ဝိညာဉ်ပျော်တဲ့အိမ်(စ/ဆုံး)

Unicode Version

ဝိညာဉ်ပျော်တဲ့အိမ်(စ/ဆုံး)
———————————-
မြခက်တို့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် ကျောင်းတက်သည့်အရွယ်မှာမိဘအရိပ်မှ ခွဲထွက်ကာ အိမ်ငှားနေဖြစ်ခဲ့သည်။ မြခက်ယောက်ျား ကိုသူရိန်မှာ ပြည်ပသင်္ဘောသားဖြစ်၍ သင်္ဘောပြန်မတက်ခင်
အိမ်ခန်းငှားရန် ရှာဖွေခဲ့ရာ ကျောင်းကားအတူစီးသည့်
ကလေးမိဘတစ်ဦးရှာပေးသဖြင့် မိဘများနှင့် တစ်မြို့ တည်းရပ်ကွက်ပဲခြားသည်။ သွားရေး၊ လာရေး၊ ဈေးနီး၊ ကားဂိတ်နီးမို့ သဘောကျပါသည်။
အိမ်မှာငှားလက်စ မိသားစု ရှိနေသည်။ သုဝဏ္ဏ လုပ်အားပေးတိုက်ခန်းတွဲ ဖြစ်သည်။ အပေါ်ထပ်၊ အောက်ထပ် တစ်ဦးတည်းနေရပြီး အိမ်ခန်းရှေ့နောက် မြေပို ခြံဝင်းကလေးရှိ၍ နေထိုင်ရတာ အဆင်ပြေလှပါ
သည်။

လက်ရှိ အိမ်ငှားမိသားစု ရှိနေပါ သည်။ ခွင့်တောင်း၍ အိမ်ပေါ်ထပ်သို့
တက်ကြည့်ခဲ့ပါသည်။ အိမ်ပေါ်အထပ်၊
အိမ်ရှေ့ခန်းမှာ နံရံကပ်၍ ဖော်မေကာ
ဘုရားကျောင်းဆောင်ကြီးရှိနေ၍မြခက်
သဘောကျပြန်သည်။ သို့ သော်-
လက်ရှိမိသားစုက မသုံးပါ။ အိမ်ရှေ့
ဝရန်တာမှာလည်းသံဆန်ကာ သပ်သပ်
ရပ်ရပ်ကာထားပြီး အဖွင့်၊ အဝင် တံခါး
ပေါက် လုပ်ပေးပါသည်။ အိမ်ရှေ့ခြံဝင်း
အလယ်မှာ သပြေပင်ကြီး လေတိုက်
ခေါင်မိုးနှင့် တညီတည်းဖြစ်နေပြီး
အညွန့်၊ အခက်များက ဝေဆာနေသည်
မို့ မြခက်လို ဘုရား၊ တရား၊ ကိုင်းရှိုင်းသူ
ဖြစ်၍ထပ်ဆင့်သဘောကျပြန်သည်။
အိမ်အပေါ်ထပ်တစ်ခုလုံး တက်
ရောက်အသုံးပြုခြင်းလုံးဝမရှိပဲ သူတို့၏ ဘုရားကျောင်းဆောင် အသေးလေးကို
အောက်ထပ်ဧည့်ခန်းမှာပဲ စားပွဲခုံပေါ်
တင်၍ ပူဇော်ထားပါသည်။ အိပ်ရာကွပ်
ပျစ်ကလည်း ဧည့်ခန်းမှာပင် ကလေး
နို့စို့တစ်ဦး၊ အသက် (၂) နှစ်အရွယ်
တစ်ဦးရှိသည်။ အမျိုးသားကို မတွေ့ပါ။
မြခက်ကတော့ နည်းနည်းပါးပါး စကား
မေးစမ်းကြည့်ခဲ့ပါသည်။ ကိုယ့်ထက်
အသက်ငယ်ပုံရသဖြင့် ပြုံးပြလိုက်ပြီး ..

လား”
တယ်”
“ညီမတို့ – ဒီမှာ ငှားနေတာ ကြာပြီ
“သုံးလပဲရှိပါသေးတယ်”
“စာချုပ် မပြည့်သေးဘူး ထင်
“ဘာမှမဟုတ်ပါဘူးရှင်။ ညီမတို့က
ယောက္ခမနဲ့ နေရှာတာ။ စကားများပြီး ဆင်းလာတာပါ။ အခုစိတ်ဆိုးပြေသွားပြီ လေ။အခုပြန်လာဖို့ခေါ်လို့ပြောင်းမှာပါ” “အော်-အော်”
မြခက်ကတော့အိမ်ထဲသို့မျက်လုံး
ဝေ့ကြည့်ရင်းအိမ်ငှားနေပြီးအခန်းအား
လုံးမသုံးဘဲ ဘုရားကျောင်းဆောင်
လည်းဒီမှာ၊ အိပ်တာစားတာလည်းဒီမှာ
မို့စိတ်ထဲမှာ ဘဝင်မကျလွန်းသဖြင့်… “အိမ်ပေါ်ထပ်မှာ ဘုရားကျောင်း ဆောင်ကြီးကောင်းမှကောင်းပဲ။ ဘာပြု
လို့ ဘုရားကျောင်းဆောင်ကိုအိမ်ပေါ်မှာ မပူဇော်တာလဲဟင်”
“အော် – အင်း- ကလေးငယ်နှစ် ယောက်နဲ့ တက်လိုက်၊ ဆင်းလိုက် ဒုက္ခ များလို့ပါပဲ။ ဒီလိုပဲပူဇော်ထားတာပါ” ထိုမိန်းမငယ် ပြောတာလည်း အဟုတ်ပင်။ ရင်ခွင်ပိုက်ကလေးကိုချီပိုး ရင်းကျန်ကလေးကြီးကိုလိုက်ဆွဲ၊ ထိန်း ကျောင်းနေရရှာသည်။

သည်တစ်ခါ မေးလာသူကတော့ အိမ်ငှားမိန်းမငယ်ပင်။
ဟင်”
“အစ်မတို့ – ဒီအိမ်ကို ငှားဖြစ်လား
“အင်း-ငှားဖြစ်မှာပါ။ ညီမတို့
ပြောင်းရွှေ့ဖို့ ငြိုငြင်လို့လား”
“ဟင့်အင်း- ညီမတို့က အခု စပေါ်
ပြန်အမ်းရင် အခုပဲ ပြောင်းပေးမှာပါ။ ဟို ဘက်ရပ်ကွက်တင် ပြောင်းရမှာ။ နီးနီး လေးမို့ပါ”
မြခက် ကိုယ်ချင်းစာ တွေးမိပါ တယ်။လူသူမရှိကလေးငယ်နှစ်ယောက် နှင့်လုံးချာလည်လာရှိပေမည်။ဒါကြောင့်
ယောက္ခမအိမ်ပြန်ချင်ပေမည်ဟု…
၁၉၈၄ – ခုနှစ်၊ မတ်လကုန်ကလေး နှစ်ဦး စာမေးပွဲကြီးဖြေအပြီးမှာ မြခက်
တို့အိမ်ပြောင်းနေခဲ့သည်။တကယ်တမ်း
နေထိုင်ရသောအခါမှာလိုအပ်တာတွေ
ရှိလာသည်။ ရေက အချိန်နှင့်ပေးတာ
ဖြစ်၍ တိုင်ကီတစ်လုံးနှင့် အဆင်မပြေ နိုင်။ ရေ (၆)စည်ခန့် အုတ်ရေကန်လေး လုပ်လိုက်သည်။
နဂို၊ တိုက်ခန်း၊ ဆေးရောင်က မပြောင်တော့။ ဒါကြောင့် ဆေးသုတ်

ကာနေလိုက်တော့သည်။ ဆွမ်းကျွေးသောအခါ လမ်းထဲရှိ အိမ်
အိမ်တက်
အားလုံး ဖိတ်လိုက်သည်။ နောက်တစ်
ပတ်နေလျှင် သင်္ဘောထွက်ရမည်မို့
အိမ်နီးချင်းများအား ဇနီးနှင့် ကလေး
နှစ်ဦးကို စောင့်ရှောက်ပေးပါရန် အပ်နှံ
ရသည်။ ကလေးနှစ်ဦးကလည်း တစ်
ကျောင်းတည်း။ ကျောင်းကား အတူတူ
တက်ဖက် သူငယ်ချင်းများနှင့် တိုက်
တန်းလျား အတူတူနေရသဖြင့် ကစား
ဖော် ရှာစရာမလိုသဖြင့် ပျော်ရွှင်နေကြ
သည်။
မြခက်ကလည်း ခမ်းနားထည်ဝါ
သော ဘုရားကျောင်းဆောင်ကြီးမှာ ဘုရားရုပ်ပွားတော်များအား သပ္ပာယ်စွာ ပူဇော်ခွင့်ရခြင်း၊ ခြံဝင်းထဲမှာ သပြေညွန့် များရှိနေ၍ပန်းမညှိုးအောင်လှူဒါန်းခွင့်
ရသဖြင့် ဝမ်းသာပီတိဖြစ်လို့နေသည်။ ထိုအိမ်ကို စတင်ရောက်ကတည်း က မိမိသာ လူကြီးဖြစ်ပြီမို့ နေ့စဉ် အာရုံ တက် အချိန်မှန်ထကာ ဘုရားသောက် တော်ရေကပ်၊ ဆွမ်းကပ်၊ ဖယောင်းတိုင်၊
အမွှေးတိုင်လှူ၊ ဘုရားရှိခိုး၊ ပုတီးစိပ်၊ မေတ္တာပို့၊ အမျှဝေပြီးတာနှင့် ကလေး တွေ ကျောင်းသွားဖို့ ချက်ပြုတ် ပြင်ဆင် ပေးပြီး ကျောင်းကားပေါ်လိုက်ပို့ပြီး ဈေး

