မောင်ရေခဲ နှင့် သက်ပျောက်ဝတ်စုံ(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် သက်ပျောက်ဝတ်စုံ(စ/ဆုံး)
————————————————–
ထင်ပေါ်မှာဆရာဖြစ်သူနောက်ကိုလိုက်ရင်း သိချင်သောအရာတစ်ခုကိုမေးလိုက်သည်။ တစ်ခုခုအကြောင်း သိချင်ပြီဆိုပါက မြိုသိပ်ထားတတ်သူမဟုတ်သဖြင့် စိတ်ထဲတနုံ့နုံ့ဖြစ်နေသော အကြောင်းအရာကို မေးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

” ဆရာ…ကျွန်တော်သိချင်တာလေးမေးပါရစေ…”

” မေးလေထင်ပေါ်… မင်းကဘာသိချင်လို့လဲ…အထူးအဆန်း…”

” ဟိုလေ ကျွန်တော်တို့ကူညီခဲ့တဲ့အဖွားက သူ့ရဲ့စိန်နားကပ်ကို သူ့သားသမီးတွေကိုလှူခိုင်းရင် ရရဲ့သားနဲ့ ဘာလို့ဆရာ့ကိုမှရွေးပြီးလှူခိုင်းရတာလဲဟင်…”

” ဒါကေတာ့ သူ့ရဲ့စိတ်အလိုပေါ့ ထင်ပေါ်ရဲ့…သားသမီးတွေကိုလှူခိုင်းလို့တော့ရတယ်…ဒါပေမဲ့ ဘုရားတည်တာကျောင်းဆောက်တာကတော့ ကြုံတောင့်ကြုံခဲကိစ္စဘဲမလား…ဒီတော့ သူပိုင်တဲ့ပစ္စည်းတွေကို သူ့သားသမီးတွေထံအပ်ပြီး လှူခိုင်းရင် ဘုရားတည်ခွင့်မကြုံခင်ကာလမှာ ရန်သူငါးပါးနှင့် ထိတွေ့ပြီးပျောက်ပျက်သွားမှာစိုးလို့ပေါ့…”

” ဒါဆိုကျွန်တော်တို့လက်ထဲထည့်လိုက်တာကရော…”

” ငါတို့က နယ်လှည့်ပြီး ဂန္ဓာရီခရီးလှည့်လည်နေတဲ့သူတွေလေ…ဒီတော့ ဘုရားတည်တာကျောင်းဆောက်တာ ကြုံရင်ကြုံမှာဘဲ…အဲကြောင့်သူကသူဖြစ်ချင်တဲ့ဆန္ဒကို ငါတို့ကိုခိုင်းလိုက်တာ…”

” ဟုတ်နားလည်ပါပြီဆရာ…ဒီလောကမှာစုန်ရေသာရှိပြီး ဆန်ရေကမရှိလောက်အောင်ရှားပါးသွားပြီနော်ဆရာ….”

” သိပ်မှန်တယ်ထင်ပေါ်….သားသမီး၁၀ယောက်ကို မိဘကမညည်းမညူ ကျွေးမွေးစောင့်ရှောက်နိူင်ပေမဲ့ မိဘနှစ်ပါးကို သားသမီး၁၀ယောက်က ပြန်ပြုစုဖို့မျှော်လင့်ချက်သိပ်နည်းတယ်ထက်ပေါ်…”

” မိဘဆိုတာ သားသမီးအတြက္လိုတရ လက်တစ်စုံဘဲ ဖန်ဆင်းရှင်ဆိုရင်လည်းဟုတ်တယ်…”

” ကျွန်တော်ကတော့ ဆရာပြောတဲ့လိုတရလက်တစ်စုံကို မခံစားခဲ့ရဘူးဆရာ…ကျွန်တော့်ကိုမွေးမွေးချင်း အမေကဆုံးသွားတယ်…အေဖကေတာ့ ကျွန်တော့်ကို ဂြိုလ်ဆိုး ဆိုပြီးမုန်းတီးနေလေရဲ့…ကျွန်တော်ခုထိလူဖြစ်ခွင့်ရနေသေးတာဟာ ဦးတေဇ၊မခင်လွှမ်း၊မမသီရိနှင့်ဆရာ့ရဲ့ ဂရုဏာမေတ္တာတွေကြောင့်ပါ…”

” ဒါဘယ်သူ့အပြစ်မှမဟုတ်ဘူးထင်ပေါ်…ဒါကံဝဋ်ကြွေးလို့ခေါ်တယ်…အတိတ်ဘဝကပြုခဲ့တဲ့ ဝဋ်ကြွေးရှိနေသ၍ ကျေအောင်ဆပ်ကြရမှာဘဲ…ဒါကြောင့်လက်ရှိဘဝမှာ တတ်နိူင်သမျှအတ္တကင်းအောင်နေ ဒါမှနောင်ဘဝတွေမှာ ကံဝဋ်ကြွေးနည်းမှာ…”

” ကျွန်တော်နားလည်ပါပြီဆရာ…ခုဘယ်သွားကြမလဲဆရာ….”

” ရှမ်းပြည်ကိုပြန်ကြမယ်…အဖေနှင့်အမေကငါတို့ကိုမျှော်နေကြပြီ…သံယောဇဉ်…သံယောဇဉ်…ဒီမမြင်ရတဲ့သမုဒယ နှောင်ကြိုးလေးတစ်မျှင်က သိပ်ကိုအစွမ်းပကား ကြီးလှတယ်….”

ထိုသို့ပြောပြီး ရှမ်းပြည်ရှိဇာတိချက်ကြွေမွေးရပ်မြေဖြစ်သော သာလွန်းရွာလေးသို့ ပြန်လာခဲ့ကြသည်။

*****************************

” အာ့….အာ့…အာ့….”

” အာ့…အာ့…အာ့….”

ကုန်းစောင်းရွာပတ်ပတ်လည်၏ အပေါ်ဖက်၌ ကျီးကန်းသုံးကောင်ဝဲပျံလျက် အော်သုံပြုနေ၏။ ထိုကျီးကန်းသုံးကောင်သည် ဤကုန်းစောင်းရွာလေးအပေါ်၌ ဝဲပျံနေသည်မှာ သုံးလေးရက်ရှိနေချေပြီ။

” ဒီကျီးကန်းတွေနှယ်….ငါတို့ရွာထက်ဝဲပြီး အော်နေတာသုံးလေးရက်ရှိပြီ….ရွာထဲကတစ်ယောက်ယောက်တော့ သေရဦးမယ်ထင်တယ်….”

ဦးဖေက ရွာအထက်ဝဲပျံနေသော ကျီးကန်းကိုကြည့်ပြီး နိမိတ်ကောက်နေခြင်းဖြစ်သည်။ ဤအရပ်သည် ရွာအထက်သို့ကျီးကန်းဝဲပျံလျှင် ရွာထဲရှိလူတစ်ယောက်ယောက် သေကြေရမည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။ ရုတ်တရက်လေနီကြမ်းတိုက်လျှင် ရွာ၌ဘေးတစ်ခုခုကျရောက်မည့် ရှေ့ပြေးနိမိတ်ဖြစ်၏။ ဦးဖေက အကြမ်းရည်သောက်ရင်း
တစ်ခုခုကိုလေးနက်စွာတွေးတောနေမိသည်။

” ဗျို့…သူကြီးရေ.. သူကြီး…”

” ရှိတယ်ဟေ့…ဝင်လာခဲ့….”

အပြင်မှအသံပြုသောလူက ဦးဖေရှိရာအိမ်ဝိုင်းထဲသို့ဝင်လာခဲ့၏။

” ဖိုးဖြူ…. ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာတုန်းကွ….”

” သူကြီးကိုလူပျောက်တိုင်မလို့ဗျ…”

” ဟေ….ဘယ်သူပျောက်လို့လဲကွ…”

” ရွာအနောက်ပိုင်းက ကိုသာအေးရဲ့မိန်းမ မဘုတ်ဆုံပျောက်သွားလို့သူကြီးရဲ့….”

” ဟေ…ဘုတ်ဆုံက ကလေးမှမဟုတ်တော့ဘဲ ဘယ်နှယ့်ပျောက်ရတာတုန်းကွ…”

” မသိဘူးသူကြီးရေ…ဒီမနက်သူ့ယောကျာ်း ကိုသာအေးကသူ့မိန်းမအိမ်ပြန်မလာလို့ဆိုပြီးလိုက်ရှာနေလို့ဗျ…”

” ကလေးမှမဟုတ်တော့တဲ့ဥစ္စာ….သူ့မိန်းမက သူ့မိဘအိမ်ကိုအလည်သွားတာနေမှာပေါ့ကွဲ့…မဟုတ်ရင်လည်း အဝေးကယာကွက်တွေသြားတာနေမှာပေါ့…”

” ကိုသားအေးက သူ့ယောက္ခမအိမ်ရော ယာကွက်တွေမှာရော ရွာထဲမှာရော လိုက်ရှာတာနှံ့နေပြီတဲ့…ဘယ်နေရာမှမတွေ့ဘူးဆိုဘဲသူကြီးရေ….”

” ဟေ…ဒီမနက်မှလားကွ ဘုတ်ဆုံမ ပျောက်သွားတာ…”

” မနေ့က နေ့လယ်စာစားချိန်ရင်းပျောက်သွားတာတဲ့သူကြီးရ…”

” ဒီလိုဆိုဝိုင်းရှာပေးမှဖြစ်ရော့မယ်…ဒီရက်ပိုင်း ရွာထဲကျီးကန်းတွေဝဲနေတာ နိမိတ်မကောင်းဘူး….ရွာထဲကကာလသားတွေကို ငါခိုင်းတယ်ပြောပြီး အကြောင်းကြားလိုက်ဖိုးဖြူ….”

” ဟုတ်သူကြီး….”

သူကြီး၏အမိန့်ကြောင့် ရွာထဲရှိလူများက မဘုတ်ဆုံကိုဝိုင်းရှာပေးကြ၏။ ဇနီးကိုအလြန္ခ်စ်သူ ကိုသာအေး၏ရင်ထဲ၌ကား သောကအပူမီး လောင်ကျွမ်းလျက်ရှိသည်။ မဘုတ်ဆုံသွားတတ်သည့်နေရာတိုင်း လိုက်ရှာသော်လည်း မဘုတ်ဆုံ၏အရိပ်အယောင်ပင် မတွေ့ရချေ။

” ဘုတ်ဆုံရေ…မင်းဘယ်တွေသွားနေတာလဲကွာ…ကိုအရမ်းစိတ်ပူနေပြီ ပြန်လာတော့…”

ကိုသာအေးက ငိုသံစွက်ကြီးဖြင့် ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိသော ဇနီးသည်ကိုမျှော်မှန်း တမ်းတနေရှာ၏။

ညနေခင်းမွန်းလွဲ၂နာရီခန့်၌ တောထဲရှိသစ်ပင်တစ်ပင်၌တွဲလောင်းကျသေဆုံးနေသောလူတစ်ယောက်ကိုတွေ့လိုက်ရ၏။ ကျောဘက်သာမြင်ရသဖြင့် ဘယ်သူဘယ်ဝါမှန်းမသိရသေးချေ။ ရွာလူတစ်စုလည်း ထိုတွဲလောင်းကျနေသော လူတစ်ယောက်ကိုမြင်လျှင် ထိတ်ခနဲဖြစ်သွားကြပြီး ထိုနေရာသို့အပြေးသွားကြ၏။

” ဟာ….ဘုတ်ဆုံ….”

” ဟင်….ကြောက်စရာကြီးပါလား…”

ရွာသားတစ်စုထိုအလောင်းဆီပြေးသွားပြီး ကြည့်လိုက်ရာ သစ်ပင်ပေါ်မှတွဲလောင်းကြီးသေနေသောလူသည် မဘုတ်ဆုံဖြစ်နေ၏။ ကြိုးတန်းလန်းကြီးသေနေသဖြင့် မျက်နှာမှာဖောင်းကားပြီး ပြူးထွက်နေသည့်မျက်လုံးနှစ်လုံးမှာသွေးရောင်လွှမ်းနေသည်။ လျှာမှာလည်း ပါးစပ်မှအတစ်လိုက်ပြူထွက်နေ၏။ ဘုတ်ဆုံ၏ရုပ်အလောင်းမှာ သွေးပျက်ခြောက်ချားဖွယ်ရွာပင်။ အလောင်းရှာသူများမှာ မဘုတ်ဆုံကိုကြာကြာမကြည့်ဝံ့ကြပေ။ ကိုသာအေးကား ဇနီးသည်ကိုကြည့်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။

” အဖြစ်ဆိုးလိုက်တာမိန်းမရယ်….ဘာလို့ဒီလိုလုပ်ရတာလဲကွာ…အဟီးဟီး….”

ဇနီးသည်၏အလောင်းကိုကြည့်ပြီး ယူကြုံးမရ အပူလုံးကြွကာ သည်းစွာငိုကြွေးနေ၏။

” မဖြစ်ချင်လည်း ဖြစ်သွားပြီဘဲသာအေးရယ်…တရားနဲ့ဖြေပါကွယ်…ဦးကြီးတို့လည်းစိတ်မကောင်းပါဘူး….သွားလေသူစိတ်ဖြောင့်အောင် အားတင်းထားပါကွယ်…”

” ဦးကြီးရယ်….ကျုပ်သူ့ကိုသိပ်ချစ်တာဗျ…မဆဲရက်မဆူရက်ဘဲ အရိပ်တကြည့်ကြည့် လုပ်နေတာတောင် သူကကျုပ်ကိုထားခဲ့ရက်တယ်ဗျာ….”

” ဒါလည်းရှေးဘဝက အထုံကြောင့်ပါကွယ်….အဖန်ငါးရာငါးကမ္ဘာဆိုတဲ့အတိုင်း အထုံပါလာတော့လည်း ဘယ်သူမှမတားနိူင်ဘူးပေါ့ကွယ်…”

သူကြီးကထိုသို့ရှင်းပြနေသည့်တိုင် ကိုသာအေးကိုအငိုမတိတ်သေးချေ။ ချစ်ရသူတစ်ယောက် ယခုကဲ့သို့ခွဲခွာသွားသဖြင့် သူကြီးတို့်ဖြောင်းဖြသည့်စကားသည် ကိုသာအေး၏နားထဲသို့မဝင်ချေ။ သူကြီးက ကိုသာအေးကိုကြည့်ပြီး စိတ်မကောင်းရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။

” ကဲကဲ…အလောင်းမြေချဖို့်လုပ်ရမယ်…အချိန်မရှိတော့ဘူး…အပုပ်ချိန်ရောက်ရင် အလောင်းအတွက်မကောင်းဘူး…”

” ဒါဆိုအလောင်းကိုဖြုတ်ချလိုက်တော့မယ်နော်သူကြီး…”

” နေဦးကွ အရမ်းလုပ်လို့မရဘူး…ဆရာလွန်းရေ အလောင်းကိုဘယ်မှာချရမလဲဆိုတာမေးပေးပါဦး….အပြင်မှာသေတဲ့အလောင်း ရွာထဲသယ်လို့မကောင်းဘူး…”

သူကြီးကထိုသို့ပြောလိုက်ရာ နားလည်တတ်ကျွမ်းသောဆရာလွန်းက အလောင်းကိုမေးလိုက်၏။

” တူမကြီးရေ တူမကြီးရဲ့ရုပ်ကြွင်းခန္ဓာကို ဘယ်မှာမြေချစေချင်လဲကွဲ့….”

ဆရာလွန်းကထိုသို့မေးလိုက်ရာ လေကြမ်းတစ်ချက်တိုက်ပြီး သစ်ပင်များယိမ်းထိုးနေ၏။

” ဟင်….”

” ဟာ….”

ထိုစဉ်အလောင်း၏မျက်နှာသည် တောင်ဘက်အရပ်သို့မျက်နှာမူသွား၏။ ဘယ်ချိန်ကလှည့်သွားမှန်းမသိလိုက်ကြချေ။ သို့ကြောင့်ရွာသားများက ဟင်ခနဲဟာခနဲဖြစ်သွားကြကုန်၏။

” ကဲကဲ…အလောင်းကိုဖြုတ်ချလိုက်ဟေ့….ပြီးရင်ဒီအပင်ပါခုတ်ပြီးမီးရှို့လိုက်ကြ…အစအနတောင်မကျန်စေနဲ့….”

ဆရာလွန်း၏စကားကြောင့် ရွာသားတစ်ယောက်က အလောင်း၏လည်ပင်းပေါ်မှကြိုးကိုဖြတ်လိုက်၏။ ကျန်ရွာသားများက အလောင်းကို မ ကာခင်းထားသောပုဆိုးထဲသို့ချလိုက်၏။ အလောင်းမှာအေးစက်တောင့်တင်းပြီး အလွန်လေးလံနေ၏။ အလောင်းကိုထိကိုင်ကြရသော ရွာသားများမှာ ကြက်သီးဖြန်းဖြန်းထပြီး ဆံပင်များပါထောင်တက်သွားကြ၏။ သစ်ပင်ထက်မှအလောင်းကိုချပြီးလျှင် ကျန်ရွာသားများက ကြိုးဆွဲချသေထားသောသစ်ပင်ကိုခုတ်လဲှပြီး မီးရှို့လိုက်၏။ သစ်ပင်မှာအစိမ်းသက်သက်ဖြစ်သောကြောင့် တော်ရုံမီးမစွဲချေ။ တခြားသစ်ကိုင်းခြောက်များကိုပါယူပြီး ကူပေးနေရ၏။

ပြီးနောက် အလောင်းထည့်ထားသောပုဆိုးကို သစ်ချောင်းဖြင့်လျှိုထမ်းလိုက်ပြီး အလောင်းမျက်နှာမူရာအရပ်သို့သွားမြုပ်လိုက်၏။ အလောင်းထမ်းသွားရာလမ်းတစ်လျှောက်၌ ကိုသာအေးက တငိုငိုတရီရီဖြင့်လိုက်လာ၏။

” ငထွန်း…မင်းအားထဲ့ထမ်းစမ်းပါကွာ လေးလိုက်တာ….”

