” တမလွန် မှ အကြွေးရှင် “(စ-ဆုံး)

Unicode Version

” တမလွန် မှ အကြွေးရှင် “(စ-ဆုံး)
——————————————
လူတွေ သတ္တဝါတွေက
အစွဲအလမ်းအရမ်းကြီးလွန်းတဲ့အခါ
ယခုဘဝက ကွယ်လွန်ပြီး
နောက်ဘဝသစ်ရောက်တဲ့အချိန်
စွဲလမ်းစိတ်နဲ့သေတဲ့အတွက်
မကျွတ်မလွတ်တဲ့ ပြိတ္တာဘုံသား
ဖြစ်ကြရတယ်…….. ။

မကွေးတိုင်းဒေသကြီး ရှိ
မြို့တစ်ခုမှ အစိုးရဝန်ထမ်း
အိမ်ယာဝင်း တစ်ခုထဲတွင်ဖြစ်သည် ။

အိမ်ယာဝင်းဖြစ်သည့်အတွက်
အဆောင်များ လိုင်းခန်းများအစား
ဝန်ထမ်းမိသားစုများသည်
ကိုယ့်အိမ်ထောင်စုနှင့်ကိုယ်
အသီးသီးနေထိုင်ကြခြင်းပင် ။

ထိုအိမ်ထောင်စုများထဲတွင်
အသက် ၅၂ နှစ်အရွယ်ရှိပြီး
ရာထူးအတော်အသင့်ရှိသည့်
ဦးထွန်းတောက် တို့ မိသားစုသည်လည်း
အပါအဝင်ဖြစ်သည် ။

မိသားစုဟုဆိုရာတွင်
ဦးထွန်းတောက် မှာ ငယ်ငယ်ရွယ်ရွယ် ဖြင့်
အိမ်ထောင်ကျသဖြင့် သားသမီးများပင်
အိမ်ထောင်သည်များဖြစ်နေပြီး
ကိုယ့်မိသားစုနှင့်ကိုယ်
ရန်ကုန် နှင့်အခြားမြို့များတွင်
ပြောင်းရွှေ့ အခြေ ချနေကြလေပြီ၊
အစိုးရဝန်ထမ်း အိမ်ဝန်းအတွင်း
ကျန်ရစ်ခဲ့သူမှာ…
ဦးထွန်းတောက် နှင့် ဇနီးသည် ဒေါ်ခင်ခင်လေး
တို့နှစ်ဦးသာဖြစ်သည် ၊ သက်တူရွယ်တူ
ဇနီးမောင်နှံ ဖြစ်၍ တစ်ဦးကိုတစ်ဦး
ဖေးမရင်း တရားဓမ္မ ဖြင့်
အေးချမ်းစွာနေကြသူများပင် ။

ဦးထွန်းတောက်သည် လူရိုးလူအေး
လူမှန်ကြီးဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းကာ
ဗေဒင်နှင့်အထက်လမ်း အစီအရင်
အချို့ပါ တတ်ကျွမ်းသဖြင့်
တစ်ဝင်းတည်းနေကြသည့်
အိမ်ထောင်စုများအားလုံးက
လေးစားယုံကြည် အားကိုးကြရသူတစ်ယောက်
ဖြစ်သည် ၊ ဗေဒင်နှင့်ပတ်သတ်လျှင်လည်း
ဦးထွန်းတောက် တွက်ချက်ဟောပြောသမျှသည်
မှန်လွန်းချေသည် ။

သာယာသောနေ့လေးတစ်နေ့
မနက်ခင်းတရားသံနှင့်အတူ
ဦးထွန်းတောက် ဘုရားဆွမ်းတော်ကပ်ကာ
ဝတ်ပြု ပြီးနောက် မနက်စာ အဆာပြေ
စားနေစဉ်….။

အိမ်ရှေ့မှ

” ဆရာရေ… ဆရာထွန်း…”

ဟုအသံကြားသဖြင့်
ဦးထွန်းတောက် ကအိမ်ရှေ့ကို
တစ်ချက်ကြည့်လိုက်ပြီး

” ဘယ်သူလဲကွယ့်
လာလေအိမ်ထဲဝင်ခဲ့….. ”

အိမ်တွင်းသို့ အသက်၃၀အရွယ်
အမျိုးသမီးတစ်ယာက် ဝင်လာလေရာ
ဦးထွန်းတောက် က

” ဪ ငါ့နှယ့် ဘယ်သူများလည်းလို့
အေးညွန့် ပဲ….
လာထိုင်ဦးကွယ်….
ဘာကိစ္စ ရှိတုန်းဆိုစမ်းပါဦး ”

ဟုပြောရာ… အမျိုးသမီးက
ပြန်ဖြေသည် ။

” ဆရာ… ကျွန်မ ဗေဒင်လေးမေးချင်လို့ပါ ”

ဦးထွန်းတောက် သည်လည်း
ဗေဒင်မဟောခင်သူလုပ်နေကြအတိုင်း
ဘုရားစင်တွင် ဆီမီးအမွှေးနံ့သာများ
ပူဇော်ပြီးနောက် သူဗေဒင်တွက်ချက်သည့်
စာအုပ်လေးကိုတန်ဖိုးထား ရိုရိုသေသေ
ကိုင်လျှက် စားပွဲခုံပုလေးရှေ့တွင်ထိုင်ကာ
စာအုပ်ကိုစားပွဲပေါ်တင်ရင်း….

” ကဲ ငါ့သမီး ဘာမေးချင်တုန်း ”

” ဒီလိုပါ ဆရာ…
ကျွန်မ ငွေတိုးချေးစားနေတဲ့သူဆိုတာ
ဆရာလည်းအသိပဲလေ…
ဒီမြို့ (…..) နား က (……..) ရွာမှာ
ကျွန်မ ငွေအကြွေးရစရာရှိတယ် ၊
အဲ့တာ သူတို့ဘက်က ပြန်ဆပ်ရမယ့်
အချိန်ကျော်နေပြီး ၊
အကျိုးအကြောင်း လည်း ဘာမှပြန်မပြောကြလို့
ကျွန်မ ဒီရက်ပိုင်းထဲ ကိုယ်တိုင်
သွားတောင်းမလို့ပါ ဆရာ
အဲ့တာ အကြွေး ပြန်ရနိုင် မရနိုင်
ကြည့်ပေးပါ ဆရာ… ”

ဦးထွန်းတောက်မှာ
သိလိုသည့် နေ့နံများကို
စေ့စပ်စွာမေးပြီး စာအုပ်လေးတွင်း
ချတွက်ပြီးနောက် ပြန်ဖြေပုံမှာ…

” အင်း….
ငါ့သမီးရ ဒီရက်ပိုင်းထဲ တော့
နင့်အကြွေးပြန်ရဖို့ မမြင်ဘူး ၊
ကိုယ်ကပဲ ပြန်ပေးရလိမ့်မယ် ၊
မိုးလေဝသအခြေအနေရော
ဗေဒင်ကိန်းအရပါ
နင်မသွားသင့်ဘူး
နောက်တစ်ပတ်ထဲဆိုရင်တော့
အကောင်းတွေ ဖြစ်လာနိုင်တယ် ”

ထိုအမျိုးသမီးမှာ
ဦးထွန်းတောက် ပြောသည့်စကားကို
သိပ်မကျေနပ်ဟန်ဖြင့် ပြန်ပြောသည် ။

” ဒီလိုကြာနေလိုမဖြစ်ဘူးဆရာ
ကျွန်မလည်းငွေလှည့်သုံးနေရတာမို့လိုပါ
တစ်ခြား ဘာမှလုပ်မရဘူးလားဆရာ ”

” ငါမြင်သလောက် တွက်ချက်ရသလောက်ကတော့
ဒီအပတ် ငါ့သမီး မြို့ဝေး
နယ်ဝေး ခရီးတိုတောင်မသွားသင့်ဘူး
အညံ့ကိန်းမြင်တယ်
နောင်တစ်ပတ်ထဲဆိုရင်
အကြွေးရော ကျန်းမာရေးအရရော
ကောင်းနေတာမြင်တယ် ”

မအေးညွန့် လည်း အထွန့်မတက်တော့ပဲ

” ဟုတ်ကဲ့ ပါဆရာ..
ကျေးဇူးတင်ပါတယ် ”
ဟုပြောကာ ဦးထွန်းတောက် အတွက်
ဉာဏ်ပူဇော်ခ ပေး ၊ ဦးထွန်းတောက်ကို
ရှိခိုးပြီးနောက် ပြန်သွားလေသည် ။

မ အေးညွန့်မှာ
ပိုက်ဆံချမ်းသာသည့် လူစာရင်းဝင်သူ
ဖြစ်သည် ၊ တစ်ကိုယ်လုံး ရွှေအပြည့်
ဝတ်ဆင်ထားတတ်သည် ၊
ရွှေလက်ကောက်များ ရွှေလက်စွပ် ၊
ရွှေဆွဲ ကြိုးကြီးများ အများအပြား
ဝတ်ဆင်ရခြင်းကို နှစ်သတ်သည် ၊
အနေအထိုင်အပြောအဆိုမောက်မာပြီး
သူစိတ်တိုင်းမကျလျှင်မကျသလို
ပါးစပ်ကြမ်းတက်သေးသည် ၊
သို့သော် မည်သူမျှ သူမကို
အာခံမပြောဆိုရဲကြ
အဘယ့်ကြောင့်ဆိုသော်
ထို အစိုးရ အိမ်ထောင်စု ဝင်းအတွင်း
ဦးထွန်းတောက် နှင့်လူအချို့အိမ်များမှအပ
နေအိမ်အများစုမှ လူများသည်
မ အေးညွန့် ၏ အကြွေးနှင့် မကင်းကြသူများ
ဖြစ်ကြသည် ၊ မအေးညွန့်အဖို့
မိဘမရှိသည့်နောက်
သူ့ဘဝအတွက်
သူမ၏ ခင်ပွန်းတစ်ယောက်သာ
တွယ်တာရာ ဖြစ်ခဲ့သည် ။

ထိုအဖြစ်အပျက်များဖြစ်ပွားပြီးနောက်
နောက်တစ်နေ့တွင်
အစိုးရဝန်ထမ်း အိမ်ရာဝင်းအတွင်း
ကိစ္စ တစ်ခုဖြစ်ပွားလေပြီ….. ။

မအေးညွန့် မနေ့ညနေကတည်းက
မြို့အနီး လမ်းလျှောက်သွား
ွလျှင်
ရောက်နိုင်လောက်အောင်
နီးသည့် (…..) ရွာကို
အကြွေးသွားတောင်းရန်ထွက်သွားပြီး
တစ်ညလုံး ပြန်မလာသည့်အတွက်
သူမ၏ ယောကျာ်း နှင့်ဆွေမျိုးများအပြင်
အိမ်ရာဝင်းအတွင်း မှလူများလည်း
စိတ်ပူကာ သတ်ဆိုင်ရာသို့
အကြောင်းကြားထားသည့်အပြင်
ကိုယ်တိုင်ကိုယ်ကျလည်း
လိုက်ရှာပေးကြသည် ။

အနီးတစ်ဝိုက် မအေးညွန့် သတင်းအစအန
မရသဖြင့် နောက်ဆုံး
ဦးထွန်းတောက် ဦးဆောင်ပြီး
မအေးညွန့် ယောကျာ်း အပါအဝင်
ရဲသားအချို့နှင့် မအေးညွန့်ကြွေးတောင်းရန်
ထွက်သွားသည့် ရွာသို့
သွားရှာရန်ထွက်ခဲ့ကြသည် ။

ထိုရွာသို့ ရောက်ရန် ရေစီးသန်သည့်
ချောင်းငယ်တစ်ခုအား
အကာအရံမရှိသည့် သစ်လုံး
တစ်လုံးတည်းသာ ထိုးထားသည့်
တစ်ယောက်ကူး
တံတားမှ တစ်ယောက်စီ ဖြတ်ကူးကြရပြီး
နောက်ဆုံး ရွာသို့ရောက်ကာ
စုံစမ်းမေးမြန်းကြသည် ။

မေးမြန်းရာတွင်လည်း
ထိုရွာသူရွာသားများအပြင်
မအေးညွန့်ဆီမှ အကြွေးယူထားသည့်
အိမ်မှ ဒီရက်ပိုင်းတွင်း ရွာသို့
မအေးညွန့် အပြင်အခြား
သူစိမ်းတစ်ယောက်တစ်လေမျှ
ရောက်မလာကြောင်းပြောရာမှ
လူများသည် ထူးဆန်းစွာ
ပျောက်ဆုံးနေသည့် မအေးညွန့်အတွက်
ပို၍ စိတ်ပူသွားကြသည် ။

မအေးညွန့် ယောကျာ်းဆိုလျှင်
ထိုနေ့ညနေက သူလိုက်မည်ဟု
ပြောသည်ကို မအေးညွန့်က
မကြာပါဘူး ခဏနေပြန်လာခဲ့မယ်…
အိမ်က အတွင်းပစ္စည်း တွေကိုပဲ
သေချာ စောင့်နေရစ်ရန်မှာခဲ့ကြောင်း
ပြောပြောပြီး ယောကျာ်းကြီးတန်မဲ့
ငိုယိုနေရာ ဦးထွန်းတောက် မှ
ချော့မော့နှစ်သိမ့်ပေးထားရသေးသည် ။

