မြွေဝင်စား(စ/ဆုံး)

Unicode Version

မြွေဝင်စား(စ/ဆုံး)
———————–
””’ရေပူချောင်းထဲမှာမြွေကြီးတွေရောက်နေပြီဟေ့”””
”’ ‘မြွေကြီးတွေရေသောက်ဆင်းလာပြီကွ””
””မြွေကြီးတွေရေပူချောင်းထဲလာနေတယ်ကွ””’
”’မြွေတွေလာပြီဟေ့””’
ရွာထဲကကလေးများအော်သံကြောင့်ရွာထဲရှိသမျှကလေးများချောင်းထဲသိုအပြေးအလွှားသွားကြလေသည်။
ခွန်လူတစ်ယောက်လည်းစားနေသောထမင်းကိုကမန်းကတန်းစားကာအိမ်ပေါ်မှပြေးဆင်းရာ
ခွန်လူအမေကမီးဖိုချောင်မှလှမ်းအော်ရင်းကျန်နေရစ်ခဲ့သည်။

”’ဟဲ့–ဟဲ့—ဘယ်သွားမှာလဲထမင်းရောစားပြီးလို့လား——အော်ဒီကလေးမြွေသံကြားတာနဲ့——ထမင်းမေ့ဟင်းမေ့ပါလားးးးးးခက်တော့တာပဲ””’
ခွန်လူကသူ့အမေစကားသံမကြားတော့ထမင်းပန်ကန်ထားခဲ့ပြီးအပြေးအလွှားထွက်သွားရာခြံဝပင်ရောက်နေပြီဖြစ်သည်။

မကြာခင်အချိန်တွင်ရွာအနောက်ရေပူချောင်းထဲတပွမ်းပွမ်းဖြင့်ရေကစားသံများ
”’ဝုန်း—-ဗွမ်းဗွမ်း””’
””’ဟေးးးးးး””
””’ဟေးဒီဘက်လာကြလေ””
ရွာထဲကကလေးများညာသံပေး၍အော်ဟစ်ဆော့ကစားနေသံများရွာရိုးတစ်လျှောက်ဆူညံစွာဖုံးလွမ်း၍နေသည်။
၍အဖြစ်သည်အထူးအဆန်းတော့မဟုတ်ပါမကြာခဏဆိုသလိုဖြစ်တတ်သဖြင့်ရွာသားများအဖို့ရိုးနေပြီဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်းကလွမ်းမောဖွယ်ရှမ်းတောင်တန်းကြားကရွာတစ်ရွာတွင်မြွေဝင်စားသော
ကလေးတစ်ယောက်ရှိလေသည်သူ့နံမည်ကခွန်လူဟုခေါ်ကြသည်။

ထူးခြားဆန်ပြားသည်ကထိုကလေးကျောတွင်မြွေတစ်ကောင်ပါးပျဉ်းထောင်နေသည့်အတိုင်း
အမှတ်လိုလိုအရာလိုလိုနှင့်ထင်ရှားစွာပါလားခြင်းဖြစ်သည်။
ရွာထဲကလူအများကတော့ဒီကလေးသည်မြွေဝင်စားလေးဖြစ်မည်ဟုတထစ်ချယုံကြည်ကြသည်။

ခွန်လူ့အမေကလဲခွန်လူကိုယ်ဝန်ရှိစကပင်မြွေကြီးများကိုအိမ်မက်မကြာခဏမက်၍နေသည်ဟုပြောပြ၏

တစ်ခါသော်သူမအိမ်မက်ထဲတွင်သူမတို့ရွာအနောက်ကရေပူချောင်းနောက်ဘက်တောင်ပေါ်မှအလွန်ကြီးမားသောမြွေကြီးတစ်ကောင်းသည်ဆင်း၍လာကာသူမတို့အိမ်သို့တရွ့ရွှွေ့ဦးတည်လာနေသည်ကိုမြင်နေရက၏

ကြည့်နေရင်းသူမတို့အိမ်ထဲဝင်လာ၍သူမတို့လင်မယားအိပ်နေသောအလယ်သို့ဝင်၍ခွေလိုက်ရာမြွေခွေနေပုံသည်အင်္ဂလိပ်ဂဏန်း9ပုံစံဖြစ်နေသည်ဟုမြင်၏မြွေကြောက်တတ်သောသူမလဲအလန့်တကြားထအော်လိုက်ကာအိမ်မက်ကလန့်နိုး၍သွားသည်။

ခွန်လူကိုမွေးပြီးတစ်နေ့တွင်ခွန်လူ့အမေသည်အိမ်ရှေ့ခန်းတွင်ကလေးနို့တိုက်နေရင်းမှေးကနဲအိပ်ပျော်သွားရာအိမ်မက်လိုလိုအပြင်မှာတကယ်ဖြစ်နေသလိုလိုမြင်နေရသည်က

ခွန်လူသည်အိမ်အလယ်တွင်ခြင်ထောင်ကလေတစ်လုံးနှင့်အိပ်နေ၏အလွန်တရာထူးဆန်းသည်ကခြင်ထောင်လေးဘက်လေးတန်တွင်ခြင်ထောင်ကြိုးများအဖြစ်မြွေကြီးလေးကောင်ကသွယ်တန်းပေးထားကာအိမ်တိုင်များကိုရစ်ပတ်ပေးထားသည်ကိုမြင်ရ၏

ခွန်လူအမေလဲသူ့သားကလေးကိုစိုးရိမ်သွားသဖြင့်ခြင်ထောင်ထဲမှခေါ်ရန်ခြင်ထောင်ကိုမလိုက်သည့်အခါခြင်ထောင်ထဲတွင်ခွန်လူအစားကြီးမားသောမြွေတစ်ကောင်ကိုမြင်ရသဖြင့်အထိတ်တလြန့်ဖင့့််လန့်နိုးသွား၍ကြည့်လိုက်ရာခွန်လူကလေးအိပ်မောကျနေသည်ကိုမြင်လိုက်ရမှစိတ်အေးသွား၏

ခွန်လူတို့အရပ်သည်တောင်တွေပတ်လည်ဝိုင်းနေသဖြင့်မြွေပေါသောအရပ်ဖြစ်သည်ခွန်လူ့အမေကလည်းမြွေအလွန်ကြောက်ပေသည်။

ခွန်လူကလေးကိုမွေးပြီးမှောက်၍သွားတတ်သောအရွယ်တွင်တစ်ခြားကလေးများနှင့်မတူပဲ
မြွေတစ်ကောင်လိုတွန့်လိမ်တွန့်လိမ်ဖြင်ဝမ်းယားမှောက်လျှက်သွားသည်မှာအလွန်မြန်သည်ကို

အံ့သြဘနန်းမြင်ကြရလေသည်လူကြီးများကအလစ်မပေးရဲအောင်ပင်ဖြစ်သည်ခွန်လူသည်အခြားကလေးများနှင့်မတူပဲတစ်မူထူးခြားနေသည်ဆိုတာငြင်း၍မရပေ

နဲနဲလေးကြီးပြီးလမ်းရှောက်တတ်သည့်အရွယ်ရောက်သည့်အခါမြွေမြင်ပါကခုန်ပေါက်ကာ
လက်ခုတ်လက်ဝါးတီးကာအလွန်ပျော်ရွင်နေတတ်သည်။
ကျောင်းစနေသည့်အရွယ်မှာတော့မြွေမြင်လျှင်မြွေအမှီးအားပြေး၍ဆွဲတတ်လေသည်။

အခုဆိုလျှင်၈နှစ်သားအရွယ်ရောက်ပြီလူကြီးများကြောက်၍မဖမ်းရဲသောအဆိပ်ပျင်းသည့်မြွေများတွေ့ပါက
သူကမကြောက်မလန့့်ကျွမ်းကျငိစွာဖမ်းပြတတ်လေသည်။
မိဘများကမြွေပေါက်မည်စိုးရိမ်သဖြင့်တားနေသည့်ကြားကမိဘများအလစ်တွင်သူ့လက်ထဲမြွေတစ်ကောင်ရောက်နေပြီဖြစ်သည်။

