ဖေဇော်ဂျီငတက်ဖျား(စ/ဆုံး)

Unicode Version

ဖေဇော်ဂျီငတက်ဖျား(စ/ဆုံး)
———————————–
တောရိပ်တောင်ရိပ်များကြောင့်အအေးဓာတ်ကသိသိသာသာကြီး
အေးစိမ့်လျက်ရှိသည်။ပိုးသာအောင်သည် သူယခုရောက်ရှိနေသောနေရာအား မည်သည့်အရပ်ဒေသမှန်းလည်းမသိ၊ မြင်မြင်သမျှအရာအားလုံးတို့မှာ ထူးဆန်းအံ့ဩဖွယ်ရာများနှင့် ပြည့်နှက်နေပေသည်။ တောင်ခိုးများဝေနေသော တောင်စဉ်အထပ်ထပ် မှိုင်းညို့နေသောသစ်တောကြီးများအားစားချင်သဖွယ် သစ်သီးဝလံတို့မှာလည်းအဆင်သင့် လှမ်းဆွတ်ခူးစာရုံ မှည့်ရွမ်းပြည့်ဖြိုးလျက် ပင်လုံးညွှတ်သီးနေကြသည်။

တရားထိုင် တရားကျင့်နေသော သူတော်စင်များ၊ ဒေါက်ခြာဆောင်း ထားသောရသေ့များ ဝိဇ္ဇာဇော်ဂျီ၊ တပသီများကိုလည်း ထူးထူးခြားခြား မြင်တွေ့နေရသည်။ မဟာဂန္ဓာရီ ထွက်ရပ်ပေါက်ဝိဇ္ဇာလမ်းကို အထပ်ထပ် ပွားများအားထုတ်နေကြသူများဖြစ်သည်။ ဆရာတော်ဦးနန္ဒမာလာနောက် တွင်လိုက်ပါရင်း လျှောက်တင်လိုက်သည်။
“တပည့်တော်တို့ ဘယ်အရပ်ဘယ်ဒေသကိုရောက်တာလဲဘုရား” “ဟောဒါက…ကေသာလတောင် ဣသီဂူဟလို့လည်းခေါ်တယ်”
ငွေရောင်တလက်လက်တောက်ပနေသောကျောက်ဂူကြီးအားလက် ညှိုးညွှန်ကြရင်း ပြောလိုက်သည်။ ဖိုးသာအောင်ကိုယ်တိုင် မည်သို့မည်ပုံ ရောက်ရှိလာသည်ကိုလည်း စဉ်းစားမရပေ။ မြင်ဝါးတောင်တွင် ဝါးခုတ်နေ စဉ်အတွင်း ကျားဆွဲမည့်အန္တရာယ်မှ လွတ်မြောက်ရန် အချိန်မီကယ်တင် လာခြင်းဖြစ်သည်။
“မြင်ဝါးတောင် ဝါးတောထဲမှာ ဝါးခုတ်နေရင်း မင်းကို ကျားဆွဲတော့ မယ်ဆိုတာ ငါသိတယ်။ ဒါကြောင့်မို့လို့ ဒီကေသာလတောင်ကို ခေါ်လာရ
တာပဲ”
ဆရာတော် ဦးနန္ဒမာလာမှာ ဖိုးသာအောင်တို့ နေထိုင်သော မြင်ဝါး တောင်ရွာတောင်ပေါ်ကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သည်။ လွန်ခဲ့ သောငါးနှစ်ခန့်ကပျံလွန်တော်မူသွားပြီဟု ထင်မှတ်ထားခဲ့ပြီး ရွာမှ ပျောက်
ချင်းမလှ ပျောက်ကွယ်သွားသည့်ဆရာတော်ဖြစ်သည်။
“တပည့်တော်ကို ခေါ်လာတာ ဘာအကြောင်းကိစ္စတွေ ရှိနေလို့ပါလဲ
ဘုရား”
“မင်းကစိတ်ရင်းစေတနာကောင်းတယ်။မဟုတ်တာလည်းမလုပ်ဘူး၊ မိခင်အိုကြီးကို လုပ်ကျွေးနေတာ … မင်းကို ပညာသင်ပေးဖို့ ဒီကိုခေါ်လာ တာပဲ၊ နက်နဲတဲ့ဆေးပညာတွေသင်ရမယ်။ မြန်မာဆေးပညာမှာက အဘိ ဓမ္မာဆေး၊ ဗိန္ဓောဆေး၊ နက္ခတ်ဆေး၊ တြိသတ်ဆေး၊ ပယောဂဆေးဆိုပြီး ငါးမျိုးရှိတယ်၊ ကေသာလတောင်ပေါ်မှာ ငါနဲ့အတူနေပြီး ဆေးပညာတွေ သင်ရမယ်။ပြီးမှတတ်မြောက်ပြီးမှမြင်ဝါးတောင်ကိုပြန်သွားလို့ရပြီ။ဟိုပြန် ရောက်ရင် တတ်မြောက်ထားတဲ့ဆေးပညာနဲ့ လူသတ္တဝါတွေရဲ့အသက်

တွေကို ဇီဝိတဒါနပြုပြီး ကယ်တင်ရမယ်။ ဘယ်လိုလည်း မင်းသင်မယ်
မဟုတ်လား”
“တပည့်တော်ကျွမ်းကျင်တတ်မြောက်အောင် သင်ပါ့မယ်ဘုရား” “အေးကွယ်…. သာဓု…သာဓု…သာဓု….
ဖိုးသာအောင်သည် ဆရာတော်၏ ကြည်လင်ဝင်းပသော မျက်နှာ တော်အား ရိုကျိုးစွာ ဦးခိုက်ပူဇော်ရင်း မိန့်ကြားသည်များကို ဂရုတစိုက် နားထောင်နေမိသည်။ ဆရာတော်နှင့် အတူနေထိုင်ရင်း ဆေးပညာများ သင်ယူရမည် ဆိုသောကြောင့် ရွာတွင်ကျန်ခဲ့သည့် အမေအိုကြီးအား ပြန် သတိရလိုက်သည်။ မိခင်ဖြစ်သူ ဒေါ်အေးညိုမှာ အသက်ရာကျော် အိုကြီး အိုမနှင့် လုပ်ကိုင်ရှာဖွေ စားသောက်နိုင်သူမဟုတ်။ မိခင်ကြီးအား မိမိကပင် ရှာဖွေလုပ်ကိုင် ကျွေးမွေးပြုစုခဲ့ရသည်။ မိခင်အတွက် စိုးရိမ်ပူပန်မိသည်။ ဆရာတော်သည် သူ့စိတ်ထဲခံစားမှုကို သိရှိပုံရသည်။
“မင်း-ဘာမှ ပူပင်သောက ရောက်နေစရာ မလိုဘူး၊ ဒကာမကြီး ဒေါ်အေးညိုအတွက် ငွေပွားငါးမူးစေ့လေး တစ်စေ့လောက်ရှိရင် စားသောက် စရာလုံလောက်ပါတယ်”
“ငွေပွားငါးမူးစေ့ဆိုတာက ဘယ်လိုပါလဲဘုရား…”
“မင်းအမေလက်ထဲမှာ အဲဒီငွေပွားငါးမူးစေ့လေးရှိနေလို့ရှိရင် ဘယ်
တော့မှသုံးမကုန်တော့ဘူး၊ဘာပစ္စည်းပဲဝယ်ဝယ်၊အဲဒီငွေပွားငါးမူးစေ့လေး က သူ့အလိုလို ပြန်ရောက်လာတာပဲ”
ဖိုးသာအောင်သည် ဆရာတော်ပြောပြသည့်ငွေပွားငါးမူးစေ့အကြောင်း ကိုတွေးမိရင်း သူ့ထံတွင်ပါလာသော ကတ္တီပါအိတ်လေးထဲတွင် ထည့်ထား သည့် ထူးဆန်းသည့် ဖေဇော်ဂျီရုပ်လေးကို အမှတ်ရသွားသည်။ ဖေဇော်ဂျီ ရုပ်လေးမှာလည်း သူနှင့်မခွဲမခွာ ပါရှိလာသည်။
“ငွေပွား ငါးမူးစေ့လေးက ပြန်ပြန်ရောက်လာတယ်ဆိုတော့ ရောင်းတဲ့ သူ ဆီက ခိုးရာမကျဘူးလားဘုရား
“ခိုးရာမရောက်ပါဘူး၊ ရောင်းတဲ့သူဆီမှာလည်း အဲဒီငွေပွားစေ့လေး က မပျောက်မပျက်ရှိနေတာပဲ၊ ဘယ်လိုလုပ် ခိုးဝှက်ယူရာရောက်မလဲ။ မင်းအမေဆီမှာလည်း ရှိနေတာပဲ။ ရောင်းတဲ့သူဆီမှာလည်း ရှိနေတာပဲ။ ဒါကြောင့်မို့ငွေပွားငါးမူးစေ့လို့ ပြောတာပေါ့”

“အမေ့အတွက် နေထိုင်စားသောက်ရေး ပူပင်စရာမရှိတော့လည်း တပည့်တော် စိတ်အေးရပါပြီဘုရား။ ဒီကေသာလတောင်မှာ ဆရာတော်
သင်ပေးမယ့်ဆေးပညာတွေကိုတတ်မြောက်အောင်သင်ယူပါ့မယ်ဘုရား”
“အိမ်း…ကောင်းပါပေတယ်ကွယ်.. သာဓု..သာဓု.သာဓု”
ဆရာတော်ထံမှနောက်ထပ်စကားသံမကြားရတော့ပေ။အရောင်များ တလက်လက်တောက်ပနေသော ဂူထဲသို့ ဝင်လိုက်ကြသည်။ ဂူထဲတွင် တိတ်ဆိတ်နေပေသည်။ ဖိုးသာအောင် ရွာကိုသတိပြန်ရနေမိသည်။ မိခင် ဖြစ်သူ ဒေါ်အေးညို၊ သူတစ်ဖက်သတ် ကြိုက်နေသော မြလေးငုံနှင့် သူ့ထံ သို့ ထူးဆန်းစွာ ရောက်ရှိလာသော ဖေဇော်ဂျီအကြောင်းကို ပြန်လည် အမှတ်ရမိလိုက်သည်။

မြင်ဝါးတောင်ရွာသည် ရခိုင်ရိုးမအရှေ့ဘက် တောင်နှာမောင်းတစ်ခု ကို မြှောင်ကပ်၍ တောင်ကုန်းတစ်ခုပေါ်တွင် တည်ထားသော ရွာလေးဖြစ် သည်။ တောရိပ်တောင်ရိပ်များနှင့် အေးချမ်းသာယာသော ရွာလေးဖြစ် သည်။ ရိုးမတောကြီးထဲသို့ မရောက်ခင် တောင်စွယ်များဖြစ်သော ငွေ တောင်၊ ပဒေါင်းတောင်၊ စပါးပုံတောင်၊ ချဘုတောင်များနှင့် အလုံချောင်း၊ ကျွန်းချောင်း၊ ပတောချောင်းများသည် တောင်ခြေများတွင် ပတ်ခွေစီးဆင်း လျက်ရှိသည်။
ရွာသူရွာသားများမှာလည်း တောတက်ထင်းခုတ်၊ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများ လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းပြုကြသည်။ ထိုရွာ တွင်ဖိုးသာအောင်ဟုအမည်ရှိသောအသက်(၂ဝ) ခန့်လူငယ်တစ်ယောက် သည် မုဆိုးမမိခင်ကြီး ဒေါ်အေးညိုအား တောတက်၊ ဝါးခုတ်လုပ် ကျွေးပြု စုလျက်ရှိသည်။ ဒေါ်အေးညိုတို့ သားအမိနှစ်ဦးစလုံးမှာ ရိုးသားခြင်း၊ စိတ်ရင်းကောင်းခြင်း၊ ဖော်ရွေခြင်းတို့ကြောင့် ရွာသူရွာသားများက အားလုံး ချစ်ခင်ကြသည်။ ထိုနေ့က ဖိုးသာအောင်သည် မြင်ဝါးတောင်ပေါ်တက် ပြီး ဝါးခုတ်ရန်အတွက် အဖွဲ့ခေါင်းဆောင် ကိုညိုမောင်အိမ်မှ လုပ်ငန်း ကိစ္စများပြောဆိုပြီးအိမ်ပြန်လာခဲ့သည်။

အပြန်လမ်းတွင် လမ်းဘေးတစ်နေရာရှိ ကပ်စေးနှဲပင်များကြားတွင်
လက်တစ်ဝါးခန့်ရှိသောနီနီအရာဝတ္ထုတစ်ခုကိုအမှတ်မထင်လှမ်းမြင်တွေ့ လိုက်ရသည်။ အနီးသို့ တိုးကပ်လျှောက်သွားပြီး ကောက်ယူကြည့်လိုက် သည်။ ကတ္တီပါပိုးသားအိတ်ရှုံ့လေး တစ်ခုဖြစ်နေသည်။ အိတ်ဝထိပ်တွင် ဖွင့်ပိတ်နိုင်ရန် ပိုးကြိုးအနက်ကလေးနှင့် တွဲချည်ထားသည်။ အတွင်း ဘက်သို့ စမ်းကြည့်လိုက်သောအခါ မာမာတောင့်တောင့် အရာဝတ္ထုတစ်ခု ဖြစ်နေပေသည်။
ဖိုးသာအောင်သည် အိတ်ရှုံ့လေးအား ဆွဲဆန့်ပြီးအထဲမှ မာမာအရာ ဝတ္ထုအား ထုတ်ကြည့်လိုက်သည်။ တွေ့လိုက်ရသောပစ္စည်းမှာ ထူးဆန်း သော အရုပ်ကလေးဖြစ်နေ၍ စိတ်ဝင်တစားလှည့်ပတ်ပြီး သေချာကြည့် မိလိုက်သည်။ အရုပ်ကလေးမှာ (၃) လက်မခန့် အမြင့်ရှိ ဖေဇော်ဂျီရုပ်လေး တစ်ရုပ်ဖြစ်နေပေသည်။
ထူးဆန်းသော ဖေဇော်ဂျီရုပ်လေးအား ပြန်ထည့်လိုက်ပြီး ထိပ်ဝမှ ကြိုးစအား တင်းတင်းဆွဲချည်ထားလိုက်သည်။ ထိုစဉ်မှာပင် သူ့တစ်ကိုယ် လုံးသည်ကြက်သီးမွေးညင်းများတဖျန်းဖျန်းထောင်ထလာသည် ထူးတော့ အတော့်ကိုပင် ထူးဆန်းနေသည်။ ဒီလို အတွေ့အကြုံမျိုး တစ်ခါဘူးမှ တွေ့ကြုံခဲ့ခြင်းမရှိပေ။ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သော်လည်း သူ့ အနီးအနားတွင် တစ်ဦးတစ်ယောက်မှမရှိပေ။ ခပ်လှမ်းလှမ်းတွင် နွား ကျောင်းနေသော နွားကျောင်းသားလေးများနှင့် နွားတစ်အုပ်ကိုသာ မြင်တွေ့ရသည်။
ဖေဇော်ဂျီရုပ်လေးထည့်ထားသော ကတ္တီပါပိုးသားရှုံ့ အိတ်လေးအား
အင်္ကျီအတွင်းရင်ဘတ်ထဲသို့ထိုးသွင်းလိုက်ပြီးခပ်သုတ်သုတ်လျှောက်ကာ အိမ်သို့ပြန်လာခဲ့သည်။ဒေါ်အေးညိုကခြေသံကြား၍လှမ်းမေးလိုက်သည်။
“ဖိုးသာအောင် . . . သား . . .ပြန်လာပြီလား။ ကိုညိုမောင်တို့က ဘယ်ရက်လောက်တောတက်မယ်ပြောလိုက်လဲ”
“ဝါးဖောင်ဝယ်မယ့်ကုန်သည်တွေစောင့်ရဦးမယ်လို့ပြောတယ်အမေ၊ နောက်ရက်တွေမှပဲ တောတက်ရမယ်ထင်တယ်” “အေး..အေး…ဒါဖြင့်လည်း သား အိပ်တော့….”

ဖိုးသာအောင်သည်အိပ်ရာထဲသို့ဝင်လိုက်ပြီးလဲလျောင်းလိုက်သည်။
ကတ္တီပါ ပိုးသားနီယံ အိတ်လေးထဲမှ ဖေဇော်ဂျီရုပ်ကလေးကို ထုတ်ယူ ပြီး သေချာစွာ ကြည့်လိုက်သည်။ လူတစ်ယောက်ကဲ့သို့ပင် နား၊ နှာခေါင်း၊ မျက်လုံး၊ ကိုယ်လုံးကိုယ်ထည် ဇော်ဂျီဦးထုပ်၊ ဇော်ဂျီအဝတ်အစား၊ ဇော်ဂျီ တောင်ဝှေးတို့နှင့် အချိုးစားနားကျနစွာ ထုလုပ်ထားသည်။
(၃) လက်မခန့် မြင့်သော ဇော်ဂျီရုပ်လေးမှာ ပိုးဇော်ဂျီသွေး ပုဆိုးကို ခါးထက်တွင် ဝတ်ဆင်လျက် အောက်ပိုးကျိုက်ထားသည်။ ဒူးခေါင်းရင်း အထက်တွင် လူတစ်ယောက်ကဲ့သို့ ထိုးကွင်မင်သေ့များ ထိုးထားသည်ကို တွေ့ရသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းတွင်လည်း ပိုးဇော်ဂျီသွေး ကိုယ်ကျပ် အင်္ကျီကို ကျကျနန ဝတ်ဆင်ထားသည်။ ဇော်ဂျီဦးထုပ်ကို ဆောင်းထား သည်။ တည်ကြည်ခန့်ညားသော မျက်နှာ၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ၊ နီကြောင်ကြောင်ဆံပင်မွေးများနှင့် အရုပ်ပင် ဖြစ်လင့်ကစား သက်ရှိဇော်ဂျီ တစ်ဦးကဲ့သို့ အသက်ဝင်မာန်ပါသည်။ လက်ထဲတွင်လည်း အပ်ချောင်း လောက်သာရှိသော ဇော်ဂျီတောင်ဝှေးအား မြင်းကြိမ်ကိုင်သလို ရိုးရိုးပင် ဆုပ်ကိုင်ထားသည်။
ဖိုးသာအောင်သည် အသက်ဝင်နေသလို အင်္ဂါစုံထုလုပ်ထားသည့် ဇော်ဂျီရုပ်ကလေးအား မမျှော်လင့်ပဲ ကောက်ရခဲ့သည့်အတွက် ကျေနပ် ပျော်ရွှင်သွားသည်။ ကြက်တွန်သံများ ကြားလိုက်ရသည်။ ညဉ့်နက်လာပြီ ဖြစ်၍ ဇော်ဂျီရုပ်ထည့်ထားသော ကတ္တီပါအိတ်နီလေးအား သူအိပ်သည့် ခေါင်းအုံးအောက်သို့ထိုသွင်းထားလိုက်သည်။
တဖြည်းဖြည်းနှင့် ဖိုးသာအောင် အိမ်မောကျသွားသည်။ ညသန်းခေါင်ချိန်လောက်တွင် … တစ်စုံတစ်ယောက်က သူ့ခါးအား တုတ်နှင့်ထိုးလိုက်သကဲ့သို့ထင်မှတ်ပြီးဇဝေဇဝါဖြစ်ကာလန့်နိုးသွားသည်။ အိပ်မက် မက်နေခြင်းလား၊ အမှန်တကယ်ပင် တုတ်နှင့် ထိုးခံလိုက်ရခြင်း လား ဝေခွဲမရဖြစ်နေမိသည်။ ထိုစဉ် သူ့ခါးအား သုံးလေးချက်လောက် ခတ်ဆတ်ဆတ်လေး အထိုးခံလိုက်ရပြီး မီးစနှင့် ထိုးလိုက်သကဲ့သို့ ပူခနဲ ဖြစ်သွားသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
အိပ်မက်မဟုတ်ပေ…။

သူ့ အိပ်ရာဘေးတွင် ၅ ပေခန့်ရှိသော မှုန်ဝါဝါး သဏ္ဌာန်တစ်ခု ရပ်နေ သည်ကို တွေ့ရသည်။ မှုန်တီမှုန်ဝါး လရောင်အောက်တွင် ထူးဆန်းသော ပုံသဏ္ဌာန်အား သေချာကြည့်လိုက်သည်။ အလို သူကောက်ရသော ဖေဇော်ဂျီနှင့် တစ်ပုံစံတည်း တူညီသော အသက်ဝင်လာသည့် ဖေဇော်ဂျီ တစ်ဦးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ဖေဇော်ဂျီ ခန္ဓာကိုယ် မှလည်းအလင်းရောင်များတဖျတ်ဖျတ်တောက်ပလျက်ရှိသည်။
ဖိုးသာအောင်သည် သူမအိပ်ခင် ခေါင်းအုံးအောက်တွင် ထိုးထည့် ထားသောကတ္တီပါပိုးသားရှုံ့အိတ်နီလေးကိုစမ်းကြည့်လိုက်သည်။ ဖေဖော် ဂျီရုပ်လေးမှာ မရှိတော့ပေ။ လွန်စွာမှ အံ့အားသင့်နေစဉ် ဖေဇော်ဂျီမှ တောင်ဝှေးနှင့် ထိုး၍မတ်တတ်ထရန် ပြလိုက်သဖြင့် ထရပ်လိုက်သည်။
ဖေဇော်ဂျီက ခြေလှမ်းပြင်ကာ ဖိုးသာအောင်အား သူ့နောက်သို့ လိုက် ခဲ့ဟန် လက်ဟန်ခြေဟန်နှင့်ပြသည်။ စကားပြောဆိုခြင်းတော့မရှိပေ။ ထူးဆန်းသော အတွေ့အကြုံများကြောင် ဖိုးသာအောင် အံ့ဩတုန်လှုပ် နေ ပါသည်။ ဖေဇော်ဂျီက ရှေ့ကနေ ထွက်ခွာသွားသည်။ ဖိုးသာအောင်သည် လည်း အကြာင်းထူးကို သိလိုသောကြောင့် နောက်မှလိုက်ပါလာခဲ့သည်။ သူ့စိတ်ထဲတွင် စိတ်ညှို့ခံထားရသူတစ်ဦးကဲ့သို့ ဖေဇော်ဂျီဆန္ဒကို ငြင်းဆန် ခြင်းမပြုခဲ့ပေ။
အိမ်ပေါ်မှ ဖေဇော်ဂျီ ဆင်းသွားပြီးနောက် ရွာထဲသို့ ဝင်သည့်လမ်းပေါ် သို့ ရောက်လာသည်။ ဖေဇော်ဂျီသည် နောက်သို့ တစ်ချက်လှည့်ကြည့် လိုက်ပြီး ဖိုးသာအောင် လိုက်ပါလာသောကြောင့် သူ့မျက်နှာပေါ်တွင် အပြုံး ရိပ်ထင်သွားသည်။ ဖိုးသာအောင်အား သူ့ နောက်သို့ ဆက်လိုက်လာရန် အမူအရာနှင့် ပြသောကြောင့် ဖေဇော်ဂျီ သွားရာနောက်သို့ တကောက် ကောက်လိုက်ပါလာခဲ့ သည်။
ညနက်ချိန်ဖြစ်၍ မြင်ဝါးတောင်တစ်ရွာလုံး အိပ်မောကျ တိတ်ဆိတ် နေလေသည်။တစ်ခါတစ်ရံစူးစူးဝါးဝါးထိုးဟောင်လိုက်သောခွေးဟောင်သံ များကိုကြားလိုက်ရသည်။ညနက်အချိန်မတော်ဖေဇော်ဂျီ ဘာလုပ်မည်ကို သိလို၍သာ လိုက်လာခဲ့ရသည်။ စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်လာ သည်။ဖေဇော်ဂျီခိုင်းသည့်အတိုင်းမလုပ်ပါကအန္တရာယ်တစ်ခုခုပေးလိုက် မည်လားဟု တွေးမိပြီး ပို၍ပင် ထိတ်လန့်မိသည်။

ဖေဇော်ဂျီက ခြံဝန်းကျယ်ကျယ်ကြီး ရှေ့တည့်တည့်တွင် ရပ်လိုက် သည်။ဖိုးသာအောင်သိလိုက်သည်။အဆိုပါအိမ်ကြီးမှာသုံးပင်လေးခန်းတွဲ ဆောက်ထားသော ပွဲစားကြီးဦးဖိုးလူ အိမ်ဖြစ်သည်။ စပါးကျီများတွင် စပါး များ သိုလှောင်ထားပြီး ဈေးကောင်းရမှ ထုတ်ရောင်းသော ကုန်သည်ပွဲစား လူချမ်းသာတစ်ဦးဖြစ်သည်။
ဦးဖိုးလူ ခြံဝန်းမှာ လူတိုင်းဝင်ရဲသော ခြံမဟုတ်။ ကြောက်မယ်ဖွယ် ကောင်းသည့် ခွေးကြီးနှစ်ကောင်ကိုလည်း မွေးမြူထားသည်။ နေ့ဘက် တွင် သံကြိုးနှင့် ချည်နှောင်ထားပြီး ညဘက်ရောက်မှ သံကြိုးဖြေ ခြံဝန်း ထဲသို့ လွှတ်ထားသည်။ လူဆိုးဓားပြသူခိုးရန်မှ ကာကွယ်ရန် အစောင့်ထား သော ခြံလုံသည့် ခွေးကြီးများ ဖြစ်ကြသည်။ သန်မာထွားကြိုင်းပြီး အစွယ် ထက်လှသော ခွေးကြီးနှစ်ကောင်မှာ ကျားတစ်ကောင်ကဲ့သို့ ဆိုးသွမ်းလှ သည်။ ညဘက်ရောက်လျှင် ဦးဖိုးလူ ခြံဝန်းထဲသို့ ဝင်ဖို့ရန်မဆိုထားနှင့် ကြောက်လန့်၍ ခြံဝန်းကျင်နားသို့ပင် မည် သူမျှ မကပ်ရဲကြပေ။
ယနေ့ညအဖို့ ထူးခြားသည်မှာ ခြံစောင့်ခွေးဆိုးကြီး နှစ်ကောင်၏ ဟောင်သံများ ပျောက်ကွယ်တိတ်ဆိတ်လျက်ရှိသည်။ အရိပ်အယောင် မျှပင် မတွေ့ရပေ။ ဖေဇော်ဂျီသည် ခြံဝန်းတံခါးရှေ့တွင် ရပ်လိုက်သည်။ ဝင်းတံခါးမှာ ပျဉ်ထူများကို စပ်၍ ထုထူသောတံခါးကြီးဖြစ်ပြီး အတွင်းမှ မင်းတုပ် ချပိတ်ထားသည်။ အတွင်းမှ လူတစ်ယောက် ဖွင့်ပေးမှ ဝင်နိုင် ထွက်နိုင်သောတံခါးဖြစ်သည်။ ဖေဇော်ဂျီသည် သူ့တွင်ပါလာသောတောင် ဝှေးနှင့် တံခါးမကြီးအား ထောက်လိုက်ရာ တံခါးနှစ်ချပ်မှာ အလိုလို ပွင့်ဟ သွားသည်။
ဖိုးသာအောင်သည် သူ့မျက်စိကိုပင် မယုံကြည်လောက်အောင် ဖြစ်ရ သည်။ ဖေဇော်ဂျီ၏ တောင်ဝှေးအစွမ်းထက်သည်မှာ သေချာလှသည်။ သူ့ မျက်စိ ရှေ့မှောက်မှာပင် အလုံပိတ် သစ်သားတံခါးကြီးအား တောင်ဝှေးနှင့် ထောက်လိုက်ရုံနှင့်အလိုလိုပွင့်သွားသည်မှာထူးဆန်းလှပေသည်။ခွေးဆိုး ကြီးနှစ်ကောင်ကို ကြောက်သောကြောင့် မဝင်ရဲသော ဖိုးသာအောင်အား တောင်ဝှေးနှင့် လာခဲ့ဟူသော အမူအရာကြောင့် လိုက်ပါလာခဲ့ရသည်။ အိမ်မကြီးတောင်ဘက်တွင်စပါးကျီများကိုသီးသန့်ဆောက်လုပ်ထား
သည်၊ ဖေဇော်ဂျီသည် စပါးကျီများရှိရာသို့ ဦးတည်လျှောက်သွားသည်။

စပါးကျီရှေ့သို့ ရောက်လျှင် ကြီးမားသော ကြေးသော့ခလောက်ကြီးအား တောင်ဝှေးနှင့် ထောက်လိုက်ရာ သော့ခလောက်မှာ အသံမကြားရဘဲ အောက်သို့ ပြုတ်ကျသွားသည်။ အလိုအလျောက် ပွင့်သွားသော တံခါးမ ကြီးအား ကျော်ဖြတ်၍ ဝင်လာခဲ့ကြသည်။ ဖေဇော်ဂျီလုပ်ဆောင်နေသမျှ သည် တောင်ဝှေးတစ်ချောင်းကို အသုံးပြု၍ အပိတ်အဆို့များကို ညင်သာ စွာနှင့် ပွင့်ဟသွားစေသည်မှာ ထူးဆန်းလှသည်။ လွန်စွာမှပင် အစွမ်းသိဒ္ဓိ ရှိသော ဇော်ဂျီကိုင်ထားသည့် သိဒ္ဓိမြောက် တောင်ဝှေးဖြစ်ရမည်ဟု ဖိုးသာ အောင်တွေးနေမိသည်။
စပါးကျီထဲတွင်ရွှေဝါရောင်စပါးများမြင့်မားစွာပုံထားရာတောင်ဝှေးနှင့် ရွယ်လိုက်သည်နှင့် စပါးစေ့များသည် လူအများလက်နှင့် ယက်ဖယ်လိုက် သကဲ့သို့ ဘေးဘက်သို့ ပြန့်ကြဲပြိုဆင်းလာသည်။ ဖေဇော်ဂျီ၏ ခန္ဓာ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အလင်းရောင်ဖြင့် စပါးပုံထဲတွင် ကွန်ချာ အိတ်များကို တွေ့ရသည်။ ဖေဇော်ဂျီသည် ကွန်ချာ အိတ်ထိပ်အစအား တောင်ဝှေးနှင့် ထိုးလိုက်ရာ အိတ်ပွင့်သွားပြီး ငွေရောင်တလက်လက် တောက်ပြောင်နေသော ငွေဒင်္ဂါးများကို တွေ့ရသည်။ ပွဲစားကြီးဦးဖိုးလူ ပိုင်ဆိုင်သော ငွေဒင်္ဂါးများအား သူခိုးဓားပြရန်ကြောက်၍ စပါးပုံထဲတွင် ဝှက်ထားခြင်းဖြစ်သည်။
စပါးပုံထဲတွင် ပွဲစားကြီး ဦးဖိုးလူဝှက်ထားသော ငွေဒင်္ဂါးအိတ်များ ရှိ နေသည်ကို ဖေဇော်ဂျီ ကြိုတင်သိရှိထားပုံရသည်။ ဖိုးသာအောင်အား ခေါ် ဆောင်လာ၍ ငွေဒင်္ဂါးများယူရန် စေခိုင်းခြင်းဖြစ်သည်။ အိတ်တစ်အိတ် လျှင် ငွေသား (၂ဝဝဝ) ခန့် ရှိလိမ့်မည်ဟု ဖိုးသာအောင် ခန့်မှန်းမိသည်။ ဖေဇော်ဂျီက သူ့အား သူဌေးဖြစ်ရန် မစခြင်းဖြစ်တာပဲဟု တဒင်္ဂတွေးမိပြီး ပျော်ရွှင်ဝမ်းမြောက်သွားသည်။
သို့သော် ထိုငွေဒင်္ဂါးပြားမှာ ပိုင်ရှင်မရှိသော ငွေမဟုတ် ပွဲစားကြီး ဦးဖိုးလူ ပိုင်ဆိုင်သည့်ငွေဖြစ်သည်။ ပိုင်ရှင်ရှိသော ငွေအား ပိုင်ရှင်မသိ အောင် ယူဆောင်သွားမိပါက မိမိသည် သူခိုးတစ်ယောက်သာ ဖြစ်ပေလိမ့် မည်။ အဒိန္နာကံ ကျူးလွန်ရာရောက်သည်။ သူခိုးအဖြစ်တော့ အဖြစ်မခံ နိုင်၊ ငွေဒင်္ဂါးအိတ်များကို စိတ်ဝင်စားခြင်းမရှိ၊ လက်ဖျားနှင့်ပင် မတို့ဘဲ ရပ်ကြည့်နေမိသည်။

ဖေဇော်ဂျီကထိုသို့မဟုတ်ငွေဒင်္ဂါးအိတ်ကိုသယ်ယူရန်တောင်ဝှေးနှင့်
ထောက်၍ လက်ဟန်ပြသည် ဖေဇော်ဂျီအမိန့်ကို မနာခံလျှင် မည်သို့ ဖြစ် မည်မသိ။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော ဖေဇော်ဂျီနှင့် သိဒ္ဓိ မြောက်သော တောင်ဝှေးသည် သူ့ရှေ့မှာပင် အံ့ဩဖွယ်ရာ ထူးဆန်းမှုအား မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
ဖိုးသာအောင် အနေနှင့် သူတစ်ပါးပစ္စည်းကို ခိုးယူရန်မပြောနှင့် စိတ်မှ ပင်ကူးဝံ့သူမဟုတ်ပေ။ ရိုးသားဖြောင့်မတ်၍ အဒိန္နာကံကို မကျူးမိရန် တစ်သက်လုံး ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူဖြစ်သည်။ လွန်စွာမှ စက် ဆုပ်ဖွယ်ကောင်းသော သူခိုးတစ်ယောက် ဖြစ်ရမည်ကိုလည်း သူမလို လားပေ။ဖိုးသာအောင်တွေဝေနေစဉ်မှာပင်ဖေဇော်ဂျီသည်တောင်ဝှေးနှင့်
ဖိုးသာအောင် ဝမ်းဗိုက်အား ခပ်ဆတ်ဆတ်လေးထိုးထည့်လိုက်သည်။
ရင်ဝတွင် မီးစနှင့်ထိုးလိုက်သလို ပူလောင်သွားပြီး တစ်ကိုယ်လုံး ထုံကျင်သွားသဖြင့် . နောက်ဘက်သို့ ဆုတ်မိသွားသည်။ ဖေဇော်ဂျီ၏ တောင်ဝှေးကား လွန်စွာမှ ကြောက်စရာကောင်းလှပေသည်။ နောက် တစ်ကြိမ်တောင်ဝှေးနှင့်ထိုးရန်ဟန်ပြင်လိုက်စဉ်မှာပင် လွန်စွာမှကြောက် လန့်ပြီး(၁၅)ပိဿာခန့်အလေးချိန်ရှိသည့်ငွေဒင်္ဂါးထည့်ထားသောကွန်ချာ အိတ်ကြီးအား ဆွဲဖော်မယူပြီး ပခုံးပေါ်သို့ ကမ်းတင်လိုက်သည်။ သူ့ဆန္ဒအတိုင်းဖိုးသာအောင်လိုက်နာဆောင်ရွက်သည်ကို မြင်လိုက် သောကြောင့် ဖေဇော်ဂျီ မျက်နှာမှာ ပြုံးရွှင်သွားသည်။ ရှေ့က ထွက်သွား သော ဖေဇော်ဂျီနောက်သို့ ငွေဒင်္ဂါးအိတ်ကြီး ထမ်းပြီးလိုက်ပါလာခဲ့သည်။ စပါးကျီရှေ့ အဝင်တံခါးဝရောက်လျှင် တံခါးမကြီးအနီး ပြုတ်ကျနေသော ကြေးခလောက်အား တောင်ဝှေးနှင့် ထောက်၍ နေသားတကျ ဖြစ်ရန် နဂိုမူလပိတ်ထား သည့်အတိုင်းပိတ်သွားစေသည်။
ခြံဝန်းထဲသို့ ရောက်လာကြသည် အလွန်ဆိုးဝါးသော ခွေးကြီးနှစ် ကောင်မှာ ယနေ့ညအဖို့ ထူးခြားစွာ တိတ်ဆိတ်လျက်ရှိပြီး အရိပ်အယောင် ပင်မမြင် တွေ့ရပေ။ ခြံဝသို့ ရောက်ရှိလာသည်။ ဖေဇော်ဂျီသည် ခြံအပြင် သို့ ထွက်လိုက်ပြီး ခြံဝန်းတံခါးကိုလည်း တောင်ဝှေးနှင့်ပင် အသေအချာ ပြန်ပိတ်လိုက်သည်ကို မြင်တွေ့ရသည်။

