“လူမတီးသည့်ခေါင်းလောင်းသံ”(စ/ဆုံး)

Unicode Version

“လူမတီးသည့်ခေါင်းလောင်းသံ”(စ/ဆုံး)
————————————————-
“ဒေါင် – ဒေါင် – ဒေါင်”
စာသင်ချိန်တစ်ချိန်ပြီးသွား၍ထွက်ပေါ်လာသော ခေါင်းလောင်းသံ။ထိုခေါင်းလောင်းသံသည်ဘယ်စာသင် ချိန်ပြီးလျှင်ထွက်ပေါ်လာမည်ဟူ၍တိတိကျကျမရှိသော်
လည်း ကျောင်းဖွင့်ရက်တစ်ရက်ကို တစ်ခေါက်တော့ မှန်မှန်ထွက်ပေါ်နေကျဖြစ်သည်။ ထို့အပြင် ၎င်းအသံ ထွက်ပေါ်လာရန် ခေါင်းလောင်းကို တီးသောသူမှာ လူ တစ်ယောက်မဟုတ်။ နာနာဘာဝ လောကသားတစ်
ကောင်သာ ဖြစ်ပေသည်။
ကျောင်းအောက်ထပ်၌စားပွဲခုံကြီးတစ်ခုံရှိသည်။
ထိုနေရာတွင် ၈ တန်းအတန်းပိုင် ဒေါ်ညိုသန်းနှင့် အခြား ဆရာမနှစ်ဦးတို့သာပုံမှန်ထိုင်ကြသည်။ တစ်ခါတစ်ရံ မှသာအခြားအဆောင်မှစာသင်ရန်ကူးလာသောဆရာမ တချို့ကအတန်းမဝင်ရသေးခင်ဤနေရာ၌နားနေစကား ပြောလေ့ရှိကြသည်။ ရယ်ရယ်မောမောဖြင့် စကားပြော နေသော ဆရာမများသည် ခေါင်းလောင်းသံကြောင့် ခေါင်းလောင်းကြီးရှိရာလှေကားအလယ်သို့ပြိုင်တူလှမ်း

ကြည့်လိုက်ကြသည်။ခေါင်းလောင်းထိုးတံမှာလှေကားလက်ရန်းတိုင်တွင်ပုံမပျက် ရှိနေပြီး ခေါင်းလောင်းကြီးကသာလျှင် လှုပ်ယမ်းနေသည်။ ခေါင်းလောင်းထိုးရန် ကျောင်းဆောင်ထဲသို့ ဝင်လာသော ကျောင်းစောင့် ကိုလင်းထွန်းမှာလည်း နေရာ တွင်ပင် တုံ့ခနဲရပ်သွားကာ ခေါင်းလောင်းကြီးအား လှေကားအောက်မှ မော့ကြည့် နေမိသည်။
ခေါင်းလောင်းကြီးသည် လှေကားကြီး၏ အလယ်၌ ရှိသည်၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ၍အတန်းများသို့သွားရန်ထိုလှေကားကြီးပေါ်သို့မဖြစ်မနေတက်ရမည် ဖြစ်သည်။လက်ရှိဆရာမများကထိုအဖြစ်သည်သူတို့နှင့်စိမ်းမနေတော့သောကြောင့် မကြောက်မလန့်ကြသော်လည်း ယခုနှစ်မှ ပြောင်းလာသော ဆရာမလေးသည် ငါးတန်းအခန်းကိုသွားဖို့မဝံ့မရဲဖြစ်နေတော့သည်။
“သွားပါ- ဆရာမ၊ သူက ဘာအန္တရာယ်မှမပြုပါဘူး”
ပင်စင်ယူခါနီး ဆရာမတစ်ယောက်ကသူမအားလှမ်းပြောသော်လည်းသူမ တစ်ယောက်တည်းထိုလှေကားကြီးပေါ်သို့ မတက်ရဲ၊ မကောင်းဆိုးဝါးတစ်ကောင် လှေကားကြီးတွင် ရှိနေသည်ဟူသောအသိက သူမ၏ခြေလှမ်းများအားတွန့်ဆုတ် နေစေသည်။ ခုနက ဆရာမကလည်း သူမစိတ်အား ဖတ်မိဟန် တူပါသည်။ ဘာမှ ထပ်မပြောတော့၊ သူမ စာအုပ်ရှာနေဟန်ဖြင့် ခုနစ်တန်းအခန်းကိုဝင်မည့် ဆရာမ ဘေစင်တွင်ကော်ဖီခွက်ဆေးပြီးပြန်အလာကိုစောင့်နေမိသည်။ထိုစဉ်အပေါ်ထပ်မှ
ဆရာမတစ်ယောက် ဆင်းလာပြီး…
“ကိုလင်းထွန်း-ကျွန်မကိုဦးဝကြီးဆိုင်ကလက်ဖက်ရည်နဲ့ပေါင်မုန့်ကြက်ဥ
ကြော်သွားမှာပေးပါလား”
“ဟုတ်ကဲ့ ဆရာမ”
ကျောင်းဝင်ပေါက်နားတွင်ရပ်နေသောကိုလင်းထွန်းသည်ဦးဝကြီးဆိုင်သို့
သွားရန်ပြန်ထွက်သွားပြန်သည်။
“ဆရာမအတန်းမဝင်သေးဘူးလား၊ အပေါ်မှာကလေးတွေ ဆူညံနေပြီ” “ဆရာမလေးက လှေကားပေါ်တက်ရမှာကြောက်နေတာထင်တယ်” “ဘာဖြစ်လို့လဲ၊ ဪ … အဲ့ဒါဆို ခုနကခေါင်းလောင်းသံက” “ဟုတ်တယ် – နွဲ့ရေ၊ အဲ့ဒါကြောင့် ဆရာမလေးက ကြောက်နေတာ”

“ကြောက်စရာမလိုပါဘူး- ဆရာမလေးရယ်၊ နွဲ့ဆို အခုပဲ ဆင်းလာတာ၊ ပြီး တော့ဒီမှာလူတွေလည်းရှိတာပဲ၊ သွားပါ – ဘာမှမကြောက်နဲ့”
“ဟုတ်ကဲ့ – ဆရာမ”
ဆင်းလာသောဆရာမမှာအင်္ဂလိပ်စာသင်သောဆရာမဖြစ်သည်။ တတိယ
အချိန်က သူမအချိန်ဖြစ်သည့်အတွက် သူမအားအတန်းဝင်ခိုင်းနေခြင်းဖြစ်သည်။
ကလေးတွေရဲ့အသံကလည်းအောက်ထပ်တွင်အတိုင်းသားကြားနေရပြီဖြစ်သည်။ ထို့ကြောင့် သူမလည်း ကော်ဖီခွက် ဆေးနေသော ဆရာမကို စောင့်မနေတော့ဘဲ စာအုပ်နှင့်ကြိမ်လုံးကိုယူကာ လှေကားပေါ်သို့တက်ခဲ့လေတော့သည်။
ကိုလင်းထွန်း ဒီကျောင်းကို ရောက်လာခဲ့သည်မှာ၂နှစ်ကျော်လောက်တော့
ရှိပြီဖြစ်သည်။အရင်ကဒလဘက်တွင်ကျောင်းစောင့်လုပ်ခဲ့ဖူးသည်။နေတာကလည်း ဒလတွင်ပင် ဖြစ်သည်။ သားသမီးလေးယောက် ရှိသည်။ အကြီးနှစ်ယောက်မှာ ၉တန်း၊၇တန်းဖြစ်ပြီ။အငယ်နှစ်ယောက်မှာ၃တန်းနဲ့ သူငယ်တန်းဖြစ်သည်။ မိန်းမ မှာကျောင်းတွင်မုန့်ရောင်းသည်။ သမ္ဗန်စီးလိုက်လျှင် ဟိုဘက်ကမ်းရောက်သည်ဆို သော်လည်းမိုးရာသီဆိုသွားလာရခက်ခဲသည်။ ဖိနပ်စီးရန်ပင်မလွယ်ကူ၊ထို့ကြောင့်
အရင်ကမနက်ပိုင်းလာညနေပိုင်းကလေးအငယ်နှစ်ကောင်ကိုကျောင်းကြိုပြီးအိမ် သို့ ပုံမှန်ပြန်နေရာမှ အခုတော့ မပြန်ဖြစ်တော့ဘဲ ကျောင်းတွင်သာနေသည်၊ ကျန် အကြီးနှစ်ကောင်ကိုတော့အဘွားနှင့်အဒေါ်ဖြစ်သူကစောင့်ရှောက်ထားသည်။မြို့ထဲ ကျောင်းတွင် နေရသည်မှာ သူတို့အတွက် အဆင်မပြေတာ မရှိ။ မိန်းမဖြစ်သူ မလဲ့ ကြည်ကလည်း မနက်ပိုင်းနှင့် နေ့လယ်ပိုင်းမုန့်ရောင်း၊ ညနေပိုင်းဆိုသူများအိမ်မှာ အဝတ်တွေ လိုက်လျှော်ပေးသည့်အတွက် အပိုဝင်ငွေလည်း ပိုရှာနိုင်သည်။ ထို့ပြင် ယခုကျောင်းမှာခြံဝန်းနှင့်မဟုတ်သောကြောင့်အများကြီး သက်သာသည်။ အရင်
ကျောင်းတွေတုန်းကဆိုမြက်ရှင်းရဘာရှင်းရနဲ့ပို၍ပင်ပန်းသည်။လက်ရှိကျောင်းအုပ် ကြီး၏ မိသားစုများကလည်းကျောင်းတွင်သိပ်မနေ။တစ်ခါတလေညဘက်အိပ်ရာ မဝင်ခင် ကျောင်းအုပ်ကြီးအား ကိုလင်းထွန်း နှိပ်နယ်ပေးရတာကလွဲပြီး သူတို့အား ဘာမှထွေထွေထူးထူး မခိုင်းချေ။
အရင်ကျောင်းစောင့်ကြီး၏အမည်မှာဦးမြတင်ဖြစ်သည်ဟုကြားသိရသည်။
ဦးမြတင်မှာတစ်ကိုယ်တည်းသမားဖြစ်ပြီး သဘောအတော်ကောင်းရှာသည်။အလုပ်

