“လူသားစားကျတ်ရွာ”(စ/ဆုံး)

Unicode Version

“လူသားစားကျတ်ရွာ”(စ/ဆုံး)
————————————
ဘွားမယ်စိန်တစ်ယောက် အသိမိတ်ဆွေတစ်ဦး၏
ရွာထံသို့အလည်အပတ်ရောက်နေခဲ့သည်။
ထိုခရီးကို မောင်တိုးကလိုက်ပို့ပေးရှာသည်။
မိမိတို့သောင်ထွန်းရွာနှင့်အတန်ငယ်အလှမ်းကွာလှသော
ရွာဖြစ်သော်လည်း ခင်မင်နေသော ဒေါ်ပြုံးကြီး၏
အလည်အပတ်လိုက်ခဲ့ပါတော် ဆိုသော စကားကြောင့်
ဘွားမယ်စိန်အလည်အပတ်ရောက်လာခဲ့ရသည်။

ဒေါ်ပြုံးကြီး၏မိသားစုကလည်းဘွားမယ်စိန်ကို
တရိုတသေဆက်ဆံကြသည်မို့
သုံးလေးရက်တိုင်တိုင် ထိုရွာမှဘွားမယ်စိန်မပြန်ဖြစ်သေးပေ။
ငါးရက်မြှောက်သောနေ့ နံနက်စောစောအချိန်၌…
“အမေရေ…ရွာထဲမှာသတင်းထူးတယ်တော့်”
မနက်စာအတွက်ရွာထဲအကြော်သွားဝယ်သော ဒေါ်ပြုံးကြီး၏
သမီးလတ်သည် အိမ်သို့ပြန်ရောက်ရောက်ခြင်းသူ၏အမေဖြစ်သူကိုပြောလိုက်သည်။

ဘွားမယ်စိန်နဲ့မောင်တိုးကတော့
လက်ဖက်ရည်ကြမ်းသောက်ရင်း နားထောင်နေကြ၏။
“ဘာသတင်းထူးတာတုန်း မိတုတ်”
“ရွာပြင်မှာ လူစိမ်းတစ်ယောက်သတိလစ်နေလို့
ဘုန်းကြီးကျောင်းကိုပို့ထားကြတယ်လို့ပြောတယ်တော့်”

“ဟေ…လူစိမ်း…ဘယ်သူလဲ…ဘာဖြစ်လို့များလဲ”
“ကျုပ်လည်းမသိဘူးလေအမေရယ်…
ကြားရတဲ့သတင်းကတော့အဲ့သည်လောက်ပဲ”
“အေးပါ တော်နေ နင့်အစ်ကိုကို သူ့ဘကြီးဘုန်းကြီးဆီလွှတ်လိုက်…ဒါဆိုရင်အကြောင်းစုံသိရမှာ”
“ဟုတ်အမေ”
“ကဲ…ကဲ…ညည်းဘွားတို့အတွက်
အကြော်လေးထည့်ပေးဦးမိတုတ်”

“ဟုတ်…”
ဒေါ်ပြုံးကြီး၏သမီးမိတုတ်လည်း ဘွားမယ်စိန်တို့စားပွဲပေါ်သို့
အကြော်များကိုပန်းကန်နှင့်ထည့်၍ချပေးလေသည်။
“မိပြုံး…ဘာတွေဖြစ်တာတုန်းအေ့”
“ကျုပ်လည်းသေချာမသိသေးပါဘူးအစ်မရယ်…
သြော်…ဒါနဲ့ကျုပ်တို့ဘုန်းကြီးကျောင်းကိုသွားကြရအောင်လေ
အစ်မလည်းမရောက်ဖူးသေးဘူးမလား…။

အဲ့ကကျောင်းထိုင်ဆရာတော်က
ကျုပ်ရဲ့အစ်ကိုတော်တယ်တော့်”
“အေး…ညည်းအားတဲ့အချိန်သွားကြတာပေါ့အေ”
“အားပါ့တော်…အိမ်ကိစ္စကအလတ်မ လုပ်လိမ့်မယ်…

လယ်ကိစ္စကအကြီးကောင်တာဝန်…
ကျုပ်ကဘုရားသွားကျောင်းတက်အလုပ်ပဲရှိတာတော့်”
ဒေါ်ပြုံးကြီးစကားကြောင့် ဘွားမယ်စိန်ပြုံးနေလေသည်။
ဒေါ်ပြုံးကြီးသည် သောင်ထွန်းရွာသား ဦးပိန်နှင့်ရ၍
သောင်ထွန်းရွာနှင့်မစိမ်းလှ။

သို့သော်ဦးပိန်ဆုံးလေတော့ယခုနေထိုင်သော
သူ၏မွေးရပ်မြေရွာဆီသို့အပြီးပြောင်းရွေ့လာခဲ့လေသည်။
သောင်ထွန်းရွာကိုလည်းလုံးလုံးကြီးပစ်ပယ်ခြင်းမရှိဘဲ

တစ်နှစ်တစ်ခေါက်အလည်လာတတ်၏။
ယခုအခေါက်၌ ဘွားမယ်စိန်ကိုပါ အလည်ခေါ်လာခဲ့ရှာသည်။
ထို့သို့ဖြင့်ဒေါ်ပြုံးကြီးကြောင့်ဘွားမယ်စိန်နှင့်မောင်တိုးတို့လည်းဘုန်းကြီးကျောင်းသို့ရောက်လာခဲ့ကြသည်။

ကိုယ့်ရပ်ရွာမဟုတ်သော်လည်း ဒေါ်ပြုံးကြီးမိတ်ဆက်ပေးထား၍ ရွာသူ၊ရွာသားတို့မှာ လမ်းတွေ့လျှင်မေးကြပြောကြဖော်ရွေကြရှာသည်။
ဘုန်းကြီးကျောင်းသို့ရောက်တော့ ကျောင်းထိုင်ဆရာတော်ဘုရား၏ဘေး၌လူငယ်လေးတစ်ဦးနှင့်

လူကြီးသုံးယောက်ထိုင်နေကြ၏။
“ဟာ…ဒေါ်ပြုံးကြီးတို့ပါလား…

ဆရာတော့်ဆီလာကြတာလားဗျ…
သြော်…ဧည့်သည်တွေလည်းပါလာတာပဲ…”
ဟု…လူကြီးတစ်ဦးမှမေးလေတော့…
“ဆရာတော့်ဆီလည်းလာရင်း သတင်းထူးလေးလည်း

နားစွင့်ရင်းပေါ့သူကြီးရယ်”
ဟုပြော၍ အသီးသီးနေရာဝင်ထိုင်ကြပြီး ဆရာတော်ဘုရားအားဦးချကန်တော့ကြသည်။
ဦးချပြီးလေတော့ဆရာတော်ဘုရားမှ…
“ဧည့်သည်တွေလားဒကာမကြီး”

“မှန်ပါ့ဘုရား…တပည့်တော်ခင်ပွန်းရွာက
အသိမိတ်ဆွေတွေ.ပါ…
ရွာကိုအလည်အပတ်ခေါ်လာတာပါဘုရား”

“အင်း…အင်း…အင်း… ဒကာမကြီးတို့လိုတာရှိရင်ပြောပါ…
ဟဲ့ကျောင်းသား…သွား…ကြောင်အိမ်ထဲက
ငှက်ပျောသီးနှင့်မုန့်ကြော်တွေသွားယူချေ……..”
ဆရာတော်သည်ဘွားမယ်စိန်တို့ကိုပြောရင်း
ဘုန်းကြီးကျောင်းသားလေးကိုခိုင်းလိုက်၏။

ပြီးနောက်…
“ဟောသည်ကဒကာလေးက ညကရွာပြင်မှာသတိလစ်နေတဲ့သူပေါ့…

အခုမှသူသတိလေးဝင်လာလို့မေးသင့်တာမေးမလို့အစပျိုးနေကြတာ…ကဲ… ဒကာ… ဒကာလေးဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ဘုန်းဘုန်းတို့ကိုအမှန်တိုင်းပြောစမ်း…

ဒါမှဒကာလေးကိုကူညီသင့်သလား
မသင့်သလားဘုန်းဘုန်းတို့စဉ်းစားရမှာ”
လူငယ်လေးသည် မောင်တိုးထက်ပင် ငယ်သေးသည်။

သူ၏လက်အုပ်လေးကိုချီ၍…
“တင်ပါ့ဘုရား…တပည့်တော်အမှန်တိုင်းလျှောက်တင်ပါ့မယ်

တပည့်တော်မှာမိဘနှစ်ပါးရှိပါတယ်ဘုရား…
တပည့်တော်မိဘများက ကုန်ရောင်းကုန်ဝယ်လုပ်ကြပါတယ်…
တစ်ရွာဝင်တစ်ရွာထွက် နယ်လှည့်ဈေးရောင်းသူတွေပါဘုရား…
တပည့်တော် အဖေနာမည်ကဦးတိုးပါ အမေနာမည်ကတော့

ဒေါ်နုလို့ခေါ်ပါတယ်ဘုရား……………..”
ဦးတိုးနှင့်ဒေါ်နုတို့လင်မယားသည် ရွာစဉ်လှည့်၍

ကုန်ရောင်းကုန်ဝယ်ပြုလုပ်ကြသူများဖြစ်၏။
သားဖြစ်သူမောင်မိုးလေးကို လက်ကဆွဲ၍
ရွာစဉ်လိုက်၍အထည်များရောင်းချကြသည်။
ထိုသို့ရောင်းဝယ်လာရင်း
မောင်မိုးလေးပင်အရွယ်ရောက်လာခဲ့လေသည်။

မောင်မိုးလေးသည် မိခင်၊ဖခင်တို့နှင့်အတူလိုက်ပါ၍
ကူညီရှာသည်။
“အဘ…ဒီတစ်ခေါက်အထည်တွေကများလှပါလားဗျ”

“များဆို…အခါရက်ကလည်းနီးပြီလေငါ့သားရဲ့…
အသစ်အဆန်းဆိုဝယ်ချင်သူကအများသားဆိုတော့
ဒီတစ်ခေါက်ပိုထည့်လာတာ”
ဦးတိုးတို့မိသားစုသည် ယခုအခေါက်ရွာစဉ်လှည့်၍ အထည်ရောင်းကြရာ ထင်သလောက်မရောင်းရခဲ့။

တစ်ရွာဝင်တစ်ရွာထွက်အားမလျော့ဘဲ သွားလာကြရာ
နောက်ဆုံးသွားလာနေကြမဟုတ်သော အရပ်တစ်ခုသို့ရောက်လာခဲ့ကြသည်။

“အဘနဲ့အမေ…ကျုပ်တို့ရွာတွေ့ပါဦးမလားဗျ”
“ငါ့သားရယ် အစောကရွာမှာ မေးလာတာပဲ
ဒီအနီးအနားမှာရွာကြီးတစ်ရွာရှိတယ်လို့အသေအချာပြောလိုက်တာအဖေကြားပါတယ်ကွာ”
“ဟုတ်မှလည်းလုပ်တော်…မိုးကလည်း ချုပ်တော့မယ်…

ရွာကအခုထက်ထိရှာမရဘူး…
မဟုတ်ရင်ကျုပ်တို့တောထဲအိပ်ရကိန်းနော် ကိုတိုးကြီး”
“အေးပါ မိန်းမရယ်…လာကွာ…မင်းတို့သားအမိသာ
ခပ်သွက်သွက်လာကြ”

လမ်းညွှန်လိုက်သောရွာဆီသို့မရောက်ဘဲ ဦးတိုးတို့
မိသားစုမှာ တောထဲ၌ တဝဲလည်လည်ဖြစ်နေကြသည်။
အချိန်သည်လည်းအတော်ညနက်လာသည်မို့
ညောင်ပင်ကြီးတစ်ပင်ကိုအတွေ့ ထိုညောင်ပင်အောက်၌သာ

အမောဖြေထိုင်ကြရရှာသည်။
မှောင်ကာမည်းမည်းတောအတွင်း၌
ခြင်ကကိုက်ဖြုတ်ကကိုက်ဖြင့် ဦးတိုးတို့မှာ

ဝမ်းကတကျုတ်ကျုတ်ကိုပင် သတိမမူအား
ရွာတွေ့ဖို့အရေးသာစိတ်လောနေကြရသည်။
“အဖေ…ပတ်ဝန်းကျင်ကအတော်မှောင်နေပြီဗျ…
ဒီလိုမှန်းသိအစောတုန်းကရွာမှာရှိတဲ့

ဘုန်းကြီးကျောင်းမှာပဲတည်းပါတယ်ဗျာ”
“ဟုတ်ပါ့ငါ့သားရယ်…”
ဒေါ်နုနဲ့မောင်မိုးလေးတို့သားအမိက အတိုင်အဖောက်ညီညီပြောနေကြသည်။
ဦးတိုးမှာတော့ တဘက်ဖြင့်သူ၏မျက်နှာအထက်မှာရှိသော

ချွေးများကို သုတ်ဖယ်၍ ဘေးဘီကိုကြည့်နေခဲ့၏။
ထိုစဉ်မြင်လိုက်ရသောမီးရောင်တလက်လက်တို့ကြောင့်…
“ဟာ…ဟိုမှာ…ရွာတွေ့ပြီ”
“ဟင်…”

“ဟာ…”
ဦးတိုးညွှန်ပြသောနေရာကိုကြည့်ရင်းဒေါ်နုနှင့်မောင်မိုးလေးတို့
ဝမ်းသာသွားကြသည်။

“ကဲ…ကဲ…မောင်ကဲကဲနဲ့ဒေါ်ဒေါ်နုရေ…ရွာမတွေ့လို့ငါ့ကိုပဲ
အပြစ်တင်နေလိုက်ကြ…အခုရွာတွေ့ပြီဆိုတော့
ဟင်း…ဟင်း…ဟင်း………..”