” ဟ…ငါလည်းအားစိုက်ပြီးထမ်းနေတာကွ…ငါ့ပခုံးတွေတောင် နာနေပြီ ….”

အလောင်းထမ်းသည့်ရွာသားနှစ်ယောက်မှာ ချွေးစောပျံနေပြီ။

” မောင်ထွန်းနဲ့မောင်ပွ…ဘယ်လိုဖြစ်ကြတာလဲဟ မိန်းကလေးတစ်လောင်းနှစ်ယောက်ထမ်းတာတောင် မနိူင်ကြဘူးလား ပျော့ညံ့လိုက်ကြတာ…”

” ကျုပ်တို့ပျော့ညံ့တာမဟုတ်ဘူးသူကြီး….အလောင်းကတဖြေးဖြေးလေးလာသလိုဘဲဗျ…မယုံရင်သူကြီးတို့လာထမ်းကြည့်….”

” ဟေ့သာဒွန်းနဲ့လှဆောင် မင်းတို့ထမ်းကူလိုက်ကြ….”

” ဟုတ်သူကြီး…. ”

သူကြီး၏အမိန့်ကြောင့် သာဒွန်းတို့လူလဲကာ ထမ်းကူလိုက်ကြ၏။ သာဒွန်းတို့လည်းရှေ့ကထမ်းသော လူနှစ်ယောက်ကဲ့သို့ မောဟိုက်နေ၏။

” ဟင်…”

ဆရာလွန်းသည် အရှေ့မှအလောင်းထမ်းနေသော ရွာသားနှစ်ယောကိုကြည့်လိုက်ရာ ထိုအလောင်းထမ်းနေသောရွာသားနှစ်ယောက်၏ နောက်မှလိုက်နေသော သေဆုံးသူမဘုတ်ဆုံကိုမျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် ခေါင်းနပမ်းကြီးသွား၏။ ရှေ့သို့လှမ်းနေသောခြေလှမ်းတို့မှာတုံ့ခနဲရပ်သွား၏။

” ဆရာလွန်း ဘာဖြစ်လို့ရပ်လိုက်တာလဲ…”

ဆရာလွန်းရပ်နေသည်ကိုမြင်သောသူကြီးကထိုသို့မေးလိုက်လျှင် ဆရာလွန်းကသူကြီးအား အလောင်းနောက်မှ မဘုတ်ဆုံကိုမေးငေါ့ပြလိုက်၏။

” ဗုဒ္ဓေါ!…..”

သူကြီးမှာ မဘုတ်ဆုံ၏ဝိညာဉ်ကိုမြင်ပြီးဘုရားတမိ၏။ သို့သော် အလောင်းထမ်းသည့်လူနှင့် တခြားလူများကြောက်သွားမည်စိုးသဖြင့် ဟန္မပ်က္လိုက္လာ၏။ တခြားလူများမှာမဘုတ်ဆုံကို မြင်ပုံမရချေ။ သူကြီးနှင့်ဆရာလွန်းမှာ နောက်ဆုံးမှနေပြီး အလောင်းကိုလိုက်ပို့၏။ ခြေလှမ်းများကား တုံ့နှေးနေဆဲပင်။

အလောင်းမြေချပြီးသည့်နောက် ကိုသာအေးကား ဇနီးဖြစ်သူကိုလွမ်းဆွတ်ကာ တမှိုင်မှိုင်တတွေတွေဖြစ်နေသည်။ အရက်မသောက်တတ်သော ကိုသာအေးတစ်ယောက် ဇနီးသေဆုံးပြီးအရက်ကို လူမသိသူမသိအောင်သောက်သည်။ မိဘနှင့်ယောက္ခမများမှာ ကိုသာအေးအတွက်ရတက်မအေးဖြစ်နေရှာသည်။

တစ်ခုသောည၌ ကိုသာအေးသည် ဇနီးသည်ကိုလွမ်းသည့်စိတ်များကို ဖြေဖျောက်ရန် ရွာထိပ်အရက်ဆိုင်သို့ထွက်လာခဲ့သည်။ အရက်ဆိုင်ရောက်သော် မူးရူးအောင်သောက်သည်။ ဇနီးသည်ကိုမေ့၍ရအောင် သောက်သည်ဆိုသော်ငြားလည်း မူးလေပိုသတိရလာလေဖြစ်၏။

” ဘုတ်ဆုံ….မင်းရက်စက်တယ်ကွာ….မင်းကြောင့်ငါအရက်သမားဖြစ်နေပြီ….မင်းကိုအရမ်းချစ်တာသိရက်သားနဲ့ကွာ…မင်းထားခဲ့ရက်တယ်…အီးဟီးဟီး…”

” ဂွက် ….ဂလု…”

ပြောပြောဆိုဆိုအရက်ခွက်ကိုယူပြီး ဂွက်ခနဲမော့သောက်ပြန်သည်။ အဝေးတစ်နေရာကိုဆွေးဆွေးမြေ့မြေ့ကြည့်ပြီး ဇနီးသည်ကိုတမ်းတပြန်သည်။ ဘေးဝိုင်းရှိအရက်သမားများက ကိုသာအေး ကိုကြည့်ပြီးသနားနေကြသည်။ မူးအောင်သောက်ပြီးနောက် လက်ကျန်အရက်ပုလင်းကိုဆွဲကာ ဒယီးဒယိုင်ဖြင့်ပြန်သွား၏။ လမ်းမထက် ဟိုဟိုသည်သည် ပြည့်နေအောင်လျှောက်၏။

” ကောင်လေး….မင်းဒီတိုင်းဘဲမူးရူးနေတော့မှာလား…”

အမှောင်ရိပ်ထဲမှလာသော အသံကြောင့် ကိုသာအေး၏ခြေလှမ်းများတုံ့ခနဲရပ်သွား၏။ ဘေးဘီဝဲယာကိုကြည့်သော်လည်းဘယ်သူမှမရှိ။

” ဘယ်သူလဲကြ…အေ့…ဂေ့…”

” ငါဘယ်သူလဲဆိုတော့ ငါကမင်းမိန်းမကိုပန်ခေါ်ပေးမဲ့သူလေ…”

ထိုစကားကြောင့်ကိုသာအေး အမူးပြေသွားသလိုပင်ရှိ၏။

” ဘယ်…ဘယ္လို….ငါ့မိန်းမကိုပြန်ခေါ်လာပေးမယ်…မင်းအဲလို့ပြောလိုက်တာလား….”

” ဟုတ်တယ်ကောင်လေးရ….ငါမင်းမိန်းမကိုပြန်ခေါ်ပေးမယ်…မင်းအနေနဲ့ငါ့ကိုတစ်ခုပြန်ကူညီရမယ်ဘယ်လိုလဲ…”

” သေချာလို့လား…ငါ့မိန်းမကတကယ်ပြန်လာမှာလား….ငါ့မိန်းမသာတကယ်ပြန်လာရင် ဘာဖြစ်ဖြစ်ကူညီမယ်…”

” ဒါဆိုဒီည သုသာန်ကဇရပ်ကိုလာခဲ့ ဘယ်သူမှမသိစေနဲ့နော်….”

” ဟုတ်ပြီ…ငါ့မိန်းမသာ ပြန်လာရင်ဘာဘဲလုပ်ရလုပ်ရ ငါလုပ်မယ် …”

ဆိုပြီး အမှောင်ထဲမှလူကိုနူတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့၏။

ညလူခြေတိတ်ချိန်တွင် ကိုသာအေးတစ်ယောက် ရွာပြင်သုဿာန်သို့တစ်ယောက်ထဲထွက်လာခဲ့၏။ သုဿာန်ဇရပ်ပေါ်တွင်ကား လူကြီးတစ်ယောက်ဆေးလိပ်ထိုင်ဖွာနေသည်ကို တွေလိုက်ရ၏။

” ရောင်လာပြီလားလူလေး…မင်းလာမှလာပါ့မလားလို့… ”

” ညေနက ကျုပ်ကိုစကားပြောတာ ဒီကဦးကြီးလား….”

” ဟုတ်ပါ့ဗျာ…ဟုတ်ပါ့…ဇရပ်ပေါ်လာခဲ့ကွ…”

ထိုလူကြီးက ကိုသာအေးအားဇရပ်ပေါ်သို့ ခေါ်လိုက်၏။ အမှောင်ထုကြီးစိုးနေသဖြင့် ထိုလူကိုဝိုးတဝါးသာမြင်နေရပြီး ထိုလူ၏ပါးစပ်မှကိုက်ထားသော ဆေးလိပ်ပြီးရဲရဲကိုသာသေချာမြင်ရ၏။ သို့သော်သက်ကြီးပိုင်းဖြစ်မှန်း ကိုသာအေးခန့်မှန်း၍ရနေသည်။ ထိုလူက ပါးစပ်မှကိုက်ထားသော ဆေးလိပ်ကိုဖယ်လိုက်ပြီး

” လူလေးအနေနဲ့ လူလေးမိန်းမကိုတကယ်ပြန်လာစေချင်တာလား….”

” တကယ်ပေါ့ဗျာ…ကျုပ်ကမိန်းမကိုအရမ်းချစ်တဲ့လူဗျ….ဒါပေမဲ့မိန်းမက ဘာစိတ်ညစ်စရာရှိတယ်မသိဘူး ကျုပ်ကိုထားရစ်ခဲ့လေရဲ့….”

” ဟုတ်ပြီ ဒါဆိုရင်လူလေးမိန်းမကို ပြန်လာအောင်လုပ်ပေးမယ် အချိန်ကျပြီ လူလေး ဟောဟိုကကျုပ်ဝယ်လာတဲ့ကြက်ကို ဖမ်းယူပြီးလိုက်ခဲ့….”

ကိုသာအေးလည်း ထိုလူကြီးပြောသည့်အတိုင်း ဇရပ်ထောင့်မှ ခြေထောက်နှစ်ဖက်ကြိုးချည်ထားလျှက်ရှိသော ကြက်ဖကိုဖမ်းယူပြီး ထိုလူကြီးနောက်ခပ်သုတ်သုတ်လိုက်လာခဲ့၏။ ထို့နောက်နှစ်ယောက်သား၏ ဦးတည်ချက်ကား မဘုတ်ဆုံကိုမြုပ်နှံရာ တောထဲသို့လာခဲ့ကြ၏။ ထိုတောသည် မတော်တဆသေဆုံးသည့် လူများကိုမြုပ်နှံသည့် အစိမ်းသေသင်္ချိုင်းကြီးဖြစ်၏။

” ဂီး….ဂီး….”

” ဖလပ်….ဖလပ်…ဖလပ်…”

ထိုအစိမ်းသေ သင်္ချိုင်းထဲသို့ ဝင်လိုက်သည်နဲ့ အိပ်တန်းတက်နေသောငှက်ဆိုးအုပ်က တဂီးဂီးအော်ကာ ထပ်ံ၏။ ကိုသာအေးကားကျောထဲ ခပ်စိမ့်စိမ့်ဖြစ်လာပြီး လူကြီးအနားတိုးကပ်သွား၏။

” ဘာမှမကြောက်နဲ့ကောင်လေး…မင်းမိန်းမ မြုပ်နှံထားနဲ့မြေပုံကို မှတ်မိလား…”

” မှတ်…မှတ်မိတယ်ဦးကြီး…ဟောဟိုကသစ်ပင်ကြီးအောက်မှာပါ….”

ကိုသာအေးက မဘုတ်ဆုံအလောင်းမြုပ်နှံရာနေရာသို့ ဦးဆောင်လမ်းပြလိုက်၏။ အဘိုးကြီးလည်း ထိုနေရာသို့သွားလိုက်ပြီးရောက်လျှင်

” ဤသင်္ချိုင်းမြေကို ငါဆရာမှိုင်းရှိနေစဉ်အတွင်း ဘယ္ပရေလာကသားမွ ခြောက်လှန့်နှောင့်ယှက်ခြင်းမပြုရ….”

ဟုပြောပြီး ဥုံခံကာ မန္တာန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်၏။ ပြီးနောက် ကိုသာအေးဘက်လှည့်ပြီး

” လူလေး မင်းမိန်းမအလောင်းကိုပြန်ဖော်လိုက်…”

” ဗ်ာ!…”

” မဗျာနဲ့ မင်းမိန်းမ အလောင်းကိုပြန်ဖော်လိုက်….”

ကိုသာအေးက ဘာတစ်ခုမှနားမလည်သော်လည်း ထိုလူကြီးခိုင်းသည့်အတိုင်း မြေပေါ်ထိုင်ချကာမြေပုံမို့မို့ကို စတင်ဖော်လိုက်၏။ တစ်အောင့်အကြာ၌ အပုပ်နံ့လှိုင်လာပြီး မဘုတ်ဆုံ၏ ပုပ်ပွနေသောအလောင်းကြီးပေါ်လာ၏။

” ရပြီလူလေး…ငါ့အနောက်မှာနေ…”

လူကြီးက ထိုသို့ပြောပြီး ကိုသာအေးယူလာသော ကြက်ကို ပါလာသောဓားဖြင့်လည်ပင်းပြတ်ထွက်အောင်လှီးလိုက်၏။ ကြက်မျာအော်ချိန်ပင်မရလိုက်ဘဲ ခေါင်းနှင့်ကိုယ် တခြားစီဖြစ်သွား၏။ ကြက်သွေးမှာလည်းအလုအယက် ပန်းထွက်လာ၏။ ပြီးနောက် လူကြီးသည် ကြက်သွေးကို မဘုတ်ဆုံ၏ပုပ်သိုးနေသောအလောင်းပေါ်သို့ ဖျန်းလိုက်၏။

” ဒီအရပ်မှာရှိတဲ့ မဘုတ်ဆုံရဲ့ ဝိဉာဉ်ငါ့အနားလာခဲ့ပါ…မဘုတ်ဆုံ၏ဝိဉာဉ်မှလွဲ၍ တခြားဝိဉာဉ်မလာရ…”

” အူး…ဝူး….ဝူး….ဝူး….”

လူကြီးကထိုသို့ပြောလိုက်သည်နဲ့ တောခွေးတစ်ကောင်၏ အူသံရှည်ကြီးသည် နီးလာလိုက်ဝေးသွားလိုက်ဖြင့် ဆွဲဆွဲငင်ငင်အသံပြုနေ၏။ တအောင့်အကြာ၌ အလောင်းပေါ်ကျနေသော ကြက်သွေးသည် တစ်ယောက်ယောက် ယက်စားလိုက်သကဲ့သို့ပြောင်စင်သွား၏။ အခြေနေကိုသဘောပေါက်သွားသော လူကြီးက

” မင်းရောက်ပြီလား…မင်းကဘုတ်ဆုံရဲ့ဝိဉာဉ်အစစ်လား…ဟုတ်တယ်ဆိုရင် သစ်ကိုင်းကိုလှုပ်ပြ…”

ဆိုပြီးနံဘေးရှိ သစ်ပင်ကိုညွှန်ပြလိုက်၏။ ထိုစဉ်နံဘေးရှိသစ်ကိုင်းသည် လေမတိုက်ပါဘဲ အရှိန်ပါပါလှုပ်ယမ်းနေ၏။

” မဘုတ်ဆုံရဲ့ဝိဉာဉ်အမှန်ဆိုငါတို့နဲ့လိုက်ခဲ့….လူလေး အလောင်းပေါ်က ဝတ်စုံကိုချွတ်လိုက်….”

