မြောက်ကျွန်းသူ

မြောက်ကျွန်းသူ

 

#ခင်ခင်ထူး

 

မြောက်အရပ်မှ တောင်အရပ်ပင်လယ်ဆီသို့ စီးဆင်းလာသော မြစ်မကြီးတစ်နေရာတွင် မြစ်လယ်ကျွန်းသုံးကျွန်း အစဉ်လိုက်တန်းနေသော ရေလယ်ကျွန်းဆက်တန်း တစ်တန်း ရှိသည်။ ကျွန်းဆက်တန်းဆိုသော်လည်း တစ်ကျွန်းနှင့် တစ်ကျွန်း နီးနီးကလေးလားဆိုတော့ မနီးပါဟုသာ ဖြေရပါမည်။ မနီးဘူးလား ဆိုတော့လည်း နီးသည်သာ။ ကျွန်းသုံးကျွန်း ကြားမှာ အခြားကျွန်းမရှိ။ တစ်နည်းအားဖြင့် အခြားကျွန်းရွာ တစ်ရွာတစ်လေ ၀င်ခုနေတာမျိုး မရှိ။ မြစ်မသည် မြောက်ဘက်မှ စီးလာကတည်းက မြောက်ဘက်စွန်း ရေလယ်ကျွန်းမကို ခေါင်းဝှေ့သည်။ ကျွန်းမကို ရေဦးထိုးရာက ရေနှစ်မြွှာကွဲကာ ကျွန်းမကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်မှ ရေကြောင်း နှစ်ကြောင်း ပေါ်သည်။ ရေကြောင်း နှစ်ကြောင်းစလုံး လှေသင်္ဘော သွားလို့ ရအောင်ပင် ကျယ်လှ နက်လှပါ၏။ ထိုရေကြောင်း နှစ်ကြောင်းက အောက်ဖက် အလယ်ကျွန်းကိုရော၊ တောင်ဘက်အစွန်က တောင်ကျွန်းကိုပါ ခွ၍ စီးဆင်းနေပေရာ ထိုနေရာတွင် ကျွန်းဆက်သုံးကျွန်းသည် ရေလယ်ကျွန်းများအဖြစ် သဘာ၀တရားကပင် နေရာချထားသကဲ့သို့ ရှိပါ၏။

 

ကျွန်းသုံးကျွန်းသည် ရွာသုံးရွာ ဖြစ်သည့်အလျောက် ကျွန်းသုံးကျွန်း ရေလယ်မှာ ထွန်းကတည်းက မြောက်ကျွန်း၊ အလယ်ကျွန်း၊ တောင်ကျွန်းလို့သာ အလွယ်ခေါ်ခဲ့ကြသည်မှစကာ သည်အမည်များ တွင်ခဲ့လေတော့သည်။ ကျွန်းရွာတွေဆိုတော့ ရွာချင်း ကူးချင်တော့လည်း လှေနှင့် တက်နှင့် ကူးကြရသည်။ ကျွန်းတစ်ကျွန်းစီ၏ တစ်ဖက်တစ်ချက်တွင် ကူးတို့လှေတွေ ရှိကြသဖြင့် ဖြတ်ကူးတို့၊၊ လျားကူးတို့ သွားချင်သလို သွားလို့ရကြသည်။

 

ကျွန်းမကြီး သုံးကျွန်းမှာ အရွယ်အစားချင်းကလည်း မကွာ၊ ကျွန်းထွန်းခဲ့သည့် နှစ်တွေကလည်း မကွာ၊ လူနေအိမ်ခြေတွေကလည်း မတိမ်းမယိမ်းဆိုတော့ ဘယ်ရွာက ဘယ်နေရာမှာ ဘယ်လိုသာသည်ရယ်လို့မရှိ။ စီးပွားရေး၊ ကြီးပွားရေးတွေမှာလည်း မကွာပါ။ လှူရေးတန်းရေးမှာလည်း တန်းတူပင်။ စေတီပုထိုး၊ ကျောင်းကန်၊ တန်ဆောင်းတွေကလည်း ရေလယ်ကျွန်းရွာတွေဆိုပေသိ ပွင့်ပွင့်လန်းလန်း ရှိကြပါသည်။ သို့သော် တစ်ကျွန်းတစ်ရွာ နေထိုင်ကြရသူတွေပီပီ ကိုယ့်ရွာကိုယ့်အစွဲ အပြိုင်စိတ်ကလေးတွေကတော့ ရှိကြသည်။

 

“တောင်ကျွန်းက ကိုမှတ်ကြီး မဌေးမတို့အလှူ မနှစ်က တီးသွားတဲ့ဆိုင်း . . .ဘယ်သူတဲ့ . . . စိန်ကျော်လှဆိုလား . . . ကောင်းလွန်း ကောင်းလွန်းနဲ့ . . .သည်နှစ် တို့ရွာ အလှူတီးသွားတဲ့ စိန်မြညိုဆိုင်း မမီပေါင်ကွာ . . .တီးချက်ကတော့ဟေ့ ပတ်လုံးတွေများ ကွဲထွက်ရော မှတ်သာ . . .”

 

ကိုယ့်ရွာတီးတဲ့ဆိုင်းကမှ ကောင်းကြောင်း အလယ်ကျွန်းသားက မှတ်ချက်ပြုသလို မြောက်ကျွန်းသားကလည်း စိန်မြညိုဆိုင်းကို မကြိုက်ဟု ပြောတတ်သည်။

 

“အလယ်ကျွန်းသားများ အလယ်ကလူ စကားဝဲ . . . ငှက်ပျောသီး အချိုလုပ်ရသာနဲ့ ပြီးရသာပါကွာ . . .သူတို့ရွာ တီးတဲ့ စိန်မြညိုဆိုင်း ကောင်းလှပြောနေတော့ မခက်ပါလား . . . .ဗုံ ပတ်စာကပ် တီးရင် အရူးတီးသာတောင် မြည်တဲ့ဟာ . . . .ဆိုင်းကတော်တော် မယ်တော်က ကဲနေကြသာ . . .ဆိုင်း တကယ်ကောင်းသာက တို့ရွာ ဆွမ်းကြီးခံပွဲ လာတီးသဲ့ စိန်ဘကျော်မှ ဆိုင်းကောင်း ခေါ်သာဟ”

 

သည်စကားတွေက တောင်ကျွန်းရွာ နားပေါက်ပြန်တော့ တောင်ကျွန်းရွာသားတွေက မခံနိုင်ကြ။ သူတို့ရွာတီးသွား မှုတ်သွားသည့် စိန်ကျော်လှဆိုင်းမှ မကောင်းရင် တာ၀တိံသာက ဗေလုဝစောင်းတီးတဲ့ နတ်သား ခေါ်ပြီး စောင်းတီးခိုင်းဖို့ပဲ ရှိတော့မှာပေါ့လို့ ခနဲ့ကြသည်။ ဒါမျိုးက မကြာခဏ ဖြစ်တတ်ပါ၏။ ဇာတ်ငှားကြတော့လည်း ကိုယ့်ရွာ လာကသည့် ဇာတ်ကမှ ဇာတ်အသားပါသတဲ့။ သူတို့မင်းသားကမှ ရုပ်ချော၊ အသံကောင်းတဲ့။ အုပ်စုံကောင်းဆိုရလောက်အောင် အော်ပရာ၊ ပြဇာတ်၊ နောက်ပိုင်း ပြောစရာ မရှိအောင် ကောင်းသတဲ့။ အလှူ လှူကြတော့ကော တစ်ရွာက ဘယ်သူဘယ်ရွာကမှ လိုက်မမီအောင် ကြီးကြီးကျယ်ကျယ် လှူလိုက်သည်ဆိုပါစို့။ မမီမှန်းသိသော်လည်း အောက်ကျမခံ။

 

“ဘုန်းကြီးတစ်မတ် ဗျော ငါးကျပ် . . .ပကာသနတွေ သည်လောက်များမှတော့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿပေါ့လကွာ . . .ဒါမျိုး အားမကျကြနဲ့ . . .တို့ရွာက မိတင်အေးတို့လှူသာ ကြိုက်သယ် . . . လှူဖွယ်ပရိက္ခရာ အသားပေးသာ . . .ရောက်ကရောပေါ့ကွ နိဗ္ဗာန် . . .ဓာတ်လှေကားနဲ့ တက်သာကမှ ကြာဦးမယ် . . .”

 

သည်နှစ် မူလတန်းကျောင်းသားအောင်ချက်ချင်း ပြိုင်ကြသည်။ တကယ်တော့ မူလတန်းကျောင်းကတော့ ဘယ်ရွာမှာမှ မရှိကြပါ။ အနောက်ဖက် မြစ်မကမ်းဘက်ကို လှေနှင့်ကူးကာ ကျောင်းတက်ကြရတာချင်း အတူတူဆိုတော့ ကျောင်းချင်း မပြိုင်သာ။ သည်တော့ ကျောင်းသားအောင်ချက် ပြိုင်ကြသည်။ မြေနုကျွန်းတွေမှာ စိုက်ကြသည့် မြေပဲတောင့်ချင်း ပြိုင်ကြသည်။ နွားချောတာချင်း ပြိုင်ကြသည်။ ရွာလက်သမားချင်း ပြိုင်ကြသည်။ ရွာ၀မ်းဆွဲချင်း ပြိုင်ကြသည်။ တံငါသည် ငါးရတာချင်း ပြိုင်ကြသည်။

 

“အလယ်ကျွန်းက အောင်ဖေ အနောက်မြစ်မထဲ ကွန်ပစ်သာ မြစ်ငါးကြင်းကြီး ရှစ်ပိဿစီး ရသွားသတဲ့ . . . ဟန်ကျချက်တော့ . . .”

 

“ငါ မြင်ပါ့ကွာ၊ သုံးပိဿ . . . လျော့လျော့ပါ….အလယ်ကျွန်းသားများ မောင်းကွဲက ဒူဟူဟူ မြည်ချင်ကြသေးသာ . . .ခက်ပါ့ကွာ . . . တို့ရွာက ငမောင် ရလိုက်သဲ့ ငါးချောင်းကြီး တွေ့စေချင်သယ်”

 

“မြောက်ကျွန်းသားတွေကလည်း တက်တက်စင်လွဲသာတောင် အောင်လံထူ စစ်သူကြီးပွဲလုပ်ချင်တုန်း . . .ငမောင် ရသဲ့ငါးက ငါးခုံးမသာသာပါကွာ . . .”

 

ရွာသုံးရွာက အဲသလို ရွာများပင်။ ရန်ပွဲရယ်၊ တုတ်ပွဲ ဓားပွဲရယ်လို့တော့ မရှိကြ။ စကားအရာမှာ မခံနိုင်အောင် ပြောကြတာတော့ ရှိကြပါ၏။ တစ်ရွာ့တစ်ရွာ ထမ်းပိုးအတင်မခံ။ ကိုယ့်ရွာက ကိစ္စသာ အကောင်းစား လုပ်ချင်တာကလွဲလို့ သုံးကျွန်းသုံးရွာစလုံး သဘောမနောကောင်းကြသည်။ ဝါးတစ်ရုံလုံး ဘုန်းကြီးတောင်ဝှေး၊ ပေတစ်ပင်လုံး ဘုန်းကြီးယပ်တောင် ဖြစ်ကြရုံကလွဲလို့ အခြားအကုသိုလ်မရှိ။ သို့သော် ကိုယ့်ရွာက သာလိုက်ရမှ ဆိုသည့်စိတ်တွေကတော့ မဖျောက်နိုင်။

 

“ရွာအပျိုချင်းပဲ ယှဉ်လေကွာ . . .တောင်ကျွန်းသူများ အကျည်းတန်ချက်တော့ . . . .ပိန်ရတဲ့အထဲ နာတာရှည်စွဲသာလိုဟာတွေ . . .”

 

“မြောက်ကျွန်းက အပျိုတွေ အလှူလှည့်ကြသာ တစ်ရက် လှေနဲ့ကူးပြီး ကြည့်မိပါသယ်…ပုန်းမကြည်အိုး မုန့်နှစ် တို့ထားသလိုကွာ . . .မြန်မြန် ပြန်လှော်ခဲ့ရသယ်”

 

“အလယ်ကျွန်းသူတွေ လှသယ် လှသယ်နဲ့. . .ရွာခရိုးစပ် ပစ်ထားသဲ့ ခေါပတောင်းကမှ လှသေး ”

 

ပြိုင်စရာမရှိတော့လည်း အပျိုချင်း ပြိုင်ကြ။ တစ်ရွာ့ တစ်ရွာ မှိုချိုးမျှစ်ချိုး ပုတ်ခတ်ကြ။ တကယ်တော့ ကျွန်းသူတွေအားလုံး သူ့အဆင်းနှင့် သူ့အချင်း လှကြသည်သာ။ ဘ၀ကံအကျိုးပေးကောင်းသူတွေ ရှိကြသလို အကျိုးပေးမကောင်းလို့ အလှရည် လျော့ကြတာလည်း လူ့သဘာ၀ ရှိကြပေမပေါ့။ သို့သော် ကိုယ့်ရွာသူမှ ချောသည်လို့ ထင်ကြသူတွေ ဖြစ်ပါ၏။ ရွာ့မိန်းမပျိုတွေခမျာ ချောကြသည်ဖြစ်စေ၊ မချောကြသည်ဖြစ်စေ ဘယ့်နှယ်မှ မနေခဲ့ကြပေသိ ရွာက ပြိုင်ကြတော့ သူတို့လည်း ကြာတော့ “နဲ့” ကြရသည်သာ။

 

(၂)

 

တကယ်တမ်း ပြောကြကြေး၊ ၀န်ခံကြကြေးဆိုလျှင် မြောက်ကျွန်းသူကလေးတွေက အလှပိုကြပါသည်။ သည်ရေသည်မြေ သည်လေ လက်တစ်ကမ်းက ကျွန်းရွာချင်း တူပါလျှက် မြောက်ကျွန်းသူကလေးတွေက လှရိုးအမှန်ပင်။ မြောက်ကျွန်းက ဘူးရွက် ဘူးညွှန့် ဘူးသီးက ပိုချိုသည်။ မြောက်ကျွန်းက မြေပဲက အဥကောင်း အဆန်ကောင်း၊ ဆီထွက်သန်သည်။ မြစ်မရေ သောက်ကြသည့် ရွာချင်းအတူတူ မြောက်ကျွန်းသူကလေးတွေက အသားအရေ ပိုလှကြသည်။ ဆယ်ကျော်စွန်းစ အပျိုနုနုကလေးတွေ လှကြသလို နှစ်ဆယ်ကျော် သုံးဆယ်တွင်း အပျိုအူလည်တွေကလည်း လှကြသည်။ အပျိုအူလည်တွေ လှကြသလို လေးဆယ်ကျော် အပျိုထော်ထော်တွေကကော လှကြပါ၏။ ဘယ်လိုပင် မခံချင်အောင် ပြောကြပြောကြ၊ ကိုယ့်ရွာကိုယ် ဘယ်လိုပဲ အမွှမ်း တင်တင် မြောက်ကျွန်းသူတွေ အလှူလှည့်ကြပြီဆိုလျှင် မြောက်ကျွန်းရွာ ကျွန်းပတ်လည် လှေတွေ ကြက်တောင်စိုက်ကြတာ မည်းမည်းတုတ်လို့။ မြောက်ကျွန်းရွာ ကာလသားတွေက မစည်ကြရဘဲ အလယ်ကျွန်းနှင့်တောင်ကျွန်း ကာလသားတွေ တိုးမပေါက်နိုင်တာလည်း မြောက်ကျွန်းရွာသူတွေ လှကြတာကို ၀န်ခံခြင်းတစ်မျိုး မဟုတ်လား။ ကာလသားချင်း တစ်ရွာ့တစ်ရွာ ခင်ကြသူတွေဆိုတော့ ဧည့်ရွာသားတွေကို ရွာခံကာလသားတွေက ခနဲ့ကြသည်။

 

“မင်းတို့ပြောတော့လည်း တို့မြောက်ကျွန်းသူတွေက နဘဲတုံး မိုးကြိုးပစ်ထားသလို ဟာတွေဆိုကွာ . . .အခုတော့လည်း မင်းတို့ရွာလှေတွေ တို့ရွာ ကြက်တောင်လာစိုက်ကြသာများ လှေစည်းရိုးခတ်ထားသာ ကျလို့ . . .”