သို့ပေမဲ့မြွေများကသူ့အားမပေါက်သည့်အပြင်သူ့လက်ထဲတွင်ကစားစရာအရုပ်သဖွယ်ဖြစ်၍နေသည်။
ခွန်လူကလေးနေသောရွာနောက်ဘက်တွင်တစ်သွင်သွင်စီးနေသောစမ်းချောင်းကလေးရှိရာ
ထိုစမ်းချောင်ကလေးသည်သဘာဝရေပူများသာစီးဆင်းနေသောကြောငိ့

အေးချမ်းသောဒေသနှင့်အံ့ဝင်ခွင်ကျဖြစ်ကာကလေးလူကြီးထိုရေပူချောင်းထဲရေစိမ်နေလေ့ရှိကြသည်။
မြို့ကလာသည့်ဧည့်သည်များအတွက်တော့သဘာဝရေပူစမ်းဟုသတ်မှတ်ကာထိုရေကိုစိမ်ရင်းဖြင့်ကျမ်းမာရေးကောင်းသည်ဟုယူဆကြသည်။

်ညောင်းညာကိုက်ခဲသည့်အရာများလည်းပြေပျောက်သည်ဖြစ်၍တစ်ချို့ရောဂါများပင်ပျောက်ကင်းစေသည်ဟုသိရကာတစ်ကူးတကလာစိမ်ကြသူများပင်ရှိပါသည်။

တောတောင်ရေမြေကြားမှစီးဆင်းလာသောဘဘာဝဆေးဘက်ဝင်သည့်ရေဟုဆိုရမည်ပင်ဖြစ်ပါသည်မြေပြန့်ဒေသများမှလွဲ၍တောင်ပေါ်ဒေသများရှိနေရာအတော်များများ၌သဘာဝရေပူစမ်းများကိုတွေ့ရှိနိုင်ပါသည်

စီးပွားရေးသမားများအနေဖြင့်ရေပူစမ်းထွက်ရာဒေသများတွင်ရေကန်များဖြင့်သွယ်၍အခကြေးငွေယူကာချိူ းစေသောနံမည်ကြီးရေပူစမ်းများလဲရှိနေပေရာအမြဲမပြတ်လူစည်ကားလျှက်ရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။

ခွန်လူတို့ရွာကလေးကတော့ကံကောင်းသည်ဟုဆိုရမည်ပင်တရွာလုံးပတ်၍စီးဆင်းနေသောသဘာဝရေပူများကိုသာအဓိထားသုံးစွဲကြရပေသည်။ရေတွင်းတူး၍ရပေမဲ့ထုံးဓတ်များပါနေသဖြင့်သဘာဝရေလောက်တော့မကောင်းပေ

သဘာဝတရားကြီးသည်အလွန်ပင်ထူးဆန်းလေသည်ထိုရေပူများသည်ဆယ့်နှစ်ရာသီပတ်လုံးရေပူများသာစီးဆင်း
နေခြင်းဖြစ်ကာအငွေ့တစ်ထောင်းထောင်းပင်ထွက်လျှက်ရှိကာလူတွေရေစိမ်နိုင်သောအပူဖြစ်သည်။

ထိုစမ်းချောင်းနောက်တွင်တော့တောင်တစ်တောင်ရှိနေသည်ထိုတောင်ခြေမှမြစ်ဖျားခံစီးဆင်းလာခြင်းဖြစ်သည်။
အလွန်ထူးဆန်းသည်ကထိုတောင်ပေါ်မှအလွန်ပင်ကြီးမားသောစပါးကြီးမြွေကြီ်းများသည်။

ထိုရေပူချောင်းထဲသို့မကြာခဏရေဆင်းသောက်လိုက်ရေစိမ်လိုက်ဖြင့်နေတတ်သည်။

ထိုမြွေကြီးများသည်လေးကောင်ရှိကာမြွေကြီးလေးကောင်စလုံးကစပါးကြီးမြွေအမျိူ းအစားဖြစ်ကာသစ်ပင်အလတ်စားအရွယ်လောက်လုံးပတ်ရှိကာတကောင်နှင့်တစ်ကောင်အရွယ်အစားကမတိမ်းမယိမ်းပင်ရှိသည်။

ထိုမြွေကြီးများရွာကလူများကိုဘာအန္တရယ်မှမပေးပါရွာကလူများကလည်းထိုမြွေကြီးများအားဘေးမဲ့ပေးထားကြသည်။ဘေးမဲ့ပေးထားရသည့်အကြောင်းကလဲများစွာရှိနေသည်ဘေးမဲ့ပေးထားတာထက်မြွေကြီးများအားအန္တရယ်မပေးရဲတာဟုဆိုလျှင်ပို၍မှန်မည်ဖြစ်သည်။

ထိုမြွေကြီးများအားအန္တရယ်မပေးရန်အတွက်ရွာထဲကလူအတော်များများအားအိမ်မက်ပေးထားသည်ဟုဆိုသည်။
ထိုမြွေကြီးများလာပါကရွာကကလေးများနှင့်ချောင်းထဲတွင်ရေဆော့ရင်းမြွေကြီးများနှင့်ကစားနေကြသည်မှာ

ဆူညံ၍နေလေသည်ထိုမြွေကြီးများကလည်းကလေးများဘာလုပ်လုပ်ငြိမ်၍နေတတ်လေသည်။
ထိုကလေးများထဲအပျော်ဆုံးကတော့ခွန်လူဖြစ်သည်ခွန်လူကမြွေပေါ်တက်ထိုင်လိုက်
မြွေများနှင့်နပန်းလုံးလိုက်မြွေများကြားမြူးထူးခုန်ပေါက်နေရာမိဘများကအတင်းပင်လာခေါ်ယူရလေသည်။

အများကမှတ်ချက်ပေးနေကြသည်ကခွန်လူနှင့်ဒီမြွေကြီးများတစ်နည်းနည်းနှင့်ပတ်သတ်နေမည်ဟုယူဆကြသည်။
ထိုမြွေကြီးများသည်တစ်ခါတစ်ရံရွာလယ်ကကားသွားသောတာလမ်းမကြီးပေါ်ရောက်နေသည့်အခါဆိုင်ကယ်များကား
များစက်ဘီးများကမြွေကြီးများကိုလွတ်ရာရှေင်သွားကြသည်

မြွေကြီးများလမ်းဖြတ်ကူးသည့်အခါတွင်လည်းလွတ်သည်အထိစောင့်ပြီးရပ်တန့်ကာသွားကြသည်။ခွန်လူတို့ရွာကလေးသည်တောင်ပေါ်မြို့များသို့သွားရန်အတွက်ဖြတ်လမ်းအဖြစ်လမ်းဖောက်ထားသည်

တောင်ကြားလမ်းဘေးတွင်ရှိသည်ထိုနယ်တကျောတွင်သွားလာနေသောကားသမားများအဖို့ထိုမြွေကြီးများကိုမြင်နေရသည်မှာရိုးနေပြီဖြစ်ကာမြွေကြီးများရာဇဝင်လဲသိထားကြသည့်အတွက်ထိုရွာနားရောက်ပါကသတိထားမောင်းကြသည်

တစ်ခါတစ်ရံမြွေကြီးများသည်လမ်းလယ်တွင်မဖယ်ပဲနေသည့်အခါများလဲရှိနေရာရွာထဲကလူများစုကာမြွေကြီးများအားဝိုင်းမကာတောင်ခြေကရေပူချောင်းထဲပြန်လွှတ်ပေးကြလေသည်။

ပါစပ်ရာဇဝင်အရထိုမြွေကြီးများနေသောတောင်ပေါ်သို့ရွာသားတစ်ယောက်ရောက်သွားရာ
ဝတ်ဖြူစင်ကြယ်ဝတ်ထားသည့်အဖိုးကြီးတစ်ဦးကိုထူးဆန်းစွာတွေ့ရသည်ဟုဆိုသည်။