လုပ်ရာတွင်လည်း အချိန်တိကျသည်။ တစ်မနက်၌ ဈေးထဲတွင် နွားနို့သွားဝယ်ရန် ရပ်ထားသောကားရှေ့မှဖြတ်အကူးအနောက်မှကျော်တက်လာသောကားတစ်စီးနှင့် တိုက်မိကာရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့သည်။လူတိုင်းနီးပါးကယခုခေါင်းလောင်းကို
တီးနေသောသူမှာဦးမြတင်ဝိညာဉ်ဖြစ်သည်ဟု ပြောဆိုနေကြသည်။ ဦးမြတင်မှာ ကျောင်းကိုစိတ်စွဲနေပုံရသည်။ သူတို့မိသားစုကလည်းဦးမြတင်အစိမ်းသေခဲ့သည်
ကိုသိ၊လက်ရှိအဖြစ်အပျက်များကိုလည်းသိသော်လည်းတစ္ဆေကလူကိုဘာမှမလုပ် နိုင်ပါဘူးဟူ၍သာသဘောပိုက်ပြီး ကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ မုန့်စားကျောင်း မဆင်းသေးခင်အချိန်ဖြစ်သည်။ ကျောင်းအောက်တွင် ထမင်းချိုင့်လာပို့သောသူများနှင့်မုန့်ရောင်းသည့်အဒေါ်ကြီးများကို
တွေ့ရသည်။ တချို့ကလေးအမေများမှာမူ တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောဆိုနေကြသည်။ ကိုလင်းထွန်းသည်လည်း ခေါင်းလောင်းထိုးရန် ၁၅ မိနစ်ခန့် လိုသေးသဖြင့် တစ်ဖက်ကျောင်းဆောင်အောက်၌ထိုင်ပြီးစကားပြောနေသည်။

“ဒေါင်- ဒေါင်- ဒေါင်”
ကိုလင်းထွန်းစကားကောင်းနေရာမှရပ်သွားသည်၊လက်ကနာရီကိုငုံ့ကြည့် လိုက်တော့နေ့လည်၁၂နာရီကျော်သွားပြီဖြစ်သည်။ဘေးတွင်ရှိသောမုန့်သည်ကြီး
က
“မောင်လင်းထွန်း၊နင့်ထက် ဦးမြကြီးက ဦးသွားပြန်ပြီဟေ့” “ဟုတ်တယ်- အစ်မရေ၊ကျွန်တော်လည်း ဒီမှာ စကားကောင်းနေတာနဲ့ ဦးမြကြီးက တိကျတယ်ဟဲ့”
”ဟုတ်ပ- အစ်မရေ- ဟုတ်ပ၊တစ်မိနစ်တောင်အတိမ်းအစောင်းမခံဘူး”
“ဒေါင်-ဒေါင် – ဒေါင်

ခေါင်းလောင်းသံကြောင့် မလှဲကြည် ကြက်သီးများထသွားသည်။ ယခုရက် ပိုင်း ည(၁၂)နာရီကျော်တာနဲ့ ခေါင်းလောင်းသံများ မြည်လာလေ့ ရှိသည်။ ဒီနေ့မှ ကိုလင်းထွန်းကလည်း ဆရာကြီးနှင့်အတူဆရာကြီးအိမ်ရှေ့၌ စကားသွားထိုင်ပြော နေရာမှ ပြန်မလာသေးပေ။ မလှဲကြည်တစ်ယောက် ခြင်ထောင်ထဲ၌ ကလေးနှစ် ယောက် ဘေးတွင်လှဲရင်း ခြေရင်းလှေကားကြီးပေါ်မှ ထွက်ပေါ်လာသော ခေါင်း လောင်းသံကြောင့် အသားများ တဆတ်ဆတ်တုန်ကာကြောက်ရွံ့နေမိသည်။
အစက မျက်နှာချင်းဆိုင်အဆောင်တွင် နေခဲ့သော်လည်း ရှေ့တစ်ပတ်ကမှ အတန်းတချို့အား ထိုအဆောင်သို့ ရွှေ့လိုက်သည့်အတွက် ဆရာကြီးက သူတို့ မိသားစုအားဤအဆောင်၌ နေစေခဲ့သည်။ မလဲ့ကြည်မှာကြောက်တတ်၍ညတိုင်း မီးချောင်းများအားလုံးကို ဖွင့်ထားသော်လည်း လှေကားကြီးတွင်မူမှောင်မည်းနေ သည်။
ခြင်ထောင်ပါးပါးမှတစ်ဆင့် မည်းမှောင်နေသော လှေကားကြီးဆီသို့ မလုံ မလဲဖြင့် ကြည့်ကြည့်နေမိသည်။ မလဲ့ကြည် ဘယ်လိုမှ အိပ်မပျော်၊ စိတ်ထဲမှလည်း ပြန်မလာသေးသောယောက်ျားဖြစ်သူအား အပြစ်တင်နေမိသည်။

သူတို့မိသားစုဒ်အဆောင်မှာနေလာတာ ဘာလိုလိုလိုလေးလကျော်လာပြီ
ဖြစ်သည်။ လူ့ဘဝတုန်းကလည်း စိတ်သဘောထားပြည့်ဝသူတစ်ဦး၊ အခုလည်း မကျွတ်လွတ်သေးပေမဲ့ အန္တရာယ်မပြုဘဲအသံပဲကြားရသောကြောင့် မလဲ့ကြည် တစ်ယောက်ကြောက်စိတ်များလျော့ပါးကာတဖြည်းဖြည်းနေသားကျလာခဲ့သည်။
တချို့တွေဆို ကိုလင်းထွန်းတို့ သရဲနဲ့ တစ်မိသားစုထဲ ဖြစ်နေပြီလားဟူ၍တောင် စနောက်လာခဲ့ကြသည်။
“အငယ်ကောင်၊ထမင်းကုန်အောင်စားနော်၊ဆော့ပဲဆော့မနေနဲ့
”ဟုတ်-မေမေ”
မလဲ့ကြည်မုန့်ရောင်းနေရင်းအငယ်ဆုံးသားလေးအားထမင်းချိုင့်လှမ်းပေး
ရင်း ပြောလိုက်သည်။
“အစ်မ…ဒီမုန့်ထုပ်က ဘယ်လောက်လဲ”
“200”
“ရော့-မီးမီး ထမင်းစားပြီးမှ စားနော်”
“ဟုတ်ကဲ့”
“သွားတော့၊ ကျောင်းတက်တော့မယ်”
ကလေးဖြစ်သူကျောင်းပေါ်တက်သွားပြီးနောက်အအေးရောင်းသောအဒေါ် ကြီးဆီမှအအေးတစ်ခွက်မှာကာ မဖြူသည် ထိုင်ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်ပြီး… “အစ်မ-အခုဟိုဘက်ကျောင်းဆောင်မှာနေနေတာဆို”
“ဟုတ်တယ် – ညီမ”
“ဟယ်-အစ်မတို့မကြောက်ဘူးလာ။ အဲ့ဘက်မှာ သရဲရှိတယ်လေ” “ကြောက်ချိန်မရပါဘူး-ညီမရယ်၊တစ်နေ့တစ်နေ့မုန့်ရောင်းလိုက်ညနေဆို
အဝတ်တွေလျှော်လိုက်နဲ့အပိုဝင်ငွေရဖို့အတွက်ပဲရုန်းကန်နေရတာ”
“ဪ-အစ်မပြောမှပဲညီမ သတိရတယ်၊ ဟိုနေ့က ခရီးထွက်လိုက်တာ အိမ်မှာလျှော်ဖို့အဝတ်တွေပုံနေတယ်။အဲဒါ ဒီနေ့ ယူလာမလို့ မေ့သွားတယ်” “အစ်မက ကျောင်းဆင်းချိန်အထိ ဒီမှာရှိနေတာပဲ”
“အဲဒါဆိုကလေးကျောင်းကြိုမှယူလာခဲ့မယ်၊အခုတော့လမ်းထိပ်မှာဘုရား
ပန်းဝယ်ဖို့သွားလိုက်ဦးမယ်”