 

ဟုတ်ကလည်းဟုတ်နေတော့ တောင်ကျွန်းသား၊ အလယ်ကျွန်းသားတွေ မလှုပ်သာပါ။ သို့သော် အားကျမခံတော့ ပြန်တွယ်ကြပါ၏။

 

“မြောက်ကျွန်းသူတွေ လှလွန်းလို့ ဟုတ်ရပေါင်ကွာ . . . ဘဲဥတစ်လုံး သုံးရွာဝေ . . . မင်းတို့ရွာအလှူ စည်အောင် လာကြသာပါ”

 

မြောက်ကျွန်းသူတွေ မနက်ခင်း နေရောင်ထဲ အလှူလှည့်တန်းစီကြပြီဆိုလျှင် တဖိတ်ဖိတ် တောက်နေတော့သည်။ ရွာ့အပျိုခေါင်း မအုန်းရီက ပဝါ စုံချ၊ နဖူးပြောင်ပြောင် ဆံမြိတ်ကျနှင့် အပျိုတန်းကို လိုက်ကြည့်ရတာ အမော။ တစ်လှူ တစ်ရောင် ၀တ်နိုင်အောင် စီစဉ်ထားကြသူတွေဆိုတော့ လှချင်တိုင်း လှကြပါ၏။ ဘယ်သူ ဘယ်ဝါက ပိုလှလို့ ဘယ်သူဘယ်ဝါက ကုသိုလ်နည်းသည်လို့ပင် မပြောသာ။ ရှေးက ရာဇ၀င်နိပါတ်တော်တွေထဲမှာပါသည့် မြောက်ကျွန်းသူတွေလို အလှနှင့် အယဉ်၊ အသွင်နှင့်အဆင်း ဘက်ချင်းညီကြသူတွေချည်းပင်။ သည်လို ညီအောင် လှအောင် ရွာအိမ်ကြီးတစ်အိမ်မှာ အပျိုတွေစုကာ ဖြီးကြ လိမ်းကြ။ ၀တ်ကြ စားကြ၊ ခြယ်ကြ သကြ၊ ပန်ကြ ကုံးကြ၊ ပြင်ကြ ညှိကြတာဆိုတော့ တစ်ယောက်တစ်ပေါက်မရှိ။ မိဘတွေကလည်း ကျွန်းသုံးရွာ ပြိုင်ပွဲစိတ်ကလေး ရှိကြသူတွေချည်း ဆိုတော့ အများက ဒါဆိုလျှင် ကိုယ့်သားသမီးခါးပေါ် ရောက်အောင် ဆင်ကြသည်။

 

မရှိသူတွေကလည်း သမီးပျိုတွေ မျက်နှာအညှိုးမခံ။ မရှိတာ ရှိတာထား။ စျေးစပါး အဖျင်းများသည် အပြောမခံချင်။ သူတကာသားသမီး ၀တ်နိုင်မှတော့ ငါတို့သားသမီးလည်း ၀တ်နိုင်ရမှာပေါ့ဆိုသည့် စိတ်သာ ရှိကြပါ၏။ သည်စိတ်ကိုပင် ရွာစိတ်လို့ သဘောထားကြသည်။ သည်ဂုဏ်ကိုပင် ရွာ့ဂုဏ်လို့ မှတ်ယူကြသည်။ သည်တော့လည်း မြောက်ကျွန်းရွာသူတွေ ရိပ်ရိပ်ပြေးနေကြတာ မဆန်းပါ။ ရွာအပျိုတွေက ရွာရေးရပ်ရေး ရှိလာလျှင် ငရံ့ရတော့ စပ်တူ ငခူရတော့ ခွဲခြမ်းခွဲခြမ်း မရှိကြ။ အလွန်ညီ ကြပါသည်။ မရှိသူကလေးတွေကို ဝေကြ မျှကြရာက ပြည့်ရတာလည်း ရှိကြပါ၏။ အပျိုခေါင်း မအုန်းရီက ပါဝါရှိသည်။ မအုန်းရီ၏စကားတစ်ခွန်းက တာသွားသည်။

 

“သည်မယ် . . .ငါပြောမယ် . . .တို့ရွာက အလှူပြီးသာနဲ့ တောင်ကျွန်းကအလှူ ဆက်၀င်မှာ . . .ကိုယ်က ဦးအောင် အ၀တ်အစားနဲ့ ဖိထားမှ မလှန်နိုင်မှာ . . .အဖိုးတန်တော့လည်း မဟုတ်ဘူးပေါ့အေ . . .အဖိုးနည်း အိုးကွဲကျတော့လည်း သူတကာ အထင် လျော့မခံနိုင်ဘူး . . .ငါ မြို့က အဆင်ကလေး သဘောကျထားသာရှိသယ် . . .ညည်းတို့လည်း ကြည့်ကြပါဦးပေါ့”

 

သည်စကားက အတည်ဖြစ်ရတော့သည်။ မြောက်ကျွန်းသူတွေ လှကြတယ်ဆိုရာမှာ အ၀တ်အစား ၀တ်တတ်စားတတ်ကြတာလည်း ပါသလို လူညီကြတာလည်း ပါသည်။ သူ့ရုပ်ရည် ကိုယ့်ရုပ်ရည် မတူနိုင်ကြပေမယ့် စိတ်ထားညီတော့ လှကြတာလည်း ပါပါလိမ့်မည်။ တကယ့်ကို စက်စက်ယိုလှသူက နှစ်ယောက်သုံးယောက်သာ ရှိပါ၏။ ထွေးပိုနှင့်အေးညို။ သည်နှစ်ယောက်ကတော့ တကယ်လှကြသူကလေးတွေ။ ကျွန်းသုံးရွာက ကာလသားတွေက မျက်စိကျကြတာလည်း မပြောနှင့်။ မြင်းတစ်ပြေး ကြည့် ကြည့်၊ ကွမ်းတစ်ပေးကြည့် ကြည့် လှကြသူတွေ မဟုတ်လား။ အလှူ မဏ္ဍပ်၀င်ကြပြီဆိုသည်နှင့် ရွာလုံးကျွတ်အောင် ကြည့်ကြ ငေးကြရသူကလေးတွေ။ သည်နှစ်ယောက်နှင့်ပင် မြောက်ကျွန်းသူတွေ နိုင်လှပေါ့။

 

(၃)

 

နို့ဖြင့် မြောက်ကျွန်းမှာ မလှသူရယ်လို့ မရှိဘူးပေါ့။ အဲသလို မေးလျှင်တော့ အကျည်းတန်သူလည်းရှိသပေါ့ လို့သာ ဖြေရမည်။ တစ်ခါတလေ မိဖုရား ကင်းကိုက်မိသလို ဘေးကလူတွေ နေမထိ ထိုင်မသာ ဖြစ်ရတာများလည်း ရှိပါ၏။ အထူးသဖြင့် “မချုံ တင်”ကြောင့်ပင်။ ချုံတင်ကလည်း မြောက်ကျွန်းရွာသူ ဓမ္မစစ်။ ပြီးတော့ အပျို။ အပျို မှ အသက် နှစ်ဆယ်ကျော် မနွံမရေအပျိုထဲက ဖြစ်သည်။ ဘ၀က ကံမပါတော့ ရုပ်ကလည်း ဆိုးလွန်းလှပါ၏။ သည်ကြားထဲ လူကောင်ကလည်း ကြမ်းလိုက်သမှ တော်ရုံ မြေတစ်ကျင်းစာလောက်တော့ ချုံတင်တစ်ယောက်တည်း မွန်းမတိမ်းခင် တူးနိုင်သည်ဆိုတာမျိုး။ ခမျာ သောင်သာတာ မဟုတ်တော့ နေပူစပ်ခါး ပြဲပြဲစင် လုပ်စားရတာကလည်း နဂိုအသားအရေကို လှော်ထားသလို ရှိရသည်။ အဆိုးဆုံးကတော့ သွားများပင်။ ကွမ်းညှပ် ကောင်းကောင်းဖြင့် ညှပ်ထားသော ကွမ်းသီးပြားကြီးတွေ ထောင်လိုက် ကပ်ထားသလို ရှိနေကြသော သွားတွေက ကြီး ရုံမက ရှေ့ကို ခေါထွက်နေကြ၏။ မျက်စိက မှေးမှေး၊ နားရင်းက ကားကား၊ မျက်နှာက ဆယ်ပြားစေ့ကြီးနှင့်ဆိုတော့ အမှတ်တမဲ့ဆိုလျှင် ယောက်ျားသား သန်သန်ကြီးနှင့်ပင် တူနေတတ်ပါ၏။

 

“ချုံတင်က ငယ်ငယ်က အလွန် ချူချာသာကိုး . . .အခုမှ ဆင်ပေါက် ကျားပေါက်ကြီးဖြစ်လာသာ . . .မွေးတုန်းကလည်း ချုံတင့်ရှေ့က ကလေးတွေ အဖတ်မတင်ကြလေတော့ ချုံတင်လည်း မွေးရော ဆန်ကောထဲထည့်ပြီး ချုံပေါ်တင် ထားရမယ်လို့ ဗေဒင်က ဟောသယ် . . .ပြောသဲ့အတိုင်း တင်လိုက်တာ အဖတ်လည်း တင်ရှာပါရဲ့။ ကျန်းလည်း ကျန်းမာ ပါရဲ့. . .သို့ပေသိခမျာ ရုပ်မပါရှာပါဘူးအေ . . .ညည်းတို့လက် ငါ့သမီးကလေး အပ်ပါသယ် . . . . ..”

 

အပျိုခေါင်း မအုန်းရီကို မချုံတင် အမေ အရီးကောက်က အပျိုစာရင်း ပေါက်သည့်နေ့က ပြောခဲ့ဖူးသောစကား ဖြစ်သည်။ ရွာရေး ရပ်ရေးရှိလို့ အပျိုဖိတ် အဖိတ်ခံရခြင်းသည် အပျိုစာရင်းပေါက်ခြင်း မဟုတ်လား။ ရုပ်မလှတော့ကော ရွာရေးရပ်ရေး မပါလို့ ဖြစ်ကရောလား။ မဖြစ်ပါ။ ချုံတင်က သူတကာ မလုပ်ချင်သည့်အလုပ်တွေမှာ အားကိုးရသည်။ ပေပေကျံကျံအလုပ်တွေမှာ ချုံတင် မရှိလို့ မရ။ ချုံတင်က ပုဆိန်တစ်လက်နှင့် ထင်းခြမ်းခွဲနိုင်သည်။ ယောက်ျား ရေထမ်းပုံးလောက်တော့ ပါသည်မထင်။ ခြေကားကြီးတွေက အက်ကွဲနေကြတာလည်း မပြောနှင့်။ ရှားနက်စူး၊ ဆီးနက်စူးခံရတာတွေကလည်း မနည်းလှပြီ။

 

အိမ်မှာ ချုံတင်ရှိတော့ လူပိုငှားစရာ မလိုသကဲ့သို့ ရပ်ရေးရွာရေးမှာလည်း တော်ရုံ အပျို လေးယောက်စာလောက် အားကိုးရတာလည်း အမှန်ပင်။ သို့သော် လူပြမလှတာကိုတော့ မအုန်းရီ စိတ်ညစ်ရပါ၏။ ချုံတင်က အပျိုစာရင်း၀င်ဆိုတော့ အပျိုကိစ္စတွေမှာ ရုပ်မလှလို့ ထားခဲ့ရသည် မဖြစ်စကောင်း။ ချုံတင့်မှာလည်း အပျိုတစ်ယောက်၏အခွင့်အရေးတွေ ရှိရမှာပဲ မဟုတ်လား။ အပျိုတကာ အလှူလှည့်တော့ မဖိတ်မဖြစ် ဖိတ်ရသည်။ အပျိုတကာ ရပ်ရေးရွာရေးဆိုတော့ ပါရသည်။ တချို့ ရွာထဲက စိတ်ရင်းညံ့ကြသူများဆိုလျှင် ချုံတင်ကို မဖိတ်ပါနဲ့၊ လူရှေ့ မရပ်ပါစေနဲ့ ဆိုတာမျိုးအထိ ပြောတတ်ကြသည်။ ဒါမျိုးတော့ မအုန်းရီက လက်မခံဘဲ ချုံတင်ဘက်က ခုခံသည်။

 

“ဟဲ့ . . .ဘယ့်နှယ်ပြောလိုက်သာတုန်း . . .ချုံတင်လည်း အပျိုပဲ . . .မြောက်ကျွန်းရွာသူပဲဟာ . . .ရုပ်ရည်က ဂုဏ်မဟုတ်ပါဘူးအေ . . .အပျိုဆိုတာသာ ဂုဏ်ပါ . . .သူလည်း ပျိုရတုန်း အပျိုကိစ္စပါရသာပါ . . . . လင်ရတော့လည်း ညည်းတို့က ပါပါဆိုတောင် မပါပါဘူး . . . . အရုပ်ဆိုးဆိုး ကျိုးကျိုးကန်းကန်း အပျိုဆိုရင် အပျိုစာရင်း မဖျက်နိုင်ပေါင် အေ . . . .”