ထိုအဖိုးကြီးကသူ့အားအသိပေးသလိုလိုနှင့်ဆန်းကြယ်သောစကားကိုဆိုသည်။
”’လူကလေးမင်းကဘယ်ရွာကလဲ””
”””’ကျွန်တော်ဒီတောင်ခြေရွာကပါ””’
””အော်ဒါဆိုအဘသတိပေးစရာရှိတယ်—–မင်းတို့ရွာကရေပူချောင်းထဲရေလာလာစိမ်တဲ့မြွေကြီးတွေကို————ဘာအန္တရယ်မှမပေးပါနဲ့————-အကယ်၍အန္တရယ်ပေးပါကမင်းတို့တစ်ရွာလုံးဒုက္ခရောက်မကွဲ့——-”””
ထိုသို့ပြောပြီးထိုအဖိုးကြီးသည်တောထဲဝင်သွားကာမျက်စိရှေ့မှာပင်ပျောက်၍သွားလေသည်။

သ့ူပြောစကားအရကောရွာထဲကလူတစ်ချို့အိမ်မက်အရကောထိုမြွေကြီးများအားဘာမှမလုပ်ရဲကြပေ
———————

””အမေ—-သား—–ရန်ကုန်သွားပြီရွှေတိဂုံဘုရားဖူးချင်တယ်ဗျ—–သားကိုလိုက်ပို့ပါလား”””
တစ်နေ့တွင်ထူးထူးဆန်းဆန်းပြောလာသောခွန်လူစကားကြောင့်မိဘများအံ့သြ၍သွားကြသည်။

ခွန်လူသည်အနေအေးကာစကားနဲ၍ဘာလိုချင်သည်ညာလိုချင်သည်ဟုတစ်ခါမှမပူစာဘူးပေ
””သားကဘယ်လိုဖြစ်လို့သွားချင်တာလဲကွ””’
””’သားတို့ကျောင်းကဆရာကပြောတယ်—–မြန်မာပြည်မှာတန်ခိုးအကြီးဆုံးဘုရားကရွှေတိဂုံတဲ့———သားသွားချင်လိုက်တာ””
””’အေးလေအလုပ်အားတဲ့ရက်လိုက်ပို့တာပေါ့ကွာ””’
ထိုစကားကြောင့်ခွန်လူသည်မျက်နှာမကောင်းမှိုင်၍နေ၏မိဘများလဲခွန်လူ့စကားအားသိပ်ပြီးအလေးမထားဖြစ်ပေ

တိုက်ဆိုင်သည်ပဲပြောရမလားခွန်လူအမေဘက်ကကြီးတော်တစ်ယောက်ရန်ကုန်သွားရင်းနေမကောင်း၍ဆေးရုံတင်လိုက်ရသည်သတင်းရောက်လာ၏ထိုအခါဆွေမျိူ းအလွန်ချစ်သောသံယောစဉ်ကြီးလှသည့်

ခွန်လူအဖွားကသွားမည်ဆိုခွန်လူူတို့မိသားစုရန်ကုန်သို့လိုက်သွားကြလေသည်။ထိုခရီးတွင်အပျော်ဆုံးကခွန်လူသာဖြစ်သည်

ရန်ကုန်ရောက်၍ခွန်လူသွားဖူးချင်သောရွှေတိဂုံဘုရားသို့လူကြီးများလိုက်ပို့သဖြင့်သွား၍ဖူးကြလေသည်။

ခွန်လူပျော်နေသည်မှာတော့ပြောစရာမလိုပေဘုရားပေါ်မှမနဲပင်ပြန်ခေါ်လာရလေသည်။

ထူးထူးခြားခြားခွန်လူကလူကြီးများလိုဘုရားအားအကျအနထိုင်၍ကန်တော့ပြီးအတော်ကြာဆုတောင်းနေသည်ကိုကြည့်၍မိဘများသဘောကျနေကြသည်ခွန်လူကသူ့မုန့်ဖိုးကလေးများစုထားသည့်ငွေကိုဘုရားရွှေသင်္ကန်းကပ်ရန်လူလိုက်သေး၏

သူဘယ်တုန်းကထဲကစုထားမှန်းတောင်မိဘများမသိကြပေခွန်လူ့ကြည့်ရသည်မှာအလွန်ပီတိဖြစ်နေပုံရကာဘုရားကပြန်လာပြီးကထဲကသူအလွန်ဖူးချင်နေသောရွှေတိဂုံဘုရားအားဖူးလိုက်ရသည့်အတွက်အလွန်စိတ်ချမ်းသာနေပုံရ၏

နေမကောင်းသောကြီးတော်ကလဲကျမ်းမာရေးအရရန်ကုန်မှသမီးနှင့်နေတော့မည်ဆိုကာခွန်လူတို့မိသားစုအား
သူပိုင်သည့်ယာခင်းများကိုလုပ်စားစေသည်

ဒီလိုနဲ့ရွာပြန်ရောက်တော့ခွန်လူကသူ့မိဘများအားထူးဆန်းစွာစကားဆိုပြန်သည်။
””’ အမေ—–သား၉နှစ်ပြည့်ရင်မွေးနေ့လုပ်ပေးပါလား””
””လုပ်ပေးမှာပေါ့သားရယ်ဒီနှစ်အမေတို့ယာခင်းတွေအများကြီးလုပ်ရတော့အဆင်ပြေတယ်လေ””””’
ခွန်လူမိဘများစီးပွားရေးခါတိုင်းနှင့်မတူအတော်အဆင်ပြေလျှက်ရှိနေသည်။ယာခင်းတွေကလဲများလာတော့အလုပ်လဲများလျက်ရှိ၏

ဝင်ငွေလဲတိုးလာသည်ဟုဆိုရမည်ဖြစ်သည်။
သို့ပေမဲ့တစ်ညတွင်ခွန်လူအမေသည်ထူးဆန်းသောအိမ်မက်ကိုမက်နေသည်အိမ်မက်ထဲတွင်သူ့အိမ်ရှေ့ ၌အသုဘတခုပြုလုပ်ရန်ပြင်ဆင်နေကြသည့်အတွက်သူမကလူတစ်ယောက်အားမေးလိုက်သည်

””ဒါဘယ်သူသေလို့လဲ—-ကျွန်မလဲမသိရပါလား—ဘာဖြစ်လို့ကျွန်မတို့အိမ်ရှေ့လာလုပ်နေရတာလဲ”’ ‘

”’ ၉နှစ်သားကလေးတစ်ယောက်မကြာခင်သေမှာလေ””’
””ဟင်ဒါဆိုကျွန်မသားကလေးလဲ၉နှစ်ပြည့်တော့မယ်””’
သူမစကားကြောင့်ပြင်ဆင်နေသူများကစိတ်မကောင်းသောမျက်နှာများဖြင့်သူမအားဝိုင်းကြည့်နေကြသည်ထိုအထဲမှသူမတစ်ခါမှမမြင်ဘူးသောအဖိုးကြီးတစ်ယောက်ကဝင်၍ပြောလိုက်သည်။

””သေမှာကမြွေတစ်ကောင်ပါကလေးမရဲ့သူ့သက်တန်းကုန်ပြီလေ””’
ထိုအိမ်မက်မက်ပြီးကထဲကခွန်လူအမေသည်စိတ်တွေလေးလံနေ၏ယာခင်းထဲကအလုပ်များပစ်ကာသူမတို့အရပ်ကတောင်ပေါ်တွင်ရှိသောအကြားအမြင်ဆရာအားသားလေးဇာတာတွက်ခိုင်းရန်စိတ်ကူးမိသည်

ခွန်လူ၉နှစ်ပြည့်ရန်လဲသိပ်မလိုတော့လပိုင်းလောက်သာလိုတော့သည့်အတွက်စ်တ်ပူနေမိသည်။

ခွန်လူအမေကနောက်တနေ့တွင်အလုပ်များပစ်ကာတောင်ပေါ်ကအကြားအမြင်ဆရာအားသွားမေးရာ
””ဟာ—-နင်တို့ကလေးကအရမ်းနောက်ကျသွားပြီ—-ပြန်ဘို့ရက်နီးနေပြီသူ့သက်တန်းကဒီလောက်ပဲရှိတာငါတို့ဘာမှလုပ်ပေးလို့မရတော့ဘူး””’
””ယတရာလေးဘာလေးချေလို့မရဘူးလားဆရာ”’
””မရလောက်တော့ဘူးးးးအချိန်မရှိတော့ဘူးးး””
အကြားအမြင်ဆရာပြောလိုက်သည်ကိုခွန်လူ့အမေကမယုံသူ့သားတွင်ဘာရောဂါမှမရှိနောက်တစ်ယောက်ပြောင်းမေးမည်စိတ်ကူးကာပြန်လာ၏