“အေး-အေး-ညီမလေး” ၉၆၊ ၉၇၊ ၉၈၊ ၉၉၊ ၁ဝဝ တူပြီလား”
“တူသေးဘူး”
ကျောင်းဆင်းပြီးနောက် ကိုလင်းထွန်းကလေးနှစ်ယောက်တူတူပုန်းတန်း
ကစားနေကြသည်။
“တူပြီလား”
“မတူသေးဘူး”
အငယ်လေးသည်ပုန်းဖို့နေရာရှာနေဆဲဖြစ်သည်။အောက်ထပ်ကနေရာများ
သည်အစ်ကိုဖြစ်သူ
သိပြီးသားနေရာများဖြစ်သည်။
ထို့ကြောင့် အစ်ကို သူ့အား အလွယ်တကူ ရှာမတွေ့ နိုင်ရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။ အပေါ်ထပ်သို့ ရောက်လာပြီးနောက် ခြောက်တန်းအခန်းထဲသို့ ဝင်ပြီး စာရေးခုံများအောက်တွင် ဝင်ပုန်းနေလိုက်သည်။
“တူပြီလား”
ညီလေး၏ ပြန်ထူးသံကို မကြားရသောကြောင့် အစ်ကိုသည် ညီလေးအား စတင်ရှာတော့သည်။ ညီဖြစ်သူ ပုန်းတတ်သည့် နေရာများအား လိုက်ရှာသည်။ ရှာ မတွေ့၊အချိန်လည်းတော်တော်ကြာနေပြီဖြစ်သည်။အောက်ထပ်တစ်ထပ်လုံးတွင်
ညီဖြစ်သူ၏အရိပ်အယောင်ကိုမတွေ့ရ။
“ညီလေး- မင်းဘယ်မှာလဲ၊ထွက်လာတော့”
“ညီလေးရေ-ညီလေး”
ထိုအခါမှညီဖြစ်သူက လှေကားပေါ်မှဆင်းလာသည်။ “ညီလေးမင်းကိုအပေါ်မတက်ရဘူးလို့မေမေမှာထားတယ်လေ” “ဟီး – ဟီး-ကိုကို သားကို မရှာနိုင်ဘူး မဟုတ်လား” “ရယ်မနေနဲ့- မြန်မြန်ဆင်းလာ၊မေမေတွေ့ရင် အဆူခံထိနေဦးမယ်” အငယ်လေးသည်အစ်ကို့စကားကြောင့်လှေကားမှမြန်မြန်ဆင်းလာသည်။
အောက်သို့ ရောက်ခါနီးတွင် လှေကားအောက်၌ရပ်နေသောအစ်ကိုကညီလေး၏
အနောက်တွင်ကပ်ပါလာသောလူကြီးတစ်ယောက်ကိုမြင်လိုက်ရသည်။ထိုလူကြီး

၏ မျက်နှာမှာ ပြားကပ်နေပြီး မျက်နှာနှင့် ခန္ဓာကိုယ်တွင် သွေးများဖြင့် ပေကျံနေ
သည်။
“ညီလေး… မင်းအနောက်မှာ”
ညီလေးသည်အနောက်သို့လှည့်ကြည့်လိုက်သည်။မြင်လိုက်ရသောထိုလူ ကြီး၏ပုံစံကြောင့်ကြောက်လန့်တကြားဖြင့်အသံကုန်အော်ကာလှေကားပေါ်မှပြုတ်
ကျသွားလေတော့သည်။

“ဟီး-ဟီး-ဟီး ́
အစ်ကိုလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေစဉ်အမေသည် ကျောင်းထဲ
သို့ဝင်လာသည်။
ရှာသည်။
“ဟဲ့- ဟဲ့- နင်တို့တွေ ဘာဖြစ်ကြတာတုံး”
“ဟိုလူကြီး- ဟိုလူကြီးကို သားကြောက်တယ်၊ ဟီး-ဟီး” အငယ်ဆုံးလေးသည်အမေဖြစ်သူအားဖက်ငိုကာခေါင်းမဖော်ရဲဘဲပြောနေ
“အကြီးကောင်- နင့်ညီ ဘာကိုပြောနေတာလဲ”
“စောစောက လှေကားပေါ်မှာလူကြီးတစ်ယောက်၊ မျက်နှာက ပြားကပ်ပြီး
တစ်ကိုယ်လုံး သွေးတွေနဲ့ မေမေဝင်လာတော့ပျောက်သွားတာ”
ပြစမ်း”
“အငယ်ကောင်က ဘာဖြစ်လို့ ဒီမှာလဲကျနေတာတုန်း။ ငါ့ကို သေချာပြော
အကြီးလေးသည်အဆူခံရမည်စိုး၍အစကသေချာမပြောသော်လည်းအမေ က မေးလာသောကြောင့် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
“နင်တို့တွေလေ-ငါအပေါ်ထပ်ကို မတက်ပါနဲ့လို့ သေချာမှာထားရဲ့နဲ့၊ တိတ်-တိတ်-ငါအဝတ်သွားလျှော်ရဦးမယ်။ အကြီးကောင် – နှင့်အဖေ ဆရာကြီး အိမ်မှာရှိတယ်။ အငယ်ကောင်ကိုပါခေါ်သွား”
“ဟီး-ဟီး”

“ဒီကောင်လေးတော့ တိတ်ပါဆို၊ မဘိတ်ရင် ခုနကလူကြီး နင့်ဆီ လာလိမ့်
မယ်နော်”
အငယ်လေးအား အငိုတိတ်စေရန် ခြောက်လှန့်ပြီးနောက် ကလေးနှစ် ယောက်ကို မလဲ့ကြည်ကိုယ်တိုင် ဆရာကြီးအိမ်သို့ သွားပို့လိုက်သည်။
ကိုလင်းထွန်းတစ်ယောက် သတင်းစာထိုင်ဖတ်နေသည်။ ဒီနေ့က ပိတ်ရက် ဖြစ်၍ မလဲ့ကြည်သည် မနက်ထဲကပင် သူများအိမ်များ၌ အဝတ်သွားလျှော်သည်။ ဒီလိုနေ့မျိုးဆို နေ့လယ်စာကိုကိုလင်းထွန်းတို့ သားအဖသုံးယောက်ကြုံသလိုစား
သည်၊ညနေဘက်မလဲ့ကြည်ရေးတစ်ခါတည်းဝင်ပြီးပြန်လာမှစားချင်တာလေးများ
ချက်စားသည်။
“ကိုလင်းရေ-ကျွန်မပြန်လာပြီ၊ ခြင်းတောင်းလာဆွဲပေးပါဦး”
မိန်းမ၏အသံကြောင့် ဖတ်နေသောသတင်းစာကိုချကာ ဆွဲခြင်းတောင်းကို သွားသယ်ပေးလိုက်သည်။ မလဲ့ကြည်လည်းဆိုက်ကားခရှင်းပြီးနောက်အထဲသို့ဝင် လာသည်၊
“မင်းတို့တစ်တွေ ဒီရက်ပိုင်းငြိမ်နေကြပါလား” “ငြိမ်မှာပေါ့- ဟိုနေ့ကလေ”
ကိုလင်းထွန်းက ခြင်းတောင်းချရင်၊ အိပ်ရာပေါ်၌ ပုံဆွဲနေသော သားနှစ် ယောက်အား မေးလိုက်သည်ကို မလှဲကြည်က ရုတ်တရက် စကားထွက်သွားသည်။ “ဟိုနေ့က ဘာဖြစ်လို့တုံး။ ဆက်ပြောလေ”
မလဲ့ကြည်သည် ကိုလင်းထွန်းအား မပြောရန် စဉ်းစားထားသော်လည်း စကားထွက်သွားသဖြင့် ကလေးနစ်ယောက် တွေ့ ခဲ့ရသည့်ကိစ္စကို ပြောပြလိုက် သည်။
“တောက်…ခွေးသရဲ၊မင်းကများရာရာစစငါ့ကလေးတွေကိုခြောက်ရဲတယ်၊ မင်းဟာမင်း နေစရာမရှိလို့ ကျောင်းမှာကပ်နေတာ အေးဆေးနေ။ အခု ဒါက ငါတို့ နေရာဖြစ်နေပြီ၊ သရဲကများ သရဲပါးဝလို့၊ ပြစမ်းပါ ငါတို့လူကြီးတွေကို ကိုယ်ထင်ပြ၊ ဘာမှမသိသေးတဲ့ကလေးတွေကိုပဲဖြဲခြောက်မနေနဲ့
တယ်ရှင့်
“အို – ကိုလင်းကလည်း ဘာလို့ ဒီလိုတွေပြောနေတာလဲ၊ ကျွန်မ ကြောက်

လာတာ”
တာ
“ကြောက်နေကြောက်နေမင်းတို့ကြောက်နေလို့လည်း သရဲကပိုခြောက်
“တော်တော့- ကိုလင်း၊ ရှင်ဟာလေ – ဒါကြောင့် ရှင့်ကို ဘာမှမပြောပြချင်
“တောက်”
ထိုနေ့မှစ၍ညဘက်တွေဆိုခေါင်းလောင်းသံကိုမကြားရတော့။မလဲ့ကြည်
လည်း ညဘက်တွေ
ခေါင်းလောင်းသံမကြားရတော့သောကြောင့် စိတ်ထဲ၌ ပိုမို
အေးချမ်းကာ နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်နိုင်ခဲ့သည်။
တစ်ညတော့ …
သံပန်းတံခါးသံကြောင့်သူမနိုးလာခဲ့သည်။ကိုလင်းထွန်းကခုထိအိပ်ရာထဲ
တွင်မရှိသေ။
“ကိုလင်း အခုမှပြန်လာတာထင်တယ်”
သူမစိတ်ထဲ ဤသို့ ထင်လိုက်မိသည်။ ကျောင်းဝသံပန်းတံခါးဆီသို့လည်း အာရုံစိုက်ပြီးကြည့်လိုက်သည်။ တံခါးမှာပိတ်ထားသည်။လူတစ်ဦးတစ်ယောက်၏ အရိပ်အယောင်ကိုလည်း မတွေ့ရ၊ သူမ ဝေခွဲမရဖြစ်သွားသည်။ စိတ်ထဲတွင်လည်း တစ်မျိုးကြီးခံစားလာရကာကြောက်စိတ်လေးများနိုးထလာခဲ့သည်။ f
“ငါဘာတွေတွေးနေမိတာလဲ၊ကိုလင်းလည်းရှိတာမဟုတ်၊ငါကြောက်နေလို့
မဖြစ်ပါဘူး”
သူမစိတ်ကိုသူမပြန်ထိန်းလိုက်ရင်၊အိပ်မောကျနေသောကလေးနှစ်ယောက် ကို ဖက်ထားလိုက်သည်၊ ကိုလင်းထွန်းမှာမူ ကျောင်းနားက သင်္ဘောသား ကိုနိုင်ဦး။ သူငယ်ချင်းဖြစ်သူ ကိုစိုးသိန်းတို့နှင့်အတူတူ စကားပြောစားသောက်ရင်းကိုနိုင်ဦး အိမ်ရှေ့တွင်ပင် ပက်လက်ကုလားထိုင်ပေါ်၌ အိပ်ပျော်နေသည်။
မလဲ့ကြည်ချမ်းစိမ့်စိမ့်ဖြစ်လာသည်၊ဟိုလှည့်ဒီလှည့်နှင့်အကြည့်ကခြေရင်း
ဘက်တွင်ရှိသော လှေကားကြီးဆီသို့ ရောက်သွားသည်။ မှောင်မည်းနေသောလှေ

