မပြို ပါနဲ့ရွှေတောင်ကြီး(စ/ဆုံး)

Unicode Version

မပြို ပါနဲ့ရွှေတောင်ကြီး(စ/ဆုံး)
————————————–
“အခြေအနေမကောင်းဘူးသေမှာပါကွာ”

“ကောင်မရယ် နေ့သေမလား ညသေမလားဘဲအေ”

ကျွန်မတို့အိမ်ကိုလူနာသတင်းမေးလာသောလူအချို့ရဲ့တိုးတိုးတိတ်တိတ်ပြောသွားသောစကားများဖြစ်သည် ။

“အေးမေ တစ်ယောက်သနားပါတယ်အေ သူ့ယောက်ျားသေရင်တော့ ခလေးတွေအများကြီးနဲ့ဘယ်လိုလုပ်ကိုင်စားကြမလည်းအေ”
ကျွန်မရဲ့ဖေဖေနေမကောင်ဖြစ်လို့အိမ်ကိုသတင်းလာမေးတဲ့သူတိုင်းပြန်ရင်ပြောနေကြစကားတွေပါ။
ဖေဖေနေမကောင်းနေတာကြာပြီလေ။ ဖေဖေ့ကိုဆေးကုလို့အိမ်ကရှိတဲ့စီးပွားရေးလည်းကုန်နေပြီ။ လက်ဝတ်ရတနာလည်းမကျန်။ဖေဖေ့ရောဂါကလည်းဆိုးသထက်ဆိုး၍လာသည်။
ကျွန်မမေမေကလည်းကလေးမွေးထားသည်မှာတစ်လပင်ရှိသေးသည်။ ဖေဖေကနေမကောင်း။ မေမေကခလေးငယ်လေးနဲ့။ ရှိတဲ့စီးပွားရေးလည်းကုန်။ ဘာဆက်လုပ်ရမှာလဲ။ ကျွန်မကလည်းဘာမှမလုပ်တက်တဲ့အရွယ် ခုနှစ်တန်းကျောင်းသူ ဆယ့်နှစ်နှစ်အရွယ်။ ကျွန်မညီမလေးကငါးတန်းကျောင်းသူဆယ်နှစ်အရွယ်။ မောင်လေးကတော့နှစ်တန်းကျောင်းသားခုနှစ်အရွယ်။ဘယ်သူကဘာလုပ်တက်မှာလည်း။ ကျွန်မတို့အကြီးနှစ်ယောက်သည်မြို့ကျောင်းသို့နေ့ချင်းပြန်ကျောင်တက်ရသည်။ မောင်လေးကတော့ရွာကျောင်းမှာပေါ့။
ကျောင်းကပြန်လာတိုင်းဖေဖေ့ကိုကြည့်ပြီးတိတ်တိတ်လေးငိုကြွေးခဲရသည်။ လူအများစုသည်ကျွန်မတို့မိသားစုရှေ့တွင်သာအားပေးစကားပြော၍နောက်ကွယ်ရာတွင်ဖေဖေ့သေမည်အကြောင်းသာပြောကြသည်။သွေးနုသားနုနဲ့မေမေလည်းသည်စိတ်ကြောင့်ကျန်းမာရေးကချူ ချာလှသည်။
် ဖေဖေကိုဆေးကုသည်မှာဆေးခန်းဆေးရုံစုံနေပြီ ဖေဖေ့ရောဂါမှာမပျောက်ပါ။
တစ်နေ့ဖေဖေသည်ရန်ကုန်ကသူ့ညီမဆီအလည်သွားချင်ကြောင်းပြောသောကြောင့်ရွာကလူတစ်ချိုု့ကလည်းရန်ကုန်သွားမည်ဖြစ်၍ထည့်ပေးလိုက်သည်။
ဖေဖေ့ကိုရန်ကုန်ထိအောင်လိုက်ပို့ချင်တာပေါ့။ကျွန်မမှာကျောင်းကလည်းတစ်ဖက်ကျွန်မလိုက်သွားရင်လမ်းစရိတ်ကပိုကုန်မည်ဖြစ်သည်။ ကျွန်မတို့မိသားစုသည်စိတ်မကောင်းစွာနဲ့ဘဲဖေဖေ့အားတစ်ယောက်ထဲရန်ကုန်သို့လွှတ်လိုက်ရသည်။
ဖေဖေရန်ကုန်ရောက်ပြီးသုံးလေးရက်အကြာတွင်ရွာထဲ၌သတင်းတစ်ခုထွက်လာပြန်သည်။ ဖေဖေရန်ကုန်မှာအခြေအနေမကောင်းလို့သွားပြန်ကြို ရမယ်တဲ့။
ရွာမှာကဖုန်းကလည်းပိုက်ဆံရှိသောတစ်ချို့အိမ်တွေသာကိုင်ကြသည်။
“ဖေဖေဘာမှမဖြစ်ရဘူးး ဖေဖေဘာမှမဖြစ်ပါစေနဲ့ဘုရား”
ကျွန်မလည်းမောင်လေးကိုရင်ခွင်ထဲထည့်ကာဘုရားစင်ရှေ့တွင်ဘယ်နှကြိမ်မှန်းမသိရှစ်ခိုးသည်။
“အရှင်ဘုရားးတပည့်မရဲ့ဖေဖေဘာမှမဖြစ်ပါစေနဲ့ဘုရားး”
ကျွန်မပါးစပ်ကလည်းပြောငိုလည်းငိုဘုရားစင်ရှေ့တွင်သာအကြိမ်ကြိမ်ရှစ်ခိုးနေသည်။
မေမေနဲ့အငယ်မလည်း ညအချိန်ကြီးကိုဖုန်းရှိသောအိမ်သို့ပြေးရသည်။ဖေဖေရှိသောဒေါ်ဒေါ်အိမ်သို့ဖုန်းဆက်ခိုင်းရပြန်သည်။မေမေနဲ့အငယ်မလည်းသရဲမကြောက် မြွေမကြောက်မှောင်မဲကြီးထဲလျောက်မေးကြရသည်။ လူတွေစကားကိုပုံကြီးချဲ့ပြောကြသည်။ ဖေဖေဘာမှမဖြစ်ပါ။ရန်ကုန်ကဆေးရုံမှာဆေးကုနေသည်ဟုမေမေကပြန်လာ၍ပြောသည်။ ကျွန်မလေပျော်လွန်းလွန်းလို့မောင်လေးကိုဖက်ပြီးမျက်ရည်တောင်ကျမိသည်။
ကျွန်မတို့မိသားစုအရင်ကစီးပွားရေးအသင့်အတင့်ရှိ၍မိသားစုပျော်ပျော်ရွှင်ရွှင်နေကြရသည်။ အခုအချိန်တွင်ဖေဖေကနေမကောင်းမေမေက မီးနေသည် သောကတွေပင်လယ်ဝေခဲ့ရသည်။
လုပ်လူလည်းမရှိ စားစရာလည်းမရှိ နောက်ဆုံးအိုးခွက်ပန်းကန်ကအစပေါင်သုံးရောင်းသုံးရသည်။
ကျွန်မသည်ညီမလေးကိုကြည့်၍သနားမိသည်။ ကျောင်းသွားရင်ထမင်းချိုင့်ထဲထည့်ဖို့ထမင်းနဲ့ဟင်းတောင်အနိုင်နိုင်မုန်ဖိုးဆိုတာဝေးပေါ့ရှင်။ညီမလေးသည်အခုမှဆယ်နှစ်သူများမုန့်စားကျောင်းဆင်းချိန်မုန့်စားချင်မှာပေါ့။ကျွန်မညီမလေးလိမ်မာပါသည်ဘယ်တော့မှမုန့်စားချင်သည်ဟုမပူဆာခဲ့ပါ။
ကျွန်မသူငယ်ချင်းများသည်ကျွန်မပေါ်အရမ်းကောင်းခဲ့သည်ကျွန်မလိုသောစာအုပ်များကိုအမြဲဝယ်ပေးလေ့ရှိသည်။
