“ဂမ္ဘီရတိုက်နွား”(စ/ဆုံး)

Unicode Version

“ဂမ္ဘီရတိုက်နွား”(စ/ဆုံး)
—————————–
စူးစူးရှရှဟစ်အော်နေကြသောပုစဉ်းရင်ကွဲအသံများကကွန်းရိုးချောင်းတစ်ဝိုက် ဆူညံစွာ ပျံ့လွင့်နေ၏။ ခပ်ကြမ်းကြမ်း လေနီရိုင်းကြောင့်လည်း ဝါးရိုင်းတောကြီးမှာ တရှူးရှူးတရှဲရှဲမြည်သံများဖြင့် ယိမ်းထိုးလှုပ်ယမ်းနေသေးသည်၊
ရေနံချေးအထပ်ထပ်ဝနေသော ဘုန်းကြီးကျောင်းပျက်ကြီး၏ အပေါ်ထပ်မှာ
တော့မီးရောင်မှုန်ပျပျလေးလင်းလက်နေသည်ကိုမည်သူမျှသတိထားမိမည်မဟုတ်။ နေရာကလူမရှိသူမရှိနှစ်ထပ်ကျောင်းပျက်ကြီးဖြစ်ပြီးရွာနှင့်လည်းအလှမ်းဝေး၏။
၎င်းဘုန်းကြီးကျောင်းပျက်ကြီး၏ တောင်ဘက်နှစ်ဖာလုံခန့် အကွာမှာတော့
ကွန်းရိုးရွာ၏ တစ်ခုတည်းသော ရွာသင်္ချိုင်းတည်ရှိ၏။ လပြည့်ကျော်ပြီမို့လည်း လရောင်က ဆုတ်နေလေပြီ။ သို့တိုင်အောင် မှုန်ပျပျ လရောင်အောက်မှာ သုသာန် တစပြင်ကို ဝိုးတဝါးတော့ တွေ့နေရသည်။
အခြောက်လှန့်ပေါသည်။ မြေကြမ်းသည်ဆို၍ တော်ရုံမသွားရဲကြတော့။ဤ ဘုန်းကြီးကျောင်းပျက်ကြီးမှ မီးရောင်ထွက်နေသည်မှာထူးခြားနေသည်ဟုဆိုရချေ မည်။ ဧကန္တ စုန်းမီးတောက်ခြင်းလေလား။ မကောင်းဆိုးဝါး နာနာဘာဝများမြူးထူး နေကြကုန်သလောဟု ရှိနေပါသည်။
အမှန်ကထိုသို့မဟုတ်ပါ။ထိုကျောင်းပျက်ကြီး၏အပေါ်ထပ်၌လူသုံးဦးရောက် ရှိနေပါသည်။ တော်ရုံမသွားရဲကြသောဤလိုနေရာမျိုး၌ ညအချိန်မှာ အခုလို လူ သုံးဦး ရောက်နေတာကတော့အနည်းငယ် ထူးဆန်းနေပါသည်၊
တစ်ဦးမှာ အသက် (၆ဝ) ကျော်ခန့် လူကြီးတစ်ဦးဖြစ်ပြီး ကျန်နှစ်ဦးကတော့ အသက်အစိတ်ဝန်းကျင်အရွယ် လူရွယ်နစ်ဦးပင် ဖြစ်ပါသည်။ လူကြီးမှာ သျှောင်ကို တစောင်းထုံးထားပြီးမှတ်ဆိတ်ဖြူများဖြင့်ခန့်ညားသောဥပဓိရုပ်ရှိလှ၏။ပင်နီတိုက်
ပုံ ရှမ်းဘောင်းဘီတို ဝတ်ဆင်ထားကာ လည်ပင်းတွင်လည်း မည်းနက်တောက် ပြောင်နေသော ပုတီးတစ်ကုံးကို ဆွဲထား၏။
လူရွယ်နှစ်ဦးအနက် တစ်ဦးမှာ ကိုယ်ကာယဗလ တောင့်တင်းထွားကျိုင်းကာ တိုက်ရဲခိုက်ရဲ ခပ်ကြမ်းကြမ်း ဟန်ပေါက်၏။ နောက်တစ်ဦးကတော့ သူနှင့်ဆန့်ကျင် ဘက်၊ ခန္ဓာကိုယ်က ဝါးလုံးတစ်လုံးကို ပိန်လှီခြောက်ကပ်နေပြီ။ မျက်နှာမှာလည်း ကန့်လန့်ဖြတ် ဓားခုတ်ရာတစ်ခုက အရုပ်ဆိုးစွာတည်ရှိနေ၏။
လူကြီး၏အမည်မှာ ဆရာကြီး သိဒ္ဓိအောင်” ဖြစ်ပြီး ဆေးကုသခြင်း၊ ပယောဂ ကုသခြင်းတို့၌ လူသိများကျော်ကြားကာ အားလုံးကလည်းတရိုတသေ ခေါ်ဝေါ် ကြ၏။ အမှန်တော့ ထိုဆရာကြီးမှာ သာသနာပြု ပုဂ္ဂိုလ်ကြီးတစ်ဦးပင် ဖြစ်သည်။ တောအထပ်ထပ်တောင်အထပ်ထပ်မှ ဘုရားဟောင်း၊ ဘုရားပျက်များကိုပြုပြင်ရင်း
တစ်ဖက်မှလည်း စရဏအလုပ်များကို မပြတ်ကျင့်ကြံအားထုတ်နေသူ ဖြစ်၏။ ဆရာကြီး၏အဓိကဝါသနာမှာအင်းစမများကစားခြင်းပင် ဖြစ်သည်။ “သာသနာပြုလုပ်ငန်းမှာ အဟန့်တာ။ အနှောင့်အယှက်ပြုနေတဲ့ မကောင်း မိစ္ဆာမှန်သမျှကို နှိမ်နင်းလို့ ငရဲကျမယ်ဆိုရင် ငရဲပြည်မှာ ရုံးခန်းဖွင့်စောင့်မယ်ဟေ့” ဤကား ဆရာကြီး၏ အမြဲကြုံးဝါးပြောဆိုနေကျစကား ဖြစ်သည်။ မကောင်း သောအတတ်ပညာရှင်များ၊ အောက်လမ်းဆရာများဆိုလျှင် ဆရာကြီးက တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းဘဲ လိုက်လံနှိမ်နင်းတတ်သူလည်း ဖြစ်၏။
ခပ်ကြမ်းကြမ်းဟန်ရှိသောလူရွယ်မှာ“မိုးခေါင်”ဟုအမည်ရပြီး ဆရာကြီး၏
ငယ်မွေးခြံပေါက် သစ္စာရှိတပည့်တစ်ဦး ဖြစ်ပေသည်။ ဆရာကြီးအတွက်ဆို အရိုး ကြေကြေအရေခန်းခန်းအသက်စွန့်ရန် ဝန်မလေး၊ စေလိုရာစေအသင့်ရှိသူပင်။
“မိုးခေါင် – မင်းက အရာရာကို ခွန်အားနဲ့ ဗလအားကိုးပြီး ဖြေရှင်းချင်တယ်။ တကယ်တော့လက်ရုံးရည်ထက်နှလုံးရည်သာလွန်ဖို့လိုတယ်ကွဲ့၊ ချင့်ချိန်တွေးဆ ဆုံးဖြတ်တတ်တဲ့ စိတ်မရှိသေးသရွေ့အမြဲအားနည်းချက် ရှိနေမှာပဲ”
မိုးခေါင်နှင့် ပတ်သက်၍ ဆရာကြီးက ဤသို့ မကြာခဏ ဆုံးမနေကျ၊ မြန်မာ့ သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသော မိုးခေါင်မှာ အရာရာကိုတည့် တည့်ဝင်တိုးတတ်သူလည်းဖြစ်သည်။
သိဟမှာခန္ဓာကိုယ်
နောက်တစ်ယောက်ကတော့ထိုသို့မဟုတ်။ မိုးခေါင်နှင့် လားလားမျှ မတူညီ။ သူကတော့ဆရာကြီ၊၏ညာလက်ရုံးတပည့်“သီဟ”ပင်ဖြစ်၏။ လူဖလံလေးဖြစ်သော်လည်း နလုံးရည်အရာ၌ ထူးချွန်သူ ဖြစ်သည်။ ချင့်ချိန်နိုင်စွမ်း ကြီးမားသူလည်း ဖြစ်သည်။
“အင်း- သိဟကတော့ အထူးပြောစရာ မလိုဘူး။ စိတ်ဓာတ်ကောင်းမွန်သလို
အတိတ်ပါရမီလည်းရင့်သန်လှပေတယ်။အင်းစမအရာမှာလည်းထူးချွန်ထက်မြက် လှပေတယ်၊ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ ထွက်လမ်းကို ဆရာနဲ့အတူ ကျွဲကူးရေပါ လိုက်ပါနိုင်တဲ့ သစ္စာရှိ တပည့်တစ်ဦးပေပဲ”ဟုသီဟနှင့်ပတ်သက်၍ ဆရာကြီးကိုယ် တိုင်မှတ်ချက်ချဖူးပါသည်။
ယခု ဆရာကြီးတို့ သုံးယောက်သားဤဘုန်းကြီးကျောင်းပျက်ကြီးသို့ ရောက် လာခြင်းမှာအကြောင်းမဲ့တော့မဟုတ်ပေ။အတိအကျပြောရလျှင်ဆရာအချင်းချင်း ပညာပြိုင်၍ ရောက်ရှိလာခြင်း ဖြစ်၏။
တစ်ဦးမှာ သာသနာပြု၍ ခုနစ်ရက်သားသမီးများကို ကယ်တင်နေသောဂမ္ဘီရ ပညာရှင်ကြီး ဆရာကြီ၊သိဒ္ဓိအောင်”။နောက်တစ်ဦးက ဘုရားဌာပနာတွေဖောက်၊ မကောင်းမိစ္ဆာတွေမွေးပြီး လူတွေကို ဒုက္ခပေးနေသော သိုက်တူ၊သမား၊ အောက် လမ်း ပညာရှင်ကြီး ဦးအဂ္ဂပင် ဖြစ်ပေသည်။
တစ်ဦးက အဖြူ၊ တစ်ဦးက အမည်း၊ တစ်ဦးက အလင်း၊ တစ်ဦးက အမှောင်၊ တစ်နည်းအားဖြင့် အမှန်နဲ့အမှား၊ ဓမ္မနှင့်အဓမ္မတို့၏အားပြိုင်ပွဲကြီး တစ်ခုပင်။ “အင်း-တစ်နာရီလောက်တော့စောင့်ရဦးမယ်။လမြင့်မှအချိန်ကျမှားအာလုံး
