မိန်းမလည်၏နောက်ဆုံးခရီး(စ/ဆုံး)

Unicode Version

မိန်းမလည်၏နောက်ဆုံးခရီး(စ/ဆုံး)
—————————————–
ခင်ဝင်းဘဝအစကမသာယာပါအရွယ်ရောက်လာတော့လည်းမပြည့်စုံပါ
အဖေကစောစီးစွာဆုံးပါးသွား၍မုဆိုးမအမေနှင့်ဘဝကိုဆင်းဆင်းရဲရဲဖြတ်သန်းလာခဲ့ရသည်။
မောင်နှမများ၍မောင်နှမများထဲအကြီးဆုံးဖြစ်သောခင်ဝင်းအတွက်အရာရာသည်စိတ်ညစ်စရာများပင်ဖြစ်၏
အဖေချန်ထားခဲ့သောဒဂုံမြို့သစ်မြောက်ပိုင်းကသုံးပင်အိမ်စုတ်ကလေးသည်ခင်ဝင်းတို့ကမ္ဘာပင်ဖြစ်သည်။
ဝမ်းရေးအတွက်အမေကမြောက်ဒဂုံဈေးထဲတွင်ငါးခြောက်ရောင်းကာခင်ဝင်းကတစ်ဖက်တစ်လမ်းကဝင်ငွေရအောင်သူများဆိုင်တွေမှာအကူလုပ်၏
ငပိရည်တို့စရာကခင်ဝင်းတို့အတွက်မရိုးသောဟင်းဖြစ်သည်ခါးသီးသောဘဝမှာခင်ဝင်းမနေချင်
ရည်မှန်းချက်ကြီးကာဉာဏ်ကောင်းသောသူမကဘဝမျိူးးစုံအလုပ်မျိူးးစုံကျင်လည်၍ဘ့ွဲတစ်ခုရလာသည်
မျက်နှာမွဲအနှိပ်ခံဘဝမှခင်ဝင်းငွေရဖို့အတွက်အလုပ်ကစုံလာတော့မျက်စိပွင့်လာ၏အရမ်းချမ်းသာချင်လာသည်။
သို့ပေမဲ့ခင်ဝင်းတို့ဘဝအတွက်ချမ်းသာဖို့ဆိုတာအလှမ်းဝေးလွန်း၏လက်လှမ်းမမှီသောအရပ်မှာရှိသည်။
ထို့ကြောင့်ဖြတ်လမ်းကချမ်းသာရန်မကောင်းသောအကြံထုတ်လျက်ရှိသည်။
ခင်ဝင်းတွင်ယောင်္ကျားများမက်လောက်သည့်ကိုယ်လုံးကိုယ်ပေါက်ပိုင်ဆိုင်ကာလုံးကြီးပေါက်လှဖြစ်သည်။
သူငယ်ချင်းများကတော့ခင်ဝင်းကွယ်ရာတွင်ဖင်ကောက်မဟုနောက်၍ခေါ်တတ်၏
ခင်ဝင်းဖင်ကောက်သည်ပဲပြောပြောဖင်ကြီးသည်ပဲဆိုဆိုသူမကတော့ကျေနပ်သည်။
သူမအတွက်ဒီကိုယ်လုံးကပင်ဘုရားပေးသည့်ဆုလဒ်ဟုခံယူထားသည်။
သို့ပေမဲ့လိုတာထက်ပို၍ကိုယ်လုံးပြကာညုတုတုပုံစံကြောင့်သူမအလုပ်ပြုတ်ပေါင်းမနည်းတော့ပေ
သူမလုပ်သည့်အလုပ်ရှင်မိန်းမများကသူတို့ယောင်္ကျားများကိုမြူဆွယ်နေသည်ဟုထင်ကြကုန်၏
ခင်ဝင်းအတွက်ကံကောင်းသည်ဟုပင်ဆိုရမလိုပင်သွားရင်းလာရင်းဖြင့်အမှတ်မထင်သူဌေးသားတစ်ယောက်နှင့်ဆုံမိလိုက်သည်။
သူမအတွက်ကံကောင်ခြင်းအစသည်သူဌေးသားနှင့်တကွမိသားစုများကံဆိုးမိုးမှောင်ကျသောအစပင်ဖြစ်သည်။
သူဌေးသားအားဖုန်းဆက်ရတာသူမလခကုန်သလောက်ရှိကာထမင်းငတ်သည့်ရက်ပင်ရှိလာ၏
ရေလာမြောင်းပေးလုပ်ရလွန်းလို့မယ်ရွှေးပွဲဝင်နေသလိုသူမကိုယ်ခန္တာပင်လိမ်ကောက်သလိုဖြစ်လာသည်။
ခင်ဝင်းအတွက်တော့ငွေပုံကြီးမြင်နေ၍လက်လွှတ်ခံ၍မဖြစ်အသေကပ်ထားလိုက်သည်။
တစ်သက်လုံးဆင်းရဲကာလူမွှေးသူမွှေးမပြောင်သောသူမကစာရင်းကိုင်ပညာကိုသူဌေးသားထောက်ပံ့မှု့ဖြင့်တက်ကာပြောင်ပြောင်ရောင်ရောင်ဖြစ်လာ၏
အလုပ်အကိုင်ကောင်းရလာ၍နောက်ဆုံးသူဌေးသားအားဘဝကိုပုံအပ်ကာလိုချင်တာများအပူကပ်တော့၏
ခင်ဝင်းအတွက်ယောင်္ကျားတစ်ယောက်ကိုအပိုင်ချီဖို့ဝန်မလေးထမင်းစားရေသောက်သလောက်အပန်းမကြီး
အဓိကကလိုချင်တာရဖို့ကားစီးနိုင်ဖို့အိမ်ဆောက်နိုင်ဖို့အရေးကြီးသည်လေသူမဘဝမှာလိုနေတာတွေများလှ၏
”’အကိုလက်ထပ်ကြရအောင်”’
သူမဘယ်လိုပြောပြောသူဌေးသားကသူမလိုအဆင့်အတန်းနှင့်လောဘကြီးသောမိန်းမကိုမလိုချင်ပေအင်တင်တင်ဖြစ်နေ၏