 

မအုန်းရီကို ကြောက်တော့လည်း သည်စကား သည်မှာတင် ပြီးရပါ၏။ မအုန်းရီကိုယ်တိုင်က စိတ်ညစ်သည် မှန်သော်လည်း အပျိုခေါင်းဆိုတော့ မျှမျှတတပြောရသည်။ မျှမျှတတ စဉ်းစားရသည်။ မျှမျှတတ နေရာပေးရသည်ပင်။ မြောက်ကျွန်းရွာက ချုံတင်တစ်ယောက်နဲ့တင် တို့ရွာတွေက ရှုံးပါသကွာလို့ တောင်ကျွန်းနဲ့ အလယ်ကျွန်းရွာတွေက ခနဲ့တာများလည်း သိပါ၏။ သို့သော် ရုပ်ဆိုးသကောရယ်လို့ ရွာက နှင်ထုတ်လို့ မဖြစ်ပါ။ စာရင်းက ပယ်လို့ မရပါ။ တော်ရာသင့်ရာ ချောင်မှာခိုနေပါအေလို့ မပြောသာ။ ရွာချင်း ခါးစောင်းအတင် မခံကြသူတွေဆိုတော့ သည်ကိစ္စက ခုစရာဖြစ်နေရပါ၏။ ဟင်္သာတွေထဲက ဒင်ကျီးတစ်ကောင်ဆိုသော်လည်း ချုံတင်ကို အကြောင်းကြောင်းကြောင့် မပစ်ပယ်သာခဲ့။

 

ချုံတင်ကလည်း ချုံတင်ပင်။ အလှူရှိလို့၊၊ ဆွမ်းကြီးလောင်းလှည့်လို့၊ ဆွမ်းသိမ်းပွဲလှည့်လို့ ပွဲမရှိလိုက်နှင့်၊ ရှိတာနှင့် ထိပ်ဆုံးက ရောက်လာပြီ။ ရွာအပျိုတွေ အလှပြင်ကြသည့်အိမ်ကြီးဆီ ပထမဆုံးရောက်လာသူက ချုံတင် . . .။ သည်တော့ သူများအပျိုတွေ မပြင်ရခင်က ချုံတင်ကို ပြင်နှင့်ကြရသည်။ ချုံတင် အရောင်ထွက်လျှင် တိုင်ပေါ် အလံစိုက်နိုင်ပြီ မဟုတ်လား။ ချုံတင်ကို မအုန်းရီနှင့်အတူ အပျိုကြီးလေးယောက်လောက်က ပြင်ကြရပါ၏။

 

“ချုံတင့်အသားက မည်းလှသအေ မိတ်ကပ်မလူးနဲ့. . . မျက်နှာချေ ရေနဲ့ဖျော်စမ်း . . . .အခံလိမ်းရအောင် . . . ပြီးရင် သနပ်ခါးမှုန့် ထူထူပုတ် . . . သနပ်ခါးအဝါမှုန့် ပုတ်နော် . . . . .နားရွက်တွေပါ နာနာလိမ်း . . . .ဂုတ်တွေ လည်ပင်းတွေ . . . . . ဟဲ့ . . .များများ ဖျော်ပါဟဲ့ . . .ကတည်း . . .”

 

ချုံတင်ကတော့ ပြဲပြဲကြီး ထိုင်ကာ မျက်နှာလေးထောင့်ကြီးကို မော့ထားလိုက်တာ ကြိုက်သလိုလုပ်ကြစမ်း ဆိုသည့်ပုံ။ မျက်နှာပြီးတော့ ဆံထုံးဘက် လုကြရသည်။ ဆံထုံး ထုံးပြီးတော့မှ အ၀တ်အစား ၀တ်ခိုင်းရပါ၏။ အားလုံးပြီးပြီဆိုတော့ အချောကိုင် ရပြန်သည်။ ဆံထုံးဘေးကနေ ပန်းတစ်ခွေ ကပ်ပန်ပေးကြရ၏။

 

“ချုံတင်က မျက်ခုံးတုတ်တော့ စင်ရော်ထောင် ကလေးလောက် ပါးပါးလေး မှေး ဆွဲစမ်း . . . .နှုတ်ခမ်းနီအညိုရောင် ဘယ်သူ့ရှိသလဲဟေ့ . . .တစ်ဆိုးစာလောက် ပေးကြစမ်းအေ . . အဲ ဟုတ်ပြီ . . .တစ်ယောက် ဆိုးပေးစမ်းဟေ့ . . .နှုတ်ခမ်းရစ်အထိ မဆိုးနဲ့. . .ချန်ဆိုး စမ်း . . .လှချက်တော့အေ . . . ပပ၀တီက မမ ခေါ်ရပြီပေါ့”

 

မအုန်းရီက ချုံတင်ရှေ့ တည့်တည့်ကနေ တင်ပျဉ်ခွေ ထိုင်ပြီး စီစဉ်ညွှန်ကြားသမျှ ကျန်အပျိုကြီးတွေက တစ်သဝေမတိမ်း လိုက်လုပ်ပေးရသည်။ ချုံတင်က မအုန်းရီစကားကို တကယ် ထင်ရှာပါ၏။ ချုံတင်ကိစ္စ ပြီးပြီဆိုတော့မှ ဖြီးလိမ်း ပြင်ဆင်ပေးရသူတွေ တစ်လှည့် ပြင်ရပါသည်။ ချုံတင်ကို ငြိမ်ငြိမ်ကလေး ထိုင်ခိုင်းထားရသည်။ ချုံတင်ကလည်း တောင့်တောင့်ကြီး ထိုင်နေတာပါပဲ။ ချုံတင်က လေးထောင့်ပြားပြားကြီးဆိုတော့ ထိုင်နေတာကိုက မအောင်ဖြူ ဖျာလိပ်နတ်နှင့်ပင် တူတော့သည်။ ချုံတင်ကို ညွှန်ကြားချက်တွေလည်း ထုတ်ရသည်။

 

“ချုံတင် . . .လူထူရင် မရယ်နဲ့ . . .ပါးစပ်ကလေးစေ့ပြီး ပြုံး ကြားလား . . .လျှောက်ရင်လည်း ဒေါင်းတိမောင်းတိ မလျှောက်နဲ့၊ နွဲ့နွဲ့ကလေး လျှောက် . . .ဘေးဘီကို မကြည့်နဲ့၊ ငုံ့လျှောက် . . .မောင်းထောင် ချိုင့်ထဲ ရွှေပန်းခက် မတ်မတ်ထည့်ပြီး မျက်နှာကလေး ကာရုံပွေ့ . . .”

 

တစ်ဖက်သား နှိမ်ရာကျမှာစိုးတော့ လှသည်ထက် လှအောင် ပြောရတာမျိုး သုံးနှုန်းရသည်။ ချုံတင်ကလည်း သူတကာ အပျိုလို လှည့်ခွင့်ရလျှင် ကျေနပ်ပြီ။ ဘယ်သူ ဘာပြောပြော ခွန်းတုံ့ပြန်တာမျိုးတော့ မရှိ။ သွားကလေးစေ့ကာ ပြုံး၍ပင်ပြလေ၏။ ချုံတင့်ကွယ်ရာမှာတော့ နေရာပြဿနာ ရှင်းကြရသည်။

 

“ချုံတင့်ကို နောက်ဆုံးက ထားလိုက်အေ . . .ပြီးသာပဲ”

 

“မလုပ်ပါနဲ့ မမအုန်းရီရယ် . . .နောက်ဆုံးပိတ် အိတ်နဲ့လွယ် . . .ကြည့်ကြသူတွေက ချုံတင်ကြီး စွဲကျန်နေကြပါ့မယ်”

 

“ဒါဆို ရှေ့ဆုံးက ထား”

 

“ဗွေဆော်ဦး ဘူးနဲ့လွယ် . . . .စစချင်း ချုံတင်နဲ့ ထိပ်တိုက်တွေ့တော့ လန်ကြကရောပေါ့”

 

“ဒါဆို . . .အလယ်ထား”

 

“အလယ်က အသား မမအုန်းရီရဲ့ . . .အလယ်ရောက်လေ လှလေ ဖြစ်ရမှာလေ”

 

“နို့ . . .ချုံတင်ထားဖို့ ခက်ကရောပေါ့”

 

“ကျုပ်တော့ ချုံတင်ကို ဒိုးပတ်ဝိုင်းထဲသာ ထည့်လိုက်ချင်တော့သယ် . . .”

 

တကယ်တမ်းနေရာချတော့လည်း နေရာက မကျချင်။ ဟိုရွှေ့ကြည့် သည်ရွှေ့ကြည့်။ ဟိုနောက်ထား၊ သည်နောက်ထား။ မဟုတ်ရပြန်။ တစ်ခါ ရွှေ့လိုက်ကြ၊ ပြန်ခေါ်လိုက်ကြ။ ကြာတော့ ချုံတင် ရိပ်မိရာက စိတ်တွေဆိုးတော့သည်။ သည်တော့လည်း အပျိုခေါင်း မအုန်းရီမှာ စကားလှအောင် ချော့ရသည်။

 

“ဟဲ့ . . .ချုံတင်ရဲ့ . . . ညည်းကို အသားလုပ်ရသာ . . ညည်းက မိန်းမခန့်ဆိုတော့ ထားတတ်မှ လှမှာပေါ့ . . . တခြားရွာတွေက လာကြည့်ကြမှာအေ့ . . .ညည်းနဲ့ လှန့်ရမှာ . . .”

 

သည်လိုဆိုတော့လည်း ချုံတင် ကျေနပ်ရှာသည်။ တကယ်ပြောနေကြတာလို့ ထင်သည်။ သည်လိုနှင့် တစ်ပွဲ ပြီးရပြန်ပါ၏။ ရွာကလည်း ချုံတင့်ကြောင့် အတန်းပျက်ရမှန်း သိကြပါ၏။ သို့သော် ပွင့်ပွင့်လင်းလင်း မပြောရက်ကြတော့ ကွယ်ရာမှာ ပြောကြသည်။ ကာလသားတွေကပါ ချုံတင်ကြောင့် ခက်ပါရဲ့ ဖြစ်ကြရပြီ။ သည်စကားတွေ ကြားတော့ ချုံတင့်အမေ အရီးကောက်က ထဘီစွန်တောင် ခါးတက်ချိတ်ရင်း အော်လေသည်။

 

“ဘယ် ကောင်မတွေကများ ဖုတ်သွင်းရထား ဆိုက်ကြလို့တုန်းဟေ့ . . .ငါ့သမီးများ မခြောက်ရပါဘဲနဲ့ သရဲအထင်ခံရလို့အေ . . .ချုံတင့်ကို အပျိုစာရင်း နှုတ်ချင်သဲ့ကောင်မတွေ ထွက်ခဲ့ကြစမ်း…ထဘီ ကလနားချင်း ချည်ဆွဲ ပစ်လိုက်စမ်းမယ်”

 

မြောက်ကျွန်းသူတွေ လှသည်ဆိုပေမယ့် ချုံတင်က ကြားခုနေလေတော့ အလယ်ကျွန်း တောင်ကျွန်းရွာတွေက ဒါကို လက်ညှိုးထိုးလာကြသည်။ နဂိုကမှ ကိုယ့်ရွာကိုယ် အမွှမ်းတင်ချင်ကြသည့် ရွာတွေဆိုတော့ ဆွမ်းဆန်ထဲ ကြွက်ချေးပါသလို ပြောစရာ လုပ်လာကြသည်။ ဟုတ်ကလည်း ဟုတ်နေတော့ မြောက်ကျွန်းရွာသူတွေ အခံရခက်လှပါ၏။ ချုံတင်ကလည်း ဖျောက်ထားလို့မရတော့ လူလုံးပြရ။ လူလုံးပြရပြန်တော့ ပြောစရာဖြစ်ရ။ အပျိုတွေ အိမ်ထောင်ရက်သား ကျကုန်လို့ နောက်ပေါက်ကလေးတွေ အပျိုစား၀င်ကြပြန်သည့်တိုင် ချုံတင်က အပျိုစာရင်းပေါက်ရတုန်းဆိုတော့ ပြဿနာက တသီကြီးပါနေရသည်။

 

“ပြဿနာက ချုံတင် လင်ရမှ ပြီးမှာအေ့ . .ချုံတင်မှ မဟုတ်ပါဘူးအေ . . .ငါပါ လင်ရမှ ပြီးမှာပါ”

တစ်ရက်တော့ မအုန်းရီက ညည်းသည်။

 

“လင်ရ ရအောင်ကလည်း ကိုယ့်ရွာသားကလည်း မကြိုက်၊ တစ်ရွာသားကဆို ဝေးရော့ ဆိုတော့ မခက်ဘူးလား . . .။ အခုဟာက ချုံတင်ကြောင့် ရွာက ပြတ်ပြတ်သားသား မနိုင်ရသာကို အခံရခက်သာ . . .”

 

တစ်ယောက်ကလည်း ထောက်ခံသည်။ မအုန်းရီက မျက်စိကလေး မှေးရင်း စဉ်းစားသည်။ ဘယ်လိုများ လုပ်ရင် ကောင်းမှာပါလိမ့်။ စဉ်းစားတာက အခုမှ စဉ်းစားတာတော့ မဟုတ်ပါ။ တစ်လျှောက်လုံး စဉ်းစားလာခဲ့ရခြင်းဖြစ်၏။ သို့သော် အဖြေမတွေ့ခဲ့။ ချုံတင် အပျိုစာရင်းက ပျောက်ဖို့ လင်ရမှ ဖြစ်မည်။

 

“သည်လိုဆိုရင်ကော အေ . . . .”

