သွေးကြွေးဆပ်ခွင့်ကြုံခြင်း(စ/ဆုံး)

Unicode Version

သွေးကြွေးဆပ်ခွင့်ကြုံခြင်း(စ/ဆုံး)
—————————————-
မြတ်စံထွန်းနဲ့ကိုမှိုင်းဝေတို့လည်း လှရီပြောတဲ့ ကဝေကောင်ကိုရှာဖို့ ညတွင်းချင်းပဲ ရွာပြင်ထွက်ခဲ့တယ်။
ဘယ်လိုရှာကြမယ်၊ဘယ်မှာရှာရမယ်ဆိုတာကိုမတိုင်ပင်ရသေးတော့
“ကိုမှိုင်းဝေ….ဒီကောင်ကြီးကိုလိုက်ရှာတာက ဟုတ်ပါပြီ ကျုပ်တို့ဘယ်လိုရှာကြမှာလဲ”
“လှရီရဲ့အလောင်းကိုထမ်းပြေးသွားတာဆိုတော့ ခြေရာတော့ကျန်မှာပဲ ရွာနောက်ကိုပတ်ပြီး သင်္ချိုင်းက
စလိုက်မယ်ဆိုရင်တော့ ခြေရာဆုံးတဲ့အထိမီမယ်ထင်တယ်”
“ဒါဖြင့်သင်္ချိုင်းကိုပြန်ကြတာပေါ့ဗျာ”
ကိုမှိုင်းဝေပြောသလို ရွာနောက်ကနေပတ်ပြီးသင်္ချိုင်းကိုပြန်ခဲ့ကြတယ်။ ဟိုရောက်တော့ အကျွတ်အလွတ်ပွဲကစားကြွင်းစားကျန်တွေကို တစ်တောင်လောက်သာသာရှိတဲ့မည်းမည်းပုပု အကောင်လေးတွေကလိုက်ကောက်စားနေပြီး မြတ်စံထွန်နဲ့ကိုမှိုင်းဝေကိုမြင်တော့ မြေပုံတွေအကြားမှာပြေးရင်းလွှားရင်းပျောက်ကွယ်ကုန်ကြတယ်။
“ဒီကောင်တွေလည်း ရှိနေကြသေးတာကိုး”
“ဘာကောင်တွေလဲ ကိုမှိုင်းဝေ”
“မှင်စာလေးတွေပါ လူမျက်စိနဲ့အကောင်အထည်မမြင်ရဘူး ကြောင်မျက်စိနဲ့တော့ သေချာမြင်ရတယ် သက်တမ်းရင့်တဲ့အကောင်တွေဆိုအစွယ်လေးတွေတောင်ထွက်နေကြတာ”
“ဒီကောင်တွေကိုထားပါအုံးဗျာ လှရီကိုမြှုပ်တဲ့ကျင်းနားမှာ ခြေရာတွေရှုပ်နေတယ်ကိုမှိုင်းဝေ…ဒါပေမယ့် အနောက်တည့်တည့်ကိုပြေးသွားတဲ့ခြေရာကြီးတွေတော့တွေ့တယ်”
“မင်းရှာနေတဲ့ ကဝေရဲ့ခြေရာရောဟုတ်ရဲ့လားကွာ ဒါကအကြီးကြီးတွေပြီးတော့ တစ်လှမ်းနဲ့တစ်လှမ်းကြားမှာ တစ်လံလောက်ကွာနေတယ်”
“အလောင်းကိုထမ်းသွားတာကတော့သာမာန်လူအရွယ်ဗျ ဒါပေမယ့်ပြေးသွားတော့အကောင်ကြီးတစ်ကောင်ရဲ့ပုံစံနဲ့ဆိုတော့….ဒီကောင်ကြီးက ခင်များလိုရုပ်ပြောင်းကဝေအတတ်ကိုပါတတ်လို့သတ္တဝါကြီးကြီးတစ်ကောင်ပုံစံပြောင်းထားတာလဲ ဖြစ်နိုင်တာပဲ”
“ကဲ… ဘာပဲဖြစ်ဖြစ်ကွာ ခြေရာတည့်တည့်ကိုလိုက်ရအောင်”
နှစ်ယောက်သား ခြေရာတွေနောက်ကိုလိုက်လာတာရွာနဲ့အတော်လေးဝေးလာတယ်။ခြေလှမ်းတစ်လှမ်းကိုတစ်လံလောက်ကွာနေတော့ လွယ်လွယ်နဲ့တော့ မမီနိုင်ဘူး။ တစ်နေရာရောက်တော့ တောစပ်ကစမ်းချောင်းလေးနားမှာ ခြေရာကြီးကြီးနှစ်ခုဘေးချင်းယှဉ်ပြီးတွေ့လိုက်ရတယ်။ ရှေ့တစ်လှမ်းမှာက ဖနောင့်ရာနက်နက်ကြီးနဲ့ဆိုတော့ ချောင်းထဲကိုခုန်ချသွားပုံပဲ။
“အဲ့ဒါမှခက်ပြီကိုမှိုင်းဝေရေ….ချောင်းထဲမှာဘယ်နှယ်လုပ်ခြေရာရှာကြမလဲ”
“စမ်းချောင်းဆိုပေမယ့် ရေအနယ်ထသွားပြီ၊ ရေနောက် တွေကလည်းရေစီးနဲ့ပါသွားတယ်ကွ ခက်ပြီဟေ့ ညအမှောင်ထဲမှာ ခြေရာကိုတောင်လရောင်နဲ့ရှာနေရတာ မြတ်စံထွန်း အလင်းရောင်တစ်ခုခုဖန်တီးလိုက်ကွာ ရှာရဖွေရလွယ်တာပေါ့”
ကိုမှိုင်းဝေကဒီလိုပြောတော့ မြတ်စံထွန်းလည်း ချောင်းစပ်က ကျောက်ခဲနှစ်တုံးနဲ့သစ်ရွက်ခြောက်တွေကိုသုံးပြီး မီးဖိုကြီးကြီးဖိုလိုက်တယ်။ ချောင်းစပ်မှာအလင်းယောင်လေးရသွားမှ ချောင်းရေကိုကြည့်ပြီးနှစ်ယောက်သားအံ့အားသင့်သွားရတယ်။
ရေစီးမှာ ညိုပုပ်ပုပ် သွေးတွေစီးဝင်နေတာကိုကြည့်ပြီး သဘောပေါက်သွားတော့ မီးကိုအမြန်သတ်ပြီး ကမ်းစပ်ကနေ ချောင်းရိုးအထက်တစ်လျောက် ကိုအပြေးအလွှားလိုက်ကြတယ်။
တစ်နေရာရောက်တော့ ချောင်းစပ်မှာ မှောက်ပြီး ကိုယ်တစ်ဝက်ရေထဲကျနေတဲ့ လှရီရဲ့ကျောပေါက်နေတဲ့အလောင်းကြီးကိုတွေ့လိုက်ရတယ်။ ပိုဆိုတာက ကျောပေါက်တာထက်ခေါင်းပါပြတ်နေတာ။ တောစပ်နားမှာဆိုတော့ ညဖက်ကြီးတောင် ယင်ကောင်တွေနားနေတယ်။ ခေါင်းကတော့လုံးဝရှာမတွေ့တော့ဘူး။
“ဒီကဝေကောင်က လှရီရဲ့ ဝိဉာဉ်ကိုခိုင်းဖို့ ခေါင်းခွံကိုပဲလိုတာဆိုတော့ ဖြတ်ယူသွားပြီးမလိုတဲအပိုင်းကိုထားခဲ့ပုံရတယ်ဗျ”
“ဝဋ်ကြွေးကြီးလိုက်တဲ့ကလေးမ သေရတာတောင်ကျောပေါက်ခေါင်းပြတ်နဲ့ ဒါ့အပြင်ခိုင်းစားအုံးမှာဆိုတော့ ဒီကဝေကောင်ကလောကမှာမရှိသင့်တော့ဘူး”