အတူပါလာသည့် (….) စခန်းမှ
ဒုရဲမှူ းက ဦးထွန်းတောက် ကို
” ကျွန်တော်တော့ သိပ်မင်္သကာဘူးဗျာ
ဒါ မှုခင်းတစ်ခုဖြစ်နိုင်တယ် ၊
နောက်တစ်ချက်က ဒီရွာကို
ကျွန်တော်တို့ ဖြတ်အလာက
ချောင်းကူးတံတားကယတော်တော်ချော်နေတယ်
မအေးညွန့် ထွက်လာတဲ့ပြောတဲ့အချိန်ကလည်း
လေတွေမိုးတွေရွာနေတယ်ဆိုတော့
မတော်… သူချောင်းထဲများ ချော်ကျသွားသလား
မသိဘူး ၊ ကျွန်တော်တို့ ချောင်းတစ်လျှောက်
လှေတွေ လူတွေ အင်အားနဲ့
ဝိုင်းရှာကြည့်ကြရအောင် ”

ပြောပြောဆိုဆိုနှင့် သူ့ရဲသားအချို့ကို
စခန်းပြန်ခိုင်းပြီး
လူထပ်ခေါ်လာခိုင်းလေသည် ၊
ဦးထွန်းတောက် ကလည်း
သဘောတူပြီး အစိုးရဝန်းထဲမှ
လူငယ်လူရွယ် အတော်များများကို
စုစည်းပြီး ရဲများနှင့်အတူ
ချောင်း တစ်လျှောက်
မအေးညွန့်ကို လိုက်ရှာကြသည် ။

တစ်မနက်လုံး လိုက်ရှာကြရာ
မအေးညွန့်အရိပ်အရောင်ပင်မမြင်
အချိန် နေ့လည်ခင်း အရောက်တွင်
ချောင်းတစ်နေရာမှ
ရဲသားတစ်ဦး ၏ အော်သံ ကြားလိုက်ရသည် ။

” ဆရာရေ…. ဒီမှာ
တစ်ခုတွေ့ထားတယ်
အမျိုးသမီး အင်္ကျီ လို့ထင်ရတာပဲ… ”

ထိုရဲသား၏ အော်သံကြောင့်
လူအားလုံး ထိုနေရာသို့ အပြေးအလွှား
သွားကြည့်ကြသည် ။

ဇာအနွေးထည် အစိမ်းရောင်
အပါးလေးတစ်ထည်သည် ရေအောက်ရှိ
သစ်ကိုင်းတစ်ခုတွင် ငြှိတွယ်နေသည်ကို
တွေ့လိုက်ရာ ဆယ်ယူပြီး
မအေးညွန့် ယောကျာ်း အားပြကြည့်ရာ…
မအေးညွန့် ယောကျာ်း က
ကလေးတစ်ယောက်လို ငိုယိုလျှက်

” အီး…ဟီး…. ဟုတ်တယ်
ဒါ
အေး ရဲ့ အင်္ကျီ လေး
သူပျောက်သွားတဲ့ညနေက
မိုးတွေလေတွေကျနေလို့
ကျွန်တော်တားသေးတယ်
မရတာနဲ့ သူအအေးမိမှာစိုးလို့
ကျွန်တော်ကိုယ်တိုင် သူ့ကို
ဝတ်ပေးလိုက်တဲ့ အနွေးထည်အပါးလေးပါ…
လုပ်ကြပါဦးဗျာ…
ကျွန်တော့်မိန်းမ..
အသက်မှရှင်နေနိုင်သေး ရဲ့လားဗျာ….”

မအေးညွန့် အင်္ကျီ ဖြစ်ကြောင်း
အတည်ပြုချက်ရပြီးနောက်
အခြေအနေမကောင်းကြောင်း
ဒုရဲမှူ းမှ ရိပ်စားမိပြီး
ဦးထွန်းတောက် ကိုကြည့်ကာ
မသိမသာ ခေါင်းခါပြလိုက်သည် ။

ဦးထွန်းတောက်သည်လည်း
စိတ်မကောင်းဖြစ်မိပြီး
မျက်စိမှိတ်ကာ သက်ပြင်းတစ်ချက်
ချလိုက်မိသည် ။

ထို့နောက် ရေစီးသန်သည့်
ချောင်းလေးတစ်လျှောက်
အားချင်း လိုက်ရှာကြရာ
အတော်ဝေးဝေးရှိ သဲသောင်စပ်သဖွယ်
နေရာတွင် မအေးညွန့် ၏
ပုံပျက်ပန်းပျက် အလောင်းကြီးအား
တွေ့လိုက်ကြရသည် ။

အလောင်း၏ပုံစံပြောရမည်ဆိုလျှင်
မျက်လုံးနှစ်လုံးမှာ အဆမတန်ပြုးလို့
အပြင်ထွက်နေပြီး ၊ နား ၊ ပါးစပ် နှင့်
နှာခေါင်းများထဲတွင်လည်း
သဲများအပြည့်ဝင်နေပြီး
ခြေလက်များ ကလည်းကောက်ကွေးလို့ ၊
တစ်ကိုယ်လုံးပြာနှမ်းနေပြီး
လက်တစ်ဖက်ထဲတွင်မူ
ပိုက်ဆံ အိတ်ကြိုးစကို
ကျစ်ကျစ်ပါအောင်ဆုတ်ထားပြီး
ပိုက်ဆံအိတ်မှာ ရေပေါ်၌
ပေါလေ ပေါ်နေလေသည် ၊
လူမှာ ရေနစ်သေသည့်ဟန်ဖြစ်၍
အနည်းငယ် ပွယောင်းနေလေပြီး
လက်တွင်ဝတ်ထားသည့်
ရွှေလက်စွပ် များ ၊
ရွှေလက်ကောက်များမှာ
တစ်အစ်နေပြီး အားထဲပင် ဝင်နေသယောင် ။

မအေးညွန့် ၏ အလောင်းအမြင်သည့်နှင့်
ယောကျာ်းဖြစ်သူမှာ
ကြောက်စိတ် ၊ ရွံရှာစိတ်မရှိသူနယ်
ငိုယိုကာ ပြေးဖက်မည်လုပ်နေသဖြင့်
လူများဝိုင်းချုပ်ထားကြရသည် ။

ဒုရဲမှူ း၏ ယာယီ ကောက်ချက်မှာ…
” သေဆုံးသူက မိုးထဲလေထဲ
အကာအကွယ်မရှိတဲ့သစ်လုံး
တံတားပေါ်က သူ့ဘာသာသူ
ချော်လဲပြီး ရေစီးသန်တဲ့
ချောင်းထဲကျ သေတာဖြစ်နိုင်သလို ၊
နောက်တစ်ချက်က
သူက အကြွေးရှင် လူမုန်းလည်းများတော့
တ်းယောက်ယောက်က
လူလစ်တုန်း တွန်းချလိုက်တာလည်း
ဖြစ်နိုင်တယ် ဘာလို့လဲဆိုတော့
ပစ္စည်းလိုချင်လို့
လူသတ်တာဆိုရင် သူဝတ်ထားတဲ့
ရွှေတွေငွေတွေ
ပိုက်ဆံအိတ်တွေပျောက်နေရမှာပေါ့
အခုက မြင်တဲ့အတိုင်းပဲ…. ”

ဟု ယာယီကောက်ချက်ချပြီးနောက်
စစ်ဆေးစရာများစစ်ဆေးရန်နေရစ်ခဲ့ပြီး
အလောင်းအား မှုခင်း ဆရာဝန်ထံ
ပို့စေသည် ။

မအေးညွန့် ရေနစ်သေ သွားပြီဆိုတဲ့
သတင်းကြားတော့ တစ်ချို့က
ဝမ်းနည်းကြသလို
တစ်ချို့က စိတ်ထဲက ကြိတ်ပျော်နေကြတယ်..
သူတို့အကြွေးရှင်မရှိတော့တဲ့အတွက်
အကြွေးပေးစရာ မလိုတော့ဘူး
မဟုတ်လား…… ။

အချိန်သူခိုးမှာ မသိမသာ
ခိုးယူနေရာမှ
ညအချိန်သို့ပင်ရောက်ခဲ့ချေပြီ ၊
ထူးထူးခြားခြား
ဝင်းထဲရှိ ခွေးများ သံပြိုင်
စွဲစွဲငင်ငင် အူနေကြသည် ။

ညအတော်နက်နေသဖြင့်
လူအများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြချိန်

” ဒုန်း…ဒုန်း…..ဒုန်း….. ”

ထိုအိမ်ယာဝင်းထဲမှ
သန်းလှ ဟုခေါ်သည့် သူ၏
အိမ်နောက်ဖေး တံခါးအား
လူလေးငါးယောက်
အပြိုင် ဝိုင်းထုရိုက်ကြသည့် အတိုင်း
အသံကြားသဖြင့် သန်းလှတို့မိသားစု
လန့်နိုးလာပြီး…
သန်းလှက…

” ဘယ်သူလဲဟေ့…
ဘာကိစ္စ ရှိလို့လဲ… ”

တံခါးအား ဆက်ခေါက်လျှက်ပင်

” ဒုန်း…ဒုန်း…..ဒုန်း….. ”

နံဘေးမှ နိုးနေသည့် မိန်းမဖြစ်သူက

” ယောကျာ်း…
ထူးဆန်းတယ် သန်းခေါင်ကြီး
အိမ်ရှေ့တံခါးလည်းမဟုတ်ဘူး
အိမ်နောက်ဖေးကိုလာထုနေတယ်
စကားမေးလည်းမရဘူး
ကလေးတွေလည်းလန့်နိုးကုန်ကြပြီး..
ကျွန်မကြောက်တယ်… ”

မိန်းမ စကားကြားမှ သန်းလှလည်း
ထူပူသွားသွား ကြောက်စိတ်ဝင်လာသော်လည်း
တံခါးဆက်ထုနေသည့်အသံကြောင့်
လူတွေအရေးကြီးလို့
လာကြတာနေမှာပါလေဟု
အားတင်းကာ
တံခါးသွားဖွင့်ကြည့်သောအခါ…

“ကျွိ……… ”

” ဟင်…… ”

အပြင်တွင် တိတ်ဆိတ်နေပြီး
လူတစ်ယောက်မှမရှိ
ကောင်းကင်တွင်လည်း
လှို့ဝှက်ချက်အပြည့်နှင့်
ပြုံးနေသည့် လမင်းကြီးမှအပ
မည်သူမျှ မရှိနေ ။

သန်းလှ လည်း ကြောက်လန့်သွားပြီး
ချက်ချင်း တံခါး ပြန်ပိတ်ရင်း
မိသားစုအနားပြေးသွားရင်း
ကြောက်လန့်တကြား
တုန်ယင်နေကြပြီး ဆက်မအိပ်ရဲ ကြတော့ပေ ၊
ထိုစဉ် သန်းလှတို့အိမ်နှင့်ဘေးချင်းကပ်လျက်ရှိ
ကျော်တင့် တို့အိမ်အနောက်ဘက်မှ
မကြာသေးမှီက ကြားနေရသည့်
တံခါး ထုခေါက်သံ အား
သွေးပျက်ဖွယ်ကြားလိုက်ကြရ
ပြန်သည် ။

” ဒုန်း…ဒုန်း…..ဒုန်း….. ”

အကြောင်းမသိသေးသည့်
ကျော်တင့်မှာ…
တံခါးထဖွင့်မည် ပြုနေစဉ်
မိန်းမဖြစ်သူမှ..
ရိပ်စားမိပြီး သရဲခြောက်နေတာဖြစ်ကြောင်း
သွားဖွင့်ပေးရင် ဝင်လာလိမ့်မည်ဟု
ပြောလိုက်ရာ.. ကျော်တင့်လည်း
မဖွင့်ရဲပဲ ထိုအသံကြီးကိုပင်
ကြောက်ကြောက်နှင့် ထိုင်နားထောင်
နေကြရသည် ။

တံခါးမဖွင့်ပေးသည့်
ကျော်တင့်အိမ်တွင် တံခါးထုနေသံကြားရသည်မှာ
နှစ်နာရီတိတိပင်ပြည့်တော့မည် ၊
အဆုံးတွင် ကျော်တင့်လည်း
အားတင်းကာ လက်ထဲတွင်ဓါးကိုင်လျှက်
နောက်ဖေးတံခါးဖွင့်ကြည့်ရာ
မည်သူမျှ မရှိသဖြင့် ကြောက်လန့်ပြီး
ချက်ချင်း တံခါးပြန်ပိတ်လိုက်သည့်အခါမှ
သွေးပျက်ဖွယ် တံခါးထုသံကြီး
ပျောက်ဆုံးသွားလေသည် ။

ထိုမှတစ်ဆင့် ကျော်တင့်တို့နှင့်
မလှမ်းမကန်းအိမ်တစ်အိမ်ပြီးတစ်အိမ်
ထိုအသံ ကြီး ကြားနေရသည် ။
တံခါးအထုခံရ သည့် အိမ်တိုင်းပင်
မအိပ်ရဲပဲ တစ်ဝင်းလုံးထဲမှ
ထိုအိမ်လေးများပင် ကွက်၍
ကြောက်လန့်တကြား
အိမ်မီးများဖွင့်ထားကြလေသည် ။

အသံများ ဆက်တိုက်ကြားရပြီး
တစ်အိမ်ပြီးတစ်အိမ် နိုးလာရာမှ
နောက် ဝင်းကြီး၏ အစွန်ဘက်တွင်
နေသည့် အောင်ထွေးတို့ အိမ်အလှည့်ကျခဲ့ပြီ ။

” ဒုန်း…ဒုန်း…..ဒုန်း….. ”
” ဒုန်း…ဒုန်း…..ဒုန်း….. ”