သွား၊ ချက်ပြုတ်၊ လျှော်ဖွပ်ပြီး ရေချိုး၊ နေ့လယ်စာ စားပြီး ခဏမျှနားပြီး ဘုရား
တစ်ခါ ရေချမ်းကပ်။ ဘုရားရှိခိုးပြီးလျှင်
အိမ်ရှင်ကလေးတွေပြန်လာချိန်နီးလျှင်
သွားကြို။ ကလေးတွေကလည်း ပြန်
ရောက်ပြီး ခဏနေတာနှင့် ထွက်ဆော့

တော့သည်။ တစ်နာရီမျှ ကစားပြီးတာ နှင့် ချွေးတိတ်အောင် ခဏနား ရေချိုး။ ထမင်းစား၊ ကျူရှင်ကိုအိမ်ရှေ့ကဆရာမ ဆီမှာတက်ရသည်။
ကလေးတွေ သွားတာနှင့် ဘုရား

ညောင်ရေအိုး လဲလှယ်၊ ဖုန်အမှိုက်လှဲ ကျင်း၊ သန့်ရှင်းရေးလုပ်။ မြခက်ရေချိုးပြီး
ညစာကို ကလေးတွေနှင့် အတူစားပြီး
တီဗွီခဏကြည့်ကာကလေးတွေအိပ်ရာ
ဝင်မှ မြခက်၊ ဘုရားရှိခိုး၊ အဓိဋ္ဌာန်ပုတီး
စိပ်ရပါသည်။

မြခက်၊ဒီအိမ်စရောက်ကတည်းက
ယောက်ျား သင်္ဘောမတက်ရသေးပါ။ “အစ်ကို မြခက် ဘုရားရှိခိုးနေချိန် မှာ ဘုရားခန်းကို ဝင်လိုက်၊ ထွက်လိုက် မလုပ်ပါနဲ့၊ အာရုံပျက်တယ်။ ယူစရာရှိတဲ့

ပစ္စည်း၊ ခုကတည်းက ယူထား။ ကလေး တွေလည်းမတက်လာပါစေနဲ့” သေသေချာချာ မှာကြားပြီးမှ အိမ်
ပေါ်တက်၊ ဘုရားရှိခိုးခြင်း ဖြစ်ပါသည်။
မြခက် ဘုရားရှိခိုးပြီဆိုတာနှင့် နောက်
ကျောဘက်ရှိ ကြမ်းပြင်ကြီးက သိမ့်ခနဲ
လူတစ်ဦး ဖြတ်ကျော်လျှောက်သွား
သကဲ့သို့သိလိုက်ရသည်။လူကမျက်လုံး
မှိတ်ကာပုတီးစိပ်ပြီးအောင်စိပ်နေရ၏။ စိတ်ကတော့ ဝါစာပွားရင်း.. “အတန်တန်မှာထားပါလျက် ယောက်ျားဖြစ်သူလား၊ ကလေးတွေ လား၊ ပြောစကား နားမထောင်ကြဘူး။
ပြီးမှ သိမယ်”
ဟူ၍အကုသိုလ် စေတသိက်များ
တဖွားဖွား ဖြစ်ပေါ်နေရသည်။
မြခက်ဘုရားရှိခိုးပြီးဆင်းလာတိုင်း
ယောက်ျားဖြစ်သူအား…
“သေသေချာချာ ပြောထားရက်နဲ့ ဘုရားခန်းဝင်မလာပါနဲ့ ဆိုတာကို” “အပေါ်ကိုလုံးဝမတက်ပါဘူးကွာ။ ဒီမှာအခွေကြည့်ကောင်းနေတာ”
မြခက်နဲ့ စကားမများချင်၍ ညာဖြီး ဖြေသည်ဟု မှတ်ယူထားပါသည်။
နေ့နေ့ညညဘုရားရှိခိုးလျှင်မြခက် အခန်းတံခါး ချက်ချပြီး ရှိခိုးတော့သည်။

စိတ်အေးလက်အေး ရှိခိုးလို့ ကောင်းပြီ ဆိုပါလျှင် မြခက်ခန္ဒာကိုယ်အားအဝတ်
ပုဆိုးစကဲ့သို့ ဘေးနားကနေ ဖြတ်သန်း
ဝေ့ဝဲတိုက်ခတ်ခံရသကဲ့သို့ ကြုံရပြန်
သည်။
ပြီးလျှင် – တရှပ်ရှပ် ခြေသံက
တဖျပ်ဖျပ်။ သုဝဏ္ဏတိုက်တန်းလျားမို့
ကြမ်းပြင် တစ်ဆက်တည်းဆိုသော် လည်းကိုးလက်မအုတ်ရိုးလွှာနံရံကြီးက ကာခြားထားပါသည်။
“ဟိုဘက် ခေါင်းရင်းခန်းကများ လား၊ ခြေရင်းခန်းကများလား” တွေးမိတာလည်းရှိခဲ့သည်။
မြခက်တို့ပြောင်းလာပြီးလအနည်း
ငယ်အကြာမှာ မျက်နှာချင်းဆိုင် တိုက်
ခန်းနေသူအချို့ရော၊ ခေါင်းရင်းကပ်
လျက်အခန်းကရော မေးလာကြသည်။

“မမြခက် – အဲဒီအိမ်မှာနေရတာ
အဆင်ပြေရဲ့လား”
“ပြေပါတယ်ရှင့်” မြခက်စိတ်ထဲမှာတော့ယောက်ျား သင်္ဘောထွက်သွားသဖြင့် အားငယ်နေ
မည်စိုး၍မေးသည်ဟုပဲထင်ခဲ့သည်။
“အစ်မ – ညရေးညတာ အိပ်ရဲ့ရဲ့ လား။ မအိပ်ရဲရင် ပြောနော်။ ကျွန်မတို့ အကူအညီလိုရင် လာအိပ်ပေးပါ့မယ်”

ထိုသို့ အခန်းချင်းကပ်လျက် မိန်း ကလေးကပြောရှာသည်။သာမန်အမေး စကားဟုပဲထင်ထားခဲ့ပါသည်။
တစ်နေ့ … မြခက်၏ကလေးတွေကျောင်းသွား
ကြသည်။ ချက်ပြုတ်၊ လျှော်ဖွပ်၊ အိမ်
သန့်ရှင်းမှုပြီးတာနှင့် ရေချိုးသန့်စင်ပြီး
ဘုရားရှိခိုး၊ ပုတီးစိပ်လို့ နေလိုက်သည်။
ပြီး-မေတ္တာပို့ အမျှဝေပြီးသောအခါ
မျက်လုံးများက အိပ်ချင်လာသဖြင့်
အနောက်ဘက် အိပ်ရာရှိရာသို့ကူးပြီး
ခေတ္တမှေးစက် အနားယူအိပ်စက်လိုက်
တော့သည်။ စိတ်ကတော့ ကလေးတွေ
ကျောင်းကားထွက်မကြိုနိုင်မှာစိုး၍
နိုးတစ်ဝက်၊ ပျော်တစ်ဝက် စိတ်နှင့် မှေး
ခနဲအိပ်ပျော်သလို ဖြစ်ချိန်မှာ..
အရပ်ပုပု၊ အသားညိုညို၊ သင်္ကန်း ဝတ်နှင့်ဦးဇင်းတစ်ပါး။အခန်းဝမှာခြေစုံ
လာရပ်လို့ နေသည်။ အိမ်မှာလည်း
မြခက်တစ်ယောက်တည်း ရှိနေချိန်
အောက်ထပ် အိမ်ဝင်တံခါးမကြီးလည်း
ပိတ်ထားလျက်က မည်သို့ ဝင်လာ
သနည်း။ အိပ်ခန်းဝမှာ လာရပ်နေတာ
မသင့်လျော်သဖြင့်…