လူကြီးကမဘုတ်ဆုံ၏ ဝိဉာဉ်ကိုခေါ်ပြီး ကိုသာအေးအား ပုပ်ပွနေသောအလောင်းပေါ်ရှိ အဝတ်အစားကိုချွတ်ခိုင်းလိုက်၏။ အလောင်းမှာပုပ်ပွရိရွဲနေသဖြင့် အဝတ်မှာတော်ရုံချွတ်၍မရချေ။ ကိုသာအေးက ကြောက်ကြောက်လန့်လန့်ဖြင့် အလောင်း၏ခန္ဓာပေါ်မှအဝတ်ကို ဆွဲချွတ်လိုက်၏။

” ရပြီဦးကြီး…ကျန်တာဘာလုပ်လိုက်ရမလဲ…”

” အလောင်းကိုမြေပြန်ဖို့လိုက်…မင်းကိစ္စတော့ပြီးပြီ ငါ့ကိစ္စဘဲကျန်တယ်…”

ကိုသာအေးလည်း လူကြီးပြောသည်အတိုင်း အလောင်းကိုမြေပြန်ဖို့လိုက်၏။ ပြီးသွားသော်လူကြီးက တခြားမြေပုံတစ်ခုသို့သွားပြီး သူကိုယ်တိုင်တစ်ခုခုကိုလုပ်နေ၏။ မြေပုံမှာ အတော်ပင်ကြာနေဟန်ရှိသည်။ တအောင့်ကြာသော် ထိုလူကြီး၏လက်ထဲမှ လက်ဖျံရိုးတစ်ခုပါလာ၏။ လူကြီးသည် လက်ဖျံရိုးကိုယူပြီး ပါလာသောလွယ်အိတ်ကြီးထဲထည့်လိုက်၏။

” ကဲပြန်မယ်လူလေး…”

ကိစ္စအားလုံးပြီးသွားသည်နှင့်နှစ်ယောက်သား အစိမ်းသေ သင်္ချိုင်းမှထွက်လာခဲ့၏။

ရွာသို့ပြန်ရောက်လာချိန်တွင် မနက်လေးနာရီထိုးနေချေပြီ။ ထိုအချိန် လူကြီးက သွားနေရာမှရပ်တန့်လိုက်ပြီး

” ကဲလူလေး…ကျုပ်တို့ဒီမှာဘဲလမ်းခွဲကြတာပေါ့…လူလေးကိုမှာစရာရှိတယ် ခုလူလေးယူလာတဲ့ဝတ်စုံမှာ သေသူရဲ့ဝိဉာဉ်ပါလာတယ်….သူ့ကိုအသက်ရှိစဉ်ကလိုဘဲပြုမူဆက်ဆံပါ…တစ်ခုတော့ရှိတယ် သူ့ကို လတ်ဆတ်တဲ့သွေး တိုက်ကျွေးပေးရမယ်…လူလေးကလွဲပြီး သူရှိမှန်းဘယ်သူမှမသိပါစေနဲ့….ကဲသွားပြီလူလေးရေ…”

လူကြီးကထိုသို့ပြောပြီး ကိုသာအေးကိုနူတ်ဆက်ကာ အမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွား၏။ ထိုလူကြီးထွက်သွားပြီးနောက် ကိုသာအေးလည်းအိမ်သို့ပြန်လာပြီး သက်ပျောက်ဝတ်စုံအား အိပ်ယာပေါ်ဖြန့်ခင်းလိုက်၏။

” မိန်းမ… မင်းတကယ်ပြန်လာ မလာ သိရအောင် ကျုပ်ကို တစ်ခုခုအချက်ပြပါလား….”

” ဖျော….ဖျော….ဖျော….”

” ကျွီ…အီ….ကျွီ….”

ကိုသာအေးထိုသို့ပြောလိုက်သည်နဲ့ အခန်းပြတင်းပေါက်တံခါးရွက်နှစ်ချပ်မှာ လေတိုက်ပြီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေ၏။ လိုက္ကာစမွလား လေတိုက်ပြီးတဖျတ်ဖျတ်လွန့်လူးနေ၏။ စိမ်းရွှေရွှေအပုပ်နံ့ကြီးလည်း လေနှင့်အတူပါလာခဲ့၏။

” ယုံ…ယုံပါပြီမိန်းမရယ်…အပုပ်နံ့ကြီးမထုတ်နဲ့တော့….ဝေါ့….”

ထိုအပုပ်နံ့ကြောင့် ကိုသာအေး အော်ဂလီဆန်တက်လာပြီး ပြတင်းပေါက်ဆီပြေးကာထိုးအန်လိုက်ရ၏။

” ဟူး….ခုမှဘဲအဆင်ပြေသွားတော့တယ်…ဒီတိုင်းဆိုမဖြစ်ဘူးအပုပ်နံ့ကအရမ်းဆိုးတယ်…ဒီကြားထဲသက်ပျောက်ဝတ်စုံမှာကပ်ပါလာတဲ့အသားပုပ်နံ့တွေကလည်း နံဟောင်နေတာ…ရေမွှေးလေးဆွတ်….ဆွတ်….”

” ဒုန်း….”

” ခွမ်း….”

ကိုသာအေးပြော၍ပင်မဆုံးသေး။ အခန်းပြတင်းပေါက်ရှိတံခါးရွက်သည် အားပါပါပိတ်ခံလိုက်ရပြီး တံခါးရွက်မှတပ်ထားသောမှန်ချပ်သည် ခွမ်းခနဲမြည်ကာ အစိတ်စိတ်အမွှာမွှာကွဲသွား၏။

” အေမလး….မိန်းမမကြိုက်ရင် ယောကျာ်းမလုပ်ပါဘူးမိန်းမရယ်…အခန်းမှန်တွေတော့မခွဲလိုက်ပါနဲ့….”

ထိုသို့ပြောပြီး ထိတ်ထိတ်လန့်လန့်ဖြင့် အခန်းထဲပြန့်ကျဲနေသော မှန်ကွဲစများကိုကောက်ယူနေ၏။

” အား…..”

မှန်ကွဲစတစ်ခုက ကိုမောင်အေး၏လက်ကိုရှ၏။ အသားထဲခပ်နက်နက်ဝင်သွားသဖြင့် သွေးများပန်းထွက်ကုန်၏။

” ကျွတ်….ဒီလောက်အနာလေးနဲ့သွေးတွေထွက်လိုက်တာများကွာ…အဝတ်စနဲ့ပတ်ထားမှရမယ်…”

ကိုသာအေးထိုသို့ပြောပြီး အခန်းထဲမှပုဆိုးကိုအနည်းငယ်ဖြတ်လိုက်ပြီး လက်မှအနာကိုပတ်လိုက်၏။

” ဟင်…ကြမ်းပြင်ပေါ်ကျနေတဲ့သွေးတွေဘယ်ရောက်သွား….”

ကိုသာအေး၏လက်မှကျသောသွေးသည် ကြမ်းပြင်ပေါ်တွင်တစက်မှရှိမနေတော့။ ကိုသာအေးထိုအဖြစ်ကိုကြည့်ပြီး ရင်ထဲစိုးထိတ်နေမိသည်။

” မိန်း….မိန်းမ…ကြမ်းပြင်ပေါ်ကသွေးတွေ မင်း…မင်း…”

ထိုသို့ပြောပြီး သက်ပျောက်ဝတ်စုံရှိသော ကုတင်ပေါ်ကြည့်လိုက်ရာ မိန်းမတစ်ယောက်၏ ပုံသဏ္ဍာန်ကိုရိပ်ခနဲမြင်လိုက်ရသည်။ ထိုအရိပ်သည် မဘုတ်ဆုံကလွဲပြီး မည်သူမှမဖြစ်နိူင်။

” မိန်းမ…ဗိုက်ဆာနေလို့လားဟင်…ခနစောင့်မိန်းမအတွက် သွားရှာလိုက်မယ်…”

ထိုသို့ပြောပြီး အခန်းတံခါးကိုပိတ်ကာ အမဲဒိုင်ရှိရာသို့လာပြီး အမဲသွေးကိုကော်ဗူးဖြင့်နှစ်ဗူးဝယ်လာ၏။ ပြန်ရောက်သော် အမဲသွေးကို ပန်းကန်ထဲထည့်ပြီး သက်ပျော်ဝတ်စုံရှိရာကုတင်ပေါ်သို့တင်လိုက်၏။

” မိန်းမ မင်းအတွက်အမဲသွေးယူလာတယ်သောက်လိုက်နော်…. ဒီနားထားပေးမယ်နော်…”

ထိုသို့်ပြောပြီး အခန်းတံခါးကိုပြန်ပိတ်လိုက်၏။ တအောင့်အကြာ ကိုသာအေးကအခန်းထဲပြန်ဝင်သွားပြီး ပန်းကန်ထဲရှိအမဲသွေးမှာတက်တက်စင်အောင် ပြောင်နေ၏။
ဤနည်းဖြင့် ကိုသာအေးသည် မဘုတ်ဆုံ၏ဝိဉာဉ်အား အမဲသွေး၊ကြက်သွေး၊ဝက်သွေးတို့ဖြင့် ရရာရှာကျွေးမွေးထား၏။
တစ်ခေါက်မဟုတ် တရိစ္ဆာန်တို့၏သွေးများကို ယူသည့်အကြိမ်များလာသော် ပတ်ဝန်းကျင်က ရိပ္စားမိလာ၏။ ရွာထဲ၌လည်း ကိုသာအေးအကြောင်းကိုတီးတိုးပြောဆိုလာကြ၏။

” တေလာက ဇနီးသေသွားတဲ့ကိုသာအေးကခုဆို အမဲသွေးတွေနေ့တိုင်း လာဝယ်တာတဲ့တော်…”

” ညည်းဘယ်လိုသိလဲမိအေးရဲ့…”

” အိုတော်…ကျုပ်ယောကျာ်းကိုသိန်သီးက အဲအမဲဒိုင်မှာအလုပ်လုပ်တာလေ သူပြောလို့သိတာပေါ့တော့…”

” အိုသူလည်း အားရှိအောင်စားတာနေမှာပေါ့အေ့…”

” ဖြစ်နိူင်ပါဘူးတော် အမဲသွေးကြီးနေ့တိုင်းဘယ်သူကစားနိူင်မှာတုံး…ဒါနဲ့ညည်းကိုပြောပြအုံးမယ်…ညက မယ်အစ် အဲဒီလမ်းဘက်သွားတော့ ကိုသာအေးတစ်ယောက်အိမ်ထဲမှာ စကားတွေပြောနေတာတဲ့…အဲဒါနဲ့သူလည်း ကိုသာအေးများမယားထပ်ယူလာတာလား ထင်လို့အိမ်ထရံပေါက်ကနေ ချောင်းကြည့်တာ မိန်းမကြီးတစ်ယောက်နဲ့ စကားထိုင်ပြောနေတာတဲ့အေ…”

” အင်းပေါ့ သူလည်းမိန်းမသေတာကြာပြီဘဲ နောက်မိန်းမယူချင်ရှာမှာပေါ့အဆန်းလုပ်လို့…”

” ကျုပ်ပြောတာမဆုံးသေးဘူးအေ့…အဲဒီမိန်းမက တျခားလူမဟုတ္ဘူး သေသွားတဲ့မဘုတ်ဆုံကြီးတဲ့တော်….”

” ဘယ္လို…ဘယ္လို…သေတဲ့လူကဘယ်နှယ့်ပြန်ရှင်လာမတုံးအေ့…”

” မသိဘူး မယ်အစ်ပြောတာတော့ သူချောင်းကြည့်တော့အဲဒီမိန်းမကြီးက သိသွားပြီး ကိုယ်မလှည့်ဘဲ ခေါင်းချည်းနောက်ပြန်ကြီး လှည့်လာတာတဲ့အေ့….ပြောရင်းနဲ့တောင်ကြက်သီးထလာပြီ…”

” မယ်အစ်ကြီး လျှောက်ပြောနေတာနေမှာပါအေ….”

” လျှောက်ပြောတာလားဘာလားတော့မသိဘူး…ခုတော့မယ်အစ်ကြီး လန့်ဖျားဖျားနေတာသုံးရက်ရှိပြီတဲ့အေ့….”

” အဖြစ်မှန်ကိုမသိသေးဘဲ ရမ်းပြီးမပြောတာအကောင်းဆုံးပါအေ….”

ဈေးရောင်းနေသောအမျိုးသမီးနှစ်ယောက်က ပြောနေကြသောစကားများဖြစ်၏။
ကိုသာအေး၏ သတင်းသည်လူသတင်းလူချင်းဆောင်သောကြောင့် ရွာထဲသာမကတခြားရွာသို့ပါ ပျံ့သွားလေ၏။

” ကိုကြီးသာအေး ဘယ်သွားမလို့လဲဗျ…”

လမ်းမကြီးအတိုင်းလာနေသော ကိုသာအေးကိုမောင်လုံးကမေးလိုက်ခြင်းဖြစ်၏။ ကိုသာအေး၏မျက်နှာမှာ အတော်ချောင်ကျနေပြီး ပွန်းပဲ့ရာများထင်နေ၏။ ကိုသာအေးက မောင်လုံး၏အမေးကိုပြန်မဖြေဘဲ အမြန်လျှောက်၏။

” ကိုကြီးသာအေး ဘာဖြစ်တာပါလိမ့် မေးလည်းမဖြေဘူး…နေများမကောင်းတာလားမသိဘူး…မျက်နှာလည်းအတော်ချောင်ကျနေတယ်…”

ကိုသာအေး၏ကျောပြင်ကိုငေးကြည့်ပြီး မောင်လုံးတစ်ယောက် ထိုသို့တွေးနေမိ၏။ ထို့နောက်လမ်းမကြီးအတိုင်း သြားရာ တစ်အောင့်အကြာ၌ ကိုသာအေး၏အိမ်ရှေ့သို့ရောက်လာ၏။ ထိုစဉ်ကိုသာအေး၏အိမ်နောက်ဖေးမှ အမျိုးသမီးတစ်ယောက်သည် ကုန်းကုန်းကွကွဖြင့် တစ်ခုခုကိုလုပ်နေ၏။ စပ္စုလွေသာ မောင်လုံးလည်း ကိုသာအေး နောက်မိန်းမယူထားသည်ထင်ကာ ခြံထဲဝင်ပြီးအနီးကပ်လာကြည့်၏။ အပုပ်နံ့ကြီးက သူ့နှာခေါင်းထဲထောင်းခနဲဝင်လာသည်။ မောင်လုံးအနားရောက်မလာခင်မှာပင် ထိုမိန်းမကြီးမှာသူ့အနားလှည့်လာခဲ့၏။

” အေမလး! အေမေရ….မဘုတ်ဆုံကြီး….”

မောင်လုံးအလန့်တကြားအော်ပြီး ကိုသာအေး၏အိမ်ဝန်းထဲမှတချိုးတည်းထွက်ပြေးသွား၏။ သူမြင်နေရသော မိန်းမကြီးမှာ မဘုတ်ဆုံ၏ဝိဉာဉ်သာဖြစ်၏။

မောင်လုံးတစ်ယောက် မဘုတ်ဆုံ၏ဝိဉာဉ်ကိုမြင်ပြီးနောက်ပိုင်း တစ်ပတ်ခန့်အဖျားကြီးဖျားသွားသည်။ မဘုတ်ဆုံမကျွတ်မလွတ်ဖြစ်နေသည့်သတင်းသည်လည်း ရွာထဲပျံ့နှံ့နေသည်။ ကိုသာအေးလည်းတနေ့တခြားပိန်လိန်လာပြီး အမဲသွေးကိုဝယ်ဖို့ပင် ဝင်ငွေမရှိတော့ချေ။ သို့ကြောင့် သက်ပျောက်ဝတ်စုံမှပူးကပ်နေသော မဘုတ်ဆုံ၏ဝိဉာဉ်သည် အစာငတ်မွတ်လာပြီး ကိုသာအေးကိုပြဿနာရှာတော့သည်။ အမှန်ပြောရသော် မဘုတ်ဆုံမှာသေလွန်ပြီး ဝိဉာဉ်လောကသားမဟုတ်တော့ဘဲ သရဲသဘက်ကြီးအဆင့်ပင်ရောက်နေချေပြီ။ သို့ကြောင့် လူ့ဘဝမှအကြောင်းအရာများကိုမေ့လျော့နေချေပြီ။

” ဝုန်း….ဒုန်း…”

” ခွမ်း….”

အခန်းထောင့်တွင်ထိုင်နေသာ ကိုသာအေးတစ်ယောက် ထိုအသံကြောင့်ထိတ်လန့်သွားသည်။ ကြွေပန်ကန်အပိုင်းအစတို့သည်ကား အိမ်ထဲဝယ်ဟိုတစ်စသည်တစ်စပြန့်ကျဲလျက်ရှိ၏။

” မိန်းမ….ဒီလိုမလုပ်ပါနဲ့ကွာနော်….မိန်းမအတွက် အမဲသွေးတွေမရရအောင် ရှာလာခဲ့ပေးမယ်နော်…”

” အား….မိန်း….မိန်း…မ…လွှတ်…လွှတ်…. ”

ပြော၍ပင်မပြီးသေး မမြင်ရသောအရာတစ်ခုသည် ကိုသာအေး၏လည်ပင်းအား အသားကုန်ညှစ်နေချေပြီ။ ညှစ်ထားသောလက်သည် အားပါလှသဖြင့် ကိုသာအေးအသက်ရှူကြပ်လာပြီး အမြင်ဝေဝါးလာသည်။

” ဘုန်း….”

” အင့်….”

သည်တစ်ခါမိမိကိုယ်ကို စိတ်ကိုအနိမ့်ဆုံးအထိချပြီး သေရန်ပြင်ဆင်ထားသော်လည်း မဘုတ်ဆုံ၏ဝိဉာဉ်ဆိုးက သူ့ကိုမသတ်ဘဲ အိမ်နံရံသို့ပစ်ပေါက်လိုက်သည်။ အိမ်နံရံနှင့်ရိုက်မိပြီး ဘုန်းခနဲမြည်ကာ ကျောပြင်ရှိ ကျောရိုးများကျိုးကြေကုန်ပြီဟုပင် ထင်မှတ်လိုက်သည်။ မိမိခ်စ္မဝသေးသော ဇနီးမယားကို သေရွာမှပြန်ခေါ်ခဲ့သည်မှာ မှားလေပြီဟု တွေးမိလေသည်။ သို့သော် လွန်စွာမှနောက်ကျခဲ့လေပြီ။ ခေါ်စဉ်ကလွယ်ပြီး ပြန်နှင်ရန် မလွယ်တော့သည့် ဤပရလောကဝိဉာဉ်အတွက် သူစတေးခံရတော့မည်။ နာကျင်နေသောခန္ဓာကို ရှိသမျှအားသုံးပြီး ဖြည်းဖြည်းချင်းထလာသည်။

” ရွှီး…ရွှီး…ရွှီး….”