အိမ်နောက်ဖေးတံခါးအား
လူငါးယောက်ခန့် အားဖြင့်
ထု
်သံကြားရသောကြောင့်
အောင်ထွေးတို့ မိသားစုလည်း
လန့်နိုးလာပြီး အိမ်မီးဖွင့်ကာ

“ဟေ့ ဒီအချိန်ကြီး ဘယ်သူလဲ
ဘာကိစ္စ ရှိလို့လဲ ”

ဟုမေးလိုက်ရာ
တံခါးတစ်ဖက်မှ ပြန်ဖြေသည့်အသံအစား
ကျောချမ်းဖွယ် ခွေးအူသံများ နှင့် တံခါးထုသံသာ
ပြန်ကြားနေရသဖြင့်…

အောင်ထွေးလည်း
အခြေအနေကို အကဲခပ်နေရင်း ၊
အိမ်နောက်ဖေးတံခါးအား မဖွင့်သေးပဲ
အိမ်ရှေ့ကိုမသိမသာ သံစကာကြားမှ
ကြည့်မိရာ… သွေးပျက်ဖွယ်ရာ
ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို
မြင်ပြီး နောက်သို့ချက်ချင်း ပြန်ဆုတ်ရင်း
ဒူးများတုန်ယင်လျက် ခြေခွေလဲကျသွားလေသည် ။

သူမြင်လိုက်ရသည်က
သူ၏ အိမ်ရှေ့တွင် ဆံပင်ဖားလျားဖြင့်
ကျောပေးကာထိုင်နေသူ
မ အေးညွန့် ပင်ဖြစ်သည် ။

အောင်ထွေးလည်း
ကြောက်လန့်နေရင်းက
အသိဝင်လာပြီး

” အစ်မ မ အေးညွန့်…
ကျွန်တော်တို့မိသားစုကို
မခြောက်လန့်ပါနဲ့ဗျာ….
ကျွန်တော်အစ်မကို
ပေးစရာရှိတဲ့အကြွေးတွေအကုန်
ဒီလကုန်ရင် အစ်မအမျိုးသားကို
ပေးလိုက်ပါ့မယ်…
တောင်း….တောင်း…ပန်ပါတယ်ဗျာ… ”

ဟုပြောလိုက်သည့်အခါ
တံခါးခေါက်သံများ ချက်ချင်း
ပျောက်သွားလေသည် ။

မနက်မိုးလင်းသည့်အခါ….

မနက်ခင်း ငါးနာရီ အချိန်အခါတွင်
ဦး ထွန်းတောက်တို့ထံသို့
ရန်ကုန်မှ သားဖြစ်သူနှင့် မြေးမလေးမှ
မမျှော်လင့်ပဲ အလည်ရောက်လာခဲ့သည် ။

“ဖိုးဖိုးရေ….ဖွားဖွား ရေ…. ”

” ဟယ်…. မြေးလေးတို့လာတယ်…
အဖေကြီးရေ… ရှင့်မြေးလေးတို့လာတယ်.. ”

ဒေါ်ခင်ခင်လေး ၏ အသံကိုကြားသဖြင်
အိမ်နောက်ဖေး ခဏဝင်သွားသည့်
ဦးထွန်းတောက် ပြေးထွက်လာပြီး
မတွေ့ရတာကြာပြီဖြစ်တဲ့
သား နှင့် မြေး ကို
ကြိုနေမိသည် ။

ချွေးမ မှာ ရုံးအလုပ်ကခွင့်မရသဖြင့်
မလိုက်ပါခဲ့ကြောင်းလည်း
သား ထံမှ သိလိုက်ရသည် ။

မြေးမလေး မေ မှာ…
အသက် ၁၈နှစ်အရွယ် အပျိုဖြန်းလေးပင်
ဖြစ်နေပြီ ။

သားအချစ်မြေးအနှစ်ဆိုသည့်စကားအတိုင်း
မှန်နေခဲ့ချေသည် ။

သားဖြစ်သူ အတွက်
နေရာထိုင်ခင်းများ ၊
အိပ်ခန်းများ ပြင်ပေးပြီးနောက်
ခရီးပန်းလာသဖြင့်
တစ်ရေးတမောအိပ်စေသည် ။

မနက် ရှစ်နာရီ အချိန်တွင်…..

အိမ်ရှေ့မှ
လူသံများ ဆူဆူညံညံ ကြားနေရသဖြင့်
မေ လန့်နိုးလာခဲ့သည် ။

လူများသူတို့အားကိုးရသည့်
ဦးထွန်းတောက် အိမ်ရှေ့တွင်
စုစုရုံးရုံးဖြစ်နေကြပြီး
ဦးထွန်းတောက်ကို
ညက သူတို့အားလုံးနီးပါး
သရဲမ မအေးညွန့်က ခြောက်လန့်နေကြောင်း
ပြောပြကြသည်….. .
ပို၍ ဆန်းကြယ်သည်က
ထိုသို့ အိမ်နောက်ဖေးတံခါးအား
ထုခေါက်ခံရသည့် အိမ်များ
အားလုံးသည်…
မအေးညွန့်ထံမှ အကြွေးယူထားကြသူ
များဖြစ်နေသည်ကို သိလိုက်ရသည် ။

ယတြာချေတဲ့သူကချေ ကြသည် ။

ဦးထွန်းတောက် ကလည်း
ထိုသူများအားလုံးကို
အချိန်တန် အဆင်ပြေလာသည့်လတွင်
မအေးညွန့် ၏ အကြွေးများအား
သူမ၏ ယောကျာ်း ထံသို့
အတိအကျ ပြန်ဆပ်ကြရန်နှင့်
ဘုရားတရား ပိုလုပ်ရန် ၊
ညတိုင်း ဘုရားဝတ်ပြု
မေတ္တာ ပို့ အမျှအတန်းပေးဝေပြီးမှ အိပ်ကြရန်
မှာကြားပြီးနောက် ၊
အိမ်ရှိကလေးသူငယ်များအတွက်
ဘုရားစင်မှ ပရိတ်ကြိုးများ ပေးခြင်း ၊
အန္တရယ်ကင်းပရိတ်ရေများကိုပွား၍
ပေးဝေခြင်းများပြုပေးသည် ။

ထိုအချင်းအရာများအားလုံးကို
မေ မှာ အိမ်တွင်းမှ
စိတ်ဝင်တစား ကြည့်နေမိပြီးနောက်
အဖွားဖြစ်သူကိုမြေးမြန်းရာ
အဖွားမှ အကုန်ပြန်ပြောပြလေသည် ။

ပရလောကအကြောင်း
စိတ်ဝင်စားသူ မေ အတွက်တော့
သူငယ်ချင်းများအား ပြန်ပြောပြစရာ
ကြောက်မက်ဖွယ်
ဇာတ်လမ်းကောင်းတစ်ပုဒ်ရခဲ့ချေပြီ ။

ညပင်ရောက်လာခဲ့ပြန်သည် ။

ည ၉ နာရီအချိန်တွင် မေ မှာ
ရုပ်ရှင်ကြည့်ရင်း မုန့်စားရန်အတွက်
လမ်းထိပ်သို့မုန့်သွားဝယ်ဖို့အတွက်
အဖွားဖြစ်သူကိုပြောပြရာ
အဖွားမှာ ခွင့်မပြုသဖြင့် မသွားခဲ့ရ ။
ခွင့်မပြုသည့်အကြောင်းမှာ
မေ သည် ကျန်းမာသူတစ်ယောက်
မဟုတ်သောကြောင့် စိတ်ပူ၍ဖြစ်သည် ။

တစ်ခါလည်း ညလုံးပေါက်မှ
မနက် ၆နာရီထိ သရဲကားထိုင်ကြည့်ပြီး
သေးွအားနည်းကာ ဖျားနာဖူးသဖြင့်
ဆေးခန်းပြပေးခဲ့ရဖူးသည်မဟုတ်လား ။

အသီးသီး အိပ်ယာဝင်ကြရာ
မေ မှာ မအိပ်ချင်သေးသဖြင့်
ဝါသနာအရ သယ်လာခဲ့သည့်
အင်္ဂလိပ် သရဲကားများကို
တစ်ကားပြီးတစ်ကား ထိုင်ကြည့်နေလေသည် ။

အဘိုးဖြစ်သူက မေ ကို
ဟိုတစ်ခေါက်ကလို ဖျားနာမည်စိုး၍
ညနက်ထိမနေရန်မှာပြီး
အိမ်တံခါးများ
သေချာစွာလိုက်ပိတ်ထားပြီး
အိပ်ယာဝင်သွားသည် ။

အိမ်ထဲတွင်တစ်ဦးတည်း
နိုးကာ မကြောက်မရွံ့ သရဲကားကြည့်နေသူမှာ
မေ ပင် ။

မေ တစ်ခုတော့သိထားသည်
သရဲခြောက်မည်ဆိုလျှင်ပင်
သရဲမှာ သူမ၏ အဖိုး
တံခါး အဝင်ဝထိပ်တွင်
ချိတ်ထားသည့် အင်းပြားများသဖွယ်
အစီအရင်များကြောင့်
အိမ်ထဲတော့ဝင်မည်ဟု မထင်ခဲ့ချေ…။

မှန်ပါသည် အိမ်ထဲမဝင်ခဲ့ပါ
သို့သော်…….

ည ၁၀ နာရီအချိန်တွင်
ထူးခြားစွာ…
လေပြင်းများတိုက်လာပြီး
အိမ်ဘေးရှိ မန်းကျည်းပင်ကြီးမှ
မန်းကျည်းရွယ်များသည် လေအားကြောင့်
အပင်မှ လွင့်လာပြီး အိမ်နှင့်ခေါင်မိုးကြား
လွတ်နေသည့်နေရာမှတစ်ဆင့်
တီဗီကြည့်နေသူ မေ ၏ အနားသို့
တဖြုတ်ဖြုတ် ဝင်လာကြသည် ။

မေ မှာ ရုတ်တရက်အဖြစ်ကြောင့် လန့်သွား
သော်လည်း သဘာဝအရ လေတိုက်သဖြင့်
ဝင်လာသည်ကို နားလည်သွားပြီး
နေမြဲအတိုင်းသရဲကားကို
ဈာန်ဝင်စား ကြည့်နေစဉ်…

အိမ်ခေါင်မိုး ပေါ်သို့
တစ်စုံတစ်ယောက် ထုရိုက်ခြင်း ၊
ခဲများဖြင့် ပေါက်ခြင်း ၊ စသည့်အသံများ
သဖွယ်…

” ဝုန်း…. ” ဟု
တစ်ချက်ကြားလိုက်ရသဖြင့်
မေ ကြောက်လန့်သွားပြီး တုန်တက်သွားမိသည် ။
မန်းကျည်းသီးကြွေတာနေမှာပါလေဟု
စိတ်ဖြေမိသော်လည်း အသီးကြွေသည့်အသံ
မဟုတ်မှန်း သိနေသူမို့
တီဗီကိုပိတ်လိုက်ရင်း အခြေအနေကို
ငြိမ်သပ်ရင်း ဟိုဟိုဒီဒီ ကြည့်နေမိစဉ်တွင်
နောက်ထက် အသံထက်ကြားလိုက်ရသဖြင့်
မေ လည်း ကြောက်လန့်တကြား
ထခုန်လိုက်ပြီး အော်လိုက်ရာမှ
တစ်အိမ်လုံး နိုးသွားကြသည် ။

” ဟဲ့ မြေးလေး ဘာဖြစ်တာလဲ… ”

အဖိုးဖြစ်သူ၏ အမေးကိုပြန်ဖြေမည်
ပြုနေစဉ်ပင်

” ဝုန်း….. ”

အိမ်ခေါင်မိုး ပေါ်မှ
အသံထက်ကြားလိုက်ရပြန်သည် ။

အသံက ဆက်လာတယ်
အချက်နှစ်ဆယ်လောက်
ဖြစ်လာတော့
ဘေးအိမ်ခန်းတွေလည်း
နိုးလာကြသယောင်ဖြင့်
မီးများလင်းလာကြသည် ၊
မေ လည်း မနက်က
မအေးညွန့် အကြောင်းပြန်တွေးမိပြီး
ခြေဖျားလက်ဖျားတွေအေးလာကာ
ကြောက်လွန်ပြီးအဖွားကို
တင်းတင်းဖက်ထားနေမိတယ် ။

ဦးထွန်းတောက် က အခြေအနေကို
ရိပ်စားမိပြီး ဘုရားခန်းထဲဝင်
အန္တရယ်ကင်း ပရိတ်ရေမန်းတွေ
တစ်အိမ်လုံးအနှံ့ လိုက်ဖြန်း ၊
အိမ်သားတွေကိုလည်း
စတိ သဘော အကုန်လိုက်တိုက်ရာ
ခဲနှင့်ခေါင်မိုးကို ပစ်နေသံများ
ရပ်သွားလေသည် ၊
ပြီးနောက် အားလုံးကို
ပြန်အိပ်ခိုင်းလိုက်သည် ။

ထိုစဉ် ……..

” ဝုန်း…… !!!! ”

ဒီတစ်ခါ တော်တော်ကြီးတဲ့
ခဲလုံးကြီးဖြင့် ပစ်လိုက်သလိုမျိုး
အသံဖြစ်သွားပြီး ခေါင်မိုးပင် ပြိုကျတော့မည့်အတိုင်း
ခံစားလိုက်ကြရသည် ။

ဦးထွန်းတောက် သည်လည်း
အတော်လေး ဒေါသဖြစ်လာပြီး…
အသံအကျယ်ကြီးအော်မေးလိုက်သည် ။

” နင်ဘာဖြစ်ချင်လို့လဲ….
ငါတို့အိမ်ကနင်နဲ့အကြွေးကင်းတယ်
နင် လာမနှောက်ယှက်နဲ့…..”