သတိရှိကြကွဲ့နော်၊ ဆရာကြီးပေးထားတဲ့ဆေးလုံးတွေ၊အင်းတွေကိုလည်းအသင့် ဆောင်ထားကြ။ မှာထားတာတွေ မမေ့နဲ့၊ သီဟကဓံကို စည်းချပြီးပလားကွဲ့” ဆရာကြီးက ကွမ်းတစ်ယာကိုမြို့လိုက်ရင်းမှလှမ်းမေး၏။
“ဟုတ်ကဲ့ပါ” ဆရာကြီး။ အတွင်းအပြင် စည်းသုံးတန် ချထားပြီးပါပြီ၊ ရွာပိုင်၊ ကွင်းပိုင်၊တောင်ပိုင်များကိုလည်း တိုင်တည်လျှောက်ထားပြီးပါပြီ ဆရာကြီး”
“အိမ်း -ကောင်းပါလေရဲ့၊ တစ်အောင့်နေရင် ဆေးဖယောင်းတိုင်ကို မီးထွန်း လိုက်တော့၊ မိုးခေါင်က အပြင်ကို မျက်စိရှင်ရှင်ထားပြီး ကြည့်နေ။ ဆရာပေးတဲ့ နာနာရုပ်မျက်ကွင်းဆေးကိုမျက်စိမှားကွင်းပြီးကြည့် ထူးခြားရင် အချက်ပေး၊ ဆရာ
ပုတီးစိပ်လိုက်ဦးမယ်”
“စိတ်ချပါ- ဆရာကြီး၊ ကျွန်တော်တို့ သတိမပြတ်ထားပါ့မယ်”
တပည့်များကို မှာကြားပြီးနောက် ဆရာကြီးက ရှမ်းလွယ်အိတ်ကြီးထဲမှ ကျော က်ဖယောင်းတိုင်ကြီးသုံးတိုင်ကို မီးထွန်းညှိ၍ ဘုရားကျောင်းဆောင်၌ ပူဇော်လိုက် ၏။နံ့သာဖြူအမွှေးတိုင်များထွန်းညှိလိုက်သောအခါသင်းပျံ့သောရနံ့များကတစ်ခန်း
လုံးပျံ့လွင့်နေတော့၏။
ထို့နောက်တွင်တော့ ဆရာကြီးသည် အခင်းတစ်ခုပေါ်ထိုင်၍ ဘုရားရှိခိုးပြီး နောက်မျက်စိစုံမှိတ်ကာ ပုတီးကို “တဂျောက်ဂျောက်ဖြင့် စတင်စိတ်ပါလေတော့
၏။
ပတ်ဝန်းကျင်၌ ပုစဉ်းရင်ကွဲအော်သံများကား ပုံမှန်ထွက်ပေါ်နေဆဲ၊တစ်ချက် တစ်ချက် ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံများကိုလည်း ကြားနေရသော “တရှဲရှဲမြည်၍ လှုပ်ယမ်းနေသော ဝါးပင်အုပ်ကြီးမှလွဲ၍ တစ်စုံတစ်ရာထူးခြားမှု မရှိသေး။
သီဟသည် ဆရာကြီး မှာထားသည့်အတိုင်း တံတောင်ခန့်ရှိသော ရွှေရောင် ဖယောင်းတိုင်ကြီးကို အင်းတစ်ချပ်ပေါ်တင်၍ မီးထွန်းလိုက်၏။ အင်းမျက်နှာပြင်နှင့် ဖယောင်းတိုင်ကြီး၏အောက်ခြေပတ်လည်တွင် တောင်ထိပ်ဆေး”နှင့် “မှိုင်းဆေး” ရောထားသော ဆေးမှုန့်ကို ခပ်စိပ်စိပ် ဖြူးလိုက်၏။
ထို့နောက် ယွန်းဘူးလေးဖြင့် ထည့်ယူလာသော ကျောက်နွားရုပ်ကလေးကို ထုတ်ယူလိုက်သည်။ကျောက်နွားရုပ်မှာလက်တစ်ဝါးစာအရွယ်ရှိပြီးမည်းနက်သော
ကျောက်တစ်မျိုးဖြင့် ထုလုပ်ထား၏။ ပကတိနွားတစ်ကောင်၏ သွင်ပြင်လက္ခဏာ ကြီးငယ် အင်္ဂါ အစုံအလင်ပါဝင်ပြီးကျွမ်းကျင်သော ပန်းပုဆရာ၏ လက်စွမ်းပြဟန်
ဖြစ်ပုံရသည်။ တစ်ကိုယ်လုံး မည်းနက်နေသော်လည်း ဦးချိုနှစ်ခုကတော့ ဆွတ် ဆွတ်ဖြူနေပါသည်။
မဟူရာကျောက်ကို အစီရင်အခမ်းအနားဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး ဦးချိုမှာ ဆင်စွယ်အစစ်ကို ထုလုပ်တပ်ဆင်ထားကြောင်း နောင်တွင် သိလိုက်ရသည်။ သေချာစွာကြည့်ပါက ခန္ဓာကိုယ်၌ စမများထိုးနှံထားသည်ကို တွေ့ရမည် ဖြစ်သည်။
မဟူရာကျောက်၏ ပင်ကိုသတ္တိကပင် မကောင်းဆိုးဝါးများ ကြောက်ရွံ့ကြ ကြောင်းကိုလည်း ဆရာကြီးက ပြောပြဖူးသည်။ ထွန်းညှိထားသော ရွှေရောင်ဆေး ဖယောင်းတိုင်ကြီး၏အလင်းနှင့်အတူဘုရားကျောင်းဆောင်မှဖယောင်းတိုင်များ၏ အလင်းရောင်ကြောင့် အခန်းတွင်း၌ လင်းထိန်နေပါသည်။ အမွှေးတိုင်အခိုးငွေ့များ ကားမြူခိုးများအလား ယှက်သန်းလျက်…
သီဟသည် မြေစာမြက်လက်တစ်ဆုပ်ကို ထုတ်ယူ၍ နှုတ်ခမ်းနားကပ်ကာ မန္တန်တစ်ပုဒ်ကို ခပ်အုပ်အုပ် ရွတ်ဆိုနေသည်။ ထို့အတူ ကျောက်နွားရုပ်ကိုလည်း အသက်သွင်းဂါထာ၊အစောင့်ကပ်ဂါထာ၊ နက္ခတ်ယှဉ်ဂါထာ၊ ဂြိုဟ်ပူးဂြိုဟ်ကပ်ဂါထာ နှင့်တကွ သိဒ္ဓိတင်ဂါထာကြီးကို ဆက်တိုက်ရွတ်ဖတ်၍ မန်းမှုတ်နေလေသည်။ ကျောက်နွားကိုအသက်သွင်းမှု စတင်ပါပြီ၊
သီဟ၏ နှုတ်မှ “ဥုံ- ဥုံ”ဟူသောအသံသာ ဟိန်းထွက်လာပြီး မန္တန်များကိုမူ ခပ်အုပ်အုပ် ရွတ်ဖတ်နေခြင်း ဖြစ်သည်။ ထိုအခိုက် လေတွေက ပိုကြမ်းလာ၏။ သစ်ပင်ကြီးငယ်များ၏ လှုပ်ယမ်းသံ၊ သစ်ကိုင်း သစ်ခက်အချင်းချင်း ပွတ်တိုက်သံ၊ တစ်ချက် တစ်ချက်တွင် သံကျွတ်နေသော သွပ်တစ်ချက်၏ “တဗန်းဗန်း” ရိုက်ခတ် သံများ ကြားလာရသည်။
မို၊ခေါင်ကတော့ ငှက်ကြီးတောင်ဓားကို လက်တွင် တင်းတင်းဆုပ်၊ လှံတိုနှစ် ချောင်းကို ပခုံးတွင်လွယ်ကာ ပတ်ဝန်းကျင်ကို အပေါ်စီးမှ စူးစိုက်ကြည့်ရှုနေလေ သည်။နာနာရုပ်ဆေးသွင်းထားသော သူ့မျက်လုံးကစူးရှတောက်ပနေ၏။ သိမ်းငှက် တစ်ကောင်၏ မျက်လုံးမျိုး၊
ဆရာကြီ၊၏ ပုတ်၊စိပ်သံ“တဂျောက်ဂျောက်”က အချက်ကျကျထွက်ပေါ်နေ
သည်။ မျက်လွှာကိုချ၊ ခါးကိုမတ်၍
တင်ပျဉ်ခွေထိုင်ကာပုတီးထဲ၌စိတ်နစ်ထားသော
ဆရာကြီး၏ ဟန်ပန်မှာလေးစားကြည်ညိုဖွယ် ကောင်းလှပေသည်။
“အူ-ဝူး-ဝူး- ပူး-အူး
“81-06”
ရုတ်တရက်ဆိုသလို သင်္ချိုင်းအစပ်မှ ခွေးအူသံများ ထွက်ပေါ်လာသည်။ တစ် ဆက်တည်းမှာ ကြောက်လန့်တကြား
၏ အော်သံကိုလည်းကြားလိုက်ရ၏။
ထပျံသွားဟန်ဟူသောညဉ့်ငှက်တစ်ကောင်
မိုးခေါင်က စိုးရိမ်စွာဖြင့် သီဟကို ကြည့်လိုက်သည်။ သီဟကတော့ မျက်စိ စုံမှိတ်၍ မန္တန်များ ရွတ်ဖတ်နေဆဲ။ ဆရာကြီးကလည်း ဘာမှကြားဟန်မပေါ်ဘဲပုတ်၊ ကိုသာပုံမှန်စိပ်နေ၍ မိုးခေါင်မှာအပြင်ကိုသာဂရုတစိုက်ကြည့်နေမိတော့သည်။ သုသာန်တစ်စပြင်မှ လူသေကောင်တို့ အိပ်စက်နေသော မြေပုံမို့မို့များကို မိုးခေါင် လှမ်းမြင်နေရသည်။ ထိုအခိုက် ဆူးပင်များ၊ ချုံနွယ်ပင်များ၊ မြေကမူများ ကြားမှ တရွေ့ရွေ့လာနေသောအရာတစ်ခုကို မိုးခေါင် သတိထားလိုက်မိသည်၊ “ဟင်- ဘာလဲဟ၊ ေဩာ်-ကြွက်ဖြူလေးတစ်ကောင်ပါလား ဝိုးတဝါးလရောင်အောက်၌တရွေ့ရွေ့လာနေသောကြွက်ဖြူကလေးကိုမိုးခေါင်
အဖို့ ပီပီသသ ထင်ထင်ရှားရှား မြင်နေရခြင်းမှာ နာနာရုပ် ဆေးအစွမ်းကြောင့်ပင် ဖြစ်ပေသည်။ကြွက်ဖြူကလေးက ဝါ၊တစ်ရိုက်အကွာသို့အရောက်တွင်….