”’အိမ်ကိုပြောကြည့်ပါမယ်’–သဘောတူတဲ့အထိစောငိ့ပါ””’
ထိုအပ်ကြောင်းထပ်နေသောစကားကြောင့်သူမဘဝင်မကျပေမရရတာတော့ယူမယ်ဆိုတဲ့ပိုင်လုံးမများအကြံနှင့်
ညဏ်နီညဏ်နက်များထုတ်သုံးရတော့၏
နောက်ဆုံးသူမပြောပါများ၍ခင်ဝင်းအားသူဌေးသားကမိသားစုဝင်များနှင့်တွေ့ပေးသည့်အခါခင်ဝင်း၏လောဘတပ်မက်မှု့ပုံစံကိုအားလုံးကသဘောမတူကြပေ
အမှန်တော့ယောင်္ကျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုလိုချင်ရင်အိမ်ကသဘောတူတူမတူတူရအောင်ယူမည်ဖြစ်ကာမလိုချင်ပါကအိမ်ကိုအကြောင်းပြတတ်တာသူမသိထားသည်။
ခင်ဝင်းကအချဉ်မဟုတ်ဒီဂွင်တွေရိုးနေပြီသူဌေးသားဆီကငွေတွေရသလောက်ယူ၍သူဌေးသားမိသားစုဒုက္ခရောက်စေမည့်အရေးသည့်သူမအရေးပင်ဖြစ်သည်။
””အကိုရယ်အိမ်ကနေလို့မရတော့လို့အိမ်ကလေးပြင်ပေးပါလား””
””အကိုရယ်ညီမအောက်ကမောင်လေးညီမလေးတွေအလုပ်မရှိတော့အလုပ်ကလေးတစ်ခုလောက်ထူထောင်ပေးပါလား””
””’အကိုရေညီမမှာသူများနဲ့အလုပ်တွဲလုပ်နေရတော့မျက်နှာငယ်ရတယ်ရွှေလေးဘာလေးဝယ်ပေးပါလား”’
””အကိုရေအိမ်မှာအမေဆေးခန်းပြချင်လို့ကားပို့ပေးပါအုံး””
””အကိုရေ—————”””’
စသည်ဖြင့်မဆုံးသောအကြောင်းအရာများဖြင့်သူဌေးသားကိုအသက်ရှုကျပ်စေ၏
ထိုသို့သူမရဲ့တောင်ဆိုမှု့တွေကိုသူဌေးသားကလိုက်လုပ်ပေး၍သူဌေးသားမိသားစုများနှင့်သူငယ်ချင်းများကဝိုင်းတားကြ၏သူဌေးသားအဖေကရာဇသံပေး၏
””ဟေ့ကောင်မင်းဒီလိုအဆင့်မရှိတဲ့မိန်းမနဲ့ယူရင်အိမ်ပေါ်ကဆင်းသွား””
သူဌေးသားမောင်နှမများကလည်းလူလည်ပိုင်လုံးမအကြောင့်စုံစမ်းသိရှိထား၍
””’ဟုတ်တယ်ဒီလိုအောက်တန်းစားမနဲ့ယူရင်တစ်သက်လုံးဆွေမျိူးးလာမစပ်နဲ့တော့—သူများပိုက်စံအချောင်လိုချင်တဲ့မိန်းမ–”’ ‘
”””သူများပစ္စည်းလိုချင်လောဘတက်နေတဲ့အပျက်မသာသာလောက်ကိုယူရင်ငါတို့နဲ့သေခန်းပြတ်ပဲ””’
သူဌေးသား၏မိသားစုဝင်များကခင်ဝင်းစရိုက်အားမကြိုက်၍ခါးခါးသီးငြင်းကြသလိုသူငယ်ချင်းအပေါင်းအသင်းများကလည်း
”’ဟေ့ကောင်မင်းတွဲနေတဲ့ဟာကြီးကမစွံဘူးကွသိသာတယ်လိုချင်တပ်မင်မှု့တွေများတယ်””’
””မင်းလည်းပေးသင့်သလောက်ပေးပြီးပြီပဲတခြားသူဌေးတစ်ယောက်ကိုယူရင်တောင်ဒီလောက်ပြေလည်မယ်မထင်ဘူး””’
”’မင်းနောက်ဆုတ်သင့်ပြီအတော်ကြောက်စရာကောင်းတဲ့မိန်းမမျိူ းကွ””’
””အေးလေမိန်းမဖြစ်ပြီးအရှက်အကြောက်မရှိတွယ်ကပ်နေတာလောဘကမသေးဘူး””’
အားလုံးကဝိုင်းပြောလာတော့ခင်ဝင်းကိုသူဌေးသားကရှောင်၍လာသည်ဒီလိုတော့ခင်ဝင်အဖြစ်မခံနိုင်ပေ
သူဌေးသားအလုပ်ထဲချောင်းပေါက်မတတ်လိုက်သွားအရှက်အကြောက်မရှိအတင်းလိုက်ကပ်ကာ
ဖုန်းတစ်ချိန်လုံးဆက်သူ့ကိုယ်သူမိန်မဟုကြေငြာပေမဲ့ဓတ်သိမျာကအလွန်အထင်သေးကြ၏
သူဌေးသားအားအသေရရအရှင်ရရသူမအတွက်အဓိကပင်ဖြစ်၍ဘယ်အရာမှဂရုမစိုက်တော့ပေ
သူမပြန်ဆင်းရဲသွားမှာအသေကြောက်သည်အခုလိုပြည့်စုံနိုင်ဖို့ဆိုတာစိတ်ကူးယဉ်ခွင့်တောင်မရှိ
သူဌေးသား၏ကားအကောင်းစားကိုစီးနေသောဘဝကိုဘာနဲ့ပဲလဲရလဲရဒီလိုသဘောကောင်း၍အားနာတတ်သောသူဌေးသားကိုလက်လွှတ်ခံ၍မဖြစ်ပေ