“အေးမေရယ်ညည်းတို့လည်းအဆင်ပြေတာမဟုတ်ဘဲနဲ့ညည်းကလေးတွေကျောင်းထုတ်လိုက်ပါအေ”
“အမရယ်အဆင်မပြေတာလည်းမပြေတာပေါ့ဒီခလေးတွေကိုကျောင်းထုတ်ပြီးကျွမ်မဘာလုပ်ရမှာလဲ ကျွန်မခလေးတွေကစာတော်တယ်ရှင့်”
“အလုပ်လုပ်ခိုင်းပေါ့အေ”
“အမရယ်ဒီလောက်ငယ်ငယ်လေးရှိသေးတာဘာအလုပ်များခိုင်းရမှာတုန်းသူ့အဖေသိလည်းအထုတ်ခံမှာမဟုတ်ဘူး”
မှန်ပါသည်။ဖေဖေသည်ကျွန်မတို့မောင်နှမအားကျောင်းမထုတ်ဖို့လူကြုံတိုင်းအမြဲမှာတက်သည်။
အိမ်မှာလည်းစားစရာမရှိ။ ဖေဖေဆီလည်းမရောက်ဖြစ် ။ ရန်ကုန်ကလူကြုံလာမှာလိုက်သောစကားကိုသာအမြဲနားစွင့်ရသည်။
အခုအချိန်သည်မိုးတွင်းရေကြီးသောနှစ်ဖြစ်၍ရွာတွင်အလုပ်ရှားသည်။လူတိုင်းဒုက္ခရောက်ကြသည်။ ဒုက္ခရောက်တာချင်းအတူတူကျွန်မတို့မိသားစုပို၍ဒုက္ခရောက်သည်။ နေ့စဉ်ပုံမှန်ထမင်းချက်စရာဆန်မရှိပေ။တစ်ခါတစ်ရံမေမေသည်သူ့အင်္ကျ ီအသစ်များအားပေါင်၍စားသောက်ရသည်။ တစ်ခါတစ်ရံတွင်ကျွန်မတို့အဖွားအိမ်ကဆန်ပို့ပေးမှချက်စားရသည်။
နောက်ဆုံးပေါင်စရာလည်းကုန်ရောအဖွားတို့အိမ်ကသာနေ့စဉ်ဆန်ပို့ပေးရသည်။ အဖွားတို့အိမ်ကဆန်မပို့တဲ့နေ့ကျွန်မတ်ု့မိသားစုထမင်းမစားရတဲ့နေ့ပေါ့။
အဖွားတို့အိမ်လည်းတစ်နေ့လုပ်မှတစ်နေ့စားရသောအိမ်တစ်ပါဘဲ။မိဘနဲ့သားသမီးဆိုတော့အဖွားလည်းမနေနိုင်ဘူးလေ။ တစ်နေ့ဆန်တစ်ပြည့်ဝယ်ကာကျွန်မတို့အိမ်ကိုဆန်းနှစ်ဘူးအမြဲပို့တက်သည်။
“မေမေဘာလုပ်နေတာလဲ”
ကျွန်မတို့ညီမကျောင်းရပြန်လာချိန်မေမေမီးဖိုထဲဝင်နေသည်။
“ထမင်းအိုးတည်တာပါသမီးရဲ့”
“မေမေဆန်ဘယ်ကရလဲဟင်”
“ထုံစံအတိုင်းအဖွားတို့အိမ်ကပေါ့”
အဖွားတို့အိမ်သည်ညနေတိုင်းဆန်လာပို့တက်သည်။
“မေမေဖယ်သမီးဆက်တည်လိုက်မယ်”
ကျွန်မထမင်းအိုးဆက်တည်တော့ အငယ်မက ထမင်းချိုင့်တိုက်လေသည်။
“သမီးထမင်းအိုးကျက်ရင်မေမေ့ကိုပြောနော်”
“ဟုတ်ကဲ့မေ”
ကျွန်မလည်းထမင်းအိုးကျက်ကော မေမေက ကျွန်မတို့ညီမနှစ်ယောက်အတွက်ထမင်းချိုင့်ထဲခူးထည့်သည်။
“မေမေဘာလုပ်တာလည်းး”
“မနက်သမီးတို့ထမင်းချိုင့်ထည့်စရာဆန်မရှိဘူးလေ”
“အခုကျတော့ကောမေမေရယ်ထမင်းကတစ်ပန်းကန်စာဘဲကျန်တော့တယ်လေ”
“တို့သားမိတွေအဲ့ထမင်းကိုဝေစားကျမယ်လေ”
“မေမေရယ်”
နေ့စဉ်နေ့တိုင်းဆန်နှစ်ဘူးကပုံမှန်ရ၍ညနေစာထမင်းကိုဝေစားပြီးမနက်ထမင်ူချိုင့်အတွက်ထမင်းချန်ရသည်။
“မီးတို့ကျောင်းသွားနေတဲ့အချိန်မေမေထမင်းဘယ်လိုစားလဲ”
“သမီးရယ်အဖွားတို့အိမ်ကလာကျွေးတာပေါ့”
မောင်လေးကိုတော့အဖွားတို့အိမ်ကခေါ်ထားသည်။
ကျောင်းပို့ကျောင်းကြိုအဖွားတို့အိမ်ကလုပ်သည်။ နေ့ခင်းဘက်အလုပ်အားချိန်တိုင်းအဖွားသည်မေမေနဲ့အဖော်လာနေပေးသည်။
“သြော်ကျွန်မတို့လည်းဒီအဖွားအိမ်ရှ်နေလို့သာပေါ့မဟုတ်ရင်တော့”ကျွန်မတို့မိသားစုလည်းမတွေးတောင်မတွေးရဲစရာပါ။
ဖေဖေ့ကိုလည်းဆေးဖိုးပိုက်ဆံမပို့နိုင်။အိမ်မှာကစားစရာမရှိ။ဖေဖေရယ်မြန်မြန်နေကောင်းပြီးပြန်လာပါတော့နော်။
ဖေဖေ့ကိုတွေ့ချင်လှပြီ။တွေ့ချင်တာတောင်ပြေးတွေ့လို့မရတဲ့အခြေအနေ။
တစ်ခါတစ်လေထမင်းချို ုင့်ထဲထမင်းကချွေးကျနေလို့အနံထွက်ရင်တောင်မုန့်ဝယ်စားစရာပိုက်ဆံမရှိတဲ့ဘဝ။
တစ်ခုသောညနေခင်းမကွျှန်မကျောင်းကပြန်လာချိန်ကျွန်မဦးလေးတစ်ယောက်နဲ့တွေ့တယ်။
“ငါ့တူမကြီးကျောင်းကပြန်လာပြီဗိုက်ဆာမှာပေါ့ ရော့မုန့်သွားဝယ်စား”
ကျွန်မကိုပိုက်ဆံ၂၀၀ပေးသည်။ကျွန်မစဉ်းစားတယ်ဒီပိုက်ဆံကိုကျွန်မမုန့်ဝယ်စားရင်ကျွန်မတစ်ယောက်ထဲဗိုက်ပြည့်မှာကျွန်မမုန့်မဝယ်စားပါ။ မေမေက ကလေးမွေးထားတာလေကလေးအနှီးလျော်ဖို့ဆပ်ပြာလိုတယ်လေ။ဆပ်ပြာတစ်ပိုင်းဝယ်ခဲ့တယ်။အဲ့အချိန်ကဆပ်ပြာတစ်ပိုင်းမှ၁၃၀လေ။၈၀ဆယ်ပိုတာပေါ့။ညကျရင်စာကျက်ဖို့မီးကလိုသေးတယ်ကျွန်မဖယောင်းတိုင်တစ်တိုင်ဝယ်ပြီး၂၀ပိုတာပေါ့ ။
“ပိုတဲ့ပိုက်ဆံသကြားလုံးပေးပါ”
ကျွန်မ မရှက်ပါဘူးး။အိမ်ရောက်တော့မောင်နှတတွေသကြားလုံးစားရင်းစာလုပ်ကြတာသည်။