“ဝုန်း” “ညောင်”
“ကျွိ-ကျွံ
ရုတ်တရက် ဘယ်က ဘယ်လိုရောက်လာမှန်းမသိသော ကြောင်ဖြူကြီးတစ် ကောင်၊ ကြောင်ကြီးက ကြွက်ဖြူလေးကို ဝုန်းခနဲ ခုန်အုပ်လိုက်သည်။ သို့သော် မမိ၊ ကြွက်ကလေးကလည်း မယုံနိုင်လောက်အောင် လျင်မြန်စွာရှောင်တိမ်းနိုင်ခဲ့ သည်။
ကြောင်ဖြူကြီးကလည်း မကျေမနပ် ဒေါသထွက်ကာ သူ၏ လက်သည်းချွန် ကြီးများဖြင့် ထိုးကုတ်ရန် ကြိုးစား၏။ ကြွက်ကလေးကလည်း ပွတ်ကာသီကာဖြင့် လွတ်မြောက်နေဆဲ။ “ညောင် – ဦး
“ကျွိ”
ကြောင်ကြီး၏ တိုက်စစ်အဟုန်က ပိုပြင်းထန်လာသည်။ ကြွက်ဖြူကလေးကို မမိ မိအောင်ဖမ်းမည်ဟု အားခဲထားပုံရသည်။ ဤအခြေအနေမှာ ကြောင်ကြီးက တိုက်စစ်၊ ကြွက်ကတော့ ခံစစ်အနေအထား၊ ရေရှည်မှာ အခြေအနေတော့ သိပ် မကောင်း၊
ကြံရာမရသည့်အဆုံး ကြွက်ဖြူကလေးက လှစ်ခနဲ ချုံပုတ်တစ်ခုထဲ ဝင်ပြေး သွား၏။ ကြောင်ကြီးကလည်းလက်လွတ်ခံလိုဟန်မတူ။ ချုံပုတ်ထဲအထိ လိုက်ရန် ပြင်၏။
ထိုစဉ် ဝေါင်းခနဲဟိန်းသံကြီးနှင့်အတူ ချုံပုတ်ထဲမှ ခွေးနက်ကြီးတစ်ကောင် ထွက်ပေါ်လာ၏။ ခွေးကြီး၏ မျက်လုံးအစုံက မီးကျီးခဲနှစ်ခဲပမာ ရဲရဲနီလျက်.. “ဟင်- ဘာလဲဟ၊ ခွေးနက်ကြီးက ဘယ်လိုရောက်လာတာလဲ။ ကြွက်ဖြူလေး ကာ၊ ဘယ်ရောက်သွားပါလိမ့်”
အခြေအနေက ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားရသည်။ ကြောင်ဖြူကြီးသည် တိုက်စစ်အနေအထားရနေရာမှ ခံစစ်ဖြစ်သွားရပြီ၊ အစွယ်ဗွေးဖွေးနှင့် မိမိထက် ကြီးမားသော ခွေးနက်ကြီးရန်မှလွတ်ရန်ကြိုးစားရှောင်တိမ်းနေရချေပြီ၊ သို့သော် ထွက်မပြေ။ သတ္တိရှိစွာဖြင့်ခွေးကြီးကို ခံချနေ၏။
ခန္ဓာကိုယ်အသာစီးဖြင့် ခွေးနက်ကြီးက ကြောင်ဖြူကြီးကိုအုပ်စီးမိရန်ကြိုးစား သည်။ သို့သော်ကြောင်ကလည်း ပါးနပ်လွန်းပေစွ။လှစ်ခနဲလှစ်ခနဲကွေ့ကာဝိုက်ကာ ဖြင့် ရှောင်တိမ်းနေရင်းမှအခွင့်သာလျှင် သာသလို ဘယ်ပြန်ညာပြန် လက်ဝါးကုတ် ချက်တွေ ပေးလိုက်သေးသည်။
တစ်ကြိမ်မှာတော့ ကြောင်ဖြူကြီးသည် လွှားခနဲ ခုန်လိုက်ရာ ခွေးနက်ကြီး၏ ကုပ်ပေါ်သို့ရောက်သွားပြီးကုပ်ကိုကိုက်ထားလိုက်တော့၏။ ခွေးကြီးမှာဒေါသတကြီး
မာန်ဖီရင်း ပတပ်ရပ်ကာ ခါလိုက်ရာကြောင်လည်းမြေပေါ်ကျသွား၏။
“ရွီး- ခလူး- ရွိ၊”
ရေရှည်အခြေအနေမှန်ကို ရိပ်စားမိဟန်တူသော ကြောင်ဖြူကြီးက ဝေါခနဲ ချုံပုတ်ထဲပြေးဝင်သွားသည်။ ခွေးကြီးက ပြေးလိုက်မည်ပြုပြီးမှတုံ့ခနဲရပ်ကာ ချုံပုတ် ထဲစူးစိုက်ကြည့်နေလေသည်၊
မိုးခေါင်မှာ ထူးဆန်းသောအဖြစ်အပျက်များကြောင့် မှင်တက်မိကာ ငေးမော ကြည့်ရှုနေမိသည်။ နောက်ကို လှည့်ကြည့်လိုက်တော့ ဆရာကြီးမှာ ပုတီးစိပ်ခြင်း မပြုတော့ဘဲ ငြိမ်သက်စွာ တရားမှတ်နေဟန် တွေ့လိုက်ရသည်။ သို့သော် တရား မှတ်သည်ဆိုတာထက် တစ်စုံတစ်ခုကိုစေစားထိန်းချုပ်နေပုံရသည်။
သီဟကို ကြည့်လိုက်တော့ အလားတူပင်၊ မျက်စိစုံမှိတ်၍ ငြိမ်သက်နေ၏။ သူတို့ ဘာတွေလုပ်နေမှန်း မိုးခေါင် နားမလည်။ သို့သော် သူတို့သည် စိတ်စွမ်းအား
များ ထုတ်သုံးနေကြမှန်းကိုတော့ မိုးခေါင်တစ်ယောက် ကောင်းစွာ ရိပ်စားမိလိုက်
သည်။
အံ့ဩစရာကောင်းတာက ကျောက်နွားရုပ်..
ကျောက်နွား၏ မျက်လုံးနှစ်လုံးမှာ ရဲရဲနီနေ၏။ မြူခိုးလိုလို၊ မီးခိုးလိုလို အခိုးငွေ့ များကလည်း စိမ့်ထွက်ပျံ့နှံ့နေ၏။ အထူးခြားဆုံးက အောက်မှာ ချကျွေးထားသော ဆေးဂမုန်းမြေစာမြက်တချို့မှာ နွားကြီး၏ ပါးစပ်ထဲရောက်နေလေပြီ။ “ဟိုက် – ကျောက်နွားက အသက်ဝင်လာပြီလား”
မိုးစက်ကြည့်နေရင်းကပင် ကျောက်နွား၏ ခန္ဓာကိုယ်က ဆတ်ခနဲ တစ်ချက် တုန်ခါသွားသည်ကိုအထင်အရှား တွေ့လိုက်ရသည်။ ထိုစဉ်မှာပင်…
“ဘူးဝမ်းဘဲ…”
ဟုတွန်လိုက်သော နွားအော်သံ စစ်စစ်ကြီးကိုကြားလိုက်ရတော့သည်။ ကျောက်နွားရုပ်မှတော့ မဟုတ်၊ မြေပေါ်ခြံဝင်းထဲက ဖြစ်သည်။ မိုးခေါင်က အံ့ဩစွာဖြင့် အပြင်ကို ပြန်လှည့်ကြည့်လိုက်သည်။ “ဟာ- နွားဖြူကြီးတစ်ကောင်”
ဟုတ်ပေသည်။ စောစောက ကြောင်နှင့်ခွေး တိုက်ပွဲဖြစ်သော နေရာတွင် ဇရာမနွားဖြူကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ နွားကြီးမှာ နွားလားဥဿဘ ဖြစ်ပုံရပြီး ထွားကျိုင်းပြည့်ဖြိုးလှကာ ချွန်ထက်တုတ်ခိုင်သော ဦးချိုနှစ်ချောင်းမှာ လည်းမြင်ရုံနှင့် ကျောချမ်းစရာပင်။ ကြောင်တွေ၊ ခွေးတွေလည်း မတွေ့ရတော့၊
နွားကြီးမှာ“တဖူးဖူး” နာမှုတ်ရင်း မြေပြင်ကို ခွာနှင့်ရုပ်နေ၏။ ခွာရှပ်ချက်တိုင်း၌ သဲမှုန့်၊ မြေမှုန့်များက ဖွာခနဲဖွာခနဲဦးခေါင်းကိုလည်း ငုံ့ထားပြီးဦးချိုကိုအသင့်အနေ အထား ဖွင့်ထားသည်။
ထိုစဉ်“ဝေါင်း”ခနဲဟိန်းသံကြီးနှင့်အတူ ချုံပုတ်ကြီးနောက်မှနောက်ကျွမ်းပစ်၍ ထွက်လာသောကျားကြီးတစ်ကောင်ကိုထိတ်လန့်ဖွယ် တွေ့လိုက်ရ၏။
“ဘုရား- ဘုရား၊ ကျားကြီးကဘယ်ကဘယ်လိုရောက်လာပြန်တာလဲ။ဒါတွေ
ကို ဆရာကြီးတို့ သိမှသိပါလေစ”
ထူးခြားတာက ဆရာကြီးရောသီဟပါနှာခေါင်းပေါက်မှ ရှူးရှဲ- ရှူးရှဲ” လေမှုတ် သံများကို ပီပီသသ ကြားနေရသည်။ အထူးသဖြင့် သီဟ၏ နားထင်မှ ချွေးသီးချွေး ပေါက်များစီးကျနေသည်ကိုကြည့်၍အလွန်အရေးကြီးသောအချိန်အခါရောက်နေ ပြီဖြစ်ကြောင်းမိုးခေါင် ရိပ်စားမိလိုက်သည်။