ခင်ဝင်းလောဘမောဟကြောင့်အသိဉာဏ်ကင်းမဲ့ကာအမှောင်ဖုံးလာနေတော့အောက်လမ်းဆရာတစ်ယောက်အိမ်ရောက်သွားကာအပူကပ်တော့၏
အောက်လမ်းင်းအားသူဌေးသားမခွာနိုင်အောင်ဆေးနည်းကောင်းများပေးလိုက်ကာ
သူဌေးသားမိသားစုဝင်အားလုံးကိုပါစိတ်ဝမ်းကွဲ၍မသင့်မမြတ်ဖြစ်အောင်သေအောင်လုပ်ပေးလိုက်၏
ခင်ဝင်းတစ်ယောက်တစ်ဘဝစံဖို့အတွက်အောက်လမ်းဆရာအားကိုးဖြင့်ကမ်းကုန်အောင်မိုက်တော့သည်။
သူဌေးသားအားအမျိူ းမျိူ းသိမ်းသွင်းကာမိသာစုများအလုပ်ထဲကငွေတွေယူခိုင်း၍သူမကိုယ်ပိုင်လုပ်ငန်းထောင်လိုက်သည်။
သူဌေးသားကလည်းသူအိမ်ကငွေများအားအကြောင်းအမျိူ းမျိူ းပြ၍လိမ်ယူ၍ခင်ဝင်းအားပေးနေရသဖြင့်မိသားစုများကြားစိတ်ဝမ်းကွဲမှု့တွေဖြစ်လာသည်။
ခင်ဝင်းကသူမကိုသဘောမတူသောသူဌေးသားမိသားစုဝင်များအားမုန်း၍အားလုံးသေရန်နည်းမျိူးးစုံသုံးလျက်ရှိသည်။
ခင်ဝင်းကသူဌေးသားမိသားစုများအားအောက်လမ်းနည်းဖြင့်မကောင်းကြံကာအသေတိုက်နေပေမဲ့
သူဌေးသား၏မိသားစုဝင်များသည်ဘုရားတရားမြဲသောသူတော်ကောင်းများဖြစ်သဖြင့်ကျမ်းမာရေးအနည်းအကျဉ်းမကောင်းဖြစ်ကြတာကလွဲ၍တော်ရုံသူမဒုက္ခရောက်အောင်တိုက်၍မရပေ
ခင်ဝင်းမသိတာတစ်ချက်လည်းရှိပေးသေးသည်သူဌေးသားမိသားစုဝင်များကိုပု ဂ္ဂိုလ်ထူးများစောင့်ရှောက်ကြကာစိတ်ထားကောင်း၍ခင်းဝင်းပေးသောအကုသိုလ်ကံများကအရာမရောက်ပေ
အလူ ရေစက်လက်နဲ့မကွာလူတန်းနေသောသူဌေးသားမိသားစု၏ကောင်းမှု့ကုသိုလ်များကခင်ဝင်းအတွက်ကံဆိုးမှု့များဖြစ်လာမည်ဟုခင်ဝင်းမတွေးမိပါ
များမကြာမီသူမစေတနာကြောင့်မစားထိုက်၍သူမလုပ်ငန်းလဲပြုတ်၍သွားသည်။
သူမ၏သရုပ်မှန်လည်းပေါ်လာကာသူဌေးသားအားဘီလူးဆိုင်းတီးကာကြမ်းတမ်းလာ၏
သူမအားမယူပါကဘာတိုင်မည်ညာတိုင်မည်ထောင်ထဲထည့်မည်စသဖြင့်အကျပ်ကိုင်ကာမလှုပ်သာအောင်ထိန်းထားလိုက်သည်။
တစ်ဖက်ကလည်းမိသားစုဝင်များနှင့်ရန်တိုက်ပေးကာအမွေတောင်းခိုင်း၍အိမ်ပေါ်ကအတင်းဆင်းခိုင်းလိုက်သည်။
သိုပေမဲ့အမွေဆိုတာစားထိုက်မှစားရမည်ကိုသူမသိလေတော့သူမအတ္တတွေကိုအမှှိုက်မှောင်ကဖုံးလွှမ်းသွား၏
သူဌေးသားမိသားစုဝင်များကတော့သူဌေးသားမိသားစုပိုက်စံတွေအလွဲသုံးစားလုပ်ထား၍ခင်ဝင်းအားထောက်ပံ့နေသည်ကိုသိ၍
စိတ်မကောင်းဖြစ်ကြကာမိသားစုကြိုးစားပန်းစားရှာဖွေထားသောဖြူဖြူစင်စင်ပိုက်စံများကိုအချောင်လိုချင်နေသောခင်ဝင်းအားပေးနေသဖြင့်
စိတ်ဝမ်းကွဲကြကာမကျေနပ်ကြပေမဲ့မိသားစုသံယောစဉ်ဖြင့်ဖခင်ကြီးစိတ်မချမ်းသာဖြစ်မှာစိုးကြ၏အကျယ်ကျယ်မဖြစ်ကြသော်လည်း
ထိုပိုင်လုံးမကတော့အသေမုန်းကြ၍မေတ္တာပို့ကြ၏ခင်ဝင်းကတော့သူမတစ်သက်တာတွင်တစ်ခါမှမစားခဲ့ရသည်များ
ှုများစား၍
မဝတ်ဖူးမသုံးဖူးမနေဖူးတာများဖြင့်သူများမသာဓာရေစာစားကာအကျေနပ်ကြီးကျေနပ်နေသည်။
မစားထိုက်အန်ထွက်ဆိုသောစကားပုံအတိုင်းသူများမိသားစုမကြည်ဖြူပဲစားမိသောအဆိတ်အတောက်များသည်ခင်ဝင်းကိုဒုက္ခပေးလာပြီ
သူဌေးသားသူမကိုယူဖို့စောင့်ရင်းသူမအသက်လည်းကြီးလာပြီမသာဓာရေစာများလည်းဇက်ပိုးနင့်လာပြီ