“အရှင်ဘုရား- ဒါ တပည့်တော်ရဲ့ အိပ်ခန်းပါ ဘုရား။ အိမ်ရှေ့ဘုရားခန်းကို ကြွပါဘုရား”
ဟု လှမ်းလျှောက်တင်လေသော အခါ မျက်နှာစိမ်းဦးဇင်း၏ မကျေနပ် သောအကြည့်၊ သုန်မှုန်သောမျက်နှာ ပေးနှင့်ကြည့်ကာ …
“အေး- နင်က ဒီအိမ်မှာလာနေပြီး
ဘုရားတွေနင်းကန်ရှိခိုးနေတော့ငါဒီမှာ နေလို့မရတော့ဘူး။ အဲဒါလာပြောတာ။ ဒုန်း-ဒုန်း-ဒုန်း” မကျေနပ်မှုကို ခြေသံ ဖြင့် ပုံဖော်ကာပြ၍ လက်တစ်ဖက်တွင် ခေါင်းအုံး၊ စောင်တို့ကို ဖျာလိပ်ဖြင့် ပတ် ကာ ပွေ့ပိုက်၍လှေကားမှ ဆင်းသွားပုံ မှာ ဧည့်ခန်းတံခါးဝ ပိတ်လျက် ပျဉ်ချပ် ကို ဖောက်သွားပုံက အံ့ဩစရာပင်။ တံခါးပျဉ်ချပ်က သည်အတိုင်း ပြန်ဖြစ် သွားသည်။
အိပ်ရာမှ နိုးထလာလည်းအိပ်မက် က မေ့ဖျောက်မရပါ။ သည့်နောက်ပိုင်း
အိမ်ရှင်အဒေါ်ကြီး လာသောအခါမှာ
မည်သို့မျှအောင့်အည်းမနေနိုင်၍မေးမိ
တော့သည်။
“အဒေါ်- အဒေါ်တို့ရဲ့ ဒီအိမ်မှာ အစောင့်တွေ ဘာတွေများ ရှိသလား
ဟင်”

မြခက်၏စကားကြောင့် အိမ်ရှင်၏
မျက်နှာပြင်သည် ပျက်ယွင်းမှုသမ်းလို့
နေပြီးမှ ကပျာကယာ မျက်နှာရိပ်ကို
ပြင်လိုက်ပြီး…
“ဘာများ ဖြစ်လို့လည်းကွယ်” မြခက်တစ်ယောက် အိမ်နှင့် ပတ် သက်သော အိပ်မက်ကို ပြောပြလိုက် သောအခါမှာ ဟန်မဆောင်နိုင်တော့
“သူ – သူ – တကယ်ထွက်သွားပြီ လားဟင်။ ဘယ်ကို ထွက်သွားတာလဲ
ဟင်”
အိမ်ရှင်၏ အမေးစကားမှာ တုန် လှုပ်မှုတွေပါနေသည်။မြခက်အကဲခတ်
ရင်း ..
“ကျွန်မရှိနေလို့ သူ ဒီမှာနေလို့မရ ဘူးလို့ပြောပြီး တဒုန်းဒုန်း အသံပေးပြီး ထွက်သွားတာပဲ။ ဘယ်နေရာဆိုတာ တော့ ကျွန်မ ဘယ်သိပါ့မလဲ”
“အမလေးလေး – ဒုက္ခပါပဲ။ အဒေါ် ယောက်ျားသိရင်မိုးမီးလောင်မှာသေချာ
တယ်။သူသိရင်စိတ်ကောင်းမှာမဟုတ်
ဘူး”
ပြောရင်း မျက်ရည်ကျပြန်သည်။ မြခက်ကတော့နားမလည်စွာငေးကြည့်
ပြီး အဒေါ်ကြီး ဆက်ပြောလာသည့်

စကားကိုနားထောင်နေလိုက်သည်။
“အဒေါ့်ယောက်ျားက အရင်တုန်း
က ဗေဒင်ဆရာ၊ အကြားအမြင်ရ ဆရာ ပေါ့။ အပေါ်ထပ်မှာ ဓာတ်ခန်းဖွင့်ခဲ့တာ။
သူ့ရဲ့အစ်ကိုကြီးက ရဟန်းဝတ်နဲ့ နယ်
မှာ ပျံလွန်သွားတော့ သင်္ဂြိုဟ်ပြီးတာနဲ့
အစ်ကိုဘုန်းကြီးရဲ့ဝိညာဉ်ကိုခေါ်လာပြီး
သူ့ဓာတ်ခန်းမှာ နေရာပေးထားတာပါ။
ခုတော့ – အဒေါ့်ယောက်ျားက ဘားအံ
ကိုတာဝန်နဲ့ ပြောင်းရလို့ ထားခဲ့ရတာပါ
ကွယ်”
အိမ်ရှင်အဒေါ်ကြီး ပြောစကားကို
နားထောင်ပြီး မြခက် စိတ်အတွေးထဲမှာ
ဘဝကူးပြောင်းလို့မကျွတ်မလွတ်သူကို
လူ့ဘဝမှာကျန်ရှိသူများကကျွတ်လွတ်
အောင် ဆောင်ရွက်ပေးရမှာကို ဘာ
ကြောင့်များ ဝိညာဉ်ကို ချုပ်ကိုင်ခေါ်ငင်
ထားကြောင်း သဘောမပေါက်ခဲ့ပါ။
ထိုရက်ကာလနောက်ပိုင်း ဈေး သွားရင်း မြခက်တို့ အရင်အိမ်ငှားနေခဲ့ သောညီမလေးနှင့် ဆုံတွေ့သောအခါ မှာမြခက်၏အိပ်မက်အကြောင်းပြောပြ လိုက်သောအခါမှာ…

“အစ်မရဲ့အိပ်မက်က အမှန်ပါပဲ။ ညီမတို့ကိုတော့ အိပ်မက် မပေးပါဘူး။
အိမ်ပြောင်းလာပြီးဘုရားခန်းမှာကလေး
တွေကို သိပ်ထားမိတယ်။ ကလေးတွေ
ညတိုင်းလန့်ပြီးအော်ငိုတယ်။ အစတော့ အိမ်ပြောင်းခါစမို့နေနေကျအိမ်မဟုတ်
လို့ ငိုတယ်ပေါ့။ ညတိုင်း ဖြစ်လာတယ်။
နောက် – လန့်ပြီးဖျားကြတယ်။ ညီမ
ယောက်ျားကစောင့်အိပ်ပေးတဲ့အခါမှာ
ခြေထောက်ကနေ ကိုင်ပြီး လာဆွဲချ
တယ်။ ညီမတို့ရဲ့ဘုရားတွေ၊ ဘုရားပန်း
အိုးတွေလည်း အမြဲကစဉ့်ကလျား ဖြစ်
ဖြစ်နေတယ်။ ဒါကြောင့်အိမ်ပေါ်ထပ်ကို
မနေရဲ၊ မသုံးရဲလို့ အောက်မှာပဲ စုပြုံပြီး
နေကြရတယ်။
အဲဒီအိမ်ရောက်ကတည်းက
ကလေးတွေက တရှောင်ရှောင်၊ ညီမ လည်း ရောဂါရှာမရနဲ့ တပိန်ပိန် တလိမ် လိမ်ဖြစ်ပြီး မကျန်းမာပုံကို မြင်တယ်မို့
လား။ အိမ်ရှင်ကိုပြောပြတော့ နောက်
ထပ် အိမ်ငှားရရင် စပေါ်ပြန်အမ်းပေးပါ့
မယ် ပြောတယ်။ မစောင့်နိုင်ရင် ပြောင်း ပေါ့။ ကိုယ့်အိမ်စပေါ်ဆုံးမှာမို့ကြိတ်မှိတ်
နေခဲ့ရတာ။
အစ်မတို့ငှားတော့ချက်ချင်းပြောင်း ပေးခဲ့တာ။ အဲဒီ မမြင်ရတဲ့ ဝိညာဉ်ကို

ကြောက်လို့ပဲ အစ်မရေ”
ခုမှပင်ဇာတ်ရည်လည်တော့သည်။
ဒါ့အပြင် အခန်းချင်းကပ်လျက် သန္တာကို
အလုံးစုံ ပြောလိုက်ရာ ..
“အဲဒါကြောင့် အစ်မကို အိပ်ရဲ့ရဲ့ လား။ အဖော်လာစောင့်ပေးမယ်လို့ ပြောခဲ့တာပေါ့”
“ဒါဆို – ဒီအိမ်ခန်းရဲ့အကြောင်း သိနေတာပေါ့”
“အော် – မြခက်ရယ်၊ ဒီတိုက်ခန်း စတည်ကတည်းက နေလာကြတာပါ။ အခုလို အိမ်ငှားရတာကလည်း အိမ်ပိုင် ရှင် လူကြီးက ဗေဒင်လာမေးတဲ့ မိန်းမနဲ့ ဖောက်ပြန်ပြီး ငွေတွေ သုံးစွဲလိုက်တာ။ ဌာနဆိုင်ရာရဲ့ငွေတွေပါတော့ ငွေကွာမှု နဲ့ ထောင်ကျတော့မလို့။ ဒါနဲ့ အိမ်ငှားပြီး လျော်လိုက်ရတာမှာနယ်ကိုပြောင်းရွှေ့ ခဲ့ရတယ်။ အလုပ်တော့ မပြုတ်ဘူးပေါ့။ ခုတော့ – မယားငယ်က ပစ်၊ အရက်က စွဲနဲ့။ ဘုရားတရားလုပ်ပြီး စည်းပေါက်
တာထင်ပါရဲ့။ အရက်ဖြတ်ပြီးရူးကြောင် ကြောင်ဖြစ်နေလို့ဆေးကုနေရတယ်လို့
ကြားတယ်”
“ကျွန်မစိတ်ထဲမှာအိမ်ငှားသူတွေ
မနေနိုင်အောင် နာမ်လောကသားကို ထားခဲ့မယ်။ မနေနိုင်လို့ ဆင်းပြေးရင်