အယုံအကြည်မရှိသောသှု့ယောင်္ကျားကလဲသူမပြောပြသည်ကိုလက်မခံပေခွန်လူကြည့်ရသည်မှာလဲသာမန်ပင်ဘာမှအကြောင်းမထူး၍မိဘမျက
သူတို့သားကလေးပူစာသလို9နှစ်ပြည့်မွးနေ့အလူ လုပ်ပေးမည်ဟုစဉ်စားထားကြသည်။

တစ်နေ့တွင်ခွန်လူကျောင်းကပြန်လာရင်းအိမ်ထဲပြေးဝင်ကာသူ့အမေအားဖက်ရင်း
””အမေသားခေါင်းမူးတယ်—–မူးတယ်””’
””ဟဲ့သားဘာဖြစ်လာတာလဲ—–ခွန်လူ””
ခွန်လူစကားအဆုံးလဲကျသွားရာမိဘများလဲရွာထဲကဆေးဆရာပြေးခေါ်၍ပြရာ
ဆေးဆရာရောက်ချိန်တွင်ခွန်လူအသက်မရှိတော့ပေခွန်လူမိဘများကမယုံနိုင်ပေစောစောစီးစီး
ရုတ်တစ်ရက်ခွဲခွာသွားသောခွန်လူအလောင်းအားဖက်ကာငိုလိုက်ကြသည်မှာရင်ကွဲမတတ်ခွန်လူသေတာတစ်ရွာလုံးအံ့သြမဆုံးပေ

မူးတယ်မူးတယ်ပြော၍ချက်ချင်းဆုံးသွားသောအဖြစ်သည်အလွန်ဆန်းကြယ်နေသည်မကျေနပ်၍မြို့ပေါ်ကဆရာဝန်သွားပင့်ကာပြတော့လဲအဖြေကမပြောင်းလဲ
””’ကလေးက—တကယ်အသက်မရှိတော့ပါဘူးဗျာစိတ်မကောင်းပါဘူးခင်ဗျာ”’ ‘
တိုင်ဆိုင်လိုက်ပုံများခွန်လူကလေးအသုဘချသည့်နေ့သည်ခွန်လူကိုးနှစ်တင်းတင်းပြည့်သောနေ့ပင်ဖြစ်လေသည်။

ခွန်လူ့ကျောင်းမှဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများလိုက်ပို့ကာခွန်လူ့အလောင်းအားကျောင်းမှအမိန်စာပြန်သည့်အခါကြားရသူအပေါင်းနှင့်ဆရာမများကျောင်းသားကျောင်းသူများငိုလိုက်ကြသည်မှာမြင်ရသူအပေါင်းစိတ်မချမ်းသာဖွယ်မြင်ကွင်းဖြစ်နေ၏

ခွန်လူ့အမေကဖြေမဆည်နိုင်ခွန်လူ့အလောင်းအားဖက်ကာပြောနေသံကလဲဝမ်းနည်းကြေကွဲစရာအလွန်ကောင်းနေပြန်သည်

””သားရေကိုးနှစ်ပြည့်ရင်မွေးနေ့လုပ်ပေးဆိုအခုတော့အသုဘချတဲ့နေ့ဖြစ်နေပါလားသားရယ်—-””

ခွန်လူသေပြီး၃ရက်မြောက်နေ့တွင်ခွန်လူအမေသည်အိမ်မက်မက်နေသည်။
သူမသည်ရွာအနောက်ဘက်ကမြွေကြီးများဆင်းလာသောတောင်ပေါ်သို့ရောက်သွားလေသည်။
သုမစိတ်ထဲသူမသားလေးဒီတောင်ပေါ်တွင်ရှိမည်ဟုခံစားနေရင်းအော်ခေါ်မိသည်။

”’သားးးးးရေ~ခွန်လူ~အမေ့ဆီထွက်လာခဲ့ပါသားရယ်””’
သူမကတစာစာအော်ခေါ်နေပေမဲ့ခွန်လူ့အရိပ်အရောင်မတွေ့ရဘဲဝတ်ဖြူစင်ကြယ်ဝတ်ထားသောအဖိုးကြီး
တဦးထွက်ပေါ်လာကာသုမအားဂရုနာသက်သောမျက်နှာဖြင့်ညင်သာစွာပြောလိုက်သည်။

””ကလေးမမင်းသားကလေးကဒီနေရာမှာမရှိတော့ဘူး—–သူ့ရဲ့နောက်ဆုံးဘဝပြောင်းချိန်မှာ—-ရွေတိဂုံဘုရားဖူးချင်တယ်ဆိုပြီးခွင့်တောင်းသွားခဲ့တာပါ——–အခုတော့ဘဝကူးသွားပါပြီ——-
သူ့အတွက်ရည်စူးပြီးကောင်းမှု့ကုသိုလ်တွေလုပ်ပေးလိုက်ပါ—–မင်းတို့မိသားစုပြေလည်အောင်—–နောက်ဆုံးသူလုပ်ပေးခဲ့ပါတယ်”’ ”

ထိုအဖိုးအိုပြောစကားကြားတော့ခွန်လူအမေရင်ထဲကြေကွဲခြင်းများစွာဖြင့်အိမ်မက်ကလန့်နိုးသွားလေသည်။

ခွန်လူသည်လူသားပဲဖြစ်ဖြစ်မြွေတစ်ကောင်ပဲဖြစ်ဖြစ်မခေါ်ပဲရောက်လာပြီးမနှင်ပဲထွက်သွားသည့်အဖြစ်သည်ကျန်နေရစ်သူများ၏ရင်ထဲကျေကွဲဝမ်းနည်းနေရအုံးမည့်အဖြစ်ကိုအချိန်အတော်ကြာကုစားကြရအုံးမည်ဖြစ်ပါသည်။

တိမ်လွှာမိုး

Zawgyi Version

ေႁမြဝင္စား(စ/ဆုံး)
———————–
””’ေရပူေခ်ာင္းထဲမွာေႁမြႀကီးေတြေရာက္ေနၿပီေဟ့”””
”’ ‘ေႁမြႀကီးေတြေရေသာက္ဆင္းလာၿပီကြ””
””ေႁမြႀကီးေတြေရပူေခ်ာင္းထဲလာေနတယ္ကြ””’
”’ေႁမြေတြလာၿပီေဟ့””’
႐ြာထဲကကေလးမ်ားေအာ္သံေၾကာင့္႐ြာထဲရွိသမွ်ကေလးမ်ားေခ်ာင္းထဲသိုအေျပးအလႊားသြားၾကေလသည္။
ခြန္လူတစ္ေယာက္လည္းစားေနေသာထမင္းကိုကမန္းကတန္းစားကာအိမ္ေပၚမွေျပးဆင္းရာ
ခြန္လူအေမကမီးဖိုေခ်ာင္မွလွမ္းေအာ္ရင္းက်န္ေနရစ္ခဲ့သည္။

”’ဟဲ့–ဟဲ့—ဘယ္သြားမွာလဲထမင္းေရာစားၿပီးလို႔လား——ေအာ္ဒီကေလးေႁမြသံၾကားတာနဲ႔——ထမင္းေမ့ဟင္းေမ့ပါလားးးးးးခက္ေတာ့တာပဲ””’
ခြန္လူကသူ႔အေမစကားသံမၾကားေတာ့ထမင္းပန္ကန္ထားခဲ့ၿပီးအေျပးအလႊားထြက္သြားရာၿခံဝပင္ေရာက္ေနၿပီျဖစ္သည္။