ထိုစဉ်ချွန်မြသောအရာသည် သူ့မျက်နှာပြင်ပေါ်သို့ကျလာပြီး မျက်နှာတစ်ခုလုံးပူစပ်စပ်ဖြစ်သွားသည်။ ထို့စဉ်တစ်ကိုယ်လုံးအမွေးအမြှင်ထူထပ်နေသော သရဲတစ်ကောင်သည် သူ့ရှေ့တွင်ထိုင်နေပြီး ထိုသရဲသည်တဖြည်းဖြည်းရုပ်ပြောင်းလာပြီး မဘုတ်ဆုံအသွင်ဖြစ်သွားသည်။

” မိန်း….မိန်းမ…”

” ဟင်း….ဟင်း….ငါသွေးဆာတယ်….ငါ့ကိုအမဲသွေး ယူလာပေး….မဟုတ်ရင်ငါနင့်ကိုသတ်မယ်….”

” ခုတလောအမဲသွေးတွေရဖို့ခက်လို့ပါမိန်းမရယ်….”

” ဘာမှမကြားချင်ဘူး…ငါ့ကိုအမဲသွေးရအောင်ယူလာပေး….နောက်ပြီးငါရှိနေတဲ့အကြောင်း ဘယ်သူမှမသိစေနဲ့…မဟုတ်ရင်နင့်အသက်အသေဘဲ…ဟင်းဟင်း…”

” မိန်းမရာ ယောကျာ်းအပေါ်ဘာလို့အငြိုးတွေထားနေတာလဲဟင်….ယောကျာ်းဘာအမှားလုပ်မိလို့လဲ….မိန်းမကိုချစ်လွန်းလို့ တမလွန်ကနေတောင် ခက်ခက်ခဲခဲပြန်ခေါ်ခဲ့ရတာလေ… ”

” မကြားချင်ဘူး…ခုငါအရမ်းဆာလောင်နေတယ်…သွေးယူလာပေး မကြာစေနဲ့…”

သရဲမကြီးက ထိုသို့ပြောပြီး ပျောက်သွား၏။ ကိုသာအေးလည်း ထိုသရဲမ၏ဒဏ်ကိုမခံနိူင်တော့သောကြောင့် မီးထွန်းရန်ဝယ်ထားသောရေနံဆီကိုယူပြီး အခန်းထဲဝင်ကာ ကုတင်ပေါ်ရှိနေသော သက်ပျောက်ဝတ်စုံပေါ်သို့လောင်းချပြီး မီးတို့လိုက်သည်။

” ဖျစ်….ဖျစ်….ဖျစ်…”

သက်ပျောက်ဝတ်စုံမှာမီးအနည်းငယ်လောင်ကျွမ်းပြီး ပြန်ငြိမ်းသွားသည်။ ကိုသာအေးလည်းအလျော့မပေးဘဲ မီးပြန်တို့ရန်လုပ်စဉ်

” အစ်….အစ်….”

ကြမ်းတမ်းသောလက်တစ်စုံက ကိုသာအေး၏လည်တိုင်ကို အားပါပါညှစ်ထားလိုက်သည်။ ကိုသာအေးမှာဘာသံမှမထွက်နိူင်တော့ဘဲ မျက်ဖြူဆိုက်ကာ အသက်ရှူရပ်လုမတတ်ဖြစ်သွားသည်။

” ဟင်းဟင်း….ငါ့ကိုခေါ်ပြီး ခုတော့ငြိုငြင်ပြီပေါ့ဟုတ်လား…ငါ့ကိုနှင်ထုတ်လို့ရမယ်ထင်နေတာလား….”

သရဲမကြီးကထိုသို့ပြောပြီး ကိုသာအေး၏လည်ပင်းညှစ်ကာ လက်ကိုအပေါ်သို့မြောက်တက်လိုက်၏။ ဒီတစ်ခါ ကိုသာအေးတစ်ယောက် အသက်ရှင်ဖို့အခွင့်အရေးနည်းပါးသွားချေပြီ။ တဖြည်းဖြည်းဖြင့် ခြေထောက်မှာကြမ်းပြင်နဲ့ လွှတ်နေချေပြီ။ မိမိချစ်ရသူအတွက် အသက်ကိုပင်ပေးလိုက်တော့မည်ဟုတွေးပြီး စိတ်ကိုလျော့လိုက်သည်။

” မဆိုင်တဲ့လူကိုလွှတ်လိုက်စမ်း….”

ထိုစဉ်ဩဇာအာဏာပါသောအသံတစ်သံသည် မဘုတ်ဆုံ၏နားထဲသို့စူးနစ်ပြီးဝင်လာ၏။ သို့ကြောင့် ကိုသာအေးကိုလွှတ်ချလိုက်၏။ ကိုသာအေးသည် သေကံမရောက်ခဲ့သော်လည်း အသက်ရှူကြပ်ပြီး သတိလစ်မေ့မျောနေချေပြီ။

” နင်ပါသေချင်နေတာလား….မဆိုင်ရင်မလာနဲ့ဆရာစုတ်…”

” လူတစ်ယောက်ကို အကြောင်းမဲ့သတ်နေတာကိုငါကဒီတိုင်းကြည့်နေရမှာလား ”

” ငါအကြောင်းမဲ့သတ်နေတာမဟုတ်ဘူး…ငါ့အပေါ်သစ္စာဖောက်ပြားခဲ့လို့ ငါလုပ္တာ…”

” ထိုင်စမ်း….ငါ့ကိုပြန်အာမခံနဲ့အစိမ်းမ….နင့်နေရာနင်သိစမ်း…”

” မထိုင်ဘူး….”

” နင်မထိုင်လို့မရဘူး…ထိုင်စမ်း….”

မောင်ရေခဲက ထိုသို့ပြောလိုက်သည်နှင့် သရဲသည် ကြမ်းပေါ်သို့အလိုလိုထိုင်ချလျှက်သားဖြစ်နေ၏။

” ဘာလို့ လူကိုဒုက္ခပေးနေရတာလဲ…”

” ဒီလူက ငါ့ရှေ့မှာမခုတ်တတ်တဲ့ကြောင်လိုလိုနဲ့ ငါ့နောက်ကွယ်မှာကျ ဟိုဟာမတွေနဲ့စိတ်ထင်တိုင်းဖောက်ပြန်နေကြတာ ငါကဒီတိုင်းကြည့်နေရမှာလား….”

” မှားနေပြီ…အတော်မှားနေပြီ ဒီလူကမင်းအပေါ် အသက်တမျှချစ်တာသိသားနဲ့….မင်းကဘေးစကားကိုယုံပြီး အဖန်ငါးရာငါးကမ္ဘာလားစေမဲ့အပြစ်ကိုပြုတယ်…ခုလည်း အပြစ်မဲ့လူတစ်ယောက်ကို သတ်ဖို့လုပ်ပြန်ပြီ….ဒီလိုသာဆက်လုပ်နေရင် အပြစ်ကဘယ်တော့မှလွှတ်တော့မှမဟုတ်တော့ဘူး….”

” ဟင်း…ဟင်း…နင်ကဘာသိလို့ခုလိုပြောရတာလဲ သူသာတစ္ကယ္မဖောက်ပြန်ခဲ့ရင် ပတ်ဝန်းကျင်ကဘာမှပြောစရာရှိမှာမဟုတ်ဘူး….ခုတော့သူက…အဟီးဟီး…”

သရဲမကပြောပြောဆိုဆိုဝမ်းနည်းစွာငိုနေပြန်သည်။ မောင်ရေခဲလည်းအဖြစ်မှန်သိစေရန် အထင်လွှဲစေခဲ့သည့်အတိတ်အကြောင်းကို သရဲမကြီး၏အာရုံထဲ ပြန်ပြလိုက်သည်။

” ဟင်….ကို…ကိုသာအေးက ဒုက္ခရောက်နေတဲ့ သူကိုကူညီပေးနေတာပါလား…”

မဘုတ်ဆုံ၏အာရုံထဲတွင်ကား ကိုသာအေးသည် လမ်းမလျှောက်နိူင်ရှာသည့် မိန်းကလေးတစ်ဦးကိုဖေးမကူကာ အိမ်ထဲသို့ပို့ပေးနေခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ကပြောသလို ထိုဒုက္ခိတမလေးအား အဓမ္မကျင့်နေခြင်းမဟုတ်ချေ။

” ဟင်…မှားပြီ…ငါမှားပြီ…ငါ့လင်သူတော်ကောင်းကြီးကိုငါပြစ်မှားမိပြီ…ငါ့ကိုခွင့်မလွှတ်ပါနဲ့…ဟင့်…ဟင့်….”

အာရုံထဲထင်ရှားစွာပေါ်နေသောအမှန်တရားကြောင့် မဘုတ်ဆုံမှာမိမိ၏အမှားကို ပြန်သိပြီး နောင်တရနေ၏။ ပြီးခဲ့သောအချိန်ကာလတစ်ခုတွင် မိမိသာပတ်ဝန်းကျင်စကားကိုမယုံကြည်ဘဲ နေခဲ့ပါလျှင် ယခုကဲ့သို့အဖန်ငါးရာဘဝကိုရောက်ရမည်မဟုတ်။ ခုတော့ဖြင့်အရာရာ နောက်ကျခဲ့ချေပြီ။

” ငိုနေလို့လည်းမထူးတော့ဘူး… ကိုယ့်အမှားကိုယ်သိပြီဆိုတော့ ကိုယ့်နေရာကိုပြန်ပေတော့….”

” မပြန်ခင် ငါ့အမွားကို ကိုသာအေးထံဝန်ခံခဲ့ချင်သေးတယ် သူမသေသေးဘူးမလားဟင်…”

မဘုတ်ဆုံကထိုသို့ဆိုလေသဖြင့် မောင်ရေခဲက သတိလစ်နေသော ကိုသာအေးကိုနှာနှပ်ပြီးသတိပြန်လည်အောင်လုပ်ပေးလိုက်သည်။

” အင်း…ဟင်း….ဘုတ်….ဘုတ်ဆုံ….”

ကိုသာအေးကသတိရရလာချင်း မဘုတ်ဆုံ၏အမည်ကိုရွတ်နေ၏။ ကုတင်ပေါ်မှသက်ပျောက်ဝတ်စုံသည်ကား မီးအနည်းငယ်လောင်သွားသည်မှလွဲ၍ သည်အတိုင်းရှိနေဆဲပင်။ ကိုသာအေးသည် အိပ်ခန်းကုတင်ပေါ်ရှိသက်မဲ့ဝတ်စုံကို ငေးကြည့်မေိသည်။

” အစ္ကို…. သတိပြန်လည်လာပြီလား…”

” အင်း…ညီကဘယ်သူလဲ ဒီကိုဘယ်လိုရောက်လာတာလဲ…”

” ကျွန်တော်က ခရီးသွားတစ်ယောက်ပါ…ခရီးဆက်ရင်းဒီရောက်တော့ အစ်ကို့အိမ်ထဲမှာအော်သံတွေကြားလို့ ဝင်လာခဲ့တာပါ…”

” ညီဘာတွေ့မြင်သေးလဲ…အစ်ကိုမေးတာတမျိုးမထင်ပါနဲ့… ”

” အစ္ကိုဘာမွ လျို့ဝှက်စရာမလိုတော့ပါဘူး….ဟိုအခန်းထဲမှာ အစ်ကို့ဇနီးရှိတယ် ဝင်သွားလိုက်ပါ…”

မောင်ရေခဲကထိုသို့ပြောသော်လည်း ကိုသာအေးမှာ သက်ပျောက်ဝတ်စုံကလွဲပြီး ဘာမှမမြင်မိချေ။ ထိုစဉ်သူ၏နားထဲ၌ တိုးညှင်းသောအသံတစ်ခုကိုကြားမိ၏။

” ကိုသာအေး…ဘုတ်ဆုံ ကိုခွင့်လွှတ်ပါနော်…ကိုသာအေးအပေါ်သံသယစိတ်ထားမိတဲ့အပြင် လိုက်ပြီးစိတ်ဒုက္ခတွေပေးမိလို့…”

” ဟင်….မိန်း…မိန်းမ…ဘာတွေပြောနေတာလဲ…မိန်းမ ဘယ်မှာလဲ…. ”

” ရှာမနေပါနဲ့တော့ အစ်ကိုရှာနေလည်းဒီတစ်သက်တော့ဘုတ်ဆုံကို ပြန်မတွေ့နိူင်တော့ပါဘူးလေ…အဟင့်….”

” ကဲ…အချိန်မရှိတော့ဘူး သက်ပျောက်ဝတ်စုံကို အစ်ကိုကိုယ်တိုင်မီးရှို့ပစ်လိုက်ပါ…ဒီပစ္စည်းက ရွာအတွက်အန္တာရာယ်ရှိသလို သေလွန်လေသူ အတွက်လည်းအနှောင်အဖွဲ့ဖြစ်စေတယ်…”

မောင်ရေခဲထိုသို့ပြောလိုက်မှ ကိုသာအေးသည်မဘုတ်ဆုံ၏သက်ပျောက်ဝတ်စုံကိုယူပြီး မီးရှို့လိုက်၏။ မဘုတ်ဆုံကား ကိုသာအေးကိုတချက်ကြည့်ကာ အဝေးသို့လွှင့်ပျံပျောက်ကွယ်သွား၏။ ကိုသာအေးကားထိုအဖြစ်ကိုမသိလိုက်ချေ။ မောင်ရေခဲလည်း အလုပ်ကိစ္စပြီးသွားသော် အိမ်သို့ပြန်လာခဲ့၏။

” ဟာဆရာ…ပျောက်လို့လိုက်ရှာနေတာ ဘယ်သြားတာလဲဆရာ…”

” တဖက်ရွာကိုသွားနေတာထင်ပေါ်… မင်းတရားထိုင်နေတာနဲ့ မခေါ်တော့ဘဲထွက်လာခဲ့တာ….”

” ဟုတ်ဆရာ….”

ဆရာတပည့်နှစ်ယောက်ထိုသို့ပြောပြီး အိမ်ထဲသို့ဝင်ကြလေတော့သည်။….။

# ပြီး

# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ သက္ေပ်ာက္ဝတ္စံု(စ/ဆံုး)
————————————————–
ထင္ေပၚမွာဆရာျဖစ္သူေနာက္ကိုလိုက္ရင္း သိခ်င္ေသာအရာတစ္ခုကိုေမးလိုက္သည္။ တစ္ခုခုအေၾကာင္း သိခ်င္ၿပီဆိုပါက ၿမိဳသိပ္ထားတတ္သူမဟုတ္သျဖင့္ စိတ္ထဲတႏံု႔ႏံု႔ျဖစ္ေနေသာ အေၾကာင္းအရာကို ေမးရန္ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္။

” ဆရာ…ကြၽန္ေတာ္သိခ်င္တာေလးေမးပါရေစ…”

” ေမးေလထင္ေပၚ… မင္းကဘာသိခ်င္လို႔လဲ…အထူးအဆန္း…”

” ဟိုေလ ကြၽန္ေတာ္တို႔ကူညီခဲ့တဲ့အဖြားက သူ႔ရဲ႕စိန္နားကပ္ကို သူ႔သားသမီးေတြကိုလႉခိုင္းရင္ ရရဲ႕သားနဲ႔ ဘာလို႔ဆရာ့ကိုမွေရြးၿပီးလႉခိုင္းရတာလဲဟင္…”

” ဒါေကတာ့ သူ႔ရဲ႕စိတ္အလိုေပါ့ ထင္ေပၚရဲ႕…သားသမီးေတြကိုလႉခိုင္းလို႔ေတာ့ရတယ္…ဒါေပမဲ့ ဘုရားတည္တာေက်ာင္းေဆာက္တာကေတာ့ ၾကံဳေတာင့္ၾကံဳခဲကိစၥဘဲမလား…ဒီေတာ့ သူပိုင္တဲ့ပစၥည္းေတြကို သူ႔သားသမီးေတြထံအပ္ၿပီး လႉခိုင္းရင္ ဘုရားတည္ခြင့္မၾကံဳခင္ကာလမွာ ရန္သူငါးပါးႏွင့္ ထိေတြ႔ၿပီးေပ်ာက္ပ်က္သြားမွာစိုးလို႔ေပါ့…”

” ဒါဆိုကြၽန္ေတာ္တို႔လက္ထဲထည့္လိုက္တာကေရာ…”

” ငါတို႔က နယ္လွည့္ၿပီး ဂႏၶာရီခရီးလွည့္လည္ေနတဲ့သူေတြေလ…ဒီေတာ့ ဘုရားတည္တာေက်ာင္းေဆာက္တာ ၾကံဳရင္ၾကံဳမွာဘဲ…အဲေၾကာင့္သူကသူျဖစ္ခ်င္တဲ့ဆႏၵကို ငါတို႔ကိုခိုင္းလိုက္တာ…”

” ဟုတ္နားလည္ပါၿပီဆရာ…ဒီေလာကမွာစုန္ေရသာ႐ွိၿပီး ဆန္ေရကမ႐ွိေလာက္ေအာင္႐ွားပါးသြားၿပီေနာ္ဆရာ….”