ကျားကြီး “ဂူး- ဂလူး နှင့် လည်ချောင်းသံပေးရင်း နွားဖြူကြီးကိုလှည့်ပတ် ချောင်းနေ၏။ နွားကြီးကလည်း ရန်သူကို အလစ်မပေး။ စွင့်ကားသောဦးချိုကိုဖွင့်၍ ကျားကြီးလာရာလမ်းအတိုင်း ခေါင်းလှည့်ထားပေသည်။
ပုံမှန်သဘာဝအရဆိုလျှင် နွားဆိုတာ ကျားကို ကြောက်ရစမြဲ၊ သို့သော်ယခု တွေ့နေရသည်က နွားဖြူကြီး၌ ကြောက်ရွံ့ဟန်မရှိ။ ရဲရဲတင်းတင်းပင် ရင်ဆိုင်နေ၏။ “နွားအစစ်၊ကျားအစစ်မှဟုတ်ပါလေစ”ဟုမိုးခေါင်တွေလိုက်မိသည်။ကျားကြီး ကလှည့်ပတ်သွားနေရာမှရုတ်တရက်ရပ်ကာသူ၏ညာလက်ဝါးကြီးဖြင့်နွားကြီးကို လှမ်းပုတ်လိုက်သည်။ ပုတ်ချက်ကပေါ့သေးသေးတော့မဟုတ်၊ မြင်းတစ်ကောင်ကို
ဗိုင်းခနဲလဲကျသွားစေနိုင်သောခွန်အားမျိုး၊
သို့သော်နွားကြီးကလည်းပါးနပ်သည်။ ခြေတစ်လှမ်းဆုတ်၍ တိမ်းလိုက်သော ကြောင့်ကျားလက်ဝါးပုတ်ချက်မှ လွတ်သွား၏။ တစ်ဆက်တည်းမှာ နွားဖြူကြီးက လျှင်မြန်သောအရှိန်ဖြင့် ကျားကြီးကို ပြေးဝှေ့၏၊ ချွန်ထက်နေသော ဦးချိုနှစ်ခုက ကျားကြီး၏ ဝမ်းဗိုက်ဆီသို့ ဦးတည်လျက်…
“ဝေါင်း”ခနဲဝမ်းခေါင်းသံကြီးတစ်ချက်ပေးရင်းကျားကနောက်ကျွမ်းပစ်ရှောင် သည်။တစ်ချက်ကံဆိုးသွားတာကပြန်အကျမှာမြေမညီတဲ့နေရာကိုကျ၍ကျားကြီး
ဟန်ချက်ပျက်သွားရသည်။လက်လွှတ်မခံတဲ့နွားကြီးက စုံဖွင့်၍ ပြေးဝင်ဆောင့်၏။
“အူး-ဝရူ၊ ဦး” ထိသွားပြီ။
နွားဖြူကြီး၏ ဦးချိုတစ်ခုက ကျားကြီး၏ ပခုံးနဲ့ လက်ပြင်တစ်ဝိုက်ကို မိမိရရ ထိုးခွဲပစ်နိုင်ခဲ့လေပြီ။ နီရဲသောသွေးများကဟောခနဲပန်းထွက်လာ၏။ကျားနက်ကြီး သည်မာန်မလျှော့ဘဲ ဒေါသကြီးစွာဖြင့်လူးလဲထကာ ခုန်အုပ်သည်။
အချိန်အဆက တိကျ၏။ ကျားကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက နွားဖြူကြီးပေါ်
အုပ်စီးမိသွားပြီ။ နွားကြီးက ရန်သူကို ခွာချရန် ကြိုးစား၏။ ပတတ်ရပ်၍ ခါချ၏။ သို့သော်ကျားကြီး ချွန်ထက်သော လက်သည်။အစုံက နွားကြီးခန္ဓာကိုယ်ထဲ ကုပ်တွယ်ထားနိုင်၍ တော်တော်နှင့်ကွာမကျ၊
အခြေအနေက ဝရုန်းသုန်းကားအခြေအနေ။ အတော့်ကို ရှုပ်ထွေးကြမ်းတမ်း ရင်းဖုန်မှုန့်မြေမှုန့်များ ပလူပျံနေ၍လည်းမြင်ကွင်းက မသဲကွဲတော့။နှစ်ကောင်စလုံး လုံးထွေးနေလေပြီ၊
လား
“မိုးခေါင် – ဘာလုပ်နေတာလဲ။ ဆရာပေးထားတဲ့ ဆေးလုံးနဲ့ ပေါက်ပါတော့
ရုတ်တရက်ထွက်ပေါ်လာသော ဆရာကြီးအသံကြောင့် မိုးခေါင်တစ်ယောက် သတိဝင်လာပြီးလွယ်အိတ်ထဲမှဆေးလုံးကိုထုတ်လိုက်သည်။ ဆေးလုံးမှာလက်သီး ဆုပ်နီးနီးကြီးကာ မည်းနက်နေ၏။အလေးချိန်လည်း စီးနင့်လှသည်။
“ကဲ-လာလေရောလဟယ်”
မိုးခေါင်က ဆေးတစ်လုံးကိုယူ၍အကောင်နှစ်ကောင်ရှိရာသို့ ချိန်ရွယ်၍ အသားကုန်လွှဲပစ်လိုက်တော့သည်။
“ဝုန်း”
အနက်ရောင် မီးခိုးလုံးကြီးက ဝုန်၊ခနဲ ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးအုပ်သွား၏။ မီးခိုးတွေက ထူထပ်လွန်း၍ ဘာဆိုဘာမှမမြင်ရတော့။ ဆရာကြီးရောသီဟပါမိုးခေါင်အနားရောက်လာကြပြီးမြင်ကွင်းကိုမျက်တောင် မခတ်စိုက်ကြည့်နေမိသည်။မီးခိုးတွေက ထူထပ်ဆဲ။ သတ္တဝါနှစ်ကောင်၏လှုပ်ရှားမှု အသံကိုလည်း မကြားရ။
တဖြည်းဖြည်းနှင့် မီးခိုးငွေ့တွေလွင့်ပြယ်စပြုလာချေပြီ။ မီးခိုးတွေ ရှင်းသွားချိန် မှာတော့ သတ္တဝါနှစ်ကောင်စလုံးကို မတွေ့ရတော့၊ ဘယ်လိုပျောက်ကွယ်ကုန်ပြီ မသိ။
“ဆရာကြီး ဟို-ကျားကြီးကောဟင်”
မိုးခေါင်အမေးကြောင့် ဆရာကြီးက ခေါင်းတဆိတ်ဆိတ်ညိတ်ရင်းဖြ၏။
“မရှိတော့ဘူး။ ကွယ်ပျောက်သွားပြီ ငါ့တပည့်။ ဆရာ့ဆေးလုံးဒဏ်ကြောင့် ပျက်စီးသွားပြီ။ကျားကကျားအစစ်မဟုတ်ဘူ။ အောက်လမ်းအတတ်နဲ့ ဖန်တီးထား တဲ့ နာနာရုပ်ဘာဝကျားကြီး။ အိမ်း- ဒီလိုပဲ၊ ဒီနွားကလည်း နွားအစစ်မဟုတ်ဘူး။ ဆရာရဲ့ဂမ္ဘီရတိုက်နွားပေပဲ၊အခုတော့ဒီနွားလည်း စတေးလိုက်ရပြီလော”
ကျောက်နွားရုပ်ကလေးကိုကြည့်လိုက်တော့နွားရုပ်ကလေးမှာထူးဆန်းစွာပင် ကြေမွနေလေပြီ၊ ဂမ္ဘီရပညာရပ်တို့ကား အံ့ထူးဖွယ်ရှိပေစွတကာ။
“ဆရာ- ဒီတိုက်နွားက သိပ်စွမ်းပြီး အသုံးဝင်တာပဲနော်။ ဖြစ်နိုင်ရင် ပြုလုပ် အသုံးချနည်းတို့ ချီးမြှင့်ပါလား ဆရာ”
အတိုက်အခိုက်နှင့် ကြမ်းကြမ်းဝါသနာပါသော မိုးခေါင်က အခုတော့ ဂမ္ဘီရ ပညာကို စိတ်ဝင်တစား လိုလိုလားလားတောင်းခံနေလေပြီ။ “ပေးရမှာပေါ့ကွယ်။ တကယ်စိတ်ဝင်စားရင် ချီးမြှင့်ဖို့အသင့်ပဲ”
(မှတ်ချက် – ဂမ္ဘီရတိုက်နွားသည်အိမ်စောင့်၊ခြံစောင့်အဖြစ်များစွာအသုံးဝင်ပြီး မကောင်းသော အတိုက်ခိုက်၊ မကောင်းသောအတတ်ပညာဆက်များကို ချေဖျက် တွန်းလှန်နိုင်စွမ်း ရှိပါသည်။ သို့သော် မသမာသူတို့ အသုံးချမည့်အရေးရှိပါ၍ ဤ နေရာတွင် မဖော်ပြတော့ပါ၊)
(စာရေးသူ)
အချိန်ကလည်း နံနက်အရုဏ်တက်သို့ ရောက်လုနီးနေပြီ၊
မိုးခေါင်တို့အဖွဲ့သည် ကိစ္စများ ပြီးမြောက်အောင်မြင်ပြီဖြစ်၍ ပစ္စည်းပစ္စယများ သိမ်းဆည်းကာ ကျောင်းပျက်ကြီးမှထွက်လာခဲ့ကြတော့သည်။
အပြန်လမ်းခရီးမှာတော့သုံးယောက်စလုံး၏စိတ်ဓာတ်တွေကရှင်းသန့်နေကြ
ပါသည်။ အမျိုးဘာသာ၊ သာသနာကို နည်းမျိုးစုံဖြင့် နောင့်ယှက်တာ၊ဆီ၊ ဖျက်လို ဖျက်ဆီးလုပ်နေသော အောက်လမ်၊အတတ်ပညာရှင်များသည်ကား ကျဆုံးခဲ့ကြ ရလေပြီ။
မိမိတတ်ကျွမ်းသော ဝိဇ္ဇာဓရ ဂမ္ဘီရအတတ်ပညာကို မှန်ကန်စွာအသုံးချ၍ ခုနစ်ရက်သားသမီးအကျိုးကိုအစဉ်ရှေးရှုဆောင်ရွက်ခဲ့သောဆရာကြီး၏အောင်ပွဲ
ကားအမှန်တရား၏ အောင်ပွဲ…
သစ္စာ၏အောင်ပွဲ..