ဒေါသ သံကြောင့် အသံများပင်
တုန်နေလေသည် ။

ပတ်ဝန်းကျင် မှာ တိတ်ဆိတ်သွားပြီး
ဆယ့်ငါးမိနစ် ခန့်အကြာတွင်
အိမ်အပြင်မှ လူတစ်ချို့ ခေါ်သံ ကြားလိုက်ရသည် ။

” ဆရာထွန်း… ဆရာထွန်း….
လုပ်ပါဦး ကျွန်တော့ သမီးလေး
ဘာဖြစ်တာလဲမသိဘူး ၊
ဆရာ… သရဲပူးတာထင်တယ်…
ဆရာ ကယ်ပါဦး ဗျာ… ”

ရုတ်တရက်ဖြစ်လာတဲ့အခြေအနေကြောင့်

ဦးထွန်းတောက် လည်း
လိုအပ်တဲ့ ပစ္စည်းတွေ ယူပြီး
အိမ်ရှေ့တံခါးဖွင့်ကာ
လိုက်သွားဖို့ပြင်နေသည် ၊
သားဖြစ်သူမှာလည်း
ဦးထွန်းတောက် နှင့်အတူ
လိုက်သွားလေသည် ။

မေ နှင့် အဖွား ခင်ခင်လေး
သာ အိမ်တွင်ကျန်ရစ်ခဲ့သည် ၊
ပရလောက စိတ်ဝင်စားသူ
မေ မှာ လိုက်ချင်သော်လည်း
အဖိုးက အန္တရယ်ရှိ၍ အိမ်တွင်သာ
အဖွားနှင့် အတူနေခဲ့ရန်မှာကြားခဲ့သဖြင့်
မလိုက်ခဲ့ရချေ ။

သို့နှင့်….
သရဲပူးနေသော အိမ်သို့ ရောက်သောအခါ…

အိမ်ထဲတွင်
အသက် ၂၀အရွယ်ခန့် ကောင်မလေးတစ်ဦးအား
လူများ ဝိုင်းအုံ ကြည့်နေကြသည်ကို
မြက်လိုက်ရသည် ကောင်မလေးမှာ
တမလွန်မှ မအေးညွန့် သရဲဘဝဖြင့်
ဝင်ပူးထားဟန်ရှိပြီး….
ဆံပင်ဖျားလျားနှင့်
လူ့ဘဝမှ ယောကျာ်းတော်ခဲ့သူအား
ဖတ်ကာ ဖတ်ကာ ငိုလျှက်
ဝိုးတဝါးစကားများလည်း ပြောနေသည် ၊
ယောက်ျား မှာလည်း
ပြန်ဖတ် ထားရင်း
ရှိုက်ကြီးတငင် ငိုလို့နေသည် ၊
သရဲမ မအေးညွန့်အဖြစ်မှာ
ကြောက်စရာထက်
သနားစရာပိုကောင်းနေသောကြောင့်
ဘေးမှ လူများပင် မျက်ရည်မစဲ ဖြစ်ကြရသည် ။

ဦးထွန်းတောက် ကမူ
သရဲပူးနေသည့် မိန်းကလေးအား
သိလိုသည်များကို
စတင်မေးလေပြီ… ။

” ဟဲ့…. အခု ကလေးမ ကိုယ်ထဲ
ဝင်ပူးနေတာ မအေးညွန့် လား ”

တစ်ဖက်မှ ယောက်ျားကိုဖတ်ထားရင်က
ပြန်ဖြေသည် ။

” ဟုတ်ပါတယ် ဆရာထွန်း
ကျွန်မ မအေးညွန့်ပါ…
ဆရာ့စကား နားမထောင်ပဲ
လောဘဇော နဲ့ အကြွေးသွားတောင်းခဲ့မိလို့
ဒီလို ဘဝမျိုး ရောက်ရတာပါ အီး…ဟီး… ”

” အေးကွယ်….ငါတို့လည်း နင့်အတွက်
စိတ်မကောင်းဖြစ်မိပါတယ်…
ငါ့သမီး နင်ဒီဘဝက မကျွတ်လွတ်ချင်ဘူးလား ”

” ဟင့်အင်း ကျွန်မ အခု မကျွတ်ချင်သေးဘူး
ကျွန်မ ရွှေတွေငွေတွေကိုလည်း စိတ်မချဘူး ၊
ကျွန်မယောက်ျားကိုလည်း မခွဲနိုင်ဘူး…
ယောကျ်ား…. ကျွန်မကို ချစ်ရင်
နောက်မိန်းမလုံးဝ မယူပါနဲ့နော်.. အီး..ဟီး.. ”

ယောကျာ်း ဖြစ်သူက ဝမ်းနည်းလွန်းသဖြင့်
ခေါင်းကိုသာ တွင်တွင် ငြိမ့်ရင်း
မိန်းမကို စိတ်ချဖို့ အတန်တန်ကတိပေးလေသည် ။

ဆက်၍ ဦးထွန်းတောက်က

” ငါ့သမီး နင်စွဲလမ်းစိတ်တွေကို ရအောင်
ဖြတ်ပါတော့ဟယ်… နင်နဲ့သူနဲ့က
ဘဝချင်းလဲ မတူတော့ဘူး ၊
နင် တွယ်တာနေတဲ့ ရွှေငွေတွေဆိုတာကလည်း
နောက်ဘဝကို နင်သယ်သွားနိုင်ရဲ့လား… ”

” မရဘူး…
ကျွန်မ အကြွေးတွေ အကုန်ပြန်မရမချင်း
ကျွန်မ လုံးဝ မကျွတ်ဘူး…”

အသံမာမာနှင့် ထငိုနေရင်းကနေ
ရုတ်တရင် ငိုပြီးနောက်….

” အီး…ဟီး… ကျွ

” မရဘူး…
ကျွန်မ အကြွေးတွေ အကုန်ပြန်မရမချင်း
ကျွန်မ လုံးဝ မကျွတ်ဘူး…”
အသံမာမာနှင့် ထငိုနေရင်းကနေ
ရုတ်တရင် ငိုပြီးနောက်….
” အီး…ဟီး… ကျွန်မကို
သူတို့လုပ်ထား ကြတယ်..
သူတို့လုပ်ထားကြတယ်… ”
ဦးထွန်းတောက် လည်း
ကြားလိုက်ရသည်ကို
ချက်ချင်း သတိထားပြီး ပြန်မေးသည် ။
” ဟဲ့သမီး နင့်ကိုဘယ်သူလုပ်ထားတာလဲ
ငါ့ကိုပြောစမ်းနင့်ကို
ဘယ်သူဘာလုပ်ထားတာလဲ…
နင်သေတာကရော… ဘယ်လိုသေရတာလဲ ”
ဘယ်လိုပင်မေးမေး…
မအေးညွန့်က ပြန်မဖြေပဲ
သူတို့လုပ်ထားကြတယ်ဆိုတာကိုသာ
ပြောနေတော့ ခတ်ပြန်လေပြီ ။
မကြာမှီ….
ထိုသရဲပူးနေသည့်အိမ်သို့
ဘုန်းတော်ကြီးများ ၊
ပဠာန်းအဖွဲ့များနှင့် လူစုံလာပြီးနောက်
သရဲမ မအေးညွန့် ကို ဝိုင်းဖြောင်းဖြ ကြသော်လည်း
အစွဲအလမ်းကြီးသူ
မအေးညွန့် မှာ ခေါင်းသာ တွင်တွင်ခါနေသည် ။
နောက်ဆုံး (….) မှ
ဆရာတော်ကြွလာပြီးနောက်
သရဲမ မအေးညွန့်ကို
နေရာပြန်ဖို့ မေတ္တာ ရပ်ခံလိုက်ရာမှ
ထွက်သွားလေသည် ။
သရဲထွက်သွားတော့
မောကျန်နေရစ်သည့်
ကလေးမလေးအားဆရာတော်မှ
ပရိတ်ရေများ ချီးမြှင့် ပေးသည် ။
ပဌာန်းအဖွဲ့များမှာလည်း
နေရာယူကာ.. အန္တရယ်ကင်း
ပရိတ်ပဌာန်းတော်ကို ညလုံးပေါက်
မိုးလင်းထိတိုင် ရွတ်ဆိုပေးကြလေသည် ။
ထိုအဖြစ်အပျက်များ မှာ…
မအေးညွန့် ရက်မလည်ခင်အချိန်တွင်း
ဖြစ်ပျက်နေခြင်းဖြစ်သည် ။
ဒီဇာတ်လမ်းလေးကို
ပမာ ယူ၍
အကြွေးကင်းစွာ နေထိုင်ကြဖို့ ၊
အစွဲအလမ်း မကြီးဖို့ ၊
အလှူအတန်း ၊ ကုသိုလ် များများလုပ်ကြဖို့
ဘယ်အချိန်ဖြစ်ဖြစ် ဘုရားအစရှိသော
ရတနာ သုံးပါးအား မမေ့မလျော့ကြဖို့ ၊
ဆုပန်အပ်ပါသည် ။
အစွဲအလမ်းကြီးသည့် မအေးညွန့်
သူ့စကားအတိုင်း သူ့အကြွေးများအကုန်
ပြန်ရမှ အမှန်ပင် ကျွတ်လွတ်ကာ
သာဓုခေါ်မည်လော ၊
အကြွေးမပေးသည့်သူများကို
မည်သို့ တုန်ပြန်နိုင်မည်လော…. ၊
ယောကျ်ားဖြစ်သူက အချိန်ကြာသွားသည့်အခါ
တစ်အိမ်ထောင် ထူထောင်လျှင်ရေ…..
အစွဲအလမ်း ကြီးသူ … သူမ
ခွင့်လွတ်မည်လေ…..၊
သူမကို လုပ်ထားကြတယ်ဆိုသည့်စကားမှာ
မည်သည်ကိုဆိုလိုသည် ၊
သူမ အမှန်ပင် အသတ်ခံခဲ့ရခြင်းလော….
စသဖြင့် သို့လော သို့လော
အမေး များစွာကို ဖြေနိုင်မည့်သူမှာ
မအေးညွန့် သာဖြစ်၍
စာဖတ်သူတို့အနေဖြင့်
မရှင်းလင်းသည့်
မေးခွန်းများရှိပါက
မအေးညွန့် ကိုသာ မေးမြန်းပါဟု
အကြံပြုရင်း…… ။

Zawgyi Version

” တမလြန္ မွ အေႂကြး႐ွင္ “(စ-ဆံုး)
——————————————
လူေတြ သတၱဝါေတြက
အစြဲအလမ္းအရမ္းႀကီးလြန္းတဲ့အခါ
ယခုဘဝက ကြယ္လြန္ၿပီး
ေနာက္ဘဝသစ္ေရာက္တဲ့အခ်ိန္
စြဲလမ္းစိတ္နဲ႔ေသတဲ့အတြက္
မကြၽတ္မလြတ္တဲ့ ၿပိတၱာဘံုသား
ျဖစ္ၾကရတယ္…….. ။

မေကြးတိုင္းေဒသႀကီး ႐ွိ
ၿမိဳ႕တစ္ခုမွ အစိုးရဝန္ထမ္း
အိမ္ယာဝင္း တစ္ခုထဲတြင္ျဖစ္သည္ ။

အိမ္ယာဝင္းျဖစ္သည့္အတြက္
အေဆာင္မ်ား လိုင္းခန္းမ်ားအစား
ဝန္ထမ္းမိသားစုမ်ားသည္
ကိုယ့္အိမ္ေထာင္စုႏွင့္ကိုယ္
အသီးသီးေနထိုင္ၾကျခင္းပင္ ။

ထိုအိမ္ေထာင္စုမ်ားထဲတြင္
အသက္ ၅၂ ႏွစ္အရြယ္႐ွိၿပီး
ရာထူးအေတာ္အသင့္႐ွိသည့္
ဦးထြန္းေတာက္ တို႔ မိသားစုသည္လည္း
အပါအဝင္ျဖစ္သည္ ။

မိသားစုဟုဆိုရာတြင္
ဦးထြန္းေတာက္ မွာ ငယ္ငယ္ရြယ္ရြယ္ ျဖင့္
အိမ္ေထာင္က်သျဖင့္ သားသမီးမ်ားပင္
အိမ္ေထာင္သည္မ်ားျဖစ္ေနၿပီး
ကိုယ့္မိသားစုႏွင့္ကိုယ္
ရန္ကုန္ ႏွင့္အျခားၿမိဳ႕မ်ားတြင္
ေျပာင္းေရႊ႔ အေျခ ခ်ေနၾကေလၿပီ၊
အစိုးရဝန္ထမ္း အိမ္ဝန္းအတြင္း
က်န္ရစ္ခဲ့သူမွာ…
ဦးထြန္းေတာက္ ႏွင့္ ဇနီးသည္ ေဒၚခင္ခင္ေလး
တို႔ႏွစ္ဦးသာျဖစ္သည္ ၊ သက္တူရြယ္တူ
ဇနီးေမာင္ႏွံ ျဖစ္၍ တစ္ဦးကိုတစ္ဦး
ေဖးမရင္း တရားဓမၼ ျဖင့္
ေအးခ်မ္းစြာေနၾကသူမ်ားပင္ ။