“ဟုတ်ပါတယ်အဖေရာ…ကျုပ်တို့မှားတာပါ…
ကဲသွားကြစို့…အချိန်ကလည်းအတော်နောက်ကျနေပြီ”
မောင်မိုးလေးသည်အထုတ်များကိုဝိုင်းကူသယ်ပေးရင်း
မီးရောင်တဝင်းဝင်းရွာလေးဆီသို့ရောက်လာခဲ့ကြသည်။

မီးများလင်းထိန်နေသော ရွာလေး၏လမ်းမအထက်၌

ကလေးများကအော်ဟစ်ဆော့ကစားနေပြီး
လူကြီးများမှာလည်း သူ့အလုပ်ဖြင့်သူရှုပ်နေကြ၏။

ဦးတိုးတို့လည်းရွာထဲဝင်လာကြပြီး
အိမ်ရှေ့၌ဆန်ပြာနေသော ရွာသူတစ်ယောက်ကို…
“ဒီကညီမကြီးရေ…အစ်ကိုတို့ကို
ဒီရွာရဲ့သူကြီးအိမ်ကိုညွှန်ပေးလို့ရမလား”

“အစ်ကိုကြီးတို့ကဧည့်သည်တွေလား”
“ဟုတ်ပါတယ်ညီမ…အစ်ကိုတို့ကအထည်ရောင်းတဲ့

အထည်သည်တွေပါ…”

“သြော်…သြော်…သြော်…ဒါဆိုရင်ဒီရွာလမ်းတည့်တည်အတိုင်းဝင်သွား…အကြီးဆုံးအိမ်က ကျုပ်တို့ရွာရဲ့
အကြီးအကဲအိမ်ပဲတော့်”

“ကျေးဇူးပါညီမ”
“ကျေးဇူးနော်”
ဦးတိုးတင်မက ဒေါ်နုကပါကျေးဇူးတင်စကားပြောလိုက်သည်။

ထိုနေရာမှထွက်ခွာလာအပြီးမောင်မိုးလေးသည်…
“အမေ…စောစောမိန်းမကြီးကတမျိုးပဲဗျ”
“ဘာဖြစ်လို့လဲငါ့သားရဲ့”

“ဘာဖြစ်ရမှာလည်း သားတို့သူနဲ့စကားပြောပြီး
ထွက်လာတော့သားနောက်ကိုလှည့်ကြည့်မိလိုက်သေးတယ်…
အဲ့မှာသူက သားတို့ကိုပြုံးပြုံးကြီး
ကြည့်နေတာကိုမြင်လိုက်ရတယ်”

“အင်း…ငါ့သားပြောသလိုဆိုသတိထားစရာပဲ”
“ဟိုသားအမိဘာတွေစကားများနေကြတာလဲ…
လာကြ…ဟိုမှာ သူကြီးအိမ်ကိုတွေ့ပြီ…”
ဦးတိုးသည် ပျဉ်ထောင်နှစ်ထပ်ဖြင့်တည်ဆောက်ထားသော

အိမ်မည်းကြီးတစ်လုံးကိုညွှန်၍ပြောလိုက်၏။

အနီးအနားအိမ်များထက်ကြီးသော ထိုအိမ်ကြီးမှာ
အစောကရွာသူပြောလိုက်သည့် သူကြီးအိမ်ဆိုတာမမှားပေ။

“ဗျို့…အိမ်ရှင်တို့…အိမ်ရှင်တို့ရှိလားခင်ဗျ”
ဟု… ဦးတိုးသည်မီးများထွန်းထားသော
အိမ်အတွင်းကိုကြည့်၍အော်ခေါ်လိုက်သည်။

ဦးတိုးအော်ဟစ်၍ခေါ်အပြီး၌ မိန်းမကြီးတစ်ဦးသည်

ဒေါကြီးမောကြီးဟန်ဖြင့် အိမ်အတွင်းမှထွက်လာပြီး
ခါးကြီးကိုထောက်၍ ကြည့်လေသည်။

“ဘာတုန်း…ဘာကိစ္စရှိလို့ရောက်လာကြတာလဲ”

“ဟို…ဟို…ဒါက ဒီရွာရဲ့သူကြီးအိမ်လားခင်ဗျ…
ကျုပ်တို့ကကုန်သည်တွေပါ…ဒီရွာကိုလာရင်း

လမ်းမှာအတော်ကြာသွားလို့
အခုလိုမိုးချုပ်မှရောက်လာကြတာကိုစိတ်မရှိပါနဲ့ခင်ဗျ”
“အင်း…အဲ့ဒီတော့…….”

မိန်းမကြီး၏အကြည့်ကို
ဦးတိုးတို့အားလုံးကြောက်ရွံ့မိကြသော်လည်း စိတ်ကိုတင်း၍…

“ဟိုလေ… အဲ့တာ ဒီရွာမှာဒီညတည်းခိုချင်လို့

သူကြီးဆီကိုလာခွင့်တောင်းတာပါ…
သူကြီးကောရှိလားခင်ဗျ”
“ဟဲ့…ဒီရွာကိုအုပ်ချုပ်နေတဲ့သူကငါပဲ……..”

“ခင်ဗျာ…”
“အေး…နင်တို့တည်းချင်ရင်တည်းလို့ရတယ်…

လာ…အနောက်ကလိုက်ခဲ့ကြ”

မိန်းမကြီးစကားကြောင့်ဦးတိုးတို့အံ့သြသွားကြသည်။
သို့သော်သူခေါ်ရာနောက်သို့အထုပ်လေးများကိုဆွဲရင်း
လိုက်ပါသွားကြတော့၏။

အိမ်အပေါ်ထပ်၌ ဦးတိုးတို့ကိုနေရာပေးလေတော့…
“ကျုပ်တို့ကိုအခုလိုတည်းခိုခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မကြီးရယ်…နောက်ပြီးတော့
ကျုပ်တို့က မနက်ဖြန်ရွာထဲအထည်လိုက်ရောင်းပြီးတာနဲ့

ပြန်ကြမှာပါ “

“ရပါတယ်…နေကြပါ…သြော်

ဒါနဲ့ညစာကောစားပြီးကြပြီလား”

မိန်းမကြီးကမေးတော့ ဦးတိုးတို့လင်မယားမှာပြိုင်တူခေါင်းခါလိုက်ကြသည်။

“ကောင်းပြီ…ဒါဆိုရင်ခဏတော့စောင့်…ထမင်းပွဲပြင်ပေးမယ်”

“အား…အားနာစရာဗျာ”

ဦးတိုးကအားနာ၍ပြောလိုက်သော်လည်း

မိန်းမကြီးမှာအိမ်အောက်ထပ်ဆီသို့ဆင်းသွားတော့သည်။

“အဖေနဲ့အမေ…သူကျွေးတာတွေကောစားကြဦးမလို့လား…

ဒီမိန်းမကြီးကြည့်ရတာကျုပ်တို့ သူ့အိမ်ကိုလာတည်းတာ

မကြိုက်တဲ့ပုံကြီးဗျ”

“ငါ့သားကလည်းကွာ…အဖေတို့ကသူစိမ်းတွေလေ…

ဒါကြောင့်ဘယ်သူယုံမှာလဲ…အိမ်မှာတည်းခွင့်ပေးတာတင်

ကျေးဇူးတင်လှပါပြီကွာ”

ခဏမျှကြာလေတော့ ထမင်းစားဖို့ရန်လာခေါ်သည်။

အငွေ့တထောင်းထောင်းဖြင့် ပြင်ဆင်ပေးထားသော

ထမင်းဝိုင်းကိုကြည့်ရင်း ဦးတိုးတို့လင်မယားမှာ

အလွန်သဘောတွေ့နေကြသည်။

မောင်မိုးလေးကတော့သူတို့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေသော

မိန်းမကြီးကိုကြည့်ရင်းစားရမှာကိုပင် ထိတ်လန့်နေမိ၏။

“ကဲ…စားကြ…”

“အစ်မကြီးလည်းအတူတူဝင်စားပါလားရှင်”

“ရတယ်…ငါကစားပြီးသွားပြီ…

အဲ့တာညည်းတို့အတွက်ချက်ပေးထားတာ”

ထိုသို့ပြောလေတော့

ဦးတိုးတို့လည်းအားမနာတမ်းစားသောက်ကြတော့သည်။

“သား…စားလေကွာ”

“တော်ပြီအဖေ…ကျုပ်အစောက

ထန်းလျက်တွေစားထားလို့ထမင်းမစားချင်သေးဘူး”

မောင်မိုးလေးသည်မိဘနှစ်ပါးစားသောက်နေကြသည်ကိုသာ

ထိုင်ကြည့်နေရှာသည်။

ထမင်းစားပြီး၍ အိပ်ရာဝင်ကြတော့…

“အဖေ…ကျုပ်ဘုရားရှိခိုးမလို့…ဒီအိမ်မှာဘုရားစင်လည်း

ကျုပ်မတွေ့မိဘူးဗျ…ဒီမိန်းမကြီးက

ဗုဒ္ဓဘာသာကောဟုတ်ရဲ့လား”

“တစ်ညတစ်လေတော့ဒီတိုင်းပဲရှိခိုးလိုက်ပါငါ့သားရာနော်…

အဖေတို့လည်းခရီးပန်းတော့အိပ်ချင်ပြီကွ”

ဟု…ပြောရင်းဦးတိုးတစ်ယောက်အိပ်ပျော်သွားခဲ့သည်။

မိဘနှစ်ပါးလုံးအိပ်မောကျနေပြီမို့

မောင်မိုးလေးလည်းဘုရားစာကိုစိတ်အတွင်းမှရွတ်ဆို၍

ဦးချကန်တော့လိုက်သည်။

ထိုသို့ပြုလုပ်နေစဉ်အိမ်ကြီးသည်တစ်ချက်လှုပ်ရမ်းခါသွား၏။

“ဟာ…….”

မောင်မိုးလေးအထိတ်တလန့်အော်လိုက်မိပြီး

မိဘတွေကိုကြည့်တော့

မည်သည်ကိုမှမသိလိုက်သည့်အလားအိပ်မောကျနေကြ၏။

“ဘုရား…ဘုရား…ဘုရား…ကောင်းတာတွေပဲဖြစ်ပါစေဗျာ”

ဟု…မောင်မိုးလေးရေရွတ်လိုက်ပြီးနောက်

ဖခင်၏ဘေး၌ဝင်အိပ်လိုက်သည်။

မှေးရင်းမှေးရင်းမှအိပ်ပျော်ခြင်းဆီသို့ရောက်သွားတော့သည်။

မည်မျှကြာအောင်အိပ်မောကျနေသည်မသိ

သူ၏ဘေး၌ ဝူးဝူးဝါးဝါးအသံများကိုကြားလိုက်လေမှ

မောင်မိုးလေးအလန့်တကြားနိုးလာခဲ့ရှာသည်။

နိုးနိုးခြင်းမြင်လိုက်ရသောမြင်ကွင်းမှာ…

“ဟာ……………အဖေ…………..အမေ……….”

သွေးများရွဲရွဲစိုနေသောအခန်းကြီးထဲတွင် မည်းမည်းအရိပ်ကြီးများအပြင်ဆံပင်စုပ်ဖွားဖြင့်မိန်းကြီး။

ထိုမိန်းမကြီး၏လက်သည်းများသည်ကရှည်လျားလွန်းပြီး

ထိုလက်သည်းများမှာလည်းသွေးများစိုရွဲနေခဲ့သည်။

သူ၏လက်တစ်ဖက်၌ အူများအခွေလိုက်ကိုင်ထားပြီး

မောင်မိုးလေးကိုပြုံးပြုံးကြီးကြည့်နေ၏။

မိန်းမကြီးမှာအခြားသူမဟုတ် မောင်မိုးလေးတို့တည်းခိုသော

အိမ်မှအိမ်ရှင်မိန်းမကြီးပင်။

မျက်လုံးများအပြူးသားဖြင့် ရုပ်ပျက်စွာသေဆုံးနေသော

မိဘများ၏အလောင်းများ။

ဒါတင်မကသေး သူ၏နံဘေး၌အရိပ်မည်းမည်းကြီးများအပြင်

ကြောက်စရာကောင်းလှသော မိန်းမကြီးကို

မောင်မိုးလေးကြည့်ရင်း…

“အား…ခင်ဗျား…ခင်ဗျား….

ကျုပ်မိဘတွေကိုဘာလုပ်လိုက်တာလဲ”

“ဟား….ဟား…ဟား..

ဟား…ဟား..ဟား…

မဖိတ်ပဲလာတဲ့ဧည့်သည်တွေဆီက

အောင်သေအောင်သားလေးစားမလို့လေ…

ဟဲ…ဟဲ…..နောက်ပြီးရင်တော့

နင့်အလှည့်ပဲကောင်လေးရေ…..”

“ဟား….အဖေ…အမေ….

အီး…ဟီး…..ဟီး……”

မောင်မိုးလေးလည်းမိဘနှစ်ပါးအဖြစ်ကိုကြည့်ရင်း

ချုံးပွဲချငိုကြွေးတော့သည်။

ပြီးနောက်သတိဝင်လာခဲ့ပြီးသူ့အား သတိမထားမိကြခင်

ထိုရွာမှာထွက်ပြေးလာခဲ့လေသည်။

“ဒီလိုဆိုရင် ဒကာလေးက ထွက်ပြေးလာလို့သာ

လွှတ်သွားခဲ့တာပေါ့”.

“တင်ပါ့ဘုရား”

“သြော်…သြော်…သြော်…

တော်တော်ကြောက်ဖို့ကောင်းတာပါလား…

ဘဝဆိုးရောက်နေတာတောင်အပြစ်တွေဆက်ပြီး

ကျုးလွန်နေကြတာပဲကွယ်….”

“မှန်ပါ့ဘုရား…ဒီက မောင်ရင်လေးသာထွက်မပြေးခဲ့ရင်

အခုလိုကိစ္စတပည့်တော်တို့တောင်သိကြ၊ ကြားကြရမှာတောင်

မဟုတ်ဘူးဘုရား”

မောင်မိုးလေးပြောပြသော သူ၏အဖြစ်ပျက်ကြောင့်

အားလုံးကသနားကုန်သွားကြသည်။

ဘွားမယ်စိန်ကတော့အဖြစ်အပျက်ကိုနားထောင်အပြီး

စဉ်းစားနေပုံရသည်။

ခဏကြာမှသာစကားဝိုင်းသို့ဝင်၍…

“ဒီအနီးအနားမှာအဲ့သည်လိုအသားစားကျတ်တစ္ဆေတွေနေတဲ့နေရာရှိနေတာလားမိပြုံးရဲ့…”

“အဲ့သည်လိုရှိတယ်ထင်တယ်အစ်မ…

ကျုပ်တို့ငယ်ငယ်က ရွာကဒီနေရာမှာမဟုတ်ဘူးလေ…

အခုရွာနဲ့ခပ်လှမ်းလှမ်းမှာ

ရွာဟောင်းရှိသေးတယ်တော့်…

ရွာဟောင်းက အခုချိန်တော့လူသွားလူလာနည်းပြီး

တောလိုဖြစ်နေပါပြီအစ်မရဲ့…”

“အဲ့သည်ရွာကနေ အခုနေရာကို

ဘာကြောင့်ပြောင်းလာခဲ့ကြရတာလဲ…

ဘာအကြောင်းများရှိလို့လဲအေ့”

ဘွားမယ်စိန်နှင့်ဒေါ်ပြုံးကြီးတို့၏စကားဝိုင်းမှာ

အားလုံးကငြိမ်သက်၍နားထောင်နေကြသည်။

ဆရာတော်ဘုရားကလည်းအသာနားထောင်နေခဲ့၏။

“ဒီလိုအစ်မရဲ့…ကျုပ်မိဘများပြောတာကတော့

အဲ့သည်ရွာဟောင်းမှာတုန်းကဆို

ရောဂါဘယတွေထူပြောပြီးလူတွေသေကြတာများတယ်တဲ့…

ကျောင်းထိုင်ဆရာတော်ကနေရာမကောင်းဘူးအခြားနေရာပြောင်းရမယ်ဆိုလို့ တစ်ရွာလုံးပြောင်းခဲ့ကြရတာတဲ့လေ…

အဲ့သည်ရွာဟောင်းမှာတော့သေခဲ့ကြတဲ့

သူတွေမနည်းမနောဆိုပဲ…”

“ဟုတ်တယ်တကာမကြီးရဲ့ဘုန်းဘုန်းတို့ရွာဟောင်းက

မြေနေရာကမသန့်ဘူးလို့ပြောကြတယ်…

ရွာခိုက်လို့လူတွေသေကျေတာမနည်းမနောပဲ…

အခုချိန်ကျ တော်ယုံလူဆိုအဲ့သည်တောထဲမသွားဝံ့ကြဘူး…

ဒီ ဒကာလေးတို့မိသားစုကိုလည်း

ဘယ်လူနောက်ပြောင်ပြောလွှတ်လိုက်သလဲမသိပါဘူးလေ…

လူတွေကလည်းဒုက္ခ…ဒုက္ခ………”

“ကျုပ်ကတော့အဲ့သည်ရွာဟောင်းမကလို့ဘာပဲဖြစ်ဖြစ်ဗျာ…

ကျုပ်ကိုမိမရှိ…ဖမရှိဘဝမျိုး

ရောက်အောင်လုပ်ခဲ့တာကိုမကျေနပ်ဘူး…

ဒင်းတို့နေတဲ့အရပ်ကိုမီးနဲ့ရှို့ပစ်ချင်တယ်…”

“ဒကာလေး…စိတ်ကိုလျော့ပါကွယ်…

ဖြစ်လာမှတော့ဘာမှမတတ်နိုင်ဘူးလေ…”

“ဘုန်းဘုန်းကဗုဒ္ဓဘုရားနဲ့စာပေတွေနဲ့အသိညဏ်ပွားနိုင်ပေမယ့်

တပည့်တော်ကပုထုဇဉ်လူသားမို့တရားနဲ့လည်း

မဖြေနိုင်ပါဘူးဘုရား”