ဆေးခန်းနှင့်အိမ်နှင့်ကးူချည်သန်းချည်ဖြစ်လာသည်ပတ်ဝန်းကျင်ကလည်းသူမအားမေးငေါ့လာ၏
တစ်ချိူ့ကသူမအားအပျက်မသာသာထင်ကြကုန်၏သို့ပေမဲ့ဘယ်သူတွေဘာပြောပြောသူမကဂရုမစိုက်မနာလိုလို့ပြောသည်ပဲသဘောထား၏
သူဌေးသားအားအပိုင်ကိုင်နိုင်သည်ကိုအကျေနပ်ကြီးကျေနပ်နေကာအရာရာအဆင်ပြေသည်ဟုထင်ထားခါမှပြသာနာကစလာသည်။
သူမကျမ်းမာရေးသိပ်မကောင်းအနားကဆေးခန်းကလေးနှင့်သာပြနေရင်းဖြင့်အနာတစ်ခြားဆေးတစ်ခြားဖြစ်လာသည်။
နောက်ဆုံးဆေးရုံတွင်ဆေးစစ်ကြည့်တော့သူမမှာကင်ဆာဝေဒနာပေါ်နေပြီ
သူမသေချာအောင်စစ်ပြန်တော့အဖြေကသေချာနေပြီလည်ပင်းကင်ဆာဖြစ်သည်။
တဖြေးဖြေးသူမအစာစား၍မရသူများမသဓာရေစာများစားထားတော့အကုသိုလ်ကအကျိူ းပေးလေပြီ
ဘာအစာမှမဝင်တော့သာကူပြုတ်သောက်ရသည့်အဆင့်ရောက်လာတော့မှဘုရားတရားလည်းမလုပ်နိုင်တော့ပေ
သူများတွေကိုအောက်လမ်းနှင့်တိုက်ထားသောအကုသိုလ်ကံကြောင့်ညတိုင်းအိမ်မက်ဆိုးများမက်နေသည်။
မတော်လောဘဖြင့်သူဌေးသားဆီကငွေညစ်ထားတာတွေလည်းကုန်လာသည်။
သူဌေးသားကလည်းဆေးကုပေးပေမဲ့သူမသွားရမဲ့လမ်းကိုမြင်နေပြီဖြစ်သည်။
သို့ပေမဲ့သူမနောင်တမရပေနိုင်ငံခြားတွင်ဆေးသွားကုရန်သူဌေးသားအားအပူကပ်၏
စိတ်သဘောထားနူးညံ့လွန်း၍အားနာတတ်သောသူဌေးသားကကုသပေးရန်လုပ်နေချိန်မှာပဲ
သူမရောဂါအခြေအနေကပို၍ဆိုးလာသည်ကယောင်ကတန်းတွေမြင်လာ၏သူမနေလည်ဘက်အိပ်နေတုန်းသူမအိမ်ရှေ့တွင်အလွန်ကြီးမားသော
ခွေးနက်ကြီးတစ်ကောင်သည်အိမ်ရှေ့မှာထိုင်ကာအိမ်ထဲသိုရဲရဲတောက်နေသောမျက်လုံးကြီးများဖြင့်
လှမ်းကြည့်နေသည်ကိုသူမတွေ့ရတော့ဒေါသထွက်ကာသူမအိမ်သားများအားကုန်းအော်လိုက်သည်။
””ဟဲ့—အိမ်သားတွေဘယ်ရောက်ကုန်လို့လဲအိမ်ရှေ့မှာကျက်သရေမရှိတဲ့ခွေးနက်ကြီးကိုမောင်းထုတ်လိုက်ပါလား””’
”’ခွေးကိုမောင်ထုတ်လိုက်ကြစမ်း””
ခင်ဝင်းပြောနေပေမဲ့အိမ်သားများကတော့အိမ်ရှေ့တွင်ဘယ်ခွေးမှမမြင်ကြပါ
နောက်ဆုံးခင်ဝင်းစကားမပြောနိုင်တော့ပေမဲ့လက်ကတော့တစ်စုံတစ်ရာကိုမောင်းထုတ်နေသလို
လက်ဟန်ဖြင့်မောင်းထုတ်နေသည်ကိုလူမမာလာကြည့်သူများကမြင်ကြရ၏
သူမမျက်လုံးတွေကလည်းတစ်ခုခုကိုကြောက်နေသလိုစိုးရိမ်နေသည့်မျက်လုံးများဖြစ်နေသည်
ခင်ဝင်းသည်ဆရာဝန်ခန့်မှန်းထားသည်ထက်အချိန်စောစွာသေဆုံးသွားသည်သူမသေခင်ညက
””အား—–ဝါး—သွား ”’
စသည်ဖြင့်မသဲမကွဲအော်ရင်းပိမ်ရှေ့သို့လက်ညိုးထိုးကာအသက်ထွက်သွားလေသည်။
သေချာတာကတော့အိမ်ရှေ့တွင်သူမကိုလာခေါ်နေသည့်အရာသည်ခွေးနက်ကြီးဆိုတာခန့်မှန်းနိုင်ပေသည်။
ခင်ဝင်းသေခြင်းသည်သူဌေးသားမိသားစုအတွက်တော့တတောရှင်းသွားသည်ဟုထင်ပါသည်။
လောကမှာသူတစ်ပါးပစ္စည်းဥစ္စာများအားအချောင်လိုချင်သူ၏သွားရာလမ်းသည်မဖြောင့်ဖြူးးခဲ့ပေ
မတရားသောနည်းဖြင့်ယူထားသောစိမ်းစည်ဥစ္စာသည်ကြာရှည်မခံပါသူများချမ်းသာတိုင်းကိုယ်ချမ်းသာချင်၍မရပေအတိတ်ကကုသိုလ်ကံကပါလာပြီးသားဖြစ်သည်။
မကောင်းသောနည်းဖြင့်ကိုယ်လိုချင်သလိုဘဝကိုဖန်ဆင်းပါကသံသရာကြွေးများထပ်၍တင်နေမည်ဆိုတာမလွဲပေ