မၾကာခင္အခ်ိန္တြင္႐ြာအေနာက္ေရပူေခ်ာင္းထဲတပြမ္းပြမ္းျဖင့္ေရကစားသံမ်ား
”’ဝုန္း—-ဗြမ္းဗြမ္း””’
””’ေဟးးးးးး””
””’ေဟးဒီဘက္လာၾကေလ””
႐ြာထဲကကေလးမ်ားညာသံေပး၍ေအာ္ဟစ္ေဆာ့ကစားေနသံမ်ား႐ြာ႐ိုးတစ္ေလွ်ာက္ဆူညံစြာဖုံးလြမ္း၍ေနသည္။
၍အျဖစ္သည္အထူးအဆန္းေတာ့မဟုတ္ပါမၾကာခဏဆိုသလိုျဖစ္တတ္သျဖင့္႐ြာသားမ်ားအဖို႔႐ိုးေနၿပီျဖစ္သည္။

ရွမ္းျပည္ေတာင္ပိုင္းကလြမ္းေမာဖြယ္ရွမ္းေတာင္တန္းၾကားက႐ြာတစ္႐ြာတြင္ေႁမြဝင္စားေသာ
ကေလးတစ္ေယာက္ရွိေလသည္သူ႔နံမည္ကခြန္လူဟုေခၚၾကသည္။

ထူးျခားဆန္ျပားသည္ကထိုကေလးေက်ာတြင္ေႁမြတစ္ေကာင္ပါးပ်ဥ္းေထာင္ေနသည့္အတိုင္း
အမွတ္လိုလိုအရာလိုလိုႏွင့္ထင္ရွားစြာပါလားျခင္းျဖစ္သည္။
႐ြာထဲကလူအမ်ားကေတာ့ဒီကေလးသည္ေႁမြဝင္စားေလးျဖစ္မည္ဟုတထစ္ခ်ယုံၾကည္ၾကသည္။

ခြန္လူ႔အေမကလဲခြန္လူကိုယ္ဝန္ရွိစကပင္ေႁမြႀကီးမ်ားကိုအိမ္မက္မၾကာခဏမက္၍ေနသည္ဟုေျပာျပ၏

တစ္ခါေသာ္သူမအိမ္မက္ထဲတြင္သူမတို႔႐ြာအေနာက္ကေရပူေခ်ာင္းေနာက္ဘက္ေတာင္ေပၚမွအလြန္ႀကီးမားေသာေႁမြႀကီးတစ္ေကာင္းသည္ဆင္း၍လာကာသူမတို႔အိမ္သို႔တ႐ြ႕ေ႐ႊြ႕ဦးတည္လာေနသည္ကိုျမင္ေနရက၏

ၾကည့္ေနရင္းသူမတို႔အိမ္ထဲဝင္လာ၍သူမတို႔လင္မယားအိပ္ေနေသာအလယ္သို႔ဝင္၍ေခြလိုက္ရာေႁမြေခြေနပုံသည္အဂၤလိပ္ဂဏန္း9ပုံစံျဖစ္ေနသည္ဟုျမင္၏ေႁမြေၾကာက္တတ္ေသာသူမလဲအလန႔္တၾကားထေအာ္လိုက္ကာအိမ္မက္ကလန႔္ႏိုး၍သြားသည္။

ခြန္လူကိုေမြးၿပီးတစ္ေန႔တြင္ခြန္လူ႔အေမသည္အိမ္ေရွ႕ခန္းတြင္ကေလးႏို႔တိုက္ေနရင္းေမွးကနဲအိပ္ေပ်ာ္သြားရာအိမ္မက္လိုလိုအျပင္မွာတကယ္ျဖစ္ေနသလိုလိုျမင္ေနရသည္က

ခြန္လူသည္အိမ္အလယ္တြင္ျခင္ေထာင္ကေလတစ္လုံးႏွင့္အိပ္ေန၏အလြန္တရာထူးဆန္းသည္ကျခင္ေထာင္ေလးဘက္ေလးတန္တြင္ျခင္ေထာင္ႀကိဳးမ်ားအျဖစ္ေႁမြႀကီးေလးေကာင္ကသြယ္တန္းေပးထားကာအိမ္တိုင္မ်ားကိုရစ္ပတ္ေပးထားသည္ကိုျမင္ရ၏

ခြန္လူအေမလဲသူ႔သားကေလးကိုစိုးရိမ္သြားသျဖင့္ျခင္ေထာင္ထဲမွေခၚရန္ျခင္ေထာင္ကိုမလိုက္သည့္အခါျခင္ေထာင္ထဲတြင္ခြန္လူအစားႀကီးမားေသာေႁမြတစ္ေကာင္ကိုျမင္ရသျဖင့္အထိတ္တၾလန႔္ဖင့့္္လန႔္ႏိုးသြား၍ၾကည့္လိုက္ရာခြန္လူကေလးအိပ္ေမာက်ေနသည္ကိုျမင္လိုက္ရမွစိတ္ေအးသြား၏

ခြန္လူတို႔အရပ္သည္ေတာင္ေတြပတ္လည္ဝိုင္းေနသျဖင့္ေႁမြေပါေသာအရပ္ျဖစ္သည္ခြန္လူ႔အေမကလည္းေႁမြအလြန္ေၾကာက္ေပသည္။

ခြန္လူကေလးကိုေမြးၿပီးေမွာက္၍သြားတတ္ေသာအ႐ြယ္တြင္တစ္ျခားကေလးမ်ားႏွင့္မတူပဲ
ေႁမြတစ္ေကာင္လိုတြန႔္လိမ္တြန႔္လိမ္ျဖင္ဝမ္းယားေမွာက္လွ်က္သြားသည္မွာအလြန္ျမန္သည္ကို

အံ့ၾသဘနန္းျမင္ၾကရေလသည္လူႀကီးမ်ားကအလစ္မေပးရဲေအာင္ပင္ျဖစ္သည္ခြန္လူသည္အျခားကေလးမ်ားႏွင့္မတူပဲတစ္မူထူးျခားေနသည္ဆိုတာျငင္း၍မရေပ

နဲနဲေလးႀကီးၿပီးလမ္းေရွာက္တတ္သည့္အ႐ြယ္ေရာက္သည့္အခါေႁမြျမင္ပါကခုန္ေပါက္ကာ
လက္ခုတ္လက္ဝါးတီးကာအလြန္ေပ်ာ္႐ြင္ေနတတ္သည္။
ေက်ာင္းစေနသည့္အ႐ြယ္မွာေတာ့ေႁမြျမင္လွ်င္ေႁမြအမွီးအားေျပး၍ဆြဲတတ္ေလသည္။

အခုဆိုလွ်င္၈ႏွစ္သားအ႐ြယ္ေရာက္ၿပီလူႀကီးမ်ားေၾကာက္၍မဖမ္းရဲေသာအဆိပ္ပ်င္းသည့္ေႁမြမ်ားေတြ႕ပါက
သူကမေၾကာက္မလန႔့္ကြၽမ္းက်ငိစြာဖမ္းျပတတ္ေလသည္။
မိဘမ်ားကေႁမြေပါက္မည္စိုးရိမ္သျဖင့္တားေနသည့္ၾကားကမိဘမ်ားအလစ္တြင္သူ႔လက္ထဲေႁမြတစ္ေကာင္ေရာက္ေနၿပီျဖစ္သည္။

သို႔ေပမဲ့ေႁမြမ်ားကသူ႔အားမေပါက္သည့္အျပင္သူ႔လက္ထဲတြင္ကစားစရာအ႐ုပ္သဖြယ္ျဖစ္၍ေနသည္။
ခြန္လူကေလးေနေသာ႐ြာေနာက္ဘက္တြင္တစ္သြင္သြင္စီးေနေသာစမ္းေခ်ာင္းကေလးရွိရာ
ထိုစမ္းေခ်ာင္ကေလးသည္သဘာဝေရပူမ်ားသာစီးဆင္းေနေသာေၾကာငိ့

ေအးခ်မ္းေသာေဒသႏွင့္အံ့ဝင္ခြင္က်ျဖစ္ကာကေလးလူႀကီးထိုေရပူေခ်ာင္းထဲေရစိမ္ေနေလ့ရွိၾကသည္။
ၿမိဳ႕ကလာသည့္ဧည့္သည္မ်ားအတြက္ေတာ့သဘာဝေရပူစမ္းဟုသတ္မွတ္ကာထိုေရကိုစိမ္ရင္းျဖင့္က်မ္းမာေရးေကာင္းသည္ဟုယူဆၾကသည္။