ငှားသူဘက်က အဆုံး၊ ဒါဆို လျော်စရာ မလိုဘဲအိမ်ပေါ်ပြန်တက်နေလို့ရမယ်” “ဒါပေါ့ – မြခက်ရယ်” အိမ်နီးချင်းသန္တာထံမှဖောက်သည် ချသဖြင့် မြခက် သိလိုက်ရပြီမို့ … “မြခက်ကတော့ ကြောက်ပြီးဆင်း ပြေးသွားမှာမဟုတ်ဘူးနော်။ မကျွတ် မလွတ်သူကို ဘဝကူးကောင်းရာမွန်ရာ
ရောက်အောင် ကုသိုလ်ဆက်ပေးမှာ”
ရက်အတန်ကြာမှာ မြခက် ပြော
သော စကားများ၊ အိမ်ရှင်ထံ ရောက်ရှိ
သွားပုံရသည်။ အိမ်သို့ ရောက်လာပြီး
နောက်…
“မမြခက်ရယ်- ကျွန်မယောက်ျားရဲ့ အစ်ကို၊ ဘုန်းကြီးသရဲကို ကျွတ်လွတ် အောင်မလုပ်လိုက်ပါနဲ့ လို့ ၊ ကျွန်မ ယောက်ျားကမှာလိုက်လို့လာပြောတာ ပါ။ တောင်းပန်ပါတယ်ရှင်” အိမ်ရှင်အဒေါ်ကြီး၏စကားအဆုံး
မှာ မြခက်၏ အကြည့်များက ဘယ်လို လူစားတွေလည်းဟူ၍စိတ်မချမ်းသာစွာ ကြည့်မိပါသည်။ ကိုသူရိန် သင်္ဘောမှ ဖုန်းဆက်လာသောအခါမှာ အိမ်ပိုင်နေ နိုင်ရန်ငွေစုခိုင်းလိုက်တော့သည်။
ကိုသူရိန် သင်္ဘောမှ ပြန်ရောက်
ပြီးနောက် ကပ်လျက်ခြေရင်းခန်းကို

ဝယ်ဖြစ်ခဲ့သည်။ ငှားနေသော အိမ်ရှင် မိသားစု ပြန်ပြောင်းလာကြ၏။ ယောက်ျားကတော့ နယ်မှာ တာဝန်
ထမ်းနေဆဲဟုသိရသည်။အဒေါ်ကြီးနှင့် သမီးသုံးဦးပြောင်းနေကြသည်။ ရက်အတန်ကြာမှာညစဉ်ညတိုင်း ဟိုဘက်ခန်းမှအော်ငိုသံများ။ ဝုန်း- ဒိုင်း ကြဲသံများကြားနေရသည်။ “အမေ-အဖေ့ကိုပြောပေး။ဘကြီး ဘုန်းကြီးကို မောင်းထုတ်ပေး”
ထိုကဲ့သို့ပြောဆိုသံများမကြာခဏ ကြားရရင်း လအတန်ကြာမှာတော့ အအိပ်ပျက်၊ အစားပျက်နှင့် အလတ်မ လေးကြောင်တောင်တောင်ဝေဒနာရှင်
ဘဝ ရောက်လာ။ ပယောဂဆရာမျိုးစုံ ကုကြသည်။ မြခက်ကတော့ ပြဿနာ အရင်းအမြစ်ကို သိလျက်နှင့် ခုတ်ရာ တခြား၊ ရှရာတခြား လုပ်နေခြင်းလို့ မြင် ပြီး ကြိတ်၍ဒေါသထွက်နေမိသည်။ မြခက်ကတော့ဘယ်နေရာရောက် ရောက် နေ့စဉ် ဘုရားဝတ်ပြုခြင်း အာ စိဏ္ဏကံကို မပျက်စေရ၊ တစ်နေ့မှာ
တရားထိုင်ပြီး မေတ္တာကမ္မဋ္ဌန်းပွားများ
စဉ်အာရုံထဲမှာငှားနေခဲ့သောတိုက်ခန်း
ခြံဝတံခါးရှေ့ထိုင်ခုံမှာ အရပ်ပုပု၊ ခပ်ပိန်
လူတစ်ယောက် ညှိုးငယ်စွာထိုင်လို့နေ
သည်။ ထိုလူ၏အကြည့်မှာ အသက်မဲ့ နေသလိုပင်။ အိမ်သားများက ဖြတ်
ကျော်၊ ဝင်ထွက်သော်လည်း ထိုလူကို မမြင်ကြပါ။ မြခက်ကတော့ မြင်တွေ့ နေရသည်ဟု…
မြခက်အပြင်မှပြန်လာစဉ်သန္တာက
ခေါ်၍ပြောပါသည်။
“မြခက်ရေ – ဟို ဘက်အိမ်က လူကြီး ဘားအံမှာ ဆုံးသွားလို့တဲ့။ သူ့ မိန်းမနဲ့ သမီးတွေ လိုက်သွားကြတယ်”
ထိုအခါမှပြချက်အာရုံမနောထဲက
အပြင်ကို အဖြေထွက်ခဲ့ပါသည်။ ဆယ်
ရက်ခန့်အကြာမှာ သူတို့သားအမိတွေ
ပစ္စည်းပစ္စယများသိမ်း၍ပြန်ရောက်လာ
ကြပါသည်။
မကြာမီစိတ်ဝေဒနာရှင်သမီးလတ်
ကွယ်လွန်ခဲ့သည်။ နောက် (၂) နှစ်ခန့် အကြာမှာ အိမ်ရှင် အဒေါ်ကြီး ရူးသွပ်
သွား၍ အိမ်နောက်ဘက်မှာ ခြံခတ်၍

လှောင်ထားကြပါသည်။ မကြာပါ၊ သေ ပြန်သည်။
ကျန်ရစ်သူ သမီးနှစ်ယောက်က
အိမ်ရောင်းပြေးကြသည်။ နောက်ဝယ်
နေသူကားနိုင်ငံခြားသင်္ဘောသားအရာ
ရှိ၊အရက်ကတော့မိုးပျံအောင်သောက်
သည်။ မကြာပါ – စိတ်ဝေဒနာရှင် ဘဝ
ကူးရပြန်သည်။
ထိုအခါပတ်ဝန်းကျင်မှမနေသာ၍
အိမ်၏ရာဇဝင်ကို နောက်ရောက်လာ
သောလူ၏မိဘများကိုပြောပြကြသည်။
နားလည်သော သီလ၊ သမာဓိပညာ
ပြည့်စုံသော ဆရာတော်ကြီးများ ပင့်
ဆောင်ပူဇော်၍ကောင်းမှုကုသိုလ်များ
မကြာခဏ ပြုပေးခြင်း၊ အိမ်ရှိ မိသားစု ဝင်များ ဘာသာတရားကိုင်းရှိုင်းစေခြင်း ဖြင့် မကောင်းသော အနိဋ္ဌာရုံဓာတ်များ ပျက်ပြယ်လွင့်ပျောက်စေတော့သည်။
မြနန်းရှင်

Zawgyi Version

ဝိညာဥ္ေပ်ာ္တဲ့အိမ္(စ/ဆုံး)
———————————-
ျမခက္တို႔ အိမ္ေထာင္က်ၿပီး ကေလးႏွစ္ေယာက္ ေက်ာင္းတက္သည့္အ႐ြယ္မွာမိဘအရိပ္မွ ခြဲထြက္ကာ အိမ္ငွားေနျဖစ္ခဲ့သည္။ ျမခက္ေယာက္်ား ကိုသူရိန္မွာ ျပည္ပသေဘၤာသားျဖစ္၍ သေဘၤာျပန္မတက္ခင္
အိမ္ခန္းငွားရန္ ရွာေဖြခဲ့ရာ ေက်ာင္းကားအတူစီးသည့္
ကေလးမိဘတစ္ဦးရွာေပးသျဖင့္ မိဘမ်ားႏွင့္ တစ္ၿမိဳ႕ တည္းရပ္ကြက္ပဲျခားသည္။ သြားေရး၊ လာေရး၊ ေဈးနီး၊ ကားဂိတ္နီးမို႔ သေဘာက်ပါသည္။
အိမ္မွာငွားလက္စ မိသားစု ရွိေနသည္။ သုဝဏၰ လုပ္အားေပးတိုက္ခန္းတြဲ ျဖစ္သည္။ အေပၚထပ္၊ ေအာက္ထပ္ တစ္ဦးတည္းေနရၿပီး အိမ္ခန္းေရွ႕ေနာက္ ေျမပို ၿခံဝင္းကေလးရွိ၍ ေနထိုင္ရတာ အဆင္ေျပလွပါ
သည္။