ဖေဖေရဲ့သတင်းကြားရတာတော့ဝမ်းသားစရာပါ။ဖေဖေရော ါအခြေအနေတော်တော်လေးတိုးတက်လာခဲ့သည်။ ကျွန်မတို့လည်းအိမ်မှာတော်တော်အဆင်ပြေနေပါပြီ။ ဆန်နှစ်ဘူးချက်ကိုဝေငှစားရင်းတော်တော်တော့ကျင့်သားရနေပါပြီ။ မုန့်ဖိုးမပါဘဲကျောင်းသွားရတဲ့ရက်တွေလည်းများလာတော့မုန့်ဆိုတာဘာမှန်းမသိတော့သလိုတောင်ဖြစ်နေပါပြီ။ ရှိတာလေးနဲ့လည်းရောင့်ရဲနိုင်နေပါပြီ။အရင်ကလိုအဝတ်အစားမရွေးတော့ဘဲရှိတာလေးနဲ့သပ်ရပ်စွာဝတ်တက်နေပါပြီ။ဖေဖေရယ်မြန်မြန်နေကောင်းပြီးပြန်လာပါတော့နော်။ဖေ့ဖေ့ကိုသတိရနေပြီ။ဖေဖေ့ကိုလွမ်းနေပြီ။ ဖေဖေ့ကိုတွေ့ချင်လှပြီ။
မိဘဆိုတာသားသမီးတိုင်းအတွက်တုနှှိုင်းမဲ့ပါ။
ကျွန်မဘဝအတွက်သဘာဝကပေးထားတဲ့ရွှေတောင်ကြီးပါ။
သဘာဝရဲ့ဘဏ်တိုက်ကြီးပါ။
ကျွန်မတို့အတွက်လုံခြုံမှုအပေးနိုင်ဆုံးတံတိုင်းကြီးပါ။
မိမိသည်ဘယ်လိုအခြေအနေမျိုးရောက်နေပါစေသားသမီးမတွက်တော့အနစ်နာခံစမြဲပါ။သားသမီးတိုင်းကိုပညာတက်ဖြစ်ချင်တာလဲမိဘများရဲ့အကြီးမားဆုံးဆန္ဒတစ်ခုပါ။
အချိန်တွေရယ်ကုန်ဆုံးပါတော့ကွယ်။
ဖေဖေပြန်လာမည့်ရက်ကိုရေတွက်နေရင်းအချိန်ကကုန်မှန်းမသိကုန်ဆုံလေပြီ။
အခုဆိုကျောင်းကြီးလည်းပိတ်လို့ကျွန်မတို့အလုပ်လည်းရနေပြီ။သူများလယ်မှာပဲကောက် မြေပဲနု တ်လိုက်လုပ်ရင်းကျွန်မတို့မိသားစုအဆင်ပြေနေသည်။