အလင်း၏အောင်ပွဲပင်ဖြစ်ပါတော့၏သတည်း။
ဝသုန်ဟိန်းထက်

Zawgyi Version

“ဂမၻီရတိုက္ႏြား”(စ/ဆုံး)
—————————–
စူးစူးရွရွဟစ္ေအာ္ေနၾကေသာပုစဥ္းရင္ကြဲအသံမ်ားကကြန္း႐ိုးေခ်ာင္းတစ္ဝိုက္ ဆူညံစြာ ပ်ံ႕လြင့္ေန၏။ ခပ္ၾကမ္းၾကမ္း ေလနီ႐ိုင္းေၾကာင့္လည္း ဝါး႐ိုင္းေတာႀကီးမွာ တရႉးရႉးတရွဲရွဲျမည္သံမ်ားျဖင့္ ယိမ္းထိုးလႈပ္ယမ္းေနေသးသည္၊
ေရနံေခ်းအထပ္ထပ္ဝေနေသာ ဘုန္းႀကီးေက်ာင္းပ်က္ႀကီး၏ အေပၚထပ္မွာ
ေတာ့မီးေရာင္မႈန္ပ်ပ်ေလးလင္းလက္ေနသည္ကိုမည္သူမွ်သတိထားမိမည္မဟုတ္။ ေနရာကလူမရွိသူမရွိႏွစ္ထပ္ေက်ာင္းပ်က္ႀကီးျဖစ္ၿပီး႐ြာႏွင့္လည္းအလွမ္းေဝး၏။
၎ဘုန္းႀကီးေက်ာင္းပ်က္ႀကီး၏ ေတာင္ဘက္ႏွစ္ဖာလုံခန႔္ အကြာမွာေတာ့
ကြန္း႐ိုး႐ြာ၏ တစ္ခုတည္းေသာ ႐ြာသခ်ႋဳင္းတည္ရွိ၏။ လျပည့္ေက်ာ္ၿပီမို႔လည္း လေရာင္က ဆုတ္ေနေလၿပီ။ သို႔တိုင္ေအာင္ မႈန္ပ်ပ် လေရာင္ေအာက္မွာ သုသာန္ တစျပင္ကို ဝိုးတဝါးေတာ့ ေတြ႕ေနရသည္။
အေျခာက္လွန႔္ေပါသည္။ ေျမၾကမ္းသည္ဆို၍ ေတာ္႐ုံမသြားရဲၾကေတာ့။ဤ ဘုန္းႀကီးေက်ာင္းပ်က္ႀကီးမွ မီးေရာင္ထြက္ေနသည္မွာထူးျခားေနသည္ဟုဆိုရေခ် မည္။ ဧကႏၲ စုန္းမီးေတာက္ျခင္းေလလား။ မေကာင္းဆိုးဝါး နာနာဘာဝမ်ားျမဴးထူး ေနၾကကုန္သေလာဟု ရွိေနပါသည္။
အမွန္ကထိုသို႔မဟုတ္ပါ။ထိုေက်ာင္းပ်က္ႀကီး၏အေပၚထပ္၌လူသုံးဦးေရာက္ ရွိေနပါသည္။ ေတာ္႐ုံမသြားရဲၾကေသာဤလိုေနရာမ်ိဳး၌ ညအခ်ိန္မွာ အခုလို လူ သုံးဦး ေရာက္ေနတာကေတာ့အနည္းငယ္ ထူးဆန္းေနပါသည္၊
တစ္ဦးမွာ အသက္ (၆ဝ) ေက်ာ္ခန႔္ လူႀကီးတစ္ဦးျဖစ္ၿပီး က်န္ႏွစ္ဦးကေတာ့ အသက္အစိတ္ဝန္းက်င္အ႐ြယ္ လူ႐ြယ္နစ္ဦးပင္ ျဖစ္ပါသည္။ လူႀကီးမွာ ေသွ်ာင္ကို တေစာင္းထုံးထားၿပီးမွတ္ဆိတ္ျဖဴမ်ားျဖင့္ခန႔္ညားေသာဥပဓိ႐ုပ္ရွိလွ၏။ပင္နီတိုက္
ပုံ ရွမ္းေဘာင္းဘီတို ဝတ္ဆင္ထားကာ လည္ပင္းတြင္လည္း မည္းနက္ေတာက္ ေျပာင္ေနေသာ ပုတီးတစ္ကုံးကို ဆြဲထား၏။
လူ႐ြယ္ႏွစ္ဦးအနက္ တစ္ဦးမွာ ကိုယ္ကာယဗလ ေတာင့္တင္းထြားက်ိဳင္းကာ တိုက္ရဲခိုက္ရဲ ခပ္ၾကမ္းၾကမ္း ဟန္ေပါက္၏။ ေနာက္တစ္ဦးကေတာ့ သူႏွင့္ဆန႔္က်င္ ဘက္၊ ခႏၶာကိုယ္က ဝါးလုံးတစ္လုံးကို ပိန္လွီေျခာက္ကပ္ေနၿပီ။ မ်က္ႏွာမွာလည္း ကန႔္လန႔္ျဖတ္ ဓားခုတ္ရာတစ္ခုက အ႐ုပ္ဆိုးစြာတည္ရွိေန၏။
လူႀကီး၏အမည္မွာ ဆရာႀကီး သိဒၶိေအာင္” ျဖစ္ၿပီး ေဆးကုသျခင္း၊ ပေယာဂ ကုသျခင္းတို႔၌ လူသိမ်ားေက်ာ္ၾကားကာ အားလုံးကလည္းတ႐ိုတေသ ေခၚေဝၚ ၾက၏။ အမွန္ေတာ့ ထိုဆရာႀကီးမွာ သာသနာျပဳ ပုဂၢိဳလ္ႀကီးတစ္ဦးပင္ ျဖစ္သည္။ ေတာအထပ္ထပ္ေတာင္အထပ္ထပ္မွ ဘုရားေဟာင္း၊ ဘုရားပ်က္မ်ားကိုျပဳျပင္ရင္း
တစ္ဖက္မွလည္း စရဏအလုပ္မ်ားကို မျပတ္က်င့္ႀကံအားထုတ္ေနသူ ျဖစ္၏။ ဆရာႀကီး၏အဓိကဝါသနာမွာအင္းစမမ်ားကစားျခင္းပင္ ျဖစ္သည္။ “သာသနာျပဳလုပ္ငန္းမွာ အဟန႔္တာ။ အေႏွာင့္အယွက္ျပဳေနတဲ့ မေကာင္း မိစာၦမွန္သမွ်ကို ႏွိမ္နင္းလို႔ ငရဲက်မယ္ဆိုရင္ ငရဲျပည္မွာ ႐ုံးခန္းဖြင့္ေစာင့္မယ္ေဟ့” ဤကား ဆရာႀကီး၏ အၿမဲႀကဳံးဝါးေျပာဆိုေနက်စကား ျဖစ္သည္။ မေကာင္း ေသာအတတ္ပညာရွင္မ်ား၊ ေအာက္လမ္းဆရာမ်ားဆိုလွ်င္ ဆရာႀကီးက ေတြ႕ရာ သခ်ႋဳင္း ဓားမဆိုင္းဘဲ လိုက္လံႏွိမ္နင္းတတ္သူလည္း ျဖစ္၏။
ခပ္ၾကမ္းၾကမ္းဟန္ရွိေသာလူ႐ြယ္မွာ“မိုးေခါင္”ဟုအမည္ရၿပီး ဆရာႀကီး၏
ငယ္ေမြးၿခံေပါက္ သစၥာရွိတပည့္တစ္ဦး ျဖစ္ေပသည္။ ဆရာႀကီးအတြက္ဆို အ႐ိုး ေၾကေၾကအေရခန္းခန္းအသက္စြန႔္ရန္ ဝန္မေလး၊ ေစလိုရာေစအသင့္ရွိသူပင္။
“မိုးေခါင္ – မင္းက အရာရာကို ခြန္အားနဲ႔ ဗလအားကိုးၿပီး ေျဖရွင္းခ်င္တယ္။ တကယ္ေတာ့လက္႐ုံးရည္ထက္ႏွလုံးရည္သာလြန္ဖို႔လိုတယ္ကြဲ႕၊ ခ်င့္ခ်ိန္ေတြးဆ ဆုံးျဖတ္တတ္တဲ့ စိတ္မရွိေသးသေ႐ြ႕အၿမဲအားနည္းခ်က္ ရွိေနမွာပဲ”
မိုးေခါင္ႏွင့္ ပတ္သက္၍ ဆရာႀကီးက ဤသို႔ မၾကာခဏ ဆုံးမေနက်၊ ျမန္မာ့ သိုင္းပညာကို ကြၽမ္းက်င္စြာ တတ္ေျမာက္ထားေသာ မိုးေခါင္မွာ အရာရာကိုတည့္ တည့္ဝင္တိုးတတ္သူလည္းျဖစ္သည္။
သိဟမွာခႏၶာကိုယ္
ေနာက္တစ္ေယာက္ကေတာ့ထိုသို႔မဟုတ္။ မိုးေခါင္ႏွင့္ လားလားမွ် မတူညီ။ သူကေတာ့ဆရာႀကီ၊၏ညာလက္႐ုံးတပည့္“သီဟ”ပင္ျဖစ္၏။ လူဖလံေလးျဖစ္ေသာ္လည္း နလုံးရည္အရာ၌ ထူးခြၽန္သူ ျဖစ္သည္။ ခ်င့္ခ်ိန္ႏိုင္စြမ္း ႀကီးမားသူလည္း ျဖစ္သည္။
“အင္း- သိဟကေတာ့ အထူးေျပာစရာ မလိုဘူး။ စိတ္ဓာတ္ေကာင္းမြန္သလို
အတိတ္ပါရမီလည္းရင့္သန္လွေပတယ္။အင္းစမအရာမွာလည္းထူးခြၽန္ထက္ျမက္ လွေပတယ္၊ အႏၲိမ ရည္မွန္းခ်က္ျဖစ္တဲ့ ထြက္လမ္းကို ဆရာနဲ႔အတူ ကြၽဲကူးေရပါ လိုက္ပါႏိုင္တဲ့ သစၥာရွိ တပည့္တစ္ဦးေပပဲ”ဟုသီဟႏွင့္ပတ္သက္၍ ဆရာႀကီးကိုယ္ တိုင္မွတ္ခ်က္ခ်ဖူးပါသည္။
ယခု ဆရာႀကီးတို႔ သုံးေယာက္သားဤဘုန္းႀကီးေက်ာင္းပ်က္ႀကီးသို႔ ေရာက္ လာျခင္းမွာအေၾကာင္းမဲ့ေတာ့မဟုတ္ေပ။အတိအက်ေျပာရလွ်င္ဆရာအခ်င္းခ်င္း ပညာၿပိဳင္၍ ေရာက္ရွိလာျခင္း ျဖစ္၏။
တစ္ဦးမွာ သာသနာျပဳ၍ ခုနစ္ရက္သားသမီးမ်ားကို ကယ္တင္ေနေသာဂမၻီရ ပညာရွင္ႀကီး ဆရာႀကီ၊သိဒၶိေအာင္”။ေနာက္တစ္ဦးက ဘုရားဌာပနာေတြေဖာက္၊ မေကာင္းမိစာၦေတြေမြးၿပီး လူေတြကို ဒုကၡေပးေနေသာ သိုက္တူ၊သမား၊ ေအာက္ လမ္း ပညာရွင္ႀကီး ဦးအဂၢပင္ ျဖစ္ေပသည္။
တစ္ဦးက အျဖဴ၊ တစ္ဦးက အမည္း၊ တစ္ဦးက အလင္း၊ တစ္ဦးက အေမွာင္၊ တစ္နည္းအားျဖင့္ အမွန္နဲ႔အမွား၊ ဓမၼႏွင့္အဓမၼတို႔၏အားၿပိဳင္ပြဲႀကီး တစ္ခုပင္။ “အင္း-တစ္နာရီေလာက္ေတာ့ေစာင့္ရဦးမယ္။လျမင့္မွအခ်ိန္က်မွားအာလုံး