”’ပြီး”
D Moe Moe

Zawgyi Version

မိန္းမလည္၏ေနာက္ဆုံးခရီး(စ/ဆံုး)
—————————————–
ခင္ဝင္းဘဝအစကမသာယာပါအ႐ြယ္ေရာက္လာေတာ့လည္းမျပည့္စုံပါ
အေဖကေစာစီးစြာဆုံးပါးသြား၍မုဆိုးမအေမႏွင့္ဘဝကိုဆင္းဆင္းရဲရဲျဖတ္သန္းလာခဲ့ရသည္။
ေမာင္ႏွမမ်ား၍ေမာင္ႏွမမ်ားထဲအႀကီးဆုံးျဖစ္ေသာခင္ဝင္းအတြက္အရာရာသည္စိတ္ညစ္စရာမ်ားပင္ျဖစ္၏
အေဖခ်န္ထားခဲ့ေသာဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းကသုံးပင္အိမ္စုတ္ကေလးသည္ခင္ဝင္းတို႔ကမာၻပင္ျဖစ္သည္။
ဝမ္းေရးအတြက္အေမကေျမာက္ဒဂုံေဈးထဲတြင္ငါးေျခာက္ေရာင္းကာခင္ဝင္းကတစ္ဖက္တစ္လမ္းကဝင္ေငြရေအာင္သူမ်ားဆိုင္ေတြမွာအကူလုပ္၏
ငပိရည္တို႔စရာကခင္ဝင္းတို႔အတြက္မ႐ိုးေသာဟင္းျဖစ္သည္ခါးသီးေသာဘဝမွာခင္ဝင္းမေနခ်င္
ရည္မွန္းခ်က္ႀကီးကာဉာဏ္ေကာင္းေသာသူမကဘဝမ်ိဴးးစုံအလုပ္မ်ိဴးးစုံက်င္လည္၍ဘ့ြဲတစ္ခုရလာသည္
မ်က္ႏွာမြဲအႏွိပ္ခံဘဝမွခင္ဝင္းေငြရဖို႔အတြက္အလုပ္ကစုံလာေတာ့မ်က္စိပြင့္လာ၏အရမ္းခ်မ္းသာခ်င္လာသည္။
သို႔ေပမဲ့ခင္ဝင္းတို႔ဘဝအတြက္ခ်မ္းသာဖို႔ဆိုတာအလွမ္းေဝးလြန္း၏လက္လွမ္းမမွီေသာအရပ္မွာရွိသည္။
ထို႔ေၾကာင့္ျဖတ္လမ္းကခ်မ္းသာရန္မေကာင္းေသာအႀကံထုတ္လ်က္ရွိသည္။
ခင္ဝင္းတြင္ေယာက်ၤားမ်ားမက္ေလာက္သည့္ကိုယ္လုံးကိုယ္ေပါက္ပိုင္ဆိုင္ကာလုံးႀကီးေပါက္လွျဖစ္သည္။
သူငယ္ခ်င္းမ်ားကေတာ့ခင္ဝင္းကြယ္ရာတြင္ဖင္ေကာက္မဟုေနာက္၍ေခၚတတ္၏
ခင္ဝင္းဖင္ေကာက္သည္ပဲေျပာေျပာဖင္ႀကီးသည္ပဲဆိုဆိုသူမကေတာ့ေက်နပ္သည္။
သူမအတြက္ဒီကိုယ္လုံးကပင္ဘုရားေပးသည့္ဆုလဒ္ဟုခံယူထားသည္။
သို႔ေပမဲ့လိုတာထက္ပို၍ကိုယ္လုံးျပကာညဳတုတုပုံစံေၾကာင့္သူမအလုပ္ျပဳတ္ေပါင္းမနည္းေတာ့ေပ
သူမလုပ္သည့္အလုပ္ရွင္မိန္းမမ်ားကသူတို႔ေယာက်ၤားမ်ားကိုျမဴဆြယ္ေနသည္ဟုထင္ၾကကုန္၏
ခင္ဝင္းအတြက္ကံေကာင္းသည္ဟုပင္ဆိုရမလိုပင္သြားရင္းလာရင္းျဖင့္အမွတ္မထင္သူေဌးသားတစ္ေယာက္ႏွင့္ဆုံမိလိုက္သည္။
သူမအတြက္ကံေကာင္ျခင္းအစသည္သူေဌးသားႏွင့္တကြမိသားစုမ်ားကံဆိုးမိုးေမွာင္က်ေသာအစပင္ျဖစ္သည္။
သူေဌးသားအားဖုန္းဆက္ရတာသူမလခကုန္သေလာက္ရွိကာထမင္းငတ္သည့္ရက္ပင္ရွိလာ၏
ေရလာေျမာင္းေပးလုပ္ရလြန္းလို႔မယ္ေ႐ႊးပြဲဝင္ေနသလိုသူမကိုယ္ခႏၲာပင္လိမ္ေကာက္သလိုျဖစ္လာသည္။
ခင္ဝင္းအတြက္ေတာ့ေငြပုံႀကီးျမင္ေန၍လက္လႊတ္ခံ၍မျဖစ္အေသကပ္ထားလိုက္သည္။
တစ္သက္လုံးဆင္းရဲကာလူေမႊးသူေမႊးမေျပာင္ေသာသူမကစာရင္းကိုင္ပညာကိုသူေဌးသားေထာက္ပံ့မႈ႕ျဖင့္တက္ကာေျပာင္ေျပာင္ေရာင္ေရာင္ျဖစ္လာ၏
အလုပ္အကိုင္ေကာင္းရလာ၍ေနာက္ဆုံးသူေဌးသားအားဘဝကိုပုံအပ္ကာလိုခ်င္တာမ်ားအပူကပ္ေတာ့၏
ခင္ဝင္းအတြက္ေယာက်ၤားတစ္ေယာက္ကိုအပိုင္ခ်ီဖို႔ဝန္မေလးထမင္းစားေရေသာက္သေလာက္အပန္းမႀကီး
အဓိကကလိုခ်င္တာရဖို႔ကားစီးႏိုင္ဖို႔အိမ္ေဆာက္ႏိုင္ဖို႔အေရးႀကီးသည္ေလသူမဘဝမွာလိုေနတာေတြမ်ားလွ၏
”’အကိုလက္ထပ္ၾကရေအာင္”’
သူမဘယ္လိုေျပာေျပာသူေဌးသားကသူမလိုအဆင့္အတန္းႏွင့္ေလာဘႀကီးေသာမိန္းမကိုမလိုခ်င္ေပအင္တင္တင္ျဖစ္ေန၏