ကားကြီးမှ သူမအကြည့်များ ခွာမရ၊ ခေါင်းမွေးများလည်း ထောင်ပွလာသလို ခံစား လာရသည်။ အမှောင်ထဲသို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိချိန်တွင် အပေါ် ထပ်မှအောက်သို့ဆင်းလာသောခပ်ရေးရေးလှုပုံသဏ္ဌာန်ကိုမြင်လိုက်ရသည်။ သူမ လည်း မျက်မှောင်ကြုတ်၍ သေချာကြည့်လိုက်ရာ ထိုပုံသဏ္ဌာန်မှာကိုစိုးသိန်းနှင့် တော်တော်တူလှသည်။ကိုစိုးသိန်းမှာ ကိုလင်းထွန်းနှင့် စကားပြောဖော်ပြောဖက် သောက်ဖော်သောက်ဖက်ဖြစ်သည်။ သူမသည်အောက်ထပ်၌ သူမနှင့်ကလေးနှစ် ယောက်သာ ရှိသဖြင့် ကိုစိုးသိန်းသည် မသင့်လျော်၍ အပေါ်ထပ်ရှိ အိမ်သာတွင် အပေါ့အပါးသွားကာပြန်ဆင်းလာသည်ဟူ၍သာ တွေးလိုက်မိသည်။ ကိုစိုးသိန်း၌ သော့မရှိတာနဲ့ အမှောင်ထဲမှာ သာမန်လူတစ်ယောက် ဓာတ်မီးမပါ အလင်းရောင် မရှိဖြင့် ဆင်းလာ နိုင်မည်မဟုတ်ကို သူမစဉ်းစားရန်မေ့နေခဲ့သည်။
ကိုစိုးသိန်းအား တွေ့ရ၍ မလဲ့ကြည် အားတက်သွားမိသည်မှာအမှန်ပေ။ ထို့ကြောင့်လည်းအိပ်ရာပေါ်မှဆင်း၍ လှေကားရင်းသို့သွားကာ…. “ကိုစိုးသိန်း- ကိုလင်းရော ဟိုမှာပဲအိပ်ပျော်နေပြီလား”
ဟု မေးလိုက်သည်။ သူမ၏အမေးကိုပြန်မဖြေသောကြောင့် သူမ သံသယ ဝင်လာသည်။ ထိုအချိန်တွင်ပင် လူပုံသဏ္ဌာန်သည် လှေကားအလယ်၌ ရပ်သွား သည်။ထပ်ဆင်းမလာ။
“ကိုစိုးသိန်။အဲ့မှာ ဘာရပ်လုပ်နေတာလဲ၊ ဆင်းလာခဲ့လေ” “ဒေါင်-ဒေါင်-ဒေါင်”
ခေါင်းလောင်းသံကြီး ထွက်ပေါ်လာသည်။ သူမ ခေါင်းနားပန်းများကြီးသွား သည်၊ မျက်စိကိုပွတ်သပ်ပြီးသေချာကြည့်လိုက်ရာလှေကားပေါ်၌ဖြူဖြူကြီးရပ်နေ သည်ကိုတွေ့လိုက်ရသည်။ထိုဖြူဖြူကြီးသည်ခေါင်းလောင်းထိုးပြီးနောက်လှေကား ပေါ်သို့ပြန်တက်သွားကာ သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
မလဲ့ကြည် ကတုန်ကယင်ဖြင့်အနောက်သံပန်းတံခါးသို့ကြည့်လိုက်သည်။ တံခါးမှာသော့ခတ်ထားသည်။စောစောကကြားခဲ့သောတံခါးသံမှာလည်းတကယ် မဟုတ်ကြောင်းသူမကောင်းကောင်းသဘောပေါက်သွားသည်။သူမဒီမှာဆက်မနေ
ရဲတော့။ အိပ်နေသော ကလေးနှစ်ယောက်ကိုနှိုးကာထိုအဆောင်မှ မြန်မြန်ထွက် လာခဲ့လေတော့သည်။

ကိုလင်းထွန်းမှာမူ အပူအပင်မရှိ၊ ကုလားထိုင်ပေါ်၌ တခူးခူ၊ တခေါခေါဖြင့် အိပ်ပျော်နေသည်။
“ကိုလင်း- ထထ – ထစမ်းပါတော်”
မလဲ့ကြည် ကိုလင်းထွန်းအား ရိုက်ပုတ်၍ နှိုးလိုက်သည်။
“ဟာ- မိန်းမ၊ ဒီအချိန်ကြီး မင်း ဘာလာလုပ်တာလဲ၊ သွား-သွား-ကလေး တွေနဲ့ ကျောင်းထဲမှာ သွားပြန်အိပ်”
“ကိုလင်းထွန်း- ရှင်ကတော့ဒီမှာမူးပြီးအိပ်နေ၊ကျွန်မကတော့ကျောင်းထဲမှာ သရဲခြောက်ခံလိုက်ရပြီ၊ကျွန်မ မနေရဲတော့ဘူး။အမေ့ဆီပဲ ပြန်တော့မယ်” မနက်ရောက်သောအခါမလဲ့ကြည်ကလေးနှစ်ယောက်နှင့်ဒလသို့ပြန်သွား
သည်။
နောက်တစ်နှစ် ကျောင်းဖွင့်ချိန်တွင် မလဲ့ကြည် ကျောင်းသို့ ပြန်ရောက်လာ သည်။ သို့သော် ကျောင်းတွင်တော့ မနေတော့၊ မနက်နှင့် နေ့လယ်ပိုင်းသာ ဈေး ရောင်းပြီးကလေးများကျောင်းလွှတ်လျှင်တစ်ဖက်ကမ်းရှိအိမ်ကိုသာပြန်သည်။ ယခုဆို ကိုလင်းထွန်းလည်း တခြားကျောင်းသို့ ပြောင်းခဲ့ပြီဖြစ်သည်။ သူ ကျောင်းစောင့်လုပ်ခဲ့သော မြို့ထဲကကျောင်း၌ နောက်ရောက်လာသော ကျောင်း စောင့်များမှာသိပ်မမြဲကြဟုကြားရသည်။လက်ရှိကျောင်းစောင့်လည်းဘယ်လောက် ထိခံဦးမည်မသိ၊ကျောင်းစောင့်တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားသော်
လည်း မပြောင်းဘဲ ဆက်လက်တာဝန်ထမ်းနေသော ကျောင်းစောင့်မှာ ဦးမြတင် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်ယနေ့ထက်တိုင်လူမတီးသည့် ခေါင်းလောင်း သံကြီးမှာနေ့စဉ်မှန်မှန်ထွက်ပေါ်နေသောကြောင့်ဖြစ်ပေသည်။

Zawgyi Version

“လူမတီးသည့္ေခါင္းေလာင္းႀကီး”(စ/ဆုံး)
————————————————-
“ေဒါင္ – ေဒါင္ – ေဒါင္”
စာသင္ခ်ိန္တစ္ခ်ိန္ၿပီးသြား၍ထြက္ေပၚလာေသာ ေခါင္းေလာင္းသံ။ထိုေခါင္းေလာင္းသံသည္ဘယ္စာသင္ ခ်ိန္ၿပီးလွ်င္ထြက္ေပၚလာမည္ဟူ၍တိတိက်က်မရွိေသာ္
လည္း ေက်ာင္းဖြင့္ရက္တစ္ရက္ကို တစ္ေခါက္ေတာ့ မွန္မွန္ထြက္ေပၚေနက်ျဖစ္သည္။ ထို႔အျပင္ ၎အသံ ထြက္ေပၚလာရန္ ေခါင္းေလာင္းကို တီးေသာသူမွာ လူ တစ္ေယာက္မဟုတ္။ နာနာဘာဝ ေလာကသားတစ္
ေကာင္သာ ျဖစ္ေပသည္။
ေက်ာင္းေအာက္ထပ္၌စားပြဲခုံႀကီးတစ္ခုံရွိသည္။
ထိုေနရာတြင္ ၈ တန္းအတန္းပိုင္ ေဒၚညိဳသန္းႏွင့္ အျခား ဆရာမႏွစ္ဦးတို႔သာပုံမွန္ထိုင္ၾကသည္။ တစ္ခါတစ္ရံ မွသာအျခားအေဆာင္မွစာသင္ရန္ကူးလာေသာဆရာမ တခ်ိဳ႕ကအတန္းမဝင္ရေသးခင္ဤေနရာ၌နားေနစကား ေျပာေလ့ရွိၾကသည္။ ရယ္ရယ္ေမာေမာျဖင့္ စကားေျပာ ေနေသာ ဆရာမမ်ားသည္ ေခါင္းေလာင္းသံေၾကာင့္ ေခါင္းေလာင္းႀကီးရွိရာေလွကားအလယ္သို႔ၿပိဳင္တူလွမ္း