္ေညာင္းညာကိုက္ခဲသည့္အရာမ်ားလည္းေျပေပ်ာက္သည္ျဖစ္၍တစ္ခ်ိဳ႕ေရာဂါမ်ားပင္ေပ်ာက္ကင္းေစသည္ဟုသိရကာတစ္ကူးတကလာစိမ္ၾကသူမ်ားပင္ရွိပါသည္။

ေတာေတာင္ေရေျမၾကားမွစီးဆင္းလာေသာဘဘာဝေဆးဘက္ဝင္သည့္ေရဟုဆိုရမည္ပင္ျဖစ္ပါသည္ေျမျပန႔္ေဒသမ်ားမွလြဲ၍ေတာင္ေပၚေဒသမ်ားရွိေနရာအေတာ္မ်ားမ်ား၌သဘာဝေရပူစမ္းမ်ားကိုေတြ႕ရွိႏိုင္ပါသည္

စီးပြားေရးသမားမ်ားအေနျဖင့္ေရပူစမ္းထြက္ရာေဒသမ်ားတြင္ေရကန္မ်ားျဖင့္သြယ္၍အခေၾကးေငြယူကာခ်ိဴ းေစေသာနံမည္ႀကီးေရပူစမ္းမ်ားလဲရွိေနေပရာအၿမဲမျပတ္လူစည္ကားလွ်က္ရွိေနသည္ကိုေတြ႕ရမည္ျဖစ္သည္။

ခြန္လူတို႔႐ြာကေလးကေတာ့ကံေကာင္းသည္ဟုဆိုရမည္ပင္တ႐ြာလုံးပတ္၍စီးဆင္းေနေသာသဘာဝေရပူမ်ားကိုသာအဓိထားသုံးစြဲၾကရေပသည္။ေရတြင္းတူး၍ရေပမဲ့ထုံးဓတ္မ်ားပါေနသျဖင့္သဘာဝေရေလာက္ေတာ့မေကာင္းေပ

သဘာဝတရားႀကီးသည္အလြန္ပင္ထူးဆန္းေလသည္ထိုေရပူမ်ားသည္ဆယ့္ႏွစ္ရာသီပတ္လုံးေရပူမ်ားသာစီးဆင္း
ေနျခင္းျဖစ္ကာအေငြ႕တစ္ေထာင္းေထာင္းပင္ထြက္လွ်က္ရွိကာလူေတြေရစိမ္ႏိုင္ေသာအပူျဖစ္သည္။

ထိုစမ္းေခ်ာင္းေနာက္တြင္ေတာ့ေတာင္တစ္ေတာင္ရွိေနသည္ထိုေတာင္ေျခမွျမစ္ဖ်ားခံစီးဆင္းလာျခင္းျဖစ္သည္။
အလြန္ထူးဆန္းသည္ကထိုေတာင္ေပၚမွအလြန္ပင္ႀကီးမားေသာစပါးႀကီးေႁမြႀကီ္းမ်ားသည္။

ထိုေရပူေခ်ာင္းထဲသို႔မၾကာခဏေရဆင္းေသာက္လိုက္ေရစိမ္လိုက္ျဖင့္ေနတတ္သည္။

ထိုေႁမြႀကီးမ်ားသည္ေလးေကာင္ရွိကာေႁမြႀကီးေလးေကာင္စလုံးကစပါးႀကီးေႁမြအမ်ိဴ းအစားျဖစ္ကာသစ္ပင္အလတ္စားအ႐ြယ္ေလာက္လုံးပတ္ရွိကာတေကာင္ႏွင့္တစ္ေကာင္အ႐ြယ္အစားကမတိမ္းမယိမ္းပင္ရွိသည္။

ထိုေႁမြႀကီးမ်ား႐ြာကလူမ်ားကိုဘာအႏၲရယ္မွမေပးပါ႐ြာကလူမ်ားကလည္းထိုေႁမြႀကီးမ်ားအားေဘးမဲ့ေပးထားၾကသည္။ေဘးမဲ့ေပးထားရသည့္အေၾကာင္းကလဲမ်ားစြာရွိေနသည္ေဘးမဲ့ေပးထားတာထက္ေႁမြႀကီးမ်ားအားအႏၲရယ္မေပးရဲတာဟုဆိုလွ်င္ပို၍မွန္မည္ျဖစ္သည္။

ထိုေႁမြႀကီးမ်ားအားအႏၲရယ္မေပးရန္အတြက္႐ြာထဲကလူအေတာ္မ်ားမ်ားအားအိမ္မက္ေပးထားသည္ဟုဆိုသည္။
ထိုေႁမြႀကီးမ်ားလာပါက႐ြာကကေလးမ်ားႏွင့္ေခ်ာင္းထဲတြင္ေရေဆာ့ရင္းေႁမြႀကီးမ်ားႏွင့္ကစားေနၾကသည္မွာ

ဆူညံ၍ေနေလသည္ထိုေႁမြႀကီးမ်ားကလည္းကေလးမ်ားဘာလုပ္လုပ္ၿငိမ္၍ေနတတ္ေလသည္။
ထိုကေလးမ်ားထဲအေပ်ာ္ဆုံးကေတာ့ခြန္လူျဖစ္သည္ခြန္လူကေႁမြေပၚတက္ထိုင္လိုက္
ေႁမြမ်ားႏွင့္နပန္းလုံးလိုက္ေႁမြမ်ားၾကားျမဴးထူးခုန္ေပါက္ေနရာမိဘမ်ားကအတင္းပင္လာေခၚယူရေလသည္။

အမ်ားကမွတ္ခ်က္ေပးေနၾကသည္ကခြန္လူႏွင့္ဒီေႁမြႀကီးမ်ားတစ္နည္းနည္းႏွင့္ပတ္သတ္ေနမည္ဟုယူဆၾကသည္။
ထိုေႁမြႀကီးမ်ားသည္တစ္ခါတစ္ရံ႐ြာလယ္ကကားသြားေသာတာလမ္းမႀကီးေပၚေရာက္ေနသည့္အခါဆိုင္ကယ္မ်ားကား
မ်ားစက္ဘီးမ်ားကေႁမြႀကီးမ်ားကိုလြတ္ရာေရွင္သြားၾကသည္

ေႁမြႀကီးမ်ားလမ္းျဖတ္ကူးသည့္အခါတြင္လည္းလြတ္သည္အထိေစာင့္ၿပီးရပ္တန႔္ကာသြားၾကသည္။ခြန္လူတို႔႐ြာကေလးသည္ေတာင္ေပၚၿမိဳ႕မ်ားသို႔သြားရန္အတြက္ျဖတ္လမ္းအျဖစ္လမ္းေဖာက္ထားသည္

ေတာင္ၾကားလမ္းေဘးတြင္ရွိသည္ထိုနယ္တေက်ာတြင္သြားလာေနေသာကားသမားမ်ားအဖို႔ထိုေႁမြႀကီးမ်ားကိုျမင္ေနရသည္မွာ႐ိုးေနၿပီျဖစ္ကာေႁမြႀကီးမ်ားရာဇဝင္လဲသိထားၾကသည့္အတြက္ထို႐ြာနားေရာက္ပါကသတိထားေမာင္းၾကသည္

တစ္ခါတစ္ရံေႁမြႀကီးမ်ားသည္လမ္းလယ္တြင္မဖယ္ပဲေနသည့္အခါမ်ားလဲရွိေနရာ႐ြာထဲကလူမ်ားစုကာေႁမြႀကီးမ်ားအားဝိုင္းမကာေတာင္ေျခကေရပူေခ်ာင္းထဲျပန္လႊတ္ေပးၾကေလသည္။

ပါစပ္ရာဇဝင္အရထိုေႁမြႀကီးမ်ားေနေသာေတာင္ေပၚသို႔႐ြာသားတစ္ေယာက္ေရာက္သြားရာ
ဝတ္ျဖဴစင္ၾကယ္ဝတ္ထားသည့္အဖိုးႀကီးတစ္ဦးကိုထူးဆန္းစြာေတြ႕ရသည္ဟုဆိုသည္။