ဦးထြန္းေတာက္သည္ လူ႐ိုးလူေအး
လူမွန္ႀကီးျဖစ္ၿပီး ဘာသာေရးကိုင္းရႈိုင္းကာ
ေဗဒင္ႏွင့္အထက္လမ္း အစီအရင္
အခ်ိဳ႕ပါ တတ္ကြၽမ္းသျဖင့္
တစ္ဝင္းတည္းေနၾကသည့္
အိမ္ေထာင္စုမ်ားအားလံုးက
ေလးစားယုံၾကည္ အားကိုးၾကရသူတစ္ေယာက္
ျဖစ္သည္ ၊ ေဗဒင္ႏွင့္ပတ္သတ္လ်ွင္လည္း
ဦးထြန္းေတာက္ တြက္ခ်က္ေဟာေျပာသမ်ွသည္
မွန္လြန္းေခ်သည္ ။

သာယာေသာေန႔ေလးတစ္ေန႔
မနက္ခင္းတရားသံႏွင့္အတူ
ဦးထြန္းေတာက္ ဘုရားဆြမ္းေတာ္ကပ္ကာ
ဝတ္ၿပဳ ၿပီးေနာက္ မနက္စာ အဆာေျပ
စားေနစဥ္….။

အိမ္ေ႐ွ႕မွ

” ဆရာေရ… ဆရာထြန္း…”

ဟုအသံၾကားသျဖင့္
ဦးထြန္းေတာက္ ကအိမ္ေ႐ွ႕ကို
တစ္ခ်က္ၾကည့္လိုက္ၿပီး

” ဘယ္သူလဲကြယ့္
လာေလအိမ္ထဲဝင္ခဲ့….. ”

အိမ္တြင္းသို႔ အသက္၃၀အရြယ္
အမ်ိဳးသမီးတစ္ယာက္ ဝင္လာေလရာ
ဦးထြန္းေတာက္ က

” ဪ ငါ့ႏွယ့္ ဘယ္သူမ်ားလည္းလို႔
ေအးၫြန္႔ ပဲ….
လာထိုင္ဦးကြယ္….
ဘာကိစၥ ႐ွိတုန္းဆိုစမ္းပါဦး ”

ဟုေျပာရာ… အမ်ိဳးသမီးက
ျပန္ေျဖသည္ ။

” ဆရာ… ကြၽန္မ ေဗဒင္ေလးေမးခ်င္လို႔ပါ ”

ဦးထြန္းေတာက္ သည္လည္း
ေဗဒင္မေဟာခင္သူလုပ္ေနၾကအတိုင္း
ဘုရားစင္တြင္ ဆီမီးအေမႊးနံ႔သာမ်ား
ပူေဇာ္ၿပီးေနာက္ သူေဗဒင္တြက္ခ်က္သည့္
စာအုပ္ေလးကိုတန္ဖိုးထား ႐ို႐ိုေသေသ
ကိုင္လွ်က္ စားပြဲခံုပုေလးေ႐ွ႕တြင္ထိုင္ကာ
စာအုပ္ကိုစားပြဲေပၚတင္ရင္း….

” ကဲ ငါ့သမီး ဘာေမးခ်င္တုန္း ”

” ဒီလိုပါ ဆရာ…
ကြၽန္မ ေငြတိုးေခ်းစားေနတဲ့သူဆိုတာ
ဆရာလည္းအသိပဲေလ…
ဒီၿမိဳ႕ (…..) နား က (……..) ရြာမွာ
ကြၽန္မ ေငြအေႂကြးရစရာ႐ွိတယ္ ၊
အဲ့တာ သူတို႔ဘက္က ျပန္ဆပ္ရမယ့္
အခ်ိန္ေက်ာ္ေနၿပီး ၊
အက်ိဳးအေၾကာင္း လည္း ဘာမွျပန္မေျပာၾကလို႔
ကြၽန္မ ဒီရက္ပိုင္းထဲ ကိုယ္တိုင္
သြားေတာင္းမလို႔ပါ ဆရာ
အဲ့တာ အေႂကြး ျပန္ရႏိုင္ မရႏိုင္
ၾကည့္ေပးပါ ဆရာ… ”

ဦးထြန္းေတာက္မွာ
သိလိုသည့္ ေန႔နံမ်ားကို
ေစ့စပ္စြာေမးၿပီး စာအုပ္ေလးတြင္း
ခ်တြက္ၿပီးေနာက္ ျပန္ေျဖပံုမွာ…

” အင္း….
ငါ့သမီးရ ဒီရက္ပိုင္းထဲ ေတာ့
နင႔္အေႂကြးျပန္ရဖို႔ မျမင္ဘူး ၊
ကိုယ္ကပဲ ျပန္ေပးရလိမ့္မယ္ ၊
မိုးေလဝသအေျခအေနေရာ
ေဗဒင္ကိန္းအရပါ
နင္မသြားသင့္ဘူး
ေနာက္တစ္ပတ္ထဲဆိုရင္ေတာ့
အေကာင္းေတြ ျဖစ္လာႏိုင္တယ္ ”

ထိုအမ်ိဳးသမီးမွာ
ဦးထြန္းေတာက္ ေျပာသည့္စကားကို
သိပ္မေက်နပ္ဟန္ျဖင့္ ျပန္ေျပာသည္ ။

” ဒီလိုၾကာေနလိုမျဖစ္ဘူးဆရာ
ကြၽန္မလည္္းေငြလွည့္သံုးေနရတာမို႔လိုပါ
တစ္ျခား ဘာမွလုပ္မရဘူးလားဆရာ ”

” ငါျမင္သေလာက္ တြက္ခ်က္ရသေလာက္ကေတာ့
ဒီအပတ္ ငါ့သမီး ၿမိဳ႕ေဝး
နယ္ေဝး ခရီးတိုေတာင္မသြားသင့္ဘူး
အညံ့ကိန္းျမင္တယ္
ေနာင္တစ္ပတ္ထဲဆိုရင္
အေႂကြးေရာ က်န္းမာေရးအရေရာ
ေကာင္းေနတာျမင္တယ္ ”

မေအးၫြန္႔ လည္း အထြန္႔မတက္ေတာ့ပဲ

” ဟုတ္ကဲ့ ပါဆရာ..
ေက်းဇူးတင္ပါတယ္ ”
ဟုေျပာကာ ဦးထြန္းေတာက္ အတြက္
ဥာဏ္ပူေဇာ္ခ ေပး ၊ ဦးထြန္းေတာက္ကို
႐ွိခိုးၿပီးေနာက္ ျပန္သြားေလသည္ ။

မ ေအးၫြန္႔မွာ
ပိုက္ဆံခ်မ္းသာသည့္ လူစာရင္းဝင္သူ
ျဖစ္သည္ ၊ တစ္ကိုယ္လံုး ေရႊအျပည့္
ဝတ္ဆင္ထားတတ္သည္ ၊
ေရႊလက္ေကာက္မ်ား ေရႊလက္စြပ္ ၊
ေရႊဆြဲ ႀကိဳးႀကီးမ်ား အမ်ားအျပား
ဝတ္ဆင္ရျခင္းကို ႏွစ္သတ္သည္ ၊
အေနအထိုင္အေျပာအဆိုေမာက္မာၿပီး
သူစိတ္တိုင္းမက်လ်ွင္မက်သလို
ပါးစပ္ၾကမ္းတက္ေသးသည္ ၊
သို႔ေသာ္ မည္သူမ်ွ သူမကို
အာခံမေျပာဆိုရဲၾက
အဘယ့္ေၾကာင့္ဆိုေသာ္
ထို အစိုးရ အိမ္ေထာင္စု ဝင္းအတြင္း
ဦးထြန္းေတာက္ ႏွင႔္လူအခ်ိဳ႕အိမ္မ်ားမွအပ
ေနအိမ္အမ်ားစုမွ လူမ်ားသည္
မ ေအးၫြန္႔ ၏ အေႂကြးႏွင့္ မကင္းၾကသူမ်ား
ျဖစ္ၾကသည္ ၊ မေအးၫြန္႔အဖို႔
မိဘမ႐ွိသည့္ေနာက္
သူ႔ဘဝအတြက္
သူမ၏ ခင္ပြန္းတစ္ေယာက္သာ
တြယ္တာရာ ျဖစ္ခဲ့သည္ ။

ထိုအျဖစ္အပ်က္မ်ားျဖစ္ပြားၿပီးေနာက္
ေနာက္တစ္ေန႔တြင္
အစိုးရဝန္ထမ္း အိမ္ရာဝင္းအတြင္း
ကိစၥ တစ္ခုျဖစ္ပြားေလၿပီ….. ။

မေအးၫြန္႔ မေန႔ညေနကတည္းက
ၿမိဳ႕အနီး လမ္းေလ်ွာက္သြား
ြလ်ွင္
ေရာက္ႏိုင္ေလာက္ေအာင္
နီးသည့္ (…..) ရြာကို
အေႂကြးသြားေတာင္းရန္ထြက္သြားၿပီး
တစ္ညလံုး ျပန္မလာသည့္အတြက္
သူမ၏ ေယာက်ာ္း ႏွင့္ေဆြမ်ိဳးမ်ားအျပင္
အိမ္ရာဝင္းအတြင္း မွလူမ်ားလည္း
စိတ္ပူကာ သတ္ဆိုင္ရာသို႔
အေၾကာင္းၾကားထားသည့္အျပင္
ကိုယ္တိုင္ကိုယ္က်လည္း
လိုက္႐ွာေပးၾကသည္ ။

အနီးတစ္ဝိုက္ မေအးၫြန္႔ သတင္းအစအန
မရသျဖင့္ ေနာက္ဆံုး
ဦးထြန္းေတာက္ ဦးေဆာင္ၿပီး
မေအးၫြန္႔ ေယာက်ာ္း အပါအဝင္
ရဲသားအခ်ိဳ႕ႏွင့္ မေအးၫြန္႔ေႂကြးေတာင္းရန္
ထြက္သြားသည့္ ရြာသို႔
သြား႐ွာရန္ထြက္ခဲ့ၾကသည္ ။

ထိုရြာသို႔ ေရာက္ရန္ ေရစီးသန္သည့္
ေခ်ာင္းငယ္တစ္ခုအား
အကာအရံမ႐ွိသည့္ သစ္လံုး
တစ္လံုးတည္းသာ ထိုးထားသည့္
တစ္ေယာက္ကူး
တံတားမွ တစ္ေယာက္စီ ျဖတ္ကူးၾကရၿပီး
ေနာက္ဆံုး ရြာသို႔ေရာက္ကာ
စံုစမ္းေမးျမန္းၾကသည္ ။

ေမးျမန္းရာတြင္လည္း
ထိုရြာသူရြာသားမ်ားအျပင္
မေအးၫြန္႔ဆီမွ အေႂကြးယူထားသည့္
အိမ္မွ ဒီရက္ပိုင္းတြင္း ရြာသို႔
မေအးၫြန္႔ အျပင္အျခား
သူစိမ္းတစ္ေယာက္တစ္ေလမ်ွ
ေရာက္မလာေၾကာင္းေျပာရာမွ
လူမ်ားသည္ ထူးဆန္းစြာ
ေပ်ာက္ဆံုးေနသည့္ မေအးၫြန္႔အတြက္
ပို၍ စိတ္ပူသြားၾကသည္ ။

မေအးၫြန္႔ ေယာက်ာ္းဆိုလ်ွင္
ထိုေန႔ညေနက သူလိုက္မည္ဟု
ေျပာသည္ကို မေအးၫြန္႔က
မၾကာပါဘူး ခဏေနျပန္လာခဲ့မယ္…
အိမ္က အတြင္းပစၥည္း ေတြကိုပဲ
ေသခ်ာ ေစာင့္ေနရစ္ရန္မွာခဲ့ေၾကာင္း
ေျပာေျပာၿပီး ေယာက်ာ္းႀကီးတန္မဲ့
ငိုယိုေနရာ ဦးထြန္းေတာက္ မွ
ေခ်ာ့ေမာ့ႏွစ္သိမ့္ေပးထားရေသးသည္ ။

အတူပါလာသည့္ (….) စခန္းမွ
ဒုရဲမွဴ းက ဦးထြန္းေတာက္ ကို
” ကြၽန္ေတာ္ေတာ့ သိပ္မသၤကာဘူးဗ်ာ
ဒါ မႈခငး္တစ္ခုျဖစ္ႏိုင္တယ္ ၊
ေနာက္တစ္ခ်က္က ဒီရြာကို
ကြၽန္ေတာ္တို႔ ျဖတ္အလာက
ေခ်ာင္းကူးတံတားကယေတာ္ေတာ္ေခ်ာ္ေနတယ္
မေအးၫြန္႔ ထြက္လာတဲ့ေျပာတဲ့အခ်ိန္ကလည္း
ေလေတြမိုးေတြရြာေနတယ္ဆိုေတာ့
မေတာ္… သူေခ်ာင္းထဲမ်ား ေခ်ာ္က်သြားသလား
မသိဘူး ၊ ကြၽန္ေတာ္တို႔ ေခ်ာင္းတစ္ေလ်ွာက္
ေလွေတြ လူေတြ အင္အားနဲ႔
ဝိုင္း႐ွာၾကည့္ၾကရေအာင္ ”

ေျပာေျပာဆိုဆိုႏွင့္ သူ႔ရဲသားအခ်ိဳ႕ကို
စခန္းျပန္ခိုင္းၿပီး
လူထပ္ေခၚလာခိုင္းေလသည္ ၊
ဦးထြန္းေတာက္ ကလည္း
သေဘာတူၿပီး အစိုးရဝန္းထဲမွ
လူငယ္လူရြယ္ အေတာ္မ်ားမ်ားကို
စုစည္းၿပီး ရဲမ်ားႏွင့္အတူ
ေခ်ာင္း တစ္ေလ်ွာက္
မေအးၫြန့္ကို လိုက္႐ွာၾကသည္ ။