ရွာလယ်လမ်းမကြီးအတိုင်း ဖိုးသာအောင်အိမ်ရှိရာ ရွာအစွန်ပိုင်းသို့ လျှောက်လာခဲ့ကြသည်။ ညအမှောင်ထဲတွင် ဖေဇော်ဂျီကိုယ်မှကိုယ်ရောင် ကိုယ်ဝါများ တလက်လက်ထွက်ပေါ်လျက်ရှိသည်။ ဖေဇော်ဂျီမှာ ငွေအိတ် ရလာ၍ လေကလေး တချွန်ချွန်နှင့် မြူးကြွနေပုံရသည်။ ဖိုးသာအောင် အိမ်ခန်းတွင်းသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။ ငွေဒင်္ဂါး အိတ်ကြီးကို ထမ်းလာ သော ဖိုးသာအောင်မှာ သူ့ အိမ်ရာဘေးတွင် အသံ မကြားရအောင် အသာလေး ချထားလိုက်သည်။
သတိရ၍ ခေါင်းအုံးအောက်ရှိ ကတ္တီပါ ပိုးသားရှုံ့ အိတ်နီလေးအား စမ်းကြည့်လိုက်သည်။အိတ်ကလေးထဲတွင်မာမာတောင့်တောင့်(၃)လက် မခန့် အရာဝတ္ထုတစ်ခုကို စမ်းမိ၍ ဖေဇော်ဂျီ မောင်မင်းကြီးသား ပြန် ရောက်နေမှလို့ဟု ဟင်းချမိတော့သည်။ သူ့ဘဝတစ်လျှောက်လုံး မိခင်ကြီး နှင့် အတူနေထိုင်၍ တောတက်ဝါးခုတ် လုပ်ကိုင်ရှာဖွေစားသောက် လာခဲ့ သည်။ ယခုကဲ့သို့ ထူးဆန်းသည့် အတွေ့အကြုံမျိုးကို တစ်သက်နှင့် တစ်ကိုယ် ကြုံတွေ့ ဖူးခြင်းမရှိပေ။ ယနေ့ည အဖြစ်အပျက်များသည် အိပ်မက်များ ဖြစ်နေသလား။ အိပ်မက်လည်း မဟုတ်ပေ။ သူကိုယ်တိုင် ထမ်းယူလာသော ငွေအိတ်ကြီးက သူ့အိပ်ရာဘေးတွင် အထင်အရှား ရှိနေ သည်။
ဖေဇော်ဂျီနှင့် ဆေးတောင်ဝှေးကို ကြောက်၍သာ ယူလာခဲ့ခြင်းဖြစ် သည်။ထိုကိစ္စအားမည်ကဲ့သို့လုပ်ရပါ့မည်နည်း။ပွဲစားကြီးဦးဖိုးလူကိုပဲပြန် ပေးရကောင်းမလား ပြန်ပေးလျှင် သူခိုးကြောင်းသိရှိ၍ အမှုပတ်ပေတော့ မည်။ ဖေဇော်ဂျီကို မည်သို့ လုပ်ရပါမည်နည်း။ ပြန်မပေးပဲထားပါက ခိုးခြင်း ကံထိုက်၍ ငရဲကျပေတော့မည်။ ဖိုးသာအောင်သည် အမျိုးမျိုး တွေးတော ရင်း စဉ်းစားရခက်၊ တွေးရခက် ဆုံးဖြတ်ချက် ချမရဖြစ်ရသည်။
ထိုညက နည်းမျိုးစုံ စဉ်းစားရင်း အကြံပေါ်လာသည်။ အမေအိပ်ပျော် နေစဉ်မှာပင် ပေါက်တူးတစ်လက်နှင့် အတူငွေအိတ်အားထမ်းပြီး အိမ်မှ ထွက် လာခဲ့သည်။ ရွာမြောက်ဘက်သို့ လျှောက်လာခဲ့သည်။ ရှေ့နားတွင် သစ်တော ကြိုးဝိုင်းရှိသည့် ကြိုးဝိုင်းအစပ်နားရှိ မယ်ဇလီပင်ကြီး အောက် တွင် သုံးတောင် ခန့် တူးပြီးနောက် မြှုပ်နှံထားလိုက်သည်။ အပေါ်ယံတွင်

သစ်ရွက်ခြောက်များ ဖုံးလျက် အရာမထင်အောင် လုပ်ထားပြီး ပြန်လာ ခဲ့သည်။
အိမ်ပြန်ရောက်၍ ရေနံမီးခွက်ထွန်းလိုက်သည်။ ခေါင်းအုံးအောက် တွင် ထိုးထည့်ထားသော ကတ္တီပါ ပိုးသားနီရွှံ့ အိတ်လေးအား ထုတ်ယူ လိုက်သည်။ မယ်ဇလီပင်ကြီးအောက်တွင် ဖေဇော်ဂျီမသိအောင် ငွေဒင်္ဂါး အိတ်အား မြှုပ်နှံထားခဲ့သောကြောင့် ဖေဇော်ဂျီ စိတ်ဆိုးပြီး သူ့အား တစ်မျိုး တစ်မည် လုပ်မည်ကို စိုးရိမ်မိ၍ထုတ်ကြည့်ခြင်းဖြစ်သည်။
ဖေဇော်ဂျီရုပ်မှာ ထူးခြားမှု မတွေ့ရပေ။ ဖိုးသာအောင်သည် စိတ်အေး သွားပြီးငွေဒင်္ဂါးအိတ်ကြီး သူ့ထံတွင်မရှိခြင်းကြောင့် စိုးရိမ်ပူပန်ခြင်းမှ သက် သာရာရ သွားသည်။ ထိုညက နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး ဖေဇော်ဂျီမှ ဒုက္ခပေးခြင်း မရှိတော့ပေ။

နောက်တစ်နေ့မနက်တွင် ဖိုးသာအောင်သည် ပွဲစားကြီးဦးဖိုးလူ အိမ်ဘက်သို့ ထွက်လာခဲ့သည်။ ခြံဝင်းတံခါးရှေ့တွင် အသံပြု လှမ်းခေါ် လိုက်သည်။
“ဦးဖိုးလူ…ကျွန်တော်ဖိုးသာအောင်ပါ…ကိစ္စလေးရှိလို့”
ဖိုးသာအောင် … အသံကြားလိုက်သည်နှင့် … ခွေးဆိုးကြီးနှစ်ကောင် မှာ ချည်နှောင်ထားသည့် သံကြိုးများနှင့် တဝုန်းဝုန်း ဖြစ်နေပေသည်။ ဖေဇော်ဂျီနှင့်အတူ ငွေဒင်္ဂါးအိတ်လာခိုးသည့် ညက ခွေးဆိုးကြီးနှစ်ကောင် မှာ ပျောက်ကွယ်လျက်ရှိပြီး ယခုလို သောင်းကျန်းမနေကြပေ။ အဖြစ် အပျက်များကား ထူးခြားလှ သည်။ တံခါးကြီးပွင့်သွားသည်။
“ကဲ…ထိုင်…ရေနွေးကြမ်းသောက်။ ဖိုးသာအောင် ဘာကိစ္စရှိလို့လဲ” “ဒီလိုပါ…ကျွန်တော် ညက ထူးထူးဆန်းဆန်း အိပ်မက်မက်ပါတယ်။ အိပ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့ အဘိုးကြီးတစ်ယောက်ပေါ်လာပြီး ဦးရဲ့ ငွေဒင်္ဂါးတွေ သူခိုး ခိုးသွားကြောင်း။ သူခိုးက ရွာမြောက်ဘက် သစ်တော ကြိုးဝိုင်းအစပ်နားက မယ်ဇလီပင်ကြီးအောက်မှာမြှုပ်ထားတယ်လို့ပြောပါ တယ်။ အဲဒါ- ဦးနဲ့ ပတ်သက်နေလို့ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လာပြီး ပြောပြတာပါ”

“ဟေ … မင်းအိပ်မက်က တယ်လည်း ထူးဆန်းပါလား။ ငါ-ငွေအိတ် တွေဝှက်ထားတာကိုဘယ်သူမှမသိဘူး။ဒီသူခိုးကဘယ်လိုလုပ်ပြီးသိသွား
တယ်မသိဘူး”
ပြောပြောဆိုဆို ဦးဖိုးလူသည် သူ့တပည့်များနှင့်အတူ စပါးကျီထဲရှိ ငွေအိတ်များကို စစ်ဆေးကြည့်သည်။ ဖိုးသာအောင် အိပ်မက် မက်သည့် အတိုင်း ငွေအိတ်တစ်အိတ် ပျောက်နေကြောင်း သိလိုက်ရ၍ လွန်စွာမှ တုန်လှုပ်သွားသည်။ ချက်ချင်းဆိုသလိုပင် ရွာမြောက်ဘက်သို့ လူစုလူဝေး နှင့် ထွက်လာကြပြီး အိပ်မက်အတိုင်း ရှာဖွေကြည့်ကြသည်။ ဖိုးသာအောင် ကိုယ်တိုင် မြှုပ်ထားသောနေရာကို သိနေ၍ခက်ခက်ခဲခဲမရှာရပေ။
“အိပ်မက်ထဲက ဝတ်ဖြူစင်ကြယ် အဘိုးကြီး ပြသွားတာဒီနေရာပဲ” ဖိုးသာအောင် ညွှန်ပြသည့် နေရာသို့ တူးဖော်ကြသည်။ မကြာမီ ငွေအိတ် ပေါ်လာသည်။ အားလုံးမှာလည်း တအံ့တဩဖြစ်နေကြသည်။ သူခိုး ခိုးပြီး မယ်ဇလီပင်ကြီးအောက်တွင် ငွေအိတ်ပြန်ရသဖြင့် ဦးဖိုးလူမှာ ဝမ်းသာအားရ ဖြစ်ရသည်။ ဖိုးသာအောင်သာ အိပ်မက် မမက်လျှင် သူ့ ငွေဒင်္ဂါးများ ဆုံးရှုံးသွားမည်မှာ အသေအချာဖြစ်သည်။
ရိုးသားဖြောင့်မတ်သော ဖိုးသာအောင်ဖြစ်သည်။ ဖိုးသာအောင် မရိုး သားလျှင် ဦးဖိုးလူအား ပြောမပြဘဲ သူ့ဘာသာ တူးဖော်ရယူနိုင်ပါလျက်နှင့် ဦးဖိုးလူကိုပြောပြသည်မှာရိုးသားသည့်စိတ်ဓာတ်ကြောင့်သာဖြစ်သည်ဟု ရွာသားများက ထင်မှတ်ကြသည်။ ဦးဖိုးလူက ကျေးဇူးဆပ်သည့်အနေနှင့် ငွေ(၂ဝဝ)ကျပ်အတင်းပေးရာဖိုးသာအောင်ကငြင်းဆန်နေသည်။ရွာသား များက ဝိုင်းဝန်းပြော၍သာ နောက်ဆုံး လက်ခံလိုက်သည်။ ဦးဖိုးလူမှာ ဖိုးသာအောင်အား ကျေးဇူး တင်မဆုံး ဖြစ်ရလေသည်။
ပွဲစားကြီးဦးဖိုးလူ၏ ငွေဒင်္ဂါးအိတ်ကို အိပ်မက်အရ ဖန်တီးပြီး ပြန် လည် ပေးအပ်ခဲ့သည်။ သူ့စိတ်ထဲတွင်လည်း လွတ်လပ်ပေါ့ပါးသွားသည်။ ဖေဇော်ဂျီ သာသိလျှင် သူ့တောင်ဝှေးနှင့် ထိုးမည်လား မသိပေ။ ဖေဇော်ဂျီ ကျေနပ်ခြင်း ရှိမရှိ သူမသိပေ။ ထိုညက စိတ်လက်ပေါ့းပါးစွာ နှစ်နှစ်ခြိုက် ခြိုက်ကြီး အိပ်ပျော်သွားသည်။

ည (၁၂) နာရီခန့်တွင် ဖိုးသာအောင် တင်ပါးအား တောင်ဝှေးနှင့် ထိုး
လိုက်၍ ပူခနဲ ဖြစ်သွားသည်။ ဖိုးသာအောင် မအံ့ဩတော့ပေ။ ဖေဇော်ဂျီ တစ်စခန်း ထလာခြင်းဖြစ်သည်။ အိပ်ရာမှ ငေါက်ခနဲ ထထိုင်လိုက်ပြီး အိပ်ရာဘေးသို့လှမ်းကြည့်လိုက်သည်။ ကိုယ်ရောင်ကိုယ်ဝါများတောက်ပ နေသော ဖော်ဂျီသည် လုပ်မြဲအလုပ်ကို လုပ်ရန်အတွက် သွားကြစို့ဟု ခေါ်နေသယောင် အသွင်ကိုဆောင်လျက် သူ့နောက်လိုက်ရန် လက်ဟန်ပြ လိုက်သည်။ ဖိုးသာအောင် မငြင်းဆန်ဝံ့ပေ။ ဘယ်အရပ်၊ ဘယ်ဒေသသို့ သွားမည်မသိ။ သူတစ်ပါး မသိအောင် ဘယ်ပစ္စည်းအား ခိုးပေးရမလဲဟု တွေးရင် ဖိုးသာအောင် စိတ်ညစ်သွားသည်။
သစ်ရိပ်ဝါးရိပ်နှင့် အုံ့ဆိုင်းလျက် ညအမှောင်ထုများအကြားတွင် ဖော်ဂျီ ခန္ဓာကိုယ်မှအလင်းရောင်များထွက်နေသဖြင့်ဘယ်နေရာရောက်နေသည် ကို ဖိုးသာအောင် သိလိုက်ရသည်။ စိတ်ထဲတွင်လည်း စိုးထိတ်သွားသည်။ ယခု အိမ်မှာ သူတိတ်တခိုး ချစ်မြတ်နိုးနေရသော မြတ်လေးငုံ အိမ်ဖြစ်နေ သည်။
အိမ်မကြီး တံခါးမှလည်း တံခါးကျည်သုံးဆင့် ပိတ်ထားသော်လည်း တောင်ဝှေးတန်ခိုးနှင့် အလွယ်တကူ ပွင့်သွားသည်။ အိမ်မကြီးအတွင်းသို့ ဝင်လာပြီး အခန်းတစ်ခုရှေ့တွင် ရပ်လိုက်သည်။ အတွင်းဘက်မှ ပိတ်ထား သော တံခါးဖြစ်သော်လည်း တောင်ဝှေးနှင့် ထောက်လိုက်ရာ ပွင့်သွားပြန် သည်။ ဖေဇော်ဂျီ ကိုယ်ရောင်ကိုယ်ဝါများနှင့်အတူ အတွင်းခန်းတစ်ခုလုံး ကိုလည်း ထင်ထင်ရှားရှား မြင်တွေ့မြင်တွေ့နေရသည်။
ဖိုးသာအောင်ရင်ထဲတွင်တဒိန်းဒိန်းခုန်လျက်နားထင်နားရင်းများထူပူ
လာသည်။ အာခေါင်များခြောက်ကပ်လာပြီးတံတွေးကိုမကြာခဏမျိုချနေ ရသည်။ သူတွေ့လိုက်ရသောမြင်ကွင်းကားသည်တစ်သက်တွင်တစ်ခါမြင် ဖူးရုံနှင့် တစ်သက်လုံး စွဲလမ်းသွားစေမည့် မြင်ကွင်းဖြစ်သည်။ မြတ်လေးငုံ သည် သင်ဖြူးဖျာလေးပေါ်တွင် ပက်လက်လှန်ကာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေသည်။အသက်ရှူသံများကြောင့်သူမရင်အုံလေးများကိုလည်း
နိမ့်ချည်မြင့်ချည် မြင်တွေ့ရသည်။
ဖေဇော်ဂျီသည် မြတ်လေးငုံခေါင်းရင်းဘတ်တွင် မတ်တတ်ရပ်လျက် ရှိသည်။တောင်ဝှေးဖြင့်လည်းမြတ်လေးငုံခေါင်းအုံးအားထောက်ပြသည်။

ဖေဇော်ဂျီစေခိုင်းသည့်အတိုင်းဖိုးသာအောင်မလုပ်နိုင်သေးပေ။မြတ်လေး ငုံ၏ နုပျိုစိုပြေဝင်းနေသော ပကတိအလှကို တမေ့တမော ငေးကြည့်နေ မိသည်။ ပူလောင်အိုက်စပ်သော ညဖြစ်၍ မြတ်လေးငုံသည် စောစောက ထမီရင်လျားနှင့် အိပ်ရာဝင်ခဲ့ပုံရသည်။
ပူအိုက်သည့်ဒဏ်ကြောင့်လူးလှိမ့်ရင်းအိပ်ပျော်သွားရာမှလုံချည်စမှာ
အောက်ဘက်သို့ လျှောကျလျက်ရှိပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအား အထင်း သား မြင်တွေ့နေရသည်။ ဖွံ့ထွားစိုပြေသော အလှတို့အား အစွမ်းကုန် ပွင့်ဖူး နေသကဲ့သို့ ရှိသည်။ ပေါ်လွင်သော နှာတံ၊ သနပ်ခါး ပါးကွက်ကွက်ထား သော ပါးပြင်မို့မို့ မှိတ်ထားသော မျက်လုံးပေါ်မှ ကော့ညွတ်ကွေးနေသော မျက်တောင်မွေးများ ဝင်းမို့သော ပခုံးသားမို့မို့ပေါ်တွင် ဖရိုဖရဲဝဲကျနေသော နက်မှောင်သည့်ဆံကေသာများကပိုကရို၊ဖရိုဖရဲနှင့်ဖိုးသာအောင်စိတ်များ
ဗလောင်ဆူဝေလျက်ရှိသည်။
အစွမ်းသိဒ္ဓိရှိသော တောင်ဝှေးကိုကိုင်ဆောင်ထားသည့်ဖေဇော်ဂျီကို လည်း အထူးပင် ကျေးဇူးတင်နေမိသည်။ သူတစ်ဖက်သတ် မြတ်နိုးသော

ဖေဇော်ဂျီ၏ နှုတ်ခမ်းဖျား တဖွဖွ လှုပ်လာပြီး ဆရာတော့်အား ပြန်လည်လျှောက်ထာ နေသကဲ့သို့ ဖြစ်သည်။ အသံကိုတော့ မကြားရပ။ အတန်ကြာသောအခါ ဖေဇော်ဂျီ ရုပ်လေးသည် လူတစ်ယောက် လမ်းလျှောက်
သွားသကဲ့သို့ ဂူပေါက်ဝဆီသို့ လမ်းလျှောက်သွားတော့သည်။
မြတ်လေးငုံ .. အိပ်ခန်းထဲအရောက် ဆိုက်ဆိုက်မြိုက်မြိုက် ခေါ်လာပေး သော ဖေဇော်ဂျီအားဦးသုံးကြိမ်ချရှိခိုးလိုက်သည်။ ယခင်ရက်ကပွဲစားကြီး ဦးဘိုးလူအိမ်မှငွေဒင်္ဂါးများကိုခိုးယူပြီးငွေရှာပေးသည်။ အဒိန္နာကံကြောက် ပြီး ဥစ္စာရှင်ထံ အိပ်မက်အရ သိလိုက်ရသလို ဉာဏ်ဆင်ပြီး ပြန်ပေးခဲ့
သည်။
ယနေ့ညအဖို့ အပျိုစင်အချောအလှ မြတ်လေးငုံ အတွင်းအိပ်ခန်းသို့ ရောက်အောင်ပို့ဆောင်ပေးသည်။ဖေဇော်ဂျီသည်တောင်ဝှေးနှင့်မြတ်လေးငုံ အိပ်နေသော ခေါင်းအုံးအား ထောက်ပြမြဲ ထောက်ပြလျက်ရှိသည်။ ဖိုးသာအောင်သည် ခေါင်းအုံးအောက်သို့ ညင်သာစွာ လက်နှိုက်ပြီး စမ်း လိုက်ရာ လက်ကိုင်ပဝါနှင့် စုချည်ထုပ်ထားသော အထုပ်တစ်ထုပ်ကို တွေ့ လိုက်ရသည်။
ဖေဇော်ဂျီက ပြန်ရန်ဟန်ပြင်လိုက်ပြီး အပေါ်ဘက်သို့ လျှောက်သွား သည်။ ဖိုးသာအောင်သည် အိပ်ပျော်နေသော မြတ်လေးငုံ၏ ခန္ဓာကိုယ် အလှအား မချင့်မရဲ ကြည့်လိုက်ပြီး ဖေဇော်ဂျီနောက်သို့ လိုက်ခဲ့သည်။ ဖေဇော်ဂျီသည် အခါတိုင်း ပြုမူနေကြအတိုင်း တံခါးပေါက်များ ခြံဝန်းတံခါး များကို တောင်ဝှေးအစွမ်းနှင့် ပြန်ပိတ်လိုက်ပြီး ရွာလယ်လမ်းအတိုင်း အိမ်သို့ပြန်လာခဲ့ကြသည်။အိမ်ထဲသို့ဝင်လိုက်သည်နှင့်ဖေဇော်ဂျီမှာအံ့ဩ စွာ ပျောက်ကွယ်သွားသည်။ ကတ္တီပါ ပိုးသားရှုံ့အိတ်နီလေးအား စမ်းကြည့် ရာဇော်ဂျီရုပ်လေးပြန်လည်ရောက်ရှိနေမှန်း သိသွားသည်။
လက်ကိုင်ပဝါထုပ်လေးအား ပြန်ကြည့်လိုက်သည်။ ရွှေရောင်တဝင်း ဝင်းတောက်ပနေသော မြတ်လေးငုံ ဝတ်ဆင်သည့် နော်ဇာကုံးတစ်ကုံး၊ စတိလက်ကောက်တစ်ရံ၊ ရွှေခြေကျင်းတစ်စုံတို့ကို တွေ့ရသည်။ ရွှေထည် ပစ္စည်းများ တန်ဖိုးသင့်လျှင် မနည်းလှပေ။ ဖေဇော်ဂျီကြောင့် လွန်စွာမှ အခက်တွေ့နေရပြီဖြစ်သည်။ ထိုကဲ့သို့ ညစဉ်ညတိုင်း .. တစ်အိမ်တက် တစ်အိမ်ဆင်း ရွှေ၊ ငွေ လက်ဝတ်ရတနာ ပစ္စည်းများကို ခိုးဝှက်ယူဆောင် ခိုင်းပါကတစ်နေ့မဟုတ်တစ်နေ့ဒုက္ခရောက်ရပေတော့မည်။ဖိုးသာအောင် သည်မြတ်လေးငုံအားတစ်ဖက်သတ်မေတ္တာရှိနေသော်လည်းသူမပစ္စည်း များကို မက်မောသူ မဟုတ်ပေ။ ဖေဇော်ဂျီသည် ပစ္စည်းခိုးရန် သက်သက် သာအစွမ်းရှိသော ဖေဇော်ဂျီဖြစ်သည်။

“ဖိုးသာအောင်…ဖိုးသာအောင်…”
အိမ်ရှေ့မှ သူ့နာမည်ကို ခေါ်နေသောကြောင့် ထွက်ကြည့်လိုက်မိ သည်။ သူနှင့်အတူ တောင်ပေါ်တက် ဝါးခုတ်နေကျ ဖိုးထောင်ဖြစ်နေသည်။ “စောစောစီးစီးပါလား…ကိုဖိုးထောင်”
သည်။
ဖိုးထောင်က အိမ်ပေါ်တက်လာရင်း ခရီးရောက်မဆိုက် ပြောလိုက်
“ဟုတ်တယ်… ရွာထဲမှာ သတင်းတစ်ခုကြားရလို့…” “ဘာတွေ သတင်းထူးလို့လဲ…”
“တစ်ရွာလုံးက လူတွေက ပြောနေကြတာပဲ။ ညက မြတ်လေးငုံ အိပ် ခန်းထဲက ရွှေထည်ပစ္စည်းတွေကို သူ့ မောင်သံလုံးက ယူပြီး ဖဲရိုက်လိုက် တယ်ပြောတယ်။ သံလုံးအဖေကဒေါသထွက်ပြီးသံလုံးကိုအိမ်ပေါ်ကနှင်ချ လိုက်တယ်”
သည်။
“သံလုံးခိုးတာ ဟုတ်ပါ့မလားကွာ …”
အကြောင်းသိဖြစ်နေသော ဖိုးသာအောင်က မလုံမလဲနှင့် မေးလိုက်
“မင်းလဲ သိသားပဲကွာ။ ဒီကောင်က ကောင်းတာမဟုတ်ဘူး။ ရွာ စဉ် လျှောက်ဖဲရိုက်၊ ကြက်တိုက်၊ အရက်သောက်၊ တစ်ရွာလုံး သိတာပဲ။ ဒီတစ်ချီတော့အချီကြီးမသွားတာ၊ မြတ်လေးငုံရှိသမျှပစ္စည်းတွေအကုန်ပဲ၊ ကောင်မလေးလည်း သနားပါတယ်။ သူ့ပစ္စည်းတွေ ပျောက်သွားတော့ တရှုံ့ရှုံ့ငိုနေတာပဲ”
ဖိုးသာအောင်သည် သံလုံးအတွက် စိတ်မကောင်းဖြစ်ရသလို မြတ် လေးငုံအတွက် ဝမ်းနည်းကြေကွဲရသည်ကို မကြည့်ရက်နိုင်။ ဖေဇော်ဂျီ လုပ်ပုံကြောင့် သံလုံးမှာ မပြေးသော်လည်း ကန်ရာရှိဆိုသလို သံသယဝင် ခြင်းခံရ သည်။
“အိမ်တံခါးတွေကိုလည်းလုံလုံခြုံခြုံပိတ်ထားတာအပြင်လူခိုးဝင်ဖို့ဆို တာမလွယ်ဘူး။ ဝင်ခိုးတယ်ထားဦးတော့ ခြေရာ၊ လက်ရာပျက်မှာပဲ။ ပြီး တော့ မြတ်လေးငုံ ခေါင်းအုံးအောက်မှာ ရွှေထုပ်ထားတယ်ဆိုတာ ဘယ်သူ သိမလဲ။ အတွင်းလူဖြစ်လို့သာ ပျောက်သွားတာပေါ့။ သံလုံးက တော်တော် ဆိုးတဲ့ ကောင်ပဲ။ သူ့အဖေက ရိုက်နှက်ပြီး အိမ်ပေါ်က နှင်ချလိုက်တာ နည်းတောင် နည်းသေးတယ်”

“သံလုံး ဘယ်ရောက်သွားလဲ”
“မြတ်သူတို့ အရက်ချက်တဲ့တဲရောက်နေမှာပေါ့ကွာ” သံလုံးအပြစ်မှလွတ်မြောက်ရန်နှင့်မြတ်လေးငုံပစ္စည်းအားပြန်ပေးရန်
နှင့် နည်းလမ်းရှာရပေမည်။ ပွဲစားကြီး ဦးဖိုးလူ၊ ငွေဒင်္ဂါးအိတ်ပြန်ပေးသကဲ့ သို့ပင် ပြန်ပေးရန် စဉ်းစားမိသည်။
“ကိုညိုမောင်က ရှေ့အပတ်ဝါးခုတ်တက်ရမယ်လို့ပြောတယ်။ အဆင် သင့် ပြင်ထားဦး။ ငါ သွားမယ်”
ဖိုးထောင်ကနှုတ်ဆက်ပြီးပြန်သွားသည်။နေ့လယ်တွင်ဖိုးသာအောင်
သည် မြတ်လေးငုံ ရွှေထည်များယူပြီး မလှမ်းမကမ်းတွင် အရိပ်အာဝါသ ကောင်းသည့် ညောင်ပင်ကြီးရှိရာသို့ ရောက်လာခဲ့သည် ညောင်ပင်ကြီး အောက်တွင် ကိုးမြို့ရှင် နတ်ကျွန်းရှိသည်။
ဖိုးသာအောင်သည် ကိုးမြို့ရှင် နတ်ကျွန်းစင်တိုင်အောက်တွင် မြေတူး ပြီး မြှုပ်နှံထားလိုက်သည်။ ရွာဦးစေတီအား ဘုရားဝတ်ပြု ဦးချကန်တော့ လိုက်သည်။ မြတ်လေးငုံ မေတ္တာပန်းအိုးကို ဆင်မြန်းရပြီးအတူတကွပေါင်း ဖက်နိုင်ရပါစေသားဟုဆုတောင်းပြီးရွာထဲသို့ပြန်လာခဲ့သည်။ သူ့ခြေလှမ်း များကား မြတ်လေးငုံအိမ်ရှိရာသို့ ဦးတည်လိုက်သည်။
အတန်ကြာအောင် လျှောက်လာပြီး နောက်အိမ်ရှေ့သို့ ရောက်လာ သည်။ မြတ်လေးငုံအဖေက ခြံဝင်းထဲသို့ ဝင်လာသော ဖိုးသာအောင်ကို မြင်တွေ့လိုက်သောကြောင့် လှမ်းမေးလိုက်သည်။ “ဖိုးသာအောင်ပါလား…ဘယ်ကလှည့်လာတာလဲ…”
ပါ”
“ဒီကိုပဲ တမင်လာခဲ့တာပဲ … ဦး … အရေးတကြီး ပြောစရာကိစ္စရှိလို့
“ဘာများ အရေးကြီးလာလို့လဲ”
“ညက ကျွန်တော် ထူးထူးဆန်းဆန်း အိပ်မက် မက်တယ်။ အိပ်မက် ထဲမှ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ရွာထိပ်မှာရှိတဲ့ ရွာဦးစေတီကို ခေါ်သွားတယ်။ တောင်ပေါ်ရောက်တော့ ညောင်ပင်ကြီး အောက်မှာရှိတဲ့ ကိုးမြို့ရှင်နတ်ကွန်းကို လက်ညိုးထိုးပြတယ်။ မင်းချမ်း သာဖို့ငါမ,စတာပဲ။အဲဒီနတ်ကွန်းစင်တိုင်အောက်ကိုတူးလိုက်ရင်ရွှေထုပ်ရ
လိမ့်မယ်လို့ အိပ်မက်လာ ပေးပါတယ်။ ဦးတို့ ပစ္စည်းပျောက်တာနဲ့များ ပတ် သက်နေမလားလို့ပါ”
“အေးကွာ ထူးထူးဆန်းဆန်းပဲ ငါတို့က သံလုံးခိုးသွားပြီး ဖဲရိုက်ပစ် လိုက်တယ်လို့ ထင်နေတာ။ သွားရှာကြည့်တာပေါ့ကွာ”
မြတ်လေးငုံတို့မိသားစုနှင့်အတူ ရွာထိပ်ရှိ ရွာဦးစေတီလေးရှိရာ ရောက်ခဲ့ကြသည်။ ဖိုးသာအောင် ညွှန်ပြသည့်အတိုင်း တူးကြည့်ရာ မြတ် လေးငုံ၏ ရွှေထည်ပစ္စည်းများ ထုပ်ထားသည့် လက်ကိုင်ပဝါအထုပ်ကို ပြန်တွေ့လိုက်ကြသည်။ မြတ်လေးငုံမှာ ဝမ်းသာလွန်း၍ မျက်ရည်များနှင့် ဝဲကျလာသည်။ ဖိုးသာအောင်ကိုလည်း ကျေးဇူးတင်မဆုံးတော့ပေ။ မျက် ရည်စများ ဝေ့သီနေသော ညှို့မျက်ဝန်းများနှင့် ဖိုးသာအောင်အား စိုက် ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ကိုဖိုးသာအောင်ရယ်၊ မြတ်လေး ဒီပစ္စည်းတွေ ပြန်ရလိမ့်မယ်လို့ လုံးဝထင်မထားဘူး။ အစ်ကို သံလုံးကြောင့် ဆုံးရှုံးသွားပြီ လို့ ထင်ထားတာ။ ကိုဖိုးသာအောင်ကို ဘယ်လို ကျေးဇူးဆပ်ရမှန်း တောင်မသိတော့ဘူး”
“ဘာမှ ကျေးဇူးဆပ်စရာမလိုပါဘူး မြတ်လေးငုံရယ်၊ ထူးဆန်းတဲ့ အိပ်မက်ကြောင့်သာ ပြန်ရတယ်လို့ပဲ သဘောထားလိုက်ပါ” “ဘယ်ဟုတ်ပါ့မလဲ ကိုဖိုးသာအောင်ရယ်။ အိပ်မက်ကလည်း မြလေး နဲ့ပတ်သက်နေတယ်လေ”
“ဟုတ်ပါတယ် မြတ်လေးငုံရယ်။ မြတ်လေးငုံကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ အိပ်မက်တွေ အများကြီးမက်နေတာကိုတော့ မြတ်လေးငုံ ဘယ်သိပါ့ မလဲ”
သည်စကားကိုတော့ ဖိုးသာအောင် ရင်ထဲတွင်သာ ပြောလိုက်သည်။ မြတ်လေးငုံ အဖေက ဖိုးသာအောင်၏ ရိုးသားမှုကို ချီးမွမ်းပြောဆိုပြီး ငွေ (၁၀၀) ကျပ် ထုတ်ပေးသည်။ ဖိုးသာအောင်က လက်မခံ၊ အတန်တန် ငြင်း ပယ်သည်။ ထိုအခါမြတ်လေးငုံကဝင်ပြောလိုက်သည်။
“ယူလိုက်ပါ ကိုဖိုးသာအောင်ရယ် . . . ပစ္စည်းတွေ တန်ဖိုးနဲ့စာရင် ဒီငွေကြေးက ဘယ်လောက်မှ တန်ဖိုးမရှိပါဘူး။ မြတ်လေးငုံရဲ့ စေတနာ