“ဒီလိုပါပဲဗျာ စုန်းဖြူဖြစ်ဖြစ်စုန်းမည်းဖြစ်ဖြစ် အောက်လောကီပညာတွေနဲ့ကျင်လည်နေသ၍ တစ်နေ့နေ့ ပညာနိမ့်တဲ့သူက ဒီလမ်းကိုပဲသွားကြရမှာ”
“ကဲပါကွာ အခုအလောင်းကိုပဲတွေ့ရပြီး ဒီကဝေကောင်ကိုရှာဖို့ကခက်သွားပြီး ပြန်ကြပါစို့”
“နေအုံးကိုမှိုင်းဝေ အသံတစ်သံကြားသလိုပဲ”
ချောင်းငယ်လေးရဲ့ တစ်ဖက်တောတန်းလေးနားကနေ ခပ်သဲ့သဲ့ကြားနေရတဲ့ အသက်ရှုသံကြီးတစ်ခုပါ။ ပုံမှန်ထက်ပိုပီသပြီးတော့ လူတွေအိပ်မောကျတဲ့အခါဟောက်တဲ့အသံမျိုး။
“တောကောင်တစ်ကောင်ကောင်ရဲ့ဟောက်သံတော့မဟုတ်ဘူးကွ အသံကတဖြည်းဖြည်းကျယ်လာတယ်
သွားကြည့်ရင်ကောင်းမလား”
“ကောင်းတယ်ကိုမှိုင်းဝေ တစ်ခုခုသိရလည်း မနည်းဘူးဗျ ကျုပ်လည်း ဒီကောင်ကြီးနဲ့ အမြန်ဆုံးဆုံချင်ပြီ”
မြတ်စံထွန်းနဲ့ကိုမှိုင်းဝေတို့ ခြေသံကိုအတက်နိုင်ဆုံးလုံအောင်ဂရုစိုက်ပြီး တောထဲကိုဝင်ခဲ့ကြတယ်။ ခပ်လှမ်းလှမ်းက မီးရောင်လေးတစ်ခုကိုတွေ့ရပြီးအသံကလည်းအဲ့ဒီတည့်တည့်ကလာနေတော့ သစ်ကိုင်းတွေကိုမနင်းမိအောင် သတိထားပြီးကပ်လာခဲ့ကြတယ်။
အနားရောက်လေလေ ဟောက်တဲ့အသံကြီးကပိုပြီးကျယ်လာလေလေပါပဲ။ မီးရောင်လေးနားကပ်လာတော့ တောင်ခါးပန်းမှာ လိုဏ်ဂူခပ်သေးသေးတစ်လုံးကိုတွေ့လိုက်ရတယ်။
ထင်မှတ်မထားဘဲ လိုဏ်ဂူဝမှာ ဟောက်သံပိုင်ရှင်ကို
နှစ်ယောက်သားတွေ့လိုက်ရပြီ ။ လရောင်ခပ်ရေးရေးအောက်မှာအတိုင်းသားအိပ်နေတာက သဘက်ကြီး။
အမှောင်ထဲမှာ ထမ်းပင်ကြီးလဲနေသလိုကို ဆန့်ဆန့်ကြီးအိပ်နေတာ နားရွက်ကြီးတွေကသူ့တစ်ရပ်စာလောက်ကြီးပြီး ဆင်သားရေလိုထူထူကြီးတွေ။
တစ်ကိုယ်လုံးမှာလည်းအမွေးထူထူကြီးတွေအုပ်နေတယ်။ လက်တံကြီးတွေကလည်း ခြေဖျားရောက်အောင်ရှည်ပြီး နှာခေါင်းမရှိဘဲ နှာခေါင်းနေရာမှာပေါက်ကြီးနှစ်ပေါက်နဲ့။နားရွက်တစ်ဖက်ကိုခင်းတစ်ဖက်ကိုခြုံပြီးတစ်စောင်းကြီးအိပ်နေလိုက်တာ နှစ်နှစ်ခြိုက်ခြိုက်။
“ဘယ်နှယ်လဲကိုမှိုင်းဝေ လိုဏ်ဂူထဲမှာအလင်းယောင်တွေ့တော့ ဟိုကဝေကောင်ကြီးရှိလို့ရှိငြားကျုပ်တော့ဝင်ချင်တယ် ဒီကောင်ကြီးကိုတော့ စိတ်မချဘူး”
“ဒီကောင်လိုဏ်ဂူရှိရက်နဲ့အပြင်မှာစောင့်အိပ်နေပုံထောက်ရင်တစ်ယောက်ယောက်ရှိလိမ့်မယ် ဒီလိုလုပ်ကွာ ငါရှေ့ကဒီကောင်ကြီးကို မျှားခေါ်သွားမယ် မင်းလိုဏ်ဂူထဲကိုခိုးဝင်သွား”
“သတိထားနော်ကိုမှိုင်းဝေ ဒီကောင်သက်တမ်းမနည်းတော့ဘူး ဟထားတဲ့ပါးစပ်ထဲမှာ အစွယ်ကြီးတွေနဲ့”
ကိုမှိုင်းဝေလည်းခေါင်းညိတ်ပြလိုက်ပြီး လေထဲမှာလက်ကိုဝေ့ရန်းလိုက်တာအင်းတစ်ချပ်ပါလာတယ်။
“ကောင်းလှချည်လားကိုမှိုင်းဝေ… အင်းတွေပါလာတာလား”
“အေး…ဘကြီးခိုင်မသေခင် မင်းကိုအင်းတွေအများကြီးအပ်လိုက်တယ် အရေးကြုံတဲ့အခါ အကုန်ပေးလိုက်ပါလို့လည်း မှာထားတယ်”
“ခင်များအတော်လျှိုတဲ့လူပဲ”
“တိုးတိုးလုပ်ကွာ နောက်မှပြော လောလောဆယ်ဂူထဲဝင်ဖို့ပြင်ထား”
“ဟုတ်ပြီ”
ကိုမှိုင်းဝေကလက်ထဲပါလာတဲ့ အဂ္ဂိဈတ္တအင်းကို သဘက်ကြီးရဲ့နှာခေါင်းပေါက်ထဲပစ်ချလိုက်တာ နှာခေါင်းထဲမှာတင် ဒိုင်းခနဲပေါက်ကွဲပြီးမီထတောက်သွားတယ်။ သဘက်ကြီးလည်းပြာပြာသလဲလန့်နိုးလာပြီး သူ့နားရွက်အဖျားကိုတတ်နင်းမိသွားတယ်။
အသားနာသွားတဲ့သဘက်ကြီးကစိတ်တိုပြီးရန်သူကိုရှာပါတော့တယ်။ ဘေးဘယ်ညာမှာမတွေ့လို့ငုံ့ကြည့်တဲ့အခါ ကိုမှိုင်းဝေကိုတွေ့သွားတော့ လက်တံရှည်ကြီးနဲ့ရိုက်ချလိုက်ပါလေရော။
ကိုမှိုင်းဝေက သဘက်ကြီးလက်ဝါးအောက်ရောက်သွားပေမယ့် လက်ချောင်းတွေကြားကနေကြောင်တစ်ကောင်ပုံစံနဲ့ခုန်ထွက်ပြီး သဘတ်ကြီးရဲ့လက်ကိုကုပ်လိုက်တယ်။ လက်သည်းအဖျားတွေလန်သွားပြီး သဘက်ကြီးကတော့ဘယ်လိုမှမနေဘူး။ နောက်တစ်ချက်မရိုက်ခင်ကိုမှိုင်းဝေကစိတ်တိုအောင်ဆွပြီးရှေ့ကပြေးပါတော့တယ်။ သဘက်ကြီးနောက်ကပြေးလိုက်သွားချိန်မြတ်စံထွန်းလည်းဂူထဲကိုအသာလေးဝင်လိုက်တယ်။