တစ္မနက္လံုး လိုက္႐ွာၾကရာ
မေအးၫြန္႔အရိပ္အေရာင္ပင္မျမင္
အခ်ိန္ ေန႔လည္ခင္း အေရာက္တြင္
ေခ်ာင္းတစ္ေနရာမွ
ရဲသားတစ္ဦး ၏ ေအာ္သံ ၾကားလိုက္ရသည္ ။

” ဆရာေရ…. ဒီမွာ
တစ္ခုေတြ႔ထားတယ္
အမ်ိဳးသမီး အက်ႌ လို႔ထင္ရတာပဲ… ”

ထိုရဲသား၏ ေအာ္သံေၾကာင့္
လူအားလံုး ထိုေနရာသို႔ အေျပးအလႊား
သြားၾကည့္ၾကသည္ ။

ဇာအေႏြးထည္ အစိမ္းေရာင္
အပါးေလးတစ္ထည္သည္ ေရေအာက္႐ွိ
သစ္ကိုင္းတစ္ခုတြင္ ျငႇိတြယ္ေနသည္ကို
ေတြ႔လိုက္ရာ ဆယ္ယူၿပီး
မေအးၫြန္႔ ေယာက်ာ္း အားျပၾကည့္ရာ…
မေအးၫြန္႔ ေယာက်ာ္း က
ကေလးတစ္ေယာက္လို ငိုယိုလ်ွက္

” အီး…ဟီး…. ဟုတ္တယ္
ဒါ
ေအး ရဲ႕ အက်ႌ ေလး
သူေပ်ာက္သြားတဲ့ညေနက
မိုးေတြေလေတြက်ေနလို႔
ကြၽန္ေတာ္တားေသးတယ္
မရတာနဲ႔ သူအေအးမိမွာစိုးလို႔
ကြၽန္ေတာ္ကိုယ္တိုင္ သူ႔ကို
ဝတ္ေပးလိုက္တဲ့ အေႏြးထည္အပါးေလးပါ…
လုပ္ၾကပါဦးဗ်ာ…
ကြၽန္ေတာ့္မိန္းမ..
အသက္မွ႐ွင္ေနႏိုင္ေသး ရဲ႕လားဗ်ာ….”

မေအးၫြန္႔ အက်ႌ ျဖစ္ေၾကာင္း
အတည္ျပဳခ်က္ရၿပီးေနာက္
အေျခအေနမေကာင္းေၾကာင္း
ဒုရဲမွဴ းမွ ရိပ္စားမိၿပီး
ဦးထြန္းေတာက္ ကိုၾကည့္ကာ
မသိမသာ ေခါင္းခါျပလိုက္သည္ ။

ဦးထြန္းေတာက္သည္လည္း
စိတ္မေကာင္းျဖစ္မိၿပီး
မ်က္စိမွိတ္ကာ သက္ျပင္းတစ္ခ်က္
ခ်လိုက္မိသည္ ။

ထို႔ေနာက္ ေရစီးသန္သည့္
ေခ်ာင္းေလးတစ္ေလ်ွာက္
အားခ်င္း လိုက္႐ွာၾကရာ
အေတာ္ေဝးေဝး႐ွိ သဲေသာင္စပ္သဖြယ္
ေနရာတြင္ မေအးၫြန္႔ ၏
ပံုပ်က္ပန္းပ်က္ အေလာင္းႀကီးအား
ေတြ႔လိုက္ၾကရသည္ ။

အေလာင္း၏ပံုစံေျပာရမည္ဆိုလ်ွင္
မ်က္လံုးႏွစ္လံုးမွာ အဆမတန္ျပဳးလို႔
အျပင္ထြက္ေနၿပီး ၊ နား ၊ ပါးစပ္ ႏွင့္
ႏွာေခါင္းမ်ားထဲတြင္လည္း
သဲမ်ားအျပည့္ဝင္ေနၿပီး
ေျခလက္မ်ား ကလည္းေကာက္ေကြးလို႔ ၊
တစ္ကိုယ္လံုးျပာႏွမ္းေနၿပီး
လက္တစ္ဖက္ထဲတြင္မူ
ပိုက္ဆံ အိတ္ႀကိဳးစကို
က်စ္က်စ္ပါေအာင္ဆုတ္ထားၿပီး
ပိုက္ဆံအိတ္မွာ ေရေပၚ၌
ေပါေလ ေပၚေနေလသည္ ၊
လူမွာ ေရနစ္ေသသည့္ဟန္ျဖစ္၍
အနည္းငယ္ ပြေယာင္းေနေလၿပီး
လက္တြင္ဝတ္ထားသည့္
ေရႊလက္စြပ္ မ်ား ၊
ေရႊလက္ေကာက္မ်ားမွာ
တစ္အစ္ေနၿပီး အားထဲပင္ ဝင္ေနသေယာင္ ။

မေအးၫြန္႔ ၏ အေလာင္းအျမင္သည့္ႏွင့္
ေယာက်ာ္းျဖစ္သူမွာ
ေၾကာက္စိတ္ ၊ ရြံ႐ွာစိတ္မ႐ွိသူနယ္
ငိုယိုကာ ေျပးဖက္မည္လုပ္ေနသျဖင့္
လူမ်ားဝိုင္းခ်ဳပ္ထားၾကရသည္ ။

ဒုရဲမွဴ း၏ ယာယီ ေကာက္ခ်က္မွာ…
” ေသဆံုးသူက မိုးထဲေလထဲ
အကာအကြယ္မ႐ွိတဲ့သစ္လံုး
တံတားေပၚက သူ႔ဘာသာသူ
ေခ်ာ္လဲၿပီး ေရစီးသန္တဲ့
ေခ်ာင္းထဲက် ေသတာျဖစ္ႏိုင္သလို ၊
ေနာက္တစ္ခ်က္က
သူက အေႂကြး႐ွင္ လူမုန္းလည္းမ်ားေတာ့
တး္ေယာက္ေယာက္က
လူလစ္တုန္း တြန္းခ်လိုက္တာလည္း
ျဖစ္ႏိုင္တယ္ ဘာလို႔လဲဆိုေတာ့
ပစၥည္းလိုခ်င္လို႔
လူသတ္တာဆိုရင္ သူဝတ္ထားတဲ့
ေရႊေတြေငြေတြ
ပိုက္ဆံအိတ္ေတြေပ်ာက္ေနရမွာေပါ့
အခုက ျမင္တဲ့အတိုင္းပဲ…. ”

ဟု ယာယီေကာက္ခ်က္ခ်ၿပီးေနာက္
စစ္ေဆးစရာမ်ားစစ္ေဆးရန္ေနရစ္ခဲ့ၿပီး
အေလာင္းအား မႈခင္း ဆရာဝန္ထံ
ပို႔ေစသည္ ။

မေအးၫြန္႔ ေရနစ္ေသ သြားၿပီဆိုတဲ့
သတင္းၾကားေတာ့ တစ္ခ်ိဳ႕က
ဝမ္းနည္းၾကသလို
တစ္ခ်ိဳ႕က စိတ္ထဲက ႀကိတ္ေပ်ာ္ေနၾကတယ္..
သူတို႔အေႂကြး႐ွင္မ႐ွိေတာ့တဲ့အတြက္
အေႂကြးေပးစရာ မလိုေတာ့ဘူး
မဟုတ္လား…… ။

အခ်ိန္သူခိုးမွာ မသိမသာ
ခိုးယူေနရာမွ
ညအခ်ိန္သို႔ပင္ေရာက္ခဲ့ေခ်ၿပီ ၊
ထူးထူးျခားျခား
ဝင္းထဲရွိ ေခြးမ်ား သံၿပိဳင္
စြဲစြဲငင္ငင္ အူေနၾကသည္ ။

ညအေတာ္နက္ေနသျဖင့္
လူအမ်ား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၾကခ်ိန္

” ဒုန္း…ဒုန္း…..ဒုန္း….. ”

ထိုအိမ္ယာဝင္းထဲမွ
သန္းလွ ဟုေခၚသည့္ သူ၏
အိမ္ေနာက္ေဖး တံခါးအား
လူေလးငါးေယာက္
အၿပိဳင္ ဝိုင္းထု႐ိုက္ၾကသည့္ အတိုင္း
အသံၾကားသျဖင့္ သန္းလွတို႔မိသားစု
လန္႔ႏိုးလာၿပီး…
သန္းလွက…

” ဘယ္သူလဲေဟ့…
ဘာကိစၥ ႐ွိလို႔လဲ… ”

တံခါးအား ဆက္ေခါက္လ်ွက္ပင္

” ဒုန္း…ဒုန္း…..ဒုန္း….. ”

နံေဘးမွ ႏိုးေနသည့္ မိန္းမျဖစ္သူက

” ေယာက်ာ္း…
ထူးဆန္းတယ္ သန္းေခါင္ႀကီး
အိမ္ေ႐ွ႕တံခါးလည္းမဟုတ္ဘူး
အိမ္ေနာက္ေဖးကိုလာထုေနတယ္
စကားေမးလည္းမရဘူး
ကေလးေတြလည္းလန္႔ႏိုးကုန္ၾကၿပီး..
ကြၽန္မေၾကာက္တယ္… ”

မိန္းမ စကားၾကားမွ သန္းလွလည္း
ထူပူသြားသြား ေၾကာက္စိတ္ဝင္လာေသာ္လည္း
တံခါးဆက္ထုေနသည့္အသံေၾကာင့္
လူေတြအေရးႀကီးလို႔
လာၾကတာေနမွာပါေလဟု
အားတင္းကာ
တံခါးသြားဖြင့္ၾကည့္ေသာအခါ…

“ကြၽိ……… ”

” ဟင္…… ”

အျပင္တြင္ တိတ္ဆိတ္ေနၿပီး
လူတစ္ေယာက္မွမ႐ွိ
ေကာင္းကင္တြင္လည္း
လိႈ႕ဝွက္ခ်က္အျပည့္ႏွင့္
ျပံဳးေနသည့္ လမင္းႀကီးမွအပ
မည္သူမ်ွ မ႐ွိေန ။

သန္းလွ လည္း ေၾကာက္လန္႔သြားၿပီး
ခ်က္ခ်င္း တံခါး ျပန္ပိတ္ရင္း
မိသားစုအနားေျပးသြားရင္း
ေၾကာက္လန္႔တၾကား
တုန္ယင္ေနၾကၿပီး ဆက္မအိပ္ရဲ ၾကေတာ့ေပ ၊
ထိုစဥ္ သန္းလွတို႔အိမ္ႏွင့္ေဘးခ်င္းကပ္လ်က္႐ွိ
ေက်ာ္တင့္ တို႔အိမ္အေနာက္ဘက္မွ
မၾကာေသးမွီက ၾကားေနရသည့္
တံခါး ထုေခါက္သံ အား
ေသြးပ်က္ဖြယ္ၾကားလိုက္ၾကရ
ျပန္သည္ ။

” ဒုန္း…ဒုန္း…..ဒုန္း….. ”

အေၾကာင္းမသိေသးသည့္
ေက်ာ္တင့္မွာ…
တံခါးထဖြင့္မည္ ျပဳေနစဥ္
မိန္းမျဖစ္သူမွ..
ရိပ္စားမိၿပီး သရဲေျခာက္ေနတာျဖစ္ေၾကာင္း
သြားဖြင့္ေပးရင္ ဝင္လာလိမ့္မည္ဟု
ေျပာလိုက္ရာ.. ေက်ာ္တင့္လည္း
မဖြင့္ရဲပဲ ထိုအသံႀကီးကိုပင္
ေၾကာက္ေၾကာက္ႏွင့္ ထိုင္နားေထာင္
ေနၾကရသည္ ။

တံခါးမဖြင့္ေပးသည့္
ေက်ာ္တင့္အိမ္တြင္ တံခါးထုေနသံၾကားရသည္မွာ
ႏွစ္နာရီတိတိပင္ျပည့္ေတာ့မည္ ၊
အဆံုးတြင္ ေက်ာ္တင့္လည္း
အားတင္းကာ လက္ထဲတြင္ဓါးကိုင္လ်ွက္
ေနာက္ေဖးတံခါးဖြင့္ၾကည့္ရာ
မည္သူမ်ွ မ႐ွိသျဖင့္ ေၾကာက္လန္႔ၿပီး
ခ်က္ခ်င္း တံခါးျပန္ပိတ္လိုက္သည့္အခါမွ
ေသြးပ်က္ဖြယ္ တံခါးထုသံႀကီး
ေပ်ာက္ဆံုးသြားေလသည္ ။

ထိုမွတစ္ဆင့္ ေက်ာ္တင့္တို႔ႏွင့္
မလွမ္းမကန္းအိမ္တစ္အိမ္ၿပီးတစ္အိမ္
ထိုအသံ ႀကီး ၾကားေနရသည္ ။
တံခါးအထုခံရ သည့္ အိမ္တိုင္းပင္
မအိပ္ရဲပဲ တစ္ဝင္းလံုးထဲမွ
ထိုအိမ္ေလးမ်ားပင္ ကြက္၍
ေၾကာက္လန္႔တၾကား
အိမ္မီးမ်ားဖြင့္ထားၾကေလသည္ ။

အသံမ်ား ဆက္တိုက္ၾကားရၿပီး
တစ္အိမ္ၿပီးတစ္အိမ္ ႏိုးလာရာမွ
ေနာက္ ဝင္းႀကီး၏ အစြန္ဘက္တြင္
ေနသည့္ ေအာင္ေထြးတို႔ အိမ္အလွည့္က်ခဲ့ၿပီ ။