လက္ရွိ အိမ္ငွားမိသားစု ရွိေနပါ သည္။ ခြင့္ေတာင္း၍ အိမ္ေပၚထပ္သို႔
တက္ၾကည့္ခဲ့ပါသည္။ အိမ္ေပၚအထပ္၊
အိမ္ေရွ႕ခန္းမွာ နံရံကပ္၍ ေဖာ္ေမကာ
ဘုရားေက်ာင္းေဆာင္ႀကီးရွိေန၍ျမခက္
သေဘာက်ျပန္သည္။ သို႔ ေသာ္-
လက္ရွိမိသားစုက မသုံးပါ။ အိမ္ေရွ႕
ဝရန္တာမွာလည္းသံဆန္ကာ သပ္သပ္
ရပ္ရပ္ကာထားၿပီး အဖြင့္၊ အဝင္ တံခါး
ေပါက္ လုပ္ေပးပါသည္။ အိမ္ေရွ႕ၿခံဝင္း
အလယ္မွာ သေျပပင္ႀကီး ေလတိုက္
ေခါင္မိုးႏွင့္ တညီတည္းျဖစ္ေနၿပီး
အၫြန႔္၊ အခက္မ်ားက ေဝဆာေနသည္
မို႔ ျမခက္လို ဘုရား၊ တရား၊ ကိုင္းရႈိင္းသူ
ျဖစ္၍ထပ္ဆင့္သေဘာက်ျပန္သည္။
အိမ္အေပၚထပ္တစ္ခုလုံး တက္
ေရာက္အသုံးျပဳျခင္းလုံးဝမရွိပဲ သူတို႔၏ ဘုရားေက်ာင္းေဆာင္ အေသးေလးကို
ေအာက္ထပ္ဧည့္ခန္းမွာပဲ စားပြဲခုံေပၚ
တင္၍ ပူေဇာ္ထားပါသည္။ အိပ္ရာကြပ္
ပ်စ္ကလည္း ဧည့္ခန္းမွာပင္ ကေလး
ႏို႔စို႔တစ္ဦး၊ အသက္ (၂) ႏွစ္အ႐ြယ္
တစ္ဦးရွိသည္။ အမ်ိဳးသားကို မေတြ႕ပါ။
ျမခက္ကေတာ့ နည္းနည္းပါးပါး စကား
ေမးစမ္းၾကည့္ခဲ့ပါသည္။ ကိုယ့္ထက္
အသက္ငယ္ပုံရသျဖင့္ ၿပဳံးျပလိုက္ၿပီး ..

လား”
တယ္”
“ညီမတို႔ – ဒီမွာ ငွားေနတာ ၾကာၿပီ
“သုံးလပဲရွိပါေသးတယ္”
“စာခ်ဳပ္ မျပည့္ေသးဘူး ထင္
“ဘာမွမဟုတ္ပါဘူးရွင္။ ညီမတို႔က
ေယာကၡမနဲ႔ ေနရွာတာ။ စကားမ်ားၿပီး ဆင္းလာတာပါ။ အခုစိတ္ဆိုးေျပသြားၿပီ ေလ။အခုျပန္လာဖို႔ေခၚလို႔ေျပာင္းမွာပါ” “ေအာ္-ေအာ္”
ျမခက္ကေတာ့အိမ္ထဲသို႔မ်က္လုံး
ေဝ့ၾကည့္ရင္းအိမ္ငွားေနၿပီးအခန္းအား
လုံးမသုံးဘဲ ဘုရားေက်ာင္းေဆာင္
လည္းဒီမွာ၊ အိပ္တာစားတာလည္းဒီမွာ
မို႔စိတ္ထဲမွာ ဘဝင္မက်လြန္းသျဖင့္… “အိမ္ေပၚထပ္မွာ ဘုရားေက်ာင္း ေဆာင္ႀကီးေကာင္းမွေကာင္းပဲ။ ဘာျပဳ
လို႔ ဘုရားေက်ာင္းေဆာင္ကိုအိမ္ေပၚမွာ မပူေဇာ္တာလဲဟင္”
“ေအာ္ – အင္း- ကေလးငယ္ႏွစ္ ေယာက္နဲ႔ တက္လိုက္၊ ဆင္းလိုက္ ဒုကၡ မ်ားလို႔ပါပဲ။ ဒီလိုပဲပူေဇာ္ထားတာပါ” ထိုမိန္းမငယ္ ေျပာတာလည္း အဟုတ္ပင္။ ရင္ခြင္ပိုက္ကေလးကိုခ်ီပိုး ရင္းက်န္ကေလးႀကီးကိုလိုက္ဆြဲ၊ ထိန္း ေက်ာင္းေနရရွာသည္။

သည္တစ္ခါ ေမးလာသူကေတာ့ အိမ္ငွားမိန္းမငယ္ပင္။
ဟင္”
“အစ္မတို႔ – ဒီအိမ္ကို ငွားျဖစ္လား
“အင္း-ငွားျဖစ္မွာပါ။ ညီမတို႔
ေျပာင္းေ႐ႊ႕ဖို႔ ၿငိဳျငင္လို႔လား”
“ဟင့္အင္း- ညီမတို႔က အခု စေပၚ
ျပန္အမ္းရင္ အခုပဲ ေျပာင္းေပးမွာပါ။ ဟို ဘက္ရပ္ကြက္တင္ ေျပာင္းရမွာ။ နီးနီး ေလးမို႔ပါ”
ျမခက္ ကိုယ္ခ်င္းစာ ေတြးမိပါ တယ္။လူသူမရွိကေလးငယ္ႏွစ္ေယာက္ ႏွင့္လုံးခ်ာလည္လာရွိေပမည္။ဒါေၾကာင့္
ေယာကၡမအိမ္ျပန္ခ်င္ေပမည္ဟု…
၁၉၈၄ – ခုႏွစ္၊ မတ္လကုန္ကေလး ႏွစ္ဦး စာေမးပြဲႀကီးေျဖအၿပီးမွာ ျမခက္
တို႔အိမ္ေျပာင္းေနခဲ့သည္။တကယ္တမ္း
ေနထိုင္ရေသာအခါမွာလိုအပ္တာေတြ
ရွိလာသည္။ ေရက အခ်ိန္ႏွင့္ေပးတာ
ျဖစ္၍ တိုင္ကီတစ္လုံးႏွင့္ အဆင္မေျပ ႏိုင္။ ေရ (၆)စည္ခန႔္ အုတ္ေရကန္ေလး လုပ္လိုက္သည္။
နဂို၊ တိုက္ခန္း၊ ေဆးေရာင္က မေျပာင္ေတာ့။ ဒါေၾကာင့္ ေဆးသုတ္

ကာေနလိုက္ေတာ့သည္။ ဆြမ္းေကြၽးေသာအခါ လမ္းထဲရွိ အိမ္
အိမ္တက္
အားလုံး ဖိတ္လိုက္သည္။ ေနာက္တစ္
ပတ္ေနလွ်င္ သေဘၤာထြက္ရမည္မို႔
အိမ္နီးခ်င္းမ်ားအား ဇနီးႏွင့္ ကေလး
ႏွစ္ဦးကို ေစာင့္ေရွာက္ေပးပါရန္ အပ္ႏွံ
ရသည္။ ကေလးႏွစ္ဦးကလည္း တစ္
ေက်ာင္းတည္း။ ေက်ာင္းကား အတူတူ
တက္ဖက္ သူငယ္ခ်င္းမ်ားႏွင့္ တိုက္
တန္းလ်ား အတူတူေနရသျဖင့္ ကစား
ေဖာ္ ရွာစရာမလိုသျဖင့္ ေပ်ာ္႐ႊင္ေနၾက
သည္။
ျမခက္ကလည္း ခမ္းနားထည္ဝါ
ေသာ ဘုရားေက်ာင္းေဆာင္ႀကီးမွာ ဘုရား႐ုပ္ပြားေတာ္မ်ားအား သပၸာယ္စြာ ပူေဇာ္ခြင့္ရျခင္း၊ ၿခံဝင္းထဲမွာ သေျပၫြန႔္ မ်ားရွိေန၍ပန္းမညႇိဳးေအာင္လႉဒါန္းခြင့္
ရသျဖင့္ ဝမ္းသာပီတိျဖစ္လို႔ေနသည္။ ထိုအိမ္ကို စတင္ေရာက္ကတည္း က မိမိသာ လူႀကီးျဖစ္ၿပီမို႔ ေန႔စဥ္ အာ႐ုံ တက္ အခ်ိန္မွန္ထကာ ဘုရားေသာက္ ေတာ္ေရကပ္၊ ဆြမ္းကပ္၊ ဖေယာင္းတိုင္၊
အေမႊးတိုင္လႉ၊ ဘုရားရွိခိုး၊ ပုတီးစိပ္၊ ေမတၱာပို႔၊ အမွ်ေဝၿပီးတာႏွင့္ ကေလး ေတြ ေက်ာင္းသြားဖို႔ ခ်က္ျပဳတ္ ျပင္ဆင္ ေပးၿပီး ေက်ာင္းကားေပၚလိုက္ပို႔ၿပီး ေဈး