အထဲမှာမီးထွန်းထားတဲ့နေရာကို တည့်တည်သွားတော့ ကျောက်ချပ်တစ်ခုပေါ်မှာ အသားတစ်ချမ်းလွှာထားတဲ့ လှရီရဲ့ခေါင်းကိုတွေ့လိုက်ရတယ်။သူ့အမေကိုသတ်ခဲ့တဲ့ကဝေကောင်နေတဲ့ဂူဆိုတာသေချာသွားပြီ။
ခေါင်းခွံရဲ့အရိုးပေါ်နေတဲ့နေရာကိုလည်း အင်းတစ်ပြားကပ်ထားသေးတယ်။ မြတ်စံထွန်းက အသားတွေလွှာတဲ့ဓားကိုယူပြီး
အင်းကိုထိုးလှန်လိုက်တော့ ခေါင်းခွံထဲကအနက်ရောင်အငွေ့တွေအပြင်ထွက်သွားတယ်။ လှရီလွတ်မြောက်သွားပြီမို့ မီးရောင်ရှိရာကိုတည့်တည့်သွားမယ်အလုပ် နောက်ကနေကိုမှိုင်းဝေ လိုက်လာတယ်။
“ဟိုကောင်ကြီးရောကိုမှိုင်းဝေ ”
“အပြင်မှာငါ့ကိုရှာနေတုန်းပဲ….မင်းကိုစိတ်မချလို့လိုက်လာတာ”
မြတ်စံထွန်းက ဓားကိုကိုင်ထားပြီး မီးရောင်နားကိုဖြည်းဖြည်းချင်းကပ်သွားတယ်။ အထဲရောက်တော့ ကောက်ရိုးတွေမြက်ခြောက်တွေကိုအိပ်ယာလိုခင်းထားတဲ့နေရာမှာ လူလိုဆန့်ဆန့်အိပ်နေတဲ့လူကို အပေါ်ကနေ စောင်ဟောင်းအစုတ်ကြီးတစ်ထည်နဲ့အုပ်ထားတာကိုတွေ့လိုက်ရတယ်။ မြတ်စံထွန်းလည်း ကဝေကောင်ပဲ ဖြစ်ရမယ်ဆိုပြီးပါလာတဲ့ထိုးစိုက်လိုက်ဖို့အပေါ်ကိုမြှောက်ရွယ်လိုက်တော့ ကိုမှိုင်းဝေကလက်ကိုဆီးတားတယ်။
“စောင်ကိုသေချာလှန်ကြည့်သင့်တယ်ကွ…မင်းလက်စားချေမယ့်ကဝေကောင်မဟုတ်ရင် လူတစ်ယောက်သေသွားလိမ့်မယ်”
မြတ်စံထွန်းလည်း စိတ်ကိုအေးအေးထားပြီး စောင်ကိုဆွဲချလိုက်တော့ ဘယ်လိုမှထင်မှတ်မထားတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်။စောင်ကြီးကွာသွားတော့ စောင်အောက်မှာမေ့လဲနေတာ သူကြီးဖြစ်နေတော့
စဉ်းစားရခက်သွားတယ်။
“ဘယ်လိုတုန်းကိုမှိုင်းဝေ”
“ငါလည်းမပြောတက်တော့ဘူး သူကြီးကိုမေးမှရမယ်”
“ကျွတ်ကျွတ်ကျွတ်”
မြတ်စံထွန်းနဲ့ကိုမှိုင်းဝေတို့ ကိုယ်စီအတွေးများနေတုန်း သူကြီးကခေါင်းကိုကိုင်ပြီး စုပ်တသပ်သပ်နဲ့ထလာတော့
“သူကြီး….သူကြီး ရရဲ့လား…ဘယ်လိုတွေဖြစ်ကြတာလဲ သူကြီးကရွာထဲပြန်ဝင်သွားတာမဟုတ်လား”
“ဘာဖြစ်တာလဲမောင်ရင်…ကျုပ်က ဘယ်ရွာထဲဝင်တာတုန်း”
“သူကြီးဘယ်လိုဖြစ်ပြီးဒီကိုရောက်နေသလဲသာပြောပါ”
“ဒီလိုမောင်ရင် အကျွတ်အလွတ်ပွဲမှာ ဘုန်းကြီးတွေကို သေဆုံးသူတွေရဲ့အမည်စရင်း ကပ်ပြီးတော့ သင်္ချိုင်းထဲမှာပဲ အပေါ့သွားနေတုန်း ကျုပ်ခေါင်းကို တစ်ယောက်ယောက်ကရိုက်လိုက်တယ် ပြီးတော့ ဒီထဲရောက်နေတော့တာပဲကွ မောင်ရင်တို့ရောက်လာပေလို့ဟေ့ မဟုတ်ရင်ကျုပ်မပြန်တတ်ဘူး ”
“ကျုပ်သဘောပေါက်ပြီကိုမှိုင်းဝေ ကျုပ်တို့ကဝေမာယာထဲကိုဝင်သွားပြီ”
“ဘယ်လို..”
“ဘာကြောင့်လဲမောင်ရင်”
“ဒီလိုပါ သူကြီးထသွားပြီးတော့ ပရိသတ်အလယ်ကိုပြန်ဝင်လာခဲ့တယ် ။ အဲ့ဒါသူကြီးမဟုတ်ဘူး ဟိုကဝေကောင်ပဲ”
“မောင်ရင်ဘယ်လိုသိတာလဲ..”
“ထသွားတုန်းက သူကြီးမှာ အခုဝတ်ထားတဲ့အင်္ကျီ၊ ပြန်ဝင်လာတော့ အပေါ်မှာလက်ရှည်ပင်နီတစ်ထည်ထပ်ဝတ်လာတယ်၊ ဒါကသူ့လက်က မြွေရုပ်ကိုကျုပ်တို့မမြင်အောင်ဖုံးကွယ်ထားတာပဲ…. ပြီးတော့ သူကလှရီအလောင်းကို အစီအရင်မလုပ်ရသေးတော့လှရီက ရွာထဲကမိန်းမကိုဝင်ပူးတယ်…. သူကနှုတ်ဖွင့်မရအောင်ပိတ်ထားတယ်…..ကျုပ်က နှုတ်ဖွင့်ပေးလိုက်ပေမယ့် အလောင်းကသူ့လက်ထဲမှာဆိုတော့ လှရီကအနှိပ်စက်ခံရမှာကြောက်ပြီး သူမနောနဲ့ပြောခိုင်းတာတွေကိုကျုပ်တို့ကိုပြောခဲ့တယ်….သူ့နောက်လိုက်လာအောင် ရွာကိုတိုက်ထားတယ်ဆိုပြီးလိမ်တယ်လေ။ ပြီးတော့ ဒီကိုအရောက်လာဖို့ သူထောင်ချောက်ဆင်လိုက်တာပဲ”
“သိပ်မှန်တာပေါ့ကွာ….ဟား….ဟား…ဟား…”
မြတ်စံထွန်းပြောလို့ပြီးတော့လိုဏ်ဂူအပြင်ကနေ အဲ့ဒီလိုရယ်သံကိုကြားလိုက်ရတယ်။ ပြီးတော့ဆက်ပြောသေးတယ်။
“ရုပ်ပြောင်းကဝေနဲ့သူကြီးအတွက်တော့စိတ်မကောင်းပါဘူး..မြတ်စံထွန်းဆိုတဲ့ကောင်က ငါ့တပည့် သဘက်ကြီးလက်ချက်နဲ့မသေတော့လည်း ဂူပိတ်သတ်ရတာပေါ့ကွာ…ကိုင်း မင်းအမေ နောက်ကိုလိုက်သွားပေတော့…..ဟား…ဟား…ဟား…..”