မအုန်းရီက စကား စ လိုက်တော့ အားလုံးက မအုန်းရီဘက် လှည့်ကြည့်ကြသည်။

 

(၄)

 

“ချုံတင်ရယ် . . ညည်း အလှူလှည့်သဲ့ရက်က တို့ရွာက ကိုအေးမောင်ကြီးက ညည်းကို လှလွန်းလို့တဲ့ . . . ပေါ်လိုက်သဲ့ ရုပ်နှယ်ဗျာ။ မိန်းမသားဆိုသာ ဒါမျိုးခေါ်သာ . . . အလုပ်များတော့လည်း ဖျန်းဖျန်းကွဲ . . .ချုံတင့် ရသဲ့သူတော့ ကံကောင်းပါ့ဗျာသဲ့ . . .ငါကတောင် ပြောခဲ့သေးသာ . . . ချုံတင်ကြားရင် စိတ်ဆိုးလိမ့်မနော် . . .တောစကား တောပျောက်ပစေလို့ . . .”

 

အပျိုခေါင်း မအုန်းရီအပါအ၀င် ရွာ့မိန်းကလေးတွေက သည်စကားမျိုး ချုံတင်ကို အကြောင်းဆိုက်တိုင်း ပြောကြသည်။ ပထမတော့ ချုံတင်က မျက်နှာကြီးနီကာ “သေချင်းဆိုးက လူ ဘာမှတ်လို့တုန်း” လုပ်ပါသေးသည်။ ကြားရဖန်များတော့ “တကယ်လားအေ” ဖြစ်လာခဲ့သည်။ ရွာကာလသားတွေကလည်း ကိုအေးမောင်ကို အရက်ဝိုင်းခေါ်တာတွေ များပြီ။

 

“ကိုအေးမောင်တို့များ စွံချက်တော့ဗျာ . . .မိန်းကလေးက စရတာမျိုး ပါလားဗျာ . . ချုံတင်က ကိုအေးမောင်ကြီး ရိုးသယ် အေးသယ်နဲ့ . . .ယောက်ျားဆိုသာ အဲသလို ကျားစီးဖားစီးရှိမှ စီးပွားဖြစ်သာ တဲ့ဗျာ . . .မဟုတ်မှလွဲရော . .”

 

ကိုအေးမောင်ကြီးကလည်း ချုံတင်ဆိုတော့ စိတ်မပါ။ သို့ပေသိ လူကလည်း ခပ်ရူးရူးဆိုတော့ ကြားရဖန်များရာ က “မင်းတို့ဟာက ဟုတ်ရဲ့လားကွာ” ဖြစ်လာတော့သည်။ ယာထဲအခင်းထဲကို အေးမောင်နှင့်ချုံတင် မတွေ့မရှိ တွေ့ကြရတာဆိုတော့ တစ် ယောက်တစ်ယောက် ခိုးကြည့်ကြရာက ရင်နွေးရတာတွေ ဖြစ်လာပါ၏။ ရွာကာလသား၊ ကာလသမီးတွေ လှော်ဖန်များတော့လည်း “ပေမကုန်ပဲ စာကျ” ကြလေသည်။

 

ကိုအေးမောင်နှင့် ချုံတင်တို့ မင်္ဂလာဆောင်တော့ ရွာကာလသား ကာလသမီးတွေက မြေတစ်ကွက် စု၀ယ်ကာ လက်ဖွဲ့ကြသည်။ မင်္ဂလာဆောင်ကလည်း စည်လိုက်သည့်ဖြစ်ချင်း။ ရွာကလည်း သည်အခါမှ “ဟင်း”ချကြရသလို မင်္ဂလာဆောင်ကို ဝိုင်းလိုက်ကြတာ လက်ဖွဲ့တွေများ သိမ်း၍ပင် မနိုင်။ သတို့သမီး ချုံတင်ကို တစ်ရွာလုံးက အပျိုတွေ ဝိုင်းပြင်ပေးလိုက်ကြတာ မကန်းလှေကားကြီး ထုံးသုတ်ထားတာနှင့်ပင် တူ၏။ အပျိုခေါင်း မအုန်းရီက မင်သေသေမျက်နှာဖြင့် နှမျောဟန်ပြသည်။

 

“ချုံတင်ရယ် . . .ညည်းနှယ် . . .နှမျောချက်တော့အေ . . . .လင်ရမှများ ပိုလှလာသလား အောက်မေ့မိသယ် . . .ကိုအေးမောင်နဲ့တောင် မတန်ပေါင်အေ . . .နေပါဦး . . .ညည်းတို့ ဘယ်သူတွေကများ အောင်သွယ်တာပါလိမ့် . . .”

 

“ဖူးစာပါတော့လည်း မရှောင်သာဘူးပေါ့ မမအုန်းရီရယ် . . .စဥ့်အိုးထဲ ၀င်ပုန်းတောင် လွတ်မထင်ပါဘူး . . . ဘ၀က အကြောင်းပါသာကိုး မမရဲ့. . .”

 

ချုံတင်က သည်လိုပြောလေ ကာလသား ကာလသမီးတွေက ကွယ်ရာမှာ ရယ်ကြလေ။ မင်္ဂလာဆောင်ပြီး နောက်ရက်မှာ ချုံတင် အပျိုစာရင်းက အဖျက်ခံရလေပြီ။ ချုံတင်က သွားခေါတော့ ရွာက အေးမောင်တို့များ ကံကောင်းပုံများ အိမ်ထောင့်တစ်သက် အုန်းခြစ်၀ယ်စရာ မလိုဘူးတဲ့။

 

(၅)

 

ကိုအေးမောင်နှင့်ချုံတင် ညားကြရာက သမီးနှစ်ယောက်ရတော့မှ အဖြစ်မှန်ကို သိကြသည်။ စိတ်လည်း မဆိုးသာတော့“သေနာမတွေ”ဆိုတာလောက်နှင့် ပြီးခဲ့ရသည်။ အပျိုခေါင်းမအုန်းရီကပဲ ဖွင့်ချခြင်း ဖြစ်ပါ၏။

 

“ညည်းသာ လင်ရအောင် လှော်ရသာပါအေ . . ငါဖြင့် ခုထိ လင်မရနိုင်သေးဘူး”

 

“အပျိုခေါင်းဇာတာ မကုန်သေးလို့ပေါ့ မမအုန်းရီရယ်”

 

အခုတော့လည်း ရွာပြိုင် ရပ်ပြိုင်ရယ်လို့ သိပ်မရှိကြတော့။ ကျွန်းသုံးရွာစလုံး တစ်ရွာတစ်ရွာ စကားနာထိုးတာတွေ မရှိကြတော့။ အလှူပွဲလှည့်ရယ်လို့၊ ဆွမ်းကြီးပွဲလှည့်ရယ်လို့လည်း စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် မရှိတော့တာလည်း ပါပါလိမ့်မည်။ မြစ်မကြီးကလည်း မြောက်အရပ်မှ တောင်အရပ်ပင်လယ်ဆီ စီးဆင်းမြဲ စီးဆင်းလျက် ရှိပါ၏။ ကျွန်းသုံးရွာစလုံးကို မြစ်ရေက ခေါင်းဝှေ့မြဲ ဝှေ့ဆဲပင်။ မြေပဲ၊ ဘူး၊ ဖရုံ၊ သခွားတွေလည်း ဥမြဲဥလို့ သီးမြဲသီးလျက် ရှိပါ၏။ သို့သော် ကျွန်းရွာ အချင်းချင်း ရွာပြိုင်ရပ်ပြိုင်စိတ်တွေ ခန်းခြောက်ကုန်ကြတာကတော့ ဘယ်လိုပြောရမည်မသိ။

 

အရုပ်ဆိုးလှသူ မချုံတင်နှင့် အကျည်းတန်လှသူ ကိုအေးမောင်တို့က မွေးသည့် သမီးနှစ်ယောက်စလုံး စက်စက်ယိုအောင် လှနေခြင်းကတော့ ထူးဆန်းလှပါ၏။ ကျွန်းသုံးရွာမှာ အပျိုတွေများလှသော်လည်း မချုံတင့်သမီး မိချာရစ်နှင့် မိသေးတာတို့ကို မီသူ မရှိ။ မချုံတင်တို့လက်ထက်ကတည်းက မြောက်ကျွန်းသူတွေ အချောအလှမှာ နိုင်စားကြရသလို မိချာရစ်တို့ မိသေးတာတို့လက်ထက်မှာလည်း နာမည်ကောင်းရဆဲပင်။ မြောက်ကျွန်းက မိန်းမချော ထွက်မှာပေါ့၊ မြောက်ကျွန်းမကြီးက မြစ်ရေအောက်က သိုက်နန်းပေါ် ကျနေသာကိုးလို့ပင် ပြောကြရသည်အထိ မိန်းမချော မျိုးမပြတ်တာကို ၀န်ခံကြရပြီ။ အရင်တစ်ခေတ်တစ်ခါကလို ရပ်ပြိုင်ရွာပြိုင်စိတ်တွေ မရှိကြတော့ အပျိုလှတာ ရွာအတွက် မဟုတ်တော့ဘဲ ကာလသားတွေကိစ္စလောက်သာ သဘောထားကြပါ၏။ ဒါကို မချုံတင်က မခံချင်။

 

“ငါ့သမီးများခေတ်ကျမှပါအေ . . .အမေတို့ခေတ်တွေတုန်းက တစ်ရွာ့တစ်ရွာ သူသာ ကိုယ်သာ ကြည့်နေကြသာ . . . . .မြောက်ကျွန်းသူတွေ လှလွန်းလို့ လာပိုးကြသာများ လှေကြက်တောင်စိုက် . . . ညည်းတို့အဖေဆိုရင် အမေ အလှူလှည့်ထွက်ရင် ကြည့်ရသာ အမော . . .အမေ့ကို ပိုးသာပဲ သုံးနှစ်ကြာသယ်”

 

တစ်ခါက ကွမ်းသီးပြားကြီးတွေလို ခေါထွက်နေတဲ့ သွားကြီးတွေ မရှိတော့ပေမယ့် မချုံတင်က တစ်ချီတစ်မောင်း ဂိုက်ထုတ်လိုက်ချင်သေးဆိုသည့်ပုံ။ သမီးတွေကတော့ မအေ့မျက်နှာကို ကြည့်နေကြရုံသာ။ နွားစားကျင်းမှာ နွားစာကျွေးနေသည့် ကိုအေးမောင်က “ပုန်းမကြည်မ . . .ရူးသာ ကောင်းမှတ်လို့”တဲ့။

 

———————-

ခင်ခင်ထူး

ေျမာက္ကြၽန္းသူ

#ခင္ခင္ထူး

ေျမာက္အရပ္မွ ေတာင္အရပ္ပင္လယ္ဆီသို႔ စီးဆင္းလာေသာ ျမစ္မႀကီးတစ္ေနရာတြင္ ျမစ္လယ္ကြၽန္းသုံးကြၽန္း အစဥ္လိုက္တန္းေနေသာ ေရလယ္ကြၽန္းဆက္တန္း တစ္တန္း ရွိသည္။ ကြၽန္းဆက္တန္းဆိုေသာ္လည္း တစ္ကြၽန္းႏွင့္ တစ္ကြၽန္း နီးနီးကေလးလားဆိုေတာ့ မနီးပါဟုသာ ေျဖရပါမည္။ မနီးဘူးလား ဆိုေတာ့လည္း နီးသည္သာ။ ကြၽန္းသုံးကြၽန္း ၾကားမွာ အျခားကြၽန္းမရွိ။ တစ္နည္းအားျဖင့္ အျခားကြၽန္း႐ြာ တစ္႐ြာတစ္ေလ ၀င္ခုေနတာမ်ိဳး မရွိ။ ျမစ္မသည္ ေျမာက္ဘက္မွ စီးလာကတည္းက ေျမာက္ဘက္စြန္း ေရလယ္ကြၽန္းမကို ေခါင္းေဝွ႔သည္။ ကြၽန္းမကို ေရဦးထိုးရာက ေရႏွစ္ႁမႊာကြဲကာ ကြၽန္းမႀကီး၏ အေရွ႕ဘက္ႏွင့္ အေနာက္ဘက္မွ ေရေၾကာင္း ႏွစ္ေၾကာင္း ေပၚသည္။ ေရေၾကာင္း ႏွစ္ေၾကာင္းစလုံး ေလွသေဘၤာ သြားလို႔ ရေအာင္ပင္ က်ယ္လွ နက္လွပါ၏။ ထိုေရေၾကာင္း ႏွစ္ေၾကာင္းက ေအာက္ဖက္ အလယ္ကြၽန္းကိုေရာ၊ ေတာင္ဘက္အစြန္က ေတာင္ကြၽန္းကိုပါ ခြ၍ စီးဆင္းေနေပရာ ထိုေနရာတြင္ ကြၽန္းဆက္သုံးကြၽန္းသည္ ေရလယ္ကြၽန္းမ်ားအျဖစ္ သဘာ၀တရားကပင္ ေနရာခ်ထားသကဲ့သို႔ ရွိပါ၏။

ကြၽန္းသုံးကြၽန္းသည္ ႐ြာသုံး႐ြာ ျဖစ္သည့္အေလ်ာက္ ကြၽန္းသုံးကြၽန္း ေရလယ္မွာ ထြန္းကတည္းက ေျမာက္ကြၽန္း၊ အလယ္ကြၽန္း၊ ေတာင္ကြၽန္းလို႔သာ အလြယ္ေခၚခဲ့ၾကသည္မွစကာ သည္အမည္မ်ား တြင္ခဲ့ေလေတာ့သည္။ ကြၽန္း႐ြာေတြဆိုေတာ့ ႐ြာခ်င္း ကူးခ်င္ေတာ့လည္း ေလွႏွင့္ တက္ႏွင့္ ကူးၾကရသည္။ ကြၽန္းတစ္ကြၽန္းစီ၏ တစ္ဖက္တစ္ခ်က္တြင္ ကူးတို႔ေလွေတြ ရွိၾကသျဖင့္ ျဖတ္ကူးတို႔၊၊ လ်ားကူးတို႔ သြားခ်င္သလို သြားလို႔ရၾကသည္။

ကြၽန္းမႀကီး သုံးကြၽန္းမွာ အ႐ြယ္အစားခ်င္းကလည္း မကြာ၊ ကြၽန္းထြန္းခဲ့သည့္ ႏွစ္ေတြကလည္း မကြာ၊ လူေနအိမ္ေျခေတြကလည္း မတိမ္းမယိမ္းဆိုေတာ့ ဘယ္႐ြာက ဘယ္ေနရာမွာ ဘယ္လိုသာသည္ရယ္လို႔မရွိ။ စီးပြားေရး၊ ႀကီးပြားေရးေတြမွာလည္း မကြာပါ။ လႉေရးတန္းေရးမွာလည္း တန္းတူပင္။ ေစတီပုထိုး၊ ေက်ာင္းကန္၊ တန္ေဆာင္းေတြကလည္း ေရလယ္ကြၽန္း႐ြာေတြဆိုေပသိ ပြင့္ပြင့္လန္းလန္း ရွိၾကပါသည္။ သို႔ေသာ္ တစ္ကြၽန္းတစ္႐ြာ ေနထိုင္ၾကရသူေတြပီပီ ကိုယ့္႐ြာကိုယ့္အစြဲ အၿပိဳင္စိတ္ကေလးေတြကေတာ့ ရွိၾကသည္။

“ေတာင္ကြၽန္းက ကိုမွတ္ႀကီး မေဌးမတို႔အလႉ မႏွစ္က တီးသြားတဲ့ဆိုင္း . . .ဘယ္သူတဲ့ . . . စိန္ေက်ာ္လွဆိုလား . . . ေကာင္းလြန္း ေကာင္းလြန္းနဲ႔ . . .သည္ႏွစ္ တို႔႐ြာ အလႉတီးသြားတဲ့ စိန္ျမညိဳဆိုင္း မမီေပါင္ကြာ . . .တီးခ်က္ကေတာ့ေဟ့ ပတ္လုံးေတြမ်ား ကြဲထြက္ေရာ မွတ္သာ . . .”