“မနက်ဖြန်ဖေဖေပြန်လာမယ် ဟုတ်လားမေမေ တကယ်ပြန်လာမှာနော်”

ကျွန်မပျော်လွန်းလို့ ထ ကချင်စိတ်ပါပေါက်သွားသည်။ အး
အရူးများလိုပြေးလွားကခုန်နေသောကျွန်မတို့မောင်နှမကိုကြည့်၍မေမေလည်းအပြူံးမျက်ရည်ကျခဲ့ရသည်။
နောက်ဆုံးတော့ကျွန်မဆုတောင်းတွေပြည့်ခဲ့ပြီ။
ဘုရားရှေ့ရောက်တိုင်းကျွန်မဆုတောင်းတစ်ခုက
“မပြို လိုက်ပါနဲ့ရွှေတောင်ကြီးရယ်”

” ရွှင်လန်းချမ်းမြေ့ကြပါစေရှင် ”

စန္ဒာလဝန်း

Zawgyi Version

မၿပိဳ ပါနဲ႔ေ႐ႊေတာင္ႀကီး(စ/ဆုံး)
————————————–
“အေျခအေနမေကာင္းဘူးေသမွာပါကြာ”

“ေကာင္မရယ္ ေန႔ေသမလား ညေသမလားဘဲေအ”

ကြၽန္မတို႔အိမ္ကိုလူနာသတင္းေမးလာေသာလူအခ်ိဳ႕ရဲ႕တိုးတိုးတိတ္တိတ္ေျပာသြားေသာစကားမ်ားျဖစ္သည္ ။