မြတ်စံထွန်းတို့လည်း အသံကြားကြားချင်းလိုဏ်ဂူဝကိုပြေးသွားကြပေမယ့် နောက်ကျသွားခဲ့တယ်။ လိုဏ်ဂူဝမှာ ကျောက်တုန်းတွေက ဝုန်းခနဲပြေးဆို့လာပြီ လိုဏ်ဂူတစ်ခုလုံးမှောင်မိုက်သွားတော့တယ်။
“ကိုမှိုင်းဝေ…ဘကြီးခိုင်မသေခင်ကျုပ်ကိုအပ်ခဲ့တဲ့အင်းတွေအကုန်ပေး…မြန်မြန်ပေး ”
ကိုမှိုင်းဝေလည်း လက်တစ်ဖက်ကိုလက်ဝါးဖြန့်ပြီးဘေးကိုဆန့်ထုတ်လိုက်တယ်။ ပြီးတော့ပါးစပ်ကမှော်ဂါထာတစ်တချို့ကိုရွတ်ဆိုလိုက်ပြီး မှောင်ထဲမှာပေါ်လာတဲ့ အရောင်မျိုးစုံနဲ့ အလုံးလေးတွေကိုဖမ်းလိုက်တော့အင်းတစ်ချပ်စီလက်ထဲပါလာတယ်။အဲ့ဒီအင်းတွေကိုမြတ်စံထွန်းလက်ထဲထည့်ပေးလိုက်တယ်။
သံရှစ်ချက်အင်း၊ သုဝဏ္ဏဘုမ္မိအင်း၊သမားသက်စောင့်အင်း၊ စမ္ပာနဝအင်း၊ ဗောဓိပက္ခိယအင်း၊ပေတကင်းသင်းအင်း ၊ မဏိဇောတအင်းဆိုပြီးစုစုပေါင်းအင်းခုနစ်ချပ်။ အိုးကွဲမှာချထားတာလည်းပါတယ်။ သိမ်ဝင်သပိတ်ကွဲမှာချထားတာလဲပါတယ်။ အလယ်မှာအင်းစံမသွင်းရသေးတဲ့အင်းအရှင်တွေလည်ပါတယ်။
မြတ်စံထွန်းကိုအင်းခုနစ်ချပ်အပြင် စီရင်ပြီးသား အင်းချကညစ်တံကိုပါ ကိုမှိုင်းဝေကပေးလိုက်တယ်။
မြတ်စံထွန်းလည်း အင်းတွေကို သူ့မျက်နှာရှေ့က လေထဲမှာတင် ဖျောက်ထားလိုက်ပြီး ဂူဝမှာပိတ်နေတဲ့ကျောက်တုံးတွေထဲကတစ်တုံးကို ကညစ်နဲ့ (က်ယ)ဒီလိုအက္ခရာလေးတစ်လုံးရေးပြီး ဆောင့်ကန်လိုက်တယ်။
ယက္ခမှော်ရဲ့စွမ်းအားနဲ့ ကယှက်ယယှက်ရဲ့စွမ်းအားတို့ပေါင်းပြီး ကျောင်းတုံးတွေလွင့်စင်ထွက်သွားတော့တယ်။ သူကြီးကတော့ပါးစပ်အဟောင်းသား။ အပြင်ရောက်တော့ အလင်းရောင်မြင်နေရပြီ။နေလည်းထွက်စပြုနေပြီ။
“တယ်စွမ်းနေပါလား…ကဲ သဘက်ကြီးရေ ”
ကဝေကောင်ရဲ့နောက်ကျောကနေ ရှေ့ကိုခုန်ချလိုက်တာ မြေကြီးပါသိမ့်သိမ့်တုန်သွားတယ်။ ပြီးတော့ မြတ်စံထွန်းရဲ့တည့်တည့်ကိုပြေးဝင်လာတော့ သံရှစ်ချက်အင်းကိုထုတ်ပြီး မိုးပေါ်ထောင်ပြလိုက်တော့ သဘက်ကြီးနောက်ကိုပြန်ဆုပ်သွားတယ်။ လှည့်ပြေးမယ်အလုပ်မှာနောက်ကျောကိုမြတ်စံထွန်းကအင်းနဲ့လှမ်းပစ်လိုက်တော့ သဘက်ကြီးရဲ့ကိုယ်မှာအခိုးအငွေ့တွေထွက်လာပြီ ပျောက်ကွယ်သွားတယ်။
ကဝေကောင်လည်းမျက်နှာပျက်သွားပြီး ခေါင်းပေါင်းကိုချွတ်လိုက်တယ်။ မြတ်စံထွန်းတို့တည့်တည့်ကိုခါချလိုက်တာ ပိတုန်းတွေမရေမတွက်နိုင်အောင်ပျံဝဲလာပါတော့တယ်။ ဒီတော့ မြတ်စံထွန်းက မဏိဇောတအင်းကို လေပေါ်မြှောက်ပြီး လက်ညှိုးထိုးလိုက်တော့ သူတို့သုံးယောက်ရဲ့ရှေ့မှာ ရေလွှာတစ်ခုက အကာအကွယ်တစ်ခုလိုပေါ်လာပြီးပိတုန်းတွေဟာအတောင်တွေရေစိုသွားလို့တစ်ကောင်စီရှေ့ကိုပြုတ်ကျလာပါတော့တယ်။
ကဝေကောင်ကြီးကလက်မလျော့သေးဘဲ ကိုင်ထားတဲ့ တောင်ဝှေးနဲ့ သူ့ရဲ့ဘယ်လက်ဖျံကိုတစ်ချက်ရိုက်လိုက်ပြီး မြတ်စံထွန်းရှေ့ပစ်ချလိုက်တာ မြွေဟောက်ကြီးတွေအထွေးလိုက်ထွက်လာပါတော့တယ်။ မြေတွေကပါးပြင်းကြီးတွေထောင်ပြီး မြတ်စံထွန်းဆီပြေးဝင်လာတော့ ကိုမှိုင်းဝေက ကြောင်သဏ္ဍန်နဲ့မြွေတွေကို တစ်ကောင်စီတိုက်ခိုက်တယ်။ ကိုက်သတ်တယ်။
မြတ်စံထွန်းမြွေသတ်လို့မရဘူးဆိုတာ သူသိတယ်လေ။
မြေတွေမြတ်စံထွန်းဆီရောက်မလာအောင်တိုက်ခိုက်ရင်းမြတ်စံထွန်းကိုလှမ်းကြည့်တော့ မျက်လုံးမှိတ်ထားပြီး သူမျက်လုံးနှစ်လုံးကိုလက်ညှိုး လက်ခလယ်တို့နဲ့ခွထောက်ထားတယ်။
အမှန်တော့ တိုက်မြွေအစစ်ကတစ်ကောင်ထဲဖြစ်ပြီး ကျန်တာတွေကလှည့်ဖြားထားတဲ့အရာတွေပါ။ မြတ်စံထွန်းကတော့ ဂါထာတစ်ပုဒ်ကိုရွတ်နေတယ်။
မြွေမှော်မအောင်ခင်ဘကြီးခိုင်သင်ပေးထားတဲ့ ဂါထာပါ။ ကိုမှိုင်းဝေလည်းမြွေတွေကိုတားလို့မရတော့ဘူး။
မြတ်စံထွန်းရှေ့ကိုရောက်လာတော့ မြတ်စံထွန်းက တောက်တစ်ချက်ခေါက်လိုက်တယ်။ ပြီးတော့ပေတကင်းသင်းအင်းရဲ့အလယ်ကွက်မှာ ကညစ်နဲ့ မ အက္ခရာကိုရေးပြီးမြွေတွေရဲ့အလယ်ကိုပစ်ချလိုက်တော့ မြွေတွေအားလုံးပျောက်ကွယ်သွားပြီး တစ်ကောင်ပဲကျန်ခဲ့တော့တယ်။
မြွေကြီးကိုမြတ်စံထွန်းက စေ့စေ့ကြည့်ပြီး..
“ငါ့အမေကိုကိုက်သတ်ခဲ့တဲ့မင်းကို ငါအခုသတ်လိုက်လို့ရတာမင်းသိမှာပါ….ငါမင်းကိုမသတ်ချင်ဘူး မင်းလည်းလွတ်မြောက်သင့်ပြီ မင်းရဲ့မြွေအာစီးကိုလည်းငါဖြေပြီးပြီ…ကိုယ့်အလုပ်ကိုလုပ်တော့”
အဲ့လိုပြောလိုက်တော့ ကဝေကောင်ကတောထဲထွက်ပြေးပါတော့တယ်။မြွေကြီးကလည်းတစ်ဖက်လှည့်ပြီး ကဝေကောင်ကိုလိုက်ပါလေရော။
မြတ်စံထွန်းကအင်းတွေကိုပြန်သိမ်းပြီး သူကြီးကိုရွာပြန်ပို့ဖို့စီစဉ်ကြတော့တယ်။
“အား…..”