ကိုယ့္႐ြာတီးတဲ့ဆိုင္းကမွ ေကာင္းေၾကာင္း အလယ္ကြၽန္းသားက မွတ္ခ်က္ျပဳသလို ေျမာက္ကြၽန္းသားကလည္း စိန္ျမညိဳဆိုင္းကို မႀကိဳက္ဟု ေျပာတတ္သည္။

“အလယ္ကြၽန္းသားမ်ား အလယ္ကလူ စကားဝဲ . . . ငွက္ေပ်ာသီး အခ်ိဳလုပ္ရသာနဲ႔ ၿပီးရသာပါကြာ . . .သူတို႔႐ြာ တီးတဲ့ စိန္ျမညိဳဆိုင္း ေကာင္းလွေျပာေနေတာ့ မခက္ပါလား . . . .ဗုံ ပတ္စာကပ္ တီးရင္ အ႐ူးတီးသာေတာင္ ျမည္တဲ့ဟာ . . . .ဆိုင္းကေတာ္ေတာ္ မယ္ေတာ္က ကဲေနၾကသာ . . .ဆိုင္း တကယ္ေကာင္းသာက တို႔႐ြာ ဆြမ္းႀကီးခံပြဲ လာတီးသဲ့ စိန္ဘေက်ာ္မွ ဆိုင္းေကာင္း ေခၚသာဟ”

သည္စကားေတြက ေတာင္ကြၽန္း႐ြာ နားေပါက္ျပန္ေတာ့ ေတာင္ကြၽန္း႐ြာသားေတြက မခံႏိုင္ၾက။ သူတို႔႐ြာတီးသြား မႈတ္သြားသည့္ စိန္ေက်ာ္လွဆိုင္းမွ မေကာင္းရင္ တာ၀တႎသာက ေဗလုဝေစာင္းတီးတဲ့ နတ္သား ေခၚၿပီး ေစာင္းတီးခိုင္းဖို႔ပဲ ရွိေတာ့မွာေပါ့လို႔ ခနဲ႔ၾကသည္။ ဒါမ်ိဳးက မၾကာခဏ ျဖစ္တတ္ပါ၏။ ဇာတ္ငွားၾကေတာ့လည္း ကိုယ့္႐ြာ လာကသည့္ ဇာတ္ကမွ ဇာတ္အသားပါသတဲ့။ သူတို႔မင္းသားကမွ ႐ုပ္ေခ်ာ၊ အသံေကာင္းတဲ့။ အုပ္စုံေကာင္းဆိုရေလာက္ေအာင္ ေအာ္ပရာ၊ ျပဇာတ္၊ ေနာက္ပိုင္း ေျပာစရာ မရွိေအာင္ ေကာင္းသတဲ့။ အလႉ လႉၾကေတာ့ေကာ တစ္႐ြာက ဘယ္သူဘယ္႐ြာကမွ လိုက္မမီေအာင္ ႀကီးႀကီးက်ယ္က်ယ္ လႉလိုက္သည္ဆိုပါစို႔။ မမီမွန္းသိေသာ္လည္း ေအာက္က်မခံ။

“ဘုန္းႀကီးတစ္မတ္ ေဗ်ာ ငါးက်ပ္ . . .ပကာသနေတြ သည္ေလာက္မ်ားမွေတာ့ ကုသိုလ္တစ္ပဲ ငရဲတစ္ပိႆေပါ့လကြာ . . .ဒါမ်ိဳး အားမက်ၾကနဲ႔ . . .တို႔႐ြာက မိတင္ေအးတို႔လႉသာ ႀကိဳက္သယ္ . . . လႉဖြယ္ပရိကၡရာ အသားေပးသာ . . .ေရာက္ကေရာေပါ့ကြ နိဗၺာန္ . . .ဓာတ္ေလွကားနဲ႔ တက္သာကမွ ၾကာဦးမယ္ . . .”

သည္ႏွစ္ မူလတန္းေက်ာင္းသားေအာင္ခ်က္ခ်င္း ၿပိဳင္ၾကသည္။ တကယ္ေတာ့ မူလတန္းေက်ာင္းကေတာ့ ဘယ္႐ြာမွာမွ မရွိၾကပါ။ အေနာက္ဖက္ ျမစ္မကမ္းဘက္ကို ေလွႏွင့္ကူးကာ ေက်ာင္းတက္ၾကရတာခ်င္း အတူတူဆိုေတာ့ ေက်ာင္းခ်င္း မၿပိဳင္သာ။ သည္ေတာ့ ေက်ာင္းသားေအာင္ခ်က္ ၿပိဳင္ၾကသည္။ ေျမႏုကြၽန္းေတြမွာ စိုက္ၾကသည့္ ေျမပဲေတာင့္ခ်င္း ၿပိဳင္ၾကသည္။ ႏြားေခ်ာတာခ်င္း ၿပိဳင္ၾကသည္။ ႐ြာလက္သမားခ်င္း ၿပိဳင္ၾကသည္။ ႐ြာ၀မ္းဆြဲခ်င္း ၿပိဳင္ၾကသည္။ တံငါသည္ ငါးရတာခ်င္း ၿပိဳင္ၾကသည္။

“အလယ္ကြၽန္းက ေအာင္ေဖ အေနာက္ျမစ္မထဲ ကြန္ပစ္သာ ျမစ္ငါးၾကင္းႀကီး ရွစ္ပိႆစီး ရသြားသတဲ့ . . . ဟန္က်ခ်က္ေတာ့ . . .”

“ငါ ျမင္ပါ့ကြာ၊ သုံးပိႆ . . . ေလ်ာ့ေလ်ာ့ပါ….အလယ္ကြၽန္းသားမ်ား ေမာင္းကြဲက ဒူဟူဟူ ျမည္ခ်င္ၾကေသးသာ . . .ခက္ပါ့ကြာ . . . တို႔႐ြာက ငေမာင္ ရလိုက္သဲ့ ငါးေခ်ာင္းႀကီး ေတြ႕ေစခ်င္သယ္”

“ေျမာက္ကြၽန္းသားေတြကလည္း တက္တက္စင္လြဲသာေတာင္ ေအာင္လံထူ စစ္သူႀကီးပြဲလုပ္ခ်င္တုန္း . . .ငေမာင္ ရသဲ့ငါးက ငါးခုံးမသာသာပါကြာ . . .”

႐ြာသုံး႐ြာက အဲသလို ႐ြာမ်ားပင္။ ရန္ပြဲရယ္၊ တုတ္ပြဲ ဓားပြဲရယ္လို႔ေတာ့ မရွိၾက။ စကားအရာမွာ မခံႏိုင္ေအာင္ ေျပာၾကတာေတာ့ ရွိၾကပါ၏။ တစ္႐ြာ့တစ္႐ြာ ထမ္းပိုးအတင္မခံ။ ကိုယ့္႐ြာက ကိစၥသာ အေကာင္းစား လုပ္ခ်င္တာကလြဲလို႔ သုံးကြၽန္းသုံး႐ြာစလုံး သေဘာမေနာေကာင္းၾကသည္။ ဝါးတစ္႐ုံလုံး ဘုန္းႀကီးေတာင္ေဝွး၊ ေပတစ္ပင္လုံး ဘုန္းႀကီးယပ္ေတာင္ ျဖစ္ၾက႐ုံကလြဲလို႔ အျခားအကုသိုလ္မရွိ။ သို႔ေသာ္ ကိုယ့္႐ြာက သာလိုက္ရမွ ဆိုသည့္စိတ္ေတြကေတာ့ မေဖ်ာက္ႏိုင္။

“႐ြာအပ်ိဳခ်င္းပဲ ယွဥ္ေလကြာ . . .ေတာင္ကြၽန္းသူမ်ား အက်ည္းတန္ခ်က္ေတာ့ . . . .ပိန္ရတဲ့အထဲ နာတာရွည္စြဲသာလိုဟာေတြ . . .”

“ေျမာက္ကြၽန္းက အပ်ိဳေတြ အလႉလွည့္ၾကသာ တစ္ရက္ ေလွနဲ႔ကူးၿပီး ၾကည့္မိပါသယ္…ပုန္းမၾကည္အိုး မုန္႔ႏွစ္ တို႔ထားသလိုကြာ . . .ျမန္ျမန္ ျပန္ေလွာ္ခဲ့ရသယ္”

“အလယ္ကြၽန္းသူေတြ လွသယ္ လွသယ္နဲ႔. . .႐ြာခ႐ိုးစပ္ ပစ္ထားသဲ့ ေခါပေတာင္းကမွ လွေသး ”

ၿပိဳင္စရာမရွိေတာ့လည္း အပ်ိဳခ်င္း ၿပိဳင္ၾက။ တစ္႐ြာ့ တစ္႐ြာ မႈိခ်ိဳးမွ်စ္ခ်ိဳး ပုတ္ခတ္ၾက။ တကယ္ေတာ့ ကြၽန္းသူေတြအားလုံး သူ႔အဆင္းႏွင့္ သူ႔အခ်င္း လွၾကသည္သာ။ ဘ၀ကံအက်ိဳးေပးေကာင္းသူေတြ ရွိၾကသလို အက်ိဳးေပးမေကာင္းလို႔ အလွရည္ ေလ်ာ့ၾကတာလည္း လူ႔သဘာ၀ ရွိၾကေပမေပါ့။ သို႔ေသာ္ ကိုယ့္႐ြာသူမွ ေခ်ာသည္လို႔ ထင္ၾကသူေတြ ျဖစ္ပါ၏။ ႐ြာ့မိန္းမပ်ိဳေတြခမ်ာ ေခ်ာၾကသည္ျဖစ္ေစ၊ မေခ်ာၾကသည္ျဖစ္ေစ ဘယ့္ႏွယ္မွ မေနခဲ့ၾကေပသိ ႐ြာက ၿပိဳင္ၾကေတာ့ သူတို႔လည္း ၾကာေတာ့ “နဲ႔” ၾကရသည္သာ။

(၂)

တကယ္တမ္း ေျပာၾကေၾကး၊ ၀န္ခံၾကေၾကးဆိုလွ်င္ ေျမာက္ကြၽန္းသူကေလးေတြက အလွပိုၾကပါသည္။ သည္ေရသည္ေျမ သည္ေလ လက္တစ္ကမ္းက ကြၽန္း႐ြာခ်င္း တူပါလွ်က္ ေျမာက္ကြၽန္းသူကေလးေတြက လွ႐ိုးအမွန္ပင္။ ေျမာက္ကြၽန္းက ဘူး႐ြက္ ဘူးၫႊန္႔ ဘူးသီးက ပိုခ်ိဳသည္။ ေျမာက္ကြၽန္းက ေျမပဲက အဥေကာင္း အဆန္ေကာင္း၊ ဆီထြက္သန္သည္။ ျမစ္မေရ ေသာက္ၾကသည့္ ႐ြာခ်င္းအတူတူ ေျမာက္ကြၽန္းသူကေလးေတြက အသားအေရ ပိုလွၾကသည္။ ဆယ္ေက်ာ္စြန္းစ အပ်ိဳႏုႏုကေလးေတြ လွၾကသလို ႏွစ္ဆယ္ေက်ာ္ သုံးဆယ္တြင္း အပ်ိဳအူလည္ေတြကလည္း လွၾကသည္။ အပ်ိဳအူလည္ေတြ လွၾကသလို ေလးဆယ္ေက်ာ္ အပ်ိဳေထာ္ေထာ္ေတြကေကာ လွၾကပါ၏။ ဘယ္လိုပင္ မခံခ်င္ေအာင္ ေျပာၾကေျပာၾက၊ ကိုယ့္႐ြာကိုယ္ ဘယ္လိုပဲ အမႊမ္း တင္တင္ ေျမာက္ကြၽန္းသူေတြ အလႉလွည့္ၾကၿပီဆိုလွ်င္ ေျမာက္ကြၽန္း႐ြာ ကြၽန္းပတ္လည္ ေလွေတြ ၾကက္ေတာင္စိုက္ၾကတာ မည္းမည္းတုတ္လို႔။ ေျမာက္ကြၽန္း႐ြာ ကာလသားေတြက မစည္ၾကရဘဲ အလယ္ကြၽန္းႏွင့္ေတာင္ကြၽန္း ကာလသားေတြ တိုးမေပါက္ႏိုင္တာလည္း ေျမာက္ကြၽန္း႐ြာသူေတြ လွၾကတာကို ၀န္ခံျခင္းတစ္မ်ိဳး မဟုတ္လား။ ကာလသားခ်င္း တစ္႐ြာ့တစ္႐ြာ ခင္ၾကသူေတြဆိုေတာ့ ဧည့္႐ြာသားေတြကို ႐ြာခံကာလသားေတြက ခနဲ႔ၾကသည္။

“မင္းတို႔ေျပာေတာ့လည္း တို႔ေျမာက္ကြၽန္းသူေတြက နဘဲတုံး မိုးႀကိဳးပစ္ထားသလို ဟာေတြဆိုကြာ . . .အခုေတာ့လည္း မင္းတို႔႐ြာေလွေတြ တို႔႐ြာ ၾကက္ေတာင္လာစိုက္ၾကသာမ်ား ေလွစည္း႐ိုးခတ္ထားသာ က်လို႔ . . .”