”’အိမ္ကိုေျပာၾကည့္ပါမယ္’–သေဘာတူတဲ့အထိေစာငိ့ပါ””’
ထိုအပ္ေၾကာင္းထပ္ေနေသာစကားေၾကာင့္သူမဘဝင္မက်ေပမရရတာေတာ့ယူမယ္ဆိုတဲ့ပိုင္လုံးမမ်ားအႀကံႏွင့္
ညဏ္နီညဏ္နက္မ်ားထုတ္သုံးရေတာ့၏
ေနာက္ဆုံးသူမေျပာပါမ်ား၍ခင္ဝင္းအားသူေဌးသားကမိသားစုဝင္မ်ားႏွင့္ေတြ႕ေပးသည့္အခါခင္ဝင္း၏ေလာဘတပ္မက္မႈ႕ပုံစံကိုအားလုံးကသေဘာမတူၾကေပ
အမွန္ေတာ့ေယာက်ၤားတစ္ေယာက္ကမိန္းမတစ္ေယာက္ကိုလိုခ်င္ရင္အိမ္ကသေဘာတူတူမတူတူရေအာင္ယူမည္ျဖစ္ကာမလိုခ်င္ပါကအိမ္ကိုအေၾကာင္းျပတတ္တာသူမသိထားသည္။
ခင္ဝင္းကအခ်ဥ္မဟုတ္ဒီဂြင္ေတြ႐ိုးေနၿပီသူေဌးသားဆီကေငြေတြရသေလာက္ယူ၍သူေဌးသားမိသားစုဒုကၡေရာက္ေစမည့္အေရးသည့္သူမအေရးပင္ျဖစ္သည္။
””အကိုရယ္အိမ္ကေနလို႔မရေတာ့လို႔အိမ္ကေလးျပင္ေပးပါလား””
””အကိုရယ္ညီမေအာက္ကေမာင္ေလးညီမေလးေတြအလုပ္မရွိေတာ့အလုပ္ကေလးတစ္ခုေလာက္ထူေထာင္ေပးပါလား””
””’အကိုေရညီမမွာသူမ်ားနဲ႔အလုပ္တြဲလုပ္ေနရေတာ့မ်က္ႏွာငယ္ရတယ္ေ႐ႊေလးဘာေလးဝယ္ေပးပါလား”’
””အကိုေရအိမ္မွာအေမေဆးခန္းျပခ်င္လို႔ကားပို႔ေပးပါအုံး””
””အကိုေရ—————”””’
စသည္ျဖင့္မဆုံးေသာအေၾကာင္းအရာမ်ားျဖင့္သူေဌးသားကိုအသက္ရႈက်ပ္ေစ၏
ထိုသို႔သူမရဲ႕ေတာင္ဆိုမႈ႕ေတြကိုသူေဌးသားကလိုက္လုပ္ေပး၍သူေဌးသားမိသားစုမ်ားႏွင့္သူငယ္ခ်င္းမ်ားကဝိုင္းတားၾက၏သူေဌးသားအေဖကရာဇသံေပး၏
””ေဟ့ေကာင္မင္းဒီလိုအဆင့္မရွိတဲ့မိန္းမနဲ႔ယူရင္အိမ္ေပၚကဆင္းသြား””
သူေဌးသားေမာင္ႏွမမ်ားကလည္းလူလည္ပိုင္လုံးမအေၾကာင့္စုံစမ္းသိရွိထား၍
””’ဟုတ္တယ္ဒီလိုေအာက္တန္းစားမနဲ႔ယူရင္တစ္သက္လုံးေဆြမ်ိဴးးလာမစပ္နဲ႔ေတာ့—သူမ်ားပိုက္စံအေခ်ာင္လိုခ်င္တဲ့မိန္းမ–”’ ‘
”””သူမ်ားပစၥည္းလိုခ်င္ေလာဘတက္ေနတဲ့အပ်က္မသာသာေလာက္ကိုယူရင္ငါတို႔နဲ႔ေသခန္းျပတ္ပဲ””’
သူေဌးသား၏မိသားစုဝင္မ်ားကခင္ဝင္းစ႐ိုက္အားမႀကိဳက္၍ခါးခါးသီးျငင္းၾကသလိုသူငယ္ခ်င္းအေပါင္းအသင္းမ်ားကလည္း
”’ေဟ့ေကာင္မင္းတြဲေနတဲ့ဟာႀကီးကမစြံဘူးကြသိသာတယ္လိုခ်င္တပ္မင္မႈ႕ေတြမ်ားတယ္””’
””မင္းလည္းေပးသင့္သေလာက္ေပးၿပီးၿပီပဲတျခားသူေဌးတစ္ေယာက္ကိုယူရင္ေတာင္ဒီေလာက္ေျပလည္မယ္မထင္ဘူး””’
”’မင္းေနာက္ဆုတ္သင့္ၿပီအေတာ္ေၾကာက္စရာေကာင္းတဲ့မိန္းမမ်ိဴ းကြ””’
””ေအးေလမိန္းမျဖစ္ၿပီးအရွက္အေၾကာက္မရွိတြယ္ကပ္ေနတာေလာဘကမေသးဘူး””’
အားလုံးကဝိုင္းေျပာလာေတာ့ခင္ဝင္းကိုသူေဌးသားကေရွာင္၍လာသည္ဒီလိုေတာ့ခင္ဝင္အျဖစ္မခံႏိုင္ေပ
သူေဌးသားအလုပ္ထဲေခ်ာင္းေပါက္မတတ္လိုက္သြားအရွက္အေၾကာက္မရွိအတင္းလိုက္ကပ္ကာ
ဖုန္းတစ္ခ်ိန္လုံးဆက္သူ႔ကိုယ္သူမိန္မဟုေၾကျငာေပမဲ့ဓတ္သိမ်ာကအလြန္အထင္ေသးၾက၏
သူေဌးသားအားအေသရရအရွင္ရရသူမအတြက္အဓိကပင္ျဖစ္၍ဘယ္အရာမွဂ႐ုမစိုက္ေတာ့ေပ
သူမျပန္ဆင္းရဲသြားမွာအေသေၾကာက္သည္အခုလိုျပည့္စုံႏိုင္ဖို႔ဆိုတာစိတ္ကူးယဥ္ခြင့္ေတာင္မရွိ
သူေဌးသား၏ကားအေကာင္းစားကိုစီးေနေသာဘဝကိုဘာနဲ႔ပဲလဲရလဲရဒီလိုသေဘာေကာင္း၍အားနာတတ္ေသာသူေဌးသားကိုလက္လႊတ္ခံ၍မျဖစ္ေပ