တောစပ်ကမထွက်ခင် ကဝေကောင်ရဲ့ဆိုးရွားတဲ့ အမင်္ဂလာသံကြီးကိုလည်းကြားလိုက်ရပါတယ်။
ဆက်ရန်။
ဝိဇ္ဇာရှစ်သောင်းဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)
______
ပညာရပ်အရဖြစ်စေ စာလုံးပေါင်းသတ်ပုံအရဖြစ်စေမှားယွင်းမှုတစ်စုံတစ်ခုတွေ့ရှိပါက ဝေဖန်ထောက်ပြပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

Zawgyi Version

ေသြးေႂကြးဆပ္ခြင့္ႀကဳံျခင္း(စ/ဆံုး)
—————————————-
ျမတ္စံထြန္းနဲ႔ကိုမႈိင္းေဝတို႔လည္း လွရီေျပာတဲ့ ကေဝေကာင္ကိုရွာဖို႔ ညတြင္းခ်င္းပဲ ႐ြာျပင္ထြက္ခဲ့တယ္။
ဘယ္လိုရွာၾကမယ္၊ဘယ္မွာရွာရမယ္ဆိုတာကိုမတိုင္ပင္ရေသးေတာ့
“ကိုမႈိင္းေဝ….ဒီေကာင္ႀကီးကိုလိုက္ရွာတာက ဟုတ္ပါၿပီ က်ဳပ္တို႔ဘယ္လိုရွာၾကမွာလဲ”
“လွရီရဲ႕အေလာင္းကိုထမ္းေျပးသြားတာဆိုေတာ့ ေျခရာေတာ့က်န္မွာပဲ ႐ြာေနာက္ကိုပတ္ၿပီး သခ်ႋဳင္းက
စလိုက္မယ္ဆိုရင္ေတာ့ ေျခရာဆုံးတဲ့အထိမီမယ္ထင္တယ္”
“ဒါျဖင့္သခ်ႋဳင္းကိုျပန္ၾကတာေပါ့ဗ်ာ”
ကိုမႈိင္းေဝေျပာသလို ႐ြာေနာက္ကေနပတ္ၿပီးသခ်ႋဳင္းကိုျပန္ခဲ့ၾကတယ္။ ဟိုေရာက္ေတာ့ အကြၽတ္အလြတ္ပြဲကစားႂကြင္းစားက်န္ေတြကို တစ္ေတာင္ေလာက္သာသာရွိတဲ့မည္းမည္းပုပု အေကာင္ေလးေတြကလိုက္ေကာက္စားေနၿပီး ျမတ္စံထြန္နဲ႔ကိုမႈိင္းေဝကိုျမင္ေတာ့ ေျမပုံေတြအၾကားမွာေျပးရင္းလႊားရင္းေပ်ာက္ကြယ္ကုန္ၾကတယ္။
“ဒီေကာင္ေတြလည္း ရွိေနၾကေသးတာကိုး”
“ဘာေကာင္ေတြလဲ ကိုမႈိင္းေဝ”
“မွင္စာေလးေတြပါ လူမ်က္စိနဲ႔အေကာင္အထည္မျမင္ရဘူး ေၾကာင္မ်က္စိနဲ႔ေတာ့ ေသခ်ာျမင္ရတယ္ သက္တမ္းရင့္တဲ့အေကာင္ေတြဆိုအစြယ္ေလးေတြေတာင္ထြက္ေနၾကတာ”
“ဒီေကာင္ေတြကိုထားပါအုံးဗ်ာ လွရီကိုျမႇဳပ္တဲ့က်င္းနားမွာ ေျခရာေတြရႈပ္ေနတယ္ကိုမႈိင္းေဝ…ဒါေပမယ့္ အေနာက္တည့္တည့္ကိုေျပးသြားတဲ့ေျခရာႀကီးေတြေတာ့ေတြ႕တယ္”
“မင္းရွာေနတဲ့ ကေဝရဲ႕ေျခရာေရာဟုတ္ရဲ႕လားကြာ ဒါကအႀကီးႀကီးေတြၿပီးေတာ့ တစ္လွမ္းနဲ႔တစ္လွမ္းၾကားမွာ တစ္လံေလာက္ကြာေနတယ္”
“အေလာင္းကိုထမ္းသြားတာကေတာ့သာမာန္လူအ႐ြယ္ဗ် ဒါေပမယ့္ေျပးသြားေတာ့အေကာင္ႀကီးတစ္ေကာင္ရဲ႕ပုံစံနဲ႔ဆိုေတာ့….ဒီေကာင္ႀကီးက ခင္မ်ားလို႐ုပ္ေျပာင္းကေဝအတတ္ကိုပါတတ္လို႔သတၱဝါႀကီးႀကီးတစ္ေကာင္ပုံစံေျပာင္းထားတာလဲ ျဖစ္ႏိုင္တာပဲ”
“ကဲ… ဘာပဲျဖစ္ျဖစ္ကြာ ေျခရာတည့္တည့္ကိုလိုက္ရေအာင္”
ႏွစ္ေယာက္သား ေျခရာေတြေနာက္ကိုလိုက္လာတာ႐ြာနဲ႔အေတာ္ေလးေဝးလာတယ္။ေျခလွမ္းတစ္လွမ္းကိုတစ္လံေလာက္ကြာေနေတာ့ လြယ္လြယ္နဲ႔ေတာ့ မမီႏိုင္ဘူး။ တစ္ေနရာေရာက္ေတာ့ ေတာစပ္ကစမ္းေခ်ာင္းေလးနားမွာ ေျခရာႀကီးႀကီးႏွစ္ခုေဘးခ်င္းယွဥ္ၿပီးေတြ႕လိုက္ရတယ္။ ေရွ႕တစ္လွမ္းမွာက ဖေနာင့္ရာနက္နက္ႀကီးနဲ႔ဆိုေတာ့ ေခ်ာင္းထဲကိုခုန္ခ်သြားပုံပဲ။
“အဲ့ဒါမွခက္ၿပီကိုမႈိင္းေဝေရ….ေခ်ာင္းထဲမွာဘယ္ႏွယ္လုပ္ေျခရာရွာၾကမလဲ”
“စမ္းေခ်ာင္းဆိုေပမယ့္ ေရအနယ္ထသြားၿပီ၊ ေရေနာက္ ေတြကလည္းေရစီးနဲ႔ပါသြားတယ္ကြ ခက္ၿပီေဟ့ ညအေမွာင္ထဲမွာ ေျခရာကိုေတာင္လေရာင္နဲ႔ရွာေနရတာ ျမတ္စံထြန္း အလင္းေရာင္တစ္ခုခုဖန္တီးလိုက္ကြာ ရွာရေဖြရလြယ္တာေပါ့”
ကိုမႈိင္းေဝကဒီလိုေျပာေတာ့ ျမတ္စံထြန္းလည္း ေခ်ာင္းစပ္က ေက်ာက္ခဲႏွစ္တုံးနဲ႔သစ္႐ြက္ေျခာက္ေတြကိုသုံးၿပီး မီးဖိုႀကီးႀကီးဖိုလိုက္တယ္။ ေခ်ာင္းစပ္မွာအလင္းေယာင္ေလးရသြားမွ ေခ်ာင္းေရကိုၾကည့္ၿပီးႏွစ္ေယာက္သားအံ့အားသင့္သြားရတယ္။
ေရစီးမွာ ညိဳပုပ္ပုပ္ ေသြးေတြစီးဝင္ေနတာကိုၾကည့္ၿပီး သေဘာေပါက္သြားေတာ့ မီးကိုအျမန္သတ္ၿပီး ကမ္းစပ္ကေန ေခ်ာင္း႐ိုးအထက္တစ္ေလ်ာက္ ကိုအေျပးအလႊားလိုက္ၾကတယ္။
တစ္ေနရာေရာက္ေတာ့ ေခ်ာင္းစပ္မွာ ေမွာက္ၿပီး ကိုယ္တစ္ဝက္ေရထဲက်ေနတဲ့ လွရီရဲ႕ေက်ာေပါက္ေနတဲ့အေလာင္းႀကီးကိုေတြ႕လိုက္ရတယ္။ ပိုဆိုတာက ေက်ာေပါက္တာထက္ေခါင္းပါျပတ္ေနတာ။ ေတာစပ္နားမွာဆိုေတာ့ ညဖက္ႀကီးေတာင္ ယင္ေကာင္ေတြနားေနတယ္။ ေခါင္းကေတာ့လုံးဝရွာမေတြ႕ေတာ့ဘူး။