ကိုမငြင်းပါနဲ့။ မြတ်လေးကိုယ်ခင်ရင် ယူလိုက်ပါ။ မယူရင်တော့ ကိုဖိုးသာ အောင်ကို မြတ်လေး ဘယ်တော့မှ မခေါ်တော့ဘူး”
မြတ်လေးငုံ မခေါ်မပြော သူစိမ်းပြင်ပြင်နေမည်ကိုတော့ ဖိုးသာအောင် မလိုလားပေ။ ထို့ကြောင့်လည်း ကျေးဇူးဆပ်သော ငွေကို လက်ခံလိုက် သည်။ မြတ်လေးငုံ၏နက်မှောင်စိုရွှန်းသော မျက်ဝန်းနှင့် အဓိပ္ပာယ်ရှိသော
အကြည့်များကရင်ခုန်နွေးထွေးစွာစိုက်ကြည့်လျက်ရှိသည်ကိုတော့ဖိုးသာ အောင် နားလည်လိုက်သည်။ ပျော်ရွှင်ကြည်နူးစွာပင် ရွာထဲသို့ ပြန်လာခဲ့ ကြသည်။
ယနေ့ညအဖို့ ဖေဇော်ဂျီ နိုးသည့်အချိန်ရောက်သည်အထိ ဖိုးသာ အောင် စောင့်ကြည့်သည်။ အိပ်ချင်သည့် စိတ်ကို တင်းထားသည်။ မှေးစင်း လာသော မျက်တောင်များကို အတင်းဖြဲထားသည်။ ဖေဇော်ဂျီ ရုပ်ထည့် ထားသော ကတ္တီပါ အိတ်နီလေးအား ဇွဲနပဲကြီးစွာ ဆုပ်ကိုင်ထားသည်။ တင်းကြပ်စွာ ဆုပ်ကိုင်ထားသောကြောင့် ဖေဇော်ဂျီထွက်မလာတော့ပေ။ ထိုညအဖို့ ဖေဇော်ဂျီသည် သူ့အား သိဒ္ဓိမြောက်သော ဆေးတောင်ဝှေးနှင့် ထောက်လျက်မခိုင်းစေနိုင်တော့ဘဲမိုးစင်စင်လင်းသွားသည်။သူခိုးအလုပ်
ကိုမလုပ်ရတော့ပေ။
ထိုအချိန်မှစ၍ ဖေဇော်ဂျီအား ထိန်းချုပ်ထားနိုင်သည့် နည်းလမ်းကို ဖိုးသာအောင် တွေ့ရှိသွားသည်။ ရွာထဲမှ ရွာသားများကလည်း နွားပျောက် ပစ္စည်းပျောက်လျှင် ဖိုးသာအောင်အား လာမေးကြသည်။ ဝတ်ဖြူစင်ကြယ် နှင့် ပုဂ္ဂိုလ်ကြီး အိပ်မက်လာမပေးကြောင်း ပြောရသည်မှာ အမောပင်ဖြစ် သည်။ ညတိုင်းလည်း ဖေဇော်ဂျီအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အိပ်ရသည်မှာ လွယ်ကူသည်တော့မဟုတ်ပေ။
ညတိုင်းပင် အလုပ်ပိုတစ်ခုလုပ်နေရသကဲ့သို့ စိတ်ညစ်လာသည်။ ဖေဇော်ဂျီရုပ်လေး ထည့်ထားသော ကတ္တီပါ ပိုးသားရှုံ့ အိတ်နီလေးအား ဖားတစ်ရှဉ်းချောင်းထဲသို့မျှောလိုက်ရင်ကောင်းမလားဟု စိတ်ကူးမိသည်။ ထိုသို့ လုပ်ရန်လည်း စနောင့်စနင်း ဖြစ်ရသည်။ ဖေဇော်ဂျီသည် သူ့အား

ထိန်းသိမ်းမစောင့်ရှောက်ပဲချောင်းရေထဲမျှောရပါ့မလားဟုဒေါသထွက်ပြီး
ဒုက္ခပေးလျှင် အခက်တွေ့ပေဦးမည်။
ဖေဇော်ဂျီ၏ အစွမ်းသိဒ္ဓိများကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံ ခဲ့ရပြီးဖြစ်၍ ကြောက်လည်း ကြောက်သည်။ နောက်ဆုံးတွင် ဖြစ်ချင်ရာဖြစ် သွားလေရာတွင် ကိုယ်နှင့်မကွာ ဆောင်ယူပြီးထိန်းသိမ်းထားခဲ့သည်။
“နိုးလာပြီလား…ဖိုးသာအောင်…”
ဆရာတော်ဦးနန္ဒမာလာကလှမ်းမေးလိုက်သဖြင့်ဖိုးသာအောင်ကိုယ်
တိုင် ယခုရောက်ရှိနေသော ကေသာလတောင်ကြီး၏ အတွင်းဂူများအား ပြန်လည် သတိထားမိသည်။
“မှန်လှပါ . . . ရွာမှာနေတုန်းက တပည့်တော် ထူးဆန်းတဲ့ ဖေဇော်ဂျီ ရုပ်လေးတစ်ရုပ် ကောက်ရခဲ့ပါတယ်။ အဲဒီဇော်ဂျီအကြောင်းကို တွေးမိပါ သေးတယ်ဘုရား”
“ညနက်လာရင် တောင်ဝှေးနဲ့ထောက်ပြီး ပစ္စည်းတွေခိုးတဲ့ ဇော်ဂျီ မဟုတ်လား”
ဆရာတော်က ဖိုးသာအောင် စိတ်အတွေးအကြံအစည်များကို သိနေ ပုံရသည်။ ဆရာတော်နှင့် အတူနေလာခဲ့သည့် အချိန်ကြာလာသည့် အလျှောက် ဆရာတော်၏ ထူးခြားဆန်းကြယ်မှုများကို မအံ့ဩမိတော့ပေ။ ဖိုးသာအောင်သည် ကတ္တီပါ ပိုးသားရှုံ့ အိတ်နီလေးထဲမှ ဖေဇော်ဂျီအား ထုတ်ယူ၍ဆရာတော်ထံ ဆက်သလိုက်သည်။ ဆရာတော်ကလက်ဝါးပေါ် တင်၍ဖေဇော်ဂျီကိုသေချာကြည့်သည်။
“လက်စသတ်တော့ ဇော်ဂျီငတက်ဖျားပါလား” “ဆရာတော်က ဒီဖေဇော်ဂျီကို သိပါသလား ဘုရား” “သိတာပေါ့ကွာ၊ငါတို့ဂိုဏ်းထဲကလူပဲ။ သစ္စာဖောက်တာနဲ့အပြစ်ဒဏ်
ခံနေရတာ”
“တပည့်တော် နားမလည်နိုင်အောင် ဖြစ်ရပါတယ်ဘုရား”

“ဒါကငါတို့လေ့လာလိုက်စားတဲ့ထွက်ရပ်ပေါက်ဝိဇ္ဇာပညာရပ်တွေက
လူသာမန်တွေ နားလည်ဖို့ ခဲယဉ်းတယ်။ စစ်မှန်တဲ့ပညာ၊ စစ်မှန်တဲ့အကျင့် ဝိဇ္ဇာအစစ်အမှန်ဆိုတာကလည်း တွေ့မြင်နိုင်ဖို့မလွယ်ဘူး။ တချို့က အတု အယောင်တွေကိုအစစ်ထင်ပြီးကိုးကွယ်နေကြတယ်။ အမှား၃မျိုးရှိတယ်။ သတိအမှတ်လွဲရင် ဆရာ ဆည်းကပ်မှု ဆရာအတင်မှားရင်နောက်ကျင့်ကြံ အားထုတ်မှု မမှန်ရင် တစ်ဘဝလုံး တစ်သံသရာလုံး မှောက်တော့တာပဲ။ ဇော်ဂျီငတက်ဖျားအဖြစ်က ပန်းပုထုတဲ့သူနဲ့ အသက်သွင်းတဲ့သူ ပုံစံမျိုးဖြစ်
ခဲ့တာ”
“တပည့်တော် မရှင်းလို့သေချာရှင်းပြပါဘုရား”
“ဟို . . . ရှေးတုန်းက ပန်းပုအရာမှာ လက်ရာမြောက်စွာ ထုနိုင်တဲ့ ပန်းပုဆရာ အကျော်အမော်တစ်ယောက် ရှိတယ်။ တကယ့် သက်ရှိမိန်းမ ပျိုလေး တစ်ယောက်နဲ့ ချွတ်စွပ်တူအောင် မိန်းမပျိုအရုပ်လေးတစ်ရုပ် ထု ထားတယ်။ အဲဒီမှာ ဝိညာဉ်အသက်သွင်းပညာတတ်တဲ့ဆရာတစ်ယောက် ကတွေ့တော့ မိန်းမပျို ပန်းပုရုပ်လေးကို အသက်သွင်းပေးတယ်။ အရုပ်က နေ မိန်းကလေးတစ်ယောက်ကို သူပကတိအတိုင်း သက်ဝင်လှုပ်ရှားလာ တယ်။လွန်စွာမှချောမောလှပတယ်။ အဲဒီတော့ပန်းပုဆရာနဲ့အသက်သွင်း ဆရာတို့ သူရထိုက်တယ်။ ငါရထိုက်တယ်ဆိုပြီး အငြင်းအခုံ ဖြစ်ကြရော၊ ခုံရုံးရောက်တော့ ရုံးတော်က အမိန့် ချမှတ်လိုက်တယ်” “ဘယ်လို အမိန့်ချပါလဲ…ဘုရား”
“ပန်းပုထုတဲ့ ဆရာက ပန်းပုထုတဲ့ အခကြေးငွေသာရစေ။ အသက် သွင်းတဲ့ဆရာကြောင့်သာ အသက်ဝင်လာတာကြောင့် အသက်သွင်းဆရာ ကသာ ပိုင်ဆိုင်စေလို့ အမိန့်ချလိုက်တယ်။ ဒီလိုပဲ ဖေဇော်ဂျီ ငတက်ဖျား ဟာ အဂ္ဂိရတ်လုပ်ရပ်၊ ဆေးမြစ်ဆေးဝါးတွေနဲ့ အတော်ပေါက်ရောက်တဲ့ အဆင့်ကို ရောက်နေပြီး ငါတို့ရည်မှန်းထားတာက အသက်ရှည်ရှည်နေဖို့ အရိမတ္တေယျဘုရားပွင့်တဲ့အခါမှာ ရှေးဦးစွာ ဖူးမြော်ပြီး ကျွတ်တန်းဝင်ဖို့ပဲ။ ဇော်ဂျီငတက်ဖျားက ဒီလိုမဟုတ်ဘူး။ ဓနသိဒ္ဓိဘက်မှာ သစ္စာဖောက်လိုက် တယ်။ ဒါကြောင့်မို့လို့ အထက်ဆရာကြီးတွေက ခုလို သုံးလက်မအရွယ် သစ်သားရုပ်ဖြစ်အောင် ဒဏ်ခတ်ထားတာ”

“ဘယ်လို ဒဏ်ခတ်တာပါလဲဘုရား” “ဇော်ဂျီငတက်ဖျား အရုပ်လေးကို
တစ်စုံတစ်ယောက်ကတွေ့ရှိပြီး
သိမ်းယူအံ့။ သိမ်းယူသူအား ညသန်းခေါင်ယံအချိန်တွင် ရွှေငွေရှိသူများ အိမ်သို့ခေါ်ဆောင်ပြီး သိမ်းယူစေလို့ အမိန့်ချလိုက်တာပဲ။ မင်းအရင်တစ်ဦး တစ်ယောက် လက်ထဲရောက်သွားပုံရတယ်။ အဲဒီလူကကြောက်ပြီး ဇော်ဂျီ ငတက်ဖျား ဒဏ်မခံနိုင်တာနဲ့ လွှင့်ပစ်ထားတာ ဖြစ်ရမယ်။ ဒါကို မင်းကတွေ့ ပြီး ကောက်ယူမိတော့ ညသန်းခေါင်မှာ ရွှေငွေရှိတဲ့ အိမ်တွေကို ခိုးခိုင်းတာ ပေါ့”
“ဒါဖြင့်..သူ့ကိုအရုပ်ကနေအသက်ပြန်ဝင်လာပြီးညနက်သန်းခေါင်မှ
ထလာတဲ့ ဇော်ဂျီအစစ်ပြန်ဖြစ်အောင် လုပ်လို့မရဘူးလားဘုရား”
“ရတာပေါ့ကွယ်။ ဒါပေမဲ့-အထက်က ဆရာကြီးတွေ ခွင့်ပြုမိန့်နဲ့ ဒီ ကောင်နောင်တရမရသေချာ စစ်မေးရဦးမယ်”
ဆရာတော် ဦးနန္ဒမာလာသည် ဖေဇော်ဂျီအား လက်ထဲတွင် ဆုပ်ကိုင် ထားရင်း နာရီဝက်ခန့် ဂါထာရွတ်လိုက်သည်။ ဂါထာရွတ်ပြီးနောက် အသံ တိုးတိုးဖြင့် စစ်ဆေးမေးမြန်းနေပုံရသည်။ ထို့နောက်တွင် ကျောက်သားပေါ် သို့ ချထားလိုက်သည်။ ထူးဆန်းသည်မှာ ဖေဇော်ဂျီရုပ်လေးသည် ဆရာ တော်ရှေ့တွင်မတ်တတ်ရပ်လျက်ထောင်မတ်နေလေသည်။ဖိုးသာအောင် လက်ထဲတွင် ရှိစဉ်က မည်သို့မျှ ထောင်မတ်မရခဲ့ပေ။
ပို၍ ထူးဆန်းဖွယ်ကောင်းသည်မှာ ဖေဇော်ဂျီ၏နှုတ်ခမ်းဖျား တဖွဖွ လှုပ်လာပြီး ဆရာတော့်အား ပြန်လည်လျှောက်ထားနေသကဲ့သို့ဖြစ်သည်။
အသံကိုတော့မကြားရပေ။အတန်ကြာသောအခါဖေဇော်ဂျီရုပ်လေးသည် လူတစ်ယောက်လမ်းလျှောက်သွားသကဲ့သို့ဂူပေါက်ဝဆီသို့လမ်းလျှောက်
သွားတော့သည်။
“မင်းရဲ့ဖေဇော်ဂျီကသူမှားကြောင်းနောက်နောင်မှာမကောင်းတဲ့စိတ်
တွေ မမွေးတော့ပါဘူးလို့ ကတိပေးတာကြောင့် သူ့ဆရာတွေရှိတဲ့ အာယု ဒီဃတောင်ကို ပြန်သွားဖို့ လွှတ်လိုက်တယ်”

ဖိုးသာအောင်သည် ဆရာတော်၏ ပြုမူဆောင်ရွက်ပုံများကို တအံ့တ
ဩဖြစ်နေမိသည်။ဖော်ဂျီရုပ်လေးထွက်ခွာသွားသဖြင့်စိတ်ထဲတွင်ဝမ်း
နည်းသလို ဖြစ်သွားသည်။ ထူးဆန်းသော ဇော်ဂျီများအကြောင်းနှင့် ဆရာ တော်အကြောင်းကို သိချင်လာမိသည်။
“တပည့်တော် သိခွင့်ရရင် သိပါရစေဘုရား။ လွန်ခဲ့တဲ့ ငါးနှစ်လောက် ကရွာကနေ ဆရာတော် ဘယ်လိုလုပ်ပြီးပျောက်သွားတာလဲ ဘုရား” “ထွက်ရပ်ပေါက်ဝိဇ္ဇာလမ်းကိုလိုက်စားတဲ့သူတွေအတွက်အံ့ဩဖွယ် ရာတွေ အများကြီးပဲ။ တချို့ကိစ္စတွေကြတော့ လူတိုင်းနားမလည်နိုင်သလို အသိပေးလို့လဲ မဖြစ်ဘူး။ မဂ်ဖိုလ်နိဗ္ဗာန်ကို အလိုရှိကြတဲ့ သူတော်စင်တွေ ဟာ ဗုဒ္ဓဘုရားခွင့်ပြုထားတဲ့ သမထကို ပွားများပြီးမှ ဝိပဿနာ ဘာဝနာကို ကူးကြတယ်။ တချို့ကြတော့လည်း သမထကို မသုံးဘဲ ဝိပဿနာကို အစ အဆုံးပွားများကြတယ်။ သမထရဖို့ သိဒ္ဓိတွေရဖို့ဆိုတာ မလွယ်ဘူး။ ဖိုးသာ အောင်ရွာမှာနေတုန်းကဖိုထိုးရင်းတစ်နေ့မှာငါ့ဓာတ်လုံးကထူးခြားတဲ့သိဒ္ဓိ
တွေပြပြီး ဇော်ဂျီတစ်ပါးရောက်လာတယ်။ အဲဒီဇော်ဂျီက ဟိုးအရင်ဘဝ ဟောင်းက ငါနဲ့ ညီအစ်ကို တော်စပ်ခဲ့ဖူးတယ်။ ဇော်ဂျီက သူဖိုဝင်ဖို့ ငါ့ဆီမှာ အကူအညီတောင်းတယ်။ အဲဒီနေ့ကနေဒီလို စဖြစ်ခဲ့တာပဲ” ဆရာတော် ဦးနန္ဒိယသည် ဇော်ဂျီသိဒ္ဓိနှင့် တွေ့ဆုံရပုံများကို ပြန်လည် ပြောပြသည်။

မြင်ဝါးတောင် ရွာတောင်ပိုင်းရှိတောင်ကုန်းပေါ်တွင် တောင်ပေါ်ကျောင်း ဟုခေါ်သည့် ဘုန်းတော်ကြီးကျောင်း ရှိသည်။ ကျောင်းဝင်းထဲရှိ အဆောက် အအုံ တစ်ခုအတွင်းမှ မီးရောင်များ တလက်လက်ထွက်ပေါ်လျက်ရှိသည်။ ညနက်ချိန်ထိ မီးရောင်များ တလက်လက် ထွက်ပေါ်နေသည်မှာ တခြား မဟုတ်ပေ။ ဆရာတော် ဦးနန္ဒိယ ဖိုထိုးနေခြင်းသာ ဖြစ်သည်။ ဖားဖိုမှ တရှူးရှူးတရှဲရှဲ မြည်သံများ ပုံမှန်ထွက်ပေါ်လျက်ရှိသည်။ ဆရာတော်မှာ

မီးညှပ်ကိုကိုင်ရင်း . လုံကိုဖုံးအုပ်ထားသော မီးခဲစများအား ဖွပေးလိုက်
သည်။
မီးသွေးမှုန်များသည် တဖျစ်ဖျစ် မြည်ပေါက်ကွဲလျက် မီးမှုန်မီးစလေး များသည် ပိုးစုန်းကြူးများ ထွက်ပေါ်လာသကဲ့သို့ တဖျတ်ဖျတ် လွင့်ပျံတက် လာကြသည်။ ဖိုထိုးသည့် သက်တမ်းမှာကြာခဲ့ပြီ။ ဆရာတော်ထံတွင်ရသာ ယနဓာတ်ပြာ၊ နဝါးပြဒါးပြာ၊ သွပ်ပြဒါးလုံး စသည်ဖြင့် တန်ဖိုးရှိသော ပစ္စည်း များ စမ်းသပ်ဆဲကိစ္စများ ခရီးမပေါက်သေးသော လုပ်ရပ်ကိစ္စများရှိသည်။ တစ်နေ့နေ့တွင် ဖြစ်ရမည်ဟုလည်းယုံကြည်ထားသည်။
ထိုစဉ် မထင်မှတ်သော ကိစ္စရပ်များက အံ့ဩဖွယ်ထူးခြားစွာ ဖြစ်ပေါ် လာခဲ့သည်။ ဖားဖိုထဲရှိ မီးခဲများနှင့်အုံထားသောလုံသည်အပေါ်သို့မြောက် တက်သွားပြီး ဝုန်းခနဲ ပေါက်ကွဲသွားသည်။ လုံမှာလည်း အစိတ်စိတ် အမြွှာ မြွာပေါက်ကွဲလွင့်စဉ်သွားသည်။
“ဟ…ဘယ်လိုဖြစ်တာပါလိမ့်”
ဆရာတော်သည် ထူးဆန်းသော ဖြစ်ရပ်ကြောင့် အံ့သြတုန်လှုပ်သွား သည်။ ဘေးဘီသို့ စူးစမ်းကြည့်လိုက်သောအခါ အနီရောင် အဝတ်အစား များနှင့် တောင်ဝှေးကို ထောက်လျက်ရပ်နေသော ဇော်ဂျီတစ်ပါးကို အံ့ဩ စွာ တွေ့ မြင်လိုက်ရသည်။ ဇော်ဂျီသည် ဆရာတော်ရှေ့တွင် ရိုသေစွာ ဝတ် ဖြည့်ပြီး..
“ဆရာတော်ဘုရား…တပည့်တော် ပါရမီကို ကူညီဖြည့်ဆည်းတော် မူပါက အရှင်ဘုရားရဲ့ပါရမီကိုလည်း တပည့်တော်ကူညီပါ့မယ်ဘုရား”
ဆရာတော်သည် ဇော်ဂျီအား အကဲခတ်ကြည့်လိုက်သည်။ လောကီ ကိစ္စ လောကနယ်ပယ်တွင် ဝိဇ္ဇာလှည့်၊ နတ်အလှည့်၊ သိုက်အလှည့်၊ ဆရာ အလှည့်ဟူ၍အလိမ်အကောက်၊အလှည့်အပတ်များရှိတတ်လေရာဇော်ဂျီ ဆိုတိုင်းလည်း ယုံကြည်၍မရပေ။ ဇော်ဂျီ၊ ဝိဇ္ဇာသုံးပါးရှိသည့်အနက် မန္တန် ဆေးစုတ် ဇော်ဂျီ၊ ဆေးမျက်လှည့်ဇော်ဂျီ၊ သုတပြာစားဇော်ဂျီ။ ဘယ်လို ဇော်ဂျီ အမျိုးအစား ဖြစ်မည်ကို ကွဲပြားသေချာစွာ လေ့လာနေပုံရသည်။
“အရှင်ဘုရားက တပည့်တော်ကို သံသယရှိနေပုံရတယ်။ စိုးစဉ်းမှ သံသယ ရှိတော်မမူပါနဲ့လို့ တပည့်တော် တောင်းပန်လျှောက်ထားပါရစေ”

“အသင်ဇော်ဂျီ၊ သင့်ကိစ္စကဘုန်းကြီးတို့သိက္ခာပုဒ်တော်နဲ့လွတ်ကင်း ကြောင်း၊ သင် အာမခံနိုင်ပါ့မလား”
“လွတ်ကင်းပါတယ်ဘုရား”
“သိက္ခာပုဒ်တော်နဲ့ ငြိစွမ်းမှုမရှိရင် ကူညီနိုင်ပါတယ်” ဇော်ဂျီမျက်နှာမှာ ကျေနပ်အားရစွာနှင့် ပြုံးရွှင်သွားသည်။ “ဘယ်လိုကိစ္စမျိုးလဲ…ဇော်ဂျီ”
“တပည့်တော်နဲ့အတူ ခေတ္တလိုက်ပါကြွစေလိုပါတယ်ဘုရား” ဆရာတော်သည် ဇော်ဂျီ၏ အသွင်အပြင်ကိုကြည့်၍ ယုံကြည်စိတ်ချ သောကြောင့် နှစ်ဦးသား လွန်စွာမှ ဝေးလံသော တောအုပ်ကြီးထဲသို့ ဝင် ရောက်လာကြသည်။ လမ်းခရီးတွင် ဇော်ဂျီသည် ဆေးဖော်စပ်ရန်အတွက် လိုအပ်သော ဆေးပေါင်း၊ ပန်းပေါင်း၊ အစွမ်းထက် ဂမုန်းပေါင်းများစွာကို ရှာဖွေစုဆောင်းလာခဲ့ သည်။
တောအုပ်တစ်နေရာရှိ အခင်းအကျင်းသင့်သောနေရာတွင် နေရာယူ လိုက်သည်။ ထင်းများကိုစုဆောင်းပြီးအလွန်ကြီးမားသောထင်းပုံကြီးအား မီးဖိုလိုက်သည်။ မီးပုံဘေးရှိ မြေသားပေါ်တွင် ထင်းချောင်းတစ်ချောင်းနှင့် မီးပုံအား ဝိုင်းပတ်ပြီး စက်ဝိုင်းပုံ စည်းထားလိုက်သည်။ အရှိန်ရလာပြီးဖြစ် သော မီးပုံကြီးမှ မီးညွန့်များသည် တဟုန်းဟုန်းတောက်လောင်နေပြီဖြစ် သည်။
တယ်”
“တပည့်တော်ဖိုဝင်ရန်အတွက် အရှင်ဘုရား အကူအညီပေးစေလိုပါ
“ဘယ်လိုကူညီရမှာလဲ” “ဒီလိုပါဘုရား…”
ဇော်ဂျီသည် ဆေးအိတ်ထဲမှ ဆေးသုံးလုံးကို ထုတ်ယူပြီး ဆရာတော် အား ဆက်ကပ်လိုက်သည်။
“တပည့်တော် မီးပုံထဲ ခုန်ဆင်းတဲ့အခါမှာ တစ်တောလုံး ပြင်းထန်စွာ တုန်ဟည်းပြီးငလျင်လှုပ်၊တောင်လဲသလိုဖြစ်လာပါလိမ့်မယ်ဘုရား – ချက် ချင်းဆိုသလိုအလင်းရောင်တွေဆိတ်သုဉ်းပြီးအမှောင်ထုကကြောက်စရာ
ကောင်းလောက်အောင် ဝင်ရောက်လာပါလိမ့်မယ်။ အရှင်ဘုရားအနေနဲ့

ဘယ်လိုမှ ထိတ်လန့်ကြောက်ရွံ့စရာမလိုပါဘူး။ တပည့်တော် ပေးထားတဲ့ ဆေးသုံးလုံးထဲကပထမဆေးလုံးကို မီးပုံထဲပစ်သွင်းတော်မူပါ”
“ပထမ ဆေးလုံး ပစ်သွင်းပြီးတာနဲ့ မှောင်ရာကနေ တစ်တောလုံး ပြန် လင်းလာပါလိမ့်မယ်။ မီးတောက်မီးလျှံတွေက ဘော်အဆင်းလို တောက်ပ လာပါလိမ့်မယ်။ အဲဒီအချိန်မှာ တောထဲမှာ ရှိနေတဲ့ နာနာဘာဝ၊ ဝိနာဘာဝ ဘီလူးတွေ ရောက်လာပြီး ကြောက်စရာကောင်းလောက်အောင် အဆင်း သဏ္ဌာန်ဖန်ဆင်းပြီးခြောက်လှန့်ကြပါလိမ့်မယ်။ဘာမှကြောက်စရာမလိုပါ ဘူးဘုရား။ ဒုတိယ ဆေးလုံးကိုသာ မီးပုံထဲပစ်သွင်းလိုက်ပါ”
“ဆေးလုံး ပစ်သွင်းပြီးတဲ့အခါမှာ မီးတောက်မီးလျှံတွေဟာ ရွှေဆင်း ရွှေရောင်ကဲ့သို့ တပြောင်ပြောင် တလက်လက် တောက်ပလာပါလိမ့်မယ်။ သာယာနာပျော်ဖွယ်ကောင်းတဲ့ တူရိယာသံတွေထွက်ပေါ်လာပြီး လှပတင့် တယ်၊ ရှူချင်စဖွယ်ကောင်းတဲ့နတ်သမီးလေးများ ရောက်လာကြပါလိမ့် မယ်။ နတ်မိမယ်လေးတွေဟာ အရှင်ဘုရားကို စိတ်ပြောင်းသွားအောင် မြူဆွယ်ဖြားယောင်းပြီးမလုပ်ဖို့တားဆီးပိတ်ပင်တောင်းပန်ကြပါလိမ့်မယ်။ သူတို့ပြောစကားတွေကိုနားမထောင်မိဖို့အရေးကြီးပါတယ်ဘုရား။နောက် ဆုံးကျန်နေတဲ့ ဆေးတစ်လုံးကိုသာ မီးပုံထဲ ပစ်ပေါက်ထည့်လိုက်ပါ။ နတ်မိ မယ်လေးတွေကွယ်ပျောက်သွားကြပါလိမ့်မယ်”
ဇော်ဂျီသည် ထူးခြားဆန်းပြားစွာ စီမံထားသည့် ဆေးသုံးလုံးအား ရိုသေစွာလျှောက်ထားပြောဆိုပြီးဆရာတော်ထံအပ်နှံလိုက်သည်။ ဇော်ဂျီ သည် ဆရာတော်အား ဦးသုံးကြိမ်ချ ဝတ်ပြုကန်တော့လိုက်ပြီး ထိန်ထိန် ညီးညီး အပူရှိန်ပြင်းစွာ တောက်လောင်နေသော မီးပုံကြီးထဲသို့ လျင်မြန် စွာ ခုန်ဆင်းလိုက်သည်။ မီတောက်မီးလျှံများကြားတွင် ဇော်ဂျီမှာ အံ့ဩစွာ ပျောက်ကွယ်သွားသည်။
ဇော်ဂျီ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် တောအုပ်အတွင်းမှ သစ်ပင်ကြီးများသည် အမြစ်များ ကျွတ်လွတ်လုမတတ်၊ ပြင်းထန်သော အရှိန်နှင့် ယိမ်းထိုးလှုပ်ရှားလာသည်။ ကြောက်မက်ဖွယ်ကောင်းစွာ တော ဟီသံများကိုလည်း နားစည်ကွဲမတတ် . ကြားလာရသည်။ မြေပြင်မှာ လည်း ငလျင်လှုပ်သကဲ့သို့ တသိမ့်သိမ့် လှုပ်ရှားယိမ်းထိုးပြီး ပြတ်ရွေ့

အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာကြသည်။ မိုးမှောင်ကြီးကျလာသကဲ့ သို့ အလင်းရောင်များ ပျောက်ကွယ်သွားသည်။ ဇော်ဂျီဖိုထားသည့် အရှိန် ညီးညီးတောက်လောင်နေသည့် မီးပုံကြီးမှာလည်း ဘယ်ရောက်ဘယ် ပျောက်သွားမှန်းမသိတော့ပေ။
ဆရာတော်သည် သတိကြီးစွာထား၍ ဇော်ဂျီမှာကြားထားသည့်အ တိုင်း ပထမဆေးလုံးအား ယခင်မီးပုံကြီးရှိမည့် နေရာသို့ မှန်းဆပြီး ပစ် ပေါက်ထည့်လိုက်သည်။ ဝုန်းခနဲ မြည်သံကြီးနှင့်အတူ ထင်းပုံကြီးမှာ ပြန် လည်ပေါ်ထွက်လာပြီး မီးတောက်မီးစွယ်တို့မှာလည်း ပြန်လည်တောက် လောင်လာသည်။မီးရောင်များသည်ဖြူဖွေးသောဘော်ငွေရောင်များကဲ့သို့
အလင်းများ ဖြာထွက်လျက်ရှိသည်။ သိမ့်သိမ့်တုန်အောင် တုန်ခါနေသော မြေပြင်မှာလည်းငြိမ်သက်သွားသည်။
ထိုအချိန်မှာပင် စူးရှကျယ်လောင်စွာ အော်ဟစ်သံများ မုန်တိုင်းတိုက် ခတ်လာသလိုပြင်းထန်သောအရှိန်များနှင့်အနက်ရောင်မည်းမည်းလုံးကြီး များသည် ဆရာတော်ရှိရာသို့ လိမ့်ဆင်းလာကြသည်။ ဆရာတော်အနီး သို့ ရောက်သောအခါ တဝုန်းဝုန်းထပေါက်ကွဲပြီး အမွေးစုတ်ဖွားဖွား ကိုယ် ကာယ ကြီးမားထွားကြိုင်းသော ဘီလူးကြီးများ ဖြစ်လာကြသည်။ အချွန်ပါ သော လက်သည်းရှည်ကြီးများ၊ နီရဲသော ပါးစပ်ပြဲပြဲကြီးများ မီးထတောက် မတတ် လင်ကွင်းကဲ့သို့ ပြူးကျယ်သော မျက်လုံးကြီးများမှ အခိုးအငွေ့များ ထွက်နေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော၊ ကြမ်းတမ်းသောအမွေးရှည်ကြီးများ ပေါက်နေသည့် လက်မည်းမည်းကြီးများနှင့် ဆရာတော်အား ဖမ်းဆီးရန် အပြေးဝင်လာကြသည်။ သို့သော်စည်းဝိုင်းခြစ်ထားသောနေရာအရောက် တွင် တုံ့ခနဲဖြစ်သွားပြီး ဆူညံသော အသံကျယ်ကြီးများပြုလျက် ကြောက် လန့်အောင် ခြောက်လှန့်ကြသည်။
ဆရာတော်သည် သတိကြီးစွာထားလျက် ဇော်ဂျီမှာကြားထားသည့် အတိုင်းဒုတိယဆေးလုံးအားမီးပုံထဲသို့ပစ်ပေါက်ထည့်လိုက်သည်။တဝုန်း

ဝုန်း ပေါက်ကွဲသံများ ဆူညံလျက် မီးပုံကြီးထဲမှ မီးရောင်များသည် ရွှေများ ပျော်ကျလာသကဲ့သို့ ရွှေရောင်များ ဖြာထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသောလူ့ဘီလူးကြီးများမှာလည်းပျောက်ကွယ်သွားကြပြန်သည်။ ထိုစဉ်တောအုပ်အတွင်းမှသာယာနာပျော်ဖွယ်ကောင်းသောတီးမှုတ်
သံများ ကြားလာရသည်။ တစ်စတစ်စနှင့် ဆရာတော်အနီးသို့ ရောက်ရှိ လာသည်။ ချောမောလှပသော နတ်မိမယ်လေးများသည် အရှက်လုံစွာ မလုံ့တလုံ ဖုံးဖိထားသော အဝတ်အစား၊ ဒွါရရာများနှင့် စည်းဝိုင်းနားတွင် ငြိမ့်ညောင်း သွဲ့ပြောင်းစွာ လာပြကြသည်။ ရှိုက်ကြီးဖိုငယ် အသွယ်သွယ် သောပြေပြစ်သည့် အချိုးအဆစ်များနှင့် ဝင်းမွတ်နုချောသော အသား အရေများ ပြုံးရွှင်ကြည်သာသော မျက်နှာညို့ယူဖမ်းစားနေသော မျက်ဝန်း များနှင့် နည်းမျိုးစုံ မာယာသုံးလျက် ဆရာတော်အား မြှူဆွယ်ကြသည်။ မွှေးအီစူးရှသော တောပန်းရနံ့များကလည်း ကြိုင်လှိုင်သင်းပျံ့ လျက်ရှိ သည်။
မွှေးရနံ့များ ထုံရည်လာသောကြောင့် ဆရာတော် ဦးခေါင်းများ မူး နောက်နောက်ဖြစ်လာသည်။ ဆရာတော်သည် သတိကြီးစွာ ထားလိုက် သည်။နတ်မိမယ်အလှများကိုကြည့်၍ဖြစ်ပျက်ရှုလိုက်သည်။ဒွါရကိုးပေါက်
မှ အရိအရွဲ၊ အညစ်အကြေးများ စီးကျလာသည်။ ကိလေသာ၊ တဏှာကို ပယ်သတ်ထားသောဆရာတော်အနေနှင့်ဖောက်ပြန်ခြင်းမရှိ၊ ခံယူချက်က ကျောက်စိုင် ကျောက်သားပမာ မြဲမြဲခိုင်မာလှသည့် နတ်မိမယ်အသွင် ဖန်ဆင်းထားရာမှ ကြောက်မက်ဖွယ်ကောင်းသော နာနာဘာဝများအဖြစ် ရုပ်ပြောင်းသွားကြသည်။
ဆရာတော်သည် ဇော်ဂျီမှာထားသည့်အတိုင်း နောက်ဆုံးကျန်နေ သော ဆေးလုံးအား မီးပုံကြီးထဲသို့ လျင်မြန်စွာ ပစ်ပေါက်ထည့်လိုက် သည်။ ကြောက်မက်ဖွယ် နာနာဘာဝ ရုပ်သွင်များသည် ကွယ်ပျောက်သွား ကြသည်။ ဇော်ဂျီ ဖိုထိုးထားသော မီးတောက်မီးလျှံများသည် ရေနှင့်ဖျန်း လိုက်သကဲ့သို့ မီးငြိမ်းသေသွားသည်။ နူးညံ့သော လေပြေလေညင်းလေး