ၾကည့္လိုက္ၾကသည္။ေခါင္းေလာင္းထိုးတံမွာေလွကားလက္ရန္းတိုင္တြင္ပုံမပ်က္ ရွိေနၿပီး ေခါင္းေလာင္းႀကီးကသာလွ်င္ လႈပ္ယမ္းေနသည္။ ေခါင္းေလာင္းထိုးရန္ ေက်ာင္းေဆာင္ထဲသို႔ ဝင္လာေသာ ေက်ာင္းေစာင့္ ကိုလင္းထြန္းမွာလည္း ေနရာ တြင္ပင္ တုံ႔ခနဲရပ္သြားကာ ေခါင္းေလာင္းႀကီးအား ေလွကားေအာက္မွ ေမာ့ၾကည့္ ေနမိသည္။
ေခါင္းေလာင္းႀကီးသည္ ေလွကားႀကီး၏ အလယ္၌ ရွိသည္၊ ပထမထပ္ႏွင့္ ဒုတိယထပ္ရွိ၍အတန္းမ်ားသို႔သြားရန္ထိုေလွကားႀကီးေပၚသို႔မျဖစ္မေနတက္ရမည္ ျဖစ္သည္။လက္ရွိဆရာမမ်ားကထိုအျဖစ္သည္သူတို႔ႏွင့္စိမ္းမေနေတာ့ေသာေၾကာင့္ မေၾကာက္မလန႔္ၾကေသာ္လည္း ယခုႏွစ္မွ ေျပာင္းလာေသာ ဆရာမေလးသည္ ငါးတန္းအခန္းကိုသြားဖို႔မဝံ့မရဲျဖစ္ေနေတာ့သည္။
“သြားပါ- ဆရာမ၊ သူက ဘာအႏၲရာယ္မွမျပဳပါဘူး”
ပင္စင္ယူခါနီး ဆရာမတစ္ေယာက္ကသူမအားလွမ္းေျပာေသာ္လည္းသူမ တစ္ေယာက္တည္းထိုေလွကားႀကီးေပၚသို႔ မတက္ရဲ၊ မေကာင္းဆိုးဝါးတစ္ေကာင္ ေလွကားႀကီးတြင္ ရွိေနသည္ဟူေသာအသိက သူမ၏ေျခလွမ္းမ်ားအားတြန႔္ဆုတ္ ေနေစသည္။ ခုနက ဆရာမကလည္း သူမစိတ္အား ဖတ္မိဟန္ တူပါသည္။ ဘာမွ ထပ္မေျပာေတာ့၊ သူမ စာအုပ္ရွာေနဟန္ျဖင့္ ခုနစ္တန္းအခန္းကိုဝင္မည့္ ဆရာမ ေဘစင္တြင္ေကာ္ဖီခြက္ေဆးၿပီးျပန္အလာကိုေစာင့္ေနမိသည္။ထိုစဥ္အေပၚထပ္မွ
ဆရာမတစ္ေယာက္ ဆင္းလာၿပီး…
“ကိုလင္းထြန္း-ကြၽန္မကိုဦးဝႀကီးဆိုင္ကလက္ဖက္ရည္နဲ႔ေပါင္မုန႔္ၾကက္ဥ
ေၾကာ္သြားမွာေပးပါလား”
“ဟုတ္ကဲ့ ဆရာမ”
ေက်ာင္းဝင္ေပါက္နားတြင္ရပ္ေနေသာကိုလင္းထြန္းသည္ဦးဝႀကီးဆိုင္သို႔
သြားရန္ျပန္ထြက္သြားျပန္သည္။
“ဆရာမအတန္းမဝင္ေသးဘူးလား၊ အေပၚမွာကေလးေတြ ဆူညံေနၿပီ” “ဆရာမေလးက ေလွကားေပၚတက္ရမွာေၾကာက္ေနတာထင္တယ္” “ဘာျဖစ္လို႔လဲ၊ ဪ … အဲ့ဒါဆို ခုနကေခါင္းေလာင္းသံက” “ဟုတ္တယ္ – ႏြဲ႕ေရ၊ အဲ့ဒါေၾကာင့္ ဆရာမေလးက ေၾကာက္ေနတာ”

“ေၾကာက္စရာမလိုပါဘူး- ဆရာမေလးရယ္၊ ႏြဲ႕ဆို အခုပဲ ဆင္းလာတာ၊ ၿပီး ေတာ့ဒီမွာလူေတြလည္းရွိတာပဲ၊ သြားပါ – ဘာမွမေၾကာက္နဲ႔”
“ဟုတ္ကဲ့ – ဆရာမ”
ဆင္းလာေသာဆရာမမွာအဂၤလိပ္စာသင္ေသာဆရာမျဖစ္သည္။ တတိယ
အခ်ိန္က သူမအခ်ိန္ျဖစ္သည့္အတြက္ သူမအားအတန္းဝင္ခိုင္းေနျခင္းျဖစ္သည္။
ကေလးေတြရဲ႕အသံကလည္းေအာက္ထပ္တြင္အတိုင္းသားၾကားေနရၿပီျဖစ္သည္။ ထို႔ေၾကာင့္ သူမလည္း ေကာ္ဖီခြက္ ေဆးေနေသာ ဆရာမကို ေစာင့္မေနေတာ့ဘဲ စာအုပ္ႏွင့္ႀကိမ္လုံးကိုယူကာ ေလွကားေပၚသို႔တက္ခဲ့ေလေတာ့သည္။
ကိုလင္းထြန္း ဒီေက်ာင္းကို ေရာက္လာခဲ့သည္မွာ၂ႏွစ္ေက်ာ္ေလာက္ေတာ့
ရွိၿပီျဖစ္သည္။အရင္ကဒလဘက္တြင္ေက်ာင္းေစာင့္လုပ္ခဲ့ဖူးသည္။ေနတာကလည္း ဒလတြင္ပင္ ျဖစ္သည္။ သားသမီးေလးေယာက္ ရွိသည္။ အႀကီးႏွစ္ေယာက္မွာ ၉တန္း၊၇တန္းျဖစ္ၿပီ။အငယ္ႏွစ္ေယာက္မွာ၃တန္းနဲ႔ သူငယ္တန္းျဖစ္သည္။ မိန္းမ မွာေက်ာင္းတြင္မုန႔္ေရာင္းသည္။ သမၺန္စီးလိုက္လွ်င္ ဟိုဘက္ကမ္းေရာက္သည္ဆို ေသာ္လည္းမိုးရာသီဆိုသြားလာရခက္ခဲသည္။ ဖိနပ္စီးရန္ပင္မလြယ္ကူ၊ထို႔ေၾကာင့္
အရင္ကမနက္ပိုင္းလာညေနပိုင္းကေလးအငယ္ႏွစ္ေကာင္ကိုေက်ာင္းႀကိဳၿပီးအိမ္ သို႔ ပုံမွန္ျပန္ေနရာမွ အခုေတာ့ မျပန္ျဖစ္ေတာ့ဘဲ ေက်ာင္းတြင္သာေနသည္၊ က်န္ အႀကီးႏွစ္ေကာင္ကိုေတာ့အဘြားႏွင့္အေဒၚျဖစ္သူကေစာင့္ေရွာက္ထားသည္။ၿမိဳ႕ထဲ ေက်ာင္းတြင္ ေနရသည္မွာ သူတို႔အတြက္ အဆင္မေျပတာ မရွိ။ မိန္းမျဖစ္သူ မလဲ့ ၾကည္ကလည္း မနက္ပိုင္းႏွင့္ ေန႔လယ္ပိုင္းမုန႔္ေရာင္း၊ ညေနပိုင္းဆိုသူမ်ားအိမ္မွာ အဝတ္ေတြ လိုက္ေလွ်ာ္ေပးသည့္အတြက္ အပိုဝင္ေငြလည္း ပိုရွာႏိုင္သည္။ ထို႔ျပင္ ယခုေက်ာင္းမွာၿခံဝန္းႏွင့္မဟုတ္ေသာေၾကာင့္အမ်ားႀကီး သက္သာသည္။ အရင္
ေက်ာင္းေတြတုန္းကဆိုျမက္ရွင္းရဘာရွင္းရနဲ႔ပို၍ပင္ပန္းသည္။လက္ရွိေက်ာင္းအုပ္ ႀကီး၏ မိသားစုမ်ားကလည္းေက်ာင္းတြင္သိပ္မေန။တစ္ခါတေလညဘက္အိပ္ရာ မဝင္ခင္ ေက်ာင္းအုပ္ႀကီးအား ကိုလင္းထြန္း ႏွိပ္နယ္ေပးရတာကလြဲၿပီး သူတို႔အား ဘာမွေထြေထြထူးထူး မခိုင္းေခ်။
အရင္ေက်ာင္းေစာင့္ႀကီး၏အမည္မွာဦးျမတင္ျဖစ္သည္ဟုၾကားသိရသည္။
ဦးျမတင္မွာတစ္ကိုယ္တည္းသမားျဖစ္ၿပီး သေဘာအေတာ္ေကာင္းရွာသည္။အလုပ္