“ဒီကေဝေကာင္က လွရီရဲ႕ ဝိဉာဥ္ကိုခိုင္းဖို႔ ေခါင္းခြံကိုပဲလိုတာဆိုေတာ့ ျဖတ္ယူသြားၿပီးမလိုတဲအပိုင္းကိုထားခဲ့ပုံရတယ္ဗ်”
“ဝဋ္ေႂကြးႀကီးလိုက္တဲ့ကေလးမ ေသရတာေတာင္ေက်ာေပါက္ေခါင္းျပတ္နဲ႔ ဒါ့အျပင္ခိုင္းစားအုံးမွာဆိုေတာ့ ဒီကေဝေကာင္ကေလာကမွာမရွိသင့္ေတာ့ဘူး”
“ဒီလိုပါပဲဗ်ာ စုန္းျဖဴျဖစ္ျဖစ္စုန္းမည္းျဖစ္ျဖစ္ ေအာက္ေလာကီပညာေတြနဲ႔က်င္လည္ေနသ၍ တစ္ေန႔ေန႔ ပညာနိမ့္တဲ့သူက ဒီလမ္းကိုပဲသြားၾကရမွာ”
“ကဲပါကြာ အခုအေလာင္းကိုပဲေတြ႕ရၿပီး ဒီကေဝေကာင္ကိုရွာဖို႔ကခက္သြားၿပီး ျပန္ၾကပါစို႔”
“ေနအုံးကိုမႈိင္းေဝ အသံတစ္သံၾကားသလိုပဲ”
ေခ်ာင္းငယ္ေလးရဲ႕ တစ္ဖက္ေတာတန္းေလးနားကေန ခပ္သဲ့သဲ့ၾကားေနရတဲ့ အသက္ရႈသံႀကီးတစ္ခုပါ။ ပုံမွန္ထက္ပိုပီသၿပီးေတာ့ လူေတြအိပ္ေမာက်တဲ့အခါေဟာက္တဲ့အသံမ်ိဳး။
“ေတာေကာင္တစ္ေကာင္ေကာင္ရဲ႕ေဟာက္သံေတာ့မဟုတ္ဘူးကြ အသံကတျဖည္းျဖည္းက်ယ္လာတယ္
သြားၾကည့္ရင္ေကာင္းမလား”
“ေကာင္းတယ္ကိုမႈိင္းေဝ တစ္ခုခုသိရလည္း မနည္းဘူးဗ် က်ဳပ္လည္း ဒီေကာင္ႀကီးနဲ႔ အျမန္ဆုံးဆုံခ်င္ၿပီ”
ျမတ္စံထြန္းနဲ႔ကိုမႈိင္းေဝတို႔ ေျခသံကိုအတက္ႏိုင္ဆုံးလုံေအာင္ဂ႐ုစိုက္ၿပီး ေတာထဲကိုဝင္ခဲ့ၾကတယ္။ ခပ္လွမ္းလွမ္းက မီးေရာင္ေလးတစ္ခုကိုေတြ႕ရၿပီးအသံကလည္းအဲ့ဒီတည့္တည့္ကလာေနေတာ့ သစ္ကိုင္းေတြကိုမနင္းမိေအာင္ သတိထားၿပီးကပ္လာခဲ့ၾကတယ္။
အနားေရာက္ေလေလ ေဟာက္တဲ့အသံႀကီးကပိုၿပီးက်ယ္လာေလေလပါပဲ။ မီးေရာင္ေလးနားကပ္လာေတာ့ ေတာင္ခါးပန္းမွာ လိုဏ္ဂူခပ္ေသးေသးတစ္လုံးကိုေတြ႕လိုက္ရတယ္။
ထင္မွတ္မထားဘဲ လိုဏ္ဂူဝမွာ ေဟာက္သံပိုင္ရွင္ကို
ႏွစ္ေယာက္သားေတြ႕လိုက္ရၿပီ ။ လေရာင္ခပ္ေရးေရးေအာက္မွာအတိုင္းသားအိပ္ေနတာက သဘက္ႀကီး။
အေမွာင္ထဲမွာ ထမ္းပင္ႀကီးလဲေနသလိုကို ဆန္႔ဆန္႔ႀကီးအိပ္ေနတာ နား႐ြက္ႀကီးေတြကသူ႔တစ္ရပ္စာေလာက္ႀကီးၿပီး ဆင္သားေရလိုထူထူႀကီးေတြ။
တစ္ကိုယ္လုံးမွာလည္းအေမြးထူထူႀကီးေတြအုပ္ေနတယ္။ လက္တံႀကီးေတြကလည္း ေျခဖ်ားေရာက္ေအာင္ရွည္ၿပီး ႏွာေခါင္းမရွိဘဲ ႏွာေခါင္းေနရာမွာေပါက္ႀကီးႏွစ္ေပါက္နဲ႔။နား႐ြက္တစ္ဖက္ကိုခင္းတစ္ဖက္ကိုၿခဳံၿပီးတစ္ေစာင္းႀကီးအိပ္ေနလိုက္တာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္။
“ဘယ္ႏွယ္လဲကိုမႈိင္းေဝ လိုဏ္ဂူထဲမွာအလင္းေယာင္ေတြ႕ေတာ့ ဟိုကေဝေကာင္ႀကီးရွိလို႔ရွိျငားက်ဳပ္ေတာ့ဝင္ခ်င္တယ္ ဒီေကာင္ႀကီးကိုေတာ့ စိတ္မခ်ဘူး”
“ဒီေကာင္လိုဏ္ဂူရွိရက္နဲ႔အျပင္မွာေစာင့္အိပ္ေနပုံေထာက္ရင္တစ္ေယာက္ေယာက္ရွိလိမ့္မယ္ ဒီလိုလုပ္ကြာ ငါေရွ႕ကဒီေကာင္ႀကီးကို မွ်ားေခၚသြားမယ္ မင္းလိုဏ္ဂူထဲကိုခိုးဝင္သြား”
“သတိထားေနာ္ကိုမႈိင္းေဝ ဒီေကာင္သက္တမ္းမနည္းေတာ့ဘူး ဟထားတဲ့ပါးစပ္ထဲမွာ အစြယ္ႀကီးေတြနဲ႔”
ကိုမႈိင္းေဝလည္းေခါင္းညိတ္ျပလိုက္ၿပီး ေလထဲမွာလက္ကိုေဝ့ရန္းလိုက္တာအင္းတစ္ခ်ပ္ပါလာတယ္။
“ေကာင္းလွခ်ည္လားကိုမႈိင္းေဝ… အင္းေတြပါလာတာလား”
“ေအး…ဘႀကီးခိုင္မေသခင္ မင္းကိုအင္းေတြအမ်ားႀကီးအပ္လိုက္တယ္ အေရးႀကဳံတဲ့အခါ အကုန္ေပးလိုက္ပါလို႔လည္း မွာထားတယ္”
“ခင္မ်ားအေတာ္လွ်ိဳတဲ့လူပဲ”
“တိုးတိုးလုပ္ကြာ ေနာက္မွေျပာ ေလာေလာဆယ္ဂူထဲဝင္ဖို႔ျပင္ထား”
“ဟုတ္ၿပီ”
ကိုမႈိင္းေဝကလက္ထဲပါလာတဲ့ အဂၢိဈတၱအင္းကို သဘက္ႀကီးရဲ႕ႏွာေခါင္းေပါက္ထဲပစ္ခ်လိုက္တာ ႏွာေခါင္းထဲမွာတင္ ဒိုင္းခနဲေပါက္ကြဲၿပီးမီထေတာက္သြားတယ္။ သဘက္ႀကီးလည္းျပာျပာသလဲလန္႔ႏိုးလာၿပီး သူ႔နား႐ြက္အဖ်ားကိုတတ္နင္းမိသြားတယ္။
အသားနာသြားတဲ့သဘက္ႀကီးကစိတ္တိုၿပီးရန္သူကိုရွာပါေတာ့တယ္။ ေဘးဘယ္ညာမွာမေတြ႕လို႔ငုံ႔ၾကည့္တဲ့အခါ ကိုမႈိင္းေဝကိုေတြ႕သြားေတာ့ လက္တံရွည္ႀကီးနဲ႔႐ိုက္ခ်လိုက္ပါေလေရာ။
ကိုမႈိင္းေဝက သဘက္ႀကီးလက္ဝါးေအာက္ေရာက္သြားေပမယ့္ လက္ေခ်ာင္းေတြၾကားကေနေၾကာင္တစ္ေကာင္ပုံစံနဲ႔ခုန္ထြက္ၿပီး သဘတ္ႀကီးရဲ႕လက္ကိုကုပ္လိုက္တယ္။ လက္သည္းအဖ်ားေတြလန္သြားၿပီး သဘက္ႀကီးကေတာ့ဘယ္လိုမွမေနဘူး။ ေနာက္တစ္ခ်က္မ႐ိုက္ခင္ကိုမႈိင္းေဝကစိတ္တိုေအာင္ဆြၿပီးေရွ႕ကေျပးပါေတာ့တယ္။ သဘက္ႀကီးေနာက္ကေျပးလိုက္သြားခ်ိန္ျမတ္စံထြန္းလည္းဂူထဲကိုအသာေလးဝင္လိုက္တယ္။