ဟုတ္ကလည္းဟုတ္ေနေတာ့ ေတာင္ကြၽန္းသား၊ အလယ္ကြၽန္းသားေတြ မလႈပ္သာပါ။ သို႔ေသာ္ အားက်မခံေတာ့ ျပန္တြယ္ၾကပါ၏။

“ေျမာက္ကြၽန္းသူေတြ လွလြန္းလို႔ ဟုတ္ရေပါင္ကြာ . . . ဘဲဥတစ္လုံး သုံး႐ြာေဝ . . . မင္းတို႔႐ြာအလႉ စည္ေအာင္ လာၾကသာပါ”

ေျမာက္ကြၽန္းသူေတြ မနက္ခင္း ေနေရာင္ထဲ အလႉလွည့္တန္းစီၾကၿပီဆိုလွ်င္ တဖိတ္ဖိတ္ ေတာက္ေနေတာ့သည္။ ႐ြာ့အပ်ိဳေခါင္း မအုန္းရီက ပဝါ စုံခ်၊ နဖူးေျပာင္ေျပာင္ ဆံၿမိတ္က်ႏွင့္ အပ်ိဳတန္းကို လိုက္ၾကည့္ရတာ အေမာ။ တစ္လႉ တစ္ေရာင္ ၀တ္ႏိုင္ေအာင္ စီစဥ္ထားၾကသူေတြဆိုေတာ့ လွခ်င္တိုင္း လွၾကပါ၏။ ဘယ္သူ ဘယ္ဝါက ပိုလွလို႔ ဘယ္သူဘယ္ဝါက ကုသိုလ္နည္းသည္လို႔ပင္ မေျပာသာ။ ေရွးက ရာဇ၀င္နိပါတ္ေတာ္ေတြထဲမွာပါသည့္ ေျမာက္ကြၽန္းသူေတြလို အလွႏွင့္ အယဥ္၊ အသြင္ႏွင့္အဆင္း ဘက္ခ်င္းညီၾကသူေတြခ်ည္းပင္။ သည္လို ညီေအာင္ လွေအာင္ ႐ြာအိမ္ႀကီးတစ္အိမ္မွာ အပ်ိဳေတြစုကာ ၿဖီးၾက လိမ္းၾက။ ၀တ္ၾက စားၾက၊ ျခယ္ၾက သၾက၊ ပန္ၾက ကုံးၾက၊ ျပင္ၾက ညႇိၾကတာဆိုေတာ့ တစ္ေယာက္တစ္ေပါက္မရွိ။ မိဘေတြကလည္း ကြၽန္းသုံး႐ြာ ၿပိဳင္ပြဲစိတ္ကေလး ရွိၾကသူေတြခ်ည္း ဆိုေတာ့ အမ်ားက ဒါဆိုလွ်င္ ကိုယ့္သားသမီးခါးေပၚ ေရာက္ေအာင္ ဆင္ၾကသည္။

မရွိသူေတြကလည္း သမီးပ်ိဳေတြ မ်က္ႏွာအညႇိဳးမခံ။ မရွိတာ ရွိတာထား။ ေစ်းစပါး အဖ်င္းမ်ားသည္ အေျပာမခံခ်င္။ သူတကာသားသမီး ၀တ္ႏိုင္မွေတာ့ ငါတို႔သားသမီးလည္း ၀တ္ႏိုင္ရမွာေပါ့ဆိုသည့္ စိတ္သာ ရွိၾကပါ၏။ သည္စိတ္ကိုပင္ ႐ြာစိတ္လို႔ သေဘာထားၾကသည္။ သည္ဂုဏ္ကိုပင္ ႐ြာ့ဂုဏ္လို႔ မွတ္ယူၾကသည္။ သည္ေတာ့လည္း ေျမာက္ကြၽန္း႐ြာသူေတြ ရိပ္ရိပ္ေျပးေနၾကတာ မဆန္းပါ။ ႐ြာအပ်ိဳေတြက ႐ြာေရးရပ္ေရး ရွိလာလွ်င္ ငရံ႕ရေတာ့ စပ္တူ ငခူရေတာ့ ခြဲျခမ္းခြဲျခမ္း မရွိၾက။ အလြန္ညီ ၾကပါသည္။ မရွိသူကေလးေတြကို ေဝၾက မွ်ၾကရာက ျပည့္ရတာလည္း ရွိၾကပါ၏။ အပ်ိဳေခါင္း မအုန္းရီက ပါဝါရွိသည္။ မအုန္းရီ၏စကားတစ္ခြန္းက တာသြားသည္။

“သည္မယ္ . . .ငါေျပာမယ္ . . .တို႔႐ြာက အလႉၿပီးသာနဲ႔ ေတာင္ကြၽန္းကအလႉ ဆက္၀င္မွာ . . .ကိုယ္က ဦးေအာင္ အ၀တ္အစားနဲ႔ ဖိထားမွ မလွန္ႏိုင္မွာ . . .အဖိုးတန္ေတာ့လည္း မဟုတ္ဘူးေပါ့ေအ . . .အဖိုးနည္း အိုးကြဲက်ေတာ့လည္း သူတကာ အထင္ ေလ်ာ့မခံႏိုင္ဘူး . . .ငါ ၿမိဳ႕က အဆင္ကေလး သေဘာက်ထားသာရွိသယ္ . . .ညည္းတို႔လည္း ၾကည့္ၾကပါဦးေပါ့”

သည္စကားက အတည္ျဖစ္ရေတာ့သည္။ ေျမာက္ကြၽန္းသူေတြ လွၾကတယ္ဆိုရာမွာ အ၀တ္အစား ၀တ္တတ္စားတတ္ၾကတာလည္း ပါသလို လူညီၾကတာလည္း ပါသည္။ သူ႔႐ုပ္ရည္ ကိုယ့္႐ုပ္ရည္ မတူႏိုင္ၾကေပမယ့္ စိတ္ထားညီေတာ့ လွၾကတာလည္း ပါပါလိမ့္မည္။ တကယ့္ကို စက္စက္ယိုလွသူက ႏွစ္ေယာက္သုံးေယာက္သာ ရွိပါ၏။ ေထြးပိုႏွင့္ေအးညိဳ။ သည္ႏွစ္ေယာက္ကေတာ့ တကယ္လွၾကသူကေလးေတြ။ ကြၽန္းသုံး႐ြာက ကာလသားေတြက မ်က္စိက်ၾကတာလည္း မေျပာႏွင့္။ ျမင္းတစ္ေျပး ၾကည့္ ၾကည့္၊ ကြမ္းတစ္ေပးၾကည့္ ၾကည့္ လွၾကသူေတြ မဟုတ္လား။ အလႉ မ႑ပ္၀င္ၾကၿပီဆိုသည္ႏွင့္ ႐ြာလုံးကြၽတ္ေအာင္ ၾကည့္ၾက ေငးၾကရသူကေလးေတြ။ သည္ႏွစ္ေယာက္ႏွင့္ပင္ ေျမာက္ကြၽန္းသူေတြ ႏိုင္လွေပါ့။

(၃)

ႏို႔ျဖင့္ ေျမာက္ကြၽန္းမွာ မလွသူရယ္လို႔ မရွိဘူးေပါ့။ အဲသလို ေမးလွ်င္ေတာ့ အက်ည္းတန္သူလည္းရွိသေပါ့ လို႔သာ ေျဖရမည္။ တစ္ခါတေလ မိဖုရား ကင္းကိုက္မိသလို ေဘးကလူေတြ ေနမထိ ထိုင္မသာ ျဖစ္ရတာမ်ားလည္း ရွိပါ၏။ အထူးသျဖင့္ “မခ်ဳံ တင္”ေၾကာင့္ပင္။ ခ်ဳံတင္ကလည္း ေျမာက္ကြၽန္း႐ြာသူ ဓမၼစစ္။ ၿပီးေတာ့ အပ်ိဳ။ အပ်ိဳ မွ အသက္ ႏွစ္ဆယ္ေက်ာ္ မႏြံမေရအပ်ိဳထဲက ျဖစ္သည္။ ဘ၀က ကံမပါေတာ့ ႐ုပ္ကလည္း ဆိုးလြန္းလွပါ၏။ သည္ၾကားထဲ လူေကာင္ကလည္း ၾကမ္းလိုက္သမွ ေတာ္႐ုံ ေျမတစ္က်င္းစာေလာက္ေတာ့ ခ်ဳံတင္တစ္ေယာက္တည္း မြန္းမတိမ္းခင္ တူးႏိုင္သည္ဆိုတာမ်ိဳး။ ခမ်ာ ေသာင္သာတာ မဟုတ္ေတာ့ ေနပူစပ္ခါး ၿပဲၿပဲစင္ လုပ္စားရတာကလည္း နဂိုအသားအေရကို ေလွာ္ထားသလို ရွိရသည္။ အဆိုးဆုံးကေတာ့ သြားမ်ားပင္။ ကြမ္းညႇပ္ ေကာင္းေကာင္းျဖင့္ ညႇပ္ထားေသာ ကြမ္းသီးျပားႀကီးေတြ ေထာင္လိုက္ ကပ္ထားသလို ရွိေနၾကေသာ သြားေတြက ႀကီး ႐ုံမက ေရွ႕ကို ေခါထြက္ေနၾက၏။ မ်က္စိက ေမွးေမွး၊ နားရင္းက ကားကား၊ မ်က္ႏွာက ဆယ္ျပားေစ့ႀကီးႏွင့္ဆိုေတာ့ အမွတ္တမဲ့ဆိုလွ်င္ ေယာက္်ားသား သန္သန္ႀကီးႏွင့္ပင္ တူေနတတ္ပါ၏။

“ခ်ဳံတင္က ငယ္ငယ္က အလြန္ ခ်ဴခ်ာသာကိုး . . .အခုမွ ဆင္ေပါက္ က်ားေပါက္ႀကီးျဖစ္လာသာ . . .ေမြးတုန္းကလည္း ခ်ဳံတင့္ေရွ႕က ကေလးေတြ အဖတ္မတင္ၾကေလေတာ့ ခ်ဳံတင္လည္း ေမြးေရာ ဆန္ေကာထဲထည့္ၿပီး ခ်ဳံေပၚတင္ ထားရမယ္လို႔ ေဗဒင္က ေဟာသယ္ . . .ေျပာသဲ့အတိုင္း တင္လိုက္တာ အဖတ္လည္း တင္ရွာပါရဲ႕။ က်န္းလည္း က်န္းမာ ပါရဲ႕. . .သို႔ေပသိခမ်ာ ႐ုပ္မပါရွာပါဘူးေအ . . .ညည္းတို႔လက္ ငါ့သမီးကေလး အပ္ပါသယ္ . . . . ..”

အပ်ိဳေခါင္း မအုန္းရီကို မခ်ဳံတင္ အေမ အရီးေကာက္က အပ်ိဳစာရင္း ေပါက္သည့္ေန႔က ေျပာခဲ့ဖူးေသာစကား ျဖစ္သည္။ ႐ြာေရး ရပ္ေရးရွိလို႔ အပ်ိဳဖိတ္ အဖိတ္ခံရျခင္းသည္ အပ်ိဳစာရင္းေပါက္ျခင္း မဟုတ္လား။ ႐ုပ္မလွေတာ့ေကာ ႐ြာေရးရပ္ေရး မပါလို႔ ျဖစ္ကေရာလား။ မျဖစ္ပါ။ ခ်ဳံတင္က သူတကာ မလုပ္ခ်င္သည့္အလုပ္ေတြမွာ အားကိုးရသည္။ ေပေပက်ံက်ံအလုပ္ေတြမွာ ခ်ဳံတင္ မရွိလို႔ မရ။ ခ်ဳံတင္က ပုဆိန္တစ္လက္ႏွင့္ ထင္းျခမ္းခြဲႏိုင္သည္။ ေယာက္်ား ေရထမ္းပုံးေလာက္ေတာ့ ပါသည္မထင္။ ေျခကားႀကီးေတြက အက္ကြဲေနၾကတာလည္း မေျပာႏွင့္။ ရွားနက္စူး၊ ဆီးနက္စူးခံရတာေတြကလည္း မနည္းလွၿပီ။

အိမ္မွာ ခ်ဳံတင္ရွိေတာ့ လူပိုငွားစရာ မလိုသကဲ့သို႔ ရပ္ေရး႐ြာေရးမွာလည္း ေတာ္႐ုံ အပ်ိဳ ေလးေယာက္စာေလာက္ အားကိုးရတာလည္း အမွန္ပင္။ သို႔ေသာ္ လူျပမလွတာကိုေတာ့ မအုန္းရီ စိတ္ညစ္ရပါ၏။ ခ်ဳံတင္က အပ်ိဳစာရင္း၀င္ဆိုေတာ့ အပ်ိဳကိစၥေတြမွာ ႐ုပ္မလွလို႔ ထားခဲ့ရသည္ မျဖစ္စေကာင္း။ ခ်ဳံတင့္မွာလည္း အပ်ိဳတစ္ေယာက္၏အခြင့္အေရးေတြ ရွိရမွာပဲ မဟုတ္လား။ အပ်ိဳတကာ အလႉလွည့္ေတာ့ မဖိတ္မျဖစ္ ဖိတ္ရသည္။ အပ်ိဳတကာ ရပ္ေရး႐ြာေရးဆိုေတာ့ ပါရသည္။ တခ်ိဳ႕ ႐ြာထဲက စိတ္ရင္းညံ့ၾကသူမ်ားဆိုလွ်င္ ခ်ဳံတင္ကို မဖိတ္ပါနဲ႔၊ လူေရွ႕ မရပ္ပါေစနဲ႔ ဆိုတာမ်ိဳးအထိ ေျပာတတ္ၾကသည္။ ဒါမ်ိဳးေတာ့ မအုန္းရီက လက္မခံဘဲ ခ်ဳံတင္ဘက္က ခုခံသည္။

“ဟဲ့ . . .ဘယ့္ႏွယ္ေျပာလိုက္သာတုန္း . . .ခ်ဳံတင္လည္း အပ်ိဳပဲ . . .ေျမာက္ကြၽန္း႐ြာသူပဲဟာ . . .႐ုပ္ရည္က ဂုဏ္မဟုတ္ပါဘူးေအ . . .အပ်ိဳဆိုတာသာ ဂုဏ္ပါ . . .သူလည္း ပ်ိဳရတုန္း အပ်ိဳကိစၥပါရသာပါ . . . . လင္ရေတာ့လည္း ညည္းတို႔က ပါပါဆိုေတာင္ မပါပါဘူး . . . . အ႐ုပ္ဆိုးဆိုး က်ိဳးက်ိဳးကန္းကန္း အပ်ိဳဆိုရင္ အပ်ိဳစာရင္း မဖ်က္ႏိုင္ေပါင္ ေအ . . . .”