လုပ္ရာတြင္လည္း အခ်ိန္တိက်သည္။ တစ္မနက္၌ ေဈးထဲတြင္ ႏြားႏို႔သြားဝယ္ရန္ ရပ္ထားေသာကားေရွ႕မွျဖတ္အကူးအေနာက္မွေက်ာ္တက္လာေသာကားတစ္စီးႏွင့္ တိုက္မိကာ႐ုပ္ပ်က္ဆင္းပ်က္ေသဆုံးခဲ့သည္။လူတိုင္းနီးပါးကယခုေခါင္းေလာင္းကို
တီးေနေသာသူမွာဦးျမတင္ဝိညာဥ္ျဖစ္သည္ဟု ေျပာဆိုေနၾကသည္။ ဦးျမတင္မွာ ေက်ာင္းကိုစိတ္စြဲေနပုံရသည္။ သူတို႔မိသားစုကလည္းဦးျမတင္အစိမ္းေသခဲ့သည္
ကိုသိ၊လက္ရွိအျဖစ္အပ်က္မ်ားကိုလည္းသိေသာ္လည္းတေစၦကလူကိုဘာမွမလုပ္ ႏိုင္ပါဘူးဟူ၍သာသေဘာပိုက္ၿပီး ေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကသည္။ မုန႔္စားေက်ာင္း မဆင္းေသးခင္အခ်ိန္ျဖစ္သည္။ ေက်ာင္းေအာက္တြင္ ထမင္းခ်ိဳင့္လာပို႔ေသာသူမ်ားႏွင့္မုန႔္ေရာင္းသည့္အေဒၚႀကီးမ်ားကို
ေတြ႕ရသည္။ တခ်ိဳ႕ကေလးအေမမ်ားမွာမူ တစ္ေယာက္ႏွင့္တစ္ေယာက္ စကားစျမည္ ေျပာဆိုေနၾကသည္။ ကိုလင္းထြန္းသည္လည္း ေခါင္းေလာင္းထိုးရန္ ၁၅ မိနစ္ခန႔္ လိုေသးသျဖင့္ တစ္ဖက္ေက်ာင္းေဆာင္ေအာက္၌ထိုင္ၿပီးစကားေျပာေနသည္။

“ေဒါင္- ေဒါင္- ေဒါင္”
ကိုလင္းထြန္းစကားေကာင္းေနရာမွရပ္သြားသည္၊လက္ကနာရီကိုငုံ႔ၾကည့္ လိုက္ေတာ့ေန႔လည္၁၂နာရီေက်ာ္သြားၿပီျဖစ္သည္။ေဘးတြင္ရွိေသာမုန႔္သည္ႀကီး
က
“ေမာင္လင္းထြန္း၊နင့္ထက္ ဦးျမႀကီးက ဦးသြားျပန္ၿပီေဟ့” “ဟုတ္တယ္- အစ္မေရ၊ကြၽန္ေတာ္လည္း ဒီမွာ စကားေကာင္းေနတာနဲ႔ ဦးျမႀကီးက တိက်တယ္ဟဲ့”
”ဟုတ္ပ- အစ္မေရ- ဟုတ္ပ၊တစ္မိနစ္ေတာင္အတိမ္းအေစာင္းမခံဘူး”
“ေဒါင္-ေဒါင္ – ေဒါင္

ေခါင္းေလာင္းသံေၾကာင့္ မလွဲၾကည္ ၾကက္သီးမ်ားထသြားသည္။ ယခုရက္ ပိုင္း ည(၁၂)နာရီေက်ာ္တာနဲ႔ ေခါင္းေလာင္းသံမ်ား ျမည္လာေလ့ ရွိသည္။ ဒီေန႔မွ ကိုလင္းထြန္းကလည္း ဆရာႀကီးႏွင့္အတူဆရာႀကီးအိမ္ေရွ႕၌ စကားသြားထိုင္ေျပာ ေနရာမွ ျပန္မလာေသးေပ။ မလွဲၾကည္တစ္ေယာက္ ျခင္ေထာင္ထဲ၌ ကေလးႏွစ္ ေယာက္ ေဘးတြင္လွဲရင္း ေျခရင္းေလွကားႀကီးေပၚမွ ထြက္ေပၚလာေသာ ေခါင္း ေလာင္းသံေၾကာင့္ အသားမ်ား တဆတ္ဆတ္တုန္ကာေၾကာက္႐ြံ႕ေနမိသည္။
အစက မ်က္ႏွာခ်င္းဆိုင္အေဆာင္တြင္ ေနခဲ့ေသာ္လည္း ေရွ႕တစ္ပတ္ကမွ အတန္းတခ်ိဳ႕အား ထိုအေဆာင္သို႔ ေ႐ႊ႕လိုက္သည့္အတြက္ ဆရာႀကီးက သူတို႔ မိသားစုအားဤအေဆာင္၌ ေနေစခဲ့သည္။ မလဲ့ၾကည္မွာေၾကာက္တတ္၍ညတိုင္း မီးေခ်ာင္းမ်ားအားလုံးကို ဖြင့္ထားေသာ္လည္း ေလွကားႀကီးတြင္မူေမွာင္မည္းေန သည္။
ျခင္ေထာင္ပါးပါးမွတစ္ဆင့္ မည္းေမွာင္ေနေသာ ေလွကားႀကီးဆီသို႔ မလုံ မလဲျဖင့္ ၾကည့္ၾကည့္ေနမိသည္။ မလဲ့ၾကည္ ဘယ္လိုမွ အိပ္မေပ်ာ္၊ စိတ္ထဲမွလည္း ျပန္မလာေသးေသာေယာက္်ားျဖစ္သူအား အျပစ္တင္ေနမိသည္။

သူတို႔မိသားစုဒ္အေဆာင္မွာေနလာတာ ဘာလိုလိုလိုေလးလေက်ာ္လာၿပီ
ျဖစ္သည္။ လူ႔ဘဝတုန္းကလည္း စိတ္သေဘာထားျပည့္ဝသူတစ္ဦး၊ အခုလည္း မကြၽတ္လြတ္ေသးေပမဲ့ အႏၲရာယ္မျပဳဘဲအသံပဲၾကားရေသာေၾကာင့္ မလဲ့ၾကည္ တစ္ေယာက္ေၾကာက္စိတ္မ်ားေလ်ာ့ပါးကာတျဖည္းျဖည္းေနသားက်လာခဲ့သည္။
တခ်ိဳ႕ေတြဆို ကိုလင္းထြန္းတို႔ သရဲနဲ႔ တစ္မိသားစုထဲ ျဖစ္ေနၿပီလားဟူ၍ေတာင္ စေနာက္လာခဲ့ၾကသည္။
“အငယ္ေကာင္၊ထမင္းကုန္ေအာင္စားေနာ္၊ေဆာ့ပဲေဆာ့မေနနဲ႔
”ဟုတ္-ေမေမ”
မလဲ့ၾကည္မုန႔္ေရာင္းေနရင္းအငယ္ဆုံးသားေလးအားထမင္းခ်ိဳင့္လွမ္းေပး
ရင္း ေျပာလိုက္သည္။
“အစ္မ…ဒီမုန႔္ထုပ္က ဘယ္ေလာက္လဲ”
“200”
“ေရာ့-မီးမီး ထမင္းစားၿပီးမွ စားေနာ္”
“ဟုတ္ကဲ့”
“သြားေတာ့၊ ေက်ာင္းတက္ေတာ့မယ္”
ကေလးျဖစ္သူေက်ာင္းေပၚတက္သြားၿပီးေနာက္အေအးေရာင္းေသာအေဒၚ ႀကီးဆီမွအေအးတစ္ခြက္မွာကာ မျဖဴသည္ ထိုင္ခုံတစ္ခုံတြင္ဝင္ထိုင္လိုက္ၿပီး… “အစ္မ-အခုဟိုဘက္ေက်ာင္းေဆာင္မွာေနေနတာဆို”
“ဟုတ္တယ္ – ညီမ”
“ဟယ္-အစ္မတို႔မေၾကာက္ဘူးလာ။ အဲ့ဘက္မွာ သရဲရွိတယ္ေလ” “ေၾကာက္ခ်ိန္မရပါဘူး-ညီမရယ္၊တစ္ေန႔တစ္ေန႔မုန႔္ေရာင္းလိုက္ညေနဆို
အဝတ္ေတြေလွ်ာ္လိုက္နဲ႔အပိုဝင္ေငြရဖို႔အတြက္ပဲ႐ုန္းကန္ေနရတာ”
“ဪ-အစ္မေျပာမွပဲညီမ သတိရတယ္၊ ဟိုေန႔က ခရီးထြက္လိုက္တာ အိမ္မွာေလွ်ာ္ဖို႔အဝတ္ေတြပုံေနတယ္။အဲဒါ ဒီေန႔ ယူလာမလို႔ ေမ့သြားတယ္” “အစ္မက ေက်ာင္းဆင္းခ်ိန္အထိ ဒီမွာရွိေနတာပဲ”
“အဲဒါဆိုကေလးေက်ာင္းႀကိဳမွယူလာခဲ့မယ္၊အခုေတာ့လမ္းထိပ္မွာဘုရား
ပန္းဝယ္ဖို႔သြားလိုက္ဦးမယ္”