” သိပ္မွန္တယ္ထင္ေပၚ….သားသမီး၁၀ေယာက္ကို မိဘကမညည္းမညဴ ေကြၽးေမြးေစာင့္ေ႐ွာက္ႏိူင္ေပမဲ့ မိဘႏွစ္ပါးကို သားသမီး၁၀ေယာက္က ျပန္ျပဳစုဖို႔ေမ်ွာ္လင့္ခ်က္သိပ္နည္းတယ္ထက္ေပၚ…”

” မိဘဆိုတာ သားသမီးအၾတကႅိုတရ လက္တစ္စံုဘဲ ဖန္ဆင္း႐ွင္ဆိုရင္လည္းဟုတ္တယ္…”

” ကြၽန္ေတာ္ကေတာ့ ဆရာေျပာတဲ့လိုတရလက္တစ္စံုကို မခံစားခဲ့ရဘူးဆရာ…ကြၽန္ေတာ့္ကိုေမြးေမြးခ်င္း အေမကဆံုးသြားတယ္…ေအဖေကတာ့ ကြၽန္ေတာ့္ကို ၿဂိဳလ္ဆိုး ဆိုၿပီးမုန္းတီးေနေလရဲ႕…ကြၽန္ေတာ္ခုထိလူျဖစ္ခြင့္ရေနေသးတာဟာ ဦးေတဇ၊မခင္လႊမ္း၊မမသီရိႏွင့္ဆရာ့ရဲ႕ ဂ႐ုဏာေမတၱာေတြေၾကာင့္ပါ…”

” ဒါဘယ္သူ႔အျပစ္မွမဟုတ္ဘူးထင္ေပၚ…ဒါကံဝဋ္ေႂကြးလို႔ေခၚတယ္…အတိတ္ဘဝကျပဳခဲ့တဲ့ ဝဋ္ေႂကြး႐ွိေနသ၍ ေက်ေအာင္ဆပ္ၾကရမွာဘဲ…ဒါေၾကာင့္လက္႐ွိဘဝမွာ တတ္ႏိူင္သမ်ွအတၱကင္းေအာင္ေန ဒါမွေနာင္ဘဝေတြမွာ ကံဝဋ္ေႂကြးနည္းမွာ…”

” ကြၽန္ေတာ္နားလည္ပါၿပီဆရာ…ခုဘယ္သြားၾကမလဲဆရာ….”

” ႐ွမ္းျပည္ကိုျပန္ၾကမယ္…အေဖႏွင့္အေမကငါတို႔ကိုေမ်ွာ္ေနၾကၿပီ…သံေယာဇဥ္…သံေယာဇဥ္…ဒီမျမင္ရတဲ့သမုဒယ ေႏွာင္ႀကိဳးေလးတစ္မ်ွင္က သိပ္ကိုအစြမ္းပကား ႀကီးလွတယ္….”

ထိုသို႔ေျပာၿပီး ႐ွမ္းျပည္႐ွိဇာတိခ်က္ေႂကြေမြးရပ္ေျမျဖစ္ေသာ သာလြန္းရြာေလးသို႔ ျပန္လာခဲ့ၾကသည္။

*****************************

” အာ့….အာ့…အာ့….”

” အာ့…အာ့…အာ့….”

ကုန္းေစာင္းရြာပတ္ပတ္လည္၏ အေပၚဖက္၌ က်ီးကန္းသံုးေကာင္ဝဲပ်ံလ်က္ ေအာ္သံုျပဳေန၏။ ထိုက်ီးကန္းသံုးေကာင္သည္ ဤကုန္းေစာင္းရြာေလးအေပၚ၌ ဝဲပ်ံေနသည္မွာ သံုးေလးရက္႐ွိေနေခ်ၿပီ။

” ဒီက်ီးကန္းေတြႏွယ္….ငါတို႔ရြာထက္ဝဲၿပီး ေအာ္ေနတာသံုးေလးရက္႐ွိၿပီ….ရြာထဲကတစ္ေယာက္ေယာက္ေတာ့ ေသရဦးမယ္ထင္တယ္….”

ဦးေဖက ရြာအထက္ဝဲပ်ံေနေသာ က်ီးကန္းကိုၾကည့္ၿပီး နိမိတ္ေကာက္ေနျခင္းျဖစ္သည္။ ဤအရပ္သည္ ရြာအထက္သို႔က်ီးကန္းဝဲပ်ံလ်ွင္ ရြာထဲ႐ွိလူတစ္ေယာက္ေယာက္ ေသေၾကရမည့္ ေ႐ွ႕ေျပးနိမိတ္ျဖစ္သည္။ ႐ုတ္တရက္ေလနီၾကမ္းတိုက္လ်ွင္ ရြာ၌ေဘးတစ္ခုခုက်ေရာက္မည့္ ေ႐ွ႕ေျပးနိမိတ္ျဖစ္၏။ ဦးေဖက အၾကမ္းရည္ေသာက္ရင္း
တစ္ခုခုကိုေလးနက္စြာေတြးေတာေနမိသည္။

” ဗ်ိဳ႕…သူႀကီးေရ.. သူႀကီး…”

” ႐ွိတယ္ေဟ့…ဝင္လာခဲ့….”

အျပင္မွအသံျပဳေသာလူက ဦးေဖ႐ွိရာအိမ္ဝိုင္းထဲသို႔ဝင္လာခဲ့၏။

” ဖိုးျဖဴ…. ေရးႀကီးသုတ္ျပာနဲ႔ဘာျဖစ္လာတာတုန္းကြ….”

” သူႀကီးကိုလူေပ်ာက္တိုင္မလို႔ဗ်…”

” ေဟ….ဘယ္သူေပ်ာက္လို႔လဲကြ…”

” ရြာအေနာက္ပိုင္းက ကိုသာေအးရဲ႕မိန္းမ မဘုတ္ဆံုေပ်ာက္သြားလို႔သူႀကီးရဲ႕….”

” ေဟ…ဘုတ္ဆံုက ကေလးမွမဟုတ္ေတာ့ဘဲ ဘယ္ႏွယ့္ေပ်ာက္ရတာတုန္းကြ…”

” မသိဘူးသူႀကီးေရ…ဒီမနက္သူ႔ေယာက်ာ္း ကိုသာေအးကသူ႔မိန္းမအိမ္ျပန္မလာလို႔ဆိုၿပီးလိုက္႐ွာေနလို႔ဗ်…”

” ကေလးမွမဟုတ္ေတာ့တဲ့ဥစၥာ….သူ႔မိန္းမက သူ႔မိဘအိမ္ကိုအလည္သြားတာေနမွာေပါ့ကဲြ႔…မဟုတ္ရင္လည္း အေဝးကယာကြက္ေတြၾသားတာေနမွာေပါ့…”

” ကိုသားေအးက သူ႔ေယာကၡမအိမ္ေရာ ယာကြက္ေတြမွာေရာ ရြာထဲမွာေရာ လိုက္႐ွာတာႏွ့့ံေနၿပီတဲ့…ဘယ္ေနရာမွမေတြ႔ဘူးဆိုဘဲသူႀကီးေရ….”

” ေဟ…ဒီမနက္မွလားကြ ဘုတ္ဆံုမ ေပ်ာက္သြားတာ…”

” မေန႔က ေန႔လယ္စာစားခ်ိန္ရင္းေပ်ာက္သြားတာတဲ့သူႀကီးရ…”

” ဒီလိုဆိုဝိုင္း႐ွာေပးမွျဖစ္ေရာ့မယ္…ဒီရက္ပိုင္း ရြာထဲက်ီးကန္းေတြဝဲေနတာ နိမိတ္မေကာင္းဘူး….ရြာထဲကကာလသားေတြကို ငါခိုင္းတယ္ေျပာၿပီး အေၾကာင္းၾကားလိုက္ဖိုးျဖဴ….”

” ဟုတ္သူႀကီး….”

သူႀကီး၏အမိန္႔ေၾကာင့္ ရြာထဲ႐ွိလူမ်ားက မဘုတ္ဆံုကိုဝိုင္း႐ွာေပးၾက၏။ ဇနီးကိုအၾလႏၡ္စ္သဴ ကိုသာေအး၏ရင္ထဲ၌ကား ေသာကအပူမီး ေလာင္ကြၽမ္းလ်က္႐ွိသည္။ မဘုတ္ဆံုသြားတတ္သည့္ေနရာတိုင္း လိုက္႐ွာေသာ္လည္း မဘုတ္ဆံု၏အရိပ္အေယာင္ပင္ မေတြ႔ရေခ်။

” ဘုတ္ဆံုေရ…မင္းဘယ္ေတြသြားေနတာလဲကြာ…ကိုအရမ္းစိတ္ပူေနၿပီ ျပန္လာေတာ့…”

ကိုသာေအးက ငိုသံစြက္ႀကီးျဖင့္ ဘယ္ဆီဘယ္ဝယ္ေရာက္ေနမွန္းမသိေသာ ဇနီးသည္ကိုေမ်ွာ္မွန္း တမ္းတေန႐ွာ၏။

ညေနခင္းမြန္းလဲြ၂နာရီခန္႔၌ ေတာထဲ႐ွိသစ္ပင္တစ္ပင္၌တဲြေလာင္းက်ေသဆံုးေနေသာလူတစ္ေယာက္ကိုေတြ႔လိုက္ရ၏။ ေက်ာဘက္သာျမင္ရသျဖင့္ ဘယ္သူဘယ္ဝါမွန္းမသိရေသးေခ်။ ရြာလူတစ္စုလည္း ထိုတဲြေလာင္းက်ေနေသာ လူတစ္ေယာက္ကိုျမင္လ်ွင္ ထိတ္ခနဲျဖစ္သြားၾကၿပီး ထိုေနရာသို႔အေျပးသြားၾက၏။

” ဟာ….ဘုတ္ဆံု….”

” ဟင္….ေၾကာက္စရာႀကီးပါလား…”

ရြာသားတစ္စုထိုအေလာင္းဆီေျပးသြားၿပီး ၾကည့္လိုက္ရာ သစ္ပင္ေပၚမွတဲြေလာင္းႀကီးေသေနေသာလူသည္ မဘုတ္ဆံုျဖစ္ေန၏။ ႀကိဳးတန္းလန္းႀကီးေသေနသျဖင့္ မ်က္ႏွာမွာေဖာင္းကားၿပီး ျပဴးထြက္ေနသည့္မ်က္လံုးႏွစ္လံုးမွာေသြးေရာင္လႊမ္းေနသည္။ လ်ွာမွာလည္း ပါးစပ္မွအတစ္လိုက္ျပဴထြက္ေန၏။ ဘုတ္ဆံု၏႐ုပ္အေလာင္းမွာ ေသြးပ်က္ေျခာက္ခ်ားဖြယ္ရြာပင္။ အေလာင္း႐ွာသူမ်ားမွာ မဘုတ္ဆံုကိုၾကာၾကာမၾကည့္ဝံ့ၾကေပ။ ကိုသာေအးကား ဇနီးသည္ကိုၾကည့္ၿပီး ဒူးေထာက္ထိုင္ခ်လိုက္သည္။

” အျဖစ္ဆိုးလိုက္တာမိန္းမရယ္….ဘာလို႔ဒီလိုလုပ္ရတာလဲကြာ…အဟီးဟီး….”

ဇနီးသည္၏အေလာင္းကိုၾကည့္ၿပီး ယူၾကံဳးမရ အပူလံုးႂကြကာ သည္းစြာငိုေႂကြးေန၏။

” မျဖစ္ခ်င္လည္း ျဖစ္သြားၿပီဘဲသာေအးရယ္…တရားနဲ႔ေျဖပါကြယ္…ဦးႀကီးတို႔လည္းစိတ္မေကာင္းပါဘူး….သြားေလသူစိတ္ေျဖာင့္ေအာင္ အားတင္းထားပါကြယ္…”

” ဦးႀကီးရယ္….က်ဳပ္သူ႔ကိုသိပ္ခ်စ္တာဗ်…မဆဲရက္မဆူရက္ဘဲ အရိပ္တၾကည့္ၾကည့္ လုပ္ေနတာေတာင္ သူကက်ဳပ္ကိုထားခဲ့ရက္တယ္ဗ်ာ….”

” ဒါလည္းေ႐ွးဘဝက အထံုေၾကာင့္ပါကြယ္….အဖန္ငါးရာငါးကမၻာဆိုတဲ့အတိုင္း အထံုပါလာေတာ့လည္း ဘယ္သူမွမတားႏိူင္ဘူးေပါ့ကြယ္…”

သူႀကီးကထိုသို႔႐ွင္းျပေနသည့္တိုင္ ကိုသာေအးကိုအငိုမတိတ္ေသးေခ်။ ခ်စ္ရသူတစ္ေယာက္ ယခုကဲ့သို႔ခဲြခြာသြားသျဖင့္ သူႀကီးတို္႔ေျဖာင္းျဖသည့္စကားသည္ ကိုသာေအး၏နားထဲသို႔မဝင္ေခ်။ သူႀကီးက ကိုသာေအးကိုၾကည့္ၿပီး စိတ္မေကာင္းရံုမွလဲြ၍ ဘာမွမတတ္ႏိုင္ေခ်။

” ကဲကဲ…အေလာင္းေျမခ်ဖို္႔လုပ္ရမယ္…အခ်ိန္မ႐ွိေတာ့ဘူး…အပုပ္ခ်ိန္ေရာက္ရင္ အေလာင္းအတြက္မေကာင္းဘူး…”

” ဒါဆိုအေလာင္းကိုျဖဳတ္ခ်လိုက္ေတာ့မယ္ေနာ္သူႀကီး…”

” ေနဦးကြ အရမ္းလုပ္လို႔မရဘူး…ဆရာလြန္းေရ အေလာင္းကိုဘယ္မွာခ်ရမလဲဆိုတာေမးေပးပါဦး….အျပင္မွာေသတဲ့အေလာင္း ရြာထဲသယ္လို႔မေကာင္းဘူး…”

သူႀကီးကထိုသို႔ေျပာလိုက္ရာ နားလည္တတ္ကြၽမ္းေသာဆရာလြန္းက အေလာင္းကိုေမးလိုက္၏။

” တူမႀကီးေရ တူမႀကီးရဲ႕႐ုပ္ႂကြင္းခႏၶာကို ဘယ္မွာေျမခ်ေစခ်င္လဲကဲြ႔….”

ဆရာလြန္းကထိုသို႔ေမးလိုက္ရာ ေလၾကမ္းတစ္ခ်က္တိုက္ၿပီး သစ္ပင္မ်ားယိမ္းထိုးေန၏။

” ဟင္….”

” ဟာ….”

ထိုစဥ္အေလာင္း၏မ်က္ႏွာသည္ ေတာင္ဘက္အရပ္သို႔မ်က္ႏွာမူသြား၏။ ဘယ္ခ်ိန္ကလွည့္သြားမွန္းမသိလိုက္ၾကေခ်။ သို႔ေၾကာင့္ရြာသားမ်ားက ဟင္ခနဲဟာခနဲျဖစ္သြားၾကကုန္၏။

” ကဲကဲ…အေလာင္းကိုျဖဳတ္ခ်လိုက္ေဟ့….ၿပီးရင္ဒီအပင္ပါခုတ္ၿပီးမီး႐ိႈ့လိုက္ၾက…အစအနေတာင္မက်န္ေစနဲ႔….”

ဆရာလြန္း၏စကားေၾကာင့္ ရြာသားတစ္ေယာက္က အေလာင္း၏လည္ပင္းေပၚမွႀကိဳးကိုျဖတ္လိုက္၏။ က်န္ရြာသားမ်ားက အေလာင္းကို မ ကာခင္းထားေသာပုဆိုးထဲသို႔ခ်လိုက္၏။ အေလာင္းမွာေအးစက္ေတာင့္တင္းၿပီး အလြန္ေလးလံေန၏။ အေလာင္းကိုထိကိုင္ၾကရေသာ ရြာသားမ်ားမွာ ၾကက္သီးျဖန္းျဖန္းထၿပီး ဆံပင္မ်ားပါေထာင္တက္သြားၾက၏။ သစ္ပင္ထက္မွအေလာင္းကိုခ်ၿပီးလ်ွင္ က်န္ရြာသားမ်ားက ႀကိဳးဆဲြခ်ေသထားေသာသစ္ပင္ကိုခုတ္လဲွၿပီး မီး႐ိႈ့လိုက္၏။ သစ္ပင္မွာအစိမ္းသက္သက္ျဖစ္ေသာေၾကာင့္ ေတာ္ရံုမီးမစဲြေခ်။ တျခားသစ္ကိုင္းေျခာက္မ်ားကိုပါယူၿပီး ကူေပးေနရ၏။

ၿပီးေနာက္ အေလာင္းထည့္ထားေသာပုဆိုးကို သစ္ေခ်ာင္းျဖင့္လ်ွိဳထမ္းလိုက္ၿပီး အေလာင္းမ်က္ႏွာမူရာအရပ္သို႔သြားျမဳပ္လိုက္၏။ အေလာင္းထမ္းသြားရာလမ္းတစ္ေလ်ွာက္၌ ကိုသာေအးက တငိုငိုတရီရီျဖင့္လိုက္လာ၏။

” ငထြန္း…မင္းအားထဲ့ထမ္းစမ္းပါကြာ ေလးလိုက္တာ….”

” ဟ…ငါလည္းအားစိုက္ၿပီးထမ္းေနတာကြ…ငါ့ပခံုးေတြေတာင္ နာေနၿပီ ….”

အေလာင္းထမ္းသည့္ရြာသားႏွစ္ေယာက္မွာ ေခြၽးေစာပ်ံေနၿပီ။

” ေမာင္ထြန္းနဲ႔ေမာင္ပြ…ဘယ္လိုျဖစ္ၾကတာလဲဟ မိန္းကေလးတစ္ေလာင္းႏွစ္ေယာက္ထမ္းတာေတာင္ မႏိူင္ၾကဘူးလား ေပ်ာ့ညံ့လိုက္ၾကတာ…”

” က်ဳပ္တို႔ေပ်ာ့ညံ့တာမဟုတ္ဘူးသူႀကီး….အေလာင္းကတေျဖးေျဖးေလးလာသလိုဘဲဗ်…မယံုရင္သူႀကီးတို႔လာထမ္းၾကည့္….”