မအုန္းရီကို ေၾကာက္ေတာ့လည္း သည္စကား သည္မွာတင္ ၿပီးရပါ၏။ မအုန္းရီကိုယ္တိုင္က စိတ္ညစ္သည္ မွန္ေသာ္လည္း အပ်ိဳေခါင္းဆိုေတာ့ မွ်မွ်တတေျပာရသည္။ မွ်မွ်တတ စဥ္းစားရသည္။ မွ်မွ်တတ ေနရာေပးရသည္ပင္။ ေျမာက္ကြၽန္း႐ြာက ခ်ဳံတင္တစ္ေယာက္နဲ႔တင္ တို႔႐ြာေတြက ရႈံးပါသကြာလို႔ ေတာင္ကြၽန္းနဲ႔ အလယ္ကြၽန္း႐ြာေတြက ခနဲ႔တာမ်ားလည္း သိပါ၏။ သို႔ေသာ္ ႐ုပ္ဆိုးသေကာရယ္လို႔ ႐ြာက ႏွင္ထုတ္လို႔ မျဖစ္ပါ။ စာရင္းက ပယ္လို႔ မရပါ။ ေတာ္ရာသင့္ရာ ေခ်ာင္မွာခိုေနပါေအလို႔ မေျပာသာ။ ႐ြာခ်င္း ခါးေစာင္းအတင္ မခံၾကသူေတြဆိုေတာ့ သည္ကိစၥက ခုစရာျဖစ္ေနရပါ၏။ ဟသၤာေတြထဲက ဒင္က်ီးတစ္ေကာင္ဆိုေသာ္လည္း ခ်ဳံတင္ကို အေၾကာင္းေၾကာင္းေၾကာင့္ မပစ္ပယ္သာခဲ့။

ခ်ဳံတင္ကလည္း ခ်ဳံတင္ပင္။ အလႉရွိလို႔၊၊ ဆြမ္းႀကီးေလာင္းလွည့္လို႔၊ ဆြမ္းသိမ္းပြဲလွည့္လို႔ ပြဲမရွိလိုက္ႏွင့္၊ ရွိတာႏွင့္ ထိပ္ဆုံးက ေရာက္လာၿပီ။ ႐ြာအပ်ိဳေတြ အလွျပင္ၾကသည့္အိမ္ႀကီးဆီ ပထမဆုံးေရာက္လာသူက ခ်ဳံတင္ . . .။ သည္ေတာ့ သူမ်ားအပ်ိဳေတြ မျပင္ရခင္က ခ်ဳံတင္ကို ျပင္ႏွင့္ၾကရသည္။ ခ်ဳံတင္ အေရာင္ထြက္လွ်င္ တိုင္ေပၚ အလံစိုက္ႏိုင္ၿပီ မဟုတ္လား။ ခ်ဳံတင္ကို မအုန္းရီႏွင့္အတူ အပ်ိဳႀကီးေလးေယာက္ေလာက္က ျပင္ၾကရပါ၏။

“ခ်ဳံတင့္အသားက မည္းလွသေအ မိတ္ကပ္မလူးနဲ႔. . . မ်က္ႏွာေခ် ေရနဲ႔ေဖ်ာ္စမ္း . . . .အခံလိမ္းရေအာင္ . . . ၿပီးရင္ သနပ္ခါးမႈန္႔ ထူထူပုတ္ . . . သနပ္ခါးအဝါမႈန္႔ ပုတ္ေနာ္ . . . . .နား႐ြက္ေတြပါ နာနာလိမ္း . . . .ဂုတ္ေတြ လည္ပင္းေတြ . . . . . ဟဲ့ . . .မ်ားမ်ား ေဖ်ာ္ပါဟဲ့ . . .ကတည္း . . .”

ခ်ဳံတင္ကေတာ့ ၿပဲၿပဲႀကီး ထိုင္ကာ မ်က္ႏွာေလးေထာင့္ႀကီးကို ေမာ့ထားလိုက္တာ ႀကိဳက္သလိုလုပ္ၾကစမ္း ဆိုသည့္ပုံ။ မ်က္ႏွာၿပီးေတာ့ ဆံထုံးဘက္ လုၾကရသည္။ ဆံထုံး ထုံးၿပီးေတာ့မွ အ၀တ္အစား ၀တ္ခိုင္းရပါ၏။ အားလုံးၿပီးၿပီဆိုေတာ့ အေခ်ာကိုင္ ရျပန္သည္။ ဆံထုံးေဘးကေန ပန္းတစ္ေခြ ကပ္ပန္ေပးၾကရ၏။

“ခ်ဳံတင္က မ်က္ခုံးတုတ္ေတာ့ စင္ေရာ္ေထာင္ ကေလးေလာက္ ပါးပါးေလး ေမွး ဆြဲစမ္း . . . .ႏႈတ္ခမ္းနီအညိဳေရာင္ ဘယ္သူ႔ရွိသလဲေဟ့ . . .တစ္ဆိုးစာေလာက္ ေပးၾကစမ္းေအ . . အဲ ဟုတ္ၿပီ . . .တစ္ေယာက္ ဆိုးေပးစမ္းေဟ့ . . .ႏႈတ္ခမ္းရစ္အထိ မဆိုးနဲ႔. . .ခ်န္ဆိုး စမ္း . . .လွခ်က္ေတာ့ေအ . . . ပပ၀တီက မမ ေခၚရၿပီေပါ့”

မအုန္းရီက ခ်ဳံတင္ေရွ႕ တည့္တည့္ကေန တင္ပ်ဥ္ေခြ ထိုင္ၿပီး စီစဥ္ၫႊန္ၾကားသမွ် က်န္အပ်ိဳႀကီးေတြက တစ္သေဝမတိမ္း လိုက္လုပ္ေပးရသည္။ ခ်ဳံတင္က မအုန္းရီစကားကို တကယ္ ထင္ရွာပါ၏။ ခ်ဳံတင္ကိစၥ ၿပီးၿပီဆိုေတာ့မွ ၿဖီးလိမ္း ျပင္ဆင္ေပးရသူေတြ တစ္လွည့္ ျပင္ရပါသည္။ ခ်ဳံတင္ကို ၿငိမ္ၿငိမ္ကေလး ထိုင္ခိုင္းထားရသည္။ ခ်ဳံတင္ကလည္း ေတာင့္ေတာင့္ႀကီး ထိုင္ေနတာပါပဲ။ ခ်ဳံတင္က ေလးေထာင့္ျပားျပားႀကီးဆိုေတာ့ ထိုင္ေနတာကိုက မေအာင္ျဖဴ ဖ်ာလိပ္နတ္ႏွင့္ပင္ တူေတာ့သည္။ ခ်ဳံတင္ကို ၫႊန္ၾကားခ်က္ေတြလည္း ထုတ္ရသည္။

“ခ်ဳံတင္ . . .လူထူရင္ မရယ္နဲ႔ . . .ပါးစပ္ကေလးေစ့ၿပီး ၿပဳံး ၾကားလား . . .ေလွ်ာက္ရင္လည္း ေဒါင္းတိေမာင္းတိ မေလွ်ာက္နဲ႔၊ ႏြဲ႕ႏြဲ႕ကေလး ေလွ်ာက္ . . .ေဘးဘီကို မၾကည့္နဲ႔၊ ငုံ႔ေလွ်ာက္ . . .ေမာင္းေထာင္ ခ်ိဳင့္ထဲ ေ႐ႊပန္းခက္ မတ္မတ္ထည့္ၿပီး မ်က္ႏွာကေလး ကာ႐ုံေပြ႕ . . .”

တစ္ဖက္သား ႏွိမ္ရာက်မွာစိုးေတာ့ လွသည္ထက္ လွေအာင္ ေျပာရတာမ်ိဳး သုံးႏႈန္းရသည္။ ခ်ဳံတင္ကလည္း သူတကာ အပ်ိဳလို လွည့္ခြင့္ရလွ်င္ ေက်နပ္ၿပီ။ ဘယ္သူ ဘာေျပာေျပာ ခြန္းတုံ႔ျပန္တာမ်ိဳးေတာ့ မရွိ။ သြားကေလးေစ့ကာ ၿပဳံး၍ပင္ျပေလ၏။ ခ်ဳံတင့္ကြယ္ရာမွာေတာ့ ေနရာျပႆနာ ရွင္းၾကရသည္။

“ခ်ဳံတင့္ကို ေနာက္ဆုံးက ထားလိုက္ေအ . . .ၿပီးသာပဲ”

“မလုပ္ပါနဲ႔ မမအုန္းရီရယ္ . . .ေနာက္ဆုံးပိတ္ အိတ္နဲ႔လြယ္ . . .ၾကည့္ၾကသူေတြက ခ်ဳံတင္ႀကီး စြဲက်န္ေနၾကပါ့မယ္”

“ဒါဆို ေရွ႕ဆုံးက ထား”

“ေဗြေဆာ္ဦး ဘူးနဲ႔လြယ္ . . . .စစခ်င္း ခ်ဳံတင္နဲ႔ ထိပ္တိုက္ေတြ႕ေတာ့ လန္ၾကကေရာေပါ့”

“ဒါဆို . . .အလယ္ထား”

“အလယ္က အသား မမအုန္းရီရဲ႕ . . .အလယ္ေရာက္ေလ လွေလ ျဖစ္ရမွာေလ”

“ႏို႔ . . .ခ်ဳံတင္ထားဖို႔ ခက္ကေရာေပါ့”

“က်ဳပ္ေတာ့ ခ်ဳံတင္ကို ဒိုးပတ္ဝိုင္းထဲသာ ထည့္လိုက္ခ်င္ေတာ့သယ္ . . .”

တကယ္တမ္းေနရာခ်ေတာ့လည္း ေနရာက မက်ခ်င္။ ဟိုေ႐ႊ႕ၾကည့္ သည္ေ႐ႊ႕ၾကည့္။ ဟိုေနာက္ထား၊ သည္ေနာက္ထား။ မဟုတ္ရျပန္။ တစ္ခါ ေ႐ႊ႕လိုက္ၾက၊ ျပန္ေခၚလိုက္ၾက။ ၾကာေတာ့ ခ်ဳံတင္ ရိပ္မိရာက စိတ္ေတြဆိုးေတာ့သည္။ သည္ေတာ့လည္း အပ်ိဳေခါင္း မအုန္းရီမွာ စကားလွေအာင္ ေခ်ာ့ရသည္။

“ဟဲ့ . . .ခ်ဳံတင္ရဲ႕ . . . ညည္းကို အသားလုပ္ရသာ . . ညည္းက မိန္းမခန္႔ဆိုေတာ့ ထားတတ္မွ လွမွာေပါ့ . . . တျခား႐ြာေတြက လာၾကည့္ၾကမွာေအ့ . . .ညည္းနဲ႔ လွန္႔ရမွာ . . .”

သည္လိုဆိုေတာ့လည္း ခ်ဳံတင္ ေက်နပ္ရွာသည္။ တကယ္ေျပာေနၾကတာလို႔ ထင္သည္။ သည္လိုႏွင့္ တစ္ပြဲ ၿပီးရျပန္ပါ၏။ ႐ြာကလည္း ခ်ဳံတင့္ေၾကာင့္ အတန္းပ်က္ရမွန္း သိၾကပါ၏။ သို႔ေသာ္ ပြင့္ပြင့္လင္းလင္း မေျပာရက္ၾကေတာ့ ကြယ္ရာမွာ ေျပာၾကသည္။ ကာလသားေတြကပါ ခ်ဳံတင္ေၾကာင့္ ခက္ပါရဲ႕ ျဖစ္ၾကရၿပီ။ သည္စကားေတြ ၾကားေတာ့ ခ်ဳံတင့္အေမ အရီးေကာက္က ထဘီစြန္ေတာင္ ခါးတက္ခ်ိတ္ရင္း ေအာ္ေလသည္။

“ဘယ္ ေကာင္မေတြကမ်ား ဖုတ္သြင္းရထား ဆိုက္ၾကလို႔တုန္းေဟ့ . . .ငါ့သမီးမ်ား မေျခာက္ရပါဘဲနဲ႔ သရဲအထင္ခံရလို႔ေအ . . .ခ်ဳံတင့္ကို အပ်ိဳစာရင္း ႏႈတ္ခ်င္သဲ့ေကာင္မေတြ ထြက္ခဲ့ၾကစမ္း…ထဘီ ကလနားခ်င္း ခ်ည္ဆြဲ ပစ္လိုက္စမ္းမယ္”

ေျမာက္ကြၽန္းသူေတြ လွသည္ဆိုေပမယ့္ ခ်ဳံတင္က ၾကားခုေနေလေတာ့ အလယ္ကြၽန္း ေတာင္ကြၽန္း႐ြာေတြက ဒါကို လက္ညႇိဳးထိုးလာၾကသည္။ နဂိုကမွ ကိုယ့္႐ြာကိုယ္ အမႊမ္းတင္ခ်င္ၾကသည့္ ႐ြာေတြဆိုေတာ့ ဆြမ္းဆန္ထဲ ႂကြက္ေခ်းပါသလို ေျပာစရာ လုပ္လာၾကသည္။ ဟုတ္ကလည္း ဟုတ္ေနေတာ့ ေျမာက္ကြၽန္း႐ြာသူေတြ အခံရခက္လွပါ၏။ ခ်ဳံတင္ကလည္း ေဖ်ာက္ထားလို႔မရေတာ့ လူလုံးျပရ။ လူလုံးျပရျပန္ေတာ့ ေျပာစရာျဖစ္ရ။ အပ်ိဳေတြ အိမ္ေထာင္ရက္သား က်ကုန္လို႔ ေနာက္ေပါက္ကေလးေတြ အပ်ိဳစား၀င္ၾကျပန္သည့္တိုင္ ခ်ဳံတင္က အပ်ိဳစာရင္းေပါက္ရတုန္းဆိုေတာ့ ျပႆနာက တသီႀကီးပါေနရသည္။

“ျပႆနာက ခ်ဳံတင္ လင္ရမွ ၿပီးမွာေအ့ . .ခ်ဳံတင္မွ မဟုတ္ပါဘူးေအ . . .ငါပါ လင္ရမွ ၿပီးမွာပါ”
တစ္ရက္ေတာ့ မအုန္းရီက ညည္းသည္။

“လင္ရ ရေအာင္ကလည္း ကိုယ့္႐ြာသားကလည္း မႀကိဳက္၊ တစ္႐ြာသားကဆို ေဝးေရာ့ ဆိုေတာ့ မခက္ဘူးလား . . .။ အခုဟာက ခ်ဳံတင္ေၾကာင့္ ႐ြာက ျပတ္ျပတ္သားသား မႏိုင္ရသာကို အခံရခက္သာ . . .”