“ေအး-ေအး-ညီမေလး” ၉၆၊ ၉၇၊ ၉၈၊ ၉၉၊ ၁ဝဝ တူၿပီလား”
“တူေသးဘူး”
ေက်ာင္းဆင္းၿပီးေနာက္ ကိုလင္းထြန္းကေလးႏွစ္ေယာက္တူတူပုန္းတန္း
ကစားေနၾကသည္။
“တူၿပီလား”
“မတူေသးဘူး”
အငယ္ေလးသည္ပုန္းဖို႔ေနရာရွာေနဆဲျဖစ္သည္။ေအာက္ထပ္ကေနရာမ်ား
သည္အစ္ကိုျဖစ္သူ
သိၿပီးသားေနရာမ်ားျဖစ္သည္။
ထို႔ေၾကာင့္ အစ္ကို သူ႔အား အလြယ္တကူ ရွာမေတြ႕ ႏိုင္ရန္ အေပၚထပ္သို႔ တက္လာခဲ့သည္။ အေပၚထပ္သို႔ ေရာက္လာၿပီးေနာက္ ေျခာက္တန္းအခန္းထဲသို႔ ဝင္ၿပီး စာေရးခုံမ်ားေအာက္တြင္ ဝင္ပုန္းေနလိုက္သည္။
“တူၿပီလား”
ညီေလး၏ ျပန္ထူးသံကို မၾကားရေသာေၾကာင့္ အစ္ကိုသည္ ညီေလးအား စတင္ရွာေတာ့သည္။ ညီျဖစ္သူ ပုန္းတတ္သည့္ ေနရာမ်ားအား လိုက္ရွာသည္။ ရွာ မေတြ႕၊အခ်ိန္လည္းေတာ္ေတာ္ၾကာေနၿပီျဖစ္သည္။ေအာက္ထပ္တစ္ထပ္လုံးတြင္
ညီျဖစ္သူ၏အရိပ္အေယာင္ကိုမေတြ႕ရ။
“ညီေလး- မင္းဘယ္မွာလဲ၊ထြက္လာေတာ့”
“ညီေလးေရ-ညီေလး”
ထိုအခါမွညီျဖစ္သူက ေလွကားေပၚမွဆင္းလာသည္။ “ညီေလးမင္းကိုအေပၚမတက္ရဘူးလို႔ေမေမမွာထားတယ္ေလ” “ဟီး – ဟီး-ကိုကို သားကို မရွာႏိုင္ဘူး မဟုတ္လား” “ရယ္မေနနဲ႔- ျမန္ျမန္ဆင္းလာ၊ေမေမေတြ႕ရင္ အဆူခံထိေနဦးမယ္” အငယ္ေလးသည္အစ္ကို႔စကားေၾကာင့္ေလွကားမွျမန္ျမန္ဆင္းလာသည္။
ေအာက္သို႔ ေရာက္ခါနီးတြင္ ေလွကားေအာက္၌ရပ္ေနေသာအစ္ကိုကညီေလး၏
အေနာက္တြင္ကပ္ပါလာေသာလူႀကီးတစ္ေယာက္ကိုျမင္လိုက္ရသည္။ထိုလူႀကီး

၏ မ်က္ႏွာမွာ ျပားကပ္ေနၿပီး မ်က္ႏွာႏွင့္ ခႏၶာကိုယ္တြင္ ေသြးမ်ားျဖင့္ ေပက်ံေန
သည္။
“ညီေလး… မင္းအေနာက္မွာ”
ညီေလးသည္အေနာက္သို႔လွည့္ၾကည့္လိုက္သည္။ျမင္လိုက္ရေသာထိုလူ ႀကီး၏ပုံစံေၾကာင့္ေၾကာက္လန႔္တၾကားျဖင့္အသံကုန္ေအာ္ကာေလွကားေပၚမွျပဳတ္
က်သြားေလေတာ့သည္။

“ဟီး-ဟီး-ဟီး ́
အစ္ကိုလည္း ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္ေနစဥ္အေမသည္ ေက်ာင္းထဲ
သို႔ဝင္လာသည္။
ရွာသည္။
“ဟဲ့- ဟဲ့- နင္တို႔ေတြ ဘာျဖစ္ၾကတာတုံး”
“ဟိုလူႀကီး- ဟိုလူႀကီးကို သားေၾကာက္တယ္၊ ဟီး-ဟီး” အငယ္ဆုံးေလးသည္အေမျဖစ္သူအားဖက္ငိုကာေခါင္းမေဖာ္ရဲဘဲေျပာေန
“အႀကီးေကာင္- နင့္ညီ ဘာကိုေျပာေနတာလဲ”
“ေစာေစာက ေလွကားေပၚမွာလူႀကီးတစ္ေယာက္၊ မ်က္ႏွာက ျပားကပ္ၿပီး
တစ္ကိုယ္လုံး ေသြးေတြနဲ႔ ေမေမဝင္လာေတာ့ေပ်ာက္သြားတာ”
ျပစမ္း”
“အငယ္ေကာင္က ဘာျဖစ္လို႔ ဒီမွာလဲက်ေနတာတုန္း။ ငါ့ကို ေသခ်ာေျပာ
အႀကီးေလးသည္အဆူခံရမည္စိုး၍အစကေသခ်ာမေျပာေသာ္လည္းအေမ က ေမးလာေသာေၾကာင့္ ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္သည္။
“နင္တို႔ေတြေလ-ငါအေပၚထပ္ကို မတက္ပါနဲ႔လို႔ ေသခ်ာမွာထားရဲ႕နဲ႔၊ တိတ္-တိတ္-ငါအဝတ္သြားေလွ်ာ္ရဦးမယ္။ အႀကီးေကာင္ – ႏွင့္အေဖ ဆရာႀကီး အိမ္မွာရွိတယ္။ အငယ္ေကာင္ကိုပါေခၚသြား”
“ဟီး-ဟီး”

“ဒီေကာင္ေလးေတာ့ တိတ္ပါဆို၊ မဘိတ္ရင္ ခုနကလူႀကီး နင့္ဆီ လာလိမ့္
မယ္ေနာ္”
အငယ္ေလးအား အငိုတိတ္ေစရန္ ေျခာက္လွန႔္ၿပီးေနာက္ ကေလးႏွစ္ ေယာက္ကို မလဲ့ၾကည္ကိုယ္တိုင္ ဆရာႀကီးအိမ္သို႔ သြားပို႔လိုက္သည္။
ကိုလင္းထြန္းတစ္ေယာက္ သတင္းစာထိုင္ဖတ္ေနသည္။ ဒီေန႔က ပိတ္ရက္ ျဖစ္၍ မလဲ့ၾကည္သည္ မနက္ထဲကပင္ သူမ်ားအိမ္မ်ား၌ အဝတ္သြားေလွ်ာ္သည္။ ဒီလိုေန႔မ်ိဳးဆို ေန႔လယ္စာကိုကိုလင္းထြန္းတို႔ သားအဖသုံးေယာက္ႀကဳံသလိုစား
သည္၊ညေနဘက္မလဲ့ၾကည္ေရးတစ္ခါတည္းဝင္ၿပီးျပန္လာမွစားခ်င္တာေလးမ်ား
ခ်က္စားသည္။
“ကိုလင္းေရ-ကြၽန္မျပန္လာၿပီ၊ ျခင္းေတာင္းလာဆြဲေပးပါဦး”
မိန္းမ၏အသံေၾကာင့္ ဖတ္ေနေသာသတင္းစာကိုခ်ကာ ဆြဲျခင္းေတာင္းကို သြားသယ္ေပးလိုက္သည္။ မလဲ့ၾကည္လည္းဆိုက္ကားခရွင္းၿပီးေနာက္အထဲသို႔ဝင္ လာသည္၊
“မင္းတို႔တစ္ေတြ ဒီရက္ပိုင္းၿငိမ္ေနၾကပါလား” “ၿငိမ္မွာေပါ့- ဟိုေန႔ကေလ”
ကိုလင္းထြန္းက ျခင္းေတာင္းခ်ရင္၊ အိပ္ရာေပၚ၌ ပုံဆြဲေနေသာ သားႏွစ္ ေယာက္အား ေမးလိုက္သည္ကို မလွဲၾကည္က ႐ုတ္တရက္ စကားထြက္သြားသည္။ “ဟိုေန႔က ဘာျဖစ္လို႔တုံး။ ဆက္ေျပာေလ”
မလဲ့ၾကည္သည္ ကိုလင္းထြန္းအား မေျပာရန္ စဥ္းစားထားေသာ္လည္း စကားထြက္သြားသျဖင့္ ကေလးနစ္ေယာက္ ေတြ႕ ခဲ့ရသည့္ကိစၥကို ေျပာျပလိုက္ သည္။
“ေတာက္…ေခြးသရဲ၊မင္းကမ်ားရာရာစစငါ့ကေလးေတြကိုေျခာက္ရဲတယ္၊ မင္းဟာမင္း ေနစရာမရွိလို႔ ေက်ာင္းမွာကပ္ေနတာ ေအးေဆးေန။ အခု ဒါက ငါတို႔ ေနရာျဖစ္ေနၿပီ၊ သရဲကမ်ား သရဲပါးဝလို႔၊ ျပစမ္းပါ ငါတို႔လူႀကီးေတြကို ကိုယ္ထင္ျပ၊ ဘာမွမသိေသးတဲ့ကေလးေတြကိုပဲၿဖဲေျခာက္မေနနဲ႔
တယ္ရွင့္
“အို – ကိုလင္းကလည္း ဘာလို႔ ဒီလိုေတြေျပာေနတာလဲ၊ ကြၽန္မ ေၾကာက္