သြား၊ ခ်က္ျပဳတ္၊ ေလွ်ာ္ဖြပ္ၿပီး ေရခ်ိဳး၊ ေန႔လယ္စာ စားၿပီး ခဏမွ်နားၿပီး ဘုရား
တစ္ခါ ေရခ်မ္းကပ္။ ဘုရားရွိခိုးၿပီးလွ်င္
အိမ္ရွင္ကေလးေတြျပန္လာခ်ိန္နီးလွ်င္
သြားႀကိဳ။ ကေလးေတြကလည္း ျပန္
ေရာက္ၿပီး ခဏေနတာႏွင့္ ထြက္ေဆာ့

ေတာ့သည္။ တစ္နာရီမွ် ကစားၿပီးတာ ႏွင့္ ေခြၽးတိတ္ေအာင္ ခဏနား ေရခ်ိဳး။ ထမင္းစား၊ က်ဴရွင္ကိုအိမ္ေရွ႕ကဆရာမ ဆီမွာတက္ရသည္။
ကေလးေတြ သြားတာႏွင့္ ဘုရား

ေညာင္ေရအိုး လဲလွယ္၊ ဖုန္အမႈိက္လွဲ က်င္း၊ သန႔္ရွင္းေရးလုပ္။ ျမခက္ေရခ်ိဳးၿပီး
ညစာကို ကေလးေတြႏွင့္ အတူစားၿပီး
တီဗြီခဏၾကည့္ကာကေလးေတြအိပ္ရာ
ဝင္မွ ျမခက္၊ ဘုရားရွိခိုး၊ အဓိ႒ာန္ပုတီး
စိပ္ရပါသည္။

ျမခက္၊ဒီအိမ္စေရာက္ကတည္းက
ေယာက္်ား သေဘၤာမတက္ရေသးပါ။ “အစ္ကို ျမခက္ ဘုရားရွိခိုးေနခ်ိန္ မွာ ဘုရားခန္းကို ဝင္လိုက္၊ ထြက္လိုက္ မလုပ္ပါနဲ႔၊ အာ႐ုံပ်က္တယ္။ ယူစရာရွိတဲ့

ပစၥည္း၊ ခုကတည္းက ယူထား။ ကေလး ေတြလည္းမတက္လာပါေစနဲ႔” ေသေသခ်ာခ်ာ မွာၾကားၿပီးမွ အိမ္
ေပၚတက္၊ ဘုရားရွိခိုးျခင္း ျဖစ္ပါသည္။
ျမခက္ ဘုရားရွိခိုးၿပီဆိုတာႏွင့္ ေနာက္
ေက်ာဘက္ရွိ ၾကမ္းျပင္ႀကီးက သိမ့္ခနဲ
လူတစ္ဦး ျဖတ္ေက်ာ္ေလွ်ာက္သြား
သကဲ့သို႔သိလိုက္ရသည္။လူကမ်က္လုံး
မွိတ္ကာပုတီးစိပ္ၿပီးေအာင္စိပ္ေနရ၏။ စိတ္ကေတာ့ ဝါစာပြားရင္း.. “အတန္တန္မွာထားပါလ်က္ ေယာက္်ားျဖစ္သူလား၊ ကေလးေတြ လား၊ ေျပာစကား နားမေထာင္ၾကဘူး။
ၿပီးမွ သိမယ္”
ဟူ၍အကုသိုလ္ ေစတသိက္မ်ား
တဖြားဖြား ျဖစ္ေပၚေနရသည္။
ျမခက္ဘုရားရွိခိုးၿပီးဆင္းလာတိုင္း
ေယာက္်ားျဖစ္သူအား…
“ေသေသခ်ာခ်ာ ေျပာထားရက္နဲ႔ ဘုရားခန္းဝင္မလာပါနဲ႔ ဆိုတာကို” “အေပၚကိုလုံးဝမတက္ပါဘူးကြာ။ ဒီမွာအေခြၾကည့္ေကာင္းေနတာ”
ျမခက္နဲ႔ စကားမမ်ားခ်င္၍ ညာၿဖီး ေျဖသည္ဟု မွတ္ယူထားပါသည္။
ေန႔ေန႔ညညဘုရားရွိခိုးလွ်င္ျမခက္ အခန္းတံခါး ခ်က္ခ်ၿပီး ရွိခိုးေတာ့သည္။

စိတ္ေအးလက္ေအး ရွိခိုးလို႔ ေကာင္းၿပီ ဆိုပါလွ်င္ ျမခက္ခႏၵာကိုယ္အားအဝတ္
ပုဆိုးစကဲ့သို႔ ေဘးနားကေန ျဖတ္သန္း
ေဝ့ဝဲတိုက္ခတ္ခံရသကဲ့သို႔ ႀကဳံရျပန္
သည္။
ၿပီးလွ်င္ – တရွပ္ရွပ္ ေျခသံက
တဖ်ပ္ဖ်ပ္။ သုဝဏၰတိုက္တန္းလ်ားမို႔
ၾကမ္းျပင္ တစ္ဆက္တည္းဆိုေသာ္ လည္းကိုးလက္မအုတ္႐ိုးလႊာနံရံႀကီးက ကာျခားထားပါသည္။
“ဟိုဘက္ ေခါင္းရင္းခန္းကမ်ား လား၊ ေျခရင္းခန္းကမ်ားလား” ေတြးမိတာလည္းရွိခဲ့သည္။
ျမခက္တို႔ေျပာင္းလာၿပီးလအနည္း
ငယ္အၾကာမွာ မ်က္ႏွာခ်င္းဆိုင္ တိုက္
ခန္းေနသူအခ်ိဳ႕ေရာ၊ ေခါင္းရင္းကပ္
လ်က္အခန္းကေရာ ေမးလာၾကသည္။

“မျမခက္ – အဲဒီအိမ္မွာေနရတာ
အဆင္ေျပရဲ႕လား”
“ေျပပါတယ္ရွင့္” ျမခက္စိတ္ထဲမွာေတာ့ေယာက္်ား သေဘၤာထြက္သြားသျဖင့္ အားငယ္ေန
မည္စိုး၍ေမးသည္ဟုပဲထင္ခဲ့သည္။
“အစ္မ – ညေရးညတာ အိပ္ရဲ႕ရဲ႕ လား။ မအိပ္ရဲရင္ ေျပာေနာ္။ ကြၽန္မတို႔ အကူအညီလိုရင္ လာအိပ္ေပးပါ့မယ္”

ထိုသို႔ အခန္းခ်င္းကပ္လ်က္ မိန္း ကေလးကေျပာရွာသည္။သာမန္အေမး စကားဟုပဲထင္ထားခဲ့ပါသည္။
တစ္ေန႔ … ျမခက္၏ကေလးေတြေက်ာင္းသြား
ၾကသည္။ ခ်က္ျပဳတ္၊ ေလွ်ာ္ဖြပ္၊ အိမ္
သန႔္ရွင္းမႈၿပီးတာႏွင့္ ေရခ်ိဳးသန႔္စင္ၿပီး
ဘုရားရွိခိုး၊ ပုတီးစိပ္လို႔ ေနလိုက္သည္။
ၿပီး-ေမတၱာပို႔ အမွ်ေဝၿပီးေသာအခါ
မ်က္လုံးမ်ားက အိပ္ခ်င္လာသျဖင့္
အေနာက္ဘက္ အိပ္ရာရွိရာသို႔ကူးၿပီး
ေခတၱေမွးစက္ အနားယူအိပ္စက္လိုက္
ေတာ့သည္။ စိတ္ကေတာ့ ကေလးေတြ
ေက်ာင္းကားထြက္မႀကိဳႏိုင္မွာစိုး၍
ႏိုးတစ္ဝက္၊ ေပ်ာ္တစ္ဝက္ စိတ္ႏွင့္ ေမွး
ခနဲအိပ္ေပ်ာ္သလို ျဖစ္ခ်ိန္မွာ..
အရပ္ပုပု၊ အသားညိဳညိဳ၊ သကၤန္း ဝတ္ႏွင့္ဦးဇင္းတစ္ပါး။အခန္းဝမွာေျခစုံ
လာရပ္လို႔ ေနသည္။ အိမ္မွာလည္း
ျမခက္တစ္ေယာက္တည္း ရွိေနခ်ိန္
ေအာက္ထပ္ အိမ္ဝင္တံခါးမႀကီးလည္း
ပိတ္ထားလ်က္က မည္သို႔ ဝင္လာ
သနည္း။ အိပ္ခန္းဝမွာ လာရပ္ေနတာ
မသင့္ေလ်ာ္သျဖင့္…