” ဒုန္း…ဒုန္း…..ဒုန္း….. ”
” ဒုန္း…ဒုန္း…..ဒုန္း….. ”

အိမ္ေနာက္ေဖးတံခါးအား
လူငါးေယာက္ခန္႔ အားျဖင့္
ထု
္သံၾကားရေသာေၾကာင့္
ေအာင္ေထြးတို႔ မိသားစုလည္း
လန္႔ႏိုးလာၿပီး အိမ္မီးဖြင့္ကာ

“ေဟ့ ဒီအခ်ိိ္န္ႀကီး ဘယ္သူလဲ
ဘာကိစၥ ႐ွိလို႔လဲ ”

ဟုေမးလိုက္ရာ
တံခါးတစ္ဖက္မွ ျပန္ေျဖသည့္အသံအစား
ေက်ာခ်မ္းဖြယ္ ေခြးအူသံမ်ား ႏွင့္ တံခါးထုသံသာ
ျပန္ၾကားေနရသျဖင့္…

ေအာင္ေထြးလည္း
အေျခအေနကို အကဲခပ္ေနရင္း ၊
အိမ္ေနာက္ေဖးတံခါးအား မဖြင့္ေသးပဲ
အိမ္ေ႐ွ႕ကိုမသိမသာ သံစကာၾကားမွ
ၾကည့္မိရာ… ေသြးပ်က္ဖြယ္ရာ
ေၾကာက္မက္ဖြယ္ ျမင္ကြင္းတစ္ခုကို
ျမင္ၿပီး ေနာက္သို႔ခ်က္ခ်င္း ျပန္ဆုတ္ရင္း
ဒူးမ်ားတုန္ယင္လ်က္ ေျခေခြလဲက်သြားေလသည္ ။

သူျမင္လိုက္ရသည္က
သူ၏ အိမ္ေ႐ွ႕တြင္ ဆံပင္ဖားလ်ားျဖင့္
ေက်ာေပးကာထိုင္ေနသူ
မ ေအးၫြန္႔ ပင္ျဖစ္သည္ ။

ေအာင္ေထြးလည္း
ေၾကာက္လန္႔ေနရင္းက
အသိဝင္လာၿပီး

” အစ္မ မ ေအးၫြန္႔…
ကြၽန္ေတာ္တို႔မိသားစုကို
မေျခာက္လန္႔ပါနဲ႔ဗ်ာ….
ကြၽန္ေတာ္အစ္မကို
ေပးစရာ႐ွိတဲ့အေႂကြးေတြအကုန္
ဒီလကုန္ရင္ အစ္မအမ်ိဳးသားကို
ေပးလိုက္ပါ့မယ္…
ေတာင္း….ေတာင္း…ပန္ပါတယ္ဗ်ာ… ”

ဟုေျပာလိုက္သည့္အခါ
တံခါးေခါက္သံမ်ား ခ်က္ခ်င္း
ေပ်ာက္သြားေလသည္ ။

မနက္မိုးလင္းသည့္အခါ….

မနက္ခင္း ငါးနာရီ အခ်ိန္အခါတြင္
ဦး ထြန္းေတာက္တို႔ထံသို႔
ရန္ကုန္မွ သားျဖစ္သူႏွင့္ ေျမးမေလးမွ
မေမ်ွာ္လင့္ပဲ အလည္ေရာက္လာခဲ့သည္ ။

“ဖိုးဖိုးေရ….ဖြားဖြား ေရ…. ”

” ဟယ္…. ေျမးေလးတို႔လာတယ္…
အေဖႀကီးေရ… ႐ွင့္ေျမးေလးတို႔လာတယ္.. ”

ေဒၚခင္ခင္ေလး ၏ အသံကိုၾကားသျဖင္
အိမ္ေနာက္ေဖး ခဏဝင္သြားသည့္
ဦးထြန္းေတာက္ ေျပးထြက္လာၿပီး
မေတြ႔ရတာၾကာၿပီျဖစ္တဲ့
သား နွင့္ ေျမး ကို
ႀကိဳေနမိသည္ ။

ေခြၽးမ မွာ ရံုးအလုပ္ကခြင့္မရသျဖင့္
မလိုက္ပါခဲ့ေၾကာင္းလည္း
သား ထံမွ သိလိုက္ရသည္ ။

ေျမးမေလး ေမ မွာ…
အသက္ ၁၈ႏွစ္အရြယ္ အပ်ိဳျဖန္းေလးပင္
ျဖစ္ေနၿပီ ။

သားအခ်စ္ေျမးအႏွစ္ဆိုသည့္စကားအတိုင္း
မွန္ေနခဲ့ေခ်သည္ ။

သားျဖစ္သူ အတြက္
ေနရာထိုင္ခင္းမ်ား ၊
အိပ္ခန္းမ်ား ျပင္ေပးၿပီးေနာက္
ခရီးပန္းလာသျဖင့္
တစ္ေရးတေမာအိပ္ေစသည္ ။

မနက္ ႐ွစ္နာရီ အခ်ိိန္တြင္…..

အိမ္ေ႐ွ႕မွ
လူသံမ်ား ဆူဆူညံညံ ၾကားေနရသျဖင့္
ေမ လန္႔ႏိုးလာခဲ့သည္ ။

လူမ်ားသူတို႔အားကိုးရသည့္
ဦးထြန္းေတာက္ အိမ္ေ႐ွ႕တြင္
စုစုရံုးရံုးျဖစ္ေနၾကၿပီး
ဦးထြန္းေတာက္ကို
ညက သူတို႔အားလံုးနီးပါး
သရဲမ မေအးၫြန္႔က ေျခာက္လန္႔ေနေၾကာင္း
ေျပာျပၾကသည္….. .
ပို၍ ဆန္းၾကယ္သည္က
ထိုသို႔ အိမ္ေနာက္ေဖးတံခါးအား
ထုေခါက္ခံရသည့္ အိမ္မ်ား
အားလံုးသည္…
မေအးၫြန္႔ထံမွ အေႂကြးယူထားၾကသူ
မ်ားျဖစ္ေနသည္ကို သိလိုက္ရသည္ ။

ယၾတာေခ်တဲ့သူကေခ် ၾကသည္ ။

ဦးထြန္းေတာက္ ကလည္း
ထိုသူမ်ားအားလံုးကို
အခ်ိန္တန္ အဆင္ေျပလာသည့္လတြင္
မေအးၫြန္႔ ၏ အေႂကြးမ်ားအား
သူမ၏ ေယာက်ာ္း ထံသို႔
အတိအက် ျပန္ဆပ္ၾကရန္ႏွင့္
ဘုရားတရား ပိုလုပ္ရန္ ၊
ညတိုင္း ဘုရားဝတ္ျပဳ
ေမတၱာ ပို႔ အမ်ွအတန္းေပးေဝၿပီးမွ အိပ္ၾကရန္
မွာၾကားၿပီးေနာက္ ၊
အိမ္႐ွိကေလးသူငယ္မ်ားအတြက္
ဘုရားစင္မွ ပရိတ္ႀကိဳးမ်ား ေပးျခင္း ၊
အႏၱရယ္ကင္းပရိတ္ေရမ်ားကိုပြား၍
ေပးေဝျခင္းမ်ားျပဳေပးသည္ ။

ထိုအခ်င္းအရာမ်ားအားလံုးကို
ေမ မွာ အိမ္တြင္းမွ
စိတ္ဝင္တစား ၾကည့္ေနမိၿပီးေနာက္
အဖြားျဖစ္သူကိုေျမးျမန္းရာ
အဖြားမွ အကုန္ျပန္ေျပာျပေလသည္ ။

ပရေလာကအေၾကာင္း
စိတ္ဝင္စားသူ ေမ အတြက္ေတာ့
သူငယ္ခ်င္းမ်ားအား ျပန္ေျပာျပစရာ
ေၾကာက္မက္ဖြယ္
ဇာတ္လမ္းေကာင္းတစ္ပုဒ္ရခဲ့ေခ်ၿပီ ။

ညပင္ေရာက္လာခဲ့ျပန္သည္ ။

ည ၉ နာရီအခ်ိန္တြင္ ေမ မွာ
႐ုပ္႐ွင္ၾကည့္ရင္း မုန္႔စားရန္အတြက္
လမ္းထိပ္သို႔မုန္႔သြားဝယ္ဖို႔အတြက္
အဖြားျဖစ္သူကိုေျပာျပရာ
အဖြားမွာ ခြင့္မျပဳသျဖင့္ မသြားခဲ့ရ ။
ခြင့္မျပဳသည့္အေၾကာင္းမွာ
ေမ သည္ က်န္းမာသူတစ္ေယာက္
မဟုတ္ေသာေၾကာင့္ စိတ္ပူ၍ျဖစ္သည္ ။

တစ္ခါလည္း ညလံုးေပါက္မွ
မနက္ ၆နာရီထိ သရဲကားထိုင္ၾကည့္ၿပီး
ေသးြအားနည္းကာ ဖ်ားနာဖူးသျဖင့္
ေဆးခန္းျပေပးခဲ့ရဖူးသည္မဟုတ္လား ။

အသီးသီး အိပ္ယာဝင္ၾကရာ
ေမ မွာ မအိပ္ခ်င္ေသးသျဖင့္
ဝါသနာအရ သယ္လာခဲ့သည့္
အဂၤလိပ္ သရဲကားမ်ားကို
တစ္ကားၿပီးတစ္ကား ထိုင္ၾကည့္ေနေလသည္ ။

အဘိုးျဖစ္သူက ေမ ကို
ဟိုတစ္ေခါက္ကလို ဖ်ားနာမည္စိုး၍
ညနက္ထိမေနရန္မွာၿပီး
အိမ္တံခါးမ်ား
ေသခ်ာစြာလိုက္ပိတ္ထားၿပီး
အိပ္ယာဝင္သြားသည္ ။

အိမ္ထဲတြင္တစ္ဦးတည္း
ႏိုးကာ မေၾကာက္မရြံ႕ သရဲကားၾကည့္ေနသူမွာ
ေမ ပင္ ။

ေမ တစ္ခုေတာ့သိထားသည္
သရဲေျခာက္မည္ဆိုလ်ွင္ပင္
သရဲမွာ သူမ၏ အဖိုး
တံခါး အဝင္ဝထိပ္တြင္
ခ်ိတ္ထားသည့္ အင္းျပားမ်ားသဖြယ္
အစီအရင္မ်ားေၾကာင့္
အိမ္ထဲေတာ့ဝင္မည္ဟု မထင္ခဲ့ေခ်…။

မွန္ပါသည္ အိမ္ထဲမဝင္ခဲ့ပါ
သို႔ေသာ္…….

ည ၁၀ နာရီအခ်ိန္တြင္
ထူးျခားစြာ…
ေလျပင္းမ်ားတိုက္လာၿပီး
အိမ္ေဘး႐ွိ မန္းက်ည္းပင္ႀကီးမွ
မန္းက်ည္းရြယ္မ်ားသည္ ေလအားေၾကာင့္
အပင္မွ လြင့္လာၿပီး အိမ္ႏွင့္ေခါင္မိုးၾကား
လြတ္ေနသည့္ေနရာမွတစ္ဆင့္
တီဗီၾကည့္ေနသူ ေမ ၏ အနားသို႔
တျဖဳတ္ျဖဳတ္ ဝင္လာၾကသည္ ။

ေမ မွာ ႐ုတ္တရက္အျဖစ္ေၾကာင့္ လန္႔သြား
ေသာ္လည္း သဘာဝအရ ေလတိုက္သျဖင့္
ဝင္လာသည္ကို နားလည္သြားၿပီး
ေနျမဲအတိုင္းသရဲကားကို
စ်ာန္ဝင္စား ၾကည့္ေနစဥ္…

အိမ္ေခါင္မိုး ေပၚသို႔
တစ္စံုတစ္ေယာက္ ထု႐ိုက္ျခင္း ၊
ခဲမ်ားျဖင့္ ေပါက္ျခင္း ၊ စသည့္အသံမ်ား
သဖြယ္…

” ဝုန္း…. ” ဟု
တစ္ခ်က္ၾကားလိုက္ရသျဖင့္
ေမ ေၾကာက္လန္႔သြားၿပီး တုန္တက္သြားမိသည္ ။
မန္းက်ည္းသီးေႂကြတာေနမွာပါေလဟု
စိတ္ေျဖမိေသာ္လည္း အသီးေႂကြသည့္အသံ
မဟုတ္မွန္း သိေနသူမို႔
တီဗီကိုပိတ္လိုက္ရင္း အေျခအေနကို
ၿငိမ္သပ္ရင္း ဟိုဟိုဒီဒီ ၾကည့္ေနမိစဥ္တြင္
ေနာက္ထက္ အသံထက္ၾကားလိုက္ရသျဖင့္
ေမ လည္း ေျကာက္လန္႕တၾကား
ထခုန္လိုက္ၿပီး ေအာ္လိုက္ရာမွ
တစ္အိမ္လံုး ႏိုးသြားၾကသည္ ။

” ဟဲ့ ေျမးေလး ဘာျဖစ္တာလဲ… ”

အဖိုးျဖစ္သူ၏ အေမးကိုျပန္ေျဖမည္
ျပဳေနစဥ္ပင္

” ဝုန္း….. ”

အိမ္ေခါင္မိုး ေပၚမွ
အသံထက္ၾကားလိုက္ရျပန္သည္ ။

အသံက ဆက္လာတယ္
အခ်က္ႏွစ္ဆယ္ေလာက္
ျဖစ္လာေတာ့
ေဘးအိမ္ခန္းေတြလည္း
ႏိုးလာၾကသေယာင္ျဖင့္
မီးမ်ားလင္းလာၾကသည္ ၊
ေမ လည္း မနက္က
မေအးၫြန္႔ အေၾကာင္းျပန္ေတြးမိၿပီး
ေျခဖ်ားလက္ဖ်ားေတြေအးလာကာ
ေၾကာက္လြန္ၿပီးအဖြားကို
တင္းတင္းဖက္ထားေနမိတယ္ ။

ဦးထြန္းေတာက္ က အေျခအေနကို
ရိပ္စားမိၿပီး ဘုရားခန္းထဲဝင္
အႏၱရယ္ကင္း ပရိတ္ေရမန္းေတြ
တစ္အိမ္လံုးအႏွံ႕ လိုက္ျဖန္း ၊
အိမ္သားေတြကိုလည္း
စတိ သေဘာ အကုန္လိုက္တိုက္ရာ
ခဲႏွင့္ေခါင္မိုးကို ပစ္ေနသံမ်ား
ရပ္သြားေလသည္ ၊
ၿပီးေနာက္ အားလံုးကို
ျပန္အိပ္ခိုင္းလိုက္သည္ ။

ထိုစဥ္ ……..