လာတာ”
တာ
“ေၾကာက္ေနေၾကာက္ေနမင္းတို႔ေၾကာက္ေနလို႔လည္း သရဲကပိုေျခာက္
“ေတာ္ေတာ့- ကိုလင္း၊ ရွင္ဟာေလ – ဒါေၾကာင့္ ရွင့္ကို ဘာမွမေျပာျပခ်င္
“ေတာက္”
ထိုေန႔မွစ၍ညဘက္ေတြဆိုေခါင္းေလာင္းသံကိုမၾကားရေတာ့။မလဲ့ၾကည္
လည္း ညဘက္ေတြ
ေခါင္းေလာင္းသံမၾကားရေတာ့ေသာေၾကာင့္ စိတ္ထဲ၌ ပိုမို
ေအးခ်မ္းကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ပိုအိပ္ႏိုင္ခဲ့သည္။
တစ္ညေတာ့ …
သံပန္းတံခါးသံေၾကာင့္သူမႏိုးလာခဲ့သည္။ကိုလင္းထြန္းကခုထိအိပ္ရာထဲ
တြင္မရွိေသ။
“ကိုလင္း အခုမွျပန္လာတာထင္တယ္”
သူမစိတ္ထဲ ဤသို႔ ထင္လိုက္မိသည္။ ေက်ာင္းဝသံပန္းတံခါးဆီသို႔လည္း အာ႐ုံစိုက္ၿပီးၾကည့္လိုက္သည္။ တံခါးမွာပိတ္ထားသည္။လူတစ္ဦးတစ္ေယာက္၏ အရိပ္အေယာင္ကိုလည္း မေတြ႕ရ၊ သူမ ေဝခြဲမရျဖစ္သြားသည္။ စိတ္ထဲတြင္လည္း တစ္မ်ိဳးႀကီးခံစားလာရကာေၾကာက္စိတ္ေလးမ်ားႏိုးထလာခဲ့သည္။ f
“ငါဘာေတြေတြးေနမိတာလဲ၊ကိုလင္းလည္းရွိတာမဟုတ္၊ငါေၾကာက္ေနလို႔
မျဖစ္ပါဘူး”
သူမစိတ္ကိုသူမျပန္ထိန္းလိုက္ရင္၊အိပ္ေမာက်ေနေသာကေလးႏွစ္ေယာက္ ကို ဖက္ထားလိုက္သည္၊ ကိုလင္းထြန္းမွာမူ ေက်ာင္းနားက သေဘၤာသား ကိုႏိုင္ဦး။ သူငယ္ခ်င္းျဖစ္သူ ကိုစိုးသိန္းတို႔ႏွင့္အတူတူ စကားေျပာစားေသာက္ရင္းကိုႏိုင္ဦး အိမ္ေရွ႕တြင္ပင္ ပက္လက္ကုလားထိုင္ေပၚ၌ အိပ္ေပ်ာ္ေနသည္။
မလဲ့ၾကည္ခ်မ္းစိမ့္စိမ့္ျဖစ္လာသည္၊ဟိုလွည့္ဒီလွည့္ႏွင့္အၾကည့္ကေျခရင္း
ဘက္တြင္ရွိေသာ ေလွကားႀကီးဆီသို႔ ေရာက္သြားသည္။ ေမွာင္မည္းေနေသာေလွ

ကားႀကီးမွ သူမအၾကည့္မ်ား ခြာမရ၊ ေခါင္းေမြးမ်ားလည္း ေထာင္ပြလာသလို ခံစား လာရသည္။ အေမွာင္ထဲသို႔ မ်က္ေတာင္မခတ္ဘဲ စိုက္ၾကည့္ေနမိခ်ိန္တြင္ အေပၚ ထပ္မွေအာက္သို႔ဆင္းလာေသာခပ္ေရးေရးလႈပုံသဏၭာန္ကိုျမင္လိုက္ရသည္။ သူမ လည္း မ်က္ေမွာင္ၾကဳတ္၍ ေသခ်ာၾကည့္လိုက္ရာ ထိုပုံသဏၭာန္မွာကိုစိုးသိန္းႏွင့္ ေတာ္ေတာ္တူလွသည္။ကိုစိုးသိန္းမွာ ကိုလင္းထြန္းႏွင့္ စကားေျပာေဖာ္ေျပာဖက္ ေသာက္ေဖာ္ေသာက္ဖက္ျဖစ္သည္။ သူမသည္ေအာက္ထပ္၌ သူမႏွင့္ကေလးႏွစ္ ေယာက္သာ ရွိသျဖင့္ ကိုစိုးသိန္းသည္ မသင့္ေလ်ာ္၍ အေပၚထပ္ရွိ အိမ္သာတြင္ အေပါ့အပါးသြားကာျပန္ဆင္းလာသည္ဟူ၍သာ ေတြးလိုက္မိသည္။ ကိုစိုးသိန္း၌ ေသာ့မရွိတာနဲ႔ အေမွာင္ထဲမွာ သာမန္လူတစ္ေယာက္ ဓာတ္မီးမပါ အလင္းေရာင္ မရွိျဖင့္ ဆင္းလာ ႏိုင္မည္မဟုတ္ကို သူမစဥ္းစားရန္ေမ့ေနခဲ့သည္။
ကိုစိုးသိန္းအား ေတြ႕ရ၍ မလဲ့ၾကည္ အားတက္သြားမိသည္မွာအမွန္ေပ။ ထို႔ေၾကာင့္လည္းအိပ္ရာေပၚမွဆင္း၍ ေလွကားရင္းသို႔သြားကာ…. “ကိုစိုးသိန္း- ကိုလင္းေရာ ဟိုမွာပဲအိပ္ေပ်ာ္ေနၿပီလား”
ဟု ေမးလိုက္သည္။ သူမ၏အေမးကိုျပန္မေျဖေသာေၾကာင့္ သူမ သံသယ ဝင္လာသည္။ ထိုအခ်ိန္တြင္ပင္ လူပုံသဏၭာန္သည္ ေလွကားအလယ္၌ ရပ္သြား သည္။ထပ္ဆင္းမလာ။
“ကိုစိုးသိန္။အဲ့မွာ ဘာရပ္လုပ္ေနတာလဲ၊ ဆင္းလာခဲ့ေလ” “ေဒါင္-ေဒါင္-ေဒါင္”
ေခါင္းေလာင္းသံႀကီး ထြက္ေပၚလာသည္။ သူမ ေခါင္းနားပန္းမ်ားႀကီးသြား သည္၊ မ်က္စိကိုပြတ္သပ္ၿပီးေသခ်ာၾကည့္လိုက္ရာေလွကားေပၚ၌ျဖဴျဖဴႀကီးရပ္ေန သည္ကိုေတြ႕လိုက္ရသည္။ထိုျဖဴျဖဴႀကီးသည္ေခါင္းေလာင္းထိုးၿပီးေနာက္ေလွကား ေပၚသို႔ျပန္တက္သြားကာ သူမ၏ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္။
မလဲ့ၾကည္ ကတုန္ကယင္ျဖင့္အေနာက္သံပန္းတံခါးသို႔ၾကည့္လိုက္သည္။ တံခါးမွာေသာ့ခတ္ထားသည္။ေစာေစာကၾကားခဲ့ေသာတံခါးသံမွာလည္းတကယ္ မဟုတ္ေၾကာင္းသူမေကာင္းေကာင္းသေဘာေပါက္သြားသည္။သူမဒီမွာဆက္မေန
ရဲေတာ့။ အိပ္ေနေသာ ကေလးႏွစ္ေယာက္ကိုႏႈိးကာထိုအေဆာင္မွ ျမန္ျမန္ထြက္ လာခဲ့ေလေတာ့သည္။

ကိုလင္းထြန္းမွာမူ အပူအပင္မရွိ၊ ကုလားထိုင္ေပၚ၌ တခူးခူ၊ တေခါေခါျဖင့္ အိပ္ေပ်ာ္ေနသည္။
“ကိုလင္း- ထထ – ထစမ္းပါေတာ္”
မလဲ့ၾကည္ ကိုလင္းထြန္းအား ႐ိုက္ပုတ္၍ ႏႈိးလိုက္သည္။
“ဟာ- မိန္းမ၊ ဒီအခ်ိန္ႀကီး မင္း ဘာလာလုပ္တာလဲ၊ သြား-သြား-ကေလး ေတြနဲ႔ ေက်ာင္းထဲမွာ သြားျပန္အိပ္”
“ကိုလင္းထြန္း- ရွင္ကေတာ့ဒီမွာမူးၿပီးအိပ္ေန၊ကြၽန္မကေတာ့ေက်ာင္းထဲမွာ သရဲေျခာက္ခံလိုက္ရၿပီ၊ကြၽန္မ မေနရဲေတာ့ဘူး။အေမ့ဆီပဲ ျပန္ေတာ့မယ္” မနက္ေရာက္ေသာအခါမလဲ့ၾကည္ကေလးႏွစ္ေယာက္ႏွင့္ဒလသို႔ျပန္သြား
သည္။
ေနာက္တစ္ႏွစ္ ေက်ာင္းဖြင့္ခ်ိန္တြင္ မလဲ့ၾကည္ ေက်ာင္းသို႔ ျပန္ေရာက္လာ သည္။ သို႔ေသာ္ ေက်ာင္းတြင္ေတာ့ မေနေတာ့၊ မနက္ႏွင့္ ေန႔လယ္ပိုင္းသာ ေဈး ေရာင္းၿပီးကေလးမ်ားေက်ာင္းလႊတ္လွ်င္တစ္ဖက္ကမ္းရွိအိမ္ကိုသာျပန္သည္။ ယခုဆို ကိုလင္းထြန္းလည္း တျခားေက်ာင္းသို႔ ေျပာင္းခဲ့ၿပီျဖစ္သည္။ သူ ေက်ာင္းေစာင့္လုပ္ခဲ့ေသာ ၿမိဳ႕ထဲကေက်ာင္း၌ ေနာက္ေရာက္လာေသာ ေက်ာင္း ေစာင့္မ်ားမွာသိပ္မၿမဲၾကဟုၾကားရသည္။လက္ရွိေက်ာင္းေစာင့္လည္းဘယ္ေလာက္ ထိခံဦးမည္မသိ၊ေက်ာင္းေစာင့္ေတြတစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းသြားေသာ္
လည္း မေျပာင္းဘဲ ဆက္လက္တာဝန္ထမ္းေနေသာ ေက်ာင္းေစာင့္မွာ ဦးျမတင္ ျဖစ္သည္။အဘယ္ေၾကာင့္ဆိုေသာ္ယေန႔ထက္တိုင္လူမတီးသည့္ ေခါင္းေလာင္း သံႀကီးမွာေန႔စဥ္မွန္မွန္ထြက္ေပၚေနေသာေၾကာင့္ျဖစ္ေပသည္။