” ေဟ့သာဒြန္းနဲ႔လွေဆာင္ မင္းတို႔ထမ္းကူလိုက္ၾက….”

” ဟုတ္သူႀကီး…. ”

သူႀကီး၏အမိန္႔ေၾကာင့္ သာဒြန္းတို႔လူလဲကာ ထမ္းကူလိုက္ၾက၏။ သာဒြန္းတို႔လည္းေ႐ွ႕ကထမ္းေသာ လူႏွစ္ေယာက္ကဲ့သို႔ ေမာဟိုက္ေန၏။

” ဟင္…”

ဆရာလြန္းသည္ အေ႐ွ႕မွအေလာင္းထမ္းေနေသာ ရြာသားႏွစ္ေယာကိုၾကည့္လိုက္ရာ ထိုအေလာင္းထမ္းေနေသာရြာသားႏွစ္ေယာက္၏ ေနာက္မွလိုက္ေနေသာ ေသဆံုးသူမဘုတ္ဆံုကိုမ်က္ဝါးထင္ထင္ ျမင္ေတြ႔လိုက္ရသျဖင့္ ေခါင္းနပမ္းႀကီးသြား၏။ ေ႐ွ႕သို႔လွမ္းေနေသာေျခလွမ္းတို႔မွာတံု႔ခနဲရပ္သြား၏။

” ဆရာလြန္း ဘာျဖစ္လို႔ရပ္လိုက္တာလဲ…”

ဆရာလြန္းရပ္ေနသည္ကိုျမင္ေသာသူႀကီးကထိုသို႔ေမးလိုက္လ်ွင္ ဆရာလြန္းကသူႀကီးအား အေလာင္းေနာက္မွ မဘုတ္ဆံုကိုေမးေငါ့ျပလိုက္၏။

” ဗုေဒၶါ!…..”

သူႀကီးမွာ မဘုတ္ဆံု၏ဝိညာဥ္ကိုျမင္ၿပီးဘုရားတမိ၏။ သို႔ေသာ္ အေလာင္းထမ္းသည့္လူႏွင့္ တျခားလူမ်ားေၾကာက္သြားမည္စိုးသျဖင့္ ဟႏၼပ္ကႅိုကႅာ၏။ တျခားလူမ်ားမွာမဘုတ္ဆံုကို ျမင္ပံုမရေခ်။ သူႀကီးႏွင့္ဆရာလြန္းမွာ ေနာက္ဆံုးမွေနၿပီး အေလာင္းကိုလိုက္ပို႔၏။ ေျခလွမ္းမ်ားကား တံု႔ေႏွးေနဆဲပင္။

အေလာင္းေျမခ်ၿပီးသည့္ေနာက္ ကိုသာေအးကား ဇနီးျဖစ္သူကိုလြမ္းဆြတ္ကာ တမိႈင္မိႈင္တေတြေတြျဖစ္ေနသည္။ အရက္မေသာက္တတ္ေသာ ကိုသာေအးတစ္ေယာက္ ဇနီးေသဆံုးၿပီးအရက္ကို လူမသိသူမသိေအာင္ေသာက္သည္။ မိဘႏွင့္ေယာကၡမမ်ားမွာ ကိုသာေအးအတြက္ရတက္မေအးျဖစ္ေန႐ွာသည္။

တစ္ခုေသာည၌ ကိုသာေအးသည္ ဇနီးသည္ကိုလြမ္းသည့္စိတ္မ်ားကို ေျဖေဖ်ာက္ရန္ ရြာထိပ္အရက္ဆိုင္သို႔ထြက္လာခဲ့သည္။ အရက္ဆိုင္ေရာက္ေသာ္ မူး႐ူးေအာင္ေသာက္သည္။ ဇနီးသည္ကိုေမ့၍ရေအာင္ ေသာက္သည္ဆိုေသာ္ျငားလည္း မူးေလပိုသတိရလာေလျဖစ္၏။

” ဘုတ္ဆံု….မင္းရက္စက္တယ္ကြာ….မင္းေၾကာင့္ငါအရက္သမားျဖစ္ေနၿပီ….မင္းကိုအရမ္းခ်စ္တာသိရက္သားနဲ႔ကြာ…မင္းထားခဲ့ရက္တယ္…အီးဟီးဟီး…”

” ဂြက္ ….ဂလု…”

ေျပာေျပာဆိုဆိုအရက္ခြက္ကိုယူၿပီး ဂြက္ခနဲေမာ့ေသာက္ျပန္သည္။ အေဝးတစ္ေနရာကိုေဆြးေဆြးေျမ့ေျမ့ၾကည့္ၿပီး ဇနီးသည္ကိုတမ္းတျပန္သည္။ ေဘးဝိုင္း႐ွိအရက္သမားမ်ားက ကိုသာေအး ကိုၾကည့္ၿပီးသနားေနၾကသည္။ မူးေအာင္ေသာက္ၿပီးေနာက္ လက္က်န္အရက္ပုလင္းကိုဆဲြကာ ဒယီးဒယိုင္ျဖင့္ျပန္သြား၏။ လမ္းမထက္ ဟိုဟိုသည္သည္ ျပည့္ေနေအာင္ေလ်ွာက္၏။

” ေကာင္ေလး….မင္းဒီတိုင္းဘဲမူး႐ူးေနေတာ့မွာလား…”

အေမွာင္ရိပ္ထဲမွလာေသာ အသံေၾကာင့္ ကိုသာေအး၏ေျခလွမ္းမ်ားတံု႔ခနဲရပ္သြား၏။ ေဘးဘီဝဲယာကိုၾကည့္ေသာ္လည္းဘယ္သူမွမ႐ွိ။

” ဘယ္သဴလဲၾက…ေအ့…ေဂ့…”

” ငါဘယ္သဴလဲဆိုေတာ့ ငါကမင္းမိန္းမကိုုပန္ေခၚေပးမဲ့သူေလ…”

ထိုစကားေၾကာင့္ကိုသာေအး အမူးေျပသြားသလိုပင္႐ွိ၏။

” ဘယ္…ဘယႅို….ငါ့မိန္းမကိုျပန္ေခၚလာေပးမယ္…မင္းအဲလို႔ေျပာလိုက္တာလား….”

” ဟုတ္တယ္ေကာင္ေလးရ….ငါမင္းမိန္းမကိုျပန္ေခၚေပးမယ္…မင္းအေနနဲ႔ငါ့ကိုတစ္ခုျပန္ကူညီရမယ္ဘယ္လိုလဲ…”

” ေသခ်ာလို႔လား…ငါ့မိန္းမကတကယ္ျပန္လာမွာလား….ငါ့မိန္းမသာတကယ္ျပန္လာရင္ ဘာျဖစ္ျဖစ္ကူညီမယ္…”

” ဒါဆိုဒီည သုုသာန္ကဇရပ္ကိုလာခဲ့ ဘယ္သူမွမသိေစနဲ႔ေနာ္….”

” ဟုတ္ၿပီ…ငါ့မိန္းမသာ ျပန္လာရင္ဘာဘဲလုပ္ရလုပ္ရ ငါလုပ္မယ္ …”

ဆိုၿပီး အေမွာင္ထဲမွလူကိုႏူတ္ဆက္ကာ အိမ္သို႔ျပန္လာခဲ့၏။

ညလူေျခတိတ္ခ်ိန္တြင္ ကိုသာေအးတစ္ေယာက္ ရြာျပင္သုႆာန္သို႔တစ္ေယာက္ထဲထြက္လာခဲ့၏။ သုႆာန္ဇရပ္ေပၚတြင္ကား လူႀကီးတစ္ေယာက္ေဆးလိပ္ထိုင္ဖြာေနသည္ကို ေတြလိုက္ရ၏။

” ေရာင္လာၿပီလားလူေလး…မင္းလာမွလာပါ့မလားလို႔… ”

” ေညနက က်ဳပ္ကိုစကားေျပာတာ ဒီကဦးႀကီးလား….”

” ဟုတ္ပါ့ဗ်ာ…ဟုတ္ပါ့…ဇရပ္ေပၚလာခဲ့ကြ…”

ထိုလူႀကီးက ကိုသာေအးအားဇရပ္ေပၚသို႔ ေခၚလိုက္၏။ အေမွာင္ထုႀကီးစိုးေနသျဖင့္ ထိုလူကိုဝိုးတဝါးသာျမင္ေနရၿပီး ထိုလူ၏ပါးစပ္မွကိုက္ထားေသာ ေဆးလိပ္ၿပီးရဲရဲကိုသာေသခ်ာျမင္ရ၏။ သို႔ေသာ္သက္ႀကီးပိုင္းျဖစ္မွန္း ကိုသာေအးခန္႔မွန္း၍ရေနသည္။ ထိုလူက ပါးစပ္မွကိုက္ထားေသာ ေဆးလိပ္ကိုဖယ္လိုက္ၿပီး

” လူေလးအေနနဲ႔ လူေလးမိန္းမကိုတကယ္ျပန္လာေစခ်င္တာလား….”

” တကယ္ေပါ့ဗ်ာ…က်ဳပ္ကမိန္းမကိုအရမ္းခ်စ္တဲ့လူဗ်….ဒါေပမဲ့မိန္းမက ဘာစိတ္ညစ္စရာ႐ွိတယ္မသိဘူး က်ဳပ္ကိုထားရစ္ခဲ့ေလရဲ႕….”

” ဟုတ္ၿပီ ဒါဆိုရင္လူေလးမိန္းမကို ျပန္လာေအာင္လုပ္ေပးမယ္ အခ်ိန္က်ၿပီ လူေလး ေဟာဟိုကက်ဳပ္ဝယ္လာတဲ့ၾကက္ကို ဖမ္းယူၿပီးလိုက္ခဲ့….”

ကိုသာေအးလည္း ထိုလူႀကီးေျပာသည့္အတိုင္း ဇရပ္ေထာင့္မွ ေျခေထာက္ႏွစ္ဖက္ႀကိဳးခ်ည္ထားလ်ွက္႐ွိေသာ ၾကက္ဖကိုဖမ္းယူၿပီး ထိုလူႀကီးေနာက္ခပ္သုတ္သုတ္လိုက္လာခဲ့၏။ ထို႔ေနာက္ႏွစ္ေယာက္သား၏ ဦးတည္ခ်က္ကား မဘုတ္ဆံုကိုျမဳပ္ႏွံရာ ေတာထဲသို႔လာခဲ့ၾက၏။ ထိုေတာသည္ မေတာ္တဆေသဆံုးသည့္ လူမ်ားကိုျမဳပ္ႏွံသည့္ အစိမ္းေသသခ်ႋဳင္းႀကီးျဖစ္၏။

” ဂီး….ဂီး….”

” ဖလပ္….ဖလပ္…ဖလပ္…”

ထိုအစိမ္းေသ သခ်ႋဳင္းထဲသို႔ ဝင္လိုက္သည္နဲ႔ အိပ္တန္းတက္ေနေသာငွက္ဆိုးအုပ္က တဂီးဂီးေအာ္ကာ ထပ္ံ၏။ ကိုသာေအးကားေက်ာထဲ ခပ္စိမ့္စိမ့္ျဖစ္လာၿပီး လူႀကီးအနားတိုးကပ္သြား၏။

” ဘာမွမေၾကာက္နဲ႔ေကာင္ေလး…မင္းမိန္းမ ျမဳပ္ႏွံထားနဲ႔ေျမပံုကို မွတ္မိလား…”

” မွတ္…မွတ္မိတယ္ဦးႀကီး…ေဟာဟိုကသစ္ပင္ႀကီးေအာက္မွာပါ….”

ကိုသာေအးက မဘုတ္ဆံုအေလာင္းျမဳပ္ႏွံရာေနရာသို႔ ဦးေဆာင္လမ္းျပလိုက္၏။ အဘိုးႀကီးလည္း ထိုေနရာသို႔သြားလိုက္ၿပီးေရာက္လ်ွင္

” ဤသခ်ႋဳင္းေျမကို ငါဆရာမိႈင္း႐ွိေနစဥ္အတြင္း ဘယၸေရလာကသားမြ ေျခာက္လွန္႔ေႏွာင့္ယွက္ျခင္းမျပဳရ….”

ဟုေျပာၿပီး ဥံဳခံကာ မႏၱာန္တစ္ပုဒ္ကိုရြတ္ဆိုလိုက္၏။ ၿပီးေနာက္ ကိုသာေအးဘက္လွည့္ၿပီး

” လူေလး မင္းမိန္းမအေလာင္းကိုျပန္ေဖာ္လိုက္…”

” ဗ္ာ!…”

” မဗ်ာနဲ႔ မင္းမိန္းမ အေလာင္းကိုျပန္ေဖာ္လိုက္….”

ကိုသာေအးက ဘာတစ္ခုမွနားမလည္ေသာ္လည္း ထိုလူႀကီးခိုင္းသည့္အတိုင္း ေျမေပၚထိုင္ခ်ကာေျမပံုမို႔မို႔ကို စတင္ေဖာ္လိုက္၏။ တစ္ေအာင့္အၾကာ၌ အပုပ္နံ႔လိႈင္လာၿပီး မဘုတ္ဆံု၏ ပုပ္ပြေနေသာအေလာင္းႀကီးေပၚလာ၏။

” ရၿပီလူေလး…ငါ့အေနာက္မွာေန…”

လူႀကီးက ထိုသို႔ေျပာၿပီး ကိုသာေအးယူလာေသာ ၾကက္ကို ပါလာေသာဓားျဖင့္လည္ပင္းျပတ္ထြက္ေအာင္လွီးလိုက္၏။ ၾကက္မ်ာေအာ္ခ်ိန္ပင္မရလိုက္ဘဲ ေခါင္းႏွင့္ကိုယ္ တျခားစီျဖစ္သြား၏။ ၾကက္ေသြးမွာလည္းအလုအယက္ ပန္းထြက္လာ၏။ ၿပီးေနာက္ လူႀကီးသည္ ၾကက္ေသြးကို မဘုတ္ဆံု၏ပုပ္သိုးေနေသာအေလာင္းေပၚသို႔ ဖ်န္းလိုက္၏။

” ဒီအရပ္မွာ႐ွိတဲ့ မဘုတ္ဆံုရဲ႕ ဝိဥာဥ္ငါ့အနားလာခဲ့ပါ…မဘုတ္ဆံု၏ဝိဥာဥ္မွလဲြ၍ တျခားဝိဥာဥ္မလာရ…”

” အူး…ဝူး….ဝူး….ဝူး….”

လူႀကီးကထိုသို႔ေျပာလိုက္သည္နဲ႔ ေတာေခြးတစ္ေကာင္၏ အူသံ႐ွည္ႀကီးသည္ နီးလာလိုက္ေဝးသြားလိုက္ျဖင့္ ဆဲြဆဲြငင္ငင္အသံျပဳေန၏။ တေအာင့္အၾကာ၌ အေလာင္းေပၚက်ေနေသာ ၾကက္ေသြးသည္ တစ္ေယာက္ေယာက္ ယက္စားလိုက္သကဲ့သို႔ေျပာင္စင္သြား၏။ အေျခေနကိုသေဘာေပါက္သြားေသာ လူႀကီးက

” မင္းေရာက္ၿပီလား…မင္းကဘုတ္ဆံုရဲ႕ဝိဥာဥ္အစစ္လား…ဟုတ္တယ္ဆိုရင္ သစ္ကိုင္းကိုလႈပ္ျပ…”

ဆိုၿပီးနံေဘး႐ွိ သစ္ပင္ကိုၫႊန္ျပလိုက္၏။ ထိုစဥ္နံေဘး႐ွိသစ္ကိုင္းသည္ ေလမတိုက္ပါဘဲ အ႐ွိန္ပါပါလႈပ္ယမ္းေန၏။

” မဘုတ္ဆံုရဲ႕ဝိဥာဥ္အမွန္ဆိုငါတို႔နဲ႔လိုက္ခဲ့….လူေလး အေလာင္းေပၚက ဝတ္စံုကိုခြၽတ္လိုက္….”

