ပါ။ ကြၽန္ေတာ္တို႔ ငါးမွ်ား ရတာက ပင္လယ္ထဲစီးဝင္ေသာ ေရခ်ိဳေခ်ာင္းကေလးမွာျဖစ္သည္။ ေခ်ာင္း ဆိုေသာ္လည္း ပင္လယ္ဝႏွင့္နီးၿပီျဖစ္၍ အက်ယ္က ခဲတပစ္ခန႔္ရွိၿပီး ေခ်ာင္း ထဲဆင္းသြားလွ်င္ လူတစ္ရပ္ေထာက္မီေသာ ေနရာမရွိ။ ေရနက္ေခ်ာင္းျဖစ္ သည့္အျပင္ ပင္လယ္အတိုင္း ေရတက္ေရက်ရွိ၍ ေရျပည့္ခ်ိန္ (ေရအျမင့္ဆုံး တက္ေနခ်ိန္)မွာ ေခ်ာင္းအတြင္း လူႏွစ္ရပ္ေက်ာ္နက္သည္။ ယခုေရစစ္ၿပီး (ေရအက်ဆုံးအခ်ိန္ကုန္၍) ေရတက္စအခ်ိန္ျဖစ္ေသာ္လည္း ေခ်ာင္းထဲမွာ သာမန္အားျဖင့္ လူတစ္ရပ္ေက်ာ္ေတာ့ နက္ေသးရာ ကြၽန္ေတာ့္မိတ္ေဆြ ကေလး ငါးမ်ားသည့္ေနရာက ေအာက္မွာထူးတြင္းရွိ၍ သာမန္ေနရာထက္ ႏွစ္ဆနက္သည္။
သူက ေရထဲျပဳတ္က်တာႏွင့္ ေရပြက္ႀကီးထၿပီး တစ္ခ်က္မွ် ျပန္မေပၚ လာေတာ့ပါ။ ထိုေဒသမွာ ေဒသခံမ်ားက ကေလးလူႀကီး၊ က်ားမ မေ႐ြး၊ ငါးတမွ် ေရကူးကြၽမ္းက်င္ၾကသည္။ ကြၽန္ေတာ့္လူက ကုန္းေခါင္ေခါင္ ေျမ လတ္သားျဖစ္၍ လုံးဝေရမကူးတတ္ဘူးဟု သိရသည္။ ကြၽန္ေတာ္ကေတာ့ ေရကူးကြၽမ္းက်င္ပါသည္။ ၿပီးေတာ့ – အနီးဆုံးမွာရွိတာက ကြၽန္ေတာ္ပဲ ျဖစ္ ၍ေရထဲလူက်သြားတာ ျမင္သည္ႏွင့္“လုပ္ၾကပါဦးေဟ့-လူ ေရထဲျပဳတ္က် လို႔”ဆိုတာမ်ိဳး ပလုံးပေထြးေအာ္လိုက္ၿပီး ကြၽန္ေတာ္က ထိုေနရာကို ေျပးခုန္ ခ်လိုက္ပါသည္။
အမွန္ေတာ့ – ကြၽန္ေတာ္ကလည္း ေရကူးကြၽမ္းက်င္တာပဲ ရွိသည္။ ေရနစ္သူကို ကယ္တာမ်ိဳး မတတ္ပါ။ ေရနစ္သူက ႏွာေခါင္းပါးစပ္ေတြ ေရ ဝင္၍ မြန္းသီးလာၿပီဆိုလွ်င္ ဘာမွမသိေတာ့ဘဲ နီးရာမွာရွိတာကို အတင္းဆြဲ