“ကဲပါမောင်ရင်လေးရယ်…ဟောသည်က

အရီးရဲ့ဧည့်သည် အစ်မကြီးကလေ အရမ်းအစွမ်းထက်တာ

သူက သရဲတွေတစ္ဆေတွေရှင်းလင်းတဲ့နေရာမှာ

အတော်နာမည်ကြီးတဲ့သူကွဲ့…”

“ဗျာ……ဒီကဘွားက အထက်လမ်းဆရာမကြီးပေါ့လေ”

“အဲ့သည်လိုပဲပြောရမှာပဲမောင်ရင်လေးရဲ့…”

ဒေါ်ပြုံးကြီးသည် မောင်မိုးလေးစိတ်သက်သာစေရန်အတွက်

ဘွားမယ်စိန်နှင့်မိတ်ဆက်ပေးလေသည်။

ဆရာတော်ဘုရားနှင့်ရွာသူကြီးတို့မှာလည်း

မောင်မိုးလေးကိုသာကြည့်နေခဲ့ကြ၏။

“ကဲ…ဒီလိုဆိုရင် မိပြုံးရေ…”

“ဘုရား”

“ ဒီ ဒကာလေးကို အိမ်ကိုခေါ်သွားချေ…

ဒကာလေးကို ဘုန်းဘုန်းရဲ့မွေးစားသားအဖြစ်

မွေးစားလိုက်ပြီမို့

ဘာမှလိုတာမရှိစေနဲ့ ကြားသလားဟဲ့”

“တင်ပါ့ဘုရား..ဆရာတော့်ရဲ့သဘောအတိုင်းပါပဲ

ဘုရား”

“အေး…အေး… ဒကာလေး…ဒီက ဒကာမကြီးနဲ့လိုက်သွား…

ဘာမှစိတ်မကောင်းမဖြစ်နဲ့ကွယ်

အချိန်ကကုစားပေးပါလိမ့်မယ်”

“တင်ပါ့ဘုရား”

ထိုသို့ဖြင့်မောင်မိုးလေးကိုဆရာတော်က

သားအဖြစ်မွေးစားလိုက်လေသည်။

ဒေါ်ပြုံးကြီးကလည်းကြည်ဖြူစွာပင်

အိမ်သို့ခေါ်သွားတော့၏။

ဒေါ်ပြုံးကြီး၏အိမ်သို့ရောက်တော့ မောင်မိုးလေးနဲ့မောင်တိုးတို့မှာအတော် ခင်မင်သွားကြ သည်။

မောင်တိုးကလည်းဘွားမယ်စိန်နှင့်သွားလာခဲ့ရသော

ခရီးများအကြောင်းကိုပြောပြလေတော့

မောင်မိုးလေးမှာအတော်ပင်စိတ်ဝင်စားဟန်ရှိ၏။

မောင်တိုးမပြောပြသောအခါများ၌ အတင်းမေး၍

ပြောခိုင်းလေသည်။

မောင်တိုးခမျာလည်းမောင်မိုးလေးကိုသနားသောကြောင့်

စိတ်ပြေရာပြေကြောင်းပြောပြရှာသည်။

“ဒါဆိုရင်ဘွားက ဟိုကျုပ်မိဘများကိုသတ်ခဲ့တဲ့

ဟိုကျတ်သရဲတွေကိုရှင်းပစ်နိုင်တယ်ပေါ့နော်…

ကျုပ်ပြောတာဟုတ်တယ်မလားကိုကြီးတိုး”

“ဒါပေါ့ကွာ…”

“ဟား…ဒါဆိုရင်ကျုပ်တို့သွားကြရအောင်လေဗျာ…

ဘွား…ဘွားလိုက်မယ်မဟုတ်လားဟင်”

မောင်တိုးကိုမေးနေရင်းမှ ဘွားမယ်စိန်ကို မျှော်လင့်တကြီးဟန်ပန်လေးဖြင့် မောင်မိုးလေးသည်မေးရှာသည်။

“အချိန်အခါကိုကြည့်ရ ဦးမှာပေါ့မောင်ရင်လေးရယ်

စိတ်တွေမစောပါနဲ့ ဦး”

“ဟင်း…..”

ဘွားမယ်စိန်စကားကြောင့်မောင်မိုးလေးသည် သက်ပြင်းကို

ခပ်လေးလေးချလိုက်၏။

ထို့နောက်ပိုင်း နေ့ခင်းဆိုလျှင်မောင်မိုးလေးကို ရှာမတွေ့၍

မောင်တိုးခမျာရွာအနှံ့လိုက်ရှာရ၏။

နောက်ဆုံးတော့ တောထဲရှိ ရွာပျက်ဆီသို့အဖော်များခေါ်၍

သွားရှာလေမှ အံ့တကြိတ်ကြိတ်ဖြင့် ပျက်စီးအိုမင်းပြီး

ခြုံနွယ်များထူထပ်နေသော ရွာပျက်ကြီးကို အဝေးသစ်ပင်အောက်မှစိုက်ကြည့်နေသော မောင်မိုးလေးကိုတွေ့ကြရသည်။

ထိုအခါ…

မောင်တိုးတို့လည်းချော့ကာမော့ကာဖြင့်မောင်မိုးလေးကို

အိမ်ပြန်ခေါ်လာခဲ့ကြရရှာသည်။

“ဘွား…….”

“ဟေ…”

မောင်မိုးလေးအနီးတွင်မရှိခိုက်မောင်တိုးက

ဘွားမယ်စိန်ကိုခေါ်လိုက်သည်။

“မောင်မိုးလေးကလေ သူ့မိဘတွေအတွက်

အတော်အခဲမကျေနေတာဘွားရဲ့”

“အေးလေ…ဒါမျိုးဆိုတာမောင်ရင်ကြုံခဲ့ရင်လည်း

သူ့လိုစိတ်မျိုးဖြစ်နေမှာပဲကွဲ့…”

“ဟုတ်ပါတယ်ဘွားရယ်…အဲ့တာကြောင့်ဒီကောင်လေးဆန္ဒအတိုင်းကျုပ်တို့လူသားစားတဲ့ကျတ်တွေကို

ရှင်းပစ်ကြရအောင်လားဗျ””

မောင်တိုးသည် မောင်မိုးလေးကိုသနားနေရှာသည်။

ဘွားမယ်စိန်ကလည်း…

“ဒီမယ်ကွဲ့…အဲ့သည်ကျတ်တွေဆိုတာကလေ…

သူတို့ကရောဂါဆိုးတွေဝင်ပြီး

ဘာမှန်းမသိညာမှန်းမသိသေခဲ့ကြရတော့

အတော်လေးရန်လိုစိတ်များနေကြတာ…

ဘွားကအချိန်ကိုဆွဲနေတာမဟုတ်ဘူးမောင်ရင်ရဲ့…

လာမယ့်လကွယ်ညမှာဒင်းတို့နေရာကိုသွားပြီး

ဘွားဖယ်ရှားပစ်မှာ…လကွယ်ညကိုရောက်မယ့်နေ့ကို

စောင့်နေတာပါကွယ်….”

“သြော်…အဲ့သည်လိုလားဘွား…ဒါဆိုရင်ကျုပ်ကျေနပ်ပါတယ်ဗျာ…ဒါကိုဟိုကောင်လေးသိရင်လည်းဝမ်းသာသွားရှာမှာ”

“သူ့ကိုတော့မပြောပါနဲ့ကွယ်…

ဘွားတို့သွားမယ့်အကြောင်းလည်းမပြောလေနဲ့…

ခေါ်သွားခဲ့ရင်လည်းသူကမိဘစိတ်နဲ့ထင်ရာလုပ်လိုက်လို့ရှိရင်

ထိခိုက်သွားနိုင်တာမို့…မပြောတာပဲကောင်းပါတယ်ကွယ်”

ဘွားမယ်စိန်စကားကြောင့်မောင်တိုးလည်း

ခပ်ဖြေးဖြေးခေါင်းညိတ်လိုက်ရှာသည်။

မောင်မိုးလေးကိစ္စကြောင့်ဘွားမယ်စိန်တို့မှာ

ဒေါ်ပြုံးကြီးတို့ရွာ၌ နေထိုင်ကြသည်မှာ

ရက်နှစ်ဆယ်နီးနီးရှိခဲ့လေသည်။

သောင်ထွန်းရွာကိုတော့လူကြုံဖြင့်

ပြန်မလာနိုင်သေးကြောင်းပြောထားရ၏။

မောင်မိုးလေးကတော့ ဘုန်းကြီးကျောင်းကိုသွား၍

ကျောင်းဝေယျာဝစ္စများကိုလုပ်ကိုင်ပေးနေသည်မို့

သူ့အတွက်စိတ်အေးနေကြရသည်။

 

မိုးသည် သည်းထန်စွာရွာသွန်းနေခဲ့၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ညနေမှောင်ရီပျိုးစဖြစ်သော်လည်း

မိုးကြောင့်အတော်မှောင်မိုက်နေခဲ့သည်။

ထိုသို့သည်းထန်စွာရွာသွန်းနေသော

မိုးရေစက်များကြား၌ လှုပ်ရှားသွားလာနေသော

လူရွယ်တစ် ဦး။

ထိုလူရွယ်သည် ဝါးခမောက်တစ်ခုကိုဆောင်း၍

မိုးရွာနေသည်ကိုပင်ဂရုစိုက်ပုံမရဘဲသူလိုရာအရပ်ဆီသို့

ခြေလှမ်းကိုခပ်မြန်မြန်သွားလာနေခဲ့သည်။

လမ်း၌ကာဆီးနေသောခြုံနွယ်များကိုလည်းသူ၏

လက်ထဲရှိ တုတ်ရှည်တစ်ချောင်းဖြင့်တွန်းကာ

ဖယ်ကာဖြင့် တောလမ်းလေးကိုကျင်လည်စွာသွားလာနေ၏။

ထိုသို့တောလမ်းလေးကိုကျော်လွန်သောအခါ

ရွာဟုထင်ရသော အိမ်ပြိုအိမ်ပျက်များဆီသို့ရောက်လာခဲ့သည်။

ထိုနေရာသို့ရောက်တော့ မိုးသည်တိတ်၍သွားပြီဖြစ်သော်လည်း

ပတ်ဝန်းကျင်မှာတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ထိုတိတ်ဆိတ်မှုသည်

အသည်းငယ်သူအဖို့ ခြောက်ခြားစရာပင်။

သို့သော် လူရွယ်မှာတော့တိတ်ဆိတ်နေသော

ရွာပျက်ကြီးကို ကြည့်၍ အနီးရှိသစ်ပင်အောက်၍

ထိုင်လိုက်သည်။

“တောက်………..”

ထိုင်နေရင်းမှတောက်တစ်ချက်ကို

နာနာကျဉ်ကျဉ်ဟန်ဖြင့်ခေါက်လိုက်သည်။

အချိန်အတော်ကြာအောင်သူသည် ထိုနေရာ၌ထိုင်နေခဲ့၏။

ညသန်းခေါင်အချိန်သို့ရောက်လာသောအခါ

ရွာသည် တဖြေးဖြေးအသွင်များပီပြင်လာကာ

မီးများလည်းထိန်ထိန်လင်းလာခဲ့တော့သည်။

ပြောင်းလဲလာသောအခြေအနေကြောင့်

ထိုလူရွယ်သည် သူ၏ချည်လွယ်အိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အံကိုကြိတ်လိုက်၏။

မီးများလင်းထိန်လာသောရွာသည်

မိုးလင်းနေသည့်အတိုင်း လူများဟိုသည်

သွားလာလှုပ်ရှားနေကြသည်။

ကလေးများကအိမ်အပြင်ထွက်၍ဆော့ကစားနေကြသလို

လူကြီးများကလည်း ထမင်းချက်၊ရေခပ်ဖြင့်အလုပ်များလုပ်ကိုင်နေကြသည်။

လူရွယ်လည်း လင်းထိန်နေသော ရွာလမ်းအတိုင်း

သူ၏ချည်လွယ်အိတ်ကိုခပ်တင်းတင်းဆုပ်ကိုင်၍

ခြေလှမ်းကျဲကြီးဖြင့်လှမ်းလာခဲ့တော့၏။

ရွာလမ်းအတိုင်း သွားနေသောလူရွယ်ကို

ဆော့ကစားနေကြသောကလေးများ၊

အလုပ်လုပ်ကိုင်နေကြသော လူကြီးများမှာ

မျက်စိတဆုံးလိုက်ကြည့်နေကြသည်။

သူ့အားကြည့်နေကြသည်ကိုသိပါသော်လည်း

လူရွယ်သည် ခြေလှမ်းကိုမရပ်ဘဲ

ဆက်၍လှမ်းလာခဲ့သည်။

သူသွားလိုသော အိမ်တစ်အိမ်၏

အရှေ့သို့ရောက်လာ ချိန်မှာတော့ …

“ဗျို့…အိမ်ကြီးရှင်…ထွက်ခဲ့စမ်းပါ…

ကျုပ်နဲ့ခင်ဗျားစာရင်းရှင်းစရာတွေရှိသေးတယ်လေ

အခုထွက်ခဲ့စမ်း”

ဟု…အသံကုန်အော်ခေါ်လိုက်သည်။

သူ၏အသံကြောင့်အိမ်အတွင်းမှ

မိန်းမကြီးတစ် ဦးထွက်လာခဲ့၏။

ထိုမိန်းမကြီးသည်ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်း

လူရွယ်အားမဲ့ပြုံးတစ်ချက်ပြုံးကာကြည့်လေသည်။

မိန်းမကြီးသည်ထဘီမည်းကြီးကိုခပ်တိုတိုဝတ်ဆင်ထားပြီး

ရှုပ်ပွနေသောသူ့ခေါင်းအထက်၌ ဘီးချွန်တစ်ချောင်းကိုလည်း

ထိုးစိုက်၍ထားသည်။

မျက်နှာပြားပြားအရပ်ပုပုထိုမိန်းမကြီးကို

လူရွယ်သည်မကျေနပ်စိတ်များဖြင့်ကြည့်နေခဲ့သလို

မိန်းမကြီးကလည်းလူရွယ်ကိုသရော်သလိုပုံစံဖြင့်

ကြည့်နေခဲ့သည်။.

“ဟဲ့…အကောင် နင်ကငါ့ရွာကိုပြန်လာရဲသေးတယ်ပေါ့လေ”

“ဟောသည်မှာခင်ဗျားတင်မကဘူး

ခင်ဗျားတို့တစ်ရွာလုံးကိုပါ မျိုးဖြုတ်ပစ်နိုင်တဲ့

ပစ္စည်းတွေကျုပ်မှာရှိတယ်…အဲ့သည်တော့

ကျုပ်အဘနဲ့အမေအတွက် လက်စားချေဖို့အချိန်တန်ပြီ…”

“ဟား….ဟား..ဟား…ဟား…ဟား…

နင်ကလည်းအတော် မလွယ်တဲ့ အကောင်ပါလား…

ဘယ်သူ့ပစ္စည်းတွေခိုးလာပြီးငါ့ကိုမာန်လာဖီနေရတာလဲ…

ဟင်း…ဟင်း…စမ်းကြည့်လိုက်ဟဲ့..