များ တသုန်သုန် ဝေ့မြူးတိုက်ခတ်လာသည်။ ထိုအချိန်မှာပင် ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာနှင့် ဇော်ဂျီသည် ပြန်လည်ထွက်ပေါ်လာပြီး ဆရာ တော်အား လက်အုပ်ချီလျှောက်ထားလိုက်သည်။
“တပည့်တော်ရဲ့ ကိစ္စအစ၊ အလယ်၊ အဆုံး လုံးလုံးပြီးမြောက် အထွတ် အထိပ်သို့ ရောက်ရှိသွားပါပြီဘုရား။ ဆရာတော်ဘုရားရဲ့ ကူညီပေးမှု ကြောင့်သာ အခုလို ပြီးမြောက်ခြင်း ဖြစ်ရပါတယ်။ အလိုရှိရာ မိန့်တော်မူပါ ဘုရား”
“ကျုပ်-ကိုယ်တိုင်ကလည်း ဝိဇ္ဇာလမ်းပေါက် ထွက်ရပ်ပေါက် သိဒ္ဓိ မြောက်အောင် ကျင့်ကြံအားထုတ်နေတာ။ ဇော်ဂျီလည်း သိရှိပေတာပဲ။ အသင် ဇော်ဂျီက ဘယ်လို ဆက်ပြီး ခရီးထွက်မှာပါလဲ”
“မှန်လှပါ၊တပည့်တော်ဟာထူးဆန်းအံ့ဖွယ်တန်ဖိုးသိဒ္ဓိတွေရှိတဲ့ဆေး
ဂမုန်းများ ပေါက်ရောက်ရာ သီရိရုက္ခတောင်မှာ နေရပါမယ်ဘုရား။ အဲဒီမှာ အနောတတ်ရေအိုင်ရှိပါတယ်။ ဥတုသုံးပါးစလုံး နေရောင်မကျ ရောက်နိုင် တဲ့ရေအိုင်ပါ။ တန်ခိုးကြီးတဲ့ နတ်နဂါး၊ ဂဠုန်၊ ဝိဇ္ဇာဓိုရ်တွေဟာ အနောတတ် ရေကို သုံးသပ်ပြီး ပျော်ပါးကြပါတယ်။ အစာအာဟာရအတွက် အန္တန္တရ သရက်သီးနဲ့ဇမ္ဗူ့ သပြေသီးများကို စားသုံးရပါတယ်။ လွန်ခဲ့တဲ့ အတိတ် ဘဝက အရှင်ဘုရားနဲ့ တပည့်တော်ဟာ ညီအစ်ကို တော်စပ်ခဲ့ပါတယ်။ ဒါကြောင့် အခုလို လာရောက်ပြီး ပါရမီဖြည့်ဆည်းခြင်းဖြစ်ပါတယ်။ အရှင် ဘုရားဟာ တောတောင်ကို အမှီပြုပြီး နေရမှာဖြစ်တာကြောင့် ဣသီဂူဟ အမည်ရှိတဲ့ ဝိဇ္ဇာဓိုရ် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များ ကျင့်ကြံအားထုတ်ရာ ကေသာလတောင်ကို တပည့်တော်ပို့ဆောင်ရပါမယ်ဘုရား”
“ကောင်းပြီ ဇော်ဂျီသိဒ္ဓိ သင်ခေါ်ဆောင်သည့်အတိုင်း ကေသာလ တောင်ကိုလိုက်ခဲ့ပါ့မယ်”
ဤသို့ဖြင့်ဇော်ဂျီသိဒ္ဓိခေါ်ဆောင်ခဲ့ရာမှ ဆရာတော်ဦးနန္ဒိမာလာသည် ကေသာလတောင်သို့ ရောက်ရှိလာခြင်း ဖြစ်ပေတော့သည်။

ဖိုးသာအောင်သည် ဆရာတော်ပြောပြသည့် ဇော်ဂျီသိဒ္ဓိအကြောင်း ကို ထူးဆန်းစွာ ကြားသိလိုက်ရသည်။ ဇော်ဂျီတွေကလည်း အမျိုးမျိုး ရှိပေ လိမ့်မည်။ သူကောက်ရသော ဖေဇော်ဂျီမှာ သူ့နည်းသူဟန်နှင့် တန်ခိုးရှိ သည်ဟုပြောရပေမည်။ဇော်ဂျီသိဒ္ဓိကဖိုဝင်ရန်ဆရာတော်အားအကူအညီ တောင်းခံရန် ရောက်ရှိလာသလို ဖေဇော်ဂျီက ညအချိန်မတော်တွင် ပစ္စည်း ဥစ္စာ ခိုးဝှက်သောဇော်ဂျီဖြစ်သည်။
“ဒါထက် ဇော်ဂျီဆိုတာ ဘယ်လိုဝိဇ္ဇာမျိုးတွေပါလဲ ဘုရား”
“ဝိဇ္ဇာဓရ အတတ်တွေကို အကုန်လုံးပဲဖြစ်ဖြစ်၊ တစ်ဝက်ပဲဖြစ်ဖြစ်ရ ပြီး သိဒ္ဓိမြောက်တဲ့ ပုဂ္ဂိုလ်ပဲ။ ဒါပေမဲ့ – ရထားတဲ့ သိဒ္ဓိနဲ့ ဝိဇ္ဇာဖြစ်သွားအောင် ဖိုမဝင်သေးဘူး။ အတတ်ပညာနဲ့ သိဒ္ဓိတွေပျက်ပြယ်ခြင်းမရှိစေဖို့၊မပြုပြင်ရ
သေးတဲ့အဆင့်မှာပဲရှိတယ်။ဖိုဝင်ပြီးဝိဇ္ဇာလိုသိဒ္ဓိမမြဲသေးတာကြောင့်ပျက် ပြယ်နိုင်တဲ့ အဆင့်မှာရှိတယ်။ မန္တန်ဆေးစုတ်ဝိဇ္ဇာဓိုရ် ဆေးမျက်လှည့် ဝိဇ္ဇာဓိုရ် သုတပြာစား ဝိဇ္ဇာဓိုရ်ဆိုပြီး သုံးမျိုးရှိတယ်”
“အင်္ဂဝိဇ္ဇာဓိုရ်မျိုးနဲ့ အကျိုးတူတဲ့ ဓန၊ လာဘ၊ ကာယ၊ ဝိဇ္ဇာ မန္တသိဒ္ဓိ တွေ ပြီးတယ်။ အပူလောမသိဒ္ဓိနဲ့ ဝိဇ္ဇာမယသိဒ္ဓိတော့ မပြီးဘူး။ ဇော်ဂျီ ဝိဇ္ဇာ ဓိုရ်တွေဟာ လူသူမနီးတဲ့ တောကြီး တောင်ကြီးတွေမှာ နေထိုင်ကြပြီး လူသေ မိန်းမတွေရဲ့ အလောင်းတွေကို အသက်သွင်းကြတယ်။ မိန်းမပျို တွေရဲ့အရိုးကို ရရင်လည်း အသက်သွင်းနိုင်စွမ်းရှိကြတယ်”
“အသက်သွင်းပြီးတော့ ဘာတွေ လုပ်တာလဲ ဘုရား”
“ပျော်ပါးကြတာပေါ့ကွယ် . . . အခြံအရံ တစ်ဖက်တစ်ဖက်မှာ ၅ဝဝဝ လောက်နဲ့ ခံစားနေကြတာပေါ့။ လူသေမိန်းမတွေရဲ့ အရိုးကို မရရင်လဲ အောက်တန်းအဆင့် နတ်မိစ္ဆာန်တွေနဲ့ ပျော်ပါးကြတယ်။ ဇော်ဂျီဝိဇ္ဇာ ဖြစ် သွားရင် ဆင်၊ မြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်တွေရဲ့ ဦးခေါင်း အရိုးတွေကိုလည်း ရှင်စေနိုင်တယ်။ အလိုရှိတဲ့ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ရတနာအမျိုးမျိုး တံတွေးထွေးလိုက်တာနဲ့ ဖြစ်စေနိုင်တယ်။ လူသတ္တဝါတွေ နာဖျားလို့ရှိရင် ရေကိုငုံပြီးထွေးတာနဲ့ ပြန်ကောင်းလာစေနိုင်တယ်”
“ဇော်ဂျီတွေ ပျော်ပါးတတ်တဲ့ သူယောင်မယ်ဆိုတာကော တကယ်ရှိ ပါသလားဘုရား”

“ရှိတာပေါ့ . . . ဖိုးသာအောင် . . . သူယောင်တောဆိုတာ ဟိမဝန္တာ
တောမှာရှိတယ်။ ဟိမဝန္တာ၊ သတ္တရဘန်၊ သီတာခုနစ်တန်ဆိုတာ သူယောင် တောလဲလာတာပေါ့။ အဲဒီအပင်က တခြားအပင်တွေနဲ့ မတူဘူး။ လှပ တင့်တယ်ပြီး သူယောင်သီးတွေဟာ လူမိန်းမ ၁၅ နှစ်၊ ၁၆ နှစ်အရွယ်မျိုး၊ ဘာနဲ့သွားတူသလဲဆိုတော့စတုမဟာရာဇ်နဲ့တာဝတိံသာမှာရှိတဲ့နတ်သမီး တွေလိုပဲ။လွန်စွာမှလှပတင့်တယ် ချောမောကြတယ်။ လေတိုက်လို့ သူ ယောင်သီး တစ်ခုနှင့်တစ်ခု တိုက်မိလိုက်ရင် သာယာနာပျော်ဖွယ်ကောင်း တဲ့စောင်းငြင်းပတ်သာငြိမ့်ငြောင်းတဲ့တူရိယာသံတွေပေါ်ထွက်လာတယ်။
“သူယောင်မယ်တွေရဲ့စကားပြောသံ၊ ရယ်မောသံ၊ သီချင်းဆိုတဲ့အသံ တွေဟာ ဂီတသံတွေနဲ့အတူ ထွက်ပေါ်လာတယ်။ ကြားရတဲ့ သူတွေမှာ သောတအာရုံဘဝင်ငြိပြီး၊ ရသေ့သူတော်စင်တွေ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ် တွေကောင်းကင်မှာဈာန်နဲ့ကြွလာတဲ့ရသေ့တွေတောင်ကိလေသာမီးတွေ ထ စွဲပြီးလောင်ကျွမ်း တောက်လောင်စေနိုင်တယ်။ ဒါကြောင့် မြေပြင်ပေါ်
ပြုတ်ကျပြီးဈာန်လျှောတယ်လို့ပြောကြတာပေါ့”
“သူယောင်မယ်တွေကတစ်သက်လုံး အသက်ရှင်လား ဘုရား”
သေကြေပျက်စီးပုပ်သိုးသွားတယ်။
“ဝိဇ္ဇာဇော်ဂျီတပသီတွေဟာသူယောင်မယ်နဲ့တွေ့ရင်ကာမဂုဏ်အာရုံ မှာ မူးမေ့နစ်မျောသွားကြတယ်။ အဖျက်အဆီးတွေပေါ့ကွာ။ သူယောင်သီး ကို ဆွတ်ယူပြီးတဲ့နောက် ၆ လကြာရင် သူယောင်မယ်တွေနဲ့ပျော်ပါးတဲ့ဝိဇ္ဇာပုဂ္ဂိုလ်တွေဟာ၄လကြာမှပြန်သတိရ တယ်။ ၁၅ နှစ်၊ ၁၆ နှစ် အရွယ် လူမိန်းမပျိုလေးတွေအတိုင်း မိန်းမအင်္ဂါ ရပ် အပြည့်အစုံ ရှိတယ်။ ဆံထုံးက အညှာကနေ ပေါက်ပြီး လှပချောမော ကြတယ်။
“သူယောင်သီးတွေကြွေပြီးပုပ်တဲ့အနံ့ဟာလူသေပုပ်တဲ့အနံ့မျိုးထွက် တယ်။ပုပ်ပြီးကြွေကျတဲ့သူယောင်သီးတွေကိုဟိမဝန္တာမှာနေတဲ့ဆဒ္ဒန်ဆင် မင်းတွေကစားကြတယ်။ အဲဒီတောမှာအသက်ရှည်စွာနေထိုင်ပြီး အထက် အမြင့်ကိုယူဇနာခြောက်ဆယ် ပျံတက်နိုင်တဲ့ သံဝိဇ္ဇာတစ်ပါးရှိတယ်” “သူ့အသားအရေက ရွှေအဆင်းလို တောက်ပတယ်။ ခြေသည်းလက် သည်းတွေက ဟင်္သပဒါးလို နီရဲတယ်။ မျက်လုံးတွေက ပတ္တမြားကျောက်

လို ရဲရဲနီတယ်။ သေသဝိဇ္ဇာလို့ ခေါ်တဲ့ သံဝရမာလာသံဝိဇ္ဇာကြီးက အုပ်ချုပ် နေထိုင်တယ်။ လောကီဈာန်အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မှ သူယောင်တောကို သွားလဲမသွားကြဘူး။ နေလဲမနေကြဘူး”
“သူယောင်မယ်တွေက
ဘုရား”
ဟိမဝန္တာတောမှာ တကယ်ရှိတာလား
“ဝိဇ္ဇာဓိုရ်နဲ့ ထွက်ရပ်ပုဂ္ဂိုလ်သူတော်စင်တွေ သီတင်းသုံးတဲ့ သုဒဿန တောင်ဆိုတာရှိတယ်။ ရွှေရောင်တွေ တဖိတ်ဖိတ်တောက်ပနေပြီး အမြင့် ယူဇနာ၁၅ဝရှိတယ်။ တောင်ထိပ်မှာ လျှပ်စစ်လျှပ်နွယ်တွေနဲ့ တောက်ပနေ တယ်။ ရွှေလိုဏ်ဂူနှစ်ခုလည်းရှိတယ်။ ဂူအတွင်း အလျား၊ အနံ၊ အကျယ်၊ တစ်ယူဇနာရှိတယ်။ နတ်သမီးတွေ နတ်သားတွေ ပွဲသဘင်ပြုလုပ်တဲ့ လိုဏ်ဂူ အပေါက်ပေါင်း နှစ်ဆယ်ရှိတယ်။ လိုဏ်ဂူထဲမှာ ယန္တာမန္တဝိဇ္ဇာတွေ ရှိသလို နရကဒလီ သူယောင်မယ်တွေလည်းရှိတယ်။
“ဇော်ဂျီဆိုတာ အလွန်တရာ ထူးဆန်းတဲ့ ပုဂ္ဂိုလ်တွေပါပဲ ဘုရား” & & &
နောက်ရက်များတွင် ဆရာတော် ဦးနန္ဒမာလာ ခေါ်ဆောင်ရာ နောက် သို့လိုက်ရင်း တောတောင်အနှံ့ ရောက်ခဲ့ရသည်။ တောထဲတွင် ဆေးစုရင်း ဆေးဖက်ဝင် ဂမုန်းများအကြောင်းကို သိရှိခဲ့ရသည်။ ဆေးပညာရပ်များကို လည်း သင်ကြားခဲ့ရသည်။ ဖိုးသာအောင် စိတ်ထဲတွင် ရွာကို ပြန်သတိရ
နေသည်။
“မင်း…မြင်ဝါးတောင်ရွာကို ပြန်သွားချင်ပြီလား” “တင်ပါ့ ဘုရား”
“အင်း…တစ်နှစ်လောက်ရှိပြီဆိုတော့မင်းအမေလည်း စိုးရိမ်နေရော့
မယ်။ ပြည့်စုံပါပြီ၊ ရွာကို ပြန်ရောက်ရင် လူသတ္တဝါတွေရဲ့အသက်ကို ဇီဝိတ ဒါနပြုကုသ ပေးရမယ်။ ဝိဇ္ဇာပညာရပ်တွေကို လိုက်စားတဲ့အတွက် ကြီးပွား ချမ်းသာတဲ့ သူဌေးကြီးလည်း ဖြစ်လာလိမ့်မယ်။ မင်းပြန်မယ်ဆိုရင် ပြန်လို့ ရပါပြီ”
“တပည့်တော် အခုရောက်နေတာက စစ်ကိုင်းတောင်ရိုးမှာ တပည့် တော် နေတဲ့ ရခိုင်ရိုးမနဲ့ အဝေးကြီးပဲ ဘုရား”

“ဒါကလွယ်ပါတယ်၊ မင်းစိတ်ထဲမှာ ငါနေထိုင်တဲ့မြင်ဝါးတောင်ရွာပြန် ရောက်ပြီးလို့ အောက်မေ့လိုက်၊ မျက်စိမှိတ်ထား၊ ရွာပြန်ရောက်ပြီလို့ စိတ် ထဲမှာတွေးထား၊ တွေးထား”
ဖိုးသာအောင်သည် ဆရာတော်ပြောသည့် စကားသံများ တဖြည်း ဖြည်း ဝေးသွားပြီး ပျောက်ကွယ်သွားသလို သူကိုယ်တိုင် မည်သို့ဖြစ်ပျက် သွားသည်ကို သတိမရတော့ပေ။

မြင်ဝါးတောင်ရွာလေးသည် အမှောင်ထုထဲတွင် တိတ်ဆိတ်လျက်ရှိ သည်။ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျနေသော ဖိုးသာအောင်မှာ သူ့ခါး တွင် ပူခနဲ ဖြစ်သွား၍ လန့်နိုးသွားသည်။ မျက်စိဖွင့်၍ ကြည့်လိုက်သော အခါ သူ့အိပ်ရာဘေးတွင် ရပ်နေသော ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာ ဇော်ဂျီအား မြင်တွေ့လိုက်ရသည်။ သူမှတ်မိသွားသည် ဇော်ဂျီငတက်ဖျား ပါလား…။ ဖိုးသာအောင် ရင်ထိတ်သွားသည်။
“ဖေဇော်ဂျီပါလား…ကျွန်တော့်ကို ဒုက္ခမပေးပါနဲ့တော့ဗျာ” “ဟား…ဟား…ဟား”
ဖေဇော်ဂျီက သဘောကျစွာ ရယ်မောလိုက်သည်။ ဖေဇော်ဂျီထံမှ အသံထွက်လာသဖြင့် ဖိုးသာအောင် အံ့ဩသွားသည်။ ဟိုတုန်းကဆိုလျှင် ဖေဇော်ဂျီ က စကားမပြောပေ။တောင်ဝှေးနှင့်ထောက်၍ လမ်းညွန်စေခိုင်း ခဲ့ခြင်းဖြစ်သည်။ ယခု ဖေဇော်ဂျီ စကားပြောသဖြင့် ဝမ်းသာသွားသည်။ သူပြောချင်တာကို ဖေဇော်ဂျီ နားလည်အောင် ပြောခွင့်ရတော့မည် ဖြစ် သည်။
“သူတစ်ပါး ပစ္စည်းတွေ ခိုးဖို့ မလုပ်ပါနဲ့တော့ ဖေဇော်ဂျီရာ” “ဟား…ဟား…ဟား”
ဖေဇော်ဂျီကထပ်မံရယ်လိုက်ပြန်သည်။
“မင်း . . . အခု ရောက်နေတာ ဆရာတော်နဲ့ စစ်ကိုင်းတောင်ရိုးမှာ မဟုတ်တော့ဘူး။မင်းရွာမင်းအိမ်ကိုပြန်ရောက်နေတာ။မင်းကိုပစ္စည်းတွေ
ခိုးခိုင်းဖို့ ရောက်လာတာမဟုတ်ဘူးကွာ။ မင်းကျေးဇူးတွေ ရှိတယ်။ ဒါ ကြောင့်မင်းကို ကျေးဇူးဆပ်ရအောင် မစရအောင် ငါရောက်လာတာပဲ”

“ကျွန်တော်က ဖေဇော်ဂျီကို ဘာများလုပ်ပေးလို့လဲ”
“မင်းကျေးဇူးကြောင့် ငါလည်းဆရာတော်ဦးနန္ဒမာလာရှေ့ရောက်ခွင့် ရတာပဲ။ ကေသာလတောင်မှာ ဆရာတော်ထံ အပြစ်တွေ ဝန်ချတောင်းပန် ပြီး ငါ့ ဒဏ်ခတ်ခံထားရတာတွေ လွတ်မြောက်ခဲ့ရတယ်။ ငါ့ဆရာတွေရှိတဲ့ အာယုဒီဃတောင်ကို ပြန်သွားခွင့်ရခဲ့တာပေါ့။ မင်းသာ ငါကို ယူဆောင် မသွားရင် ဆရာတော်နဲ့ တွေ့ ခွင့်ရမှာ မဟုတ်သလို ငါ့အပြစ်တွေလည်း လွတ်မြောက်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ မင်းကို ငါက ကျေဇူးတင်နေ ရတာပေါ့”
“အဲဒီတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ…”
“ဘာလုပ်ရမှာလဲဆိုတော့ ဆရာတော် ဦးနန္ဒမာလာ ခေါ်သွားတာကို ရွာမှာ ဘယ်သူမှ မသိစေနဲ့။ မင်း တွေ့ရ ကြုံရတာတွေကို ပြောပြလည်း

ဘယ်သူမှ ယုံကြည်ကြမှာမဟုတ်ဘူး။ အခု မင်းကြိုက်နေတဲ့ မြတ်လေးငုံ ဟာ ပြုစားခံထားရလို့ နေမကောင်းဖြစ်နေတယ်။ မင်းဆေးသွားကုပေး ပါ။ ပြီးရင် မြတ်လေးငုံနဲ့ အိမ်ထောင်ပြုရမယ်။ တောင်ပေါ်ကျောင်းမှာ ဆရာ တော်ဦးနန္ဒမာလာ ဖိုထိုးတဲ့နေရာကို သိတယ်မဟုတ်လား”
“သိပါတယ်…”
“အေး…အဲဒီမှာဆရာတော်ကိုရည်စူးပြီး”ဂန္ဓာရီ”ဘွဲ့တော်နဲ့စေတီတစ် ဆူတည်ရမယ်။စေတီတည်ထားကိုးကွယ်ဖို့ဘာအခက်အခဲမှမရှိစေရဘူး။ မင်းကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်ပါ။ လိုအပ်တာတွေ အကုန်လုံး ငါဖြည့်ဆည်းပေးမယ်”
ဇော်ဂျီငတက်ဖျားသည် ဖိုးသာအောင်အား စေတီတစ်ဆူတည်ထား ရန်မှာကြားပြီးပျောက်ကွယ်သွားလေသည်။
မြင်ဝါးတောင်ရွာထိပ်ရှိ တောင်ကုန်းပေါ်တွင် တည်ထားသော ဂန္ဓာရီ ရွှေစေတီမှ တချွင်ချွင် ဆည်းလည်းသံလေးများကို ကြည်နူးဖွယ် ကြားနေရ သည်။ ကျွန်ုပ်သည် မြင်ဝါးတောင် ရွာလေးသို့ အလည်အပတ် ရောက်ရှိ သွားရာမှ တောင်ပေါ်ကျောင်းရှိ ဆရာတော်ကြီးအား ဖူးမြော်ကန်တော့ ခဲ့သည်။ ဆရာတော်ကြီးမှာ သက်တော် ၈ဝ ခန့် ရှိပြီဖြစ်၍ ရှေ့မီ နောက်မီ ဆရာတော်ကြီး ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ ကျော်က အင်္ဂလိပ် အစိုးရလက်ထက်တွင် သူတို့ မြင်ဝါးတောင် ရွာသားတစ်ဦးဖြစ်သော ဖိုးသာအောင်ဆိုသည့် ထူး ဆန်းသည့် လူတစ်ယောက်အကြောင်းကို ပြောပြ၍ သိရှိခဲ့ရသည်။ ဖိုးသာ အောင်သည် ရွှေ၊ ငွေ၊ ရတနာ ဥစ္စာပစ္စည်းမည်မျှ ချမ်းသာခဲ့သည်မသိရပေ။ တောင်ပေါ်ကျောင်းဝန်းတွင်းရှိ တောင်ကုန်းပေါ်တွင် စေတီပုထိုးများ၊ တန် ဆောင်းများ ဆောက်လုပ်လှူဒါန်းခဲ့သည်။ ကျောင်းတိုက်ကြီး အဝင်တံခါး ဘောင်ပေါ်တွင် ကနုတ်ပန်းနှင့် ဆင်ဆင်တူ ရှေးဟောင်း စာတန်းတစ်ခုကို ကမ္ပည်းထိုးထားသည်။

“အလှူရှင် ဦးဖိုးသာအောင်နှင့်ဇနီးဒေါ်မြတ်လေးငုံတို့ကောင်းမှု”
“အရှင်ဘုရားကိုလျှောက်တင်ပရစေဘုရား။စောစောကအရှင်ဘုရား အမိန့်ရှိတဲ့အတိုင်းလွန်စွာမှထူးဆန်းတဲ့ဦးဖိုးသာအောင်ဒေါ်မြတ်လေးငုံတို့ အကြောင်းကို သိရပါပြီဘုရား။ သူတို့နှစ်ဦးဟာ ဘယ်လောက်အသက်ရှည် နေထိုင်သွားကြတာပါလဲဘုရား”
ကျွန်ုပ်သည် ဦးဖိုးသာအောင်၏ နောက်ဆုံး အဆုံးသတ်ကို သိလို၍ လျှောက်ထားလိုက်သည်။
“ဒီလိုကွယ့် ဘုန်းကြီးရဲ့ အရင်ကျောင်းထိုင်ဆရာတော်ကြီး ပြောပြခဲ့ဖူးတယ်။ သူတို့နှစ်ယောက်က (၁၀) နှစ်လောက် ပေါင်းသင်းခဲ့ကြ တယ်။ ထူးဆန်းတာက ရွှေ၊ ငွေ ရတနာ ပစ္စည်းတွေ ဘယ်ကနေဘယ်လို တိုးပွားလာတယ်ဆိုတာ မသိရဘူး။ ဖိုးသာအောင်က အသက် (၃ဝ)၊ မြတ် လေးငုံက အသက် (၂၈) နှစ် အရွယ်မှာ ကွယ်လွန်သွားကြတယ်။ အမှန် တော့ မြတ်လေးငုံကိုပါ ဖိုးသာအောင်က ထွက်ရပ်လမ်း၊ ဝိဇ္ဇာပညာတွေ ကို သင်ပေးနေတာကိုး။ ထွက်ရပ်ပေါက်သွားတဲ့သူတွေဟာ သူတို့ကိုယ် သူတို့ ရုပ်ဖျောက်သွားကြတယ်။ နားလည်တဲ့သူတွေက သူတို့ လင်မယား သင်္ဂြိုဟ်မယ်လုပ်တော့ခေါင်းတွေကိုဖွင့်ကြည့်လိုက်တာအလောင်းတွေက
မရှိတော့ဘူး”
“ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားတာလဲဘုရား”
“ဒါတော့လည်း ဘယ်သိပါ့မလဲကွယ်”
` နန်းကြော့သျှင်

Zawgyi Version

ေဖေဇာ္ဂ်ီငတက္ဖ်ား(စ/ဆုံး)
———————————–
ေတာရိပ္ေတာင္ရိပ္မ်ားေၾကာင့္အေအးဓာတ္ကသိသိသာသာႀကီး
ေအးစိမ့္လ်က္ရွိသည္။ပိုးသာေအာင္သည္ သူယခုေရာက္ရွိေနေသာေနရာအား မည္သည့္အရပ္ေဒသမွန္းလည္းမသိ၊ ျမင္ျမင္သမွ်အရာအားလုံးတို႔မွာ ထူးဆန္းအံ့ဩဖြယ္ရာမ်ားႏွင့္ ျပည့္ႏွက္ေနေပသည္။ ေတာင္ခိုးမ်ားေဝေနေသာ ေတာင္စဥ္အထပ္ထပ္ မႈိင္းညိဳ႕ေနေသာသစ္ေတာႀကီးမ်ားအားစားခ်င္သဖြယ္ သစ္သီးဝလံတို႔မွာလည္းအဆင္သင့္ လွမ္းဆြတ္ခူးစာ႐ုံ မွည့္႐ြမ္းျပည့္ၿဖိဳးလ်က္ ပင္လုံးၫႊတ္သီးေနၾကသည္။

တရားထိုင္ တရားက်င့္ေနေသာ သူေတာ္စင္မ်ား၊ ေဒါက္ျခာေဆာင္း ထားေသာရေသ့မ်ား ဝိဇၨာေဇာ္ဂ်ီ၊ တပသီမ်ားကိုလည္း ထူးထူးျခားျခား ျမင္ေတြ႕ေနရသည္။ မဟာဂႏၶာရီ ထြက္ရပ္ေပါက္ဝိဇၨာလမ္းကို အထပ္ထပ္ ပြားမ်ားအားထုတ္ေနၾကသူမ်ားျဖစ္သည္။ ဆရာေတာ္ဦးနႏၵမာလာေနာက္ တြင္လိုက္ပါရင္း ေလွ်ာက္တင္လိုက္သည္။
“တပည့္ေတာ္တို႔ ဘယ္အရပ္ဘယ္ေဒသကိုေရာက္တာလဲဘုရား” “ေဟာဒါက…ေကသာလေတာင္ ဣသီဂူဟလို႔လည္းေခၚတယ္”
ေငြေရာင္တလက္လက္ေတာက္ပေနေသာေက်ာက္ဂူႀကီးအားလက္ ညႇိဳးၫႊန္ၾကရင္း ေျပာလိုက္သည္။ ဖိုးသာေအာင္ကိုယ္တိုင္ မည္သို႔မည္ပုံ ေရာက္ရွိလာသည္ကိုလည္း စဥ္းစားမရေပ။ ျမင္ဝါးေတာင္တြင္ ဝါးခုတ္ေန စဥ္အတြင္း က်ားဆြဲမည့္အႏၲရာယ္မွ လြတ္ေျမာက္ရန္ အခ်ိန္မီကယ္တင္ လာျခင္းျဖစ္သည္။
“ျမင္ဝါးေတာင္ ဝါးေတာထဲမွာ ဝါးခုတ္ေနရင္း မင္းကို က်ားဆြဲေတာ့ မယ္ဆိုတာ ငါသိတယ္။ ဒါေၾကာင့္မို႔လို႔ ဒီေကသာလေတာင္ကို ေခၚလာရ
တာပဲ”
ဆရာေတာ္ ဦးနႏၵမာလာမွာ ဖိုးသာေအာင္တို႔ ေနထိုင္ေသာ ျမင္ဝါး ေတာင္႐ြာေတာင္ေပၚေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ျဖစ္သည္။ လြန္ခဲ့ ေသာငါးႏွစ္ခန႔္ကပ်ံလြန္ေတာ္မူသြားၿပီဟု ထင္မွတ္ထားခဲ့ၿပီး ႐ြာမွ ေပ်ာက္
ခ်င္းမလွ ေပ်ာက္ကြယ္သြားသည့္ဆရာေတာ္ျဖစ္သည္။
“တပည့္ေတာ္ကို ေခၚလာတာ ဘာအေၾကာင္းကိစၥေတြ ရွိေနလို႔ပါလဲ
ဘုရား”
“မင္းကစိတ္ရင္းေစတနာေကာင္းတယ္။မဟုတ္တာလည္းမလုပ္ဘူး၊ မိခင္အိုႀကီးကို လုပ္ေကြၽးေနတာ … မင္းကို ပညာသင္ေပးဖို႔ ဒီကိုေခၚလာ တာပဲ၊ နက္နဲတဲ့ေဆးပညာေတြသင္ရမယ္။ ျမန္မာေဆးပညာမွာက အဘိ ဓမၼာေဆး၊ ဗိေႏၶာေဆး၊ နကၡတ္ေဆး၊ ႀတိသတ္ေဆး၊ ပေယာဂေဆးဆိုၿပီး ငါးမ်ိဳးရွိတယ္၊ ေကသာလေတာင္ေပၚမွာ ငါနဲ႔အတူေနၿပီး ေဆးပညာေတြ သင္ရမယ္။ၿပီးမွတတ္ေျမာက္ၿပီးမွျမင္ဝါးေတာင္ကိုျပန္သြားလို႔ရၿပီ။ဟိုျပန္ ေရာက္ရင္ တတ္ေျမာက္ထားတဲ့ေဆးပညာနဲ႔ လူသတၱဝါေတြရဲ႕အသက္

ေတြကို ဇီဝိတဒါနျပဳၿပီး ကယ္တင္ရမယ္။ ဘယ္လိုလည္း မင္းသင္မယ္
မဟုတ္လား”
“တပည့္ေတာ္ကြၽမ္းက်င္တတ္ေျမာက္ေအာင္ သင္ပါ့မယ္ဘုရား” “ေအးကြယ္…. သာဓု…သာဓု…သာဓု….
ဖိုးသာေအာင္သည္ ဆရာေတာ္၏ ၾကည္လင္ဝင္းပေသာ မ်က္ႏွာ ေတာ္အား ႐ိုက်ိဳးစြာ ဦးခိုက္ပူေဇာ္ရင္း မိန႔္ၾကားသည္မ်ားကို ဂ႐ုတစိုက္ နားေထာင္ေနမိသည္။ ဆရာေတာ္ႏွင့္ အတူေနထိုင္ရင္း ေဆးပညာမ်ား သင္ယူရမည္ ဆိုေသာေၾကာင့္ ႐ြာတြင္က်န္ခဲ့သည့္ အေမအိုႀကီးအား ျပန္ သတိရလိုက္သည္။ မိခင္ျဖစ္သူ ေဒၚေအးညိဳမွာ အသက္ရာေက်ာ္ အိုႀကီး အိုမႏွင့္ လုပ္ကိုင္ရွာေဖြ စားေသာက္ႏိုင္သူမဟုတ္။ မိခင္ႀကီးအား မိမိကပင္ ရွာေဖြလုပ္ကိုင္ ေကြၽးေမြးျပဳစုခဲ့ရသည္။ မိခင္အတြက္ စိုးရိမ္ပူပန္မိသည္။ ဆရာေတာ္သည္ သူ႔စိတ္ထဲခံစားမႈကို သိရွိပုံရသည္။
“မင္း-ဘာမွ ပူပင္ေသာက ေရာက္ေနစရာ မလိုဘူး၊ ဒကာမႀကီး ေဒၚေအးညိဳအတြက္ ေငြပြားငါးမူးေစ့ေလး တစ္ေစ့ေလာက္ရွိရင္ စားေသာက္ စရာလုံေလာက္ပါတယ္”
“ေငြပြားငါးမူးေစ့ဆိုတာက ဘယ္လိုပါလဲဘုရား…”
“မင္းအေမလက္ထဲမွာ အဲဒီေငြပြားငါးမူးေစ့ေလးရွိေနလို႔ရွိရင္ ဘယ္
ေတာ့မွသုံးမကုန္ေတာ့ဘူး၊ဘာပစၥည္းပဲဝယ္ဝယ္၊အဲဒီေငြပြားငါးမူးေစ့ေလး က သူ႔အလိုလို ျပန္ေရာက္လာတာပဲ”
ဖိုးသာေအာင္သည္ ဆရာေတာ္ေျပာျပသည့္ေငြပြားငါးမူးေစ့အေၾကာင္း ကိုေတြးမိရင္း သူ႔ထံတြင္ပါလာေသာ ကတၱီပါအိတ္ေလးထဲတြင္ ထည့္ထား သည့္ ထူးဆန္းသည့္ ေဖေဇာ္ဂ်ီ႐ုပ္ေလးကို အမွတ္ရသြားသည္။ ေဖေဇာ္ဂ်ီ ႐ုပ္ေလးမွာလည္း သူႏွင့္မခြဲမခြာ ပါရွိလာသည္။
“ေငြပြား ငါးမူးေစ့ေလးက ျပန္ျပန္ေရာက္လာတယ္ဆိုေတာ့ ေရာင္းတဲ့ သူ ဆီက ခိုးရာမက်ဘူးလားဘုရား
“ခိုးရာမေရာက္ပါဘူး၊ ေရာင္းတဲ့သူဆီမွာလည္း အဲဒီေငြပြားေစ့ေလး က မေပ်ာက္မပ်က္ရွိေနတာပဲ၊ ဘယ္လိုလုပ္ ခိုးဝွက္ယူရာေရာက္မလဲ။ မင္းအေမဆီမွာလည္း ရွိေနတာပဲ။ ေရာင္းတဲ့သူဆီမွာလည္း ရွိေနတာပဲ။ ဒါေၾကာင့္မို႔ေငြပြားငါးမူးေစ့လို႔ ေျပာတာေပါ့”