ဖက္ခ်ဳပ္ကိုင္ေတာ့သည္။ ဒါကို လြတ္ေအာင္ေရွာင္၍ ေရနစ္သူကို ဘယ္ေန ရာက ကိုင္ရမည္၊ ဘယ္ေနရာက ဆြဲရမည္ဆိုသည္မ်ားကို သင္တန္းမ်ား တက္၍ စနစ္တက်သင္ယူၿပီးမွ ကယ္ဆယ္ရတာျဖစ္သည္။ သို႔မဟုတ္ပါက နစ္သူေကာ၊ ကယ္သူပါအသက္ဆုံးရတတ္ပါသည္။ သို႔ေသာ္လည္း ေသကံ ပါသူမွလည္း ေသသည္။ ကြၽန္ေတာ္ကိုယ္တိုင္ ငယ္စဥ္က ေရနစ္ဖူးပါသည္။ သာမန္နစ္တာမ်ိဳးမဟုတ္။ လုံးဝေရေအာက္ကိုနစ္ၿပီး သတိလစ္ေမ့ေျမာ သြားတာျဖစ္၍ လူႀကီးမ်ား ကယ္တင္ျပဳစုေပးၾကမွ သတိျပန္လည္ အသက္ ရွင္ရတာ ျဖစ္သည္။ ေရနစ္ေသာ္လည္း မေသဘဲ သတိျပန္လည္ခဲ့ၿပီးေနာက္ ရင္ဘတ္ေတြနာ၍ (သတိလစ္ေနတာ ျပန္လည္လာေအာင္ ရင္ဘတ္ကို လက္ေထာက္ၿပီး ႏွိပ္ၾကသည့္ဒဏ္ျဖစ္သည္) သုံးေလးရက္ခန႔္ နားထဲက ေလေတြ တဟူးဟူးထြက္ေနတာမ်ိဳး ခံစားခဲ့ရပါသည္။ ဒါက ကြၽန္ေတာ္ ေသကံမပါေသး၍ ျဖစ္သည္။
စကားစပ္မိ၍ ေနာက္ထပ္ေသကံမပါဘဲ ကံထူးသူတစ္ေယာက္ အေၾကာင္း ေျပာပါဦးမည္။ ရန္ကုန္ႏွင့္ သန္လ်င္ကို ယခင္ကဆိုလွ်င္ ကူးတို႔ သေဘၤာျဖင့္သာ ကူးၾကရသည္။ သန္လ်င္တံတားဆိုတာ မရွိေသး။ တံတား ႀကီး တည္ေဆာက္၍ ၿပီးလုလုမွာ သန္လ်င္ – ရန္ကုန္ ကူးတို႔သေဘၤာက ပဲခူး ျမစ္အတြင္း ျမစ္သုံးခြဆိုင္ မေရာက္မီေနရာမွာ ေရဝင္ၿပီးနစ္ပါသည္။
သေဘၤာနစ္ၿပီဆိုလွ်င္ ခရီးသည္မ်ား (အထူးသျဖင့္ မိန္းမသားမ်ား)က နီးရာလူကို လွမ္းကိုင္ဖက္တြယ္တတ္ၾကသည္။ ထိုအခါ ေစာေစာကေျပာ တာမ်ိဳး ေရကူးကြၽမ္းက်င္သူလည္း ေရကူး၍မရေတာ့ဘဲ တစ္စုတစ္ေဝးႀကီး ေရနစ္ေသဆုံးတတ္ၾက၍ သေဘၤာမ်ားနစ္ၿပီဆိုလွ်င္ တက္တက္ႂကြႂကြ ထိုးထိုးေထာင္ေထာင္ေနသူကို ေရကူးတတ္သူထင္ၿပီး (တကယ္လည္း ေရကူးတတ္သူမ်ားက သြက္သြက္လက္လက္ လႈပ္ရွားတတ္သည္) ထိုသူ

ကိုအားကိုးတႀကီး ဝိုင္းဝန္းဖက္တြယ္ေလ့ရွိသည္။ ထိုကူးတို႔သေဘၤာမွာပါသူ တစ္ေယာက္က ေရလုံးဝမကူးတတ္ပါ။ သူက ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသူ မ်ားၾကားမွာ ဟိုဟိုသည္သည္ၾကည့္ရင္း သေဘၤာေအာက္ထပ္ကို ေရဝင္ လာေတာ့ (သူက ေအာက္ထပ္မွ စီးလာတာျဖစ္သည္) လူေတြၾကားက အေပၚထပ္ကိုတက္သည္။ အေပၚထပ္ေရျမဳပ္ေတာ့ သံတိုင္ကိုဖက္တြယ္ၿပီး သေဘၤာေခါင္မိုးေပၚကိုတက္သည္။ သူ႔ကိုေတာ့ ကုပ္ေခ်ာင္းေခ်ာင္းႏွင့္မို႔ ဘယ္သူကမွ အားကိုးဖက္တြယ္ ဆြဲထားသူမရွိပါ။ သူ ေခါင္မိုးေပၚေရာက္ၿပီး သေဘၤာေခါင္မိုးျမဳပ္စအခ်ိန္မွာပဲ ကယ္တင္ဖို႔လာေသာ ငွက္သမၺန္တစ္စီး ေရာက္လာ၍ သူ႔မွာ ေျခေထာက္ပင္ ေရမစိုလိုက္ဘူးဟု ဆိုပါသည္။
ထိုသေဘၤာနစ္ျမဳပ္မႈမွာ သန္လ်င္မွ ထြက္လာၿပီး သန္လ်က္စြန္းကို မေရာက္မီ ကမ္းေျခႏွင့္ သိပ္မေဝးေသာေနရာမွာျဖစ္၍ အေသအေပ်ာက္ မမ်ားလွပါ။ ေအာက္ဘက္ကိုလြန္၍ ျမစ္သုံးခြဆိုင္မွာ ျဖစ္လိုက္လွ်င္ အမ်ား အျပား ေသဆုံးႏိုင္ပါသည္။ ယခု- ကူးတို႔သေဘၤာ နစ္ျမဳပ္မႈသည္ ကူးတို႔ သေဘၤာ ေနာက္ဆုံးနစ္ျမဳပ္မႈျဖစ္၍ လြန္ခဲ့ေသာ ႏွစ္ေပါင္းေလးဆယ္ခန႔္က (၁၉၇၃၊ ေဖေဖာ္ဝါရီလ(၂၁)ရက္) ညေန(၄)နာရီ (႐ုံးဆင္းခ်ိန္)မွာ ရန္ကုန္မွ ဒလသို႔ အသြား၊ ကူးတို႔သေဘၤာ တိုးေအးသည္ တစ္ဖက္ကမ္းသို႔ အကူးမွာ ပင္လယ္ကူး သေဘၤာႏွင့္ ဝင္တိုက္၍ ခရီးသည္ (၃၀ဝ)အနက္ (၉၀)ေက်ာ္ ေသဆုံးခဲ့ဖူးသည္။
ယခုေရနစ္မႈမွာကြၽန္ေတာ္သည္ ေရနစ္သူကိုမည္သို႔မည္ပုံကယ္ဆယ္ မည္ဟု စဥ္းစားမေနေတာ့ဘဲ ေရကူးတတ္တာတစ္ခုအားကိုးႏွင့္ ေရထဲကို ခုန္ခ်လိုက္ျခင္း ျဖစ္ပါသည္။ ေခ်ာင္းေရမွာ ပင္ကိုအားျဖင့္ သိပ္မေနာက္က်ိ လွေသာ္လည္း ေရျပန္တက္စျဖစ္၍ ေအာက္အနယ္လွန္ၿပီး နည္းနည္းေရ ေနာက္ပါသည္။ သို႔ေသာ္ကိုယ့္ေရွ႕လက္တစ္လွမ္းကိုေတာ့ ေကာင္းေကာင္း ျမင္ေနရပါသည္။ ထင္သည့္အတိုင္း ကမ္းပါးေစာက္ေအာက္မွာ ထူးတြင္း လိုဏ္ေခါင္းႀကီးျဖစ္ေနၿပီး လူႏွစ္ရပ္ေက်ာ္ေက်ာ္ နက္ပါသည္။ ေရျပည့္ခ်ိန္ ဆိုလွ်င္ လူ႔အရပ္ ေလးငါးျပန္ခန႔္ နက္ပါလိမ့္မည္။ ကြၽန္ေတာ္က ေရကူးဖို႔