ခင်သိုက်အကြောင်းသိသွားတာပေါ့”

ဟု…ပြောအပြီးဆေးလိပ်ကြီးကိုဖွာရှိုက်လိုက်သည်။

လူရွယ်သည် အခြားသူမဟုတ် မောင်မိုးလေးပင်ဖြစ်သည်။

ဘွားမယ်စိန်၏ချည်လွယ်အိတ်ကိုခိုးယူပြီးမိဘများအတွက်

လက်စားချေဖို့ရန်ရောက်လာခဲ့ခြင်းပင်။

ခင်သိုက်ဆိုသောမိန်းမကြီးသည်မျက်တောင့်နီကြီးဖြင့်

မောင်မိုးလေးကိုစိုက်ကြည့်နေသည်။

မောင်မိုးလေးကလည်း သူ၏ ချည်လွယ်အိတ်အတွင်းမှ

ပုလင်းလေးကိုထုတ်၍ ခင်သိုက်ဆီသို့ရွယ်ကာ

ပုလင်းလေးထဲမှအရည်များဖြင့်ဖြန်းပတ်လိုက်သောအခါ…

“ဟား….ဟား…ဟား….ဟား………”

ခင်သိုက်သည်နေရာမှချက်ချင်းပျောက်ကွယ်သွားပြီး

မောင်မိုးလေး၏ကျောပေးထားသောနေရာသို့

ရောက်ရှိသွားခဲ့၏။

ခင်သိုက်၏ရယ်မောသံကြီးကြောင့်မောင်မိုးလေးသည်

သူ၏ကျောပေးထားသောဘက်သို့အလျင်အမြန်

မျက်နှာမူလိုက်ချိန်..

“အ…….”

“နင်ကများ……..”

ခင်သိုက်သည် တဖြေးဖြေးလူကောင်ကြီး ကြီးလာခဲ့ပြီး

မောင်မိုးလေးကိုပင်အပေါ်စီးမှကြည့်ကာ မောင်မိုးလေး၏လည်ပင်းအား သူ၏ရှည်လျားသောလက်ကြီးဖြင့်

ဆွဲညှစ်လေသည်။

ခင်သိုက်၏ပုံစံမှာ အလွန်ကြောက်စရာကောင်း၏။

မောင်မိုးလေးခမျာ ခင်သိုက်ကြောင့်မြေပေါ်၌ပင်ခြေစုံမရပ်နိုင်တော့ဘဲ လေပေါ်၌ တအအ တအီအီဖြင့်

ခင်သိုက်လက်မှလွှတ်ဖို့ရန်ရုန်းကန်နေရရှာသည်။

ထို စဉ်….

“ဟာ…မောင်မိုးလေး…”

“ဟဲ့…ကောင်မ အခုလွှတ်လိုက်စမ်း”

နောက်ကျောဘက်ဆီမှရောက်ရှိလာသော မောင်တိုးသည်

မောင်မိုးလေးအတွက်အလွန်စိုးရိမ်သွားရှာသည်။

ဘွားမယ်စိန်သည်က တောင်ဝှေးကိုထောက်၍

ခင်သိုက်ကို လွှတ်ဖို့ရန်အမိန့်ပေးလိုက်လေသည်။

ခင်သိုက်ကလည်းဘွားမယ်စိန်တို့ကိုကြည့်၍ သူ၏ကျန်လက်တစ်ဖက်ဖြင့် ရိုက်ဖို့ရန်အရွယ် ဘွားမယ်စိန်သည်

သူ၏တောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်သောအခါ

ခင်သိုက်၏ကိုယ်ကြီးကို အားတစ်ခုကဝင်ဆောင့်လိုက်သည့်အလားအနောက်သို့လှန်ကာလှဲကျသွားပြီး

မောင်မိုးလေးသည်လည်းမြေပေါ်သို့ပြုတ်ကျသွားတော့၏။

“မောင်မိုးလေး……”

မောင်တိုးသည်ပြာပြာသလဲပြေးထူပြီး မောင်မိုးလေးကို

ဘွားမယ်စိန်၏အနောက်သို့တွဲကူ၍ခေါ်လာခဲ့သည်။

ဘွားမယ်စိန်ကလည်း မောင်တိုးနဲ့မောင်မိုးလေးကို

သူ၏တောင်ဝှေးဖြင့်စည်းဝိုင်းပေးကာ…

“စည်းဝိုင်းထဲကမထွက်ကြနဲ့…….”

ဟုပြောလိုက်သည်။

ထိုအချိန် ခင်သိုက်သည်လဲနေရာမှလူးလဲထသောအခါ

သူ၏ကြီးမားရှည်လျားသောကိုယ်ကြီးကိုဘွားမယ်စိန်မှာ

ခေါင်းကိုမော့ကာပင်ကြည့်ရ၏။

“ဟဲ့…ညည်းဒီလောက်နဲ့ရပ်တာအကောင်းဆုံးဖြစ်လိမ့်မယ်…

မဟုတ်ရင်တော့ နင့်ကိုငါကိုယ်တိုင်

ဖျက်စီးပစ်ရလိမ့်မယ်ဟဲ့…..”

“စမ်းကြည့်လိုက်လေ…

ခင်သိုက်ကဘယ်တော့မှအရှုံးမပေးဘူး”

“အေး…ခင်သိုက်…မနိုင်တာကိုသိသိနဲ့ ယှဉ်တဲ့

နင့်ကိုသဘောကျတယ်အေ…

ကောင်းပြီ..ညည်းကအာခံတော့လည်း မယ် စိန်ကလည်း အကြောင်းပြရသေးတာပေါ့ဟဲ့………”

“အီး……..”

ခင်သိုက်သည် အားကြီးနှင့်ကုန်းအော်ဟစ်လေတော့

ရွာပျက်ကြီးအတွင်းမှအမည်းရောင်အငွေ့များသည်

ခင်သိုက်ထံသို့စုပေါင်းဝင်ရောက်လာခဲ့၏။

ခင်သိုက်ထံသို့ ရွာ၏ရှိသမျှ

ကျတ်သရဲများဝင်ရောက်ပူးကပ်ခြင်းပင်ဖြစ်လေသည်။

ခင်သိုက်၏မျက်လုံးနီခြင်းနှင့်ကြီးမားရှည်လျားလှသော

ကိုယ်ကြီးမှာအလွန်ကြောက်စရာကောင်းသည်။

ဘွားမယ်စိန်ကလည်းတောင်ဝှေးကိုအလယ်ပိုင်းမှလက်ဖြင့်

ဆုပ်ကိုင်ထားပြီး ခင်သိုက်ကိုကြည့်နေခဲ့၏။

ထို စဉ်မှာပင် ခင်သိုက်သည် သူ၏ပါးစပ်ကြီးကိုဟ၍

လေများစုပ်ယူသယောင်ပြုပြီးနောက်….

“ဝေါ……….”

မည်းမည်းအငွေ့တန်းကြီးကိုဘွားမယ်စိန်ထံသို့

မှုတ်ထုတ်လိုက်သောအခါ ဘွားမယ်စိန်သည်သူ၏တောင်ဝှေးဖြင့် ပြန်လည်တွန်းကန်၍ ရင်ဆိုင်လိုက်၏။

တောင်ဝှေးဖြင့်ထိန်းထားရင်း နှုတ်မှဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်ပြီးနောက်..

“ငါမယ်စိန်ဟဲ့…………”

ဟုအသံမာမာဖြင့်အော်လိုက်သောအခါ

ခင်သိုက်၏မည်းမည်းအငွေ့တန်းမှာအားပျော့သယောင်ဖြင့်

တဖြေးဖြေး ပျောက်ကွယ်သွားလေသည်။

သူ၏အငွေ့တန်းပျောက်ကွယ်သွားတော့ ခင်သိုက်မှာခေါင်းကြီးကိုတရမ်းရမ်းဖြင့်ဒေါသထွက်သွားပုံရသည်။

ဘွားမယ်စိန်ကလည်း…

“ခင်သိုက်ရေ…နင့်အပေါင်းအပါတွေနဲ့ငရဲကိုသွားဖို့

အချိန်သင့်ပြီဟဲ့………….”

“ဒုန်း……”

“ဝုန်း……”

ဘွားမယ်စိန်သည်ခင်သိုက်ကိုကြည့်၍ပြောအပြီး၌

သူ၏တောင်ဝှေးကိုမြေပေါ်သို့အားကုန်ဆောင့်ချလိုက်ချိန်

ခင်သိုက်၏ကိုယ်ကြီးသည် ဝုန်းခနဲမီးများတောက်လောင်သွားခဲ့ပြီးနောက် တစ်စ တစ်စ ဖြင့်ပျောက်ကွယ်သွားခဲ့သည်။

အဖြစ်အပျက်တဆုံးငေးမောကြည့်နေကြသော

မောင်တိုးနဲ့မောင်မိုးလေးမှာဟိုငေးဒီငေးဖြင့် ခင်သိုက်ကိုလိုက်လံရှာဖွေကြသည်။

ဘွားမယ်စိန်ကတော့နောက်ကြောင်း ကိုပြန်လှည့်လာခဲ့ပြီး…

“ကဲ…ဟိုကလေး…ဘာမပြောညာမပြောနဲ့

တဇွတ်ထိုးလုပ်ရတာသိပ်သဘောတွေ့နေတာလားဟမ်…

တော်သေးတာပေါ့ မောင်ရင်ပျောက်သွားတာအမြန်သိပေလို့

နို့မိုဆိုရင်တော့မောင်ရင်လည်းမောင့်ရင့်မိဘတွေနောက်

လိုက်သွားရလိမ့်မယ်…”

“ဟုတ်တယ်မောင်မိုးလေးရာ…

မင်းကအရမ်းတဇွတ်ထိုးဆန်တာပဲ…

မင်းအတွက်ဘွားကဒီကျတ်သရဲတွေရှင်းဖို့စီ စဉ်ထားပြီးသားပါကွာ…အခုတော့ မင်းကြောင့်သူတို့ကိုတရားမပြနိုင်တော့ဘဲ

ငရဲတန်းပို့လိုက်ရပြီကွ…”

“ကျုပ်…ကျုပ်မှားပါတယ်ဗျာ…

ဘွားတို့ကကျုပ်ကိုအချိန်ဆွဲနေတယ်ထင်လို့…

ဘွားရဲ့လွယ်အိတ်ကိုခိုးပြီးလာခဲမိတာပါ…

တော်သေးတာပေါ့ ဘွားတို့လိုက်လာလို့…မဟုတ်ရင်

ကျုပ်ဘဝကဒေါ်ခင်သိုက်လက်မှာသေရမယ့်ကိန်းပါဗျာ”

“ကဲပါကွာ…ဘယ်တတ်နိုင်မလဲ..အခုလည်းဘွားဖြေရှင်းလိုက်နိုင်ပြီပဲ…လာ…ထ…ထ…တို့တွေရွာထဲပြန်

ဝင်ကြတာပေါ့”

ဘွားမယ်စိန်နဲ့မောင်မိုးလေးတို့လည်းရွာသို့ပြန်လာကြတော့သည်။

အမှန်မှာကမောင်မိုးလေးသည်ဘွားမယ်စိန်အလှစ်၌

ချည်လွယ်အိတ်ကိုခိုး၍လာရောက်ခြင်းဖြစ်ပြီး

မောင်တိုးမှာမောင်မိုးလေးပျောက်နေသည်ကိုအသိမြန်၍

အလျင်လိုက်လာကြခြင်းဖြစ်၏။

ဒေါ်ပြုံးကြီးတို့မိသားစုမှာလည်းစိတ်ပူစွာဖြင့်

တစ်ညလုံးမအိပ်နိုင်ဘဲထိုင်စောင့်နေကြရှာသည်။

ဘွားမယ်စိန်တို့ပြန်ရောက်လာလေမှသာ

စိတ်ပူတာလျော့ပြီး ကျတ်သရဲမခင်သိုက်တို့အုပ်စုကိုရှင်းလင်းပစ်နိုင်ခဲ့ပြီဆိုတာသိ၍ဝမ်းသာသွားကြတော့သည်။

ခင်သိုက်တို့ကျတ်သရဲအုပ်စုကိုရှင်းလင်းပစ်ပြီးနောက်ရက်၍

ဆရာတော်ဘုရားကထိုရွာဟောင်းသို့သွား၍

ပရိတ်တရားများရွတ်ဆိုကာ ပရိတ်ရည်များဖြန်း၍

မြေသန့်ပေးလေသည်။

မောင်မိုးလေးမှာလည်းရန်ငြိုးများကျေ၍

ဘုန်းကြီးကျောင်း၌သာနေလေတော့သည်။

အားလုံးပြီး

နောက်တစ်ရက်မှာတော့ဘွားမယ်စိန်တို့သည် အားလုံးကို

နှုတ်ဆက်၍သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့၏။

ပြီးပါပြီ။

ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

“လူသားစားက်တ္႐ြာ”(စ/ဆုံး)
————————————
ဘြားမယ္စိန္တစ္ေယာက္ အသိမိတ္ေဆြတစ္ဦး၏
႐ြာထံသို႔အလည္အပတ္ေရာက္ေနခဲ့သည္။
ထိုခရီးကို ေမာင္တိုးကလိုက္ပို႔ေပးရွာသည္။
မိမိတို႔ေသာင္ထြန္း႐ြာႏွင့္အတန္ငယ္အလွမ္းကြာလွေသာ
႐ြာျဖစ္ေသာ္လည္း ခင္မင္ေနေသာ ေဒၚၿပဳံးႀကီး၏
အလည္အပတ္လိုက္ခဲ့ပါေတာ္ ဆိုေသာ စကားေၾကာင့္
ဘြားမယ္စိန္အလည္အပတ္ေရာက္လာခဲ့ရသည္။

ေဒၚၿပဳံးႀကီး၏မိသားစုကလည္းဘြားမယ္စိန္ကို
တ႐ိုတေသဆက္ဆံၾကသည္မို႔
သုံးေလးရက္တိုင္တိုင္ ထို႐ြာမွဘြားမယ္စိန္မျပန္ျဖစ္ေသးေပ။
ငါးရက္ေျမႇာက္ေသာေန႔ နံနက္ေစာေစာအခ်ိန္၌…
“အေမေရ…႐ြာထဲမွာသတင္းထူးတယ္ေတာ့္”
မနက္စာအတြက္႐ြာထဲအေၾကာ္သြားဝယ္ေသာ ေဒၚၿပဳံးႀကီး၏
သမီးလတ္သည္ အိမ္သို႔ျပန္ေရာက္ေရာက္ျခင္းသူ၏အေမျဖစ္သူကိုေျပာလိုက္သည္။

ဘြားမယ္စိန္နဲ႔ေမာင္တိုးကေတာ့
လက္ဖက္ရည္ၾကမ္းေသာက္ရင္း နားေထာင္ေနၾက၏။
“ဘာသတင္းထူးတာတုန္း မိတုတ္”
“႐ြာျပင္မွာ လူစိမ္းတစ္ေယာက္သတိလစ္ေနလို႔
ဘုန္းႀကီးေက်ာင္းကိုပို႔ထားၾကတယ္လို႔ေျပာတယ္ေတာ့္”

“ေဟ…လူစိမ္း…ဘယ္သူလဲ…ဘာျဖစ္လို႔မ်ားလဲ”
“က်ဳပ္လည္းမသိဘူးေလအေမရယ္…
ၾကားရတဲ့သတင္းကေတာ့အဲ့သည္ေလာက္ပဲ”
“ေအးပါ ေတာ္ေန နင့္အစ္ကိုကို သူ႔ဘႀကီးဘုန္းႀကီးဆီလႊတ္လိုက္…ဒါဆိုရင္အေၾကာင္းစုံသိရမွာ”
“ဟုတ္အေမ”
“ကဲ…ကဲ…ညည္းဘြားတို႔အတြက္
အေၾကာ္ေလးထည့္ေပးဦးမိတုတ္”

“ဟုတ္…”
ေဒၚၿပဳံးႀကီး၏သမီးမိတုတ္လည္း ဘြားမယ္စိန္တို႔စားပြဲေပၚသို႔
အေၾကာ္မ်ားကိုပန္းကန္ႏွင့္ထည့္၍ခ်ေပးေလသည္။
“မိၿပဳံး…ဘာေတြျဖစ္တာတုန္းေအ့”
“က်ဳပ္လည္းေသခ်ာမသိေသးပါဘူးအစ္မရယ္…
ေၾသာ္…ဒါနဲ႔က်ဳပ္တို႔ဘုန္းႀကီးေက်ာင္းကိုသြားၾကရေအာင္ေလ
အစ္မလည္းမေရာက္ဖူးေသးဘူးမလား…။