“အေမ့အတြက္ ေနထိုင္စားေသာက္ေရး ပူပင္စရာမရွိေတာ့လည္း တပည့္ေတာ္ စိတ္ေအးရပါၿပီဘုရား။ ဒီေကသာလေတာင္မွာ ဆရာေတာ္
သင္ေပးမယ့္ေဆးပညာေတြကိုတတ္ေျမာက္ေအာင္သင္ယူပါ့မယ္ဘုရား”
“အိမ္း…ေကာင္းပါေပတယ္ကြယ္.. သာဓု..သာဓု.သာဓု”
ဆရာေတာ္ထံမွေနာက္ထပ္စကားသံမၾကားရေတာ့ေပ။အေရာင္မ်ား တလက္လက္ေတာက္ပေနေသာ ဂူထဲသို႔ ဝင္လိုက္ၾကသည္။ ဂူထဲတြင္ တိတ္ဆိတ္ေနေပသည္။ ဖိုးသာေအာင္ ႐ြာကိုသတိျပန္ရေနမိသည္။ မိခင္ ျဖစ္သူ ေဒၚေအးညိဳ၊ သူတစ္ဖက္သတ္ ႀကိဳက္ေနေသာ ျမေလးငုံႏွင့္ သူ႔ထံ သို႔ ထူးဆန္းစြာ ေရာက္ရွိလာေသာ ေဖေဇာ္ဂ်ီအေၾကာင္းကို ျပန္လည္ အမွတ္ရမိလိုက္သည္။

ျမင္ဝါးေတာင္႐ြာသည္ ရခိုင္႐ိုးမအေရွ႕ဘက္ ေတာင္ႏွာေမာင္းတစ္ခု ကို ေျမႇာင္ကပ္၍ ေတာင္ကုန္းတစ္ခုေပၚတြင္ တည္ထားေသာ ႐ြာေလးျဖစ္ သည္။ ေတာရိပ္ေတာင္ရိပ္မ်ားႏွင့္ ေအးခ်မ္းသာယာေသာ ႐ြာေလးျဖစ္ သည္။ ႐ိုးမေတာႀကီးထဲသို႔ မေရာက္ခင္ ေတာင္စြယ္မ်ားျဖစ္ေသာ ေငြ ေတာင္၊ ပေဒါင္းေတာင္၊ စပါးပုံေတာင္၊ ခ်ဘုေတာင္မ်ားႏွင့္ အလုံေခ်ာင္း၊ ကြၽန္းေခ်ာင္း၊ ပေတာေခ်ာင္းမ်ားသည္ ေတာင္ေျခမ်ားတြင္ ပတ္ေခြစီးဆင္း လ်က္ရွိသည္။
႐ြာသူ႐ြာသားမ်ားမွာလည္း ေတာတက္ထင္းခုတ္၊ လယ္ယာစိုက္ပ်ိဳး ေရးလုပ္ငန္းမ်ား လုပ္ကိုင္ရင္း အသက္ေမြးဝမ္းေၾကာင္းျပဳၾကသည္။ ထို႐ြာ တြင္ဖိုးသာေအာင္ဟုအမည္ရွိေသာအသက္(၂ဝ) ခန႔္လူငယ္တစ္ေယာက္ သည္ မုဆိုးမမိခင္ႀကီး ေဒၚေအးညိဳအား ေတာတက္၊ ဝါးခုတ္လုပ္ ေကြၽးျပဳ စုလ်က္ရွိသည္။ ေဒၚေအးညိဳတို႔ သားအမိႏွစ္ဦးစလုံးမွာ ႐ိုးသားျခင္း၊ စိတ္ရင္းေကာင္းျခင္း၊ ေဖာ္ေ႐ြျခင္းတို႔ေၾကာင့္ ႐ြာသူ႐ြာသားမ်ားက အားလုံး ခ်စ္ခင္ၾကသည္။ ထိုေန႔က ဖိုးသာေအာင္သည္ ျမင္ဝါးေတာင္ေပၚတက္ ၿပီး ဝါးခုတ္ရန္အတြက္ အဖြဲ႕ေခါင္းေဆာင္ ကိုညိဳေမာင္အိမ္မွ လုပ္ငန္း ကိစၥမ်ားေျပာဆိုၿပီးအိမ္ျပန္လာခဲ့သည္။

အျပန္လမ္းတြင္ လမ္းေဘးတစ္ေနရာရွိ ကပ္ေစးႏွဲပင္မ်ားၾကားတြင္
လက္တစ္ဝါးခန႔္ရွိေသာနီနီအရာဝတၳဳတစ္ခုကိုအမွတ္မထင္လွမ္းျမင္ေတြ႕ လိုက္ရသည္။ အနီးသို႔ တိုးကပ္ေလွ်ာက္သြားၿပီး ေကာက္ယူၾကည့္လိုက္ သည္။ ကတၱီပါပိုးသားအိတ္ရႈံ႕ေလး တစ္ခုျဖစ္ေနသည္။ အိတ္ဝထိပ္တြင္ ဖြင့္ပိတ္ႏိုင္ရန္ ပိုးႀကိဳးအနက္ကေလးႏွင့္ တြဲခ်ည္ထားသည္။ အတြင္း ဘက္သို႔ စမ္းၾကည့္လိုက္ေသာအခါ မာမာေတာင့္ေတာင့္ အရာဝတၳဳတစ္ခု ျဖစ္ေနေပသည္။
ဖိုးသာေအာင္သည္ အိတ္ရႈံ႕ေလးအား ဆြဲဆန႔္ၿပီးအထဲမွ မာမာအရာ ဝတၳဳအား ထုတ္ၾကည့္လိုက္သည္။ ေတြ႕လိုက္ရေသာပစၥည္းမွာ ထူးဆန္း ေသာ အ႐ုပ္ကေလးျဖစ္ေန၍ စိတ္ဝင္တစားလွည့္ပတ္ၿပီး ေသခ်ာၾကည့္ မိလိုက္သည္။ အ႐ုပ္ကေလးမွာ (၃) လက္မခန႔္ အျမင့္ရွိ ေဖေဇာ္ဂ်ီ႐ုပ္ေလး တစ္႐ုပ္ျဖစ္ေနေပသည္။
ထူးဆန္းေသာ ေဖေဇာ္ဂ်ီ႐ုပ္ေလးအား ျပန္ထည့္လိုက္ၿပီး ထိပ္ဝမွ ႀကိဳးစအား တင္းတင္းဆြဲခ်ည္ထားလိုက္သည္။ ထိုစဥ္မွာပင္ သူ႔တစ္ကိုယ္ လုံးသည္ၾကက္သီးေမြးညင္းမ်ားတဖ်န္းဖ်န္းေထာင္ထလာသည္ ထူးေတာ့ အေတာ့္ကိုပင္ ထူးဆန္းေနသည္။ ဒီလို အေတြ႕အႀကဳံမ်ိဳး တစ္ခါဘူးမွ ေတြ႕ႀကဳံခဲ့ျခင္းမရွိေပ။ ေဘးဘီဝဲယာကို လွည့္ၾကည့္လိုက္ေသာ္လည္း သူ႔ အနီးအနားတြင္ တစ္ဦးတစ္ေယာက္မွမရွိေပ။ ခပ္လွမ္းလွမ္းတြင္ ႏြား ေက်ာင္းေနေသာ ႏြားေက်ာင္းသားေလးမ်ားႏွင့္ ႏြားတစ္အုပ္ကိုသာ ျမင္ေတြ႕ရသည္။
ေဖေဇာ္ဂ်ီ႐ုပ္ေလးထည့္ထားေသာ ကတၱီပါပိုးသားရႈံ႕ အိတ္ေလးအား
အက်ႌအတြင္းရင္ဘတ္ထဲသို႔ထိုးသြင္းလိုက္ၿပီးခပ္သုတ္သုတ္ေလွ်ာက္ကာ အိမ္သို႔ျပန္လာခဲ့သည္။ေဒၚေအးညိဳကေျခသံၾကား၍လွမ္းေမးလိုက္သည္။
“ဖိုးသာေအာင္ . . . သား . . .ျပန္လာၿပီလား။ ကိုညိဳေမာင္တို႔က ဘယ္ရက္ေလာက္ေတာတက္မယ္ေျပာလိုက္လဲ”
“ဝါးေဖာင္ဝယ္မယ့္ကုန္သည္ေတြေစာင့္ရဦးမယ္လို႔ေျပာတယ္အေမ၊ ေနာက္ရက္ေတြမွပဲ ေတာတက္ရမယ္ထင္တယ္” “ေအး..ေအး…ဒါျဖင့္လည္း သား အိပ္ေတာ့….”

ဖိုးသာေအာင္သည္အိပ္ရာထဲသို႔ဝင္လိုက္ၿပီးလဲေလ်ာင္းလိုက္သည္။
ကတၱီပါ ပိုးသားနီယံ အိတ္ေလးထဲမွ ေဖေဇာ္ဂ်ီ႐ုပ္ကေလးကို ထုတ္ယူ ၿပီး ေသခ်ာစြာ ၾကည့္လိုက္သည္။ လူတစ္ေယာက္ကဲ့သို႔ပင္ နား၊ ႏွာေခါင္း၊ မ်က္လုံး၊ ကိုယ္လုံးကိုယ္ထည္ ေဇာ္ဂ်ီဦးထုပ္၊ ေဇာ္ဂ်ီအဝတ္အစား၊ ေဇာ္ဂ်ီ ေတာင္ေဝွးတို႔ႏွင့္ အခ်ိဳးစားနားက်နစြာ ထုလုပ္ထားသည္။
(၃) လက္မခန႔္ ျမင့္ေသာ ေဇာ္ဂ်ီ႐ုပ္ေလးမွာ ပိုးေဇာ္ဂ်ီေသြး ပုဆိုးကို ခါးထက္တြင္ ဝတ္ဆင္လ်က္ ေအာက္ပိုးက်ိဳက္ထားသည္။ ဒူးေခါင္းရင္း အထက္တြင္ လူတစ္ေယာက္ကဲ့သို႔ ထိုးကြင္မင္ေသ့မ်ား ထိုးထားသည္ကို ေတြ႕ရသည္။ ခႏၶာကိုယ္အေပၚပိုင္းတြင္လည္း ပိုးေဇာ္ဂ်ီေသြး ကိုယ္က်ပ္ အက်ႌကို က်က်နန ဝတ္ဆင္ထားသည္။ ေဇာ္ဂ်ီဦးထုပ္ကို ေဆာင္းထား သည္။ တည္ၾကည္ခန႔္ညားေသာ မ်က္ႏွာ၊ ႏႈတ္ခမ္းေမြး၊ မုတ္ဆိတ္ေမြးမ်ား၊ နီေၾကာင္ေၾကာင္ဆံပင္ေမြးမ်ားႏွင့္ အ႐ုပ္ပင္ ျဖစ္လင့္ကစား သက္ရွိေဇာ္ဂ်ီ တစ္ဦးကဲ့သို႔ အသက္ဝင္မာန္ပါသည္။ လက္ထဲတြင္လည္း အပ္ေခ်ာင္း ေလာက္သာရွိေသာ ေဇာ္ဂ်ီေတာင္ေဝွးအား ျမင္းႀကိမ္ကိုင္သလို ႐ိုး႐ိုးပင္ ဆုပ္ကိုင္ထားသည္။
ဖိုးသာေအာင္သည္ အသက္ဝင္ေနသလို အဂၤါစုံထုလုပ္ထားသည့္ ေဇာ္ဂ်ီ႐ုပ္ကေလးအား မေမွ်ာ္လင့္ပဲ ေကာက္ရခဲ့သည့္အတြက္ ေက်နပ္ ေပ်ာ္႐ႊင္သြားသည္။ ၾကက္တြန္သံမ်ား ၾကားလိုက္ရသည္။ ညဥ့္နက္လာၿပီ ျဖစ္၍ ေဇာ္ဂ်ီ႐ုပ္ထည့္ထားေသာ ကတၱီပါအိတ္နီေလးအား သူအိပ္သည့္ ေခါင္းအုံးေအာက္သို႔ထိုသြင္းထားလိုက္သည္။
တျဖည္းျဖည္းႏွင့္ ဖိုးသာေအာင္ အိမ္ေမာက်သြားသည္။ ညသန္းေခါင္ခ်ိန္ေလာက္တြင္ … တစ္စုံတစ္ေယာက္က သူ႔ခါးအား တုတ္ႏွင့္ထိုးလိုက္သကဲ့သို႔ထင္မွတ္ၿပီးဇေဝဇဝါျဖစ္ကာလန႔္ႏိုးသြားသည္။ အိပ္မက္ မက္ေနျခင္းလား၊ အမွန္တကယ္ပင္ တုတ္ႏွင့္ ထိုးခံလိုက္ရျခင္း လား ေဝခြဲမရျဖစ္ေနမိသည္။ ထိုစဥ္ သူ႔ခါးအား သုံးေလးခ်က္ေလာက္ ခတ္ဆတ္ဆတ္ေလး အထိုးခံလိုက္ရၿပီး မီးစႏွင့္ ထိုးလိုက္သကဲ့သို႔ ပူခနဲ ျဖစ္သြားေသာေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။
အိပ္မက္မဟုတ္ေပ…။

သူ႔ အိပ္ရာေဘးတြင္ ၅ ေပခန႔္ရွိေသာ မႈန္ဝါဝါး သဏၭာန္တစ္ခု ရပ္ေန သည္ကို ေတြ႕ရသည္။ မႈန္တီမႈန္ဝါး လေရာင္ေအာက္တြင္ ထူးဆန္းေသာ ပုံသဏၭာန္အား ေသခ်ာၾကည့္လိုက္သည္။ အလို သူေကာက္ရေသာ ေဖေဇာ္ဂ်ီႏွင့္ တစ္ပုံစံတည္း တူညီေသာ အသက္ဝင္လာသည့္ ေဖေဇာ္ဂ်ီ တစ္ဦးကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕လိုက္ရသည္။ ေဖေဇာ္ဂ်ီ ခႏၶာကိုယ္ မွလည္းအလင္းေရာင္မ်ားတဖ်တ္ဖ်တ္ေတာက္ပလ်က္ရွိသည္။
ဖိုးသာေအာင္သည္ သူမအိပ္ခင္ ေခါင္းအုံးေအာက္တြင္ ထိုးထည့္ ထားေသာကတၱီပါပိုးသားရႈံ႕အိတ္နီေလးကိုစမ္းၾကည့္လိုက္သည္။ ေဖေဖာ္ ဂ်ီ႐ုပ္ေလးမွာ မရွိေတာ့ေပ။ လြန္စြာမွ အံ့အားသင့္ေနစဥ္ ေဖေဇာ္ဂ်ီမွ ေတာင္ေဝွးႏွင့္ ထိုး၍မတ္တတ္ထရန္ ျပလိုက္သျဖင့္ ထရပ္လိုက္သည္။
ေဖေဇာ္ဂ်ီက ေျခလွမ္းျပင္ကာ ဖိုးသာေအာင္အား သူ႔ေနာက္သို႔ လိုက္ ခဲ့ဟန္ လက္ဟန္ေျခဟန္ႏွင့္ျပသည္။ စကားေျပာဆိုျခင္းေတာ့မရွိေပ။ ထူးဆန္းေသာ အေတြ႕အႀကဳံမ်ားေၾကာင္ ဖိုးသာေအာင္ အံ့ဩတုန္လႈပ္ ေန ပါသည္။ ေဖေဇာ္ဂ်ီက ေရွ႕ကေန ထြက္ခြာသြားသည္။ ဖိုးသာေအာင္သည္ လည္း အၾကာင္းထူးကို သိလိုေသာေၾကာင့္ ေနာက္မွလိုက္ပါလာခဲ့သည္။ သူ႔စိတ္ထဲတြင္ စိတ္ညႇိဳ႕ခံထားရသူတစ္ဦးကဲ့သို႔ ေဖေဇာ္ဂ်ီဆႏၵကို ျငင္းဆန္ ျခင္းမျပဳခဲ့ေပ။
အိမ္ေပၚမွ ေဖေဇာ္ဂ်ီ ဆင္းသြားၿပီးေနာက္ ႐ြာထဲသို႔ ဝင္သည့္လမ္းေပၚ သို႔ ေရာက္လာသည္။ ေဖေဇာ္ဂ်ီသည္ ေနာက္သို႔ တစ္ခ်က္လွည့္ၾကည့္ လိုက္ၿပီး ဖိုးသာေအာင္ လိုက္ပါလာေသာေၾကာင့္ သူ႔မ်က္ႏွာေပၚတြင္ အၿပဳံး ရိပ္ထင္သြားသည္။ ဖိုးသာေအာင္အား သူ႔ ေနာက္သို႔ ဆက္လိုက္လာရန္ အမူအရာႏွင့္ ျပေသာေၾကာင့္ ေဖေဇာ္ဂ်ီ သြားရာေနာက္သို႔ တေကာက္ ေကာက္လိုက္ပါလာခဲ့ သည္။
ညနက္ခ်ိန္ျဖစ္၍ ျမင္ဝါးေတာင္တစ္႐ြာလုံး အိပ္ေမာက် တိတ္ဆိတ္ ေနေလသည္။တစ္ခါတစ္ရံစူးစူးဝါးဝါးထိုးေဟာင္လိုက္ေသာေခြးေဟာင္သံ မ်ားကိုၾကားလိုက္ရသည္။ညနက္အခ်ိန္မေတာ္ေဖေဇာ္ဂ်ီ ဘာလုပ္မည္ကို သိလို၍သာ လိုက္လာခဲ့ရသည္။ စိတ္ထဲတြင္ ေၾကာက္႐ြံ႕တုန္လႈပ္လာ သည္။ေဖေဇာ္ဂ်ီခိုင္းသည့္အတိုင္းမလုပ္ပါကအႏၲရာယ္တစ္ခုခုေပးလိုက္ မည္လားဟု ေတြးမိၿပီး ပို၍ပင္ ထိတ္လန႔္မိသည္။

ေဖေဇာ္ဂ်ီက ၿခံဝန္းက်ယ္က်ယ္ႀကီး ေရွ႕တည့္တည့္တြင္ ရပ္လိုက္ သည္။ဖိုးသာေအာင္သိလိုက္သည္။အဆိုပါအိမ္ႀကီးမွာသုံးပင္ေလးခန္းတြဲ ေဆာက္ထားေသာ ပြဲစားႀကီးဦးဖိုးလူ အိမ္ျဖစ္သည္။ စပါးက်ီမ်ားတြင္ စပါး မ်ား သိုေလွာင္ထားၿပီး ေဈးေကာင္းရမွ ထုတ္ေရာင္းေသာ ကုန္သည္ပြဲစား လူခ်မ္းသာတစ္ဦးျဖစ္သည္။
ဦးဖိုးလူ ၿခံဝန္းမွာ လူတိုင္းဝင္ရဲေသာ ၿခံမဟုတ္။ ေၾကာက္မယ္ဖြယ္ ေကာင္းသည့္ ေခြးႀကီးႏွစ္ေကာင္ကိုလည္း ေမြးျမဴထားသည္။ ေန႔ဘက္ တြင္ သံႀကိဳးႏွင့္ ခ်ည္ေႏွာင္ထားၿပီး ညဘက္ေရာက္မွ သံႀကိဳးေျဖ ၿခံဝန္း ထဲသို႔ လႊတ္ထားသည္။ လူဆိုးဓားျပသူခိုးရန္မွ ကာကြယ္ရန္ အေစာင့္ထား ေသာ ၿခံလုံသည့္ ေခြးႀကီးမ်ား ျဖစ္ၾကသည္။ သန္မာထြားႀကိဳင္းၿပီး အစြယ္ ထက္လွေသာ ေခြးႀကီးႏွစ္ေကာင္မွာ က်ားတစ္ေကာင္ကဲ့သို႔ ဆိုးသြမ္းလွ သည္။ ညဘက္ေရာက္လွ်င္ ဦးဖိုးလူ ၿခံဝန္းထဲသို႔ ဝင္ဖို႔ရန္မဆိုထားႏွင့္ ေၾကာက္လန႔္၍ ၿခံဝန္းက်င္နားသို႔ပင္ မည္ သူမွ် မကပ္ရဲၾကေပ။
ယေန႔ညအဖို႔ ထူးျခားသည္မွာ ၿခံေစာင့္ေခြးဆိုးႀကီး ႏွစ္ေကာင္၏ ေဟာင္သံမ်ား ေပ်ာက္ကြယ္တိတ္ဆိတ္လ်က္ရွိသည္။ အရိပ္အေယာင္ မွ်ပင္ မေတြ႕ရေပ။ ေဖေဇာ္ဂ်ီသည္ ၿခံဝန္းတံခါးေရွ႕တြင္ ရပ္လိုက္သည္။ ဝင္းတံခါးမွာ ပ်ဥ္ထူမ်ားကို စပ္၍ ထုထူေသာတံခါးႀကီးျဖစ္ၿပီး အတြင္းမွ မင္းတုပ္ ခ်ပိတ္ထားသည္။ အတြင္းမွ လူတစ္ေယာက္ ဖြင့္ေပးမွ ဝင္ႏိုင္ ထြက္ႏိုင္ေသာတံခါးျဖစ္သည္။ ေဖေဇာ္ဂ်ီသည္ သူ႔တြင္ပါလာေသာေတာင္ ေဝွးႏွင့္ တံခါးမႀကီးအား ေထာက္လိုက္ရာ တံခါးႏွစ္ခ်ပ္မွာ အလိုလို ပြင့္ဟ သြားသည္။
ဖိုးသာေအာင္သည္ သူ႔မ်က္စိကိုပင္ မယုံၾကည္ေလာက္ေအာင္ ျဖစ္ရ သည္။ ေဖေဇာ္ဂ်ီ၏ ေတာင္ေဝွးအစြမ္းထက္သည္မွာ ေသခ်ာလွသည္။ သူ႔ မ်က္စိ ေရွ႕ေမွာက္မွာပင္ အလုံပိတ္ သစ္သားတံခါးႀကီးအား ေတာင္ေဝွးႏွင့္ ေထာက္လိုက္႐ုံႏွင့္အလိုလိုပြင့္သြားသည္မွာထူးဆန္းလွေပသည္။ေခြးဆိုး ႀကီးႏွစ္ေကာင္ကို ေၾကာက္ေသာေၾကာင့္ မဝင္ရဲေသာ ဖိုးသာေအာင္အား ေတာင္ေဝွးႏွင့္ လာခဲ့ဟူေသာ အမူအရာေၾကာင့္ လိုက္ပါလာခဲ့ရသည္။ အိမ္မႀကီးေတာင္ဘက္တြင္စပါးက်ီမ်ားကိုသီးသန႔္ေဆာက္လုပ္ထား
သည္၊ ေဖေဇာ္ဂ်ီသည္ စပါးက်ီမ်ားရွိရာသို႔ ဦးတည္ေလွ်ာက္သြားသည္။

စပါးက်ီေရွ႕သို႔ ေရာက္လွ်င္ ႀကီးမားေသာ ေၾကးေသာ့ခေလာက္ႀကီးအား ေတာင္ေဝွးႏွင့္ ေထာက္လိုက္ရာ ေသာ့ခေလာက္မွာ အသံမၾကားရဘဲ ေအာက္သို႔ ျပဳတ္က်သြားသည္။ အလိုအေလ်ာက္ ပြင့္သြားေသာ တံခါးမ ႀကီးအား ေက်ာ္ျဖတ္၍ ဝင္လာခဲ့ၾကသည္။ ေဖေဇာ္ဂ်ီလုပ္ေဆာင္ေနသမွ် သည္ ေတာင္ေဝွးတစ္ေခ်ာင္းကို အသုံးျပဳ၍ အပိတ္အဆို႔မ်ားကို ညင္သာ စြာႏွင့္ ပြင့္ဟသြားေစသည္မွာ ထူးဆန္းလွသည္။ လြန္စြာမွပင္ အစြမ္းသိဒၶိ ရွိေသာ ေဇာ္ဂ်ီကိုင္ထားသည့္ သိဒၶိေျမာက္ ေတာင္ေဝွးျဖစ္ရမည္ဟု ဖိုးသာ ေအာင္ေတြးေနမိသည္။
စပါးက်ီထဲတြင္ေ႐ႊဝါေရာင္စပါးမ်ားျမင့္မားစြာပုံထားရာေတာင္ေဝွးႏွင့္ ႐ြယ္လိုက္သည္ႏွင့္ စပါးေစ့မ်ားသည္ လူအမ်ားလက္ႏွင့္ ယက္ဖယ္လိုက္ သကဲ့သို႔ ေဘးဘက္သို႔ ျပန႔္ႀကဲၿပိဳဆင္းလာသည္။ ေဖေဇာ္ဂ်ီ၏ ခႏၶာ ကိုယ္ေပၚမွ ထြက္ေပၚလာေသာ အလင္းေရာင္ျဖင့္ စပါးပုံထဲတြင္ ကြန္ခ်ာ အိတ္မ်ားကို ေတြ႕ရသည္။ ေဖေဇာ္ဂ်ီသည္ ကြန္ခ်ာ အိတ္ထိပ္အစအား ေတာင္ေဝွးႏွင့္ ထိုးလိုက္ရာ အိတ္ပြင့္သြားၿပီး ေငြေရာင္တလက္လက္ ေတာက္ေျပာင္ေနေသာ ေငြဒဂၤါးမ်ားကို ေတြ႕ရသည္။ ပြဲစားႀကီးဦးဖိုးလူ ပိုင္ဆိုင္ေသာ ေငြဒဂၤါးမ်ားအား သူခိုးဓားျပရန္ေၾကာက္၍ စပါးပုံထဲတြင္ ဝွက္ထားျခင္းျဖစ္သည္။
စပါးပုံထဲတြင္ ပြဲစားႀကီး ဦးဖိုးလူဝွက္ထားေသာ ေငြဒဂၤါးအိတ္မ်ား ရွိ ေနသည္ကို ေဖေဇာ္ဂ်ီ ႀကိဳတင္သိရွိထားပုံရသည္။ ဖိုးသာေအာင္အား ေခၚ ေဆာင္လာ၍ ေငြဒဂၤါးမ်ားယူရန္ ေစခိုင္းျခင္းျဖစ္သည္။ အိတ္တစ္အိတ္ လွ်င္ ေငြသား (၂ဝဝဝ) ခန႔္ ရွိလိမ့္မည္ဟု ဖိုးသာေအာင္ ခန႔္မွန္းမိသည္။ ေဖေဇာ္ဂ်ီက သူ႔အား သူေဌးျဖစ္ရန္ မစျခင္းျဖစ္တာပဲဟု တဒဂၤေတြးမိၿပီး ေပ်ာ္႐ႊင္ဝမ္းေျမာက္သြားသည္။
သို႔ေသာ္ ထိုေငြဒဂၤါးျပားမွာ ပိုင္ရွင္မရွိေသာ ေငြမဟုတ္ ပြဲစားႀကီး ဦးဖိုးလူ ပိုင္ဆိုင္သည့္ေငြျဖစ္သည္။ ပိုင္ရွင္ရွိေသာ ေငြအား ပိုင္ရွင္မသိ ေအာင္ ယူေဆာင္သြားမိပါက မိမိသည္ သူခိုးတစ္ေယာက္သာ ျဖစ္ေပလိမ့္ မည္။ အဒိႏၷာကံ က်ဴးလြန္ရာေရာက္သည္။ သူခိုးအျဖစ္ေတာ့ အျဖစ္မခံ ႏိုင္၊ ေငြဒဂၤါးအိတ္မ်ားကို စိတ္ဝင္စားျခင္းမရွိ၊ လက္ဖ်ားႏွင့္ပင္ မတို႔ဘဲ ရပ္ၾကည့္ေနမိသည္။

ေဖေဇာ္ဂ်ီကထိုသို႔မဟုတ္ေငြဒဂၤါးအိတ္ကိုသယ္ယူရန္ေတာင္ေဝွးႏွင့္
ေထာက္၍ လက္ဟန္ျပသည္ ေဖေဇာ္ဂ်ီအမိန႔္ကို မနာခံလွ်င္ မည္သို႔ ျဖစ္ မည္မသိ။ ကိုယ္ေရာင္ကိုယ္ဝါ ေတာက္ပေနေသာ ေဖေဇာ္ဂ်ီႏွင့္ သိဒၶိ ေျမာက္ေသာ ေတာင္ေဝွးသည္ သူ႔ေရွ႕မွာပင္ အံ့ဩဖြယ္ရာ ထူးဆန္းမႈအား ျမင္ေတြ႕ခဲ့ရၿပီးျဖစ္သည္။
ဖိုးသာေအာင္ အေနႏွင့္ သူတစ္ပါးပစၥည္းကို ခိုးယူရန္မေျပာႏွင့္ စိတ္မွ ပင္ကူးဝံ့သူမဟုတ္ေပ။ ႐ိုးသားေျဖာင့္မတ္၍ အဒိႏၷာကံကို မက်ဴးမိရန္ တစ္သက္လုံး ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့သူျဖစ္သည္။ လြန္စြာမွ စက္ ဆုပ္ဖြယ္ေကာင္းေသာ သူခိုးတစ္ေယာက္ ျဖစ္ရမည္ကိုလည္း သူမလို လားေပ။ဖိုးသာေအာင္ေတြေဝေနစဥ္မွာပင္ေဖေဇာ္ဂ်ီသည္ေတာင္ေဝွးႏွင့္
ဖိုးသာေအာင္ ဝမ္းဗိုက္အား ခပ္ဆတ္ဆတ္ေလးထိုးထည့္လိုက္သည္။
ရင္ဝတြင္ မီးစႏွင့္ထိုးလိုက္သလို ပူေလာင္သြားၿပီး တစ္ကိုယ္လုံး ထုံက်င္သြားသျဖင့္ . ေနာက္ဘက္သို႔ ဆုတ္မိသြားသည္။ ေဖေဇာ္ဂ်ီ၏ ေတာင္ေဝွးကား လြန္စြာမွ ေၾကာက္စရာေကာင္းလွေပသည္။ ေနာက္ တစ္ႀကိမ္ေတာင္ေဝွးႏွင့္ထိုးရန္ဟန္ျပင္လိုက္စဥ္မွာပင္ လြန္စြာမွေၾကာက္ လန႔္ၿပီး(၁၅)ပိႆာခန႔္အေလးခ်ိန္ရွိသည့္ေငြဒဂၤါးထည့္ထားေသာကြန္ခ်ာ အိတ္ႀကီးအား ဆြဲေဖာ္မယူၿပီး ပခုံးေပၚသို႔ ကမ္းတင္လိုက္သည္။ သူ႔ဆႏၵအတိုင္းဖိုးသာေအာင္လိုက္နာေဆာင္႐ြက္သည္ကို ျမင္လိုက္ ေသာေၾကာင့္ ေဖေဇာ္ဂ်ီ မ်က္ႏွာမွာ ၿပဳံး႐ႊင္သြားသည္။ ေရွ႕က ထြက္သြား ေသာ ေဖေဇာ္ဂ်ီေနာက္သို႔ ေငြဒဂၤါးအိတ္ႀကီး ထမ္းၿပီးလိုက္ပါလာခဲ့သည္။ စပါးက်ီေရွ႕ အဝင္တံခါးဝေရာက္လွ်င္ တံခါးမႀကီးအနီး ျပဳတ္က်ေနေသာ ေၾကးခေလာက္အား ေတာင္ေဝွးႏွင့္ ေထာက္၍ ေနသားတက် ျဖစ္ရန္ နဂိုမူလပိတ္ထား သည့္အတိုင္းပိတ္သြားေစသည္။
ၿခံဝန္းထဲသို႔ ေရာက္လာၾကသည္ အလြန္ဆိုးဝါးေသာ ေခြးႀကီးႏွစ္ ေကာင္မွာ ယေန႔ညအဖို႔ ထူးျခားစြာ တိတ္ဆိတ္လ်က္ရွိၿပီး အရိပ္အေယာင္ ပင္မျမင္ ေတြ႕ရေပ။ ၿခံဝသို႔ ေရာက္ရွိလာသည္။ ေဖေဇာ္ဂ်ီသည္ ၿခံအျပင္ သို႔ ထြက္လိုက္ၿပီး ၿခံဝန္းတံခါးကိုလည္း ေတာင္ေဝွးႏွင့္ပင္ အေသအခ်ာ ျပန္ပိတ္လိုက္သည္ကို ျမင္ေတြ႕ရသည္။

႐ြာလယ္လမ္းမႀကီးအတိုင္း ဖိုးသာေအာင္အိမ္ရွိရာ ႐ြာအစြန္ပိုင္းသို႔ ေလွ်ာက္လာခဲ့ၾကသည္။ ညအေမွာင္ထဲတြင္ ေဖေဇာ္ဂ်ီကိုယ္မွကိုယ္ေရာင္ ကိုယ္ဝါမ်ား တလက္လက္ထြက္ေပၚလ်က္ရွိသည္။ ေဖေဇာ္ဂ်ီမွာ ေငြအိတ္ ရလာ၍ ေလကေလး တခြၽန္ခြၽန္ႏွင့္ ျမဴးႂကြေနပုံရသည္။ ဖိုးသာေအာင္ အိမ္ခန္းတြင္းသို႔ ဝင္ေရာက္သြားၿပီး ေပ်ာက္ကြယ္သြားသည္။ ေငြဒဂၤါး အိတ္ႀကီးကို ထမ္းလာ ေသာ ဖိုးသာေအာင္မွာ သူ႔ အိမ္ရာေဘးတြင္ အသံ မၾကားရေအာင္ အသာေလး ခ်ထားလိုက္သည္။
သတိရ၍ ေခါင္းအုံးေအာက္ရွိ ကတၱီပါ ပိုးသားရႈံ႕ အိတ္နီေလးအား စမ္းၾကည့္လိုက္သည္။အိတ္ကေလးထဲတြင္မာမာေတာင့္ေတာင့္(၃)လက္ မခန႔္ အရာဝတၳဳတစ္ခုကို စမ္းမိ၍ ေဖေဇာ္ဂ်ီ ေမာင္မင္းႀကီးသား ျပန္ ေရာက္ေနမွလို႔ဟု ဟင္းခ်မိေတာ့သည္။ သူ႔ဘဝတစ္ေလွ်ာက္လုံး မိခင္ႀကီး ႏွင့္ အတူေနထိုင္၍ ေတာတက္ဝါးခုတ္ လုပ္ကိုင္ရွာေဖြစားေသာက္ လာခဲ့ သည္။ ယခုကဲ့သို႔ ထူးဆန္းသည့္ အေတြ႕အႀကဳံမ်ိဳးကို တစ္သက္ႏွင့္ တစ္ကိုယ္ ႀကဳံေတြ႕ ဖူးျခင္းမရွိေပ။ ယေန႔ည အျဖစ္အပ်က္မ်ားသည္ အိပ္မက္မ်ား ျဖစ္ေနသလား။ အိပ္မက္လည္း မဟုတ္ေပ။ သူကိုယ္တိုင္ ထမ္းယူလာေသာ ေငြအိတ္ႀကီးက သူ႔အိပ္ရာေဘးတြင္ အထင္အရွား ရွိေန သည္။
ေဖေဇာ္ဂ်ီႏွင့္ ေဆးေတာင္ေဝွးကို ေၾကာက္၍သာ ယူလာခဲ့ျခင္းျဖစ္ သည္။ထိုကိစၥအားမည္ကဲ့သို႔လုပ္ရပါ့မည္နည္း။ပြဲစားႀကီးဦးဖိုးလူကိုပဲျပန္ ေပးရေကာင္းမလား ျပန္ေပးလွ်င္ သူခိုးေၾကာင္းသိရွိ၍ အမႈပတ္ေပေတာ့ မည္။ ေဖေဇာ္ဂ်ီကို မည္သို႔ လုပ္ရပါမည္နည္း။ ျပန္မေပးပဲထားပါက ခိုးျခင္း ကံထိုက္၍ ငရဲက်ေပေတာ့မည္။ ဖိုးသာေအာင္သည္ အမ်ိဳးမ်ိဳး ေတြးေတာ ရင္း စဥ္းစားရခက္၊ ေတြးရခက္ ဆုံးျဖတ္ခ်က္ ခ်မရျဖစ္ရသည္။
ထိုညက နည္းမ်ိဳးစုံ စဥ္းစားရင္း အႀကံေပၚလာသည္။ အေမအိပ္ေပ်ာ္ ေနစဥ္မွာပင္ ေပါက္တူးတစ္လက္ႏွင့္ အတူေငြအိတ္အားထမ္းၿပီး အိမ္မွ ထြက္ လာခဲ့သည္။ ႐ြာေျမာက္ဘက္သို႔ ေလွ်ာက္လာခဲ့သည္။ ေရွ႕နားတြင္ သစ္ေတာ ႀကိဳးဝိုင္းရွိသည့္ ႀကိဳးဝိုင္းအစပ္နားရွိ မယ္ဇလီပင္ႀကီး ေအာက္ တြင္ သုံးေတာင္ ခန႔္ တူးၿပီးေနာက္ ျမႇဳပ္ႏွံထားလိုက္သည္။ အေပၚယံတြင္