ခင္ဝင္းေလာဘေမာဟေၾကာင့္အသိဉာဏ္ကင္းမဲ့ကာအေမွာင္ဖုံးလာေနေတာ့ေအာက္လမ္းဆရာတစ္ေယာက္အိမ္ေရာက္သြားကာအပူကပ္ေတာ့၏
ေအာက္လမ္းင္းအားသူေဌးသားမခြာႏိုင္ေအာင္ေဆးနည္းေကာင္းမ်ားေပးလိုက္ကာ
သူေဌးသားမိသားစုဝင္အားလုံးကိုပါစိတ္ဝမ္းကြဲ၍မသင့္မျမတ္ျဖစ္ေအာင္ေသေအာင္လုပ္ေပးလိုက္၏
ခင္ဝင္းတစ္ေယာက္တစ္ဘဝစံဖို႔အတြက္ေအာက္လမ္းဆရာအားကိုးျဖင့္ကမ္းကုန္ေအာင္မိုက္ေတာ့သည္။
သူေဌးသားအားအမ်ိဴ းမ်ိဴ းသိမ္းသြင္းကာမိသာစုမ်ားအလုပ္ထဲကေငြေတြယူခိုင္း၍သူမကိုယ္ပိုင္လုပ္ငန္းေထာင္လိုက္သည္။
သူေဌးသားကလည္းသူအိမ္ကေငြမ်ားအားအေၾကာင္းအမ်ိဴ းမ်ိဴ းျပ၍လိမ္ယူ၍ခင္ဝင္းအားေပးေနရသျဖင့္မိသားစုမ်ားၾကားစိတ္ဝမ္းကြဲမႈ႕ေတြျဖစ္လာသည္။
ခင္ဝင္းကသူမကိုသေဘာမတူေသာသူေဌးသားမိသားစုဝင္မ်ားအားမုန္း၍အားလုံးေသရန္နည္းမ်ိဴးးစုံသုံးလ်က္ရွိသည္။
ခင္ဝင္းကသူေဌးသားမိသားစုမ်ားအားေအာက္လမ္းနည္းျဖင့္မေကာင္းႀကံကာအေသတိုက္ေနေပမဲ့
သူေဌးသား၏မိသားစုဝင္မ်ားသည္ဘုရားတရားၿမဲေသာသူေတာ္ေကာင္းမ်ားျဖစ္သျဖင့္က်မ္းမာေရးအနည္းအက်ဥ္းမေကာင္းျဖစ္ၾကတာကလြဲ၍ေတာ္႐ုံသူမဒုကၡေရာက္ေအာင္တိုက္၍မရေပ
ခင္ဝင္းမသိတာတစ္ခ်က္လည္းရွိေပးေသးသည္သူေဌးသားမိသားစုဝင္မ်ားကိုပု ဂၢိဳလ္ထူးမ်ားေစာင့္ေရွာက္ၾကကာစိတ္ထားေကာင္း၍ခင္းဝင္းေပးေသာအကုသိုလ္ကံမ်ားကအရာမေရာက္ေပ
အလူ ေရစက္လက္နဲ႔မကြာလူတန္းေနေသာသူေဌးသားမိသားစု၏ေကာင္းမႈ႕ကုသိုလ္မ်ားကခင္ဝင္းအတြက္ကံဆိုးမႈ႕မ်ားျဖစ္လာမည္ဟုခင္ဝင္းမေတြးမိပါ
မ်ားမၾကာမီသူမေစတနာေၾကာင့္မစားထိုက္၍သူမလုပ္ငန္းလဲျပဳတ္၍သြားသည္။
သူမ၏သ႐ုပ္မွန္လည္းေပၚလာကာသူေဌးသားအားဘီလူးဆိုင္းတီးကာၾကမ္းတမ္းလာ၏
သူမအားမယူပါကဘာတိုင္မည္ညာတိုင္မည္ေထာင္ထဲထည့္မည္စသျဖင့္အက်ပ္ကိုင္ကာမလႈပ္သာေအာင္ထိန္းထားလိုက္သည္။
တစ္ဖက္ကလည္းမိသားစုဝင္မ်ားႏွင့္ရန္တိုက္ေပးကာအေမြေတာင္းခိုင္း၍အိမ္ေပၚကအတင္းဆင္းခိုင္းလိုက္သည္။
သိုေပမဲ့အေမြဆိုတာစားထိုက္မွစားရမည္ကိုသူမသိေလေတာ့သူမအတၱေတြကိုအမွႈိက္ေမွာင္ကဖုံးလႊမ္းသြား၏
သူေဌးသားမိသားစုဝင္မ်ားကေတာ့သူေဌးသားမိသားစုပိုက္စံေတြအလြဲသုံးစားလုပ္ထား၍ခင္ဝင္းအားေထာက္ပံ့ေနသည္ကိုသိ၍
စိတ္မေကာင္းျဖစ္ၾကကာမိသားစုႀကိဳးစားပန္းစားရွာေဖြထားေသာျဖဴျဖဴစင္စင္ပိုက္စံမ်ားကိုအေခ်ာင္လိုခ်င္ေနေသာခင္ဝင္းအားေပးေနသျဖင့္
စိတ္ဝမ္းကြဲၾကကာမေက်နပ္ၾကေပမဲ့မိသားစုသံေယာစဥ္ျဖင့္ဖခင္ႀကီးစိတ္မခ်မ္းသာျဖစ္မွာစိုးၾက၏အက်ယ္က်ယ္မျဖစ္ၾကေသာ္လည္း
ထိုပိုင္လုံးမကေတာ့အေသမုန္းၾက၍ေမတၱာပို႔ၾက၏ခင္ဝင္းကေတာ့သူမတစ္သက္တာတြင္တစ္ခါမွမစားခဲ့ရသည္မ်ား
ႈမ်ားစား၍
မဝတ္ဖူးမသုံးဖူးမေနဖူးတာမ်ားျဖင့္သူမ်ားမသာဓာေရစာစားကာအေက်နပ္ႀကီးေက်နပ္ေနသည္။
မစားထိုက္အန္ထြက္ဆိုေသာစကားပုံအတိုင္းသူမ်ားမိသားစုမၾကည္ျဖဴပဲစားမိေသာအဆိတ္အေတာက္မ်ားသည္ခင္ဝင္းကိုဒုကၡေပးလာၿပီ
သူေဌးသားသူမကိုယူဖို႔ေစာင့္ရင္းသူမအသက္လည္းႀကီးလာၿပီမသာဓာေရစာမ်ားလည္းဇက္ပိုးနင့္လာၿပီ