လူႀကီးကမဘုတ္ဆံု၏ ဝိဥာဥ္ကိုေခၚၿပီး ကိုသာေအးအား ပုပ္ပြေနေသာအေလာင္းေပၚ႐ွိ အဝတ္အစားကိုခြၽတ္ခိုင္းလိုက္၏။ အေလာင္းမွာပုပ္ပြရိရဲြေနသျဖင့္ အဝတ္မွာေတာ္ရံုခြၽတ္၍မရေခ်။ ကိုသာေအးက ေၾကာက္ေၾကာက္လန္႔္လန္႔ျဖင့္ အေလာင္း၏ခႏၶာေပၚမွအဝတ္ကို ဆဲြခြၽတ္လိုက္၏။

” ရၿပီဦးႀကီး…က်န္တာဘာလုပ္လိုက္ရမလဲ…”

” အေလာင္းကိုေျမျပန္ဖို႔လိုက္…မင္းကိစၥေတာ့ၿပီးၿပီ ငါ့ကိစၥဘဲက်န္တယ္…”

ကိုသာေအးလည္း လူႀကီးေျပာသည္အတိုင္း အေလာင္းကိုေျမျပန္ဖို႔လိုက္၏။ ၿပီးသြားေသာ္လူႀကီးက တျခားေျမပံုတစ္ခုသို႔သြားၿပီး သူကိုယ္တိုင္တစ္ခုခုကိုလုပ္ေန၏။ ေျမပံုမွာ အေတာ္ပင္ၾကာေနဟန္႐ွိသည္။ တေအာင့္ၾကာေသာ္ ထိုလူႀကီး၏လက္ထဲမွ လက္ဖ်ံ႐ိုးတစ္ခုပါလာ၏။ လူႀကီးသည္ လက္ဖ်ံ႐ိုးကိုယူၿပီး ပါလာေသာလြယ္အိတ္ႀကီးထဲထည့္လိုက္၏။

” ကဲျပန္မယ္လူေလး…”

ကိစၥအားလံုးၿပီးသြားသည္ႏွင့္ႏွစ္ေယာက္သား အစိမ္းေသ သခ်ႋဳင္းမွထြက္လာခဲ့၏။

ရြာသို႔ျပန္ေရာက္လာခ်ိန္တြင္ မနက္ေလးနာရီထိုးေနေခ်ၿပီ။ ထိုအခ်ိန္ လူႀကီးက သြားေနရာမွရပ္တန္႔လိုက္ၿပီး

” ကဲလူေလး…က်ဳပ္တို႔ဒီမွာဘဲလမ္းခဲြၾကတာေပါ့…လူေလးကိုမွာစရာ႐ွိတယ္ ခုလူေလးယူလာတဲ့ဝတ္စံုမွာ ေသသူရဲ႕ဝိဥာဥ္ပါလာတယ္….သူ႔ကိုအသက္႐ွိစဥ္ကလိုဘဲျပဳမူဆက္ဆံပါ…တစ္ခုေတာ့႐ွိတယ္ သူ႔ကို လတ္ဆတ္တဲ့ေသြး တိုု္က္ေကြၽးေပးရမယ္…လူေလးကလဲြၿပီး သူ႐ွိမွန္းဘယ္သူမွမသိပါေစနဲ႔….ကဲသြားၿပီလူေလးေရ…”

လူႀကီးကထိုသို႔ေျပာၿပီး ကိုသာေအးကိုႏူတ္ဆက္ကာ အေမွာင္ထုထဲသို႔တိုးဝင္ေပ်ာက္ကြယ္သြား၏။ ထိုလူႀကီးထြက္သြားၿပီးေနာက္ ကိုသာေအးလည္းအိမ္သို႔ျပန္လာၿပီး သက္ေပ်ာက္ဝတ္စံုအား အိပ္ယာေပၚျဖန္႔ခင္းလိုက္၏။

” မိန္းမ… မင္းတကယ္ျပန္လာ မလာ သိရေအာင္ က်ဳပ္ကို တစ္ခုခုအခ်က္ျပပါလား….”

” ေဖ်ာ….ေဖ်ာ….ေဖ်ာ….”

” ကြၽီ…အီ….ကြၽီ….”

ကိုသာေအးထိုသို႔ေျပာလိုက္သည္နဲ႔ အခန္းျပတင္းေပါက္တံခါးရြက္ႏွစ္ခ်ပ္မွာ ေလတိုက္ၿပီး ပိတ္လိုက္ဖြင့္လိုက္ျဖစ္ေန၏။ လိုကၠာစမြလား ေလတိုက္ၿပီးတဖ်တ္ဖ်တ္လြန္႔လူးေန၏။ စိမ္းေရႊေရႊအပုပ္နံ႔ႀကီးလည္း ေလႏွင့္အတူပါလာခဲ့၏။

” ယံု…ယံုပါၿပီမိန္းမရယ္…အပုပ္နံ႔ႀကီးမထုတ္နဲ႔ေတာ့….ေဝါ့….”

ထိုအပုပ္နံ႔ေၾကာင့္ ကိုသာေအး ေအာ္ဂလီဆန္တက္လာၿပီး ျပတင္းေပါက္ဆီေျပးကာထိုးအန္လိုက္ရ၏။

” ဟူး….ခုမွဘဲအဆင္ေျပသြားေတာ့တယ္…ဒီတိုင္းဆိုမျဖစ္ဘူးအပုပ္နံ႔ကအရမ္းဆိုးတယ္…ဒီၾကားထဲသက္ေပ်ာက္ဝတ္စံုမွာကပ္ပါလာတဲ့အသားပုပ္နံ႔ေတြကလည္း နံေဟာင္ေနတာ…ေရေမႊးေလးဆြတ္….ဆြတ္….”

” ဒုန္း….”

” ခြမ္း….”

ကိုသာေအးေျပာ၍ပင္မဆံုးေသး။ အခန္းျပတင္းေပါက္႐ွိတံခါးရြက္သည္ အားပါပါပိတ္ခံလိုက္ရၿပီး တံခါးရြက္မွတပ္ထားေသာမွန္ခ်ပ္သည္ ခြမ္းခနဲျမည္ကာ အစိတ္စိတ္အမႊာမႊာကဲြသြား၏။

” ေအမလး….မိန္းမမႀကိဳက္ရင္ ေယာက်ာ္းမလုပ္ပါဘူးမိန္းမရယ္…အခန္းမွန္ေတြေတာ့မခဲြလိုက္ပါနဲ႔….”

ထိုသို႔ေျပာၿပီး ထိတ္ထိတ္လန္႔လန္႔ျဖင့္ အခန္းထဲျပန္႔က်ဲေနေသာ မွန္ကဲြစမ်ားကိုေကာက္ယူေန၏။

” အား…..”

မွန္ကဲြစတစ္ခုက ကိုေမာင္ေအး၏လက္ကို႐ွ၏။ အသားထဲခပ္နက္နက္ဝင္သြားသျဖင့္ ေသြးမ်ားပန္းထြက္ကုန္၏။

” ကြၽတ္….ဒီေလာက္အနာေလးနဲ႔ေသြးေတြထြက္လိုက္တာမ်ားကြာ…အဝတ္စနဲ႔ပတ္ထားမွရမယ္…”

ကိုသာေအးထိုသို႔ေျပာၿပီး အခန္းထဲမွပုဆိုးကိုအနည္းငယ္ျဖတ္လိုက္ၿပီး လက္မွအနာကိုပတ္လိုက္၏။

” ဟင္…ၾကမ္းျပင္ေပၚက်ေနတဲ့ေသြးေတြဘယ္ေရာက္သြား….”

ကိုသာေအး၏လက္မွက်ေသာေသြးသည္ ၾကမ္းျပင္ေပၚတြင္တစက္မွ႐ွိမေနေတာ့။ ကိုသာေအးထိုအျဖစ္ကိုၾကည့္ၿပီး ရင္ထဲစိုးထိတ္ေနမိသည္။

” မိန္း….မိန္းမ…ၾကမ္းျပင္ေပၚကေသြးေတြ မင္း…မင္း…”

ထိုသို႔ေျပာၿပီး သက္ေပ်ာက္ဝတ္စံု႐ွိေသာ ကုတင္ေပၚၾကည့္လိုက္ရာ မိန္းမတစ္ေယာက္၏ ပံုသ႑ာန္ကိုရိပ္ခနဲျမင္လိုက္ရသည္။ ထိုအရိပ္သည္ မဘုတ္ဆံုကလဲြၿပီး မည္သူမွမျဖစ္ႏိူင္။

” မိန္းမ…ဗိုက္ဆာေနလို႔လားဟင္…ခနေစာင့္မိန္းမအတြက္ သြား႐ွာလိုက္မယ္…”

ထိုသို႔ေျပာၿပီး အခန္းတံခါးကိုပိတ္ကာ အမဲဒိုင္႐ွိရာသို႔လာၿပီး အမဲေသြးကိုေကာ္ဗူးျဖင့္ႏွစ္ဗူးဝယ္လာ၏။ ျပန္ေရာက္ေသာ္ အမဲေသြးကို ပန္းကန္ထဲထည့္ၿပီး သက္ေပ်ာ္ဝတ္စံု႐ွိရာကုတင္ေပၚသို႔တင္လိုက္၏။

” မိန္းမ မင္းအတြက္အမဲေသြးယူလာတယ္ေသာက္လိုက္ေနာ္…. ဒီနားထားေပးမယ္ေနာ္…”

ထိုသို္႔ေျပာၿပီး အခန္းတံခါးကိုျပန္ပိတ္လိုက္၏။ တေအာင့္အၾကာ ကိုသာေအးကအခန္းထဲျပန္ဝင္သြားၿပီး ပန္းကန္ထဲ႐ွိအမဲေသြးမွာတက္တက္စင္ေအာင္ ေျပာင္ေန၏။
ဤနည္းျဖင့္ ကိုသာေအးသည္ မဘုတ္ဆံု၏ဝိဥာဥ္အား အမဲေသြး၊ၾကက္ေသြး၊ဝက္ေသြးတို႔ျဖင့္ ရရာ႐ွာေကြၽးေမြးထား၏။
တစ္ေခါက္မဟုတ္ တရိစၦာန္တို႔၏ေသြးမ်ားကို ယူသည့္အႀကိမ္မ်ားလာေသာ္ ပတ္ဝန္းက်င္က ရိပၥားမိလာ၏။ ရြာထဲ၌လည္း ကိုသာေအးအေၾကာင္းကိုတီးတိုးေျပာဆိုလာၾက၏။

” ေတလာက ဇနီးေသသြားတဲ့ကိုသာေအးကခုဆို အမဲေသြးေတြေန႔တိုင္း လာဝယ္တာတဲ့ေတာ္…”

” ညည္းဘယ္လိုသိလဲမိေအးရဲ႕…”

” အိုေတာ္…က်ဳပ္ေယာက်ာ္းကိုသိန္သီးက အဲအမဲဒိုင္မွာအလုပ္လုပ္တာေလ သူေျပာလို႔သိတာေပါ့ေတာ့…”

” အိုသူလည္း အား႐ွိေအာင္စားတာေနမွာေပါ့ေအ့…”

” ျဖစ္ႏိူင္ပါဘူးေတာ္ အမဲေသြးႀကီးေန႔တိုင္းဘယ္သူကစားႏူိင္မွာတံုး…ဒါနဲ႔ညည္းကိုေျပာျပအံုးမယ္…ညက မယ္အစ္ အဲဒီလမ္းဘက္သြားေတာ့ ကိုသာေအးတစ္ေယာက္အိမ္ထဲမွာ စကားေတြေျပာေနတာတဲ့…အဲဒါနဲ႔သူလည္း ကိုသာေအးမ်ားမယားထပ္ယူလာတာလား ထင္လို႔အိမ္ထရံေပါက္ကေန ေခ်ာင္းၾကည့္တာ မိန္းမႀကီးတစ္ေယာက္နဲ႔ စကားထိုင္ေျပာေနတာတဲ့ေအ…”

” အင္းေပါ့ သူလည္းမိန္းမေသတာၾကာၿပီဘဲ ေနာက္မိန္းမယူခ်င္႐ွာမွာေပါ့အဆန္းလုပ္လို႔…”

” က်ဳပ္ေျပာတာမဆံုးေသးဘူးေအ့…အဲဒီမိန္းမက တ်ခားလူမဟုတၻဴး ေသသြားတဲ့မဘုတ္ဆံုႀကီးတဲ့ေတာ္….”

” ဘယႅို…ဘယႅို…ေသတဲ့လူကဘယ္ႏွယ့္ျပန္႐ွင္လာမတံုးေအ့…”

” မသိဘူး မယ္အစ္ေျပာတာေတာ့ သူေခ်ာင္းၾကည့္ေတာ့အဲဒီမိန္းမႀကီးက သိသြားၿပီး ကိုယ္မလွည့္ဘဲ ေခါင္းခ်ည္းေနာက္ျပန္ႀကီး လွည့္လာတာတဲ့ေအ့….ေျပာရင္းနဲ႔ေတာင္ၾကက္သီးထလာၿပီ…”

” မယ္အစ္ႀကီး ေလ်ွာက္ေျပာေနတာေနမွာပါေအ….”

” ေလ်ွာက္ေျပာတာလားဘာလားေတာ့မသိဘူး…ခုေတာ့မယ္အစ္ႀကီး လန္႔ဖ်ားဖ်ားေနတာသံုးရက္႐ွိၿပီတဲ့ေအ့….”

” အျဖစ္မွန္ကိုမသိေသးဘဲ ရမ္းၿပီးမေျပာတာအေကာင္းဆံုးပါေအ….”

ေစ်းေရာင္းေနေသာအမ်ိဳးသမီးႏွစ္ေယာက္က ေျပာေနၾကေသာစကားမ်ားျဖစ္၏။
ကိုသာေအး၏ သတင္းသည္လူသတင္းလူခ်င္းေဆာင္ေသာေၾကာင့္ ရြာထဲသာမကတျခားရြာသို႔ပါ ပ်ံ့သြားေလ၏။

” ကိုႀကီးသာေအး ဘယ္သြားမလို႔လဲဗ်…”

လမ္းမႀကီးအတိုင္းလာေနေသာ ကိုသာေအးကိုေမာင္လံုးကေမးလိုက္ျခင္းျဖစ္၏။ ကိုသာေအး၏မ်က္ႏွာမွာ အေတာ္ေခ်ာင္က်ေနၿပီး ပြန္းပဲ့ရာမ်ားထင္ေန၏။ ကိုသာေအးက ေမာင္လံုး၏အေမးကိုျပန္မေျဖဘဲ အျမန္ေလ်ွာက္၏။

” ကိုႀကီးသာေအး ဘာျဖစ္တာပါလိမ့္ ေမးလည္းမေျဖဘူး…ေနမ်ားမေကာင္းတာလားမသိဘူး…မ်က္ႏွာလည္းအေတာ္ေခ်ာင္က်ေနတယ္…”

ကိုသာေအး၏ေက်ာျပင္ကိုေငးၾကည့္ၿပီး ေမာင္လံုးတစ္ေယာက္ ထိုသို႔ေတြးေနမိ၏။ ထို႔ေနာက္လမ္းမႀကီးအတိုင္း ၾသားရာ တစ္ေအာင့္အၾကာ၌ ကိုသာေအး၏အိမ္ေ႐ွ႕သို႔ေရာက္လာ၏။ ထိုစဥ္ကိုသာေအး၏အိမ္ေနာက္ေဖးမွ အမ်ိဳးသမီးတစ္ေယာက္သည္ ကုန္းကုန္းကြကြျဖင့္ တစ္ခုခုကိုလုပ္ေန၏။ စပၥဳေလြသာ ေမာင္လံုးလည္း ကိုသာေအး ေနာက္မိန္းမယူထားသည္ထင္ကာ ျခံထဲဝင္ၿပီးအနီးကပ္လာၾကည့္၏။ အပုပ္နံ႔ႀကီးက သူ႔ႏွာေခါင္းထဲေထာင္းခနဲဝင္လာသည္။ ေမာင္လံုးအနားေရာက္မလာခင္မွာပင္ ထိုမိန္းမႀကီးမွာသူ႔အနားလွည့္လာခဲ့၏။

” ေအမလး! ေအေမရ….မဘုတ္ဆံုႀကီး….”

ေမာင္လံုးအလန္႔တၾကားေအာ္ၿပီး ကိုသာေအး၏အိမ္ဝန္းထဲမွတခ်ိဳးတည္းထြက္ေျပးသြား၏။ သူျမင္ေနရေသာ မိန္းမႀကီးမွာ မဘုတ္ဆံု၏ဝိဥာဥ္သာျဖစ္၏။

ေမာင္လံုးတစ္ေယာက္ မဘုတ္ဆံု၏ဝိဥာဥ္ကိုျမင္ၿပီးေနာက္ပိုင္း တစ္ပတ္ခန္႔အဖ်ားႀကီးဖ်ားသြားသည္။ မဘုတ္ဆံုမကြၽတ္မလြတ္ျဖစ္ေနသည့္သတင္းသည္လည္း ရြာထဲပ်ံ့ႏွံ႔ေနသည္။ ကိုသာေအးလည္းတေန႔တျခားပိန္လိန္လာၿပီး အမဲေသြးကိုဝယ္ဖို႔ပင္ ဝင္ေငြမ႐ွိေတာ့ေခ်။ သို႔ေၾကာင့္ သက္ေပ်ာက္ဝတ္စံုမွပူးကပ္ေနေသာ မဘုတ္ဆံု၏ဝိဥာဥ္သည္ အစာငတ္မြတ္လာၿပီး ကိုသာေအးကိုျပႆနာ႐ွာေတာ့သည္။ အမွန္ေျပာရေသာ္ မဘုတ္ဆံုမွာေသလြန္ၿပီး ဝိဥာဥ္ေလာကသားမဟုတ္ေတာ့ဘဲ သရဲသဘက္ႀကီးအဆင့္ပင္ေရာက္ေနေခ်ၿပီ။ သို႔ေၾကာင့္ လူ႔ဘဝမွအေၾကာင္းအရာမ်ားကိုေမ့ေလ်ာ့ေနေခ်ၿပီ။

” ဝုန္း….ဒုန္း…”

” ခြမ္း….”