အထဲမွာမီးထြန္းထားတဲ့ေနရာကို တည့္တည္သြားေတာ့ ေက်ာက္ခ်ပ္တစ္ခုေပၚမွာ အသားတစ္ခ်မ္းလႊာထားတဲ့ လွရီရဲ႕ေခါင္းကိုေတြ႕လိုက္ရတယ္။သူ႔အေမကိုသတ္ခဲ့တဲ့ကေဝေကာင္ေနတဲ့ဂူဆိုတာေသခ်ာသြားၿပီ။
ေခါင္းခြံရဲ႕အ႐ိုးေပၚေနတဲ့ေနရာကိုလည္း အင္းတစ္ျပားကပ္ထားေသးတယ္။ ျမတ္စံထြန္းက အသားေတြလႊာတဲ့ဓားကိုယူၿပီး
အင္းကိုထိုးလွန္လိုက္ေတာ့ ေခါင္းခြံထဲကအနက္ေရာင္အေငြ႕ေတြအျပင္ထြက္သြားတယ္။ လွရီလြတ္ေျမာက္သြားၿပီမို႔ မီးေရာင္ရွိရာကိုတည့္တည့္သြားမယ္အလုပ္ ေနာက္ကေနကိုမႈိင္းေဝ လိုက္လာတယ္။
“ဟိုေကာင္ႀကီးေရာကိုမႈိင္းေဝ ”
“အျပင္မွာငါ့ကိုရွာေနတုန္းပဲ….မင္းကိုစိတ္မခ်လို႔လိုက္လာတာ”
ျမတ္စံထြန္းက ဓားကိုကိုင္ထားၿပီး မီးေရာင္နားကိုျဖည္းျဖည္းခ်င္းကပ္သြားတယ္။ အထဲေရာက္ေတာ့ ေကာက္႐ိုးေတြျမက္ေျခာက္ေတြကိုအိပ္ယာလိုခင္းထားတဲ့ေနရာမွာ လူလိုဆန္႔ဆန္႔အိပ္ေနတဲ့လူကို အေပၚကေန ​ေစာင္ေဟာင္းအစုတ္ႀကီးတစ္ထည္နဲ႔အုပ္ထားတာကိုေတြ႕လိုက္ရတယ္။ ျမတ္စံထြန္းလည္း ကေဝေကာင္ပဲ ျဖစ္ရမယ္ဆိုၿပီးပါလာတဲ့ထိုးစိုက္လိုက္ဖို႔အေပၚကိုေျမႇာက္႐ြယ္လိုက္ေတာ့ ကိုမႈိင္းေဝကလက္ကိုဆီးတားတယ္။
“ေစာင္ကိုေသခ်ာလွန္ၾကည့္သင့္တယ္ကြ…မင္းလက္စားေခ်မယ့္ကေဝေကာင္မဟုတ္ရင္ လူတစ္ေယာက္ေသသြားလိမ့္မယ္”
ျမတ္စံထြန္းလည္း စိတ္ကိုေအး​ေအးထားၿပီး ေစာင္ကိုဆြဲခ်လိုက္ေတာ့ ဘယ္လိုမွထင္မွတ္မထားတဲ့အရာတစ္ခုကိုျမင္လိုက္ရတယ္။ေစာင္ႀကီးကြာသြားေတာ့ ေစာင္ေအာက္မွာေမ့လဲေနတာ သူႀကီးျဖစ္ေနေတာ့
စဥ္းစားရခက္သြားတယ္။
“ဘယ္လိုတုန္းကိုမႈိင္းေဝ”
“ငါလည္းမေျပာတက္ေတာ့ဘူး သူႀကီးကိုေမးမွရမယ္”
“ကြၽတ္ကြၽတ္္ကြၽတ္”
ျမတ္စံထြန္းနဲ႔ကိုမႈိင္းေဝတို႔ ကိုယ္စီအေတြးမ်ားေနတုန္း သူႀကီးကေခါင္းကိုကိုင္ၿပီး စုပ္တသပ္သပ္နဲ႔ထလာေတာ့
“သူႀကီး….သူႀကီး ရရဲ႕လား…ဘယ္လိုေတြျဖစ္ၾကတာလဲ သူႀကီးက႐ြာထဲျပန္ဝင္သြားတာမဟုတ္လား”
“ဘာျဖစ္တာလဲေမာင္ရင္…က်ဳပ္က ဘယ္႐ြာထဲဝင္တာတုန္း”
“သူႀကီးဘယ္လိုျဖစ္ၿပီးဒီကိုေရာက္ေနသလဲသာေျပာပါ”
“ဒီလိုေမာင္ရင္ အကြၽတ္အလြတ္ပြဲမွာ ဘုန္းႀကီးေတြကို ေသဆုံးသူေတြရဲ႕အမည္စရင္း ကပ္ၿပီးေတာ့ သခ်ႋဳင္းထဲမွာပဲ အေပါ့သြားေနတုန္း က်ဳပ္ေခါင္းကို တစ္ေယာက္ေယာက္က႐ိုက္လိုက္တယ္ ၿပီးေတာ့ ဒီထဲေရာက္ေနေတာ့တာပဲကြ ေမာင္ရင္တို႔ေရာက္လာေပလို႔ေဟ့ မဟုတ္ရင္က်ဳပ္မျပန္တတ္ဘူး ”
“က်ဳပ္သေဘာေပါက္ၿပီကိုမႈိင္းေဝ က်ဳပ္တို႔ကေဝမာယာထဲကိုဝင္သြားၿပီ”
“ဘယ္လို..”
“ဘာေၾကာင့္လဲေမာင္ရင္”
“ဒီလိုပါ သူႀကီးထသြားၿပီးေတာ့ ပရိသတ္အလယ္ကိုျပန္ဝင္လာခဲ့တယ္ ။ အဲ့ဒါသူႀကီးမဟုတ္ဘူး ဟိုကေဝေကာင္ပဲ”
“ေမာင္ရင္ဘယ္လိုသိတာလဲ..”
“ထသြားတုန္းက သူႀကီးမွာ အခုဝတ္ထားတဲ့အက်ႌ၊ ျပန္ဝင္လာေတာ့ အေပၚမွာလက္ရွည္ပင္နီတစ္ထည္ထပ္ဝတ္လာတယ္၊ ဒါကသူ႔လက္က ေႁမြ႐ုပ္ကိုက်ဳပ္တို႔မျမင္ေအာင္ဖုံးကြယ္ထားတာပဲ…. ၿပီးေတာ့ သူကလွရီအေလာင္းကို အစီအရင္မလုပ္ရေသးေတာ့လွရီက ႐ြာထဲကမိန္းမကိုဝင္ပူးတယ္…. သူကႏႈတ္ဖြင့္မရေအာင္ပိတ္ထားတယ္…..က်ဳပ္က ႏႈတ္ဖြင့္ေပးလိုက္ေပမယ့္ အေလာင္းကသူ႔လက္ထဲမွာဆိုေတာ့ လွရီကအႏွိပ္စက္ခံရမွာေၾကာက္ၿပီး သူမေနာနဲ႔ေျပာခိုင္းတာေတြကိုက်ဳပ္တို႔ကိုေျပာခဲ့တယ္….သူ႔ေနာက္လိုက္လာေအာင္ ႐ြာကိုတိုက္ထားတယ္ဆိုၿပီးလိမ္တယ္ေလ။ ၿပီးေတာ့ ဒီကိုအေရာက္လာဖို႔ သူေထာင္ေခ်ာက္ဆင္လိုက္တာပဲ”
“သိပ္မွန္တာေပါ့ကြာ….ဟား….ဟား…ဟား…”
ျမတ္စံထြန္းေျပာလို႔ၿပီးေတာ့လိုဏ္ဂူအျပင္ကေန အဲ့ဒီလိုရယ္သံကိုၾကားလိုက္ရတယ္။ ၿပီးေတာ့ဆက္ေျပာေသးတယ္။
“႐ုပ္ေျပာင္းကေဝနဲ႔သူႀကီးအတြက္ေတာ့စိတ္မေကာင္းပါဘူး..ျမတ္စံထြန္းဆိုတဲ့ေကာင္က ငါ့တပည့္ သဘက္ႀကီးလက္ခ်က္နဲ႔မေသေတာ့လည္း ဂူပိတ္သတ္ရတာေပါ့ကြာ…ကိုင္း မင္းအေမ ေနာက္ကိုလိုက္သြားေပေတာ့…..ဟား…ဟား…ဟား…..”