တစ္ေယာက္ကလည္း ေထာက္ခံသည္။ မအုန္းရီက မ်က္စိကေလး ေမွးရင္း စဥ္းစားသည္။ ဘယ္လိုမ်ား လုပ္ရင္ ေကာင္းမွာပါလိမ့္။ စဥ္းစားတာက အခုမွ စဥ္းစားတာေတာ့ မဟုတ္ပါ။ တစ္ေလွ်ာက္လုံး စဥ္းစားလာခဲ့ရျခင္းျဖစ္၏။ သို႔ေသာ္ အေျဖမေတြ႕ခဲ့။ ခ်ဳံတင္ အပ်ိဳစာရင္းက ေပ်ာက္ဖို႔ လင္ရမွ ျဖစ္မည္။

“သည္လိုဆိုရင္ေကာ ေအ . . . .”
မအုန္းရီက စကား စ လိုက္ေတာ့ အားလုံးက မအုန္းရီဘက္ လွည့္ၾကည့္ၾကသည္။

(၄)

“ခ်ဳံတင္ရယ္ . . ညည္း အလႉလွည့္သဲ့ရက္က တို႔႐ြာက ကိုေအးေမာင္ႀကီးက ညည္းကို လွလြန္းလို႔တဲ့ . . . ေပၚလိုက္သဲ့ ႐ုပ္ႏွယ္ဗ်ာ။ မိန္းမသားဆိုသာ ဒါမ်ိဳးေခၚသာ . . . အလုပ္မ်ားေတာ့လည္း ဖ်န္းဖ်န္းကြဲ . . .ခ်ဳံတင့္ ရသဲ့သူေတာ့ ကံေကာင္းပါ့ဗ်ာသဲ့ . . .ငါကေတာင္ ေျပာခဲ့ေသးသာ . . . ခ်ဳံတင္ၾကားရင္ စိတ္ဆိုးလိမ့္မေနာ္ . . .ေတာစကား ေတာေပ်ာက္ပေစလို႔ . . .”

အပ်ိဳေခါင္း မအုန္းရီအပါအ၀င္ ႐ြာ့မိန္းကေလးေတြက သည္စကားမ်ိဳး ခ်ဳံတင္ကို အေၾကာင္းဆိုက္တိုင္း ေျပာၾကသည္။ ပထမေတာ့ ခ်ဳံတင္က မ်က္ႏွာႀကီးနီကာ “ေသခ်င္းဆိုးက လူ ဘာမွတ္လို႔တုန္း” လုပ္ပါေသးသည္။ ၾကားရဖန္မ်ားေတာ့ “တကယ္လားေအ” ျဖစ္လာခဲ့သည္။ ႐ြာကာလသားေတြကလည္း ကိုေအးေမာင္ကို အရက္ဝိုင္းေခၚတာေတြ မ်ားၿပီ။

“ကိုေအးေမာင္တို႔မ်ား စြံခ်က္ေတာ့ဗ်ာ . . .မိန္းကေလးက စရတာမ်ိဳး ပါလားဗ်ာ . . ခ်ဳံတင္က ကိုေအးေမာင္ႀကီး ႐ိုးသယ္ ေအးသယ္နဲ႔ . . .ေယာက္်ားဆိုသာ အဲသလို က်ားစီးဖားစီးရွိမွ စီးပြားျဖစ္သာ တဲ့ဗ်ာ . . .မဟုတ္မွလြဲေရာ . .”

ကိုေအးေမာင္ႀကီးကလည္း ခ်ဳံတင္ဆိုေတာ့ စိတ္မပါ။ သို႔ေပသိ လူကလည္း ခပ္႐ူး႐ူးဆိုေတာ့ ၾကားရဖန္မ်ားရာ က “မင္းတို႔ဟာက ဟုတ္ရဲ႕လားကြာ” ျဖစ္လာေတာ့သည္။ ယာထဲအခင္းထဲကို ေအးေမာင္ႏွင့္ခ်ဳံတင္ မေတြ႕မရွိ ေတြ႕ၾကရတာဆိုေတာ့ တစ္ ေယာက္တစ္ေယာက္ ခိုးၾကည့္ၾကရာက ရင္ေႏြးရတာေတြ ျဖစ္လာပါ၏။ ႐ြာကာလသား၊ ကာလသမီးေတြ ေလွာ္ဖန္မ်ားေတာ့လည္း “ေပမကုန္ပဲ စာက်” ၾကေလသည္။

ကိုေအးေမာင္ႏွင့္ ခ်ဳံတင္တို႔ မဂၤလာေဆာင္ေတာ့ ႐ြာကာလသား ကာလသမီးေတြက ေျမတစ္ကြက္ စု၀ယ္ကာ လက္ဖြဲ႕ၾကသည္။ မဂၤလာေဆာင္ကလည္း စည္လိုက္သည့္ျဖစ္ခ်င္း။ ႐ြာကလည္း သည္အခါမွ “ဟင္း”ခ်ၾကရသလို မဂၤလာေဆာင္ကို ဝိုင္းလိုက္ၾကတာ လက္ဖြဲ႕ေတြမ်ား သိမ္း၍ပင္ မႏိုင္။ သတို႔သမီး ခ်ဳံတင္ကို တစ္႐ြာလုံးက အပ်ိဳေတြ ဝိုင္းျပင္ေပးလိုက္ၾကတာ မကန္းေလွကားႀကီး ထုံးသုတ္ထားတာႏွင့္ပင္ တူ၏။ အပ်ိဳေခါင္း မအုန္းရီက မင္ေသေသမ်က္ႏွာျဖင့္ ႏွေမ်ာဟန္ျပသည္။

“ခ်ဳံတင္ရယ္ . . .ညည္းႏွယ္ . . .ႏွေမ်ာခ်က္ေတာ့ေအ . . . .လင္ရမွမ်ား ပိုလွလာသလား ေအာက္ေမ့မိသယ္ . . .ကိုေအးေမာင္နဲ႔ေတာင္ မတန္ေပါင္ေအ . . .ေနပါဦး . . .ညည္းတို႔ ဘယ္သူေတြကမ်ား ေအာင္သြယ္တာပါလိမ့္ . . .”

“ဖူးစာပါေတာ့လည္း မေရွာင္သာဘူးေပါ့ မမအုန္းရီရယ္ . . .စဥ့္အိုးထဲ ၀င္ပုန္းေတာင္ လြတ္မထင္ပါဘူး . . . ဘ၀က အေၾကာင္းပါသာကိုး မမရဲ႕. . .”

ခ်ဳံတင္က သည္လိုေျပာေလ ကာလသား ကာလသမီးေတြက ကြယ္ရာမွာ ရယ္ၾကေလ။ မဂၤလာေဆာင္ၿပီး ေနာက္ရက္မွာ ခ်ဳံတင္ အပ်ိဳစာရင္းက အဖ်က္ခံရေလၿပီ။ ခ်ဳံတင္က သြားေခါေတာ့ ႐ြာက ေအးေမာင္တို႔မ်ား ကံေကာင္းပုံမ်ား အိမ္ေထာင့္တစ္သက္ အုန္းျခစ္၀ယ္စရာ မလိုဘူးတဲ့။

(၅)

ကိုေအးေမာင္ႏွင့္ခ်ဳံတင္ ညားၾကရာက သမီးႏွစ္ေယာက္ရေတာ့မွ အျဖစ္မွန္ကို သိၾကသည္။ စိတ္လည္း မဆိုးသာေတာ့“ေသနာမေတြ”ဆိုတာေလာက္ႏွင့္ ၿပီးခဲ့ရသည္။ အပ်ိဳေခါင္းမအုန္းရီကပဲ ဖြင့္ခ်ျခင္း ျဖစ္ပါ၏။

“ညည္းသာ လင္ရေအာင္ ေလွာ္ရသာပါေအ . . ငါျဖင့္ ခုထိ လင္မရႏိုင္ေသးဘူး”

“အပ်ိဳေခါင္းဇာတာ မကုန္ေသးလို႔ေပါ့ မမအုန္းရီရယ္”

အခုေတာ့လည္း ႐ြာၿပိဳင္ ရပ္ၿပိဳင္ရယ္လို႔ သိပ္မရွိၾကေတာ့။ ကြၽန္းသုံး႐ြာစလုံး တစ္႐ြာတစ္႐ြာ စကားနာထိုးတာေတြ မရွိၾကေတာ့။ အလႉပြဲလွည့္ရယ္လို႔၊ ဆြမ္းႀကီးပြဲလွည့္ရယ္လို႔လည္း စည္စည္ကားကား သိုက္သိုက္ၿမိဳက္ၿမိဳက္ မရွိေတာ့တာလည္း ပါပါလိမ့္မည္။ ျမစ္မႀကီးကလည္း ေျမာက္အရပ္မွ ေတာင္အရပ္ပင္လယ္ဆီ စီးဆင္းၿမဲ စီးဆင္းလ်က္ ရွိပါ၏။ ကြၽန္းသုံး႐ြာစလုံးကို ျမစ္ေရက ေခါင္းေဝွ႔ၿမဲ ေဝွ႔ဆဲပင္။ ေျမပဲ၊ ဘူး၊ ဖ႐ုံ၊ သခြားေတြလည္း ဥၿမဲဥလို႔ သီးၿမဲသီးလ်က္ ရွိပါ၏။ သို႔ေသာ္ ကြၽန္း႐ြာ အခ်င္းခ်င္း ႐ြာၿပိဳင္ရပ္ၿပိဳင္စိတ္ေတြ ခန္းေျခာက္ကုန္ၾကတာကေတာ့ ဘယ္လိုေျပာရမည္မသိ။

အ႐ုပ္ဆိုးလွသူ မခ်ဳံတင္ႏွင့္ အက်ည္းတန္လွသူ ကိုေအးေမာင္တို႔က ေမြးသည့္ သမီးႏွစ္ေယာက္စလုံး စက္စက္ယိုေအာင္ လွေနျခင္းကေတာ့ ထူးဆန္းလွပါ၏။ ကြၽန္းသုံး႐ြာမွာ အပ်ိဳေတြမ်ားလွေသာ္လည္း မခ်ဳံတင့္သမီး မိခ်ာရစ္ႏွင့္ မိေသးတာတို႔ကို မီသူ မရွိ။ မခ်ဳံတင္တို႔လက္ထက္ကတည္းက ေျမာက္ကြၽန္းသူေတြ အေခ်ာအလွမွာ ႏိုင္စားၾကရသလို မိခ်ာရစ္တို႔ မိေသးတာတို႔လက္ထက္မွာလည္း နာမည္ေကာင္းရဆဲပင္။ ေျမာက္ကြၽန္းက မိန္းမေခ်ာ ထြက္မွာေပါ့၊ ေျမာက္ကြၽန္းမႀကီးက ျမစ္ေရေအာက္က သိုက္နန္းေပၚ က်ေနသာကိုးလို႔ပင္ ေျပာၾကရသည္အထိ မိန္းမေခ်ာ မ်ိဳးမျပတ္တာကို ၀န္ခံၾကရၿပီ။ အရင္တစ္ေခတ္တစ္ခါကလို ရပ္ၿပိဳင္႐ြာၿပိဳင္စိတ္ေတြ မရွိၾကေတာ့ အပ်ိဳလွတာ ႐ြာအတြက္ မဟုတ္ေတာ့ဘဲ ကာလသားေတြကိစၥေလာက္သာ သေဘာထားၾကပါ၏။ ဒါကို မခ်ဳံတင္က မခံခ်င္။

“ငါ့သမီးမ်ားေခတ္က်မွပါေအ . . .အေမတို႔ေခတ္ေတြတုန္းက တစ္႐ြာ့တစ္႐ြာ သူသာ ကိုယ္သာ ၾကည့္ေနၾကသာ . . . . .ေျမာက္ကြၽန္းသူေတြ လွလြန္းလို႔ လာပိုးၾကသာမ်ား ေလွၾကက္ေတာင္စိုက္ . . . ညည္းတို႔အေဖဆိုရင္ အေမ အလႉလွည့္ထြက္ရင္ ၾကည့္ရသာ အေမာ . . .အေမ့ကို ပိုးသာပဲ သုံးႏွစ္ၾကာသယ္”

တစ္ခါက ကြမ္းသီးျပားႀကီးေတြလို ေခါထြက္ေနတဲ့ သြားႀကီးေတြ မရွိေတာ့ေပမယ့္ မခ်ဳံတင္က တစ္ခ်ီတစ္ေမာင္း ဂိုက္ထုတ္လိုက္ခ်င္ေသးဆိုသည့္ပုံ။ သမီးေတြကေတာ့ မေအ့မ်က္ႏွာကို ၾကည့္ေနၾက႐ုံသာ။ ႏြားစားက်င္းမွာ ႏြားစာေကြၽးေနသည့္ ကိုေအးေမာင္က “ပုန္းမၾကည္မ . . .႐ူးသာ ေကာင္းမွတ္လို႔”တဲ့။

———————-
ခင္ခင္ထူး