ထိုအဖိုးႀကီးကသူ႔အားအသိေပးသလိုလိုႏွင့္ဆန္းၾကယ္ေသာစကားကိုဆိုသည္။
”’လူကေလးမင္းကဘယ္႐ြာကလဲ””
”””’ကြၽန္ေတာ္ဒီေတာင္ေျခ႐ြာကပါ””’
””ေအာ္ဒါဆိုအဘသတိေပးစရာရွိတယ္—–မင္းတို႔႐ြာကေရပူေခ်ာင္းထဲေရလာလာစိမ္တဲ့ေႁမြႀကီးေတြကို————ဘာအႏၲရယ္မွမေပးပါနဲ႔————-အကယ္၍အႏၲရယ္ေပးပါကမင္းတို႔တစ္႐ြာလုံးဒုကၡေရာက္မကြဲ႕——-”””
ထိုသို႔ေျပာၿပီးထိုအဖိုးႀကီးသည္ေတာထဲဝင္သြားကာမ်က္စိေရွ႕မွာပင္ေပ်ာက္၍သြားေလသည္။

သ့ူေျပာစကားအရေကာ႐ြာထဲကလူတစ္ခ်ိဳ႕အိမ္မက္အရေကာထိုေႁမြႀကီးမ်ားအားဘာမွမလုပ္ရဲၾကေပ
———————

””အေမ—-သား—–ရန္ကုန္သြားၿပီေ႐ႊတိဂုံဘုရားဖူးခ်င္တယ္ဗ်—–သားကိုလိုက္ပို႔ပါလား”””
တစ္ေန႔တြင္ထူးထူးဆန္းဆန္းေျပာလာေသာခြန္လူစကားေၾကာင့္မိဘမ်ားအံ့ၾသ၍သြားၾကသည္။

ခြန္လူသည္အေနေအးကာစကားနဲ၍ဘာလိုခ်င္သည္ညာလိုခ်င္သည္ဟုတစ္ခါမွမပူစာဘူးေပ
””သားကဘယ္လိုျဖစ္လို႔သြားခ်င္တာလဲကြ””’
””’သားတို႔ေက်ာင္းကဆရာကေျပာတယ္—–ျမန္မာျပည္မွာတန္ခိုးအႀကီးဆုံးဘုရားကေ႐ႊတိဂုံတဲ့———သားသြားခ်င္လိုက္တာ””
””’ေအးေလအလုပ္အားတဲ့ရက္လိုက္ပို႔တာေပါ့ကြာ””’
ထိုစကားေၾကာင့္ခြန္လူသည္မ်က္ႏွာမေကာင္းမႈိင္၍ေန၏မိဘမ်ားလဲခြန္လူ႔စကားအားသိပ္ၿပီးအေလးမထားျဖစ္ေပ

တိုက္ဆိုင္သည္ပဲေျပာရမလားခြန္လူအေမဘက္ကႀကီးေတာ္တစ္ေယာက္ရန္ကုန္သြားရင္းေနမေကာင္း၍ေဆး႐ုံတင္လိုက္ရသည္သတင္းေရာက္လာ၏ထိုအခါေဆြမ်ိဴ းအလြန္ခ်စ္ေသာသံေယာစဥ္ႀကီးလွသည့္

ခြန္လူအဖြားကသြားမည္ဆိုခြန္လူူတို႔မိသားစုရန္ကုန္သို႔လိုက္သြားၾကေလသည္။ထိုခရီးတြင္အေပ်ာ္ဆုံးကခြန္လူသာျဖစ္သည္

ရန္ကုန္ေရာက္၍ခြန္လူသြားဖူးခ်င္ေသာေ႐ႊတိဂုံဘုရားသို႔လူႀကီးမ်ားလိုက္ပို႔သျဖင့္သြား၍ဖူးၾကေလသည္။

ခြန္လူေပ်ာ္ေနသည္မွာေတာ့ေျပာစရာမလိုေပဘုရားေပၚမွမနဲပင္ျပန္ေခၚလာရေလသည္။

ထူးထူးျခားျခားခြန္လူကလူႀကီးမ်ားလိုဘုရားအားအက်အနထိုင္၍ကန္ေတာ့ၿပီးအေတာ္ၾကာဆုေတာင္းေနသည္ကိုၾကည့္၍မိဘမ်ားသေဘာက်ေနၾကသည္ခြန္လူကသူ႔မုန႔္ဖိုးကေလးမ်ားစုထားသည့္ေငြကိုဘုရားေ႐ႊသကၤန္းကပ္ရန္လူလိုက္ေသး၏

သူဘယ္တုန္းကထဲကစုထားမွန္းေတာင္မိဘမ်ားမသိၾကေပခြန္လူ႔ၾကည့္ရသည္မွာအလြန္ပီတိျဖစ္ေနပုံရကာဘုရားကျပန္လာၿပီးကထဲကသူအလြန္ဖူးခ်င္ေနေသာေ႐ႊတိဂုံဘုရားအားဖူးလိုက္ရသည့္အတြက္အလြန္စိတ္ခ်မ္းသာေနပုံရ၏

ေနမေကာင္းေသာႀကီးေတာ္ကလဲက်မ္းမာေရးအရရန္ကုန္မွသမီးႏွင့္ေနေတာ့မည္ဆိုကာခြန္လူတို႔မိသားစုအား
သူပိုင္သည့္ယာခင္းမ်ားကိုလုပ္စားေစသည္

ဒီလိုနဲ႔႐ြာျပန္ေရာက္ေတာ့ခြန္လူကသူ႔မိဘမ်ားအားထူးဆန္းစြာစကားဆိုျပန္သည္။
””’ အေမ—–သား၉ႏွစ္ျပည့္ရင္ေမြးေန႔လုပ္ေပးပါလား””
””လုပ္ေပးမွာေပါ့သားရယ္ဒီႏွစ္အေမတို႔ယာခင္းေတြအမ်ားႀကီးလုပ္ရေတာ့အဆင္ေျပတယ္ေလ””””’
ခြန္လူမိဘမ်ားစီးပြားေရးခါတိုင္းႏွင့္မတူအေတာ္အဆင္ေျပလွ်က္ရွိေနသည္။ယာခင္းေတြကလဲမ်ားလာေတာ့အလုပ္လဲမ်ားလ်က္ရွိ၏

ဝင္ေငြလဲတိုးလာသည္ဟုဆိုရမည္ျဖစ္သည္။
သို႔ေပမဲ့တစ္ညတြင္ခြန္လူအေမသည္ထူးဆန္းေသာအိမ္မက္ကိုမက္ေနသည္အိမ္မက္ထဲတြင္သူ႔အိမ္ေရွ႕ ၌အသုဘတခုျပဳလုပ္ရန္ျပင္ဆင္ေနၾကသည့္အတြက္သူမကလူတစ္ေယာက္အားေမးလိုက္သည္

””ဒါဘယ္သူေသလို႔လဲ—-ကြၽန္မလဲမသိရပါလား—ဘာျဖစ္လို႔ကြၽန္မတို႔အိမ္ေရွ႕လာလုပ္ေနရတာလဲ”’ ‘

”’ ၉ႏွစ္သားကေလးတစ္ေယာက္မၾကာခင္ေသမွာေလ””’
””ဟင္ဒါဆိုကြၽန္မသားကေလးလဲ၉ႏွစ္ျပည့္ေတာ့မယ္””’
သူမစကားေၾကာင့္ျပင္ဆင္ေနသူမ်ားကစိတ္မေကာင္းေသာမ်က္ႏွာမ်ားျဖင့္သူမအားဝိုင္းၾကည့္ေနၾကသည္ထိုအထဲမွသူမတစ္ခါမွမျမင္ဘူးေသာအဖိုးႀကီးတစ္ေယာက္ကဝင္၍ေျပာလိုက္သည္။