သစ္႐ြက္ေျခာက္မ်ား ဖုံးလ်က္ အရာမထင္ေအာင္ လုပ္ထားၿပီး ျပန္လာ ခဲ့သည္။
အိမ္ျပန္ေရာက္၍ ေရနံမီးခြက္ထြန္းလိုက္သည္။ ေခါင္းအုံးေအာက္ တြင္ ထိုးထည့္ထားေသာ ကတၱီပါ ပိုးသားနီ႐ႊံ႕ အိတ္ေလးအား ထုတ္ယူ လိုက္သည္။ မယ္ဇလီပင္ႀကီးေအာက္တြင္ ေဖေဇာ္ဂ်ီမသိေအာင္ ေငြဒဂၤါး အိတ္အား ျမႇဳပ္ႏွံထားခဲ့ေသာေၾကာင့္ ေဖေဇာ္ဂ်ီ စိတ္ဆိုးၿပီး သူ႔အား တစ္မ်ိဳး တစ္မည္ လုပ္မည္ကို စိုးရိမ္မိ၍ထုတ္ၾကည့္ျခင္းျဖစ္သည္။
ေဖေဇာ္ဂ်ီ႐ုပ္မွာ ထူးျခားမႈ မေတြ႕ရေပ။ ဖိုးသာေအာင္သည္ စိတ္ေအး သြားၿပီးေငြဒဂၤါးအိတ္ႀကီး သူ႔ထံတြင္မရွိျခင္းေၾကာင့္ စိုးရိမ္ပူပန္ျခင္းမွ သက္ သာရာရ သြားသည္။ ထိုညက ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားၿပီး ေဖေဇာ္ဂ်ီမွ ဒုကၡေပးျခင္း မရွိေတာ့ေပ။

ေနာက္တစ္ေန႔မနက္တြင္ ဖိုးသာေအာင္သည္ ပြဲစားႀကီးဦးဖိုးလူ အိမ္ဘက္သို႔ ထြက္လာခဲ့သည္။ ၿခံဝင္းတံခါးေရွ႕တြင္ အသံျပဳ လွမ္းေခၚ လိုက္သည္။
“ဦးဖိုးလူ…ကြၽန္ေတာ္ဖိုးသာေအာင္ပါ…ကိစၥေလးရွိလို႔”
ဖိုးသာေအာင္ … အသံၾကားလိုက္သည္ႏွင့္ … ေခြးဆိုးႀကီးႏွစ္ေကာင္ မွာ ခ်ည္ေႏွာင္ထားသည့္ သံႀကိဳးမ်ားႏွင့္ တဝုန္းဝုန္း ျဖစ္ေနေပသည္။ ေဖေဇာ္ဂ်ီႏွင့္အတူ ေငြဒဂၤါးအိတ္လာခိုးသည့္ ညက ေခြးဆိုးႀကီးႏွစ္ေကာင္ မွာ ေပ်ာက္ကြယ္လ်က္ရွိၿပီး ယခုလို ေသာင္းက်န္းမေနၾကေပ။ အျဖစ္ အပ်က္မ်ားကား ထူးျခားလွ သည္။ တံခါးႀကီးပြင့္သြားသည္။
“ကဲ…ထိုင္…ေရေႏြးၾကမ္းေသာက္။ ဖိုးသာေအာင္ ဘာကိစၥရွိလို႔လဲ” “ဒီလိုပါ…ကြၽန္ေတာ္ ညက ထူးထူးဆန္းဆန္း အိပ္မက္မက္ပါတယ္။ အိပ္မက္ထဲမွာ ဝတ္ျဖဴစင္ၾကယ္နဲ႔ အဘိုးႀကီးတစ္ေယာက္ေပၚလာၿပီး ဦးရဲ႕ ေငြဒဂၤါးေတြ သူခိုး ခိုးသြားေၾကာင္း။ သူခိုးက ႐ြာေျမာက္ဘက္ သစ္ေတာ ႀကိဳးဝိုင္းအစပ္နားက မယ္ဇလီပင္ႀကီးေအာက္မွာျမႇဳပ္ထားတယ္လို႔ေျပာပါ တယ္။ အဲဒါ- ဦးနဲ႔ ပတ္သက္ေနလို႔ ဟုတ္ေသာ္ရွိ၊ မဟုတ္ေသာ္ရွိ လာၿပီး ေျပာျပတာပါ”

“ေဟ … မင္းအိပ္မက္က တယ္လည္း ထူးဆန္းပါလား။ ငါ-ေငြအိတ္ ေတြဝွက္ထားတာကိုဘယ္သူမွမသိဘူး။ဒီသူခိုးကဘယ္လိုလုပ္ၿပီးသိသြား
တယ္မသိဘူး”
ေျပာေျပာဆိုဆို ဦးဖိုးလူသည္ သူ႔တပည့္မ်ားႏွင့္အတူ စပါးက်ီထဲရွိ ေငြအိတ္မ်ားကို စစ္ေဆးၾကည့္သည္။ ဖိုးသာေအာင္ အိပ္မက္ မက္သည့္ အတိုင္း ေငြအိတ္တစ္အိတ္ ေပ်ာက္ေနေၾကာင္း သိလိုက္ရ၍ လြန္စြာမွ တုန္လႈပ္သြားသည္။ ခ်က္ခ်င္းဆိုသလိုပင္ ႐ြာေျမာက္ဘက္သို႔ လူစုလူေဝး ႏွင့္ ထြက္လာၾကၿပီး အိပ္မက္အတိုင္း ရွာေဖြၾကည့္ၾကသည္။ ဖိုးသာေအာင္ ကိုယ္တိုင္ ျမႇဳပ္ထားေသာေနရာကို သိေန၍ခက္ခက္ခဲခဲမရွာရေပ။
“အိပ္မက္ထဲက ဝတ္ျဖဴစင္ၾကယ္ အဘိုးႀကီး ျပသြားတာဒီေနရာပဲ” ဖိုးသာေအာင္ ၫႊန္ျပသည့္ ေနရာသို႔ တူးေဖာ္ၾကသည္။ မၾကာမီ ေငြအိတ္ ေပၚလာသည္။ အားလုံးမွာလည္း တအံ့တဩျဖစ္ေနၾကသည္။ သူခိုး ခိုးၿပီး မယ္ဇလီပင္ႀကီးေအာက္တြင္ ေငြအိတ္ျပန္ရသျဖင့္ ဦးဖိုးလူမွာ ဝမ္းသာအားရ ျဖစ္ရသည္။ ဖိုးသာေအာင္သာ အိပ္မက္ မမက္လွ်င္ သူ႔ ေငြဒဂၤါးမ်ား ဆုံးရႈံးသြားမည္မွာ အေသအခ်ာျဖစ္သည္။
႐ိုးသားေျဖာင့္မတ္ေသာ ဖိုးသာေအာင္ျဖစ္သည္။ ဖိုးသာေအာင္ မ႐ိုး သားလွ်င္ ဦးဖိုးလူအား ေျပာမျပဘဲ သူ႔ဘာသာ တူးေဖာ္ရယူႏိုင္ပါလ်က္ႏွင့္ ဦးဖိုးလူကိုေျပာျပသည္မွာ႐ိုးသားသည့္စိတ္ဓာတ္ေၾကာင့္သာျဖစ္သည္ဟု ႐ြာသားမ်ားက ထင္မွတ္ၾကသည္။ ဦးဖိုးလူက ေက်းဇူးဆပ္သည့္အေနႏွင့္ ေငြ(၂ဝဝ)က်ပ္အတင္းေပးရာဖိုးသာေအာင္ကျငင္းဆန္ေနသည္။႐ြာသား မ်ားက ဝိုင္းဝန္းေျပာ၍သာ ေနာက္ဆုံး လက္ခံလိုက္သည္။ ဦးဖိုးလူမွာ ဖိုးသာေအာင္အား ေက်းဇူး တင္မဆုံး ျဖစ္ရေလသည္။
ပြဲစားႀကီးဦးဖိုးလူ၏ ေငြဒဂၤါးအိတ္ကို အိပ္မက္အရ ဖန္တီးၿပီး ျပန္ လည္ ေပးအပ္ခဲ့သည္။ သူ႔စိတ္ထဲတြင္လည္း လြတ္လပ္ေပါ့ပါးသြားသည္။ ေဖေဇာ္ဂ်ီ သာသိလွ်င္ သူ႔ေတာင္ေဝွးႏွင့္ ထိုးမည္လား မသိေပ။ ေဖေဇာ္ဂ်ီ ေက်နပ္ျခင္း ရွိမရွိ သူမသိေပ။ ထိုညက စိတ္လက္ေပါ့းပါးစြာ ႏွစ္ႏွစ္ၿခိဳက္ ၿခိဳက္ႀကီး အိပ္ေပ်ာ္သြားသည္။

ည (၁၂) နာရီခန႔္တြင္ ဖိုးသာေအာင္ တင္ပါးအား ေတာင္ေဝွးႏွင့္ ထိုး
လိုက္၍ ပူခနဲ ျဖစ္သြားသည္။ ဖိုးသာေအာင္ မအံ့ဩေတာ့ေပ။ ေဖေဇာ္ဂ်ီ တစ္စခန္း ထလာျခင္းျဖစ္သည္။ အိပ္ရာမွ ေငါက္ခနဲ ထထိုင္လိုက္ၿပီး အိပ္ရာေဘးသို႔လွမ္းၾကည့္လိုက္သည္။ ကိုယ္ေရာင္ကိုယ္ဝါမ်ားေတာက္ပ ေနေသာ ေဖာ္ဂ်ီသည္ လုပ္ၿမဲအလုပ္ကို လုပ္ရန္အတြက္ သြားၾကစို႔ဟု ေခၚေနသေယာင္ အသြင္ကိုေဆာင္လ်က္ သူ႔ေနာက္လိုက္ရန္ လက္ဟန္ျပ လိုက္သည္။ ဖိုးသာေအာင္ မျငင္းဆန္ဝံ့ေပ။ ဘယ္အရပ္၊ ဘယ္ေဒသသို႔ သြားမည္မသိ။ သူတစ္ပါး မသိေအာင္ ဘယ္ပစၥည္းအား ခိုးေပးရမလဲဟု ေတြးရင္ ဖိုးသာေအာင္ စိတ္ညစ္သြားသည္။
သစ္ရိပ္ဝါးရိပ္ႏွင့္ အုံ႔ဆိုင္းလ်က္ ညအေမွာင္ထုမ်ားအၾကားတြင္ ေဖာ္ဂ်ီ ခႏၶာကိုယ္မွအလင္းေရာင္မ်ားထြက္ေနသျဖင့္ဘယ္ေနရာေရာက္ေနသည္ ကို ဖိုးသာေအာင္ သိလိုက္ရသည္။ စိတ္ထဲတြင္လည္း စိုးထိတ္သြားသည္။ ယခု အိမ္မွာ သူတိတ္တခိုး ခ်စ္ျမတ္ႏိုးေနရေသာ ျမတ္ေလးငုံ အိမ္ျဖစ္ေန သည္။
အိမ္မႀကီး တံခါးမွလည္း တံခါးက်ည္သုံးဆင့္ ပိတ္ထားေသာ္လည္း ေတာင္ေဝွးတန္ခိုးႏွင့္ အလြယ္တကူ ပြင့္သြားသည္။ အိမ္မႀကီးအတြင္းသို႔ ဝင္လာၿပီး အခန္းတစ္ခုေရွ႕တြင္ ရပ္လိုက္သည္။ အတြင္းဘက္မွ ပိတ္ထား ေသာ တံခါးျဖစ္ေသာ္လည္း ေတာင္ေဝွးႏွင့္ ေထာက္လိုက္ရာ ပြင့္သြားျပန္ သည္။ ေဖေဇာ္ဂ်ီ ကိုယ္ေရာင္ကိုယ္ဝါမ်ားႏွင့္အတူ အတြင္းခန္းတစ္ခုလုံး ကိုလည္း ထင္ထင္ရွားရွား ျမင္ေတြ႕ျမင္ေတြ႕ေနရသည္။
ဖိုးသာေအာင္ရင္ထဲတြင္တဒိန္းဒိန္းခုန္လ်က္နားထင္နားရင္းမ်ားထူပူ
လာသည္။ အာေခါင္မ်ားေျခာက္ကပ္လာၿပီးတံေတြးကိုမၾကာခဏမ်ိဳခ်ေန ရသည္။ သူေတြ႕လိုက္ရေသာျမင္ကြင္းကားသည္တစ္သက္တြင္တစ္ခါျမင္ ဖူး႐ုံႏွင့္ တစ္သက္လုံး စြဲလမ္းသြားေစမည့္ ျမင္ကြင္းျဖစ္သည္။ ျမတ္ေလးငုံ သည္ သင္ျဖဴးဖ်ာေလးေပၚတြင္ ပက္လက္လွန္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႀကီး အိပ္ေပ်ာ္ေနသည္။အသက္ရႉသံမ်ားေၾကာင့္သူမရင္အုံေလးမ်ားကိုလည္း
နိမ့္ခ်ည္ျမင့္ခ်ည္ ျမင္ေတြ႕ရသည္။
ေဖေဇာ္ဂ်ီသည္ ျမတ္ေလးငုံေခါင္းရင္းဘတ္တြင္ မတ္တတ္ရပ္လ်က္ ရွိသည္။ေတာင္ေဝွးျဖင့္လည္းျမတ္ေလးငုံေခါင္းအုံးအားေထာက္ျပသည္။

ေဖေဇာ္ဂ်ီေစခိုင္းသည့္အတိုင္းဖိုးသာေအာင္မလုပ္ႏိုင္ေသးေပ။ျမတ္ေလး ငုံ၏ ႏုပ်ိဳစိုေျပဝင္းေနေသာ ပကတိအလွကို တေမ့တေမာ ေငးၾကည့္ေန မိသည္။ ပူေလာင္အိုက္စပ္ေသာ ညျဖစ္၍ ျမတ္ေလးငုံသည္ ေစာေစာက ထမီရင္လ်ားႏွင့္ အိပ္ရာဝင္ခဲ့ပုံရသည္။
ပူအိုက္သည့္ဒဏ္ေၾကာင့္လူးလွိမ့္ရင္းအိပ္ေပ်ာ္သြားရာမွလုံခ်ည္စမွာ
ေအာက္ဘက္သို႔ ေလွ်ာက်လ်က္ရွိၿပီး ခႏၶာကိုယ္အေပၚပိုင္းအား အထင္း သား ျမင္ေတြ႕ေနရသည္။ ဖြံ႕ထြားစိုေျပေသာ အလွတို႔အား အစြမ္းကုန္ ပြင့္ဖူး ေနသကဲ့သို႔ ရွိသည္။ ေပၚလြင္ေသာ ႏွာတံ၊ သနပ္ခါး ပါးကြက္ကြက္ထား ေသာ ပါးျပင္မို႔မို႔ မွိတ္ထားေသာ မ်က္လုံးေပၚမွ ေကာ့ၫြတ္ေကြးေနေသာ မ်က္ေတာင္ေမြးမ်ား ဝင္းမို႔ေသာ ပခုံးသားမို႔မို႔ေပၚတြင္ ဖ႐ိုဖရဲဝဲက်ေနေသာ နက္ေမွာင္သည့္ဆံေကသာမ်ားကပိုက႐ို၊ဖ႐ိုဖရဲႏွင့္ဖိုးသာေအာင္စိတ္မ်ား
ဗေလာင္ဆူေဝလ်က္ရွိသည္။
အစြမ္းသိဒၶိရွိေသာ ေတာင္ေဝွးကိုကိုင္ေဆာင္ထားသည့္ေဖေဇာ္ဂ်ီကို လည္း အထူးပင္ ေက်းဇူးတင္ေနမိသည္။ သူတစ္ဖက္သတ္ ျမတ္ႏိုးေသာ

ေဖေဇာ္ဂ်ီ၏ ႏႈတ္ခမ္းဖ်ား တဖြဖြ လႈပ္လာၿပီး ဆရာေတာ့္အား ျပန္လည္ေလွ်ာက္ထာ ေနသကဲ့သို႔ ျဖစ္သည္။ အသံကိုေတာ့ မၾကားရပ။ အတန္ၾကာေသာအခါ ေဖေဇာ္ဂ်ီ ႐ုပ္ေလးသည္ လူတစ္ေယာက္ လမ္းေလွ်ာက္
သြားသကဲ့သို႔ ဂူေပါက္ဝဆီသို႔ လမ္းေလွ်ာက္သြားေတာ့သည္။
ျမတ္ေလးငုံ .. အိပ္ခန္းထဲအေရာက္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေခၚလာေပး ေသာ ေဖေဇာ္ဂ်ီအားဦးသုံးႀကိမ္ခ်ရွိခိုးလိုက္သည္။ ယခင္ရက္ကပြဲစားႀကီး ဦးဘိုးလူအိမ္မွေငြဒဂၤါးမ်ားကိုခိုးယူၿပီးေငြရွာေပးသည္။ အဒိႏၷာကံေၾကာက္ ၿပီး ဥစၥာရွင္ထံ အိပ္မက္အရ သိလိုက္ရသလို ဉာဏ္ဆင္ၿပီး ျပန္ေပးခဲ့
သည္။
ယေန႔ညအဖို႔ အပ်ိဳစင္အေခ်ာအလွ ျမတ္ေလးငုံ အတြင္းအိပ္ခန္းသို႔ ေရာက္ေအာင္ပို႔ေဆာင္ေပးသည္။ေဖေဇာ္ဂ်ီသည္ေတာင္ေဝွးႏွင့္ျမတ္ေလးငုံ အိပ္ေနေသာ ေခါင္းအုံးအား ေထာက္ျပၿမဲ ေထာက္ျပလ်က္ရွိသည္။ ဖိုးသာေအာင္သည္ ေခါင္းအုံးေအာက္သို႔ ညင္သာစြာ လက္ႏႈိက္ၿပီး စမ္း လိုက္ရာ လက္ကိုင္ပဝါႏွင့္ စုခ်ည္ထုပ္ထားေသာ အထုပ္တစ္ထုပ္ကို ေတြ႕ လိုက္ရသည္။
ေဖေဇာ္ဂ်ီက ျပန္ရန္ဟန္ျပင္လိုက္ၿပီး အေပၚဘက္သို႔ ေလွ်ာက္သြား သည္။ ဖိုးသာေအာင္သည္ အိပ္ေပ်ာ္ေနေသာ ျမတ္ေလးငုံ၏ ခႏၶာကိုယ္ အလွအား မခ်င့္မရဲ ၾကည့္လိုက္ၿပီး ေဖေဇာ္ဂ်ီေနာက္သို႔ လိုက္ခဲ့သည္။ ေဖေဇာ္ဂ်ီသည္ အခါတိုင္း ျပဳမူေနၾကအတိုင္း တံခါးေပါက္မ်ား ၿခံဝန္းတံခါး မ်ားကို ေတာင္ေဝွးအစြမ္းႏွင့္ ျပန္ပိတ္လိုက္ၿပီး ႐ြာလယ္လမ္းအတိုင္း အိမ္သို႔ျပန္လာခဲ့ၾကသည္။အိမ္ထဲသို႔ဝင္လိုက္သည္ႏွင့္ေဖေဇာ္ဂ်ီမွာအံ့ဩ စြာ ေပ်ာက္ကြယ္သြားသည္။ ကတၱီပါ ပိုးသားရႈံ႕အိတ္နီေလးအား စမ္းၾကည့္ ရာေဇာ္ဂ်ီ႐ုပ္ေလးျပန္လည္ေရာက္ရွိေနမွန္း သိသြားသည္။
လက္ကိုင္ပဝါထုပ္ေလးအား ျပန္ၾကည့္လိုက္သည္။ ေ႐ႊေရာင္တဝင္း ဝင္းေတာက္ပေနေသာ ျမတ္ေလးငုံ ဝတ္ဆင္သည့္ ေနာ္ဇာကုံးတစ္ကုံး၊ စတိလက္ေကာက္တစ္ရံ၊ ေ႐ႊေျခက်င္းတစ္စုံတို႔ကို ေတြ႕ရသည္။ ေ႐ႊထည္ ပစၥည္းမ်ား တန္ဖိုးသင့္လွ်င္ မနည္းလွေပ။ ေဖေဇာ္ဂ်ီေၾကာင့္ လြန္စြာမွ အခက္ေတြ႕ေနရၿပီျဖစ္သည္။ ထိုကဲ့သို႔ ညစဥ္ညတိုင္း .. တစ္အိမ္တက္ တစ္အိမ္ဆင္း ေ႐ႊ၊ ေငြ လက္ဝတ္ရတနာ ပစၥည္းမ်ားကို ခိုးဝွက္ယူေဆာင္ ခိုင္းပါကတစ္ေန႔မဟုတ္တစ္ေန႔ဒုကၡေရာက္ရေပေတာ့မည္။ဖိုးသာေအာင္ သည္ျမတ္ေလးငုံအားတစ္ဖက္သတ္ေမတၱာရွိေနေသာ္လည္းသူမပစၥည္း မ်ားကို မက္ေမာသူ မဟုတ္ေပ။ ေဖေဇာ္ဂ်ီသည္ ပစၥည္းခိုးရန္ သက္သက္ သာအစြမ္းရွိေသာ ေဖေဇာ္ဂ်ီျဖစ္သည္။

“ဖိုးသာေအာင္…ဖိုးသာေအာင္…”
အိမ္ေရွ႕မွ သူ႔နာမည္ကို ေခၚေနေသာေၾကာင့္ ထြက္ၾကည့္လိုက္မိ သည္။ သူႏွင့္အတူ ေတာင္ေပၚတက္ ဝါးခုတ္ေနက် ဖိုးေထာင္ျဖစ္ေနသည္။ “ေစာေစာစီးစီးပါလား…ကိုဖိုးေထာင္”
သည္။
ဖိုးေထာင္က အိမ္ေပၚတက္လာရင္း ခရီးေရာက္မဆိုက္ ေျပာလိုက္
“ဟုတ္တယ္… ႐ြာထဲမွာ သတင္းတစ္ခုၾကားရလို႔…” “ဘာေတြ သတင္းထူးလို႔လဲ…”
“တစ္႐ြာလုံးက လူေတြက ေျပာေနၾကတာပဲ။ ညက ျမတ္ေလးငုံ အိပ္ ခန္းထဲက ေ႐ႊထည္ပစၥည္းေတြကို သူ႔ ေမာင္သံလုံးက ယူၿပီး ဖဲ႐ိုက္လိုက္ တယ္ေျပာတယ္။ သံလုံးအေဖကေဒါသထြက္ၿပီးသံလုံးကိုအိမ္ေပၚကႏွင္ခ် လိုက္တယ္”
သည္။
“သံလုံးခိုးတာ ဟုတ္ပါ့မလားကြာ …”
အေၾကာင္းသိျဖစ္ေနေသာ ဖိုးသာေအာင္က မလုံမလဲႏွင့္ ေမးလိုက္
“မင္းလဲ သိသားပဲကြာ။ ဒီေကာင္က ေကာင္းတာမဟုတ္ဘူး။ ႐ြာ စဥ္ ေလွ်ာက္ဖဲ႐ိုက္၊ ၾကက္တိုက္၊ အရက္ေသာက္၊ တစ္႐ြာလုံး သိတာပဲ။ ဒီတစ္ခ်ီေတာ့အခ်ီႀကီးမသြားတာ၊ ျမတ္ေလးငုံရွိသမွ်ပစၥည္းေတြအကုန္ပဲ၊ ေကာင္မေလးလည္း သနားပါတယ္။ သူ႔ပစၥည္းေတြ ေပ်ာက္သြားေတာ့ တရႈံ႕ရႈံ႕ငိုေနတာပဲ”
ဖိုးသာေအာင္သည္ သံလုံးအတြက္ စိတ္မေကာင္းျဖစ္ရသလို ျမတ္ ေလးငုံအတြက္ ဝမ္းနည္းေၾကကြဲရသည္ကို မၾကည့္ရက္ႏိုင္။ ေဖေဇာ္ဂ်ီ လုပ္ပုံေၾကာင့္ သံလုံးမွာ မေျပးေသာ္လည္း ကန္ရာရွိဆိုသလို သံသယဝင္ ျခင္းခံရ သည္။
“အိမ္တံခါးေတြကိုလည္းလုံလုံၿခဳံၿခဳံပိတ္ထားတာအျပင္လူခိုးဝင္ဖို႔ဆို တာမလြယ္ဘူး။ ဝင္ခိုးတယ္ထားဦးေတာ့ ေျခရာ၊ လက္ရာပ်က္မွာပဲ။ ၿပီး ေတာ့ ျမတ္ေလးငုံ ေခါင္းအုံးေအာက္မွာ ေ႐ႊထုပ္ထားတယ္ဆိုတာ ဘယ္သူ သိမလဲ။ အတြင္းလူျဖစ္လို႔သာ ေပ်ာက္သြားတာေပါ့။ သံလုံးက ေတာ္ေတာ္ ဆိုးတဲ့ ေကာင္ပဲ။ သူ႔အေဖက ႐ိုက္ႏွက္ၿပီး အိမ္ေပၚက ႏွင္ခ်လိုက္တာ နည္းေတာင္ နည္းေသးတယ္”

“သံလုံး ဘယ္ေရာက္သြားလဲ”
“ျမတ္သူတို႔ အရက္ခ်က္တဲ့တဲေရာက္ေနမွာေပါ့ကြာ” သံလုံးအျပစ္မွလြတ္ေျမာက္ရန္ႏွင့္ျမတ္ေလးငုံပစၥည္းအားျပန္ေပးရန္
ႏွင့္ နည္းလမ္းရွာရေပမည္။ ပြဲစားႀကီး ဦးဖိုးလူ၊ ေငြဒဂၤါးအိတ္ျပန္ေပးသကဲ့ သို႔ပင္ ျပန္ေပးရန္ စဥ္းစားမိသည္။
“ကိုညိဳေမာင္က ေရွ႕အပတ္ဝါးခုတ္တက္ရမယ္လို႔ေျပာတယ္။ အဆင္ သင့္ ျပင္ထားဦး။ ငါ သြားမယ္”
ဖိုးေထာင္ကႏႈတ္ဆက္ၿပီးျပန္သြားသည္။ေန႔လယ္တြင္ဖိုးသာေအာင္
သည္ ျမတ္ေလးငုံ ေ႐ႊထည္မ်ားယူၿပီး မလွမ္းမကမ္းတြင္ အရိပ္အာဝါသ ေကာင္းသည့္ ေညာင္ပင္ႀကီးရွိရာသို႔ ေရာက္လာခဲ့သည္ ေညာင္ပင္ႀကီး ေအာက္တြင္ ကိုးၿမိဳ႕ရွင္ နတ္ကြၽန္းရွိသည္။
ဖိုးသာေအာင္သည္ ကိုးၿမိဳ႕ရွင္ နတ္ကြၽန္းစင္တိုင္ေအာက္တြင္ ေျမတူး ၿပီး ျမႇဳပ္ႏွံထားလိုက္သည္။ ႐ြာဦးေစတီအား ဘုရားဝတ္ျပဳ ဦးခ်ကန္ေတာ့ လိုက္သည္။ ျမတ္ေလးငုံ ေမတၱာပန္းအိုးကို ဆင္ျမန္းရၿပီးအတူတကြေပါင္း ဖက္ႏိုင္ရပါေစသားဟုဆုေတာင္းၿပီး႐ြာထဲသို႔ျပန္လာခဲ့သည္။ သူ႔ေျခလွမ္း မ်ားကား ျမတ္ေလးငုံအိမ္ရွိရာသို႔ ဦးတည္လိုက္သည္။
အတန္ၾကာေအာင္ ေလွ်ာက္လာၿပီး ေနာက္အိမ္ေရွ႕သို႔ ေရာက္လာ သည္။ ျမတ္ေလးငုံအေဖက ၿခံဝင္းထဲသို႔ ဝင္လာေသာ ဖိုးသာေအာင္ကို ျမင္ေတြ႕လိုက္ေသာေၾကာင့္ လွမ္းေမးလိုက္သည္။ “ဖိုးသာေအာင္ပါလား…ဘယ္ကလွည့္လာတာလဲ…”
ပါ”
“ဒီကိုပဲ တမင္လာခဲ့တာပဲ … ဦး … အေရးတႀကီး ေျပာစရာကိစၥရွိလို႔
“ဘာမ်ား အေရးႀကီးလာလို႔လဲ”
“ညက ကြၽန္ေတာ္ ထူးထူးဆန္းဆန္း အိပ္မက္ မက္တယ္။ အိပ္မက္ ထဲမွ ဝတ္ျဖဴစင္ၾကယ္ဝတ္ထားတဲ့ ပုဂၢိဳလ္တစ္ေယာက္က ႐ြာထိပ္မွာရွိတဲ့ ႐ြာဦးေစတီကို ေခၚသြားတယ္။ ေတာင္ေပၚေရာက္ေတာ့ ေညာင္ပင္ႀကီး ေအာက္မွာရွိတဲ့ ကိုးၿမိဳ႕ရွင္နတ္ကြန္းကို လက္ညိဳးထိုးျပတယ္။ မင္းခ်မ္း သာဖို႔ငါမ,စတာပဲ။အဲဒီနတ္ကြန္းစင္တိုင္ေအာက္ကိုတူးလိုက္ရင္ေ႐ႊထုပ္ရ
လိမ့္မယ္လို႔ အိပ္မက္လာ ေပးပါတယ္။ ဦးတို႔ ပစၥည္းေပ်ာက္တာနဲ႔မ်ား ပတ္ သက္ေနမလားလို႔ပါ”
“ေအးကြာ ထူးထူးဆန္းဆန္းပဲ ငါတို႔က သံလုံးခိုးသြားၿပီး ဖဲ႐ိုက္ပစ္ လိုက္တယ္လို႔ ထင္ေနတာ။ သြားရွာၾကည့္တာေပါ့ကြာ”
ျမတ္ေလးငုံတို႔မိသားစုႏွင့္အတူ ႐ြာထိပ္ရွိ ႐ြာဦးေစတီေလးရွိရာ ေရာက္ခဲ့ၾကသည္။ ဖိုးသာေအာင္ ၫႊန္ျပသည့္အတိုင္း တူးၾကည့္ရာ ျမတ္ ေလးငုံ၏ ေ႐ႊထည္ပစၥည္းမ်ား ထုပ္ထားသည့္ လက္ကိုင္ပဝါအထုပ္ကို ျပန္ေတြ႕လိုက္ၾကသည္။ ျမတ္ေလးငုံမွာ ဝမ္းသာလြန္း၍ မ်က္ရည္မ်ားႏွင့္ ဝဲက်လာသည္။ ဖိုးသာေအာင္ကိုလည္း ေက်းဇူးတင္မဆုံးေတာ့ေပ။ မ်က္ ရည္စမ်ား ေဝ့သီေနေသာ ညႇိဳ႕မ်က္ဝန္းမ်ားႏွင့္ ဖိုးသာေအာင္အား စိုက္ ၾကည့္လိုက္သည္။
“ေက်းဇူးတင္ပါတယ္ ကိုဖိုးသာေအာင္ရယ္၊ ျမတ္ေလး ဒီပစၥည္းေတြ ျပန္ရလိမ့္မယ္လို႔ လုံးဝထင္မထားဘူး။ အစ္ကို သံလုံးေၾကာင့္ ဆုံးရႈံးသြားၿပီ လို႔ ထင္ထားတာ။ ကိုဖိုးသာေအာင္ကို ဘယ္လို ေက်းဇူးဆပ္ရမွန္း ေတာင္မသိေတာ့ဘူး”
“ဘာမွ ေက်းဇူးဆပ္စရာမလိုပါဘူး ျမတ္ေလးငုံရယ္၊ ထူးဆန္းတဲ့ အိပ္မက္ေၾကာင့္သာ ျပန္ရတယ္လို႔ပဲ သေဘာထားလိုက္ပါ” “ဘယ္ဟုတ္ပါ့မလဲ ကိုဖိုးသာေအာင္ရယ္။ အိပ္မက္ကလည္း ျမေလး နဲ႔ပတ္သက္ေနတယ္ေလ”
“ဟုတ္ပါတယ္ ျမတ္ေလးငုံရယ္။ ျမတ္ေလးငုံကို ခ်စ္ျမတ္ႏိုးတဲ့ စိတ္နဲ႔ အိပ္မက္ေတြ အမ်ားႀကီးမက္ေနတာကိုေတာ့ ျမတ္ေလးငုံ ဘယ္သိပါ့ မလဲ”
သည္စကားကိုေတာ့ ဖိုးသာေအာင္ ရင္ထဲတြင္သာ ေျပာလိုက္သည္။ ျမတ္ေလးငုံ အေဖက ဖိုးသာေအာင္၏ ႐ိုးသားမႈကို ခ်ီးမြမ္းေျပာဆိုၿပီး ေငြ (၁၀၀) က်ပ္ ထုတ္ေပးသည္။ ဖိုးသာေအာင္က လက္မခံ၊ အတန္တန္ ျငင္း ပယ္သည္။ ထိုအခါျမတ္ေလးငုံကဝင္ေျပာလိုက္သည္။
“ယူလိုက္ပါ ကိုဖိုးသာေအာင္ရယ္ . . . ပစၥည္းေတြ တန္ဖိုးနဲ႔စာရင္ ဒီေငြေၾကးက ဘယ္ေလာက္မွ တန္ဖိုးမရွိပါဘူး။ ျမတ္ေလးငုံရဲ႕ ေစတနာ