“အရွင္ဘုရား- ဒါ တပည့္ေတာ္ရဲ႕ အိပ္ခန္းပါ ဘုရား။ အိမ္ေရွ႕ဘုရားခန္းကို ႂကြပါဘုရား”
ဟု လွမ္းေလွ်ာက္တင္ေလေသာ အခါ မ်က္ႏွာစိမ္းဦးဇင္း၏ မေက်နပ္ ေသာအၾကည့္၊ သုန္မႈန္ေသာမ်က္ႏွာ ေပးႏွင့္ၾကည့္ကာ …
“ေအး- နင္က ဒီအိမ္မွာလာေနၿပီး
ဘုရားေတြနင္းကန္ရွိခိုးေနေတာ့ငါဒီမွာ ေနလို႔မရေတာ့ဘူး။ အဲဒါလာေျပာတာ။ ဒုန္း-ဒုန္း-ဒုန္း” မေက်နပ္မႈကို ေျခသံ ျဖင့္ ပုံေဖာ္ကာျပ၍ လက္တစ္ဖက္တြင္ ေခါင္းအုံး၊ ေစာင္တို႔ကို ဖ်ာလိပ္ျဖင့္ ပတ္ ကာ ေပြ႕ပိုက္၍ေလွကားမွ ဆင္းသြားပုံ မွာ ဧည့္ခန္းတံခါးဝ ပိတ္လ်က္ ပ်ဥ္ခ်ပ္ ကို ေဖာက္သြားပုံက အံ့ဩစရာပင္။ တံခါးပ်ဥ္ခ်ပ္က သည္အတိုင္း ျပန္ျဖစ္ သြားသည္။
အိပ္ရာမွ ႏိုးထလာလည္းအိပ္မက္ က ေမ့ေဖ်ာက္မရပါ။ သည့္ေနာက္ပိုင္း
အိမ္ရွင္အေဒၚႀကီး လာေသာအခါမွာ
မည္သို႔မွ်ေအာင့္အည္းမေနႏိုင္၍ေမးမိ
ေတာ့သည္။
“အေဒၚ- အေဒၚတို႔ရဲ႕ ဒီအိမ္မွာ အေစာင့္ေတြ ဘာေတြမ်ား ရွိသလား
ဟင္”

ျမခက္၏စကားေၾကာင့္ အိမ္ရွင္၏
မ်က္ႏွာျပင္သည္ ပ်က္ယြင္းမႈသမ္းလို႔
ေနၿပီးမွ ကပ်ာကယာ မ်က္ႏွာရိပ္ကို
ျပင္လိုက္ၿပီး…
“ဘာမ်ား ျဖစ္လို႔လည္းကြယ္” ျမခက္တစ္ေယာက္ အိမ္ႏွင့္ ပတ္ သက္ေသာ အိပ္မက္ကို ေျပာျပလိုက္ ေသာအခါမွာ ဟန္မေဆာင္ႏိုင္ေတာ့
“သူ – သူ – တကယ္ထြက္သြားၿပီ လားဟင္။ ဘယ္ကို ထြက္သြားတာလဲ
ဟင္”
အိမ္ရွင္၏ အေမးစကားမွာ တုန္ လႈပ္မႈေတြပါေနသည္။ျမခက္အကဲခတ္
ရင္း ..
“ကြၽန္မရွိေနလို႔ သူ ဒီမွာေနလို႔မရ ဘူးလို႔ေျပာၿပီး တဒုန္းဒုန္း အသံေပးၿပီး ထြက္သြားတာပဲ။ ဘယ္ေနရာဆိုတာ ေတာ့ ကြၽန္မ ဘယ္သိပါ့မလဲ”
“အမေလးေလး – ဒုကၡပါပဲ။ အေဒၚ ေယာက္်ားသိရင္မိုးမီးေလာင္မွာေသခ်ာ
တယ္။သူသိရင္စိတ္ေကာင္းမွာမဟုတ္
ဘူး”
ေျပာရင္း မ်က္ရည္က်ျပန္သည္။ ျမခက္ကေတာ့နားမလည္စြာေငးၾကည့္
ၿပီး အေဒၚႀကီး ဆက္ေျပာလာသည့္

စကားကိုနားေထာင္ေနလိုက္သည္။
“အေဒါ့္ေယာက္်ားက အရင္တုန္း
က ေဗဒင္ဆရာ၊ အၾကားအျမင္ရ ဆရာ ေပါ့။ အေပၚထပ္မွာ ဓာတ္ခန္းဖြင့္ခဲ့တာ။
သူ႔ရဲ႕အစ္ကိုႀကီးက ရဟန္းဝတ္နဲ႔ နယ္
မွာ ပ်ံလြန္သြားေတာ့ သၿဂႋဳဟ္ၿပီးတာနဲ႔
အစ္ကိုဘုန္းႀကီးရဲ႕ဝိညာဥ္ကိုေခၚလာၿပီး
သူ႔ဓာတ္ခန္းမွာ ေနရာေပးထားတာပါ။
ခုေတာ့ – အေဒါ့္ေယာက္်ားက ဘားအံ
ကိုတာဝန္နဲ႔ ေျပာင္းရလို႔ ထားခဲ့ရတာပါ
ကြယ္”
အိမ္ရွင္အေဒၚႀကီး ေျပာစကားကို
နားေထာင္ၿပီး ျမခက္ စိတ္အေတြးထဲမွာ
ဘဝကူးေျပာင္းလို႔မကြၽတ္မလြတ္သူကို
လူ႔ဘဝမွာက်န္ရွိသူမ်ားကကြၽတ္လြတ္
ေအာင္ ေဆာင္႐ြက္ေပးရမွာကို ဘာ
ေၾကာင့္မ်ား ဝိညာဥ္ကို ခ်ဳပ္ကိုင္ေခၚငင္
ထားေၾကာင္း သေဘာမေပါက္ခဲ့ပါ။
ထိုရက္ကာလေနာက္ပိုင္း ေဈး သြားရင္း ျမခက္တို႔ အရင္အိမ္ငွားေနခဲ့ ေသာညီမေလးႏွင့္ ဆုံေတြ႕ေသာအခါ မွာျမခက္၏အိပ္မက္အေၾကာင္းေျပာျပ လိုက္ေသာအခါမွာ…

“အစ္မရဲ႕အိပ္မက္က အမွန္ပါပဲ။ ညီမတို႔ကိုေတာ့ အိပ္မက္ မေပးပါဘူး။
အိမ္ေျပာင္းလာၿပီးဘုရားခန္းမွာကေလး
ေတြကို သိပ္ထားမိတယ္။ ကေလးေတြ
ညတိုင္းလန႔္ၿပီးေအာ္ငိုတယ္။ အစေတာ့ အိမ္ေျပာင္းခါစမို႔ေနေနက်အိမ္မဟုတ္
လို႔ ငိုတယ္ေပါ့။ ညတိုင္း ျဖစ္လာတယ္။
ေနာက္ – လန႔္ၿပီးဖ်ားၾကတယ္။ ညီမ
ေယာက္်ားကေစာင့္အိပ္ေပးတဲ့အခါမွာ
ေျခေထာက္ကေန ကိုင္ၿပီး လာဆြဲခ်
တယ္။ ညီမတို႔ရဲ႕ဘုရားေတြ၊ ဘုရားပန္း
အိုးေတြလည္း အၿမဲကစဥ့္ကလ်ား ျဖစ္
ျဖစ္ေနတယ္။ ဒါေၾကာင့္အိမ္ေပၚထပ္ကို
မေနရဲ၊ မသုံးရဲလို႔ ေအာက္မွာပဲ စုၿပဳံၿပီး
ေနၾကရတယ္။
အဲဒီအိမ္ေရာက္ကတည္းက
ကေလးေတြက တေရွာင္ေရွာင္၊ ညီမ လည္း ေရာဂါရွာမရနဲ႔ တပိန္ပိန္ တလိမ္ လိမ္ျဖစ္ၿပီး မက်န္းမာပုံကို ျမင္တယ္မို႔
လား။ အိမ္ရွင္ကိုေျပာျပေတာ့ ေနာက္
ထပ္ အိမ္ငွားရရင္ စေပၚျပန္အမ္းေပးပါ့
မယ္ ေျပာတယ္။ မေစာင့္ႏိုင္ရင္ ေျပာင္း ေပါ့။ ကိုယ့္အိမ္စေပၚဆုံးမွာမို႔ႀကိတ္မွိတ္
ေနခဲ့ရတာ။
အစ္မတို႔ငွားေတာ့ခ်က္ခ်င္းေျပာင္း ေပးခဲ့တာ။ အဲဒီ မျမင္ရတဲ့ ဝိညာဥ္ကို