“ေအးေမ တစ္ေယာက္သနားပါတယ္ေအ သူ႔ေယာက္်ားေသရင္ေတာ့ ခေလးေတြအမ်ားႀကီးနဲ႔ဘယ္လိုလုပ္ကိုင္စားၾကမလည္းေအ”
ကြၽန္မရဲ႕ေဖေဖေနမေကာင္ျဖစ္လို႔အိမ္ကိုသတင္းလာေမးတဲ့သူတိုင္းျပန္ရင္ေျပာေနၾကစကားေတြပါ။
ေဖေဖေနမေကာင္းေနတာၾကာၿပီေလ။ ေဖေဖ့ကိုေဆးကုလို႔အိမ္ကရွိတဲ့စီးပြားေရးလည္းကုန္ေနၿပီ။ လက္ဝတ္ရတနာလည္းမက်န္။ေဖေဖ့ေရာဂါကလည္းဆိုးသထက္ဆိုး၍လာသည္။
ကြၽန္မေမေမကလည္းကေလးေမြးထားသည္မွာတစ္လပင္ရွိေသးသည္။ ေဖေဖကေနမေကာင္း။ ေမေမကခေလးငယ္ေလးနဲ႔။ ရွိတဲ့စီးပြားေရးလည္းကုန္။ ဘာဆက္လုပ္ရမွာလဲ။ ကြၽန္မကလည္းဘာမွမလုပ္တက္တဲ့အ႐ြယ္ ခုႏွစ္တန္းေက်ာင္းသူ ဆယ့္ႏွစ္ႏွစ္အ႐ြယ္။ ကြၽန္မညီမေလးကငါးတန္းေက်ာင္းသူဆယ္ႏွစ္အ႐ြယ္။ ေမာင္ေလးကေတာ့ႏွစ္တန္းေက်ာင္းသားခုႏွစ္အ႐ြယ္။ဘယ္သူကဘာလုပ္တက္မွာလည္း။ ကြၽန္မတို႔အႀကီးႏွစ္ေယာက္သည္ၿမိဳ႕ေက်ာင္းသို႔ေန႔ခ်င္းျပန္ေက်ာင္တက္ရသည္။ ေမာင္ေလးကေတာ့႐ြာေက်ာင္းမွာေပါ့။
ေက်ာင္းကျပန္လာတိုင္းေဖေဖ့ကိုၾကည့္ၿပီးတိတ္တိတ္ေလးငိုေႂကြးခဲရသည္။ လူအမ်ားစုသည္ကြၽန္မတို႔မိသားစုေရွ႕တြင္သာအားေပးစကားေျပာ၍ေနာက္ကြယ္ရာတြင္ေဖေဖ့ေသမည္အေၾကာင္းသာေျပာၾကသည္။ေသြးႏုသားႏုနဲ႔ေမေမလည္းသည္စိတ္ေၾကာင့္က်န္းမာေရးကခ်ဴ ခ်ာလွသည္။
္ ေဖေဖကိုေဆးကုသည္မွာေဆးခန္းေဆး႐ုံစုံေနၿပီ ေဖေဖ့ေရာဂါမွာမေပ်ာက္ပါ။
တစ္ေန႔ေဖေဖသည္ရန္ကုန္ကသူ႔ညီမဆီအလည္သြားခ်င္ေၾကာင္းေျပာေသာေၾကာင့္႐ြာကလူတစ္ခ်ိဳု႔ကလည္းရန္ကုန္သြားမည္ျဖစ္၍ထည့္ေပးလိုက္သည္။
ေဖေဖ့ကိုရန္ကုန္ထိေအာင္လိုက္ပို႔ခ်င္တာေပါ့။ကြၽန္မမွာေက်ာင္းကလည္းတစ္ဖက္ကြၽန္မလိုက္သြားရင္လမ္းစရိတ္ကပိုကုန္မည္ျဖစ္သည္။ ကြၽန္မတို႔မိသားစုသည္စိတ္မေကာင္းစြာနဲ႔ဘဲေဖေဖ့အားတစ္ေယာက္ထဲရန္ကုန္သို႔လႊတ္လိုက္ရသည္။
ေဖေဖရန္ကုန္ေရာက္ၿပီးသုံးေလးရက္အၾကာတြင္႐ြာထဲ၌သတင္းတစ္ခုထြက္လာျပန္သည္။ ေဖေဖရန္ကုန္မွာအေျခအေနမေကာင္းလို႔သြားျပန္ႀကိဳ ရမယ္တဲ့။
႐ြာမွာကဖုန္းကလည္းပိုက္ဆံရွိေသာတစ္ခ်ိဳ႕အိမ္ေတြသာကိုင္ၾကသည္။
“ေဖေဖဘာမွမျဖစ္ရဘူးး ေဖေဖဘာမွမျဖစ္ပါေစနဲ႔ဘုရား”
ကြၽန္မလည္းေမာင္ေလးကိုရင္ခြင္ထဲထည့္ကာဘုရားစင္ေရွ႕တြင္ဘယ္ႏွႀကိမ္မွန္းမသိရွစ္ခိုးသည္။
“အရွင္ဘုရားးတပည့္မရဲ႕ေဖေဖဘာမွမျဖစ္ပါေစနဲ႔ဘုရားး”
ကြၽန္မပါးစပ္ကလည္းေျပာငိုလည္းငိုဘုရားစင္ေရွ႕တြင္သာအႀကိမ္ႀကိမ္ရွစ္ခိုးေနသည္။