မဟုတ္ဘဲ ေရနစ္သူကိုရွာဖို႔ျဖစ္၍ ေခ်ာင္းေအာက္ၾကမ္းျပင္အထိ ငုပ္ဆင္း လာခဲ့ရာ ေရနက္ပိုင္းမွာေတာ့ အနယ္လွန္ခ်ိန္မို႔ ေရမ်ားေနာက္က်ိၿပီး ဘာမွ် မေတြ႕ရေတာ့ပါ။
ထို႔ေၾကာင့္ေဘးဘယ္ညာကိုလွည့္ပတ္ၾကည့္ရင္း အေပၚကိုျဖည္းျဖည္း ျပန္တက္ခဲ့ရာ ေရအနက္အလယ္ခန႔္အေရာက္တြင္ ကြၽန္ေတာ့္ မိတ္ေဆြ ကေလးကို မ်က္ႏွာခ်င္းဆိုင္၍ ပက္ပင္းႀကီး အနီးကပ္ေတြ႕ရပါသည္။ သူက ေရနစ္မြန္းေနတာမ်ိဳး မဟုတ္ဘဲ မတ္မတ္ႀကီးရပ္လ်က္ ကြၽန္ေတာ့္ကို ၾကည့္ေနရာမွာ သူ႔မ်က္လုံးကပြင့္၍ သူ႔မ်က္ႏွာက ၿပဳံးရယ္ေနသေယာင္ ရွိပါ သည္။ ကြၽန္ေတာ့္စိတ္ထဲက “ေဟ့-ေဟ့”ဟု လွမ္းေခၚလိုက္ၿပီး (ေရထဲမွာ ပါးစပ္က အသံထြက္ေခၚ၍မရပါ) သူ႔ကို ဆြဲမည္ဟု လက္လွမ္းလိုက္စဥ္ သူက ကြၽန္ေတာ့္ေရွ႕မွ ဖ်ပ္ခနဲ ေပ်ာက္သြားပါသည္။ ကြၽန္ေတာ္ လွည့္ပတ္ ၾကည့္ေသာ္လည္း ဘာမွမေတြ႕ရေတာ့ပါ။ သည္ျဖစ္ရပ္အတြက္ ကြၽန္ေတာ့္ စိတ္မွာ မသိုးမသန႔္ ျဖစ္ရပါသည္။ ေရနစ္သည့္သူက ေရနစ္ေနပုံမ်ိဳးမဟုတ္ ဘဲ ရယ္ရယ္ၿပဳံးၿပဳံးေတြ႕ရၿပီး ခ်က္ခ်င္းဆိုသလို မ်က္စိေအာက္က ေပ်ာက္ သြားခဲ့ပါသည္။
ထိုအခ်ိန္မွာ ကြၽန္ေတာ္လည္း ေရမြန္းလာၿပီျဖစ္၍ ေရျပင္ေပၚဦးေခါင္း ေဖာ္လိုက္ေတာ့ ပတ္ဝန္းက်င္မွာ လူေလးငါးဆယ္ေယာက္ ရွိေနၾကသည္။ သူတို႔လည္း ေရနစ္သူကို ကယ္ဖို႔ ကူဖို႔ ဆင္းလာၾကျခင္းျဖစ္ရာ ကြၽန္ေတာ္ က ကြၽန္ေတာ့္ေအာက္ကို လက္ညႇိဳးထိုးျပၿပီး ကုန္းေပၚျပန္တက္ခဲ့ပါသည္။ ထို႔ေနာက္ အားလုံးဝိုင္း၍ ႏွံ႔ေနေအာင္ ပိုက္စိပ္တိုက္ရွာၾကေသာ္လည္း ေရနစ္သူကိုရွာမေတြ႕ၾကပါ။ (ေဒသခံမ်ားက ကြၽန္ေတာ့္ထက္ ေရကူးေရငုပ္ ကြၽမ္းက်င္ၾကသည္။ သူတို႔က ေရနက္ထဲက်သြားေသာ ပိုက္ဆံအေႂကြေစ့ ကိုပင္ ေတြ႕ေအာင္ရွာႏိုင္သူမ်ားျဖစ္ေသာ္လည္း ယခု ေရနစ္သူကိုေတာ့ ေနရာအႏွံ႔ရွာေသာ္လည္း မေတြ႕ ၾကပါ။)မၾကာမီေကာင္ကေလး၏မိခင္ႏွင့္ ပေထြးျဖစ္သူပါ ေရာက္လာၾကသည္။ ထိုအခါမွ နံနက္က အိမ္မွာ မေအႏွင့္ သား စကားမ်ားၾက၍ သားကမေအကိုနင္ပဲငဆေျပာဆိုၿပီး အရက္မူးေအာင္ ေသာက္၍ ထြက္သြားတာျဖစ္ေၾကာင္း သိရပါေတာ့သည္။