ေၾကာက္လို႔ပဲ အစ္မေရ”
ခုမွပင္ဇာတ္ရည္လည္ေတာ့သည္။
ဒါ့အျပင္ အခန္းခ်င္းကပ္လ်က္ သႏၲာကို
အလုံးစုံ ေျပာလိုက္ရာ ..
“အဲဒါေၾကာင့္ အစ္မကို အိပ္ရဲ႕ရဲ႕ လား။ အေဖာ္လာေစာင့္ေပးမယ္လို႔ ေျပာခဲ့တာေပါ့”
“ဒါဆို – ဒီအိမ္ခန္းရဲ႕အေၾကာင္း သိေနတာေပါ့”
“ေအာ္ – ျမခက္ရယ္၊ ဒီတိုက္ခန္း စတည္ကတည္းက ေနလာၾကတာပါ။ အခုလို အိမ္ငွားရတာကလည္း အိမ္ပိုင္ ရွင္ လူႀကီးက ေဗဒင္လာေမးတဲ့ မိန္းမနဲ႔ ေဖာက္ျပန္ၿပီး ေငြေတြ သုံးစြဲလိုက္တာ။ ဌာနဆိုင္ရာရဲ႕ေငြေတြပါေတာ့ ေငြကြာမႈ နဲ႔ ေထာင္က်ေတာ့မလို႔။ ဒါနဲ႔ အိမ္ငွားၿပီး ေလ်ာ္လိုက္ရတာမွာနယ္ကိုေျပာင္းေ႐ႊ႕ ခဲ့ရတယ္။ အလုပ္ေတာ့ မျပဳတ္ဘူးေပါ့။ ခုေတာ့ – မယားငယ္က ပစ္၊ အရက္က စြဲနဲ႔။ ဘုရားတရားလုပ္ၿပီး စည္းေပါက္
တာထင္ပါရဲ႕။ အရက္ျဖတ္ၿပီး႐ူးေၾကာင္ ေၾကာင္ျဖစ္ေနလို႔ေဆးကုေနရတယ္လို႔
ၾကားတယ္”
“ကြၽန္မစိတ္ထဲမွာအိမ္ငွားသူေတြ
မေနႏိုင္ေအာင္ နာမ္ေလာကသားကို ထားခဲ့မယ္။ မေနႏိုင္လို႔ ဆင္းေျပးရင္

ငွားသူဘက္က အဆုံး၊ ဒါဆို ေလ်ာ္စရာ မလိုဘဲအိမ္ေပၚျပန္တက္ေနလို႔ရမယ္” “ဒါေပါ့ – ျမခက္ရယ္” အိမ္နီးခ်င္းသႏၲာထံမွေဖာက္သည္ ခ်သျဖင့္ ျမခက္ သိလိုက္ရၿပီမို႔ … “ျမခက္ကေတာ့ ေၾကာက္ၿပီးဆင္း ေျပးသြားမွာမဟုတ္ဘူးေနာ္။ မကြၽတ္ မလြတ္သူကို ဘဝကူးေကာင္းရာမြန္ရာ
ေရာက္ေအာင္ ကုသိုလ္ဆက္ေပးမွာ”
ရက္အတန္ၾကာမွာ ျမခက္ ေျပာ
ေသာ စကားမ်ား၊ အိမ္ရွင္ထံ ေရာက္ရွိ
သြားပုံရသည္။ အိမ္သို႔ ေရာက္လာၿပီး
ေနာက္…
“မျမခက္ရယ္- ကြၽန္မေယာက္်ားရဲ႕ အစ္ကို၊ ဘုန္းႀကီးသရဲကို ကြၽတ္လြတ္ ေအာင္မလုပ္လိုက္ပါနဲ႔ လို႔ ၊ ကြၽန္မ ေယာက္်ားကမွာလိုက္လို႔လာေျပာတာ ပါ။ ေတာင္းပန္ပါတယ္ရွင္” အိမ္ရွင္အေဒၚႀကီး၏စကားအဆုံး
မွာ ျမခက္၏ အၾကည့္မ်ားက ဘယ္လို လူစားေတြလည္းဟူ၍စိတ္မခ်မ္းသာစြာ ၾကည့္မိပါသည္။ ကိုသူရိန္ သေဘၤာမွ ဖုန္းဆက္လာေသာအခါမွာ အိမ္ပိုင္ေန ႏိုင္ရန္ေငြစုခိုင္းလိုက္ေတာ့သည္။
ကိုသူရိန္ သေဘၤာမွ ျပန္ေရာက္
ၿပီးေနာက္ ကပ္လ်က္ေျခရင္းခန္းကို

ဝယ္ျဖစ္ခဲ့သည္။ ငွားေနေသာ အိမ္ရွင္ မိသားစု ျပန္ေျပာင္းလာၾက၏။ ေယာက္်ားကေတာ့ နယ္မွာ တာဝန္
ထမ္းေနဆဲဟုသိရသည္။အေဒၚႀကီးႏွင့္ သမီးသုံးဦးေျပာင္းေနၾကသည္။ ရက္အတန္ၾကာမွာညစဥ္ညတိုင္း ဟိုဘက္ခန္းမွေအာ္ငိုသံမ်ား။ ဝုန္း- ဒိုင္း ႀကဲသံမ်ားၾကားေနရသည္။ “အေမ-အေဖ့ကိုေျပာေပး။ဘႀကီး ဘုန္းႀကီးကို ေမာင္းထုတ္ေပး”
ထိုကဲ့သို႔ေျပာဆိုသံမ်ားမၾကာခဏ ၾကားရရင္း လအတန္ၾကာမွာေတာ့ အအိပ္ပ်က္၊ အစားပ်က္ႏွင့္ အလတ္မ ေလးေၾကာင္ေတာင္ေတာင္ေဝဒနာရွင္
ဘဝ ေရာက္လာ။ ပေယာဂဆရာမ်ိဳးစုံ ကုၾကသည္။ ျမခက္ကေတာ့ ျပႆနာ အရင္းအျမစ္ကို သိလ်က္ႏွင့္ ခုတ္ရာ တျခား၊ ရွရာတျခား လုပ္ေနျခင္းလို႔ ျမင္ ၿပီး ႀကိတ္၍ေဒါသထြက္ေနမိသည္။ ျမခက္ကေတာ့ဘယ္ေနရာေရာက္ ေရာက္ ေန႔စဥ္ ဘုရားဝတ္ျပဳျခင္း အာ စိဏၰကံကို မပ်က္ေစရ၊ တစ္ေန႔မွာ
တရားထိုင္ၿပီး ေမတၱာကမၼ႒န္းပြားမ်ား
စဥ္အာ႐ုံထဲမွာငွားေနခဲ့ေသာတိုက္ခန္း
ၿခံဝတံခါးေရွ႕ထိုင္ခုံမွာ အရပ္ပုပု၊ ခပ္ပိန္
လူတစ္ေယာက္ ညႇိဳးငယ္စြာထိုင္လို႔ေန
သည္။ ထိုလူ၏အၾကည့္မွာ အသက္မဲ့ ေနသလိုပင္။ အိမ္သားမ်ားက ျဖတ္
ေက်ာ္၊ ဝင္ထြက္ေသာ္လည္း ထိုလူကို မျမင္ၾကပါ။ ျမခက္ကေတာ့ ျမင္ေတြ႕ ေနရသည္ဟု…
ျမခက္အျပင္မွျပန္လာစဥ္သႏၲာက
ေခၚ၍ေျပာပါသည္။
“ျမခက္ေရ – ဟို ဘက္အိမ္က လူႀကီး ဘားအံမွာ ဆုံးသြားလို႔တဲ့။ သူ႔ မိန္းမနဲ႔ သမီးေတြ လိုက္သြားၾကတယ္”
ထိုအခါမွျပခ်က္အာ႐ုံမေနာထဲက
အျပင္ကို အေျဖထြက္ခဲ့ပါသည္။ ဆယ္
ရက္ခန႔္အၾကာမွာ သူတို႔သားအမိေတြ
ပစၥည္းပစၥယမ်ားသိမ္း၍ျပန္ေရာက္လာ
ၾကပါသည္။
မၾကာမီစိတ္ေဝဒနာရွင္သမီးလတ္
ကြယ္လြန္ခဲ့သည္။ ေနာက္ (၂) ႏွစ္ခန႔္ အၾကာမွာ အိမ္ရွင္ အေဒၚႀကီး ႐ူးသြပ္
သြား၍ အိမ္ေနာက္ဘက္မွာ ၿခံခတ္၍

ေလွာင္ထားၾကပါသည္။ မၾကာပါ၊ ေသ ျပန္သည္။
က်န္ရစ္သူ သမီးႏွစ္ေယာက္က
အိမ္ေရာင္းေျပးၾကသည္။ ေနာက္ဝယ္
ေနသူကားႏိုင္ငံျခားသေဘၤာသားအရာ
ရွိ၊အရက္ကေတာ့မိုးပ်ံေအာင္ေသာက္
သည္။ မၾကာပါ – စိတ္ေဝဒနာရွင္ ဘဝ
ကူးရျပန္သည္။
ထိုအခါပတ္ဝန္းက်င္မွမေနသာ၍
အိမ္၏ရာဇဝင္ကို ေနာက္ေရာက္လာ
ေသာလူ၏မိဘမ်ားကိုေျပာျပၾကသည္။
နားလည္ေသာ သီလ၊ သမာဓိပညာ
ျပည့္စုံေသာ ဆရာေတာ္ႀကီးမ်ား ပင့္
ေဆာင္ပူေဇာ္၍ေကာင္းမႈကုသိုလ္မ်ား
မၾကာခဏ ျပဳေပးျခင္း၊ အိမ္ရွိ မိသားစု ဝင္မ်ား ဘာသာတရားကိုင္းရႈိင္းေစျခင္း ျဖင့္ မေကာင္းေသာ အနိ႒ာ႐ုံဓာတ္မ်ား ပ်က္ျပယ္လြင့္ေပ်ာက္ေစေတာ့သည္။
ျမနန္းရွင္