ေဆးခန္းႏွင့္အိမ္ႏွင့္ကးူခ်ည္သန္းခ်ည္ျဖစ္လာသည္ပတ္ဝန္းက်င္ကလည္းသူမအားေမးေငါ့လာ၏
တစ္ခ်ိဴ႕ကသူမအားအပ်က္မသာသာထင္ၾကကုန္၏သို႔ေပမဲ့ဘယ္သူေတြဘာေျပာေျပာသူမကဂ႐ုမစိုက္မနာလိုလို႔ေျပာသည္ပဲသေဘာထား၏
သူေဌးသားအားအပိုင္ကိုင္ႏိုင္သည္ကိုအေက်နပ္ႀကီးေက်နပ္ေနကာအရာရာအဆင္ေျပသည္ဟုထင္ထားခါမွျပသာနာကစလာသည္။
သူမက်မ္းမာေရးသိပ္မေကာင္းအနားကေဆးခန္းကေလးႏွင့္သာျပေနရင္းျဖင့္အနာတစ္ျခားေဆးတစ္ျခားျဖစ္လာသည္။
ေနာက္ဆုံးေဆး႐ုံတြင္ေဆးစစ္ၾကည့္ေတာ့သူမမွာကင္ဆာေဝဒနာေပၚေနၿပီ
သူမေသခ်ာေအာင္စစ္ျပန္ေတာ့အေျဖကေသခ်ာေနၿပီလည္ပင္းကင္ဆာျဖစ္သည္။
တေျဖးေျဖးသူမအစာစား၍မရသူမ်ားမသဓာေရစာမ်ားစားထားေတာ့အကုသိုလ္ကအက်ိဴ းေပးေလၿပီ
ဘာအစာမွမဝင္ေတာ့သာကူျပဳတ္ေသာက္ရသည့္အဆင့္ေရာက္လာေတာ့မွဘုရားတရားလည္းမလုပ္ႏိုင္ေတာ့ေပ
သူမ်ားေတြကိုေအာက္လမ္းႏွင့္တိုက္ထားေသာအကုသိုလ္ကံေၾကာင့္ညတိုင္းအိမ္မက္ဆိုးမ်ားမက္ေနသည္။
မေတာ္ေလာဘျဖင့္သူေဌးသားဆီကေငြညစ္ထားတာေတြလည္းကုန္လာသည္။
သူေဌးသားကလည္းေဆးကုေပးေပမဲ့သူမသြားရမဲ့လမ္းကိုျမင္ေနၿပီျဖစ္သည္။
သို႔ေပမဲ့သူမေနာင္တမရေပႏိုင္ငံျခားတြင္ေဆးသြားကုရန္သူေဌးသားအားအပူကပ္၏
စိတ္သေဘာထားႏူးညံ့လြန္း၍အားနာတတ္ေသာသူေဌးသားကကုသေပးရန္လုပ္ေနခ်ိန္မွာပဲ
သူမေရာဂါအေျခအေနကပို၍ဆိုးလာသည္ကေယာင္ကတန္းေတြျမင္လာ၏သူမေနလည္ဘက္အိပ္ေနတုန္းသူမအိမ္ေရွ႕တြင္အလြန္ႀကီးမားေသာ
ေခြးနက္ႀကီးတစ္ေကာင္သည္အိမ္ေရွ႕မွာထိုင္ကာအိမ္ထဲသိုရဲရဲေတာက္ေနေသာမ်က္လုံးႀကီးမ်ားျဖင့္
လွမ္းၾကည့္ေနသည္ကိုသူမေတြ႕ရေတာ့ေဒါသထြက္ကာသူမအိမ္သားမ်ားအားကုန္းေအာ္လိုက္သည္။
””ဟဲ့—အိမ္သားေတြဘယ္ေရာက္ကုန္လို႔လဲအိမ္ေရွ႕မွာက်က္သေရမရွိတဲ့ေခြးနက္ႀကီးကိုေမာင္းထုတ္လိုက္ပါလား””’
”’ေခြးကိုေမာင္ထုတ္လိုက္ၾကစမ္း””
ခင္ဝင္းေျပာေနေပမဲ့အိမ္သားမ်ားကေတာ့အိမ္ေရွ႕တြင္ဘယ္ေခြးမွမျမင္ၾကပါ
ေနာက္ဆုံးခင္ဝင္းစကားမေျပာႏိုင္ေတာ့ေပမဲ့လက္ကေတာ့တစ္စုံတစ္ရာကိုေမာင္းထုတ္ေနသလို
လက္ဟန္ျဖင့္ေမာင္းထုတ္ေနသည္ကိုလူမမာလာၾကည့္သူမ်ားကျမင္ၾကရ၏
သူမမ်က္လုံးေတြကလည္းတစ္ခုခုကိုေၾကာက္ေနသလိုစိုးရိမ္ေနသည့္မ်က္လုံးမ်ားျဖစ္ေနသည္
ခင္ဝင္းသည္ဆရာဝန္ခန႔္မွန္းထားသည္ထက္အခ်ိန္ေစာစြာေသဆုံးသြားသည္သူမေသခင္ညက
””အား—–ဝါး—သြား ”’
စသည္ျဖင့္မသဲမကြဲေအာ္ရင္းပိမ္ေရွ႕သို႔လက္ညိဳးထိုးကာအသက္ထြက္သြားေလသည္။
ေသခ်ာတာကေတာ့အိမ္ေရွ႕တြင္သူမကိုလာေခၚေနသည့္အရာသည္ေခြးနက္ႀကီးဆိုတာခန႔္မွန္းႏိုင္ေပသည္။
ခင္ဝင္းေသျခင္းသည္သူေဌးသားမိသားစုအတြက္ေတာ့တေတာရွင္းသြားသည္ဟုထင္ပါသည္။
ေလာကမွာသူတစ္ပါးပစၥည္းဥစၥာမ်ားအားအေခ်ာင္လိုခ်င္သူ၏သြားရာလမ္းသည္မေျဖာင့္ျဖဴးးခဲ့ေပ
မတရားေသာနည္းျဖင့္ယူထားေသာစိမ္းစည္ဥစၥာသည္ၾကာရွည္မခံပါသူမ်ားခ်မ္းသာတိုင္းကိုယ္ခ်မ္းသာခ်င္၍မရေပအတိတ္ကကုသိုလ္ကံကပါလာၿပီးသားျဖစ္သည္။
မေကာင္းေသာနည္းျဖင့္ကိုယ္လိုခ်င္သလိုဘဝကိုဖန္ဆင္းပါကသံသရာေႂကြးမ်ားထပ္၍တင္ေနမည္ဆိုတာမလြဲေပ
”’ၿပီး”
D Moe Moe