သတိရွိၾကကြဲ႕ေနာ္၊ ဆရာႀကီးေပးထားတဲ့ေဆးလုံးေတြ၊အင္းေတြကိုလည္းအသင့္ ေဆာင္ထားၾက။ မွာထားတာေတြ မေမ့နဲ႔၊ သီဟကဓံကို စည္းခ်ၿပီးပလားကြဲ႕” ဆရာႀကီးက ကြမ္းတစ္ယာကိုၿမိဳ႕လိုက္ရင္းမွလွမ္းေမး၏။
“ဟုတ္ကဲ့ပါ” ဆရာႀကီး။ အတြင္းအျပင္ စည္းသုံးတန္ ခ်ထားၿပီးပါၿပီ၊ ႐ြာပိုင္၊ ကြင္းပိုင္၊ေတာင္ပိုင္မ်ားကိုလည္း တိုင္တည္ေလွ်ာက္ထားၿပီးပါၿပီ ဆရာႀကီး”
“အိမ္း -ေကာင္းပါေလရဲ႕၊ တစ္ေအာင့္ေနရင္ ေဆးဖေယာင္းတိုင္ကို မီးထြန္း လိုက္ေတာ့၊ မိုးေခါင္က အျပင္ကို မ်က္စိရွင္ရွင္ထားၿပီး ၾကည့္ေန။ ဆရာေပးတဲ့ နာနာ႐ုပ္မ်က္ကြင္းေဆးကိုမ်က္စိမွားကြင္းၿပီးၾကည့္ ထူးျခားရင္ အခ်က္ေပး၊ ဆရာ
ပုတီးစိပ္လိုက္ဦးမယ္”
“စိတ္ခ်ပါ- ဆရာႀကီး၊ ကြၽန္ေတာ္တို႔ သတိမျပတ္ထားပါ့မယ္”
တပည့္မ်ားကို မွာၾကားၿပီးေနာက္ ဆရာႀကီးက ရွမ္းလြယ္အိတ္ႀကီးထဲမွ ေက်ာ က္ဖေယာင္းတိုင္ႀကီးသုံးတိုင္ကို မီးထြန္းညႇိ၍ ဘုရားေက်ာင္းေဆာင္၌ ပူေဇာ္လိုက္ ၏။နံ႔သာျဖဴအေမႊးတိုင္မ်ားထြန္းညႇိလိုက္ေသာအခါသင္းပ်ံ႕ေသာရနံ႔မ်ားကတစ္ခန္း
လုံးပ်ံ႕လြင့္ေနေတာ့၏။
ထို႔ေနာက္တြင္ေတာ့ ဆရာႀကီးသည္ အခင္းတစ္ခုေပၚထိုင္၍ ဘုရားရွိခိုးၿပီး ေနာက္မ်က္စိစုံမွိတ္ကာ ပုတီးကို “တေဂ်ာက္ေဂ်ာက္ျဖင့္ စတင္စိတ္ပါေလေတာ့
၏။
ပတ္ဝန္းက်င္၌ ပုစဥ္းရင္ကြဲေအာ္သံမ်ားကား ပုံမွန္ထြက္ေပၚေနဆဲ၊တစ္ခ်က္ တစ္ခ်က္ ဆြဲဆြဲငင္ငင္ အူလိုက္ေသာ ေခြးအူသံမ်ားကိုလည္း ၾကားေနရေသာ “တရွဲရွဲျမည္၍ လႈပ္ယမ္းေနေသာ ဝါးပင္အုပ္ႀကီးမွလြဲ၍ တစ္စုံတစ္ရာထူးျခားမႈ မရွိေသး။
သီဟသည္ ဆရာႀကီး မွာထားသည့္အတိုင္း တံေတာင္ခန႔္ရွိေသာ ေ႐ႊေရာင္ ဖေယာင္းတိုင္ႀကီးကို အင္းတစ္ခ်ပ္ေပၚတင္၍ မီးထြန္းလိုက္၏။ အင္းမ်က္ႏွာျပင္ႏွင့္ ဖေယာင္းတိုင္ႀကီး၏ေအာက္ေျခပတ္လည္တြင္ ေတာင္ထိပ္ေဆး”ႏွင့္ “မႈိင္းေဆး” ေရာထားေသာ ေဆးမႈန႔္ကို ခပ္စိပ္စိပ္ ျဖဴးလိုက္၏။
ထို႔ေနာက္ ယြန္းဘူးေလးျဖင့္ ထည့္ယူလာေသာ ေက်ာက္ႏြား႐ုပ္ကေလးကို ထုတ္ယူလိုက္သည္။ေက်ာက္ႏြား႐ုပ္မွာလက္တစ္ဝါးစာအ႐ြယ္ရွိၿပီးမည္းနက္ေသာ
ေက်ာက္တစ္မ်ိဳးျဖင့္ ထုလုပ္ထား၏။ ပကတိႏြားတစ္ေကာင္၏ သြင္ျပင္လကၡဏာ ႀကီးငယ္ အဂၤါ အစုံအလင္ပါဝင္ၿပီးကြၽမ္းက်င္ေသာ ပန္းပုဆရာ၏ လက္စြမ္းျပဟန္
ျဖစ္ပုံရသည္။ တစ္ကိုယ္လုံး မည္းနက္ေနေသာ္လည္း ဦးခ်ိဳႏွစ္ခုကေတာ့ ဆြတ္ ဆြတ္ျဖဴေနပါသည္။
မဟူရာေက်ာက္ကို အစီရင္အခမ္းအနားျဖင့္ ထုလုပ္ထားျခင္းျဖစ္ၿပီး ဦးခ်ိဳမွာ ဆင္စြယ္အစစ္ကို ထုလုပ္တပ္ဆင္ထားေၾကာင္း ေနာင္တြင္ သိလိုက္ရသည္။ ေသခ်ာစြာၾကည့္ပါက ခႏၶာကိုယ္၌ စမမ်ားထိုးႏွံထားသည္ကို ေတြ႕ရမည္ ျဖစ္သည္။
မဟူရာေက်ာက္၏ ပင္ကိုသတၱိကပင္ မေကာင္းဆိုးဝါးမ်ား ေၾကာက္႐ြံ႕ၾက ေၾကာင္းကိုလည္း ဆရာႀကီးက ေျပာျပဖူးသည္။ ထြန္းညႇိထားေသာ ေ႐ႊေရာင္ေဆး ဖေယာင္းတိုင္ႀကီး၏အလင္းႏွင့္အတူဘုရားေက်ာင္းေဆာင္မွဖေယာင္းတိုင္မ်ား၏ အလင္းေရာင္ေၾကာင့္ အခန္းတြင္း၌ လင္းထိန္ေနပါသည္။ အေမႊးတိုင္အခိုးေငြ႕မ်ား ကားျမဴခိုးမ်ားအလား ယွက္သန္းလ်က္…
သီဟသည္ ေျမစာျမက္လက္တစ္ဆုပ္ကို ထုတ္ယူ၍ ႏႈတ္ခမ္းနားကပ္ကာ မႏၲန္တစ္ပုဒ္ကို ခပ္အုပ္အုပ္ ႐ြတ္ဆိုေနသည္။ ထို႔အတူ ေက်ာက္ႏြား႐ုပ္ကိုလည္း အသက္သြင္းဂါထာ၊အေစာင့္ကပ္ဂါထာ၊ နကၡတ္ယွဥ္ဂါထာ၊ ၿဂိဳဟ္ပူးၿဂိဳဟ္ကပ္ဂါထာ ႏွင့္တကြ သိဒၶိတင္ဂါထာႀကီးကို ဆက္တိုက္႐ြတ္ဖတ္၍ မန္းမႈတ္ေနေလသည္။ ေက်ာက္ႏြားကိုအသက္သြင္းမႈ စတင္ပါၿပီ၊
သီဟ၏ ႏႈတ္မွ “ဥဳံ- ဥဳံ”ဟူေသာအသံသာ ဟိန္းထြက္လာၿပီး မႏၲန္မ်ားကိုမူ ခပ္အုပ္အုပ္ ႐ြတ္ဖတ္ေနျခင္း ျဖစ္သည္။ ထိုအခိုက္ ေလေတြက ပိုၾကမ္းလာ၏။ သစ္ပင္ႀကီးငယ္မ်ား၏ လႈပ္ယမ္းသံ၊ သစ္ကိုင္း သစ္ခက္အခ်င္းခ်င္း ပြတ္တိုက္သံ၊ တစ္ခ်က္ တစ္ခ်က္တြင္ သံကြၽတ္ေနေသာ သြပ္တစ္ခ်က္၏ “တဗန္းဗန္း” ႐ိုက္ခတ္ သံမ်ား ၾကားလာရသည္။
မို၊ေခါင္ကေတာ့ ငွက္ႀကီးေတာင္ဓားကို လက္တြင္ တင္းတင္းဆုပ္၊ လွံတိုႏွစ္ ေခ်ာင္းကို ပခုံးတြင္လြယ္ကာ ပတ္ဝန္းက်င္ကို အေပၚစီးမွ စူးစိုက္ၾကည့္ရႈေနေလ သည္။နာနာ႐ုပ္ေဆးသြင္းထားေသာ သူ႔မ်က္လုံးကစူးရွေတာက္ပေန၏။ သိမ္းငွက္ တစ္ေကာင္၏ မ်က္လုံးမ်ိဳး၊
ဆရာႀကီ၊၏ ပုတ္၊စိပ္သံ“တေဂ်ာက္ေဂ်ာက္”က အခ်က္က်က်ထြက္ေပၚေန
သည္။ မ်က္လႊာကိုခ်၊ ခါးကိုမတ္၍
တင္ပ်ဥ္ေခြထိုင္ကာပုတီးထဲ၌စိတ္နစ္ထားေသာ
ဆရာႀကီး၏ ဟန္ပန္မွာေလးစားၾကည္ညိဳဖြယ္ ေကာင္းလွေပသည္။
“အူ-ဝူး-ဝူး- ပူး-အူး
“81-06”
႐ုတ္တရက္ဆိုသလို သခ်ႋဳင္းအစပ္မွ ေခြးအူသံမ်ား ထြက္ေပၚလာသည္။ တစ္ ဆက္တည္းမွာ ေၾကာက္လန႔္တၾကား
၏ ေအာ္သံကိုလည္းၾကားလိုက္ရ၏။
ထပ်ံသြားဟန္ဟူေသာညဥ့္ငွက္တစ္ေကာင္
မိုးေခါင္က စိုးရိမ္စြာျဖင့္ သီဟကို ၾကည့္လိုက္သည္။ သီဟကေတာ့ မ်က္စိ စုံမွိတ္၍ မႏၲန္မ်ား ႐ြတ္ဖတ္ေနဆဲ။ ဆရာႀကီးကလည္း ဘာမွၾကားဟန္မေပၚဘဲပုတ္၊ ကိုသာပုံမွန္စိပ္ေန၍ မိုးေခါင္မွာအျပင္ကိုသာဂ႐ုတစိုက္ၾကည့္ေနမိေတာ့သည္။ သုသာန္တစ္စျပင္မွ လူေသေကာင္တို႔ အိပ္စက္ေနေသာ ေျမပုံမို႔မို႔မ်ားကို မိုးေခါင္ လွမ္းျမင္ေနရသည္။ ထိုအခိုက္ ဆူးပင္မ်ား၊ ခ်ဳံႏြယ္ပင္မ်ား၊ ေျမကမူမ်ား ၾကားမွ တေ႐ြ႕ေ႐ြ႕လာေနေသာအရာတစ္ခုကို မိုးေခါင္ သတိထားလိုက္မိသည္၊ “ဟင္- ဘာလဲဟ၊ ေဩာ္-ႂကြက္ျဖဴေလးတစ္ေကာင္ပါလား ဝိုးတဝါးလေရာင္ေအာက္၌တေ႐ြ႕ေ႐ြ႕လာေနေသာႂကြက္ျဖဴကေလးကိုမိုးေခါင္
အဖို႔ ပီပီသသ ထင္ထင္ရွားရွား ျမင္ေနရျခင္းမွာ နာနာ႐ုပ္ ေဆးအစြမ္းေၾကာင့္ပင္ ျဖစ္ေပသည္။ႂကြက္ျဖဴကေလးက ဝါ၊တစ္႐ိုက္အကြာသို႔အေရာက္တြင္….