အခန္းေထာင့္တြင္ထိုင္ေနသာ ကိုသာေအးတစ္ေယာက္ ထိုအသံေၾကာင့္ထိတ္လန္႔သြားသည္။ ေႂကြပန္ကန္အပိုင္းအစတို႔သည္ကား အိမ္ထဲဝယ္ဟိုတစ္စသည္တစ္စျပန္႔က်ဲလ်က္႐ွိ၏။

” မိန္းမ….ဒီလိုမလုပ္ပါနဲ႔ကြာေနာ္….မိန္းမအတြက္ အမဲေသြးေတြမရရေအာင္ ႐ွာလာခဲ့ေပးမယ္ေနာ္…”

” အား….မိန္း….မိန္း…မ…လႊတ္…လႊတ္…. ”

ေျပာ၍ပင္မၿပီးေသး မျမင္ရေသာအရာတစ္ခုသည္ ကိုသာေအး၏လည္ပင္းအား အသားကုန္ညႇစ္ေနေခ်ၿပီ။ ညႇစ္ထားေသာလက္သည္ အားပါလွသျဖင့္ ကိုသာေအးအသက္႐ွဴၾကပ္လာၿပီး အျမင္ေဝဝါးလာသည္။

” ဘုန္း….”

” အင့္….”

သည္တစ္ခါမိမိကိုယ္ကို စိတ္ကိုအနိမ့္ဆံုးအထိခ်ၿပီး ေသရန္ျပင္ဆင္ထားေသာ္လည္း မဘုတ္ဆံု၏ဝိဥာဥ္ဆိုးက သူ႔ကိုမသတ္ဘဲ အိမ္နံရံသို႔ပစ္ေပါက္လိုက္သည္။ အိမ္နံရံႏွင့္႐ိုက္မိၿပီး ဘုန္းခနဲျမည္ကာ ေက်ာျပင္႐ွိ ေက်ာ႐ိုးမ်ားက်ိဳးေၾကကုန္ၿပီဟုပင္ ထင္မွတ္လိုက္သည္။ မိမိခ္စၼဝေသးေသာ ဇနီးမယားကို ေသရြာမွျပန္ေခၚခဲ့သည္မွာ မွားေလၿပီဟု ေတြးမိေလသည္။ သို႔ေသာ္ လြန္စြာမွေနာက္က်ခဲ့ေလၿပီ။ ေခၚစဥ္ကလြယ္ၿပီး ျပန္ႏွင္ရန္ မလြယ္ေတာ့သည့္ ဤပရေလာကဝိဥာဥ္အတြက္ သူစေတးခံရေတာ့မည္။ နာက်င္ေနေသာခႏၶာကို ႐ွိသမ်ွအားသံုးၿပီး ျဖည္းျဖည္းခ်င္းထလာသည္။

” ရႊီး…ရႊီး…ရႊီး….”

ထိုစဥ္ခြၽန္ျမေသာအရာသည္ သူ႔မ်က္ႏွာျပင္ေပၚသို႔က်လာၿပီး မ်က္ႏွာတစ္ခုလံုးပူစပ္စပ္ျဖစ္သြားသည္။ ထို႔စဥ္တစ္ကိုယ္လံုးအေမြးအျမႇင္ထူထပ္ေနေသာ သရဲတစ္ေကာင္သည္ သူ႔ေ႐ွ႕တြင္ထိုင္ေနၿပီး ထိုသရဲသည္တျဖည္းျဖည္း႐ုပ္ေျပာင္းလာၿပီး မဘုတ္ဆံုအသြင္ျဖစ္သြားသည္။

” မိန္း….မိန္းမ…”

” ဟင္း….ဟင္း….ငါေသြးဆာတယ္….ငါ့ကိုအမဲေသြး ယူလာေပး….မဟုတ္ရင္ငါနင့္ကိုသတ္မယ္….”

” ခုတေလာအမဲေသြးေတြရဖို႔ခက္လို႔ပါမိန္းမရယ္….”

” ဘာမွမၾကားခ်င္ဘူး…ငါ့ကိုအမဲေသြးရေအာင္ယူလာေပး….ေနာက္ၿပီးငါ႐ွိေနတဲ့အေၾကာင္း ဘယ္သူမွမသိေစနဲ႔…မဟုတ္ရင္နင့္အသက္အေသဘဲ…ဟင္းဟင္း…”

” မိန္းမရာ ေယာက်ာ္းအေပၚဘာလို႔အၿငိဳးေတြထားေနတာလဲဟင္….ေယာက်ာ္းဘာအမွားလုပ္မိလို႔လဲ….မိန္းမကိုခ်စ္လြန္းလို႔ တမလြန္ကေနေတာင္ ခက္ခက္ခဲခဲျပန္ေခၚခဲ့ရတာေလ… ”

” မၾကားခ်င္ဘူး…ခုငါအရမ္းဆာေလာင္ေနတယ္…ေသြးယူလာေပး မၾကာေစနဲ႔…”

သရဲမႀကီးက ထိုသို႔ေျပာၿပီး ေပ်ာက္သြား၏။ ကိုသာေအးလည္း ထိုသရဲမ၏ဒဏ္ကိုမခံႏိူင္ေတာ့ေသာေၾကာင့္ မီးထြန္းရန္ဝယ္ထားေသာေရနံဆီကိုယူၿပီး အခန္းထဲဝင္ကာ ကုတင္ေပၚ႐ွိေနေသာ သက္ေပ်ာက္ဝတ္စံုေပၚသို႔ေလာင္းခ်ၿပီး မီးတို႔လိုက္သည္။

” ဖ်စ္….ဖ်စ္….ဖ်စ္…”

သက္ေပ်ာက္ဝတ္စံုမွာမီးအနည္းငယ္ေလာင္ကြၽမ္းၿပီး ျပန္ၿငိမ္းသြားသည္။ ကိုသာေအးလည္းအေလ်ာ့မေပးဘဲ မီးျပန္တို႔ရန္လုပ္စဥ္

” အစ္….အစ္….”

ၾကမ္းတမ္းေသာလက္တစ္စံုက ကိုသာေအး၏လည္တိုင္ကို အားပါပါညႇစ္ထားလိုက္သည္။ ကိုသာေအးမွာဘာသံမွမထြက္ႏိူင္ေတာ့ဘဲ မ်က္ျဖဴဆိုက္ကာ အသက္႐ွဴရပ္လုမတတ္ျဖစ္သြားသည္။

” ဟင္းဟင္း….ငါ့ကိုေခၚၿပီး ခုေတာ့ၿငိဳျငင္ၿပီေပါ့ဟုတ္လား…ငါ့ကိုႏွင္ထုတ္လို႔ရမယ္ထင္ေနတာလား….”

သရဲမႀကီးကထိုသို႔ေျပာၿပီး ကိုသာေအး၏လည္ပင္းညႇစ္ကာ လက္ကိုအေပၚသို႔ေျမာက္တက္လိုက္၏။ ဒီတစ္ခါ ကိုသာေအးတစ္ေယာက္ အသက္႐ွင္ဖို႔အခြင့္အေရးနည္းပါးသြားေခ်ၿပီ။ တျဖည္းျဖည္းျဖင့္ ေျခေထာက္မွာၾကမ္းျပင္နဲ႔ လႊတ္ေနေခ်ၿပီ။ မိမိခ်စ္ရသူအတြက္ အသက္ကိုပင္ေပးလိုက္ေတာ့မည္ဟုေတြးၿပီး စိတ္ကိုေလ်ာ့လိုက္သည္။

” မဆိုင္တဲ့လူကိုလႊတ္လိုက္စမ္း….”

ထိုစဥ္ဩဇာအာဏာပါေသာအသံတစ္သံသည္ မဘုတ္ဆံု၏နားထဲသို႔စူးနစ္ၿပီးဝင္လာ၏။ သို႔ေၾကာင့္ ကိုသာေအးကိုလႊတ္ခ်လိုက္၏။ ကိုသာေအးသည္ ေသကံမေရာက္ခဲ့ေသာ္လည္း အသက္႐ွဴၾကပ္ၿပီး သတိလစ္ေမ့ေမ်ာေနေခ်ၿပီ။

” နင္ပါေသခ်င္ေနတာလား….မဆိုင္ရင္မလာနဲ႔ဆရာစုတ္…”

” လူတစ္ေယာက္ကို အေၾကာင္းမဲ့သတ္ေနတာကိုငါကဒီတိုင္းၾကည့္ေနရမွာလား ”

” ငါအေၾကာင္းမဲ့သတ္ေနတာမဟုတ္ဘူး…ငါ့အေပၚသစၥာေဖာက္ျပားခဲ့လို႔ ငါလုပၱာ…”

” ထိုင္စမ္း….ငါ့ကိုျပန္အာမခံနဲ႔အစိမ္းမ….နင့္ေနရာနင္သိစမ္း…”

” မထိုင္ဘူး….”

” နင္မထိုင္လို႔မရဘူး…ထိုင္စမ္း….”

ေမာင္ေရခဲက ထိုသို႔ေျပာလိုက္သည္ႏွင့္ သရဲသည္ ၾကမ္းေပၚသို႔အလိုလိုထိုင္ခ်လ်ွက္သားျဖစ္ေန၏။

” ဘာလို႔ လူကိုဒုကၡေပးေနရတာလဲ…”

” ဒီလူက ငါ့ေ႐ွ႕မွာမခုတ္တတ္တဲ့ေၾကာင္လိုလိုနဲ႔ ငါ့ေနာက္ကြယ္မွာက် ဟိုဟာမေတြနဲ႔စိတ္ထင္တိုင္းေဖာက္ျပန္ေနၾကတာ ငါကဒီတိုင္းၾကည့္ေနရမွာလား….”

” မွားေနၿပီ…အေတာ္မွားေနၿပီ ဒီလူကမင္းအေပၚ အသက္တမ်ွခ်စ္တာသိသားနဲ႔….မင္းကေဘးစကားကိုယံုၿပီး အဖန္ငါးရာငါးကမၻာလားေစမဲ့အျပစ္ကိုုျပဳတယ္…ခုလည္း အျပစ္မဲ့လူတစ္ေယာက္ကို သတ္ဖို႔လုပ္ျပန္ၿပီ….ဒီလိုသာဆက္လုပ္ေန႐င္ အျပစ္ကဘယ္ေတာ့မွလႊတ္ေတာ့မွမဟုတ္ေတာ့ဘူး….”

” ဟင္း…ဟင္း…နင္ကဘာသိလို႔ခုလိုေျပာရတာလဲ သူသာတစၠယၼေဖာက္ျပန္ခဲ့ရင္ ပတ္ဝန္းက်င္ကဘာမွေျပာစရာ႐ွိမွာမဟုတ္ဘူး….ခုေတာ့သူက…အဟီးဟီး…”

သရဲမကေျပာေျပာဆိုဆိုဝမ္းနည္းစြာငိုေနျပန္သည္။ ေမာင္ေရခဲလည္းအျဖစ္မွန္သိေစရန္ အထင္လႊဲေစခဲ့သည့္အတိတ္အေၾကာင္းကို သရဲမႀကီး၏အာရံုထဲ ျပန္ျပလိုက္သည္။

” ဟင္….ကို…ကိုသာေအးက ဒုကၡေရာက္ေနတဲ့ သူကိုကူညီေပးေနတာပါလား…”

မဘုတ္ဆံု၏အာရံုထဲတြင္ကား ကိုသာေအးသည္ လမ္းမေလ်ွာက္ႏူိင္႐ွာသည့္ မိန္းကေလးတစ္ဦးကိုေဖးမကူကာ အိမ္ထဲသို႔ပို႔ေပးေနျခင္းျဖစ္သည္။ ပတ္ဝန္းက်င္ကေျပာသလို ထိုဒုကၡိတမေလးအား အဓမၼက်င့္ေနျခင္းမဟုတ္ေခ်။

” ဟင္…မွားၿပီ…ငါမွားၿပီ…ငါ့လင္သူေတာ္ေကာင္းႀကီးကိုငါျပစ္မွားမိၿပီ…ငါ့ကိုခြင့္မလႊတ္ပါနဲ႔…ဟင့္…ဟင့္….”

အာရံုထဲထင္႐ွားစြာေပၚေနေသာအမွန္တရားေၾကာင့္ မဘုတ္ဆံုမွာမိမိ၏အမွားကို ျပန္သိၿပီး ေနာင္တရေန၏။ ၿပီးခဲ့ေသာအခ်ိန္ကာလတစ္ခုတြင္ မိမိသာပတ္ဝန္းက်င္စကားကိုမယံုၾကည္ဘဲ ေနခဲ့ပါလ်ွင္ ယခုကဲ့သို႔အဖန္ငါးရာဘဝကိုေရာက္ရမည္မဟုတ္။ ခုေတာ့ျဖင့္အရာရာ ေနာက္က်ခဲ့ေခ်ၿပီ။

” ငိုေနလို႔လည္းမထူးေတာ့ဘူး… ကိုယ့္အမွားကိုယ္သိၿပီဆိုေတာ့ ကိုယ့္ေနရာကိုျပန္ေပေတာ့….”

” မျပန္ခင္ ငါ့အမြားကို ကိုသာေအးထံဝန္ခံခဲ့ခ်င္ေသးတယ္ သူမေသေသးဘူးမလားဟင္…”

မဘုတ္ဆံုကထိုသို႔ဆိုေလသျဖင့္ ေမာင္ေရခဲက သတိလစ္ေနေသာ ကိုသာေအးကိုႏွာႏွပ္ၿပီးသတိျပန္လည္ေအာင္လုပ္ေပးလိုက္သည္။

” အင္း…ဟင္း….ဘုတ္….ဘုတ္ဆံု….”

ကိုသာေအးကသတိရရလာခ်င္း မဘုတ္ဆံု၏အမည္ကိုရြတ္ေန၏။ ကုတင္ေပၚမွသက္ေပ်ာက္ဝတ္စံုသည္ကား မီးအနည္းငယ္ေလာင္သြားသည္မွလဲြ၍ သည္အတိုင္း႐ွိေနဆဲပင္။ ကိုသာေအးသည္ အိပ္ခန္းကုတင္ေပၚ႐ွိသက္မဲ့ဝတ္စံုကို ေငးၾကည့္ေမိသည္။

” အစၠို…. သတိျပန္လည္လာၿပီလား…”

” အင္း…ညီကဘယ္သဴလဲ ဒီကိုဘယ္လိုေရာက္လာတာလဲ…”

” ကြၽန္ေတာ္က ခရီးသြားတစ္ေယာက္ပါ…ခရီးဆက္ရင္းဒီေရာက္ေတာ့ အစ္ကို႔အိမ္ထဲမွာေအာ္သံေတြၾကားလို႔ ဝင္လာခဲ့တာပါ…”

” ညီဘာေတြ႔ျမင္ေသးလဲ…အစ္ကိုေမးတာတမ်ိဳးမထင္ပါနဲ႔… ”

” အစၠိုဘာမြ လ်ိဳ႕ဝွက္စရာမလိုေတာ့ပါဘူး….ဟိုအခန္းထဲမွာ အစ္ကို႔ဇနီး႐ွိတယ္ ဝင္သြားလိုက္ပါ…”

ေမာင္ေရခဲကထိုသို႔ေျပာေသာ္လည္း ကိုသာေအးမွာ သက္ေပ်ာက္ဝတ္စံုကလဲြၿပီး ဘာမွမျမင္မိေခ်။ ထိုစဥ္သူ၏နားထဲ၌ တိုးညႇင္းေသာအသံတစ္ခုကိုၾကားမိ၏။

” ကိုသာေအး…ဘုတ္ဆံု ကိုခြင့္လႊတ္ပါေနာ္…ကိုသာေအးအေပၚသံသယစိတ္ထားမိတဲ့အျပင္ လိုက္ၿပီးစိတ္ဒုကၡေတြေပးမိလို႔…”

” ဟင္….မိန္း…မိန္းမ…ဘာေတြေျပာေနတာလဲ…မိန္းမ ဘယ္မွာလဲ…. ”

” ႐ွာမေနပါနဲ႔ေတာ့ အစ္ကို႐ွာေနလည္းဒီတစ္သက္ေတာ့ဘုတ္ဆံုကို ျပန္မေတြ႔ႏိူင္ေတာ့ပါဘူးေလ…အဟင့္….”

” ကဲ…အခ်ိန္မ႐ွိေတာ့ဘူး သက္ေပ်ာက္ဝတ္စံုကို အစ္ကိုကိုယ္တိုင္မီး႐ိႈ့ပစ္လိုက္ပါ…ဒီပစၥည္းက ရြာအတြက္အႏၱာရာယ္႐ွိသလို ေသလြန္ေလသူ အတြက္လည္းအေႏွာင္အဖဲြ႔ျဖစ္ေစတယ္…”

ေမာင္ေရခဲထိုသို႔ေျပာလိုက္မွ ကိုသာေအးသည္မဘုတ္ဆံု၏သက္ေပ်ာက္ဝတ္စံုကိုယူၿပီး မီး႐ိႈ့လိုက္၏။ မဘုတ္ဆံုကား ကိုသာေအးကိုတခ်က္ၾကည့္ကာ အေဝးသို႔လႊင့္ပ်ံေပ်ာက္ကြယ္သြား၏။ ကိုသာေအးကားထိုအျဖစ္ကိုမသိလိုက္ေခ်။ ေမာင္ေရခဲလည္း အလုပ္ကိစၥၿပီးသြားေသာ္ အိမ္သို႔ျပန္လာခဲ့၏။

” ဟာဆရာ…ေပ်ာက္လို႔လိုက္႐ွာေနတာ ဘယ္ၾသားတာလဲဆရာ…”

” တဖက္ရြာကိုသြားေနတာထင္ေပၚ… မင္းတရားထိုင္ေနတာနဲ႔ မေခၚေတာ့ဘဲထြက္လာခဲ့တာ….”

” ဟုတ္ဆရာ….”

ဆရာတပည့္ႏွစ္ေယာက္ထိုသို႔ေျပာၿပီး အိမ္ထဲသို႔ဝင္ၾကေလေတာ့သည္။….။

# ၿပီး

# ခြန္း