အဲ့ကေက်ာင္းထိုင္ဆရာေတာ္က
က်ဳပ္ရဲ႕အစ္ကိုေတာ္တယ္ေတာ့္”
“ေအး…ညည္းအားတဲ့အခ်ိန္သြားၾကတာေပါ့ေအ”
“အားပါ့ေတာ္…အိမ္ကိစၥကအလတ္မ လုပ္လိမ့္မယ္…

လယ္ကိစၥကအႀကီးေကာင္တာဝန္…
က်ဳပ္ကဘုရားသြားေက်ာင္းတက္အလုပ္ပဲရွိတာေတာ့္”
ေဒၚၿပဳံးႀကီးစကားေၾကာင့္ ဘြားမယ္စိန္ၿပဳံးေနေလသည္။
ေဒၚၿပဳံးႀကီးသည္ ေသာင္ထြန္း႐ြာသား ဦးပိန္ႏွင့္ရ၍
ေသာင္ထြန္း႐ြာႏွင့္မစိမ္းလွ။

သို႔ေသာ္ဦးပိန္ဆုံးေလေတာ့ယခုေနထိုင္ေသာ
သူ၏ေမြးရပ္ေျမ႐ြာဆီသို႔အၿပီးေျပာင္းေ႐ြ႕လာခဲ့ေလသည္။
ေသာင္ထြန္း႐ြာကိုလည္းလုံးလုံးႀကီးပစ္ပယ္ျခင္းမရွိဘဲ

တစ္ႏွစ္တစ္ေခါက္အလည္လာတတ္၏။
ယခုအေခါက္၌ ဘြားမယ္စိန္ကိုပါ အလည္ေခၚလာခဲ့ရွာသည္။
ထို႔သို႔ျဖင့္ေဒၚၿပဳံးႀကီးေၾကာင့္ဘြားမယ္စိန္ႏွင့္ေမာင္တိုးတို႔လည္းဘုန္းႀကီးေက်ာင္းသို႔ေရာက္လာခဲ့ၾကသည္။

ကိုယ့္ရပ္႐ြာမဟုတ္ေသာ္လည္း ေဒၚၿပဳံးႀကီးမိတ္ဆက္ေပးထား၍ ႐ြာသူ၊႐ြာသားတို႔မွာ လမ္းေတြ႕လွ်င္ေမးၾကေျပာၾကေဖာ္ေ႐ြၾကရွာသည္။
ဘုန္းႀကီးေက်ာင္းသို႔ေရာက္ေတာ့ ေက်ာင္းထိုင္ဆရာေတာ္ဘုရား၏ေဘး၌လူငယ္ေလးတစ္ဦးႏွင့္

လူႀကီးသုံးေယာက္ထိုင္ေနၾက၏။
“ဟာ…ေဒၚၿပဳံးႀကီးတို႔ပါလား…

ဆရာေတာ့္ဆီလာၾကတာလားဗ်…
ေၾသာ္…ဧည့္သည္ေတြလည္းပါလာတာပဲ…”
ဟု…လူႀကီးတစ္ဦးမွေမးေလေတာ့…
“ဆရာေတာ့္ဆီလည္းလာရင္း သတင္းထူးေလးလည္း

နားစြင့္ရင္းေပါ့သူႀကီးရယ္”
ဟုေျပာ၍ အသီးသီးေနရာဝင္ထိုင္ၾကၿပီး ဆရာေတာ္ဘုရားအားဦးခ်ကန္ေတာ့ၾကသည္။
ဦးခ်ၿပီးေလေတာ့ဆရာေတာ္ဘုရားမွ…
“ဧည့္သည္ေတြလားဒကာမႀကီး”

“မွန္ပါ့ဘုရား…တပည့္ေတာ္ခင္ပြန္း႐ြာက
အသိမိတ္ေဆြေတြ.ပါ…
႐ြာကိုအလည္အပတ္ေခၚလာတာပါဘုရား”

“အင္း…အင္း…အင္း… ဒကာမႀကီးတို႔လိုတာရွိရင္ေျပာပါ…
ဟဲ့ေက်ာင္းသား…သြား…ေၾကာင္အိမ္ထဲက
ငွက္ေပ်ာသီးႏွင့္မုန႔္ေၾကာ္ေတြသြားယူေခ်……..”
ဆရာေတာ္သည္ဘြားမယ္စိန္တို႔ကိုေျပာရင္း
ဘုန္းႀကီးေက်ာင္းသားေလးကိုခိုင္းလိုက္၏။

ၿပီးေနာက္…
“ေဟာသည္ကဒကာေလးက ညက႐ြာျပင္မွာသတိလစ္ေနတဲ့သူေပါ့…

အခုမွသူသတိေလးဝင္လာလို႔ေမးသင့္တာေမးမလို႔အစပ်ိဳးေနၾကတာ…ကဲ… ဒကာ… ဒကာေလးဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုတာ ဘုန္းဘုန္းတို႔ကိုအမွန္တိုင္းေျပာစမ္း…

ဒါမွဒကာေလးကိုကူညီသင့္သလား
မသင့္သလားဘုန္းဘုန္းတို႔စဥ္းစားရမွာ”
လူငယ္ေလးသည္ ေမာင္တိုးထက္ပင္ ငယ္ေသးသည္။

သူ၏လက္အုပ္ေလးကိုခ်ီ၍…
“တင္ပါ့ဘုရား…တပည့္ေတာ္အမွန္တိုင္းေလွ်ာက္တင္ပါ့မယ္

တပည့္ေတာ္မွာမိဘႏွစ္ပါးရွိပါတယ္ဘုရား…
တပည့္ေတာ္မိဘမ်ားက ကုန္ေရာင္းကုန္ဝယ္လုပ္ၾကပါတယ္…
တစ္႐ြာဝင္တစ္႐ြာထြက္ နယ္လွည့္ေဈးေရာင္းသူေတြပါဘုရား…
တပည့္ေတာ္ အေဖနာမည္ကဦးတိုးပါ အေမနာမည္ကေတာ့

ေဒၚႏုလို႔ေခၚပါတယ္ဘုရား……………..”
ဦးတိုးႏွင့္ေဒၚႏုတို႔လင္မယားသည္ ႐ြာစဥ္လွည့္၍

ကုန္ေရာင္းကုန္ဝယ္ျပဳလုပ္ၾကသူမ်ားျဖစ္၏။
သားျဖစ္သူေမာင္မိုးေလးကို လက္ကဆြဲ၍
႐ြာစဥ္လိုက္၍အထည္မ်ားေရာင္းခ်ၾကသည္။
ထိုသို႔ေရာင္းဝယ္လာရင္း
ေမာင္မိုးေလးပင္အ႐ြယ္ေရာက္လာခဲ့ေလသည္။

ေမာင္မိုးေလးသည္ မိခင္၊ဖခင္တို႔ႏွင့္အတူလိုက္ပါ၍
ကူညီရွာသည္။
“အဘ…ဒီတစ္ေခါက္အထည္ေတြကမ်ားလွပါလားဗ်”

“မ်ားဆို…အခါရက္ကလည္းနီးၿပီေလငါ့သားရဲ႕…
အသစ္အဆန္းဆိုဝယ္ခ်င္သူကအမ်ားသားဆိုေတာ့
ဒီတစ္ေခါက္ပိုထည့္လာတာ”
ဦးတိုးတို႔မိသားစုသည္ ယခုအေခါက္႐ြာစဥ္လွည့္၍ အထည္ေရာင္းၾကရာ ထင္သေလာက္မေရာင္းရခဲ့။

တစ္႐ြာဝင္တစ္႐ြာထြက္အားမေလ်ာ့ဘဲ သြားလာၾကရာ
ေနာက္ဆုံးသြားလာေနၾကမဟုတ္ေသာ အရပ္တစ္ခုသို႔ေရာက္လာခဲ့ၾကသည္။

“အဘနဲ႔အေမ…က်ဳပ္တို႔႐ြာေတြ႕ပါဦးမလားဗ်”
“ငါ့သားရယ္ အေစာက႐ြာမွာ ေမးလာတာပဲ
ဒီအနီးအနားမွာ႐ြာႀကီးတစ္႐ြာရွိတယ္လို႔အေသအခ်ာေျပာလိုက္တာအေဖၾကားပါတယ္ကြာ”
“ဟုတ္မွလည္းလုပ္ေတာ္…မိုးကလည္း ခ်ဳပ္ေတာ့မယ္…

႐ြာကအခုထက္ထိရွာမရဘူး…
မဟုတ္ရင္က်ဳပ္တို႔ေတာထဲအိပ္ရကိန္းေနာ္ ကိုတိုးႀကီး”
“ေအးပါ မိန္းမရယ္…လာကြာ…မင္းတို႔သားအမိသာ
ခပ္သြက္သြက္လာၾက”

လမ္းၫႊန္လိုက္ေသာ႐ြာဆီသို႔မေရာက္ဘဲ ဦးတိုးတို႔
မိသားစုမွာ ေတာထဲ၌ တဝဲလည္လည္ျဖစ္ေနၾကသည္။
အခ်ိန္သည္လည္းအေတာ္ညနက္လာသည္မို႔
ေညာင္ပင္ႀကီးတစ္ပင္ကိုအေတြ႕ ထိုေညာင္ပင္ေအာက္၌သာ

အေမာေျဖထိုင္ၾကရရွာသည္။
ေမွာင္ကာမည္းမည္းေတာအတြင္း၌
ျခင္ကကိုက္ျဖဳတ္ကကိုက္ျဖင့္ ဦးတိုးတို႔မွာ

ဝမ္းကတက်ဳတ္က်ဳတ္ကိုပင္ သတိမမူအား
႐ြာေတြ႕ဖို႔အေရးသာစိတ္ေလာေနၾကရသည္။
“အေဖ…ပတ္ဝန္းက်င္ကအေတာ္ေမွာင္ေနၿပီဗ်…
ဒီလိုမွန္းသိအေစာတုန္းက႐ြာမွာရွိတဲ့

ဘုန္းႀကီးေက်ာင္းမွာပဲတည္းပါတယ္ဗ်ာ”
“ဟုတ္ပါ့ငါ့သားရယ္…”
ေဒၚႏုနဲ႔ေမာင္မိုးေလးတို႔သားအမိက အတိုင္အေဖာက္ညီညီေျပာေနၾကသည္။
ဦးတိုးမွာေတာ့ တဘက္ျဖင့္သူ၏မ်က္ႏွာအထက္မွာရွိေသာ

ေခြၽးမ်ားကို သုတ္ဖယ္၍ ေဘးဘီကိုၾကည့္ေနခဲ့၏။
ထိုစဥ္ျမင္လိုက္ရေသာမီးေရာင္တလက္လက္တို႔ေၾကာင့္…
“ဟာ…ဟိုမွာ…႐ြာေတြ႕ၿပီ”
“ဟင္…”

“ဟာ…”
ဦးတိုးၫႊန္ျပေသာေနရာကိုၾကည့္ရင္းေဒၚႏုႏွင့္ေမာင္မိုးေလးတို႔
ဝမ္းသာသြားၾကသည္။

“ကဲ…ကဲ…ေမာင္ကဲကဲနဲ႔ေဒၚေဒၚႏုေရ…႐ြာမေတြ႕လို႔ငါ့ကိုပဲ
အျပစ္တင္ေနလိုက္ၾက…အခု႐ြာေတြ႕ၿပီဆိုေတာ့
ဟင္း…ဟင္း…ဟင္း………..”

“ဟုတ္ပါတယ္အေဖရာ…က်ဳပ္တို႔မွားတာပါ…
ကဲသြားၾကစို႔…အခ်ိန္ကလည္းအေတာ္ေနာက္က်ေနၿပီ”
ေမာင္မိုးေလးသည္အထုတ္မ်ားကိုဝိုင္းကူသယ္ေပးရင္း
မီးေရာင္တဝင္းဝင္း႐ြာေလးဆီသို႔ေရာက္လာခဲ့ၾကသည္။

မီးမ်ားလင္းထိန္ေနေသာ ႐ြာေလး၏လမ္းမအထက္၌

ကေလးမ်ားကေအာ္ဟစ္ေဆာ့ကစားေနၿပီး
လူႀကီးမ်ားမွာလည္း သူ႔အလုပ္ျဖင့္သူရႈပ္ေနၾက၏။

ဦးတိုးတို႔လည္း႐ြာထဲဝင္လာၾကၿပီး
အိမ္ေရွ႕၌ဆန္ျပာေနေသာ ႐ြာသူတစ္ေယာက္ကို…
“ဒီကညီမႀကီးေရ…အစ္ကိုတို႔ကို
ဒီ႐ြာရဲ႕သူႀကီးအိမ္ကိုၫႊန္ေပးလို႔ရမလား”

“အစ္ကိုႀကီးတို႔ကဧည့္သည္ေတြလား”
“ဟုတ္ပါတယ္ညီမ…အစ္ကိုတို႔ကအထည္ေရာင္းတဲ့

အထည္သည္ေတြပါ…”

“ေၾသာ္…ေၾသာ္…ေၾသာ္…ဒါဆိုရင္ဒီ႐ြာလမ္းတည့္တည္အတိုင္းဝင္သြား…အႀကီးဆုံးအိမ္က က်ဳပ္တို႔႐ြာရဲ႕
အႀကီးအကဲအိမ္ပဲေတာ့္”

“ေက်းဇူးပါညီမ”
“ေက်းဇူးေနာ္”
ဦးတိုးတင္မက ေဒၚႏုကပါေက်းဇူးတင္စကားေျပာလိုက္သည္။

ထိုေနရာမွထြက္ခြာလာအၿပီးေမာင္မိုးေလးသည္…
“အေမ…ေစာေစာမိန္းမႀကီးကတမ်ိဳးပဲဗ်”
“ဘာျဖစ္လို႔လဲငါ့သားရဲ႕”

“ဘာျဖစ္ရမွာလည္း သားတို႔သူနဲ႔စကားေျပာၿပီး
ထြက္လာေတာ့သားေနာက္ကိုလွည့္ၾကည့္မိလိုက္ေသးတယ္…
အဲ့မွာသူက သားတို႔ကိုၿပဳံးၿပဳံးႀကီး
ၾကည့္ေနတာကိုျမင္လိုက္ရတယ္”

“အင္း…ငါ့သားေျပာသလိုဆိုသတိထားစရာပဲ”
“ဟိုသားအမိဘာေတြစကားမ်ားေနၾကတာလဲ…
လာၾက…ဟိုမွာ သူႀကီးအိမ္ကိုေတြ႕ၿပီ…”
ဦးတိုးသည္ ပ်ဥ္ေထာင္ႏွစ္ထပ္ျဖင့္တည္ေဆာက္ထားေသာ

အိမ္မည္းႀကီးတစ္လုံးကိုၫႊန္၍ေျပာလိုက္၏။

အနီးအနားအိမ္မ်ားထက္ႀကီးေသာ ထိုအိမ္ႀကီးမွာ
အေစာက႐ြာသူေျပာလိုက္သည့္ သူႀကီးအိမ္ဆိုတာမမွားေပ။

“ဗ်ိဳ႕…အိမ္ရွင္တို႔…အိမ္ရွင္တို႔ရွိလားခင္ဗ်”
ဟု… ဦးတိုးသည္မီးမ်ားထြန္းထားေသာ
အိမ္အတြင္းကိုၾကည့္၍ေအာ္ေခၚလိုက္သည္။

ဦးတိုးေအာ္ဟစ္၍ေခၚအၿပီး၌ မိန္းမႀကီးတစ္ဦးသည္

ေဒါႀကီးေမာႀကီးဟန္ျဖင့္ အိမ္အတြင္းမွထြက္လာၿပီး
ခါးႀကီးကိုေထာက္၍ ၾကည့္ေလသည္။

“ဘာတုန္း…ဘာကိစၥရွိလို႔ေရာက္လာၾကတာလဲ”

“ဟို…ဟို…ဒါက ဒီ႐ြာရဲ႕သူႀကီးအိမ္လားခင္ဗ်…
က်ဳပ္တို႔ကကုန္သည္ေတြပါ…ဒီ႐ြာကိုလာရင္း

လမ္းမွာအေတာ္ၾကာသြားလို႔
အခုလိုမိုးခ်ဳပ္မွေရာက္လာၾကတာကိုစိတ္မရွိပါနဲ႔ခင္ဗ်”
“အင္း…အဲ့ဒီေတာ့…….”