“ဝုန္း” “ေညာင္”
“ကြၽိ-ကြၽံ
႐ုတ္တရက္ ဘယ္က ဘယ္လိုေရာက္လာမွန္းမသိေသာ ေၾကာင္ျဖဴႀကီးတစ္ ေကာင္၊ ေၾကာင္ႀကီးက ႂကြက္ျဖဴေလးကို ဝုန္းခနဲ ခုန္အုပ္လိုက္သည္။ သို႔ေသာ္ မမိ၊ ႂကြက္ကေလးကလည္း မယုံႏိုင္ေလာက္ေအာင္ လ်င္ျမန္စြာေရွာင္တိမ္းႏိုင္ခဲ့ သည္။
ေၾကာင္ျဖဴႀကီးကလည္း မေက်မနပ္ ေဒါသထြက္ကာ သူ၏ လက္သည္းခြၽန္ ႀကီးမ်ားျဖင့္ ထိုးကုတ္ရန္ ႀကိဳးစား၏။ ႂကြက္ကေလးကလည္း ပြတ္ကာသီကာျဖင့္ လြတ္ေျမာက္ေနဆဲ။ “ေညာင္ – ဦး
“ကြၽိ”
ေၾကာင္ႀကီး၏ တိုက္စစ္အဟုန္က ပိုျပင္းထန္လာသည္။ ႂကြက္ျဖဴကေလးကို မမိ မိေအာင္ဖမ္းမည္ဟု အားခဲထားပုံရသည္။ ဤအေျခအေနမွာ ေၾကာင္ႀကီးက တိုက္စစ္၊ ႂကြက္ကေတာ့ ခံစစ္အေနအထား၊ ေရရွည္မွာ အေျခအေနေတာ့ သိပ္ မေကာင္း၊
ႀကံရာမရသည့္အဆုံး ႂကြက္ျဖဴကေလးက လွစ္ခနဲ ခ်ဳံပုတ္တစ္ခုထဲ ဝင္ေျပး သြား၏။ ေၾကာင္ႀကီးကလည္းလက္လြတ္ခံလိုဟန္မတူ။ ခ်ဳံပုတ္ထဲအထိ လိုက္ရန္ ျပင္၏။
ထိုစဥ္ ေဝါင္းခနဲဟိန္းသံႀကီးႏွင့္အတူ ခ်ဳံပုတ္ထဲမွ ေခြးနက္ႀကီးတစ္ေကာင္ ထြက္ေပၚလာ၏။ ေခြးႀကီး၏ မ်က္လုံးအစုံက မီးက်ီးခဲႏွစ္ခဲပမာ ရဲရဲနီလ်က္.. “ဟင္- ဘာလဲဟ၊ ေခြးနက္ႀကီးက ဘယ္လိုေရာက္လာတာလဲ။ ႂကြက္ျဖဴေလး ကာ၊ ဘယ္ေရာက္သြားပါလိမ့္”
အေျခအေနက ခ်က္ခ်င္းပင္ ေျပာင္းျပန္ျဖစ္သြားရသည္။ ေၾကာင္ျဖဴႀကီးသည္ တိုက္စစ္အေနအထားရေနရာမွ ခံစစ္ျဖစ္သြားရၿပီ၊ အစြယ္ေဗြးေဖြးႏွင့္ မိမိထက္ ႀကီးမားေသာ ေခြးနက္ႀကီးရန္မွလြတ္ရန္ႀကိဳးစားေရွာင္တိမ္းေနရေခ်ၿပီ၊ သို႔ေသာ္ ထြက္မေျပ။ သတၱိရွိစြာျဖင့္ေခြးႀကီးကို ခံခ်ေန၏။
ခႏၶာကိုယ္အသာစီးျဖင့္ ေခြးနက္ႀကီးက ေၾကာင္ျဖဴႀကီးကိုအုပ္စီးမိရန္ႀကိဳးစား သည္။ သို႔ေသာ္ေၾကာင္ကလည္း ပါးနပ္လြန္းေပစြ။လွစ္ခနဲလွစ္ခနဲေကြ႕ကာဝိုက္ကာ ျဖင့္ ေရွာင္တိမ္းေနရင္းမွအခြင့္သာလွ်င္ သာသလို ဘယ္ျပန္ညာျပန္ လက္ဝါးကုတ္ ခ်က္ေတြ ေပးလိုက္ေသးသည္။
တစ္ႀကိမ္မွာေတာ့ ေၾကာင္ျဖဴႀကီးသည္ လႊားခနဲ ခုန္လိုက္ရာ ေခြးနက္ႀကီး၏ ကုပ္ေပၚသို႔ေရာက္သြားၿပီးကုပ္ကိုကိုက္ထားလိုက္ေတာ့၏။ ေခြးႀကီးမွာေဒါသတႀကီး
မာန္ဖီရင္း ပတပ္ရပ္ကာ ခါလိုက္ရာေၾကာင္လည္းေျမေပၚက်သြား၏။
“႐ြီး- ခလူး- ႐ြိ၊”
ေရရွည္အေျခအေနမွန္ကို ရိပ္စားမိဟန္တူေသာ ေၾကာင္ျဖဴႀကီးက ေဝါခနဲ ခ်ဳံပုတ္ထဲေျပးဝင္သြားသည္။ ေခြးႀကီးက ေျပးလိုက္မည္ျပဳၿပီးမွတုံ႔ခနဲရပ္ကာ ခ်ဳံပုတ္ ထဲစူးစိုက္ၾကည့္ေနေလသည္၊
မိုးေခါင္မွာ ထူးဆန္းေသာအျဖစ္အပ်က္မ်ားေၾကာင့္ မွင္တက္မိကာ ေငးေမာ ၾကည့္ရႈေနမိသည္။ ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ဆရာႀကီးမွာ ပုတီးစိပ္ျခင္း မျပဳေတာ့ဘဲ ၿငိမ္သက္စြာ တရားမွတ္ေနဟန္ ေတြ႕လိုက္ရသည္။ သို႔ေသာ္ တရား မွတ္သည္ဆိုတာထက္ တစ္စုံတစ္ခုကိုေစစားထိန္းခ်ဳပ္ေနပုံရသည္။
သီဟကို ၾကည့္လိုက္ေတာ့ အလားတူပင္၊ မ်က္စိစုံမွိတ္၍ ၿငိမ္သက္ေန၏။ သူတို႔ ဘာေတြလုပ္ေနမွန္း မိုးေခါင္ နားမလည္။ သို႔ေသာ္ သူတို႔သည္ စိတ္စြမ္းအား
မ်ား ထုတ္သုံးေနၾကမွန္းကိုေတာ့ မိုးေခါင္တစ္ေယာက္ ေကာင္းစြာ ရိပ္စားမိလိုက္
သည္။
အံ့ဩစရာေကာင္းတာက ေက်ာက္ႏြား႐ုပ္..
ေက်ာက္ႏြား၏ မ်က္လုံးႏွစ္လုံးမွာ ရဲရဲနီေန၏။ ျမဴခိုးလိုလို၊ မီးခိုးလိုလို အခိုးေငြ႕ မ်ားကလည္း စိမ့္ထြက္ပ်ံ႕ႏွံ႔ေန၏။ အထူးျခားဆုံးက ေအာက္မွာ ခ်ေကြၽးထားေသာ ေဆးဂမုန္းေျမစာျမက္တခ်ိဳ႕မွာ ႏြားႀကီး၏ ပါးစပ္ထဲေရာက္ေနေလၿပီ။ “ဟိုက္ – ေက်ာက္ႏြားက အသက္ဝင္လာၿပီလား”
မိုးစက္ၾကည့္ေနရင္းကပင္ ေက်ာက္ႏြား၏ ခႏၶာကိုယ္က ဆတ္ခနဲ တစ္ခ်က္ တုန္ခါသြားသည္ကိုအထင္အရွား ေတြ႕လိုက္ရသည္။ ထိုစဥ္မွာပင္…
“ဘူးဝမ္းဘဲ…”
ဟုတြန္လိုက္ေသာ ႏြားေအာ္သံ စစ္စစ္ႀကီးကိုၾကားလိုက္ရေတာ့သည္။ ေက်ာက္ႏြား႐ုပ္မွေတာ့ မဟုတ္၊ ေျမေပၚၿခံဝင္းထဲက ျဖစ္သည္။ မိုးေခါင္က အံ့ဩစြာျဖင့္ အျပင္ကို ျပန္လွည့္ၾကည့္လိုက္သည္။ “ဟာ- ႏြားျဖဴႀကီးတစ္ေကာင္”
ဟုတ္ေပသည္။ ေစာေစာက ေၾကာင္ႏွင့္ေခြး တိုက္ပြဲျဖစ္ေသာ ေနရာတြင္ ဇရာမႏြားျဖဴႀကီးတစ္ေကာင္ကို ေတြ႕လိုက္ရသည္။ ႏြားႀကီးမွာ ႏြားလားဥႆဘ ျဖစ္ပုံရၿပီး ထြားက်ိဳင္းျပည့္ၿဖိဳးလွကာ ခြၽန္ထက္တုတ္ခိုင္ေသာ ဦးခ်ိဳႏွစ္ေခ်ာင္းမွာ လည္းျမင္႐ုံႏွင့္ ေက်ာခ်မ္းစရာပင္။ ေၾကာင္ေတြ၊ ေခြးေတြလည္း မေတြ႕ရေတာ့၊
ႏြားႀကီးမွာ“တဖူးဖူး” နာမႈတ္ရင္း ေျမျပင္ကို ခြာႏွင့္႐ုပ္ေန၏။ ခြာရွပ္ခ်က္တိုင္း၌ သဲမႈန႔္၊ ေျမမႈန႔္မ်ားက ဖြာခနဲဖြာခနဲဦးေခါင္းကိုလည္း ငုံ႔ထားၿပီးဦးခ်ိဳကိုအသင့္အေန အထား ဖြင့္ထားသည္။
ထိုစဥ္“ေဝါင္း”ခနဲဟိန္းသံႀကီးႏွင့္အတူ ခ်ဳံပုတ္ႀကီးေနာက္မွေနာက္ကြၽမ္းပစ္၍ ထြက္လာေသာက်ားႀကီးတစ္ေကာင္ကိုထိတ္လန႔္ဖြယ္ ေတြ႕လိုက္ရ၏။
“ဘုရား- ဘုရား၊ က်ားႀကီးကဘယ္ကဘယ္လိုေရာက္လာျပန္တာလဲ။ဒါေတြ
ကို ဆရာႀကီးတို႔ သိမွသိပါေလစ”
ထူးျခားတာက ဆရာႀကီးေရာသီဟပါႏွာေခါင္းေပါက္မွ ရႉးရွဲ- ရႉးရွဲ” ေလမႈတ္ သံမ်ားကို ပီပီသသ ၾကားေနရသည္။ အထူးသျဖင့္ သီဟ၏ နားထင္မွ ေခြၽးသီးေခြၽး ေပါက္မ်ားစီးက်ေနသည္ကိုၾကည့္၍အလြန္အေရးႀကီးေသာအခ်ိန္အခါေရာက္ေန ၿပီျဖစ္ေၾကာင္းမိုးေခါင္ ရိပ္စားမိလိုက္သည္။