ေမေမနဲ႔အငယ္မလည္း ညအခ်ိန္ႀကီးကိုဖုန္းရွိေသာအိမ္သို႔ေျပးရသည္။ေဖေဖရွိေသာေဒၚေဒၚအိမ္သို႔ဖုန္းဆက္ခိုင္းရျပန္သည္။ေမေမနဲ႔အငယ္မလည္းသရဲမေၾကာက္ ေႁမြမေၾကာက္ေမွာင္မဲႀကီးထဲေလ်ာက္ေမးၾကရသည္။ လူေတြစကားကိုပုံႀကီးခ်ဲ႕ေျပာၾကသည္။ ေဖေဖဘာမွမျဖစ္ပါ။ရန္ကုန္ကေဆး႐ုံမွာေဆးကုေနသည္ဟုေမေမကျပန္လာ၍ေျပာသည္။ ကြၽန္မေလေပ်ာ္လြန္းလြန္းလို႔ေမာင္ေလးကိုဖက္ၿပီးမ်က္ရည္ေတာင္က်မိသည္။
ကြၽန္မတို႔မိသားစုအရင္ကစီးပြားေရးအသင့္အတင့္ရွိ၍မိသားစုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနၾကရသည္။ အခုအခ်ိန္တြင္ေဖေဖကေနမေကာင္းေမေမက မီးေနသည္ ေသာကေတြပင္လယ္ေဝခဲ့ရသည္။
လုပ္လူလည္းမရွိ စားစရာလည္းမရွိ ေနာက္ဆုံးအိုးခြက္ပန္းကန္ကအစေပါင္သုံးေရာင္းသုံးရသည္။
ကြၽန္မသည္ညီမေလးကိုၾကည့္၍သနားမိသည္။ ေက်ာင္းသြားရင္ထမင္းခ်ိဳင့္ထဲထည့္ဖို႔ထမင္းနဲ႔ဟင္းေတာင္အႏိုင္ႏိုင္မုန္ဖိုးဆိုတာေဝးေပါ့ရွင္။ညီမေလးသည္အခုမွဆယ္ႏွစ္သူမ်ားမုန႔္စားေက်ာင္းဆင္းခ်ိန္မုန႔္စားခ်င္မွာေပါ့။ကြၽန္မညီမေလးလိမ္မာပါသည္ဘယ္ေတာ့မွမုန႔္စားခ်င္သည္ဟုမပူဆာခဲ့ပါ။
ကြၽန္မသူငယ္ခ်င္းမ်ားသည္ကြၽန္မေပၚအရမ္းေကာင္းခဲ့သည္ကြၽန္မလိုေသာစာအုပ္မ်ားကိုအၿမဲဝယ္ေပးေလ့ရွိသည္။
“ေအးေမရယ္ညည္းတို႔လည္းအဆင္ေျပတာမဟုတ္ဘဲနဲ႔ညည္းကေလးေတြေက်ာင္းထုတ္လိုက္ပါေအ”
“အမရယ္အဆင္မေျပတာလည္းမေျပတာေပါ့ဒီခေလးေတြကိုေက်ာင္းထုတ္ၿပီးကြၽမ္မဘာလုပ္ရမွာလဲ ကြၽန္မခေလးေတြကစာေတာ္တယ္ရွင့္”
“အလုပ္လုပ္ခိုင္းေပါ့ေအ”
“အမရယ္ဒီေလာက္ငယ္ငယ္ေလးရွိေသးတာဘာအလုပ္မ်ားခိုင္းရမွာတုန္းသူ႔အေဖသိလည္းအထုတ္ခံမွာမဟုတ္ဘူး”
မွန္ပါသည္။ေဖေဖသည္ကြၽန္မတို႔ေမာင္ႏွမအားေက်ာင္းမထုတ္ဖို႔လူႀကဳံတိုင္းအၿမဲမွာတက္သည္။
အိမ္မွာလည္းစားစရာမရွိ။ ေဖေဖဆီလည္းမေရာက္ျဖစ္ ။ ရန္ကုန္ကလူႀကဳံလာမွာလိုက္ေသာစကားကိုသာအၿမဲနားစြင့္ရသည္။
အခုအခ်ိန္သည္မိုးတြင္းေရႀကီးေသာႏွစ္ျဖစ္၍႐ြာတြင္အလုပ္ရွားသည္။လူတိုင္းဒုကၡေရာက္ၾကသည္။ ဒုကၡေရာက္တာခ်င္းအတူတူကြၽန္မတို႔မိသားစုပို၍ဒုကၡေရာက္သည္။ ေန႔စဥ္ပုံမွန္ထမင္းခ်က္စရာဆန္မရွိေပ။တစ္ခါတစ္ရံေမေမသည္သူ႔အက်ၤ ီအသစ္မ်ားအားေပါင္၍စားေသာက္ရသည္။ တစ္ခါတစ္ရံတြင္ကြၽန္မတို႔အဖြားအိမ္ကဆန္ပို႔ေပးမွခ်က္စားရသည္။
ေနာက္ဆုံးေပါင္စရာလည္းကုန္ေရာအဖြားတို႔အိမ္ကသာေန႔စဥ္ဆန္ပို႔ေပးရသည္။ အဖြားတို႔အိမ္ကဆန္မပို႔တဲ့ေန႔ကြၽန္မတ္ု႔မိသားစုထမင္းမစားရတဲ့ေန႔ေပါ့။
အဖြားတို႔အိမ္လည္းတစ္ေန႔လုပ္မွတစ္ေန႔စားရေသာအိမ္တစ္ပါဘဲ။မိဘနဲ႔သားသမီးဆိုေတာ့အဖြားလည္းမေနႏိုင္ဘူးေလ။ တစ္ေန႔ဆန္တစ္ျပည့္ဝယ္ကာကြၽန္မတို႔အိမ္ကိုဆန္းႏွစ္ဘူးအၿမဲပို႔တက္သည္။