””ေသမွာကေႁမြတစ္ေကာင္ပါကေလးမရဲ႕သူ႔သက္တန္းကုန္ၿပီေလ””’
ထိုအိမ္မက္မက္ၿပီးကထဲကခြန္လူအေမသည္စိတ္ေတြေလးလံေန၏ယာခင္းထဲကအလုပ္မ်ားပစ္ကာသူမတို႔အရပ္ကေတာင္ေပၚတြင္ရွိေသာအၾကားအျမင္ဆရာအားသားေလးဇာတာတြက္ခိုင္းရန္စိတ္ကူးမိသည္

ခြန္လူ၉ႏွစ္ျပည့္ရန္လဲသိပ္မလိုေတာ့လပိုင္းေလာက္သာလိုေတာ့သည့္အတြက္စ္တ္ပူေနမိသည္။

ခြန္လူအေမကေနာက္တေန႔တြင္အလုပ္မ်ားပစ္ကာေတာင္ေပၚကအၾကားအျမင္ဆရာအားသြားေမးရာ
””ဟာ—-နင္တို႔ကေလးကအရမ္းေနာက္က်သြားၿပီ—-ျပန္ဘို႔ရက္နီးေနၿပီသူ႔သက္တန္းကဒီေလာက္ပဲရွိတာငါတို႔ဘာမွလုပ္ေပးလို႔မရေတာ့ဘူး””’
””ယတရာေလးဘာေလးေခ်လို႔မရဘူးလားဆရာ”’
””မရေလာက္ေတာ့ဘူးးးးအခ်ိန္မရွိေတာ့ဘူးးး””
အၾကားအျမင္ဆရာေျပာလိုက္သည္ကိုခြန္လူ႔အေမကမယုံသူ႔သားတြင္ဘာေရာဂါမွမရွိေနာက္တစ္ေယာက္ေျပာင္းေမးမည္စိတ္ကူးကာျပန္လာ၏

အယုံအၾကည္မရွိေသာသႈ႕ေယာက်ၤားကလဲသူမေျပာျပသည္ကိုလက္မခံေပခြန္လူၾကည့္ရသည္မွာလဲသာမန္ပင္ဘာမွအေၾကာင္းမထူး၍မိဘမ်က
သူတို႔သားကေလးပူစာသလို9ႏွစ္ျပည့္မြးေန႔အလူ လုပ္ေပးမည္ဟုစဥ္စားထားၾကသည္။

တစ္ေန႔တြင္ခြန္လူေက်ာင္းကျပန္လာရင္းအိမ္ထဲေျပးဝင္ကာသူ႔အေမအားဖက္ရင္း
””အေမသားေခါင္းမူးတယ္—–မူးတယ္””’
””ဟဲ့သားဘာျဖစ္လာတာလဲ—–ခြန္လူ””
ခြန္လူစကားအဆုံးလဲက်သြားရာမိဘမ်ားလဲ႐ြာထဲကေဆးဆရာေျပးေခၚ၍ျပရာ
ေဆးဆရာေရာက္ခ်ိန္တြင္ခြန္လူအသက္မရွိေတာ့ေပခြန္လူမိဘမ်ားကမယုံႏိုင္ေပေစာေစာစီးစီး
႐ုတ္တစ္ရက္ခြဲခြာသြားေသာခြန္လူအေလာင္းအားဖက္ကာငိုလိုက္ၾကသည္မွာရင္ကြဲမတတ္ခြန္လူေသတာတစ္႐ြာလုံးအံ့ၾသမဆုံးေပ

မူးတယ္မူးတယ္ေျပာ၍ခ်က္ခ်င္းဆုံးသြားေသာအျဖစ္သည္အလြန္ဆန္းၾကယ္ေနသည္မေက်နပ္၍ၿမိဳ႕ေပၚကဆရာဝန္သြားပင့္ကာျပေတာ့လဲအေျဖကမေျပာင္းလဲ
””’ကေလးက—တကယ္အသက္မရွိေတာ့ပါဘူးဗ်ာစိတ္မေကာင္းပါဘူးခင္ဗ်ာ”’ ‘
တိုင္ဆိုင္လိုက္ပုံမ်ားခြန္လူကေလးအသုဘခ်သည့္ေန႔သည္ခြန္လူကိုးႏွစ္တင္းတင္းျပည့္ေသာေန႔ပင္ျဖစ္ေလသည္။

ခြန္လူ႔ေက်ာင္းမွဆရာ/ဆရာမမ်ားႏွင့္ေက်ာင္းသားေက်ာင္းသူမ်ားလိုက္ပို႔ကာခြန္လူ႔အေလာင္းအားေက်ာင္းမွအမိန္စာျပန္သည့္အခါၾကားရသူအေပါင္းႏွင့္ဆရာမမ်ားေက်ာင္းသားေက်ာင္းသူမ်ားငိုလိုက္ၾကသည္မွာျမင္ရသူအေပါင္းစိတ္မခ်မ္းသာဖြယ္ျမင္ကြင္းျဖစ္ေန၏

ခြန္လူ႔အေမကေျဖမဆည္ႏိုင္ခြန္လူ႔အေလာင္းအားဖက္ကာေျပာေနသံကလဲဝမ္းနည္းေၾကကြဲစရာအလြန္ေကာင္းေနျပန္သည္

””သားေရကိုးႏွစ္ျပည့္ရင္ေမြးေန႔လုပ္ေပးဆိုအခုေတာ့အသုဘခ်တဲ့ေန႔ျဖစ္ေနပါလားသားရယ္—-””

ခြန္လူေသၿပီး၃ရက္ေျမာက္ေန႔တြင္ခြန္လူအေမသည္အိမ္မက္မက္ေနသည္။
သူမသည္႐ြာအေနာက္ဘက္ကေႁမြႀကီးမ်ားဆင္းလာေသာေတာင္ေပၚသို႔ေရာက္သြားေလသည္။
သုမစိတ္ထဲသူမသားေလးဒီေတာင္ေပၚတြင္ရွိမည္ဟုခံစားေနရင္းေအာ္ေခၚမိသည္။

”’သားးးးးေရ~ခြန္လူ~အေမ့ဆီထြက္လာခဲ့ပါသားရယ္””’
သူမကတစာစာေအာ္ေခၚေနေပမဲ့ခြန္လူ႔အရိပ္အေရာင္မေတြ႕ရဘဲဝတ္ျဖဴစင္ၾကယ္ဝတ္ထားေသာအဖိုးႀကီး
တဦးထြက္ေပၚလာကာသုမအားဂ႐ုနာသက္ေသာမ်က္ႏွာျဖင့္ညင္သာစြာေျပာလိုက္သည္။

””ကေလးမမင္းသားကေလးကဒီေနရာမွာမရွိေတာ့ဘူး—–သူ႔ရဲ႕ေနာက္ဆုံးဘဝေျပာင္းခ်ိန္မွာ—-ေ႐ြတိဂုံဘုရားဖူးခ်င္တယ္ဆိုၿပီးခြင့္ေတာင္းသြားခဲ့တာပါ——–အခုေတာ့ဘဝကူးသြားပါၿပီ——-
သူ႔အတြက္ရည္စူးၿပီးေကာင္းမႈ႕ကုသိုလ္ေတြလုပ္ေပးလိုက္ပါ—–မင္းတို႔မိသားစုေျပလည္ေအာင္—–ေနာက္ဆုံးသူလုပ္ေပးခဲ့ပါတယ္”’ ”

ထိုအဖိုးအိုေျပာစကားၾကားေတာ့ခြန္လူအေမရင္ထဲေၾကကြဲျခင္းမ်ားစြာျဖင့္အိမ္မက္ကလန႔္ႏိုးသြားေလသည္။

ခြန္လူသည္လူသားပဲျဖစ္ျဖစ္ေႁမြတစ္ေကာင္ပဲျဖစ္ျဖစ္မေခၚပဲေရာက္လာၿပီးမႏွင္ပဲထြက္သြားသည့္အျဖစ္သည္က်န္ေနရစ္သူမ်ား၏ရင္ထဲေက်ကြဲဝမ္းနည္းေနရအုံးမည့္အျဖစ္ကိုအခ်ိန္အေတာ္ၾကာကုစားၾကရအုံးမည္ျဖစ္ပါသည္။

တိမ္လႊာမိုး