ကိုမျငင္းပါနဲ႔။ ျမတ္ေလးကိုယ္ခင္ရင္ ယူလိုက္ပါ။ မယူရင္ေတာ့ ကိုဖိုးသာ ေအာင္ကို ျမတ္ေလး ဘယ္ေတာ့မွ မေခၚေတာ့ဘူး”
ျမတ္ေလးငုံ မေခၚမေျပာ သူစိမ္းျပင္ျပင္ေနမည္ကိုေတာ့ ဖိုးသာေအာင္ မလိုလားေပ။ ထို႔ေၾကာင့္လည္း ေက်းဇူးဆပ္ေသာ ေငြကို လက္ခံလိုက္ သည္။ ျမတ္ေလးငုံ၏နက္ေမွာင္စို႐ႊန္းေသာ မ်က္ဝန္းႏွင့္ အဓိပၸာယ္ရွိေသာ
အၾကည့္မ်ားကရင္ခုန္ေႏြးေထြးစြာစိုက္ၾကည့္လ်က္ရွိသည္ကိုေတာ့ဖိုးသာ ေအာင္ နားလည္လိုက္သည္။ ေပ်ာ္႐ႊင္ၾကည္ႏူးစြာပင္ ႐ြာထဲသို႔ ျပန္လာခဲ့ ၾကသည္။
ယေန႔ညအဖို႔ ေဖေဇာ္ဂ်ီ ႏိုးသည့္အခ်ိန္ေရာက္သည္အထိ ဖိုးသာ ေအာင္ ေစာင့္ၾကည့္သည္။ အိပ္ခ်င္သည့္ စိတ္ကို တင္းထားသည္။ ေမွးစင္း လာေသာ မ်က္ေတာင္မ်ားကို အတင္းၿဖဲထားသည္။ ေဖေဇာ္ဂ်ီ ႐ုပ္ထည့္ ထားေသာ ကတၱီပါ အိတ္နီေလးအား ဇြဲနပဲႀကီးစြာ ဆုပ္ကိုင္ထားသည္။ တင္းၾကပ္စြာ ဆုပ္ကိုင္ထားေသာေၾကာင့္ ေဖေဇာ္ဂ်ီထြက္မလာေတာ့ေပ။ ထိုညအဖို႔ ေဖေဇာ္ဂ်ီသည္ သူ႔အား သိဒၶိေျမာက္ေသာ ေဆးေတာင္ေဝွးႏွင့္ ေထာက္လ်က္မခိုင္းေစႏိုင္ေတာ့ဘဲမိုးစင္စင္လင္းသြားသည္။သူခိုးအလုပ္
ကိုမလုပ္ရေတာ့ေပ။
ထိုအခ်ိန္မွစ၍ ေဖေဇာ္ဂ်ီအား ထိန္းခ်ဳပ္ထားႏိုင္သည့္ နည္းလမ္းကို ဖိုးသာေအာင္ ေတြ႕ရွိသြားသည္။ ႐ြာထဲမွ ႐ြာသားမ်ားကလည္း ႏြားေပ်ာက္ ပစၥည္းေပ်ာက္လွ်င္ ဖိုးသာေအာင္အား လာေမးၾကသည္။ ဝတ္ျဖဴစင္ၾကယ္ ႏွင့္ ပုဂၢိဳလ္ႀကီး အိပ္မက္လာမေပးေၾကာင္း ေျပာရသည္မွာ အေမာပင္ျဖစ္ သည္။ ညတိုင္းလည္း ေဖေဇာ္ဂ်ီအား က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားၿပီး အိပ္ရသည္မွာ လြယ္ကူသည္ေတာ့မဟုတ္ေပ။
ညတိုင္းပင္ အလုပ္ပိုတစ္ခုလုပ္ေနရသကဲ့သို႔ စိတ္ညစ္လာသည္။ ေဖေဇာ္ဂ်ီ႐ုပ္ေလး ထည့္ထားေသာ ကတၱီပါ ပိုးသားရႈံ႕ အိတ္နီေလးအား ဖားတစ္ရွဥ္းေခ်ာင္းထဲသို႔ေမွ်ာလိုက္ရင္ေကာင္းမလားဟု စိတ္ကူးမိသည္။ ထိုသို႔ လုပ္ရန္လည္း စေနာင့္စနင္း ျဖစ္ရသည္။ ေဖေဇာ္ဂ်ီသည္ သူ႔အား

ထိန္းသိမ္းမေစာင့္ေရွာက္ပဲေခ်ာင္းေရထဲေမွ်ာရပါ့မလားဟုေဒါသထြက္ၿပီး
ဒုကၡေပးလွ်င္ အခက္ေတြ႕ေပဦးမည္။
ေဖေဇာ္ဂ်ီ၏ အစြမ္းသိဒၶိမ်ားကို သူကိုယ္တိုင္ မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံ ခဲ့ရၿပီးျဖစ္၍ ေၾကာက္လည္း ေၾကာက္သည္။ ေနာက္ဆုံးတြင္ ျဖစ္ခ်င္ရာျဖစ္ သြားေလရာတြင္ ကိုယ္ႏွင့္မကြာ ေဆာင္ယူၿပီးထိန္းသိမ္းထားခဲ့သည္။
“ႏိုးလာၿပီလား…ဖိုးသာေအာင္…”
ဆရာေတာ္ဦးနႏၵမာလာကလွမ္းေမးလိုက္သျဖင့္ဖိုးသာေအာင္ကိုယ္
တိုင္ ယခုေရာက္ရွိေနေသာ ေကသာလေတာင္ႀကီး၏ အတြင္းဂူမ်ားအား ျပန္လည္ သတိထားမိသည္။
“မွန္လွပါ . . . ႐ြာမွာေနတုန္းက တပည့္ေတာ္ ထူးဆန္းတဲ့ ေဖေဇာ္ဂ်ီ ႐ုပ္ေလးတစ္႐ုပ္ ေကာက္ရခဲ့ပါတယ္။ အဲဒီေဇာ္ဂ်ီအေၾကာင္းကို ေတြးမိပါ ေသးတယ္ဘုရား”
“ညနက္လာရင္ ေတာင္ေဝွးနဲ႔ေထာက္ၿပီး ပစၥည္းေတြခိုးတဲ့ ေဇာ္ဂ်ီ မဟုတ္လား”
ဆရာေတာ္က ဖိုးသာေအာင္ စိတ္အေတြးအႀကံအစည္မ်ားကို သိေန ပုံရသည္။ ဆရာေတာ္ႏွင့္ အတူေနလာခဲ့သည့္ အခ်ိန္ၾကာလာသည့္ အေလွ်ာက္ ဆရာေတာ္၏ ထူးျခားဆန္းၾကယ္မႈမ်ားကို မအံ့ဩမိေတာ့ေပ။ ဖိုးသာေအာင္သည္ ကတၱီပါ ပိုးသားရႈံ႕ အိတ္နီေလးထဲမွ ေဖေဇာ္ဂ်ီအား ထုတ္ယူ၍ဆရာေတာ္ထံ ဆက္သလိုက္သည္။ ဆရာေတာ္ကလက္ဝါးေပၚ တင္၍ေဖေဇာ္ဂ်ီကိုေသခ်ာၾကည့္သည္။
“လက္စသတ္ေတာ့ ေဇာ္ဂ်ီငတက္ဖ်ားပါလား” “ဆရာေတာ္က ဒီေဖေဇာ္ဂ်ီကို သိပါသလား ဘုရား” “သိတာေပါ့ကြာ၊ငါတို႔ဂိုဏ္းထဲကလူပဲ။ သစၥာေဖာက္တာနဲ႔အျပစ္ဒဏ္
ခံေနရတာ”
“တပည့္ေတာ္ နားမလည္ႏိုင္ေအာင္ ျဖစ္ရပါတယ္ဘုရား”

“ဒါကငါတို႔ေလ့လာလိုက္စားတဲ့ထြက္ရပ္ေပါက္ဝိဇၨာပညာရပ္ေတြက
လူသာမန္ေတြ နားလည္ဖို႔ ခဲယဥ္းတယ္။ စစ္မွန္တဲ့ပညာ၊ စစ္မွန္တဲ့အက်င့္ ဝိဇၨာအစစ္အမွန္ဆိုတာကလည္း ေတြ႕ျမင္ႏိုင္ဖို႔မလြယ္ဘူး။ တခ်ိဳ႕က အတု အေယာင္ေတြကိုအစစ္ထင္ၿပီးကိုးကြယ္ေနၾကတယ္။ အမွား၃မ်ိဳးရွိတယ္။ သတိအမွတ္လြဲရင္ ဆရာ ဆည္းကပ္မႈ ဆရာအတင္မွားရင္ေနာက္က်င့္ႀကံ အားထုတ္မႈ မမွန္ရင္ တစ္ဘဝလုံး တစ္သံသရာလုံး ေမွာက္ေတာ့တာပဲ။ ေဇာ္ဂ်ီငတက္ဖ်ားအျဖစ္က ပန္းပုထုတဲ့သူနဲ႔ အသက္သြင္းတဲ့သူ ပုံစံမ်ိဳးျဖစ္
ခဲ့တာ”
“တပည့္ေတာ္ မရွင္းလို႔ေသခ်ာရွင္းျပပါဘုရား”
“ဟို . . . ေရွးတုန္းက ပန္းပုအရာမွာ လက္ရာေျမာက္စြာ ထုႏိုင္တဲ့ ပန္းပုဆရာ အေက်ာ္အေမာ္တစ္ေယာက္ ရွိတယ္။ တကယ့္ သက္ရွိမိန္းမ ပ်ိဳေလး တစ္ေယာက္နဲ႔ ခြၽတ္စြပ္တူေအာင္ မိန္းမပ်ိဳအ႐ုပ္ေလးတစ္႐ုပ္ ထု ထားတယ္။ အဲဒီမွာ ဝိညာဥ္အသက္သြင္းပညာတတ္တဲ့ဆရာတစ္ေယာက္ ကေတြ႕ေတာ့ မိန္းမပ်ိဳ ပန္းပု႐ုပ္ေလးကို အသက္သြင္းေပးတယ္။ အ႐ုပ္က ေန မိန္းကေလးတစ္ေယာက္ကို သူပကတိအတိုင္း သက္ဝင္လႈပ္ရွားလာ တယ္။လြန္စြာမွေခ်ာေမာလွပတယ္။ အဲဒီေတာ့ပန္းပုဆရာနဲ႔အသက္သြင္း ဆရာတို႔ သူရထိုက္တယ္။ ငါရထိုက္တယ္ဆိုၿပီး အျငင္းအခုံ ျဖစ္ၾကေရာ၊ ခုံ႐ုံးေရာက္ေတာ့ ႐ုံးေတာ္က အမိန႔္ ခ်မွတ္လိုက္တယ္” “ဘယ္လို အမိန႔္ခ်ပါလဲ…ဘုရား”
“ပန္းပုထုတဲ့ ဆရာက ပန္းပုထုတဲ့ အခေၾကးေငြသာရေစ။ အသက္ သြင္းတဲ့ဆရာေၾကာင့္သာ အသက္ဝင္လာတာေၾကာင့္ အသက္သြင္းဆရာ ကသာ ပိုင္ဆိုင္ေစလို႔ အမိန႔္ခ်လိုက္တယ္။ ဒီလိုပဲ ေဖေဇာ္ဂ်ီ ငတက္ဖ်ား ဟာ အဂၢိရတ္လုပ္ရပ္၊ ေဆးျမစ္ေဆးဝါးေတြနဲ႔ အေတာ္ေပါက္ေရာက္တဲ့ အဆင့္ကို ေရာက္ေနၿပီး ငါတို႔ရည္မွန္းထားတာက အသက္ရွည္ရွည္ေနဖို႔ အရိမေတၱယ်ဘုရားပြင့္တဲ့အခါမွာ ေရွးဦးစြာ ဖူးေျမာ္ၿပီး ကြၽတ္တန္းဝင္ဖို႔ပဲ။ ေဇာ္ဂ်ီငတက္ဖ်ားက ဒီလိုမဟုတ္ဘူး။ ဓနသိဒၶိဘက္မွာ သစၥာေဖာက္လိုက္ တယ္။ ဒါေၾကာင့္မို႔လို႔ အထက္ဆရာႀကီးေတြက ခုလို သုံးလက္မအ႐ြယ္ သစ္သား႐ုပ္ျဖစ္ေအာင္ ဒဏ္ခတ္ထားတာ”

“ဘယ္လို ဒဏ္ခတ္တာပါလဲဘုရား” “ေဇာ္ဂ်ီငတက္ဖ်ား အ႐ုပ္ေလးကို
တစ္စုံတစ္ေယာက္ကေတြ႕ရွိၿပီး
သိမ္းယူအံ့။ သိမ္းယူသူအား ညသန္းေခါင္ယံအခ်ိန္တြင္ ေ႐ႊေငြရွိသူမ်ား အိမ္သို႔ေခၚေဆာင္ၿပီး သိမ္းယူေစလို႔ အမိန႔္ခ်လိုက္တာပဲ။ မင္းအရင္တစ္ဦး တစ္ေယာက္ လက္ထဲေရာက္သြားပုံရတယ္။ အဲဒီလူကေၾကာက္ၿပီး ေဇာ္ဂ်ီ ငတက္ဖ်ား ဒဏ္မခံႏိုင္တာနဲ႔ လႊင့္ပစ္ထားတာ ျဖစ္ရမယ္။ ဒါကို မင္းကေတြ႕ ၿပီး ေကာက္ယူမိေတာ့ ညသန္းေခါင္မွာ ေ႐ႊေငြရွိတဲ့ အိမ္ေတြကို ခိုးခိုင္းတာ ေပါ့”
“ဒါျဖင့္..သူ႔ကိုအ႐ုပ္ကေနအသက္ျပန္ဝင္လာၿပီးညနက္သန္းေခါင္မွ
ထလာတဲ့ ေဇာ္ဂ်ီအစစ္ျပန္ျဖစ္ေအာင္ လုပ္လို႔မရဘူးလားဘုရား”
“ရတာေပါ့ကြယ္။ ဒါေပမဲ့-အထက္က ဆရာႀကီးေတြ ခြင့္ျပဳမိန႔္နဲ႔ ဒီ ေကာင္ေနာင္တရမရေသခ်ာ စစ္ေမးရဦးမယ္”
ဆရာေတာ္ ဦးနႏၵမာလာသည္ ေဖေဇာ္ဂ်ီအား လက္ထဲတြင္ ဆုပ္ကိုင္ ထားရင္း နာရီဝက္ခန႔္ ဂါထာ႐ြတ္လိုက္သည္။ ဂါထာ႐ြတ္ၿပီးေနာက္ အသံ တိုးတိုးျဖင့္ စစ္ေဆးေမးျမန္းေနပုံရသည္။ ထို႔ေနာက္တြင္ ေက်ာက္သားေပၚ သို႔ ခ်ထားလိုက္သည္။ ထူးဆန္းသည္မွာ ေဖေဇာ္ဂ်ီ႐ုပ္ေလးသည္ ဆရာ ေတာ္ေရွ႕တြင္မတ္တတ္ရပ္လ်က္ေထာင္မတ္ေနေလသည္။ဖိုးသာေအာင္ လက္ထဲတြင္ ရွိစဥ္က မည္သို႔မွ် ေထာင္မတ္မရခဲ့ေပ။
ပို၍ ထူးဆန္းဖြယ္ေကာင္းသည္မွာ ေဖေဇာ္ဂ်ီ၏ႏႈတ္ခမ္းဖ်ား တဖြဖြ လႈပ္လာၿပီး ဆရာေတာ့္အား ျပန္လည္ေလွ်ာက္ထားေနသကဲ့သို႔ျဖစ္သည္။
အသံကိုေတာ့မၾကားရေပ။အတန္ၾကာေသာအခါေဖေဇာ္ဂ်ီ႐ုပ္ေလးသည္ လူတစ္ေယာက္လမ္းေလွ်ာက္သြားသကဲ့သို႔ဂူေပါက္ဝဆီသို႔လမ္းေလွ်ာက္
သြားေတာ့သည္။
“မင္းရဲ႕ေဖေဇာ္ဂ်ီကသူမွားေၾကာင္းေနာက္ေနာင္မွာမေကာင္းတဲ့စိတ္
ေတြ မေမြးေတာ့ပါဘူးလို႔ ကတိေပးတာေၾကာင့္ သူ႔ဆရာေတြရွိတဲ့ အာယု ဒီဃေတာင္ကို ျပန္သြားဖို႔ လႊတ္လိုက္တယ္”

ဖိုးသာေအာင္သည္ ဆရာေတာ္၏ ျပဳမူေဆာင္႐ြက္ပုံမ်ားကို တအံ့တ
ဩျဖစ္ေနမိသည္။ေဖာ္ဂ်ီ႐ုပ္ေလးထြက္ခြာသြားသျဖင့္စိတ္ထဲတြင္ဝမ္း
နည္းသလို ျဖစ္သြားသည္။ ထူးဆန္းေသာ ေဇာ္ဂ်ီမ်ားအေၾကာင္းႏွင့္ ဆရာ ေတာ္အေၾကာင္းကို သိခ်င္လာမိသည္။
“တပည့္ေတာ္ သိခြင့္ရရင္ သိပါရေစဘုရား။ လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ က႐ြာကေန ဆရာေတာ္ ဘယ္လိုလုပ္ၿပီးေပ်ာက္သြားတာလဲ ဘုရား” “ထြက္ရပ္ေပါက္ဝိဇၨာလမ္းကိုလိုက္စားတဲ့သူေတြအတြက္အံ့ဩဖြယ္ ရာေတြ အမ်ားႀကီးပဲ။ တခ်ိဳ႕ကိစၥေတြၾကေတာ့ လူတိုင္းနားမလည္ႏိုင္သလို အသိေပးလို႔လဲ မျဖစ္ဘူး။ မဂ္ဖိုလ္နိဗၺာန္ကို အလိုရွိၾကတဲ့ သူေတာ္စင္ေတြ ဟာ ဗုဒၶဘုရားခြင့္ျပဳထားတဲ့ သမထကို ပြားမ်ားၿပီးမွ ဝိပႆနာ ဘာဝနာကို ကူးၾကတယ္။ တခ်ိဳ႕ၾကေတာ့လည္း သမထကို မသုံးဘဲ ဝိပႆနာကို အစ အဆုံးပြားမ်ားၾကတယ္။ သမထရဖို႔ သိဒၶိေတြရဖို႔ဆိုတာ မလြယ္ဘူး။ ဖိုးသာ ေအာင္႐ြာမွာေနတုန္းကဖိုထိုးရင္းတစ္ေန႔မွာငါ့ဓာတ္လုံးကထူးျခားတဲ့သိဒၶိ
ေတြျပၿပီး ေဇာ္ဂ်ီတစ္ပါးေရာက္လာတယ္။ အဲဒီေဇာ္ဂ်ီက ဟိုးအရင္ဘဝ ေဟာင္းက ငါနဲ႔ ညီအစ္ကို ေတာ္စပ္ခဲ့ဖူးတယ္။ ေဇာ္ဂ်ီက သူဖိုဝင္ဖို႔ ငါ့ဆီမွာ အကူအညီေတာင္းတယ္။ အဲဒီေန႔ကေနဒီလို စျဖစ္ခဲ့တာပဲ” ဆရာေတာ္ ဦးနႏၵိယသည္ ေဇာ္ဂ်ီသိဒၶိႏွင့္ ေတြ႕ဆုံရပုံမ်ားကို ျပန္လည္ ေျပာျပသည္။

ျမင္ဝါးေတာင္ ႐ြာေတာင္ပိုင္းရွိေတာင္ကုန္းေပၚတြင္ ေတာင္ေပၚေက်ာင္း ဟုေခၚသည့္ ဘုန္းေတာ္ႀကီးေက်ာင္း ရွိသည္။ ေက်ာင္းဝင္းထဲရွိ အေဆာက္ အအုံ တစ္ခုအတြင္းမွ မီးေရာင္မ်ား တလက္လက္ထြက္ေပၚလ်က္ရွိသည္။ ညနက္ခ်ိန္ထိ မီးေရာင္မ်ား တလက္လက္ ထြက္ေပၚေနသည္မွာ တျခား မဟုတ္ေပ။ ဆရာေတာ္ ဦးနႏၵိယ ဖိုထိုးေနျခင္းသာ ျဖစ္သည္။ ဖားဖိုမွ တရႉးရႉးတရွဲရွဲ ျမည္သံမ်ား ပုံမွန္ထြက္ေပၚလ်က္ရွိသည္။ ဆရာေတာ္မွာ

မီးညႇပ္ကိုကိုင္ရင္း . လုံကိုဖုံးအုပ္ထားေသာ မီးခဲစမ်ားအား ဖြေပးလိုက္
သည္။
မီးေသြးမႈန္မ်ားသည္ တဖ်စ္ဖ်စ္ ျမည္ေပါက္ကြဲလ်က္ မီးမႈန္မီးစေလး မ်ားသည္ ပိုးစုန္းၾကဴးမ်ား ထြက္ေပၚလာသကဲ့သို႔ တဖ်တ္ဖ်တ္ လြင့္ပ်ံတက္ လာၾကသည္။ ဖိုထိုးသည့္ သက္တမ္းမွာၾကာခဲ့ၿပီ။ ဆရာေတာ္ထံတြင္ရသာ ယနဓာတ္ျပာ၊ နဝါးျပဒါးျပာ၊ သြပ္ျပဒါးလုံး စသည္ျဖင့္ တန္ဖိုးရွိေသာ ပစၥည္း မ်ား စမ္းသပ္ဆဲကိစၥမ်ား ခရီးမေပါက္ေသးေသာ လုပ္ရပ္ကိစၥမ်ားရွိသည္။ တစ္ေန႔ေန႔တြင္ ျဖစ္ရမည္ဟုလည္းယုံၾကည္ထားသည္။
ထိုစဥ္ မထင္မွတ္ေသာ ကိစၥရပ္မ်ားက အံ့ဩဖြယ္ထူးျခားစြာ ျဖစ္ေပၚ လာခဲ့သည္။ ဖားဖိုထဲရွိ မီးခဲမ်ားႏွင့္အုံထားေသာလုံသည္အေပၚသို႔ေျမာက္ တက္သြားၿပီး ဝုန္းခနဲ ေပါက္ကြဲသြားသည္။ လုံမွာလည္း အစိတ္စိတ္ အႁမႊာ ႁမြာေပါက္ကြဲလြင့္စဥ္သြားသည္။
“ဟ…ဘယ္လိုျဖစ္တာပါလိမ့္”
ဆရာေတာ္သည္ ထူးဆန္းေသာ ျဖစ္ရပ္ေၾကာင့္ အံ့ၾသတုန္လႈပ္သြား သည္။ ေဘးဘီသို႔ စူးစမ္းၾကည့္လိုက္ေသာအခါ အနီေရာင္ အဝတ္အစား မ်ားႏွင့္ ေတာင္ေဝွးကို ေထာက္လ်က္ရပ္ေနေသာ ေဇာ္ဂ်ီတစ္ပါးကို အံ့ဩ စြာ ေတြ႕ ျမင္လိုက္ရသည္။ ေဇာ္ဂ်ီသည္ ဆရာေတာ္ေရွ႕တြင္ ႐ိုေသစြာ ဝတ္ ျဖည့္ၿပီး..
“ဆရာေတာ္ဘုရား…တပည့္ေတာ္ ပါရမီကို ကူညီျဖည့္ဆည္းေတာ္ မူပါက အရွင္ဘုရားရဲ႕ပါရမီကိုလည္း တပည့္ေတာ္ကူညီပါ့မယ္ဘုရား”
ဆရာေတာ္သည္ ေဇာ္ဂ်ီအား အကဲခတ္ၾကည့္လိုက္သည္။ ေလာကီ ကိစၥ ေလာကနယ္ပယ္တြင္ ဝိဇၨာလွည့္၊ နတ္အလွည့္၊ သိုက္အလွည့္၊ ဆရာ အလွည့္ဟူ၍အလိမ္အေကာက္၊အလွည့္အပတ္မ်ားရွိတတ္ေလရာေဇာ္ဂ်ီ ဆိုတိုင္းလည္း ယုံၾကည္၍မရေပ။ ေဇာ္ဂ်ီ၊ ဝိဇၨာသုံးပါးရွိသည့္အနက္ မႏၲန္ ေဆးစုတ္ ေဇာ္ဂ်ီ၊ ေဆးမ်က္လွည့္ေဇာ္ဂ်ီ၊ သုတျပာစားေဇာ္ဂ်ီ။ ဘယ္လို ေဇာ္ဂ်ီ အမ်ိဳးအစား ျဖစ္မည္ကို ကြဲျပားေသခ်ာစြာ ေလ့လာေနပုံရသည္။
“အရွင္ဘုရားက တပည့္ေတာ္ကို သံသယရွိေနပုံရတယ္။ စိုးစဥ္းမွ သံသယ ရွိေတာ္မမူပါနဲ႔လို႔ တပည့္ေတာ္ ေတာင္းပန္ေလွ်ာက္ထားပါရေစ”

“အသင္ေဇာ္ဂ်ီ၊ သင့္ကိစၥကဘုန္းႀကီးတို႔သိကၡာပုဒ္ေတာ္နဲ႔လြတ္ကင္း ေၾကာင္း၊ သင္ အာမခံႏိုင္ပါ့မလား”
“လြတ္ကင္းပါတယ္ဘုရား”
“သိကၡာပုဒ္ေတာ္နဲ႔ ၿငိစြမ္းမႈမရွိရင္ ကူညီႏိုင္ပါတယ္” ေဇာ္ဂ်ီမ်က္ႏွာမွာ ေက်နပ္အားရစြာႏွင့္ ၿပဳံး႐ႊင္သြားသည္။ “ဘယ္လိုကိစၥမ်ိဳးလဲ…ေဇာ္ဂ်ီ”
“တပည့္ေတာ္နဲ႔အတူ ေခတၱလိုက္ပါႂကြေစလိုပါတယ္ဘုရား” ဆရာေတာ္သည္ ေဇာ္ဂ်ီ၏ အသြင္အျပင္ကိုၾကည့္၍ ယုံၾကည္စိတ္ခ် ေသာေၾကာင့္ ႏွစ္ဦးသား လြန္စြာမွ ေဝးလံေသာ ေတာအုပ္ႀကီးထဲသို႔ ဝင္ ေရာက္လာၾကသည္။ လမ္းခရီးတြင္ ေဇာ္ဂ်ီသည္ ေဆးေဖာ္စပ္ရန္အတြက္ လိုအပ္ေသာ ေဆးေပါင္း၊ ပန္းေပါင္း၊ အစြမ္းထက္ ဂမုန္းေပါင္းမ်ားစြာကို ရွာေဖြစုေဆာင္းလာခဲ့ သည္။
ေတာအုပ္တစ္ေနရာရွိ အခင္းအက်င္းသင့္ေသာေနရာတြင္ ေနရာယူ လိုက္သည္။ ထင္းမ်ားကိုစုေဆာင္းၿပီးအလြန္ႀကီးမားေသာထင္းပုံႀကီးအား မီးဖိုလိုက္သည္။ မီးပုံေဘးရွိ ေျမသားေပၚတြင္ ထင္းေခ်ာင္းတစ္ေခ်ာင္းႏွင့္ မီးပုံအား ဝိုင္းပတ္ၿပီး စက္ဝိုင္းပုံ စည္းထားလိုက္သည္။ အရွိန္ရလာၿပီးျဖစ္ ေသာ မီးပုံႀကီးမွ မီးၫြန႔္မ်ားသည္ တဟုန္းဟုန္းေတာက္ေလာင္ေနၿပီျဖစ္ သည္။
တယ္”
“တပည့္ေတာ္ဖိုဝင္ရန္အတြက္ အရွင္ဘုရား အကူအညီေပးေစလိုပါ
“ဘယ္လိုကူညီရမွာလဲ” “ဒီလိုပါဘုရား…”
ေဇာ္ဂ်ီသည္ ေဆးအိတ္ထဲမွ ေဆးသုံးလုံးကို ထုတ္ယူၿပီး ဆရာေတာ္ အား ဆက္ကပ္လိုက္သည္။
“တပည့္ေတာ္ မီးပုံထဲ ခုန္ဆင္းတဲ့အခါမွာ တစ္ေတာလုံး ျပင္းထန္စြာ တုန္ဟည္းၿပီးငလ်င္လႈပ္၊ေတာင္လဲသလိုျဖစ္လာပါလိမ့္မယ္ဘုရား – ခ်က္ ခ်င္းဆိုသလိုအလင္းေရာင္ေတြဆိတ္သုဥ္းၿပီးအေမွာင္ထုကေၾကာက္စရာ
ေကာင္းေလာက္ေအာင္ ဝင္ေရာက္လာပါလိမ့္မယ္။ အရွင္ဘုရားအေနနဲ႔

ဘယ္လိုမွ ထိတ္လန႔္ေၾကာက္႐ြံ႕စရာမလိုပါဘူး။ တပည့္ေတာ္ ေပးထားတဲ့ ေဆးသုံးလုံးထဲကပထမေဆးလုံးကို မီးပုံထဲပစ္သြင္းေတာ္မူပါ”
“ပထမ ေဆးလုံး ပစ္သြင္းၿပီးတာနဲ႔ ေမွာင္ရာကေန တစ္ေတာလုံး ျပန္ လင္းလာပါလိမ့္မယ္။ မီးေတာက္မီးလွ်ံေတြက ေဘာ္အဆင္းလို ေတာက္ပ လာပါလိမ့္မယ္။ အဲဒီအခ်ိန္မွာ ေတာထဲမွာ ရွိေနတဲ့ နာနာဘာဝ၊ ဝိနာဘာဝ ဘီလူးေတြ ေရာက္လာၿပီး ေၾကာက္စရာေကာင္းေလာက္ေအာင္ အဆင္း သဏၭာန္ဖန္ဆင္းၿပီးေျခာက္လွန႔္ၾကပါလိမ့္မယ္။ဘာမွေၾကာက္စရာမလိုပါ ဘူးဘုရား။ ဒုတိယ ေဆးလုံးကိုသာ မီးပုံထဲပစ္သြင္းလိုက္ပါ”
“ေဆးလုံး ပစ္သြင္းၿပီးတဲ့အခါမွာ မီးေတာက္မီးလွ်ံေတြဟာ ေ႐ႊဆင္း ေ႐ႊေရာင္ကဲ့သို႔ တေျပာင္ေျပာင္ တလက္လက္ ေတာက္ပလာပါလိမ့္မယ္။ သာယာနာေပ်ာ္ဖြယ္ေကာင္းတဲ့ တူရိယာသံေတြထြက္ေပၚလာၿပီး လွပတင့္ တယ္၊ ရႉခ်င္စဖြယ္ေကာင္းတဲ့နတ္သမီးေလးမ်ား ေရာက္လာၾကပါလိမ့္ မယ္။ နတ္မိမယ္ေလးေတြဟာ အရွင္ဘုရားကို စိတ္ေျပာင္းသြားေအာင္ ျမဴဆြယ္ျဖားေယာင္းၿပီးမလုပ္ဖို႔တားဆီးပိတ္ပင္ေတာင္းပန္ၾကပါလိမ့္မယ္။ သူတို႔ေျပာစကားေတြကိုနားမေထာင္မိဖို႔အေရးႀကီးပါတယ္ဘုရား။ေနာက္ ဆုံးက်န္ေနတဲ့ ေဆးတစ္လုံးကိုသာ မီးပုံထဲ ပစ္ေပါက္ထည့္လိုက္ပါ။ နတ္မိ မယ္ေလးေတြကြယ္ေပ်ာက္သြားၾကပါလိမ့္မယ္”
ေဇာ္ဂ်ီသည္ ထူးျခားဆန္းျပားစြာ စီမံထားသည့္ ေဆးသုံးလုံးအား ႐ိုေသစြာေလွ်ာက္ထားေျပာဆိုၿပီးဆရာေတာ္ထံအပ္ႏွံလိုက္သည္။ ေဇာ္ဂ်ီ သည္ ဆရာေတာ္အား ဦးသုံးႀကိမ္ခ် ဝတ္ျပဳကန္ေတာ့လိုက္ၿပီး ထိန္ထိန္ ညီးညီး အပူရွိန္ျပင္းစြာ ေတာက္ေလာင္ေနေသာ မီးပုံႀကီးထဲသို႔ လ်င္ျမန္ စြာ ခုန္ဆင္းလိုက္သည္။ မီေတာက္မီးလွ်ံမ်ားၾကားတြင္ ေဇာ္ဂ်ီမွာ အံ့ဩစြာ ေပ်ာက္ကြယ္သြားသည္။
ေဇာ္ဂ်ီ ေပ်ာက္ကြယ္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ ေတာအုပ္အတြင္းမွ သစ္ပင္ႀကီးမ်ားသည္ အျမစ္မ်ား ကြၽတ္လြတ္လုမတတ္၊ ျပင္းထန္ေသာ အရွိန္ႏွင့္ ယိမ္းထိုးလႈပ္ရွားလာသည္။ ေၾကာက္မက္ဖြယ္ေကာင္းစြာ ေတာ ဟီသံမ်ားကိုလည္း နားစည္ကြဲမတတ္ . ၾကားလာရသည္။ ေျမျပင္မွာ လည္း ငလ်င္လႈပ္သကဲ့သို႔ တသိမ့္သိမ့္ လႈပ္ရွားယိမ္းထိုးၿပီး ျပတ္ေ႐ြ႕

အက္ကြဲေၾကာင္းႀကီးမ်ား ျဖစ္ေပၚလာၾကသည္။ မိုးေမွာင္ႀကီးက်လာသကဲ့ သို႔ အလင္းေရာင္မ်ား ေပ်ာက္ကြယ္သြားသည္။ ေဇာ္ဂ်ီဖိုထားသည့္ အရွိန္ ညီးညီးေတာက္ေလာင္ေနသည့္ မီးပုံႀကီးမွာလည္း ဘယ္ေရာက္ဘယ္ ေပ်ာက္သြားမွန္းမသိေတာ့ေပ။
ဆရာေတာ္သည္ သတိႀကီးစြာထား၍ ေဇာ္ဂ်ီမွာၾကားထားသည့္အ တိုင္း ပထမေဆးလုံးအား ယခင္မီးပုံႀကီးရွိမည့္ ေနရာသို႔ မွန္းဆၿပီး ပစ္ ေပါက္ထည့္လိုက္သည္။ ဝုန္းခနဲ ျမည္သံႀကီးႏွင့္အတူ ထင္းပုံႀကီးမွာ ျပန္ လည္ေပၚထြက္လာၿပီး မီးေတာက္မီးစြယ္တို႔မွာလည္း ျပန္လည္ေတာက္ ေလာင္လာသည္။မီးေရာင္မ်ားသည္ျဖဴေဖြးေသာေဘာ္ေငြေရာင္မ်ားကဲ့သို႔
အလင္းမ်ား ျဖာထြက္လ်က္ရွိသည္။ သိမ့္သိမ့္တုန္ေအာင္ တုန္ခါေနေသာ ေျမျပင္မွာလည္းၿငိမ္သက္သြားသည္။
ထိုအခ်ိန္မွာပင္ စူးရွက်ယ္ေလာင္စြာ ေအာ္ဟစ္သံမ်ား မုန္တိုင္းတိုက္ ခတ္လာသလိုျပင္းထန္ေသာအရွိန္မ်ားႏွင့္အနက္ေရာင္မည္းမည္းလုံးႀကီး မ်ားသည္ ဆရာေတာ္ရွိရာသို႔ လိမ့္ဆင္းလာၾကသည္။ ဆရာေတာ္အနီး သို႔ ေရာက္ေသာအခါ တဝုန္းဝုန္းထေပါက္ကြဲၿပီး အေမြးစုတ္ဖြားဖြား ကိုယ္ ကာယ ႀကီးမားထြားႀကိဳင္းေသာ ဘီလူးႀကီးမ်ား ျဖစ္လာၾကသည္။ အခြၽန္ပါ ေသာ လက္သည္းရွည္ႀကီးမ်ား၊ နီရဲေသာ ပါးစပ္ၿပဲၿပဲႀကီးမ်ား မီးထေတာက္ မတတ္ လင္ကြင္းကဲ့သို႔ ျပဴးက်ယ္ေသာ မ်က္လုံးႀကီးမ်ားမွ အခိုးအေငြ႕မ်ား ထြက္ေနၾကသည္။
ေၾကာက္မက္ဖြယ္ေကာင္းေသာ၊ ၾကမ္းတမ္းေသာအေမြးရွည္ႀကီးမ်ား ေပါက္ေနသည့္ လက္မည္းမည္းႀကီးမ်ားႏွင့္ ဆရာေတာ္အား ဖမ္းဆီးရန္ အေျပးဝင္လာၾကသည္။ သို႔ေသာ္စည္းဝိုင္းျခစ္ထားေသာေနရာအေရာက္ တြင္ တုံ႔ခနဲျဖစ္သြားၿပီး ဆူညံေသာ အသံက်ယ္ႀကီးမ်ားျပဳလ်က္ ေၾကာက္ လန႔္ေအာင္ ေျခာက္လွန႔္ၾကသည္။
ဆရာေတာ္သည္ သတိႀကီးစြာထားလ်က္ ေဇာ္ဂ်ီမွာၾကားထားသည့္ အတိုင္းဒုတိယေဆးလုံးအားမီးပုံထဲသို႔ပစ္ေပါက္ထည့္လိုက္သည္။တဝုန္း