မိန္းမႀကီး၏အၾကည့္ကို
ဦးတိုးတို႔အားလုံးေၾကာက္႐ြံ႕မိၾကေသာ္လည္း စိတ္ကိုတင္း၍…

“ဟိုေလ… အဲ့တာ ဒီ႐ြာမွာဒီညတည္းခိုခ်င္လို႔

သူႀကီးဆီကိုလာခြင့္ေတာင္းတာပါ…
သူႀကီးေကာရွိလားခင္ဗ်”
“ဟဲ့…ဒီ႐ြာကိုအုပ္ခ်ဳပ္ေနတဲ့သူကငါပဲ……..”

“ခင္ဗ်ာ…”
“ေအး…နင္တို႔တည္းခ်င္ရင္တည္းလို႔ရတယ္…

လာ…အေနာက္ကလိုက္ခဲ့ၾက”

မိန္းမႀကီးစကားေၾကာင့္ဦးတိုးတို႔အံ့ၾသသြားၾကသည္။
သို႔ေသာ္သူေခၚရာေနာက္သို႔အထုပ္ေလးမ်ားကိုဆြဲရင္း
လိုက္ပါသြားၾကေတာ့၏။

အိမ္အေပၚထပ္၌ ဦးတိုးတို႔ကိုေနရာေပးေလေတာ့…
“က်ဳပ္တို႔ကိုအခုလိုတည္းခိုခြင့္ျပဳတဲ့အတြက္ေက်းဇူးတင္ပါတယ္အစ္မႀကီးရယ္…ေနာက္ၿပီးေတာ့
က်ဳပ္တို႔က မနက္ျဖန္႐ြာထဲအထည္လိုက္ေရာင္းၿပီးတာနဲ႔

ျပန္ၾကမွာပါ “

“ရပါတယ္…ေနၾကပါ…ေၾသာ္

ဒါနဲ႔ညစာေကာစားၿပီးၾကၿပီလား”

မိန္းမႀကီးကေမးေတာ့ ဦးတိုးတို႔လင္မယားမွာၿပိဳင္တူေခါင္းခါလိုက္ၾကသည္။

“ေကာင္းၿပီ…ဒါဆိုရင္ခဏေတာ့ေစာင့္…ထမင္းပြဲျပင္ေပးမယ္”

“အား…အားနာစရာဗ်ာ”

ဦးတိုးကအားနာ၍ေျပာလိုက္ေသာ္လည္း

မိန္းမႀကီးမွာအိမ္ေအာက္ထပ္ဆီသို႔ဆင္းသြားေတာ့သည္။

“အေဖနဲ႔အေမ…သူေကြၽးတာေတြေကာစားၾကဦးမလို႔လား…

ဒီမိန္းမႀကီးၾကည့္ရတာက်ဳပ္တို႔ သူ႔အိမ္ကိုလာတည္းတာ

မႀကိဳက္တဲ့ပုံႀကီးဗ်”

“ငါ့သားကလည္းကြာ…အေဖတို႔ကသူစိမ္းေတြေလ…

ဒါေၾကာင့္ဘယ္သူယုံမွာလဲ…အိမ္မွာတည္းခြင့္ေပးတာတင္

ေက်းဇူးတင္လွပါၿပီကြာ”

ခဏမွ်ၾကာေလေတာ့ ထမင္းစားဖို႔ရန္လာေခၚသည္။

အေငြ႕တေထာင္းေထာင္းျဖင့္ ျပင္ဆင္ေပးထားေသာ

ထမင္းဝိုင္းကိုၾကည့္ရင္း ဦးတိုးတို႔လင္မယားမွာ

အလြန္သေဘာေတြ႕ေနၾကသည္။

ေမာင္မိုးေလးကေတာ့သူတို႔ကိုၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေနေသာ

မိန္းမႀကီးကိုၾကည့္ရင္းစားရမွာကိုပင္ ထိတ္လန႔္ေနမိ၏။

“ကဲ…စားၾက…”

“အစ္မႀကီးလည္းအတူတူဝင္စားပါလားရွင္”

“ရတယ္…ငါကစားၿပီးသြားၿပီ…

အဲ့တာညည္းတို႔အတြက္ခ်က္ေပးထားတာ”

ထိုသို႔ေျပာေလေတာ့

ဦးတိုးတို႔လည္းအားမနာတမ္းစားေသာက္ၾကေတာ့သည္။

“သား…စားေလကြာ”

“ေတာ္ၿပီအေဖ…က်ဳပ္အေစာက

ထန္းလ်က္ေတြစားထားလို႔ထမင္းမစားခ်င္ေသးဘူး”

ေမာင္မိုးေလးသည္မိဘႏွစ္ပါးစားေသာက္ေနၾကသည္ကိုသာ

ထိုင္ၾကည့္ေနရွာသည္။

ထမင္းစားၿပီး၍ အိပ္ရာဝင္ၾကေတာ့…

“အေဖ…က်ဳပ္ဘုရားရွိခိုးမလို႔…ဒီအိမ္မွာဘုရားစင္လည္း

က်ဳပ္မေတြ႕မိဘူးဗ်…ဒီမိန္းမႀကီးက

ဗုဒၶဘာသာေကာဟုတ္ရဲ႕လား”

“တစ္ညတစ္ေလေတာ့ဒီတိုင္းပဲရွိခိုးလိုက္ပါငါ့သားရာေနာ္…

အေဖတို႔လည္းခရီးပန္းေတာ့အိပ္ခ်င္ၿပီကြ”

ဟု…ေျပာရင္းဦးတိုးတစ္ေယာက္အိပ္ေပ်ာ္သြားခဲ့သည္။

မိဘႏွစ္ပါးလုံးအိပ္ေမာက်ေနၿပီမို႔

ေမာင္မိုးေလးလည္းဘုရားစာကိုစိတ္အတြင္းမွ႐ြတ္ဆို၍

ဦးခ်ကန္ေတာ့လိုက္သည္။

ထိုသို႔ျပဳလုပ္ေနစဥ္အိမ္ႀကီးသည္တစ္ခ်က္လႈပ္ရမ္းခါသြား၏။

“ဟာ…….”

ေမာင္မိုးေလးအထိတ္တလန႔္ေအာ္လိုက္မိၿပီး

မိဘေတြကိုၾကည့္ေတာ့

မည္သည္ကိုမွမသိလိုက္သည့္အလားအိပ္ေမာက်ေနၾက၏။

“ဘုရား…ဘုရား…ဘုရား…ေကာင္းတာေတြပဲျဖစ္ပါေစဗ်ာ”

ဟု…ေမာင္မိုးေလးေရ႐ြတ္လိုက္ၿပီးေနာက္

ဖခင္၏ေဘး၌ဝင္အိပ္လိုက္သည္။

ေမွးရင္းေမွးရင္းမွအိပ္ေပ်ာ္ျခင္းဆီသို႔ေရာက္သြားေတာ့သည္။

မည္မွ်ၾကာေအာင္အိပ္ေမာက်ေနသည္မသိ

သူ၏ေဘး၌ ဝူးဝူးဝါးဝါးအသံမ်ားကိုၾကားလိုက္ေလမွ

ေမာင္မိုးေလးအလန႔္တၾကားႏိုးလာခဲ့ရွာသည္။

ႏိုးႏိုးျခင္းျမင္လိုက္ရေသာျမင္ကြင္းမွာ…

“ဟာ……………အေဖ…………..အေမ……….”

ေသြးမ်ား႐ြဲ႐ြဲစိုေနေသာအခန္းႀကီးထဲတြင္ မည္းမည္းအရိပ္ႀကီးမ်ားအျပင္ဆံပင္စုပ္ဖြားျဖင့္မိန္းႀကီး။

ထိုမိန္းမႀကီး၏လက္သည္းမ်ားသည္ကရွည္လ်ားလြန္းၿပီး

ထိုလက္သည္းမ်ားမွာလည္းေသြးမ်ားစို႐ြဲေနခဲ့သည္။

သူ၏လက္တစ္ဖက္၌ အူမ်ားအေခြလိုက္ကိုင္ထားၿပီး

ေမာင္မိုးေလးကိုၿပဳံးၿပဳံးႀကီးၾကည့္ေန၏။

မိန္းမႀကီးမွာအျခားသူမဟုတ္ ေမာင္မိုးေလးတို႔တည္းခိုေသာ

အိမ္မွအိမ္ရွင္မိန္းမႀကီးပင္။

မ်က္လုံးမ်ားအျပဴးသားျဖင့္ ႐ုပ္ပ်က္စြာေသဆုံးေနေသာ

မိဘမ်ား၏အေလာင္းမ်ား။

ဒါတင္မကေသး သူ၏နံေဘး၌အရိပ္မည္းမည္းႀကီးမ်ားအျပင္

ေၾကာက္စရာေကာင္းလွေသာ မိန္းမႀကီးကို

ေမာင္မိုးေလးၾကည့္ရင္း…

“အား…ခင္ဗ်ား…ခင္ဗ်ား….

က်ဳပ္မိဘေတြကိုဘာလုပ္လိုက္တာလဲ”

“ဟား….ဟား…ဟား..

ဟား…ဟား..ဟား…

မဖိတ္ပဲလာတဲ့ဧည့္သည္ေတြဆီက

ေအာင္ေသေအာင္သားေလးစားမလို႔ေလ…

ဟဲ…ဟဲ…..ေနာက္ၿပီးရင္ေတာ့

နင့္အလွည့္ပဲေကာင္ေလးေရ…..”

“ဟား….အေဖ…အေမ….

အီး…ဟီး…..ဟီး……”

ေမာင္မိုးေလးလည္းမိဘႏွစ္ပါးအျဖစ္ကိုၾကည့္ရင္း

ခ်ဳံးပြဲခ်ငိုေႂကြးေတာ့သည္။

ၿပီးေနာက္သတိဝင္လာခဲ့ၿပီးသူ႔အား သတိမထားမိၾကခင္

ထို႐ြာမွာထြက္ေျပးလာခဲ့ေလသည္။

“ဒီလိုဆိုရင္ ဒကာေလးက ထြက္ေျပးလာလို႔သာ

လႊတ္သြားခဲ့တာေပါ့”.

“တင္ပါ့ဘုရား”

“ေၾသာ္…ေၾသာ္…ေၾသာ္…

ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတာပါလား…

ဘဝဆိုးေရာက္ေနတာေတာင္အျပစ္ေတြဆက္ၿပီး

က်ဳးလြန္ေနၾကတာပဲကြယ္….”

“မွန္ပါ့ဘုရား…ဒီက ေမာင္ရင္ေလးသာထြက္မေျပးခဲ့ရင္

အခုလိုကိစၥတပည့္ေတာ္တို႔ေတာင္သိၾက၊ ၾကားၾကရမွာေတာင္

မဟုတ္ဘူးဘုရား”

ေမာင္မိုးေလးေျပာျပေသာ သူ၏အျဖစ္ပ်က္ေၾကာင့္

အားလုံးကသနားကုန္သြားၾကသည္။

ဘြားမယ္စိန္ကေတာ့အျဖစ္အပ်က္ကိုနားေထာင္အၿပီး

စဥ္းစားေနပုံရသည္။

ခဏၾကာမွသာစကားဝိုင္းသို႔ဝင္၍…

“ဒီအနီးအနားမွာအဲ့သည္လိုအသားစားက်တ္တေစၦေတြေနတဲ့ေနရာရွိေနတာလားမိၿပဳံးရဲ႕…”

“အဲ့သည္လိုရွိတယ္ထင္တယ္အစ္မ…

က်ဳပ္တို႔ငယ္ငယ္က ႐ြာကဒီေနရာမွာမဟုတ္ဘူးေလ…

အခု႐ြာနဲ႔ခပ္လွမ္းလွမ္းမွာ

႐ြာေဟာင္းရွိေသးတယ္ေတာ့္…

႐ြာေဟာင္းက အခုခ်ိန္ေတာ့လူသြားလူလာနည္းၿပီး

ေတာလိုျဖစ္ေနပါၿပီအစ္မရဲ႕…”

“အဲ့သည္႐ြာကေန အခုေနရာကို

ဘာေၾကာင့္ေျပာင္းလာခဲ့ၾကရတာလဲ…

ဘာအေၾကာင္းမ်ားရွိလို႔လဲေအ့”

ဘြားမယ္စိန္ႏွင့္ေဒၚၿပဳံးႀကီးတို႔၏စကားဝိုင္းမွာ

အားလုံးကၿငိမ္သက္၍နားေထာင္ေနၾကသည္။

ဆရာေတာ္ဘုရားကလည္းအသာနားေထာင္ေနခဲ့၏။

“ဒီလိုအစ္မရဲ႕…က်ဳပ္မိဘမ်ားေျပာတာကေတာ့

အဲ့သည္႐ြာေဟာင္းမွာတုန္းကဆို

ေရာဂါဘယေတြထူေျပာၿပီးလူေတြေသၾကတာမ်ားတယ္တဲ့…

ေက်ာင္းထိုင္ဆရာေတာ္ကေနရာမေကာင္းဘူးအျခားေနရာေျပာင္းရမယ္ဆိုလို႔ တစ္႐ြာလုံးေျပာင္းခဲ့ၾကရတာတဲ့ေလ…

အဲ့သည္႐ြာေဟာင္းမွာေတာ့ေသခဲ့ၾကတဲ့

သူေတြမနည္းမေနာဆိုပဲ…”

“ဟုတ္တယ္တကာမႀကီးရဲ႕ဘုန္းဘုန္းတို႔႐ြာေဟာင္းက

ေျမေနရာကမသန႔္ဘူးလို႔ေျပာၾကတယ္…

႐ြာခိုက္လို႔လူေတြေသေက်တာမနည္းမေနာပဲ…

အခုခ်ိန္က် ေတာ္ယုံလူဆိုအဲ့သည္ေတာထဲမသြားဝံ့ၾကဘူး…

ဒီ ဒကာေလးတို႔မိသားစုကိုလည္း

ဘယ္လူေနာက္ေျပာင္ေျပာလႊတ္လိုက္သလဲမသိပါဘူးေလ…

လူေတြကလည္းဒုကၡ…ဒုကၡ………”

“က်ဳပ္ကေတာ့အဲ့သည္႐ြာေဟာင္းမကလို႔ဘာပဲျဖစ္ျဖစ္ဗ်ာ…

က်ဳပ္ကိုမိမရွိ…ဖမရွိဘဝမ်ိဳး

ေရာက္ေအာင္လုပ္ခဲ့တာကိုမေက်နပ္ဘူး…

ဒင္းတို႔ေနတဲ့အရပ္ကိုမီးနဲ႔ရႈိ႕ပစ္ခ်င္တယ္…”

“ဒကာေလး…စိတ္ကိုေလ်ာ့ပါကြယ္…

ျဖစ္လာမွေတာ့ဘာမွမတတ္ႏိုင္ဘူးေလ…”

“ဘုန္းဘုန္းကဗုဒၶဘုရားနဲ႔စာေပေတြနဲ႔အသိညဏ္ပြားႏိုင္ေပမယ့္

တပည့္ေတာ္ကပုထုဇဥ္လူသားမို႔တရားနဲ႔လည္း

မေျဖႏိုင္ပါဘူးဘုရား”