ေရနစ္သူအေလာင္းကို ဘယ္လိုမွရွာမရေတာ့ ေဒသထုံးစံအတိုင္း နတ္ ဝင္သည္ကိုပင့္၍ ႐ြတ္ဖတ္ မန္းမႈတ္ၿပီး ေသသူ၏ေခါင္းအုံးကို ေရေမွ်ာလိုက္ ေတာ့ ေရထဲက်သည့္ေနရာ၏ေရစုန္ဘက္ ဝါးတစ္႐ိုက္ခန႔္အကြာမွာ ေခါင္း အုံးရပ္သြားၿပီး ခ်ာလည္လည္ေန၍ ထိုေနရာကို ဆင္းရွာေတာ့ အေလာင္း ျပန္ရခဲ့ၾကပါသည္။
သည္ျဖစ္ရပ္မွာ ကြၽန္ေတာ္က ေရနစ္သူကို ေရေအာက္အနက္တြင္ မ်က္ဝါးထင္ထင္ ေတြ႕ခဲ့တာမွန္ေသာ္လည္း ျပန္စဥ္းစားၾကည့္ေတာ့ သူ႔ကို မတ္မတ္ရပ္လ်က္သားျမင္ရျခင္း (ေရနစ္သူသည္ ကိုယ္ေဖာ့ႏိုင္ရန္ လက္ ကားယား၊ ေျခကားယားရွိရမည္။ မတ္မတ္ၿငိမ္ၿငိမ္ရပ္ႏိုင္ဖို႔က ေတာ္႐ုံေရကူး ကြၽမ္းက်င္႐ုံႏွင့္ မရပါ။ သူက ေရလုံးဝကူးတတ္သူလည္းမဟုတ္ပါ။) မ်က္စိ ပြင့္လ်က္ မ်က္ႏွာက ၿပဳံးရယ္ေနျခင္း (ေရနစ္သူအမ်ားစုသည္ ေရနစ္စမွာ မ်က္လုံးျပဴး၍ ၾကာလွ်င္ မ်က္စိစုံမွိတ္သြားေလ့ရွိသည္။ ၿပဳံးရယ္ႏိုင္ဖို႔ေဝးစြ။ အသက္ရႉမွား၍ ရႈံ႕မဲ့ေနတတ္သည္။) ကြၽန္ေတာ့္ကို လက္လွမ္း၍ တစ္စုံ တစ္ခု ေျပာလိုဟန္ျပဳျခင္းႏွင့္ ႐ုတ္ျခည္းေပ်ာက္သြားျခင္းတို႔မွာ ေသြး႐ိုး သား႐ိုး မဟုတ္ဘူးဟု ခံစားမိပါသည္။ ပရေလာကႏွင့္ ဆက္စပ္ေနသည္ဟု ထင္ပါသည္။
ထိုသို႔ျဖစ္ပြားၿပီးေနာက္ ကြၽန္ေတာ္သည္ အလုပ္အားလွ်င္ ကမ္းနားမွာ သြားၿပီးငါးမွ်ားတာကို မလုပ္ဝံ့ေတာ့ပါ။ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ ေစ ဇိမ္ကေလးႏွင့္ ငါးမွ်ားေနတုန္း ကြၽန္ေတာ့္မိတ္ေဆြေဟာင္းက ေရထဲကို ဆြဲေခၚခ်မွာ (ေရကူးတတ္ေသာ္လည္း) ေရႏွစ္သတ္ခံရမွာကို စိုး႐ြံ႕မိပါ ေၾကာင္း။
>> ေတာက္ထိန္