” ဝုန္း…… !!!! ”

ဒီတစ္ခါ ေတာ္ေတာ္ႀကီးတဲ့
ခဲလံုးႀကီးျဖင့္ ပစ္လိုက္သလိုမ်ိဳး
အသံျဖစ္သြားၿပီး ေခါင္မိုးပင္ ၿပိဳက်ေတာ့မည့္အတိုင္း
ခံစားလိုက္ၾကရသည္ ။

ဦးထြန္းေတာက္ သည္လည္း
အေတာ္ေလး ေဒါသျဖစ္လာၿပီး…
အသံအက်ယ္ႀကီးေအာ္ေမးလိုက္သည္ ။

” နင္ဘာျဖစ္ခ်င္လို႔လဲ….
ငါတို႔အိမ္ကနင္နဲ႔အေႂကြးကင္းတယ္
နင္ လာမေႏွာက္ယွက္နဲ႔…..”

ေဒါသ သံေၾကာင့္ အသံမ်ားပင္
တုန္ေနေလသည္ ။

ပတ္ဝန္းက်င္ မွာ တိတ္ဆိတ္သြားၿပီး
ဆယ့္ငါးမိနစ္ ခန္႔အၾကာတြင္
အိမ္အျပင္မွ လူတစ္ခ်ိဳ႕ ေခၚသံ ၾကားလိုက္ရသည္ ။

” ဆရာထြန္း… ဆရာထြန္း….
လုပ္ပါဦး ကြၽန္ေတာ့ သမီးေလး
ဘာျဖစ္တာလဲမသိဘူး ၊
ဆရာ… သရဲပူးတာထင္တယ္…
ဆရာ ကယ္ပါဦး ဗ်ာ… ”

႐ုတ္တရက္ျဖစ္လာတဲ့အေျခအေနေၾကာင့္

ဦးထြန္းေတာက္ လည္း
လိုအပ္တဲ့ ပစၥည္းေတြ ယူၿပီး
အိမ္ေ႐ွ႕တံခါးဖြင့္ကာ
လိုက္သြားဖို႔ျပင္ေနသည္ ၊
သားျဖစ္သူမွာလည္း
ဦးထြန္းေတာက္ ႏွင့္အတူ
လိုက္သြားေလသည္ ။

ေမ ႏွင့္ အဖြား ခင္ခင္ေလး
သာ အိမ္တြင္က်န္ရစ္ခဲ့သည္ ၊
ပရေလာက စိတ္ဝင္စားသူ
ေမ မွာ လိုက္ခ်င္ေသာ္လည္း
အဖိုးက အႏၱရယ္႐ွိ၍ အိမ္တြင္သာ
အဖြားႏွင့္ အတူေနခဲ့ရန္မွာၾကားခဲ့သျဖင့္
မလိုက္ခဲ့ရေခ် ။

သို႔ႏွင့္….
သရဲပူးေနေသာ အိမ္သို႔ ေရာက္ေသာအခါ…

အိမ္ထဲတြင္
အသက္ ၂၀အရြယ္ခန္႔ ေကာင္မေလးတစ္ဦးအား
လူမ်ား ဝိုင္းအံု ၾကည့္ေနၾကသည္ကို
ျမက္လိုက္ရသည္ ေကာင္မေလးမွာ
တမလြန္မွ မေအးၫြန္႔ သရဲဘဝျဖင့္
ဝင္ပူးထားဟန္႐ွိၿပီး….
ဆံပင္ဖ်ားလ်ားႏွင့္
လူ႔ဘဝမွ ေယာက်ာ္းေတာ္ခဲ့သူအား
ဖတ္ကာ ဖတ္ကာ ငိုလ်ွက္
ဝိုးတဝါးစကားမ်ားလည္း ေျပာေနသည္ ၊
ေယာက္်ား မွာလည္း
ျပန္ဖတ္ ထားရင္း
႐ိႈက္ႀကီးတငင္ ငိုလို႔ေနသည္ ၊
သရဲမ မေအးၫြန္႔အျဖစ္မွာ
ေၾကာက္စရာထက္
သနားစရာပိုေကာင္းေနေသာေၾကာင့္
ေဘးမွ လူမ်ားပင္ မ်က္ရည္မစဲ ျဖစ္ၾကရသည္ ။

ဦးထြန္းေတာက္ ကမူ
သရဲပူးေနသည့္ မိန္းကေလးအား
သိလိုသည္မ်ားကို
စတင္ေမးေလၿပီ… ။

” ဟဲ့…. အခု ကေလးမ ကိုယ္ထဲ
ဝင္ပူးေနတာ မေအးၫြန္႔ လား ”

တစ္ဖက္မွ ေယာက္်ားကိုဖတ္ထားရင္က
ျပန္ေျဖသည္ ။

” ဟုတ္ပါတယ္ ဆရာထြန္း
ကြၽန္မ မေအးၫြန္႔ပါ…
ဆရာ့စကား နားမေထာင္ပဲ
ေလာဘေဇာ နဲ႔ အေႂကြးသြားေတာင္းခဲ့မိလို႔
ဒီလို ဘဝမ်ိဳး ေရာက္ရတာပါ အီး…ဟီး… ”

” ေအးကြယ္….ငါတို႔လည္း နင့္အတြက္
စိတ္မေကာင္းျဖစ္မိပါတယ္…
ငါ့သမီး နင္ဒီဘဝက မကြၽတ္လြတ္ခ်င္ဘူးလား ”

” ဟင့္အင္း ကြၽန္မ အခု မကြၽတ္ခ်င္ေသးဘူး
ကြၽန္မ ေရႊေတြေငြေတြကိုလည္း စိတ္မခ်ဘူး ၊
ကြၽန္မေယာက္်ားကိုလည္း မခြဲႏိုင္ဘူး…
ေယာက်္ား…. ကြၽန္မကို ခ်စ္ရင္
ေနာက္မိန္းမလံုးဝ မယူပါနဲ႔ေနာ္.. အီး..ဟီး.. ”

ေယာက်ာ္း ျဖစ္သူက ဝမ္းနည္းလြန္းသျဖင့္
ေခါင္းကိုသာ တြင္တြင္ ျငိမ့္ရင္း
မိန္းမကို စိတ္ခ်ဖို႔ အတန္တန္ကတိေပးေလသည္ ။

ဆက္၍ ဦးထြန္းေတာက္က

” ငါ့သမီး နင္စြဲလမ္းစိတ္ေတြကို ရေအာင္
ျဖတ္ပါေတာ့ဟယ္… နင္နဲ႔သူနဲ႔က
ဘဝခ်င္းလဲ မတူေတာ့ဘူး ၊
နင္ တြယ္တာေနတဲ့ ေရႊေငြေတြဆိုတာကလည္း
ေနာက္ဘဝကို နင္သယ္သြားႏိုင္ရဲ႕လား… ”

” မရဘူး…
ကြၽန္မ အေႂကြးေတြ အကုန္ျပန္မရမခ်င္း
ကြၽန္မ လံုးဝ မကြၽတ္ဘူး…”

အသံမာမာႏွင့္ ထငိုေနရင္းကေန
႐ုတ္တရင္ ငိုၿပီးေနာက္….

” အီး…ဟီး… ကြၽ

” မရဘူး…
ကြၽန္မ အေႂကြးေတြ အကုန္ျပန္မရမခ်င္း
ကြၽန္မ လံုးဝ မကြၽတ္ဘူး…”
အသံမာမာႏွင့္ ထငိုေနရင္းကေန
႐ုတ္တရင္ ငိုၿပီးေနာက္….
” အီး…ဟီး… ကြၽန္မကို
သူတို႔လုပ္ထား ၾကတယ္..
သူတို႔လုပ္ထားၾကတယ္… ”
ဦးထြန္းေတာက္ လည္း
ၾကားလိုက္ရသည္ကို
ခ်က္ခ်င္း သတိထားၿပီး ျပန္ေမးသည္ ။
” ဟဲ့သမီး နင့္ကိုဘယ္သူလုပ္ထားတာလဲ
ငါ့ကိုေျပာစမ္းနင့္ကို
ဘယ္သူဘာလုပ္ထားတာလဲ…
နင္ေသတာကေရာ… ဘယ္လိုေသရတာလဲ ”
ဘယ္လိုပင္ေမးေမး…
မေအးၫြန္႔က ျပန္မေျဖပဲ
သူတို႔လုပ္ထားၾကတယ္ဆိုတာကိုသာ
ေျပာေနေတာ့ ခတ္ျပန္ေလၿပီ ။
မၾကာမွီ….
ထိုသရဲပူးေနသည့္အိမ္သို႔
ဘုန္းေတာ္ႀကီးမ်ား ၊
ပဠာန္းအဖြဲ႔မ်ားႏွင့္ လူစံုလာၿပီးေနာက္
သရဲမ မေအးၫြန္႔ ကို ဝိုင္းေျဖာင္းျဖ ၾကေသာ္လည္း
အစြဲအလမ္းႀကီးသူ
မေအးၫြန္႔ မွာ ေခါင္းသာ တြင္တြင္ခါေနသည္ ။
ေနာက္ဆံုး (….) မွ
ဆရာေတာ္ႂကြလာၿပီးေနာက္
သရဲမ မေအးၫြန္႔ကို
ေနရာျပန္ဖို႔ ေမတၱာ ရပ္ခံလိုက္ရာမွ
ထြက္သြားေလသည္ ။
သရဲထြက္သြားေတာ့
ေမာက်န္ေနရစ္သည့္
ကေလးမေလးအားဆရာေတာ္မွ
ပရိတ္ေရမ်ား ခ်ီးျမႇင့္ ေပးသည္ ။
ပဌာန္းအဖြဲ႔မ်ားမွာလည္း
ေနရာယူကာ.. အႏၱရယ္ကင္း
ပရိတ္ပဌာန္းေတာ္ကို ညလံုးေပါက္
မိုးလင္းထိတိုင္ ရြတ္ဆိုေပးၾကေလသည္ ။
ထိုအျဖစ္အပ်က္မ်ား မွာ…
မေအးၫြန္႔ ရက္မလည္ခင္အခ်ိန္တြင္း
ျဖစ္ပ်က္ေနျခင္းျဖစ္သည္ ။
ဒီဇာတ္လမ္းေလးကို
ပမာ ယူ၍
အေႂကြးကင္းစြာ ေနထိုင္ၾကဖို႔ ၊
အစြဲအလမ္း မႀကီးဖို႔ ၊
အလႉအတန္း ၊ ကုသိုလ္ မ်ားမ်ားလုပ္ၾကဖို႔
ဘယ္အခ်ိန္ျဖစ္ျဖစ္ ဘုရားအစ႐ွိေသာ
ရတနာ သံုးပါးအား မေမ့မေလ်ာ့ၾကဖို႔ ၊
ဆုပန္အပ္ပါသည္ ။
အစြဲအလမ္းႀကီးသည့္ မေအးၫြန္႔
သူ႔စကားအတိုင္း သူ႔အေႂကြးမ်ားအကုန္
ျပန္ရမွ အမွန္ပင္ ကြၽတ္လြတ္ကာ
သာဓုေခၚမည္ေလာ ၊
အေႂကြးမေပးသည့္သူမ်ားကို
မည္သို႔ တုန္ျပန္ႏိုင္မည္ေလာ…. ၊
ေယာက်္ားျဖစ္သူက အခ်ိန္ၾကာသြားသည့္အခါ
တစ္အိမ္ေထာင္ ထူေထာင္လွ်င္ေရ…..
အစြဲအလမ္း ႀကီးသူ … သူမ
ခြင့္လြတ္မည္ေလ…..၊
သူမကို လုပ္ထားၾကတယ္ဆိုသည့္စကားမွာ
မည္သည္ကိုဆိုလိုသည္ ၊
သူမ အမွန္ပင္ အသတ္ခံခဲ့ရျခင္းေလာ….
စသျဖင့္ သို႔ေလာ သို႔ေလာ
အေမး မ်ားစြာကို ေျဖႏိုင္မည့္သူမွာ
မေအးၫြန္႔ သာျဖစ္၍
စာဖတ္သူတို႔အေနျဖင့္
မ႐ွင္းလင္းသည့္
ေမးခြန္းမ်ား႐ွိပါက
မေအးၫြန္႔ ကိုသာ ေမးျမန္းပါဟု
အၾကံျပဳရင္း…… ။