“ကဲပါေမာင္ရင္ေလးရယ္…ေဟာသည္က

အရီးရဲ႕ဧည့္သည္ အစ္မႀကီးကေလ အရမ္းအစြမ္းထက္တာ

သူက သရဲေတြတေစၦေတြရွင္းလင္းတဲ့ေနရာမွာ

အေတာ္နာမည္ႀကီးတဲ့သူကြဲ႕…”

“ဗ်ာ……ဒီကဘြားက အထက္လမ္းဆရာမႀကီးေပါ့ေလ”

“အဲ့သည္လိုပဲေျပာရမွာပဲေမာင္ရင္ေလးရဲ႕…”

ေဒၚၿပဳံးႀကီးသည္ ေမာင္မိုးေလးစိတ္သက္သာေစရန္အတြက္

ဘြားမယ္စိန္ႏွင့္မိတ္ဆက္ေပးေလသည္။

ဆရာေတာ္ဘုရားႏွင့္႐ြာသူႀကီးတို႔မွာလည္း

ေမာင္မိုးေလးကိုသာၾကည့္ေနခဲ့ၾက၏။

“ကဲ…ဒီလိုဆိုရင္ မိၿပဳံးေရ…”

“ဘုရား”

“ ဒီ ဒကာေလးကို အိမ္ကိုေခၚသြားေခ်…

ဒကာေလးကို ဘုန္းဘုန္းရဲ႕ေမြးစားသားအျဖစ္

ေမြးစားလိုက္ၿပီမို႔

ဘာမွလိုတာမရွိေစနဲ႔ ၾကားသလားဟဲ့”

“တင္ပါ့ဘုရား..ဆရာေတာ့္ရဲ႕သေဘာအတိုင္းပါပဲ

ဘုရား”

“ေအး…ေအး… ဒကာေလး…ဒီက ဒကာမႀကီးနဲ႔လိုက္သြား…

ဘာမွစိတ္မေကာင္းမျဖစ္နဲ႔ကြယ္

အခ်ိန္ကကုစားေပးပါလိမ့္မယ္”

“တင္ပါ့ဘုရား”

ထိုသို႔ျဖင့္ေမာင္မိုးေလးကိုဆရာေတာ္က

သားအျဖစ္ေမြးစားလိုက္ေလသည္။

ေဒၚၿပဳံးႀကီးကလည္းၾကည္ျဖဴစြာပင္

အိမ္သို႔ေခၚသြားေတာ့၏။

ေဒၚၿပဳံးႀကီး၏အိမ္သို႔ေရာက္ေတာ့ ေမာင္မိုးေလးနဲ႔ေမာင္တိုးတို႔မွာအေတာ္ ခင္မင္သြားၾက သည္။

ေမာင္တိုးကလည္းဘြားမယ္စိန္ႏွင့္သြားလာခဲ့ရေသာ

ခရီးမ်ားအေၾကာင္းကိုေျပာျပေလေတာ့

ေမာင္မိုးေလးမွာအေတာ္ပင္စိတ္ဝင္စားဟန္ရွိ၏။

ေမာင္တိုးမေျပာျပေသာအခါမ်ား၌ အတင္းေမး၍

ေျပာခိုင္းေလသည္။

ေမာင္တိုးခမ်ာလည္းေမာင္မိုးေလးကိုသနားေသာေၾကာင့္

စိတ္ေျပရာေျပေၾကာင္းေျပာျပရွာသည္။

“ဒါဆိုရင္ဘြားက ဟိုက်ဳပ္မိဘမ်ားကိုသတ္ခဲ့တဲ့

ဟိုက်တ္သရဲေတြကိုရွင္းပစ္ႏိုင္တယ္ေပါ့ေနာ္…

က်ဳပ္ေျပာတာဟုတ္တယ္မလားကိုႀကီးတိုး”

“ဒါေပါ့ကြာ…”

“ဟား…ဒါဆိုရင္က်ဳပ္တို႔သြားၾကရေအာင္ေလဗ်ာ…

ဘြား…ဘြားလိုက္မယ္မဟုတ္လားဟင္”

ေမာင္တိုးကိုေမးေနရင္းမွ ဘြားမယ္စိန္ကို ေမွ်ာ္လင့္တႀကီးဟန္ပန္ေလးျဖင့္ ေမာင္မိုးေလးသည္ေမးရွာသည္။

“အခ်ိန္အခါကိုၾကည့္ရ ဦးမွာေပါ့ေမာင္ရင္ေလးရယ္

စိတ္ေတြမေစာပါနဲ႔ ဦး”

“ဟင္း…..”

ဘြားမယ္စိန္စကားေၾကာင့္ေမာင္မိုးေလးသည္ သက္ျပင္းကို

ခပ္ေလးေလးခ်လိုက္၏။

ထို႔ေနာက္ပိုင္း ေန႔ခင္းဆိုလွ်င္ေမာင္မိုးေလးကို ရွာမေတြ႕၍

ေမာင္တိုးခမ်ာ႐ြာအႏွံ႔လိုက္ရွာရ၏။

ေနာက္ဆုံးေတာ့ ေတာထဲရွိ ႐ြာပ်က္ဆီသို႔အေဖာ္မ်ားေခၚ၍

သြားရွာေလမွ အံ့တႀကိတ္ႀကိတ္ျဖင့္ ပ်က္စီးအိုမင္းၿပီး

ၿခဳံႏြယ္မ်ားထူထပ္ေနေသာ ႐ြာပ်က္ႀကီးကို အေဝးသစ္ပင္ေအာက္မွစိုက္ၾကည့္ေနေသာ ေမာင္မိုးေလးကိုေတြ႕ၾကရသည္။

ထိုအခါ…

ေမာင္တိုးတို႔လည္းေခ်ာ့ကာေမာ့ကာျဖင့္ေမာင္မိုးေလးကို

အိမ္ျပန္ေခၚလာခဲ့ၾကရရွာသည္။

“ဘြား…….”

“ေဟ…”

ေမာင္မိုးေလးအနီးတြင္မရွိခိုက္ေမာင္တိုးက

ဘြားမယ္စိန္ကိုေခၚလိုက္သည္။

“ေမာင္မိုးေလးကေလ သူ႔မိဘေတြအတြက္

အေတာ္အခဲမေက်ေနတာဘြားရဲ႕”

“ေအးေလ…ဒါမ်ိဳးဆိုတာေမာင္ရင္ႀကဳံခဲ့ရင္လည္း

သူ႔လိုစိတ္မ်ိဳးျဖစ္ေနမွာပဲကြဲ႕…”

“ဟုတ္ပါတယ္ဘြားရယ္…အဲ့တာေၾကာင့္ဒီေကာင္ေလးဆႏၵအတိုင္းက်ဳပ္တို႔လူသားစားတဲ့က်တ္ေတြကို

ရွင္းပစ္ၾကရေအာင္လားဗ်””

ေမာင္တိုးသည္ ေမာင္မိုးေလးကိုသနားေနရွာသည္။

ဘြားမယ္စိန္ကလည္း…

“ဒီမယ္ကြဲ႕…အဲ့သည္က်တ္ေတြဆိုတာကေလ…

သူတို႔ကေရာဂါဆိုးေတြဝင္ၿပီး

ဘာမွန္းမသိညာမွန္းမသိေသခဲ့ၾကရေတာ့

အေတာ္ေလးရန္လိုစိတ္မ်ားေနၾကတာ…

ဘြားကအခ်ိန္ကိုဆြဲေနတာမဟုတ္ဘူးေမာင္ရင္ရဲ႕…

လာမယ့္လကြယ္ညမွာဒင္းတို႔ေနရာကိုသြားၿပီး

ဘြားဖယ္ရွားပစ္မွာ…လကြယ္ညကိုေရာက္မယ့္ေန႔ကို

ေစာင့္ေနတာပါကြယ္….”

“ေၾသာ္…အဲ့သည္လိုလားဘြား…ဒါဆိုရင္က်ဳပ္ေက်နပ္ပါတယ္ဗ်ာ…ဒါကိုဟိုေကာင္ေလးသိရင္လည္းဝမ္းသာသြားရွာမွာ”

“သူ႔ကိုေတာ့မေျပာပါနဲ႔ကြယ္…

ဘြားတို႔သြားမယ့္အေၾကာင္းလည္းမေျပာေလနဲ႔…

ေခၚသြားခဲ့ရင္လည္းသူကမိဘစိတ္နဲ႔ထင္ရာလုပ္လိုက္လို႔ရွိရင္

ထိခိုက္သြားႏိုင္တာမို႔…မေျပာတာပဲေကာင္းပါတယ္ကြယ္”

ဘြားမယ္စိန္စကားေၾကာင့္ေမာင္တိုးလည္း

ခပ္ေျဖးေျဖးေခါင္းညိတ္လိုက္ရွာသည္။

ေမာင္မိုးေလးကိစၥေၾကာင့္ဘြားမယ္စိန္တို႔မွာ

ေဒၚၿပဳံးႀကီးတို႔႐ြာ၌ ေနထိုင္ၾကသည္မွာ

ရက္ႏွစ္ဆယ္နီးနီးရွိခဲ့ေလသည္။

ေသာင္ထြန္း႐ြာကိုေတာ့လူႀကဳံျဖင့္

ျပန္မလာႏိုင္ေသးေၾကာင္းေျပာထားရ၏။

ေမာင္မိုးေလးကေတာ့ ဘုန္းႀကီးေက်ာင္းကိုသြား၍

ေက်ာင္းေဝယ်ာဝစၥမ်ားကိုလုပ္ကိုင္ေပးေနသည္မို႔

သူ႔အတြက္စိတ္ေအးေနၾကရသည္။

 

မိုးသည္ သည္းထန္စြာ႐ြာသြန္းေနခဲ့၏။

ပတ္ဝန္းက်င္တစ္ခုလုံးမွာ ညေနေမွာင္ရီပ်ိဳးစျဖစ္ေသာ္လည္း

မိုးေၾကာင့္အေတာ္ေမွာင္မိုက္ေနခဲ့သည္။

ထိုသို႔သည္းထန္စြာ႐ြာသြန္းေနေသာ

မိုးေရစက္မ်ားၾကား၌ လႈပ္ရွားသြားလာေနေသာ

လူ႐ြယ္တစ္ ဦး။

ထိုလူ႐ြယ္သည္ ဝါးခေမာက္တစ္ခုကိုေဆာင္း၍

မိုး႐ြာေနသည္ကိုပင္ဂ႐ုစိုက္ပုံမရဘဲသူလိုရာအရပ္ဆီသို႔

ေျခလွမ္းကိုခပ္ျမန္ျမန္သြားလာေနခဲ့သည္။

လမ္း၌ကာဆီးေနေသာၿခဳံႏြယ္မ်ားကိုလည္းသူ၏

လက္ထဲရွိ တုတ္ရွည္တစ္ေခ်ာင္းျဖင့္တြန္းကာ

ဖယ္ကာျဖင့္ ေတာလမ္းေလးကိုက်င္လည္စြာသြားလာေန၏။

ထိုသို႔ေတာလမ္းေလးကိုေက်ာ္လြန္ေသာအခါ

႐ြာဟုထင္ရေသာ အိမ္ၿပိဳအိမ္ပ်က္မ်ားဆီသို႔ေရာက္လာခဲ့သည္။

ထိုေနရာသို႔ေရာက္ေတာ့ မိုးသည္တိတ္၍သြားၿပီျဖစ္ေသာ္လည္း

ပတ္ဝန္းက်င္မွာတိတ္ဆိတ္ၿငိမ္သက္ေနခဲ့သည္။

ထိုတိတ္ဆိတ္မႈသည္

အသည္းငယ္သူအဖို႔ ေျခာက္ျခားစရာပင္။

သို႔ေသာ္ လူ႐ြယ္မွာေတာ့တိတ္ဆိတ္ေနေသာ

႐ြာပ်က္ႀကီးကို ၾကည့္၍ အနီးရွိသစ္ပင္ေအာက္၍

ထိုင္လိုက္သည္။

“ေတာက္………..”

ထိုင္ေနရင္းမွေတာက္တစ္ခ်က္ကို

နာနာက်ဥ္က်ဥ္ဟန္ျဖင့္ေခါက္လိုက္သည္။

အခ်ိန္အေတာ္ၾကာေအာင္သူသည္ ထိုေနရာ၌ထိုင္ေနခဲ့၏။

ညသန္းေခါင္အခ်ိန္သို႔ေရာက္လာေသာအခါ

႐ြာသည္ တေျဖးေျဖးအသြင္မ်ားပီျပင္လာကာ

မီးမ်ားလည္းထိန္ထိန္လင္းလာခဲ့ေတာ့သည္။

ေျပာင္းလဲလာေသာအေျခအေနေၾကာင့္

ထိုလူ႐ြယ္သည္ သူ၏ခ်ည္လြယ္အိတ္ကို ခပ္တင္းတင္းဆုပ္ကိုင္ရင္း အံကိုႀကိတ္လိုက္၏။

မီးမ်ားလင္းထိန္လာေသာ႐ြာသည္

မိုးလင္းေနသည့္အတိုင္း လူမ်ားဟိုသည္

သြားလာလႈပ္ရွားေနၾကသည္။

ကေလးမ်ားကအိမ္အျပင္ထြက္၍ေဆာ့ကစားေနၾကသလို

လူႀကီးမ်ားကလည္း ထမင္းခ်က္၊ေရခပ္ျဖင့္အလုပ္မ်ားလုပ္ကိုင္ေနၾကသည္။

လူ႐ြယ္လည္း လင္းထိန္ေနေသာ ႐ြာလမ္းအတိုင္း

သူ၏ခ်ည္လြယ္အိတ္ကိုခပ္တင္းတင္းဆုပ္ကိုင္၍

ေျခလွမ္းက်ဲႀကီးျဖင့္လွမ္းလာခဲ့ေတာ့၏။

႐ြာလမ္းအတိုင္း သြားေနေသာလူ႐ြယ္ကို

ေဆာ့ကစားေနၾကေသာကေလးမ်ား၊

အလုပ္လုပ္ကိုင္ေနၾကေသာ လူႀကီးမ်ားမွာ

မ်က္စိတဆုံးလိုက္ၾကည့္ေနၾကသည္။

သူ႔အားၾကည့္ေနၾကသည္ကိုသိပါေသာ္လည္း

လူ႐ြယ္သည္ ေျခလွမ္းကိုမရပ္ဘဲ

ဆက္၍လွမ္းလာခဲ့သည္။

သူသြားလိုေသာ အိမ္တစ္အိမ္၏

အေရွ႕သို႔ေရာက္လာ ခ်ိန္မွာေတာ့ …

“ဗ်ိဳ႕…အိမ္ႀကီးရွင္…ထြက္ခဲ့စမ္းပါ…

က်ဳပ္နဲ႔ခင္ဗ်ားစာရင္းရွင္းစရာေတြရွိေသးတယ္ေလ

အခုထြက္ခဲ့စမ္း”

ဟု…အသံကုန္ေအာ္ေခၚလိုက္သည္။

သူ၏အသံေၾကာင့္အိမ္အတြင္းမွ

မိန္းမႀကီးတစ္ ဦးထြက္လာခဲ့၏။

ထိုမိန္းမႀကီးသည္ေဆးလိပ္ႀကီးကိုဖြာရႈိက္ရင္း

လူ႐ြယ္အားမဲ့ၿပဳံးတစ္ခ်က္ၿပဳံးကာၾကည့္ေလသည္။

မိန္းမႀကီးသည္ထဘီမည္းႀကီးကိုခပ္တိုတိုဝတ္ဆင္ထားၿပီး

ရႈပ္ပြေနေသာသူ႔ေခါင္းအထက္၌ ဘီးခြၽန္တစ္ေခ်ာင္းကိုလည္း

ထိုးစိုက္၍ထားသည္။

မ်က္ႏွာျပားျပားအရပ္ပုပုထိုမိန္းမႀကီးကို

လူ႐ြယ္သည္မေက်နပ္စိတ္မ်ားျဖင့္ၾကည့္ေနခဲ့သလို

မိန္းမႀကီးကလည္းလူ႐ြယ္ကိုသေရာ္သလိုပုံစံျဖင့္

ၾကည့္ေနခဲ့သည္။.