ျမတ္စံထြန္းတို႔လည္း အသံၾကားၾကားခ်င္းလိုဏ္ဂူဝကိုေျပးသြားၾကေပမယ့္ ေနာက္က်သြားခဲ့တယ္။ လိုဏ္ဂူဝမွာ ေက်ာက္တုန္းေတြက ဝုန္းခနဲေျပးဆို႔လာၿပီ လိုဏ္ဂူတစ္ခုလုံးေမွာင္မိုက္သြားေတာ့တယ္။
“ကိုမႈိင္းေဝ…ဘႀကီးခိုင္မေသခင္က်ဳပ္ကိုအပ္ခဲ့တဲ့အင္းေတြအကုန္ေပး…ျမန္ျမန္ေပး ”
ကိုမႈိင္းေဝလည္း လက္တစ္ဖက္ကိုလက္ဝါးျဖန္႔ၿပီးေဘးကိုဆန္႔ထုတ္လိုက္တယ္။ ၿပီးေတာ့ပါးစပ္ကေမွာ္ဂါထာတစ္တခ်ိဳ႕ကို႐ြတ္ဆိုလိုက္ၿပီး ေမွာင္ထဲမွာေပၚလာတဲ့ အေရာင္မ်ိဳးစုံနဲ႔ အလုံးေလးေတြကိုဖမ္းလိုက္ေတာ့အင္းတစ္ခ်ပ္စီလက္ထဲပါလာတယ္။အဲ့ဒီအင္းေတြကိုျမတ္စံထြန္းလက္ထဲထည့္ေပးလိုက္တယ္။
သံရွစ္ခ်က္အင္း၊ သုဝဏၰဘုမၼိအင္း၊သမားသက္ေစာင့္အင္း၊ စမၸာနဝအင္း၊ ေဗာဓိပကၡိယအင္း၊ေပတကင္းသင္းအင္း ၊ မဏိေဇာတအင္းဆိုၿပီးစုစုေပါင္းအင္းခုနစ္ခ်ပ္။ အိုးကြဲမွာခ်ထားတာလည္းပါတယ္။ သိမ္ဝင္သပိတ္ကြဲမွာခ်ထားတာလဲပါတယ္။ အလယ္မွာအင္းစံမသြင္းရေသးတဲ့အင္းအရွင္ေတြလည္ပါတယ္။
ျမတ္စံထြန္းကိုအင္းခုနစ္ခ်ပ္အျပင္ စီရင္ၿပီးသား အင္းခ်ကညစ္တံကိုပါ ကိုမႈိင္းေဝကေပးလိုက္တယ္။
ျမတ္စံထြန္းလည္း အင္းေတြကို သူ႔မ်က္ႏွာေရွ႕က ေလထဲမွာတင္ ေဖ်ာက္ထားလိုက္ၿပီး ဂူဝမွာပိတ္ေနတဲ့ေက်ာက္တုံးေတြထဲကတစ္တုံးကို ကညစ္နဲ႔ (က္ယ)ဒီလိုအကၡရာေလးတစ္လုံးေရးၿပီး ေဆာင့္ကန္လိုက္တယ္။
ယကၡေမွာ္ရဲ႕စြမ္းအားနဲ႔ ကယွက္ယယွက္ရဲ႕စြမ္းအားတို႔ေပါင္းၿပီး ေက်ာင္းတုံးေတြလြင့္စင္ထြက္သြားေတာ့တယ္။ သူႀကီးကေတာ့ပါးစပ္အေဟာင္းသား။ အျပင္ေရာက္ေတာ့ အလင္းေရာင္ျမင္ေနရၿပီ။ေနလည္းထြက္စျပဳေနၿပီ။
“တယ္စြမ္းေနပါလား…ကဲ သဘက္ႀကီးေရ ”
ကေဝေကာင္ရဲ႕ေနာက္ေက်ာကေန ေရွ႕ကိုခုန္ခ်လိုက္တာ ေျမႀကီးပါသိမ့္သိမ့္တုန္သြားတယ္။ ၿပီးေတာ့ ျမတ္စံထြန္းရဲ႕တည့္တည့္ကိုေျပးဝင္လာေတာ့ သံရွစ္ခ်က္အင္းကိုထုတ္ၿပီး မိုးေပၚေထာင္ျပလိုက္ေတာ့ သဘက္ႀကီးေနာက္ကိုျပန္ဆုပ္သြားတယ္။ လွည့္ေျပးမယ္အလုပ္မွာေနာက္ေက်ာကိုျမတ္စံထြန္းကအင္းနဲ႔လွမ္းပစ္လိုက္ေတာ့ သဘက္ႀကီးရဲ႕ကိုယ္မွာအခိုးအေငြ႕ေတြထြက္လာၿပီ ေပ်ာက္ကြယ္သြားတယ္။
ကေဝေကာင္လည္းမ်က္ႏွာပ်က္သြားၿပီး ေခါင္းေပါင္းကိုခြၽတ္လိုက္တယ္။ ျမတ္စံထြန္းတို႔တည့္တည့္ကိုခါခ်လိုက္တာ ပိတုန္းေတြမေရမတြက္ႏိုင္ေအာင္ပ်ံဝဲလာပါေတာ့တယ္။ ဒီေတာ့ ျမတ္စံထြန္းက မဏိေဇာတအင္းကို ေလေပၚေျမႇာက္ၿပီး လက္ညႇိဳးထိုးလိုက္ေတာ့ သူတို႔သုံး​ေယာက္ရဲ႕ေရွ႕မွာ ေရလႊာတစ္ခုက အကာအကြယ္တစ္ခုလိုေပၚလာၿပီးပိတုန္းေတြဟာအေတာင္ေတြေရစိုသြားလို႔တစ္ေကာင္စီေရွ႕ကိုျပဳတ္က်လာပါေတာ့တယ္။
ကေဝေကာင္ႀကီးကလက္မေလ်ာ့ေသးဘဲ ကိုင္ထားတဲ့ ေတာင္ေဝွးနဲ႔ သူ႔ရဲ႕ဘယ္လက္ဖ်ံကိုတစ္ခ်က္႐ိုက္လိုက္ၿပီး ျမတ္စံထြန္းေရွ႕ပစ္ခ်လိုက္တာ ေႁမြေဟာက္ႀကီးေတြအေထြးလိုက္ထြက္လာပါေတာ့တယ္။ ေျမေတြကပါးျပင္းႀကီးေတြေထာင္ၿပီး ျမတ္စံထြန္းဆီေျပးဝင္လာေတာ့ ကိုမႈိင္းေဝက ေၾကာင္သ႑န္နဲ႔ေႁမြေတြကို တစ္ေကာင္စီတိုက္ခိုက္တယ္။ ကိုက္သတ္တယ္။
ျမတ္စံထြန္းေႁမြသတ္လို႔မရဘူးဆိုတာ သူသိတယ္ေလ။
ေျမေတြျမတ္စံထြန္းဆီေရာက္မလာေအာင္တိုက္ခိုက္ရင္းျမတ္စံထြန္းကိုလွမ္းၾကည့္ေတာ့ မ်က္လုံးမွိတ္ထားၿပီး သူမ်က္လုံးႏွစ္လုံးကိုလက္ညႇိဳး လက္ခလယ္တို႔နဲ႔ခြေထာက္ထားတယ္။
အမွန္ေတာ့ တိုက္ေႁမြအစစ္ကတစ္ေကာင္ထဲျဖစ္ၿပီး က်န္တာေတြကလွည့္ျဖားထားတဲ့အရာေတြပါ။ ျမတ္စံထြန္းကေတာ့ ဂါထာတစ္ပုဒ္ကို႐ြတ္ေနတယ္။
ေႁမြေမွာ္မေအာင္ခင္ဘႀကီးခိုင္သင္ေပးထားတဲ့ ဂါထာပါ။ ​ကိုမႈိင္းေဝလည္းေႁမြေတြကိုတားလို႔မရေတာ့ဘူး။
ျမတ္စံထြန္းေရွ႕ကိုေရာက္လာေတာ့ ျမတ္စံထြန္းက ေတာက္တစ္ခ်က္ေခါက္လိုက္တယ္။ ၿပီးေတာ့ေပတကင္းသင္းအင္းရဲ႕အလယ္ကြက္မွာ ကညစ္နဲ႔ မ အကၡရာကိုေရးၿပီးေႁမြေတြရဲ႕အလယ္ကိုပစ္ခ်လိုက္ေတာ့ ေႁမြေတြအားလုံးေပ်ာက္ကြယ္သြားၿပီး တစ္ေကာင္ပဲက်န္ခဲ့ေတာ့တယ္။
ေႁမြႀကီးကိုျမတ္စံထြန္းက ေစ့ေစ့ၾကည့္ၿပီး..
“ငါ့အေမကိုကိုက္သတ္ခဲ့တဲ့မင္းကို ငါအခုသတ္လိုက္လို႔ရတာမင္းသိမွာပါ….ငါမင္းကိုမသတ္ခ်င္ဘူး မင္းလည္းလြတ္ေျမာက္သင့္ၿပီ မင္းရဲ႕ေႁမြအာစီးကိုလည္းငါေျဖၿပီးၿပီ…ကိုယ့္အလုပ္ကိုလုပ္ေတာ့”
အဲ့လိုေျပာလိုက္ေတာ့ ကေဝေကာင္ကေတာထဲထြက္ေျပးပါေတာ့တယ္။ေႁမြႀကီးကလည္းတစ္ဖက္လွည့္ၿပီး ကေဝေကာင္ကိုလိုက္ပါေလေရာ။
ျမတ္စံထြန္းကအင္းေတြကိုျပန္သိမ္းၿပီး သူႀကီးကို႐ြာျပန္ပို႔ဖို႔စီစဥ္ၾကေတာ့တယ္။
“အား…..”
ေတာစပ္ကမထြက္ခင္ ကေဝေကာင္ရဲ႕ဆိုး႐ြားတဲ့ အမဂၤလာသံႀကီးကိုလည္းၾကားလိုက္ရပါတယ္။
ဆက္ရန္။
ဝိဇၨာရွစ္ေသာင္းဆရာေပါင္းတို႔အား
ဦးထိပ္ထား၍
မင္းဟိန္းခန္႔(ဥႆာဒီပ)
______
ပညာရပ္အရျဖစ္ေစ စာလုံးေပါင္းသတ္ပုံအရျဖစ္ေစမွားယြင္းမႈတစ္စုံတစ္ခုေတြ႕ရွိပါက ေဝဖန္ေထာက္ျပေပးပါရန္ေမတၱာရပ္ခံအပ္ပါသည္။