“ေမေမဘာလုပ္ေနတာလဲ”
ကြၽန္မတို႔ညီမေက်ာင္းရျပန္လာခ်ိန္ေမေမမီးဖိုထဲဝင္ေနသည္။
“ထမင္းအိုးတည္တာပါသမီးရဲ႕”
“ေမေမဆန္ဘယ္ကရလဲဟင္”
“ထုံစံအတိုင္းအဖြားတို႔အိမ္ကေပါ့”
အဖြားတို႔အိမ္သည္ညေနတိုင္းဆန္လာပို႔တက္သည္။
“ေမေမဖယ္သမီးဆက္တည္လိုက္မယ္”
ကြၽန္မထမင္းအိုးဆက္တည္ေတာ့ အငယ္မက ထမင္းခ်ိဳင့္တိုက္ေလသည္။
“သမီးထမင္းအိုးက်က္ရင္ေမေမ့ကိုေျပာေနာ္”
“ဟုတ္ကဲ့ေမ”
ကြၽန္မလည္းထမင္းအိုးက်က္ေကာ ေမေမက ကြၽန္မတို႔ညီမႏွစ္ေယာက္အတြက္ထမင္းခ်ိဳင့္ထဲခူးထည့္သည္။
“ေမေမဘာလုပ္တာလည္းး”
“မနက္သမီးတို႔ထမင္းခ်ိဳင့္ထည့္စရာဆန္မရွိဘူးေလ”
“အခုက်ေတာ့ေကာေမေမရယ္ထမင္းကတစ္ပန္းကန္စာဘဲက်န္ေတာ့တယ္ေလ”
“တို႔သားမိေတြအဲ့ထမင္းကိုေဝစားက်မယ္ေလ”
“ေမေမရယ္”
ေန႔စဥ္ေန႔တိုင္းဆန္ႏွစ္ဘူးကပုံမွန္ရ၍ညေနစာထမင္းကိုေဝစားၿပီးမနက္ထမင္ူခ်ိဳင့္အတြက္ထမင္းခ်န္ရသည္။
“မီးတို႔ေက်ာင္းသြားေနတဲ့အခ်ိန္ေမေမထမင္းဘယ္လိုစားလဲ”
“သမီးရယ္အဖြားတို႔အိမ္ကလာေကြၽးတာေပါ့”
ေမာင္ေလးကိုေတာ့အဖြားတို႔အိမ္ကေခၚထားသည္။
ေက်ာင္းပို႔ေက်ာင္းႀကိဳအဖြားတို႔အိမ္ကလုပ္သည္။ ေန႔ခင္းဘက္အလုပ္အားခ်ိန္တိုင္းအဖြားသည္ေမေမနဲ႔အေဖာ္လာေနေပးသည္။
“ေၾသာ္ကြၽန္မတို႔လည္းဒီအဖြားအိမ္ရွ္ေနလို႔သာေပါ့မဟုတ္ရင္ေတာ့”ကြၽန္မတို႔မိသားစုလည္းမေတြးေတာင္မေတြးရဲစရာပါ။
ေဖေဖ့ကိုလည္းေဆးဖိုးပိုက္ဆံမပို႔ႏိုင္။အိမ္မွာကစားစရာမရွိ။ေဖေဖရယ္ျမန္ျမန္ေနေကာင္းၿပီးျပန္လာပါေတာ့ေနာ္။
ေဖေဖ့ကိုေတြ႕ခ်င္လွၿပီ။ေတြ႕ခ်င္တာေတာင္ေျပးေတြ႕လို႔မရတဲ့အေျခအေန။
တစ္ခါတစ္ေလထမင္းခ်ိဳ ုင့္ထဲထမင္းကေခြၽးက်ေနလို႔အနံထြက္ရင္ေတာင္မုန႔္ဝယ္စားစရာပိုက္ဆံမရွိတဲ့ဘဝ။
တစ္ခုေသာညေနခင္းမကြွ်န္မေက်ာင္းကျပန္လာခ်ိန္ကြၽန္မဦးေလးတစ္ေယာက္နဲ႔ေတြ႕တယ္။
“ငါ့တူမႀကီးေက်ာင္းကျပန္လာၿပီဗိုက္ဆာမွာေပါ့ ေရာ့မုန႔္သြားဝယ္စား”
ကြၽန္မကိုပိုက္ဆံ၂၀၀ေပးသည္။ကြၽန္မစဥ္းစားတယ္ဒီပိုက္ဆံကိုကြၽန္မမုန႔္ဝယ္စားရင္ကြၽန္မတစ္ေယာက္ထဲဗိုက္ျပည့္မွာကြၽန္မမုန႔္မဝယ္စားပါ။ ေမေမက ကေလးေမြးထားတာေလကေလးအႏွီးေလ်ာ္ဖို႔ဆပ္ျပာလိုတယ္ေလ။ဆပ္ျပာတစ္ပိုင္းဝယ္ခဲ့တယ္။အဲ့အခ်ိန္ကဆပ္ျပာတစ္ပိုင္းမွ၁၃၀ေလ။၈၀ဆယ္ပိုတာေပါ့။ညက်ရင္စာက်က္ဖို႔မီးကလိုေသးတယ္ကြၽန္မဖေယာင္းတိုင္တစ္တိုင္ဝယ္ၿပီး၂၀ပိုတာေပါ့ ။
“ပိုတဲ့ပိုက္ဆံသၾကားလုံးေပးပါ”
ကြၽန္မ မရွက္ပါဘူးး။အိမ္ေရာက္ေတာ့ေမာင္ႏွတေတြသၾကားလုံးစားရင္းစာလုပ္ၾကတာသည္။