“ဟဲ့…အေကာင္ နင္ကငါ့႐ြာကိုျပန္လာရဲေသးတယ္ေပါ့ေလ”

“ေဟာသည္မွာခင္ဗ်ားတင္မကဘူး

ခင္ဗ်ားတို႔တစ္႐ြာလုံးကိုပါ မ်ိဳးျဖဳတ္ပစ္ႏိုင္တဲ့

ပစၥည္းေတြက်ဳပ္မွာရွိတယ္…အဲ့သည္ေတာ့

က်ဳပ္အဘနဲ႔အေမအတြက္ လက္စားေခ်ဖို႔အခ်ိန္တန္ၿပီ…”

“ဟား….ဟား..ဟား…ဟား…ဟား…

နင္ကလည္းအေတာ္ မလြယ္တဲ့ အေကာင္ပါလား…

ဘယ္သူ႔ပစၥည္းေတြခိုးလာၿပီးငါ့ကိုမာန္လာဖီေနရတာလဲ…

ဟင္း…ဟင္း…စမ္းၾကည့္လိုက္ဟဲ့..

ခင္သိုက္အေၾကာင္းသိသြားတာေပါ့”

ဟု…ေျပာအၿပီးေဆးလိပ္ႀကီးကိုဖြာရႈိက္လိုက္သည္။

လူ႐ြယ္သည္ အျခားသူမဟုတ္ ေမာင္မိုးေလးပင္ျဖစ္သည္။

ဘြားမယ္စိန္၏ခ်ည္လြယ္အိတ္ကိုခိုးယူၿပီးမိဘမ်ားအတြက္

လက္စားေခ်ဖို႔ရန္ေရာက္လာခဲ့ျခင္းပင္။

ခင္သိုက္ဆိုေသာမိန္းမႀကီးသည္မ်က္ေတာင့္နီႀကီးျဖင့္

ေမာင္မိုးေလးကိုစိုက္ၾကည့္ေနသည္။

ေမာင္မိုးေလးကလည္း သူ၏ ခ်ည္လြယ္အိတ္အတြင္းမွ

ပုလင္းေလးကိုထုတ္၍ ခင္သိုက္ဆီသို႔႐ြယ္ကာ

ပုလင္းေလးထဲမွအရည္မ်ားျဖင့္ျဖန္းပတ္လိုက္ေသာအခါ…

“ဟား….ဟား…ဟား….ဟား………”

ခင္သိုက္သည္ေနရာမွခ်က္ခ်င္းေပ်ာက္ကြယ္သြားၿပီး

ေမာင္မိုးေလး၏ေက်ာေပးထားေသာေနရာသို႔

ေရာက္ရွိသြားခဲ့၏။

ခင္သိုက္၏ရယ္ေမာသံႀကီးေၾကာင့္ေမာင္မိုးေလးသည္

သူ၏ေက်ာေပးထားေသာဘက္သို႔အလ်င္အျမန္

မ်က္ႏွာမူလိုက္ခ်ိန္..

“အ…….”

“နင္ကမ်ား……..”

ခင္သိုက္သည္ တေျဖးေျဖးလူေကာင္ႀကီး ႀကီးလာခဲ့ၿပီး

ေမာင္မိုးေလးကိုပင္အေပၚစီးမွၾကည့္ကာ ေမာင္မိုးေလး၏လည္ပင္းအား သူ၏ရွည္လ်ားေသာလက္ႀကီးျဖင့္

ဆြဲညႇစ္ေလသည္။

ခင္သိုက္၏ပုံစံမွာ အလြန္ေၾကာက္စရာေကာင္း၏။

ေမာင္မိုးေလးခမ်ာ ခင္သိုက္ေၾကာင့္ေျမေပၚ၌ပင္ေျခစုံမရပ္ႏိုင္ေတာ့ဘဲ ေလေပၚ၌ တအအ တအီအီျဖင့္

ခင္သိုက္လက္မွလႊတ္ဖို႔ရန္႐ုန္းကန္ေနရရွာသည္။

ထို စဥ္….

“ဟာ…ေမာင္မိုးေလး…”

“ဟဲ့…ေကာင္မ အခုလႊတ္လိုက္စမ္း”

ေနာက္ေက်ာဘက္ဆီမွေရာက္ရွိလာေသာ ေမာင္တိုးသည္

ေမာင္မိုးေလးအတြက္အလြန္စိုးရိမ္သြားရွာသည္။

ဘြားမယ္စိန္သည္က ေတာင္ေဝွးကိုေထာက္၍

ခင္သိုက္ကို လႊတ္ဖို႔ရန္အမိန႔္ေပးလိုက္ေလသည္။

ခင္သိုက္ကလည္းဘြားမယ္စိန္တို႔ကိုၾကည့္၍ သူ၏က်န္လက္တစ္ဖက္ျဖင့္ ႐ိုက္ဖို႔ရန္အ႐ြယ္ ဘြားမယ္စိန္သည္

သူ၏ေတာင္ေဝွးကိုေျမေပၚသို႔ေဆာင့္ခ်လိုက္ေသာအခါ

ခင္သိုက္၏ကိုယ္ႀကီးကို အားတစ္ခုကဝင္ေဆာင့္လိုက္သည့္အလားအေနာက္သို႔လွန္ကာလွဲက်သြားၿပီး

ေမာင္မိုးေလးသည္လည္းေျမေပၚသို႔ျပဳတ္က်သြားေတာ့၏။

“ေမာင္မိုးေလး……”

ေမာင္တိုးသည္ျပာျပာသလဲေျပးထူၿပီး ေမာင္မိုးေလးကို

ဘြားမယ္စိန္၏အေနာက္သို႔တြဲကူ၍ေခၚလာခဲ့သည္။

ဘြားမယ္စိန္ကလည္း ေမာင္တိုးနဲ႔ေမာင္မိုးေလးကို

သူ၏ေတာင္ေဝွးျဖင့္စည္းဝိုင္းေပးကာ…

“စည္းဝိုင္းထဲကမထြက္ၾကနဲ႔…….”

ဟုေျပာလိုက္သည္။

ထိုအခ်ိန္ ခင္သိုက္သည္လဲေနရာမွလူးလဲထေသာအခါ

သူ၏ႀကီးမားရွည္လ်ားေသာကိုယ္ႀကီးကိုဘြားမယ္စိန္မွာ

ေခါင္းကိုေမာ့ကာပင္ၾကည့္ရ၏။

“ဟဲ့…ညည္းဒီေလာက္နဲ႔ရပ္တာအေကာင္းဆုံးျဖစ္လိမ့္မယ္…

မဟုတ္ရင္ေတာ့ နင့္ကိုငါကိုယ္တိုင္

ဖ်က္စီးပစ္ရလိမ့္မယ္ဟဲ့…..”

“စမ္းၾကည့္လိုက္ေလ…

ခင္သိုက္ကဘယ္ေတာ့မွအရႈံးမေပးဘူး”

“ေအး…ခင္သိုက္…မႏိုင္တာကိုသိသိနဲ႔ ယွဥ္တဲ့

နင့္ကိုသေဘာက်တယ္ေအ…

ေကာင္းၿပီ..ညည္းကအာခံေတာ့လည္း မယ္ စိန္ကလည္း အေၾကာင္းျပရေသးတာေပါ့ဟဲ့………”

“အီး……..”

ခင္သိုက္သည္ အားႀကီးႏွင့္ကုန္းေအာ္ဟစ္ေလေတာ့

႐ြာပ်က္ႀကီးအတြင္းမွအမည္းေရာင္အေငြ႕မ်ားသည္

ခင္သိုက္ထံသို႔စုေပါင္းဝင္ေရာက္လာခဲ့၏။

ခင္သိုက္ထံသို႔ ႐ြာ၏ရွိသမွ်

က်တ္သရဲမ်ားဝင္ေရာက္ပူးကပ္ျခင္းပင္ျဖစ္ေလသည္။

ခင္သိုက္၏မ်က္လုံးနီျခင္းႏွင့္ႀကီးမားရွည္လ်ားလွေသာ

ကိုယ္ႀကီးမွာအလြန္ေၾကာက္စရာေကာင္းသည္။

ဘြားမယ္စိန္ကလည္းေတာင္ေဝွးကိုအလယ္ပိုင္းမွလက္ျဖင့္

ဆုပ္ကိုင္ထားၿပီး ခင္သိုက္ကိုၾကည့္ေနခဲ့၏။

ထို စဥ္မွာပင္ ခင္သိုက္သည္ သူ၏ပါးစပ္ႀကီးကိုဟ၍

ေလမ်ားစုပ္ယူသေယာင္ျပဳၿပီးေနာက္….

“ေဝါ……….”

မည္းမည္းအေငြ႕တန္းႀကီးကိုဘြားမယ္စိန္ထံသို႔

မႈတ္ထုတ္လိုက္ေသာအခါ ဘြားမယ္စိန္သည္သူ၏ေတာင္ေဝွးျဖင့္ ျပန္လည္တြန္းကန္၍ ရင္ဆိုင္လိုက္၏။

ေတာင္ေဝွးျဖင့္ထိန္းထားရင္း ႏႈတ္မွဂါထာတစ္ပုဒ္ကို႐ြတ္ဆိုလိုက္ၿပီးေနာက္..

“ငါမယ္စိန္ဟဲ့…………”

ဟုအသံမာမာျဖင့္ေအာ္လိုက္ေသာအခါ

ခင္သိုက္၏မည္းမည္းအေငြ႕တန္းမွာအားေပ်ာ့သေယာင္ျဖင့္

တေျဖးေျဖး ေပ်ာက္ကြယ္သြားေလသည္။

သူ၏အေငြ႕တန္းေပ်ာက္ကြယ္သြားေတာ့ ခင္သိုက္မွာေခါင္းႀကီးကိုတရမ္းရမ္းျဖင့္ေဒါသထြက္သြားပုံရသည္။

ဘြားမယ္စိန္ကလည္း…

“ခင္သိုက္ေရ…နင့္အေပါင္းအပါေတြနဲ႔ငရဲကိုသြားဖို႔

အခ်ိန္သင့္ၿပီဟဲ့………….”

“ဒုန္း……”

“ဝုန္း……”

ဘြားမယ္စိန္သည္ခင္သိုက္ကိုၾကည့္၍ေျပာအၿပီး၌

သူ၏ေတာင္ေဝွးကိုေျမေပၚသို႔အားကုန္ေဆာင့္ခ်လိုက္ခ်ိန္

ခင္သိုက္၏ကိုယ္ႀကီးသည္ ဝုန္းခနဲမီးမ်ားေတာက္ေလာင္သြားခဲ့ၿပီးေနာက္ တစ္စ တစ္စ ျဖင့္ေပ်ာက္ကြယ္သြားခဲ့သည္။

အျဖစ္အပ်က္တဆုံးေငးေမာၾကည့္ေနၾကေသာ

ေမာင္တိုးနဲ႔ေမာင္မိုးေလးမွာဟိုေငးဒီေငးျဖင့္ ခင္သိုက္ကိုလိုက္လံရွာေဖြၾကသည္။

ဘြားမယ္စိန္ကေတာ့ေနာက္ေၾကာင္း ကိုျပန္လွည့္လာခဲ့ၿပီး…

“ကဲ…ဟိုကေလး…ဘာမေျပာညာမေျပာနဲ႔

တဇြတ္ထိုးလုပ္ရတာသိပ္သေဘာေတြ႕ေနတာလားဟမ္…

ေတာ္ေသးတာေပါ့ ေမာင္ရင္ေပ်ာက္သြားတာအျမန္သိေပလို႔

ႏို႔မိုဆိုရင္ေတာ့ေမာင္ရင္လည္းေမာင့္ရင့္မိဘေတြေနာက္

လိုက္သြားရလိမ့္မယ္…”

“ဟုတ္တယ္ေမာင္မိုးေလးရာ…

မင္းကအရမ္းတဇြတ္ထိုးဆန္တာပဲ…

မင္းအတြက္ဘြားကဒီက်တ္သရဲေတြရွင္းဖို႔စီ စဥ္ထားၿပီးသားပါကြာ…အခုေတာ့ မင္းေၾကာင့္သူတို႔ကိုတရားမျပႏိုင္ေတာ့ဘဲ

ငရဲတန္းပို႔လိုက္ရၿပီကြ…”

“က်ဳပ္…က်ဳပ္မွားပါတယ္ဗ်ာ…

ဘြားတို႔ကက်ဳပ္ကိုအခ်ိန္ဆြဲေနတယ္ထင္လို႔…

ဘြားရဲ႕လြယ္အိတ္ကိုခိုးၿပီးလာခဲမိတာပါ…

ေတာ္ေသးတာေပါ့ ဘြားတို႔လိုက္လာလို႔…မဟုတ္ရင္

က်ဳပ္ဘဝကေဒၚခင္သိုက္လက္မွာေသရမယ့္ကိန္းပါဗ်ာ”

“ကဲပါကြာ…ဘယ္တတ္ႏိုင္မလဲ..အခုလည္းဘြားေျဖရွင္းလိုက္ႏိုင္ၿပီပဲ…လာ…ထ…ထ…တို႔ေတြ႐ြာထဲျပန္

ဝင္ၾကတာေပါ့”

ဘြားမယ္စိန္နဲ႔ေမာင္မိုးေလးတို႔လည္း႐ြာသို႔ျပန္လာၾကေတာ့သည္။

အမွန္မွာကေမာင္မိုးေလးသည္ဘြားမယ္စိန္အလွစ္၌

ခ်ည္လြယ္အိတ္ကိုခိုး၍လာေရာက္ျခင္းျဖစ္ၿပီး

ေမာင္တိုးမွာေမာင္မိုးေလးေပ်ာက္ေနသည္ကိုအသိျမန္၍

အလ်င္လိုက္လာၾကျခင္းျဖစ္၏။

ေဒၚၿပဳံးႀကီးတို႔မိသားစုမွာလည္းစိတ္ပူစြာျဖင့္

တစ္ညလုံးမအိပ္ႏိုင္ဘဲထိုင္ေစာင့္ေနၾကရွာသည္။

ဘြားမယ္စိန္တို႔ျပန္ေရာက္လာေလမွသာ

စိတ္ပူတာေလ်ာ့ၿပီး က်တ္သရဲမခင္သိုက္တို႔အုပ္စုကိုရွင္းလင္းပစ္ႏိုင္ခဲ့ၿပီဆိုတာသိ၍ဝမ္းသာသြားၾကေတာ့သည္။

ခင္သိုက္တို႔က်တ္သရဲအုပ္စုကိုရွင္းလင္းပစ္ၿပီးေနာက္ရက္၍

ဆရာေတာ္ဘုရားကထို႐ြာေဟာင္းသို႔သြား၍

ပရိတ္တရားမ်ား႐ြတ္ဆိုကာ ပရိတ္ရည္မ်ားျဖန္း၍

ေျမသန႔္ေပးေလသည္။

ေမာင္မိုးေလးမွာလည္းရန္ၿငိဳးမ်ားေက်၍

ဘုန္းႀကီးေက်ာင္း၌သာေနေလေတာ့သည္။

အားလုံးၿပီး

ေနာက္တစ္ရက္မွာေတာ့ဘြားမယ္စိန္တို႔သည္ အားလုံးကို

ႏႈတ္ဆက္၍ေသာင္ထြန္း႐ြာသို႔ျပန္လာခဲ့ၾကေတာ့၏။

ၿပီးပါၿပီ။

ယဥ္မင္း(ကန႔္ဘလူ)