ဝုန္း ေပါက္ကြဲသံမ်ား ဆူညံလ်က္ မီးပုံႀကီးထဲမွ မီးေရာင္မ်ားသည္ ေ႐ႊမ်ား ေပ်ာ္က်လာသကဲ့သို႔ ေ႐ႊေရာင္မ်ား ျဖာထြက္လာသည္။ ေၾကာက္မက္ဖြယ္ ေကာင္းေသာလူ႔ဘီလူးႀကီးမ်ားမွာလည္းေပ်ာက္ကြယ္သြားၾကျပန္သည္။ ထိုစဥ္ေတာအုပ္အတြင္းမွသာယာနာေပ်ာ္ဖြယ္ေကာင္းေသာတီးမႈတ္
သံမ်ား ၾကားလာရသည္။ တစ္စတစ္စႏွင့္ ဆရာေတာ္အနီးသို႔ ေရာက္ရွိ လာသည္။ ေခ်ာေမာလွပေသာ နတ္မိမယ္ေလးမ်ားသည္ အရွက္လုံစြာ မလုံ႔တလုံ ဖုံးဖိထားေသာ အဝတ္အစား၊ ဒြါရရာမ်ားႏွင့္ စည္းဝိုင္းနားတြင္ ၿငိမ့္ေညာင္း သြဲ႕ေျပာင္းစြာ လာျပၾကသည္။ ရႈိက္ႀကီးဖိုငယ္ အသြယ္သြယ္ ေသာေျပျပစ္သည့္ အခ်ိဳးအဆစ္မ်ားႏွင့္ ဝင္းမြတ္ႏုေခ်ာေသာ အသား အေရမ်ား ၿပဳံး႐ႊင္ၾကည္သာေသာ မ်က္ႏွာညိဳ႕ယူဖမ္းစားေနေသာ မ်က္ဝန္း မ်ားႏွင့္ နည္းမ်ိဳးစုံ မာယာသုံးလ်က္ ဆရာေတာ္အား ျမႇဴဆြယ္ၾကသည္။ ေမႊးအီစူးရွေသာ ေတာပန္းရနံ႔မ်ားကလည္း ႀကိဳင္လႈိင္သင္းပ်ံ႕ လ်က္ရွိ သည္။
ေမႊးရနံ႔မ်ား ထုံရည္လာေသာေၾကာင့္ ဆရာေတာ္ ဦးေခါင္းမ်ား မူး ေနာက္ေနာက္ျဖစ္လာသည္။ ဆရာေတာ္သည္ သတိႀကီးစြာ ထားလိုက္ သည္။နတ္မိမယ္အလွမ်ားကိုၾကည့္၍ျဖစ္ပ်က္ရႈလိုက္သည္။ဒြါရကိုးေပါက္
မွ အရိအ႐ြဲ၊ အညစ္အေၾကးမ်ား စီးက်လာသည္။ ကိေလသာ၊ တဏွာကို ပယ္သတ္ထားေသာဆရာေတာ္အေနႏွင့္ေဖာက္ျပန္ျခင္းမရွိ၊ ခံယူခ်က္က ေက်ာက္စိုင္ ေက်ာက္သားပမာ ၿမဲၿမဲခိုင္မာလွသည့္ နတ္မိမယ္အသြင္ ဖန္ဆင္းထားရာမွ ေၾကာက္မက္ဖြယ္ေကာင္းေသာ နာနာဘာဝမ်ားအျဖစ္ ႐ုပ္ေျပာင္းသြားၾကသည္။
ဆရာေတာ္သည္ ေဇာ္ဂ်ီမွာထားသည့္အတိုင္း ေနာက္ဆုံးက်န္ေန ေသာ ေဆးလုံးအား မီးပုံႀကီးထဲသို႔ လ်င္ျမန္စြာ ပစ္ေပါက္ထည့္လိုက္ သည္။ ေၾကာက္မက္ဖြယ္ နာနာဘာဝ ႐ုပ္သြင္မ်ားသည္ ကြယ္ေပ်ာက္သြား ၾကသည္။ ေဇာ္ဂ်ီ ဖိုထိုးထားေသာ မီးေတာက္မီးလွ်ံမ်ားသည္ ေရႏွင့္ဖ်န္း လိုက္သကဲ့သို႔ မီးၿငိမ္းေသသြားသည္။ ႏူးညံ့ေသာ ေလေျပေလညင္းေလး

မ်ား တသုန္သုန္ ေဝ့ျမဴးတိုက္ခတ္လာသည္။ ထိုအခ်ိန္မွာပင္ ကိုယ္ေရာင္ ကိုယ္ဝါ ေတာက္ပစြာႏွင့္ ေဇာ္ဂ်ီသည္ ျပန္လည္ထြက္ေပၚလာၿပီး ဆရာ ေတာ္အား လက္အုပ္ခ်ီေလွ်ာက္ထားလိုက္သည္။
“တပည့္ေတာ္ရဲ႕ ကိစၥအစ၊ အလယ္၊ အဆုံး လုံးလုံးၿပီးေျမာက္ အထြတ္ အထိပ္သို႔ ေရာက္ရွိသြားပါၿပီဘုရား။ ဆရာေတာ္ဘုရားရဲ႕ ကူညီေပးမႈ ေၾကာင့္သာ အခုလို ၿပီးေျမာက္ျခင္း ျဖစ္ရပါတယ္။ အလိုရွိရာ မိန႔္ေတာ္မူပါ ဘုရား”
“က်ဳပ္-ကိုယ္တိုင္ကလည္း ဝိဇၨာလမ္းေပါက္ ထြက္ရပ္ေပါက္ သိဒၶိ ေျမာက္ေအာင္ က်င့္ႀကံအားထုတ္ေနတာ။ ေဇာ္ဂ်ီလည္း သိရွိေပတာပဲ။ အသင္ ေဇာ္ဂ်ီက ဘယ္လို ဆက္ၿပီး ခရီးထြက္မွာပါလဲ”
“မွန္လွပါ၊တပည့္ေတာ္ဟာထူးဆန္းအံ့ဖြယ္တန္ဖိုးသိဒၶိေတြရွိတဲ့ေဆး
ဂမုန္းမ်ား ေပါက္ေရာက္ရာ သီရိ႐ုကၡေတာင္မွာ ေနရပါမယ္ဘုရား။ အဲဒီမွာ အေနာတတ္ေရအိုင္ရွိပါတယ္။ ဥတုသုံးပါးစလုံး ေနေရာင္မက် ေရာက္ႏိုင္ တဲ့ေရအိုင္ပါ။ တန္ခိုးႀကီးတဲ့ နတ္နဂါး၊ ဂဠဳန္၊ ဝိဇၨာဓိုရ္ေတြဟာ အေနာတတ္ ေရကို သုံးသပ္ၿပီး ေပ်ာ္ပါးၾကပါတယ္။ အစာအာဟာရအတြက္ အႏၲႏၲရ သရက္သီးနဲ႔ဇမၺဴ့ သေျပသီးမ်ားကို စားသုံးရပါတယ္။ လြန္ခဲ့တဲ့ အတိတ္ ဘဝက အရွင္ဘုရားနဲ႔ တပည့္ေတာ္ဟာ ညီအစ္ကို ေတာ္စပ္ခဲ့ပါတယ္။ ဒါေၾကာင့္ အခုလို လာေရာက္ၿပီး ပါရမီျဖည့္ဆည္းျခင္းျဖစ္ပါတယ္။ အရွင္ ဘုရားဟာ ေတာေတာင္ကို အမွီျပဳၿပီး ေနရမွာျဖစ္တာေၾကာင့္ ဣသီဂူဟ အမည္ရွိတဲ့ ဝိဇၨာဓိုရ္ ထြက္ရပ္ေပါက္ ပုဂၢိဳလ္မ်ား က်င့္ႀကံအားထုတ္ရာ ေကသာလေတာင္ကို တပည့္ေတာ္ပို႔ေဆာင္ရပါမယ္ဘုရား”
“ေကာင္းၿပီ ေဇာ္ဂ်ီသိဒၶိ သင္ေခၚေဆာင္သည့္အတိုင္း ေကသာလ ေတာင္ကိုလိုက္ခဲ့ပါ့မယ္”
ဤသို႔ျဖင့္ေဇာ္ဂ်ီသိဒၶိေခၚေဆာင္ခဲ့ရာမွ ဆရာေတာ္ဦးနႏၵိမာလာသည္ ေကသာလေတာင္သို႔ ေရာက္ရွိလာျခင္း ျဖစ္ေပေတာ့သည္။

ဖိုးသာေအာင္သည္ ဆရာေတာ္ေျပာျပသည့္ ေဇာ္ဂ်ီသိဒၶိအေၾကာင္း ကို ထူးဆန္းစြာ ၾကားသိလိုက္ရသည္။ ေဇာ္ဂ်ီေတြကလည္း အမ်ိဳးမ်ိဳး ရွိေပ လိမ့္မည္။ သူေကာက္ရေသာ ေဖေဇာ္ဂ်ီမွာ သူ႔နည္းသူဟန္ႏွင့္ တန္ခိုးရွိ သည္ဟုေျပာရေပမည္။ေဇာ္ဂ်ီသိဒၶိကဖိုဝင္ရန္ဆရာေတာ္အားအကူအညီ ေတာင္းခံရန္ ေရာက္ရွိလာသလို ေဖေဇာ္ဂ်ီက ညအခ်ိန္မေတာ္တြင္ ပစၥည္း ဥစၥာ ခိုးဝွက္ေသာေဇာ္ဂ်ီျဖစ္သည္။
“ဒါထက္ ေဇာ္ဂ်ီဆိုတာ ဘယ္လိုဝိဇၨာမ်ိဳးေတြပါလဲ ဘုရား”
“ဝိဇၨာဓရ အတတ္ေတြကို အကုန္လုံးပဲျဖစ္ျဖစ္၊ တစ္ဝက္ပဲျဖစ္ျဖစ္ရ ၿပီး သိဒၶိေျမာက္တဲ့ ပုဂၢိဳလ္ပဲ။ ဒါေပမဲ့ – ရထားတဲ့ သိဒၶိနဲ႔ ဝိဇၨာျဖစ္သြားေအာင္ ဖိုမဝင္ေသးဘူး။ အတတ္ပညာနဲ႔ သိဒၶိေတြပ်က္ျပယ္ျခင္းမရွိေစဖို႔၊မျပဳျပင္ရ
ေသးတဲ့အဆင့္မွာပဲရွိတယ္။ဖိုဝင္ၿပီးဝိဇၨာလိုသိဒၶိမၿမဲေသးတာေၾကာင့္ပ်က္ ျပယ္ႏိုင္တဲ့ အဆင့္မွာရွိတယ္။ မႏၲန္ေဆးစုတ္ဝိဇၨာဓိုရ္ ေဆးမ်က္လွည့္ ဝိဇၨာဓိုရ္ သုတျပာစား ဝိဇၨာဓိုရ္ဆိုၿပီး သုံးမ်ိဳးရွိတယ္”
“အဂၤဝိဇၨာဓိုရ္မ်ိဳးနဲ႔ အက်ိဳးတူတဲ့ ဓန၊ လာဘ၊ ကာယ၊ ဝိဇၨာ မႏၲသိဒၶိ ေတြ ၿပီးတယ္။ အပူေလာမသိဒၶိနဲ႔ ဝိဇၨာမယသိဒၶိေတာ့ မၿပီးဘူး။ ေဇာ္ဂ်ီ ဝိဇၨာ ဓိုရ္ေတြဟာ လူသူမနီးတဲ့ ေတာႀကီး ေတာင္ႀကီးေတြမွာ ေနထိုင္ၾကၿပီး လူေသ မိန္းမေတြရဲ႕ အေလာင္းေတြကို အသက္သြင္းၾကတယ္။ မိန္းမပ်ိဳ ေတြရဲ႕အ႐ိုးကို ရရင္လည္း အသက္သြင္းႏိုင္စြမ္းရွိၾကတယ္”
“အသက္သြင္းၿပီးေတာ့ ဘာေတြ လုပ္တာလဲ ဘုရား”
“ေပ်ာ္ပါးၾကတာေပါ့ကြယ္ . . . အၿခံအရံ တစ္ဖက္တစ္ဖက္မွာ ၅ဝဝဝ ေလာက္နဲ႔ ခံစားေနၾကတာေပါ့။ လူေသမိန္းမေတြရဲ႕ အ႐ိုးကို မရရင္လဲ ေအာက္တန္းအဆင့္ နတ္မိစာၦန္ေတြနဲ႔ ေပ်ာ္ပါးၾကတယ္။ ေဇာ္ဂ်ီဝိဇၨာ ျဖစ္ သြားရင္ ဆင္၊ ျမင္း၊ ကြၽဲ၊ ႏြား တိရစာၦန္ေတြရဲ႕ ဦးေခါင္း အ႐ိုးေတြကိုလည္း ရွင္ေစႏိုင္တယ္။ အလိုရွိတဲ့ ေ႐ႊ၊ ေငြ၊ ေက်ာက္သံပတၱျမား၊ ရတနာအမ်ိဳးမ်ိဳး တံေတြးေထြးလိုက္တာနဲ႔ ျဖစ္ေစႏိုင္တယ္။ လူသတၱဝါေတြ နာဖ်ားလို႔ရွိရင္ ေရကိုငုံၿပီးေထြးတာနဲ႔ ျပန္ေကာင္းလာေစႏိုင္တယ္”
“ေဇာ္ဂ်ီေတြ ေပ်ာ္ပါးတတ္တဲ့ သူေယာင္မယ္ဆိုတာေကာ တကယ္ရွိ ပါသလားဘုရား”

“ရွိတာေပါ့ . . . ဖိုးသာေအာင္ . . . သူေယာင္ေတာဆိုတာ ဟိမဝႏၲာ
ေတာမွာရွိတယ္။ ဟိမဝႏၲာ၊ သတၱရဘန္၊ သီတာခုနစ္တန္ဆိုတာ သူေယာင္ ေတာလဲလာတာေပါ့။ အဲဒီအပင္က တျခားအပင္ေတြနဲ႔ မတူဘူး။ လွပ တင့္တယ္ၿပီး သူေယာင္သီးေတြဟာ လူမိန္းမ ၁၅ ႏွစ္၊ ၁၆ ႏွစ္အ႐ြယ္မ်ိဳး၊ ဘာနဲ႔သြားတူသလဲဆိုေတာ့စတုမဟာရာဇ္နဲ႔တာဝတႎသာမွာရွိတဲ့နတ္သမီး ေတြလိုပဲ။လြန္စြာမွလွပတင့္တယ္ ေခ်ာေမာၾကတယ္။ ေလတိုက္လို႔ သူ ေယာင္သီး တစ္ခုႏွင့္တစ္ခု တိုက္မိလိုက္ရင္ သာယာနာေပ်ာ္ဖြယ္ေကာင္း တဲ့ေစာင္းျငင္းပတ္သာၿငိမ့္ေျငာင္းတဲ့တူရိယာသံေတြေပၚထြက္လာတယ္။
“သူေယာင္မယ္ေတြရဲ႕စကားေျပာသံ၊ ရယ္ေမာသံ၊ သီခ်င္းဆိုတဲ့အသံ ေတြဟာ ဂီတသံေတြနဲ႔အတူ ထြက္ေပၚလာတယ္။ ၾကားရတဲ့ သူေတြမွာ ေသာတအာ႐ုံဘဝင္ၿငိၿပီး၊ ရေသ့သူေတာ္စင္ေတြ အဘိညာဥ္ရတဲ့ ပုဂၢိဳလ္ ေတြေကာင္းကင္မွာဈာန္နဲ႔ႂကြလာတဲ့ရေသ့ေတြေတာင္ကိေလသာမီးေတြ ထ စြဲၿပီးေလာင္ကြၽမ္း ေတာက္ေလာင္ေစႏိုင္တယ္။ ဒါေၾကာင့္ ေျမျပင္ေပၚ
ျပဳတ္က်ၿပီးဈာန္ေလွ်ာတယ္လို႔ေျပာၾကတာေပါ့”
“သူေယာင္မယ္ေတြကတစ္သက္လုံး အသက္ရွင္လား ဘုရား”
ေသေၾကပ်က္စီးပုပ္သိုးသြားတယ္။
“ဝိဇၨာေဇာ္ဂ်ီတပသီေတြဟာသူေယာင္မယ္နဲ႔ေတြ႕ရင္ကာမဂုဏ္အာ႐ုံ မွာ မူးေမ့နစ္ေမ်ာသြားၾကတယ္။ အဖ်က္အဆီးေတြေပါ့ကြာ။ သူေယာင္သီး ကို ဆြတ္ယူၿပီးတဲ့ေနာက္ ၆ လၾကာရင္ သူေယာင္မယ္ေတြနဲ႔ေပ်ာ္ပါးတဲ့ဝိဇၨာပုဂၢိဳလ္ေတြဟာ၄လၾကာမွျပန္သတိရ တယ္။ ၁၅ ႏွစ္၊ ၁၆ ႏွစ္ အ႐ြယ္ လူမိန္းမပ်ိဳေလးေတြအတိုင္း မိန္းမအဂၤါ ရပ္ အျပည့္အစုံ ရွိတယ္။ ဆံထုံးက အညႇာကေန ေပါက္ၿပီး လွပေခ်ာေမာ ၾကတယ္။
“သူေယာင္သီးေတြေႂကြၿပီးပုပ္တဲ့အနံ႔ဟာလူေသပုပ္တဲ့အနံ႔မ်ိဳးထြက္ တယ္။ပုပ္ၿပီးေႂကြက်တဲ့သူေယာင္သီးေတြကိုဟိမဝႏၲာမွာေနတဲ့ဆဒၵန္ဆင္ မင္းေတြကစားၾကတယ္။ အဲဒီေတာမွာအသက္ရွည္စြာေနထိုင္ၿပီး အထက္ အျမင့္ကိုယူဇနာေျခာက္ဆယ္ ပ်ံတက္ႏိုင္တဲ့ သံဝိဇၨာတစ္ပါးရွိတယ္” “သူ႔အသားအေရက ေ႐ႊအဆင္းလို ေတာက္ပတယ္။ ေျခသည္းလက္ သည္းေတြက ဟသၤပဒါးလို နီရဲတယ္။ မ်က္လုံးေတြက ပတၱျမားေက်ာက္

လို ရဲရဲနီတယ္။ ေသသဝိဇၨာလို႔ ေခၚတဲ့ သံဝရမာလာသံဝိဇၨာႀကီးက အုပ္ခ်ဳပ္ ေနထိုင္တယ္။ ေလာကီဈာန္အဘိညာဥ္ရတဲ့ ပုဂၢိဳလ္ေတြဟာ ဘယ္ေတာ့မွ သူေယာင္ေတာကို သြားလဲမသြားၾကဘူး။ ေနလဲမေနၾကဘူး”
“သူေယာင္မယ္ေတြက
ဘုရား”
ဟိမဝႏၲာေတာမွာ တကယ္ရွိတာလား
“ဝိဇၨာဓိုရ္နဲ႔ ထြက္ရပ္ပုဂၢိဳလ္သူေတာ္စင္ေတြ သီတင္းသုံးတဲ့ သုဒႆန ေတာင္ဆိုတာရွိတယ္။ ေ႐ႊေရာင္ေတြ တဖိတ္ဖိတ္ေတာက္ပေနၿပီး အျမင့္ ယူဇနာ၁၅ဝရွိတယ္။ ေတာင္ထိပ္မွာ လွ်ပ္စစ္လွ်ပ္ႏြယ္ေတြနဲ႔ ေတာက္ပေန တယ္။ ေ႐ႊလိုဏ္ဂူႏွစ္ခုလည္းရွိတယ္။ ဂူအတြင္း အလ်ား၊ အနံ၊ အက်ယ္၊ တစ္ယူဇနာရွိတယ္။ နတ္သမီးေတြ နတ္သားေတြ ပြဲသဘင္ျပဳလုပ္တဲ့ လိုဏ္ဂူ အေပါက္ေပါင္း ႏွစ္ဆယ္ရွိတယ္။ လိုဏ္ဂူထဲမွာ ယႏၲာမႏၲဝိဇၨာေတြ ရွိသလို နရကဒလီ သူေယာင္မယ္ေတြလည္းရွိတယ္။
“ေဇာ္ဂ်ီဆိုတာ အလြန္တရာ ထူးဆန္းတဲ့ ပုဂၢိဳလ္ေတြပါပဲ ဘုရား” & & &
ေနာက္ရက္မ်ားတြင္ ဆရာေတာ္ ဦးနႏၵမာလာ ေခၚေဆာင္ရာ ေနာက္ သို႔လိုက္ရင္း ေတာေတာင္အႏွံ႔ ေရာက္ခဲ့ရသည္။ ေတာထဲတြင္ ေဆးစုရင္း ေဆးဖက္ဝင္ ဂမုန္းမ်ားအေၾကာင္းကို သိရွိခဲ့ရသည္။ ေဆးပညာရပ္မ်ားကို လည္း သင္ၾကားခဲ့ရသည္။ ဖိုးသာေအာင္ စိတ္ထဲတြင္ ႐ြာကို ျပန္သတိရ
ေနသည္။
“မင္း…ျမင္ဝါးေတာင္႐ြာကို ျပန္သြားခ်င္ၿပီလား” “တင္ပါ့ ဘုရား”
“အင္း…တစ္ႏွစ္ေလာက္ရွိၿပီဆိုေတာ့မင္းအေမလည္း စိုးရိမ္ေနေရာ့
မယ္။ ျပည့္စုံပါၿပီ၊ ႐ြာကို ျပန္ေရာက္ရင္ လူသတၱဝါေတြရဲ႕အသက္ကို ဇီဝိတ ဒါနျပဳကုသ ေပးရမယ္။ ဝိဇၨာပညာရပ္ေတြကို လိုက္စားတဲ့အတြက္ ႀကီးပြား ခ်မ္းသာတဲ့ သူေဌးႀကီးလည္း ျဖစ္လာလိမ့္မယ္။ မင္းျပန္မယ္ဆိုရင္ ျပန္လို႔ ရပါၿပီ”
“တပည့္ေတာ္ အခုေရာက္ေနတာက စစ္ကိုင္းေတာင္႐ိုးမွာ တပည့္ ေတာ္ ေနတဲ့ ရခိုင္႐ိုးမနဲ႔ အေဝးႀကီးပဲ ဘုရား”

“ဒါကလြယ္ပါတယ္၊ မင္းစိတ္ထဲမွာ ငါေနထိုင္တဲ့ျမင္ဝါးေတာင္႐ြာျပန္ ေရာက္ၿပီးလို႔ ေအာက္ေမ့လိုက္၊ မ်က္စိမွိတ္ထား၊ ႐ြာျပန္ေရာက္ၿပီလို႔ စိတ္ ထဲမွာေတြးထား၊ ေတြးထား”
ဖိုးသာေအာင္သည္ ဆရာေတာ္ေျပာသည့္ စကားသံမ်ား တျဖည္း ျဖည္း ေဝးသြားၿပီး ေပ်ာက္ကြယ္သြားသလို သူကိုယ္တိုင္ မည္သို႔ျဖစ္ပ်က္ သြားသည္ကို သတိမရေတာ့ေပ။

ျမင္ဝါးေတာင္႐ြာေလးသည္ အေမွာင္ထုထဲတြင္ တိတ္ဆိတ္လ်က္ရွိ သည္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႀကီး အိပ္ေမာက်ေနေသာ ဖိုးသာေအာင္မွာ သူ႔ခါး တြင္ ပူခနဲ ျဖစ္သြား၍ လန႔္ႏိုးသြားသည္။ မ်က္စိဖြင့္၍ ၾကည့္လိုက္ေသာ အခါ သူ႔အိပ္ရာေဘးတြင္ ရပ္ေနေသာ ကိုယ္ေရာင္ကိုယ္ဝါ ေတာက္ပစြာ ေဇာ္ဂ်ီအား ျမင္ေတြ႕လိုက္ရသည္။ သူမွတ္မိသြားသည္ ေဇာ္ဂ်ီငတက္ဖ်ား ပါလား…။ ဖိုးသာေအာင္ ရင္ထိတ္သြားသည္။
“ေဖေဇာ္ဂ်ီပါလား…ကြၽန္ေတာ့္ကို ဒုကၡမေပးပါနဲ႔ေတာ့ဗ်ာ” “ဟား…ဟား…ဟား”
ေဖေဇာ္ဂ်ီက သေဘာက်စြာ ရယ္ေမာလိုက္သည္။ ေဖေဇာ္ဂ်ီထံမွ အသံထြက္လာသျဖင့္ ဖိုးသာေအာင္ အံ့ဩသြားသည္။ ဟိုတုန္းကဆိုလွ်င္ ေဖေဇာ္ဂ်ီ က စကားမေျပာေပ။ေတာင္ေဝွးႏွင့္ေထာက္၍ လမ္းၫြန္ေစခိုင္း ခဲ့ျခင္းျဖစ္သည္။ ယခု ေဖေဇာ္ဂ်ီ စကားေျပာသျဖင့္ ဝမ္းသာသြားသည္။ သူေျပာခ်င္တာကို ေဖေဇာ္ဂ်ီ နားလည္ေအာင္ ေျပာခြင့္ရေတာ့မည္ ျဖစ္ သည္။
“သူတစ္ပါး ပစၥည္းေတြ ခိုးဖို႔ မလုပ္ပါနဲ႔ေတာ့ ေဖေဇာ္ဂ်ီရာ” “ဟား…ဟား…ဟား”
ေဖေဇာ္ဂ်ီကထပ္မံရယ္လိုက္ျပန္သည္။
“မင္း . . . အခု ေရာက္ေနတာ ဆရာေတာ္နဲ႔ စစ္ကိုင္းေတာင္႐ိုးမွာ မဟုတ္ေတာ့ဘူး။မင္း႐ြာမင္းအိမ္ကိုျပန္ေရာက္ေနတာ။မင္းကိုပစၥည္းေတြ
ခိုးခိုင္းဖို႔ ေရာက္လာတာမဟုတ္ဘူးကြာ။ မင္းေက်းဇူးေတြ ရွိတယ္။ ဒါ ေၾကာင့္မင္းကို ေက်းဇူးဆပ္ရေအာင္ မစရေအာင္ ငါေရာက္လာတာပဲ”

“ကြၽန္ေတာ္က ေဖေဇာ္ဂ်ီကို ဘာမ်ားလုပ္ေပးလို႔လဲ”
“မင္းေက်းဇူးေၾကာင့္ ငါလည္းဆရာေတာ္ဦးနႏၵမာလာေရွ႕ေရာက္ခြင့္ ရတာပဲ။ ေကသာလေတာင္မွာ ဆရာေတာ္ထံ အျပစ္ေတြ ဝန္ခ်ေတာင္းပန္ ၿပီး ငါ့ ဒဏ္ခတ္ခံထားရတာေတြ လြတ္ေျမာက္ခဲ့ရတယ္။ ငါ့ဆရာေတြရွိတဲ့ အာယုဒီဃေတာင္ကို ျပန္သြားခြင့္ရခဲ့တာေပါ့။ မင္းသာ ငါကို ယူေဆာင္ မသြားရင္ ဆရာေတာ္နဲ႔ ေတြ႕ ခြင့္ရမွာ မဟုတ္သလို ငါ့အျပစ္ေတြလည္း လြတ္ေျမာက္လာမွာ မဟုတ္ဘူး။ ဒါေၾကာင့္မို႔ မင္းကို ငါက ေက်ဇူးတင္ေန ရတာေပါ့”
“အဲဒီေတာ့ ကြၽန္ေတာ္က ဘာလုပ္ရမွာလဲ…”
“ဘာလုပ္ရမွာလဲဆိုေတာ့ ဆရာေတာ္ ဦးနႏၵမာလာ ေခၚသြားတာကို ႐ြာမွာ ဘယ္သူမွ မသိေစနဲ႔။ မင္း ေတြ႕ရ ႀကဳံရတာေတြကို ေျပာျပလည္း

ဘယ္သူမွ ယုံၾကည္ၾကမွာမဟုတ္ဘူး။ အခု မင္းႀကိဳက္ေနတဲ့ ျမတ္ေလးငုံ ဟာ ျပဳစားခံထားရလို႔ ေနမေကာင္းျဖစ္ေနတယ္။ မင္းေဆးသြားကုေပး ပါ။ ၿပီးရင္ ျမတ္ေလးငုံနဲ႔ အိမ္ေထာင္ျပဳရမယ္။ ေတာင္ေပၚေက်ာင္းမွာ ဆရာ ေတာ္ဦးနႏၵမာလာ ဖိုထိုးတဲ့ေနရာကို သိတယ္မဟုတ္လား”
“သိပါတယ္…”
“ေအး…အဲဒီမွာဆရာေတာ္ကိုရည္စူးၿပီး”ဂႏၶာရီ”ဘြဲ႕ေတာ္နဲ႔ေစတီတစ္ ဆူတည္ရမယ္။ေစတီတည္ထားကိုးကြယ္ဖို႔ဘာအခက္အခဲမွမရွိေစရဘူး။ မင္းကိုယ္တိုင္ ဦးေဆာင္ၿပီး ေဆာင္႐ြက္ပါ။ လိုအပ္တာေတြ အကုန္လုံး ငါျဖည့္ဆည္းေပးမယ္”
ေဇာ္ဂ်ီငတက္ဖ်ားသည္ ဖိုးသာေအာင္အား ေစတီတစ္ဆူတည္ထား ရန္မွာၾကားၿပီးေပ်ာက္ကြယ္သြားေလသည္။
ျမင္ဝါးေတာင္႐ြာထိပ္ရွိ ေတာင္ကုန္းေပၚတြင္ တည္ထားေသာ ဂႏၶာရီ ေ႐ႊေစတီမွ တခြၽင္ခြၽင္ ဆည္းလည္းသံေလးမ်ားကို ၾကည္ႏူးဖြယ္ ၾကားေနရ သည္။ ကြၽႏ္ုပ္သည္ ျမင္ဝါးေတာင္ ႐ြာေလးသို႔ အလည္အပတ္ ေရာက္ရွိ သြားရာမွ ေတာင္ေပၚေက်ာင္းရွိ ဆရာေတာ္ႀကီးအား ဖူးေျမာ္ကန္ေတာ့ ခဲ့သည္။ ဆရာေတာ္ႀကီးမွာ သက္ေတာ္ ၈ဝ ခန႔္ ရွိၿပီျဖစ္၍ ေရွ႕မီ ေနာက္မီ ဆရာေတာ္ႀကီး ျဖစ္သည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁ဝဝ ေက်ာ္က အဂၤလိပ္ အစိုးရလက္ထက္တြင္ သူတို႔ ျမင္ဝါးေတာင္ ႐ြာသားတစ္ဦးျဖစ္ေသာ ဖိုးသာေအာင္ဆိုသည့္ ထူး ဆန္းသည့္ လူတစ္ေယာက္အေၾကာင္းကို ေျပာျပ၍ သိရွိခဲ့ရသည္။ ဖိုးသာ ေအာင္သည္ ေ႐ႊ၊ ေငြ၊ ရတနာ ဥစၥာပစၥည္းမည္မွ် ခ်မ္းသာခဲ့သည္မသိရေပ။ ေတာင္ေပၚေက်ာင္းဝန္းတြင္းရွိ ေတာင္ကုန္းေပၚတြင္ ေစတီပုထိုးမ်ား၊ တန္ ေဆာင္းမ်ား ေဆာက္လုပ္လႉဒါန္းခဲ့သည္။ ေက်ာင္းတိုက္ႀကီး အဝင္တံခါး ေဘာင္ေပၚတြင္ ကႏုတ္ပန္းႏွင့္ ဆင္ဆင္တူ ေရွးေဟာင္း စာတန္းတစ္ခုကို ကမၸည္းထိုးထားသည္။

“အလႉရွင္ ဦးဖိုးသာေအာင္ႏွင့္ဇနီးေဒၚျမတ္ေလးငုံတို႔ေကာင္းမႈ”
“အရွင္ဘုရားကိုေလွ်ာက္တင္ပရေစဘုရား။ေစာေစာကအရွင္ဘုရား အမိန႔္ရွိတဲ့အတိုင္းလြန္စြာမွထူးဆန္းတဲ့ဦးဖိုးသာေအာင္ေဒၚျမတ္ေလးငုံတို႔ အေၾကာင္းကို သိရပါၿပီဘုရား။ သူတို႔ႏွစ္ဦးဟာ ဘယ္ေလာက္အသက္ရွည္ ေနထိုင္သြားၾကတာပါလဲဘုရား”
ကြၽႏ္ုပ္သည္ ဦးဖိုးသာေအာင္၏ ေနာက္ဆုံး အဆုံးသတ္ကို သိလို၍ ေလွ်ာက္ထားလိုက္သည္။
“ဒီလိုကြယ့္ ဘုန္းႀကီးရဲ႕ အရင္ေက်ာင္းထိုင္ဆရာေတာ္ႀကီး ေျပာျပခဲ့ဖူးတယ္။ သူတို႔ႏွစ္ေယာက္က (၁၀) ႏွစ္ေလာက္ ေပါင္းသင္းခဲ့ၾက တယ္။ ထူးဆန္းတာက ေ႐ႊ၊ ေငြ ရတနာ ပစၥည္းေတြ ဘယ္ကေနဘယ္လို တိုးပြားလာတယ္ဆိုတာ မသိရဘူး။ ဖိုးသာေအာင္က အသက္ (၃ဝ)၊ ျမတ္ ေလးငုံက အသက္ (၂၈) ႏွစ္ အ႐ြယ္မွာ ကြယ္လြန္သြားၾကတယ္။ အမွန္ ေတာ့ ျမတ္ေလးငုံကိုပါ ဖိုးသာေအာင္က ထြက္ရပ္လမ္း၊ ဝိဇၨာပညာေတြ ကို သင္ေပးေနတာကိုး။ ထြက္ရပ္ေပါက္သြားတဲ့သူေတြဟာ သူတို႔ကိုယ္ သူတို႔ ႐ုပ္ေဖ်ာက္သြားၾကတယ္။ နားလည္တဲ့သူေတြက သူတို႔ လင္မယား သၿဂႋဳဟ္မယ္လုပ္ေတာ့ေခါင္းေတြကိုဖြင့္ၾကည့္လိုက္တာအေလာင္းေတြက
မရွိေတာ့ဘူး”
“ဘယ္လိုလုပ္ၿပီး ေပ်ာက္ကြယ္သြားတာလဲဘုရား”
“ဒါေတာ့လည္း ဘယ္သိပါ့မလဲကြယ္”
` နန္းေၾကာ့သွ်င္