က်ားႀကီး “ဂူး- ဂလူး ႏွင့္ လည္ေခ်ာင္းသံေပးရင္း ႏြားျဖဴႀကီးကိုလွည့္ပတ္ ေခ်ာင္းေန၏။ ႏြားႀကီးကလည္း ရန္သူကို အလစ္မေပး။ စြင့္ကားေသာဦးခ်ိဳကိုဖြင့္၍ က်ားႀကီးလာရာလမ္းအတိုင္း ေခါင္းလွည့္ထားေပသည္။
ပုံမွန္သဘာဝအရဆိုလွ်င္ ႏြားဆိုတာ က်ားကို ေၾကာက္ရစၿမဲ၊ သို႔ေသာ္ယခု ေတြ႕ေနရသည္က ႏြားျဖဴႀကီး၌ ေၾကာက္႐ြံ႕ဟန္မရွိ။ ရဲရဲတင္းတင္းပင္ ရင္ဆိုင္ေန၏။ “ႏြားအစစ္၊က်ားအစစ္မွဟုတ္ပါေလစ”ဟုမိုးေခါင္ေတြလိုက္မိသည္။က်ားႀကီး ကလွည့္ပတ္သြားေနရာမွ႐ုတ္တရက္ရပ္ကာသူ၏ညာလက္ဝါးႀကီးျဖင့္ႏြားႀကီးကို လွမ္းပုတ္လိုက္သည္။ ပုတ္ခ်က္ကေပါ့ေသးေသးေတာ့မဟုတ္၊ ျမင္းတစ္ေကာင္ကို
ဗိုင္းခနဲလဲက်သြားေစႏိုင္ေသာခြန္အားမ်ိဳး၊
သို႔ေသာ္ႏြားႀကီးကလည္းပါးနပ္သည္။ ေျခတစ္လွမ္းဆုတ္၍ တိမ္းလိုက္ေသာ ေၾကာင့္က်ားလက္ဝါးပုတ္ခ်က္မွ လြတ္သြား၏။ တစ္ဆက္တည္းမွာ ႏြားျဖဴႀကီးက လွ်င္ျမန္ေသာအရွိန္ျဖင့္ က်ားႀကီးကို ေျပးေဝွ႔၏၊ ခြၽန္ထက္ေနေသာ ဦးခ်ိဳႏွစ္ခုက က်ားႀကီး၏ ဝမ္းဗိုက္ဆီသို႔ ဦးတည္လ်က္…
“ေဝါင္း”ခနဲဝမ္းေခါင္းသံႀကီးတစ္ခ်က္ေပးရင္းက်ားကေနာက္ကြၽမ္းပစ္ေရွာင္ သည္။တစ္ခ်က္ကံဆိုးသြားတာကျပန္အက်မွာေျမမညီတဲ့ေနရာကိုက်၍က်ားႀကီး
ဟန္ခ်က္ပ်က္သြားရသည္။လက္လႊတ္မခံတဲ့ႏြားႀကီးက စုံဖြင့္၍ ေျပးဝင္ေဆာင့္၏။
“အူး-ဝ႐ူ၊ ဦး” ထိသြားၿပီ။
ႏြားျဖဴႀကီး၏ ဦးခ်ိဳတစ္ခုက က်ားႀကီး၏ ပခုံးနဲ႔ လက္ျပင္တစ္ဝိုက္ကို မိမိရရ ထိုးခြဲပစ္ႏိုင္ခဲ့ေလၿပီ။ နီရဲေသာေသြးမ်ားကေဟာခနဲပန္းထြက္လာ၏။က်ားနက္ႀကီး သည္မာန္မေလွ်ာ့ဘဲ ေဒါသႀကီးစြာျဖင့္လူးလဲထကာ ခုန္အုပ္သည္။
အခ်ိန္အဆက တိက်၏။ က်ားႀကီး၏ ခႏၶာကိုယ္တစ္ခုလုံးက ႏြားျဖဴႀကီးေပၚ
အုပ္စီးမိသြားၿပီ။ ႏြားႀကီးက ရန္သူကို ခြာခ်ရန္ ႀကိဳးစား၏။ ပတတ္ရပ္၍ ခါခ်၏။ သို႔ေသာ္က်ားႀကီး ခြၽန္ထက္ေသာ လက္သည္။အစုံက ႏြားႀကီးခႏၶာကိုယ္ထဲ ကုပ္တြယ္ထားႏိုင္၍ ေတာ္ေတာ္ႏွင့္ကြာမက်၊
အေျခအေနက ဝ႐ုန္းသုန္းကားအေျခအေန။ အေတာ့္ကို ရႈပ္ေထြးၾကမ္းတမ္း ရင္းဖုန္မႈန႔္ေျမမႈန႔္မ်ား ပလူပ်ံေန၍လည္းျမင္ကြင္းက မသဲကြဲေတာ့။ႏွစ္ေကာင္စလုံး လုံးေထြးေနေလၿပီ၊
လား
“မိုးေခါင္ – ဘာလုပ္ေနတာလဲ။ ဆရာေပးထားတဲ့ ေဆးလုံးနဲ႔ ေပါက္ပါေတာ့
႐ုတ္တရက္ထြက္ေပၚလာေသာ ဆရာႀကီးအသံေၾကာင့္ မိုးေခါင္တစ္ေယာက္ သတိဝင္လာၿပီးလြယ္အိတ္ထဲမွေဆးလုံးကိုထုတ္လိုက္သည္။ ေဆးလုံးမွာလက္သီး ဆုပ္နီးနီးႀကီးကာ မည္းနက္ေန၏။အေလးခ်ိန္လည္း စီးနင့္လွသည္။
“ကဲ-လာေလေရာလဟယ္”
မိုးေခါင္က ေဆးတစ္လုံးကိုယူ၍အေကာင္ႏွစ္ေကာင္ရွိရာသို႔ ခ်ိန္႐ြယ္၍ အသားကုန္လႊဲပစ္လိုက္ေတာ့သည္။
“ဝုန္း”
အနက္ေရာင္ မီးခိုးလုံးႀကီးက ဝုန္၊ခနဲ ထြက္လာၿပီး ပတ္ဝန္းက်င္တစ္ခုလုံး ဖုံးအုပ္သြား၏။ မီးခိုးေတြက ထူထပ္လြန္း၍ ဘာဆိုဘာမွမျမင္ရေတာ့။ ဆရာႀကီးေရာသီဟပါမိုးေခါင္အနားေရာက္လာၾကၿပီးျမင္ကြင္းကိုမ်က္ေတာင္ မခတ္စိုက္ၾကည့္ေနမိသည္။မီးခိုးေတြက ထူထပ္ဆဲ။ သတၱဝါႏွစ္ေကာင္၏လႈပ္ရွားမႈ အသံကိုလည္း မၾကားရ။
တျဖည္းျဖည္းႏွင့္ မီးခိုးေငြ႕ေတြလြင့္ျပယ္စျပဳလာေခ်ၿပီ။ မီးခိုးေတြ ရွင္းသြားခ်ိန္ မွာေတာ့ သတၱဝါႏွစ္ေကာင္စလုံးကို မေတြ႕ရေတာ့၊ ဘယ္လိုေပ်ာက္ကြယ္ကုန္ၿပီ မသိ။
“ဆရာႀကီး ဟို-က်ားႀကီးေကာဟင္”
မိုးေခါင္အေမးေၾကာင့္ ဆရာႀကီးက ေခါင္းတဆိတ္ဆိတ္ညိတ္ရင္းျဖ၏။
“မရွိေတာ့ဘူး။ ကြယ္ေပ်ာက္သြားၿပီ ငါ့တပည့္။ ဆရာ့ေဆးလုံးဒဏ္ေၾကာင့္ ပ်က္စီးသြားၿပီ။က်ားကက်ားအစစ္မဟုတ္ဘူ။ ေအာက္လမ္းအတတ္နဲ႔ ဖန္တီးထား တဲ့ နာနာ႐ုပ္ဘာဝက်ားႀကီး။ အိမ္း- ဒီလိုပဲ၊ ဒီႏြားကလည္း ႏြားအစစ္မဟုတ္ဘူး။ ဆရာရဲ႕ဂမၻီရတိုက္ႏြားေပပဲ၊အခုေတာ့ဒီႏြားလည္း စေတးလိုက္ရၿပီေလာ”
ေက်ာက္ႏြား႐ုပ္ကေလးကိုၾကည့္လိုက္ေတာ့ႏြား႐ုပ္ကေလးမွာထူးဆန္းစြာပင္ ေၾကမြေနေလၿပီ၊ ဂမၻီရပညာရပ္တို႔ကား အံ့ထူးဖြယ္ရွိေပစြတကာ။
“ဆရာ- ဒီတိုက္ႏြားက သိပ္စြမ္းၿပီး အသုံးဝင္တာပဲေနာ္။ ျဖစ္ႏိုင္ရင္ ျပဳလုပ္ အသုံးခ်နည္းတို႔ ခ်ီးျမႇင့္ပါလား ဆရာ”
အတိုက္အခိုက္ႏွင့္ ၾကမ္းၾကမ္းဝါသနာပါေသာ မိုးေခါင္က အခုေတာ့ ဂမၻီရ ပညာကို စိတ္ဝင္တစား လိုလိုလားလားေတာင္းခံေနေလၿပီ။ “ေပးရမွာေပါ့ကြယ္။ တကယ္စိတ္ဝင္စားရင္ ခ်ီးျမႇင့္ဖို႔အသင့္ပဲ”
(မွတ္ခ်က္ – ဂမၻီရတိုက္ႏြားသည္အိမ္ေစာင့္၊ၿခံေစာင့္အျဖစ္မ်ားစြာအသုံးဝင္ၿပီး မေကာင္းေသာ အတိုက္ခိုက္၊ မေကာင္းေသာအတတ္ပညာဆက္မ်ားကို ေခ်ဖ်က္ တြန္းလွန္ႏိုင္စြမ္း ရွိပါသည္။ သို႔ေသာ္ မသမာသူတို႔ အသုံးခ်မည့္အေရးရွိပါ၍ ဤ ေနရာတြင္ မေဖာ္ျပေတာ့ပါ၊)
(စာေရးသူ)
အခ်ိန္ကလည္း နံနက္အ႐ုဏ္တက္သို႔ ေရာက္လုနီးေနၿပီ၊
မိုးေခါင္တို႔အဖြဲ႕သည္ ကိစၥမ်ား ၿပီးေျမာက္ေအာင္ျမင္ၿပီျဖစ္၍ ပစၥည္းပစၥယမ်ား သိမ္းဆည္းကာ ေက်ာင္းပ်က္ႀကီးမွထြက္လာခဲ့ၾကေတာ့သည္။
အျပန္လမ္းခရီးမွာေတာ့သုံးေယာက္စလုံး၏စိတ္ဓာတ္ေတြကရွင္းသန႔္ေနၾက
ပါသည္။ အမ်ိဳးဘာသာ၊ သာသနာကို နည္းမ်ိဳးစုံျဖင့္ ေနာင့္ယွက္တာ၊ဆီ၊ ဖ်က္လို ဖ်က္ဆီးလုပ္ေနေသာ ေအာက္လမ္၊အတတ္ပညာရွင္မ်ားသည္ကား က်ဆုံးခဲ့ၾက ရေလၿပီ။
မိမိတတ္ကြၽမ္းေသာ ဝိဇၨာဓရ ဂမၻီရအတတ္ပညာကို မွန္ကန္စြာအသုံးခ်၍ ခုနစ္ရက္သားသမီးအက်ိဳးကိုအစဥ္ေရွးရႈေဆာင္႐ြက္ခဲ့ေသာဆရာႀကီး၏ေအာင္ပြဲ
ကားအမွန္တရား၏ ေအာင္ပြဲ…
သစၥာ၏ေအာင္ပြဲ..
အလင္း၏ေအာင္ပြဲပင္ျဖစ္ပါေတာ့၏သတည္း။
ဝသုန္ဟိန္းထက္