ေဖေဖရဲ႕သတင္းၾကားရတာေတာ့ဝမ္းသားစရာပါ။ေဖေဖေရာ ါအေျခအေနေတာ္ေတာ္ေလးတိုးတက္လာခဲ့သည္။ ကြၽန္မတို႔လည္းအိမ္မွာေတာ္ေတာ္အဆင္ေျပေနပါၿပီ။ ဆန္ႏွစ္ဘူးခ်က္ကိုေဝငွစားရင္းေတာ္ေတာ္ေတာ့က်င့္သားရေနပါၿပီ။ မုန႔္ဖိုးမပါဘဲေက်ာင္းသြားရတဲ့ရက္ေတြလည္းမ်ားလာေတာ့မုန႔္ဆိုတာဘာမွန္းမသိေတာ့သလိုေတာင္ျဖစ္ေနပါၿပီ။ ရွိတာေလးနဲ႔လည္းေရာင့္ရဲႏိုင္ေနပါၿပီ။အရင္ကလိုအဝတ္အစားမေ႐ြးေတာ့ဘဲရွိတာေလးနဲ႔သပ္ရပ္စြာဝတ္တက္ေနပါၿပီ။ေဖေဖရယ္ျမန္ျမန္ေနေကာင္းၿပီးျပန္လာပါေတာ့ေနာ္။ေဖ့ေဖ့ကိုသတိရေနၿပီ။ေဖေဖ့ကိုလြမ္းေနၿပီ။ ေဖေဖ့ကိုေတြ႕ခ်င္လွၿပီ။
မိဘဆိုတာသားသမီးတိုင္းအတြက္တုႏွႈိင္းမဲ့ပါ။
ကြၽန္မဘဝအတြက္သဘာဝကေပးထားတဲ့ေ႐ႊေတာင္ႀကီးပါ။
သဘာဝရဲ႕ဘဏ္တိုက္ႀကီးပါ။
ကြၽန္မတို႔အတြက္လုံၿခဳံမႈအေပးႏိုင္ဆုံးတံတိုင္းႀကီးပါ။
မိမိသည္ဘယ္လိုအေျခအေနမ်ိဳးေရာက္ေနပါေစသားသမီးမတြက္ေတာ့အနစ္နာခံစၿမဲပါ။သားသမီးတိုင္းကိုပညာတက္ျဖစ္ခ်င္တာလဲမိဘမ်ားရဲ႕အႀကီးမားဆုံးဆႏၵတစ္ခုပါ။
အခ်ိန္ေတြရယ္ကုန္ဆုံးပါေတာ့ကြယ္။
ေဖေဖျပန္လာမည့္ရက္ကိုေရတြက္ေနရင္းအခ်ိန္ကကုန္မွန္းမသိကုန္ဆုံေလၿပီ။
အခုဆိုေက်ာင္းႀကီးလည္းပိတ္လို႔ကြၽန္မတို႔အလုပ္လည္းရေနၿပီ။သူမ်ားလယ္မွာပဲေကာက္ ေျမပဲႏု တ္လိုက္လုပ္ရင္းကြၽန္မတို႔မိသားစုအဆင္ေျပေနသည္။

“မနက္ျဖန္ေဖေဖျပန္လာမယ္ ဟုတ္လားေမေမ တကယ္ျပန္လာမွာေနာ္”

ကြၽန္မေပ်ာ္လြန္းလို႔ ထ ကခ်င္စိတ္ပါေပါက္သြားသည္။ အး
အ႐ူးမ်ားလိုေျပးလြားကခုန္ေနေသာကြၽန္မတို႔ေမာင္ႏွမကိုၾကည့္၍ေမေမလည္းအၿပဴံးမ်က္ရည္က်ခဲ့ရသည္။
ေနာက္ဆုံးေတာ့ကြၽန္မဆုေတာင္းေတြျပည့္ခဲ့ၿပီ။
ဘုရားေရွ႕ေရာက္တိုင္းကြၽန္မဆုေတာင္းတစ္ခုက
“မၿပိဳ လိုက္ပါနဲ႔ေ႐ႊေတာင္ႀကီးရယ္”

” ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစရွင္ ”

စႏၵာလဝန္း